title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-lemon-juice-and-danger-of-too-much/
မျက်ဝန်းထဲက သင်္ကေတလေးများ
မျက်ဝန်းထဲက အဓိပ္ပါယ် ဘာညာနဲ့ ကဗျာဆန်တဲ့တင်စားမှုတွေကြားဖူးကြမှာပေါ့။ အခုပြောမယ့် မျက်ဝန်းထဲက သင်္ကေတတွေကတော့ ကဗျာမဆန်လောက်ပါဘူး။ ကိုယ့်မှာရောဂါတစ်ခုခုဖြစ်နေပြီဆိုတာ မျက်ဝန်းကတဆင့်ဖော်ပြလာတဲ့ လက္ခဏာတွေအကြောင်းမို့လို့ပါ။ ဒီလက္ခဏာတွေ ကိုယ့်မျက်ဝန်းမှာဖြစ်နေပြီဆို ဘာကြောင့်ဖြစ်တာလဲသိရှိပြီး ကြိုတင်သတိထားနိုင်ဖို့၊စောစောကုသနိုင်ဖို့ဆောင်းပါးလေးက ကူညီပေးနိုင်မယ်လို့မျှော်လင့်ပါတယ်။ဘယ်လိုလက္ခဏာတွေဖြစ်မလဲ ကြည့်ရအောင် –။ဒေါသအရမ်းထွက်တဲ့အခါ ဒါမှမဟုတ် ရောဂါပိုးဝင်တဲ့အခါ မျက်လုံးထဲကသွေးကြောမျှင်လေးတွေကပြန့်ကားလာ၊ပေါက်သွားနိုင်ပါတယ်။ ဒါက အဖြစ်များကြပြီး ကုသစရာမလိုဘဲပြန်ကောင်းသွားတတ်ပါတယ်။ ထိခိုက်မှု၊ရေတိမ်၊ ကွဲရှ၊ခြစ်မိ၊ မျက်ကြည်လွှာမှာဖြစ်တဲ့အနာကြောင့်ဆိုရင်တော့ ပိုပြင်းထန်နိုင်လို့ သတိထားသင့်ပါတယ်။ မျက်စိနီရဲနေတာ တစ်ရက်၊နှစ်ရက်နဲ့မသက်သာဘူးဆိုရင်တော့ ဆရာဝန်အမြန်ပြသင့်ပါတယ်။အသုံးပြုတာများလို့ မျက်စိညောင်းလာတာကြောင့် ဒါမှမဟုတ် ဖုန်မှုန့်တွေ မီးခိုးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။blepharitis လို့ခေါ်တဲ့မျက်ခွံရောင်ရမ်းမှုကြောင့်လည်းဖြစ်နိုင်ပါတယ်။blepharitisဆိုတာ ဘက်တီးရီးယားပိုးဝင်လို့ မျက်ခွံမှာ အဖတ်အဖတ်လေးတွေလန်ပြီးရောင်ရမ်းစေတဲ့ရောဂါပါ။ မျက်လုံးက မျက်ရည်အလုံအလောက်မထုတ်ပေးနိုင်တာကြောင့်ဖြစ်ပါတယ်။ ပိုဆိုးလာရင်တော့ မျက်ကြည်လွှာရောင်ရမ်းမှုဖြစ်လာနိုင်ပါတယ်။မျက်ဝတ်တွေ/မျက်ချေးတွေက မနက်အိပ်ရာထချိန်မှာ နည်းနည်းထွက်တာ ပုံမှန်ပါပဲ။ ဒါပေမယ့် ပုံမှန်မဟုတ်ဘဲ မျက်ဝတ်က အဝါရောင်၊ အစိမ်းရောင်သမ်းနေတာ၊ တခြားလက္ခဏာတွေရှိနေတာဆိုရင် ကုသမှုခံယူဖို့လိုနိုင်ပါတယ်။ မျက်စိနာတာလား ဘာလား သိနိုင်ဖို့ ဆရာဝန်ပြပါ။မျက်ရည်ပြွန်ပိတ်ဆို့ခြင်းကနေ မျက်ရည်တွေစုပြီးရောင်ရမ်းခြင်းဖြစ်စေနိုင်ပါတယ်။ဓါတ်မတည့်မှုတွေ၊ဆေးဝါး၊ မျက်ကပ်မှန်၊ အသက်အရွယ်၊ရောဂါတစ်ခုခု(ဥပမာ အဆစ်ရောင်ရောဂါ) နဲ့ ကွန်ပျူတာကြောင့်မျက်စိညောင်းခြင်းတို့လို အကြောင်းရင်းတွေကြောင့် မျက်ရည်ခန်းခြောက်၊ မျက်စိနေရခက်တာတွေဖြစ်စေနိုင်ပါတယ်။ မျက်စဉ်းခတ်ရင်ခြောက်သွေ့မှုကိုသက်သာစေနိုင်ပေမယ့် မျက်ခွံမှာ ရေဝတ်ဖတ်လေးကပ်ပေးတာလည်း အဆင်ပြေနိုင်ပါတယ်။ ယားတယ်ဆိုပြီး မျက်လုံးကို သိပ်မပွတ်ပါနဲ့။မျက်လုံးတွေဖောင်းအစ်နေတာက မျက်ခွံအတွင်းသားရောင်ရမ်းတာ(pinkeye)၊ ဓါတ်မတည့်မှုတွေ၊ မျက်ခွံမှာအဖုလေးတွေဖြစ်တာ၊ မျက်ကြည်လွှာမှာအနာလေးတွေဖြစ်တာတို့ကြောင့်ဖြစ်နိုင်ပါတယ်။ ငိုထားတာ၊ အအိပ်များထားတာကလွဲရင် မျက်ခွံမို့အစ်နေတာက သိုင်းရွိုက်ပြဿနာကြောင့်လည်းဖြစ်နိုင်ပါတယ်။ သိပ်မကြာခင် သက်သာလျော့ပါးသွားတတ်ပေမယ့် ၂၄ နာရီထက်ပိုကြာနေတယ် ဒါမှမဟုတ်အမြင်အာရုံထိခိုက်လာတယ်ဆိုရင် ဆရာဝန်အမြန်ပြပါ။အသည်းကွဲလို့၊ ဝမ်းနည်းလို့မဟုတ်ဘဲ အလိုလိုမျက်ရည်တွေကျနေတာဆိုရင်တော့ မကောင်းပါဘူး။ မျက်ရည်တွေက မျက်လုံးထဲမှာ အစိုဓါတ်ထိန်းပေးထားပြီး ပြင်ပအရာတွေကိုဖယ်ရှားပေးတဲ့လုပ်ဆောင်ချက်ရှိပါတယ်။ ဒါပေမယ့် မလိုအပ်ဘဲ၊ အကြောင်းရင်းမရှိဘဲ မျက်ရည်တွေကျနေတယ်ဆို လုပ်ဆောင်ချက်လွန်ကဲနေတာဖြစ်ပြီး ပုံမှန်မဟုတ်တော့ပါဘူး။ တစ်ခုခုဝင်နေလို့၊ ရောဂါပိုးဝင်လို့၊ ထိရှထားလို့၊ မျက်ရည်ပြွန်ပိတ်နေလို့ ဖြစ်နိုင်ပါတယ်။မျက်လုံးပုတ်ခတ်ပုတ်ခတ်နဲ့ မကြာခဏဖြစ်တာမျိုး၊ မျက်ခွံရဲ့မူမမှန်လှုပ်ရှားမှုမျိုးက အဖြစ်များပါတယ်။ မျက်လုံးအသုံးပြုတာများလွန်းရင်ဖြစ်တတ်တာမို့ မျက်စိကိုအနားပေးလိုက်ရင်၊ ကဖင်းလျှော့သောက်ရင် သက်သာသွားနိုင်ပါတယ်။ ဒါပေမယ့် အချိန်ကြာကြာ မျက်လုံးပိတ်ပိတ်သွားတယ်ဆိုဆေးခန်းပြပါတော့။မျက်သားအရောင်ကဖြူနေရာက ဝါလာတယ်ဆို အသားဝါဖြစ်တဲ့လက္ခဏာဖြစ်နိုင်ပါတယ်။ အသည်းရောဂါ၊ အရက်၊ သည်းခြေကျောက်တည်တာ၊ ကင်ဆာ တို့ရဲ့လက္ခဏာတွေဖြစ်နိုင်တာကြောင့် သတိထားသင့်ပါတယ်။ ဒီရောဂါတွေကြောင့်မဟုတ်တဲ့ အဝါရောင်ကတော့ ပုံမှန်ဆို ကုသမှုမလိုလောက်ပေမယ့် အမြင်အာရုံမှာတစ်ခုခုဖြစ်လာတယ်ဆို အမြန်ကုသပါ။အများအားဖြင့်မျက်ခွံဆိုတာ အသက်ကြီးလာတာနဲ့ တဖြည်းဖြည်းတွဲကျလာတတ်ပေမယ့်မြန်မြန်ဆန်ဆန်ဖြစ်လာတယ်ဆိုရင် သတိထားရမှာကလေဖြတ်ခြင်း၊ ဦးနှောက်အကျိတ်၊ ကြွက်သားရောဂါ ဒါမှမဟုတ် အာရုံကြောပြဿနာတွေရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ နာရီပိုင်း၊ ရက်ပိုင်းအတွင်း ချက်ချင်းကြီး မျက်ခွံတွဲကျလာတယ်ဆို ဆရာဝန်ပြသင့်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%9d%e1%80%94%e1%80%b9%e1%80%b8%e1%80%91%e1%80%b2%e1%80%80-%e1%80%9e%e1%80%b1%e1%80%80%e1%81%a4%e1%80%90%e1%80%99%e1%80%ba%e1%80%ac%e1%80%b8/
လေဆာဖြင့်အရေပြားစားခြင်းနည်း ၅ မျိုး
လေဆာဖြင့်အရေပြားမျက်နှာပြင်စားခြင်းဟာ ဝက်ခြံအမာရွတ်တွေ၊ အဆီပေါက်၊ ချွေးပေါက်များကျယ်ခြင်းတွေအတွက် အထိရောက်ဆုံးနည်းများမှ တစ်နည်းဖြစ်တယ်။ သုံးနေကျနည်းလမ်းတွေအပြင် နည်းအသစ်တွေပါ ထပ်မံတွေ့ရှိလာကြပါတယ်။နည်းအမျိုးမျိုးကိုသိရှိပြီး သင့်အတွက်အသင့်တော်ဆုံးနည်းကိုရှာတွေ့ဖို့အတွက် ဒီအချက်လေးတွေကိုကြည့်လိုက်ရအောင်-။လေဆာဖြင့်အရေပြားစားခြင်းနည်းလမ်းအမျိုးမျိုးကို မသိရှိမီ အရင်နားလည်ထားသင့်တဲ့ အခေါ်အဝေါ်လေးတွေရှိပါတယ်။·လှိုင်းအလျား– သင့်အရေပြားဆီပို့လွှတ်မယ့် အလင်းသွားမည့် အကွာအဝေးဖြစ်တယ်။ နာနိုမီတာနှင့်တိုင်းတာပြီး လှိုင်းအလျားရှည်လေလေ၊ သင့်အရေပြားပိုနက်ရာဆီဖောက်နိုင်လေလေပါပဲ။·စုတ်ယူခြင်း– သင့်အရေပြားက ကုသမည့်အလင်းကို မည်မျှကောင်းကောင်းစုတ်ယူနိုင်သလဲ ဆိုတာကိုဖော်ပြဖို့သုံးပါတယ်။·အလင်းပြန်ခြင်း၊ အလင်းကွဲခြင်း– လှိုင်းအလျားတိုလေလေ၊ အရေပြားကော်လဂျင်တွေကြောင့် အလင်းပြန်သွား၊ ကွဲသွားဖို့နည်းလေလေပါပဲ။ စိတ်ဝင်စားစရာကောင်းအောင်ပဲ လှိုင်းအလျား ၅၃၂-၁၀၆၄ နာနိုမီတာရှိတဲ့ laser Q-switch ကလှိုင်းအလျား ၁၀၆၀၀ ရှိတဲ့ laser CO2 ထက်ပိုနက်နက်ဖောက်နိုင်ပါတယ်။၁။Q-switch Laser။ဒီနည်းဟာ လှိုင်းအလျားအမျိုးမျိုးရှိသော အလင်းတန်းများကိုသုံးပြီး သင့်အသားအရေကိုကုသတယ်။ အမည်းစက်များ၊ ဝက်ခြံမှည့်ခြောက်၊ တက်တူး၊ အမွှေးအမျှင်များကိုဖယ်ပေးနိုင်သလို ချွေးပေါက် အဆီပေါက်များကိုလည်း ကျဉ်းစေပါတယ်။လေဆာမှအပူက အဆီဂလင်းများကို အဆီထုတ်ခြင်းလျော့ကျစေတယ်။ လှိုင်းအလျားမြင့်သော အလင်းတန်းနှင့် လှိုင်းအလျားနိမ့်သော အလင်းတန်း အမျိုးမျိုးပြောင်းလဲပြီးအလုပ်လုပ်တယ်။ထို နည်းလမ်းတွင်သုံးသော အလင်းလှိုင်းအလျားမှာ အသုံးပြုသောပစ္စည်းပေါ်မူတည်ပါတယ။် ဒါတွေကိုသုံးလေ့ရှိတယ်-။·Q-switched Nd: လှိုင်းအလျား ၁၀၆၄-၅၃၂ နာနိုမီတာ။·Q-switched ruby လှိုင်းအလျား ၆၉၄ နာနိုမီတာ။·Q-switched alexandrite လှိုင်းအလျား ၇၅၅ နာနိုမီတာ။အသုံးအများဆုံးကတော့Q-switched Nd:YAG (RevLiteâ, MedLiteâ)ဖြစ်တယ်။ ထိုနည်းလမ်းဟာ ဘက်စုံသုံးနိုင်မှု၊ ဘေးကင်းမှု၊ ညိုမှောင်သောအသားအရေတို့တွင် ရလဒ်ကောင်းမှုတို့ကြောင့် အမေရိကား၊ အာရှ တို့မှာထင်ရှားပါတယ်။အသက်ကြီး၍ပေါ်သော အမည်းစက်များ၊ နေလောင်စက်များ စသည်ဖြင့် အရောင်ရင့်အစက်များ၊ တက်တူးဖယ်ခြင်း နှင့် သွေးကြောများကြောင့် အရေပြားထိခိုက်မှုများအတွက် အသုံးဝင်ပါတယ်။ အရေပြားအောက်လွှာမှ ရောင်ခြယ်ပစ္စည်းထုတ်ပေးသောဆဲလ်များကို ဖြိုခွဲဖျက်ဆီးပြီး အရေပြားအသစ်ဖြစ်လာရန် ကော်လဂျင်ထုတ်မှုကိုအားပေးတယ်။မလိုချင်သောအမွှေးအမျှင်များကို ဖယ်ရန်လည်း သုံးနိုင်ပါတယ်။ အရေပြားအပြင်လွှာကိုမထိခိုက်စေဘဲ အတွင်းလွှာမှာအလုပ်လုပ်ပါတယ်။Q-switch laser နည်းဟာ ခွဲခြင်းစိတ်ခြင်းလည်းမရှိဘဲ အန္တာရယ်၊ ဘေးထွက်ဆိုးကျိုးလည်းနည်းပါတယ်။ ဘေးထွက်ဆိုးကျိုးအနည်းငယ်မှာ ကုသစဉ်နာကျင်ခြင်း၊ ကုသပြီးချိန်တွင်အရေပြားနီရဲ၊ ရောင်ရမ်း၊ ယားယံတတ်ခြင်း၊ အသားရောင်ပြောင်းလဲတတ်ခြင်းနှင့် ရှရာပွန်းရာများ ကျန်ခြင်းတို့သာဖြစ်တယ်။2.Carbon Dioxide (CO2) Laser။ဒီနည်းဟာလည်း ခွဲစိတ်စရာမလိုသောနည်းဖြစ်ပြီး လှိုင်းအလျား ၁၀၆၀၀ နာနိုမီတာရှိသော အလင်းကိုသုံးကာ ထိခိုက်ထားသော အရေပြားအပြင်လွှာကိုဖယ်ရှားပြီး ပိုပြီးချောမွေ့နူးညံ့သော အရေပြားလွှာအသစ်ဖြစ်ပေါ်စေပါတယ်။ ထိုနည်းဟာနက်သောအရေးအကြောင်းများ၊ အမည်းစက်များ၊ ဝက်ခြံအမာရွတ်များနှင့် မှည့်များကိုဖယ်ပစ်ရန် အသုံးအများဆုံးဖြစ်တယ။်။သွေးထွက်မှုနည်းစေပြီး အရေပြားဧရိယာသေးသေးလေးမှာတောင် လုပ်နိုင်ပါတယ်။ ဒါကြောင့်ဘေးပတ်ဝန်းကျင်မှ အရေပြားများထိခိုက်ခြင်း နည်းပြီး၊ အမာရွတ်ကျန်နိုင်ချေလည်းနည်းပါတယ်။ ကုသပြီးတဲ့အခါ ၅-၇ ရက်လောက်မှာ ကွာကျသွားမည့် အလွှာပါးလေးတစ်ခုဖြစ်လာနိုင်ပါတယ်။ သေချာပျောက်ကင်းကောင်းမွန်ရန်အတွက် စောင့်ရှောက်ရမည့်နည်းများကို သေချာလိုက်နာသင့်ပါတယ်။၃။Platelet-Rich Plasma (PRP) Therapy – Vampire Facelift။ထိုနည်းဟာ “Vampire Facelift.” လို့လည်းခေါ်ပြီး နောက်ထပ်သုံးလေ့ရှိသော နည်းဖြစ်တယ်။ PRP နည်းဟာ သင့်သွေးထဲမှ platelets ဟုခေါ်သော သွေးဆဲလ်တစ်မျိုးကိုသုံးကာ သင့်အရေပြားကို ပြုပြင်ကောင်းမွန်စေပါတယ်။ပါးစပ်၊ မျက်လုံး၊ နှာခေါင်း၊ ပါးမှအရေးအကြောင်းများ၊ အသားရေလျော့ရဲခြင်းများကို ကုသရန်သုံးတယ်။ လက်ဖဝါး၊ ခြေဖမိုး၊ တံတောင်ဆစ်၊ ဒူးတို့မှာ အသားအရေပျော့တွဲခြင်းတို့အတွက်လည်း သုံးနိုင်ပါတယ်။သင့်သွေး ၂၀-၄၀ စီစီလောက်ယူကာ စက်နဲ့လှည့်ပြီး platelets များနှင့် သွေးနီဥများကိုခွဲထုတ်ပါလိမ့်မယ်။ platelets တွေမှာ ပျက်စီးနေတဲ့ အသားအရေအတွက် ပရိုတင်းများကိုထုတ်နိုင်ပြီး ဆရာဝန်က ထို platelets များကို ကုသလိုသောနေရာဆီ ထိုးထည့်မှာဖြစ်တယ်။ ကော်လဂျင်ထုတ်မှု၊ အရေပြားပြန်လည်ပြုပြင်မှု၊ ဆဲလ်ကြီးထားမှု၊ တစ်သျှူးထုတ်လုပ်မှုတို့အတွက်ဖြစ်တယ်။PRP နည်းဟာ ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိပါတယ်။ ဆေးထိုးရာမှာ ပွန်းခြင်းရှခြင်း၊ နာကျင်ခြင်း၊ ရောင်ရမ်းနီရဲခြင်းတွေဖြစ်တတ်တယ်။ ရက်အနည်းငယ်သာကြာမည်ဖြစ်ပြီး ထို့ထက်ပိုကြာ၊ ပိုဆိုးပါက ဆရာဝန်ကိုချက်ခြင်းအသိပေးသင့်ပါတယ်။၄။Dual Fractional Laser။Fraxel Dual လို့လည်းသိသော ထိုနည်းဟာ အရေပြားစားခြင်းနည်းအသစ်ဖြစ်တယ်။ အညိုအမည်းစက်၊ ရောင်ခြယ်ပစ္စည်းများခြင်းများအတွက် အာနိသင်ပိုရှိပါတယ်။ အရေးအကြောင်းများ၊ အမာရွတ်များ၊ ရောင်ခြယ်ပစ္စည်းများနေသောအသားအရေ၊ နေလောင်ခြင်း၊ ကင်ဆာမတိုင်မီအရေပြားဆဲလ်ပွားခြင်းများကိုကုသနိုင်ပြီး လေဆာနှစ်မျိုးသုံးပါတယ်။တစ်ခုမှာ လှိုင်းအလျား ၁၉၂၇ နာနိုမီတာသုံးပြီး နောက်တစ်ခုက လှိုင်းအလျား ၁၅၅၀ နာနိုမီတာသုံးတယ်။ထိုနည်းလမ်းဟာ အရေပြားအတွက် သက်တောင့်သက်သာရှိတယ်လို့ဆိုကြပါတယ်။ ကုသနေစဉ်အတွင်းမှာ အနည်းငယ်ပူနွေးနိုင်ပြီး ပြီးလျှင် နီရဲကျန်နေတတ်ပေမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း ပျောက်သွားပါတယ်။ ၁ရက်မှ ၄ရက်ခန့်မှာ ကုသမှုအရှင်းကောင်းလေ့ရှိတယ်။၅။Fractional Radiofrequency (RF) – Growth factors။ထိုနည်းဟာ bipolar radiofrequency energy ကိုသုံးသော နည်းအသစ်ဖြစ်တယ်။ လှိုင်းအလျားက ၈၀၀၀၀ နာနိုမီတာဖြစ်ပြီး အမည်းစက်များ၊ အရေးအကြောင်းများ၊ ဝက်ခြံအမာရွတ်များ၊ အကြောပြတ်ရာများကိုကုသရန်သုံးနိုင်တယ်။Dual laser fractional နည်းကဲ့သို့ပင် ဒီနည်းမှာ ခွဲရန်စိတ်ရန်မလိုဘဲ အသားအရေအမျိုးမျိုးအတွက်သုံးနိုင်ပြီး ကုသမှုအပြီးမှာလည်း နီရဲခြင်းနည်းပါတယ်။ အချိန်တိုတိုအတွင်းပြန်ကောင်းပြီး ကုသမှုအပြီး စောင့်ရှောက်ဖို့ကလည်း ဝန်နည်းပါတယ်။မည်သည့်နည်းသုံးသင့်သလဲ မသေချာပါက အရေပြားအထူးကုနှင့်သေချာတိုင်ပင်သင့်ပါတယ်။ ထည့်တွက်သင့်သောအရာများမှာ ကုန်ကျစရိတ်၊ ပြန်ကောင်းရန်ကြာချိန်နှင့် သင့်အရေပြား၊ ပြဿနာတို့နှင့် အဆင်ပြေမပြေတို့ဖြစ်တယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/skin-laser-treatment/
မျက်စိကျန်းမာစေဖို့ ဆောင်ရန်၊ ရှောင်ရန်အချက်များ
လူသားတိုင်း ကိုယ့်ကျန်းမာရေးကို အမြဲဂရုစိုက်သလိုမျက်စိကျန်းမာရေးကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ နေ့စဉ် ကိုယ်ပြုမူလုပ်ဆောင်နေတဲ့ အရာတွေကမျက်စိအပေါ်မှာ သွားပြီး သက်ရောက်မှုရှိနေပါတယ်။ မျက်စိမှုန်တာ၊ မျက်စိအားနည်းတာ အစရှိတဲ့အမြင်အာရုံဆိုင်ရာ ကျန်းမာရေးပြဿနာတွေ မဖြစ်လာစေဖို့ နေ့စဉ် မျက်စိကျန်းမာစေဖို့ ဆောင်ရန်၊ ရှောင်ရန်အချက်များ ကို ပြောပြပေးချင်ပါတယ်။မျက်စိကျန်းမာစေဖို့ ဆောင်ရန်၊ ရှောင်ရန်အချက်များ ကတော့။၁။ နေ့စဉ် အစာအာဟာရကို ဂရုစိုက်ပါ။ကိုယ်ခန္ဓါ ကျန်းမာစေဖို့အတွက်မှ မဟုတ်ပါဘူး။ မျက်စိကျန်းမာရေးအတွက်လည်း အာဟာရဖြစ်စေတဲ့ အစားအစာတွေကို ဂရုစိုက်ပြီး စားသင့်ပါတယ်။ မျက်စိအားကောင်းစေတဲ့ Omega-3 fatty acidငါးကြီးဆီ၊ ဗီတာမင် A ၊ဗီတာမင် Cနဲ့ ဗီတာမင် E ပါဝင်တဲ့ အစားအစာတွေကို များများ စားပေးသင့်ပါတယ်။ အစာအာဟာရ မျှတစွာ စားသုံးပေးရင်အဝလွန်ေရာဂါအပြင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်တဲ့ အမျိုးအစား (၂)ဆီးချိုေရာဂါနဲ့ မျက်စိ ကွယ်ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ကန်စွန်းရွက်၊ ကိုက်လန်ရွက်၊ ပန်းဂေါ်ဖီ၊ မုန်လာဥနီ အစရှိတဲ့ဟင်းသီးဟင်းရွက်ေတွ၊ ဆော်လ်မွန်ငါး၊ တူနာငါး အစရှိတဲ့ Omega-3 fatty acid များတဲ့ ငါးတွေ၊ ပရိုတင်းဓါတ်ကြွယ်ဝတဲ့ ဥ၊ ပဲအမျိုးမျိုး၊ အစေ့အဆန်တွေ၊ ဗီတာမင် C ပါဝင်မှုများတဲ့ လိမ္မော်သီး၊ ချဉ်တဲ့အရသာရှိတဲ့ အသီးအနှံနဲ့ သစ်သီးဖျော်ရည်တွေ၊ ကရုကမာကောင်နဲ့ ဝက်သားတို့ကို သင့်တင်မျှတစွာ စားပေးဖို့ အရေးကြီးပါတယ်။၂။ ဆေးလိပ်ဖြတ်လိုက်ပါ။ဆေးလိပ်သောက်လို့ ကိုယ့်ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးကိုမှ မရစေနိုင်ပဲ ခန္ဓါကိုယ်ကိုပါ ဒုက္ခပေးနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် အသည်း၊ နှလုံး၊ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊ အာရုံကြောနဲ့ အမြင်အာရုံကိုပါ ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ပိုမိုကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်ရဖို့ဆေးလိပ်ဖြတ်လိုက်ပါ။ မဖြတ်နိုင်ဘူးဆိုရင်လည်းလျှော့ပြီးသောက်ပါ။၃။ နေကာမျက်မှန်တပ်ပါ။နေအရမ်းပူနေတဲ့အချိန် အပြင်ထွက်ရင် အသားအရေအတွက် နေလောင်ကာခရင်မ် လိမ်းပေးရသလို မျက်လုံးကို ကာကွယ်ဖို့အတွက်လည်း နေကာမျက်မှန်တပ်ပေးဖို့ လိုအပ်ပါတယ်။ နေရောင်ခြည်မှာပါဝင်တဲ့ UV လို့ ခေါ်တဲ့ခရမ်းလွန်ရောင်ခြည်ေတွဟာ အသားအရေကို ပျက်စီးစေတဲ့အပြင် မျက်လုံးကိုပါ ထိခိုက်စေနိုင်ပြီး အမြင်အာရုံချို့ယွင်းတာ၊ မျက်စိ မှုန်တာ အစရှိတဲ့ ပြဿနာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အပြင်သွားတဲ့အချိန် နေအရမ်းပူနေပြီဆိုရင် နေကာမျက်မှန် တပ်ခြင်းဖြင့် မျက်စိ မထိခိုက်အောင် ကာကွယ်ပါ။၄။ ကွန်ပျူတာ၊ ဖုန်း၊ တီဗီမျက်နှာပြင်ကို အကြာကြီး မကြည့်ပါနဲ့။လျှပ်စစ်ပစ္စည်းတွေရဲ့ မျက်နှာပြင်ကနေ ထွက်လာတဲ့ အလင်းတန်းဟာ အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။ ကွန်ပျူတာ၊ ဖုန်းကို အကြာကြီးကြည့်တဲ့အခါမှာ မျက်စိအားစိုက်ရတဲ့အတွက် အမြင်အာရုံဝေဝါးလာတာ၊ အဝေးမှုန်လာတာ၊ မျက်လုံးခြောက်သွေ့လာတာ၊ ခေါင်းမူးခေါင်းကိုက်တာတွေ ဖြစ်နိုင်ပြီး မျက်စိအမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် အချိန်အကြာကြီး တီဗီကြည့်တာမျိုး၊ ဖုန်း၊ ကွန်ပျူတာ အသုံးပြုတာမျိုး ရှောင်သင့်ပါတယ်။ ကွန်ပျူတာရှေ့မှာ အကြာကြီးထိုင်ပြီး အလုပ်လုပ်နေရတဲ့သူတွေဆိုရင်လည်း နာရီဝက်ခြား တစ်ခါ အဝေးတစ်နေရာကို ကြည့်တာမျိုး၊ မျက်စိမှိတ်တာမျိုး ပြုလုပ်ပေးခြင်းဖြင့် မျက်စိအနားပေးသင့်ပါတယ်။၅။ မျက်စိဆေးခန်းမှာ ပုံမှန်စစ်ဆေးပါ။ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ ဘယ်လိုအသက်အရွယ်မဆို မျက်စိဆေးခန်းမှာ ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ကိုယ့်ရဲ့ မျက်စိအခြေအနေကို သေချာစစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ ဘယ်ရောဂါမဆို မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ရင် အကောင်းဆုံးပါပဲ။ မျက်မှန်တပ်ဖို့ လိုလာပြီဆိုရင်လည်း မျက်မှန်ကို ပါဝါတိုင်းပြီး သေချာတပ်ပေးသင့်ပါတယ်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/better-eyesight/
မီဆိုကုထုံး ဆိုတာဘာလဲ
Mesotherapy ဆိုတာ ခွဲစိတ်စရာမလိုဘဲ သင့်အရေပြားကို လိုအပ်သော အာဟာရများပေးပြီးအရေးအကြောင်းတွေ၊အကြောပြတ်ရာတွေကို သက်သာပျောက်ကင်းစေသော၊ ပါးနေသောဆံပင်များပြန်ပေါက်စေနိုင်သော၊ ပိုနေသောအဆီများလျော့စေသော၊ နုနယ်ပျိုမျစ်မှုပြန်ရရှိစေနိုင်သော နည်းတစ်မျိုးဖြစ်တယ်။အသက်ကြီးလာတာနဲ့အမျှ elastin နဲ့collagen တွေနည်းလာတာကြောင့် အသားအရေတင်းရင်းမှုတွေလျော့ကျလာပါတော့တယ်။ ဗီတာမင်ကဲ့သို့ တခြားအာဟာရတွေလည်း နည်းလာတာကြောင့် လျော့တွဲခြောက်သွေ့သော အသားအရေတွေဖြစ်လာတော့တယ်။Mesotherapy နည်းမှာ ဆေးအနည်းငယ်ကို အရေပြားထဲထိုးထည့်ပေးခြင်းဖြင့် တခြားသောဆေးလိမ်း၊ ဆေးသောက်နည်းတွေထက် ပိုကောင်းသောအာနိသင်ကိုပေးပါတယ်။ဒါကြောင့် ဆေးများများသောက်ရခြင်းတွေ၊ ဆေးများသောကြောင့်ရသော အန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်တာပေါ့။ ထိုဆေးထိုးခြင်းဖြင့် လိုအပ်သောနေရာကို တိတိကျကျလည်းကုသပေးနိုင်ပါတယ်။နှစ်မျိုးရှိပါတယ်-အပ်သုံးနည်းနှင့် အပ်မသုံးသောMesotherapyနည်းတို့ဖြစ်တယ်။·အပ်သုံးသောပုံမှန် mesotherapy– လိုအပ်သော အရေပြားအောက်မှ တစ်ရှူးကို ဆေးထိုးကာ လိုသောအရာများကို ပေးပို့ထောက်ပံ့ခြင်းဖြစ်တယ်။·အပ်မသုံးသော mesotherapy– ဆေးမထိုးလိုသူများအတွက် သင့်လျော်ပြီး အပ်မသုံးဘဲ အရေပြားအလယ်လွှာဆီ လိုအပ်သော အာဟာရပစ္စည်းများ၊ ဆေးများထည့်သွင်းထောက်ပံ့ခြင်းဖြစ်ပါတယ်။အရေပြားအောက် မီလီမီတာအနည်းငယ်ဆီကို သေးငယ်သောအပ်ကလေးများနဲ့ amino acid ဗီတာမင်၊ သတ္ထုဓါတ်တွေထိုးသွင်းခြင်းဖြစ်တယ်။ တချို့သော နည်းစနစ်အသစ်တွေမှာ အရေပြားစိုပြေစေပြီး ထောက်ပံ့မှုတွေပေးသော hyaluronic acid ပါအသုံးပြုပါတယ်။ဆေးထိုးနည်းကို သင့်အရေပြားနဲ့သင့်တော်အောင် ပြုပြင်ပြောင်းလဲပြီး အသုံးပြုလို့ရပါတယ်။ ထိုးသွင်းလိုက်သော ပစ္စည်းတွေဟာ သင့်အသားအရေအတွက် မတူညီသောအာနိသင်အမျိုးမျိုးပေးပါတယ်။Mesotherapy ဟာအရေပြားပြဿနာအများအပြားကို ကုသနိုင်တယ်။ ဦးတည်ချက်ပေါ်မူတည်ပြီး ပြင်ဆင်မှုနဲ့ ပြန်ကောင်းချိန်တွေ ကွဲပြားနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Mesotherapy ကိုများသောအားဖြင့် နှစ်ကြိမ်မှ သုံးကြိမ်အဖြစ် သို့မဟုတ် ရက်သတ္တပတ် အနည်းငယ်ခြား တစ်ခါ အချိန်တိုတိုအကြိမ်လေးတွေအဖြစ် ခွဲထားတတ်ပါတယ်။ ပင်မကုသမှု တစ်ခုအပြီး နောက်ထပ် လအနည်းငယ် ကြာအောင်တော့ ထိန်းသိမ်းမှုလေးတွေ ဆက်လုပ်ရပါတယ်။အမျိုးမျိုးအတွက် သုံးနိုင်ပါတယ်။ ဒါတွေကတော့ နာမည်ကြီးသော ကုသမှုတချို့ဖြစ်တယ်-။·ဝက်ခြံကုသမှု။·ဆံပင်ကျွတ်မှုကိုလျှော့ချကာ ဆံပင်ပေါက်ခြင်းကို လှုံဆော်ခြင်း။·အဆီချေဖြတ်ခြင်း။·အကြောပြတ်ရာများလျှော့ချခြင်း။·မျက်နှာပြုပြင်ခြင်း။Mesotherapy ဟာ တစ်ကြိမ်မှာအဆီအနည်းငယ်သာကျစေတာကြောင့် အဆီချဖို့၊ ပိန်ဖို့အတွက်တော့ သိပ်အကျိုးမဖြစ်ပါဘူး။ ဒါကြောင့်လည်း အကြောပြတ်ရာများလို အဆီအနည်းငယ်စုနေတာတွေကိုသာ ကုသဖို့အတွက် သုံးလေ့ရှိပါတယ်။အဆီထုတ်သောဆဲလ်နှင့် အဆီချေဖျက်သောဆဲလ်တွေကို ပစ်မှတ်ထားပါတယ်။ ဆေးထိုးလိုက်ခြင်းက အဆီထုတ်ခြင်းကိုလျှော့ပြီး အဆီချေဖျက်ခြင်းကို လှုံ့ဆော်ပေးပါလိမ့်မယ်။မျက်ခွံများတွဲကျခြင်းအတွက်လည်း အသုံးပြုနိုင်တယ် ။ အသက်ကြီးလာတာနဲ့အမျှမျက်ခွံတွေလည်း လျော့ရဲလာတတ်တယ်။ အဆီတွေစုလာပြီး မျက်ခွံတွေပျော့တွဲလာပါတော့တယ်။Mesotherapy ဟာ သင့်မျက်ခွံမှအဆီများကို လျှော့ချပေးနိုင်တယ်။ ဒါပေမယ့် ကုသမှုမတိုင်မီ cortisone သောက်ထားဖို့တော့လိုပါလိမ့်မယ်၊ ရောင်ရမ်းမှုကိုလျှော့ချနိုင်ဖို့ပါ။အရေပြားပြုပြင်ခြင်းဟာ နာမည်အကြီးဆုံးရလဒ်ဖြစ်တယ်။ ကျန်းမာစေသော ဓါတ်ပစ္စည်းများကို သင့်အရေပြားထဲထည့်ပေးခြင်းဖြင့် နုနယ်ပျိုမျစ်သောအသွင်ကို ပြန်ရစေပါတယ်။ ဒါဟာ Mesotherapy ရဲ့ နာမည်ကြီးကုသမှုတွေထဲက တစ်ခုဖြစ်တယ်။ထိုကုသမှုလုပ်ဖူးသူတိုင်း သိသာသောပြောင်းလဲမှုကို သတိထားမိကြပါတယ်။ Botox ထိုးခြင်း၊ လေဆာဖြင့် အရေပြားပြုပြင်ခြင်း၊ အရေပြားခွာခြင်း၊ ဆေးလိမ်းခြင်း၊ မျက်နှာပင့်တင်ကုသခြင်းများ စသည့်နည်းများထက် ပိုဘေးကင်းသောနည်းတစ်မျိုးဖြစ်တယ်။ခန္ဓါကိုယ်တစ်ခုလုံး မည်သည့်နေရာမရွေးသုံးနိုင်တာကြောင့် ဘက်စုံသုံးနိုင်သော နည်းတစ်မျိုးလည်းဖြစ်ပါတယ်။ကောင်းကျိုးတွေကြောင့် ဥရောပ၊ အမေရိကတွေမှာ အောင်မြင်ခေတ်စားလျက်ရှိပါတယ်။ Mesotherapy ဟာ ခွဲစိတ်စရာမလိုတဲ့ နည်းတစ်နည်းဖြစ်တာကြောင့် တခြားသော အလှအပရေးရာခွဲစိတ်ကုသမှုများနှင့် ယှဉ်ပါက လွယ်ကူရိုးရှင်းသောနည်းလည်ဖြစ်တယ်။·ပြန်ကောင်းရန်အချိန်တိုခြင်း– အချိန်အများကြီး စောင့်ရန်မလိုဘဲ နေ့စဉ်လှုပ်ရှားမှုတွေပြန်လုပ်နိုင်ပါတယ်။ ကုသမှုယူသောနေ့မှာတင်ပဲ ဆေးခန်းမှပြန်နိုင်တယ်။·မနာကျင်ခြင်း– အထူးသခြင့် အပ်မသုံးနည်းဟာ နာကျင်မှု၊ သက်တောင့်သက်သာမဖြစ်မှုတွေ မရှိပါဘူး။·အကုန်အကျသက်သာခြင်း– ခွဲစိတ်မှုအတွက်လိုအပ်သော ကုန်ကျစရိတ်တွေ၊ ပြန်ကောင်းရန်ကုန်ကျစရိတ်တွေလျှော့နိုင်တယ်။·ဘေးထွက်ဆိုးကျိုးနည်းခြင်း– ကုသမှုအပြီးမှာ ပွန်းရာ၊ ရှရာ၊ ရောင်ရမ်းခြင်းတွေရှိနိုင်ပေမယ့် ရက်အနည်းငယ်အကြာမှာ ပျောက်သွားပါတယ်။မီဆိုကုထုံး က လူအများစုအတွက် အံ့အားသင့်စရာကောင်းအောင် အာနိသင်ရှိသလို၊ ရလဒ်ကလည်း တစ်ဦးနဲ့တစ်ဦး မတူတတ်ပါဘူး။ ဒါကြောင့် ကောင်းကျိုး၊ ရလဒ်တွေ၊ ပြင်ဆင်ရမှာတွေနဲ့ပတ်သတ်ပြီး ဆရာဝန်နဲ့ အရင် တိုင်ပင်ဆွေးနွေးတာအကောင်းဆုံးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/what-is-mesotherapy/
Conversion Disorder (စိတ်ကြောင့်ဖြစ်သော ရုပ်ပိုင်းဆိုင်ရာ ပြဿနာစု)
Conversion disorder (သို့) Trans disorder ဆိုတာလူတစ်ယောက် စိတ်ဖိစီးမှု နဲ့ကြုံလာချိန် စိတ်ဖိစီးမှုများလာချိန် မှာ ခန္ဓါကိုယ်မှာဖြစ်ပေါ်လာတဲ့ရောဂါလက္ခဏာစုတွေကိုဆိုလိုခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Trans disorder ဆိုတာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။စိတ်ခံစားမှုအထွတ်အထိပ်ရောက်နေချိန် (သို့) စိတ်ဒဏ်ရာပြင်းပြင်းထန်ထန်ရနေချိန်မှာစိတ်ထွက်ပေါက်အနေနှင့် ခန္ဓါကိုယ်မှာပုံမှန်မဟုတ်သောပြောင်းလဲမှုတွေဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ မြင်းပေါ်မှလိမ့်ကျချိန်မှာခြေထောက်တွင် ဒဏ်ရာတစ်စုံတစ်ရာမရရှိဘဲခြေထောက်လှုပ်လို့မရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။Trans disorder ရဲ့ရောဂါလက္ခဏာများကအချိန်မရွေးဖြစ်ပေါ်လာနိုင်လို့သင့်အနေနှင့် ထိန်းချုပ်ခြင်း (သို့) ကြိုတင်ခန့်မှန်းခြင်းကိုပြုလုပ်လို့မရနိုင်ပါ။ဒီရောဂါဟာလူဦးရေ ၁၀၀,၀၀၀ မှာ ၁၁ ယောက်ဖြစ်ပွားတတ်ပြီးအများစုဟာအမျိုးသမီးများမှာပိုဖြစ်တတ်ပါတယ်။ အသက် ၁၀ နှစ်အောက်ကလေးတွေနဲ့ ၃၅ နှစ်အထက်လူကြီးတွေမှာ ဖြစ်ပွားမှုအလွန်နည်းပါးပါတယ်။ရောဂါလက္ခဏာအများစုဟာစိတ်ဒဏ်ရာရရပြီးချင်းမှာရုတ်တရက်ပေါ်လာတတ်ပြီးမကြာခဏဆိုသလို၂ပတ်အတွင်းမှာပျောက်သွားလေ့ရှိပါ။တယ်။အဓိကအားဖြင့် ခန္ဓါကိုယ်လှုပ်ရှားမှုပိုင်းဆိုင်ရာနှင့်အာရုံခံစားမှုပိုင်းဆိုင်ရာမှာပြောင်းလဲခြင်းတွေဖြစ်ပေါ်တတ်ပါတယ်။အဓိကအားဖြင့် အဖြစ်များဆုံးရောဂါလက္ခဏာတွေကတော့။• ကြွက်သားများတောင့်တင်းခြင်း (သို့) ခန္ဓါကိုယ်တစ်ခြမ်းရှိကြွက်သားများအားနည်းခြင်း။• ထုံကျဉ်နေခြင်း။• လမ်းလျှောက်သောပုံစံမမှန်ခြင်း။• ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ချို့တွင် အာရုံခံစားမှုပျောက်ကွယ်သွားခြင်း။• ဘာသာစကားမေ့လျော့သွားခြင်း။• အမြင်အာရုံ ၁ ဖက် (သို့) ၂ ဖက်လုံးကွယ်သွားခြင်း။• အကြားအာရုံ ၁ ဖက် (သို့) ၂ ဖက်လုံးပျောက်ကွယ်သွားခြင်း။• နားအူခြင်း။• အတက်ရောဂါမရှိပဲတက်သည့် ပုံစံဖြစ်ခြင်းအစရှိသည်တို့ ဖြစ်ပါတယ်။( Trans Disorder မှာတွေ့ရှိရတဲ့ အတက်ပုံစံဟာဦးနှောက်တွင်း ချို့ယွင်းမှု မရှိပဲစိတ်ဒဏ်ရာရခြင်းကြောင့်သာ ဖြစ်ပါတယ်။ရောဂါလက္ခဏာတွေဟာဘယ်လောက်ထိဆိုးရွားနိုင်သလဲ နှင့် ဘယ်လောက်ကြာကြာထိ ဖြစ်နိုင်သလဲဆိုတာကတော့ ခန္ဓါကိုယ် ကြံခိုင်မှုနှင့် စိတ်ဒဏ်ရာရရှိမှု အတိမ်အနက်ပေါ် မူတည်ပြီးကွဲပြားခြားနားပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာရောဂါလက္ခဏာ ၁ ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ဖော်ပြပါရောဂါလက္ခဏာများရှိတယ်လို့ သတိပြုမိပြီဆိုရင် ဆေးရုံ (သို့) နီးစပ်ရာဆရာဝန် နဲ့ချက်ချင်းပြသသင့်ပါတယ်။ ခံစားနေရတဲ့ ရောဂါလက္ခဏာတွေဟာ Trans Disorder ကြောင့်မဟုတ်ပဲတခြားသောရောဂါများကြောင့်ဆိုရင် ရောဂါကိုသိအောင်လုပ်ပြီးအလျင်အမြန်ကုသဖို့လိုပါတယ်။ အကယ်လို့Trans Disorder ကြောင့်ဆိုရင် ရောဂါလက္ခဏာသက်သာလာဖို့နဲ့နောက်ထပ်မဖြစ်ပွားအောင် စိတ်ရောဂါအထူးကုဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Trans Disorder မှာ ခန္ဓါကိုယ်ပိုင်းဆိုင်ရာယိုယွင်းပျက်စီးမှုဖြစ်ဖို့ တစ်စုံတစ်ခုသောစိတ်ဒဏ်ရာလှုံ့ဆော်မှု လိုအပ်ပါတယ်။ ဒါပေမယ့် စိတ်ဒဏ်ရာဟာဘယ်လိုနည်းနဲ့ Trans Disorder ဆိုတဲ့ ရောဂါကိုဖြစ်စေတာလဲဆိုတာကိုတော့ မသိသေးပါဘူး။ကျွမ်းကျင်ပညာရှင်များကတော့ စိတ်ဒဏ်ရာအပြင်းအထန်ရထားခြင်းဟာဦးနှောက်အာရုံကိုထိခိုက်စေပြီး ခန္ဓါကိုယ်ဇီဝဖြစ်စဉ် ထိန်းချုပ်မှုကိုယိုယွင်းစေတယ်လို့ယူဆကြပါတယ်။အကျိုးဆက်အားဖြင့် ခန္ဓါကိုယ်တစ်စိတ်တစ်ပိုင်းမှာခဏတာချိနဲ့သွားခြင်း (သို့) အလုပ်မလုပ်ခြင်းအစရှိတဲ့ ရောဂါလက္ခဏာတွေကိုတွေ့ရတာဖြစ်ပါတယ်။ဒီရောဂါဟာကူးစက်ရောဂါမဟုတ်သလို မျိုးရိုးလိုက်တဲ့ရောဂါလည်းမဟုတ်ပါဘူး။ဘယ်အရာတွေက Conversion Disorder ဖြစ်ပွားနိုင်ချေကို မြင့်စေပါသလဲ။အောက်ဖော်ပြပါ အကြောင်းအရာများက Conversion Disorder ဖြစ်ပွားမှုကို မြင့်တက်စေနိုင်ပါတယ်။• စိတ်ဖိစီးမှုအလွန်တရာများပြားခြင်း။• အမျိုးသမီးများတွင် ပိုအဖြစ်များခြင်း။• စိတ်ရောဂါအခံရှိခြင်း။• အတက်ရောဂါကဲ့သို့သောရောဂါလက္ခဏာတူသည့်အာရုံကြောဆိုင်ရာရောဂါရှိခြင်း။• မိသားစုဝင်များတွင် Trans Disorder ရောဂါခံစားရသူရှိခြင်း။• ငယ်စဉ်အခါ ဖိနှိပ်ခံခဲ့ရဖူးသောရာဇဝင်ရှိခြင်း (ကလေးသူငယ်ညှင်းပန်းနှိပ်စက်ခံခဲ့ရဖူးခြင်း၊ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရဖူးခြင်း၊ စွန့်ပစ်ခံခဲ့ရဖူးခြင်း)။ဖော်ပြပါအကြောင်းအရာများမရှိသော်လည်းရောဂါမဖြစ်နိုင်ဘူးလို့မဆိုလိုပါဘူး။ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတွေကိုကိုးကားဖို့အတွက်သာဖော်ပြထားခြင်း ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါကအထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဦးနှောက်နှင့် အာရုံကြောအထူးကုဆရာဝန်များကဦးနှောက်ပိုင်းဆိုင်ရာရောဂါများရှိမရှိကိုစမ်းသပ်စစ်ဆေးခြင်းနှင့် ရောဂါဆိုင်ရာရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ပါမှာဖြစ်ပါတယ်။ ရှာဖွေရာမှာကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း (CT)၊သံလိုက်ဓါတ်မှန်ရိုက်ခြင်း (MRI)၊ အာထရာဆောင်းရိုက်ခြင်း နှင့် ဦးနှောက်ပိုင်းဆိုင်ရာစစ်ဆေးမှုများပြုလုပ်ခြင်း(EEG) အစရှိသည်ဖြင့် ရှာဖွေနိုင်ပါတယ်။ စိတ်ထိခိုက်ဒဏ်ရာကလွဲလို့မည့်သည့် ရောဂါလက္ခဏာမှ မရှိဘူးလို့သေချာပြီဆိုမှသာTrans Disorder ရှိကြောင်းသတ်မှတ်မှာဖြစ်ပါတယ်။Conversion Disorder ဟာရောဂါလက္ခဏာတွေ ရှိနေပေမယ့်လည်းစစ်ဆေးမှုဆိုင်ရာအဖြေများကပုံမှန်ဖြစ်နေတဲ့အတွက် ကုသဖို့ခက်ခဲပါတယ်။ ဒီရောဂါဖြစ်လာရင် သင်၏ဆရာဝန် (သို့) စိတ်ရောဂါအထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးကုသမှုခံယူရမှာ ဖြစ်ပါတယ်။တကယ်လို့ဦးနှောက်နှင့်အာရုံကြောဆိုင်ရာရောဂါများ (ဥပမာ – အတက်ရောဂါ (သို့) ဦးနှောက် ပုံပန်းသဏ္ဍာန်မမှန်ခြင်း) ခံစားနေရတာဆိုရင် သက်ဆိုင်ရာဆေးနဲ့ရောဂါကုထုံးတွေနဲ့ကုသပေးမှာဖြစ်ပါတယ်။ကုသရာမှာစိတ်ပိုင်းဆိုင်ရာကုထုံးနဲ့အမူအကျင့်ပိုင်းဆိုင်ရာကုထုံးများပါဝင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာကုထုံးကသင်ခံစားနေရတဲ့ စိတ်ဒဏ်ရာကို ပြသပေးနိုင်မှာဖြစ်ပါတယ်။ အမူအကျင့်ပိုင်းဆိုင်ရာကုထုံးကတော့စိတ်ဖိစီးမှု နဲ့အစိုးရိမ်လွန်ကဲမှုတို့ကို ဖြတ်တောက်ပေးပြီးစိတ်ဒဏ်ရာရခြင်းကိုလျှော့ကျစေမှာ ဖြစ်ပါတယ်။Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/conversion-disorder-%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac-%e1%80%9b/
ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း ဘာတွေသိထားဖို့ လိုမလဲ!
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးမှာကိုဗစ်ဖြစ်ပွားခဲ့တာ နှစ်ကာလအားဖြင့် အတော်အတန် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့်လည်း ကမ္ဘာတလွှားမှာ အခုချိန်ထိ  ကိုဗစ်ဗိုင်းရပ်စ်က ပပျောက်မသွားဘဲ သန္ဓေပြောင်းမှု အမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ ဆက်လက် ဖြစ်ပွားနေဆဲပါ။ အခုနောက်ဆုံးတွေ့ရှိထားတဲ့ ကိုဗစ် မျိုးစိတ်အသစ်ကတော့ EG.5.1 ဖြစ်ပြီး အတိုကောက် Eris လို့လည်း ခေါ်ပါတယ်။ လက်ရှိ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ် ဖြစ်ပွားမှုတွေက ဒီမျိုးစိတ်ကြောင့်ပါ။ ကိုဗစ်တွေကမျိုးဗီဇ ပြောင်းလဲမှုတစ်ခု ဖြစ်ပြီးတိုင်းမှာ မျိုးစိတ်အသစ်တစ်ရပ်က လျင်မြန်တဲ့ အရှိန်နဲ့ ကူးစက်ဖြစ်ပွားတာမျိုးတွေ ရှိလာနေပါတယ်။ ဒါကြောင့် အခုတစ်ခေါက်လည်း သတိထားမှုတွေ လုပ်ဆောင်နိုင်စေဖို့အတွက် ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း သိထားသင့်တာလေးတွေကို ဝေမျှပေးချင်ပါတယ်။လူအသက်ပေါင်းများစွာကို ဆုံးရှုံးစေခဲ့တဲ့ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးစိတ်တစ်ခုဖြစ်တဲ့ ကိုဗစ်မျိုးစိတ်သစ် EG.5.1  အကြောင်း အတူတူ ဆက်လက် လေ့လာလိုက်ရအောင်နော်။ကိုဗစ်မျိုးစိတ်သစ် EG.5.1 ဆိုတာ ဘာလဲ!။ကိုဗစ်မျိုးစိတ်သစ် EG.5.1 ဆိုတာကအိုမီခရွန်ရဲ့ မျိုးကွဲ တစ်ခုပါ။ ပြီးခဲ့တဲ့ လအနည်းငယ် ကစပြီး   ကမ္ဘာ့ နိုင်ငံတွေမှာ ကူးစက်ဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။ဒီမျိုးစိတ်က အခြားကိုဗစ်မျိုးစိတ် မျိုးကွဲတွေထက် မျိုးဗီဇ ပြောင်းလဲမှု မြန်ဆန်သလို ကူးစက်မှုနှုန်းကလည်း မြန်ဆန်ပါတယ်။EG.5.1 ကူးစက်မှု မြန်သလား!။လက်ရှိမှာတော့ EG.5.1 က အရင်က မျိုးစိတ်တွေထက် ပိုပြီး ကူးစက်မှု မြန်ပါတယ်။ ဘယ်လောက်မြန်ဆန်လဲဆိုတာကို ရာခိုင်နှုန်းနဲ့ တိတိကျကျ ပြောဖို့ကတော့ ခက်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာကကိုဗစ်မျိုးစိတ်တစ်ခုစီတိုင်းမှာ မတူကွဲပြားတဲ့ ကူးစက်နှုန်း ရှိတယ်ဆိုတာပါ။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကတော့ EG.5.1  က လက်ရှိမှာ ကူးစက်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်မျိုးစိတ်တွေနဲ့ သိသိသာသာ ကွဲပြားသွားတာမျိုးတော့ မရှိပါဘူး။ ဆိုလိုချင်တာကတော့ ဒီမျိုးစိတ်က ကူးစက်မှု မြန်ပေမယ့် ရောဂါက ပိုပြီး ပြင်းထန်သွားတယ်ဆိုတာမျိုးတော့ အခုထိ မတွေ့ရသေးပါဘူး။ လက်ရှိမှာ ဖြစ်ပွားနေတဲ့ကိုဗစ်ကူးစက်မှုအများစုကတော့ EG.5.1  မျိုးစိတ်ကြောင့်ပါ။အခြားမျိုးစိတ်နဲ့ EG.5.1 ဘယ်လို ခွဲခြားသိရှိနိုင်မလဲ!။တိုတိုတုတ်တုတ် ဖြေပေးရရင် အခုလက်ရှိမှာ ကူးစက်ဖြစ်ပွားနေတဲ့EG.5.1မျိုးစိတ်က အရင်က ဖြစ်ပွားခဲ့တဲ့SARS-CoV-2 မျိုးစိတ်တွေနဲ့ ခပ်ဆင်ဆင်ပါ။ ဒီမျိုးစိတ်က အခြားသော အိုမီခရွန် မျိုးစိတ်တွေနဲ့ တော်တော်လေးကို တူပါတယ်။EG.5.1 ရဲ့ လက္ခဏာတွေကလည်း  အခြား ကိုဗစ်မျိုးစိတ်တွေရဲ့လက္ခဏာတွေနဲ့  တော်တော်လေးကို ဆင်တူပါတယ်။EG.5.1 မျိုးစိတ် လက္ခဏာတွေက ဘာတွေလဲ!။အခုချိန်ထိ တွေ့ရှိရတဲ့ တွေ့ရှိချက်တွေအရ EG.5.1 မျိုးစိတ်ရဲ့ လက္ခဏာတွေကလည်း အခြား ကိုဗစ် မျိုးစိတ်တွေရဲ့ လက္ခဏာတွေနဲ့ တော်တော်လေး ဆင်တူပါတယ်။ EG.5.1 ဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင် တွေ့ရများတဲ့ကိုဗစ်ကူးစက်မှု လက္ခဏာတွေဖြစ်ကြတဲ့။ကာကွယ်ဆေးက သက်ရောက်မှု ရှိရဲ့လား!။နောက်ဆုံး ထွက်ရှိထားတဲ့ ကာကွယ်ဆေးက XBB မျိုးစိတ် အားလုံးကို ကာကွယ်ပေးနိုင်အောင် ထုတ်လုပ်ထားတာ ဖြစ်ပြီး EG.5.1 ဒါမှမဟုတ် Eris မျိုးစိတ်ကလည်း အိုမီခရွန် မျိုးစိတ်နဲ့ တော်တော်လေးကို ဆင်တာကြောင့် အိုမီခရွန်ဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးကို ထိုးနှံထားမယ်ဆိုရင်ကို လုံလောက်တဲ့ ကာကွယ်မှုကို ရရှိနိုင်မှာပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-19-variant-eg-5-1-explained/
အစားအသောက်များ အမျိုးအစားခွဲခြင်း အလုပ်ဖြစ်သလား
အစားအသောက်များ အမျိုးအစားခွဲခြင်း အလုပ်ဖြစ်သလား ……  သင့်ကလေးဟာ တဖြည်းဖြည်း ကြီးထွားလာတာနဲ့အတူ အာဟာရဓါတ်လည်း လိုလာပါတယ်။ ဒါကြောင့် အစားအသောက်ကို မှန်ကန်စွာ ရွေးချယ်ခြင်းဟာ သင့်ကလေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးလှပါတယ်။ အစားအစာတွေ အများအပြားထဲမှာမှ မိမိကျန်းမာရေးနဲ့ ကိုက်ညီမယ့်အစာတွေကို ရွေးချယ်စားသုံးဖို့အတါက် သင့်ကလေးကို ပညာပေးဖို့ရာ ဘယ်တော့မှ နောက်မကျပါဘူး။အစားအသောက်များ အမျိုးအစားခွဲခြင်း အလုပ်ဖြစ်သလား ဆိုတော့ ပရိသတ်ကြီးရော ဘယ်လို ထင်သလဲ!။အစားကို ပရမ်းပတာစားတဲ့ ကလေးများဟာခံတွင်းပျက်ခြင်း၊ အစားကို အလွန်အမင်းစားပြီး ကြောက်ရွံ့အားငယ်တတ်တဲ့ စိတ်အခြေအနေ၊ ကျောင်းနဲ့ အိမ်မှာပါ ဖိအားဝင်ခြင်း စတဲ့အခြေအနေတွေ ဖြစ်ပေါ်တတ်ပါတယ်။အဲဒီအခြေအနေတွေကနေ ကြွက်သားများ ဆုတ်ယုတ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ နှလုံးပြသနာ စတာတွေ ဖြစ်လာတတ်ပါတယ်။ သင့်ကလေးကို ကျန်းမာရေးကောင်းပြီး မိမိကိုယ်ကို ယုံကြည်စိတ် မြင့်မားစေဖို့ ရည်မှန်းချက်များ ချမှတ်ပေးပါ။ အစားအစာအမျိုးမျိုးရဲ့ အာဟာရဓါတ်များကို သိနားလည်အောင် သင်ပေးထားပါ။အောက်ပါအချက်တွေကို ဖြတ်တောက်နိုင်ဖို့ သင့်ကလေးကို ပြောပြပါ။– အချိုရည်၊ ဖျော်ရည်နှင့် အချိုကဲသော အရည်များ။– ကဖိန်းဓါတ်အများအပြား ပါဝင်သော အင်အားဖြည့် အရည်နှင့် စားစရာများ။– သကြားဓါတ်နှင့်အမျှင်ဓါတ်များစွာပါဝင်သော အစေ့အနှံ စားသောက်ဖွယ်ရာများ။– ထောပတ်ပေါင်မုန့်၊ ကိတ်မုန့်နှင့် ဒိုးနပ်မုန့်များ။– အာလူးကြော်နှင့် အခြားအနံ့အရသာ ထည့်ထားသော သရေစာများ။– ထပ်မံပြုပြင်ထားသော ဂျုံဖြင့်လုပ်ထားသည့် ဘီစကစ်၊ ပေါင်မုန့်၊ ခရက်ကာ။– စည်သွပ်စွပ်ပြုတ်များ၊အဆင်သင့်စားနိုင်သော ခေါက်ဆွဲများနှင့် အခြားစားစရာများ စတာတွေ ဖြစ်ပါတယ်။ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားသောက်ဖွယ်ရာတွေကို ရွေးချယ်နိုင်အောင် သင့်ကလေးကို သင်ပြပါ။– ရိုးရိုးရေ။– ဆေးသကြားမပါစေဘဲ ကိုယ်တိုင်ဖျော်သော အသီးဖျော်ရည်များ။– အမျှင်ဓါတ်များသော စားစရာများ (မပြုပြင်ထားသောအစေ့အဆန်များ၊ ပဲတောင့်ရှည်၊ အသီးများ၊ ဟင်းသီးဟင်းရွက်များ)။– သရေစာ အစားထိုး အသီးအရွက်များ။– ပြုပြင်မှုနည်းသော သကြားမပါသော အစေ့အဆန် စားသောက်ဖွယ်များ။– သကြားနှင့်ဆားနည်းသော အိမ်တွင်ချက်ပြုတ်သည့် စွတ်ပြုတ်များ။– ရိုးရိုးခေါက်ဆွဲ စတာတွေ ဖြစ်ပါတယ်။ကျန်းမာရေးနဲ့ မညီတဲ့ အစားအစာတွေ တခါတရံမှသာ စားရုံနဲ့တော့ အန္တရာယ်မဖြစ်တတ်ပါဘူး။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကိုစားတိုင်းမှာ သူတို့ကို အရမ်းဆူတာမျိုး မလုပ်ပါနဲ့။ အဲဒီအစား သူတိုပရဲ့ ကိုယ်အလေးချိန်ကို ပုံမှန်စစ်ဆေးပါ။ မျှတ၊ အသင့်အတင့်၊ မျိုးစုံ စတဲ့အမျိုးအစားကို လိုက်နာပါ။ မျှ-သင့်-စုံ လို့ အတိုကောက် မှတ်ထားနိုင်ပါတယ်။အဓိပ္ပါယ်ကတော့ အမျိုးစုံတဲ့ အစားအသောက်များ (ကီ၊ ဗီတာမင်၊ ဓါတ်ဆား၊ ပရိုတိန်း၊ အဆီဓါတ်) ကို မျှတစွာ အသင့်အတင့် စားရမယ်လို့ ဆိုလိုပါတယ်။ အစားအစာများကို တနေ့လုံးမှာ မျှပြီး စားသောက်ရပါမယ်။ ပုံမှန်အနပ်တွေကိုတော့ အလွတ်ခံလို့ မရပါဘူး။ ပုံမှန်စားရမယ့် အချိန်မှာ လွတ်သွားတာ၊ အရမ်းစားလွန်းတာ ကျန်းမာရေးအတွက် မကောင်းပါဘူး။ တနေ့တာစားသောက်စရာတွေဟာ မျှတအောင် စီမံရပါမယ်။ လိုတာပိုတာ မကောင်းပါဘူး။ဘယ်စားစရာအုပ်စုက ဘယ်လောက် စားသောက်သင့်တယ် ဆိုတာကို ရုပ်ပုံကားချပ်နဲ့ ရွေးချယ်ပါ။ မိသားစုနဲ့ အတူ စားသောက်ပါ။ အနည်းဆုံး တနေ့တကြိမ်တော့ မိသားစု အတူစားသောက်ပြီး အစာမကြေ ဖြစ်စေမယ့် တီဗီရှေ့ထိုင်နေတာမျိုးကို ရှောင်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/categorising-foods-does-it-work/
Papaya (သင်္ဘောသီး)
သင်္ဘောသီးစားသုံးတာက ကျန်းမာရေးကိုတော်တော်များများအကျိုးပြုနိုင်တယ်လို့သိထားကြတာဖြစ်ပါတယ်။ သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်းက ကျန်းမာရေးအတွက် ဆိုးကျိုးအနည်းငယ်ရှိတယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။အထူးသဖြင့် သင်္ဘောသီးစိမ်း၊ သင်္ဘောသီးစေ့၊သင်္ဘောရွက်နဲ့ အစာကြေညက်စေဖို့ထောက်ပံ့ပေးတဲ့ဓါတ်တစ်မျိုးဖြစ်တဲ့papain enzyme တို့က ခန္ဓါကိုယ်အပေါ်မှာ ဆိုးကျိုးသက်ရောက်စေတာဖြစ်ပါတယ်။သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်းကြောင့် ခံစားရနိုင်တဲ့ ဆိုးကျိုးတွေနဲ့ ဘယ်လိုမျိုးအခြေအနေတွေမှာ သင်္ဘောသီးမစားတာက အကောင်းဆုံးဖြစ်မလဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။သင်္ဘောသီးအစိမ်းမှာကြွယ်ဝစွာ ပါဝင်နေတဲ့ သဘော်သီးမှာအဓိကပါဝင်တဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တဲ့papain အင်ဇိုင်းကို အာရှတိုက်နိုင်ငံတွေမှာ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း သန္ဓေပျက်ကျေစေဖို့အသုံးပြုလေ့ရှိကြပါတယ်။သင်္ဘောသီးမှာပါတဲ့ papain အင်ဇိုင်းကို သန္ဓေသားကိုထိခိုက်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ သင်္ဘောသီးစိမ်းသုတ် စားတာ၊သန်ကောင် တုတ်ကောင်ကင်းအောင်ဆိုပြီး သင်္ဘောသီးစေ့ကိုစားသုံးတာမျိုးနဲ့papain အင်ဇိုင်းပါဝင်တဲ့ဖြည့်စွက်ဆေးတွေကိုရှောင်ကြဉ်နိုင်ရင်အကောင်းဆုံးပဲဖြစ်ပါတယ်။သင်္ဘောသီးမှည့်ကိုတော့ စားသုံးပေးလို့ရပါတယ်။ သင်္ဘောသီးမှည့်မှာ သင်္ဘောသီးအစိမ်းထက်papain အင်ဇိုင်းပါဝင်မှုနည်းပါးသလို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ဗီတာမင်တွေနဲ့ အခြားကျန်းမာရေးအတွက်အကျိုးပြုနိုင်တဲ့ ဓါတ်တွေကြွယ်ဝတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ စားသုံးဖို့သင့်တော်ပါတယ်။ကလေးယူဖို့ ကြိုးစားနေသူတွေ (သို့) အစီအစဉ်ရှိသူတွေအနေနဲ့papain အင်ဇိုင်းကို သတိထားရှောင်ကြဉ်သင့်ပါတယ်။ သင်္ဘောသီးစေ့၊ သင်္ဘောသီးစိမ်း နဲ့ သင်္ဘောသီးကနေရရှိတဲ့ အင်ဇိုင်းတွေပါဝင်နေတဲ့အရာတွေကို ပမာဏများများစားသုံးတာ (သို့) ပုံမှန်မှီဝဲနေတာမျိုး ရှိမယ်ဆိုရင် ရာသီစက်ဝန်းကို အနှောက်အယှက်ဖြစ်စေမှာဖြစ်ပါတယ်။သုတေသနစာတမ်းတစ်စောင်မှာpapain အင်ဇိုင်း (သို့) သင်္ဘောသီးစေ့နဲ့ သင်္ဘောသီးစိမ်းမှာပါတဲ့ အင်ဇိုင်းတွေက ပုံမှန် ရာသီစက်ဝန်းအပေါ်မှာ သက်ရောက်မှုရှိတာဖြစ်နိုင်တယ်။ လို့ သုံးသပ်ထားပါတယ်။သိပ္ပံပညာရှင်တွေကတော့ သင်္ဘောသီးစိမ်းမှာပါတဲ့ papain အင်ဇိုင်းက ကိုယ်ဝန်ဆောင်နိုင်စေဖို့ နဲ့ သန္ဓေမြစြေဖို့အတွက် သားအိမ်ကိြုပ်င်ဆင်ရာမှာလိုအပ်တဲ့ဟော်မုန်းတစ်မျိုးဖြစ်တဲ့progesteroneဟော်မုန်းတွေကို ပျက်စီးစေနိုင်တယ်၊လို့ပြောကြားခဲ့ပါတယ်။papain အင်ဇိုင်းက သန္ဓေသားကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးပါတဲ့ အလွှာပါးကို ပျက်စီးစေနိုင်ပါတယ်၊လို့လည်းဆိုပါတယ်။သင်္ဘောသီးမှည့်မှာတော့papain အင်ဇိုင်းပါဝင်မှု ပမာဏလျော့နည်းသွားတာကြောင့် အမျိုးသမီးတွေရဲ့ရာသီစက်ဝန်းအပေါ်မှာရော ကိုယ်ဝန်ဆောင်နိုင်စွမ်းအပေါ်မှာပါ ထိခိုက်မှုမရှိနိုင်ပါဘူး။နို့တိုက်မိခင်တွေအနေနဲ့ သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်း၊ သင်္ဘောသီးစိမ်း (သို့) သင်္ဘောသီးမှည့်ကို နို့တိုက်နေစဉ်အတွင်း စားသုံးပေးသင့်တယ်၊လို့ အကြံပြုတာမျိုးတွေရှိပါတယ်။ ဘာကြောင့်လဲဆိုတာကိုတော့ အကြောင်းအရင်းခိုင်ခိုင်လုံလုံပြောနိုင်ခြင်းမရှိသေးပါဘူး။အာရှ တလွှားမှာ သင်္ဘောသီးစိမ်းသုတ်နဲ့ သင်္ဘောသီးစိမ်းဟင်းချိုတွေက နို့တိုက်မိခင်တွေမှာ နို့ထွက်ကောင်းစေတယ်။ လို့ လက်ခံယုံကြည်ထားပါတယ်။papain အင်ဇိုင်းအပြည့်အဝပါဝင်တဲ့ သင်္ဘောသီးစိမ်းကို နို့တိုက်မိခင်တွေစားသုံးပေးသင့်တယ်၊လို့ထောက်ခံအကြံပြုတာမျိုးလည်းရှိပါတယ်။ သင်္ဘောသီးမှာပါတဲ့ Papain အင်ဇိုင်းက ကလေးငယ်အပေါ်မှာ ဆိုးကျိုးသက်ရောက်နိုင်တာကြောင့် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။အာရှတလွှားကအမျိုးသမီးတွေက နို့တိုက်မိခင်မဟုတ်ရင်တောင်မှာ သင်္ဘောသီးစိမ်းသုတ်ကိုမှန်မှန်စားသုံးပေးမယ်ဆိုရင် သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်းကရေရှည်စားသုံးတဲ့အခါ ရင်သားအရွယ်အစားကိုဖွံ့ထွားစေတယ်၊ လို့လက်ခံယုံကြည်ထားကြပါတယ်။သင်္ဘောသီးစေ့က အမျိုးသမီးရဲ့မျိုးပွားမှုကိုထိခိုက်စေတာမဟုတ်ဘဲ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကိုလည်းထိခိုက်စေနိုင်ပါတယ်။ အာရှဒေသတော်တော်များများမှာ အမျိုးသားတွေအတွက် သန္ဓေတားဆေးအနေနဲ့ အသုံးပြုကြပါတယ်။ကလေးယူဖို့ဆုံးဖြတ်ထားတဲ့ အမျိုးသားတွေအနေနဲ့ သင်္ဘောသီးစိမ်းတွေနဲ့ သင်္ဘောသီးစေ့တွေကိုရှောင်ကြဉ်သင့်ပါတယ်။သင်္ဘောရွက် နဲ့ သင်္ဘောသီးတွေမှာတွေ့ရတဲ့ ဓါတုဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ Papain က ကလေးငယ်တွေကို အဆိပ်အတောက်ဖြစ်စေနိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ကစားသုံးမယ်ဆိုရင်မွေးလာတဲ့ကလေးငယ်မှာမွေးရာပါချွတ်ယွင်းမှုဖြစ်စေနိုင်ပါတယ်။ သင်္ဘောသီးစိမ်းမှာ သင်္ဘောသီးမှည့်ထက် papain ပါဝင်မှုပိုများတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်နိုင်ရင် သင်္ဘောသီးစိမ်းရော သင်္ဘောသီးမှည့်ကိုပါ မစားသုံးသင့်ပါဘူး။ နို့တိုက်နေရစဉ်ကာလအတွင်းမျာ သင်္ဘောသီးစားသုံးတာက ကလေးငယ်အတွက်ဘးကင်းရဲ့လားဆိုတာကိုသေချာမသိရသေးပါဘူး။ဖြစ်နိုမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန် နဲ့ နို့တိုက်နေစဉ်ကာလအတွင်းမှာ သင်္ဘောသီးစိမ်းရော သင်္ဘောသီးမှည့်ကိုပါ အတိုင်းအချင့်နဲ့စားတာပိုကောင်းပါတယ်။လေ့လာမှုတွေအတွင်း မိခင်တွေအနေနဲ့မွေးကင်းကနေ တစ်နှစ်အထိကာလအတွင်း ကလေးငယ်တွေကို သင်္ဘောသီးမကျွေးသင့်ပါဘူးမွေးကင်းစနေ ၁ နှစ်အရွယ်အတွင်း ကလေးငယ်မှာ လိုအပ်တဲ့အမျှင်ဓါတ်တွေပြည့်စုံနေတာကြောင့် မကျွေးသင့်တာဖြစ်ပါတယ်။ အမျှင်ဓါတ်လါန်ကဲမှုက ကလေးတွေရဲ့ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှုတွေရှိလာနိုင်ပါတယ်။Papain အင်ဇိုင်းကသွေးကျဲဆးတွေရဲ့ အာနိသင်ကိုတိုးစေနိုင်ပါတယ်။သွေးကြဲဆေးတွေသောက်သုံးနေသူတွေအနေနဲ့Papain အင်ဇိုင်း ကိုသွေးကြဲဆေးမှီဝဲနေစဉ်ကာလအတွင်းမှာ မစားသုံးမိစေဖို့အကြံပြုထားပါတယ်။ခွဲစိတ်ကုသမှုခံယူဖို့ရှိပါကလည်း ခွဲစိတ်ကုသမှုခံယူမယ့်ရက်မတိုင်ခင်အနည်းဆုံး ၂ ပတ်လောက်အလိုကတည်းက papain ဖြည့်စွက်ဆေးဝါးတွေ၊ သင်္ဘောသီးစိမ်း နဲ့ သင်္ဘောသီးစေ့တွေကို မစားသုံးမိအောင်ဆင်ခြင်ရမှာဖြစ်ပါတယ်။သွေးခဲပိတ်ဆို့ခြင်း (thrombosis) နဲ့ သွေးမတိတ်ခြင်း (hemophilia) တို့လိုမျိုး သွေးနဲ့ပတ်သက်တဲ့ဝေဒနာရှိသူတွေအနေနဲ့papain အင်ဇိုင်း နဲ့ သင်္ဘောသီးစိမ်းတို့ကိုရှောင်ကြဉ်သင့်ပါတယ်။သင်္ဘောသီးကသွေးတွင်းသကြားဓါတ်ကိုကျဆင်းစေနိုင်တာကြောင့်သွေးချိုကျဆေးတွေမှီဝဲနေရတဲ့ ဆီးချိုဝေဒနာသည်တွေအနေနဲ့ သွေးတွင်းသကြားဓါတ်ကိုတိုင်းတာပြီးမှသာ သင်္ဘောသီးကို ချင့်ချိန်စားသုံးသင့်ပါတယ်။ သင်္ဘောသီးက သွေးတွင်းသကြားဓါတ်ကို ကျဆင်းစေနိုင်တာကြောင့် သွေးတွင်းအချိုဓါတ်တအားနည်းတဲ့သူတွေနဲ့သွေးတွင်းအချိုဓါတ်နည်းတဲ့ အခ့ရှိသူတွေအနေနဲ့ မစားသုံးသင့်ပါဘူး။နှလုံးနဲ့ပတ်သက်တဲ့ဝေဒနာခံစားနေရသူတွေအနေနဲ့ သင်္ဘောသီးကိုမစားသုံးသင့်ပါဘူး။ သင်္ဘောသီးမှာပါတဲ့ papain အင်ဇိုင်းက နှလုံးခုန်နှုန်းကိုနှေးစေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါတွေကိုခံစားရစေနိုင်ပါတယ်။သင်္ဘောသီးကို အလွန်အကျွံစားသုံးမယ်ဆိုရင် သင်္ဘောသီးမှာပါတဲ့ ဘီတာကယ်ရိုတင်းပမာဏများတာ ကြောင့်အသားအရေအရောင်ပြောင်းလာခြင်း carotenemia ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ မျက်လုံး၊ခြေဖဝါးလက်ဖဝါးတွေ ဝါလာတာမျိုးဆိုရင်တော့ အသားဝါရောဂါခံစားနေရတာဖြစ်နိုင်ပါတယ်။သင်္ဘောသီးမှာ ဗီတာမင် စီကြွယ်ဝစွာပါဝင်ပြီး သင်္ဘောသီးတစ်လုံးမှာနေ့စဉ်လိုအပ်တဲ့ ဗီတာမင် စီ ပမာဏ ၃၀၀ ရာခိုင်နှုန်းကျော်ပိုမိုပါဝင်ပါတယ်။ စွမ်းအင်ပြည့်ဝတဲ့ ဗီတာမင် စီက ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးပြီးကင်ဆာရောဂါကနေ ကာကွယ်ပေးသလိုသွေးတိုး (hypertension)၊သွေးကြောဆိုင်ရာဝေဒနာတွေနဲ့ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒါပေမယ့် ကိုယ်တွင်းမှာ ဗီတာမင် ပမာဏ အရမ်းများလာတဲ့အခါ အဆိပ်အတောက်ဖြစ်စေပြီး ဆီးကျောက်တည်စေနိုင်ပါတယ်။သင်္ဘောသီးမှာပါတဲ့ papain အင်ဇိုင်းကပြင်းထန်တဲ့ ဓါတ်မတည့်မှုကိုဖြစ်စေနိုင်တဲ့အရာဖြစ်ပါတယ်။ သင်္ဘောသီးကိုအလွန်အကျွံစားသုံးမယ်ဆိုရင်။-အသက်ရှုကြပ်တာ။-သလိပ်ကပ်ပြီး အသက်ရှုရခက်တာ။-နှာခေါင်းပိတ်တာ။ဓါတ်မတည့်မှုကြောင့်နှာစေးတာ။-ပန်းနာရင်ကြပ် (Asthma) တို့ခံစားရနိုင်ပါတယ်။သင်္ဘောသီးက ကျန်းမာရေးကိုတော်တော်လေးအကျိုးပြုသလို အသည်းနဲ့ကျောက်ကပ်အတွက်ကောင်းတယ်ဆိုပေမယ့် အကန့်အသတ်နဲ့ပဲစားသုံးသင့်ပါတယ်။ သင်္ဘောစေ့မှာပါတဲ့benzyl isothiocyanate ဒြပ်ပေါင်းတစ်မျိုးက များများစားရင်အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။သင်္ဘောရွက်ကိုသွေးလွန်တုပ်ကွေး (Dengue fever)၊ ငှက်ဖျား (Malaria) အတွက် သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးပါ။ ကင်ဆာရောဂါအတွက်လည်း အသုံးပြုကြပါတယ်။သင်္ဘောသီးနဲ့သင်္ဘောရွက်မှာ ကျန်းမာရေးအတွက်အကျိုးပြုတဲ့အချက်တွေရှိပေမယ့်လို့ ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေ အနေနဲ့ရှောင်ကြဉ်သင့်ပါတယ်။ ပြည်တည်နာလိုမျိုး အနာတွေအတွက်ကုသမှုခံယူနေရသူတွေနဲ့သွေးကျဲဆးသောက်သုံးနေရသူတွေအနေနဲ့ သင်္ဘောသီးမစားခင်မှာ ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/papaya-%e1%80%9e%e1%80%b1%e1%80%98%e1%81%a4%e1%80%ac%e1%80%9e%e1%80%ae%e1%80%b8/
မျက်စိမှုန်တဲ့ ကလေးတွေအတွက် အစာအာဟာရ
မျက်စိဟာ လူ့ခန္ဓါကိုယ်အတွက် အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အကြောင်းအမျိုးမျိုးကြောင့် မျက်စိအမြင်အာရုံချို့ယွင်းလာတဲ့အခါမှာ နေ့စဉ်ဘဝနဲ့ လုပ်ငန်းဆောင်တာကိုပါ နှောင့်နှေးကြန့်ကြာစေနိုင်ပါတယ်။ ဘာကြောင့် ကလေးအရွယ်မှာမျက်စိမှုန်လာကြတာလဲ၊ ဒီလို မျက်စိမှုန်တဲ့ ကလေးတွေအတွက် ဘယ်လိုအစားအစာတွေကို ပိုစားပေးသင့်လဲဆိုတာ ဝေမျှပေးချင်ပါတယ်။အဓိကမျက်စိမှုန်လာရတဲ့ အကြောင်းရင်းအများစုထဲမှာ ကလေးတွေ တီဗီအကြည့်များတာ၊ ဖုန်းကို မျက်လုံးနဲ့ နီးနီးကပ်ကပ်အသုံးပြုလွန်းတာ၊ မီးအလင်းရောင်သိပ်မကောင်းတဲ့နေရာမှာ စာဖတ်တာ စသဖြင့် အစုံပါပဲ။ မွေးရာပါအမြင်အာရုံချို့ယွင်းတာ၊မျိုးရိုးဗီဇေကြာင့်လည်း ကလေးတွေမှာ မျက်စိမှုန်နိုင်ပါတယ်။ကိုယ့်ကလေးရဲ့ မျက်စိအမြင်အာရုံမှာ ချို့ယွင်းချက်တွေ ရှိုနေလားဆိုတာကို သူတို့ရဲ့ အမူအရာ၊ လုပ်ပုံကိုင်ပုံတွေကို လေ့လာရင်းနဲ့ သိနိုင်ပါတယ်။ အဝေးမှာ ရှိတဲ့အရာတွေကို ကောင်းကောင်းမမြင်ရတာ၊ ကျောက်သင်ပုန်းက စာတွေကို သေချာမမြင်ရတာ၊ စာဖတ်တဲ့အချိန်၊ တီဗီကြည့်တဲ့အချိန်မှာ အခက်အခဲ ဖြစ်လာပြီဆိုရင် ကိုယ့်ကလေးရဲ့ အမြင်အာရုံမှာ ချို့ယွင်းချက်ရှိနေတယ်ဆိုတာ သိနိုင်ပါတယ်။ပုံမှန်အားဖြင့် အနီးမှုန်၊ အဝေးမှုန်တဲ့ ကိစ္စက မျက်မှန်တပ်တာ၊ ကလေးရဲ့ မျက်စိကိုအာဟာရြဖစ်စေမယ့် အစားအစာတွေ နေ့စဉ်ကျွေးပေးရုံနဲ့တင် အမြင်အာရုံ ပြန်ကောင်းလာနိုင်ပါတယ်။ နှစ်စဉ် ဒါမှမဟုတ် ၂နှစ်ခြား တစ်ခါ ကလေးတွေရဲ့ မျက်လုံးကို ဆရာဝန်နဲ့ သေချာပြသပြီး စစ်ဆေးကြည့်တာ အကောင်းဆုံးပါပဲ။ဗီတာမင်နဲ့ သတ္တုဓါတ်တွေဟာ ကလေးတွေရဲ့ ကျန်းမာသန်စွမ်းမှုနဲ့ ကိုယ်ခန္ဓါအစိတ်အပိုင်း လုပ်ဆောင်မှုတွေကို မြှင့်တင်ပေးနိုင်တာ သိပြီးသား ဖြစ်မှာပါ။ ဒီအာဟာရဓါတ်တွေထဲမှာမှ ဇင့်ဓါတ်၊ ဗီတာမင် A ၊ဗီတာမင် C၊ ဗီတာမင် E ၊ Omega-3 fatty acid တွေဟာ မျက်စိကို အကျိုးဖြစ်စေပြီး အမြင်အာရုံကို ကောင်းမွန်စေနိုင်ပါတယ်။ ကိုယ့်ရဲ့ ကလေးမှာ အမြင်အာရုံချို့ယွင်းနေတာကို သတိထားမိရင်ဖြစ်စေ၊ မျက်စိမှုန်တာကို ကြိုတင်ကာကွယ်စေချင်ရင်တော့ ကလေးတွေကို ဒီအစားအစာတွေ များများကျွေးပေးသင့်ပါတယ်။ငါးတွေမှာ မျက်လုံးကို ကောင်းကျိုးဖြစ်စေတဲ့ Omega-3 fatty acid တွေ ပါဝင်တဲ့အတွက် ကလေးတွေသာမက လူကြီးတွေပါမျက်စိအားကောင်းစေဖို့ စားပေးသင့်ပါတယ်။ တူနာငါး၊ ဆော်လ်မွန်ငါး၊ ဆာဒင်းငါး၊ ငါးသလောက် အစရှိတဲ့ ငါးတွေမှာ Omega-3 fatty acid တွေ ပေါကြွယ်ဝလို့ အမြင်အာရုံကောင်းစေပြီး မျက်လုံးခြောက်သွေ့တာကိုပါ သက်သာစေပါတယ်။အစေ့အဆန်နဲ့ ပဲတွေမှာ မျက်လုံးကို အားကောင်းစေတဲ့ Omega-3 fatty acid တွေအပြင် ဗီတာမင် E ပေါကြွယ်ဝတဲ့အတွက် ခန္ဓါကိုယ်နဲ့ မျက်စိအတွက်လည်း ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။ သစ်ကြားသီး၊ နေကြာစေ့၊ သီဟိုရ်စေ့ အစရှိတဲ့ အစေ့အဆန်တွေ၊ မြေပဲ၊ ပဲနီလေးကို များများစားပေးခြင်းဖြင့် မျက်စိအားကောင်းစေပြီး အမြင်အာရုံကြည်လင်စေပါတယ်။သံပုရာသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး အစရှိတဲ့ အချဉ်ဓါတ်ပါတဲ့ အသီးတွေမှာ မျက်လုံးအတွက် အထောက်အကူဖြစ်စေတဲ့ ဗီတာမင် C ၊ ဗီတာမင် E အများအပြားပါဝင်တဲ့အပြင် ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။ဟင်းသီးဟင်းရွက်တွေမှာ ခန္ဓါကိုယ်အတွက် အာဟာရဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အများအပြားပါဝင်ပြီး မျက်လုံးကိုလည်း အားဖြစ်စေတဲ့ ဗီတာမင် C ဓါတ် ပါဝင်တာကြောင့် ကလေးတွေအတွက် အဓိကစားပေးသင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ ကန်စွန်းရွက်၊ ကိုက်လန်ရွက်၊ ပန်းဂေါ်ဖီထုပ် အပြင် တခြားသော အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးနိုင်ပါတယ်။လူတော်တော်များများ သိထားကြတဲ့ မျက်စိအားဆေး အစားအစာတွေထဲမှာမုန်လာဥနီဟာ တစ်ခုအပါအဝင်ပါပဲ။ မုန်လာဥနီမှာ ဗီတာမင် A ပါဝင်လို့ အမြင်အာရုံကို ကြည်လင်ကောင်းမွန်စေတယ်။ မျက်လုံးကိုလည်း အာဟာရဖြစ်စေတယ်။ ခန္ဓါကိုယ်တွင်း အစိတ်အပိုင်းတွေကိုလည်း ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။ကစီဓါတ်ပေါကြွယ်ဝပြီး ဗီတာမင် E ဓါတ်အပြင် တခြားသော အာဟာရဓါတ်တွေ ပါဝင်တဲ့ ကန်စွန်းဥကို များများစားပေးခြင်းဖြင့် မျက်စိမှုန်တဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။ဥတွေမှာ အမြင်အာရုံ ကောင်းစေပြီး ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေတဲ့ ဗီတာမင် C ၊ ဗီတာမင် E နဲ့ ဇင့်ဓါတ်တွေအပြင် တခြားသော အာဟာရဓါတ်တွေ ပါဝင်ပါတယ်။ ကလေးတွေကို ကြီးထွားသန်စွမ်းစေပြီး အာဟာရဖြစ်စေတဲ့ အစားအစာအဖြစ် ဥတွေကိုလည်း နေ့စဉ်စားပေးဖို့ လိုအပ်ပါတယ်။ရေဟာ မျက်စိကျန်းမာရေးအတွက်သာမက လူသားတိုင်းရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် အကျိုးဖြစ်စေတဲ့ ဓါတ်တွေ ပါဝင်ပါတယ်။ ရေများများသောက်ပေးတဲ့ ကလေးတွေမှာ ခန္ဓါကိုယ်တွင်း ရေဓါတ်ခမ်းခြောက်တာ၊ မျက်စိအမြင်အာရုံချို့ယွင်းတာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/kids-eye-problems/
Phobias (အကြောက်လွန်ခြင်း)
အကြောက်လွန်ခြင်း (phobia) ဆိုတာဟာ အန္တရာယ်မပေးနိုင်တဲ့ အခြေအနေတွေ သို့ အရာတွေကို အကြောင်းမဲ့ ကြောက်စိတ်လွန်ကဲနေခြင်း ဖြစ်ပါတယ်။ စကားပြောရာမှာ သို့ စာမေးပွဲ စမ်းသပ်မှုတစ်ခုယူနေစဉ်မှာ ခဏတာ စိတ်ပူပန်ကြောင့်ကျတာမျိုးမဟုတ်ဘဲ အမြဲတမ်းဖြစ်နေတတ်ပြီး ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို ဖြစ်စေပါတယ်။ဒီရောဂါအခြေအနေဟာ အလုပ်မှာ သို့ လူမှုဆက်ဆံရေးတွေမှာ ပုံမှန်ပြောဆိုဆက်ဆံမှုတွေကို ထိခိုက်စေနိုင်ပါတယ်။အဖြစ်များတဲ့ အကြောက်လွန်ကဲမှုတွေကတော့ ပျံသန်းရမှာ ကြောက်ခြင်း၊ အမြင့်ကြောက်ခြင်း၊ ပင့်ကူကြောက်ခြင်း၊လူစိမ်းကြောက်ခြင်း၊ဆေးထိုးခြင်းကိုကြောက်ခြင်း၊သွေးကြောက်ခြင်း နှင့် အလုံပိတ်အခန်းကြောက်ခြင်း တို့ဖြစ်ကြပါတယ်။အကြောက်လွန်ခြင်း အများစုကတော့ ပျိုဖော်ချိန်မှာ အဖြစ်များပြီး တိရစ္ဆာန်တွေ၊ သွေးတွေ၊ မုန်တိုင်းနှင့် ရေကြောက်တာတွေက ကလေးဘဝမှာ စဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး အကြောက်လွန်ကဲတတ်ပါတယ်။ ဆက်လက်သိရှိလိုသည်များကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။အကြောက်လွန်ခြင်းကြောင့် နှလုံးခုန်မြန်ခြင်း၊ အသက်ရှူရပ်ခြင်း၊ သီးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ချွေးပြန်ခြင်း နှင့် ဝမ်းလျှောခြင်းတို့ ဖြစ်တတ်ကြပါတယ်။ အခြေအနေနဲ့ ဆိုင်တဲ့ အကြောက်လွန်ခြင်းတွေက အန္တရာယ်များပြီး တခါတရံ ကြောက်စိတ်မွှန်ပြီးတုံ့ပြန်တတ်ကြပါတယ်။ပုံမှန်အားဖြင့် ဝေဒနာသည်တော်တော်များများက သူတို့ရဲ့ ကြောက်စိတ်လွန်ကဲမှု နှင့် တုံ့ပြန်မှုကို ထိန်းချုပ်နိုင်စွမ်း မရှိကြပါဘူး။ သူတို့မှာ ဒီလက္ခဏာတွေ ရှိနေလျှင် အလုပ်မှာ ပြသနာတတ်နိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။တစ်ခါတစ်ရံမှာ သင်ဟာ သက်တောင့်သက်သာမရှိခြင်းကြောင့် အကြောက်လွန်တတ်ပါတယ် (ဥပမာ ဓါတ်လှေကားမစီးချင်လို့ လှေကားမှတက်ခြင်း)။ ထိုအရာဟာ သင့်ဘဝကို ထိခိုက်စေမှု မရှိလျှင် ရောဂါမဟုတ်ပါဘူး။ သင်ဟာ သင့်လူမှုဆက်ဆံရေးနှင့် အလုပ်ကို ထိခိုက်နိုင်မှာ စိုးရိမ်နေလျှင် ဆရာဝန် သို့ စိတ်ရောဂါ အထူးကုနှင့် သွားပြသင့်ပါတယ်။ သေချာကုသနိုင်လျှင် တော်တော်များများမှာ ရောဂါပျောက်သွားကြပါတယ်။ယနေ့တိုင်အောင် အကြောက်လွန်ခြင်းရဲ့ ဖြစ်ပွားမှု အကြောင်းရင်းကို သေချာမသိရသေးပါ။ သို့သော် အကြောက်လွန်ခြင်းဟာ မျိုးရိုးလိုက်တတ်ပြီး တုန်လှုပ်ဖွယ် အခြေအနေတစ်ခုကို ကြုံရပြီးနောက် စဖြစ်တတ်ပါတယ်။ အကြောက်လွန်ခြင်းက ရုတ်တရက် စဖြစ်တတ်ပြီး တဖြည်းဖြည်း ပိုဆိုးလာတတ်ပါတ။အကြောက်လွန်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။•အသက်။လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ အကြောက်လွန်ခြင်းဟာ ပုံမှန်အားဖြင့် ငယ်တဲ့ အရွယ် အသက် ၁၃ နှစ် လောက်မှာ စဖြစ်တတ်ကြပါတယ်။ သတ်သတ်မှတ်မှတ်အရာတွေကို ကြောက်တတ်တာဟာ အသက် ၁၀ နှစ်လောက် ကလေးအရွယ်တွေမှာ စဖြစ်တတ်ကြပါတယ်။ လူ၇ှုပ်တဲ့ နေရာတွေကို ကြောက်တတ်တာဟာ အသက် ၃၅ နှစ်မတိုင်ခင်လောက်မှာ ဖြစ်တတ်ပါတယ်။• မျိုးရိုး။သင့်ဆွေမျိုးတွေထဲမှာ သတ်သတ်မှတ်မှတ်အရာတွေ ဥပမာ ပင့်ကူ၊မြွေစတာတွေကို ကြောက်တတ်တဲ့သူရှိလျှင် သင့်လဲ အဲဒါတွေကို ကြောက်နိုင်တဲ့ ဖြစ်နိင်ချေ မြင့်မားပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အကြောက်လွန်တာဟာ မျိုးရိုးလိုက်တတ်တယ် သို့မဟုတ် ငယ်တုန်းမှာ လူကြီးတွေရဲ့ လုပ်ရပ်ကို မှတ်သားထားရာမှ စိတ်မှာစွဲပြီး ကြောက်သွားတတ်တယ် လို့လဲ ယုံကြည်ကြပါတယ်။• ပင်ကိုယ်လက္ခဏာ။သင်ဟာ ဘဝမှာ အထိမခံလွန်းသူ သို့ ကြောက်တတ်ရှက်တတ်လွန်းသူဆိုလျှင် ဒီအကြောက်လွန်ရောဂါရှိနိုင်ဖို့ ဖြစ်နိုင်ချေများပါတယ်။စိတ်ဒဏ်ရာ။ ။ သင်ဟာ ဘဝမှာ ဓါတ်လှေကားထဲ ပိတ်မိနေတာ သို့ တိရိစ္ဆာန်တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်း ကြုံဖူးတယ်ဆိုလျှင် သင့်မှာ အကြောက်လွန်ရောဂါဖြစ်နိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အကြောက်လွန်ခြင်းကို စမ်းသပ်ဖို့ရာ အခြားနည်းလမ်းမရှိပါဘူး။ ဆရာဝန်တွေက သင့်ရောဂါအကြောင်းကို သတိထားပြီး မေးခွန်းတွေ မေးပါမယ်။ သင့်ကို ရောဂါလက္ခဏာတွေ နှင့် တခြားရောဂါပိုင်းဆိုင်ရာတွေ မေးပါလိမ့်မယ်။ နောက်ဆုံးသင် အကြောက်တရားကို ခံစားရလာလျှင် မေးတာကို ရပ်လိုက်မှာ ဖြစ်ပါတယ်။ကုသခြင်းမှာတော့ အကြောက်တရားကို ပိုဆိုးမလာအောင် သို့ ပျောက်ကင်းအောင်နှင့် ကြောက်ခြင်းကို ဖြစ်စေတဲ့ အရာတွေကို ရှောင်ခြင်းတို့ ပါဝင်ပါတယ်။လူမှုရေး အကြောက်တရားတွေကို ကုသရာမှာ လနှင့် ချီပြီး ကြာတတ်ပါမယ့် တခြားသတ်သတ်မှတ်မှတ်အရာတွေကို ကြောက်ခြင်းကို အချိန်တိုတွင်း ကုသနိုင်ပါတယ်။ တိရာစ္ဆာန်၊သွေး နှင့် ဆေးထိုးကြောက်ခြင်းတွေကို ပြုမူကျင့်ကြ ံခြင်းဆိုင်ရာ ကုထုံးနှင့် ကုသပြီးနောက်ပိုင်း ပျောက်ကင်းသွားနိုင်ပါတယ်။ဆေးဝါးများနှင့် အမူအကျင့်ကုထုံးတွေကို တွဲသုံးလေ့ရှိပါတယ်။ တချို့ဆေးတွေက စိတ်ပူပန်မှုကြောက့် ဖြစ်တတ်တဲ့ နှလုံးခုန်မြန်ခြင်း သို့ ရင်တုန်ခြင်းတို့ကို သက်သာစေပါတယ်။ ဆေးဝါးနှင့် ကုသခြင်းဟာ သတ်သတ်မှတ်မှတ်အရာတွေကို ကြောက်တာထက် လူမှုဆက်ဆံရေးဆိုင်ရာ အကြောက်လွန်မှုတွေကို ကုသရာမှာ ပိုပြီး သင့်တော်ပါတယ်။သတ်သတ်မှတ်မှတ်ရှိတဲ့ အကြောက်တရားတွေဖြစ်တဲ့ အမြင့်ကြောက်ခြင်း ပျံသန်းရမှာ ကြောက်ခြင်း သွေး တိရာစ္ဆာန် သွားဆရာဝန် အလံပိတ်အခန်း နှင့် ဆေးထိုးကြောက်ခြင်းများကို ကုသရာမှာ စိတ်ကူးဖြင့် ပုံဖော်ခိုင်းခြင်း သို့ လက်တွေ့ အပြင်မှာ တိုက်ရိုက်အနီးကပ်ပြသခြင်းတို့ဖြင့် ကုသခြင်းမှာ များစွာထိရောက်မှုရှိပါတယ်။တခြားနည်းလမ်းတွေကတော့ biofeedback နှင့် အိပ်မွေ့ချခြင်းတို့ ဖြစ်ကြပြီး ၎င်းတို့ဖြင့် လူနာတွေရဲ့ စိတ်ပူပန်ကြောင့်ကျခြင်းနှင့် နှလုံးခုန်မြန်ခြင်းတို့ကို လျှော့ချနိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အကြောက်လွန်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• ဆရာဝန်ကို သင့်အကြောက်တရားနဲ့ ပတ်သက်ပြီး ပြောပြပါ။ ကြောက်တာကို ဝန်ခံရမှာ မရှက်ပါနဲ့။• သတ်သတ်မှတ်မှတ်အရာတွေကို ကြောက်ခြင်းကို ကုသရာမှာ အချိန်အနည်းငယ်ပေးဖို့ပဲ လိုပါတယ်။• စိတ်ဖိစီးမှုများမယ့် အခြေအနေတွေကို အတတ်နိုင်ဆုံး ရှောင်ပါ။• စိတ်ပူပန်မှုကင်းအောင် လေ့ကျင့်ခန်းလုပ်ပါ။• သင့်ကို ကြောက်စေတဲ့ အရာတွေကို ရှောင်ပါ။• သင့်မှာ အကြောက်လွန်ပြီး တန့်ပြန်မှုတွေ ခဏခဏဖြစ်နေလျှင် ဆရာဝန်နှင့် ပြပါ။• သင့်မှာ တခြားနောက်ဆက်တွဲ ရုပ်ပိုင်းဆိုင်ရာ သို့ စိတ်ပိုင်းဆိုင်ရာပြသနာတွေရှိလာလျှင် သို့ သေကြောင်းကြံစည်ချင်စိတ်ဖြစ်လာလျှင် ဆရာဝန်နဲ့ ပြပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/phobias-%e1%80%a1%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%80%e1%80%b9%e1%80%9c%e1%80%bc%e1%80%94%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
Delirium Tremens (အရက်ဖြတ်ရာမှဖြစ်လာသည့် စိတ်ရှုပ်ထွေးမှု)
Delirium tremens ဆိုသည်မှာ အရက်အလွန်သောက်သူများ အရက်ဖြတ်လိုက်သောအခါ ဖြစ်ပေါ်လာသော ရုတ်တရက် စိတ်ရှုပ်ထွေးခြင်း တစ်မျိုး ဖြစ်ပါသည်။ စိတ်ရှုပ်ထွေးရာတွင် ထင်ယောင်ထင်မှားဖြစ်ခြင်း၊ စိတ်ခံစားမှုများ ပြောင်းလဲခြင်း၊ မျက်စိလည်ခြင်း နှင့် ရန်လိုသော သောင်းကျန်းသော အပြုအမှုများ ပါဝင်ပါသည်။Delirium tremens (DT) သည် အရက်ဖြတ်ခြင်းကြောင့် ဖြစ်သော ဆိုးရွားသော ရောဂါတစ်မျိုး ဖြစ်ပါသည်။အရက်ကြောင့်ဖြစ်သော Delirium tremens သည် အရက်ဖြတ်ရောဂါနှင့် ဂနာမငြိမ်ဖြစ်မှု မှတ်တမ်းများ ရှိသော အချိန်အကြာကြီး အရက်အလွန်အကျွံသောက်သောသူများတွင် ဖြစ်ပွားပါသည်။ အန ္တရာယ်ရှိသော အချက်များကို လျော့ချခြင်းဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ရောဂါလက္ခဏာများသည် လျင်မြန်စွာ ဆိုးရွှားနိုင်ပါသည်။ အောက်ပါတို့ပါဝင်ပါသည်။တက်ခြင်း( DT ၏အခြားလက္ခဏာများမရှိဘဲဖြင့် လည်းဖြစ်နိုင်သည်)။အထက်တွင် ဖော်ပြမထားသော ရောဂါလက္ခဏာ အချို့လည်းရှိနိုင်ပါသည်။ ရောဂါ လက္ခဏာ တစ်ခုကို သံသယရှိပါက သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။အစာစားပြီးနောက် အစာဓါတ်မတည့်ခြင်းဖြစ်ပါက ဆရာဝန်နှင့် သွားရောက်ပြသပါ။ ဖြစ်နိုင်ပါက ဓါတ်မတည့်မှုဖြစ်နေသည့် အချိန်တွင် သွားရောက်ပြသပါ။ ၎င်းသည် ရောဂါအဖြေရှာခြင်းကို ကူညီနိုင်ပါသည်။ ဓါတ်မတည့်ခြင်း၏ ရောဂါလက္ခဏာများ တွေ့ရပါက အရေးပေါ်ကုသမှု ကို ရှာဖွေရယူပါ။အထူးသဖြင့် ဘာအစာမှမစားဘဲ အရက် အလွန်အကျွံ သောက်သုံးနေစဉ်မှ အရက်သောက် ခြင်း ကို ရပ်တန့်လိုက်သောအခါ Delirium tremens ဖြစ်ပွားနိုင်ပါသည်။Delirium tremens သည် ဦးခေါင်းဒဏ်ရာရခြင်း၊ ရောဂါပိုးကူးစက်ခြင်း နှင့် အရက်အလွန် သောက်သူများ ဖျားနာခြင်း တို့ကြောင့် လည်း ဖြစ်နိုင်ပါသည်။အရက်ဖြတ်သော မှတ်တမ်းရှိသော သူများတွင် အဖြစ်အများဆုံး ဖြစ်ပါသည်။ အထူးသဖြင့် နေ့စဉ် ဝိုင် ၄-၅ ပိုင့်၊ ဘီယာ ၇-၈ ပိုင့်၊ အရက်ကြမ်း ၁ ပိုင့် လောက် ကို လအတော်ကြာ သောက်သောသူ များတွင် အဖြစ်များပါသည်။ delirium tremens သည် အရက် ၁၀ နှစ် ကျော် သောက်သုံးသူများတွင် ဖြစ်ပွားနိုင်ပါသည်။အစာဓါတ်ပြုခြင်း ကို ဖြစ်စေနိုင်သော အချက်များမှာ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်၏ ဆရာဝန်သည် အရက်ဖြတ်သော မှတ်တမ်းများမှ ရောဂါ အဖြေရှာခြင်းကို ပြုလုပ်ပါလိမ့်မည်။ ထို့အပြင် အောက်ပါစစ်ဆေးမှုများလည်း ပြုလုပ်နိုင်ပါသည်။DTs သည် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ပြီး ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ များဖြစ်နိုင်ပါသည်။ အများစုသည် detox ဖြင့် ကုသမှု ခံယူနိုင်ပါသည်။ အဆိပ်အတောက် ဖယ်ခြင်းသည် ရက်အနည်းငယ်မှ တစ်ပတ်အထိ ကြာနိုင်ပါသည်။ စိတ်တုန်လှုပ်ခြင်းနှင့် တက်ခြင်းကို ကာကွယ်ရန် အကြောဆေးအရည်များ ပေးခြင်းလိုအပ်ပါသည်။ အခြား ဆေးဆိုင်ရာ ခွဲစိတ်မှု ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အခြေအနေများ ကိုလည်း ကုသရပါမည်။ရေရှည်အတွက် လူနာများသည် ပြန်ဖြစ်ခြင်းမှ ကာကွယ်ရန် အောက်ပါကုသမှုများ လိုအပ်ပါမည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကDelirium tremensကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါလူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများသည်Delirium tremens ကို ကုသသော နေရာတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိပါက သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/delirium-tremens-%e1%80%a1%e1%80%9b%e1%80%80%e1%80%ba%e1%80%96%e1%80%bc%e1%80%90%e1%80%ba%e1%80%9b%e1%80%ac%e1%80%99%e1%80%be%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%9c%e1%80%ac%e1%80%9e%e1%80%8a/
Basil Seed (ပင်ပွား)
ပင်ပွားကို အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတစ်မျိုးအနေနဲ့ အစားအသောက်တွေထဲမှာ ထည့်သွင်းစားသုံးနေတာကြောင့် ပင်ပွားကို သိပြီးဖြစ်နိုင်သလို နာမည်ကိုတောင်မကြားဖူးတာမျိုးလည်းရှိနိုင်ပါတယ်။ ပင်ပွားမှာ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေပါဝင်နေသလို ပရိုတင်းဓါတ်၊ကာဗိုဟိုက်ဒရိတ်၊အမျှင်ဓါတ်နဲ့ ခန္ဓါကိုယ်အကျိုးပြု အဆီဓါတ်တွေပါဝင်နေပါတယ်။ ပင်ပွားမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်တာကြောင့် ဆီးချိုရောဂါ ထိန်းသိမ်းရာမှာ အထောက်အကူပြုနိုင်သလို အရေပြားအတွက်လည်းကောင်းကျိုးပြုပါတယ်။ ပင်ပွားကနေရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေနဲ့ သိထားသင့်တဲ့ သတိထားစရာအချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ပင်ပွားစေ့ဆိုတာက ကမ္ဘာပေါ်မှာ လူသိများတဲ့ဆေးဖက်ဝင်အပင်ဖြစ်တဲ့ ပင်စိမ်းပင်ရဲ့အစေ့ဖြစ်ပါတယ်။ ပင်ပွားစေ့ကို အချိုပွဲတွေနဲ့ စားသောက်ဖွယ်ရာတွေထဲမှာ ထည့်သွင်းတည်ခင်းလေ့ရှိပါတယ်။ ပင်ပွားစေ့မှာ ခန္ဓါကိုယ်အကျိုးပြု ဓါတ်ပေါင်းတွေအများအပြားပါဝင်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ပင်ပွားစေ့တွေထဲမှာ အမျှင်ဓါတ်၊ဗီတာမင်ကေ၊ ပရိုတင်း၊phytochemical၊polyphenolicဒြပ်ပေါင်းတွေ၊orientin၊ vicentin နဲ့အခြားအင်အားပြည့်ဝတဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်နေပါတယ်။ပင်ပွားစေ့မှာ အိုမီဂါ သရီးဖက်တီးအက်ဆစ်ကြွယ်ဝစွာပါဝင်တာကြောင့်alpha-linolenic acid (ALA) လည်းကြွယ်ဝစွာပါဝင်ပါတယ်။ ထိုအက်ဆစ်က ခန္ဓါကိုယ်ရဲ့ အဆီတွေလောင်ကျွမ်းမှုကိုတိုးမြှင့်ပေးနိုင်အောင် အထောက်အပံ့ပေးပါတယ်။ ပင်ပွားစေ့မှာ အမျှင်ဓါတ်ပြည့်ဝစွာပါဝင်တာကြောင့် အဆာခံနိုင်စေပြီး မလိုအပ်ဘဲ အစားမစားမိအောင်ကာကွယ်ပေးပါတယ်။ထိုင်းနိုင်ငံလိုမျိုး အာရှနိုင်ငံအချို့မှာ ပင်ပွားစေ့ကိုရေ၊သကြား၊ပျားရည်၊အုန်းနို့ို့နဲ့တွဲဖက်စားသုံးလေ့ရှိကြပါတယ်။ ထိုကဲ့သို့သောက်သုံးမှုကနွေရာသီမှာ အပူဒဏ်ကိုခံနိုင်စေပြီး ခန္ဓါကိုယ်ကိုအေးမြမှုခံစားရစေပါတယ်။ ပင်ပွားစေ့က ခန္ဓါကိုယ်အပူချိန်ကိုလျှော့ချပေးနိုင်တဲ့ အကောင်းဆုံးသောအစားအသောက်တွေထဲကတစ်ခုဖြစ်ပါတယ်။ပင်ပွားစေ့က အမျိုးအစား-၂ ဆီးချိုဝေဒနာသည်တွေမှာသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ပင်ပွားစေ့က ခန္ဓါကိုယ်ရဲ့ ဗီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုကိုနှေးကွေးစေတာကြောင့် ခန္ဓါကိုယ်အနေနဲ့ ကာဗိုဟိုက်ဒရိတ်ကနေ သကြားဓါတ်အဖြစ်ပြောင်းလဲမှုကို ထိန်းချုပ်နိုင်စေတာဖြစ်ပါတယ်။ပင်ပွားစေ့က အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အူသိမ်အူမတွေရဲ့လုပ်ငန်းစဉ်တွေကိုချောမွေ့စေတဲ့ သဘာယပစ္စည်းတစ်မျိုးလို့ သိထားကြပါတယ်။ ပင်ပွားက အစာအိမ်ကိုသန့်စင်စေပါတယ်။ ပင်ပွားစေ့မှာ အစာအိမ်အူလမ်းကြောင်းမှာလေထတာကို သက်သာစေပြီး အစာကျေချက်မှုကို တိုးတက်ကောင်းမွန်စေတဲ့ အဆီဓါတ်တွေပါဝင်နေပါတယ်။ပင်ပွားစေ့က အစာမကြေတာကြောင့်ရင်ပူတာကို သက်သာစေသလို ဆီးရွှင်စေတာကြောင့် ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ အစာအိမ်ထဲမှာ ပူလောင်နေသလိုမျိုးခံစားနေမယ်ဆိုရင် ပင်ပွားစေ့ကိုစားသုံးပေးနိုင်ပါတယ်။ ရေစိမ်ထားတဲ့ ပင်ပွားစေ့က အစာအိမ်ရဲ့အတွင်းမျက်နှာပြင်မှာဖြစ်ပေါ်နေတဲ့ဝေဒနာတွေကိုလျော့ပါးသက်သာစေမှာဖြစ်သလို ရင်ပူတာကိုလည်းသက်သာစေမှာဖြစ်ပါတယ်။ပင်ပွားစေ့ကို အုန်းရည်စိမ်ပြီး အရေပြားပေါ်မှာဖြစ်ပေါ်တတ်တဲ့ အနီအပိမ့်တွေထွက်တာလိုမျိုး အရေပြားရောဂါ ခံစားနေရတဲ့နေရာကို ပွတ်လိမ်းပေးမယ်ဆိုရင် သက်သာအောင်အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ပင်ပွားစေ့မှာ အရေပြားဆဲလ် အသစ်ဖြစ်ပေါ်စေနိုင်တဲ့ ကော်လာဂျင်တစ်မျိုးဖြစ်ပေါ်အောင်လှုံ့ဆော်ပေးနိုင် အစွမ်းသတ္တိရှိပါတယ်။ ပင်ပွားမှာ သံဓါတ်၊ ဗီတာမင်ကေ နဲ့ ပရိုတင်းတို့လိုမျိုး ဆံပင်သန်စွမ်းပြီး အရှည်မြန်စေဖို့အတွက် အရေးပါတဲ့ သတ္တုဓါတ်တွေပါဝင်နေပါတယ်။ ဆံပင်ထူစေပြီး ဆံပင်သန်စေမှုကို တိုးမြှင့်ပေးတဲ့ ပရိုတင်းနဲ့ သံဓါတ်တွေလည်းပါဝင်ပါတယ်။ပင်ပွားစေ့မှာ ကြွက်သားတွေတောင့်တင်းမှုကိုပြေလျော့စေနိုင်တဲ့ အစွမ်းရှိတာကြောင့်ချောင်းဆိုးတာကို ထိန်းချုပ်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။ ပင်ပွားစေ့က ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။ ပင်ပွားစေ့မှာပါတဲ့vicenin၊ orientin နဲ့ beta carotene လိုမျိုး ဖလေဗာနွိုက်တွေက ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်အောင်အားဖြည့်ပေးပါတယ်။ပင်ပွားစေ့မှာ သံဓါတ်၊ပိုတက်ဆီယမ်၊copper၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်တွေအပါအဝင် သတ္တုဓါတ်တွေက အရိုးတွေကို ကြံ့ခိုင်အောင် အထောက်အကူပြုပါတယ်။ ပင်ပွားစေ့က အရိုးပွရောဂါဖြစ်နိုင်ခြေကိုလျော့ကျစေပြီး အမြတြမ်းဖျတ်လတ်သွက်လက်နေစေမှာဖြစ် ပါတယ်။လေ့လာမှုတွေအရ ပင်ပွားစေ့က ခန္ဓါကိုယ်အတွင်းက အကျိုးမပြုတဲ့ကိုလက်စထရောတွေကို ကျဆင်းစေနိုင်တာကြောင့် နှလုံးသွးကြောကျဉ်းတာဖြစ်ပေါ်ခံစားရနိုင်ခြေကိုလျော့ကျစေနိုင်သလိုသွေးကြောတွေထဲမှာ အနှစ်တွေစုပုံတာမျိုးကိုလည်းဖြစ်နိုင်ခြေကိုလျော့ကျစေပါတယ်။ ပင်ပွားက နှလုံးဝန်ပိတာကိုသက်သာစေသလို ရုတ်တရက်နှလုံးရပ်တာနဲ့ လေဖြတ်တာမျိုးတွေကိုဖြစ်ပေါ်ခံစားရနိုင်ခြေကိုလျော့ကျစေပါတယ်။စိတ်ကမရပ်မနားတွေးနေတာကြောင့် စိတ်ဖိစီးမှုကလည်းတိုးလာနေပါတယ်။ စိတ်ပူပန်မှုတွေကိုပြေလျော့စေမယ့် အကောင်းဆုံးသောနည်းလမ်းကတော့ ပင်ပွားစေ့ဖျော်ရည်သောက်တာပဲဖြစ်ပါတယ်။ ပင်ပွားစေ့နေ့စဉ်စားသုံးတာက စိတ်ဓါတ်ကျတာကိုလျော့ကျစေဖို့ အထောက်အကူပြုသလို စိတ်ခံစားမှုကိုတိုးတက်ကောင်းမွန်စေဖို့လည်း အထောက်အပံ့ဖြစ်စေပါတယ်။ ခန္ဓါကိုယ်ရဲ့ စိတ်ဖိစီးမှုဖြစ်ပေးစေတဲ့ ဟော်မုန်းပမာဏကိုလည်းလျော့ကျစေပါတယ်။ပင်ပွားစေ့မှာ ဗီတာမင်အေပြည့်ဝစွာပါဝင်တာကြောင့် အမြင်အာရုံ အားနည်းတဲ့သူတွေအတွက် သင့်တော်ပါတယ်။ ဗီတာမင်အေက မျက်ကြည်လွှာအတွက် အင်အားပြည့်ဝတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ရပ်ဖြစ်ပြီး မျက်စိအတွင်းတိမ်ဖြစ်တာကိုကာကွယ်ပေးတဲ့အပြင် အမြင်အာရုံပျက်စီးတာတွေကိုလျော့ပါးသက်သာအောင်စွမ်းဆောင်ပေးပါတယ်။အဆစ်အမြစ်ရောင်ရမ်းနာကျင်တာ၊ဂေါက်ရောဂါ၊ခေါင်းကိုက်တာတွေခံစားရတဲ့အခါ ပင်ပွားစေ့ကိုစားသုံးပေးတာက နာကျင်ကိုက်ခဲမငကို အလျင်အမြန်လျော့ပါးသက်သာစေမှာဖြစ်ပါတယ်။ ပင်ပွားစေ့မှာပါတဲ့ရောင်ရမ်းမှုကိုလျော့ပါးစေတဲ့ဒြပ်ပေါင်းတွေနဲ့cytokines တို့က နာကျင်ကိုက်ခဲမှုတွေကိုသက်သာစေပါတယ်။ပင်ပွားစေ့မှာပါတဲ့ ဗီတာမင်အေနဲ့အခြားဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓါကိုယ်ကoxidative stressတွေကိုလျှော့ချပေးခြင်း နဲ့ နာတာရှည်ရောင်ရမ်းမှုတွေကိုလျော့ချပေးတဲ့ကိစ္စရပ်တွေမျာ အထောက်အကူပြုပေးပါတယ်။ ပင်ပွားစေ့က ကိုယ်ခံအားစနစ်အပေါ်မှာ ဝန်ပိတာကိုလျှော့ချပေးနိုင်တာကြောင့် ကူးစက်ရောဂါတွေ ခံစားရမှုကနေကာကွယ်ပေးပါတယ်။ ပင်ပွားစေ့ကိုနေ့ဏသ်စားသုံးပေးမယ်ဆိုရင် ခန္ဓါကိုယ်မှာfree radicals များပြားတာကြောင့်ဖြစ်တတ်တဲ့ နာတာရှည်ရောဂါတွေမဖြစ်အောင်လည်းကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ပင်ပွားစေ့က ကျန်းမာရေးအတွက် အတော်လေးကိုအထောက်အကူပြုတယ်ဆိုပေမယ့်ဘေးထွက်ဆိုးကျိုးအချို့လည်းရှိတာကြောင့် သတိထားနိုင်ဖို့ဖော်ပြပေးလိုက်ပါတယ်။ဟော်မုန်း– ပင်ပွားဆေးရကြဘေးထွက်ဆိုးကျိုးက ခန္ဓါကိုယ်ရဲ့ အက်စထရိုဟော်မုန်းပမာဏကိုပြောင်းလဲစေတာမျိုေးတွရှိပါတယ်။ ပင်ပွားက အမျိုးသမီးတွေကို ရာသီသွေးဆင်းအောင်လှုံ့ဆော်ပေးနိုင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အန္တရာယ်ရှိသလိုမွေးလာမယ့် ကလေးငယ်မှာလည်းရောဂါတွေဖြစ်ပေါ်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ သွိုင်းရွိုက်ဟော်မုန်း (သို့) အခြားဟော်မုန်းမမျှတမှုကိုခံစားနေရသူတွေအနေနဲ့ ပင်ပွားစေ့ကိုမစားသုံးသင့်ပါဘူး။သီးစေနိုင်ခြင်း –ပင်ပွားစေ့ကိုရေနဲ့အချိုးအစားမျှတစွာရောဟပ်ထားတာမျိုးမ၇ျိဘဲ စားသုံးမယ်ဆိုရင် မျိုချရခက်ခဲတာမျိုးဖြစ်စေနိုင်ပါတယ်။ အစာမျိုချရခက်သူတွေ၊ကလေးငယ်တွေ၊သက်ကြီးရွယ်အိုတွေအနေနဲ့ ပင်ပွားစေ့ကို မစားသင့်ပါဘူး။ဓါတ်မတည့်ခြင်း –ပင်ပွားကဓါတ်မတည့်တာကိုမဖြစ်စေနိုင်ဘူးဆိုပေမယ့်mint မျိုးရင်းဝင်အပင်တွေနဲ့ ဓါတ်မတည့်ဘူးဆိုရင်တော့ ပင်ပွားကိုမစားသင့်ပါဘူး။ပင်ပွားစေ့ကိုစားသုံးနိုင်မယ့် စားသုံးနည်းအချို့ကိုမျှဝေပေးလိုက်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/basil-seed-%e1%80%95%e1%80%84%e1%80%b9%e1%80%95%e1%80%bc%e1%80%ac%e1%80%b8/
ငရုတ်သီးစိမ်း ရဲ့ အစွမ်းသတ္တိ (၁၀) မျိုး
သင်ဟာ ငရုတ်သီးချစ်သူလား။ မျက်နှာတစ်ချက်မပျက်ဘဲ ငရုတ်သီးစိမ်းကိုစားနိုင်တဲ့သူ၊ လက်ဖက်သုပ်တင်မကဘဲ ဘာအသုပ်လေးစားစား ငရုတ်သီးစိမ်းနဲ့တွဲစားရမှ ဆိုတဲ့သူ၊ သင်္ဘောသီးဆို ရခိုင်သုပ်လေးမှ၊ ချဉ်စပ်ကလေးမှ ဆိုတဲ့သူဖြစ်ရင် ငရုတ်သီး ချစ်သူပီသပါတယ်။ ငရုတ်သီးစိမ်း ကြိုက်သူတစ်ယောက်အနေနဲ့ ငရုတ်သီးစိမ်း ရဲ့ အစွမ်းသတ္တိ တွေကိုရော သိပြီးပြီလား။တချို့ကတော့ ဟင်းထဲပါလာတဲ့ ငရုတ်သီးလေးတွေတောင် အသေအချာရွေးဖယ်တတ်သူပါ။ အစပ်ကြောက်တတ်သူတွေက ငရုတ်သီးကို အစိမ်းရော၊ အမှည့်ရောရှောင်တတ်ပေမယ့် ငရုတ်သီးရဲ့အံ့သြလောက်စရာ အကျိုးကျေးဇူးတွေကို သိလိုက်ရရင် ကိုယ်ယူမစားတောင် ဟင်းထဲထည့်ချက်တာလောက်ကို ခွင့်ပြုကြမယ်ထင်ပါတယ်။ ဒါ့ကြောင့်ပဲ ဟိုယခင်တည်းကမြန်မာ့ဟင်းလျာတွေမှာ ဘာလေးချက်ချက် ငရုတ်သီးစိမ်းလေးခတ်ပြီးချက်ပြုတ်တတ်ကြတာထင်ပါတယ်(ဥပမာ ချဉ်ရည်ဟင်းလိုမျိုး)။ အနံ့လည်းပိုမွှေးပြီး အညှီနံ့ပျောက်တာကိုး။ငရုတ်သီးစိမ်းက ဗီတာမင် စီ ကြွယ်ဝပြီး အနှစ်လုပ်၊ထောင်းကြိတ်ကြတဲ့ ငရုတ်ခြောက်တွေမှာ ဗီတာမင် အေ ပိုများပါတယ်။ အစိမ်းရောင် သို့မဟုတ် အနီရောင်စိုတဲ့ငရုတ်သီးတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဘီတာကယ်ရိုတင် ပါဝင်မှုများပြီး ဗီတာမင် ဘီနဲ့ အီး၊ သံဓာတ်နဲ့ ပိုတက်စီယမ်ဓာတ်တွေလည်းပါဝင်ပါတယ်။ ငရုတ်သီးစိမ်းကနေ ဘာအကျိုးကျေးဇူးတွေရနိုင်မလဲ ဆက်ကြည့်ရအောင်။ငရုတ်သီးစိမ်း ရဲ့ အစွမ်းသတ္တိ (၁၀) မျိုး ကတော့။(၁) အအေးမိခြင်းကို ကုသနိုင်။အအေးမိသလို ဖျားချင်သလိုလိုဖြစ်လာရင် ရှူးရှူးရှဲရှဲ ပူစပ်စပ်လေးတစ်ခုခုစားလိုက်မှ ချွေးထွက်သွားတယ်၊ ပွင့်သွားတယ်နဲ့ပြောကြတာ သတိထားမိလား။ ဒီနည်းလမ်းက တကယ်လည်း အလုပ်ဖြစ်ပါတယ်။ ငရုတ်သီးစိမ်းနည်းနည်းစားလိုက်တာနဲ့ (ဥပမာ – ချဉ်စပ်ဟင်းရည်၊ အာပူလျှာပူ) အဆုတ်ရဲ့လုပ်ဆောင်ချက်ကို နှိုးဆွပေးပြီး ခန္ဓာကိုယ်ကို အားဖြစ်စေပါတယ်။ ချွဲသလိပ်တွေချောင်စေပြီး ချောင်းဆိုးသက်သာစေပါတယ်။ ဗီတာမင် စီက ကိုယ်ခံအားစနစ်ကိုထောက်ပံ့ပေးတဲ့အတွက် အအေးမိခြင်းအပါအဝင် နာမကျန်းဖြစ်တာအတော်များများကို သက်သာလျော့ပါးစေနိုင်စွမ်းရှိပါတယ်။(၂) ရောင်ရမ်းမှုတွေ သက်သာစေနိုင်။နာတာရှည်ရောင်ရမ်းမှုဝေဒနာက သင့်ကျန်းမာရေးကို အားနည်းယိုယွင်းစေပြီး တခြားရောဂါတွေဝင်လာစေနိုင်ပါတယ်။ ငရုတ်သီးစိမ်းမှာ ပါတဲ့ ဗီတာမင် စီ က အရောင်ကျစေတဲ့အစွမ်းသတ္တိရှိတဲ့အတွက် ဂေါက်ရောဂါ၊ အနာတွေနဲ့ နှလုံးဆိုင်ရာရောဂါပြဿနာတွေကို ဖြစ်နိုင်ခြေလျော့နည်းစေနိုင်တယ်လို့ သုတေသနတွေကဖော်ပြကြပါတယ်။(၃) အနာကျက်မြန်စေနိုင်။ဗီတာမင် စီ ကြောင့်ပဲ အနာတွေ၊ ဒဏ်ရာတွေကို အကျက်မြန်စေပါတယ်။ အရေပြားဖွဲ့စည်းပုံမှ အဓိကကျတဲ့ ကိုလာဂျင်အသားဓာတ် ဖြစ်ပေါ်မှု၊ လုပ်ဆောင်ချက်ကိုထောက်ပံ့အားပေးပြီး အရေပြားအသစ်ဖြစ်ပေါ်မှုကို ကူညီတဲ့ ဗီတာမင် စီ က အနာကျက်မြန်စေနိုင်ပါတယ်။(၄) ခန္ဓာကိုယ်အပူချိန်ထိန်းညှိပေးနိုင်။အရသာပူတယ်စပ်တယ်ဆိုပေမယ့်လည်း အံ့သြစရာကောင်းတာက ငရုတ်သီးစိမ်းမှာ အလုံအလောက်ပါဝင်တဲ့ capsaicin(ကပ်ဆေးရ်စင်) က ဦးနှောက်ရဲ့hypothalamus(ဦးနှောက်ရှေ့ခြမ်းအပိုင်း)က အပူလျှော့ချခြင်းစင်တာကို နှိုးဆွပေးတာကြောင့် ခန္ဓာကိုယ်အပူချိန်ကို ကျဆင်းစေပါတယ်။ ဒါ့ကြောင့်ပဲ အိန္ဒိယလိုမျိုး ပူပြင်းတဲ့ဒေသတွေမှာတောင် ငရုတ်သီးစိမ်းကိုစားနေကြတာပါ။(၅) အစာအိမ်နဲ့အူလမ်းကြောင်းအတွက်ကောင်းကျိုးပြု။ငရုတ်သီးစိမ်းမှာ အစာခြေဖျက်မှုကိုအားပေးထောက်ပံ့ပြီး၊ အူကိုရှင်းစေတဲ့အတွက် ဝမ်းလည်းမှန်စေပါတယ်။ ငရုတ်သီးစိမ်းက တံတွေးလည်း ပိုထွက်စေတာကြောင့် အစာကောင်းစွာကြေညက်နိုင်ဖို့ အကူအညီဖြစ်စေပါတယ်။ ငရုတ်သီးစိမ်းကို အလွန်အကျွံမဟုတ်ဘဲ ထိုက်သင့်သလောက်စားပေးရင် capsaicin(ကပ်ဆေးရ်စင်) က အစာအိမ်အနာတွေကို သက်သာစေပြီး အစာအိမ်ကင်ဆာဖြစ်နိုင်ခြေကိုလျော့နည်းစေပါတယ်။(၆) မျက်စိအားကောင်းစေနိုင်။ဗီတာမင် စီ က ငရုတ်သီးစိမ်းမှာပါတဲ့ အကောင်းဆုံး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ မျက်စိနဲ့အမြင်အာရုံ ကျန်းမာရေးကိုကောင်းမွန်စေရုံသာမက အတွင်းတိမ်ဖြစ်လာနိုင်တဲ့အန္တရာယ်ကိုတောင်လျော့ပါးစေပါတယ်။ ဗီတာမင် အေ ကြွယ်ဝမှုကြောင့်လည်းမျက်စိကျန်းမာရေးအတွက်ပိုကောင်းစေတာဖြစ်ပါတယ်။(၇) နှလုံးကျန်းမာစေနိုင်။Capsaicin(ကပ်ဆေးရ်စင်)ကြောင့်ပဲ နှလုံးကျန်းမာရေးကို နည်းလမ်းနှစ်မျိုးနဲ့ အကျိုးပြုနိုင်ပါတယ်။ တစ်နည်းကသွေးထဲက ကိုလက်စထရောပမာဏကိုလျှော့ချပေးပြီး နှလုံးသွေးကြောတွင်း ကိုလက်စထရောစုပုံခြင်းကို ရှင်းလင်းပေးပါတယ်။ ဒါ့အပြင် နှလုံးသွေးကြောတွေကို ကျုံ့စေပြီး တခြားကိုယ်တွင်းအင်္ဂါတွေဆီသွေးလည်ပတ်မှုကိုဟန့်တားနေတဲ့ မျိုးဗီဇတစ်ခုခုရဲ့လုပ်ဆောင်ချက်ကို တားဆီးပေးခြင်းဖြင့်သွေးလည်ပတ်မှုကိုကောင်းစေပါတယ်။သွေးကြောတွေကိုချဲ့ပေးတဲ့Capsaicin(ကပ်ဆေးရ်စင်) ကသွေးလည်ပတ်မှုကိုကောင်းစေပြီး နှလုံးကျန်းမာစေတာဖြစ်ပါတယ်။(၈) ကင်ဆာ ကာကွယ်နိုင်။ငရုတ်သီးစိမ်းရဲ့capsaicin(ကပ်ဆေးရ်စင်) က ကင်ဆာရောဂါမဖြစ်စေဖို့ သို့မဟုတ် ကင်ဆာဆိုးရွားမှုအဆင့်ကိုနှေးကွေးစေဖို့(အထူးသဖြင့် ဆီးကျိတ်) ကာကွယ်ပေးပါတယ်။ ဗီတာမင် စီ ရဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက ကင်ဆာကာကွယ်တဲ့လုပ်ဆောင်ချက်မှာ ပါဝင်ထောက်ကူပေးပါတယ်။(၉) အသားအရေနဲ့ ဆံသားကို ကျန်းမာစေနိုင်။ထမင်းစားတဲ့အခါ အသုပ်လေးထဲမှာဖြစ်ဖြစ် ငရုတ်သီးစိမ်းလေးထည့်စားရင် အသားအရေလည်းနုပျိုစေပြီး အရေပြားကျန်းမာရေးအတွက်ပါကောင်းပါတယ်။ အရေးအကြောင်းတွေကိုလည်း မဖြစ်စေပါဘူးတဲ့။ ဗီတာမင် စီ ကြောင့် ဆဲလ်တွေကို အောက်ဆီဂျင်ဓာတ်တိုးပျက်စီးစေခြင်းမဖြစ်အောင် ကာကွယ်ပေးပြီး အရွယ်မတိုင်မီရင့်ရော်မှုလက္ခဏာတွေကိုလျော့ပါးစေပါတယ်။(၁၀) အိမ်ထောင်ရေးသုခပြည့်ဝစေနိုင်။ငရုတ်သီးပူစပ်စပ်လေးက ခန္ဓာကိုယ်ထဲမှာ အပူဓာတ်ပေးရုံတင်မကဘဲ အိပ်ရာထဲအထိပါကောင်းကျိုးပေးပါတယ်တဲ့။ ငရုတ်သီးစိမ်းမှာပါတဲ့capsaicin(ကပ်ဆေးရ်စင်)ကြောင့် နှလုံးခုန်နှုန်းကိုမြန်လာစေပြီး အာရုံကြောတွေကို နှိုးဆွကာသွေးလည်ပတ်မှုကိုကောင်းစေပါတယ်။ငရုတ်သီးစိမ်းက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမယ့် သိပ်လည်းအများကြီးမစားပါနဲ့။ ဆိုလိုတာက တစ်နေ့ကို ငါးတောင့်ထက် ပိုမစားသင့်ပါဘူး။ ပြီးတော့ ဒါကိုလည်း တစ်ကြိမ်တည်းစားမချသင့်ဘူးနော်။ တစ်ခါစားမှ တစ်တောင့်နှစ်တောင့်လောက်ပဲ စားပါ။ အစာအိမ်ကို ထိခိုက်နိုင်ပါတယ်။ ဗိုက်အောင့်တတ်သူဆိုရင် ကိုယ့်အစာအိမ်ကလက်ခံနိုင်သလောက်ထက်ပိုပြီး စားမိတဲ့အခါ တန်ဆေးလွန်ဘေးဖြစ်တတ်ပါတယ်။ အစပ်ဒဏ်ကို မခံနိုင်ရင် နို့အေးတစ်ခွက်သောက်လိုက်ရင် သက်သာသွားပါလိမ့်မယ်။ငရုတ်သီးစိမ်းတွေက အမျိုးအစားမတူကြသလို အစပ်အရသာလည်း အဆင့်အလိုက် ရှိတဲ့အတွက် အစပ်သိပ်ပြင်းတာမျိုး အမြဲမစားသင့်ပါဘူး။ သဘာဝအကျိုးကျေးဇူးတွေရှိလို့၊ နှစ်သက်လို့ စားသုံးချင်ရင် ဟင်းပွဲတွေထဲ အနည်းငယ်စီ ထည့်စားရင်းနဲ့ ရနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-spicy-green-chili/
ဓါတုနည်းဖြင့်အရေပြားခွာခြင်းအကြောင်းသိကောင်းစရာ
အသက်ကြီးလာတာနဲ့အမျှ အိုမင်းခြင်းလက္ခဏာတွေ မျက်နှာမှာစသတိပြုလာပါပြီ။ မျက်လုံးတဝိုက် ၊ နှဖူးနဲ့ ပါးစပ်တဝိုက်မှာ အရေးအကြောင်းတွေဖြစ်နိုင်ပါတယ။် အရင်ကလို အသားအရေ နူးညံ့မနေတော့တာလည်း သတိထားမိမှာပေါ့။ဒါမှမဟုတ် သင်က ငယ်ရွယ်နေရင်တောင်မှ ဝက်ခြံတွေရှိနေတာ၊ အသားအရေမညီညာတာ စတဲံ့ ပြဿနာတွေရှိနေနိုင်ပါတယ်။ မပူပါနဲ့၊ အရေပြားခွာခြင်းနည်းတစ်မျိုးက သင့်အသားအရေပြဿနာတွေကို ပြုပြင်ထိန်းညှိပေးဖို့ ကူညီပေးနိုင်မှာပါ။ဒါလေးတွေကတော့ သိထားသင့်တဲ့အချက်လေးတွေပေါ့-။ထိုဓါတုနည်းဖြင့် အရေပြားခွာခြင်းဆိုတာ ဓါတုဆေးရည်တစ်မျိုးကို အရေပြားမှာသုတ်လိမ်းကာ အရေပြားအပေါ်ဆုံးအလွှာခွာချဖယ်ပစ်ခြင်းဖြစ်တယ်။ ကော်လဂျင်များထွက်အောင်လှုံ့ဆော်ပြီး အရေပြားအလွှာအသစ်ဖြစ်လာစေပါတယ်။ မျက်နှာတင်မကဘဲ လည်ပင်း၊ လက် စသည်ဖြင့် တခြားခန္ဓါကိုယ်အစိတ်အပိုင်းများမှာလည်း သုံးနိုင်တယ။်။လူတိုင်းနဲ့အဆင်ပြေတဲ့နည်းတော့မဟုတ်ပါဘူး။ ဒါတွေကိုလိုချင်ရင်တော့ အရေပြားခွာနည်းသုံးဖို့ စဉ်းစားကြည့်နိုင်ပါတယ် –။·မျက်လုံး၊ ပါးစပ်တဝိုက်၊ နှဖူးတို့မှ အရေးအကြောင်းတို့ကိုဖျောက်ချင်ရင်။·နေလောင်ခြင်း၊ အသက်အရွယ်ကြီးခြင်းကြောင့် ဖြစ်လာသော အရေးအကြောင်းတွေကိုဖျောက်ချင်ရင်။·အမာရွတ်ငယ်တွေပိုမိုသက်သာချင်ရင်။·ဆားဝက်ခြံတွေသက်သာချင်ရင်။·အသက်ကြီးခြင်းကြောင့်ပေါ်လာသော အစက်အပြောက်များ၊ အမည်းကွက် အမည်းစက်များကိုဖျောက်လိုရင်။·အသားအရေအခြေအနေကောင်းချင်ရင်။တကယ်လို့အသားရောင်ညိုမည်းရင်၊ ဝက်ခြံတွေဆိုးရင်၊ အနာရှိရင် သို့မဟုတ် ထိခိုက်လွယ်သောအသားအရေဖြစ်ရင် ထိုနည်းလမ်းကိုအားမပေးပါဘူး။ ထိုအရေပြားခွာခြင်းဟာ အသားရောင်ရင့်သူတွေမှာ အရောင်ဖျော့ခြင်း ပြဿနာတစ်ခုဖြစ်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်နေလျှင်လည်း မလုပ်သင့်ပါဘူး။ ပိုမိုတိကျသောအချက်အလက်များအတွက် အရေပြားဆရာဝန်နဲ့ သေချာတိုင်ပင်ကြည့်သင့်ပါတယ်။အရေပြားမခွာမီ တကယ်လို့။· isotretinoin (Acnotinâ or Isotinaâ) or tretinoin cream (Retin Aâ or Locacidâ) စသည်ဖြင့် ဆေးတစ်မျိုးမျိုးသောက်နေပါက။· ရေယုန်များမကြာခဏပေါက်တတ်ပါက။· အရောင်ကျဆေး၊ သွေးကျဲဆေးများမှီဝဲနေရပါက။· အရေပြားထိခိုက်မခံစေသောအခြေအနေ၊ ဥပမာ- နှင်းခူ၊ အရေပြားရောင်တတ်ခြင်း စသည့် အခြေအနေများရှိပါက။· ကိုယ်ဝန်ရှိပါက သို့မဟုတ် သန္ဓြေတားဆေးသောက်နေပါက ဆရာဝန်ကိုပြောပြပါ။အသုံးပြုသောဓါတုပစ္စည်းအမျိုးမျိုးရှိပြီး အသင့်အတော်ဆုံးကို ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။နောက်ဆက်တွဲပြဿနာတချို့တော့ရှိပါတယ်။ ဒါတွေကတော့-။·နီရဲခြင်း– အသားအရေနီရဲတတ်ပါတယ်။ လအနည်းငယ်ကြာနိုင်ပြီး ပုံမှန်ထက်ပိုကြာနေပါက ဆရာဝန်ကိုချက်ခြင်းပြောပြသင့်ပါတယ်။·အမာရွတ်ကျန်ခြင်း– အမာရွတ်ကျန်ခဲပေမယ့် သင့်အသားအရေက အမာရွတ်အလွယ်တကူဖြစ်တတ်ပါက ပဋိဇီဝဆေး သို့မဟုတ် စတီးရွိုက်တစ်မျိုး ပေးပါလိမ့်မယ်။·ရောဂါပိုးဝင်ခြင်း– တချို့အခါတွေမှာ အရေပြားခွာခြင်းဟာ HSV ဗိုင်းရပ်စ်ကြောင့်ဖြစ်တတ်သော ရေယုန်များပေါက်စေနိုင်ပါတယ်။ တခြားသော ဘတ်တီးရီးယား သို့ မှိုစွဲခြင်းရောဂါများလည်း ရစေနိုင်ပါတယ်။·အသားအရေအရောင်ပြောင်းခြင်း– အသားအရေအရောင်ရင့်သွားခြင်း သို့ ဖျော့သွားခြင်းများ ဖြစ်စေနိုင်တယ်။ ထိုဖြစ်ရပ်ဟာ အသားညိုသူ၊ မည်းသူတွေမှာ ပိုအဖြစ်များပါတယ်။·နှလုံး၊ ကျောက်ကပ်၊ အသည်းထိခိုက်ခြင်း– carbolic acid (phenol) သုံးရသော အရေပြားခွာခြင်းတွေမှာဆိုရင် နှလုံးခုန်မမှန်ခြင်း၊ ကျောက်ကပ်၊ အသည်းများ ထိခိုက်စေခြင်းများ ဖြစ်လာနိုင်ပါတယ်။ ဒါတွေကိုကာကွယ်ဖို့ ၁၀ မိနစ်၊ မိနစ် ၂၀ အတွင်းမှာ အပြီးလုပ်လေ့ရှိပါတယ်။အရေပြားအသစ်ပြည့်ဝစွာ ဖြစ်မလာသေးသ၍ နေရောင်တိုက်ရိုက်ထိခြင်းကိုရှောင်သင့်တယ်။ ကုသမှုအပြီးမှာ သင့်အသားအရေကို စောင့်ရှောက်ဖို့ လိုက်နာသင့်သည့်အချက်များကို သေချာလိုက်နာသင့်ပါတယ်။ ဒါတွေဟာ ပြန်ကောင်းမှုကို အထောက်အပံ့ပေးသလို နောက်ဆက်တွဲပြဿနာတွေကိုလည်း ကန့်သတ်လျှော့ချပေးပါလိမ့်မယ်။Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%93%e1%80%ac%e1%80%90%e1%80%af%e1%80%94%e1%80%8a%e1%80%b9%e1%80%b8%e1%80%bb%e1%80%96%e1%80%84%e1%80%b9%e1%80%b7%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%81%e1%80%bc/
Schizophrenia (စိတ်ကစဉ့်ကလျားရောဂါ)
စိတ်ကစင့်ကလျားဖြစ်ရောဂါသည် နာတာရှည် စိတ်မကျန်းမာခြင်းတစ်မျိုးဖြစ်ပြီးတွေးခေါ်ခြင်းကိုဆိုးရွှားစွာအနှောင့်အယှက်ပေးပါသည်။ လူနာ၏ တွေးခေါ်ခြင်းသည် ရှုပ်ထွေးနေပြီးလက်ရှိအဖြစ်အပျက်များမှကွဲထွက်နေပါသည်။ တွေးခေါ်နိုင်နှုန်းသည်လည်း မြန်ချင် မြန် နှေးချင်နှေးကာရပ်တန့်ခြင်းတောင် ဖြစ်လာနိုင်ပါသည်။ထိုကြောင့် စကားပြောနှုန်းသည်လည်း မြန်ခြင်း နှေးခြင်းစကားထစ်ခြင်းတို့ဖြစ်လာပါသည်။ ဤရောဂါသည် လူနာကိုတွေးခေါ်နိုင်စွမ်း နှင့် ပြဿနာကိုနားလည်သဘောပေါက်မှု ဆုံးရှုံးစေပါသည်။စိတ်ကစင့်ကလျားဖြစ်ရောဂါဖြစ်သောသူများသည် ခေါင်းထဲတွင် အသံများကြားခြင်း နှင့် အမှန် မဟုတ်သည်များကို မြင်ခြင်း၊ တစ်ပါးသူရန်မူမည်ကိုကြောင့်ကြလွန်သောစိတ်ဖောက်ပြန်မှု စသည်တို့ကြောင့် ထူးခြားသောအပြုအမှုများရှိတတ်ကြပါသည်။စိတ်ကစင့်ကလျားဖြစ်ရောဂါသည် နာတာရှည်ရောဂါဖြစ်၍ ကြာမြင့်စွာကုသမှု ခံယူခြင်းများလိုအပ်ပါသည်။လူအယောက် ၁၀၀တွင်၁ယောက်သည် စိတ်ကစင့်ကလျားဖြစ်ရောဂါ ရှိပါသည်။ အမျိုးသားများနှင့် အမျိုးသမီးများတွင် တူညီစွာ ဖြစ်ပွားသည်။ အမျိုးသားများတွင် ပျိုဖော်ဝင်ချိန် မှ အသက် ၂၅ အတွင်းငယ်ရွယ်စဉ်တွင် ရောဂါရနိုင်ပြီးအမျိုးသမီးများတွင် အသက် ၂၅ နှင့် အထက် တွင် စတင်ဖြစ်ပွားပါသည်။အဓိကရောဂါလက္ခဏာများမှာ။အသံများသည်သင့်အားကိုယ့်ကိုယ်ကိုသေကြောင်းကြံခြင်းအခြားသူများအားသတ်ခိုင်းခြင်းစသောသက်တောင့်သက်သာမဖြစ်စေသောအသံများ ဖြစ်ပါသည်။တစ်ပါးသူရန်မူမည်ကိုကြောင့်ကြလွန်သောစိတ်ဖောက်ပြန်မှုသည် အလွန်အမင်းစိတ်နိုးကြွမှု ကြောင့် ဖြစ်ပါသည်။ မိမိကိုယ်ကိုစွမ်းရည်ထူးများရှိသည်ဟုထင်ခြင်းတကယ်မရှိဘဲရောဂါများ ဖြစ်ပွားနေသည်ဟုထင်ခြင်းတို့ဖြစ်ပါသည်။အထက်တွင်ဖော်ပြမထားသောရောဂါ လက္ခဏာများလည်းရှိနိုင်ပါသည်။ ရောဂါ လက္ခဏာတစ်ခုကိုသံသယပြုမိပါကဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးပါ။စိတ်ကစင့်ကလျားဖြစ်ရောဂါရှိသူများသည် မိမိကိုယ်ကိုရောဂါရှိ ပြီးကုသမှု ခံယူရန် လိုကြောင်းမသိပါ။ ထို့ကြောင့် သင်ချစ်ခင်ရသောသူများတွင် စိတ်ပိုင်းဆိုင်ရာလက္ခဏာများနှင့် ပုံမမှန်သော ပြုမှုခြင်းများရှိပါကဆေးရုံသို့ တက်နိုင်သလောက် မြန်အောင် ခေါ်ယူရန် လိုအပ်ပါသည်။ အာရုံကြောဆေးရုံ ဖြစ်ပါကအကောင်းဆုံးဖြစ်သည်။လူနာများသည် ထွက်ပြေးခြင်းအကြောက်အကန်ရုန်းကန်ခြင်းများရှိနိုင်ပါသည်။သင့်အနေဖြင့် သင်ချစ်ခင်ရသောနာကျင်ထိခိုက်မှုများမဖြစ်ပေါ်စေရန်အတွက် ဆေးရုံသို့မဟုတ် အာရုံကြောအထူးကုကိုဆက်သွယ်အကြောင်းကြားကာ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် လိုအပ်ပါသည်။လက်ရှိတွင် စိတ်ကစင့်ကလျားဖြစ်ရောဂါ ဖြစ်စေသောအကြောင်းရင်းကိုမသိရသေးပါ။ သို့သော် သိပ္ပံပညာရှင် များသည် အောက်ပါ အချက်များကြောင့်ဟုယုံကြည်ကြပါသည်။အောက်ပါအချက်များရှိပါကစိတ်ကစင့်ကလျားဖြစ်ရောဂါ ဖြစ်ပွားနိုင်မှုကို မြှင့်တက်စေပါသည်။ကိုယ်ခံအား ပြန်လည်တိုက်ခိုက်မှု ရောဂါရှိခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။စိတ်ကစင့်ကလျားဖြစ်ရောဂါရှိသည်ဟုသံသယရှိပါကဆေးမှတ်တမ်းများစစ်ခြင်းဆေးဖက်ဆိုင်ရာစစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့် အောက်ပါ စစ်ဆေးမှုများကို ပြုလုပ်နိုင်ပါသည်။Check blood count (CBC) နှင့် အခြားသွေးစစ်ဆေးမှု များသည် တူညီသောရောဂါလက္ခဏာရှိသောအခြားရောဂါများမှ ခွဲထုတ်ရန် ကူညီပေးပါသည်။ MRI သို့မဟုတ် CT scan စသော test Image များလည်းလုပ်နိုင်ပါသည်။စိတ်ပိုင်းဆိုင်ရာဆုံးဖြတ်ခြင်း ။ စိတ်ကျန်းမာရေးဆရာဝန်သည် ရုပ်ရည် အသွင်အပြင်၊ ပြောပုံဆိုပုံအတွေးအခေါ်များကိုလေ့လာခြင်းဖြင့် လူနာ၏ စိတ်အခြေအနေကိုစစ်ဆေးနိုင်ပါသည်။ တစ်ပါးသူရန်မူမည်ကိုကြောင့်ကြလွန်သောစိတ်ဖောက်ပြန်မှု၊ ထင်ယောင်ထင်မှား ဖြစ်မှု၊ ပစ္စည်းများအလွဲအသုံးပြုမှု တို့သည် တိုက်ခိုက်သတ်ဖြတ်ခြင်းသေကြောင်းကြံစည်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။စိတ်ကစင့်ကလျားဖြစ်ရောဂါသည် ပျောက်ကင်းအောင် ကုသ၍ မရပါ။ သို့သော် ရောဂါ လက္ခဏာများကိုဆေးပေးခြင်း၊ သိမြင်ခြင်းနှင့်ဆိုင်သောအပြုအမူကုထုံးတို့ဖြင့် ကုသ၍ ရပါသည်။စိတ်မကျန်းမာခြင်းသည် အချိန်ကြာစွာမှားသောအပျက်သဘောဆောင်သောတွေးခေါ်ခြင်းများကြောင့် ဖြစ်ပေါ်လာပါသည်။ ဆရာဝန်သည် သိမြင်ခြင်းကုထုံးကိုသုံးကာလူနာများအားရောဂါဖြစ်စေသောအတွင်းစိတ်အကျင့် ကိုရှာတွေ့အောင် ကူညီနိုင်ပါသည်။ ပြီးနောက် အပြုအမှု ကုထုံးဖြင့် ထိုသို့တွေးခေါ်ခြင်းကိုရှောင်ရှားရန် လေ့ကျင့်မှု လမ်းညွှန်ကိုပေးနိုင်ပါသည်။ ထိုနည်းလမ်းဖြင့် မတွေးခေါ်တော့ပါကရောဂါ လက္ခဏာများပျောက်ကင်းသည် ဟုဆိုလိုပါသည်။ဆရာဝန်သည် ထင်ယောင်ထင်မှား ဖြစ်ခြင်း နှင့် တစ်ပါးသူရန်မူမည်ကိုကြောင့်ကြလွန်သောစိတ်ဖောက်ပြန်ခြင်းတို့ကိုကာကွယ်ရန် နေ့စဉ်သောက် antineuroticဆေးများကိုပေးပါလိမ့်မည်။ ထပ်မံ၍ ဆရာဝန်သည် psychosocial ကုသမှုကိုအသုံးပြုနိုင်ပါသည်။ ၎င်းသည် နေ့စဉ်လှုပ်ရှားမှုများနှင့် လူထုလှုပ်ရှားမှုများကိုကူညီပေးနိုင်သောအကြံညဏ်ပေးသည့် ကုထုံး ဖြစ်သည်။ ဆရာဝန် ညွှန်ကြားမှု လက်အောက်ရှိ စေတနာ့ ဝန်ထမ်းများသည်လည်းသင်နှင့် သင်ချစ်ခင်သောသူများကိုလိုအပ်သောသိမ်မွေ့သောလုပ်ဆောင်ရည် များကိုသင်ကြားပေးပါလိမ့်မည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကစိတ်ကစင့်ကလျားဖြစ်ရောဂါကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါလူနေမှုပုံစံများနဲ့အိမ်သုံးကုထုံးများသည်စိတ်ကစင့်ကလျားဖြစ်ရောဂါကိုကုသသောနေရာတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/schizophrenia-%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%85%e1%80%89%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%bb%e1%80%ac%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab/
မှုန်ရီဝေတဲ့ အမြင်အာရုံဖြစ်လာတာ ဘာကြောင့်ဖြစ်မလဲ
မျက်လုံးတွေကြည့်လို့ မကောင်းဘူး၊ ရီဝေဝေနဲ့ရယ်။ စာဖတ်လို့လည်း အဆင်မပြေဘူး။ ကြည့်ရတာ အားမရဘူး ဆိုတာ မကြာခဏ ကြားရပါတယ်။ အကြောင်းရင်းတွေက အများကြီး ရှိနိုင်တယ်နော်။ မှုန်ရီဝေတဲ့ အမြင်အာရုံဖြစ်လာတာ ဘာကြောင့်ဖြစ်မလဲ ဆိုတာကို ကြည့်လိုက်ရအောင်နော်။မှုန်ရီဝေတဲ့ အမြင်အာရုံဖြစ်လာတာ ဘာကြောင့်ဖြစ်မလဲ ဆိုတော့။မျက်စိအသုံးပြုရတာများလို့ အပါအဝင် အကြောင်းရင်းအမျိုးမျိုးကြောင့်အဝေးမှုန်၊ အနီးမှုန်မျက်စိပါဝါတွေရှိလာတာ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ မျက်စိကျန်းမာရေးစစ်ဆေးပြီး မျက်မှန်လုပ်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။တီဗီ၊ကွန်ပျူတာသို့မဟုတ် ဖုန်းကို အကြာကြီး ကြည့်နေတတ်တဲ့သူလား။ ဒီလိုကြည့်တဲ့အခါ မျက်တောင်ခတ်တာနည်းတတ်ပါတယ်။ မျက်တောင်တစ်ခါခတ်တိုင်းမှာ မျက်လုံးထဲမှာ မျက်ရည်တွေကဖြန့်ကြက်ပြီး အစိုဓါတ်ပေးနိုင်တယ်၊လန်းဆန်းစေတယ် ။ ဒါ့ကြောင့် မျက်စိမညောင်းရအောင် ဒီလိုအကြာကြီးကြည့်တဲ့အခါ မကြာခဏမျက်တောင်ခတ်ဖို့ကို မမေ့ပါနဲ့။အသက် ၄၀လောက်ရောက်တဲ့အခါ စာဖတ်တာကအစ အနီးကပ်အာရုံစိုက်ရအဆင်မပြေတော့တာ သတိထားမိလာပါလိမ့်မယ်။ ဒါဟာ အသက်ကြီးလာတဲ့ပုံမှန်လက္ခဏာတစ်ခုပါပဲ။ စာကြည့်မျက်မှန်တွေဖြစ်ဖြစ် ဆရာဝန်နဲ့တိုင်ပင်ပြီး အသုံးပြုသင့်ပါတယ်။သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်းမထိန်းချုပ်နိုင်တဲ့အခါ မျက်စိမှန်ဘီလူးအတွင်းကို အရည်တွေ စိမ့်ဝင်စေနိုင်ပြီး ဖောင်းလာစေပါတယ်။ ဒါကို ကုသမှုမလုပ်မချင်း ဆက်ပြီး ဖြစ်နေနိုင်တဲ့ လက္ခဏာပါ။ သကြားဓာတ်ပမာဏပုံမှန်ဖြစ်မှ မှန်ဘီလူးလည်း ပုံမှန်ပြန်ဖြစ်မှာပါ။ ဆီးချိုရောဂါရှိတဲ့သူတွေမှာ retinopathy မျက်စိရောဂါ ဖြစ်နိုင်ခြေ ပိုများတာကြောင့် အမြင်အာရုံ မှုန်ဝါးလာရင်ဆီးချိုကိုလည်းသတိပြုပါ။မျက်လုံးမှာ ထိခိုက်ထားတာတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မျက်ကပ်မှန်တပ်ရင်း အိပ်မိတာ၊ သေချာမသန့်စင်တာ၊ သိမ်းဆည်းပုံ မမှန်ကန်ဘဲပစ်ထားတာတွေက မျက်စိကို ရောဂါပိုးဝင်စေနိုင်ပါတယ်။ ဆိုရီရေးစစ်အရေပြားရောဂါ၊ လေးဘက်နာအဆစ်ရောင်ရောဂါတို့လို ခန္ဓာကိုယ်တခြားအစိတ်အပိုင်းတွေမှာဖြစ်တဲ့ ကိုယ်ခံအားဆိုင်ရာရောဂါတွေကြောင့်လည်း မျက်စိကိုရောင်ရမ်းစေတတ်ပါတယ်။ရောဂါအခံ ဒါမှမဟုတ် ရေဓာတ်ခန်းခြောက်တာကြောင့် သွေးပေါင်ကျနေနိုင်ပါတယ်။ သောက်သုံးနေရတဲ့ ဆေးဝါးတချို့၊ နှလုံးနဲ့ဆိုင်တဲ့ ပြဿနာတချို့၊ အာဟာရမပြည့်ဝတာ၊ ဟော်မုန်း မညီမျှတာ၊ အိပ်ရေးပျက်တာ စတာတွေက သွေးပေါင်ကျပြီး အမြင်အာရုံ ဝေဝါးစေတဲ့အကြောင်းရင်းတွေထဲပါဝင်ပါတယ်။ဒီလိုဖြစ်လာရင် မျက်စိအာရုံကြောမှာ ဖိအားဖြစ်စေပြီး ထိခိုက်စေနိုင်ပါတယ်။ အလင်းရောင်ကိုကြည့်လိုက်တဲ့အခါ အပျောက်လေးတွေမြင်နေရတယ်ဆိုရင်၊ မျက်စိနီရဲနေပြီး နာကျင်လာတယ်ဆိုရင်၊ ပျို့အန်ချင်နေတယ်ဆိုရင် acute angle glaucomaဆိုတဲ့ ရေတိမ်အမျိုးအစားဖြစ်နေနိုင်ပါတယ်။ရေတိမ်က ဆက်ဖြစ်လာတာမြန်လို့ မကုသရင် သိပ်မကြာခင်မှာပဲ အမြင်အာရုံကို ဆုံးရှုံးရနိုင်ပါတယ်။ပုံမှန်ဆို ကြည်လင်နေရမယ့် မျက်စိမှန်ဘီလူးမှာ တခုခုပိတ်ကာနေသလို ခံစားရတာမျိုးပါ။ အတွင်းတိမ်တွေက အသက် ၅၅ နှစ်နောက်ပိုင်းမှာ တဖြည်းဖြည်းချင်း ဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် ကလေးတွေမှာလည်း ဖြစ်နိုင်ခြေ ရှိပါတယ်နော်။ မျက်စိထဲမှာ အရောင်တွေ မှိန်နေပြီး ညဘက်ဆို သိပ်မမြင်ရတော့ဘူးဆိုရင် အတွင်းတိမ်ကို သတိထားသင့်ပါတယ်။ခေါင်းထိခိုက်လို့ သတိလစ်တာ ဒါမှမဟုတ် ဦးနှောက်ထိခိုက်မှုဖြစ်ထားရင် မျက်စိလုပ်ဆောင်ချက်တွေကိုထိခိုက်စေနိုင်ပါတယ်။ ဦးနှောက်အကျိတ်ဆိုလည်းဖြစ်တဲ့နေရာ သို့မဟုတ် အရွယ်အစားကိုမူတည်ပြီး အမြင်အာရုံကို ထိခိုက်စေနိုင်တယ်။ အမြင်နှစ်ထပ်ဖြစ်ခြင်းက ဦးနှောက်ရောင်ရောဂါရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာ တစ်ခုမဟုတ်ပေမယ့် အမြင်အာရုံ မှုန်ဝါးခြင်းက လေဖြတ်ခါနီးဖြစ်တတ်တာလည်း တချို့မှာတွေ့ရပါတယ်။ဆေးလိပ်သောက်ခြင်း၊ မျက်စိ ထိခိုက်မှု ဖြစ်ဖူးခြင်း၊ မျက်စိရောဂါ ဖြစ်ဖူးခြင်း၊ သွေးတိုး၊ ကိုလက်စထရော များခြင်းနဲ့ ဆီးချိုရောဂါတို့ကြောင့် မြင်လွှာ ထိခိုက်မှုကို ဖြစ်စေနိုင်ပါတယ်။ဒါတွေကဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတွေထဲက တချို့ကို ဖော်ပြထားတာဖြစ်လို့ တခြား အကြောင်းရင်းတွေလည်း ရှိနိုင်ပါတယ်။ ကိုယ့်မျက်လုံးနဲ့ အမြင်အာရုံမှာ ထူးခြားတဲ့၊ ပုံမှန်နဲ့မတူတဲ့ လက္ခဏာတွေ ရှိလာတာ သတိထားမိတယ် ဆိုရင် ဆရာဝန် အမြန်ပြပြီး စစ်ဆေးမှုခံယူတာ ကောင်းပါတယ်။မျက်လုံးဆိုတာ နုနယ်လွန်းတဲ့ အရေးကြီး အစိတ်အပိုင်း ဖြစ်တာမို့ လက္ခဏာ သေးသေးလေးလည်း ပေါ့ပေါ့ဆဆ မနေသင့်ပါဘူးနော်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/vision-impairment-loss/causes-of-blurry-vision/
Alum (ကျောက်ချဉ်)
ကျောက်ချဉ် (alum) ဆိုတဲ့ အသံကိုကြားလိုက်မယ်ဆိုရင် မုတ်ဆိတ်ရိတ်တဲ့နေရာမှာသုံးတာလို့ပဲ အများစုကမြင်ပါလိမ့်မယ်။ ဒါပေမယ့်ကျောက်ချဉ်ကိုအသုံးပြုလို့ရတဲ့ အခြားအကြောင်းအရင်းတွေအများအပြားရှိပါတယ်။ကျောက်ချဉ်ဆိုတဲ့နေရာမှာလည်း ကျောက်ချဉ်အမျိုးအစားတွေက အမျိုးမျိုးရှိပြီး အိမ်တွင်းသုံးနည်းလမ်းတွေမှာ အသုံးပြုလို့ရတဲ့ကျောက်ချဉ်က ပိုတက်ဆီယမ်ကျောက်ချဉ်တစ်မျိုးတည်းသာဖြစ်ပါတယ်။ကျောက်ချဉ်ကို ကမ္ဘာတလွှားမှာရေသန့်စင်ရာမှာနဲ့ အမျိုးသားတွေမုတ်ဆိတ်ရိတ်တဲ့နေရာမှာ အများဆုံးအသုံးပြုလေ့ရှိပါတယ်။ ကျောက်ချဉ်ကို ခံတွင်းအနာတွေ။ ဖနောင့်ကွဲတာတွေကို သက်သာစေဖို့အသုံးပြုသလို ခံတွင်းနံ့ကောင်းစေဖို့လည်းအသုံးပြုနိုင်ပါတယ်။ကျောက်ချဉ်ကဈေးသက်သာသလိုရောဂါတော်တော်များများအတွက် အိမ်တွင်းကုထုံးအဖြစ်လည်းအသုံးပြုပါတယ်။ကျောက်ချဉ်ကဆေးဖက်ဝင်သလို ကျန်းမာရေးကိုအထောက်အကူပြုပေမယ့်လို့လည်း ကိုယ်တွင်းဝေဒနာတွေအတွက် ကျောက်ချဉ်ကိုစားသုံးတဲ့အခါ အတိုင်းအဆက ခန္ဓါကိုယ်အတွက် သင့်တင့်မျှတတဲ့ပမာဏဖြစ်ဖို့လိုအပ်ပါတယ်။ကျောက်ချဉ်ကို အများအပြားစားသုံးမမယ်ဆိုရင်ဘေးထါက်ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။ ဒါကြောင့်ကျောက်ချဉ်ကိုကျန်းမာရေးနဲ့ညီညွတ်အောင်ဘယ်လိုအသုံးပြုရမလဲဆိုတာနဲ့ကျောက်ချဉ်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုဖော်ပြပေးလိုက်ပါတယ်။ပါးစပ်ထဲမှာအနာဖြစ်နေမယ်ဆိုရင်ကျောက်ချဉ်အနည်းငယ်ကိုယူ၊အမှုန့်ကြိတ်ပြီး ခံတွင်းအနာပေါ်မှာ ဖိသိပ်ပေးပါ။ နည်းနည်းတော့ စပ်ဖျဉ်းဖျဉ်းနိုင်တယ်ဆိုပေမယ့်နောက်တစ်ရက်မှာ သက်သာသွားပါလိမ့်မယ်။ ကလေးငယ်လေးတွေမှာတော့ ထိုကဲ့သို့မလုပ်ဆောင်သင့်ပါဘူး။ကျောက်ချဉ်မှုန်ပမာဏများလွန်းသွားရင် ကလေးတွေမှာ အနာဖြစ်စေနိုင်တာကြောင့်ဖြစ်ပါတယ်။ ဆားအနည်းငယ်နဲ့ကျောက်ချဉ်အနည်းငယ်ကိုရောပြီးရေနွေးနဲ့ဖျော်စပ်ထားတဲ့ ခံတွင်းဆေးရည်နဲ့ အာလုပ်ကျင်းပေးပါ။ တစ်နေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။ ကျောက်ချဉ်မှုန့်ထည့်ထားတဲ့ခံတွင်းဆေးရည်ကို မျိုမချမိအောင် သတိထားပါ။ကျောက်ချဉ်က မျက်စိပြည်တည်နာအတွက် လည်းကောင်းတယ်လို့ဆိုပါတယ်။ကေျာက်ချဉ်ကို စန္ဒကူးအနှစ်နဲ့ရောစပ်ပြီး အသုံးပြုလို့ရပါတယ်။ကျောက်ချဉ်ကိုနှစ်ချီပြီး ထားလို့ရပါတယ်။ကျောက်ချဉ်မှုန့်ကခြေဖနောင့်ကွဲတာကို ကုသရာမှာလည်း အသုံးဝင်ပါတယ်။ကျောက်ချဉ်ကို အပူပေး အအေးခံပြီးတဲ့နောက်မှာ အမှုန့်ကြိတ်ပြီး အုန်းဆီနဲ့ရောစပ်ပြီးလိမ်းပေးလို့ရပါတယ်။ကျောက်ချဉ်အရည်ကို မုတ်ဆိတ်ရိတ်ပြီးတဲ့အခါ လိမ်းလေ့ရှိပါတယ်။ ပထမဆုံးတစ်ကြိမ်မှာတော့ ဘာမှသိပ်သိသာမှာမဟုတ်ပေမယ့် ဆက်တိုက်အသုံးပြုမယ်ဆိုရင်တော့ အသားအရေအတွက် အကျိုးထူးတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ကျောက်ချဉ်ကရေကိုသန့်စင်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ရွှံရည်တွေကို သန့်စင်စေပါတယ်။ကျောက်ချဉ်ကရေထဲမှာပါတဲ့ အနယ်အနှစ်တွေကို စစ်ထုတ်အနည်ထိုင်စေနိုင်တဲ့အစွမ်းရှိပါတယ်။ကျောက်ချဉ်မျာ အနံ့ဆိုးတွေကိုတိုက်ဖျက်နိုင်ပြီး ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့အစွမ်းသတ္တိရှိတာကြောင့်ချွေးနံ့ပျောက်ဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။နေ့စဉ်အသုံးပြုပေးဖို့တော့လိုအပ်ပါတယ်။ကျောက်ချဉ်ကိုအမျိုးသမီးတွေမှာ ခန္ဓါကိုယ်မှာပေါက်တတ်တဲ့ မလိုလားအပ်တဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားဖို့ လည်းအသုံးပြုလို့ရပါတယ်။ကျောက်ချဉ်ကအရေပြားကိုတင်းရင်းစေနိုင်တာကြောင့် မျက်နှာနဲ့လည်ပင်းတဝိုက်မှာဖြစ်တဲ့ အရေးအကြောင်းတွေကိုလျော့ပါးသက်သာစေဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ မျက်နှာအတွက် အစိုဓါတ်ထိန်းပေးတဲ့လိမ်းစရာအနေနဲ့လည်း အသုံးပြုလို့ရပါတယ်။ကျောက်ချဉ်ကို ကြက်ဥအကာနဲ့ရောစပ်ပြီး ဝက်ခြံတွေအတွက် အသုံးပြုလို့လည်းရပါတယ်။ ကျောက်ချဉ်က ဝက်ခြံတွေအတွက်လည်း အရမ်းကောင်းပါတယ်။ဆံပင်မှာသန်းတွယ်နေရင်လည်းကျောက်ချဉ်ကို အသုံးပြုပြီး သန်းကင်းအောင်လုပ်ဆောင်လို့ရပါတယ်။ကျောက်ချဉ်၊လက်ဖက်ဆီနဲ့ရေတို့ကိုရောစပ်ပြီး သန်းကင်းဆေးအဖြစ်အသုံးပြုလို့ရပါတယ်။ခံတွင်းထဲမှာ ဘက်တီးရီးယားတွေပေါက်ဖွားတာက ခံတွင်းနံ့ဆိုးရစေတဲ့ အဓိကအကြောင်းအရင်း တစ်ရပ်ဖြစ်ပါတယ်။ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ အက်ဆစ်တွေကြောင့်လည်း ခံတွင်းနံ့ဆိုးတာမျိုးရှိပါတယ်။ ခံတွင်းကိုကျောက်ချဉ်ရည်နဲ့ဆေးကြောပေးတာက ဘက်တီးရီးယားတွေပေါက်ဖွားတာကို ကာကွယ်ပေးနိုင်ပါတယ်။ကျောက်ချဉ် ကကြွက်တက်တာကို သက်သာစေတဲ့သဘာဝဆေးတစ်မျိုးဖြစ်ပါတယ်။ကျောက်ချဉ်မှာသွေးကြဲစေတဲ့ အစွမ်းသတ္တိက ကြွက်တက်တာကို သက်သာစေတာဖြစ်ပါတယ်။သုတေသနအချို့အရကျောက်ချဉ်ကပြတ်ရှဒဏ်ရာတွေကိုသွေးတိတ်စေနိုင်တဲ့အစွမ်းလည်းရှိတယ်၊လို့ဆိုပါတယ်။ကျောက်ချဉ်အမှုန်လးတွေကို အနာပေါ်မှာဖြန်းပေးမယ်ဆိုရင်သွေးတိတ်စေမှာဖြစ်ပါတယ်။ အနာကတအားနက်ပြီးသွေးမတိတ်ဘူးဆိုရင်တော့ ဆရာဝန် နဲ့သွားရောက်ပြသသင့်ပါတယ်။ကျောက်ချဉ်မှုန့်မှာ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာကို တိုက်ထုတ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိမှန်း လူတော်တော်များများကမသိကြပါဘူး။ကျောက်ချဉ်မှုန့်က အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာကို တားဆီးပေးနိုင်သလို အရေပြားကိုချောမွေ့တောက်ပစေပါတယ်။ကျောက်ချဉ်က သားအိမ်နံရံတွေကို ကျစ်လစ်သန်မာစေပါတယ်။ရေရှည်အသုံးပြုဖို့တော့ မသင့်တော်ပါဘူး။ရေရှည်အသုံးပြုမိမယ်ဆိုရင်တော့ သားအိမ်တစ်ရှူးတွေကိုခြောက်သွေ့ပျက်စီးစေမှာဖြစ်ပါတယ်။ကျောက်ချဉ်မှုန့်ကိုရေ (သို့)rose water တို့နဲ့ရောစပ်ပြီး ဆားဝက်ခြံတွေပေါ်ကိုလိမ်းပေးလို့ရပါတယ်။ အဆိုပါအရောကို မျက်နှာပါင်းတင်လို့လည်းရပါတယ်။ချွေးနံပျောက်ဆေးကို အချိန်အတော်ကြာသုံးစွဲလာမှုကြောင့် ချိုင်းမဲတာတွေကိုကျောက်ချဉ်သုံးပြီး သက်သာအောင်လုပ်လို့ရပါတယ်။နေ့စဉ်တော့အသုံးမပြုသင့်ပါဘူး။ကျောက်ချဉ်ကို မျက်ကွင်းညိုတာအတွက်လည်းအသုံးပြုလို့ရပါတယ်။ကျောက်ချဉ်မှုန့်ကိုရေနဲ့ရောပြီး မျက်ကွင်းညိုတဲ့နေရာတွေမှာအသုံးပြုပေးလို့ရပါတယ် ။ သတိထားအသုံးပြုဖို့တော့လိုအပ်ပါတယ်။ကျောက်ချဉ်ကိုသဲဝဲစားတာအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ကျောက်ချဉ်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်းကိုရေနွေးထဲထည့်ပြီးခြေထောက်စိမ်ပေးလို့ရပါတယ်။ အနည်းဆုံး မိနစ် ၂၀ စိမ်ထားပေးရမှာဖြစ်ပါတယ်။ခေါင်းလျှော်တဲ့အခါကျောက်ချဉ်အနည်းငယ်ထည့်လျှော်ပေးမယ်ဆိုရင်ဗောက်တွေကို သက်သာစေပြီး ဦးရေပြားယားယံတာကို သက်သာစေမှာဖြစ်ပါတယ်။ အများကြီးမသုံးမိဖို့တော့ သတိပြုရမှာဖြစ်ပါတယ်။ကျောက်ချဉ်ကို အလွန်အကျွံသုံးစွဲမယ်ဆိုရင်တော့ သတိလစ်တာနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာဝေဒနာတွေခံစားရနိုင်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/alum-%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%80%81%e1%80%ba%e1%80%a5%e1%80%b9/
ရာသီဥတု ပူရင် ကိုရိုနာ မကူးစက်နိုင်တော့ဘူးလား
နွေ ဘက်ကို ကူးလာတဲ့ ရာသီမှာအပူဒဏ်က အတော်လေး သိသာလာပါတယ်။ ဒီလို ပူလာဖို့ကိုလည်း စောင့်မျှော်နေကြသူတွေ ရှိပါတယ်။ သူတို့ပြောကြတာက ကိုရိုနာ ဗိုင်းရပ်စ်လို့ ခေါ်ကြတဲ့ COVID- 19 ဟာ အပူဒဏ်ကို မခံနိုင်ပါဘူးတဲ့လေ။ ဒီတော့ ရာသီဥတု ပူရင် ကိုရိုနာ မကူးစက်နိုင်တော့ဘူးလား ဆိုတာကို မေးခွန်း ထုတ်နေပြီလား!။ရာသီဥတု ပူရင် ကိုရိုနာ မကူးစက်နိုင်တော့ဘူးလား ဆိုတော့ အတူတူ ကြည့်လိုက်ရအောင်နော်။ COVID- 19 ဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်တွေ့ရှိခဲ့တဲ့ဗိုင်းရပ်စ်အသစ်ဖြစ်သလို အခုချိန်မှာ တစ်ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးပြဿနာအဆင့်ကို ရောက်နေပါပြီ။ အမှန်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ COVID- 19 ဟာ အပူပိုင်းဒေသ အပါအဝင် နယ်မြေဧရိယာအားလုံးမှာ ဘယ်လိုရာသီဥတု ဖြစ်ပါစေ ကူးစက်ပြန့်ပွားနိုင်တဲ့ ပိုးဖြစ်ပါတယ်။ဒါပေမယ့် –။ကမ္ဘာအနှံ့ မှာ ဒီရောဂါကို ထိန်းချုပ်ဖို့ အရေးတကြီး ကြိုးစားနေရချိန် ဒီမှာတော့ အခြေခံကာကွယ်မှုတွေ လုပ်မယ့်အစားသတင်းမှားတွေနဲ့ အချင်းချင်း ဖြေသိမ့်ပြီး စိတ်ချလက်ချ ထိုင်စောင့်နေကြတာ စိုးရိမ်စရာပါ။ကျန်းမာရေးအဖွဲ့အစည်း တွေက အထူးသတိထားနေတာက လူတွေ ထိတ်လန့်တကြား အကြောက်လွန်မှာကိုပါ။ အကြောက်မလွန်ကြဖို့ သတိပေးကြပေမယ့် လုံးဝမကြောက်ဖို့တော့ မပြောလိုပါဘူးနော်။ကူးစက်နိုင်ခြေများပြီး ပြင်းထန်တာကြောင့် ကြောက်ဖို့ကောင်းတဲ့ ဗိုင်းရပ်စ်ပါ။အခုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့ကပ်ဘေး အခြေအနေ (Pandemic) အဖြစ် ကြေညာလိုက်ပြီမို့ ကြောက်သင့်ပါပြီလို့ သတိပေးချင်ပါတယ်။ရောဂါကို ကြောက်တယ်ဆို ကိုယ့်ဘက်က ကာကွယ်လို့ရမယ့် နည်းလမ်းတွေ လုပ်ထားဖို့ပဲလိုပါတယ်။ အကြောက်လွန်ပြီး ဘယ်မှမသွားရဲဘဲ ဆိုက်ကိုဖောက်နေတာ နဲ့ စာရင် လိုအပ်တဲ့ ဆောင်ရန်၊ ရှောင်ရန် တွေကို လေ့လာပါ ၊ မှတ်သားပါ ၊ လိုက်နာပါ။ယုံကြည် စိတ်ချရတဲ့ သတင်းတွေကိုပဲ ယုံပါ၊ သက်ဆိုင်ရာ ကျန်းမာရေးဌာန တွေရဲ့ ထုတ်ပြန်ချက်တွေ၊ သတိပေးချက်တွေ ကိုပဲ ဖတ်ပါ၊ လိုက်နာပါ။အခြေခံအားဖြင့် အရေးကြီးတဲ့ ကာကွယ်မှုကတော့ –။(၁)လက်ဆေးပါ။ဒါအရေးကြီးဆုံးနဲ့ အထိရောက်ဆုံး ကာကွယ်မှုအဆင့် ပါ။ လက်နဲ့ ထိတွေ့ခဲ့တဲ့ အရာတွေက တစ်နေ့တာမှာ မရေမတွက်နိုင်အောင်ကို များပါတယ်။ မသန့်ရှင်းတဲ့လက်ဟာ ဘယ်ရောဂါပိုးကိုမဆို သယ်ဆောင်လာနိုင်ပါတယ်။အကောင်းဆုံးက ဆပ်ပြာနဲ့ ရေ သုံးပြီးလက်ဆေးတဲ့နည်းပါ။ တကယ်လို့ ဒီလိုဆေးဖို့မလွယ်တဲ့ အနေအထား ဖြစ်ရင် အယ်လ်ကိုဟော ပါဝင်မှု များတဲ့လက်သန့်ဆေးရည်နဲ့ အမြန် သန့်စင်နိုင်ပါတယ်။(၂) မျက်နှာ ကို မထိ၊ မကိုင်ပါနဲ့။မျက်နှာမှာ မျက်စိ၊ နှာခေါင်း၊ ပါးစပ် တို့ကို မကြာခဏ ထိကိုင်တာမျိုး ရှောင်ပါ။ ဒီအစိတ်အပိုင်းတွေက ရောဂါပိုး ကူးစက်ခံရဖို့ အလွယ်ဆုံး လမ်းကြောင်းတွေ ဖြစ်နေလို့ပါ။ ရောဂါပိုးနဲ့ ထိတွေ့လာတဲ့လက်နဲ့ အဲဒီနေရာတွေ ကိုင်မိရင် ပြီးပါလေရော။(၃)လူစုလူဝေးရှောင်ပါ။လူပြည့်ကျပ်နေတဲ့ ပွဲလမ်းသဘင်၊ အခမ်းအနားတွေကို ဖြစ်နိုင်ရင် မသွားပါနဲ့။ ကူးစက်ခံရနိုင်ခြေ များလို့ပါ။(၄) ချောင်းဆိုး၊ နှာချေရင် ဖုံးအုပ်ပါ။ချောင်းဆိုး၊ နှာချေတဲ့အခါ တစ်ရှူးနဲ့အုပ်ပါ။ ဒါမှမဟုတ် တံတောင်ဆစ်နဲ့ အုပ်ပါ။ လက်နဲ့ အုပ်လိုက်မယ်ဆို အဲဒီလက်ကနေ တခြားတစ်နေရာကို ထိတွေ့ ပျံ့နှံ့နိုင်ခြေ များလို့ပါ။ အကောင်းဆုံးက တစ်ရှူးနဲ့အုပ်ပြီး အမှိုက်ပုံးထဲ သေချာစွန့်ပစ်ပါ။ ပြီးရင်တော့ လက်ဆေးပါ။(၅) Maskတပ်ပါ။နေမကောင်းဖြစ်နေသူတွေ မဖြစ်မနေ Mask တပ်သင့်ပါတယ်။ကိုရိုနာဖြစ်ဖြစ်၊ တုပ်ကွေးဖြစ်ဖြစ် တခြားသူဆီ မကူးစက်စေဖို့ပါ။ ပုံမှန်လူတွေအနေနဲ့ မဖြစ်နေ တပ်ဖို့မလိုပါဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကတောင် သတိပေးထားပါတယ်။ ကိုယ်ခံအားနည်းသူတွေ၊ သက်ကြီးရွယ်အိုတွေအနေနဲ့ ဆေးရုံလို လူစည်တဲ့နေရာတွေ သွားရရင်တော့ တပ်ပါ။တကယ်လို့ ကိုယ့်မှာ။သီးသန့်ခွဲထားစောင့်ကြည့်ခံရမှာကို စိုးရိမ်ပြီး ကြိတ်ကုလို့လည်း မသက်သာနိုင်ပါဘူး။ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် လိုအပ်တဲ့ ကုသစောင့်ရှောက်မှုတွေ ခံယူရမှာပါ။နောက်ဆုံးပြောချင်တာတော့သတင်းမှားတွေ မယုံပါနဲ့ ၊ ယုံကြည်ရတဲ့ အရင်းအမြစ်တွေဆီက ကျန်းမာရေးထုတ်ပြန်ချက်တွေကိုပဲ လေ့လာပါ။ လမ်းအလွဲတွေမှာ ယုံကြည်ပြီး ကြိုတင်ကာကွယ်မှုတွေကို လျစ်လျူမရှုမိပါစေနဲ့ လို့ Hello ဆရာဝန် ပရိသတ်ကို အကြံပေးလိုက်ရပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/corona-cant-infect-during-summer/
Scleroderma (စကာလရိုဒါးမား)
စကာလရိုဒါးမားဆိုသည်မှာ ဆက်တွယ်တစ်ရှူးများနှင့် အရေပြားတစ်ရှူးများကို မာကြော တောင့်တင်းသွားစေသော ရောဂါများကိုစုခေါ်သည့် နာမည်တစ်ခုဖြစ်ပါသည်။ စကာလရိုဒါးမားလက္ခဏာများမှာ အရေပြား၌ထင်ရှားသော်လည်း လူများစွာတွင် သွေးကြော၊ ကလီစာများနှင့် အစာချေလမ်းကြောင်းတို့တွင်သာ ထိခိုက်မှုများ၏။ လက္ခဏာများမှာ မတူတတ်ပါ။ ရောဂါဖြစ်နေသော အင်္ဂါပေါ်တွင်မူတည်ကာ ပြောင်းလဲတတ်ပါသည်။စကာလရိုဒါးမားအဓိကပုံစံနှစ်မျိုးရှိသည်- တစ်နေရာတည်းဖြစ်သော စကာလရိုဒါးမား နှင့် စနစ်အလိုက်ထိသော စကာလရိုဒါးမား။စကာလရိုဒါးမားသည် အမျိုးသားများထက် အမျိုးသမီးများတွင် အဖြစ်များသည်။ များသောအားဖြင့် အသက် ၃၀ မှ ၅၀ အတွင်းဖြစ်လေ့ရှိသည်။ အချက်အလက်များထပ်မံသိရှိနိုင်ရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။စကာလရိုဒါးမား၏ ရောဂါလက္ခဏာများမှာ ထိခိုက်နေသော ကိုယ်အစိတ်အပိုင်းပေါ်မူတည်ပြီး ပြောင်းလဲတတ်ပါသည်။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။စကာလရိုဒါးမားဖြစ်ရသည့်အကြောင်းရင်းကို ယခုထိမသိရသေးပါ။ တစ်ချို့သော သိပ္ပံပညာရှင်များက ၎င်းမှာ ကိုယ်ခံအားစနစ် မှုမမှန်ရာမှ ဗိုင်းရပ်စ်များ ဘက်တီးရီးယားများကို တိုက်ခိုက်မည့်အစား ကိုယ့်ကိုယ်ကို ပြန်တိုက်ခိုက်ရာမှာ ဖြစ်လာခြင်းဟု ယူဆကြ၏။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။စကာလရိုဒါးမားမှာ ပုံစံအမျိုးမျိုးရှိသလို တစ်ဦးစီတွင်ထိသော ခန္ဓါကိုယ်အစိတ်အပိုင်းများလည်း မတူညီသောကြောင့် ရောဂါအတည်ပြုရန် ခက်ခဲ၏။ဆရာဝန်သည် အရေပြားကိုထိသော စကာလရိုဒါးမားလက္ခဏာများကို ရှာကြည့်ပါလိမ့်မည်။ သွေးတွင်းမှ ကိုယ်ခံအားစနစ်မှထုတ်သော ပဋိပစ္စည်းပမာဏကိုစစ်ဆေရန် သွေးစစ်ဖို့လိုနိုင်ပါသည်။ ခန္ဓါကိုယ်တွင် တခြားနေရာများထိမထိသိနိုင်ရန်အတွက် အသက်ရှုစနစ်ဆိုင်ရာ စစ်ဆေးခြင်း (Pulmonary function tests)၊ အဆုတ်အတွက် ကွန်ပျူတာဓါတ်မှန်၊ နှလုံးအတွက် ပဲ့တင့်သံဓါတ်မှန်တို့ ရိုက်ရန်လိုနိုင်ပါသည်။ ထိခိုက်နေသည့် အရေပြားကို နမူနာဖဲ့ယူကာ မူမမှန်မှုများကိုစစ်ဆေးရန် ဓါတ်ခွဲဖို့ပြုလုပ်နိုင်ပါသည်။စကာလရိုဒါးမားအတွင် ကုသမှုဆိုတာမရှိပါ။ သို့သော် လက္ခဏာများကို သက်သာအောင်လုပ်နိုင်ပါသည်။ သောက်ဆေးများသည် စကာလရိုဒါးမားအတွက် ပထမဆုံးရွေးချယ်ရသည်များဖြစ်၏။ထိုဆေးများအပြင် လက္ခဏာများကိုလျော့ချနိုင်ရန် ဆရာဝန်မှ တခြားကုထုံးများကို လမ်းညွှန်နိုင်ပါသေးသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကစကာလရိုဒါးမား ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် စကာလရိုဒါးမား ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/scleroderma-%e1%80%85%e1%80%80%e1%80%ac%e1%80%9c%e1%80%9b%e1%80%ad%e1%80%af%e1%80%92%e1%80%ab%e1%80%b8%e1%80%99%e1%80%ac%e1%80%b8/
Recovery Beauty Infusion Drip မှာ ပါဝင်တဲ့ အရေးကြီးသော ပါဝင်ပစ္စည်းများ
ယခုခေတ်မှာ အကြောဆေးတွေဟာ ဆေးပညာ ကုသမှုမှာ အသုံးဝင်လာကြပါတယ်။ တကယ်တမ်းတော့ beauty drip infusion တွေဟာလည်း ကမ္ဘာတစ်လွှားမှ အလှအပရပ်ဝန်းမှာ တွင်ကျယ်စွာ အသုံးပြုနေကြပါတယ်။ ဒါဆို ဒီလို beauty infusion မှာ ဘာတွေ ပါဝင်ပါသလဲ။Recovery beauty infusion drips တွေမှာ ကျန်းမာရေးကောင်းမွန်စေသော၊ ရေဓါတ်ဖြည့်တင်းပေးသော ပါဝင်ပစ္စည်းတွေနဲ့ လူနာရဲ့ ပုံစံနဲ့ အားအင်ကို တိုးတက်စေသော ဗီတာမင်တွေပါဝင်ပါတယ်။ အကြောဆေးတွေကို အသုံးပြုခြင်းဟာ လုံးလုံးလျားလျား စုပ်ယူမှုကြောင့် သိသာတဲ့ အာနိသင်တွေ ပြနိုင်ပါတယ်။သုတေသနတွေအရ Recovery beauty infusion drips တွေမှာ အတွေ့များတဲ့ ပါဝင်ပစ္စည်း ၈ မျိုးရှိပါတယ်။Vitamin B complex မှာ ဗီတာမင် B ရှစ်မျိုး (B1, B2, B3, B5, B7, B9 နဲ့ B12) ပါဝင်ပြီး ကိုယ်ခန္ဓါလုပ်ငန်းဆောင်တာတွေ ချောမွေ့စွာ လုပ်ဆောင်စေနိုင်တဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒီအာဟာရဓါတ်တွေဟာ အစားအသောက်တွေကို အားအင်အဖြစ်ပြောင်းလိုက်ပြီး တစ်နေကုန် အားအင်ပြည့်ဝနေစေဖို့ ကူညီပေးပါတယ်။ B complex ဗီတာမင်တွေဟာ အသားအရေ လှပရန်၊ ဆံပင်၊ မျက်လုံးနဲ့ အသည်းကျန်းမာရေးတွေအတွက်လည်း လိုအပ်ပါတယ်။ သူတို့ဟာ အာရုံကြောစနစ်ကိုလည်း ထောက်ပံ့ပေးပါတယ်။သူဟာ အသည်းက သဘာဝအတိုင်း ထုတ်လုပ်ပေးတဲ့ အရာတစ်မျိုးဖြစ်ပါတယ်။ သူ့ကို အသီးအရွက်နဲ့ အသားတွေမှာ တွေ့နိုင်ပါတယ်။ Glutathione ကို တစ်ရှူး တည်ဆောက်ခြင်းနဲ့ ပြန်လည်ပြင်ဆင်ခြင်းအပါအဝင် ကိုယ်ခန္ဓါ ဖြစ်စဉ်အတော်များများမှာ တွေ့ရပြီး ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ ဓါတုပစ္စည်းတွေနဲ့ ပရိုတင်းဓါတ်တွေ ပြုလုပ်ရာမှာ အသုံးဝင်ပါတယ်။ကိုယ်ခံအားစနစ်ကိုလည်း ထောက်ပံ့ပေးပါတယ်။ Glutathione ပမာဏဟာ အသက်ကြီးလာတာနဲ့ အမျှ ကျဆင်းလာတတ်ပါတယ်။ Glutathione ထိုးဆေး အသုံးပြုခြင်းဟာ အသက်အရွယ်ကြောင့် ဖြစ်တတ်တဲ့ glutathione ပမာဏကို ကျဆင်းစေပါတယ်။ဗီတာမင်စီဟာ ပုံမှန် ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ ရေမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်တွေဟာ အကျန်တွေရှိခဲ့ရင် ဆီးအတွင်းပါသွားနိုင်တာကြောင့် အစားအသောက်ကနေ ဗီတာမင်စီ များစွာ ရရှိဖို့ လိုအပ်ပါတယ်။အလှအပဆိုင်ရာ မှာတော့ ဗီတာမင်စီကို အသက်အရွယ်ကြီးခြင်းကို တားမြစ်ဖို့နဲ့ ခံနိုင်ရည်အားတိုးမြင့်စေဖို့ အသုံးပြုကြပါတယ်။ တခါတရံမှာ လူတွေဟာ အရေပြားပေါ် ဗီတာမင်စီကို လိမ်းပြီး နေရောင်၊ ညစ်ညမ်းစေတဲ့အရာနဲ့ အခြား ပတ်ဝန်းကျင် အန္တရာယ်တွေမှ ကာကွယ်ကြပါတယ်။ ဗီတာမင်ကို ဓါတ်ရောင်ခြည်ဒဏ်ကြောင့် ပျက်စီးမှုကို ကာကွယ်ဖို့လည်း အသုံးပြုကြပါတယ်။Biotin ဟာ coenzyme တစ်ခုဖြစ်ပြီး B vitamin ဖြစ်ပါတယ်။ သူ့ကို ဗီတာမင် H လို့ အသိများပါတယ်။ Biotin ကို ဖြည့်စွက်စာအဖြစ် ဆီးချို၊ လက်သည်းကျိုးခြင်း၊ အခြားအခြေအနေတွေအတွက် အသုံးပြုကြပါတယ်။Biotin ဟာ ဆံပင်၊ အရေပြား၊ လက်သည်းခြေသည်းတွေကို ပြုလုပ်တဲ့ အခြေခံပရိုတင်းဓါတ်ကို တိုးတက်စေတယ်လို့ ယုံကြည်ကြပါတယ်။ ဒီအခြေခံ ပရိုတင်းကို keratin လို့ ခေါ်ပါတယ်။Biotin ချို့ယွင်းခြင်းဟာ ဆံပင်တွေကို ကျိုးကြေစေပြီး ဆံပင်ကျွတ်စေပါတယ်။ ဖြည့်စွက်စာ အတော်များများနဲ့ ဗီတာမင်တွေဟာ ပါးစပ်မှသောက်ရုံနဲ့ ကိုယ်ခန္ဓါအတွင်းကို အလုံးစုံစုပ်ယူနိုင်ခြင်းမရှိတာကြောင့် ထိုးဆေးအသုံးပြုခြင်းဟာ biotin ပမာဏ မြှင့်တင်ရာမှာ လွန်စွာ အသုံးဝင်ပါတယ်။Biotin ဖြည့်စွက်စာကို မှန်ကန်တဲ့ပမာဏ အသုံးပြုခြင်းဟာ ဆံပင်ရှည်ခြင်း၊ ဆံပင်တည်ဆောက်ပုံနဲ့ အထူတွေကို တိုးတက်စေပြီး ဆံပင်ကျွတ်ခြင်းကို ကျဆင်းစေပါတယ်။CoQ10 ဟာ ကိုယ်ခန္ဓါအတွင်းမှာ ပြုလုပ်တဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့ အရာတစ်ခုဖြစ်ပါတယ်။ CoQ10 ဟာ အခြေခံဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာတွေအတွက် အသုံးဝင်ပါတယ်။ CoQ10 ဟာ အသက်ကြီးလာတာနဲ့ အမျှ လျော့နည်းလာတတ်ပြီး ကင်ဆာ၊ မျိုးရိုးလိုက်သောရောဂါများ၊ ဆီးချို၊ နှလုံးရောဂါ၊ HIV/AIDS၊ ကြွက်သားချို့ယွင်းခြင်းနဲ့ Parkinson’s ရောဂါတွေမှာ နည်းပါးနိုင်ပါတယ်။CoQ10 ဟာ ရောဂါကို တိုက်ဖျက်နိုင်တဲ့ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိပြီး အာရုံကြောဆိုင်ရာ ရောဂါတွေကုသမှုမှာအသုံးပြုပြီး ကင်ဆာ၊ နှလုံးရောဂါ၊ သွေးပေါင်တက်ခြင်း၊ ခေါင်းကိုက်ခြင်းအတွက် ကုသမှုတွေမှာလည်း အကျိုးရှိနိုင်ပါတယ်။Hyaluronic acid ဟာ ပုံမှန်အသက်ကြီးလာခြင်းလာခြင်းကြောင့် ပမာဏနဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်း ကျဆင်းခြင်းကြောင့် ဖြစ်တဲ့ မျက်နှာ တည်ဆောက်ပုံနဲ့ တစ်ရှူးတွေကို ထောက်ပံ့ပေးဖို့အတွက် အသုံးပြုနိုင်ပါတယ်။ သူဟာ ရေဓါတ်ကိုဖြည့်တင်းပေးပြီး ကြည်လင်တောက်ပစေနိုင်ပါတယ်။Hyaluronic acid ဟာ ကူရှင်အဖြစ်၊ ချောဆီအဖြစ် အဆစ်နဲ့ အခြားတစ်ရှူးတွေအတွင်းမှာ အလုပ်လုပ်ပါတယ်။ ဒါ့ပြင် သူဟာ ကိုယ်ခန္ဓါမှ ထိခိုက်ဒဏ်ရာရရှိမှု ကို တုန့်ပြန်ပုံကိုလည်း သက်ရောက်မှုရှိပါတယ်။ဆားရည်ဟာ ပျော်ဝင်နိုင်တဲ့ ဆားတွေ ပါဝင်တဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။ ဆားရည်ထိုးသွင်းခြင်းကို ကိုယ်ခန္ဓါ ပြောင်းလဲမှုတွေဖြစ်တဲ့ ဝက်ခြံအမာရွတ်ကုသခြင်း၊ ပင့်ကူပုံ သွေးပြန်ကြောကုသခြင်းနဲ့ အခြားကုသနည်းတွေအဖြစ် အသုံးပြုကြပါတယ်။ဒီဆားရည်ရဲ့ အသုံးအများဆုံး ကုသမှုတစ်ခုကတော့ လူနာတွေကို ရေဓါတ်ပြန်လည်ဖြည့်တင်းပေးနိုင်ဖို့ ဆားရည် ထိုးသွင်းခြင်းပဲ ဖြစ်ပါတယ်။ ဆားရည် အရောတွေကို နှာခေါင်းဖြန်းဆေးအဖြစ်၊ မျက်ကပ်မှန်ဆေးရည်အဖြစ် ဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။သူဟာ တစ်စိတ်တစ်ပိုင်း (သို့) လုံးဝ ထိပ်ပြောင်ခြင်းတွေအတွက် အဓိက အသုံးပြုနိုင်တဲ့ essential amino acid တစ်မျိုးဖြစ်ပါတယ်။ L-lysine ဟာ ဆံပင် သန်မာမှုကို မြှင့်တင်ပေးနိုင်တဲ့ ဆံပင်ကို အားရှိစေတဲ့ collagen synthesis ကို အားပေးပါတယ်။ ဒါ့ပြင် lysine ဟာ ဆံပင်ရဲ့ ပြန်ကောင်းမှု ဖြစ်စဉ်ကို တုးတက်စေပြီး နေ့စဉ် ဆံပင်ကျွတ်ခြင်းကိုလည်း သက်သာစေပါတယ်။Drip infusion therapy ဟာ ယေဘုယျကျန်းမာရေး၊ အလှအပ ဆိုင်ရာ ကောင်းကျိုးတွေရှိပြီး အာနိသင်ပြမှု မြန်ဆန်တာကြောင့် ပိုမိုလူကြိုက်များလာကြပါတယ်။ သူ့မှာ ပါဝင်တဲ့ ပစ္စည်းတွေကို သိထားခြင်းဟာ သင့်ရုပ်ရည်နဲ့ ယေဘုယျကျန်းမာရေးကို တိုးတက်စေရာမှာ ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/recovery-beauty-infusion-drip-%e1%80%99%e1%80%bd%e1%80%ac-%e1%80%95%e1%80%ab%e1%80%9d%e1%80%84%e1%80%b9%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%b1%e1%80%9b%e1%80%b8%e1%82%80%e1%80%80%e1%80%ae/
ကလေးများတွင် ဆံပင်ကျွတ်ခြင်း
အရွယ်ရောက်သူများတွင်သာမကပဲ ကလေးများတွင်လည်း နေ့စဉ် ဆံပင်ကျွတ်ခြင်း ဖြစ်နိုင်ပါသည်။ သို့သော် ကလေးများတွင် ဆံပင်ကျွတ်ခြင်းသည် ကလေးဆရာဝန်ထံ လာပြသမျှ လူနာစုစုပေါင်း၏ ၃ရာခိုင်နှုန်းခန့်သာ ရှိပြီး အောက်ပါ အခြေအနေများ ကြောင့်ဖြစ်ရပါသည်။ကလေးများတွင် ပုံမှန်ထက် ဆံပင်ကျွတ်နေရခြင်းမှာ အကြောင်းရင်းများစွာ ရှိနိုင်ပါသည်။ ယင်းအကြောင်းရင်းများကို အောက်တွင် ဆက်လက်လေ့လာနိုင်ပါသည်။ဦးရေပြားပွေး သို့မဟုတ် ဒက် ဟုခေါ်ဆိုနိုင်ပြီး ကလေးများတွင် အလွန်ဖြစ်ပွားလွယ်သော ရောဂါ ဖြစ်ပါသည်။ ပုံစံ အမျိုးမျိုးနှင့် တွေ့ရနိုင်ပြီး ဆံပင်ကျွတ်ပြီး အနာဖေးများ ကွာနေသော ပုံစံမှာ စက်ဝိုင်းပုံ သို့မဟုတ် ဘဲဥပုံရှိပါသည်။ ဦးရေပြားမှ ဆံပင်များ လွယ်တကူ ကျွတ်ထွက်တတ်ပြီး ယင်းကို မျက်တောင်မွေးများ နှင့် မျက်ခုံးတွင်ပါ တွေ့ရနိုင်ပါသည်။ ဤရောဂါ ဆရာဝန်များက  မှိုသတ်ဆေး (griseofulvin) နှင့်သော်လည်းကောင်း ဆေးပါဝင်သော ခေါင်းလျော်ရည်များ နှင့် သော်လည်းကောင်း ကုသပါလိမ့်မည်။Alopecia areata သည် ဆံပင်ကျွတ်ထွက်သော ရောဂါတစ်မျိုး ဖြစ်ပါသည်။ ကူးစက်တတ်သော ရောဂါမျိုး မဟုတ်ဘဲ ခန္ဓာကိုယ်၏ ကိုယ်ခံအား စနစ်ဖောက်ပြန်ရာမှ တဆင့် ဆံသားရင်းရှိ အိတ်ငယ်လေးများကို ကိုယ်ခံအားစနစ်မှ တိုက်ခိုက်မှုကြောင့် ဖြစ်သော ရောဂါဟု ယူဆကြပါသည်။စက်ဝိုင်းပုံ သို့မဟုတ် ဘဲဥပုံ အကွက်လိုက် ရုတ်တရက် ကျွတ်ထွက်တတ်ပြီး ကျွတ်ကျန်ခဲ့သော နေရာမှာ ချောမွေ့နေပြီး အနာဖေးထခြင်း၊ ဆံပင်ပြတ်ကျန်ခြင်းများ တွေ့ရမည်မဟုတ်ပါ။ ကုသ၍ ရသောရောဂါမျိုး မဟုတ်ဘဲ အချိန် တစ်ခုကြာပြီးနောက် ဆံပင်ပြန်ပေါက်လာပါမည်။ သို့သော် ပြန် ပေါက်မည့်အချိန်ကို ခန့်မှန်းနိုင်ခြင်း မရှိသလို ထပ်လည်းကျွတ် နိုင်ပါမည်။၅ရာခိုင်နှုန်းသော ကလေးများတွင် alopecia totalis ဟူသော ဦးရေပြား ဆံပင်များ မရှိခြင်းနှင့် အချို့ကလေးများတွင်မူ ဆံပင်တွင်မက တစ်ကိုယ်လုံးရှိ အမွေးများပါ ဆုံးရှုံးနိုင်ပါသည်။ ငယ်ရွယ်သော ကလေးများတွင်မူ ထိပ်ပြောင်သော နေရာကို စတီးရွိုက်ဆေးပြင်းများ လိမ်းခြင်းဖြင့် ကုသနိုင်ပြီး အရွယ်ရောက်ပြီးသူများတွင်မူ ဦးရေပြားကို ထိုးဆေးများဖြင့် ကုသနိုင်ပါသည်။ သင့်အနေဖြင့် minoxidil ကို စတီးရွိက် လိမ်းဆေးများနှင့် အတူ သုံးစွဲနိုင်ပါသည်။ဆံပင်နှစ်ခွကွဲခြင်းကြောင့်လည်း ဆံပင်ဆုံးရှုံးမှု ရှိနိုင်ပါသည်။ ဆံပင်ကို တင်းကျပ်စွာ စည်းနှောင်ခြင်း (ဥပမာ ponytails ဆံထုံး)၊ ပွတ်တိုက်များခြင်း (ဥပမာ ခေါင်းအုံးနှင့် ပွတ်တိုက်ခြင်း)နှင့် ဓာတု ပစ္စည်းများ ထိတွေ့မှု့များခြင်း စသည်တို့ကြောင့် ဖြစ်ရပါသည်။ထို့ အပြင် trichotillomania စိတ်ရောဂါရှင်များတွင် မိမိဆံပင်ကို မိမိဘာသာ ဆွဲနှုတ်တတ်သောကြောင့် ဆံပင်နှစ်ခွကွဲကာ ဆံပင် ဆုံးရှုံးမှု ဖြစ်နိုင်ပါသည်။အကယ်၍ သင့်ဆရာဝန် အနေဖြင့် သင့်ကလေး ဆံပင်ဆုံးရှုံးမှုရှိနေပါက ဖြစ်စေသော အကြောင်းရင်း ကို သေချာစွာ ရှာဖွေမည်ဖြစ်ပြီး တွေ့ရှိပါက အကြောင်းရင်းကို ရပ် တန့်စေမည် ဖြစ်ပါသည်။သို့မှသာ ဆံပင်အသစ် ပြန်ပေါက်သောအခါ ကောင်းသွားမည်ဖြစ်သော်လည်း ကာလရှည် ဖြစ်ပွားခြင်းများတွင်မှု အနာရွတ်ဖြစ်သွားပါက ပြန်ပေါက်တော့မည် မဟုတ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%86%e1%80%b6%e1%80%95%e1%80%84%e1%80%ba%e1%80%80%e1%80%bb%e1%80%bd%e1%80%90%e1%80%ba/
အလွန်အကျွံစားသုံးမိနေတဲ့ အကျင့်ကို ဒီလိုဖျောက်ပါ
အလွန်အကျွံစားသုံးမိနေတဲ့ အကျင့်ကို ဒီလိုဖျောက်ပါ …. ဗိုက်တင်းအောင်စားထားတာတောင်မှ စားစရာကို မြင်လိုက်ရင် စားချင်လာတယ်၊ တွေးလိုက်တာနဲ့ ကြားလိုက်တာနဲ့ ထပ်စားချင်လာတာမျိုးဖြစ်ဖူးလား။ ဒါဆိုရင်တော့ မဆာဘဲနဲ့ကို စိတ်မထိန်းနိုင်တာကြောင့် စားမိနေတဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုကို ခံစားနေရတာပါ။ ဒါဆိုရင်တော့ ဒီလိုဖြစ်နေရတဲ့ အကြောင်းအရင်းကို သိနိုင်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ထမင်းကို ဝဝလင်လင်စားပြီးတာ မကြာသေးခင်မှာ မုန့်စားချင်တယ် ဒါမှမဟုတ် ထမင်းထပ်စားချင်လာတယ်ဆိုတာမျိုးတွေ ဖြစ်လာတဲ့အခါ စိတ်အလိုလိုက်ပြီး ထပ်စားမိလိုက်တယ်။ ဒါက အမှန်တော့ခန္ဓာကိုယ်က လိုအပ်တဲ့ပမာဏထက် ပိုစားမိတာပါပဲ။ ဒါကိုအလွန်အကျွံစားသုံးမိခြင်းလို့ ဆိုရပါမယ်။ ဒီလိုစားသုံးမှုက ခဏတာလောက်ပဲဆိုရင် ကိစ္စမရှိပေမယ့် အချိန်ကြာမြင့်စွာ စားသုံးမိမယ်ဆိုရင်တော့ကျန်းမာရေးကို ထိခိုက်လာနိုင်ခြေက တော်တော်လေးများနေပါပြီ။အလွန်အကျွံစားသုံးမိတာက အချိန်ကြာလာတဲ့အခါ။ဒီအလိုအခြေအနေကို ထိန်းချုပ်ဖို့က တော်တော်လေးတော့ ခက်မှာပါ။ ဒါပေမယ့် သေချာလေးဂရုစိုက်လုပ်ဆောင်မယ်ဆိုရင်တော့ အဆင်ပြေအောင်မြင်နိုင်ပါတယ်။ ဒီတော့ အလွန်အကျွံစားသုံးမိနေတဲ့ အကျင့်ကို ဒီလိုဖျောက်ပါ ………….။အစားစားတဲ့အခါ အခြားတစ်ခုခုကိုအာရုံစိုက်ထားတာမျိုး မလုပ်ပါနဲ့။ မလိုအပ်ဘဲ ပိုစားမိသွားနိုင်တာကြောင့်ပါ။ ဒါကြောင့် အစားစားနေချိန်မှာ ဖုန်းသုံးတာ၊ ဂိမ်းဆော့တာ၊ တီဗွီကြည့်တာမျိုးတွေ မလုပ်ပါနဲ့။ အများကြီးမစားမိစေဖို့ အစားစားနေချိန်မှာစားစရာကလွဲလို့ အခြားအရာတွေကို အာရုံစိုက်မထားပါနဲ့။အစားကို လိုတာထက် ပိုမစားမိစေဖို့ အရင်ဆုံးလုပ်ရမှာက ကိုယ့်ရဲ့အားနည်းချက်ကို သိအောင်လုပ်ဖို့ပါ။ ညနေစာစားပြီးတိုင်း ရေခဲမုန့်တစ်ခွက်စားနေကျဆိုရင် နည်းနည်းချင်းစီလျှော့စားပြီး နောက်ဆုံးလုံးဝမစားမိတဲ့အထိ ကျင့်ယူပါ။အချိုစာတွေအစား သစ်သီးတွေ ပြောင်းစားတာမျိုးလုပ်ပါ။အာလူးကြော်တွေ၊ ရေခဲမုန့်တွေကို အထုပ်လိုက်၊ ဘူးလိုက်ချစားတာက အများကြီးစားမိစေနိုင်ပါတယ်။ ဒါကြောင့် ကုန်သလောက် နည်းနည်းချင်းစီ ခွဲထည့်ပြီးစားပေးပါ။ ဒီလိုစားပေးတာက မလိုအပ်ဘဲ အပိုစားမိတာကို ထိထိရောက်ရောက် ဟန့်တားနိုင်မှာပါ။နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကလည်း မလိုအပ်ဘဲ စားမိတာမျိုးကိုဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုပြေလျော့စေနိုင်တဲ့ယောဂလေ့ကျင့်တာ၊သီချင်းနားထောင်တာ၊ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊တရားထိုင်တာလိုမျိုး အလေ့အထလေးတွေကို လုပ်ပေးပါ။အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်ကြတဲ့ ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊ အုတ်ဂျုံနဲ့ လုပ်ထားတဲ့ cerealတွေကို စားပေးပါ။ ဒီအစားအစာတွေက အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အဆာခံနိုင်စေပြီး အလွန်အကျွံစားသုံးမိတာကို အထိရောက်ဆုံးလျှော့ချပေးနိုင်မှာပါ။အစားစားချိန်မှန်တာကဝိတ်ကျဖို့အတွက် အထောက်အကူပြုနိုင်သလို ကယ်လ်လိုရီစားသုံးမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ပုံမှန်မစားမိတာက လိုတာထက်ပိုစားမိစေဖို့ အလားအလာတော်တော်လေး များစေနိုင်တာပါ။ ဒါကြောင့် အစားကို အချိန်မှန်မှန်စားပေးပါ။ပရိုတင်းကလည်း အဆာခံနိုင်စေပါတယ်။ ဒါကြောင့် အများကြီးမစားမိအောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့်မနက်စာကစပြီး တစ်နေ့တာစားသုံးမှုမှာ ပရိုတင်းပြည့်ဝအောင် စားသုံးပေးစေချင်ပါတယ်။အစာကို ဖြည်းဖြည်းချင်းဝါးစားပေးတာကလည်း အများကြီးမစားမိအောင် ထိန်းရာကျပါတယ်။ ဒါကြောင့် အစားစားတဲ့အခါ အလောတကြီးနဲ့ ခပ်မြန်မြန် မစားပါနဲ့။ အနည်းဆုံးမိနစ် ၂၀လောက်အချိန်ပေးပြီး ကြေညက်အောင် ဝါးစားပါ။ စားတဲ့ ပမာဏကိုလည်း ထိန်းပြီးသား ဖြစ်သလို အစာမကြေတဲ့ ပြဿနာလည်း ရှင်းပြီးသား ဖြစ်သွားပါတယ်။တချို့လေ့လာချက်တွေအရ အချိုရည်တွေ အလွန်အကျွံသောက်သုံးမှုက အစားတွေကို ပိုစားမိစေနိုင်ပါတယ်တဲ့။ ဒါ့ပြင် အချိုရည်တွေက အဝလွန်စေပြီး ရေရှည်မှာ ဆီးချိုရောဂါဖြစ်နိုင်ခြေ များစေပါတယ်။ ဒါကြောင့် အစားတစ်ခုခုစားတဲ့အခါ သောက်စရာတစ်ခုခုသောက်ချင်တယ်ဆိုရင် အချိုရည်မသောက်ပါနဲ့။ ရေပဲသောက်ပေးပါ။အလွန်အကျွံစားမိတာကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေမဖြစ်စေဖို့ ဒီအချက်လေးတွေကို သတိထားစေချင်ပါတယ်နော်… Hello ဆရာဝန်ပရိသတ်ကြီးရေ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/eating-disorders/how-to-deal-with-overeating/
သဘာဝအတိုင်းအသားဖြူစေမယ်
ပြစ်မျိုးမှဲ့မထင်ဖြူစင်တဲ့အသားအရေဟာ အများစုလိုချင်ကြတဲ့ ဆန္ဒတစ်ခုပါပဲ။ အသားဖြူခရင်တွေ၊ လိုးရှင်းတွေဟာလည်း ဈေးကွက်တခွင်မှာ ပလူပျံနေပါတယ်။ ဒါပေမယ့် ထိုအရာတွေမှာ အရေပြားကိုထိခိုက်စေနိုင်တဲ့ ဓါတုပစ္စည်းတွေပါနေနိုင်ပါတယ်။ ပြီးတော့ အကုန်အကျလည်းများသေးတယ်မို့လား။ ကျွမ်းကျင်သူတွေက အသားဖြူရန် အသုံးပြုသင့်သည့် သဘာဝအသားဖြူနည်းတစ်နည်း အကြံပေးထားပါတယ်။ထိုနည်းကိုကြည့်လိုက်ရအောင်-။သဘာဝပစ္စည်းများကိုအသုံးပြုသော အသားအရေထိန်းသိမ်းစောင့်ရှောက်သည့်နည်းဖြစ်တယ်။ အသင့်တော်ဆုံး၊ အကောင်းဆုံး အသားအရေစောင့်ရှောက်သည့်ပစ္စည်းများသုံးရုံတင်မကပဲ သင့်ကျန်းမာရေးအတွက် စားသောက်ပုံစံ၊ အမူအကျင့်တွေပါ ထည့်သွင်းစဉ်းစားသောနည်းဖြစ်တယ်။သင့်နေစဉ်လှုပ်ရှားလုပ်ကိုင်ပုံတွေမှာ သင့်မျက်နှာမှာအမည်းစက်တွေဖြစ်စေသော အကြောင်းအရင်းတွေပါကောင်းပါနေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အသားအရေကျန်းမာရေးအတွက် ရန်သူအကြီးကြီးဖြစ်တယ်။ အရေပြားခြောက်သွေ့မည်းညစ်စေပါတယ်။ အရေးကြောင်းတွေလျင်မြန်စွာဖြစ်စေနိုင်ပြီး အစက်အပြောက်များလည်းဖြစ်ပေါ်စေတယ်။ဒါ့အပြင် နေလောင်ခြင်းကလည်း သင့်အသားအရေမည်းညစ်စေပါတယ်။ လိုအပ်သောအာဟာရများမပါဘဲ ကျန်းမာစွာမစားသောက်ခြင်းဟာလည်း အသားအရေပျက်စီးစေသော နောက်တစ်ချက်ဖြစ်တယ်။ တကယ်လို့ အသားဖြူလိုပါက အိမ်တွင်းအသားဖြူပစ္စည်းတွေ သုံးတာအပြင် နေထိုင်မှုပုံစံပါပြောင်းရပါလိမ့်မယ်။ လိုအပ်သောပြောင်းလဲမှုများလုပ်ပြီး လိုအပ်သောအရာများ ပုံမှန်အသုံးပြုပါက အသားရောင်ဝင်းဝါလာနိုင်ပါတယ်။ကျွန်ုပ်တို့သိထားတဲ့အတိုင်း အသားဖြူခရင်တွေမှာ ကင်ဆာဖြစ်နိုင်ချေရှိတယ်လို့ စောင့်ကြည့်နေကြတဲ့ ပစ္စည်းတွေပါနိုင်တာကြောင့် ကင်ဆာမဖြစ်ရင်တောင် ဘေးထွက်ဆိုးကျိုးအနေနဲ့ တခြားသောကျန်းမာရေးပြဿနာတွေ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ နေလောင်မခံနိုင်သူတွေအတွက် ထိုအသားအရေစောင့်ရှောက်သော ပစ္စည်းများသုံးခြင်းက အရေပြားလောင်ခြင်းကိုဖြစ်စေနိုင်ပါတယ်။အပင်တွေကရသော သဘာဝအသားဖြူပစ္စည်းတွေနဲ့ နေထိုင်မှုပုံစံပြောင်းလဲပြီး အသားဖြူစေတဲ့နည်းမှာတော့သင့်အရေပြားအတွက် ဘေးထွက်ဆိုးကျိုး မရှိနိုင်ပါဘူး။ မလိုအပ်သောဆိုးကျိုးများမပါဘဲ လိုချင်သောရလဒ်ရနိုင်မယ်လို့ ဆိုလိုတာပါ။သာမန်ဈေးဆိုင်မှာအလွယ်တကူရနိုင်တဲ့ သဘာဝအသားဖြူပစ္စည်းတွေပါ။ဒိန်ချဉ်။နို့ထွက်ပစ္စည်းဒိန်ချဉ်ဟာ အရေပြားအတွက်ကောင်းသော ပစ္စည်းအများအပြားပါပါတယ်။ အရောင်ချွတ်နိုင်သော lactic acid လည်းပါတယ်။လိမ္မော်သီး။အသားအရေစောင့်ရှောက်ဖို့ အရေးကြီးဆုံးပစ္စည်းက ဗီတာမင်-စီဖြစ်တယ်။ လိမ္မော်သီးတွေမှာ ကြွယ်ဝစွာ ပါပါတယ်။ ဒါ့အပြင် လိမ္မော်သီးတွေမှာ သင့်အသားအရေဝင်းစေသော အရောင်ချွတ်သတ္တိလည်း ပါတယ်။ လတ်ဆတ်သောလိမ္မော်သီး ပုံမှန်စားပေးခြင်းဟာ အသားအရေကိုကောင်းစွာအထောက်အပံ့ပေးနိုင်ပြီး ချောမွေ့စေပါတယ်။ကုလားပဲမှုန့်။ကုလားပဲမှုန့်ဟာ အသားဖြူလိုသူများအတွက် အကောင်းဆုံးပစ္စည်းတစ်မျိုးဖြစ်တယ်။ အသားအရေကျန်းမာစေသော ပါဝင်ပစ္စည်းအမျိုးမျိုးပါပါတယ်။ပျားရည်။ပျားရည်ဟာ အသားအရေဝါဝင်းစေရုံသာမက စိုပြေစေပါတယ်။ အသားခြောက်ခြင်းဟာ အသားရောင်မညီညာခြင်းကိုဖြစ်စေနိုင်တယ်။ ပျားရည်မှာ အမည်းစက်များ၊ ဝက်ခြံအမာရွတ်များလျော့စေသော ဘတ်တီးရီးယားနိုင်သည့် အာနိသင်လည်းရှိပါတယ်။သံပုရာသီး၊ ရှောက်သီး။သံပုရာသီး ၊ ရှောက်သီးတွေက အက်စစ်သတ္တိဟာ အသားရောင်ဝင်းစေသော ဂုဏ်သတ္တိရှိပါတယ်။ ဗီတာမင်-စီလည်းကြွယ်ဝတာကြောင့် ဆဲလ်အသစ်ဖြစ်ခြင်းကိုလည်း အားပေးတယ်။ antioxidants အာနိသင်လည်းရှိတာကြောင့် အသားအရေအတွက်အလွန်ကောင်းမွန်ပါတယ်။ဒါပေမယ့် အနာများ၊ ဒဏ်ရာများအပေါ်မသုံးမိအောင်တော့ သတိထားပါ။ အက်စစ်သတ္တိက အနာများကိုပိုနာစေနိုင်ပါတယ်။ ဒါ့အပြင် ထိုအသီးများနှင့် ဓါတ်မတည့်လျှင်တော့ ဖျော်ရည်တွေက သင့်တော်မှာမဟုတ်ပါဘူး။ရှားစောင်းလက်ပတ်ဂျယ်လ်။ရှားစောင်းလက်ပတ်ဟာ အသားညစ်ခြင်းကို သက်သာစေနိုင်ပြီး အသားရောင်ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ပတ်ရဲ့ အေးသောဂုဏ်သတ္တိကလည်း ကျန်းမာသောအသားအရေအတွက် လိုအပ်တဲ့ ဆဲလ်အသစ်ပွားခြင်းကို အားပေးပြီး ပျက်စီးနေသောတစ်သျှူးများ ပြုပြင်ခြင်းကို အကူအညီဖြစ်စေပါတယ်။ဘာအကြောင်းကြောင့် အသားညိုခြင်း၊ မည်းခြင်းဖြစ်ပါစေ၊ သဘာဝနည်းများဖြင့် အသားဖြူအောင်လုပ်လို့ရပါတယ်။ အလေ့အကျင့်တချို့ စားသောက်ပုံစံပြောင်းလဲကာ အသားဖြူစေသောအိမ်သုံးပစည်းများပြောင်းထည့် အသုံးပြုလိုက်ပါက အံ့သြစရာရလဒ်ကိုကြုံရပါလိမ့်မယ်။Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%9e%e1%80%98%e1%80%ac%e1%80%9d%e1%80%a1%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%96%e1%80%bc%e1%80%b0%e1%80%85%e1%80%b1%e1%80%99%e1%80%9a/
သင့်အလုပ်ခွင်က သင့်ကိုစိတ်ဖိစီးစေလားဆိုတာကို သိနိုင်ဖို့
စိတ်ဖိစီးမှုကင်းစင်တဲ့ အလုပ်ခွင် နဲ့လူနေမှုဘဝက ကိုယ်တိုင်ဖန်တီးမှရတာပါ။တစ်နေ့တာမှာ ကိုယ်မှ စိတ်ဖိစီးနေတာ အခြားသူတွေက စိတ်မဖိစီးဘူးလို့ မထင်လိုက်ပါနဲ့။ လူတိုင်း စိတ်ဖိစီးစရာကိုယ်စီနဲ့ပါ။ဖြေရှင်းတတ်တာနဲ့ မဖြေရှင်းတတ်တာပဲကွာပါတယ်။ တစ်ခါတလေမှာ ကိုယ်တောင်မသိလိုက်ဘဲနဲ့ စိတ်ဖိစီးနေတာမျိုးရှိနေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်လုပ်ကိုင်နေရတဲ့ အလုပ်ခွင်က ကိုယ်မသိလိုက်ဘဲနဲ့ကိုယ့်ကို စိတ်ဖိစီးမှုပေးနေလားဆိုတာကို ဆန်းစစ်ကြည့်ရအောင်လား။အလုပ်ခွင်မှာ အလုပ်လုပ်ရင်းက အခုလိုခံစားလာရပြီဆိုရင် သင့်အနေနဲ့ အလုပ်ခွင်ကြောင့်စိတ်ဖိစီးနေတာဖြစ်နိုင်ပါတယ်။ အလုပ်ခွင်ကိုရောက်သွားတဲ့အခါတိုင်း။စိတ်ဖိစီးမှုဆိုတာကရေရှည်မွေးထားလို့ကောင်းတဲ့အရာမဟုတ်ပါဘူး။ ဒါကြောင့် စိတ်ဖိစီးမှုဖြစ်လာတဲ့အခါ အကောင်းဆုံးဖြေရှင်းဖို့လိုပါမယ်။အကောင်းမြင်စိတ်ထားပါ။အလုပ်ခွင်က ဖိအားများတယ်ဆိုရင်တောင်မှ စိတ်ညစ်လိုက်တာဆိုတဲ့ အတွေးနဲ့မရင်ဆိုင်ပါနဲ့။ ဒါက စိတ်ဖိစီးမှုကို ပိုဖြစ်စေနိုင်တာကြောင့်ပါ။ ဒါကြောင့် တစ်နေ့တာစတင်ချိန်မှာ အရာရာကို အကောင်းဆုံးလုပ်ဆောင်မယ်ဆိုတဲ့အမြင် ငါ လုပ်ဆောင်နိုင်ပါတယ်ဆိုတဲ့ အတွေးတွေနဲ့ စတင်ပါ။ အရာရာကို အကောင်းမြင်စိတ်နဲ့ကြည့်ပါ။လိုအပ်ချက်တွေကို ရှင်းရှင်းလင်းလင်းသိပါစေ။အလုပ်လုပ်တဲ့အခါ ဘာတွေလိုအပ်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိထားတာကလည်း အလုပ်ခွင်ကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုကို အထိရောက်ဆုံး သက်သာစေနိုင်မှာပါ။ ဒါကြောင့် အလုပ်ခွင်မှာ သိထားဖို့လိုအပ်မယ့်အကြောင်းအရာတွေကိုသေချာသိအောင်လုပ်ရပါမယ်။ အထက်အရာရှိကိုမေးဖို့လိုအပ်တာတွေကိုလည်းသေချာလေးမေးထားဖို့လိုပါမယ်။ ဒါမှအရာရာကို ရှင်းရှင်းလင်းလင်းသိပြီး အကောင်းဆုံးလုပ်ဆောင်နိုင်မှာပါ။အလုပ်သွားတဲ့အချိန် ဒါမှမဟုတ် အလုပ်ပြန်တဲ့အချိန်မှာ သီချင်းနားထောင်ပေးပါ။ ဒီလိုသီးချင်းနားထောင်ပေးတာက အလုပ်ခွင်မှာဖြစ်ပေးခံစားရနိုင်တဲ့ စိတ်ဖိစီးမှုကို သက်သာစေဖို့ အကောင်းဆုံးအထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့်ဖုန်းထဲမှာ ကိုယ်နှစ်သက်တဲ့ သီးချင်းလေးတွေကို ထည့်ပြီး နားထောင်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%a1%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%81%e1%80%bc%e1%80%84%e1%80%b9%e1%80%80-%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%80%e1%80%ad%e1%80%af%e1%80%85/
ACL Injuries (ဒူးခေါင်း၏ အဓိကအရွတ် တစ်ခု ဖြစ်သော ကြက်ခြေခတ်ပုံ အရှေ့ပိုင်းအရွတ် (ACL) ဆုတ်ပြဲခြင်း)
ACL injury ဆိုသည်မှာ ဒူးခေါင်း၏ အဓိကအရွတ် တစ်ခု ဖြစ်သော ကြက်ခြေခတ်ပုံ အရှေ့ပိုင်းအရွတ် (ACL) ဆုတ်ပြဲခြင်း ဖြစ်သည်။ ACL injury သည် ဘက်စကတ်ဘော၊ ဘောလုံး၊ တင်းနစ်၊ နှင်းလျှောစီးခြင်း၊ ဘောလီဘော၊ ကိုယ်လက် ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ စသော ရုတ်တရက် ရပ်ခြင်း၊ ခုန်ခြင်း၊ ဦးတည်ချက်ပြောင်းခြင်းတို့ပါဝင်သော အားကစားများ ကစားစဉ် အဖြစ်များသည်။လူအများသည် ACL injury ဖြစ်ပါက ဖောက်ကနဲမြည်သံ ကို ကြားရ ခံစားရသည်။ ဒူးခေါင်းသည် ရောင်လာပြီး ခိုင်ခန့်မှု မခံစားရတော့ပါ။ အလေးချိန်ဖိပါက အလွန်နာကျင်လာသည်။ACL injury ၏ ပြင်းထန်မှုအပေါ်မူတည်ပြီး ကုသမှုတွင် အားအင်ပြန်ရစေရန် အနားယူခြင်း၊ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများပါဝင်သည်။ သို့မဟုတ် ဆုတ်ပြဲသွား သော အရွတ်ကို အစားထိုးရန် ခွဲစိတ်ကုသခြင်း လုပ်နိုင်သည်။ ခွဲစိတ်ပြီးနောက် ပြန်လည်သန်စွမ်းရေး လုပ်ရမည်။ သင့်လျော် သော လေ့ကျင့်မှုအစီအစဉ်ဖြင့် ACL injury ဖြစ်နိုင် ချေကို လျော့ချနိုင်သည်။အဖြစ်အများဆုံး ဒူးခေါင်းဒဏ်ရာရမှု တစ်မျိုးမှာ ကြက်ခြေ ခတ်ပုံ အရှေ့ပိုင်းအရွတ် ဆုတ်ပြဲခြင်း၊ နာကျင်ခြင်း ဖြစ်သည်။ ဘောလုံး၊ ဘက်စကတ်ဘော အားကစားသမားများသည် ကြက်ခြေခတ်ပုံ အရှေ့ပိုင်းအရွတ် ထိခိုက်နိုင်ချေ ပိုများသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးပါ။ACL injury ၏ အဖြစ်များသော လက္ခဏာများမှာ။ဒဏ်ရာရပြီးနောက် သင်လုပ်နေသော လှုပ်ရှားမှုကို ရပ်ရ မည်။ သို့သော် သင်လမ်းလျှောက်နိုင်ပါသည်။ အခြား ကျန်းမာရေး ပြဿနာများသည် ACL injury ကဲ့သို့ လက္ခဏာ များကို ဖြစ်စေနိုင်သည်။ ၎င်းတို့မှာ အရိုးကျိုးခြင်း၊ ဒူးခေါင်း ကူရှင် ဒဏ်ရာရခြင်း၊ ဒူးခေါင်း၏ အခြားအရွတ်များ ဒဏ်ရာရ ခြင်း စသည်တို့ဖြစ်သည်။ အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခု ရှိနေသည်ဟု စိုးရိမ်ပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်သည်။သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။အရွတ်များသည် အရိုးတစ်ခုနှင့် တစ်ခုကို တွဲဆက်ထား သော သန်မာသော တစ်ရှူးအပြားများ ဖြစ်သည်။ ဒူးခေါင်း အလယ်တွင် ကြက်ခြေခတ် ဖြတ်နေသော အရွတ်နှစ်ခုထဲမှ တစ်ခုဖြစ်သော ACL သည် ပေါင်ရိုးနှင့် ညှိ့သကြီးရိုးကို ဆက်ပေးပြီး ဒူးခေါင်းအဆစ်ကို ခိုင်မြဲစေသည်။ACL injury အများစုသည် ဒူးခေါင်းအား ဖိအားဖြစ်စေ သော အားကစားနှင့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်စဉ် ဖြစ်ပွားသည်။အရွတ်ပျက်စီးပါက တစ်ဝက်တစ်ပျက် သို့မဟုတ် အပြည့် ပြဲခြင်း ဖြစ်နိုင်သည်။ မပြင်းထန်သော ဒဏ်ရာသည် အရွတ်ကို ဆန့်ကားစေသော်လည်း ဆုတ်ပြဲခြင်း မဖြစ်စေပါ။အရေပြား လေးဖက်နာ ဖြစ်နိုင်ချေကို မြင့်စေသော အ ချို့များစွာရှိသည်။ ၎င်းတို့မှာ –။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် ခန္ဓါကိုယ်စစ်ဆေးရာတွင် ဒူးခေါင်း ရောင်သလား၊ နာကျင်သလား စစ်ဆေးပါလိမ့်မည်။ ထိခိုက် သော ဒူးခေါင်းကို အခြားတစ်ဖက်ဖြင့် နှိုင်းယှဉ်ပြီး ကြည့်ပါလိမ့် မည်။ ဆရာဝန်သည် သင့် ဒူးခေါင်း မည်မျှလှုပ်ရှားနိုင်သည်နှင့် အဆစ်၏ လုပ်ဆောင်မှုများကို သိရှိရန် သင့်ဒူးခေါင်းကို ပုံစံမျိုးစုံ လှုပ်ရှား စေပါမည်။ရောဂါအဖြေရှာခြင်းကို ခန္ဓါကိုယ်စစ်ဆေးမှု တစ်ခုတည်း အပေါ်မူတည်ပြီးလုပ်သော်လည်း အခြား ဖြစ်စေသော အကြောင်းရင်းများကို သိရန်၊ ဒဏ်ရာ၏ ပြင်းထန်မှုကို ဆုံးဖြတ်ရန် အောက်ပါ စစ်ဆေးမှုများလိုအပ်သည်။ACL injury ကုသမှု၏ ရည်ရွယ်ချက်များမှာ။ပြန်လည်သန်စွမ်းရေးလုပ်ငန်း လအနည်းငယ် လုပ်မလား သို့မဟုတ် ခွဲစိတ်ခြင်းနှင့် ပြန်လည်သန်စွမ်းရေးလုပ်မလား ဆုံးဖြတ်ရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ ACL injury အားလုံး ခွဲစိတ်မှု ပြုလုပ်ရန် မလိုပါ။ဒဏ်ရာရပြီးပြီးချင်း ကုသမှု။ACL injury ရသည်ဟု သိပြီးပါက ပထမဆုံး ကုသမှုတွင် အောက်ပါတို့ ပါဝင်သည်။နောက်ထပ် ကုသမှု။အခြားကုသမှု အမျိုးအစားများကို အောက်ပါတို့အပေါ် မူတည်ပြီး ခံယူပါ။ကုသမှုနည်းလမ်းများမှာ-။လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် ACL injury ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် ACL injury ကို ထိန်းချုပ်နိုင် ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။PasteTextHere။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/acl-injuries-%e1%80%92%e1%80%b0%e1%80%b8%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%81%8f-%e1%80%a1%e1%80%93%e1%80%ad%e1%80%80%e1%80%a1%e1%80%9b%e1%80%bc%e1%80%90%e1%80%b9-%e1%80%90/
ဆောင်းအအေးနဲ့အတူ ထွက်ပေါ်လာပြန်တဲ့ ကူးစက်မြန် ကိုဗစ်မျိုးစိတ်သစ်
ကိုဗစ်ဖြစ်ပွားမှု စတင်ခဲ့တာက ကာလအတိုင်းအတာ တစ်ခုအထိ ကြာမြင့်ခဲ့ပြီ ဖြစ်သလို ကာကွယ်ဆေးတွေလည်း ၂ ကြိမ်တွေ ၃ ကြိမ်တွေ ထိုးပြီးပြီဆိုပြီး ခပ်ပေါ့ပေါ့ သဘောထားလာကြတာတွေကို တွေ့ရပါတယ်။ တကယ်ကတော့ကိုဗစ်က မပြီးသေးသလို ပြီးခဲ့တဲ့ တစ်နှစ်လုံး ကိုဗစ်ဖြစ်ပွားမှုတိုင်းဟာ အိုမီခရွန် မျိုးစိတ်ကြောင့် ဆိုပေမယ့် လက်ရှိမှာတော့ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတော်တော်များများမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ဖြစ်ပွားမှုရဲ့ ၃၅ ရာခိုင်နှုန်းကျော်ဟာ BQ.1 နဲ့ BQ.1.1 လို့ခေါ်တဲ့ အိုမီခရွန်ရဲ့ မျိုးကွဲတွေကြောင့် ဖြစ်တယ်လို့ လေ့လာမှုတွေအရ သိရှိရပါတယ်။ ဒီတော့ ကာကွယ်သတိထားနိုင်ဖို့အတွက် ကူးစက်မြန် ကိုဗစ်မျိုးစိတ်သစ် အကြောင်းကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ကိုဗစ်ရဲ့ အိုမီခရွန်မျိုးစိတ်ကို အာရုံစိုက် စောင့်ကြည့်နေချိန်မှာပဲ အိုမီခရွန်ရဲ့ မျိုးကွဲတွေ ဖြစ်တဲ့ BQ.1 နဲ့ BQ.1.1တို့က ဆောင်းရာသီရဲ့ အအေးနဲ့အတူ ထွက်ပေါ်လာခဲ့ပြီ ဖြစ်တာကြောင့် ကူးစက်ရောဂါ ကျွမ်းကျင်သူတွေက လေ့လာစောင့်ကြည့်မှုတွေ လုပ်ဆောင်နေပါတယ်။ အခုလက်ရှိ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတော်တော်များများမှာ ကူးစက်ဖြစ်ပွားနေတဲ့ BQ.1 နဲ့ BQ.1.1တို့က ကူးစက်မြန်သလို အရင်ကကိုဗစ်ကူးစက်ခံရဖူးတာကြောင့် ရရှိထားတဲ့ ကိုယ်ခံအားနဲ့ ကာကွယ်ဆေးကြောင့် ရရှိတဲ့ ခုခံအား ကလည်း မကူးစက်အောင် ကာကွယ်ပေးနိုင်စွမ်း မရှိပါဘူး။ ဒါပေမယ့် အရမ်း ပြင်းပြင်းထန်ထန် ခံစားရတာမျိုး အသက်အန္တရာယ် ထိခိုက်တာမျိုး မဖြစ်စေဖို့တော့ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။BQ.1 နဲ့ BQ.1.1တို့က ကိုဗစ်မျိုးစိတ်သစ် တစ်ခုဖြစ်တဲ့အိုမီခရွန်မျိုးကွဲBA.5 ရဲ့ တစ်စိတ်တစ်ပိုင်းပါ။  ကိုဗစ်လှိုင်းအသစ်တစ်ရပ်ကို ဖြစ်ပေါ်စေနိုင်ခြေ ရှိနေပါတယ်။ ဒီမျိုးစိတ် အသစ် ၂ ခုက မတူညီတဲ့နေရာတွေကနေ ပေါက်ဖွားလာပေမယ့် မူလမျိုးရင်းတွေ နည်းတူ ကူးစက်မှုကို ဖြစ်စေနိုင်တဲ့ အလားတူ spike protein တွေကို မျှဝေနိုင်စွမ်းလည်း ရှိပါတယ်လို့ သုတေသီတွေက သုံးသပ်ပြောဆိုနေတာတွေလည်း ရှိပါတယ်။လက်ရှိမှာ ကူးစက်မှုတော်တော်များများက ဒီမျိုးစိတ် ၂ ခုကြောင့် ဖြစ်နေတာဖြစ်ပြီး စိုးရိမ်စရာကောင်းတယ်လို့ ပြောရတာက BQ.1.1 က ကိုဗစ်ကြောင့် ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ခံစားရတာကို လျှော့ချပေးနိုင်ဖို့ ထုတ်ထားတဲ့ antibody drugကို ရှောင်ရှားနိုင်နေတာကြောင့်ပါ။BQ.1 နဲ့ BQ.1.1တို့ရဲ့ လက္ခဏာတွေကတော့ အရင် ကိုဗစ် လက္ခဏာမျိုးစိတ်တွေနဲ့ တော်တော်များများ တူပါတယ်။ ဒါပေမယ့် ရောဂါမပြင်းထန်အောင် ကာကွယ်​ပေးရာမှာတော့ ကိုယ်ခံအားက အရေးအပါဆုံးပါပဲ။ကာကွယ်ဆေး ထိုးထားမယ်။ကိုယ်ခံအားကလည်း ဗိုင်းရပ်စ်ကို ကာကွယ်ဖို့ အလေ့အကျင့် ရထားမယ်ဆိုရင် ရောဂါလက္ခဏာတွေကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ခြေက အတိုင်းအတာ တစ်ခုအထိ နည်းသွားမှာပါ။ကိုဗစ် မျိုးစိတ် အများစုရဲ့ လက္ခဏာတွေကတော့။ဒါတွေအပြင် BQ.1 နဲ့ BQ.1.1တို့ ဝင်ရောက်ကူးစက်ခံရချိန်မှာ သာမန်ဖျားနာမှုနဲ့ တူတဲ့ ကိုဗစ်ရဲ့လက္ခဏာတွေ ဖြစ်ကြတဲ့။BQ.1 နဲ့ BQ.1.1တို့က ကာကွယ်ဆေးက ရတဲ့ ကိုယ်ခံအားနဲ့ ရောဂါကူးစက်မှုကနေ ရတဲ့ ခုခံအားတွေကနေ ရှောင်တိမ်းနိုင်တယ်ဆိုပေမယ့် ထပ်လောင်းကာကွယ်ဆေးတွေနဲ့ အားဖြည့်ထားတဲ့ ကိုယ်ခံအားစနစ်ကိုရော ရှောင်တိမ်းနိုင်သလားဆိုတာကို သေသေချာချာ မသိရသေးပါဘူး။ ဒါကြောင့် အကောင်းဆုံးကတော့။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/omicron-subvariants-bq-1-and-bq-1-1/
ကလေး အသားဝါ
ကလေးအသားဝါခြင်းသည် ရောဂါမဟုတ်ဘဲ လက္ခဏာ တစ်ရပ် သာ ဖြစ်ပါသည်။ အသားဝါဟု ဆိုရာတွင် အရေပြားနှင့် မျက်စိ အဖြူသားများ အဝါရောင် သန်းနေခြင်းကို ဆိုပါသည်။ ရောဂါ မဟုတ်ဟု ဆိုထားသော်လည်း သင့်အနေဖြင့် သင့်ကလေး အသားဝါနေပါက သတိထားရန် လိုအပ်ပါမည်။ အများအားဖြင့် အသားဝါခြင်းသည် လသားများတွင် အတွေ့ရများပါသည်။ အန္တရာယ် မရှိတတ်ပါ။ အသားဝါသည် လသားကလေးများတွင် ဖြစ်ရခြင်းသည် ကလေး၏ သွေးထဲတွင် Bilirubin များလာခြင်းကို ဖော်ပြပါသည်။သွေးနီဥလေးများသည် ခန္ဓါကိုယ်တွင်း ပုံမှန်အတိုင်း ပြိုကွဲရာမှ bilirubin ကို ထုတ်လုပ်ပေးပါသည်။ ယင်း Bilirubin ကို အသည်း တွင် ဆက်လက်ချေဖျက်ပါသည်။ သန္ဓေသားဘဝတွင်မူ ယင်းသို့ ချေဖျက်သည့် အလုပ်ကို အမေ၏ အသည်းမှ လုပ်ဆောင်ပေး သော်လည်း မိခင်ဝမ်းမှ ကျွတ်သည်နှင့် မိမိကိုယ်ပိုင် အသည်းမှ ဆောင်ရွက်ရပါသည်။ မွေးကင်းစ ကလေးများ၏ အသည်းသည် ယင်းလုပ်ငန်းကို အပြည့်အ၀ မလုပ်နိုင်သောအခါ ခန္ဓါကိုယ်ထဲ တွင် bilirubin များ စုပုံလာပြီး အသားဝါခြင်း ဖြစ်ပေါ်လာပါသည်။ကလေးအသားဝါသည် အများအားဖြင့် လမစေ့သော ကလေးများ တွင် ဖြစ်တတ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် လမစေ့ကလေး များတွင် အသည်းကောင်းစွာ မဖွံဖြိုးခြင်း၊ နို့လုံလောက်စွာ မရခြင်း နှင့် နို့ထဲတွင် ကလေးအသားဝါစေသော အရာများပါလာခြင်း စ သည်တို့ကြောင့် ဖြစ်နိုင်ပါသည်။ကလေးကြီးများတွင်မူ အသားဝါခြင်းသည် ခန္ဓါကိုယ်တွင်းရှိ bilirubin ပမာဏပေါ်တွင် မူတည်နေပါသည်။ ယင်းအရွယ်များ တွင် Bilirubin ပမာဏကို မြင့်တက်စေသော အကြောင်းရင်းများ မှာ အောက်ပါ အတိုင်းဖြစ်ပါသည်။သည်းခြေပြွန်ရောင်ခြင်း၊ ပိတ်ခြင်း၊ အသည်းရောင်ခြင်း၊ အသည်း ပိုးဝင်ခြင်းကြောင့် Bliirubin ကို ခန္ဓါကိုယ်တွင်းမှ မထုတ်ပယ် နိုင်ခြင်းကြောင့် အသားဝါဖြစ်လာစေသည်။သွေးနီဥ ပျက်စီးသော သွေးအားနည်းရောဂါကြောင့် သွေးနီဥများ ကို ပြိုကွဲစေပြီး bilirubin ပိုများလာပြီး အသားဝါ ဖြစ်လာစေသည်။Gilbert’s Syndrome ကြောင့် သည်းခြေရည် မစစ်ထုတ်နိုင်ခြင်း ကြောင့် Bliirubin ကို ခန္ဓါကိုယ်တွင်းမှ မထုတ်ပယ် နိုင်ခြင်း ကြောင့် အသားဝါဖြစ်လာစေသည်။မီးပြခြင်း။ ဆေးရုံတွင် (စိမ်း+ပြာရောင်) မီးချောင်းပြပြီး ဆီးမှတစ် ဆင့် bilirubin ဓါတ်များကို စွန့်ထုတ်စေပါသည်။သွေးလဲကုသခြင်း။ အထက်ဖော်ပြပါ နည်းလမ်းများဖြင့် bilirubin ဓါတ်များကို စွန်ထုတ်ရန် မလုံလောက်ဘဲ အလွန်ပြင်းထန်သော အသားဝါရောဂါတွင် သွေးသွင်းခြင်းဝါ သွေးလဲခြင်းကို အသုံးပြု ကုသပါမည်။ ဤနည်းလမ်းတွင် ကလေး၏ ကိုယ်ထဲမှ သွေး အနည်းငယ်ကို ထုတ်ယူပြီး သွေးလှူရှင် ထံမှ သွေးကို ပြန်အစား ထိုးခြင်းကို ထပ်ခါထပ်ခါ ပြုလုပ်ခြင်း ဖြစ်ပါ သည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချ က်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8-%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%9d%e1%80%ab/
ထမင်းရည် သောက်ပေးရင် ခန္ဓာကိုယ်ကျန်းမာတယ်
ထမင်းရည်ဆိုတာက ရင်းနှီးပြီးသား အစားအစာတစ်မျိုးပါ။ အထူးတလည်ပြောစရာမလိုဘဲ ငယ်ငယ်ကတည်းကကိုရင်းနှီးလာတဲ့စားစရာတစ်ခုပေါ့။ ငယ်ငယ်က ထမင်းရည်ထဲကို သကြားထည့်သောက်တာ၊ ဆားထည့်သောက်တာ၊နို့မှုန့်ထည့်သောက်တာ၊ ထမင်းနဲ့ဆားနဲ့ထည့်ပြီး ဖျော်စားတာမျိုး စားဖူးကြမယ်ထင်ပါတယ်။ ထမင်းရည်က အာဟာရဓာတ် များသလို ခန္ဓာကိုယ်ကျန်းမာလှပဖို့အတွက်လည်း တော်တော့်ကို အထောက်အကူပြုပါတယ်။ဆန်ဆေးရေကိုတော့ အလှအပအတွက်တော်တော်လေးအသုံးပြုနေကြပြီဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ ထမင်းရည်က ခေါင်းအစခြေအဆုံး တစ်ကိုယ်လုံးကို ကျန်းမာလှပစေနိုင်တဲ့ အကြောင်းလေး နည်းနည်းလောက် ပြောပြပါရစေ။ထမင်းရည်ဆိုတာဆန်ကို ရေစင်အောင်ဆေးပြီး ရေထည့်လို့ ထမင်းချက်တဲ့အခါ ထမင်းဖြစ်ပြီဆိုရင် ငှဲ့ချလိုက်ရတဲ့ အရည်ပါ။ ထမင်းကို ပေါင်းအိုးနဲ့ တည်တာမဟုတ်ဘူးဆိုရင် ထမင်းရည်ကို ရင်းနှီးပြီး ဖြစ်မှာပါ။ထမင်းရည်မှာ ထမင်း [ဆန်] မှာပါတဲ့ အဆီအနှစ် တော်တော်များများ ပါဝင်နေတာကြောင့် ထမင်းနီးပါး အာဟာရကြွယ်တဲ့ သောက်စရာပါ။ သောက်ရတာ လွယ်ကူသလို အာဟာရ ပြည့်ဝတဲ့ အရာ တစ်ခုပါ။ထမင်းရည်ကိုဆားလေး နည်းနည်းထည့်ပြီး သောက်လို့ ရသလို သကြားလေးထည့်ပြီး သောက်တာမျိုးလည်း ရှိကြပါတယ်။ ထမင်း နည်းနည်း ချေထည့်ပြီး သောက်ကြသလို နို့မှုန့်ထည့်ပြီး သောက်တာမျိုးလည်း ရှိပါတယ်။ထမင်းရည်မှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။ထမင်းရည်မှာ oryzanol လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်ခု ပါဝင်နေပါတယ်။ ဒီဓာတ်ပစ္စည်းက နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အသားအရေ အတွင်းရော အပြင်ကိုပါ ကြည်လင်လှပချင်တယ် ဆိုရင်တော့ ထမင်းရည်သောက်ပါလို့ပြောပါရစေ။ ဒါတင်မကသေးပါဘူး ထမင်းရည်က ဆံသားကိုတောက်ပစေပြီးမျက်နှာအသားအရေကို ကြည်လင်တောက်ပစေပါတယ်။အသားအရေလှပချင်တဲ့ လေဒီတွေအတွက် ထမင်းရည်က အထူးသင့်တော်တဲ့ အစားအစာ တစ်ခုပါ။ဒါတွေတင်မကသေးပါဘူး။ ထမင်းရည်ကကိုယ်တွင်းက အပူအပုပ်တွေကိုကင်းစေနိုင်တာကြောင့် ဝက်ခြံတွေကို သက်သာစေပါတယ်။ နေ့စဉ် ထမင်းရည် ပုံမှန်သောက်မယ်ဆိုရင် ကိုယ်လက်မအီမသာဖြစ်တာ၊ ရာသီသွေးဆင်းချိန်မှာ ခြေကုန်လက်ပန်းကျတာနဲ့ အားနည်းတာမျိုးတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။အခုလောက်ဆိုရင် ထမင်းရည်က ခန္ဓာကိုယ် တစ်ခုလုံးအတွက် အကျိုးပြုတယ်ဆိုတာကို သိလောက်ပြီထင်ပါတယ်။ ဒီနေ့ကစပြီး တစ်နေ့ကို ထမင်းရည်တစ်ခွက်သောက်သုံးပြီး ကျန်းမာလှပတဲ့ အလှတရားကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း လေဒီတို့ကို ဒီဆောင်းပါးလေးကနေတဆင့် သတင်းကောင်းပါးပါရစေ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/health-benefits-of-cooked-rice-water/
Cape Gooseberry (ဗောက်သီး)
ဗောက်သီးမှာ ကိုယ်အလေးချိန်လျှော့ချပေးခြင်း၊ ခန္ဓါကိုယ်တွင်းကအဆိပ်အတောက်တွေကိုပြေစေခြင်း၊ဆီးချိုဝေဒနာကိုထိန်းညှိပေးနိုင်ခြင်း၊ ကျောက်ကပ်လုပ်ငန်းဆောင်တာတွေကိုတိုးမြှင့်ပေးနိုင်ခြင်း၊ပြင်းထန်တဲ့ဝေဒနာအချို့ကနေ ကာကွယ်ပေးနိုင်ခြင်း၊နှလုံးကျန်မာသန်စွမ်းမှုကိုတိုးမြှင့်ပေးခြင်း၊ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေခြင်းတို့ဖြစ်ပေါ်အောင်လုပ်ဆောင်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။ဗောက်သီး ကချိုချိုချဉ်ချဉ်လေးနဲ့အရသာရှိတာကြောင့် အချိုပွဲတွေ၊ကိတ်မုန့်၊သကြားလုံးတွေနဲ့ မုန့်တွေပြုလုပ်ရာမှာထည့်သွင်းအသုံးပြုကြသလို သရေစာအနေနဲ့လည်းဗောက်သီးကို အစိမ်းစားတာမျိုးတွေရှိပါတယ်။ဗောက်သီးမှာ ကယ်လိုရီပမာဏနည်းပါးပြီး ဗီတာမင် နဲ့ သတ္တုဓါတ်တွေလည်းအတော်အသင့်ပါဝင်ပါတယ်။ဗောက်သီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေပြီး ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့Polyphenols နဲ့ carotenoidတွေလည်းပါဝင်ပါတယ်။ဆီးချို-ဗောက်သီးမှာfructose ကြွယ်ဝစွာပါဝင်တာကြောင့် ဆီးချိုဝေဒနာသည်တွေစားသုံးဖို့သင့်တော်ပါတယ်။ရောင်ရမ်းမှုကိုသက်သာစေခြင်း –ဗောက်သီးမှာpolyphenol နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ပန်းနာရင်ကျပ်သက်သာစေတဲ့ဆေး၊ချောင်းဆိုးပျောက်ဆေး၊ အနာကျက်ဆေး၊ သန်ကျဆေး၊ရောင်ရမ်းမှုသက်သာစေတဲ့ဆေး၊ဝမ်းပျော့ဆေး၊ဝမ်းနုတ်ဆေးတွေထုတ်လုပ်ရာမှာအသုံးပြုသလို အစာအိမ်ဝေဒနာတွေအတွက်လည်းအသုံးပြုလို့ရပါတယ်။သွေးတိုးရောဂါကိုထိန်းညှိ –ဗောက်သီးမှာpolyphenols ၊ carotenoid တို့လိုမျိုး phyto-chemical တွေနဲ့သွေးတိုးတာကိုသက်သာစေနိုင်တဲ့ ပိုတက်ဆီယမ်ဓါတ်တွေသင့်တင့်မျှတစွာပါဝင်တာကြောင့်ဗောက်သီးကသွေးတိုးတာကိုထိန်းညှိပေးနိုင်ပါတယ်။ ထိုဇီဝဓါတုဒြပ်ပေါင်းတွေက ကိုလက်စထရောကိုကျဆင်းစေပါတယ်။အဆုတ်ကင်ဆာ –မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့လေ့လာမှုတွေအရဗောက်သီးမှာpolyphenol နဲ့ carotenoidတွေပါဝင်နေတာကြောင့် အဆုတ်ကင်ဆာကို ကုသမှုမှာ အကျိုးရှိစေနိုင်တယ်၊လို့တွေ့ရှိရပါတယ်။ဗောက်သီးမှာ ကင်ဆာဆဲလ်တွေကိုတိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ကင်ဆာကုသမှုမှာ အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။အာရုံကြောပြဿနာတွေကို သက်သာစေခြင်း –ဗောက်သီးမှာfree radicalတွေကိုထိန်းချုပ်နိုင်တဲ့ အစွမ်းရှိတာကြောင့် အာရုံကြောဆိုင်ရာရောဂါတွေအပါအဝင်ရောဂါတော်တော်များများကို ခုခံရာမှာ အထောက်အကူပြုပါတယ်။အမြင်အာရုံကောင်းမွန်စေခြင်း –ဗောက်သီးမှာ ဗီတာမင်အေ (Vitamin A) ကြွယ်ဝစွာပါဝင်တာကြော်င့နေ့စဉ်လိုအပ်နေတဲ့ ဗီတာမင်အေ ပမာဏကိုလုံလောက်စွာထောက်ပံ့ပေးပါတယ်။ ဗီတာမင်အေ က မျက်လုံးကိုကျန်းမာစေပြီးရေတိမ်ဖြစ်တာနဲ့ မျက်လုံးကြွက်သားတွေပျက်စီးတာကိုကာကွယ်ပေးပါတယ်။အရိုးတွေကိုကြံ့ခိုင်သန်စွမ်းစေခြင်း –ဗောက်သီးမှာ အရိုးတွေကြံ့ခိုင်သန်စွမ်းဖို့အတွက်လိုအပ်တဲ့ကယ်လ်ဆီယမ်နဲ့ဖော့စဖရိတ်တွေ စုပ်ယူမှုကို အထောက်အပံ့ပေးတဲ့pectin ပါရှိပါတယ်။ဗောက်သီးက အမျိုးသားတွေမှာဖြစ်တတ်တဲ့ ဒူလာနဲ့ အရေပြားနီမြန်းရောင်ရမ်းတာကိုကုသရာမှာလည်း အသုံးပြုနိုင်ပါတယ်။ကိုယ်ခံစနစ်ကိုတိုးမြှင့်ပေးနိုင်ခြင်း –ဗောက်သီးမှာ ဗီတာမင် စီ (Vitamin C) ပါဝင်တာကြောင့် ခန္ဓါကိုယ်ကလိုအပ်တဲ့ ဗီတာမင် စီ ကိုပြည့်ဝစေပါတယ်။ ဗီတာမင် စီက ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။အသည်းကျန်းမာစေခြင်း –ဗောက်သီးက ခန္ဓါကိုယ်တွင်းက ကိုလက်စထရောပမာဏကိုထိန်းညှိပေးပြီး အသည်းကျန်းမာရေးကိုကောင်းမွန်စေပါတယ်။နှလုံးသွေးကြောကျဉ်းရောဂါ (Atherosclerosis) –ဗောက်သီးဖျော်ရည်မှာ နှလုံးရဲ့ လုပ်ဆောင်မှုတွေကိုကောင်းမွန်စေဖို့အတွက် အထောက်အကူပြုတဲ့ အရေးပါတဲ့phyto-chemical အချို့ပါဝင်ပါတယ်။အအေးမိ၊ တုပ်ကွေးတွေကို သက်သာစေခြင်း –ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တဲ့ဗောက်သီးက အအေးမိတုပ်ကွေးဖျားနာမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ဗောက်သီးကို တစ်နေ့နှစ်ကြိမ်ရေနွေးနဲ့စားသုံးပေးမယ်ဆိုရင် နှာခေါင်းပိတ်တာကိုသက်သာစေမှာဖြစ်ပြီးနေလို့သက်သာလာစေမှာဖြစ်ပါတယ်။ကျောက်ကပ်ကိုကျန်းမာရေးကောင်းမွန်စေခြင်း –ဗောက်သီးက ကိုယ်တွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး ဆီးရွှင်စေတာကြောင့် ခန္ဓါကိုယ်ထဲက ပိုလျှံနေတဲ့ အဆီတွေ၊အငန်ဓါတ်တွေနဲ့ပြန်ရည်ကြောစနစ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားစွန့်ထုတ်ပေးတာကြောင့်ကျောက်ကပ်ကိုကျန်းမာစေပါတယ်။ဘက်တီးရီးယားတွေကိုသေစေနိုင်စေခြင်း –ဗောက်သီးမှာပါတဲ့ ဓါတ်တွေက ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့ ဘက်တီးရီးယားတွေကိုရော အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေကိုပါသေစေနိုင်တဲ့ အစွမ်းရှိပါတယ်။ဗောက်သီးကE. Coli ဘက်တီးရီးယားအပါအဝင် ဘက်တီးရီးယားတော်တော်များများကိုသေစေနိုင်ပါတယ်။ဗီတာမင် စီ ကြွယ်ဝခြင်း –ဗောက်သီးမှာ သံပုရာသီးထက် ဗီတာမင် စီ ၂ ဆလောက်ပါဝင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတာကြောင့်ဗောက်သီးစားသုံးပေးတာက နှလုံးသွေးကြောဆိုင်ရာရောဂါ၊လေဖြတ်ခြင်း၊ ကင်ဆာရောဂါတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။Pectin ပါဝင်ခြင်း –ဗောက်သီးမှာအစာချေအူလမ်းကြောင်းရဲ့လုပ်ဆောင်မှုတွေကို အဆင်ပြေချောမွေ့စေပြီး ဝမ်းမချုပ်အောင်ကာကွယ်ပေးတဲ့ပျော်ဝင်လွယ်တဲ့အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။မမှည့်သေးတဲ့ဗောက်သီးမှာ ဓါတ်မတည့်မှုကိုဖြစ်စေနိုင်တဲ့ အဆိပ်ရှိတဲ့alkaloid အနည်းငယ်ပါဝင်နေတာကြောင့်ဗောက်သီးကိုမမှည့်ဘဲမစားသုံးသင့်ပါဘူး။ချယ်ရီသီးမျိုးရင်းဝင်၊ ဘယ်ရီသီးမျိုးရင်းဝင်အသီးတွေအပင်တွေနဲ့ ဓါတ်မတည့်သူတွေအနေနဲ့ဗောက်သီးမစားသုံးသင့်ပါဘူး။ဗီတာမင် စီ၊ ဗီတာမင် အို တို့နဲ့ ဓါတ်မတည့်သူတွေအနေနဲ့လည်းဗောက်သီးကိုလုံးဝမစားသုံးသင့်ပါဘူး။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/cape-gooseberry-%e1%80%b1%e1%80%97%e1%80%ac%e1%80%80%e1%80%b9%e1%80%9e%e1%80%ae%e1%80%b8-3/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/respiratory-infections/facts-to-know-about-langya-virus/
ဆောင်းတွင်း အအေးဒဏ်ကို ခုခံနိုင်ဖို့ ဘာတွေစားမလဲ
ဆောင်းတွင်း အအေးဒဏ်ကို ခုခံနိုင်ဖို့ ဘာတွေစားမလဲ ….. ရာသီစာလေးတွေ ရှိတာ သိတယ် ဟုတ်၊ နွေရာသီ ဆိုရင်လည်း ရေဓာတ် ပြည့်စေမယ့် အစားအစာတွေ ရွေးချယ်စားသောက် ပေးရသလို မိုးရာသီမှာလည်း ယင်နားစာတွေ မစားဖို့ သတိပြုရ တာပါပဲ။ ဒီတော့ ဆောင်းတွင်းမှာလည်း အအေးဒဏ်ကြောင့် နှာစေး၊ ဖျားနာတာတွေ မရှိစေဖို့ အထောက်အကူပြုတဲ့ အစားအစာတွေကို စားပေးဖို့ လိုပါတယ်။ ဆောင်းတွင်းမှာ စားရမှာလေးတွေ Hello Sayarwon က လမ်းညွှန်ပေးမယ်နော်။ဆောင်းတွင်း အအေးဒဏ်ကို ခုခံနိုင်ဖို့ ဘာတွေစားမလဲဆိုတော့။ပူပူနွေးနွေး အသား စွပ်ပြုတ်လေးတွေ ကြိုက်တယ် မလား။ပူပူနွေးနွေးလေးတွေက ဆောင်းရာသီမှာ အချမ်းဓာတ်ကို ပြေစေရုံသာမက ခန္ဓာကိုယ်ရဲ့ စွမ်းအင်တွေကို တိုးမြှင့်စေပါတယ်။ ခန္ဓာကိုယ် အတွင်းပိုင်းမှာ နွေးသွားစေတာမို့ ထိုင်းမှိုင်းနေတာတွေ မဖြစ်ဘဲ လန်းဆန်းတက်ကြွ နေစေမှာပါ။ အသားကနေ ရရှိတဲ့ ပရိုတင်းဓာတ်ဟာ ခန္ဓာကိုယ် လှုပ်ရှားနိုင်ဖို့ နဲ့ အားအင်တွေ ပြည့်နေစေတာမို့ ရောဂါတွေ အလွယ်တကူ မဝင်ရောက်စေပါဘူး။ ကိုယ်ခံအား စနစ် ကောင်းနေတာမို့ ဘက်တီးရီးယားတွေကို မဝင်ရောက်နိုင်ပါဘူး။သလဲသီးကိုတော့ အစေ့တိုင်းလဲ စားလို့ရသလို ဖျော်ရည်အဖြစ် ဖျော်သောက်လည်း ရပါတယ်။ သလဲသီး ဖျော်ရည်မှာ ဓာတ်တိုးဆန့်ကျင်မှုတွေ ကြွယ်ဝစွာ ပါဝင်နေပြီး ခန္ဓာကိုယ် အတွက် ဆိုးကျိုးပြုတဲ့ ကိုလက်စထရောတွေကို တိုးစေတဲ့ free radical တွေကို ကန့်သတ်ပေးနိုင်တဲ့ အစွမ်းတွေ ရှိပါတယ်။အစပ်ကြိုက်တဲ့ သူတွေ အတွက်တော့ အကောင်းဆုံး ပဲနော်။ အစပ် အရသာကို ပေးစွမ်းနိုင်တဲ့ ငရုတ်ကောင်းတွေမှာ အစပ် အရသာကို ပေးနိုင်တဲ့ Capsaician လို့ ခေါ်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းတွေဟာ ဇီဝဖြစ်စဉ်ကို ကောင်းမွန်စေပြီး အဆီတွေကို တိုက်ထုတ်ပေးပါတယ်။နောက်တစ်ခု ကတော့ ဟင်းချိုတွေ ထဲမှာ ငရုတ်ကောင်း ဒါမှမဟုတ် အစပ် တစ်မျိုးမျိုး ထည့်စားမယ် ဆိုရင်တော့ ရှူးရှူးရှဲရှဲ ဖြစ်စေပြီးချွေးပုပ်တွေထွက်ကာ ခန္ဓာကိုယ် လန်းဆန်း နေမှာပါ။ အေးလွန်းလို့ ဆိုပြီး နှာခေါင်း ပိတ်နေတာတွေလည်း ကောင်းသွားမှာ အသေအချာပါပဲ။ချင်း(ဂျင်း) ပြုတ်ရည်ပူပူလေး ကတော့ ဆောင်းတွင်း အအေးဒဏ်တွေကို ခုခံပေးနိုင်မယ့် အကောင်းဆုံး အစားအစာ ပါပဲ။ ချင်း(ဂျင်း) ပြုတ်ရည်မှာ ပါဝင်တဲ့ Thermogenic က ခန္ဓာကိုယ်ကို နွေးထွေးစေတဲ့ ဂုဏ်သတ္တိတွေ ပေးစွမ်းပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုကို အားကောင်းစေပြီး ကိုယ်ခံအားကိုလည်း ကောင်းမွန်စေပါတယ်။ဒါကြောင့် နှာမွှန်ခြင်း နဲ့ ဖျားချင် သလိုလိုလေး ဖြစ်လာပြီ ဆိုရင်တော့ ချင်း(ဂျင်း) ပြုတ်ရည်လေးသာ သောက်ထားလိုက်ပါ။ မနက်ခင်းမှာ သောက်ပေးရင် အကောင်းဆုံးနော်။ ချင်း(ဂျင်း) နှစ် ဂရမ်လောက်ကို ရေနွေးလေးနဲ့ စိမ်ပြီး ဒါမှမဟုတ် ပြုတ်ပြီး မနက်ပိုင်းတွေမှာ သောက်လို့ ရပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/power-foods-you-should-eat-winter/
ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှု အားမည်သို့ကိုင်တွယ်ဖြေရှင်းရမည်နည်း
အရွယ်ရောက်သူများဆိုသည်မှာ ကလေးများအားကူညီရန်နှင့် အားပေးရန်သာဖြစ်သည်မဟုတ်ပါလော?အရွယ်ရောက်သူများသည် ကလေးများအားစောင့်ရှောက်ကာ ဘယ်လိုနေထိုင်ပြုမူစားသောက်ရသည်ကိုသင်ကြားကာ ကောင်းသောအလုပ်များကို လုပ်ရန်အားပေးအားမြှောက်ပြုရသည်သာဖြစ်သည်။ အရွယ်ရောက်သူအများစုသည် ကလေးများအားကောင်းမွန်စွာဆက်ဆံကြသော်လည်း အချို့မှာ ကလေးများကို ကူညီသင်ကြားခြင်းထက် စာလျှင်နာကျင်အောင်ပြုလုပ်ကြသည်။ ထိုသို့နာကျင်အောင်တစ်စုံတစ်ယောက်အားပြုလုပ်ခြင်းကို ညှင်းပန်းနှိပ်စက်ခြင်းဟုခေါ်သည်။ကလေးသူငယ်များအား ညှင်းပန်းနှိပ်စက်ခြင်း သည်မည်သည့်နေရာတွင်နေသည့်ကလေးများပင်ဖြစ်စေ၊မည်မျှထိုကလေးများ၏မိဘများသည်ချမ်းသာသည်ဖြစ်စေ၊မည်သို့သောသူများနှင့် အတူနေထိုင်သည်ဖြစ်စေ ဖြစ်ပွားနိုင်သည်။ ကလေးတစ်ယောက်သည် သူ၏မိဘ(သို့)ပထွေး(သို့)မိထွေး (သို့) မိသားစုဝင်တစ်ဦးဖြစ်စေ၊ဆရာ၊ဆရာမ၊နည်းပြ (သို့)ကလေးထိန်း၊(သို့)ပိုအရွယ်ကြီးမားသောကလေးတယောက်မှဖြစ်စေညှင်းပန်းနှိပ်စက်ခံရနိုင်သည်။ကလေးသူငယ်ညှင်းပန်းမှုသည် မည်သည့်နေရာတွင်မဆိုဖြစ်ပွားနိုင်သည်။ဥပမာ အိမ်၊ကျောင်း၊ကလေးစောင့်ရှောက်ရေးနေရာ(သို့) ချက်ကျောင်း(သို့)အခြားသော ဘာသာရေးအဆောက်အအုံများတွင်ဖြစ်ကြသည်။ချက်ချင်းအကြောင်းကြားပါ။ပြင်းထန်စွာ နှိပ်စက်ခံထားရသော ကလေးသည်လည်း ယုံကြည်ရသော လူကြီးတစ်ယောက်ကို ချက်ချင်းအကြောင်းကြားသင့်ပါသည်။ သို့သော်လည်း ညှင်းပန်းသူသည် ကလေးအား ထိုအကြောင်းလျှောက်မပြောပဲ တိတ်ဆိတ်စွာနေရန် ခြောက်လှန့်ချိန်းချောက်ထားနိုင်သောကြောင့် ထိုကဲ့သို့အကြောင်းကြားရန်မှာခဲယဉ်းသည်။ ညှင်းပန်းသူသည်မည်ကဲ့သို့ပင် ဆိုပါစေ ညှင်းပန်နှိပ်စက်မှုသည်အမြဲမှားပြီး ကလေးတယောက်သည် နည်းမျိုးစုံ အကူအညီရရန် တောင်းဆိုနိုင်သည်။ ယုံကြည်ရသောလူကြီးတစ်ယောက်ကိုမသိ၍မပြောပြနိုင်သော (သို့) မိဘ(သို့)တယောက်ယောက်အားစိတ်ဆိုးသွားစေမည်ကို စိုးရိမ်နေသည့်ကလေးငယ်များသည် သက်ဆိုင်ရာသို့ ဖုန်းဆက်ကာအကူညီတောင်းနိုင်သည်။အကယ်၍တစုံတယောက်သည် ညှင်းပန်းနှိပ်စက်ခံနေရသည်ဟု သင်ယူဆပါက သင်သည် သူ၏မိဘဖြစ်စေ အခြားသောလူကြီးတစ်ယောက်ကိုဖြစ်စေပြောပြကာကူညီနိုင်သည်။ညှင်းပန်းနှိပ်စက်နေသည်ဟု မည်သို့သိနိုင်သနည်း။ညှင်းပန်းမှုနည်းမျိုးပေါင်းစုံရှိသည်။ ရိုက်ခြင်း၊တောက်လျှောက်ဆူပူကြိမ်းမောင်းခြင်း၊(သို့)လိင်ပိုင်းဆိုင်ရာစော်ကားခြင်းတို့ဖြစ်သည်။ ညှင်းပန်းခံရသောကလေးသည် မတူညီသော တစ်ခုထက်ပိုသည့် ညှင်းပန်းမှုများကို ခံစားရနိုင်သည်။ မတူညီသောညှင်းပန်းမှုများမှာ ကိုယ်ကိုလည်းကောင်း၊လိင်ပိုင်းဆိုင်ရာကိုလည်းကောင်း၊နှုတ်ဖြင့်လည်းကောင်း၊စိတ်ပိုင်းဆိုင်ရာကိုထိခိုက်စေခြင်းဖြင့်လည်းကောင်း(သို့)လျစ်လျူရှူထားခြင်းတို့ဖြင့်လည်းကောင်းဖြစ်သည်။ကိုယ်ကိုညှင်းပန်းခြင်း -လက်ဖြင့်ဖြစ်စေ(သို့)ကြိုးကဲ့သို့ပစ္စည်းဖြင့်လည်းကောင်း ရိုက်ခြင်း ၊အထူးသဖြင့် ညိုမည်းစွဲစေခြင်း(သို့)ဓါးဖြင့်ဖြတ်ခြင်းတို့ပါဝင်သည်။ကိုင်လှုပ်ခြင်း၊တွန်းခြင်း၊မွန်းကြပ်အောင်လုပ်ခြင်း၊။နာကျင်အောင်ဆုပ်ကိုင်ခြင်းနှင့် ကန်ခြင်းတို့သည်လည်း ကိုယ်အားညှင်းပန်းခြင်းဖြစ်နိုင်သည်။လိင်ပိုင်းဆိုင်ရာညှင်းပန်းခြင်း – သင်၏ကိုယ်တွင်လူမြင်မခံသည့် ကိုယ်အစိတ်အပိုင်းများရှိသည်။ အောက်ခံဘောင်းဘီဖြစ်စေ(သို့)။ရေချိုးဝတ်များဖြင့်ဖြစ်စေဖုံးအုပ်ထားသော သင်၏ ရင်သား၊တင်သား၊မိန်းမကိုယ်ဖြစ်စေ၊ဝှေးစေ့နှင့် တင်ပါးများကိုဆိုလိုသည်။ အကယ်၍ထိုအစိတ်အပိုင်းများကို အခြားကလေးမှဖြစ်စေ လူကြီးတစ်ယောက်မှဖြစ်စေ ထိတွေ့ကိုင်တွယ်မှုပြုခြင်း(သို့) ကလေး၏ထိုအစိတ်အပိုင်းများအားသူ့ဘာသူကိုင်တွယ်ပြစေရန်။ပြောခြင်း(သို့)ကလေးအား ခိုင်းစေသူ၏လိင်အစိတ်အပိုင်းများကိုကိုင်တွယ်ထိတွေ့ရန်ပြောခြင်းတို့သည်လိင်ပိုင်းဆိုင်ရာညှင်းပန်းမှုတွင် ပါဝင်သည်။ ထိုကဲ့သို့ဖြစ်ပွားလာပါက ညှင်းပန်းသူသည် ကလေးအားလျှို့ဝှက်ထားရန်နှင့် မည်သူမျှမပြောရန်ပြောတတ်သည်။ သို့သော်ကလေးများသည် ထိုအရာကို လျှို့ဝှက်ထားရန်မလိုအပ်ပေ။ ယုံကြည်ရသောလူကြီးတစ်ယောက်(သို့)တစ်ယောက်ထက်ပို၍ သင့်အားကူညီသည်အထိအကူအညီတောင်းနိုင်သည်။လိင်ညှင်းပန်းစော်ကားမှုအားရှင်းပြရန် လူအများသည် ကောင်းစွာထိတွေ့ခြင်းနှင့် ဆိုးဝါးစွာထိတွေ့ခြင်းတို့ကိုပြောဆိုကြသည်။ ကောင်းသောထိတွေ့ခြင်းကို ကျွန်တော်တို့အားလုံးသိကြသည်။ဥပမာ သင်၏အမေ(သို့)အဖေမှ ဖက်ခြင်း၊အဘွားမှ နမ်းရှံူ့ခြင်း(သို့)အိမ်မွေးတိရိစ္ဆာန်လေးများဖြင့် တူတူအိပ်ခြင်းတို့ဖြစ်ကြသည်။ သို့သော်အချို့သောထိတွေ့မှုများသည် ဆိုးဝါးသည်ဟုယူဆရပြီး ရှူပ်ထွေးနေတတ်သည်။ သင်၏ကိုယ်သည်သင်ပိုင်ပြီး အကယ်၍အခြားသူမှ ထိတွေ့မှုကို မနှစ်သက်ပါကသင်သည်လူအများကို ပြောပြနိုင်သည်။ သင်သည် ထိုကဲ့သို့ပြုလုပ်နေခြင်းကို ဂရုမပြုမိသည်ဖြစ်စေ စပ်စုမိသည်ဖြစ်စေ(သို့)တစ်စုံတစ်ယောက်အားပျော်ရွှင်စေချင်သည်ဖြစ်စေ လူကြီးများနှင့် ကလေးများအကြား လိင်ပိုင်းဆိုင်ရာထိတွေ့မှုမှာ တရားမဝင်ပေ။နှုတ်ဖြင့်ဖြစ်စေ(သို့)စိတ်ပိုင်းဆိုင်ရာအားထိခိုက်ညှင်းပန်းခြင်း။ထိတွေ့မှုမရှိသော်လည်း ဖြစ်ပွားနိုင်သည်။ အကယ်၍ကလေးအား တချိန်လုံးဆူပူကြိမ်းမောင်းနေခြင်း၊မသင့်တော်သောနာမည်များခေါ်ဝေါ်ခြင်း(သို့)ကလေးအား ထွက်သွားရန်ဖိအားပေးခြင်း(သို့)မွေးစားခံရန်ဖိအားပေးချိန်းခြောက်ခြင်းတို့ပြုလုပ်ပါက နှုတ်ပိုင်းဆိုင်ရာဖြင့်ညှင်းပန်းသည်ဟုဆိုနိုင်သည်။ ကလေးအားလုံးသည်သူတို့၏ဘဝတွင် သူတို့အားချစ်မြတ်နိုးကာ ကြီးပြင်းလာချိန်အတွင်းစောင့်ရှောက်ပေးသူများရရှိရန်ထိုက်တန်ပါသည်။ မိဘများနှင့် ကလေးငယ်များအကြားတခါတရံ စိတ်ဆိုးကြသည်မှာ ဖြစ်နေကျအရာဖြစ်သော်လည်း အော်ဟစ်ဆူပူကြိမ်းမောင်းနေခြင်း၊အပြစ်ပေးခြင်းနှင့် ခြိမ်းခြောက်နေခြင်းတို့အချိန်တိုင်းဖြစ်နေပါက ကလေးတစ်ယောက်သည် သူ့ကိုယ်သူမကောင်းဟုတွေးထင်လာတတ်သည်။ ထိုသို့ဖြစ်ပွားလာပါက အခြားယုံကြည်ရသည့် လူကြီးတစ်ယောက်အားဖွင့်ပြောပြရန်လိုအပ်သည်။ကလေးအား ဂရုမစိုက်ပဲပစ်ထားခြင်း – အကယ်၍ကလေးတစ်ယောက်တွင်လိုအပ်သောအခြေခံလိုအပ်ချက်များဖြစ်သည့်အစားအစာ၊သန့်ရှင်းသောအဝတ်၊နှင့် ကုတင်တို့ကို နေအိမ်တွင် ပေးမထားပါက ဂရုမစိုက်ပဲပစ်ထားသည်ဟုယူဆသည်။ မိဘများနှင့် ကလေးအားစောင့်ရှောက်သူများက ကလေးများကို ဂရုမစိုက်ပဲပစ်ထားသောအခါ ကလေးများသည် ရေကောင်းကောင်းမချိုးရပဲနွေးထွေးသောစောင်အောက်တွင်မအိပ်ရခြင်း(သို့)ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုများလိုအပ်သည့် အချိန်တွင်မရရှိနိုင်ခြင်းတို့ဖြစ်ပွားတတ်သည်။ထိုကဲ့သို့အရေးကြီးသည့်လိုအပ်ချက်များမရရှိကြောင်းကိုတစ်စုံတစ်ဦးအားပြောပြရန် ကလေးတစ်ယောက်အတွက်ခက်ခဲနိုင်သည်။ မိဘ(သို့)အုပ်ထိန်းသူတွင်လည်းအလုပ်ပြုတ်ခြင်း၊မိသားစုဆိုင်ရာပြဿနာများ(သို့)အရက်နှင့်မူးယစ်ဆေးများသောက်သုံးအသုံးပြုနေခြင်းတို့ရှိနိုင်သည်။ သို့သော် မည်သည့်ကိစ္စပင်ဖြစ်စေ ကလေးတစ်ယောက်သည် တစ်စုံတစ်ယောက်အားပြောပြရန်လိုအပ်သည်။ ထို့နောက် သူလိုအပ်သောအရာများကို ကလေးငယ်အနေဖြင့်ရရှိနိုင်ပြီး မိဘ(သို့)အုပ်ထိန်းသူအနေနှင့်လည်းသိရှိကာကူညီနိုင်လာတတ်သည်။ဘာဖြစ်နေသည်ကို တစ်စုံတစ်ယောက်အား မည်သို့ပြောပြနိုင်သနည်း။အကယ်၍ကလေးများညှင်းပန်းခံရ၍ဖြစ်စေ ထိခိုက်ခံနေရသည်ဖြစ်စေသင်မှယူဆပါက တစ်စုံတစ်ယောက်ကို တိုင်ပင်ပြောပြရန်အရေးကြီးသည်။ သို့သော်ကလေးတစ်ယောက်အနေဖြင့်မည်သို့ဖွင့်ပြောရမည်နည်း။ အောက်ပါအကြံအချို့ကို အသုံးပြုပါ။ကလေးမှ ပြောပြပုံနှင့် နားထောင်ရသူပြန်ပြောပုံမှာလည်း အခြေအနေပေါ်မူတည်ကာ ကွဲပြားနေနိုင်သည်။ အရေးကြီးဆုံးအချက်မှာ တစ်စုံတစ်ယောက်မှ ညှင်းပန်းနှိပ်စက်ခြင်းအားရပ်တန့်ရန်မဆောင်ရွက်ခင်အထိတစ်စုံတစ်ယောက်(သို့)လူအများအပြားကိုပြောရန်ဖြစ်သည်။ တစ်စုံတစ်ယောက် (ကလေးများအားချစ်သောသူပင်ဖြစ်စေ) မှ နှိပ်စက်နေသည်ဟုလူကြီးများအားအသိပေးသူကလေးများသည် အခြားကလေးများအတွက်ဖြစ်စေ မိမိအတွက်ဖြစ်စေကူညီနေခြင်းဖြစ်နိုင်သည်။ ထိုသူအား သင်မှ နှစ်ကိုယ်တည်းတွေ့ကာစကားပြောရန် အသိပေးသင့်သည်။ ထိုကိစ္စမှာ ညှင်းပန်းမှုဖြစ်ကြောင်းမသေချာပါက ထိုသူအား သင်မှ တစ်စုံတစ်ခုဖြစ်သွားကြောင်းနှင့် ညှင်းပန်းမှုဟုတ်မဟုတ်စစ်ဆေးခြင်းကြောင်းပြောပါ။ ထိုသို့ပြောနိုင်ရန် ရဲရင့်မှုအလွန်ရှိရန်လည်းလိုအပ်ပြီး စိတ်ခိုင်မာမှုရှိရန်လည်း လိုအပ်သည်။ သို့သော်အဆင်ပြေတာများတတ်သည်။ နောက်ဆုံးပြောရလျှင် စိတ်ချရသောသူကိုပြောပြခြင်းသည်သာ ကလေးတစ်ယောက်လုပ်နိုင်သည့် အရဲရင့်ဆုံးကိစ္စရပ်ဖြစ်သည်။ ကလေးတစ်ယောက်သည် ပျော်ရွှင်စွာနှင့် လုံခြုံစွာ နေထိုင်ဖြတ်သန်းနေကာ ညှင်းပန်းမှုတို့ကိုရပ်တန့်နိုင်ခြင်းသည် သင့်အားပီတိဖြင့်ကောင်းမွန်သော ခံစားမှုများပေးစွမ်းနိုင်ပါသည်။Hello Health Groupမှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%ba%e1%80%8a%e1%80%be%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%94%e1%80%ba%e1%80%b8%e1%80%94%e1%80%be%e1%80%ad%e1%80%95/
Bay leaf (ကရဝေးရွက်)
ကရဝေးရွက်ဆိုတာက အမြဲစိမ်းအပင်တစ်မျိုးကနေရရှိတဲ့ အနံ့မွှေးကြိုင်တဲ့မြေထဲပင်လယ်ဒေသမျိုးရင်းပင်တစ်မျိုးဖြစ်ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးများသလို အမွှေးနံ့သာအဖြစ်နဲ့ထည့်သွင်းအသုံးပြုတာမျိုးလည်းရှိပါတယ်။ကရဝေးရွက်ရဲ့အရသာက အနံ့စူးရှပြီး ခါးသက်သက်အရသာရှိပါတယ်။ ကရဝေးရွက်ရဲ့ အနံ့နဲ့အရသာက သစ်ကြံပိုးခေါက်ရဲ့ အနံ့အရသာနဲ့ခပ်ဆင်ဆင်တူပေမယ့် ကရဝေးရွက်ရဲ့ အနံ့အရသာက သစာကြံပိုးခေါက်လောက်တော့မပြင်းပါဘူး။ ကရဝေးရွက်ကို အစိမ်းဖြစ်ဖြစ်၊အခြောက်ခံပြီးဖြစ်ဖြစ် အမှုန့်အနေနဲ့ပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။ ကရဝေးရွက်ရဲ့အဆီကဆေးဖက်ဝင်ပြီး အသေးစားဖျားနာမှုတွေကို ကုသဖို့အတွက် အသုံးပြုနိုင်ပါတယ်။ကရဝေးရွက်က ခါးသက်သက်အရသာရှိတာကြောင့် ဟင်းပွဲတွေထဲမှာပဲ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ ထည့်သွင်းစားသုံးပါတယ်။ ကရဝေးရွက်ကို ဟင်းပွဲတွေထဲမှာထည့်သွင်းစားသုံးနိုင်တဲ့အပြင် ဘက်တီးရီးယားတွေ၊မှိုပိုးတွေကိုသေစေနိုင်တဲ့အစွမ်းအာနိသင်၊ရောင်ရမ်းမှုကိုလျှော့ချပေးနိုင်တဲ့အစွမ်းအာနိသင်၊ ဆီးရွှင်စေနိုင်တာနဲ့သွေးတိတ်စေနိုင်တဲ့အစွမ်းသတ္တိတွေကြောင့်လည်း လူသိများပါတယ်။ကရဝေးရွက်မှာ အပင်ကနေရရှိတဲ့ ဓါတ်ပေါင်းတွေ၊ဗီတာမင်နဲ့ သတ္တုဓါတ်တွေများစွာပါဝင်တာကြောင့် ကိုယ်ခန္ဓါအတွက်အကျိုးပြုပါတယ်။ ကရဝေးရွက်ကနေရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးလေးတွေနဲ့ သတိပြုစရာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ကရဝေးရွက်ကအမျိုးအစား – ၂ ဆီးချိုရောဂါကို ကုသရာမှာထိရောက်တဲ့အစွမ်းရှိပါတယ်။ ကရဝေးရွက်ကသွေးတွင်းသကြားဓါတ်၊ ကိုလက်စထရောနဲ့triglyceride ပမာဏတွေကိုကျဆင်းစေနိုင်ပါတယ်။ ကရဝေးရွက်မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းက ခန္ဓါကိုယ်ရဲ့ အင်ဆူလင်ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို ပိုမိုထိရောက်စေနိုင်တာကြောင့်သွေးတွင်းသကြားဓါတ်ကိုကျဆင်းစေပြီး နှလု့းရဲ့လုပ်ဆောင်မငကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ အမျိုးအစား – ၂ ဆီးချိုဝေဒနာရှင်တွေနဲ့ အင်ဆူလင်အစွမ်းသတ္တိကိုသိရှိခံစားမှုလျော့ကျလာခြင်း (insulin resistance) လက္ခဏာတွေခံစားနေရသူတွေစားသုံးပေးဖို့သင့်တော်ပါတယ်။ကရဝေးရွက်က အစာကျေချက်မှုကိုကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်သလို ရင်ပူတာနဲ့လေပွတာလိုမျိုး အစာချေစနစ်မှာဖြစ်ပေါ်တဲ့ဝေဒနာတွေကိုသက်သာစေနိုင်ပါတယ်။ ကရဝေးရွက်က ဝမ်းချုပ်တာ၊ အစာအိမ်အချဉ်ပေါက်တာနဲ့ အူမကြီးဆိုင်ရာဝေဒနာတွေကိုလည်း သက်သာစေပါတယ်။ ကရဝေးရွက်မှာပါတဲ့ အင်ဇိုင်းတွေက ပရိုတင်းဓါတ်တွေကိုဖြိုခွင်းပေးနိုင်ပါတယ်။ ကရဝေးရွက်က အစာစားချင်စိတ်ဖြစ်အောင်လှုံ့ဆော်ပေးနိုင်တာကြောင့် အဖျားရောဂါတွေကနေသက်သာစေပါတယ်။ကရဝေးရွက်မှပါတဲ့ အင်အားပြည့်ဝတဲ့phytonutrient ကရုတ်တရက်နှလုံးရပ်တာနဲ့လေဖြတ်တာလိုမျိုး နှလုံးသွေးကြောဆိုင်ရာရောဂါတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။ ကရဝေးရွက်မှာ နှလုံးကျန်းမာရေးကိုကောင်းမွန်စေပြီး နှလုံးရဲ့လုပ်ဆောင်မှုတွေကို တိုးတက်စေတဲ့rutin၊ salicylates၊ caffeic အက်ဆစ် နဲ့ phytonutrientတွေလိုမျို းကျန်းမာရေးအတွက် အဖိုးတန်တဲ့ ဓါတ်ပေါင်းတွေပါဝင်နေပါတယ်။ စိတ်ဖိစီးတတ်သူတွေနဲ့ နှလုံးရောဂါရှိသူတွေအတွက်သင့်တော်ပါတယ်။ကရဝေးရွက်မှာအအေးမိတာ၊တုပ်ကွေးနဲ့ကူးစက်ရောဂါလက္ခဏာတွေကိုတိုက်ထုတ်နိုင်တဲ့အစွမ်းအာနိသင်ရှိပါတယ်။ချောင်းဆိုးတာနဲ့အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေအတွက်လည်း အထူးသင့်တော်ပါတယ်။ အဖျားကျစေနိုင်တဲ့ အစွမ်းလည်းရှိပါတယ်။ကရဝေးရွက်ကရောင်ရမ်းနာကျင်မှုတွေကို သက်သာစေနိုင်တဲ့အစွမ်းရှိတာကြောင့် အဆစ်လွဲခြင်း၊ကြွက်သားတွေတောင့်တင်းခြင်း၊အဆစ်အမြစ်တွေရောင်ရမ်းခြင်း၊ဒူလာရောဂါတွေကိုသက်သာစေနိုင်သလို နာကျင်ကိုက်ခဲမှုတွေကို သက်သာလျော့ပါးစေပါတယ်။သွေးလည်ပတ်မှုကိုတိုးတက်ကောင်းမွန်စေပြီး စိတ်ခံစားမှုကိုကောင်းမွန်စေပါတယ်။ အဆစ်အမြစ်တွေနာကျင်ရောင်ရမ်းမှုအတွက်လည်း အသုံးပြုနိုင်ပါတယ်။ခေါင်းကိုက်တာကိုလည်းသက်သာစေနိုင်စွမ်းရှိပါတယ်။ကရဝေးရွက်မှာ ကင်ဆာရောဂါတွေကို ခုခံတိုက်ဖျက်ပေးနိုင်စွမ်းကိုထောက်ပံ့ပေးတဲ့ chemo-protectiveအစွမ်းသတ္တိတွေရှိတဲ့ caffeic အက်ဆစ်၊ quercetin၊ euganol နဲ့ catechin တို့ပါဝင်ပါတယ်။ ကရဝေးရွက်မှာ သားအိမ်ခေါင်းကင်ဆာဆဲလ်တွေပြန့်ပွားမှုကို ထိန်းချုပ်ဟန့်တားနိုင်စွမ်းရှိတဲ့parthenolide လို့ခေါ်တဲ့phytonutrient ပါဝင်နေပါတယ်။ကရဝေးရွက်မှာဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ဝန်မဆောင်ခင် ၃ လအလိုနဲ့ ကိုယ်ဝန်ဆောင်ကာလ ၃ လအတွင်းမှာစားသုံးပေးမယ်ဆိုရင် သန္ဓေသားအတွက်လိုအပ်တဲ့ဖောလစ်အက်ဆစ်တွေကိုထောက်ပံ့ပေးပြီး ကလေးငယ်မှာမွေးရာပါချို့ယွင်းချက်မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကရဝေးရွက်မှာ သန္ဓေအောင်စေနိုင်တဲ့အစွမ်းရှိပါတယ်။ကရဝေးရွက်က ရာသီသွေးကိုပုံမှန်ဆင်းစေပါတယ်။ အဖြူဆင်းတာကိုလည်း သက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။အိပ်ရာဝင်ခါနီး ကရဝေးရွက်စားသုံးပေးမယ်ဆိုရင်ကောင်းကောင်းအိပ်ပျော်စေမှာဖြစ်ပါတယ်။နှခေါင်းသွေးလျှံရင် ကရဝေးရွက် အစို (သို့) အရွက်ခြောက် သန့်သန့်ကိုခြေပြီးရှုပေးပါကသွေးတိတ်စေမှာဖြစ်ပါတယ်။ကရဝေးရွက်အမှုန့်နဲ့ သွားတိုက်ပေးမယ်ဆိုရင် သွားတွေဖြူဝင်းလာစေမှာဖြစ်ပါတယ်။ကရဝေးရွက်မှာlauric အက်ဆစ်ပါဝင်တာကြောင့် အင်းဆက်ပိုးမွှားတွေကိုသေစေနိုင်တဲ့အာနိသင်ရှိပါတယ်။ ပိုးမွှားအကိုက်ခံရတာမျိုးတွေအတွက် ကရဝေးရွက်ကိုခြေပြီး ဆီအနည်းငယ်နဲ့ရောထားတဲ့အနှစ်ကိုအသုံးပြုပေးလို့ရပါတယ်။ကျောက်ကပ်မှာပိုကူးစက်တာနဲ့ ကျောက်ကပ်ကျောက်တည်တာတွေအတွက်လည်း ကရဝေးရွက်ကို အသုံးပြုပေးလို့ရပါတယ်။ ကရဝေးရွက်ကိုရေနွေးနဲ့ပြုတ်သောက်တာကကျောက်ကပ်ကျောက်တည်တာတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ကရဝေးရွက်မှာ ဗီတာမင်၊သတ္တုဓါတ်နဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် အရေပြားအတွက် အကျိုးပြူပါတယ်။ အရေပြားကျန်းမာရေးအတွက် ကရဝေးရွက်ရဲ့အသုံးဝင်ပုံတွေကိုဖော်ပြပေးလိုက်ပါတယ်။ကရဝေးရွက်ကအရေပြားဆိုင်ရာပြဿနာတွေဖြစ်တဲ့ အရေးအကြောင်းတွေဖြစ်ပေါ်တာ၊အရေပြားပေါ်မှာ အနီအကွက်တွေဖြစ်တာကို သက်သာစေနိုင်ပါတယ်။ အရေပြားရောဂါတွေအတွက် ကရဝေးရွက်ကိုရေနွေးထဲထည့်ပြုတ်ပြီး အငွေ့ကိုခံပေးနိုင်ပါတယ်။ကရဝေးရွက်မှာအနာတွေကိုကျက်စေနိုင်တဲ့အာနိသင်ရှိပါတယ်။ ပိုးမွှားနဲ့အဆိပ်ရှိတဲ့ အကောင်တွေကိုက်ခံရတဲ့အနာတွေအတွက် အသုံးပြုနိုင်သလိုပြတ်ရှိဒဏ်ရာတွေနဲ့ အနာဆွေးတွေအတွက်လည်းအသုံးပြုလို့ရပါတယ်။ ကရဝေးရွက်ရဲ့ အင်းဆက်တွေနဲ့ မှိုပိုးတွေကိုသေစေနိုင်တဲ့အစွမ်းအာနိသင်က အရေပြားကူးစက်ရောဂါတွေကိုသက်သာစေပါတယ်။ကရဝေးရွက်ရဲ့ အာဟာရဓါတ်တွေက ဆံသာကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ ဆံသားအတွက်ကရဝေးရွက်ရဲ့ အကျိုးသက်ရောက်မငလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ခေါင်းလျှော်ပြီးတဲ့အခါ ကရဝေးရွက်ပြုတ်ရည်ခပ်နွေးနွေးလေးကို ဦးရေပြားအထိရာက်အောင်ဆေးချပေးတာကဗောက်ထတာကိုသက်သာစေပါတယ်။ ဆံပင်ကျွတ်တာကိုလည်း သက်သာစေမှာဖြစ်ပါတယ်။ က၇ဝေးရွက်အဆီကတော့ ဆံသားနဲ့ဦးရေအတွက်မသင့်တော်ပါဘူး။ပြုတ်ရည်ကိုပဲသုံးပေးသင့်ပါတယ်။ခေါင်းမှာသန်းတွယ်နေရင် ကရဝေးရွက်တွေကိုခြေပြီးရေနွေးနဲ့ပြုတ်လိုက်ပါ။ ဆံပင်အရင်းနားအထိရောက်အောင်လောင်းချပေးပါ။ ၃ နာရီကနေ ၄ နာရီလောက်ထားပြီးခေါင်းလျှော်ချလိုက်ပါ။ခေါင်းပေါ်ကသန်းတွေလျော့သွားစေမှာဖြစ်ပါတယ်။ကရဝေးရွက်မှာ အာဟာရဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ကရဝေးရွက်မှာcopper ၊ပိုတက်စီယမ်၊ကယ်လ်စီယမ်၊မဂ္ဂနီဆီယမ်၊ဇင့်၊ သံဓါတ်၊ဆီလီယမ်နဲ့ မဂ္ဂနိတွေလိုမျိုးဗီတာမင်တွေကြွယ်ဝစွာပါရှိပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/bay-leaf-%e1%80%80%e1%80%9b%e1%80%b1%e1%80%9d%e1%80%b8%e1%80%9b%e1%80%bc%e1%80%80%e1%80%b9/
ကိုဗစ် ဖြစ်ဖူးတဲ့ က​လေးတွေမှာ ဆီးချိုဖြစ်နိုင်ခြေ ပိုများနေပါတယ်
ကိုဗစ် ဖြစ်ဖူးတဲ့ ကလေးတွေမှာ ဆီးချိုဖြစ်နိုင်ခြေ ပိုများနေပါတယ် လို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။Covid – 19ကူးစက်ခံထားရတဲ့ ကလေးတွေမှာ အမျိုးအစား -၁ ဆီးချိုရော အမျိုးအစား- ၂ ဆီးချိုပါ ဖြစ်နိုင်ခြေက ပုံမှန်ထက် ပိုများနေပါတယ်လို့ ရောဂါကာကွယ်ရေး ထိန်းချုပ်ရေးစင်တာCDCက လုပ်ဆောင်ခဲ့တဲ့ လေ့လာမှု အသစ်တစ်ရပ်ရဲ့ ရလဒ်တွေအရ သိရပါတယ်။၂၀၂၀ ခုနှစ် မတ်လ ကနေ ၂၀၂၁ ခုနှစ် ဇွန်လအထိ လုပ်ဆောင်ခဲ့တဲ့ မွေးကင်းစကနေ အသက် ၁၇ နှစ်အရွယ် ကလေး အယောက် ၂.၅ သန်း ပါဝင်တဲ့ လေ့လာမှုရလဒ်တွေအရ ကိုဗစ်ရောဂါကို ဖြစ်စေနိုင်တဲ့ SARS-CoV-2 ဗိုင်းရပ်စ် ကူးစက်ခံရဖူးတဲ့ ကလေးငယ်တွေမှာ ကိုဗစ်ကူးစက်ခံရဖူးတာ မရှိတဲ့ ကလေးတွေထက် ဆီးချိုရောဂါ ဖြစ်နိုင်ခြေက ၂.၆၆ ဆလောက် ပိုများနေပြီး အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ရောဂါပိုးတွေ ကူးစက်ခံရဖူးသူတွေထက်လည်းဆီးချိုရောဂါဖြစ်နိုင်ခြေ ၂.၁၆ဆ ပိုများနေတာကို တွေ့ရှိခဲ့ရပါတယ်။ဆီးချို အမျိုးအစား ၂ ရပ်စလုံးက diabetic ketoacidosis လို့ခေါ်တဲ့ ဆီးချိုရဲ့ ပြင်းထန်တဲ့နောက်ဆက်တွဲ ကျန်းမာရေးပြဿနာကို ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေက သွေးထဲမှာ ကီတုန်းများတာကို ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေက အမျိုးအစား -၁ ဆီးချို ရှိသူတွေမှာ အဖြစ်များပေမယ့် အမျိုးအစား – ၂ ဆီးချို ရှိသူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ မကုသဘဲ ထားမယ်ဆိုရင် အသက်အန္တရာယ်ထိခိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ကိုဗစ် နဲ့ ဆီးချို ဖြစ်နိုင်ခြေတို့ကြားက ဆက်စပ်မှုကို တိတိကျကျ အဖြေထုတ်နိုင်ဖို့အတွက် နောက်ထပ် လေ့လာမှုတွေ လုပ်ဆောင်နေဆဲဆိုပေမယ့် ကိုဗစ် ဖြစ်ဖူးတဲ့ ကလေးတွေမှာ ဆီးချိုရောဂါ ခံစားရနိုင်ခြေ မြင့်နေတယ်ဆိုတာကတော့ အသေအချာပါ။ ကိုဗစ်ဖြစ်ပြီး ရက် ၃၀ အတွင်းမှာ ဆီးချိုရောဂါ ခံစားရတာမျိုးတွေ ရှိနေပါတယ်။  ဆီးချိုအကြိုရောဂါ လက္ခဏာ ခံစားရနေချိန်မှာ ကိုဗစ် ကူးစက်ခံလိုက်ရတာကလည်း ဆီးချိုဖြစ်နိုင်ခြေကို တိုးစေတဲ့ အကြောင်းအရင်း တစ်ရပ်ပါ။ဒါကြောင့်ကိုဗစ် ကာကွယ်ဆေးထိုးလို့ရတဲ့ အသက်အရွယ်ရောက်ပြီဆိုရင် ကလေးကို ကာကွယ်ဆေးထိုးပေးထားတာက အကောင်းဆုံး နည်းလမ်းပါ။ကလေးတွက ကိုဗစ်ကူးစက်ခံရဖူးမယ်ဆိုရင်တော့ ကလေးမှာဆီးချိုရောဂါ လက္ခဏာတွေခံစားနေရလားဆိုတာကို မိဘတွေက သေချာလေး စောင့်ကြည့်ဖို့ လိုပါမယ်။ ကလေးက။ကိုဗစ်ကြောင့် ကလေးမှာ  ဆီးချိုရောဂါ ခံစားရစေနိုင်တဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ မျိုးဗီဇ ရှိတာကြောင့် ဖြစ်နိုင်သလို ကိုယ်ခံအားစနစ်က လုပ်ဆောင်နိုင်စွမ်း ကျဆင်းသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်တာကတော့ ကိုဗစ်ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေကို ကမောက်ကမဖြစ်စေနိုင်တာကြောင့်ပါ။ နောက်ထပ် ဖြစ်နိုင်ခြေတွေက ရောဂါဖြစ်ပွားနေတာကြောင့် အပြင်မထွက်ရတာက လှုပ်ရှားမှု နည်းစေပြီး အထိုင်များတဲ့ နေထိုင်မှုပုံစံကြောင့် အမျိုးအစား -၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ပိုတိုးစေတာပါ။ဒါ​ကြောင့် ဖေဖေမေမေတို့ အနေနဲ့ ကလေးက ကိုဗစ်ဖြစ်ဖူးမယ်ဆိုရင်။ကိုဗစ် ဖြစ်ဖူးတဲ့ က​လေးတွေမှာ ဆီးချိုဖြစ်နိုင်ခြေ ပိုများနေပါတယ် …. ဒါကြောင့် ကလေးက ကိုဗစ်ဖြစ်ဖူးမယ်ဆိုရင် ကလေးမှာ ဆီးချိုရောဂါ လက္ခဏာတွေ ဖြစ်ကြတဲ့။ကလေးက ကိုဗစ်ကနေ ပြန်ကျန်းမာလာပြီဆိုရင် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ လုပ်ခိုင်းတာက အဆင်ပြေပါမယ်။ တစ်နေ့ကို အနည်းဆုံး ၁ နာရီလောက် ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်ပေးတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာပါ။ကိုဗစ် မဖြစ်အောင် ကာကွယ်ပေးခြင်းက ကလေးကို နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးရာရောက်ပါတယ်။ ဒါကြောင့် ကလေးကို။ကာကွယ်ခြင်းက အကောင်းဆုံး နည်းလမ်းဆိုတဲ့အတိုင်း ကလေးကို ကာကွယ်ဆေး ထိုးပေးတာ၊ ပါးစပ်နဲ့ နှာခေါင်းစည်း ဝတ်ဆင်ပေးတာ၊ လက်ဆေးတာလိုမျိုး ကိုဗစ် ကာကွယ်ရေးနည်းလမ်းတွေကို လုပ်ဆောင်ပေးတာကလည်း ထိရောက်တဲ့ နည်းလမ်း တစ်ရပ်ပါ။ အပြင်ထွက်တဲ့အခါ ခပ်ခွာခွာနေစေတာကလည်း ကာကွယ်ရေး နည်းလမ်းကောင်းတစ်ရပ်ပါ။ကလေးကို ရေဓာတ်ပြည့်ဝနေအောင် ရေများများ တိုက်တာ အပါအဝင် အစားအစာတွေကိုလည်း ကိုယ်ခံအားကို အားဖြည့်ပေးနိုင်မယ့် အာဟာရတွေ ပြည့်ဝစုံလင်အောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/chidren-coivid-and-diabetes-risk/
မျက်လုံးစမ်းသပ်ရုံနှင့် သင့်မှာ ကိုလက်စထရောများကြောင်း သင်သိနိုင်မလား
ကိုလက်စထရောများခြင်းက မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့အကြောင်း အားလုံးသိပြီး ဖြစ်ပါလိမ့်မယ်။ ထင်ထင်ရှားရှား ဥပမာနှစ်ခုကတော့ နှလုံးတိုက်ခိုက်ခံရခြင်းနဲ့ လေဖြတ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ခန္ဓါကိုယ်တွင်း ကိုလက်စထရောပမာဏကို သိရှိနိုင်ဖို့ သွေးစစ်ဆေးရမှာဖြစ်ပေမယ့် အံ့သြစရာကောင်းလောက်အောင်ပဲ မျက်လုံးစပ်သပ်ခြင်းကနေတဆင့်လည်း ကိုလက်စထရောမြင့်တက်ခြင်းနဲ့ အခြားအကြောင်းအရာတွေကို သိရှိနိုင်ပါတယ်။မျက်ခွံဆိုတာ မျက်လုံးကို ဝိုင်းရံပြီးကာကွယ်ထားတဲ့ အရေပြားအလွှာပါး ဖြစ်ပါတယ်။ ကိုလက်စထရောတက်လာခြင်းက မျက်ခွံအောက်မှာ အဆီအိတ်ကလေးတွေ ဖြစ်စေနိုင်တယ်ဆိုတာကိုတော့ လူတွေသတိထားမိမှာ မဟုတ်ပါဘူး။ ဒီအဆီအိတ်ကလေးတွေကို ဆေးပညာအရ xanthelasmas လို့ခေါ်ပြီး မျက်ခွံပေါ်မှာ အဝါရောင်ပုံသဏ္ဍာန်မျိုးနဲ့ တွေ့ရမှာဖြစ်ပါတယ်။ Xanthelasmas များလာရင် နေရထိုင်ရမခက်ပေမယ့် ၎င်းတို့ကို ခွဲစိတ်ဖယ်ရှားပစ်မှသာ ပျောက်ကင်းနိုင်မှာ ဖြစ်တဲ့အတွက် ကြည့်ရဆိုးနိုင်ပါတယ်။ မျက်ခွံအဆီအိတ်ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများစွာရှိပြီး ကိုယ့်မျက်ခွံမှာ သတိပြုမိပြီဆိုတာနဲ့ ကျန်းမာရေးစစ်ဆေးမှု ခံယူဖို့ မဖြစ်မနေစီစဉ်သင့်ပါတယ်။မျက်သားအကြည် (cornea) ဆိုတာ အနက်ရောင်၊ အညိုရောင်၊ အပြာရောင် စသည်ဖြင့်မြင်ရတဲ့ မျက်ဝန်းပေါ်မှာ ဖုံးအုပ်ထားတဲ့ ခပ်ခုံးခုံး အကြည်လွှာကို ခေါ်တာဖြစ်ပါတယ်။ မျက်လုံးစစ်ဆေးတဲ့အခါ ဆရာဝန်က မျက်သားအကြည်အပါအဝင် မျက်လုံးအရှေ့ပိုင်းမျက်နှာပြင်ကို စမ်းသပ်စစ်ဆေးမှာဖြစ်ပြီး ကိုလက်စထရောတက်နေသူတွေရဲ့ cornea အပြင်ဘက်ပတ်ပတ်လည်မှာ အဖြူရောင်အကွင်းတစ်ခု တွေ့ရမှာဖြစ်ပါတယ်။ ဒီအရောင်ဟာ တစ်ချိန်နဲ့တစ်ချိန် မတူညီဘဲ အရောင်ပြောင်းနိုင်ပြီး မျက်ဝန်းအရောင်ပြောင်းသွားသလို ထင်မှားစေနိုင်ပါတယ်။ အဲဒီအဖြူရောင်အကွင်းကို ဆေးပညာအရ arcus လို့ခေါ်ပါတယ်။ လူတွေအသက်ကြီးလာတဲ့အခါ သဘာဝအလျောက် သူ့အလိုလို ပေါ်လာမှာဖြစ်ပေမယ့် ကိုလက်စထရောတက်နေတာကို ဖော်ပြတဲ့လက္ခဏာတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။ Arcus ကြောင့် နာကျင်မှု၊ ကသိကအောက်ဖြစ်မှု၊ အမြင်အာရုံချို့ယွင်းမှု တစ်စုံတစ်ရာ ဖြစ်လာမှာမဟုတ်ပေမယ့် ၎င်းကြောင့်ဖြစ်တဲ့ အရောင်ပြောင်းလဲမှုကိုတော့ ပြန်ပြင်လို့ရနိုင်မှာ မဟုတ်ပါဘူး။မျက်လုံးစစ်ဆေးတဲ့အခါ ဆရာဝန်က သူငယ်အိမ်ကိုချဲ့ပြီး မျက်လုံးရဲ့အနောက်ဘက်ကိုလည်း ကြည့်ရှုစစ်ဆေးမှာဖြစ်ပါတယ်။ များသောအားဖြင့်တော့ ကိုလက်စထရောတက်နေသူတွေရဲ့ မျက်လုံးအနောက်ဘက်မှာ ထင်သာမြင်သာတဲ့ လက္ခဏာတစ်စုံတစ်ရာ တွေ့ရလေ့မရှိပေမယ့် အချို့လူနာတွေမှာတော့ မျက်ကြည်လွှာသွေးကြောပိတ်ခြင်းကဲ့သို့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ မျက်ကြည်လွှာဆီ သွေးအသယ်အပို့လုပ်နေတဲ့ သွေးကြောတွေရဲ့ နံရံမှာ ကိုလက်စထရောစုပုံလာခြင်းကြောင့် နောက်ဆုံးမှာပိတ်ဆို့တဲ့အဆင့်ထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒီလိုဖြစ်နေရင်တော့ ရုတ်တရက် ယာယီ အမြင်အာရုံဆုံးရှုံးရနိုင်ပြီး လူအတော်များများမှာ အမြင်အာရုံလုံးဝထိခိုက်သွားတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်မျက်စိဆရာဝန်က မျက်ကြည်လွှာပြောင်းလဲမှုအကြောင်း အသိပေးလာခဲ့ရင် ကိုလက်စထရောပမာဏကိုပါ စစ်ဆေးကြည့်ဖို့ သတိပြုသင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%85%e1%80%99%e1%80%b9%e1%80%b8%e1%80%9e%e1%80%95%e1%80%b9%e1%80%9b%e1%80%b6%e1%80%af%e1%80%94%e1%80%bd%e1%80%84%e1%80%b9/
Hyphema (Bleeding in the eye) (ဟိုက်ဖီးမား (မျက်လုံးတွင်းသွေးထွက်ခြင်း))
ဟိုက်ဖီးမားဆိုတာ မျက်လုံးတွင်း အရှေ့ဘက်အခန်း (မျက်ကြည်လွှာနှင့် မျက်ဝန်းကြားမှာ သွေးများစုပုံတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ သွေးက မျက်ဝန်းနဲ့ သူငယ်အိမ်တစ်ခုလုံး သို့မဟုတ် တစ်ခုလုံးနီးပါကို ကာလိုက်ပြီး အမြင်အာရုံ တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝကို ဆုံးရှုံးသွားစေပါတယ်။ များသောအားဖြင့် နာကျင်ပါတယ်။ မကုသဘဲ ထားမယ်ဆိုရင် အမြင်အာရုံ ထာဝရ ဆုံးရှုံးခြင်းတို့ ဖြစ်ပွားလာနိုင်ပါတယ်။ဟိုက်ဖီးမားက ရှားပါးသော်လည်း အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဟိုက်ဖီးမားရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ဖြစ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဟိုက်ဖီးမားဖြစ်ပွားလာမယ်ဆိုရင် ဆေးကုသမှု ချက်ချင်းခံယူဖို့ လိုအပ်ပါတယ်။ ပြီးတော့ မျက်လုံးထိခိုက်မှုတွေကိုလည်း ပေါ့ပေါ့တန်တန် သဘောမထားပါနဲ့။ သွေးမထွက်ဘူးဆိုရင်တောင်မှ ဆရာဝန်ဖြင့် စစ်ဆေးပါ။မျက်လုံးကို တုံးသော အရာဝတ္ထုများဖြင့် ထိခိုက်မိခြင်းက ဟိုက်ဖီးမားရဲ့ အဖြစ်များတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ နောက်ထပ်ထိခိုက်မှုတွေ မရှိရင်တောင်မှ နောက်၃၊၄၊၅ရက်လောက်ကြာရင် သွေးတွေ ထပ်ထွက်လာနိုင်ပါတယ်။ ဝဲပျံလာတဲ့အရာတွေ၊ တုတ်ချောင်းတွေ၊ ဘောလုံးတွေနဲ့ အခြားကစားသမားတံတောင်ဆစ်ဖြင့်ထိခိုက်မိသော အားကစားပိုင်းဆိုင်ရာထိခိုက်မှုတို့ပါဝင်သည့် အလုံပိတ်ထိခိုက်ဒဏ်ရာ အမျိုးအစားဖြစ်ပါတယ်။ စက်ရုံ၊ အလုပ်ရုံထိခိုက်ခြင်း၊ ပြုတ်ကျချော်လဲခြင်းနဲ့ ရန်ဖြစ်ခြင်းတို့က အခြားအကြောင်းအရင်းတွေပါ။]။ဟိုက်ဖီးမားဟာ အောက်ပါတို့ကြောင့် ဖြစ်ပွားလာနိုင်ပါတယ်။ဟိုက်ဖီးမား ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် အောက်ပါတို့ဖြစ်ပါတယ်။နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။မျက်လုံးထိခိုက်မှုတွေ ဘယ်အချိန်မှာ ဖြစ်ပျက်ခဲတာလဲ၊ ဘယ်လိုရရှိခဲ့တာလဲနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးမြန်းနိုင်ပါတယ်။ ဥပမာ မျက်လုံးကို ဘေ့စ်ဘော သို့မဟုတ် သစ်ကိုင်းတို့ဖြင့် ထိခိုက်မိခြင်းတို့လိုမျိုး အကြောင်းအရင်းတွေကို ဆရာဝန်သိဖို့ အရေးကြီးပါတယ်။အလုံးစုံမျက်စိစစ်ဆေးမှုတွေလည်း ပြုလုပ်မှာပါ။မျက်လုံးဆရာဝန်မပြဘဲ အိမ်မှာ ဟိုက်ဖီးမားကို မကုသသင့်ပါဘူး။ မျက်လုံးကို ဖုံးကွယ်ခြင်းမျိုး မလုပ်ပါနဲ့ ဘာကြောင့်လဲဆိုတော့ နည်းမှန်လမ်းမှန်နဲ့ မဟုတ်ရင် ကောင်းကျိုးထက် ဆိုးကျိုးပိုများလို့ပါ။ ဟိုက်ဖီးမားရဲ့ကုသမှုက လမ်းညွှန်မှုတွေကို သင်ဘယ်လောက် လိုက်နာနိုင်မလဲဆိုတာပေါ် မူတည်ပါတယ်။ လမ်းညွှန်မှုတွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ ဟိုက်ဖီးမားလူနာ ၁၅ကနေ ၂၀ရာခိုင်နှုန်းလောက်က နောက်၃၊၄၊၅ရက်အတွင်းမှာ သွေးထပ်ထွက်ကြပါတယ်။ ဒါကြောင့် ပြုစုစောင့်ရှောက်မှုတွေကို လိုက်နာဖို့ အရေးကြီးတာပါ။ထွက်တဲ့သွေးက များသောအားဖြင့် ပြန်လည်စုပ်ယူခြင်း ခံရပါတယ်။ ဒါပေမယ့်လည်း ထိုဖြစ်စဉ် ရှိနေတယ်ဆိုတာ ဆရာဝန်က သေချာအောင် လုပ်ပေးရပါတယ်။ မျက်လုံးတွင်းဖိအားတွေ တက်မယ် သို့မဟုတ် သွေးပြန်ထွက်မယ်ဆိုရင် ဆေးရုံတင်ရနိုင်ပါတယ်။ဟိုက်ဖီးမားကို ဘယ်လိုကုသမှုဆိုတာက အောက်ပါအချက်တို့အပေါ် မူတည်ပြီး ဆရာဝန်ဆုံးဖြတ်မှာပါ။အောက်ပါကဲ့သို့သော အိမ်မှာ ပြုလုပ်ရမယ့်အရာတွေကို ညွှန်ကြားပါလိမ့်မယ်။ကလေးတွေ၊ သက်ကြီးရွယ်အိုတွေက အိမ်မှာ ကုသလို့ ရမှာမဟုတ်ပါဘူး။ သူတို့တွေနဲ့ ရောဂါဆိုးရွားတဲ့လူတွေဆိုရင် ဆေးရုံမှာ ကုသမှရပါမယ်။ ကုသမှုတွေကတော့ အိမ်မှာကုသနည်းတွေနဲ့ အတူတူပါပဲ။အော့အန်ခြင်းလိုမျိုးအပြုအမူတွေက ညှစ်ရပြီး မျက်လုံးတွင်းဖိအားတက်စေနိုင်တဲ့အတွက်ကြောင့် မအန်တဲ့ဆေးတွေ ပေးနိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဟိုက်ဖီးမား ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။မျက်လုံးကို ဘာကြောင့်ပဲ ထိခိုက်ထိခိုက် ဟိုက်ဖီးမားဖြစ်နိုင်ပါတယ်။ မျက်လုံးထိခိုက်နိုင်တဲ့ အားကစားတွေ ပြုလုပ်တဲ့အခါမှာ မျက်လုံးအကာအကွယ်များ ဝတ်ဆင်ပါ။လူနာက နှစ်စဉ်နှစ်တိုင်း အတွင်းတိမ်ရှိမရှိကို စစ်ဆေးရပါမယ်။ မျက်လုံးထိခိုက်ခြင်းက မျက်လုံးတွင်း အရည်စီးဆင်းမှုကို ပျက်စီးသွားစေနိုင်ပြီး အတွင်းတိမ်ဖြစ်ပွားနိုင်ခြေ မြင့်လာစေပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-diseases/hyphema-bleeding-in-the-eye-%e1%80%9f%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%96%e1%80%ae%e1%80%b8%e1%80%99%e1%80%ac%e1%80%b8-%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%9c%e1%80%b6%e1%80%af%e1%80%b8/
null
null
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/rheumatoid-arthritis-%e1%80%b1%e1%80%9c%e1%80%b8%e1%80%96%e1%80%80%e1%80%b9%e1%80%94%e1%80%ac%e1%80%80%e1%80%b2%e1%80%b7%e1%80%9e%e1%80%ad%e1%80%af%e1%82%94%e1%80%a1%e1%80%86%e1%80%85%e1%80%b9/
null
null
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/child-eye-care/
အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ
အသားဖြူအောင် သဘာဝနည်းလမ်း နဲ့ လုပ်လို့ရတယ်ဆိုရင် ယုံနိုင်ရဲ့လား။ အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးထားတာမို့ လိုက်ပါကြည့်ရှု့လိုက်ပါ။ဟုတ်ပါတယ်။ မွေးကတည်းက မဖြူပေမဲ့ ပုံမှန်ထက် ပိုမို အသားဖြူ လာဖို့တော့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလည်းဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေကို လေ့လာကြည့်လိုက်ရအောင်။ဘယ်လိုပဲအသားဖြူဆေးတွေသုံးပါစေ။ အသားအရည်ကို ခရမ်းလွန် ရောင်ခြည်တွေနဲ့ထိတွေ့လိုက်မိပြီဆိုတာနဲ့ အသားမဲသွားစေတဲ့ ရောင်ခြယ်ပစ္စည်းတွေထုတ်လုပ်မှု တိုးပွားလာစေတော့တာပါပဲ။အကောင်းဆုံးနည်းလမ်းကတော့ နေရောင်ထဲထွက်တိုင်းနေလောင်ခံခရင်မ်လိမ်းပါ။ ဦးထုပ်ဆောင်းပြီး လက်ရှည်အင်္ကျီတွေဝတ်ပါ။ နေရောင်အောက်မှာလမ်းလျှောက်မယ်ဆိုရင် နေကာမျက်မှန်ကိုမမေ့ပါနဲ့။အသားအရည်ချေးချွတ်ဖို့အတွက် ဈေးကွက်ထဲမှာအကောင်းဆုံးဆိုတဲ့ ချေးချွတ်ပစ္စည်းတွေရှိပါတယ်။ ဒါမှမဟုတ် အိမ်မှာပဲ သကြားနဲ့ချေးချွတ်ကြည့်ပါ။ဒါက အရေပြားပျက်စီးခြင်း ဥပမာ တင်းတိပ်မှဲ့ခြောက်တွေ၊ အစက်အပြောက်တွေနဲ့အရေးအကြောင်းတွေကို ကာကွယ်ကုသတဲ့နေရာမှာလည်းအသုံးဝင်ပါတယ်။သင်သာကျန်းမာရေးနဲ့ညီညွတ်အောင် မစားဘူးဆိုရင် အကောင်းဆုံးအသားဖြူဆေးဆိုတာတွေကို သောက်သုံးတာကလည်း အသုံးမဝင်လှပါဘူး။စားတဲ့ထဲမှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါဝင်တဲ့ စပျစ်စေ့ဆီ နဲ့ ငါးကြီးဆီတွေကို စားသုံးပါ။ ငါးကြီးဆီမှာပါတဲ့ အိုမီဂါ ၃ ဟာ ဆံပင်၊အရ်ပြားနဲ့ လက်သည်းတွေတောက်ပနေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်မှာ အသားအရည်အတွက်ကောင်းမွန်တဲ့အာဟာရတွေများစွာပါဝင်ပါတယ်။ သူ့မှာ အရောင်ချွတ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ လတ်တစ်အက်ဆစ် ကလည်းပါဝင်ပါသေးတယ်။အောက်ပါနည်းလမ်းတွေဟာ အသားအရည်အမျိုးအစား အားလုံးအတွက်သင့်လျော်ပါတယ်။အသားအရည်ထိန်းသိမ်းခြင်းအတွက် အရေးအကြီးဆုံးပစ္စည်းကတော့ ဗီတာမင် စီ ပါပဲ။ ဒါကိုတော့လိမ္မော်သီးတွေမှာ လိုတာထက်တောင်ပိုပြီးတွေ့ရပါသေးတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ အရောင်ချွတ်ပေးနိုင်တဲ့စွမ်းအင်ရှိတာကြောင့် အသားကိုလည်းပိုဖြူလာစေမှာပါ။ပျားရည်ဟာအသားအရည်ကိုအရောင်ချွတ်ပေးနိုင်တာအပြင် အစိုဓါတ်လည်းဖြည့်ပေးပါသေးတယ်။ မညီညာတဲ့အသားအရောင်ရှိခြင်းရဲ့ အကြောင်းရင်းထဲမှာတော့ အသားခြောက်ခြင်းက အဖြစ်အများဆုံးအကြောင်းရင်းပါပဲ။ ပျားရည်မှာ ဘက်တီးရီးယားသေစေနိုင်တဲ့အစွမ်းလည်းရှိပြီး ဒါက အသက်အရွယ်ကြောင့်ဖြစ်တဲ့အစက်အပြောက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို လွင့်ပါးသွားစေနိုင်ပါတယ်။သန့်စင်တဲ့ပျားရည်ကိုမျက်နှာပေါ်လိမ်းပြီး မိနစ်အနည်းငယ်ခန့်ထားကာ ကြက်သီးနွေးရေနဲ့ဆေးချလိုက်ပါ။ဒီလိုရိုးရှင်းတဲ့နည်းလမ်းလေးက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရည်ကို ပိုမိုတောက်ပလန်းဆန်းလာအောင်လုပ်ပေးနိုင်ပါတယ်။ တစ်ရက်တစ်ကြိမ်လုပ်ပါ။အသားဖြူစေတဲ့ မျက်နှာပေါင်းတင် ကပ်ခွာ (mask)လုပ်ဖို့ ပျားရည်နဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ၊ နို့မှုန့်စားပွဲဇွန်း၁ဇွန်း၊ ဗာဒံဆီ လက်ဖက်ရည်ဇွန်းတစ်ဝက် စတာတွေကိုရောလိုက်ပါ။ သမအောင်မွှေပြီး အသားပေါ်မှာညင်သာစွာလိမ်းပေးပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိထားပြီး ရေအေးနဲ့ဆေးပါ။ နေ့တိုင်းလုပ်ပါ။သံပုရာသီးရဲ့ အက်ဆစ်ဂုဏ်သတ္တိဟာ အသားအရည်အတွက် သဘာဝအရောင်ချွတ်ဆေးအဖြစ်အသုံးဝင်ပြီး ဗီတာမင် စီ မြောက်များစွာပါဝင်တာကလည်း ဆဲလ်ကြီးထွားမှုကိုအားပေးပါတယ်။ ဒါ့အပြင် သံပုရာသီးမှာ ဓါတ်တိုးဆန့်ကျင် အာနိသင် တွေပါဝင်တာကလည်း အသားအရည်အတွက် အလွန်ကောင်းမွန်ပါတယ်။ဂွမ်းလုံးလေးကို လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ သံပုရာရည်ထဲထည့်ပြီး မျက်နှာပေါ်တိုက်ရိုက်လိမ်းပါ။ လှီးထားတဲ့ သံပုရာခြမ်းကိုတောင် မျက်နှာပေါ်တိုက်ရိုက်ပွတ်တိုက်ပေးလို့ရနိုင်ပြီး အရည်တွေ အသားပေါ်တင်ကျန်နေခဲ့ပါစေ။ဒါကိုအနည်းဆုံး၁နာရီလောက်ထားပြီး မျက်နှာကိုရေနဲ့ဆေးပါ။ တစ်နေ့တစ်ကြိမ်လုပ်ပါ။ ဒီရိုးရှင်းတဲ့နည်းလမ်းကလည်း အသားအရည်ကိုဖြူဝင်းလာစေပြီး မျက်နှာပေါ်မှာအမာရွတ်ထင်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။သံပုရာရည် လက်ဖက်ရည်ဇွန်း၃ဇွန်းနဲ့ နနွင်းမှုန့် သို့မဟုတ် ခရမ်းချဉ်သီးရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ကိုရောပြီးအနှစ်လုပ်ပါ။ ရလာတဲ့အနှစ်ကိုလိမ်းပြီး တစ်နာရီခွဲခန့်ထားပါ။ ရေနဲ့ဆေးလိုက်ပါ။ ဒါကိုလည်း တစ်နေ့တစ်ကြိမ်လုပ်ပေးပါ။ရှားစောင်းဟာhyperpigmentation(ရောင်ခြယ်ပစ္စည်းများပြားခြင်း) ကိုသက်သာစေနိုင်ပြီး အသားအရည်ရဲ့ နဂိုမူလအရောင်ကိုပြန်လည်ရရှိစေနိုင်ပါတယ်။ Hyperpigmentation ကတော့ မညီညာတဲ့အသားရောင်တွေဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။ရှားစောင်းရဲ့အေးမြတဲ့အစွမ်းကလည်း ကျန်းမာတဲ့အသားအရည်အတွက် အရေးကြီးတဲ့ ဆဲလ်သစ်ဖြစ်ပေါ်ခြင်းနဲ့ ပျက်စီးသွားတဲ့တစ်သျှူးတွေပြန်လည်တည်ဆောက်ခြင်းကိုအားပေးပါတယ်။ရှားစောင်းဂျယ်ကိုအသုံးပြုတဲ့ ရိုးရှင်းတဲ့နည်းလမ်းက အမဲစက်တွေကို ပြန်လည်ဖြူဝင်းလာစေပြီး အသားအရည်အနေအထားအားလုံးကို တိုးတက်ကောင်းမွန်လာစေပါတယ်။သင်္ဘောသီးကို အမျိုးမျိုးသောအလှအပဆိုင်ရာကုသမှုတွေမှာ အသုံးပြုကြပြီး အသားအရည်ကို ပြန်လည်ဖြူဝင်းစေတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သင်္ဘောသီးမှာ သဘာဝအရောင်ချွတ်နိုင်တဲ့စွမ်းအင်ရှိပြီး သူ့မှာပါဝင်တဲ့ အမျိုးမျိုးသောအာဟာရတွေက သင့်ရဲ့အသားအရည်ကို ကျန်းမာစွာတောက်ပနေစေတယ်လို့ ယုံကြည်ကြပါတယ်။သင်္ဘောသီးကို စားပေးပါ။သင်္ဘောသီးရဲ့သန့်စင်ပေးနိုင်စွမ်းက အသားမဲစေတဲ့ အရည်ပြားညစ်ညမ်းမှုတွေကို သန့်စင်ပေးနိုင်ပါတယ်။သင်္ဘောသီးရဲ့အတွင်းမျက်နှာပြင်ကိုမျက်နှာပေါ်မှာပွတ်တိုက်ပေးပြီး ခြောက်အောင်ထားပါ။ရေအေးနဲ့ဆေးချပြီး ခြောက်အောင်ပုတ်ပေးပါ။ ဒါကသင့်အသားအရည်ကိုတောက်ပနေစေပါတယ်။ နေ့စဉ်လုပ်ပေးပါ။သင်္ဘောသီးမှည့်ကိုချေပြီး လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့သံပုရာရည်တစ်ခွက်နဲ့ရောပါ။မျက်နှာနဲ့လည်ပင်းတွေပေါ်မှာ ဒီအရောနဲ့ နှိပ်နယ်ပေးပါ။ အနည်းဆုံးမိနစ်၃၀ခန့်ထားပြီး ရေအေးနဲ့ဆေးကြောပါ။ တစ်ပတ်ကိုအနည်းဆုံးတစ်ခါလုပ်ပေးခြင်းအားဖြင့် အသားရောင်ပြောင်းလဲလာမှုတွေကို သိသာထင်ရှားစွာမြင်တွေ့ရမှာပါ။နနွင်းကို အသားအရည်ကောင်းမွန်စေဖို့အသုံးပြုကြပါတယ်။ ညီညာတဲ့အသားအရောင်ကိုထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုး (melanin)ကို တည်ဆောက်တဲ့နေရာမှာကူညီပေးပါတယ်။ နနွင်းမှာပိုးသတ်ဆေး နဲ့ ဓါတ်တိုးဆန့်ကျင် စွမ်းအင်တွေပါဝင်တာကြောင့် အသားအရည်ရဲ့ ယေဘုယျကျန်းမာရေးအခြေအနေအားလုံးအတွက် ကောင်းမွန်ပါတယ်။နနွင်းမှုန့်နဲ့ နွားနို့ခရင်မ်နဲ့ရောပြီး ခပ်ပျစ်ပျစ်အနှစ်ရအောင်လုပ်ပါ။ ရလာတာကိုလိမ်းလိုက်ပြီးအခြောက်ခံကာ ကြက်သီးနွေးရေနဲ့ဆေးကြာပါ။ ပုံမှန်လုပ်သွားမယ်ဆိုရင် ဒီနည်းကလည်းအသားဖြူစေဖို့ တကယ်ကိုထိရောက်မှာပါ။Gram flour လက်ဖက်ရည်ဇွန်း၂ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲနဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကိုရောပါ။ ဒီ ပေါင်းတင်ကပ်ခွာ (mask) ကို မိနစ် ၂၀မှ ၂၅မိနစ်ထိထားပါ သို့မဟုတ် ခြောက်သွားသည်ထိထားပါ။ ခြောက်သွားတဲ့ mask ကို ပွတ်တိုက်ဆေးကြောပြီး ကြက်သီးနွေးရေနဲ့ထပ်ဆေးပါ။သခွားသီးဟာ ကော်လာဂျင်တွေကို စုစည်းပေးပြိး အသားအရည်တင်းရင်းပျော့ပျောင်းစေပါတယ်။ ဒီလိုအသားအရည်မျိုးမှာတော့ ညီညာပြီးဖြူဝင်းတဲ့အသားရောင်တွေရှိတတ်ပါတယ်။ သခွားသီးဟာ အသားအရည်ကိုလည်း အေးမြစေပါသေးတယ်။ သူကလည်း အသားအရည်ပုံစံအမျိုးမျိုးအတွက်သင့်လျော်ပါတယ်။သခွားသီးလွှာတွေကို ဖြူဝင်းစေလိုတဲ့ မဲနေတဲ့အသားနေရာတွေမှာထားလိုက်ပါ။မိနစ်အနည်းငယ်လောက်ထားပြီး သခွားသီးတွေဖယ်လိုက်ကာ ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။ တစ်ရက်ကို ၂ကြိမ်လုပ်ပါ။သခွားသီးကိုခြစ်ပြီး ပျားရည်နဲ့ရောဂါ အစက်အပြောက်တွေနည်းစေတဲ့ mask လုပ်ပါ။မျက်နှာနဲ့လည်ပင်းပေါ်လိမ်းပေးပြီး ၁၅မိနစ်မှ မိနစ်၂၀ထိထားကာ ရေအေးနဲ့ဆေးပါ။ ရလဒ်တွေ ထိရောက်သိသာစေဖို့ တစ်ရက်ကို ၂ကြိမ်နေ့စဉ်လုပ်ပါ။သံပုရာရည်နဲ့ သခွားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီကိုရောပါ။မျက်နှာပေါ်လိမ်းပြီး ၁၅မိနစ်မှ မိနစ် ၂၀ထိ သို့မဟုတ် ခြောက်သွားသည်ထိ ထားပါ။ ရေနဲ့ဆေးကြောပါ။ တစ်ရက်ကိုတစ်ကြိမ် နေ့စဉ်လုပ်ပါ။ကဲ … နည်းလမ်းလေးတွေသိပြီဆိုတော့ အသားဖြူအောင် ဒီနေ့ပဲ စကြိုးစားကြရအောင်နော် … ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/glutathione-for-skin-lightening/
မျက်လုံးနဲ့ ပတ်သတ်ပြီး လူအများ လုပ်လေ့ရှိကြတဲ့ အမှားများ
မျက်လုံးဆိုတဲ့ အာရုံခံစနစ်တစ်ခုထဲက ပေးပို့တဲ့ သတင်းအချက်အလက်တွေဟာကျန်အာရုံခံစနစ်တွေဖြစ်တဲ့ အကြား၊ အရသာ၊ အနံ့အသက် နဲ့ အထိအတွေ့တို့ ပေးပို့တဲ့ သတင်းအချက်အလက် စုစုပေါင်းထက်ပိုများပါတယ်။ မျက်လုံးကို တာဝန်ယူထားရတဲ့ ဦးနှောက် အစိတ်အပိုင်းကလည်း ကျန်အာရုံခံစနစ် စုစုပေါင်းထက် ပိုများပါတယ်။ မျက်လုံးတွေဟာ သိစိတ်က ပေးပို့တဲ့ သတင်းအချက်အလက်ပမာဏ တစ်ဝက်ခန့်ကို ပေးပို့နိုင်တဲ့ အင်္ဂါတွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မျက်လုံးတွေဟာ ခန္ဓါကိုယ်ရဲ့ အရှုပ်ထွေးဆုံး အာရုံခံ အင်္ဂါတစ်ခုလည်း ဖြစ်ပါတယ်။ လူတော်တော်များများဟာ အမြင်အာရုံပျက်စီးခြင်းဆိုတာ ဇရာကြောင့် မလွဲမသွေဖြစ်ရတဲ့ ရလဒ်လို့သာ အထင်မှားတတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း မျက်လုံးကျန်းမာရေးနဲ့ လျော်ညီတဲ့ အလေ့အကျင့်တွေ ရှိမယ်ဆိုရင် မျက်လုံးကျန်းမာရေးနဲ့ ပတ်သတ်တဲ့ ရောဂါ တော်တော်များများကို ကာကွယ်နိုင်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ ကျွန်တော်တို့ အတွက် အရမ်း အရေးပါတဲ့ အင်္ဂါဖြစ်တဲ့ မျက်လုံးတွေ မပျက်စီးစေရန်အတွက် ရှောင်သင့်တဲ့ အလေ့အကျင့်လေးတွေကို Hello Sayarwon ပရိတ်သတ်ကြီး နဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။၁။ နှစ်စဉ် မျက်လုံးစစ်ဆေးမှု ပုံမှန်မလုပ်ခြင်း။အထူးသဖြင့် သင့်အနေနဲ့ အသက် ၄၀ ကျော်လာတဲ့ အချိန် မျက်လုံးကို နှစ်စဉ်ပုံမှန် စစ်ဆေးသင့်ပါတယ်။ မျက်လုံးဆိုင်ရာဆရာဝန်များက မျက်စင်းဆေးအနည်းငယ်ကို အသုံးပြုပြီး မျက်လုံးတွေ ပြန့်ကားလာခြင်းနဲ့ သူငယ်အိမ်ရဲ့ အခြေအနေကို စစ်ဆေးမှာဖြစ်ပြီး ပြင်းထန်တဲ့ ရောဂါတွေဖြစ်တဲ့ ရေတိမ်၊ ဆီးချိုကြောင့် သွေးကြောထဲ သကြားဓါတ်ကြာမြင့်စွာ များနေတဲ့အခါ မျက်လုံးအာရုံခံလွှာ (retina) တွေထဲက သွေးကြောတွေကို ပျက်စီးစေတဲ့ မျက်လုံးဝေဒနာ၊ Macular Degeneration လို့ခေါ်တဲ့ မျက်လုံး အာရုံခံလွှာ အလယ်တည့်တည့် အပိုင်းပျက်စီးတဲ့ ရောဂါတွေ ဖြစ်နေသလားဆိုတာကို စစ်ဆေးမှာ ဖြစ်ပါတယ်။၂။ မျက်လုံးယားခြင်းကို ဂရုမစိုက်ခြင်း။အနီရောင်နဲ့ မျက်ရည်တွေထွက်ရှိပြီး ယားယံကာ ပူစပ်ပူလောင်ဖြစ်နေတဲ့ မျက်လုံးတွေဟာ။ဓါတ်မတည့်ခြင်းကို ခံစားနေရတယ်ဆိုတာကိုပြနေတာပါ။ ဒါပေမဲ့ မျက်လုံးက-။၃။ ထိခိုက်ဒဏ်ရာရလျှင်ရခြင်း မျက်လုံးကို မစစ်ဆေးခြင်း။မျက်လုံးနဲ့ ပတ်သတ်ပြီး ဒဏ်ရာသေးသေးလေးရမယ်ဆိုရင်တောင် မျက်လုံးထိခိုက်တာနဲ့။ဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။ အထူးသဖြင့် သင်ဟာ-။၄။ နေကာမျက်မှန် ဝတ်ဆင်တဲ့ အကျင့်မရှိခြင်း။နေကာမျက်မှန်တွေဟာ နေရောင်က ထွက်တဲ့ ခရမ်းလွန်ရောင်ခြည် (ultraviolet (UV)) တွေမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒီရောင်ခြည်တွေဟာ မျက်လုံးကို မျက်စိအတွင်းတိမ်နဲ့ Macular Degeneration လို့ခေါ်တဲ့ မျက်လုံး အာရုံခံလွှာ အလယ်တည့်တည့် အပိုင်းပျက်စီးတဲ့ ရောဂါ၊ တာရီဂျီယမ် (Pterygium) လို့ခေါ်တဲ့ မျက်ကြည်လွှာအပေါ်က အကျိအချွဲတွေ ကြီးလာတဲ့ ဝေဒနာ ကိုဖြစ်စေနိုင်ပါတယ်။ နေကာမျက်မှန်ဝတ်မယ်ဆိုရင်လည်း ultraviolet A (လှိုင်းရှည်)နဲ့ ultraviolet B (လှိုင်းတို) တွေကို ၉၉ ရာခိုင်နှုန်းတားဆီးပေးနိုင်တဲ့ နေကာမျက်မှန်တွေကိုသာ ဝတ်ဆင်သင့်ပါတယ်။၅။ မျက်လုံးကို ပွတ်ခြင်း။မျက်လုံးကို ပွတ်ခြင်းဟာ မျက်လုံးကို ပိုယားယံစေပြီး မျက်လုံးတွင်းက သွေးကြောတွေကို ပျက်ဆီးစေပါတယ်။ ဒီလို ပွတ်ခြင်းက မျက်လုံးထဲ ဘာဝင်ဝင် ပိုဆိုးလာစေတာပဲ ရှိပါတယ်။လက်တွေဟာ မျက်လုံးအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ ပိုးမွှားတွေနဲ့ အမြဲထိတွေ့နေရတဲ့အတွက်။မျက်လုံးကို ပွတ်မယ်ဆိုရင် သင့်လက်က သေချာဆေးထားရဲ့လားဆိုတာ ဂရုစိုက်သင့်ပါတယ်။၆။ ဖုန်း Screens၊ ကွန်ပျုတာ Screens များကို အချိန်ကြာမြင့်စွာ ကြည့်ရှုနေခြင်း။ဖုန်းScreens ၊ ကွန်ပျူတာ Screens တွေကို ကြည့်တဲ့အခါမှာ သင့်ရဲ့ မျက်လုံး ကြွက်သားတွေက။ပိုအလုပ်လုပ်ရပါတယ်။ Screens တွေကို အချိန်ကြာမြင့်စွာကြည့်ရှုခြင်းက မျက်လုံးတွေကို ပင်ပန်းစေပြီး ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလို ဖုန်း၊ ကွန်ပျူတာ Screens တွေကို အချိန်ကြာမြင့်စွာ ကြည့်ရသူတွေ လုပ်ဆောင်သင့်တဲ့ နည်းလမ်းကတော့ ၂၀-၂၀-၂၀ စည်းမျဉ်းပါ။ ၂၀-၂၀-၂၀ စည်းမျဉ်း ဆိုတာက Screens ကိုကြည့်တဲ့ အချိန် မိနစ် ၂၀ ပြည့်တိုင်း ပေ ၂၀ အကွာအဝေးက အရာတစ်ခုကို စက္ကန့် ၂၀ ခန့်ကြည့်ရှုပေးပါ။ ဒါ့အပြင် မျက်တောင် မကြာခဏ ခတ်ခြင်းကလည်း မျက်လုံးကို စိုစွတ်စေပြီး ရုံးမှာဆိုရင်လည်း ကွန်ပျူတာ Screens မှာတပ်ဆင်ရတဲ့ အလင်းရောင်ကို လျှော့ချပေးတဲ့ အကာကွယ်တွေကလည်း မျက်လုံး ကျန်းမာရေး အတွက်ကောင်းမွန်ပါတယ်။၇။ မျက်ကပ်မှန်တွေကို သေချာမသန့်ရှင်းခြင်း။မျက်ကပ်မှန်တပ်သူတစ်ယောက်ဆိုရင် မျက်လုံးတွေ ကျန်းမာနေဖို့ အတွက် မျက်ကပ်မှန်တွေကို ဆရာဝန်က ညွှန်ကြားထားတဲ့ ဆေးရည်နဲ့ ပုံမှန်ဆေးကြောသင့်ပါတယ်။ မျက်ကပ်မှန်ဆေးတဲ့ အခါမှာလည်း ရေ (သို့မဟုတ် ) တံတွေးနဲ့ ဘယ်တော့မှ မဆေးသင့်ဘဲ သန့်ရှင်းတဲ့ဘူးထဲမှာပဲ သိမ်းထားသင့်ပြီး ဗူးကို လည်း ၃ လပြည့်တဲ့ အခါတိုင်း လှဲလှယ်ပေးသင့်ပါတယ်။ ဒါ့အပြင် အိမ်ယာဝင်ချိန်မှာလည်း မျက်ကပ်မှန်တွေကို ချွတ်အိပ်ဖို့ မမေ့သင့်ပါဘူး။ တစ်ခါသုံး မျက်ကပ်မှန်ကို အသုံးပြုရမယ်ဆိုရင်လည်း ဆရာဝန် ညွှန်ကြားထားတဲ့အချိန် လှဲလှယ်သင့်ပါတယ်။၈။ မျက်ကပ်မှန်ကို ရေချိုးတဲ့ အချိန်ဝတ်ထားခြင်း။ရေချိုးတဲ့အခါ မျက်ကပ်မှန်မချွတ်တဲ့အခါ ရေထဲမှာပါဝင်တဲ့ ရောဂါပိုးတွေက မျက်ကပ်မှန်မှာ ကပ်နေနိုင်ပြီး မျက်လုံးကို ကူးစက်ရောဂါဖြစ်စေနိုင်ပါတယ်။ ဒါကို ကာကွယ်ဖို့ အတွက်။ရေမချိုးခင် မျက်ကပ်မှန်တွေကို အရင် ချွတ်သင့်ပါတယ်။၉။ မိတ်ကပ်များကို မဆေးမကြောဘဲထားခြင်း။မျက်တောင်ခြယ်ဆေး (mascara)၊ eyeliner ၊ မျက်ခွံဆိုးဆေးတောင့်( eye shadow) မှ အကြွင်းအကျန်အမှုန်တွေဟာ မျက်လုံးထဲဝင်နိုင်ပြီး ကူးစက်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးဆိုင်ရာ မိတ်ကပ်တွေ လိမ်းထားရင် ညအိမ်ယာမဝင်ခင် မျက်နှာသစ်ဖို့ အရေးကြီးပါတယ်။ မိတ်ကပ်မဖျက်မိလို့ မျက်လုံးတွေနီလာမယ်၊ နာကျင်လာမယ်ဆိုရင်တော့ ဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။၁၀။ ဘေးအန္တရာယ်ကာကွယ်တဲ့ မျက်မှန်တွေကို မဝတ်ခြင်း။ဝရိတ်ဆော်တာပဲ ဖြစ်ဖြစ်၊ အားကစားလုပ်နေတဲ့အချိန်ပဲ ဖြစ်ဖြစ်။ဘေးအန္တရာယ်ကာကွယ်ပေးတဲ့ မျက်မှန်တွေကသာ သင့်မျက်လုံးပျက်စီးခြင်းကို ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် သင့်အနေနဲ့ လုပ်ရိုးလုပ်စဉ် မဟုတ်တဲ့ အလုပ်တစ်ခုကို လုပ်ကိုင်တဲ့အခါမှာ ဒီလို လေကာ၊ ရေကာမျက်မှန်တွေကို ဝတ်ပြီး မျက်လုံးကို ကာကွယ်ဖို့ အတွက် ပြင်ဆင်ဖို့ လိုပါလိမ့်မယ်။၁၁။ မိသားစု မျိုးရိုးကို မစစ်ဆေးခြင်း။သင့်မိသားစုထဲမှာ မျက်လုံးရောဂါ တစ်ခုခု ရှိမယ်ဆိုရင် ဒါကို သိထားဖို့လိုပါတယ်။ ဒါမှသာ ရောဂါ ဖြစ်လာတာနဲ့ တစ်ပြိုင်နက် ကုသမှု ခံရယူနိုင်မှာပါ။ လေ့လာချက်တွေအရ။မျက်လုံးကန်းရခြင်းရဲ့ အဓိက အကြောင်းရင်း ၂ ခုဖြစ်တဲ့ မျက်လုံးရေတိမ် (glaucoma) နဲ့။Macular Degeneration လို့ခေါ်တဲ့ မျက်လုံး အာရုံခံလွှာ အလယ်တည့်တည့် အပိုင်းပျက်စီးတဲ့ ရောဂါတို့ဟာ မျိုးရိုးဗီဇနဲ့ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။၁၂။ မျက်မှန်ကို ပုံမှန်မဝတ်ခြင်း။သင့်ရဲ့ အမြင်အာရုံဟာ အချိန်နဲ့ အမျှပြောင်းလဲနေပါတယ်။ သင့်မျက်လုံး ကျန်းမာရေးအတွက် ဒီအမြင်အာရုံတွေ ပြောင်းလဲလာတာကို အချိန်နဲ့ တစ်ပြေးညီသတိထားဖို့လိုပြီး အမြင်အာရုံ ပြောင်းလဲလာတာနဲ့ တစ်ပြိုင်နက် ဆရာဝန်နဲ့ သွားပြမယ်ဆိုရင် အမြင်အာရုံ ဆိုးဆိုးရွားရွား မပျက်စီးနိုင်အောင် ကာကွယ်နိုင်မှာပါ။၁၃။ ဆေးလိပ်သောက်ခြင်း။ဆေးလိပ်သောက်ခြင်းဟာ ခန္ဓါကိုယ်ရဲ့ တစ်ခြားသော ခန္ဓါကိုယ်အစိတ်အပိုင်းတွေကို ပျက်စီးစေနိုင်သလိုပဲ မျက်လုံးကို လည်း ပျက်ဆီးစေနိုင်ပါတယ်။ ဆေးလိပ်သောက်မယ်ဆိုရင် မျက်စိအတွင်းတိမ်ဖြစ်လာခြင်း၊ အမြင်အာရုံဆိုင်ရာ နာဗ်ကြောများ ပျက်စီးလာခြင်း၊ မျက်လုံး အာရုံခံလွှာ အလယ်တည့်တည့် အပိုင်းပျက်စီးတဲ့ ရောဂါ (Macular Degeneration) တို့ ဖြစ်လာနိုင်ပါတယ်။ ဒီအချက်တွေအားလုံးက နောက်ဆုံးမှာ မျက်လုံးကန်းသည်အထိ ဖြစ်စေနိုင်ပါတယ်။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/eye-mistakes-you-might-be-making/
Hypothyroidism (သိုင်းရွိုက်ဟော်မုန်းနည်းခြင်း)
သိုင်းရွိုက်ဟော်မုန်းနည်းခြင်းဆိုတာ သိုင်းရွိုက်ဂလင်းကနေ သိုင်းရွိုက်ဟော်မုန်းကို လုံလောက်စွာ မထုတ်လုပ်ပေးနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းဟာ လည်ပင်းရှေ့မှာ လိပ်ပြာပုံစံ တည်ရှိပါတယ်။ T3 T4 စတဲ့ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပါတယ်။အသက်အရွယ်မရွေး ဖြစ်တတ်ပေမယ့် သက်ကြီးပိုင်းတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက် ၆၀ကျော် အမျိုးသမီးတွေမှာ ဖြစ်နိုင်ခြေ အများဆုံးပါပဲ။ မိသားစုရာဇဝင်ရှိရင်လည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ဟောမုန်းပမာဏ လိုအပ်မှုပမာဏပေါ်မူတည်ပြီး လက္ခဏာတွေဟာ ပြောင်းလဲနိုင်ပါတယ်။ အောက်ပါလက္ခဏာတွေ ပါဝင်ပါတယ်။ပိုပြီးဆိုးရွားတဲ့ အခြေအနေမှာ အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။ လက္ခဏာတွေကတော့ သွေးပေါင်ချိန်နည်းခြင်း၊ အသက်ရှူနှုန်းနှေးခြင်း၊ ကိုယ်အပူချိန်ကျခြင်း၊ တုံ့ပြန်မှုမရှိခြင်း၊ သတိလစ်ခြင်းနဲ့ အဆိုးဆုံးအခြေအနေကတော့ သေဆုံးခြင်း ဖြစ်ပါတယ်။ရောဂါရှာဖွေကုသခြင်းဟာ အခြေအနေပိုဆိုး မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်အောင် ပြသပါ။အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။သိုင်းရွိုက်ဟော်မုန်းကို ထိရောက်စွာ မထုတ်နိုင်တော့တဲ့ အခြေအနေမှာ ကိုယ်ခန္ဓါရဲ့ဓါတ်ပြုလုပ်ဆောင်မှုတွေဟာ ဟန်ချက်ပျက်သွားနိုင်ပါတယ်။ မိမိကိုယ်ခံအားက ပြန်တိုက်ခိုက်သောရောဂါ၊ သိုင်းရွိုက်ဟော်မုန်းများခြင်းအား ကုသခြင်း၊ ဓါတ်ရောင်ခြည်ကုသခြင်း၊ သိုင်းရွိုက်ခွဲစိတ်ခြင်း စတဲ့အကြောင်းအရာပေါင်းစုံ ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ကနေထုန်လုပ်တဲ့ T3 T4 စတဲ့ဟော်မုန်းတွေဟာ ကျန်းမာရေးအပေါ် အရေးကြီးတဲ့ သက်ရောက်မှုရှိပါတယ်။ ဟော်မုန်းထုတ်လုပ်မှုကျဆင်းစေတဲ့ အခြေအနေတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်ခြင်း။မိမိကိုယ်ခံအားစနစ်ကနေ မိမိကိုယ်ခန္ဓါက တစ်သျှူးတွေကို ပြန်လည်တိုက်ခိုက်တတ်ခြင်း ဖြစ်ပါတယ်။ တခါတရံမှာ သိုင်းရွိုက်ဂလင်းပါ ပါဝင်တတ်ပါတယ်။သိုင်းရွိုက်ဟော်မုန်းများခြင်းအား ကုသခြင်း။သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှု များလွန်းရင်လည်း ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းနဲ့ သိုင်းရွိုက်ဆန့်ကျင်ဆေး စတာတွေနဲ့ ကုသရပါတယ်။ ဒါပေမယ့် တခါတရံ ဒီလိုကုသမုဟာ သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကို ဖြစ်ပွားစေတတ်ပါတယ်။သိုင်းရွိုက်ခွဲစိတ်ခြင်း။သိုင်းရွိုက်ဂလင်းရဲ့ အစိတ်အပိုင်းတွေ ခွဲစိတ်ဖယ်ရှားလိုက်ရင် ဟော်မုန်းထုတ်လုပ်မှု ကျဆင်းသွားနိုင်ပါတယ်။ဓါတ်ရောင်ခြည်ကုသခြင်း။ဦးခေါင်းပိုင်းနဲ့ လည်ပင်းပိုင်းက ကင်ဆာတွေကို ဓါတ်ရောင်ခြည်ကုသခြင်းဟာ သိုင်းရွိုက်ဂလင်းကိုပါ ထိခိုက်စေပြီး ဟော်မုန်းနည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ဆေးဝါးများ။ဆေးအများအပြားဟာ သိုင်းရွိုက်ဟော်မုန်းနည်းပါးခြင်းမှာ အရေးပါပါတယ်။ စိတ်ကျန်းမာရေးအတွက်ပေးတဲ့ လစ်သီယမ်လိုဆေးမျိုး ဖြစ်ပါတယ်။အောက်ပါအခြေအနေတွေမှာ ပိုပြီးဖြစ်နိုင်ခြေများပါတယ်။ကိုယ်ဝန်ရှိခြင်း၊ ၆လအတွင်း ကလေးမွေးထားခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဒီရောဂါရှိတယ်လို့ သံသယရှိရင် အောက်ပါစမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။သွေးစစ်ဆေးမှုဟာ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ အခြေအနေကို အတည်ပြုဖို့ ပြုလုပ်ပါတယ်။ အောက်ပါစစ်ဆေးခြင်းတွေ ပါဝင်ပါတယ်။အထက်ပါစစ်ဆေးခြင်းတွေဟာ ပုံမှန်ပဲဆိုရင် သိုင်းရွိုက်ဆန့်ကျင်တဲ့ ခုခံပစ္စည်း စစ်ဆေးခြင်းဟာ မိမိကိုယ်ခံအားက ပြန်တိုက်ခိုက်တဲ့ အခြေအနေ ရှိမရှိ သိစေနိုင်ပါတယ်။ဟိုက်ပိုသဲလမတ်နဲ့ ပီကျူထရီဂလင်းတွေကို CT ၊ MRI ရိုက်ပြီး စစ်ဆေးကြည့်ခြင်းလည်း ပြုလုပ်နိုင်ပါတယ်။ဖန်တီးထားတဲ့ သိုင်းရွုိက်ဟော်မုန်း levothyroxine ကို နေ့စဉ် သုံးစွဲရတတ်ပါတယ်။ ဒီသောက်ဆေးဟာ ဟော်မုန်းပမာဏကို ပြန်လည်မြင့်တက်စေပြီး သိုင်းရွိုက်ဟော်မုန်းနည်းခြင်းရဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။ဆေးပမာဏ မှန်မမှန်သိရအောင် ၂လ၃လကြာရင် ဆရာဝန်ဟာ ပြန်လည်ချိန်းဆိုပြီး TSH ပမာဏကို စစ်ဆေးပါလိမ့်မယ်။ဟော်မုန်းပမာဏများရင် အောက်ပါဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။နှလုံးသွေးကြောရောဂါနဲ့ သိုင်းရွိုက်ဟော်မုန်း ဆိုးရွားစွာ ချို့တဲ့ခြင်းရှိရင် ဆေးပမာဏကို နည်းနည်းကနေစပြီး တဖြည်းဖြည်းမြှင့်သွားပါလိမ့်မယ်။ အောက်ပါဆေးတွေ ပါဝင်ပါတယ်။ကုယ်လ်ဆီယမ်အားဖြည့်ဆေး။သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကို မကာကွယ်နိုင်ပေမယ့် ရောဂါလက္ခဏာတွေကို သိရှိရင် အချိန်နဲ့တပြေးညီ ကုသနိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ လက္ခဏာ မရှိသေးပေမယ့် ရောဂါဖြစ်နိုင်ခြေများတဲ့သူတွေကို ရောဂါအခြေအနေ စစ်ဆေးနိုင်ပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/hypothyroidism-%e1%80%9e%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%bd%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%9f%e1%80%b1%e1%80%ac%e1%80%ba%e1%80%99%e1%80%af%e1%80%94%e1%80%ba/
ကလေးများတွင်ဖြစ်တတ်သော သွေးတိုးရောဂါ
သွေးတိုးရောဂါကို hypertension လို့လည်းခေါ်ပြီး သွေးကြောတွင်းဖိအားက တက်လာကာ သွေးကြောနံရံကို တွန်းကန်တဲ့အခါ ဖြစ်ပေါ်ပါတယ်။ နှလုံးဟာ သွေးလွှတ်ကြောနှင့် စီးဆင်းနေတဲ့ သွေးတွေကနေ လာတဲ့သွေးကို ညှစ်နေတာကြောင့် သွေးဖိအားဟာ မိနစ်တိုင်း အမြဲပြောင်းနေတတ်ပါတယ်။ကလေးအတွက် သွေးတိုးရောဂါကို လိင်တူ၊ အသက်အရွယ်နှင့် အရပ်တူနေသော အခြားကလေး 95 ရာခိုင်နှုန်းနဲ့ တူညီတဲ့ သို့မဟုတ် ပိုကြီးတဲ့ သွေးဖိအားရှိခြင်းအဖြစ် သတ်မှတ်ထားပါတယ်။ ကလေးတွေက ကြီးထွားလာပြီး သွေးဖိအားကလည်း ပြောင်းလဲတတ်တာကြောင့် ကလေးတွေအတွက် ပုံမှန်သွေးပေါင်ချိန် သတ်မှတ်ဖို့ ခက်ခဲတတ်ပါတယ်။ သင့်ဆရာဝန်က တခြားကလေးတွေရဲ့ပုံမှန်သွေးပေါင်ချိန်နှင့် သင့်ကလေး၏သွေးဖိအားကို နှိုငိးယှဉ်ပါလိမ့်မယ်။ကလေးများအတွက် သွေးဖိအားများနိုင်တဲ့ အန္တရာယ် အများအပြား ရှိပါတယ်။ အရွယ်ရောက်ပြီးသူတွေလိုပဲ အဝလွန်ခြင်း၊ အာဟာရချို့တဲ့ခြင်းနှင့် လေ့ကျင့်ခန်းမလုပ်ခြင်း စတာတွေဖြစ်ကြပါတယ်။ လူနေမှုပုံစံ ပြောင်းလဲပေးတာက ကလေးတွေအတွက်သွေးတိုးခြင်းကိုလျှော့ချဖို့ ကူညီပေးနိုင်ပါတယိ။ ကုသမှုမရှိဘူးဆိုရင် ဆိုးကျိုးများဖြစ်ပေါ်စေနိုင်ပါတယ်။ သင့်ကလေး သွေးတိုးရှိတယ်လို့ သံသယရှိလျှင် ဆရာဝန်ကို ပြောပြရန်အရေးကြီးပါတယ်။အထူးသဖြင့်ကလေးငယ်များမှာ ရောဂါလက္ခဏာတွေမဖြစ်ပေါ်စေပါ။ ရောဂါလက္ခဏာတွေဖြစ်ပေါ်စပြုလျှင် ကလေးခေါင်းကိုက်ခြင်း၊ အမြင်အာရုံပြောင်းလဲခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ နှလုံးနှုန်းမြန်ခြင်းနှင့် ပျို့ချင်တာတွေ တွေ့ကြုံနိုင်ပါတယ်။ သင့်ကလေးက ဒီရောဂါလက္ခဏာတွေ ရှိလျှင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။အောက်ပါ အောက်ခံကျန်းမာရေးပြဿနာသို့မဟုတ် သွေးတိုး လက္ခဏာတွေရှိလျှင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ၃နှစ်အရွယ်ကစပြီး သင့်ကလေး၏သွေးပေါင်ချိန်ကို ပုံမှန် စစ်ထားရပါမယ်။ ဆရာဝန်များကအကြံပြုထားသည့်အတိုင်း လုပ်ရိုးလုပ်စဉ်ကျန်းမာရေးစစ်ဆေးမှုများ သင့်ကလေးကို လုပ်ခိုင်းဖို့ အရေးကြီးပါတယ်။ သွေးတိုးရောဂါ ဖြစ်နိုင်သော အခြေအနေရှိနေလျှင် သွေးပေါင်ချိန်စစ်ဆေးမှုများကို နို့စို့အရွယ်ကာလအတွင်းစတင်နိုင်ပါတယ်။ အထူးသဖြင့် လမစေ့ခြင်း၊ ပေါင်မပြည့်ခြင်း၊ မွေးရာပါနှလုံးရောဂါနှင့် ကျောက်ကပ်ပြဿနာ ရှိတဲ့ ကလေးတွေဆို ပိုသတိထားသင့်ပါတယ်။ သင့်ကလေးအဝလွန်ရောဂါဖြစ်နေတယ်ဆိုရင်လည်း သင့်ဆရာဝန်က ပိုပြီးသွေးဖိအား စစ်ဆေးမှုလုပ်ခိုင်းပါလိမ့်မယ်။ဆရာဝန် ဆေးလာကုတဲ့အခါ သင့်ကို မေးခွန်းတွေမေး နိုင်ပါတယ်။ မေးခွန်းအချို့ကတော့ –။သင့်ကလေးမှာ မိသားစုမှာ ကိုလက်စထရောမြင့်မားခြင်း ၊သွေးတိုး သို့မဟုတ်နှလုံးရောဂါ မိသားစုရာဇဝင်ရှိပါသလား?။ကလေးရဲ့ အစားအသောက်နှင့်လေ့ကျင့်ခန်းအလေ့အထများကဘာတွေလဲ?။သင့်ကလေး သွေးပေါင်ချိန်ကို ဘယ်အချိန်မှာ နောက်ဆုံး စစ်ဆေးထားလဲ? သွေးပေါင်ချိန်ဘယ်လောက်လဲ? စတာတွေဖြစ်ပါတယ်။ဒီမေးခွန်းတွေကို ရက်ချိန်းမတိုင်ခင် ကြိုအဖြေရှာထားတာက ဆရာဝန်ကို သိချင်တာတွေ ပိုမေးလို့ရပြီး ကလေးအခြေအနေကို ပိုသိနိုင်ပါတယ်။တစ်ခါတစ်ရံ အချိန်တိုတယ်လို့ခံစားရနိုင်ပါတယ်။ သင့်ဆရာဝန်သင့်လျော်တဲ့ ကုသမှုပေးဖို့ အချက်အလက်အများကြီးစုဆောင်းဖို့ လိုပါတယ်။ ဤအချက်တွေက သင့်ဆရာဝန်က ကလေးအတွက် ကုသကောင်းကောင်း ပေးနိုင်အောင် အကြံပြုချက်တွေ ဖြစ်ပါတယ်။ရောဂါလက္ခဏာ သို့မဟုတ် အန္တရာယ်ဖြစ်စေတဲ့အချက်များရေးချပါ။ သွေးတိုးတာဟာ အမြဲရောဂါလက္ခဏာ မပြပေမယ့် ကလေးမှာ နှလုံးရောဂါနှင့် အခြားကလေးရောဂါတွေ ရှိတယ်ဆိုရင် သင့်ဆရာဝန်ကို အသိပေးနိုင်ပါတယ်။ပုဂ္ဂိုလ်ရေးဆိုင်ရာ အဓိက အချက်အလက်များကိုချရေးပါ။ သွေးတိုး၊ ကိုလက်စထရောတက်ခြင်း၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းသို့မဟုတ်ဆီးချိုရောဂါ စတဲ့ မိသားစု ရာဇဝင်တွေ ရေးထားနိုင်ပါတယ်။ဒါဟာ သင့်ကလေး သောက်နေသမျှ ဆေးဝါး၊ ဗီတာမင် သို့မဟုတ် ဖြည့်စွက်စာ အားလုံး ပါဝင်ပါတယ်။မိသားစုဝင် သို့မဟုတ် မိတ်ဆွေတစ်ဦး ခေါ်သွားပါ။ရက်ချိန်းပြနေစဉ်အတွင်း သင်တို့ကို ပြောပြတဲ့ အချက်အလက်တွေအားလုံးကို သတိရဖို့နှင့် နားလည်ဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ အတူပါလာတဲ့သူက သင် မကြားလိုက်တာ သို့မဟုတ် မေ့သွားတဲ့ အကြောင်းအရာတစ်ခုခုကိုသတိရပါလိမ့်မယ်။သင့်ဆရာဝန်က သင့်ကလေး၏ အစားအစာနှင့်လေ့ကျင့်ခန်းအလေ့အထများကို ပြောပြဖို့ တောင်းဆိုလာနိုင်ပါတယ်။မေးရန် သင့်ကိုယ်ပိုင်မေးခွန်းများကိုချရေးထားပါ။ဆေးခန်းပြနေစဉ်မှာ သင့်ကလေးအခြေအနေနှင့်ပတ်သက်ပြီး သင် သိလိုသည့်မေးခွန်းများကိုမေးပါ။သင်နားမလည်တဲ့အရာကိုရှင်းပြဖို့ သင့်ဆရာဝန်ကိုမေးရန်မကြောက်ပါနှင့်။ အချက်အလက်တွေ အများကြီးဖြစ်နေတတ်ပြီး တစ်ခါတစ်ရံ မသိလိုက်တာတွေရှိနိုင်ပါတယ်။ သင့်ဆရာဝန် သင့်ကို ပြောပြသမျှ အရာအားလုံးကိုနားလည်သဘောပေါက်ရန်အရေးကြီးပါတယ်။ကလေးများအတွက် သွေးတိုးရောဂါဟာ မကြာခဏ အခြားကျန်းမာရေး အခြေအနေများနှင့် ဆက်စပ်နေလေ့ ရှိပါတယ်။ ဒီအခြေအနေများကတော့ နှလုံးချွတ်ယွင်းမှု၊ ကျောက်ကပ်ရောဂါ၊ မျိုးဗီဇအခြေအနေများ သို့မဟုတ် ဟော်မုန်းမူမမှန်ခြင်း စတာတွေဖြစ်နိုင်ပါတယ်။ အများစုသော သွေးတိုးတွေကတော့ ကိုယ်အလေးချိန်တက်တာကြောင့်ဖြစ်ရပါတယ်။ သင့်ကလေးကို ကျန်းမာသောအစားအစာနှင့်လေ့ကျင့်ခန်းလုပ်တာတွေ ဆက်လက်ပြုလုပ်ပေးဖို့ အရေးကြီးပါတယ်။ ဒီလို လူနေမှုပုံစံ အပြောင်းအလဲတွေက သင့်ကလေးကို အဝလွန်ခြင်းမှတားဆီးနိုင်ပါတယ်။သွေတိုးရောဂါက အောက်ပါအမျိုးအစားများပေါ်မူတည်ပြီး သင့်ကလေးကို ဒုက္ခပေးနိုင်ပါတယ်။Primary (essential) hypertension။Essential hyper tension လို့လည်း သိထားတဲ့ primary hypertension က နောက်ခံအကြောင်းရင်းမလိုပဲ သူ့ဘာသာဖြစ်ပေါ်တတ်တဲ့ အမျိုးအစားဖြစ်ပါတယ်။ ဒီအမျိုးအစားဟာ အရွယ်ရောက် ကလေးများနှင့်လူငယ်များမှာ ပိုပြီးမကြာခဏတွေ့ရှိနိုင်ပါသည်။ ဒီသွေးတိုးရောဂါ ဖြစ်နိုင်ချေ များစေသော အချက်များကတော့။– အဝလွန်ခြင်း (BMI 25 အထက်)။– သွေးတိုးရောဂါ မိသားစုရာဇဝင်ရှိခြင်း။-ဆီးချိုရောဂါအမျိုးအစား 2 သို့မဟုတ်မြင့်မားသော သွေးတွင်း သကြားဓါတ်အဆင့်ရှိခြင်း။– ကိုလက်စထရောနှင့် triglyceride ပမာဏမြင့်နေခြင်း။secondary hypertension ကတော့ အောက်ခံကျန်းမာရေးအခြေအနေကြောင့် ဖြစ်ပါတယ်။ ကလေးငယ်များတွင်ပိုဖြစ်ပါတယ်။ သင့်ကလေးမှာ secondary hypertension ရှိနေပါက အောက်ပါအခြေအနေများ ဖြစ်ပေါ်တတ်ပါတယ်။-နာတာရှည်ကျောက်ကပ်ရောဂါ။– ကျောက်ကပ် ရေအိတ်တည်ရောဂါ။– နှလုံးသွေးကြောကျဉ်းသလို နှလုံးပြသနာများ။– Adrenal ဂလင်း ပုံမမှန်ခြင်း။– ကျောက်ကပ် ထိခိုက်သောအခြေအနေများ။-သိုင်းရွိုက်ဟော်မုန်းများခြင်း။-Adrenal gland အတွင်း အကျိတ်ဖြစ်ပေါ်သည့် ရှားပါး Pheochromocytoma ရောဂါ။– ကျောက်ကပ် သွေးလွှတ်ကြောကျဉ်းရောဂါ (renal artery stenosis)။သင့်ကလေးသွေးတိုးရောဂါကို အမြဲ ကုသနေဖို့ အရေးကြီးပါတယ်။ လူနေမှုပုံစံ ပြောင်းလဲမှုများ ဥပမာ အစားအစာနှင့်လေ့ကျင့်ခန်း သို့မဟုတ် ဆေးဝါးကုထုံးများ ပေါင်းစပ်ကုသနိုင်ပါတယ်။ မကုသပဲထားခဲ့ရင် သင့်ကလေးမှာပိုဆိုးတဲ့ နောက်ဆက်တွဲ ပြသနာတွေဖြစ်လာနိုင်ပါတယ်။အဖြစ်များတဲ့ နောက်ဆက်တွဲ ပြသနာကတော့ အိပ်ပျော်နေစဉ်အသက်ရှူကျပ်တာ ဖြစ်ပါတယ်။ အိပ်ပျော်စဉ် ဟောက်တာ သို့မဟုတ် အသက်ရှူပုံ မူမမှန်တာကို sleep apnoea ဖြစ်တယ်လို့ခေါ်ပါတယ်။ အဝလွန်နေသော ကလေးငယ်များတွင်ပိုမို အဖြစ် များပါတယ်။ သင့်ကလေး အိပ်ပျော်နေချိန်မှာ အသက်ရှူပြသနာတွေ ရှိမရှိ အာရုံစိုက်သင့်ပါတယ်။ကလေး သွေးတိုးရောဂါကို ထိန်းချုပ်မရတဲ့အခါ လူငယ်ဘဝထိ ဆက်ဖြစ်သွားတတ်ပါတယ်။ ဒါဟာ အောက်ပါ အန္တရာယ်တွေ ဖြစ်စေနိုင်ပါတယ်:။– လေဖြတ်ခြင်း။– နှလုံးရုတ်တရက်ဖောက်ခြင်း။– နှလုံးပျက်စီးခြင်း။– ကျောက်ကပ်ရောဂါ။ဒါကြောင့် တတ်နိုင်သမျှစောစော ကုသဖို့ အကြံပေးလိုပါတယ်။ ဒီပြသနာတွေကို ဘယ်လို တားဆီးဖို့ဆိုတာသိနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။သင့်ကလေး ကိုယ်အလေးချိန်ကိုထိန်းချုပ်ဖို့ လူနေမှုပုံစံ အပြောင်းအလဲများလုပ်ပေးခြင်းဖြင့် ထိန်းချုပ်နိုင်ပါတယ်။ ကျန်းမာနဲ့ ညီညွတ်သောအစားအစာများကျွေးပြီး သင့်ကလေးကို မှန်မှန်လေ့ကျင့်ခန်းလုပ်ဖို့ အားပေးနိုင်ပါတယ်။ သင့်ကလေးအခြေအနေပေါ် မူတည်ပြီး သင့်ဆရာဝန်က ဆေးပေးပါလိမ့်မယ်။ သင့်ရဲ့ကလေးကို ညွှန်ကြားပေးတဲ့ ဆေးဝါးများကို နားလည်ပြီး ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း ဂရုတစိုက်လိုက်နာရန်အရေးကြီးပါတယ်။ သင့်ကလေးကို ဆေးသောက်မပျက်အောင် သတိပေးပါ။ အိမ်မှာ သွေးပေါင်ချိန်စက် ကောင်းကောင်းရှိဖို့လို ပါတယ်။ ဒီနည်းလမ်းကသင့်ကလေး သွေးဖိအားကို စောင့်ကြည့်ပြီး ဒိုင်ယာရီထဲမှာ ထည့်ရေးထားနိုင်ပါတယ် ။ ဒီအရာကို ဆရာဝန်ပြတိုင်းယူသွားပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%90%e1%80%90%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac/
Rickets (အရိုးပျော့သူငယ်နာ )
အရိုးပျော့သူငယ်နာမှာ ကလေးများတွင် ဗီတာမင်ဒီ၊ ကယ်လ်စီယမ် သို့မဟုတ် ဖော့စ်စဖိတ်ဓါတ်များ အလွန်အမင်းချို့တဲ့ခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ၎င်းသည် အရိုးများကို ပျော့စေပြီး အားနည်းစေ၏။အရိုးပျော့သူငယ်နာမှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အဖြစ်များသည်။ အသက် ၆ လနှင့် ၃၆ လကြားကလေးများတွင် အရိုးပျော့သူငယ်နာဖြစ်နိုင်ချေမြင့်မားသည်။ ထိုအရွယ်တွင် ကြီးထွားမှုအရှိန်မြှင့်နေခြင်းကြောင့်ဖြစ်သည်။ နေရောင်နည်းသောဒေသများတွင်နေထိုင်ခြင်း၊ သားသတ်လွတ်စားခြင်း သို့မဟုတ် နွားနို့ထုတ်ကုန်များ မသောက်ခြင်းတို့မှ ဖြစ်ပွားနိုင်ပါသည်။အရိုးပျော့သူငယ်နာ ၏ အဖြစ်အများဆုံး ရောဂါလက္ခဏာများမှာ။အရိုးပျော့သူငယ်နာသည် အရိုးများကို အားနည်းစေခြင်းကြောင့် ကလေး၏ကြီးထွားမှုကို ထိခိုက်နိုင်ပါသည်။ ထိုမှ ပုံစံပျက်ခြင်းများကို ဖြစ်စေနိုင်ပါသည်။ ဥပမာ…။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်ကလေးဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။သင့်ကလေးတွင် ဗီတာမင်ဒီကို အစာနှင့်နေရောင်မှ ကောင်းကောင်းမရရှိလျှင် အရိုးပျော့သူငယ်နာဖြစ်လာပါလိမ့်မည်။ ဗီတာမင်ဒီသည် အစာမှကယ်လ်စီယမ်နှင့် ဖော့စ်ဖိတ်ကိုစုပ်ယူရာတွင် ကူညီပေးသောကြောင့် အရိုးကျန်းမားရေးအတွက် အရေးကြီး၏။ ဗီတာမင်ဒီ၊ ကယ်လ်စီယမ်နှင့် ဖော့စ်ဖိတ်တို့ လုံလောက်စွာမရခြင်းက အရိုးပျော့သူငယ်နာကို ဖြစ်စေပါသည်။တစ်ခါတစ်ရံတွင် တစ်ချို့သောရောဂါများကြောင့်လည်း ဗီတာမင်ဒီကို အသုံးမချိနိုင်ဖြစ်စေတတ်ပြန်သည်။ ဥပမာ…။အရိုးပျော့သူငယ်နာမှာ မိဘများမှလည်း မျိုးရိုးလိုက်နိုင်ပါသည်။ ထိုသို့ဆိုလျှင် ကလေးတွင် အထူးကုသမှုခံယူဖို့ လိုအပ်ပါသည်။အရိုးပျော့သူငယ်နာ ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။မကုသပဲထားပါက အရိုးပျော့သူငယ်နာကနေ အောက်ပါတို့ဖြစ်ပွားနိုင်ပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ကလေး၏အရိုးများကိုစစ်ဆေးခြင်းဖြင့် ရောဂါအတည်ပြုပါလိမ့်မည်။အရိုးပျော့သူငယ်နာအားအတည်ပြုရန် ကူညီနိုင်မည့် စစ်ဆေးမှုများ –။အရိုးပျော့သူငယ်နာရှိသောကလေးများအား အစာနှင့် နေရာင်ခြည်မှ ဗီတာမင်ဒီလုံလောက်စွာရရှိအောင် လုပ်ပေးရမည်။ မရနိုင်ပါက ကုသရာတွင် ဖြည့်စွက်ဆေးများ အသုံးပြုရပါသည်။ ကလေးအား တစ်နေရလျှင် ဗီတာမင်ဒီ 1000-2000 international units (IU) ပေးရမည်။ တစ်ခါတစ်ရံတွင် ဆရာဝန်၏ကြီးကြပ်မှုအောက်၌ ပိုများသော ဗီတာမင်ကို ပေးရနိုင်သည်။ ကယ်လ်စီယမ်ကိုတော့ တစ်ရက်လျှင် 1000-1500 mg ကို ကယ်လ်စီယမ်ကြွယ်ဝသောအစာများ သို့မဟုတ် ဖြည့်စွက်ဆေးများမှ သောက်သုံးရမည်ဖြစ်သည်။မျိုးရိုးလိုက်သော အရိုးပျော့သူငယ်နာများတွင် ဟော်မုန်းကျွမ်းကျင်သူနှင့် သေချာကုသရမည်ဖြစ်သည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအရိုးပျော့သူငယ်နာ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အရိုးပျော့သူငယ်နာအား ကာကွယ်ရန် သင့်ကလေးအား ဗီတာမင်ဒီကြွယ်ဝသည်များ သို့မဟုတ် ဗီတာမင်ဒီ ဖြည့်စွက်စာများကို ဂရုစိုက်ကျွေးပါ။ ဥပမာ –။ကိုယ်ဝန်ရှိနေလျှင် ဗီတာမင်ဒီသောက်ရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။လူနို့ရည်၌ ဗီတာမင်ဒီအနည်းသာပါသောကြောင့် နို့တိုက်ကလေးများတွင် ဗီတာမင်ဒီ 400 mg နေ့စဉ်တိုက်ရန် လိုအပ်ပါသည်။ အမေရိကန် ကလေးအထူးကု အကယ်ဒမီမှ နို့တိုက်သောကလေးများ သို့မဟုတ် တစ်နှစ်သားအောက် နို့ဖော်မြူလာကို 33.8 အောင်စ (တစ်လီတာအောက်) သောက်သူများ၌ ဗီတာမင်ဒီဖြည့်စွက်သောက်ရန် လမ်းညွှန်ထားပါသည်။နေအလင်းနှင့်ထိတွေ့ခြင်းမှာ ဗီတာမင်ဒီရရန်အတွက် အကောင်းဆုံးရင်းမြစ်ဖြစ်သည်။ အလင်းနှင့်ထိတွေသည့်အခါ အရေပြားမှ ဗီတာမင်ဒီထုတ်၏။ နေပူစာလှုံသည့်အခါတွင် ကလေးကို အဝတ်အစားဝတ်ပေးခြင်း သို့မဟုတ် နေရောင်ခံလိမ်းဆေး လိမ်းပေးခြင်းများလုပ်ရန် မမေ့ပါနှင့်။ သို့သော် နေရာင်ခံလိမ်းဆေးမှာ နေရောင်ကိုတားလိုက်နိုင်သည်။ ထို့ကြောင့် အကောင်းဆုံးမှာ မနက် ၇ နာရီမထိုးခင် နေပူစာလှုံခြင်းက ကလေးအတွက် အကောင်းဆုံးပင်ဖြစ်သည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/rickets-%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b7%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%94%e1%80%ac/
အပ်မသုံး မီဆိုကုထုံး နှင့် ဝက်ခြံများ
အန္တရာယ်မများတဲ့ ဝက်ခြံကုနည်းအမျိုးမျိုးဟာ ဘေးကင်းမှု၊ အာနိသင်ရှိမှုတွေကြောင့် လူကြိုက်များနာမည်ကျော်လာပါတယ်။ ဝက်ခြံတွေကိုကုချင်တယ်၊ ဒါပေမယ့် အပ်တော့ကြောက်တယ်ဆိုရင်တော့ အပ်မသုံးတဲ့ mesotherapy နည်းကိုစဉ်းစားကြည့်သင့်ပါတယ်။ဝက်ခြံတွေဟာ အဆီပေါက်၊ ချွေးပေါက်တွေပိတ်ခြင်းရဲ့ ရလဒ်ပါ။ သင့်အရေပြားဟာ ခြောက်သွေ့မှုကို ကာကွယ်ဖို့ အဆီတွေထုတ်ရပါတယ်။ ထိုအဆီတွေ၊ ဆဲလ်အသေတွေ၊ ဖုန်အညစ်အကြေးတွေနဲ့ မိတ်ကပ်တွေက အဆီပေါက်တွေ၊ ချွေးပေါက်တွေကို သွားပိတ်တဲ့အခါ ထိုအပေါက်ငယ်တွေရောင်ရမ်းပြီး ဝက်ခြံတွေဖြစ်လာရပါတော့တယ်။အရေပြားပေါ်မှာမြင်ရတဲ့ အမည်းစက်လေးတွေနဲ့၊ အရေပြားအောက်မှာ ဝက်ခြံဖြစ်နေတာကြောင့် အဖြူဖုငယ်လေးတွေအဖြစ်သာ မြင်နေရာတွေကတော့ ဆားဝက်ခြံတွေဖြစ်တယ်။mesotherapyဆိုတာ အပ်ငယ်လေးတွေနဲ့ အရေပြားထဲကို ဆေးထိုးထည့်သော နည်းတစ်နည်းဖြစ်ပါတယ်။ တိုးတက်လာတဲ့နည်းပညာအလျောက် ခုဆိုရင် အပ်မသုံးတဲ့mesotherapyရရှိနေပါပြီ၊ ထိုနည်းသစ်ကတော့ အပ်အစား လျှပ်စစ်ဓါတ်သုံးပြီး ဆေးတွေ၊ အာဟာရတွေကို သင့်အရေပြားထဲထည့်ပေးခြင်းဖြစ်တယ်။ထိုနည်းဟာ အရေပြားအတွင်းပိုင်းထိ ဆေးထိုးထည့်ခြင်းဖြင့် အရေပြားအလယ်လွှာကို လှုံ့ဆော်ပေးခြင်းဖြစ်တယ်။ ဝက်ခြံသာမက အကြောပြတ်ရာများပါကုနိုင်တဲ့အပြင် အလေးချိန်ကျဖို့အတွက်ပါ သုံးနိုင်ပါတယ်။·Hyaluronic acid– ဝက်ခြံအမာရွတ်များ၊ ပိုးဝင်ခြင်းများကို ကုသပေးပြီး အသားအရေစိုပြေစေပါတယ်။·Collagen– အပေါက်ငယ်များကို ကျဉ်းပေးပြီး အညစ်အကြေးနှင့် ဘတ်တီးရီးယားများ စုပုံခြင်းကို ကာကွယ်ပေးပါတယ်။·ဗီတာမင်နှင့် သတ္ထုဓါတ်များ– အသားအရေတောက်ပကျန်းမာစေဖို့အတွက် လိုအပ်တဲ့ တွေထောက်ပံ့ပေးပါတယ်။·Amino acids(arginine and methionine)– ရောဂါပိုးဝင်ခြင်းများကုသပေးကာ ပျက်စီးနေသော ဆဲလ်များကိုပြုပြင်ပေးပါတယ်။အပ်မသုံး mesotherapy ဟာ နာကျင်မှုမရှိသော ညင်သာတဲ့ နည်းတစ်နည်းဖြစ်ပါတယ်။ Ultrapeel Transderm Ionto System ဟုခေါ်သော စနစ်ကိုအသုံးပြုတယ်။ ထိုစနစ်က microdermabrasion ဟုခေါ်သော အရေပြားအပေါ်ဆုံးလွှာမှ ဆဲလ်အသေများကိုစားပစ်ခြင်းနည်းနဲ့ သင့်အရေပြားကို သန့်စင်ပေး၊ အဆိပ်ထုတ်ပေးပါတယ်။ထို့နောက် dermoelectroporation ဟုခေါ်သောနည်းဖြင့် အားပျော့သည့်လျှပ်စစ်ဓါတ်နှင့် ဆေးများ၊ လိုအပ်သည့်အာဟာရများကို သင့်အရေပြားထဲသို့ ပို့လွှတ်ပါတယ်။အဆင့် ၁– မျက်နှာမှအညစ်အကြေးများ၊ အဆီများ၊ ပိတ်နေသောအပေါက်ငယ်များကို သန့်စင်ပါလိမ့်မယ်။ မျက်နှာကိုအနည်းငယ်နှိပ်နယ်ပေးနိုင်ပါတယ်။အဆင့် ၂– ဂျယ်လ်တစ်မျိုးသုတ်လိမ်းပါမယ်။ ထိုဂျယ်လ်မှာ သင့်အရေပြားအတွက်လိုအပ်တဲ့ ဆေးတွေပါနိုင်ပါတယ်။ ထိုအရာဟာ လိုအပ်တဲ့ အသုံးပြုပစ္စည်းများကို သင့်အရေပြားအောက်လွယ်ကူချောမွေ့စွာ ဝင်သွားနိုင်အောင်လည်း ကူညီပေးပါလိမ့်မယ်။အဆင့် ၃– ပစ္စည်းများသုံးကာ သင့်အရေပြားကိုသန့်စင်ပြီး ဆေးများပို့လွှတ်ပေးပါလိမ့်မယ်။အဆင့် ၄– ထိုသို့ပို့လွှတ်အပြီးမှာတော့ လိမ်းထားသော ဂျယ်လ်များကိုသန့်စင်ပြီး ရောဂါပိုးမဝင်စေရန် လိုအပ်သည့်အရာသုတ်လိမ်းပေးပြီးရင်တော့ ပြီးဆုံးပါပြီ။အကောင်းဆုံးအာနိသင်ရဖို့ အကြိမ်ရေများများယူခိုင်းပါလိမ့်မယ်။ အကြိမ်အရေအတွက်က တစ်ယောက်နဲ့တစ်ယောက်မတူဘူးဆိုတာ မမေ့ပါနဲ့။ဒါကြောင့် သင့်ကုသမှုမခံယူမီ ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးကြည့်ဖို့က အရေးကြီးပါတယ်။ကုသမှုအပြီးမှာ သင့်လျော်တဲ့ အသားအရေစောင့်ရှောက်မှုနည်းများ ပြောပြပါလိမ့်မယ်။·၄၈ နာရီအတွင်း ပြင်းထန်သောလှုပ်ရှားမှုများရှောင်ပါ။·၆ နာရီမှ ၈ နာရီအတွင်း ရေနွေးဖြင့်ချိုးခြင်းရှောင်ပါ။·၄ နာရီခန့်အထိမိတ်ကပ်၊ အသားအရေထိန်းသိမ်းပစ္စည်းများ မသုံးပါနဲ့။အပ်မသုံး mesotherapy ကို FDA မှလက်ခံထားပြီးပါပြီ။ ပုံမှန် mesotherapy ထက်ပိုဘေးကင်းသောနည်းဖြစ်သလို ရလဒ်က လိုချင်သလောက်မခံတာ၊ နောက်ထပ်စောင့်ရှောက်မှု ကုသမှုတွေလိုအပ်တာတွေ ဖြစ်လာနိုင်တာကြောင့် ကောင်းကျိုးဆိုးပြစ်တွေ နှိုင်းယှဉ်ချိန်ဆကြည့်ဖို့ ဆရာဝန်နဲ့အရင်သေချာဆွေးနွေးတိုင်ပင်ကြည့်သင့်ပါတယ်။Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%a1%e1%80%95%e1%80%b9%e1%80%99%e1%80%9e%e1%80%b6%e1%80%af%e1%80%b8-%e1%80%99%e1%80%ae%e1%80%86%e1%80%ad%e1%80%af%e1%80%80%e1%80%af%e1%80%91%e1%80%b6%e1%80%af%e1%80%b8-%e1%80%94%e1%80%bd%e1%80%84/
Spinal Fracture ( ကျောရိုးဆစ်ကျိုးခြင်း)
ကျောရိုးမကြီးတလျှောက်မှ အရိုးတစ်ခုကျိုးခြင်းဖြစ်တယ်။ ကျောရိုးမကြီးဟာ ကျောရိုးဆစ်တွေတစ်ခုနဲ့တစ်ခုဆင့်ပြီး တည်ဆောင်ထားတာဖြစ်ပြီး တခြားအရိုးတွေလိုပဲ ကျိုးတတ်ပါတယ်။ ဒါပေမယ့် ထိုအရိုးများကျိုးပါက အာရုံကြောမကြီးကို ထိခိုက်နိုင်တာကြောင့် တခြားအရိုးတွေကျိုးတာထက် ပိုပြင်းထန်နိုင်ပါတယ်။အရွယ်မရွေးဖြစ်နိုင်ပြီး ဖြစ်နိုင်ချေရှိသောအချက်များကို ရှောင်ခြင်းဖြင့်ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။လက္ခဏာတွေက ထိခိုက်မှုတည်နေရာ၊ ဘယ်လောက်ပြင်းလဲပေါ်မှာမူတည်ပါတယ်။ လည်ပင်းနာခြင်း၊ ခါးနာခြင်း၊ ထုံခြင်း၊ ကျဉ်ခြင်း၊ ကြွက်သားများအကြောဆွဲခြင်း၊ တောင့်ခြင်း၊ အားနည်းခြင်း၊ ဆီးဝမ်းသွားမှုပြောင်းလဲခြင်း၊ လေဖြတ်ခြင်း တို့ဖြစ်နိုင်ပါတယ်။ ခြေလက်များ လှုပ်၇ှားမရဘဲ လေဖြတ်သွားခြင်းဟာ အာရုံကြောမကြီးထိခိုက်မှုကို ဖော်ပြနေခြင်းဖြစ်နိုင်တယ်။ ကျောရိုးကျိုးမှုအားလုံးကတော့ အာရုံကြောမကြီးမထိခိုက်စေပါဘူး။ဖော်ပြထားသောလက္ခဏာတွေအပြင်ရှိနိုင်တာကြောင့် အသေးစိတ်အတွက်ဆရာဝန်ကိုမေးမြန်းနိုင်ပါတယ်။အထက်တွင်ဖော်ပြထားသောလက္ခဏာတွေခံစားရရင် သို့မဟုတ် သိရှိလိုသည်များရှိပါက ဆရာဝန်နဲ့ဆွေးနွေးနိုင်ပါတယ်။ လူတိုင်းတစ်ယောက်နဲ့ တစ်ယောက်မတူနိုင်တာကြောင့် သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့ဆွေးနွေးကြည့်တာအကောင်းဆုံးပါ။ထိခိုက်မှု သို့မဟုတ် အရိုးအားနည်းစေသော အခြေအနေတွေဗကြာင့်ဖြစ်နိုင်ပါတယ်။ထိခိုက်မှု-။ကားမတော်တဆမှု။ပြုတ်ကျခြင်း။အားကစားများ။ပြင်းထန်သောထိခိုက်မှု (ဥပမာ- သေနတ်မှန်ခြင်း)။ထိခိုက်မှုတွေဟာ ခန္ဓါကိုကိုပြင်းထန်စွာ လှုပ်၇ှားမှုတွေဖြစ်စေပြီး ကျောရိုးမအပေါ်ဖိအားသက်ရောက်စေကာ မခံနိုင်သောကြောင့်ကျိုးခြင်းဖြစ်နိုင်တယ်။ ဥပမာ- ကားမောင်းနေစဉ် မတော်တဆဖြစ်ခြင်းဟာ လည်ပင်းကိုနောက်သို့ဆောင့်တွန်းလိုက်သလိုဖြစ်တာကြောင့် ထိုဖိအားကိုခံရန်ကြိုးစားသော လည်ပင်းရိုးဆစ်များကို ကျိုးသွားစေပါတယ်။ထိခိုက်မှုတွေကြောင့် ကျောရိုးဆစ်တွေအပြင်မှာ ထောက်ထားတဲ့အရိုးငယ်များအက်သွား၊ ကျိုးသွားပြီး ကျောရိုးဆစ်များပြုတ်ကျပိပြားခြင်းလည်း ဖြစ်နိုင်ပါတယ်။ အစပိုင်းမှာထိခိုက်မှုမများပေမယ့် အချိန်ကြလာတာနဲ့အမျှ ပိုဆိုးလာတာလည်းဖြစ်နိုင်တယ်။အရိုးအားနည်းစေသောအခြေအနေများ-။အရိုးပါးခြင်း။အရိုးကင်ဆာ။ကျောရိုးထိခိုက်မှု။အရိုးပါးခြင်း၊ ပွခြင်းကဲ့သို့ အခြေအနေရှိပါက ကျောရိုးကျိုးနိုင်ချေများပါတယ်။ အားနည်းနေသောအရိုးများမှာ သာမန်ဈေးဝယ်သောအိတ် မလိုက်ခြင်းကပင် ရိုးသွားနိုင်ပါတယ်။ကျောရိုးဆစ်တစ်တစ်ကျိုးခြင်းဟာ နောက်ထပ်ကျိုးဖို့ အလားအလာများနိုင်ပါတယ်။ အချိန်ကြာလာနဲ့အမျှ ကျိုးနေတဲ့အပိုင်းတွေက ကျောရိုးဖြောင့်တန်းမှုကို နှောက်ယှက်ကာအရှေ့ဘက်ကွေးသွားစေတယ်၊။ထိုသို့ကွေးသွားခြင်းဟာ ဟန်ချက်ကိုထိခိုက်စေပြီး ရင်ခေါင်းအကန့်ဖိထားသလိုဖြစ်ကာ အသက်ရှူကြပ်ခြင်း၊ အိပ်ခြင်းစားခြင်းတွေမှာခက်ခဲစေခြင်းများ ဖြစ်စေနိုင်ပါတယ်။ တခြားအချက်တွေကတော့ အရွယ်၊ ယောက်ျားမိန်းမဖြစ်ခြင်း နဲ့ နေထိုင်မှုပုံစံတွေပါပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်ကစမ်းသပ်မှုတွေလုပ်ပြီး နာကျင်မှုနဲ့ပတ်သတ်တဲ့ မေးခွန်းတွေမေးပါလိမ့်မယ်။ ထိခိုက်မှုကိုလည်းမေးမြန်းပြီး တခြားဆက်နွယ်နေတဲ့ အာရုံကြောနဲ့ပတ်သတ်တဲ့ လက္ခဏာတွေကိုလည်း ဆွေးနွေးပါလိမ့်မယ်။ ကျောရိုးဆစ်ကိုစမ်းသပ်ကာ အမျိုးမျိုးလှုပ်ရှားကြည့်ခိုင်းနိုင်ပါတယ်။ ဘယ်လောက်ကောင်းကောင်းလှုပ်ရှားနိုင်သလဲ စစ်ကာ နာကျင်မှုတိုးစေ၊ လျော့စေသလားကိုလည်း စစ်ဆေးပါလိမ့်မယ်။တကယ်လို့အာရုံကြောထိခိုက်သွားတယ်ထင်ပါက အာရုံကြောနဲ့ပတ်သတ်ပြီး စစ်ဆေးနိုင်ပါတယ်။ အလိုအလျောက်တုံ့ပြန်မှုစနစ်၊ ကြွက်သားအား၊ နာကျင်မှု၊ တခြားအာရုံကြောနဲ့ပတ်သတ်တဲ့ ပြောင်းလဲမှုတွေ စစ်ဆေးနိုင်ပါတယ်။ကျောရိုးမကြီးကျိုးသွားခြင်းကို အကောင်းဆုံးသိရှိနိုင်တာကတော့ ပုံရိပ်များရိုက်ယူစစ်ဆေးခြင်းတွေပါပဲ၊။ဓါတ်မှန်- အရိုးကျိုးနေပါက ဓါတ်မှန်ကရှင်းလင်းစွာပြနိုင်ပါလိမ့်မယ်။စီတီစကမ်(CT scan )- အရိုးများသာမက အာရုံကြောများကဲ့သို့ တစ်သျူးများအခြေအနေကိုပါပြနိုင်တယ်။ ဆရာဝန်က အာရုံကြောထိခိုက်သည်ဟု ယူဆပါက အာရုံကြောပေါ်ဖိနေသာအရာ၊ အာရုံကြောမကြီးအခြေအနေတို့ကိုသိရန် စီတီစကမ် ရိုက်ခိုင်းနိုင်ပါတယ်။ နောက်ထပ်ကောင်းသောအချက်တစ်ချက်ကတော့ စီတီစကမ်ဟာ ကျောရိုးဆစ်ကိုကန့်လန့်အနေအထား၊ ရှုထောင့်အမျိုးမျိုးမှမြင်နိုင်ခြင်းဖြစ်တယ်။အမ်အာအိုင်(MRI scan) – အမ်အာအိုင်ဟာလည်း ကျောရိုးဆစ်ကြားမှ အရိုးပြား၊ အာရုံကြောများကိုကြည့်နိုင်တယ်။ ကျောရိုးဆစ်ကြားအရိုးပြားများ ပြဿနာများကိုရှာဖွေနိုင်ပါတယ်။ထိုစစ်ဆေးမှုများကိုမူတည်ပြီး ကျိုးမှုပုံစံ၊ ပြင်းထန်မှုတွေကို သိနိုင်ပြီးကုသမှုပေးနိုင်ပါလိမ့်မယ်။အာရုံကြောမကြီးပိခြင်းကို ကုသဖို့ ပထမနည်းကတော့ ခွဲစိတ်မှုမပါသေးဘဲ၊ ဆေးသောက်ဆေးထိုးခြင်း၊ ကယ်လ်စိယမ်၊ ဗီတာမင်-ဒီထောက်ပံ့မှု၊ အနားယူမှု (အချိန်တိုသာဖြစ်တယ်၊ အချိန်ကြာမလှုပ်၇ှားခြင်းဟာလည်း အရိုးများထိခိုက်နိုင်ပါတယ်) အပြင်ဘက်မှ ထောက်ပံ့တွယ်ဆိုင်းခြင်းတို့ဖြစ်တယ်။ကျောရိုးဆစ်ကျိုးမှုကြောင့် နာကျင်ခြင်းဟာ လပေါင်းမျာစွာကြာနိုင်တယ်။ ဒါပေမယ့် သေချာကုသပါက ပျောက်ကင်းနိုင်ပါတယ်။ ရက်အနည်းငယ်၊ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ နာကျင်မှုသက်သာလာနိုင်တယ်။တကယ်လို့ဆက်လက်နာကျင်နေပါက ဆရာဝန်က ကျိုးသွားခြင်းကိုပြုပြင်ဖို့စဉ်းစားပါလိမ့်မယ်။ အရိုးပါးခြင်းကြောင့် ကျောရိုးဆစ်ကျိုးခြင်းအတွက် သုံးနိုင်တဲ့နှစ်နည်းကတော့ vertebroplasty နဲ့ kyphoplasty တို့ဖြစ်တယ်။ ဒါပေမယ့် ရှားရှားပါးပါး ကျောရိုးဆစ်အရှည်လျော့သွားနိုင်တဲ့ အခြေအနေဆိုရင်တော့ ခွဲစိတ်ကုသဖို့လိုပါလိမ့်မယ်။Vertebroplasty -ကျိုးသွားသောကျောရိုးဆစ်ကို ငြိမ်အောင်ထိန်းပြီး နာကျင်မှုသက်သာစေမှာဖြစ်တယ်။Kyphoplasty – နာကျင်မှုသက်သာစေပြီး အရိုးဆစ်များပိသွားခြင်းကြောင့် ကျောရိုးမကြီးအလျားလျော့သွားခြင်းကို ပြုပြင်ရန်ဖြစ်တယ်။ဗီတာမင်-ဒီ၊ ကယ်လ်စီယမ်၊ ပရိုတင်းကြွယ်ဝသော အစားအစာများစားပါ။ ဗီတာမင်-ဒီအတွက် ခဏတာနေရောင်ခံပေးသင့်ပါတယ်။အရိုးပါးခြင်းအတွက် ဆရာဝန်ဆီမှာ မှန်မှန်ကုသပါ။ သွေးဆုံးပြီးစအချိန်မှာ ကျန်းမာရေးအကြံဉာဏ်များတောင်းခံထားသင့်ပါတယ်။လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ တင်းနစ်ကစားခြင်းကဲ့သို့ အားကစားများလုပ်ပါ။ ဒါဟာအရိုးများသန်မာစေသော နေထိုင်မှုပုံစံဖြစ်တယ်။အိမ်တွင်လဲကျစေနိုင်သော ပစ္စည်းများကိုဂရုတစိုက်ထားပါ။ ကားမတော်တဆဖြစ်ခြင်းများကိုလည်း သတိထားပါ။ဟန်ချက်ငြိမ်စေရန် အလေးမခြင်းများပြုလုပ်ပါ၊ သန်မာလာစေပါတယ်။ဆေးလိပ်မသောက်ပါနဲ့။အရက်လျှော့သောက်ပါ၊ သို့မဟုတ် ဖြတ်လိုက်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/spinal-fracture-%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%86%e1%80%85%e1%80%ba%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba/
ကလေးများတွင် ဝမ်းချုပ်ခြင်း
ကလေးများတွင် ဝမ်းချုပ်ခြင်း သည် အတွေ့ရများသော ပြဿနာ ဖြစ်ပါသည်။ ထို့ကြောင့် သင့်ကလေးများ ဝမ်းချုပ်နေပါက အသင့်တော်ဆုံး အဖြေရှာနိုင်ရန် တင်ပြထားပါသည်။ရောဂါလက္ခဏာများမှာ တစ်ပတ်လျှင် သုံးကြိမ်အောက်သာ ဝမ်းသွားခြင်း၊ ဝမ်းမာခြင်း၊ ခြောက်ခြင်း၊ဝမ်းသွားရခက်ခဲခြင်း၊ ဝမ်းသွားလျှင် နာကျင်ခြင်းနှင့် ဝမ်းသွားလျင်စမြင်းတုံးခံခြင်း စသည်တို့ ဖြစ်ပါသည်။ထို့ပြင် အခြားလက္ခဏာများ အနေဖြင့် လေထိုးခြင်း၊ အစာအိမ်အောင့်ခြင်း၊လေပွခြင်း၊ ဗိုက်နာခြင်း စသည်တို့လည်း ဖြစ်နိုင်သည့်အပြင် ဝမ်းအတုံးပေါ်တွင် သွေးစ များပါလာတတ်ပါသည်။ဝမ်းချုပ်ခြင်းတွင် ရှုပ်ထွေးစေတတ်သော ပြဿနာမှာ ဝမ်းပျက် ခြင်း ဖြစ်ပါသည်။ ဝမ်းပျက်ရခြင်းမှာစမြင်းတုံးအလွန်ကြီးသောအခါ ဝမ်းသွားသည့် လမ်းကြောင်းကို ပိတ်ဆို့ပြီး အရည်ဝမ်း အနည်းငယ်သာ ထွက်နိုင်သောကြောင့် ဖြစ်ပါသည်။ထို့ပြင် စမြင်းတုံးကို ကျော်အောင် ညှစ်ပြီးသွားရသည့်အခါ နာကျင်ခြင်းကိုပါ ခံစားရပါမည်။ ထို့ကြောင့် ကလေးများတွင် ဝမ်းမသွားရန် အောင့်ထားတတ်ပါသည်။ အကယ်၍ သင့်အနေဖြင့် သင့်ကလေးတွင် စအိုဝကို ရှုံ့ထားခြင်း၊ ပေါင်နှစ်ဖက် လိမ်ကျစ်ထားခြင်း၊ဝမ်းအောင့် ထားပြီး မျက်နှာရှုံ့ထားခြင်းများ ရှိပါက သင့်အနေဖြင့် သတိပြုရန် လိုအပ်ပါသည်။အမျှင်ဓာတ်စားစေခြင်း။သင်အနေဖြင့် သင့်၏ ကလေးကို အမျှင်ဓာတ်များစွာပါသော လတ်ဆတ်သော သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ၊ ပေါင်မုန့်များနှင့် ပဲအမျိုးမျိုးတို့ကို ကျွေးမွေးရပါမည်။ထိုနည်းတူ prebiotic ကြွယ်ဝသည့် အစားအစာများ ဖြစ်သော ဒိန်ချဉ်နဲ့ prebiotics ဖြည့်စွက်ထားတဲ့ ဖော်မြူနို့များသည်လည်း အူလမ်းကြောင်း အတွက် ကောင်းမွန်စေပါသည်။ရေများများသောက်ခြင်း။အရည်များသည်လည်း ဝမ်းမှန်စေရန် အမျှင်ဓာတ်များကဲ့သို့ အရေးပါလှပါသည်။ အမျှင်ဓာတ် များစွာစားသုံးပြီး ရေသောက်နည်းခြင်းသည်ဝမ်းချုပ်ခြင်းကို ပိုဆိုးစေပါမည်။ ထို့ကြောင့် သင့်ကလေးကို အရည်များများ (ဥပမာ။ ရေ၊ နွားနို့) သောက်သုံးစေပြီး သကြားပါသော ဖျော်ရည်များကိုမူ လျှော့သောက်ခိုင်းရပါမည်။အိမ်သာ ခဏခဏသွားစေခြင်း။သင့်ကလေးကို ဝမ်းမှန်ခြင်း၏ ကောင်းကျိုးများကို ပြောပြစေပြီး မနက်အိပ်ရာထချိန်နှင့် အစာစားပြီးချိန်များတွင် အိမ်သာတက်ရန် တိုက်တွန်းရပါမည်။ ပို၍ ငယ်သော ကလေးများတွင် သင်ကြားရန် ပိုလွယ်ကူပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/constipation-in-child/
ရင်သားကင်ဆာကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုစီမံကြမလဲ
ရင်သားကင်ဆာ ကုသမှုဟာ ခဏတာ ဆိုးကျိုးတွေနဲ့ ဆက်ဖြစ်တဲ့ ဆိုးကျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ ဆက်ဖြစ်နေတဲ့ ဆိုးကျိုးတွေဟာ သင့်ရင်သားကင်ဆာကို ကုသမှုအပြီးမှာ တိုးတက်မှု မရှိဘူးလို့ အထင်ရောက်စေပါတယ်။ ဆက်ဖြစ်နေတဲ့ ဆိုးကျိုးတွေဟာ ဘာတွေလဲဆိုတာနဲပ ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို ကြည့်ကြရအောင်။ပင်ပန်းနွမ်းနယ်ခြင်း။ပင်ပန်းနွမ်းနယ်ခြင်းဟာ ရင်သားကင်ဆာ ကုသမှုရဲ့ အဖြစ်အများဆုံး ဆိုးကျိုးတစ်ခု ဖြစ်ပါတယ်။ လူနာဟာ တစ်ချိန်လုံး ပင်ပန်းနေတယ်လို့ ခံစားရမှာ ဖြစ်ပါတယ်။ ပင်ပန်းနွမ်းနယ်မှုဟာ လူနာကို ဘာမှမလုပ်ချင်အောင် တားမြစ်ထားပါတယ်။ သူတို့ဟာ အားအင် ကုန်ခမ်းသလို ခံစားရနိုင်ပြီး တစ်ချိန်လုံး အိပ်ချင်နေပါလိမ့်မယ်။ လူနာတွေဟာ တစ်ညလုံးအိပ်ထားမှသာ နောက်နေ့မှာ နေသာမှာ ဖြစ်ပါတယ်။ ဒါ့ပြင် သူတို့ဟာ စကားပြောခြင်းနဲ့ တွေးတောခြင်းတွေမှာ ဒုက္ခရောက်နိုင်ပါတယ်။ပင်ပန်းနွမ်းနယ်မှုကို တိုက်ဖျက်မယ့် ဆေးမရှိပါဘူး။ လူနာနဲ့ ဆရာဝန်ဟာ ဒီလက္ခဏာတွေကို သက်သာစေမယ့် နည်းလမ်းတွေကို ဆွေးနွေးနိုင်ပါတယ်။ ကျန်းမာစွာ စားသောက်ခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အကူအညီပေးပါတယ်။ ကျန်းမာစွာစားသောက်ခြင်းဟာ ရင်သားကင်ဆာ လူနာတွေကို နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ဖို့ စွမ်းအင်တွေကို ဖြည့်ဆည်းပေးပါတယ်။ ဒါ့ပြင် အခြားနည်းတွေ ဖြစ်တဲ့ သီချင်းနားထောင်ခြင်းဟာလည်း ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပါတယ်။ ဘဝတူသူတွေကို စုစည်းထားတဲ့ အုပ်စုမှာ ပါင်ခြင်းဟာလည်း တစ်ယောက်နဲ့ တစ်ယောက် အတွေ့အကြုံတွေနဲ့ နည်းပညာတွေကို ဝေမျှနိုင်ပါတယ်။ရင်သားပြောင်းလဲမှုများ။ရင်သားကင်ဆာ ခွဲစိတ်မှု အပြီးမှာ ရင်သားကို တစ်စိတ်တစ်ပိုင်း (သို့) အကုန်လုံး ဖယ်ရှားလိုက်ပါတယ်။ ရင်သားကင်ဆာ ခွဲစိတ်မှုဟာ အာရုံကြော တစ်ရှူးတွေကို ပျက်စီးမှု ဖြစ်ပေါ်စေပြီး neuropathic pain ကို ဖြစ်ပေါ်စေပါတယ်။တကယ်လို့ ရင်သားဖယ်ထုတ်မှုအပြီးမှာ လူနာတွေဟာ ရင်သားပုံစံကို တိုးတက်စေချင်တယ်ဆိုရင် ရင်သားပြန်လည်တည်ဆောက်တဲ့ ခွဲစိတ်မှုကို စဉ်းစားနိုင်ပါတယ်။ ဒီခွဲစိတ်မှုမှာ ခွဲစိတ်ဆရာဝန်တွေဟာ ရင်သားပုံစံကို ပြန်လည် ဖန်တီးပေးမှာ ဖြစ်ပါတယ်။ ဒါဟာ သဘာဝမဟုတ်ပေမယ့် ရင်သားအစစ်နဲ့ ဆင်တူပါတယ်။ရင်သားကင်ဆာ လူနာတွေဟာ ရင်သား၊ ပြန်ရည်ကျိတ်နေရာတွေနဲ့ ရင်ဘတ်နံရံတွေမှာ နာကျင်မှုကို ခွဲစိတ်ပြီး နှစ်ပေါင်းများစွာ ကြာအောင် နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ရင်သားအရေပြားဟာ ထူလာပြီး ခံစားမှုဧာလည်း ပြောင်းလဲ လာနိုင်ပါတယ်။ နာကျင်မှု အတွက် ဆေးတွေနဲ့ နှိပ်နယ်ပေးခြင်းဟာ နာကျင်မှုကို အချို့ူတွေမှာ လျော့ကျစေပါတယ်။အဆုတ်ပြဿနာများ။တခါတလေမှာ ကုသမှု တစ်ပတ်လည်မှာ ရှိတဲ့ အဆုတ် အစိတ်အပိုင်းအချို့ဟာ ဓါတ်ရောင်ခြည် ကုသမှု၊ ကင်ဆာဆေးသွင်းကုသမှု၊ ဟော်မုန်းကုသမှုနဲ့ ပစ်မှတ်ထားကုသမှု အပြီးမှာ ထိခိုက်နိုင်ပါတယ်။ သူဟာ ရောင်လာနိုင်ပြီး မောခြင်းနဲ့ ချောင်းခြောက်ဆိုးခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ချောင်းဆိုးတာ မပျောက်ရင် (သို့) မောခြင်းတွေ မကြာခဏ ဖြစ်နေရင် သတိထားသင့်ပါတယ်။အဆုတ်ထဲမှာ သွေးခဲရောက်သွားရင် ဒီပြဿနာဟာ ပြင်းထန်နိုင်ပါတယ်။အဆုတ် ပြဿနာတွေ ရင်ဆိုင်နေရတဲ့ ရင်သားကင်ဆာ ဝေဒနာသည်တွေဟာ ဆရာဝန်ကို ပြောပြသင့်ပါတယ်။ သူတို့က သင့်လျော်တဲ့ ဆေးတွေကို ညွှန်ပေးနိုင်ပါတယ်။မျိုးဆက်ပွား ဆိုင်ရာ လုပ်ငန်းဆောင်တာများ။ရင်သားကင်ဆာကုသမှုဟာ သားဥအိမ် လုပ်ငန်းဆောင်တာကို ထိခိုက်စေနိုင်ပါတယ်။ ဒါဟာ ကိုယ်ခန္ဓါက သားဥထုတ်လုပ်ခြင်းကို တားမြစ်ပေးနိုင်ပြီး ရာသီ မမှန်ဖြစ်စေနိုင်ပါတယ်။ ရင်သားကင်ဆာ ကုသမှုဟာ အမျိုးသမီးတွေကို စောစီးစွာ သွေးဆုံးနိုင်စေပါတယ်။ ဒါကြောင့် ကုသမှု ပြီးဆုံးရင် သူတို့ကိုယ်ဝန် ရရှိနိုင်ဖို့ဟာ နည်းပါးနိုင်ပါတယ်။တကယ်လို့ ရင်သားကင်ဆာ ကုသမှု အပြီးမှာ ကိုယ်ဝန်ရချင်တယ်ဆိုရင် ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ သူတို့ဟာ သားဥတွေကို နောက်ပိုင်းမှာ မျိုးစပ်ဖို့ ကြိုတင်သိမ်းထားခြင်းကို အကြံပေးကောင်း ပေးနိုင်ပါတယ်။ ဒါမှ မဟုတ် လူနာတွေဟာ fertility preservation နည်းလမ်းတွေကို အသုံးပြုသင့်ပါတယ်။အရိုးကျန်းမာရေး။ရင်သားကင်ဆာအတွက် ဆေးသွင်းကုသမှုဟာ အရိုးကျန်းမာရေးကို ထိခိုက်စေပါတယ်။ လူနာတွေဟာ နောက်ပိုင်းမှာ အရိုးပွခြင်းကို ပိုမိုဖြစ်ပွားနိုင်ပါတယ်။ရင်သားကင်ဆာ ကုသမှုဟာ သားဥအိမ်တွေက estrogen ထုတ်လုပ်မှုကို လျော့ကျစေတာကြောင့် အရိုးသိပ်သည်းဆကို လျော့ကျစေပါတယ်။ ကုသမှု မတိုင်ခင်နဲ့ ကုသမှု အပြီးမှာ သင့်အရိုးကျန်းမာရေးအတွက် ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။တကယ်လို့ လူနာတွေမှာ အရိုးပွ ရောဂါ ရှိနေရင် ဆေးကုသနိုင်ပါတယ်။ အရိုးသိပ်သည်းဆကို ပုံမှန် စစ်ဆေးသင့်ပြီး ကျန်းမာတဲ့ အစားအစာတွေ ဖြစ်တဲ့ calcium နဲ့ ဗီတာမင် ဒီပါဝင်တဲ့ အစားအစာတွေကို စားသင့်ကာ လေ့ကျင့်ခန်းလည်း လုပ်သင့်ပါတယ်။ရင်သားကင်ဆာ ကုသမှုဟာ ဆိုးကျိုးတွေ အများကြီးကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒီဆိုးကျိုးတွေဟာ ကုသမှု ပြီးသွားရင်တောင်မှ လူနာရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါပေမယ့် ဒါတွေကို ထိန်းချုပ်နိုင်ပြီး အသက်ရှည်ကြာစွာနေထိုင်နိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%9b%e1%80%84%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac%e1%80%80%e1%80%af%e1%80%9e%e1%80%99%e1%82%88%e1%80%9b%e1%80%b2%e1%82%95-%e1%80%b1%e1%80%98%e1%80%b8/
အရေပြားက ဘာလို့ Sensitive ဖြစ်...........
အသားအရေ အမျိုးအစားတွေအများကြီးထဲမှာမှ ကိုယ်က ဘာလို့ Sensitive skin type ဖြစ်နေရတာလဲ။ အရင်ကတည်းက မဟုတ်ပါဘူး။ အခုနောက်ပိုင်းမှာ အသားအရေက တစ်ခုခုဆို အလွဲမခံဘူးအဖုအပိမ့်တွေထွက်လာတယ်၊ ဘာလို့များ အရေပြားက ဘာလို့ Sensitive ဖြစ်……….. တာဆိုတာကို အတူတူကြည့်လိုက်ရအောင်နော်။တစ်ခုခုလွဲတာနဲ့ဝက်ခြံတွေထွက်လာတယ်၊ ရောင်လာတယ်။ ဆိုတာက မူလ စင်စစ်sensitive skin typeမဟုတ်ပါဘူး။ ဒီ အသားအရေအမျိုးအစားက မူလက acne – prone အမျိုးအစားဖြစ်နိုင်သလို ခြောက်သွေ့တဲ့ အမျိုးအစား တစ်မျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေ အများဆုံးက ဝက်ခြံအထွက်များတဲ့Acne- prone အမျိုးအစားဖြစ်နိုင်ပါတယ်။ဝက်ခြံဆိုတာက လူအတော်များများ ခံစားနေရတဲ့ ပြဿနာပါ။ အခြားအရာတွေထက် ကြည့်ရဆိုးစေတဲ့ အသားအရေ ပြဿနာပါ။ ဝက်ခြံဆိုတာနဲ့တင် ပြီးလားဆိုတော့ ဝက်ခြံ ထွက်လာပြီဆိုရင် ဝက်ခြံ အပြင်ဝက်ခြံဖုသက်သာသွားတယ် ဆိုရင်တောင် ကုတ်မိ၊ ဆွမိတာကြောင့်ဝက်ခြံ အမာရွတ်တွေကျန်နေနိုင်ပါသေးတယ်။ဒီလို ကျန်တဲ့အခါဖြစ်ဖြစ်၊ဝက်ခြံ ထွက်တဲ့အခါဖြစ်ဖြစ် ပျောက်ချင်ဇောနဲ့ ဝက်ခြံ ပျောက်တယ်ဆိုတဲ့ ဆေးတွေ၊ဆေးမြီးတိုတွေကို သုံးတတ်ကြပါတယ်။ ဒီလို သုံးတဲ့အခါ ချက်ချင်း သက်သာသွားမယ်လို့ ယူဆတတ်ကြပါတယ်။ဝက်ခြံ သက်သာစေမယ် ဆိုတဲ့ ဆေး၊ လိမ်းစရာ တစ်ခုခုကို လိမ်းတယ်။ တစ်ရက်ကနေ ၂ ရက်အထိ မသက်သာဘူး။ ၃ ရက်လောက်လည်း ဒီအတိုင်းပဲဆိုရင် လုပ်တတ်တာက နောက်တစ်မျိုး ပြောင်းသုံးလိုက်တာပါ။ဒီလို သုံးတာက အချိန်ကြာလာတဲ့အခါ အသားအရေကို ထိခိုက်စေပြီးအသားအရေက အမှားမခံတဲ့ အခြေအနေ ဖြစ်လာပါတယ်။ ဒီအခါ အလွယ်တကူပဲSensitive skin typeရယ်လို့ ခေါင်းစဉ် တပ်လိုက်ကြပါတယ်။တကယ်ကတော့ ဒါက လူကနေ ဖန်တီးမှုကြောင့်အသားအရေ ထိခိုက်ရာကနေဖြစ်လာတဲ့ Sensitive skin အမျိုးအစားပါ။ Sensitized skinလို့ ခေါ်ပါတယ်။အသားအရေကို ကိုယ်တိုင်​ကြောင့် ထိခိုက်မှု မဖြစ်စေဖို့ဆိုရင် အကောင်းဆုံးက။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/reasons-your-skin-is-suddenly-sensitive/
အရိုးနဲ့ကြွက်သားတွေကို အားဖြည့်ပေးမယ့် စားသောက်မှုပုံစံ
ဗီတာမင် နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာ ပါဝင်နေတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေကို စားသုံးတာကကိုယ်အလေးချိန်ကို ထိန်းသိမ်းရာမှာ အထောက်အကူ ပြုပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရမျှတတဲ့ စားစရာတွေကခန္ဓာကိုယ်ကို ကျန်းမာစေသလိုအရိုးတွေ သန်မာစေဖို့လည်း အားဖြည့်ပေးပါတယ်။ အရိုးတွေက သန်မာကြံ့ခိုင်နေဖို့ဆိုရင် ကယ်လ်ဆီယမ် နဲ့ ဗီတာမင် D လိုမျိုး အာဟာရတွေကို လိုအပ်မှာပါ။ဒီတော့ အရိုးနဲ့ကြွက်သားတွေကို ကြံခိုင်စေဖို့ အာဟာရမျှတအောင် စားသောက်ရမယ့် နည်းလမ်းလေးတွေအကြောင်း ပြောပြပေးမယ်နော်။ အရိုးနဲ့ကြွက်သားတွေ သန်မာမှ နေ့စဉ်မှာ ကောင်းမွန်စွာ လှုပ်ရှားနိုင်မှာပါ။ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D က သန်မာတဲ့ အရိုးတွေအတွက် အခြေခံလိုအပ်ချက်တွေပါ။ အသက် ၅၀ အထက် လူတိုင်းဟာ အရိုးတွေ ကြံ့ခိုင်သန်စွမ်းဖို့ တစ်နေ့တာကို ကယ်လ်ဆီယမ် ၁၂၀၀ မီလီဂရမ် နဲ့ ဗီတာမင် D ၄၀၀ IU ကနေ ၆၀၀ IU အထိရရှိဖို့ လိုပါမယ်။ ဒါတွေပြည့်မီဖို့ လွယ်ပါ့မလားလို့ စိတ်မပူသွားပါနဲ့။ အာဟာရရှိပြီး စားကောင်းတဲ့ နေ့စဉ် စားသုံးနေကျအစားအစာတွေထဲမှာ ဒီအာဟာရလိုအပ်ချက်တွေ ပြည့်မီအောင် ပါဝင်နေပါတယ်။ကလေးဘဝတုန်းက လူကြီးတွေက ထွားအောင်နို့သောက်လေလို့ ပြောတာကို ကြားဖူးမှာပေါ့။ ဒီစကားက အသက်အရွယ်ကြီးရင့်လာသူတွေမှာလည်း မှန်ပါတယ်။ ကယ်လ်ဆီယမ်က အရိုးနဲ့သွားတွေ ကြံ့ခိုင်ဖွံ့ဖြိုးဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ ကြွက်သားတွေ သန်မာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါသေးတယ်။ တစ်နေ့တာမှာ ၈ အောင်စဝင်တဲ့ ဖန်ခွက်တစ်ခွက်စာအဆီထုတ်နို့သောက်သုံးပေးတာက  တစ်နေ့တာရဲ့ကယ်လ်ဆီယမ်လိုအပ်ချက် ၃၀ ရာခိုင်နှုန်းကို ဖြည့်ပေးနိုင်ပါတယ်။နွားနို့ အပြင် နို့ကနေ ထုတ်ထားတဲ့ဒိန်ချဉ်ဟာလည်း အာဟာရပြည့်ဝပြီးအစာခြေစနစ်ကို ကျန်းမာစေသလို အရိုးနဲ့ ကြွက်သားအတွက် လိုအပ်မယ့် ပရိုတင်း၊ ကယ်လ်ဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်နေပါသေးတယ်။ အဆီပါဝင်မှုနည်းတဲ့ ဒိန်ချဉ်ကို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့ ဘလူးဘယ်ရီသီး၊ ကြိတ်ခြေထားတဲ့ သစ်ကြားသီးတို့နဲ့ ရောနှောစားသုံးမယ်ဆိုရင် တစ်နေ့တာ လိုအပ်မယ့် ကယ်လ်ဆီယမ်နဲ့ပရိုတင်းဓာတ်ကို ဖြည့်ပေးနိုင်မှာဖြစ်လို့ အရိုးနဲ့ ကြွက်သားတွေကို သန်မာစေမှာပါ။မနက်စာဖြစ်ဖြစ် နေ့လယ်ခင်းမှာအဆာပြေဖြစ်ဖြစ် ပေါင်မုန့်ကို ချိစ်ညှပ်လို့ စားပေးမယ်ဆိုရင် တစ်နေ့တာရဲ့ ကယ်လ်ဆီယမ် လိုအပ်ချက် ၃၀ ရာခိုင်နှုန်းကို ဖြည့်ပေးနိုင်မှာပါ။ နောက်တစ်ခုက ဟင်းသီးဟင်းရွက်တွေ စားပေးဖို့ပါ။ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေထဲမှာမှ ဟင်းနုနွယ်ကို စားသုံးမယ်ဆိုရင် ခန္ဓာကိုယ်က အရိုးနဲ့ကြွက်သားတွေ သန်မာစေဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ပရိုတင်း၊ ဗီတာမင် A တို့ကို ပြည့်ဝစွာရရှိစေမှာပါ။ ဟင်းနုနွယ်အပြင် အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်ကြတဲ့ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်တို့ကိုလည်း စားသုံးပေးလို့ရပါသေးတယ်။အရိုးနဲ့ကြွက်သားတွေ သန်မာစေဖို့ တစ်နေ့တာမှာ မပါမဖြစ်ထည့်သွင်း စားသုံးသင့်တာ နောက်တစ်ခုက ငါးပါ။ ငါးက အာဟာရဓာတ်ကြွယ်သလို ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ဆယ်လ်မွန်ငါးလိုမျိုး အကျိုးပြု အဆီပါဝင်နေတဲ့ ငါးတွေက  အရိုးနဲ့ကြွက်သားကိုတင် သန်မာစေတာမဟုတ်ဘဲ နှလုံးကျန်းမာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။ဗီတာမင် Dကို နေရောင်ခြည်ကနေ အဓိက ရရှိတယ်ဆိုပေမယ့် ကြက်ဥအနှစ်၊ ဆယ်လ်မွန်ငါးလိုမျိုး စားစရာတွေကနေလည်း ရရှိနိုင်ပါတယ်။တစ်နေ့တာမှာ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဗီတာမင် D ကိုပြည့်ဝလုံလောက်စွာ စားသုံးမယ်ဆိုရင် အရိုးနဲ့ ကြွက်သားတွေ သန်မာစေမှာပါ။ နောက်တစ်ခုက လှုပ်ရှားရအဆင်ပြေပြီး အဆစ်တွေ ကျန်းမာနေစေဖို့နဲ့ကြွက်တက်တာလိုမျိုး ကြွက်သားပြဿနာတွေ ကင်းစေဖို့ ရေဓာတ်ပြည့်ဝအောင် နေဖို့ပါ။ နေ့စဉ် ရေကူးတာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ နဲ့ ယောဂလေ့ကျင့်တာလိုမျိုး ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်ပေးပါ။စားစရာတစ်ခုခု ဝယ်တော့မယ်ဆိုတိုင်း အညွှန်းကို သေချာဖတ်ပါ။ အခုနောက်ပိုင်း ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရတွေပြည့်စုံစေဖို့ အချို့သောအစားအစာတွေဖြစ်ကြတဲ့ cereals၊ ပေါင်မုန့်၊ လိမ္မော်ရည်၊ နို့ စတာတွေမှာ ဗီတာမင် D ဖြည့်စွက်ထားပါတယ်။ ဒီ အစားအစာတွေကိုရွေးချယ်စားသုံးတာကအရိုးနဲ့ ကြွက်သားတွေသန်မာစေဖို့ အားဖြည့်ပေးရာ ရောက်မှာပါ။အစားအစာတစ်ခုခုကို ဝယ်ယူခါနီးတိုင်း ပါဝင်ပစ္စည်းတွေကို သေချာစစ်ပါ။ အစာလည်းဆေး၊ ဆေးလည်း အစာဆိုတဲ့ စကားအတိုင်းပေါ့။ ဥပမာ – လူတော်တော်များများက ဒိန်ချဉ်က ကျန်းမာရေးနဲ့ညီညွတ်တယ်၊ လို့ လက်ခံထားကြတယ်။ ကျန်းမာရေးနဲ့ညီ​ညွတ်တယ်ဆိုတဲ့ ဒိန်ချဉ်က အဆီပါဝင်မှုနည်းပြီး အချိုဖြည့်စွက်ထားတာမျိုး မရှိတာပါ။ ဒိန်ချဉ်ကို သကြားပါတာစားမယ်ဆိုရင် အရသာရှိတာမှန်ပေမယ့် သကြား ဒိန်ချဉ်မှာပါတဲ့ကယ်လ်ဆီယမ်ပမာဏကို ကျဆင်းသွားစေပါတယ်။နောက်တစ်ချက်က လတ်ဆတ်မှုပါ တာရှည်ခံအောင်လုပ်ထားတဲ့ အသင့်ထုတ်ပိုးထားတဲ့ စားစရာတွေမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ တာရှည်ခံပစ္စည်းတွေ၊ အရသာကဲစေတဲ့ ဓာတုပစ္စည်းတွေ၊ သကြားနဲ့ ဆိုဒီယမ်တွေ ပါဝင်နေပါတယ်။ ဒါတွေက အစားအစာကို အရသာတိုးစေတ မှန်ပေမယ့် အရိုးသိပ်သည်းဆကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အစားအစာတွေ ရွေးချယ်တဲ့အခါ  အာဟာရပြည့်ဝပြီး လတ်ဆတ်တာမျိုးကို ရွေးချယ်ပေးပါ။မနက်ခင်းမှာ ကော်ဖီ ဆိမ့်ဆိမ့်လေးက အရသာရှိတာမှန်ပေမယ့် ကော်ဖီမှာပါတဲ့ကဖင်းဓာတ်က အရိုးနဲ့ ကြွက်သားတွေအတွက် အထောက်အကူမပြုပါဘူး။ ကဖင်းများတာက ခန္ဓာကိုယ်ရဲ့ ကယ်လ်ဆီယမ် စုပ်ယူမှုကို ထိခိုက်စေနိုင်ပါတယ်။  မဖြစ်မနေကော်ဖီသောက်ချင်တယ် ဆိုရင်တောင်မှ တစ်နေ့ကို တစ်ခွက်ပဲသောက်ပါ။ ကော်ဖီအစား သကြားမပါတဲ့ carbonated water ကို သောက်သုံးပေးပါ။စီးကရက်၊ အရက် နဲ့ အယ်လ်ကိုဟော ပါတဲ့ သောက်စရာတွေက အရိုးနဲ့ ကြွက်သားတင်မက ခန္ဓာကိုယ် အစိတ်အပိုင်း တော်တော်များများကို ထိခိုက်စေပြီးကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်တာကြောင့် ဖြစ်နိုင်ရင် လုံးဝ ဖြတ်စေချင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/building-strong-bones-and-muscles/
အသားအရေကို ဂရုစိုက်ပါ
အသားအရေကို ဂရုစိုက်ပါ …… အရေပြားက တစ်ထောက်စာပဲ ဆိုပေမယ့် မဖြစ်မနေ ဂရုစိုက်ဖို့ လိုအပ်မယ့် ခံတပ်တစ်ခုဆိုတာ သိစေချင်ပါတယ်။ အရေပြားကလူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာတင် သက်ရောက်နေတာ မဟုတ်ပါဘူး။ကျန်းမာရေးအပေါ်မှာပါ သက်ရောက်နေတာပါ။အရေပြားကခန္ဓာကိုယ်ရဲ့ ခံတပ်ဖြစ်သလို အခုလိုတွေလည်း လုပ်ဆောင်ပေးပါသေးတယ်။အရေပြားလို့ဆိုလိုက်ရင် ထိန်းသိမ်းရမယ့် အရေပြားက မျက်နှာလို့ ပြေးမြင်တတ်ကြပါတယ်။ တကယ်ကတော့ အသားအရေကို ဂရုစိုက်ပါ …. ဆိုတာ မျက်နှာရော ခန္ဓာကိုယ် တစ်ခုလုံးပါ ပါဝင်နေတာပါ။ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အစိတ်အပိုင်းဖြစ်တဲ့ အရေပြား ကျန်းမာမှ ခန္ဓာကိုယ်ကြီးလည်း ကျန်းမာမှာပါ။ ဒီတော့ အရေပြား ကျန်းမာစေဖို့ဆိုရင်။အရေပြား ကျန်းမာစေဖို့ တစ်နေ့ကို နှစ်ကြိမ် မျက်နှာသစ်ဖို့ လိုသလို ရေလည်း ပုံမှန် ချိုးဖို့လိုပါမယ်။ ဒါမှ အရေပြားပေါ်က အဆီတေါ၊အညစ်အကြေးတေါ၊ ပိုးမွှားတွေကို အထိရောက်ဆုံး ဖယ်ရှားလို့ အရေပြားကို ကျန်းမာစေမှာပါ။အရေပြားပေါ်မှာ ဆဲလ်သေတွေကို ပုံမှန် ဖယ်ရှားတာက လိုက်နာသင့်တဲ့ အသားအရေ ထိန်းသိမ်းနည်း တစ်ခုပါ။ ဒီလို ဆဲလ်သေတွေဖယ်ရှားလိုက်တာက အသားအရေကို အာဟာရတွေ ပြည့်ဝစွာ စုပ်ယူနိုင်စေဖို့ အားဖြည့်ပေးရာ ရောက်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်အထိ ပုံမှန် ဆဲလ်သေဖယ်ရှားပေးပါ။နေရောင်ခြည်က ဗီတာမင် D ကိုပေးစွမ်းပေမယ့် ခရမ်းလွန်ရောင်ခြည်ပါဝင်မှုကြောင့် အသားအရေကို ထိခိုက်နိုင်ပါသေးတယ်။နေရောင်ကို တိုက်ရိုက်ထိတွေ့မှုက အရေးအကြောင်းတွေ၊ အမဲစက်တွေနဲ့ အရေပြားကင်ဆာအပါအဝင် အရေပြားပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်နေစဉ်နေလောင်ကာခရင်မ်လူးပေးဖို့ မမေ့ပါနဲ့။ အပြင်သွားတိုင်း အင်္ကျီလက်ရှည်ဝတ်တာ၊ ထီးဆောင်းတာမျိုးလုပ်ပေးပါ။ရေအကြာကြီးချိုးတာက အရေပြားပေါ်က အဆီတွေကို မလိုအပ်ဘဲ ဖယ်ရှားသလိုဖြစ်တာကြောင့်အရေပြားခြောက်သွေ့တာကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ရေကို အချိန်အကြာကြီးချိုးတာ၊ ရေနွေးနဲ့ရေချိုးတာတွေကို မလုပ်သင့်ပါဘူး။ဆပ်ပြာအပြင်းစားတွေ အသုံးပြုတာက အသားအရေကိုခြောက်သွေ့ထိခိုက်နိုင်ခြေများစေပါတယ်။ ဒါကြောင့် အသားအရေအတွက် ဆပ်ပြာသုံးမယ်ဆိုရင် အရမ်းပြင်းတာ၊ အနံ့ပြင်းတာနဲ့ အရောင်တောက်တာမျိုးကို မရွေးပါနဲ့။ရေချိုးပြီးရင်ဖြစ်ဖြစ်၊ လက်ဆေးပြီးရင်ဖြစ်ဖြစ်၊ခြေထောက်ဆေးပြီးရင်ဖြစ်ဖြစ်ရေခြောက်အောင်သုတ်ပေးပါ။ရေခြောက်အောင် မသုတ်တာက အရေပြားကို အစိုဓာတ်လျော့စေပြီး အသားအရေခြောက်သွေ့နိုင်ခြေ ပိုများစေနိုင်ပါတယ်။အစိုဓာတ်ထိန်းပါ။အရေပြားကို အစိုဓာတ်ထိန်းတာကလည်း ကျန်းမာရေးကောင်းအောင်လုပ်ပေးတဲ့နည်းလမ်းတွေထဲကတစ်ခုပါ။ ဒါကြောင့်အရေပြားကို အစိုဓာတ်ထိန်းပေးတဲ့ ခရင်မ်တစ်ခုခုလူးဖို့ မမေ့ပါနဲ့။ကျန်းမာရေးနဲ့ညီညွတ်အောင်စားပေးပါ။အသားအရေကျန်းမာစေဖို့အတွက်သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေစားပေးပါ။ အဆီပါဝင်မှုနည်းတဲ့အသားတွေစားပေးပါ။ အဆီပါဝင်မှုများတဲ့ ပင်လယ်ငါးတွေစားပေးပါ။အသားအရေ ကျန်းမာဖို့ လိုအပ်တဲ့ အရေးပါတဲ့ ဓာတ်တစ်ခုက ရေဓာတ်ပါ။ ဒါကြောင့် အသားအရေ ကျန်းမာစေဖို့ဆိုရင် နေ့စဉ် ရေဓာတ် ပြည့်ဝဖို့ လိုပါမယ်။ ဒါကြောင့် တစ်နေ့ကို ရေ ၈ ခွက် အနည်းဆုံး သောက်သုံးပါ။စိတ်ဖိစီးမှုကိုဖြေလျော့ပါ။စိတ်ဖိစီးမှုများလွန်းတာက အသားအရေကို ထိခိုက်စေနိုင်သလိုဝက်ခြံတွေ၊ အရေးအကြောင်းတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရေပြားကျန်းမာစေဖို့အတွက်ဖြစ်နိုင်သမျှ စိတ်ဖိစီးမှုတွေကိုလျှော့ချဖို့ လိုပါမယ်။ ဒါကြောင့် သီချင်းနားထောင်တာ၊တရားထိုင်တာနဲ့ပေါ့ပေါ့ပါးပါးလုပ်လို့ရတဲ့လေ့ကျင့်ခန်းလေးတွေလုပ်ပေးပါ။အသားအရေ ကျန်းမာမှ ခန္ဓာကိုယ်ကို ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်နိုင်မှာပါ။ ဒါကြောင့် အခုပြောပြခဲ့တဲ့ အလေ့အထလေးတွေကို သေချာ လိုက်လုပ်ပြီး အသားအရေကို ပုံမှန် ထိန်းသိမ်းလို့ ကျန်းမာတဲ့ အသားအရေလေးကို ပိုင်ဆိုင်လိုက်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/tips-for-healthy-skin/
Menstrual Cup ကို ဘယ်လိုသုံးရလဲ
Menstrual Cupက ကျန်းမာရေးနဲ့ ညီ၊မညီ ရှေ့မှာ လေ့လာခဲ့ကြပြီးပြီဆိုတော့ ဒီတစ်ခါမှာတော့ Menstrual Cup တွေကို ဘယ်လို အသုံးပြုရသလဲဆိုတဲ့အကြောင်းလေး ထပ်ပြီး လေ့လာကြည့်ကြရအောင်။Menstrual Cup ဟာလည်းTamponလိုပဲ မိန်းမကိုယ်ထဲ ထည့်ပြီး အသုံးပြုရတာဖြစ်ပါတယ်။ Tampon သုံးဖူးတဲ့သူတွေဆိုရင်တော့ Menstrual Cup ကို သုံးရတာ ပိုပြီး လွယ်ကူပါလိမ့်မယ်။ ဒါပေမဲ့ ခွက်ဖြစ်တဲ့အတွက်ကြောင့် ခေါက်ထည့်ပြီး အထဲမှာ ပွင့်အောင်လုပ်ရတဲ့ အဆင့်တစ်ဆင့်တော့ ပိုလာတာပေါ့နော်။ Menstrual Cup ကို သုံးတော့မယ်ဆိုရင်။ဘယ်လို ပြန်ထုတ်ရသလဲ။ကိုယ်နဲ့ သင့်တော်တဲ့ Menstrual Cup ကို ဘယ်လို ရွေးချယ်ရလဲ။Menstrual Cup ကို ရွေးချယ်ရာမှာ။(၁)အသက်အရွယ်။(၂)မွေးလမ်းကြောင်းအရှည်။(၃)သွေးဆင်းမှုပမာဏ။(၄) ခွက်ရဲ့ ပျော့ပျောင်းမှု နဲ့ အရွယ်အစား။(၅) ခွက်ထဲ ဝင်နိုင်မယ့် ပမာဏ။(၆)တင်ပါးဆုံကြွက်သားအား (Pelvic floor muscles)။(၇) ကလေးမွေးထားခြင်း ရှိ၊ မရှိ။စတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ Menstrual Cup တွေမှာ S နဲ့ L ဆိုပြီး အရွယ်အစား ၂ မျိုးရှိတတ်ကြပါတယ်။ S ဆိုက်ကတော့ များသောအားဖြင့် အသက် ၃၀ အောက် ကလေးမမွေးဖူးတဲ့ အမျိုးသမီးလေးတွေနဲ့ သင့်တော်ပြီး သွေးဆင်းတာ အရမ်းများတယ်ဆိုတဲ့ အမျိုးသမီးတွေ၊ ကလေးမွေးဖူးသူတွေနဲ့ အသက် ၃၀ အထက်ကိုတော့ L ဆိုက်သုံးဖို့ သင့်တော်ပါတယ်။ ကိုယ်နဲ့ မှန်ကန်သင့်လျော်တဲ့ အရွယ်အစားကို ရှာရတာကလည်း Menstrual Cup သုံးမယ့်သူတွေအတွက် စိန်ခေါ်မှုကြီး တစ်ခုပါပဲ။ကဲ.. ဒါတွေကတော့  Menstrual Cup ကို စနစ်တကျ ဘယ်လိုသုံးမလဲဆိုတဲ့ နည်းလမ်းတွေပါပဲ။ ပြောသာပြောရတယ်၊ သီအိုရီပိုင်ပြီး လက်တွေ့ကျ အခက်အခဲတွေ နည်းနည်း ထပ်တွေ့နိုင်သေးတာမို့ လေဒီတို့ရေ… Practice Makes Perfect ထုံးကိုသာ နှလုံးမူပြီး ကြိုးစားကြပါစို့ရဲ့။Wathun Myat Chal။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/menstrual-cup-%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%9b%e1%80%9c%e1%80%b2/
ACL injury (အရှေ့ဘက်ကြက်ခြေခတ်အရွတ် ဒဏ်ဖြစ်ခြင်း)
အရှေ့ဘက်ကြက်ခြေခတ်အရွတ်ဟာ ဒူးခေါင်းအလယ်မှာ တည်ရှိတဲ့အရွတ် ဖြစ်ပါတယ်။ အဲဒီအရွတ်ဟာ ညို့သကျည်းအရိုးကို ပေါင်ရိုးရှေ့ကို ချော်ထွက်မသွားအောင် ထိန်းသိမ်းပေးပါတယ်။ အရှေ့ဘက်ကြက်ခြေခတ်အရွတ် ဒဏ်ဖြစ်ခြင်းဟာ အလွန်အကျွံဆန့်ထုတ်ခြင်း အရွတ်စုတ်ပြဲခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ ဆိုးရွားမှုနဲ့ လှုပ်ရှားနိုင်မှုပေါ် မူတည်ပြီး စုတ်ပြဲခြင်းဟာ တစိတ်တပိုင်း ဒါမှမဟုတ် တခုလုံးဖြစ်နိုင်ပါတယ်။ ဒဏ်ရာဟာ သာမန်အသေးအဖွဲ စုတ်ပြဲခြင်းကနေ တခုလုံး စုတ်ပြဲသွားခြင်း အရိုးကျိုးပဲ့ထွက်သွားခြင်းတို့ကြောင့် ဆိုးဆိုးရွားရွား ဖြစ်တတ်ပါတယ်။ဘောလုံး၊ ဘက်စကတ်ဘော စတဲ့ အင်အား မြင့်မားစွာသုံးရတဲ့ အားကစားတွေမှာ ဖြစ်တတ်ပါတယ်။ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။အောက်ပါလက္ခဏာတွေ ပါဝင်ပါတယ်။အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။ဒူးရဲ့ဘေးခြမ်းကို ပြင်းထန်စွာ ထိခိုက်မိတဲ့အခါ (ဥပမာ ဘောလုံးယှဉ်လုတဲ့ အခါမျိုး) ဒဏ်ဖြစ်နိုင်ပါတယ်။ ပြေးလွှားလှုပ်ရှားရာကနေ ရုတ်တရက် ရပ်တန့်လိုက်တဲ့အခါ၊ ဦးတည်ရာပြောင်းလိုက်တဲ့အခါ၊ အမြင့်ကနေ ခုန်ချတဲ့အခါ ဖြစ်ပွားတတ်ပါတယ်။ ပြုတ်ကျခြင်း၊ လှေကားထစ်ချော်ကျခြင်း စတာတွေကြောင့် ဒူးဆစ်ကို အလွန်အကျွံ ဆန့်တန်းမိတဲ့အခါမှာလည်း ဖြစ်တတ်ပါတယ်။တခြား ထိခိုက်ဒဏ်ရာများနဲ့လည်း ဖြစ်တတ်ပါတယ်။ ဥပမာ တခြားဒူးခေါင်းအရွတ်များနဲ့လည်း အတူ စုတ်ပြဲတတ်ပါတယ်။ ဘောလုံးကန်ခြင်း၊ စကိတ်စီးခြင်းနဲ့ တခြား ရပ်လိုက်ပြေးလိုက် အလွန်လုပ်ရတဲ့ ခုန်ရတဲ့ လှုပ်ရှားမှုပုံစံ ပြောင်းရတတ်တဲ့ အခြေအနေတွေမှာ ဒီအမျိုးအစားကို တွေ့ရပါတယ်။ဖြစ်နိုင်ခြေ (၂) မျိုး ရှိပါတယ်။ပြောင်းလဲနိုင်သောအခြေအနေ။မပြောင်းလဲနိုင်သောအခြေအနေ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဒဏ်ရာကို ရောဂါအတည်ပြုနိုင်ဖို့ ဆရာဝန်ဟာ သင်ရဲ့ဒူး ရောင်ရမ်းနာကျင်နေမှုကို စစ်ဆေးပါလိမ့်မယ်။ ဒူးကို ပုံစံမျိုးစုံ လှုပ်ရှားကြည့်ပြီး အဆစ်ရဲ့ လှုပ်ရှားလုပ်ဆောင်နိုင်မှု အတိုင်းအတာကို စစ်ဆေးပါလိမ့်မယ်။ဒါ့အပြင် အောက်ပါ စမ်းသပ်ချက်အချို့ကို ပြုလုပ်ပါလိမ့်မယ်။ဒဏ်ရာရတဲ့အခါ ဆရာဝန်နဲ့ ပြသပြီး အောက်ပါအချက်တွေကို ဦးစွာလိုက်နာရပါမယ်။အောက်ပါအချက်များကိုလည်း သတိပြုပါ။ကုသရာမှာ လူနာရဲ့ အခြေအနေပေါ် မူတည်ပြီး ခွဲစိတ်ခြင်းနည်း၊ မခွဲစိတ်ဘဲ ကုသနည်း စသဖြင့် ရှိပါတယ်။မခွဲတဲ့နည်းလမ်းတွေမှာတော့ ဒူးစွပ်သုံးခြင်း၊ ကာယကုသမှု ခံယူခြင်း စတာတွေ ဖြစ်ပါတယ်။ ဒီကုသမှုတွေဟာ အသက်ကြီးသူတွေ၊ လှုပ်ရှားမှု နည်းပါးသူတွေအတွက် ထိရောက်မှုရှိပါတယ်။ အောက်ပါ အခြေအနေတွေမှာဆိုရင်တော့ ခွဲစိတ်မှုခံယူရပါလိမ့်မယ်။ဒီပြသနာကို ကာကွယ်ဖို့ အားကစားလုပ်စဉ် လေ့ကျင့်ခန်း လုပ်စဉ်မှာ သင့်တော်ကောင်းမွန်တဲ့ နည်းစနစ်တွေ ကျင့်သုံးရပါမယ်။ နေ့စဉ်လုပ်ရှားမှုတွေမှာလည်း အထူးသတိပြုပြီး ပြင်းထန်ပင်ပန်းစွာ လုပ်ကိုင်ရချိန်မှာ အကာအကွယ် ပစ္စည်းတွေ သုံးသင့်ပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/acl-injury-%e1%80%a1%e1%80%9b%e1%80%be%e1%80%b1%e1%80%b7%e1%80%98%e1%80%80%e1%80%ba%e1%80%80%e1%80%bc%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%b1%e1%80%81%e1%80%90%e1%80%ba%e1%80%a1%e1%80%9b%e1%80%bd/
အရိုးပွ ခြင်း (osteoporosis) ကို ကြိုတင်ကာကွယ်နိုင်လား။
အရိုးပွ ရောဂါဟာ အရိုးအတွင်းမှာရှိတဲ့ အပေါက်လေးတွေက ပိုကျယ်လာပြီး အရိုးက တဖြည်းဖြည်းပါးလာတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင်အရိုးသိပ်သည်းဆလည်း နည်းလာပါတယ်။ အဲဒီလို ဖြစ်လာတဲ့အခါမှာ အရိုးအားနည်းလာပြီး ကျိုးလွယ်တာတွေကို ဖြစ်လာစေပါတယ်။ အရိုးပွရောဂါဟာ အသက်ကြီးတဲ့ မိန်းမတွေမှာ အဖြစ်များပြီး လက်ကောက်ဝတ်၊ ခါးဆစ်ရိုးနဲ့ ကျောမကြီးတွေမှာ အဓိက ထိခိုက်တတ်ပါတယ်။ ဒါ့ကြောင့်လည်း ဒီရောဂါ ဖြစ်လာခဲ့မယ်ဆိုရင် နေ့စဉ်လူနေမှုဘဝကိုပါ ထိခိုက်စေနိုင်ပါတယ်။ အရိုးပွရောဂါ ဖြစ်နိုင်ချေကို များစေတဲ့ အကြောင်းအရင်းတွေထဲမှာ ကြိုတင်ကာကွယ်လို့မရတဲ့၊ ပြောင်းလဲလို့မရတဲ့ အကြောင်းအရင်း တွေရှိသလို ကာကွယ်လို့ရတဲ့ အကြောင်းအရင်းလေးတွေလည်း ရှိပါတယ်။၁။ အသက်အရွယ်ကြီးခြင်းကြောင့်။ငယ်ရွယ်သူတွေမှာ ပုံမှန်အားဖြင့် အရိုးတွေပျက်စီး ထိခိုက်တဲ့အခါ အရိုးအသစ်လေးတွေကို အမြန်ပြန်ပြီးတည်ဆောက်နိုင်ကြပါတယ်။အသက်ကြီးလာတဲ့အခါမှာတော့ အရိုးအသစ်တွေကို တည်ဆောက်တဲ့ နှုန်းကျဆင်းလာပြီး အရိုးအဟောင်းတွေ ပျက်စီးတဲ့နှုန်းက များလာပါတယ်။ ဒါ့ကြောင့်လည်း အသက်ကြီးတဲ့သူတွေမှာ ငယ်ရွယ်သူတွေထက် အရိုးပွရောဂါပို ဖြစ်နိုင်ချေများပါတယ်။၂။ အမျိုးသမီးဖြစ်ခြင်း။အရိုးပွရောဂါဟာ မိန်းမတွေမှာ ယောကျ်ားတွေထက် ပိုဖြစ်နိုင်ချေများပါတယ်။၃။ လူမျိုးစုမတူညီခြင်း။ဒီရောဂါဟာ အနောက်ပိုင်းနိုင်ငံသားတွေ၊ လူမည်း တွေထက် လူဖြူတွေ၊ အရှေ့ပိုင်းနိုင်ငံသားတွေမှာ ပိုအဖြစ်များပါတယ်။၄။မိသားစုမျိုးရိုးရှိနေခြင်း။ကိုယ့်ရဲ့ မိသားစုဆွေမျိုး အထူးသဖြင့် အဖေ၊ အမေ တွေမှာ အရိုးပွရောဂါဖြစ်ဖူးတဲ့ ရာဇဝင်ရှိမယ်ဆိုရင် ပိုဖြစ်နိုင်ပါတယ်။၅။ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်ခြင်း။ဥပမာ- မီးယပ်သွေးဆုံးပြီး အမျိုးသမီးတွေမှာestrogenလို့ခေါ်တဲ့ဟော်မုန်းတွေ သိသိသာသာလျော့နည်းလာတာကြောင့်၊ အမျိုးသားတွေမှာ အသက်ကြီးလာတာနဲ့ အမျှ testosterone လို့ခေါ်တဲ့ကျားဟော်မုန်းနည်းလာခြင်းကြောင့် နဲ့ တချို့သော ဟော်မုန်းကို ပြောင်းလဲစေနိုင်တဲ့ ကုထုံးတွေကလည်း အရိုးပွခြင်းကို ဖြစ်စေပါတယ်။၁။ အစားအသောက်။ကယ်လ်ဆီယမ်ဓာတ်ဟာ အရိုးတွေ ဖွံဖြိုးသန်မာအောင် အားပေးတဲ့ ဓာတ်တစ်မျိုးဖြစ်တာကြောင့် နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေမှာ ပါဝင်ပါစေ။ ကယ်လ်ဆီယမ်ဓါတ်ချို့တဲ့နေတဲ့သူတွေ၊ အစားအသောက် ရှောင်တဲ့ သူတွေမှာ အရိုးပွခြင်းပိုဖြစ်နိုင်ပါတယ်။၂။ အချို့သော ဆေးဝါးများကြောင့်။ဥပမာ-corticosteroids အရောင်ကျဆေးတွေကို အကြာကြီးအသုံးပြုတာ၊ နဲ့ အတက်ရောဂါ နဲ့ ကင်ဆာရောဂါတွေမှာ အသုံးပြုတဲ့ ဆေးတချို့ကလည်း အရိုးကို ထိခိုက်စေပါတယ်။၃။ အရက်အလွန်အကျွံသောက်ခြင်းကြောင့်။အရက်အများကြီးသောက်တဲ့ သူတွေမှာလည်း ဒီရောဂါပိုပြီးဖြစ်နိုင်ချေများပါတယ်။ ဒါ့အပြင် ဆေးလိပ်မှာ ပါတဲ့ tobacco ကလည်း အရိုးကို အားနည်းစေနိုင်တယ်လို့ ပြောထားပါတယ်။၄။ အထိုင်များခြင်း။အရိုးပွရောဂါဟာ လှုပ်လှုပ်ရှားရှားနေတဲ့ သူတွေထက်စာရင် အထိုင်များတဲ့ သူတွေမှာ ဖြစ်နိုင်ချေများပါတယ်။၅။ thyroid (သို့) လည်ပင်းကြီးခြင်းနှင့် အခြားပြသနာများ။အချို့သော လည်ပင်းမှာ ရှိတဲ့ thyroid gland လေးတွေကြီးတဲ့ပြသနာတွေမှာ thyroid ဟော်မုန်းလေးတွေ အထုတ်များပါတယ်။ အဲဒီ thyroid ဟော်မုန်းလေးတွေများခြင်းကလည်း အရိုးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် ကင်ဆာ၊ အဆစ်မြစ်ရောင်ရောဂါတွေ၊ အသည်းနဲ့ ကျောက်ကပ်ရောဂါ တချို့ရှိတဲ့သူတွေမှာလည်း အရိုးပွရောဂါ ပိုပြီးဖြစ်နိုင်ချေများပါတယ်။၁။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။သင့်ရဲ့ ကြွက်သားတွေလိုပဲ အရိုးတွေဟာလည်း သန်မာဖို့အတွက် လေ့ကျင့်ခန်းတွေလုပ်ပေးဖို့ လိုအပ်ပါတယ်။ weight bearing exercise လို့ခေါ်တဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေ၊ ကခုန်ခြင်း၊ လှေကားတက်ခြင်း၊ ပြေးခြင်း၊ ယောဂဆော့ခြင်း စတဲ့ လေ့ကျင့်ခန်းတွေ အပြင် အလေးမခြင်း၊ ကလေးကို မချီခြင်း၊ နဲ့ ဒိုက်ထိုးခြင်းတွေကလည်း သင့်ရဲ့ အရိုးတွေ သန်မာစေဖို့ အများကြီး အထောက်အကူပြုမှာဖြစ်ပါတယ်။၂။ ကယ်လ်ဆီယမ် နဲ့ ဗီတာမင် D ပါတဲ့ အစားအစာတွေကို ပုံမှန်စားသုံးပေးပါ။ကယ်လ်ဆီယမ်ဓာတ်ဟာ အရိုးတွေ ကျန်းမာသန်စွမ်းစေဖို့ အတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓါတ်ဖြစ်ပါတယ်။ သင့် ခန္ဓာကိုယ်ထဲမှာ ကယ်လ်ဆီယမ်ဓာတ် လျော့နည်းလာပြီဆိုရင်တော့ အရိုးတွေပျက်စီးလာနိုင်ပါတယ်။ဒါ့ကြောင့် ကယ်စီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့။ဗီတာမင် D ကတော့ ကယ်လ်ဆီယမ်ဓာတ်ကို ခန္ဓာကိုယ်ကများများ စုပ်ယူနိုင်အောင် ကူညီးပေးတဲ့အတွက် ဗိုက်တာမင် D ပါတဲ့ ငါးတွေ၊ ကြက်ဥအနှစ်၊ အသည်း၊ နို့ စတာတွေ ကိုလည်း နေ့စဉ်အစားအစာတွေထဲ ထည့်သွင်း စားသုံးပေးသင့်ပါတယ်။၃။ အရက်အလွန်အကျွံသောက်ခြင်း နဲ့ ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။၄။ စပ်ဆေးတွေ သောက်ခြင်းကို ရှောင်ကြဉ်ပါ။စပ်ဆေးတွေမှာ corticosteroid ဆိုတဲ့ အရောင်ကျဆေးတွေ ပါဝင်တဲ့အတွက် ဖျားနာတဲ့အခါမှာ စပ်ဆေးတွေကို အလွယ်တကူဝယ်မသောက်ဘဲ ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ပြီးမှ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းပဲ လုပ်ဆောင်သင့်ပါတယ်။၅။ လှုပ်လှုပ်ရှားရှားနေပါ။တစ်နေကုန် ထိုင်နေတာမျိုးထက် မကြာခဏ လမ်းလျှောက်ပေးတာ၊ အညောင်းအညာဖြေပေးတာမျိုးကို ဂရုတစိုက် လုပ်ပေးသင့်ပါတယ်။ဒီဆောင်းပါးလေးဖတ်ပြီးတဲ့အခါမှာ အထက်ပါ နည်းလမ်းကောင်းလေးတွေနဲ့ နေ့စဉ်ဘဝကို ပါထိခိုက်စေနိုင်တဲ့ အရိုးပွရောဂါကို မဖြစ်အောင် တတ်နိုင်သလောက် ကြိုတင်ကာကွယ်ကြပါစို့။ရေးသားသူ- Khine Phoo Ngon။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/osteoporosis-orthopedics-musculoskeletal/%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%95%e1%80%bd-%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-osteoporosis-%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%bc%e1%80%ad%e1%80%af%e1%80%90/
တို့စရာ အဖြစ်စားကြတဲ့ ဗြုံးမွေးက ဘယ်လိုဆေးဖက်ဝင်နေတာလဲ
အိမ်မှာ အတို့အမြှုပ်အဖြစ်နဲ့ စားသုံးလေ့ရှိကြတဲ့ ဗြုံးမွေးပင်ဟာ အိန္ဒိယ၊ ဩစတြေးလျား၊ ဥရောပ၊ အာဖရိက၊ အာရှနဲ့ မြောက် အမေရိက၊ တောင်အမေရိကတို့မှာ ပေါက်ရောက်လေ့ရှိတဲ့အပင်ဖြစ်ပါတယ်။ ဗြုံးမွှေးကိုလွန်ခဲ့တဲ့ရာစုနှစ်တွေကတည်းကဆေးဖက်ဝင် အပင်အဖြစ်သုံးခဲ့ကြတာဖြစ်ပြီး မှတ်ဉာဏ်ကောင်းစေတဲ့ေဆးဖက်ဝင်အပင်အဖြစ် လူသိများပါတယ်။(၁) မှတ်ဉာဏ်ကောင်းစေခြင်း။ဗြုံးမွေးကိုမှတ်ဉာဏ်အတွက် အားပေးတဲ့ဆေးဖက်ဝင်အပင်အဖြစ် သိကြပါတယ်။ အသက် ၄၀ ကနေ ၆၅ နှစ်အတွင်းရှိသူ ၇၆ ဦးကို စမ်းသပ်ခဲ့တဲ့လေ့လာမှုတစ်ခုအရ ဗြုံးမွေးဟာလောလောလတ်လတ် သိရှိထားတဲ့အကြောင်း အရာတွေကို မေ့လျော့မှုနှုန်းကိုလျော့နည်းစေဖို့  အထောက်အကူပေးတယ်လို့ သိရပါတယ်။(၂)စိတ်ဖိစီးမှုနဲ့ပူပန်စိတ်ကိုလျော့နည်းစေနိုင်ခြင်း။ဗြုံးမွေးကပြင်းထန် တဲ့ကျန်း မာရေးပြဿနာတွေဖြစ်လာစေတတ်တဲ့ စိတ်ဖိစီးမှုနဲ့ စိုးရိမ် ပူပန်စိတ်တွေကိုလျော့ကျစေနိုင်တယ်လို့လည်း သိကြပါတယ်။ ဗြုံးမွေးက စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီး အာရုံထွေပြားမှုတွေနဲ့ ဂနာမငြိမ်ဖြစ်မှုတွေကိုလျော့ပါးသက်သာစေနိုင်တယ်လို့ဆိုပါတယ်။(၃) စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့အစာချေဖျက်မှြုပဿနာတွေကို ကုသနိုင်ခြင်း။၎င်းက အယ်လ်ဇိုင်းမားရောဂါ၊ အာရုံမစူးစိုက်နိုင်တဲ့ရောဂါနဲ့ မှတ်ဉာဏ်နဲ့ပတ်သက်တဲ့ရောဂါတွေကို ကုသရာမှာ အထောက်အကူပေးပါတယ်။ ဗြုံးမွေးက ဦးနှောက်ထဲ မှာရှိတဲ့ gammaami-nobutyric acid (GABA)နဲ့ glu-tamate ဓါတ်တွေကိုထိန်းညှိပေးပြီး ဉာဏ်ရည်ပိုင်းလုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးတယ်လို့ လေ့လာမှုတွေကဖော်ပြခဲ့ပါတယ်။ အိပ်မပျော်တဲ့ဝေဒနာကိုလည်း သက်သာစေတယ်လို့ဆိုပါတယ်။ဗြုံးမွေးက ဝက်ရူးပြန်ရောဂါကြောင့်တက်ခြင်းကိုလည်း သက်သာစေနိုင်သလို အူလမ်းကြောင်းလှုပ်ရှားမှု မူမမှန်တဲ့ရောဂါ (IBS) ကို ကုသရာမှာလည်း အထောက်အကူပေးနိုင်တယ်လို့ဆိုပါတယ်။ဗြုံးမွေးအဆီရဲ့အကျိုးကျေးဇူး။(၄) ဆံပင်ကျွတ်ခြင်းသက်သာစေ။ဗြုံးမွေးအဆီဟာဆံပင်ကျွတ်ခြင်းအတွက်အထိရောက်ဆုံး အိမ်သုံးဆေးနည်းတွေထဲကတစ် ခုဖြစ်ပါတယ်။ သူ့မှာ kinase ပရိုတင်းရဲ့လုပ်ဆောင်ချက်ကိုမြှင့်တင် ပေးနိုင်တဲ့ alkaloids တွေပါဝင်ပါတယ်။ သည်အဆီကိုဆံသား ပေါ်တိုက်ရိုက်လိမ်းတာ သို့မဟုတ်ရေနွေးငွေ့နဲ့ ပေါင်းတင်ချိန်မှာလိမ်း ပြီး နှိပ်နယ်ပေးတာစတဲ့နည်းတွေနဲ့ သုံးနိုင်ပါတယ်။ဗြုံးမွေးအဆီကိုဆံပင်မှာလိမ်းခြင်းဖြင့်ရရှိနိုင်တဲ့အကျိုး ကျေးဇူးတွေကတော့ –။• ဆံပင်ကျွတ်သက်သာစေနိုင်ပြီး ဆံပင်ပေါက်နှုန်းမြန်ဆန်စေနိုင်တယ်။• ဦးရေပြားကိုအေးစေပြီး ယားယံခြင်းကင်းစေနိုင်တယ်။• ဗောက်ပျောက်စေနိုင်တယ်။(၅) နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်။ဗြုံးမွေးအဆီကို ဦးရေပြားမှာ နှိပ်လိမ်းပေးပါ။ ရေမချိုးမီ ချိုးမယ့်ရေထဲ ထည့်ပြီးလည်း သုံးနိုင်ပါတယ်။ ကြက်သီးနွေးရေထဲမှာ ၎င်းအဆီ တစ်စက်နှစ်စက်ကိုထည့်ချိုးပါ။ သည်နည်းတွေကိုလုပ်ဆောင်ရင် ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။(၆)အဆစ်အမြစ်နာကျင်ကိုက်ခဲမှုကို လျော့စေနိုင်။ဗြုံးမွေးအဆီမှာ ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိ ပါတယ်။ အဆစ်အမြစ်နာကျင်ကိုက်ခဲတာ၊ ခါးနာတာ၊ ကြွက်သား နာကျင်တာ၊ ခေါင်းကိုက်တာတွေကို သက်သာစေနိုင်ပါတယ်။ နာကျင်ကိုက်ခဲနေတဲ့ ဧရိယာတစ်ဝိုက်မှာ ဗြုံးမွေးအဆီကိုနှိပ်လိမ်း ပေးခြင်းဖြင့် ဒဏ်ကြေဆေးလိုပဲနာကျင်မှုကိုခဏတာသက်သာ လျော့ပါးစေနိုင်ပါတယ်။တခြားဆေးဖက်ဝင်ပစ္စည်းတွေနဲ့ပေါင်းစပ်သုံးရင်။• ဗြုံးမွေးက အစာစားချင်စိတ်ကိုနည်းစေနိုင်တာကြောင့် ချင်း၊ဖာလာစေ့တို့လို အစာချေဖျက်မှုကို အားပေးတဲ့ပစ္စည်းတွေနဲတွဲဖက် သင့်ပါတယ်။• အပူကန်တာကြောင့်ဖြစ်တဲ့အရေပြားပြဿနာတွေအတွက်ဆို ဗြုံးမွှေးကို နနွင်းနဲ့တွဲဖက်အသုံးပြုသင့်ပါတယ်။• ၎င်းကို စမုန်နက်၊ ဇီရာ တို့နဲ့ ပေါင်းစပ်ရင် အူအတွက် ကောင်းတယ်လို့ သိရပါတယ်။အသုံးဝင်တဲ့နည်းတချို့။• ဗြုံးမွေးဟာ ကလေးမရတာ၊ ဝက်ရူးပြန်ရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတွေကို ကုသရာမှာသုံးတဲ့ Sarasvataristha တင်ချာဆေးရည်အတွင်းအရေးပါတဲ့ပစ္စည်းဖြစ်ပါတယ်။• ဆေးဝါးအဖြစ်ဖော်စပ်ထားတဲ့ အဆီအဖြစ်ဆိုရင်အဆစ်အမြစ် နာကျင်မှု၊ ခေါင်းကိုက်ခြင်းတွေအပြင် စိတ်ကိုရှင်းလင်းစေဖို့အထောက်အကူပေးပါတယ်။• ဗြုံးမွေးအဆီကိုလည်ပင်းမှာလိမ်းရင် ချောင်းဆိုးဝေဒနာနဲ့အဆုတ်ရောင်ရောဂါအတွက် အရမ်းအသုံးဝင်ပြီး (အထူးသဖြင့်ကလေးတွေမှာ)သေးခံလောင်တာ၊ ပွန်းတာသက်သာစေပါတယ်။• ဗြုံးမွေးအရွက်ကို ကြိတ်တဲ့အရည်တိုက်ရင် ကလေးတွေမှာ ဝမ်းသွားတာကိုသက်သာစေပါတယ်။• စိတ်ပူပန်မှုနဲ့ စိတ်ကျဝေဒနာတို့ကုသရာမှာ ဗြုံးမွေးအဆီကို နှမ်းဆီ သို့မဟုတ် အုန်းဆီနဲ့ရောပြီး ခြေဖဝါး၊ အရိုးအဆစ်တွေနဲ့ နားရွက်တို့ကို အိပ်ရာမဝင်ခင်လိမ်းပေးနိုင်ပါတယ်။သတိထားရမယ့်အချက်များ။• ကိုယ်ဝန်ဆောင် သို့မဟုတ် ကလေးနို့တိုက်ကျွေးနေဆဲဖြစ်ရင် ဗြုံးမွေးဓါတ်စာက ဘေးကင်း မကင်းကို ခိုင်မာတဲ့အထောက်အထား ဖော်ပြချက်မရှိသေးတာကြောင့် ဆေးဝါးအဖြစ်မသုံးတာကောင်းပါ တယ်။• နှလုံးခုန်နှုန်းကို နှေးစေနိုင်တာကြောင့် သည်အချက်ရှိနှင့်ပြီး သူ တွေသတိထားသင့်ပါတယ်။• ဗြုံးမွေးကအစာအိမ်နဲ့ အူတွေထဲမှာ စွန့်ထုတ်မှုတွေတိုးစေနိုင် တာကြောင့် အစာအိမ်နဲ့အူလမ်းကြောင်းမှာ အနာရှိသူတွေအနေနဲ့ သတိထားသင့်ပါတယ်။• အဆုတ်အတွင်း အရည်စွန့်ထုတ်မှုကိုတိုးစေနိုင်တာကြောင့် ပန်းနာရင်ကျပ်လို အဆုတ်နဲ့ဆိုင်တဲ့ရောဂါရှိသူတွေသတိထားသုံး စွဲသင့်ပါတယ်။• သိုင်းရွိုက်ဟော်မုန်းပမာဏကို တိုးစေနိုင်တာကြောင့် သိုင်းရွိုက်ဟော်မုန်းဆေးတွေ သောက်သုံးနေရတဲ့သူတွေ၊ ၎င်းရောဂါရှိသူတွေ သတိထားသုံးစွဲသင့် သို့မဟုတ် ရှောင်ရှားသင့်ပါတယ်။• ဆီးလမ်းကြောင်းအတွင်း စွန့်ထုတ်မှုကိုတိုးစေနိုင်တာကြောင့်  ဆီးလမ်းကြောင်းပိတ်ဆို့မှုရောဂါရှိသူတွေအခြေအနေပိုဆိုးစေနိုင်ပါ တယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%90%e1%80%ad%e1%80%af%e1%80%b7%e1%80%85%e1%80%9b%e1%80%ac-%e1%80%a1%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%85%e1%80%ac%e1%80%b8%e1%80%80%e1%80%bc%e1%80%90%e1%80%b2%e1%80%b7-%e1%80%97%e1%80%bc/
ဆောင်းတွင်းကာလမှာ သတိထားရမယ့် ကိုဗစ်မျိုးစိတ်သစ် BQ.1နဲ့ XBB
ဆောင်းရာသီ ရောက်လာပြီဆိုရင် အရင်ကထက် ဖျားတာနာတာတွေ ပိုအတွေ့ရများလာနိုင်ပါတယ်။ တုပ်ကွေးဖြစ်တာ၊ နှာစေးတာ၊ ချောင်းဆိုးတာတွေလိုမျိုး ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေကတော့ အဓိကပေါ့။ ဒီနှစ်ဆောင်းမှာ ဒီကျန်းမာရေး ပြဿနာတွေအပြင် သတိထားရမယ့် နောက်ထပ် ကျန်းမာရေးပြဿနာ တစ်ခု ရှိပါတယ်။ ဒါကတော့ ကိုဗစ်ပါ။ ဒီနှစ်မှာ ထူးထူးခြားခြား ဂရုစိုက်ရမယ့် ကိုဗစ်မျိုးစိတ်ကတော့ မကြာသေးခင်က အမေရိကန်ပြည်ထောင်စုနဲ့ စင်ကာပူနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအချို့မှာ ဖြစ်ပွားနေတဲ့ ကိုဗစ်မျိုးစိတ်တွေဖြစ်ကြတဲ့ ကိုဗစ်မျိုးစိတ်သစ်BQ.1နဲ့ XBBတို့ပါ။ ဒီအကြောင်းတွေကို အတူတူ လေ့လာလိုက်ရအောင်နော်။Omicron မျိုးကွဲတွေဖြစ်တဲ့ BA.4 နဲ့ BA.5 က ဇူလိုင်လ အစောပိုင်းက ကမ္ဘာတလွှားမှာ ဖြစ်ပွားနေတဲ့ အဓိက ကိုဗစ်မျိုးစိတ် တစ်မျိုးပါ။ ဒါပမယ့် မကြာသေးခင်ကာလကစပြီး နိုင်ငံတော်တော်များများမှာ ကူးစက်မြန်နေတဲ့ ကိုဗစ်မျိုးစိတ် တစ်ရပ်ပြန့်နှံ့ ဖြစ်ပွားနေပါတယ်။ ဒီမျိုးစိတ်တွေက ဘာတွေလဲဆိုတော့ အပေါ်မှာပြောခဲ့တဲ့ ကိုဗစ်မျိုးစိတ်သစ် BQ.1နဲ့ XBB တို့ပါ။ကိုဗစ်က မျိုးစိတ်သစ်တွေ ဖြစ်ပွားနေသလို အရင်ကပေါ်ထွက်ခဲ့တဲ့ ကိုဗစ်မျိုးကွဲတွေဖြစ်ကြတဲ့ BA.4.6၊ BA.4၊ BA.5 စတာတွေကလည်း ဆက်လက် ဖြစ်ပွားနေဆဲပါ။XBB နဲ့ ဒီမျိုးစိတ်ရဲ့ မျိုးကွဲဖြစ်တဲ့ XBB.1 တို့ဟာ ဩဂုတ်လက အိန္ဒိယမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားမှုတွေ ရှိသလို စင်ကာပူနိုင်ငံမှာ ကူးစက်ဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါ ကူးစက်ခံရသူရဲ့ ထက်ဝက်ကျော်မှာ ကူးစက်နေတဲ့ ကိုဗစ်ဗိုင်းရပ်စ်ကလည်း XBB အမျိုးအစားပါ။ နိုင်ငံပေါင်း ၁၇ နိုင်ငံမှာ ဖြစ်ပွားနေပါတယ်။XBB မျိုးစိတ်နဲ့အတူ နိုင်ငံတော်တော်များများမှာ ကူးစက်နေတဲ့ နောက်ထပ် ကိုဗစ်မျိုးစိတ်တွေက BQ.1 နဲ့ BQ.1.1 တို့ပါ။ ဒီမျိုးစိတ်တွေက လက်ရှိမှာ ကူးစက်ဖြစ်ပွားမှု မြင့်တက်နေသလို ဒီနှစ်ရဲ့ ဆောင်းမှာကိုဗစ်မျိုးစိတ်တွေထဲမှာ ဒီမျိုးစိတ်တွေက ကူးစက်နိုင်ခြေ အများဆုံး ဗိုင်းရပ်စ်တွေပါ။ကိုဗစ်မျိုးစိတ်တွေက Omicron မျိုးကွဲကနေ ဆင်းသက်ကြတာဖြစ်ပြီး တစ်ခုနဲ့တစ်ခုမှာ တူညီတဲ့အချက်လေးတွေကတော့ အနည်းငယ်ရှိပါတယ်။ ဥပမာ ပြောပြရရင်BA.4.6 က BA.4ကနေဆင်းသက်လာတာမျိုးပေါ့။ကိုဗစ်မျိုးစိတ်တွေက ဗီဇပြောင်းလိုက်ချိန်မှာ ကူးစက်နိုင်စွမ်းကလည်း ပိုမြင့်သွားပါတယ်။ ဒီမျိုးစိတ်တွေက ကူးစက်နှုန်းတင် မြန်ဆန်တာ မဟုတ်ပါဘူး။ ကိုယ်ခံအားကို တိမ်းရှောင်နိုင်စွမ်းကလည်း တော်တော်လေး မြင့်မားပါတယ်။ ကိုဗစ်မျိုးစိတ်သစ် BQ.1နဲ့ XBB တို့ဟာ လက်ရှိတွေ့ရှိဖြစ်ပွားခဲ့သမျှဗိုင်းရပ်စ်တွေထဲမှာ ကူးစက်မှု အမြန်ဆုံးနဲ့ ကိုယ်ခံအားကို ရှောင်တိမ်းနိုင်စွမ်း အကောင်းဆုံးပါ။နောက်တစ်ချက်က ဒီမျိုးစိတ်တွေက ကိုဗစ် ဖြစ်ဖူးတဲ့သူတွေမှာလည်း ပြန်လည် ဖြစ်ပွားနိုင်သလို ကာကွယ်ဆေး ထိုးထားတဲ့သူတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ကူးစက်မှုမြန်ပေမယ့် ရောဂါလက္ခဏာတွေက ထူးထူးခြားခြား ကွဲပြားတာမျိုး မရှိပါဘူး။ အခုချိန်ထိတော့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်လောက်တဲ့အထိ လက္ခဏာ ပြင်းပြင်းထန်ထန်တို့ကိုလည်း မတွေ့ရသေးပါဘူး။ ဒါပေမယ့် ဆက်လက်စောင့်ကြည့်ဖို့တော့ လိုဦးမှာပါ။ ကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာတာကတော့ အကောင်းဆုံးဖြစ်မှာပါ။ လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။BQ.1နဲ့ XBB ဟာလည်းကိုဗစ်ဗိုင်းရပ်စ်ပဲ ဖြစ်တာကြောင့် အရင်ကိုဗစ် ဗိုင်းရပ်စ်တွေကို ကာကွယ်ခဲ့တဲ့ နည်းလမ်းတွေအတိုင်း။အထူးသဖြင့် အသက် ၆၀ အထက် လူကြီးတွေကို ထပ်ဆောင်း ကာကွယ်ဆေးတွေ ထိုးနှံပေးပါ။ လူထူတဲ့နေရာတွေကို မဖြစ်မနေ သွားရမယ်ဆိုရင် ဘိုးဘိုးဘွားဘွားတို့ကို N95၊ KN95 နဲ့ KF94 တို့လိုမျိုး လုံခြုံစိတ်ချရတဲ့ မတ်ခ်တွေကို တပ်ပေးပါ။အခုလက်ရှိ ကမ္ဘာ့နိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်မျိုးကွဲ BQ.1နဲ့ XBB တို့က ကိုယ်ခံအားကို ရှောင်တိမ်းနိုင်တယ်။ ကာကွယ်ဆေး ထိုးထားသူတွေရော အရင်က ကိုဗစ်ကူးစက်ခံရဖူးသူတွေမှာပါ ရောဂါကူးစက်ဖြစ်ပွားနိုင်တယ်ဆိုပေမယ့် ကာကွယ်ဆေးတွေ နဲ့ ထပ်ဆောင်းကာကွယ်ဆေးတွေကတော့ ရောဂါကို အရမ်း မပြင်းထန်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိနေဆဲပါ။ဒါကြောင့်ကိုဗစ်ကာကွယ်ဆေးတွေကိုရော ထပ်ဆောင်းကာကွယ်ဆေးတွေကို သေချာလေး ထိုးနှံထားတာကလည်း ထိရောက်တဲ့ ကာကွယ်နည်းပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/facts-to-know-about-bq-1-xbb/
Meniere's Disease ((မန်နီယဲစ်)Meniere’s ရောဂါ)
Meniere’s ရောဂါ ဆိုသည်မှာ နားအတွင်းပိုင်းပြဿနာတစ်ခုဖြစ်ပြီး ချာချာလည်ခေါင်းမူးခြင်း၊ နားကြားတစ်ချက် မကြားတစ်ချက်ဖြစ်ခြင်း၊ တစ်ဖြည်းဖြည်းနှင့် အကြားအာရုံ လုံးဝဆုံးရှုံးခြင်း၊ နားအူခြင်း၊ နားထဲတွင်တစ်စုံတစ်ရာနှင့်ပြည့်နှက်နေသကဲ့သို့ ဖိအားခံစားရခြင်းတို့ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။Meniere’s ရောဂါဟာ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပေမဲ့ အသက် ၂၀ မှ ၅၀ ကြားမှာ စဖြစ်လေ့ရှိပါတယ်။ ၎င်းဟာ နာတာရှည်ရောဂါတစ်မျိုးဖြစ်သော်လည်း ကုသမှုအမျိုးမျိုးဟာ ရောဂါလက္ခဏာတွေကို သက်သာစေပြီး သင့်ဘဝအပေါ် ရေရှည်သက်ရောက်နိုင်မှုကို လျော့နည်းစေပါတယ်။ဒီရောဂါဟာအသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Meniere’s ရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။Meniere’s ရောဂါရဲ့ အကြောင်းရင်းကိုတော့ မသိရှိနိုင်သေးပါဘူး။ သက်သေမပြရသေးတဲ့ နာမည်ကြီးယူဆချက်တစ်ခုကတော့ နားအတွင်းပိုင်းရှိအရည် (endolymph) ပမာဏမူမမှန်မှုကြောင့်ဖြစ်ရတယ်လို့ဆိုပါတယ်။ ဤအချက်ကို ရင်ခွဲစစ်ဆေးမှုများ၌် မကြာခဏတွေ့ရှိရပေမဲ့ ၎င်းကြောင့် ခေါင်းချာချာလည်မူးသည့်အကြိမ်များ ဖြစ်ရသလားဆိုတာကတော့ မရှင်းလင်းသေးပါဘူး။Meniere’s ရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ဆရာဝန်ကစစ်ဆေးခြင်းတစ်ရပ်ကိုလုပ်ဆောင်ပြီးရောဂါရာဇဝင်လည်းယူပါမယ်။ ၎င်းရောဂါဟုအတည်ပြုနိုင်ဖို့။အကြားအာရုံကို အကဲဖြတ်ခြင်း။အကြားအာရုံစစ်ဆေးခြင်းဆိုသည်မှာ မတူညီသော အသံအနိမ့်အမြင့်များကို သင်ဘယ်လောက်သိသလဲဆိုတာနဲ့ အသံဆင်တူသော စာလုံးများကို ဘယ်လောက်ခွဲခြားနိုင်သလဲ ဆိုတာကိုစစ်ဆေးခြင်းဖြစ်ပါတယ်။ အဆိုပါရောဂါခံစားနေရသူများသည် ကြိမ်နှုန်းနိမ့်အသံများ သို့မဟုတ် ကြိမ်နှုန်းနိမ့်မြင့်ပေါင်းစပ်ထားသောအသံများကို နားထောင်ရာ၌ပြဿနာရှိတတ်ပြီး ကြိမ်နှုန်းအလယ်အလတ်အသံများကိုနားထောင်ရာ၌ ပုံမှန်အတိုင်းကြားရနိုင်ပါတယ်။ဟန်ချက်ထိန်းနိုင်မှုအကဲဖြတ်ခြင်း။၎င်းရောဂါရှိသူများသည် ခေါင်းချာချာလည်မူးသည့်ဖြစ်စဉ်များမဖြစ်သည့်အချိန်တွင် ပုံမှန်ဟန်ချက်ထိန်းနိုင်မှုအာရုံပြန်လည်ရရှိပါတယ်။ သို့သော်ဟန်ချက်ထိန်းမှုပြဿနာများဆက်လက်ရှိနေနိုင်ပါသေးတယ်။ နားအတွင်းပိုင်း၏လုပ်ဆောင်ချက်ကိုစစ်ဆေးမှုများမှာ။အခြားအခြေအနေများကိုဖယ်ထုတ်ပစ်ရန်စစ်ဆေးမှုများ။သွေးစစ်ဆေးမှုများနှင့် အခြားစမ်းသပ်စစ်ဆေးမှုများ ကို သုံး၍ Meniere’s ရောဂါနှင့်ဆင်တူသော ပြဿနာများကို ထုတ်ဖယ်ပစ်နိုင်ပါသည်။ ဥပမာ ဦးနှောက်အကျိတ် သို့မဟုတ် အာရုံကြောစနစ်များ မာကြောချို့ယွင်းလာသည့်ရောဂါ (multiple sclerosis)။Meniere’s ရောဂါကိုပျောက်ကင်းအောင်ကုသနည်းမရှိပါဘူး။ ဒါပေမဲ့ အချို့သောကုသနည်းတွေက ရောဂါပြင်းထန်မှုလျော့နည်းအောင်နဲ့ ခေါင်းမူးသည့်အကြိမ်ရေနည်းသွားအောင်ကူညီနိုင်ပါတယ်။ ၎င်းရောဂါကြောင့်အကြားအာရုံဆုံးရှုံးမှုအတွက်တော့ ကုသရန်နည်းလမ်းမရှိပါဘူး။ သိပ်မပြင်းထန်တဲ့ကုသမှုပဲဖြစ်ဖြစ် ပြင်းထန်တဲ့ ကုသမှုပဲဖြစ်ဖြစ် ခေါင်းမူးတာကိုရပ်တန့်စေဖို့ပဲ ကုသတာ ဖြစ်ပါတယ်။ခေါင်းချာချာလည်မူးနေတဲ့အချိန်မှာသူ့ရဲ့ပြင်းထန်မှုကိုသက်သာစေမဲ့ဆေးတွေကို သင့်ဆရာဝန်ကပေးနိုင်ပါတယ်။Meniere’s ရောဂါရှိသူအချို့သည် ခန္ဓါကိုယ်ကိုထိုးဖောက်စရာမလိုသည့် အောက်ပါကုသနည်းလမ်းများမှ အကျိုးရှိနိုင်ပါသည်။အထက်တွင်ဖော်ပြထားသော မပြင်းထန်သည့်ကုသမှုများမအောင်မြင်ပါက သင့်ဆရာဝန်မှ အောက်ပါပြင်းထန်သည့်ကုသမှုများအနက်မှအချို့ကို ထောက်ခံနိုင်ပါတယ်။နားအလည်ပိုင်းသို့ဆေးထိုးထည့်ခြင်း။ ဆေးများကိုနားအလည်ပိုင်းသို့ထိုးကာအတွင်းနားသို့စုပ်ယူစေပြီး ချာချာလည်မူးသည့်လက္ခဏာများသက်သာစေခြင်း။ခွဲစိတ်မှု။အကယ်၍ Meniere’s ရောဂါကြောင့်ဖြစ်သော ခေါင်းချာလည်မူးခြင်းများသည် ပြင်းထန်ကာ အားလျော့ထိခိုက် (နေ့စဉ်လုပ်ငန်းဆောင်တာများမလုပ်နိုင်သည်အထိ ထိခိုက်)စေပြီး အခြားကုသမှုများကအကူအညီမဖြစ်လျှင် ခွဲစိတ်ခြင်းဟာရွေးချယ်စရာတစ်ခုဖြစ်လာပါလိမ့်မယ်။ ပြုလုပ်နိုင်တဲ့နည်းလမ်းတွေကတော့။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Meniere’s ရောဂါကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အငန်ဓါတ်နှင့် စိတ်ဖိစီးမှာသာ် အကြားအာရုံနှင့် ဟန်ချက်ကိုသက်ရောက်စေနိုင်သည်။ ခေါင်းချာချာလည်မူးခြင်းကိုအစမပျိုးမိစေရန် အောက်ပါအချက်များကို ကြိုးစားလုပ်ဆောင်ကြည့်ပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/nose-conditions/menieres-disease-%e1%80%99%e1%80%94%e1%80%b9%e1%80%94%e1%80%ae%e1%80%9a%e1%80%b2%e1%80%85%e1%80%b9menieres-%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab/
အရိုးနဲ့ကြွက်သားတွေအတွက် ဒါတွေစားပါ
အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှအရိုးတွေက ပါးလာတယ်၊ ကျိုးလွယ်လာတယ်။ ကြွက်သားတွေလည်း အားနည်းလာပါတယ်။ ဒါပေမယ့် အာဟာရပြည့်ဝတဲ့ စားစရာတွေကို စားသုံးမယ်ဆိုရင်တော့ အသက်အရွယ် ရလာပေမယ့်လည်းအရိုးနဲ့ကြွက်သားတွေကို သန်မာနေစေမှာပါ။ သန်မာတဲ့ အရိုးနဲ့ ကြွက်သားတွေကို ပိုင်ဆိုင်နိုင်ဖို့ မဖြစ်မနေလိုအပ်မယ့်အာဟာရဓာတ်တွေက များများစားစား မရှိပါဘူး။ အရိုးနဲ့ကြွက်သားတွေ သန်မာစေဖို့ဆိုရင် နေ့စဉ် စားသုံးတဲ့ အစားအစာတွေ ထဲမှာ ကယ်လ်ဆီယမ်၊ ပရိုတင်းနဲ့ ကယ်လ်ဆီယမ် စုပ်ယူမှုကောင်းစေဖို့ အားဖြည့်ပေးနိုင်တဲ့ဗီတာမင် Dတို့ ပြည့်ဝစွာ ပါဝင်အောင် စားသုံးပေးဖို့လိုပါမယ်။အရွယ်ရောက်ပြီးသူ တစ်ယောက်အနေနဲ့ တစ်နေ့ကိုကယ်လ်ဆီယမ်၁၀၀၀ မီလီဂရမ် နဲ့ ဗီတာမင် D 200 international units (IUs) ရရှိဖို့ လိုပါမယ်။ အသက် ၅၀ နဲ့ အထက်ဆိုရင်တော့ တစ်နေ့တာမှာ ကယ်လ်ဆီယမ် ၁၂၀၀ မီလီဂရမ် နဲ့ ဗီတာမင် D 400 ကနေ 600 IUs ရရှိဖို့ လိုအပ်ပါမယ်။ပရိုတင်းကတော့ တစ်နေ့တာမှာ ၆၃ ဂရမ် ရရှိဖို့ လိုပါမယ်။အရိုးနဲ့ကြွက်သားတွေ သန်မာစေဖို့ဆိုရင် နေ့စဉ် စားသုံးတဲ့အစားအစာတွေထဲမှာ။ဒိန်ချဉ်– အချိုမပါဖို့တော့ သတိရပါ။ ဒိန်ချဉ် အများစုမှာ ဗီတာမင် D ဖြည့်စွက်ပေးထားသလို နေ့စဉ် ကယ်လ်ဆီယမ် လိုအပ်ချက်ရဲ့ ၃၀ ရာခိုင်နှုန်းအထိကို ဖြည့်စွက်ပေးပါတယ်။နွားနို့–အရိုးနဲ့သွားတွေသန်မာစေဖို့ ငယ်စဉ်ကတည်းက သောက်လာတဲ့ နွားနို့ကို အသက်ရလာရင်လည်း သောက်စေချင်ပါတယ်။ နွားနို့မှာ ဗီတာမင် D ဖြည့်စွက်ထားတာမျိုးဆိုရင် ပိုကောင်းပါတယ်။အဆီထုတ်ထားတဲ့ နို့တစ်ခွက်က နေ့စဉ် ကယ်လ်ဆီယမ် လိုအပ်ချက်ရဲ့ ၃၀ ရာခိုင်နှုန်းအထိကို ဖြည့်စွက်ပေးပါတယ်။ဆယ်လ်မွန်နဲ့တူနာ– ဒီငါးတွေကနှလုံးကျန်းမာစေရုံတင်မက အရိုးနဲ့ ကြွက်သားတွေ သန်မာစေဖို့ လိုအပ်တဲ့ ဗီတာမင် D ကိုပါ ဖြည့်စွက်ပေးနိုင်ပါတယ်။ဟင်းနုနွယ်– ဟင်းနုနွယ်က ကယ်လ်ဆီယမ်၊ သံဓာတ်၊အမျှင်ဓာတ်၊ဗီတာမင် Aတို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။အဆီမပါတဲ့ အနီရောင် အသား– ပရိုတင်း ဓာတ်ကြွယ်ဝမှုက အရိုးနဲ့ ကြွက်သားတွေကို သန်မာစေမှာပါ။ အဆီ နဲ့ အရေခွံမပါစေဖို့ သတိထားစေချင်ပါတယ်။ဥအမျိုးမျိုး– မနက်စာကစလို့ အဆာပြေအဖြစ်ပါ စားသုံးလေ့ရှိတဲ့ ဥအမျိုးမျိုးက ဗီတာမင် D၊ ပရိုတင်း၊ ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် အရိုး နဲ့ ကြွက်သားတွေကို အကောင်းဆုံး အားဖြည့်ပေးမှာပါ။Nut butter –မြေပဲထောပတ်၊ အယ်လ်မွန်စေ့ထောပတ်တို့က စားရတာ အရသာရှိသလို အရိုးနဲ့ကြွက်သား ကျန်းမာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ကဲ အရသာရှိရှိ၊ အာဟာရ ပြည့်ပြည့် စားလို့ အရိုး နဲ့ ကြွက်သား ကျန်းမာရေးကို ဂရုစိုက်လိုက်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/foods-for-building-strong-bones-and-muscles/
အစာမကြေဖြစ်တတ်သူတွေအတွက် စားပေးသင့်တဲ့အရာတွေ
အစာမကြေတာက ပြောတော့သာဘာမှမဟုတ်တယ်။ တော်တော်လေးတော့ခံရခက်တယ်နော်။ အစာမကြေတိုင်းအစာကြေဆေးတွေ၊ လျက်ဆားတွေ စားပြန်တော့လည်း သွေးကတိုးဦးမယ်နော်။ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် အစားအသောက်လေးတွေရှိပါတယ်။တကယ်လို့ သင်က အစာကြေခဲတယ်ဆိုရင်တော့ ဒီအစားအစာလေးတွေကို စားသုံးပေးရင် အဆင်ပြေမှာပါ။ဒိန်ချဉ်။နို့ကို အချဉ်ဖောက်ထားတာဖြစ်ပြီး လက်တစ်အက်ဆစ်ဘက်တီးရီးယားတွေပါဝင်နေပါတယ်။အစာခြေလမ်းကြောင်းတလျှောက်က အကျိုးပြုဘက်တီးရီးယားအရေအတွက်ကို တိုးစေနိုင်ပါတယ်။ အစာချေဖျက်မှုဖြစ်စဉ်ကိုတိုးစေနိုင်ပါတယ်။ပန်းသီး။ပန်းသီးမှာ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်တစ်မျိုးပါဝင်နေပါတယ်။ အစာခြေလမ်းကြောင်းတလျှောက်မှာ အစာတွေကို အဆင်ပြေပြေစီးဆင်းသွားစေပြီးအူမကြီးရောင်ရမ်းတာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။ပင်ပွားစေ့။အမျှင်ဓာတ်ကြွယ်ဝတဲ့ စားစရာတစ်ခုပါ။ အစာခြေလမ်းကြောင်းတလျှေက်မှာ အကျိုးပြုဘက်တီးရီးယားတွေကို တိုးစေနိုင်ပါတယ်။အစာအိမ်နဲ့အူလမ်းကြောင်းကိုကောင်းမွန်စွာလှုပ်ရှားစေပြီး အစာကြေစေနိုင်ပါတယ်။သင်္ဘောသီး။ချင်း(ဂျင်း)။အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ။အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အစာကြေစေနိုင်သလို အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ဝမ်းချုပ်တာကို လည်း သက်သာစေနိုင်ပါသေးတယ်။ငှက်ပျောသီး။အစာခြေစနစ်အတွက် အထောက်အကူပေးနိုင်တဲ့ အရသာရှိတဲ့ စားစရာတစ်ခုပါ။ အစာခြေစနစ်ထဲက အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် အစာမကြေသူတွေအနေနဲ့ အစားစားပြီးတဲ့ အခါ ငှက်ပျောသီးလေး အချိုတည်းပေးပါ။ကဲ အစာမကြေတတ်လိုပဆိုပြီး စိတ်ညစ်မနေပါနဲ့။ ဒီအစားအသောက်လေးတွေကို အရသာရှိရှိလေးစားပြီး အစာမကြေမှုတွေကို တာ့တာပြလိုက်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%85%e1%80%ac%e1%80%99%e1%80%80%e1%80%bc%e1%80%b1%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%90%e1%80%90%e1%80%ba%e1%80%9e%e1%80%b0%e1%80%90%e1%80%bd%e1%80%b1%e1%80%a1%e1%80%90%e1%80%bd/
ဝက်ခြံလေးတွေကို စိတ်ရှည်ပါ။
ဝက်ခြံဖြစ်တာက အတော်လေး စိတ်ညစ်စရာပါ။ တစ်ခါတစ်ခါ စိတ်တိုလို့ မျက်နှာတွေ ရောင်တဲ့အထိ ဝက်ခြံတွေကို ညှစ်ပစ်ဖူးတဲ့ အခိုက်အတန့်တွေရှိတယ်ဟုတ်။ တကယ်ကတော့ဒါက ဝက်ခြံလေးတွေကို ပိုဆိုးလာအောင် ကိုယ်တိုင်က လုပ်လိုက်မိတာပါ။ဝက်ခြံတွေ သက်သာသွားစေဖို့ဆိုရင် စိတ်ရှည်ဖို့လိုပါမယ်။ ဘယ်လိုစိတ်ရှည်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ဝက်ခြံတွေက အရွယ်အစား၊ ပုံစံ စုံသလို အမျိုးအစားလည်း ကွဲပြားပါတယ်။ဝက်ခြံတွေကမျက်နှာမှာ အတွေ့ရများပေမယ့်ခန္ဓာကိုယ်အနှံ့ နှာခေါင်းထဲနဲ့ နားထဲမှာပါမကျန် ပေါက်နိုင်ပါတယ်။ဝက်ခြံဆိုတာကအရေပြားပေါ်မှာ နီမြန်းပြီး နာကျင်တဲ့ အဖုအပိမ့်တွေထစေတဲ့ အဖြစ်များတဲ့အရေပြားပြဿနာတစ်မျိုးပါ။ အသက်အရွယ်မရွေးဝက်ခြံပြဿနာကို ခံစားရနိုင်တယ်ဆိုပေမယ့် ဆယ်ကျော်သက်အရွယ်တွေ၊ သက်လတ်ပိုင်းတွေမှာ အဖြစ်များပါတယ်။ဝက်ခြံဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေက အများကြီးပါ။ဟော်မုန်း အပြောင်းအလဲကြောင့် ဝက်ခြံဖြစ်နိုင်သလို မျိုးရိုးလိုက်တာကြောင့်လည်း ဝက်ခြံဖြစ်နိုင်ပါတယ်။ အဆီပြန်စေတဲ့အရာတွေနဲ့ ထိတွေ့မိတာကလည်း ဝက်ခြံဖြစ်စေနိုင်ပါတယ်။ဝက်ခြံကို ပိုဆိုးစေနိုင်တဲ့ အခြားအလေ့အထတွေကတော့ဝက်ခြံကို ကုတ်ဖဲ့တာ၊ စိုထိုင်းဆများတာ၊စိတ်ဖိစီးတာ၊ ဝက်ခြံရှိတဲ့နေရာတွေကို တင်းကျပ်စွာ ဝတ်စားမိတာ၊ ဥပမာ အဝတ်အစားကျပ်ကျပ်တွေ ဝတ်တာမျိုးတွေပါ။အရေပြားမှာရှိတဲ့အဆီဂလင်းနဲ့ မွေးညှင်းအိတ်တွေရဲ့ လုပ်ဆောင်မှုအနေအထား ဟန်ချက်ပျက်မှုတွေကနေ ဝက်ခြံဖြစ်လာရတာပါ။ အဆီဂလင်းတွေနဲ့ မွေးညှင်းအိတ်လေးတွေက အဆီတွေကို ထုတ်လွှတ်ပါတယ်။တကယ်လို့ အဆီဂလင်းတွေက အဆီတွေ အများကြီး ထုတ်လွှတ်မယ်။ဆဲလ်သေတွေက မွေးညှင်းအိတ်ထဲမှာရှိတဲ့ အဆီထုတ်ပေးတဲ့ လမ်း​ကြောင်းကို ပိတ်ဆို့မိမယ်ဆိုရင်ဖြစ်ဖြစ် မွေးညှင်းပေါက်တွေကိုဘက်တီးရီးယားတွေဝင်ရောက်ကူးစက်ခံရရင်ဖြစ်ဖြစ် ဝက်ခြံတွေ ဖြစ်လာပါတယ်။ ဘက်တီးရီးယားတွေ ရှိနေခြင်းက ရောင်ရမ်းခြင်းကိုဖြစ်စေနိုင်ပါတယ်။ ရလဒ်ကတော့ အရေပြားပေါ်မှာ နီမြန်းရောင်ရမ်းတဲ့ အဖုတွေထွက်လာတာပါ။ဝက်ခြံတွေက အရွယ်အစားနဲ့ ပြင်းထန်မှုတွေ ကွခြားနိုင်ပါတယ်။ အဆံဖြူထွက်တဲ့ ဝက်ခြံနဲ့ ဆားဝက်ခြံတွေက ပန်းရောင်လိုမျိုး အနီဖျော့ဖျော့အဖုလေးတွေပါ။ အလယ်မှာ အဖြူဆံလေးတွေနဲ့ အမည်းရောင်အဆံလေးတွေရှိနေတတ်ပါတယ်။ ပြည်ဖုလိုမျိုးဖြစ်နေတဲ့ နီရဲရောင်ရမ်းတဲ့ ဝက်ခြံတွေနဲ့ ဆင်ဝက်ခြံတွေကတော့ ဝက်ခြံအမျိုးအစားတွေထဲမှာ အပြင်းထန်ဆုံးပုံစံတွေဖြစ်ပြီး ကြီးမားနာကျင်သလို ပြည်ဖုကြီးတွေဖြစ်နေတတ်ပါတယ်။ ဝက်ခြံတဝိုက်မှာလည်း ရောင်ရမ်းနေတတ်ပါတယ်။ဝက်ခြံ အမျိုးအစားတွေ ကွာခြားသလို ဝက်ခြံအတွက် ကုသနည်းတွေကလည်း မတူနိုင်ပါဘူး။ သာမန် ဝက်ခြံအတွက် ကုသနည်းက မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါ​ကြောင့် ဝက်ခြံ အမျိုးအစားအလိုက် သုံးရတဲ့အသားအရေ ထိန်းပစ္စည်းတွေကွာနိုင်သလို ဂရုစိုက်ရပုံခြင်းလည်း ကွာနိုင်ပါတယ်။ဝက်ခြံ အမျိုးအစားတွေ ကွာခြားတာကြောင့် ကုသမှုတွေ အသားအရေ ထိန်းသိမ်းရမှုတွေ ကွာနိုင်ပေမယ့် တူညီတာကတော့ စိတ်ရှည်ဖို့ပါ။ ဝက်ခြံတွေကို သက်သာအောင် လုပ်တဲ့အခါ ရက်ပိုင်းကနေ လပိုင်းအတိ စောင့်ရပါမယ်။အသားအရေထိန်းပစ္စည်းတစ်ခုခုကို သုံးတဲ့အခါ အဲ့ကာလလောက် စောင့်မှ ရလဒ်ကို သိရမှာပါ။ ဒီလိုမှ မဟုတ်ဘူးဆိုရင် ဝက်ခြံလည် မပျောက် အသားအရေလည်း ထိခိုက် ပျက်စီးနိုင်ပါတယ်။ဒါကြောင့် ဝက်ခြံ ဖြစ်တဲ့အခါ ကုတ်ဖဲ့တာ၊ ညှစ်တာတွေ မလုပ်ပါနဲ့။ ပုံမှန်အသားအရေထိန်းသိမ်းမှုတွေကို လုပ်ပါ။ အသားအရေနဲ့ လိုက်ဖက်မယ့် အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေကို နည်းစနစ်မှန်မှန်နဲ့ စိတ်ရှည်ရှည် အသုံးပြုပေးပါ။တစ်ပတ်တစ်ခါလောက်ကို သိသာတဲ့ ရလဒ်တွေ ရရှိမှာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/patient-ur-acne/
ခံတွင်းအနံ့ဆိုး ဘာကြောင့် ဖြစ်ရတာလဲ
ခံတွင်းကနေ အနံ့ဆိုးထွက်တဲ့ ပြဿနာဟာ ကိုယ့်အတွက်ကိုရော ဘေးပတ်ဝန်းကျင်က လူတွေကိုပါ စိတ်ကသိကအောက် ဖြစ်စေနိုင်လောက်တဲ့ ကိစ္စပါ။ အချိန်ကြာလာတာနဲ့အမျှ ခံတွင်းကျန်းမာရေးကိုလည်း ထိခိုက်စေတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း နည်းလာနိုင်ပါတယ်။တချို့သောအစားအစာတွေ၊ ကျန်းမာရေးပြဿနာနဲ့ နေထိုင်ပုံအမူအကျင့်တွေ၊ခံတွင်းသန့်ရှင်းရေးသေချာမလုပ်တဲ့သူတွေမှာ ခံတွင်းအနံ့ဆိုး ထွက်လာနိုင်ပါတယ်။ခံတွင်းသန့်စင်ဆေးရည်တွေ၊ ပူရှိန်းပါတဲ့ သကြားလုံးတွေဟာခံတွင်းအနံ့ဆိုးတွေကို ခေတ္တခဏ ပျောက်စေနိုင်ပေမဲ့ ရေရှည် ခံတွင်းကျန်းမာရေးအတွက်တော့ အဆင်မပြေပါဘူး။ခံတွင်းအနံ့ဆိုး ထွက်လာရတဲ့ အကြောင်းရင်းနဲ့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းလို့ ရမလဲဆိုတာကိုပြောပြပေးမယ်နော်။အစားအစာတွေ စားပြီးတဲ့အခါမှာ သွားကြားထဲ အကြွင်းအကျန်တွေ ကပ်ငြိနေနိုင်ပါတယ်။ ခံတွင်းသန့်ရှင်းမှု မရှိတဲ့ သူတွေဆိုရင် အချိန်ကြာလာရင် သွားကြားထဲ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားလာပြီးခံတွင်းရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သွားပွတ်ကြိုးကို အသုံးပြုပြီး စားကြွင်းစားကျန်တွေကို ဖယ်ရှင်းပေးနိုင်ရင် အကောင်းဆုံးပါပဲ။ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ဟင်းခတ်မှုန့် တချို့၊ ချောကလက်၊ကော်ဖီအစရှိတဲ့ အစားအစာတွေဟာ ခံတွင်းအနံ့ဆိုး ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေထဲမှာ ပါပါတယ်။ ဒီလိုမဖြစ်ရအောင် အစာစားပြီးတိုင်း သေချာ ပလုတ်ကျင်းပြီး ခံတွင်းသန့်စင်သင့်ပါတယ်။ဆေးလိပ်သောက်ခြင်းဟာ သွားအရောင်ကို မှိန်စေတဲ့အပြင်ခံတွင်းအနံ့ဆိုးကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။ ဆေးရွက်ကြီး၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်တွေဟာ ခံတွင်းအနံ့ဆိုးသာမက တခြားသော ခံတွင်းရောဂါ ဖြစ်စေဖို့ အခွင့်အလမ်းပိုများနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓါနဲ့ ခံတွင်းကျန်းမာရေးအတွက် ဆေးလိပ်ကို ဖြတ်လိုက်တာ အကောင်းဆုံးပါပဲ။တစ်ခါတလေ အလုပ်များတဲ့အချိန် ရေသောက်နည်းသွားတဲ့အခါမျိုးမှာ၊ စကားအများကြီးပြောမိလို့ ပါးစပ်က ခြောက်နေတဲ့အခါခံတွင်းအနံ့ထွက်လာနိုင်ပါတယ်။ အိပ်စက်ပြီး နိုးလာချိန်မှာလည်း ခံတွင်းခြောက်တတ်တဲ့အတွက် မနက်ခင်းနိုးလာတဲ့အခါ ပါးစပ်က အနံ့ထွက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။ ညအိပ်ခါနီးမှာ သွားသေချာတိုက်ပြီးမှ အိပ်ပါ။တစ်ကိုယ်ရည် သန့်ရှင်းမှုလိုပါပဲ။ ခံတွင်းသန့်ရှင်းရေးဟာလည်း နေ့စဉ် ပုံမှန်လုပ်ပေးဖို့ အရေးကြီးပါတယ်။ ခံတွင်း သန့်ရှင်းမှု မရှိတဲ့အခါ အနံ့ဆိုးထွက်လာနိုင်တယ်။ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားလာပြီး ကျန်းမာရေးပြဿနာတွေ ကြုံလာနိုင်ပါတယ်။အကောင်းဆုံး နည်းလမ်းကတော့ တစ်နေ့ကို ၂ကြိမ်သွားပွတ်တံကို အသုံးပြုပြီး မှန်ကန်တဲ့ နည်းလမ်းနဲ့ သွားမှန်မှန်တိုက်ပေးပါ။ အစာစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။ သွားကြားထဲမှာ အစားအစာ အကြွင်းအကျန်တွေ မရှိအောင် သွားပွတ်ကြိုးနဲ့ သေချာသန့်စင်ပေးပါ။ ဒီနည်းလမ်းတွေဟာ ခံတွင်းအနံ့ဆိုး ထွက်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့အပြင် ပါးစပ်ထဲ ဘက်တီးရီးယားပိုးမွှားတွေ မပေါက်ဖွားလာအောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။တချို့သော ဆေးတွေဟာ ခံတွင်းကို ခြောက်စေပြီး အနံ့ဆိုးထွက်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေပါတယ်။ ဒီအခါမှာသွားဆရာဝန်ကို သေချာပြသပြီး ဆေးပြောင်းသင့်၊ မပြောင်းသင့်ကို အကြံဉာဏ်တောင်းသင့်ပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ်ဆေးရပ်လိုက်တာမျိုးတော့ မလုပ်ရပါဘူး။တခါတလေ ပါးစပ်မှာအနာပေါက်တာ ရှိနိုင်သလို၊သွားနှုတ်ပြီးချိန်ခံတွင်းကို ထိခိုက်မိပြီး ဖြစ်တဲ့အနာတွေ၊ သွားနှုတ်ထားတဲ့ သွားဖုံးနေရာကနေ အနံ့ဆိုးထွက်နိုင်ပါတယ်။ခံတွင်းအနံ့ဆိုးကို အမြစ်ပြတ်ပျောက်စေဖို့ ကိုယ့်ရဲ့ ခံတွင်းကို နေ့စဉ် သေချာသန့်ရှင်းရေး လုပ်ပေးဖို့ အရေးကြီးပါတယ်။ သွားနဲ့ ခံတွင်းကို ထိခိုက်စေမယ့် အအေးတွေ၊ အစားအစာတွေကို လျှော့စားပေးပါ။ သွားဆရာဝန်ဆီ အနည်းဆုံး ၆လ တစ်ကြိမ် သွားရောက်ပြသပြီး စစ်ဆေးသင့်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/bad-breath-problems/
ထိခိုက်ဒဏ်ရာကြောင့်ဖြစ်တဲ့ ရောင်ရမ်း ခြင်းတွေ သက်သာအောင်ဘာလုပ်ကြမလဲ။
လေ့ကျင့်ခန်းလုပ်ရင်း၊အားကစားလုပ်ရင်း ထိခိုက်မိတာပဲဖြစ်ဖြစ်၊ ပြုတ်ကျတာမျိုးပဲ ဖြစ်ဖြစ်၊ လိမ့်ကျတာမျိုးဖြစ်ဖြစ် မတော်တဆထိခိုက်ဒဏ်ရာ အနည်းငယ်ရပြီးရောင်ရမ်းတာတွေဖြစ်လာတဲ့အခါ သက်သာအောင် ဘာတွေလုပ်ကြမလဲဆိုတဲ့ အခြေခံနည်းလမ်းလေးတွေကို ဒီဆောင်းပါလေးမှာ ပြောပြပေးချင်ပါတယ်။အခြခံနည်းလမ်းလေးတွေကို RICE ဆိုပြီး အတိုကောက်မှတ် နိုင်ပါတယ်။အထူးသဖြင့် ဒဏ်ရာရပြီး နာရီအနည်းငယ်လောက်မှာ ထိခိုက်မိတဲ့ဘက်ကို ငြိမ်ငြိမ်လေးဖြစ်အောင်ထားပေးသင့်ပါတယ်။ အဲဒီအချိန်မှာ ထိခိုက်မိထားတဲ့ကြွက်သားတွေက အားနည်းနေတဲ့ အတွက် လှုပ်ရှားမှုလုပ်လိုက်မယ်ဆိုရင်ဒဏ်ရာကို ပိုပြီး ဆိုးလာစေနိုင်ပါတယ်။ ကောင်းမွန်စွာအနားယူခြင်းက ဒဏ်ရာတွေကို ပြန်လည်ကုသနိုင်တဲ့ အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်ပါတယ်။ထိခိုက်မိပြီး ရောင်နေတဲ့နေရာကို အမြန်ဆုံးရေခဲအုပ်ပေးရပါမယ်။  တချို့က ဒဏ်ရာကို ပူတဲ့ ဆေးတွေ၊ပရုတ်ဆီတွေ  လိမ်းပေးတတ်ကြပါတယ်။ အဲဒီအချိန်မှာ ပူစေတဲ့အရာတွေက ရောင်ရမ်း ခြင်းကို ပိုဆိုးစေပြီး ရေခဲကပ်ပေးတာက အဲဒီနေရာကို သွေးရောက်တာနည်းအောင် ကူညီပေးတဲ့အတွက် နာကျင်ခြင်းကိုရော၊ ရောင်ရမ်းခြင်းကိုရော သက်သာစေနိုင်ပါတယ်။ ဖြစ်ဖြစ်ချင်း တစ်ရက်၊ နှစ်ရက်မှာ အမြန်ဆုံးကပ်ပေးနိုင်တာ ပိုကောင်းပါတယ်။ frostbite လို့ခေါ်တဲ့ နှင်းကိုက်ခြင်းကို မဖြစ်စေဖို့အတွက် အရေပြားပေါ်ကို တိုက်ရိုက်မကပ်ဘဲ ရေခဲတွေကို အဝတ်ပါးလေးတစ်ခုခုနဲ့ ထုပ်ပြီးမှ ကပ်သင့်ပါတယ်။ ကပ်တဲ့အခါမှာလည်း အကြာကြီးဆက်တိုက်မကပ်သင့်ပါဘူး။ တစ်ခါကပ်ရင် ၁၅မိနစ်၊ မိနစ်၂၀ ထပ်ပိုမကပ်ဘဲ သင့်အရေပြားကို ပုံမှန်ကိုယ်အပူချိန်ပြန်ရောက်အောင် ထိန်းနိုင်ဖို့ နားချိန် တစ်ခုပေးသင့်ပါတယ်။ဖောရောင်ခြင်းဆိုတာ ထိခိုက်မိတဲ့နေရာမှာ အရည်တွေစုလာတာကြောင့် ဖြစ်တဲ့အတွက် ထိခိုက်မိတဲ့ နေရာကို ကျုံ့နိုင်ဆန့်နိုင်ပြီး သက်တောင့်သက်သာ ဖြစ်စေမယ့် Elastic bandage လိုပတ်တီးမျိုးသုံးပြီး ပတ်ထားပေးသင့်ပါတယ်။ အဲလို လုပ်ခြင်းက အရည်တွေစုမလာအောင် အကာအကွယ်ဖြစ်စေနိုင်ပြီးဖောရောင်ခြင်းကို သက်သာစေပါတယ်။ မလှုပ်ရှားမိအောင် အနည်းငယ်လည်း အဟန့်အတားဖြစ်စေနိုင်တဲ့ အတွက် အနာလည်း သက်သာစေနိုင်ပါတယ်။ ထုပ်ပိုးထားတာ အရမ်းတင်းကြပ်သွားတဲ့အခါမှာ ထုံတာ၊ ကျဉ်တာတွေ ဖြစ်စေနိုင်တဲ့အတွက် ပတ်တီးကို အရမ်းကျပ်ကျပ်မစည်းဘဲ ပုံမှန်လေး ထိရောက်မှုရှိအောင် စည်းပေးသင့်ပါတယ်။ထိခိုက်မိတဲ့နေရာ ဥပမာ- ခြေထောက်ဆိုရင်လည်း ခြေထောက်ကို တစ်ခုခုသုံးပြီး မြှောက်ထားသင့်ပါတယ်။ အဓိက အနေနဲ့ နှလုံးရှိတဲ့နေရာ (ရင်ဘတ်) ထက်မြင့်အောင် ထားပေးခြင်းက အရည်တွေကို ပိုမများလာအောင် လုပ်ပေးနိုင်ပါတယ်။ တကယ်လို ထိခိုက်မိတဲ့နေရာက ရင်ဘတ်ထက်မြင့်အောင် ထားဖို့ မဖြစ်နိုင်ဘူးဆိုရင်တောင် တစ်တန်းထဲ ဖြစ်အောင်အနည်းဆုံးထားပေးရပါမယ်။ ဥပမာ- တင်ပါးဆိုပါစို့။ တင်ပါးအောက်မှာ ခေါင်းအုံး (သို့) စောင် တစ်ခုခုသုံးပြီး အနည်းငယ်မြင့်အောင် ထားပေးနိုင်ပါတယ်။သေးငယ်တဲ့ ဒဏ်ရာလေးတွေ၊ ဆေးခန်းမသွားနိုင်တဲ့ အခြေအနေမျိုးတွေ၊ အသက်အန္တရာယ်မရှိတဲ့ နေရာမျိုးတွေအတွက် ဒီအခြေခံနည်းလမ်းလေးတွေကို အသုံးပြုနိုင်ပါတယ်။ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ။ထိခိုက်မိတဲ့နေရာမှာ အရေပြားက ပြဲသွားမယ်၊ သွေးတွေ အများကြီးထွက်လာမယ်၊ အနာတွေ၊ အရည်ကြည်ဖု၊ ပြည်တည်တာတွေ ဖြစ်လာမယ်။ ရင်ဘတ်အောင့်၊ အသက်ရှုကြပ်၊ မောတာတွေ၊ ဖောရောင်တာတွေ ဖြစ်လာမယ်။ ပိုပြင်းထန်တဲ့ အခြေအနေတွေ နဲ့ ထိခိုက်မိတဲ့နေရာက ဥပမာ- ရင်ဘတ်၊ ဦးခေါင်း ကဲ့သို့ အသက်အန္တရာယ်ဖြစ်စေတဲ့ နေရာမျိုးတွေ ဆိုရင်တော့ ဆရာဝန်နဲ့ သေသေချာချာ ပြသတိုင်ပင်ဖို့ လိုအပ်ပါတယ်။အားလုံး မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းမှ ကင်းဝေးကြပါစေ။ရေးသားသူ- Phoo Ngon။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%92%e1%80%8f%e1%80%ba%e1%80%9b%e1%80%ac%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba%e1%80%96%e1%80%bc%e1%80%85/
ပါးစပ်မှာ အနာတွေ မကြာခဏ ပေါက်လာပြီဆိုရင်
ပါးစပ်မှာ အဖြူရောင်အကွက်လိုအနာလေးတွေ ဖြစ်ဖူးကြမယ်ထင်ပါတယ်။ ဒီလိုအနာတွေဟာ စိုးရိမ်ရလောက်တဲ့ ကျန်းမာရေးပြဿနာမျိုး မဟုတ်ပေမဲ့ ထမင်းစားချိန်၊ ရေသောက်ချိန်လိုမျိုးမှာ နာကျင်ပြီး နေရထိုင်ရခက်စေပါတယ်။ များသောအားဖြင့်သွားဖုံးနဲ့ ပါးစောင်တွေမှာ ပေါက်တတ်ပြီး လျှာ၊ အာသီးပတ်လည်မှာလည်း ပေါက်နိုင်ပါတယ်။အထိအတွေ့ကြောင့်ဖြစ်စေ၊ ပွေ့ဖက်နမ်းရှုပ်လို့ဖြစ်စေကူးစက်တာမျိုး မဖြစ်စေပါဘူး။ ပုံမှန်အားဖြင့်ပါးစပ်နာတွေဟာ တစ်ပတ်ကနေ ၂ပတ်အတွင်း သူ့အလိုလိုပျောက်ကင်းသွားနိုင်ပြီးအမာရွတ်ကျန်ခဲ့တာမျိုးလည်း မဖြစ်ပါဘူး။၁။ သွားတိုက်တဲ့အခါ၊ အစာစားရင်း ကိုက်မိတဲ့အခါဖြစ်စေ၊အားကစားလုပ်ရင်း၊ သွားနှုတ်နေရင်းနဲ့ ထိခိုက်မိတဲ့အခါဖြစ်စေ ဒဏ်ရာဖြစ်ရင်းကနေ ပါးစပ်နာ အဖြူကွက်တွေ ဖြစ်နိုင်ပါတယ်။၂။အာဟာရမပြည့်ဝသူတွေ၊ ဗီတာမင် B 12, ဇင့်ဓါတ်၊ ဖောလစ်အက်ဆစ်နဲ့သံဓာတ်ချို့တဲ့သူတွေမှာလည်း ပါးစပ်နာတွေ ဖြစ်တတ်ပါတယ်။ ချဉ်လွန်းတဲ့အသီးတွေ၊ အလွန်စပ်တဲ့ အစားအစာတွေ မကြာခဏ စားသူတွေ၊ အဆီကြော်၊ အမာစာတွေ စားရင်း သွားဖုံးကို ထိမိ၊ ခိုက်မိတဲ့အခါမှာလည်း ဖြစ်နိုင်ပါတယ်။၃။ ခံတွင်းမသန့်ရှင်းသူတွေ၊ သွားကို ပုံမှန်မတိုက်သူတွေမှာ ပါးစပ်တွင်းဘက်တီးရီးယားတွေပေါက်ဖွားနေတာကြောင့် ဖြစ်နိုင်ပါတယ်။ သွားညီအောင်လို့ ထိန်းပေးတဲ့ brace တွေကြောင့်လည်း ထိခိုက်မိရင်း ပါးစပ်နာ ဖြစ်နိုင်ပါတယ်။၄။ စိတ်ဖိစီးမှုဝေဒနာ ကြုံနေရတဲ့အချိန်၊ အိပ်ရေးပျက်တာ များလာရင်လည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေရာသီလာချိန် ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ဖြစ်နိုင်သလို၊ မျိုးရိုးဗီဇကြောင့်လည်း ပါးစပ်နာပေါက်တာမျိုး ရှိပါတယ်။၅။ ကိုယ်ခံအားစနစ် ချို့ယွင်းတဲ့အခါ၊ HIV ပိုးရှိသူတွေမှာလည်း ပါးစပ်နာ ပေါက်တတ်ပါတယ်။ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီး ရှိပေမယ့် ပါးစပ်နာဟာ ပုံမှန်အားဖြင့် ဆေးခန်းပြစရာမလိုပဲ တစ်ပတ်ကနေ ၁၀ရက်အတွင်း သက်သာပျောက်ကင်းနိုင်ပါတယ်။ပုံမှန်အားဖြင့် ကုသမှုခံယူစရာ မလိုအပ်ပေမယ့် အလွန်အမင်းနာကျင်လာပြီဆိုရင် သဘာဝနည်းလမ်းလေးတွေနဲ့ ဝေဒနာကို သက်သာအောင် ပြုလုပ်ပေးလို့ ရပါတယ်။ ဆားငန်ရည်နဲ့ တစ်နေ့ကို ၃ကြိမ် ပလုတ်ကျင်းပေးတာ၊ မုန့်ဖုတ်ဆိုဒါအနှစ်နဲ့ ပါးစပ်ကို လိမ်းပေးတာ အစရှိတဲ့ သဘာဝနည်းလမ်းတွေနဲ့ နာကျင်မှုကို သက်သာအောင် ပြုလုပ်ပေးလို့ ရသလို ဆေးဆိုင်တွေကနေ benzocaine ပါဝင်တဲ့ ဆေး၊ ဂျယ်လ်တွေကိုလည်း လိမ်းပေးလို့ ရပါတယ်။ ပါးစပ်နာ ဖြစ်နေချိန်မှာ ဆီများတဲ့ အစားအစာတွေ၊ အစပ်စာတွေကို ရှောင်သင့်ပါတယ်။မတော်တဆ ကိုယ့်ပါးစောင်ကို မကိုက်မိအောင် စားနေချိန်မှာ စကားပြောတာမျိုး မလုပ်သင့်ပါဘူး။ ပူလွန်း၊ စပ်လွန်းတဲ့ အစားအစာတွေ၊ ထိခိုက်ပွန်းပဲ့စေနိုင်တဲ့ အမာစာတွေကို သတိထားစားပေးသင့်ပါတယ်။ဖောလစ်အက်ဆစ်၊ ဗီတာမင် B6 ၊ ဗီတာမင် B12 နဲ့ ဇင့်ဓာတ်တို့ ပေါကြွယ်ဝတဲ့ အစားအစာတွေ များများစားပေးပါ။ ဖြည့်စွက်စာအားဆေးတွေ သောက်ပေးရင်လည်း အဆင်ပြေပါတယ်။သွားကို တစ်နေ့ ၂ကြိမ် နည်းစနစ်မှန်မှန် တိုက်ပြီး ကိုယ့်ရဲ့ ခံတွင်းကို သန့်ရှင်းအောင် ထားပေးပါ။ အကြောင်းအမျိုးမျိုးကြောင့် စိတ်ထိခိုက်စရာ၊ စိတ်ဖိစီးမှုတွေ ကြုံလာပြီဆိုရင်လည်း ကိုယ့်ရဲ့ စိတ်ကို အေးချမ်းနိုင်အောင် ပျော်ရွှင်စေမယ့် အရာတွေ များများလုပ်ပေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/mouth-ulcers/
လေဒီလေးတို့အတွက် အီစထရိုဂျင်ဟော်မုန်း
လေဒီလေးတွေ ကျန်းမာစေဖို့ လုပ်ဆောင်ပေးနေတဲ့ အရာလေး တစ်ခုရှိပါတယ်။ ဒါကတော့ လေဒီလေးတွေကို အမျိုးသမီးတစ်ယောက်ရဲ့ သွင်ပြင်လက္ခဏာတွေနဲ့ ပြည့်စုံစေပြီး ကျန်းမာစေဖို့အမျိုးသမီးတွေရဲ့ ဇာတ်လိုက်ဟော်မုန်းလေး ဖြစ်တဲ့ အီစထရိုဂျင်ဟော်မုန်းပါ။ ဒီတစ်ခေါက်တော့ လေဒီလေးတို့အတွက် အီစထရိုဂျင်ဟော်မုန်း က ဘာတွေလုပ်ပေးလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နေတယ်။ကိုယ်တွင်းမှာ အီစထရိုဂျင် နည်းတဲ့အခါ ပူစပ်ပူလောင်ဖြစ်တာ၊ ကိုယ်အလေးချိန် တက်တာ နဲ့ မိန်းမကိုယ်ခြောက်သွေ့တာလိုမျိုး ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်တယ်လို့ ကြားဖူးနေနိုင်ပါတယ်။အီစထရိုဂျင်ဟော်မုန်းက အမြဲပဲ နည်းနေတာလားဆိုတော့ မဟုတ်ပါဘူး။ သွေးမဆုံးမီကာလနဲ့ သွေးဆုံးပြီးချိန်တွေမှာ ကိုယ်တွင်းက အီစထရိုဂျင်ပမာဏက လျော့ကျသွားတာမျိုးပါ။ဒီလိုတွေဖြစ်စေတာက အီဟထရိုဂျင်ကြောင့်ဆိုပြီး အီစထရိုဂျင်ကို အဆိုးမမြင်လိုက်ပါနဲ့ဦး။ အီစထရိုဂျင်ဟော်မုန်းက လေဒီလေးတွေ ကျန်းမာရေးအတွက် အထောက်အကူပြုပေးနေတာတွေ ရှိပါသေးတယ်။ ဘယ်လိုတွေများ အထောက်အကူပြုပေးလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။အီစထရိုဂျင် ဆိုတာ ခန္ဓာကိုယ်က လုပ်ငန်းဆောင်တာ များစွာအတွက် တာဝန်ရှိတဲ့ ဟော်မုန်း တစ်မျိုးပါ။ လေဒီလေးတွေ မွေးဖွားချိန်ကတည်းက ခန္ဓာကိုယ်ထဲမှာ ပါလာခဲ့တာပါ။ မျိုးပွားစနစ်ကျန်းမာစေဖို့၊ ရင်သားတွေ ဖွံ့ဖြိုးစေဖို့နဲ့ ဆီးခုံမွေးတွေ ဖြစ်ပေါ်စေဖို့ လုပ်ဆောင်ပေးပါတယ်။အီစထရိုဂျင် ဟော်မုန်းကို မမျိုးဥအိမ်တွေကနေ ထုတ်လုပ်ပါတယ်။ မျိုးပွားနိုင်တဲ့ အရွယ်ရောက်လာချိန်မှာ ဒီဟော်မုန်းတွေကရာသီစက်ဝန်းကို ထိန်းညှိပေးပါတယ်။လေဒီလေးတွေ အပျိုဖော်ဝင်ချိန်မှာ ကိုယ်တွင်းက အီစထရိုဂျင် ပမာဏက မြင့်တက်လာပါတယ်။ ဒီလိုကနေ လစဉ် အီစထရိုဂျင်ပမာဏ မြင့်တက်လာပါတယ်။ အထူးသဖြင့် သားဥကြွေဖို့၊ မျိုးအောင်နိုင်ဖို့ ကြိုးစားနေချိန်မှာပေါ့။ ဒါပေမယ့်ရာသီသွေးစဆင်းလာရင်တော့ ကိုယ်တွင်းမှာ အီစထရိုဂျင် ပမာဏ ကျဆင်းသွားပါတယ်။ နောက်ပြီးရင် သားဥကြွေဖို့ တစ်ခါ ပြန်တက်လာပါတယ်။အသက်ရလာပြီး သွေးဆုံးချိန် နီးလာချိန်မှာတော့ ကိုယ်တွင်းက အီစထရိုဂျင်ပမာဏက တဖြည်းဖြည်း ကျဆင်းလာပါတယ်။အသက်ကြီးလာလေလေ မမျိုးဥအိမ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းက ကျလာလေလေပါ။ ဒါကသွေးဆုံးတော့မယ်ဆိုတဲ့ လက္ခဏာဆိုလည်း ဟုတ်ပါတယ်။ ကိုယ်တွင်းမှာ အီစထရိုဂျင် ဟော်မုန်း ကျဆင်းလာတာက သာမန် အသက်ကြီးမှု ဖြစ်စဉ် တစ်ရပ်ပါ။ဒီ အီစထရိုဂျင်ဟော်မုန်းလေးက မျိုးပွားမှုစနစ်ကို ထောက်ကူပေးတယ်ဆိုတာကိုတော့ အားလုံးက သိထားပြီး ဖြစ်မှာပါ။ အခုပြောပြပေးမှာကတော့ လေဒီလေးတို့အတွက် အီစထရိုဂျင်ဟော်မုန်း က မျိုးပွားအင်္ဂါတင် မကဘဲ ဘယ်လိုအင်္ဂါစနစ်တွေကိုပါ ထောက်ကူပေးသေးလဲဆိုတာကို ပြောပြပေးချင်တာပါ။ကဲ …. အတူတူ ကြည့်လိုက်ရအောင်နော်။အီစထရိုဂျင်က နှလုံးသွေးကြော တစ်ရှူးတွေကို ကျန်းမာစေခြင်းအားဖြင့် နှလုံးကို ကျန်းမာသန်စွမ်းစေဖို့ ထောက်ကူပေးပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးဖို့ ထောက်ကူပေးပါတယ်။ကိုယ်တွင်းမှာ အီစထရိုဂျင်ဟော်မုန်း များလာတဲ့အခါ သွေးတွင်းအဆီဓာတ် ကျဆင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးထဲမှာ အကျိုးပြု ကိုလက်စထရော များစေပြီး အကျိုးမပြု ကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။အီစထရိုဂျင်ဟော်မုန်း နဲ့ နှလုံးကျန်းမာရေးကြားက ဆက်စပ်မှုကိုတော့ လေ့လာနေဆဲပါ။ လေ့လာမှုတွေအရ သွေးဆုံးချိန် မတိုင်ခင်မှာ သားဥအိမ် ၂ ခုစလုံး ဖယ်လိုက်တာက နှလုံးရောဂါ ခံစားရနိုင်ခြေကို တိုးစေနိုင်တယ်လို့ တွေ့ရပါတယ်။အီစထရိုဂျင် ဟော်မုန်းက ဦးနှောက်ထဲကို သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးရင်း ဦးနှောက်ကျန်းမာစေဖို့ အားဖြည့်ပေးပါတယ်။ ရောင်ရမ်းမှုနဲ့ ရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ မှတ်မိနိုင်စွမ်း ကောင်းစေပြီး လှုပ်ရှားမှု စွမ်းရည် ကောင်းစေဖို့ ထောက်ကူပေးပါတယ်။အီစထရိုဂျင် နည်းတဲ့အခါ အာရုံစိုက်နိုင်စွမ်း ကျဆင်းတာမျိုး ခံစားရနိုင်ပါတယ်။ အီစထရိုဂျင်ဟော်မုန်းပမာဏ များတဲ့သူတွေက အသက်အရွယ် ရလာတဲ့အထိ ဦးနှောက်စွမ်းဆောင်ရည် ကောင်းမွန်ကြတယ်လို့ လေ့လာမှု တွေအရ သိရပါတယ်။အီစထရိုဂျင် ဟော်မုန်းက အရိုး သိပ်သည်းဆ ကောင်းစေဖို့တဲ့ ကြွက်သားထုတည် ကောင်းစေဖို့ ထောက်ကူပေးရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။အရိုးမပွအောင် ကာကွယ်ပေးပြီး အရိုးအားနည်းတာ၊ အရိုးကြွပ်ဆတ်တာတွေ မဖြစ်အောင် တစ်ရှူးဆုံးရှုံးတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ရာသီလာချိန်မတိုင်ခင်အစောပိုင်းကာလတွေမှာ အီစထရိုဂျင် ပမာဏ ပြောင်းလဲမှုတွေကြောင့် စိတ်ခံစားမှု ပြောင်းလဲတာမျိုးတွေ ရှိနိုင်ပါတယ်။ အီစထရိုဂျင် ဟော်မုန်းတွေက စိတ်ခံစားမှု ကောင်းစေတဲ့ ဆီရိုတိုနင် ပမာဏကို ထိန်းညှိပေးသလို အာရုံကြောတွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။အီစထရိုဂျင် ပမာဏ ကျဆင်းသွားရင် ဘာကြောင့် စိတ်ခံစားမှုအပေါ် သက်ရောက်မှု ရှိစေတာလဲဆိုတာကိုတော့ လေ့လာနေဆဲပါ။အီစထရိုဂျင်က လိင်မှုဘဝ ပျော်ရွှင်စေဖို့ အတော်လေး အရေးပါပါတယ်။ ဒီဟော်မုန်းကမိန်းမကိုယ်မှာ ချောဆီထွက်စေပြီး သာယာကြည်နူးဖွယ် ဆက်ဆံရေးဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့်လည်း သွေးဆုံးပြီးချိန်မှာ မိန်းမကိုယ် ခြောက်သွေ့တာ၊ အတူနေချိန်မှာ နာကျင်တာမျိုးတွေ ခံစားရတာပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/female-hormonal-imbalance/estrogen-benefits-for-females/
အရသာလည်းရှိ၊ အာဟာရလည်း ဖြစ်စေတဲ့ အာလူး
အာလူးဟာ လူကြိုက်များတဲ့ဟင်းသီးဟင်းရွက်အုပ်စုထဲမှာ ပါဝင်ပြီး အိမ်တိုင်းမှာ ဆောင်ထားလေ့ရှိကြပါတယ်။ အရသာလည်း ရှိတယ်။အာဟာရဓါတ်လည်း ပေါကြွယ်ဝတဲ့အပြင် ကျန်းမာရေးနဲ့လည်း ညီညွတ်စေတဲ့ အာလူးကို နေ့စဉ် စားသုံးပေးရင် ရနိုင်တဲ့ ကောင်းကျိုးတွေကို ပြောပြပေးမယ်နော်။လူသားတိုင်း နေ့စဉ် ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ ဟင်းသီးဟင်းရွက်တွေ စားပေးဖို့ လိုအပ်ပါတယ်။ အာလူးမှာ လူ့ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ ဖြစ်တဲ့ ဗီတာမင် B6 ၊ဗီတာမင် C၊ ပိုတက်စီယမ်ဓါတ်၊ မဂ္ဂနိစ်ဓါတ်၊ မဂ္ဂနီဆီယမ်ဓါတ်၊ ဖော့စဖရပ်စ်ဓါတ်၊ ဖောလစ်အက်ဆစ်၊အမျှင်ဓါတ်၊ အသားဓါတ်နဲ့ ကစီဓါတ်တွေ အများအပြား ပါဝင်ပါတယ်။အာလူးကို ကြော်ချက်ပြီး ဖြစ်စေ၊ မီးဖုတ်ပြီး ဖြစ်စေ စားလို့ အဆင်ပြေပါတယ်။ အာလူးခွံမှာလည်း အာဟာရဓါတ်တွေ ပါဝင်တဲ့ အတွက် အခွံမနွှာပဲ ချက်စားလို့ ရပါတယ်။အာလူးမှာ ပါဝင်တဲ့ antioxidant တွေဟာ နာတာရှည်ရောဂါတွေ ဖြစ်ကြတဲ့ နှလုံးရောဂါ၊ဆီးချိုရောဂါနဲ့ ကင်ဆာရောဂါတွေကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အသည်းနဲ့ အူမကြီးထဲမှာ ရှိတဲ့ ရောဂါဆဲလ်တွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှုတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။လူ့ခန္ဓါကိုယ်က အာလူးမှာ ပါဝင်တဲ့ ကစီဓါတ်ကို စုပ်ယူလိုက်တဲ့အခါ အားအင်အဖြစ် ပြောင်းလဲပေးတယ်။ အူမကြီးထဲမှာ ရှိတဲ့ ကိုယ်ခန္ဓါအကျိုးပြု ဘက်တီးရီးယားတွေကို အားဖြစ်စေလို့ ကျန်းမာစေတယ်။ဆီးချိုရောဂါသည်ေတွမှာ တွေ့ရတဲ့ အင်ဆူလင်မတိုးတော့တဲ့ ပြဿနာ (Insulin resistance) ကို ကာကွယ်ပေးနိုင်တယ်။ ခန္ဓါကိုယ်က အင်ဆူလင်ကိုလည်း ကောင်းစွာ ထုတ်လုပ်ပေးနိုင်စေဖို့ ကူညီပေးတယ်။ အာလူးမှာ ပါဝင်တဲ့ ကိုယ်ခန္ဓါအကျိုးပြု ကစီဓါတ်ကို တိုးစေဖို့ အာလူးကို ပြုတ်ပြီး ရေခဲသေတ္တာထဲ တစ်ညထည့်ထားပြီး မနက်နိုးလာတဲ့အခါမှ အေးနေတဲ့အတိုင်း စားပေးတာ အကောင်းဆုံးပါပဲ။အာလူးမှာ ပါဝင်တဲ့ ကစီဓါတ်နဲ့အမျှင်ဓါတ်ေတွဟာ ခန္ဓါကိုယ်အတွက် ကျန်းမာရေးဆိုင်ရာ အကျိုးရှိစေတဲ့အပြင် အစာကိုလည်း ကြေလွယ်စေတယ်။ အူမကြီးထဲက ကိုယ်ခန္ဓါအကျိုးပြု ဘက်တီးရီးယားတွေကိုလည်း အားဖြစ်စေလို့ ရောဂါတွေ အလွယ်တကူ ဝင်မလာနိုင်အောင် တားဆီးပေးနိုင်တယ်။ အူမကြီးကို အားကောင်းစေပြီး ဝမ်းကိုလည်း မှန်စေပါတယ်။ဂလူတန် – gluten ဆိုတာ ကော်လို စေးကပ်တဲ့ အသားဓါတ်တစ်မျိုးပါ။ ဂလူတန်ပါဝင်တဲ့ အစားအစာတွေ စားရင် ဝမ်းဗိုက်နာကျင်ခြင်း၊ လေပွခြင်း၊ ဝမ်းချုပ်ခြင်း၊ ခန္ဓါကိုယ် အဖုအပိမ့် ထွက်ခြင်း ဖြစ်စေပါတယ်။အာလူးမှာ ဂလူတန်လိုမျိုး စေးကပ်ပြီး ကိုယ်ခန္ဓါကို ဒုက္ခဖြစ်စေတဲ့ အသားဓါတ် ဓါတ်ပေါင်း မပါဝင်တာကြောင့် စိတ်ချပြီး စားသုံးပေးနိုင်သလို ကိုယ်အလေးချိန် ချလိုသူတွေအတွက်လည်း သင့်လျော်ပါတယ်။အာလူးဟာ ရင်ကိုပြည့်စေပြီး အစား မကြာခဏ စားချင်စိတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်အလေးချိန် ချလိုသူတွေ၊ ပုံမှန်ကိုယ်အလေးချိန်ကို ထိန်းနေတဲ့ အားကစားသမားတွေအနေနဲ့ အာလူးကို နေ့စဉ် ပုံမှန်စားပေးခြင်းဖြင့် အားအင်ကိုလည်း ဖြစ်စေသလို ကျန်းမာရေးနဲ့လည်း ညီညွတ်စေပါတယ်။အာလူးဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ခန္ဓါကိုယ်အတွက် နေ့စဉ် လိုအပ်တဲ့ အားအင်တွေကို ပေးစွမ်းနိုင်ပါတယ်။ ပြုတ်ပြီးဖြစ်စေ၊ ကြော်ချက်ပြီးဖြစ်စေ၊ ကင်ပြီးဖြစ်စေ၊ ပေါင်းပြီးဖြစ်စေ နည်းမျိုးစုံ ချက်ပြုတ်ပေးလို့ ရပါတယ်။ သတိပြုရာမှာ အာလူးရဲ့ အခွံမှာ အာဟာရဓါတ်တွေ အများအပြားပါဝင်တဲ့အတွက် အခွံနွှာပြီး မချက်ပြုတ်သင့်ပါဘူး။သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်တယ်။ကိုယ်ခံအားကို မြှင့်တင်ပေးပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို နည်းစေတယ်။ အစာကြေလွယ်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်တယ်။ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်လို့ မိန်းကလေးတွေအတွက်ရော၊ အားကစားသမားတွေအတွက်ပါ အဆင်ပြေစေပါတယ်။ ဒါကြောင့် အစာလည်း ဆေး၊ ဆေးလည်း အစာ ဆိုသလို ကိုယ့်ရဲ့ ကျန်းမာရေးအတွက် နေ့စဉ်အစာအာဟာရမှာ အာလူးကို ထည့်သွင်းစားသုံးဖို့ အကြံပေးလိုက်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/nutrition-of-potato/
Foreign object in the ear canal (နားအတွင်းသို့ ပြင်ပ အရာဝတ္ထုများဝင်ခြင်း)
နားထဲကို ပြင်ပအရာတွေဝင်တယ်ဆိုတာ နားစည်လမ်းကြောင်း ( နားစည်နဲ့ အပြင်နှဲု့ ဆက်ထားတဲ့လမ်း) မှာမူလရှိမနေတဲ့ ဘယ်အရာမဆိုရှိနေတာကို ခေါ်ပါတယ်။ လူတစ်ယောက်က နားထဲကို ရည်ရွယ်ချက်နဲ့ ( ဥပမာ ဂွမ်းစ) ဖြစ်စေ မရည်ရွယ်ပဲနဲ့( ဥပမာ နားကပ်) ဖြစ်စေ တစ်ခုခုထည့်သွင်း မိတတ်ပါတယ်။ ကလေးတွဆိုရင် မိခင်နားကိုဖြစ်စေ အခြားကလေးတွေ နားထဲဖြစ်စေ ပစ္စည်းတော်တော်များများ လိုက်ထည့်တတ်ပါတယ်။ တစ်ခါတစ်လေလည်း အင်းဆက်တစ်ကောင်ကောင်က နားထဲဝင်သွားတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဂွမ်းပဲဖြစ်စေ အရုပ်ပဲဖြစ်စေ၊ နားထဲဝင်သွားတဲ့ပစ္စည်းဟာ လွယ်လွယ်နဲ့ပြန်မထွက်လာတတ်ပါဘူး။တာ်တော်အဖြစ်များပါတယ်။ မိန်းကလေးတွေဟာယောက်ျားလေးတွေထက်ပိုဖြစ်ကြပါတယ်။ အသက်အရွယ်လည်း မရွေးပါဘူး။ ဖြစ်စေတဲ့အရာတွေကိုလျော့ချလို့ရပါတယ်။ အခြား အချက်အလက်များအတွက် သင့်ဆရာဝန်နဲ့ ဆွေးနွေးပါ။နားထဲအပြင်ပစ္စည်းတစ်ခုဝင်တာနဲ့ မသက်မသာခံစားရပါလိမ့်မယ်။ နားအကြားအာရုံလည်း ထိခိုက်ပါမယ်။ ပစ္စည်းက နားလမ်းကြောင်းကို ထိခိုက်မှုဖြစ်စေတယ်ဆိုရင် နာတာတွေ ပိုးဝင်တာတွေဖြစ်လာပြီး otitis externa ဖြစ်နိုင်ပါတယ်။ နားထဲမှာ အသံမည်တာတွေဖြစ်နေပြီး ချောင်းဆိုးတာပါကြုံရနိုင်ပါတယ်။ တကယ်လို့ ပိုးကောင်တစ်ကောင်ဝင်တာဆိုရင် တဝီဝီမြည်တာ ယားတာအပြင် ပိုးကောင်က နားလမ်းကြောင်းကို ကိုက်တာပါဖြစ်နိုင်ပါတယ်။ အထက်ပါလက္ခဏာတွေမှာ မပါတာတွေရှိနိုင်ပါသေးတယ်။ သင်သိလိုတဲ့ အချက်အလက်တွေရှိပါက ဆရာဝန်နဲ့ တိုင်ပင်ပါ။သင်သိလိုတဲ့ အချက်အလက်တွေရှိပါက ဆရာဝန်နဲ့ တိုင်ပင်ပါ။ဝင်သွားတဲ့ပစ္စည်းအများစုဟာ လူနာကိုယ်တိုင်ထည့်လိုက်တာကြောင့်ပါ။ သူတို့ခန္ဓါကိုယ်ရော ထူးထူးဆန်းဆန်းအရာတွေကိုပါ စပ်စုတတ်တဲ့ကလေးတွေမှာဒီပြသနာအများဆုံးဖြစ်ပါတယ်။(အထူးသဖြင့် ၉လကနေ ၈နှစ်အရွယ်ထိ)။သူတို့နားထဲအများဆုံးထည့်တဲ့အရာတွေကတော့။ပုတီးစေ့။အစားအသောက်။စာရွက်။ဂွမ်းတံ။ခဲဖျက်။အရုပ်သေးတွေ။ကျောက်စရစ်။အခွံလေးတွေ စတာတွေဖြစ်ပါတယ်။Ear wax : နားဖာချေးတွေဆိုတာ ပုံမှန်ဖြစ်နေကျအရာဆိုပေမယ့် အတွင်းမှာစုပြီး ခဲနေမယ်ဆိုရင် နားမကြားတာ နာကျင်တာတွေဖြစ်နိုင်ပါတယ်။ နားကေ ာ်တံကို အလွန်အသုံးပြုရင် သန့်ရှင်းရေးလုပ်တယ်ဆိုပေမယ့်တကယ်တော့ wax တွေနဲ့ ဆဲလ်အသေတွေကို အထဲထိထိုးထည့်သလိုဖြစ်နေပြီး ရောဂါဖြစ်စေပါတယ်။အင်းဆက်များ။အင်းဆက်တွေဟာ နားလမ်းကြောင်းထဲကိုပျံပြီး ဒါမှမဟုတ် တွယ်ပြီးဝင်ရောက်လာနိုင်ပါတယ်။ ပုံမှန်အးာဖြင့် ကြမ်းပေါ်မှာအိပ်တာ ဒါမှမဟုတ် အပြင်မှာ camp ထွက်ပြီးအိပ်ကြတာဖြစ်ဖြစ် ဒါမျိုးဖြစ်စေနိုင်ပါတယ်။ ဒါဟာ ကြောက်လန့်ဖို့လည်းကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ပိုးကောင်ရဲ့ တဝီဝီသံက အရမ်းကျယ်သလို အရမ်းလည်းနာကျင်တာကြောင့်ဖြစ်ပါတယ်။ဖြစ်စေတတ်သောအကြောင်းများ။ဘယ်အရာတွေက နားအတွင်းပိုင်းပြင်ပအရာဝင်တာမျိုးဖြစ်စေတတ်သလဲ?။ဖြစ်စေတာတွေက အများကြီးရှိပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က အလင်းဆများတဲ့ otoscope ခေါ်ကိရိယာနဲ့ သင့်နားအတွင်းပိုင်းကို ကြည့်ရှူ ပါလိမ့်မယ်။ အဲ့အခါမှာ ပစ္စည်းကိုတွေ့ပြီး ဘယ်လိုအရာဆိုတာနဲ့ နားစည်ပေါက်ပြဲမှုရှိမရှိ ဆိုတာပါ သေချာစမ်းသပ်နိုင်မယ်ဖြစ်ပါတယ်။သေချာမမြင်ရရင် နားထဲကအရာကို ဖယ်ထုတ်ဖို့မ ကြိုးစားပါနဲ့။ အချို့အရာတွေက နားကိုအောက်စိုက်ထားရုံနဲ့ မြေဆွဲအားကြောင့် အလိုလို ထွက်ကျလာတတ်ပါတယ်။ ကလေးဆိုရင် မျက်နှာကို လူကြီးတွေကကိုင်ပေးထားပြီးနာရွက်အောကိစိုက်ကာ ငြင်သာစွာလှုပ်ဖို့ကြိုးစားကြည့် နိုင်ပါတယ်။ ဒါပေမယ့် ပစ္စည်းထွက်သွားဖို့အတွက် ကလေးကို အားနဲ့လှုပခါတာမျိုးလုံးဝမလုပ်ပါနဲ့ ။ ဝါဂွမ်းတွေ စက္ကူ တွေဆိုရင် သင့်လက် ဒါမှမဟုတ်ကိရိယာတွေသုံးပြီးဖယ်နိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်တွေဆီမှာ လိုတဲ့ကိရိယာအစုံရှိတဲ့ အတွက် ဝင်သမျှပစ္စည်းတော်တော်မျူးများကို ဆရာဝန်ထုတ်ပေးတာများပါတယ်။ ဘာလို့လဲဆိုတော့ ဆရာဝန်အကူအညီမယူပဲ မိမိဘာသာထုတ်ခဲ့ရင် ဒဏ်ရာတွေဖြစ်နိုင်လို့ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ဆရာဝန်က ရေနဲ့လောင်းချတာမျိုးနဲ့ လိုအပ်ရင် ချိတ်လေးကိုပါသုံးနိုငိပါတယ်။ ပြီးတော့ ထုတ်ပြီးချိန်မှာလည်း otoscope နဲ့ပြန်ကြည့်ပြီး ပုံမှန်ဖြစ်မဖြစ်စစ်ဆေးပါတယ်။ တကယ်လို့ အင်းဆက်တစ်ကောင်ဝင်နေတယ်ဆိုရင် သင့်လက်နဲ့ထိုးတာမျိုးမလုပ်ပါနဲ့ ။ ကိုက်တတ်လို့ပါ။ ဒီအခါ နားကိုအပေါ်အောက်ကို ခေါင်းမော့ထားပါ။ အင်ဆက်က သူ့ဘာသာထွက်သွားပါလိမ့်မယ်။ မထွက်ရင် ဆီတစ်မျိုးလောင်းထည့်ပါ။ အင်းဆက်သေသွားပါလိမ့်မယ်။ အဲ့အခါမှ ဆရာဝန်က ရေသန့်သန့်နဲ့ နားကိုဆေးချပြီး ပိုးကောင်ကိုထုတ်ယူပါလိမ့်မယ်။နားသန့်ရှင်းရေးလုပ်ဖို့အတွက် တစ်ရှူ းတွေ ပိုးပိတ်တွေ သွားကြားထိုးတံတွေ မသုံးပါနဲ့ ။ နားစည်ပေါက်တာရဲ့ အဓိကအကြောင်းရင်းက ဒီလိုပစ္စည်းတွေင်တာကြောင့်ဖြစ်ပါတယ်။သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/foreign-object-in-the-ear-canal-%e1%80%94%e1%80%ac%e1%80%b8%e1%80%a1%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%9e%e1%80%ad%e1%80%af%e1%82%95-%e1%80%bb%e1%80%95%e1%80%84%e1%80%b9%e1%80%95/
ဘက်တီးရီးယားဆိုတိုင်း ဆိုးသလား။ ။
ဘက်တီးရီးယားလို့ ဆိုလိုက်တာနဲ့ လူတွေကို ဒုက္ခပေးတဲ့ ရောဂါပိုးတွေအဖြစ် မှတ်ထားကြတာများပါတယ်။ လူတွေ မှတ်ထားကြသလိုပဲ ဘက်တီးရီးယားတိုင်းက ဆိုးတာလား။ဘက်တီးရီးယားတိုင်းက မဆိုးပါဘူး။ ဥပမာပြောရရင် စစ်တပ်နဲ့ တောခိုနေတဲ့ သူပုန်တွေလိုပေါ့။ နှစ်ဘက်လုံးကတော့ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်နေပေမယ့် တစ်ဘက်က တိုင်းပြည်ကို အကျိုးပြုတာ တစ်ဘက်ကဆိုးကျိုးတွေပေးတာ။ နောက်ဆုံးကျ သူတို့ပဲ အချင်းချင်းပြန်တိုက်ရတာပဲ။ဆိုးတဲ့ ဘက်တီးရီးယားတွေဆိုတာ ကိုယ်ခန္ဓာပြင်ပက ဘက်တီးရီးယားတွေကို ပြောတာပါ။ အပြင်က ဝင်လာတာမဟုတ်ဘဲ ခန္ဓာကိုယ်ထဲမှာ နဂိုတည်းက ရှိနေတဲ့ ဘက်တီးရီးယားတွေရှိပါတယ်။ သူတို့ကတော့အကျိုးပြု ဘက်တီးရီးယား( Probiotics) တွေပါ။ အပြင်က ဝင်လာတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ဖို့ သူတို့က တာဝန်ယူရပါတယ်။ ကိုယ်တွင်းစစ်တပ်ကြီးပေါ့။အကျိုးပြု ဘက်တီးရီးယား ( Probiotics) တွေဟာအူလမ်းကြောင်းမှာ အခြေချနေထိုင်တဲ့ ဘက်တီးရီးယား အုပ်စုတွေပါ။ ဒီ Probiotics တွေဟာအစာခြေစနစ်ကြီး ကျန်းမာဖို့အဓိက တာဝန်ယူရပြီး စားလိုက်တဲ့အစားအစာတွေကို ခြေဖျက်ဖို့နဲ့ နုနယ်သေးတဲ့ကလေးရဲ့အူလမ်းကြောင်းထဲ ပြင်ပကဝင်လာတဲ့ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို တိုက်ထုတ်ဖို့အတွက် သူတို့ က မရှိမဖြစ်လိုအပ်တဲ့အရာတွေပါ။အပြင်က မကောင်းတဲ့ ဘက်တီးရီးယားတွေကို နိုင်ဖို့အတွက် ဒီကိုယ်တွင်းစစ်တပ်ကြီးက အကျိုးပြု ဘက်တီးရီးယား ( Probiotics) တွေ အားအင်ပြည့်ဝနေဖို့လိုပါတယ်။ ဒီလို အားရှိနေမှ ကျန်းမာတဲ့ ကိုယ်ခန္ဓာဖြစ်အောင် သူတို့က စောင့်ရှောက်ပေးမှာကိုး။ ဒီတော့ အကျိုးပြု ဘက်တီးရီးယား( Probiotics) တွေအားရှိဖို့အတွက် သူတို့အစာဖြစ်တဲ့ အကျိုးပြု ဘက်တီးရီးယားအာဟာရ (Prebiotics) တွေလိုအပ်ပါတယ်။အကျိုးပြု ဘက်တီးရီးယား( Probiotics ) တွေ အတွက်lcFOSလိုPrebioticsတွေလိုအပ်ပါတယ်။ Prebiotics ဆိုတာ အူထဲမှာချေဖျက်စုပ်ယူလို့မရပေမယ့် အစာခြေလမ်းကြောင်းထဲမှာကျန်ရှိနေပြီး အူတွင်းဘက်တီးရီးယားတွေအတွက် အာဟာရအဖြစ်ထောက်ပံ့ပေးတဲ့ ကာဗိုဟိုက်ဒရိတ်တွေ သို့မဟုတ်အမျှင်ဓါတ် တွေဖြစ်ပါတယ်။ lcFOS ဆိုတာ prebiotic တစ်မျိုးဖြစ်တဲ့long chain fructo-oligosaccharides ရဲ့ အတိုကောက်ဖြစ်ပါတယ်။ မိခင်နို့ နဲ့ နို့မှုန့်တချို့မှာ ပါရှိတဲ့ lcFOS က ကလေးရဲ့အူမကြီးအတွင်းမှာရှိတဲ့အကျိုးပြုဘက်တီးရီးယားလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့လုပ်ဆောင်ချက်ကို နှိုးဆွပေးနိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့်ပဲ ကလေးတွေမှာ ဝမ်းမှန်စေပြီး မွေးကင်းစအရွယ်ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒ့ါအပြင် Prebioticsတွေက အစာချေဖျက်နိုင်စွမ်းနဲ့ အာဟာရနဲ့သတ္တုဓါတ်တွေစုပ်ယူနိုင်စွမ်းကိုကောင်းမွန်စေတဲ့အပြင် ခွန်အားတိုးစေပြီး ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ပါတယ်။ဒီတော့ခိုင်းနှိုင်းပြောရရင် ရှေ့တန်းရောက်နေတဲ့ စစ်သားအကျိုးပြု ဘက်တီးရီးယား( Probiotics ) တွေကို ရိက္ခာတွေ ဖြစ်တဲ့ အကျိုးပြု ဘက်တီးရီးယားအာဟာရ ( Prebiotics ) တွေ ပို့ပေးရသလိုပေါ့။ ဒီနေရာမှာ ရိက္ခာပို့ဖို့တာဝန်ယူတဲ့သူဟာ မေမေတို့ ဖြစ်သွားပါပြီ။(Prebiotics) တွေကို ဂျုံပြောင်းနှံတွေ၊ သစ်သီး၊ အသီးအရွက်တွေနဲ့ တခြားအမျှင်ဓာတ်များတဲ့အစားအစာတွေကနေ ရရှိနိုင်တယ်ဆိုပေမယ့် ဒီဓာတ်ဟာ မိခင်နို့မှာ ပါဝင်ပြီးသားဖြစ်တာကြောင့် ကလေးတွေအတွက်ကတော့ မိခင်နို့ကနေပဲ အဓိက ရမှာပါ။ ဒါဆိုမိခင်နို့မသောက်ရတဲ့ ကလေးတွေဆို ဘယ်လိုလုပ်မလဲ။ ။မိခင်နို့မသောက်ရတဲ့ကလေးတွေဆိုတော့ သူတို့အတွက် အာဟာရက အာဟာရဖြည့်စွက်နို့မှုန့်တွေကနေ အဓိက ရတာကြောင့် lcFOS လို Prebioticsပါတဲ့နို့မှုန့်တွေကို ကလေးကိုရွေးချယ်တိုက်ဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါမှ ကလေး အစာခြေစနစ်အတွက် စိတ်ချရပြီး အပြင်က ရောဂါပိုးတွေလည်း မဝင်နိုင် ခုခံအားလည်း ကောင်းလာမှာ ဖြစ်ပါတယ်။ဒီတော့ အချုပ်ပြန်ပြောရရင် ကောင်းတဲ့ဘက်တီးရီးယားတွေလည်း ရှိသေးတာကြောင့် ဘက်တီးရီးယားတိုင်းက လူဆိုးမဟုတ်ပါဘူး။ ရှင်သန်ပေါက်ဖွားရတဲ့ နယ်မြေပေါ်မူတည်ပြီး အကောင်းနဲ့ အဆိုး ကွဲပြားသွားတာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆိုးတဲ့ဘက်တီးရီးယားတွေကို နှိမ်နင်းဖို့အတွက် ကောင်းတဲ့ဘက်တီးရီးယားတွေရှိဖို့လိုအပ်တာကြောင့် သူတို့ရဲ့ အာဟာရဖြစ်တဲ့ Prebiotics ( အကျိုးပြုဘက်တီးရီးယားအာဟာရ) ကလည်း အရေးကြီးတယ်နော်။ ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/%e1%80%b0%e1%80%b0%e1%80%b0lcfos/
ဘေဘီလေးတွေမှာရှိသင့်တဲ့ နှလုံးခုန်နှုန်း
နှလုံးခုန်သံကို စည်းချက်မှန်မှန်လေးကြားနေရတာက စိတ်ချမ်းသာစရာပါနော်။ အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ တစ်မိနစ်မှာ နှလုံးခုန်နှုန်းက ၆၀ ကနေ ၁၀၀ အတွင်းရှိပါတယ်။ကလေးတွေကလူကြီးတွေထက် နှလုံးခုန်နှုန်း ပိုမြန်တယ်ဆိုတာက ကြားရတာ အံ့သြစရာကောင်းပေမယ့် တကယ့်ကို အမှန်ပါ။ ကလေးလေးတွေကအသက်အရွယ်ကိုလိုက်ပြီး နှလုံးခုန်နှုန်းကွာခြားပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ နှလုံးခုန်နှုန်းကဖြည်းဖြည်းချင်းကျဆင်းသွားမှာပါ။ကလေးလေးတွေရဲ့ နှလုံးခုန်နှုန်းကို သိထားတာကမိဘတွေအတွက် မလိုအပ်ဘဲ စိတ်ပူတာမျိုးမဖြစ်စေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့မေမေဖေဖေတို့ အနေနဲ့ မလိုအပ်ဘဲ စိတ်ပူတာမျိုးမဖြစ်စေဖို့အတွက်ဘေဘီလေးတွေမှာရှိသင့်တဲ့ နှလုံးခုန်နှုန်းအကြောင်းပြောပြပေးချင်ပါတယ်နော်။ဘေဘီလေးတွေရဲ့ နှလုံးခုန်နှုန်းက အရွယ်ရောက်ပြီးသူတွေထက်ပိုများပါတယ်။ ကလေးကပြေးလွှားဆော့နေမယ်၊ ငိုနေမယ်၊ လှုပ်ရှားမှုတစ်ခုခုလုပ်နေချိန်မှာ နှလုံးခုန်နှုန်းက သာမန်ထက်ပိုမြန်နိုင်ပါတယ်။အိပ်စက်နေချိန်မှာတော့ နှလုံးခုန်နှုန်းက ကျနေနိုင်ပါတယ်။ ဒါတွေက ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတာမို့ စိုးရိမ်စရာမလိုပါဘူး။၃ လကနေ ၆ လအတွင်း။၆ လကနေ ၉ လအတွင်း။၉ လကနေ ၁ နှစ်အတွင်း။၁ နှစ်ကနေ ၁ နှစ်ခွဲအတွင်း။၁ နှစ်ခွဲကနေ ၂ နှစ်အတွင်း။၂ နှစ်ကနေ ၃ နှစ်အတွင်း။၃ နှစ်ကနေ ၄ နှစ်အတွင်း။၄ နှစ်ကနေ ၆ နှစ်အတွင်း။၆ နှစ်ကနေ ၈ နှစ်အတွင်း။၈ နှစ်ကနေ ၁၂ နှစ်အတွင်း။၁၂ နှစ်ကနေ ၁၅ နှစ်အတွင်း။၁၅ နှစ်ကနေ ၁၈ နှစ်အတွင်း။ကလေးကလှုပ်ရှားနေချိန်မှာ နှလုံးခုန်နှုန်းမြန်တတ်သလို အိပ်နေချိန်လိုမျိုးငြိမ်နေချိန်မှာ နှလုံးခုန်နှုန်းနှေးတတ်တယ်ဆိုပေမယ့် အခုလိုအခြေအနေမျိုးဆိုရင်တော့ကျန်းမာရေးပြဿနာတစ်ခုခုရှိနေတာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြသကြည့်ဖို့ အကြံပြုပါရစေ။ကလေးရဲ့နှလုံးခုန်နှုန်းကို မတိုင်းတာခင် ၅ မိနစ်လောက် ကလေးကို သက်တောင့်သက်သာနေခိုင်းပါ။ ပြီးရင် လက်ညှိုးနဲ့လက်ခလယ်ထိပ်လေးတွေကိုသုံးပြီး ကလေးရဲ့ လည်ပင်းကသွေးကြောဒါမှမဟုတ်လက်ကောက်ဝတ်၊ တံတောင်ခွက်တို့ကသွေးခုန်နှုန်းကိုစမ်းကြည့်ပါ။ လက်ထိပ်မှာ လာတိုးတာကိုခံစားမိမှာပါ။ စက္ကန့် ၃၀ အချိန်မှတ်ထားပြီးသွေးခုန်တဲ့အကြိမ်ရေကိုတိုင်းတာပါ။ ပြီးရင်တော့ ရလာတဲ့အရေအတွက်ကို ၂ နဲ့မြှောက်လိုက်ပါ။ ဒါကဘေဘီလေးရဲ့ နှလုံးခုန်နှုန်းပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/normal-heart-rate-for-babies/
မိဘတွေသတိမထားမိတဲ့ ကလေးတွေနဲ့အချိုစာတွေရဲ့ အန္တရာယ်
အချိုမကြိုက်တဲ့ကလေးဆိုတာ မရှိပါဘူး။ သကြားလုံးနဲ့ထမင်းဆို ကလေးတွေ ဘယ်ဟာကို ပိုရွေးကြမယ်လို့ထင်ပါသလဲ။ ကလေးတွေ အစားစားရင်ပြီးရော။ ဘာစားတာလဲက အရေးမကြီးဘူး။ စားဖြစ်ဖို့က အရေးကြီးတယ်လို့ ဆိုတဲ့ မေမေတို့ အချိုက ကလေးတွေ အတွက် ဘယ်လိုပြဿနာတွေ ဖြစ်စေနိုင်သလဲဆိုတာ သိပြီးပြီလား။ချိုတဲ့မုန့်တွေ စားတာများတဲ့ကလေးတွေရဲ့ သွားလေးတွေ အကောင်းဖြစ်နေတာရှားပါတယ်။ ကျိုးရင်ကျိုး မကျိုးရင် သွားပိုးစားနေတာချည်းပဲ။ အချိုကိုကြိုက်တာ ကလေးတွေတင်မဟုတ်ပါဘူး။ခံတွင်းထဲက ဘက်တီးရီးယားတွေကလည်း အချိုဆို အလွန်ကြိုက်ကြပါတယ်။ ဒီတော့ အချိုများများစားလေ ဘက်တီးရီးယားတွေ ပျော်လေလေ သွားနဲ့ခံတွင်း ပျက်စီးလေလေပါ။ ဒီတော့ သကြားလုံး၊ အအေး၊ ဖျော်ရည်တွေ ကလေးကို လျှော့ကျွေးပါ ။အချိုများတဲ့ မုန့်တွေမှာပါတဲ့ ပြုပြင်ထားတဲ့ သကြားတွေနဲ့ တာရှည်ခံအောင်လုပ်ထားတဲ့ ပါဝင်ပစ္စည်းတွေကြောင့် အချိုများတဲ့ကလေးတွေက အချိုသိပ်မစားတဲ့ကလေးတွေထက် အဝလွန်ရောဂါဖြစ်နိုင်ချေပိုများပါတယ်။ ဒါ့အပြင် ငယ်ငယ်လေးနဲ့ ဆီးချိုတို့၊ နှလုံးရောဂါတို့ ဖြစ်နိုင်ချေ အခွင့်အလမ်းပိုများနိုင်ပါတယ်။အချိုတွေ အစားများပြီး အချိုကိုပဲ စွဲနေတော့ တကယ့်အာဟာရဖြစ်စေတဲ့ အသီးအရွက်၊ ထမင်း၊ အသားငါးတွေကို သူတို့ မကြိုက်ချင်တော့ပါဘူး။ ဒီတော့ လိုအပ်တဲ့ အာဟာရဓါတ်တွေ ၊ဗီတာမင်နဲ့ သတ္တုဓါတ်ေတွ မရတော့လို့ အခြားကလေးတွေ နဲ့ တန်းတူ မကြီးထွားတော့ဘဲ အာဟာရချို့တဲ့မှုတွေ စဖြစ်လာပါတယ်။အချိုချည်းပဲစားပြီး တကယ် အာဟာရဖြစ်စေတဲ့အရာတွေ မစားတော့ခုခံအားအတွက် လိုအပ်တဲ့ ဗီတာမင် သတ္တုဓါတ်တွေ လည်း အကုန်မရတော့ဘဲ တဖြည်းဖြည်း ခုခံအားနည်းလာပြီး ရောဂါတွေ အလွယ်တကူဝင်လာတတ်ပါတယ်။အချိုသရေစာမုန့်တွေဆိုတာ ထပ်ခါထပ်ခါ စားချင်အောင် ထုတ်ထားတာဖြစ်လို့ စားသလောက် ဗိုက်ဝသွားစေမှာ မဟုတ်ပါဘူး။ ဒီတော့ ကလေးက ထပ်ထပ်စားချင်လာပြီး ကြာလာတဲ့အခါ အချိုမပါရင် လုံးဝ မစားတတ်တော့တဲ့ အချိုစွဲတဲ့ ပြဿနာ သင့်ကလေးဆီမှာ ဖြစ်သွားနိုင်ပါတယ် ။လူကြီးတွေ အချိုစားများရင်တောင်မှတ်ညဏ်ထိခိုက်စေတာ နုနယ်တဲ့ကလေး ဦးနှောက်အာရုံကြောလေးတွေ အတွက် ပိုလို့တောင် အန္တရာယ်များပါတယ်။ အချိုစားလွန်းရင် ကလေးတွေဟာ စာမလိုက်နိုင်တာ၊ မှတ်ဉာဏ်ချို့ယွင်းတာ၊ မကြာခဏသတိမေ့တာတွေ ဖြစ်လာနိုင်တဲ့အတွက် တစ်နေ့တာ အချိုစားသုံးမှုပမာဏကို ကန့်သတ်ထားဖို့ လိုအပ်ပါတယ်။အချိုဟာ ချွဲဖြစ်စေဖို့ အားပေးတတ်လို့ သကြားများတဲ့ အစားအစာတွေ မကြာခဏစားတဲ့ ကလေးတွေမှာ ချောင်းဆိုးတာ၊ ရင်ကျပ်တာ၊ ချွဲကြပ်တာတွေ အဖြစ်များပါတယ်။ကိတ်မုန့်၊ ဆိုဒါဖျော်ရည် အစရှိတဲ့ အချိုဓါတ်များတဲ့ အစားအစာတွေဟာစိတ်ကျရောဂါကို ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲက တစ်မျိုးပါပဲ။ အချိုအရမ်းစားလွန်းတဲ့ ကလေးတွေမှာ စိတ်အတက်အကျမြန်တာအပြင် မောပန်းလွယ်တဲ့ လက္ခဏာတွေကိုပါ တွေ့ရပါတယ်။ကလေးကို အလိုလိုက်ရင်လည်း အချိုကရတဲ့ ပြဿနာတွေ ဖြစ်၊ အာဟာရတွေလည်း မပြည့်တော့ စိတ်ညစ်ရ။ တင်းကြပ်ပြီး အချိုလုံးဝမစားရဘူးလို့ ပိတ်ပင်ပြန်တော့ ကလေးသဘာဝ စူးစမ်းချင်စိတ်ကြောင့် တားမြစ်လေပိုလုပ်ချင်လေဖြစ်ပြီး မမြင်ကွယ်ရာမှာ ခိုးခိုးစားလို့ ကိုယ့်ကျွေးရမယ့် ပမာဏထက် ပိုတောင် စားမိသွားနိုင်ပါတယ်။ ကလေးဆိုတာကလည်း အချိုလေးပါမှ စားချင်တဲ့သူတွေဆိုတော့ မေမေတို့ ဘယ်လိုလုပ်ကြမလဲ။ ဘာတွေ ကျွေးကြမလဲ။ကလေးကို ကျွေးတဲ့ အစးာအသောက်တွေမှာ အချိုလည်းအသင့်အတင့်ပါရမယ် ။ ကလေးအတွက်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေအလည်းအစုံပါအောင်ကျွေးရပါမယ်။ ဒါ့အပြင်အမြင်အာရုံနဲ့ မှတ်ဉာဏ်ကောင်းအတွက် အဓိကလိုအပ်တဲ့DHAနဲ့ ကလေးရဲ့အစာခြေစနစ်ကို အကျိုးပြုတဲ့ LcFos ပါတဲ့ ဖြည့်စွက်အာဟာရနို့မှုန့်လည်းတိုက်မယ်ဆိုရင် ကျန်းမာသွက်လက်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ ကလေးကိုပြုစုပျိုးထောင်ပေးနိုင်မှာ အသေအချာပါ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/sugar-and-baby/
အုန်းနို့က ကျန်းမာရေးအတွက် ဆိုးကျိုးပေးတယ်ဆိုတာ ဟုတ်ရဲ့လား
အုန်းနို့ကအုန်းသီးအရင့်ကို ကြိတ်ပြီး အရည်ညှစ်ထားတာပါ။ သဘာဝကရတဲ့ အာဟာရတစ်မျိုးပေါ့။မြန်မာနိုင်ငံ အပါအဝင် ထိုင်း နဲ့ အရှေ့တောင်အာရှနိုင်ငံတော်တော်များများမှာ ဟင်းပွဲတွေ။ အချိုပွဲတွေပြင်ဆင်တဲ့အခါ အုန်းနို့ကို အသုံးပြုကြပါတယ်။ဟာဝိုင်အီ၊ အိန္ဒိယနဲ့ ကာရေဗီယန်နိုင်ငံတွေမှာလည်း အုန်းနို့ကို ကြိုက်နှစ်သက်စွာ စားသုံးနေကြပါတယ်။ အုန်းနို့က အဆီဓါတ်ပါဝင်နေပြီး ရင့်နေတဲ့ အုန်းသီးကနေထုတ်ယူထားတဲ့အဆီအနှစ်ပါ။အုန်းခွံက အညိုရောင်သန်းသန်းလေလေ အုန်းသီးရင့်လေလေပါ။ ရင့်မှည့်နေတဲ့ အုန်းသီးကို ကြိတ်ထားတဲ့ အုန်းနို့က အဆီပါဝင်မှုများသလို အရသာလည်းရှိပါတယ်။ ဟင်းပွဲတွေရဲ့ အရသာကိုတိုးစေနိုင်တဲ့ အရာတစ်မျိုးပါ။အုန်းနို့က ကယ်လ်လိုရီ များတဲ့ အစားအစာ တစ်ခုပါ။ အုန်းနို့မှာပါတဲ့ အာဟာရဓါတ်တွေကို အတိအကျ တွက်ပြရမယ်ဆိုရင်တော့ အုန်းနို့ တစ်ခွက်စာ (၂၄၀ ဂရမ်) မှာဆိုရင် –။အုန်းနို့က အစားအစာတွေကို သူရဲ့ ဆိမ့်သက်တဲ့အရသာလေးနဲ့ အရသာတိုးစေသလို ဒီလိုလည်းကျန်းမာရေးအကျိုးကျေးဇူးတွေပေးပါသေးတယ်။နှလုံးကျန်းမာစေပါတယ်– အုန်းနို့မှာပါတဲ့lauric acid ကသွေးတွင်းကိုလက်စထရောကိုကျဆင်းစေပြီး နှလုံးကို ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် နှလုံးကျန်းမာချင်တယ်ဆိုရင် အုန်းနို့ က သင့်တော်ပါတယ်။ကိုယ်အလေးချိန်ကျစေနိုင်ပါတယ်– အုန်းနို့မှာပါတဲ့medium-chain triglycerides (MCTs) က အဆီတွေကိုလောင်ကျွမ်းစေနိုင်သလို အစားစားချင်စိတ်ကိုလျှော့နည်းစေနိုင်ပါတယ်။ အုန်းနို့ က ကိုယ်အလေးချိန်ချနေသူတွေ စားသုံးပေးလို့ရပါတယ်နော်။ကိုယ်ခံအားကောင်းစေနိုင်ပါတယ်– အုန်းနို့မှာ ဗီတာမင် C ပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ အုန်းနို့ ပုံမှန်စားသုံးပေးတာကအအေးမိဖျားနာနဲ့ ကူးစက်ရောဂါတွေကနေ ကာကွယ်ဖို့ အထောက်အပံ့ဖြစ်စေမှာ အသေအချာပါ။အစာကြေစေနိုင်တယ်–ရာသီဥတုကအေးနေတာကို အုန်းနို့ပါတဲ့အစားအစာတွေစားနေတာလား၊ အစာမကြေဖြစ်မယ်နော်ဆိုတဲ့စကားက အပြည့်အဝကြီးမမှန်ပါဘူး။ အုန်းနို့မှာပါတဲ့ ဗီတာမင်တွေနဲ့ သတ္တုဓါတ်တွေကအစာခြေလမ်းကြောင်းကိုကောင်းမွန်စွာလှုပ်ရှားနိုင်အောင် အထောက်အကူပြုပေးပြီး အစာကြေစေနိုင်သလို ဝမ်းမချုပ်အောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။အရိုးတွေသန်မာစေနိုင်ပါတယ်– အုန်းနို့မှာ ကယ်လ်ဆီယမ်နဲ့ အရိုးတွေကို သန်မာစေတဲ့ အခြားဓါတ်တွေ ပါဝင်နေတာကြောင့် အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်ပါတယ်။ အုန်းနို့စားသုံးပေးတာက အရိုးပွတာ၊ အရိုးပါးတာ၊ အဆစ်တွေ ရောင်တာနဲ့ အရိုး ထိခိုက်တာတွေ ဖြစ်နိုင်ခြေ နည်းသွားစေမှာပါ။ဆီးချိုအတွက် သင့်တော်ပါတယ်– အုန်းနို့မှာဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကအင်ဆူလင်တွေထွက်ရှိအောင်လငံ့ဆော်ပေးနိုင်ပါတယ်။ ဇီဝတွင်းဖြစ်စဉ်တွေကိုတိုးတက်ကောင်းမွန်စေပြီး ဆဲလ်တွေကို အင်ဆူလင်တုံ့ပြန်မှုကောင်းအောင်လုပ်ဆောင်ပေးတဲ့အပြင်သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်ပါတယ်။သွေးအားနည်းရောဂါကို ကာကွယ်ပေးတယ်– အာဟာရမပြည့်ဝတဲ့အခါ၊ ခန္ဓါကိုယ်ထဲမှာ သံဓါတ်နည်းလာတဲ့အခါသွေးအားနည်းရောဂါခံစားရနိုင်ပါတယ်။ ဒီပြဿနာကိုရှောင်ရှားဖို့ဆိုရင်တော့နေ့တိုင်း အုန်းနို့ နည်းနည်းစီ စားသုံးပေးလိုက်ပါ။သွေးအားနည်းတာကြောင့်ဖြစ်တဲ့ ခြေကုန်လက်ပမ်း ကျတာကို သက်သာစေမှာပါ။ဒါတွေအပြင် အုန်းနို့ကဆံသားနဲ့အသားအရေအတွက်လည်း အထောက်အပံ့ပေးပါသေးတယ်။သွေးလည်ပတ်မှုကိုကောင်းမွန်စေသလို အာရုံကြောဆဲလ်တွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ဘက်တီးရီးယားတွေကိုသေစေနိုင်သလို မှိုပိုးတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/coconut-milk-can-cause-hypertension/
ချွေးထွက်ခြင်းတွေလျှော့ကျစေဖို့ စားရမယ့်အစားအစာများ
ချွေးနံ့ကို ဘယ်သူမှ မကြိုက်နှစ်သက်ကြပါဘူး။ တခြားလူတွေ ကိုယ့်ချွေးနံ့ကို ရရင် အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေရှိနေတာက ကိုယ့်ကိုယ်ကို ယုံကြည်မှု ကျစေပါတယ်။ ချွေးထွက်တာက ကျန်းမာရေးအတွက် တစ်ထောင့်တစ်နေရာက ကောင်းတာတွေ ရှိသလို ချွေးနံ့တွေကြောင့် စိတ်ညစ်ရတာလည်း ရှိမှာပါ။ ချိုင်းချွေးနံ့ပျောက်ဆေးတွေနဲ့ ရေမွှေးတွေ ဘယ်လောက်ပဲ သုံးသုံး ချွေးနံ့ရနေသေးတယ်ဆိုရင်တော့ ကိုယ့်ရဲ့ နေ့စဉ် နေထိုင်မှု ပုံစံကို ပြန်လည်စစ်ဖို့ လိုပါတယ်။ နေထိုင်မှု ပုံစံထဲမှာ တစ်နေ့တာ စားသောက်တဲ့ အစားအစာ၊ လေ့ကျင့်ခန်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် အလွန်အမင်း ချွေးထွက်တာတွေနဲ့ ချွေးထွက်တဲ့အခါ အနံ့ဆိုး ဖြစ်ခြင်းတွေကို လျှော့ကျစေဖို့ အစားအစာ အချို့ကို ပြောပြချင်ပါတယ်။ချိစ်နဲ့ နို့ထွက်ပစ္စည်း။ကယ်လ်စီယမ်ဓါတ်တွေ ကြွယ်ဝတဲ့ အစားအစာတွေက ခန္ဓါကိုယ်ရဲ့ အပူချိန်ကို ထိန်းထားပေးပြီး ချွေးအရမ်းထွက်ခြင်းကိုလည်း နှိမ်နင်းပေးပါတယ်။ ဒီတော့ ကိုယ်က ချွေးအရမ်းထွက်တယ်ဆိုရင် ကယ်လ်စီယမ်များတဲ့ ချိစ်နဲ့ နို့ထွက်ပစ္စည်းတွေကို စားပေးပါ။ မနက်ခင်းမှာ နွားနို့တစ်ခွက်လောက် ထည့်သောက်တာ၊ ကြက်ဥနဲ့ ချိစ် ရောပြီးစားတာတွေ လုပ်ပေးပါ။သံလွင်ဆီ။သံလွင်ဆီက ဇီဝဖြစ်စဉ်နဲ့ အစာခြေလမ်းကြောင်းဆိုင်ရာတွေကို ကောင်းမွန်စေပါတယ်။ တစ်နည်းပြောရရင်တော့ အစာခြေလမ်းကြောင်းဆိုင်ရာ စနစ်တွေ ကောင်းမွန်နေတာက ခန္ဓါကိုယ် အပူချိန် အရှိန်နဲ့ တက်လာတာတွေကို တားဆီပေးပါတယ်။ ဒီလိုမျိုး ခန္ဓါကိုယ်မှာ အပူချိန်မများနေဘူးဆိုရင်တော့ ချွေးထွက်တာလည်း နည်းမှာပါ။ သံလွင်ဆီ ပါဝင်တဲ့ အစားအစာလေးတွေ စားပေးပါ။ဗာဒံစေ့။မဂ္ဂနီဆီယမ်ကလည်း အစာခြေလမ်းကြောင်းစနစ်နဲ့ ကိုယ်ခံအားစနစ်ကို တိုးတက်စေပါတယ်။ ဗာဒံစေ့မှာ မဂ္ဂနီဆီယမ် အပြည့်အဝ ပါဝင်ပါတယ်။ ဗာဒံစေ့ မဟုတ်ဘဲ တခြား မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ ဖရုံသီး၊ ဟင်းနုနွယ်နဲ့ မြေပဲကလည်း ချွေးထွက်တာ လျှော့ကျစေဖို့ ကူညီပေးပါတယ်။အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များ။အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးအတွက် ကောင်းမွန်စေတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ ဗီတာမင် ကြွယ်ကြွယ်ဝဝ ပါဝင်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေက ရေဓါတ်ကို ထိန်းထားပေးပြီး အစာခြေစနစ်ကို ကောင်းစေပါတယ်။ ဒါဆိုရင်တော့ ချွေးအလွန်အကျွံထွက်ခြင်းကို ထိန်းသိမ်းပေးနိုင်ပြီး ရေဓါတ် ပြည့်ဝနေမှာမို့ ချွေးနံ့တွေကြောင့် စိတ်ညစ်စရာ မလိုတော့ပါဘူးနော်။ငှက်ပျောသီး။ငှက်ပျောသီးမှာ ပိုတက်စီယမ် ကြွယ်ဝစွာ ပါဝင်ပြီး ရေဓါတ်ပြည့်နေစေဖု့ိ အထောက်အကူပြုပါတယ်။ ရေဓါတ်ပြည့်နေမယ်ဆိုရင်တော့ ချွေးထွက်ခြင်း နည်းနေမှာပါ။ ငှက်ပျောသီးမှာ မဂ္ဂနီဆီယမ်၊ ဗီတာမင် B6 နဲ့ အခြားအာဟာရဓါတ်တွေ ပါဝင်တာက အစာခြေလမ်းကြောင်းကို ကောင်းစေတာမို့ ချွေးတွေကို ထိန်းချုပ်ပြီးသားပါပဲ။ကိုယ်နေတိုင်းစားတဲ့ အစားအစာတွေထဲမှာ ချွေးအလွန်အကျွံထွက်တာကို လျော့နည်းစေတဲ့ အစားအစာတွေကို ထည့်စားပေးမယ်ဆိုရင် ချွေးထွက်နည်းမှာ ဖြစ်ပြီး အနံ့ဆိုးရတာလေးတွေလည်း ကင်းဝေးစေမှာပါနော်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%81%e1%80%bb%e1%80%bd%e1%80%b1%e1%80%b8%e1%80%91%e1%80%bd%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%9c%e1%80%bb%e1%80%be%e1%80%b1%e1%80%ac/
Benign Paroxysmal Position Vertigo (ရုတ်တရက်ချာချာလည်အောင်မူးခြင်း)
ချာချာလည်အောင်မူးခြင်းဆိုတာ သင့်ပတ်ဝန်းကျင်က ကမ္ဘာကြီးတခုလုံး စကောထဲထည့်လှိမ့်သလို ချာချာလည်အောင် ခံစားရခြင်း ဖြစ်ပါတယ်။ နားရဲ့အတွင်းပိုင်း ပြသနာကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ ချာချာလည်အောင် မူးခြင်းကို ပေါ်လိုက်ပျောက်လိုက် ဖြစ်စေပါတယ်။ လူတချို့မှာ BPPV ဟာ ရက်သတ္တပတ်အနည်းငယ်အတွင်း သူ့ဖာသာ ပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမယ့် ပြန်ဖြစ်နိုင်ပါတယ်။ BPPV ဟာ ဆိုးရွားတဲ့ကျန်းမာရေး ပြသနာတော့ မဟုတ်ပါဘူး။ဘဝတလျှောက်ဖြစ်ပွားနှုန်းဟာ ၂.၄%ရှိပြီး တခြားခန့်မှန်းချက်အ၇ လူဦးရေ တသိန်းမှာ ၁၀ဦးကနေ ၆၄ဦးထိ ဖြစ်ပွားတယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် တခါတရံ ရောဂါအမည်တပ်မှားတာပါရှိနိုင်ပြီး ဒီထက်ဖြစ်ပွားနှုန်းများတယ်လို့ ဆရာဝန်များက ယုံကြည်ကြပါတယ်။ အသက်ကြီးသူတွေ အထူးသဖြင့် ၆၀ကျော်သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် ၂၀အောက်အရွယ်မှာတော့ သိပ်မတွေ့ရပါဘူး။အမျိုးသမီးများဟာ အမျိုးသားများထက် ၂ဆ ပိုဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။အဓိကလက္ခဏာကတော့ ဒီအတိုင်းနေရင်းနဲ့ ချာချာလည်နေတယ်လို့ ခံစားရခြင်း ဖြစ်ပါတယ်။သင့်ခေါင်းကို လှုပ်၇ှားလိုက်တဲ့အခါ (ဥပမာ အိပ်ရာထဲလှိမ့်ခြင်း၊ ခေါင်းကို ရုတ်တရက်လှည့်ခြင်း၊ ငုံ့ခြင်း) ဖြစ်နိုင်ပါတယ်။BPPV ဟာ တမိနစ် ၂မိနစ်လောက် ကြာတတ်ပါတယ်။ သိပ်မပြင်းထန်တဲ့အချိန်ရှိတတ်သလို ဗိုက်ထဲမှာပါ မအီမသာဖြစ်ပြီး အန်ထုတ်လိုက်ရတဲ့ အခြေအနေမျိုးလည်း ရှိပါတယ်။ လမ်းကောင်းကောင်း မလျှောက်နိုင်၊ ကောင်းကောင်းမရပ်နိုင်တဲ့ အခြေအနေလည်း တွေ့ရပါတယ်။အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။နားအတွင်းပိုင်းပြသနာကြောင့် ဖြစ်ပါတယ်။ နားအတွင်းပိုင်းပြွန်လေးတွေမှာရှိတဲ့ ကယ်လ်ဆီယမ်ကျောက် အသေးလေးများဟာ ကိုယ်ခန္ဓါ ကောင်းစွာရပ်တည်နိုင်ဖို့ အကူအညီပေးပါတယ်။ ပုံမှန်အားဖြင့် အထိုင်အထပြုလုပ်ချိန်၊ ခေါင်းကိုလှည့်ချိန်တွေမှာ အဲဒီကျောက်တုံးကလေးတွေဟာလည်း ရွေ့လျားသွားပါတယ်။ ဒါပေမယ့် ရောဂါပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်းတို့ကြောင့် ကျောက်တုံးလေးတွေ လိုက်မရွေ့ဘဲ နေတတ်ပါတယ်။ ဒါဟာ ဦးနှောက်ကို အချက်ပြမှုမှားစေပြီး ချာချာလည်မူးခြင်းကို ဖြစ်ပေါ်စေပါတယ်။အသက် ၅၀နဲ့အထက် အရွယ်တွေမှာ အများဆုံးတွေ့ရပေမယ့် ဘယ်အသက်အရွယ်မဆို ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။ ဦးခေါင်းဒဏ်ရာရခြင်း၊ ဟန်ချက်ထိန်းညှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ ပြသနာရှိခြင်း စတာတွေဟာ BPPV ကို ပိုပြီး ဖြစ်စေနိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။မေးခွန်းမေးခြင်းတွေ၊ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။ မျက်လုံးကို စောင့်ကြည့်ပြီး ဦးခေါင်းကိုလှည့်စေတဲ့ စစ်ဆေးမှုပြုလုပ်ပါလိမ့်မယ်။ ဒါကို Dix-Hallpike စစ်ဆေးခြင်းလို့ ခေါ်ပါတယ်။ ချာချာလည်အောင် မူးစေတဲ့ တခြားအကြောင်းအရာတွေ ရှိပါသေးတယ်။ ဒါကြောင့် ဆရာဝန်ဟာ BPPV မဟုတ်ဘူးယူဆရင် တခြားစစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။ဆရာဝန်ဟာ နည်းလမ်း၂ခုအနက်မှ တခုကို ပြုလုပ်ပါလိမ့်မယ်။ အဲဒီနည်းလမ်းတွေကတော့ Epley နည်းလမ်းနဲ့ Semont နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ကုသမှုမခံယူရင်၊ ကုသမှုဟာ အလုပ်မဖြစ်ရင်တောင် BPPV ဟာ ရက်သတ္တပတ်အနည်းငယ်မှာ ပျောက်သွားနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဦးနှောက်ဟာ နားအတါင်းပိုင်းကရတဲ့ အချက်ပြမှုတွေကို ရှုပ်ထွေးလာနိုင်ပါတယ်။ ဒီပြသနာကို ဖြေရှင်းဖို့ ရိုးရှင်းတဲ့ လေ့ကျင့်ခန်းပုံစံတွေ ပြုလုပ်နိုင်ပါတယ်။ချာချာလည်အောင်မူးတဲ့အခါ ဖြစ်တတ်တဲ့ ပျို့အန်ခြင်းတွေအတွက် ဆေးဝါးများ သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် အဲဒိဆေးအမျိုးအစားတွေ သောက်သုံးခြင်းဟာ BPPV ပျောက်ကင်းဖို့ အချိန်ကြာစေပါတယ်။ ခေါင်းမူးခြင်းနဲ့ ပျို့အန်ခြင်း ဘယ်ဟာကို ရွေးချယ်သင့်လဲဆိုတာ သင်ကိုယ်တိုင်ပဲ သိနိုင်ပါတယ်။ရုတ်တရက် ချာချာလည်အောင် မူးသွားတဲ့အခါ သင့်ကိုယ်သင်ရော၊ သူများကိုပါ မထိခိုက်စေဖို့လည်း အောက်ပါအချက်တွေကို ဂရုစိုက်ရပါမယ်။ပစ္စည်းကိရိယာများ၊ စက်ယန္တရားများ ကိုင်တွယ်အသုံးပြုခြင်းကို ရှောင်ပါ။ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေကရုတ်တရက်ချာချာလည်အောင်မူးခြင်းအတွက် အထောက်အကူ ပြုသလဲ။အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။ဟန်ချက်ညီစေတဲ့ လေ့ကျင့်ခန်းတွေ၊ ဘေးကင်းမှု နည်းလမ်းတွေကို လက်တွေ့ကျင့်သုံးနိုင်ပါတယ်။တတ်နိုင်သလောက် လှုပ်ရှားတက်ကြွစွာနေခြင်းဟာ ဦးနှောက်ကို လျင်မြန်စွာ ထိန်းညှိနိုင်စေပါတယ်။ ဒါပေမယ့် ဘယ်လိုလှုပ်ရှားမှုမျိုးက ချာချာလည်မူးစေလဲဆိုတာပေါ် မူတည်ပြီး ခက်ပါတယ်။ အပိရာထဲနေတာကောင်းပေမယ့် ဦးနှောက်နဲ့ ထိန်းညှိမယ့်အချိန်ကို ပိုကြာစေပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/benign-paroxysmal-position-vertigo-%e1%80%9b%e1%80%af%e1%80%90%e1%80%b9%e1%80%90%e1%80%9b%e1%80%80%e1%80%b9%e1%80%81%e1%80%ba%e1%80%ac%e1%80%81%e1%80%ba%e1%80%ac%e1%80%9c%e1%80%8a%e1%80%b9%e1%80%b1/
ရေဘယ်လောက်သောက်သောက် အာခေါင်ခြောက်နေရတဲ့ ဒုက္ခ
အာခေါင်ခြောက်တဲ့ပြဿနာကတော်တော်လေးပင်ပန်းရပါတယ်။ရေခဏခဏသောက်နေလည်း အာခေါင်ကခြောက်မြဲခြောက်ဆဲပါပဲ။ ဘာလို့ဖြစ်ရတာလဲဆိုတော့တံတွေးနည်းလို့၊ တံတွေးမထွက်လို့ပါ။ တံတွေးက အရသာခံနိုင်စွမ်းကို ကူညီထောက်ပံ့ပေးပြီး အစားအသောက်တွေကိုချေဖျက်ရာမှာလည်း ကူညီပေးပါတယ်။ သွားမှာ အစားအစာအကျန်တွေမကပ်ကျန်အောင် ကူညီပေးပြီးသွားမပျက်စီးစေဖို့အက်စစ်တွေကိုလျော့နည်းစေပါတယ်။တံတွေးခန်းခြောက်တဲ့အခါ နှုတ်ခမ်းသားနဲ့တဝိုက်မှာခြောက်သွေ့၊ တင်းနေစေပါလိမ့်မယ်။ ဒါဆိုနှုတ်ခမ်းတွေကွဲလာမယ်၊ နှုတ်ခမ်းထောင့်တွေမှာ အနာဖုလေးတွေဖြစ်လာမယ်။ လျှာကလည်း ကြမ်းလာ၊ခြောက်သွေ့လာမယ်၊ စားသောက်တဲ့အခါ မျိုချရခက်၊စကားပြောရခက်လာနိုင်တယ်။တံတွေးတွေက အစားအစာအကြွင်းအကျန်တွေကို ပုံမှန်မဖယ်ရှားပေးနိုင်တဲ့အတွက် အာခေါင်ခြောက်တဲ့သူတွေမှာခံတွင်းနံ့ဆိုးတြာဖစ်ပါတယ်။ လည်ချောင်းထဲ ကလိကလိယားနေတာ၊ အသံပြာ၊ အသံအက်ကွဲတာတွေကလည်း အာခေါင်ခြောက်ခြင်းရဲ့အကျိုးဆက်တွေဖြစ်နိုင်ပါတယ်။ဆရာဝန်ညွှန်းစာမလိုတဲ့ဆေးဝါးတွေနဲ့ အအေးမိသက်သာဆေးတွေအပါအဝင်ဆေးဝါးအမျိုးပေါင်း ၄၀၀ကျော်မှာအာခေါင်ခြောက်စေနိုင်တယ်ဆိုတဲ့ ဘေးထွက်ဆိုးကျိုးရှိပါတယ်။ သွေးတိုးကျဆေး၊ သည်းခြေဆေး၊နဲ့ စိတ်ကျန်းမာရေးဆေးဝါးတွေကြောင့်လည်း ဒီလက္ခဏာဖြစ်စေနိုင်ပါတယ်။ ဓါတ်ရောင်ခြည်တွေကြောင့်လည်း တံတွေးဂလင်းကိုထိခိုက်နိုင်ပြီး ဓါတုကုထုံးတွေက တံတွေးကိုပျစ်စေလို့ အာခေါင်ခြောက်စေနိုင်ပါတယ်။ဦးခေါင်း ဒါမှမဟုတ် လည်ပင်းထိခိုက်မှုတစ်ခုခုကနေဖြစ်လာတဲ့ အာရုံကြောထိခိုက်မှုကြောင့် အာခေါင်ခြောက်ခြင်းဖြစ်လာနိုင်ပါတယ်။ အာရုံကြောတချို့က ဦးနှောက်နဲ့တံတွေးဂလင်းတွေကြားမှာ သတင်းပေးပို့တဲ့လုပ်ဆောင်ချက်ရှိပါတယ်။ အဲဒီအာရုံကြောတွေထိခိုက်ထားတယ်ဆိုရင် တံတွေးထုတ်ပေးဖို့တံတွေးဂလင်းကိုသတင်းပို့နိုင်တော့မှာမဟုတ်ပါဘူး။အိတ်ခ်ျအိုင်ဗီ၊အယ်လ်ဇိုင်းမား၊ဆီးချိုသွေးချို၊သွေးအားနည်းရောဂါ၊လေးဘက်နာအဆစ်ရောင်၊သွေးတိုး၊ပါကင်ဆန်ရောဂါ၊လေဖြတ်ခြင်းတို့လို ရောဂါအကြောင်းရင်းခံတွေကြောင့်လည်း တံတွေးခန်းခြောက်ပြီးအာခေါင်ခြောက်စေနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ရဲ့ပြန်တိုက်ခိုက်မှုခံရတဲ့autoimmuneရောဂါတွေမှာသွေးဖြူဥဆဲလ်တွေက ခန္ဓါကိုယ်ထဲက မျက်ရည်နဲ့တံတွေးဂလင်းတွေကို တိုက်ခိုက်တာကြောင့်ဖြစ်ပါတယ်။ဆေးလိပ်သောက်ခြင်းက အာခေါင်ခြောက်စေတဲ့အဓိကအကြောင်းရင်းတော့မဟုတ်ပေမယ့် စီးကရက်၊ဆေးတံ စတဲ့ဆေးရွက်ကြီးပါတဲ့ အရာတွေအားလုံးက အာခေါင်ခြောက်ခြင်းကိုပိုဆိုးစေနိုင်ပါတယ်။အငန်ဓါတ်ကရေဓါတ်ခန်းခြောက်စေနိုင်တာ အသေအချာပါပဲ။ ဒါ့ကြောင့်အချိုမှုန့်များတာ၊ အငန်များတာတွေစားပြီးတဲ့အခါ ခန္ဓါကိုယ်က အရည်ဓါတ်တွေနဲ့ ဓါတ်ဆားတွေကို ဟန်ချက်ညီအောင်မထိန်းညှိနိုင်တော့ပါဘူး။ ဒါ့ကြောင့် အာခေါင်ခြောက်တယ်၊ရေပဲငတ်နေတယ်ဆိုရင် အငန်သာလျှော့စားကြည့်ပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/%e1%80%b1%e1%80%9b%e1%80%98%e1%80%9a%e1%80%b9%e1%80%b1%e1%80%9c%e1%80%ac%e1%80%80%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac%e1%80%80%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac%e1%80%80%e1%80%b9-%e1%80%a1%e1%80%ac/
ဘေဘီလေး နေမကောင်းဖြစ်နေလားဆိုတာကို ဒီအချက်တွေနဲ့သိနိုင်ပါတယ်နော်
ကလေးရဲ့ ကျန်းမာရေးကိုသိနိုင်တဲ့ အချက်တွေကတော့ အများကြီးပါ။ ဒီအချက်တွေထဲမှာမှ အခုအချက်ကလေးတွေကို သိရုံနဲ့တင်ကလေးကနေကောင်းရဲ့လားဆိုတာကို သိနိုင်မှာပါ။ကလေးကို ပါးစပ်ကနေ အပူချိန်တိုင်းမယ်ဆိုရင်တော့။ကလေးရဲ့ နှလုံးခုန်နှုန်းကို ဘယ်လိုတိုင်းတာမလဲ။ကလေးရဲ့နှလုံးခုန်နှုန်းကို မတိုင်းတာခင် ၅ မိနစ်လောက် ကလေးကို သက်သောင့်သက်သာနေခိုင်းပါ။ ပြီးရင် လက်ညှိုးနဲ့လက်ခလယ်ထိပ်လေးတွေကိုသုံးပြီး ကလေးရဲ့ လည်ပင်းကသွေးကြောဒါမှမဟုတ်လက်ကောက်ဝတ်၊ တံတောင်ခွက်တို့ကသွေးခုန်နှုန်းကိုစမ်းကြည့်ပါ။ လက်ထိပ်မှာ လာတိုးတာကိုခံစားမိမှာပါ။ စက္ကန့် ၃၀ အချိန်မှတ်ထားပြီး သွေးခုန်တဲ့အကြိမ်ရေကိုတိုင်းတာပါ။ ပြီးရင်တော့ ရလာတဲ့အရေအတွက်ကို ၂ နဲ့မြှောက်လိုက်ပါ။ ဒါကဘေဘီလေးရဲ့ နှလုံးခုန်နှုန်းပါ။ဘေဘီလေးတို့ရဲ့ ပုံမှန်နှလုံးခုန်နှုန်း။(၃) အသက်ရှူနှုန်း။ဒါကတော့ ဘေဘီလေးရဲ့ တစ်မိနစ်အတွင်း အသက်ရှူနှုန်းကို တိုင်းတာပါ။ ကလေးက စိတ်လှုပ်ရှားတဲ့အခါ၊ စိတ်ရှုပ်ထွေးတဲ့အခါ၊ နာကျင်မှုတစ်ခုခုကိုခံစားရတဲ့အခါမျိုးနဲ့ အဖျားရှိနေတဲ့အခါမျိုးမှာ အသက်ရှူနှုန်းက ပုံမှန်ထက်ပိုမြန်နိုင်ပါတယ်။ အသက်ရှူနှုန်းမြန်နေတာ နှေးနေတာက ကလေးမှာ အသက်ရှူရတာအခက်အခဲရှိနေတယ်ဆိုတာကိုဖော်ပြနေတာပါ။ ဒါကြောင့် ကလေးက အသက်ရှူတာအပြောင်းအလဲဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့ပြသဖို့လိုပါမယ်နော်။ကလေးက အသက်ရှူမြန်နေပြီး အခုလိုလက္ခဏာတွေပြနေမယ်ဆိုရင် ကလေးအခြေအနေက ချက်ချင်းကုသမှုခံယူဖို့လိုနေပါပြီနော်။ဒီအချက်လေးတွေကို ဆန်းစစ်ကြည့်လို့ ကလေးကျန်းမာရဲ့လားဆိုတာကို ကိုယ်တိုင်အဖြေထုတ်ကြည့်လိုက်ပါနော်။ ဘေဘီလေးတိုင်း ကျန်းမာပျော်ရွှင်စွာကြီးပြင်းနိုင်ကြပါစေကြောင်း……….။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%98%e1%80%b1%e1%80%98%e1%80%ae%e1%80%9c%e1%80%b1%e1%80%b8-%e1%80%94%e1%80%b1%e1%80%99%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%94%e1%80%b1/
Monkeypox မျိုးစိတ်သစ် A.2 အကြောင်း တစေ့တစောင်း
မျောက်ကျောက် ဆိုတာက လက်ရှိနိုင်ငံပေါင်း 90 ကျော်မှာ ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါ တစ်မျိုးပါ။ ကမ္ဘာတလွှားမှာ လူဦးရေ ၂၆၀၀၀ လောက် ခံစားနေရတဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ပါ။ လက်ရှိမှာတော့ မျောက်ကျောက်ရဲ့ မျိုးစိတ်သစ်ဖြစ်တဲ့ A.2 က မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက လူနာ ၂ ဦးမှာ ကူးစက်ဖြစ်ပွားနေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီတော့ Monkeypox မျိုးစိတ်သစ် A.2 အကြောင်း နည်းနည်းလောက် လေ့လာလိုက်ရအောင်နော်။Monkeypox မျိုးစိတ်သစ် A.2 ကို ဇူလိုင်လ အစောပိုင်းက UAE နိုင်ငံ Kerala ကနေ ပြန်လာတဲ့ အိန္ဒိယနိုင်ငံသား ၂ ဦးမှာ တွေ့ရှိခဲ့ရတာပါ။ မျောက်ကျောက်မှာ ဖြစ်လေ့ရှိတဲ့ အရေပြားမှာ အနာတွေ ဖြစ်တာကနေတဆင့် စစ်ဆေးကြည့်တဲ့ အခါမှာ ဥရောပမှာ ဖြစ်ပွားနေတဲ့ မျောက်ကျောက် မျိုးစိတ်နဲ့ မတူဘဲ Monkeypox A.2 ဖြစ်နေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ Monkeypox မျိုးစိတ်သစ် A.2 က အနောက်အာဖရိက ဒေသမှာ တွေ့ရတဲ့ မျောက်ကျောက် ဗိုင်းရပ်စ် ဖြစ်တဲ့ hMPXV-1A ရဲ့ မျိုးကွဲ တစ်မျိုးပါ။ လက်ရှိ ကမ္ဘာ့နိုင်ငံတွေမှာ ဖြစ်ပွားနေတာက မျောက်ကျောက် ဗိုင်းရပ်စ်ရဲ့ B.1 မျိုးစိတ်ပါ။အဖြစ်များတဲ့ မျိုးစိတ်တွေက အနောက်အာဖရိက နဲ့ အာဖရိက အလယ်ပိုင်းဒေသက မျိုးစိတ်တွေပါ။ အနောက်အာဖရိက မျိုးစိတ်က အာဖရိက အလယ်ပိုင်း မျိုးစိတ်လောက် သိပ်မပြင်းထန်ပါဘူး။ အာဖရိက အလယ်ပိုင်းဒေသက မျောက်ကျောက် မျိုးစိတ် ကူးစက်ခံရသူတွေက အဖျားရောဂါကို ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရပါတယ်။ အသက်ဆုံးရှုံးနိုင်ခြေက ၀ – ၁၁% ရှိပြီး ကူးစက်နှုန်းက မြန်ပါတယ်။Monkeypox မျိုးစိတ်သစ် A.2 ကူးစက်ခံရတဲ့သူတွေမှာ အခုလို လက္ခဏာတွေ တွေ့ရပါတယ်။ပုံမှန်အားဖြင့်တော့မျောက်ကျောက်ရောဂါကို ဆေးကုသမှု မဖြစ်မနေ ခံယူပေးဖို့ မလိုပါဘူး။ မျောက်ကျောက်ကြောင့် ဖျားနာမှုက အရမ်းမပြင်းထန်ပါဘူး။ ကုသမှု မလိုအပ်ဘဲ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ သက်သာသွားနိုင်ပါတယ်။လက်ရှိမှာ အသုံးပြုနေတဲ့ ကုထုံးတွေက လက္ခဏာတွေကို သက်သာစေရုံသာဖြစ်ပြီး အရမ်းမပြင်းထန်ဘူးဆိုရင်တော့ ကုထုံး ခံယူပြီး ၂ ပတ် ကနေ ၄ ပတ်အတွင်းမှာ အများစုက သက်သာလာကြပါတယ်။ နိုင်ငံအချို့မှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ဖို့ ကာကွယ်ဆေးတွေ အသုံးပြုနေတာတွေလည်း ရှိပါတယ်။ကျောက်ကြီးရောဂါ ကာကွယ်ဆေး ကာကွယ်ဆေးက မျောက်ကျောက်ရောဂါ ကူးစက်မှုကို ၈၅% အထိ ကာကွယ်ပေးနိုင်ပါတယ်။မျောက်ကျောက်ဗိုင်းရပ်စ်က။တိရစ္ဆာန်ဆီကနေ လူသားတွေဆီကိုတော့။မျောက်ကျောက်ရောဂါကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့ အများကြီးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-viral-infections/monkeypox-new-strain-a-2/
ခြေ ဖနောင့်အတက် ထွက်နေပြီလား
လမ်းလျှောက်လိုက်တိုင်းဖနောင့်က နာနာနေတာ ဖနောင့်အတက် များ ထွက်နေသလား မသိဘူးလို့ သူများတွေ ပြောတာကြားဖူးပါသလား။ ဒါကိုအရိုး အတက်ထွက်တယ်လို့ ခေါ်ပါတယ်။ အတက်ထွက်တယ်ဆိုပေမယ့် တကယ်တော့ အရိုးမှာကယ်ဆီယမ်တွေ စုပုံလာတာကို ခေါ်တာပါ။ အများအားဖြင့်တော့ ဖနောင့်နဲ့ ခြေချောင်းနား တစ်လျှောက်မှာ အတက်ထွက်လေ့ရှိပါတယ်။အရိုးအတက်က မမြင်ရလောက်အောင် သေးတဲ့ အရွယ်ကနေ လက်မဝက်အရွယ်လောက်ထိ ရှိတတ်ပါတယ်။ ဒါကြောင့် အရိုးအတက်ထွက်တိုင်း နာချင်မှ နာမှာပါ။ ဖနောင့်အရိုးအတက်ထွက်တာနဲ့ ပတ်သတ်ပြီး ထပ်သိဖို့ လိုတာလေးတွေကို ဆက်ပြောပြပါ့မယ်။ဖနောင့်အတက် ထွက်တာက သေးသေးလေးပဲ ဆိုရင် ဘာလက္ခဏာမှ မပြတတ်ပါဘူး။ နာလည်း မနာပါဘူး။ တခြားအကြောင်းနဲ့ ပတ်သတ်ပြီး စမ်းရင်း ပြုရင်းနဲ့မှ မတော်တဆ တွေ့တတ်တာမျိုးပါ။  တစ်ခါတစ်လေတော့လည်း အတက်ထွက်တာကြောင့်။ဖနောင့်အတက်ထွက်ရတာ ဖနောင့်မှာ ရှိတဲ့ကြွက်သားတွေ၊အရွတ်တွေ နာတာရှည် ဒဏ်ဖြစ်သွားလို့ပါ။ ဒီလိုနဲ့ ကြာလာတော့ ဖနောင့်မှာ အတက်ထွက်လာတော့တာပေါ့။ သူက အခု ဒဏ်ဖြစ် အခု အတက်ထွက် မဟုတ်ပါဘူး။ အချိန်တော်တော်ကြာမှ ဖြစ်လာတာပါ။ ဒါကြောင့် ဘာကြောင့်မှန်းမသိ ဖနောင့်နာတာ ကြာနေပြီဆိုရင် ပစ်မထားသင့်ပါဘူး။မျက်နှာပြင် မာမာပေါ်မှာ ဖိနပ်မပါဘဲ လမ်းလျှောက်တာ၊ ပြေးတာ၊ ခုန်တာတွေက ကြာလာရင် အရိုးအတက် ထွက်စေပါတယ်။ ခြေထောက်နဲ့ မတော်တဲ့၊ သက်တောင့်သက်သာ မဖြစ်တဲ့ ဖိနပ်တွေ စီးတာကလည်း ရေရှည်မှာ အတက်ထွက်စေပါတယ်။ အရိုးအတက်ထွက်စေတဲ့ အခြားအကြောင်းရင်းတွေကတော့။ဖနောင့်အတက်ထွက်တဲ့သူ တော်တော်များများမှာplantar fasciitisလို့ခေါ်တဲ့ ခြေဖဝါး အရွတ်မြှေးရောင်တာကိုလည်း တွဲတွေ့ရတတ်ပါတယ်။ ဒီအရွတ်မြှေးရောင်တာကလည်း အရိုးအတက်ထွက်စေတဲ့ အကြောင်းရင်း တစ်ခုပဲ ဖြစ်ပါတယ်။ဖနောင့်နာတိုင်း ဖနောင့်အတက်ထွက်တယ်လို့ တထစ်ချ ပြောလို့မရပါဘူး။ ဒီလိုပဲ ဖနောင့်မနာဘဲ ဖနောင့်အတက်သေးသေးလေးတွေ ထွက်တာလည်း ရှိပါတယ်။ ကိုယ့်ဟာကိုယ် ခွဲဖို့ မလွယ်ပါဘူး။ အရိုးအထူးကု ဆရာဝန်နဲ့ ပြပြီး စမ်းသပ်စစ်ဆေးတာ၊ ဓာတ်မှန်ရိုက်ကြည့်မှ သိနိုင်တာမျိုးပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို အရိုးအတက်ထွက်တယ်လို့ သံသယရှိနေရင် ဆရာဝန်နဲ့ ပြသဖို့ အကြံပေးလိုပါတယ်။ကိုယ့်ဟာကိုယ် အိမ်မှာ လုပ်နိုင်တဲ့ နည်းလမ်းတွေကတော့။တခြား နည်းလမ်းတွေကတော့။ကာကွယ်ဖို့ဆိုရင်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/%e1%80%81%e1%80%bc%e1%80%b1-%e1%80%96%e1%80%94%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b7%e1%80%a1%e1%80%90%e1%80%80%e1%80%ba-%e1%80%91%e1%80%bd%e1%80%80%e1%80%ba%e1%80%94%e1%80%b1%e1%80%95%e1%80%bc/
ရေတိမ်ဘာကြောင့် ဖြစ်ရတာလဲ
ရေတိမ်ဆိုတာ မျက်လုံးထဲမှာ ဖိအား အရမ်းများတဲ့အတွက် အမြင်အာရုံကြော ပျက်ဆီးသွားတဲ့ ဝေဒနာ တစ်မျိုး ဖြစ်ပါတယ်။ အမြင်အာရုံကြောဟာ အမြင်အာရုံအတွက် အရမ်း အရေးပါတဲ့ လုပ်ဆောင်ချက်ကို လုပ်နေတဲ့ အာရုံကြော တစ်ခုပါ။ ဒီအာရုံကြောဟာ မျက်လုံးက အချက်ပြချက်တွေကို ဦးနှောက်သို့ပို့ပေးပြီး ဦးနှောက်မှ တစ်ဆင့် ပုံရိပ်များအဖြစ် ပြန်ပြောင်းပေးတာ ဖြစ်ပါတယ်။ ဒီကြားခံ ဆက်သွယ်ပေးနေတဲ့ အမြင်အာရုံကြောက ကောင်းကောင်း အလုပ်မလုပ်ဘူးဆိုရင် အမြင်ထိခိုက်လာနိုင်ပြီး မျက်လုံးကန်းသည် အထိဖြစ်စေနိုင်ပါတယ်။မျက်လုံးဟာ မျက်လုံးအတွင်းထဲက တစ်ရှုးတွေကို သန့်ရှင်းပြီး အာဟာရထုတ်လုပ်ပေးတဲ့ အရည်တွေကို ထုတ်လုပ်ပေးပါတယ်။ ဒီအရည်တွေကို aqueous humour လို့ခေါ်ပါတယ်။ ဒီ aqueous humour ဟာ မျက်ရည်နဲ့ မဆိုင်ပါဘူး။ မျက်ရည်ထွက်ခြင်းဟာ aqueous humour ကြောင့်ထွက်တာ မဟုတ်ပါဘူး။ ပုံမှန်အားဖြင့် ဒီအရည်တွေဟာ drainage angle လို့ခေါ်တဲ့ လမ်းကြောင်းမှ အပြင်ကို စီးဆင်းသွားပါတယ်။ ရေတိမ်ရှိမယ်ဆိုရင် ဒီလမ်းကြောင်းဟာ ပိတ်မိနေပြီး အရည်တွေက မျက်လုံး တွင်းသို့ ပြန်ဝင်လာကာ မျက်လုံးတွင်း ဖိအားကို ဖြစ်စေနိုင်ပါတယ်။ ဘာကြောင့် ဒီလမ်းကြောင်း ပိတ်ဆို့ရတာလဲဆိုတာ အခုချိန်ထိသေချာ မသိရသေးပေမဲ့ ဆေးပညာရှင်တွေကတော့ ဒီလို ပိတ်ဆို့တဲ့ ဝေဒနာက မျိုးရိုးလိုက်တဲ့ ဝေဒနာ ဖြစ်တယ်လို့ ဆိုထားပါတယ်။သင့်ရဲ့ မိဘ၊ အစ်ကို ၊ အမနဲ့ သွေးချင်းနီးတဲ့ ဆွေမျိုးတွေမှာ ရေတိမ်ရှိမယ်ဆိုရင် သင်မှာလည်း ဖြစ်ပွားလာနိုင်ပါတယ်။ အသက် ၄၀ ကျော်လာတာနဲ့ အမျှ ရေတိမ် ဖြစ်ပွားနိုင်ခြေ ပိုများလာပြီး အောက်ပါ ဝေဒနာတွေ ရှိနေရင်လည်း ခံစားရနိုင်ခြေ ရှိပါတယ်။ အဲ့ဒါတွေကတော့။ရေတိမ် အမျိုးအစား စုစုပေါင်း (၄) မျိုး ရှိပါတယ်။ အတွေ့ရအများဆုံးကတော့ လမ်းကြောင်း ပွင့် ရေတိမ် (Open-Angle Glaucoma) ဖြစ်ပါတယ်။ ဒီရေတိမ်ဟာ ရေတိမ်ဖြစ်ပွားတဲ့ လူနာ ၉၀ ရာခိုင်နှုန်းမှာတွေ့ရလေ့ ရှိပြီး မျက်ဝန်း (iris) နဲ့ မျက်ကြည်လွှာ (cornea) ကြားထောင့်ဟာ ကျယ်ဝန်းနေပေမဲ့ အတွင်းပိုင်းမှာ ပိတ်နေတဲ့ ရေတိမ်ဖြစ်ပါတယ်။ ဒီရေတိမ် အမျိုးအစားကတော့ ဖြစ်ပွားချိန် ကြာမြင့်ပြီး ရောဂါ လက္ခဏာတွေကို အစပိုင်းမှာတွေ့ရမှာ မဟုတ်ပါဘူး။ဒီလိုရေတိမ်မျိုးကတော့ အဖြစ်မြန်ပြီး အရေးပေါ် ကုသဖို့လိုပါတယ်။ ဒီရေတိမ်ဟာ drainage လမ်းကြောင်း အပေါက်ကျဉ်းနေတဲ့ လူတွေမှာ အဖြစ်များပြီး ရုတ်တရက် လမ်းကြောင်း ပိတ်ဆို့သွားတတ်ပါတယ်။ ဒီလို ပိတ်ဆို့သွားတဲ့ အခါမှာ မျက်လုံးတွင်းမှ အရည်တွေက ပြင်ပကို မထွက်သွားတော့ဘဲ မျက်လုံးတွင်းက ဖိအားတွေက ရုတ်တရက် မြင့်တတ်လာပါတော့တယ်။ သင့်အနေနဲ့ ရုတ်တရက်ပြင်းထန်စွာ မျက်လုံးနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်းနဲ့ အမြင်အာရုံ ချို့ယွင်းလာခြင်းတို့ ဖြစ်လာရင် မျက်လုံးကန်းခြင်းမှ ကာကွယ်နိုင်ရန်အတွက် အရေးပေါ် ခွဲစိတ်မှု ပြုလုပ်ပြီး drainage လမ်းကြောင်းကို ပြန်လည် ဖွင့်နိုင်ပါတယ်။ လမ်းကြောင်း ပိတ်ရေတိမ် ကတော့ ပိုအတွေ့ရနည်းတဲ့ ရေတိမ်မျိုးဖြစ်ပြီး ရောဂါလက္ခဏာတွေက ချက်ခြင်း သိသာပါတယ်။ဒီရေတိမ်အမျိုးအစားက မျက်လုံးတွင်းဖိအားက အရမ်းမများရင်တောင် အမြင်အာရုံကြော ထိခိုက်သွားတဲ့ ရေတိမ်မျိုးဖြစ်တာကြောင့် သာမန်ဖိအားရှိရေတိမ်လို့ခေါ်တာပါ။ ဆေးပညာရှင်တွေကတော့ သာမန် ဖိအားပဲ ရှိနေတာတောင် ဘာကြောင့် အမြင်အာရုံကြောတွေ ပျက်ဆီးသွားရတာလဲဆိုတာကို အတိအကျ မသိသေးကြပါဘူး။ ဖြစ်နိုင်တာတစ်ခုကတော့ အမြင်အာရုံကြောဟာ ဖိအားလေး နည်းနည်းလေးတိုးလာတာနဲ့ ပျက်စီးသွားနိုင်တဲ့ အထိ နူးညံ့လွန်းခြင်းကြောင့် ဖြစ်နိုင်တဲ့အပြင် အမြင်အာရုံကြောသို့ သွေးနည်းပါးစွာ စီးဆင်းခြင်းကြောင့် ပျက်စီးသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလို ရေတိမ်မျိုးဆိုရင်တော့ ဆရာဝန်များက မျက်လုံးတွင်းဖိအားကို သာမန်ဖိအားထက်နည်းပါးစေဖို့ အတွက် ကုသပေးမှာ ဖြစ်ပါတယ်။ဝမ်းတွင်းပါ ရေတိမ်ဆိုတာကတော့ သန္ဓေဆောင်စဉ်ကာလမှာ မျက်လုံးရဲ့ drainage လမ်းကြောင်းက ပုံမှန်အတိုင်း မဖွံ့ဖြိုးတဲ့အတွက် ကလေးတွေမှာ ဖြစ်ပွားတဲ့ ရေတိမ်မျိုး ဖြစ်ပါတယ်။ ဒီရေတိမ်ကလည်း ရှားပါးတဲ့ အမျိုးအစား ဖြစ်ပြီး မျိုးရိုးလိုက်တဲ့ ဝေဒနာ မျိုး ဖြစ်ပါတယ်။ ရေတိမ်ဝေဒနာက အရမ်း မရှုပ်ထွေးတဲ့အချိန်မှာ အသေးစားခွဲစိတ်မှုလုပ်ကာ ပြင်ဆင်နိုင်ပြီး တစ်ချို့လူနာတွေမှာတော့ ခွဲစိတ်မှု အပြင်ဆေးဝါးပါ အသုံးပြုပြီး ကုသရလေ့ရှိပါတယ်။ ဒီဝေဒနာ ဖြစ်ပွားရင် ကလေးရဲ့ မျက်လုံးဟာ တိမ်ဖုံးနေပြီး ပုံမှန်ထက်ကြီးနေမှာ ဖြစ်ပါတယ်။လမ်းကြောင်းပွင့်ရေတိမ်နဲ့ သာမန်ဖိအားရှိရေတိမ်တွေကတော့ ရောဂါ ဖွံ့ဖြိုးချိန် ကြာတဲ့အတွက် အချိန်ကြာတဲ့အထိ ရောဂါ လက္ခဏာတွေကို တွေ့ရမှာ မဟုတ်ပါဘူး။ မကုသဘဲ ဒီအတိုင်းနေမယ်ဆိုရင်တော့ မျက်လုံးရဲ့ အနားစွန်းတွေမှာ မြင်ရတော့မှာ မဟုတ်ပါဘူး။ ဒီလို ဖြစ်တဲ့အခါ ပုံမှန်အတိုင်း မျက်လုံးက အပြည့်အဝ မမြင်တော့ဘဲ မျက်လုံးအနားစွန်းက အရာတွေကို မြင်နိုင်မှာ မဟုတ်ပါဘူး။ ဒီလို အနားစွန်းတွေ မမြင်ရတဲ့အခါ ပိုက်တစ်လုံးမှ တစ်ဆင့် ကြည့်နေသလိုပဲ အရာဝတ္ထုများကို အလယ်ပိုင်းသာ မြင်ရမှာ ဖြစ်ပါတယ်။ပုံမှန်မျက်လုံး စစ်ဆေးနေခြင်းက ရေတိမ်ဖြစ်နေပြီသလားဆိုတာကို သိဖို့ အတွက် အကောင်းဆုံး နည်းလမ်းပါပဲ။ စမ်းသပ်နိုင်တဲ့ နည်းလမ်းတွေကတော့။ဒီနည်းလမ်းမှာဆိုရင်တော့ ရေတိမ်ကို ကုသဖို့ အတွက် မျက်စဉ်းဆေးနဲ့ ဆေးဝါးများကို မှီဝဲရမှာ ဖြစ်ပြီး ဒီဆေးဝါးတွေက မျက်လုံးက ထုတ်လုပ်တဲ့ အရည်ပမာဏကို နည်းပါးစေပြီး ခန်းခြောက်စေမှာ ဖြစ်ပါတယ်။ ရေတိမ်ဖြစ်မလာစေဖို့ အတွက် ဒီဆေးဝါးတွေကိုနေ့တိုင်း မှီဝဲဖို့လိုပြီး မျက်လုံးပူစပ်ခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းနဲ့ နီရဲလာခြင်းတို့ ဖြစ်လာရင်တော့ ဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။လမ်းကြောင်းပွင့် ရေတိမ် (Open-Angle Glaucoma) ဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်များက မျက်လုံးတွင်း ဖိအားနည်းပါးစေဖို့ အတွက် လေဆာခွဲစိတ်မှု ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီလေဆာ ခွဲစိတ်မှုကို ဆေးဝါးတွေ မှီဝဲနေရင်တောင် မျက်လုံး ဖိအားက မနည်းသွားတဲ့လူတွေနဲ့ ဆေးကြောင့် ဘေးထွက်ဆိုးကျိုးတွေကို ခံစားနေရတဲ့ လူတွေကို ကုသပေးလေ့ရှိပါတယ်။ပထမဆုံး ဆရာဝန်က မျက်လုံးကို ထုံဆေးပေးမှာ ဖြစ်ပြီး လေဆာ အလင်းတန်းနဲ့ မျက်လုံး အတွင်း အရည်များ စီးဆင်းစေရန်အတွက် drainage လမ်းကြောင်းကို အပေါက်ဖောက်ပေးမှာ ဖြစ်ပါတယ်။ လေဆာ ခွဲစိတ်မှုတွေက မျက်လုံးတွင်း ဖိအားကို နည်းပါးစေနိုင်ပေမဲ့ ရေရှည်သိပ်မခံပါဘူး။ ဒီခွဲစိတ်မှုကိုတော့ ကမ္ဘာတစ်ဝှမ်း အသုံးပြုနေကြတာ ၂၆ နှစ်ကျော်ရှိနေပြီ ဖြစ်ပါတယ်။ဆေးဝါးနဲ့ လေဆာ ခွဲစိတ်မှုတွေက မျက်လုံးတွင်းဖိအားကို မနည်းစေဘူးဆိုရင် ဆရာဝန်တွေကတော့ မျက်လုံးတွင်း ဖိအားနည်းပါးစေတဲ့ ခွဲစိတ်မှုကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ခွဲစိတ်မှု ပြုလုပ်တဲ့ နည်းစနစ်ကတော့ ဆရာဝန်ဟာ မျက်လုံး အပြင်ဘက်ဆုံးက အဖြူသားမှာ အပေါက်လေးဖောက်ပြီး မျက်လုံးတွင်းအရည်တွေ ပိုစီးဆင်းစေဖို့ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ဒီခွဲစိတ်မှုကို ခံယူပြီးတဲ့ လူတစ်ဝက်လောက်တော့ ရေတိမ်ဆေးတွေ ဘာဆေးမှ သောက်စရာမလိုတော့ပါဘူး။ဒါပေမဲ့တစ်ခါတစ်ရံမှာတော့အပေါက်က ပြန်ပိတ်သွားနိုင်တဲ့အတွက် ဒုတိယအကြိမ် ပြန်ခွဲစိတ်ဖို့လိုပါလိမ့်မယ်။ ဒီလို ခွဲစိတ်မှုဟာ ရေတိမ်ကြောင့် အမြင်အာရုံ ဆုံးရှုံးခြင်းကိုတော့ ပြန်လည်ကောင်းမွန်စေနိုင်မှာ မဟုတ်ပါဘူး။ရေတိမ်ရှိတဲ့ လူတစ်ဝက်လောက်က သူတို့မှာ ရေတိမ်ရှိနေမှန်းတောင် မသိကြပါဘူး။ ဒါ့ကြောင့် အမြင်အာရုံ ကွယ်ခြင်းကို ကာကွယ်ဖို့အတွက် မိသားစုသမိုင်းမှာ ရေတိမ်နဲ့ တစ်ခြားသော ရောဂါများရှိသလားဆိုတာ သိအောင်လုပ်ထားပါ။မျက်လုံး စစ်ဆေးမှုကို တစ်နှစ်မှ နှစ်နှစ် အတွင်း တစ်ကြိမ်ခန့် စစ်ဆေးပါ။ သင့်ရဲ့ ဆရာဝန်က သင့်မှာ ရေတိမ်ရှိနေပြီလို့ ပြောလာရင် သူ့ရဲ့ ညွှန်ကြားချက် အတွက် လိုက်နာပြီး ထူးခြားမှုတွေ တွေ့လာတာနဲ့ အမျှ အချိန်နဲ့ တစ်ပြေးညီ ကာကွယ်ဖို့ လိုပါတယ်။မျက်စင်းဆေးတွေ၊ ခွဲစိတ်မှုတွေဟာ ရေတိမ်ကိုကာကွယ်ပေးနိုင်ပြီး အမြင်အာရုံဆုံးရှုံးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ သင့်အနေနဲ့ မျက်လုံးတွင်း ဖိအားကို အမြဲတမ်း သိနေဖို့ အတွက် စစ်ဆေးမှုတွေလုပ်နေဖို့လိုပြီး ခွဲစိတ်ပြီးပြီဆိုရင်လည်း တစ်နှစ်အတွင်းမှာ ၂ ကြိမ်ခန့် မျက်လုံးတွင်း ဖိအားကို သွားရောက်စစ်ဆေးသင့်ပါတယ်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/glaucoma/what-causes-glaucoma/
Hyperthyroidism (သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲခြင်း)
သိုင်းရွိုက်ဂလင်းက လိုတာထက် ပိုအလုပ်လုပ်နေမယ် ဆိုရင် သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲတဲ့ နာမကျန်းမှု ဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဂလင်းဟာ လည်ပင်းနောက်ကျောမှာ ရှိနေပြီး ခန္ဓါကိုယ် အတွင်း လုပ်ဆောင်ချက်တွေကို ထိန်းချုပ်ဖို့ သိုင်းရွိုက်ဟော်မုန်းတွေ ထုတ်ပေးပါတယ်။ သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင်ချက်တွေထဲမှာ သွေးထဲ ကယ်လ်ဆီယမ် အချိုးအစားကို စောင့်ကြည့်တာ၊ ဇီဝဓါတု ဖြစ်စဉ်ကို တိုးတက်စေတာ၊ နှလုံးကို အလုပ်လုပ်စေတာ၊ အာရုံကြောစနစ် နဲ့ ကိုယ်အပူချိန်ကို ပုံမှန် ဖြစ်စေတာ စသဖြင့် ပါဝင်ပါတယ်။ ဒါပေမယ့် ဟော်မုန်းတွေက အရမ်းများနေမယ် ဆိုရင်တော့ သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲခြင်း ဖြစ်လာနိုင်ပါတယ်။ဒါက ဖြစ်နေကျ ရောဂါဖြစ်ပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ၃ ဆ လောက် ပိုဖြစ်ပါတယ်။ အန္တရာယ်ဖြစ် တတ်တဲ့ အချက်တွေ ကို လျှော့ချခြင်း အားဖြင့် အူကျဖို့ အခွင့်အလမ်းများတာ ကို ရှောင်နိုင်ပါတယ်။ ထပ်သိချင်တယ် ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။စိတ်လှုပ်ရှားတာ၊ ချွေးပြန်တာ၊ မောပန်းလွယ်တာ နဲ့ နှလုံးခုန်နှုန်း မြန်တာ၊ နှလုံးခုန်နှုန်းမူမမှန်တာတွေ ပါဝင်ပါတယ်။ တခြား လက္ခဏာတွေကတော့ မျက်လုံးထဲ နေမထိထိုင်မသာ ဖြစ်တာ၊ ကိုယ်အလေးချိန်ကျဆင်းတာ၊ အပူဒဏ်မခံနိုင်တာ၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာစသဖြင့် ဖြစ်ပါတယ်။ ဂရေ့ဗ် ရောဂါ ရှင်တွေ မှာဆိုရင် သိုင်းရွိုက်ဂလင်းဟာ အလွန်ကြီးမားနေပြီး မျက်လုံးတွေဟာလည်း ပြူးထွက်နေမှာ ဖြစ်ပါတယ်။အပေါ်မှာ မပါတဲ့ တခြား ရောဂါ လက္ခဏာတွေလည်း ရှိပါတယ်။ ရောဂါ လက္ခဏာတွေ နဲ့ ပတ်သက်ပြီး စိတ်ပူစရာ ရှိနေမယ် ဆိုတော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။အဖြေမရှာနိုင်တဲ့ ကိုယ်အလေးချိန်ကျဆင်းမှု၊ နှလုံးခုန်နှုန်းမြန်ဆန်ခြင်း၊ ပုံမှန်မဟုတ်ပဲ ချွေးထွက်ခြင်း၊ လည်ပင်းအောက်ပိုင်း မှာ ရောင်ရမ်းနေခြင်း ဒါမှမဟုတ် သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲတဲ့ ရောဂါ နဲ့ သက်ဆိုင်တဲ့ တခြား လက္ခဏာတွေ ရှိနေမယ်ဆိုရင် ဆရာဝန် ပြပါ။ ဘာတွေပြောင်းလဲနေတယ် ဆိုတာ ကို သေချာပြောပြဖို့ လိုအပ်ပါတယ်။ ဘာလို့လဲ ဆိုတော့ သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲတဲ့ ရောဂါ လက္ခဏာတွေက တခြား နာမကျန်းမှုတွေ နဲ့ လည်း ဆက်စပ်နိုင်လို့ ဖြစ်ပါတယ်။ သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲတဲ့ ရောဂါကို ကုသတော့မယ်၊ ကုသနေဆဲ ကာလ ဖြစ်တယ် ဆိုရင် ဆရာဝန်နဲ့ ပုံမှန်တွေ့ပြီး ပုံမှန် စစ်ဆေးမှုကို ခံယူကာ ညွှန်ကြားချက်တွေကို နားထောင်ဖို့ လိုပါတယ်။တွေ့ရအများဆုံး ဖြစ်ပွားရခြင်း အကြောင်းရင်းကတော့ ဂရေ့ဗ် ရောဂါ ဖြစ်ပါတယ်။ ဒီရောဂါကြောင့် ဖြစ်နိုင်ချေဟာ ၈၀ ရာခိုင်နှုန်း ကနေ ၉၀ ရာခိုင်နှုန်း အထိရှိပါတယ်။ တခြား အတွေ့ရနည်းတဲ့ အကြောင်းရင်းတွေထဲမှာ သိုင်းရွိုက်ရောင်ရမ်းတာ၊ ဂလင်းအကျိတ် အဆိပ်သင့်တာ နဲ့ သိုင်းရွိုက် ဆေးတွေ အလွန်မှီဝဲတာမျိုးတွေ ပါဝင်ပါတယ်။ ဂလင်းအကျိတ်ဆိုတာ သိုင်းရွိုက်ဟော်မုန်း ထုတ်ပေးတဲ့ အကျိတ် ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ဖြစ်ပွားရတဲ့ အကြောင်းကို မသိနိုင်ပါဘူး။ နာမကျန်းမှုဟာ တစ်မိသားစုထဲ ဖြစ်နေပေမယ့် ကူးစက်ခံရတာတော့ မဟုတ်ပါဘူး။သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲခြင်း၊ ဂရေ့ဗ်ရောဂါ ဟာ တစ်မိသားစုထဲမှာ ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ မိသားစုဝင် တခြားတစ်ယောက်မှာ သိုင်းရွိုက်ရောဂါ ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး သိုင်းရွိုက်မူမမှန်တာတွေ ကို စောင့်ကြည့်ဖို့ အကြံဉာဏ် ရယူပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်ဟာ ဆေးကုသမှု မှတ်တမ်း၊ ပြင်ပန်းသဏ္ဍန် ၊ သွေးအတွင်း သိုင်းရွိုက်ဟော်မုန်းပမာဏကို စစ်ဆေးတဲ့ သွေးစစ်ချက်တွေကို ကြည့်ပြီး စမ်းသပ်စစ်ဆေးနိုင်ပါတယ်။ခန္ဓါကိုယ်ထဲက သိုင်းရွိုက် ဟော်မုန်းပမာဏကို လျော့စေခြင်းအား ဖြင့် ရောဂါကို ကုသပေးနိုင်ပါတယ်။ ဆေးဝါးတွေ၊ ဓါတ်ရောင်ခြည်ကုထုံး ဒါမှမဟုတ် ခွဲစိတ်ပြီး ဟော်မုန်းပမာဏကို လျှော့ချနိုင်ပါတယ်။သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲခြင်း ရောဂါကို ကုသဖို့ နေထိုင်မှု ပုံစံတွေနဲ့ အိမ်တွင်းကုထုံးတွေကို ဖော်ပြပါ။အောက်ပါ နေထိုင်မှုပုံစံတွေနဲ့ အိမ်တွင်း ကုထုံးတွေက ရောဂါကို လျှော့ချဖို့ ကူညီပေးနိုင်ပါတယ်။သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲခြင်း ရောဂါရှင် ၁၀% ကနေ ၁၅% လောက်ဟာ ခွဲစိတ်ကုသမှု ခံယူရလေ့ရှိပါတယ်။မေးစရာတွေ ရှိနေမယ်ဆိုရင်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲဆိုတာကို အကြံဉာဏ်ရယူပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/hyperthyroidism-%e1%80%9e%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%bd%e1%80%80%e1%80%ba%e1%80%82%e1%80%9c%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%b1/
ရာသီသွေးဆင်းရက် ရှည်တာ ဘာကြောင့်များလဲ
ရာသီသွေးဆင်းတာက အရွယ်ရောက်ပြီး အမျိုးသမီးတိုင်း ကျန်းမာစေဖို့ အရေးပါတဲ့ အချက်တစ်ခုပေါ့။ ရာသီသွေးဆင်းတာက မဆင်းရင်လည်း ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ဆင်းတာများတာ ရက်ရှည်တာကလည်း ကျန်းမာရေးအပေါ်မှာ သက်ရောက်တာမျိုးတွေ ရှိနေနိုင်ပါတယ်။ ဒါကြောင့်ရာသီသွေးဆင်းတာက လစဉ်မှာ သင့်တင့်လျောက်ပတ်တဲ့ အနေအထား ရှိနေဖို့ လိုပါမယ်။ ရာသီသွေးဆင်းတာကလေဒီတို့အတွက် ကျန်းမာရေး အချက်ပြစနစ် တစ်ရပ်ဖြစ်တာကြောင့် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ရာသီသွေးဆင်းရက် ရှည်တာ ဘာကြောင့်များလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ရာသီသွေးဆင်းတယ် ဆိုတာက သားအိမ်အတွင်းနံရံမှာတွယ်ကပ်နေတဲ့ တစ်ရှူးတွေသားအိမ်ခေါင်းကနေတဆင့် ဆင်းလာတာပါ။ ရက်ကိုလိုက်ပြီးတော့ သွေးပမာဏ နဲ့ တစ်ရှူးပမာဏက ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် ရာသီသွေးတွေက ရာသီသွေး စဆင်းပြီး ၂ ရက် ကနေ ၇ ရက်အတွင်းမှာ ပြီးဆုံးပါတယ်။တစ်ခါတစ်လေမှာတော့ ရာသီသွေးဆင်းရက်က ပုံမှန်ထက် ပိုကြာရှည်နေတာမျိုး ရှိတတ်ပါတယ်။ ဒီလိုမျိုး ရာသီသွေးဆင်းရက် ရှည်ရတာက သားဆက်ခြားနည်းတွေ သုံးရတာအပြင် ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ရာသီသွေးဆင်းတာက ပုံမှန်အားဖြင့် ၂ ရက် ကနေ ၇ ရက်အထိ ကြာမြင့်နိုင်ပါတယ်။ တကယ်လို့ ရာသီသွေးဆင်းတာက ၇ ရက်ထက် ကျော်နေမယ်ဆိုရင်တော့ ဒါက ရာသီသွေးဆင်းရက် ရှည်နေတာပါ။ရာသီသွေးဆင်းရက် ရှည်တာ ဘာကြောင့်များလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။သားဥကြွေချိန်မှာ သားဥအိမ်တွေက မမျိုးဥကို ထုတ်လွှတ်ပါတယ်။ တချို့အမျိုးသမီးတွေက သားဥကြွေချိန်မှာ သွေးအနည်းဆင်းတတ်ပါတယ်။ ဒါပုံမှန်ပါတယ်။ ရာသီစက်ဝန်းတိုတဲ့ အမျိုးသမီးတွေမှာ ရာသီလာတဲ့ရက်နဲ့ သားဥကြွေတဲ့ရက်က ကပ်နေတတ်ပါတယ်။ ဆိုလိုတာက ရာသီရက်လည်းပြီး သားဥလည်းကြွေတာမျိုးပါ။ဒီလိုအမျိုးသမီးတွေမှာ ရာသီလာလို့ သွေးဆင်းတာရော၊ သားဥကြွေလို့ သွေးဆင်းတာရော တစ်ဆက်တည်း ဖြစ်သွားတတ်လို့ ရာသီရက်ရှည်သလို ထင်ရပါတယ်။သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း (IUD) က သားအိမ်ထဲမှာ ထည့်ထားတဲ့သန္ဓေတားပေးတဲ့ ပစ္စည်းလေးပါ။ IUD မှာလည်း ဟော်မုန်းပါတာနဲ့ ဟော်မုန်းမပါတာဆိုပြီး ၂ မျိုးရှိပါတယ်။ ဒီသားဆက်ခြားပစ္စည်း ၂ ခုစလုံးက ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာမျိုး ဖြစ်စေနိုင်ပါတယ်။ဒီသားဆက်ခြားပစ္စည်းကို ပထမဆုံး အသုံးပြုတဲ့သူတွေမှာ ရာသီသွေးဆင်းများတာ၊ သွေးဆင်းရက် ရှည်တာ နဲ့ ရာသီသွေး မမှန်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေက IUD ထည့်ပြီး ၃ လ ကနေ ၆ လအတွင်းမှာ သက်သာသွားတတ်ပါတယ်။ဟော်မုန်းပါတဲ့တားဆေးသောက်ဆေးတွေက ကိုယ်တွင်းက ဟော်မုန်းပမာဏကို ပြောင်းလဲစေနိုင်ပါတယ်။ ဟော်မုန်းပါတဲ့ သားဆက်ခြားနည်း အသုံးပြုသူတွေမှာ ရာသီသွေးဆင်း မမှန်တာ၊ ရာသီသွေးဆင်းရက်တိုတာ၊ သွေးဆင်းများတာ၊ ရာသီသွေးဆင်းရက် ရှည်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ဟော်မုန်းပါတဲ့ ဆေးစသောက်သောက်ချင်းမှာ ပုံမှန်မဟုတ်တဲ့ ရာသီသွေးဆင်းပြဿနာကို လအနည်းငယ်ကြာ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် လအတော်ကြာတဲ့အထိ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။မမျိုးဥအိမ် ရေအိတ်တည်ခြင်း ရောဂါစုဖြစ်ပွားတဲ့အခါ သားဥအိမ်လေးတွေမှာ ရေအိတ်လေးတွေ ဖြစ်နေတာပါ။ ဒီအခြေအနေက ဟော်မုန်းပမာဏကို ထိခိုက်စေသလို သန္ဓေအောင်နိုင်စွမ်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။PCOS ကို ခံစားရတဲ့အခါ။သားအိမ်နံရံမှာ အဖုအကျိတ်တွေဖြစ်တာ၊ သားအိမ်ထဲမှာ အလုံးတည်တာတွေက ရာသီသွေးဆင်း များတာ၊ ရာသီသွေးဆင်းရက် ရှည်တာတွေကို ဖြစ်စေနိုင်ပါတယ်။ကိုယ်ဝန်ပျက်ကျတဲ့အခါ သွေးဆင်းတာကို ဖြစ်စေနိုင်ပါတယ်။ ဒီလို သွေးဆင်းတာက နည်းနည်းကနေ များများအထိ ဆင်းနိုင်သလို နာရီပိုင်းကနေ ရက်သတ္တပတ် အတော်ကြာတဲ့အထိ ဆင်းနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ရှိနေတာကို မသိလိုက်ဘဲ ကိုယ်ဝန်ပျက်ကျသွားတဲ့အခါမျိုးမှာ ရာသီသွေးဆင်းရက်ကြာတယ်လို့ ထင်တတ်ကြပါတယ်။သွေးရောဂါ ရှိနေသူတွေမှာလည်း ရာသီသွေးဆင်းရက် ရှည်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ သွေးရောဂါတွေက သွေးဆင်းများစေနိုင်သလို သွေးဆင်းရက် ရှည်တာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။အသက် ၅၀ နီးလာတဲ့ အမျိုးသမီးတွေမှာ ကိုယ်တွင်းဟော်မုန်း ပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်လာပြီ ဖြစ်တာကြောင့် သွေးဆုံးအကြို လက္ခဏာ အနေနဲ့ သွေးဆင်းနည်းတာ၊ ရာသီစက်ဝန်း တစ်ခုနဲ့ တစ်ခု ခပ်စိတ်စိတ် ဖြစ်လာတာ၊ သွေးဆင်းရက် ရှည်တာ၊ ပုံမှန်ထက် ရာသီသွေးဆင်းရက် တိုတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။သားအိမ်ခေါင်းကင်ဆာခံစားနေရတာက ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ၊ ရာသီစက်ဝန်း တစ်ခုနဲ့ တစ်ခုကြားမှာ သွေးဆင်းတာ၊ သွေးဆင်းများတာ၊ ရာသီသွေးဆင်းရက် ရှည်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ အတူနေပြီးချိန်မှာ သွေးဆင်းတာမျိုးလည်း ရှိနိုင်ပါတယ်။တော်တော်များများ ယူဆထားတာက ရာသီသွေးဆင်းရက် ရှည်တာကို ကိုယ့်ဘာသာ ဖြေရှင်းလို့ ရတယ်လို့ပေါ့။ ဒါပေမယ့် ရာသီသွေးဆင်းရက် ရှည်တာနဲ့အတူ အခုလို လက္ခဏာတွေ တွေ့ရမယ်ဆိုရင် ဆရာဝန်နဲ့ ပြကြည့်ဖို့ လိုပါမယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/causes-of-long-periods/
ဆောင်းရာသီမှာ ဆဲလ်သေတွေ ဖယ်ရှားသင့်ရဲ့လား..........
ဆဲလ်သေတွေဖယ်ရှားမှအသားအရေက ကျန်းမာတယ်။ ဆဲလ်သေဖယ်တာကအသားခြောက်နိုင်တယ်။ အခုလို အသားခြောက်တဲ့ဆောင်းရာသီမှာ ဆဲလ်သေတွေ ဖယ်ရှားလို့ ဖြစ်ပါ့မလား။ အသားများ ပိုခြောက်သွားမလား။ ဆိုပြီး စိတ်ပူရင်း ဆောင်းရာသီမှာ ဆဲလ်သေတွေ ဖယ်ရှားသင့်ရဲ့လား………. ဆိုပြီး တွေးနေပြီလား! ဒါဆိုရင် ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ဒါမှမဟုတ်ဝက်ခြံတွေပိုဖြစ်မလား။ ဆဲလ်သေတွေ မဖယ်လို့လားမသိဘူး။ အသားအရောင်ကို ကြည့်ရတာ ​ကြည်ကြည်လင်လင် မရှိဘူးဆိုတဲ့ သူလေးတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ဆောင်းရာသီမှာ ဆဲလ်သေဖယ်ရှားလို့ ရပါ့မလားလို့ ချီတုံ ချတုံ ဖြစ်နေတဲ့လေဒီလေးတွေအတွက်ပါ။ဆောင်းရာသီမှာ ဆဲလ်သေတွေ ဖယ်ရှားသင့်ရဲ့လား………. ဆောင်းရာသီက အလိုလိုနေရင်းတောင် အသားခြောက်တော့ဆဲလ်သေတွေဖယ်ရှားလိုက်ရင် အသား ပိုခြောက်သွားမလား။ ဆဲလ်သေဖယ်ရှားမှုကြောာင့် အသားအရေကိုများ ထိခိုက်လေမလားဆိုတဲ့ စိတ်ပူမှုကအသားအရေ ထိန်းသိမ်းမှုလုပ်နေတဲ့ သူတိုင်းမှာ ဝေခွဲမရ ဖြစ်တတ်တဲ့ မေးခွန်းတစ်ခုပါ။ဆဲလ်သေ ဖယ်ရှားတာက မဖြစ်မနေ လုပ်သင့်တဲ့ အသားအရေ ထိန်းသိမ်းမှုပါ။ ဒါကြောင့် ဆောင်းရာသီမှာလည်း အသားအရေ ထိန်းသိမ်းမှု လုပ်တဲ့အခါ ဆဲလ်သေ ဖယ်ရှားဖို့ လိုပါမယ်။ အကြောင်းကတော့ အရေပြားပေါ်မှာ ဆဲလ်သေတွေ များနေတဲ့အခါအရေပြားရဲ့ အာဟာရ စုပ်ယူနိုင်မှုကို ထိခိုက်လို့ပါ။အာဟာရ စုပ်ယူမှု ထိခိုက်တာက အသားအရေကို ထိုက်သင့်တဲ့ ပြုပြင်မှု မရစေဘူးဆိုတဲ့ သဘောပါ။ ဒီတော့ ဆောင်းရာသီမှာ ခြောက်သွေ့တာ၊ အသားအရေကို သက်တောင့်သက်သာ မရှိစေတာ မှန်ပေမယ့် အရေပြားပေါ်က ဆဲလ်သေတွေကိုတော့ ပုံမှန် ဖယ်ရှားပါ။ ဆဲလ်သေတွေ ဖယ်ရှားမှု မလုပ်ဘဲအရေပြားကို အစိုဓာတ် ထိန်းမယ်ဆိုရင် အရေပြားက ကောင်းကောင်း မစုပ်ယူနိုင်တာကြောင့် အသားအရေက ခြောက်သွေ့ ဦးမှာပါ။ဒါကြောင့် ဆောင်းရာသီမှာ အသားအရေကို အကောင်းဆုံး ထိန်းသိမ်းချင်တယ်ဆိုရင် ဆဲလ်သေဖယ်ရှားတာကိုလည်း မေ့မထားပါနဲ့။အသားအရေအတွက် ခက်ခဲတဲ့ ကာလဖြစ်တဲ့ ဆောင်းရာသီမှာအသားအရေကို ထိခိုက်မှု မရှိစေဘဲဆဲလ်သေတွေကို ဖယ်ရှားချင်တယ်ဆိုရင် ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။ပတ်ဝန်းကျင်က အေးမြ ခြောက်သွေ့တဲ့ ဆောင်းရာသီမှာ  ဓာတုပစ္စည်း အပြင်းစားတွေပါတဲ့ ဆဲလ်သေဖယ်ရှားတဲ့ ပစ္စည်းတွေ သုံးပြီး ဆဲလ်သေဖယ်ရှားတာက အသားအရေကို ခြောက်သွေ့ ပျက်စီးစေနိုင်ပါတယ်။ဒါ​ကြောင့် ဆောင်းရာသီမှာ ဆဲလ်သေ ဖယ်ရှားမယ်ဆိုရင် ဒီအချက်လေးကို သတိထားပေးပါ။သဘာဝပစ္စည်းလေးတွေကို သုံးပေးပါ။သင်္ဘောသီး မှည့်မှည့်လေးကို ကြိတ်ခြေလိုက်ပါ။ ပြီးရင် ပျားရည် လက်ဖက်ရည်ဇွန်း တဝက်စာ ထည့်ပြီး သမအောင် မွှေပါ။ ရလာတဲ့ အရောကို သန့်စင်ထားတဲ့ မျက်နှာပေါ် လိမ်းပေးပြီး ၁၅မိနစ်လောက် ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။ကော်ဖီ အကြမ်းမှုန့်တစ်ခွက်စာထဲကို သံလွင်ဆီ အနည်းငယ်ထည့်ပြီး သမအောင် မွှေပါ။ ရလာတဲ့ အရောကို မျက်နှာပေါ်မှာ စက်ဝိုင်းပုံစံ ခပ်ဖွဖွလေး ပွတ်ပြီး လိမ်းပေးရုံပါ။ပြီးရင် သုံးနေကျမျက်နှာသစ်ဆေးလေးနဲ့ သန့်စင်လိုက်ရုံပါ။သံပုရာသီးကို အရည်ညှစ်ပြီးပျားရည်နည်းနည်း ထည့်ပါ။ ပြီးရင် သကြားထည့်ပြီး ရောမွှေလို့စက်ဝိုင်းပုံစံ ပွတ်ပေးပါ။ ပြီးရင်တော့ ပုံမှန်အတိုင်း သန့်စင်ပေးပါ။ဒီလို ဆဲလ်သေတွေ ဖယ်ရှားပြီးတဲ့အခါအစိုဓာတ်ထိန်းခရင်မ်တစ်ခုခု ပြန်လိမ်းဖို့ မမေ့ပါနဲ့။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/should-exfoliate-face-in-the-winter/
အသီးစားတာနဲ့ ပက်သက်တဲ့ ဆိုရိုးတွေအားလုံးက မှန်လား။
အသီးအနှံတွေဆိုတာ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ ပစ္စည်းတွေဖြစ်တယ်ဆိုတာ လူတိုင်းက ယုံကြည်ထားကြပါတယ်။ တစ်ချို့ကြားဖူးတာလည်းရှိမှာပါ။ ဘယ်အသီးဆိုဘယ်လိုစားမှ ပိုကောင်းတာ၊ ဘယ်အချိန်မှာ စားရင် မသင့်တော်တာ၊နဲ့ အခြား ပြောနေကြတဲ့ ယုံတမ်းတွေ အများကြီး ကြားဖူးကြမှာပါ. ဒါတွေအားလုံးက တကယ် အမှန်ပဲလား။ ။ထမင်းစားပြီးပြီးချင်း အသီးစားရင်အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊လေထိုးလေအောင့်ဖြစ်စေတယ် ဆိုတာမျိုးတွေသင်ကြားဖူးမှာပါ။ တစ်ချို့မှန်တာတွေလည်း ရှိသလို မမှန်တာတွေလည်းရှိပါတယ်။ ထမင်းစားပြီးပြီးချင်း အသီးစားရင် အစာမကြေစေတာမဟုတ်ပါဘူး။ အသီးတွေမှာပါတဲ့အမျှင်ဓါတ်ေကြာင့် အစာခြေတဲ့အချိန်ကြာသွားတာဖြစ်ပါတယ်။ အချိန်တစ်ခုကြာရင်တော့ စားလိုက်တဲ့အစားတွေ အားလုံးကြေသွားမှာဖြစ်ပါတယ်။ အသီးကြောင့်လေထိုးလေအောင့်ဖြစ်တာ မဟုတ်ပါဘူး။ ကိုယ်စားလိုက်တဲ့ အစားအစာတွေမှာလေစာတွေပါသွားမှသာ လေထိုးလေအောင့်ဖြစ်တာပါ။သစ်သီးခြောက်တွေဆိုတာ ရေဓါတ်ကိုပဲထုတ်ထားတာဖြစ်လို့ သူ့မှာရှိသင့်တဲ့အာဟာရေတွကတော့ အကုန်ရှိနေပါသေးတယ်။ ကျန်းမာရေးကို အထောက်အကူပြုတဲ့ သစ်သီးခြောက်ကိုစားချင်ရင် သကြားနဲ့တာရှည်ခံဓါတုပစ္စည်းတွေ မပါသင့်တဲ့အတွက် သဘာဝ အခြောက်ခံထားတဲ့သစ်သီးခြောက်တွေကိုသာ ရွေးစားစေချင်ပါတယ်။ အခြောက်ခံထားတာပဲဖြစ်ဖြစ်၊ လတ်လတ်ဆတ်ဆတ်ပဲဖြစ်ဖြစ် အကုန်လုံးမှာ ကျန်းမာစေတဲ့ အာဟာရတွေ ပါတာကြောင့် စားဖြစ်နေဖို့ကသာ အဓိကပါ။ဒါက တစ်ပိုင်းမှန်ပြီး တစ်ပိုင်းမှားနေတဲ့ ကိစ္စပါ။ဆီးချိုသမားတွေ အသီးစားပေးလို့ရပါတယ်။ အသီးတွေမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ တစ်ခြား ဆီးချိုအတွက်အထောက်အကူပြုနိုင်တဲ့ ပစ္စည်းတွေပါတာကြောင့် အသီးတွေစားလို့ရပါတယ်။ အရမ်းချိုလွန်းတဲ့အသီးမျိုးဆိုရင်တော့ရှောင်ပါ။ အသီးတွေမှာ ပါတဲ့ အချိုဓါတ်က အပြင်ကသကြားနဲ့ မတူဘူးဆိုပေမယ့် ဆီးချိုသမားတွေကတော့ ချိုတဲ့ အသီးတွေကိုတော့ တော်သင့်ရုံစားပါ။အာဟာရတွေအကုန် ပြည့်စုံအောင်ပါတဲ့ အသီးမျိုးသာ မရှိတာပါ။ အသီးတိုင်းကတော့ သူ့အာဟာရနဲ့သူရှိပြီးသားပါ။ ဒါကြောင့် တစ်နေ့ကို တစ်မျိုးတည်း မဟုတ်ဘဲ အသီး ၃ ၄ မျိုးလောက် စားပေးသင့်တာပါ။အသီးကို ဖျော်ရည်လုပ်သောက်လိုက်လို့ရှိရင် အာဟာရတွေ ဆုံးရှုံးကုန်တယ်လို့ ထင်တတ်ကြပါတယ်။ တကယ်က မဟုတ်ပါဘူး။ အသီးကို အစိမ်းပဲစားစား၊ ဖျော်ရည်ပဲ လုပ်သောက်သောက် အာဟာရတွေ ပျောက်သွားတယ်ဆိုတ မဟုတ်ပါဘူး။ အပြင်ကနေ သကြားတွေ အများကြီး မထည့်မိဖို့သာ အရေးကြီးတာပါ။အသီးဆိုတာ အာဟာရတွေပြည့်စုံနေတဲ့ အရာတွေဖြစ်လို့ ဘယ်လိုပဲစားစား ကျန်းမာရေးအတွက်ကောင်းပါတယ်။ စားဖြစ်နေဖို့သာ အဓိကပါ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%9e%e1%80%ae%e1%80%b8%e1%80%85%e1%80%ac%e1%80%b8%e1%80%90%e1%80%ac%e1%80%94%e1%80%b2%e1%80%b7-%e1%80%95%e1%80%80%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%86/
ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ
ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာCovid-19က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ကိုဗစ်ဗိုင်းရပ်စ်ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ ကိုဗစ်ဖြစ်ပွားနိုင်ပြီး ရောဂါလက္ခဏာကတော့ အရမ်းကြီး ပြင်းထန်တာမျိုး မရှိတာကနေ ရောဂါလက္ခဏာ လုံးဝမရှိတာမျိုး ရှိသလို အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်တာမျိုးလည်း ရှိပါတယ်။ကိုဗစ်က မိခင်နို့ကနေတဆင့် ကူးစက်တာမျိုးတော့ မရှိပါဘူး။ ကိုဗစ် ရှိနေတဲ့ မိခင်က ကလေးကို နို့တိုက်နေချိန်မှာ နှာချေချောင်းဆိုးတာတွေကြောင့် အမှုန်တွေကနေတဆင့် ကူးစက်တာမျိုးတော့ ရှိနိုင်ပါတယ်။ ဒါကြောင့် ကလေးကို မိခင်ကနေတဆင့် ကိုဗစ် ကူးစက်တာမျိုး မဖြစ်စေဖို့ဆိုရင် အကောင်းဆုံး နည်းလမ်း တစ်ခုက ကိုယ်ဝန်ဆောင်ချိန်မှာ ဒါမှမဟုတ် မွေးပြီးတာနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားတာပါ။မွေးကင်းစလေးတွေမှာရော အသက် ၁ နှစ်အောက် ဘေဘီလေးတွေမှာပါ ကိုဗစ် ဖြစ်နိုင်ပါတယ်။ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားတွေထဲမှာမှ မျိုးဗီဇပြောင်းလဲလာတဲ့ကိုဗစ်ဗိုင်းရပ်စ်တွေက ကူးစက်မြန်ပြီး ရောဂါပြင်းထန်တာမျိုးတွေ ရှိပါတယ်။ ကာကွယ်ဆေး ပြည့်မီအောင် မထိုးနှံရသေးတဲ့ နေရာတွေမှာ အဖြစ်များပါတယ်။အရမ်းငယ်သေးတဲ့ ကလေးလေးတွေကတော့ ကိုဗစ် ကာကွယ်ဆေး ထိုးနှံဖို့ မဖြစ်နိုင်သေးတာကြောင့် သူတို့လေးတွေကို ကိုဗစ်အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင် လုပ်ဆောင်နိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ ကလေးနဲ့ အနီးကပ် ထိတွေ့မယ့်သူတွေကို ကာကွယ်ဆေး ထိုးပေးတာမျိုး လုပ်ဆောင်ဖို့ လိုသလို ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ဆင်တာ၊ ကလေးကို မချီခင် လက်ဆေးတာ၊ ကလေးကို လူထူတဲ့နေရာတွေကို ခေါ်သွားတာမျိုး ရှောင်တာ၊ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ နေတာမျိုးတွေ လုပ်ဆောင်ပေးဖို့ လိုပါမယ်။ကလေးလေးတွေကို ကိုဗစ် ကူးစက်ခံရတာမျိုး မဖြစ်အောင် မိဘတွေအနေနဲ့ သေသေချာချာလေး ကာကွယ်ပေးဖို့ လိုပါမယ်။ ကိုဗစ် ဗိုင်းရပ်စက် တစ်ဦးကနေ တစ်ဦးကို အလွယ်တကူ ကူးစက်နိုင်သလို ကလေးတွေမှာ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်တာကြောင့် သေချာလေး ဂရုစိုက် ကာကွယ်ဖို့ လိုပါမယ်။ကိုဗစ် ကူးစက်မှုကြောင့် ကလေးတွေမှာ ဖျားနာမှုကို ခံစားရနိုင်သလို အဆုတ်ပိုးဝင်ကူးစက်တာလိုမျိုး ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ အဆိုးရွားဆုံးကတော့ အသက်ဆုံးရှုံးနိုင်တာပါ။ ဒါကြောင့် ကလေးကို ကိုဗစ်မဖြစ်အောင် ကလေးနဲ့ အနီးကပ် ထိတွေ့မယ့်သူတွေလည်း ကိုဗစ်ကာကွယ်မှုတွေကို သေချာလုပ်ဆောင်ပေးဖို့ လိုပါမယ်။ပုံမှန်အားဖြင့်ကတော့ကလေးတွေမှာ ဖြစ်တဲ့ ကိုဗစ်လက္ခဏာတွေက လူကြီးတွေမှာဖြစ်တဲ့ ကိုဗစ်လက္ခဏာတွေလောက် မပြင်းထန်ကြပါဘူး။ အချို့ကလေးလေးတွေမှာဆိုရင် လက္ခဏာ မပြတာမျိုးလည်း ရှိပါတယ်။ကိုဗစ်ရဲ့ အချို့သော လက္ခဏာတွေကတုပ်ကွေးလက္ခဏာတွေနဲ့ ခပ်ဆင်ဆင် တူနေနိုင်တာကြောင့် ကလေးမှာ ဖျားနာမှု တစ်ခုခု ခံစားရပြီဆိုရင် ဆရာဝန်ဆီ သွားပြီး သေချာလေး စစ်ဆေးကုသမှု ခံယူဖို့ လိုပါမယ်။ကလေးမှာ အခုလို လက္ခဏာတွေ တွေ့ရပြီဆိုရင် နီးစပ်ရာဆေးရုံကို အမြန်ဆုံး သွားရောက်ဖို့ လိုပါမယ်။ ကလေးက။တကယ်လို့ ကလေးက။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/baby-covid-symptoms/
Thyroid storm (ိသိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်း)
သိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်းသည် အသက်အန္ဓါရယ်ရှိနိုင်သောပြသာနာဖြစ်ပြီး သိုင်းရွိုက်ဟော်မှန်းလွန်ကဲခြင်းအား မကုခြင်းကုသမှုမလုံလောက်ခြင်းကြောင့်ဖြစ်နိုင်သည်။ သိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်းတွင် နုလုံးခုန်နှုန်း သွေးပေါင်ချိန် နှင့် အပူချိန်များ အန္ဓါရယ်ရှိသည်အထိမြင့်တတ်နိုင်သည်။ ကောင်းမွန်စွာမထိခိုက်ပါက သေနိုင်သည်။သိုင်းရွိုက်သည် သေးပြီး လိပ်ပြာပုံရှိသော အရည်အိတ်ဖြစ်ပြီး လည်ပင်းအောက်အလည်ပိုင်းတွင်တည်ရှိသည်။ သိုင်းရွိုက် ဟော်မှန်းနှစ်မျိုး ကိုထုတ်သည်။ ထရိုင်အိုင်အိုဒိုတိုင်ရိုဇင်း(တီတရီး) နှင့် တိုင်ရိုဇင်း (တီဖိုး)တို့ဖြစ်သည်။ ထိုအရာများက သင့်ခန္ဓါကိုယ်အနှံရှိ ဆဲလ် များလုပ်ဆောင်ရာတွင်ပါဝင်သည်။ သိုင်းရွိက်ဟော်မှန်းလွန်ကဲခြင်း ရှိပါက ထိုဟော်မှန်းနှစ်ခုကိုအများကြီးထုတ်သည်။ ထိုကြောင့် ဆဲလ်များကမြန်စွာအလုပ်လုပ်ရသည်။ဥပမာ အသက်ရူနှုန်းမြန်ခြင်း နှလုံးခုန်နှုန်းမြန်ခြင်းများဖြစ်တတ်သည်။ ပုံမှန်ထက်စကားပြောခြင်းလဲပိုမြန်တတ်သည်။ီရောဂါဟာအလွန်အဖြစ်များပါတယ်။ သိုင်းရွိုက်ဟော်မှန်းလွန်ကဲခြင်းဖြစ်နေသော တစ်မှ နှစ်ရာခိုင်နှုန်းတွင်ဖြစ်တတ်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။သိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။စိတ်ဆတ်လွယ်ခြင်း။အပေါ်သွေးအောကသွေးတတ်ခြင်း။ပျို့ခြင်း အန်ခြင်း သို့မဟုတ် ဝမ်းလျောခြင်း။အဖျားတတ်ခြင်း။စိတ်ဂနာမငြိမ်ဖြစ်ခြင်း။စိတ်ရှုပ်ထွေးခြင်း။အိပ်ငိုက်ခြင်း။မျက်လုံးနှင့် အရေပြားဝါခြင်း။နှလုံးသေဆုံးခြင်းလက္ခဏာများ ဥပမာ အသက်ရူခြင်းဆိုင်ရာပြဿနာများ သို့မဟုတ် အလွန်နှုန်းနေခြင်း ။သိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်းသည် နှလုံးသေဆုံးခြင်း သတိမေ့ခြင်း သို့မဟုတ် သေဆုံးခြင်းထိဖြစ်နိုင်သည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။သိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်းသည် ရှားသည်။ သိုင်းရွိုက်ဟော်မှန်းလွန်ကဲသောလူများတွင် သင့်တော်သောကုသမှုမယူသူတွင်ဖြစ်တတ်သည်။ ထိုအခြေအနေတွင်သိုင်းရွိုက်မှ ဟော်မှန်းနှစ်မျိုးထုတ်မှုလွန်ကဲခြင်းကြောင့်ဖြစ်တယ်။ သို့သော် သိုင်းရွိုက်ဟော်မှန်းလွန်ကဲသူတိုင်း အဆိပ်သင့်ခြင်းမဖြစ်နိုင်ပါ။ ဖြစ်နိုင်သော အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည်။သိုင်းရွိုက်ဟော်မှန်းလွန်ကဲမှုအားကောင်းမွန်စွာမကုသခြင်း။သိုင်းရွိုက်အရည်အိတ်အလုပ်လုပ်မှုများခြင်းကိုကောင်းစွာမကုသခြင်း။သိုင်းရွိုက်ဟော်မှန်းလွန်ကဲနေချိန်တွင် ရောဂါပိုးဝင်ခြင်း။သိုင်းရွိုက်ဟော်မှန်းလွန်ကဲသူများတွင် သိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်းသည် အောက်ပါအကြောင်းများကြောင့်ဖြစ်နိုင်သည်။ထိခိုက်ဒဏ်ရာရခြင်း။ခွဲစိတ်မှုများ။စိတ်ဖိစီးမှုပြင်းထန်ခြင်း။လေဖြတ်ခြင်း။ဆီးချိုကြောင့် ကီတုန်းအက်စစ်ဓါတ်များများလာခြင်း။နှလုံးသေဆုံးခြင်း။အဆုတ်သွေးခဲပိတ်ခြင်း။အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သိုင်းရွိုက်ဟော်မှန်းလွန်ကဲခြင်းဖြစ်နေသောသူများတွင် သိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်းလက္ခဏာများခံစားရပါက အရေးပေါ်အခန်းသို့တတ်သင့်သည်။ သိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်းရောဂါဟုသံသယရှိသူဟုထင်ပါက ၉၁၁ သို့ချက်ချင်းခေါ်ပါ။ ထိုသို့ဖြစ်နေသူတွင် နှလုံးခုန်နှုန်းမြန်ခြင်း သွေးပေါင်ချိန်တတ်ခြင်းတို့ဖြစ်နိုင်သည်။ဆရာဝန်မှ သိုင်းရွိုက်ဟောမှန်းအားသွေးထဲမှစမ်းသက်လိမ့်မည်။ သိုင်းရွိုက် ကိုလှုံဆော်သောဟော်မှန်း (တီအက်အိပ်) ပမာဏသည် သိုင်းရွိုက်ဟော်မှန်းလွန်ကဲသူနှင့် သိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်းတွင်နည်းနေတတ်သည။်။အမေရိကန်မှ ဆေးပညာဆိုင်ရာဓါတုပညာ(အေအေစီစီ) က သိုင်းရွိုက်အားလှုံဆော်သော်ဟော်မှန်း သည် ဝ.၄ မှ ၄ mIU/L ရှိသည်ဟုဆိုသည်။ တီတရီး နှင့် တီဖိုးဟော်မှန်းများသည် သိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်းတွင် မြင့်နေတတ်သည်။သိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်းသည် ရုတ်တရက်ထဖြစ်ပြီး ခန္ဓါကိုယ်စနစ်များကိုထိခိုက်စေသည်။ ကသမှုများကို ချက်ချင်းစသင့်သည်-ဓါတ်ခွဲခန်းမရခင်ထဲကစသင့်သည်။ သိုင်းရွိုက်အားဆန့်ကျင်သောဆေးများ ဥပမာ ပရိုပိုင်းတိုင်ရိုယူရာဆေး (ပီတီယူ)သို့မဟုတ် မီတီမဇော (တာပါဇော)က သိုင်းရွိုက်ဟော်မှန်းကိုလျော့ချပေးနိုင်သည်။သိုင်းရွိုက်ဟော်မှန်းလွန်ကဲခြင်းကိုဆက်ကုသရန်လိုတတ်သည်။ ထိုသို့ဖြစ်ပါက ရေဒီယိုသတ္ထုကြွအိုင်အိုဒင်းဖြင့်ကုသသည်။ ရေဒီယိုသတ္ထုကြွသည် သိုင်းရွိုက်အားဖျက်ဆီးခြင်းလုပ်ပေးသည်။ သို့မဟုတ်ပါက သိုင်းရွိုက်လုပ်ဆောင်မှုအားနည်းအောင်လုပ်သောဆေးများလည်းသောက်နိုင်သည်။ ကိုယ်ဝန်ဆောင်မိန်းမများတွင် သိုင်းရွိုက်ဟော်မှန်းလွန်ကဲခြင်းအား ရေဒီယိုသတ္ထုကြွအိုင်အိုဒင်း အားမကုသပေ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ရှိကလေးအားထိခိုက်နိုင်သည်။ ထိုကိစ္စများတွင် ခွဲစိတ်၍သိုင်းရွိုက်အားထုတ်သင့်သည်။အကယ်၍သိုင်းရွိုက်ဆေးသောက်နေပါက အိုင်အိုဒင်းသောက်ခြင်းကိုရှောင်သင့်သည်။ သင့် သိုင်းရွိုက်အား ရေဒီယိုသတ္ထုကြွဖြင့်ဖျက်စီးပြီးပါက သို့မဟုတ် ခွဲစိတ်ပြီးထုတ်ထားပါက ဖော်စပ်ထားသော သိုင်းရွိုက်ဟော်မှန်းအား တသက်လုံးသောက်ရန်လိုအပ်သည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက သိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် သိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။သိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်းအားကာကွယ်နိုင်သောအကောင်းဆုံးနည်းလမ်းမှာ သိုင်းရွိုက်အားကျန်းမာစေအောင်ထားခြင်းဖြစ်သည်။ ဆေးအားကောင်းမွန်စွာကုသပါ။ ဆရာဝန်ရက်ချိန်းတိုင်းပြသပြီး သွေးစစ်ခြင်းမှာလိုအပ်သလိုလုပ်သင့်သည်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/thyroid-storm-%e1%80%ad%e1%80%9e%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%bd%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%9f%e1%80%b1%e1%80%ac%e1%80%ba%e1%80%99%e1%80%be%e1%80%94/
လေဒီလေးတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတဲ့ ရင်သားအလှထိခိုက်စေတဲ့ အလေ့အထများ
ရင်သား လှပမှုက အမျိုးသမီးတွေကို အလှတိုးစေတဲ့ အရာ တစ်ခုပါ။ ရင်သားတွေက နေရင်းထိုင်ရင်း လှတာတော့ မဟုတ်ပါဘူး။ ရင်သား လှပစေဖို့လေ့ကျင့်ခန်းတွေလုပ်ဆောင်ပေးလို့ ရသလို ရင်သားကို ထိခိုက်စေတာမျိုး ဖြစ်စေတဲ့ အလေ့အထတွေကို မလုပ်မိအောင် ဆင်ခြင်ပေးတာကလည်း ရင်သား အလှကို ထိန်းသိမ်းရာမှာ အထောက်အကူပေးနိုင်ပါတယ်။ရင်သားတွေကိုဘာမှမလုပ်ဘဲ ရင်သားတွေက ဘာလို့ တွဲကျမှာလဲဆိုတော့  အသက်ကြီးလာလို့ ဖြစ်နိုင်သလို အချို့သော နေ့စဉ် လုပ်မိနေတဲ့ အမှုမဲ့ အမှတ်မဲ့ အလေ့အထလေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ လေဒီလေးတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတဲ့ ရင်သားအလှထိခိုက်စေတဲ့ အလေ့အထများ က ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။လေဒီလေးတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတဲ့ ရင်သားအလှထိခိုက်စေတဲ့ အလေ့အထများ ကတော့။ဘရာဝတ်တဲ့အခါ ဆိုဒ် မှန်မှန် ဝတ်ဖို့လိုပါတယ်။ တကယ်လို့ ဘရာဆိုဒ်ကို ကြီးတာဝတ်မိရင် ဖြစ်ဖြစ် ဘရာဆိုဒ် သေးတာကိုဖြစ်ဖြစ် ဝတ်မယ်ဆိုရင် ရင်သားတွေ တွဲကျတာ ဖြစ်စေမှာပါ။ ဒါကြောင့်ရင်သားတွဲကျတာကို ကာကွယ်စေဖို့ဆိုရင် ဘရာဆိုဒ် မှန်မှန်ဝတ်ပေးပါ။ကမ္ဘာပေါ်မှာရှိတဲ့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး သောက်စရာကသောက်ရေပါ။ ရေတွေက ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေသလို အသားအရေကိုလည်း ရေဓာတ် ဖြည့်ပေးပါတယ်။ရင်သား တွဲကျတာမျိုး မဖြစ်စေဖို့လည်း သောက်ရေက ကောင်းကောင်း လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် ရင်သားတွေ တွဲမကျစေချင်ဘူးဆိုရင် တစ်နေ့ကိုရေဓာတ် ပြည့်ဝအောင်သောက်ပါ။ပုံမှန်အားဖြင့် ရင်သားကို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တာကတော့ ဖြစ်ခဲပါတယ်။ ဒါပေမယ့် ကမ်းခြေသွားတာ၊ ရေကူးကန် သွားတဲ့အခါမျိုးမှာတော့ ရင်သားကိုနေလောင်ခံရတာမျိုး ရှိနိုင်ပါတယ်။ ဒီလိုမျိုး နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တာက ရင်သားတွေကို မလိုအပ်ဘဲ လျော့တွဲစေတာ၊ အရွယ်မတိုင်ခင် အရေပြား အိုမင်းတာတွေ ဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ရင်သားကိုနေရောင်ထိတွေ့နိုင်တဲ့ အခြေအနေမျိုးမှာ ရင်သားတွေကိုနေလောင်ကာခရင်မ်လိမ်းပေးပါ။ဆေးလိပ်သောက်တာက အရေပြားကို အိုမင်းစေနိုင်သလို ရင်သားတွေကိုလည်း လျော့တွဲစေနိုင်ပါတယ်။ ဒါကြောင့်ရင်သားအလှ မပျက်စီးစေချင်ဘူးဆိုရင်တော့ ဆေးလိပ် မသောက်ပါနဲ့။ကိုယ်အလေးချိန် ကျစေဖို့ diet လုပ်တာတွေက အရေပြားရဲ့ တင်းရင်းမှုကို လျော့ကျစေနိုင်ပြီး အရေပြားကို အရွယ်မတိုင်ခင် အိုမင်းစေနိုင်သလို ရင်သား လျော့တွဲတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရင်သားအလှ မပျက်ချင်ဘူးဆိုရင် ကိုယ်အလေးချိန်ကို ပုံမှန်လေး ထိန်းပေးပါ။ကိုယ်နေဟန်ထား မမှန်တာက ခါးနာတာ နောက်ကျောနာတာတွေကို ဖြစ်စေသလို မကြာခဏ ကိုယ်နေဟန်ထား မမှန်တာက ရင်သားတွေကို လျော့တွဲစေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန် ထိုင်တဲ့အခါ လက်ပြင်ကို ကိုင်းထားတာမျိုး မလုပ်ပါနဲ့။ ခါးကိုလည်း မတ်မတ်လေးထားပြီး ထိုင်ဖို့ မမေ့ပါနဲ့။လေ့ကျင့်ခန်း လုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်သလို ရင်သား ကြွက်သားတွေကိုလည်း တင်းရင်း လှပစေပါတယ်။ ဒါကြောင့် နေ့စဉ်မှာ ရင်သား လေ့ကျင့်ခန်းလေးကို မှန်မှန်လေး လုပ်ပေးပါ။ ဒီလို လေ့ကျင့်ခန်း လုပ်တဲ့အခါ ရင်သားကို ထိခိုက်စေတာမျိုး မဖြစ်စေဖို့ဆိုရင်sports braဝတ်ဆင်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/habits-that-will-make-the-breast-look-bad/
null
null
ent
ent
https://hellosayarwon.com/ent/ear-conditions/tinnitus-%e1%80%94%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%86%e1%80%b0%e1%80%8a%e1%80%b6%e1%80%9e%e1%80%b6%e1%80%80%e1%80%bc%e1%80%ac%e1%80%b8%e1%80%94%e1%80%b1%e1%80%9b%e1%80%bc/
ရာသီသွေးဆင်းများနေရင် စားပေးသင့်တာလေးတွေ
ရာသီသွေး ပုံမှန်ဆင်းဖို့ကလေဒီလေးတွေကျန်းမာ​စေဖို့ အရေးပါပါတယ်။ ဒီလို ရာသီသွေးဆင်းတဲ့အခါ လစဉ် ပုံမှန် ဆင်းဖို့ လိုသလို ပမာဏအနေနဲ့လည်း အလွန်အကျွံ ဖြစ်မနေဖို့ လိုပါမယ်။ရာသီသွေးဆင်း များတာကသွေးအားနည်းစေပြီး လေဒီလေးတွေကို ကျန်းမာရေးထိခိုက်တာမျိုးလေးတွေ ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ လေဒီလေးတွေ ရာသီသွေးဆင်းများနေရင် စားပေးသင့်တာလေးတွေ ပြောပြပေးချင်ပါတယ်။ရာသီလာချိန်မှာ လေဒီလေးတွေအနေနဲ့ ရာသီရက်ပေါ် မူတည်ပြီး လက်ဖက်ရည်ဇွန်း ၂-၃ဇွန်းစာလောက် ဆုံးရှုံးပါတယ်။ ဒါက ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ပမာဏ မဟုတ်ပါဘူး။ရာသီသွေးဆင်းများတဲ့အခါမျိုးမှာတော့ လေဒီလေးတွေရဲ့ ခန္ဓာကိုယ်ကနေ သွေးပမာဏက 80 cc လက်ဖက်ရည်ဇွန်း ၅ ဇွန်းစာ ကျော်ကျော်လောက် ဆုံးရှုံးသွားပါတယ်။ ဒီအခြေအနေက သွေးဆင်း များနေတာ ဖြစ်ပြီး သံဓာတ်လုံလောက်အောင် မစားမိတဲ့ အမျိုးသမီးတွေမှာရင် သွေးအားနည်းတာမျိုး ဖြစ်နိုင်ပါတယ်။အမျိုးသမီးအများစုမှာတော့ သွေးဆင်းများတာက ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် အသက်က ၄၀ အထက် ဖြစ်နေမယ်ဆိုရင်တော့ ရာသီသွေးဆင်းများတာက သားအိမ်အတွင်းနံရံမှာ ကင်ဆာ ခံစားနေရတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသက် ၄၀ အထက် ဖြစ်နေမယ်။ ရာသီသွေး ဆင်းတာကလည်း ပုံမှန်ထက် များနေမယ်ဆိုရင် ကျန်းမာရေး စစ်ဆေးမှု ခံယူဖို့ ပြောပါရစေ။အခုပြောပြမယ့် လက္ခဏာလေးတွေ ခံစားနေရရင် ရာသီသွေးဆင်း များနေတာပါ။ကျန်းမာရေး မထိခိုက်စေဖို့အတွက် ရာသီသွေးဆင်းများနေရင် စားပေးသင့်တာလေးတွေ ကတော့။ရာသီသွေးဆင်းများတာက သွေးဆုံးရှုံးမှုကို ဖြစ်စေပြီး သံဓာတ် အားနည်းစေနိုင်ပါတယ်။ ဒီလို ဆုံးရှုံးသွားတဲ့ သံဓာတ်တွေကို မဖြည့်တင်းနိုင်တာက ရေရှည်မှာ သံဓာတ်ချို့တဲ့မှုကို ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီး သံဓာတ် အားဖြည့်ဆေးတွေ စားပေးလို့ ရသလို နေ့စဉ်စားသုံးမှုမှာ သံဓာတ်ပါတဲ့ အသီးအရွက်တွေ ထည့်သွင်း စားသုံးပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ ဒီတော့ ရာသီသွေးဆင်းများတာကို သက်သာစေဖို့ရော သံဓာတ် ချို့တဲ့မှု ကင်းဝေးစေဖို့ရောအတွက် နေ့စဉ် စားသုံးမှာ သံဓာတ် ကြွယ်ဝတဲ့။ဗီတာမင် C က ရာသီသွေးဆင်း များတာကြောင့် သံဓာတ်ချို့တဲ့တာကို သက်သာစေပါတယ်။ အကြောင်းကတော့ ဗီတာမင် Cက ခန္ဓာကိုယ်ရဲ့ သံဓာတ်စုပ်ယူနိုင်မှုကို အားဖြည့်ပေးနိုင်တာကြောင့်ပါ။ ဗီတာမင် C ကို ဖြည့်စွက်ဆေးအနေနဲ့ သောက်ပေးလို့ ရသလို အခုလို အသီးအနှံတွေကနေလည်း ရရှိနိုင်ပါတယ်။ဗီတာမင် A ကြွယ်ဝတဲ့ အသီးအရွက်တွေ။ဗီတာမင် A က သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ လိုအပ်ပါတယ်။ ဗီတာမင် A ချို့တဲ့တာက ရာသီသွေးဆင်းများတာကို ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ ဗီတာမင် A က ကိုယ်တွင်းက အီစထရိုဂျင်ဟော်မုန်း ပမာဏ ဟန်ချက်ညီစေဖို့ လိုအပ်တဲ့ ဗီတာမင် တစ်မျိုး ဖြစ်နေတာကြောင့်ပါ။ ဒါကြောင့် ရာသီသွေးဆင်းများတာကို သက်သာစေဖို့ဆိုရင် ဗီတာမင် A ကြွယ်ဝတဲ့။ချင်း (ဂျင်း)။လေ့လာမှုတွေအရ ချင်း (ဂျင်း) က ရာသီလာချိန်မှာ သွေးဆုံးရှုံးမှုပမာဏ နည်းစေဖို့ လုပ်ဆောင်ပေးပါတယ်။ ချင်း (ဂျင်း) က ကိုယ်တွင်းမှာ prostaglandin ထုတ်လုပ်မှု နည်းစေပြီး အရောင်ကျစေပါတယ်။ အနွေးဓာတ်ပေးနိုင်တဲ့ ချင်း (ဂျင်း) က ရာသီလာချိန် နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ရာသီသွေးဆင်းများတာနဲ့ ရာသီလာချိန် နာကျင်ကိုက်ခဲတာကို သက်သာစေဖိုပ ချင်း (ဂျင်း) စားပေးလို့ ရပါတယ်။မန်ကျည်းသီး။သွေးလည်ပတ်မှုကို ထိန်းညှိပေးပြီး ရာသီသွေးဆင်းများတာကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာ​ကြောင့် သွေးတွင်းကိုလက်စထရော ကျဆင်းစေဖို့လည်း ထောက်ကူပေးပါတယ်။ မန်ကျည်းသီးအနှစ်ကို ရေသန့်သန့် ပျားရည်တို့နဲ့ရောပြီး တစ်နေ့တစ်ခွက်သောက်ပေးရုံပါ။နှမ်းကြတ်စေ့။ရာသီစက်ဝန်းကို ထိန်းညှိပေးပြီး ရာသီသွေးဆင်းများတာကို သက်သာစေနိုင်ပါတယ်။ ဆန်ပြုတ်၊ အုတ်ဂျုံ၊ ဒိန်ချဉ်၊ စွပ်ပြုတ် စတာတွေထဲ ထည့်ပြီး စားပေးလို့ ရပါတယ်။ပဲနို့။ပဲနို့မှာ ပါဝင်နေတဲ့ ပရိုတင်းက ရာသီစက်ဝန်းကို ထိန်းညှိပေးပြီး ရာသီသွေးဆင်းများတာကို သက်သာစေပါတယ်။ ဒါကြောင့် ရာသီသွေးဆင်းများနေမယ်ဆိုရင် ပဲနို့သောက်ပေးလို့ ရပါတယ်။အခုပြောတဲ့ အစားအစာတွေက  လက္ခဏာတွေကို အထိုက်အလျောက်ပဲ သက်သာစေမှာပါ။ တကယ်တမ်း သွေးဆင်းများတဲ့အခါ အစားအစာကိုပဲ အားကိုးလို့ မရတာကြောင့်  ဆရာဝန်နဲ့ပြသပြီး ကျန်းမာရေး စစ်ဆေးမှု လုပ်ဆောင်ကြည့်ဖို့ အကြံပြုပါရစေ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/best-foods-to-relieve-heavy-periods/
လေဒီလေးတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတတ်တဲ့ ကင်ဆာ အစောပိုင်းလက္ခဏာများ
လူတိုင်းကတော့ အနာရောဂါနဲ့ မကင်းနိုင်ပါဘူး။ ဒီလို နာမကျန်းမှုတွေထဲမှာ အပရိက ကျန်းမာရေး ပြဿနာလေးတွေ ကစလို့ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေအထိ အမျိုးမျိုး ရှိနိုင်ပါတယ်။ ဒီလို ကျန်းမာရေးပြဿနာတွေက ဒီအတိုင်း ဖြစ်လာတာလား ဆိုတော့ မဟုတ်ပါဘူး။ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတိုင်းမှာ အစပျိုး ကာလရှိပြီး ဒီကာလတွေမှာ အသေးစား လက္ခဏာလေးတွေ ပြတတ်ပါတယ်။ ဒါပေမယ့် တော်တော်များများက လက္ခဏာတွေက မပြင်းထန်မချင်း အသေးစား ကျန်းမာရေးပြဿနာတွေလို့ ယူဆနေကြတာပါ။ ဒီတော့ ရောဂါတွေကို စောစောစီးစီး သိရှိကာကွယ်နိုင်စေဖို့အတွက် လေဒီလေးတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတတ်တဲ့ ကင်ဆာ အစောပိုင်းလက္ခဏာများ အကြောင်း ပြောပြပေးသွားပါမယ်။ကင်ဆာကကြောက်စရာ ရောဂါ တစ်ခုဆိုပေမယ့် အခုနောက်ပိုင်းမှာတော့ ဆေးပညာတွေ တိုးတက်လာတာကြောင့်ကင်ဆာကို စောစောသိ စောစောကုသမယ်ဆိုရင် သက်တမ်းစေ့စေ့နေထိုင်နိုင်မယ့် အခွင့်အရေးတွေ ရှိလာခဲ့ပါပြီ။ ဒါကြောင့် ကင်ဆာ အစောပိုင်း လက္ခဏာတွေကို သိရှိထားမယ်။ ကိုယ်တိုင်လုပ်လို့ ရတဲ့ စစ်ဆေးမှုတွေကိုလည်း ပုံမှန်လေး လုပ်မယ်ဆိုရင် ကင်ဆာကို စောစီးစွာ သိရှိကာကွယ်နိုင်တော့မှာပဲ ဖြစ်ပါတယ်။ကဲ …. လေဒီလေးတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတတ်တဲ့ ကင်ဆာ အစောပိုင်းလက္ခဏာများ က ဘာတွေဖြစ်မလဲ အတူတူ လေ့လာလိုက်ရအောင်နော်။လေဒီလေးတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတတ်တဲ့ ကင်ဆာ အစောပိုင်းလက္ခဏာများကတော့။လေဒီလေး တော်တော်များများက လေပွတာကို ခံစားရတတ်ပါတယ်။ရာသီလာနေချိန်မှာဆိုရင် ဟော်မုန်း ပြောင်းလဲမှုကြောင့် ဗိုက်ပွတာကို ခံစားကြရပါတယ်။ ဒါက တစ်ပတ်လောက် ကြာတဲ့အခါ သူ့အလိုလို သက်သာသွားတတ်ပါတယ်။ တကယ်လို့ လေပွတာနဲ့အတူ ကိုယ်အလေးချိန် ကျလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာမျိုးတွေ ရှိလာမယ်ဆိုရင် ဆရာဝန်နဲ့ ပြကြည့်စေချင်ပါတယ်။အမြဲလိုလို ဗိုက်ပွနေတာက ရင်သားကင်ဆာ၊သားဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ အူမကြီး ကင်ဆာ နဲ့ အစာခြေစနစ်ကင်ဆာ တစ်ခုခုရဲ့ အစောပိုင်းလက္ခဏာဖြစ်နိုင်တာကြောင့်ပါ။လေဒီလေးတွေအနေနဲ့ ရာသီစက်ဝန်းအတွင်းမှာ သွေးဆင်းတာက ပုံမှန်ပဲ ဆိုပေမယ့်ရာသီစက်ဝန်း တစ်ခုနဲ့ တစ်ခုကြားမှာ သွေးဆင်းတာမျိုး ဖြစ်မယ်ဆိုရင်တော့ သားအိမ်အတွင်းနံရံမှာ ကင်ဆာဆဲလ်တွေ ရှိနေတာမျိုး ဖြစ်နိုင်ပါတယ်။ ဆီးတွေ ဝမ်းတွေမှာ သွေးစလေးတွေပါလာမယ်ဆိုရင် ဆီးအိမ် ကင်ဆာ ဖြစ်နိုင်သလို အူမကြီးကင်ဆာလည်း ဖြစ်နေနိုင်ပါတယ်။ ဒီလို လက္ခဏာတွေ ခံစားရမယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ အကြံပြုပါရစေ။လေဒီလေး တော်တော်များများက ဝိတ်ကျတာကို သဘောကျတာ မှန်ပေမယ့် ဝိတ်ချနေတာမျိုး၊ အစားလျှော့နေတာမျိုး တစ်ခုခု မလုပ်ဘဲ ကိုယ်အလေးချိန်က ကျဆင်းလာမယ်ဆိုရင်တော့ အူမကြီး ကင်ဆာ၊ အသည်းကင်ဆာ၊ ပန်ခရိယကင်ဆာတွေ ဖြစ်နေနိုင်သလို အစာရေမျို ကင်ဆာနဲ့ သွေးကင်ဆာတွေလည်း ဖြစ်နိုင်တာကြောင့် စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ လိုပါမယ်။အရေပြားကင်ဆာကလည်း အခုနောက်ပိုင်းမှာ အဖြစ်များတဲ့ ကင်ဆာတစ်ခု ဖြစ်လို့လာပါတယ်။ အရေပြားမှာ အရေပြားပြောင်းလဲတာ၊ အနာမကျက်တာတွေ ဖြစ်မယ်ဆိုရင် သတိပေးလက္ခဏာတွေ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဖို့ လိုပါမယ်။တစ်ခုခု စားလိုက်တိုင်း တစ်ခုခု သောက်လိုက်တိုင်း မျိုချရခက်နေတာ၊ အော့အန်တာတွေ ဖြစ်ပြီး ကိုယ်အလေးချိန်တွေ ကျဆင်းလာမယ်ဆိုရင်လည်း ဆရာဝန်နဲ့ သေချာလေး စစ်ဆေးမှု ခံယူဖို့ လိုပါမယ်။ အကြောင်းကတော့ ဒီလို လက္ခဏာတွေက အစာအိမ် ကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာ၊ သိုင်းရွိုက်ကင်ဆာ၊အဆုတ်ကင်ဆာတွေရဲ့ အစောပိုင်း လက္ခဏာတွေ ဖြစ်နေနိုင်တာကြောင့်ပါ။ရင်သားက နာကျင်တာ၊ တင်းတာ၊ အရောင်ပြောင်းတာ၊ ရင်သားထဲမှာ အဖုအကျိတ်လိုမျိုးတွေ စမ်းမိမယ်ဆိုရင် ရင်သားကင်ဆာ စစ်ဆေးမှု ခံယူသင့်ပါတယ်။အအေးမိရင် ချောင်းဆိုးနိုင်သလို ဓာတ်မတည့်မှုတွေကြောင့်လည်း ချောင်းဆိုးနိုင်ပါတယ်။ တဆင့်ခံ ဆေးလိပ်ငွေ့ကြောင့်ရောပေါ့။ ဒါပေမယ့် ချောင်းက ရာသီအကူးအပြောင်းမှရယ် မဟုတ်ဘဲ အမြဲလိုလို ချောင်းဆိုးမယ်။ ချောင်းဆိုးရင် သွေးစလေးတွေပါမယ်။အသံဝင်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်စေချင်ပါတယ်။လူတော်တော်များများက ဖျားနာတာကို ကင်ဆာရဲ့ အစောပိုင်းလက္ခဏာလို့ သိကြတာများပါတယ်။ ဒါပေမယ့် ခဏခဏ ဖျားနာတာက သွေးကင်ဆာရဲ့ အစောပိုင်း လက္ခဏာတွေ ဖြစ်နီုင်ပါတယ်။ ဒါကြောင့် ခဏခဏ ဖျားမယ်။အဖျားတာရှည်မယ်ဆိုရင် ဆရာဝန်နဲ့ ပြကြည့်ဖို့ အကြံပြုပါရစေ။အိပ်ရေးလည်း ဝပါရဲ့။ စိတ်ဖိစီးမှုကလည်း ဇီးရိုးပါပဲ။ ဒါပေမယ့် နေ့စဉ် လုပ်နေကျလေးတွေကို လုပ်ရင်းတောင် ခြေကုန်လက်ပမ်းကျလာပြီဆိုရင်တော့ ကင်ဆာလိုမျိုး နာတာရှည် ကျန်းမာရေးပြဿနာ တစ်ခုခုရဲ့ အစောပိုင်း လက္ခဏာ ဖြစ်နေနိုင်တာကြောင့် သေချာလေး စစ်ဆေးကြည့်ဖို့ ပြောပါရစေ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/early-cancer-signs-that-every-women-ignore/
မနက်ခင်းမှာ လှပနေစေဖို့ ညမအိပ်ခင် ဒီလိုထိန်းသိမ်းမှုလေးတွေ လုပ်ပါ။
မနက်နိုးလာလို့ မှန်ထဲကြည့်တဲ့အခါအသားလေးကြည်နေရင်၊နှုတ်ခမ်းလေးက ပန်းရောင်သန်းနေရင်၊ မျက်နှာလေးက ကြည်လင် ဝင်းပနေရင် စိတ်ထဲက ကျေနပ်ပြီး မနက်ခင်းတွေက လှပနေရောဟုတ်လေဒီ။ဒီလို မနက်ခင်းတွေ လှပဖို့ဆိုရင် ညဘက်တွေမှာ လုပ်ဆောင်ရမယ့်အသားအရေ ထိန်းသိမ်းနည်းလေးတွေ ရှိပါတယ်။ ဒီတော့မနက်ခင်းမှာ လှပနေစေဖို့ ညဘက်တွေမှာ ဘယ်လိုတွေ ထိန်းသိမ်းရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။မနက်ခင်းမှာခေါင်းအစ ခြေအဆုံး လှပနေစေဖို့ဆိုရင်။ခြေလက်တွေ ခြောက်သွေ့ကွဲအက်မှု ကင်းစေဖို့ဆိုရင် ညအိပ်ရာမဝင်ခင်မှာ ခြေလက်သန့်စင်ပြီး ခြေထောက်တွေ၊ လက်တွေကို vaseline နဲ့သံလွင်ဆီနည်းနည်းရောပြီး လိမ်းပေးပါ။ ပြီးရင်တော့ လက်အိတ်လေး၊ ခြေအိတ်လေးတွေ စွပ်ပြီး အိပ်ပေးပါ။ မနက်နိုးတဲ့အခါ အစိုဓာတ် ပြည့်ဝပြီး ချောမွေ့အိစက်တဲ့ ခြေလက်လေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။လေဒီလေးတွေကို လှပစေတဲ့အရာတွေထဲက တစ်ခုက ခြေသည်းလက်သည်းလေးတွေ ပန်းရောင်သွေးသန်းနေတာပါ။ ဒီတော့ ခြေသည်းလက်သည်းလေးတွေ ကျိုးပဲ့မှုကင်းပြီး ပန်းရောင်သွေး သန်းစေဖို့ဆိုရင် ညအိပ်ရာမဝင်ခင်မှာ ခြေသည်းလက်သည်းလေးတွေကိုအုန်းဆီဒါမှမဟုတ် cuticle cream လိမ်းပေးပါ။နှုတ်ခမ်းလေးက အိစက်ပြီး နှင်းဆီဖူးလေးလို လှစေဖို့ဆိုရင် ညဘက် သွားတိုက်ပြီးတဲ့အခါ နှုတ်ခမ်းကို အစိုဓာတ်ထိန်းခရင်မ်တစ်ခုခု ဒါမှမဟုတ် lip balm တစ်မျိုးမျိုး လိမ်းပြီး လက်ချောင်းလေးတွေ သုံးလို့ နှိပ်နယ်ပေးပါ။ မနက်ကျရင် နှုတ်ခမ်းသားလေးက အိစက်လှပနေမှာပါ။မျက်ကွင်းညိုတာ၊ မျက်အိတ်တွဲတာတွေ မဖြစ်စေဖို့ဆိုရင် ည မအိပ်ခင်မှာ မျက်နှာသန့်စင်ပြီး အယ်လ်မွန်စေ့ဆီ အနည်းငယ်ကို မျက်လုံးအောက်ဘက်တဝိုက်မှာ လိမ်းပေးပါ။ ဒီလို လုပ်ပေးတာက ပုံမှန် လုပ်ပေးမယ်ဆိုရင် မျက်ကွင်းညိုတာကို သက်သာစေနိုင်ပါတယ်။မျက်တောင်လေးတွေ ထူထပ်စေဖို့ဆိုရင် ညမအိပ်ခင်မှာ မျက်တောင်လေးတွေကို ကြက်ဆူဆီ လိမ်းပေးပါ။ မနက် နိုးတာနဲ့ မျက်နှာသစ်ချပါ။ဆံသား လှပမှုက လေဒီလေးတိုင်းတောင့်တတတ်တဲ့ အလှတရားပါ။ ဒီတော့ လှပကျန်းမာရှည်လျားတဲ့ ဆံသားပိုင်ဆိုင်နိုင်စေဖို့ဆိုရင် မအိပ်ခင်မှာ အုန်းဆီလိမ်းပြီး အိပ်လိုက်ပါ။ မနက်ခင်း နိုးတဲ့အခါ ခေါင်းကို လျှော်ချလိုက်ရုံပါ။မျက်နှာလေးမှာ အရေးအကြောင်း ကင်းစေဖို့ဆိုရင် ညအိပ်ရာမဝင်ခင်မှာ မျက်နှာကို သေချာ သန့်စင်ပြီး sleeping mask လေး ကပ်ပေးပါ။ ဒီလို ကပ်ပေးတာက အသားအရေကို လိုအပ်တာ အာဟာရ ဖြည့်ပေးရာ ရောက်သလို အရေးအကြောင်းတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။အသားအရေလေး ကြည်လင်ပြီး ရေဓာတ် ပြည့်ဝနေစေဖို့ဆိုရင် ညဘက်မှာ အိပ်ရေးဝဝအိပ်ပါ။အစိုဓာတ်ထိန်းစက်ဖွင့်ပေးပါ။ ညအိပ်ရာ မဝင်ခင်မှာ ရေတစ်ခွက်လောက် သောက်ပေးပါ။ဒီအလေ့အထလေးတွေကို ပျိုးထောင်ပြီး မနက်ခင်းတိုင်းမှာ လှပစွာ နိုးထလိုက်ရအောင် လေဒီလေးတို့ရေ………..။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/overnight-beauty-tips-wake-up-pretty/
အရွယ်တင်နုပျိုချင်ရင် ဒါတွေစားပေးပါ
ကဲ….. အရွယ်တင်နုပျိုစေဖို့ ဒီအစားအသောက်လေးတွေစားပေးပါနော်။ခန္ဓါကိုယ်ကို အကာင်းဆုံးအားဖြည့်ပေးပြီး အရွယ်တင်နုပျိုစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်တဲ့ အစားအသောက်တွေကတော့-။ကန်စွန်းရွက်– ကန်စွန်းရွက်ကရေဓါတ်ရော၊ အာဟာရဓါတ်ပါ အပြည့်အဝပါဝင်နေတဲ့ အစိမ်းရောင် အရွက်တစ်မျိုးပေါ့။ ကန်စွန်းရွက်မှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနိ၊ဖော့ဖရပ်စ်၊ ဗီတာမင် A၊ C၊ K၊ B1 နဲ့ B2 တို့ပါဝင်နေပါတယ်။ ကန်စွန်းရွက်မှာ အရေပြားအတွင်းပိုင်းကရောဂါပိုးတွေကိုသေစေနိုင်တဲ့အာနိသင်ရှိပြီးသွေးလည်ပတ်မှုကိုကောင်းမွန်စေနိုင်သလိုခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီကို သတ္တုဓါတ်တွေရောက်ရှိအောင် ပို့ဆောင်ပေးပါတယ်။ ကန်စွန်းရွက်မှာပါတဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကfree radicalsတွေကြောင့် အရေးအကြောင်းတွေဖြစ်တာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။နေ့စဉ် ကန်စွန်းရွက် လက်တစ်ဆုပ်စာ စားပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/anti-aging-foods/
ပိုးဝင်၍ အဆစ်ရောင် ရမ်းခြင်း
ပိုးဝင်၍ အဆစ်ရောင် ရမ်းခြင်း (septic arthritis) ဆိုတာ အရိုးအထူးကုဆရာဝန်တွေအတွက် အရေးပေါ် အခြေအနေပါ။ ချက်ချင်းကုသဖို့ သင့်တဲ့ ရောဂါပါ။ နောက်ကျသွားရင် ပိုးတွေ  ပြန့်သွားပြီး သွေးဆိပ်သင့်တာ၊ အဆစ်တွေ ပျက်စီးတာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စောစောသိပြီး စောစောကုနိုင်ဖို့ အရေးကြီးပါတယ်။ ပိုးဝင်တာက အဆစ်တစ်ဆစ်တည်း ဖြစ်တာများပါတယ်။ ရှားရှားပါးပါး အဆစ်တွေ အများကြီး ထိတာလဲ ရှိပါတယ်။ ဒီရောဂါ ဘာကြောင့် ဖြစ်တာလဲ။ ဘယ်လို ကုသရမလဲဆိုတာ ဒီဆောင်းပါးမှာ ပြောပြပေးသွားပါမယ်။ပိုးဝင်ပြီး အဆစ်ရောင်ရမ်းတာက တခြားနေရာကဘက်တီးရီးယားပိုးတစ်ခုခုက ရောဂါပိုးက သွေးထဲကနေတစ်ဆင့် အဆစ်ကို ပျံ့လာတာကြောင့်ပါ။ တစ်ခါတစ်လေ အဆစ်ကို ထိခိုက်ဒဏ်ရာရတာဖြစ်ဖြစ်၊ ခွဲစိတ်တာဖြစ်ဖြစ် (ဥပမာဒူးအစားထိုး ခွဲစိတ်တာ) ပိုးဝင်တာမျိုးလည်း ရှိတတ်ပါတယ်။အတွေ့ရများတဲ့ ပိုးကတော့staphylococcusနဲ့ streptococcus ပဲ ဖြစ်ပါတယ်။ ဒီပိုးတွေက အရေပြားမှာ အများဆုံးတွေ့ရပါတယ်။ လိင်ဆက်ဆံဖော်များတဲ့သူတွေမှာတော့ဆီးပူညောင်းကျပိုးကြောင့် ဖြစ်တာများပါတယ်။ ဒီပိုးတွေက အဆစ်ကို တိုက်ရိုက်ပဲ ဖြစ်ဖြစ်၊ သွေးထဲကနေပဲ ဖြစ်ဖြစ် ရောက်လာပြီး ရောင်ရမ်းစေတာပါ။တခြားပိုးတွေကတော့ ဗိုင်းရပ်စ်နဲ့ မှိုပိုးတွေပဲ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ထဲမှာ ဆိုရင်တော့အသည်းရောင် အသားဝါအေ၊ ဘီ၊ စီပိုး၊HIVပိုး၊ပါးကြိတ်ရောင်ပိုးစတာတွေပါပါတယ်။ မှိုပိုးထဲမှာ ဆိုရင်တော့  histoplasma၊ coccidiomyces၊ နဲ့ blastomyces စတာတွေ ပါပါတယ်။ ဒီပိုးတွေ ဘက်တီးရီးယားတွေထက်စာရင် ပြန့်တာနှေးပါတယ်။ပိုးဝင်ပြီး အဆစ်ရောင်ရမ်းတာရဲ့ လက္ခဏာက ရုတ်တရက် နာပြီး အဆစ်တွေ ဖောင်းပြီး ရောင်လာတာပါ။ ဒါ့ပြင်။လူတိုင်း ဖြစ်နိုင်ပေမယ့် သူတို့တွေကတော့ ပိုဖြစ်နိုင်ပါတယ်။အပေါ်က လက္ခဏာတွေ ရှိနေရင် ပိုးဝင်ပြီး အဆစ်ရောင်တာများလား ဆိုပြီး သံသယရှိတတ်ပါတယ်။ ပိုသေချာချင်ရင်တော့။အကောင်ဆုံးကတော့ စောစောသိပြီး စောစောကုတာပါတယ်။ အဓိက ကုသနည်းတွေကတော့။အဆစ်ထဲက ပိုးတွေ သေဖို့အတွက် ရက်ရှည် ပိုးသတ်ဆေး ထိုးတာ၊ သောက်တာတွေ လုပ်ရမှာပါ။ နောက်တစ်နည်းကတော့။ဒီပိုးဝင်နေတဲ့ အရည်တွေကို ဖယ်ထုတ်ပစ်တာက အရေးကြီးပါတယ်။ နည်းတွေကတော့။-ပမာဏ နည်းရင် အပ်နဲ့ စုပ်ထုတ်တာ။-အဆစ်ထဲကို မှန်ပြောင်းနဲ့ ကြည့်ပြီး စုပ်ထုပ်တာ။-ခွဲစိတ်ပြီး အရည်ကို ဖယ်ထုတ်ပစ်တာတွေ လုပ်လို့ ရပါတယ်။အဆစ်ထဲကို ပိုးဝင်ပြီး ရောင်ရမ်းတာက အရေးကြီးပါတယ်။ အချိန်မီ မကုသနိုင်ရင် အဆစ်တွေ ပျက်စီးတာမျိုး ဖြစ်တတ်ပါတယ်။ စောစောကုနိုင်လေလေ ထိခိုက်တာ နည်းလေလေပါပဲ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%9d%e1%80%84%e1%80%ba%e1%81%8d-%e1%80%a1%e1%80%86%e1%80%85%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba-%e1%80%9b%e1%80%99%e1%80%ba%e1%80%b8%e1%80%81/
ကလေးများတွင် နားထိခိုက်ခြင်း
ပြင်ပဒဏ်ရာ အများစုဟာ သွေးခြေဥခြင်းနဲ့ ပွန်းခြစ် ဒဏ်ရာများဖြစ်ပါတယ်။ နားဟာ ဆိုးဆိုးရွားရွား ရောင်ရမ်းနေရင် သွေးခဲနေခြင်းကြောင့်ဖြစ်တတ်ပြီး မကုသဘဲထားလိုက်ရင် နားရဲ့ပုံသဏ္ဍာန်ဟာ အမြဲတမ်း ပျက်စီးသွားနိုင်ပါတယ်။ နားပေါက်ထဲကနေ သွေးထွက်ခြင်း အများစုဟာ လက်သည်း၊ နားကြပ်တံ၊ နားတွင်းကြည့် ကိရိယာစတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒီလို ပွန်းခြစ်ဒဏ်ရာများဟာ သွေးအနည်းငယ်သာ ထွက်တတ်ပြီး ဒဏ်ရာကောင်းကောင်း ပြန်ကျက်ပါတယ်။ ရှည်ပြီး ထိပ်ဖျားချွန်တဲ့ပစ္စည်း ဥပမာ ခဲတံ၊ တုတ်ချောင်း၊ အအေးပိုက်၊ ဝါယာ စတာတွေဟာ နားစည်ကို ပေါက်ပြဲစေတဲ့အပြင် အကြားအာရုံကို ဒုက္ခရောက်စေတဲ့ ဖြစ်နိုင်ခြေ အန္တရာယ်တွေ ရှိပါတယ်။အောက်ပါလက္ခဏာတွေ ပါဝင်ပါတယ်။အပေါ်ယံ ထိခိုက်ရှနာနားဒဏ်ရာများကို အိမ်တွင်ကုသခြင်း။အနာကို ဆပ်ပြာနဲ့ ရေနဲ့ သေချာဆေးပါ။ ပိုးသတ်ထားတဲ့ ပတ်တီးစနဲ့ သွေးတိတ်အောင် ၁၀မိနစ်လောက် ဖိထားပါ။အောက်ပါ အခြေအနေတွေမှာ ဆရာဝန် ချက်ချင်း ပြသရပါမယ်။နားထိခိုက်မှုကို ရှောင်ကြဉ်ဖို့ အောက်ပါအချက်တွေကို သတိရပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%94%e1%80%ac%e1%80%b8%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%ba/
ဘေဘီလေးတွေမှာဖြစ်တဲ့ အသားပို
ဘေဘီလေးကို မွေးဖွားလာချိန်မှာ အပိုတွေ မလိုချင်သလို လိုအပ်ချက်လည်း မရှိစေဘဲ စင်းလုံးချော မွေးလာစေချင်တာက မေမေတိုင်းရဲ့ အဖြစ်ချင်ဆုံး ဆန္ဒပါ။ ဒါပေမယ့် ဆုတောင်းတိုင်း ပြည့်ရမယ်လို့ တထစ်ချ သတ်မှတ်ထားတာမျိုး မရှိဘူးလေ။ တစ်ခါတလေမှာ လိုအပ်ချက် ပါလာတာ ဖြစ်နိုင်သလို တစ်ခါတလေမှာ မလိုချင်ဘဲ အပိုလေးတွေ ပါလာတတ်ပါတယ်နော်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတို့မှာ အပို ပါလာတတ်တဲ့ ဘေဘီလေးတွေမှာဖြစ်တဲ့ အသားပို လေးတွေအကြောင်း ပြောရအောင်လား။ဘေဘီလေးတွေမှာဖြစ်တဲ့ အသားပို ဆိုတာက ပျော့အိအိ အသားလုံးလေးတွေပါ။ ကင်ဆာကျိတ် မဟုတ်သလို၊ အဖေုအကျိတ်တွေလည်း မဟုတ်ပါဘူး။ အာရုံခံဆဲလ်တွေ၊ အဆီဆဲလ်လေးတွေ၊ အသားမျှင်လေးတွေ ပါဝင်နေတတ်ပါတယ်။ ခပ်ပြားပြား ပုံစံကနေ အလုံးလေးတွေ အထိ ပုံစံ အမျိုးမျိုးနဲ့ ရှိနိုင်ပါတယ်။ အချို့က အရွယ်အစား သေးသေးလေးပဲ ဖြစ်ပေမယ့် အချို့ အသားပိုတွေကတော့ အရွယ်အစား ကြီးလာတတ်ပါတယ်။ အချင်း ၂ မီလီမီတာ ကနေ ၁ စင်တီမီတာလောက် အထိ ကြီးနိုင်ပါတယ်။ များသောအားဖြင့်ကတော့ စိုးရိမ်စရာ မရှိပါဘူး။အသားပိုက အရေပြား မျက်နှာပြင် နေရာမရွေးမှာ ပေါက်နိုင်ပေမယ့် များသောအားဖြင့်ကတော့အသားချင်း ပွတ်တိုက်မိတဲ့ နေရာတွေမှာ အဖြစ်များပါတယ်။ဘေဘီလေးတွေမှာ အသားပို ဖြစ်ရတဲ့ အကြောင်းအရာတွေက တော်တော်လေးတော့ များပါတယ်နော်။မွေးဖွားလာတဲ့ ဘေဘီလေးမှာအသားပို ပါလာရင် စိတ်ပူသွားမှာ သိပေမယ့် အရမ်း မစိုးရိမ်ဖို့တော့ ပြောပါရစေနော်။ အသားပိုတွေက အန္တရာယ် ရှိခဲပါတယ်။ ခန္ဓါကိုယ်မှာ ပါလာတဲ့ အပိုဆုလေးတွေသာ ဖြစ်ပြီး ဘေဘီလေးရဲ့ ခန္ဓါကိုယ် နေရာအနှံ့မှာ ဖြစ်နိုင်ပါတယ်။ဒါပေမယ့် အသားပိုကနေ သွေးထွက်လာမယ်၊ အရောင် ပြောင်းလာမယ်၊ ကြီးလာမယ် ဆိုရင် ကင်ဆာ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။ အသားပို ဖြစ်တိုင်း စိတ်မပူပါနဲ့နော်။ ဆရာဝန်နဲ့ ပြသကြည့်ပြီး လိုအပ်တဲ့ ကုသမှုကို ခံယူပေးလိုက်ပါ။နိဂုံးချုပ် အနေနဲ့ ပြောချင်တာကတော့ ကလေးရဲ့ အသားပိုက ကြီးလာတာ၊ သွေးထွက်တာ နဲ့ ပုံမှန် မဟုတ်တာမျိုး တစ်ခုခု မဖြစ်ဘူး ဆိုရင်တော့ စိတ်မပူပါနဲ့လို့ပြောပါရစေနော်။ အခုပြောခဲ့တဲ့ လက္ခဏာတွေ ထဲက  တစ်ခု ဒါမှမဟုတ် တစ်ခုထက် ပိုတဲ့ အခြေအနေကို ခံစားရမယ် ဆိုရင် ကလေးကို တတ်သိနားလည်သူတွေနဲ့ ပြသပြီး လိုအပ်တဲ့ ကုသမှုတွေကို ခံယူပေးဖို့ လိုပါမယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/skin-tags-in-children/
ဒူးနာ စေတဲ့ အကြောင်းရင်းများ
ဒူးနာ တယ်လို့ ပြောလိုက်ရင် လူကြီးတွေမှာပဲ ဖြစ်တတ်တယ်လို့ ထင်ကြပါတယ်။ တကယ်တော့ ဒူးနာတယ် ဆိုတာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပါပဲ။ တစ်ကိုယ်လုံးရဲ့ အလေးချိန်ကို ထမ်းထားရတာကြောင့် ဘယ်သူမဆို ဒူးနာတတ်ပါတယ်။ ဒူးနာရင် ဘာတွေကြောင့် ဖြစ်နိုင်လဲ။ ဘယ်လို သက်သာအောင် လုပ်ကြမလဲဆိုတာကို ပြောပြေပးပါ့မယ်။ဒူးနာတာကထိခိုက်ဒဏ်ရာကြောင့်ပဲ ဖြစ်ဖြစ်၊ ဒူးမကောင်းလို့ပဲ ဖြစ်ဖြစ်၊ ဒူးဆစ်ရောင်ရမ်းလို့ပဲ ဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။ အသေးစိတ်ကို ဆက်ကြည့်ရအောင်။ထိခိုက်ဒဏ်ရာ။ထိခိုက်ဒဏ်ရာလို့ဆိုတဲ့ နေရာမှာ အရွတ်တွေ၊ အရိုးတွေ၊ အရိုးနုတွေ၊ အရည်အိတ်တွေ အားလုံးပါပါတယ်။ အတွေ့ရများတာတွေကတော့။ဒူးမကောင်းတာ။ဒူးဆစ်ရောင်ရမ်းခြင်း။ဒူးဆစ်ရောင်ရမ်းစေတဲ့ အကြောင်းရင်းတွေ အများကြီးရှိတဲ့ထဲကမှ အတွေ့ရများတာတွေကတော့။ဒူးနာတဲ့ နေရာနဲ့ ဘယ်လောက်ပြင်းထန်လဲ ဆိုတာကတော့ ဖြစ်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ လက္ခဏာတွေကတော့ ဒူးနာတာအပြင်။ကုသနည်းတွေကတော့ ဖြစ်တဲ့အကြောင်းရင်းပေါ် မူတည်ပြီး အမျိုးမျိုးကွဲသွားပါတယ်။ နည်းလမ်းတွေကတော့။ကာကွယ်နည်းများ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%92%e1%80%b0%e1%80%b8%e1%80%94%e1%80%ac-%e1%80%85%e1%80%b1%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%84%e1%80%ba%e1%80%b8/
ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ
ခိုဆိုတာ မြန်မာနိုင်ငံရဲ့  နေရာတော်တော်များများမှာ တွေ့နိုင်တဲ့ ငှက်အမျိုးအစားပါ။ ဒီမှာက ခိုစာကျွေးတဲ့အလေ့အထရှိတဲ့အပြင် အိမ်နေမှာပါ ပေးနေကြတာကြောင့် လူတွေနဲ့ တော်တော်ကြီး နီးနီးကပ်ကပ်ကို ရှိနေတာပါ။ ဒါပေမဲ့ ဒီခိုတွေက လူတွေကိုတော့ ကောင်းကျိုးမပေးပါဘူး။ ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ က လူတွေကို အသက်အန္တရာယ်ဖြစ်စေသည်အထိ ပြင်းထန်ပါတယ်။ခိုချေးတွေကို ရှူမိရာကနေတဆင့် ကူးတာပါ။ လတ်လတ်ဆတ်ဆတ် ချေးတွေထက်စာရင် ခြောက်သွားတဲ့အခါ အမှုန်အမွှားတွေ ဖြစ်ပြီး ဒါကို ရှူမိရင် အဆုတ်ထဲရောက်ပြီး ကူးစက်တတ်ပါတယ်။ အဲ့ကနေမှ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်သွားပြီး ရောဂါဖြစ်စေပါတယ်။ ခိုတွေနဲ့ အနီးကပ်နေတဲ့သူတွေမှာ ဖြစ်နိုင်ခြေ များပါတယ်။အထူးသဖြင့် ခုခံအားကျတဲ့သူဆိုရင် ပိုသတိထားသင့်ပါတယ်။ သာမန်လူတွေမှာ ရောဂါဖြစ်နိုင်ခြေ နည်းပေမဲ့ ခုခံအားကျနေရင်တော့ ကူးစက်လွယ်ပါတယ်။ ဥပမာ။ကလေးငယ်လေးတွေနဲ့ ဘိုးဘိုးဘွားဘွားတွေကလည်း ကိုယ်ခံအား ချို့တဲ့တတ်လို့ ဂရုစိုက်ဖို့ လိုပါတယ်။မြန်မာနိုင်ငံလို ခိုတွေနဲ့ လက်ပွန်းတသီး နေတဲ့နိုင်ငံမှာ ခိုကနေတဆင့် ရောဂါတွေ ကူးစက်နိုင်ခြေ များပေမယ့် လက္ခဏာမပြဘူးဆိုတာ ကိုယ်ခံအားကောင်းနေသေးတဲ့သူမို့လို့ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကူးလို့ ကူးမှန်းမသိလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများကတော့ အဓိကအားဖြင့် ၃မျိုး ရှိပါတယ်။ တစ်ခုချင်းဆီကို အောက်မှာထပ်ရှင်းပြပေးပါမယ်။(၁) Cryptococcosis။Cryptococcosisဆိုတာ မှိုပိုးဖြစ်ပါတယ်။Cryptococcus neoformansနဲ့Cryptococcus gattiiဆိုပြီး မှိုနှစ်မျိုး ရှိပါတယ်။Cryptococcus neoformansက ခုခံအားကျတဲ့သူတွေမှာ ဖြစ်တတ်ပေမဲ့Cryptococcus gattiiကတော့ ကျန်းမာတဲ့သာမန်လူတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်က ကျန်းမာနေတာပဲဆိုပြီး ခိုတွေနဲ့ လက်ပွန်းတသီး မနေသင့်ပါ။လက္ခဏာများ။မှိုပိုးက ဘယ်နေရာကို ပြန့်သွားလဲဆိုတာပေါ်  မူတည်ပြီး လက္ခဏာတွေကလည်း ကွာခြားသွားပါတယ်။နောက်ဆက်တွဲပြဿနာများ။Cryptococcosisက နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ဦးနှောက်ကို ပြန့်သွားတဲ့အခါ။ကုသမှု။မှိုပိုးကြောင့် ဖြစ်တာကြောင့် မှိုသတ်ဆေးတွေ ပေးဖို့ လိုပါတယ်။ ဦးနှောက်ထဲကို ရောက်သွားရင်တော့ အချိန်ကြာကြာကုသဖို့ လိုနိုင်ပါတယ်။ မှိုလုံးကြီး ဖြစ်သွားရင်တော့ ခွဲစိတ်ဖို့ လိုနိုင်ပါတယ်။(၂) Histoplasmosis။HistoplasmosisဆိုတာHistoplasma capsulatumလို့ခေါ်တဲ့ မှိုပိုးကြောင့်ဖြစ်တဲ့ ရောဂါပါ။ သူကလည်း ခုခံအားကျနေတဲ့သူတွေ၊ ခိုတွေနဲ့ လက်ပွန်းတသီးနေတဲ့သူတွေမှာ ခိုချေးရှူမိရာကနေ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုးပါ။လက္ခဏာများ။အတွေ့ရများတာတွေကတော့။တချို့တွေမှာ အဆစ်တွေနာတာ၊ အနီစက်ထွက်တာတွေ ဖြစ်တတ်သလိုအဆုတ်ပြည်တည်တာလည်း ဖြစ်တတ်ပါတယ်။ဒီထက်ပိုဆိုးလာရင်တော့ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်သွားပြီး အသက်အန္တရာယ် ဖြစ်နိုင်ပါတယ်။နောက်ဆက်တွဲပြဿနာများ။Histoplasmosis က နောက်ဆက်တွဲဆိုးကျိုးအနေနဲ့။ကုသနည်း။လက္ခဏာတွေက သိပ်မပြင်းထန်ရင် သိတောင် မသိလိုက်ပါဘူး။ လက္ခဏာတွေက ပြင်းထန်ရင် ဒါမှမဟုတ် ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်သွားရင်တော့ မှိုသတ်ဆေးတွေ ကြာကြာပေးပြီး ကုသဖို့ လိုပါတယ်။(၃) Psittacosis။Psittacosisကတော့Chlamydia psittaciဆိုတဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တာပါ။ သူကလည်း ခိုချေး၊ ကြက်တူရွေးချေးတို့ကနေ ကူးစက်နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။လက္ခဏာများ။လက္ခဏာတွေကတော့ သာမန်ဖျားနာတဲ့အခါ ခံစားရလေ့ရှိတဲ့။နောက်ဆက်တွဲပြဿနာများ။တကယ်လို့ ပိုးက တခြားနေရာကို ပြန့်သွားခဲ့ရင်တော့။ကုသနည်း။ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာဆိုတော့ ပိုးသတ်ဆေးတွေပေးပြီး ကုလို့ရပါတယ်။ တခြားနေရာကို ပြန့်သွားခဲ့ရင်တော့ ဒီထက်ပိုပြီးရှုပ်ထွေးတဲ့ ကုထုံးတွေ လိုနိုင်ပါတယ်။ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ ကို သိသွားပြီဆိုရင် ဒါကို ဘယ်လိုကာကွယ်ရမလဲဆိုတာကိုပါ လေ့လာထားရတော့မှာပါ။ ကိုယ်ကခုခံအား ကောင်းနေတယ်ဆိုရင်တောင် နေ့စဉ် ခိုနဲ့ လက်ပွန်းတသီး နေနေတာကြောင့် တစ်ချိန်ချိန်မှာ ရောဂါဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်။ခိုတွေက လူတွေရဲ့ ရင်းနှီးတဲ့ ငှက်တွေဆိုပေမဲ့ သူတို့တွေကနေ ရောဂါကူးတတ်တာကို မေ့ထားလို့ မဖြစ်ပါဘူး။ ခုခံအားကျတဲ့သူတွေမှာ အဖြစ်များတယ်ဆိုပေမဲ့ သူကနေ ကူးစက်တဲ့ ရောဂါတွေက အသက်အန္တရာယ်ဖြစ်တတ်တာကြောင့် ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/respiratory-infections/diseases-transmitted-by-pigeons/
Hyperacusis (ဆူညံသံမခံနိုင်သည့်ရောဂါ)
ဆူညံသံကို လက်မခံနိုင်တဲ့ရောဂါဖြစ်ပါတယ်။ ဆူညံသံတော်တော်များများကို သည်းမခံနိုင်ဘဲ နာကျင်လောက်အောင်ဆူညံနေတတ်ပါတယ်။ကလေးတွေရော အရွယ်ရောက်ပြီးသူတွေမှာပါ ဖြစ်တတ်ပေမယ့် အဖြစ်နည်းပါတယ်။ အယောက်၅၀၀၀၀မှာ တစ်ယောက်သာဖြစ်ပါတယ်။ဆူညံသံမခံနိုင်သည့်ရောဂါက ရုတ်ချည်းထဖြစ်နိုင်သလို တြဖ်ည်းဖြည်းချင်းလည်း ဖြ်စလာနိုငပါတယ်။ဒီဝေဒနာရှိတဲ့လူနာတစ်ချို့မှာ ဆူညံသံကြားတဲ့အခါမှာ-။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဆူညံသံမခံနိုင်သည့်ရောဂါရှိတဲံလူအများစုမှာ အခြားသိသိသာသာပြဿနာတွေမရှိပေမယ့် အခြေအနေအမျိုးမျိုးနဲ့ဆက်နွှယ်နေပါတယ်။အောက်ပါအခြေအနေတွေနဲ့ ဆက်နွှယ်နေပါတယ်။အချို့သောဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆေးတွေမှီဝဲနေရမယ်ဆိုရင် ဆေးညွှန်းစာရွက်ဘေးထွက်ဆိုးကျိုးမှာ ဆူညံသံမခံနိုင်ခြင်းပါမပါ စစ်ဆေးပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။နားဆရာဝန်က ကိုယ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေပြုလုပ်ပြိး လက္ခဏာရဲ့ကြာချိန်နဲ့ပြင်းထန်မှုအခြေအနေတွေအပါအဝင် ကျန်းမာရေးရာဇဝင်တွေကို မေးပါလိမ့်မယ်။ အကြားအာရုံစစ်ဆေးခြင်းကို ပြုလုပ်ပါလိမ့်မယ်။ ကြိမ်နှုန်းမတူတဲ့အသံတွေိကို ကြားနိုင်စွမ်းကိုမှတ်တမ်းတင်ခြင်းဖြစ်ပါတယ်။ အမှန်တကယ် ဆူညံသံမခံနိုင်သည့်ရောဂါလူနာတွေမှာ အကြားအာရုံစစ်ဆေးခြင်းမှတ်တမ်းမှာ အကြားအာရုံဆုံးရှူံးခြင်းပြလေ့မရှိပါဘူး။ အကြားအာရုံစစ်ဆေးခြင်းမှာ အကြားအာရုံဆုံးရှူံးခြင်းကို မပြပေမေယ့် ဆူညံတဲ့ပတ်ဝန်းကျင်မှာသို့ နားထောင်ဖို့ခက်တဲ့အခြေအနေတွေမှာ စကားပြောသံကိုနားထောင်ဖို့အခက်အခဲရှိခြင်း ဖြစ်နိုင်ပါတယ်။ အကြားအာရုံဆိုင်ရာဖြစ်စဉ်အခက်အခဲရှိခြင်းလို့ တခါတလေခေါ်ပါတယ်။ဖြစ်ရတဲ့အကြောင်းရင်းကိုကုပြီး ပြဿနာကိုဖြေရှင်းနိုင်ပေမယ့် ဆူညံသံမခံနိုင်သည့်ရောဂါကိုကုသဖို့ ဆေးတွေ ခွဲစိတ်ကုသမှုတွေမရှိပါဘူး။အကြောင်းရင်းကိုရှင်းရှင်းလင်းလင်းမသိဘူးဆိုရင်တော့ ဆူညံသံအပေါ်တုန့်ပြန်မှုလွန်ကဲခြင်းကို လျှော့ချဖို့နည်းလမ်းတွေလျော့နည်းနိုင်ပါလိမ့်မယ်။အပြုအမူပိုင်းဆိုင်ရာကုထုံး။ဆူညံသံနဲ့ပတ်သက်ပြိး သင်ံရဲ့သည်းမခံနိုင်မှုကို ကူညီပေးပြီး စိတ်ညစ်ညစ်မှုကိုနည်းအေင်၊ သင့်ရဲ့ငြင်းဆန်တဲ့အမူအရာ၊ နဲ့ လက္ခဏာတွေကပြန်သက်သာဖို့ သင့်ရဲ့တွေးခေါ်စဉ်းစားမှုနည်းလမ်းကို ပြောင်းပေးပါတယ်။ပညာပေးခြင်း။ဆူညံသံမခံနိုင်သည့်ရောဂါနဲ့ပတ်သက်ပြီး သင်ယူနိုင်အောင်ကူညီပေးပါတယ်။အသံကုထုံး။အထူးပြုလုပ်ထားတဲ့ ဆူညံသံထုတ်ပေးတဲ့စက်ကို အိပ်ခန်းထဲမှာဒါမှမဟုတ် နားကြားကိရိယာလိုမျိုး နားထဲမှာထည့်ပြီး လပေါင်းများစွာကြားစေခြင်းဖြင့် ဝေဒနာခံစားမှုကိုလျော့ပါးစေပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်ဆူညံသံမခံနိုင်သည့်ရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/hyperacusis-%e1%80%86%e1%80%b0%e1%80%8a%e1%80%b6%e1%80%9e%e1%80%b6%e1%80%99%e1%80%81%e1%80%b6%e1%80%94%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80%9e%e1%80%8a%e1%80%b9%e1%80%b7%e1%80%b1%e1%80%9b/
ယုန်လေးတွေ ကြိုက်တဲ့ မုန်လာဥနီရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေ
အာဟာရမျှတပြီး ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာ ပေးနိုင်တဲ့ ဆေးစာတွေထဲမှာမုန်လာဥနီဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ဝါးစားလို့ ရပြီး အရသာလည်း ရှိသလို ဗီတာမင်များစွာ ပါဝင်တယ်။အမျှင်ဓာတ်နဲ့ ခန္ဓာကိုယ်အကျိုးပြု antioxidant တွေ ပေါကြွယ်ဝပါတယ်။သွေးတွင်း ကိုလက်စထရောဓာတ်ကို လျှော့ချပေးလို့ကိုယ်အလေးချိန်ကိုလည်း ကျစေနိုင်တယ်။မျက်စိကျန်းမာရေးအတွက် အရေးပါတဲ့ အားဆေးတစ်ခွက်လို့ ဆိုရင်လည်း မှားမယ်မထင်ပါဘူး။မုန်လာဥနီမှာ ကင်ဆာရောဂါ၊ နှလုံးနဲ့ သွေးတိုးကို ကာကွယ်ပေးနိုင်တဲ့ antioxidant တွေအပြင် ဗီတာမင်အမျိုးမျိုး၊ အမျှင်ဓာတ်၊ ကစီဓာတ်၊ ပိုတက်စီယမ်ဓာတ် အစရှိတဲ့ သတ္တုဓာတ်တွေ ပါဝင်လို့ နေ့စဉ်အာဟာရအတွက် မရှိမဖြစ် ထည့်သွင်းစားပေးဖို့ လိုအပ်ပါတယ်။မုန်လာဥနီမှာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးဖြစ်စေတဲ့ antioxidant တွေအပြင် ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ ပါဝင်ပါတယ်။ကင်ဆာရောဂါတွေကို ဖြစ်မလာနိုင်အောင် တားဆီးပေးနိုင်တဲ့ carotenoids လို့ ခေါ်တဲ့ ဓါတ်ပေါင်းများစွာ ပါဝင်လို့ မုန်လာဥနီကို နေ့စဉ် ပုံမှန်စားပေးသင့်ပါတယ်။ မုန်လာဥနီဟာ အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ၊ သွေးကင်ဆာနဲ့ အမျိုးသားတွေမှာ ဆီးကြိတ်ကင်ဆာဖြစ်နိုင်ခြေ အလွန်လျော့နည်းစေနိုင်တာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ဗီတာမင် A ပေါကြွယ်ဝတဲ့ မုန်လာဥနီကို မျက်စိကျန်းမာရေးအတွက် အထူးကောင်းတဲ့ အားဆေးအဖြစ် လူသိများကြပါတယ်။ မုန်လာဥနီဟာမျက်စိအားကောင်းစေတယ်၊ အမြင်ကြည်လင်စေတယ်၊ ညဘက်တွေမှာ ကောင်းစွာမြင်နိုင်အောင် ကူညီပေးနိုင်တယ်။ ဗီတာမင် A ချို့တဲ့တဲ့ ကလေးတွေကို မုန်လာဥနီ နေ့စဉ်ပုံမှန် ကျွေးပေးခြင်းဖြင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်စိအားနည်းတာ၊ မျက်စိမှုန်တာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။မုန်လာဥနီမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်တဲ့ antioxidant တွေနဲ့ သတ္တုဓါတ်တွေ အများအပြားပါဝင်လို့ ဆီးချိုရောဂါရှင်တွေ ပုံမှန်စားပေးသင့်တဲ့ အစားအစာထဲမှာ တစ်ခုအပါအဝင်ပါပဲ။မုန်လာဥနီမှာ အမျှင်ဓာတ်များစွာ ပါဝင်ပြီး ပိုတက်စီယမ်ဓါတ်ပေါကြွယ်လို့သွေးတိုးကို ထိန်းပေးနိုင်တဲ့အပြင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာဖြစ်တဲ့နှလုံးရောဂါ မဖြစ်အောင်ပါ ကာကွယ်ပေးနိုင်ပါတယ်။မုန်လာဥနီမှာ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့ဗီတာမင် Cဓါတ်တွေ အများအပြား ပါဝင်ပါတယ်။ ဗီတာမင် C ဟာ ကိုယ်ခံအားကို ကောင်းစေတယ်၊ ကိုယ်ခန္ဓါထဲ ဝင်လာတဲ့ ရောဂါတွေကို တိုက်ဖျက်ပေးနိုင်တယ်။ ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ အအေးမိဝေဒနာကို သက်သာစေပြီး ရောဂါအမြန်ပျောက်ကင်းစေဖို့ ကူညီပေးနိုင်ပါတယ်။မုန်လာဥနီကို ဟင်းအနေနဲ့ရော၊ စွပ်ပြုတ်အနေနဲ့ပါ ထည့်သွင်းစားသုံးနိုင်ပါတယ်။သေချာဆေးကြောပြီး အစိမ်းစားလို့လည်း အဆင်ပြေစေသလို ငှက်ပျောသီးလို သစ်သီးတွေနဲ့ရောကြိတ်ပြီးဖျော်ရည်အနေနဲ့သောက်သုံးရင်လည်း အဆင်ပြေပါတယ်။ကဲ….. ယုန်လေးတွေ ကြိုက်တဲ့ မုန်လာဥနီက ယုန်လေးတွေ အတွက်တင်မဟုတ်ဘဲ လူသားတွေကိုပါ အကျိုးပြုနေတယ်နော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/carrots-health-benefits/
ဂေါက်ရောဂါ အကြောင်း သင်ဘယ်လောက် သိထားလဲ။
ဂေါက်ရောဂါ အကြောင်း သင်ဘယ်လောက် သိထားလဲ။ဂေါက်ရောဂါဆိုတာ အဖြစ်များတဲ့ အရိုးအဆစ်ပြဿနာ တစ်ခုပါ။ ခြေမတွေ၊ လက်ချောင်းတွေ ဖောင်းတင်းလာပြီး နာလွန်းတာကြောင့် မြင်ရတဲ့လူတောင် သက်သောင့်သက်သာ မရှိပါဘူး။ နောက်ပြီး ဂေါက်ရောဂါလို့ ပြောလိုက်ရင် လူနာက သူတော့ အစားအသောက်တွေ ရှောင်ရတော့မယ်ဆိုပြီး သိထားပါတယ်။အကိုက်အခဲပျောက်ဆေးတွေလည်း သောက်ရပြီး လှုပ်ရှားတာတိုင်းနာတာကြောင့် ဂေါက်ဖြစ်မှာကို လူတိုင်းကြောက်ကြပါတယ်။ ဂေါက်ရောဂါ ဘာကြောင့် ဖြစ်ရတာလဲ။ ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ကြမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ဂေါက်ရောဂါဆိုတာ အဆစ်တွေမှာ ယူရိတ်တွေ စုလာပြီး ရောင်ရမ်းတာ၊ နာကျင်တာတွေ ဖြစ်လာတာပါ။ ယူရိတ်ဆိုတာ သွေးထဲမှာ ယူရစ်အက်စစ်တွေများလာလို့ ဖြစ်တာပါ။ ယူရစ်အက်စစ်ဆိုတာက “ပြူရင်း”ဓာတ်ကို ဖြိုခွဲရာက ရလာတာပါ။ပြူရင်းက ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်းလဲ ရှိသလို အပြင်  အစားအစာတွေကလည်း ရပါတယ်။ ဥပမာပြောရရင်  အနီရောင် အသား၊ ဝမ်းတွင်းသားနဲ့ ပင်လယ်စာတွေမှာ ပါပါတယ်။ နောက်ပြီး အရက်၊ ဘီယာ၊ သကြားဓာတ်များလွန်းတဲ့ အအေးတွေကလည်းယူရစ်အက်စစ်ကို တက်စေပါတယ်။ပုံမှန်ဆိုရင် ယူရစ်အက်စစ်က သွေးထဲကနေ ကျောက်ကပ်ကို ရောက်ပြီး ဆီးထဲကနေတစ်ဆင့် အပြင်ကို စွန့်ထုတ်တာပါ။ ဒါပေမယ့် တစ်ခါတစ်လေ ခန္ဓာကိုယ်က ယူရစ်အက်စစ်ကို ပိုထုတ်ရင်ပဲ ဖြစ်ဖြစ်၊ ကျောက်ကပ်က ကောင်းကောင်း မစွန့်နိုင်ရင်ပဲ ဖြစ်ဖြစ် သွေးထဲမှာ ယူရစ်အက်စစ်တွေ များလာပြီး အဆစ်တွေမှာ စုပုံလာတာကြောင့် နာတာ၊ ရောင်တာတွေ ဖြစ်လာတာပါ။တချို့သူတွေက သွေးထဲမှာ ယူရစ်အက်စစ်တွေ များနေတာတောင် ဘာလက္ခဏာမှ မပြတာလဲ ရှိပါတယ်။ယူရစ်အက်စစ်တွေ အဆစ်မှာပုံပြီး ၃ရက် ကနေ ၁၀ရက်အတွင်း ဂေါက်ရောဂါ ထတတ်ပါတယ်။ မကုဘဲထားမယ်ဆိုရင် နာတာရှည်ဂေါက်ရောဂါဖြစ်လာပြီး အဆစ်ဘေးမှာ Tophi လို့ခေါ်တဲ့ အကြိတ်ဖုလေး ထွက်လာပြီး နောက်ပိုင်းကျရင် အဆစ်ကို ဖျက်ဆီးပစ်တတ်ပါတယ်။ဂေါက်ရဲ့ လက္ခဏာတွေက ရုတ်တရက် ပေါ်လာတတ်ပြီး အများအားဖြင့် ညဘက်မှာ ဖြစ်တတ်ပါတယ်။ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့။ဂေါက်က ဘယ်အဆစ်မှာမဆို တွေ့နိုင်ပေမယ့် ခြေမမှာ ဖြစ်တာ များပါတယ်။ တခြား ဖြစ်တတ်တဲ့ အဆစ်တွေကတော့ ခြေကျင်းဝတ်၊ ဒူးဆစ်၊ တံတောင်ဆစ်၊ လက်ကောက်ဝတ်နဲ့ လက်ချောင်းဆစ်တွေပဲ ဖြစ်ပါတယ်။ ဖြစ်ဖြစ်ချင်းနဲ့ ၁၂နာရီအတွင်းမှာ အပြင်းထန်ဆုံး နာတတ်ပါတယ်။ဂေါက်ရောဂါ ကြွပြီးလို့ သက်သာသွားရင်တောင်မှ ရက်အနည်းငယ်ကနေ ရက်သတ္တပတ်အနည်းငယ်အထိ နေရခက်တတ်ပါတယ်။ နောက်ပိုင်းကျရင် ရောဂါပိုကြွပြီး ထိခိုက်တဲ့ အဆစ်လည်း ပိုများတတ်ပါတယ်။ထိခိုက်တဲ့ အဆစ်ကရောင်ရမ်းတာ၊ ဖောင်းတာ၊ နီရဲတာ၊ နာတာတွေ ဖြစ်တတ်ပါတယ်။ရောဂါပိုဆိုးလာတဲ့အခါ အဆစ်ကို လှုပ်ရှားဖို့ ပိုခက်လာပါမယ်။ဂေါက်ရောဂါရဲ့ အဓိက တရားခံက ယူရစ်အက်စစ်ပါပဲ။ ဒါကြောင့် ယူရစ်အက်စစ် တက်စေတဲ့ အချက်တွေက ဂေါက်ရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းတွေပါပဲ။အသားဓာတ်ပါတဲ့ အစားအစာတွေ၊ ပင်လယ်စာတွေ၊ အရက်၊ ဘီယာနဲ့ fructose များတဲ့ အအေးတွေက ယူရစ်အက်စစ်ကို တက်စေပါတယ်။အဝလွန်လာတဲ့အခါ ခန္ဓာကိုယ်က ယူရစ်အက်စစ်ကို ပိုထုတ်ပြီး ကျောက်ကပ်အနေနဲ့တော့ စွန့်ထုတ်ဖို့ ပိုခက်လာပါတယ်။တချို့သော ရောဂါတွေ ဖြစ်တဲ့သွေးတိုးရောဂါ၊ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါရှိတဲ့သူတွေမှာ ဂေါက်ရောဂါဖြစ်တာ တွေ့ရပါတယ်။သွေးတိုးရောဂါမှာ သုံးတဲ့ဆီးဆေးတွေ၊အက်စပရင်တွေ၊ ခုခံအား ထိန်းညှိဆေးတွေကလည်း ယူရစ်အက်စစ်တွေ တက်စေပါတယ်။မိသားစုထဲမှာ ဂေါက်ရောဂါဖြစ်တဲ့သူရှိရင် ကိုယ်လည်းဖြစ်နိုင်ပါတယ်။အမျိုးသားတွေက အမျိုးသမီးတွေနဲ့ ယှဉ်ရင် ယူရစ်အက်စစ် ပိုများပါတယ်။သွေးဆုံးပြီးရင်တော့ အမျိုးသမီးတွေရဲ့ ယူရစ်အက်စစ် ပမာဏက အမျိုးသားတွေနဲ့ အတူတူလောက် ဖြစ်လာပါတယ်။ ဒါကြောင့် အမျိုးသားတွေက အသက် ၃၀နဲ့ ၅၀ကြားမှာ ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေကတော့ သွေးဆုံးပြီးမှ ဖြစ်တာများပါတယ်။ဒီအချက်တွေ ရှိနေမယ်ဆိုရင်လည်း ဂေါက်ရောဂါ ပြန်ကြွတတ်ပါတယ်။ဂေါက်ရောဂါရဲ့ နောက်ဆက်တွဲတွေက ဘာဖြစ်နိုင်လဲ။တချို့ကျတော့လည်း တစ်ခါဖြစ်ပြီး နောက်ထပ်မဖြစ်တော့တာတွေလည်း ရှိပါတယ်။ တချို့ကျတော့လည်း တစ်နှစ်ထဲမှာ ခဏခဏ ရောဂါပြန်ကြွတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ဆေးတွေနဲ့ ရောဂါပြန်မကြွအောင် ထိန်းကြတာပါ။ မကုဘဲ ထားမယ်ဆိုရင် အဆစ်ကို စားသွားပြီး ပျက်စီးတတ်ပါတယ်။သိပ်ဆိုးလာရင် ယူရိတ်တွေ အရေပြားအောက်မှာ စုပုံလာပြီး  Tophi ဆိုတဲ့ အကျိတ်ဖုလေးတွေ ဖြစ်လာမှာပါ။ ဒါကို လက်ချောင်း၊ လက်၊ ခြေဖမိုး၊ တံတောင်ဆစ်နဲ့ ခြေဖနှောင့်ကြောမှာ တွေ့ရတတ်ပါတယ်။ သူတို့က ဒီတိုင်းဆို မနာပေမယ့် ရောဂါကြွတဲ့အချိန်ကျရင် ရောက်ရမ်းပြီး နာလာပါတယ်။ဂေါက်ရှိတဲ့ လူတွေမှာ ယူရိတ်များလွန်းတာကြောင့် ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်မှာ ကျောက်တည်တတ်ပါတယ်။ဂေါက်ရောဂါရှင်တွေက ရောဂါမကြွအောင် ဆေးနဲ့ ထိန်းတာအပြင် အောက်က အချက်တွေကိုလည်း လုပ်ပေးရမှာပါ။ ဒါတွေကတော့။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/facts-to-know-about-gout/
null
null
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/myths-about-menstruation/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%85%e1%80%ac%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%81%8f-%e1%80%a1%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%9c%e1%80%92%e1%80%ba%e1%80%99/
null
null
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/curry-leaf-%e1%80%95%e1%80%ba%e1%80%a5%e1%80%b9%e1%80%b8%e1%80%b1%e1%80%90%e1%80%ac%e1%80%b9%e1%80%9e%e1%80%ad%e1%80%99%e1%80%b9%e1%80%9b%e1%80%bc%e1%80%80%e1%80%b9/