title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
Bronchial Cancer (လေပြွန်ကင်ဆာ)
တံတွေးဂလင်းနဲ့လေပြွန်တွေမှာ ဖြစ်တဲ့ တွေ့၇နည်းတဲ့ကင်ဆာတစ်မျိုး ဖြစ်ပါတယ်။ လေပြွန်ကင်ဆာအများစုက အခြားအစိတ်အပိုင်းတွေကို ပြန့်နှံ့သွားတတ်ပါတယ်။ တဖြည်းဖြည်းရင့်သန်လာပြီး ကုသလို့ရတာကြောင့် သင့်မှာဖြစ်ခဲ့မယ်ဆိုရင် မျှော်လင့်ချက်ကျန်သေးတယ်ဆိုတာ စိတ်ထဲထားပါ။ဒီကင်ဆာအမျိုးအစးားကို ၃ခုခွဲထားပါတယ်။ကင်ဆာကျိတ်-ဟော်မုန်းထုတ်ပေးတဲ့ဆဲလ်တွေနဲ့ အာရုံကြောဆဲလ်တွေကို သက်ရောက်ပါတယ်။ အဆုတ်၊ အစာအိမ်နဲ့ အူတွေမှာလည်း ဖြစ်နိုင်ပါတယ်။လည်ချောင်းပသိကင်ဆာကျိတ် –ပါးစပ်နဲ့လည်ချောင်းအတွင်းမှာရှိတဲ့ တံတွေးဂလင်းတွေမှာ စဖြစ်ပါတယ်။ လည်မျိုနဲ့ မျက်ရည်ဂလင်း၊ ချွေးဂလင်း၊ မိန်းမသားအိမ်၊ အမျိုးသမ်းအင်္ဂါနဲ့ ရင်သားတွေမှာလည်း ဖြစ်နိုင်ပါတယ်။အပေါ်ယံလွှာ ကင်ဆာကျိတ်-တံတွေးဂလင်းတွေမှာ ဖြစ်ပါတယ်။ ဒီအမျိုးအစားအများစုက နားအရှေ့မှာရှိတဲ့ပါးကျိတ် တွေကို သက်ရောက်ပါတယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။လေပြွန်ကင်ဆာ ဆိုတာဘာလဲရဲ့ လက္ခဏာတွေကတော့ အကျိတ်ရဲ့တည်နေရာ လေပြွန်အလယ်တည့်တည့်မှာရှိနေခြင်းလား၊ ဘေးဘက်ကပ်ပြီး ရှိနေချင်လားဆိုတာမှာ မူတည်ပါတယ်။ အလယ်တည့်တည့်မှာရှိတဲ့လူနာတွေမှာ ပိတ်ဆို့ခြင်းနဲ့ သွေးထွက်ခြင်းလက္ခဏာတွေ ခံစားရနိုင်ပါတယ်။အသက်ရှူရခက်ခြင်း၊ လေပြွန်နဲ့လေပြွန်ကြီးတွေမှာ ပိတ်ဆို့သွားခြင်ကြောင့် ဖြစ်ပါယ်။လေပြွန်ကြီးတွေရဲ့ ကျဉ်းနေတဲ့အပိုင်းကို လေတွေဖြတ်ခြင်းကြောင့် ပုံမှန်မဟုတ်တဲ့အသံများကြားရခြင်း- ဒီလက္ခဏာက လေပြွန်ကင်ဆာမှာ တွေါ့ရနိုင်ပါတယ်။တရွီရွီမြည်ခြင်း-လေပြွန်တွေပိတ်ဆို့ခြင်းကြောင့် ဖြစ်ပါတယ်။ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ သလိပ်ထွက်ခြင်း –လေပြွာန်လုံးဝပိတ်သွားခြ်င်း၊ ကူးစက်ပိုးဝင်ခြင်း၊ ပိတ်ဆို့တဲ့နေရာနောက်ပိုင်းမှာ အဆုတ်တစ်ရှူးများပျက်စီးသွားခြင်း။သွေးချောင်းဆိုးခြင်း-အကျိတ်အပေါ် လေပြွန်နံရံပြဲသွားခြင်း၊ နဲ့ လေပြွန်ကင်ဆာတွေမှာ အတွေ့များပါတယ်။ သွေးချောင်းဆိုးခြင်းက အန္တရာယ်ပေးနိုင်ပြီး လေပြွန်ကင်ဆာ၊။ အခြားအဆုတ်ရောဂါစတဲ့ ပြင်းထန်တဲ့အခြေအနေတစ်ခုကို ညွှန်ပြနေပါတယ်။လေပြွန်ဘေးဘက်ကပ်နေတဲ့အကျိတ်တွေနဲ့လူနာမှာ လက္ခဏာမပြတတ်ပါဘူး။စောစောသိစောစောကုခြင်းက အခြေအနေပိုမဆိုးသွားအောင်နဲ့ အရေးပေါ်အခြေနေတွေကနေ ကာကွယ်ပေးနိုငတာကြောင့် ဆရာဝန်နဲ့တတ်နိုင်သမျှ မြန်မြန်ပြသသင့်ပါတယ်။ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။အကြောင်းရင်းကို မသိသေးပါဘူး။ မျိုးရိုးဗီဇက ကင်ဆာအချို့မှာ အဓိကကျပါတယ်။ ဟော်မုန်းဆိုင်ရာအကျိတ်အမျိုးအစား၁လို့ခေါ်တဲ့။မျိုးရိုးလိုက်တဲ့ရောဂါသည်တွေမှာ ဒီရောဂါဖြစ်နိုင်ချေများပါတယ်။ ဥိးခေါင်းနဲ့လည်ပင်းကို ဓါတ်ရောင်ခြည်ပေးကုသခြင်းကလည်း အပေါ်ယံလွှာအကျိတ်ဖြစ်ခြင်းကို ဖြစ်နိုင်ချေကိုပိုများစေပါတယ်။health condition ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ဆေးလိပ်သောက်ခြင်း –သင့်နေ့စဉ်သောက်တဲ့ဆေးလိပ်ပမာဏနဲ့ နှစ်အပေါ်မူတည်ပြီး ကင်ဆာဖြစ်နိုင်ချေများပါတယ်။ အသက်အရွယ်မရွေးဖြတ်လိုက်ခြင်းက လေပြွန်ကင်ဆာဖြစ်နိုင်ချေကို သိသိသာသာနည်းသွားစေပါတယ်။ဆေးလိပ်ငွေ့ရှူရှိုက်ခြင်း –ဆေးလိပ်မသေက်ဘူးဆိုရင်တောင် ဆေးလိပ်ငွေ့တွေရှူမိခြင်းက ကင်ဆာဖြစ်နိုင်ချေမျာေးစပါတယ်။အက်စ်ဘတ်စ်တို နဲ့အခြားကင်ဆာဖြစ်စေတဲ့ပစ္စည်တွေနဲ့ ထိတွေ့ခြင်း– အလုပ်တွေမှာထိတွေ့ရခြင်းကြောင့် ကင်ဆာကိုဖြစ်စေနိင်ပါတယ်။ အာဆင်နစ်၊ ခရိုမီယမ်၊ နီကယ်စတာတွေကလေည်း လေပြွန်ကင်ဆာဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ဆေးလိပ်သောက်သူတွေမှာ ဖြစ်ပါတယ်။လေပြွန်ကင်ဆာမိသားစုအတွင်း ဖြစ်ဖူးခြင်း –မိဘ၊ ဝမ်းကွဲမောင်နှမများနဲ့ ကလေးမှာ လေပြွန်ကင်ဆာရှိနေခြင်းက ရောဂါဖြစ်နိုင်ချေမျးစေပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။လေပြွန်ကင်ဆာကို ဆရာဝန်ကသံသယရှိနေမယ်ဆိုရင် သသင့်ကိုရုပ်ပိုင်ဆးုင်ရာစစ်ဆေးခြင်းတွေနဲ့ အခြားစမ်းသပ်စစ်ဆေးနည်းတွေကို ဆောင်ရွက်ပေးပါလိမ့်မယ်။ဆရာဝန်က အကျိတ်ကိုတွေ့ဖို့အတွက် နဲ့ ပျံ့နေခြင်းရှိမရှိသိဖို့ အခြားစမ်းသပ်နည်းတွေကိုလည်း သုံးနိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/lung-cancer-cancer/bronchial-cancer-%e1%80%b1%e1%80%9c%e1%80%bb%e1%80%95%e1%80%bc%e1%80%94%e1%80%b9%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac/
သိုင်းရွိုက်ရောဂါများ(၁)- လည်ပင်းကြီးရောဂါ(Hyperthyroidism)
သိုင်းရွိုက်ရောဂါများ (၁) – လည်ပင်းကြီးဟော်မုန်းများရောဂါ(Hyperthyroidism)။သိုင်းရွိုက်ဘယ်လိုအလုပ်လုပ်လဲ။သိုင်းရွိုက်ဂလင်းဟာ သန္ဓေသားဘဝတည်းက ဦးနှောက်အာရုံကြောဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အရေးပါသလို လူကြီးတွေအတွက်လည်း နှလုံး၊ဦးနှောက်၊ အသည်းနဲ့အရေပြားလုပ်ဆောင်ချက်တွေအတွက် သက်ရောက်မှုရှိပါတယ်။ သိုင်းရွိုက်ဂလင်းဟာ သိုင်းရွိုက်ဟော်မုန်းတွေကို အိုင်အိုဒင်းရဲ့ အကူအညီနဲ့ထုတ်လုပ်ပါတယ်။ ခန္ဓါကိုယ်ထဲမှာ သိုင်းရွိုက်ဟော်မုန်းက T4 နဲ့ T3 ဆိုပြီး နှစ်မျိုးရှိပါတယ်။ T3 က ခန္ဓါကိုယ်ထဲက သက်ရောက်မှုတွေရှိနေတဲ့ ဟော်မုန်း ဖြစ်ပါတယ်။သိုင်းရွိုက်ဟော်မုန်းတွေထုတ်တာများနေတဲ့လည်ပင်းကြီးရောဂါ(Hyperthyroidism)။သိုင်းရွိုက်ဂလင်းကနေ သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုလွန်ကဲတဲ့ရောဂါဖြစ်ပါတယ်။ဖြစ်နိုင်တဲ့အကြောင်းရင်းတွေတွေကတော့။(၁) ခန္ဓါကိုယ်ရဲ့ခုခံအားစနစ်က သိုင်းရွိုက်ဂလင်းကို ပြန်တိုက်ခိုက်တဲ့ရောဂါ (Graves’ disease)။Graves’ disease ဟာမျက်လုံးကို ထိခိုက်နိုင်ပြီး မျက်စိခြောက်တာ၊ နီရဲတာ၊ အမြင်အာရုံတွေဝေဝါးတာနဲ့ နှစ်ထပ်မြင်တာ၊ အခြေအနေဆိုးရင် မျက်လုံးတွေပြူးထွက်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ဆေးလိပ်သောက်ခြင်းက Graves’ disease မှာဖြစ်တဲ့ မျက်စိများပြူးထွက်နေခြင်းနဲ့ အဓိကဆက်နွယ်မှုရှိနေပါတယ်။ ဒါကြောင့် Graves’ disease ဖြစ်တယ်ဆိုရင် ဆေးလိပ်ဖြတ်ရပါလိမ့်မယ်။(၂) သိုင်းရွိုက်ဂလင်းမူမမှန်ခြင်း (Toxic multinodular goitre/ Toxic nodule)။(၃) နှလုံးခုန်မမှန်ခြင်း (arrhythmia) အတွက် သောက်သုံးရတဲ့ amiodarone လို ဆေးဝါးများ။(၄) ကိုယ်ဝန်ဆောင်ပြီးနောက်ပိုင်း (ကလေးမွေးဖွားပြီးနောက်ပိုင်း သိုင်းရွိုက်ဂလင်းရောင်ရမ်းခြင်း)၊သို့မဟုတ် ကူးစက်တတ်သောရောဂါတစ်ခုကြောင့် သိုင်းရွိုက်ရောင်ရမ်းခြင်း (thyroiditis)။သိုင်းရွိုက်ဟော်မုန်းပိုထွက်နေတဲ့လူနာတွေမှာ ဒီလိုရောဂါလက္ခဏာတွေရှိတတ်ပါတယ်။(၁) စိုးရိမ်ပူပန်ခြင်း၊ စိတ်ဆတ်ခြင်း၊ စိတ်လှုပ်ရှားခြင်း။(၂) ညဘက် အိပ်မပျော်ခြင်း။(၃) စိတ်အပြောင်းအလဲမြန်ခြင်း၊စိတ်တိုလွယ်ခြင်း။(၄) ကိုယ်အလေးချိန်ကျဆင်းခြင်း။(၅) နှလုံးခုန်သံမမှန်ခြင်း၊ မြန်ခြင်း။(၆) ဆံပင်ကျွတ်ခြင်း။(၇) ပင်ပန်းနွမ်းနယ်ခြင်း။(၈) လက်တုန်ခြင်း။(၉) မျက်လုံးပြူးလာခြင်း။(၁၀) အရေပြားအနီကွက်ထွက်ခြင်း။(၁၁) ဝမ်းပျက်ခြင်း။(၁၂) လည်ပင်းကြီးခြင်း။(၁၃) အမျိုးသမီးများ ဓမ္မတာမမှန်ခြင်း။ရောဂါရှိနေတာ ဘယ်လိုသိနိုင်မလဲ။လည်ပင်းကြီးရောဂါကို ပုံမှန်အားဖြင့် သွေးစစ်သိရှိနိုင်ပါတယ်။ TSH ပမာဏနည်းပါးပြီး T3 နဲ့ T4 ပမာဏများနေတယ်ဆိုရင် သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုလွန်ကဲနေပြီလို့ ဖော်ပြနေတာပါ။ ဒါကတော့ သိုင်းရွိုက်ဟော်မုန်းပမာဏများနေပြီဆိုတာကို သိရှိနိုင်တာဖြစ်ပါတယ်။အဲဒီလိုလည်ပင်းကြီးရောဂါဖြစ်စေတဲ့အကြောင်းရင်းကို အတည်ပြုနိုင်ဖို့အတွက် သွေးစစ်တာတွေလည်းရှိပါတယ်။(၁) TSH receptor antibodies (TRAB) – Graves’ disease မှာ အမြဲ positive ဖြစ်တယ်။(၂) thyroiditis ဖြစ်လာရင် ရောင်ရမ်းမှုကို သိရှိနိုင်ဖို့ ESR ၊ CRP တို့လို သွေးစစ်ခြင်းတွေသုံးတယ်။ အတိအကျမဟုတ်ပေမယ့် ရောင်ရမ်းမှုရှိနေရင် မြင့်တက်နေနိုင်ပါတယ်။ကုသမှု။ကုသမှုပုံစံ သုံးမျိုးရှိပါတယ်။(၁) သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုလွန်ကဲနေတာကို တားဆီးဖို့ ဆေးပေးကုသခြင်း။(၂) ရေဒီယိုအိုင်အိုဒင်းကုသမှု။(၃) သိုင်းရွိုက်ဂလင်းတစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ခွဲစိတ်ဖယ်ရှားခြင်း။ပထမဆုံးနဲ့ အများဆုံးပြုလုပ်တဲ့ကုသမှုကတော့ ဆေးပေးကုသမှုဖြစ်ပါတယ်။ လည်ပင်းကြီးရောဂါကို ကုသရာမှာ Carbimazole နဲ့ Propylthyrouricil ဆိုတဲ့ ဆေးနှစ်မျိုးပေးလေ့ရှိပါတယ်။ ဒီဆေးဝါးတွေရဲ့အာနိသင်ထိရောက်မှုသိသာနိုင်ဖို့ အချိန်တစ်လ၊ နှစ်လလောက်ကြာလေ့ရှိပါတယ်။ Graves’ disease ဖြစ်မယ်ဆိုရင် ဒီဆေးတွေကို အနည်းဆုံး ၁၂ လ ကနေ ၁၈ လအထိ ဆက်သောက်သုံးဖို့လိုပါလိမ့်မယ်။ အဖြစ်များတဲ့ဘေးထွက်ဆိုးကျိုးတွေကတော့ မအီမသာဖြစ်ခြင်း၊ အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းနဲ့ အရေပြားယားယံနီမြန်းခြင်းတို့ဖြစ်ပါတယ်။ ဖြစ်ခဲပေမယ့် agranulocytosis (သွေးဖြူဥဆဲလ်ရုတ်တရက်လျော့နည်းခြင်း) လို ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးလည်းရှိတတ်ပါတယ်။ ရောဂါပိုးတွေကိုတိုက်ထုတ်ဖို့ ခန္ဓါကိုယ်ရဲ့ခုခံအားစနစ်အတွက် သွေးဖြူဥဆဲလ်တွေကို လိုအပ်ပါတယ်။ လည်ချောင်းနာ၊ ကိုယ်ပူပြီး ချောင်းဆိုးတာရှည်နေပြီဆိုရင် သွေးဆဲလ်အရေအတွက်စစ်ဆေးမှုအတွက် ဆေးဝါးကုသမှုချက်ချင်းခံယူသင့်ပါတယ်။ အထူးသဖြင့် မှာချင်တာကတော့ Hyperthyroid ဖြစ်နေတဲ့လူနာတွေဟာ အိုင်အိုဒင်းပါဝင်တဲ့ဆားကို စားသုံးဖို့ရန် လုံးဝမသင့်တော်ပါဘူး။ ဒါ့ကြောင့် ဆား စားသုံးမယ်ဆိုရင် အိုင်အိုဒင်းမပါတဲ့ဆားကို စားသုံးဖို့လိုအပ်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/%e1%80%9e%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%bd%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%81%81/
ဘာတွေကြောင့်များ ကလေးကို ဉာဏ်ပိုဖွံ့ဖြိုး၊ ပိုထွားစေတာလဲ
ကလေးကထွားလိုက်တာ လို့အပြောခံချင်တာက ကိုယ်ဝန်စရှိကတည်းကပါ။ လကရင့်လာပြီ ဗိုက်ကမထွက်သေးဘူး၊ ကလေးကညှက်မှာလား မသိဘူးဆိုတဲ့ သုံးသပ်မှုတွေကို မေမေလောင်းတွေမကြားချင်ပါဘူး။မွေးပြီဆိုလည်း ဘယ်နှပေါင်လဲ လို့မေးကြတာထုံးစံ။ ကလေးကထွားတယ်၊ ဘယ်နပေါင်တောင်ရှိတာ လို့ ဒီဘက်ကလည်းပြန်ကြွားချင်တာပေါ့။ ဒီလိုကလေးအတွက်ပျော်ရွှင်မော်ကြွားရဖို့ကိုကိုယ်ဝန်ဆောင်စဉ်တည်းက ဂရုတစိုက်နေထိုင်ခဲ့ရပေမယ့် တကယ့်အရေးကြီးတဲ့အချိန်က အခုမှစမှာပါ။မွေးပြီးနောက်ပိုင်း ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုမှန်သမျှကလည်းမေမေတို့လက်ထဲမှာပါပဲ။ ဒါ့ကြောင့် ကလေးရဲ့ဖွံ့ဖြိုးမှု၊ ကြီးထွားမှုတွေကို ဘယ်အချက်တွေက သက်ရောက်မှုရှိနေသလဲဆို သိထားသင့်တယ်လေ။ သိထားမှလည်း အချိန်မီ ပိုဂရုစိုက်သင့်တာစိုက်၊ အတိုးအလျှော့လုပ်နိုင်တော့မှာပေါ့။ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုမှာ လွှမ်းမိုးသက်ရောက်နေတဲ့အချက် (၆) ချက်။(၁)မျိုးဗီဇ။ကလေးတွေက မိဘဆီက မျိုးဗီဇတွေကို လက်ဆင့်ကမ်း ဆက်ခံကြတာသဘာဝပါ။ အရပ်အမောင်း၊ ကိုယ်အလေးချိန်၊ ခန္ဓါကိုယ်တည်ဆောက်ပုံ၊ မျက်လုံးအရောင်၊ ဆံပင်အရောင်၊ ဉာဏ်ရည်ဉာဏ်သွေး၊ပင်ကိုစွမ်းရည် စတဲ့ အပိုင်းတွေအားလုံးကို လွှမ်းမိုးနိုင်တဲ့အချက်တွေဖြစ်ပါတယ်။ ဒါတွေအပြင် နှလုံး၊ ဆီးချို၊အဝလွန် စတဲ့ရောဂါတွေကိုလည်း မျိုးဗီဇကနေ ဆက်ခံရရှိတတ်ပြီး ဒီအချက်ကြောင့် ကလေးရဲ့ဖွံ့ဖြိုးမှုကိုဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။(၂)ပတ်ဝန်းကျင်။ကလေးရဲ့ဖွံ့ဖြိုးမှုမှာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာကိုပါ သက်ရောက်မှုရှိစေတဲ့ ပတ်ဝန်းကျင်က တကယ်ကိုအရေးပါနေပါတယ်။ ကလေးရဲ့ငယ်ဘဝဖွံ့ဖြိုးမှုကိုသက်ရောက်နိုင်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာအချက်တွေဆိုတာနေထိုင်မှုဝန်းကျင်အနေထား၊ လူမှုရေးဝန်းကျင်၊ မိသားစု၊သူငယ်ချင်းတွေနဲ့ဆက်ဆံရေး စတာတွေပါဝင်နေပါတယ်။ ပတ်ဝန်းကျင်ကောင်းမှာ ကြီးပြင်းလာတဲ့ကလေးတစ်ယောက်က ဆင်းရဲနွမ်းပါးမှု ဒါမှမဟုတ် အိမ်ထောင်ရေးပြိုကွဲတဲ့မိသားစု လိုမျိုး ဖိစီးမှုများတဲ့ပတ်ဝန်းကျင်တွေမှာမွေးဖွားရတဲ့ကလေးတွေနဲ့ယှဉ်ရင် လူမှုဆက်ဆံရေးနဲ့ ကိုယ်ရည်ကိုယ်သွေးအရည်အချင်းတွေမှာ ထူးချွန်ပြီး ပညာရေးထက်မြက်ကြတာတွေ့ရပါတယ်။ အရွယ်ရောက်လာတဲ့အခါ သိတတ်နားလည်မှုနဲ့ ရင့်ကျက်မှုလည်း ပိုရှိတာကိုလေ့လာမှုတွေအရ သိရပါတယ်။(၃) လိင်ကွဲပြားမှု။ယောကျာ်းလေး၊မိန်းကလေးကွဲပြားမှုက ကလေးရဲ့အရပ်မြင့်လာတဲ့နှုန်းနဲ့ကြီးထွားမှုမှာ သက်ရောက်မှုရှိနိုင်ပါလိမ့်မယ်။ မိန်းကလေးတွေက ယောက်ျားတွေလောက်အရပ်မြင့်မလာတာ များပါတယ်။ ဒါပေမယ့် အမြဲတမ်းလည်း ဒီလိုမဖြစ်နိုင်သလို မိန်းကလေးတွေက အစ်ကိုတွေ မောင်တွေထက် အရပ်ပိုရှည်၊ ကြီးထွားမှုနှုန်းမြန်လာတာမျိုး လည်း ရှိတတ်ပါတယ်။ ပုံမှန်အားဖြင့် ကလေးရဲ့အရပ်ဘယ်လောက်ရှည်မလဲ ၊ ခန္ဓါကိုယ်ဘယ်လောက်ထွားလာမလဲ မှန်းတွက်ချင်တဲ့အခါ အမေနဲ့အဖေကို ကြည့်ကြပါတယ်။ သမီးမိန်းကလေးက အမေရဲ့အရပ်ကိုကျော်သွားပြီဆိုရင် သူ့ရဲ့အဖေက သိသိသာသာ အရပ်ပိုရှည်မယ်ဆိုတာ သိနိုင်ပါတယ်။ အလားတူပဲ သားယောက်ျားလေးတစ်ယောက်က အဖေ့ထက် အရပ်နိမ့်နေတယ်ဆိုရင် မျိုးဗီဇအကြောင်းရင်းကြောင့်ဖြစ်နိုင်ပါတယ်။ တခါတလေ အရပ်အနိမ့်အမြင့်က အဘိုးအဘွားတွေဘက်ကို လိုက်တတ်တာကြောင့် အမေ့ဘက်၊ အဖေ့ဘက်က အဘိုးအဘွားတွေကိုလည်း ကြည့်ပြီး ကလေးရဲ့အရပ်ကို မှန်းနိုင်ပါတယ်။ အများအားဖြင့်တော့ မိန်းကလေးနဲ့ ယောက်ျားလေးတွေရဲ့ ခန္ဓါကိုယ်ဖွံ့ဖြိုးမှုနှုန်းချင်း ကွာခြားကြပါတယ်။(၄) လှုပ်ရှားနေထိုင်မှုနဲ့ကျန်းမာရေး။လှုပ်ရှားမှုဆိုတာက ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ကို စည်းကမ်းတစ်ခုလိုသတ်မှတ်ဖို့ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ ဂရုတစိုက်လုပ်မှ ကလေးတွေပိုထွားမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ခန္ဓါကိုယ်မှာကြွက်သားတွေကြံ့ခိုင်ဖို့နဲ့အရိုးသန်မာစေဖို့ ကလေးကို ပုံမှန်လှုပ်ရှားကစားချိန်ပေးပြီး အားကစားပေးလုပ်ရုံနဲ့လုံလောက်ပါတယ်။ငြိမ်ပြီး တီဗီပဲကြည့်နေတတ်တဲ့ကလေးထက်ပြေးလွှား ကစားနေတဲ့ကလေးက ကျန်းမာကြံ့ခိုင်ပြီးကိုယ်ခံအားစနစ်ပိုကောင်းပါတယ်။ ခန္ဓါကိုယ်တည်ဆောက်ပုံ ပိုထွား၊ပိုကျစ်လျစ်စေပါတယ်။(၅)ဟော်မုန်း။ဟော်မုန်းတွေက ခန္ဓါကိုယ်ရဲ့လုပ်ဆောင်ချက်အမျိုးမျိုးကို လွှမ်းမိုးသက်ရောက်မှု ရှိပါတယ်။ဟော်မုန်းတွေရဲ့အချိန်မှန်လုပ်ဆောင်ချက် တွေက ကလေးတွေရဲ့ကိုယ်ခန္ဓါကြီးထွားမှုနဲ့ဖွံ့ဖြိုးမှုတွေအတွက် အရေးကြီးပါတယ်။ ဟော်မုန်းထုတ်ပေးတဲ့ဂလင်းတွေရဲ့ လုပ်ဆောင်ချက်မညီမျှခဲ့ရင် ကလေးတွေမှာမွေးရာပါချို့ယွင်းချက်ပါလာခြင်း၊ အဝလွန်ခြင်း၊ အပြုအမူပိုင်းပြဿနာများနဲ့ တခြားရောဂါများဖြစ်လာနိုင်ပါတယ်။ လူပျိုဖော် အပျိုဖော်ဝင်ချိန်မှာလည်း ခန္ဓါကိုယ်မှာဖြစ်သင့်တဲ့ဖွံ့ဖြိုးပြောင်းလဲမှုတွေ အတွက်ဟော်မုန်းတွေက အခရာကျနေပါတယ်။(၆)အာဟာရ။ခန္ဓါကိုယ်မှာတည်ဆောက်ဖို့လိုအပ်တဲ့အရာမှန်သမျှကို အစားအသောက်တွေကနေ ရရှိတာဖြစ်တဲ့အတွက် ဒီအချက်ကိုမေ့မထားသင့် ပါဘူး။ ကလေးတွေမှာ အာဟာရဓါတ်တွေမပြည့်ဝဘူးဆိုရင် ကြီးထွားဖွံ့ဖြိုးမှုကို ဆိုးကျိုးသက်ရောက်စေတဲ့ အာဟာရချို့တဲ့မှု ရောဂါတွေဖြစ်လာနိုင်ပါတယ်။ အာဟာရတွေကို ညီမျှအောင်မစားဘဲ လွန်ကဲသွားပြန်ရင်လည်း ကလေးတွေကို အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါ၊ နှလုံးရောဂါတွေအထိဖြစ်လာစေနိုင်ပါသေးတယ်။ ဒါ့ကြောင့် ကလေးတွေအတွက်ဗီတာမင်၊သတ္တုဓါတ်၊ပရိုတင်းတို့လို ကလေးရဲ့ကိုယ်ခန္ဓါနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်တွေကို ရရှိဖို့လိုအပ်ပါတယ်။ဒါတွေသိထားပြီဆိုရင် ကလေးကိုပျိုးထောင်စောင့်ရှောက်ရာမှာမေမေတို့ဉာဏ်ရှိသလို အသုံးချလို့ရပါပြီနော်။ ကျန်းမာသွက်လက်တဲ့ အနာဂတ်ကြယ်ပွင့်လေးတွေဖြစ်လာဖို့ ကြိုးစားမွေးမြူကြရအောင်ပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/child-development/
အဆုတ်ကင်ဆာနှင့် ပတ်သက်၍ အကောင်းမြင်နိုင်ခြင်း
အကောင်းမြင်စိတ်ရှိခြင်းသည် ကင်ဆာသာမက မည်သည့်ရောဂါခံစားနေရပါစေ သင့်ကျန်းမာရေးအတွက် ကုထုံးတစ်ခုပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံ ၎င်းသည်ဆေးဝါးထက်တောင် ပိုပြီး အကူအညီဖြစ်ပါသေးတယ်။ အောက်ပါနည်းလမ်းများသည် သင်အကောင်းမြင်စိတ် လွယ်လွယ်ကူကူနှင့် ရရှိအောင် ကူညီပေးမည့် နည်းလမ်းအချို့ပဲ ဖြစ်ပါတယ်။သင့်ပတ်ဝန်းကျင်မှာ အကောင်းမြင်တတ်သူများ ဝန်းရံနေဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့ အုပ်စုဖွဲ့ ပြောဆိုဆွေးနွေးဖို့ပဲ ဖြစ်ပါတယ်။ သင်နဲ့ နီးစပ်ရာ သင့်ကို လက်တွေ့ကျသော အကြံဉာဏ်ကောင်းတွေ ပေးနိုင်သော သူများသည် သင်အကောင်းမြင်စိတ်ဖြစ်ပေါ်လာဖို့ ကြီးမားသော အကူအညီဖြစ်နိုင်ပါတယ်။ အကယ်၍သင်သည် တစ်ချိန်လုံးညည်းညူနေသောသူတွေနဲ့သာ နေနေလျှင် သင်ကိုယ်တိုင်လည်း အဆိုးတွေပဲ မြင်တတ်လာမှာ ဖြစ်ပါတယ်။ အကောင်းမြင်တတ်သူများနဲ့ များများနေပေးခြင်းဖြင့် သူတို့၏ အကောင်းမြင်အတွေးများသည် သင့်ကိုယ်ပိုင် အလေ့အကျင့်ဖြစ်လာနိုင်ချေ မြင့်မားလာမှာဖြစ်ပါတယ်။ အကယ်၍ သင့်ပတ်ဝန်းကျင်မှာ အကောင်းမြင်တတ်သူတွေချည်းဖြစ်နေလျှင် သင်ကိုယ်တိုင် အဆိုးမြင်မိဖို့ဆိုတာ ခက်ခဲတဲ့ အရာတစ်ခုဖြစ်သွားမှာပါ။သင့်ဘဝမှာ ပြဿနာ၊ အခက်အခဲများနဲ့ ကြုံရသော အခိုက်တွင် အပြစ်တွေလိုက်ရှာမနေပါနဲ့။ ကိုယ့်တာဝန်ကိုယူခြင်းသည် သင့်ကို အမှားတွေကနေ သင်ယူစေပြီး သူတစ်ပါးကို မတရား အပြစ်တင်ခြင်းမှ ကာကွယ်ပေးပါတယ်။ ထို့ကြောင့် သင့်တာဝန်ကို သင်လက်ခံပြီး သင့်အပြုအမူကို သင်တာဝန်ယူပါ။သင်စိတ်ခံစားချက်ကောင်းမွန်စေမည့် အကောင်းဆုံးနည်းလမ်းကတော့ သူတစ်ပါးကို ကူညီတတ်ဖို့နဲ့ သူတစ်ပါးကို ပြန်လည်ပေးဆပ်တတ်ဖို့ပဲဖြစ်ပါတယ်။ သူတစ်ပါးကို ကူညီခြင်းသည် သင့်ကို လောကကြီးကို အမြင်သစ်နဲ့ ကြည့်တတ်အောင် သင်ကြားပေးပြီး အကောင်းမြင်စိတ် ရရှိစေပါတယ်။သင့်ကို အကောင်းမြင်တတ်အောင် အားပေးသော စာသားများကို တစ်ရက်တွင် နာရီပေါင်းများစွာ ဖတ်ရှုပါ။ စိတ်ဓါတ်ခွန်အားပေးသော စာများကို လေ့လာပါ။ သင့်ဘဝတွင် အရေးကြီးဆုံးအရာများကို အာရုံစိုက်ဖို့ ကူညီပေးသော အတုယူဖွယ် စိတ်အားတက်ကြွစေသော အဆိုအမိန့်များကို ဖတ်ပါ။ ထိုနည်းသည် သင့်ဘဝကို နှစ်သက်ပျော်ရွှင်လာစေဖို့ နည်းလမ်းကောင်းတစ်ရပ်ဖြစ်သည်။တရားထိုင်ခြင်း (သို့) ယောဂကျင့်ခြင်းသည် အသက်ရှုသွင်း၊ ရှုထုတ်ခြင်းအပေါ်တွင် အာရုံစိုက်စေပြီး သင့်အတွေးတွေ မပျံ့ လွင့်အောင် ထိန်းချုပ်ပေးပြီးသည်။ ယောဂလေ့ကျင့်ခြင်းသည် စိတ်ကိုဖြေလျော့စေသည်။ ယောဂလေ့ကျင့်ခြင်းသည် မဖြစ်လာသေးတဲ့အနာဂတ်ကို စီးမြောတွေးတောနေသော သင့်စိတ်ကို အရေးကြီးဆုံး လက်ရှိအချိန်သို့ ပြန်လည်ဆွဲခေါ်လာပေးပြီး လက်ရှိမှာပဲ စိတ်ကိုတည်ငြိမ်နေစေဖို့ ကူညီပေးပါသည်။ရည်မှန်းချက်ပန်းတိုင် သတ်မှတ်ပြီး ထိုနေရာကိုရောက်ရှိဖို့ ကြိုးစားရင်း သင့်ကိုယ်သင် အလုပ်များနေပါစေ။ ပထမပန်းတိုင်ကို ရောက်ပြီဆိုသည်နှင့် နောက်ပန်းတိုင်တွေကိုပါ ဆက်လှမ်းလျှောက်ဖို့ သင်စိတ်အားတက်လာကာ ပန်းတိုင်အသစ်များကိုပါ ထပ်တိုးချမှတ်လာနိုင်မှာ ဖြစ်ပါတယ်။ သင်ရရှိအောင်မြင်သော ပန်းတိုင်တစ်ခုချင်းစီသည် ဘယ်လောက်ပင်သေးငယ်စေကာမူ သင့်အား ယုံကြည်မှု များရရှိစေကာ သင့်ကိုယ့်သင် တန်ဖိုးထားမှု မြင့်တက်လာစေမည်ဖြစ်သည်။ ဤသည်ကပင် သင့်ဘဝတွင် အကောင်းမြင်စိတ်များ ပိုမိုရရှိလာစေမည်ဖြစ်သည်။အကောင်းမြင်အတွေးသည် သင့်ဘဝတွင် ကောင်းသော ပြောင်းလဲမှုများစွာကို ရရှိစေမည်ဖြစ်သည်။ အထူးသဖြင့် သင်အဆုတ်ကင်ဆာဖြစ်နေသော အချိန်လိုမျိုးမှာပေါ့။ အကောင်းမြင်တတ်သော စိတ်က သင့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ ကောင်းကျိုးတွေ သယ်ဆောင်လာမည်ဖြစ်သည်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/lung-cancer-cancer/%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%b9%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac%e1%80%94%e1%80%bd%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%95%e1%80%90%e1%80%b9%e1%80%9e%e1%80%80%e1%80%b9/
Sunscreen ကို နည်းစနစ်မှန်မှန် လိမ်းကြမယ်
နေရောင်ကြောင့် အသားအရေထိခိုက်မှာစိုးတယ်။ ဘာလုပ်ရမလဲ……… ဒါများစဉ်းစားနေသေးတယ်။နေလောင်ကာခရင်မ်လူးလေလို့ ပြန်ပြောမယ် မဟုတ်လား….. နေရောင်ထဲထွက်ရင် နေလောင်ကာခရင်မ် လူးရမယ်ဆိုတာ လူတိုင်းသိမှာပါ။ ဒါပေမယ့် နေလောင်ကာခရင်မ် ကို နည်းစနစ်မှန်မှန်ရော လူးမိရဲ့လား…..နေလောင်ကာခရင်မ် ကို နည်းစနစ်မှန်မှန် မလူးမိဘူးဆိုရင်တော့ အလကားဖြစ်သွားမှာပါ။ ဒီတော့ နေရောင်ဒဏ်ကနေ အသားအရေကို အထိရောက်ဆုံး ကာကွယ်ဖို့ ဒီဆောင်းပါးလေးကို ဖတ်လိုက်ကြည့်လိုက်ပါ။နေလောင်ကာခရင်မ် ပုံမှန်အသုံးပြုပေးတာက။နေလောင်ကာခရင်မ်လိမ်းတိုင်းအသားအရေကို နေရောင်ဒဏ်ကနေအပြည့်အဝ ကာကွယ်ပေးနိုင်ပြီလို့ မဆိုသာပါဘူး။ လိမ်းတဲ့နည်းစနစ်မှန်မှ အသားအရေကို နေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် နေရောင်ကြောင့် အသားအရေထိခိုက်မှုကင်းစေဖို့။နေရောင်ကြောင့် အသားအရေ ထိခိုက်ပျက်စီးမှုက ကင်းချင်တယ်ဆိုရင်တော့ နေ့ရက်တိုင်းမှာ အခုလို နည်းစနစ်မှန်မှန်နဲ့ နေလောင်ကာခရင်မ်လိမ်းကြဖို့ ပြောပါရစေ Hello ဆရာဝန်ပရိသတ်ကြီးရေ…..။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/how-to-apply-sunscreen/
အသားအရေ​ကြည်လင်ခြင်း ရဲ့လျှို့ဝှက်ချက်
အသားအရေကြည်လင်ခြင်းက အလှတိုးစေသလို အလှပြင်ဖို့ စိတ်မဝင်စားတဲ့ လေဒီလေးတွေ အတွက်လည်း တော်တော်လေး အဆင်ပြေစေတဲ့အချက်တစ်ခုပါ။ ဒါပေမယ့် အလှမပြင်ချင်ဘူးဆိုရင်တောင် အသားအရေထိန်းသိမ်းဖို့တော့လိုပါတယ်။ ဒီတစ်ခေါက်တော့ အသားအရေကြည်ကြည်လင်လင်လေးနဲ့ လှနေသူတွေရဲ့ နေ့စဉ်အလေ့အထတွေက ဘာတွေများလဲဆိုတာကို ပြောပြပေးမယ်နော်။ကြည်လင်တဲ့ အသားအရေဆိုတာက အသားအရောင်ညီညာပြီး၊ အစက်အပြောက်တွေမရှိရပါဘူး။အဆီပြန်တာမျိုးမရှိရပါဘူး။ ချွေးပေါက်ကျယ်နေတာမျိုးမရှိရပါဘူး။ ဝက်ခြံ နဲ့အဆီဖုတွေလည်း မရှိရပါဘူး။ အရေပြားပြဿနာကင်းစင်နေတဲ့အသားအရေမျိုးပါ။အသားအရေကြည်လင်သူ တော်တော်များများမှာ အခုလို အလေ့အထလေးတွေပိုင်ဆိုင်ထားကြပါတယ်။ ကဲ …. အသားအရေ​ကြည်လင်ခြင်း ရဲ့လျှို့ဝှက်ချက် တွေကတော့။တစ်နေ့နှစ်ကြိမ်မျက်နှာသစ်တယ်။အသားအရေကြည်လင်သူတွေက အလှပြင်ဖို့ စိတ်မဝင်စားဖူးဆိုရင်တောင် တစ်နေ့ကို နှစ်ကြိမ်ပုံမှန် မျက်နှာသစ်တတ်ကြပါတယ်။ မနက်နိုးတဲ့အချိန် တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ်ပါ။ ဒါမှ အရေပြားပေါ်က ဖုန်မှုန့်တွေ၊ဘက်တီးရီးယားတွေကို အထိရောက်ဆုံးဖယ်ရှားနိုင်မှာပါ။အသားအရေနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆေးရွေးသုံးတယ်။မျက်နှာသစ်ဆေးတိုင်းကမျက်နှာအသားအရေကို သန့်စင်ပေးတယ်ဆိုပေမယ့် အသားအရေနဲ့ လိုက်ဖက်မှုမရှိရင် ထိရောက်မှုအားနည်းပါတယ်။ နောက်တစ်ချက်က အရမ်းပြင်းတဲ့ မျက်နှာသစ်ဆေးတွေက အရေပြားကို ခြောက်သွေ့ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အသားအရေကို ကြည်လင်ကျန်းမာချင်တယ်ဆိုရင် ဒီအချက်လေးကို သတိထားဖို့လိုပါမယ်။ရေလုံလောက်အောင် သောက်ကြတယ်။ရေဓာတ်က အသားအရေတင်မဟုတ်ပါဘူး။ခန္ဓာကိုယ်ကို ကျန်းမာစေသလို ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ​ကြောင့် အသားအရေကို ကြည်လင်လှပချင်တယ်ဆိုရင် မေ့ထားလို့မဖြစ်တဲ့အချက်တစ်ခုက ရေလုံလောက်အောင် သောက်ဖို့ပါ။ အသားအရေကြည်လင်သူလေးတွေက တစ်နေ့ကို အနည်းဆုံးရေ ၂ လီတာ ကုန်အောင်သောက်တတ်ကြပါတယ်။အသီးအရွက်စားတယ်။ဟင်းသီးဟင်းရွက်တွေ စားသုံးပေးတာက အသားအရေကို ကြည်လင်စေဖို့ အများကြီးအထောက်အကူပြုပေးနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင် A၊ဗီတာမင် Cနဲ့ အခြားသော အကျိုးပြု အာဟာရတွေကြွယ်ဝစွာ ပါဝင်နေမှုက အသားအရေကို ကြည်လင်လှပစေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ သစ်သီး ဒါမှမဟုတ် ဟင်းသီးဟင်းရွက် တစ်ခုခုကို စားပါ။ဝမ်းမှန်တယ်။ဝမ်းမှန်တာက ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ဝမ်းမှန်တာက ခန္ဓာကိုယ်မှာ ရောဂါကင်းစေသလို အသားအရေကိုလည်း ကြည်လင်စေနိုင်ပါတယ်။ ဝက်ခြံကင်းစေဖို့လည်း အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့်အမျှင်ဓာတ်ကြွယ်ဝတာတွေစားပြီး ဝမ်းမှန်အောင် ဂရုစိုက်ဖို့ မမေ့ပါနဲ့။ကိုယ်လက်လှုပ်ရှားမှုရှိတယ်။အသားအရေ ကြည်လင်သူလေးတွေက ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလုပ်တတ်ကြပါတယ်။ သူတို့လေးတွေက အများကြီး မဟုတ်ရင်တောင် တစ်ပတ်မှာ အနည်းဆုံး ၃ နာရီနဲ့ အထက် ကိုယ်လက်လှုပ်ရှားမှုလုပ်လေ့ရှိကြပါတယ်။ ဒီလိုလုပ်ပေးတာက ချွေးနဲ့အတူ ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီးသွေးလည်ပတ်မှုကောင်းစေပါတယ်။ ဒါကလည်း အသားအရေ ကြည်လင်စေတဲ့ အချက်တွေထဲက တစ်ခုပါ။အိပ်ရေးဝဝအိပ်ကြတယ်။အသားလေး ကြည်နေတယ်ဆို မေးကြည့်လိုက် သူတို့လေးတွေက မစားရရင်နေနိုင်တယ်၊ မအိပ်ရရင် မနေနိုင်ဘူးဆိုတဲ့ သူလေးတွေများတယ်။ အကြောင်းကတော့ အိပ်ရေးဝတာက အသားအရေကို အများကြီးအထောက်အကူပြုလို့ပါပဲ။ တစ်နေ့ကို အိပ်ချိန် ၈ နာရီပြည့်ဝမှုက အရေပြားပြဿနာကင်းစေပြီး အသားအရေကို ကြည်လင်စေမှာပါ။အချိုများတာတွေမစားပါဘူး။သကြားအစားများတာက အရေပြားကို ထိခိုက်စေပြီး ဝက်ခြံဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသားအရေ ကြည်လင်ချင်တယ်ဆိုရင် သကြားလျှော့စားပါ။ အချိုများတာတွေ၊ အချိုရည်တွေကို ရှောင်ပါ။ဆဲလ်သေတွေကို ပုံမှန်ဖယ်ရှားကြတယ်။အသားအရေကိုကြည်လင်စေတဲ့အချက်တစ်ခုက ဆဲလ်သေတွေကို ပုံမှန်ဖယ်ရှားတာပါ။ တစ်ပတ်ကိုတစ်ကြိမ်လောက် ဆဲလ်သေတွေကို ပုံမှန်ဖယ်ရှားပေးတာက အသားအရေကို ကြည်လင်စေမယ့် လျှို့ဝှက်ချက်တစ်ခုပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/how-to-get-clear-skin-once-and-for-all/
ညအိပ်ရင်း ခံတွင်းခြောက်တာက ဘာကြောင့်လဲ!
မနက်ခင်းမှာ ခံတွင်းခြောက်ကပ်ပြီး လည်ချောင်းတွေ အာခေါင်တွေ ခြောက်လို့ အနေရခက်ပြီး နှိုးထလာနေရပါသလား! ဒီလို ခံတွင်းခြောက်တာက မနက်နှိုးချိန်မှာမှ မဟုတ်ဘဲ ညလယ်ပိုင်း အိပ်ကောင်းချိန်မှာလည်း ခံတွင်းခြောက်လို့ နေရခက်ပြီး နှိုးထလာနေရပြီး ရေအေးအေးလေး တစ်ခွက်လောက် သောက်လိုက်ရမှခံတွင်းခြောက်တာသက်သာလို့ ပြန်အိပ်ပျော်သွားတာမျိုး ဖြစ်နေပြီဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုနေပါပြီ။ခံတွင်းခြောက်တာကညဘက်အိပ်စက်မှုကို အတော်လေး အနှောင့်အယှက် ဖြစ်စေတာပါ။ ဒီလိုမျိုး ညဘက်အိပ်ချိန်မှာ ခံတွင်းခြောက်ရတာ ဘာကြောင့် ဖြစ်မလဲ! ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ခံတွင်းခြောက်တယ်ဆိုတာက ခံတွင်းထဲမှာ ရှိတဲ့တံထွေးဂလင်းတွေက ကျန်းမာရေး အားနည်းနေတဲ့ လက္ခဏာပါ။ လုံလောက်တဲ့ တံထွေးတွေကို မထုတ်ပေးနိုင်တာကြောင့် ခံတွင်းထဲမှာ ခြောက်ပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်တဲ့ အခြေအနေကို ဖန်တီးလိုက်သလို ဖြစ်သွားမှာပါ။နောက်တစ်ချက်က ခံတွင်းခြောက်တယ်ဆိုတာကိုယ်တွင်းရေဓာတ်ဆုံးရှုံးနေတာကို  ဖော်ပြပေးနေတာမျိုး ဖြစ်သလို ကိုယ်တွင်းမှာ autoimmune ရောဂါအခြေအနေ တစ်ခုခု ရှိနေတယ်ဆိုတာကို ဖော်ပြနေတာပါ။ခံတွင်းခြောက်တာက တစ်ယောက်နဲ့ တစ်ယောက်မှာ လက္ခဏာတွေ မတူနိုင်ပါဘူး။  အတွေ့ရများတဲ့ လက္ခဏာတွေ အနေနဲ့ကတော့ –။ညအိပ်ရင်း ခံတွင်းခြောက်တာက အကြောင်းအရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။တစ်ခါတလေမှာတော့ နေ့စဉ် စားသောက်မှုမှာအစပ်ကဲတာတွေကို စားမိထားတာ၊ အပူအစပ်များတဲ့ မာလာရှမ်းကော၊ ချဉ်ချဉ်စပ်စပ် အထောင်းတွေကို စားမိတာကြောင့်လည်း ညဘက်အိပ်ချိန်မှာ ခံတွင်းခြောက်တာကို ခံစားရနိုင်ပါတယ်။အရက်သောက်တာ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို သောက်မိထားချိန်တွေမှာလည်း ညဘက်တွေမှာ ခံတွင်းခြောက်တာကို ခံစားရနိုင်ပါတယ်။ဒါတွေအပြင် သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့်လည်း ညဘက် အိပ်ချိန်မှာ ခံတွင်းခြောက်တာကို ခံစားရနိုင်ပါတယ်။ဘယ်လို သက်သာအောင် လုပ်မလဲ!။ညဘက်အိပ်ချိန်တွေမှာ ခံတွင်းခြောက်တာကို သက်သာစေဖို့ဆိုရင် –။ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ပေးရင်း ညဘက်အိပ်ချိန်မှာ ခံတွင်းခြောက်တာကြောင့် အနှောင့်အယှက် မဖြစ်ဘဲ အိပ်ပျော်အောင် အိပ်လိုက်ပါလို့ အကြံပြုလိုက်ပါရစေ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/dry-mouth-at-night-causes-and-how-to-prevent-it/
အမျိုးသားများ စိုးရိမ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာ (၅) မျိုး
လူမှန်ရင် ကျန်းမာရေးပြဿနာနဲ့ မကင်းဝေးနိုင်ကြသလိုအမျိုးသားများသည်လည်း ထိုနည်းတူပါပဲ။ အမျိုးသမီးတွေနဲ့ ကွာသွားတဲ့အချက်က အမျိုးသားတွေဟာ သူတို့ ဖြစ်နေတဲ့ ပြဿနာတွေ၊ ခံစားနေရတဲ့ ဝေဒနာတွေကို သိပ်ပြီး ဖွင့်ထုတ်ပြသလေ့မရှိဘဲ ရေငုံနှုတ်ပိတ် နေတတ်ကြတဲ့ ကိစ္စပါ။ ဒီအချက်ကြောင့်လည်း အမျိုးသားတွေဟာ အမျိုးသမီးများထက် တကယ်တမ်း ကျန်းမာရေးပြဿနာ ကြုံလာရတဲ့အခါ ပိုကုသရခက်ပြီး အသက်ဆုံးရှုံးနိုင်ခြေ ပိုများတတ်ပါတယ်။ဒီကျန်းမာရေးပြဿနာတွေဟာ ကိုယ်တိုင် သို့မဟုတ် ကိုယ့်အနီးပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတာကို မြင်တွေ့၊ ကြားသိပြီး ကြောက်တဲ့စိတ်တွေ တိုးလာတတ်ကြတာပါ။အမျိုးသားတိုင်း ဒီပြဿနာတွေ ဖြစ်လိမ့်မယ်လို့ ဆိုလိုတာမဟုတ်ပေမဲ့ အများစုကတော့ ဒီပြဿနာတွေကို မလွဲမသွေ တွေ့ကြုံရနိုင်ပါတယ်။အသက်အရွယ်ကြောင့် အမျိုးသားအများစု မလွှဲမသွေ ကြုံရတတ်တဲ့ ပြဿနာတွေထဲက တစ်ခုပါ။ဆီးကျိတ်ကြီးခြင်း သို့မဟုတ် ဆီးကျိတ်ကင်ဆာဆိုတာ အမျိုးသားတွေကို တော်တော်လည်း ဒုက္ခပေးနိုင်ပါတယ်။ အထူးသဖြင့် ဆီးကျိတ်ကင်ဆာဆိုတာကင်ဆာဆဲလ်တွေ ဖြည်းဖြည်းချင်း အမြစ်ပွားရာမှ အသက်ကြီးလာတဲ့အခါ ကင်ဆာပိုးတွေ နေရာအနှံ့ပျံ့ပြီး ကုသလို့ အရမ်းခက်တဲ့ အဆင့်ထိရောက်သွားနိုင်ပါတယ်။ပုံမှန်အားဖြင့် ဒီပြဿနာက အသက် ၄၀ နောက်ပိုင်းအရွယ်တွေမှာ အတွေ့များပြီး လူငယ်တွေမှာတော့ ဖြစ်တာ အလွန်ရှားပါတယ်။ ဒီအတွက်ကြောင့် ကြိုပြီး စိုးရိမ်ပူပန်နေဖို့တော့ မလိုပါဘူး။ အခုခေတ်မှာ ရောဂါမဖြစ်မီက ပုံမှန်စစ်ဆေးလို့ ရတဲ့ ကျန်းမာရေးစက်ကိရိယာတွေလည်း အများအပြား ပေါ်ထွက်လာနေပြီဖြစ်လို့ ဒါနဲ့ပတ်သက်ပြီး အရမ်းကြောက်စရာတော့ မလိုပါဘူးခင်ဗျ။ကိုယ့်မိသားစုမှာဆီးကျိတ်ကင်ဆာရှိတယ်ဆိုရင်တော့ အသက် ၃၀ နောက်ပိုင်းအရွယ်ကနေ တစ်နှစ်ကို တစ်ကြိမ်လောက် ပုံမှန်ကျန်းမာရေးစစ်ဆေးကုသမှု ခံယူပါ။ ဆီးသွားရခက်တာ၊ လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက်မှာ ပုံမှန်မဟုတ် အကျိတ်အလုံးလို စမ်းမိတာဆိုရင်တော့ ဆရာဝန်နဲ့ တစ်ချက်ပြသစစ်ဆေးကြည့်ပါ။ ဓာတ်မှန်၊ အာထရာဆောင်းရိုက်ကြည့်ပြီးတော့လည်း ကိုယ့်ရဲ့ ဆီးကျိတ်အခြေအနေကို စစ်ကြည့်နိုင်ပါတယ်။အသက်ကြီးတဲ့ လူကြီးပိုင်း အထူးသဖြင့် အမျိုးသားတွေဆိုရင် ခါးကိုင်းပြီးအရိုးအဆစ်တွေ အားအင်ချိနဲ့လာတာ၊ လိင်မှုကိစ္စမှာ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့တာ၊ သွားလာလှုပ်ရှားရခက်တာတွေကို တွေ့မြင်ပြီး လူငယ်တွေအနေနဲ့ တွေ့မြင်ဖန်များလာတဲ့အခါ ကြောက်တတ်ကြတာ မဆန်းပါဘူး။အရိုးအဆစ်ရဲ့ သဘာဝက အသက်ကြီးလာရင် အားနည်းတတ်တာ မှန်ပေမယ့် ငယ်စဉ်ကတည်းက နေထိုင်စားသောက်မှုပုံစံကို သေချာဂရုစိုက်ရင်တော့ အရိုးအဆစ်ပြဿနာတွေကနေ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ အဓိက ကယ်လ်စီယမ်ဓာတ်များတဲ့ အစားအစာတွေကို များများစားပေးပါ။ ပရိုတင်းဓာတ်ကိုလည်း မပါမဖြစ် စားပေးပါ။ ဒီအာဟာရဓာတ် ၂မျိုးလုံးကအရိုးအဆစ်နဲ့ ကြွက်သားတွေ ထိခိုက်ခြင်း၊ အားနည်းလာခြင်း၊ ဆုံးရှုံးခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။နောက်တစ်ခုက အမြဲတမ်း တစ်နေရာတည်းမှာ အချိန်အကြာကြီး မထိုင်ပါနဲ့။ လှုပ်လှုပ်ရှားရှား နေပါ။ လေ့ကျင့်ခန်း၊ အားကစား ပုံမှန်လုပ်ပေးပါ။ ဒီလိုမျိုး လှုပ်ရှားပြီး အရိုးအဆစ်ကို အလုပ်လုပ်ပေးနေမှ သန်စွမ်းလာမှာပါ။လိင်ပိုင်းဆိုင်ရာ ပြဿနာတွေဆိုတာ အမျိုးသားတွေ အဖုံးဖိဆုံးပြဿနာတွေထဲက တစ်ခုပါ။ ဘာကြောင့် ဖုံးဖိသလဲဆိုတော့ ပြဿနာရှိနေတယ်ဆိုတာ သိသွားရင် ကိုယ့်ရဲ့ ယောက်ျားမာန ထိခိုက်တယ်လို့ ခံစားရတာ၊ ကိုယ့်မှာ ပြဿနာတစ်ခုခုရှိနေတဲ့အတွက် ဒီပြဿနာကိုပဲ အာရုံစိုက်ပြီး စိုးရိမ်လွန်ကဲလာတာ၊ လူဖြစ်ရှုံးတယ်လို့ ထင်တာ စတဲ့ အတွေးတွေ ဝင်လာတတ်ပါတယ်။ဟုတ်ကဲ့ ပွင့်ပွင့်လင်းလင်း ပြောရင် ကမ္ဘာပေါ်မှာရှိတဲ့ ယောက်ျားတိုင်းလိင်ကျန်းမာရေးပြဿနာ အနည်းဆုံး တစ်ခုလောက်ကို သူတို့ရဲ့ဘဝမှာ ခံစားဖူး၊ ကြုံတွေ့ခဲ့ဖူးပါတယ်။ ဘယ်လောက်ပဲ လိင်စိတ်ထကြွနေတဲ့သူပဲ ဖြစ်နေပါစေ၊ မကြုံဖူးဘဲ မနေပါဘူး၊ မကြုံသေးတာဆိုရင် ပိုမှန်ပါလိမ့်မယ်။ အထူးသဖြင့် ဒီဘက်ခေတ်မှာ နေထိုင်စားသောက်မှုပုံစံတွေ မှားယွင်းခြင်းကြောင့်၊ အပြာရုပ်ရှင်တွေ အကြည့်များလာခြင်းကြောင့် လိင်ပိုင်းဆိုင်ရာ ပြဿနာတွေ ပိုခံစားလာရပါတယ်။အထူးသဖြင့်လိင်တံမထောင်မတ်နိုင်ခြင်း၊ သုက်လွှတ်မြန်ခြင်း၊ အမောမခံနိုင်ခြင်း စတဲ့ ပြဿနာတွေပေါ့ဗျာ။ ငယ်ရွယ်စဉ်မှာ ဒီလိုပြဿနာတွေက စိတ်နဲ့ နေထိုင်မှုပုံစံကြောင့် အဖြစ်များတဲ့အတွက် အိပ်ချိန်မှန်အောင် ဂရုစိုက်တာ၊ အစာအာဟာရ စုံလင်စွာစားသုံးပေးတာ၊ လေ့ကျင့်ခန်း မှန်မှန်လုပ်တာ၊စိတ်ဖိစီးမှု၊ အစိုးရိမ်လွန်ကဲမှုကို လျှော့ချခြင်းဖြင့် ကိုယ့်အခြေအနေကို ပြန်ထိန်းနိုင်ပါတယ်။အသက်ကြီးလာတဲ့အခါ လိင်စိတ်ကို ဖြစ်စေတဲ့ ကျားဟော်မုန်းထုတ်လုပ်နိုင်စွမ်း ကျဆင်းသွားတဲ့အတွက် လိင်ပိုင်းဆိုင်ရာ ပြဿနာများ ကြုံလာရနိုင်ပါတယ်။ ဒီအခါ ဆရာဝန်နဲ့ သေချာပြသပြီးဟော်မုန်းအစားထိုး ကုသမှုခံယူတာ၊ လေ့ကျင့်ခန်း၊ အစာအာဟာရကို ဂရုစိုက်တာ၊ ကြာဆေး သို့မဟုတ် လိင်စိတ်ထကြွဆေးကို ဆရာဝန်ဆေးညွှန်းနဲ့ သောက်တာမျိုး လုပ်ပေးနိုင်ပါတယ်။ပထမ ဦးနှောက်အာရုံကြော ပြဿနာတွေကတော့ ဦးနှောက်မူမမှန်တဲ့ ဝေဒနာများခံစားနေရသော လူကြီးမိဘများနှင့် အနေကြာလာသူတွေမှာ ဖြစ်တတ်ပါတယ်။ တစ်နေ့ ကိုယ်လည်း ဒီလိုမျိုးသူငယ်ပြန်တာ၊ အတိတ်မေ့တာ၊ သတိမေ့တတ်တာ၊ ရုတ်တရက်တက်တာမျိုးတွေ ကြုံလာရမှာပဲဆိုတဲ့ စိုးရိမ်စိတ်က ဝင်လာတဲ့အခါ စိုးရိမ်လွန်ကဲမှုတွေ ဖြစ်ပြီး ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။ဒီပြဿနာနဲ့ ပတ်သက်လို့ကတော့ ကိုယ့်ရဲ့စိုးရိမ်စိတ်ကို အရင်ဆုံးလျှော့ချဖို့အရေးကြီးပါတယ်။ လူကြီးတွေမှာ ဖြစ်တယ်ဆိုတာ မှန်ပေမယ့် ကိုယ့်အလှည့်မှာ ဒီရောဂါတွေ ဖြစ်ကိုဖြစ်လာလိမ့်မယ်လို့ တရားသေ တွက်ထားလို့ မရပါဘူး။ အကုန်လုံးက ကိုယ့်ရဲ့ ဘဝတစ်လျှောက် နေထိုင်စားသောက်မှုပုံစံပေါ်မှာပဲ မူတည်နေတာပါ။ အဓိက ကိုယ့်ရဲ့ ဦးနှောက်ကို နေ့စဉ် ပုံမှန်အလုပ်လုပ်ပေးပါ၊ ပြီးရင်လည်း အနားပေးပါ။ ဦးနှောက်မှတ်ဉာဏ် တက်စေမယ့် တွေးတောစဉ်းစားမှုဆိုင်ရာ ကစားနည်းတွေ၊ ပဟေဠိတွေ ပုံမှန်ဆော့ပေးပါ။ စိတ်ပျော်ရွှင်အေးချမ်းအောင် နေထိုင်ပါ။နောက်ဆုံးတစ်ခုက စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပါ။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာလည်း အမျိုးသားတွေ ဖွင့်ပြောရမှာ အရှက်ရွံ့ဆုံး ပြဿနာတွေထဲက တစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ စိတ်ကျန်းမာရေးပြဿနာတွေဟာ စိတ်ပျော့ညံ့နေသူတွေမှာသာ ဖြစ်တတ်တာ ဆိုတဲ့ လူ့ပတ်ဝန်းကျင်ရဲ့ အဆိပ်အတောက် အတွေးအခေါ်တွေအောက်မှာ ကြီးပြင်းလာလို့ပါပဲ။တကယ်တော့ စိတ်ကျန်းမာရေးပြဿနာဆိုတာ ယောက်ျား၊ မိန်းမ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာတောင် စိတ်ဖိစီးနိုင်ပါတယ်။လုပ်ငန်းခွင်တွေ၊ လူမှုနယ်ပယ်နဲ့ အမြဲထိတွေ့ဆက်ဆံနေရတဲ့ လူကြီးတွေဆိုရင်တောင် ပိုပြီးတောင် ဆိုးနိုင်တာပေါ့။ဒီအတွက် ဘာတွေ လုပ်ပေးလို့ရမလဲဆိုရင် ကိုယ့်မှာရှိနေတဲ့ ပြဿနာကို အရင်ဆုံး အဖြေထွက်အောင် ဖြေရှင်းပါ။ ပြဿနာကို ဖြေရှင်းပြီးသွားရင် ကိုယ့်စိတ်ကို အနားပေးပါ။ ကိုယ့်ကို ပျော်ရွှင်စေမယ့် အရာမှန်သမျှ လုပ်ပါ။ စိတ်ဖိစီးမှုကျစေအောင် လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာ၊ တရားထိုင်တာ၊ယောဂလေ့ကျင့်တာလို စိတ်တည်ငြိမ်စေမယ့် လေ့ကျင့်ခန်းတွေ လုပ်ကြည့်ပါ။ အမှန်တကယ် နားလည်တတ်ကျွမ်းတဲ့ စိတ်ရောဂါအထူးကုဆရာဝန်တွေ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တွေနဲ့ ကုသမှုခံယူပါ။ဒီတော့ ၂၁ ရာစုမှာနေပြီး အမျိုးသားတွေအနေနဲ့ ဟိုရောဂါဖြစ်လို့ ရှက်နေတာ၊ ကြောက်နေတာ၊ စိုးရိမ်လွန်ကဲနေတာ၊ အမှုမဲ့အမှတ်မဲ့ နေလိုက်တာမျိုးတွေ မလုပ်ပါနဲ့တော့။ လူ့အသက်ဆိုတာ ရခဲလှပါတယ်။ တိုတောင်းလှတဲ့ လူ့ဘဝမှာ ကျန်းကျန်းမာမာ၊ အသက်ရှည်ရှည်နဲ့ ကိုယ်ချစ်တဲ့ မိသားစုဝင်တွေနဲ့ အချိန်ကြာမြင့်စွာ နေထိုင်နိုင်ဖို့ဆိုတာ ကိုယ့်ရဲ့ နေ့စဉ် နေထိုင်စားသောက်မှုပုံစံနဲ့ အများကြီး သက်ဆိုင်နေတယ်နော်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ad%e1%80%99%e1%80%ba%e1%80%9c/
ကလေးကျန်းမာရေးအတွက် အမျှင်ဓာတ်ရဲ့ အကျိုးပြုပုံ
အမျှင်ဓာတ်ဟာ လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာ ဖြစ်စေတဲ့အာဟာရဓာတ်တွေထဲက တစ်မျိုးဖြစ်ပေမယ့် လူတော်တော်များများက သတိမထားတတ်ကြပါဘူး။ ကျန်းမာစေတဲ့နေထိုင်စားသောက်မှုပုံစံမှာ အမျှင်ဓာတ်ကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ဒါကြောင့် ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် အမျှင်ဓာတ်ဟာ ဘယ်လောက်ထိ အရေးပါလဲ၊ ဘယ်လိုအစားအစာတွေမှာ အမျှင်ဓာတ်အများဆုံးပါဝင်လို့ ကလေးတွေ များများစားပေးသင့်လဲ အစရှိတဲ့ ဗဟုသုတအကြောင်းအရာတွေကို ဝေမျှပေးချင်ပါတယ်။အမျှင်ဓာတ်ဟာ သွေးထဲကကိုလက်စထရောကို လျှော့ချပေးနိုင်လို့ဆီးချိုရောဂါ၊ နှလုံးရောဂါကို ကောင်းကောင်းကာကွယ်ပေးနိုင်ပါတယ်။ သကြားစုပ်ယူမှုကိုလည်း နှေးစေပြီး ခန္ဓာကိုယ်ကို အကျိုးပြုစေတဲ့အင်ဆူလင်ကို ကောင်းမွန်စွာ လည်ပတ်စေနိုင်ပါတယ်။အမျှင်ဓာတ်ဟာ ဗိုက်ကို ပြည့်ဝစေလို့ ကလေးကို မကြာခဏ အစာစားချင်စိတ် မဖြစ်စေတော့တာကြောင့် အဝလွန်ခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။အမျှင်ဓာတ်မှာကယ်လိုရီတွေမပါဝင်တဲ့အပြင် အစာခြေစနစ်ကို ကောင်းစေလို့ ကလေးတွေကို ဝမ်းမှန်စေတယ်။ ရင်ပြည့်တာမျိုး၊ ဝမ်းချုပ်တာမျိုးကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်များတဲ့ အစားအစာတွေမှာ ခန္ဓာကိုယ်အတွက် အကျိုးဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများအပြား ပါဝင်တဲ့အတွက် ကလေးရော လူကြီးပါမကျန် နေ့စဉ် အမျှင်ဓာတ်ကို မဖြစ်မနေ စားပေးဖို့ လိုအပ်ပါတယ်။မနက်စာကို ဂျုံ၊ ပေါင်မုန့် ကို ကြက်ဥ၊ နွားနို့ နဲ့အတူ တွဲကျွေးပေးနိုင်ပါတယ်။ နေ့လည်စာနဲ့ ညစာအတွက် ဟင်းသီးဟင်းရွက်တွေကို သေချာချက်ပြုတ်ပြီး ကလေးတွေကို ကျွေးလို့ ရပါတယ်။ ထမင်းကျွေးတဲ့ နေရာမှာလည်း သာမန်ဆန်တွေထက် ဆန်လုံးညိုလိုမျိုး အမျှင်ဓာတ်များပြီးအာဟာရဓာတ်ရှိတဲ့ ထမင်းမျိုး ကျွေးတာ ပိုကောင်းပါတယ်။ ရုပ်ရှင်ကြည့်နေတဲ့အချိန်၊ စာလုပ်နေတဲ့အချိန်မှာ ကိုယ့်ကလေးကို မုန့်ပဲသရေစာအနေနဲ့ ကျွေးလိုတယ်ဆိုရင်တော့ သစ်သီးမျိုးစုံကို သေချာပြင်ဆင် လှီးစိတ်ထားပြီး ကျွေးတာ ကျန်းမာရေးနဲ့လည်း ညီညွတ်စေပါတယ်။အမျှင်ဓာတ်ဟာ အစာကြေလွယ်စေလို့ ဝမ်းမှန်စေတယ်။ အမျှင်ဓာတ်များတဲ့ အစားအစာတွေဟာ ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်လို့ မိဘတွေအနေနဲ့ ကိုယ့်ကလေးရဲ့ နေ့စဉ်အာဟာရမှာ အမျှင်ဓာတ်ကို မဖြစ်မနေ ပါဝင်အောင် ကျွေးသင့်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/kids-and-fiber-foods/
နားထဲတစ်ခုခုဝင်ခဲ့ရင်
နေ့စဉ်လှုပ်ရှားမှုတွေတိုင်းအတွက်မြင်ဖို့၊ကြားဖို့ကမဖြစ်မနေလိုပါတယ်။ လူတစ်ယောက်အနေနဲ့ လုပ်ငန်းဆောင်တာတွေကိုကောင်းစွာလုပ်ကိုင်နိုင်ဖို့ဆိုရင် အမြင်အာရုံ၊ အကြားအာရုံနဲ့ အနံ့ခံအာရုံ ၃ ခုစလုံးကောင်းမှဖြစ်မှာပါ။ ဒီတော့မျက်စိ၊နား၊နှာခေါင်းတို့ကိုသေချာစွာဂရုစိုက်ဖို့လိုပါမယ်။အမြင်အာရုံဆုံးရှုံးတဲ့အခါမြင်သင့်တာတွေနဲ့ လှပတဲ့မြင်ကွင်းတွေကို မမြင်တွေ့ရတော့တာမျိုးဖြစ်နိုင်သလိုအကြားအာရုံဆုံးရှုံးတဲ့အခါမှာလည်း သာယာငြိမ့်ညောင်းတဲ့အသံတွေနဲ့ ကြားသင့်တဲ့ အသံတွေကိုကြားခွင့်မရမှာပဲဖြစ်ပါတယ်။တစ်ခါတလေမှာ အခန့်မသင့်လို့ဖြစ်ဖြစ်၊ မတော်တဆဖြစ်ဖြစ် နား၊မျက်လုံးနဲ့ နှာခေါင်းထဲကိုပြင်ပအရာတွေဝင်ရောက်တတ်ပါတယ်။ အထူးသဖြင့်ကလေးလေးတွေမှာပိုအဖြစ်များပါတယ်။ဆော့ရင်းနဲ့ဖြစ်ဖြစ် စိတ်ထင်သလိုကောက်ထည့်လိုက်တာ၊ရှုရှိုက်လိုက်တာတွေကြောင့် နားနဲ့ နှာခေါင်းထဲကိုပြင်ပအရာတွေဝင်ရောက်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ မိဘတွေက စိုးရိမ်တကြီးနဲ့ထုတ်မိတတ်ကြပါတယ်။ အဆင်ပြေပြေမထုတ်နိုင်ရင် ထိခိုက်မှုကြီးသွားနိုင်ပါတယ်။ နားဆိုရင်လည်း အကြားအာရုံချို့ယွင်းသွားတာမျိုးတွေအထိတောင်ဖြစ်နိုင်ပါတယ်။နားထဲကိုပြင်ပကအရာဝတ္ထုတွေ၊ပိုးကောင်လိုမျိုးအရာတွေ ဝင်တဲ့အခါ –။လူကြီးတွေက သူတို့နားထဲတစ်ခုခုဝင်နေတဲ့အခါပြောပြနိုင်ပေမယ့် ကလေးငယ်လေးတွေကတော့ နားထဲတစ်ခုခုဝင်နေတဲ့အခါပြောမပြတတ်ကြပါဘူး။ နားဆိုတာကလည်း အထိခိုက်ခံနိုင်စွမ်းနည်းတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့်သေသေချာချာဂရုစိုက်ဖို့ လိုမှာပါ။ ကလေးတွေကိုဆိုရင်တော့ လူကြီးတွေကသေချာစောင့်ကြည့်ဂရုစိုက်ပေးဖို့လိုပါလိမ့်မယ်။ နားထဲပစ္စည်းတစ်ခုခုဝင်တဲ့အခါပြသတတ်တဲ့လက္ခဏာတွေက နားထဲဝင်နေတဲ့ ပစ္စည်းရဲ့အရွယ်အစားပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါတယ်။နားထဲကို တစ်ခုခုနဲ့ ထိုးကလော်တာမျိုးမလုပ်ပါနဲ့– နားထဲတစ်ခုခုဝင်သွားရင် ကြောက်လန့်တကြားနဲ့ အများဆုံးလုပ်တတ်ကြတာက နားထဲကအရာကိုဖယ်ဖို့ဆိုပြီး နားကြပ်တဲ့ ဂွမ်းတံ၊နားဖာကလော်လိုမျိုးအရာတွေနဲ့ ထိုးကော်ကြတာပါ။ ဒီလိုလုပ်တာက နားထဲကအရာဝတ္ထုကို နားအတွင်းပိုင်းထဲအထိရောက်သွားစေနိုင်ပါတယ်။ အကြားအာရုံထိခိုက်တဲ့အထိဖြစ်စေနိုင်ပါတယ်။မြန်နိုင်သမျှမြန်မြန်ဖယ်ဖို့လုပ်ပါ-ခုနကတော့ ဘာနဲ့မှ ထိုးကလော်တာမလုပ်ဖို့ပြောတယ်၊ ခုတော့မြန်မြန်ဖယ်ပါ၊လို့ပြောပြန်တယ်လို့တွေးနေလား။ နားထဲက အရာဝတ္ထုကိုဖယ်ရှားတယ်ဆိုတဲ့နေရာမှာမြင်သာအောင်ကြီးမားတဲ့အရာ နားတွင်းဝမှာဖြစ်နေတဲ့အရာတွေကိုဇာဂနာလိုအရာသုံးပြီးဖြည်ညင်းသေချာစွာဖယ်ရှားပေးပါ။မြေဆွဲအားကို အသုံးချပါ– လူတွေမြေကြီးပေါ်မှာ မတ်မတ်ရပ်နိုင်တာက ကမ္ဘာမြေရဲ့ ဆွဲအားကြောင့်ဆိုတာပြောစရာမလိုအောင် သိပြီးဖြစ်မှာပါ။ ဒီတော့နားထဲကို တစ်ခုခုဝင်သွားတဲ့အခါခေါင်းကိုစောင်းချပြီး နားထဲဝင်နေတဲ့အရာကိုထွက်အောင်လုပ်ပါ။ပိုးကောင်ဝင်နေတာဆိုရင်တော့ ဆီကိုအသုံးပြုပေးပါ– နားထဲကို ပိုးကောင်တစ်ကောင်ကောင်ဝင်သွားတဲ့အခါ နားထဲကိုအုန်းဆီ၊သံလွင်ဆီလိုမျိုး အဆီတစ်ခုခုကိုလောင်းထည့်လိုက်ပါ။ နားကိုလက်နဲ့ခဏအုပ်ထားပြီးပြီးရင်စောင်းချပေးလိုက်ပါ။ ဆီကခပ်နွေးနွေးလေးဖြစ်ရင် ပိုအဆင်ပြေမှာပါ။ဆေးခန်းသွားပြပါ–နားကိုထိခိုက်မှာစိုးရိမ်ရင်ဖြစ်ဖြစ် ကိုယ်တိုင်က မကျွမ်းကျင်ဘူးလို့ခံစားမိရင် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပြသပြီး နားထဲက အရာဝတ္ထုကိုဖယ်ရှားပေးပါ။နားထဲတစ်ခုခုဝင်တဲ့အခါ ဒီနည်လမ်းလေးတွေကို အသုံးပြုပြီး အကြားအာရုံမထိခိုက်အောင်ကာကွယ်လို့ရပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/%e1%80%94%e1%80%ac%e1%80%b8%e1%80%91%e1%80%b2%e1%80%90%e1%80%85%e1%80%ba%e1%80%81%e1%80%af%e1%80%81%e1%80%af%e1%80%9d%e1%80%84%e1%80%ba%e1%80%81%e1%80%b2%e1%80%b7%e1%80%9b%e1%80%84%e1%80%ba/
ဘယ်လိုအစားအစာတွေက သင့်ကလေးကို အစာမကြေဖြစ်စေတာလဲ။ ။
အစာမကြေ ေလထိုးလေအောင့်ဆိုတာ လူကြီးတွေမှဖြစ်တာမဟုတ်ပါဘူး ။ ကလေးတွေမှာလည်း အဖြစ်များပြီး တကယ်ကို ခံစားရခက်တဲ့ ဝေဒနာတစ်ခုပါ။ လူကြီးတွေဆို ဘယ်နေရာက ဘယ်လိုဖြစ်နေလဲဆိုတာ ပြောပြတတ်ပေမယ့် ကလေးကျတော့ ဗိုက်ထဲက တစ်နေရာရာ မသက်သာရင် ဘယ်လိုခံစားနေရလဲဆိုတာကို သေသေချာချာ မပြောနိုင်တဲ့အတွက် ဂျီကျလိုက်၊ ငိုလိုက်လုပ်နေရင် မေမေတို့ပဲ စိတ်ညစ်ရပါတယ်။ ။ရင်ဘက်အောက်နား၊ ဝမ်းဗိုက်အပေါ်ပိုင်းမှာ မီးစနဲ့ထိုးသလိုပူလောင်နေတာမျိုး မကြာခဏခံစားဖူးမှာပါ။ ဗိုက်ကလည်း ပြည့်အင့်နေပြီး အီလည်လည်ပါဖြစ်နေပြီဆို ဒါ အစာမကြေတာပါပဲ။ အစာမကြေခြင်းဟာ တခါတလေမှာ။ပုံမှန်အားဖြင့် စားလိုက်တဲ့အရာတွေကိုချေဖျက်ဖို့ အစာအိမ်မှအက်ဆစ်ထုတ်ပေးပါတယ်။ ဒါပေမယ့် စားလိုက်မိတဲ့ အရာတွေကို အက်ဆစ်က ချေဖျက်ဖို့ ခက်ခဲနေတဲ့ အခါမျိုး၊ အပေါ်မှာပြောထားတဲ့ ရောဂါတွေခံစားနေရတဲ့ ခါမျိုးဆို အစာမကြေတာ ပိုဖြစ်လွယ်ပါတယ်။အစာခြေစနစ်ဆိုတာ ခုခံအားနဲ့ ဆက်စပ်နေတဲ့ အရာဖြစ်တဲ့ အတွက်အစာခြေစနစ်ကျန်းမာပါမှ ခုခံအားကောင်းပြီး ကလေးလည်း ကျန်းမာမှာပါ။ ဒါကြောင့်အစာခြေစနစ်ကို ပြဿနာရှာနိုင်တဲ့ အစာမကြေဖြစ်စေမယ့် အစားအသောက်တွေကို အစကတည်း ကလေးကိုရှောင်ကျွေးနိုင်ရင် အကောင်းဆုံးပါ။ မေမေတို့အနေနဲ့ ဘယ်လိုအစားအသောက်တွေက အစာမကြေဖြစ်စေတတ်လဲဆိုတာကို သိထားဖို့တော့လိုတာပေ့ါ။ ။အဆီများတဲ့ အစားအသောက်ေတွကို ချေဖျုက်ဖို့အတွက် အစာအိမ်ထဲက အက်ဆစ်က အချိန်ကြာကြာယူရပါတယ်။ ဒါ့အပြင် အဆီတွေဟာအစာရေမျိုပြွန်ရဲ့ အထိန်းကြွက်သားတွေကို အားလျော့စေတဲ့အတွက် အစာအိမ်ထဲက အက်ဆစ်တွေ အပေါ်ပြန်ဆန်တက်လာပြီး အစာမကြေ ရင်ပူတာတွေ စဖြစ်ပါတော့တယ်။ ဒါကြောင့် အဆီများတဲ့ အစားအစာတွေဖြစ်တဲ့ ဆီကြော်မုန့်တွေ၊ ခရင်မ်တွေ၊ ဒိန်ခဲတွေ၊ နဲ့ အသင့်စားသရေစာတွေကလေးကို အများကြီး မကျွေးတာ အကောင်းဆုံးပါ။ထမင်းဖြု၊ ကောက်ညှင်း၊ ပေါင်မုန့်ဖြူ၊ အာလူး၊ ပြောင်းဖူးတို့မှာပါတဲ့ကစီဓါတ်ေတွမှာ polysaccharides လို့ခေါ်တဲ့ အစာချေရခက်တဲ့ ဓါတ်ပေါင်းတွေပါတာကြောင့် အစာမကြေ လေထိုးလေအောင့်နဲ့ရင်ပူတာတွေကို ပိုဖြစ်စေပါတယ်။ ဒါကြောင့် ကလေးတွေကို ကစီဓါတ်များတဲ့ အစားအသောက်တွေ အများကြီးမကျွေးမိပါစေနဲ့။အစာအိမ် အချဉ်ဓါတ်ကို ပိုပေါက်စေတဲ့ချဉ်တဲ့ အသီးတွေ အထူးသဖြင့် ခရမ်းချဉ်သီး၊ စပျစ်သီး၊ လိမ္မော်သီး၊ သံပုရာသီးတို့ကို ကလေး ဗိုက်ထဲဘာမှ မရှိတဲ့ အချိန် သွားမကျွေးပါနဲ့။ ကလေးတွေ လေအောင့်ပြီး ရင်ပူတာမျိုးတွေ ဖြစ်တတ်လို့ပါ။ကဖင်းဓါတ်ေတွဟာ အစာအိမ်ရဲ့ အက်ဆစ်ဓါတ်ကို ပိုထွက်စေပါတယ်။ ဒါ့အပြင် ကဖင်းဓါတ်ကအစာရေမျိုပြွန်ရဲ့ အထိန်းကြွက်သားကို အားလျော့စေတာကြောင့် အစာအိမ်ထဲက အက်ဆစ်တွေ အပေါ်ကိုပြန်ဆန်တက်စေပါတယ်။ ဒါကြောင့် ရင်တွေပူပြီး အစာအိမ်ထဲလဲ အက်ဆစ်တွေအလုံအလောက် မရှိတော့တဲ့အတွက် အစာချေအားပါ လျော့သွားပါတယ်။ ကော်ဖီ၊ လက်ဘက်ရည်ဆိုတာ ကလေးတစ်ယောက် မသောက်သင့်သေးတဲ့ စားစရာတွေပါ။အပြင်ကသရေစာမုန့်တွေမှာပါတဲ့ sorbitol လို့ခေါ်တဲ့ သကြားဓါတ်တွေ အများကြီးပါပါတယ်။ ဒီ sorbitol ဟာ အစာအိမ်ကို လေထစေပြီး အက်ဆစ်တွေကို ပိုထွက်စေတတ်လို့ ကလေးတွေကို အချိုကဲတဲ့သရေစာတွေ မကျွေးတာ အကောင်းဆုံးပါ။ ။ကလေးတွေရဲ့ အူ၊ အစာအိမ်ဆိုတာ အရမ်းကိုနုနယ်တဲ့အတွက် တစ်ခုခုမှားသွားတာနဲ့ ကလေးမှာ အကြီးကြီးထိခိုက်နိုင်ပါတယ်။ အူတွေ ၊ အစာအိမ်တွေကို ထိခိုက်နိုင်တဲ့ အရာတွေဆိုတာကလည်း အစားအသောက်တွေကလွဲရင် အခြားမရှိနိုင်ပါဘူး။ ဒါကြောင့် အစားအသောက်ပြင်ဆင်ပေးတဲ့ နေရာမှာ မေမေတို့အနေနဲ့ အရမ်းဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/food-that-cause-indigestion-in-child/
ဘေဘီလေးတွေ ခေါင်းချွေးထွက်တာ ဘာများဖြစ်လို့လဲ
ချွေးထွက်တယ်ဆိုတာ ခန္ဓါကိုယ် သို့မဟုတ် ပတ်ဝန်းကျင်မှာ အပူချိန်ပိုလာတဲ့အခါ ခန္ဓါကိုယ်အပူချိန်ကိုလျှော့ချထိန်းညှိပေးဖို့ချွေးဂလင်းတွေရဲ့လုပ်ဆောင်ချက်တစ်ခုပါ။ လူတိုင်းချွေးထွက်တတ်ပါတယ်။ ဒါပေမယ့် ကလေးငယ်လေးတွေမှာ အမြဲလိုလိုချွေးထွက်တတ်တော့မေမေတချို့က စိတ်ပူကြပါတယ်။ ဒီသေးသေးလေးက ဘာလို့ဒီလောက်ချွေးထွက်ရတာလဲပေါ့။ခေါင်းမှာလည်းချွေးသီးချွေးပေါက်တွေနဲ့ဆိုတော့ ဘာလို့ဒီလိုမျိုး အမြဲလိုလိုဖြစ်နေရလဲဆိုတာ သိချင်ကြတယ်မဟုတ်လား။ကလေးတွေမှာခေါင်းချွေးထွက်ရတဲ့အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ ကလေးတွေမှာ ခန္ဓါကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေနဲ့ယှဉ်ရင် ဦးခေါင်းမှာချွေးဂလင်းလုပ်ဆောင်ချက်ပိုများတာကြောင့်ချွေးပိုထွက်တာဖြစ်နိုင်ပါတယ်။ လူကြီးတွေနဲ့ယှဉ်ရင် ကလေးရဲ့ခန္ဓါကိုယ်အပူချိန်ထိန်းညှိရေးစနစ်က ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်ဖို့နှေးတာကြောင့်လည်းဖြစ်နိုင်တယ်။ အထူးသဖြင့်ပြင်ပက အပူချိန်များနေတဲ့အချိန် ခန္ဓါကိုယ်ကနေ တုံ့ပြန်မှုအနေနဲ့ချွေးထွက်တာဖြစ်ပါတယ်။ ကလေးတွေက အပူဒဏ်ကို မခံနိုင်ကြပါဘူး။ ဒါ့ကြောင့် အဝတ်အစားရွေးချယ်တဲ့နေရာမှာလေဝင်လေထွက်ကောင်းပြီး အသားအေးတာလေးတွေကို ဦးစားပေးဖို့ပြောကြတာပါ။ကလေးရဲ့ခေါင်းမှာ အတန်အသင့်ပမာဏလောက်ချွေးထွက်တာက သဘာဝပါပဲ။ ဒီအကြောင်းရင်းတွေကြောင့်ပေါ့။သားဦးမွေးထားတဲ့ မိဘတွေဆို ပိုတောင်စိုးရိမ်တတ်ကြသေးတယ်။ ဘာရောဂါကြောင့်များဖြစ်နေတာများလဲဆိုပြီး အတွေးပေါင်းများစွာနဲ့ ရင်ပူရပါတယ်။ ပုံမှန်အားဖြင့်တော့ ကလေးတွေမှာဖြစ်တတ်တဲ့သဘာဝမို့ သိပ်စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့် ပုံမှန်မဟုတ်ဘဲ အလွန်အကျွံခေါင်းချွေးထွက်တာ သတိထားမိတယ်ဆိုရင်တော့ ဒီလိုဖြစ်စေတဲ့အကြောင်းရင်းခံတစ်ခုခုရှိနေနိုင်ပါတယ်။ဖြစ်နိုင်တာက –။တကယ်လို့ကလေးက ကျန်းမာတယ်၊ အစားလည်းစားတယ်၊ကောင်းကောင်းကစားတယ်၊ ပုံမှန်နဲ့မတူဘဲ စိတ်မကြည် စိတ်ဆိုးငိုယိုလွယ်တာတွေမဖြစ်ဘူးဆိုရင်၊ကိုယ်အလေးချိန်နဲ့ကြီးထွားဖွံ့ဖြိုးမှုက မှန်မှန်တိုးတက်လာတယ်ဆိုရင်ချွေးထွက်တာလည်း သိပ်စိတ်ပူစရာမလိုပါဘူး။ အပေါ်ကရောဂါအကြောင်းရင်းတွေဆိုတာက လက္ခဏာက ခေါင်းချွေးထွက်တာတစ်ခုတည်းမဟုတ်လို့ပါ။ ဒါတွေကြောင့်သာဆို တခြားလက္ခဏာတွေလည်းပါလာမှာပေါ့။ အဲဒီတော့ ကလေးရဲ့ကျန်းမာရေးအခြေအနေကကောင်းနေတယ်ဆိုခေါင်းချွေးထွက်တိုင်း စိတ်မပူကြပါနဲ့လို့။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/%e1%80%98%e1%80%b1%e1%80%98%e1%80%ae%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1-%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%bd%e1%80%b1%e1%80%b8%e1%80%91/
Acute Myeloid Leukemia (ရိုးတွင်းခြင်ဆီမှ စတင်ဖြစ်သောသွေးကင်ဆာ)
Acute Myeloid leukemia (AML) ဆိုသည်မှာ အချို့ အရိုးများ၏ အတွင်းပိုင်းသည် ပုံမှန်မဟုတ်သော myeloblasts (သွေးဖြူဥ အမျိုးအစား တစ်မျိုး)၊ သွေးနီဥဆဲလ်များ၊ သွေးဥ မွှာများကို ဖြစ်စေသော ကင်ဆာ အမျိုးအစား တစ်ခု ဖြစ် သည်။သို့သော်လည်း အများစုတွင် ရောဂါသည် သွေးထဲတွင် လျင်မြန်စွာ ပျံ့နှံ့သည်။ တစ်ခါတစ်ရံ ပြန်ရည်ကြောအဖုများ၊ အသည်း၊ သရက်ရွက် နှင့် အဓိက အာရုံကြောစနစ် (ဦးနှောက် နှင့် ကျောရိုးနာဗ်ကြိုး) စသော ခန္ဓါကိုယ်အနှံ့သို့ ပျံ့နှံ့သည်။အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ၎င်းကို ထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက်အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။ရိုးတွင်းခြင်ဆီမှစတင်ဖြစ်ပွားသော သွေးကင်ဆာ ဆဲလ် များ၏ သက်ရောက်မှုကြောင့် ပုံမှန် သွေးဆဲလ်များ လုံလောက်စွာ မထုတ်လုပ်နိုင်တော့ပါ။Acute myeloid leukemia ၏ အဖြစ်များသော ရောဂါ လက္ခဏာများမှာ။အချို့အဖြစ်နည်းသော ရောဂါလက္ခဏာများလည်း ဖြစ်နိုင် သည်။ အရိုးအဆစ်များ နာကျင်ခြင်း ဖြစ်နိုင်သည်။ ထို့အပြင် ဖျော့တော့သော အရေပြားတွင် ခရမ်းပြာရောင် ဖောင်းကြွ သော အကွက်များလည်း ဖြစ်နိုင်သည်။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခု ရှိနေသည်ဟု စိုးရိမ်ပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်သည်။သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။လေ့လာမှုအချို့အရ DNA ပြောင်းလဲခြင်းကြောင့် ပုံမှန် ရိုးတွင်းခြင်ဆီ ဆဲလ်များသည် သွေးကင်ဆာဆဲလ်များ ဖြစ်လာ သည်။ ပုံမှန်ဆဲလ်များသည် ဆဲလ်၏ ခရိုမိုဆုန်းတွင်ပါသော အချက်အလက်များကို အခြေခံပြီး ကြီးထွားသည်၊ လုပ်ငန်း ဆောင်ရွက်သည်။ ခရိုမိုဆုန်းများသည် ဆဲလ်တစ်ခုစီတွင် ပါဝင်သော DNA ကြိုးမျှင်ရှည်များ ဖြစ်သည်။Acute myeloid leukemia သွေးကင်ဆာ ဖြစ်စဉ်များ တွင် မတူညီသော ခရိုမိုဆုန်းပြောင်းလဲမှု များစွာ ရှိသည်။ အချို့ပြောင်းလဲမှု များသည် ပို၍ အဖြစ်များသည်။ ထို့အပြင် acute myeloid leukemia နှင့် ဆက်စပ်သော DNA ပြောင်းလဲမှုများသည် လူ တစ်ဦး၏ ဘဝသက်တမ်းအတွင်း ဖြစ်ပွားသည်။Acute myeloid leukemia ဖြစ်နိုင်ချေကို မြင့်စေသော အချက်အချို့မှာ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါလက္ခဏာ မရှိသော လူများတွင် အချို့ကင်ဆာ ရောဂါများကို စောစီးစွာ အဖြေရှာသိနိုင်ရန် ကာကွယ် စစ်ဆေးမှု များ ပြုလုပ်သင့်သည်။ သို့သော်လည်း acute myeloid leukemia ကို စောစီးစွာ အဖြေရှာသိနိုင်သော သီးခြား စစ်ဆေးမှု မရှိပါ။ ထို့ကြောင့် ဆရာဝန်သည် သွေးကင်ဆာ ၏ ဖြစ်နိုင်သော ရောဂါလက္ခဏာများရှိပါက ချက်ချင်း အကြောင်းကြားရန် အကြံပြုသည်။Acute myeloid leukemia အမျိုးအစားခွဲ များစွာသည် သီးခြားသတ်မှတ်ထားသော ကုသမှုများ လိုအပ်သည်။ acute myeloid leukemia အတွက် ပထမဆုံး အရေးကြီးသော ကုသမှုမှာ ဓါတုကုထုံးဖြစ်သည်။ တစ်ခါတစ်ရံ ပင်စည်ဆဲလ် အစားထိုးခြင်းကို ဆက်လက်ပြုလုပ်သည်။ acute promyelocytic leukemia ကိုကုသရန် အခြားဆေးများလည်း အသုံးပြုနိုင်သည်။ အထူးဖြစ်ပွားမှုများတွင် ခွဲစိတ်မှုနှင့် ဓါတ် ရောင်ခြည် ကုထုံးသည် အဓိကနည်းလမ်းများ ဖြစ်သည်။Acute myeloid leukemia သည် လျင်မြန်စွာ ကြီးထွား နိုင်သောကြောင့် သင်တတ်နိုင်သလောက် မြန်မြန် ကုသမှုကို စတင်သင့်သည်။ပထမဦးစွာ clinical trial ယူမလား စဉ်းစားနိုင်သည်။ Clinical trial များသည် အလွန်ခေတ်မီသော ကင်ဆာကုသမှု ဖြစ်သည်။ အချို့အခြေအနေများတွင် ၎င်းတို့သည် ကုသမှု အသစ်များ ပြုလုပ်ရာတွင် တစ်ခုတည်းသော နည်းလမ်း ဖြစ်နိုင်သည်။ Clinical trials ကို စဉ်းစားပါက သင်သွားသော ဆေးခန်း သို့မဟုတ် ဆေးရုံတွင် Clinical trial များလုပ်သ လားကို ဆရာဝန်အား စတင်မေးမြန်းပါ။ဒုတိယအားဖြင့် ဖြည့်စွက်ကုထုံးနည်းလမ်း နှင့် အခြား ရွေးချယ်စရာ ကုထုံးနည်းလမ်းများသုံးနိုင်သည်။ ဖြည့်စွက် ကုထုံး နည်းလမ်း များကို သင်၏ ပုံမှန်ဆေးကုသမှုနှင့် အတူ အသုံးပြုနိုင်သည်။ သို့မဟုတ် အခြားရွေးချယ်စရာ ကုထုံး နည်းလမ်းများကို ဆရာဝန်ပေးသော ဆေးကုသမှုအစား အသုံးပြုနိုင်သည်။ ထိုနည်းလမ်းများသည် ရောဂါလက္ခဏာ များကို သက်သာစေပါသည်။ သို့သော် အချို့နည်းလမ်းများ သည် အလုပ်လုပ်သလား သက်သေပြထားခြင်း မရှိပါ။ သင် အသုံးပြုမည်ဟု စဉ်းစားထားသော ကုထုံးနည်းလမ်း အကြောင်း ဆရာဝန်အား ပြောပြရန် လိုအပ်သည်။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် Acute Myeloid leukemia ကို ထိန်းချုပ်နိုင် ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/leukemia/acute-myeloid-leukemia-%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%86%e1%80%ae%e1%80%99%e1%80%bd-%e1%80%85%e1%80%90/
ပိန်တဲ့သူတွေ ကိုယ်အလေးချိန်တက်မြန်စေမယ့် နည်းလမ်းတွေ
လူ့ပတ်ဝန်းကျင်ဆိုတာလည်း အခက်သားဗျ။ဝတဲ့သူတွေဆို ပိန်လိုက်ရင် လှသွားမှာလို့ ပြောကြတယ်။ ပိန်တဲ့သူတွေ ဆိုရင်လည်း ဝလာရင် ကြည့်ကောင်းမှာ ဆိုပြီး ပြောကြတယ်။ ဒီလိုစကားသံတွေ မကြာခဏ ကြားရတဲ့အခါ လူတွေဟာ ပိန်ခြင်း၊ ဝခြင်း ဆိုတဲ့ ရုပ်လက္ခဏာကို စိတ်ထဲမှာ အမြဲထားလာကြတယ်။စိတ်ညစ်စရာ၊ ပူပန်စရာ၊ ရှက်ရွံ့စရာ ကိစ္စတစ်ခုလို ဖြစ်လာကြတယ်။ကျန်းမာရေးအရအဝလွန်ခြင်း၊ ပိန်လွန်းခြင်းတွေဟာ မကောင်းတဲ့ အရာတော့ မှန်ပေမယ့် အလှအပအတွက်ဆိုရင် ကိုယ့်ရဲ့ အသက်ပေါ် မူတည်ပြီး ရှိသင့်၊ ရှိထိုက်တဲ့ ကိုယ်ခန္ဓာအချိုးအစား၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခု ထိန်းထားဖို့တော့ လိုအပ်ပါတယ်။ကြီးထွားဖွံ့ဖြိုးနေတဲ့ အရွယ်တွေဖြစ်တဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်လူပျို၊ အပျိုတွေဆိုရင်လည်း နေ့စဉ် အာဟာရဓါတ် စုံလင်စွာ မရရှိတဲ့အခါ ကိုယ်အလေးချိန်ကို မထိန်းညှိနိုင်တော့ပဲ အဝလွန်လာတယ်။ အာဟာရချို့တဲ့ပြီး ပိန်လာကြတယ်။ နေ့စဉ် စားသောက်နေထိုင်မှု ပုံစံကို ပြောင်းလဲပြီးအာဟာရဖြစ်စေတဲ့ အစားအစာတွေကို မိဘတွေဘက်က ချက်ပြုတ်ပေးမယ်ဆိုရင်တော့ အဆင်ပြေသွားမှာပါ။ဒီနေ့မှာတော့ ပိန်နေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် အချိန်တိုအတွင်း ကိုယ်အလေးချိန်တက်ပြီး ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်လာစေမယ့် နည်းလမ်းကောင်းတွေကို ပြောပြပေးချင်ပါတယ်။၁။ အစာမစားခင် ရေမသောက်ပါနဲ့။ အစာအိမ်ထဲမှာ ရေတွေနဲ့ ပြည့်နေပြီး အစာကောင်းကောင်း မစားနိုင်တဲ့အခါ ကိုယ်ခန္ဓာအတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်တွေ နည်းသွားနိုင်ပါတယ်။၂။ မကြာခဏ အစာစားပါ။ တစ်နေ့ကို ၃ကြိမ်ထက်ပိုပြီး အစာစားပါ။ တီဗီကြည့်နေတဲ့အချိန်၊ စာလုပ်နေတဲ့အချိန် ဗိုက်ဆာပြီဆိုရင် ထမင်းနည်းနည်းဖြစ်စေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့မုန့်ပဲသရေစာတွေဖြစ်စေ ယူစားပေးပါ။၃။နွားနို့သောက်ပါ။ နွားနို့မှာ ကြီးထွားဖွံ့ဖြိုးစေတဲ့ အသားဓာတ်၊ ကယ်လိုရီဓာတ်နဲ့ကယ်လ်စီယမ်ဓာတ်တွေအများအပြားပါဝင်လို့ မနက်နိုးရင် တစ်ခွက်၊ ညအိပ်ကာနီးရင် တစ်ခွက် နေ့စဉ် သောက်ပေးပါ။၄။ များများစားပါ။ ကိုယ်က ပိန်နေတဲ့သူဆိုရင် သူများထက်ပိုပြီး အစာစားပေးဖို့ လိုအပ်ပါတယ်။ ဗိုက်ဆာပြီလို့ ခံစားရပြီဆိုတာနဲ့ ထမင်းစားပါ။ စားတဲ့အခါမှာလည်း ပန်းကန်ပြားကြီးကြီးနဲ့ ပမာဏ များများ စားပေးဖို့ လိုအပ်ပါတယ်။၅။ကော်ဖီသောက်တဲ့အခါ ခရင်မ်ထည့်သောက်ပါ။ ခရင်မ်မှာ ကယ်လိုရီဓာတ်တွေ ပိုမိုပါဝင်တာကြောင့် ပိန်သူတွေအတွက် ပိုပြီး လိုအပ်ပါတယ်။၆။ အိပ်ချိန်ပြည့်ဝအောင် အိပ်ပါ။ လူသားတိုင်းရဲ့ ကျန်းမာရေးအတွက် တစ်နေ့အိပ်ချိန်ဟာ အနည်းဆုံး ၇နာရီ ကနေ ၈နာရီအထိ ရှိဖို့ လိုအပ်ပါတယ်။ ပိတ်ရက်တွေမှာ ပိုအိပ်ပါ။ ကောင်းစွာ အိပ်စက်အနားယူခြင်းဟာ ကြွက်သားတွေကို ကြီးထွားသန်စွမ်းစေဖို့ အထောက်အကူဖြစ်စေပါတယ်။၇။ အသားနဲ့ ဟင်းသီးဟင်းရွက် မျှတအောင် စားပါ။ ကိုယ်အလေးချိန်တက်ဖို့ကို အဓိကဦးတည်နေတာ ဖြစ်တဲ့အတွက် အသားဓာတ်နဲ့ ကယ်လိုရီ ပါဝင်မှုများတဲ့ အသားတွေကို များများစားပါ။ ဟင်းသီးဟင်းရွက်တွေကိုလည်း စားပေးပါ။ များများစားပေးလေ ပိုကောင်းလေပါပဲ။၈။ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း ကျစေပြီး လူကို ပိန်စေတယ်။ အရိုးနဲ့ ကြွက်သားကိုလည်း အားနည်းစေနိုင်ပါတယ်။၉။ လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်အလေးချိန်တက်ဖို့အတွက် အစားအစာကို ပိုပြီး စားသုံးပေးဖို့ လိုအပ်သလို ကိုယ်လက်လေ့ကျင့်ခန်းကိုလည်း ပိုလုပ်ပေးသင့်ပါတယ်။ လိုအပ်ရင် ဖြည့်စွက်အားဆေးသောက်ပါ။ အလေးများများမပါ။ပိန်တဲ့သူတွေ ကိုယ်အလေးချိန်တက်မြန်စေမယ့် နည်းလမ်းတွေ ကို လိုက်လုပ်ကြည့်ပြီး ကိုယ်အလေးချိန် တက်အောင် လုပ်ဆောင်လိုက်စို့နော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/gaining-weight-tips/
ပရန္နဝါရွက် ရဲ့ ဆေးဖက်ဝင်ပုံက
ဒီ ပရန္နဝါရွက် လေးတွေ ထွက်တဲ့ ပရန္နဝါဆိုတဲ့ အပင်ကို မတွေ့ဖူးကြပေမယ့် ငယ်ငယ်ကရွတ်ခဲ့ဖူးတဲ့ ချိုပေစွဟင်းချိုကဗျာလေးကြောင့် ရင်းနှီးနေမှာတော့ အသေအချာပါပဲနော်။ ငယ်ငယ်ကကျောင်းတက်ရင်း။” အိမ်ကိုပြန်လျှင်၊ အကျွန် ကျွပ်နုပ်။ယုန်တစ်တုတ်ကို၊ ခွာဆုတ်ရေလှန်။ကျပ်ခိုးခံလို့၊ ပရန္နဝါ။ရွက်နုညှာကို၊ ဝါးပြာထည့်ကျို။အိုးနားတိုနှင့်၊ ခပ်ချိုညစ်တေ။ဆောင့်ကြောင့်ထိုင်၊မွှေလိုက်တယ်။ချိုပေစွဟင်းချိုကို။စလောင်းတို အခြေပဲ့နှင့်။အာခေါင်မှာ၊ ပူအောင်ထည့်လို့။မျိုလှည့်ကွဲ့လေး။”ဆိုတဲ့ စာပိုဒ်လေးကိုရွတ်ရင်း ရင်းနှီးခဲ့ဖူးမယ်ထင်ပါတယ်။အခုတစ်ခေါက်တော့ ငယ်ငယ်ကတည်းကပါးစပ်မှာ တတွတ်တွတ်ရွတ်ရင်း ရင်းနှီးခဲ့မယ့် ပရန္နဝါရွက်လေးအကြောင်းကို Hello ဆရာဝန်ပရိသတ်ကြီးကိုပြောပြပေးမယ်နော်။ပရန္နဝါဆိုတာကမြေလျှောက်အပင်ငယ်လေးတစ်မျိုးဖြစ်ပြီး အရိုးတံကကြွပ်ဆတ်ဆတ်နဲ့ အရွက်ဝိုင်းဝိုင်းလေးတွေရှိတဲ့ အပင်ငယ်လေးတစ်ပင်ပါ။ ပရန္နဝါပင်လေးတွေက အဖြူ၊အပြာ၊အနီဆိုပြီး အမျိုးမျိုးကွဲပြားကြပေမယ့် ဒီကဗျာလေးထဲကပရန္နဝါကတော့ ပန်းရောင်အပွင့်လေးတွေပွင့်တတ်ပြီး စားလို့ရသလိုဆေးဖက်လည်းဝင်ပါတဲ့ ပရန္နဝါပင်လေးကိုပြောထားတာပါ။မိုးစရွာလာတဲ့အခါမျိုးမျာ လယ်ကွင်းတွေ ကွင်းပြင်တွေမှာပေါက်ရောက်လာတတ်ကြပြီး အများစုကတော့သေးငယ်လွန်းတဲ့မြေလျှောက်ပင်လေးဖြစ်တဲ့ ပရန္နဝါပင်လေးကိုပေါင်းပင်လေးတွေနဲ့ မှားတတ်ကြပါတယ်။ ဒါပေမယ့် ပရန္နဝါပင်လေးရဲ့ဆေးဖက်ဝင်မှုအာနိသင်ကတော်တော်လေးတော့များလှပါတယ်။ဟင်းခတ်စရာအဖြစ်နဲ့ အသုံးပြုကြတဲ့ ပရန္နဝါပင်လေးကနာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်သလိုဘက်တီးရီးယားကိုတိုက်ဖျက်ပေးနိုင်သလိုစိတ်ဖိစီးမှုတွေကိုပြေလျော့စေနိုင်တဲ့ အာနိသင်ရှိပါတယ်။ နှလုံးကို ကျန်းမာစေနိုင်သလိုအသည်းကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အတက်ရောဂါ၊မျက်လုံးနဲ့ကျောက်ကပ်ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ ခန္ဓါကိုယ်က နာကျင်မှုတွေကို သက်သာစေနိုင်သလိုသွေးတွင်းသကြားဓါတ်ကိုလည်း ထိန်းညှိပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။အသက်ရှုလမ်းကြောင်းကို ကျန်းမာစေနိုင်ပါတယ်။ပရန္နဝါက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တာကြောင့်အသက်ရှုလမ်းကြောင်းတလျှောက်မှာဖြစ်တတ်တဲ့ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ နှာခေါင်းပိတ်တာကို သက်သာစေနိုင်သလိုပန်းနာရင်ကျပ်ရောဂါကိုလည်း သက်သာစေနိုင်ပါတယ်။ အသက်ရှုလမ်းကြောင်းရောဂါတွေအတွက် ပရန္နဝါရွက်ကို ငရုတ်ကောင်း၊ ချင်း (ဂျင်း) တို့နဲ့ ရောစပ်ပြီး စားသုံးပေးလို့ရပါတယ်။စိတ်ဖိစီးမှုကို သက်သာစေနိုင်တယ်။ပရန္နဝါရွက်က စိတ်ဖိစီးမှုကိုတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် စိတ်ဓါတ်ကျသူတွေ စိုးရိမ်ပူပန်စိတ်များတဲ့သူတွေအနေနဲ့ ပရန္နဝါရွက်ကို စားသုံးပေးသင့်ပါတယ်။ကိုယ်ခံအားကောင်းစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ပရန္နဝါရွက်က နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့အာနိသင်ရှိပြီးနှလုံးရောဂါ၊လေးဖက်နာရောဂါ၊ ဆီးချို နဲ့ ပန်းနာရင်ကျပ်ရောဂါတွေကြောင့် ခန္ဓါကိုယ်မှာဖြစ်တဲ့နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်။ ထိခိုက်မှုတွေကြောင့်ဖြစ်တဲ့အရေပြားရောင်ရမ်းမှုကိုလည်း သိသိသာသာသက်သာစေနိုင်ပါတယ်။အသည်းကျန်းမာစေနိုင်တယ်။ပရန္နဝါရွက်ကအသည်းရောင်ရောဂါအပါအဝင် အသည်းရောဂါအမျိုးမျိုးကို သက်သာစေနိုင်ပါတယ် ပရန္နဝါမြစ်က အသည်းကို ဓါတုပစ္စည်းတွေ ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကြောင့် ထိခိုက်မှုကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။အစာခြေစနစ်ကိုကျန်းမာစေနိုင်ပြီး ဆီးရွှင်စေနိုင်တာကြောင့် ကိုယ်တွင်းမှာ အရည်စုပုံမှုမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။ အဝမလွန်ချင်သူတွေအတွက်လည်း အသုံးတည့်တဲ့ဆေးဖက်ဝင်အပင်လေးတစ်မျိုးပါ။ ဓါတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေတာကြောင့်ခန္ဓါကိုယ်ကို ကျန်းမာစေနိုင်မှာ အသေအချာပါ။နာကျင်မှုကို သက်သာစေနိုင်တယ်။ပရန္နဝါရွက်ကို နာကျင်မှုတွေရောင်ရမ်းမှုကိုသက်သာစေဖို့ အသုံးပြုနိုင်ပါတယ်။ဗိုက်အောင့်ဗိုက်နာတာကို သက်သာစေနိုင်သလို ခန္ဓါကိုယ်မှာဖြစ်တဲ့ ထိခိုက်နာကျင်မှုတွေကို ထိထိရောက်ရောက်သက်သာစေနိုင်ပါတယ်။ နာကျင်မှုကို သက်သာစေတဲ့ သဘာဝဆေးတစ်မျိုးပါ။မျက်လုံးကျန်းမာစေနိုင်တယ်။မျက်စိနာတာအပါအဝင် အမျိုးမျိုးသောမျက်လုံးပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ မျက်လုံးရောင်တာ၊ မျက်လုံးကျိန်းစပ်စပ်ဖြစ်တာတွေအတွက်လည်း ပရန္နဝါရွက်ကို အသုံးပြုပေးလို့ရပါတယ်။ကျောက်ကပ်ကျန်းမာစေနိုင်တယ်။ကျောက်ကပ်ကျန်းမာစေဖို့နဲ့ ဆီးလမ်းကြောင်းရောဂါကင်းဖို့အတွက် ပရန္နဝါရွက်ကို အသုံးပြုလို့ရသလိုကျောက်ကပ်ကျောက်တည်တာအတွက်လည်း ပရန္နဝါရွက်ကို အသုံးပြုပေးလို့ရပါတယ်။ ဆီးရွှင်စေတဲ့ အာနိသင်ရှိနေတာကြောင့်ကျောက်ကပ်နဲ့ဆီးလမ်းကြောင်း ကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ဆီးချိုသက်သာစေနိုင်တယ်။ပရန္နဝါရွက်ကို စားသုံးပေးတာဆီးချိုသမားတွေအတွက်တော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။ သံဓါတ်ကြွယ်ဝတာကြောင့်သွေးအားနည်းရောဂါ မဖြစ်အောင်ကာကွယ်ပေးပါတယ်။သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပြီး အင်ဆူလင်ထွက်ရှိမှုကောင်းအောင်လှုံ့ဆော်ပေးပါတယ်။ ဆီးချိုကာကွယ်ချင်သူတွေရော ဆီးချိုရောဂါခံစားနေရသူတွေပါ စားသုံးပေးသင့်ပါတယ်။အတက်ရောဂါကို သက်သာစေနိုင်တယ်။ပရန္နဝါမြစ်ကို အတက်ရောဂါကုသဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။ ပရန္နဝ်ရွက်မှာပါတဲ့liriodendronဒြပ်ပေါင်းက အတက်ရောဂါကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။ဦးနှောက်ကို ကျန်းမာစေနိုင်ပြီး အတက်ရောဂါကို ထိထိရောက်ရောက်သက်သာစေနိုင်ပါတယ်။နှလုံးကျန်းမာစေနိုင်တယ်။ပရန္နဝါရွက်က နှလုံးကြီးတာအပါအဝင် နှလုံးရောဂါအမျိုးမျိုးကို သက်သာစေနိုင်ပြီး နှလုံးရဲ့ လုပ်ဆောင်မှုတွေကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ပရန္နဝါရွက်မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ဒြပ်ပေါင်းတွေက နှလုံးကျန်းမာနေစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။အရေပြားကျန်းမာစေနိုင်တယ်။အနာကက်ျစေနိုင်ပြီး ထိခိုက်ဒဏ်ရာကြောင့်ဖြစ်တဲ့ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ အရေပြားကို ထိခိုက်စေနိုင်တဲ့ မှိုပိုးတွေ၊ ဘက်တီးရီးယားတွေကို ထိထိရောက်ရောက်တိုက်ဖျက်ပေးနိုင်ပါတယ်။ အရေပြားပြဿနာအမျိုးမျိုးအတွက် ပရန္နဝါရွက်ကို သုံးပေးလို့ရပါတယ်။တီဘီရောဂါကို သက်သာစေနိုင်တယ်။တီဘီရောဂါဆိုတာက အဆုတ်ကိုရောဂါပိုးဝင်ရောက်ကူးစက်မှုကြောင့်ဖြစ်လာတဲ့ အဆုတ်ရောဂါတစ်မျိုးပါ။ ဒီရောဂါက အဆုတ်ကိုတင်ထိခိုကစေနိုင်တာမျိုးမဟုတ်ဘဲ အာရုံကြောစနစ်နဲ့အရိုးတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒီဝေဒနာကို ကာကွယ်ဖို့အတွက်ရော သက်သာစေို့အတွက်ပါ ပရန္နဝါရွက်ကို အသုံးပြုပေးလို့ရပါတယ်။ အစောပိုင်းစမ်းသပ်မှုတွေအရ ပရန္နဝါရွက်စားသုံးပေးမှုက တီဘီရောဂါခံစားရသူတွေမှာကိုယ်အလေးချိန်တိုးလာစေပြီးသွေးဖြူဥအရေအတွက် တိုးလာစေသလိုချောင်းဆိုးတာနဲ့ဖျားနာမှုတွေကိုပါ သက်သာစေနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/punarnava-hogweed/
သင့် ငယ်ပါ တိုဝင်သွားပြီလား။
ခုနကအကောင်း ခုကြည့်လိုက်တော့မှ ငယ်ပါ ကို မတွေ့တော့လို့ ခေါင်းထဲမှာ ဒိန်းခနဲတက်ဆောင့်ပြီး လန့်သွားတဲ့သူများ ရှိသလား။ တစ်ခါလည်း မဟုတ် နှစ်ခါလည်းမဟုတ် ဒီကိစ္စနဲ့ ပတ်သတ်ပြီး အထိတ်တလန့် ဖြစ်ရပြီဆိုရင် သင့်မှာ koroလို့ ခေါ်တဲ့ ကြောက်လန့်ခြင်း တစ်မျိုး ဖြစ်နေပြီလို့ပဲ ပြောပါရစေ။တကယ်တော့ koroဆိုတာ culture- bound syndrome လို့ ခေါ်တဲ့ ဓလေ့ထုံးစံတွေကြောင့် အစွဲအလမ်းကြီးတာမျိုးပါ။ သမိုင်းကို ပြန်ကောက်ရမယ်ဆိုရင် koro ဆိုတာ မလေးတရုတ်စကားဖြစ်ပြီး ‘ကျုံ့သွားတယ်’လို့ အဓိပ္ပာယ်ရပါတယ်။ အာရှနိုင်ငံတွေမှာ အတွေ့ရအများဆုံးပါပဲ။ဟိုးအနောက်နိုင်ငံတွေမှာဆိုရင်တော့ ဒါဟာ စုန်းမပြုစားတာမို့လို့ ပြန်ပြီးတောင်းပန်ကြပါတယ်။ ခုခေတ်စကားနဲ့ဆို နတ်ကိုင်လိုက်တာပေါ့။နောက်တစ်ခုက ဒီလိုမကျုံ့ခင်မှာ ဆစ်ခနဲနာပြီးမှ ကျုံ့သွားတဲ့အတွက် ‘တိုနာ’လို့လည်း မြန်မာမှုပြုပြီး ခေါ်ကြပါသေးတယ်။အမျိုးသားတွေရဲ့လိင်အင်္ဂါက ဖော့ချောင်းနဲ့ တူပါတယ်။ထောင်မတ်ဖို့ဆိုရင် သွေးတွေ စီးဝင်လာမှ ထောင်နိုင်တာမျိုးပါ။ နောက်ပြီး လိင်တံရဲ့ နောက်ဘက်မှာ နေရာလွတ်မရှိပါဘူး။ ဒါကြောင့် လိင်တံဟာ လိပ်ရဲ့ ခေါင်းလေးလို ကိုယ်ထဲကို ဝင်မသွားနိုင်ပါဘူး။ လိင်တံထောင်မတ်တာနဲ့ ပျော့နေတဲ့ အချိန်မှာ အရွယ်အစားကွာခြားတာက သာမန်ကိစ္စပါပဲ။ ဒါဟာ တိုဝင်သွားတာ မဟုတ်ပါဘူး။ဖြစ်ရပ်တစ်ခုမှာအမျိုးသားတစ်ယောက်က ရေအေးနဲ့ ရေချိုးပြီး ပြန်တက်လာတဲ့အချိန်မှာ သူ့ပစ္စည်း မရှိတော့ပါဘူးဆိုပြီး ထိတ်လန့်တကြားနဲ့ ဆေးရုံကို ပြေးလာပါတယ်။ တကယ်တော့ သူ့ပစ္စည်းက ပျောက်သွားတာလား။ အေးလို့ ပေါင်မှာ ကပ်နေတာလား။ အမျိုးသားတွေပဲ ဖြေကြည့်ပါဦး။နောက်တစ်ခုကဗိုက်ပူတဲ့အမျိုးသားတွေပါ။ ဗိုက်ကွယ်နေတာကြောင့် ပျော့နေတဲ့ လိင်တံကို မမြင်ရတော့တဲ့ အခါမျိုးမှာ လိင်တံကျုံ့သွားပါပြီ၊ မရှိတော့ပါဘူးဆိုပြီး ပြဿနာတက်တတ်ကြပါတယ်။ပိုပြီးထူးဆန်းတာက ဒီလို တိုကျုံ့သွားတယ်လို့ ထင်တာ အမျိုးသားတွေပဲ မဟုတ်ပါဘူး။ အမျိုးသမီးတွေလည်း သူတို့ရဲ့နို့သီးခေါင်းတွေ၊ရင်သားတွေ တိုဝင်သွားတယ်။ အထဲကို ကျုံ့ဝင်သွားတယ်ဆိုပြီး အထိတ်တလန့်နဲ့ ရောက်လာကြတာတွေ အများကြီးပါ။ဒီလိုပြောလည်း ရပါတယ်။ အထူးသဖြင့်တော့ koroကို အကြောက်လွန်ရောဂါphobiaလို့လည်း ပြောကြသလို၊ တချို့ကလည်း စိတ်အထိတ်တလန့် ဖြစ်တဲ့ ရောဂါpanic attackထဲ ထည့်ထားကြပါတယ်။ဒါဟာ သိပ်ဆိုးပါတယ်နော်။ ဆိုးတယ်ဆိုတာ တကယ်လည်း တိုဝင်သွားတာမဟုတ်ဘဲ တိုတယ်လို့ ထင်တာတစ်ခုထဲနဲ့ လန့်ဖြန့်ပြီး အသက်အန္တရာယ်ရှိသွားတတ်ပါတယ်။ လန့်ပြီး ရှော့ရသွားတာပေါ့။မတိုတဲ့ လိင်အင်္ဂါကိုတော့ ကုစရာ မလိုပါဘူး။ တကယ်တမ်းကုရတာက စိတ်အခြေအနေကိုပါ။ဟိုးအရင် ဒါတွေ မသိခင်တုန်းကတော့ တစ်ယောက်ယောက် တိုဝင်ပြီး ကြောက်လန့်နေပြီဆိုရင် လိင်တံကို ကြိုးနဲ့ ဆွဲထုတ်ပေးတာမျိုး၊ လက်နဲ့ ဆွဲထုတ်ပေးတာမျိုး လုပ်ကြပါတယ်။ လက်နဲ့ ထိတွေ့ပြီး အနွေးဓာတ်ရတဲ့အတွက် ပြန်ပြီးသွေးဝင်လာတဲ့အခါ အထိုက်အလျောက်ထောင်မတ်လာတော့ ကျေနပ်သွားတာပေါ့။သူတို့ရဲ့ ရိုးရာနည်းလမ်းတွေ၊ တိုင်းရင်းဆေးဝါးတွေနဲ့ ကုတာလည်း ရှိပါသေးတယ်။အနောက်နိုင်ငံတွေမှာဆိုလည်း ယုံကြည်ရာကို ပူဇော်ပသလိုက်လို့ စိတ်ထဲမှာ ကျေနပ်ပြီး စိတ်အေးသွားတဲ့အခါ နဂိုအတိုင်း ပြန်ဖြစ်လာပါတယ်။တကယ်တော့ စိတ်လှုပ်ရှားရင် သွေးကြောတွေကျုံ့လာတဲ့အတွက် လိင်တံဆီ သွေးရောက်တာနည်းသွားလို့ ပျော့ပြီး တိုသလို ဖြစ်သွားတာပါ။ဒီခေတ်မှာတော့ ဒီလူနာတွေကို။ဒီတော့ လိင်အင်္ဂါဟာ သင်ထင်သလို အထဲကို တိုဝင်မသွားတတ်ပါဘူး။ ဒါဟာ ရုပ်ရောဂါ မဟုတ်ပါဘူး။ စိတ်အခြေအနေ သက်သက်ပါပဲ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/koro-phobia-of-genital-retraction/
ဝါစေ့ဆီရဲ့ ကျန်းမာရေးအာနိသင်
ဝါဂွမ်းနုနုလေးတွေကသာ အသားအရေကို နူးညံ့မှုပေးနိုင်တာမဟုတ်ပါဘူး ဝါစေ့ဆီကလည်းအသားအရေကို နူးညံ့မှုပေးနိုင်သလို ခန္ဓာကိုယ်ကို အကျိုးပြုတာတွေ အများကြီးရှိပါတယ်။ ဒီတစ်ခေါက်တော့ ဝါစေ့ဆီလေးက ဘယ်လိုအကျိုးအာနိသင်တွေရှိနေလဲဆိုတာကို ပြောပြပေးမယ်နော်။ဝါစေ့ဆီမှာဓာတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေတာကြောင့် ကျန်းမာရေးအတွက် ကောင်းကျိုးများတာကတော့ အမှန်ပါ။ ဗီတာမင် E ကြွယ်ဝမှုကလည်း ခန္ဓာကိုယ်ကိုထိခိုက်စေနိုင်တဲ့ free-radicals တွေကို အကောင်းဆုံးတိုက်ထုတ်ပေးနိုင်ပါတယ်။ ဝါစေ့ဆီကအရေပြားအတွက်တင်အသုံးဝင်တာမဟုတ်ပါဘူး ကိုလက်စထရောပါဝင်မှုနည်းတဲ့ စားသုံးလို့ရတဲ့ ဆီတစ်မျိုးဆိုလည်း ဟုတ်ပါတယ်။ သွေးတွင်းကိုလက်စထရောကျချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။အနာကျက်စေနိုင်ပါတယ်။ထိခိုက်ဒဏ်ရာရတဲ့အခါ အနာပေါ်ကို ဝါစေ့ဆီလေးလူးပေးလိုက်ပါ။ဗီတာမင် Eပါဝင်နေတာကြောင့် အနာကျက်မြန်စေနိုင်သလို အနာကို ပိုးမဝင်အောင်လည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ အရေပြားဆဲလ်တွေကို ကျန်းမာစေပြီး အသားအရေကို ကျန်းမာစေနိုင်မှာ အသေအချာပါ။ ထိခိုက်ဒဏ်ရာတွေအတွက် နေ့စဉ်သုံးပေးလို့ရပါတယ်။ သန့်စင်အောင်ဆေးကြောထားတဲ့ အနာပေါ်မှာ ဝါစေ့ဆီလေးလိမ်းပေးရုံပါ။ ဝါစေ့ဆီမှာပါတဲ့ Tocopherol ကအရေပြားဆဲလ်သစ်တွေဖြစ်ပေါ်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။သိမြင်မှုစွမ်းရည်ကို တိုးတက်စေနိုင်တယ်။ဝါစေ့ဆီမှာ သိမြင်မှုစွမ်းရည်ကို တိုးတက်စေနိုင်တဲ့ Monounsaturated fat ရော၊ polyunsaturated fat တို့ါဝင်နေပြီး အာရုံကြောဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ခြေကို နည်းစေနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဉာဏ်စွမ်းဆောင်ရည် ကျဆင်းတာကိုလည်း အထိရော်ကဆုံး ကာကွယ်ပေးနိုင်မှာပါ။ အာရုံကြောတွေ ရောင်ရမ်းမှုကိုလည်း အထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။ကင်ဆာကာကွယ်ပေးနိုင်တယ်။လေ့လာမှုတွေအရ ဝါစေ့ဆီမှာ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ ဓာတ်တစ်မျိုးရှိနေတာကိုတွေ့ရှိခဲ့ရပါတယ်။ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို အထိရောက်ဆုံးလျှော့ချပေးနိုင်ပါတယ်။ ဆီးကျိတ်တစ်ရှုးတွေ ကြီးထွားလာမှုမဖြစ်အောင် အထိရောက်ဆုံးဟန့်တားနိုင်ပါတယ်။အရေပြားကျန်းမာစေနိုင်တယ်။ဗီတာမင် E ပါဝင်နေမှုက အရေပြားကို အကောင်းဆုံးအာဟာရဖြည့်ပေးနိုင်မှာပါ။ ဒါတင်မကသေးပါဘူး။ ဝါစေ့ဆီမျာ ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေတာကြောင့် အရေပြားကို ပတ်ဝန်းကျင်က ညစ်ညမ်းမှုတွေကြောင့် ထိခိုက်မှုကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အသားခြောက်သူတွေအတွက် အရေပြားကို အစိုဓတာ်ထိန်းပေးသလို အရွယ်မတိုင်ခင်အိုမင်းတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။  အရေပြားပေါ်က အမဲစက်တွေ၊ အမာရွတ်တွေကိုပါ သက်သာစေနိုင်ပါတယ်။ အရေးအကြောင်းတွေ သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ရပါတယ်။ကိုယ်ခံအားကောင်းစေနိုင်တယ်။ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေတဲ့အတွက် ဓာတ်တိုးပစ္စည်းတွေကြောင့် ကိုယ်ခံအားထိခိုက်တာမျိုး မဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ရောဂါပိုးတွေ ဝင်ရောက်ကူးစက်မှုမရှိအောင်လည်း အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်။Monounsaturated fatပါဝင်နေတာကြောင့် ဝါစေ့ဆီကို စားပေးရင်ဖြစ်ဖြစ် လိမ်းပေးရင်ဖြစ်ဖြစ် နာကျင်ရောင်ရမ်းတာကို သက်သာစေနိုင်မှာပါ။ နာတာရှည် နာကျင်ရောင်ရမ်းမငဝေဒနာတွေအတွက်လည်း ဝါစေ့ဆီကို အသုံးပြုပေးလို့ရပါတယ်။ အဆစ်ရောင်နာ၊ ဂေါက်ရောဂါ။ ခေါင်းကိုက်တာ၊ အဆစ်လွဲတာ၊ အစာအိမ်အောင့်တာ၊ အစာမကြေတာတွေအတွက်လည်း ဝါစေ့ဆီကို အသုံးပြုပေးလို့ရပါတယ်။နှလုံးကျန်းမာစေနိုင်တယ်။ပြည့်ဝဆီမဟုတ်တာကြောင့် သွေးတွင်းကိုလက်စထရောကို မတိုးစေပါဘူး။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးသွေးကြောပိတ်တာ၊ ရုတ်တရက်နှလုံးရပ်တာနဲ့လေဖြတ်တာလိုမျိုး ပြဿနာတွေမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ နှလုံးရောဂါရှိသူတွေအနေနဲ့လည်း ရောဂါထပ်တိုးမလာစေဖို့ စားပေးလို့ရပါတယ်။ဝါစေ့ဆီလေးက အခုလောက်ထိကို အသုံးဝင်ပြီး ကျန်းမာရေးအတွက် အကျိုးများပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/cottonseed-oil/
မျက်လုံးအတွက် လေ့ကျင့်ခန်း လုပ်ပေးပါ။
မျက်လုံးအတွက် လေ့ကျင့်ခန်းလုပ်ပေးပါ ဆိုလို့ ထူးဆန်းသွားသလား။ကြွက်သားတွေနဲ့ ကျန်းမာရေး ကောင်းမွန်စေဖို့အတွက် လေ့ကျင့်ခန်း လုပ်ရတယ်ဆိုတာ အားလုံး သိထားပြီးသားပါ။ ဒါဆို အမြင်အာရုံ ကောင်းစေဖို့အတွက်ရော လေ့ကျင့်ခန်း လုပ်ဖို့ လိုမလား။မျက်လုံးကတော့ ဘယ်လို လေ့ကျင့်ခန်း လုပ်ရပါ့မလဲ။ မျက်လုံးအတွက် လေ့ကျင့်ခန်း ဆိုတာလည်း ရှိမယ် မထင်ပါဘူးလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ပြောပြချင်တာက မျက်လုံးအတွက် လေ့ကျင့်ခန်း ရှိပါတယ်။ မျက်လုံး လေ့ကျင့်ခန်းကအမြင်အာရုံကို ကောင်းစေပြီးအာရုံစူးစိုက်နိုင်စွမ်းတွေကို ပိုကောင်းစေပါတယ်။ဒါဆို ကိုယ်ကာယလေ့ကျင့်ခန်းတွေလိုgymမှာ သွားလေ့ကျင့်ရမှာလားဆိုတော့ မဟုတ်ပါဘူး။ ကိုယ်တိုင် အိမ်မှာထိုင်နေရင်းနဲ့တင် လုပ်ဆောင်လို့ ရပါတယ်။ မျက်လုံးကို လေ့ကျင့်ခန်း လုပ်ဆောင်ပေးတာက မျက်လုံးတွေ ညောင်းတာကစလို့ အမျိုးမျိုးသော အမြင်အာရုံပြဿနာတွေကို သက်သာစေနိုင်ပါတယ်။မျက်လုံး ကျန်းမာစေဖို့ လုပ်ဆောင်ပေးရမယ့်လေ့ကျင့်ခန်းတွေက ဘာတွေများလဲ။လက်ဖဝါး နှစ်ဖက်ကို ခပ်နွေးနွေးလေး ဖြစ်အောင် ပွတ်ပြီး မျက်လုံးပေါ်မှာ အုပ်ထားတာကမျက်လုံးတဝိုက်က ကြွက်သားတွေကို ပြေလျော့စေပြီး မျက်လုံးညောင်းတာကို သက်သာစေနိုင်ပါတယ်။ဒီလို အုပ်ထားချိန်မှာ အပူရှိန် လျော့သွားတဲ့အထိ မျက်လုံးလေးကို အုပ်ထားရပါမယ်။ ၅ မိနစ်ကြာအောင်ထားပြီး အသက်ကိုလည်း မှန်မှန် ရှူနေဖို့ လိုပါမယ်။ကွန်ပျူတာတွေ၊ ဖုန်းတွေကို အချိန်ကြာကြာ ကြည့်ပြီးချိန်မှာ မျက်တောင်ကို ဖြည်းဖြည်းချင်း ခတ်ပါ။ ဒီလို လုပ်တာကမျက်လုံးခြောက်တာကို သက်သာစေနိုင်ပါတယ်။ မျက်လုံး ကျိန်းစပ်တာကို သက်သာစေနိုင်ပါတယ်။ဒီလေ့ကျင့်ခန်းကို လုပ်ဆောင်ပေးတဲ့အခါ မျက်လုံးကို ၂ စက္ကန့်လောက် ပိတ်ထားပြီးမှာ ပြန်ဖွင့်ပေးပါ။ ပြီးရင် ပြန်ပိတ်ပါ။ ဒီလိုမျိုး ၁၀ ကြိမ်ကနေ ၁၅ ကြိမ်လောက် လုပ်ပေးပါ။Pencil push-ups လုပ်တာက မျက်လုံးတွေကို ရွှေ့လျား ကြည့်ရှုဖြစ်အောင် ထောက်ကူပေးနိုင်မှာပါ။အနီးမှုန်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ ခဲတံကို အသုံးပြုကြတာ များပေမယ့် ခဲတံမဟုတ်တဲ့ အခြား အရာဝတ္ထု တစ်ခုခုကိုလည်း အသုံးပြုပေးလို့ ရပါတယ်။အဓိကတော့ အဲ့အရာဝတ္ထုလေးပေါ်မှာ အာရုံစိုက်ထားဖို့ပါ။ အရင်ဆုံး ခဲတံကို ဖြည်းဖြည်းချင်း နှာဖျားဆီကို ရွှေ့ပါ။ ပြီးရင် လက်မောင်း တစ်ဆန့်စာကို ရွှေ့ပေးပါ။ ပြီးရင် နှာဖျားဆီကို ပြန်ရွှေ့ပါ။ ဒီလိုမျိုး နီးလိုက် ဝေးလိုက် လုပ်ပေးပါ။ ခဲတံပေါ်မှာ အကြည့်ကို ထားဖို့တော့ လိုပါမယ်။ ၅ ကြိမ် ကနေ ၇ ကြိမ်လောက် လုပ်ပေးပါ။မျက်လုံး ကြွက်သားတွေ ပြေလျော့စေဖို့နဲ့ အာရုံစူးစိုက်မှု ကောင်းစေဖို့အတွက် လုပ်ဆောင်ပေးရတဲ့ မျက်လုံး လေ့ကျင့်ခန်းပါ။ လက်မကို မျက်နှာနဲ့ ၁၀ လက်မ အကွာမှာ ထားပါ။ အဲ့လက်မအပေါ်ကို ၁၅ စက္ကန့် အာရုံစိုက်ထားပါ။ ပြီးရင် ပေ ၂၀ ၆ မီတာကို စိုက်ကြည့်ပေးပါ။ ပြီးရင် ၁၅ စက္ကန့် အာရုံစိုက်ထားပါ။ ဒီလိုမျိုး ၅ ကြိမ်ကနေ ၇ ကြိမ်လောက် လုပ်ပေးပါ။တစ်ခုခုပေါ်မှာ အချိန်အကြာကြီး အာရုံစိုက်ထားရတာက မျက်လုံးကို ပင်ပန်းစေနိုင်ပါတယ်။ မျက်လုံးတွေကို ခြောက်သွေ့စေနိုင်ပါတယ်။ဒါကြောင့် မျက်လုံးခြောက်တာ၊ မျက်လုံးညောင်းတာတွေ မဖြစ်စေဖို့အတွက် မျက်လုံးကို အနားပေးရမယ့်20-20-20 ruleကို အသုံးပြုပါ။ Screen time မိနစ် ၂၀ကြာတဲ့အခါ ပေ၂၀ အကွာက မြင်ကွင်းတစ်ခုခုကို စက္ကန့် ၂၀ကြာအောင် ကြည့်ပေးရပါတယ်၊၊ ဒီလို လုပ်ပေးတာက အမြင်အာရုံကို ကျန်းမာစေပြီး မျက်လုံး ကြွက်သားတွေကို ပြေလျော့စေနိုင်မှာပါ။ကဲ ….. မျက်လုံး ကျန်းမာစေဖို့ လေ့ကျင့်ခန်းလေးတွေ ပုံမှန် လုပ်ပေးလိုက်ရအောင်လား …….။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/eye-exercises-to-improve-eyesight/
လိင်တံထိပ်အရေပြား ခွဲစိတ်ဖယ်ရှားရင် နာသလား ဆရာ
လိင်တံထိပ်အရေပြား ခွဲစိတ်ဖယ်ရှားရင် နာသလား ဆိုတာ အခုမှ ပထမဆုံး ထိပ်အရေပြားဖြတ်မယ့် ညီလေးတွေ မကြာခဏ လာမေးတတ်ကြတဲ့ မေးခွန်းတစ်ခုပါ။ ယောက်ျားလေး အများစုကတော့ နာကျင်တာကို သိပ်ပြီး မကြောက်တတ်ကြဘူးဆိုပေမယ့် ကိုယ့်ရဲ့ဖွားဖက်တော်နေရာမှာ လုပ်တဲ့ ခွဲစိတ်မှုဖြစ်တဲ့အတွက် စိုးရိမ်စိတ်တွေနဲ့ ရောပြီး ကြောက်တတ်ကြတာ သဘာဝပါ။ဒါက အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမယ့် မေးခွန်းတစ်ခုပါ။ အရေပြားဖယ်လို့ ကျန်းမာရေးအတွက်ရောတစ်ကိုယ်ရေသန့်ရှင်းမှုအတွက်ပါ အကျိုးထူးရတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် ကာယကံရှင်ရဲ့ စိတ်ဆန္ဒက ဒီခွဲစိတ်မှုအတွက် စိတ်အားထက်သန်မှ ဖြစ်မှာပါ။တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးဖြစ်စေလဲ။ထိပ်အရေပြားမဖြတ်ထားတဲ့ အမျိုးသားတွေ သန့်ရှင်းမှုကို ဂရုမစိုက်တဲ့အခါ ထိပ်အရေပြားပတ်လည်မှာ အဖြူရောင်အရိအချွဲနဲ့ အဖတ်တွေ ကပ်နေတတ်ပြီး အနံ့ထွက်တတ်ပါတယ်။ နံရုံတင်ပဲလားဆိုတော့ဘက်တီးရီးယားပိုးတွေ ပါနေတဲ့အတွက် အခန့်မသင့်ရင် ဆီးလမ်းကြောင်း ပိုးဝင်တာ၊ အရေပြား မှိုစွဲတာ၊ ထိပ်အရေပြား ရောင်တာ၊ အနံ့အသက်ဆိုး ထွက်တာတွေ ဖြစ်နိုင်ပါတယ်။ထိပ်အရေပြားကို ဖြတ်လိုက်တဲ့အခါ ဒီအဖတ်တွေကို နည်းသွားပြီး အနံ့အသက်ဆိုးတွေ တော်တော်ကို နည်းသွားပါတယ်။ နောက်တစ်ချက်က ထိပ်အရေပြား ဖုံးနေတာမဟုတ်တော့တဲ့အတွက် ပွတ်တိုက်ထိခိုက်မှုတွေ နည်းသွားပြီး အရေပြားယားယံခြင်း၊ မတော်တဆ ပွန်းပဲ့မိခြင်း၊လိင်မှတစ်ဆင့်ကူးစက်ရောဂါများ ဝင်လာနိုင်ခြေ နည်းသွားခြင်း စတဲ့အကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။အသေးစား ခွဲစိတ်မှုဆိုတဲ့အလျောက် နာကျင်မှုကတော့ အနည်းငယ်ရှိနိုင်ပါတယ်။ ခွဲစိတ်နေစဉ်မှာ ဆရာဝန်အနေနဲ့ လိုအပ်တဲ့မေ့ဆေးတွေ၊ ထုံဆေးတွေ ပေးမှာဖြစ်ပြီး ဆေးအရှိန်ပြယ်သွားမှသာ အနည်းငယ်နာကျင်မှုကို ခံစားရမှာပါ။ ဒါကလည်း စိုးရိမ်စရာ မဟုတ်ပါဘူး။ဆရာဝန်ညွှန်ကြားတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်ရင် မနာတော့ပါဘူး။ များသောအားဖြင့် ခွဲစိတ်အပြီး ၃ရက်မှ တစ်ပတ်လောက်အထိ နာကျင်တဲ့အရှိန်က ကျန်နေတတ်ပြီး နောက်ပိုင်းမှာတော့ ပုံမှန်အတိုင်း နေထိုင်ရတာ အဆင်ပြေသွားမှာပါ။ထိပ်အရေပြား ဖြတ်ပြီးကာစမှာ ဆရာဝန်အနေနဲ့လိင်တံအနာကို ပိုးမဝင်အောင် ကာကွယ်ပေးဖို့ ပလာစတာ dressing အုပ်ပေးထားမှာဖြစ်ပြီး ဒီ dressing ကို ရက်ချိန်းအတိုင်း ဆရာဝန်ဆီ လာပြသရင်း လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။အနာမကျက်သေးသ၍လိင်တံကို လက်နဲ့ထိတာ၊ အာသာဖြေတာ၊ လိင်ဆက်ဆံတာ၊ ရေနဲ့ ထိတာမျိုးတော့ မလုပ်ရပါဘူး။ အတွင်းခံ၊ ဘောင်းဘီကိုလည်း အရမ်းကျပ်တာမျိုး မဝတ်ပါနဲ့။ Boxer ကဲ့သို့ လေဝင်လေထွက်ကောင်းတဲ့အတွင်းခံမျိုး၊ ဘောင်းဘီအပွ၊ ပုဆိုးတွေပဲ အဓိက ဝတ်ပေးပါ။ ဒဏ်ရာကို သန့်ရှင်းအောင် ထားပေးပါ။မွေးကင်းစကလေးအရွယ်မှာ ဖြတ်ထားခဲ့ရင်တော့ ခွဲထားတဲ့ဒဏ်ရာ ကျက်ဖို့ သိပ်ပြီး မကြာတတ်ပေမဲ့ လူကြီးဖြစ်လာတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် လှုပ်ရှားမိတာ၊ ထိခိုက်မိတာ၊လိင်တံရဲ့ အရေပြားက ပိုရှည်လာတဲ့အတွက် သက်သာရန် အချိန်အနည်းငယ် ကြာတတ်ပါတယ်။နဂိုအတိုင်း ပြန်ကောင်းလာဖို့ ကြာချိန်ဟာ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူနိုင်ပါဘူး။ ရက်သတ္တပတ်အနည်းငယ်ကနေ တစ်လလောက်ထိ ကြာနိုင်ပါတယ်။ ကိုယ့်ရဲ့ ခွဲထားတဲ့ဒဏ်ရာကို ထိတွေ့ကိုင်တွယ်ခြင်း၊ ထိခိုက်မိခြင်း မရှိဘူးဆိုရင်တော့ သက်သာဖို့ အချိန်မြန်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/is-circumsicion-painful/
အဆီကျအားကစားမလုပ်ခင် စားမိတတ်တဲ့ အဆိုးဆုံးအရာများ
ခုနေခါ ဝိတ်ချတော့မယ်လို့ အာရုံပြုလိုက်တာနဲ့ခေါင်းထဲတန်းပေါ်တာက ဂျင်မ်သွားကစားမယ်၊ ဂျင်မ်ဝတ်စုံတွေပြေးဝယ်မယ်ဆိုတာပါပဲ။ အဆီကျလှပအောင် ကစားမယ်၊ ဓါတ်ဖမ်းမယ်၊ စိတ်အားတက်ကြွမှုတွေနဲ့ပေါ့။ အစားလည်းလျှော့ကြပါရဲ့။ ဒါပေမယ့် သတိမထားမိကြတာက ဂျင်မ်သွားနေလျက်နဲ့အဆီချခြင်းကို အနှောင့်အယှက်ဖြစ်စေတဲ့ လုပ်ရပ်မှားတွေလုပ်မိနေတာပါပဲ။ တချို့က ဂျင်မ်သွားနေတာပဲ ပြန်လောင်ကျွမ်းမှာပါဆိုပြီး အစားတွေစားတယ်။ တချို့ကျတော့ အစားရှောင်ပါတယ်၊ ဒါပေမယ့် ရွေးစားလိုက်တာတွေလည်း မှားယွင်းနေတာ မသိကြပါဘူး။ဒါဆို ဂျင်မ်မသွားခင် ၊ အားကစားမလုပ်ခင်မှာ ဘာတွေမစားသင့်ဘူးလဲ ကြည့်ရအောင်။အမျှင်ဓါတ်များတဲ့ အသီးအရွက်တွေ။ခန္ဓါကိုယ်မှာ အမျှင်ဓါတ်ကိုလိုအပ်တာမှန်ပေမယ့် အားကစားမလုပ်ခင်တော့ မစားသင့်ပါဘူး။ပန်းဂေါ်ဖီစိမ်း၊ဂေါ်ဖီပန်းတို့လို အမျှင်ဓါတ်များတဲ့ ဟင်းသီးဟင်းရွက်တွေက အစာကြေဖို့မလွယ်သလိုလေ့ကျင့်ခန်းလုပ်တဲ့အခါ အဆင်မပြေဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အစာကြေလွယ်တာကို စားပါ။အဆီများတဲ့ စားစရာတွေ။အဆီတွေအားလုံးက မကောင်းတာမဟုတ်ပါဘူး။ ကျန်းမာရေးကိုအကျိုးပြုတဲ့အဆီတွေရှိပါတယ်။ ဒါပေမယ့် အားကစားလုပ်ခါနီးဆိုရင်တော့ ဘယ်အဆီဖြစ်ဖြစ် မသင့်တော်ပါဘူး။ အဆီကိုခွန်အားလောင်စာအဖြစ် ပြောင်းလဲလောင်ကျွမ်းဖို့ ခန္ဓါကိုယ်က ချက်ချင်းအဆင်မပြေနိုင်တဲ့အတွက် စလှုပ်ရှားတာနဲ့ လူကပိုမောပန်းလွယ်နိုင်ပါတယ်။ဒိန်ချဉ်။ဝိတ်ချတဲ့အချိန်မှာသောက်လေ့ရှိတဲ့ အာဟာရအစားအစာတစ်ခုပါ။ ဒါပေမယ့် ဒိန်ချဉ်ဖြစ်ရင်ပြီးရော ဆိုလို့တော့ အဆင်မပြေပါဘူး။ တချို့ဒိန်ချဉ်တွေမှာ အဆီပြည့်၊ အချိုများနေတာတွေရှိပါတယ်။ နို့ထွက်ပစ္စည်းတွေကိုကောင်းကောင်းအစာမကြေသေးဘဲ အားကစားလုပ်မယ်ဆို အဆင်မပြေဖြစ်စေပါလိမ့်မယ်။အသီးဖျော်ရည်။ရေဓါတ်ဖြည့်ဖို့နဲ့ အာဟာရပြည့်ဖို့ နှစ်ချက်လုံးပြည့်စုံစေဖို့ သကြားမပါတဲ့ အသီးဖော်ျရည်စစ်စစ်တွေကို အားကိုးကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အဆင်မပြေဘူးနော်။ လှုပ်ရှားမှုအတွက်လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ်နဲ့ အရည်ဓါတ်ကိုရနိုင်ပေမယ့် အားကစားမလုပ်ခင်မှာသောက်ချလိုက်တာကတော့ သိပ်မကောင်းပါဘူး။ အသီးဖျော်ရည်တွေမှာ အမြန်ချေဖျက်လို့မလွယ်တဲ့fructose သကြားဓါတ်ပါဝင်ပြီး နဂိုက အူလမ်းကြောင်းလှုပ်ရှားမှုမူမမှန်တဲ့ IBSရောဂါလိုမျိုး အစာအိမ်အူလမ်းကြောင်းမကောင်းသူတွေမှာ ဗိုက်အောင့်တာ၊လေပွတာတွေဖြစ်စေနိုင်ပါတယ်။ လိမ္မော်သီးလိုဖျော်ရည်မျိုးက လန်းဆန်းအမောပြေစေတယ်ဆိုပေမယ့်လေ့ကျင့်ခန်းမလုပ်ခင် သို့မဟုတ်လေ့ကျင့်ခန်းလုပ်ပြီးတစ်နာရီနဲ့အထက် အချိန်ခွာပြီးသောက်သုံးတာအကောင်းဆုံးဖြစ်ပါတယ်။အားဖြည့်အချိုရည်။ဖျော်ရည်တွေထက်ဆိုးတာပေါ့။ လူကိုလန်းဆန်းစေနိုင်တယ်၊ အားပြည့်သလိုဖြစ်စေနိုင်တယ်ဆိုပေမယ့် ခန္ဓါကိုယ်ကို အထောက်အကူမပေးတဲ့အပြင် နှလုံးခုန်မြန်စေပြီးသွေးတိုးတက်စေနိုင်ပါတယ်။ အားကစားလုပ်တဲ့အခါအားဖြည့်အချိုရည်ေတွကို လုံးဝဖြတ်ထားတာပိုကောင်းပါတယ်။စားနိုင်တာက ခွန်အားဖြည့်ပေးမယ့် ကာဗိုဟိုက်ဒရိတ်နဲ့ အသားအရေလျော့ရဲမသွားဖို့ ကြွက်သားတည်ဆောက်ပေးမယ့် ပရိုတင်းတို့ကိုပေါင်းစပ်ထားတဲ့ စားစရာတွေပဲကောင်းပါတယ်။ ငှက်ပျောသီး သို့မဟုတ် ခရက်ကာ၊ အစေ့အဆန်တွေ၊ ကြက်ဥကာကျက် တို့ကို စားလို့ရပါတယ်။လေ့ကျင့်ခန်းမလုပ်ခင်စားမယ့် အစားအစာရွေးချယ်မှုက မှန်တယ်ပဲထား၊ စားတဲ့အချိန် လွဲမှားနေရင် အဆင်မပြေပါဘူး။ ကြွက်သားတည်ဆောက်ဖို့ အရေးကြီးတဲ့သွေးလည်ပတ်မှုနဲ့အောက်ဆီဂျင်ကို တခြားအစိတ်အပိုင်းတွေနဲ့အပြိုင်အစာခြေစနစ်အတွက်သုံးနေရပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးဆိုပေမယ့် အများစုအတွက်တော့ ၁ နာရီကနေ ၃ နာရီလောက်ခွာထားတာကောင်းပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/%e1%80%a1%e1%80%86%e1%80%ae%e1%80%80%e1%80%ba%e1%80%a1%e1%80%ac%e1%80%b8%e1%80%80%e1%80%85%e1%80%ac%e1%80%b8%e1%80%99%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%81%e1%80%84%e1%80%b9-%e1%80%85%e1%80%ac/
ညဆိုင်းဝန်ထမ်းတွေ အိပ်ရေးဝအောင် ဘယ်လိုအိပ်မလဲ
ညဆိုင်းဝန်ထမ်းတွေ အိပ်ရေးဝအောင် အိပ်ဖို့ဆိုတာ ခက်ပါတယ်။ ဒီနေ့လို အလုပ်များတဲ့ခေတ်မှာ ညဘက် ၈နာရီပြည့်အောင် အိပ်ဖို့၊ အိပ်ချိန်မှန်ဖို့ဆိုတာတောင် ခက်လှတာ ညဆိုင်းဝန်ထမ်းတွေဆိုရင် ပိုပြီးပင်ပန်းမှာပါ။ ဒါကြောင့် ညဆိုင်းဝန်ထမ်းတွေ အိပ်ရေးဝအောင် အိပ်နိုင်ဖို့၊ အလုပ်ခွင်ထဲမှာ လန်းဆန်းနေဖို့ နည်းလမ်းကောင်းတွေကို ပြောပြပေးပါမယ်။အိပ်စက်ချိန်ဆိုတာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အနားပေးတဲ့အချိန်ပါ။ အိပ်ရမဲ့ အချိန်မှာ မအိပ်မိဘူးဆိုရင် ဇီဝဖြစ်စဉ်တွေ ကမောက်ကမဖြစ်လာနိုင်ပါတယ်။ ဒီလိုနဲ့ အချိန်ကြာလာတဲ့အခါ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်တာတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။တစ်ခါတလေမှာ ညဆိုင်းဆိုရင်  သိပ်မသိသာပေမဲ့ နေ့တိုင်းညဘက်ပဲ အလုပ်ဆင်းရတာ ဒါမှမဟုတ်  ညဆိုင်းနဲ့ အလှည့်ကျ လုပ်ရတာ ကြာလာတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တွေ ပြောင်းလဲလာနိုင်ပါတယ်။ အမြင်သာဆုံးကတော့ အိပ်ဖို့ခက်လာတာ၊အိပ်ရေးမဝတာ၊ အလုပ်ထဲမှာ အိပ်ငိုက်လာတာပဲ ဖြစ်ပါတယ်။အကောင်းဆုံးကတော့ ညဆိုင်းဆင်းရတဲ့ ရက်တွေကို လျှော့တာပဲပေါ့။ ဒါက ပြောသလောက်တော့ မလွယ်ပါဘူးလေ။ ဒီတော့ ကိုယ့်ရဲ့ အိပ်ချိန်ကို ပြန်ညှိတာ၊ တတ်နိုင်သမျှ အိပ်ရေးဝအောင် ကြိုးစားတာက အကောင်းဆုံးပါပဲ။ ညဆိုင်းဆင်းပြီး ပြန်လာပြီဆိုရင်။တခြားအလုပ်တွေ လုပ်မနေဘဲ ကိုယ်လက်သန့်စင်တာ၊ မနက်စာစားပြီးတာနဲ့ တန်းအိပ်ပါ။ အိမ်နဲ့ အလုပ်နဲ့ နီးရင် ပိုကောင်းပါတယ်။ မဟုတ်ရင် လမ်းမှာတင် အချိန်ကုန်ပြီး အိပ်ချိန်နည်းသွားနိုင်ပါတယ်။အခန်းက သက်သောင့်သက်သာဖြစ်တဲ့ အပူချိန်နဲ့ မှောင်နေရင် ပိုကောင်းပါတယ်။ ဘေးနားက အသံမဆူအောင်  တံခါးပိတ်အိပ်ပါ။ ဒါမှမဟုတ် နားကျပ်စို့ထားပါ။ ဖုန်းကို အသံပိတ်ထားပါ။ အိမ်သားတွေကိုလည်း ကိုယ်အိပ်နေကြောင်း ပြောထားပါ။ ဒါမှ မနိုးဘဲ ဆက်တိုက် အိပ်နိုင်မှာပါ။အိမ်ပြန်ရောက်လို့ အိပ်မယ်ဆိုရင် ညဘက်မှာ အိပ်သလို ၇-၉နာရီလောက် ပြည့်အောင်  အိပ်ပေးပါ။ ဒီထက်တော့ ပိုမအိပ်ပါနဲ့။ တကယ်လို့ ညဘက်မှာ ညဆိုင်း မရှိတဲ့သူဆိုရင် ညကျ ထပ်အိပ်ရဦးမယ်လေ။မနက်စာကို ဗိုက်ပြည့်ရုံလောက် စားပြီးမှ အိပ်ပါ။ ဗိုက်မဆာရင် အိပ်မပျော်ဘဲ နေပါလိမ့်မယ်။ မနက်စာစားရင်း ကော်ဖီ မသောက်ပါနဲ့။ အိပ်ဖို့ ခက်သွားပါလိမ့်မယ်။မယ်လတိုနင်အပါအဝင်  အိပ်ဆေးတွေ သောက်မယ်ဆို ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ မယ်လတိုနင်ဆိုရင်  ဖြည့်စွက်ဆေးဖြစ်ပေမဲ့ ကိုယ့်ရဲ့ အိပ်စက်ခြင်းစက်ဝန်းကို အပြောင်းအလဲဖြစ်စေလို့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်တာ အကောင်းဆုံးပါ။ညဆိုင်းဆင်းနေကျ မဟုတ်ဘူးဆိုရင် ဒါမှမဟုတ် နေ့ဘက်မှာ အိပ်ရေးဝအောင်  အိပ်မထားဘူးဆိုရင် အလုပ်ခွင်ထဲမှာ အိပ်ငိုက်တာ၊ ခေါင်းမူးတာတွေ ဖြစ်တတ်ပါတယ်။ ဒါဆိုရင် အာရုံမစိုက်နိုင်တာ၊ အလုပ်လုပ်ရင်း မတော်တဆ ထိခိုက်မိတာတွေ ဖြစ်လာနိုင်ပါတယ်။ညဆိုင်းဆင်းတဲ့အခါ လန်းနေဖို့ဆိုရင်။ဒါဆိုရင် ညကျ အလုပ်လုပ်တဲ့အခါ လန်းနေပါလိမ့်မယ်။ ညကျအလုပ်လုပ်လို့ ထပ်ငိုက်လာရင်  ၁၅မိနစ်၊ မိနစ်၂၀လောက် ထပ်မှေးလိုက်ပါ။ညစာစားရမဲ့ အချိန်မှာ ညစာစားထားပါ။ ညဆိုင်းဆင်းတဲ့သူတွေက ညဘက်မှာ ဗိုက်ပိုဆာတတ်သလို စားလိုက်ရင်လည်း အာဟာရမဖြစ်တာတွေကိုပဲ စားမိကြပါတယ်။ ဒါကြောင့် အစတည်းက အာဟာရဖြစ်တာတွေနဲ့ ဗိုက်ဖြည့်ထားပါ။မီးအလင်းရောင်ရနေရင် ခန္ဓာကိုယ်က မယ်လတိုနင်ထွက်တာနည်းသွားလို့ အိပ်ချိန်စိတ်ပါ နည်းသွားပါတယ်။ညဆိုင်းဆင်းပြီဆိုရင်  ကော်ဖီတွေ၊ လက်ဖက်ရည်တွေ သောက်တာ၊ လက်ဖက်သုပ်စားတာ၊ အားဖြည့်အချိုရည်တွေသောက်တာ လုပ်တတ်ကြတယ်ဟုတ်။ ဒါတွေကကဖင်းပါတော့ လန်းတော့ လန်းစေမှာပါ။ ဒါပေမဲ့ ဂျူတီပြီးခါနီး ၄နာရီအလိုလောက်ဆိုရင် မသောက်ပါနဲ့တော့။ မနက်အိမ်ပြန်တဲ့အခါ အိပ်မပျော်ဘဲ နေပါလိမ့်မယ်။ကိုယ့်အလုပ်ရဲ့ အနေအထားအရ ဟိုသွား ဒီသွား သွားလို့ ရမရမသိပေမဲ့ ရမယ်ဆိုရင် မကြာခဏ လမ်းထလျှောက်ပေးပါ။ အိပ်ချင်စိတ်ပြေပါလိမ့်မယ်။ညဆိုင်းက ခဏခဏ မဆင်းရရင်တော့ အကောင်းဆုံးပေါ့။ တတ်နိုင်သလောက်တော့ အလုပ်ချိန်ကိုညှိကြည့်ပါ။ တစ်ဖက်မှာလည်း ကိုယ့်ရဲ့ အိပ်ချိန်ကို ဂရုစိုက်ကြဖို့ အကြံပြုချင်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/tips-for-sleep-in-night-shift-workers/
Gallbladder Cancer (သည်းခြေကင်ဆာ)
သည်းခြေတစ်ရှူးတွေမှာ ကင်ဆာဆဲလ်များဖြစ်ခြင်းရောဂါဖြစ်ပါတယ်။ သည်းခြေဆိုတာက ဗီုက်အထက်ပိုင်း အသည်းရဲ့အောက်ခြေလေးမှာ ကပ်ပြိးတည်ရှိနေတဲ့အစိတ်အပိုင်းလေးဖြစ်ပါတယ်။ သည်းခြေက အဆီတွေူကိုချေဖျက်ဖို့ အသည်းကနေထုတ်တဲ့သည်းခြေရည်ကိုသိုလှောင်ပါတယ်။ အစာအိမ်နဲပအူအတွင်း အစာတွေကိုချေဖျက်ရာမျာ သည်းခြေရည်တွေက အသည်းနဲ့သည်းခြေကနေ အူသိမ်ပထမပိုင်းကို ဆက်ပေးတဲ့ သည်းခြေရည်ပို့ပြွန်ကနေတစ်ဆင့် သည်းခြေထဲကထွက်လာပါတယ်။သည်းခြေကင်ဆာကို အစောပိုင်းအဆင့်မှာတည်းက သတိထားမိရင် ပျေက်ကင်ေးဆာင်ကုသနိုင်ချေ များပါတယ်။ ဒါပေမဲ့ ရောဂါရဲ့ရှေ့အလားအလာကညံ့ဖျင်းတာကြောင့် သည်ေးခြကင်ဆာအများစုကို နောက်ကျမှသိရတတ်ပါတယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။သည်းခြေကင်ဆာရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။သည်းခြေကင်ဆာက စောစောရောဂါအမည်တပ်နိုင်ဖို့ ခက်ပါတယ်။စောစောသိစောစောကုခြင်းက သည်းခြေကင်ဆာကိုပိုမဆိုေးအေင်နဲ့ အရေးပေါ်အခြေအနေဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်တာကြောင့် ဆရာဝန်နဲ့ချက်ချင်းပြသသင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။အခုချိန်ထိ အကြောင်းရင်းကို မသေချာသေးပါဘူး။ ဆရာဝန်တွေက အသည်းခြေဆဲလ်တွေရဲ့ ဒီအန်အေတွေထွန်းသွားတဲ့အခါမှာ ကင်ဆာအဖြစ်ကိုပြောင်းသွားတယ်လို့ သိကြပါတယ်။ ဒီထွန်းခြင်းကနေ အခြားဆဲလ်တွေသာမန်အတိုင်း သေဆုံးသွားချိန်မှာ ဆဲလ်တွေကိုဆက်လက်ကြီးထွားသွားစေနိုငိပါတယ်။ စုပုံလာတဲ့ဆဲလ်တွေကနေ သည်းခြေမှာအကျိတ်ဖြစ်လာပြီး ခန္ဒါကိုယ်ရဲ့အခြားနေရာကို ပျံ့သွားပါတယ်။သည်းခြေကင်ဆာအများစုက သည်းခြေအတွင်းမျက်နှာပြင်ကို ကာထားတဲံဂလင်းဆဲလ်တွေကနေ စပါတယ်။ ဒိအမျိုးအစားကို ဂလင်းကင်ဆာလို့ခေါ်ပါတယ်။ အနုကြည့်မှန်ပြောင်းအောက်မှာ ကြည့်တဲ့အခါ ကင်ဆာဆဲလ်တွေဖြစ်သွားခြင်းကို ရည်ညွှန်းပါတယ်။ဖြစ်ပွားနိုင်ချေကို မြင့်စေသည့်အရာတွေကတော့။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သည်းခြေကင်ဆာကို အတည်ပြုဖို့အတွက် လုပ်ဆောင်စစ်ဆေးတာတွေကတော့။သွေးစစ်ခြင်း-အသည်းလုပ်ဆောင်မှုကိုတွက်ဆဖို့ သွေးစစ်ခြင်းက သင့်ရဲ့လက္ခဏာတွေဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။သည်းခြေပုံရိပ်ဖမ်းခြင်း-မှန်းဆပုံဖော်ခြင်းနည်းလမ်းက သည်းခြေပုံရိပ်ကိုရနိုင်ပါယတ။ အယ်ထရာဆောင်း၊ စီတီနဲ့ အမ်အာအိုင်ရိုက်ခြင်းတို့ ဖြစ်ပါတယ်။သည်းခြေကင်ဆာအဆင့်များ။အဆင့်၁- သည်းခြေကင်ဆာက သည်းခြေရဲ့အတွင်းလွှာတွေမှာပဲ ရှိနေပါသေးတယ်။အဆင့်၂- အပြင်အလွှာအထိ ဝင်ရောက်နေပြီးဖြစ်ပြီး သည်းခြေအပြင်ကိုကျော်သွားနိုင်ပါတယ်။အဆင့်၃- အသည်း၊ အူသိမ်၊ အစာအိမ်ကဲ့သိုပသော အနားတစ်ဝိုက်အစိတ်အပိုင်းတွေဆီကို ပျံ့သွားခြင်းဖြစ်ပတယ်။ အနားတစ်ဝိုက်ပြန်ရည်ကျိတ်တွေဆီလည်း ပျ့သွားနိုငပါတယ်။အဆင့်၄- နောက်ဆုံးအဆင့်မှာတော့ အနားတစ်ဝိုက်အင်္ဂါတော်တော်များများကို အကျိတ်လုံးကြီးများပျံ့နေပြိး ခန္ဓါကိုယ်ရဲ့အခြားအစိတ်အပိုင်းတွေကို အရွယ်အစားမရွေးပျံ့သွားနိုင်ပါတယ်။သင့်တစ်ကိုယ်လုံးကျန်းမာရေးအခြေအနေ၊ ဥိးစားပေးအခြေအနေနဲ့ ကင်ဆာအဆင့်ပေါ်မှာ မူတည်ပြီး ကုသမှုကိုစဉ်းစားရပါတယ်။ ကုသမှုရည်ရွယ်ချက်က သည်းခြေကင်ဆာကိုဖယ်ထုတ်ဖို့ဖြစ်ပေမဲ့ မဖြစ်နိုင်တဲ့အခါမျိုးမှာ အခြားကုထုံးတွေက ရောဂါဆက်ပျံ့ခြင်းကိုထိန်းဖို့နဲ့ သင့်ကိုသက်သာရာရစေဖို့ ကူညီပေးပါလိမ့်မယ်။ ကုသမှုတွေက။ခွဲစိတ်ကုသခြင်းက အခြားအဂါၤတွေကို ကင်ဆာပျ့နှံ့ခြင်းကို မကုသနိုင်ပါဘူး။ ကင်ဆာလက္ခဏာတွေသက်သာဖို့နဲ့ သက်သက်သာသာနေနိုင်အောင်သာ လုပ်ပေးနိုင်ပါယ်။ အောက်ပါကုသမှု၃မျိုးပါဝင်ပါတယ်။အမျှင်ဓါတ်ကြွယ်ဝတဲ့အစားအစားတွေ၊ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အဆီတွေစားခြင်းက သည်းခြေကင်ဆာကိုကာကွယ်ပေးနိုင်ပါယ်။ သန့်စင်ထားတဲ့ကောက်နှံတွေ ( သကြားပါတဲ့ကောက်နှံ၊ စပါးဖြူ၊ ပေါင်မုန့်၊ ပါစတာ) နဲ့သကြားက သည်းခြေကင်ဆာဖြစ်နိုင်ချေကို များစေပါတယ်။ ဆန်လုံးညို၊ နဲ့ပေါင်မုန့်၊ ငါးကရတဲ့အဆီ၊ သံလွင်ဆီတွေကိုတော့ စားသင့်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/gallbladder-cancer-%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%81%e1%80%bc%e1%80%b1%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac/
ငယ်ငယ်က မေမေလူးပေးတဲ့ မုန်ညှင်းဆီ
မုန်ညှင်းဆီက လူတိုင်းနဲ့ စိမ်းမယ်မထင်ပါဘူး။ ငယ်ငယ်ကတည်းကလေနာမှာ၊ ဗိုက်ပွမှာစိုးလို့ ဆိုပြီး မေမေက အမြဲလိုလို လူးပေးခဲ့ပါတယ်။အရေပြားကျန်းမာအောင်ဆိုပြီး မုန်ညှင်းဆီ လူးလို့လည်း နှိပ်ပေးခဲ့ဖူးမှာပါ။ မုန်ညှင်းဆီကဘေဘီလေးတုန်းကပဲ အကျိုးများတာ မဟုတ်ပါဘူး။ အရွယ်ရောက်ပြီးဖြစ်သူတွေအတွက်လည်း အကျိုးများပါသတဲ့။မုန်ညှင်းစေ့ကို ကြိတ်ပြီး ရလာတဲ့ အဆီပါ။အရေပြားမှာ လူးပေးလို့ ရသလို ချက်တဲ့ပြုတ်တဲ့ နေရာမှာလည်း သုံးလို့ ရပါတယ်။ မြေထဲပင်လယ်ဒေသမှာ အဓိကပေါက်ရောက်ပြီး ကျန်းမာရေး အတွက် အကျိုးများတာကြောင့် ကမ္ဘာတလွှားမှာ တော်တော်များများ အသုံးပြုကြပါတယ်။ မုန်ညှင်းဆီ လူးပေးတာက အရေပြးတင် ကျန်းမာစေတာ မဟုတ်ပါဘူး။ အတွင်းပိုင်းကတစ်ရှုးတွေကိုပါ ကျန်းမာစေနိုင်တာပါ။မုန်ညှင်းဆီက ဒီလို အသုံးဝင်ပါတယ်။အဆစ်ရောင်ရောဂါကို သက်သာစေနိုင်တယ်။မုန်ညှင်းဆီက အဆစ်အမြစ်တွေ ရောင်ရမ်းနာကျင်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ အဆစ်နာတတ်သူတွေ၊လေးဖက်နာရောဂါရှိသူတွေနဲ့ အခြားအရိုးအဆစ် ဝေဒနာ ခံစားနေရသူတွေ အနေနဲ့ နာနေတဲ့နေရာကို မုန်ညှင်းဆီလေး လူးပြီး ခပ်ဖွဖွလေး နှိပ်ပေးရုံပါ။ဆံပင်ကျွတ်သက်သာစေတယ်။ဆံပင်သန်စွမ်း ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အကူ ပြုပေးနိုင်ပါတယ်။ ဆံပင်တွေ ကျွတ်လွန်းလို့ စိတ်ညစ်နေတယ် ဆိုရင် ဆံသားနဲ့ ဦးရေပြားကို မုန်ညှင်းဆီလေး လူးပေးပြီး ညင်ညင်သာသာလေးနှိပ်နယ်ပေးပါ။ဦးရေပြားမှာ သွေးစီးဆင်းမှု ကောင်းစေပြီး ဆံပင်ကျွတ်တာသက်သာစေလို့ ဆံသားတွေကို ကျန်းမာသန်စွမ်းစေမှာပါ။မှိုပိုးသက်သာစေနိုင်တယ်။အရေပြားမှာ မှိုပိုးကူးစက်တာ၊သဲဝဲစားတာ၊ အရေပြားမှာ ဓာတ်မတည့်မှုကြောင့်အဖုအပိမ့်တွေထွက်တာအတွက်လည်း မုန်ညှင်းဆီကို သုံးပေးလို့ ရပါတယ်။ အရေပြားမှာ မှိုပိုးတွေ ဖြစ်နေမယ်၊ အသားအရေတွေ ခြောက်နေမယ်ဆိုရင် မုန်ညှင်းဆီလေး ပွတ်လူးထားလိုက်ရုံပါ။သွေးလည်ပတ်မှုကောင်းစေတယ်။မုန်ညှင်းဆီက သွေးလည်ပတ်မှု ကောင်းအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ အရေပြားကို အနွေးဓာတ် ရစေပြီး သွေးကြောလေး တွေထဲမှာသွေးစီးဆင်းမှုကောင်းအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။နှလုံးကျန်းမာစေနိုင်တယ်။မုန်ညှင်းဆီက ထောပတ်သီးမှာပါတဲ့ အဆီနဲ့ အတူတူပါပဲ။ လေ့လာမှုတွေ အရတော့ မုန်ညှင်းဆီမှာ monounsaturated fatty acids ပါဝင်နေတာကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေခံစားရနိုင်ခြေကို နည်းစေနိုင်တယ်လို့ သိရပါတယ်။ Monounsaturated fatty acidsက သွေးပေါင်ချိန်ကို ကျစေနိုင်ပြီး သွေးတွင်းအဆီဓာတ်ကိုပါ ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့်နှလုံးသွေးကြောဆိုင်ရာရောဂါကို ခံစားနေရသူတွေ ပဲဖြစ်ဖြစ် နှလုံးသွေးကြောဆိုင်ရာ ရောဂါကိုကာကွယ်ချင်ရင်ပဲ ဖြစ်ဖြစ် မုန်ညှင်းဆီကို စားပေးလို့ရပါတယ်။ကဲ…ငယ်ငယ်ကတည်းက မေမေလူးပေးခဲ့တဲ့ မုန်ညှင်းဆီလေးက အသက်ကြီးလာတဲ့အထိ အသုံးတည့်တယ်နော် Hello ဆရာဝန် ပရိသတ်ကြီးရေ…………………။မုန်ညှင်းဆီကို ကလေးလေးတွေက စပြီး လူကြီးတွေအထိ အားလုံး သုံးပေးလို့ ရပါတယ်။မုန်ညှင်းဆီက သဘာဝ ဆေးဖက်ဝင် အဆီတစ်မျိုး ဖြစ်တာကြောင့် မုန်ညှင်းဆီ စစ်စစ်သာ ဖြစ်မယ်ဆိုရင် သေချာလေး အသုံးပြုပေးမယ်ဆို အဆင်ပြေမှာပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/mustard-oil/
ကလေးချက်ကြိုးနဲ့ ပတ်သက်ပြီး မေမေတို့ သိထားသင့်သည်များ ။ ။
ကလေးချက်ကြိုးနဲ့ ပတ်သက်ပြီး မေမေတို့ သိထားသင့်သည်များ က ဘာတွေများ ဖြစ်မလဲ။ ကလေးရဲ့ချက်ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ မပြောခင် ချက်ကြိုးဆိုဘာလဲ၊ သူ့တာဝန်က ဘာလဲဆိုတာ အရင်ပြောပြချင်ပါတယ်။ ။ကလေးချက်ကြိုးနဲ့ ပတ်သက်ပြီး မေမေတို့ သိထားသင့်သည်များ ကတော့။မေမေတို့ဗိုက်ထဲမှာရှိနေတဲ့ ရင်သွေးလေးတွေအချင်းဆီကနေအောက်ဆီဂျင်နဲ့ အာဟာရတွေရအောင်လို့ ချက်ကြိုးက ကလေးနဲ့ အချင်းကြားထဲကနေ ဆက်သွယ်ပေးထားပါတယ်။ ဒါကြောင့် ဗိုက်ထဲက ရင်သွေးလေးတွေ အတွက်တော့ချက်ကြိုးက မရှိမဖြစ် အရေးကြီးတဲ့အရာတစ်ခုပါ။ဗိုက်ထဲကနေ အပြင်ကိုရောက်လာတဲ့အခါမှာတော့ ချက်ကြိုးရှိနေဖို့ မလိုအပ်တော့တဲ့အတွက် ချက်ကြိုးကို ကလေးမွေးပြီးပြီးချင်း ဖြတ်ထုတ်လိုက်ရပါတယ်။ ဖြတ်ထုတ်ပြီး ကလေးဆီမှာ ကျန်ခဲ့တဲ့ ချက်ကြိုးအပိုင်းလေးကို ဂရုစိုက်ပေးဖို့က အင်မတန်မှ အရေးကြီးပါတယ်။ သူကကလေးရဲ့ဗိုက်နဲ့ ဆက်နေတဲ့အတွက်ကြောင့် အပြင်က ပိုးတွေ ချက်ကြိုးကနေ ဝင်သွားရင် ကလေးအတွက် အန ္တရာယ်အများကြီး ရှိနိုင်လို့ပါ။မွေးစကလေးတစ်ယောက်ရဲ့ချက်က ၇ရက်ကန ၂၁ရက်အတွင်းမှာ ဘာပိုးဝင်တဲ့ လက္ခဏာမှ မရှိဘဲ သူ့ဘာသာ ကြွေသွားရမှာပါ။ ချက်ကြွေသွားပြီးရင် ကျန်ခဲ့တဲ့ အနာလေးက ၁ပတ်ကနေ ၂ ပတ်အတွင်းမှာတင် ကျက်သွားတတ်ပါတယ်။ချက်ကြိုးကြွေတဲ့အချိန်မှာကလေးသေးခံမှာ သွေးစလေးတွေ တွေ့ရတတ်ပါတယ်။ အရမ်းကြီး စိတ်မပူပါနဲ့။ ဒါချက်ကြွေရင်ဖြစ်နေကြ အရာတစ်ခုပါ။အနာကိုသာ သန့်သန့်ရှင်းရှင်းထားပေးရင် အချိန်တာနဲ့ အနာကျက်သွားမှာပါ။ဒါဆို ချက်မကြွေခင် ကလေးချက်ကို ဘယ်လိုဂရုစိုက်ရမလဲ။ ။ကြွေသင့်တဲ့အချိန်မှာ ဘာပိုးဝင်ခြင်းမှ မရှိဘဲချက်ကြွေသွားဖို့အတွက် မေမေတို့ဘက်က မကြွေခင် ချက်ကြိုးကို ဂရုစိုက်ရမယ့် အပိုင်းလေးတွေ ရှိပါတယ်။ ။ချက်ထဲ ပိုးဝင်တာက တကယ်ကို ရှားတဲ့အရာတစ်ခုပါ။ အခန့်မသင့်ရင်ဖြစ်တတ်တဲ့အတွက်။ချက်ကြိုးဆိုတာ မွေးစကလေးတစ်ယောက်အတွက် အရမ်းအရေးကြီးလို့ မေမေတို့ သေချာ ဂရုစိုက်သင့်တဲ့ အရာတစ်ခုပါ။ ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/umbilical-cord-stamp-care/
Retinitis Pigmentosa (မျက်လုံး ၏ မြင်လွှာကို ထိခိုက်စေသော ရောဂါစု)
retinitis pingmentosa ဆိုသည်မှာ မျက်လုံး၏ မြင်လွှာ ကို ထိခိုက်စေတဲ့ ရောဂါအုပ်စုဖြစ်ပါတယ်။ မြင်လွှာ ဆိုတာ မျက်လုံးအတွင်းအလွှာမှာရှိပြီး ဦးနှောက်ကို ပုံရိပ်တွေ ပို့ပေးတဲ့ အထူးဆဲလ်နှစ်မျိုးပါရှိပါတယ်။ဒီအလင်းတုံ့ပြန်ဆဲလ်တွေကို rods နှင့် cones လို့ခေါ်ပါတယ်။ retinitis pigmentosa က မျက်ကြည်လွှာအတွင်းရှိ rods တွေကို ထိခိုက်စေခြင်းဖြင့် တဖြည်းဖြည်း အမြင်အာရုံပျောက်ကွယ်စေပြီး နောက်ဆုံးမှာ လုံးဝကန်းသွားသည်ထိ ဖြစ်နိုင်ပါတယ်။စာရင်းပြုစုထားခြင်းများအရ လူ ၄၀၀၀ မှာ ၁ ယောက်ဟာ ဒီရောဂါဖြစ်နေပါတယ်။ ဖြစ်ပွားနိုင်ချေတွေကို လျှော့ချခြင်းဖြင့် ဒီရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ သိရှိလိုသည်များကို ဆရာဝန်နဲ့ ဆက်လက်တိုင်ပင်ဆွေးနွေးပါ။ရောဂါလက္ခဏာတွေက ကလေးဘဝမှာ စပြပါတယ်။ သို့သော် ဆိုးရွားတဲ့ အမြင်အာရုံပိုင်းလက္ခဏာတွေကတော့ ပျိုဖောဝင်ချိန် အစောပိုင်းလောက်ထိ မပေါ်သေးပါဘူး။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဖြစ်ပွားစေတဲ့ အကြောင်းကို သေချာမသိရသေးပါ။ သို့သော် ဆရာဝန်တွေကတော့ rod cells တွေကို ထိန်းချုပ်ထားတဲ့ မျိုးရိုးဗီဇဆဲလ် မှာ သန္ဓေပြောင်းလဲခြင်းကြောင့် ဖြစ်နိုင်သည်ဟုထင်ကြေး ပေးကြပါတယ်။Retinitis pigmentation ကို ဖြစ်စေတဲ့ အရာတွေကို ရှင်ရှင်းလင်းလင်းမသိရတဲ့ အတွက်ကြောင့် ဖြစ်ပွားနိုင်ချေများစေတဲ့ အရာတွေကိုလည်း မတွေ့နိုင်သေးပါ။ သို့သော် မျိုးရိုးဗီဇဟာ အဓိကဖြစ်စေနိုင်တယ်ဆိုတာတော့ ယုံကြည်ထားကြပါတယ်။ ထို့ကြောင့် သင့်ဆွေမျိုးသားချင်းထဲမှာ ဒီရောဂါဖြစ်ဖူးလျှင် သင်လည်း ဖြစ်နိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က သင့်ကို ကျန်းမာရေးဆိုင်ရာ မေးခွန်းများမေးခြင်းနှင့် လက်တွေ့စမ်းသပ်ခြင်းများဖြင့် ရောဂါကို အဖြေရှာနိုင်ပါတယ်။ မျက်စိရဲ့ အနောက်ဘက်ကို ophthalmoscope ဆိုတဲ့ မျက်စိကြည့် ကိရိယာနဲ့ ကြည့်ခြင်းဖြင့် မျက်ကြည်လွှာရဲ့နောက်ဘက်မှာ အမဲရောင် အစက်လေးတွေ တွေ့နိုင်ပါတယ်။တခြားအတည်ပြုလို့ရတဲ့ နည်းတွေကတော့။Retinitis pigmentosa ကို ကုသရန် တိတိကျကျ ဖော်ထုတ်ပေးထားတဲ့ ကုထုံးရယ်လို့ မရှိသေးပါ။ တချို့လေ့လာမှုတွေ အရ ဓါတ်တိုးဆန့်ကျင် (ဗီတာမင်အေ များများပေးခြင်းဖြင့်) ရောဂါကိုနှောင့် နှေးစေနိုင်ပါတယ်။သို့သော်လည်း ဗီတာမင်အေ ပမာဏ များများပေးလျှင် အသည်းကို ဆိုးရွားစွာ ထိခိုက်နိုင်ပါသည်။ ကုသမှုရဲ့ ကောင်းကျိုးနဲ့ အသည်းအတွက် ဆိုးကျိုးကို ချိန်ဆလျှင် ကောင်းကျိုးက ပိုအလေးသာနေဖို့လိုပါတယ်။မှန်ဘီလူးပါတဲ့ သို့မဟုတ် အနီအောက်ရောင်ခြည် ညကြည့်မှန်ပြောင်းပါတဲ့ အမြင်အာရုံထောက်ပံ့ကိရိယာတွေနဲ့ ညမမြင်ခြင်း တို့ကိုသက်သာစေပါတယ်။ နေကာမျက်မှန်တက်ခြင်းဖြင့် မျက်ကြည်လွှာကို ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးပြီးအမြင်တချို့ပြန်ရနိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် retinitis pigmentosa ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• မျက်လုံး ၏ မြင်လွှာကို ထိခိုက်စေသော ရောဂါစု ( Retinitis pigmentosa) ဆိုတာ မျိုးရိုးလိုက်တယ်ဆိုတာ မှတ်သားထားပါ။ သင့်မိသားစုကျန်းမာရေးကို သိရှိနားလည်ထားတယ်ဆိုလျှင် သင့်အတွက် တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေရနိုင်ပါတယ်။ မျိုးရိုးဗီဇဆိုင် ရာ ဆွေးနွေးမှု နှင့် စမ်းသပ်မှုတွေ လုပ်ခြင်းဖြင့် သင့်ကလေးအတွက် ရောဂါဖြစ်ပွားနိုင်ချေရှိမရှိ သိနိုင်ပါတယ်။• သင့်မှာ အမြင်အာရုံပိုင်းဆိုင်ရာပြသနာများ ဥပမာ ညမမြင်ခြင်း သို့ ဘေးဘက်ခြမ်းအမြင်အာရုံပျောက်ဆုံးခြင်းတို့ရှိ လျှင် ဆရာဝန်နဲ့ ပြပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-diseases/retinitis-pigmentosa-%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%9c%e1%80%b6%e1%80%af%e1%80%b8-%e1%81%8f-%e1%80%bb%e1%80%99%e1%80%84%e1%80%b9%e1%80%9c%e1%82%8a%e1%80%ac%e1%80%80%e1%80%ad%e1%80%af/
တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် နေ့စဉ်တိုက်နေတဲ့ သွားတိုက်တံအကြောင်း
ခံတွင်းကျန်းမာရေးက လူတိုင်းအတွက်တော်တော်လေး အရေးပါတဲ့အရာပါ။ ခံတွင်းကျန်းမာရေးဆိုတဲ့နေရာမှာသွားနဲ့သွားဖုံးကျန်းမာအောင် ဂရုစိုက်ရသလို လူတိုင်းနဲ့ပြောဆိုဆက်ဆံရာမှာအသုံးပြုနေတဲ့ ခံတွင်းကနေ အနံ့ဆိုးတွေ မထွက်ဖို့ ဂရုစိုက်ရမှာကိုလည်းမေ့လို့ မဖြစ်ပြန်ပါဘူး။သွားနဲ့ ခံတွင်းကို ဂရုစိုက်တာကအပြုံးလေးကို လှပစေမှာဖြစ်သလိုလူမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာလည်း အဆင်ပြေမှာပါ။ သွားနဲ့ခံတွင်းဂရုစိုက်မှုရဲ့ ဇာတ်လိုက်တွေကသွားတိုက်ဆေးနဲ့သွားပွတ်တံတို့ပါ။ အခုဆောင်းပါးလေးထဲမှာတော့ ဒီဇာတ်လိုက်တွေထဲက သွားပွတ်တံအကြောင်းပြောပြမယ်နော်။သွားပွတ်တံတွေကတော့ရွေးချယ်စရာအများကြီးပါ။ တံဆိပ်အမျိုးမျိုးရှိသလို အရွယ်အစား၊ ပုံစံကွာခြားမှုတွေအမျိုးမျိုးပါပဲ။ ဒီထဲက မှအသင့်တော်ဆုံးဖြစ်မှာကိုရွေးချယ်ဖို့က ကိုယ့်မှာ တာဝန်အရှိဆုံးပါ။ သွားပွတ်တံ အသစ်ဝယ်ခါနီးတိုင်း ချိတုံချတုံ ဘာရွေးရမှန်းမသိတဲ့ HelloSayarwon ပရိသတ်တွေအတွက် သွားတိုက်တံရွေးနည်းလေးပြောပြပေးမယ်နော်။(၁) ပထမဆုံးအချက်က သွားတိုက်တံရွေးတဲ့အခါ သွားပွတ်တံမှာပါတဲ့ Brush ကိုခပ်ပျော့ပျော့လေးတွေ၊ ခပ်မာမာနဲ့ အရမ်းလည်း မပျော့အရမ်းလည်း မမာတာမျိုးကိုရွေးချယ်လို့ရပါတယ်။ သွားဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ သွားပွတ်တံရွေးချယ်တဲ့အခါ Brush ခပ်ပျော့ပျော့လေးတွေက သွားကြိုသွားကြားအထိ အစာအကြွင်းအကျန်လေးတွေကို ရှင်းပေးနိုင်တာကြောင့် အကောင်းဆုံးပါလို့ထောက်ခံ အကြံပြုထားကြပါတယ်။(၂) ဒုတိယအချက်က သွားပွတ်တံရွေးတဲ့အခါ အရမ်းကို Size ကြီးတဲ့အရာမျိုးကို မရွေးဖို့ပါ။ ဥပမာပြောရရင် ကားလိုပေါ့။ ကားသေးသေးလေးတွေဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ ဝင်ရထွက်ရလွယ်တယ်လေ။ သွားပွတ်တံရွေးတဲ့အခါလည်း ခပ်သေးသေးလေးကိုရွေးချယ်တာက သွားတွေကို ထိထိရောက်ရောက်သန့်ရှင်းပေးနိုင်ပြီး ခံတွင်းကိုနေရာလပ်မကျန် သန့်စင်ပေးနိုင်ပါတယ်။(၃) နောက်ဆုံးတစ်ချက်က သွားပွတ်တံရဲ့ ပုံစံပါ။ သွားတိုက်တံပုံစံဆိုတဲ့နေရာမှာလည်း သွားပွတ်တံရဲ့ ထိပ်ပိုင်းက စက်ဝိုင်း ပုံစံရှိသလို တြိဂံပုံစံ ခပ်လုံးလုံးလေးတွေလည်းရှိပါတယ်။နောက်တစ်မျိုးကတော့ သွားပွတ်တံထိပ်က ခပ်လုံးလုံးနဲ့ ခပ်ရှည်ရှည်ပုံစံပါ။ ဒီလိုပုံစံအမျိုးမျိုးထဲမှာမှ လက်ကိုင်ကလည်း ကိုင်ရအဆင်ပြေပြီး သွားပွတ်တံကလည်း ပါးစပ်ထဲထည့်လို့ အဆင်ပြေမယ့် အရွယ်အစားမျိုးက ပိုအဆင်ပြေပါတယ်။ ကိုယ့်သွားတွေရဲ့ ပုံစံနဲ့ အဆင်ပြေမယ့် သွားပွတ်တံပုံစံမျိုးကိုရွေးချယ်ဖို့ပြောပါရစေ။ သွားပုံစံတွေက တစ်ဦးနဲ့တစ်ဦးမတူနိုင်ပါဘူး။သွားပွတ်တံကို တိုက်လို့ရတဲ့အထိတိုက်တယ် လုံးဝတိုက်လို့မရမှ အသစ်လဲတယ်။ ပိုက်ဆံချွေတာရာရောက်တာပေါ့၊လို့တွေးနေလား။ ဒီအယူအဆက လုံးဝကို လွဲမှားနေပါတယ်။ သွားပွတ်တံကို ဘယ်လောက်ပဲကောင်းသေးတယ်ပြောပြော ၃ လတစ်ကြိမ်တော့ မဖြစ်မနေလဲလှယ်ပေးပါနော်။ သွားပွတ်တံအနားတွေဖွာလာတဲ့အခါ သွားနဲ့ခံတွင်းသန့်ရှင်းမှုမှာ ထိရောက်မှုမရှိတော့ဘဲ မလိုလားအပ်တာတွေဖြစ်လာနိုင်ပါတယ်။ တကယ်လို့သင့်အနေနနဲ့တုပ်ကွေးတွေဘာတွေဖြစ်ပြီးပြန်ကောင်းလာတဲ့အခါ သုံးလက်စ သွားပွတ်တံကို လွှင့်ပစ်လိုက်ပြီး အသစ်လဲလှယ်လိုက်တာအကောင်းဆုံးပါ။ သွားပွတ်တံမှာ ရောဂါပိုးတွေ ကပ်ညှိနေပြီး နောက်တစ်ကြိမ် ထပ်မံဖျားနာတာမျိုး ဖြစ်နိုင်တာကြောင့်ပါ။ တကယ်လို့ သွားပွတ်တံက လဲထားတာ သိပ်မကြာသေးလို့ မပစ်ချင်ဘူးဆိုရင်လည်း သွားပွတ်တံကိုရေနွေးဆူဆူထဲမှာ ၁၅ မိနစ် နာရီဝက်လောက်စိမ်ထားပေးပါ။နေ့တိုင်းသွားတိုက်တာက သွားနဲ့သွားဖုံးတွေကျန်းမာစေဖို့အတွက် အဓိကကျတဲ့အချက်တစ်ခုပါ။ ဒီလိုပုံမှန် မနက်တစ်ကြိမ် ညနေတစ်ကြိမ် သွားတိုက်ပေးတာကသွားနဲ့ သွားဖုံးရောဂါတွေကို ကာကွယ်ပြီးသားဖြစ်သွားမှာပါ။နောက်တစ်ချက်က ညစဉ် အိပ်ရာမဝင်ခင်မှာ သွားတိုက်ပေးတဲ့သူတွေမှာနှလုံး‌ေရာဂါဖြစ်နိုင်ခြေနည်းတယ်၊ လို့ သုတေသနပြုချက်တွေအရသိရပါတယ်။ အသက်ကြီးတဲ့အထိ သွားကောင်းကောင်းနဲ့အစားအစာတွေကိုကောင်းကောင်းဝါးနိုင်ဖို့ဆိုရင် သွားပွတ်တံကို မှန်ကန်စွာရွေးချယ်ပြီး အချိန်မှန်လဲလှယ်ပေးပါ။ နောက်တစ်ချက်ကနေ့စဉ် မနက်တစ်ကြိမ် ညတစ်ကြိမ် သွားမှန်မှန်တိုက်ပေးပါ။တစ်သက်တာလုံးအသုံးပြုရမယ့် သွားတွေကျန်းမာဖို့ဆိုရင် သွားပွတ်တံကိုသေသေချာချာရွေးချယ်ဖို့လိုမှာပါ။ သွားပွတ်တံတွေကိုရွေးချယ်ဝယ်ယူတဲ့အခါ သွားကြိုသွားကြားမကျန် သန့်ရှင်းပေးနိုင်မယ့် Brush နုနုလေးနဲ့ သွားပွတ်တံသေးသေးလေးကိုရွေးချယ်ဝယ်ယူဖို့လိုပါမယ်။ ဒါကြောင့် သွားကောင်းကောင်းနဲ့ အစားကောင်းကောင်းစားချင်တယ်ဆိုရင် သွားပွတ်တံကောင်းကောင်းလေးရွေးချယ်ဝယ်ယူတတ်ဖို့ လိုမယ်နော် ……။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/the-right-toothbrush/
ရင်သားဖွံ့ထွားနေတဲ့ အမျိုးသားများ ဖတ်ရန်
ရင်သား ဖွံ့ထွားတာက အမျိုးသမီးတွေအတွက် အလှတရား ဆိုပေမယ့် အမျိုးသားတွေအတွက်ကတော့ ရင်သားဆူဆူ ဖွံ့ဖွံ့ထွားထွားက အလှတရားတော့ ဟုတ်မနေဘူးပေါ့။ အလှတရားမဟုတ်တဲ့အပြင် တစ်ခါတလေမှာ ဒါက ရောဂါတစ်ခုခုကို ပြနေတဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။  ဒါကြောင့် ရင်သားဖွံ့ထွားနေတဲ့ အမျိုးသားများ ဖတ်ရန် ဆောင်းပါးလေးကို ဖော်ပြပေးလိုက်တယ်နော်။ဟော်မုန်းတွေဆိုတာက ဂလင်းတွေနဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကက ထုတ်ပေးလိုက်တဲ့ ဓာတုပစ္စည်းတွေပါ။ သူတို့က ဆဲလ်အဖြစ် လုပ်ဆောင်ပေးသလို သွေးတွေကနေတဆင့် အရေပြားဆီကို ရောက်ရှိသလို ကြွက်သားတွေနဲ့ ခန္ဓာကိုယ် စနစ် အားလုံးဆီကို ပို့ဆောင်ပေးပါတယ်။ ဟော်မုန်းတွေက နည်းသွားတာ ဒါမှမဟုတ် များသွားတာက ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုတွကို ထိခိုက်စေနိုင်ပါတယ်။အမျိုးသားတွေမှာ ဟော်မုန်းတွေ မျှခြေပျက်သွားချိန်မှာ ရင်သားက ပုံမှန် မဟုတ်ဘဲ ဆူထွားတာကို ဖြစ်စေနိုင်ပါတယ်။ရင်သား ဖွံ့ထွားနေတယ်ဆိုတာက အမျိုးသားတွေရဲ့ နို့ရည်ပြုဂလင်းတွေ ကြီးထွားလာတဲ့ အခြေအနေ တစ်ရပ်ပါ။ ဒီအခြေအနေကို အရွယ်ရောက်ပြီးတဲ့ အမျိုးသား ၇၀% လောက်မှာ ခံစားရနိုင်သလို အသက် ၄၀ ကျော် အမျိုးသားတွေမှာလည်း ၃၀%လောက် ခံစားရနိုင်ပါတယ်။အမျိုးသားတွေမှာ ရင်သားဖွံ့ထွားနေရတဲ့ အကြောင်းအရင်းကတော့ –။ဒါ့ပြင် မွေးစကလေးငယ်တွေမှာ မိခင်ဆီက အီစထရိုဂျင်ဟော်မုန်းရထားတာကြောင့် ခဏလောက် ရင်သားဆူနိုင်သလို အသက်ကြီးလာတဲ့အမျိုးသားတွေမှာလည်း တက်စတိုစတီရုန်း နည်းသွားတာကြောင့် ဖြစ်နိုင်ပါတယ်။>> သတိထားရမယ့် အစားအစာတွေ။အမျိုးသားတွေမှာရင်သားတွေဖွံ့ထွားလာတာကို ဖြစ်စေနိုင်တဲ့ နောက်ထပ် အချက်တစ်ခုက နေ့စဉ် အစားအသောက်ပါ။ ဒါကြောင့် သတိထား ရှောင်ရမယ့် အစားအစာတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ အဓိကကတော့ အီစထရိုဂျင်ပါတဲ့ အစားအစာတွေ၊ ဟော်မုန်းစနစ်ကို ထိခိုက်စေနိုင်တဲ့ အစားအစာတွေပါ။သတိထားရမယ့် အစားအစာတွေကတော့ –။အမျိုးသားတွေမှာ ရင်သားထွားတာကို ဖြစ်နိုင်ခြေ လျှော့ချဖို့ စားပေးသင့်တာလေးတွေကတော့ –။ဝလို့၊ အသက်ကြီးလာလို့ ဟော်မုန်းအပြောင်းအလဲ‌ကြောင့် ဖြစ်တာဆိုရင်တော့ မဖြစ်မနေ ကုသစရာ မလိုပါဘူး။ ရင်သားဆူတာက ကိုယ့်အတွက်လည်း စိတ်အနှောင့်အယှက်လည်း မဖြစ်ဘူးဆိုရင်ပေါ့။တကယ်လို့ ဆေးတစ်မျိုးမျိုး သောက်ပြီးမှ ဖြစ်တာဆိုရင်တော့ ဆရာဝန်နဲ့ ပြန်တိုင်ပင်ပြီး ဆေးပြောင်းနိုင်ပါတယ်။ရင်သားဆူတာအပြင် တခြားသော လက္ခဏာတွေ (ဥပမာ ဖောတာ၊ အသားဝါတာ)ရှိနေရင်တော့ အသည်းရောဂါဖြစ်နိုင်လို့ ဆရာဝန်နဲ့ ပြသစစ်ဆေးပါ။ တခြားသော ဟော်မုန်းရောဂါတွေမှာလည်း ရင်သားဆူတာ ဖြစ်တတ်သေးတော့ ထူးခြားတဲ့ လက္ခဏာတစ်ခုခုနဲ့ တွဲနေရင် ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။ဒါတွေအပြင်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-hormone-issues/foods-that-cause-man-breasts/
မယ်လတိုနင် ကြွယ်ဝတဲ့ အစားအစာများ
အိပ်စက်ခြင်းကို စိတ်ဝင်စားတဲ့သူ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ဘယ်လိုလုပ်ရမလဲလို့ ရှာဖွေနေတဲ့သူတွေဆို မယ်လတိုနင်အကြောင်းကို သိထားပြီးသားဖြစ်မှာပါ။ မယ်လတိုနင်ဆိုတာ အိပ်စက်ခြင်းကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းပါ။ ဒီဟော်မုန်းကို အစားအစာတွေကနေလည်း ရနိုင်ပါတယ်။ အိပ်ခါနီးအချိန်မှာ မယ်လတိုနင် ကြွယ်ဝတဲ့ အစားအစာများ ကို စားပေးတာကနှစ်ခြိုက်စွာ အိပ်ပျော်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။မယ်လတိုနင်ဆိုတာ ပင်နီရယ်ဂလင်းလို့ခေါ်တဲ့ ဦးနှောက်ထဲက ဂလင်းကနေ ထွက်လာတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။နေဝင်လာပြီ၊ မှောင်လာပြီဆိုရင် ခန္ဓာကိုယ်က အချက်ပြလိုက်တာကြောင့် မယ်လတိုနင်ဟော်မုန်းထွက်လာပြီး အိပ်ဖို့ စပြီး ပြင်ဆင်ပါတော့တယ်။ များသောအားဖြင့်တော့ ည၉နာရီ ဝန်းကျင်လောက်မှာပါ။ မယ်လတိုနင်ဟော်မုန်းတွေ သွေးထဲမှာ များလာပြီဆိုရင်တော့ လူက တဖြည်းဖြည်း အိပ်ငိုက်လာမှာပါ။ပြီးရင်တော့ မနက်လင်းပိုင်းလောက် ရောက်ရင် တဖြည်းဖြည်း ပြန်နည်းလာတာကြောင့် လူက အိပ်ရာက နိုးလာပြီး လန်းလန်းဆန်းဆန်း ဖြစ်လာပါတယ်။ ဒါက မယ်လတိုနင်ရဲ့ အလုပ်လုပ်ပုံပါ။မယ်လတိုနင်က အိပ်ဆေးလိုမျိုး သောက်လိုက်တာနဲ့ အိပ်စေတာမျိုး မဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ဇီဝနာရီလို့ ခေါ်တဲ့ ဘယ်အချိန်မှာတော့ အိပ်သင့်ပြီ၊ ဘယ်အချိန်မှာတော့ ထသင့်ပြီဆိုတာကို ပတ်ဝန်းကျင်အခြေအနေပေါ် မူတည်ပြီး အချက်ပြပေးတာ ဖြစ်ပါတယ်။ခရီးခဏခဏ သွားပြီး အိပ်ချိန်အပြောင်းအလဲ ဖြစ်တဲ့သူတွေ၊ ညဘက်တွေ ဖုန်းသုံးတာ၊ အလုပ်လုပ်တာကြောင့် အိပ်ချိန်မမှန်တဲ့သူတွေမှာဆို ဒီဇီဝနာရီက ပျက်သွားတာကြောင့် အိပ်မပျော်တာ၊ အိပ်ရခက်တာတွေ ဖြစ်လာပါတယ်။ဒါတွေကို ဖြေရှင်းဖို့ဆိုရင် ကိုယ်တွင်းက မယ်လတိုနင်ကို ပြန်ချိန်ညှိရပါတယ်။ မယ်လတိုနင်ကို ချိန်ညှိတဲ့အခါ ဖြည့်စွက်အားဆေးတွေသောက်လို့ ရသလို သဘာဝအစားအစာတွေကိုလည်း စားပေးလို့ ရပါတယ်။မယ်လတိုနင်က တခြားအာဟာရတွေကို တစ်နေ့ကို ဘယ်လောက်ပမာဏ စားရမယ်ဆိုတာမျိုးတော့ မရှိပါဘူး။ ဘယ်အစားအစာတွေမှာ မယ်လတိုနင် ဘယ်လောက်ပါတယ်ဆိုတာကို အတိအကျ တိုင်းတာထားတာမျိုးလည်း မရှိပါဘူး။အားဆေးတွေ ဆိုရင်တော့ တစ်ရက်ကို ၀.၅-၃ မီလီဂရမ်လောက် သောက်ကြပါတယ်။ အစားအစာတွေမှာ အတိအကျ တိုင်းတာထားတာ မရှိတဲ့အတွက် သင့်တင့်တဲ့ ပမာဏစားရင် အန္တရာယ် မရှိပါ။မယ်လတိုနင် ကြွယ်ဝတဲ့ အစားအစာများကတော့။ကြက်ဥ၊ ဘဲဥ စတာတွေက ဝယ်ရလွယ်သလို မယ်လတိုနင်လည်း ပါပါတယ်။ အပိုဆောင်းအနေနဲ့ ပရိုတင်း၊ သံဓာတ်၊ တခြားဗီတာမင်နဲ့ သတ္တုဓာတ်တွေပါ ပါဝင်ပါတယ်။ငယ်ငယ်တုန်းက အိပ်မပျော်ဘူးလို့ ‌ပြောရင် လူကြီးတွေက နွားနို့ပူပူလေး သောက်ပြီး အိပ်ခိုင်းတယ်ဟုတ်။ တကယ်လည်း နွားနို့မှာ မယ်လတိုနင် ပါဝင်တာကြောင့် အိပ်ပျော်စေပါတယ်။ထူးထူးခြားခြား ညဘက်မှာ ညှစ်တဲ့ နွားနို့က မယ်လတိုနင် ပိုပါပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ လူတွေလိုမျိုး သူတို့ကလည်း ညဘက်မှာ မယ်လတိုနင် ထွက်လို့ပါ။ဒါပေမဲ့ ညဘက်မှာ တကူးတကကြီး နွားနို့ထညှစ်စရာ မလိုပါဘူး။ နေ့ပဲညှစ်ညှစ် ညပဲညှစ်ညှစ် နွားနို့ဆိုတည်းက မယ်လတိုနင် ပါသွားပြီမို့လို့ပါ။အစေ့အဆန်တွေ အထူးသဖြင့်Pistachios(ရင်ကွဲစေ့လို့ ခေါ်ကြမယ်ထင်တယ်)နဲ့ အယ်မွန်စေ့တွေမှာ မယ်လတိုနင် ပါဝင်မှု များပါတယ်။ တစ်ခုရှိတာက အစေ့တွေကို လှော်လို့တော့ မရပါဘူးတဲ့။ လှော်လိုက်ရင် မယ်လတိုနင်တွေ နည်းသွားလို့ပါတဲ့။အဆီပါတဲ့ ဆယ်မွန်တို့၊ တူနာတို့က မယ်လတိုနင် ကြွယ်ဝရုံတင် မကပါဘူး။ ဗီတာမင် B6၊ အိုမီဂါသရီးဖက်တီးအက်စစ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင်ဒီတွေပါ ကြွယ်ဝတာကြောင့် အိပ်ပျော်ဖို့ အထောက်အကူ ဖြစ်ပါတယ်။ဒီအစားအစာတွေက မယ်လတိုနင် ကြွယ်ဝလို့ အိပ်စက်ခြင်းကို အထောက်အကူ ဖြစ်နိုင်တယ်ဆိုပေမယ့် အလွန်အကျွံစားတာ၊ အိပ်ခါနီးအချိန်နဲ့ ကပ်စားတာတွေ မလုပ်သင့်ပါဘူး။ ဘာပဲစားစား အိပ်ချိန်နဲ့ နှစ်နာရီ ခွာစားသင့်ပါတယ်။မယ်လတိုနင် ကြွယ်ဝတာတွေ စားပြီး အိပ်ပျော်အောင် ကြိုးစားသလိုပဲ တစ်ဖက်မှာလည်း အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေမယ့် အစားအစာတွေကို ရှောင်ဖို့ လိုပါတယ်။ဒါ့ပြင်Sleep hygieneလို့‌ခေါ်တဲ့။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/melatonin-rich-foods/
အဆုတ်ကင်ဆာရောဂါအဖြေရှာစစ်ဆေးခြင်း
သင့်ထံတွင် အဆုတ်ကင်ဆာ၏ရောဂါလက္ခဏာများခံစားနေရသည်ဟု သံသယရှိပါက ဆရာဝန်နှင့် ရက်ချိန်းယူကာပြသပါ။ထိုအခါ ဆရာဝန်က သင့်ရောဂါရာဇဝင်၊ ရောဂါဖြစ်နိုင်ချေနှင့် စစ်ဆေးမှုများပြုလုပ်ပြီး လိုအပ်သော စစ်ဆေးမှုများထပ်လုပ်ရန်လိုအပ်ပါက အထူးကုဆရာဝန်ထံလွှဲပေးလိမ့်မည်။အဆုတ်ကင်ဆာကို အဖြေရှာသော စစ်ဆေးမှုများသည် နက်နဲနိုင်သော်လည်း ယေဘူယျစစ်ဆေးမှုများက အကျိုးရှိမရှိဆေးပညာအသိုင်းအဝိုင်းတွင် စဉ်းစားစရာ တခုဖြစ်နေသည်။ အချို့ကရောဂါသည်းနေသည့်တိုင် လက္ခဏာမပြသူများရှိသည်။ ထိုသူများအတွက် စစ်ဆေးမှုများပြုလုပ်ခြင်းသည် ရောဂါကိုစောလျင်စွာသိနိုင်ပြီး ကုသနိုင်သည့်အတွက် လူနာအတွက် အကျိုးရှိစေနိုင်သည်။ထို့ကြောင့် သင့်တွင် အဆုတ်ကင်ဆာဖြစ်နိုင်ခြေများလျှင် သင့်ဆရာဝန်က ဆေးစစ်ချက်များပြုလုပ်ရန် ထောက်ခံလိမ့်မည်။သင့်ဆရာဝန်က သင့်ကို အသက်ရှုသံ၊ နှလုံးခုန်သံနားထောင်ခြင်း၊ နှလုံးခုန်နှုန်းစစ်ဆေးခြင်း၊ အသည်းနှင့် ပြန်ရည်ကြောဖုများရောင်ရမ်းခြင်းကို စစ်ဆေးခြင်း စသည်တို့ ကိုပြုလုပ်ပြီး အဆုတ်ကင်ဆာ၏ရောဂါလက္ခဏာများခံစားနေရသည်ဟု သံသယရှိပါက အထူးကုဆရာဝန်ထံလွှဲပေးလိမ့်မည်။စစ်ဆေးနိုင်သောနည်းလမ်းများစွာရှိပါသည်။ကွန်ပျူတာဓါတ်မှန်သည် သင့်ခန္ဓါကိုယ်ပတ်ပတ်လည်တွင် စက်ဖြင့်ပုံရိပ်များစွာကို ရိုက်ကူးနိုင်သောစက်ဖြစ်သည်။ ထိုဓါတ်မှန်သည် သင့်တွင်ဖြစ်နေသော အကြိတ်၏ ပုံစံ၊ အရွယ်အစားနှင့် တည်နေရာတို့ကို ကောင်းမွန်စွာပြပေးနိုင်သည်။ပါးလွှာပြီး သေးငယ်သည့် မှန်ပြောင်းကို ပါးစပ်သို့မဟုတ် နှာခေါင်းမှ တဆင့် အဆုတ်ထဲရှိ လေပြွန်ငယ်လေးများအတွင်းသိုကထဲ့ကာ ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။ ထိုမှတဆင့် အသားယူပြီးလည်းစစ်ကြည့်နိုင်သည်။သလိပ်နှင့် ချွဲများကို ဓါတ်ခွဲခန်းသို့ပို့ပြီး ကင်ဆာဆဲလ်များရှိမရှိ စစ်နိုင်သည်။ပုံရိပ်စစ်ဆေးမှုများမှတဆင့် အဆုတ်တွင်းရှိ အကြိတ်များကို မြင်နိုင်သော်လည်း ကင်ဆာကြိတ်ဟုတ်မဟုတ်မသိနိုင်ပါ။ ထိုအခါ သင့်ဆရာဝန်က အဆုတ်တွင်းရှိအသားစကိုယူကာ ကင်ဆာဆဲလ်များရှိမရှိသိရန် အသားစကို ရောဂါဗေဒဆရာဝန်ထံ ပို့လိမ့်မည်။အဆုတ်အသားစယူသည့် နည်းများစွာရှိပါသည်။အပ်ရှည်ဖြင့် အဆုတ်ဖုံးမြှေး ၂လွှာကြားရှိ အရည်ကို ဖောက်၍်စစ်ဆေးခြင်းဖြစ်သည်။သေးငယ်သော အပ်ဖြင့် အဆုတ်နှင့် ပြန်ရည်ကြောဖုမှ အသားစယူခြင်းဖြစ်သည်။သင့်ရင်ဘတ်နှင့် ကျောတွင် အနည်းငယ်ခွဲစိတ်လှီးဖြတ်ပြီး အဆုတ်တစ်သျူးများကို မှန်ပြောင်းဖြင့်ယူပြီး စစ်ဆေးခြင်းဖြစ်သည်။သင့်နံရိုးပေါ်တွင် အနည်းငယ်ခွဲစိတ်လှီးဖြတ်ပြီး အဆုတ်တစ်သျူးများနှင့်ပြန်ရည်ကြောဖုများကို မှန်ပြောင်းဖြင့်ယူပြီး စစ်ဆေးခြင်းဖြစ်သည်။ရင်ခေါင်းကို ခွဲစိတ်ပြီး အဆုတ်တစ်သျူးများနှင့်ပြန်ရည်ကြောဖုများကို ယူပြီးစစ်ဆေးခြင်းဖြစ်သည်။အဆုတ်ပြွန်ငယ်များအတွင်းသို့ကြည့်သော မှန်ပြောင်းမှတဆင့် အသံလှိုင်းကို အသုံးပြုကာ အကြိတ်များကို ပုံဖော်ခြင်းဖြစ်သည်။ ထိုမှတဆင့် အသားစလည်းယူနိုင်သည်။အဆုတ်ကင်ဆာသည် မည်သည့် နေရာများသို့ ပြန့်နှံ့နေသည်ကို သိရှိရန် အောက်ပါနည်းလမ်းများဖြင့်စစ်ဆေးနိုင်ပါသည်။ထိုနည်းသည် ဓါတ်ရောင်ခြည်ကို မသုံးဘဲ သံလိုက်စက်ကွင်းဖြင့် ပုံရိပ်များကို ဖမ်းယူခြင်းဖြစ်သည်။ ဦးနှောက်နှင့် ပင်မကျောရိုးကို ပြန့်သွားသည်ဟု သံသယရှိသော လူနာများတွင်ထိုနည်းကို အသုံးပြု၍စစ်ဆေးသည်။ထိုနည်းသည် သကြားဓါတ်ပါဝင်သော ရေဒီယိုသတ္တိကြွ ပစ္စည်းတမျိုးကို သင့်ခန္ဓါကိုယ်တွင်းသို့ထုတ်လွှတ်ပြီးစစ်ဆေးခြင်းဖြစ်သည်။ ကင်ဆာဆဲလ်များသည် ထိုသကြားဓါတ်ကို စုပ်ယူသောနေရာများတွင် 3D ပုံရိပ်ဖြင့် ပုံဖော်ပေးသည်။ထိုနည်းသည် သွေးပြန်ကြောထဲသို့ ရေဒီယိုသတ္တိကြွ ပစ္စည်းတမျိုးကိုထိုးသွင်းခြင်းဖြင့် အဆိုပါ ရေဒီယိုသတ္တိကြွ ပစ္စည်းတမျိုးသည် ကင်ဆာပြန့်နေသော အရိုးနေရာတွင် စုပုံနေလိမ့်မည်။ အရိုးကို ပြန့်သွားသည်ဟု သံသယရှိသော လူနာများတွင်ထိုနည်းကို အသုံးပြု၍စစ်ဆေးသည်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/lung-cancer-cancer/%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%ba%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%a1%e1%80%96%e1%80%bc%e1%80%b1%e1%80%9b%e1%80%be%e1%80%ac-3/
အမျိုးသားထုကြီးအတွက် လိင်တံကြီးစေဖို့ လေ့ကျင့်ခန်း ၅ ခု
အရွယ်ရောက်ပြီးတဲ့ အမျိုးသားတွေမှာ ဆန္ဒတစ်ခု ရှိပါတယ်။ ဒါကတော့ သင့်တော်တဲ့ အရွယ်အစား ရှိတဲ့ လိင်တံ ပိုင်ဆိုင်ချင်တာပါ။ ဒါကလည်း လိင်တံ အရွယ်အစားကနှစ်ကိုယ်ကြား ဆက်ဆံရေးမှာလည်း ကောင်းမွန်တဲ့ အခိုက်အတန့်ကို ပေးစွမ်းနိုင်တယ်လို့ ယုံကြည်ကြတာ‌ကြောင့်ပါ။ ဒါကြောင့်အမျိုးသားထုကြီးက လိင်တံကြီးစေဖို့ နည်းလမ်းတွေကို ရှာနေကြတာပေါ့။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ အမျိုးသားထုကြီးအတွက် လိင်တံကြီးစေဖို့ လေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။အမျိုးသားထုကြီးအနေနဲ့လိင်တံကြီးစေဖို့လေ့ကျင့်ခန်း လုပ်ပေးလို့ ရလားဆိုတော့ ရပါတယ်။ ဒါပေမဲ့ ဒါက ယာယီပဲ ကြီးစေတယ်ဆိုတာကို သိထားဖို့တော့ လိုပါတယ်။ ခုပြောမယ့် လေ့ကျင့်ခန်းတွေက လိင်တံဆီကို သွေးလည်ပတ်မှုကောင်းစေတာကြောင့် လိင်တံကြီးသယောင်ယောင် ဖြစ်စေပါတယ်။ကဲ ….. လိင်တံကြီးစေဖို့ ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။အမျိုးသားထုကြီးအတွက် လိင်တံကြီးစေဖို့ လေ့ကျင့်ခန်း တွေကတော့ –။ဒီလေ့ကျင့်ခန်း  လုပ်တဲ့အခါ ပုံမှန်အတိုင်း လုပ်ဆောင်လို့ ရသလိုချောဆီသုံးပြီး လိင်တံကို ညင်သာစွာ နှိပ်နယ်ပေးလို့လည်း ရပါတယ်။ ဒီလို လုပ်ပေးတာက လိင်တံကို သွေးစီးဆင်းမှုကောင်းစေလို့ ကြီးသယောင်ယောင် ဖြစ်စေပါတယ်။ဒါကတော့ ကိရိယာသုံးပြီး လုပ်ဆောင်ရတဲ့ လေ့ကျင့်ခန်းပါ။ ပြောင်းဆွဲတဲ့ လေ့ကျင့်ခန်းကို လုပ်ဆောင်ဖို့အတွက် ပြောင်း လိုအပ်ပါတယ်။ ဒီကိရိယာက လိင်တံကို ရှည်စေဖို့ရော ထောင်မတ်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒီလုပ်ဆောင်မှုကလိင်တံထောင်မတ်နိုင်စွမ်းမရှိတဲ့သူတွေမှာပါ ထိရောက်မှု ရှိစေတဲ့ လေ့ကျင့်ခန်းပါ။ဒီလေ့ကျင့်ခန်း  လုပ်ဆောင်ဖို့အတွက်ဆိုရင် အရင်ဆုံး လိင်တံမှာ ထိခိုက်တာမျိုး မဖြစ်စေဖို့ ချောဆီ လိမ်းပေးပါ။ ပြီးရင်တော့ ပြောင်းဆွဲတဲ့ ကိရိယာထဲကို လိင်တံ ထည့်ပြီး ကိရိယာကို ဖွင့်ပြီး မိနစ် အနည်းငယ်လောက် လုပ်ဆောင်ပေးပါ။ ပြောင်းနဲ့ လိင်တံကြီးအောင် လုပ်ပြီးရင် သွေးတွေ ပြန်ဝင်မသွားအောင် လိင်တံစွပ်ကွင်းနဲ့ ထိန်းထားလိုက်ပါ။ဒီနည်းလမ်းက ယာယီပဲ ကြီးစေတာကြောင့် လိင်ဆက်ဆံခါနီးမှ ပြုလုပ်သင့်ပါတယ်။ လိင်ဆံစွပ်ကွင်းကို အကြာကြီးစွပ်ထားတာကို ရှောင်သင့်ပါတယ်။ဒီလေ့ကျင့်ခန်းက အမျိုးသားတွေ အာသာဖြေနဲ့ ပုံစံနဲ့ အလားတူပါတယ်။ လက်ညှိုးနဲ့ လက်မကို အဝိုင်းပုံစံလုပ်ပြီး လိင်တံကို အရင်းကနေ အဖျားအထိ ဖြည်းဖြည်းချင်းဆီ ညှစ်ပေးတာပါ။ ပြီးရင် အဖျားကနေ အရင်းအထိ အပြန်အလှန် ညှစ်ပေးရမှာပါ။ တစ်ရက်ကို တစ်ကြိမ်၊ မိနစ် ၂၀ခန့် လုပ်ပေးနိုင်ပါတယ်။လိင်တံအာသာဖြေတာနဲ့ တူတဲ့အတွက် လိင်တံထောင်မတ်ဖို့၊ ကြီးသယောင်ယောင် ဖြစ်ဖို့ အထောက်အကူ ဖြစ်နိုင်ပါတယ်။ဒီလေ့ကျင့်ခန်းက လိင်တံကို ကြီးစေတာ မဟုတ်ပေမယ့် တင်ပဆုံ ကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။ ဒါကြောင့် နှစ်ကိုယ်ကြား ဆက်ဆံရေးမှာပါအိမ်ထောင်ရေး သုခပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။လုပ်နည်းကတော့ ဆီးသွားနေချိန်မှာ ကြွက်သားကို ညှစ်ပြီး ဆီးသွားတာကို ရပ်လိုက်ပါ။ အဲ့ဒီ ကြွက်သားတွေကို မှတ်ထားပါ။ ဆီးမသွားတဲ့ အချိန်မှာ အဲ့ဒီကြွက်သားတွေကို ကျုံ့လိုက် လျှော့လိုက်နဲ့ ၁၀ကြိမ်လောက် လုပ်ပေးပါ။ အဲ့တာကို တစ်နေ့ ၃ကြိမ် လုပ်ပေးပါ။ ဆီးသွားချိန်မှာတော့ မလုပ်ရပါ။လိင်တံ တကယ်ကြီးတယ်လို့ အာမခံနိုင်တဲ့ နည်းလမ်းရယ်လို့ မရှိသေးပါ။ ဒီလေ့ကျင့်ခန်းလေးတွေက လိင်တံကို ယာယီတော့ ကြီးစေနိုင်ပါတယ်။ ဒါကြောင့်နှစ်ကိုယ်ကြား ဆက်ဆံရေးမှာလည်း ကောင်းမွန်တဲ့ အတွေ့အကြုံလေးတွေကို ဖန်တီးနိုင်မှာပါ။# ကိုယ်တိုင်စစ်ဆေးကြည့်လိုက်ပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/exercise-for-penis-enlargement/
အသက် ၄၀ ကျော်အမျိုးသားတိုင်း လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုများ
ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်တယ်ဆိုတာ ရောဂါကုသရေးမှာ အရေးအကြီးဆုံးနဲ့ အလွယ်ကူဆုံးအဆင့်တစ်ခု ဖြစ်ပါတယ်။ ရောဂါတိုင်းက စောစောရှာဖွေနိုင်လေ ပျောက်ကင်းအောင်ကုသဖို့လွယ်ကူလေဖြစ်တဲ့အတွက် ကျန်းမာရေးကြိုတင် စစ်ဆေးမှုတွေကို တစ်ခုခုနေထိုင်မကောင်းဖြစ်မှ မဟုတ်ဘဲ နှစ်စဉ် (ဒါမှမဟုတ်) နှစ်အပိုင်းအခြား တစ်ခုအလိုက်ပြုလုပ်ဖို့ လိုအပ်တာဖြစ်ပါတယ်။ အခုတစ်ခေါက်မှာတော့ အသက် ၄၀ ကျော်အမျိုးသားတိုင်း လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုများ အကြောင်း ပြောပြချင်ပါတယ်။အသက် ၄၀ ကျော်အမျိုးသားတိုင်း လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုများ ကတော့။အသက် ၄၀ ကျော်အမျိုးသားတိုင်း အနည်းဆုံး တစ်နှစ်တစ်ကြိမ် သွေးပေါင်ချိန်တိုင်းသင့်ပြီး သွေးပေါင်ချိန်က အပေါ်သွေး ၁၂၀ နဲ့ အောက်သွေး ၈၀ မကျော်ရင်အကောင်း ဆုံးဖြစ်ပါတယ်။ အခုခေတ်မှာသွေးပေါင်ချိန် အလွယ်တကူတိုင်းလို့ရတဲ့စက်တွေလည်း ရှိနေပြီဖြစ်တဲ့အတွက် ကိုယ့်ဖာသာသွေးပေါင်ချိန်မှန်မှန်စစ်ဆေးသင့်ပါတယ်။ အဖြစ်များလာတဲ့သွေးတိုးရောဂါနဲ့နှလုံးသွေးကြောဆိုင်ရာပြဿနာတွေကို သွေးပေါင်ချိန်စစ်ဆေးပြီး ကြိုတင်ရှာဖွေနိုင်တဲ့အတွက် သွေးပေါင်ချိန်တိုင်းခြင်းက လွယ်ကူပြီးထိရောက်တဲ့ကျန်းမာရေးစစ်ဆေးမှုတစ်ခု ဖြစ်ပါတယ်။အနည်းဆုံး (၃) နှစ်တစ်ကြိမ်ဆီးချိုအတွက် HBA1c နဲ့ Lipid profile စစ်ဆေးမှုတွေပြုလုပ် သင့်ပြီး မိသားစုဆွေမျိုးထဲမှာ ဆီးချိုရောဂါဖြစ်တဲ့သူရှိရင်တော့ အသက် (၄၀) မပြည့်ခင်ထဲကစတင် စစ်ဆေးသင့်ပါတယ်။ကိုယ့်ကိုယ်ကို ဆီးချိုရောဂါရှိမှန်းမသိဘဲ နေထိုင်မိရင် နှလုံးပြဿနာ၊ ကျောက်ကပ်ပြဿနာ၊ လေဖြတ်ခြင်းလိုနောက်ဆက်တွဲ ပြဿနာတွေခဏလေးနဲ့ခံစားရနိုင်ပါတယ်။ သွေးတွင်းအဆီဓာတ်တွေများနေရင်တော့ သွေးကြောထဲမှာ အဆီတွေပိတ်လာပြီး နှလုံးသွေးကြောနဲ့ လေဖြတ် ရောဂါခံစားရဖို့များပါတယ်။အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ HIV နဲ့ ကာလသားရောဂါပိုးစစ်ဆေးခြင်း တွေကို ကိုယ့်ရဲ့နေထိုင်မှုပုံစံနဲ့ အလုပ်အကိုင်အပေါ်မူတည်ပြီး မကြာခဏစစ်ဆေးသင့်ပါတယ်။ တကယ်လို့ ကိုယ်က ပျော်တတ်ပါးတတ်တယ် (ဒါမှမဟုတ်) လိင်တူချစ်သူတစ်ယောက် ဖြစ်နေခဲ့တယ်ဆိုရင် ကူးစက်ရောဂါရှိနေဖို့ ပိုအခွင့်အလမ်းများပါတယ်။ အပေါ်က ကူးစက်ရောဂါ (၄) ခုစလုံးကို ထိန်းချုပ်နိုင်တဲ့ ဆေးဝါးတွေပေါ်နေပြီဖြစ်တဲ့အတွက် စောစောသိလေ ရောဂါကို ပိုကောင်းကောင်းထိန်းချုပ်နိုင်လေပါဘဲ။အရင်တုန်းက အသက်(၅၀) ကျော်မှဖြစ်ပွားနိုင်တယ်လို့ ယူဆခဲ့ကြပေမယ့် (၄၀) ကျော်လောက်နဲ့ အူမကြီးကင်ဆာဖြစ်ပွားသူတွေ တွေ့နေရပါပြီ။ လက်ရှိအချိန်မှာ ဒုတိယသေဆုံးမှုအများဆုံး ကင်ဆာရောဂါလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူလည်း ကင်ဆာရောဂါဖြစ်လို့ အဆင့်နိမ့်ရင် ပိုပြီးကုသရလွယ်ကူပါတယ်။ အူမကြီးကင်ဆာကို စစ်ဆေးဖို့ အသုံးအများဆုံးနည်းကတော့ အူမကြီးမှန်ပြောင်းကြည့်စစ်ဆေးနည်းပါ။ အူမကြီးထဲမှာကင်ဆာဖြစ်ရင် တခြားအစိတ်အပိုင်းတွေကိုပါ ကင်ဆာဆဲလ်တွေပျံ့နှံ့သွားနိုင်တဲ့အတွက် စောစောရှာဖွေပြီး လိုအပ်တဲ့ကုသမှုလုပ်သင့်တဲ့ ရောဂါတစ်ခုလို့သတ်မှတ်ပါတယ်။ယောကျ်ားတွေမှာအဖြစ်အများဆုံးကင်ဆာထဲမှာ ဆီးကျိတ်ကင်ဆာပါဝင်ပါတယ်။ လျင်လျင်မြန်မြန်ပျံ့နှံ့တဲ့ ဆီးကျိတ်ကင်ဆာအမျိုးအစားတွေရှိသလို ဖြေးဖြေးချင်းကြီးထွားလာတဲ့ ကင်ဆာကျိတ်တွေလည်းရှိပါတယ်။ ဘယ်လိုပဲပြောပြော ဆီးကျိတ်ကင်ဆာကို ဘာလက္ခဏာမှမပြခင် စောစောတွေ့ပြီး ကင်ဆာမှုခံယူလိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။အဖြစ်နည်းတဲ့ကင်ဆာရောဂါတစ်ခုဖြစ်ပေမဲ့ မိသားစုဝင်တစ်ယောက်ယောက်မှာ ရောဂါရာဇဝင်ရှိနေရင်တော့ စစ်ဆေးမှုခံယူသင့်ပါတယ်။အသက် (၄၀) ကျော် အမျိုးသားတိုင်း အနည်းဆုံးတစ်နှစ်ကိုတစ်ကြိမ် မျက်စိစစ်ဆေးမှု ခံယူသင့်ပါတယ်။ ဒီလိုစစ်ဆေးပေးခြင်းက အမြင်ဝေဝါးမှုတွေကို ရှာဖွေပေးနိုင်ရုံသာမက မျက်လုံးတိမ်စွဲခြင်းလို ပိုအန္တရာယ်များတဲ့ မျက်စိပြဿနာတွေကိုပါကုသဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ဒီစစ်ဆေးမှုကတော့ မိသားစုထဲမှာရောဂါရာဇဝင်ရှိသူတွေ ပိုပြုလုပ်သင့်ပါတယ်။ နှလုံး၊ သွေးတိုးနဲ့ ဆီးချိုရောဂါလို နာတာရှည်ရောဂါတချို့က မျိုးရိုးလိုက်ပြီး ဖြစ်ပွားတတ်တဲ့အတွက် နှလုံးအထူးကု နဲ့ပြသပြီး လိုအပ်ရင် နှလုံးစက်ဆွဲခြင်း (ECG)၊ နှလုံးအက်ကိုးရိုက်ခြင်းတွေပြုလုပ်ပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။ နှလုံးမှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုခုတွေ့ရှိခဲ့ရင် လိုအပ်တဲ့ကုသမှုတွေ ဆက်ပြီးလုပ်ဆောင်ဖို့ပါ အကြံပေးချင်ပါတယ်။Dr.Htoo Tint။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/screening-tests-for-men/
အဆုတ်ကင်ဆာလက္ခဏာများ
အဆုတ်ကင်ဆာ ကနဦးအဆင့်များတွင် ရောဂါလက္ခဏာပြလေ့မရှိဘဲ ကင်ဆာဆိုးလာမှ ပြလေ့ရှိကြသည်။ သင်သည် အဆုတ်ကင်ဆာလက္ခဏာများ ကို သိထားပါက ပိုကောင်းပြီး ထိရောက်သော ကုသမှုများကို ပြုလုပ်နိုင်ပါသည်။အောက်ပါတို့သည်အဆုတ်ကင်ဆာ ၏ရောဂါလက္ခဏာများ ဖြစ်သည်။ကင်ဆာရောဂါသည်များတွင် တွေ့ရများသော လက္ခဏာများမှာ အောက်ပါတို့ဖြစ်သည်။ကင်ဆာသည်အခြားကိုယ်အင်္ဂါ အစိတ်အပိုင်းများသို့ပြန့်သွားသောအခါ တွေ့ရများသော လက္ခဏာများမှာ အောက်ပါတို့ဖြစ်သည်။ကင်ဆာရောဂါလက္ခဏာများ သည် ကင်ဆာဖြစ်သော နေရာအပေါ်မူတည်ပြီး အမျိုးမျိုးရှိနိုင်ပါသည်။ ဥပမာ- ကင်ဆာသည် ရင်ခေါင်းအလယ်တွင်ဖြစ်လျှင် ပင်မအသက်ရှုလမ်းကြောင်းနှင့် သွေးကြောများကိုဖိခြင်းကြောင့် အသက်ရှုမဝခြင်း၊ ချောင်းဆိုးခြင်းတို့ဖြစ်သည်။ကင်ဆာကြိတ်ဖိထားသောနေရာနောက်တွင်ဘက်တီးရီးယားနှင့် အရည်များစုပုံလာခြင်းကြောင့် နမိုးနီးယားအဆုတ်ရောင်ရောဂါဖြစ်လာသည်။ ကင်ဆာကြိတ်သည် အဆုတ်အပြင်ဘက်တွင်ရှိလျှင် အာရုံကြောများရှိသောနေရာဖြစ်သည့်အတွက် နာကျင်မှုကို ခံစားရသည်။နှလုံးနှင့် အဆုတ်အတွင်းပိုင်းနေရာများတွင် နာကျင်မှုကိုသိနိုင်သော အာရုံကြောများမရှိသည့်အတွက် ထိုနေရာများတွင် ကင်ဆာဖြစ်လျှင် ဂရုမပြုမိတတ်ပါ။အဆုတ်ကင်ဆာရောဂါလက္ခဏာများ သည် အခြားသောအခြေအနေများနှင့်လည်းတွဲနေနိုင်ပြီး ကင်ဆာဟုမထင်မှတ်မိခြင်းတို့ကြောင့် အဆုတ်ကင်ဆာသည် ကမ္ဘာပေါ်တွင်ဖြစ်သော ကင်ဆာရောဂါများထဲတွင် သေဆုံးမှုအများဆုံးဖြစ်လာရသည်။ အကြောင်းမှာ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း လူနာသည် နာကျင်မှုကို ခံစားရနိုင်ချေနည်းခြင်းကြောင့် ရောဂါကို စောစီးစွာ မသိရှိနိုင်ခြင်းပင်ဖြစ်သည်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/lung-cancer-cancer/%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%ba%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%9c%e1%80%80%e1%80%b9%e1%80%81%e1%80%8f%e1%80%ac%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-2/
ကုက္ကိုလ်က အရိပ်ရရုံပဲလား
ကုက္ကိုလ်ဆိုရင်နွေရာသီမှာ အရိပ်ကောင်းကောင်းပေးနိုင်တဲ့ အပင်တစ်ပင်လို့ ပြေးမြင်မယ်ထင်ပါတယ်။ နွေပူပူမှာ ကုက္ကိုလ်ရိပ်က အေးမြမှုပေးတာ အမှန်ပါ။ ခရီးသွားရင် လမ်းမှာ တစ်ထောက်နားပြီး ထမင်းစားမိတာကလည်း ကုက္ကိုလ်ရိပ်အောက်မှာပဲ များတယ်နော်။ ကုက္ကိုလ်ပန်းလေးတွေကလည်း အဖြူလေးနဲ့ ပန်းရောင်လေးစပ်ထားတာဖြစ်ပြီး ချစ်ဖို့ကောင်းတာအမှန်ပါ။ ဒီလိုဆို ကုက္ကိုလ်က အရိပ်ရရုံပဲလား ၊ တခြားရော ဘယ်လိုအ‌ကျိုးကျေးဇူးတွေရှိလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။ကုက္ကိုလ်က အပူပိုင်းဒေသမှာပေါက်ရောက်တဲ့ အပင်တစ်မျိုးဖြစ်ပြီး အမြဲစိမ်းအပင်ပါ။ အပင်ကြီးဖြစ်လို့ အရိပ်ရစေနိုင်ပါတယ်။ ကုက္ကိုလ်ပင်က အာဖရိက၊ အာရှ၊ မက်ဒါဂါစကာ၊ အမေရိကနဲ့ သြစတြေးလျတို့မှာပေါက်ရောက်တဲ့ မျိုးရင်းပင်တစ်မျိုးပါ။ အရွက်စိမ်းစိမ်းစိုစို၊ အညိုရင့်ရင့် အသီးရှည်ရှည်လေးတွေနဲ့ ပန်းရောင်နဲ့ အဖြူရောင်စပ်တဲ့ အပွင့်လေးတွေ ပွင့်ပါတယ်။မြင်လွယ်တဲ့အပင်တစ်မျိုးပေါ့။ကုက္ကိုလ်ပင်က အရိပ်ရတယ်ဆိုတာထက်ပိုပါတယ်။ ကုက္ကိုလ်ပင်ကိုဆေးဖက်ဝင်အပင်အနေနဲ့ အသုံးပြုကြသလို အခြားအရာတွေအတွက်လည်း သုံးကြပါတယ်။စိတ်ဖိစီးမှုကို သက်သာစေနိုင်တယ်။ကုက္ကိုလ်မှာ quercetin၊ isoquercetin၊ saponinsနဲ့ polyphenols တို့လိုဒြပ်ပေါင်းတွေ ပါဝင်နေတာကြောင့်ဟော်မုန်းတွေကို ထိန်းညှိပေးပြီး အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပြီးစိုးရိမ်မှုတွေကို ပြေလျော့စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ အိပ်ပျော်စေနိုင်တဲ့ အာနိသင်ရှိပြီး ညဘက် အိပ်မပျော်သူတွေအတွက်လည်း အသုံးတည့်မှာပါ။စိတ်ဓာတ်ကျတာကို သက်သာစေနိုင်တယ်။အိပ်ပျော်စေနိုင်တယ်။အိပ်မရတဲ့သူတွေ၊ အိပ်မပျော်သူတွေအတွက်တော့ သဘာဝဆေးစွမ်းကောင်းပါ။ အာရုံကြောတွေနဲ့စိတ်ခံစားမှုတွေကို တည်ငြိမ်အေးချမ်းစေပြီး ညဘက်ကိုကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ဓာတ်မတည့်မှုတွေကို သက်သာစေနိုင်တယ်။ပန်းနာရင်ကျပ်ရှိသူတွေ၊ ဓာတ်မတည့်ရောဂါရှိသူတွေ၊ နာတာရှည်အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေကြောင့်အသက်ရှူလမ်းကြောင်းမှာ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ချောင်းဆိုး၊နှာချေမှုတွေကို သက်သာစေနိုင်ပါတယ်။ ဓာတ်မတည့်မှုကို တိုက်ဖျက်ပေးနိုင်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေတာကြောင့် အသက်ရှူလမ်းကြောင်းတလျှောက်မှာဖြစ်တတ်တဲ့ ဓာတ်မတည့်မှုကြောင့်နှာချေချောင်းဆိုးတာတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိတယ်။ကုက္ကိုလ်ရွက်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်ပါဝင်တာကြောင့် ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့free radicalsတွေကို တိုက်ထုတ်ပေးပါတယ်။ Free radicalsတွေကြောင့် ဆဲလ်တွေထိခိုက်ပျက်စီးတာ၊ကင်ဆာလိုမျိုး ကျန်းမာရေးပြဿနာတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။အရေပြားကျန်းမာစေနိုင်ပါတယ်။အရေပြားမှာ အနီကွက်တွေဖြစ်တာ၊ အညိုအမည်းစွဲတာ၊ ထိခိုက်ဒဏ်ရာတွေဖြစ်တာ၊ဝက်ခြံနဲ့ အခြားသောအရေပြားပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ အရေပြားဓာတ်မတည့်ဖြစ်မှုတွေအတွက်လည်း အသုံးပြုပေးလို့ရပါတယ်။အစာကြေစေနိုင်တယ်။အမျှင်ဓာတ်ပါဝင်မှုကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အူမကြီးနဲ့ အူတွေရဲ့ လှုပ်ရှားမှုကိုကောင်းမွန်စေပြီး ဝမ်းမှန်စေနိုင်ပါတယ်။ အစာခြေလမ်းကြောင်းမှာ ရောင်ရမ်းတာနဲ့ အခြားသောထိခိုက်မှုတွေအတွက်လည်း အထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။သွေးတွင်းကိုလက်စထရောကျဆင်းစေနိုင်ပါတယ်။ကုက္ကိုလ်ရွက်က သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး နှလုံးကျန်းမာစေနိုင်ပါတယ်။  သွေးတွင်းကိုလက်စထရောကျဆင်းမှုကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။လေဖြတ်တာနဲ့ ရုတ်ရက်နှလုံးရပ်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။အရိုးအဆစ်ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တာကြောင့် အရိုးအဆစ်တွေ နာကျင်ကိုက်ခဲမှုကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ လေးဖက်နာ၊ ဂေါက်ရောဂါရှိသူတွေအနေနဲ့ ကုက္ကိုလ်ရွက်ကို ကြိတ်ပြီး အဆစ်နာနေတဲ့နေရာမှာ အုံထားလိုက်ရုံပါ။ကုက္ကိုလ်က ကျန်းမာရေးအတွက် ကောင်းကျိုးများပေမယ့်။သာမန်သူတွေအနေနဲ့လည်းအလွန်အကျွံအသုံးပြုတာကို ရှောင်ကြဉ်သင့်ပါတယ်။ကုက္ကိုလ်က ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် သိပ္ပံနည်းကျ အတည်ပြုဖို့ လိုပါသေးတယ်။ သဘာဝကရတယ်ဆိုပေမဲ့ ဓာတု‌ဗေဒနည်းအရ သန့်စင်ထားတာမျိုး မရှိရင် ဥပါဒ်ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးက ဗဟုသုတအနေနဲ့သာ မျှဝေထားခြင်း ဖြစ်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/rain-tree-health-benefits/
အပြုံးလေးများ ပိုလှပလာနိုင်စေဖို့
စစ်တမ်းများအရ ဓါတ်ပုံရိုက်တဲ့အခါ လူ ၁၈ ရာခိုင်နှုန်းခန့်ဟာ သူတို့သွားတွေ မလှမပ ဖြစ်နေတာကြောင့် အမြဲတမ်း ပါးစပ်ပိတ်ထားလေ့ရှိတယ်လို့ ဆိုပါတယ်။ သွားများ ဖြူဖွေးလှပနေခြင်းဟာ ပေါင်းသင်းဆက်ဆံရေးမှာ မိမိကိုယ်ကို ယုံကြည်မှု တိုးစေနိုင်တဲ့ အရာတစ်ခု ဖြစ်တာကြောင့် ဒီနေ့ခေတ်မှာ လူတော်တော်များများက သွားဖြူစင်လှပဖို့ အတွက် နည်းမျိုးစုံနဲ့ ပြုလုပ်ပြင်ဆင်နေကြတာကို တွေ့ရပါတယ်။ သင်ပြုံးလိုက်ရင် ပထမဆုံး ပေါ်လာမယ့် အရာတွေဟာ သွားများဖြစ်ပြီး လူအများစု ပထမဆုံး မြင်တဲ့အရာလည်း ဖြစ်ပါတယ်။ သွားများဟာ ကျန်းမာရေးအတွက် အရေးပါရုံသာမက မိမိကိုယ်ကို ယုံကြည်မှု အတွက်လည်း အရမ်းအရေးပါတာကြောင့် ပေါင်းသင်းဆက်ဆံရေးအတွက် အရမ်းအရေးကြီးတဲ့ အင်္ဂါတွေ ဖြစ်ပါတယ်။ လူတော်တော်များများကလည်း သူတို့ရဲ့ မျက်နှာသွင်ပြင်၊ အပြုံး စတာတွေအတွက် အများဆုံး စိုးရိမ်ကြလေ့ရှိကြပါတယ်။ အခု ကျွန်တော် ဒီဆောင်းပါးထဲမှာတော့ပိုမိုလှပတဲ့ အပြုံးများပိုင်ဆိုင်လာနိုင်ကြစေဖို့ အတွက် ပြုလုပ်နိုင်တဲ့ သွားအလှအပရေးရာဆိုင်ရာ နည်းလမ်းတွေကို Hello ဆရာဝန်ပရိသတ်တွေ အတွက်ဖော်ပြပေးသွားမှာပါ။၁။ သွားများကို ပလတ်စတစ်ဖြင့် ကပ်ခြင်း။ (Dental Bonding)။သွားအရောင် ပလတ်စတစ်ကို အထူးပြုလုပ်ထားတဲ့ အလင်းရောင်နဲ့ မာကျောစေပြီး။မူရင်းသွားများနဲ့ ကပ်ကာ လူတစ်ယောက်ရဲ့ အပြုံးပိုလှစေဖို့ လုပ်ဆောင်ရတဲ့ နည်းစနစ်ကို Bonding လို့ခေါ်ပါတယ်။ Bonding ဟာ အလှပရေးရာသွားပြုပြင်မှုမှာ အလွယ်ဆုံးနဲ့ ကုန်ကျစရိတ်အနည်းဆုံး နည်းစနစ်တစ်ခုလည်း ဖြစ်ပြီး သွားပဲ့နေတဲ့ လူတွေ၊ သွားအက်ကွဲနေတဲ့လူတွေ၊ သွားပုံစံမညီညာတဲ့လူတွေနဲ့ သွားတစ်ချောင်းနဲ့ တစ်ချောင်းအကြား။ဟနေတာတွေကို ပိတ်ဖို့ အတွက် အသုံးပြုကြတဲ့ နည်းစနစ် တစ်ခု ဖြစ်ပါတယ်။၂။ သွားအပေါ်ယံမှ အလွှာပါး အုပ်ခြင်း ( Dental veneers)။Veneer တွေဆိုကာကတော့ သွားရဲ့ အရှေ့ဘက် မျက်နှာပြင်ကို အုပ်ပေးရတဲ့ အလွန်ပါးလွှာတဲ့ အလွှာပါးတွေ ဖြစ်ပါတယ်။ ဒီလို Veneer တွေကို အုပ်ပေးခြင်းအားဖြင့် သွားတွေရဲ့ အရောင်၊ ပုံစံ အရွယ်အစားနဲ့ အလျားတို့ကို ပြောင်းလဲပေးနိုင်ပြီး ကြွေထည် (သို့) ပလတ်စတစ်ပေါင်းစပ် ပစ္စည်းတွေနဲ့ပြုလုပ်လေ့ရှိပါတယ်။ Veneers တွေဟာ crowns နည်းလမ်းလို သွားတစ်ချောင်းလုံးကို မပြောင်းချင်တဲ့ သူတွေ အတွက် လုပ်နိုင်တဲ့ နည်းလမ်းဖြစ်ပြီး သွားရဲ့ အရောင်နဲ့ အရွယ်အစားကို ပြောင်းလဲပေးနိုင်ပါတယ်။ ဒါပေမဲ့ Veneer လုပ်တဲ့အခါ သွားဆရာဝန်မှာ သွားမျက်နှာပြင်ရဲ့ကြွေလွှာ အထူ ၁၊ ၂ မီလီမီတာ လောက်အထိ ဖယ်ထုတ်ပစ်မှာ ဖြစ်တဲ့ အတွက်ကြောင့်ကြွေလွှာကို မဖယ်ထုတ်ခင် သွားဆရာဝန်နဲ့ သေချာတိုင်ပင်သင့်ပါတယ်။၃။ သွားတစ်ချောင်းလုံးကို ဖုံးထားပေးတဲ့ ကုသမှု (Crowns)။Crowns ဆိုတာကတော့ ပျက်ဆီးနေတဲ့ သွားအပေါ်ကို ဖုံးထားရတဲ့ သွားပုံစံ အစွပ်ဖြစ်ပြီးသွားရဲ့ ပုံစံ၊ အရွယ်အစားကိုပြောင်းလဲပေးနိုင်တဲ့ပြင် သွားပိုသန်မာလာစေတဲ့ ကုသမှု နည်းလမ်း ဖြစ်ပါတယ်။ Crowns အများစုကတော့ ၅ နှစ်ကနေ ၁၅ နှစ်အထိခံပြီး သတ္တုများ၊ ကြွေထည်နဲ့ သတ္တုရောများ၊ ပလတ်စတစ်နဲ့ ကြွေသားတို့နဲ့ ပြုလုပ်ထားကြပါတယ်။ Crown မတပ်ခင်မှာ သွားဆရာဝန်ဟာ သွားနဲ့ သွားဖုံး တစ်ရှုးတွေကို ထုံဆေးပေးမှာ ဖြစ်ပြီး သွားကို Crown တပ်နိုင်စေဖို့ အတွက်ပါးမှာ ဖြစ်ပါတယ်။ သွားအထူ ဘယ်လောက်ကို တိုက်စားပစ်မလဲဆိုတာက ဘယ်လို Crown ကို သုံးမလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ အဲ့နောက်မှာတော့ Crown ကို သွားရဲ့ အပေါ်မှာ သွားအကုန်လုံးဖုံးသွားအောင် စွပ်ပြီး အထူးပြုလုပ်ထားတဲ့ ကော်နဲ့ ကပ်မှာ ဖြစ်ပါတယ်။၄။ သွားအပေါ် ယံကြွေလွှာကို ပုံဖော်ခြင်း။သွားအပေါ် ယံကြွေလွှာကို ပုံဖော်ခြင်းဆိုတာ မွေးရာပါသွားကိုပဲ ကြည့်ကောင်းစေရန်အတွက် ပုံဖော်တဲ့ နည်းစနစ် ဖြစ်ပါတယ်။ အကယ်၍ သင့်ရဲ့ သွားက အစလေးတွေပဲ့နေမယ်၊ သွားတွေက မညီမညာ ဖြစ်နေမယ်ဆိုရင် အသုံးပြုနိုင်ပြီး ဈေးချိုတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီနည်းလမ်းကို အလျင်အမြန်ပြုလုပ်လို့ရပြီး များသောအားဖြင့် ကြွေလွှာပါးပြီး ပုံဖော်မှုကို သွားဖြူစေတဲ့ ကုသမှုတွေ၊ သွားအပေါ်ယံမှ အလွှာပါး အုပ်ခြင်း ( Dental veneers)၊ သွားများကို ပလတ်စတစ်ဖြင့် ကပ်ခြင်း စတဲ့ နည်းလမ်းတွေနဲ့ တွဲပြီး လုပ်လေ့ရှိကြပါတယ်။၅။ သွားထိန်း (Braces)။ကမ္ဘာပေါ်မှာ လူအနည်းငယ်လောက်ကပဲ ကံကောင်းစွာနဲ့ မွေးရာပါသွားတွေလှပစွာ မွေးဖွားလာကြတာပါ။ ကျန်တဲ့ လူအများစုရဲ့ သွားတွေ ဟာ မညီမညာဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ စိတ်ဓါတ်မကျပါနဲ့။ ဒီလို သွားမလှရင် သွားလှအောင် ပြုလုပ်ပေးနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒီအထဲက တစ်ခုကတော့ Braces လို့ခေါ်တဲ့ သွားထိန်းပါ။ သွားထိန်းတွေဟာ လိမ်ဖယ်နေတဲ့ သွားတွေ၊ ပုံစံမမှန်တဲ့ သွားတွေကို ပုံစံမှန်ရောက်အောင်ပြင်ဆင်ပေးနိုင်ပြီး လူငယ်ပဲ ဖြစ်ဖြစ် လူကြီးပဲ ဖြစ်ဖြစ် အပြုံးတွေကို ပိုမို လှပစေနိုင်ပါတယ်။ သွားထိန်းတွေဟာ သွားတွေကို ညီညာတဲ့ ပုံစံတစ်ခု ဖြစ်လာအောင် တိကျတဲ့ ဖိအားတစ်ခုနဲ့ သွားတွေကို ရွေ့ပေးနိုင်တဲ့ ပစ္စည်းတွေ ဖြစ်ပြီး သွားရွေ့သွားတာနဲ့ သွားစွပ်အရိုးတွေလည်း လိုက်ရွေ့လာမှာ ဖြစ်ပါတယ်။ သွားထိန်း တပ်ဆင်ဖို့ အတွက် အသက်အရွယ်နဲ့ မဆိုင်ပါဘူး။ လုပ်ဆောင်ရတဲ့ နည်းစနစ်တွေဟာ လူကြီးတွေရော ကလေးတွေမှာပါ အတူတူပါပဲ။ အဓိကကွာခြားချက်ကတော့ လူကြီးပိုင်းအရွယ်ရောက်လာရင် အရိုးတွေက ဆက်မရှည်တော့တဲ့ အတွက် သွားထိန်းတပ်ရတဲ့ အချိန်ပိုကြာတာပဲ ရှိမှာ။ဖြစ်ပါတယ်။ သွားထိန်း အမျိုးအစားအနေနဲ့ သတ္တုတွေကို အများဆုံးအသုံးပြုကြပေမဲ့ သိပ်မသိသာတဲ့ သွားထိန်း အကြည်တွေကိုလည်း အသုံးပြုနိုင်မှာပါ။ သွားထိန်းတွေကို သွားအရောင်၊ အရောင်စုံ စသဖြင့် တပ်ဆင်နိုင်ပြီး မမြင်ရအောင်လို့ သွားရဲ့ နောက်ဘက်ပိုင်းမှာပါ တပ်ဆင်နိုင်ပါသေးတယ်။၆။ သွားဖြူစေနိုင်တဲ့ ကုသမှု။တောက်ပနေတဲ့ အပြုံးလေးတွေ ပိုင်ဆိုင်ချင်တဲ့ သူတွေအတွက် သွားတိုက်ဆေးတွေ၊ ပလုတ်ကျင်းဆေးတွေ၊ ဂျယ်လ်တွေ၊ ချွတ်ဆေးတွေ၊ သွားဖြူစေတဲ့ အစွတ်တွေ အမျိုးမျိုး ရှိပါတယ်။ ဒါပေမဲ့ ဒီကုသမှုတွေကို ကျန်းမာတဲ့သွားတွေနဲ့ သွားမပြုမပြင်ထားတဲ့ လူတွေသာလျှင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သွားဝါနေတဲ့ လူတွေအတွက် ဒီနည်းလမ်းဟာ အကောင်းဆုံးဖြစ်ပြီး ဘယ်လို နည်းလမ်းက သင့်အတွက် အဆင်ပြေဆုံး ဖြစ်မလဲဆိုတာ ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။၇။ သွားပေါက်ဖာခြင်း။သွားပွန်းခြင်း၊ သွားပဲ့ခြင်းနဲ့ သွားကျိုးနေတဲ့ လူတွေမှာ ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ ပုံမှန် ငွေနဲ့ သွားပေါက်ဖာထားတဲ့ လူတွေဟာ သွားအရောင်ပြုလုပ်ထားတဲ့ ပစ္စည်းတွေနဲ့ သွားပေါက်ဖာနိုင်ပါတယ်။ ငွေနဲ့ ပြဒါးရောထားတဲ့ သွားပေါက်ဖာ ပစ္စည်းတွေဟာ မာကျူရီ (ပြဒါး) ထွက်ရှိနိုင်တဲ့အတွက် သွားအရောင်ဖြစ်အောင် ပြုလုပ်ထားတဲ့ သွားပေါက်ဖာ ပစ္စည်းတွေနဲ့ပြန်လည်ဖာထေားနိုင်ပါတယ်။ ဒီနည်းလမ်းက သွားပေါက် ကျင်းရင် ခိုင်ခန့်ပေမဲ့ သွားပေါက်ကျယ်ရင်တော့ သိပ်အကြာကြီး မခံတတ်ပါဘူး။၈။ သွားဖုံးကို ပုံစံပြန်သွင်းခြင်း။ဒီနည်းလမ်းဟာ ပြုံးလိုက်တဲ့အခါ သွားဖုံးများပေါ်နေတဲ့ လူတွေ အသုံးပြုနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဒီနည်းလမ်းလုပ်မယ်ဆိုရင် သွားဖုံးတစ်ရှုးအနည်းငယ်နဲ့ ပိုနေတဲ့ အရိုးတစ်ရှုး အနည်းငယ်ကို ဖယ်ထုတ်ပစ်ရပြီးသွားများ ပိုပြီး ပေါ်လွင်စေရန် လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းမှာ သွားတစ်ချောင်း အတွက်ပဲ ဖြစ်ဖြစ်၊ သွားအများအပြားအတွက်ပဲ ဖြစ်ဖြစ် သွားဖုံးအနည်းငယ်ကို ဖယ်ရှားပြီး ပိုပြီး ပေါ်လွင်စေရန် လုပ်ဆောင်ရတာ ဖြစ်ပါတယ်။၉။ သွားစိုက်ခြင်း (Implants)။လူအများစုဟာ သွားပျက်ဆီးခြင်း၊ သွားဖုံးရောဂါနဲ့ ထိခိုက်ဒဏ်ရာတွေကြောင့် သွားကျွတ်တတ်ကြပါတယ်။ ဒီလို လူနာတွေအအတွက် သွားရဲ့ အရင်းကို တိုက်တေနီယမ်နဲ့ စိုက်ပေးပြီး အပေါ်ကနေဖြုတ်နိုင်တပ်နိုင်တဲ့ သွားတုကို (crowns)စွပ်ပေးတဲ့ နည်းလမ်းကို Implants နည်းလမ်းလို့ခေါ်ပါတယ်။ crowns နည်းလမ်းနဲ့ မတူတာက ဒီနည်းလမ်းဟာ သွားအရင်းကို ပါ တပ်ဆင်ရမှာ ဖြစ်ပါတယ်။၁၀။ အံကပ် (Dentures)။အံကပ်ဆိုတာကတော့ မရှိတော့တဲ့ သွားတွေနဲ့ ဘေးနားက တစ်ရှုးတွေမှာ တပ်ဆင်နိုင်ပြီး ဖြုတ်နိုင်တပ်နိုင်တဲ့ ကုသမှု တစ်မျိုးပါ။ အံကပ်အနေနဲ့ ၂ မျိုး ၂ စားရှိပါတယ်။ အဲ့ဒါကတော့ အံကပ်အပြည့်အစုံနဲ့ ပျောက်ဆုံးနေတဲ့ သွားတွေ အတွက်ပဲ လုပ်ဆောင်ရတဲ့ အံကပ်ပါ။ အံကပ်အပြည်အစုံကိုတော့ သွားတစ်ချောင်းမှ မရှိတော့တဲ့ အချိန်မှာ အသုံးပြုရပြီးသဘာဝ သွားအနည်းငယ်ကျန်သေးတယ်ဆိုရင် တော့ အံကပ်အသေးစားကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။၁၁။ Dental bridges။Dental bridges ဆိုတာက ကျွတ်သွားတဲ့ သွား တစ်ချောင်းနဲ့ အထက်ကြားကွာဟမှုကို တံတားပုံစံ ချိတ်ဆက်ပေးတဲ့ ကုသမှု တစ်ခုပါ။ ဒီကွာဟမှုရဲ့ တစ်ဖက်ခြမ်းစီက သွားတွေမှာ crowns လို့ခေါ်တဲ့ သွားတစ်ချောင်းလုံးကို ဖုံးပေးထားတဲ့ အစွပ်ကို တပ်ဆင်လိုက်ပြီး လွတ်နေတဲ့ နေရမှာ တပ်ဆင်ရတဲ့ သွားတုတွေကို ထိန်းပေးထားတဲ့ နည်းပညာ ဖြစ်ပါတယ်။၁၂။ သွားဖုံး အစားထိုးခြင်း။သွားဖုံး တစ်ရှုးတွေ ပျက်ဆီးသွားတဲ့အခါမှာ သွားအရင်းတွေ ပေါ်လာနိုင်ပြီး အစားအစာ အပူတွေအအေးတွေ စားသုံးတဲ့ အခါမှာ ကျင်လာနိုင်ပါတယ်။ ဒီလို သွားဖုံး တစ်ရှုးတွေ ပျက်ဆီးခြင်းကသွားအရင်းမှာ အခေါင်းပေါက်ဖြစ်စေနိုင်ပြီး သွားတွေကိုပါ ကျွတ်လာစေနိုင်ပါတယ်။ ဒီလိုအခါမျိုးမှာ သွားဖုံးတစ်ရှုးတွေကို အစားထိုးခြင်းဟာ သွားဖုံး ပျက်ဆီးခြင်း၊ သွားကျွတ်ခြင်းတို့ကိုကာကွယ်နိုင်ပြီး အပြုံးတွေကို ပိုလှပလာစေနိုင်မှာ ဖြစ်ပါတယ်။ပိုမိုလှပတဲ့ အပြုံးတွေကို ပိုင်ဆိုင်နိုင်ဖို့ အတွက် သွားဘက်ဆိုင်ရာ နည်းလမ်းပေါင်းစုံကို အသုံးပြုနိုင်ပါတယ်။ ယခုဒီဆောင်းပါးထဲမှာဖော်ပြပေးခဲ့တာကတော့ Veneer လို့ခေါ်တဲ့ သွားရဲ့ အရှေ့ဘက် မျက်နှာပြင်ကို အုပ်ပေးရတဲ့ အလွန်ပါးလွှာတဲ့ အလွှာပါး၊ Crowns လို့ခေါ်တဲ့ ပျက်ဆီးနေတဲ့ သွားအပေါ်ကို ဖုံးထားရတဲ့ သွားပုံစံ အစွပ်၊ သွားဖုံးကို ပြင်ဆင်ရတဲ့ နည်းလမ်းနဲ့သွားများပဲ့နေရင် အသုံးပြုနိုင်တဲ့ နည်းလမ်းတွေကိုဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလို သွားအလှအပဆိုင်ရာ ပြုပြင်ရေးနည်းလမ်းတွေဟာ သေချာအသေးစိတ်စီစဉ်ရပြီး ကုန်ကျစရိတ် များပေမဲ့ လူတစ်ယောက်ရဲ့ အလှနဲ့ ယုံကြည်ချက်ကိုပါ တိုးမြှင့်ပေးနိုင်တဲ့အပြင်ကျန်းမာရေးအတွက်ပါ ကောင်းမွန်တဲ့အတွက် ပိုမိုလှပတဲ့ အပြုံးကိုလိုချင်တဲ့လူတိုင်း လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/to-gain-a-beautiful-smile/
အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…
သွေးနွေးသတ္တဝါတွေထဲမှာ အမတွေသာမက တချို့အဖိုမျိုးစိတ်တွေပါနို့တိုက်လို့ရတယ်ဆိုတာကို တော်တော်များများ သိကြမယ်လို့ ထင်ပါတယ်။ ဒါဆိုရင် လူဆိုတဲ့ သွေးနွေးသတ္တဝါတွေမှာ အမျိုးသားတွေဆိုရင်ရော ရင်သားကနေ နို့ထွက် နိုင်လား။နို့ဖြစ်ပေါ်လာရတဲ့အကြောင်းရင်းကို ဒီဆောင်းပါးမှာ ကျွန်တော်က ရှင်းပြပေးချင်ပါတယ်။အယ်လ်ဗီယိုလိုင် (Alveoli) လို့ ခေါ်တဲ့ရင်သားတစ်ရှူးရဲ့ သေးငယ်တဲ့ အခေါင်းပေါက်တွေထဲမှာ နို့ကို ထုတ်လုပ်ပေးပါတယ်။ ဒီလိုမျိုး နို့ကို ထုတ်လုပ်ပေးဖို့အတွက် အဓိက လှုံ့ဆော်ပေးတာကတော့ပရိုလက်တင်(Prolactin) လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးပါပဲ။ဒီဟော်မုန်းဟာ ပီကျူထရီဂလန်း (Pituitary Gland) ကနေ အများဆုံး ထုတ်ပေးသလို အမျိုးသမီးတွေရဲ့သားအိမ်နံရံ(Myometrium) နဲ့ အမျိုးသားတွေမှာဆိုရင်ဆီးကျိတ်ကနေ ပမာဏအနည်းငယ် ထုတ်လုပ်ပေးနိုင်ပါတယ်။အမျိုးသားတွေရော၊ အမျိုးသမီးတွေရဲ့ ရင်သားမှာ အယ်လ်ဗီယိုလိုင် တစ်ရှူးတွေ ရှိတာမှန်ပေမယ့် ခန္ဓာကိုယ်ရဲ့ ပရိုလက်တင်ဟော်မုန်း ထုတ်လုပ်နိုင်တဲ့ ပမာဏကတော့ မတူပါဘူး။ ကိုယ်ဝန်ဆောင်နေခြင်းမရှိတဲ့အမျိုးသမီးတစ်ဦးမှာ ကျန်းမာတဲ့ အမျိုးသားတစ်ဦးထက် ပရိုလက်တင်ဟော်မုန်း ပမာဏ ၃ ပုံ ၁ ပုံ ပိုများပါတယ်။ကိုယ်ဝန်ဆောင်နေစဉ်နဲ့ ကလေးမွေးပြီးနောက်ပိုင်းမှာ အမျိုးသမီးတစ်ဦးရဲ့ ပရိုလက်တင်ဟော်မုန်း ထုတ်လုပ်နိုင်မှု ပမာဏသည် အမြင့်ဆုံးဖြစ်တယ်လို့ သတ်မှတ်လို့ ရပြီး သာမန်အမျိုးသားထက် ၁၀ ဆခန့် ပိုများပါတယ်။အသည်းဟာလည်း ပရိုလက်တင်ဟော်မုန်းတွေရဲ့ဇီဝကမ္မဖြစ်စဉ်နဲ့ ခန္ဓာကိုယ်တွင်း ကောင်းစွာ လည်ပတ်နိုင်စေရန် ကူညီပေးနိုင်ပါတယ်။ အသည်းတွင် ချို့ယွင်းချက်များရှိတဲ့အခါ၊ ကောင်းစွာ အလုပ်မလုပ်နိုင်တဲ့အခါ တချို့သော ဟော်မုန်းတွေဟာ သတ်မှတ်ပမာဏထက် အဆပေါင်းများစွာ မြင့်တက်လာနိုင်ပါတယ်။သတ်မှတ်ထားတဲ့ ဟော်မုန်းပမာဏအရ ကြည့်မယ်ဆိုရင် အမျိုးသားတွေဟာ တော်တော်လေး နည်းတယ်လို့ ဆိုနိုင်ပေမယ့် ရင်သားကနေ နို့ထွက်နိုင်သလိုနို့တိုက်လို့လည်း ရတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။၁။ ဒုတိယကမ္ဘာစစ်ကာလ ထောင်တွင်းအကျဉ်းသားအများစုဟာ လပေါင်းများစွာ အစာငတ်ခံထားခဲ့ရပြီးနောက် စိတ်ဖိစီးမှုနဲ့ အစာအာဟာရပြတ်လပ်မှုဟာ အသည်းနဲ့ တချို့သော ဟော်မုန်းဂလန်းများကို ထိခိုက်စေပါတယ်။ ပြန်ကောင်းသက်သာလာပြီးနောက်မှာ တချို့သော ဟော်မုန်းများဟာ ခန္ဓာကိုယ်တွင်း အများအပြားကျန်ခဲ့ပြီး ဒီဟော်မုန်းတွေဟာ ထိုအမျိုးသားတွေရင်သားကနေ နို့ထွက်လာစေရန် လှုံ့ဆော်ပေးခဲ့ပါတယ်။၂။ ကနေဒါနိုင်ငံမှာ ပီကျူထရီဂလန်း အကျိတ်ကြောင့် ဆေးရုံတက်နေရသူအမျိုးသားရဲ့ ခန္ဓာကိုယ်မှာ ပရိုလက်တင်ဟော်မုန်းတွေကို အလွန်အကျွံထုတ်လုပ်ပေးနေပြီး ရင်သားကနေ နို့များစိမ့်ထွက်နေတယ်လို့ မှတ်တမ်းတင်ခဲ့ပါတယ်။၃။ ၂၀၀၂ ခုနှစ် ဆရီလန်ကာကျွန်းမှာ အမျိုးသမီးတစ်ဦး ကလေးမွေးပြီး မီးတွင်းမှာပဲ အသက်ဆုံးပါးသွားခဲ့ပါတယ်။ ဖခင်ဖြစ်သူမှာ ကလေးဖြစ်သူကို နို့မှုန့်တိုက်ရန် ကြိုးစားခဲ့သော်လည်း ကလေးဖြစ်သူက မသောက်ဘဲ ငြင်းဆန်ခဲ့တဲ့အတွက် မိမိရဲ့ ရင်သားဖြင့် အစမ်းနို့တိုက်ကြည့်ရာကနေ နို့ထွက်နေတာကို တွေ့ခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။ဒီအချက်တွေကို ကြည့်ခြင်းဖြင့် အမျိုးသားတွေမှာ။တချို့သော ဖခင်လောင်းတွေမှာ ဇနီးသည်ဆုံးပါးသွားခြင်း၊ နို့မထွက်ခြင်း၊ ကလေးက နို့မှုန့်သောက်ရန် ငြင်းဆန်ခြင်း စတဲ့ အခက်အခဲအမျိုးမျိုးကြောင့် ကလေးတွေကို ကိုယ်တိုင်နို့စမ်းတိုက်ရာကနေ ဦးနှောက်က ပရိုလက်တင်ဟော်မုန်း ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးဖို့ အချက်ပြပေးတဲ့အတွက် နို့ထွက်လာတယ်လို့လည်း ကောက်ချက်ချရပါတယ်။ ယနေ့အချိန်ထိ အကြောင်းရင်းအတိအကျကိုတော့ ရှာဖွေနိုင်ခြင်း မရှိသေးပါဘူး။အမျိုးသားများသည်လည်း အမျိုးသမီးတွေလိုပဲ သဘာဝအတိုင်း နို့ထွက်နိုင်တယ်ဆိုတာ မှန်ပေမယ့် ထုတ်လုပ်တဲ့ပမာဏသည် တော်တော်လေး နည်းနိုင်ပါတယ်။ ဒီအတွက် ကလေးက နို့မဝတာ၊ အစာအာဟာရချို့တဲ့တာ၊ နို့ရည်မှာ အာဟာရဓာတ်နည်းနေတာမျိုး ဖြစ်နိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ အမျိုးသားတွေရဲ့ ရင်သားသည် နို့ထွက်နိုင်တာမှန်ပေမယ့် ကလေးကို နို့တိုက်ဖို့အတွက်တော့ မိခင်နို့တစ်မျိုးတည်းသာ အကောင်းဆုံးပါလို့ အကြံပေးလိုက်ချင်ပါတယ်။အမျိုးသားများအနေနဲ့ ပုံမှန်ရင်သားနှစ်ဖက်ကို လက်မဖြင့် ဖိစမ်းကြည့်လို့ အကျိတ်၊ အလုံးမျိုး ဖြစ်နေတာ၊ နာကျင်မှု ခံစားရတာ၊နို့သီးခေါင်းကို ညှစ်ကြည့်လို့ နို့ရည်များထွက်လာတာမျိုး ခံစားရတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြသကြည့်ဖို့ အကြံပေးလိုက်ချင်ပါတယ်။ အမျိုးသားတွေမှာ နို့ရည်ထွက်တာက သဘာဝအတိုင်းထွက်တာထက်စာရင် ကျန်းမာရေးပြသနာတစ်ခုခုကြောင့် ထွက်တာက ပိုဖြစ်နိုင်တာကြောင့်ပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/can-men-breast-produce-milk/
မျက်ကြည်လွှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခြင်း
ရှေ့တည့်တည့်မြင်ကွင်းကို မြင်ရအောင် အဓိကလုပ်ဆောင်ပေးတဲ့ macula ခေါ် မျက်ကြည်လွှာ အစိတ်အပိုင်း ပါးသွားခြင်းကြောင့်အမြင်အာရုံဝေဝါးခြင်း၊ ရှေ့တည့်တည့်မြင်နိုင်စွမ်း လျော့ကျခြင်းကို ဆေးပညာအရ dry macular degeneration တနည်းအားဖြင့်မျက်ကြည်လွှာတစ်စိတ်တစ်ပိုင်း ပျက်စီးခြင်းလို့ခေါ်ပါတယ်။ဒီရောဂါဟာ မျက်စိတစ်ဖက်မှာ စတင်ဖြစ်ပေါ်ပြီး အချိန်ကြာလာတာနဲ့အမျှ နောက်တစ်ဖက်မှာပါ ထပ်မံဖြစ်ပေါ်နိုင်ပါတယ်။ ဒီရောဂါရှိသူတွေမှာ အမြင်အာရုံတဖြည်းဖြည်း ကျဆင်းလာမှုကြောင့် စာဖတ်တဲ့နေရာ၊ ကားမောင်းတဲ့နေရာနဲ့ မျက်နှာကြည့်ပြီး ဘယ်သူဘယ်ဝါခွဲခြားတဲ့နေရာတွေမှာ အခက်အခဲဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အမြင်အာရုံလုံးဝဆုံးရှုံးသွားမှာတော့ မဟုတ်ပါဘူး။ရောဂါရှိမှန်း စောစောသိပြီး မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းအားဖြင့် ဒီရောဂါကြောင့်အမြင်အာရုံဆုံးရှုံးမှုကို နှောင့်နှေးအောင်တားဆီးနိုင်ပါတယ်။မျက်ကြည်လွှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခြင်းရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာတွေကတော့။ဒီရောဂါဟာ အသက် ၆၅နှစ်အထက် လူကြီးတွေမှာ အဖြစ်များပြီး မျက်စိနှစ်ဘက်လုံးကို ထိခိုက်စေနိုင်ပါတယ်။ မျက်စိတစ်ဖက်တည်းမှာ ရောဂါဖြစ်နေရင် ကျန်တစ်ဘက်က ကောင်းကောင်းမြင်နေသေးတဲ့အတွက် ရောဂါလက္ခဏာ သိသာမှာမဟုတ်ပါဘူး။ ဒါ့အပြင် ဒီရောဂါက ဘေးဘက်မြင်ကွင်းအပေါ် သက်ရောက်မှုမရှိတဲ့အတွက် အမြင်အာရုံလုံးဝဆုံးရှုံးသွားတာမျိုး မရှိသလောက်ရှားပါတယ်။ဒီရောဂါဟာ အသက်အရွယ်ကြီးသူတွေမှာဖြစ်တဲ့ macular ပျက်စီးတဲ့ရောဂါနှစ်မျိုးအနက် တစ်မျိုးဖြစ်ပါတယ်။ နောက်တစ်မျိုးဖြစ်တဲ့wet macular degenerationက မျက်ကြည်လွှာအောက်မှာ ပုံမမှန်တဲ့သွေးကြောအသစ်တွေ ဖြစ်ပေါ်ပြီး အရည်နဲ့ သွေးတွေယိုစိမ့်မှုကြောင့် ဖြစ်ရတာဖြစ်ပါတယ်။Dry macular degenerationက အဖြစ်များပေမယ့် ဖြစ်ပွားမှုနှုန်း ပိုနှေးပါတယ် (နှစ်နဲ့ချီပြီး ဖြည်းဖြည်းချင်းဖြစ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်)။ Wet macular degeneration ကတော့ ရုတ်တရက်အမြင်အာရုံပြောင်းလဲမှုတွေ ဖြစ်ပေါ်စေပြီး ပိုမိုဆိုးရွားတဲ့ အမြင်အာရုံချို့တဲ့မှု ဖြစ်ပေါ်စေပါတယ်။ သတိထားရမယ့်အချက်ကတော့ dry degeneration ကနေ wet degeneration အဖြစ် ပြောင်းလဲသွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် မျက်စိဆရာဝန်နဲ့ ပြသသင့်ပါတယ်။ဒီရောဂါဖြစ်စေတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရသေးပေမယ့် မျိုးရိုးဗီဇနဲ့ဆေးလိပ်သောက်ခြင်း၊ အာဟာရစားသောက်ပုံ မမှန်ကန်ခြင်း စတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေနဲ့ ဆက်စပ်မှုရှိနိုင်ကြောင်း သုတေသနတွေက ဖော်ပြထားပါတယ်။ဒီရောဂါဟာ အသက်အရွယ်ကြီးသူတွေမှာ ဖြည်းဖြည်းချင်းဖြစ်ပေါ်လာပြီး ရှေ့တည့်တည့်မြင်နိုင်စွမ်းအတွက် အဓိကကျတဲ့ macula ခေါ် မျက်ကြည်လွှာတစ်စိတ်တစ်ပိုင်းကို ထိခိုက်စေတဲ့ ရောဂါဖြစ်ပါတယ်။ အချိန်ကြာလေလေ macula တစ်ရှူးပါးလွှာပျက်စီးလေလေဖြစ်ပါတယ်။မျက်ကြည်လွှာတစ်စိတ်တစ်ပိုင်း ပျက်စီးခြင်း ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။သင့်ကျန်းမာရေးရာဇဝင်နဲ့ သင့်မိသားစုရဲ့ ကျန်းမာရေးရာဇဝင်ကို ပြန်လှန်စစ်ဆေးပြီး မျက်လုံးစစ်ဆေးမှု အပြည့်အစုံပြုလုပ်မှာ ဖြစ်ပါတယ်။ မျက်ကြည်လွှာတစ်စိတ်တစ်ပိုင်း ပျက်စီးခြင်းဟုတ်မဟုတ် အတည်ပြုနိုင်ဖို့ စစ်ဆေးမှုအများအပြား ပြုလုပ်ရဖို့ အလားအလာရှိပါတယ်။သင့်ဆရာဝန်က သင့်သူငယ်အိမ်တွေကျယ်စေဖို့ မျက်စဉ်းခတ်ပေးပြီး အထူးကိရိယာတစ်ခုနဲ့ မျက်လုံးအနောက်ဘက်ပိုင်းမှာ အရည် ဒါမှမဟုတ် သွေး စုနေခြင်းရှိမရှိ၊ အဆီပရိုတင်းတွေကြောင့်ဖြစ်တဲ့ အဝါရောင်အစက်အပြောက်တွေရှိမရှိ စစ်ဆေးကြည့်ရှုမှာ ဖြစ်ပါတယ်။Amsler grid ခေါ် မျဉ်းကြောင်းတွေပါဝင်တဲ့ ရုပ်ပုံတွေအသုံးပြုပြီး အလယ်ဗဟိုမြင်နိုင်စွမ်း ချို့ယွင်းချက်ရှိမရှိ စစ်ဆေးမှာ ဖြစ်ပါတယ်။ မျက်ကြည်လွှာတစ်စိတ်တစ်ပိုင်း ပျက်စီးနေရင် အချို့သော မျဉ်းအဖြောင့်တွေကို ကြည့်တဲ့အခါ သင့်အမြင်မှာ မှိန်နေ၊ ပျက်နေ၊ ကွေးကောက်နေမှာ ဖြစ်ပါတယ်။ရောင်ခြယ်ဆေးတစ်မျိုးကို သင့်လက်ဖျံက သွေးပြန်ကြောထဲထိုးပေးပြီး မျက်စိသွေးကြောတွေကို ပုံဖော်စစ်ဆေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ အထူးပြုလုပ်ထားတဲ့ ကင်မရာတစ်ခုကနေ ရောင်ခြယ်ဆေးဝင်သွားတဲ့ သွေးကြောလမ်းကြောင်းတစ်လျှောက် ရုပ်ပုံတွေမှတ်တမ်းတင်ပြီး ပုံမမှန်တဲ့သွေးကြောတွေနဲ့ မျက်ကြည်လွှာပြောင်းလဲမှုတွေကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ဒါကလည်း အပေါ်ကနည်းလမ်းလိုပဲ သွေးပြန်ကြောထဲ ရောင်ခြယ်ဆေးထိုးပြီး ပုံဖော်စစ်ဆေးခြင်း ဖြစ်ပါတယ်။ Fluorescein angiograph မှာ တွေ့ရှိခဲ့တဲ့အချက်အလက်တွေကို ခိုင်မာအောင်အတည်ပြုဖို့နဲ့ အချို့သော macular degeneration အမျိုးအစားတွေကို ခွဲခြားသိဖို့ ဒီစစ်ဆေးမှုကို ပြုလုပ်နိုင်ပါတယ်။မျက်ကြည်လွှာကို အလွှာတစ်ခုချင်းစီပိုင်းပြီး ပုံရိပ်ဖော်ကြည့်ရှုစစ်ဆေးနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ မျက်ကြည်လွှာအတွင်းပိုင်းနဲ့ အောက်ဘက်ကသွေးကြောတွေ ယိုစိမ့်ပြီး မျက်ကြည်လွှာ ပါးနေ၊ ထူနေ၊ ရောင်ရမ်းနေတဲ့နေရာတွေကို ဒီစစ်ဆေးမှုကတဆင့် တွေ့ရှိနိုင်ပါတယ်။ဒီရောဂါဟာ ပျောက်ကင်းအောင်ကုသနိုင်တဲ့ ရောဂါမဟုတ်ပါဘူး။ ရောဂါရှိနေမှန်းစောစောသိရရင် ရောဂါဖြစ်ပွားမှုနှုန်းကို နှေးကွေးစေနိုင်တဲ့ နည်းလမ်းတွေ (ဥပမာ ဗီတာမင်အားဆေး သောက်သုံးခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးခြင်း၊ ဆေးလိပ်ဖြတ်ခြင်း) စတာတွေနဲ့ ထိန်းထားနိုင်တာ ဖြစ်ပါတယ်။အသက်အရွယ်ကြောင့်ဖြစ်တဲ့ မျက်ကြည်လွှာတစ်စိတ်တစ်ပိုင်းပျက်စီးမှုဟာ ဘေးဘက်မြင်နိုင်စွမ်းကို မထိခိုက်တဲ့အတွက် အမြင်အာရုံလုံးလုံးလျားလျား ဆုံးရှုံးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ယာဉ်မောင်းရာမှာ၊ စာဖတ်ရာမှာ၊ မျက်နှာကြည့်ပြီး ဘယ်သူဘယ်ဝါခွဲခြားရာမှာ အဓိကလိုအပ်တဲ့ ရှေ့တည့်တည့်မြင်နိုင်စွမ်းကိုတော့ ကျဆင်းစေပါတယ်။အမြင်အာရုံအားနည်းမှု ပြန်လည်ထူထောင်ရေး ပညာရှင်၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာရှင်နဲ့ မျက်စိအထူးကုဆရာဝန်တွေက ပြောင်းလဲလာတဲ့အမြင်အာရုံနဲ့ လိုက်လျောညီထွေနေနိုင်မယ့် နည်းလမ်းတွေ ကူညီပြသပေးနိုင်ပါလိမ့်မယ်။မျက်စိနှစ်ဘက်လုံးမှာ macula ပျက်စီးနေသူအချို့အတွက် နောက်ထပ်ကုသမှုနည်းလမ်းတစ်ခုကတော့ မျက်စိတစ်ဘက်ကို ခွဲစိတ်ပြီး မြင်ကွင်းချဲ့ပေးတဲ့ ပလတ်စတစ်ပြွန်သဏ္ဍာန် သေးငယ်တဲ့ အဝေးကြည့်မှန်ဘီလူးထည့်ခြင်းပဲ ဖြစ်ပါတယ်။ ဒီမှန်ဘီလူးက အဝေးရောအနီးပါ ကြည့်ရပိုကောင်းလာအောင် ကူညီနိုင်ပေမယ့် မြင်ကွင်းကျဉ်းမြောင်းတဲ့ ပြဿနာတော့ ရှိပါတယ်။ ဒီနည်းလမ်းက မြို့ပြပတ်ဝန်းကျင်မှာ သွားလာလှုပ်ရှားတဲ့အခါ လမ်းအမှတ်အသားတွေကို ကောင်းကောင်းမြင်နိုင်အောင် အထောက်အကူပြုနိုင်ပါတယ်။ဆေးလိပ်ဖြတ်နိုင်ဖို့ သင့်ဆရာဝန်ကို အကူအညီတောင်းပါ။ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ဗီတာမင်တွေက မျက်စိကျန်းမာရေးအတွက် အထူးသင့်လျော်ပါတယ်။ ကိုက်လန်၊ ဒေါက်ခွ၊ ပန်းပွင့်စိမ်း၊ ပဲအမျိုးမျိုးနဲ့ အခြားဟင်းသီးဟင်းရွက်တွေမှာ မျက်ကြည်လွှာတစ်စိတ်တစ်ပိုင်း ပျက်စီးနေသူတွေအတွက် ကောင်းမွန်းတဲ့luteinနဲ့ zeaxanthin အပါအဝင်ဓာတ်တိုးဆန့်ကျင်အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။အမဲသား၊ ဝက်သား၊ သိုးသား၊ နို့၊ ချိစ်၊ ဒိန်ချဉ်၊ သဘာဝအတိုင်းရရှိတဲ့ cereal တွေနဲ့ ဂျုံပေါင်မုန်စတဲ့ အသားဓာတ်နဲ့ ဇင့်ပါဝင်မှုများတဲ့ အစားအစာတွေကိုလည်း စားသုံးသင့်ပါတယ်။နောက်ထပ်စားသုံးသင့်တဲ့ အာဟာရကတော့ သံလွင်ဆီလို ကျန်းမာရေးနဲ့ညီညွတ်တဲ့ မပြည့်ဝဆီတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင်Omega-3 fatty acidကြွယ်ဝတဲ့ ဆယ်လ်မွန်ငါး၊ တူနာငါး၊ အခွံမာသီးတွေက မျက်ကြည်လွှာ ဆိုးဆိုးရွားရွားပျက်စီးနိုင်ချေကို လျော့ကျစေကြောင်း သုတေသနပြု လေ့လာမှုတွေက သက်သေပြထားပါတယ်။ဒါပေမယ့် ငါးကြီးဆီအားဆေးတွေလို omega-3 ဖြည့်စွက်အားဆေးတွေ သောက်သုံးသူတွေမှာတော့ တူညီတဲ့အကျိုးရလဒ် မရရှိခဲ့ပါဘူး။သင့်မှာ နှလုံးသွေးကြောရောဂါ ဒါမှမဟုတ် သွေးတိုးရောဂါရှိရင် ဒီရောဂါကို ထိန်းချုပ်နိုင်ဖို့ သင့်ဆရာဝန်ရဲ့ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာပြီး ဆေးမှန်မှန်သောက်ဖို့ အရေးကြီးပါတယ်။လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။တစ်နေ့တာစားသုံးတဲ့ ကယ်လိုရီပမာဏကို လျော့ချပြီး ကိုယ်လက်လေ့ကျင့်ခန်း ပိုလုပ်ခြင်းအားဖြင့် ကိုယ်အလေးချိန်လျော့ချနိုင်ပါတယ်။ နေ့စဉ်ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ပါ။ အစားအသောက်ကို ချင့်ချိန်စားပါ။ ပုံမှန်ကိုယ်အလေးချိန်ဖြစ်အောင် ထိန်းသိမ်းပါ။သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး မျက်စိစစ်ဆေးရမယ့် အချိန်အပိုင်းအခြားကို သေသေချာချာ သတ်မှတ်ပါ။ စစ်ဆေးရမယ့် အချိန်တစ်ခုနဲ့ တစ်ခုကြားမှာလည်း Amsler grid အသုံးပြုပြီး မိမိဘာသာစစ်ဆေးနိုင်ပါတယ်။ ဒီလိုစစ်ဆေးခြင်းအားဖြင့် dry macular degeneration ကနေ wet macular degeneration အဖြစ် ပြောင်းလဲသွားတဲ့အခြေအနေကို စောစောသိနိုင်ပြီး ဆေးဝါးကုသမှု စောစောခံယူနိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-diseases/dry-macular-degeneration/
အရုပ်ဆိုးပေမယ့် ဆေးဖက်ဝင်တဲ့ ရှောက်ဘီလူး
ရှောက်ဘီလူးက ကြည့်လိုက်ရင် အခွံမှာ အဖုအထစ်တွေနဲ့ ကြည့်ရဆိုးပေမယ့်ဆေးဖက်ဝင်တာတော့ အမှန်ပါ။ အရုပ်ဆိုးတယ်ဆိုတဲ့ ရှောက်ဘီလူးသီးလေးက ဘယ်လို ဆေးဖက်ဝင်တာလဲ ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဆက်ကြည့်လိုက်ကြမယ်လေ။သံပုရာသီးအရွယ်အစားလောက်ပဲ ရှိပြီး အခွံကတော့ သံပုရာသီးလို လုံးချောလေး မဟုတ်ဘဲ ဖုတွေ ထစ်တွေနဲ့ပေါ့။ အချဉ် အရသာရှိပြီး အတွင်းကတော့ သံပုရာသီးနဲ့ ခပ်ဆင်ဆင်ပါ။ အခွံကိုလည်းဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးလို့ ရပါတယ်။ အထူးသဖြင့် ထိုင်းအစားအစာတွေထဲမှာ ထည့်သုံးကြတာ များပါတယ်။ မြန်မာလူမျိုးတွေ ခံတွင်းတွေ့ကြတဲ့ တုန်ယမ်း ဟင်းရည်ထဲမှာ အမွှေးအကြိုင်အတွက် ရှောက်ဘီလူးသီး အခွံကို ထည့်သုံးကြပါတယ်။ရှောက်ဘီလူးသီး စားသုံးမှုက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။အသီးကို စားပေးရင်ဖြစ်ဖြစ် ထက်ခြမ်းခြမ်းပြီး သွားတွေ၊သွားဖုံးတွေပေါ်မှာ ပွတ်တိုက်ပေးရင်ဖြစ်ဖြစ် ခံတွင်းကို ကျန်းမာစေပြီး သွားဖုံးနဲ့သွားတွေမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေကို အထိရောက်ဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။ သွားတိုက်ဆေးနဲ့အတူရောပြီးတော့လည်း သုံးပေးလို့ရပါတယ်။သွေးနဲ့ပတ်သက်တဲ့ရောဂါတွေ။ နာတာရှည်သွေးရောဂါတွေခံစားနေရတဲ့ သူတွေနဲ့အထူးသင့်တော်ပါတယ်။သွေးထဲမှာရှိတဲ့pathogensတွေကိုဖယ်ရှားပေးပြီးသွေးသန့်စေနိုင်ပါတယ်။ အသည်းနဲ့ ခန္ဓာကိုယ်တွင်းထဲကအဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ရှောက်ဘီလူးသီးမှာပါတဲ့ ဒြပ်ပေါင်းတွေကနာကျင်ရောင်ရမ်းမှုကိုလျော့ကျစေပြီးအစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ဝမ်းချုပ်တာ၊အစာမကြေတာ၊ အစာအိမ်အနာဖြစ်တာ၊အူမကြီးကင်ဆာလိပ်ခေါင်းရောဂါရှိသူတွေနဲ့ သင့်တော်ပါတယ်။အင်းဆက်တွေကို နှိမ်နှင်းပေးနိုင်တ့ အာနိသင်ရှိပြီး အင်းဆက်တွေကြောင့်ဖြစ်တဲ့ရောဂါတွေကိုကာကွယ်ပေးနိုင်ပါတယ်။အရေပြားမှာ အင်းဆက်ကိုက်ခံရတာတွေအတွက်လည်းရှောက်ဘီလူးသီးကို သုံးပေးလို့ရပါတယ်။ရှောက်ဘီလူးသီး အရည်ကို အလှကုန်ပစ္စည်းတွေနဲ့ တွဲသုံးပေးတာက အသားအရေကို ကြည်လင်လှပစေနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင် ပစ္စည်းပါဝင်နေတာကြောင့် ဆဲလ်တွေကို ပြုပြင်ပေးပြီး ညစ်ညမ်းမှုတွေကြောင့် ထိခိုက်နိုင်ခြေကိုလျှော့ချပေးပါတယ်။ အရေပြားကို ကျန်းမာလှပစေမယ့် သဘာဝဆေးတစ်မျိုးပါ။စိတ်ဖိစီးမှုနဲ့အာရုံကြောပြဿနာအမျိုးမျိုးအတွက်လည်း ရှောက်ဘီလူးသီးက အစွမ်းထက်ပါတယ်။ စိတ်ဖိစီးမှု များတဲ့အခါ ရှောက်ဘီလူးသီးကို ရှူပေးပါ။ စိတ်ပူပန်မှု သက်သာစေဖို့ အတွက်လည်း ရှောက်ဘီလူးသီးကို ရှူပေးလို့ ရပါတယ်။ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့်ကိုယ်ခံအားစနစ်ကို တိုးတက်စေနိုင်ပါတယ်။ အသားအရေကနေစလို့ ကိုယ်တွင်း အင်္ဂါတွေအထိ ကျန်းမာစေနိုင်ပါတယ်။ရှောက်ဘီလူးသီးရဲ့ အရည်ကရော အရွက်ကပါ ဆံသားနဲ့ဦးရေပြားကို ကျန်းမာစေနိုင်ပါတယ်။ ဦးရေပြားကိုအစိုဓာတ်ထိန်းပေးနိုင်ပြီးဗောက်မထအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆံသားကို အရောင်တောက်စေနိုင်ပြီး လှပနေစေမှာပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/kaffir-lime/
လိင်တံထိပ် အရေပြား ဖြတ်တောက်ဖယ်ရှားခြင်း
Circumcision ဆိုတာလိင်တံထိပ်ရှိ အရေပြားအားဖြတ်တောက် ဖယ်ရှားခြင်းဖြစ်ပါတယ်။ Circumcisionကို အချို့နိုင်ငံတွေမှာ မွေးကင်းစယောက်ျားလေးတွေမှာ လုပ်လေ့ရှိပါတယ်။ Circumcision ကို မွေးမွေးပြီးချင်း မလုပ်လဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လုပ်ရတာ ပိုရှုပ်ထွေးလာပါလိမ့်မယ်။ကလေးငယ်တွေကို လိင်တံထိပ် အရေပြားဖြတ်တောက်တာ ဘယ်လို အကျိုးကျေးဇူးတွေရလဲ လေ့လာကြတဲ့အခါမှာ အမျိုးမျိုးကွဲပြားနေတာကိုတွေ့ရပါတယ်။လိင်တံထိပ် အရေပြားဖြတ်တောက်ခြင်းက –။• ဆီးလမ်းကြောင်းပိုးဝင်ခြင်း။• လိင်တံကင်ဆာ။• HIV/AIDS အစရှိသောလိင်မှတဆင့် ကူးစက်တတ်သောရောဂါများဖြစ်ပွားနိုင်ခြေကို လျော့ချပေးနိုင်သည်ဟုသိရပါတယ်။လိင်တံထိပ်အရေပြားဖြတ်တောက်ခြင်း ရဲ့သိသာတဲ့ အကျိးကျေးဇူးကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို လျော့ချပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ပထမ ၃လ ကနေ ၆ လ အတွင်းမှာဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေဟာ လိင်တံထိပ်အရေပြားမဖြတ်ထားတဲ့ ယောက်ျားလေးတွေမှာ ဖြတ်ထားသော ယောက်ျားလေးတွေထက် ဆယ်ဆပိုများပါတယ်။ မွေးကင်းစကလေးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းက နောက်ပိုင်းတွင် ကျောက်ကပ်ရောဂါများသို့ ဦးတည်သွား နိုင်ပါတယ်။ အဲဒီရောဂါကို ပဋိဇီဝဆေးများနဲ့ အလွယ်တကူ ကုသနိုင်ပါတယ်၊ လိင်တံထိပ်အရေပြားဖြတ်တောက်တဲ့အထိ လုပ်ရန် မလိုအပ်လောက်ပါ။လိင်တံထိပ်အရေပြားကို မွေးကတည်းက မဖြတ်တောက်ခဲ့တဲ့ လူတွေဟာ လိင်တံကင်ဆာဖြစ်နိုင်ခြေ အနည်းငယ်ပိုများကြောင်း အချို့လေ့လာမှုတွေမှာ တွေ့ရှိရပါတယ်။ သို့သော်လိင်တံကင်ဆာသည် လိင်တံထိပ်အရေပြား ဖြတ်တောက်ထားသူဖြစ်စေ၊ မဖြတ်တောက်ထားသူဖြစ်စေ အမျိုးသားအားလုံးတွင် အလွန်ရှားပါးပါသည်။ လိင်တံထိပ်အရေပြား ဖြတ်တောက်ခြင်းသည် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါတွေကို လျော့နည်းစေတယ်လို့လဲ တွေ့ရှိရပါသေးတယ်။ ဒါပေမဲ့ လိင်တံထိပ်အရေပြားဖြတ်တောက်ခြင်းက အဓိကလား၊ကွန်ဒုံးနဲ့လိင်ဆက်ဆံသူအရေအတွက် အစရှိတဲ့ အခြားသောအကြောင်းအရာတွေက အဓိကလား ဆိုတာကိုတော့ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။အချို့မိသားစုတွေမှာ လိင်တံထိပ် အရေပြား ဖြတ်တောက်ခြင်းက ဘာသာရေးအစဉ်အလာတစ်ခုပါ။ မိသားစုရိုးရာဓလေ့၊ တစ်ကိုယ်ရေကျန်းမာရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက်လုပ်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ သို့သော်လည်း အချို့လူတွေက လိင်တံထိပ်အရေပြားဖြတ်တောက်ဖို့ မလိုအပ်ဘူး (သို့ ) ပုံပျက်နိုင်တယ်လို့ ထင်ကြပါတယ်။ လိင်တံထိပ်အရေပြားဖြတ်တောက်ပြီးနောက် မဖြတ်ခင်လိင်တံပုံစံအတိုင်း ပုံပြန်သွင်းဖို့တော့ သိပ်မဖြစ်နိုင်ပါဘူး။BXO (လိင်တံအရေပြား ရောဂါ) ရှိသည်ဟု သံသယရှိပါက လိင်တံထိပ်အရေပြား ဖြတ်တောက်ခြင်းက တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။အခြားသောအခြေအနေများအတွက် Dorsal Slit Operation (သို့) preputioplasty စသည့် ခွဲစိတ်နည်းများကို အကြံပြုနိုင်ပါတယ်။ကလေးတွင် BXO ရောဂါ မရှိပါက Dorsal Slit Operation ကိုအကြံပြုလိုပါတယ်။ ထိုကုထုံးတွင် လိင်တံထိပ်ဖူးအရေပြားကိုလှန်ခြင်း ပါဝင်ပါတယ်။လိင်တံထိပ် အရေပြားဖြတ်တောက်ခြင်း မလုပ်ခင် ဆရာဝန်က ရလာမည့် ကောင်းကျိုးဆိုးကျိုးများကို ရှင်းပြပါလိမ့်မယ်။ သင့်သားကို လိင်တံထိပ်အရေပြားဖြတ်တောက်မည်ဆိုပါက သင်ရဲ့သဘောတူလက်မှတ်ကို လိုကောင်းလိုပါလိမ့်မယ်။ ခွဲစိတ်မှုမလုပ်ခင် သင့်ရင်သွေးရဲ့မကြာမီကခံယူခဲ့တဲ့ဆေးကုသမှု၊ ဓါတ်မတည့်မှု နဲ့ကျန်းမာရေးအခြေအနေတို့ကို ဆရာဝန်နဲ့အရင်ဆွေးနွေးရပါမယ်။ ပြီးနောက် မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံကာ သင့်ရင်သွေးရဲ့မေ့ဆေးအတွက် အတူတကွ စီစဉ်ရပါမယ်။ ခွဲစိတ်မလုပ်ခင်ဘယ်အချိန်မှာ စားသောက်တာကိုရပ်ရမယ် စတဲ့ဆရာဝန်လမ်းညွှန်ချက်တွေကို လိုက်နာဖို့အရေးကြီးပါတယ်။ခွဲစိတ်မှုကို များသောအားဖြင့် မေ့ဆေးနဲ့ပဲလုပ်ပါတယ်။ ၃၀ မိနစ်လောက်ကြာလေ့ရှိပါတယ်။ခွဲစိတ်ဆရာဝန်က လိင်တံထိတ်ဖူး အရေပြားကိုဖယ်ရှားပြီး သွေးကြောသေးသေးလေးတွေကို ပိတ်လိုက်ပါလိမ့်မယ်။ ထို့နောက် အရေပြားအစွန်းနှစ်ဖက်ကို တွဲချုပ်လိုက်ပါမယ်။လိင်တံထိပ်အရေပြားဖြတ်တောက်ထားတဲ့ လိင်တံကို ဆပ်ပြာနဲ့ ရေသုံးပြီး နေ့တိုင်း (သို့) သေးခံ ညစ်ပေတိုင်း ဆေးရပါမယ်။ ပတ်တီးစည်းထားပါကလည်း သေးခံလဲတိုင်း ပတ်တီးကို သန့်စင်ပေးရပါမယ်။ ထွက်နေသောလိင်တံ ထိပ်ဖူးကို သေးခံနှင့် ဆီးတို့ကြောင့် ယားယံနာကျင်မှု မရှိစေရန် ဟိုက်ဒရိုကာဗွန်ပါဝင်သော ချောဆီဂျယ်လီ လိမ်းပေးနိုင်ပါတယ်။အနည်းငယ်ရောင်ခြင်း၊ သွေးထွက်ခြင်းနဲ့ အသားမာ တက်ခြင်းတို့ဖြစ်နိုင်ပါတယ်။ များသောအားဖြင့်တော့ ၅ရက် မှ ၇ရက် အတွင်းမှာ ပျောက်ကင်းနိုင်ပါတယ်။• သွေးမတိတ်ခြင်း၊ သွေးအလွန်အကျွံထွက်ခြင်း။• သေးခံက လိင်တံထိပ် အရေပြားဖြတ်အပြီး ၆နာရီ မှ ၈နာရီ ကြာသည်အထိ ခြောက်သွေ့နေခြင်း။• ၃ရက် မှ ၅ရက် ကြာသော်လည်း နီခြင်း၊ရောင်ခြင်းတို့မပျောက်သွားခြင်း(သို့) ပိုဆိုးလာခြင်း။• အဝါရောင်အရည် ထွက်ခြင်း (သို့) ပေကျံခြင်းတို့ ၇ရက် လောက်အကြာတွင်ဖြစ်နေခြင်း။• ကလေး ၁၀၀.၄ ဒီဂရီ နဲ့ အထက် ဖျားနေခြင်း။• ၇ရက်၁၂ရက်အတွင်း Plastibell (လိင်တံထိပ်အရေပြား ဖြတ်တောက်ရာတွင် ကူညီသောပစ္စည်းဖြစ်ပြီး ပုံမှန် ၅ ရက် မှ ၁၀ ရက် အကြာတွင် ကွာကျရမည်။) မကွာကျခြင်း။စသည်တို့ဖြစ်ပါက ဆရာဝန်ထံအကြောင်းကြားပါ။အဖြစ်များဆုံးကတော့သွေးထွက်ခြင်းနဲ့ပိုးဝင်ခြင်းပါ။ မေ့ဆေး၊ ထုံဆေးနဲ့ဆိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါသေးတယ်။ရှားရှားပါးပါးလိင်တံထိပ် အရေပြားမှာ ပြဿနာဖြစ်တာလည်း ရှိနိုင်ပါတယ်။ဥပမာအားဖြင့်-။• အရေပြားကို အရမ်းတိုအောင် ၊ (သို့) ရှည်အောင် ဖြတ်မိခြင်း။• ထိုအရေပြားက ပုံမှန်အနာမကျက်ခြင်း။• ဖြတ်တောက်ပြီး ကျန်ရစ်သော အရေပြားက လိင်တံထိပ်ကိုပြန်သွားကပ်နေခြင်း။ အသေးစားခွဲစိတ်ပြုပြင်မှု လိုအပ်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/about-circumcision/
ခြေထောက်နာတာကို ဘယ်လိုကာကွယ်မလဲ
ခြေထောက်နာခြင်း ဆိုတာ သင့်ခြေချောင်းတွေရဲ့ အရိုးဖွဲ့စည်းပုံနဲ့ ဆက်စပ်နေပါတယ်။ ဒါကသင့်ကို နာကျင်စေရုံသာမက ထုံကျင်မှုကိုလည်း ဖြစ်စေတတ်ပါတယ်။Bunion ဆိုတာ သူ့ခြေမရဲ့ အရင်းပိုင်းမှာ ဖြစ်တဲ့ အရိုးနာကျင်မှုတစ်ခုပါ။ ပထမဆုံး ခြေဖဝါးရိုးနဲ့ ဆက်နေတဲ့နေရာပါ။ bunion ဖြစ်တဲ့အခါ သင့်ဒုတိယခြေချောင်းကို ခြေမက အလွန်အမင်း ထိုးနေပါလိမ့်မယ်။ bunion ဆိုတာ တစ်သျှူးအနုရော အရိုးပါ ၂မျိုးလုံး ပုံပျက်ခြင်း အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။Bunion ဖြစ်ရင် နာကျင်မှုကို အတော် ခံစားရနိုင်ပါတယ်။ သေးလွန်းတာပဲဖြစ်ဖြစ် ကြီးလွန်းတာပဲဖြစ်ဖြစ် သင်နဲ့ ကောင်းကောင်းမတော်တဲ့ ဖိနပ်တွေကို စီးတာက bunion ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုပါ။ ရလဒ်အနေနဲ့ကတော့ pressure-response effect ကို ခံစားရတာပါပဲ။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုအဖြစ်များတယ်လို့ ယူဆရပါတယ်။Bunion ဖြစ်နိုင်ချေ လျှော့ချဖို့ ကောင်းကောင်းမတော်တဲ့ ဖိနပ်ကျပ်ကျပ်တွေ အတင်းမရ ရအောင် မစီးပါနဲ့။ဖိနပ်ရောင်းတဲ့သူကို သင့်ခြေဖဝါးရဲ့ အကြီးဆုံးအရွယ်အစားနဲ့ တော်မယ့် ဖိနပ်ကို မေးမြန်းပါ။ များသောအားဖြင့် သင့်ခြေဖမိုးရဲ့ ဖိအားနဲ့ ပြန့်ကားမှုကြောင့် ဖြစ်ပါတယ်။၂လက်မထက်မြင့်တဲ့ ထိပ်တို၊ အချွန်၊ အကျပ် ဖိနပ်တွေစီးခြင်းကို ရှောင်ပါ။ သင်ဖိနပ်စီးထားတဲ့အချိန်မှာ သင့်ခြေချောင်းတွေက တွန့်ခေါက်နေပါလိမ့်မယ်။တပြေးညီ မြင့်တဲ့ ဖိနပ်ကို စီးတာကလဲ အဖြေမှန်မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒေါက်ကိုက ဖိအား အများကြီးပေးလို့ပါ။ ဒါကြောင့် ၁/၄ သို့မဟုတ် ၁/၂ လက်မလောက် စောင်းထားတဲ့ ဖိနပ်ကို စီးပါ။သင့်ခြေဖဝါးတွေကို ကန့်သတ်ထားတဲ့ ခြေညှပ်၊ နောက်ပိတ်၊ ကြိုးသိုင်း စတဲ့ ဖိနပ်တွေ စီးမယ့်အစား ခြေဗလာနဲ့ အချိန်များများ သွားလာတာခြင်းဖြင့် သင့်ခြေဖဝါးတွေ သက်တောင့်သက်သာ ဖြစ်ပါစေ။ ခြေဗလာနဲ့ သွားလာတဲ့ ကောင်းကျိုးတွေကတော့ သင့်ခြေချောင်းတွေ သန်မာလာမယ်၊ ခြေဖဝါးတွေ ပြန့်ကားလာမယ်၊ ဟန်ချက်ညီမှု တိုးတက်လာပါလိမ့်မယ်။ ခြေဗလာနဲ့ သွားလာတာက ခြေမကို အလုပ်ပိုလုပ်စေတာတင်မကပဲ အရွတ်နဲ့ အကြောတွေကိုလဲ ပိုသန်မာအောင် ကူညီပေးပြီး bunion ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%b1%e1%80%bb%e1%80%81%e1%80%b1%e1%80%91%e1%80%ac%e1%80%80%e1%80%b9%e1%80%94%e1%80%ac%e1%80%90%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%80%80/
အိပ်ပျော်နေတုန်း ရုတ်တရက်သေဆုံး ရတဲ့ အကြောင်းအရင်း
ညတုန်းက ကိုယ်နဲ့ စကားပြောတုန်းက အ‌ကောင်း၊ အိပ်ရာဝင်သွားတာလည်း ပုံမှန်ပဲ။ မနက်ကျတော့ အသက်မရှိတော့ဘူးဆိုတာမျိုးတွေ ကြားဖူးမှာပါ။ အိပ်နေတုန်း ဆုံးသွားတော့ ဝေဒနာ မခံရဘူးပေါ့လို့ ယူဆကြတဲ့ သူတွေ ရှိသလို ငါရော အဲ့လိုမျိုး အိပ်နေတုန်း ဆုံးသွားမှာလားဆိုပြီး တွေးမိတဲ့ သူလည်း ရှိမှာပါ။ ဒါကြောင့် အိပ်ပျော်နေတုန်း ရုတ်တရက်သေဆုံး ရတဲ့ အကြောင်းအရင်း တွေကို ပြောပြပေးချင်ပါတယ်။ရောဂါကြီးကြီးမာမား မရှိပါဘဲနဲ့ အိပ်ပျော်နေတုန်း ရုတ်တရက်သေဆုံးတာကတော့ ရှားပါတယ်။ တချို့ကလည်း နေကောင်းကျန်းမာနေလျက်နဲ့ အိပ်နေတုန်း ဆုံးသွားတာပဲဆိုပြီး ပြောကြပါတယ်။ ဖြစ်နိုင်တာက ရောဂါရှိနေတာကို မသိလို့ ဖြစ်မှာပါ။ နှလုံးရောဂါလို၊ အဆုတ်ရောဂါတွေက သိပ်ပြီး လက္ခဏာ မပြတတ်ဘူးလေ။အဖြစ်အများဆုံး အကြောင်းရင်းတွေကို ပြောပြရရင်။နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ။နှလုံးနဲ့ ပတ်သက်တဲ့ ပြဿနာတွေထဲမှာ အဖြစ်အများဆုံးကရုတ်တရက် နှလုံးရပ်တာပါ။ ရုတ်တရက် နှလုံးရပ်သွားပြီဆိုရင် အရေးပေါ် အသက်ကယ်နည်းနဲ့ အမြန်အသက်ကယ်၊ ဆေးရုံအမြန်ပို့မှ အသက်ရှင်မှာပါ။ အိပ်နေချိန်မှာ ရုတ်တရက် နှလုံးရပ်သွားပြီဆိုရင် ကာယကံရှင်တောင် သိလိုက်မှာ မဟုတ်ပါဘူး။လေ့လာချက်တွေအရအိပ်ပျော်နေတုန်း ရုတ်တရက်သေဆုံးရတဲ့ အကြောင်းအရင်း တွေထဲမှာ အဖြစ်အများဆုံးက ရုတ်တရက် နှလုံးရပ်တာကြောင့်ပါတဲ့။ ၂၂%သော လူနာတွေက ည၁၀နာရီနဲ့ မနက် ၆နာရီကြားမှာ နှလုံးရပ်ကြပါသတဲ့။ တကယ်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ရုတ်တရက် နှလုံးရပ်ရတဲ့ အကြောင်းရင်းတွေကို ကြည့်လိုက်ပြန်ရင်တော့။အထူးသဖြင့် နှလုံးသွေးကြောပိတ်တာတို့ လေဖြတ်တာတို့က သာမန်အချိန်တွေမှာဖြစ်ရင် ဆေးရုံချက်ချင်းပို့ ကုသရင် ပြန်ကောင်းနိုင်ပေမယ့် အိပ်ပျော်နေချိန်မှာ ဖြစ်ရင် မသိလိုက်တဲ့အတွက် အသက်ဆုံးရှုံးရတာ ဖြစ်ပါတယ်။အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါများ။အဆုတ်ကလည်း ရုတ်တရက် အသက်မရှူနိုင်တော့ဘူးဆိုရင် အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို မလဲနိုင်တော့တာကြောင့် သေဆုံးသွားမှာ ဖြစ်ပါတယ်။ ဒါမျိုးက အဆုတ်ရောဂါအခံရှိသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဥပမာ။ဒါ့ပြင်myasthenia gravisလို အာရုံကြောရောဂါမှာဆိုရင် ရင်ဝမ်းခြားကြွက်သား လှုပ်ရှားမှု မရှိတော့တာကြောင့် အသက်ရှူမရဘဲ ရုတ်တရက် သေဆုံးတတ်ပါတယ်။အဆိပ်နဲ့ ဆေးဝါးတွေ။သတင်းတွေမှာ မိသားစုလိုက် ညဘက်အိပ်ရင်း ဆုံးပါးသွားတာတွေ ဖတ်ဖူးမှာပါ။ ဒါကကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ အဆိပ်သင့်တာကြောင့် ဖြစ်ပါတယ်။ လေဝင်လေထွက်မကောင်းတဲ့ တိုက်ခန်းအလုံပိတ်တွေမှာ မီးစက်တွေ နှိုးတာ၊ တစ်ခုခုကို ရှို့ထားတာ စတာတွေကနေ ဖြစ်တာ ဖြစ်ပါတယ်။နောက်တစ်ခုကတော့ ဆေးဝါးတွေ သုံးစွဲတာပါ။ အထူးသဖြင့် မူးယစ်ဆေးတွေ၊ အိပ်ဆေးတွေကို အလွန်အကျွံသုံးစွဲမိရာကနေ ပြန်နိုးမလာတာ ဖြစ်ပါတယ်။ဆေးဝါးအကြောင်းပြောရင်း တစ်လက်စတည်း အရက်ကိုပါ ထည့်ပြောချင်ပါတယ်။ တချို့က အရက်မူးပြီး အိပ်ပျော်သွားတယ်။ မနက်ကျ ဆုံးနေတာကို တွေ့ရတယ်ဆိုရင် ဖြစ်နိုင်တာ တစ်ခုက အန်ဖတ်စို့တာပါ။ အများကြီး အန်ချင်မှ အန်မယ်။ ဒါပေမယ့် အစာတွေ ပြန်တက်လာပြီး အသက်ရှူလမ်းကြောင်းမှာ ပိတ်နေတာ ဖြစ်ပါတယ်။ သာမန်လူဆိုရင် ထပြီး ချောင်းဆိုးတာ၊ ဟိုဘက်ဒီဘက်လှည့်တာတွေ လုပ်နိုင်ပေမယ့် မူးပြီး အိပ်ပျော်နေတာကြောင့် မနိုးဘဲ အသက်ရှူကျပ်ပြီး ဆုံးသွားတာ ဖြစ်ပါတယ်။ထိခိုက်ဒဏ်ရာရတွေ။ထိခိုက်ဒဏ်ရာက လူသတိထားမိလောက်တဲ့ ထိခိုက်ဒဏ်ရာတွေ မဟုတ်ပါဘူး။ ဥပမာ အသက်ကြီးတဲ့ လူကြီးတစ်ယောက်က မတော်တဆ ခေါင်းထိသွားတယ်။ ပြင်ပဒဏ်ရာ ဘာမှမရှိတဲ့အတွက် ပြင်းထန်တယ်လို့ မထင်ဘူးပေါ့။ ဒါပေမဲ့ အထဲမှာ ဦးနှောက်သွေးယိုနေတယ်။ ဘာလက္ခဏာမှ မပြတဲ့အတွက် ဒါမှမဟုတ် သတိမထားမိတဲ့အတွက် သွေးယိုတာက တဖြည်းဖြည်း များလာပြီး အိပ်ချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဆုံးသွားတာလည်း ဖြစ်နိုင်ပါတယ်။အိပ်စက်ခြင်းနဲ့ ဆိုင်တဲ့ရောဂါတွေ။ဒီထဲမှာ အဓိကထားပြီး ပြောချင်တာကတော့ အိပ်ဟောက်ရှူရပ်ပြဿနာပါ။ နာမည်အတိုင်းပဲ အိပ်နေတုန်း ဟောက်တယ်၊ ဟောက်တာအပြင် ကြားထဲမှာ စက္ကန့်ပိုင်းလောက်  အသက်ရှူရပ်ရပ်သွားတဲ့ ပြဿနာပါ။ သူ့ရဲ့ ပြဿနာက အသက်ရှူရပ်ရပ်သွားတာပါ။ စစချင်းမှာ ရပ်ပြီး ပြန်ရှူပေမယ့် နောက်ပိုင်း ပြန်မရှူနိုင်တော့ရင် အိပ်နေရင်း ဆုံးသွားတာမျိုး ဖြစ်တတ်ပါတယ်။အိပ်နေတုန်း ဒီရောဂါတွေ ဖြစ်တဲ့အခါ လူနာက နာတာ၊ သက်သောင့်သက်သာ ဖြစ်တာတွေ ခံစားရမှာပဲ။ အဲ့ဒီအချိန်မှာပါ နိုးလာပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းရင်  အသက်ရှင်မှာပေါ့လို့ မေးစရာ ရှိပါတယ်။ဥပမာ နှလုံးသွေးကြောပိတ်လို့ ရင်ဘတ်အောင့်ပြီး နိုးလာရင်တော့ အချိန်မီ ကုသလို့ ရနိုင်မှာပါ။ ဒါပေမဲ့ သိကြတဲ့အတိုင်း ရင်ဘတ်မအောင့်ဘဲ နှလုံးသွေးကြောပိတ်တာတွေလည်း ရှိတာပဲ။ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ အဆိပ်သင့်တာဆိုရင် အနံ့မရှိတော့ ရှူလို့ ရှူမိမှန်းတောင်  သိလိုက်မှာ မဟုတ်ပါဘူး။ဒါကြောင့်ပဲ အိပ်နေတုန်း ရုတ်တရက်သေဆုံးတာတွေ ဖြစ်ကြတာပါ။တိကျတဲ့ ကာကွယ်နည်းရယ်လို့ မရှိပါဘူး။ အရေးကြီးတာက ကိုယ့်မှာရှိတဲ့ ရောဂါအခံတွေကို သေချာကုသပြီး ထိန်းထားဖို့ပဲ တတ်နိုင်ပါတယ်။ ဒီနည်းနဲ့ပဲ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/causes-of-sudden-death-during-sleep/
Boron (ဘိုရွန်)
ဘိုရွန် သည် သဘာဝအတိုင်းတွေ့ရသော သတ္ထုဓါတ်တစ်မျိုးဖြစ်သည်။ အရိုးသိပ်သည်းဆကောင်းစေရန်၊ အရိုးအဆစ်ရောင်ရောဂါကို သက်သာစေရန်၊ ကြွက်သားများသန်မာစေရန်၊ တက်စရိုစတီရုန်းဟော်မုန်းပမာဏများစေရန်၊ နှင့် အတွေးအခေါ်ကောင်းစေရန်အတွက် ဘိုရွန်ကို အသုံးပြုကြသည်။ဘိုရစ်အက်ဆစ်ကို သွေးတိတ်စေသောဆေးအဖြစ်သုံးကြပြီး၊ မျက်စဉ်းခတ်ရန်အတွက်လည်း အသုံးပြုကြသည်။ တခါတရံ အမျိုးသမီးများ၏ မိန်းမကိုယ်တွင် ဖြစ်တတ်သော မှိုစွဲသောရောဂါအတွက် ဘိုရစ်အက်ဆစ်ပါသော ဆေးကို မိန်းမကိုယ်ထဲထည့်ပြီးကုသကြသည်။ဤဘယဆေး ဘယ်လိုလုပ်ဆောင်မှုတွေ ရှိသည်ဆိုသည်နှင့်ပတ်သတ်၍ လုံလောက်သော လေ့လာမှုများမရှိသေးပါ။ ပိုမိုသိရှိနိုင်ရန် သင်၏ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် ဘိုရွန် သည် အစားအစာမှ ကယ်စီယမ်ဓါတ်၊ ဖော့စဖိတ်ဓါတ်နှင့် မက်ဂနီဆီယမ်ဓါတ်များကို စုပ်ယူမှုအပေါ်တွင် သက်ရောက်မှုရှိနိုင်ကြောင်းကို လေ့လာထားသော လေ့လာမှုများရှိသည်ကို တွေ့ရသည်။ ယခုအခါ သုတေသနပညာရှင်များနှင့် ဆေးဝါးထုတ်လုပ်သောလုပ်ငန်းများသည် ဆေးများထုတ်လုပ်ရာတွင် ကာဗွန်အစားထိုးသုံးနိုင်ရန် ဘိုရွန်ကို ပို၍စိတ်ဝင်စားလာကြသည်။ဘိုရွန်ကို ခြောက်သွေ့ပြီး နေရောင်တိုက်ရိုက်မကျရောက်သော နေရာတွင် ထားပါ။အဆိပ်သင့်သောလက္ခဏာများရှိမရှိကိုလည်း စစ်ဆေးသင့်သည်။ဆေးဘက်ဝင် အပင်များကို အသုံးပြုသည့် အခါတွင် ဓါတုဆေးဝါးများကို အသုံးပြုသည်ထက် လိုက်နာရမည့် စည်းမျဉ်းများ နည်းတတ်သည်။ဘေးကင်းစွာ အသုံးပြုနိုင်ရန် လေ့လာမှုများကို ပိုမိုပြုလုပ်ရန်လိုသည်။ ဤဆေးပင်ကို အသုံးပြုရာတွင် အန္တရာယ်ရှိနိင်သည် ဆိုသည်ကို သတိပြုရမည်။ ပိုမိုသိရှိနိုင်ရန် သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။သုတေသနများပို၍ မတွေ့ရှိသေးခင်အချိန်ထိ ဘိုရွန်ကို ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးနို့တိုက်နေသောမိခင်များနှင့် ကလေးငယ်များကို မတိုက်သင့်ကြောင်း သုံးစွဲသူကို အသိပေးပါ။ဘိုရွန် တွင် ဘေးထွက်ဆိုးကျိုးများစွာရှိနိုင်သည်။• အော့အန်ခြင်း၊ ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အစာမကြေခြင်း (ပမာဏများလျင်)။• ဆံပင်ကျွတ်ခြင်း၊ အရေပြားယောင်ယမ်းခြင်း။• ယာယီအဆိပ်သင့်သောလက္ခဏာများ- လက်တုန်ခြင်း၊ တက်ခြင်း၊ စိတ်တိုခြင်း၊ အားနည်းခြင်း၊ နုန်းခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ အရေပြားကွာခြင်း၊ အနီကွက်များပေါ်ခြင်း။အသုံးပြုသော လူတိုင်း ထိုဘေးထွက်ဆိုးကျိုးများရှိမည်ဟု မဆိုလိုပါ။ သို့သော် အခြားသော ဆိုးကျိုးများလည်း ရှိနေနိင်သည်။ အကယ်၍ အခြားသော ဘေးထွက်ဆိုးကျိုးများကို စိတ်ပူပါက သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ဘိုရွန်သည် အီစထရိုဂျင်ဟော်မုန်း၏အကျိုးသက်ရောက်မှုကို တိုးပွားစေပြီး မက်ဂနီဆီယမ်နှင့် ဖော့စဖိတ်ဓါတ်တို့ကို အကျိုးအားနိသင်လျော့စေသည်။ဤဆေးပင်သည် အခြားသော သင်အသုံးပြုနေသော ဆေးဝါးများနှင့် ဓါတ်ပြုမှုများရှိနိုင်သည်။ အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။ဘိုရွန်ကို ပမာဏအမျိုးမျိုးနှင့် အသုံးပြုကြောင်း လေ့လာမှုအမျိုးမျိုးတွင် ဖော်ပြထားသည်။ နေ့စဉ် ၃ မီလီဂရမ်မှ ၆ မီလီဂရမ်အထိ သုံးလေ့ရှိသည်။ ဘိုရစ်အက်ဆစ်ကို ပါးစပ်မှသောက်သုံးခြင်းသည် သေစေနိုင်သည့်အတွက် အသုံးမပြုသင့်ပါ။လူနာတိုင်းအတွက် အသုံးပြုရန် ဆေးပမာဏမှာ ကွဲပြားနိုင်ပါသည်။ လူနာ၏ အသက်၊ကျန်းမာရေး၊ နှင့် အခြားသော ကျန်းမာရေးအခြေအနေများကိုလည်း ထည့်သွင်း စဉ်းစားရပါမည်။ ဘယဆေးများသည် အမြဲတမ်းအသုံးပြုရန် စိတ်မချရပါ။ သင့်တော်သော ဆေးပမာဏအတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ဤဘယဆေးပင်ကို အောက်ပါ ပုံစံများနှင့် ရနိုင်သည်။• ဆေးပြား။• ဆေးတောင့်။• အရည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/boron-%e1%80%98%e1%80%ad%e1%80%af%e1%80%af%e1%80%9b%e1%80%bc%e1%80%94%e1%80%b9/
Peripheral Arterial Disease (ပြင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါ)
ပြင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါသည် သွေးလည်ပတ်မှုတွင်ဖြစ်သောအဖြစ်များသည့်ပြသာနာဖြစ်ပြီး သွေးလွတ်ကြောများကျဉ်းခြင်းကြောင့် သင့်ခြေလက်များကိုသွေးမရောက်နိုင်ခြင်းဖြစ်သည်။ပင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါဖြစ်ပါက သင့်ခြေလက်-များသောအားဖြင့် ခြေ-တါင် သွေးလိုအပ်သလောက်မရတော့ပေ။ ထိုကြောင့်လက္ခဏာများဖြစ်စေပြီး သတိထားမိတတ်သောလက္ခဏာမှာ လမ်းလျောက်ချိန်ခြေထောက်နာခြင်း(ကလော့ဒီကေးရှင်း)ဖြစ်သည်။ပင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါသည် သွေးကြောများတါင် အဆီစုပုံခြင်း(သွေးကြောကျဉ်းခြင်း၏လက္ခဏာဖြစ်နိုင်သည်။ ထိုအခြေအနေသည် သင့်နှလုံးဦးနှောက်ကိုသာမက ခြေထောက်ကိုသာသွေး၇ရှိမှုနည်းစေသည်။ဒီရောဂါဟာ်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ပင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါဖြစ်သောသူများတွင် ရောဂါသိပ်မပြင်းထန်ခြင်းသို့မဟုတ် လက္ခဏာမပြတတ်ပါ။ အချိုသူများတွင်လမ်းလျောက်လျင်နာခြင်း(ကလော့ဒီကေးရှင်း)ရှိတတ်သည်။ကလော့ဒီကေးရှင်းလက္ခဏာများတွင်ခြေလက်များတွင် ကြွက်သားနာခြင်း သို့မဟုတ် ကြွက်တတ်ခြင်းရှိတတ်သည်။ လှုပ်ရှားသောအချိန် ဥပမာလမ်းလျောက်ခြင်းတွင်ဖြစ်ပြီး နားပြီး မိနစ်အနည်းငယ်ကြာချိန်တွင်ပျောက်သွားတတ်သည်။ နာသောနေရာသည် ပိတ်သောသွေးလွတ်ကြောပေါ်မူတည်သည်။ ခြေသလုံးကြွက်သားတွင်အဖြစ်များသည်။ကလော့ဒီနေးရှင်းပြင်းထန်မှုမျိုးစုံရှိသည်။ သိပ်မပြင်းထန်ခြင်းမှအားအင်ကုန်ခမ်းလောက်အောင်နာခြင်းတို့ဖြစ်သည်။ ပြင်းသော ကလော့ဒီကေးရှင်းက လမ်းလျောက်ရန် သို့မဟုတ် အခြားအလုပ်လုပ်ရန်ခက်ခဲသည်အထိဖြစ်စေသည်။ပင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါ၏လက္ခဏာများမှာ။သင့်တင်ပါး ပေါင် သို့မဟုတ် ခြေသလုံးကြွက်သားများ လှုပ်ရှားမှုလုပ်ချိန် ဥပမာ လမ်းလျောက်ခြင်း သို့မဟုတ်လှေကားတတ်ချိန်တွင်နာခြင်း(ကလော့ဒီကေးရှင်း)။ခြေထောက်ထုံခြင်း သို့မဟုတ် အားနည်းခြင်း။ခြေထောက်ခြေဖဝါးအေးခြင်း အဓိကအားဖြင့် အခြားဘက်နှင့်နှိုင်းယှဉ်ပါက။ခြေထောက်ခြေချောင်းများတွင်အနာဖြစ်ပြီး အနာမကျက်ခြင်း။ခြေထောက်အရောင်ပြောင်းသွားခြင်း။ခြေထောက်ရှိအမျှင်ကျွတ်ခြင်း သို့မဟုတ် ဆံပင်ကြီးထွားနှုန်းနေးခြင်း။ခြေသည်းရှည်နှုန်းနှေးခြင်း။ခြေထောက်တွင်ပါးပြီးပြောင်နေသောအရေပြားရှိခြင်း။ခြေထောက်တွင်သွေးခုန်နှုန်းမရှိခြင်းသိုမဟုတ် အားနည်းခြင်း။ယောကျာ်းလေးများတွင်လိင်အဂါၤမထောင်နိုင်ခြင်း။ပင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါပိုဆိုးလာပါက နားနေချိန်တွင်ပါနာလာခြင်း သို့မဟုတ် လှဲနေချိန်တွင်ပါနာလာတတ်သည်( သွေးမရခြင်းကြောင့်နာခြင်း) အအိပ်ပါပျက်နိုင်သည်။ ခုတင်ဒေါင့်မှ ခြေထောက်ကိုချထားခြင်း သင့်အခန်းအတွင်းလမ်းနည်းနည်းလျောက်ခြင်းကသက်သာစေနိုင်သည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ခြေထောက်နာခြင်း ထုံခြင်းနှင့်အခြားလက္ခဏာများရှိပါက ရိုးရိုးအသက်ကြီးရောဂါနှင့်မရောသင့်ပေ။ ဆရာဝန်နှင့်ဆက်သွယ်ပါ။ရောဂါလက္ခဏာမရှိပါက အောက်ပါတို့ရှိပါက ရောဂါရှိမရှိစမ်းရန်လိုအပ်သည်။အသက်၇၀ကျော်။အသက်၅၀ကျော် တွင် ဆီးချိုသို့မဟုတ် ဆေးလိပ်သောက်တတ်ခြင်း။အသက်ငါးဆယ်အောက်။ ဆီးချိုနှင့်အခြားသွေးကြောဆိုင်ရာအန္ဓါရာယ် ဥပမာ ဝခြင်းသွေးပေါင်ချိန်တက်ခြင်းတို့ရှိနေခြင်း။ပြင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါသည် သွေးကြောကျဉ်းခြင်းကြောင့်ဖြစ်နိုင်သည်။ သွေးကြောကျဉ်းခြင်းသည် အဆီ(အလွာ)များ သွေးကြောနံရံတွင်ဖြစ်လာပြီး သွေးစီးနှုန်းကိုနှေးစေသည်။သွေးကြောကျဉ်းခြင်းသည် အဓိကနှလုံးကိုထိစေတတ်သော်လည်း ခန္ဓါကိုယ်တခုလုံးတွင်လည်းဖြစ်နိုင်သည်။ ခြေလက်ကိုထောက်ပေံ့သောသွေးကြောတွင်ဖြစ်ပါက ပင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါကိုဖြစ်စေတတ်သည်။ရှားရှားပါးပါး သွေးကြောယောင်ခြင်း ခြေလက်ထိခိုက်မိခြင်း သင့်ကြွက်သားအရွတ်နေရာမမှန်ခြင်းသို့မဟုတ် ဓါတ်ရောင်ခြည်ထိမိခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ပြင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ဆေးလိပ်သောက်ခြင်း။ဆီးချိုရှိခြင်း။ဝခြင်း(ခန္ဓါကိုယ်အထူ ၃၀ကျော်ခြင်း)။သွေးပေါင်ချိန်တက်ခြင်း။သွေးတွင်းအဆီဓါတ်များခြင်း။အသက်ကြီးခြင်း များသောအားဖြင့်အသက်ငါးဆယ်ကျော်ခြင်း။မိသားစုမျိုးရိုးရှိခြင်း။ ပြင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါ နှလုံးရောဂါ သို့မဟုတ် လေဖြတ်ခြင်း။ဟိုမိုစစ်တင်း(တစ်သျူးတည်ဆောက်ပေးသောအရာ)များခြင်း။ဆီးချီုရှိခြင်း နှင့်ဆေးလိပ်သောက်သူများတွင်သွေးစီးဆင်းမှုများခြင်းကြောင့်ဖြစ်နိုင်ခြေအများဆုံးဖြစ်သ်ည။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ပြင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါအတည်ပြုရန်ကူညီသောစမ်းသက်မှုများမှာ။ရုပ်ပိုင်းဆိုင်ရာစမ်းသက်ခြင်း။ ပြင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါလက္ခဏာရှိပါက ရုပ်ပိုင်းဆိုင်ရာစမ်းသက်ခြင်း ဥပမာ သွေးကြောကျဉ်းသောနေရာအောက်တွင် သွေးခုန်နှုန်းမရခြင်း အားနည်းခြင်း၊ နားကြပ်ဖြင့်နားထောင်က အသံများကြားနေရခြင်း၊ သွေးမရောက်နိုင်သောနေရာတွင် အနာမကျက်ြခ်ငး နှင့် ဖြစ်သောခြေလက် တွင်သွေးပေါင်ချိန်ကျခြင်းတို့ဖြစ်တတ်သည်။ခြေလက် စံနှုန်း(အေဘီအိုင်) ရောဂါအတည်ပြုရန်အသုံးများဆုံး စမ်းသက်ချက်ဖြစ်သည်။ ခြေကျင်းဝတ်နှင့်လက်မောင်းရှိ သွေးပေါင်ချိန်ကိုတိုင်းပေးသည်။ သွေးပေါင်ချိန်ဖတ်လို့ရရန် သွေးပေါင်တိုင်းစက်နှင့် အထူးပြုလုပ်ထားသော အာထရာစောင်းဖြင့်သွေးစီးဆင်းမှုနှင့် သွေးပေါင်ချိန်ကိုတိုင်းသည်။အထူးပြုလုပ်ထားသော အာထရာဆောင်းများ ဥပမာ ဒေါပလာ အာထရာစောင်း က သွေးထဲရှိသွေးစီးဆင်းမှုကိုလဲသိစေပြီး ပိတ်နေသောသွေးကြောများကိုလည်းသိစေနိုင်သည်။ ဆိုးဆေး(ပုံဖော်ပစ္စည်း)ကိုသွေးလွတ်ကြောအတွင်းသို့ထိုးပြီး သွေးစီးဆင်းမှုအရှိန်ကိုလဲသိစေသည်။ ထိုပစ္စည်းကိုပုံရိပ်ဖော်နည်းများ ဥပမာ ဓါတ်မှန်ရီုက်ခြင်း အန်အာအအေရိုက်ခြင်း နှင့် ကွန်ပြုတာဓါတ်မှန်ရိုက်ခြင်းဖြင့်လိုက်ကြည့်နိုင်သည်။ ပြွန်ဖြင့် သွေးကြောအားရိုက်ခြင်းသည် ခန္ဓကိုယ်အတွင်းသို့ပိုဝင်ရသည့်နည်းပညာ်ဖြစ်ပြီး ထိုပြွန်လေးကို ဖြစ်သောဘက်အခြမ်း၏ပေါင်ခြံသွေးကြောမထည့်ပြီး ဆိုးဆေးကိုထည့်လွတ်လိုက်သည်။ ဒီသွေးကြောပု့ရိပ်ဖော်ခြင်းဖြင့်ှရောဂါကိုတွေ့တစ်ခါတည်းကုသနိုင်သည်။ ကျဉ်းသောနေရာကိုရှာပြီးဆေးများပြီးချဲ့ပေးခြင်းဖြင့်သွေးလည်ပတ်မှုများစေသည်။သွေးစစ်ဆေးခြင်း။ သွေးအနည်းကိုယူပြီးသွေးအတွင်းရှိ ကိုလက်စတောနှင့် ထွိုင်ဂလစ်စတွိုက်တို့ကိုနည်းစေသည်။ ဆီးချိုရှိမရှိစစ်နိုင်သည်။အဓိကကုသမှု၏ရည်ရွယ်ချက်နှစ်မျိုးရှိသည်။ရောဂါလက္ခဏာများကိုစီမံခန့်ခွဲရန် ဥပမာ ခြေထောက်နာခြင်း ။ ထိုကြောင့်သင့်လှုပ်ရှားမှုများပြန်လည်လုပ်ဆောင်လာနိုင်မည်။သွေးကြောကျဉ်းခြင်းကိုပိုမဆိုးဆေရန် ။ နှလုံးရုတ်တရက်သေဆုံးခြင်းနှင့်လေဖြတ်ခြင်းကိုလျော့ချပေးနီုင်သည်။ထိုရည်ရွယ်ချက်များကိုလူနေမှုပုံစံပြောင်းလဲခြင်းဖြင့်ရနိုင်သည်။ ဆေးလိပ်သောက်ပါက ဆေးလိပ်ဖြတ်ခြင်းသည် နောက်ဆက်တွဲမဖြစ်အောင်တားဆီးပေးနိုင်သောအဓိကအရေးကြီးအချက်ဖြစ်သည်။လူနေမှုပြောင်းလဲရုံနှင့်မလုံလောက်ပါ ဆရာဝန်မှဆေးပေးလိမ့်မည်။ သွေးမခဲစေရန် သွေးပေါင်ကျရန် သွေးတွင်းအဆီနည်းရန် နာခြင်းနှင့် အခြားလက္ခဏာသက်သာရန်ဆေးပေးလိမ့်မည်။ဆေးကုထုံး။ကိုလက်စတောနည်းစေသောဆေး။ ထိုဆေး စတက်တင် က သင့် နှလုံးရုတ်တရက်သေဆုံးခြင်းနှင့်လေဖြတ်ခြင်းတို့မဖြစ်ရန်ကာကွယ်ပေးနိုင်သည်။ ပြင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါတွင် ရည်ရွယ်ချက်မှာ မကောင်းသော အယ်ဒီအယ် ကိုလက်စတောကို ၁၀၀မီလီဂရမ် ပါ ဒက်စီလီတာ သို့မဟုတ် ၂.၆ မီလီမိုး ပါ လီတာ ထက်နည်းလိုခြင်းဖြစ်သည်။ သင့်တွင် နှလုံးရုတ်တရက်သေဆုံးခြင်းနှင့်လေဖြတ်ခြင်းဖြစ်နိုင်သောအခြား အကြောင်းများရှိပါက အဓိကအားဖြင့် ဆီးချို ဆေးလိပ်သောက်ခြင်း ဒီထက်နည်းအောင်ထားဖို့ရည်ရွယ်သည်။သွေးပေါင်ချိန်တက်ခြင်းအတွက်ဆေးပါ။ သွေးပေါင်ချိန်တက်နေပါက ချရန်ပေးလိမ့်မည်။ ရည်ရွယ်ချက်မှ အပေါ်သွေး ကို၁၄၀ အောက်သွေးကို ၉၀ သို့မဟုတ် အောက်ထားလိုသည်။ ဆီးချိုရှိပါက၁၃၀ /၈၀ အောက်ထားလိုသည်။သကြားဓါတ်အတွက်ဆေးများ။ ဆီးချိုရှိက သကြားဓါတ်ထိန်းရန်အရေးကြီးသည်။ ဆရာဝင်အား သင့်သကြားဓါတ်မည်မျှတွင်ထားသင့်သည် ထိုသို့ရအောင်မည်သို့လုပ်ရမည်တိုကိုမေးမြန်းပါ။သွေးခဲခြင်းကိုကာကွယ်သောဆေးများ။ ပြင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါသည် ခြေလက်များကိုသွေးစီးဆင်းမှုနည်းခြင်းကြောင့်ဖြတ်သောကြောင့်လိုအပ်နိုင်သည်။ အက်ပလင် ကုထုံးသို့မဟုတ် အခြားသောဆေးများ ဥပမာ ကလိုပီဒိုဂရယ်(ပလာဗစ်)ကိုပေးလိမ့်မည်။လက္ခဏာသက်သာစေသောကုထုံး။ စီလိုစတာဇော(ပလီတယ်)သည်သင့်လက်ခြေများ၏သွေးစီးမှုကို သွေးပါးစေပြီး သွေးကြောချဲ့ပေးခြင်းဖြင့်ုမြားစေသည်။ လမ်းလျောက်ရင်နာခြင်း လက္ခဏာရှိသူများအတွက်ကောင်းသည်။ ထိုဆေးဆိုးကျိုးမှာ ခေါင်းကိုက်ခြင်း ဝမ်းလျောခြင်းတို့ဖြစ်သည်။ စီလိုစတာဇော နှင့်တူသောအခြားဆေးမှာ ပန်တိုဇီဖိုင်လင်း(ထရီတယ်)ဖြစ်သောလည်းထိရောက်မှုပိုနည်းသည်။ ဆိုးကျိုးဖြစ်သည်တော့ရှားသည်။သွေးကြောခွဲစိတ်ပြုပြင်ခြင်း။အချီု့ကိစ္စများတွင် လမ်းလျောက်ပါကနာခြင်းမျိုးရှိပါက လိုအပ်နိုင်သည်။ထိုလုပ်ဆောင်ချက်တွင် ပြွန်ကိုဖြစ်သောသွေးကြောထဲသို့ထည့်သည်။ ပြွန်ထုတ်ရှိ ဘောလုံးကိုဖောင်းခြင်းဖြင့် သွေးကြောကိုပြန်ပွင့်စေခြင်း ကပ်နေသောသွေးကြောနံရံများကိုဖောင်းလာစေခြင်းတို့လုပ်ပေးသည်။ ထိုကြောင့်သွေးလည်ပတ်မှုပြန်များစေသည်။ ဆရာဝန်မှ ဇကာကွက်ကဲ့သို့အရာကိုထည့်ထားခဲ့နိုင်သည်။ ထိုအရာက သွေးကြောကိုပွင့်နေရန်ကူညီပေးနိုင်သည်။ နှလုံးကုထုံးလုပ်တာနှင့်တူနိုင်သည်။ခွဲစိတ်ခြင်း။ တည်ဆောက်ဖိုက်ဘာဖြင့်လုပ်ထားသော သင့်ခန္ဓါကိုယ်ရှိအခြားသွေးကြောကိုယူပြီး အစားထိုးမှုလုပ်လိမ့်မည်။ ထိုကြောင့်သွေးအားစီးဆင်းစေနိုင်သည်။သွေးခဲဖျော်ကုထုံး။ သွေးခဲက ပိတ်နေပါက သွေးခဲဖျော်ဆေးကို သွေးကြောထဲသို့သွင်းပြီးသွေးကြောကိုဖွင့်ပေးသည်။ဦးစီးမှုဖြင့်လေ့ကျင့်မှုလုပ်ဆောင်ခြင်း။ဆေးကုသခြင်း ခွဲစိတ်ခြင်းများအပြင် လေ့ကျင့်ခန်းလေ့ကျင့်မှုများကိုလုပ်ခြင်းဖြင့်အ နာသက်သာနေချီန်လမ်းလျောက်နိုင်နှုန်းများစေသည်။ ပုံမှန်လေ့ကျင့်ခန်းက လက္ခဏာများကို နည်းလမ်းတော်တော်များများဖြင့်သက်သာစေနိုင်သည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကပြင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ပြင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။ဆေးလိပ်သောက်သည်ကိုရှောင်ပါ။ သွေးကြောများကိုကျုံပြီးထိခိုက်စေခြင်း ပြင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါဖြစ်လာစေခြင်း ပိုဆိုးလာစေခြင်းတို့ကိုဖြစ်စေသည်။ သင်ဟာသင်ဖြတ်ရန်ခက်ခဲနေပါက ဆရာဝန်အကူအညီ ဆေးဝါးအပါအဝင် တောင်းခံပါ။ ထိုအရာသည်အလွန်အရေးကြီးသည်။ ပြင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါကောင်းမကောင်းကို လမ်းမည်မျှပြန်လျောက်လာနိုင်သည်နှင့်လည်းတိုင်းတာသည်။ လေ့ကျင့်ခန်းသိပ်မလုပ်ခြင်းက သင့်ကြွက်သားများ အောက်စီဂျင်ကိုထိထိရောက်ရောက်မသုံးနိုင်စေပါ။ ထိုကြောင့်လေ့ကျင့်ခန်းလုပ်ရန် အကြံကိုပေးလိမ့်မည်။ လမ်းလျောက်တာနာခြင်းအတွက်လေ့ကျင့်ခန်းများ ပြန်လည်တည်ဆောက်ရေးဆိုင်ရာလေ့ကျင့်ခန်းများကိုလုပ်ရန်ညွန်ကြားနိုင်သည်။အာဟာရမျှတအောင်စားပါ။ ကျန်းမာစေသောအစာသည် ပြည့်ဝဆီနည်းပြီးသင့် သွေးပေါင်ချိန် ကိုလက်စတောများကိုထိန်းရန် ကူညီပေးနိုင်သည်။အချို့အဖျားကျစေသောဆေးများသောက်ခြင်းရှောင်ပါ။ ဆေးဆိုင်တွင်ရနိုင်သောထိုဆေးများတွင် ဆူဒိုအဖဒရင်း(အဗေး ကိုးနှင့် ဆိုင်းနပ် အဒိ ဒီ၊ ဆိုင်းနပ်နှင့်ခေါင်းကိုက်ြခ်ငး၊ ကလာတင်ဒီ ဆူဒီဖက် တိုင်လီနောအဖျား ဇိုင်းတက်ဒီ နှင့်အခြား)ပါတတ်သည်။ ထိုအရာက သွေးကြောကျဉ်းစေပြီး။ပြင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါကဲ့သို့လက္ခဏာများပေါ်တတ်သည်။ထို့အပြင် ခြေထောက်ကိုဂရုစိုက်ပါ။ ပြင်ပသွေးလွှတ်ကြောများတွင်ဖြစ်သောရောဂါ အဓိကအားဖြင့်ဆီးချိုပါရှိသူများတွင် ခြေထောက်ရှိအနာများကျက်ရန်ခက်ခဲတတ်သည်။ သွေးလည်ပတ်မှုနည်းခြင်းက အနာကျက်ရန်နှေးစေပြီး ပိုးဝင်စေနိုင်သည်။ အကြံပြုချက်များကိုလိုက်နာပါ။ခြေထောက်ကိုနေ့တိုင်းဆေးပါ အပြည့်အဝအခြောက်ခံပြီး အစိုဓါတ်ထိန်းသောအရာများလိမ်းပေးပါ။ ထိုကြောင့်ခြေထောက်ကွဲခြင်းကိုသက်သာစေပြီးရောဂါပိုးဝင်ခြင်းကိုလျော့ချပေးနိုင်သည်။ ခြေချောင်းကြားသို့မလိမ်းပါနှင့် မှိုပေါက်လာနိုင်သည်။သင့်တော်သောဖိနပ် ခြောက်သွေ့ပြီးထူသောခြေအိတ်တို့ကိုဝတ်ပါ။မှီုရောဂါ ကိုသေချာစွာကုပါ။ခြေသည်းလက်သည်းညှပ်ချိန်တွင်သတိထားပါ။ခြေထောက်တွင်ဒဏ်ရာရှိမရှိနေ့တိုင်းစစ်ပါ။ခြေထောက်ယောင်ခြင်း အသားမာတက်ခြင်းတို့ရှိပါက ခြေထော်ကဆရာဝန်နဲ့ပြပါ။ခြေထောက်ထိခိုက်မိခြင်း ဒဏ်ရာလက္ခဏာများပေါ်ကဆရာဝန်နဲ့တိုင်ပင်ပါ။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/other-blood-disorders/peripheral-arterial-disease-%e1%80%bb%e1%80%95%e1%80%84%e1%80%b9%e1%80%95%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%9c%e1%82%8a%e1%80%90%e1%80%b9%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%99%e1%80%ba/
ရုတ်တရက် ခြေသလုံး ကြွက်တက်တဲ့အခါ ဘယ်လိုလုပ်ရမလဲ
လမ်းလျှောက်ရင်းဖြစ်ဖြစ်၊ အထိုင်အထမှာဖြစ်ဖြစ် ရုတ်တရက် ခြေသလုံးကြွက်တက်တာ အတော်နာကျင်ရပါတယ်။ ခပ်မြန်မြန် ခပ်သွက်သွက်လမ်းလျှောက်ရင်းလည်း ဖြစ်တတ်ရဲ့။ ကြွက်သားထဲက လိပ်တက်လာသလို တောင့်တင်းနာကျင်မှုကြောင့် တစ်ခါတလေ မျက်ရည်ပါကျတဲ့အထိပါ။ဒီလိုဖြစ်လာတဲ့အချိန် ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတာလေး အကြံပေးချင်ပါတယ်။ အရင်ဆုံး –။ခြေထောက်မှာကြွက်တက်ချင်သလိုလိုဖြစ်လာပြီဆိုရင် လုပ်ဆောင်နိုင်တာက –။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%90%e1%80%9b%e1%80%80%e1%80%ba-%e1%80%81%e1%80%bc%e1%80%b1%e1%80%9e%e1%80%9c%e1%80%af%e1%80%b6%e1%80%b8-%e1%80%80%e1%80%bc%e1%80%bd%e1%80%80%e1%80%ba%e1%80%90/
သင့်ကလေးရဲ့လည်ချောင်းနာခြင်းကို ချက်ခြင်းသက်သာစေမယ့် နည်းလမ်း၇ မျိုး။
လည်ချောင်းနာခြင်းကို ချက်ခြင်းကြီးသက်သာစေမယ့်နည်းလမ်းတော့ တကယ်မရှိပါဘူး ဒါပေမယ့် သင့်ကလေးတွေ လည်ချောင်းနာခြင်းရှိခဲ့ပါက သင့်ကလေးနေလု့ိသက်သာစေဖို့အတွက် သင်လုပ်ပေးနိုင်မယ့် နည်းလမ်းတွေကတော့အများကြီးရှိပါတယ်။ တစ်ခါတစ်လေ ရိုးရှင်းတဲ့နည်းတွေက အကောင်းဆုံးပါပဲ။သူတို့ ကို အနားယူခိုင်းဖို့နဲ့ ရေသောက်ဖို့ သေချာဂရုစိုက်ပေးပါ။ ကလေးတွေက အရည်အများကြီး ရမယ်ဆိုရင် ချွဲတွေကို ပျော်သွားစေပြီး မြန်မြန် အပြင်ထွက်စေပါတယ်။ အရည်သောက်ပေးခြင်းကလည်း လည်ပင်းနာခြင်းကို သက်သာစေပါတယ်။ သောက်နိုင်တဲ့အရည်တွေကတော့။ကလေးတွေကိုရေအလုံအလောက်သောက်ခိုင်းဖို့ဟာ မရှိမဖြစ်လုပ်ရမယ့်အလုပ်ပါ ပြီးတော့ သူတို့နေလို့မကောင်းချိန်မှာ ရေဓါတ်ပြည့်ဝနေဖို့ကလည်း။အလွန်ကိုအရေးကြီးပါတယ်။ ရေသောက်ခြင်းနဲ့ လည်ချောင်းနာခြင်းကို ဖြစ်စေမယ့်ပိုးတွေကို တိုက်ထုတ်နိုင်ပြီး ဖြစ်လာမယ့် ဓါတ်မတည့်မှုတွေကို အဝေး။ကိုရှင်းလင်းထုတ်ပေးနိုင်ပါတယ်။ ကလေးတွေမှာ ရေဘယ်လောက်သောက်ဖို့လိုအပ်သလဲဆို တာ လူကြီးတွေလိုပဲ အပြောင်းအလဲရှိပါတယ်။ လူတစ်ယောက်ရဲ့လှုပ်ရှားမှု အပူချိန်နဲ့ရာသီဥတုအနေအထားပေါ်မူတည်ပါတယ်။ နောက်ပြီး အရေရွမ်းတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်စားခြင်းအပေ်ါလည်းမူတည်ပါတယ်။တကယ်လို့ ဆီးက များသောအားဖြင့်။အရောင်ကြည်တယ်ဒါမှမဟုတ် အဝါရောင်ခပ်ဖျော့ဖျော့ရှိတယ်ဆိုပါက သင့်ကလေးဟာရေဓါတ် အလုံအလောက်ရနေတယ်ဆိုတာသိနိုင်ပါတယ်။ပျားရည်က လည်ပင်းကိုချ ိုတဲ့အရာသာနဲ့ အလွှာတစ်ထပ်လို ရှိနေပေးလို့ အများကြီးသက်သာနိုင်ပါတယ်။ သင့်ကလေးကို သဘာဝပျားရည်ကို ဇွန်းတစ်ဇွန်းစာလောက်မြိုချစေခြင်း ဒါမှမဟုတ် ရေခပ်နွေးနွေး ဖန်ခွက်တစ်ခွက်စာထဲ ပျားရည်ကိုထည့်ကာသေချာအောင်မွှေပြီး သောက်စေခြင်း။လုပ်နိုင်ပါတယ်။အသက် နှစ်နှစ်အောက်ငယ်တဲ့ကလေးတွေကိုတော့ ပျားရည် နဲ့ပျားရည်ပါတာလုံးဝမတိုက် ရဘူးဆိုတာသေချာမှတ်ထားပေးပါ။ဘာဖြစ်လို့လဲဆိုတော့ ပျားရည်ဟာ ငယ်သေးတဲ့ကလေးတွေအတွက်အစာအဆိပ်သင့်ခြင်းတစ်မျ ိုးကို ဖြစ်စေလို့ပါပဲ။နှာခေါင်းထဲကို အစက်ချခြင်းက အနှောင့်အယှက်ဖြစ်ရုံသာမက ချောင်းဆိုးခြင်းနဲ့ လည်ချောင်းနာခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။ချောင်းဆိုးပျောက်မယ့် ဆေးအစက်ချခြင်းအစား ရေနွေးနွေးထဲမှာ ဆားကို လက်ဖက်ရည်ဇွန်း ၄ပုံတစ်ပုံစီ။လောက်ထည့်ပြီး သင့်ကလေးကို အာလုတ်ကျင်းခိုင်းပါ။ဒီနည်းလမ်းက လုံးဝအရှင်းကြီး မပျောက်သွားနိုင်စေပေမယ့် နာကျင်တာကို ခဏတစ်ဖြ ုတ်တော့ သက်သာနိုင်ပြီး လိုအပ်။သလို မကြာခဏ ပြန်လုပ်ပေးလို့ရပါတယ်။ကြက်သွန်ဖြ ူဆိုတာ မယုံနိုင်လောက်စရာကောင်းတဲ့ ဘတ်တီးရီးယား ပိုးသေးဆေးတစ်ခုပါပဲ။ လည်ချောင်းနာခြင်း။ကို လှုံဆော်တဲ့ ဘတ်တီးရီးယား ပိုးမွှားတွေကိုသေစေပြီး အနာကျက်မြန်စေပါတယ်။ ကြက်သွန်ဖြ ူအတက်လေးတွေကို သေချာကြိတ်ချေပြီး ရေဆူဆူထဲမှာ ပွက်အောင်လုပ်ပါ။ ရေ။ကအေးသွားပြီဆိုရင် ကလေးကိုတိုက်ပါ ဒါမှမဟုတ် အသီးအရွက်ဖျော်ရည်တစ်ခုခုနဲ့ရောတိုက်ပါ။ဂျင်းဆိုတာကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းသုံးခဲ့တဲ့ အရိုးရှင်းဆုံး ကုထုံးတစ်ခုပါပဲ။နည်းနည်းကြီးတဲ့ကလေးတွေကိုတော့ ဂျင်းတက် အပိုင်းခပ်သေးသေးကို ဝါးခိုင်းပြီးအရည်ကို မြိ ုချခိုင်းတာတွေ လုပ်လို့ရပါတယ်။ကလေးငယ်လေးတွေမှာကျတော့ ဂျင်းကို ရေခပ်နွေးနွေးရယ် ပျားရည်ရယ်နဲ့ဖျော်ပြီး တိုက်လို့ရပါတယ်။တစ်ခြားနည်းလမ်းကတော့ ပက်ပါမင့် လက်ဖက်ရည်ပါပဲ။ပက်ပါမင့်ဟာလည်ချောင်းထဲမှာ ချောမွေ့အောင်လုပ်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ သူ့ထဲမှာပါတဲ့ မန်သောက ချွဲတွေကိုပျော်စေပြီး ဟပ်ထုတ်နိုင်အောင်လုပ်ပေးပြီး လက်ဖက်ရည်ရဲ့ ပူနွေးမှုကတော့ လည်ပင်းယားယံတာကို အံသြလောက်အောင် ပျောက်စေပါတယ်။Hello Health Group ကနေ ကျန်းမာရေး အကြံပြ ုချက်များ၊ ရောဂါရှာဖွေစမ်းသပ်ခြင်းများနှင့် ကုသမှုများမပြ ုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/respiratory-diseases/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%9b%e1%80%b2%e1%80%b7%e1%80%9c%e1%80%8a%e1%80%ba%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%94/
နွေပူညတွေမှာ ကောင်းကောင်း အိပ်ပျော်နိုင်စေဖို့
နွေအပူဒဏ်ကိုအခုချိန်မှာ လူတိုင်းလိုလို အလူးအလဲ ခံနေကြရပါတယ်။ ဒီလိုမျိုး နေပူနေချိန်မှာ အပူဒဏ်ကြောင့် နေရထိုင်ရ မသက်မသာဖြစ်သလို အနေအထိုင်လည်း မကောင်း၊ အစားအသောက်တွေလည်း ပျက်ကြပါတယ်။အပူဒဏ်ကြောင့်ခံစားရတဲ့ ပြဿနာက ဒီလောက်နဲ့ မပြီးသေးပါဘူး။ အပူချိန်က ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်ဖို့ ခက်အောင်လည်း လုပ်ဆောင်ပါသေးတယ်။ ဒီတော့ နွေပူညတွေမှာ ကောင်းကောင်း အိပ်ပျော်နိုင်စေဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။နွေရာသီရဲ့ ပူပြင်းမှုက ညဘက်တွေမှာ အိပ်ရေးပျက်စေလောက်တဲ့အထိ နှောင့်ယှက်နိုင်ပါတယ်။ ဒီလိုနဲ့ နွေမနက်ခင်းတွေမှာ ညီးစီစီ ဖြစ်တာ၊ အားမရှိသလို ခံစားရတာတွေကို ခံစားရတာပါ။ နွေရာသီမှာ အိပ်ပျော်ရခက်စေတာက ပတ်ဝန်းကျင်မှာ အပူရှိန်တွေ မြင့်တက်နေတာကတစ်ကြောင်းခန္ဓာကိုယ်မှာ အပူချိန် မြင့်တက်နေတာကလည်း တစ်ကြောင်းပါ။ လေထုထဲမှာ စိုထိုင်းဆ များလေလေ နွေညတွေမှာ အပူချိန် များလေလေပါ။ဒီလို အပူချိန် မြင့်တက်မှုကြောင့် နွေညတွေမှာအပူချိန် မြင့်တက်ပြီး အိပ်ပျော်ဖို့ ခက်ရတာပါ။ ဒီတစ်ခေါက်တော့ နွေပူနေတဲ့ ညတွေမှာ ကောင်းကောင်း အိပ်ပျော်နိုင်စေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။နွေပူညတွေမှာ ကောင်းကောင်း အိပ်ပျော်နိုင်စေဖို့ ဆိုရင်တော့ဒီနည်းလမ်းလေးတွေက အသုံးတည့်မှာပါ။အခန်းတွင်းက အပြင်ကထက် ပိုပူနွေးနေမှာ အသေအချာပါ။ ဒါကြောင့် ညဘက်မှာ လေအေးလေးတွေ အခန်းထဲ ဝင်လာပြီး နွေအပူချိန် သက်သာစေဖို့ဆိုရင် ညဘက်အိပ်တဲ့အခါ ပြတင်းပေါက်လေးကို ဖွင့်ထားပေးပါ။ ပြတင်းပေါက်တိုင်းကို ဖွင့်ထားဖို့တော့ မလိုပါဘူး။ အိပ်ခန်းထဲက ပြတင်းပေါက်လောက်ပဲ ဖွင့်ထားရင်ကို အဆင်ပြေပါတယ်။ ကိုယ်အိပ်မယ့်နေရာနဲ့ အနီးဆုံးမှာ ရှိတဲ့ ပြတင်းပေါက်မျိုးပါ။ပန်ကာက ဈေးသက်သာပြီး ညဘက်တွေမှာလည်း အေးမြမှုကို ပေးပါတယ်။ပန်ကာက အခန်းတွင်းက လေပူတွေကို အပြင်ကို ထွက်စေပြီး အခန်းတွင်းမှာ အေးမြတဲ့လေကို ဖြစ်ပေါ်စေပါတယ်။ တစ်ညတာလုံး အရှိန် သိပ်မပြင်းတဲ့ အနေအထားတဲ့ ပန်ကာလေး ဖွင့်ထားပေးတာက ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေမှာပါ။ညဘက် မအိပ်ခင် နာရီပိုင်းလောက်အလိုမှာ ခန္ဓာကိုယ် အေးမြပြီးရေဓာတ် ပြည့်ဝစေဖို့အတွက် ရေအေးအေး တစ်ခွက်လောက် သောက်ပေးပါ။ ရေများများ သောက်ပေးတာက ချွေးထွက်တာကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည် ပြည့်ဝစေဖို့ အားဖြည့်ပေးနိုင်မှာပါ။ညဘက်မှာ အပူချိန်ကြောင့် ကောင်းကောင်း အိပ်မပျော်တာမျိုး မဖြစ်စေဖို့ဆိုရင်တော့ ညဘက် အိပ်ရာမဝင်ခင်မှာ နာရီပိုင်းအလိုမှာ ရေကျက်သီးနွေးနဲ့ ရေချိုးပေးပါ။ ဒီလို လုပ်ပေးတာက အရေပြားမှာ သွေးစီးဆင်းမှု ကောင်းစေပြီး ခန္ဓာကိုယ်မှာ အပူချိန် လျော့ကျစေဖို့ ထောက်ကူပေးပါတယ်။အိပ်ရာထဲမှာ ဖြစ်ဖြစ် အိပ်ရာဘေးမှာ ဖြစ်ဖြစ် ရေခဲရေဗူး ဒါမှမဟုတ် ရေခဲဗူးလေး ထားပေးပါ။ ဒီလို ထားအိပ်တာက အိပ်ရာနားက အပူရှိန်ကို သက်သာစေပြီး နွေပူညမှာ ကောင်းကောင်း အိပ်ပျော်စေမှာပါ။မီးလုံးတွေက အပူရှိန်ကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် နွေညတွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ဆိုရင် မီးလုံးတွေကို ပိတ်ထားပါ။ မီးတွေကို မလိုဘဲ မထွန်းပါနဲ့။ အခန်းကို အမှောင်ချထားလေလေ အပူ သက်သာလေလေပါ။မီးလုံးတွေလိုပဲ လျှပ်စစ်ပစ္စည်းတွေကလည်း အပူချိန်ကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် အခန်းထဲမှာ ညဘက် အပူချိန် မြင့်တာမျိုး မဖြစ်စေဖို့ဆိုရင်တော့ လျှပ်စစ်ပစ္စည်းတွေကို အိပ်ရာနဲ့ ဝေးဝေးမှာ ထားပေးပါ။ မဟုတ်ရင်လည်း မလိုတဲ့ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ထားပေးပါ။ညအပူရှိန်ကြောင့် အိပ်ရေးပျက်တာမျိုး မဖြစ်စေဖို့ဆိုရင် ချည်သားစစ်စစ်နဲ့ ချုပ်လုပ်ထားတဲ့ ခေါင်းအုံးစွပ်၊ ပေါင်တင်စွပ် နဲ့ အိပ်ရာခင်းတွေကို အသုံးပြုပေးပါ။ ဒီလို လုပ်ပေးတာကအေးမြပြီး ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်မှာပါ။ဒီနည်းလမ်းလေးတွေက နွေပူညတွေမှာ ကောင်းကောင်းအိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်မှာပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/tips-to-sleep-well-during-summer-night/
အော်လ်မွန်စေ့ကို နေ့စဉ်စားပေးခြင်းဖြင့် ရနိုင်တဲ့ ကောင်းကျိုးတွေ
အစေ့အဆန်တွေမှာ ကိုယ်ခန္ဓါနဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ဖြစ်စေတဲ့ဗီတာမင်နဲ့ သတ္တုဓါတ်တွေအပြင်ဦးနှောက်ဉာဏ်ရည်ကို ထက်မြက်စေတဲ့ အဆီအနှစ်၊ အာဟာရတွေ များစွာပါဝင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကို လိုက်စားသူတွေရဲ့ နေ့စဉ်အစာအာဟာရမှာ အစေ့အဆန်ဟာ မဖြစ်မနေ ပါဝင်သင့်တဲ့ အစားအစာဖြစ်ပါတယ်။ဒီနေ့မှာတော့ အစေ့အဆန်တွေထဲမှာမှ အရသာလည်း ရှိပြီးအာဟာရဓါတ်များစွာ ပေးစွမ်းနိုင်တဲ့ အော်လ်မွန်စေ့ကို ပုံမှန်စားပေးခြင်းဖြင့် ရနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေကို ပြောပြပေးချင်ပါတယ်။အော်လ်မွန်စေ့မှာ လူ့ခန္ဓါကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓါတ်တွေ ဖြစ်တဲ့ အမျှင်ဓါတ်၊ အသားဓါတ်၊ ဗီတာမင် B ၊ ဗီတာမင် E ၊ သံဓါတ်၊ ဇင့်ဓါတ်၊ကယ်လ်စီယမ်ဓါတ်၊ မဂ္ဂနီဆီယမ်ဓါတ်၊ ဖော့စရပ်စ်၊ ကစီဓါတ်အနည်းငယ်အပြင် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဆီသန့်၊ ကယ်လိုရီဓါတ်တွေ ပါဝင်ပါတယ်။အော်လ်မွန်စေ့မှာ Antioxidant ကြွယ်ဝလို့အိုမင်းရင့်ရော်မှုကို နှေးကွေးစေတယ်။ အသားအရေကိုလည်း ကျန်းမာလှပစေပြီး တင်းရင်းစေတယ်။ အရေပြားပြဿနာတွေနဲ့ ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။အော်လ်မွန်စေ့မှာ ပါဝင်တဲ့ ဗီတာမင် E ဟာ ကိုယ်ခန္ဓါထဲက ဆဲလ်တွေကို ပြုပြင်ပေးပြီး ကျန်းမာစေတယ်။ နှလုံးရောဂါ၊ ကင်ဆာနဲ့ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်။အသားအရေကိုလည်း လှပစေပြီးဆံသားကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။ကစီဓါတ်အနည်းငယ်ပါဝင်ပြီး ကျန်းမာစေတဲ့ အဆီဓါတ်၊ အသားဓါတ်နဲ့ အမျှင်ဓါတ်တွေ ပါဝင်လို့ဆီးချိုရောဂါရှင်တွေပုံမှန်စားပေးသင့်တဲ့ အစားအစာထဲမှာ ပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်ဓါတ်ဟာ သွေးတွင်း သကြားဓါတ်ကို ထိန်းညှိပေးတယ်။ အင်ဆူလင်ကို ကောင်းကောင်း အလုပ်လုပ်နိုင်စေဖို့ ကူညီပေးတယ်။ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။မဂ္ဂနီဆီယမ်ဟာ ဆီးချိုအတွက်သာမကသွေးတိုးရောဂါရှိသူတွေအတွက်ပါ အလွန်ကောင်းတဲ့ ဓါတ်စာဖြစ်ပါတယ်။ သွေးပေါင်ချိန် မြင့်တက်ခြင်းဟာ နှလုံးရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ ရုတ်တရက် သတိလစ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသည်အထိ ဖြစ်စေနိုင်တဲ့ လက္ခဏာဖြစ်ပါတယ်။ အော်လ်မွန်စေ့ဟာ သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးလို့ သွေးတိုးရောဂါရှင်တွေ ပုံမှန်စားပေးသင့်ပါတယ်။နှလုံးရောဂါကို ဖြစ်စေတဲ့ အဓိကတရားခံတွေထဲမှာ သွေးတွင်း ကိုလက်စ်ထရောဓါတ် မြင့်တက်ခြင်းဟာလည်း တစ်ခုအပါအဝင်ပါပဲ။ အော်လ်မွန်စေ့ကို ပုံမှန်စားပေးခြင်းဖြင့် ကိုလက်စ်ထရောဓါတ်ကို ထိန်းပေးထားနိုင်ပြီး အဝမလွန်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။အော်လ်မွန်စေ့မှာအမျှင်ဓါတ်များစွာ ပါဝင်လို့ အစာခြေစနစ်အတွက်လည်း ကောင်းမွန်စေတယ်။ အစာကြေလွယ်စေတဲ့အတွက် ဗိုက်မကြာခဏ ဆာတာမျိုး မဖြစ်စေပါဘူး။ အသားဓါတ်လည်း ပါဝင်လို့ ကိုယ်ခန္ဓါက နေ့စဉ် ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပြီး ကျန်းမာသန်စွမ်းစေပါတယ်။လေ့လာတွေ့ရှိချက်အရ အော်လ်မွန်စေ့ဟာ ကိုယ်အလေးချိန်ကို လျှော့ချပေးပြီး ကျန်းမာတဲ့ ခန္ဓါကိုယ်အချိုးအစား ဖြစ်အောင် ထိန်းညှိပေးတယ်။ အစာကြေလွယ်စေပြီး ခဏခဏ အစာစားချင်စိတ်ကို မဖြစ်စေပါဘူး။ ဒါ့အပြင် အော်လ်မွန်စေ့မှာ ပါဝင်တဲ့ အဆီဓါတ်ဟာ ငါးကြီးဆီလိုပဲ ကျန်းမာရေးအတွက် အထူးကောင်းမွန်တာကြောင့် နေ့စဉ် မဖြစ်မနေ စားပေးသင့်တဲ့ အစားအစာထဲမှာ ပါဝင်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/almonds/
နေပူထဲ အချိန်အကြာကြီးရပ်နေမိလို့ Eye Sunburn မဖြစ်ရလေအောင်
နေပူရှိန်ပြင်းပြင်းထဲ အချိန်အကြာကြီး ရပ်နေမိရင် မျက်လုံးတွေ ပြာဝေပြီး မူးသလိုလို မော်သလိုလို ဖြစ်လာတာကို လူတိုင်းကြုံဖူးကြမယ်ထင်ပါတယ်။ ဒီလိုမျက်လုံး ထိခိုက်မှုမျိုးကို Eye Sunburn လို့ ခေါ်ပါတယ်။ နေပူထဲ အချိန်အကြာကြီးရပ်နေမိလို့ မျက်လုံးထိခိုက်တာဖြစ်ပါတယ်။နေရောင်ကြောင့် Sunburn သို့ Photokeratitis ဖြစ်တယ်ဆိုတာနဲ့ပတ်သက်ပြီး လူအတော်များများသိထားတာကအရေပြားမှာပဲ ထိခိုက်မိတယ်ဆိုပြီးတော့ပေါ့။ တကယ်တော့ နေရောင်ခြည်မှာပါတဲ့ ပြင်းထန်တဲ့UV (ultraviolet) raysတွေဟာ မျက်လုံးကိုလည်း ထိခိုက်စေပါတယ်။ဒီ UV အလင်းရောင်က မျက်လုံးထဲက Cornea အလွှာကို ထိခိုက်စေပြီး မျက်စိနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာအများအပြားကိုပါ ဆက်ပြီး ဖြစ်ပေါ်စေတဲ့အထိ ဆိုးရွားသွားနိုင်ပါတယ်။ တိမ်စွဲတာ၊ Age-related macular degeneration နဲ့ မျက်ခမ်းစပ်ကင်ဆာတွေအထိဖြစ်နိုင်တယ်လို့ ဆိုပါတယ်။နေရောင်ထဲမှာ အချိန်အကြာကြီး နေမိတဲ့အခါ နေရောင်ခြည်မှာပါဝင်တဲ့ UV ကြောင့် မျက်လုံးပြာဝေတာမျိုး စတင်ဖြစ်ပေါ်လာပါလိမ့်မယ်။ ဒီနေရာမှာ အခြေအနေ ၂ မျိုးရှိပါတယ်။ ယာယီနေလောင်တာနဲ့ ရေရှည်အနေအထား ဆိုပြီးတော့ပေါ့။မျက်စိနေလောင်မှုဒါဏ်ကို အောက်ပါနေရာတွေမှာ အများဆုံး ကြုံတွေ့ရတတ်ပါတယ်။ ဒါတွေကတော့။မျက်စိကိုနေလောင်တာက အရေပြားကို နေလောင်တာနဲ့ သိသိသာသာ ခြားနားပါတယ်။ မျက်စိကို နေလောင်တာက ပိုပြီး အန္တရာယ်များတယ်လို့ ဆိုရမှာပါ။ အကြမ်းဖျဉ်းအားဖြင့် Eye Sunburn ဖြစ်ပြီဆိုရင် အောက်ပါ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ယာယီအားဖြင့် ဖြစ်တဲ့မျက်စိကို နေလောင်တာ ဖြစ်ခဲ့မယ်ဆိုရင် မိနစ်အနည်းငယ်ကနေ ၁ ရက် ၂ ရက်လောက်အထိ ကြာမြင့်တတ်ပါတယ်။ ရေရှည်ကျန်းမာရေး ပြဿနာအဖြစ် ရင်ဆိုင်ရတာမျိုးလည်း ရှိနိုင်တာမို့ ပေါ့ဆလို့ မရတဲ ပြဿနာ တစ်ခုဆိုတာကို သိနားလည်ထားဖို့တော့ လိုအပ်ပါတယ်။တကယ်လို့ ကိုယ်က နေရောင်ကြောင့် Eye Sunburn ပြဿနာနဲ့ ကြုံလာရပြီဆိုရင် အောက်ပါနည်းလမ်းတွေနဲ့သက်သာလျော့ပါးအောင် ကုစားလို့ရပါတယ်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/eye-sunburn/
ရေခဲမုန့်ကို သင်ကကြိုက်ပေမယ့် သင့်ကိုယ်ခန္ဓာကတော့ မကြိုက်ပါ။
ရေခဲမုန့်ကို သင်ကကြိုက်ပေမယ့် သင့်ကိုယ်ခန္ဓာကတော့ မကြိုက်ပါ။ ရေခဲမုန့်တို့ အိုက်စ်ကရင်း တို့ဆိုတာ လူတိုင်း သည်းခြေကြိုက်ကြတဲ့ အစားအသောက်တစ်ခုပါ။ မကြိုက်တဲ့သူ အင်မတန်မှ ရှားလောက်အောင် နာမည်ကြီးလူကြိုက်များကြတဲ့ အချိုပွဲတစ်ခုပါ။ ဒီလူတိုင်း ကြိုက်ကြတဲ့ အိုက်စ်ကရင်းကို သင့်ကိုယ်ခန္ဓာက မကြိုက်ဘူးဆိုရင်တော့။ ဘာလို့လဲ ၊ ရေခဲမုန့်က သင့်ကိုယ်ခန္ဓာကို ဘယ်လိုတွေ ဒုက္ခပေးလို့လဲ။ရေခဲမုန့်ကို သင်ကကြိုက်ပေမယ့် သင့်ကိုယ်ခန္ဓာကတော့ မကြိုက်ပါဘူးလို့ ပြောရတာက ဒီအချက်လေးတွေကြောင့်ပါ။ရေခဲမုန့်တစ်ခွက်ဖြစ်လာဖို့သကြားတွေ၊နို့တွေအများကြီးနဲ့ ဖန်တီးထားရတာကြောင့် ရေခဲမုန့်တစ်ခွက်မှာကယ်လိုရီများစွာ ပါဝင်ပါတယ်။ ဒီလို ခွက်သေးသေးလေးတစ်ခွက်ထဲမှာ ပါဝင်တဲ့ ကယ်လိုရီက များလွန်းတာကြောင့် ရေခဲမုန့်များများစားလေ ကယ်လိုရီတွေ ကိုယ်ခန္ဓာထဲများများဝင်လေ ပိုဝလာလေလေပါပဲ။ရေခဲမုန့်ရဲ့ အရသာကိုတည်းက ချိုချိုလေးဖြစ်တာကြောင့်သကြားတွေ အများကြီးပါမယ်ဆိုတာ ပြေးကြည့်စရာတောင် မလိုတာကြောင့် များများစားလေ ဆီးချိုရောဂါဖြစ်နိုင်ချေ ပိုများလေလေပါပဲ။ ဒါကြောင့်ဆီးချိုဝေဒနာရှင်တွေ ရှောင်စားသင့်တဲ့ အစားအစာတွေထဲမှာ ရေခဲမုန့်က ထိပ်ဆုံးကပါ။ရေခဲမုန့်ဆိုတာ crab လို့ခေါ်တဲ့ကာဘိုဟိုက်ဒရိတ်တွေ အများကြီးပါတဲ့ အစားအသောက်တစ်ခုပါ။ ကိုယ်တွင်းကို အများကြီးဝင်လာတဲ့ ကာဘိုဟိုက်ဒရိတ်တွေကို ကိုယ်ခန္ဓာက အသုံးမလိုသေးတဲ့အခါ အဆီအဖြစ် စုထားတတ်ပါတယ်။ အထူးသဖြင့် ဗိုက်မှာ စုထားတတ်တာကြောင့် ရေခဲမုန့် များများစားလေလေ သင့်ဗိုက်အဆီများလာလေလေ ဖြစ်မှာ အသေအချာပါ။ပြည့်ဝဆီပါဝင်မှု မြင့်မားပြီး ကိုလက်စရောများတဲ့ အစားအသောက်တစ်ခုဖြစ်တာကြောင့်နှလုံးသွေးကြောကျဉ်းြင်းကို ထိပ်ဆုံးက ဖြစ်စေနိုင်ပြီး နှလုံးရောဂါဖြစ်ပွားမှုကို မြင့်တက်စေတဲ့အစားအသောက် တစ်ခုပါ။များပြားလှတဲ့ သကြားတွေရယ်၊ ပြည့်ဝဆီတွေရယ်ကိုလက်စရောတွေကြောင့် သွေးကြောတွေ ထိခိုက်ပြီး ဦးနှောက်ဆီကို သွေးတွေ လုံလုံလောက်လောက် မရောက်နိုင်တော့ပါဘူး။ ဒီလိုနဲ့မှတ်ဉာဏ်ပိုင်းနဲ့ ဦးနှောက် စွမ်းဆောင်ရည်တွေ ကျဆင်းလာပါတယ်။ပါဝင်တဲ့ ပြည့်ဝဆီတွေကိုအစာခြေစနစ်က ချေဖျက်ရတဲ့ အချိန်ကြာနေတတ်ပြီး gas တွေ အများကြီးထွက်စေလို့ ရေခဲမုန့်ကလေထိုးလေအော့င်ဖြစ်စေတဲ့ အစားအသောက်တစ်ခုပါ။ပါဝင်တဲ့ သကြားတွေကြောင့် ချိုအီနေတဲ့ ရေခဲမုန့် တစ်ခွက်က သင့်ကို လေးလံထိုင်းမှိုင်းစေမှာ အသေအချာပါ။မူးယစ်ဆေးလည်း မဟုတ်၊အရက်တို့ဆေးလိပ်တို့လည်း မဟုတ်ဘဲနဲ့ သင့်ကို မစားရမနေနိုင်အောင် စွဲလမ်းစေတာ ရေခဲမုန့် တစ်ခုပဲ ရှိပါတယ်။ ရေခဲမုန့်စားပြီးလို့ ကြိုက်သွားပြီဆို ဘယ်သူရေခဲမုန့်ကို ငြင်းနိုင်သေးလို့လဲ။ဒီလို သင့်ကိုယ်ခန္ဓာကို ပြဿနာတွေ အများကြီးပေးနိုင်မှန်း သိထားတော့ ချင့်ချိန်လို့ ရတယ်လေနော်။ ရေခဲမုန့်ကို ဘယ်သူမှတော့ မစားဘဲ လုံးဝ ကင်းကွာ မနေနိုင်ကြတာကြောင့် သင့်တင့်တဲ့ ဘောင်အတွင်းကသာ စားကြပါလို့ အကောင်းဆုံး အကြံပေးချင်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/ice-cream-and-health/
ကလေးနေမကောင်းတဲ့အချိန် အားရှိစေမယ့် စားစရာများ
ကိုယ့်ကလေးနေမကောင်းရင်မိဘလုပ်သူတွေ အလုပ်ရှုပ်ပြီး ပျာယာခတ်ရပြီ။ ကလေးအမြန်သက်သာအောင် ဟိုဆေးခန်းပြေးရ၊ ဒီဆေးခန်းပြေးရနဲ့ ဖတ်ဖတ်မောနေရတဲ့အပြင် အိမ်မှာလည်း ကလေးဝေယျာဝစ္စနဲ့ အစားအသောက်ပြင်ဆင်တာလည်းလုပ်ရသေးတယ်။ ဒါပေမယ့် ကလေးနေမကောင်းတဲ့အခါမှာဆေးခန်းပြ၊ဆေးမှန်မှန်တိုက်တာနဲ့ မပြီးသေးပါဘူး။နေမြန်မြန်ပြန်ကောင်းဖို့က ကလေးရဲ့ကိုယ်ခံအားတက်လာဖို့အရေးကြီးတာကြောင့် အစာဝင်မှဖြစ်မယ်၊ ဝင်တဲ့အစာတွေကလည်း အာဟာရပြည့်တာတွေဖြစ်ရမယ်။ ဒီအချိန်မှာဘာတွေကျွေးရင်ကောင်းမလဲ၊ ဘယ်အစားအစာတွေက အားပြန်ပြည့်စေပြီးမြန်မြန်နေပြန်ကောင်းစေမလဲဆိုတာ ကြည့်ရအောင်။(၁)ဆန်ပြုတ်။နေမကောင်းရင် ဆန်ပြုတ်က တကယ်ကိုဆေးတစ်ခွက်ပါပဲ။ စားရလွယ်တယ်၊ သူ့ထဲမှာအာဟာရတွေထပ်ပေါင်းထည့်လို့ရတယ်( ကြက်သားပြုတ်ရည်ထည့်တည်တာမျိုး)၊ အားရှိစေတယ်၊ အစာကြေလွယ်တယ်၊ များများစားလို့တောင်ဘေးမဖြစ်စေနိုင်ဘူး။(၂) နို့နဲ့ကြက်ဥ။ကလေးက ဝမ်းလျှောနေတာမဟုတ်ဘူးဆိုရင် နွားနို့ သို့မဟုတ် နို့မှုန့် နဲ့ကြက်ဥပါတဲ့ အာဟာရတစ်ခုခုဖန်တီးပေးနိုင်ပါတယ်။ ဥပမာ ပူတင်းပျော့ပျော့လေးလုပ်ကျွေးတာမျိုး။ကွေကာအုပ်နဲ့နွားနို့ကို ကျိုတိုက်တာလည်းကောင်းပါတယ်။(၃)ကြက်စွပ်ပြုတ်။အအေးမိ၊တုပ်ကွေးဆိုရင် ကြက်စွပ်ပြုတ်နဲ့တင်ပျောက်ကင်းသက်သာစေနိုင်တယ်လို့ပြောကြပါတယ်။ အအေးမိအတွက်တင် မကပါဘူး။ ကြက်စွပ်ပြုတ်က ကိုယ်ခံအားကိုကောင်းစေတာကြောင့်ဖျားနာ၊ အားနည်းနေတာမှန်သမျှ နာလန်ထူဖို့မြန်စေပါလိမ့်မယ်။ အစာအိမ်အတွက်လည်းကောင်းပြီး ပရိုတင်းနဲ့တခြားအာဟာရဓါတ်တွေပါဝင်လို့ အသီးအရွက်လေးနည်းနည်းခတ်လိုက်ရင် ညီညွတ်မျှတဲ့အာဟာရကို တစ်ချက်တည်းရရှိနိုင်ပါတယ်။(၄) ကြက်ပေါင်း/ ငါးကင်။ငါးကင်ဆိုတာ ဆိုင်တွေမှာလို မီးပြင်းပြင်းနဲ့ကင်တဲ့ ခပ်တူးတူးတွေမဖြစ်ရပါဘူး။ မီးနည်းနည်းနဲ့ကျက်အောင်ကင်ထားတဲ့ သဘာဝငါးကင်(ခဲပတ်နဲ့လည်းရတယ်)၊ ဒါမှမဟုတ် နူးအိနေတဲ့ကြက်ပေါင်းလေးဆို ကလေးတွေ ခံတွင်းလိုက် နိုင်ပါတယ်။(၅)အုတ်ဂျုံ။အသင့်သောက်ကွေကာအုပ်တွေမဟုတ်ဘဲကွေကာအလွတ်ကိုဝယ်ထားပါ။ အဲဒီကွေကာကိုမှ နွားနို့လေးနဲ့ကျိုပြီးတိုက်ကျွေးရင် ကယ်လိုရီ၊ ဗီတာမင်နဲ့သတ္တုဓါတ်တွေကိုဖြည့်ဆည်းပေးနိုင်ပါတယ်။ အုတ်ဂျုံရဲ့တခြားကျန်းမာရေးကျေးဇူးတွေကကိုယ်ခံအားစနစ်ကိုနှိုးဆွပေးတယ်၊သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးတယ်။(၆) သစ်သီးနဲ့ဟင်းသီးဟင်းရွက်။ဗီတာမင် Cဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝတဲ့လိမ္မော်သီးလို အသီးမျိုးတွေက ကိုယ်ခံအားပိုကောင်းစေပါတယ်။ မုန်လာဥနီဆိုရင် ဘီတာကယ်ရိုတင်းပါဝင်ပါတယ်။ ဘီတာကယ်ရိုတင်းက ဗီတာမင် Aပြောင်းလဲဖြစ်ပေါ်မှုအထောက်အကူပေးပြီး ဗိုင်းရပ်စ်တွေ၊ဘက်တီးရီးယားတွေရန်က ခုခံကာကွယ်ပေးပါတယ်။နေမကောင်းတဲ့အချိန်ကလေးကို အစားအစာကျွေးတဲ့အခါ။နေမကောင်းဖြစ်နေချိန်မှာကျွေးတဲ့အစားအစာက အာဟာရပြည့်ပြီး ခွန်အားပြည့်မယ့်စားစရာပဲဖြစ်သင့်တယ်ဆိုတာ မမေ့ဖို့ အရေးကြီးပါတယ်။ အစာစားချင်စိတ်ဖြစ်အောင်ဆိုပြီးပြင်ပအစာတွေ၊ ကျန်းမာရေးနဲ့မညီတာတွေ ဝယ်မကျွေးပါနဲ့။ အစာလုံးဝမဝင်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြန်ပြပြီး အကြံပြုချက်တောင်းခံပါ။ အစာစားချင်စိတ်မရှိတာက ဖျားနာတာထက် ပိုပြင်းထန်တဲ့ရောဂါတစ်ခုခုရဲ့လက္ခဏာဖြစ်နေနိုင်လို့ပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%94%e1%80%b1%e1%80%99%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba/
ကျန်းမာရေးနဲ့မညီတဲ့ စားသောက်ပုံအမူအကျင့်တွေ ကိုယ့်မှာရှိနေသလား
အစားအသောက်နဲ့ပဲလုံးပမ်းနေသူတွေဟာ စားသောက်မှုပုံစံမမှန်ခြင်းလို့ခေါ်တဲ့အခြေအနေမျိုးကို ဖြစ်လာစေမယ့် အမူအကျင့်တွေအဖြစ်ပြောင်းလဲလာနိုင်ပါတယ်။ စားသောက်မှုပုံစံမမှန်ခြင်း (Disordered eating) ဟာ အစားအသောက်မမှန်လို့ ကိုယ်အလေးချိန်ကျဆင်းလာခြင်း၊ စိတ်လွတ်ကိုယ်လွတ်စားသောက်မိခြင်း(binge eating disorder) ၊ တခါတရံအများကြီးစားမိတတ်သော်လည်း အဝလွန်မှာကြောက်တတ်တဲ့စိတ်ရောဂါ (bulimia) ၊ ဒါမှမဟုတ် ဝမှာစိုးရိမ်ပြီး အစားမစားတာ(anorexia) စတဲ့ အမျိုးအစားများစွာရှိနိုင်ပါတယ်။စားသောက်မှုပုံစံမမှန်ခြင်းအတွက် ဖြေရှင်းနိုင်မယ့်အကောင်းဆုံးနည်းလမ်းက ခန္ဓါကိုယ်ရဲ့တုံ့ပြန်သံကို နားစွင့်ဖို့ပါပဲ။ ဆိုလိုတာက ကိုယ်တကယ်ဆာလောင်နေတဲ့အချိန်မှသာ စားဖို့၊ ဗိုက်ပြည့်တဲ့အချိန်မှာ စားတာရပ်ဖို့ လေ့ကျင့်ယူရမှာဖြစ်ပါတယ်။ သည်လိုသတိထားနေထိုင်ကြည့်ရင် အစားအသောက်မှာလစ်ဟာသွားတယ်လို့ မခံစားဘဲ ကယ်လိုရီကိုတောင်ထိန်းချုပ်နိုင်သွားပါလိမ့်မယ်။Cornell University သုတေသီ ပါမောက္ခ Brian Wansink ရဲ့လေ့လာမှုအရ ကိုယ်အစားအသောက်ထည့်စားတဲ့ ပန်းကန်အရွယ်အစားကြီးလေ၊အတိုင်းအဆမသိဘဲစားမိလေ ဖြစ်တယ်လို့တွေ့ရှိခဲ့ပါတယ်။ ဥပမာ ရုပ်ရှင်သွားကြည့်တဲ့သူတွေဟာ ပြောင်းဖူးပေါက်ပေါက် ဘူးကြီးအရွယ်အစားကို စားတဲ့အခါ ဘူးအသေးနဲ့ပဲ ခွဲဝယ်ခဲ့တဲ့(ပေါက်ပေါက်ပမာဏချင်းတူတူ)သူတွေထက် ၄၅ ရာခိုင်နှုန်းလောက်ပိုစားမိကြတာတွေ့ရပါတယ်။ဒါ့ကြောင့် ပန်းကန်ကြီးကြီးနဲ့ထည့်မစားပါနဲ့။ ကိုယ့်ထည့်စားမယ့်ပန်းကန်အရွယ်အစားကိုပုံမှန်လောက်ပဲရွေးသင့် သလို ဘူးတွေ၊ခွက်တွေထဲကနေ အလွယ်တကူယူတိုက်ရိုက်ယူမစားသင့်ပါဘူး။ကိုယ်အလေးချိန်ထိန်းသိမ်းချင်တယ်ဆိုရင် ညဘက်အစာစားတာဟာ မကောင်းတဲ့အမူအကျင့်ဖြစ်ပါတယ်။ဒါ့ကြောင့် ညစာစားပြီးပြီဆိုတာနဲ့ မီးဖိုချောင်ပိတ်သွားပြီလို့ ကိုယ့်ဘာသာတွေးထားလိုက်ပါ။ ညစာစားပြီးသွားတိုက် ပါ။ ဒါမှသန့်စင်ပြီးသားခံတွင်းမှာ ထပ်စားချင်စိတ်နည်းစေပါလိမ့်မယ်။ ညလယ်အစာစားချင်လာရင် ၁၀ မိနစ် စောင့်ကြည့်ပါ။ ဒါတောင်ထပ်ဆာနေသေးရင် ချိစ်ချောင်းလေးဖြစ်ဖြစ်၊ သစ်သီးတစ်စိတ်လောက်ဖြစ်ဖြစ် ပမာဏနည်းတာလေးစားလိုက်ပါ။တချိန်လုံး သရေစာတွေစားနေတာ၊ ကယ်လိုရီများတဲ့အစာတွေမကြာခဏစားမိနေတာလည်းမကောင်းပါဘူး။ အငန်များတဲ့အာလူးကြော်တွေ၊ ဆိုဒါနဲ့သကြားလုံးတို့အပါအဝင် ကျန်းမာရေးအတွက်မကောင်းတဲ့ သရေစာမုန့် တွေကို စားတတ်ကြသူတွေများပါတယ်။ ဒါ့ကြောင့် ဒီလိုစားတဲ့အခါမှာ ကျန်းမာရေးအတွက်ကောင်းတဲ့ သရေစာတွေကိုပဲရွေးသင့်ပါတယ်။ဥပမာ- မုန်လာဥနီနဲ့သခွားသီး၊ ဒိန်ချဉ်၊ ဗာဒံစေ့ စတာတွေဖြစ်ပါတယ်။ ကိုယ်စိတ်မနိုင်ဘူးဆိုရင် အာလူးကြော်တွေ၊ ကွတ်ကီးတွေကို အနီးအနားမှာမထားပါနဲ့။မနက်စာက တစ်နေ့တာမှာအရေးကြီးဆုံးဖြစ်တယ်ဆိုတာသိကြပေမယ့် တခြားကိစ္စတွေအာရုံများလာတဲ့အခါ စားဖို့အချိန်မရှိဘူးလို့တွေးမိလိုက်နိုင်ပါတယ်။ ဒါပေမယ့်မနက်စာမစားတဲ့အခါ ခန္ဓါကိုယ်ရဲ့ဇီဝဖြစ်စဉ်က စတင်နှေးကွေးလာပါတယ်။ မနက်စာက သင့်အတွက်တစ်နေ့စာလိုအပ်တဲ့စွမ်းအင်ပမာဏကိုမြှင့်တင်ပေးတာ ဖြစ်ပြီး မနက်စာမစားရင် နောက်ပိုင်းမှာ ပိုစားမိတတ်ပါတယ်။ဒါ့ကြောင့် ကိုယ့်မှာအချိန်မရရင် အသီးအနှံ၊ ဒိန်ချဉ်လိုမျိုး ပြေးရင်းလွှားရင်းနဲ့စားလို့ရမယ့် ကျန်းမာရေးအတွက်ကောင်းတဲ့ မနက်စာကို ကြိုပြင်ထားနိုင်ပါတယ်။အလုပ်မှာအဆင်မပြေတာကြုံလာတဲ့အခါ အိမ်ပြန်ရောက်တာနဲ့ ရေခဲသေတ္တာဖွင့်ပြီးတွေ့ရာထိုင်စားမိတာမျိုးက နည်းလမ်းကောင်းမဟုတ်ပါဘူး။ စိတ်ညစ်တာပဲဖြစ်ဖြစ် စိတ်ပျော်တာပဲဖြစ်ဖြစ် စိတ်ခံစားချက်တွေကြောင့် ပုံမှန်ထက်ပိုပြီး စားသောက်မိတာတွေဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးလာရင် ထိုင်စားမယ့်အစား လမ်းလျှောက်ထွက်တာ၊ဒါမှမဟုတ်အားပေးတတ်တဲ့သူငယ်ချင်းတစ်ယောက်ကိုဖုန်းဆက်တာတွေ လုပ်နိုင်ပါ တယ်။သရေစာပဲဖြစ်ဖြစ် ထမင်းစားတာပဲဖြစ်ဖြစ် အနောက်ကကျားလိုက်သလို အလောတကြီးစားတာမျိုးက အစာအိမ်နဲ့ ဦးနှောက်ကိုချိတ်ဆက်ဖို့အချိန်မပေးသလိုဖြစ်စေပါတယ်။ အမြန်စားတာကြောင့် ဗိုက်ပြည့်နေပြီလို့ ဦးနှောက်ကမသိဘဲ လိုတာထက်ပိုစားမိတတ်ပါတယ်။ ဒါ့ကြောင့် အစာစားရင်သေချာဝါးပြီး ဖြည်းဖြည်းစားပါ။ စားနေရင်း ရေသောက်ပေးတာကလည်း အစာစားနှုန်းကိုနှေးသွားအောင်ကူညီပေးနိုင်ပြီး ဗိုက်ပြည့်မပြည့် သိနိုင်မှာဖြစ်ပါတယ်။ဒီအစားအစာတွေက ထင်ထားတာထက်ပိုပြီးခန္ဓါကိုယ်ကိုထိခိုက်စေနိုင်ပါတယ်။ သုတေသနတွေအရ အဆီများ အချိုများတဲ့အစားအစာတွေဟာ ကိုကင်းနဲ့ဘိန်းလိုပဲ မစားရမနေနိုင် စားချင်လာအောင် စွဲလမ်းစေတတ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် နေ့တိုင်းတော့မဟုတ်ပေမယ့် ကိုယ်တကယ်ကြိုက်တဲ့အစားအစာကိုရွေးချယ်ထားပြီး အတော်အသင့်သာ ချင့်ချိန်စားပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8%e1%80%94%e1%80%b2%e1%80%b7%e1%80%99%e1%80%8a%e1%80%ae%e1%80%90%e1%80%b2%e1%80%b7-%e1%80%85%e1%80%ac%e1%80%b8/
လည်ချောင်းနာတဲ့အခါ ငုံဆေးနဲ့ ခံတွင်းသန့်ဆေးရည် ဘယ်ဟာက အကောင်းဆုံးဖြစ်မလဲ။
လည်ချောင်းနာတာက ခံရရခက်တဲ့ဝေဒနာပါ။ လည်ချောင်းနာတဲ့အခါ စားရသောက်ရခက်ခဲသလို တံထွေးမျိုချနိုင်ဖို့တောင် အနိုင်နိုင်ဖြစ်ရတဲ့အပြင် စကားပြောရခက်ခဲတာ၊ အစားအစာတွေစားချင်ပေမယ့် မျိုချရခက်နေတာ၊ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာ၊ လည်ချောင်းထဲက ပူသလိုလိုဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ လည်ချောင်းနာနေချိန်မှာတင် ဝေဒနာကိုခံစားရတာမဟုတ်ပါဘူး။ လည်ချောင်းနာ သက်သာလာတဲ့ အချိန်မှာလည်း လူကြားထဲ ရောက်တဲ့အခါ လည်ပင်းထဲက ယားသလိုလို လူကြားထဲ ရောက်နေချိန်မှာ ချောင်းဆိုးချင်သလိုလို လည်ချောင်းထဲက ဖြစ်လာတာမျိုးတွေ ကြုံရနိုင်ပါတယ်။ ဒီဝေဒနာတွေကို သက်သာစေဖို့ ရွေးချယ်လို့ရနိုင်မယ့် အကောင်းဆုံးနည်းလမ်းကဘာဖြစ်မလဲ။ ငုံဆေးနဲ့ ခံတွင်းသန့်ဆေးရည် ဘယ်ဟာက အကောင်းဆုံးဖြစ်မလဲဆိုတာ ဆက်ကြည့်ရအောင်။လည်ချောင်းနာတဲ့အကြောင်းကနေ စလိုက်ကြရအောင်ပါ။ လည်ချောင်းနာတာကို အပူတွေ များနေလို့ ဖြစ်မယ်၊အပူအစပ်တွေစားလွန်းတာကြောင့် ဖြစ်မယ်လို့ ပြောတာမျိုး ကြားဖူးမှာပေါ့။ တကယ်တော့ လည်ချောင်းနာတာကို ဖြစ်စေတဲ့အဓိကအကြောင်းအရင်းက ဗိုင်းရပ်စ်ပါ။လည်ချောင်းနာ ဝေဒနာ ဖြစ်တဲ့အခါ လည်ချောင်းထဲက နာလာမယ်၊ စပ်ဖျဉ်းဖျဉ်း ဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါက ရောဂါ အစပျိုးချိန်မှာပါ။ အဲ့ဒီအချိန်ထိတော့ အစားအစာတွေ မျိုချလို့ ရနေဦးမှာပါ။ အစားအစာတွေက ကြမ်းကြမ်းတမ်းတမ်းဖြစ်မှ တစ်ချက်တစ်ချက် တော်တော်လေး နာမှာပါ။ အရည်လောက်ကိုတော့ ရှောရှောရှူရှူ ဝင်နေဦးမှာပါ။ တံထွေးမျိုချလို့လည်း မခက်သေးဘူးလေ။ နောက်တစ်ရက် ရောဂါအခြေအနေ ပိုဆိုးလာချိန်မှာတော့ တံထွေးမျိုချဖို့တောင် တော်တော်လေး ခက်နေပါပြီ။လည်ချောင်းနာတဲ့အခါအိမ်တွင်းကုထုံးလေးတွေနဲ့ ကုသရင်တောင်မှ ပျောက်ကင်းသက်သာသွားနိုင်ပါတယ်။ အရမ်းပြင်းထန်လာရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုပါလိမ့်မယ်။ ဒီထဲမှာ အသုံးအများဆုံးက‌တော့ ငုံဆေးပြားတွေ ငုံတာ၊ ခံတွင်းသန့်ဆေးရည်နဲ့ အာလုပ်ကျင်းတာပါ။ ဒီနှစ်ခုက ဘယ်ဟာပိုကောင်းလဲဆိုတာ ဆက်ကြည့်ရအောင်။ငုံဆေးပြား ရွေးမယ်ဆိုရင် ပူရှိန်းရှိန်းလေးဖြစ်စေတဲ့ပရုတ်အနည်းငယ် ပါတာမျိုးကို ရွေးချယ်ဖို့ပါမယ်။ လူကြားထဲသွားတဲ့အခါ လည်ချောင်းထဲကယားကျိကျိဖြစ်လာတာ၊ အစည်းအဝေးခန်းထဲလို နေရာမျိုး၊ presentation လုပ်တဲ့အခါမျိုးမှာ လည်ချောင်းထဲက ယားကျိကျိဖြစ်တာမျိုးကို သက်သာစေဖို့ဆိုရင်တော့ ငုံဆေးပြားက အဆင်ပြေပါတယ်။ငုံဆေးရဲ့ အာနိသင်က လည်ချောင်းအတွင်းပိုင်းမှာရှိတဲ့ ရောင်ရမ်းနေတဲ့တစ်ရှူးတွေကို ခံစားနိုင်စွမ်းလျော့သွားအောင်လုပ်ပေးတာကြောင့် လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ ငုံဆေးပြားကတံထွေးထွက်လာအောင်လုပ်ပေးတာကြောင့် လည်ချောင်းထဲမှာ ရှောရှောရှူရှူ ဖြစ်စေနိုင်စွမ်းရှိပါတယ်။ငုံဆေးပြားမှာ အပေါ်ကပြောခဲ့သလို လူကြားထဲမှာ အလွယ်တကူအသုံးပြုလို့ရပေမယ့် အားနည်းချက်အနေနဲ့ကတော့ မတော်တဆသီးတာ၊ နင်တာမျိုးဖြစ်စေနိုင်တာပါ။ ငုံဆေးပြားက ကလေးငယ်လေးတွေအတွက်လည်း သင့်တော်မှုမရှိပါဘူး။ခံတွင်းသန့်ဆေးက လည်ချောင်းနာတာကိုတင် သက်သာပျောက်ကင်းစေတာ မဟုတ်ဘဲ ခံတွင်းကျန်းမာရေး အတွက်လည်း တော်တော်လေး အသုံးတည့်ပါတယ်။ခံတွင်းသန့်ဆေးနဲ့ ပလုပ်ကျင်းတဲ့အခါ ခံတွင်းထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားတွေ၊ သွားနဲ့သွားဖုံးကို ထိခိုက်စေနိုင်တဲ့ အရာတွေနဲ့ အအေးမိဖျားနာနဲ့ တုပ်ကွေးဖြစ်စေနိုင်တဲ့ ပိုးမွှားတွေကိုပါ သေစေနိုင်တဲ့ အာနိသင် ရှိနေပါတယ်။လည်ချောင်းနာတယ်ဆိုတာက အများအားဖြင့် ဖြစ်တာက ဗိုင်းရပ်စ်ကြောင့်ပါ။ လည်ချောင်းနာတာနဲ့အတူ တွဲပါလာတတ်တာကတော့ အအေးမိနဲ့ တုပ်ကွေးရောဂါတွေ ဖြစ်ပါတယ်။ ကိုယ်ခံအား ကျဆင်းနေတဲ့ အချိန်ဖြစ်တဲ့အတွက် ပိုမိုကြီးမားတဲ့ ရောဂါပိုးတွေ ဝင်ရောက်လာဖို့လည်း လမ်းဖွင့်ပေးသလိုဖြစ်သွားပြီး အဖျားတာရှည်တာနဲ့ရောဂါဝေဒနာပိုဆိုးတာတွေ ဖြစ်နိုင်ပါတယ်။ခံတွင်းသန့်ဆေးရည်တွေက စက္ကန့် ၃၀ ကြာ ပလုပ်ကျင်းပေးရုံနဲ့ လည်ချောင်းထဲကအန္တရာယ်ရှိတဲ့ ရောဂါပိုးတွေကို သေစေနိုင်မှာ ဖြစ်ပါတယ်။အအေးမိတုပ်ကွေး ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ရှင်းလင်းပြီးဖြစ်သလို နောက်ဆက်တွဲ ဝင်လာမယ့် ရောဂါပိုးတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်ပါတယ်။သူ့ရဲ့ အားနည်းချက်ကတော့ ငုံဆေးပြား ထက်စာရင် ကရိကထ များတာပါ၊၊ ပလုပ်ကျင်းမှာ ဖြစ်တဲ့အတွက် နေရာရှာဖို့ လိုအပ်ပြီး လူကြားထဲမှာ သုံးလို့ အဆင်မပြေတာမျိုး ဖြစ်တတ်ပါတယ်၊၊။တကယ်တော့ ၂ခုလုံးက သူ့နေရာနဲ့သူ အရေးပါပါတယ်၊၊ လူကြားသူကြားထဲမှာ လည်ချောင်းတွေ မခံနိုင်လောက်အောင် ယားယံနေပြီဆိုရင် ငုံဆေးပြားလေးနဲ့ အရေးပေါ် ဖြေရှင်းလို့ရပါတယ်၊၊ ခံတွင်းထဲက ပိုးတွေပါ သေစေချင်တယ်ဆိုရင်တော့ ခံတွင်းသန့်ဆေးရည်နဲ့ ပလုပ်ကျင်းပေးနိုင်ပါတယ်၊၊ လည်ချောင်းနာဝေဒနာကို နှစ်ခုလုံးက သက်သာစေတာကြောင့် မိမိနှစ်သက်သလို အသုံးပြုနိုင်ပါတယ်၊၊။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/for-sore-throat-lozenges-vs-gurgle/
ကလေးက မကြာခင်လမ်းလျှောက်တော့မှာလား
ကိုယ့်ရဲ့ရင်သွေးလေးပထမဆုံးခြေလှမ်းလေးကို မြင်ရဖို့ တော်တော်လေးမျှော်လင့်မိတယ်ဟုတ်။ ကလေးတစ်ယောက်လမ်းစလျှောက်တာက သူတို့လေးတွေဖွံ့ဖြိုးမှုရဲ့ အရေးပါဆုံးမှတ်တိုင်တွေထဲကတစ်ခုပေါ့။ ကလေးက မကြာခင်လမ်းလျှောက်တော့မှာလား ဆိုတာကို စောင့်ကြည့် ရတာကိုက မိဘတွေအတွက် စိတ်လှုပ်ရှားစရာပါ။ဒီအချိန်မှာ ကလေးလေးလမ်းလျှောက်တာကို ကြည့်မဝဖြစ်နေကြသလို ဖုန်းတွေနဲ့ မှတ်တမ်းတင်တာ ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ ဦးဦး၊တီတီတွေရောပေါ့။ ကလေးဆီကနေ မျက်စိမခွာနိုင်တဲ့ အခိုက်အတန့်လေးပဲနော်။ ပီတိတွေကလည်း အပြည့်ပဲ။ ကဲ ဒီအခိုက်အတန့်လေးအတွက် ကြိုတင်ပြင်ဆင်လို့ရအောင် ဒီဆောင်းပါးလေးကနေ ကူညီပေးပါရစေ။ကလေးကမွေးစမှာ သူ့ခန္ဓာကိုယ်အလေးချိန်ကို ထမ်းပိုးနိုင်လောက်တဲ့အထိ မဖွံ့ဖြိုးသေးပါဘူး။ တဖြည်းဖြည်းနဲ့မှ အချိန်ယူပြီး ဖွံ့ဖြိုးလာတာပါ။ ကလေးလေးတွေက များသောအားဖြင့် အသက် ၁ နှစ် ဝန်းကျင်လောက်မှာ လမ်းစလျှောက်တတ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့။ အချို့ကလေးတွေက ၁ နှစ်နည်းနည်းကျော်လောက်မှ လမ်းစလျှောက်ကြတာပါ။ပစ္စည်းတွေပေါ် ကုတ်ကပ်တွယ်တက်နေပြီ– ကလေးကဝမ်းလျားမှောက်တာကနေ တဆင့်တက်လို့ ထိုင်ခုံတွေ၊ ကုတင်နဲ့ စားပွဲပေါ်တွေ၊ လှေကားပေါ်တွေကို တွယ်တက်နေပြီဆိုရင် ကလေးက လမ်းစလျှောက်တော့မှာပါ။မတ်တတ်ထဖို့ အားယူနေပြီ– ကလေးက သူ့တစ်ရပ်မီစာလောက်မှာရှိနေတဲ့ မိမိရရကိုင်လို့ရတဲ့ အရာတစ်ခုခုကို ကိုင်တွယ်ပြီး အားယူရင်း ထဖို့ ကြိုးစားနေတာကလည်း သူမတ်တတ်ရပ်တော့မယ်ဆိုတာကိုဖော်ပြနေတာပါ။ပစ္စည်းတွေကို လျှောက်ဆွဲနေပြီ– အမြင့်မှာရှိနေတဲ့ အရာတွေကို လက်နဲ့ဆုပ်ကိုင်ပြီး ဆွဲတတ်နေပြီဆိုရင် သူလမ်းလျှောက်တော့မှာပါ။ အားယူတဲ့သဘောပေါ့။ ဒီအချိန်မှာသေချာဂရုစိုက်ပေးဖို့လိုအပ်ပါမယ်။ ဒါမှ ကလေးအပူလောင်တာမျိုး၊ထိခိုက်မိတာမျိုးတွေမဖြစ်မှာပါ။ဟန်ချက်ထိန်းဖို့ကြိုးစားနေပြီ –ဒီတစ်ဆင့်က အရင်အဆင့်တွေထက် တိုးတက်လာတဲ့သဘောပါ။ အားယူပြီး မတ်တပ်ထတဲ့အဆင့်ကို ကျော်လွန်လာပါပြီ။ နံရံ၊ လက်ရန်းလိုမျိုး လက်ထဲမှာ မိမိရဆုပ်ကိုင်လို့ရတဲ့ အရာကို အားပြုပြီး သူ့ကိုယ်သူ ဟန်ချက်ထိန်းရင်းခြေထောက်တွေကို စရွေ့ပါပြီ။ အထိန်းနဲ့ လမ်းစလျှောက်တဲ့ သဘောပေါ့။မတ်တတ်ရပ်ပြီ-အောင်မြင်မှုတွေ အရောင်သန်းလာပါပြီ။ သူ့ကိုယ်သူ အားကိုးတဲ့အချိန်ရောက်လာပြီလေ။ လက်ကလေး ကမ်းပေးရင် လှမ်းဆွဲပြီး ခြေတစ်လှမ်းချင်း စလှမ်းပြီလေ။ သူ့ကိုယ်သူယုံကြည်မှုတည်ဆောက်တဲ့အချိန်ပေါ့။ ယုံကြည်မှုလေးပြည့်ဝလာချိန်မှာတော့ ကိုယ့်အားကိုယ်ကိုးပြီး ပထမဆုံးခြေလှမ်းကို စလှမ်းပြီလေ။ကလေးက လမ်းစလျှောက်ပြီဆိုရင်ဖေဖေမေမေတို့ဘက်ကလည်း ကလေးကို ဒီလိုလေးကူညီပေးဖို့လိုပါမယ်။ဟန်ချက်ထိန်းနိုင်အောင် ကူညီပေးပါ– ကလေးနဲ့အတူတူ ထိုင်ချလိုက်ပြီး ကလေးလက်ကလေးတွေကို ဆုပ်ကိုင်ပေးရင်း အမှတ်စဉ်ရေလို့ ဖြည်းဖြည်းချင်း တူတူထပေးပါ။ အားပေးစကားလေးလည်း ပြောပေးရင်းပေါ့။ ကလေးက ထနိုင်ပြီဆိုရင် ချီးကျူးစကားလေးပြောပေးတာ၊ လက်ခုပ်တီးအားပေးတာတွေ လုပ်ပေးဖို့မမေ့ပါနဲ့။ခြေထောက်လှုပ်ရှားမှုလေးတွေ လုပ်ဆောင်ပေးပါ– ကလေးကို လှဲနေရင်းမှာဖြစ်ဖြစ် ထိုင်နေရင်းမှာဖြစ်ဖြစ် ခြေထောက်အကြောတွေကို ပြေလျော့စေတဲ့လေ့ကျင့်ခန်းတွေလုပ်ပေးတာမျိုးလုပ်ပေးလိုက်ပါ။ ဒါလည်း လမ်းစလျှောက်မယ့် ကလေးတွေအတွက် ထိရောက်တဲ့ ကူညီမှုဖြစ်မှာပါ။ကလေးကို ကိုယ့်ဆီကို လမ်းလျှောက်လာဖို့ခေါ်ပါ– ကလေးနဲ့ မလှမ်းမကမ်းမှာ ထိုင်ရင်းမေမေ့ဆီကို လမ်းလျှောက်လာခဲ့ပါလား၊ လို့လှမ်းခေါ်တာမျိုးပေါ့။ ဒီလိုလှမ်းခေါ်ပေးတာက ကလေးကို လမ်းလျှောက်တာကို လေ့ကျင့်ပေးရာကျပါတယ်။ ကလေးက မတော်တဆလဲကျတာမျိုးဖြစ်နိုင်ပေမယ့် ဘေးကနေအားပေးရင်း ကလေးကို အကူအညီမပါဘဲ လမ်းလျှောက်နိုင်ကြောင်းသိအောင် ဖေးမပေးပါ။ကဲ ဘေဘီလေး လမ်းစလျှောက်မယ့် အချိန်ကိုစောင့်ရင်း အမှတ်ရစရာလေးတွေကို မှတ်တမ်းတင်လိုက်ပါနော်………။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/does-your-baby-walk-soon/
အဆုတ်ကင်ဆာကုသမှု၏ဘေးထွက်ဆိုးကျိုးများ
အဆုတ်ကင်ဆာကုသမှုသည် ရောဂါဝေဒနာကို ရင်ဆိုင်ဖို့ ပိုခက်ခဲစေသော ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်ပါတယ်။ အဆုတ်ကင်ဆာကုသမှု ဘေးထွက်ဆိုးကျိုးများကို ဘယ်လိုထိန်းချုပ်စီမံနိုင်သလဲဆိုတာကို လေ့လာကြည့်လိုက်ပါ။လူနာ တစ်ဦးချင်းစီ၏ ကျန်းမာရေး၊ ကင်ဆာအဆင့်နှင့် ဖြစ်ပွားသော နေရာပေါ်တွင် မူတည်ပြီး အဆုတ်ကင်ဆာကုသမှုသည် တစ်ဦးနှင့် တစ်ဦး ကွဲပြားပါတယ်။သို့သော် ခွဲစိတ်မှု ၊ ဓါတ်ရောင်ခြည် ကုထုံး နဲ့ ကင်ဆာဆေးသွင်းကုသမှုတွေပဲ ခံယူယူ၊ အခြား သောကင်ဆာကုသမှုတွေပဲ ခံယူယူ၊ သင်သည် ဘေးထွက်ဆိုးကျိုးများကိုတော့ ကြုံတွေ့ရမှာဖြစ်သည်။ ထိုဘေးထွက်ဆိုးကျိုးများသည် သင် ပြန်လည်နာလန်ထူနိုင်ဖို့ စိန်ခေါ်မှုတစ်ရပ်လိုပဲ ဖြစ်ပါတယ်။သင့်ဆရာဝန်၏ ကုသမှုထဲမှာ ထိုဘေးထွက်ဆိုးကျိုးများကို လျော့နည်းစေသည့် အစီအစဉ်များပါဝင်မှုရှိတာ သေချာပါစေ။ သို့မှသာ သင်သည် အဆုတ်ကင်ဆာ ကို တိုက်ခိုက်တွန်းလှန်နေစဉ်မှာ တတ်နိုင်သမျှ သက်သာကာ နေထိုင်ကောင်းမည်ဖြစ်သည်။ခွဲစိတ်မှု၏ ဘေးထွက်ဆိုးကျိုးများသည် အဆုတ်ကင်ဆာကို ဖယ်ရှားဖို့ အဆုတ်ကို ဘယ်လောက်ဖြတ်ထုတ်ဖို့ လိုအပ်သလဲဆိုသော ခွဲစိတ်မှု အမျိုးအစားပေါ်တွင် မူတည်နေပါတယ်။ အဆုတ်ကင်ဆာကို ကုသဖို့ ခွဲစိတ်ရပြီးနောက်ပိုင်းတွင် နာကျင်မှုကို ခံစားရမည်ကတော့ ကျိန်းသေပဲ ဖြစ်ပါတယ်။နာကျင်မှုကို သက်သာစေသော အစီအစဉ်များသည် သင့်ကုသမှုအစီအစဉ်ထဲတွင် ပါရှိသင့်ပါတယ်။ ကင်ဆာ (သို့) ကင်ဆာကုသမှု နောက်ဆက်တွဲ ခံစားရသော နာကျင်မှုအကြောင်းကို သင့်ဆရာဝန်ကို ပြောပြဖို့ အရေးကြီးပါတယ်။ အဘယ်ကြောင့်ဆိုသော ကင်ဆာကြောင့် ဖြစ်သော နာကျင်မှုဝေဒနာကို စီမံနိုင်သော နည်းလမ်းများစွာရှိပါတယ်။ကင်ဆာဆေးသွင်းကုသခြင်းသည် အဆုတ်ကင်ဆာကုသအတွက် ထိရောက်သော ကုသမှုတစ်ရပ်ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ခန္ဓါကိုယ်၏ မည်သည့်အစိတ်အပိုင်းတွင် မဆိုရှိသော ကင်ဆာဆဲလ်များသို့ ရောက်ရှိနိုင်သောကြောင့်ဖြစ်သည်။ အစွမ်းထက်သလို ဘေးထွက်ဆိုးကျိုးလည်း ရှိပါတယ်။အောက်ဖော်ပြပါအချက်များသည် ကင်ဆာဆေးသွင်းကုသမှု၏ ဘေးထွက်ဆိုးကျိုးအချို့ဖြစ်ပြီး ၎င်းတို့ကို ရင်ဆိုင်နိုင်မည့် နည်းလမ်းအချို့ဖြစ်ပါတယ်။ဆံပင်ကျွတ်ခြင်း။ ။အကယ်၍ သင်သည် ဆံပင်ကျွတ်ခြင်းအပေါ် သတိထားနေမိလျှင် ဆံပင်တုတပ်ခြင်း၊ ပုဝါစီးထားခြင်း (သို့) ဦးထုပ်ဆောင်းခြင်း တို့ကို စမ်းကြည့်ပါ။ရောဂါပိုးဝင်နိုင်ချေများခြင်း။ ။လူထူထပ်သော နေရာများကို သွားခြင်း၊ နေမကောင်းသော လူများနားသွားခြင်းကို ရှောင်ပါ။ သင့်လက်ကို မကြာခဏ ဆေးပါ။အစာစားဖို့ ခက်ခဲခြင်း။ ။အစားအသောက်ပျက်ခြင်း၊ ပျို့ခြင်း၊ ပါးစပ်အနာပေါက်ခြင်းတို့ကြောင့် အစားစားရတာ အခက်အခဲရှိနိုင်ပါတယ်။ သို့သော် နူးညံ့သော ကြိတ်ထားသည့် အစာငယ်လေးများကို စားပေးခြင်းသည် သင့်အတွက် ပိုမိုလွယ်ကူစေပါတယ်။ဝမ်းချုပ်ခြင်း ။ ။နေ့တိုင်း ရေများများသောက်ဖို့ သတိရပါ။ အမျှင်ဓါတ်ကြွယ်ဝသော အစားအသောက်များစားပါ။ နေ့စဉ် လေ့ကျင့်ခန်း နည်းနည်းချင်းစီလုပ်ပါ။ ထိုနည်းများသည် သင့်အူလမ်းကြောင်းလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမှန်စေမည်ဖြစ်သည်။ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း။ ။သင့်ဝမ်းပျက်ခြင်းကို ပိုဆိုးရွားစေသော အစားအသောက်များကို သတိပြုပါ။ နို့်ထွက်ကုန်များ၊ အဆီများသော အစားအစာ၊ စပ်သော အစာများ၊ အမျှင်ဓါတ်များသော အစားအသောက်များကို ရှောင်ပါ။ ဆုံးရှုံးသွားသော အရည်ဓါတ်ကို ပြန်ဖြည့်တင်းဖို့ ရေများများသောက်ပါ။ ပိုတက်ဆီယမ်ဓါတ်အပိုရရှိဖို့ ငှက်ပျောသီးကဲ့သို့သော ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝသော အစားအသောက်များကို စားသုံးပေးပါ။သွေးနီဥဆဲလ် အရေအတွက် ကျဆင်းခြင်း။ ။ကင်ဆာဆေးသွင်းကုသမှု၏ နောက်ဆက်တွဲအနေဖြင့် သွေးအားနည်းခြင်းဖြစ်နိုင်ပြီး သင်သည် ပိုမိုနှုံးချိနွမ်းနယ်တာကို ခံစားရမည်ဖြစ်သည်။ သွေးသွင်းခြင်း (သို့) ဆေးဝါးသောက်သုံးခြင်းဖြင့် သွေးနီဥဆဲလ် ထုတ်လုပ်ခြင်းကို မြှင့်တင်ဖို့ လိုအပ်ပါတယ်။သွေးထွက်ခြင်း နဲ့ သွေးခြည်ဥခြင်း ။ ။ကင်ဆာဆေးသွင်းကုသမှုသည် သွေးခဲခြင်းကို ကူညီသော သွေးမွှားဥများကို ဖျက်ဆီးပစ်သည်။ မကြာခဏ သွေးခြည်ဥခြင်း၊ သွေးထွက်ခြင်း၊ ဝမ်းတွင်း သွေးပါခြင်း၊ ဆီးတွင်း သွေးပါခြင်း နဲ့ အခြားသော ပုံမှန်မဟုတ်သော လက္ခဏာများကို သတိထား စောင့်ကြည့်ပါ။ သင့်ဆရာဝန်သည် သွေးမွှားဥအလွန်နည်းနေလျှင် သွေးမွှားဥသွေးသွင်းခြင်းကို ပြုလုပ်ကောင်း ပြုလုပ်နိုင်ပါတယ်။အလွန်အမင်း ပင်ပန်းနုံးချိခြင်း။ ။သင့်ခန္ဓါကိုယ်က လိုက်လုပ်နိုင်သည့် ပုံမှန် လေ့ကျင့်ခန်းမျိုးကို လုပ်ပါ။ ၎င်းသည် သင့်အတွက် ခွန်အားများပေးစွမ်းနိုင်ပါတယ်။ နေ့လယ်နေခင်း တစ်ရေးတစ်မော အိပ်စက်အနားယူပြီး ညအခါတွင် အိပ်ရေး၀၀အိပ်ပါ။ပျို့အန်ခြင်းသည်လည်း အဖြစ်များသော ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်ပါတယ်။ပျို့အန်ခြင်းကို သက်သာစေသော ဆေးဝါးများကို သောက်သုံးနိုင်ပါတယ်။ ကင်ဆာဆေးသွင်းကုသနေစဉ်တစ်လျှောက်လုံးတွင် ပျို့အန်ခြင်းမှ ကာကွယ်နိုင်ရန် ဆေးဝါးသုံးစွဲနိုင်ပါတယ်။ဓါတ်ရောင်ခြည်ကုသမှုကို ကောင်းကောင်း သည်းခံနိုင်ကြပါတယ်။ သို့သော် ဓါတ်ရောင်ခြည်ပေးသော နေရာအနီးတစ်ဝိုက်တွင် ရောင်ရမ်းခြင်း ဖြစ်ပွားနိုင်ပါတယ်။ အကယ်၍ အဆုတ်ကင်ဆာသည် အစာရေမြိုပြွန် (သို့) လည်ချောင်းအနီးတွင် ဖြစ်ပွားလျှင် ရောင်ရမ်းခြင်း နဲ့ နာကျင်ခြင်းများ ဖြစ်စေနိုင်ပါတယ်။ သို့သော် ထိုနာကျင်မှုနှင့် မအီမသာဖြစ်မှုကို ဆေးဝါးများက သက်သာအောင် ပြုလုပ်ပေးနိုင်ပါတယ်။ဓါတ်ရောင်ခြည်နှင့် ကင်ဆာဆေးသွင်းကုသမှုကို ပူးပေါင်းအသုံးပြုသောအခါတွင် ဘေးထွက်ဆိုးကျိုးများ ပိုဆိုးလာတတ်ပါတယ်။အတူတွဲသုံးသော အခါတွင် ဓါတ်ရောင်ခြည် နှင့် ကင်ဆာဆေးသွင်းကုသမှုသည် လူ့ခန္ဓါကိုယ်တစ်ရှုးများကို ပို၍ အထိမခံဖြစ်စေကာ နောက်ဆုံးတွင် ဘေးထွက်ဆိုးကျိုးများကို ပိုများလာစေပါတယ်။ဓါတ်ရောင်ခြည်ကုထုံးပေးသော အရေပြားသည် ပိုပြီး ထိခိုက်လွယ်လာကာ နေလောင်ကွက်ကဲ့သို့ပင် ပေါ်လာနိုင်ပါတယ်။ အရေပြားကို ပိုဆိုးစေသော အရာများကို ရှောင်ပါ။ ၎င်းတို့မှာ။အရေပြားကို ရေကြက်သီးနွေးလေးနဲ့ ဆေးကြောပေးခြင်းသည် ပိုဆိုးမလာအောင် ကာကွယ်ပေးပါတယ်။ကင်ဆာအတွက် ဘယ်လိုကုသမှုပဲသုံးသုံး ဘေးထွက်ဆိုးကျိုးတွေကတော့ ခံစားရမှာဖြစ်ပါတယ်။ ကျန်းမာရေးနှင့် ညီညွှတ်သော အစားအသောက်များ စားသုံးခြင်း၊ အနားယူခြင်း နှင့် လေ့ကျင့်ခန်းလုပ်ခြင်းကို မျှမျှတတ ချိန်ဆခြင်း၊ သင့်ဆရာဝန်နဲ့ ပုံမှန်ပြသတိုင်ပင်ခြင်းတို့သည် သင့်အဆုတ်ကင်ဆာကုသမှု ဘေးထွက်ဆိုးကျိုးများကို စီမံခန့်ခွဲနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/lung-cancer-cancer/%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%ba%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%80%e1%80%af%e1%80%9e%e1%80%99%e1%80%be%e1%80%af%e1%81%8f%e1%80%98%e1%80%b1%e1%80%b8%e1%80%91%e1%80%bd/
အိပ်ရေးပျက်ခြင်းက စိတ်ကျန်းမာရေးကို ဘယ်လိုတွေတောင် ထိခိုက်စေမလဲ
အိပ်ရေးပျက်တာကအကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သလို လူတိုင်းလည်း အိပ်ရေးပျက်တာကို ကြုံဖူးမှာပါ။ အိပ်ရေးပျက်တာက ဆီးချို၊ သွေးတိုးလိုမျိုး နာတာရှည် ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တယ်ဆိုတာကိုတော့ အားလုံးလိုလို သိထားပြီး ဖြစ်မှာပါ။ ဒါပေမယ့် အိပ်ရေးပျက်ခြင်းက စိတ်ကျန်းမာရေးကို ဘယ်လိုတွေတောင် ထိခိုက်စေမလဲ ဆိုတာကိုရော သိပြီးပြီလား ….. မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။အိပ်ရေးပျက်တာနဲ့ စိတ်ကျန်းမာရေး ထိခိုက်မှုတွေက တော်တော်လေးကို ဆက်စပ်နေတဲ့အရာပါ။ အိပ်ရေးပျက်တာက စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာတွေကို ဖြစ်စေနိုင်သလိုစိုးရိမ်စိတ်များနေတာ စိတ်ဖိစီးနေတာတွေကလည်း အိပ်ရေးပျက်တာ၊ အိပ်မပျော်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုတွေ သံသရာလည်နေတာပါ။ ဒါပေမယ့် အိပ်ရေးပျက်တာက ရုပ်ပိုင်းဆိုင်ရာကိုရော စိတ်ပိုင်းဆိုင်ရာကိုပါ ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်ပါတယ်။ညဘက်မှာ ကောင်းကောင်းအိပ်ပျော်တာက စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေတယ်ဆိုတာကို အားလုံး သိထားပြီး ဖြစ်မှာပါ။ အခြားတစ်ဖက်က ပြောမယ်ဆိုရင်တော့အိပ်ရေးပျက်ထားရင်အရာရာကို အာရုံစိုက်ဖို့ ခက်သလို စိတ်ခံစားမှုတွေပါ မကောင်းတော့တာကို ခံစားမိမှာပါ။ အိပ်ရေးပျက်တာ အိပ်မပျော်တာတွေက စိတ်ဖိစီးမှုကို ဖြစ်စေပြီး စိတ်ခံစားမှု ကောင်းစေဖို့ရာမှာ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။အိပ်စက်မှုက ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေ ဟန်ချက်ညီစေဖို့ရော ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မလုပ်ငန်းစဉ်တွေ ဟန်ချက်ညီစေဖို့ပါ အားဖြည့်ပေးပါတယ်။ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့လည်း အားဖြည့်ပေးပါတယ်။အိပ်ရေးဝတာက သိမြင်မှုစွမ်းဆောင်ရည်တွေဖြစ်တဲ့ အာရုံစူးစိုက်မှု၊ သင်ယူနိုင်မှု နဲ့ မှတ်မိနိုင်မှု စွမ်းရည်တွေကို တိုးတက်စေနိုင်ပါတယ်။ အိပ်ရေးပျက်တာ နေ့စဉ် ပြဿနာ အသေးအဖွဲလေးတွေကို ဖြေရှင်းဖို့တောင် ခက်ခဲစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်လည်းအိပ်စက်မှုက စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ အရေးကြီးတယ်လို့ ပြောရတာပေါ့။အိပ်ရေးပျက်ခြင်းက စိတ်ကျန်းမာရေးကို ဘယ်လိုတွေတောင် ထိခိုက်စေမလဲ ဆိုတော့ အဆိုးဆုံးအနေနဲ့ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ အိပ်ရေးပျက်တာက အချိန်ကြာမြင့်လာလေလေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြေ များလာလေလေပွ။ အိပ်မပျော်ခြင်းကနေ စိုးရိမ်စိတ် လွန်ကဲတာ၊ စိတ်ဓာတ်ကျတာတွေကို ဖြစ်စေနိုင်သလို ရာသီအကူးအပြောင်းမှာစိတ်ဓာတ်ကျတာ၊ စိတ်အတက်အကျ မြန်တာ၊ ကိုယ့်အသက်ကို အဆုံးစီရင်တာမျိုးတွေအထိ ဖြစ်စေနိုင်ပါတယ်။အိပ်ရေးပျက်တာက ဆုံးဖြတ်ချက်ကို မှန်မှန်ကန်ကန် ချမှတ်နိုင်ဖို့ အခက်အခဲ ဖြစ်စေသလို အထီးကျန်တာကိုလည်း ခံစားရနိုင်ပါတယ်။ ဒါကြောင့် လူတွေမှာ ပြည့်ဝလုံလောက်တဲ့ အိပ်စက်ခြင်း ရှိမှ စိတ်ရောကိုယ်ပါ ကျန်းမာစေမယ်လို့ ပြောကြတာပေါ့။အိပ်စက်ချိန်က အသက်အရွယ်ကို လိုက်ပြီး အချိန် လိုအပ်ချက် ကွာခြားနိုင်ပါတယ်။ အကြမ်းဖျင်း ပြောပြရရင် ကလေးငယ်တွေ၊ ဆယ်ကျော်သက်တွေ နဲ့ လူကြီးတွေက လူလတ်ပိုင်းတွေထက် ပိုပြီး အိပ်စက်ချိန် ရရှိဖို့ လိုမှာပါ။ ဆယ်ကျော်သက်တွေ နဲ့ ကလေးတွေက တစ်ညကို အိပ်ချိန် ၈ နာရီ ကနေ ၁၀ နာရီကြား ရရှိဖို့ လိုပြီး အသက် ၆၅ နှစ်အထက် လူကြီးတွေကတော့ တစ်ညကို အိပ်ချိန် ၇ နာရီ ကနေ ၈ နာရီ ရရှိဖို့ လိုပါမယ်။ လူလတ်ပိုင်းတွေကတော့ ၇ နာရီထက် မနည်းတ့ အိပ်စက်ချိန် ရရှိရင်ကို လုံလောက်ပါပြီ။ဒီတော့ ညဘက်တွေမှာ ဂိမ်းဆော့တာ၊ ဆိုရှယ်မီဒီယာတွေပေါ်မှာ အချိန်ဖြုန်းတာတွေ မလုပ်ဘဲ အိပ်စက်ပေးတာက စိတ်လေးကို ကျန်းမာအောင် စောင့်ရှောက်ပြီး ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုပါ မြှင့်တင်ရာ ရောက်ပါတယ်။အိပ်ရေးပျက်တာကြောင့် စိတ်ကျန်းမာရေး မထိခိုက်စေဖို့ ဆိုရင်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/sleep-and-mental-health/
နာရီဓာတ်ခဲမျိုချမိတဲ့ ကလေးတွေရဲ့ အန္တရာယ်
ကလေးတွေဆိုတာ လူကြီးလစ်တာနဲ့ မြင်မြင်ကရာ ပါးစပ်ထဲကောက်ထည့်လိုက်ရမှ။ ဒါ့ကြောင့် ကလေးရဲ့ပါးစပ်ထဲအန္တရာယ်ဖြစ်စေနိုင်တဲ့ အရာဝတ္ထုတွေ မဝင်စေဖို့ မိဘတွေက မျက်ခြေမပြတ်စောင့်ကြည့်သင့်ပါတယ်။ ကလေးက တခုခုနေလို့မကောင်းတာကို မိဘတွေ သတိထားမိဖို့က အရေးကြီးဆုံးပါပဲ။ မဟုတ်ရင် ကလေးနေလို့မကောင်းတာကို တခြားကျန်းမာရေးပြဿနာ တွေနဲ့ ထင်မှတ်မှားကြမယ်၊ အချိန်မီမကုသနိုင်တာကြောင့် မလိုအပ်ဘဲ ကလေးရဲ့အသက်ဆုံးရှုံးရနိုင်ပါတယ်။အိမ်မှာပဲ ရှိနေတဲ့ အန္တရာယ်တစ်ခုက နာရီဓာတ်ခဲလို့ခေါ်တဲ့ battery လေးတွေပါ။ သကြားလုံးလေးလိုလို အရွယ်အစားမို့ ကလေးတွေကောက်စားမိတတ်တယ်။ သိပ်ကိုအန္တရာယ်ကြီး တဲ့ အရာဝတ္ထုဖြစ်ပါတယ်။ အရွယ်အစားတူတခြားအရာဝတ္ထုတွေဆိုရင်အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုကြောင့် အန္တရာယ်ရှိတာမှန်ပေမယ့် နာရီဓာတ်ခဲဆိုရင်တော့  ကလေးရဲ့အစာလမ်းကြောင်းထဲမှာ ဓာတ်ပြုတုံ့ပြန်မှုကြောင့် နှစ်နာရီအတွင်း ပျံ့နှံ့လောင်ကျွမ်းစေနိုင်ပါတယ်။တချို့မိဘတွေဆို ကလေးက အစားသိပ်မစား၊ ရေသိပ်မသောက်၊ ပုံမှန်ထက်မှိုင်နေတာ၊ ငိုတာ တို့လို ထူးခြားတဲ့လက္ခဏာတွေရှိလာရင် လည်ချောင်းနာတာလား၊ အစာအိမ်ကပဲဖြစ်သလား အထင်မှားတတ်ကြပါတယ်။ အဲဒီမှာအရေးပေါ်ကုသမှုကို မမီတော့ဘဲ ကလေးအသက်ဆုံးရှုံးရနိုင်တာ ကြောက်စရာပါ။သူတို့မှာ ကလေးရဲ့အစာခြေစနစ်ကို ထိခိုက်မှုပြင်းထန်စေနိုင်တဲ့ အန္တရာယ်ရှိဓာတုပစ္စည်းတွေ အပြည့် ပါဝင်ပါတယ်။ ဒါ့ကြောင့် နာရီဓာတ်ခဲလေးတွေကို အိမ်မှာ ကလေးတွေလက်လှမ်းမမီတဲ့နေရာ မှာပဲ ထားသင့်ပါတယ်။ အဟောင်းတွေဆို သေချာစွန့်ပစ်ပါ။ကလေးက –။ဒီလက္ခဏာတွေကို တခြားရောဂါတွေနဲ့ မှားတတ်ကြလို့ ကလေးမှာ ထူးခြားတဲ့လက္ခဏာတွေ့ရတာနဲ့ ကျွမ်းကျင်ဆရာဝန်ဆီကို အမြန်ဆုံးပြသစစ်ဆေးဖို့ အရေးကြီးပါတယ်။နာရီဓာတ်ခဲအပြင် မျိုချမိရင် အရေးပေါ်ကုသမှုလိုအပ်နိုင်တဲ့ အန္တရာယ်ရှိတခြားအရာဝတ္ထုတွေ အများကြီးရှိပါသေးတယ် –။သံလိုက်တုံး –သံလိုက်တုံးအသေးလေးတွေကို မျိုချမိရင် ကလေးရဲ့အစာအိမ်အူလမ်းကြောင်း ထဲမှာ ထိခိုက်မှုကြီးမားနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်း ပိတ်ဆို့တာကြောင့် ချက်ချင်း အသက်အန္တရာယ်ရှိနိုင်သလို အူထဲမှာ ပိတ်ဆို့နိုင်လို့ အမြန်ဆုံးခွဲစိတ်ဖယ်ရှားပစ်ရပါတယ်။ သံလိုက်နှစ်ခုလုံးမျိုချတာဖြစ်ခဲ့ရင် တစ်ခုနဲ့တစ်ခုဆွဲငင်ပြီး မရွေ့လျားနိုင်တော့တာကြောင့် ပိုပြီးအန္တရာယ်ကြီးပါတယ်။အကြွေစေ့– အကြွေစေ့တွေက ခုချိန်မှာ မသုံးကြတော့ပေမယ့် အိမ်မှာပဲ မသိမ်းဆည်းမိတဲ့အဟောင်းတွေ၊ ဒါမှမဟုတ် ကစားစရာအဖြစ် သုံးတာတွေ ဆိုရင် ကလေးကမျိုချနိုင်တဲ့ အန္တရာယ်ရှိပါတယ်။တစ်ခုတည်းသော ဖြေရှင်းနည်းက ဆေးရုံ၊ ဆေးခန်းအမြန်ပြေးပြီး အရေးပေါ်ကုသမှုခံယူတာပါပဲ။ မနောက်ကျပါစေနဲ့။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%94%e1%80%ac%e1%80%9b%e1%80%ae%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%81%e1%80%b2%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%81%e1%80%bb%e1%80%99%e1%80%ad%e1%80%90%e1%80%b2%e1%80%b7-%e1%80%80/
မအိပ်မနေ အသက်ရှည် ဆိုပေသော်ငြားလည်း
မအိပ်မနေ အသက်ရှည် ဆိုပေသော်ငြားလည်း အလွန်အကျွံဆိုရင် မကောင်းပါဘူး။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့အိပ်စက်မှုက လူတစ်ယောက်ရဲ့ စိတ်ရောကိုယ်ပါ ကျန်းမာစေရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာကြောင့်ပါ။ အိပ်ရေးမဝရင် လူတစ်ယောက်က ရေရှည်မှာ ဆန်းသစ်ဖန်တီးနိုင်စွမ်းတွေ ကျဆင်းလာမှာ ဖြစ်သလို နေ့စဉ်ဘဝမှာရော ကျန်းမာရေးကိုပါ ထိခိုက်စေလာပါလိမ့်မယ်။ဒါကြောင့် ဒီတစ်ခေါက်တော့ နေ့ဘက်မှာ အလုပ်တွေလုပ်တယ်။ ညဘက်မှာ ဘားတွေ သွားတယ်။ ပါတီတွေတက်တယ်။ မိုးလင်းတော့ ခဏလေးမှေးပြီး အလုပ်ခွင်ဝင်လိုက်တာပဲ အဆင်ပြေပါတယ် ဆိုသူလေးတွေအတွက် ညဘက် အိပ်ရေးပျက်တာက ရက်ဆက်ဖြစ်လာတဲ့အခါ ကျန်းမာရေးကို ဘယ်လိုတွေ ထိခိုက်စေနိုင်လဲဆိုတာကို ပြောပြပေးပါတယ်။အိပ်ချိန် ပြည့်ဝဖို့ဆိုတာက လူကြီးတွေ၊ ကလေးသေးသေးလေးတွေနဲ့ပဲဆိုင်တာပါ။ ကျန်းမာဖျတ်လတ်နေတဲ့ လူငယ်တွေအတွက် မဟုတ်ပါဘူး လို့ ယူဆနေတုန်းပဲလား။ ဒါဆိုရင်တော့ ဒီယူဆချက်ကို ပြင်ဆင်လိုက်ဖို့ လိုအပ်နေပါပြီ။ ဘာလို့လဲဆိုတော့ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိဖို့က လူတိုင်းအတွက် အရွယ်တိုင်းအတွက် အရေးပါပါတယ်။ သက်ရှိတိုင်း အတွက်ဆိုရင် ပိုမှန်မှာပါ။သက်ရှိတိုင်းမှာ သင့်တင့်မျှတတဲ့ အာဟာရ၊ လုံလောက်ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိမှ စိတ်ရောကိုယ်ပါ လန်းဆန်းမှာပါ။ ဒါကြောင့် လူကြီးဖြစ်ဖြစ် လူငယ်ဖြစ်ဖြစ် တစ်နေ့တာမှာ လိုအပ်တဲ့ စိတ်လက်ကြံ့ခိုင်မှု ပြည့်ဝစေဖို့အတွက် အိပ်ချိန်က အနည်းဆုံး ၆ နာရီ ကနေ ၈ နာရီကြား ရှိနေဖို့ လိုပါမယ်။မအိပ်မနေ အသက်ရှည် ဆိုပေသော်ငြားလည်း နေ့စဉ်နဲ့အမျှ ပြည့်ဝတဲ့ အိပ်စက်ချိန် မရရှိတဲ့အခါ ရေတိုမှာရော ရေရှည်မှာပါ ကျန်းမာရေးပြဿနာတွေ ခံစားလာရနိုင်ပါတယ်။ ပြည့်ဝတဲ့ အိပ်စက်ချိန် မရှိတာကစိတ်ရောကိုယ်ပါ ကျန်းမာမှုကို ဘယ်လိုတွေတောင် ထိခိုက်စေသလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။တစ်နေ့ကို ရှိသင့်တဲ့ အိပ်ချိန်ထက် ၁ နာရီ ခွဲလောက် လျော့သွားတာက နိုးကြားတက်ကြွမှု နည်းပြီး အလုပ်တွေကို ထင်သလောက် မပြီးတာမျိုး စဉ်းစားနိုင်စွမ်းကျလာတာမျိုးတွေ ခံစားရစေနိုင်ပါတယ်။ညဘက်တွေကိုကောင်းကောင်း မအိပ်ထားတော့ နေ့ခင်းဘက်ရောက်တဲ့အခါ တစ်ချိန်လုံးငိုက်မြည်းနေတာမျိုး ခံစားရနိုင်ပါတယ်။ ဒီလိုမျိုး အိပ်ရေးပျက်တာက နေ့ခင်းဘက်တွေမှာ ငိုက်မြည်းတာအပြင် အားမရှိသလိုပါ ခံစားရစေနိုင်ပါတယ်။အိပ်ရေးပျက်တာက စဉ်းစားတွေးခေါ်နိုင်စွမ်းကို ကျဆင်းစေနိုင်သလို မှတ်မိနိုင်စွမ်းနဲ့ အချက်အလက်တွေကို နားလည်နိုင်စွမ်း လျော့ကျသွားနိုင်ပါတယ်။ ဒီလိုနဲ့ ခဏခဏ မေ့တတ်တာမျိုးကို ခံစားလာရနိုင်ပါတယ်။အိပ်ရေးမဝတော့ လူက ကြည်ကြည်လင်လင် မရှိဘဲ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေနိုင်ပါတယ်။ ဒီလို ထိုင်းမှိုင်းလေးကန်နေတာနဲ့အတူအိပ်ရေးမဝတာကြောင့် စိတ်မကြည်လင်တာကိုပါ ခံစားရမယ်ဆိုရင် အလိုလိုနေရင်း စိတ်တိုတာမျိုး ဖြစ်လာပြီး လူမှုဆက်ဆံရေးတွေကို ထိခိုက်လာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။အိပ်ရေးပျက်တာက ကာလတိုပဲ ဖြစ်ဖြစ် ကာလရှည်ပဲ ဖြစ်ဖြစ် နေ့စဉ်ဘဝအပေါ်မှာ ထိခိုက်လာနိုင်ပါတယ်။ နေ့စဉ် လုပ်ဆောင်မှုတွေကို လုပ်ဆောင်ဖို့ အားမရှိသလို ခံစားရတာကစလို့ တီထွင်ဖန်တီးနိုင်စွမ်းတွေစဉ်းစားဆုံးဖြတ်နိုင်စွမ်းတွေကို ထိခိုက်လာစေပြီး နေ့စဉ်ဘဝမှာ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။အိပ်ရေးမဝဘဲ ကားတွေ ယာဉ်တွေ မောင်းနှင်တာက မတော်တဆ ဖြစ်နိုင်ခြေကို အတော်လေး များစေနိုင်ပါတယ်။ ယာဉ်မတော်တဆမှု အများစုက အိပ်ရေးပျက်တာ ပင်ပန်းတာတွေကြောင့် ဖြစ်ရတာပါ။ဒါတွေအပြင် အိပ်ရေးပျက်တာ များလာတာက ရေရှည်မှာ အခုလို ကျန်းမာရေးပြဿနာတွေ ရှိလာနိုင်ပါတယ်။အသက်အရွယ်အလိုက် ရှိသင့်တဲ့ အိပ်စက်ချိန်တွေက။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/side-effects-of-not-get-enough-sleep-every-day/
ဝိတ်ကျချင်တဲ့သူတိုင်း စားပေးသင့်တဲ့ သစ်ကြားသီး ။ ။
စိတ်ကူးထဲက လှပသွယ်ကျတဲ့ ကိုယ်ခန္ဓာ လေးပိုင်ဆိုင်နိုင်ဖို့အတွက် အစားအသောက်တွေ ဆင်ခြင်ကြ၊ အဆီတွေကယ်လိုရီတွေ လောင်ကျွမ်းအောင် စားပေးရမယ့် အစားအသောက်တွေ ဘာတွေ လဲလို့ လိုက်ရှာကြတယ်မလား။ အဲဒီမှာ ရေးထားတာတွေ ဖတ်ဖူးကြမှာပါ။ကိုယ်အလေးချိန်ထိန်းဖို့ အတွက်ရော၊ဗိုက်အဆာခံဖို့အတွက်ရောအစေ့အဆံတွေ စားရမယ်ဆိုတာမျိုးတွေကိုပေါ့။ဒါတွေက တကယ်မှန်တဲ့ အဆိုပြုချက်တွေပါ။ အစေ့အဆံတွေ တစ်နေ့ကို လက်တစ်ဆုပ်လောက်စားပေးရင် ကျန်းမာရေး အတွက် တကယ်ကို အထောက်အကူပြုပါတယ်။ ဝိတ်ချချင်တဲ့ သူတွေအတွက်လည်း အစေ့အဆံတွေက တကယ်ကို ကူညီပေးမယ့် အရာတွေပါ။ ဒီတော့ အစေ့အဆံတွေထဲကမှဝိတ်ချချင်တဲ့သူတိုင်း စားပေးသင့်ဆုံးကတော့သစ်ကြားသီးဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတာ ဆက်ကြည့်ရအောင်။သစ်ကြားသီးမှာဗီတာမင်တွေ၊ အမျှင်ဓာတ်တွေ၊ ကျန်းမာတဲ့အဆီဓာတ်တွေ၊omega-3 fatty acidsတွေနဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်တွေ ကြွယ်ဝတဲအတွက် သူက ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာ မမှားပါဘူး။ နောက်ပြီး မဂ္ဂနီဆီယမ်တို့ ကော်ပါးတို့လိုမျိုး သတ္တုဓာတ်တွေလည်း ပါတာကြောင့်ဝိတ်ကျနေတဲ့ သူတွေအတွက် တကယ်ကို အားထားလို့ရတဲ့ အစေ့အဆံတစ်ခုပါ။ ဒါ့အပြင် ကိုယ်တွင်းရောင်ရမ်းခြင်းတွေကိုလည်း လျှော့ချ၊ရင်သားကင်ဆာဆီးကျိတ်ကင်ဆာနဲ့ အူမကြီးကင်ဆာတို့လို ကြောက်စရာကောင်းတဲ့ ကင်ဆာရောဂါတွေကလည်း ကာကွယ်ပေးတဲ့အပြင် ဆီးချိုတို့ သွေးတိုးတို့ မဖြစ်အောင်လည်း ထိန်းညှိပေးနိုင်ပါသေးတယ်။သစ်ကြားသီး၁၂ လုံးကနေ ၁၄ လုံးလောက်စားလိုက်ရင် ကယ်လိုရီ ၁၉၀ လောက်ရပေမယ့် သူ့ထဲမှာပါတဲ့ အဆီဓာတ်တွေက ကိုယ်အလေးချိန်တက်စေတာ၊ ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေတာ တစ်ခုမှ မရှိပါဘူး။ အဆီဆိုပေမယ့် ဘာ့ကြောင့် ကိုယ်အလေးချိန်ကို မတက်စေရတာလဲဆိုတာ အားလုံးသိချင်နေကြမယ်လို့ထင်ပါတယ်။ ဆက်ပြီး ဖတ်ကြည့်ရအောင် ။သစ်ကြားသီးမှာပါတဲ့အမျှင်ဓာတ်တွေက အူတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို ပေါက်ပွားစေတဲ့အတွက် ဝမ်းမှန်ပြီး ကိုယ်အလေးချိန်ထိန်းပေးပါတယ်။သစ်ကြားသီးစားဖူးသူတိုင်းသိမှာပါ။ ၃ လုံးလောက်စားပြီးတာနဲ့ ထပ်မစားချင်အောင် ဗိုက်ပြည့်သွားတတ်တယ်ဆိုတာမျိုးပေါ့။ သူ့မှာပါတဲ့ ကျန်းမာတဲ့ အဆီဓာတ်နဲ့ အမျှင်ဓာတ်တွေက သင့်ကို အစားအများကြီး မစားစေချင်ဘဲအဆာခံစေပြီး ပြည့်စေမှာပါ။ပါဝင်တဲ့ ကျန်းမာတဲ့အဆီဓာတ်တွေက အစာခြေအားကိုကောင်းစေမယ့်အပြင် အခြား မကောင်းတဲ့ အဆီတွေ ထပ်မကပ်နိုင်အောင် ကာကွယ်ပေးလိုက်တာကြောင့် ကိုယ်အလေးချိန်ကို ထိန်းပေးမှာပါ။သစ်ကြားသီးဟာ သွေးတွင်းက ကောင်းတဲ့အဆီတွေဖြစ်တဲ့ high-density lipoprotein (HDL) တွေကို တိုးမြှင့်ပေးပြီး ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပါတယ်။ ဒီလို ဇီဝကမ္မဖြစ်စဉ် မြင့်တက်လာတာကြောင့် ကယ်လိုရီတွေ ပိုလောင်ကျွမ်းပြီး အဆီပိုတွေ ကိုယ်ခန္ဓာကနေ တဖြည်းဖြည်းလျော့လာတာကြောင့် သစ်ကြားသီးဟာ ကိုယ်အလေးချိန်ကို လျော့ကျစေတဲ့အစေ့အဆံတစ်ခုဆိုလည်း မမှားပါဘူး။သစ်ကြားသီးမှာပါဝင်တဲ့ ပရိုတင်း၊ ကျန်းမာတဲ့အဆီတွေနဲ့ မဂ္ဂနီဆီယမ်သတ္တုဓာတ်ကသွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးတယ်။ သွေးတွင်းသကြားဓာတ်များခြင်းက ကိုယ်အလေးချိန်တက်တာနဲ့ ဆက်စက်နေတတ်ပြီး သွေးတွင်းသကြားဓာတ်နည်းရင်တော့ အဆီတွေစုလာတာကို လျှော့ချပေးမှာပါ။သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးရုံမက သစ်ကြားသီးထဲ ပါဝင်တဲ့ မဂ္ဂနီဆီယမ်ဟာ အဆာခံစေပြီး ဗိုက်ဆာခြင်းကြောင့် ဖြစ်တဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါတယ်။ စိတ်ဖိစီးမှု များလေလေ အစားစားချင်လေလေပဲ မလား။သစ်ကြားသီးမှာပါဝင်တဲ့ omega-3 fatty acidsအဆီလောင်ကျွမ်းခြင်းကို အားပေးတဲ့အတွက် ကိုယ်တွင်းမှစုနေတဲ့ အဆီတွေကို ချေဖျက်ပေးမှာပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/walnuts/
Vocal Cord Disorders (အသံကြိုးရောဂါများ)
အသံအိုးရှိ ပျော့ပျောင်းကြွက်သားတစ်ရှူး2ပြားအား အသံကြိုးများ။ဟုခေါ်သည်။ အသံကြိုးသည် လေပြွန်၏ထိပ် လည်ပင်းနေရာလောက်တွင်ရှိသည်။ ထိုအသံကြိုးမျာသည်တုန်ခါ။၍ဖြတ်သန်းသွားသောအဆုတ်မှလေများအားသင့်အသံဖြစ်ပေါ်။အောင်ထုတ်လုပ်ပေးသည်။ ထိုအသံအား လည်ချောင်း၊နှာခေါင်းနှင့်။ခံတွင်းသို့ပို့ဆောင်ပေးကာ ပဲ့တင်သံဖြစ်စေသည်။(resonance)။လူတစ်ဦးစီ၏အသံများအား ထိုအသံကြိုးများ၏ပုံစံနှင့် အရွယ်အစား၊လည်ချောင်း၊နှာခေါင်း၊ခံတွင်း၏ပုံစံနှင့်အရွယ်အစားတို့ကဆုံးဖြတ်ပေးသည်။ အသံကြိုးရောဂါများသည် အသံကြိုးများ။ကို ထိခိုက်စေသည်။ အချို့သောပို၍အဖြစ်များသည့် အသံကြိုးရော။ဂါများတွင် အသံအိုးရောင်ရမ်းခြင်း၊အသံကြိုးရှိအဖုများနှင့် အကျိတ်လုံးများ၊အသံကြိုးအကြောသေသွားစသောရောဂါများပါဝင်။သည်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အသံကြိုးရောဂါများ ရဲ့ ရောဂါလက္ခဏာတွေကတော့ ဖြစ်ပွားသော။အသံကြိုးရောဂါအပေါ်မူတည်၍ကွဲပြားနိုင်ပါသည်။အသံကြိုးရှိအဖုများ။အသံကြိုး အကျိတ်များ။အသံကြိုးရှိအနာများ။အသံအိုးရောင်ရမ်းခြင်း။အထိဖြစ်သည်။အသံကြိုးအကျိတ်လုံးများ။စေခြင်း(သို့)မျိုရခက်စေခြင်းတို့ကို ဖြစ်စေနိုင်သည်။အသံကြိုးအကြောသေခြင်း။သက်သာမဖြစ်ခြင်း။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အသံပြောင်းလဲမှု(သို့)2ပတ်ထက် ကြာပြီး အသံအောလာပါက သင့်ကျန်းမာရေးပညာရှင်နှင့် တွေ့ဆုံပြသသင့်ပါသည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။အသံကြိုးရောဂါများကို အသံအား ထိခိုက်စေသည့်အပြုအမူများ။ကြောင့်မကြာခဏဖြစ်ပွားစေသည်။ သီချင်းဆိုခြင်း၊စကားပြောခြင်း၊။ချောင်းဆိုခြင်း(သို့)အော်ဟစ်ခြင်းပြုလုပ်ရာတွင်လိုအပ်သည်ထက်။အသံအားပိုမိုအသုံးပြုခြင်းလည်းပါဝင်သည်။ ဆေးလိပ်နှင့် ရှူရှိုက်ရသည့်အငွေ့များကိုလည်းအသံအားထိခိုက်စေသည့်အပြုအမူများအဖြစ်ထည့်သွင်းထားသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ဆရာဝန်သည် သင့်၏ကျန်းမာရေးရာဇဝင်အားမေးမြန်းတတ်။သည်။ သင့်အသံအရည်အသွေးကို ဆရာဝန်ကနားထောင်ပြီးမှ။သင့်အသံကြိုးများကို ကြည့်ရှူစစ်ဆေးတတ်သည်။ သင့်ခံတွင်း။အနောက်တွင်မှန်သေးသေးတခုအား ထောင်ထားခြင်းဖြင့်ကြည့်ရှူ။တတ်သည်။ ပိုမိုကောင်းမွန်စွာမြင်ရလိုပါက သင့်ဆရာဝန်သည်။သေးငယ်ပျော့ပျောင်းသောအလင်းရောင်ပါပြီး အဆုံးပိုင်းတွင် ကင်။မရာပါသောပြွန်တခုအား နှာခေါင်းပေါက်မှ အသံအိုးအတွင်းသို့။ထည့်သွင်းကာကြည့်ရှူသည်။ သင့်အသံကြိုးများအလုပ်လုပ်၊မလုပ်သင့်ဆရာဝန်မှ သိနိုင်ရန် သင်သည်အချို့သောအသံများကိုပြု။လုပ်ရန်လည်းလိုအပ်တတ်သည်။ ကိုင်တွယ်စစ်ဆေးမှုအားသင့်ဆ။ရာဝန်မှ ပြန်လည်ခွဲခြမ်းစိတ်ဖြာကြည့်ရှူနိုင်ရန် ဗီဒီယိုမှတ်တမ်းတင်။ထားတတ်သည်။ အသံအိုးရောင်ရမ်းခြင်း၊အသံအိုးအဖုများနှင့်အဖုအများစုတွင်လိုအပ်သော အတည်ပြုစစ်ဆေးမှုများမှာ အထက်ပါအ။တိုင်းသာဖြစ်သည်။ အချို့သောအခြေအနေများတွင် သင့်အသံအားခွဲခြမ်းစိတ်ဖြာစစ်ဆေးရန် ဆရာဝန်မှ ညွှန်ကြားတတ်။သည်။ အသံPitch တည်ငြိမ်မှု၊ထုတ်ပေးနိုင်သည့်အသံKeyပမာဏ။နှင့် အသံပြင်းအားအပါအဝင် သင့်အသံအရည်အသွေးအား စစ်ဆေးပေးသည့် စစ်ဆေးမှုများပါဝင်သည်။အသံကြိုး၏အကြောသေသွားပါက (သို့)အကျိတ်တခု၊အဖုတခုခု။အားခွဲစိတ်ဖြတ်ထုတ်ရန်လိုပါကထိုကဲ့သို့စစ်ဆေးရတတ်သည်။စစ်ဆေးမှုအဖြေများကို အသုံးပြုကာ ဆရာဝန်များနှင့် အသံကုသမှု။အထူးကုများသည် ကုသမှုအပြီး အသံတိုးတက်မှုပမာဏကိုလည်း။ဆုံးဖြတ်နိုင်သည်။ အသံအိုးကင်ဆာသည် ကင်ဆာမဟုတ်သော။ကြီးထွားလာသည့်အကျိတ်လုံး(သို့)အနာတစ်ခုနှင့်ပုံစံတူနိုင်သည်။အကယ်၍အသံကြိုးများတွင် မူမမှန်မှုတစ်ခုတွေ့ပါကသင့်ဆရာဝန်။သည်အသားစနမူနာယူ၍စစ်ဆေးတတ်ပါသည်။ အသံကြိုးတစ်ရှူး၏။သေးငယ်သောအသားစနမူနာကို ဖြတ်ယူ၍ဓါတ်ခွဲခန်းတွင်စစ်ဆေး။ခြင်းဖြစ်သည်။ ကွန်ပြူတာဓါတ်မှန်ကဲ့သို့သောအပိုဆောင်းစစ်ဆေး။မှုများအားအသံကြိုးအကြောသေခြင်း(သို့)အသံကြိုးကင်ဆာတို့။တွင်လိုအပ်တတ်ပါသည်။အသံအားထိခိုက်စေသည့်အပြုအမူများကြောင့်ဖြစ်သောအသံကြိုး။ရောဂါများအားကာကွယ်ရန်လွယ်ကူလှသည်။ ပို၍ပြောရလျှင် အသံ။ကြိုးရောဂါအများစုသည်ပြောင်းပြန်ဖြစ်နိုင်သည်။ သင့်ဆရာဝန်သည် အောက်ပါအခြေအနေများအပေါ်မူတည်၍ အကောင်းဆုံးကုသမှု။အားပေးတတ်သည်။မည်မျှကိုင်တွယ်လက်ခံနိုင်သည်။ကုသမှုတွင် အောက်ပါတို့ပါဝင်သည်။သည့် ရောဂါများအထူးပြုသည့် ဘာသာစကားနှင့်အသံရောဂါကျွမ်းကျင်ပညာရှင် ထံသို့လွှဲပေးခြင်း။လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အသံကြိုးရောဂါများ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အသံကြိုးရောဂါများ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/vocal-cord-disorders-%e1%80%a1%e1%80%9e%e1%80%b6%e1%80%80%e1%80%bc%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%99%e1%80%bb%e1%80%ac%e1%80%b8/
ခါးနာခြင်းကို DTS(ဖိအားပေး၍ဆွဲခြင်း ကုထုံး) ကဘယ်လိုသက်သာစေတာလဲ
ဖိအားပေး၍ ဆွဲခြင်း ကုထုံး သည် သင်နှင့် ရင်းနှီးပြီးသား ဖြစ်နိုင်ပါတယ်။ သင့်ဆရာဝန်ထံမှ ကြားဖူးခြင်း သို့မဟုတ် အင်တာနက်သတင်းများ တွင် မြင်ဖူးခြင်း တို့ဖြစ်နိုင်ါပတယ်။ သည်နည်းလမ်းကို ခါးနာခြင်း အတွက် အသုံးပြုသည်ကိုလည်း သိပြီး ဖြစ်နိုင်ပါတယ်။ သို့သော် သည်နည်းလမ်းက မည်သို့ အလုပ်ဖြစ်စေသည်ကို သိပါသလား။ သည်ဆောင်းပါးထဲမှာ အဖြေရှိပါတယ်။ဖိအားပေး၍ ဆွဲခြင်း ကုထုံး တွင် ခါးရိုးကို ညင်သာစွာ ဆွဲဆန့်ရန်အတွက် အထူးပြုလုပ်ထားသော ကိရိယာလေးကို အသုံးပြုပါတယ်။ ထိုကိရိယာသည် စားပွဲ သို့မဟုတ် စောင့်ကြည့်ရသော ဆွဲဆန့်ခြင်း ကိရိယာတစ်မျိုးပဲ ဖြစ်ပါတယ်။ထိုကုထုံး ခံယူစဉ် အဝတ်အစားများ ချွတ်ရန်မလိုပါ။ စားပွဲပေါ်တွင် လှဲလျောင်းနေရပြီး ကုသပေးသူက ကြိုးကို သင့်ရဲ့ တင်ပါးအရိုး နှင့် ခန္ဓါကိုယ် အပေါ်ပိုင်း ပတ်လည်ကို ချည်နှောင်ပါတယ်။ အောက်ပိုင်းကတော့ လွတ်လပ်နေပါလိမ့်မယ်။ အချို့အခြေအနေများတွင် ကျောနှင့် လှဲရပြီး အချို့အခြေအနေတွင် ဝမ်းဗိုက်နှင့် လှဲလျောင်းရပါတယ်။ကုသပေးသူက လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး အချိန်နဲ့ အလေးချိန်ကို ကွန်ပြူတာနဲ့ မှတ်သားပါတယ်။ကုသမှုတစ်ကြိမ်ကို မိနစ် ၃၀ မှ ၄၅ အထိကြာနိုင်ပါတယ်။ ထိုသို့ ၁၅ ကြိမ်မှ အကြိမ် ၃၀ ပြုလုပ်ဖို့ လိုအပ်နိုင်ပါတယ်။ ထိုသို့ ကုသမှု ပြီးဆုံးဖို့ လေးပတ်မှ ခြောက်ပတ်အထိ ကြာပါတယ်။ အချိန်ကြာမြင့်ပြီး တိုးတက်မှုကို ချက်ချင်း မခံစားရပါဘူး၊ စိတ်ရှည်ဖို့လိုပါတယ်။ ကုသပေးသူ၏ ရုံးခန်း သို့မဟုတ် ကျန်းမာရေးဌာနတွင် ထိုကုသမှုကို ခံယူနိုင်ပါတယ်။သင့် ကျောရိုးကို ညင်သာစွာ ဆွဲဆန့်ခြင်းဖြင့် ဖိအားပေး၍ ဆွဲခြင်း ကုထုံးက သင့် ကျောရိုး အရွတ်ပြားများ၊ အာရုံကြောများ၊ ဘေးပတ်လည် တစ်ရှူးများ အပေါ်သက်ရောက်နေသော ဖိအားများကို လျော့နည်းစေပြီး သွေးလည်ပတ်မှု ကောင်းစေပါတယ်။ သွေးက ရေ၊ အာဟာရ နဲ့ အောက်စီဂျင်များကို အရွတ်ပြားများသို့ သယ်ဆောင်ပေးခြင်းဖြင့် လျင်မြန်စွာ သက်သာစေနိုင်ပါတယ်။ဖိအားပေး၍ ဆွဲခြင်း ကုထုံးသည် ကျွံနေသော အရွတ်ပြားကို ပုံမှန်နေရာသို့ ပြန်ရောက်နိုင်စေပါတယ်။ ကုသမှု ခံယူနေစဉ်ရော၊ ခံယူပြီးပါ မည်သည့် နာကျင်မှုမျိုးကိုမှ မခံစားနိုင်စေပါ။ နာကျင်ပါက ပုံမှန်မဟုတ်သည့်အတွက် ကုသပေးသူကို ချက်ချင်း အသိပေးသင့်ပါတယ်။ ကုသမှု ခံယူပြီးသည့်အခါ လေ့ကျင့်ခန်း များ ရေရှည်ပြုလုပ်သင့်ပါတယ်။ ဖိအားပေး၍ ဆွဲခြင်း ကုထုံးကို ခါးနာခြင်း၊ လည်ပင်းရိုးနာခြင်း၊ တင်ပါးအကြောနာကျင်ခြင်း၊ ကျောရိုးအရွတ်ပြား ကျွံခြင်း၊ အရွတ်ပြား ဆုတ်ယုတ်ပျက်စီးခြင်း၊ အခြား အဆစ်နှင့် အာရုံကြောဆိုင်ရာ ပြဿနာများ ကို ကုသဖို့ အသုံးပြုကြပါတယ်။ဖိအားပေး၍ ဆွဲခြင်း ကုထုံးတွင် အသုံးပြုသော အထူးပြုလုပ်ထားသော ကိရိယာလေးသည် ထိခိုက်နေသော အရွတ်ပြားများ ကို အနာကျက်စေပြီး ဖိအားလျော့စေပါတယ်။ ထို့ကြောင့် နာကျင်မှုလည်း သက်သာစေပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/%e1%80%81%e1%80%ab%e1%80%b8%e1%80%94%e1%80%ac%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af-dts%e1%80%96%e1%80%ad%e1%80%a1%e1%80%ac%e1%80%b8%e1%80%95%e1%80%b1%e1%80%b8/
Hematoma (သွေးဥခြင်း)
သွေးဥခြင်းဆိုသည်မှာ သွေးကြောများအပြင်ဖက်တွင် သွေးများစုလာခြင်းကို ဆိုလိုပါသည်။ သွေးကြောနံရံအားထိခိုက်မိခြင်းမှ သွေးများ ပတ်ပတ်လည်ရှိတစ်ရှူးများအတွင်သို့ ပန့်ထုတ်လိုက်ခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။ သွေးဥခြင်းမှာ ဘယ်လိုသွေးကြောမျိုးကိုထိထိ ဖြစ်တတ်ပါသည်။ (သွေးလွှတ်ကြော၊ သွေးပြန်ကြော သို့မဟုတ် ဆံခြည်မျှင်သွေးကြောများ) သွေးဥခြင်းကို ပုံမှန်အားဖြင့် သွေးခဲခြင်းရှိရှိမ မရှိရှိ သွေးဆက်လက်ထွက်နေသည့်အခြေအနေအဖြစ် ဖော်ပြကြပါသည်။ဒီရောဂါသည် အလွန်အဖြစ်များ၏။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။သွေးဥခြင်းကြောင့် ကျိန်းစပ်ခြင်းနှင့်ရောင်ခြင်း ဖြစ်နိုင်ပါသည်။ လက္ခဏာများမှာ သွေးဥ၏တည်နေရာ အရွယ်အစားပေါ်မူတည်ပြီး ၎င်းနှင့်ဆက်စပ်နေသော ဖူးထခြင်းနှင့်ရောင်ရမ်းခြင်းကလည်း အနီးအနားရှိအစိတ်အပိုင်းများအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။သွေးဥခြင်း၏အဖြစ်များဆုံး လက္ခဏာများမှာ –။နီမြန်းခြင်း။ထိလျှင်နာခြင်း။ပူနွေးနေခြင်း။နာခြင်း။ဖူးရောင်ခြင်း။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။လက္ခဏာများပြင်းထန်လျှင် သို့မဟုတ် အရွယ်အစား ပိုပိုကြီးလာလျှင် ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။ ဥပမာအားဖြင့် ဦးနှောက်တွင်သွေးဥခြင်း (ဂျူရာလွှာအောက်) သို့မဟုတ် ဂျူရာလွှာအပြင်ဖက်တွင်သွေးဥခြင်းမျိုးက ချက်ချင်း ဆေးကုသမှုခံယူ ခွဲစိတ်ရန်လိုအပ်ပါသည်။ အထူးသဖြင့် အာရုံကြောဆိုင်ရာပြဿနာများ ပါလာလျှင် ပိုလိုပါသည်။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။သွေးဥခြင်းမှာ ပုံမှန်အားဖြင့် ထိခိုက်မိခြင်းမှဖြစ်လာရ၏။ ကားတိုက်မှု၊ အသေးစား ထိခိုက်မှု၊ ချောင်းဆိုးခြင်း သို့မဟုတ် ကိုယ်မသိလိုက်သောဖြစ်စဉ် စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါသည်။ သွေးကြောအတွင်းမှသွေးများမှာ အစဉ်မပြတ်စီးဆင်းနေသောကြောင့် ခဲသွားခြင်းမဖြစ်ပါ။ သွေးလည့်ပတ်စနစ်မှ သွေးများထွက်သွားပြီး ငြိမ်ကျသွားပြီဆိုပါက သွေးချက်ချင်းခဲလာတော့မည်ဖြစ်သည်။ သွေးထွက်ပမာဏများလေလေ သွေးဥခြင်းပိုကြီးလေလေဖြစ်သည်။ သွေးကျဲဆေးများ ဥပမာ အက်စ်ပရင်၊ ဝါဖရင်၊ ကလိုပီတိုဂရဲ နှင့် ဒိုင်ပိုင်ရီဒမိုးတို့သည် သွေးခဲခြင်းနှင့် ဓါတ်ပြုမှုရှိပါသည်။ တစ်ချို့သောရောဂါနှင့် ကူးစက်ပိုးများက သွေးစီးကြောင်းတွင်းရှိ သွေးမွှားဥများကို လျော့ပါးစေခြင်း သို့မဟုတ် အလုပ်မလုပ်နိုင်စေခြင်းများ ဖြစ်စေတတ်ပါသည်။ သွေးမွှားဥဆိုသည်မှာ သွေးခဲအောင်စတင်ပေးသော ဆဲလ်များဖြစ်သည်။ သွေးမွှားဥများ အတားခံရပါ သွေးဆက်တိုက်ထွက်နေပြီး သွေးဥခြင်းမှာလည်း ပိုပိုကြီးလာပါမည်။ သွေးဥခြင်းကိုဖြစ်စေနိုင်သော ဘက်တီးရီးယားရောဂါ၊ ကိုယ်ခံအားမှ ပြန်တိုက်သောရောဂါနှင့် တခြားအခြေအနေများမှာ –။လက်ချောင်းတွင်ပိုးဝင်ခြင်း။အရိုးကျီးပေါင်းတက်ခြင်း။Onychomycosis။နာရွက်ရှိ အရိုးနုများအတွင်း ထိခိုက်မှုကြောင့် သွေးထွက်လျှင် သွေးဥခြင်းဖြစ်နိုင်ပါသည်။ နာရွက်သွေးဥခြင်းနောက်ဆက်တွဲမှာ ပန်းမုန်လာနှင့်တူသော နားရွက်ဖြစ်ပါသည်။နှာနုရိုးသွေးဥခြင်းမှာ နှာခေါင်းထိခိုက်မိခြင်းကြောင့် ဖြစ်ရပါသည်။ နှာခေါင်းကျိုးခြင်းနှင့် ဆက်စပ်မှုရှိနိုင်ပြီး မစစ်ဆေး မဖယ်ထုတ်ပဲထားပါက အရိုးပျက်သွားပြီး နှာခေါင်းနှစ်ခုကြားနံရံပေါက်ထွက်ခြင်းဖြစ်နိုင်ပါသည်။ဝမ်းဗိုက်အတွင်းသွေးယိုခြင်းကလည်း ဖြစ်ရသည့်အကြောင်းရင်းနှင့် အခြေအနေပေါ်မူတည်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်ပါသည်။ ထိုမှ ဝမ်းဗိုက်အတွင်းနံရံများ ထိခိုက်နိုင်ပါသည်။အသည်း၊ သရက်ရွက်နှင့် ကျောက်ကပ်တို့လို အခဲအင်္ဂါများတွင်လည်း သွေးဥခြင်းဖြစ်နိုင်ပြီး အူသိမ် အူမနံရံများတွင်လည်း ဖြစ်နိုင်ပါသည်။ ဝမ်းဗိုက်နံရံအလွှာကြား သို့မဟုတ် ကျောက်ကပ်တည်ရှိရာနေရာ၏ နောက်ကြားတို့တွင်ပါ သွေးဥခြင်းဖြစ်နိုင်ပါသည်။အရိုထိခိုက်မိခြင်း သို့မဟုတ် အရိုးကျိုးခြင်းများက သွေးဥခြင်းကိုဖြစ်စေနိုင်သည်။ ရိုးတွင်းချဉ်ဆီဆိုသည်မှာ သွေးဆဲလ်များထုတ်ရာနေရာဖြစ်သည်။ အရိုးကျိုးခြင်းက သွေးအများအပြားကိုထွက်စေနိုင်ပါသည်။ Compartment syndrome ဆိုသည်မှာ ထိခိုက်မိခြင်းကြောင့် သွေးယိုသွေးဥသည့် နောက်ဆက်တွဲရှားပါးပြဿနာဖြစ်၏။ ၎င်းမှာ အရေးပေါ်ခွဲစိတ်ရန်လိုအပ်ပါသည်။ ၎င်း၏လက္ခဏာများမှာ လက်ချောင်း ခြေချောင်းများ လှုပ်ရှားလျှင် ပြင်းထန်စွာနာခြင်း၊ လက်ခြေ ခြေဖဝါးတို့တွင် သွေးခုန်နှုန်းအားနည်းသွားပြီး ထုံကျင်နေခြင်းတို့ဖြစ်သည်။ကိုယ်ဝန်ဆောင်ခြင်းမှာ အချင်းကြားသွေးယိုခြင်း ဖြစ်ရပ်များ၏ ၂၅%နှင့် ဆက်နွယ်နေပါသည်။ ကိုယ်ဝန်ဆောင်ချိန်တွင် သားအိမ်လှုပ်နှုန်းအား ခွဲခြမ်းစိတ်ဖြာရာ၌ အများဆုံးတွေ့ရသော မူမမှန်မှု ဖြစ်သည်။ သွေးဥခြင်းအသေးစားမျာူမှာ အလိုလိုပျောက်သွားပြီး လူနာအတွက် မဆိုးလှပါ။ တတိယသုံးလမြောက်တွင် သွေးယိုသည့်ပြဿနာရှိပါက အချင်းကွာခြင်း သို့မဟုတ် အချင်းနေရာမမှန်ခြင်း၏ လက္ခဏာဟု ယူဆရသည်။ ထို့ကြောင့် အရေးပေါ်ကုသမှုခံယူရန် လိုအပ်၏။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သွေးဥခြင်းကိုစမ်းသပ်ရာတွင် ရောဂါရာဇဝင်ကိုပါ သေချာမေးပြီး ကြည့်ရှု့ခြင်းတို့ပါဝင်ပါသည်။ ယေဘုယျအားဖြင့် သွေးဥခြင်းကိုတွက်ချက်ရန်အတွက် သွေးစစ်ဖို့မလိုအပ်ပါ။သို့သော် အခြေအနေပေါ်မူတည်ပြီး သွေးအရည်အတွက် အပြည့်စစ်ခြင်း၊ သွေးခဲစစ်ခြင်း၊ ဓါတုနှင့်ဇီဝရုပ်ဖြစ်ပျက်မှုစစ်ခြင်း၊ အသည်းစစ်ဆေးခြင်းများက လူတစ်ယောက်တွင် သွေးဥခြင်းရှိမရှိသိစေနိုင်သလို အောက်ခံရောဂါများကိုပါ သိရှိစေနိုင်ပါသည်။ ထိုမှ သွေးဥခြင်းဖြစ်ပေါ်ရသည့် အကြောင်းရင်းကို သိရှိရမည်ဖြစ်သည်။ကိုယ်တွင်းသွေးဥခြင်းဆိုပါက ပုံရိပ်ဖော်နည်းပညာများ လိုအပ်ပါလိမ့်မည်။ဦးခေါင်းကွန်ပျူတာဓါတ်မှန်က ဂျူရာလွှာအောက် သွေးဥခြင်းကို အတည်ပြုနိုင်ပါသည်။ ဝမ်းဗိုက်ကွန်ပျူတာဓါတ်မှန်က ဝမ်းတွင်းသွေးဥသည့်အခါ ရိုက်လေ့ရှိပါသည်။ (ဗိုက်အတွင်း၊ အသည်းအတွင်း၊ သရက်ရွက်အတွင်း၊ ကျောက်ကပ်နောက်ကြား၊ ဝမ်းဗိုက်နံရံအလွှာများကြား)။ဂျူရာလွှာအပေါ်ဖက် သွေးဥခြင်းကို ကွန်ပျူတာဓါတ်မှန်ထက် သံလိုက်ဓါတ်မှန်က ပိုတိကျသောအဖြေကိုရပါသည်။သွေးဥတည်ရှိရာနေရာ ဖြစ်နေသာ ကိုယ်အစိတ်အပိုင်း ပေါ်နေသောလက္ခဏာများပေါ်တည်ပြီး သွေးဥခြင်းကို တိတိကျကျကုသရမည်ဖြစ်သည်။ ဥပမာအားဖြင့် ဦးနှောက်တွင် သွေးဥခြင်းအသေးစား ဖြစ်နေပြီး လူနာတစ်ဦးမှာ သတိကောင်းကောင်းရနေပြီး နောက်တစ်ဦးမှာ ခေါင်းထိခိုက်မိခြင်းကြောင့်ဖြစ်ရပါက သူ့ကို ခွဲစိတ်မှုလုပ်ကာ ဦးနှောက်တစ်ရှူးများကို ကယ်တင်ရပါမည်။ ဝမ်းဗိုက်တွင်းသွေးဥခြင်းမှာလည်း ထိုအတိုင်းပင်။ လူနာမှာ တည်ငြိမ်နေပါက စောင့်ကြည့်ရုံနှင့် သင့်တော်သော်လည်း သွေးလန့်နေပါက ခွဲစိတ်ကုသမှုကိုလုပ်ရမည်ဖြစ်သည်။လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကသွေးဥခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် သွေးဥခြင်း ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။အနားယူပါ။ရေခဲကပ်ပါ (ရေခဲဝတ်ကို တစ်ကြိမ်လျှင် မိနစ် ၂၀ ခန့် တစ်ရက်လျှင် ၄-၈ ကြိမ်ကပ်ပါ)။ဖိပါ (ဆန့်ဆွဲနိုင်သော ပတ်တီးများဖြင့် ပြုလုပ်နိုင်ပါသည်။)။မတင်ထားပါ (ထိခိုက်မိသောအစိတ်အပိုင်းကို နှလုံးအထက်ရောက်အောင် မြင့်ထားပေးပါ)။အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/other-blood-disorders/hematoma-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%a5%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
လည်ချောင်းနာနေရင် ဒီအချက် (၉)ချက်ကို လုပ်ကြည့်ပါ
ရာသီဥတု အပူအအေးမမျှတာနဲ့ လည်ချောင်းကနာလာတော့တာပဲနော်။ တစ်ခါတလေကိုယ်တိုင်ကတောင် သတိမထားမိချိန်မှာ လည်ချောင်းကနာနေပြီလေ။ လည်ချောင်းနာတဲ့အခါခေါင်းကိုက်တာ၊ အသံဝင်တာတွေက တဆက်တည်းကို ဖြစ်လာပါတော့တယ်။ လည်ချောင်းနာ၊ ခေါင်းကိုက်ဖြစ်ပြီဆိုရင်တော့ အလုပ်တွေကို အာရုံစိုက်နိုင်ဖို့ကတော်တော်လေးခက်ပြီလေ။ ဒီလိုစိတ်ညစ်စရာအခြေအနေကို အကောင်းဆုံးဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေရှိပါတယ်။ လည်ချောင်းနာနေရင် ဒီအချက် တွေကို လုပ်ဆောင်ကြည့်ပါ။လည်ချောင်းနာတာကို ဘဝတစ်လျှောက်မှာ တစ်ခါလောက်တော့ကြုံဖူးမှာပါ။ လည်ချောင်းနာတဲ့အခါ လည်ချောင်းထဲက ယားသလိုလို နာသလိုလိုဖြစ်မယ်၊ အရမ်းပြင်းထန်တဲ့အခါ တံထွေးတောင် မျိုချလို့မရအောင် နာတာမျိုးရှိနိုင်ပါတယ်။ လည်ချောင်းနာတဲ့အခါ ခန္ဓာကိုယ်မှာ အဖျားဝင်တာပါ တွဲလာတတ်တယ်။လည်ချောင်းနာတာက ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များတာပါ။ လည်ချောင်းနာတာက ပုံမှန်အားဖြင့် အလိုလိုသက်သာသွားတတ်ပေမယ့် မြန်မြန်သက်သာချင်ရင်တော့ အခုပြောတဲ့နည်းလမ်းလေးတွေအတိုင်းလုပ်ကြည့်နိုင်ပါတယ်။လည်ချောင်းနာနေရင် ဒီအချက် တွေကို လုပ်ကြည့်ပါ။ဆားရည်နဲ့ ပလုပ်ကျင်းပေးခြင်း-ရေနွေး ခပ်နွေးနွေးလေးထဲမှာ ဆားခပ်ပြီး ပလုပ်ကျင်းပေးပါ။ ဆားက လည်ချောင်းထဲမှာရှိတဲ့ ချွဲတွေကိုပျော်စေပြီး၊ လည်ချောင်းအတွင်းပိုင်းက တစ်ရှူးတွေကို ကျန်းမာလာအောင် လှုံ့ဆော်ပေးတာကြောင့် လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ငုံဆေးငုံခြင်း-ပရုတ်ပါတဲ့ငုံဆေးငုံပေးတာက လည်ချောင်းထဲက တစ်ရှူးတွေကို အာရုံခံစားမှုလျော့သွားအောင် လုပ်ဆောင်ပေးပြီး ယာယီတော့ သက်သာမှုရရှိစေမှာဖြစ်ပါတယ်။ ငုံဆေးငုံပေးတာက တံထွေးထွက်ရှိမှုကို တိုးစေပြီး စိုစွတ်စေတဲ့အတွက် လည်ချောင်းနာတာကို သက်သာအောင် အထောက်အကူပေးနိုင်ပါတယ်။ပျားရည်စားသုံးခြင်း –ရေနွေးကြက်သီးနွေးလေးထဲကို ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး သောက်ပေးရင်လည်း လည်ချောင်းနာသက်သာစေနိုင်ပါတယ်။ရေနွေးက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်ပေးပြီး လည်ချောင်းနာတာကို မြန်မြန်သက်သာအောင် အထောက်အကူပြုပေးနိုင်ပါတယ်။ပျားရည်ထဲမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေတာကြောင့် လည်ချောင်းအတွင်းပိုင်းရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ရေဓာတ်ပြည့်ဝစေခြင်း –ရေဓာတ်ပြည့်ဝအောင်နေတာက လည်ချောင်းနာတာကို သက်သာအောင် လုပ်ဆောင်ရာမှာ အဓိကအရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်မပြည့်ဝတဲ့အခါ လည်ချောင်းထဲမှာ တံထွေးအလုံအလောက်မရရှိတာမျိုးဖြစ်ပြီး လည်ချောင်းနာတာကို ပိုဆိုးစေနိုင်ပါတယ်။ရေသောက်ဆိုတဲ့နေရာမှာလည်း ကဖင်းတို့ အယ်လ်ကိုဟောတို့ ပါဝင်မှုမရှိတဲ့ ရိုးရိုးရေ ဒါမှမဟုတ် အသီးဖျော်ရည်တွေကို သောက်သုံးရမှာဖြစ်ပါတယ်။အစိုထိန်းစက်အသုံးပြုခြင်း– အစိုဓာတ် ပါဝင်နေတဲ့လေထုက လည်ချောင်းနဲ့ နှာခေါင်းအတွင်းပိုင်းက ရောင်ရမ်းနေတဲ့ တစ်ရှူးတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် မိမိနေထိုင်ရာပတ်ဝန်းကျင်မှာ အစိုဓာတ်ထိန်းတဲ့စက်လေး ဖွင့်ထားပေးပါ။ ရေနွေးငွေ့ခံပေးလို့လည်း ရပါတယ်။ ရေနွေးနွေးလေးကို ဇလုံထဲမှာထည့်ပြီး ခေါင်းမှာ တဘက်အုပ်ရင်း ရေနွေးငွေ့ခံပေးတာကလည်း လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ကြက်သွန်ဖြူစားပေးခြင်း –ကြက်သွန်ဖြူက သဘာဝအတိုင်းကို antibacterial အာနိသင်ရှိတာပါ။ ကြက်သွန်ဖြူမှာ ကူးစက်ရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ allicinဒြပ်ပေါင်းပါဝင်နေပါတယ်။ ဒါကြောင့်လည်ချောင်းနာတဲ့အခါ ကြက်သွန်ဖြူကို ဟင်းခါးချက်သောက်တာဖြစ်ဖြစ် မီးကင်စားတာဖြစ်ဖြစ်စားပေးပါ။ ကြက်သွန်ဖြူက အနာကျက်စေနိုင်စွမ်းလည်းရှိတာကြောင့် လည်ချောင်းအတွင်းပိုင်းတစ်ရှူးတွေ ရောင်ရမ်းတာကို သက်သာစေမှာဖြစ်ပါတယ်။ပန်းသီးရှာလကာရည်နဲ့ ပလုပ်ကျင်းပေးခြင်း –ပန်းသီးရှာလကာရည်ကလည်း ပိုးမွှားတွေကိုတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ လေ့လာမှုတွေအရ ပန်းသီးရှာလကာရည်က ကူးစက်ရောဂါပိုးတွေကို တိုက်ဖျက်နိုင်တယ်လို့သိခဲ့ရပါတယ်။ လည်ချောင်းထဲက ချွဲတွေကိပျော်စေပြီး ဘက်တီးရီးယားတွေ ပြန့်နှံ့မှုကိုလည်း ဟန့်တားပေးနိုင်ပါတယ်။လည်ချောင်းနာနေတယ်ဆိုရင် ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၂ ဇွန်းစာကို ရေတစ်ခွက်စာနဲ့ရောစပ်ပြီး ပလုပ်ကျင်းပေးလိုက်ပါ။ ရေများများသောက်ဖို့လည်း မမေ့ပါနဲ့။ပြည့်ပြည့်ဝဝအနားယူပေးခြင်း– အနားယူတာက လည်ချောင်းနာတာကိုသက်သာစေမယ့် အကောင်းဆုံးသောနည်းလမ်းတစ်ခုလို့ပြောလို့ရပါတယ်။ ခန္ဓာကိုယ်က ကောင်းကောင်းအနားယူလိုက်တဲ့အခါ အအေးမိတုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို အကောင်းဆုံးတိုက်ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ခံတွင်းသန့်ဆေးရည် အသုံးပြုပေးပါ– ဒါတွေအပြင် လည်ချောင်းနာတာကို သက်သာစေနိုင်မယ့်နောက်ထပ်နည်းလမ်းတစ်ခုက ခံတွင်းသန့်ဆေးရည်နဲ့ ပလုပ်ကျင်းတာပါ။ ခံတွင်းသန့်ဆေးရည်နဲ့ ပလုပ်ကျင်းပေးတာက ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်မှာဖြစ်ပါသလို ပတ်ဝန်းကျင်မှာရှိနေတဲ့ ဘက်တီးရီးယားတွေကြောင့် နောက်ထပ်လည်ချောင်းနာတာမျိုး အဖျားဝင်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။လည်ချောင်းနာတာ မဖြစ်စေဖို့အတွက် မဖြစ်မနေလုပ်ရမယ့်နည်းလမ်းတစ်ခုက ရောဂါပိုးတွေမကူးစက်အောင် နေတာပါ။ နေ့စဉ်လှုပ်ရှားသွားလာနေတဲ့ ပတ်ဝန်းကျင်မှာ မျက်စိမမြင်နိုင်တဲ့ ပိုးမွှားတွေ တော်တော်လေးများပါတယ်။ ဒီဘက်တီးရီးယားတွေကြောင့် ရောဂါပိုးကူးစက်တာမျိုး မဖြစ်စေဖို့အတွက်က လက်ကို သန့်ရှင်းအောင် ထားဖို့ လိုပါတယ်။အများသုံးပစ္စည်းတွေကိုင်ပြီးတဲ့အခါမျိုး၊ ဘတ်စ်ကားစီးပြီးတဲ့အခါတိုင်းမှာ လက်ကို သန့်စင်ဆေးကြောပါ။သွားလေရာကိုရေမလိုလက်သန့်ဆေး ယူသွားဖို့ မမေ့ပါနဲ့။ နေ့စဉ်ကောင်းကောင်းအိပ်စက်အနားယူပြီး အာဟာရပြည့်ဝအောင် စားသုံးပေးဖို့လည်း မမေ့ပါနဲ့။ နေ့စဉ်ကိုယ်လက် လှုပ်ရှားမှု လုပ်ဆောင်ဖို့လည်း မမေ့ပါနဲ့။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/9-tips-for-sore-throat/
အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ
အမျိုးသား အများစုက သူတို့ရဲ့ လိင်တံအရွယ်အစားနဲ့ပတ်သက်ပြီး တော်တော်လေး စိုးရိမ်စိတ်များတတ်ကြသလို အချို့သော အခြေအနေမှာ ဒီအခြေအနေအပေါ် အရမ်း အာရုံထားမိပြီးစိုးရိမ်စိတ်များတာလိုမျိုး စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေကိုပါ ခံစားကြရပါတယ်။ တကယ်ကတော့ လိင်တံအရွယ်အစား ကြီးခြင်း သေးခြင်းက လိင်မှုဘဝအပေါ်မှာ ကြီးကြီးမားမား သက်ရောက်သွားတာမျိုးတော့ မရှိပါဘူး။  ဒါပေမယ့်လည်း ဘယ်လိုလို ပြောပြော လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး စိတ်ပူနေတဲ့အမျိုးသားထုကြီးအတွက် သိထားလို့ ရအောင် အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများအကြောင်းလေး ပြောပြပေးချင်ပါတယ်။အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများကို ဗဟုသုတ အနေနဲ့ သိရှိရအောင် လေ့လာကြည့်လိုက်ဦးနော် ပုရိသတို့ရေ …….။အသီးအရွက် များများစားပေးတာက ကျန်းမာရေးအတွက် ကောင်းသလို ဓာတ်တိုးဆန့်ကျင် ပစ္စည်း ကြွယ်ဝတဲ့ အတွက် ဓာတ်တိုးပစ္စည်းတွေကြောင့် သွေးကြောတွေ ပျက်စီးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ သွေးကြောလေးတွေ ပျက်စီးတာက လိင်တံ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို အရွယ်အစားနဲ့ထောင်မတ်နိုင်စွမ်းအပေါ်မှာပါ သက်ရောက်မှု ရှိစေနိုင်ပါတယ်။ဒါကြောင့် စိတ်ရောကိုယ်ရော ဖွားဖက်တော်ပါ ကျန်းမာစေဖို့ အသီးအရွက်များများ စားပေးဖို့ မမေ့ပါနဲ့။နေ့စဉ်မှန်မှန်ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက လိင်တံအရွယ်အစားပေါ်မှာရော အမျိုးသား ကျန်းမာရေး အပေါ်မှာပါ သက်ရောက်မှုတွေ ရှိပါတယ်။ လေ့ကျင့်ခန်း တစ်နေ့ကို နာရီဝက်လောက် ပုံမှန်လေး လုပ်ပေးတာက အမျိုးသားတို့ရဲ့ ဖွားဖက်တော်ကျန်းမာရေးအတွက် သက်ရောက်မှု ရှိပါတယ်။ အကြောင်းကတော့ လေ့ကျင့်ခန်း လုပ်တာက လိင်တံဆီကိုသွေးစီးဆင်းမှု ကောင်းစေနိုင်တာကြောင့်ပါ။နောက်တစ်ချက်က တချို့တွေက လိင်တံသေးတာ၊ တိုတာကြောင့်မဟုတ်ဘဲ ဗိုက်ကအဆီတွေကြောင့် လိင်တံသေးတယ်လို့ ခံစားရတတ်ပါတယ်။ ဒီလိုလူတွေမှာ လေ့ကျင့်ခန်းလုပ်ပြီး အဆီချလိုက်ရင် လိင်တံရဲ့ နဂိုအရွယ်အစားအတိုင်း ပြန်ဖြစ်သွားပါတယ်။စိတ်ဖိစီးမှု များတာ၊ စိုးရိမ်စိတ် လွန်ကဲတာတွေကအမျိုးသားတို့အတွက်လိင်တံအရွယ်အစားနဲ့ ကျန်းမာရေး အပေါ်မှာ သက်ရောက်မှုတွေ ရှိနေပါတယ်။ အကြောင်းကတော့ စိတ်ဖိစီးစရာ အတွေးတွေက လိင်တံဆီ သွေးစီးဆင်းရောက်ရှိမှု နည်းစေပြီး လိင်စိတ် နည်းတာ၊ လိင်တံ အရွယ်အစားကို ထိခိုက်စေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ဖွားဖက်တော်ကို ကျန်းမာစေချင်တယ်ဆိုရင်တော့ နေ့စဉ်ဘဝမှာ စိတ်ဖိစီးစေမယ့် အတွေးတွေ၊ အခြေအနေတွေကို တတ်နိုင်သမျှ ရှောင်ပါ။ စိတ်ဖိစီးမှု ပြေလျော့စေမယ့် အလေ့အထလေးတွေကို မွေးမြူပါ။စိတ်ဖိစီးမှုများတာက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။“ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွာစွာ ထိခိုက်စေပါသည်”  ဒါက တကယ်ကို မှန်ပါတယ်။ ဆေးလိပ်နဲ့ဆေးရွက်ကြီးက သွေးကြောတွေ ကျန်းမာရေးကို ထိခိုက်စေပြီး သွေးကြောကျဉ်းတာ သွေးကြော ပိတ်ဆို့တာတွေကို ဖြစ်စေနိုင်သလို နှလုံးရောဂါ၊ ကင်ဆာနဲ့ အမျိုးမျိုးသော နာတာရှည် ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ဆေးလိပ်သောက်သူတွေမှာ သွေးစီးဆင်းမှု မကောင်းတာကြောင့် လိင်တံဆီ သွေးစီးဆင်း ရောက်ရှိမှု နည်းစေပြီး လိင်တံကျန်းမာရေးနဲ့ထောင်မတ်နိုင်စွမ်းပေါ်မှာပါ သက်ရောက်မှု ရှိနေသလို နှစ်ဦးကြား ဆက်ဆံရေးမှာလည်း အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ဆေးလိပ်သောက်တာက အဆုတ်ကိုတင် ထိခိုက်စေတာ မဟုတ်ဘဲ ဖွားဖက်တော်ကိုပါ ထိခိုက်စေနိုင်တယ်ဆိုတာကို သတိရပေးပါ။အရက်သောက်တာက အသည်းကြီးတာ၊ အသည်းခြောက်တာတွေကိုတင် ဖြစ်စေတာ မဟုတ်ဘဲ ခန္ဓာကိုယ်တွင်းက သွေးစီးဆင်းမှုနဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။  အရက်နဲ့အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို အလွန်အကျွံ သောက်သုံးတာက ကင်ဆာနဲ့ အမျိုးမျိုးသော နာတာရှည် ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။အရက်သောက်သူတွေမှာ သွေးစီးဆင်းမှု မကောင်းတာကြောင့် လိင်တံဆီ သွေးစီးဆင်း ရောက်ရှိမှု နည်းစေသလို တက်စတိုစတီရုန်း ထုတ်လုပ်မှုကိုလည်း ကျဆင်းစေပါတယ်။ လိင်တံထောင်မတ်နိုင်စွမ်းပေါ်မှာပါ သက်ရောက်မှု ရှိနေသလိုနှစ်ဦးကြား ဆက်ဆံရေးမှာလည်း အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။အရက်သောက်တာက အသည်းကိုတင် ထိခိုက်စေတာ မဟုတ်ဘဲ ဖွားဖက်တော်ကိုပါ ထိခိုက်စေနိုင်ပါသေးတယ်။ဒါကြောင့် ဒီအချက်လေးတွေကို ပြုပြင်ပြီး ကိုယ့်ရဲ့ လိင်တံကိုကျန်းမာအောင် ဂရုစိုက်လိုက်ပါ။# ကိုယ်တိုင် စစ်ဆေးကြည့်လိုက်ပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/things-that-affect-penis-size/
အူမကြီးကင်ဆာရောဂါသည်တစ်ယောက်ကို စောင့်ရှောက်ရာမှာ လိုအပ်တဲ့အချက်၅ချက်
သင်ချစ်တဲ့လူတစ်ယောက်မှာ အူမကြီးကင်ဆာဖြစ်နေတယ်လို့ရောဂါအတည်ပြုပြီးပြီဆိုရင်-။သူတို့ကိုစောင့်ရှောက်ချင်တယ်စိတ်တွေ ဖြစ်ပေါ်လာမှာသေချာပါတယ်။ လုပ်စရာတွေလုပ်ဖို့လိုတာတွေများတာကြောင့် ဂရုစိုက်ခြင်းဖြင့် ကြံ့ကြံ့ခံရင်ဆိုင်နိုင်စေပါတယ်။သင့်လူနာရဲ့လိုအပ်ချက်တွေကို လေ့လာခြင်းက ကြီးမားတဲ့စတင်မှုတစ်ခုဖြစ်ပါတယ်။ အမှန်တကယ်ဂရုစိုက်နိုင်သူဖြစ်ဖို့ မမေ့ရမယ့်၅ချက်ရှိပါတယ်။သင်ချစ်တဲ့လူကုသမှုခံယူနေချိန်မှာ မှားသွားနိုင်မယ့်အချက်တွေအများကြီးရှိပါတယ်။ ဆေးပညာဆိုင်ရာအသင်းလုပ်ဆောင်မှုတွေကြောင့်ဖြစ်နိုင်သလို လူနာရဲ့အထိမခံနိုင်ခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ ပြဿနာတွေကိုအတူတူရှာပေးပြီး ဖြေရှင်းပေးနိုင်ဖို့ကြိုးစားသင့်ပါတယ်။ ပြဿနာတွေရှာဖို့ခက်နေတယ်ဆိုရင် အခြားလူတွေရဲ့အကူအညီအကြံဉာဏ်တွေ တောင်းခံဖို့လည်းမတုံ့ဆိုင်းပါနဲ့ ။ ဒါ်မှသာ အခြေအနေအတွက်အကောင်းဆုံးအဖြေတွေကို ရှာနိင်မှာဖြစ်ပါတယ်။သင်ချစ်တဲ့လူက ပြင်းထန်တဲ့စိတ်ဓါတ်ကျခြင်းတွေ၊ စိုးရိမ်ခြင်းတွေ၊ အဆိုးမြင်ဝါဒတွေရလာနိုင်ပါတယ်။ သူတို့တွေမှီခိုနိုင်ဖို့အတွက် သင့်ကခွန်အားအပြည့်နဲ့အကောင်းမြင်စိတ်တွေမွေးဖို့ လိုပါတယ်။ အကောင်းမြင်စိတ်ရှိခြင်းက သင့်အလုပ်ကိုကူညီပေးနိုင်ပါတယ်။ခက်ခဲနိုင်ပေမဲ့ အခြားစောင့်ရှောက်မှုအဖွဲ့အစည်းအဖွဲ့ဝင်တွေနဲ့ သို့ သင့်သူငယ်ချင်းတွေ၊ ဘာသာရေးဆိုင်ရာအကြံဉာဏ်ပေးနိုင်သူတွေ၊ ကျန်းမာရေားဂရုစိုက်မှုဆိုင်ရာကျွမ်းကျင်သုူတွေထံမှာ လိုအပ်မယ်ဆိုရင် အကူအညီတောင်းနိုင်ပါတယ်။ရေချိုးခြင်း၊ အဝတ်အစားဝတ်ခြင်း၊ အစာစားခြ်င်း၊ အိမ်သာအသုံးပြုခြင်း ၊ လှပသေသပ်အောင်ပြုလုပ်ခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာဂရုစိုက်မှုတွေမှာ သင့်အကူအညီလိုအပ်လာတဲ့အခါ ပြင်ဆင်ထားပါ။ ဒီအချက်တွေကို ကျန်းမာရေးဂရုစိုက်မှုဆိုင်ရာဗီဒီယိုတွေ၊ စာအုပ်တွေဖတ်ခြင်းဖြင့် ဒိတာဝန်တွေကိုဘယ်လိုလုပ်သင့်တယ်ဆိုတာိကို သင်ယူုနိုင်ပါတယ်။ လူကိုယ်တိုင်ကိုယ်ကျသင်ယူခြင်တယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာအဖွဲ့အစည်းတွေဆီဆက်သွယ်ခြင်း သို့ တတ်နိုင်မယ်ဆိုရင်ဒီတာဝန်တွေလုပ်ဆောင်ပေးနိုင်သူတွေကို ငှားနေိုင်ပါတယ်။သူတို့ရဲ့ကိုယ်ပိုင်ဘဝကို သူတို့ကိုယ်တိုင်ထိန်းချုပ်နိုင်ဖို့အတွက် သူတို့နဲ့ပွင့်ပွင့်လင်းလင်းဆက်ဆံသင့်ပါတယ်။ သင်ကအလွန်အမင်းဂရုစိုက်နေစရာမလိုဘူးဆိုတာနဲ့ သူတို့ကိုယ်တိုင်ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုချနိုင်အောင်လုပ်ပေးရန်သာ ဆိုလိုပါတယ်။ သင့်မှာလည်းဝန်ထုပ်ဝန်ပိုးလျော့သွားနိုင်ပြီး လူနာမှာလည်း သူ့ကုသမှုမှာသူပါဝင်နိုင်တာကြောင့် ပျော်ရွှင်နိုင်စေနိုင်ပါတယ်။ဒါ့အပြင် ပျော်ရွှင်မှုတွေတိုးလာနိုင်စေတဲ့ လုပ်ဆောင်ချက်တွေမှာလည်း တက်တက်ကြွကြွပါဝင်နိုင်ဖို့ နည်းလမ်းတွေလည်းရှာပေးသင့်ပါတယ်။ ကင်ဆာရှိနေပေမဲ့ကမ္ဘာကြီးနဲ့ဆက်သွယ်နေသေးကြောင်း ခံစားနိုင်စေပါတယ်။ စိတ်ဓါတ်တွေမြင့်တင်ပေးနိုင်ပြီး ပိုကောင်းမွန်တဲ့အနာဂတ်အတွက် မျှော့်လင့်ချက်ပေးနိုင်မှာစြဖ်ပပါတယ်။ရောဂါစစ်ဆေးအတည်ပြုထားတာတွေ ၊ ကုသမှုတွေ၊ ရောဂါထိန်းသိမ်းမှုတွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို စုဆောင်းခြင်းအားဖြင့် သင့်ချစ်ရတဲ့လူဘာေတွေလုပ်စ်နေတယ်ဆိုတာကို လေ့လာပါ။ လူနာရဲ့ကျန်းမာရေားစောင့်ရှောက်မှုမှာ တက်တက်ကြွကြွပါဝင်သင့်ပါတယ်။ဆေးကုသမှုဆိုင်ရာချိန်းဆိုမှုတွေမှာပါဝင်ပြီးတော့ အချက်အလက်တွေကိုမှတ်သားထားသင့်ပါတယ်။ ဆရာဝန်ကိုမေးခွန်းတွေမေးနိုင်တဲ့အပြင် သူတို့ကိုလူနာနဲ့ပတ်သက်ပြီး လောလောလတ်လတ်ဖြစ်နေတဲ့အချက်အလက်နဲ့ ပြဿနာတွေကို တင်ပြပြောပြနိုင်တာကြောင့် ကုသမှုကိုအကုူအညီအထောက်အပံ့ရနိုင်ပါတယ်။ကင်ဆာလူနာတစ်ယောက်ကိုစောင့်ရှောက်ရခြင်းက မလွယ်ကူပါဘူး။ ဆွေမျိုးသားချင်းတစ်ယောက်အနေနဲ့ ၊ မိသားစုဝင်တစ်ယောက်အနေ သို့ မိတ်ဆွေတစ်ယောက်အနေနဲ့ သူတို့ကိုစောင့်ရှောက်နိုင်ဖု့ိ သိထားသင့်တာတွေသိဖို့လိုပြီး ခက်ခဲတဲ့အချိန်တွေကိုဖြတ်ကျောိနိုင်ဖို့ အကုူအညီပေးန်ုငိမျာဖြစ်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/colorectal-cancer-cancer/%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%9e%e1%80%8a%e1%80%ba%e1%80%90%e1%80%85%e1%80%ba%e1%80%9a%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%94-2/
အရိုးနှင့်အဆစ်မြစ်ရောင်ရောဂါအတွက် ကာယလေ့ကျင့်ခန်းကုထုံးများ
အရိုးနှင့်အဆစ်မြစ်ရောင်ရောဂါ သင့်တွင်ရှိပါက သင်သည်လှဲနေ၍။ဘာမှထမလုပ်ချင်အောင်ဖြစ်တတ်သည်။ အဘယ်ကြောင့်ဆိုသော်။သင့်အဆစ်များသည် နာကျင်တောင့်တင်းနေ၍ဖြစ်သည်။ သို့သော်။လည်း လှုပ်လှုပ်ရှားရှားနေခြင်းသည် နာကျင်မှုကိုသက်သာစေပြီး။သင့်၏လှုပ်ရှားမှုကို တိုးတက်ကောင်းမွန်စေသည်။ အကောင်းဆုံး။ရွေးချယ်မှုမှာ လေ့ကျင့်ခန်းနည်းနည်းစီကိုမကြာခဏလုပ်ခြင်းဖြစ်။သည်။အရိုးထိပ်များကိုဖုံးအုပ်ထားသော အရိုးနုများပါလာသောအခါ အရိုး။နှင့်အဆစ်ရောင်ရောဂါဖြစ်ပွားသည်။ ထိုရောဂါသည်ကုသ၍မရနိုင်။သော်လည်း ဖြစ်ပွားသောလက္ခဏာများသက်သာ၍ ရောဂါတိုးတက်ဖြစ်ပေါ်လာမှုကို နှေးကွေးစေနိုင်သည့်နည်းလမ်း။များစွာရှိပြီး လေ့ကျင့်ခန်းများသည်လည်းတစ်ခုအပါအဝင်ဖြစ်သည်။ပထမဦးစွာ လှုပ်ရှားမှုကိုလွယ်ကူစေသောလေ့ကျင့်ခန်းများဖြင့်စ။တင်လိုက်ပါ။ ထိုလေ့ကျင့်ခန်းများသည် သင့်အား သက်သက်သာ။သာချောင်ချောင်ချိချိလှုပ်ရှားနိုင်စေပြီး လှုပ်ရှားနိုင်သည့်အတိုင်းအ။တာ၊အဆစ်များလှုပ်ရှားနိုင်မှု တို့ကို တက်စေကာရောင်ရမ်းမှု။ဖြစ်ပွားသည့်နေရာများတွင် တောင့်နေခြင်းကိုသက်သာစေသည်။အရိုးပတ်လည်ဝန်းကျင်တွင်လည်း ကြွက်သားမာတောင့်နေခြင်းတို့။ကိုကာကွယ်ပေးပါသည်။ထိုလေ့ကျင့်ခန်းများတွင် သင်သည် သင့်ကြွက်သားများကို ညင်သာ။စွာဆန့်၍သန်မာအောင်လုပ်ရပါသည်။ သင်သည် လေ့ကျင့်ခန်းနေ။စဉ်တွင်သက်သောင့်သက်သာဖြစ်နေပြီး နာကျင်မှုကိုလည်း မခံစား။ရနိုင်ပါ။ ထိုလေ့ကျင့်ခန်းများကို သင့်အရိုးအဆစ်များသိပ်မနာ။ကျင်၍တောင့်ခဲနေခြင်းသိပ်မရှိပါက ပို၍ပြုလုပ်သင့်ပါသည်။5 မိနစ်။စာလမ်းလျှောက်ခြင်း(သို့)လေ့ကျင့်ခန်းများမလုပ်ခင် ရေနွေးဖြင့်။ရေချိုးခြင်းတို့ဖြင့်လည်း သင်သည်သွေးပူအောင်ပြုလုပ်နိုင်ပါသည်။သင့်တွင်အရိုးနှင့်အဆစ်အမြစ်ရောင်ရောဂါရှိသောအခါ သင်သည်လေ့ကျင့်ခန်းများ ကိုမလုပ်ချင်ပဲနေတတ်သည်။ ရလဒ်အ။နေဖြင့်ကြွက်သားအားနည်းသွားခြင်းတို့ဖြစ်တတ်ပါသည်။ ပိုပြောရ။လျှင် သင့်ကြွက်သားအုံသည်အသက်ကြီးလာလေလေပါးလာလေ။လေဖြစ်သည်။ ထို့ကြောင့် သန်မာစေသောလေ့ကျင့်ခန်းများသည်။သင့်ကြွက်သားများပိုသန်မာလာအောင်မရှိမဖြစ်အထောက်အကူပြု။နေသောအရာများဖြစ်သည်။ သန်မာသောကြွက်သားများသည် အရိုး။အဆစ်များကို ပိုမိုကောင်းအောင်ထောက်ပံ့ပေးကြပါသည်။ သင့်တွင်။ဒူးနှင့်တင်ပဆုံအရိုးအဆစ်ရောင်ရမ်းရောဂါရှိပါက သင့်ကိုယ်နှစ်။ဖက်လုံးတွင်ထိုရောဂါဖြစ်ပွားလာနိုင်ပါသည်။ ထို့ကြောင့် လေ့ကျင့်။ခန်းများကို ခြေထောက်နှစ်ဖက်ဖြင့်ပြုလုပ်နိုင်သင့်ပါသည်။သင့်ဆရာဝန်သည် သင့်တော်သောလေ့ကျင့်ခန်းကို သင့်၏နာကျင်။မှုပြင်းအားနှင့်သင့်၏ကျန်းမာရေးအပေါ်မူတည်ပြီး ရွေးချယ်စီစဉ်ပေး။နိုင်ပါသည်။ ညင်သာစွာစတင်ကစားပြီး အချိန်ယူပြီးတိုးမြှင့်လုပ်။ဆောင်သွားပါ။ လေ့ကျင့်ခန်းအများအပြားကို လုပ်နိုင်ရန်မကြိုးစားပါ။နှင့်။ သင်သည်လေ့ကျင့်ခန်းများလုပ်ပြီး၍ အလွန်နာကျင်နေပါက သင့်ကိုယ်သင်အရမ်းတွန်းအားပေးခဲ့ခြင်းဖြစ်သည်။ သို့သော်တစ်။ပတ်လျှင်အနည်းဆုံးထိုလေ့ကျင့်ခန်းများကို နှစ်ကြိမ်ခန့်ပြုလုပ်သင့်။ပါသည်။သိပ်အားစိုက်စရာမလိုသောလေ့ကျင့်ခန်းများသည် သင့်၏ကျန်းမာ။ရေးကိုတိုးတက်ကောင်းမွန်စေခြင်း၊သင့်သွေးလည်ပတ်မှုကိုကောင်း။စေခြင်း၊သင့်ကိုယ်အလေးချိန်ကိုထိန်းချုပ်နိုင်ရန်ကူညီခြင်းနှင့်ပျော့။ပျောင်းသောတစ်ရှူးများကို တည်ဆောက်ပေးခြင်းတို့ဖြစ်စေပါ။သည်။ စက်ဘီးစီးခြင်း၊လမ်းလျှောက်ခြင်း၊ရေကူးခြင်းနှင့်လှေလှော်။ခြင်းတို့သည်သင့်တော်သောအားကစားများဖြစ်သည်။ သင်ရေကူး။သောအခါ သင့်ကြွက်သားများသန်မာလာနိုင်ပါသည်။ ထိုက်ချိကို။လည်းထည့်သွင်းစဉ်းစားသင့်ပါသည်။ သင့်အရိုးအဆစ်များအတွက်။လည်းကောင်းပြီး သင်သည် နေ့အခါတွင်စိတ်ဖိစီးမှုနည်း၍ ညအခါ။တွင်ကောင်းစွာအိပ်ပျော်ပါသည်။ ရောဂ ကျင့်စဉ်များကိုလည်းပြုလုပ်။ရန်စဉ်းစားကြည့်ပါ။ ထိုလေ့ကျင့်ခန်းများတွင် များပြားလှသောကျန်း။မာရေးအကျိုးကျေးဇူးများရှိပါသည်။ သင့်အရိုးအဆစ်များပေါ်တွင်။ဖိအားအလွန်များစေသောအားကစားများ ဥပမာ ဘောလုံးကန်ခြင်း၊။ဘောလီဘောပုတ်ခြင်း၊တင်းနစ်ရိုက်ခြင်း၊ဘတ်စကတ်ဘောကစား။ခြင်းနှင့် ပြေးခြင်းတို့ကို ရှောင်ကြဉ်ပါ။ တစ်ပတ်လျှင်3၊4ကြိမ်။လောက်သင်သည် သိပ်အားမစိုက်ရသောလေ့ကျင့်ခန်းများကို တစ်ခုလျှင်မိနစ်30စီ ပြုလုပ်သင့်ပါသည်။ကိုယ်ကာယလေ့ကျင့်ခန်းများသည် သင့်၏အရိုးအဆစ်ရောင်ရောဂါ။အတွက်ကောင်းမွန်သော်လည်း အလွန်အကျွံကိုယ်လက်လှုပ်ရှားပါ။ကလည်း သင့်၏နာကျင်မှုကိုတိုးစေကာ သိပ်မလှုပ်ရှားဖြစ်ပါက။လည်းသင့်အဆစ်များခိုင်ခြင်း၊တောင့်ခြင်းတို့ဖြစ်ပွားစေတတ်ပါ။သည်။ သင့်ဆရာဝန်အား လေ့ကျင့်ခန်းများနှင့် သင့်အတွက်အ။ကောင်းဆုံးလေ့ကျင့်ခန်းကို သိရှိရန် မေးမြန်းပါ။Hello Health Group သည် ဆေးပညာ အကြံပေးချက်များ ၊ ရောဂါရှာဖွေမှုများ ၊ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%a1%e1%80%86%e1%80%85%e1%80%ba%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%84/
Cacao Tree (ကိုကိုးပင်)
ကိုကိုးပင်သည် ချောကလက်ပြုလုပ်သော အပင်တစ်မျိုးဖြစ်သည်။ အစားအစာပြုလုပ်ရာတွင်သာ အသုံးပြုရသည်ဟု ကြာမြင့်စွာ သတ်မှတ်ခဲ့ကြသော်လည်း ယခုအခါတွင် အချို့ကဆေးအဖြစ်လည်း အသုံးပြုကြသည်။ ကိုကိုးပင်၏ အစေ့ ကို အူလမ်းကြောင်းရောဂါများ၊ ဝမ်းပျက်ဝမ်းလျောရောဂါ၊ ရင်ကြပ်ရောဂါ၊ လေပြွန်ရောင်ရောဂါ နှင့် အဆုတ်ရောင်ရောဂါအတွက်ဆေးအဖြစ် အသုံးပြုသည်။ အစေ့ခွံကို အသည်း၊ ဆီးအိတ်၊ ကျောက်ကပ်၊ ဆီးချိုရောဂါ များအတွက် အားဆေးရည်အဖြစ်လည်းကောင်း၊ အထွေထွေရောဂါသုံး အိမ်သုံးဆေးအဖြစ် လည်းကောင်း အသုံးပြုကြသည်။ ကိုကိုးထောပတ် ကို ကိုလက်စထရောများခြင်းအတွက် အသုံးပြုသည်။၎င်းကို အရေပြားတွင်အရေးကြောင်းများလျော့ကျရန်နှင့် ကိုယ်ဝန်ကြောင့် အကြောပြတ်ခြင်းတွင် လည်း အသုံးပြုကြသည်။ဤဘယဆေး ဘယ်လိုလုပ်ဆောင်မှုတွေ ရှိသည်ဆိုသည်နှင့်ပတ်သတ်၍ လုံလောက်သော လေ့လာမှုများမရှိသေးပါ။ ပိုမိုသိရှိနိုင်ရန် သင်၏ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။သို့သော် ကိုကိုးပင်တွင်ပါဝင်သော flavonoids သည် သည် သွေးပေါင်ကိုကျစေသော ဓါတုပစ္စည်းတစ်ခုဖြစ်ကြောင်း လေ့လာမှုအချို့တွင် ဖော်ပြထားသည်။ ချောကလက်အမည်းသည် ချောကလက်အဖြူနှင့် နို့ချောကလက်တို့ထက် ထိုဓါတ်ပိုမိုပါဝင်သည်။ချောကလက်နှင့် ဓါတ်မတည့်သော လက္ခဏာများ ရှိမရှိကို ဆန်းစစ်ပါ။ ဓါတ်မတည့်မှုရှိသောသူများ ကိုကိုးပင် ကို အသုံးမပြုသင့်ပါ။နှလုံးသွေးကြောရောဂါ၊ အူယောင်ရောဂါ၊ နှင့် အူလမ်းကြောင်းမကောင်းသောရောဂါများ ရှိမရှိ စစ်ဆေးပါ။ ထိုရောဂါများရှိလျင် ကိုကိုး ကို အများကြီးမသုံးသင့်ပါ။သွေးပေါင်ချိန်တက်နိုင်သဖြင့် သွေးပေါင်ချိန်ကို စောင့်ကြည့်တိုင်းတာသင့်သည်။ကိုကိုးပင်ကို အေးပြီး ခြောက်သွေ့သောနေရာတွင် ထားပါ။ကိုကိုး ပါဝင်သောထုတ်ကုန်များကို တိရိစ္ဆာန် များနှင့် ဝေးဝေးတွင်ထားပါ။ဆေးဘက်ဝင် အပင်များကို အသုံးပြုသည့် အခါတွင် ဓါတုဆေးဝါးများကို အသုံးပြုသည်ထက် လိုက်နာရမည့် စည်းမျဉ်းများ နည်းတတ်သည်။ဘေးကင်းစွာ အသုံးပြုနိုင်ရန် လေ့လာမှုများကို ပိုမိုပြုလုပ်ရန်လိုသည်။ ဤဆေးပင်ကို အသုံးပြုရာတွင် အန္တရာယ်ရှိနိင်သည် ဆိုသည်ကို သတိပြုရမည်။ ပိုမိုသိရှိနိုင်ရန် သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။သုတေသနများပို၍ မတွေ့ရှိသေးခင်အချိန်ထိ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးနို့တိုက်နေသောမိခင်များနှင့် ကလေးငယ်များတွင် ကိုကိုးပင် ကို ပမာဏအတော်အသင့်သာ အသုံးပြုသင့်ကြောင်း သုံးစွဲသူကို အသိပေးပါ။ကိုကိုးပင်ကို သင့်တော်ရုံသာသောက်သုံးလျင် များသောအားဖြင့် ခံနိုင်ရည်ရှိကြသည်။ သို့သော်လည်း တခါတရံ အနီကွက်များလည်းထွက်နိုင်ပါသည်။အသုံးပြုသော လူတိုင်း ထိုဘေးထွက်ဆိုးကျိုးများရှိမည်ဟု မဆိုလိုပါ။ သို့သော် အခြားသော ဆိုးကျိုးများလည်း ရှိနေနိင်သည်။ အကယ်၍ အခြားသော ဘေးထွက်ဆိုးကျိုးများကို စိတ်ပူပါက သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ဤဆေးပင်သည် အခြားသော သင်အသုံးပြုနေသော ဆေးဝါးများနှင့် ဓါတ်ပြုမှုများရှိနိုင်သည်။ အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။• MAOIs: ကိုကိုးပင်တွင် ပါဝင်သော tyramine ဓါတ်သည် MAOI ဆေးများ၏ သွေးကြောပိတ်သောအာနိသင်ကို တိုးစေသည်။ အတူတွဲမသုံးသင့်ပါ။• Theophylline: ကိုကိုးပင်သည် Theophylline ပမာဏကို တိုးစေသောကြောင့် အတူတွဲ မသုံးသင့်ပါ။• Ephedra, guarana, yerba mate: ကိုကိုးပင်သည် ထိုပစ္စည်းများ၏ အာနိသင်ကို တိုးစေသည်။• ကိုကိုး ကို ကော်ဖီ၊ လဘက်ရည်၊ ကိုလာ ကဲ့သို့သော ကဖင်းဓါတ်ပါသော အစာအစာ၊အရည်များနှင့်တွဲ သောက်သည့်အခါ ပင်မအာရုံကြောစနစ်ကို လှုံဆော်မှုကို တိုးစေသည်။• Catecholamines, VMA levels, bleeding time: ကိုကိုး ကို အများကြီး သောက်သောအခါ သွေးထဲရှိ Catecholamines ဓါတ်ကို များစေသောကြောင့် သွေးထွက်ချိန်ကြာတတ်သည်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။ကိုကိုးပင် ကို မည်သည့် ပမာဏနှင့်သုံးသင့်ကြောင်း သတ်မှတ်မထားပါ။လူတိုင်းအတွက် အသုံးပြုရန် ဆေးပမာဏမှာ ကွဲပြားနိုင်ပါသည်။ လူနာ၏ အသက်၊ကျန်းမာရေး၊ နှင့် အခြားသော ကျန်းမာရေးအခြေအနေများကိုလည်း ထည့်သွင်း စဉ်းစားရပါမည်။ ဘယဆေးများသည် အမြဲတမ်းအသုံးပြုရန် စိတ်မချရပါ။ သင့်တော်သော ဆေးပမာဏအတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ဤဘယဆေးပင်ကို အောက်ပါ ပုံစံများနှင့် ရနိုင်သည်။• ထောပတ်အဆီ။• အဆီအနှစ်။• အမှုန့်။• အရည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/cacao-tree-%e1%80%80%e1%80%ad%e1%80%af%e1%80%af%e1%80%80%e1%80%ad%e1%80%af%e1%80%af%e1%80%b8%e1%80%95%e1%80%84%e1%80%b9/
နှစ်ဆင့်ခံဆေးလိပ်ငွေ့ (Thirdhand Smoke)
နှစ်ဆင့်ခံဆေးလိပ်ငွေ့ဆိုတာက ဆေးလိပ်ငွေ့တွေက ထိတွေ့ထားတဲ့ မျက်နှာပြင်မှာ ကြွင်းကျန်နေတဲ့ဆေးလိပ်ငွေ့တွေပါ။ သူများကမှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့ကို ရှုရှိုက်မိတာကတဆင့်ခံဆေးလိပ်ငွေ့ပါ။ ဒီဆေးလိပ်ငွေ့တွေ က အဝတ်အစားတွေ အသုံးအဆောင်တွေမှာ ကပ်ငြိကျန်နေတာက နှစ်ဆင့်ခံ ဆေးလိပ်ငွေ့ပါ။ နှစ်ဆင့်ခံဆေးလိပ်ငွေ့ဆိုတာကနီကိုတင်း အကြွင်းအကျန်တွေပါ။နှစ်ဆင့်ခံဆေးလိပ်ငွေ့တွေဟာ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေနဲ့ ပေါင်းစပ်ထိတွေ့မိတဲ့အခါ အဆိပ်အတောက်တွေဖြစ်သွားပါတယ်။ နှစ်ဆင့်ခံဆေးလိပ်ငွေ့လည်း ကိုယ်တိုင်ဆေးလိပ်သောက်သလောက်နီးပါး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်နှစ်ဆင့်ခံဆေးလိပ်ငွေ့ကိုလည်း ကာကွယ်ဖို့လိုပါမယ်။ဆေးလိပ်သောက်သုံးမှုကတင် ကျန်းမာရေးကို ထိခိုက်စေနိုင်တာမဟုတ်ပါဘူး။ တဆင့်ခံဆေးလိပ်ငွေ့တွေ။ နှစ်ဆင့်ခံဆေးလိပ်ငွေ့တွေကလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ နှစ်ဆင့်ခံဆေးလိပ်ငွေ့က အရွယ်မရွေးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ နှစ်ဆင့်ခံဆေးလိပ်ငွေ့ကို ထိတွေ့မိတာကြောင့်။မွေးကင်းစ ကလေးငယ်လေးတွေမှာ။အရွယ်ရောက်ပြီးသူတွေမှာ။အခုပြောခဲ့တဲ့ အချက်လေးတွေကို သတိထားလို့ ကိုယ်တိုင်ကိုရော ချစ်ရတဲ့ မိသားစုဝင်တွေကိုပါ နှစ်ဆင့်ခံဆေးလိပ်ငွေ့အန္တရာယ်ကနေ ကာကွယ်ပေးပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/%e1%82%8f%e1%80%bd%e1%80%85%e1%80%b9%e1%80%86%e1%80%84%e1%80%b9%e1%80%b7%e1%80%81%e1%80%b6%e1%80%b1%e1%80%86%e1%80%b8%e1%80%9c%e1%80%ad%e1%80%95%e1%80%b9%e1%80%b1%e1%80%84%e1%80%bc%e1%82%94-thirdhand/
မိခင်နို့တိုက်ခြင်းကြောင့် မိခင်မှာ အကျိုးရှိ စေမယ့်အချက် ၉ချက်
မိခင်နို့တိုက်ခြင်းက ကလေးတွေအတွက် ကောင်းတယ်ဆိုတာ သိကြပါတယ်။ မိခင်နို့ဆိုတာ ကလေးအတွက် အာဟာရအကုန်ပြည့်စုံပြီး မှန်ကန်တဲ့အချိန် မှန်ကန်တဲ့ အပူချိန်မှာ တစ်ခါတည်းတိုက်ကျွေးနိုင်တဲ့ သဘာဝနည်းလမ်းတစ်ခုပါပဲ။ ဒါတင်မကသေးပါဘူး။ နို့တိုက်ခြင်းဆိုတာ မိခင်တွေအတွက်လည်း သဘာဝကပေးတဲ့ လက်ဆောင်တစ်ခုဖြစ်ပါတယ်။ မိခင်နို့တိုက်ခြင်းကြောင့် မိခင်မှာ အကျိုးရှိ စေမယ့်အချက် ၉ချက် ရှိပါတယ်။မိခင်က သူ့မွေးစကလေးလေးကို နို့တိုက်ခြင်းက ရတဲ့ ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု၊ စိတ်ကျေနပ်မှုတို့အပြင် တခြား ကျန်းမာရေး အကျိုးကျေးဇူးတွေကိုပါ ရရှိနိုင်ပါသေးတယ်။(၁) ကင်ဆာဖြစ်နိုင်ခြေ နည်းသွားခြင်း။မိခင်နို့တိုက်ကျွေးခြင်းကြောင့် မိခင်မှာ ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းသွားပါတယ်။ အထူးသဖြင့်ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ သိုင်းရွိုက်ကင်ဆာတွေပါ။လေ့လာချက်တွေအရ ၂နှစ်နဲ့အထက် မိခင်နို့တိုက်တဲ့ မေမေတွေက ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၂၄ရာခိုင်နှုန်းလျော့နည်းသွားပါတယ်။နို့တိုက်ချိန်တွေမှာ သားဥ‌မကြွေတာ၊ အီစထရိုဂျင်နည်းတာ စတာတွေကြောင့် သားအိမ်ကင်ဆာနဲ့ သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေပါ လျော့နည်းသွားပါတယ်။ ကြာကြာတိုက်လေလေ ဖြစ်နိုင်ခြေ နည်းလေလေပဲ ဖြစ်ပါတယ်။ဒါ့ပြင် နို့တိုက်တာက သိုင်းရွိုက်ကင်ဆာ ဖြစ်နိုင်ခြေကို နည်းစေတာလည်း တွေ့ရပါတယ်။(၂) နှလုံးရောဂါ ဖြစ်နိုင်ခြေ နည်းစေခြင်း။၂၀၀၉ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်အရ ကလေးအသက်နှစ်နှစ်ထိ မိခင်နို့တိုက်တဲ့အမျိုးသမီးတွေက နှလုံးရောဂါဖြစ်ဖို့ ၂၃ရာခိုင်နှုန်းထိ လျှော့ချနိုင်တာတွေ့ရပါတယ်။ဘာအကြောင်းကြောင့်လဲဆိုတာကို အတိအကျ  မသိသေးပေမယ့် နို့တိုက်ချိန်မှာ မိခင်ရဲ့ ခန္ဓာကိုယ်က သကြားဓာတ်နဲ့ အဆီဓာတ်တွေကို ချေဖျက်တဲ့ ပုံစံကြောင့်လို့ ယူဆကြပါတယ်။ နို့တိုက်ချိန်မှာဝမ်းဗိုက်ထဲမှာ အဆီစုတာကို နည်းစေပြီး တင်ပါးနဲ့ ပေါင်မှာ ကောင်းတဲ့ အဆီတွေကိုပဲ စုစည်းစေပါတယ်တဲ့။(၃) ဝိတ်ကျဖို့ ကူညီပေးခြင်း။မိခင်နို့တိုက်တာကြောင့် တစ်ရက်ကို ကယ်လိုရီ ၃၀၀ကနေ  ၅၀၀အထိ လောင်ကျွမ်းနိုင်ပါတယ်။ ဒါကြောင့် နို့တိုက်တာက ဝိတ်ချဖို့ နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ မိခင်နို့ တစ်အောင်စမှာ ၂၀ကယ်လိုရီပါတဲ့အတွက် တစ်ရက်ကို ၂၀အောင်စတိုက်ရင် ကယ်လိုရီ ၄၀၀လောင်ကျွမ်းနိုင်ပါတယ်။ဒါပေမယ့် ဒါက တချို့မိခင်တွေအတွက်ပဲ ဖြစ်ပါတယ်။ တစ်ရက် တစ်ရက်ကို လောင်တဲ့ ကယ်လိုရီထက် စားတဲ့ကယ်လိုရီက များနေရင်တော့ ရေရှည်မှာ ဝလာမှာပါ။ နို့တိုက်ချိန်မှာ မိခင်တွေက ဗိုက်ပိုဆာတဲ့အတွက် ခဏခဏ စားမိတတ်ကြပါတယ်။ ဝိတ်မတက်ချင်ရင်အစားအသောက်ကို သေချာရွေးချယ်ဖို့ လိုပါတယ်။(၄)‌ လေးဖက်နာ အဆစ်ရောင်ရောဂါ ဖြစ်နိုင်ခြေ နည်းစေခြင်း။Harvard’s Birmingham and Women’s Hospitalကနေ လေ့လာတွေ့ရှိချက်အရ မိခင်နို့တိုက်ကျွေးခြင်းက လေးဖက်နာ အဆစ်ရောင်ရောဂါ ဖြစ်နိုင်ခြေ နည်းစေတယ်လို့ ဆိုပါတယ်။ မိခင်နို့ကို ၂နှစ်ကြာအောင် တိုက်တဲ့အခါ ဖြစ်နိုင်ခြေ ၅၀ရာခိုင်နှုန်း လျော့သွားပြီး ၁၂လကနေ ၂၃လကြားဆိုရင်တော့ ၂၀ရာခိုင်နှုန်းနည်းသွားပါတယ်။မိခင်နို့တိုက်တာက အီစထရိုဂျင်နဲ့ အန်ဒရိုဂျင် ပမာဏကို အပြောင်းအလဲဖြစ်စေတဲ့အတွက် ရောဂါဖြစ်နိုင်ခြေ နည်းသွားတယ်လို့ ယူဆထားကြပါတယ်။(၅) ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေ နည်းစေခြင်း။လေ့လာချက်တွေအရ မိခင်နို့တိုက်တာက အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို နည်းစေပါတယ်တဲ့။ ဖြစ်နိုင်တဲ့ အကြောင်းရင်းကတော့ နို့တိုက်တာကြောင့် အင်ဆူလင်ဟော်မုန်း တုံ့ပြန်မှု ပို‌ကောင်းလာလို့ပါ။ ဒါ့ပြင် နို့တိုက်တာကြောင့် ဝမ်းဗိုက်မှာ အဆီစုတာနည်းသွားပြီး ‌တင်ပါးနဲ့ ပေါင်မှာ ကောင်းတဲ့အဆီတွေ စုလာတာကြောင့်လည်း ပါပါတယ်။အရင်တည်းက ဆီးချိုရှိတဲ့ အမျိုးသမီးတွေဆိုရင်လည်း နို့တိုက်တာကြောင့် ကျန်းမာရေးပိုကောင်းလာပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုရှိတဲ့ မေမေတွေကလည်း နို့တိုက်တာကြောင့် ကလေးမွေးပြီးနောက်ပိုင်းမှာ အမျိုးအစား ၂ဆီးချိုရောဂါ ဖြစ်နိုင်ခြေ နည်းသွားပါတယ်။(၆) စိတ်ပျော်ရွှင်မှု တိုးလာစေခြင်း။နို့တိုက်တဲ့ မေမေတွေက နို့ဘူးတိုက်တဲ့ မေမေတွေနဲ့ ယှဉ်ရင် မွေးပြီး ၁လအကြာမှာ စိတ်ပူပန်မှုတွေ နည်းပြီး ကလေးနဲ့ ပိုအဆင်ပြေတယ်လို့ ဆိုပါတယ်။ တချို့လေ့လာချက်တွေမှာ မိခင်နို့တိုက်တဲ့ မိခင်တွေက မီးတွင်းစိတ်ကျဝေဒနာ အဖြစ်နည်းတာကို တွေ့ရပါတယ်။ကလေးနဲ့လည်း သံယောဇဉ်ပိုတိုးပြီး ဆက်သွယ်ရေးပိုကောင်းလာပါတယ်တဲ့။ မိခင်နို့တိုက်တဲ့အချိန်မှာ ထိုင်တိုက်တာ၊ လှဲတိုက်တာ‌ကြောင့် မိခင်လည်း ပိုအနားရပါတယ်။(၇) သားအိမ်ဝပ်စေခြင်း။ကလေးနို့တိုက်တဲ့အခါ အောက်စီတိုစင်ဆိုတဲ့ ဟော်မုန်းထွက်လာပါတယ်။ ဒီဟော်မုန်းက သားအိမ်ကို ကျုံ့စေတာကြောင့် ကလေးမွေးပြီး သွေးသွန်တာကို နည်းစေပါတယ်။ ဒါ့ပြင် ၉လလုံးလုံး ကလေးနေထားလို့ ကျယ်နေတဲ့ သားအိမ်ကိုလည်း မြန်မြန်ဝပ်စေပါတယ်။ မိခင်နို့တိုက်မယ်ဆိုရင် ကလေးမွေးပြီး ၆ပတ်လောက်ဆို သားအိမ်ဝပ်သွားပါပြီ။ မိခင်နို့ မတိုက်တဲ့ မေမေတွေကတော့ ၁၀ပတ်လောက်ထိ ကြာတတ်ပါတယ်။ နို့တိုက်တဲ့အချိန်မှာ သားအိမ်ကနေ ဆစ်ခနဲ နာတယ်ဆိုတာ သားအိမ်ကျုံ့တာကြောင့်ပါ။(၈) အရိုးပွရောဂါ ဖြစ်နိုင်ခြေ နည်းစေခြင်း။မိခင်နို့တိုက်တဲ့ မိခင် တွေက သွေးဆုံးပြီးတဲ့အခါ အရိုးပွရောဂါ ဖြစ်နိုင်ခြေ နည်းတာကို တွေ့ရပါတယ်။ အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ချိန်ဆို သူတို့ရဲ့ ခန္ဓာကိုယ်က ကယ်ဆီယမ်ကို ပိုပြီး စုပ်ယူနိုင်ပါတယ်။ တချို့အရိုးတွေက ၆လလောက် နို့တိုက်ပြီးရင် နောက်ပိုင်းမှာ သိပ်သည်းဆ နည်းသွားပေမယ့် ကိုယ်ဝန်မရှိခင်ထက်စာရင်တော့ ပိုပြီး မာကျောကျစ်လစ်နေပါတယ်။(၉) ငွေကုန်ကြေးကျ နည်းခြင်း။မိခင်နို့က နို့ဘူးနဲ့ယှဉ်ရင် ငွေကုန်ကြေးကျနည်းတာက အမှန်ပါ။ အမေလုပ်ငန်းခွင် ပြန်ဝင်ရင်လည်း နို့ရည်ကို ညှစ်ပြီး သိမ်းဆည်းထားခဲ့လို့ ရပါတယ်။ မိခင်နို့စို့တဲ့ ကလေးက ပိုကျန်းမာတဲ့အတွက် မကြာခဏ ဆေးခန်းသွားရတာ၊ အမေအလုပ်ကနေ ခွင့်ယူရတာတွေ နည်းတာကြောင့် ဝင်ငွေကို မထိခိုက်စေပါဘူး။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/9-benefits-in-moms-who-breastfeed/
အိမ်ကအမြွှာ သားသားမီးမီးတွေအတွက် အစားအသောက်တွေ ဘယ်လိုပြင်ဆင်မလဲ။ ။
သားသမီးအမြွှာဆိုတာ ကံထူးမှ ရတတ်တာမျိုးပါ။ လူတိုင်းမရနိုင်ကြပါဘူး။ ကလေးထိန်းပေးမယ့်သူရှိရင်တော့ အမြွှာလေးတွေ မွေးတာ ပြဿနာ မဟုတ်ပေမယ့် ကိုယ့်တစ်ယောက်တည်းသာရှိရင်တော့အမြွှာကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ဆိုတာ မိခင်တိုင်းအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ရပ်ပါ။ အထူးသဖြင့်အစားအသောက် ပြင်ဆင်တဲ့အပိုင်းမှာဆို အမြွှာနှစ်ယောက်အတွက် မေမေတို့ ပိုအားစိုက်ရတတ်ပါတယ်။ ကလေးဆိုတာ ထမင်းကျွေးရတာခက်ပါတယ်။ တစ်ယောက်ကို ထမင်းကျွေးဖို့အတွက်တောင် ခေါင်းစားနေတာ အမြွှာဆိုဘယ်လိုလုပ်မလဲလို့ စိုးရိမ်နေကြတဲ့မေမေတို့တွေဒီဆောင်းပါးလေးကို ဖတ်သင့်ပါတယ်။ ။နှစ်ယောက်လုံးထမင်းစားချိန်တစ်ချိန်တည်းဖြစ်ပါမှ မေမေတို့ နှစ်ခါ အလုပ်မရှုပ်တော့မှာဖြစ်ပါတယ်။ကလေးနှစ်ယောက်က တစ်ပြိုင်တည်းလည်း ဗိုက်ဆာတတ်တဲ့အတွက် အစားအသောက်တွေကို များများကြိုပြင်ထားပါ။ တစ်ယောက်နဲ့ တစ်ယောက်က စားနှုန်းလည်း မတူတဲ့အတွက် အပိုဆောင်ထားတာကသာ အကောင်းဆုံးဖြစ်မှာပါ။အမြွှာတွေကိုကြည့်ကြည့်ပါ။ တစ်ယောက်ထမင်းစား၊ မုန့်စားနေပြီဆို နောက်တစ်ယောက်က မစားချင်ဘဲကို မနေပါဘူး။ ဒါကြောင့် ကိုယ့်အမြွှာထဲက တစ်ယောက်ကသာ အစားပုတ်တယ်ဆိုရင် နောက်တစ်ယောက် အစားစားဖို့ သိပ်တွန်းနေစရာ မလိုပါဘူး။ စားဖော်စားဖက်ရှိတော့ ပိုစားဝင်ကြတယ်မလား။ကလေးဆိုတာ အမြှောက်ကြိုက်ပါတယ်။ တစ်ယောက်ကို ကိုယ်က ချီးမွမ်းနေရင် နောက်တစ်ယောက်ကလည်း အချီးမွမ်းခံချင်တာနဲ့ လိုက်လုပ်မှာဖြစ်ပါတယ်။ ဒါကြောင့် ဟယ် မမကတော်လိုက်တာ လိမ္မာတယ် ထမင်းတွေ အကုန်စားတယ်လို့ ချီးကျူးလိုက်တာနဲ့ ညီမလေးကလည်း သူလိမ္မာကြောင်းပြချင်လို့ ထမင်းကုန်အောင် လိုက်စားတော့မှာပါ။ကလေးစားမယ့်အစားသောက်တွေကို သန့်ရှင်းအောင်ပြင်ပေးဖို့ဆိုတာ ကလေးရှိတဲ့မေမေတိုင်း လိုက်နာသင့်တဲ့ အချက်ပါ။ အမြွှာနှစ်ယောက်မှာ တစ်ယောက်နေမကောင်းဖြစ်ရင်နောက်တစ်ယောက်ကလည်း လိုက်ပြီးနေမကောင်းဖြစ်နိုင်တာကြောင့်မေမေတို့ အလုပ်ပိုရှုပ်နိုင်ပါတယ်။ကလေးတစ်ယောက်ကိုပြုစုပျိုးထောင်ဖို့ဆိုတာ မလွယ်ပါဘူး။ အမြွှာဆိုတော့တစ်ယောက်တည်း မဟုတ်တာသေချာတဲ့အတွက်မေမေတို့ဘက်က ပိုပြီး စိတ်ရှည်သည်းခံရမယ့် အပိုင်းလေးတွေပါလာပါပြီ။ကလေးတစ်ယောက်ကိုတောင် ထမင်းကျွေးဖို့တောင် တိုင်ပတ်နေတဲ့ မေမေတို့တွေ အမြွှာလေးတွေကိုသာ ထမင်းကျွေးရမယ်ဆိုရင် မူးနောက်နေမှာ ပြောဖို့လိုမယ်တောင် မထင်ပါဘူး။ ခုဆောင်းပါးလေးကအမြွှာလေးတွေကို ထမင်းကျွေးချိန်ရောက်တိုင်း ကလေးတွေ ထမင်းမစားမှာစိုးလို့ ခေါင်းစားနေတဲ့ မေမေတို့ အတွက် အထောက်အကူပြုမယ်လို့ရည်ရွယ်ပါတယ်။ ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/how-to-prepare-food-for-twins/
ယောက်ျားတန်ဆာနှင့်ပတ်သက်၍ သင်မည်မျှသိသနည်း
ယောက်ျားတန်ဆာမှာ အဓိကကိစ္စနှစ်ရပ် ရှိပါတယ်။ လိင်မှုကိစ္စ ဆောင်ရွက်ဖို့နဲ့ ဆီးစွန့်ဖို့ ဖြစ်ပါတယ်။ယောက်ျားတန်ဆာဟာ ယောက်ျားလေးတွေအတွက် အရေးအပါဆုံး အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ သိထားပါသလဲ။ ယောက်ျားတန်ဆာမှာ အစိတ်အပိုင်းများစွာ ပါဝင်ပါတယ်။ဦးနှောက်ကနေ စတင်ပါတယ်။ တစုံတရာကို မြင်တွေ့ခံစားရတဲ့အခါ စိတ်ကူးမိတဲ့အခါ ဓါတုပစည်းများဟာ အာရုံကြောတွေကနေ ယောက်ျားတန်ဆာဆီကို ရောက်သွားပါတယ်။ တန်ဆာထဲက သွေးကြောတွေဟာ ကျယ်သွားပြီး ရောက်လာတဲ့ သွေးတွေကို ကောင်းစွာလက်ခံယူပါတယ်။ တန်ဆာထဲမှာ သွေးတွေပြည့်သွားပြီး တင်းတောင့်လာတဲ့အခါ တန်ဆာဟာ ထောင်မတ်လာပါတယ်။လူအများစုမှာ ယောက်ျားတန်ဆာဟာ တဖက်ကို ယိုင်နေတတ်ပါတယ်။ တန်ဆာထဲမှာရှိတဲ့ သွေးကြောတွေ၊ ကြွက်သားတွေ ဘက်မညီရင် ဖြစ်တတ်ပါတယ်။ယောက်ျားအများစုဟာ သူတို့တန်ဆာရဲ့ အရွယ်အစားကို ပူပန်တတ်ကြပါတယ်။ ပျမ်းမျှအားဖြင့် စတင်ထောင်မတ်လာချိန်မှာ ၅-၁၀ စင်တီမီတာ ရှိတတ်ပြီး ထောင်မတ်နေချိန်မှာ ၁၂-၁၉ စင်တီမီတာအထိ ရှိတတ်ပါတယ်။ စိတ်ဖိအား၊ စိုးရိမ်မှုစတဲ့ စိတ်ပိုင်းဆိုင်ရာ ပြသနာရှိရင် အရွယ်အစားသေးတတ်ပါတယ်။ တချို့တွေမှာ ထောင်မတ်နေချိန်၊ ပျော့နေချိန်တွေမှာ အလျားဟာ သိသာစွာ ကွာခြားတတ်ပါတယ်။လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု၊ ထိတွေ့မှုဟာ ကျောရိုး အာရုံကြောမကြီးကနေ ဦးနှောက်ကို သွားပါတယ်။ သုတ်ရည်ထွက်ခြင်းဟာ ဗဟိုအာရုံကြောစနစ်ရဲ့ တုံ့ပြန်မှုတခုပဲ ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကြောင့် အာရုံခံစားမှုအမြင့်ဆုံးရောက်ချိန်မှာ သုတ်လွှတ်ခြင်း ဖြစ်ပေါ်ပါတယ်။ နှစ်ပိုင်း ရှိပါတယ်။(၁) ပထမအဆင့်မှာ သုတ်ရည်ပြွန်ဟာ သုတ်ရည်တွေကို တန်ဆာအောက်ပိုင်းကို ဝင်ရောက်နိုင်အောင် ညှစ်ထုတ်ပေးပါတယ်။ ပရော့စတိတ်ဂလင်းနဲ့ သုတ်ရည်အိတ်တွေဟာ သုတ်ရည်ကြည်ကို ဖြစ်ပေါ်စေပါတယ်။ ဒီအဆင့်မှာ သုတ်လွှတ်ခြင်းကို မဟန့်တားနိုင်ပါဘူး။(၂) ဒုတိယအဆင့်မှာတော့ တန်ဆာအောက်ခြေက ကြွက်သားတွေဟာ ဝ.၈ စက္ကန့်တိုင်းမှာ ညှစ်အားဖြစ်ပေါ်စေပြီး သုတ်ရည်ကို တန်ဆာအပြင်ဘက်ကို ငါးကြိမ်ခန့်အထိ ပန်းထွက်စေပါတယ်။ယောက်ျားတန်ဆာကို သန့်ရှင်းကျန်းမာစေမယ့် အရိုးရှင်းနည်းလမ်းကတော့ ရေနွေးနွေးနဲ့ ဆေးပေးဖို့ပါပဲ။ အထူးသဖြင့် အရေပြားမဖြတ်ထားရင် တန်ဆာခေါင်းအတွင်းပိုင်းကို ဆေးပေးရပါမယ်။ သင်နဲ့ လိင်ဆက်ဆံဖော်ဟာ တခြားလိင်ကိစ္စ အတွေ့အကြုံရှိမရှိ မသေချာရင် လိင်မှတဆင့် ကူးစက်တဲ့ရောဂါတွေကို ရှောင်ရှားနိုင်ဖို့ ကွန်ဒုံးသုံးသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/%e1%80%b1%e1%80%9a%e1%80%ac%e1%80%80%e1%80%ba%e1%80%b9%e1%80%ac%e1%80%b8%e1%80%90%e1%80%94%e1%80%b9%e1%80%86%e1%80%ac%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%82%94%e1%80%95%e1%80%90%e1%80%b9%e1%80%9e/
ယောက်ျားများမြုံရခြင်း၏ အဓိကအကြောင်းရင်းများ
ယောင်္ကျားမျိုးမအောင်ခြင်းဆိုတာ အိမ်ထောင်သည်မိဘဖြစ်ရေးအတွက် အလွန်ဆိုးရွားတဲ့ အကျပ်အတည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီရောဂါအခြေအနေကို ကျန်းမာရေးအကြောင်းခံ၊ ပတ်ဝန်းကျင် အကြောင်းခံ နှင့် လူနေမှုပြသနာအနေနဲ့ သတ်မှတ်လို့ရပါတယ်။ပထမဆုံးအနေနဲ့ ဝှေးစေ့ပိုင်းဆိုင်ရာ ပြသနာတွေဖြစ်တဲ့ varicocele ( သွေးပြန်ကြောဖူးရောင်ခြင်း) သို့ ဝှေးစေ့အောက်သို့အကျခြင်းတွေက ယောင်္ကျားမျိုးမအောင်ခြင်းကို ဦးတည်ဖြစ်ပေါ်စေပါတယ်။ varicocele ဟာ သုက်ပိုးအရေအတွက် ကျဆင်းခြင်းကို ဖြစ်စေပြီး ဝှေးစေ့အောက်သို့မကျခြင်းကအမျိုးသားတွေမှာ မျိုးမအောင်ဖို့ အခွင့်အလမ်းတွေကို ပိုဖြစ်စေပါတယ်။ ဒုတိယအနေနဲ့ ကူးစက်ရောဂါများ ဥပမာ လိင်ဆက်ဆံခြင်းမှ ကူးနိုင်သော ဂနိုရောဂါ ( gonorrhea ) သို့ HIV နှင့် ဝှေးစေ့ပြွန်ရောင်ရောဂါ ( epididymitis) သို့ ဝှေးစေ့ရောင်ခြင်း (orchitis) တို့ကလည်း ယောင်္ကျားမျိုးမအောင်ခြင်းကို ဖြစ်စေပါတယ်။ ထို့ပြင် နောက်ထပ်ဖြစ်နိုင်တာတွေကတော့ သုက်ပိုးတွေကို antibodies တွေက မှားယွင်းစွာ တိုက်ခိုက်မိခြင်း သို့ အမျိုးသား မျိုးပွား စနစ်မှာ ကင်ဆာအကြိတ်တည်ခြင်းတို့ဖြစ်ပါတယ်။ ထို့ပြင် ခွဲစိပ်မှု မှသော်လည်းကောင်း၊ရောဂါပိုးဝင်ရာမှ သော်လည်းကောင်း မတော်တဆထိခိုက်ရာမှ သို့ ဖွံ့ဖြိုးမှုမမှန်ရာကနေ သုက်လမ်းကြောင်း ပုံပျက်ခြင်းကြောင့်လည်း ပုံမှန် သုက်စီးဆင်းမှုကို ဟန့်တားနိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ ကတော့ တခြားဖြစ်လာနိုင်တဲံ ပြသနာတွေ ဥပမာ သုက်လွှတ်မှု ပြသနာ ( သုက်ပိုး ဆီးအိမ်အတွင်း ရောက်ခြင်း )၊ ဟော်မုန်းမမျှတမှု (testosterone နည်းပါးခြင်း)၊လိင်ဆက်ဆံမှု အခက်အခဲများ နှင့် celiac ရောဂါ ( ကစီဓါတ်ကို ခံနိုင်စွမ်းမရှိခြင်း) တို့ကြောင့်လည်း ဖြစ်နိင်ပါတယ်။ပတ်ဝန်းကျင်ဟာလည်း ယောင်္ကျားမျိုးမအောင်ခြင်းအတွက် ကုံလုံတဲ့ လွှမ်းမိုးမှုတွေ ရှိနိုင်ပါတယ်။ တချို့သတ်မှတ်ထားတဲ့ ပတ်ဝန်းကျင်အနေအထားတွေကို များစွာ ထိတွေ့မှုဟာ အမျိုးသား မျိုးပွားစနစ်အပေါ် မကောင်းတဲ့ သက်ရောက်မှုတွေ ရှိကြောင်းပြောထားတာတွေ ရှိပါတယ်။ ဥပမာ စက်မှု ဓါတုပစ္စည်းတွေ ဖြစ်တဲ့ benzenes, toluene, xylene, pesticides, herbicides, prganic solvents, ဆေးသုက်ပစ္စည်းများဟာ သုက်အရည်အသွေးကို ကျစေပြီး ဓါတ်မှတ် သို့ ဓါတ်ရောင်ခြည်များနှင့် ထိတွေ့ခြင်းဟာ သုက်ပုံမှန်ထုတ်လုပ်ခြင်းမှ တားဆီးနိုင်ပါတယ်။ သတ္တုတွေနဲ့ ထိတွေ့ခြင်း၊ ဝှေးစေ့ အပူလွန်ခြင်းတို့ဟာလည်း မျိုးမအောင်ခြင်းရဲ့ အခြားသော ပြသနာတွေအနေနဲ့ သတ်မှတ်လို့ရပါတယ်။ကျန်းမာတဲ့ နေထိုင်မှု ပုံစံကို ထိန်းသိမ်းခြင်းဟာ မျိုးမအောင်နိုင်မှု အပေါ်များစွာ သက်ရောက်မှု ရှိပါတယ်။ လျှော့တွက်ထားတဲ့ အကြောင်းခံတွေ ဖြစ်တဲ့ အရက်သေစာ၊ မူးယစ်ဆေးဝါး၊ ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီးခြင်းနှင့် ကိုယ်အလေးချိန်များခြင်း သို့ နည်းခြင်းတွေက မျိုးမအောင်နိုင်ခြင်းကို အဖြစ်များစေပါတယ်။ ကြွက်သားကြီးထွားစေရန် ဆေးအလွဲသုံးစားလုပ်ခြင်းကြောင့် ဝှေးစေ့သေးစေပြီး သုက်ကောင်ရေ ထုတ်လုပ်မှုကို ကျဆင်းစေပါတယ်။ အရက်သောက်ခြင်းကြောင့် testosterone ကျဆင်းပြီး လိင်တံထောင်မတ်နိုင်မှု ချွတ်ယွင်းစေခြင်း နှင့် စိတ်ဖိစီးမှုက ဟော်မုန်းမမျှတမှုကို ဖြစ်စေပါတယ်။ ထို့ကြောင့် ကျွန်တော်တို့ဟာ ယောင်္ကျားမျိုးမအောက်ခြင်းရဲ့ အဓိက အကြောင်းခံတွေကို သိထားသင့် ပြီး မကျန်းမာစေတဲ့ လူနေထိုင်မှု ပုံစံတွေရှောင်ကြဉ်ခြင်း သို့ ရောဂါအခြေအနေ အချို့ကို သင့်တော်တဲ့ ကုသမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/%e1%80%b1%e1%80%9a%e1%80%ac%e1%80%80%e1%80%ba%e1%80%b9%e1%80%ac%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%bb%e1%80%99%e1%80%b6%e1%80%b3%e1%80%9b%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
အဆုတ်ကင်ဆာဖြစ်စေသောအကြောင်းအရင်းများ
အဆုတ်ကင်ဆာသည် သေစေနိုင်သော ရောဂါတစ်ခုဖြစ်ပါတယ်။ သို့သော် ၎င်းကို ဖြစ်ပွားစေသော အကြောင်းရင်းများနှင့် ဖြစ်ပွားနိုင်ချေ အန္တရာယ်များကိုတော့ ထိန်းချုပ်လို့ ရပါတယ်။ အဆုတ်ကင်ဆာ ဖြစ်ပွားစေသော အကြောင်းရင်းများကို တားဆီးလိုက်ခြင်းအားဖြင့် ကင်ဆာ ပိုမဆိုးလာအောင် ကာကွယ်နိုင်ပါတယ်။ဆေးလိပ်သောက်ခြင်း၊ ဓါတုပစ္စည်းအချို့နှင့် ထိတွေ့ခြင်းသည် အဆုတ်ကင်ဆာကို အဓိက ဖြစ်ပွားစေသည့်အကြောင်းရင်းများ ဖြစ်ပါတယ်။ သုတေသနသမားများအဆိုအရ အဆုတ်ကင်ဆာအားလုံး၏ ၉၀ ရာခိုင်နှုန်းနီးပါးသည် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။ဆေးရွက်ကြီးနှင့် ဆေးရွက်ကြီးဆေးလိပ်တွင် နိုင်ထရိုဂျင် အောက်ဆိုက် ၊ ကာဗွန်ဒိုင် အောက်ဆိုက်ကဲ့သို့သော ဓါတုပစ္စည်း အမျိုးပေါင်း ၇,၀၀၀ ကျော် ပါဝင်နေပြီး အများစုမှာ ကင်ဆာဖြစ်စေနိုင်ပါတယ်။ အဆုတ်ကင်ဆာရောဂါဖြစ်ဖို့ သင်ကိုယ်တိုင် ဆေးလိပ်သောက်မှ မဟုတ်ပါဘူး။ ဆေးလိပ်ငွေ့ရှုရှိုက်မိခြင်းသည်လည်း ကိုယ်တိုင်ဆေးလိပ်သောက်သလို အန္တရာယ်ကြီးမားပါတယ်။စီးကရက်ဆေးလိပ်၊ ကျောက်ဂွမ်း၊ ရေဒီယို သတ္တိကြွ ရေဒွန်ဒြပ်စင် ကဲ့သို့သော အန္တရာယ်ရှိသော ကင်ဆာဖြစ်စေနိုင်သည့် အရာများကို ရှုရှိုက်ခြင်းသည် အဆုတ်လမ်းကြောင်းရှိ ဆဲလ်များကို ထိခိုက်ပျက်စီးစေပါတယ်။ အချိန်ကြာလာသည်နှင့် အမျှ ထိုထိခိုက်မှုများသည် ဆဲလ်များကို မူမမှန် ပြောင်းလဲမှုများ ဖြစ်ပေါ်စေကာ အဆုံးတွင် ကင်ဆာ ဖြစ်ပွားစေနိုင်ပါတယ်။လုပ်ငန်းခွင်တွင် တွေ့ရှိရသော အန္တရာယ်များသည့် ဓါတုပစ္စည်းအချို့ကို အောက်တွင် ဖော်ပြလိုက်ပါတယ်။အဆုတ်ကင်ဆာသည် မျိုးရိုးဗီဇ DNA ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်။ ၎င်းပြောင်းလဲမှုသည် ဆဲလ်လည်ပတ်မှု ဖြစ်စဉ်ကို မူမမှန်ပြောင်းလဲစေကာ ခန္ဓါကိုယ်က မလိုအပ်သော ဆဲလ်အသစ်များ တည်ဆောက်၍ သေဆုံးရမည့် ဆဲလ်အဟောင်းများကိုလည်း မသေဆုံးဘဲ ဆက်ကျန်ရစ်စေသည်။သင့်အသက်အရွယ်သည်လည်း အဆုတ်ကင်ဆာဖြစ်ပွားနိုင်ချေ အပေါ် သက်ရောက်မှုရှိပါတယ်။ ကင်ဆာအများစုသည် အသက်ကြီးသူများတွင် ဖြစ်ပွားပါတယ်။ အမေရိကန် ကင်ဆာ အဖွဲ့အစည်း၏ အဆိုအရ အဆုတ်ကင်ဆာသည် အသက်ကြီးသူများတွင် အများဆုံးဖြစ်ပွားပါတယ်။ အဆုတ်ကင်ဆာဖြစ်ပွားသူ သုံးယောက်တွင် နှစ်ယောက်သည် အသက် ၆၅ နှစ်နှင့် အထက် ဖြစ်ပါတယ်။ရောဂါဖြစ်ပွားသော ပျမ်းမျှအသက်အရွယ်မှာ အသက် ၇၀ ခန့်ဖြစ်ပါတယ်။ အသက်ကြီးလာလေ အန္တရာယ်ရှိသော ဓါတုပစ္စည်းများနှင့် ထိတွေ့ချိန်များလာလေ ဖြစ်သောကြောင့် ဖြစ်ပါတယ်။ ၎င်းသည် သဘာဝအလျောက် ကင်ဆာဖြစ်ပွားနိုင်ချေ အန္တရာယ်ကို မြင့်မားစေပါတယ်။အဆုတ်ကင်ဆာသည် အခြားသော အကြောင်းရင်းများကြောင့်လည်း ဖြစ်ပွားနိုင်ပါတယ်။ ဥပမာ။ ။ တီဘီရောဂါ၊ နာတာရှည် အဆုတ်လေပြွန်ကျဉ်းမြောင်းသည့် ရောဂါ (COPD)။ ထိုအခြေအနေများသည် အဆုတ်တွင် ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေပြီး အမာရွတ်ဖြစ်စေကာ နောက်ဆုံးတွင် ကင်ဆာကို ဦးတည်စေပါတယ်။အခြားသော ကင်ဆာကုသမှုများကလည်း အဆုတ်ကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ဓါတ်ရောင်ခြည် ကုသမှုပဲဖြစ်ပါတယ်။အဆုတ်ကင်ဆာ မဖြစ်အောင် ကာကွယ်ဖို့ အဆုတ်ဆဲလ်များနှင့် ထိတွေ့နိုင်သည့် အန္တရာယ် အဆိပ်အတောက်များကို ရှောင်ကြဉ်ရမည် ဖြစ်သည်။ဆေးလိပ်ဖြတ်ပါ။ အိမ်နှင့် လုပ်ငန်းခွင်တွင် ထိတွေ့နိုင်သည့် ဓါတု အဆိပ်အတောက်များကို ရှောင်ဖို့ နည်းလမ်းရှာပါ။ ကျန်းမာသော ဘဝနေထိုင်မှုပုံစံကို ကျင့်ကြံပါ။ ကျန်းမာရေးနှင့် ညီညွှတ်သော အစားအသောက်များကို စားသုံးပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဖြင့် အဆုတ်ကင်ဆာကို ကာကွယ်ပါ။အဆုတ်ကင်ဆာရောဂါသည် ဖြစ်ပွားဖို့ရန် အချိန်များစွာ ကြာပါတယ်။ ဖြစ်ပွားနိုင်ချေ မြင့်မားစေသည့် အန္တရာယ်အကြောင်းရင်းများကို လျော့ချပြီး ကင်ဆာပြန့်ပွားမှုကို ကာကွယ်ခြင်းသည် သင့်ဘဝတွင် အဆုတ်ကင်ဆာဖြစ်စေသော အကြောင်းရင်းများကို ဖယ်ရှားနိုင်သော နည်းလမ်းပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/lung-cancer-cancer/%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%ba%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%85%e1%80%b1%e1%80%9e%e1%80%b1%e1%80%ac%e1%80%a1%e1%80%b1%e1%80%bc-3/
Gym ဆော့ရင် ဝက်ခြံပိုပေါက်တယ်ဆိုတာ တကယ်လား၊ အလွဲသက်သက်လား
Gym ဆော့တဲ့သူတွေဟာ တခြားသူတွေထက် ဝက်ခြံပိုပေါက်တယ်ဆိုတဲ့ စကားသံတွေ ခဏခဏ ကြားနေရဆဲပါပဲ။ တကယ်တော့ ဒါဟာ ၁၀၀ ရာခိုင်နှုန်း အလွဲသက်သက်ပဲတော့ မဟုတ်ပါဘူးခင်ဗျ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ လူတွေထင်ထားကြတာက Gym ဆော့ရင် ကိုယ်ခန္ဓာကဟော်မုန်းအပြောင်းအလဲဖြစ်တယ်၊ ဒါကြောင့်ပဲ ဝက်ခြံက ပိုထွက်လွယ်တယ်ဆိုတာပါပဲ။ တကယ်တမ်းမှာက Gym ဆော့နေတဲ့ သူတစ်ယောက်ချင်းစီရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုပေါ်ကိုပဲ မူတည်နေတာပါ။ အကြောင်းအရင်း အပြည့်အစုံကို ဒီဆောင်းပါးမှာ သေချာရှင်းပြပေးချင်ပါတယ်။ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်နေရတဲ့အခါ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်နှုန်းကောင်းစေတယ်။ သွေးထဲက အောက်စီဂျင်တွေကို ခန္ဓာကိုယ်နေရာအနှံ့ သယ်ယူပို့ဆောင်ပေးနိုင်တယ်။ချွေးထွက်တာကြောင့် အသားအရေကို ကြည်လင်စေတယ်။ အရေပြားဆဲလ်အသစ်တွေကို လျင်မြန်စွာ ထုတ်လုပ်ပေးနိုင်တယ်။အဲ့မှာ ပြဿနာက ချွေးထွက်များတာပါပဲ။ ခန္ဓာကိုယ်ထဲက ရေဓာတ်က အပူရှိန်ကြောင့် အပြင်ဘက်ကို ချွေးအဖြစ်နဲ့ ပြန်ထွက်လာတဲ့အခါ အရေပြားပေါ်က ချွေးပေါက်တွေက ပိုကျယ်လာတာပါပဲ။ချွေးပေါက်က ကျယ်လေလေ အရေပြားပြဿနာဖြစ်ဖို့ ပိုလွယ်ကူလေဖြစ်တာကြောင့် အသားအရေထိန်းသိမ်းဖို့ အမြဲဂရုစိုက်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းတဲ့သူတွေမှာ ဒီအချက်ကြောင့်ပဲဝက်ခြံပေါက်ရတာပါ။ Gym ကစားလို့ ဝက်ခြံပေါက်တယ်လို့တော့ တိုက်ရိုက်ပြောလို့ မရပါဘူး။အရမ်းကို လှချင်တဲ့မိန်းကလေးတချို့Gymသွားရင်တောင် မိတ်ကပ်ကို မဖျက်ဘဲ သို့မဟုတ် တမင်တကာကို မိတ်ကပ်လိမ်းပြီး အလှသွားပြတတ်ကြပါတယ်။ ဒါကတော့ ဝက်ခြံဖြစ်စေဖို့ လုံးဝဖိတ်ခေါ်လိုက်တာပါပဲ။ အထက်မှာ ပြောခဲ့သလိုပဲ လေ့ကျင့်ခန်းလုပ်ပြီးလို့ ချွေးထွက်တဲ့အခါ ဒီလိမ်းထားတဲ့မိတ်ကပ်တွေနဲ့ ရောပြီး အညစ်အကြေးဖြစ်သွားရာကနေ ကျယ်နေတဲ့ ချွေးပေါက်ထဲကို သွားပိတ်မိပါတယ်။ အဲ့မှာ ဖုန်မှုန့်တွေပါဝင်၊ ဘက်တီးရီးယားတွေ ပွား၊ ကြာလာရင် ဝက်ခြံက မလွဲမသွေကို ပေါက်ရတော့တာပါပဲ။Gymကစားသူတိုင်း ဆံပင်ရှည်ထားတာ ပြဿနာမဟုတ်ပေမဲ့ ဒီဆံပင်ရှည်က အနောက်မှာ သေချာချည်ထားဖို့ အရေးကြီးပါတယ်။ အဓိက ဆံပင်သည် မျက်နှာအရေပြားနဲ့ ထိကပ်မနေဖို့ပါပဲ။ မမေ့ဖို့က အရေပြားလိုပဲ ဆံပင်မှာလည်း ပြင်ပက ဖုန်မှုန့်တွေ ကပ်ငြိနေတဲ့အတွက် ချွေးပေါက်ထဲသို့ လျင်မြန်စွာ ဝင်သွားနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်ပြီဆိုမှတော့ ချွေးထွက်တာ သဘာဝပဲမလား။ အဲ့ထွက်လာတဲ့ချွေးကို မျက်နှာသုတ်ပဝါနဲ့ သေချာမသုတ်ဘဲ လက်နဲ့ သုတ်ပစ်တာမျိုး လုပ်တတ်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေပေါ့။ အလေးတုံးတွေ၊ ထိုင်ခုံတန်းတွေ၊Plankထောက်တဲ့ ခုံ စတဲ့ Gym ပစ္စည်းတွေဟာ လူပေါင်းစုံကိုင်ပြီး ရောဂါပိုးပေါင်းစုံရှိနေတတ်ပါတယ်။ ဒီပစ္စည်းတွေကိုင်ထားတဲ့ မသန့်ရှင်းတဲ့ လက်နဲ့ ကိုယ့်မျက်နှာကို ပြန်ပွတ်ချလိုက်တဲ့ အကျိုးဆက်ဟာ ဘယ်လိုဖြစ်မလဲဆိုတာ ကျွန်တော်ပြောစရာ အားလုံးသဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ်။ယောက်ျားလေးဆိုရင်လည်း ရင်အုပ်ကားကားနဲ့ဆိုတော့ စွပ်ကျယ်အကျပ်တွေဝတ်ပြီး ကြွက်သားအလှပြချင်ကြတယ်၊ မိန်းကလေးတွေဆိုရင်လည်း အသားကပ် အကျီၤတွေ၊ ဘောင်းဘီတွေ ဝတ်ပြီး ကိုယ်ခန္ဓာကောက်ကြောင်းအလှ ပြချင်ကြတယ်။ ဒါက အဆန်းတော့ မဟုတ်ပါဘူး။ သတိထားရမှာက အသားနဲ့ အရမ်းကျပ်တဲ့ အဝတ်အစားတွေက ဝတ်လိုက်တဲ့အခါ ကိုယ်ကနေထွက်လာတဲ့ချွေးတွေက အထဲမှာ သွားပြီး အောင်းနေတတ်ပါတယ်။ အဲ့လိုအောင်းနေရာကနေ ဘက်တီးရီးယားတွေ ပေါက်ဖွားပြီး မကောင်းတဲ့ အနံ့အသက်တွေ၊ အရေပြားပြဿနာတွေ ဖြစ်ဖို့ လွယ်ပါတယ်။Gym ကစားပြီးတိုင်း မဖြစ်မနေလုပ်ပေးရမယ့် တစ်ကိုယ်ရေသန့်ရှင်းရေးထဲမှာ ရေချိုးတာလည်း တစ်ခုအပါအဝင်ပါပဲ။ ချွေးတွေနဲ့ နံနေတဲ့ အဝတ်အစားတွေ အကုန်ချွတ်ပစ်ပြီး အိတ်တစ်လုံးထဲကို ထည့်ရမယ်။ ပြီးရင် ချွေးအောင်းနေနိုင်တဲ့ ချိုင်း၊ ပေါင်ခြံ၊ ခြေချောင်းကြားတွေကို ရေပန်းအောက်မှာ ဆပ်ပြာနဲ့ သေချာတိုက်ချွတ်ဆေးကြောရမယ်။ ပြီးတာနဲ့ သန့်ရှင်းတဲ့ အဝတ်အစားတွေကို ဝတ်ပြီးမှ အိမ်ပြန်ရပါမယ်။ ရေမချိုးဘဲ အိမ်တန်းပြန်သွားတာ၊ အိမ်ပြန်ရောက်တော့လဲ ရေမချိုးဘဲ အချိန်ဖြုန်းနေတာ၊ သို့မဟုတ် ရေလုံးဝမချိုးတာမျိုးက ကိုယ်ခန္ဓာအနံ့ဆိုးကို ဖြစ်စေသလို ဝက်ခြံနဲ့ တခြားသော အရေပြားပြဿနာတွေကို ဖိတ်ခေါ်နေတယ်ဆိုတာ သတိထားပေးပါ။ဒါဆိုရင် Gym ကစားတဲ့သူတွေလည်း တစ်ကိုယ်ရေသန့်ရှင်းမှုက ဘယ်လောက်အရေးပါလဲ၊ ဘယ်လိုအချက်တွေကို ဆောင်ရ၊ ရှောင်ရမလဲဆိုတာ သဘောပေါက်ပြီလို့ မျှော်လင့်ပါတယ်။ Gym ကစားခြင်းဟာ ကျန်းမာရေးအတွက် ကိုယ်ခန္ဓာအလှအပအတွက် အရေးကြီးတာကြောင့် သေချာလည်း ကစားပါ။ ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုကိုလည်း လျစ်လျူမရှုထားဖို့ ထပ်မံမှာကြားချင်ပါတယ်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/gym-%e1%80%86%e1%80%b1%e1%80%ac%e1%80%b7%e1%80%9b%e1%80%84%e1%80%ba-%e1%80%9d%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%b6%e1%80%95%e1%80%ad%e1%80%af%e1%80%95%e1%80%b1%e1%80%ab%e1%80%80%e1%80%ba/
ငလျင်လှုပ်တဲ့အခါ ဘေးကင်းစေဖို့ ဘာတွေပြင်ဆင်ထားမလဲ
ငလျင်လှုပ်တဲ့အခါ ဘေးကင်းစေဖို့ ဘာတွေပြင်ဆင်ထားမလဲ ဆိုတော့။ငလျင် မလှုပ်ခင်မှာ ဒီ အချက်လေးတွေကို ပြင်ဆင် ထားဖို့ လိုပါမယ်။ငလျင်လှုပ်နေစဉ်အတွင်းမှာ။ငလျင်လှုပ်ပြီးတဲ့အခါ။ကြိုတင် ခန့်မှန်းရခက်တဲ့ ငလျင်ကြောင့် မိသားစုဝင်တွေနဲ့ ကိုယ်တိုင်မှာ ထိခိုက်မှု ကင်းစေဖို့ ဒီအချက်တွေကို လိုက်နာစေချင်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/earthquake/
ဖက်ယားရွက် ရဲ့ ဆေးဖက်ဝင်မှု
ဖက်ယားရွက်ရဲ့ နောက်ထပ် အာနိသင်တစ်ခုက သွေးတိုးကျစေနိုင်တာပါ။ သွေးတိုးရောဂါကို သက်သာစေဖို့ အတွက်လည်း ဖက်ယားရွက်ကို အရင်ကတည်းက အသုံးပြုခဲ့ကြပါတယ်။ ဖက်ယားရွက်ကို ချက်ပြုတ်ပြီး စားသုံးလို့လည်း ရပါတယ်။လေးဖက်နာရောဂါ ရှိသူတွေအနေနဲ့လည်း လေးဖက်နာကြောင့် ဖြစ်တဲ့ အဆစ်နာတာတွေကို သက်သာစေဖို့ ဖက်ယားရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ဖက်ယားရွက်မှာ ဓါတ်တိုးဆန့်ကျင် အာနိသင် ရှိတာကြောင့် အဆစ်အမြစ်တွေ နာကျင်ရောင်ရမ်းတာကို သိသိသာသာ သက်သာစေမှာပါ။ဖက်ယားရွက်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ခုက အစာခြေစနစ်ကို ကျန်းမာစေနိုင်တာပါ။ ဒါကြောင့် အစာအိမ် ရောဂါရှိတာ၊ အူလမ်းကြောင်းပြဿနာ ရှိသူတွေအနေနဲ့ ဖက်ယားရွက်ကို အသုံးပြုပေးလို့ ရပါတယ်။လေ့လာချက်တွေ အရ ဖက်ယားရွက်မှာ ပါဝင်နေတဲ့ အပင် ဒြပ်ပေါင်းတစ်ခုက ဆီးချိုသွေးချိုရှိသူတွေမှာသွေးတွင်းသကြားဓါတ်ကို အထိရောက်ဆုံး ထိန်းညှိပေးနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေ အနေနဲ့ ဖက်ယားရွက်ကို သဘာဝဆေးဖက်ဝင် အပင် တစ်ခု အနေနဲ့ အသုံးပြုပေးလို့ ရပါတယ်။ဒါတွေပြင် ဖက်ယားရွက်ကအနာသက်သာစေနိုင်သလို ဆီးရွှင်စေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ နာကျင်မှုကို သက်သာစေပြီး ခန္ဓါကိုယ်ကို ဘက်တီးရီးယားတွေ အန္တရာယ်ကနေလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ဖက်ယားရွက်က ဆေးဖက်ဝင်တာ မှန်ပေမယ့် ဒီအခြေအနေမျိုးမှာတော့ သတိထားဖို့ လိုမှာပါ။ဖက်ယားရွက်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် သူ့ရဲ့ အာနိသင်နဲ့ ပတ်သက်ပြီး ဆက်လက်လေ့လာမှုတွေ လုပ်ဖို့ လိုပါသေးတယ်။ သဘာဝအတိုင်း တွေ့ရတဲ့ သစ်ဥသစ်ဖုတွေကို ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိတဲ့အခါ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးပြဿနာတစ်ခုခု ရှိတယ်ဆိုရင် မိမိသဘောနဲ့ မိမိ အသုံးမပြုဘဲ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဖို့ အကြံပြုလိုပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/stinging-nettle/
လည်ပင်းအဆစ်များ အနေအထားမမှန်သူများ(အဆစ်ချော်သူများ)တွင် ပြုလုပ်သင့်သော လေ့ကျင့်ခန်းများ
လည်ပင်းဆစ်ချော်ခြင်းသည် ရှားပါးပါသည်။ ထိုသို့ဖြစ်ခြင်းသည် လည်းပင်းနေရာရှိ အဆစ်များ အနေအထားချော်သွားခြင်းကြောင့် ဖြစ်ပါသည်။ တခါတရံတွင် လည်ပင်းတွင် နာကျင်ခြင်း၊ ထုံခြင်းနှင့် အားနည်းခြင်းတို့ ခံစားရတတ်ပါသည်။ သို့သော် ထိရောက်သော ကုသမှုများပြုလုပ်ပေးခြင်းဖြင့် နာကျင်ဝေဒနာများကို သက်သာစေပါသည်။ ထိုသို့သော ကုထုံးများတွက် အောက်ဖော်ပြပါ လေ့ကျင့်ခန်း ပြုလုပ်ခြင်းများ ပါဝင်ပါသည်။လည်ပင်းဆစ်ချော်ခြင်းသည် အများအားဖြင့် လက္ခဏာပြလေ့မရှိပါ။ သို့သော် ထိုလက္ခဏာများပြလျှင်လည်း နာကျင်ခြင်းသည် အဖြစ်အများဆုံးဖြစ်ပြီး လည်ပင်းနေရာမှစပြီးနာကျင်ပြီး ခေါင်း၊ ပခုံးများ၊ လက်မောင်းများနှင့် လက်ချောင်းများအထိ နာကျင်မှုများဖြစ်တတ်ပါသည်။ နာကျင်မှုသည် လည်ပင်းလှုပ်လိုက်သော အခါပိုဆိုးတတ်ပါသည်။ တခါတရံတွင် လည်ပင်းကြွက်သားများတောင့်တင်းခြင်း၊ ဇက်ကြောတက်ခြင်း၊ လည်ပင်းကောင်းစွာ မလှုပ်နိုင်ခြင်း စသည့်လက္ခဏာများ ပြလေ့ရှိပါသည်။ထို့ကြောင့် လည်ပင်းဆစ်ချော်ခြင်းဝေဒနာ ခံစားနေရသူများတွင် လေ့ကျင့်ခန်းပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ ကျီးပေါင်းဖြစ်သော နေရာတွင် နာကျင်မှုများကို သက်သာစေရန်၊ ကြွက်သားများကို ပြေလျော့စေရန်၊ ကောင်းစွာလှုပ်ရှားမှုများ ပြုလုပ်နိုင်ရန်နှင့် အကွေးအဆန့်ကောင်းစေရန် ဖြစ်ပါသည်။ လေ့ကျင့်ခန်းများပြုလုပ်ပေးခြင်းဖြင့် အာရုံကြောများတွင် ဖိအားများလျော့နည်းသွားစေသောကြောင့်အာရုံကြောများကို ဖိမိခြင်းကြောင့် ခံစားနေရသော ဝေဒနာများကိုလည်း သက်သာစေပါသည်။လည်ပင်းဆစ်ချော်သူများတွင် ပြုလုပ်သည့် လေ့ကျင့်ခန်းများတွင် ဆွဲဆန့်ခြင်း၊ သန်မာစေခြင်းနှင့် ပေါ့ပါးသော လေ့ကျင့်ခန်းများဟူပြီး အပိုင်း ၃ပိုင်းပါဝင်ပါသည်။ထိုလေ့ကျင့်ခန်းများနှင့် ပတ်သက်ပြီး သင့်ဆရာဝန်နှင့် ဆွေးနွေးခြင်းအားဖြင့် သင့်ကို မည်သို့လေ့ကျင့်ခန်းလုပ်ရမည်၊ မလုပ်မှ မည်သည်တို့ကို ပြင်ဆင်ထားသင့်သည်တို့ကို ပြောပြပါလိမ့်မည်။အကြောများကို ဆန့်ပေးသော လေ့ကျင့်ခန်းများသည် ကိုယ်ခန္ဓာ၏ ကွေးဆန့်လှုပ်ရှားနိုင်မှုများကို တိုးတက်လာစေပြီး ပျော့ပျောင်းလာစေပါသည်။ ထို့ကြောင့် ယင်းလေ့ကျင့်ခန်းများသည် အဆစ်ချော်ခြင်းကြောင့် လည်ပင်းနာခြင်း၊ အကြောများတင်းခြင်းတို့ကို သက်သာစေပါသည်။ ထိုလေ့ကျင့်ခန်းများကို နေ့တိုင်းပြုလုပ်နိုင်ပြီး တနေ့တွင် အကြိမ်များစွာလည်း ပြုလုပ်နိုင်ပါသည်။ယင်းတို့သည် သင့်ကျောရိုးနှင့် ကိုယ်အနေအထားကို မှန်ကန်စေပါသည်။ ကိုယ်နေကိုယ်ဟန် ပုံမကျပါက ခါးကျောရိုးကိုထိခိုက်စေပြီး အဆစ်ချော်ခြင်းကို ဖြစ်စေပါသည်။ ကြွက်သားများကို သန်မာစေသော လေ့ကျင့်ခန်းများကို နေ့စဉ်ပြုလုပ်ပေးခြင်းဖြင့် ခါးကို ဒဏ်ဖြစ်မှုနှုန်းကို လျော့ကျစေပါသည်။ရေကူးခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း စသည့်လေ့ကျင့်ခန်းများသည် လည်ပင်းဆစ်နေရာများကို သွေးပိုစီးစေသည့်အတွက် ဒဏ်ဖြစ်နေသော နေရာများကို အနာအကျက်မြန်စေပါသည်။ ထို့ပြင် ထိုလေ့ကျင့်ခန်းများကို ပြုလုပ်ပြီးချိန်တွင် ကိုယ်ထဲမှ အနာသက်သာစေသော Endorphin ဟော်မုန်းကို ထုတ်ပေးသောကြောင့် လည်ပင်းနာခြင်းကို သက်သာစေပါသည်။အောက်ပါလေ့ကျင့်ခန်းများကို ပြုလုပ်နိုင်သော်လည်း မပြုလုပ်မီ သင်နှင့် သင့်တော်ကြောင်း မသင့်တော်ကြောင်း ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ထိုလေ့ကျင့်ခန်းများသည် လည်ပင်းအရိုးများကို ထေက်ကန်ထားသော လည်ပင်းကို အနောက်ဖက်ဆွဲထားသော ကြွက်သားများကို သန်မာစေပါသည်။· နံရံမှ ၈ စင်တီမီတာအကွာတွင် ခြေဖဝါးစုံရပ်ပါ။· ကျောရိုးကို နံရံနှင့် ဆန့်ကျင်ဘက်တွင်ထားပါ။· သင့်ခေါင်းနှင့် နံရံထိသည့်အချိန်အထိ ခေါင်းနှင့် ကျောအပေါ်ပိုင်းကို အနောက်ဘက်သို့ လှန်ချပါ။· ထိုအနေအထားတွင် သင့်မေးစေ့သည် အောက်သို့စိုက်နေပြီး သင့်ခေါင်းသည် အောက်သို့မကြည့်ဘဲ တည့်မတ်သော အနေအထားတွင် ရှိနေရမည်ဖြစ်ပါသည်။ ထိုအနေအထားအတိုင်း ၅ စက္ကန့်ထားပါ။· ထိုသို့ ၁၀ ကြိမ် ထပ်ပြီး ပြုလုပ်ပါ။ထိုလေ့ကျင့်ခန်းကို နေ့တိုင်းပြုလုပ်နိုင်ပြီး တနေ့တွင် အကြိမ်များစွာလည်း ပြုလုပ်နိုင်ပါသည်။ ထိုအခါ သင့်ကျောကုန်း အပေါ်ပိုင်း၊ ပခုံးနှင့် လည်ပင်းကြွက်သားများကို သန်မာလာစေမည်ဖြစ်ပါသည်။ထိုလေ့ကျင့်ခန်းသည့် သင့်ကျောကုန်း အပေါ်ပိုင်း၊ ပခုံးနှင့် လည်ပင်းကြွက်သားများကို သန်မာလာစေမည်ဖြစ်ပါသည်။· ကြမ်းပြင်ပေါ်တွင် ဖျာ သို့မဟုတ် မျက်နှာသုတ်ပဝါကို ခင်းပြီး မှောက်လျက် အနေအထားအိပ်ပါ။· သင့် လက်၂ဖက်ကို ကိုယ်ဘေးတွင် ချထားပါ။ လက်ဖဝါးများကို ကြမ်းပြင်နှင့် ထိထားပါ။· သင့်လျှာကို ပါးစပ်အပြင်ထိရောက်အောင် ထုတ်ထားပါ။ ထိုအနေအထားသည် လည်ပင်းအရှေ့ပိုင်းရှိကြွက်သားများကို သန်မာလာစေပြီး လည်ပင်းကိုလည်း အနေအထားမှန်စေပါသည်။· လက်ပြင်ရိုးများကို ဆွဲချဖို့ကြိုးစားပါ။· လက်မောင်းများကို အပေါ်သို့မြှောက်ပါ။ လက်ဖဝါးများကိုလည်းကြွလိုက်ပြီး လက်မထောင်ထားပါ။· ထို့နောက် ခင်းထားသော ဖျာသို့မဟုတ် မျက်နှာသုတ်ပဝါပေါ်မှ ခေါင်းကို ဖြေးညင်းစွာမော့လိုက်ပါ။ အရှေ့သို့တည့်တည့်ကြည့်ပါ။ ခေါင်းကို အနောက်ဘက်သို့ မယိုင်ပါစေနှင့်။· ထိုအနေအထားအတိုင်း ၁၀စက္ကန့်နေပါ။· ဆယ်ကြိမ် ပြုလုပ်ပါ။လေ့ကျင့်ခန်းများပြုလုပ်ခြင်းသည် ကျောရိုးဆစ်များတွင် ဖြစ်နေသော ဒဏ်ရာများကို အလျှင်းမပျောက်စေသော်လည်း ခံစားနေရသော ဝေဒနာများကိုသက်သာစေပါသည်။ ထို့ကြောင့် သင့်ဆရာဝန်နှင့် တိုင်ပင်ပြီး သင်နှင့် သင့်တော်မည့် လေ့ကျင့်ခန်းများကို မေးမြန်းပါ။ သင်သိထားရမည့် အချက်မှာ တက်ကြွစွာနေထိုင်ခြင်းသည် သင်သည် ရောဂါသည်တစ်ဦးဖြစ်နေဦးတော့ သင့်အတွက် ဆိုးကျိုးများမရှိနိုင်ပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/%e1%80%9c%e1%80%8a%e1%80%ba%e1%80%95%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%86%e1%80%85%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%a1%e1%80%94%e1%80%b1%e1%80%a1%e1%80%91%e1%80%ac%e1%80%b8/
ချင်း (ဂျင်း) ၏ကျန်းမာရေးအကျိုးကျေးဇူးများ
ချင်း ဆိုတာက ဟင်းလျာတွေကို အနဲ့အရသာတိုးစေဖို့ အသုံးပြုကြသလို ဂျင်းကို အညှီနိုင်စေဖို့လည်း သုံးကြပါတယ်။ ချောင်းဆိုးတာ၊ ရင်ကျပ်တာတွေကို သက်သာစေဖို့နဲ့ လေဒီလေးတွေမှာဆိုရင် သွေးဆင်းမှန်စေဖို့ အသုံးပြုကြပါတယ်။ ဒီတစ်ခေါက်တော့ ဘက်စုံ အသုံးဝင်တဲ့ ချင်း ၏ကျန်းမာရေးအကျိုးကျေးဇူးများ အကြောင်း ပြောပြပေးချင်ပါတယ်။ချင်းဟာ တရုတ်၊ ဂျပန်၊ အိန္ဒိယ အပါအဝင် အပူပိုင်းနိုင်ငံတွေမှာ စတင်ပါတယ်။ သူ့မှာ ကျန်းမာရေး အကျိုးကျေးဇူးများပြားစွာ ပါဝင်တာကြောင့် သူ့ကို တောင်အမေရိက၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနေရာတွေနဲ့ တစ်ကမ္ဘာလုံးမှာ စိုက်ပျိုးလာကြပါတယ်။ချင်း (ဂျင်း) ၏ကျန်းမာရေးအကျိုးကျေးဇူးများ ကတော့။HIV/ AIDS ဆေးတွေကြောင့် ပျို့အန်ခြင်းကို ဂျင်းနေ့စဉ် သောက်သုံးခြင်းအားဖြင့် သက်သာစေနိုင်ပါတယ်။ သုတေသနတွေက AIDS ကုသမှုမယူခင် တစ်နေ့ကို မိနစ် ၃၀ လောက်ကြိုပြီး ဂျင်းအသုံးပြုခြင်းဟာပျို့အန်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ဂျင်းကို ခွဲစိတ်အပြီးမှာလည်း ပျို့အန်ခြင်းကို ကာကွယ်ဖို့ အသုံးပြုနိုင်ပါတယ်။ ခွဲစိတ်မှုမပြုခင် တစ်နာရီကြိုပြီး ဂျင်း ၁-၅ ဂရမ်လောက် အသုံးပြုထားသူတွေဟာ ခွဲစိတ်မှုအပြီး ၂၄ နာရီအတွင်း ပျို့အန်နှုန်းနည်းပါးပါတယ်။အော့အန်နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာလည်း ဂျင်း အသုံးပြုနိုင်ပါတယ်။ ဂျင်းကို ငုံဆေး၊ သကြားလုံးအဖြစ် အသုံးပြုခြင်းဟာ ကိုယ်ဝန်ဆောင်တွေအတွက် စိတ်ချရပါတယ်။ဒါပေမယ့် ပိုစိတ်ချရာကိုယ်ဝန်ဆောင်စဉ် ဖြည့်စွက်စာနဲ့ ဆေးတွေ မသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဒါ့ပြင် ဂျင်းမှာပါတဲ့ phenolic compounds တွေဟာအစာခြေလမ်းကြောင်း ပြဿနာတွေကို သက်သာစေပြီး တံတွေးနဲ့ သည်းခြေရည်ကို ပိုထွက်စေတယ်လို့ ဆိုပါတယ်။ဂျင်းဟာရာသီလာစဉ်အကောင်းဆုံးဆေးပဲဖြစ်ပါတယ်။ ရာသီစလာလာချင်း ပထမသုံးရက်မှာ ဂျင်း ၁၅၀၀ မီလီဂရမ်ကို သုံးကြိမ်ခွဲပြီး သောက်ခြင်းဟာ ရာသီလာခြင်းကြောင့် နာကျင်မှုကို သက်သာစေတယ်လို့ ဆိုပါတယ်။အမျိုးသမီး ၆၂%ကတော့ ရာသီလာစဉ် ပထမသုံးရက်အတွင်း ginger extract (Zintoma and Goldaru) ကို တစ်နေ့လေးကြိမ် အသုံးပြုခြင်းဟာ ရာသီလာစဉ် နာကျင်မှုကို သိသိသာသာ သက်သာစေတယ်လို့ ဆိုပါတယ်။ဂျင်းဟာ အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ ibuprofen နဲ့ mefenamic acid လိုမျိုး အစွမ်းထက်ပါတယ်။ နာကျင်မှုသက်သာစေတဲ့ အစွမ်းနဲ့ ပတ်သက်ပြီး ဂျင်းဟာကြွက်သားနာကျင်မှုကို ၂၅% သက်သာစေပါတယ်။လေ့လာမှုတွေက ဂျင်းဟာကားမူးခြင်း၊ ပင်လယ်မူးခြင်းတွေအတွက် သက်သာတယ်လို့ သက်သေမပြနိုင်ပေမယ့် လူအတော်များများကတော့ ခရီးမသွားခင် ဂျင်းသောက်ခြင်းဟာ သက်သာတယ်လို့ ဆိုပါတယ်။လေ့လာမှုတစ်ခုက ဂျင်းဟာကားမူးခြင်းကြောင့်ဗိုက်မကောင်းခြင်းကို သက်သာစေတဲ့ ဆေးတစ်မျိုးဖြစ်တဲ့ dimenhydrinate ထက် ပိုကောင်းတယ်လို့ ဆိုပါတယ်။ဂျင်းကို စားခြင်း၊ သောက်ခြင်းဟာ လူအတော်များများအတွက် စိတ်ချရပါတယ်။ ဒါပေမယ့် အချို့အခြေအနေတွေမှာတော့ ဂျင်းဟာ ရင်ပူခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်မကောင်းခြင်း အစရှိတဲ့ ပျော့တဲ့ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။အချို့အမျိုးသမီးတွေက ရာသီ အများကြီးလာခြင်းကို ခံစားရနိုင်ပါတယ်။ ဂျင်းကို လိမ်းဆေးအဖြစ် ခဏတာမှန်ကန်စွာ အသုံးပြုခြင်းဟာလည်း စိတ်ချရတယ်လို့ ယူဆရပါတယ်။ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေမှာတော့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်ကို တိုင်ပင်သင့်ပါတယ်။ ဂျင်းဟာ သွေးရောဂါရှိသူတွေမှာ သွေးထွက်နှုန်းမြင့်စေပြီး နှလုံးရောဂါကို ပိုဆိုးစေနိုင်ပါတယ်။သင့်မှာ ဆီးချိုရှိတယ်ဆိုရင်တော့ သူဟာ အင်ဆူလင်နဲ့ သွေးသကြားဓါတ်ပမာဏကို ထိခိုက်နိုင်တာကြောင့် ဆရာဝန်နဲ့ အရင် တိုင်ပင်သင့်ပါတယ်။ ဆေးပမာဏ ပြောင်းလဲမှုတွေ လိုအပ်နိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-ginger/
ဦးနှောက်သွေးကြောဖောင်းခြင်း ကနေ လေဖြတ်နိုင်ပုံကို လေ့လာကြည့်ရအောင်
သွေးကြောဖောင်းခြင်းဆိုတာ သွေးကြောရဲ့ အားနည်းတဲ့နေရာကနေ ဖောင်းထွက်လာခြင်း ဖြစ်ပါတယ်။ သွေးကြောဟာ ပူဖောင်းလို ဖောင်းလာတယ်လို့ ဥပမာပေးကြပါတယ်။ ဦးနှောက်ရဲ့နက်ရှိုင်းတဲ့နေရာတွေမှာရှိတဲ့ အဓိကသွေးကြောတွေမှာ ဖြစ်တတ်ပါတယ်။ ခွဲစိတ်နေစဉ် သွေးကြောင်ဖောင်းတာကို လိုက်ရှာတဲ့အခါ ဦးနှောက်အသားတွေကို ဂရုတစိုက် ဖယ်ရှားကြည့်ရပါတယ်။ ဦးနှောက်သွေးကြောဖောင်းတာတွေဟာ ဦးနှောက်ရဲ့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်း သွေးလည်ပတ်တဲ့ နေရာတွေမှာ ဖြစ်တတ်ပါတယ်။လူဦးရေရဲ့ ၁.၅ ကနေ ၅ရာခိုင်နှုန်း ခန့်ထိဟာ ဦးနှောက်သွေးကြောဖောင်းခြင်း ဖြစ်နိုင်ခြေ ရှိပါတယ်။ အမေရိကန်ရဲ့ လူဦးရေ ၃ သန်းမှ ၅ သန်း အထိဟာ ဦးနှောက်သွေးကြောဖောင်းခြင်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အများစုဟာ လက္ခဏာ မပြပါဘူး။ ဖြစ်ပွားသူတွေရဲ့ ဝ.၅ ကနေ ၃ ရာခိုင်နှုန်း ခန့်ဟာ သွေးယိုစီးမှု ဖြစ်တတ်ပါတယ်။သွေးကြောဖောင်းသည့်ပမာဏ။ဦးနှောက်သွေးကြောဖောင်းခြင်းဟာ အရွယ်အစား အမျိုးမျိုး ရှိတတ်ပါတယ်။သွေးကြောဖောင်းသည့် အရွယ်အစား၊ နေရာ၊ ပုံသဏ္ဍာန်၊ တယောက်ချင်းစီရဲ့ အန္တရာယ်ဖြစ်နိုင်ခြေ ပေါ်မူတည်ပြီး ကုသပါတယ်။ သွေးကြောအတွင်းပိုင်းမှလည်း ဝင်ရောက် ကုသနိုင်ပါတယ်။ ဦးခေါင်းခွံဖွင့်ပြီးလည်း ကုသရတတ်ပါတယ်။ ကုသမှုပေါ်မူတည်ပြီး နည်းလမ်း၂ခု လိုအပ်ပါတယ်။သွေးကြောဖောင်းခြင်းကို ကုသမှုမပြီးခင်မှာ သွေးယိုစိမ့်နိုင်ခြေရှိပြီး ဦးနှောက်ထိခိုက်မှု ပိုများနိုင်ပါတယ်။ ပုံမှန်သွေးကြောတွေ ပိုထိခိုက်ရင် ဦးနှောက်ကိုပါ ပိုပြီးထိခိုက်နိုင်ပါတယ်။ အဲဒီအခါ ခြေလက်တွေ အားနည်းသွားတာ၊ စကားပြောရခက်တာ၊ နားလည်ရခက်တာ၊ မျက်စိကွယ်တာ၊ မှတ်ဉာဏ်ချို့ယွင်းတာ၊ တက်တာတွေ ဖြစ်တတ်ပါတယ်။ မေ့ဆေး၊ ပိုးဝင်ခြင်း၊ သွေးထွက်ခြင်း၊ ပုံရိပ်ဖော်ဆေးများကြောင့် ကျောက်ကပ်ပျက်စီးခြင်း စတဲ့ အန္တရာယ်ဖြစ်နိုင်ခြေတွေလည်း ရှိပါသေးတယ်။ ဒီဖြစ်နိုင်ခြေတွေ အားလုံးကို ကုသမှုအတွက် ဆုံးဖြတ်ချက်ချဖို့ ထည့်သွင်းစဉ်းစားရပါမယ်။ သွေးကြောဖောင်းတာကို မကုရင် သွေးယိုစိမ့်တာ၊ အရွယ်ကြီးလာတာတွေ ဖြစ်တတ်ပါတယ်။လူများဟာ သွေးကြောဖောင်းရက်နဲ့ မွေးဖွားလာတာ မဟုတ်ပါဘူး။ အများစုဟာ အသက် ၄၀ နောက်ပိုင်းမှာ ဖြစ်လာတတ်ပါတယ်။ မိသားစုဝင်တွေထဲမှာ ဖြစ်နိုင်ပေမယ့် ဖြစ်နိုင်အြေနေအထားတွေနဲ့ မွေးလာကြတာ အတော်ရှားပါတယ်။ တချို့ ဦးနှောက်သွေးကြောဖောင်းခြင်းဟာ ရောဂါပိုးဝင်ခြင်း၊ ဦးနှောက်သွေးကြောကို ထိခိုက်စေသော ဆေးဝါးများသုံးခြင်း၊ ဦးခေါင်းကို တိုက်ရိုက်ထိခိုက်မိခြင်း စတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/%e1%80%a6%e1%80%b8%e1%80%94%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%96%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/
Phlebitis (သွေးပြန်ကြောရောင်ခြင်း)
သွေးပြန်ကြောရောင်ခြင်းကို Phlebitis လို့ခေါ်ပြီး သွေးခဲကြောင့်သွေးပြန်ကြောရောင်ခြင်းကို Thrombophlebitis လို့ခေါ်ပါတယ်။ သွေးပြန်ကြောရောင်ခြင်းဟာ အပေါ်ယံအရေပြား ဒါမှမဟုတ် အောက်ဖက် တစ်သျှူးထဲမှာ ဖြစ်ပါတယ်။အပေါ်ယံ သွေးပြန်ကြောရောင်ခြင်းဟာ အရေပြားအောက်မှာ ဖြစ်ပေါ်ပါတယ်။ ပိုပြီးအောက်ဖက်ရောက်တဲ့ သွေးပြန်ကြောတွေထဲမှာ သွေးခဲကြောင့် သွေးပြန်ကြောရောင်ခြင်းရောင်ခြင်း၊ သွေးခဲပိတ်ဆိုပခြင်းတွေ တွေ့ရတတ်ပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။တွေ့ရများတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။အပေါ်ယံဖြစ်စေ အောက်ပိုင်းဖြစ်စေ သွေးပြန်ကြောရောင်ခြင်းဟာ အဖျားငွေ့ငွေ့ရှိခြင်းနဲ့ ဆက်စပ်နေပါတယ်။ အပြင်းဖျားခြင်း၊ ရောင်တဲ့နေရာက ပြည်ထွက်ခြင်း စတာတွေဟာ ရောဂါပိုးဝင်ခြင်းကြောင့် ဖြစ်ပါတယ်။သွေးပြန်ကြောတလျှောက် အကြောကိုစမ်းမိရင် အပေါ်ယံသွေးခဲခြင်း ဒါမှမဟုတ် အပေါ်ယံသွေးခဲမှုကြောင့် သွေးပြန်ကြောရောင်ခြင်း ဖြစ်ပါတယ်။အောက်ပိုင်းသွေးပြန်ကြောထဲ သွေးခဲရင် သက်ဆိုင်ရာ ခြေလက်တွေဟာ နီရဲနာကျင်နေတတ်ပါတယ်။ ခြေထောက်မှာဆိုရင် လမ်းလျှောက်ရခက်ခဲပါတယ်။အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။အကြောင်းအရာမျိုးစုံရှိပါတယ်။ တချို့ကတော့။အပူလောင်ခြင်း စတာတွေဖြစ်ပါတယ်။အောက်ပါအချက်တွေက မြင်ပတက်စေပါတယ်။ကာလကြာမြင့်စွာ မလှုပ်ရှားဘဲနေခြင်း။ အိပ်ရာထဲ အချိန်ကြာမြင့်စွာ လှဲနေခြင်း၊ ထိုင်နေရခြင်း၊ ခြေထောက်တွင် သွေးစီးဆင်းမှုနည်းပြီး သွေးစုအိုင်လာခြင်း။လှုပ်ရှားမှုနည်းခြင်း၊ ပုံမှန်လေ့ကျင့်ခန်းမလုပ်ခြင်း။အဝလွန်ခြင်း။ဆေးလိပ်သောက်ခြင်း။ကင်ဆာနှင့်သွေးခဲခြင်းပြသနာများဖြစ်ခြင်း။လက်၊ ခြေ ထိခိုက်မှုဖြစ်ခြင်း။ဟော်မုန်းအစားထိုးကုသခြင်း၊ တားဆေးသောက်ခြင်း။ကိုယ်ဝန်ရှိခြင်း။သွေးပြန်ကြောထုံးခြင်း စတာတွေဖြစ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။D-dimer လို့ခေါ်တဲ့ သွေးစစ်ဆေးမှုပြုလုပ်ပါလိမ့်မယ်။ အဖြေဟာ နက်ဂတစ်ဖြစ်ရင်၊ ဖြစ်နိုင်ခြေအကြောင်းအရင်းတွေ မရှိရင် သွေးခဲခြင်း မဖြစ်နိုင်ပါဘူး။အာထရာဆောင်းကနေ သွေးခဲခြင်းရှိမရှိ သိနိုင်ပါတယ်။ အထူးသဖြင့် ပိုကြီးတဲ့ အစွန်ပိုင်း သွေးပြန်ကြောတွေမှာ ဖြစ်ပါတယ်။ လက်ကိုင်ကိရိယာလေးနဲ့ အရေပြားပေါ်ထောက်ပြီး သွေးခဲပိတ်ဆို့တဲ့နေရာကို ရှာဖွေသိရှိနိုင်ပါတယ်။ နာကျင်မှုမရှိတဲ့ စမ်းသပ်နည်းဖြစ်ပါတယ်။တခါတရံမှာ သွေးပြန်ကြောပုံရိပ်ဖော်နည်းနဲ့ ပိုပြီးသေးငယ်တဲ့ သွေးပြန်ကြောတွေမှာ စမ်းသပ်ပါတယ်။ ဆိုးဆေးကို သွေးပြန်ကြောထဲ ထည့်သွင်းပြီး ဓါတ်မှန်ရိုက်ကြည့်ပါတယ်။တိကျတဲ့ဆေးဝါးများနဲ့ ကုသမှုမရှိပါဘူး။ ရက်သတ္တပတ်အနည်းငယ်နေရင် ရောင်တာ လျော့သွားပါလိမ့်မယ်။ အဖုအလုံးဖြစ်ပြီး အရေပြားပေါ်ညိုနေတာကိုတော့ လနဲ့ချီပြီး တွေ့နိုင်ပါတယ်။အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။ခြေထောက်ကိုမြှင့်ထားပါ။ဖိညှပ်အားဖြစ်စေတဲ့ ခြေအိတ်ရှည်များဝတ်ပါ။သွေးလည်ပတ်မှုကောင်းအောင် လှုပ်ရှားတက်ကြွစွာ နေထိုင်ပါ။နာကျင်မှုသက်သာအောင် အေးမြတဲ့ ဖလန်နယ်များ ဝတ်ဆင်ပါ။အရောင်ကျဆေးများသောက်ပါ။ဖြစ်တဲ့နေရာနားကို အရောင်ကျဆေးများလိမ်းပါ။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/other-blood-disorders/phlebitis-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9/
ဆယ်ကျော်သက်နှင့် တုပမှုဖိအား
ဆယ်ကျော်သက်အရွယ်မှာ သင့်ကလေးက သူ့သူငယ်ချင်းတွေရဲ့ အပြုအမူနဲ့ အမူအကျင့်တွေကို တုပချင်တယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ပါ။ တုပမှုဖိအား သို့မဟုတ် တုပမှုလွှမ်းမိုးခြင်းက အမြဲတမ်း ဆိုးရွားတဲ့ လွှမ်းမိုးမှုကိုပဲ ပေးတာမဟုတ်ပေမယ့်လည်း မိဘရော ဆယ်ကျော်သက်အရွယ် သားသမီးတွေအတွက်ပါ စိတ်ပူစရာတွေ ပေးနေတုန်းပါ။ တကယ်လို့ မလိုအပ်တဲ့ လွှမ်းမိုးမှုတွေ ပေါ်ပေါက်လာမယ့်ဆို သူတို့ကို စီမံခန့်ခွဲဖို့ သင်လုပ်ရနိုင်တဲ့ အရာအချို့ကို အောက်မှာ ဖော်ပြထားပါတယ်။တုပမှု ဖိအားဆိုတာ လူတစ်ယောက်က သူ့သူငယ်ချင်းရဲ့အမြင်မှာ သူ့ကို တန်ဖိုးထား လက်ခံအောင် အဲ့သူငယ်ချင်းရဲ့ အပြုအမူတွေကို မသိလိုက်မသိဖာသာ တုပနေခြင်းကို ဆိုလိုတာပါ။ တချို့အခြေအနေတွေမှာ တုပမှုက ရည်ရွယ်ချက်ရှိရှိနဲ့ ပြုလုပ်တာပါ။ တုပမှုဟာ ဆယ်ကျော်သက်တွေရဲ့ အမူအကျင့်တွေအပေါ် အသင်းအဖွဲ့အတွင်း သူတို့ အပြုအမူနဲ့ ခံစားမှုတွေရဲ့ ထိန်းချုပ်မှုက လွှမ်းမိုးထားပါလိမ့်မယ်။သူငယ်ချင်းတစ်ယောက်ရဲ့ လွှမ်းမိုးမှုက တစ်ချိန်တည်းမှာ ကောင်းကျိုးရော ဆိုးကျိုးပါ ဖြစ်နိုင်ပါတယ်။ ဥပမာ သင့်ကလေးက အတန်းဖော်ရဲ့ ကောင်းမွန်တဲ့ ရလဒ် သို့မဟုတ် ဖော်ရွေတဲ့ အမူအကျင့်တွေကို တုပဖို့ ကြည့်တတ်ပါတယ်။ သူတို့ရဲ့ ကျောင်းတွင်းလုပ်ဆောင်မှုတွေဟာ တိုးတက်လာနိုင်ပြီး ဒီကောင်းမွန်တဲ့ သူငယ်ချင်းတွေက ခုဆယ်ကျော်သက်အရွယ်အတွင်း ကြုံရမယ့် အခက်အခဲတွေကို ကျော်လွှားနိုင်အောင် ကူညီပါပေးလိမ့်မယ်။တခြားတစ်ဖက်မှာတော့ မိဘတွေက ဒီတုပမှုဖြစ်စဉ်ရဲ့ ဆိုးကျိုးတွေအတွက် စိတ်ပူပန်နေတတ်ပါတယ်။ သင့်ဆယ်ကျော်သက်ကလေးတွေက သူတို့ကို ခွင့်မပြုတဲ့အရာတွေ စမ်းသပ်လုပ်ဆောင်တတ်ပါတယ်။ ဆေးလိပ်သောက်တာ၊ မူးယစ်ဆေးဝါးသုံးတာ သို့မဟုတ် ရိုင်းပြတဲ့အမူအရာတွေပြုလုပ်လာတာမျိုး စတဲ့ မကောင်းတဲ့ သက်ရောက်မှုတွေ ရလာနိုင်ပါတယ်။သူငယ်ချင်းအပေါင်းအသင်းတွေထဲ ဝင်ဆန့်ဖို့ သင့်ကလေး ပြုလုပ်တတ်တဲ့ အမူအကျင့်တွေကတော့-။– ဆံပင်ပုံစံ၊ အဝတ်အစား သို့မဟုတ် အသုံးအဆောင်တွေကို အပေါင်းအသင်းတွေနဲ့ ဆင်တူဝတ်ဆင်ခြင်း။– ပြောလေ့ပြောထမရှိတဲ့ စကားလုံးတွေရွေးပြီး ထူးထူးဆန်းဆန်း စကားတွေပြောခြင်း။– စည်းကမ်းတွေကို ချိုးဖျက်လိုပြီး အန္တရာယ်များသော အပြုအမူတွေ ပြုလုပ်ခြင်း။– ဂီတနဲ့ ရုပ်ရှင်မှာ အကြိုက်ပြောင်းသွားခြင်း။– စာကြိုးစားမှု ပိုလာခြင်း သို့မဟုတ် စာလုပ်ချင်စိတ် မရှိခြင်း။– ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲခြင်း။– ကျန်းမာရေးထိခိုက်နိုင်တဲ့ လိင်မှုကိစ္စတွေ ပြုလုပ်ခြင်း။ဆယ်ကျော်သက်တွေမှာ တုပမှု ဖိအားက ရရှိတဲ့ မကောင်းတဲ့အမူအကျင့်အများစုက မိဘနဲ့ အဆက်အဆံမရှိလို့ ဖြစ်ကြတာပါ။ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ သင့်ကလေး ဘာလိုအပ်နေတယ်၊ ဘယ်သူတွေနဲ့ အပေါင်းအသင်း ဖြစ်နေဆိုတာတော့ သိပါစေ။ ဒါက သင်နဲ့ သင့်ကလေးကို ပိုမို ရင်းနှီးစေပြီး အဆင်မပြေတဲ့ အခြေအနေတွေကို တစ်ယောက်နဲ့ တစ်ယောက် အသိပေးမျှဝေဖို့ လွယ်ကူစေမှာပါ။သင့်ဆယ်ကျော်သက်အရွယ်ကလေးတွေကို သူတို့မလုပ်ချင်တဲ့ အရာတွေကို ဘယ်လိုအချိန်မှာ ဘယ်လိုငြင်းရမလဲဆိုတာ သူတို့ဖာသာ နားလည်သဘောပေါက်အောင် ကူညီပေးဖို့ အရေးကြီးပါတယ်။ ဥပမာ သင့်ကလေးကို အရက်သောက်ခိုင်းတဲ့အခါ သူမကြိုက်ရင် “ မသောက်ပါရစေနဲ့၊ ကျွန်တော့အသည်းက မကောင်းတော့ သောက်ရင် နေမကောင်းဖြစ်နိုင်လို့ပါ “ လိုမျိုး ယဉ်ယဉ်ကျေးကျေး ငြင်းဆိုစေတာမျိုးပါ။တကယ်လို့ သင့်ကလေးက စိတ်အနှောက်အယှက်ဖြစ်တဲ့ သို့မဟုတ် အန္တရာယ်ရှိတဲ့ အနေအထားမှာ ပိတ်မိနေရင် သင့်ကို ချက်ချင်း ဖုန်းဆက်တာ သို့မဟုတ် စာပို့တာမျိုး လုပ်ဖို့ အကြံဉာဏ်ပေးနိုင်ပါတယ်။သင့်ကလေးက မိသားစုကိစ္စ၊ အားကစား၊ အတန်းအစည်းအဝေး သို့မဟုတ် ဝါသနာတူတွေ အဖွဲ့လိုက် အသိမျှဝေခြင်း၊ လိုမျိုး အပေါင်းအသင်းများများ ကိစ္စအဝဝရှိတယ်ဆိုရင် ဘယ်လိုအစုအဝေးက သူ့ရဲ့ဘဝကို ကောင်းမွန်တဲ့ အထောက်အပံ့ပေးမလဲဆိုတာကို လေ့လာ ရွေးချယ်နိုင်ပါလိမ့်မယ်။ဆယ်ကျော်သက်တွေအတွက် သူတို့ရဲ့ ပင်ကိုဗီဇနဲ့ အပေါင်းအသင်း ဝင်ဆံ့ဖို့ကို ချင့်ချိန်မယ့် နည်းလမ်းတွေ သိရှိဖို့က တော်တော် အရေးကြီးပါတယ်။ မိဘအနေနဲ့ သင့်ကလေးရဲ့ အမူအကျင့်တွေကို စောင့်ကြည့်သင့်ပြီး ကောင်းကောင်းမွန်မွန် ကြီးပြင်းမယ့်လမ်းကြောင်းကို ရွေးချယ်ဖို့ အားပေးကူညီရပါမယ်။ ဆယ်ကျော်သက်ဆိုတာ မတည်ငြိမ်တဲ့ ခံစားမှုနဲ့ အမူအကျင့်တွေ ပြည့်နေတာမို့ ဖိအားတွေ မပေးဖို့ ဂရုပြုပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/mental-health-adolescents/%e1%80%86%e1%80%9a%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%90%e1%80%af%e1%80%95%e1%80%99%e1%80%be%e1%80%af/
လည်ချောင်းနာတာနဲ့ ပတ်သက်တဲ့ အယူအဆအမှားများ
အစားတွေကို စားချင်ပေမယ့်လည်ချောင်းနာမှာစိုးလို့ မစားတော့ပါဘူး။ ဒါစားရင် လည်ချောင်းနာမှာ အအေးခံလို့လည်းမဖြစ်ပြန်ပါဘူး၊ လည်ချောင်းနာလိမ့်မယ်လို့ပတ်ဝန်းကျင်မှာပြောနေတာတွေက တကယ်ရောမှန်ရဲ့လား။ လည်ချောင်းနာတာက စားရသောက်ရလည်းခက် စကားပြောတဲ့အခါမှာလည်း လည်ချောင်းထဲကနာလို့ပြောရဆိုရ အဆင်မပြေဖြစ်တာကြောင့် လည်ချောင်းနာတဲ့ဝေဒနာကိုတွေးပူကြောက်ကြတာကလည်း တကယ်တော့ဖြစ်သင့်ပါတယ်။ဒီတစ်ခေါက်ကတော့ လည်ချောင်းနာစေတယ်လို့ တောက်လျှောက်လက်ခံလာခဲ့တဲ့ အယူအဆတွေက တကယ်မှန်ရဲ့လားဆိုတာပါ။ နည်းနည်းလောက်ဆန်းစစ်ကြည့်ကြမလား။ဆောင်းတွင်းကလည်ချောင်းနာတာကိုဖြစ်စေတယ်– လည်ချောင်းနာတာကိုဖြစ်စေတာက ရာသီဥတုအေးတာတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ လည်ချောင်းနာတာတွေရဲ့ ၉၀ ကနေ ၉၅ ရာခိုင်နှုန်းလောက်က ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့်ဖြစ်တာပါ။ တကယ့်အကြောင်းအရင်းအမှန်ကတော့ဆောင်းရာသီမှာ အအေးမိတာနဲ့ချောင်းဆိုးတာတွေဖြစ်နိုင်ခြေက အမြင့်ဆုံးမှာရှိနေပါတယ်။ ရာသီဥတုအေးတာက အအေးမိဖျားနာတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ပိုမိုတိုးပွားစေတာကြာင့် လည်ချောင်းနာတာ ပိုဖြစ်နိုင်ခြေရှိတာပါ။လည်ချောင်းနာတာကို ကာကွယ်ဖို့ မဖြစ်နိုင်ပါဘူး –လူတော်ေ်တာ်များများက လည်ချောင်းနာတာကို ကြိုတင်ကာကွယ်လို့မရဘူးလို့ လက်ခံယုံကြည်ထားကြပါတယ်။ အမှန်ကတော့ လည်ချောင်းနာတာက ကာကွယ်လို့မရတာမဟုတ်ပါဘူး။ ကာကွယ်ရခက်တာပါ။ လည်ချောင်းနာတာကိုကာကွယ်ချင်တယ်ဆိုရင်တော့ဘက်တီးရီးယားတွေပြန့်နှံ့မှုကို ကန့်သတ်နိုင်အောင်လုပ်ဖို့ပါ။လက်တွေကို သန့်စင်အောင်ဆေးကြောတာ၊ အသုံးပြုမယ့်ပစ္စည်းတွေနဲ့ နေအိမ်ပတ်ဝန်းကျင်မှာ ဘက်တီးရီးယားတွေ ကပ်ညှိနေတာမျိုး မဖြစ်အောင်လုပ်ဆောင်ပြီး လည်ချောင်းနာတာမဖြစ်အောင်ကာကွယ်လို့ရပါတယ်။ကလေးနဲ့ ဆယ်ကျော်သက်တွေက လည်ချောင်းနာဖြစ်ခဲတယ် –တကယ်တော့ ဒီအယူအဆကမှားပါတယ်။ ကလေးငယ်တွေဟာလူကြီးတွေထက်ကိုယ်ခံအားနည်းတာကြောင့် ဘက်တီးရီးယားတွေနဲ့ဗိုင်းရပ်စ်တွေကို ခုခံနိုင်စွမ်းနည်းကြပါတယ်။ ဒါကြောင့် ကလေးတွေမှာ လည်ချောင်းနာဖြစ်နိုင်ခြေက လူကြီးတွေထက်တောင်များပါသေးတယ်။ဆေးလိပ်သောက်တာကြောင့် လည်ချောင်းမနာနိုင်ဘူး –ဆေးလိပ်သောက်တာကြောင့်ဖြစ်ဖြစ် ပတ်ဝန်းကျင်မှာဖြစ်ပေါ်နေတဲ့ မီးခိုးငွေ့တွေကြောင့် လည်ချောင်းနာနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ဆေးလိပ်ငွေ့နဲ့မီးခိုးငွေ့တွေက ရှိရင်းစွဲလည်ချောင်းနာဝေဒနာကို ပိုတောင်ဆိုးစေနိုင်ပါသေးတယ်။ မီးခိုးငွေ့နဲ့ဆေးလိပ်ငွေ့တွေတင်မဟုတ်ပါဘူးအနံ့ခပ်ပြင်းပြင်းတွေက လည်ချောင်းနာတာကိုဖြစ်စေနိုင်သလို ရှိရင်းစွဲ လည်ချောင်းနာဝေဒနာကိုလည်း ပိုဆိုးစေနိုင်ပါတယ်။လည်ချောင်းကို အနွေးဓါတ်ရအောင်ထားပေးရင် လည်ချောင်းနာတာကိုပျောက်ကင်းစေတယ်– လည်ချောင်းနာတဲ့အခါ လည်ပင်းကို အနွေးဓါတ်ရအောင်ထားပေးလိုက်ရင် လည်ချောင်းနာတာပျောက်ကင်းသွားမယ်လို့ ယူဆနေကြပါတယ်။ တကယ်တော့ ဒါက မမှန်ပါဘူး။ လည်ချောင်းနာတဲ့အခါရေနွေးနွေးလေးသောက်ပေးရင် သက်သာတာတော့ အမှန်ပါ။ အမြစ်ပြတ်ပျောက်အောင်တော့ မလုပ်ဆောင်နိုင်ပါဘူး။ အချို့ဆိုရင် လည်ပင်းကိုရေနွေးဝတ်ကပ်ပေးတာမျိုးတောင်ရှိပါတယ်။ ယာယီတော့အနွေးဓါတ်ကြောင့် သက်သာစေပါလိမ့်မယ်။အအေးခံရင် လည်ချောင်းနာလိမ့်မယ်– လူတော်တော်များများက အအေးခံတာကြောင့် ခန္ဓါကိုယ်မှာအဖျားဝင်တာကနေတဆင့် လည်ချောင်းနာတာအထိဖြစ်လာနိုင်ပါတယ်၊လို့ ယူဆနေကြပါတယ်။ တကယ်တော့ အအေးခံတာကြောင့် ခန္ဓါကိုယ်မှာ ဗိုင်းရပ်စ်ကူးစက်ပြီး လည်ချောင်းနာတာမျိုး မဖြစ်နိုင်ပါဘူး။ရောဂါပိုးရှိတဲ့သူဆီကနေတဆင့် ကူးစက်ပြီးပဲ အအေးမိဖျားနာတာကနေတဆင့် လည်ချောင်းနာတာဖြစ်လာရတာပါ။ဖြစ်နိုင်တဲ့အကြောင်းအရင်းတစ်ခုကတော့အေးတဲ့ရာသီဥတုအအေးမိ၊တုပ်ကွေးနဲ့ လည်ချောင်းနာတာကိုဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေပေါက်ဖွားရှင်သန်အောင် အထောက်အပံ့ဖြစ်စေတာပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/%e1%80%9c%e1%80%8a%e1%80%ba%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%ac%e1%80%90%e1%80%ac%e1%80%94%e1%80%b2%e1%80%b7-%e1%80%95%e1%80%90%e1%80%ba%e1%80%9e%e1%80%80/
Testosteroneကျားဟော်မုန်း နည်းခြင်းသည် ကျန်းမာရေးကိုထိခိုက်စေသည်
အမျိုးသားများအသက်ကြီးလာသောအခါ Testosterone(low T) လို့ခေါ်တဲ့ ကျားဟော်မုန်းနည်းလာတတ်တယ်။ အသက်ကြီးလာလေလေ ဟော်မုန်းနည်းလာလေလေဖြစ်တယ်။ အသက်၆၀အရွယ် အမျိုးသားတွေရဲ့ ၂၀ရာခိုင်နှုန်းဟာ ဟော်မုန်းနည်းခြင်းပြသနာနဲ့ ရင်ဆိုင်နေရတယ်။ အသက် ၇၀နှစ်အမျိုးသားတွေရဲ့ ၃၀ရာခိုင်နှုန်း၊ အသက် ၈၀ နှစ်အမျိုးသားတွေရဲ့ ၅၀ရာခိုင်နှုန်းမှာ တွေ့ရတယ်။Testosterone ဆိုတာ အမျိုးသားတွေက ဝှေးစေ့ကထုတ်တဲ့ ဖိုဟော်မုန်းတစ်မျိုးဖြစ်တယ်။ ဒီဟော်မုန်းက အမျိုးသားများအရွယ်ရောက်တဲ့အချိန် လိင်အဂါၤကြီးထွားအောင် လုပ်ပေးတယ်။ အရွယ်ရောက်တဲ့အချိန်တွင် ဒီဟော်မုန်းက ကောင်လေးကနေ အမျိုးသားဖြစ်အောင် လုပ်ပေးတယ်။အမျိုးသားတွေမှာ ဒီဟော်မုန်းကြောင့် အမွှေးအမျှင်ပိုထူလာစေတယ်။ ကြွက်သားတွေ ထွက်လာစေတယ်။ အသံသြလာစေတယ်။ နောက်ပိုင်းတွင် လိင်မှုကိစ္စလုပ်ဆောင်ရန်လည်း ကူညီပေးတယ်။အသက်ကြီးလာတဲ့အခါ testosterone ကျဆင်းတာဟာ ပုံမှန်ဖြစ်တယ်။ ဒါပေမယ့် testosterone ကျစေတဲ့ တခြားအကြောင်းရင်းတွေလည်း ရှိသေးတယ်။ ဝှေးစေ့တွင် ဒဏ်ရာရခြင်း သို့ လိင်အင်္ဂါတဝိုက်ရှိကင်ဆာရောဂါအတွက် ဆေးသွင်းကုသခြင်း သို့ ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်းတို့ကြောင့်လည်း testosterone ကျဆင်းစေနိုင်သည်။ပစ်ကျုထရီဂလင်း(ဦးနှောက်ထဲရှိ ဟော်မုန်းထုတ်တဲ့ အကျိတ်)ရောဂါရခြင်း ၊ စတီးရွိုက်ဆေးများသောက်နေခြင်းတို့ကလည်း testosterone ပမာဏကျဆင်းစေနိုင်တယ်။Testosterone ကျဆင်းခြင်းက သင့်လိင်မှုကိစ္စကို အလွန်သက်ရောက်မှုရှိစေနိုင်တယ်။ testosterone ကျဆင်းခြင်းဟာ သင့်လိင်တံထောင်မတ်မှု နှင့် အချိန်ကြာကြာထိန်းထားနိုင်မှုကို အနှောက်အယှက်ဖြစ်စေနိုင်တယ်။အစပိုင်းတွင် လိင်တံထောင်မတ်မှုအားနည်းခြင်းဖြစ်စေပြီး အချိန်ကြာလာသောအခါ လိင်ဆက်ဆံလိုစိတ်ကင်းမဲ့ခြင်း၊ လိင်ဆက်ဆံတဲ့အချိန်နည်းလာခြင်းတို့ဖြစ်လာနိုင်တယ်။ ထိုသို့ဖြစ်လာလျှင် သင့်နှင့် သင့်အဖော်ကြားက ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိနိုင်တယ်။Testosterone ကျဆင်းခြင်းဟာ သင့်လိင်မှုကိစ္စသာမက ကျန်းမာရေးကိုပါ သက်ရောက်မှုရှိနိုင်တယ်။ ဒါတွေက သတိထားသင့်တဲ့ testosterone ကျဆင်းခြင်းရဲ့ လက္ခဏာတွေဖြစ်တယ်…။Testosterone ကြာရှည်မရှိတဲ့အခါ ကိုယ်ခန္ဓါကို အလွန်ထိခိုက်စေနိုင်တယ်။ Testosterone အလွန်နည်းတဲ့အခါ အရိုးပွစေနိုင်တယ်။ အရိုးပွနေတဲ့လူတွေဟာ ဒဏ်ရာရလွယ်တယ်။ ဒါ့အပြင် Testosterone နည်းခြင်းဟာ နှလုံးရောဂါနှင့် တခြားရောဂါတွေပါ ဖြစ်လွယ်စေတယ်။အကယ်၍ သင်ဟာ လိင်တံထောင်မတ်ဖို့ခက်တဲ့ပြဿ နာ ကြုံတွေ့နေရလျှင် ဆရာဝန်နှင့် ပြသသင့်တယ်။ Testosterone ကျဆင်းတာကို သိဖို့အတွက် သွေးစစ်နိုင်တယ်။Testosterone ဟာ တစ်နေ့ထဲမှာတင် အတက်အကျရှိတဲ့အတွက် ၁ကြိမ်ထပ်ပိုစစ်ဖို့လိုအပ်တယ်။ မနက်ပိုင်းမှာ သွေးစစ်ခြင်းဟာ testosterone ရဲ့ ပမာဏအမြင့်ဆုံးကို သိနိုင်တယ်။Testosterone ကျဆင်းခြင်းကို ပြန်အစားထိုးပြီးကုသနိုင်တယ်။ များသောအားဖြင့် Testosteroneနည်းနေတဲ့ အမျိုးသားတွေဟာ testosterone ဂျယ်ကို သူတို့ရဲ့လက်မောင်း သို့ ပုခုံးမှာကပ်လေ့ရှိတယ်။ အသားထဲသို့လည်းဆေးထိုးနိုင်တယ်။ ကပ်ခွာသုံးပြီး သွေးထဲကို တဖြည်းဖြည်းစိမ့်ဝင်အောင် လုပ်နိုင်တယ်။ဒါ့ပြင် အရေပြားအောက်တွင် ဆေးတောင့်သွင်းနိုင်တယ်။ Testosterone အစားထိုးကုသခြင်းမှာ သောက်ဆေးကို မညွှန်ကြားထားဘူး။ ဆီးကျိတ်ကင်ဆာသမားတွေမှာတော့ testosterone ကအကြိတ်ကို ကြီးစေနိုင်လို့ မသုံးသင့်ဘူး။အသက် ၄၀ကျော် အမျိုးသားတစ်ယောက် testosterone ကျဆင်းနေပါက ဆရာဝန်နှင့် ပြသသင့်ပါတယ်။ ဒါ့ပြင် testosterone ကျဆင်းခြင်းရဲ့ မည်သည့်လက္ခဏာမဆို သတိပြုမိပါက အမြန်ဆုံး ဆရာဝန်နှင့် ပြသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့်ကုသပေးခြင်းများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-hormone-issues/testosterone%e1%80%80%e1%80%bb%e1%80%ac%e1%80%b8%e1%80%9f%e1%80%b1%e1%80%ac%e1%80%ba%e1%80%99%e1%80%af%e1%80%94%e1%80%ba%e1%80%b8-%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%81%e1%80%bc%e1%80%84/
Aplastic Anemia (ရိုးတွင်းချည်ဆီပျက်စီး၍ သွေးအားနည်းခြင်း )
ရိုးတွင်းချည်ဆီပျက်စီး၍သွေးအားနည်းခြင်းဆိုသည်မှာ ခန္ဓါကိုယ်မှ သွေးဆဲလ်အသစ်များထုတ်လုပ်ခြင်း ရပ်တန့်သွားခြင်းဖြစ်ပါတယ်။ ထိုသို့သွေးအားနည်းခြင်းဖြစ်လာလျှင် မောပန်းခြင်း ၊ ရောဂါပိုးများဝင်ရောက်လွယ်ခြင်းနှင့် သွေးထွက်လွယ်ခြင်းတို့ဖြစ်စေပါတယ်။ရိုးတွင်းချည်ဆီပျက်စီးခြင်းလို့သိကြတဲ့ ရိုးတွင်းချည်ဆီပျက်စီးပြီး သွေးအားနည်းခြင်းဟာ ရှားပါးပြီး အမေရိက သွေးဂျာနယ်ရဲ့စစ်တမ်းများအရ နှစ်စဉ် လူတစ်သန်းမှာ ဝ.၇ မှ ၄.၁ ရာခိုင်နှုန်းအထိဖြစ်လေ့ရှိပါတယ်။ ဆီးချိုသွေးချို ၊အစာအိမ်နှင့် ကျောက်ကပ်ရောဂါဌာနမှအချက်အလက်များအရ ထိုရောဂါဟာ ယောက်ျားလေးရော မိန်းကလေးရောတွင် ညီမျှစွာဖြစ်လေ့ရှိပြီး အသက်၂၀ နှင့် ၂၅ ကြား နှင့် အသက် ၆၀ အထက်ပိုင်းများတွင်ဖြစ်တာတွေ့ရပါတယ်။ အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့်ဆက်လက်ဆွေးနွေးသင့်ပါတယ်။အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့……။– မောပန်းခြင်း ၊။– အသက်ရှူမဝ၍ မောနေခြင်း ၊။– နှလုံးခုန်နှုန်းပုံမှန်မဟုတ်ခြင်း သို့ မြန်နေခြင်း ၊။– အသားအရေများ ဖျော့နေခြင်း ၊။– လတ်တလောဖြစ်စေ နာတာရှည်ဖြစ်စေ ရောဂါပိုးကူးစက်ခံရခြင်း ၊။– အကြောင်းရင်းမရှိဘဲသွေးထွက်ခြင်း သို့ သွေးထွက်လွယ်ခြင်း ၊။– နှာခေါင်း ၊ သွားဖုံးများမှသွေးထွက်ခြင်း ၊။– ထိရာ ရှာရာများမှ သွေးအကြာကြီးထွက်နေခြင်း ၊။– အရေပြားပေါ်တွင်အနီကွက်များပေါ်လာခြင်း ၊။– ခေါင်းမူးခြင်း နှင့် ခေါင်းကိုက်ခြင်း တို့ပဲ ဖြစ်ပါတယ်။ရိုးတွင်းချည်ဆီပျက်စီး၍သွေးအားနည်းခြင်းဟာ ရုတ်တရက်ဖြစ်စေ ၊ သီတင်းပါတ်များစွာ လများစွာကြာမှဖြစ်စေ ဖြစ်ပေါ်လာတတ်ပါတယ်။ နာမကျန်းမှုဟာလည်း ခဏတာဖြစ်စေ နာတာရှည်ဖြစ်စေ ကြာမြင့်တတ်ပါတယ်။ ရိုးတွင်းချည်ဆီပျက်စီး၍သွေးအားနည်းခြင်းဟာ အရမ်းပြင်းထန်ပြီး သေတဲ့အထိဖြစ်နိုင်ပါတယ်။အထက်ဖော်ပြပါစာရင်းထဲမှာမပါတဲ့ရောဂါလက္ခဏာများရှိနိုင်ပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ပတ်သတ်ပြိးအသေးစိတ်သိရဖို့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အကယ်၍သင့်မှာအထက်ဖော်ပြပါရောဂါလက္ခဏာများရှိနေပြီဆိုလျှင်တော့ ဆရာဝန်နှင့်ပြသသင့်ပါပြီ။ လူတစ်ယောက်နှင့်တစ်ယောက်မတူညီကြပါဘူး ။ သင့်အတွက်အကောင်းဆုံးသိရှိရဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာအကောင်းဆုံးပါ ။သင့်ရဲ့ရိုးတွင်းချည်ဆီကို ထိခိုက်မှုဖြစ်တဲ့အခါ သွေးဆဲလ်အသစ်ထုတ်လုပ်မှုများ နည်းသွားခြင်း သို့ ရပ်တန့်သွားပြီး သွေးအားနည်းခြင်းဖြစ်ပေါ်လာပါတယ်။ ရိုးတွင်းချည်ဆီကို ယာယီဖြစ်စေ ၊ အမြဲဖြစ်စေ ထိခိုက်မှုဖြစ်စေပြီး သွေးထုတ်လုပ်မှုကိုသက်ရောက်စေတဲ့အရာတွေကတော့ …။–ဓါတ်ရောင်ခြည်နှင့်ဓါတုကုထုံးများ ။ကင်ဆာကိုကုသတဲ့ကုထုံးတွေက ကင်ဆာဆဲလ်များကို သတ်နေစဉ်မှာပဲ ရိုးတွင်းချည်ဆီကဲ့သို့ ကျန်းမာသောဆဲလ်များကိုလည်း ထိခိုက်စေပါတယ်။ ရိုးတွင်းချည်ဆီပျက်စီးပြီးသွေးအားနည်းခြင်းဟာ ထိုကုထုံးတွေရဲ့ ယာယီဘေးထွက်ဆိုးကျိုးမျိုးလည်းဖြစ်နိုင်ပါတယ်။– အန္တရာယ်ရှိသော ဓါတုပစ္စည်းများနှင်ထိတွေ့ခြင်း ။ပိုးသတ်ဆေး ၊ ပေါင်းသတ်ဆေးကဲ့သို့သော အန္တရာယ်ရှိတဲ့ဓါတုပစ္စည်းများနဲ့ထိတွေ့ခြင်းဟာလည်း ရိုးတွင်းချည်ဆီပျက်စီး၍သွေးအားနည်းခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဓါတ်ဆီရဲ့ပါဝင်ပစ္စည်းတစ်ခုဖြစ်တဲ့ ဘန်ဇင်းနဲ့ထိတွေ့ခြင်းဟာလည်း သွေးအားနည်းရောဂါဖြစ်ခြင်းနဲ့ဆက်စပ်နေပါတယ်။ ယခုလိုအကြောင်းများကြောင့် သွေးအားနည်းခြင်းဟာတော့ သင့်ကိုနာမကျန်းဖြစ်စေတဲ့ဓါတုပစ္စည်းများနဲ့ထိတွေ့ခြင်းမှရှောင်ရှားခြင်းဖြင့် ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။–အချို့ဆေးဝါးများအသုံးပြုခြင်း။သွေးလေးဘက်နာကိုကုသရာတွင်အသုံးပြုသောဆေးများနှင့် ပဋိဇီဝပိုးသတ်ဆေးများအသုံးပြုခြင်းဟာလည်း ရိုးတွင်းချည်ဆီပျက်စီးပြီးသွေးအားနည်းခြင်းကိုဖြစ်ပေါ်စေပါတယ်။– မိမိကိုယ်ကိုပြန်တိုက်သည့် ခုခံအားဆိုင်ရာရောဂါများ ။သင့်ရဲ့ခုခံအားစနစ်ဟာ သင့်ရဲ့ကျန်းမာတဲ့ဆဲလ်များကိုပြန်တိုက်တဲ့ ခုခံအားရောဂါတွင်လည်း သင့်ရဲ့ရိုးတွင်းချည်ဆီထဲမှာရှိတဲ့ ပင်မဆဲလ်များပါဝင်နိုင်ပါတယ်။–ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ။အချို့လူများတွင်ဗိုင်းရပ်စ်ကူးစက်ခံရခြင်းကြောင့်လည်း ရိုးတွင်းချည်ဆီပျက်စီး၍သွေးအားနည်းခြင်းဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုသို့ဖြစ်စေနိုင်တဲ့ဗိုင်းရပ်စ်တွေကတော့ hepatitis , Epstein-barr , cytomegalovirus , parovirus B19 , HIV virus တို့ပဲ ဖြစ်ပါတယ်။–ကိုယ်ဝန်ဆောင်ခြင်း။ကိုယ်ဝန်ဆောင်များတွက် ရိုးတွင်းချည်ဆီပျက်စီး၍သွေးအားနည်းခြင်းဖြစ်ရတဲ့ အကြောင်းကတော့ သင့်ရဲ့ခုခံအားစနစ်ဟာ ကိုယ်ဝန်ဆောင်ကာလမှာ သင့်ရဲ့ ရိုးတွင်းချည်ဆီကို ပြန်လည်တိုက်ခိုက်သောကြောင့်ဖြစ်နိုင်ပါတယ်။–အကြောင်းရင်းမသိသောအရာများ ။ကိစ္စတော်တော်များများတွင်တော့ ဆရာဝန်များဟာ ရိုးတွင်းချည်ဆီပျက်စီးပြီးသွေးအားနည်းရခြင်းရဲ့အကြောင်းရင်းကို ကောက်ချက်မချနိုင်ကြပါဘူး။ ထိုအရာမျိုးကို အကြောင်းရင်းမသိသော ရိုးတွင်းချည်ဆီပျက်စီး၍သွေးအားနည်းခြင်းဟု ခေါ်ပါတယ်။ရိုးတွင်းချည်ဆီအားနည်း၍သွေးအားနည်းခြင်းကိုဖြစ်စေတဲ့အရာများစွာရှိပါတယ်။ ထိုအရာတွေကတော့..။– ကင်ဆာအတွက် ဓါတ်ရောင်ခြည်အားများစွာဖြင့်ကုသခြင်း သို့ ဓါတုကုထုံးများဖြင့်ကုသခြင်း ၊။– အန္တရာယ်ရှိသော ဓါတုပစ္စည်းများနှင့်ထိတွေ့မိခြင်း၊။– ဘတ်တီးရီးယားကူးစက်ရောဂါများတွင်သုံးသော chloramphenicol နှင့် လေးဘက်နာရောဂါတွင်သုံးသော gold compounds ကဲ့သို့ဆေးများသုံးစွဲခြင်း။– သွေးနှင့်ဆိုင်သောရောဂါများ ၊ ခုခံအားရောဂါများ နှင့် ပြင်းပြင်းထန်ထန်ကူးစက်ရောဂါကူးစက်ခံရခြင်းများ ၊။– ကိုယ်ဝန်ဆောင်ခြင်း ( ရှားပါး) ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါကိုရှာဖွေစမ်းသပ်ဖို့ ဆရာဝန်ဟာသင့်ကိုအောက်ပါတို့ကို လုပ်ခိုင်းပါလိမ့်မယ်။– သွေးစစ်ခြင်း ။ပုံမှန်အားဖြင့် သွေးနီဥ ၊ သွေးဖြူဥ နှင့် သွေးမွှားတို့ဟာ ပမာဏတစ်ခုအတွင်းမှာရှိပါတယ်။ ထို ၃ မျိုးစလုံးရဲ့ပမာဏဟာ အရမ်းနည်းလာတဲ့အခါမှာ ဆရာဝန်ဟာ ရိုးတွင်းချည်ဆီအားနည်းပြီးသွေးအားနည်းခြင်းကို သံသယရှိပါလိမ့်မယ်။– ရိုးတွင်းချည်ဆီနမူနာယူခြင်း။စစ်ဆေးမှုကို အတည်ပြုရန်သင့်ရဲ့ရိုးတွင်းချည်ဆီနမူနာကိုယူပြီးစစ်ဆေးဖို့လိုပါတယ်။ ထိုလုပ်ငန်းစဉ်တွင် ဆရာဝန်ဟာ အပ်တစ်ချောင်းကိုအသုံးပြုပြီးသင့်ခန္ဓါကိုယ်ရှိ ပေါင်ရိုးကဲ့သို့အရိုးကြီးကြီးတစ်ခုမှရိုးတွင်းချည်ဆီနမူနာကို ယူပါလိမ့်မယ်။ အခြားသွေးနှင့်ဆိုင်သောရောဂါများကိုပါရှာဖွေအတည်ပြုရန် ရိုးတွင်းချည်ဆီနမူနာကို မိုက်ခရိုစကုပ်တွင်ကြည့်ပါလိမ့်မယ်။ ရိုးတွင်းချည်ဆီပျက်စီးပြီးသွေးအားနည်းခြင်းတွင်တော့ ရိုးတွင်းချည်ဆီမှာရှိတဲ့သွေးဆဲလ်ပမာဏဟာ ပုံမှန်ထက်နည်းနေတာကိုတွေ့ရပါလိမ့်မယ်။ရိုးတွင်းချည်ဆီကြောင့်သွေးအားနည်းခြင်းဆိုတာကို အတည်ပြုပြီးတာနဲ့ ဖြစ်စေတဲ့အကြောင်းရင်းကိုသိရဖို့ အခြားစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်ဖို့လိုပါတယ်။ကုသခြင်းအပိုင်းတွင်တော့ အပျော့စားအခြေအနေများအတွက်ကြည့်ရှုစစ်ဆေးနေခြင်း ၊ ပြင်းထန်သောအခြေအနေများတွင်သွေးသွင်းခြင်းနှင့် ဆေးဝါးကုသမှုများပြုလုပ်ခြင်း နှင့် အလွန်ပြင်းထန်သောအခြေအနေများတွင်ရိုးတွင်းချည်ဆီအစားထိုးခြင်းတို့ကိုပြုလုပ်ပါတယ်။ သင့်ရဲ့သွေးဆဲလ်ပမာဏအလွန်အမင်းလျော့နည်းလာတဲ့ပြင်းထန်တဲ့အခြေအနေဟာ အသက်အန္တရာယ်ရှိပြီး ဆေးရုံချက်ချင်းတင်ပြီးကုသဖို့လိုအပ်ပါတယ်။–သွေးသွင်းခြင်း။ရိုးတွင်းချည်ဆီပျက်စီးပြီးသွေးအားနည်းခြင်းကိုကုသရာတွင်သွေးထွက်ခြင်းကိုထိန်းချုပ်ပြီး သွေးအားနည်းခြင်းလက္ခဏာများကိုသက်သာစေဖို့ သွေးသွင်းခြင်းများပြုလုပ်ကြပါတယ်။သွေးသွင်းခြင်းဟာ သွေးအားနည်းခြင်းအတွက်ကုသမှုတစ်ခုမဟုတ်ပါဘူး။ သို့သော်လည်းသင့်ရိုးတွင်းချည်ဆီမှမထုတ်နိုင်တဲ့သွေးဆဲလ်များကိုထုတ်ပေးခြင်းဖြင့်ရောဂါလက္ခဏာများကို သက်သာစေပါတယ်။ အချိန်ကြာလာရင်တော့ ခန္ဓါကိုယ်မှ ပြင်ပမှဝင်လာသောသွေးများကိုတိုက်ခိုက်ရန်ပဋိပစ္စည်းများပေါ်လာပြီးရောဂါလက္ခဏာများကို သက်သာစေရာတွင် အားနည်းသွားကြပါတယ်။ ခုခံအားကိုချပေးသည့်ဆေးများသုံးခြင်းဖြင့်ယခုလိုနောက်ဆက်တွဲပြသနာများကိုသက်သာစေပါလိမ့်မယ်။–ပင်မဆဲလ်အစားထိုးကုသခြင်း။လှူဒါန်းသူဆီမှပင်မဆဲလ်များနှင့်ရိုးတွင်းချည်ဆီကိုပြန်လည်တည်ဆောက်ရန်အစားထိုးကုသခြင်းဟာပြင်းပြင်းထန်ထန်သွေးအားနည်းရောဂါခံစားနေရသူတွေအတွက်တစ်ခုတည်းသောအောင်မြင်တဲ့ကုသမှုတစ်ခုပဲဖြစ်ပါတယ်။ ရိုးတွင်းချည်ဆီအစားထိုးခြင်းလို့ခေါ်တဲ့ပင်မဆဲလ်အစားထိုးခြင်းဟာအသက်ငယ်ပြီးသင့်တော်တဲ့လှူဒါန်းသူ(အထူးသဖြင့်ဆွေမျိုး)ရှိတဲ့လူတွေအတွက်အဓိကကုသတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ပင်မဆဲလ်အစားထိုးခြင်းဟာလည်းအန္တရာယ်များရှိပါတယ်။ သင့်ရဲ့ခန္ဓါကိုယ်ဟာအစားထိုးပစ္စည်းကိုဆန့်ကျင်နိုင်ပြီးနောက်ဆက်တွဲရောဂါများဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်လူတိုင်းဟာတော့ အစားထိုးကုသနိုင်မှာမဟုတ်သလို သင့်တော်တဲ့အလှူရှင်ကိုလည်းရှာတွေ့နိုင်မှာမဟုတ်ပါဘူး။–ခုခံအားချပေးသည့်ဆေးများ ။ရိုးတွင်းချည်ဆီအစားထိုးကုသ၍မရသောလူများ သို့ ခုခံအားရောဂါကြောင့်ရိုးတွင်းချည်ဆီပျက်စီးပြီးသွေးအားနည်းသူများတွင်ခုခံအားချပေးသည့် သို့ ခုခံအားကိုပြောင်းလဲပေးသည့်ဆေးများပါဝင်ပါတယ်။ဥပမာ cyclosporineနှင့် thymocyte globulin ဆန့်ကျင်ဆေးများ ။ ထိုဆေးများဟာ သင့်ရဲ့ရိုးတွင်းချည်ဆီကိုထိခိုက်စေတဲ့ခုခံအားဆဲလ်များကို လျော့နည်းစေပါတယ်။ ထိုအခါသင့်ရဲ့ရိုးတွင်းချည်ဆီဟာပြန်လည်ကောင်းမွန်လာပြီးသွေးဆဲလ်အသစ်များကိုထုတ်လုပ်နိုင်လာပါလိမ့်မယ်။ cyclosporine နှင့် thymocyte globulin ဆန့်ကျင်ဆေးများကို ယှဉ်တွဲအသုံးပြုကြပါတယ်။ methylprednisolone ကဲ့သို့စတီးရိုက်ဆေးများကိုလည်း ထိုဆေးများနှင့်အတူတူပေးလေ့ရှိပါတယ်။ ခုခံအားချသည့်ဆေးများဟာ ရိုးတွင်းချည်ဆီအားနည်း၍သွေးအားနည်းခြင်းကိုကုသရာတွင်အလွန်အသုံးဝင်ပါတယ်။ ဘေးထွက်ဆိုးကျိုးကတော့ ထိုဆေးများဟာ သင့်ရဲ့ခုခံအားစနစ်ကို အားနည်းသွားစေတာပဲ ဖြစ်ပါတယ်။ သင်ထိုဆေးများသောက်သုံးနေခြင်းကိုရပ်တန့်လိုက်တဲ့အခါမှာလည်း သွေးအားနည်းခြင်းဟာပြန်လည်ဖြစ်လာနိုင်ပါသေးတယ်။– ရိုးတွင်းချည်ဆီလှုံ့ဆော်ဆေးများ ။sargramostim (Leukine), filgrastim (Neupogen) and pegfilgrastim (Neulasta), and epoetin alfa (Epogen, Procrit) ကဲ့သို့ဆေးများဟာလည်း ရိုးတွင်းချည်ဆီကို သွေးဆဲလ်အသစ်များထပ်မံထုတ်လုပ်ဖို့လှုံ့ဆော်ပေးပါလိမ့်မယ်။ ထိုဆေးများကို ခုခံအားချသည့်ဆေးများနှင့်ပေါင်းစပ်ပေးလေ့ရှိပါတယ်။– ပိုးသတ်ဆေး ၊ ဗိုင်းရပ်စ်သက်ဆေးများ ။ရိုးတွင်းချည်ဆီပျက်စီးပြီးသွေးအားနည်းခြင်းဟာ သင့်ရဲ့ခုခံအားစနစ်ကိုပါအားနည်းစေပါတယ်။ ထိုအခါသင့်ရဲ့သွေးလမ်းကြောင်းထဲမှာ ရောဂါပိုးတွေကိုသတ်ဖို့ သွေးဖြူဥအနည်းငယ်သာကျန်ရှိပါတော့တယ်။ ထိုအခါ သင့်ကိုရောဂါပိုးများ ဝင်ရောက်ကူးစက်လာနိုင်ပါတယ်။ အဖျားတက်ခြင်းကဲ့သို့ကူးစက်ရောဂါများရဲ့ ပထမရောဂါလက္ခဏာများဖြစ်ကတည်းက ဆရာဝန်နှင့်ပြသသင့်ပါတယ်။ အသက်အန္တရာယ်ပါရှိစေနိုင်တာကြောင့် ကူးက်ရောဂါတွေကို ပိုဆိုးမလာစေရန်လိုပါတယ်။ အကယ်၍သင့်တွင်း ပြင်းထန်တဲ့ရိုးတွင်းချည်ဆီအားနည်းပြီးသွေးအားနည်းခြင်းရှိပါက ဆရာဝန်ဟာ ကူးစက်ရောဂါများမှကာကွယ်ဖို့ ပိုးသတ်ဆေးနှင့် ဗိုင်းရပ်စ်သက်ဆေးများကိုပေးပါလိမ့်မယ်။– အခြားကုသမှုများ ။ ကင်ဆာအတွက်ကုသမှုများကြောင့်ဖြစ်တဲ့ သွေးအားနည်းခြင်းကတော့ ထိုကုသမှုတွေပြီးဆုံးတာနဲ့သက်သာလာလေ့ရှိပါတယ်။ ဆေးများကြောင့်ဖြစ်တဲ့သွေးအားနည်းခြင်းလည်းထိုနည်းလည်းကောင်းပဲဖြစ်ပါတယ်။ သွေးအားနည်းခြင်းရှိတဲ့ကိုယ်ဝန်ဆောင်တွေကတော့ သွေးသွင်းဖို့လိုပါတယ်။ အမျိုးသမီးတော်တော်များများတွင်တော့ ကိုယ်ဝန်နှင့်ဆိုင်တဲ့သွေးအားနည်းခြင်းဟာ ကိုယ်ဝန်ပြီးဆုံးတာနဲ့ပျောက်ကင်းသွားလေ့ရှိပါတယ်။ ထိုသို့မပျောက်ကင်းလျှင်တော့ ကုသမှုလိုအပ်ပါတယ်။ဘယ်လိုနေထိုငိမှုပုံစံပြောင်းလဲခြင်းနဲ့အိမ်တွင်းဆေးနည်းတွေက ရိုးတွင်းချည်ဆီပျက်စီးပြီးသွေးအားနည်းခြင်းကိုသက်သာစေသလဲ။– ဒဏ်ရာရခြင်းနှင့်သွေးထွက်ခြင်းတို့မှရှောင်ရှားနိုင်ရန် အားကစားများနှင့်ဝေးဝေးနေခြင်း၊။– သင့်ရဲ့လက်ကိုမကြာခဏဆေးပေးခြင်း ၊။– တုတ်ကွေးကာကွယ်ဆေးမှန်မှန်ထိုးခြင်း ၊။– တတ်နိုင်သလောက်လူအစုအဝေးများမှရှောင်ရှားခြင်း ၊။– အောက်စီဂျင်နည်းသောနေရာများ သို့ လေယာဉ်ပျံမစီးမီဆရာဝန်နှင့်တွေ့ဆုံးစစ်ဆေးခြင်း ။ ထိုအခြေအနေမျိုးတွင် သွေးအရင်သွင်းရန်လိုအပ်ပါတယ်။အကယ်၍သင့်တွင်မေးခွန်းများရှိသေးပါက အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/anaemia/aplastic-anemia-%e1%82%90%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%81%e1%80%ba%e1%80%8a%e1%80%b9%e1%80%86%e1%80%ae%e1%80%95%e1%80%ba%e1%80%80%e1%80%b9%e1%80%85/
နှလုံးကျန်းမာရေးအတွက် စားသောက်နည်း
တကယ်လို့ သင့်မှာ နှလုံးရောဂါ တစ်ခုခု ဖြစ်နေပြီဆိုရင် သင့်နေ့စဉ် စားသုံးတဲ့ အစားအသောက်တွေဟာ သိပ်အရေးကြီးပါလိမ့်မယ်။ ဘာလို့ဆိုတော့ အဲဒါတွေက သင့်ရောဂါပေါ်မှာ သက်ရောက်မှု ရှိနေလို့ပါပဲ။ ကျန်းမာရေးနဲ့ သင့်တော်တဲ့အစားအသောက်တွေက ကိုလက်စထရောကို ကျစေပြီး သင့်ကို အကျိုးရှိစေပါလိမ့်မယ်။ နှလုံးကျန်းမာရေးအတွက် စားသောက်နည်း အကြောင်းလေး မျှဝေပေးချင်ပါတယ်။နှလုံးကျန်းမာရေးအတွက်စားသောက်နည်းကတော့။လူတိုင်းက အစားအစာကို မျှမျှတတ စားသုံးမှသာ ကျန်းမာရေးအတွက် ကောင်းမွန်မှာ ဖြစ်ပါတယ်။ ဒီလိုစားသုံးနိုင်ဖို့ အဓိက နားလည်ရမှာကတော့ အစားအစာ အုပ်စုတွေပဲ ဖြစ်ပါတယ်။ သင့်စားသောက်မှု ပုံစံကို ပြင်ဆင်မယ်ဆိုရင် အောက်ပါ အစားအစာအုပ်စုတွေကို စဉ်းစားသင့်ပါတယ်။သစ်သီးများနဲ့ အသီးအရွက်များ၊ ဆန်၊ အာလူး၊ ပေါင်မုန့်နဲ့ ပါစတာကဲ့သို့သော ကစီဓာတ် ကြွယ်ဝတဲ့ အချို့အစားအစာများကို သင့်တင့်မျှတအောင် စားပါ။ ဒါ့အပြင် နှံစားသီးနှံ အမျိုးအစားတွေကိုလည်း ရွေးချယ် စားသုံးသင့်ပါတယ်။နို့နဲ့ နို့ထွက် ပစ္စည်းများ၊ ငါးအချို့၊ ဥများ၊ အသား၊ ပဲနဲ့ အခြားသော အသားဓာတ်များကို ပုံမှန်ပမာဏ တစ်ခုပါဝင်အောင် စားပါ။အဆီဓာတ်နဲ့ သကြားဓာတ်မြင့်မားသော အချို့ အစားအသောက်များကို အလွန်အကျွံစားသုံးခြင်းမှ ရှောင်ကြဉ်ပါ။ကျန်းမာရေးအတွက် စားသုံးဖို့ သင့်နေ့စဉ် အစားအစာထဲမှာ အသီးအရွက် ငါးမျိုးလောက် ပါသင့်ပါတယ်။ အသီးအရွက်တွေဟာ လတ်ဆတ်တာ၊ အေးခဲထားတာ၊ ခြောက်နေတာ၊ ဆီသွပ်ဗူးနဲ့ ထည့်ထားတာတွေလည်း ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေပဲ ဖြစ်ပါတယ်။အသီးဖျော်ရည်ကို လုံးဝ မချိုအောင် ဖျော်ပြီး ပဲခြောက်နဲ့ ပဲစိမ်းများကိုလည်း ထည့်ဖျော်နိုင်ပါတယ်။တခါစား ပမာဏက ၈၀ ဂရမ် သို့မဟုတ် ၃ အောင်စလောက် ဖြစ်ပါတယ်။ ဥပမာ –။သင်ဘာတွေ ဘယ်လောက်စားသလဲဆိုတာကလည်း အရေးကြီးပါတယ်။ သင်စားမယ့် ပမာဏနဲ့ သင့်တော်တဲ့ ပန်းကန်တစ်ခုခုကို ရွေးချယ်ပါ။ အသီးအရွက်တွေလို အာဟာရပြည့်ဝပြီး ကယ်လိုရီနည်းတာတွေ များများစားပါ။ ပြုပြင်ထားပြီး အလွယ်စားလို့ ရတဲ့ အစားအသောက်လို၊ ဆိုဒီယမ် ဆားဓာတ်နဲ့ ကယ်လိုရီ မြင့်မားတဲ့ အစားအသောက်တွေကို နည်းနည်းပဲ စားပါ။ သင်စားတဲ့ အစားအသောက် ပုံစံက သင့်နှလုံး ကျန်းမာရေးနဲ့ ခါးဆိုဒ်ကို အကျိုးသက်ရောက်မှု ဖြစ်စေတာကို အမြဲသတိရပါ။သင်စားမယ့် ပမာဏကို ခွက်၊ အောင်စ၊ အရေအတွက်တွေနဲ့ တိုင်းတာပါ။ ဥပမာ ပါစတာတစ်ပွဲက ခွက်တစ်ဝက်ခန့်၊ အသား ငါး ကြက်သားတစ်ပွဲက ၂-၃ အောင်စ စသဖြင့် တိုင်းတာပါ။ ပိုလွယ်အောင် သုံးနေကျ ခွက်တွေ ဇွန်းတွေကို အသုံးပြု တိုင်းတာဖို့ လိုပါမယ်။အသီးအရွက်တွေဟာ ဗီတာမင်နဲ့ သံဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ အသီးအရွက်တွေဟာ ကယ်လိုရီနည်းပြီး အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ အသီးအရွက်တွေမှာ နှလုံးရောဂါကို ကာကွယ်တဲ့ ဓာတ်တွေ ပါဝင်ပါတယ်။ အသီးအရွက် များများစားခြင်းက အဆီများတဲ့ အသား၊ ချိစ်နဲ့ သွားရည်စာတွေ လျှော့စားဖြစ်အောင် ကူညီပါလိမ့်မယ်။အသီးအရွက်တွေဟာ ဟင်းချက်ရာမှာလည်း အဓိကကျတဲ့ ပါဝင်ပစ္စည်းတွေ ဖြစ်ပါတယ်။ အရွက်သုပ်တွေ၊ အသီးအရွက် မွှေကြော်တွေလိုမျိုး ချက်စားနိုင်ပါတယ်။နှံစားသီးနှံတွေဟာ သွေးပေါင်ကျစေပြီး နှလုံးကျန်းမာရေးကို ကောင်းစေပါတယ်။ နှလုံးကျန်းမာရေးအတွက် အစားအသောက်ကို ရွေးချယ်မယ်ဆိုရင် ပြုပြင်ထားတဲ့ နှံစားသီးနှံတွေအစား ရိုးရိုးနှံစားသီးနှံတွေကို ရွေးချယ်စားသုံးသင့်ပါတယ်။သွေးတွင်း ကိုလက်စထရောပမာဏ မြင့်မားခြင်းက သွေးကြောတွေအတွင်းမှာ သွေးခဲတွေကို ဖြစ်ပေါ်စေပြီး နှလုံးအမောဖောက်ခြင်းနဲ့ လေဖြတ်ခြင်း အန္တရာယ်ကို မြင့်မားစေပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေကို ရှောင်ကြဉ်သင့်ပါတယ်။နှလုံးကျန်းမာရေးအတွက် စားသောက်နည်း အကြောင်းလေးကို သေချာ သိရှိသွားပြီဆိုတော့ လိုက်နာ လုပ်ဆောင်ဖို့ အကြံပြုပါရစေနော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/eating-habits-for-heart-health/
Bleeding disorder (သွေးမတိတ်ရောဂါ)
သင့်ခန္ဓါကိုယ်ကသွေးတွေ ပုံမှန်အတိုင်း ခဲမသွားနိုင်တဲ့ အခြေအနေမျိုးကို သွေးမတိတ်ရောဂါလို့ ခေါ်ပြီး သွေးခဲခြင်းဆိုတာကတော့ သွေးရည်ဘဝကနေ သွေးခဲအဖြစ်ပြောင်းလဲသွားတဲ့ ဖြစ်စဉ်ကိုဆိုလိုပါတယ်။ သင်ထိခိုက်ဒါဏ်ရာရတဲ့အခါ ခန္ဓါကိုယ်ထဲကနေ သွေးပမာ အမြောက်အများ ဆုံးရှုံးခြင်းကို ကာကွယ်ဖို့အတွက် သင့်သွေးတွေဟာ စတင်ပြီး ခဲပေးရပါတယ်။ ဒါပေမယ့် အကြောင်းတစုံတရာကြောင့် ပုံမှန်အတိုင်း သွေးမခဲနိုင်တဲ့အခါ ပမာဏများပြားစွာ သွေးထွက်လွန်ခြင်း၊ကြာရှည်စွာ သွေးထွက်ခြင်းတို့ ဖြစ်ပေါ်လာပါတော့တယ်။ သွေးမတိတ်နိုင်ခြင်းဟာ ခန္ဓါကိုယ်ရဲ့ အပြင်ဖက်မှာရော၊အတွင်းဖက်မှာပါ ဖြစ်ပေါ်လာနိုင်ပါတယ်။ အချို့သော သွေးမတိတ်ရောဂါတွေကြောင့် သင့်ခန္ဓါကိုယ်ထဲက သွေးအများအပြား ဆုံးရှုံးရနိုင်ပါတယ်။ သွေးမတိတ်ခြင်းဟာ အရေပြားအောက်မှာ ဖြစ်ပေါ်တတ်သလို ဦးနှောက်ကဲ့သို့သော အဓိကအင်္ဂါအစိတ်အပိုင်းတွေမှာလည်း ဖြစ်ပေါ်တတ်ပါသေးတယ်။အဖြစ်အများဆုံး သွေးမတိတ်ရောဂါတွေကတော့ အောက်ပါအတိုင်း ဖြစ်ကြပါတယ်။Von Willebrand’s ရောဂါကတော့ အဖြစ်အများဆုံး မွေးရာပါ သွေးမတိတ်ရောဂါ ဖြစ်ပါတယ်။ သွေးခဲခြင်းကို ကူညီပေးတဲ့ Von Willebrand factor လို့ခေါ်တဲ့ ပစ္စည်းလေးတမျိုး မရှိခြင်းကြောင့် ဒီရောဂါဖြစ်ပေါ်လာရပါတယ်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။သွေးမတိတ်ရောဂါရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။သွေးမတိတ်ရောဂါရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေဟာ ရောဂါအမျိုးအစားပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။အဖြစ်အများဆုံး လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဘာတွေက သွေးမတိတ်ရောဂါ ဖြစ်ပွားစေသလဲ။သင့်ခန္ဓါကိုယ်ထဲက သွေးတွေခဲသွားဖို့အတွက် သွေးမွှားဥတွေနဲ့ သွေးခဲစေတဲ့ ပရိုတင်းတွေ လိုအပ်ပါတယ်။ တကယ်လို့ သင့်မှာ သွေးမတိတ်ရောဂါရှိနေတယ်ဆိုရင် သွေးမွှားဥ ဒါမှမဟုတ် သွေးခဲစေတဲ့ ပရိုတင်းတွေ လုံလုံလောက်လောက် မရှိဘူး ဒါမှမဟုတ် ပုံမှန်ပမာဏရှိသော်ငြား ကောင်းစွာ အလုပ်မလုပ်ဘူးဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ သွေးမတိတ်ရောဂါအများစုဟာ မျိုးရိုးလိုက်ပြီး မိဘကနေ သားသမီးဆီကို လက်ဆင့်ကမ်းပါတယ်။ ဒါပေမယ့် အသည်းရောဂါကဲ့သို့သော အခြေအနေတွေကြောင့်လည်း အချို့သော သွေးမတိတ်ရောဂါအမျိုးအစားတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။အောက်ပါအချက်တွေကြောင့် သွေးမတိတ်ရောဂါ ဖြစ်လာနိုင်ပါတယ်။သွေးခဲတဲ့ဖြစ်စဉ်ကို အနှောင့်အယှက်ပေးတဲ့ ဆေးဝါးတွေကိုတော့ သွေးကျဲဆေးလို့ခေါ်ပါတယ်။အသေးစိတ်အချက်အလက်တွေသိနိုင်ဖို့ ဆရာဝန်နဲ့ ဆက်လက်ဆွေးနွေးပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သွေးမတိတ်ရောဂါ ဟုတ်မဟုတ်ကို အဖြေရှာအတည်ပြုနိုင်ဖို့အတွက် ဆရာဝန်အနေနဲ့ သင့်ရောဂါလက္ခဏာတွေရယ်၊ရောဂါရာဇဝင်တွေရယ်ကို မေးမြန်းပါလိမ့်မယ်။ လိုအပ်တဲ့ စမ်းသပ်မှုတွေကိုလည်း ပြုလုပ်မှာပါ။ ဆရာဝန်နဲ့ ပြသတဲ့အချိန်မှာ အောက်ပါအချက်တွေကို မမေ့မလျော့ပြောပြပါ။သွေးမထွက်ခင် ဘာတွေလုပ်နေလဲ စသဖြင့်ပေါ့။အချက်အလက်တွေ စုဆောင်းပြီးတဲ့အခါ ရောဂါကို ပိုမိုတိကျစွာ အဖြေထုတ်နိုင်ဖို့အတွက် သွေးစစ်ဆေးမှုတွေကို ပြုလုပ်ဖို့ သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ အဆိုပါ သွေးစစ်ဆေးမှုတွေကတော့ အောက်ပါအတိုင်း ဖြစ်ကြပါတယ်။သွေးထွက်နေတာကို တိတ်ဖို့အချိန်ဘယ်လောက်ကြာသလဲဆိုတာကို တိုင်းတာခြင်း။သွးမတိတ်ရောဂါအမျိုးအစားနဲ့ ပြင်းထန်မှုတို့အပေါ်မူတည်ပြီးတော့ ကုသမှုပုံစံတွေ ကွဲပြားပါလိမ့်မယ်။ ကုသလိုက်လို့ ရောဂါအရှင်းမပျောက်သွားနိုင်ဘူးဆိုပေမယ့် ဆက်စပ်ရောဂါလက္ခဏာတွေကိုတော့ သက်သာသွားစေမှာပါ။ံဓါတ်အားဖြည့်ဆေးဝါးများ သုံးစွဲခြင်း။သွေးအလွန်အကျွံထွက်တာကြောင့် သင့်ခန္ဓါကိုယ်က ဆုံးရှုံးသွားတဲ့ သံဓါတ်ကို ပြန်လည်ဖြည့်ပေးဖို့အတွက် သံဓါတ်အားဖြည့်ဆေးဝါးတွေ သုံးစွဲဖို့ သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ သံဓါတ်လျော့နည်းခြင်းကြောင့် သွေးအားနည်းရောဂါဖြစ်စေနိုင်တဲ့အတွက်ပါ။ သွေးအားနည်းရောဂါဖြစ်လာပြီဆိုရင် သင့်အနေနဲ့ အားနည်းခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊မူးဝေထိုင်းမှိုင်းခြင်းတို့ကို ခံစားရမှာ ဖြစ်ပါတယ်။ သံဓါတ်အားဖြည့်ဆေးဝါးတွေ သုံးစွဲရုံနဲ့ ရောဂါလက္ခဏာတွေ မသက်သာလာဘူးဆိုရင်တော့ သွေးသွင်းကုသမှုခံယူရပါမယ်။သွေးသွင်းကုသခြင်း။ဆုံးရှုံးသွားတဲ့ သွေးတွေကို သွေးလှူရှင်ဆီက သွေးအကူအညီနဲ့ ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ဒါပေမယ့် သွေးလက်ခံမယ့်လူနဲ့ သွေးလှူမယ့်လူတို့ရဲ့ သွေးအုပ်စုတွေ တူညီရပါမယ်။ ဒါမှသာ မလိုလားအပ်တဲ့ ပြဿနာတွေကနေ ရှောင်ရှားနိုင်မှာပါ။ သွေးသွင်းကုသခြင်းကို ဆေးရုံမှာပဲ ပြုလုပ်ရပါမယ်။အခြားကုသမှုများ။အချို့သော သွေးမတိတ်ရောဂါတွေကို လိမ်းဆေး သို့မဟုတ် နှာခေါင်းတွင်းဖြန်းဆေးတွေကို အသုံးပြုပြီး ကုသပေးနိုင်ပါတယ်။ ဟေမိုဖီးလီးယား သွေးမတိတ်ရောဂါကိုတော့ သွေးခဲစေတဲ့ ပစ္စည်းလေးတွေကို အစားထိုးပေးခြင်းအားဖြင့် ကုသနိုင်ပါတယ်။ အဆိုပါ သွေးခဲစေတဲ့ ပစ္စည်းလေးတွေကို သွေးကြောထဲ ထိုးသွင်းရမှာပါ။ ဒီလိုထိုးသွင်းပေးခြင်းအားဖြင့် သွေးအလွန်အကျွံထွက်ခြင်းကို ကာကွယ်နိုင်၊ထိန်းချုပ်ပေးနိုင်ပါလိမ့်မယ်။ တကယ်လို့ သင်ဟာ သွေးခဲစေတဲ့ ပစ္စည်းလေးတွေ ချို့တဲ့နေမယ်ဆိုရင် လတ်ဆတ်တဲ့သွေးရည်ကြည်ကိုလည်း သွင်းပေးနိုင်ပါတယ်။ လတ်ဆတ်တဲ့ သွေးရည်ကြည်မှာ သွေးခဲဖို့အတွက် အရေးတကြီးလိုအပ်တဲ့ ပရိုတင်းနှစ်မျိုးဖြစ်တဲ့ factors V နဲ့VIII တို့ ပါဝင်ကြပါတယ်။ သွေးသွင်းကုသခြင်းကို ဆေးရုံမှာပဲ ပြုလုပ်ရမှာပါ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက သွေးမတိတ်ရောဂါကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/hemophilia/bleeding-disorder-%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%99%e1%80%90%e1%80%ad%e1%80%90%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab/
စမုန်စပါး (Caraway)
ပဲဟင်းတွေ အသားဟင်းတွေထဲမှာ ထည့်ချက်လေ့ရှိတဲ့ စမုန်စပါး (Caraway) အကြောင်းလေး ပြောပြပေးချင်ပါတယ်။ စမုန်စပါးကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ သုံးသလို တိုင်းရင်းဆေးတွေ၊ ပရဆေးတွေမှာလည်း အသုံးပြုလေ့ ရှိပါတယ်။စမုန်စပါးရဲ့ အဆီ၊ အသီးနဲ့ အစေ့များကို ဆေးအဖြစ်သုံးကြပါတယ်။ စမုန်စပါး (Caraway) ကို အခုလိုမျိုး အစာခြေစနစ် ပြဿနာတွေ သက်သာစေဖို့ အသုံးပြုကြပါတယ်။ဒါ့ပြင် စမုန်စပါးအဆီကို ချွဲပျော်စေဖို့အတွက်လည်း သုံးကြပါတယ်။ ဆီးရွှင်စေရန်၊ ကိုယ်တွင်းရှိ ဘက်တီးရီးယားများကို သေစေရန်၊ ဝမ်းချုပ်ခြင်းကိုသက်သာစေရန်လည်း သုံးကြပါတယ်။အမျိုးသမီးတွေ ရာသီလာစေဖို့၊ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းများ သက်သာစေဖို့အတွက် စမုန်စပါးဆီကို အသုံးပြုကြပါတယ်။ နို့တိုက်မိခင်တွေ နို့ထွက်များစေဖို့ အသုံးပြုကြတာမျိုးလည်း ရှိပါတယ်။လေပြွန်ရောင်ခြင်းအတွက် ပလုတ်ကျင်းဆေးအဖြစ် သုံးနိုင်သလို သွေးလည်ပတ်မှု ကောင်းစေရန် အရေပြားလိမ်းဆေးအဖြစ်ပါ သုံးကြပါတယ်။ဒီဆေးဖက်ဝင်အပင်ထွက်ပစ္စည်းအတွက် လုံလောက်တဲ့ လေ့လာမှုမျိုးမရှိသေးပါ။ ဒီထက်ပိုသိလိုသည်များရှိပါက ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးဆရာများနဲ့ ဆွေးနွေးပါ။ တချို့သော လေ့လာမှုများအရ စမုန်စပါးအဆီက။စမုန်စပါးက ခွဲစိတ်ကုသမှုများ ပြုလုပ်နေချိန်နဲ့ ပြုလုပ်ပြီးနောက်မှာ သွေးတွင်းသကြားပမာဏကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် ခွဲစိတ်ကုသမှုခံယူရန်ရှိပါက ၂ပတ်ကြိုပြီး စမုန်စပါးပါတဲ့ ဆေးတွေကို ရပ်ထားရပါမယ်။နေရောင်တိုက်ရိုက်မထိစေရန်၊ စိုထိုင်းမှုမရှိစေရန် ဂရုစိုက်ပါ။ သတ္တုဗူး၊ ဖန်ဗူးများနဲ့ သိမ်းဆည်းပါ။စမုန်စပါးကို စိတ်ချလက်ချသုံးနိုင်ရန်အတွက် လေ့လာမှုများ ထပ်လိုပါသေးတယ်။ အသုံးမပြုမီ ဒီအပင်ထွက်ဆေးကို သုံးပြီး ရရှိလာမယ့် ကောင်းကျိုးဆိုးကျိုးကို ချိန်ဆနိုင်ဖို့ ဆရာဝန် ဒါမှမဟုတ် တိုင်းရင်းဆေးဝါးပညာရှင်များနဲ့ ဆွေးနွေးပါ။သားအိမ်ကြွက်သားပျော့စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မသုံးသင့်ပါ။ နို့တိုက်မိခင်များနဲ့ ကလေးတွေကတော့ စိတ်ချရတဲ့ သုသေတနရလဒ်တွေ မရှိမချင်း ဆေးအဖြစ် မသုံးသင့်ပါ။စမုန်စပါးကို peppermint အဆီနဲ့ တွဲသုံးရင် ရင်ပြည့်ခြင်း၊ ရင်ပူခြင်း၊ ပျို့ခြင်းများ ဖြစ်တတ်ပါတယ်။ လိမ်းဆေးအဖြစ်သုံးပါက ဓာတ်မတည့်တဲ့သူတွေမှာ အရေပြားအကွက်ထခြင်း၊ ယားယံခြင်းများ ဖြစ်နိုင်ပါတယ်။ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးဝါးပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ဒါ့ပြင် လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။စမုန်စပါးက သွေးတွင်းသကြားဓာတ်ကို ကျစေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုလူနာတွေ စမုန်စပါးသုံးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို သေချာဂရုစိုက်ရပါမယ်။ ဆီးချိုအတွက် သောက်သုံးတဲ့ ဆေးပမာကဏကို လိုအပ်ရင် ပြန်ချိန်ဖို့ လိုပါတယ်။အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။ရင်ပူခြင်းကို ကုသရန်အတွက် ပုံမှန်ဆေးပမာဏမှာ စမုန်စပါးဆီ ၅၀ – ၁၀၀ မီလီဂရမ်အား Peppermint ဆီနဲ့ တွဲဖက်သုံးနိုင်ပါတယ်။ လိုအပ်တဲ့ ဆေးပမာဏက တစ်ဦးနဲ့ တစ်ဦးမတူနိုင်ပါ။ သောက်သုံးရမယ့် ပမာဏက အသက်၊ ကျန်းမာရေးအခြေအနေနဲ့ တခြားအချက်တွေအပေါ် မူတည်ပါသည်။ အပင်ထွက်ဆေးပစ္စည်းတွေက အမြဲတမ်းစိတ်ချရတာ မဟုတ်ပါဘူး။ ဒါကြောင့် သင်နဲ့ သင့်တော်တဲ့ ဆေးပမာဏသိဖို့အတွက် ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးဝါးပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။စမုန်စပါးကို လက်ဖက်ရည်၊ ဆေးတောင့်၊ အဆီ၊ အစေ့၊ စမုန်စပါးရည်၊ အမှုန့်၊ ပေါင်းရည်အဖြစ် ရရှိနိုင်ပါသည်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/caraway-benefits/
Broken facial bone (မျက်နှာအရိုးကျိုးခြင်း)
မျက်နှာအရိုးကျိုးခြင်း ဆိုတာ မျက်နှာမှာရှိတဲ့ အရိုးတခုခု ကျိုးခြင်းဖြစ်သည်။ နှာခေါင်း ပါးအရိုး မျက်လုံးနားကအရိုး နှင့် မေးရိုးတို့ပါဝင်သည်။များသောအားဖြင့် ထိခိုက်မိသောကြောင့်ဖြစ်တတ်သည်။ဥပမာ မော်တော်ကားတိုက်ရင်း အားကစားလုပ်ရင်းတိုက်မိခြင်း ပြုတ်ကျခြင်း သို့မဟုတ် ရန်ဖြစ်ခြင်းတို့ကြောင့်ဖြစ်တတ်သည်။ တစ်ခါတရံတွင် မျက်နှာရှိအရိုးများအားနည်းခြင်းသည် သွားနှင့်ပတ်သက်သော လုပ်ဆောင်မှုများကြောင့်လည်းဖြစ်နိုင်သည်။ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ကျိုးသောမျက်နှာအရိုးပေါ်မူတည်၍ လက္ခဏာများမတူနိုင်ပါ။ အချို့သောလက္ခဏာ ဥပမာ နာခြင်း ရောင်ခြင်း နှင့် အညိုအမဲစွဲခြင်း တို့သည်အရိုးကျိုးခြင်းလက္ခဏာများဖြစ်သည်။အဓိကမျက်နှာအရိုးကျိုးခြင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။မျက်လုံးနေသော အရိုးပါဝင်သည်။ တုံးသောအရာ ဥပမာ ဘောလုံး မျက်လုံးအားရိုက်မိသောကြောင့်ဖြစ်သည်။အဓိကလက္ခဏာမှာ ရောင်ခြင်းသို့မဟုတ် ပုံသဏ္ဍာန်မမှန်ခြင်းတို့ဖြစ်တတ်သည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။မျက်နှာရိုးကျိုးပါက ဆရာဝန်နဲ့သွားတွေ့သင့်သည်။ အချို့သော အရိုးကျိုးခြင်းက အသက်အန္ထရာယ်ရှိနိုင်သည်။ အချို့က ပြန်မကောင်းနိုင်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ အသက်ရှူလမ်းကြောင်း အာရုံကြောစနစ် သို့မဟုတ် အမြင် ပြဿနာများဖြစ်နိုင်သည်။မျက်နှာထိခိုက်ဒဏ်ရာရပါက မျက်နှာအရိုးကျိုးနိုင်သည်။ မော်တော်ကား မော်တော်ဆိုင်ကယ် သို့မဟုတ် စက်ဘီး မတော်မဆမှုများကြောင့်ဖြစ်တတ်သည်။ ထိုအပြင် အားကစား ဥပမာ ဘေ့စ်ဘော ဘောလုံးကစားခြင်းများမှ ထိခိုက်ခြင်းကြောင့်လည်းဖြစ်နိုင်သည်။ မေးရိုးကျိုးခြင်း သည် မျက်နှာကိုတိုက်ရိုက်တိုက်ခိုက်ခံရခြင်းကြောင့်လည်းဖြစ်နိုင်သည်။အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။စမ်းသပ်မှုများကို အရိုးကျိုးသောပုံစံအပေါ်မူတည်၍လုပ်လိမ့်မည်။ မျကိနှာတွင် ရောင်ခြင်း နာခြင်းရှိပါက ဆရာဝန်မှစမ်းသပ်လိမ့်မည်။ လှုပ်ရှားနိုင်စွမ်းရှိမရှိကိုလည်း စမ်းသပ်လိမ့်မည်။ ဓါတ်မှန်ရိုက်ဖို့လိုအပ်နိုင်သည်။ အချို့စမ်းသပ်ချက်များက အရိုးကျိုးမှုကိုသိသိသာသာပြနိုင်သည်။မျက်နှာကျိုးခြင်းက ပုံမှန်ပုံစံအတိုင်းထားပါကသူ့ဟာသူသက်သာသွားနိုင်သည်။အရိုးကျိုးခြင်းပြင်းထန်ပါက ကုသမှုလိုအပ်နိုင်သည်။ အောက်ပါတို့ကိုလိုအပ်နိုင်သည်။ပုံမှန်နေရာသို့ ကျိုးနေသောအရိုးကိုပြန်တည့်ထားသည်။ နှာခေါင်းအရိုးကျိုးခြင်းတွင်ပိုသုံးတတ်သည်။ ခွဲစိတ်မှုတော့မလိုတတ်ပါ။ လိုအပ်ပါကဆရာဝန်နှင့်တိုင်ပင်ပါ။နှာခေါင်းတွင်းရှိလေအိတ် နှင့် မျကိလုံးအိမ်တို့အား ကြည့်ရန်သုံးသည်။ ထိုမှန်ပြောင်းတွင် ပြွန်အရှည် နှင့် မှန်ဘီလူး အလင်းတို့ပါဝင်သည်။ အပေါ်သွားဖုံးနှင့် နှုတ်ခမ်း ပါးရိုးအနောက်ဘက်ရှိ လေအိတ်အတွင်းတို့ထည့်သည်။ဦးခေါင်းခွံတွင် အနည်းငယ်ခွဲပြီး သို့မဟုတ် နဖူးအနောက်ရှိ လေအိတ်အတွင်းကိုလည်းထည့်နိုင်သည်။ မှန်ပြောင်းကြည့်ချိန်တွင် ကျိုးနေသောအရိုးငယ်အားလည်းဖယ်နိုင်သည်။ အချို့သောကိရိယာများဖြင့် အရိုးကျိုးမှုအားထောက်ပံ့နိုင်သည်။ရင်ကျပ်ပျောက်ဆေး။ ရင်ကျပ်ပျောက်ဆေးကနှာခေါင်းနှင့် အရိုးတွင်းရှိလေအိတ်များရောင်ခြင်းကိုသက်သာစေသည်။အသက်ရှူခြင်းကိုကူညီနိုင်သည်။အနာသက်သာစေသောဆေး။ အနာသက်သာရန်ဆေးပေးနိုင်သည်။ ဆေးမသောက်ခင် အရမ်းနာသည်အထိမစောင့်ပါနှင့်။စတီးရွိုက်။ ထိုဆေးများက မျက်နှာရောင်ခြင်းကိုသက်သာစေနိုင်သည်။ပိုးသတ်ဆေးဝါးများ။ ဘက်တီးရီးယားကြောင့်ဖြစ်သောရောဂါများကုသရာတွင်သုံးသည်။ အနာပွင့်ထွက်နေသောဒဏ်ရာများကိုကုသနိုင်သည်။အရိုးဆိုင်ရာကုသမှုများ။သွားအရိုးကျိုးခြင်း ကိုကုသဖို့လိုအပ်နိုင်သည်။ ထိခိုက်မိပြီး မေးရိုးစိရာတွင် သွားမညီပါက ထိုကုသမှုကိုသုံးနိုင်သည်။ခွဲစိတ်မှုများ။ဖွင့်ပြီး ပြန်ဆက်ပေးခြင်း။ ထိုခွဲစိတ်မှုကို အိုအာအိုင်အက်စ် ဟုခေါ်သည်။ ထိုလုပ်ဆောင်မှုတွင် ဆရာဝန်မှအရိုးကျိုးသောနေရာကို ခွဲလိမ့်မည်။ ဝိုင်ယာ မူလီသို့မဟုတ် ပလိပ်ပြားတုကိုအသုံးပြု၍ မျက်နှာအရိုးအားပြန်ဆက်ပေးလိမ့်မည်။ အနာကျက်ချိန်တွင် အရိုးလှုပ်ခြင်းအားကာကွယ်ပေးနိုင်သည်။ပြန်လည်တည်ဆောက်ပေးသောခွဲစိတ်မှု။ ထိခိုက်မှုကြောင့် မျက်နှာအရိုးပုံစံမကျခြင်းကိုကုသရာတွင်သုံးသည်။ ကျိုးနေသောအရိုးအား ဖယ်ပြီး အစားထိုးမှုလုပ်သည်။ အစားထိုးမှုသည် သင့်ခန္ဓာကိုယ်ရှိကျန်းမာသောအရိုး သို့မဟုတ် လှူဒါန်းသူဆီမှ ယူ၍ လိုအပ်သောနေရာသို့ပြန်ဖြည့်ပေးခြင်းဖြစ်သည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကမျက်နှာအရိုးကျိုးခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် မျက်နှာအရိုးကျိုးခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။ရေခဲကိုအသုံးပြုပါ။ ရေခဲသည် ရောင်ခြင်းနာခြင်းကိုသက်သာစေသည်။ ရေခဲသည် တစ်ရှူးများပျက်ဆီးခြင်းကိုလည်းကာကွယ်နိုင်သည်။ ရေခဲကိုခြေပြီး ပလပ်စတစ်အိတ်ထဲသို့ထည့်ပါ။ တဘက်ဖြင့်အုပ်ပြီး မျက်နှာပေါ်သို့ ၁၅ မှ ၂၀မိနစ် ကိုတစ်နာရီတခါ သို့မဟုတ် ညွန်ကြားသည့်အတိုင်းလုပ်ပါ။ခေါင်းကိုမြှောက်ထားပါ။ ခေါင်းကိုသင့် နှလုံးအပေါ်သို့မြှောက်ထားပါ။ ရောင်ခြင်းနာခြင်းကို သက်သာစေသည်။ စောင်သို့မဟုတ် ခေါင်းအုံးအသုံးပြုခြင်းဖြင့် သက်သာစွာနေနိုင်သည်။မျက်နှာအားဖိအားပေးခြင်းရှောင်ပါ။ထိခိုက်မိသောဒဏ်ရာဘက်သို့မအိပ်ပါနှင့်။ ဖိခြင်းကြောင့် ပိုဒဏ်ရာရလာစေသည်။ပါးစပ်ဖြင့်နှာချေခြင်းကြောင့်မျက်နှာအရိုးကျိုးခြင်းအားဖိခြင်းကိုသက်သာစေသည်။ နှာချေခြင်းကြောင့်ဖိအားများပါက အရိုးအားလှုပ်စေပြီး ပိုထိခိုက်စေသည်။နှာခေါင်းကိုထိခိုက်မိခြင်းကိုရှောင်ပါ အဘယ်ကြောင့်ဆိုသော်မျက်လုံးနားအရိုးကျိုးပါက ပိုထိခိုက်နိုင်သောကြောင့်ဖြစ်သည်။ နှာခေါင်းအားထိုးမိ၍ဖြစ်သော ဖိအားကြောင့်မျက်လုံးရှိ အာရုံကြောများ လုံးဝပျက်စီးသွားနိုင်သည်။ပါးစပ်ကိုသန့်စင်စွာထားပါ။ ပါးစပ်နားတွင် ဒဏ်ရာသို့မဟုတ် အရိုးကျိုးခြင်းတို့ရှိပါက သွားကိုသန့်စင်ရန်ခက်ခဲတတ်သည်။ သင့်ကျန်းမာရေးထောက်ပံ့သူမှ အသက်သာဆုံးမထိခိုက်စေသောနည်းကိုပြပေးလိမ့်မည်။ ကလေးသုံးသွားတိုက်တံများသုံးပြီး ပါးစပ်သန့်စင်ပေးနိုင်ပါတယ်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/broken-facial-bone-%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%94%e1%80%be%e1%80%ac%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%81%e1%80%bc%e1%80%84/
Iron Deficiency Anemia (သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ)
အဖြစ်အများဆုံးသွေးအားနည်းခြင်း(ကျန်းမာသောသွေးနီဥနည်းခြင်း)ပုံစဖြစ်သည်။ သွေးနီဥများသည် အောက်စီဂျင်ကိုခန္ဓါကိုယ်တစ်သျူးများစီသို့ပို့ပေးသည်။နာမည်အတိုင်း သံဓါတ်အားနည်းခြင်းကြောင့်ဖြစ်သော သွေးအားနည်းခြင်းသည် သံဓါတ်အားနည်းခြင်းကြောင့်ဖြစ်သည်။ သံဓါတ်မလုံလောက်သောကြောင့် သွေးနီဥအတွင်းရှိအောက်စီဂျင်သယ်ယူပေးသောအရာကိုခန္ဓါကိုယ်မှကောင်းစွာမထုတ်နီုင်တော့ပေ။ ထို့ကြောင့်သင့်အား ပင်ပန်းစေခြင်း အသက်ရူရခက်ခြင်းများဖြစ်စေသည်။သံဓါတ်အားနည်းခြင်းကို သံဓါတ်အားဖြည့်ဆေးများဖြင့်ပြန်ဖြည့်နိုင်သည်။ သို့သော်အကယ်၍ အတွင်းပိုင်းသွေးထွက်သည်ဟု သံသယရှိပါက စမ်းသပ်မှုကုသမှုများလိုတတ်သည်။ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အမျိုးသမီးများနှင့် သံဓါတ်ပါသောအစားအစာကိုရှောင်သူများတွင် ပိုဖြစ်တတ်သည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ။ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။ရှိသောကလေးများတွင်ပိုဖြစ်တတ်သည်)။အချို့သောကိစ္စများတွင် ရောဂါမပြင်းထန်တတ်ပေ။ သို့သော် သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ။ပိုဆိုးလာပါက ရောဂါလက္ခဏာများပေါ်လာတတ်သည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သံဓါတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သောသွေးအားနည်းရောဂါ။၏လက္ခဏာများပေါ်လာပါကသွားရောက် ပြသသင့်သည်။ သံဓါတ်အားနည်းခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ။သည် ကိုယ်တိုင်ကုသသင့်အရာမဟုတ်ပါ။ ဆရာဝန်နှင့်မတိုင်ပင်ပဲ သံဓါတ်အားဖြည့်ဆေးများမသုံးသင့်ပါ။ သံဓါတ်များပါက အန္ဓါရယ်ဖြစ်စေပြီး အသဲနှင့် အခြားနောက်ဆက်တွဲပြဿများဖြစ်လာနိုင်သည်။သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ။ဖြစ်ပါက သင့်ခန္ဓါကိုယ်တွင် သံဓါတ်မလုံလောက်ပေ။ မလုံလောက်ခြင်းကြောင့်ဟေမိုဂလိုဖင် မထုတ်နီုင်တော့ပါ။ ဟေမိုဂလိုပင်သည် သွေးနီဥ၏အပိုင်းအစတခုဖြစ်ပြီး သွေးအားနီစေခြင်း အောက်ဆီဂျင်အားခန္ဓါကိုယ်အနှံသယ်ဆောင်ပေးခြင်းများလုပ်နီုင်သည်။ သံဓါတ်လုံလောက်စွာမစားပါက သို့မဟုတ် သံဓါတ် ဆုံးရှုံးမှုများပါက သင့်ခန္ဓါကိုယ်တွင် ဟေမိုဂလိုပင်မလုံလောက်တော့ပဲ သံဓါတ်အားနည်းခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ။ဖြစ်ပေါ်လာစေသည်။သံဓါတ်ချို့တဲ့ခြင်းကိုဖြစ်စေသောအကြောင်းများမှာ။ဖြစ်စေသည်။ဲအူသေးအားဖြတ်ထုတ်ထားပါက သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ။နှင့် အခြားအာဟာရများချို့တဲ့နိုင်သည်။သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ။ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ဖြစ်နှုန်းများသည်။ဖြစ်တတ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါအားအတည်ပြုရန် ဆရာဝန်မှအောက်ပါတို့အားရှာလိမ့်မည်။သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါဟုဖော်ပြပါကဖြစ်စေသောအကြောင်းအရင်းကိုရှာရန်အောက်ပါစမ်းသက်မှုများလုပ်လိမ့်မည်။သင်၏ဆရာဝန်သည် သံဓါတ်အားတိုးဆေးဖြင့်ကုသပေးပြီး အထက်ပါစမ်းသက်မှုများ သို့မဟုတ် အခြားစမ်းသက်မှုများအားလုပ်လိမ့်မည်။သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါကိုကုရန် သံဓါတ်အားတိုးဆေးကိုဆရာဝန်မှညွှန်ကြားလိမ့်မည်။ လိုအပ်လျင် သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါကိုဖြစ်စေသော အကြောင်းအရာကိုကုလိမ့်မည်။ ဆေးဆိုင်တိုင်းတွင်ဝယ်နိုင်သောသံဓါတ်အားဆေးကိုသံဓါတ်ပြန်ဖြည့်ရန်ဆရာဝန်မှညွှန်းလိမ့်မည်။ မှန်ကန်သောပမာဏကိုဆရာဝန်မှရွေးချယ်ပေးလိမ့်မည်။ ကလေးများအတွက် အရည်ပုံစံလဲရနိုင်သည်။ သံဓါတ်စုပ်ယူအားများစေရန်အောက်ပါတို့ကိုလုပ်နိုင်သည်။သံဓါတ်ချို့တဲ့ခြင်းသည် တညထဲနှင့်မပြင်နိုင်သည်။ လပေါင်းများစွာ သံဓါတ်အားဆေးသောက်ဖို့လိုမည်။ အပါတ်အနည်းငယ်ကြာချိန်တွင် နေထိုင်ကောင်းရှိလာလိမ့်မည်။ သွေးရှိသံဓါတ်အားမည်သည့်အချိန်ပြန်ဖောက်ရမည်ကိုဆရာဝန်အားမေးပါ။ သင့်သံဓါတ်ပြန်ပြည့်ပြီဆိုသော်လည်း သံဓါတ်အားဆေးအား တစ်နှစ်ထက်မကလဲသောက်ရန်လိုအပ်တတ်သည်။သံဓါတ်အားဆေးများက သံဓါတ်ကိုပြန်မဖြည့်နိုင်ပါက တနေရာမှသွေးထွက်နေခြင်းသို့မဟုတ် သံဓါတ်မစုပ်နိုင်ခြင်းဖြစ်နိုင်သောကြောင့် ဆရာဝန်မှအကြောင်းအရင်းကိုရှာ၍ကုသမှုများလုပ်လိမ့်မည်။ဖြစ်စေသောအကြောင်းအရင်းကိုမူတည်၍သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါကုသမှုများတွင် အောက်ပါတို့ပါဝင်နိုင်သည်။သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါပြင်းထန်ပါက သံဓါတ်အား သွေးမှပေးခြင်း သွေးသွင်းခြင်းတို့ဖြင့် သံဓါတ်နှင့် ဟေမိုဂလိုဘင် ကိုအမြန်ဆုံးပြန်တတ်စေနိုင်သည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကသံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။သံဓါတ်များသောအစားများစားပါ။သံဓါတ်များသောအစာများမှာ။သင့်ခန္ဓါကိုယ်သည် အသားမှ၇သောသံဓါတ်ကိုအခြားအရာတွေထက်ပိုစုပ်ယူသည်။ အသားမစားရန်ဆုံးဖြတ်ထားပါက သံဓါတ်များများပါသော အစာများကိုရွေးချယ်ရန်လိုအပ်မည်။သင့်ခန္ဓါကိုယ်မှ သံဓါတ်စုပ်အားများစေရန် ဗီတာမင် စီပါသောအစာများကိုရွေးချယ်စားပါ။သံဓါတ်စုပ်အားများစေရန် သံပုရာရည်သို့မဟုတ် ဗီတာမင်စီပါသော အခြားအစာများကို သံဓါတ်များသောအစာနှင့်အတူတွဲစားပါ။ သံပုရာရည် လိမော်ရည်တို့တွင်ပါသော ဗီတာမင်စီကို သံဓါတ်စုပ်ယူအားကိုများစေသည်။ ဗီတာမင်စီသည် အောက်ပါတို့တွင်တွေ့နိုင်သည်။ကလေးငယ်များတွင်သံဓါတ်ချို့တဲ့ခြင်းအားကာကွယ်ခြင်း။ကလေးများတွင် သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါအားကာကွယ်ရန် မိခင်နို့သို့မဟုတ် သံဓါတ်ဖြည့်စွက်ဖော်မြူလာအား ပထမတစ်နှစ်တွင်တိုက်ကျွေးသင့်သည်။ နွားနို့တွင် သံဓါတ်များများပါသော်လည်း တစ်နှစ်အောက်ကလေးများအတွက်မပေးပါ။ အသက်၆လကျော်လျင် သံဓါတ်ဖြည့်ထားသော ဆန် သို့မဟုတ် အသားအားတနေ့နှစ်ကြိမ်ကျွေးပါ။ တစ်နှစ်ကျော်ပါက ၂၀အောင်စ (၅၉၁ မီလီလီတာ)ထက်နို့ကိုမသောက်တာသေချာပါစေ။ နို့အများကြီးသောက်ခြင်းသည် အခြားအစားအစာများမစားတော့ခြင်းကိုဖြစ်နိုင်သည်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/anaemia/iron-deficiency-anemia-%e1%80%9e%e1%80%b6%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%b7%e1%80%90%e1%80%b2%e1%80%b7%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b1/
နာကျင်မှုကြောင့် နေ့စဉ်လှုပ်ရှားမှုတွေ ထိခိုက်နေရပြီဆိုရင် ဒူးဆစ်ရိုးတစ်စိတ်တစ်ပိုင်းအစားထိုး ကုထုံးရှိပါတယ်
သင်ရဲ့ ဒူးနာခြင်းဝေဒနာဟာ လျော့ပါးသက်သာမသွားဘဲ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကိုပါ အနှောင့်အယှက်ပေးနေပြီဆိုရင်တော့ သင့်အနေနဲ့ MAKOplasty ခွဲစိတ်မှုကို ခံယူဖို့ လိုအပ်ကောင်းလိုအပ်နေပါပြီ။အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ ဒူးနာခြင်းဝေဒနာကို ခံစားရတာဟာ နည်းနည်းတော့ လက်ပေါက်ကတ်ပါတယ်။ total knee replacement လို့ခေါ်တဲ့ ဒူးဆစ်ရိုးတခုလုံးကို အစားထိုးလဲလှယ်ဖို့ဆိုတာဟာလည်း သိပ်မဆိုးရွားသေးတဲ့ ဒူးနာခြင်းအတွက် မလိုအပ်သေးဘူးလို့ ယူဆသတ်မှတ်တတ်ကြတာကြောင့် အပ်နဲ့ထွင်းရမယ့်နေရာမှာ ပေါက်ဆိန်နဲ့ပေါက်ရတဲ့ အဆင့်ကို ရောက်သွားတတ်ကြပါတယ်။ဒါကြောင့် ဒူးခေါင်းဒါဏ်ဖြစ်ခြင်း သို့မဟုတ် ဒူးနာခြင်းကို ပြင်းထန်မှုအနေအထားအဆင့်အရ သင့်လျော်သလို ကုသပေးနိုင်မယ့် အဆင့်မြင့်နည်းပညာတွေကို Mount Elizabeth ဆေးရုံမှ အရိုးအထူးကုခွဲစိတ်ဆရာဝန် Dr Jeffrey Chew က အခုလို ရှင်းပြပေးထားပါတယ်။ဒူးမှာ အပိုင်းသုံးပိုင်း ပါဝင်ပါတယ်___ အတွင်းဖက်ပိုင်း၊အပြင်ဖက်ပိုင်း နဲ့ ဒူးခေါင်ရိုးတဝိုက် အပိုင်းတွေပဲ ဖြစ်ပါတယ်။ အကယ်၍ အဆိုပါ အပိုင်းသုံးပိုင်းထဲက နှစ်ပိုင်းပျက်စီးပြီဆိုရင်တော့ ဒူးအစားထိုးလဲလှယ်ဖို့ ဆရာဝန်တွေက အကြံပြုလေ့ရှိကြပါတယ်။ တကယ်လို့ တပိုင်းပဲ ထိသေးတယ်ဆိုရင် partial knee replacement လို့ခေါ်တဲ့ ဒူးရဲ့ အစိတ်အပိုင်းတချို့တဝက်ကိုပဲ အစားထိုးလဲလှယ်တဲ့ ခွဲစိတ်ကုသမှုကို ခံယူနိုင်ပါတယ်။ယခင်ကဆိုရင် ခွဲစိတ်ဆရာဝန်တွေအနေနဲ့ ဒူးရဲ့ အစိတ်အပိုင်းတချို့တဝက်ကိုပဲ အစားထိုးလဲလှယ်တဲ့ ခွဲစိတ်ကုသမှုကို ပြုလုပ်တဲ့အခါမှာ စက်ကိရိယာအကူအညီမပါဘဲ ကိုယ်တိုင်ပြုလုပ်ရတာမို့ အစားထိုးတဲ့ ပစ္စည်းကို လိုအပ်တဲ့ နေရာအတိအကျမှာ ရှိနေစေဖို့ အတော်လေးလက်ဝင်ပြီး ခက်ခက်ခဲခဲ လုပ်ရတာမျိုးတွေရှိတယ်လို့ Dr Chew က ဆိုပါတယ်။ ဒါပေမယ့် စက်ရုပ်လက်တံလိုမျိုး အဆင့်မြင့်နည်းပညာတွေကို အသုံးပြုမယ်ဆိုရင်တော့ ဒူးရဲ့ အစိတ်အပိုင်းတချို့တဝက်ကိုပဲ အစားထိုးလဲလှယ်တဲ့ ခွဲစိတ်ကုသမှု ပြုလုပ်ရာမှာ ပိုမိုတိကျသေသပ်ပြီး ရလာဒ်လည်း ပိုကောင်းပါမယ်။ ဒူးရဲ့ အစိတ်အပိုင်းတချို့တဝက်ကိုပဲ အစားထိုးလဲလှယ်တဲ့ ခွဲစိတ်ကုသမှု ဥပမာတခုကတော့ MAKOplasty လို့ခေါ်တဲ့ ခွဲစိတ်မှုပဲ ဖြစ်ပါတယ်။စက်ရုပ်လက်တံအသုံးပြုခွဲစိတ်ခြင်းဟာ minimally invasive surgery တမျိုးဖြစ်ပါတယ်။(minimally invasive surgery ဆိုတာကတော့ ခွဲစိတ်ဒါဏ်ရာ အသေးဆုံးဖြစ်အောင် ခွဲစိတ်နည်းတမျိုးပါ)။ စက်ရုပ်လက်တံမှာ တပ်ဆင်ထားတဲ့ ခွဲစိတ်ကိရိယာတွေကို အထူးပြုလုပ်ထားတဲ့ ကွန်ပြူတာတွေကတဆင့် ခွဲစိတ်ဆရာဝန်က ထိန်းချုပ်ပါတယ်။ ဒီနည်းပညာဟာ ပျက်စီးနေ သို့မဟုတ် ဒါဏ်ဖြစ်နေတဲ့ ဒူးမျက်နှာပြင်တွေကို ပြင်ပအစားထိုးပစ္စည်းတွေနဲ့ လဲလှယ်ပေးခြင်း ဖြစ်ပြီး စက်ရုပ်လက်တံအသုံးပြု minimally invasive surgery ခွဲစိတ်နည်းတမျိုး ဖြစ်ပါတယ်။osteoarthritis အဆစ်အမြစ်ရောင်ရောဂါကြောင့် ပျက်စီးသွားတဲ့ ဒူးအရိုးနုတွေကို အစားထိုးလဲလှယ်ပေးတာမို့ နာကျင်ခြင်းဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။လူနာရဲ့ ဒူးခေါင်းကို ရိုက်ယူထားတဲ့ ကွန်ပျူတာဓါတ်မှန် (CT scan)ကို ကွန်ပျူတာစနစ်ထဲ ဦးစွာ ထည့်သွင်းရပါတယ်။ အစားထိုးလဲလှယ်မယ့်နေရာ အတိအကျကို သတ်မှတ်ပုံဖော်ပြီးပြီဆိုတာနဲ့ ကွန်ပြူတာစက်ရုပ်စနစ်ဟာ ခွဲစိတ်ဆရာဝန်ကို အမြင်အာရုံ၊အကြားအာရုံ နှစ်မျိုးလုံးကို အသုံးပြုလို့ လမ်းညွှန်ပေးပါတယ်။ ဒါမှသာ ဒူးမျက်နှာပြင်ကို ပြန်လည်ပုံသွင်းခြင်းနဲ့ ဒူးရိုးအစားထိုးပစ္စည်းတွေ လဲလှယ်တပ်ဆင်ခြင်းကို အတိကျဆုံး မှန်ကန်စွာ လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။မပျက်စီးသေးတဲ့ အရိုးနဲ့ တစ်ရှူးတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်း —- ဒီခွဲစိတ်မှုဟာ ဒူးရဲ့ ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကိုပဲ ဦးတည်ချက်ထားပြီး ကုသပေးတာမို့ မကောင်းတော့တဲ့ ဒူးအစိတ်အပိုင်းတွေကို ဖယ်ရှားလိုက်ချိန်မှာပဲ ဘေးနားပတ်လည်မှာ မပျက်မစီးရှိနေသေးတဲ့ အရိုးနဲ့ တစ်ရှူးတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင် ခွဲစိတ်မှုကြောင့် ဒါဏ်ဖြစ်ခြင်းကို အနည်းဆုံး ဖြစ်စေမယ့်အပြင် လျင်မြန်စွာ နာလန်ထလာနိုင်မှာပါ။အမာရွတ်အနည်းဆုံးဖြစ်ခြင်း—- MAKOplasty ခွဲစိတ်မှုကို ပြုလုပ်တဲ့အခါ သင့်ဒူးနားတဝိုက်မှာ ၄-၆ လက်မလောက်ပဲရှိတဲ့ ခွဲစိတ်ရာအသေးလေးတွေသာ ရှိမှာဖြစ်တဲ့အတွက် အမာရွတ်လည်း နည်းနည်းပဲ ကျန်မှာပါ။ခွဲစိတ်ပြီးတဲ့အခါ သဘာဝနဲ့ ပိုမိုတူညီတဲ့ ဒူးကို ရရှိခြင်း—- မပျက်စီးသေးတဲ့ အရိုးနဲ့ တစ်ရှူးတွေကို ဆက်လက်ထိန်းသိမ်းထားတဲ့အပြင် ပြင်ပပစ္စည်းကို အစားထိုးထည့်သွင်းရာမှာလည်း နေရာပိုမိုတိကျတာကြောင့် ပိုပြီးသဘာဝကျတဲ့ ခံစားမှုကို ရရှိမှာ ဖြစ်ပါတယ်။အစားထိုးထည့်သွင်းထားတဲ့ ပစ္စည်းကြာကြာခံခြင်း—- အဆိုပါ အစားထိုးပစ္စည်းလေးဟာ ဆယ့်ငါးနှစ်ကနေ အနှစ်နှစ်ဆယ်လောက်အထိ သက်တမ်းရှိတာမို့ ဒူးတခုလုံးအစားထိုးလဲလှယ်ပစ်လိုက်တာနဲ့တောင် နှိုင်းယှဉ်နိုင်ပါတယ်။လျင်မြန်စွာ နာလန်ထနိုင်ခြင်း—- လိုအပ်တဲ့ နေရာကိုပဲ ခွဲစိတ်ကုသတာဖြစ်တဲ့အတွက် နာလန်ထချိန်ဟာ တော်တော်လေးမြန်ပါလိမ့်မယ်၊စောပါလိမ့်မယ်။ ခွဲစိတ်ပြီး ရက်အနည်းကနေ ရက်သတ္တပတ်နှစ်ပတ်လောက်အထိပဲ ချိုင်းထောက်ကို သုံးဖို့ လိုအပ်မှာလို့ Dr Chew က ဆိုပါတယ်။ ရက်သတ္တပတ် ခြောက်ပတ်ကြာပြီးချိန်မှာတော့ လူနာအနေနဲ့ ပြေးခြင်း၊ရေကူးခြင်း နဲ့ ဘောလုံးကန်ခြင်း အစရှိတဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကို ပုံမှန်အတိုင်း ပြန်လုပ်နိုင်ပါပြီ။ ဒူးအကွေးအဆန့်လုပ်ရတာလည်း မူလသဘာဝအတိုင်းလို့ကို ခံစားရမှာပါ။ရောဂါအတော်လေးရင့်နေတဲ့ ဒူးနာဝေသနာရှင်တွေထက်စာရင် ကနဦးအဆင့်ကနေ သာမန်အဆင့်ဒူးနာခြင်းဝေဒနာကို ခံစားနေရတဲ့ လူနာတွေမှာ ဒီကုသမှုကို ပြုလုပ်သင့်ပါတယ်။ သူတို့ ပုံမှန်ပြုလုပ်နေကျ လှုပ်ရှားသွားလာမှုတွေကို မပြုလုပ်နိုင်တော့တဲ့ အခြေအနေမျိုးမှာ လူတွေက ကုသမှုခံယူကြတာ များပါတယ်။ တကယ်လို့ ဒူးနာခြင်းဝေဒနာဟာ သင့်ရဲ့ နေ့စဉ်ပုံမှန်လှုပ်ရှားသွားလာမှုတွေကို ခက်ခဲအောင် အနှောင့်အယှက်ပေးနေပြီဆိုရင်တော့ MAKOplasty ခွဲစိတ်ကုသမှု ခံယူဖို့ သင့်တော်မှုရှိမရှိ သိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရပါမယ်။ ဒီခွဲစိတ်မှုဟာ သင်နဲ့ ကိုက်ညီခြင်းရှိမရှိကို သိနိုင်ဖို့အတွက် ဆရာဝန်အနေနဲ့ သင့်ရဲ့ ဒူးကို စေ့ငုံစွာ အသေအချာ လေ့လာစမ်းသပ်စစ်ဆေးရမှာပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/orthopedic-surgery/%e1%80%94%e1%80%ac%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%94%e1%80%b1%e1%80%b7%e1%80%85%e1%80%89%e1%80%ba/
တရုတ်နံနံကြီး နှင့် ကျန်းမာရေး အကျိုးကျေးဇူးများ
အစေ့များကို ဆီးဆေးအဖြစ်အသုံးပြုသလို အဆစ်အမြစ်ရောင်ခြင်း၊ လေးဖက်နာဖြစ်ခြင်းများတွင်လဲ သုံးကြပါသည်။ အစေ့ဆီသည် အိပ်ပျော်စေသည့်ဂုဏ်သတ္တိရှိသည်။ တရုတ်နံနံကြီးကို အပင်ထွက်ဆေးအဖြစ်။• အဆစ်အမြင်နာခြင်း (လေးဖက်နာ) နှင့်ဂေါက်ရောဂါ။• စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း၊ ခေါင်းကိုက်ခြင်း။• အစာအာဟာရပြတ်လပ်၍ ဝိတ်ကျသွားခြင်း၊ အစားအသောက်ပျက်ခြင်း၊ မောပန်းနွမ်းလျခြင်း တို့တွင်သုံးကြ၏။တရုတ်နံနံကြီးသည် အသုံးကျယ်၏။ တခြားအသုံးများမှာ။• စိတ်ပြေလျော့ပြီး အိပ်ပျော်စေသည်။• ဆီးလမ်းကြောင်းမှ ဘက်တီးရီးယားများကို သေစေနိုင်သည်။• အစာကြေစေပြီး အူလှုပ်ရှားမှုကိုထိန်းညှိပေး၏။• ရာသီလာစေသည်။• လေလည်စေ၏။• လိင်စိတ်ကိုနိုးထစေနိုင်သည်။• နို့ထွက်နှုန်းကိုလျော့ကျစေသည်။• ဂလင်းများကို လှုံ့စော်ပေးနိုင်၏။• ရာသီလာစဉ် နာကျင်ကိုက်ကဲခြင်းများကို ကုသ။ဒီဆေးဖက်ဝင်အပင်ထွက်ပစ္စည်းအတွက် လုံလောက်သည့်လေ့လာမှုမျိုးမရှိသေးပါ။ ဒီထက်ပိုသိလိုသည်များရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးပင်ဗေဒဆရာများနှင့်ဆွေးနွေးပါ။ တစ်ချို့သောလေ့လာမှုများအရ တရုတ်နံနံကြီးသည် သွေးတိုးကျခြင်း ကိုလက်စထရောကျခြင်း စသည့်ဂုဏ်သတ္တိများရှိပြီး ထိုဂုဏ်သတ္တိများသည် tyrosine hydroxylase အင်ဇိုင်းကို ပိတ်ပင်နိုင်သောကြောင့်ဟု ဆိုပါသည်။ တရုတ်နံနံကြီးမှရသည့် ဓါတုဒြပ်ပေါင်းတစ်ခုဖြစ်သော alkaloid တစ်မျိုးသည် အတက်ရောဂါကိုပျောက်ကင်းစေနိုင်ပါသည်။ခွဲစိတ်ကုသမှုမလုပ်ခင်နှစ်ပတ်ကြိုတင်၍ တရုတ်နံနံကြီးအသုံးပြုမှုကို ရပ်ထားပါ။ဓါတ်မတည့်မှုရှိမရှိသတိပြုပါ။birch-celery syndromeနှင့်ဓါတ်မတည့်မှုကြောင့်သွေးလန့်ခြင်း ဖြစ်နိုင်သည်။သတိကောင်းမကောင်းအသုံးပြုမည့်လူကို သတိပြုပါ။ ပင်မအာရုံကြောအဖွဲ့အစည်းအား ဖိနှိပ်ထားခြင်း ဖြစ်စေနိုင်သည်။အစေ့များကို အစေ့ရေများနှင့်ရောမပစ်များနှင့်။ အသုံးမတူပါ။တိုက်ရိုက်နေရောင်မထိအောင်ထားပါ။ တရုတ်နံနံပင်ထွက်ဆေးများကိုသုံးပါက အကာအကွယ်များကို ဝတ်ဆင်သင့်ပါသည်။တရုတ်နံနံကြီးတွင်ပါသည့် Paorlen ဆိုသော ဓါတုဒြပ်ပေါင်းသည် အရေပြားတွင်အလင်းထိမခံနိုင်သောအကွက်များ ထစေနိုင်ပါသည်။အပင်ထွက်ဆေးပစ္စည်းများကို ချုပ်ထိန်းထားခြင်းသည် ဆေးများကိုချုပ်ထိန်းခြင်းလောက် တင်းကြပ်မှုများမရှိပါ။ စိတ်ချလက်ချသုံးနိုင်ရန်အတွက် လေ့လာမှုများ ထပ်လိုနေပါသေးသည်။ အသုံးမပြုမှီ ဒီအပင်ထွက်ဆေးကိုသုံးပြီး ရရှိလာမည်အကျိုးသည် အန္တရာယ်ရှိသည်ထက် သာလွန်ကြောင်းသိဖို့လိုသည်။ ထို့ကြောင့် ဆေးပင်ဗေဒဆရာများ ဆရာဝန်များနှင့် သေချာဆွေးနွေးပါ။အောက်ပါရောဂါများရှိပါက တရုတ်နံနံကြီးကို မသုံးပါနှင့်။သွေးယိုရောဂါ။ကျောက်ကပ်ပြဿနာ။သွေပေါင်ကျခြင်း။အစားအသောက်ပုံစံနှင့်မှလွဲ၍ တခြားအပင်ထွက်ဆေးပစ္စည်းများကို ကလေးများအတွက်မသုံးပါနှင့်။အများအပြားသုံးလျှင် သားအိမ်ကြွက်သားများကို ညှစ်စေနိုင်ပြီး ကိုယ်ဝန်ပျက်ကျနိုင်ပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များ အသုံးမပြုရပါ။တရုတ်နံနံကြီး၏ ဘေးထွက်ဆိုးကျိုးများမှာ။ပင်မအာရုံကြောစနစ်ဖိနှိပ်ခြင်း။သားအိမ်ကြွက်သားညှစ်ခြင်း။အရေပြားရောင်ခြင်း၊ phototoxic bullous lesions (birch-celery syndrome)။ဓါတ်မတည့်ခြင်း၊ သွေးလန့်ခြင်း၊လက်များခြေများဖောရောင်ခြင်း။(ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။တရုတ်နံနံကြီးဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)။တရုတ်နံနံကြီးသည် တခြားသောဆေးများ၊ အပင်ထွက်ပစ္စည်းများနှင့် ဓါတ်ပြုမှုဖြစ်နိုင်ပါသည်။နေရောင်ဒဏ်ကိုမခံနိုင်စေသောဆေးများ။အိပ်ဆေးများ။လည်းပင်းသိုင်းရွိက်ဆေးများနှင့် ဓါတ်ပြုမှုရှိပါသည်။ထို့အပြင် ကိုယ်တွင်းရှိ လစ်သီယမ် ပမာဏကိုလဲ ပြောင်းလဲစေနိုင်ပါသည်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။လက်တလောတွင် တရုတ်နံနံကြီးအတွက် တိကျသောဆေးသုံးပမာဏမရှိသေးပါ။ လေနိုင်ဆေးအဖြစ်သုံးလျှင် အစေ့များကို ၁ – ၄ ဂရမ်းလောက်အထိသုံးကြပါသည်။လိုအပ်သောဆေးပမာဏသည် တစ်ဦးနှင့်တစ်ဦးမတူနိုင်ပါ။ သောက်သုံးရမည့်ပမာဏသည် အသက်၊ ကျန်းမာရေးအခြေအနေနှင့် တခြားအချက်များစွာအပေါ်မူတည်ပါသည်။ အပင်ထွက်ဆေးပစ္စည်းများသည် အမြဲတမ်းစိတ်ချရသည်မဟုတ်ပါ။ မှန်ကုန်သောဆေးပမာဏအတွက် သင့်၏ဆရာဝန် သို့မဟုတ် ဆေးပင်ဗေဒဆရာများနှင့် ဆွေးနွေးတိုင်ပင်ကြည့်ပါ။ဤအပင်ထွက်ဆေးကို ဆေးတောင့်၊ အစေ့၊ တင်ချာဆေးရည်အဖြစ် ရရှိနိုင်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/celery-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%b9%e1%80%94%e1%80%b6%e1%80%94%e1%80%b6%e1%82%80%e1%80%80%e1%80%ae%e1%80%b8/
null
null
cancer
cancer
https://hellosayarwon.com/cancer/other-cancers/%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%95%e1%80%90%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%95%e1%80%bc%e1%80%ae%e1%80%b8-%e1%80%99%e1%80%ad/
Betel Palm (ကွမ်းသီးပင် အခက်အလက်)
Betel palm ကို တရုတ်ပြည်၊ အိန္ဒိယနဲ့ ဖိလစ်ပိုင်နိုင်ငံနဲ့ အပူပိုင်းဒေသဖြစ်တဲ့ အာဖရိကမှာ တွေ့ရပါတယ်။ အစေ့ကို ဆေးအဖြစ် အသုံးပြုကြပါတယ်။ကွမ်းစားခြင်းဟာ ဟိုးအရင်ကတည်းက ရှိတတ်တဲ့အကျင့် ဖြစ်ပါတယ်။ 1st century AD မှာ Sanskrit medical writings တွေက ကွမ်းစေ့ဟာ အလွန်ကောင်းမွန်တဲ့ အစွမ်း သတ္တိ ၁၃ မျိုးပါရှိတယ်လို့ ဆိုပါတယ်။ အရသာပြင်းပြီး ခါးသက်ခြင်း၊ စပ်ခြင်း၊ ချိုခြင်း၊ ငန်ခြင်း စတဲ့ အရသာတွေ ရှိပြီး သူဟာ အောက်ပါ အကျိုးကျေးဇူးတွေ ရှိတယ်လို့ ဆိုပါတယ်။• လေထုတ်ပေးခြင်း။• သန်ကောင် သေစေခြင်း။• ချွဲပျော်စေခြင်း။• မကောင်းသော အနဲ့များ ပျောက်စေခြင်း။• ပါးစပ်ကို လှပစေခြင်း။• သန့်စင်ပေးခြင်း။• စိတ်ထက်သန်မှု ပြင်းပြစေခြင်း။သူဟာ CNS ကို လှုံ့ဆော်ပေးနိုင်တာကြောင့် အနောက်ပိုင်းနိုင်ငံတွေမှာ ဆေးရွက်ကြီး (သို့) ကဖင်းဓါတ်တွေနဲ့ သဏ္ဍာန် တူပါတယ်။ Arecoline ဟာ ကွမ်းစားခြင်းကြောင့် ဖြစ်တဲ့ အောက်ပါ အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။• လန်းဆန်းခြင်း။• သက်လုံကောင်းခြင်း။• စိတ်ချမ်းသာခြင်း။• စိတ်ကြွခြင်း။• သွားရည်ကျခြင်း။• အစာခြေမှုကို အားပေးခြင်း။• အစာစားချင်စိတ် ဖြစ်စေခြင်း။Betel palm ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဒါပေမယ့် Areca ဟာ ဦးနှောက်နဲ့ အာရုံကြောစနစ်ရဲ့ အခြားအစိတ်အပိုင်းတွေမှာ ရှိတဲ့ ဓါတုပစ္စည်းတွေကို အကျိုးသက်ရောက်မှု ရှိတာကြောင့်။• စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု။• Parasympathetic Nervous System လုပ်ဆောင်မှု။• သိုင်းရွိုက် လုပ်ငန်း လုပ်ဆောင်မှု တွေ ရှိနိုင်ပါတယ်။သောက်နေတဲ့ ဆေးတွေနဲ့ ဆေးဘက်ဝင် ပစ္စည်းတွေအကုန် (အထူးသဖြင့် မျက်လုံးတိမ်ကြောင့် သောက်နေတဲ့ ဆေးတွေ၊ Beta blockers၊ Calcium channel blockers၊ Cardiac glycosides၊ Cholinergics၊ Monoamineoxidase inhibitors နဲ့ neurolaptics) ကို စာရင်းပြုလုပ်ထားသင့်ပါတယ်။အချိန်အကြာကြီး ကွမ်းစားခြင်းဟာ ပါးစပ်မှာ fibrosis နဲ့ပါးစောင် ကင်ဆာတွေကို ဖြစ်စေနိုင်ပါတယ်။ကွမ်းဟာ ဆေးရွက်ကြီး (သို့) ကဖင်းလို အစွမ်း ရှိတာကြောင့် မစားခင် အရက်သုံးစွဲနှုန်းကို စမ်းစစ်ကြည့်သင့်ပါတယ်။ကွမ်းကို သန့်စင်ပြီး ဝါးစားရတဲ့ ကွမ်းစေ့အဖြစ်သော်လည်းကောင်း၊ ပလုတ်ကျင်းရည်အဖြစ်သော်လည်းကောင်း၊ ကွမ်းရွက်တွေကိုသော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် သူ့မှာ အန္တရာယ်ဖြစ်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိပါတယ်။ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ကွမ်းကို ကလေးတွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေ၊ ကလေးနို့တိုက်နေတဲ့ မိခင်တွေမှာ မသုံးစွဲသင့်ပါဘူး။ကွမ်းစေ့နဲ့ အရွက်ဟာ DNA ပျက်စီးမှုကို ဖြစ်ပေါ်စေပြီး တိရိစ္ဆာန်နဲ့ စမ်းသပ်မှုတွေမှာ ကင်ဆာကို ဖြစ်ပေါ်စေပါတယ်။ စားသုံးနဲ့ ပမာဏနဲ့ အချိန်ပေါ်မူတည်ပြီး ပါးစပ်၊ လည်ချောင်း၊ အသံအိုး၊ နဲ့ အစာပြွန်ကင်ဆာတွေနဲ့ ဆက်စပ်မှုရှိတာကိုလည်း တွေ့ရပါတယ်။ကွမ်းကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။• လှုံ့ဆော်မှုများခြင်း၊ မျက်နှာနီရဲခြင်း၊ အဖျားတက်ခြင်း၊ ခေါင်းမူးခြင်း၊ တက်ခြင်း၊ စိတ်ဖေါက်ခြင်း၊ စိတ်ပူခြင်း၊ ညအိပ်မပျော်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း။• ရင်တုန်ခြင်း၊ နှလုံးခုန် မြန်ခြင်း၊ နှေးခြင်း။• သွားမှာ အနီရောင် အစွန်းထင်ခြင်း၊ oral Leukoplakia၊ oral sub-mucosal fibrosis၊ ပါးစောင်ကင်ဆာနဲ့ အမြင်အာရုံ ဝေဝါးခြင်း။• ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းအနီသွားခြင်း၊ ဗိုက်နာခြင်း၊ အူအတွင်း နံရံ ပြောင်းလဲခြင်း။•ပန်းနာရင်ကျပ်လက္ခဏာများ ပိုဆိုးလာခြင်း။လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။Betel palm ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Areca မှာ ဦးနှောက်နဲ့ နှလုံးကို ထိခိုက်စေတဲ့ ဓါတုပစ္စည်းတွေ ပါဝင်ပါတယ်။ အချို့ အသားခြောက်စေတဲ့ ဆေးတွေဟာလည်း ဦးနှောက်နဲ့ နှလုံးကို ထိခိုက်စေပါတယ်။ ဒါပေမယ့် Areca ဟာ အသားခြောက်စေတဲ့ ဆေးတွေရဲ့ အစွမ်းထက်မှုကို လျော့ကျစေပါတယ်။Procyclidine ဟာ ကိုယ်ခန္ဓါအတွင်းရှိ ဓါတုပစ္စည်းတွေပေါ်ကို သက်ရောက်မှု ရှိပါတယ်။ Areca ဟာလည်း ကိုယ်ခန္ဓါအတွင်းရှိ ဓါတုပစ္စည်းတွေပေါ်ကို သက်ရောက်မှု ရှိပါတယ်။ ဒါပေမယ့် Areca ဟာ Procyclidine ရဲ့ သက်ရောက်မှုကို ဆန့်ကျင်တာကြောင့် အတူတူသုံးစွဲခြင်းဟာ Procyclidine ရဲ့ အာနိသင်ကို လျော့ကျစေပါတယ်။Areca မှာ ကိုယ်ခန္ဓါပေါ်သက်ရောက်မှု ရှိတဲ့ ဓါတုပစ္စည်း တစ်မျိုးပါဝင်ပါတယ်။ ဒီဓါတုပစ္စည်းဟာ မျက်စိတိမ်၊ Alzheimer’s disease နဲ့ အခြားရောဂါတွေကို ကုသတဲ့ ဆေးတွေနဲ့ တူညီပါတယ်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။Betel palm ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။Betel palm ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။အရွက်၊ အစေ့၊ ဖျော်ရည်။ ကွမ်းစေ့ကို သူတစ်ခုတည်း ဝါးစားတာ (သို့) ဆေးရွက်ကြီးနဲ့ ရောစားတာ (သို့) အမှုန့်ကြိတ်စားတာ (သို့) လှီးစားတာ (သို့) Betel vine အရွက်ကို ပတ်ပြီး ထုံးကို ရေနဲ့ ဖေါက်ပြီး စားတာ မျိုးတွေ ပြုလုပ်နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/betel-palm-%e1%80%80%e1%80%bd%e1%80%99%e1%80%ba%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%95%e1%80%84%e1%80%ba-%e1%80%a1%e1%80%81%e1%80%80%e1%80%ba%e1%80%a1%e1%80%9c%e1%80%80%e1%80%ba/
Broken sternum (ရင်ညွန့်ရိုးကျိုးခြင်း)
ရင်ညွန့်ရိုးကျိုးခြင်းဆိုသည်မှာ ရင်သားရိုးကျိုးသွားခြင်းကို ဆိုလိုသည်။ ရင်ညွန့်ရိုးကျိုးခြင်းသည် အရိုးအားရင်ဘတ်အရှေ့မှ။တိုက်ရိုက်ထိခိုက်မှုကြောင့်အများအားဖြင့်ဖြစ်တတ်သည်။ ယာဉ်မ။တော်တဆဖြစ်မှုများတွင် ပို၍အဖြစ်များသည်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ရင်ညွန့်ရိုးကျိုးခြင်း ရဲ့ရောဂါလက္ခဏာများတွင် ချော်လဲခြင်း(သို့)တိုက်ရိုက်ထိခိုက်မှုတခုအပြီး ရင်ဘတ်ရှေ့တည့်။တည့်မှ ရုတ်တရက်စတင်နာကျင်ကိုက်ခဲလာခြင်းပါဝင်သည်။ ထိုနာ။ကျင်မှုသည် ဖြစ်ပွားရာနေရာတွင်သာဖြစ်ပြီးဘေးသို့ ပြန့်သွားခြင်းမရှိပေ။ အရိုးကျိုးသွားသောနေရာအား ထိခိုက်လျှင်နာ။ကျင်ပြီး နာရီအနည်းငယ်အတွင်းညိုမည်းစွဲလာနိုင်ပါသည်။20ရာခိုင်။နှုန်းသောဝေဒနာရှင်များတွင် အသက်ရှူရခက်သည့် အခြေအနေများကြုံတွေ့ရနိုင်ပါသည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ရင်ညွန့်ရိုးကျိုးခြင်းသည် ယာဉ်တိုက်မှုများကြောင့်အများဆုံးဖြစ်ပွား။သည်။ နှလုံးနှင့်အဆုတ်ကို လက်ဖြင့် ဖိ၍အသက်ကယ်စဉ်တွင်လည်းရင်ညွန့်ရိုးကျိုးသွားနိုင်ပါသည်။ ပို၍။နည်းပါးသောအားဖြင့်လည်း ဥပမာ ဂေါက်ရိုက်သူများနှင့် အလေးမသူများတွင်ရင်သားရိုးကျိုးသွားနိုင်ကြောင်းမြင်တွေ့ခဲ့။ရပြီးဖြစ်သည်။ အရိုးပွနေသောအသက်အရွယ်ကြီးသူများတွင်လည်း။ပို၍ဖြစ်နိုင်ချေများသည်။ အရိုးကျိုးခြင်းသည် အဖြစ်များသောထိခိုက်။မှုတခုဖြစ်ပြီး ကုသရန်ရိုးရှင်းပါသော်လည်း ရင်ညွန့်ရိုးကျိုးခြင်းအား။သေချာစစ်ဆေး၍ အခြားသောနောက်ဆက်တွဲပြဿနာများအ။တွက်လည်းစောင့်ကြည့်စစ်ဆေးသင့်ပါသည်။ နောက်ဆက်တွဲအခြေ။အနေများမှာ နှလုံးနှင့်အဆုတ်ဆုတ်ပြဲခြင်း(သို့)သွေးကြောမကြီး။အားထိခိုက်ခြင်းတို့ဖြစ်သည်။ ကျိုးသွားသောအရိုး၏အပိုင်းအစ။သည်နေရာလွဲသွားပါကနောက်ဆက်တွဲပြဿနာများပို၍ဖြစ်ပွားစေ။နိုင်သည်။အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရင်ညွန့်ရိုးကျိုးခြင်းအားအဖြေရှာအတည်ပြုမှုသည် ရင်ဘတ်ထိခိုက်ဒဏ်ရာ၊ကြည့်ရှူကိုင်တွယ်စစ်ဆေးမှု၏ရလဒ်များ။နှင့်ဓါတ်မှန်ရိုက်သည့်စနစ်များပေါ်တွင် အခြေခံသည်။ ရင်ညွန့်ရိုး။အားဆရာဝန်သည် ကိုယ်တွယ်စမ်းသပ်ပြိး ပုံစံပြောင်းလဲသွားခြင်း။(သို့)တည်ဆောက်ပုံတွင်ပျက်စီးသွားမှုရှိမရှိတို့ကိုစစ်ဆေးတတ်ပါ။သည်။ ညိုမည်းစွဲခြင်း၊ပုံပျက်သွားခြင်း(သို့)ရောင်ရမ်းခြင်းတို့ရင်ဘတ်ပိုင်းတွင်ရှိမရှိကိုလည်း ရှာဖွေစစ်ဆေးတတ်ပါသည်။ ရင်ဘတ်။အထက်ပိုင်းအား ဓါတ်မှန်ရိုက်ခြင်းဖြင့်လည်း ကျိုးသွားသော ရင်ညွန့်ရိုး၏နေရာနှင့်ပြင်းထန်မှုကို သိနိုင်သည်။ ပြင်းထန်ပါက အထူးဓါတ်မှန်များ ဥပမာ ကွန်ပျူတာဓါတ်မှန် နှင့် သံလိုက်ဓါတ်မှန်တို့ဖြင့်လည်းအခြားသော ဆက်စပ်ဒဏ်ရာနှင့်ထိခိုက်မှုများကို ရှာဖွေရတတ်သည်။ အတွင်းပိုင်း။ကလီစာများ ဥပမာ နှလုံးနှင့် အဆုတ် အား ထိခိုက်မှုရှိမရှိကို ဆရာဝန်သည် အဓိကထားရှာဖွေတတ်သည်။ အခြားသောစစ်ဆေး။မှုများကိုလည်း သံသယရှိသောကိုယ်အစိတ်အပိုင်း(သို့)ထိခိုက်ခံ။ထားရသောအစိတ်အပိုင်းပေါ်မူတည်ပြီး ပြုလုပ်ရန် ညွှန်ကြားခံရတတ်သည်။ရင်ညွန့်ရိုးကျိုးခြင်းအားကုသမှုသည် ပြင်းထန်မှုနှင့် ထိခိုက်သွားသောအတွင်းကလီစာအစိတ်အပိုင်းအမျိုးအစားပေါ်မူ။တည်သည်။ အကယ်၍ အဆုတ်၊နှလုံး(သို့)သွေးကြောများအား ပြင်းထန်ဒဏ်ရာများ ဖြစ်ပွားပါက အသက်ကယ်ကုသမှုအစီအစဉ်များအား စတင်ရသည်။ ထိုကဲ့သို့။သောထိခိုက်မှုများမရှိပါက(သို့)ဝေဒနာရှင်၏အခြေအနေသည်။တည်ငြိမ်နေပါက အခြားသောကုသမှုအစီအစဉ်များကို စတင်တတ်။သည်။ ရင်ညွန့်ရိုးကျိုးခြင်းအား သက်သာအောင်သာကုသရာတွင်10ပတ်မှ 24ပတ်လောက်အနားယူခြင်းနှင့် ထိခိုက်ရာနေရာအား အအေးကပ်။ပေးခြင်းဖြင့် ရောင်ရမ်းမှုကို သက်သာစေခြင်းတို့ပါဝင်သည်။ သို့။သော် ဖိအားမဖြစ်စေရန် သတိထားသင့်ပါသည်။ ရင်ညွန့်ရိုးကျိုးသူ။များသည်အရိုးပြန်ဆက်သည်အထိသယ်မခြင်း၊သယ်ဆောင်ခြင်း(သို့)လေးသောအရာများတွန်းခြင်းနှင့် ခေါင်းပေါ်တွင်အလေးအပင်။များရွက်ခြင်း တို့ကိုရှောင်ကြဉ်ရပါမည်။ အနာသက်သာဆေးများ။ကိုလည်းဝေဒနာရှင်များအနေဖြင့်သောက်သုံးနိုင်ပါသည်။ ရင်ညွန့်။ရိုးကျိုးခြင်းအား ခွဲစိတ်ကုသရန်မလိုအပ်တတ်သော်လည်း ကြီးမား။ပြင်းထန်ပါက(သို့)အတွင်းကလီစာများအား ထိခိုက်သွားပါက ခွဲစိတ်ကုသရတတ်သည်။ ရင်ညွန့်ရိုးတခုတည်းသာ ကျိုး။ထားသောသူများသည် အနာသက်သာအောင် ဆေးရုံခဏသာတက်ရန် လိုအပ်ပြီး 9ပတ်မှ။12ပတ်အတွင်း ပျမ်းမျှ10.4တွင် သက်သာသွားတတ်သည်။ သုံးပုံးနှစ်ပုံသောဝေဒနာရှင်များသည်အနာသက်သာသည့်ဆေးများသာလိုအပ်တတ်ပြီး မသက်သာခင်ကာလအတွင်းတွင် အပြင်းထန်ဆုံးလက္ခဏာမှာ ရင်။ဘတ်အောင့်ခြင်းသာဖြစ်သည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ရင်ညွန့်ရိုးကျိုးခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။ကိရိယာများဝတ်ဆင်ခြင်းဖြင့် ရင်ညွန့်ရိုးမကျိုးအောင်ကာကွယ်နိုင်ပါသည်။ အလုပ်တွင်မည်သည့်ကာကွယ်ရေးပစ္စည်းများဝတ်ဆင်ထားခြင်းမရှိပဲ။လေးလံသောပစ္စည်းများအား မခြင်း(သို့)တွန်းခြင်းတို့ကိုရှောင်ကြဉ်သင့်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/broken-sternum-%e1%80%9b%e1%80%84%e1%80%ba%e1%80%8a%e1%80%bd%e1%80%94%e1%80%ba-%e1%80%b7%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%81%e1%80%bc%e1%80%84/
လက်ရေးက ဘာလို့ အရေးကြီးလဲ
လက်ရေးက ဘာလို့ အရေးကြီးလဲ …… အခုလိုနည်းပညာတွေတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ လက်နဲ့စာရေးတာတွေအစား ကွန်ပျူတာနဲ့ စာရိုက်တဲ့နည်းလမ်းကို ပိုမိုအသုံးပြုလာကြပါတယ်။ ဒါပေမယ့်လည်း ထိုသို့ဖြစ်လာခြင်းဟာ အပြုသဘောဆောင်သလား၊ မဆောင်ဘူးလားဆိုတာ အငြင်းပွားစရာပါပဲ။ လက်နဲ့စာရေးခြင်းရဲ့ အသုံးဝင်မှုတွေကို ဝေခွဲမရဖြစ်လျက်ရှိသော်လည်း ကလေးတွေမှာတော့ သမာရိုးကျ လက်နဲ့ စာရေးခြင်းနည်းလမ်းက အကျိုးပြုနေပါတယ်။ကဲ …… လက်ရေးက ဘာလို့ အရေးကြီးလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။လက်ရေးက ဘာလို့ အရေးကြီးလဲဆိုတာ။ကီးဘုတ် အသုံးပြုစာရိုက်ခြင်းနဲ့ ယှဉ်ကြည့်မယ်ဆိုရင် လက်နဲ့ရေးတာက ကလေးတွေရဲ့ သိမြင်မှုဆိုင်ရာ ဖွံ့ဖြိုးမှုတွေအတွက် သိသိသာသာကြီး ပိုအကျိုးပြုပါတယ်။– လက်ချောင်းလှုပ်ရှားမှုတွေက ကလေးဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို လှုံ့ဆော်ပါတယ်။ အမြင်၊ လှုပ်ရှားမှု၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဘာသာစကားနဲ့ မှတ်ဉာဏ်ပိုင်းတွေ အဓိက ပါဝင်နေပါတယ်။ စာလုံး ခွဲခြမ်းစိတ်ဖြာမှု ဖြစ်စဉ်နဲ့ တွေ့ကြုံစေပြီး ကလေးရဲ့ အာရုံစူးစိုက်နိုင်စွမ်းကိုလည်း တိုးမြှင့်ပေးပါတယ်။ ဒါကြောင့် လက်နဲ့စာရေးနည်း မကျင့်ပေးဘူးဆိုရင် စာဖတ်နိုင်စွမ်း၊ သင်ယူနိုင်စွမ်းနဲ့ လူအချင်းချင်း ဆက်သွယ်နိုင်စွမ်းတို့ကို ထိခိုက်စေနိုင်မှာပါ။– ၂၀၁၄ ခုနှစ် လေ့လာမှုအရ ကလေးဖွံ့ဖြိုးမှုကို အဆင့်၂ ဆင့် သတ်မှတ်လိုက်ပါတယ်။ ပထမအဆင့်က ၃နှစ် အရွယ် ဖြစ်ပြီး ဒုတိယ အဆင့်ကတော့ နောက်ထပ် ၄ နှစ် အကြာမှာ ဖြစ်ပါတယ်။ကလေးအယောက် ၁၀၀၀ ကို လေ့လာကြည့်လိုက်တဲ့အခါမှာ ငယ်ရွယ်အခါကစာရေးနိုင်စွမ်းတွေနဲ့ နောက်ပိုင်း အတန်းပညာ ရလဒ်တွေကြား ဆက်နွယ်မှုဟာ အပြုသဘောဆောင်နေတယ်လို့ သိရပါတယ်။ကျွမ်းကျင်ပညာရှင်တွေက ကလေး စာမြန်မြန်ရေးတတ်လေလေ သေတ္တာဖွင့်ခြင်း၊ ဖိနပ်ကြိုးချည်ခြင်းလိုမျိုး နေ့စဉ် လုပ်ငန်းဆောင်တာတွေကို မြန်မြန် လုပ်တတ်လေပဲလို့ ဆိုထားပါတယ်။–ပုံဆွဲခြင်း၊ဆေးရောင်ခြယ်ခြင်းတို့ကို အားပေးပါ။ပုံဆွဲတာတွေ၊ ဆေးရောင်ခြယ်တာတွေက စာရေးခြင်း အတတ်ပညာအတွက် အကြိုလေ့ကျင့်တဲ့ ပုံစံမျိုးပါပဲ။ ထိုသို့ပုံမှန်ပြုလုပ်နေခြင်းက လက်လှုပ်ရှားမှုတွေနဲ့ ရင်းနှီးလာစေနိုင်ပြီး လိုအပ်တဲ့ လက်ချောင်းကြွက်သားတွေကို သန်မာလာစေမှာ ဖြစ်ပါတယ်။ စာလုံးလေ့လာမှု စွမ်းရည်ကိုလည်း မြန်ဆန်စေမှာပါ။ သူတို့ရဲ့ ဖန်တီးနိုင်စွမ်းကို တိုးမြှင့်ပေးနိုင်ဖို့ရာ ခဲတံနဲ့ ရောင်စုံတွေအပြင် မာကာ၊ ရောင်စုံခဲတံနဲ့ မြေဖြူတို့ကိုလည်း ပေးထားသင့်ပါတယ်။–မှန်ကန်တဲ့ လက်အနေအထားကို သင်ကြားပေးလိုက်ပါ။အဲ့ဒါကို မိဘတွေ ခဏခဏ မေ့တတ်ပါတယ်။ စာလုံးနဲ့ စကားစုတို့သာ အရေးကြီးတာ မဟုတ်ပါဘူး။ စာရေးတဲ့အခါ ခဲတံကို ဘယ်လို ကိုင်ရမယ်၊ ဘယ်လို ထိုင်ရမယ် ဆိုတာတွေလည်း အရေးကြီးပါတယ်။– စာရေးနည်း သင်နေတဲ့အချိန်မှာ ကလေးတိုင်း တွေ့ကြုံရမယ့် အခက်အခဲတွေကို သိနေပါစေ။စာရေးဖို့ စသင်တဲ့အခါမှာ အောက်ပါတို့ကို ကလေး အများစု ကြုံတွေ့ကြရပါတယ်။တိုက်ရိုက် ထိရောက်သော သင်ကြားနည်းကို အသုံးပြုမယ် ဆိုရင် အဖြစ်များတဲ့ ပြဿနာများကို ကျော်လွှားပြီး အချိန် အများကြီး သက်သာစေမှာပါ။ ကလေးတွေကို စိတ်ရှည်ရှည်နဲ့ သင်ပေးနိုင်ကြပါစေကြောင်း။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-growth-development/why-hand-writing-is-important/
ဘောင်းဘီဇစ်နဲ့ လိင်တံအရေပြား ညှပ်မိသွားတဲ့အခါ ဘာလုပ်သင့်လဲ
အမျိုးသား အယောက် ၁၀၀ မှာ ၉၅ ယောက်လောက်က ငယ်ငယ်ကလေးဘဝကရော၊ ကြီးလာတဲ့အချိန်မှာပါ ဘောင်းဘီဇစ်နဲ့ လိင်တံအရေပြား ညှပ်မိတာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ထိပ်အရေပြားမဖြတ်တဲ့ အမျိုးသားတွေ၊ အရေပြားရှည်လွန်းတာ၊ ငယ်လွန်းတဲ့ ကလေးတွေနဲ့အတွင်းခံဘောင်းဘီမဝတ်ဘဲ ဘောင်းဘီဇစ်တပ်လိုက်မိတဲ့အခါ ဖြစ်တတ်ပါတယ်။ သေးငယ်တဲ့ မတော်တဆ ဆိုပေမယ့် ခံရတဲ့ကိုယ့်လူအတွက်ကတော့ ဝေဒနာက အသက်ပါမတတ်ပါပဲ။ အဖိုးတန် ဖွားဖက်တော်မှာဖြစ်တာဆိုတော့လည်း တခြားနေရာတွေမှာ ဖြစ်တာထက် ပိုပြီး စိုးရိမ်ထိတ်လန့်ကြောက်နေမိမှာပါ။ ခုဆောင်းပါးမှာ လိင်တံအရေပြားနဲ့ ဘောင်းဘီဇစ်ညှပ်သွားရင် ဘာလုပ်သင့်လဲ၊ အနာကို ဘယ်လိုဂရုစိုက်မလဲ၊ ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ပြဖို့လိုအပ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ကိုယ်တိုင်က ညပ်နေတဲ့သူလား၊ ဒါမှမဟုတ် ညပ်နေတဲ့သူကို ကူပေးရမယ့်သူလား၊ ဘယ်သူပဲဖြစ်နေပါစေ၊ အရင်ဆုံး စိတ်ကို ငြိမ်ငြိမ်ထားပါ။ စိတ်လှုပ်ရှားနေရင် ပိုအမှားပါတတ်ပါတယ်။ စိတ်ငြိမ်အောင်ထိန်းထားနိုင်ပြီဆိုမှ ရှေ့ဆက်လုပ်ပါ။ကိုယ့်အိမ်မှာ အုန်းဆီ၊သံလွင်ဆီစတဲ့ဆီတစ်မျိုးမျိုးရှိလားဆိုတာ အရင်ရှာကြည့်ပါ။ အိမ်တော်တော်များများမှာတော့ အုန်းဆီကို ဆောင်ထားတတ်တာ ပိုများပါတယ်။ အဆင်ပြေတဲ့ ဆီတစ်မျိုးမျိုးကို တွေ့တဲ့အခါ အရင်ဆုံး ညပ်နေတဲ့ လိင်တံအရေပြားနဲ့ သူ့ဘေးပတ်ပတ်လည်ကို ဆီနဲ့ နှံ့နေအောင် စွတ်ပေးပါ။ ဘောင်းဘီဇစ်ကိုလည်း ဆီများများစွတ်ပေးပါ။ ပြီးရင် ၁၀ မိနစ်ကနေ ၁၅ မိနစ်ခန့် ဒီအတိုင်းထားထားလိုက်ပါ။ ကြာသွားတဲ့အခါ ညပ်နေတဲ့နေရာက ချောပြီး ဖြုတ်ဖို့ပိုလွယ်ကူသွားပါလိမ့်မယ်။အရင်ဆုံး ဇစ်က ဘယ်လောက်အတိုင်းအတာထိ ညှပ်နေလဲဆိုတာ စစ်ကြည့်ပါ။ လက်တစ်ဖက်က လိင်တံအရေပြားကို အပေါ်သို့ လှန်ဆွဲပြီး ကျန်တစ်ဖက်က ဘောင်းဘီဇစ်ကို အောက်သို့ ဖြည်းဖြည်းချင်းဆွဲချကြည့်ပါ။ လုပ်နေရင်းနဲ့ အရေပြားပြဲသွားတာ၊ သွေးထွက်လာတာ တွေ့ရင်တော့ ရပ်လိုက်ပြီး ဆေးခန်းအမြန်ပို့ပါ။ကိုယ်က အရေပြားကို ဖြည်းဖြည်းချင်းဆွဲကြည့်လို့ မရဘူးဆိုတော့မှ ဘောင်းဘီဇစ်ကို ပလာယာ သို့မဟုတ် ဝက်အူလှည့်နဲ့ပဲဖြစ်ဖြစ် ဖြုတ်ဖို့ ကြိုးစားကြည့်ပါ။ ညှပ်နေတဲ့ ဇစ်က ဘောင်းဘီကနေ ပြုတ်သွားပြီဆိုရင် လက်နဲ့ ပြန်ဖြေလို့ပိုလွယ်သွားပါလိမ့်မယ်။ မိသားစုဝင်တွေထဲကမှ လက်သုံးပစ္စည်းတွေကို အသုံးပြုနေကျ အမျိုးသားဆိုရင် ပိုအဆင်ပြေပါတယ်။ကိုယ်တိုင်လုပ်လို့ အဆင်မပြေတာ၊ လုံးဝကျွတ်ထွက်မသွားတာ၊ ညပ်ခံရတာက အရမ်းငယ်သေးတဲ့ ကလေးဆိုရင်တော့ ဆေးခန်းပြလိုက်တာ ပိုကောင်းပါလိမ့်မယ်။ လိုအပ်ရင် ထုံဆေးအရင်ပေးပြီး လူနာစိတ်ငြိမ်သွားပြီဆိုတော့ ဆရာဝန်အနေနဲ့ ဘောင်းဘီကို အရင်ဖြဲပြီး ဇစ်ကိုပဲ ချန်ထားခဲ့မှာ ဖြစ်ပါတယ်။ ထုံဆေးက အရှိန်ရလာတဲ့အခါလိင်တံအရေပြားက ထုံကျဉ်နေပြီး ဇစ်ကနေ ဖြုတ်ချလိုက်ဖို့ ပိုလွယ်ကူသွားပါလိမ့်မယ်။အထူးသဖြင့် သွေးထွက်သွားတယ်ဆိုရင် လုံးဝမပေါ့ပါနဲ့။ သွေးအရမ်းထွက်နေတယ်ဆိုရင်တော့ အရင်ဆုံး သွေးတိတ်အောင် အဝတ်နဲ့ အရေပြားကို ဆယ်မိနစ်ခန့် ဖိထားပေးပါ။ ပြီးသွားရင် ဆပ်ပြာအပျော့စားကို ရေနွေးနဲ့ လိင်အင်္ဂါကို သေချာဆေးကြောပေးပါ။ ခြောက်အောင်သုတ်ပြီးသွားပြီဆိုမှ ဆရာဝန်ပေးလိုက်တဲ့ လိမ်းဆေး ဒါမှမဟုတ် အနာသက်သာစေဖို့ ဆီနည်းနည်းလိမ်းပြီး ပိုးသတ်ထားတဲ့ ဂွမ်း၊ ပလာစတာနဲ့ အုပ်ပေးထားပါ။သေချာသန့်သန့်ရှင်းရှင်းမထားတာ၊ ရေစိုနေတဲ့ ပလာစတာကို မခွာဘဲ ဒီအတိုင်းကပ်ထားရင်တော့ ပိုးဝင်ပြီး အနာကတော်ရုံနဲ့ ကျက်မှာမဟုတ်ပါဘူး။ အနာပတ်လည်က နီရဲပြီး ရောင်ကိုင်းလာတာ၊ အဝါရောင် သို့မဟုတ် စိမ်းဖန့်ရောင် ပြည်တွေထွက်လာတာ၊ အနာဘေးနားမှာ အနီရောင်သွေးကြောအမျှင်တွေ ထွက်နေတာ၊ ပျော့ပျော့အိအိဖြစ်နေတာ၊ အနာသက်သာလောက်မယ့် အချိန်ထိ နာနေသေးတာ၊ အဖျားတက်တာ စတဲ့ အနာထဲပိုးဝင်တဲ့လက္ခဏာတွေ့ရပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြန်ပြီး ပြဖို့လိုအပ်ပါတယ်။ဆေးခန်းသွားပြတဲ့အချိန်မှာ အရေပြားက အရမ်းရှည်နေပြီး ဘယ်လိုမှ ဇစ်ကနေ ဖြုတ်လို့မရဘူးဆိုရင်တော့ ဆရာဝန်အနေနဲ့ ထိပ်အရေပြားဖြတ်ဖို့ (Circumcision လုပ်ခြင်း) အကြံပေးပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပြဿနာက ယောက်ျားလေးအများစု ငယ်ရာကနေ ကြီးတဲ့အထိ ကြုံတွေ့ရတတ်တဲ့ မတော်တဆမှုဖြစ်တာကြောင့် မပေါ့ဆပါနဲ့ သတိပေးရင်း နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%b1%e1%80%98%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%98%e1%80%ae%e1%80%87%e1%80%85%e1%80%b9%e1%80%94%e1%80%b2%e1%82%94-%e1%80%9c%e1%80%ad%e1%80%84%e1%80%b9%e1%80%90%e1%80%b6%e1%80%a1%e1%80%b1/
နေကြတ်တဲ့အခါ မျက်စိနဲ့ တိုက်ရိုက် မကြည့်သင့်ပါ။
မနေ့က ဒေသစံတော်ချိန် ၁၂ နာရီ ကျော်ကော်လောက်က နေကြတ်တဲ့ဖြစ်စဉ်မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ နေကြတ်တုန်းက အားပါးတရနဲ့ နေကြတ်တာကို မျက်လုံးနဲ့ ဘာအကာအကွယ်မှ မယူဘဲ ကြည့်လိုက်မိသေးလား။ ခုရော မျက်လုံးက ကြည့်ရတာ အဆင်ပြေရဲ့လား။လူတော်တော်များများက နေကြတ်တဲ့ဖြစ်စဉ်ကို လူတော်တော်များများက ကြုံတောင့်ကြုံခဲ ဖြစ်စဉ်လို့ မှတ်ယူပြီး အချိန်ပေး စောင့်ကြည့်တတ်ကြပါတယ်။ နေကြတ်တာကို ကြည့်ဖို့ အာရုံ ထားရင်း လူတော်တော်များများ မေ့လျော့နေတာက အဖိုးဖြတ်လို့မရတဲ့ မျက်လုံးတွေကို ကာကွယ်ဖို့ပါ။ တကယ်ကတော့ နေကြတ်တာကို အကာအကွယ် မပါဘဲ သာမန်မျက်လုံးနဲ့ လုံးဝ မကြည့်သင့်ပါဘူး။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။နေကြတ်တယ်ဆိုတာက  လက နေ နဲ့ ကမ္ဘာကြားကို ဖြတ်သန်းသွားတဲ့ အချိန်ပါ။ လက ကမ္ဘာမြေပေါ်ကို ကျရောက်နေတဲ့ နေရဲ့ အလင်းလာရာ လမ်းကြောင်းကို ပိတ်ဆို့မှုကြောင့်  လရဲ့ အရိပ်က ကမ္ဘာမြေပေါ် ကျလာတာကို နေကြတ်တယ် ခေါ်တာပါ။ နေကြတ်တဲ့အခါ နေအပြည့်ကြတ်တာ ရှိသလို နေတစ်စိတ်တစပိုင်း ကြတ်တာမျိုးလည်း ရှိပါတယ်။နေကြတ်တာကို ကြည့်တာက မျက်လုံးတွေအတွက် တော်တော်လေး အန္တရာယ် ရှိပါတယ်။နေရောင်က မျက်လုံးကို ထိခိုက်စေတဲ့ အတိုင်းအတာက နေကြတ်ချိန်မှာတောင် လျော့မသွားပါဘူး။ ဒါကြောင့် နေကြတ်တာကို အကာအကွယ် မပါဘဲ သာမန် မျက်လုံးနဲ့ ကြည့်မယ်ဆိုရင် နေရောင်ကြောင့် အမြင်အာရုံ ထိခိုက်ပျက်စီးတာမျိုး ဖြစ်စေနိုင်ပါတယ်။တော်တော်များများက နေကြတ်နေချိန်မျာ နေရိပ်သွားတယ် နေရောင်က မပြင်းတော့ မျက်လုံးမစူးဘူး။ ဒါကြောင့် မျက်လုံးကို ထိခိုက်မှု ရှိမှာ မဟုတ်ဘူးလို့ ထင်ကြပါတယ်။ တကယ်ကတော့ နေကြတ်နေချိန်မှာတောင် နေကနေ ထွက်လာတဲ့ခရမ်းလွန်ရောင်ခြည်နဲ့ အပူဒဏ်တွေက လျော့မသွားဘဲ မျက်လုံးကို ထိခိုက်နိုင်နေဆဲပါ။အချို့လည်း နေကြတ်နေချိန်မှာ  နေကြတ်တာကို ကြည့်ဖို့ သီးသန့်ထုတ်လုပ်ထားတဲ့ မျက်မှန်တွေ မှန်ဘီလူးတွေ အစား နေကာမျက်မှန်ကို သုံးပြီးဖြစ်ဖြစ် သာမန် မျက်လုံးနဲ့ပဲ ဖြစ်ဖြစ် ကြည့်လိုက်လို့ရတယ်၊ လို့ ယူဆကောင်း ယူဆနိုင်ပါတယ်။ဒါက မျက်လုံးကို ထိခိုက်စေနိုင်တဲ့ အန္တရာယ် များလွန်းလှတဲ့ အယူအဆတစ်ခုလို့ပဲ ပြောပါရစေ။ တကယ်ကတော့ နေကြတ်တာကို ကြည့်ဖို့ဆိုရင် နေကြတ်တာ​ကြည့်ဖို့ သီးသန့် ထုတ်လုပ်ထားတဲ့ မျက်မှန်လို အရာမျိုးကို မဖြစ်မနေ ဝတ်ဆင် သင့်ပါတယ်။ ဒါမှ နေရောင်ကြောင့် မျက်လုံး မထိခိုက်မှာပါ။နေကြတ်တဲ့အခါ မျက်လုံးကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ကာကွယ်တာမျိုး မရှိဘဲ ကြည့်မယ်ဆိုရင် “eclipse blindness”  လို့ခေါ်တဲ့အမြင်အာရုံခံလွှာဟာ ခရမ်းလွန် ရောင်ခြည်ကြောင့် ထိခိုက်ပျက်စီးတာမျိုး ဖြစ်နိုင်ပါတယ်။ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ တိုက်ရိုက် ထိတွေ့တာကြောင့်အမြင်လွှာက ဆဲလ်တွေပျက်စီးသွားပြီး အမြင်အာရုံ ထိခိုက်တာမျိုးပါ။ဒီလို ဖြစ်တဲ့အခါ နာကျင်မှု လုံးဝမရှိဘဲ အမြင်လွှာက ဆဲလ်တွေ ပျက်စီးသွားမှုကြောင့် ယာယီ ဒါမှမဟုတ် အမြင်အာရုံ လုံးဝ ပျက်စီးသွားတာမျိုး ဖြစ်နိုင်ပါတယ်။ နေကြတ်တာကို ကြည့်ပြီး နာရီ အနည်းငယ် အကြာ (၄ နာရီ ကနေ ၆ နာရီအတွင်း ဒါမျမဟုတ် ၁၂ နာရီ အတွင်း) မှာ ခံစားမိနိုင်သလို   ရက်အနည်းငယ် အကြာမှာမှ အမြင်အာရုံ ထိခိုက်တာကို သိနိုင်တာမျိုးလည်း ရှိပါတယ်။နေကြတ်တာကြောင့် ခံစားရနိုင်တဲ့အမြင်အာရုံပြဿနာတွေကတော့။ဒါတွေအပြင် နေရောင်ကို တိုက်ရိုက် ထိတွေ့တာကြောင့် မျက်ကြည်လွှာ ပျက်စီးတာကို ခံစားရနိုင်ပါတယ်။ ကာလတိုအနေနဲ့ အမြင်အာရုံတွေ ဝေဝါးတာ၊ခေါင်းကိုက်တာတွေကို ခံစားရနိုင်ပါတယ်။စိတ်မကောင်းစရာတစ်ချက်က နေကြတ်တဲ့အခါမှာ နေကို တိုက်ရိုက် ကြည့်မိတာကြောင့် အမြင်လွှာတွေမျက်ကြည်လွှာတွေ ထိခိုက်သွားတာက ကုသဖို့ မဖြစ်နိုင်ဘူး ဆိုတာပါ။ အရမ်းမပြင်းထန်ရင် ၃ လ ကနေ ၆ လအတွင်းမှာ ပြန်လည် သက်သာနိုင်ပေမယ့် ပြင်းထန်စွာ ထိခိုက်မိမယ်ဆိုရင်တော့ အမြင်အာရုံ ပျက်စီးမှုက တစ်သက်တာလုံး ဖြစ်သွားနိုင်ပါတယ်။နေကြတ်တာကို လုံးဝ မကြည့်ရတာ မဟုတ်ပါဘူး။ အန္တရာယ် ကင်းကင်းနဲ့ ကြည့်လို့ရပါတယ်။ နေကြတ်တာကအတွက် သီးသန့်ထုတ်ထားတဲ့ မျက်မှန် ဒါမှမဟုတ် မှန်ဘီလူးကနေ ကြည့်တာမျိုးပေါ့။ နောက်တစ်ချက် နေအပြည့် ကြတ်နေချိန်မှာ ခဏလောက်တော့ ကြည့်လို့ရပါတယ်။သတိထားရမှာ တစ်ချက်က နေကြတ်တာကို ဖုန်း ကင်မရာကနေတဆင့် မကြည့်သင့်သလို ကင်မရာရဲ့ viewfinder ကနေလည်း မကြည့်သင့်ပါဘူး။ ဒါတွေကလည်း နေရောင်ကြောင့် မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် နေကြတ်တယ်ဆိုတာက ထူးခြားဖြစ်စဉ် ဆိုပေမယ့် နေကနေထွက်လာတဲ့ ခရမ်းလွန်ရောင်ခြည် နဲ့အပူဒဏ်တွေက နေကြတ်နေချိန်မှာတောင် လျှော့မသွားတာကြောင့် မျက်လုံးကို ထိခိုက်စေတယ်ဆိုတာကို သတိချပ်စေချင်ပါတယ်။ ဒါကြောင့် နေကြတ်နေချိန်မှာ ထိုက်သင့်တဲ့ အကာအကွယ်မပါဘဲ နေကြတ်တာကို ကြည့်တာမျိုး မလုပ်ဖို့ ပြောပါရစေ။ကလေးငယ်လေးတွေကိုလည်း အမြင်အာရုံ ထိခိုက်မှု ကင်းစေဖို့ နေကြတ်တာကို မကြည့်စေဖို့ သတိပေးပါရစေ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/solar-eclipse-and-your-eyes/
ရွှေသမင်လို မျက်ဝန်းလှလှလေး ပိုင်ဆိုင်စေမယ့် လျှို့ဝှက်ချက်များ
ရွှေသမင်လို ရွှန်းစိုတောက်ပတဲ့မျက်ဝန်းလှလှလေးတွေပိုင်ဆိုင်ထားတာကို အမျိုးသမီးတစ်ယောက်ရဲ့ အလှတရားတစ်ခုလို့ မြန်မာတွေက တင်စားခေါ်ဆိုကြပါတယ်။ ရွှေသမင်လို မျက်ဝန်းဆိုတာက မျက်လုံးအစုံလိုက် ရွှေသမင်နဲ့ တူနေတာကိုဆိုလိုတာမဟုတ်ပါဘူး။ သမင်မျက်ဝန်းလို ရွှန်းစိုတောက်ပနေတာကို ဆိုလိုတာပါ။ရွှန်းစိုလှပတဲ့ မျက်ဝန်းလေးတစ်စုံကို ပိုင်ဆိုင်နေဖို့ဆိုရင် နေထိုင်ပုံ၊ စားသောက်ပုံတွေမှာ နည်းမှန် လမ်းမှန်နဲ့ နေထိုင်စားသောက်ဖြစ်ဖို့ လိုအပ်ပါတယ်။နေချင်သလိုနေ၊ စားချင်သလိုစားပြီးမျက်စိကျန်းမာရေးကို ဂရုမစိုက်ဘူးဆိုရင် မွေးရာပါလှပတဲ့ မျက်ဝန်းတစ်စုံကိုပိုင်ဆိုင်ထားသူတောင်မှ အဲ့ဒီအလှတရားကို လက်လွှတ်ဆုံးရှုံးသွားရနိုင်တယ်မဟုတ်လား။ဒါကြောင့် ကိုယ့်ရဲ့ မျက်ဝန်းလေး လှပနေဖို့ဆိုရင် အနေအထိုင် အစားအသောက်ပိုင်းမှာ ဘယ်လို နေထိုင်၊ စားသောက်ရမယ်ဆိုတာကို လမ်းညွှန်ပေးချင်ပါတယ်။မျက်ဝန်းကို ရွှန်းစိုလှပစေဖို့ မှီဝဲပေးသင့်တဲ့ အစားအစာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။သိထားသင့်တာတော့ အစားအသောက်ပိုင်းကို ဂရုစိုက်တာဟာ မျက်ဝန်းရဲ့ အလှအပကို ထိခိုက်စေမယ့် ပြဿနာတွေရဲ့ ၃၅%ကို လျှော့ချပေးနိုင်တယ်ဆိုတာပါပဲ။လှပရွှန်းစိုတဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ဖို့ဆိုရင် အစားအသောက်အပြင် အနေအထိုင်အပြုအမူပိုင်းတွေမှာလည်း လိုက်နာရမှာတွေရှိနေပါသေးတယ်။ဘယ်လိုအချက်တွေလဲဆိုတော့။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/beautiful-eye-secrets/
Thalassemia (သာလာဆီးမီးယားရောဂါ)
သာလာဆီးမီးယားရောဂါဆိုတာ။သာလာဆီးမီးယားဆိုသည်မှာ ပုံမှန်မဟုတ်သော ဟီမိုဂလိုဘင်(သွေးနီဥဆဲလ်တွင် အောက်ဆီဂျင်ကို သယ်ဆောင်သော ပရိုတင်း)ကို ခန္ဓါကိုယ်မှ ထုတ်လုပ်သောရောဂါဖြစ်သည်။ သွေးနီဥကို ခန္ဓါကိုယ်မှ အလွန်အကျွံဖျက်စီးသဖြင့် သွေးအားနည်းခြင်းကို ဖြစ်စေသည်။သာလာဆီးမီးယားသည် မျိုးရိုးလိုက်သော ရောဂါတစ်မျိုးဖြစ်သည်။ ဆိုလိုသည်မှာ ရောဂါသည်၏ မိဘတစ်ဦးဦးသည် မျိုးဗီဇဖောက်ပြန်ခြင်း သို့မဟုတ် အရေးကြီးသော မျိုးဗီဇအပိုင်းအစတစ်ခုခု ပျက်စီးခြင်းကြောင့် ရောဂါသယ်ဆောင်သူ ဖြစ်နေရမည်။အဓိက သာလာဆီးမီးယားနှစ်မျိုးမှာ အယ်လ်ဖာ နှင့် ဘီတာဖြစ်သည်။ အယ်လ်ဖာသာလာဆီးမီးယားတွင် အယ်လ်ဖာဂလိုဘင်၏ မျီုးဗီဇအနည်းဆုံးတစ်ခု ဖောက်ပြန်ခြင်း၊ မူမမှန်ခြင်း ဖြစ်မည်။ ဘီတာသာလာဆီးမီးယားတွင် ဘီတာဂလိုဘင် မျိုးဗီဇများ ထိခိုက်မှုဖြစ်မည်။သာလာဆီးမီးယားအမျိုးအစားပေါ်မူတည်၍ ရောဂါလက္ခဏာများ ကွဲပြားနိုင်သည်။သာလာဆီးမီးယားအပျော့စားသည် များသောအားဖြင့် ရောဂါလက္ခဏာမပြပါ။ ပြလျှင်လည်း မပြင်းထန်သော သွေးအားနည်းခြင်းသာ ဖြစ်နိုင်သည်။ဘီတာသာလာဆီးမီးယားတွင် ပြင်းထန်သောရောဂါ နှစ်မျိုးရှိသည်။ အဓိကဘီတာသာလာဆီးမီးယားနှင့် ကြားဖြစ်သောဘီတာသာလာဆီးမီးယား(အဓိကလောက်မပြင်းထန်)တို့ဖြစ်သည်။ထိုရောဂါများကြောင့်ဖြစ်သော ပြင်းထန်သွေးအားနည်းခြင်းသည် အသက်အန္တရာယ်ကိုပါ ဖြစ်စေနိုင်သည်။ အခြားရောဂါလက္ဓဏာများမှာ။ဤအမျိုးအစား သာလာဆီးမီးယားသည် အလွန်ပြင်းထန်လေ့ရှိသဖြင့် ပုံမှန်သွေးသွင်းကုသရန် လိုအပ်သည်။အယ်လ်ဖာသာလာဆီးမီးယားတွင်လည်း ဟီမိုဂလိုဘင် ံ ရောဂါနှင့် သန္ခေသားအဖောရောဂါဟူ၍ ပြင်းထန်သောရောဂါ နှစ်မျိုးရှိသည်။ဟီမိုဂလိုဘငံ်ရောဂါတွင် အရိုးပြဿနာများ ရှိနိုင်သည်။ ပါး၊နဖူးနှင့် မေးရိုးများ ထူထဲလာခြင်း ဖြစ်နိုင်သည်။ ထို့ပြင်။သန္ခေသားအဖောရောဂါသည် အလွန်ြပ်ငးထန်သော သာလာဆီးမီးယားတစ်မျိုးဖြစ်ပြီး မမွေးခင်ကပင် ရှိနေနိုင်သည်။ ထိုရောဂါသည်များသည် အသေမွေးလာခြင်း သို့မဟုတ် မွေးပြီးမကြာခင် သေဆုံးခြင်းဖြင့်သာ အဆုံးသတ်သည်။စောစီးစွာ သိရှိပြီးကုသနိုင်ခြင်းက ရောဂါအခြေအနေပိုဆိုးလာခြင်းနှင့် အခြားအရေးပေါ်အခြေအနေများကို ကာကွယ်နိုင်သည်။ ထို့ကြောင့်တတ်နိုင်သမျှ စောစီးစွာ ဆရာဝန်နှင့် တိုင်ပင်ပါ။အထက်ပါ ရောဂါလက္ခဏာများရှိပါက၊ သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုန်.ပြန်မှုများသည် မတူညီနိုင်သောကြောင့် သင့် ရောဂါလက္ခဏာအတွက် ဆရာဝန်နှင့်တိုင်ပင်ခြင်းသာ အကောင်းဆုံးဖြစ်သည်။ဟီမိုဂလိုဘင် ထုတ်လုပ်မှုနှင့် သက်ဆိုင်သောမျိုးဗီဇဖောက်ပြန်ခြင်း၊ မူမမှန်ခြင်းတို့ကြောင့် သာလာဆီးမီးယားဖြစ်လာသည်။ မိဘများထံမှ မျိုးဗီဇချွတ်ယွင်းမှုကို ဆက်ခံရရှိခြင်းဖြစ်သည်။သင့်မိဘများထဲမှ တစ်ဦးသာလျှင် သာလာဆီးမီးယားသယ်ဆောင်သူ ဖြစ်ပါက သင့်တွင်သာလာဆီးမီးယား အပျော့စားဖြစ်နိုင်သည်။သင့်မိဘနှစ်ပါးစလုံး သာလာဆီးမီးယားသယ်ဆောင်သူ ဖြစ်ပါက သင့်တွင်ပိုမိုပြင်းထန်သော သာလာဆီးမီးယားအမျိုးအစား ဖြစ်နိုင်ခြေပိုများသည်။ဟီမိုဂလိုဘင် မျိုးဗီဇဖောက်ပြန်မှုကို မိဘမှ သားသမီးထံ လက်ဆင့်ကမ်းသောကြောင့် သာလာဆီးမီးယားရောဂါဖြစ်ပွားသည်။ သင့်မိသားစုတွင် ထိုရောဂါသည်ရှိပါက သင့်တွင်ဖြစ်နိုင်ခြေမြင့်တက်နေနိုင်သည်။အာဖရိကန်အနွယ်ဝင်များ၊ မြေထဲပင်လယ်ဒေသနှင့် အရှေ့တောင်အာရှမှ ဆင်းသက်လာသူများတွင် သာလာဆီးမီးယား ပိုမိုအဖြစ်များသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်တွင် သာလာဆီးမီးယားရှိသည်ဟု သံသယရှိပါက ဆရာဝန်သည် သင့်ကို စမ်းသပ်စစ်ဆေးမှုပြုလုပ်လိမ့်မည်။စမ်းသပ်ပြီးလျှင် သွေးနမူနာယူပြီး သွေးအားနည်းခြင်းနှင့် မူမမှန်သည့် ဟီမိုဂလိုဘင် ရှိမရှိ ဓါတ်ခွဲခန်းပို့၍ စစ်ဆေးမည်။ ပုံသဏ္ဍာန်မမှန်သော သွေးနီဥများသည် သာလာဆီးမီးယား၏ လက္ခဏာဖြစ်သည်။ဓါတ်ခွဲခန်းကျွမ်းကျင်သူက ဟီမိုဂလိုဘင် နူနခအမသစ့သမနျငျ ဟုခေါ်သည့် သွေးနီဥထဲရှိ မော်လီကျူးများကို ခွဲထုတ်၍ ပုံမမှန်သော အမျိုးအစားကိုရှာသည့် စစ်ဆေးမှုမျိုးပြုလုပ်နိုင်သည်။သာလာဆီးမီးယား၏ အမျိုးအစားနှင့် ပြင်းထန်မှုအပေါ်မူတည်၍ ဆရာဝန်၏ စမ်းသပ်စစ်ဆေးမှုမှလည်း ရောဂါအမည်တပ်နိုင်သည်။ ဥပမာ ဘေလုံးအလွန်အမင်းကြီးနေခြင်းသည် ဟီမိုဂလိုဘငံ်ရောဂါကို ညွှန်ပြသည်။သာလာဆီးမီးယား၏ အမျိုးအစားနှင့် ပြင်းထန်မှုအပေါ်မူတည်၍ ကုထုံးကို ဆုံးဖြတ်သည်။ ဆရာဝန်က သင့်ရောဂါနှင့် အကိုက်ညီဆုံးဖြစ်သော ကုသမှုကို ပေးလိမ့်မည်။ သာလာဆီးမီးယားတွင်သုံးသော ကုသနည်းအချို့မှာ။ဆရာဝန်က သင့်ကို သံဓါတ်ပါသည့် အားဆေးများမသောက်ရန်ညွှန်ကြားလိမ့်မည်။ အထူးသဖြင့် သွေးသွင်းကုသမှုခံယူနေရသူများတွင် ခန္ဓါကိုယ်မှ အလွယ်တကူ မစွန့်ထုတ်နိုင်သော သံဓါတ်များပိုလျှံနေတတ်သည်။ သံဓါတ်သည် ခန္ဓါကိုယ်အစိတ်အပိုင်းများတွင် စုပုံပြီး အသက်သေသည်အထိ ဖြစ်စေနိုင်သည်။သင်သည် သွေးသွင်းကုသမှုခံယူနေရပါက သံဓါတ်ဖြေဆေးကုထုံးကို လိုအပ်နိုင်သည်။ ထိုကုထုံးမှာ သံဓါတ်နှင့်အခြားသတ္တုဓါတ်တို့ကို ပေါင်းယူသော ဓါတုပစ္စည်းတစ်မျိုးကို ထိုးဆေးအဖြစ် အသုံးပြုခြင်းဖြစ်သည်။ ဤနည်းဖြင့် ခန္ဓါကိုယ်တွင် ပိုလျှံနေသော သံဓါတ်များကို ဖယ်ထုတ်နိုင်သည်။ဆရာဝန် မညွှန်ကြားဘဲ သံဓါတ်ပါသည့် အားဆေးများမသောက်ပါနှင့်။အာဟာရရှိသော အစားအစာများကို မျှတစွာစားသောက်ခြင်းဖြင့် နေထိုင်ကောင်းခြင်း အားအင်ပြည့်ခြင်းတို့ဖြစ်စေသည်။ ဆရာဝန်က သင်၏သွေးနီဥအသစ်ထုတ်လုပ်ခြင်းတွင် ကူညီမည့် ဖောလစ်အက်ဆစ်ဆေးကို သောက်ရန် ညွှန်ကြားမည်။ ထို့ပြင် အရိုးကျန်းမာရေးအတွက် နေ့စဉ်အစားအစာတွင် ကယ်လ်ဆီယမ်နှင့် ဗိုက်တာမင်ဒီ အလုံအလောက်ပါဝင်ရန် ဂရုပြုပါ။ သင့်အတွက်လိုအပ်သောပမာဏနှင့် ဖြည့်စွက်အားဆေးသောက်ရန် လိုမလို ဆရာဝန်ထံတွင် မေးနိုင်သည်။လက်ကိုမကြာခဏ ဆေးကြောခြင်း၊ ဖျားနာနေသူများကို ရှောင်ကြဉ်ခြင်းဖြင့် သင့်ထံ ရောဂါပိုးဝင်ရောက်ခြင်းမှ ကာကွယ်ပါ။ အထူးသဖြင့် ဘေလုံးထုတ်ထားပြီးသူတွင် ပို၍အရေးကြီးသည်။ နှစ်စဉ်ထိုးသည့် တုပ်ကွေးကာကွယ်ဆေးအပြင် ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်နှင့် အသည်းရောင်အသားဝါ ြ ပိုး ကာကွယ်ဆေးလည်း ထိုးထားရန်လိုသည်။ ဖျားခြင်းနှင့် အခြားရောဂါပိုးဝင်သည့် လက္ခဏာများရှိလာပါက ဆရာဝန်နှင့် ကုသမှုခံယူပါ။သိလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/anaemia/thalassemia-%e1%80%9e%e1%80%ac%e1%80%9c%e1%80%ac%e1%80%86%e1%80%ae%e1%80%b8%e1%80%99%e1%80%ae%e1%80%b8%e1%80%9a%e1%80%ac%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab/
အမျိုးသားများအတွက် အသားရေကိုထိန်းသိမ်းရန် လမ်းညွှန်ချက်များ
ယခုခေတ်တွင် အမျိုးသားများသည်လည်း မျက်နှာ အသားအရေထိန်းသိမ်းရန် လိုအပ်လာကြပါသည်။ အမှန်ဆိုရလျှင် အမျိုးသားအများစုသည် သူတို့၏ အသားအရေနှင့် ပက်သက်ပြီး အလေးအနက်ထားလာကြသည်ကို တွေ့ရသည်။ အောက်ပါတို့သည် အမျိုးသားများ၏ မျက်နှာ အရေပြားထိန်းသိမ်းမှုနှင့် ပက်သက်သော ရှာဖွေတွေ့ရှိမှုအချို့ဖြစ်ပါသည်။အောက်ပါတို့သည် သင့်အတွက် လွယ်ကူ လျှင်မြန်သော နည်းလမ်းအချို့ဖြစ်ပါသည်။· ကိုယ်တိုက်ဆပ်ပြာနှင့် လက်ဆေးဆပ်ပြာများဝယ်လျှင် အစိုဓါတ်ထိန်းပစ္စည်းပါသော အမျိုးအစားကို ရွေးချယ်ပါ်။· မျက်နှာအတွက် နေရောင်ကိုကာပေးသော ပစ္စည်းပါသည့် အစိုဓါတ်ထိန်းပစ္စည်း အမျိုးအစားကို ရွေးချယ်ပါ။· နေရောင်ကိုကာပေးသောခရင်မ်ကို SPF 15 နှင့် အထက်ကိုသာ အမြဲရွေးချယ်သုံးစွဲပါ။· သင်သည် အသားရေခြောက်သူတဦးဖြစ်လျှင်ကိုယ်တွင်လိမ်းရန် နွေရာသီတွင် အစိုဓါတ်ထိန်းပစ္စည်း အမျိုးအစားကို ရွေးချယ်ပါ။· အသားရေအလွန်ခြောက်သူများ အတွက် ပိုစေးပျစ်သော အစိုဓါတ်ထိန်းပစ္စည်းမျိုးက ပိုကောင်းပါသည်။· ဆောင်းရာသီတွင် ပိုပျစ်သော အစိုဓါတ်ထိန်းပစ္စည်းမျိုးကို ရွေးချယ်ပါ။· အမျိုးသားအများစုသည် ကိုယ်တိုက်ဆပ်ပြာ၊ ခေါင်းလျှော်ရည် တို့ကို မျက်နှာသစ်ဆေးအဖြစ်ပါ အသုံးပြုတတ်ကြသည်။ အများစုသောကိုယ်တိုက်ဆပ်ပြာ၊ ခေါင်းလျှော်ရည် တို့တွင် သင့် အသားရေကို ခြောက်သွေ့စေသော၊ အသားရေတောက်ပမှုကို လျော့နည်းစေသော ဓါတုပစ္စည်းများပါဝင်သော ကြောင့် ဠင်းတို့ကို မျက်နှာသစ်အနေနှင့် မသုံးသင့်ပါ။· ရွေးချယ်စရာ မျက်နှာသစ်ဆေးအမျိုးမျိုးရှိသော်လည်း အရင်ဦးဆုံး ဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်သော အမျိုးအစားများကို ဝယ်ယူပါ။(နာနတ်သီးနှင့်ပြုလုပ်သော မျက်နှာချေးချွတ်ဆေးသည် အမျိုးသားများကြားတွင် ရေပန်းစားသည်။)။· သင့် မျက်နှာကို ခေါင်းလျှော်ရည်ဖြင့် မသစ်ရန် အကြံပေးအပ်ပါသည်။· ကြက်သီးနွေးရေဖြင့် ရေချိုးပါ။· ကြက်သီးနွေးရေဖြင့် ရေချိုးရင် ၅ မိနစ်မှ ၁၀ မိနစ်သာ ချိုးပါ။· လက်ဆေးပြီးလျှင် အစိုဓါတ်ထိန်းခရင်မ်ကို အသုံးပြုပါ။· ရေချိုးပြီးလျှင်လည်း အစိုဓါတ်ထိန်းခရင်မ်ကို အသုံးပြုပါ။· မုတ်ဆိတ်ရိတ် ခရင်မ်ကို အသားထဲသို့ နှံ့အောင်ပွတ်ပါ။· အလွန်အကျွံရိတ်ခြင်းကိုရှောင်ကျဉ်ပါ။ သင့်အရေပြားပွန်းပဲ့မှုကို လျှော့ချရန် အသွားတဖက်ပါသော ရိတ်ဓါးကိုသာ အသုံးပြုပါ။· ရိတ်ပြီးလျှင် ရေများများဖြင့်ဆေးကြောပါ။ ပြီးလျှင် မျက်နှာသုတ်ပဝါနှင့်သုတ်ပါ။ မပွတ်ပါနှင့်။· မုတ်ဆိတ်မရိတ်မီ မိနစ်အနည်းငယ်အလိုတွင် ရေနွေး သိုကမဟုတ် ရေပူတွင်စိမ်ထားသော တဘက်ဖြင့် အရင်ဦးစွာဆေးကြောပါ။· သင့် အသားရေကို ကာကွယ်ရန်နေရောင်ကာမရင်မ်ပါဝင်သော အစိုဓါတ်ထိန်းပစ္စည်းကို လိမ်းပါ။· မုတ်ဆိတ်မွှေးပေါက်သည့် ဦးတည်ဘက်အတိုင်း ရိတ်မာ။· ဆေးညွှန်းပါရှိသည့် Retinol (Renova ,Retin-A, Tazorac,Avita, Differin) စသည်တို့ကို ညဘက်တွင်လိမ်းပါ။ ဠင်းတို့သည် ဝက်ခြံပေါက်ခြင်းကို လျော့နည်းစေလိမ့်မည်။· ပိုးသတ်ဆေး သို့မဟုတ် Benzyl Peroxide ပါဝင်သော ခရင်မ်များ၊မျက်နှာသစ်ဆေးများကို နေ့စဉ်အသုံးပြုခြင်းဖြင့် လည်း သင့်ဝက်ခြံကို သက်သာစေနိုင်သည်။· နောက်ဆုံးအနေဖြင့် သင်သည် အရေပြားချေးချွတ်သန့်စင်ခြင်း၊ ဝက်ခြံကိုဆေးထိုးခြင်းနှင့် လေဆာရောင်ခြည်ဖြင့် ကုသခြင်းစသည်တို့ကိုပြုလုပ်မည်ဆိုပါ က မှန်မှန်ပြုလုင်ရန်လိုအပ်ပါသည်။· သင့် အလှပရေးရာ ဆရာဝန်၏ အကြံးပေးချက်များကို ရယူကာ လုပ်ဆောင်ခြင်းဖြင့် သင့်အတွက် အနာနှင့်ဆေးတည့်ကာ အကျိုးရှိစေမည်ဖြစ်သည်။ သင့် အသားအရေကို ဂရုစိုက်ထိန်းသိမ်းဖို့လည်း အလွန်အရေးကြီးသည်။အချုပ်ဆိုရသော် အမျိုးသားများသည် အသားရေထိန်းသိမ်းပေးသော စင်တာများသို့သွားရန်လိုမလို စသည့် မျက်နှာအရေပြားထိန်းသိမ်းမှုအတွက် သိလိုသည်များရှိလျှင် အထက်ပါအချက်များသည် သင့်အတွက် လွယ်ကူပြီး လုပ်ဆောင်ရန် အဆင်ပြေစေမည့် အချက်များဖြစ်သည်။ထိုနည်းလမ်းများကို လိုက်နာကာ သင့် အသားရေကို အထိရောက်ဆုံးကာကွယ်လိုက်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8/
မိုးရာသီမှာ ကလေးတွေကို ဘာတွေကျွေးလို့ ဘာတွေ မကျွေးသင့်ဘူးလဲ
မိုးလေးလည်းစရွာနေပြီ ကလေးတွေလည်းကျောင်းတက်ရာသီရောက်လာပြန်ပြီနော်။ကျောင်းနေအရွယ်ကလေးတွေအနေနဲ့ကိုယ်ခန္ဓာကျန်းမာဖွံ့ဖြိုးဖို့အတွက်အာဟာရပြည့်ဝအောင် စားသုံးပေးဖို့လိုအပ်တယ်ဆိုပေမယ့် အသက်ကိုဉာဏ်စောင့်တယ်ဆိုတဲ့ စကားအတိုင်း အာဟာရဖြစ်တာကို စားမှ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းမှာပါ။ ဒီတစ်ခေါက်တော့မိုးရာသီမှာ ဘာတွေကို ကျွေးသင့်ပြီး ဘာတွေကိုရှောင်သင့်လဲဆိုတာပြောပြပေးပါရစေ။အာဟာရဖြစ်စေပြီးကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ရာသီဥတုအေးတာကြောင့်အဖျားမဝင်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အသားတွေ နဲ့အသီးအရွက်တွေနဲ့ စွပ်ပြုတ်ချိုချိုလေးပြုတ်ပြီး ခပ်နွေးနွေးလေးတိုက်ပေးပါ။ကြက်သွန်ဖြူကဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံအားကို ကောင်းမွန်စေတဲ့အတွက် ကြက်သွန်ဖြူကိုလည်း ကလေးအတွက်ပြင်ဆင်တဲ့ အစားအစာတွေထဲမှာ ထည့်သွင်းပြင်ဆင်ပေးပါ။အယ်လ်မွန်စေ့မှာအမျှင်ဓာတ်ပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီးဝမ်းဗိုက်ပြဿနာကင်းစင်စေမှာပါ။ မိုးရာသီမှာ ဖြစ်တတ်တဲ့ အစာခြေစနစ်ဆိုင်ရာပြဿနာတွေကို ရှောင်ရှားနိုင်စေဖို့အတွက် အယ်လ်မွန်စေ့ကိုကျွေးပေးပါ။သလဲသီးက ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပါတယ်။ ကလေးကို သလဲသီးကျွေးပေးလို့ရသလို သလဲသီးကို ကြိတ်ပြီးဖျော်ရည်အဖြစ်ဖျော်တိုက်လို့လည်း ရပါတယ်။ဗီတာမင် Cပါဝင်တာကြောင့် ကိုယ်ခံအားကို ကောင်းမွန်စေပြီး ရောဂါပိုးတွေကို တိုက်ထုတ်ပေးနိုင်စွမ်းရှိပါတယ်။ပဲပြားမှာပရိုတင်း၊ကယ်လ်ဆီယမ်၊သံဓာတ်နဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့အမိုင်နိုအက်ဆစ်တွေပါဝင်နေတာကြောင့် ကိုယ်ခံအားကို ကောင်းမွန်စေမှာပါ။ရာသီဥတုက အေးနေတာကြောင့် ကလေးက ရေမသောက်မိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မိဘတွေအနေနဲ့ ကလေးတွေကို ရေတိုက်ပေးပါ။ ခန္ဓာကိုယ်မှာရေဓာတ်ပြည့်ဝနေတာကလည်း ရောဂါပိုးတွေကို တိုက်ထုတ်ရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ကြက်ဟင်းခါးသီးက အခါးဓာတ်ရှိတာကြောင့် ကလေးတော်တော်များများကတော့ မကြိုက်ပါဘူး။ ဖြစ်နိုင်ရင် နည်းနည်းလောက်တော့ ဆေးဖြစ်ဝါးဖြစ်လေးကျွေးပေးပါ။ ကြက်ဟင်းခါးသီးက ရောင်ရမ်းမှုကို လျော့ကျစေနိုင်သလို မှိုပိုးတွေနဲ့ ရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်နိုင်စွမ်းရှိတာကြောင့် ကလေးကို မိုးတွင်းမှာ ရောဂါကင်းအောင် ကြက်ဟင်းခါးသီးကျွေးပေးပါ။မက်မွန်သီးမှာဗီတာမင် Aနဲ့ ဗီတာမင် C တို့ ပါဝင်တာကြောင့် မုတ်သုံရာသီမှာ ကလေးရဲ့ဆံသားကို ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောငကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် အခုလိုမိုးရာသီမှာ ကလေးကို မက်မွန်သီးကျွေးပေးပါ။မိုးရာသီမှာ ကလေးတွေကို လမ်းဘေးမှာ ရောင်းနေတဲ့ ဖုံးအုပ်ထားတာမရှိတဲ့ အစားအစာမျိုးတွေကို မကျွေးပါနဲ့။ မသန့်ရှင်းတဲ့ အစားအစာတွေက ကလေးကိုနာမကျန်းဖြစ်စေနိုင်ပါတယ်။ဒိန်ချဉ်က ခန္ဓာကိုယ်အတွက် ကောင်းတယ်ဆိုပေမယ့် မိုးရာသီမှာတော့ သားသားမီးမီးတွေကို တွေ့ရာ မတိုက်သင့်ပါဘူး။ အခန့်မသင့်ရင်  ဝမ်းလျှောနိုင်တာကြောင့်ပါ။ ဒါပေမယ့်လည်း ဒိန်ချဉ်မှာ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်တာကြောင့် သန့်သန့်ရှင်းရှင်း ပြင်ဆင်ထားတဲ့ ဒိန်ချဉ်မျိုးဆိုရင်တော့ တိုက်နိုင်ပါတယ်။နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေက အစာကြေခဲတယ်ဆိုတာကို တော်တော်များများကသိထားပြီးသားပါ။ မိုးရာသီလိုမျိုး အေးမြနေတဲ့ အနေအထားမှာ ကလေးကို နို့နဲ့နို့ထွက်ပစ္စည်းတွေဝယ်ကျွေးမယ်ဆိုရင် အစာကြေခဲတဲ့ပြဿနာကို ရင်ဆိုင်ရနိုင်ပါတယ်။ ကလေးအာဟာရပြည့်ဝအောင် တိုက်ချင်တယ်ဆိုရင်တော့ သင့်တင့်တဲ့ ပမာဏနဲ့ ပိုးသတ်ထားတဲ့ နို့ကို တိုက်နိုင်ပါတယ်။အေးနေတဲ့ရာသီမှာ အလွယ်တကူ ချွဲကျပ်တာမျိုးဖြစ်နိုင်တာကြောင့် ကလေးကို အခုလိုမျိုးမိုးရာသီမှာ အချိုရည်တွေတိုက်တာ၊ သကြားလုံးကျွေးတာနဲ့ အချိုလွန်ကဲတဲ့ အစားအစာတွေကို မကျွေးသင့်ပါဘူး။တစ်ခါတလေအေးနေတဲ့အချိန်မှာမှ သားသားမီးမီးတွေက ရေခဲချောင်းစားချင်တယ်၊ ရေခဲမုန့်စားချင်တယ်ဆိုပြီး ပူဆာတာမျိုးဖြစ်နိုင်ပါတယ်။ ကလေးစိတ်ချမ်းသာအောင် ကျွေးလိုက်မယ် မလုပ်ပါနဲ့။ နေထိုင်မကောင်းတာ၊ချောင်းဆိုးတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိုးရာသီမှာ ကလေးတွေကို မကျွေးသင့်တဲ့ အစားအစာတွေထဲမှာ ရေခဲချောင်းနဲ့ ရေခဲမုန့်ကို ထည့်ထားလိုက်ပါ။လက်သုပ်စုံတွေ၊ လက်လုပ်ချဉ်တွေက ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။ ဒီအစားအစာတွေမှာ ရောဂါပိုး ပါဝင်နိုင်ခြေက တော်တော်လေးများပါတယ်။ ဒါကြောင့် ကလေးကို မိုးရာသီမှာလက်သုပ်စုံတွေ၊ လက်လုပ်ချဉ်တွေ မကျွေးပါနဲ့။ကလေးကို မိုးရာသီမှာ သစ်သီးတွေကျွေးတဲ့အခါ သေချာရေဆေးပြီး ကိုယ်တိုင် အိမ်မှာပြင်ဆင်ကျွေးမွေးသင့်ပါတယ်။ အလွယ်တကူဝယ်လို့ရတဲ့ လှီးထားပြီးသား၊ ပြင်ဆင်ထားပြီးသား အသီးအနှံတွေကို မကျွေးပါနဲ့။ မမြင်ရတဲ့ရောဂါပိုးတွေ ကပ်ညှိနေနိုင်တာကြောင့်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-nutrition/foods-for-children-this-monsoon-season/
ချိတ်ဆက် လှုပ်ရှားမှု kinetic chain အကြောင်းသိကောင်းစရာ
Kinetic chain ရဲ့ အယူအဆကို ၁၈၇၅ မှာ စတင် အစပြုခဲ့ပြီးတော့ Franz Reuleaux လို့ခေါ်တဲ့ စက်မှုအင်ဂျင်နီယာ က တကယ်လို့ ထပ်နေတဲ့ အစိတ်အပိုင်းတွေဟာ ချိတ်ဆက်အဆစ် (pin joint) တွေနဲ့သာ ဆက်သွယ်နေခဲ့မယ်ဆိုရင် မပြုတ်ထွက်အောင်ဆက်ထားပြီးသား အဆစ်တွေဟာ တစ်ခုလှုပ်လိုက်ရင် နောက်တစ်ခုကပါ လိုက်လှုပ်တဲ့ စနစ်တစ်ခုကို ဖန်တီးနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။Dr. Arthur Steindler ဟာ ဒီသီအိုရီကို ၁၉၅၅ မှာ သဘောတူ လက်ခံခဲ့ပြီးတော့ လူတွေရဲ့ လှုပ်ရှားမှုတွေ ပါဝင်တဲ့ ခွဲခြမ်း စိတ်ဖြာမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ Steindler ဟာ လက်ဖျားခြေဖျားတွေကို တောင့်တင်းပြီး ထပ်နေတဲ့ အစိတ်အပိုင်းတွေအဖြစ် မြင်ကြည့်ပြီး Kinetic chain ကို များစွာသော အဆစ်များ အစီအစဉ်တကျ ပေါင်းစပ်ဖွဲ့ စည်းထားသော ရှုပ်ထွေးသော စက်ပစ္စည်းတစ်ခုလိုမျိုး လို့ အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပါတယ်။ ဒီအစိတ်အပိုင်းတွေ ကြားထဲမှာ ဖြစ်ပေါ်တဲ့ လှုပ်ရှားမှုကို ပုံစံနှစ်မျိုး ခွဲခြားနိုင်ပါတယ် (ဖွင့်၊ ပိတ်)။Steindler ဟာ open kinetic chain ဆိုတာကို အဆုံးမှာ ရှိတဲ့ အစိတ်အပိုင်းက လွတ်လပ်စွာ လှုပ်ရှားနိုင်တဲ့ အဆစ်တွေ ဆက်တိုက် အစီအစဉ်တကျ ပေါင်းစပ်ခြင်းလို့ အဓိပ္ပါယ် ဖွင့်ဆိုပါတယ်။ open kinetic chain မှာ ကိုယ်ခန္ဓါရဲ့ အဆုံးပိုင်းဟာ လွတ်လပ်စွာ လှုပ်ရှားနိုင်ပြီး ဘာနဲ့မှ ထိန်းထားခြင်းမရှိပါဘူး။အောက်ဖေါ်ပြပါတွေကတော့ လွတ်လပ်စွာ လှုပ်ရှားနိုင်သော လေ့ကျင့်ခန်း တွေရဲ့ ဥပမာ အချို့ပဲ ဖြစ်ပါတယ်။Steindler က Closed-chain လေ့ကျင့်ခန်းတွေကို အဆုံးအကျဆုံး အစိတ်အပိုင်းက ပြင်းထန်တဲ့ အပြင်က ခုခံအား (သို့) လှုပ်ရှားမှုတွေကို ကန့်သတ်မှု တွေ ရှိတဲ့ ပတ်ဝန်းကျင် အခြေအနေတစ်ခုလို့ အဓိပ္ပါယ် သတ်မှတ်ပါတယ်။Closed-chain movementမှာ အဆုံးအကျဆုံး အပိုင်းက အသေဖြစ်ပြီး အဆစ်ရဲ့ ဖိအားကို အလေးပေးကာ အဆစ်တွေကို ထိန်းညှိပေးပါတယ်။ Closed-chain exercise တွေဟာ open-chain exercise တွေထက်ပိုပြီး အသုံးကျကာ အောက်ဖေါ်ပြပါတွေကတော့ Closed-chain exercise တွေရဲ့ ဥပမာအချို့ဖြစ်ပါတယ်။· Squat (ထိုင်ထ)။· Wall slides (နံရံကို နောက်ကျောနဲ့ကပ်နေအောင်မှီထားပြီးလက်နှစ်ဖက်ကို နံရံကိုပွတ်ဆွဲပြီး မြှောက်ခြင်း၊ ချခြင်း ပြုလုပ်သော လေ့ကျင့်ခန်း)။· Lunges (ဒူးတစ်ဖက်ကို ကြမ်းပြင်မှ ၉၀ ဒီဂရီထောင်ထားပြီး ကျန်ဒူးတစ်ဖက်ကို နောက်ဖက်၌ကွေးထားသော လေ့ကျင့်ခန်း )။· Elliptical training (စက်ဘီးစီးသကဲ့သို့လေ့ကျင့်ရန် ပြုလုပ်ထားသော စက်နဲ့လေ့ကျင့်ခြင်း)။· Stair stepper(လှေကားတက်သကဲ့သို့ လေ့ကျင့်ရန်ပြုလုပ်ထားသော စက်နဲ့လေ့ကျင့်ခြင်း)။· Versa Climber(တောင်တက်သကဲ့သို့လေ့ကျင့်ရန် ပြုလုပ်ထားသော စက်နဲ့လေ့ကျင့်ခြင်း)။· Push-ups (ဒိုက်ထိုးခြင်း)။ကိုယ်ခန္ဓါနဲ့ သူ့ရဲ့အစိတ်အပိုင်းတွေအကုန်လုံးဘယ်လို အတူတကွ အလုပ်လုပ်ဆောင်ကြလဲဆိုတာ သိနားလည်ခြင်းဟာ အကျိုးရှိတဲ့ လေ့ကျင့်ခန်း တွေကို ဖြစ်ပေါ်စေဖို့အတွက် အရေးကြီးပါတယ်။ဒါ့ပြင် Open-chain နဲ့ closed-chain exerciseတွေရဲ့ ကွဲပြားခြားနားမှုကို သိနားလည်ခြင်းဟာ လူတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ဘယ်လိုသင့်တော်တဲ့ လေ့ကျင့်ခန်းတွေကို ရွေးချယ်ရမယ်ဆိုတာကို အကူအညီပေးနိုင်ပါတယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%81%e1%80%ba%e1%80%ad%e1%80%90%e1%80%b9%e1%80%86%e1%80%80%e1%80%b9-%e1%80%9c%e1%82%88%e1%80%95%e1%80%b9%e1%80%9b%e1%80%bd%e1%80%ac%e1%80%b8%e1%80%99%e1%82%88-kinetic-chain-%e1%80%a1%e1%80%b1/