title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
စာမေးပွဲဖြေရမယ့် ကလေးတွေကို ဘယ်လိုဂရုစိုက်အားပေးမလဲ
စာမေးပွဲအချိန်တွေဆို ကလေးတွေရော မိဘတွေပါ စိတ်လှုပ်ရှားပင်ပန်းကြရတာအမှန်ပါပဲ။ဖြေဆိုမယ့်ကလေးတွေရဲ့စိတ်ဖိစီးမှုကတော့ ပိုသိသာတာပေါ့။ “ငါစာတွေတကယ်ရရဲ့လား၊ ဘာများကျန်နေသေးလဲမသိဘူး၊ ငါထပ်ရောကျက်နိုင်ပါတော့မလား၊ အချိန်ကသိပ်မကျန်တော့ဘူး၊ စာတွေမှတ်မိပါ့မလား” စတဲ့မေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ်ပြန်ထုတ်ရင်းခေါင်းပိုရှုပ်နေရတတ်ပါတယ်။ ဒီဘာသာကိုတော့ပိုင်ပြီ ဟိုဘာသာရပ်ကိုကြောက်တာ စတဲ့ စိုးရိမ်မှုတွေကလည်း ရှိနေပြန်တဲ့အခါ ရပြီးသားစာတွေကိုပြန်နွှေးတာတောင် အခက်တွေ့ရတတ်ပါတယ်။အခုဆိုရင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြရတော့မှာပါ။ တက္ကသိုလ်ဝင်တန်းဆိုတာ ကလေးတွေရဲ့အသက်မွေးပညာလမ်းကြောင်းကို အပြောင်းအလဲဖြစ်စေမယ့် အချိုးအကွေ့တစ်ခုဖြစ်တာကြောင့် မိဘတွေကလည်း အရမ်းကိုမျှော်လင့်ထားကြတဲ့စာမေးပွဲပါ။ ဒီလိုစာမေးပွဲကာလမှာ အဆင်ပြေချောမွေ့စွာနဲ့ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ ကိုယ့်ကလေးတွေကိုဘေးကအားပေးကူညီကြတဲ့ မိဘတွေရဲ့ပံ့ပိုးမှုကလည်း အရေးကြီးပါတယ်။ ပျင်းနေတဲ့ကလေးကို စာကြိုးစားအောင်၊ စာကြိုးစားတဲ့ကလေးကို အတိမ်းအစောင်းမဖြစ်အောင်၊စေ့စပ်သေချာတဲ့ကလေးကို ပိုအောင်မြင်အောင် ပံ့ပိုးနိုင်သလို ဖိအားတွေများလွန်းလို့ သို့မဟုတ် ထိန်းသိမ်းတဲ့နည်းလမ်းမမှန်လို့ ကလေးရဲ့အရည်အချင်းတွေ တိမ်ငုပ်သွားစေတာလည်း မိဘတွေရဲ့လက်ထဲမှာပါပဲ။ကလေးက အရမ်းစိတ်ပူပန်နေမယ်၊ ထိလွယ်ရှလွယ် စိတ်ခံစားချက်ပြင်းထန်နေမယ်၊ခေါင်းကိုက်တာ ဗိုက်အောင့်တာတွေဖြစ်လာတယ်၊စိတ်ဆတ်လာတယ်၊ကောင်းကောင်းအိပ်မပျော်ဘူး၊ အစားစားဖို့သိပ်စိတ်မပါတော့ဘူး၊စိတ်အလိုမကျတဲ့ပုံဖြစ်လာတယ် စတဲ့စိတ်ဖိစီးမှု လက္ခဏာတွေရှိလာနိုင်ပါတယ်။ မိဘတွေအနေနဲ့သတိထားမိတဲ့အခါ ကလေးကို ပိုဂရုစိုက်ပေးရပါမယ်။ စိတ်ဖိစီးမှုများလာရင်အမှားများလာမယ်။ ဒီတော့ စိတ်ဖိစီးမှုနည်းနိုင်သမျှနည်းအောင် ဖိအားနည်းအောင် လုပ်ပေးသင့်ပါတယ်။စာမေးပွဲကာလမှာ ညီညွတ်မျှတတဲ့အစာအာဟာရက ကလေးရဲ့ကျန်းမာရေးအတွက် အဓိကအရေးပါနေပါတယ်။တော်တော်များများက မထတမ်းစာကျက်ရင်း စားဖို့သောက်ဖို့အချိန်လွန်သွားတတ်ပါတယ်။ ဦးနှောက်ဆိုတာ အစာလိုအပ်ဆုံးအစိတ်အပိုင်းဖြစ်လို့ အစာမရှိရင် အလုပ်လုပ်နိုင်ဖို့နှေးကွေးသွားပါလိမ့်မယ်။ ဒါ့ကြောင့်ကလေးတွေကို အစာမှန်မှန်စားဖြစ်ဖို့၊ လုံလောက်တဲ့ပမာဏတော့ ဝင်အောင်စားဖို့ သတိပေး ဂရုစိုက်ရပါမယ်။တချို့မိဘတွေက ကလေးတွေ အာရုံလန်းဆန်းစေဖို့ဆိုပြီး အချိုများတဲ့၊ ကဖင်းဓါတ်များတဲ့ အစားအသောက်တွေ၊သရေစာတွေ(ဥပမာ ကိတ်မုန့်၊သကြားလုံး၊ကော်ဖီ၊ချောကလက်) ပြင်ဆင်ပေးထားတတ်ပါတယ်။ ဒါတွေက များလွန်းရင်မကောင်းပါဘူး။ စာကျက်ရင်းစားလို့ရမယ့် ကျန်းမာရေးနဲ့ညီတဲ့ သရေစာလေးတွေပြင်ဆင်ပေးသင့်ပါတယ်။စာပိနေတဲ့ ကလေးကို စကားပြောတဲ့အခါမှာပေါ့ပေါ့ပါးပါး ဆက်ဆံပေးပါ။ မိဘတွေက စိုးရိမ်ပူပန်နေပြီဆိုရင် ကလေးက စိတ်ဖိစီးမှုပိုရပြီး စာကျက်ရာမှာ ဝန်ပိုပိစေနိုင်ပါတယ်။ စာမေးပွဲနဲ့ပတ်သက်ပြီး ကိုယ့်တုန်းကတွေ့ကြုံခံရတဲ့ခံစားချက်တွေကို မိဘတွေလည်း မှတ်မိကြမှာဖြစ်လို့ သင်ခန်းစာယူပါ။ ကလေးတွေအတွက် တွန်းအား၊ဖိအားမဖြစ်စေဘဲ နွေးနွေးထွေးထွေးအားပေးနိုင်ဖို့ကြိုးစားပါ။အိပ်ရေးဝဝအိပ်စက်ခြင်းကတွေးခေါ်နိုင်စွမ်းနဲ့အာရုံစူးစိုက်နိုင်စွမ်းကိုကောင်းမွန်စေပါတယ်။ လူငယ်တွေဟာ တစ်ညကို ၈ နာရီတော့ပြည့်ဝအောင်အိပ်စက်သင့်တာကြောင့် အိပ်ချိန်နည်းလွန်းရင်အဆင်မပြေပါဘူး။ ကျက်မှတ်ထားသမျှတွေ အကုန်မမှတ်မိတာ၊နောက်တစ်နေ့မှာခေါင်းမကြည်တာတွေရှိနိုင်ပါတယ်။ စာကျက်ရင်း ညနက်သွားတဲ့ကလေးကိုနောက်နေ့မှာ ဆက်တိုက်စာမကျက်ခိုင်းဘဲ ကြားချိန် နာရီဝက်-တစ်နာရီလောက် တရေးအိပ်ခိုင်းတာလည်း ဦးနှောက်မှတ်ဉာဏ်အတွက်ကောင်းပါတယ်။နောက်တစ်နေ့စာမေးပွဲအတွက် တစ်ညလုံးနီးပါးစာထိုင်ကြည့်တာကကောင်းတဲ့နည်းလမ်းမဟုတ်ပါဘူး။ မြင်းတစ်ကောင်ကို ရေမတိုက်ဘဲ ဆက်တိုက်ပြေးခိုင်းသလို ဦးနှောက်ကို အနားမပေးတာက အကျိုးမထူးဘဲ ခရီးမရောက်ဖြစ်တဲ့အပြင် ဆိုးကျိုးပါပိုလာနိုင်ပါတယ်။အိမ်မှာ ကလေးအတွက် စာနွှေးဖို့နေရာတစ်ခု သတ်သတ်မှတ်မှတ်ထားပေးပါ။ စာကြည့်စားပွဲရှိနေတယ်ဆိုလည်း ပတ်ဝန်းကျင်က တိတ်ဆိတ်ပေးပါ။ပြတင်းပေါက် သို့မဟုတ်လေဝင်လေထွက်ကောင်းပြီး အလင်းရောင်ရတဲ့နေရာမှာ ဆိုပိုကောင်းပါတယ်။တကယ်တော့ စာလေ့လာလို့အကောင်းဆုံးက ကိုယ်အားသာတဲ့အချိန်နဲ့ကိုယ်ရှိတတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်မတူတတ်ကြပါဘူး။ တချို့က မနက်အစောကြီးထကျက်ရင် စာပိုရတယ်၊ တချို့က ညဘက်ညဉ့်နက်ချိန် စာကျက်တတ်တယ်။ ဒီလိုမျိုးမှာ ကလေးကို ကိုယ်အဆင်ပြေမယ့်အချိန် လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ပေးထားသင့်ပါတယ်။ကလေးတွေဟာ စာမေးပွဲအချိန်တိုင်းမှာ ခံစားရတဲ့စိတ်ဖိစီးမှုတွေထဲ မိသားစုရဲ့ဖိအားပေးမှုကလည်း တစ်စိတ်တစ်ပိုင်းပါဝင်နေပါတယ်။ ကိုယ့်ကလေးရဲ့အခြေအနေကိုလေ့လာပါ၊သူပြောတာနားထောင်ပေးပါ၊ အားပေးပါ၊ပြစ်တင်ဝေဖန်တာမလုပ်မိဖို့သတိထားပါ။အောင်မြင်ဖို့ ဂုဏ်ထူးရဖို့ အရေးကြီးတယ်ဆိုပေမယ့် မအောင်မြင်ခဲ့ရင် သို့မဟုတ် မှန်းထားသလောက် ဖြစ်မလာခဲ့ရင်လည်း စာမေးပွဲရလဒ်ဟာ ဘဝရဲ့အဆုံးသတ်မဟုတ်တဲ့အကြောင်းပြောပြထားပါ။ အခန့်မသင့်လို့ အဆင်မပြေခဲ့ရင်လည်းပြဿနာကြီးမဟုတ်ကြောင်း အသိပေးထားပါ။ စာမေးပွဲအတွက် ဖိအားကြီးမားလွန်းတဲ့အခါ မတော်ဆချွတ်ချော်ခဲ့သည်ရှိသော် ကလေးရဲ့စိတ်မှာဒဏ်ရာဖြစ်ပြီး မလိုလားအပ်တဲ့အကျိုးဆက်တွေရှိလာနိုင်တာဖြစ်လို့ပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-nutrition/%e1%80%90%e1%80%80%e1%80%b9%e1%80%80%e1%80%9e%e1%80%ad%e1%80%af%e1%80%9c%e1%80%ba%e1%80%9d%e1%80%84%e1%80%ba%e1%80%90%e1%80%94%e1%80%ba%e1%80%b8%e1%80%96%e1%80%bc%e1%80%b1%e1%80%99%e1%80%9a%e1%80%b7/
အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့
ခေါင်းစဉ်ကို ဖတ်ပြီး နည်းနည်းများ ထူးဆန်းသွားသလား။ သွေးဆုံးတာက အမျိုးသမီးတွေမှာပဲ ဖြစ်တာပါ။ အမျိုးသားတွေမှာ ဖြစ်လို့လားပေါ့။ ဟုတ်ပါတယ်။ သွေးဆုံးတာက အမျိုးသမီးတွေမှာပဲ ဖြစ်တာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ သွေးဆုံးတာကို menopause လို့ ခေါ်ပြီး အမျိုးသားတွေမှာ သွေးဆုံးတာကိုတော့ andropause လို့ ခေါ်ပါတယ်။ ဒီတစ်ခေါက် ပြောပြချင်တာကတော့အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့ လုပ်ဆောင်ပေးလို့ ရမယ့် နည်းလမ်းလေးတွေပါ။အမျိုးသားတွေမှာ သွေးဆုံးတယ်ဆိုတာက အသက်အရွယ်ကြောင့် တက်စတိုစတုန်းဟော်မုန်း ထုတ်လုပ်မှု နည်းသွားတာကို ဆိုလိုတာပါ။ အသက်အရွယ်အလိုက် ဟော်မုန်း ပြောင်းလဲတာက အမျိုးသားတွေ နဲ့ အမျိုးသမီးတွေမှာ ကွာခြားနိုင်ပါတယ်။အမျိုးသမီးတွေမှာ သားဥကြွေတာ အဆုံးသတ်သွားတာဖြစ်ပြီး ဒီလို ကာလတိုအတွင်းမှာ ဟော်မုန်းထုတ်လုပ်မှု ရုတ်တရက် ကျသွားတာမျိုးပါ။ ဒီအခြေအနေကို အမျိုးသမီးများ သွေးဆုံးခြင်းလို့ ခေါ်တာပါ။အမျိုးသားတွေမှာတော့ အသက် ၄၀ နောက်ပိုင်း ရောက်လာပြီဆိုရင်တက်စတိုစထရုန်း ဟော်မုန်း ထုတ်လုပ်မှုက ၁ နှစ်ကို ၁ ရာခိုင်နှုန်းလောက် ကျဆင်းလာပါတယ်။ ဒါပေမယ့် အသက်ကြီးတဲ့ အမျိုးသား အများစုမှာတော့ တက်စတိုစထရုန်း ပမာဏက ပုံမှန်အနေအထားမှာ ရှိတတ်ကြပါတယ်။ ဒါကြောင့် သွေးဆုံးတာကို အမျိုးသားတိုင်း မဖြစ်မနေ ကြုံတာမျိုးတော့ မရှိပါဘူး။အမျိုးသားတွေမှာ တက်စတိုစတီရုန်းကို ဝှေးစေ့ကနေ ထုတ်ပေးတာပါ။ ဒီဟော်မုန်းက အမျိုးသားတွေရဲ့လိင်စိတ်ဆန္ဒအတွက်ပဲ မဟုတ်ပါဘူး။လူပျိုဖော်ဝင်ချိန်အပြောင်းအလဲတွေ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ၊ ကြွက်သားဖွံ့ဖြိုးမှုတွေ စတာတွေ လုပ်ပေးပါတယ်။အမျိုးသားတွေအနေနဲ့သွေးဆုံးချိန်မှာ။အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့ လိုက်နာရမယ့် အချက်လေးတွေ ရှိပါတယ်။ ဒါကတော့။အရက်က သွေးထဲမှာရှိတဲ့ တက်စထရိုစတုန်း ပမာဏကို လျော့ကျစေနိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ တစ်ပတ်ကို အရက် ၁၅ ခွက်ထက် ပိုမသောက်သင့်ပါဘူး။ တစ်နေ့ကို ၁ ခွက်လောက်ပဲ သောက်သင့်ပါတယ်။စိတ်ဖိစီးမှုက တက်စထရိုစတုန်းဟော်မုန်း ထုတ်လုပ်မှုကို လျော့ကျစေနိုင်တဲ့ ကော်တီစောဟော်မုန်းတွေကို ထုတ်လုပ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီမှုကို ဖြေလျော့ဖို့ တရားထိုင်တာ၊ လေ့ကျင့်ခန်း လုပ်တာတွေက နည်းလမ်းကောင်းတွေပါ။အာဟာရမျှတပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတာကလည်း အမျိုးသားတွေကို သွေးဆုံးချိန်မှာ ကျန်းမာနေစေဖို့ ထောက်ကူပေးပါတယ်။ နေ့စဉ် စားသုံးမှုမှာ တက်စထရိုစတုန်းဟော်မုန်းပမာဏအပေါ် သက်ရောက်နိုင်တဲ့ စားသောက်မှုတွေကို ဂရုပြုဖို့ လိုပါမယ်။ အဆီများတာ၊ အချိုကဲတာတွေကို ဆင်ခြင်ဖို့ လိုပါမယ်။နေ့စဉ် စားသုံးမှုမှာ ဇင့်လိုမျိုး လိုအပ်တဲ့ အာဟာရဓာတ်ကို ဖြည့်ပေးနိုင်မယ့် အနီရောင်အသား၊ မှို၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း စတာတွေကို စားပေးပါ။ အိုမီဂါ – 3 ရရှိစေဖို့အတွက်တော့ အခွံမာသီးတွေ၊ ကာနိုလာဆီ၊ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ chia စေ့တို့ကို စားသုံးပေးဖို့ လိုပါမယ်။ ဗီတာမင် D နဲ့ ကယ်လ်ဆီယမ်တို့ ပြည့်ဝစေဖို့အတွက်တော့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ပဲနို့ စတာတွေကို သောက်သုံးပေးလို့ ရပါတယ်။အရမ်းချိုတာ၊ ကဖင်း၊ အငန်ကဲတာ၊ အကျိုးမပြုအဆီတွေ များစွာ ပါဝင်နေတာတွေက ခန္ဓာကိုယ်ရဲ့ဟော်မုန်းထွက်ရှိမှုကို ထိခိုက်စေပြီး ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေပါတယ်။တစ်နေ့ကို မိနစ် ၃၀ ဒါမှမဟုတ် မိနစ် ၃၀ နဲ့အထက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ပေးတာက အမျိုးသားတွေကို တက်စထရိုစတုန်းဟော်မုန်း ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပါတယ်။ အလေးမတာ၊ ရေကူးတာလိုမျိုး လေ့ကျင့်ခန်းတွေကို မှန်မှန် လုပ်ပေးတာက ကြွက်သားတွေကို အသုံးပြုရတာကြောင့် တက်စရိုစတုန်း ဟော်မုန်း ထွက်ရှိမှု ကောင်းစေဖို့ လှုံ့ဆော်ပေးပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ကျန်းမာစေဖို့ အကောင်းဆုံး နေထိုင်မှုနည်းလမ်း တစ်ရပ်ပါ။အိပ်ပျော်မှုဖြစ်စဉ်ရဲ့ REM အဆင့်မှာ တက်စထရိုစတုန်းဟော်မုန်းကို ထုတ်လုပ်ပါတယ်။ ဒါကြောင့် ညဘက်တွေမှာ ပြည့်ပြည့်ဝဝ အိပ်စက်ဖြစ်ဖို့ လိုပါမယ်။ တစ်ဆက်တည်း ၈ နာရီ အိပ်ချိန်ရှိဖို့ လိုပါမယ်။ တကယ်လို့ အိပ်မရဘူး။ အိပ်ပျော်ဖို့ ခက်နေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ အကြံပြုပါရစေ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/tips-on-how-to-prevent-problems-related-to-andropause/
လိင်မှုဘဝမှာ သက်လုံကောင်းစေဖို့ ကိုယ့်ရဲ့ လက်တွဲဖော်ကို ဘယ်လို ကူညီပေးမလဲ!
သင့်ရဲ့ လက်တွဲဖော်က ချစ်တင်းနှောရာမှာ သက်လုံကောင်းစေဖို့ ကြိုးပမ်းနေရပြီလား! ဒါဆိုရင်တော့ လိင်မှုဘဝမှာ သက်လုံကောင်းစေဖို့ ကိုယ့်ရဲ့ လက်တွဲဖော်ကို ဘယ်လို ကူညီပေးမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။လက်တွဲဖော် ၂ ဦးကြားမှာ သာယာတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်နိုင်စေဖို့ဆိုရင်တော့ သက်လုံကောင်းစေဖို့ လိုပါမယ်။ လက်တွဲဖော် ၂ ဦးမှာ တစ်ဦးဦးက သက်လုံ မကောင်းဘူးဆိုရင်ဖြစ်ဖြစ် ၂ ဦးစလုံး သက်လုံမကောင်းရင်ဖြစ်ဖြစ်ကောင်းမွန်ပျော်ရွှင်တဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ဖို့ ခက်မှာပါ။ ဒါကြောင့် လိင်မှုဘဝမှာ သာယာစေဖို့ဆိုရင် သက်လုံကောင်းစေဖို့ လိုပါမယ်။လိင်မှုဘဝမှာ သက်လုံမကောင်းတာကို ဖြစ်စေနိုင်တဲ့ အချက်တွေကတော့ အများကြီးပါ။သက်လုံကောင်းစေဖို့က မာရသွန်ပြေးမှ ရေကူးမှကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်မှ လိုအပ်တာမျိုး မဟုတ်ပါဘူး။ လက်တွဲဖော် ၂ ဦးကြားက ကိုယ်လက်နှီးနှောမှု လုပ်ဆောင်ရာမှာလည်း သက်လုံကောင်းဖို့ လိုအပ်ပါမယ်။အိပ်ရာပေါ်မှာ သက်လုံမကောင်းတာက လက်တွဲဖော်ကို ပြည့်ဝတဲ့ သာယာမှုကို မပေးနိုင်ပါဘူး။ ဒီလိုနဲ့ ပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ဖို့ ခက်ခဲလာတာကြောင့် အမျိုးသား အများစုက လိင်မှုဘဝမှာ သက်လုံကောင်းစေဖို့ နည်းလမ်းတွေကို ရှာဖွေနေတတ်ပါတယ်။ ဒီတော့ လိင်မှုဘဝမှာ သက်လုံကောင်းစေဖို့ ကိုယ့်ရဲ့ လက်တွဲဖော်ကို ဘယ်လို ကူညီပေးမလဲ! ဆိုရင်တော့။အစပျိုးပါ။အစပျိုးမှုက အရေးပါပါတယ်။ အမျိုးသား တော်တော်များများ ယုံကြည်ထားတာကထိုးသွင်းဆက်ဆံမှုက လိင်မှုဘဝမှာ သာယာမှုကို ပေးစွမ်းနိုင်မယ့် အရေးပါတဲ့ အချက်တစ်ခုလို့ပေါ့။ တကယ်ကတော့ ထိုးသွင်း ဆက်ဆံမှုကို အဓိကထားနေတာက စိတ်ဖိစီးမှုကို ဖြစ်စေပြီး သက်လုံကောင်းမှုကို ထိခိုက်စေနိုင်ပါတယ်။တကယ်ကတော့ အမျိုးသားတွေမှာ သက်လုံကောင်းပြီး ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ဆက်ဆံရေးကို ဖန်တီးဖို့ဆိုရင် အားမစိုက်ရဘဲ သာယာမှုကို ပေးစွမ်းနိုင်မယ့် နည်းလမ်းလေးတွေ ဖြစ်တဲ့ ထိတွေ့မှုလေးတွေ လုပ်ဆောင်တာ၊အနမ်းခြွေတာနဲ့ ပါးစပ်နဲ့ လိင်ဆက်ဆံတာမျိုးတွေကလည်း နည်းလမ်းကောင်းပါ။အစပျိုးမှုကို ကြာကြာလေး လုပ်ပေးနိုင်လေလေ  အမျိုးသမီးတွေကိုလည်း စိတ်ကျေနပ်မှု ရစေပြီး အမျိုးသားတွေကိုလည်း သက်လုံကောင်းစွာနဲ့ သာယာတဲ့ အခိုက်အတန့်လေးကို ဖန်တီးနိုင်မှာပါ။ အမျိုးသမီးတွေရဲ့ဆန္ဒပြီးမြောက်မှုက ထိုးသွင်းမှုလုပ်မှ မဟုတ်ဘဲ အခြားအရာတွေကြောင့်လည်း ပြီးမြောက်နိုင်တယ်ဆိုတာကို သိထားဖို့ လိုပါမယ်။စတင်မယ် ခဏနားမယ် ဆိုတဲ့ နည်းလမ်းကို သုံးပါ။လိင်မှုဘဝမှာ သက်လုံကောင်းစေဖို့ အမျိုးသားတွေအနေနဲ့ အစပျိုးလိုက် ခဏနားလိုက် နည်းလမ်းကို သုံးတာ နည်းလမ်းကောင်းပါ။ ဒီနည်းလမ်းကို လုပ်ဆောင်ဖို့ အသက်ကို ဝဝ ရှူရင်းဖြည်းဖြည်းချင်း အစပျိုးဖို့လိုပါမယ်။ စိတ်အားထက်သန်မှုကို လျော့မသွားစေဘဲ သက်တောင့်သက်သာ ဖြစ်စွာနဲ့ ကိုယ်လက်နှီးနှောနိုင်စေဖို့ ကိုယ့်ရဲ့ လက်တွဲဖော်ကို လေဒီလေးတွေဘက်က ကူညီပေးဖို့လည်း လိုပါမယ်။အသစ်အဆန်းတွေကို စမ်းသပ်ပါ။နှစ်ကိုယ်ကြား ဆက်ဆံရေးမှာလည်း အသစ်အဆန်းလေးတွေကို ဖန်တီးဖို့ လိုအပ်ပါမယ်။ အမြဲလိုလို ဒီအခြေအနေကိုပဲ ကြုံတွေ့နေရတဲ့အခါ စိတ်လှုပ်ရှားမှု ကင်းမဲ့ပြီး စိတ်အားထက်သန်မှု မရှိသလောက်ဖြစ်လာပြီး သက်လုံကောင်းမှုကို ထိခိုက်စေမှာပါ။ဒါကြောင့် အသစ်အသစ်သော အရာတွေကို အတူ စမ်းသပ်တာမျိုး လုပ်ဆောင်ပေးတာအပြင် နှစ်ယောက်တည်း ခရီးသွားတာ၊ တစ်ဦးနဲ့ တစ်ဦး ပွင့်ပွင့်လင်းလင်း ပြောဆိုတာမျိုးတွေ လုပ်ဆောင်ပေးတာကလည်း တစ်ယောက်အကြောင်း တစ်ယောက် ပိုသိစေပြီး နှစ်ကိုယ်ကြား ဆက်ဆံရေးမှာ သက်လုံကောင်းစေဖို့ တစ်ယောက်နဲ့ တစ်ယောက် ကူညီပေးနိုင်မှာပါ။အစားအသောက်တွေကို ဂရုစိုက်ပါ။လင်မှုဘဝမှာ သက်လုံကောင်းစေဖို့အတွက် နေ့စဉ် စားသုံးမှုမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ အခွံမာသီးတွေ၊ စွံပလွန်သီး၊ အိုမီဂါ သရီး ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ကြတဲ့ ပင်လယ်ငါး၊ နို့ထွက်ပစ္စည်းတွေကို ပြင်ဆင်ပေးတာ၊ ဖရဲသီး၊ ချောကလက်၊ ကမာ စတာတွေကို ပြင်ဆင်ပေးတာ နည်းလမ်းကောင်းပါ။စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။စိတ်ဖိစီးမှု များတာက အမျိုးသားမှာ လိင်တံထောင်မတ်မှုကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှု များတာက လိင်မှုဘဝမှာ စိတ်အားထက်သန်မှု နည်းစေပြီး လိင်မှုဘဝမှာ သက်လုံမကောင်းတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ လက်တွဲဖော်ကို လိင်မှုဘဝမှာ သက်လုံကောင်းစေဖို့ ကူညီချင်တယ်ဆိုရင် စိတ်ဖိစီးမှုကို ပြေလျော့အောင် လုပ်ဆောင်ပေးပါ။အိပ်ရေးဝအောင် ဂရုစိုက်ပါ။အိပ်ရေးပျက်တာ များလာတာ ပြည့်ဝတဲ့ အိပ်စက်မှုကို မရရှိတာကလိင်မှုဘဝ သာယာမှုကို ထိခိုက်စေနိုင်ပါတယ်။ ညစဉ် အိပ်ချိန် ၇ နာရီ ကနေ ၉ နာရီလောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှ လိင်မှုဘဝမှာ သက်လုံကောင်းစေမှာပါ။ ဒါကြောင့် သာယာကြည်နူးစရာ ကောင်းတဲ့ ဆက်ဆံရေး ပိုင်ဆိုင်ဖို့ဆိုရင် ကိုယ်တိုင်ရော လက်တွဲဖော်ကိုပါ ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိအောင် ဂရုစိုက်ပါ။ဒီနည်းလမ်းလေးတွေနဲ့ လက်တွဲဖော်ကို လိင်မှုဘဝမှာ သက်လုံကောင်းစေဖို့ ကူညီပေးလို့ ရပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/is-your-partner-struggling-to-improve-sexual-stamina/
ကပ္ပာယ်အိတ် က နီညိုရောင်အဖုလေးတွေက ဘာလေးတွေလဲ။
တချို့ အမျိုးသားတွေရဲ့ ကပ္ပာယ်အိတ် မှာ နီညိုရောင် အဖုလေးတွေ ရှိနေတတ်ပါတယ်။ တချို့တွေမှာဆို ကပ္ပာယ်အိတ်အနှံ့ ရှိနေတာပါ။ ဘာလက္ခဏာမှ မပြပေမယ့် ဒါတွေက လိင်ကတဆင့် ကူးစက်တာလား ဒါမှမဟုတ် ကင်ဆာဖြစ်ချင်နေတာလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။  ဒီအဖုလေးတွေကိုAngiokeratoma: Of  Fordyce လို့ ခေါ်ပါတယ်။Angiokeratoma ဆိုတာ ဆံချည်မျှင်သွေးကြောတွေ ပုံမှန်မဟုတ်ဘဲ ထုံးဖွဲ့နေတာပါ။ ဒီသွေးကြောထုံးတွေက အဖုအနေနဲ့ အရေပြားပေါ်မှာ ရှိနေတာပဲ ဖြစ်ပါတယ်။ Angiokeratoma က အမျိုးအစားတွေ အများကြီး ရှိပြီးကပ္ပာယ်အိတ်မှာ ရှိနေတာကိုတော့ Angiokeratoma : Of  Fordyce လို့ ခေါ်ပါတယ်။၁၈၉၆ ခုနှစ်တုန်းက John Addison Fordyce ဆိုတဲ့ သူက အသက် ၆၀အမျိုးသားရဲ့ ကပ္ပာယ်အိတ်မှာ စပြီးတွေ့ခဲ့ရလို့ သူ့နာမည်ကို စွဲပြီး Angiokeratoma : Of  Fordyce လို့ ခေါ်တာဖြစ်ပါတယ်။ အမျိုးသမီး မိန်းမကိုယ်နှုတ်ခမ်းသားမှာလည်း တွေ့ရတတ်ပေမယ့် အမျိုးသားတွေမှာ တွေ့ရတာက ပိုများပါတယ်။ဘာကြောင့်ဖြစ်ရတာလဲဆိုတာကိုတော့ အတိအကျ မပြောနိုင်ကြသေးပါဘူး။ တချို့ကလည်း သွေးပြန်ကြောတွေထဲမှာ ဖိအားများလာလို့လို့ ယူဆကြပါတယ်။ တချို့စာတမ်းတွေမှာဝှေးစေ့သွေးပြန်ကြောထုံးတဲ့ရောဂါ၊ မျိုးပွားအင်္ဂါ သွေးပြန်ကြောဖိအားကို များစေတဲ့အူကျတာ၊ ထိခိုက်ဒဏ်ရာကျတာ၊ အကျိတ်စတာတွေရှိရင် ဖြစ်တတ်တယ်လို့လည်း ပြောကြပါတယ်။တချို့ကလည်း ဝှေးစေ့သွေးပြန်ကြောထုံးတာနဲ့ ဒီနီညိုရောင်ဖုလေးတွေ ထွက်တာက တိုက်ဆိုင်မှုပဲ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီတော့ Angiokeratoma တွေက အကြောင်းအရင်းမရှိဘဲ သူ့အလိုလိုဖြစ်တတ်တယ်လို့ပဲ ပြောရမှာပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/angiokeratoma-of-fordyce/
အမျိုးသမီး သုက်ရည် ဆိုတာ တကယ်ရှိသလား
အမျိုးသမီးတွေ ပြီးမြောက်တဲ့အခါ အမျိုးသားတွေလိုပဲ သုက်ရည်ထွက်တတ်သလား။ အမျိုးသမီး သုက်ရည် ဆိုတာ ဘယ်လိုမျိုးလဲ။ ပန်းထွက်တဲ့အရည်တွေကရော ဘာတွေလဲ။ ဆီးတွေလား။အမျိုးသမီးတွေ ပြီးမြောက်သွားတဲ့အခါ သာမန်အတိုင်းပဲ မိန်းမကိုယ်က အရည်တွေ ထွက်ကြတာ ရှိသလို ဆီးသွားသလို ပန်းထွက်တဲ့ အရည်တွေလည်း ရှိပါတယ်။ ဒီနှစ်ခုက ပြီးမြောက်ရင် ထွက်လာကြတယ်ဆိုပေမယ့် ထွက်တဲ့နေရာနဲ့ ပါဝင်ပစ္စည်းတွေ မတူပါဘူး။သာမန်အတိုင်း ပြီးမြောက်သွားတာကို Female ejaculation (FE)လို့ ခေါ် ပြီး ဆီးသွားသလို ပြီးမြောက်သွားတာကိုတော့ Squirting (SQ)လို့ ‌ခေါ်ပါတယ်။Female ejaculation (FE)ဆိုတာ။FEက အမျိုးသား သုက်ရည်နဲ့ ဆင်တူပါတယ်။ ခပ်ပျစ်ပျစ် အဖြူရောင်အရည်နဲ့ တွေ့ရတာ များပါတယ်။ ဒီအရည်က ဆီးပြွန်နားကSkene’s glandsလို့ခေါ်တဲ့ အမျိုးသမီးဆီးကျိတ်ကနေ ထွက်လာတာ ဖြစ်ပါတယ်။လေ့လာချက်တွေအရတော့ ဒီအရည်ထဲမှာ PSAလို့ခေါ်တဲ့ Prostatic acid phosphatase အင်ဇိုင်းပါပြီး သူက သုက်ကောင်လေးတွေရဲ့ လှုပ်ရှားမှုကို ကူညီပေးပါတယ်တဲ့။ ဒါ့ပြင် ဖရက်တို့စ်လို့ခေါ်တဲ့ သကြားဓာတ်လည်း ပါဝင်ပြီး ဒါကို သုက်ကောင်လေးတွေက အာဟာရအဖြစ်သုံးပါတယ်။Squirting (SQ)ဆိုတာ။Squirtingဆိုတာကလည်း ပြီးမြောက်ခြင်းတစ်မျိုးပါပဲ။ FEနဲ့ မတူတာက သူက ဆီးသွားသလိုသွားတာပါ။ ဆီးသွားသလိုဆိုပေမယ့် ထွက်လာတာ ဆီးတွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆီးနဲ့ ပါဝင်တဲ့ပစ္စည်းတွေတော့ တူပါတယ်။ဘာလို့ အဲ့လိုဖြစ်ရတာလဲဆိုတော့ SQဖြစ်တဲ့အခါ ဆီးအိမ်ထဲက အရည်တွေ ထွက်လာလို့ပါ။ ဆီးပြွန်နဲ့ နံရံကို လှုံ့ဆော်လို့ အရည်တွေ ထွက်လာတာပါ။ ဆီးနဲ့ ပါဝင်ပစ္စည်းခြင်း တူပြီး တစ်ခါတရံ PSAပါ ပါတတ်ပါတယ်။ ဒါပေမယ့် ဆီးလို အဝါရောင် အရည်တွေတော့ မဟုတ်ပါဘူး။အမျိုးသားတွေထပ်စာရင်တော့ အမျိုးသမီး ပြီးမြောက်တာက နည်းကောင်းနည်းနိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေကြားမှာ ပြီးမြောက်တာ၊ ပန်းထွက်ပြီး ပြီးမြောက်တာတွေက မရှားပါဘူး။၂၀၁၇ခုနှစ်က လုပ်တဲ့ လေ့လာချက်တစ်ခုမှာ ပါဝင်သူတွေရဲ့ ၆၉ရာခိုင်နှုန်းက SQကို ကြုံဖူးတယ်လို့ ဆိုပါတယ်။အမျိုးသမီးတွေ သုက်ရည်ထွက်တာမှာ သီးခြားကောင်းကျိုးတော့ မရှိပါဘူး။၂၀၀၉ခုနှစ်က လုပ်ခဲ့တဲ့ သုတေသနမှာတော့ Skene’s glandsက ထွက်တဲ့ ဓာတုပစ္စည်းတွေက ပိုးသေစေတဲ့ သတ္တိရှိလို့ ဆီးပိုးဝင်တာကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။သူ့မှာသီးသန့် ကောင်းကျိုးမရှိပေမယ့် ပြီးမြောက်ရာကနေ ဖြစ်လာတဲ့ ကောင်းကျိုးတွေတော့ ရှိပါတယ်။ ပြီးမြောက်တဲ့အခါ စိတ်ခံစားမှုကောင်းစေတဲ့ ‌အောက်စီတိုစင်လိုမျိုး ဟော်မုန်းတွေ ထွက်လာတာကြောင့်။တနည်းအားဖြင့် ဒါက အမျိုးသမီးတွေ ပြီးမြောက်အောင် လှုံ့ဆော်တာနဲ့ အတူတူပါပဲ။ တစ်ခုရှိတာက ပြီးမြောက်တာခြင်း တူရင်တောင် FEဖြစ်မှာလား၊ SQဖြစ်မှာလားဆိုတာကတော့ ပြောရခက်ပါတယ်။အမျိုးသမီးတွေ ပြီးမြောက်အောင် လှုံ့ဆော်နိုင်တဲ့ နည်းလမ်းတချို့ကတော့။နောက်ပြီးချောဆီသုံးတာ၊ အတူမနေခင် ဆီးသွားထားတာကလည်း ပြီးမြောက်ဖို့ ကူညီပေးနိုင်ပါတယ်။အရေးကြီးဆုံးကတော့ လိင်ဆက်ဆံစဉ်တလျှောက် မိမိနဲ့ မိမိအဖော် အပြန်အလှန်ဆက်သွယ်ပြီး လိုအပ်တာတွေကို ဖွင့်ပြောနေဖို့ပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/does-female-ejaculate/
ခရီးသွားခြင်းနှင့် ခေါင်းမူးဝေခြင်း
အချို့သောသူတွေဟာ Vertigo တစ်နည်းအားဖြင့် ကားမူးခြင်း လို့ခေါ်တဲ့ မူးဝေခြင်းတွေကြောင့် ခရီးသွားဖို့အတွက် တွန့်ဆုတ်နေတတ်ပါတယ်။ မူးဝေခြင်းဟာ ခရီးထွက်ခြင်းရဲ့အရသာကို အပြည့်အဝခံစားရခြင်းရဲ့ အတားအဆီးတစ်ခုလို ဖြစ်နေပါတယ်။ ဒါကြောင့် ယခုဖော်ပြပါ စာတမ်းဟာ မူးဝေခြင်းနှင့်ပတ်သက်တဲ့ အကြောင်း အရာအချက်အလက် အပြည့်အစုံနှင့် သာယာဖြောင့်ဖြူးတဲ့ခရီးလမ်းကို သွားနိုင်ဖို့ ဘယ်လိုကြိုတင်ပြင်ဆင်သင့် ကြောင်း တွေကိုဖော်ပြပေးမှာဖြစ်ပါတယ်။Vertigo ဆိုတဲ့အသုံးအနှုန်းဟာ လက်တင်ဘာသာစကားကနေ ဆင်းသက်လာပြီး ‘to turn'(လည်ခြင်း) လို့အဓိပ္ပါယ်ရပါတယ်။ မူးဝေခြင်းကိုခံစားရပြီဆိုရင် လူတွေဟာ သူတို့ကိုယ်တိုင် ဒါမှမဟုတ် သူ့ပတ်ဝန်းကျင်တစ်ခုလုံး ချာချာလည်နေတယ်လို့ ပြောတတ်ကြပါတယ်။ ဒီဝေဒနာဟာ နားအတွင်းပိုင်း ပြသာနာကြောင့် ဖြစ်ရတာပါ။• Diziness – ဒီအမျိုးအစားဟာ တုန်ရီခြင်း၊ နောက်ကျိကျိဖြစ်ခြင်း၊ ဟန်ချက်မညီခြင်းတို့က ိုခံစားရတတ်ပါတယ်။ ချာချာလည်နေတာကိုလုံးဝမခံစားရပါ။• Beign Paroxysmal Positional Vertigo (BPPV) – ဒီအမျိုးအစားမှာ ခံစားရတဲ့သူ ကိုယ်တိုင်ချာချာလည်ခြင်း (သို့) ဦးခေါင်းအတွင်းပိုင်း ချာချာလည် နေခြင်းကို ခံစားရပါတယ်။• Meniere’s disease – ဒီအမျိုးအစားကတော့ နားအတွင်းပိုင်းရောဂါဖြစ်ပြီး ခံစားရတဲ့သူကိုယ်တိုင် ချာချာလည်အောင ်မူးခြင်းကို ခံစားရပါတယ်။မူးဝေခြင်း (Vertigo) မဖြစ်စေရန် ကြိုတင်ကာကွယ်ရမည့် အချက်များ။ခရီးစဉ်ကိုပြင်ဆင်နေသော အချိန်။• သင့်ရဲ့ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ ခရီးမထွက်ခင်ကတည်းက မိမိခရီးစဉ်ကို လုံခြုံစိတ်ချစွာ ဖြတ်သန်းနိုင်ဖို့အတွက် သင့်ရဲ့ ဆရာဝန်သာလျှင်တိကျမှန်ကန်ပြီးလိုအပ်တဲ့ အကြံဉာဏ်နှင့် ကုသမှုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။• အဖော်တစ်ယောက်နှင့် အတူသွားပါ။ မူးဝေခြင်းကြောင့် အရေးပေါ်အခြေအနေဖြစ်ခဲ့မယ်ဆိုရင် သင့်ရဲဘေးမှာအဖော်တစ်ယောက် ရှိနေခြင်းဟာ သင့်အတွက်အကောင်းဆုံးပါ။• မိမိသွားမည့်နေရာမှာ လိုအပ်တဲ့ထောက်ပံ့မှုပစ္စည်းတွေ ရှိမရှိစစ်ဆေးပါ။ ဖြစ်နိုင်ရင် မိမိသွားမယ့်နေရာများ ကျန်းမာရေးဆေးပေးခန်း (သို့) ဆေးရုံဆေးခန်း (သို့) ဆေးဆိုင်အစ ရှိတဲ့ ကျန်းမာရေး အထောက်အပံ့ပေးနိုင်တဲ့ နေရာ ရှိမရှိစစ်ဆေးပါ။ ဒီလိုမှသာ အရေးပေါ်တစ်စုံတစ်ရာဖြစ်ခဲ့ရင် ဘယ်လို နေရာတွေကို သွားရမယ်ဆိုတာ သိနိုင်မှာဖြစ်ပါတယ်။• ဟန်ချက်မညီသော လှုပ်ရှားမှုတွေကို ရှောင်ရှားပါ။ သွားလိုတဲ့ခရီးကို ရောက်သွားတဲ့အခါမှာ သင်ကိုမူးဝေစေတတ်တဲ့ (သို့) ဟန်ချက်မညီဖြစ်စေတဲ့ အရာဝတ္တု ပစ္စည်းတွေကို သတိထားပါ။ သင့်ရဲ့ အခန်းထဲမှာ အတားအဆီးမရှိဘဲ နေနိုင်တာ အကောင်းဆုံးပါ။ (လိုအပ်ရင် အခန်းထဲရှိ မူးဝေစေနိုင်တဲ့ ပစ္စည်းများကိုဖယ်ပေးဖို့ (သို့) နေရာရွေ့ ပေးဖို့တောင်းဆိုပါ။) ဒါ့အပြင် ဓါတ်လှေကားစီးခြင်းဟာလည်း သင့်ကိုမူးေ၀ စေနိုင်တဲ့အတွက် သတိထားပါ။ခရီးသွားရန် အထုပ်အပိုး ပြင်ဆင်ချိန်။• လိုအပ်သောဆေးဝါးများကို ယူဆောင်သွားပါ။ ခရီးသွားနေစဉ် အကြောင်းအရင်းမရှိဘဲ သင့်ဆရာဝန်နှင့် တွေ့ဖြစ်မှာမဟုတ်ပါ။ ဒါကြောင့် ခရီးသွားနေစဉ် သင့်အတွက် လိုအပ်တဲ့ ဆေးဝါးများကို အမြဲယူဆောင်သွားပါ။• သင့်ဆရာဝန်၏ ဆေးစာမှတ်တမ်းကို ယူဆောင်သွားပါ။ သင့်ရဲ့ရောဂါအခြေအနေကို ဖော်ပြရာမှာ သင်ရဲ့ ဆရာဝန်ရဲ့ ဆေးစာမှတ်တမ်းကို သက်ဆိုင်ရာတာဝန်ရှိ သူနှင့် ဝန်ထမ်းတွေကို ပြသတာဟာ အကောင်းဆုံးပါ။• နေကာမျက်မှန်တပ်ဆင်ပါ။ အတားအဆီးတစ်ခုခုနှင့် ကြုံလာရင် နေကာမျက်မှန်တပ်ခြင်းဟာ မူးဝေခြင်းနှင့် မသက်မသာဖြစ်ခြင်းကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။• ဖိနပ်ရွေးချယ်ခြင်းနှင့်လမ်းလျှောက်ရန် လိုအပ်သော အသုံးအဆောင်များ။ခရီးသွားစဉ် ဒေါက်မြင့် ဖိနပ်စီးမယ့်အစား အားကစားဖိနပ်စီးတာဟာ သင့်ကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။ ဒါ့အပြင် လမ်းအကြာကြီး လျှောက်ရမယ် (သို့) ကြာရှည်စွာ မတ်တပ်ရပ်ရမယ်ဆိုရင် လမ်းလျှောက်တုတ်ကို အသုံးပြုခြင်းဟာ သင့်အတွက် အထောက်အကူဖြစ်စေပါတယ်။• ခရီးသွား အာမခံ စာရွက်စာတမ်းများ။နဂိုကတည်းက ခရီးသွားစဉ် Vertigo ခံစားဖူးသူများအတွက် အာမခံစာရွက်စာတမ်းများကို ကိုယ်နှင့် မကွာယူဆောင်ဖို့ အရေးကြီးပါတယ်။ခရီးသွားနေစဉ်။Vertigo ဖြစ်စေမည့်လှုပ်ရှားသွားလာမှုများ ဥပမာ – ရေငုပ်ခြင်း (သို့) တောင်တက်ခြင်း ကိုရှောင်ကြဉ်ပါ။ ကားမူးခြင်း အတွက်ဆိုရင် သင့်ရထား ဘူတာရုံမှာ ခဏတာရပ်နားနေချိန်မှာ ရထားပေါ်မှ ခဏဆင်းပြီး မြေကြီးပေါ်မှာ ရပ်နိုင်အောင်ကြိုးစားပါ။ ရေလမ်းခရီးသွားစဉ် မူးဝေရင် မိုးကုပ်စက်ဝိုင်း ကိုစူးစိုက်ကြည့်နေခြင်းဟာသင့်ကိုအထောက် အကူဖြစ်စေပါတယ်။ အစားအသောက်များပြည့်အင့်စွာ စားသောက်ခြင်းကို ရှောင်ရှားပါ။ မိမိကိုယ်ကို ရေဓါတ်ပြည့်ဝအောင်နေပြီး ခရင်မ် ပါသော အစားအသောက်များနှင့် ချောကလက်ဖျော်ရည် (အပူအအေး) တို့ကို ရှောင်ကြဉ်ပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/%e1%80%81%e1%80%9b%e1%80%ae%e1%80%b8%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%81%e1%80%b1%e1%80%ab%e1%80%84/
အိပ်ရေးပျက်ခံ၊ အလုပ်လုပ်တတ်တဲ့ ကိုယ်ဝန်ဆောင် တွေ ပျက်ကျနိုင်ခြေပိုများ
တစ်ပတ်မှာ အနည်းဆုံး နှစ်ညလောက်အိပ်ရေးပျက်ခံ၊ အလုပ်လုပ်တတ်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ နောက် ၇ ရက်အတွင်းမှာ ကလေးပျက်ကျနိုင်ခြေပိုများတယ်လို့ ဥရောပသုတေသနတစ်ခုက သတိပေးခဲ့ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်နဲ့ကလေးရဲ့ကျန်းမာရေးအတွက် အိပ်ရေးဝဖို့၊ အစာအာဟာရပြည့်ဝလုံလောက်ဖို့ အရေးကြီးတာ အမှန်ပါပဲ။ သန္ဓေသားရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အားဖြည့်ဖို့နဲ့ မွေးဖွားရလွယ်စေဖို့ မိခင်ကျန်းမာရေးကို ပုံမှန်ထက်ပိုပြီးဂရုစိုက်ရမှာပါ။မိခင် ဒါမှမဟုတ် ကလေးရဲ့ မျိုးရိုးဗီဇမှာ ချို့ယွင်းချက်ရှိနေခဲ့ရင် ကိုယ်ဝန်ပျက်ကျဖို့ နီးစပ်ပါတယ်။ ပထမသုံးလပတ်အတွင်း ပျက်ကျမှုတွေရဲ့ ၇၀ ရာခိုင်နှုန်းက သန္ဓေသားရဲ့ မျိုးရိုးဗီဇ ချို့ယွင်းမှုကြောင့် ဖြစ်ပါတယ်။သွေးချို ဆီးချိုရောဂါ၊ လည်ပင်းအကျိတ်ရောဂါ၊ နှလုံးရောဂါ နဲ့ သားအိမ်တွင်းပိုးဝင်ရောင်ရမ်းခြင်းတို့လို ရောဂါတွေကြောင့် သားအိမ်ဆီ သွေးစီးဆင်းမှုကို နည်းပါးစေပြီး ကိုယ်ဝန်ပျက်ကျစေပါတယ်။ကိုယ်ခံအားစနစ် တုံ့ပြန်လွန်းတာ ဒါမှမဟုတ် အားနည်းလွန်းတဲ့ အခြေအနေတွေမှာ ကိုယ်ဝန်ကို သားအိမ်က လက်မခံနိုင်စေတဲ့အတွက် မကြာခဏကိုယ်ဝန်ပျက်ကျတတ်ပါတယ်။ဟော်မုန်းဓာတ်တွေဟာ ကိုယ်ဝန်ရယူဖို့ ၊ တည်မြဲဖို့အတွက် သိပ်အရေးကြီးပါတယ်။ ဥပမာ အချင်းကနေ ထုတ်လွတ်ပေးတဲ့ ပရိုဂျက်စရုန်း ဟော်မုန်းဟာ သားအိမ်နံရံ ကြံ့ခိုင်မှုအတွက်အရေးပါပါတယ်။ ဒါ့ကြောင့် မိမိခန္ဓာကိုယ်မှာသာ ပရိုဂျက်စရုန်း ဟော်မုန်းဓာတ် နည်းပါးနေမယ်ဆိုရင်ကိုယ်ဝန် ပျက်ကျနိုင်ခြေများပါတယ်။အချင်းရဲ့ တည်နေရာမမှန်ခြင်း နဲ့ သားအိမ်ခေါင်းပျော့ပြီး အဝကျယ်နေခြင်း စတဲ့အခြေအနေတွေက ကိုယ်ဝန်ပျက်ကျစေပါတယ်။ အချင်းနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုခု ရှိနေခဲ့မယ်ဆိုရင် သန္ဓေသားသွေး ရရှိမှု လုံလောက်မှာမဟုတ်ပါဘူး။ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနဲ့ ပတ်ဝန်းကျင်က အဆိပ်အတောက် စတာတွေဟာ သန္ဓေသားဆီကို သွေးပို့လွှတ်မှုနည်းစေလို့ ကြီးထွားမှုကို နှေးကွေးစေပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ပြီဆိုရင် ဒီအရာတွေကို ရှောင်ကြဉ်ဖို့လိုပါတယ်။ကလေးပျက်ကျနိုင်တဲ့အကြောင်းရင်းတွေထဲမှာ ကိုယ်ဝန်ဆောင် တဲ့အချိန်မိခင်လောင်းအမျိုးသမီးရဲ့ အသက်အရွယ်နဲ့လည်း သက်ဆိုင်ပါတယ်။ လေ့လာမှုတွေအရ –။အိပ်ရေးပျက်ခံ၊ အလုပ်လုပ်တတ်တဲ့ ကိုယ်ဝန်ဆောင် တွေ ပျက်ကျနိုင်ခြေပိုများ တယ်ဆိုတဲ့ ဒီသုတေသနကိုတော့ ဒိန်းမတ်နိုင်ငံ Copenhagen ရှိ Bispebjerg and Frederiksberg Hospital မှ သုတေသီအဖွဲ့က လေ့လာတွေ့ရှိခဲ့တာပါ။ကိုယ်ဝန်ဆောင်အမျိုးသမီး ၂၃၀၀၀ နီးပါးရဲ့ အချက်အလက်တွေအရ ညဘက်အလုပ်လုပ်ခြင်းက ကိုယ်ဝန်၄ပတ်နဲ့ ၂၂ ပတ်အတွင်းမှာ ကိုယ်ဝန်ပျက်ကျမှုဖြစ်နိုင်ခြေကို ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာလေ့လာဆန်းစစ်ခဲ့ကြပါတယ်။အရင်သီတင်းပတ်က နှစ်ညနဲ့အထက် အိပ်ရေးပျက်ခံ၊ အလုပ်လုပ်တတ်တဲ့ ကိုယ်ဝန်ဆောင် တွေဟာ ကိုယ်ဝန် ၈ ပတ်နောက်ပိုင်းမှာ တခြားကိုယ်ဝန်ဆောင်တွေထက် ပျက်ကျနိုင်တဲ့အန္တရာယ် ၃၂ ရာခိုင်နှုန်းပိုများတာကိုတွေ့ရပါတယ်။တစ်ပတ်အတွင်းညဘက်အလုပ်လုပ်တဲ့အကြိမ်ရေပိုများလေ ဒီအန္တရာယ်ပိုများလေဖြစ်ပြီး ရက်တွေဆက်တိုက်ဖြစ်ရင်လည်း အန္တရာယ်ပိုများတယ်လို့ Occupational & Environmental Medicine ဂျာနယ်မှာ သုတေသနကဖော်ပြခဲ့ပါတယ်။ညဘက်အလုပ်လုပ်တဲ့အခါ အလင်းရောင်ထိတွေ့မှုက ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ဇီဝနာရီကို အနှောင့်အယှက်ဖြစ်စေပြီး melatonin ထုတ်လုပ်မှုကိုလျော့နည်းစေနိုင်တယ်လို့ သုတေသီတွေကပြောပါတယ်။Melatonin ဟာ ကိုယ်ဝန်ဆောင်ကာလမှာ အရေးပါတဲ့နေရာက အကျိုးပြုနေတာဖြစ်ပြီး အချင်းရဲ့လုပ်ဆောင်ချက်ကို ထိန်းညှိပေးတာဖြစ်ပါတယ်။ဒီလေ့လာချက်က မပြည့်စုံသေးပါဘူး။ အိပ်ရေးပျက်တာက ကိုယ်ဝန်ပျက်တာနဲ့ ဆက်စပ်နေတယ်လို့ပဲ ပြောနိုင်ပြီး ဖြစ်စေတယ်လို့ အတိအကျ မပြောနိုင်သေးပါဘူး။ နောက်ပြီး ကိုယ်ဝန်နုချိန်မှာ ပျက်ကျတဲ့ ဒေတာတွေလည်း အပြည့်အစုံမရထားပါဘူး။ ဒါကြောင့် ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ဒါပေမဲ့ အိပ်ရေးပျက်တတ်တဲ့ ကိုယ်ဝန်ဆောင်တွေအတွက်တော့ သတိထားစရာဖြစ်စေပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/miscarriage-and-lack-of-sleep-in-pregnancy/
ကွန်ဒုံးပေါက်မပေါက် ဘယ်လိုသိနိုင်မလဲ
စုံတွဲတွေ အတူနေပြီးတဲ့အချိန်တိုင်း ဖြစ်တတ်တဲ့ သံသယကတော့ ကွန်ဒုံးပေါက်သွားပြီလား မသိဘူးနော်ဆိုတာပါပဲ။ ကိုယ်ဝန်မလိုချင်သေးတဲ့ အတွဲတွေဆို ပိုဆိုးပါတယ်။ မလိုချင်လို့ ကွန်ဒုံးသုံးကာမှ ကွန်ဒုံးပေါက်သွားလို့ ကိုယ်ဝန်ရသွားခဲ့ရင်ဆိုတဲ့ စိတ်ကြီးက ဖိစီးနေမှာပါ။ ဒီတော့ ကွန်ဒုံးပေါက်မပေါက် ဘယ်လိုသိနိုင်မလဲ။ စမ်းကြည့်လို့ရော ရမလားဆိုတာကို ပြောပြပေးပါမယ်။ကွန်ဒုံးက မသုံးရသေးခင်မှာလည်း ပေါက်နိုင်သလို သုံးပြီးချိန်မှာလည်း ‌ပေါက်နိုင်ပါတယ်။ မသုံးရသေးခင်မှာ ပေါက်နိုင်တဲ့ အခြေအနေတွေကတော့။သုံးပြီးချိန်မှာ ပေါက်တာတွေကတော့ ကိုယ်သုံးတဲ့ ပုံစံ မမှန်လို့ပါ။ ဥပမာ။ကွန်ဒုံးပေါက်သွားမှန်းကို အရင်သိတာကတော့ ကွန်ဒုံးစွပ်ထားတဲ့သူပါ။ ကိုယ့်ရဲ့ ပါတနာကတော့ သိချင်မှ သိမှာပါ။ ကွန်ဒုံးပေါက်သွားတဲ့အခါ တစ်ခုခု ပြဲသွား ဒါမှမဟုတ် ပေါက်သွားတဲ့ ခံစားချက်မျိုး ရတတ်ပါတယ်။ ဒါမှမဟုတ် သုံးနေရင်းနဲ့ တစ်ခုခု ခံစားချက်ပြောင်းသွားတာကို သတိထားမိနိုင်ပါတယ်။တကယ်လို့ ဘယ်လိုခံစားချက်လဲမသိဘူးဆိုရင် ကွန်ဒုံးစွပ်ပြီး အာသာဖြေကြည့်ပါ။ ပြီးရင် ကွန်ဒုံးကို ဖောက် ဒါမှမဟုတ် ဖြဲပြီး ဆက်လုပ်ကြည့်ပါ။ ခံစားချက်ကွာတာကို သတိထားမိမှာပါ။ဒါဆိုရင် ကွန်ဒုံးပေါက်မပေါက် ကြိုစစ်သင့်သလား။ အတူမနေခင်ဖြစ်ဖြစ်၊ အတူနေပြီးချိန်ဖြစ်ဖြစ်ပေါ့။လက်တွေ့မှာတော့ နှစ်ခုလုံးကို လုပ်လေ့မရှိပါဘူး။ လုပ်လည်း မလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတာ ပြောပြပါ့မယ်။အတူမနေခင်မှာ တချို့က ကွန်ဒုံးကို ရေထည့်ကြည့်တာ၊ လေနဲ့မှုတ်သွင်းကြည့်တာတွေ လုပ်တတ်ပါတယ်။ အဲ့လိုလုပ်တာက သူ့ဟာသူ ကောင်းနေတဲ့ ကွန်ဒုံးကို ပျက်စီးစေ၊ ပေါက်ပြဲစေပါလိမ့်မယ်။ အပေါက်အပြဲလေး သေးသေးလေး ဖြစ်သွားရင်တောင် ဒီကွန်ဒုံးက သုံးဖို့ မသင့်တော့ဘူးလေ။နောက်တစ်ခုက အတူနေပြီးချိန်မှာ စစ်တာ။ ဒါကလည်း အလားတူပါပဲ။ သုံးပြီးသား ကွန်ဒုံးကို လေနဲ့ မှုတ်ကြည့်တာက အခန့်မသင့်ရင် ကူးစက်ရောဂါတွေ ရနိုင်ပါတယ်။ရေနဲ့လည်း ထည့်ပြီး မစမ်းပါနဲ့။ ခုနကပြောသလို ပေါက်နိုင်တာကြောင့် ရေကြောင့် ပေါက်တာလား။ နဂိုတည်းက ပေါက်နေတာလားဆိုတာ ခွဲရခက်ပါတယ်။ တကယ်သာ ပေါက်တယ်ဆိုရင် မိန်းမကိုယ် သို့ စအိုထဲကနေ ကွန်ဒုံးကို ထုတ်လိုက်တည်းက သုက်ရည်တွေ ထွက်နေတာကို တွေ့ရမှာပါ။ကွန်ဒုံးတွေက ပေါက်နိုင်ခြေရှိတယ်လည်း ပြောသေး၊ ကွန်ဒုံး ပေါက်မပေါက် ကြိုမစစ်ရဘူးလည်းပြောသေးဆိုတော့ နည်းနည်းတော့ ကသိကအောက် ဖြစ်မှာပါ။ တကယ်တော့ ကွန်ဒုံး‌တွေက စျေးကွက်ထဲကို မရောက်ခင်မှာတည်းကအကြိမ်ကြိမ်အခါခါ စစ်ထားပြီးသားပါ။ ကိုယ့်ရဲ့ သုံးပုံသုံးနည်း၊ သိမ်းပုံသိမ်းနည်းသာ မှန်ရင် ပေါက်နိုင်ခြေ အင်မတန် နည်းပါတယ်။ကွန်ဒုံးပေါက်တာက မတော်တဆ ဆိုတာထက်ကိုယ်အသုံးပြုတဲ့ပုံနဲ့လည်း ဆိုင်ပါတယ်။ ကွန်ဒုံးမပေါက်စေဖို့။ကွန်ဒုံးသုံးတဲ့အခါမှာလည်း။ဒါဆို ကွန်ဒုံးပေါက်နိုင်ခြေ နည်းသွားပါပြီ။တကယ်လို့များ အကြောင်းအမျိုးမျိုးကြောင့် ကွန်ဒုံးပေါက်သွားခဲ့ရင်လည်း မလန့်ပါနဲ့။ အရင်ဆုံး ပေါက်နေတဲ့ ကွန်ဒုံးကိုဖယ်ပြီး အသစ်သုံးပါ။ လိင်မှုကိစ္စပြီးသွားပြီဆိုရင်တော့ ကိုယ်ဝန်တားဖို့နဲ့ လိင်ကတဆင့် ကူးစက်ရောဂါတွေကို ကာကွယ်ဖို့ လုပ်ရတော့မှာပါ။ကိုယ်နေတဲ့ ရက်က သားဥကြွေတဲ့ ရက်နဲ့ဝေးတယ်။ ကိုယ်ဝန်မရနိုင်တဲ့ရက်ဖြစ်မယ်ဆိုရင်တော့အရေးပေါ်တားဆေးသောက်စရာမလိုပါဘူး။ တကယ်လို့ ကိုယ်က ရာသီမမှန်ဘူး၊ သားဥကြွေတဲ့ရက်နား နီးနေရင်တော့ သောက်ဖို့ လိုပါတယ်။အတူနေပြီး ၇၂နာရီကနေ ၅ရက်အထိ သောက်လို့ရပါတယ်။ စောစောသောက်လေ အာနိသင်ကောင်းလေလေပါ။HIVအပါအဝင်လိင်မှတဆင့် ကူးစက်ရောဂါများအတွက်ကတော့ နီးစပ်ရာ ဆေးခန်း ဒါမှမဟုတ် HIVဆေးခန်းတွေမှာ ပြသပြီး ဆေးစစ်ဖို့ တိုင်ပင်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကို HIVကူးသွားပြီလို့ သံသယရှိတယ်ဆိုရင် နီးစပ်ရာဆေးရုံဆေးခန်းမှာ သွားရောက်တိုင်ပင်ပါ။ လိုအပ်ရင်Post exposure prophylaxisအတွက် ဆေးသောက်ရပါလိမ့်မယ်။ကွန်ဒုံးတွေက ပေါက်ခဲပါတယ်။ ကိုယ့်ရဲ့ အသုံးပြုပုံနဲ့ သိမ်းဆည်းပုံ မမှန်တာတွေကြောင့် ပေါက်တာ များပါတယ်။ တကယ်လို့ မတော်တဆပေါက်သွားခဲ့ရင်လည်း မလန့်ပါနဲ့။ တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ်လုပ်စရာရှိတာတွေကို ဆက်လုပ်သွားရင် ကိုယ်ဝန်နဲ့ ကူးစက်ရောဂါတွေကို တားဆီးနိုင်မှာပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/how-to-know-condom-brekage/
ဘယ်အရာက ဇက်ကြောတက်ခြင်းကို ဖြစ်စေသလဲ
ဇက်ကြောတက်ခြင်းဆိုတာ အဖြစ်များပါတယ်။ တော်တော်လေးလည်း စိတ်မသက်မသာ ဖြစ်စေပါတယ်။ ခေါင်းကနေစပြီး ပခုံးတစ်လျောက်ထိကို နာနေတာပါ။ ထိုပြဿနာရဲ့ ရောဂါရင်းမြစ်ကို သင်သိချင်နေမှာပါပေါ့။ ဒါပေါ့ ယခုဖော်ပြမယ့် ဆောင်းပါးလေးကို ဖတ်ရှုလိုက်ရင် သင်သိရမှာပါ။ ကဲ …. ဘယ်အရာက ဇက်ကြောတက်ခြင်းကို ဖြစ်စေသလဲ ဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။ဘယ်အရာက ဇက်ကြောတက်ခြင်းကို ဖြစ်စေသလဲ ဆိုတော့။ဇက်ကြောလွဲခြင်းနှင့် ဇက်ကိုအသုံးများခြင်း။ထိုကိစ္စတွေကတော့ ဇက်ကြောတက်ခြင်းကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။ ရက်အနည်းငယ် ဒါမှမဟုတ် သီတင်းပတ်အနည်းငယ်အတွင်းမှာ ကုသစရာ မလိုဘဲ သက်သာပျောက်ကင်းသွားနိုင်ပါတယ်။ အထက်ပါကိစ္စတွေကို အောက်ပါတို့က အများဆုံးဖြစ်စေပါတယ်။အိပ်ရာနိုးတဲ့ အချိန်မှာ ဇက်တောင့်ပြီး နာကျင်နေတာ အဖြစ်များပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ဟာ တစ်ညလုံး ကိုယ်နေကိုယ်ထားမမှန်ကန်ပဲ အိပ်လိုက်လို့ပဲ ဖြစ်ပါတယ်။ သင့်တော်မယ့် ခေါင်းအုံး၊ အိပ်ရာတွေ အသုံးပြုခြင်းက ထိုသို့သော အခြေအနေမျိုးမှာ တော်တော်လေးအသုံးဝင်မှာပါ။လည်ပင်းကိုဆတ်ကနဲလှည့်လိုက်တာကြောင့်လည်းကောင်း၊ အားကစားလုပ်ခြင်းကြောင့်လည်းကောင်း၊ မတော်တဆတွေကြောင့်လည်းကောင်း ဇက်နာနိုင်ပါတယ်။ အားကစားကြောင့် လည်ပင်းရှိ အာရုံကြောများ ထိခိုက်ခံရပြီး လည်ပင်း၊ လက်နဲ့ ပခုံးတို့မှာ နာကျင်ခြင်း၊ ထုံခြင်း၊ အားနည်းခြင်းတို့ ခံစားရနိုင်ပါတယ်။မတော်တဆမှုတွေကြောင့် လည်ပင်းရှေ့သို့၊နောက်သို့ ၊ ဘေးသို့ တွန်းခံ၊ဆွဲခံလိုက်ရနိုင်ပါတယ်။ ဇက်ကို ဆွဲဆန့်လိုက်သလိုဖြစ်သွားပြီး အရွတ်များ ထိခိုက်ဒဏ်ရာ ရသွားပါတယ်။ ဒါကြောင့် ဇက်နာခြင်း၊ဇက်တောင့်တင်းခြင်းနဲ့ လှုပ်ရှားရခက်ခဲခြင်းတို့ ခံစားလာရနိုင်ပါတယ်။ကိုယ်နေကိုယ်ထား မမှန်ကန်ခြင်းက ဇက်ကြောတက်စေနိုင်ပါတယ်။ အိမ်တို့ အလုပ်တို့မှာ သင်ကိုယ်အနေအထား အမှားဖြင့် နေထိုင်နေနိုင်ပါတယ်။ ခေါင်းကိုရှေ့သို့ စိုက်လိုက်ပြီး ကိုယ်မှာရှိနေတဲ့ ကမ္ဘာဆွဲအားဗဟိုချက်ကို ပြောင်းလဲလိုက်တဲ့ အခါမှာ ခေါင်းကိုထိန်းထားနိုင်ဖို့ ကြွက်သားနဲ့ အရွတ်တို့က ပိုမိုအလုပ်လုပ်ရပါတယ်။ကွန်ပျူတာရှေ့ထိုင်ခြင်း၊ ဖုန်းသုံးခြင်း၊ တီဗီကြည့်ခြင်း၊ စာအုပ်ဖတ်ခြင်းနှင့် ကားမောင်းခြင်းတို့က မကောင်းတဲ့ ကိုယ်အနေအထားတွေပါ။ ထိုအရာများကို အချိန်ကာလကြာမြင့်စွာ ပြုလုပ်နေမယ်ဆိုရင်တော့ ဇက်ကြောတွေ နာကျင်လာပါလိမ့်မယ်။ကခုန်ခြင်းနဲ့ ရေကူးခြင်းလိုမျိုး ထပ်ခါထပ်ခါ ပြုလုပ်နေရတဲ့ လှုပ်ရှားမှုတွေကလည်ပင်းရှိကြွက်သားနဲ့ တစ်ရှုးတွေကို အလုပ်ပိုလုပ်ရစေပါတယ်။လည်ပင်းရောဂါများ။ပျက်စီးဆုံးရှုံးခြင်းနှင့် ကျွံကျမှုတွေလိုမျိုး လည်ပင်းရိုးရောဂါတွေကြောင့် ဇက်ကြောနာနိုင်ပါတယ်။ ထိုပြဿနာတွေက နာတာရှည်နာကျင်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။အသက်ကြီးလာတာကြောင့် ကျောရိုးမကြားခံ အပြားလေးတွေဟာ ရေဓါတ်ခန်းခြောက်ပြီး ပွတ်တိုက်မှုတွေကို ကြားခံအဖြစ် အလုပ်လုပ်နိုင်မှု လျော့ကျသွားပါတယ်။ အဲဒီအခါမှာအရိုးတွေတစ်ခုနဲ့တစ်ခု ပွတ်တိုက်လာပါတယ်။ အနီးနားရှိ အာရုံကြောများ လှုံ့ဆော်ခံရခြင်း၊ အရိုးနုပြားပေါက်ပြီးကျွံကျသွားခြင်းနဲ့ အဆစ်ရောင်နာများ ဖြစ်ပေါ်လာနိုင်ပါတယ်။ပြဲစုတ်ခြင်းကြောင့် ယင်းအရိုးနုပြားရဲ့ နူးညံ့တဲ့အပိုင်းက တောင့်တင်းတဲ့ အပြင်ဖက်ပိုင်းကနေ ကျွံထွက်သွားတာကြောင့် အာရုံကြောတို့ကိုဖိနိုင်သလို ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ ပရိုတင်းတွေကလည်းအာရုံကြောတွေကို သွားပြီး လှုံဆော်နိုင်ပါတယ်။လည်ပင်းကြောရိုးမကြီးမှာရှိတဲ့ အရိုးနုပြားက သိပ်ပြီးမကြီးလှပါဘူး ပြီးတော့ အာရုံကြောတွေအတွက် နေရာကလည်း လိုတာထက်ပိုနေပါသေးတယ်။ ဒါကြောင့် အနည်းငယ်လေးကျွံထွက်တာတောင်မှအာရုံကြောတွေကို သွားပြီး ဒုက္ခပေးနိုင်ပါတယ်။ထိုရောဂါကို လည်ပင်းအရိုးအဆစ်ရောင်နာလို့လည်း ခေါ်ပါတယ်။ အဆစ်တွေကြားမှာရှိတဲ့အရိုးနုတွေပျက်စီးသွားတာပါ။ အဲဒီအခါမှာ အရိုးတွေဟာ တစ်ခုအပေါ်တစ်ခု ပွတ်တိုက်ကြိတ်ချေလာပါတယ်။ ရောင်ရမ်းခြင်းကြောင့် အဆစ်တွေကြီးလာပြီး အာရုံကြောတွေကို ဒုက္ခသွားပေးပါတယ်။ကြောရိုးခေါင်းပေါက်ကျဉ်းသွားတဲ့အခါမှာ Cervical Stenosis ဖြစ်လာပါတယ်။ ကြားခံအရိုးနုပြားကျွံထွက်ခြင်းနဲ့ အရိုးအတက်ထွက်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒါကပဲ ကြောရိုးမအခေါင်းပေါက်ထဲမှာ သွားနေတဲ့ အာရုံးကြောတွေကို ဒုက္ခသွားပေးပါတယ်။ လည်ပင်းမှာ စနာကျင်လာနိုင်ပြီး လက်၊ လက်ဖဝါးနဲ့ လက်ချောင်းလေးတွေထိပါ ပြန့်နှံ့သွားနိုင်ပါတယ်။စာရိုက်နေစဉ် ကိုယ်နေကိုယ်ထားမမှန်ကန်ခြင်း၊ အားကစားဒဏ်တွေလိုမျိုး နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် အရိုးနုပြားပျက်စီးခြင်းနဲ့ ကျွံထွက်ခြင်းကဲ့သို့ လည်ပင်းရိုးရောဂါများကြောင့် ဇက်ကြောများနာကျင်နိုင်ပါတယ်။ ဆရာဝန်က ရောဂါရင်းမြစ်တွေကို ရှာဖွေပြီး ကုသပေးပါလိမ့်မယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/neck-pain-causes/
အသက်က ငယ်ငယ် ဆံပင်ဖြူ လေးနဲ့ရယ်
ဆံပင်ဖြူ ပေါက်နေပြီ ဆိုရင် အသက်ကြီးလာတဲ့ လက္ခဏာ အဖြစ် သိထားကြတာပါ။ ဒါပေမယ့် ကျောင်းသားအရွယ် တည်းက ဆံပင်ဖြူလေးတွေ ရှိနေကြတဲ့ သူတွေဆို ဘယ်လိုမျိုးပါလိမ့်နော်။ ငယ်ငယ်လေးပေမယ့် ဆံပင်ဖြူ ရှိနေကြသူတွေအတွက် ဆက်ပြီး လေ့လာကြည့်ရအောင်။အရွယ်မတိုင်ခင် ဆံပင်ဖြူ ပေါက်ရတာ စိတ်ဖိစီးမှု များလို့၊ စိတ်ပင်ပန်းရလို့ ဆိုပြီး ယူဆကြတာပါ။ ဒါပေမယ့် တခြားအကြောင်းရင်းတွေလည်း အများကြီးရှိနေပါသေးတယ်နော်။ဆံပင်ဖြူရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက သိုင်းရွိုက်ရောဂါ ဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းရဲ့ အလုပ်လုပ်တာ များလွန်းတာ ဒါမှမဟုတ် နည်းလွန်းတာတွေက ဆံသားအတွင်း melanin ထွက်ရှိမှုကို ထိခိုက်စေပြီး အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းကို ဖြစ်လာစေနိုင်ပါတယ်။B12 ဓာတ် ချို့တဲ့ရင် ငယ်ရွယ်စဉ်မှာ ဆံပင်ဖြူ နိုင်ပါတယ်။ ဗီတာမင် B12၊ ဇင့်နဲ့ ကော့ပါးတို့က ဆံသား အားဖြည့်ပေးတဲ့ဓာတ်တွေ ဖြစ်တာကြောင့် B12 ကြွယ်ဝတဲ့ အစားအစာတွေကို နေ့စဉ်အာဟာရမှာ အမြဲထည့်စားပါ။မိဘတွေမှာ ငယ်ငယ်လေး နဲ့ ဆံပင်ဖြူရှိခဲ့ဖူးရင် မွေးလာတဲ့ သားသမီးမှာလည်း ဖြစ်နိုင်ဖို့ ပိုများပါတယ်။ ဆံပင်ဖြူခြင်းက မျိုးဗီဇ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ခန္ဓာကိုယ်မှာဗီတာမင်Cနဲ့ E ချို့တဲ့နေရင်လည်း ဆံပင်ဖြူလာနိုင်ပါတယ်။ ဒီလိုချို့တဲ့ရင်melaninထုတ်ပေးတဲ့ ဆဲလ်တွေရဲ့ပမာဏကိုလျော့နည်းစေပြီး ဆံပင်ဖြူ လာစေပါတယ်။ဆေးလိပ်သောက်ခြင်းဟာ အသက်ငယ်ငယ် နဲ့ ဆံပင်ဖြူစေတဲ့ အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဆေးလိပ်သောက်တဲ့အခါ သောက်သုံးသူရဲ့ ခန္ဓာကိုယ်ထဲမှာ free radicals ဓာတ်တွေ ထွက်ရှိစေပြီး melanin ကို လျော့နည်းစေပါတယ်။အသင့်အလွယ်စား အစားအစာတွေက အသက်ငယ်ရွယ်စဉ်မှာ ဆံပင်ဖြူစေတဲ့အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အသင့်စား သို့မဟုတ် ပြုပြင်စီမံထားတဲ့အစားအစာ တွေဟာ ဆံသားအတွင်းက melanin ဓာတ်ကို လျော့နည်းစေပြီး အိုမင်းရင့်ရော်မှုကို မြန်ဆန်စေပါတယ်။ ဒီအစားအစာတွေကို ကြာရှည်စွဲမြဲစားသုံးသူတွေဟာ အရွယ်မတိုင်မီ ဆံပင်ဖြူလာဖို့ များပါတယ်။စိတ်ဖိစီးမှုက လူကို ထိခိုက်မှုများစွာ ဖြစ်လာစေနိုင်ပြီး စိတ်တုန်လှုပ်ခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ပူပန်ခြင်း တို့ကmelanin ဆဲလ်တွေကို ပမာဏ လျော့စေပြီး အသက် ငယ်ငယ်နဲ့ ဆံပင်ဖြူလာစေပါတယ်။ဘာလို့ ဆံပင်ဖြူတွေ တွေ့နေရလဲ။ အာဟာရ မညီမျှတဲ့ စားသောက်ပုံ အလေ့အထ ရှိရင် ချို့တဲ့နေတဲ့ အာဟာရတွေလည်း အများကြီးရှိမှာပါပဲ။ ကိုယ့်ခန္ဓာကိုယ်ကဗီတာမင်နဲ့ သတ္ထုဓာတ်အလုံအလောက် မရနိုင်တဲ့ အခါ လုပ်ဆောင်ချက်တွေ ချို့ယွင်းလာတတ်တာကြောင့် ဆံပင်ဖြူတာ အပါအဝင် တခြားကျန်းမာရေးပြဿနာတွေပါ ဖြစ်စေနိုင်ပါတယ်။ဒီလို အသုံးများခြင်းက ဆံသားကို အားနည်းစေပါတယ်။ ဒီစက်တွေကနေ ထွက်ရှိလာတဲ့ အပူရှိန်က melanin ထွက်ရှိမှုကို ထိခိုက်စေပြီး ဆံပင်ဖြူလာစေနိုင်ပါတယ်။တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိခြင်းကြောင့် ဖြစ်လာတဲ့ ဦးရေပြား မသန့်ရှင်းမှု ကလည်း အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ဆံပင်ကို ဂရုမစိုက်ရင်တော့ ဆံပင်က ဖြူလာမှာပဲ ဖြစ်ပါတယ်။မကြာခဏဆံပင်ဆိုးရင် ဆံသား ပျက်စီးစေနိင်ပါတယ်။ ဒီဆိုးဆေးတွေမှာ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် melanin ဆဲလ်တွေ ကိုလည်း ပျက်စီးစေနိုင်ပါတယ်.။အရွယ် မတိုင်မီ သွေးဆုံးခြင်းလက္ခဏာ ခံစားနေရသူတွေဟာ ငယ်ရွယ်စဉ်မှာ ဆံပင်ဖြူလာစေနိုင်ပါတယ်။ဖောလစ်အက်စစ် ဟာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ် အတော်များများ အတွက် မရှိမဖြစ်ဓာတ် တစ်မျိုး ဖြစ်ပြီး သူချို့တဲ့ပြီ ဆိုရင် ဆံပင်သန်စွမ်းမှုကို နှေးကွေးစေနိုင်ရုံမက ဆံပင်ပါ ဖြူစေပါတယ်။ဗာဒံစေ့ အပါအဝင် အစေ့အဆံတွေကို စားသုံးပေးရင် ဆံပင်ဖြူခြင်းကို သက်သာစေနိုင်ပါတယ်။ ခြုံပြောရရင် အသီးအရွက်တွေ များများစားပါ၊ ကျန်းမာရေးနဲ့ မညီတာတွေ ရှောင်ပါ၊ ဆံသားအလှကုန်တွေကို အပြင်းစားတွေ၊ စျေးပေါတာတွေ မသုံးပါနဲ့၊စိတ်ဖိစီးမှုကို လျှော့ဖို့ နည်းလမ်းရှာပါ၊ ကျန်းမာရေး စစ်ဆေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/white-hair-but-young/
ကိုယ်ဝန်ရှိနေတာကို မသိလိုက်ဘဲ သန္ဓေတားသောက်ဆေး သောက်လိုက်မိတယ်
ကိုယ်ဝန် ရှိနေတာကို မသိလိုက်ဘူး။ ပုံမှန် အတိုင်းပဲ တားဆေးကို ဆက်သောက်လိုက်မိတယ် ဆိုတဲ့လေဒီလေးတွေများရှိလား။ ဒါက ဖြစ်ခဲတယ် ဆိုပေမယ့် ဒီလိုဖြစ်ခဲ့ရင် ဘာတွေများ ဖြစ်နိုင်မလဲ ဆိုပြီး တွေးပူနေမိတဲ့ လေဒီလေးတွေ ရှိလား။ ဒါဆိုရင် ကိုယ်ဝန်ရှိနေတာကို မသိလိုက်ဘဲ သန္ဓေတားသောက်ဆေး သောက်လိုက်မိတယ် ဆိုတဲ့ လေဒီလေးတွေအတွက် ရေးထားတဲ့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ကိုယ်ဝန် ရှိနေတုန်း တားဆေး သောက်မိတာကကလေးကို ထိခိုက်နိုင်လား……….. ဒါက အမျိုးသမီး တော်တော်များများ သိချင်ကြတဲ့ အကြောင်းက ကိုယ်ဝန် ရှိနေမှန်း မသိလိုက်ဘဲ တားဆေး သောက်လိုက်မိတယ်။ ဒါဆိုရင် ကလေးကို ထိခိုက်မိနိုင်လား ဆိုတာပါ။ လေ့လာချက်တွေအရ သိရတာကကိုယ်ဝန်ဆောင်အစောပိုင်း ကာလမှာတားဆေးသောက်မိတာကြောင့်သန္ဓေသားအပါ်မှာ ထိခိုက်နိုင်တယ်၊ လို့ တိတိကျကျ မသိရသေးပါဘူး။တားဆေး အများစုကတော့ ကိုယ်ဝန် ရှိနေချိန်မှာ မသိဘဲ သောက်မိလိုက်ရုံနဲ့ သားအိမ် ပြင်ပမှာ သန္ဓေတည်တာမျိုး မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အရေးပေါ် တားဆေးကို မကြာမကြာ သောက်တတ်တဲ့ သူတွေ၊ ပရိုဂျက်စတုန်း တစ်မျိုးတည်းပါတဲ့ တားဆေး သောက်တဲ့ သူတွေကတော့ ဒါမျိုး ပြဿနာ ကြုံရနိုင်ပါတယ်။တားဆေး သောက်နေချိန်မှာ မထင်မှတ်ဘဲ ကိုယ်ဝန်ရတယ် ဆိုတာက ဖြစ်နိုင်ခြေ နည်းပေမယ့် သတိထားတာကတော့ အကောင်းဆုံးဖြစ်မှာပါ။ ဒါကြောင့် ကိုယ်ဝန် ရှိနေတယ်လို့ သံသယရှိမယ် ဆိုရင် ဆီးစစ်ကြည့်စေချင်ပါတယ်။သတိထားတာကတော့ အကောင်းဆုံး ဖြစ်မှာပါ။ တကယ်လို့ ဆီးစစ်ကြည့်တဲ့အခါ ကိုယ်ဝန် ရှိနေတယ်လို့ သိရပြီဆိုရင် ဆေးကို ဆက်မသောက်ပါနဲ့တော့။ ဆီးစစ်ချက် အဖြေက သေသေချာချာ မသိရသေးခင်မှာလည်း တစ်ပတ်စောင့်ပြီး ဆီးပြန်စစ်ပါ။ ဒီအတောအတွင်းမှာလည်း တားဆေးကို မသောက်ဖို့ ပြောပါရစေ။ ဒီအတောအတွင်းမှာ အတူနေမယ်ဆိုရင်တော့အကာအကွယ်သုံးစေချင်ပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/can-taking-the-birth-control-pill-while-pregnant-hurt-my-baby/
မိန်းမကိုယ်ထဲမှာ လိင်တံညပ် နေခဲ့ရင်
ရုပ်ရှင်တွေထဲမှာ လိင်တံညပ်လို့ ကိစ္စတန်းလန်းကြီးနဲ့ ဆေးရုံရောက်လာတာ မြင်ဖူးမှာပေါ့။ တကယ်တော့ ဒါက ရှားပါး ကိစ္စပါ။ ရှားပေမဲ့ မဖြစ်ဘူးလို့ ပြောတာ မဟုတ်တာကြောင့် မတော်တဆများ ကိုယ့်အလှည့်ကျမှ တိုက်တိုက်ဆိုင်ဆိုင် မိန်းမကိုယ်ထဲမှာ လိင်တံညပ် နေခဲ့ရင် ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကြိုတင် လေ့လာထားကြဦးနော်။လိင်စိတ်ကြွချိန်၊ လိင်ဆက်ဆံချိန်မှာ ထိုးသွင်းနိုင်ဖို့ လိင်တံထဲကို သွေးတွေ ဝင်လာပြီးထောင်မတ်လာပါတယ်။ အမျိုးသမီးတွေကတော့ ထောင်မတ်တဲ့ လိင်တံကို လက်ခံနိုင်ဖို့ မိန်းမကိုယ်ကြွက်သားတွေ ပြေလျော့ပြီး ချောဆီတွေ ထွက်လာရပါတယ်။လိင်ဆက်ဆံချိန်မှာတော့ မိန်းမကိုယ် ကြွက်သားတွေ တင်းလာပြီး လိင်တံကို သွားသွားညှစ်တတ်ပါတယ်။ ဒါက သဘာဝပါ။ နောက်ဆုံး မိန်းမကိုယ် ကြွက်သားတွေ အတင်းဆုံးဖြစ်ပြီးပြီးမြောက်သွားပါတယ်။ ပြီးသွားရင်တော့ ကြွက်သားတွေလည်း ပြန်ပြေလျော့သွားသလို လိင်တံကလည်း ပြန်ပျော့သွားပါတယ်။ဒါက သဘာဝဖြစ်စဉ်ပါ။တချို့အမျိုးသမီးတွေမှာ ပြီးမြောက်သွားတာတောင် ကြွက်သားတွေက တင်းနေတတ်ပေမဲ့ ခဏလောက်နေရင် ပြန်လျော့သွားပါတယ်။ရှားပါးဖြစ်စဉ်တွေမှာတော့မိန်းမကိုယ်ကြွက်သားတွေက တင်းလွန်းတဲ့အတွက် လိင်တံကို ညှစ်ပြီး ပြီးမြောက်သွားတာတောင် ပြန်ထုတ်လို့မရတော့ပါဘူး။ ဒီတော့ မိန်းမကိုယ်မှာ လိင်တံညပ်နေတာပေါ့။ ဒီဖြစ်စဉ်ကိုpenis captivusလို့ခေါ်ပါတယ်။ဒါက ရှားပါးလွန်းတဲ့အတွက် လေ့လာချက်တွေလည်း အတိအကျ မရှိပါဘူး။ ဘာကြောင့်ဖြစ်မှန်း သေချာ မပြောနိုင်ပေမဲ့ တချို့ကလည်း မိန်းမကိုယ်ကျပ်လွန်းတဲ့ ပြဿနာ Vaginismus နဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။မိန်းမကိုယ် ကျပ်တယ်ဆိုတာ အလွယ်ပြောရရင် မိန်းမကိုယ်ထဲ ဝင်လာသမျှကို ကြွက်သားတွေက ဆွဲညှစ်ထားတာပါ။ ဥပမာ လိင်တံဝင်ရင် လိင်တံကို ညှစ်ထားမယ်။Tamponဝင်ရင် Tamponကို ညှစ်ထားတာမျိုးပါ။ဒီလိုဖြစ်ရတာက မိန်းမကိုယ်ထဲကို တစ်ခုခု ဝင်တဲ့အခါ နာတာကြောင့် ကြွက်သားတွေက အလိုအလျောက် ညှစ်လိုက်တာ ဖြစ်နိုင်သလို အရင်က အကောင်း၊ နောက်မှ သူ့အလိုလို ဖြစ်လာတာလည်း ဖြစ်နိုင်ပါတယ်။ဘာကြောင့် ဖြစ်တာလဲဆိုတာကို အတိအကျ မပြောနိုင်ကြသေးပါဘူး။ တချို့ကလည်းလိင်ဆက်ဆံရမှာကို ကြောက်တာ၊ စိုးရိမ်တာကြောင့်လို့ ယူဆကြပါတယ်။ပြောရမယ်ဆို ဒါက ထူးဆန်းတဲ့ ပြဿနာပါ။ တချို့အမျိုးသမီးတွေက မိန်းမကိုယ်ထဲကို ဘာဝင်ဝင် ညှစ်ထားတတ်ပါတယ်။ တချို့ကျတော့လည်း တစ်ယောက်နဲ့ အတူနေရင် ဘာမှမဖြစ်ဘဲ နောက်တစ်ယောက်နဲ့ နေမှ ဖြစ်တာမျိုး။ တချို့ကျတော့လည်း tamponထည့်ရင် အကောင်း လိင်ဆက်ဆံမှ ညှစ်မိတာမျိုး စသဖြင့် မျိုးစုံ ဖြစ်တတ်ပါတယ်။အဓိကကတော့ ထိခိုက်ဒဏ်ရာတွေ ရတာပါ။ ကြောက်ကြောက်လန့်လန့်နဲ့ အတင်းဆွဲထုတ်တဲ့အတွက်မိန်းမကိုယ်ပြဲတာ၊လိင်တံပွန်းပဲ့တာတွေ ဖြစ်တတ်ပါတယ်။ လိင်တံနာကျင်တာလည်း ခံစားရတတ်ပါတယ်။ဒါက ရှားပါးတဲ့ အခြေအနေပါ။ ဒါပေမဲ့ မတော်တဆ ကြုံလာခဲ့မယ်ဆိုရင် အောက်ပါ နည်းလမ်းတွေကို အသုံးပြုပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/what-to-do-with-penis-captivus/
သိုင်းရွိုက်ဟော်မုန်းများခြင်းနှင့် မျက်စိပြဿနာများ
သိုင်းရွိုက်ဟော်မုန်းများခြင်းဟာ သိုင်းရွိုက်ဂလင်းအနေနဲ့ အလုပ်အလွန်အကျွံလုပ်ပြီး ဟော်မုန်းတွေ ပိုမိုထုတ်လုပ်လာခြင်း ဖြစ်ပါတယ်။ တွေ့ရအများဆုံး အကြောင်းအရင်းကတော့ မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်တဲ့ ဂရေ့ဗ်ရောဂါ ဖြစ်ပါတယ်။ အဲဒီအခြေအနေမှာ မျက်လုံးကိုပါ ထိခိုက်တတ်ပါတယ်။ဂရေ့ရောဂါကြောင့်မျက်စိထိခိုက်ခြင်းကို သိုင်းရွိုက် မျက်စိရောဂါလို့ခေါ်ပြီးကိုယ်ခံအားစနစ်ကနေသိုင်းရွိုက်ဂလင်းကို ပြန်လည်တိုက်ခိုက်တဲ့ အခြေအနေမှာ ဖြစ်တတ်ပါတယ်။ ကိုယ်ခံအားစနစ်ဟာ မျက်စိအနီးတဝိုက် တစ်သျှူးများနဲ့ မျက်စိကြွက်သားများကို တိုက်ခိုက်တဲ့အခါ မျက်စိကို ရောင်ရမ်းစေပြီး အမြင်အာရုံပိုင်းဆိုင်ရာ ပြသနာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်ခံအားစနစ်ဟာ မျက်စိနားက တစ်သျှူးတွေကို တိုက်ခိုက်ရတဲ့ အကြောင်းအရင်းကတော့ သိုင်းရွိုက်ဂလင်းမှာ တိုက်ထုတ်ခံရတဲ့ ပရိုတင်းများနဲ့ ဆင်တူနေလို့ ဖြစ်ပါတယ်။အမျိုးသမီးတွေမှာ အမျိုးသားများထက်စာရင် ရောဂါဖြစ်နိုင်ခြေ ၅-၆ဆ ပိုများပါတယ်။ ဆေးလိပ်သောက်သူများမှာ ဒီရောဂါဖြစ်နိုင်ခြေ သိသိသာသာများပါတယ်။သိုင်းရွိုက်မျက်စိပြသနာမှာ မျက်စိကြွက်သားတွေနဲ့ တစ်သျှူးတွေ ရောင်ရမ်းတဲ့အတွက် မျက်လုံးကို အရှေ့ကို တွန်းထုတ်စေပြီး မျက်လုံးရဲ့ လှုပ်ရှားမှုကို ထိခိုက်စေပါတယ်။ ပိုဆိုးရင် အမြင်အာရုံပါ ဒုက္ခပေးတတ်ပါတယ်။ အောက်ပါ လက္ခဏာတွေ ပြလာတတ်ပါတယ်။မျက်လုံးဟာ ရောင်ပြီး ထိုးထွက်နေတဲ့အတွက် မျက်စိကို သေချာမမှိတ်နိုင်ပါဘူး။ မျက်လုံးခြောက်သွေ့ခြင်း၊ ယားယံခြင်း၊ အထိမခံခြင်း စတဲ့ပြသနာတွေ ဖြစ်တတ်ပါတယ်။မျက်စိတဝိုက်မှာ နာကျင်ပြီး ဖောင်းနေသလို ခံစားရပါတယ်။ မျက်လုံးတဝိုက် တစ်သျှူးတွေနဲ့ မျက်ခမ်းတွေ ရောင်တတ်ပြီး မနက်ပိုင်းမှာ ပိုဆိုးတတ်ပါတယ်။မျက်လုံးရောင်ခြင်း (သို့) ရှေ့တူရူကိုစိုက်ကြည့်နေရခြင်း။မျက်လုံးတဝိုက်က ကြွက်သားတွေ ထိခိုက်တဲ့အခါ မျက်လုံးရဲ့ ပုံမှန်လှုပ်ရှားမှုတွေကို အကန့်အသတ် ဖြစ်စေပါတယ်။ ပုံရိပ်နှစ်ထပ်မြင်တတ်ပြီး ဘေးဘက်နဲ့ အထက်အောက်ရွေ့လျားရင် နာကျင်တတ်ပါတယ်။ဂရေ့ဗ်ရောဂါကြောင့်ဖြစ်တဲ့ သိပ်မဆိုးရွားတဲ့ ပြဿနာတွေဟာ ၁လကနေ ၄လအတွင်း သူ့ဖာသာ ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် ဆွဲတင်းထားတဲ့ တစ်သျှူးတွေဟာ ပုံမှန်အခြေအနေကို ပြန်မရောက်လို့ မျက်လုံးရောင်ခြင်းနဲ့ တခြား ရုပ်ပိုင်းပြောင်းလဲမှုတွေ ကျန်နေတတ်ပါတယ်။ ကုသမှုရဲ့ ရည်ရွယ်ချက်ကတော့ ရောင်ရမ်းမှုကို အတတ်နိုင်ဆုံးထိန်းပေးပြီး မသက်မသာဖြစ်တဲ့ အနေအထားကို လျှော့ချနိုင်ဖို့ ဖြစ်ပါတယ်။စဖြစ်ခါစမှာ မျက်စဉ်း (မျက်ရည်တု)၊ အကာအကွယ်ပေးတဲ့မျက်မှန်စတာတွေ သုံးရုံနဲ့ လုံလောက်ပါတယ်။ နာကျင်ရောင်ရမ်းမှုကို သက်သာစေဖို့ aspirin၊ naproxen နဲ့ ibuprofen စတဲ့ဆေးတွေ သုံးနိုင်ပါတယ်။ရောဂါဆိုးလာပြီး ရောင်ရမ်းတာလည်း ဆိုးလာရင် ပရနီဆလုံးလို ကိုယ်ခံအားနှိမ့်ပေးတဲ့ဆေးတွေ လိုအပ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ ခုခံပစ္စည်းတွေကို လျှော့ချနိုင်ဖို့ ဖြစ်ပါတယ်။ အမြင်အာရုံဆိုးရွားပြီး အမြင်အာရုံကြောကို ဖိမိနေရင် ခွဲစိတ်ဖို့ လိုအပ်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/%e1%80%9e%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%9b%e1%80%bc%e1%80%ad%e1%80%b3%e1%80%80%e1%80%b9%e1%80%b1%e1%80%9f%e1%80%ac%e1%80%b9%e1%80%99%e1%80%af%e1%80%94%e1%80%b9%e1%80%b8%e1%80%99/
နေကြာစေ့တွေရဲ့ ကျန်းမာရေးစွမ်းအင်
နေကြာစေ့ဆိုတာနဲ့နေကြာပန်းကနေ ရတဲ့ အစေ့သေးသေးလေးတွေကိုမြင်ယောင်မိကြမှာပါ။နေကြာစေ့ကို ရုပ်ရှင်ရုံထဲမှာလည်းတော်တော်များများ စားကြပြီး ဆားအငန်ပါတာနဲ့ မပါတာနဲ့ဆိုပြီးတော့လည်း ရှိပါသေးတယ်။ ဆားအငံပါတာနဲ့ မပါတာက အရမ်းတော့ မကွာပါဘူး။သွေးတိုးရှိတဲ့သူတွေကတော့ ဆားအငန်ပါတာကိုရှောင်စားကြပါတယ်။နေကြာစေ့သေးသေးလေးတွေက နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့ ရင်းမြစ်ဆိုရင် အံ့သြသွားလောက်ပါတယ်။နေကြာစေ့မှာကောင်းမွန်တဲ့အဆီနဲ့ နှလုံးကျန်းမာရေးကို အကျိုးပြုတဲ့phytosterolsတွေ ပါဝင်ပါတယ်။ ဒီအဆီဓါတ်တွေဟာသွေးတွင်းမှာ ကိုလက်စထရောလျှော့နည်းအောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် နှလုံးကျန်းမာရေးကိုကောင်းမွန်အောင် ထိန်းထားချင်တယ်ဆိုရင်တော့နေကြာစေ့လေး စားပေးဖို့ လိုပါတယ်။နေကြာစေ့ စားတဲ့အခါမှာ ခွာရတဲ့အရသာ၊ အစေ့လေးတွေခက်ခက်ခဲခဲ ထုတ်ရပြီး စားရတဲ့ ခံစားချက်ကိုတော်တော်လေး နှစ်သက်တဲ့သူတွေ ရှိပါတယ်။နေကြာစေ့ကို ခံစားချက်ကောင်းမွန်ဖို့ စားတဲ့သူတွေလည်း ရှိပါတယ်။နေကြာစေ့မှာ စိတ်ခံစားချက်ကောင်းမွန်စေမယ့် အာဟာရဓါတ်တွေ အများကြီး ပါဝင်ပါတယ်။နေကြာစေ့မှာ ပရိုတင်းနဲ့ အမိုင်နိုအက်ဆစ် ပါဝင်ပါတယ်။ အမိုင်နိုအက်ဆစ်က ခန္ဓါကိုယ်ထဲသွေးလည်ပတ်စီးဆင်းမှုကိုကောင်းမွန်စေတာကြောင့်ပါ။လေ့လာသူတွေကတော့နေကြာစေ့မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဟာ အမျိုးသမီးတွေ ဓမ္မတာ လာတဲ့အခါမှာ စိတ်တိုလွယ်ခြင်း၊ စိတ်ဆတ်ခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ မဖြစ်အောင် ကူညီပေးတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင်နေကြာစေ့မှာ ကာဗိုလ်ဟိုက်ဒရိတ် ပါဝင်တာကြောင့် ဦးနှောက်စုပ်ယူနိုင်မှု စွမ်းအင်ကို ပိုအားကောင်းစေပါတယ်။ ဘာလို့လဲဆိုတော့ ဦးနှောက်ဆီကို သတင်းအချက်အလက်ပေးပို့မှုမြန်ဆန်စေတာကြောင့်ပါ။နေကြာစေ့မှာ ပါဝင်တဲ့ ဇင့်ဓါတ်ကလည်း အမျိုးသားတို့အတွက် မျိုးအောင်ဖို့ အထောက်အကူပြုပါတယ်။လေ့လာချက်တွေအရ ဇင့်ဓါတ်ဟာ သုတ်ပိုးအရေအတွက်၊ အရည်အသွေးနဲ့ စွမ်းဆောင်ရည်တွေကိုမြင့်တက်စေပါတယ်။နေကြာစေ့ (၁၀၀) ဂရမ်မှာ ဇင့်ဓါတ်(၅) မီလီဂရမ် ပါဝင်တာကြောင့် ဇင့်ဓါတ်အများဆုံး ပါဝင်တဲ့ အစားအစာဆိုရင်လည်း မမှားပါဘူး။နေကြာစေ့မှာ စိတ်ဖိစီးမှုတွေကိုလျှော့ကျစေမယ့် အာဟာရဓါတ်တွေအပြင် အိပ်ပျော်စေမယ့် သတ္တုဓါတ်တွေလည်း ပါဝင်ပါတယ်။နေကြာစေ့မှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဟာ အိပ်ပျော်စေဖို့ အပြည့်အဝ စွမ်းဆောင်နိုင်ပါတယ်။ ဒါကြောင့် ညဘက်အိပ်မပျော်တာတွေဖြစ်တယ်ဆိုရင် အိပ်ခါနီးမှာနေကြာစေ့နည်းနည်းလောက် စားပြီးမှ အိပ်ပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှာပါ။နေကြာစေ့သေးသေးလေးတွေရဲ့ စွမ်းအင်တွေကို သိထားပြီးပြီဆိုတော့ အပျင်းပြေလေးလောက်တော့ စားပေးနော်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%94%e1%80%80%e1%80%bd%e1%80%b1%e1%80%ac%e1%80%85%e1%80%b1%e1%80%b7%e1%80%90%e1%80%be%e1%80%9b%e1%80%b1%e1%80%b2%e1%80%b7-%e1%80%80%e1%80%94%e1%80%bc%e1%80%bb%e1%80%b8%e1%80%99%e1%80%ac%e1%80%b1/
အဆီကျစေမယ့် Detox Waterတွေ ကိုယ်တိုင်လုပ်မယ်
Detox waterကိုတော့တော်တော်များများသိကြမှာပါ။ ခန္ဓာကိုယ်ထဲကအဆိပ်အတောက်ဓာတ်တွေကင်းစင်စေတယ်၊ အလုံးစုံကျန်းမာရေးအတွက်ကောင်းတယ်၊ အဆီကျတယ် စတဲ့ သဘာဝအကျိုးကျေးဇူးတွေကြောင့် လူကြိုက်များကြတာပါ။ ခုခေတ်စားနေတဲ့အဆီချအစားအသောက်အစီအစဉ်တွေမှာလည်း Detox water မပါလို့မဖြစ်ပါဘူး။သူက ဘာတွေထူးခြားနေလို့များလဲ။ ရေဓာတ်တော့အပြည့်အဝရမှာသေချာတယ်။ ရေနဲ့စိမ်ထားရတာကိုး။ အမှန်တော့Detox waterဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတ်တွေမှန်သမျှကို ကင်းစင်စေတဲ့အပြင် ဝိတ်ချဖို့အစားဆင်ခြင်နေရချိန်မှာ ကျန်းမာဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓါတ်တွေဖြည့်တင်းပေးနိုင်တဲ့သောက်စရာတစ်ခုဖြစ်ပါတယ်။အဆီကျလို့ ပိုလည်းလှစေ၊ ခွန်အားလည်းပြည့်စေနိုင်စွမ်းရှိပါတယ်။သူများဆီက ဝယ်သောက်ရတာDetox waterကနည်းနည်းဈေးကြီးပါတယ်။ ပြုပြင်စီမံထားခြင်းမရှိ၊ တာရှည်ခံဓာတုပစ္စည်းမပါဝင်ဘဲသဘာဝပစ္စည်း၊ အသီးအရွက်တွေနဲ့ပြုလုပ်ထားတာဖြစ်လို့ organic သို့မဟုတ် homemade စသည်ဖြင့် အာမခံပြီးဈေးကောင်းကောင်းနဲ့ရောင်းကြပါတယ်။ အွန်လိုင်းမှာလည်းရောင်းချနေတာဆိုတော့ အိမ်အရောက်ပို့ခနဲ့ဆို ပိုတောင်ကုန်ဦးမယ်။ဒါဆိုအဆီကျကျစ်လျစ်ချင်လို့ အစားလျှော့ Diet လုပ်နေတဲ့ လေဒီတွေနဲ့ အားကစားလုပ်နေတဲ့သူတွေအတွက် အသုံးတည့်မယ့်Detox water ကို အိမ်မှာကိုယ်တိုင်လုပ်ကြမလား။ အချိန်လည်းမကုန်ဘူး၊ငွေလည်းမကုန်ဘူး၊ လွယ်လွယ်လေးရယ်။Detox waterလုပ်မယ်ဆိုရင် သိထားရမယ့်အချက်တွေက။(အဆီကျမြန်စေနိုင်တဲ့ Detox အချိုးအစား ဖြစ်လို့ အစာအိမ်ရောဂါရှိသူတွေ မသင့်တော်ပါ)။ပုံမှန်စားသုံးနေကျ အသီးအနှံတွေနဲ့ပဲ ကိုယ်တိုင်ပြုလုပ်တာဖြစ်တဲ့အတွက် သန့်ရှင်းမှုနဲ့လတ်ဆတ်မှုကို ပိုစိတ်ချရပါတယ်။ ဒါကတော့ အလွယ်ဆုံးနည်းလေးတွေဖြစ်လို့ ကိုယ့်နှစ်သက်ရာ အချိုမများတဲ့၊ အမှည့်မလွန်တဲ့ အသီးအနှံတွေလည်း ထပ်ပေါင်းထည့်လို့ရပါတယ်။ စစိမ်တည်းက တစ်ခါတည်းအတူထည့်ဖို့တော့လိုပါတယ်။ ကဲ …. အဆီကျစေမယ့် Detox Waterတွေ  ကိုယ်တိုင် လုပ်ကြည့်လိုက်နော်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/detox-waters-for-weight-loss/
ခေါင်းတစ်ခြမ်းကိုက် ရောဂါလက္ခဏာများ
ခေါင်းတစ်ခြမ်းကိုက် ရောဂါလက္ခဏာများ က သတိပေးတဲ့ လက္ခဏာတွေဖြစ်တဲ့ ပြိုးပြိုးပြက်ပြက် အလင်းရောင်၊ ခြေလက်ထုံကျဉ်ခြင်း၊ ပျို့အန်ခြင်းနဲ့ အလင်းနဲ့ အသံကို မခံနိုင်ခြင်း စတဲ့ အချက်တွေ အရင်ဖြစ်ပြီးနောက် (သို့) အတူတွဲ ဖြစ်သောခေါင်းကိုက်မှုတစ်ခု ဖြစ်ပါတယ်။ နာကျင်မှုဟာ ပြင်းထန်ပြီးတော့ နာရီများစွာ (သို့) ရက်ပေါင်းများစွာ ကြာမြင့်တတ်ပါတယ်။ ဒါတွေ ကြိုမဖြစ်ဘဲ တန်းပြီး ခေါင်းတစ်ခြမ်းကိုက်တာမျိုးလည်း ရှိပါတယ်။ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ ဦးနှောက်သွေးကြောဖောင်းလာတာနဲ့ ဒီသွေးကြောတွေကို ရစ်ပတ်ထားတဲ့ အာရုံကြောမျှင်တွေကနေ ဓာတုပစ္စည်း ထုတ်လုပ်မှုတို့ကြောင့် ပေါင်းစပ်ဖြစ်ပေါ်ပါတယ်။ ခေါင်းကိုက်နေစဉ်မှာ သွေးကြောဟာ ကျယ်လာပါတယ်။ ဒါဟာ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းကို ဖြစ်စေတဲ့ ဓာတုပစ္စည်းတစ်မျိုးကို ထုတ်လုပ်ပေးပြီးတော့ သွေးကြော ကျယ်လာခြင်းကို ထပ်မံဖြစ်စေပါတယ်။ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ sympathetic အာရုံကြောစနစ်ကို တုံ့ပြန်ခြင်းကိုဖြစ်စေကာ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်စေပါတယ်။ ဒါ့ပြင် အလင်းနဲ့ အသံတွေကို အာရုံခံမှုကိုလည်း မြင့်မားစေပါတယ်။အချို့လူတွေဟာ သူတို့ကို ခေါင်းကိုက်စေတဲ့အရာတွေကို သေချာစွာ ပြောပြနိုင်ပေမယ့် လူအတော်များများကတော့ မပြောပြနိုင်ပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့ အရာတွေကတော့။ဒီအရာတွေဟာ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို အမြဲ မဖြစ်စေနိုင်သလို ဒီအရာတွေကို ရှောင်ကြဉ်ခြင်းကလည်း ခေါင်းတစ်ခြမ်းကိုက်ခြင်းကို အမြဲမကာကွယ်နိုင်ပါဘူး။ ဒါပေမယ့် ကိုယ်က ဒါတွေကြောင့် ခေါင်းကိုက်တတ်ရင် ရှောင်တာက အကောင်းဆုံးပါ။ခေါင်းတစ်ခြမ်းကိုက်ခြင်းရဲ့ လက္ခဏာတွေကို ခေါင်းမကိုက်ခင် (သို့) ခေါင်းကိုက်နေစဉ်အတွင်း (သို့) ခေါင်းကိုက်ပြီးနောက်ဆိုပြီး ခွဲနိုင်ပါတယ်။ ခေါင်းကိုက်ခြင်းအမျိုးမျိုး ရှိတတ်ပေမယ့် အတွေ့များတဲ့ လက္ခဏာတွေကတော့။လူအတော်များများဟာ ခေါင်းတစ်ခြမ်း ကိုက်တော့မယ် ဆိုတာကိုခေါင်းမကိုက်ခင်မှာ အချက်ပြလက္ခဏာတွေကြောင့်သိတတ်ကြပေမယ့် လူအချို့ကတော့ မသိကြပါဘူး။ စိတ်ရှုပ်ထွေးဖွယ် အတွေးတွေ၊ အတွေ့အကြုံတွေ၊ ထူးဆန်းတဲ့အလင်းရောင်တွေ မသာယာတဲ့ အနံ့တွေ ရတတ်ကြပါတယ်။သုတေသီတွေက ဒီလိုတွေ မြင်ပြီး ခေါင်းကိုက်တတ်တဲ့ အမျိုးသမီးတွေမှာနှလုံးရပ်မှုဖြစ်နိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။ ဒီလို အမျိုးသမီးတွေကပေါင်းစပ်ကိုယ်ဝန်တားဆေးသုံးမယ်ဆိုရင် သွေးခဲဖြစ်နှုန်း ပိုမိုမြင့်မားတယ်လို့ ဖော်ပြခဲ့ပါတယ်။ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့ အမျိုးသမီးတွေက နာရီပေါင်းများစွာ မတိုင်ခင် (သို့) တစ်ရက်လောက်ကြိုပြီးတော့ သိနေလေ့ရှိပါတယ်။ ဒီလက္ခဏာတွေကတော့ အားအင်ပြင်းထန်ခြင်း၊ အချိုစားချင်ခြင်း၊ ရေဆာခြင်း၊ နုန်းခြင်း၊ စိတ်တိုခြင်းနဲ့ စိတ်ကျခြင်းတို့ပဲ ဖြစ်ပါတယ်။ရေးသားသူ- Dr Phyu Mon Latt။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/symptoms-of-migraines/
အုန်းစိမ်းရည်က ကျန်းမာရေးအတွက် အထောက်အကူပြုသလား
နှစ်ပေါင်းများစွာကတည်းက အုန်းစိမ်းရည်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာပေးစွမ်းနိုင်တယ်ဆိုတာကို သိရှိထားပြီးဖြစ်ပါတယ်။ အုန်းစိမ်းသီးတစ်လုံးမှာ အရည်ဓါတ် ၂၀၀ မီလီလီတာ ကနေ ၁,၀၀၀ မီလီလီတာ အထိပါဝင်ပါတယ်။အုန်းစိမ်းရည်က အရသာရှိပြီးကယ်လိုရီပါဝင်မှုနည်းတဲ့သဘာဝအချိုရည်တစ်မျိုးပါ။ အုန်းစိမ်းရည်မှာ အုန်းသီးခြောက်အရည်ထက်အာဟာရဓါတ်ပိုမိုပါဝင်ပါတယ်။ အုန်းစိမ်းရည်မှာဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ အမိုင်နိုအက်ဆစ်၊ အင်ဇိုင်းတွေ၊ဗီတာမင်ဘီဓါတ်တွေ၊ဗီတာမင် စီ၊ သံဓါတ်၊ ကယ်လ်ဆီယမ်၊ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊ မဂ္ဂနီ နဲ့ ဇင့် ဓါတ်တွေလိုမျိုး သတ္တုဓါတ်တွေပါဝင်နေပါတယ်။အုန်းစိမ်းရည်မှာပါတဲ့ အာဟာရဓါတ်တွေကကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့cytokinin လို့ခေါ်တဲ့ အပင်ဟော်မုန်းတစ်မျိုးကလည်း အရွယ်တင်နုပျိုစေသလိုဘက်တီးရီးယားတွေနဲ့ကင်ဆာရောဂါတွေကို တိုက်ဖျက်နိုင်တဲ့အစွမ်းလည်းရှိပါ တယ်။ အုန်းစိမ်းရည်က ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပေးနိုင်သလဲဆိုတဲ့အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။အုန်စိမ်းရည်ကအပူဒဏ်ေကြာင့်ဖြစ်တဲ့ရေငတ်တာကိုပြေစေနိုင်တဲ့ သဘာဝအချိုရည်တစ်မျိုးပါ။ အုန်းစိမ်းရည်မှာပါတဲ့electrolyte compositionတွေကြောင့်ဝမ်းလျှောတာ၊အော့အန်တာနဲ့အလွန်အမင်းချွေးထွက်တာေတွကြောင့် ခန္ဓါကိုယ်ကဆုံးရှုံးသွားတဲ့ရေဓါတ်ကိုပြန်လည်ဖြည့်တင်းပေးပါတယ်။ ကာဗိုဟိုက်ဒရိတ်ပါဝင်တာကြောင့် ခန္ဓါကိုယ်ကို အားပြည့်စေပါတယ်။အုန်းစိမ်းရည်မှာ ဗီတာမင် စီ၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ပါဝင်နေတာကြောင့်သွေးတိုးရောဂါရှိသူတွေအတွက် သင့်တော်ပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့ ပိုတက်ဆီယမ်က ကိုယ်တွင်းကအကျိုးမပြုတဲ့ ဆိုဒီယမ်ပမာဏကိုထိန်းညှိပေးခြင်းဖြင့်သွေးတိုးကျအောင်အထောက်အကူပြုပါတယ်။ကိုလက်စထရောနဲ့ အဆီပါဝင်မှုနည်းတဲ့ အုန်းစိမ်းရည်က နှလုံးကိုကျန်းမာစေပါတယ်။ ခန္ဓါကိုယ်အတွက်အကျိုးမပြုတဲ့ ကိုလက်စထရော (LDL) ကိုလျော့ကျစေပြီး အကျိုးပြုကိုလက်စထရော (HDL) ကိုတိုးစေနိုင်တာကြောင့် နှလုံးရောဂါခံစားရနိုင်ခြေကိုလျှော့ချပေးပါတယ်။အုန်းစိမ်းရည်မှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ရောင်ရမ်းမှုကိုလျော့ပါးစေတဲ့ အစွမ်းသတ္တိ နဲ့antiplatelet propertiesတွေပါဝင်နေပြီးသွေးလည်ပတ်စီးဆင်းမှုကို တိုးတက်ကောင်းမွန်စေပါတယ်။သွေးကြောတွေထဲမျာ အနယ်အနှစ်စုပုံတာမျိုးတွေကိုလျှော့ချပေးနိုင်ပြီး ရုတ်တရက်နှလုံးရပ်တာနဲ့လေဖြတ်တာမျိုးတွေကိုလည်းလျှော့ချပေးပါတယ်။အုန်းရည်က အရက်နာကျတာကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်မျိုးပါ။ အရက်က ခန္ဓါကိုယ်ရဲ့ရေဓါတ်ကိုကုန်ဆုံးစေပြီးရေဓါတ်ကုန်ဆုံးမှုကနောက်တစ်နေ့မနက်မှာ အရက်နာကျတာကိုဖြစ်စေပါတယ်။ အုန်းရည်က ခန္ဓါကိုယ်ရဲ့electrolyte ကိုပြန်လည်ဖြည့်တင်းပေးပြီးရေဓါတ်ကိုပြန်လည်ဖြည့်တင်းပေးနိုင်တာကြောင့် အရက်နာကျတာကိုသက်သာစေပါတယ်။ကိုယ်အလေးချိန်ကျချင်တဲ့သူတွေအတွက် အုန်းစိမ်းရည်ကသောက်သုံးဖို့သင့်တော်ပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပြီး အစာအိမ်အတွက်လည်း အထောက်အပံ့ပြုပါတယ်။ အုန်းစိမ်းရည်မှာ အစာချေဖျက်မှုကို အထောက်အပံ့ပေးပြီး အဆီတွေချေဖျက်မှုကို တိုးမြှင့်ပေးနိုင်တဲ့bioactive အင်ဇိုင်းတွေအများအပြားပါဝင်ပါတယ်။အုန်းစိမ်းရည်မှာပိုတက်ဆီဝမ်ကြွယ်ဝစွာပါဝင်ပါတယ်။ ကိုယ်တွင်းက မလိုအပ်တဲ့အရည်တွေနဲ့ အဆိပ်အတောက်တွေကို စွန့်ထုတ်အောင်အထောက်အပံ့ပေးပါတယ်။ခေါင်းကိုက်တာ၊ခေါင်းတစ်ခြမ်းကိုက်တာအများစုက ရေဓါတ်ဆုံးရှုံးတာကြောင့်ဖြဟ်တာဖြစ်ပါတယ်။ အုန်းစိမ်းရည်က ခန္ဓါကိုယ်အတွက် လိုအပ်တဲ့electrolytesတွေကိုထောက်ပံ့ပေးရာမှာ အထောက်အကူပြုသလို ခန္ဓါကိုယ်ရဲ့ရေဓါတ်ကိုမြှင့်တင်ပေးပါတယ်။အုန်းစိမ်းရည်မှာ မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့်ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားနေရသူတွေအနေနဲ့သောက်သုံးပေးသင့်ပါတယ်။ ကိုယ်တွင်းမှာ မဂ္ဂနီဆီယမ်ပမာဏလျော့နည်းလာတာကြောင့်ခေါင်းတစ်ခြမ်းကိုက်တာဖြစ်ပါတယ်။ဆိုဒီယမ် စားသုံးမှု များတာကြောင့်လေပွတာဖြစ်ပါတယ်။ အုန်းစိမ်းရည်က ခန္ဓါကိုယ်တွင်းက ဆိုဒီယမ်ပမာဏကိုလျှော့ချပေးပါတယ်။ အုန်းစိမ်းရည်မှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့် ဆိုဒီယမ်ပမာဏကိုလျှော့ချရာမှာ အထောက်အကူပြုပေးပါတယ်။အုန်းစိမ်းရည်ကအယ်လ်ဇိုင်းမားလိုမျိုး အာရုံကြောထိခိုက်ပျက်စီးတဲ့ရောဂါတွေကို ကုသရာမှာ အထောက်အကူပြုနိုင်တဲ့ အရာတစ်ခုဖြစ် လာနိုင်ဖွယ်ရှိပါတယ်။ အုန်းစိမ်းရည်ထဲမှာ အပင်ဟော်မုန်းတစ်မျိုးဖြစ်တဲ့cytokinin ပါဝင်တာကြောင့် ဦးနှောက်ဆဲလ်တွေ ပျက်စီမှုကို ကာကွယ်ပေးပါတယ်။ မှတ်ဉာဏ်တွေပြန်လည်ကောင်းမွန်လာအောင်လည်း အထောက်အကူပြုပါတယ်။အမြင်အာရုံကြည်လင်စေဖို့အတွက် အုန်းစိမ်းရည်သောက်ပေးနိုင်ပါတယ်။ ဦးနှောက်နဲ့ မျက်လုံးကျန်းမာသန်စွမ်းစေဖို့အတွက် ခန္ဓါကိုယ် က ဗီတာမင် B1ကိုလိုအပ်ပါတယ်။ ဗီတာမင် B1 က မျက်လုံးကြွက်သားတွေကို သန်စွမ်းစေပြီး ညဘက်မှာလည်း မျက်လုံးအမြင်အာရုံကိုကောင်းမွန်စေပါတယ်။အသင့်စားအလွယ်စား အစားအစာတွေလိုမျိုး အက်ဆစ်ဓါတ်ပါဝင်မှုများတဲ့အစားအသောက်တွေကို အများအပြားစားသုံးတာ၊ စိတ်ဖိစီးတာ နဲ့ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကြောင့် ခန္ဒါကိုယ်ရဲ့ pH ပမာဏက အက်ဆစ်ဖြစ်လောက်တဲ့အထိမြင့်တက်သွားတဲ့အခါ ခန္ဓါကိုယ်ရဲ့ စွမ်းအင်ကိုလျော့ကျစေပြီး ဗီတာမင် နဲ့ သတ္တုဓါတ်တွေစုပ်ယူနိုင်စွမ်းကိုလည်း ကျဆင်းစေပါတယ်။pH ပမာဏမြင့်တက်သွားတဲ့အခါ အသည်းရဲ့ လုပ်ငန်းစဉ်တွေ ထိခိုက်တာ၊လေးဖက်နာ အဆစ်ရောင်ရောဂါ၊ အရိုးအဆစ်ရောင်ရမ်းနာ၊ဆီးချို (diabetes) ၊သွေးတိုး (hypertension) နဲ့ ကိုယ်ခံအားနည်းတဲ့ဝေဒနာတွေကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့ alkalineတွေက ကိုယ်တွင်းမှာ pH ပမာဏများတာကြောင့်ဖြစ်တတ်တဲ့ အစာအိမ်အချဉ်ပေါက်တာနဲ့ ရင်ပူတာတွေကို သက်သာစေသလို ကိုယ်တွင်း pH ပမာဏကိုလည်းထိန်းညှိပေးပါတယ်။အုန်းစိမ်းရည် ထဲမှာ အမိုင်နိုအက်ဆစ် နဲ့ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့အမျှင်ဓါတ်တွေပါဝင်တာကြောင့်သွေးတွင်းသကြားဓါတ်ကိုထိန်းညှိရာမှာအထောက်အကူပြုသလို ခန္ဓါကိုယ်ရဲ့ အင်ဆူလင်တုံ့ပြန်မှုကိုလည်း တိုးတက်စေပါတယ်။ဆီးချိုသမားတွေသောက်သုံးဖို့သင့်တော်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီးသွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေပါတယ်။အုန်းစိမ်းရည်ကသဘာဝဆီးရွှင်ဆေးတစ်မျိုးပါ။ ဆီးပမာဏကိုတိုးစေပြီး ဆီးရွှင်စေပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (urinary tract infections) လိုမျိုးဝေဒနာတွေကိုလည်း ကာကွယ်ပေးပါတယ်။ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်တွင်း ကအဆိပ်အတောက်တွေကိုဆီးအဖြစ်နဲ့စွန့်ထုတ်စေပြီးကျောက်ကပ်မှာကျောက်တည်တာတွေကိုလည်းကျေပျက်စေနိုင်ပါတယ်။အုန်းရည်မှာ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဆီးအိမ်ကိုပိုးကူးစက်တာတွေကိုတိုက်ဖျက်ရာမှာလည်း အထောက်အပူပြုပေးပါတယ်။အုန်းစိမ်းရည်ထဲမှာ ဆဲလ်တွေနဲ့ တစ်ရှုးတွေကို အိုမင်းရင့်ရော်မှုကနေ ကာကွယ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ cytokinin တွေပါရှိပါတယ်။ နာတာရှည်ဝေဒနာတွေနဲ့ အသက်အရွယ်ကြောင့်ဖြစ်တဲ့ရောဂါတွေဖြစ်ပေါ်ခံစားရနိုင်ခြေကို လျော့ကျစေပါတယ်။လတ်ဆတ်တဲ့ အုန်းစိမ်းရည်ကအရေပြားကို နူးညံ့ချောမွေ့စေအောင် အာဟာရဖြည့်ပေးသလိုရေဓါတ်လည်းပြည့်ဝအောင်လည်းလုပ်ဆောင်ပေးပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/coconut-water-health-benefits/
ကျောရိုးကြားခံပြားရောဂါအတွက် အာဟာရ ၅ မျိုး
အာဟာရတွေဟာ လူတိုင်းအတွက် အရေးကြီးပါတယ်။ အထူးသဖြင့် ကျန်းမာရေးအခြေအနေပုံမှန် မဟုတ်တဲ့သူတွေပါ။ ကျောရိုးကြားခံပြားချို့ယွင်းနေတဲ့လူတွေမှာ အာဟာရတွေပါတဲ့ စားသောက်ခြင်းပုံစံက ပျက်စီးနေတဲ့ ကြားခံပြား ပြန်လည်ကောင်းမွန်အောင် စွမ်းဆောင်နိုင်ကြပါတယ်။အထူးပြုလုပ်ထားတဲ့ အစားအသောက်တွေ စားသုံးစရာမလိုပါဘူး။ လိုအပ်တဲ့အာဟာရတွေကို နေ့စဉ်စားသောက်လျက်ရှိတဲ့ အစားအစာတွေ တွေ့ရှိနိုင်ပါတယ်။ကျန်းမာရေးကောင်းဖို့နဲ့ ရောဂါပိုးမွှားတွေတိုက်ထုတ်နိုင်ဖို့ အစာစားခြင်းက ရိုးရှင်းစွာနဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကြီးထွားဖွံ့ဖြိုးဖို့နဲ့ပြန်လည်ပြုပြင်နိုင်ဖို့ လိုအပ်တဲ့အာဟာရတွေဟာ ခန္ဓါကိုယ်အစိတ်အပိုင်းနဲ့လိုက်ပြီး ကွဲပြားသော်လည်း သူ့ဟာနဲ့သူတော့ ခန္ဓါကိုယ်အစိတ်အပိုင်းတိုင်း အာဟာရတွေကနေ အကျိုးကျေးဇူးရရှိကြပါတယ်။ကျောရိုးကြားခံပြားတွေ လိုအပ်တဲ့အာဟာရတွေ မရရှိကြတာကြောင့် လျော့ရဲလာပါတယ်၊ ဒဏ်ရာတွေ ရရှိကြပါတယ်။ဒါကြောင့် အာဟာရတွေထောက်ပံ့ပေးနေခြင်းက လိုအပ်တဲ့စွမ်းအင်တွေ၊ ပစ္စည်းတွေကို ထောက်ပံ့ပေးနေသလိုပါပဲ။ အာဟာရတွေက ကျောရိုးကြားခံပြားပျက်စီးခြင်းကို ပြန်လည်ပြုပြင်တဲ့ နေရာမှာလည်း ကူညီပေးနိုင်ပါတယ်။သကြားဓါတ်ဟာ ခန္ဓါကိုယ်အတွက် လောင်စာတစ်ခုပါ။ လမ်းလျှောက်ခြင်း၊ စာဖတ်ခြင်း၊ တီဗီကြည့်ခြင်းနဲ့ အားကစားလုပ်ခြင်းလိုမျိုး လုပ်ငန်းဆောင်တာတွေအတွက် စွမ်းအင်ရရှိဖို့ သကြားဓါတ်ကို အသုံးပြုရပါတယ်။သင်မသိသေးတာက ကျောရိုးကြားခံပြားပျက်စီးခြင်း ပြန်လည်ပြုပြင်တဲ့နေရာမှာ သကြားဓါတ်ပါတယ်ဆိုတာပါပဲ။ သကြားဓါတ်ကို အစားအစာအမျိုးအစားအများအပြားမှာ တွေ့ရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း သစ်သီးသစ်ဥ၊ ဆန်စပါး၊ ကွေကာအုတ်၊ ပေါင်မုန့်ကြမ်းတို့ကဲ့သို့ အမျိုးအစားတွေကတော့ ပိုကောင်းတာပေါ့။ ဘာကြောင့်လဲဆိုတော့ သက်စောင့်ဓါတ်တွေနဲ့ အမျှင်ဓါတ်တွေ ပါဝင်နေလို့ပါပဲ။ဂလိုင်ကိုဆမင်းက သကြားတစ်မျိုးပါပဲ။ ယင်းက ကြောရိုးကြားခံပြားပျက်စီးခြင်း ဖြစ်စဉ်ကို နှေးကွေးစေတယ်လို့ ဆိုပါတယ်။ ဂလိုင်ကိုဆမင်းကို ပုဇွန်နဲ့ ဖြည့်စွက်အာဟာရတွေမှာ တွေ့ရှိနိုင်ပါတယ်။ ဆီးချိုသွေးချိုရှိနေမယ်ဆိုရင် စိတ်မပူပါနဲ့။ အင်ဆူလင်အသုံးပြုမှုကို ထိခိုက်စေမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဖြည့်စွက်အာဟာရတွေမှာ ပါဝင်နေတဲ့ ပစ္စည်းတွေနဲ့ ဓါတ်မတည့်မှုဖြစ်နိုင်တာကြောင့် ဂရုစိုက်သင့်ပါတယ်။ကျောရိုးကြားခံပြားဟာ ကော်လဂျင်လို့ခေါ်တဲ့ ပရိုတင်းနဲ့ ပြုလုပ်ထားတာပါ။ ဒါကြောင့် ကျောရိုးကြားခံပြားမှာ ပြဿနာဖြစ်နေပြီဆိုရင် ကော်လာဂျင်က ပြန်လည်းပြုပြင်ခြင်းဖြစ်စဉ်ကို ထောက်ပံပေးခြင်းဖြင့် အခြေအနေကောင်းမွန်လာအောင် ကူညီပေးနိုင်ပါတယ်။ ခန္ဓါကိုယ်က ကော်လာဂျင်ထုတ်လုပ်ဖို့ ဗီတာမင်စီလိုအပ်ပါတယ်။ဗီတာမင်စီက ခန္ဓါကိုယ်ရဲ့ ယိုယွင်းပျက်စီးခြင်းဖြစ်စဉ်ကို နှေးကွေးစေနိုင်သော ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိပါတယ်။ ကြားခံပြားနဲ့ ဘေးပတ်ဝန်းကျင်းမှာရှိသော တစ်ရှုးများရောင်ရမ်းကို သက်သာစေနိုင်သော ဂုဏ်သတ္တိလည်းရှိပါတယ်။စပျစ်သီး၊ လိမ္မော်သီး၊ သံပုရာသီးနဲ့ ငရုတ်သီးနီလိုမျိုး အသီးတွေမှာ ဗီတာမင်စီကို တွေ့ရှိနိုင်ပါတယ်။ဗီတာမင်အေဟာလည်း ခန္ဓါကိုယ်ကို အကျိုးကျေးဇူးများစွာပေးတဲ့ ဗီတာမင်တစ်မျိုးပါပဲ။ မျက်လုံးအတွက်လည်း ကောင်းသလို ကျောရိုးကြားခံပြားအတွက်လည်း အကျိုးှရှိပါတယ်။ အရိုးနုဆဲလ်တွေဖြစ်လာအောင် အားပေးပါတယ်။ကျန်းမာကြံ့ခိုင်တဲ့အရိုးနုတွေရရှိဖို့ ကွန်ဒရိုဆိုက်တွေ လိုအပ်ပါတယ်။ ဗီတာမင်အေက ကျောရိုးတွေ ဖြစ်ပေါ်လာအောင်လည်း အားပေးပါတယ်။ ထိုသို့ပြုလုပ်ပေးခြင်းက ပျက်စီးနေတဲ့ကြားခံပြားအတွက် အထောက်အကူကောင်းတစ်ခု ရရှိစေပါတယ်။ဗီတာမင်အေကို အမဲသား၊နို့၊ ထောပတ်၊ ကြက်ဥ၊ ဖရုံသီး၊ မုန်လာဥနဲ့ အာလူးတို့မှာ တွေ့ရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း အရမ်းများသွားရင် အရိုးကျိုးနိုင်ခြေမြင့်မားစေတာကြောင့် တစ်နေ့ကို 2000mg ထက်ပိုမစားသုံးသင့်ပါဘူ။ကျောရိုးကြားခံပြားရောဂါရှိတဲ့လူတွေမှာOmega 3 Fatty Acidက အရောင်ကျစေပြီး အနာသက်သာစေပါတယ်။ ထို Fatty Acid ကို အခွံမာသီး (သစ်ကြားသီး၊ မက်ကာဒေးမီးယားအစေ့၊ မက်မွန်သီး)နဲ့ ပင်လယ်ငါးများ( ဆယ်လမွန်ငါး၊ မက်ကာရယ်ငါး၊ တူနာငါး) တို့မှာ တွေ့ရှိနိုင်ပါတယ်။ ငါးကြီးဆီနဲ့ ဖြည့်စွက်စာများတွင်လည်း တွေ့ရှိနိုင်ပါသေးတယ်။ကျောရိုးကြားခံပြားကို ကယ်လ်ဆီယမ်နဲ့ ပြုလုပ်ထားတာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကယ်လ်ဆီယမ်က ကျောရိုးတွေကို ပြန်လည်ကောင်းမွန်စေပြီး သန်မာစေနိုင်ပါတယ်။ အရိုးတွေသန်မာလာတဲ့အခါမှာ ကြားခံပြားပေါ်မှာ သက်ရောက်လာတဲ့ ဖိအားတွေ လျော့နည်းသွားနိုင်ပါတယ်။နို့၊ထောပတ်၊ ချိစ်၊ ဒိန်ချဉ် နဲ့ ပန်းမုန်လာ၊ ကိုက်လန်တို့လိုမျိုး သစ်သီးသစ်ရွက်တွေနဲ့ တိုဟူး၊ မြေပဲတို့မှာလည်း ကယ်လ်ဆီယမ်ကို တွေ့ရှိနိုင်ပါတယ်။ဗီတာမင်ဒီက ကယ်ဆီယမ်စုပ်ယူခြင်းကို အားပေးပါတယ်။ ဗီတာမင်ဒီကို နေရောင်ခံခြင်းဖြင့် ရရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း အရေပြားကင်ဆာဖြစ်စေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေကိုတော့ သတိပြုပေးပါ။အာဟာရတွေဟာ ကျောရိုးကြားခံပြားရောဂါအတွက် အကျိုးလည်းရှိ၊လိုလည်းလိုအပ်သော်လည်း သင့်တင့်မျှတစွာ တော့စားသောက်ရပါမယ်။ ချက်ပြုတ်မှုပုံစံက ခန္ဓါကိုယ်အာဟာရရှိမှုပုံစံတွေပေါ်မှာ သက်ရောက်မှုရှိနေတယ်ဆိုတာလည်း မမေ့ပါနှင့်။ ကျန်းမာစွာစားသောက်နိုင်ဖို့ အာဟာရပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ကျန်းမာစွာစားသောက်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်းကလည်း ဒွန်တွဲလျက်ရှိပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ယောဂပြုလုပ်ခြင်းလိုမျိုး အားကစားတွေ ပြုလုပ်ဖို့ အချိန်ပေးသင့်ပါတယ်။ မပျင်းပါနှင့်။ တိုးတက်လာမှုကို တွေ့ရပါလိမ့်မယ်။အစားအစာတွေက လုပ်ငန်းဆောင်တာတွေအတွက် စွမ်းအင်ပေးနိုင်ရုံသာမက ကျောရိုးကြားခံပြားအတွက်လည်း ထောက်ပံ့မှုတွေပေးနိုင်ကြပါတယ်။ အစားအစာနဲ့ ဖြည့်စွက်အာဟာရတွေစားသုံးပြီး မှန်မှန်ကန်ကန်ခန္ဓါကိုယ်က စုပ်ယူနိုင်စေဖို့လည်း မမေ့ပါနဲ့။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/diet-and-nutrition-for-a-healthy-back/
နှမ်းကပေးတဲ့ အသားအရေ လှပမှု
တဖောက်ဖောက် နဲ့ စားကောင်းတဲ့နှမ်းစေ့လေးက သင့် ကျန်းမာရေးကို သာမက အလှအပကိုပါ စောင့်ရှောက်မှု ပေးပါ သေးတယ်။ နှမ်းစေ့လေးတွေကဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝသလို ဘက်တီးရီးယား နဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက် ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။အရေပြား ကျန်းမာစေဖို့ အာဟာရ ဖြည့်ပေးသလိုအသားအရေကျန်းမာစေဖို့ လိုအပ်တဲ့သွေးစီးဆင်းမှုကောင်းစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။ နှမ်းစေ့မှာ ပါတဲ့omega-6၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ phosphorus၊ သံဓာတ်၊ဗီတာမင် B၊ဗီတာမင် Eတို့ကလည်း ပါဝင်နေပါတယ်။  ကဲ နှမ်းကပေးတဲ့ အသားအရေ လှပမှု ကို ဒီ ဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်နော်။နှမ်းစေ့လေးက အသားအရေကို အခုလိုတွေ အထောက်အကူ ပြုပေးပါတယ်။ နှမ်းကပေးတဲ့ အသားအရေ လှပမှု ကတော့။နှမ်းစေ့က ရောင်ရမ်းမှုကို ကျဆင်း စေနိုင်ပြီး အနာကျက် စေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင် ရှိတာကြောင့် အရေပြားကို ဘက်တီးရီးယားတွေ၊မှိုပိုးတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။နေတွေ၊ လေတွေကြောင့် နေလောင်တာကို သက်သာစေဖို့လည်း နှမ်းစေ့ကို အသုံးပြုလို့ ရပါတယ်။ခရမ်းလွန် ရောင်ခြည်ကြောင့် အသားအရေ ထိခိုက်တာ ကိုလည်း ကာကွယ်ပေး ပါတယ်။အရေးအကြောင်းဖြစ်တာကို ကာကွယ်ပေးပြီးအသားအရောင် ပြောင်းတာကို အထိရောက်ဆုံး ကာကွယ်ပေး ပါတယ်။ ကလိုရင်းကြောင့် အသားအရေ ထိခိုက်မှု မရှိစေဖို့လည်း ကာကွယ်ပေးပါတယ်။နှမ်းစေ့မှာ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် အရေပြားက အဆိပ်အတောက် တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။ နှမ်းစေ့ကို စားပေးတာ ဒါမှမဟုတ် အရေပြားမှာနှမ်းဆီလိမ်းပေးတာက အသားအရေကို အဆိပ်အတောက် ကင်းစေဖို့ အကောင်းဆုံး အထောက်အပံ့ ပေးနိုင်မှာပါ။နှမ်းစေ့က လေဒီတိုင်း နှစ်ခြိုက်တဲ့Glow Skinလေး ရစေဖို့လည်း အထောက်အကူ ပြုပေးပါသေးတယ်။  အသားအရေကို တင်းရင်းစေပြီး နူးညံ့စေပါတယ်။ အရေပြား ကျန်းမာဖို့ လိုအပ်တဲ့ အာဟာရ တွေကို ပြည့်ဝစေပြီးထိခိုက် ရှနာတွေကို အမြန်ဆုံး သက်သာစေနိုင် ပါတယ်။ချွေးပေါက်တွေကို ကျဉ်းစေနိုင် ပါတယ်။နှမ်းကို ဒီတိုင်းစားပေးလို့ရသလို အသုပ်၊ ဟင်းချက်တဲ့ထဲ ထည့်ပြီးလည်း စားလို့ရပါတယ်။ အရေပြားမှာ လိမ်းမယ်ဆိုရင်တော့ အရေပြားမှာ လိမ်းဖို့ ထုတ်ထားတဲ့ နှမ်းဆီဖြစ်ဖို့ လိုပါတယ်။အသားအရေ ကြည်လင်စေဖို့ ဆိုရင် နေ့စဉ် စားသောက်မှုကို သေချာလေး ဂရုစိုက်ဖို့ လိုသလို ကိုယ်လက်လှုပ်ရှားမှု လုပ်တာ၊ ရေများများ သောက်တာ၊ အိပ်ရေးဝဝ အိပ်တာမျိုးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။ အသားအရေ ထိန်းသိမ်းမှုကိုလည်း မမေ့နဲ့ပေါ့နော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/skin-benefits-of-sesame/
Collagen (သို့) နုပျိုခြင်းရဲ့ သော့ချက်
ယနေ့ခေတ်ကြီးမှာ လူတွေဟာ အလှအပပိုင်းဆိုင်ရာကို စိတ်ဝင်စားလာတာနဲ့အမျှအသားအရေ တင်းရင်းစိုပြေအောင်၊ နုပျိုအောင်collagenတွေကို နေရာအမျိုးမျိုးမှာ အသုံးပြုလာကြပါတယ်။ collagen ကို လိမ်းဆေး၊ lotion တွေမှာရော၊ supplement သောက်ဆေးအနေနဲ့ရော၊အလှအပပိုင်းဆိုင်ရာကုထုံးတွေနဲ့ အစားအသောက်၊ စွပ်ပြုတ်ရည် တွေမှာပါ တွင်ကျယ်စွာ ထည့်သွင်းအသုံးပြုလာကြတာကိုလည်း တွေ့လာရပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဲ့ဒီလို popular ဖြစ်နေတဲ့ collagenလေးအကြောင်းကို မျှဝေပေးသွားမှာပါ။Collagenဆိုတာကတော့ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ကနေ သဘာဝအတိုင်း ထွက်နေတဲ့ပရိုတင်းဓာတ်တစ်မျိုးပါပဲ။ collagenဟာ ခန္ဓာကိုယ်မှာ ရှိနေတဲ့ ပရိုတင်းဓာတ်အားလုံးရဲ့ သုံးပုံတစ်ပုံလောက်အထိကို ရှိနေပြီး ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ဖြစ်အောင် အများကြီးအထောက်အပံ့ပေးနေတဲ့ အရေးကြီး ပရိုတင်းလေးတစ်မျိုးဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်မှာ collagenအမျိုးအစားပေါင်း ၁၆ မျိုးလောက်ရှိပါတယ်။အထူးသဖြင့် အသားအရေေကို နုပျိုတင်းရင်းစေပြီး ကြည်လင်စေတဲ့ အချက်ကြောင့် collagenဟာ အလှအပပိုင်းဆိုင်ရာအတွက်  နာမည်ကြီးတဲ့ ပရိုတင်းလေး ဖြစ်နေရတာပါ။ ဒါ့အပြင် collagen ဟာ ဆံသား၊ လက်သည်းခွံတွေကို ကောင်းမွန်စေတဲ့အပြင် ကိုယ်တွင်းကလီစာ အစိတ်အပိုင်းတွေ၊ ကြွက်သားတွေ ၊အရိုး အဆစ်တွေ နဲ့ အရွတ်တွေကိုပါ တစ်ခုနဲ့ တစ်ခု ကောင်းကောင်း အချိတ်အဆက်မိအောင် သန်မာ၊ ကြံ့ခိုင်အောင် လုပ်ဆောင်ပေးနိုင်တာကြောင့် Collagen ကို ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကောင်းမွန်တဲ့ ကော်လေးနဲ့တူတယ်လို့ တင်စားကြပါတယ်။Collagenဟာ ခန္ဓာကိုယ်ကနေ သဘာဝအတိုင်းထုတ်ပေးနေတဲ့ ပရိုတင်းဖြစ်ပေမယ့် အသက်ကြီးလာတာနဲ့ အမျှ collagenထုတ်လုပ်နိုင်တဲ့ ပမာဏတွေ ကျဆင်းလာပါတယ်။ ဒါ့ကြောင့်လည်း အသက်ကြီးလာတဲ့ သူတွေမှာ အသားအရေတွေ လျော့တိလျော့ရွဲ ဖြစ်လာပြီး၊အရေးအကြောင်းတွေပေါ်တာ၊ အရိုးအဆစ်တွေ မကောင်းတော့တာတွေ ဖြစ်လာရတာပါ။အသက်ကြီးလာတာကြောင့် မဟုတ်ဘဲ collagenပမာဏကို ထိခိုက်လျော့ကျ စေနိုင်တဲ့ အဓိက အကြောင်းအချက်လေးတွေကို ဆက်ပြီး ဖော်ပြပေးသွားပါမယ်။ အဲဒီအချက်လေးတွေကို သိထားပြီး ဂရုစိုက်မယ်ဆိုရင် Hello ဆရာဝန်ပရိသတ်ကြီးအတွက် အင်မတန်အကျိုးရှိမှာပါ။အဓိကအားဖြင့် အောက်ပါ အချက် ၃ ချက်ကြောင့် collagenကို ထိခိုက်လျော့နည်းစေနိုင်တာကြောင့် အဲဒီအချက်တွေကို ကာကွယ်ဖို့၊ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။၁။ နေရောင်ခြည်(UV light သို့ခရမ်းလွန်ရောင်ခြည်) နဲ့ တိုက်ရိုက်ထိတွေ့မှုများခြင်းကြောင့်။၂။ဆေးလိပ်သောက်ခြင်းကြောင့်။၃။ သကြား နဲ့အချိုဓာတ်တွေ အလွန်အကျွံ စားသုံးမှုကြောင့်။တချို့တော့ collagenကြွယ်ဝဖို့အတွက် supplement သောက်ဆေး၊ လိမ်းဆေးတွေနဲ့ ကုထုံးတွေကို လုပ်ဆောင်ကြပါတယ်။ တချို့ကတော့ သောက်ဆေး၊ လိမ်းဆေးတွေကို သုံးရမှာကြောက်ကြတယ်၊ မလိုအပ်ဘူးထင်ကြတယ်ပေါ့။Supplement တွေ ၊ လိမ်းဆေးတွေ အသုံးပြုချင်တဲ့ သူတွေဆိုရင်တော့ သေသေချာချာ စိတ်ချရတဲ့ FDA approval ရထားတဲ့၊ အသိအမှတ်ပြုထားတဲ့ ကိုယ့်အတွက် ဘေးအန္တရာယ်မဖြစ်စေမယ့် ပစ္စည်းတွေကို ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး ရွေးချယ်အသုံးပြုသင့်ပါတယ်။ အလှအပပိုင်းဆိုင်ရာ ကုထုံးတွေဆိုရင်လည်း ဆရာဝန် (သို့) အမှန်တကယ် ကျွမ်းကျင်လက်မှတ်ရထားသူတွေနဲ့သာ လုပ်ဆောင်သင့်ပါတယ်။အဲဒီလို နည်းလမ်းတွေ အသုံးမပြုချင်တဲ့ သူတွေလည်း နုပျိုလှပပြီး လိုအပ်တဲ့ collagenပမာဏရနိုင်ပါတယ်။ အထူးသဖြင့် collagen ကြွယ်ဝတဲ့၊ collagenထုတ်လုပ်မှုကို များအောင် ကူညီပေးနိုင်တဲ့ အစားအသောက်တွေကို နေ့စဉ်စားသုံးပေးနိုင်ပါတယ်။ဗီတာမင် Cကြွယ်ဝတဲ့ ခရမ်းချဉ်သီး၊ သံပရာသီး၊ ဘယ်ရီသီး စတဲ့ ချဉ်တဲ့အရသာရှိတာတွေ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ zinc နဲ့ copper ပါဝင်တဲ့ အစေ့အဆံ၊ ပဲအမျိုးမျိုး၊ ငါးစတာတွေ၊ အချိန်ကြာကြာ ပြုတ်ထားတဲ့ အသား နဲ့အရိုးပြုတ်ရည်၊ glycine ကြွယ်ဝတဲ့ ဝက်သားအရေပြား၊ ကြက်အရေခွံ စတာတွေကို ဂရုတစိုက်စားသုံးပေးသင့်ပါတယ်။ဒီဆောင်းပါးလေးကိုဖတ်ပြီးတဲ့အခါ ဒီဆောင်းပါးလေးမှာမျှဝေပေးထားတဲ့ နုပျိုခြင်းရဲ့ သော့ချက်ဖြစ်တဲ့ collagenအကြောင်းနဲ့ ရှောင်ကြဉ်သင့်တဲ့ အချက်၊ဂရုစိုက်သင့်တဲ့ အချက်လေးတွေကို လက်တွေ့လုပ်ဆောင်ပြီး နုပျိုကျန်းမာလှပတဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်ကြမယ်လို့ ယုံကြည်ပါတယ်။ရေးသားသူ။Khine Phoo Ngon။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/collagen-secret-of-antiaging/
ဟင်းသီးဟင်းရွက်နှင့် သစ်စီးဝလံများကို စမတ်ကျကျဝယ်ယူတတ်စေမယ့် နည်းလမ်း ၁၀ မျိုး
အသီးအရွက်လမ်းကြောင်းသို့သွားပါက ဘယ်ဟာဝယ်ရမလဲဆုံးဖြတ်ဖို့ အထူးသဖြင့် သင်ပိုက်ဆံနည်းနေချိန် ဆုံးဖြတ်ရန်ခက်ခဲလှသည်။ အောက်ပါဆယ်ချက်က သင်အသ်းအရွက်ဝယ်ရာတွင် အထောက်အကူဖြစ်စေသော ဆယ်ချက်ကိုဖော်ပြပေးနိုင်သည်။ရာသီဥတုအလိုက်စားသုံးပါ။ ရာသီအသီးအရွက်များက များပြားခြင်း အနံအရသာပြည့်စုံခြင်း ဈေးသက်သာခြင်းတို့ရှိသည်။ဈေးချတာမျိုးရှိတတ်သည်။ သတင်းစာများမှ အရောင်းချခြင်း သို့မဟုတ် ဈေချပေးသောကူပွန်ရှိမရှိကိုရှာဖွေပါ။ဘာစားရမလဲဆိုတာကို ဇယားလုပ်ခြင်း ချရေးခြင်းတို့ပြုလုပ်သင့်သည်။ ကိုယ်လုပ်ထားသော လိုအပ်သည်များကိုဝယ်ပါ။ မလိုအပ်သည့် အခြားပစ္စည်းများကိုကောက်မထည့်ပါနှင့်။ဗိုက်ဆာနေချိန် စူပါမက်ကတ်အတွင်းဝင်ပါက သရေစာ အသင့်စားအစာတို့အပေါ် ပိုက်ဆံပိုသုံးမိတတ်သည်။ ဗိုက်တင်းပြီး ဈေးဝယ်ပါက သင်ပိုက်ဆံကို ကျန်းမာသောအစာအပေါ်ပိုသုံးမိစေနိုင်သည်။အသီးအရွက်များက ကြာရှည်မခံပါ။ မသိုးခင် အနည်းငယ်ဝယ်ပြီးသာစားသင့်သည်။ သို့သော် ကြာရှည်ခံသောအရွက် ဈေးချနေပါက ပိုက်ဆံချွေတာရန်ဝယ်ထားသင့်သည်။ထိုအသီးများကိုလတ်ဆတ်သောအသီးထက်ပိုသက်သာသည်။ သို့သော် တံဆိပ်ကိုသေချာဖတ်ပါ ဆိုဒီယမ်နည်းတာကိုဝယ်ပါ။အချို့တံဆိပ်က ပိုဈေးသက်သာသော ထုတ်ကုန်တူများထုတ်နိုင်သည်။ မင်ဘာ အလိုက်လျော့ဈေးများရှိပါက ပိုက်ဆံခြွေတာရန် စာရင်းသွင်းထားပါ။ဆေးမထားသော မလှီးဖြတ်ရသေးသော အသီးများက ဈေးကြီးတတ်သည်။ သို့သော် သင့်ပိုက်ဆံကနည်းနေပါကဖြတ်ထားသောအရွက်က သက်သာစေသည်။အသီးအရွက်များက စိုက်ရလွယ်ကူသည်။ သခွားသီး ငရုတ်သီး နှင့် ခရမ်းချဉ်သီးတို့က အစပြုစိုက်ရန်လွယ်ကူသည်။ ခြံဝင်းမရှိပါက အိုးအသေးနှင့် စိုက်နိုင်သည်။မချက်ပြုတ်မှီ သေချာပြင်ဆင်မှုများနှင့် သင်လိုအပ်ချိန်တွင်စားနိုင်ရန် ရေခဲထားပါ။ ကျန်နေသော အရွက်များကို စွပ်ပြုတ်လုပ်သောက်ပါ။ အမှည့်လွန်နေသော အသီးကို ဖျော်ရည်လုပ်သောက်ပါ။ပိုက်ဆံဘယ်လောက်နည်းပါစေ များပါစေ အသီးအရွက်အနည်းငယ်ထည့်နိုင်သည်။ ကျန်းမာသောဟင်းသည် အသီးအရွက် ဈေးကြီးစရာမလိုပါ။ အထက်ပါအချက်များက သင်ပိုက်ဆံကိုမထိခိုက်စေပဲ အသီးအရွက်စားရန် အထောက်အကူပြုလုပ်မည်ဟုမျော်လင့်ပါမည်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9f%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%9f%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%bd%e1%80%80%e1%80%ba%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%9e%e1%80%85/
ကိုယ်ဝန်ဆောင်ချိန် ထုံတာ၊ ကျဉ်တာ ခံစားရတဲ့အခါ
ကိုယ်ဝန်ဆောင်တဲ့အချိန်ဆို ဟိုနားကတစ်မျိုးဖြစ်သလို ဒီကတစ်မျိုးဖြစ်သလိုနဲ့ အရင်ကနဲ့ မတူတော့တာ သေချာတာပေါ့။ ခန္ဓာကိုယ်က နှစ်ယောက်စာထမ်းပိုးထားရ၊ အားဖြည့်ပေးရတာမို့ မေမေတို့ နေရထိုင်ရတာ အတော်ဂရုစိုက်ရတာပါ။ ဒီလိုအချိန်မှာ အဖြစ်များတဲ့ ခြေလက် ထုံကျဉ် မှု အကြောင်းလေး နဲ့ ကိုယ်ဝန်ဆောင်ချိန် ထုံတာ၊ ကျဉ်တာ ခံစားရတဲ့အခါ ဘယ်လိုနည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရမလဲဆိုတာလေးကို ပြောပြပေးမယ်နော်။ကိုယ်ဝန်ဆောင်လရင့်လာတဲ့ မေမေတွေဟာ ဒီပြဿနာကို ခံစားရတတ်ပါတယ်။ လူတိုင်းမှာမဖြစ်ပေမယ့် လက်တွေ ထုံကျဉ် ၊ အားမရှိတဲ့ ဝေဒနာက နေရခက်တာမို့ မေမေတို့ နေထိုင်မှုဘဝမှာ အဆင်မပြေ ဖြစ်တတ်ကြပါတယ်။လက်ချောင်းလေးတွေ၊ လက်ဖျံ၊ ခြေထောက်၊ ခါး တို့မှာ ထုံသလို ကျဉ်သလို ဖြစ်လာတဲ့အခါ ဘာလုပ်ရမှန်းမသိ၊ စိုးရိမ်လာတတ်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ လက်က ထိတွေ့တာမသိ၊ ထုံနေတာမျိုး၊ ပူခနဲ ဖြာထွက်သွားတဲ့ခံစားချက်မျိုး၊ ကျဉ်ခနဲနာကျင်မှုမျိုး တွေ ခံစားရတတ်တယ်။ အိပ်ရာထတဲ့အချိန်၊ ညတရေးနိုးချိန်၊ ဒါမှမဟုတ် တစ်ခုခုထပြီးလှုပ်ရှားချိန်မှာ ဒီလက္ခဏာတွေ ခံစားရနိုင်ပါတယ်။အတော်များများက ကိုယ်ဝန် ဒုတိယသုံးလပတ် နဲ့ တတိယသုံးလပတ်လောက်မှာ ကိုယ်အလေးချိန်ကတိုးလာပြီးအရည်စုခြင်းတွေ၊ခြေလက်ဖောရောင်တာတွေ ပိုဖြစ်လာတာမို့ ဒီဝေဒနာတွေ ခံစားရတတ်တာဖြစ်ပါတယ်။ကိုယ်အလေးချိန်တိုးလာတာ၊ အရည်စုလာတာ၊ဟော်မုန်းအပြောင်းအလဲ၊ခန္ဓာကိုယ်အပြောင်းအလဲတွေကြောင့် လို့ ဆိုနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးဖွားချိန်အတွင်း အရွတ်တွဲတွေကို ဆန့်ထုတ်နိုင်အောင် ကူညီပေးတဲ့ ရီဖလက်ဆင်ဟော်မုန်းက ပိုများလာတဲ့အတွက် ကိုယ်အနေအထားပုံစံပြောင်းလဲနိုင်ပါတယ်။ ရလဒ်အနေနဲ့ အာရုံကြောညပ်တာ ဖြစ်လာနိုင်ပြီး စူးခနဲနာကျင်တာ၊ ခြေထောက်တွေ ၊ ပေါင်၊ ခါးနဲ့ တင်ပါးထဲက ထုံကျဉ် တာတွေ ဖြစ်လာနိုင်ပါတယ်။အလားတူပဲ သားအိမ်က ပိုလေးလံလာပြီး ကလေးပိုထွားလာတာနဲ့အမျှ ကြွက်သား၊ အရွတ်နဲ့အာရုံကြောတွေမှာ အရင်နဲ့မတူဘဲ ဝန်ပိုပိစေနိုင်လို့ ထုံ၊ ကျဉ်ရတဲ့ ခံစားမှုတွေဖြစ်စေနိုင်ပါတယ်။ကိုယ်ဝန်ဒုတိယပတ်နဲ့တတိယပတ်တွေရောက်လာတာနဲ့ ခြေထောက်တွေ၊ လက်တွေ ဖောင်းလာ၊ ရောင်လာလေ့  ရှိပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ လက်ချောင်း၊ ခြေချောင်းထိပ်တွေအပြင် လက်ကောက်ဝတ်၊ ခါး၊ ခြေထောက်တို့မှာ ထုံကျဉ်တာတွေဖြစ်လာနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန် ထုံတာ၊ ကျဉ်တာ ခံစားရတဲ့အခါ သက်သာစေဖို့ကတော့ အများအားဖြင့် ထုံကျဉ်နေတဲ့နေရာတဝိုက်ကို အသာအယာ နှိပ်နယ်ပေးတာ၊ ရေနွေးလေးနဲ့ရေချိုးတာ၊ကိုယ်ဝန်ဆောင်ခေါင်းအုံးနဲ့အိပ်တာ၊ ကြွက်သားတွေဆန့်ထုတ်အကြောလျှော့တာ(ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်း) စတဲ့ နည်းလမ်းလေးတွေရှိပါတယ်။ ဒါ့အပြင် –။ကိုယ်ဝန်ဆောင်ချိန် ဒီဝေဒနာလေးတွေက အဖြစ်များတတ်သလို တော်ရုံနဲ့ စိုးရိမ်ဖို့မလိုတတ်ပါဘူး။ ဒါပေမယ့် ကိုယ့်မှာဖြစ်လာတဲ့ ဘယ်လက္ခဏာကိုမဆို ဆရာဝန်နဲ့တိုင်ပင်ပြောပြသင့်ပါတယ်။ တကယ်လို့ ထုံကျဉ်ဝေဒနာတွေကို သွေးဆင်းတာ၊ ဗိုက်အောင့်တာ၊ သားအိမ်ညှစ်တာ၊ ခေါင်းကိုက်တာ၊ အမြင်ဝေဝါးတာ၊ ရောင်ရမ်းမှုပိုဆိုးလာတာ စတဲ့လက္ခဏာတွေနဲ့ တွဲပြီးခံစားလာရရင်တော့ အမြန်ဆုံးစစ်ဆေးကုသမှု ခံယူသင့်ပါတယ်။ထုံကျဉ်ခြင်းကို ဖြစ်စေနိုင်တဲ့ အဖြစ် မများတဲ့ တခြား အကြောင်းရင်းတွေလည်း ရှိနိုင်သေးတာမို့ လက္ခဏာ တာရှည်နေတာ၊ မကြာခဏ ဖြစ်လွန်းတာ၊ နေရထိုင်ရ အဆင်မပြေတာ ရှိလာရင် အမြန်ဆုံး ဆရာဝန် ပြပါလို့ အကြံပေးချင်ပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/tingling-sensation-in-pregenancy/
ဦးနှောက်ဓါတ်စာများ
အလုပ်ခွင် (သို့မဟုတ်) စာလေ့လာရာတွင် အာရုံစူးစိုက်ရန် ခက်ခဲခြင်းမျိုးသင်ကြုံဖူးပါသလား။ ကြုံဖူးလျှင် ဤဆောင်းပါးကိုဖတ်ရန် လိုပေလိမ့်မည်။ ကျန်းမာခြင်းနှင့်မှတ်ဉာဏ်အတွက် ကျွန်ုပ်တု့ိအစားစားကြသော်လည်းအာရုံစူးစိုက်ရခက်ခြင်းသည် အစားအစာများထဲတွင် အာဟာရနည်းခြင်းကိုဖော်ပြနေသည်။ အောက်ပါအစားအစာများသည် သင့်ကိုအာရုံစူးစိုက်ရာ၌ကူညီပေးသဖြင့် ဦးနှောက်ဓါတ်စာများဟုခေါ်ဆိုနိုင်ပါသည်။(၁)ထောပတ်သီး။ထောပတ်သီးတွင်အဆီဓါတ်များပြားစွာပါဝင်သဖြင့် အချို့ကစားသုံးလေ့မရှိပါ။ သို့သော်လည်း ပါဝင်သောအဆီများမှာ ကျန်းမာရေးအတွက်အထောက်အကူပြုသောအဆီများဖြစ်ပါသည်။ ထိုအဆီများသည် သင့်အရေပြားရှိအမျှင်ဓါတ်ထုတ်လုပ်မှုကိုကူညီပေးသဖြင့် အရေပြားချောမွေ့တင်းရင်းခြင်း ၊ နုပျိုခြင်း ၊ လက်သည်းနှင့် ဆံပင်များကျန်းမာခြင်းတို့ဖြစ်စေပါသည်။ ထို့ပြင် သွေးတွင်းသကြားဓါတ်ကိုလည်းထိန်းထားပေးနိုင်စွမ်းရှိသည်။ ပါဝင်သော အခြားအာဟာရများဖြစ်သည့် ဗီတာမင်ကေ ၊ ဖောလစ်အက်ဆစ်တို့ကဦးနှောက်တွင်သွေးခဲခြင်းကိုကာကွယ်ပေးသည့်အတွက် လေဖြတ်ခြင်းကိုကာကွယ်ပေးပါသည်။ ထို့ပြင် မှတ်ဉာဏ်စွမ်းရည်နှင့် အာရုံစူးစိုက်ရာတွင်လည်းကူညီပေးသည်။(၂)ဘလူးဘယ်ရီသီး။အရသာရှိသောဘလူးဘယ်ရီသီးတွင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ၊ ဗီတာမင်စီ ၊ ဗီတာမင်ကေ ၊ အမျှင်ဓါတ်နှင့် ဂယ်လစ်အက်ဆစ်တို့အပြည့်ပါဝင်သည်။ ထိုအာဟာရဓါတ်များကဦးနှောက်စွမ်းဆောင်ရည်လျော့ကျခြင်းနှင့် အရွယ်မတိုင်မီအိုမင်းခြင်းကိုကာကွယ်ပေးသည်။ စိတ်ဖိစီးမှုကိုလျှော့ချပေးပြီးအာရုံစူးစိုက်မှုကိုမြင့်မားစေသည်။ ဘလူးဘယ်ရီသီးများကိုဒီတိုင်းစား၍ရသကဲ့သို့ ဖျော်ရည်လုပ်သောက်ခြင်း ၊ ဒိန်ချဉ်နှင့်ရော၍သုံးစွဲခြင်းလည်းပြုနိုင်ပါသည်။(၃)အစိမ်းရောင်ရှိသောဟင်းသီးဟင်းရွက်များ။လေ့လာမှုတစ်ခုအရအစိမ်းရောင်ဟင်းသီးဟင်းရွက်များသည် စိတ်အာရုံစူးစိုက်မှုကောင်းစေရန်ကူညီပေးသည်။ သွေး၏လုပ်ငန်းဆောင်တာများနှင့် အစာချေစနစ်ကိုကောင်းမွန်စေသောဗီတာမင်နှင့် သတ္ထုဓါတ်များပါဝင်သည်။ မုန်ညင်း ၊ ဆလပ် နှင့် ပန်းဂေါ်ဖီထုပ် တို့သည် Dementia ဟုခေါ်သည့်အသက်အရွယ်ကြီးမြင့်လာသောအခါ ဖြစ်ပွားသောသတိမေ့ခြင်းရောဂါကိုကာကွယ်ပေးသည်။ ဗီတာမင်အေနှင့် ဗီတာမင်ကေတို့ကလည်းအရိုးများသန်မာစေ၍ရောင်ရမ်းခြင်းကိုလည်းကာကွယ်ပေးသည်။ ရောဂါများကိုကာကွယ်ရန် နေ့စဉ်အသီးအရွက်ပါသောဟင်းတစ်ခွက်စားသင့်ကြောင်းအဆိုပြုထားပါသည်။-အထက်ဖော်ပြပါ ဦးနှောက်ဓါတ်စာများသည် ကျန်းမာရေးအတွက်ကောင်းမွန်ရုံမျှမကအာရုံစူးစိုက်မှုဆိုင်ရာလုပ်ငန်းများကိုတိုးတက်စေနိုင်သည့်အပြင် အရသာရှိပြီးချက်ပြုတ်ရလွယ်ကူပါသည်။ သင့်အနေဖြင့်နောက်ထပ်သိလိုသည်များရှိပါကအာဟာရဗေဒပညာရှင်နှင့် ကျန်းမာရေးဝန်ထမ်းတို့ကို မေးမြန်းဆက်သွယ်၍ အကူအညီတောင်းနိုင်ပါသည်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/%e1%80%a5%e1%80%ae%e1%80%b8%e1%80%b1%e1%80%94%e1%80%bd%e1%80%ac%e1%80%80%e1%80%b9%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%85%e1%80%ac%e1%80%99%e1%80%ba%e1%80%ac%e1%80%b8/
အာဟာရမျှတတဲ့ အစားအသောက်ဆိုတာဘာလဲ
ညီညွတ်မျှတတဲ့စားသောက်မှုပုံစံဆိုတာ လူ့ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေအားလုံးပါဝင်တဲ့စားသောက်မှုပုံစံဖြစ်တယ်။ အသက်အရွယ်အမျိုးမျိုးအတွက် အာဟာရလိုအပ်ပုံ အချိုးအစားက ကွဲပြားပါလိမ့်မယ်။ ထို့အတူပဲ အမျိုးသားနဲ့ အမျိုးသမီးမှာလည်း မတူနိုင်သလို၊ တစ်ဦးချင်းစီရဲ့ကျန်းမာရေးအခြေအနေပေါ်လိုက်ပြီးလည်းကွဲပါတယ်။ ယေဘုယျအားဖြင့် သင့်ကလေးငယ်အပါဝင် မိသားစုတစ်ခုလုံးကို ညီညွတ်မျှတတဲ့စားသောက်မှုပုံစံဖန်တီးပေးဖို့အတွက် အောက်ပါစားစရာတွေကို ထည့်သွင်းစားသင့်ပါတယ်။နွားနို့၊ ထောပတ်၊ ဒိန်ခဲ နဲ့ တခြားနို့ဖြင့်ပြုလုပ်ထားသော စားစရာများပါဝင်တယ်။ နို့နှင့်နို့ထွက်ပစ္စည်းတွေဟာ ဗီတာမင်ဒီနဲ့ မကောင်းတဲ့ကိုလက်စရောတွေကိုနည်းစေသော ပြည့်ဝဆီကြွယ်ဝတာကြောင့် ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ နို့ထွက်ပစ္စည်းများအစားထိုးကတော့ ပဲပုပ်ပါဝင်သောအထောက်အပံ့စားစရာများနဲ့ အခွံမာသီးများ ဖြစ်တယ်။အသားဓါတ်ဟာ အသားမျိုးစုံကနေရနိုင်ပါတယ်။ ကြက်၊ ဝက်၊ အမဲ စတဲ့အသားတွေကနေ အသားဓါတ်အရနိုင်ဆုံးဖြစ်တယ်။ ငါး၊ ဥတွေအပြင် ပဲမျိုးစုံ၊ တို့ဖူး တို့မှလည်း အသားဓါတ်ကောင်းကောင်းရနိုင်ပါတယ်။ ဒါပေမယ့် တာရှည်ခံအောင်ပြုလုပ်ထားတဲ့ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း ကြက်အူချောင်းတွေကတော့ သင့်ကလေးစားသောက်မှုထဲမှာ မပါသင့်ပါဘူး၊ ထိုစားစရာတွေက ဆိုဒီယမ်ဓါတ်နဲ့ အဆီဓါတ်များပါတယ်။ ပရိုတင်းဓါတ်အများဆုံးရနိုင်ဖို့အတွက် ချက်ပြုတ်မှုပုံစံကလည်းအရေးပါတယ်။ ပရိုတင်းထိန်းသိမ်းထားနိုင်ဖို့ အကောင်းဆုံးချက်ပြုတ်နည်းကတော့ ကင်ခြင်း၊ ပေါင်းချက်ခြင်း တို့ဖြစ်တယ်။ကမ္ဘာပေါ်မှာရှိတဲ့ အသီးများအားလုံးနည်းပါးဟာ အဆီ၊ ကယ်လိုရီ နည်းပြီး အမျှင်ဓါတ်နဲ့ ကျန်းမာစေတဲ့ဗီတာမင်တွေကြွယ်ဝပါတယ်။ ဒါ့အပြင့် အသီးအနှံတွေကအရမ်းလည်းအရသာရှိတယ်မို့လား။ အသီးတွေရဲ့အရသာကိုအကောင်းဆုံး အမျိုးမျိုးခံစားဖို့ အခြောက်ခံစားခြင်းကနေ သစ်သီးဖျော်ရည်လုပ်သောက်ခြင်းထိ အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် ကယ်လိုရီလျော့စေဖို့ သကြားထည့်ရာမှာတော့အထူးသတိထားသင့်ပါတယ်။နောက်ထပ်အမျှင်ဓါတ်များသောစားစရာကတော့ အသီးအရွက်တွေပဲဖြစ်ပါတယ်။ ကယ်လိုရီနည်းပြီး တခြားသတ္ထုဓါတ်တွေနဲ့အတူ အမျှင်ဓါတ်လည်းကြွယ်တယ်။ နေ့စဉ်စားသောက်မှုမှာ အသီးအရွက်တချို့ပါခြင်းဟာ သင့်ကလေးတွေကို အရသာခံနိုင်စွမ်းတိုးစေသလို၊ အာဟာရလည်းပိုရစေမှာပါ။ အသီးအရွက်တွေမှာပါတဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်ကို အပြည့်အဝရစေဖို့ ချက်ပြုတ်နည်းတချို့က ကင်ခြင်း နဲ့ ပေါင်းခံချက်ခြင်းတို့ပဲဖြစ်တယ်။ ဒါ့အပြင် အဓိကပွဲတည်စားတဲ့ စားစရာရဲ့ဆော့စ်ထဲမှာလည်းရောထည့်စားနိုင်ပါတယ်။ကာဗွန်ဟိုက်ဒရိတ်အတွက် အဓိကပင်မဖြစ်တာကြောင့် နေ့စဉ်စားသောက်မှုထဲက အနှံတွေကိုပယ်ထားလို့လည်းမဖြစ်ပါဘူး။ ဆန်ဖြူဖြူ၊ ပေါင်မုန့်ဖြူဖြူ ထက် အနှံအပြည့်အဝပါတဲ့ဆန်၊ ဂလူတန်မပါတဲ့ပေါင်မုန့်တို့ကိုရွေးသင့်ပါတယ်။ ဒါမှ အမျှင်ဓါတ်နဲ့ဗီတာမင်ပိုကြွယ်ဝမှာဖြစ်တယ်။အဆီဓါတ်ဆိုတိုင်း လူတွေကိုဝစေတာမဟုတ်ပါဘူး။ တချို့အဆီဓါတ်တွေက မှန်ကန်တဲ့အဆီဓါတ်ဖြစ်ပြီး မှန်ကန်တဲ့ပမာဏဖြစ်ပါက သင့်ကလေးငယ်တွေခန္ဓါကိုယ်ကို ကျန်းမာစေပါတယ်။ ကျန်းမာရေးအတွက်မကောင်းတဲ့အဆီတွေက မပြည့်ဝဆီနဲ့ trans အဆီတွေဖြစ်တယ်။ ဒါကြောင့် တတ်နိုင်သမျှအနည်းဆုံး နည်းအောင်ရှောင်သင့်ပါတယ်။ အကောင်းဆုံးကျန်းမာရေးနဲ့ညီညွတ်တဲ့တိရစ္ဆာန်ဆီကတော့ ငါးမှရတယ်။ ထောပတ်သီး၊ အခွံမာသီး၊ သံလွင်သီးနဲ့ အစေ့တွေကရတဲ့အဆီတွေကလည်း သင့်လျော်လည်းအသီးအရွက်ဆီတွေပဲဖြစ်ပါတယ်။သင့်တော်မျှတဲ့စားသောက်မှုပုံစံဆိုတာဘာလဲ နားလည်ထားခြင်းဟာ သင့်ကိုယ်တိုင်ရော သင့်ကလေးနဲ့ သင့်မိသားစုကိုယ်ပါ ကျန်းမာကြံ့ခိုင်တဲ့အနေအထားကိုရောက်ရှိဖို့ ကူညီပေးနိုင်မှာပါ။ ပိုအရေးကြီးတာကတော့ ကျန်းမာရေးညီညွတ်တဲ့စားသောက်မှုပုံစံဟာ ရောဂါဘယတွေကလည်းကင်းဝေးစေမှာဖြစ်ပါတယ်။သင်အောက်ပါတို့ကိုလည်းစိတ်ဝင်စားပါလိမ့်မယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%ac%e1%80%9f%e1%80%ac%e1%80%9b%e1%80%99%e1%80%bd%e1%80%ba%e1%80%90%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9e%e1%80%ac%e1%80%80%e1%80%b9/
နို့ချိုတိုက်ကျွေးခြင်းနဲ့ပတ်သက်ပြီး မိခင်တွေသိသင့်သမျှ
ကလေးမွေးဖွားလာပြီဆိုရင် မိခင်နို့တိုက်ကျွေးတယ်ဆိုတာသဘာဝပဲဆိုပေမယ့် သားဦးမွေးတဲ့မိခင်တိုင်းအတွက်တော့ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။မကြုံဖူးသေးတဲ့မိခင်တွေအနေနဲ့ နို့တိုက်ကျွေးတာနဲ့ပတ်သက်ပြီးသိချင်တာလေးတွေ မေးဖို့ရှက်နေတာမျိုးလည်းရှိနိုင်ပါတယ်။ မသေချာမှုတွေ၊စိတ်ပူပန်မှု၊စိတ်လှုပ်ရှားမှုတွေနဲ့ပေါ့။ ဒါပေမယ့် သိထားရမှာကအစပိုင်းမှာအခက်အခဲရှိနိုင်တယ်ဆိုပေမယ့် ကလေးအတွက်ရော၊ ကိုယ့်အတွက်ပါ စိတ်ရှည်ဖို့လိုပါတယ်။မိခင်နို့ မဖြစ်မနေတိုက်ဖို့လိုလား။မိခင်နို့တိုက်ခြင်းကကလေးအတွက်ရောမိခင်အတွက်ပါ ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိတယ်ဆိုတာသုတေသနတွေကသက်သေပြပြီးဖြစ်ပါတယ်။ မိခင်နို့မှာသဘာဝအလျောက် ပဋိပစ္စည်းတွေပါဝင်ပြီးဖြစ်သလို ကလေးရဲ့ပထမခြောက်လအတွင်းလိုအပ်သမျှ အာဟာရဓါတ်တွေအကုန်ပါရှိပါတယ်။မိခင်နို့တိုက်ကျွေးခြင်းက ကလေးတွေမှာအစားအစာဓါတ်မတည့်မှုနဲ့ ကိုယ်အလေးချိန်များခြင်းဖြစ်နိုင်ခြေကိုလျော့နည်းစေနိုင်တယ်လို့ သုတေသနအသစ်တွေကဖော်ပြထားပါတယ်။ ကလေးနို့မှုန့်တွေကိုမိခင်နို့အစားတိုက်ကျွေးလို့ရတယ်ဆိုပေမယ့် ကျန်းမာရေးပညာရှင်တွေကတော့ မိခင်နို့ကကလေးအတွက်အကောင်းဆုံးလို့ လက်ခံယူဆကြပါတယ်။မိခင်အတွက်ဆိုလည်းကလေးကိုနို့တိုက်ကျွေးခြင်းဖြင့် သားဥအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာကိုကာကွယ်နိုင်ပါတယ်။ ကလေးကိုနို့တိုက်ကျွေးတဲ့အခါ သားအမိကြားကမေတ္တာကြိုးပိုခိုင်မာစေတဲ့အပြင် prolactin နဲ့ oxytocin လို့ခေါ်တဲ့ မိခင်ဟော်မုန်းတွေထွက်ရှိစေပါတယ်။ prolactin က ကလေးမွေးပြီးနောက်ပိုင်းမိခင်မှာစိတ်ခံစားချက်အပြောင်းအလဲဖြစ်ခြင်း(baby blues)ကိုဟန့်တားပေးနိုင်ပြီး oxytocin က မွေးလမ်းကြောင်းအတွက် ကောင်းကျိုးပြုပါတယ်။ နို့တိုက်ကျွေးခြင်းအားဖြင့် မိခင်တွေရဲ့ကိုယ်အလေးချိန်ကိုကိုယ်ဝန်မဆောင်ခင်ကအတိုင်းပြန်ဖြစ်စေဖို့လည်းအထောက်အကူပြုပါတယ်။နို့တိုက်တယ်ဆိုတာနဲ့ရပြီလား။ကလေးကိုမိခင်နို့သောက်သုံးစေချင်ပေမယ့် နို့တိုက်ရတဲ့ကိစ္စကိုမကြိုက်တဲ့မိခင်တွေရှိပါတယ်။ ကိုယ်ပိုင်ရွေးချယ်မှုမို့ နို့ညှစ်ပြီးကလေးကိုနို့ဗူးနဲ့ပြန်တိုက်တာကအဆင်ပြေတယ်ဆိုလည်းလုပ်လို့တော့ရပါတယ်။မိခင်နို့ကိုကလေးကစို့လိုက်တဲ့အခါ နှိုးဆွမှုကိုဖြစ်စေပြီးနို့ရည်ထွက်လာတာပါ။ နို့ကိုညှစ်ထုတ်တဲ့အခါတော့ နှိုးဆွရခက်ခဲတဲ့အတွက် ကလေးကိုတိုက်ရိုက်နို့မတိုက်တဲ့မိခင်တွေမှာနို့ရည်လမ်းကြောင်းပိတ်ဆို့ခြင်းခံစားရလေ့ရှိပါတယ်။ ဒါ့အပြင် ကလေးကိုရောဂါပိုးမရရှိစေဖို့အတွက် နို့ညှစ်ကိရိယာကိုသန့်စင်ဖို့အရေးကြီးပါသေးတယ်။ဒါ့ကြောင့် ကိုယ်တိုင်နို့တိုက်ကျွေးခြင်းကပိုသက်သာလွယ်ကူတဲ့အပြင် ကလေးနဲ့ဆက်ဆံရေးပိုရင်းနှီးစေပါတယ်။ရင်သားပိုသေးနေရင် သို့မဟုတ် ကြီးနေရင် နို့တိုက်လို့ရပါ့မလား။ရင်သားသေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေအမျိုးသမီးအများစုမှာကလေးအတွက်နို့ရည်အလုံအလောက်ထုတ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ကြောင့်ရင်သားကြီးလာတယ်ဆိုတာကိုကနို့တိုက်ကျွေးဖို့အတွက်လိုအပ်တဲ့တစ်ရှူးတွေဖွဲ့စည်းဖြစ်ပေါ်လာလို့ပါ။နို့တိုက်ရင် နာမှာလား။နို့သီးခေါင်းနာကျင်တာကနို့တိုက်ကျွေးစပထမရက်သီတင်းပတ်တွေမှာ ဖြစ်နေကျပြဿနာပါ။ သွားမပေါက်သေးတဲ့ မွေးကင်းစကလေးနဲ့မို့ အစပိုင်းမှာနည်းနည်းနာတာ၊ကျိန်းတာလောက်ကပုံမှန်ပါပဲ။ဒါပေမယ့် နို့သီးခေါင်းကွဲအက်ခြင်း၊သွေးထွက်ခြင်းနဲ့ဆက်တိုက်နာကျင်နေခြင်းတို့ဟာကလေးကနို့သေချာမရတာဖြစ်နိုင်တဲ့လက္ခဏာပါ။ ဒီအတွက် သက်ဆိုင်ရာဆရာဝန်ကအကြံပြုပေးပြီးလိမ်းဆေးသို့မဟုတ် nipple shield ပေးတာလိုမျိုးနာကျင်မှုသက်သာအောင် ကူညီပေးနိုင်ပါလိမ့်မယ်။ နီရဲပြီးအရမ်းနာကျင်ရတယ်ဆိုရင်တော့ နို့ကြောင်းပိတ်တာ၊နို့နာတွေအထိ ဖြစ်စေနိုင်တာမို့ မပေါ့ဆသင့်ပါဘူး။ဘယ်နှကြိမ်လောက် နို့တိုက်သင့်သလဲ။ဘယ်အချိန်နို့တိုက်ရမလဲဆိုတာသင့်ကလေးကပြောပြပါလိမ့်မယ်။ နို့အနားမှာပါးစပ်တပြင်ပြင်လုပ်နေတာမျိုး၊ လက်ချောင်းစုပ်နေတာမျိုးကနို့ဆာနေတဲ့အမူအရာတွေဖြစ်ပါတယ်။ ငိုပြီးနို့ဆာပြတဲ့အထိစောင့်မယ့်အစားဒီလိုလုပ်ပြနေတဲ့အခါမျိုးမှာနို့တိုက်လိုက်တာအကောင်းဆုံးပါပဲ။ ပထမဆုံးအကြိမ်တွေမှာတော့ ၅ မိနစ်ကနေ ၄၅ မိနစ်အထိနို့တိုက်လို့ရပေမယ့် နောက်ပိုင်းကျရင်တော့ တစ်ကြိမ်တိုက်ရင် မိနစ် ၂၀ ကနေ ၄၀ အတွင်းတိုက်ကျွေးနိုင်ပါတယ်။ရင်သားတွေ တောင့်ခဲနေတာဘာကြောင့်လဲ။နို့ရည်ပြည့်ကျပ်ပြီးရင်သားတောင့်တင်းတာမျိုးကကလေးမွေးဖွားပြီးရက်ပိုင်းအတွင်းမှာဖြစ်လာနိုင်ပြီးရင်သားကကျောက်ခဲလိုမာတောင့်နေသလိုနာကျင်မှုကိုလည်းခံစားရနိုင်ပါတယ်။ ကလေးနို့တိုက်ရင်းတောင်မှ တစ်ခါတလေအဲဒီလိုခံစားနေရဆဲဖြစ်တတ်ပါတယ်။ အဲဒီအခါ ကလေးလိုအပ်သလောက်နို့ရည်ရဖို့လည်းခက်ခဲတာကြောင့် နာကျင်မှုသက်သာပြီးနို့ထွက်များစေဖို့ ဒါတွေလုပ်ကြည့်ပါ –။နို့ထွက်များအောင် ဘယ်လိုလုပ်ရမလဲ။အစားနည်းတာ၊ ရေသို့မဟုတ် အရည်သောက်နည်းတာ၊ စိတ်ဖိစီးမှုများတာ၊ ကလေးကိုနို့ခဏခဏတိုက်ရတာစတာတွေကမိခင်တွေမှာနို့ထွက်နည်းစေတဲ့ အကြောင်းရင်းတွေထဲပါဝင်ပါတယ်။ နို့ထွက်နည်းခြင်းကိုဖြေရှင်းနိုင်ဖို့ တစ်နေ့ကိုလုံလောက်တဲ့အစာအာဟာရပြည့်ပြည့်ဝဝစားသုံးပါ၊ ရေအလုံအလောက်သောက်ပါ(ရေဓါတ်ခန်းခြောက်ရင်နို့မထွက်နိုင်ပါဘူး)၊ ညဘက်အိပ်ရေးဝဝအိပ်ပါ၊မကြာခဏနို့တိုက်ပါ(ကလေးကနို့စို့လေနို့ထွက်များလေဖြစ်ပါတယ်)၊ဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးတွေသောက်သုံးပါ။မိခင်ကအအေးမိ၊ တုပ်ကွေးဖြစ်နေရင် နို့တိုက်လို့ဖြစ်ရဲ့လား။ကလေးနို့တိုက်ခြင်းကိုရပ်ဖို့လိုတဲ့ ရောဂါဝေဒနာကနည်းပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတဲ့ ရောဂါအများစုကလက္ခဏာမပြခင်တည်းကကူးစက်လွယ်တာကြောင့် ကိုယ်မသိဘဲကလေးမှာကူးစက်ပြီးသားတောင်ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် မိခင်ရဲ့ခန္ဓါကိုယ်ကရောဂါခုခံနိုင်မယ့်ပဋိပစ္စည်းတွေထွက်ရှိနေမှာဖြစ်လို့ ကလေးကိုနို့တိုက်ပေးတာကကာကွယ်ပြီးသားဖြစ်စေပါတယ်။ မိခင်နို့ကတဆင့် ပဋိပစ္စည်းတွေ ကလေးဆီကိုလွှဲပြောင်းရောက်ရှိစေလို့ပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/%e1%80%94%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%80%e1%80%bb%e1%80%bd%e1%80%b1%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%b2/
သင့်အသားအရေအတွက် အကောင်းဆုံးအဆီများ
သင့်အသားအရေစိုပြေစေဖို့သုံးနေကြ moisturizer များကို စိတ်ပျက်လာပါသလား။ သဘာဝဆန်ဆန် အဆီများကို လိမ်းပြီး သင့်အရေပြားရဲ့အစိုဓာတ်ကို ထိန်းသိမ်းဖို့ အကြံပြုလိုပါတယ်။ သဘာဝဆီများကို လိမ်းခြင်းအားဖြင့် သင့်မျက်နှာကို ဝင်းဝါစိုပြည်ရုံမကဘဲ ဖက်တီးအက်ဆစ်များနဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တာကြောင့် အရေပြားကျန်းမာရေးအတွက် ကောင်းစွာ အထောက်အကူပြုပါလိမ့်မယ်။ယခုဆက်လက်ပြီးသဘာဝအဆီများက သင့်ကို ဘယ်လိုအကျိုးပြုနိုင်သလဲဆိုတာ ဖော်ပြသွားပေးပါမယ်။အုန်းသီးကနေ ကြိုချက်ထုတ်လုပ်ထားတဲ့ အုန်းဆီဟာ မြန်မာပြည်မှတော့ ဆံပင်လိမ်းဖို့ အဓိက အသုံးပြုကြပါတယ်။ တကယ်တော့ စားသုံးနိုင်သလို မျက်နှာပေါ်မှာလည်း လိမ်းပေးနိုင်ပါသေးတယ်။ ဆေးဖက်ဝင်ပစ္စည်းအနေနဲ့လည်း သုံးစွဲကြပါသေးတယ်။ အုန်းဆီမှာဗီတာမင် Eကြွယ်ဝတာမို့ သဘာ၀ moisturizer အနေနဲ့ မှတ်ယူသုံးစွဲနိုင်ပါတယ်။ ဖက်တီးအက်ဆစ်လည်း ကြွယ်ဝတာကြောင့် အသားအရေပေါ်လိမ်းထားရင် အစိုဓာတ်ကို အပြင်ထွက်မသွားအောင် တားဆီးပေးပါတယ်။ ဒါ့အပြင် အုန်းဆီမှာ ဘက်တီးရီးယားနဲ့ မှိုစွဲခြင်းကို ဟန့်တားနိုင်တဲ အာနိသင်တွေ ရှိပါတယ်။အာဂန်သီးအစေ့ကနေ ထုတ်လုပ်ထားတဲ့ အာဂန်ဆီဟာ သင့်အသားအရေကို နူးညံ့ချောမွတ်စေပြီး အစိုဓာတ်ကို ကောင်းစွာ ထိန်းသိမ်းပေးပါလိမ့်မယ်။ အာဂန်ဆီမှာလည်း ဗီတာမင် E၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဖက်တီးအက်ဆစ်တွေ ပါဝင်ပါတယ်။ နှင်းခူဖြစ်ခြင်း၊ အရေပြားနေလောင်ခြင်း စတဲ့ပြဿနာတွေအတွက်လည်း လိမ်းပေးနိုင်ပါတယ်။ အသားအရေကို တင်းရင်းစေပြီး ဖရီးရယ်ဒီကယ်တွေကြောင့် ဖြစ်တတ်တဲ့ အရေပြားပျက်စီးခြင်းကိုလည်း ကာကွယ်ပေးပါတယ်။နှင်းဆီပင်တမျိုးရဲ့ အသီးအစေ့ကနေ ထုတ်လုပ်ထားတဲ့ ဒီအဆီဟာ အရေပြားကို စိုပြည်လှပစေပြီး အရွယ်တင်နုပျိုစေမှာ ဖြစ်ပါတယ်။ ချီလီနိုင်ငံမှာ အဓိကပေါက်ရောက်တဲ့ နှင်းဆီပင်တမျိုးရဲ့ အစေ့ကနေ ထုတ်လုပ်ထားပါတယ်။ Rosehip အဆီမှာ ဖက်တီးအက်ဆစ်အပြင် ဗီတာမင် E၊ ဗီတာမင် C နဲ့ ဗီတာမင် D စတာတွေ ပါဝင်ပါတယ်။ အသားအရေကို စိုပြည်အောင်ထိန်းသိမ်းနိုင်ပြီး ဖရီးရယ်ဒီကယ်တွေကြောင့် ထိခိုက်ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ အရေပြား အရေးအကြောင်းတွေ လျော့နည်းစေပါတယ်။ ဗီတာမင်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် အရေပြားကို နုပျိုစေပြီး အသားအရေကို တင်းရင်းစေပါတယ်။ အရေပြားပေါ်က အစက်အပျောက်တွေ၊ အမာရွတ်တွေကိုပါ သက်သာပျောက်ကင်းစေပါတယ်။မာရူလာအသီးကနေ ထုတ်လုပ်ထားတဲ့ မာရူလာအဆီဟာအသားအရေခြောက်သွေ့အက်ကွဲခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်း စတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ မာရူလာဆီရဲ့ ထူးခြားချက်ကတော့ ဖက်တီးအက်ဆစ်ကြွယ်ဝတဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ကျန်တဲ့အဆီတွေထက် ပိုပြီးပါဝင်ပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးလာလို့ အသားအရေပျက်စီးခြင်း၊ နေလောင်ပျက်စီးခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဝက်ခြံထူတဲ့ အသားအရေတွေအတွက် သင့်တော်ပါတယ်။မြောက်အမေရိကတိုက်မှာ အဓိက ပေါက်တဲ့ ယိုယိုးဘားအပင်ကနေ ထုတ်လုပ်ထားပါတယ်။ ဝက်ခြံဖြစ်ခြင်း၊ နေလောင်ခြင်း စတာတွေကို သက်သာစေပါတယ်။အရေပြားကနေ သဘာဝအလျောက် အဆီဓာတ်ထုတ်လုပ်မှုကို ဟန်ချက်မျှတစေပါတယ်။ အသားအရေကို အကျိုးပြုတဲ့ သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေပါဝင်တာကြောင့် အသားအရေကို ချောမွေ့စေပြီး အစိုဓာတ်ကို တနေ့လုံး ထိန်းထားပေးပါတယ်။………………………………………………………………………။အထက်ဖော်ပြပါ အဆီအားလုံးဟာ အပင်များကနေ ထုတ်လုပ်ထားတဲ့ သဘာဝထွက်ကုန်ပစ္စည်းများပဲ ဖြစ်ပြီး ဓာတ်မတည့်ဖြစ်ခြင်း နည်းပါးပါတယ်။ အသားအရေကို တင်းရင်းနုပျိုစေပြီး ဘေးထွက်ဆိုးကျိုး အင်မတန်နည်းတာကြောင့် စိတ်ချလက်ချ သုံးစွဲနိုင်ပါတယ်။ လိမ်ထားရင်လည်း အဆီပြန်တဲ့ပုံစံမဖြစ်ဘဲ စိုပြည်စေပါလိမ့်မယ်။ မိမိအရေပြားနဲ့ ဘယ်အဆီအမျိုးအစား သင့်တော်မလဲဆိုတာ နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်တာ အကောင်းဆုံးပါပဲ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/best-oils-for-your-skin/
အမျိုးသားတွေ ကော်လာဂျင် သောက်လို့ရလား .....
ကော်လာဂျင်ဆိုရင် တွဲမြင်မိတာကလေဒီလေးတွေနဲ့ဟုတ်။ ဒါဆို မေးစရာရှိတာက ကော်လာဂျင်က လေဒီလေးတွေပဲ သောက်လို့ရတာလားပေါ့။ အမျိုးသားတွေရော ကော်လာဂျင် သောက်လို့ရလား ….. တကယ်ကတော့ ကော်လာဂျင်ကိုအလှအပအတွက်လို့ မှတ်ယူထားကြရင်းက ကော်လာဂျင်က လေဒီလေးတွေနဲ့ သက်ဆိုင်တဲ့အရာလို့ တွဲမှတ်ထားကြတာပါ။တကယ်ကတော့ ကော်လာဂျင်ကို လူတိုင်း လိုအပ်ပါတယ်။ လူတိုင်း လိုအပ်တယ်ဆိုမှတော့အမျိုးသားတွေလည်း ကော်လာဂျင် သောက်လို့ရတာပေါ့။ရပါတယ်။ အမျိုးသားတွေကလည်းအရေပြား၊ အရိုးအဆစ်၊ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တာကြောင့် ကော်လာဂျင် သောက်လို့ရသလို ကော်လာဂျင် သောက်ဖို့လည်း လိုအပ်ပါတယ်။ငယ်ရွယ်စဉ်မှာ ကော်လာဂျင်က ပြည့်ဝတာကြောင့်ခန္ဓာကိုယ်မှာ အင်အားတွေ ပြည့်နေသလိုအရိုးအဆစ်တွေကလည်း သန်မာပါတယ်။ အသက်အရွယ်အလိုက်လည်း ကြွက်သားတွေက ဖွံ့ဖြိုးလာပါတယ်။ကော်လာဂျင်ကအသားအရေ လှပဖို့ပဲ ထောက်ကူပေးတာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်က သွေးကြောတွေ၊ အစာခြေစနစ် နံရံတွေ၊ ဆံပင်တွေ၊ သွားတွေ၊ အရိုးအဆစ်တွေ ကျန်းမာစေဖို့လည်း ကော်လာဂျင်က ထောက်ပံ့ပေးပါတယ်။အသက် ၂၀ မတိုင်ခင်မှာ ခန္ဓာကိုယ်က ကော်လာဂျင် ထွက်ရှိမှု အကောင်းဆုံး ဖြစ်တာကြောင့်အသားအရေက တင်းရင်း လှပသလို၊ ကြွက်သားတွေ ဖွံ့ဖြိုးမှုကလည်း အကောင်းဆုံးပါ။ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတယ်ဆိုကလည်း ဖြစ်ခဲပါတယ်။ဒါပေမယ့် အသက် ၂၀ နောက်ပိုင်းရောက်လာတဲ့အခါ ခန္ဓာကိုယ်မှာ ကော်လာဂျင် ထွက်ရှိမှုက သိသိသာသာ နည်းလာပါတယ်။ ဒီလိုနဲ့ ကြွက်သားတွေ နာကျင်တာ၊ အဆစ်တွေ ကိုက်ခဲတာ၊ အရေးအကြောင်းတွေဖြစ်တာ၊ ဆံပင်ကျွတ်တာ၊ သွားတွေ ကျိုးတာ၊ ယိုင်နဲ့တာတွေကို ခံစားလာရပါတယ်။အမျိုးသားတွေနဲ့ ကော်လာဂျင် သောက်ပေးတဲ့အခါ အခုလိုအကျိုးကျေးဇူးတွေရရှိမှာပါ။အမျိုးသမီးတွေပဲ ဆံပင်ကျွတ်တာကို စိတ်ညစ်တတ်တာ မဟုတ်ပါဘူး။ အမျိုးသားတွေလည်း ဆံပင်ကျွတ်တာကို စိတ်ညစ်တတ်ကြပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ကော်လာဂျင်တွေက နည်းလာပြီး ဆံပင်တွေက ကျွတ်လာတတ်ပါတယ်။ဒါကြောင့် အမျိုးသားတွေအနေနဲ့ ဆံပင်ကျွတ်တာကို သက်သာချင်တယ်ဆိုရင်ကော်လာဂျင် သောက်ပေးလို့ ရပါတယ်။ ကော်လာဂျင်က ဆံပင်ကျွတ်တာကိုတင် သက်သာစေတာ မဟုတ်ဘဲ ဆံပင် အသစ်တွေ ထွက်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ကော်လာဂျင်ကို ပုံမှန် သောက်သုံးပေးတာက အဆစ်တွေကို ကျန်းမာစေနိုင်ပါတယ်။ လှုပ်ရှားရလွယ်ကူစေပြီး အသက်အရွယ်ကြောင့် အဆစ်နာတာတွေကို သက်သာစေနိုင်ပါတယ်။အားကစားလုပ်တာကြောင့် အဆစ်တွေ ထိခိုက်မိရင်လည်း အမြန်ဆုံး သက်သာစေနိုင်ပါတယ်။ကော်လာဂျင်တွေက လေ့ကျင့်ခန်း လုပ်ရင်း ဖြစ်တဲ့ ကြွက်သား နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ ထိခိုက်မှုတွေကြောင့် ကြွက်သားတွေ နာကျင်တာကို သက်သာစေနိုင်ပါတယ်။အရွတ်တွေမှာ ထိခိုက်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာတွေကို သက်သာစေနိုင်ပါတယ်။ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။လူတိုင်းက လှလှပပနဲ့ အိုမင်းချင်ကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေက လက်တွေ့ အကောင်အထည်ဖော်နိုင်ကြပေမယ့် အမျိုးသားတွေကတော့ ဒီဆန္ဒကို အကောင်အထည်ဖော်နိုင်ခဲကြပါတယ်။အကြောင်းကတော့ အမျိုးသားတွေက ကော်လာဂျင်ကို သူတို့နဲ့ မသက်ဆိုင်ဘူးလို့ ယူဆထားလို့ ကြပါ။ တကယ်ကတော့ အမျိုးသားတွေရော အမျိုးသမီးတွေရော အသားအရေ တင်းတင်းရင်းရင်းလေးနဲ့ ကျက်သရေရှိရှိ အိုမင်းချင်တယ်ဆိုရင် ကော်လာဂျင် သောက်ပေးလို့ ရပါတယ်။အမျိုးသားတွေ အနေနဲ့ ကော်လာဂျင် သောက်ပေးရင် နောက်ထပ်ရမယ့် အကျိုးကျေးဇူး တစ်ရပ်က ဇီဝကမ္မဖြစ်စဉ် ကောင်းမွန်စေပြီး ကိုယ်ထဲမှာ အင်အားပြည့်ဝစေတာပါ။လေ့ကျင့်လမ်းတွေ လုပ်ပြီးတဲ့အခါ ခန္ဓာကိုယ်ထဲမှာ အင်အားပြည့်ဝစေသလို အရောင်ကျစေပြီး ကြွက်သားတွေ ထိခိုက်တာကို သက်သာစေနိုင်ပါတယ်။ ကြွက်သား တက်စေနိုင်ပါတယ်။အစာအိမ် အတွင်းနံရံတွေ၊ အူနံရံက ဆဲလ်တွေကို ကျန်းမာစေပြီး အစာခြေစနစ်ကို ကျန်းမာစေသလို အစာခြေစနစ်ထဲကနေ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။ကော်လာဂျင်က အမျိုးသားတွေအတွက် အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရှိတာကြောင့် အမျိုးသားတွေလည်း ကော်လာဂျင် သောက်ပေးလို့ ရပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/men-can-drink-collagen/
ကလေးကို ပျိုးထောင်ပေးနေတဲ့နည်းလမ်း မှန်ကန်ရဲ့လား
မိဘတိုင်းက ကိုယ့်သားသမီးကိုချစ်ကြတယ်ဆိုတာ တိုင်းဆမရတဲ့မေတ္တာနဲ့ပါ။ သူတို့လေးတွေ လူ့လောကထဲရောက်လာတည်းက ပိုးမွေးသလိုမွေးခဲ့ရတဲ့ မိဘတိုင်းရဲ့မျက်လုံးထဲတော့ သားသမီးဆိုတာ အမြဲတမ်းကလေးလေးတွေပါပဲ။ ဒါပေမယ့် သဘာဝတရားက ဒီအတိုင်းမနေပါဘူး။ ကလေးတွေက တဖြည်းဖြည်းကြီးပြင်းလာရမှာ သဘာဝပဲမို့ အမြဲပဲ ကလေးလို အလိုလိုက်၊ချော့မြှူပြီးထားလို့မရဘူးဆိုတာ မိဘတွေ သတိချပ်ဖို့လိုပါလိမ့်မယ်။အနှီးလေးနဲ့ပတ်ထားတဲ့ဘေဘီပိစိအရွယ်ကနေလေးဘက်ထောက်တတ်တဲ့အရွယ်၊ လမ်းလျှောက်တတ်တဲ့အရွယ်၊ကျောင်းတက်ရမယ့်အရွယ် စသည်ဖြင့် ကြီးပြင်းလာတာနဲ့အမျှ သူတို့လေးတွေရဲ့သိတတ်နားလည်မှုတွေကလည်းပြောင်းလဲလာပါတယ်။ ငယ်ရွယ်စဉ်မှာ ဖယောင်းရုပ်လို ပုံသွင်းလို့ရတဲ့အရွယ်မို့ ကလေးတွေကိုအမူအကျင့်ကောင်းတွေရရှိစေဖို့က မိဘတွေရဲ့တာဝန်ပါပဲ။ သွန်သင်မှု၊ ပျိုးထောင်မှုနည်းလမ်းမှန်ကန်မှ ကလေးတွေရဲ့အနာဂတ်လမ်းဖြောင့်ဖြူးအောင်မြင်မှာဖြစ်လို့ ငယ်ရွယ်စဉ်အချိန်က အရေးကြီးဆုံးပါပဲ။ကလေးတွေကို စည်းကမ်းတင်းကျပ်ပြီးပုံစံချလွန်းတာမကောင်းသလို သွန်သင်ထိန်းကျောင်းမှုမရှိလို့လည်းမဖြစ်ပါဘူး။ ကလေးတွေကို ပျိုးထောင်ရာမှာလည်း နည်းလမ်းမှန်ကန်ဖို့ကအရေးကြီးပါတယ်။ ကလေးတွေကို သွန်သင်ထိန်းကျောင်းရင်း မိဘတွေလုပ်မိတတ်တဲ့ အမှားတွေရှိပါတယ်။ မသိလိုက်ဘဲလုပ်မိနေတဲ့ နည်းလမ်းမှားတွေက ကလေးတွေရဲ့ကြီးပြင်းမှုမှာ အကျိုးဆက်မကောင်းတဲ့ဂယက်တွေဖြစ်လာစေနိုင်ပါတယ်။ အခု သင့်ကလေးကို ပျိုးထောင်တဲ့နည်းလမ်းကရောမှန်ကန်ရဲ့လားဆိုတာ အောက်မှာဖော်ပြထားတဲ့ မိဘတွေရဲ့အမှားတွေကိုကြည့်ရအောင်။အမှားလုပ်တိုင်း အပြစ်ပြောခြင်း။ကလေးတွေအမှားလုပ်တိုင်းအပြစ်ပြောတာက ရှက်ရွံ့စိတ်နဲ့ ချိုးနှိမ်ခံရမှုကို ခံစားရစေပါတယ်။ အပြောပဲခံနေရပြီး အမှန်ကိုသေချာမရှင်းပြတဲ့အတွက် ကလေးက အမှားထပ်လုပ်မိဦးမှာပဲဖြစ်ပါတယ်။ တကယ်တော့ ကလေးကို ညင်ညင်သာသာသတိပေးစကားပြောပြီး ဒီအမှားကို ဘာကြောင့်မလုပ်သင့်တာလဲ ရှင်းပြဖို့ပါပဲ။ကလေးကို လူကြားထဲ အပြစ်ဖော်ဆုံးမခြင်း။ကလေးကို သူလုပ်ခဲ့တဲ့အမှားအတွက် ဆုံးမဖို့လိုနေပြီလို့ယူဆတယ်ဆိုရင်မွေးချင်းမောင်နှမရှေ့၊ သူငယ်ချင်းတွေရှေ့မှာ အပြစ်မပြောသင့်၊ မဆူသင့်ပါဘူး။ တစ်ယောက်တည်းရှိချိန်မှ ဆိုဆုံးမတာပိုကောင်းပါတယ်။ပြင်းထန်တဲ့ပြစ်ဒဏ်တွေပေးခြင်း။ကလေးတွေကိုပြစ်ဒဏ်ပြင်းပြင်းပေးတာက မိဘတွေရဲ့မဟာအမှားတစ်ခုပါ။ ကလေးတွေရဲ့အပြုအမူပိုင်းဆိုင်ရာ သုတေသနတွေအရ စည်းကမ်းပေးခြင်းကပျော့ပျောင်းတဲ့အချိန်မှသာ ထိရောက်မှုရှိတာလို့တွေ့ရှိရပါတယ်။အလိုလိုက်လွန်းခြင်း။ကလေးကို ဖူးဖူးမှုတ်အလိုလိုက်ထားပြီး သည်းသည်းလှုပ်ချစ်တာကလည်း ကလေးရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းမှာ ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေရှိလာစေနိုင်ပါတယ်။ အထူးသဖြင့်မေမေတွေက အရမ်းသည်းလွန်းရင် ကလေးက ဘာလုပ်လုပ် ကိုယ်တိုင်မလုပ်နိုင်ဘဲ မဝံ့မရဲဖြစ်နေတာ၊ တသီးတသန့်နေတတ်တာ၊ကြောက်စိတ်ဝင်တာ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်နည်းတာတွေဖြစ်လာတတ်ပြီး ရွယ်တူတွေကြားမှာနောက်ကောက်ကျနေတတ်ပါတယ်။သင်ပေးဖို့နောက်ကျနေခြင်း။ကလေးကို ဘာမှမသင်ပေးဘဲထားတာတော့ လုံးဝမှားပါတယ်။ ကလေးကို သိတတ်တဲ့အရွယ်ကစပြီး သူ့အရွယ်နဲ့ကိုက်ညီမယ့် အသိလေးတွေ၊ အပြုအမူလေးတွေ၊ ဘာပဲဖြစ်ဖြစ် သင်ပေးရမှာပါ။ ကပြပါဦး၊ ရယ်ပြပါဦး၊ တာ့တာလုပ်ပါဦး စသည်ဖြင့် အလွယ်ဆုံးအဆင့်ကနေ စပြီးသင်ပေးရင်း ဒါလုပ်သင့်တယ်၊ ဒီလိုမလုပ်ရဘူး စသည်ဖြင့် အကောင်းအဆိုးကို သင်္ကေတပြပြီး ခွဲခြားပေးရပါမယ်။မျက်နှာလိုက်ဆက်ဆံခြင်း။ကလေးတွေကြားမှာ ပိုအရေးပေးတာ၊ ပိုဂရုစိုက်တာ၊ မု့န်ပိုကျွေးတာမျိုး ခွဲခြားပြီး မျက်နှာလိုက်တာတွေက မလုပ်သင့်တဲ့အချက်ပါ။ မိဘတွေဆိုတာ ကလေးတွေကို တူညီစွာချစ်ပေးနိုင်ရပါမယ်၊ဒါကိုလည်း ကလေးတွေသိအောင်နေပြရပါမယ်။ကလေးရဲ့အပြုအမူကိုလှောင်ပြောင်ခြင်း။ကလေးက စကားပြောနေတဲ့အခါ ဒါမှမဟုတ် သူဖြစ်ချင်တာကိုသူ့နည်းသူ့ဟန်နဲ့ဖော်ပြနေချိန်မှာလှောင်ပြောင်တာ၊”နေစမ်းပါဦး”ဆိုတာမျိုး ပြောပြီးရပ်တန့်ခိုင်းတာ မကောင်းပါဘူး။ ကလေးက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းလာပြီး မှားမှာကြောက်လို့ စကားသိပ်မပြောတော့တာ၊ လူရှေ့မှရှက်တတ်လာတာမျိုးဖြစ်စေနိုင်ပါတယ်။ကလေးရဲ့ခံစားချက်ကို လျစ်လျူရှုခြင်း။မိဘတွေလုပ်မိတာများတဲ့ အမှားတစ်ခုက ကလေးရဲ့ခံစားချက်ကို ထည့်မတွေးတာပဲဖြစ်ပါတယ်။ ဥပမာ ငိုနေတဲ့အခါမျိုးဆို ရုတ်တရက်အငိုတိတ်အောင် တစ်နည်းနည်းနဲ့လုပ်လိုက်တာထက် သူတို့ဘာကိုခံစားနေရလဲဆိုတာနားလည်နေတဲ့အကြောင်း ကလေးသိအောင် ကြင်ကြင်နာနာ ချဉ်းကပ်ဖြေရှင်းပေးသင့်ပါတယ်။အိမ်မှာ ဘာအလုပ်မှမခိုင်းခြင်း။ကိုယ့်သားသမီးအတွက် ဘာမဆိုလုပ်ပေးနိုင်တယ်လို့ မိဘတွေတွေးလေ့ရှိပါတယ်။ ကလေးကို ဘာမှမခိုင်း၊မသင်ဘဲ ပိုးမွေးသလိုမွေးကြတဲ့အခါ ဘာမှမတတ်၊ အလိုက်မသိတတ်တဲ့ပေါ်ကြော့ကလေးတွေအဖြစ်ကြီးပြင်းလာပါလိမ့်မယ်။ မိဘတွေအနေနဲ့ ကလေးတွေကို ငယ်ကတည်းက ဝိုင်းကူတတ်တဲ့အကျင့်လေးကျင့်ထားပေးသင့်ပါတယ်။ ကိုယ့်အမှိုက်ကိုယ်ရှင်းစေတာမျိုး။ ကူညီတတ်ပြီး အမှီအခိုကင်းကင်းနဲ့ ကိုယ့်တာဝန်ကိုယ်ယူနိုင်တဲ့ကလေးတွေဖြစ်လာစေဖို့ ပျိုးထောင်ပေးရပါမယ်။စည်းကမ်းလေးတွေ မထားပေးခြင်း။ကလေးကို ဘယ်လိုစည်းကမ်းသတ်မှတ်ပေးရမလဲ၊ လိုက်နာအောင်ဘယ်လိုလုပ်ရမလဲဆိုတာ တချို့မိဘတွေက မသိကြပါဘူး။ ကိုယ့်တုန်းက စည်းကမ်းဘောင်ထဲ မွန်းကျပ်ခဲ့ရတဲ့အတွေ့အကြုံရှိသူမိဘတွေက သားသမီးတွေအလှည့်ကျ ကလေးက ကလေးပဲလေ ဆိုပြီး အလိုလိုက်ထားတတ်ကြပါတယ်။ ရလဒ်ကတော့ မိသားစုထဲမှာ သူတို့သာအရေးကြီးဆုံး၊ သူတို့ရဲ့လိုအပ်ချက်သာအရေးကြီးဆုံးလို့ ကလးတွေကမှတ်ယူလာတတ်ပါတယ်။ စည်းကမ်းမသတ်မှတ်ထားတဲ့အတွက် ဆိုးလာတဲ့ကလေးက နောက်မှ သွန်သင်လို့မလွယ်တော့ပါဘူး။ ဒါပေမယ့် စည်းကမ်းတင်းကျပ်လွန်းရင်လည်း သိတတ်လိမ်မာတဲ့သူတွေဖြစ်လာနိုင်သလို၊ မလိုက်နာတဲ့ကလေးကျတော့ ခံပြောတတ်တဲ့၊တော်လှန်တတ်တဲ့သဘာဝနဲ့ကြီးပြင်းလာနိုင်တယ်ဆိုတာလည်း မမေ့ပါနဲ့။မိဘတွေက စံနမူနာကောင်း ဖြစ်မနေခြင်း။ကလေးဆိုတာမြင်ရတွေ့ရတာတွေကိုအတုခိုးတတ်ပါတယ်။ ကလေးကိုပျော်ရွှင်တတ်၊ချစ်ခင်ကြင်နာတတ်ပြီးတွေးခေါ်မြော်မြင်တတ်၊ ရိုသေလေးစားတတ်တဲ့သူအဖြစ်ကြီးပြင်းလာစေချင်တယ်ဆိုရင် အဲဒီလိုဖြစ်စေချင်တဲ့ပုံစံအတိုင်း မိဘတွေက စံနမူနာကောင်းနေပြရပါမယ်။ ကလေးရှေ့မှာဒေါသကြီးတာလိုမျိုး အပြုအမူတွေမလုပ်သင့်ပါဘူး။ မိဘတွေက မဆင်ခြင်သရွေ့ သားသမီးဆီက အမှန်တကယ်လေးစားမှုကို ရနိုင်မှာမဟုတ်ပါဘူး။ ကိုယ်တော့လုပ်ပြီး ကလေးကလိုက်လုပ်တော့ အပြစ်ပေးမယ်ဆိုတာမျိုးဘယ်တော့မှမလုပ်မိပါစေနဲ့။ကလေးရဲ့အမူအကျင့်မှားတွေကို မတားဆီးခြင်း။ကလေးဆိုတာ အိပ်ချိန်အိပ်၊ စားချိန်စား၊ ကစားချိန်ကစားရမယ်။ တီဗီရှေ့ကမခွာ၊ ဂိမ်းကစားတာကနေမခွာတမ်း လုပ်ချင်ရာလုပ်နေတာမျိုးကို ဒီအတိုင်းကြည့်မနေသင့်ပါဘူး။ ကလေးအတွက်မကောင်းမှန်း သိနေလျက်နဲ့တော့ ဆက်ပြီးခွင့်မပြုထားပါနဲ့။ ကျန်းမာပျော်ရွှင်ပြီး ထူးချွန်ထက်မြက်တဲ့ကလေးလေးတွေဖြစ်စေချင်တယ်ဆိုရင် ကလေးအတွက် ဘာကကောင်းလဲဆိုတာသေချာနားလည်ပြီး အကောင်းဆုံးကြိုးစားပဲ့ပြင်သွားရမှာဖြစ်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%95%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%95%e1%80%b1%e1%80%b8%e1%80%94%e1%80%b1/
လူကြီးတွေစားသမျှ ကလေးကိုမခွံ့သင့်တဲ့ အကြောင်းရင်း
ကလေးတစ်ယောက်ကို ကျန်းမာစွာနဲ့ကြီးထွားဖွံ့ဖြိုးလာစေဖို့၊ဉာဏ်ရည်ထက်မြက်ဖို့ အာဟာရဓာတ်တွေ ပြည့်ဝအောင် ကျွေးမွေးစောင့်ရှောက်ရမယ်လို့ သိထားကြပါတယ်။ ဒါ့ကြောင့် မမွေးခင် ကိုယ်ဝန်နဲ့ကတည်းကမိခင်တွေမှာ အားဆေးတွေသောက်ရ၊ အစားစုံအောင် စားရနဲ့ သတိထားနေထိုင်ခဲ့ကြသလို မွေးလာတဲ့အခါမှာလည်း အစာအာဟာရပြည့်ဝအောင်မိခင်နို့အတွက် အာဟာရပြည့်အောင်စားရတယ်၊ နို့မှုန့်အတွက်ဆို အာဟာရဓာတ်တွေပြည့်ဝတဲ့အမျိုးအစားကိုရွေးချယ်ကြတယ်။ဒါပေမယ့် စားစရာဆိုလို့ နို့ရည်သာသောက်သုံးဖူးတဲ့ ကလေးလေးတွေအမြင်မှာ လူကြီးတွေစားသမျှ အထူးအဆန်းတွေပါပဲ။ ခြောက်လကျော်လို့ အစာအမာစကျွေးတဲ့အခါ စူးစမ်းတတ်တဲ့အရွယ်ရောက်လာပြီ၊ သွားလေးတွေ တစ်ချောင်းစ နှစ်ချောင်းစပေါက်လာပြီ၊ တွေ့ကရာပါးစပ်ထဲကောက်ထည့်တတ်လာပြီ။ လူကြီးတွေကလည်း ကလေးကို အစုံစားတတ်အောင်၊ အာဟာရဓာတ်တွေအစုံရအောင် ဆိုပြီး ဟိုတစ်တို့ ဒီတစ်တို့ ပါးစပ်ထဲခွံ့ကြပါတော့တယ်။ ဥပမာ မိဘတွေထမင်းစားရင် လာမျှော်ကြည့်တဲ့အခါ၊ ဟိုဆွဲဒီဆွဲလာရှုပ်တဲ့အခါငြိမ်အောင်လို့ကြက်ဥလေးကျွေးလိုက်တာမျိုး၊အသီးစားရင်သေးသေးလေးဖဲ့ကျွေးတာမျိုး၊ကော်ဖီနည်းနည်းတိုက်လိုက်တာမျိုး ရှိနိုင်ပါတယ်။ကိုယ်ကတော့ အရသာအသစ်တွေ မြည်းစမ်းနိုင်ဖို့ နည်းနည်းလေးကျွေးတာ ဘာမှမဖြစ်လောက်ဘူးထင်နေပေမယ့် အရာရာတိုင်းတော့မကောင်းပါဘူး။ ခပ်ပျော့ပျော့အစားအစာပဲဖြစ်ဖြစ်၊ ကလေးစားလို့ရအောင် ဝါးပြီး ချေပြီးကျွေးတာပဲဖြစ်ဖြစ် လူကြီးတွေစားသမျှအစားအသောက်တိုင်းက ကလေးအတွက်ဘေးမကင်းနိုင်ပါဘူး။ တချို့အစားအသောက်တွေက ဖွံ့ဖြိုးဆဲဖြစ်တဲ့ကလေးတွေရဲ့အစာခြေစနစ်အတွက် အကျိုးသက်ရောက်မှုမကောင်းသလို တခြားဘေးဥပါဒ်တွေလည်းရှိနိုင်လို့ပါပဲ။ လူကြီးတွေစားသုံးတဲ့ အစားအစာတွေထဲက ကလေးတွေကိုမကျွေးသင့်တဲ့အစားအစာနဲ့ အကြောင်းရင်းတချို့ကိုလေ့လာပြီး သတိထားပေးသင့်ပါတယ်။ကလေးတွေကို မကျွေးသင့်တဲ့အစားအစာများ။ပျားရည်။ပျားရည်က အရသာချိုချိုလေးဆိုပေမယ့် တစ်နှစ်အောက်ကလေးတွေကို မကျွေးသင့်တဲ့အထဲမှာပါဝင်ပါတယ်။ အကြောင်းရင်းကတော့ ပျားရည်မှာclostridium botulinumလို့ခေါ်တဲ့ အန္တရာယ်ရှိဘက်တီးရီးယားတစ်မျိုးပါရှိနေနိုင်လို့ပါ။ အဲဒီပိုးကြောင့် အစာအဆိပ်သင့်ခြင်း၊ ကြွက်သားမလှုပ်ရှားနိုင်တဲ့muscle paralysis နဲ့ တခြားပြင်းထန်တဲ့ရောဂါတွေဖြစ်စေနိုင်ပါတယ်။ကလေးရဲ့ကိုယ်ခံအားစနစ်က ဒီလိုအခြေအနေမျိုးကိုခုခံနိုင်ဖို့ အပြည့်အဝမဖွံ့ဖြိုးသေးတဲ့အတွက် ပျားရည်မကျွေးတာကပဲဘေးအကင်းဆုံးဖြစ်ပါလိမ့်မယ်။နွားနို့နဲ့ ပဲနို့။ကလေးအသက် ၆လမပြည့်ခင်အထိတော့ မိခင်နို့ တစ်မျိုးတည်းသာတိုက်သင့်ပြီး ၆ လကျော် ကနေ တစ်နှစ်အတွင်းမှာတော့ မိခင်နို့ သို့မဟုတ် နို့မှုန့်ကလွဲပြီး နွားနို့နဲ့ပဲနို့တွေမတိုက်သင့်ပါဘူး။ အားရှိအောင်ဆိုပြီး ကလေးကိုပါ နည်းနည်းတိုက်တဲ့အခါ အဲဒီနို့တွေမှာပါတဲ့ ပရိုတင်းတွေကို နုနယ်တဲ့ ကလေးရဲ့အစာအိမ်ကချေဖျက်ဖို့ခက်ခဲပါလိမ့်မယ်။ နွားနို့မှာပါတဲ့ သတ္တုဓာတ်တွေကြောင့်လည်း ကလေးရဲ့ကျောက်ကပ်ကိုထိခိုက်စေနိုင်ပါတယ်။အသင့်အမြန်စား အစားအစာတွေ။ကြက်ဥအကာ။ကြက်ဥအကာကပရိုတင်း၊ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ အာဟာရဓာတ်စာတစ်ခုဖြစ်ပေမယ့် ကလေးတွေအတွက် သိပ်မသင့်တော်ပါဘူးတဲ့။ ငယ်လွန်းတဲ့အရွယ်မှာ ကြက်ဥစကျွေးရင်းနဲ့ ဓာတ်မတည့်မှုဖြစ်လာနိုင်ပါတယ်။ ကလေးကို ထမင်းစကျွေးတဲ့အခါတော့ ကြက်ဥအနှစ်ကို ကျွေးလို့ ဘေးကင်းတယ်ဆိုပေမယ့် ပျို့အန်တာ၊ ဝမ်းလျှောတာ၊ အနီစက်တွေထွက်တာလိုမျိုး ဓာတ်မတည့်မှု လက္ခဏာတွေရှိမရှိကို တစ်ချက်စောင့်ကြည့်ပေးပါ။အချိုရည်။အချိုရည်ဘူးတွေမှာပါတဲ့ acidity က ကလေးရဲ့ ပေါက်ခါစသွားလေးတွေကို ထိခိုက်ပျက်စီးစေပါတယ်။ အချိုဓာတ်နဲ့ သကြားအတုတွေ ပါဝင်မှုများတာကြောင့် အဲဒါတွေက ကလေးတွေရဲ့ခန္ဓာကိုယ်ထဲမှာ စုလာပြီး ခဏခဏလန့်နိုးတာ၊ ဂနာမငြိမ်တာ၊ စိတ်ဆတ်တာတွေဖြစ်လာစေနိုင်တယ်။ အဲဒီအချိုရည်တွေမှာ ကလေးအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေလည်း မပါဝင်ပါဘူး။ဘယ်ရီသီးတွေနဲ့ အချဉ်သီးများ။စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ရက်စ်ဘယ်ရီနဲ့ ဘလက်ဘယ်ရီတွေမှာ ကလေးတွေအတွက် အစာကြေဖို့ခက်ခဲတဲ့ ပရိုတင်းတစ်မျိုးပါဝင်ပါတယ်။ လိမ္မော်သီးနဲ့စပျစ်သီးတို့လို အသီးတွေမှာလည်း အက်စစ်ဓာတ်များလို့ ကလေးတွေမှာ ဗိုက်အောင့်တာ၊လေချဉ်ပြန်တက်တာတွေဖြစ်စေနိုင်ပါတယ်။ အသီးဖျော်ရည်တွေလည်း အသက်တစ်နှစ်မပြည့်ခင် မတိုက်ကျွေးသင့်ပါဘူး။စေးကပ်တဲ့အစားအစာ။ဂျယ်လီ သို့မဟုတ် ဝါးစားလို့ရတဲ့သကြားလုံးတွေ၊ အသီးခြောက်နဲ့ marshmallowတွေလိုမျိုး ပျော့ပြီး စေးကပ်တဲ့စားစရာတွေက ကလေးရဲ့လည်ချောင်းမှာတစ်ဆို့နေနိုင်ပါတယ်။အာလူးကြော်။ကိုယ်က အာလူးကြော်စားတဲ့အခါ ကလေးကျေနပ်အောင် လက်ထဲပေးထားတာ တစ်ခုကနေ နှစ်ခု၊ နှစ်ခုကနေ သုံးခုဖြစ်သွားခဲ့ရင် ရင်ပြည့်စေနိုင်ပါတယ်။ အာလူးကြော်မှာ ပြည့်ဝဆီပါဝင်မှုမြင့်မားတာကြောင့် ရင်ပြည့်ပြီး တကယ်တမ်း အာဟာရဖြစ်စေမယ့် အစားအသောက်တွေ မစားနိုင်တော့ဘဲနေပါလိမ့်မယ်။ကော်ဖီနဲ့ လက်ဖက်ရည်။ကဖင်းဓာတ်ပါတဲ့ သောက်စရာတွေက ကလေးအတွက် မသင့်တော်ပါဘူး။ ကော်ဖီနဲ့လက်ဖက်ရည်မှာပါတဲ့ tannin ဓာတ်က အစားအစာထဲမှာပါတဲ့ သံဓာတ်ကို ခန္ဓာကိုယ်ရဲ့စုပ်ယူနိုင်စွမ်းလျော့နည်းစေနိုင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/%e1%80%9c%e1%80%b0%e1%81%be%e1%80%80%e1%80%ae%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%99%e1%80%bd%e1%80%ba-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%80%e1%80%ad/
သင့်လက်ကောက်ဝတ် နာကျင်မှုနှင့် carpel tunnel ကို ကိုကာကွယ်ပေးနိုင်မယ့် အကြောလျော့နည်း ၃ မျိုး
သင့်အနေနဲ့ စာရိုက်တာ, အဝတ်ဝတ်တာ, ကားမောင်းတာ စတာတွေလုပ်တဲ့အခါမှာ သင့်လက်ကောက်ဝတ်ကို အသုံးပြုရပါတယ်။ ရလာဒ်အနေနဲ့ကတော့ လက်ကောက်ဝတ်ကယောင်ယမ်းလွယ်ပြီး carpel tunnel syndrome တွေဖြစ်နိုင်တာပါပဲ။ ဒါပေမယ့် စိုးရိမ်စရာမလိုပါဘူး။ ကုသမှုကောင်းကောင်းနဲ့ဆို သင်ပြန်ကောင်းနိုင်ပါတယ်။ အကြောလျော့လေ့ကျင့်ခန်း တွေက သင့်အတွက်ကောင်းတဲ့ကုသမှုတွေ ဖြစ်နိုင်ပါတယ်။သင့်မှာ လက်ကောက်ဝတ်နာကျင်မှုရှိတဲ့အခါ အကြောလျော့လေ့ကျင့်ခန်း တွေကို ဆရာဝန်တွေက ညွှန်းလေ့ရှိပါတယ်။ ဒီလေ့ကျင့်ခန်းတွေက လက်နဲ့လက်ကောက်ဝတ်မှာရှိတဲ့ median nerve ပေါ်တင်နေတဲ့ဖိအားတွေကို လျော့ချပေးတဲ့အတွက် နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ဒါ့အပြင် အောက်ပါ အောက်ပါလက္ခဏာတွေ သင့်ရဲ့ လက်ကောက်ဝတ်နဲ့ carpel tunnel မှာဖြစ်လာခဲ့ရင် အကြောလျော့လေ့ကျင့်ခန်း တွေက ကူညီနိုင်ပါတယ်။ကာကွယ်မှုဟာ လက်ကောက်ဝတ်နဲ့ carpel tunnel မှာဖြစ်တဲ့ နာကျင်မှု အတွက်အကောင်းဆုံးကုသနည်းပဲဖြစ်ပါတယ်။ အောက်ပါတွေကတော့ သင်အသုံးချလို့ရနိင်တဲ့ နည်းတွေဖြစ်ပါတယ်။– တနေကုန် သင့်လက်ကောက်ဝတ်ကို အသုံးပြုရမယ့် ထပ်တလဲလဲအလုပ်တွေကို ရှောင်ပါ။– အတော်ကြီးကွေးကောက်ထားဖို့လိုတဲ့ အပြုအမူတွေကို ရှောင်ပါ။ ကြွက်သား အရွတ်နဲ့ အာရုံကြော တွေထိခိုက်နိုင်ပါတယ်။– အလုပ်မလုပ်ခင် သွေးပူလေ့ကျင့်ခန်းလုပ်ပါ။– ယောဂကျင့်စဉ်တွေ လုပ်ပါ။ ဒါဟာ လက်ကောက်ဝတ်ကို ကူညီနိင်ပါတယ်။– တနေကုန်ထိုင်ပြီး လက်ကောက်ဝတ်အားပြုရတဲ့ အလုပ်တွေလုပ်ရပြီဆိုရင် မတ်မတ်ထိုင်ပြီး ပခုံးတွေလျှော့ချပါ။ လက်ရောခြေထောက်ရောဆန့်ပြီး လည်ပင်းကို လှုပ်ရှားလွယ်အောင်ထားပါ။– စာရိုက်တဲ့အခါ အနေအထားကို ညှိယူပါ။ လက်နဲ့ လက်ကောက်ဝတ်က ပျော့ပျောင်းနေရပါမယ်။– ဘောပင်အကြာကြီးသုံးနေရတယ်ဆိုရင် တင်းတင်းဆုပ်ကိုင်ထားတာမျိုးရှောင်ပါ။– ပြီးတော့ အရမ်းအေးတဲ့အပူချိန်မှာ အလုပ်အကြာကြီးမလုပ်ပါနဲ့ ။သင့်အိမ်ထဲမှာလုပ်နိုင်တဲ့ လေ့ကျင့်ခန်း ၃ ခုလောက်ရှိပါတယ်။လက်ကောက်ဝတ် ခေါက်ဆန့် လေ့ကျင့်ခန်း။ဒီလေ့ကျင့်ခန်းက လက်ကောက်ဝတ်ကို ပေါ်အောက် ကွေးတာပေါ်မူတည်ပါတယ်။ အနေအထားတစ်မျိုးကို ၅- ၁၀ စက္ကန့်လောက်ထိန်းထားပြီး ၁၀ ကြိမ်လုပ်ပေးပါ။၁ပတ်ကို ၃ခါလုပ်ပေးနိုင်ပါတယ်။– လက်မောင်းကို စားပွဲပေါ်တင်ပါ။ လက်ကောက်ဝတ်ကနေ လက်ဖဝါးထိက စားပွဲစွန်းကနေ တွဲလျားကျနေပါ။– ပဝါ သို့မဟုတ် အခုခံလေးတစ်ခုကို လက်ကောက်ဝတ်အောက်မှာထားပါ။– ပြီးရင်လက်ကို ကော့လိုက်ပါ။ လက်နဲ့ လက်ကောက်ဝတ်မှာ အကြောလျော့သွားသလိုခံစားရပါမယ်။– ပြီးရင်မူလအနေအထားပြန်ထားပါ။– ပြီးရင် အခြား ဆန့်ကျင်ဘက်အနေအထားနဲ့စရပါမယ်။ လက်ကောက်ဝတ်ကို အောက်ဘက်ကွေးပါ။လက်ကောက်ဝတ် ဘယ်ညာစောင်းလေ့ကျင့်ခန်း။ဒီလေ့ကျင့်ခန်းက လက်ကောက်ဝတ်ကို ဘေးစောင်းတာပေါ်မူတည်ပါတယ်။ အနေအထားတစ်မျိုးကို ၅- ၁၀ စက္ကန့်လောက်ထိန်းထားပြီး ၁၀ ကြိမ်လုပ်ပေးပါ။၁ရက်ကို ၃ခါလုပ်ပေးနိုင်ပါတယ်။– လက်မောင်းကို စားပွဲပေါ်တင်ပါ။ လက်ကောက်ဝတ်က စားပွဲစွန်းကနေ တွဲလျားကျနေပါ။ လက်ဖဝါးကို စားပွဲနဲ့90′ ဒေါင်လိုက်ထောင်ထားပါ။– ပဝါ သို့မဟုတ် အခုခံလေးတစ်ခုကို လက်ကောက်ဝတ်အောက်မှာထားပါ။– ပြီးရင်လက်ကောက်ဝတ်ကို ပေါ်အောက်ကွေးပါ။လက်အုပ်ချီ အကြောလျော့နည်း။ဒီပုံကတော့ လက်အုပ်ချီပုံမျိုးဖြစ်ပါတယ်။ အနေအထားတစ်မျိုးကို ၁၅- ၃၀ စက္ကန့်လောက်ထိန်းထားပြီး တစ်ကြိမ်ကို ၂- ၄ ကြိမ် ပြန်လုပ်ပေးပါ။– လက်ဝါးနှစ်ခုထိထားပါ။ ရင်ဘတ်ရှေ့ မေးအောက်တည့်တည့် မှာ ထားပါ။– လက်ဝါး၂ဖက်ကို ဆိုင်လျက် ခါးနားထိအောင်တွန်းပါ။ တွန်းပါ။ တွန်းနေစဉ်လည်း ဗိုက်နဲ့ ထိထားပါ။– သင့်လက်ကောက်ဝတ်, လက်ဝါးနဲ့ လက်ဖျံမှာ အကြောလျော့သွားသလိုခံစားရပါမယ်။သင့်အနေနဲ့ စာရိုက်တာ, ကားမောင်းတာ နဲ့ ရေထွက်ပစ္စည်းစက်ရုံတွေမှာ လုပ်ရင် သင့်လက်ကောက်ဝတ် နာကျင်တာတွေ carpel tunnel syndrome တွေပိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဂရုတစိုက်ရှိရင် ဒါမှမဟုတ် ရိုးရှင်းပြီး ထိရောက်တဲ့ လေ့ကျင့်ခန်းတွေလုပ်ပေးရင် သက်သာနိုင်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/exercises-for-carpel-tunnel/
အမာရွတ်ကင်း လှပခြင်းအတွက်
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာဆိုရင် ဘာကိုအရင်ဆုံး သတိထားမိကြသလဲ။ချောခြင်း၊လှခြင်း၊ရုပ်ဆိုးခြင်းစတာတွေကိုဘာတွေကိုကြည့်ပြီးသတ်မှတ်တတ်သလဲ။အဖြေကတော့ မျက်နှာပါ။ သင့်မျက်နှာလေးရဲ့ လှပခြင်းအတွက် အမျိုးမျိုး ပြင်ဆင်မယ် မဟုတ်လား။ အသားအရေ ထိန်းသိမ်းမယ်၊ မျက်ခုံးမွှေးဆွဲမယ်၊ နှုတ်ခမ်းနီဆိုးမယ်၊ မိတ်ကပ် လိမ်းမယ် စသဖြင့် ခြယ်သတတ်ကြပါတယ်။ ဒါပေမယ့် ပြဿနာတွေကြုံရရင်လည်း ဒီမျက်နှာလေးပါပဲ။ ဝက်ခြံ ပြဿနာဟာ မျက်နှာအတွက် အဆိုးရွားဆုံး အဖျက်သမားပါ။ဝက်ခြံတွေရဲ့ အလွန်မှာ အမာရွတ်တွေ ကျန်ခဲ့ပါတယ်။ အမာရွတ်ဖြစ်ရခြင်းရဲ့ အဓိက လုပ်ရပ်ကတော့ အဖုတွေကို  ကုတ်ခြင်း၊ ဖဲ့ခြင်း၊ ထိုးဆွခြင်းကြောင့်ပါ။ ဒီလို မကုတ်မဖဲ့ဖို့အတွက် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ဝက်ခြံရှိနေတယ်ဆိုတာကို သင်သိနိုင်တဲ့အချက်၊ စိတ်အနှောင့်အယှက် ဖြစ်ရနိုင်တဲ့အချက်ကတော့ မှန်ကြည့်ခြင်းပါပဲ။ ရှိသမျှမှန်တွေကိုပိတ်ပြီး မိမိရဲ့ ဝေးဝေးမှာ ထားလိုက်ခြင်းအားဖြင့် မျက်နှာကို မမြင်ရတော့တဲ့အတွက် အဖုကို စိတ်အနှောင့်အယှက် မဖြစ်တော့ပါဘူး။ မမြင်ရတဲ့အခါ မကုတ်မဖဲ့မိတော့ပါဘူး။ မှန်ကြည့်ဖို့ လိုအပ်လာတဲ့အချိန် (ဥပမာ အပြင်သွားခါနီး)တွေဆိုရင်တော့ ခဏပဲ ကြည့်ပါ။ မှန်ဘီလူးနဲ့ မကြည့်ပါနဲ့။ (ဥပမာ ကားပေါ်က ရှေ့မှန်၊ ဆိုင်ကယ် နောက်ကြည့်မှန်) မှန်ဘီလူးပါတဲ့ မှန်တွေဟာ မျက်နှာရဲ့အပြစ်အနာအဆာတွေကို ကွက်ကွက်ကွင်းကွင်း မြင်စေပြီး စိတ်ဓာတ်ပိုကျစေ နိုင်ပါတယ်။မျက်နှာကို ကုတ်ဖဲ့နေခြင်းဟာ အကျင့်ပါနေတတ်ပါတယ်။ မကောင်းမှန်း သိလျက်နဲ့ ရှေ့ဆက်တိုးကာ လုပ်မိနေတဲ့ အမူအကျင့်တစ်ခုပါပဲ။ ဖျောက်ဖို့ အင်မတန်ခက်ခဲပါတယ်။ ဒါကြောင့် မိမိကိုယ်ကို မိမိ စိန်ခေါ်မှုတစ်ခု ပြုလုပ်လိုက်ပါ။ ဥပမာ “ငါ ဒီတစ်ပတ်အတွင်း မျက်နှာကို လက်နဲ့မကိုင်ဘူး။ မဖဲ့ဘူး” စသဖြင့် စိန်ခေါ်မှုတစ်ခု ပြုလုပ်လိုက်ပါ။ တကယ်လို့ ဒီစိန်ခေါ်မှုဟာ အောင်မြင်တယ် ဆိုရင်တော့ မိမိကိုယ်ကို ချီးမြှင့်ပါ။ တခြားသူ တစ်ယောက်နဲ့လည်း စိန်ခေါ် ပြိုင်ဆိုင်မှု ပြုလုပ်နိုင်ပါတယ်။Challengeပြုလုပ်တဲ့အခါ စိတ်ဓာတ်တတ်ကြွလာပြီး အမှန်တကယ်ပဲ မျက်နှာကို မကုတ်ဖဲ့မိတော့ပါဘူး။မျက်နှာလေးကို ကုတ်ဖဲ့တဲ့အခါ လက်သည်းနဲ့ ကုတ်မိကြတာပါ။ လက်သည်းရှည် ထားမိမယ်ဆိုရင်တော့ ပိုမိုချွန်ထက်နေတဲ့အတွက် ကုတ်လိုက်မိတဲ့အခါ အသားထဲကို နက်ရှိုင်းစွာ ဝင်ရောက်မိပြီး ဒဏ်ရာအမာရွတ်ဟာ ပိုမိုထင်ကျန်စေမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက လက်ဟာ နေရာတကာနဲ့ ထိတွေ့မှုအများဆုံး အစိတ်အပိုင်းဖြစ်တာကြောင့် ရောဂါပိုးမွှားတွေ ကပ်ညှိနေတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဝက်ခြံတွေထဲ ပိုးမွှားတွေ ဝင်ရောက်ပြီး ပြည်ဖုတွေအထိ ဖြစ်လာမှာပါ။ ချေးညှော်တွေ ရှိနေမယ်ဆိုရင်တော့ ပိုဆိုးပါမယ်။ ဒါကြောင့် တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် အရေးပါတဲ့ လက်သည်းကိုလည်း ချေးညှော် ကင်းကင်းနဲ့ သန့်ရှင်းနေအောင် ညှပ်ပစ်တာ ကောင်းပါလိမ့်မယ်။ လက်သည်းရှည် ထားမယ်ဆိုရင်တော့ လက်သည်းလေးကို လက်သည်းနီ လှလှလေးနဲ့ ပြင်ဆင်ခြယ်သ ပုံသွင်းထားတာ ကောင်းပါလိမ့်မယ်။ ပုံသွင်းထားတာကို နှမြောတသ ဖြစ်တဲ့အတွက် ပျက်သွားမှာစိုးပြီး မျက်နှာကို မကုတ်မိနိုင်တော့ပါဘူး။အာရုံရှိလေလေ စိတ်အနှောင့်အယှက်ဖြစ်လေလေဖြစ်ပြီး ပိုမိုကုတ်ဖဲ့မိမှာပါ။ ဒါကြောင့် အသားအရေထိန်းသိမ်းခြင်းပစ္စည်း (Skin Care) တွေ အလွန်အမင်းသုံးခြင်းမှလည်း ရှောင်ကြဉ်ပါ။မှန်ကြည့်ပြီး မျက်နှာကို ကုတ်ဖဲ့နေတဲ့အချိန်ဟာ ကုတ်ရင်းကုတ်ရင်းနဲ့ ကြာမှန်းမသိ ကြာသွားတတ်ပါတယ်။ ဒါကြောင့် အစမလုပ်ပါနဲ့။ ရုပ်ရှင်ကြည့်ခြင်း၊ အလုပ်တစ်ခုခု လုပ်နေခြင်းတွေနဲ့ အာရုံလွှဲထားလိုက်ပါ။ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဖြစ်တဲ့ ဆံပင်ကို ဂရုစိုက်နေခြင်း၊ ပြုပြင်ထိန်းသိမ်းနေခြင်းနဲ့လည်း မျက်နှာအပေါ် အာရုံရောက်နေတဲ့စိတ်ကို လွှဲပြောင်းနိုင်ပါသေးတယ်။မျက်နှာပေါ်မှာ အမာရွတ်လေးတွေ ရှိလာတဲ့အခါ မိမိကို မြင်တဲ့သူတွေဟာ သတိပြု မိပြီး မိမိကို လာပြောတတ်ပြပါတယ်။ ဒါဟာ လူတွေရဲ့ သဘောသဘာဝပါပဲ။ တချို့ကလည်း ကောင်းစေချင်လို့ ပြောကြသလို၊ တချို့ကလည်း စိတ်အနှောင့်အယှက် ဖြစ်စေချင်လို့ပါ။ ဘယ်လိုပုံစံမျိုးနဲ့ပြောသည်ဖြစ်စေ လျစ်လျူရှုလိုက်ပါ။ စိတ်ထဲထားနေပါက ပိုဂရုမူမိပြီး ပိုကုတ်ဖဲ့တတ်လို့ပါ။သင့်မျက်နှာကို မကုတ်တာကြာတဲ့အခါ ဖြစ်ပြီးသား အမာရွတ်တွေက တဖြည်းဖြည်း မှေးမှိန်လာတဲ့အတွက် ကြာလေလေ အသားအရေ တိုးတက်လာလေလေပါ။အမာရွတ်ပျောက်ဆေးတွေလိမ်းတဲ့အခါ မျက်နှာက အမာရွတ်တွေကို ပိုသတိ ထားမိသွားပြီး ပိုကုတ်မိတတ်ပါတယ်။ အမာရွတ်ပျောက်ဆေးရဲ့ သဘောသဘာဝအရ ယားယံတတ်တာကိုလည်း သတိချပ်မိစေချင်ပါတယ်။ အမာရွတ်ပျောက်ဆေးအချို့ရဲ့ ယားယံမှုကြောင့် ရှိရင်းစွဲ အမာရွတ်အပေါ် ပိုကုတ်မိသွားကာ ပိုဆိုးသွားတတ်ပါတယ်။ လူတစ်ယောက်မှာ မျက်နှာဟာ သွေးလည်ပတ်မှု၊သွေးရောက်ရှိမှုကောင်းလွန်းတာမို့ အလွယ်တကူနဲ့ လျင်မြန်စွာ အနာကျက်တတ်ပါတယ်။ ဒါကြောင့် စိတ်မပူပါနဲ့။ အချိန်တန်ရင် အမာရွတ်ပျောက်သွားမှာပါ။ဆံပင်မှာ ချေး(ဂျီး)တွေရှိနေတတ်ပါတယ်။ ဆံပင်နဲ့ ထိတွေ့ရာမျက်နှာပြင်အစပ် တွေဟာ (နားသယ်စပ်၊ နဖူး စသည်) ဝက်ခြံဖြစ်လာဖို့ အခွင့်အလမ်း အများဆုံးသော နေရာတွေပါ။ အရင်ဝက်ခြံ အမာရွတ် မပျောက်သေးဘဲ ဝက်ခြံထပ်ပေါက်လာမယ်ဆိုရင် မကောင်းပါဘူးနော်။မျက်နှာလေးပဲအမာရွက်ကင်းစင်ပြီး လှနေဖို့ အရေးကြီးတာမဟုတ်ပါဘူး။ လူတစ်ယောက်မှာ လည်ပင်း၊ ကျောနဲ့ လည်ကုတ်တွေမှာလည်း အမာရွတ်တွေမရှိဖို့ အရေးကြီး ပါတယ်။  အဆိုပါနေရာတွေဟာ အင်္ကျီဝတ်ဆင်ရာမှာ ခန္ဓာကိုယ်အပြင်ဘက်မှာ ရှိနေမယ့် နေရာတွေပါပဲ။အလှအပGroup​တွေထဲမှာလည်း မမေးမြန်းပါနဲ့။ မေးမြန်းမိမယ်။ ရှာဖွေမိမယ် ဆိုရင်တော့။ ပိုမိုသတိထားမိသွားကာ ပိုကုတ်မိနိုင်သလိုComment​တွေမှာ တစ်ယောက် တစ်ပေါက်နဲ့အကြံပေးခြင်းတွေကို ပြုလုပ်မိမယ်ဆိုရင် ပိုဆိုးသွားနိုင်ပါတယ်။အထက်ပါ အချက်တွေဟာ လက်တွေ့မှာ အလွန့်အလွန်အသုံးဝင်တဲ့ နည်းလမ်းတွေပါ။ စနစ်တကျ လိုက်လုပ်မယ်ဆိုရင် မျက်နှာလှလှလေးကို အမှန်တကယ်ပိုင်ဆိုင်ရမှာ အသေအချာပါပဲ။အရေးအကြီးဆုံးအချက်တော့ မျက်နှာလေးမှာအမာရွတ်တွေမပျောက်ကင်းဘဲ ပိုပို ဆိုးလာမယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ အရေပြားအထူးကု ဆရာဝန်နဲ့သာ သွားရောက်ပြသပါ။ ဒါဟာ အဓိကအကျဆုံး အချက်ပါ။အမာရွတ်ကင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်ပါစေနော်။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/scarless-beauty/
နို့ထွက်ပစ္စည်းအုပ်စု ထည့်စားဖြစ်စေဖို့ နည်းလမ်း ၁၀ ချက်
နို့ထွက်ပစ္စည်းအုပ်စုသည် အစာအုပ်စုတစ်ခုဖြစ်ပြီး နို့၊ ဒိန်ချဉ်၊ ချိစ်၊ ပဲနို့စသည်တို့ ပါဝင်သည်။ ထိုအရာများတွင် ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓာတ်များစွာပါဝင်သည်။ အောက်ပါဆယ်ချက်က နို့ထွက်ပစ္စည်းများကို ထည့်စားနိုင်သည့် အကောင်းဆုံးနည်းလမ်းများ ဖြစ်ပါသည်။သင်နို့သွားဝယ်ပါက အဆီမပါသော၊ အဆီနည်းသော နို့ကိုရွေးပါ။ မလိုင်ထုတ်ထားသောနို့က ပြည့်ဝဆီနှင့် ကယ်လိုရီပိုနည်းပြီး အာဟာရတူညီစွာပါဝင်သည်။နို့နှင့် ဒိန်ချဉ်က ချိစ်ထက် ပိုကောင်းသောအချက်မှာ ပိုတက်စီယမ်များစွာပါပြီး ဆိုဒီယမ်နည်းခြင်းဖြစ်သည်။ များသောအားဖြင့် ဗီတာမင်ဒီအပြည့်ပါဝင်သည်။သင်ကောက်ပဲသီးနှံနှင့် အုတ်ဂျုံမှုန့်ပေါ်သို့ အဆီနည်းသော နို့ထည့်စားခြင်းက အာဟာရကိုများစေသည်။ ချဉ်သောခရင်အစား အသီးသုပ် သို့မဟုတ် အာလူးဖုတ်ပေါ်တွင် ဒိန်ချဉ်ကိုထည့်စားနိုင်သည်။ချိစ်စားမယ်ဆိုပါက အဆီနည်းသည်ကိုသာ စားသင့်သည်။ ချိစ်မှာပါသော အဆီပမာဏကို တံဆိပ်တွင်ရေးထားလိမ့်မည်။ မဝယ်ခင် မှန်ကန်စွာရွေးနိုင်ရန် တံဆိပ်ကို ဖတ်ပါ။ခရင်ချိစ်သည် နို့ထွက်ပစ္စည်းအစာတွင် မပါဝင်ပါ။ ထိုအရာတွင် ပြည့်ဝသောအဆီများစွာပါပြီး ဗီတာမင်ဒီနည်းသည်။ အခြားခရင်နှင့် ထောပတ်လည်းတူတူပင်ဖြစ်သည်။ချဉ်သောခရမ် သို့မဟုတ် ခရင်ချိစ်စားရန် လိုအပ်ပါက ဒိန်ချဉ်နှင့် အဆီနည်းချိစ်ကို အစားထိုးနိုင်သည်။ အဆီမပါသောနို့ကို အစားထိုးခြင်းကလည်း ကောင်းသည်။နို့ထွက်ပစ္စည်း (ဥပမာ ဒိန်ချဉ်)နှင့် အနံ့ထည့်ထားသော နို့တွင် သကြားအများကြီးပါတတ်သည်။ နို့ထွက်ပစ္စည်းသီးသန့်က သင့်ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်သည်။ သကြားထည့်ထားသော အရာကို ရှောင်ပါ။အပို ကယ်ဆီယမ်ပါခြင်းထက် သင့်မနက်ခင်းအာဟာရကို ပြည့်စုံစေသည်။  အဆီနည်း သို့မဟုတ် အဆီမရှိသော နို့ကို ကော်ဖီလုပ်ချိန်တွင်ထည့်နိုင်သည်။လတ်တို့မတည့်သူတွေအတွက် ပဲနို့က နွားနို့အစားထိုးဖြစ်သည်။ သို့သော် ပါဝင်ပစ္စည်းကို ဖတ်ရန်မမေ့ပါနှင့်။ ပဲနို့စံတစ်ခုတွင် ၃၀၀မီလီဂရမ် ကယ်ဆီယမ်ပါဝင်သည်။သင်သည် မိဘဖြစ်ပါက နို့ထွက်ပစ္စည်းစားခြင်း၏ အရေးကြီးပုံကို သင့်ကလေးအားသိပါစေ။ သင်ကလေးက သင့်ကိုအတုခိုးပြီး သူလိုအပ်သောအာဟာရကိုလေ့လာလိမ့်မည်။အတိုချုပ်ပြောရသော် သင်နို့ထွက်ပစ္စည်းကိုဝယ်ပါက အဆီနည်းသော၊ အဆီမပါသော အရာများကို ရွေးသင့်သည်။ သင်နို့ထွက်အစားအစာလိုအပ်ချက်က သင့်အသက်နှင့် ကျန်းမာရေးအပေါ်မူတည်သည်။ ထိုကြောင့် သင်လိုအပ်ချက်ကို ဆရာဝန်နှင့်တိုင်ပင်ပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/%e1%80%94%e1%80%ad%e1%80%af%e1%80%b7%e1%80%91%e1%80%bd%e1%80%80%e1%80%ba%e1%80%95%e1%80%85%e1%80%b9%e1%80%85%e1%80%8a%e1%80%ba%e1%80%b8%e1%80%a1%e1%80%af%e1%80%95%e1%80%ba%e1%80%85%e1%80%af-%e1%80%91/
ငွေဝင်တော့မယ့် လက်ဖဝါးနုနု ယားယံနေပြီလား
လက်ဖဝါးယားတာနဲ့ ပတ်သက်ပြီး ရှေးလူကြီးတွေက ရွှေ၊ ငွေ၊ ဥစ္စာတစ်ခုခု ဝင်မယ်၊ အိမ်ရဲ့ စီးပွားရေးတွေ တက်တော့မယ်ဆိုပြီး ပြောတာကို ခဏခဏ ပြောတာ ကြားဖူးကြမယ် ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ရှေးအယူဝါဒအကြောင်းတွေ ပြောမှမဟုတ်ဘဲ ကျန်းမာရေးပြဿနာ ရှုထောင့်ကနေပြီးတော့ပဲ ပြောပြပေးချင်ပါတယ်။လက်ကလေးခဏခဏ ယားလို့ ဘာလုပ်ရမှန်းမသိတဲ့ သူတွေအတွက်လည်း ဒီဆောင်းပါးလေးက ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ကျန်းမာရေးအရ ကြီးကြီးမားမား စိုးရိမ်ရလောက်တာမျိုးမဟုတ်ဘဲ ဖြစ်တဲ့အကြောင်းရင်းပေါ် မူတည်ပြီး သေချာကုသမှု ခံယူဖို့ လိုအပ်တဲ့ အရေပြားပြဿနာလို့ ဆိုရမှာပါ။အသားအရေသေချာဂရုမစိုက်ဘဲ ပစ်ထားတာကစလို့မှိုစွဲပြီး ဖြစ်တဲ့ အရေပြားရောဂါအထိကို ပုံစံအမျိုးမျိုး ရှိနိုင်ပါတယ်။များသောအားဖြင့် အသားခြောက်တဲ့သူတွေက သူများထက်ပိုပြီး ယားယံတာ၊အရေပြားကြမ်းတာမျိုး ကြုံရတတ်ပါတယ်။ အေးတဲ့ရာသီမျိုး၊ လက်ကို ရေနဲ့ အကြာကြီး ထိတွေ့မိတဲ့အခါမှာလည်း အစိုဓာတ်နည်းပြီး ခြောက်သွားတတ်ပါတယ်။ ဓာတုဗဒပစ္စည်း (Chemical) အပြင်းစား ပါဝင်တဲ့ ဆပ်ပြာတွေ၊ ကြမ်းတိုက်ဆေးတွေ အသုံးပြုရင်လည်း ယားယံခြင်း ပိုဆိုးတတ်ပါတယ်။ဒါကို ကုသဖို့အတွက် လက်အရေပြားကို အစိုဓာတ်ပြန်ထိန်းပေးဖို့က အဓိက သော့ချက်ပါ။ အရေပြားသည်အစိုဓာတ်များလာလို့ အသားအရေက ပုံမှန်အတိုင်း စိုစိုကြည်ကြည်လေး ဖြစ်လာပြီး အသားခြောက်တာ၊ ယားယံတာတွေ ဖြစ်စေတော့မှာ မဟုတ်ပါဘူး။ ဒီအတွက် ရေချိုးပြီးတိုင်း လက်ကို အစိုဓာတ်ထိန်းခရင်မ် (Moisturizer) ပြန်လိမ်းပေးပါ။ သူများထက်ပိုပြီးအသားခြောက်တဲ့သူတွေဆိုရင်တော့ လက်ဆေးပြီးတိုင်းကို Hand Cream လေး ပါးပါး ပြန်လိမ်းပေးဖို့ လိုပါတယ်။ကိုယ့်လက်နဲ့ ထိတွေ့ကိုင်တွယ်လိုက်တဲ့ အရာဝတ္ထုတွေမှာ ဖုန်တက်နေတယ်၊ ကိုယ်နဲ့ ဓာတ်မတည့်တဲ့ ဓာတုပစ္စည်း တစ်မျိုးမျိုး ရှိနေတယ်၊ ကိုယ်သုံးနေကျမဟုတ်တဲ့ အဝတ်လျှော်ဆပ်ပြာနဲ့ လျှော်ထားတဲ့ အဝတ်ကို ဝတ်ဆင်တဲ့အခါမှာလည်း ဓာတ်မတည့်ခြင်း လက္ခဏာဖြစ်တဲ့ အသားယားယံတာမျိုး ဖြစ်တတ်ပါတယ်။ဓာတ်မတည့်မှု ပြင်းထန်ခြင်း အပေါ်မူတည်ပြီး မိနစ်ပိုင်းအတွင်းကနေ နာရီပိုင်းထိ ယားယံခြင်းဝေဒနာကို ခံစားရနိုင်ပါတယ်။ဒီအတွက် ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို တတ်နိုင်သလောက် စိုစွတ်အောင် လေထုအစိုဓာတ်ထိန်းစက်(Humidifier) အသုံးပြုပေးပါ။ တခြားသူတစ်ယောက်ရဲ့ ပစ္စည်းတွေကို ကိုင်တွယ်မိတဲ့အခါ လက်ကိုဆပ်ပြာ၊ရေနဲ့ ပြန်ဆေးပေးပါ။ ဓာတ်မတည့်ပြီးယားယံလာတဲ့အခါ ဓာတ်မတည့် လက္ခဏာပျောက်ဆေးကို ဆေးဆိုင်ကနေ အလွယ်တကူ ဝယ်သောက်လို့ ရသလို၊ အသားယားယံတာ သက်သာစေမယ့် Lotion လိမ်းပေးလို့လည်း ရပါတယ်။ဆိုရီရေးဆစ် (Psoriasis) လိုမျိုး အရေပြားဆဲလ်များ အဆမတန် ပွားလာမှုကြောင့် အသားခြောက်ပြီး ယားယံတဲ့ ရောဂါ၊ မှိုကြောင့်ဖြစ်တဲ့ အရေပြားနှင်းခူရောဂါတွေဟာ လက်တင်မကဘဲ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ အရေပြားကို သက်ရောက်မှု ဖြစ်စေပြီး ယားယံစေနိုင်ပါတယ်။ ဒီပြဿနာတွေကြောင့် လက်က ယားယံတာဆိုရင်တော့ ကိုယ့်သဘောနဲ့ ကိုယ် ဆေးဝယ်လိမ်းတာထက် အရေပြားဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူဖို့ အရေးကြီးပါတယ်။ ရောဂါပြင်းထန်မှုပေါ် မူတည်ပြီး ရက်သတ္တပတ် အနည်းငယ် ကြာမြင့်နိုင်ပါတယ်။ ကုသနေစဉ်မှာယားယံတာကို သက်သာစေဖို့ အရေပြားဆရာဝန်အနေနဲ့ လိမ်းဆေးအဆီ သို့မဟုတ် Lotion တွေကို ညွှန်းတာမျိုး လုပ်ပေးပါလိမ့်မယ်။ဆီးချိုရောဂါသည်တွေထဲမှာ ရှားရှားပါးပါး တွေ့ရတတ်တဲ့ လက္ခဏာတစ်ခုပါ။ ဆီးချိုရောဂါအခံကြောင့် သွေးတွင်း စီးဆင်းမှုနှုန်း နှေးကွေးတဲ့အခါ အရေပြားဆဲလ် ထုတ်လုပ်နှုန်း နှေးပြီး ယားယံစေနိုင်ပါတယ်။ များသောအားဖြင့်ခြေထောက်မှာ ယားယံတာမျိုး ပိုအတွေ့များပါတယ်။ဆီးချိုကြောင့် ယားယံခြင်း ဖြစ်တဲ့သူတွေအတွက် အဓိက သွေးတွင်းဂလူးကို့စ်ဓာတ်ကို သေချာထိန်းညှိပေးဖို့ လိုပါတယ်။ ကိုယ်နဲ့ မတည့်တဲ့ အစားအစာတွေကို ရှောင်တာ၊အစာအာဟာရကို သေချာဂရုစိုက်တာ၊ ဆီးချိုရောဂါ သောက်ဆေးကို နေ့စဉ် မပျက်မကွက် သောက်တာ၊ ဆေးကုသမှု ခံယူခြင်းဖြင့် ထိန်းနိုင်ပါတယ်။အရေပြားပြဿနာတွေဟာ ရုတ်တရက် ကြည့်လိုက်ရင် ပေါ့သေးသေးလို့ ထင်ရပေမယ့် လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝကို တော်တော်လေး ဒုက္ခဖြစ်စေနိုင်တယ်ဆိုတာ မမေ့ပါနဲ့နော်။ ကိုယ့်ကျန်းမာရေး အခြေအနေ ကိုယ်သာ အသိဆုံးဖြစ်တာမို့ တစ်ခုခုဆိုရင် မပေါ့ဆဘဲ ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ပြီး ကုသမှုခံယူခြင်းသာ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%84%e1%80%bd%e1%80%b1%e1%80%9d%e1%80%84%e1%80%ba%e1%80%90%e1%80%b1%e1%80%ac%e1%80%b7%e1%80%99%e1%80%9a%e1%80%b7%e1%80%ba-%e1%80%9c%e1%80%80%e1%80%ba%e1%80%96%e1%80%9d%e1%80%ab%e1%80%b8%e1%80%94/
ထောပတ်သီး (Avocado)
နွားနို့နဲ့ ဖျော်ပဲသောက်သောက်၊ ဒီအတိုင်းပဲ စားစား၊ အသားလွှာပြီး ဆူရှီထဲ ထည့်စားစား၊ သကြားနဲ့ပဲ တို့စားစား စားလို့ ကောင်းတဲ့ ထောပတ်သီး လေးကို ကြိုက်ကြလား ……. ဒီနေရမှာ အဖြေက ‘yes’ဆိုရင် ဆောင်းပါးလေးက သင့်အတွက်ပါ။ထောပတ်သီး ဆိုတာက ထောပတ်ပင်ရဲ့ အသီးပါ။ အပြင်ခွံ အညိုရောင်၊ ဒါမှမဟုတ် အစိမ်းရောင် ရှိပါတယ်။ အတွင်းသားကတော့ ထောပတ်လို အဝါရောင်ဖျော့ဖျော့ ဒါမှမဟုတ် အစိမ်းရောင် နုနု အနှစ်လေးတွေပါ။ ထောပတ်ပင်က အပင်ကြီးမျိုးဖြစ်ပြီး အသီးတွေက အခိုင်လို်က သီးတတ်ပါတယ်။အသီးက ခပ်ဝိုင်းဝိုင်းလေးတွေ ရှိသလို ရှည်မြောမြောလေးတွေလည်း ရှိပါတယ်။ အရွယ်အစားကတော့ အမျိုးမျိုး ရှိနိုင်ပါတယ်။စားလို့ကောင်းတဲ့ ထောပတ်သီးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ထောပတ်သီးမှာ ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်သလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီဓာတ် များစွာပါဝင်ပါတယ်။လေ့လာမှု တော်တော်များများမှာထောပတ်သီးက ကျန်းမာရေးအတွက် အထောက်အကူ ပြုနိုင်တဲ့ အသီးတစ်မျိုး ဆိုတာကိုတွေ့ရှိခဲ့ပါတယ်။ထောပတ်သီးမှာ ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ အဆီတစ်မျိုးဖြစ်တဲ့ omega 3 fatty acid ကြွယ်ဝစွာပါဝင်ပါတယ်။ထောပတ်သီးမှာ ပါဝင်တဲ့ မပြည့်ဝဆီက ကိုယ်သွေးတွင်း ကိုလက်စထရောဓာတ်ကို ကျင်းစေပြီး နှလုံးကိုကျန်းမာစေပါတယ်။ပရိုတင်းဓာတ်ကြွယ်ဝပြီး သကြားဓါတ်ပါဝင်မှု တော်တော်လေး နည်းပါတယ်။ ထောပတ်သီးရဲ့ ကျန်းမာရေးအကျိုးပြုပုံလေးတွေကို လက်လှမ်းမီသမျှ မျှဝေပေးလိုက်ပါတယ်။ထောပတ်သီးမှာmonounsaturated fat တွေနဲ့ polyunsaturated fatတွေကသွေးတွင်းက အကျိုးမပြုတဲ့ကိုလက်စထရောတွေကို ကျဆင်းစေပြီး နှလုံးရောဂါတွေခံစားရနိုင်ခြေကိုလျှော့ချပေးပါတယ်။အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ homocysteine ပရိုတင်းပမာဏ များလွန်းတာက နှလုံးရောဂါတွေခံစားရနိုင်ခြေကိုတိုးစေနိုင်တယ်ဆိုပေမယ့်ထောပတ်သီးမှာ ဗီတာမင် B6 နဲ့ဖောလစ်အက်ဆစ်ကြွယ်ဝပါဝင်မှုကhomocysteine ပရိုတင်းချေဖျက်ရာကနေထွက်လာတဲ့ အမိုင်နိုအက်ဆစ်ကိုထိန်းညှိပေးပါတယ်။ထောပတ်သီးကလေဖြတ်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်ခြေနဲ့ဆီးချိုဖြစ်ပေါ်ခံစားရနိုင်ခြေတွေကိုလည်းလျှော့ချပေးနိုင်ပါတယ်။ထောပတ်သီးမှာရောင်ရမ်းမှုကိုသက်သာစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ထောပတ်သီးမှာphytosterols ၊ ကာရိုတီးနွိုက်၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊omega 3 fatty acids နဲ့ polyhydroxolated fatty alcoholတွေပါဝင်တာကြောင့် အဆစ်အမြစ်ရောင်ရမ်းနာနဲ့လေးဖက်နာဝေဒနာတွေကို သက်သာစေပါတယ်။ထောပတ်သီးကသွေးတွင်းကအကျိုးမပြုတဲ့ ကိုလက်စထရောတွေကိုကျဆင်းစေပြီးအကျိုးပြုကိုလက်စထရောကို တိုးစေပါတယ်။သွေးတွင်းကိုလက်စထေရောမင့်တဲ့သူတွေအနေနဲ့နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာထောပတ်သီးကိုထည့်သွင်းစားသုံးမယ်ဆိုရင် တစ်ပတ်ကြာတဲ့အခါ ကိုယ်တွင်းက အကျိုးမပြုကိုလက်စထရော ၂၂ ရာခိုင်နှုန်းကျဆင်းပြီး အကျိုးပြုကိုလက်စထရော ၁၁ ရာခိုင်နှုန်းတိုးလာစေပါတယ်၊လို့ဆေးဘက်ဆိုင်ရာ လေ့လာမှုတစ်ရပ်မှာတွေ့ရှိခဲ့ပါတယ်။သွေးတွင်းကိုလက်စထရာပမာဏကောင်းမွန်သူတွေမှာလည်း ပိုမိုကောင်းမွန်အောင်ထောပတ်သီးက အထောက်အကူပြုပေးပါတယ်။ထောပတ်သီးမှာ monounsaturated fat ကြွယ်ဝစွာပါဝင်တာကြောင့် အင်ဆူလင်ဓါတ်တုံ့ပြန်နိုင်စွမ်းမရှိခြင်း (insulin resistance) ကိုရပ်တန့်အောင်လည်း အထောက်အကူပြုပါတယ်။သွေးတွင်းသကြားဓါတ်ထိန်းညှိရာမှာလည်း အထောက်အကူပြုပါတယ်။ ထောပတ်သီးမှာပါတဲ့ ပျော်ဝင်နိုင်တဲ့အမျှင်ဓါတ် ကသွေးတွင်းသကြားဓါတ်ပမာဥကို တည်ငြိမ်အောင်လည်း ထိန်းညှိပေးပါတယ်။ထောပတ်သီးမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုနည်းပြီး အချိုဓါတ်ပါဝင်မှုနည်းတာကလည်းသွေးတွင်းသကြားဓါတ်ထိန်းညှိရာမှာအထောက်အကူပြုပါတယ်။ထောပတ်သီးမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်မှုသွေးပေါင်ချိန်ကိုထိန်းညှိရာမှာ အထောက်အကူပြုပါတယ်။ ပိုတက်ဆီယမ်ဓါတ်က ဆားစားသုံးမှုကြောင့်သွေးတိုးတာကို ထိန်းညှိရာမှာအထောက်အကူပြုပါတယ်။ထောပတ်သီးမှာ မျက်လုံးကြွက်သားတွေ ယိုယွင်းပျက်စီးတာနဲ့ရေတိမ်ဖြစ်တာတွေကိုလျော့ကျစေနိုင်တဲ့carotenoid lutein ပါဝင်တာကြောင့် အမြင်အာရုံကိုကောင်းမွန်စေပါတယ်။Glutathione က ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေတဲ့ အင်အားပြည့်ဝတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေပါတယ်။ပြန်ရည်ကြောဆဲလ်တွေထဲမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့glutathione ပမာဏက သင့်တင့်တဲ့အနေအထားရှိနေမယ်ဆိုရင် ကိုယ်ခံအားစနစ်က အကောင်းမွန်ဆုံးအနေအထားမှာရှိနေမှာဖြစ်ပါတယ်။ထောပတ်သီးမှာglutathione ကြွယ်ဝစွာပါဝင်နေပါတယ်၊ လို့ အမေရိကန်အမျိုးသား တက္ကသိုလ်ကဖော်ပြခဲ့ပါတယ်။ထောပတ်သီးက မိခင်တွေရွေးချယ်စားသုံးသင့်တဲ့ အသီးတစ်မျိုးပါ။ထောပတ်သီးမှာဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်နေပါတယ်။ဖောလစ်အက်ဆစ်က အာရုံကြောပြွန်ချွတ်ယွင်းလိုမျိုး ကလေးငယ်တွေမှာ မွေးရာပါချွတ်ယွင်းချက်မဖြစ်အောင်ကာကွယ်ပေးနိုင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ထောပတ်သီးကိုစားသုံးသင့်ပါတယ်။ထောပတ်သီးက ခံတွင်းကင်ဆာ၊ အရေပြားကင်ဆာနဲ့ဆီးကျိတ်ကင်ဆာတွေအပါအဝင်ကင်ဆာရောဂါတော်တော်များများမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ထောပတ်သီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာနဲ့ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့ အစာမ်းသတ္တိတွေက ကင်ဆာရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။ထောပတ်သီးမှာပါတဲ့ phytochemical က ကင်ဆာဆဲလ်တွေပြန့်ပွားမှုမဖြစ်အောင်တားဆီးပေးသလို ကင်ဆာဆဲလ်တွေကိုသေစေနိုင်စွမ်းရှိပါတယ်။ထောပတ်သီးမှာအမျှင်ဓါတ်ကြွယ်ဝစွာပါရှိမှုက အစာခြေလမ်းကြောင်းကိုကောင်းမွန်အောင်အထောက်အကူပြုသလို၊ ဝမ်းမှန်စေပြီး အူလမ်းကြောင်းကိုကျန်းမာစေပါတယ်။ ကိုယ်အလေးချိန်ကိုလည်းထိန်းညှိပေးနိုင်ပါသေးတယ်။ထောပတ်သီးမှာပါတဲ့ ဗီတာမင် စီ နဲ့ဗီတာမင် အီး (Vitamin E) အရေပြားကိုအာဟာရပြည့်စေပြီး ဝင်းလက်တောက်ပစေပါတယ်။ထောပတ်သီးကို အရေပြားမှာ အနီအပိန့်တွေထွက်တာကို သက်သာစေဖို့အတွက် အသုံးပြုပေးနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-avocado/
ဦးနှောက် ထိခိုက်ခံထားရသူတွေကို ဘယ်လိုကူညီမလဲ
တစ်ခါတစ်ရံ အမြင့်မှ ပြုတ်ကျတာတို့ မတော်တဆမှုတို့ကြောင့် ခေါင်းကိုထိခိုက်မိတဲ့ အခါမှာ ဦးနှောက်ဒဏ်ရာ ရတတ်ပါတယ်။ ဦးခေါင်းနဲ့ မျက်နှာတို့မှာ ထိခိုက်ဒဏ်ရာတွေ ရှိသော်လည်း ဦးနှောက်ထိခိုက်မိတဲ့ လက္ခဏာတွေ ကိုတော့ မတွေ့ ရပါဘူး။ဦးနှောက်ကို ထိခိုက်လားကြည့်ပါ။ဦးနှောက်ထိခိုက်ပြီဆိုရင်တော့ အောက်ပါ နေရာတွေမှာ အပြောင်းအလဲတွေ တွေ့ နိုင်ပါတယ်။တွေးတောကြံဆခြင်းနှင့် မှတ်မိနိုင်ခြင်း။• ရှင်းရှင်းလင်းလင်းမတွေးနိုင်ခြင်း။• နှေးကွေးခြင်း။• အာရုံမစိုက်နိုင်ခြင်း။• အသစ်အသစ်တွေကို မမှတ်သားနိုင်တော့ခြင်း။ရုပ်ပိုင်းဆိုင်ရာများ။• မူးဝေပျို့အန်ခြင်း။• ခေါင်းကိုက်ခြင်း။• အမြင်များေဝဝါးနေခြင်း။• ခေါင်းမူးခြင်း။• ကျယ်လောင်တာနှင့် အမြင်စူးခြင်းများ မခံနိုင်ခြင်း။• ကိုယ်ဟန်ချက်ကို မထိန်းနိုင်ခြင်း။• အင်းအားကုန်ခန်းနေသည်ဟု ခံစားနေရခြင်း။စိတ်ခံစားမှုအခြေအနေများ။• အလွယ်တကူ စိတ်ဆိုး စိတ်ပျက်လွယ်ခြင်း။• ဝမ်းနည်းတတ်ခြင်း။• စိတ်လှုပ်ရှားတတ်ခြင်း။• ပိုပြီးခံစားလွယ်နေခြင်း။အိပ်စက်မှု။• နဂိုထက် ပိုမို အိပ်စက်ခြင်း။• နဂိုထက် အအိပ်အနေ နည်းခြင်း။• အိပ်ပျော်ရ ခက်ခဲခြင်း။သူတို့ ပြန်လည်ကောင်းမွန်အောင် ဘယ်လိုကူညီ နိုင်မလဲ။လူနာကို ကျောင်းတက်ဖို့၊ အလုပ်သွားဖို့ ဆရာဝန်က ခွင့်ပြုမှာ မဟုတ်ပါဘူး။ အဲဒီအချိန်မှာ တတ်နိုင်သလောက် အနားပေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးနှောက်က ပြန်လည်ကောင်းမွန်ဖို့ အနားယူခြင်းကို လိုအပ်ပါတယ်။ ရောဂါကို လျစ်လျူပြုပြီး နဂိုအတိုင်းနေခိုင်းတာဟာ ပိုဆိုးလာစေပါလိမ့်မယ်။ ပြန်ကောင်းဖို့ အချိန်ကြာတာကြောင့် စိတ်ရှည်ဖို့တော့ လိုပါတယ်။လူနာက အိမ်အလုပ်တွေလည်း လုပ်နိုင်အုန်းမှာ မဟုတ်ပါဘူး။ သင်က အိမ်ကို တတ်နိုင်သလောက် အစီအစဉ်တကျ ထားဖို့ လိုအပ်ပါတယ်။ ကလေးထိန်းပေးပါ၊ ထမင်းဟင်းချက်ပေးပါ ဒါမှမဟုတ် သူတို့ကို အားပေးဖို့ ပန်းကလေးများယူသွားပေးပါ၊ ရုပ်ရှင်များပြပေးပါ။ သူတို့ဟာ ဘာမှ သိပ်များများ စားစားမလုပ်ရတာကြောင့် ဖျော်ဖြေရေးတွေက တော်တော်အရေးပါပါတယ်။• နေ့ဘက်မှာ နားနားနေနေ နေပြီး ညဘက်မှာ များများစားစား အိပ်ပါ။• ပင်းပန်းတဲ့ အလုပ်တွေ မလုပ်ပါနှင့် ( ဥမမာအားဖြင့် အိမ်သန့်ရှင်းရေးများ )။ အာရုံစိုက်ရတဲ့ အလုပ်တွေ မလုပ်ပါနဲ့ ( ဥပမာအားဖြင့် စာရင်းအင်းများ )။ ယင်းအလုပ်တွေက ရောဂါအခြေအနေတွေကို ပိုဆိုးစေပြီး၊ ပြန်ကောင်းစေဖို့ ကြာစေပါတယ်။• အတိုက်အခိုက်နဲ့ ကိုယ်လက်အားကစားတွေ ရှောင်ရှားပါ။ နောက်ထပ် ဦးနှောက်ထိခိုက်မှုကို ဖြစ်စေနိုင်ပါတယ်။ (သင့်ရဲ့ အခြေအနေကို ပိုဆိုးသွားစေရုံသာမက နောက်ထပ် ထိခိုက်မှုဖြစ်ပွားနိုင်တဲ့ ရိုလာကိုစတာနဲ့ အခြား အရှိန်ပြင်းပြင်းနဲ့ သွားနေသော အရာများ စီးခြင်းကို ရှောင်ကျဉ်တာ အကောင်းဆုံးပါပဲ )။• သင့်ရဲ့ ကျန်းမာရေး ကျွမ်းကျင်သူက ပြန်လည်ကောင်းမွန်ပါပြီဟု ပြောလျှင်လည်း အလုပ်များအားလုံးကို တစ်ခါတည်း စမလုပ်ပါနှင့်။ ဖြည်းဖြည်းစီ စလုပ်ပါ။• ဦးနှောက် ထိခိုက်မှု အပြီးမှာ သင့်ရဲ့ တုံ့ပြန်နိုင်စွမ်းတွေ နှေးသွားနိုင်တာကြောင့် ဘယ်အချိန်မှာ ကား၊ စက်ဘီး၊ ဆိုင်ကယ် ပြန်မောင်းနိုင်မလဲ၊ အခြားသော စက်ကိရိယာတွေကို ပြန်လည်ကိုင်တွယ်နိုင်မလဲ ဆိုတာ သင့်ရဲ့ ကျန်းမာရေးကျွမ်းကျင်သူကို မေးပါ။• ဘယ်အချိန်တွေ အလုပ်ပြန်လုပ်နိုင်မလဲ ကိုယ့်ရဲ့ ကျန်းမာရေး ကျွမ်းကျင်သူနဲ့ ဆွေးနွေးပါ။ သင့်ရဲ့ အလုပ်ရှင်တွေကို သင်မှာဖြစ်ပျက်ခဲ့တာတွေအား နားလည်ပေးနိုင်ရန် တောင်းဆိုပါ။• အလုပ်ရှင်တွေနဲ့ အလုပ်ကို ဖြည်းဖြည်းချင်း ပြန်ဝင်မယ့်အကြောင်းနဲ့ အလုပ်လုပ်ရတဲ့ ပုံစံ ပြောင်းပေးဖို့ကို ဆွေးနွေးပါ ( ဥပမာအားဖြင့် နေ့တစ်ဝက်ပဲ လုပ်ခြင်း )။• သင့် ကျန်းမာရေး ကျွမ်းကျင်သူက ညွှန်ကြားထားတဲ့ ဆေးတစ်မျိုးထဲသာသောက်သုံးပါ။• သင့်ကျန်းမာရေးကျွမ်းကျင်သူက မပြောမချင်း အရက်ပြန်မသောက်ပါနှင့်။ အရက်သောက်ခြင်းနှင့် ဆေးသုံးခြင်းတွေက ပြန်ကောင်းတဲအချိန်ကို ကြာစေရုံသာမက သင့်ကိုလည်း နောက်ထပ်ထိခိုက်ဒဏ်ရာတွေ ထပ်ရစေပါလိမ့်မယ်။• အရင်ကထက် မှတ်ရခက်လာတဲ့ အရာတွေကို ချရေးထားပါ။• စိတ်ပျံ့တတ်တယ်ဆိုရင် တစ်ချိန်မှာ တစ်ခုပဲ လုပ်ဖို့ ကြိုးစားပါ။ ဥပမာ တီဗီကြည့်ရင်း ထမင်းမစားပါနှင့်။• တစ်ခုခုကို ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် မိသားစု ဒါမှမဟုတ် ရင်နှီးတဲ့ မိတ်ဆွေတွေနဲ့ တိုင်ပင်ပါ။• ကိုယ့်အတွက် အစာ ကောင်းကောင်း စားဖို့နဲ့ ကောင်းကောင်းအနုားယူဖို့လို အဓိက လိုအပ်တာတွေကို မမေ့ပါနှင့်။• ကွန်ပျူတာ/ဗီဒီယို ဂိမ်းကစားတာလို မျက်လုံးအားစိုက်တာတွေ နာလန်ထစမှာ မလုပ်ပါနှင့်။• ဦးနှောက်ထိခိုက်ဒဏ်ရာ ရပြီးကာစလူအချို့ဟာ လေယာဉ် စီးတဲ့အခါမှာ အခြေအနေပိုးဆိုးသွားကြောင်း သိရှိရပါတယ်။ဦးနှောက် ထိခိုက်ခံထားရတဲ့ ကလေးတွေရဲ့ မိဘတွေနဲ့ ထိန်းသိမ်းစောက်ရှောက်သူတွေဟာ စိတ်ပါလက်ပါ ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် ကူညီနိုင်ပါတယ်။• ကလေးကို အနားယူချိန် များများရှိပါစေ။ အအိပ်နောက်ကျတာမျိုးနဲ့ အခြားအိမ်မှာ သွားအိပ်တာမျိုးကို ရှောင်ကျဉ်စေခြင်းအားဖြင့် ပုံမှန်အိပ်ချိန်ကို ထိန်းသိမ်းနိုင်မှာပါ။• ဘေးမကင်းတဲ့ စက်ဘီးစီးခြင်း၊ အားကစားလုပ်ခြင်း၊ အမြင့်တွေတက်ခြင်းနှင့် ရိုလာကိုစတာ စီခြင်းကို ရှောင်ရှားပါ။ ယင်းအရာတွေက နောက်ထပ်ခေါင်းကို ထိခိုက်လာစေနိုင်လို့ပါ။ ကလေးတွေအား ထိုအရာတွေကို ဆရာဝန်က မပြောမချင်း မလုပ်ခိုင်းသင့်ပါဘူး။• မိသားစု သမားတော် ဒါမှမဟုတ် ကလေးအထူးကုဆရာဝန်တွေက ညွှန်ကြားထားသော ဆေးများသာတိုက်ပါ။• ဘယ်အချိန်မှာ ကျောင်းပြန်တက်သင့်သလဲ၊ အခြားလုပ်လုပ်ငန်းဆောင်တာတွေကို ပြန်လုပ်သင့်သလဲနဲ့ ကလေးကြုံတွေ့ရမယ် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ အုပ်ထိန်းသူတွေက ဘယ်လိုကူညီပေးနိုင်မလဲ ဆိုတာ ကျွမ်းကျင်ပညာရှင်များနှင့်ဆွေးနွေးပါ။ ဥပမာ ကလေးက ကျောင်းမှာ နားဖို့ အချိန်လိုတာတို့၊ မကြာခဏနားဖို့တို့နဲ့ စာမေးပွဲ ဖြေရင် အချိန်ပိုလိုတာမျိုးတို့ပါ။• မိဘ၊ ညီအကိုမောင်နှမ၊ ဆရာ၊ ဆရာမ၊ ဆွေးနွေးပေးသူ၊ ကလေးထိန်းများ၊ နည်းပြများနဲ့ ကလေးနဲ့ ပတ်သတ်နေတဲ့ အခြားသောသူတွေကို ကလေးဘာဖြစ်ခဲ့တယ်ဆိုတာနားလည်သဘောပေါက်ပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကလေးနဲ့ ပတ်သတ်တဲ့ အကြောင်းတွေ ဖလှယ်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/%e1%80%a5%e1%80%ae%e1%80%b8%e1%80%b1%e1%82%8f%e1%80%bd%e1%80%ac%e1%80%80%e1%80%b9-%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%81%e1%80%b6%e1%80%91%e1%80%ac%e1%80%b8%e1%80%9b/
Degenerative disc disease (အရွတ်ပြားပျက်သုဉ်းခြင်းရောဂါ)
Degenerative disc disease ဆိုတာ ရောဂါ အစစ်တစ်ခု မဟုတ်ပါ။ အသက်ကြီးလာသည်နှင့် အမျှ သင့်ရဲ့ ကျောရိုးများကြားရှိ အရွတ်ပြားများ တွင် ခံစားရမည့် သာမာန်ပြောင်းလဲမှုများ ပဲဖြစ်ပါတယ်။အသက်ကြီးလာသည်နှင့်အမျှ ကျောရိုးများကြားရှိ အရွတ်ပြားများသည် ရေဓါတ်နည်းပါးလာပြီး ပါးလာကာ ကျောရိုးနှစ်ခုကို ပူးသွားစေပါတယ်။ ထိုအခါ ကျောရိုးရှိ အာရုံကြောများ ဖြတ်သန်းရာ အပေါက်များ ပါကျဉ်းသွားကာ အထူးသဖြင့် သင်လမ်းလျှောက်စဉ်၊ ပြေးစဉ်၊ ခုန်စဉ်တွင် ထိုအရွတ်ပြားက ကောင်းကောင်း မထိန်းထားနိုင်တော့ပေ။ဒီအခြေအနေဟာ ကျောရိုးတစ်လျှောက် အဆစ်မရွေးမှာ ဖြစ်နိုင်ပါတယ်။ ခါးရိုးပိုင်း နဲ့ လည်ပင်းပိုင်း အရွတ်များမှာ အဖြစ်များပါတယ်။ထိုသို့ဖြစ်ပါက။-လည်ပင်း/ခါး နာခြင်း။-အဆစ်များကြား ရှိ အရိုးနုများပါ ပါးလာကာ အရိုးနဲ့ အဆစ်များရောင်ရမ်းခြင်း။-ကျောရိုး အရွတ်ပြား ကျွံထွက်လာခြင်း။-အာရုံကြောမကြီး နေရာ ကျဉ်းလာခြင်း။ထိုအခြေအနေများဟာ အာရုံကြောမကြီး နှင့် အာရုံကြောများပေါ် ဖိအားသက်ရောက်ကာ နာကျင်မှုကို ဖြစ်စေသည့်အပြင် အာရုံကြောလုပ်ငန်းကိုလည်း အနှောက်အယှက်ဖြစ်စေပါတယ်။အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Degenerative disc disease ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။-နောက်ကျော/ခါး/လည်ပင်း နာကျင်ကိုက်ခဲခြင်း (တစ်ဦးနှင့် တစ်ဦးမတူပါ)။ အရွတ်ပြား ပါးသော ပမာဏချင်းတူသော်လည်း လူအများစုတွင် နာကျင်မှုမရှိဘဲ အချို့တွင် နေ့စဉ် လုပ်ငန်းများမလုပ်နိုင်သည် အထိ ပြင်းထန်စွာနာကျင်မှုဖြစ်ပါတယ်။နာကျင်မှုဟာ ပြသနာဖြစ်သော အရွတ်ပြား၏ တည်နေရာပေါ် မူတည်ပါတယ်။ လည်ပင်းရိုးတွင် ဖြစ်ပါက လည်ပင်းနှင့် လက်မောင်းတို့တွင် နာကျင်မှုဖြစ်ပြီး ခါးရိုးတွင်ဖြစ်ပါက ခါး၊ တင်ပါး နဲ့ ခြေထောက်ပိုင်းတို့တွင် နာကျင်စေပါတယ်။ ကုန်းခြင်း၊ တစ်စုံတစ်ခု လှမ်းယူခြင်း၊ ခါးလှည့်လိုက်ခြင်း စသော လှုပ်ရှားမှုများ လုပ်လျှင် ပိုနာကျင်ပါတယ်။နာကျင်မှုဟာ ကားအက်ဆီးဒင့်ကဲ့သို့ ကြီးမားသော ထိခိုက်မှု၊ အနိမ့်မှ ပြုတ်ကျခြင်းကဲ့သို့ အသေးစား ထိခိုက်မှု သို့မဟုတ် တစ်စုံတစ်ခု လှမ်းယူခြင်း၊ ခါးလှည့်လိုက်ခြင်း စသော လှုပ်ရှားမှုများ လုပ်ခြင်း တွင် အစပြုပါတယ်။ ဘာအကြောင်းမှ မရှိဘဲနှင့် လည်းရုတ်တရက် နာကျင်တတ်ပါတယ်။ အချိန်ကြာလာတာနှင့် အမျှ ပိုဆိုးလာတတ်ပါတယ်။အချို့ အခြေအနေများတွင် ခြေထောက် သို့မဟုတ် လက်မောင်းတွင် ထုံကျင်မှုကိုခံစားရစေနိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။အသက်ကြီးလာသည်နှင့် အမျှ ကျေရိုးဆစ်အရွတ်ပြားများ ဟာ တဖြည်းဖြည်း ဆုတ်ယုတ်လာပါတယ်။ ထိုဆုတ်ယုတ်ခြင်းများဟာ။-အရွတ်ပြားများအတွင်းရှိ ရေဓါတ်ဆုံးရှုံးခြင်း- ထိုသို့ဖြင့် အရွတ်ပြားများ၏ ပတ်ဝန်းကျင်လှုံ့ဆော်မှုဒါဏ်များ ကိုခံနိုင်ရည် နည်းသွားစေပါတယ်။ အရွတ်ပြားများ ပါးလာကာ ကျောရိုးနှစ်ခုကို ပူးသွားစေပါတယ်။-အရွတ်ပြား၏ အပြင်ဘက်အလွှာ တွင် အက်ကွဲခြင်း- ထိုသို့ဖြင့် အရွတ်ပြားအတွင်းပိုင်းရှိ ဂျယ်လီပုံ nucleus ဟာအပြင်ကို ကျွံထွက်ကာ ကျိုးပဲ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။ရုတ်တရက် အမြင့်မှ ပြုတ်ကျခြင်း စသော ထိခိုက်ခြင်းများ ကြောင့်လည်း အရွတ်ပြား ဆုတ်ယုတ်ခြင်း အစပြု နိုင်ပါတယ်။ဘယ်အရာတွေက Degenerative disc disease ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။Degenerative disc disease ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်-။-အသက်အရွယ်ကြီးခြင်း။ အသက် ၂၀ ဝန်းကျင်မှာလည်း စောစီးစွာ အိုမင်းခြင်းဖြစ်စဉ်ကြောင့် ဖြစ်နိုင်ပါတယ်။-ဆေးလိပ်သောက်ခြင်း။-ထပ်တလဲလဲ ပြင်းထန် အလုပ်လုပ်ခြင်း(အလေးမခြင်း)။-အဝလွန်ခြင်း။အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့Degenerative disc disease မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်မှ ကိုယ်ခန္ဓါကို စမ်းသပ်စစ်ဆေးခြင်း ။ အထူးသဖြင့် ကျောရိုးနှင့် ခြေ/လက် များ။-သင့်ဆရာဝန်မှ သင့်ခါး မည်မျှ လှုပ်ရှားမှု လုပ်နိုင်သလဲ၊ အာရုံကြောများပါ ထိခိုက်မိနေပြီလား စသည်တို့ကို စမ်းသပ်ပါလိမ့်မယ်။-ကြွက်သားများ ရဲ့ အားနဲ့ တုံ့ပြန်မှုကို လည်း စမ်းသပ်နိုင်ပါတယ်။-ရောဂါလက္ခဏာများ မည်သည့်နေရာတွင် ဖြစ်သည်ကို ပုံကို အသုံးပြု၍ ဖြေဆိုရနိုင်ပါတယ်။-ဓါတ်မှန် သို့မဟုတ် သံလိုက်ဓါတ်မှန် ရိုက်ခြင်းကိုလည်း ပြုလုပ်ခိုင်းတတ်ပါတယ်။နာကျင်မှု သက်သာစေရန် ရေခဲ သို့မဟုတ် အပူကပ်ခြင်း၊ Paracetamol သို့မဟုတ် အခြားသော steroid မပါသော အကိုက်အခဲပျောက်ဆေးများ သုံးခြင်း တို့ကို ပြုလုပ်နိုင်ပါတယ်။ လိုအပ်ပါက ပိုမို ပြင်းသော ဆေးများကို ဆရာဝန်က ညွှန်ကြားနိုင်ပါတယ်။ ဆေးအညွှန်းများကို သေချာစွာ ဖတ်သင့်ပါတယ်။ အဆစ်များရောင်ခြင်း၊ အရွတ်ပြားကျွံထွက်လာခြင်း၊ အာရုံကြောမ နေရာကျဉ်းခြင်း စသည်တို့ ဖြစ်လာပါက အခြားသော ကုသမှုများ လိုအပ်ပါတယ်။-ကျောရိုး နှင့် ကြွက်သား ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ လိုနိုင်ပါတယ်။ အချို့အခြေအနေများတွင် ခွဲစိပ်ရနိုင်ပါတယ်။ ခွဲစိပ်ခြင်းဖြင့် ကျွံထွက်နေသော အရွတ်ပြားကို ဖယ်ထုတ်ခြင်းဖြစ်ပါတယ်။ ထို့နောက် အရိုးနှစ်ခုကို အသေပြန်ဆက်ခြင်း သို့မဟုတ် အရွတ်ပြားအတုလုပ်၍ အစားထိုးခြင်းများ ပြန်လုပ်ရပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက့Degenerative disc disease ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်Degenerative disc disease ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။နာကျင်ခြင်းကို သက်သာစေရန်။-ရက်အနည်းငယ်ခန့် အနားယူခြင်း။-နာကျင်မှုကို ဖြစ်စေသော လှုပ်ရှားမှုများကို ရှောင်ကြဉ်ခြင်း။-ပေါ့ပါး၍ မပြင်းထန်သော လေ့ကျင့်ခန်းများလုပ်ခြင်း(ဆရာဝန် ညွှန်ကြားသည့်အတိုင်း)။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/degenerative-disc-disease-%e1%80%a1%e1%80%9b%e1%80%bc%e1%80%90%e1%80%b9%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%95%e1%80%ba%e1%80%80%e1%80%b9%e1%80%9e%e1%80%af%e1%80%a5%e1%80%b9%e1%80%b8%e1%80%bb/
အမျိုးသားတွေမှာ လိင်စိတ်လျော့နည်းခြင်းရဲ့ အကြောင်းတရားများ
အမျိုးသားတွေမှာ လိင်စိတ်လျော့နည်းခြင်းရဲ့ အကြောင်းတရားများ အကြောင်း လေ့လာလိုက်ရအောင်နော်။လိင်ကိစ္စမှာစိတ်ဝင်စားမှု လျော့နည်းတာဟာ ပုံမှန်ဖြစ်ပြီး လိင်စိတ် စွမ်းအားဟာလည်း ဘဝတစ်လျှောက်မှာ ကွဲပြားမှု ရှိပါတယ်။ သင့်ချစ်သူနဲ့ တစ်ခါတစ်ရံလိင်မဆက်ဆံချင်တာကလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်း အချိန်အကြာကြီး လိင်စိတ် လျော့နည်းတာဟာ အချို့သူတွေအတွက် စိုးရိမ်စိတ်တွေ ဖြစ်ပေါ်စေပါတယ်။ လိင်စိတ် လျော့နည်းခြင်းဟာ မမြင်နိုင်တဲ့ ကျန်းမာရေးအခြေအနေတွေရဲ့ လက္ခဏာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အောက်ဖော်ပြပါအချက်တွေကတော့ အမျိုးသားတွေမှာ လိင်စိတ်လျော့နည်းခြင်းရဲ့ အကြောင်းတရားများ ဖြစ်ပါတယ်။၁။ ယောက်ျားဟော်မုန်းနည်းခြင်း။ယောက်ျားဟော်မုန်းဟာ အမျိုးသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဟော်မုန်းဖြစ်ပါတယ်။ ၎င်းကို ဝှေးစေ့အတွင်းကနေ ထုတ်လုပ်ပါတယ်။ ဒီဟော်မုန်းဟာ ကြွက်သားတွေနဲ့ အရိုးတွေ သန်မာစေပြီး သုက်ပိုးထွက်ရှိမှုကို အားပေးပါတယ်။ ဟော်မုန်းပမာဏဟာလည်း လိင်စိတ်ရရှိဖို့အတွက် အဓိကကျပါတယ်။ သင့်ယောက်ျားဟော်မုန်းပမာဏဟာ ၃၀၀ ကနေ ၃၅၀ ng/dl အောက်ကျပြီဆိုရင်တော့ သင့်မှာ ကျားဟော်မုန်းကျဆင်းနေပါပြီ။ သင့်ယောက်ျားဟော်မုန်းပမာဏကျဆင်းရင် သင့်လိင်စိတ်လည်း ကျဆင်းတတ်ပါတယ်။အသက်ကြီးလာရင်ယောကျာ်းဟော်မုန်းပမာဏလည်း အလိုလိုကျဆင်းတတ်ပါတယ်။ ဒါပေမယ့် လုံးလုံးလျားလျားကျတယ်ဆိုရင်တော့ လိင်စိတ်လျော့နည်းခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ သင့်မှာ ဘာဖြစ်နေတယ်ဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ သင့်ဟော်မုန်းပမာဏ မြင့်မားစေဖို့ အားဖြည့်ဆေးတွေ (သို့) ဆေးဝါးတွေ သောက်သုံးနိုင်ပါတယ်။၂။ ဆေးသောက်ခြင်း။အချို့ဆေးတွေ သောက်သုံးခြင်းကလည်း ယောက်ျားဟော်မုန်းပမာဏကို ကျဆင်းစေခြင်းကြောင့် လိင်စိတ်ကျဆင်းရပါတယ်။ ဥပမာ သွေးတိုးကျဆေးဖြစ်တဲ့ ACEI နဲ့ beta blockers လိုမျိုးဟာ သင့်သုက်လွှတ်ခြင်းနဲ့ လိင်တံထောင်မတ်ခြင်းကို အခက်အခဲဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ယောက်ျားဟော်မုန်းအားနည်းတဲ့ အချက်တွေကို ကြုံတွေ့နေပြီဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။ သူတို့က သင့်ကို အခြားဆေးတွေ ပြောင်းလဲပေးပါလိမ့်မယ်။၃။ ခြေထောက် ဂနာမငြိမ်ဖြစ်တဲ့ ရောဂါ။ခြေထောက် ဂနာမငြိမ်ဖြစ်တဲ့ ရောဂါဟာ ခြေထောက်ကို ထိန်းချုပ်မရနိုင်အောင် တစ်ချိန်လုံးလှုပ်နေတာဖြစ်ပါတယ်။ လေ့လာမှုတစ်ခုအရ ဒီရောဂါရှိတဲ့သူတွေဟာ မရှိတဲ့သူတွေထက် ပန်းညှိုးရောဂါ ပိုမိုဖြစ်စေနိုင်ပါတယ်လို့ ပြောပါတယ်။လေ့လာမှုတစ်ခုမှာတော့ ခြေထောက် ဂနာမငြိမ်တာမျိုး တစ်လမှာ ငါးခါထက် ပိုမိုဖြစ်ပွားတတ်တဲ့ အမျိုးသားတွေဟာ မဖြစ်ပွားတဲ့သူတွေထက် ပန်းညှိုးခြင်းဖြစ်ဖို့ ၅၀% ပိုများတယ်လို့ ဆိုပါတယ်။ ဖြစ်တဲ့ အကြိမ်ရေများလေလေပန်းညှိုးရောဂါဖြစ်နိုင်ခြေ များလေလေပါ။၄။ စိတ်ကျခြင်း။စိတ်ကျခြင်းဟာ လူတစ်ယောက်ဘဝရဲ့ အစိတ်အပိုင်းအတော်များများကို ပြောင်းလဲပစ်နိုင်ပါတယ်။ စိတ်ကျရောဂါရှိသူတွေဟာ သူတို့အရင်ကြိုက်နှစ်သက်တဲ့ လှုပ်ရှားမှုတွေ (လိင်ဆက်ဆံခြင်းအပါအဝင်)ကို စိတ်ဝင်စားမှု လျော့ကျ (သို့) လုံးဝကို စိတ်မဝင်စားပဲ နေတတ်ပါတယ်။ထပ်ပြောရရင် လိင်စိတ်လျော့နည်းခြင်းဟာ စိတ်ကျရောဂါဆေးတွေရဲ့ ဆိုးကျိုးကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် SSRI ဆိုတဲ့ ဆေးပါ။ သင့်မှာ စိတ်ကျဆေးတွေသောက်နေပြီး လိင်စိတ်လျော့နည်းနေတယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။ သင့်ဆရာဝန်က ဆေးပမာဏပြောင်းပေးပါလိမ့်မယ်။ ဒါမှမဟုတ်လည်းနောက်ဆေးတစ်မျိုး ပြောင်းပေးပါလိမ့်မယ်။၅။ နာတာရှည်ရောဂါများ။နာတာရှည် ရောဂါတစ်ခုခုကြောင့် (ဥပမာ ကြာရှည်စွာ နာကျင်ခြင်း)ကြောင့် နေမကောင်းဘူးဆိုရင် လိင်ဆက်ဆံခြင်းကို သင်စိတ်ပါမှာမဟုတ်ပါဘူး။ ကင်ဆာစတဲ့ အချို့ရောဂါတွေဟာ သင့်ခန္ဓာကိုယ်က နေကောင်းဖို့ နေ့စဉ်ကြိုးစားနေတာမို့ သုက်ပိုးပမာဏကျဆင်းစေနိုင်ပါတယ်။နာတာရှည်ရောဂါရှိပြီဆိုရင်လိင်ဆက်ဆံဖော်နဲ့ အဲဒီအချိန် ဘယ်လိုလုပ်ရင် အကောင်းဆုံးဖြစ်မလဲဆိုတာ တိုင်ပင်ပါ။ ကိုယ့်ရဲ့ နာတာရှည်ရောဂါကို ကုသနိုင်ဖို့လည်း ကြိုးစားပါ။၆။ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ။လေ့လာမှု အတော်များများက အိပ်စက်စဉ် အသက်ရှူခဏရပ်သွားတဲ့ ရောဂါ (OSA) ရှိရင် ယောက်ျားဟော်မုန်းပိုမိုနည်းပါးနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာသင့်လိင်စိတ်ကို ကျဆင်းစေပါတယ်။ လေ့လာမှုတစ်ခုမှာ သုတေသီတွေက ပြင်းထန်သော OSA ရောဂါ ရှိသူတွေရဲ့ တစ်ဝက်လောက်ဟာ ညဘက်မှာ ယောက်ျားဟော်မုန်းပမာဏ အတော်နည်းပါးပါတယ်လို့ ဆိုပါတယ်။ သူတို့မှာ အိပ်စက်ချိန်လည်း နည်းပါးတတ်ပါတယ်။ဒီလေ့လာမှုက ယောက်ျားဟော်မုန်း ကျဆင်းခြင်းဟာ အသက်ကြီးတဲ့ အမျိုးသားတွေမှာ အအိပ်နည်းခြင်းနဲ့ ဆက်စပ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။၇။ အသက်ကြီးလာခြင်း။လိင်စိတ် နဲ့ပတ်သက်တဲ့ ယောက်ျားဟော်မုန်းဟာ အမျိုးသားတွေ ဆယ်ကျော်သက်မှာ အများဆုံး ထွက်တတ်ပါတယ်။ အမျိုးသားအများစုဟာ လိင်စိတ် ကွာခြားမှုကို အသက် ၅၅ ကနေ ၆၀ အရွယ်လောက်မှာ သတိထားမိတတ်တယ်လို့ Mayo Clinic က ဆိုပါတယ်။အသက်ကြီးလာတဲ့အခါမှာ လိင်စိတ် အထွတ်အထိပ်ရောက်ဖို့၊ သုက်ပိုးလွှတ်ဖို့နဲ့ သာယာမှုရဖို့ အချိန်ပိုကြာလာတာကိုတွေ့ရမှာပါ။ သင့်ရဲ့ လိင်တံဟာလည်းထောင်မတ်မှု သိပ်မရှိတော့ဘဲ အချိန်ပိုယူရတာကိုတွေ့ရမှာပါ။ ဒါပေမယ့်လည်း ဒီပြဿနာတွေကို ကူညီဖြေရှင်းပေးမယ့် ဆေးတွေ ရှိနေပါပြီ။၈။ စိတ်ဖိစီးမှု။စိတ်ဖိစီးမှုရှိရင်လည်း လိင်စိတ် လျော့နည်းနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ စိတ်ဖိစီးမှုဟာ ဟော်မုန်းပမာဏကို လျော့နည်းစေလို့ ဖြစ်ပါတယ်။ စိတ်ဖိစီးရင် သွေးကြောကျဉ်းလာတတ်ပါတယ်။ သွေးကြောကျဉ်းခြင်းဟာ သွေးလည်ပတ်မှုကို လျော့နည်းစေပြီး ဒါဟာ လိင်တံထောင်မတ်မှုဆိုင်ရာ ပြဿနာကို ဖြစ်စေနိုင်ပါတယ်။ The Journal of Nervous and Mental Disease ထဲမှာပါတဲ့ လေ့လာမှုတစ်ခုက စိတ်ဖိစီးမှုဟာ လိင်မှု ပြဿနာတွေအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်လို့ ဆိုပါတယ်။ရေးသားသူ –Dr . Phyu Mon Latt။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/conditions-that-cause-low-libido-in-man/
ဇက်ရိုးကျီးပေါင်း- ဦးနှောက်၊ ကျောရိုးရှိအာရုံကြောမကြီးနဲ့ အာရုံကြောပုံမမှန်မှုများ
လူအများစုက သူတို့တစ်သက်မှာ အနည်းဆုံးတစ်ခါတော့ လည်ပင်းနာတာ ခံစားဖူးကြတယ်။ အသက်ကြီးတဲ့လူတွေမှာ လည်ပင်းနာတာက ဇက်ရိုးကျီးပေါင်းရဲ့ လက္ခဏာဖြစ်စေနိုင်တယ်။ ဒါက ဦးနှောက်၊ ကျောရိုးအာရုံကြောမကြီးနဲ့ အာရုံကြောတွေကို ထိစေနိုင်တဲ့အတွက် လူတိုင်းဒီရောဂါအကြောင်း သိထားသင့်တယ်။ဇက်ရိုးကျီးပေါင်းဆိုတာက လည်ပင်းမှာရှိတဲ့ ကျောရိုးမကြီးရဲ့ အရိုးတွေ၊ အဆစ်တွေ၊ အဆစ်ကြားကအပြားတွေက ပုံမမှန်ဘဲ ပြန်လည်တည်ဆောက်တဲ့အချိန်မှာ အတွေ့ရများပါတယ်။ ဒီပြောင်းလဲခြင်းက အသက်ကြီးလာလို့ ဖြစ်တဲ့ယိုယွင်းမှုပါပဲ။သင်အသက်ကြီးလာတာနဲ့အမျှ သင့်လည်ဆစ်ရိုးတွေက ယိုယွင်းပျက်ဆီးလာတယ်။ သူတို့က ကျိုးလွယ်လာတယ်။ အလည်က ပျော့တဲ့နေရာက ဟနေတဲ့နေရာကတစ်ဆင့် အပြင်ကိုထွက်လာပြီး ကပ်တတ်တယ်။ ဒါက ကျောရိုးမကြီးကို ကာကွယ်မှု ကျစေတယ်။အရိုးတွေက သူတို့ဘာသာ ပြန်ပြင်တဲ့အခါ အလွန်အမင်းကြီးထွားလာပြီး ကျောရိုးအထဲက နေရာလွတ်ကို ကျဉ်းသွားစေတယ်။ အဲ့နေရာလွတ်ထဲမှာ အာရုံကြောမကြီးရှိတယ်။ အာရုံကြောမကြီးက ပိပြားသွားပြီး ပျက်ဆီးလွယ်လာတယ်။ဇက်ရိုးကျီးပေါင်းက သက်လတ်ပိုင်းနဲ့ အသက်ကြီးသူတွေမှာ တွေ့ရများပါတယ်။ ဒါက အသက်၅၅နှစ်အထက်လူကြီးတွေမှာ တွေ့ရများတဲ့ ကျောရိုးပြဿနာတစ်ခုဖြစ်တယ်။ မွေးရာပါ ဇက်ရိုးအလယ်က နေရာလွတ်ကျဉ်းတဲ့လူတွေမှာ ဇက်ရိုးကျီးပေါင်းက ပိုဆိုးတတ်တယ်။ဇက်ရိုးတွေ အိုမင်းလာတာက ဇက်ရိုးကျီးပေါင်းကို ဖြစ်စေတဲ့ အဓိကအချက်ပါပဲ။ လည်ပင်းရိုးကြားက အဆစ်တွေနဲ့ အဆစ်ပြားတွေ ယိုယွင်းလာတာကို ပြန်တည်ဆောက်တာနဲ့ ပုံမှန်အဟုတ်ဘဲ အရိုးတွေကြီးထွားလာတာလည်း ပါပါတယ်။ဒီပြောင်းလဲမှုဟာ အာရုံကြောအမြစ်တွေ၊ အာရုံကြောမကြီးနဲ့ ဦးနှောက်ကို ဖိထားသလိုဖြစ်နိုင်ပါတယ်။ ဒီဟာက ခြေထောက်တွေ၊ လက်တွေကို သက်ရောက်မှုရှိစေပါတယ်။သင်က အလုပ်ကြိုးစားလွန်းလျှင် သို့မဟုတ် အားကစားလုပ်လျှင် ဇက်ရိုးကျီးပေါင်း ဖြစ်စေနိုင်ပါတယ်။တခြားဖြစ်စေသော အချက်များမှာ-။– ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်း။– ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း။– အလွန်လေးလံသော အရာများမခြင်း၊ ရှေ့သို့ကွေးလွန်းခြင်း၊ နောက်သို့ကွေးလွန်းခြင်း။– လည်ပင်းကို ဒဏ်ရာရဖူးခြင်း။( ဥပမာ – မတော်တဆမှုများ ဖြစ်ဖူးခြင်း။)။– လည်ပင်းအဆစ်ပြား ကျွံနေခြင်း။– လည်ပင်းကျောရိုးကြီးရှိ အရိုးများကျိုးနေခြင်း။– ဆေးလိပ်သောက်ခြင်း။ဇက်ရိုးကျီးပေါင်းဖြစ်ဖို့ အချိန်လိုပါတယ်။ ဒါပေမယ့် ရောဂါက ရုတ်တရက်ကြီး ဆိုးလာနိုင်ပါတယ်။ဇက်ရိုးကျီးပေါင်းရောဂါကို သေချာသိဖို့ ဆေးရုံကြီးတွေမှာ စစ်ဆေးဖို့လိုသော်လည်း ရောဂါရဲ့ အစောပိုင်း လက္ခဏာတွေကိုကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။– သင်ဟာ ဇက်တောင့်တင်းပြီး နာကျင်မှုကို စတင်ခံစားရနိုင်ပြီး အချိန်ကြာတာနဲ့အမျှ ပိုဆိုးသွားတတ်ပါတယ်။– နာကျင်မှုက အကြာကြီး မတ်တပ်ရပ်ပြီးချိန် သို့မဟုတ် ထိုင်ပြီးချိန်၊ ညဘက်၊ ဇက်ရိုးကိုထိစေတဲ့ အပြုအမူတွေ (ဥပမာ- နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ ရယ်ခြင်း၊ လည်ပင်းကို ရှေ့သို့မဟုတ် နောက်ကိုရုတ်တရက် လှုပ်ရှားတဲ့အခါ)တွင် အဖြစ်များပါတယ်။– ပုခုံး သို့မဟုတ် လက်တွေ ထုံခြင်း သို့မဟုတ် အာရုံခံစားမှု အရှိခြင်း။– ခေါင်းကိုက်ခြင်း။တခါတလေ သင်ဟာဘာလက္ခဏာမှ မခံစားရတာ၊ ကြွက်သားအနည်းငယ်အားနည်းရုံလောက်သာ ဖြစ်စေနိုင်ပါတယ်။ အတွေ့ရနည်းတဲ့ လက္ခဏာများမှာ-။– ခြေထောက်တွေ ထုံခြင်း၊ အာရုံခံစားမရခြင်း။– ဆီး၊ဝမ်းတွေ မထိန်းနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ( သင်မဖြစ်ချင်ဘဲ ဆီး၊ ဝမ်းတွေ ထွက်ကျတာမျိုး ဖြစ်တတ်ပါတယ်။)။ဇက်ရိုးကျီးပေါင်းက အသက်ကြီးတဲ့လူတွေမှာ ဖြစ်တတ်တဲ့ ပုံမှန်အရိုးတည်ဆောက်မှုပဲ ဖြစ်ပြီး ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောတွေကို ထိခိုက်စေပါတယ်။ ဒီအခြေအနေမှာ သင်က ဇက်ရိုးတွေတောင့်တင်းပြီး နာကျင်တာကို ခံစားရနိုင်ပါတယ်။ လည်ပင်းက အရိုးတွေ၊ ကြွက်သားတွေကို လှုပ်ရှားရင် နာကျင်တာက ပိုဆိုးလာနိုင်ပါတယ်။Hello Health Group သည် ဆေးပညာနဲ့ဆိုင်သော အကြံဉာဏ်ပေးခြင်း၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းများ မလုပ်ဆောင်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/%e1%80%87%e1%80%80%e1%80%ba%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%bb%e1%80%ae%e1%80%b8%e1%80%95%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8-%e1%80%a6%e1%80%b8%e1%80%94%e1%80%b1/
အာဟာရလည်းပြည့်ကလေးလည်းကြိုက်အောင်ဘယ်လိုပြင်ပေးမလဲ
ကိုယ်ပြင်ပေးတဲ့အစားအစာကို ကလေးက အားရပါးရစားရင် မေမေတွေအနေနဲ့ ပီတိဖြစ်တယ်ဟုတ်။ ဒီဆန္ဒကလည်း အမြဲပြည့်တယ်တော့မဟုတ်ဘူးလေ။ ဒီဆန္ဒပြည့်ဖို့ဆိုရင် မေမေတို့က အာဟာရပြည့်ဝတဲ့အစားအစာတွေကို ကလေးအကြိုက်ဖြစ်အောင် ပြင်ဆင်ပေးဖို့လိုပါမယ်။ ဒီလိုမျိုးကလေးကို အာဟာရပြည့်ဝတဲ့အစားအစာတွေကို သူတို့စိတ်ကြိုက်ဖြစ်အောင်ပြင်ဆင်ပေးဖို့ဆိုရင်မေမေတို့သိထားသင့်တဲ့လျှို့ဝှက်ချက်လေးတွေရှိပါတယ်။ ဒီလျှို့ဝှက်ချက်လေးတွေကို ဒီဆောင်းပါးထဲကနေပြောပြပေးမယ်နော်။ကြီးထွားဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့ ကလေးတစ်ယောက် အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေဖို့ဆိုရင်။ကလေးက အစားအစာတွေကိုနှစ်ခြိုက်စွာစားသုံးဖို့ဆိုရင်အရသာအပြင် အပြင်အဆင်ကလည်း တော်တော်လေးသက်ရောက်မှုရှိနေတာပါ။ ဒါကြောင့် ကလေးအကြိုက်တွေ့စေဖို့ အရသာကောင်းဖို့ရော၊ အပြင်အဆင်လေးကပါစားချင်စဖွယ်ဖြစ်နေအောင်လုပ်ဆောင်ဖို့လိုပါမယ်။ ဒီတော့။ထမင်းကိုအရုပ်ပုံလေးတွေလိုမျိုးပုံဖော်ပေးပါ– အခုနောက်ပိုင်းဆိုရင် ပုံဖော်တဲ့ ပုံစံခွက်လေးတွေကိုလည်း အလွယ်တကူဝယ်ယူလို့ရနေပါပြီ။ ထမင်းကို ကလေးကြိုက်တဲ့ ကာတွန်းဇာတ်ကောင်ပုံမျိုးလေးလုပ်ပေးတာက ကလေးကို ထမင်းစားချင်စိတ်ဖြစ်အောင် လှုံ့ဆော်ပေးနိုင်မှာပါ။အသားကိုကြော်ကျွေးတာ–အသားကို စားရလွယ်တဲ့အတုံးလေးတွေတုံးပြီး ကြော်ပေးတာ၊ ဒါမှမဟုတ် ကလေးကြိုက်တဲ့နို့ခဲလိုအရာမျိုးနဲ့ တွဲစပ်ပြီးကြော်ပေးတာ၊ မရိုးနိစ်နဲ့တွဲစားစေတာမျိုးကလည်း ကလေးကို အစားစားစေမယ့်နည်းလမ်းလေးတွေထဲကတစ်ခုပေါ့။ကြက်ဥကိုပြုတ်ပေးပါ– ကြက်ဥကို ပြုတ်ပြီးရင်လည်း ဒီအတိုင်းပြင်ပေးတာမျိုးထက် အရုပ်ပုံလေးတွေပုံဖော်ပြီး လှီးပေးပြင်ဆင်ပေးတာက ကလေးကို စားချင်စိတ်ပိုဖြစ်စေမှာပါ။ဟင်းရည်ကိုအရောင်အသွေးစုံစုံလင်လင်လေးချက်ပေးပါ– ကလေးအတွက် စွပ်ပြုတ်ပြုတ်ပေးတဲ့အခါအသားစွပ်ပြုတ်ထဲကို ဟင်းရည်ဆူလာမှ အရွက်လေးကို ထည့်ပြုတ်ပေးပြီး စိမ်းစိမ်းလေးဖြစ်နေအောင်လုပ်ပေးပါ။မုန်လာဥနီကို ပုံလှလှလေးဖော်ပြီး ထည့်ပေးတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးကိုလည်း စားချင်စဖွယ်ဖြစ်စေမှာဖြစ်သလို အာဟာရလည်း ပြည့်ဝစေမှာပါ။အရွက်ကြော်ပေးတဲ့အခါမှာလည်းလှပနေဖို့ဂရုစိုက်ပါ–အသီးအရွက်တွေကြော်ပေးတဲ့အခါမှာလည်း ပဲသီးလေးတွေကို လှလှလေးလှီးတာ၊ မုန်လာဥနီကို ပန်းပွင့်ပုံလေးတွေပုံဖော်တာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးကို အမျှင်ဓာတ်ကြွယ်ဝစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။သစ်သီးလေးတွေကိုလှလှလေးပြင်ဆင်ပေးပါ– သစ်သီးလေးတွေကိုလည်း စားရလွယ်အောင် အရွယ်တော်အတုံးလေးတွေတုံးပေးတာ၊ လှလှပပလေးပုံဖော်လှီးပေးတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးကို သစ်သီးစားချင်စိတ်ဖြစ်စေမှာ အသေအချာပါ။ သစ်သီးတွေမျာလည်း ကလေးတစ်ယောက်ကို ကျန်းမာဖွ့ထွားစေဖို့ လိုအပ်တဲ့အာဟာရဓာတ်တွေပြည့်ဝစွာပါဝင်နေပါတယ်။ဒိန်ချဉ်– ဒိန်ချဉ်ကို အသီးလေးတွေနဲ့ရောပြီး ပြင်ဆင်ပေးတာက အမြင်လှသလို စားရတာလည်း အရသာရှိပါတယ်။ ကလေးအရိုးနဲ့သွားတွေသန်မာစေဖို့ လိုအပ်တဲ့ ကယ်လ်ဆီယမ်ကြွယ်ဝစေနိုင်သလို ပရိုတင်းနဲ့အကျိုးပြုဘက်တီးရီးယားတွေလည်းကြွယ်ဝစွာပါဝင်နေပါတယ်။ငါး– ကလေးကို ငယ်စဉ်ကတည်းက ငါးစားတတ်တဲ့အကျင့်ကိုမွေးမြူပေးပါ။ ဒါက ကလေးကိုဉာဏ်ရည်ထက်မြက်စေနိုင်သလို ခန္ဓာကိုယ်ဖွံ့ဖြိုးစေဖို့အတွက်လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အရိုးသေချာနွှင်ပြီး ငါးကျွေးပေးပါ။သစ်သီးဖျော်ရည်– ကလေးကို အသင့်သောက်အချိုရည်ဘူးတွေပေးသောက်တာက ကလေးကျန်းမာရေးကိုရော ဉာဏ်ရည်ကိုပါထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်ကလေးကို သဘာဝသစ်သီးတွေကိုကြိတ်ပြီး အိမ်မှာကိုယ်တိုင်ဖျော်ထားတဲ့ အသီးဖျော်ရည်လေးကိုပြင်ဆင်ပေးပါ။ ဒါကကလေးကို ခန္ဓာကိုယ်ကျန်းမာစေဖို့ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်ကိုပြည့်ဝစေမှာဖြစ်သလို ကလေးကိုလည်းရေဓာတ်လည်းပြည့်ဝစေမှာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/important-characteristics-of-healthy-eating/
အာရုံစူးစိုက်မှုကို ပျက်ပြားစေသည့်အရာများ
လူတိုင်းလူတိုင်းဟာ သူတို့အလုပ်တွေပြီးစီးနိုင်ဖို့ အာရုံစူးစိုက်မှုလိုပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကျွန်တော်တို့တွေကိစ္စတစ်ခုခုကြောင့် စူးစိုက်မှုပျက်ပြားတတ်တယ်။ ဒါကြောင့် ဒီလိုအာရုံလွဲတာတွေ မဖြစ်ရအောင် အာရုံစူးစိုက်မှုပျက်ပြားစေတဲ့ အချက်လေးတွေသိထားသင့်ပါတယ်။အလုပ်များများ တစ်ခါတည်းလုပ်ခြင်း။အတော်များများတွေးကြတာက အလုပ်များများ တစ်ခါတည်းလုပ်ခြင်းဟာ အချိန်ကုန်သက်သာစေတယ် ဆိုတာပါပဲ။ တကယ်တော့ မမှန်ပါဘူး။ အလုပ်တစ်ခုကနေတစ်ခုကိုအာရုံပြောင်းနေရတာကအချိန်ပိုကုန်စေပါတယ်။ အလုပ်တွေကအာရုံစူးစိုက်မှု သိပ်မလိုရင် ဒါမှမဟုတ် အရမ်းအလောတကြီးဖြစ်နေမှသာအလုပ်များများ တစ်ခါတည်းလုပ်သင့်တယ်။ဖုန်းနဲ့ အီလက်ထရောနစ်ပစ္စည်းများ။ဖုန်းနဲ့ စကားပြောရင်အချိန်တော်တော်ကုန်ပါတယ်။ ချက်ချင်းဖုန်းသံမြည်လာတာကလဲကိုယ်စိတ်အာရုံကိုပျက်စေတတ်တယ်။ ဒါ့အပြင် လူမှုဆက်သွယ်ရေးတွေဖြစ်တဲ့ facebookနဲ့ twitter တို့ကသင့်ကို လိုင်းပေါ်မှာကြာကြာရှိစေနိုင်ပြီးလိုင်းသုံးတာ chatting ထိုင်တာအတွက် အချိန်တော်တော်ပုပ်သွားစေနိုင်တယ်။မပြီးသေးတဲ့ အလုပ်တွေကိုစိတ်ပူပန်နေခြင်း။မပြီးသေးတဲ့ အလုပ်တွေကိုစိတ်ပူပန်နေတာကလက်ရှိအလုပ်ပေါ်အာရုံစူးစိုက်မှုလျော့စေတယ်။ နည်းလမ်းတစ်ခုကတော့ မပြီးသေးတဲ့ အလုပ်တွေကိုစာရွက်တစ်ခုပေါ်ချရေးတာပါ။ အံ့သြစရာကောင်းတာကဒါဟာသင့်ကိုကောင်းကောင်းနားရစေတယ်။ဗိုက်ဆာခြင်း။ဗိုက်ဆာပြီး အားပြတ်နေတာဟာ အာရုံစူးစိုက်မှုပျက်စေတတ်တယ်။ ဒါကြောင့် သင့်တစ်နေ့တာကိုဗိုက်ဟောင်းလောင်းနဲ့ မစတင်ပါနဲ့။ တူညီတာတစ်ချက်ကလဲသင်ပင်ပန်းနေရင် အာရုံလွတ်နိုင်တယ်။ အကြောင်းရင်းကတော့ သင်အိပ်ရေးမဝလို့ပါ။ အကောင်းဆုံးနည်းကတော့ ညဘက်၈နာရီပြည့်အောင်အိပ်ပါ။ အလုပ်လုပ်ဖို့ပင်ပန်းနေရင်လည်း တစ်ရေးလောက်အိပ်နိုင်ပါတယ်။အလုပ်အရမ်းများနေခြင်း။လုပ်စရာတွေကတောင်လိုပုံနေတဲ့အခါ သင့်မှာအသက်ရှူ ရတောင်ခက်လာပြီးအာရုံမစိုက်နိုင်တော့ပါဘူး။ ဒီကိစ္စကိုstress လို့လည်းခေါ်ပါတယ်။ ခံစားရတာတွေကတော့ ခေါင်းကိုက်တာ ရင်တုန်တာနဲ့ ဇက်ကြောတက်တာတွေဖြစ်ပါတယ်။ပျင်းရိခြင်း။ကျွန်တော်တို့ပျင်းရိငြီးငွေ့လာပြီဆိုရင် လုပ်နေတဲ့အလုပ်ကလွဲပြီးကျန်တာတွေကတော်တော်စိတ်ဝင်စားဖို့ကောင်းလာတတ်တယ်။ ဒီအချက်ကိုဖြေရှင်းဖို့ကကောဖီသောက်ဖို့နားတာတို့ဘာတို့လုပ်ပြီးမှ အလုပ်ဆက်လုပ်ပါ။အာရုံစူးစိုက်မှုပျောက်ဆုံးနေတာဟာ ဖန်တီးနိုင်စွမ်းကိုကျစေရုံသာမက စိတ်ပျက်စရာလည်းဖြစ်ပါတယ်။ အပြန်အလှန်အနေနဲ့ စူးစိုက်မှုကောင်းတာဟာ အလုပ်နဲ့စာမှာပါ ဖန်တီးမှုအားကောင်းစေပါတယ်။ ဒီလို အာရုံစူးစိုက်မှုပျက်ယွင်းစေတဲ့အရာတွေကနေ ဝေးဝေးနေပြီး အလုပ်ကိုအောင်မြင်အောင်လုပ်တတ်ပါစေ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/%e1%80%a1%e1%80%ac%e1%80%9b%e1%80%b6%e1%80%af%e1%80%85%e1%80%b0%e1%80%b8%e1%80%85%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%99%e1%82%88%e1%80%80%e1%80%ad%e1%80%af-%e1%80%95%e1%80%ba%e1%80%80%e1%80%b9/
Motion sickness ကြောင့် morning sickness ပိုဆိုးသွားနိုင်သလား
မေမေဖြစ်တဲ့သူတိုင်းတော့ မဟုတ်ပေမယ့် မေမေတော်တော်များများကတော့ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားရချိန်မှာ morning sickness လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်ကာလပျို့အန်မှုလက္ခဏာကိုခံစားရလေ့ရှိကြပါတယ်။ ဘာပဲစားစား အန်ချင်နေမယ်၊ အနံ့တစ်မျိုးမျိုးရရင်တောင် အန်ချင်နေတာမျိုးပေါ့။ ဒီလိုအချိန်မှာ မဖြစ်မနေသွားစရာပေါ်လာလို့ ခရီးသွားရပြီဆိုပါတော့ နဂိုကတည်းက ကားကလည်း မူးတတ်တယ်ဆိုရင် သေချာတာကတော့ Motion sickness (ကားမူးတာ) ကိုရောmorning sicknessလို့ခေါ်တဲ့ (ကိုယ်ဝန်ဆောင်ကာလပျို့အန်မှုလက္ခဏာ) ကိုပါ ခံစားရတော့မှာပါ။ အရမ်းပင်ပန်းမယ်ဆိုတာ ပြောနေစရာတောင် မလိုအောင်ပါ။ဒီနေရာမှာ ခရီးသွားမယ့် လေဒီဗိုက်လေးအနေနဲ့ မေးချင်နေမိနိုင်တဲ့ မေးခွန်းတစ်ခုကတော့ ဘေဘီလေးကို လွယ်ထားရတာ ကြောင့် ခံစားရနိုင်တဲ့ morning sickness ကြောင့် Motion sickness ပိုဆိုးသွားမလားဆိုတာပါ။ အဖြေလေးကို တူတူဆက်ကြည့်လိုက်ရအောင်နော်။ဟုတ်ပါတယ်။ ကိုယ်ဝန်ဆောင်နေရချိန်မှာ ကိုယ်တွင်းမှာ human chorionic gonadotropin (HCG) လို့ခေါ်တဲ့ ဟော်မုန်းက ပုံမှန်ထက်ပိုများနေသလို သွေးတွင်းသကြားဓာတ်ကျဆင်းနေမှုက morning sickness (ကိုယ်ဝန်ဆောင်ကာလပျို့အန်မှု လက္ခဏာ)ကို ခံစားရစေနိုင်ပါတယ်။ ဒီအချိန်မှာ ပုံမှန်ထက် ပိုပင်ပန်းနေတတ်ပြီး အစားတစ်ခုခုစားရင်ဖြစ်ဖြစ်၊ အနံ့တစ်ခုခုရရင်ဖြစ်ဖြစ် ပျို့ချင်အန်ချင်ဖြစ်နေနိုင်ပါတယ်။ ဒီအခြေအနေက ကားမူးတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အဖြေကတော့ morning sickness (ကိုယ်ဝန်ဆောင်ကာလ ပျို့အန်ခြင်း) က Motion sickness (ကားမူးတာ) ကိုပိုဆိုးစေနိုင်သလို Motion sickness (ကားမူးတာ) ကြောင့်လည်း morning sickness (ကိုယ်ဝန်ဆောင်ကာလ ပျို့အန်ခြင်း) ပိုဆိုးသွားနိုင်ပါတယ်။ပြဿနာရှိရင် အဖြေရှိစမြဲပါ။ ဒီလိုပါပဲ။ ကားမူးတာနဲ့ ကိုယ်ဝန်ဆောင်ကာလပျို့အန်မှုတွေကို သက်သာစေမယ့် နည်းလမ်းလေးတွေရှိပါတယ်။ ဒါကတော့ ကိုယ်ဝန်ကြောင့်ပျို့အန်နေပါတယ်ဆိုမှ ခရီးကလည်း မဖြစ်မနေသွားရတော့မယ် ဆိုရင် ခရီးစဉ်တလျှောက်မှာ ဒီအချက်လေးတွေကို လုပ်ကြည့်လိုက်ပါ။ရေများများသောက်ပါ– ရေဓာတ်ပြည့်ဝနေမှုက motion sickness ကိုရော morning sickness ကိုပါသက်သာစေနိုင်ပါ တယ်။ကိုယ်လက်လှုပ်ရှားမှုရှိပါစေ– ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာကလည်း ဒီမူးဝေမှုပြဿနာတွေကို ကင်းစေနိုင်ပါတယ်။ ဒါကြောင့် လမ်းလျှောက်တာလိုမျိုး သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလေးလုပ်ပေးပါ။အိပ်ရေးဝဝအိပ်ပါ– အိပ်ရေးဝဝအိပ်တာ၊ သက်တောင့်သက်သာဖြစ်အောင် နေထိုင်တာကလည်း ကားမူးတာကိုရော ကိုယ်ဝန်ဆောင် အစောပိုင်းကာလ ပျို့အန်တာကိုပါ သက်သာစေနိုင်ပါတယ်။ဖောလစ်အက်ဆစ်သောက်ပါ– ကိုယ်ဝန်ဆောင်ကာလ ၃ လနောက်ပိုင်းလောက်ရောက်ပြီဆိုရင်တော့ ကိုယ်ဝန်ဆောင်ကာလပျို့အန်တာကို သက်သာစေဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဖောလစ်အက်ဆစ်သောက်ပေးပါ။သီချင်းနားထောင်ပါ– ဒါကစိတ်သက်သာရာရစေပြီး ကားမူးတာကိုသက်သာစေနိုင်သလို ကိုယ်ဝန်ဆောင်ကာလ ပျို့အန်တာကိုလည်း သက်သာစေနိုင်ပါတယ်။လေရှုပါ– အလွယ်ကူဆုံး နဲ့ အရိုးစင်းဆုံးနည်းလမ်းတစ်ရပ်ပါ။ ကားမူးနေတဲ့အခါမျိုးမှာရော ကိုယ်ဝန်ကြောင့် ပျို့အန်မှုကိုပါ သိသိသာသာ သက်သာစေနိုင်မှာပါ။ဆေးသောက်ပါ-ဆရာဝန်နဲ့တိုင်ပင်ပြီး ကားမူးတာကို သက်သာစေမယ့်ဆေးတစ်မျိုးမျိုးကိုသောက်ပေးလို့ရပါတယ်။ ဒါကလည်းလေဒီဗိုက်တို့ကို ကားမူးတာ သက်သာစေမယ့်နည်းလမ်းတစ်ရပ်ပါ။ခရီးကလည်း မဖြစ်မနေသွားရတော့မယ်ဆိုရင် ဒီနည်းလမ်းလေးတွေကိုသုံးလို့ မူးဝေမှုကင်းကင်းနဲ့ ခရီးသွားလိုက်ပါ လေဒီဗိုက်လေးတို့ရေ……..။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/first-trimester-being-pregnant/link-between-motion-sickness-morning-sickness/
Broken Forearm (လက်ဖျံရိုးကျိုးခြင်း)
လက်ဖျံရိုးဆိုတာက တံတောင်ဆစ်နဲ့လက်ကောက်ဝတ်ကြား။မှာရှိတဲ့နေရာကိုဆိုလိုပါတယ်။၎င်းနေရာကိုအရိုးနှစ်ခုနဲ့ ပြ ုလုပ်ထားပါတယ်။ ulna နဲ့ radius အရိုးနှစ်ခုပါ။Ulna အရိုး။က တံတောင်ဆစ်ထိပ်ကနေ လက်ကောက်ဝတ်ရိုးရဲ့ လက်သန်းဘေးဘက်ထိသွားပါတယ်။radius အရိုးကတော့။နည်းနည်းပိုကြီးတဲ့အရိုးဖြစ်ပြီးတံအောင်ဆစ်ကနေလက်မအောက်ခြေနားအထိသွားပါတယ်။လက်ဖျံရိုးတွေဟာနည်းမျိုးစုံနဲ့ကျိုးနိုင်ပါတယ်။ သာသာလေး။ကျိုးတာပဲဖြစ်ဖြစ် အစိတ်စိတ်အမွှာမွှာကျိုးတာပဲဖြစ်ဖြစ် ကျိုး။နိုင်ပါတယ်။ ကျိုးနေတဲ့အရိုးအစတွေကတည့်တည့်လေးဖြစ်။နေတာဖြစ်နိုင်သလိုနေရာတွေမမှန်ပဲ ဖြစ်နေတာလည်း ဖြစ်။တတ်ပါတယ်။တစ်ချို့အခြေအနေတွေမှာတော့ အရိုးကနေအရိုးစတွေကွဲ။ထွက်ပြီးအရေပြားမှာလာပေါက်ထွက်တာဒါမှမဟုတ် ကျိုးနေတဲ့အရိုးကနေပေါက်ထွက်လာပြီးအနာဖြစ်တာတို့ ရှိ။နိုင်ပါတယ်။၎င်းကို ပွင့်ထွက်သောကျိုးခြင်းလို့ခေါ်ပြီး ပိုးဝင်။မှာကြောက်ရတာကြောင့် ချက်ခြင်းဆေးကုသမှုခံယူဖို့လိုပါ။တယ်။လက်ဖျံရိုးတစ်ဝက်ကနေ radius and ulna အရိုးတွေကျိုး။ဖို့ဆိုတာဟာ ပြင်းထန်တဲ့အားသက်ရောက်မှုရှိမှဖြစ်နိုင်မှာမို့။လက်ဖျံရိုးဒဏ်ရာရတဲ့အခါမှာအရိုးနှစ်ခုလုံးကျိုးခြင်းဟာလူ။ရွယ်တွေမှာပဲပိုအတွေ့ရများပါတယ်။ အရိုးကတစ်ခုတည်းကျိုးခဲ့တယ်ဆိုပါကအများအားဖြင့် ulnaအရိုးပဲ။ဖြစ်တတ်ပြီး ၎င်းကတော့ သင်ကသင့်ကိုယ်ကိုခုခံကာကွယ်တဲ့အနေနဲ့ လက်နဲ့ ကာတဲ့အခါ ရတဲ့ ကျိုးခြင်းပဲဖြစ်ပါတယ်။လက်ဖျံရိုးကျိုးခြင်းဟာခြေလက်ကျိုးခြင်းတွေမှာတော့ အများဆုံးထဲမှာပါပါတယ်။ လက်ကောက်ဝတ်ကျိုးခြင်းကတော့ အဖြစ်အများဆုံးလက်ဖျံရိုးကျိုးခြင်းပါပဲ။ အခြားအချက်အလက်တွေ သေချာသိရဖို့ သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။လက်ဖျံရိုးကျိုးခြင်းရဲ့ အတွေ့ရများတဲ့လက္ခဏာတွေကတော့။-လက်ကောက်ဝတ် သို့မဟုတ် တံတောင်ဆစ်လှုပ်လိုက်တဲ့။အခါ လက်မောင်းနာလာခြင်း။-လက်ဖျံနား၊လက်ကောက်ဝတ် သို့မဟုတ် လက်တို့မှာနာ။ခြင်း၊ရောင်ခြင်း၊။-သတိထားမိနိုင်စရာမူမမှန်မှုဖြစ်ခြင်း၊လက်ကောက်ဝတ်။ကွေးနေခြင်း။-လက်မောင်းကိုပုံမှန်အတိုင်းမဟုတ်ပဲခက်ခဲစွာအသုံးပြ ု။နေရခြင်း။-လက်ဖျံရိုးနဲ့ လက်ကောက်ဝတ်နားမှာ နွေးနေခြင်း ၊ အညိုအမည်းစွဲခြင်းဒါမှမဟုတ် ထုံနေခြင်း။-လက်ကထုံနေခြင်း။(အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။အကယ်၍အထက်တွင်ဖော်ပြခဲ့သောရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင်လည်းကောင်း၊ မေးလိုသည်များရှိလျှင်သော်လည်းကောင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှုသည် တစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ သင့်ရောဂါအခြေအနေအတွက် ဘာကအကောင်းဆုံးလဲဆိုတာကိုဆရာဝန်နှင့် ဆွေးနွေးခြင်းကသာအမှန်ကန်ဆုံးဖြစ်ပါသည်။လက်ဖျံရိုးကျိုးခြင်းကိုဖြစ်စေတဲ့ အတွေ့ရအများဆုံးအကြောင်းအရာတွေကတော့။-တိုက်ရိုက် ထိခိုက်မိခြင်း။-လက်ကိုဖြန့်လျက်သားကျခြင်း၊အားကစားလုပ်ရင်းဒါမှမဟုတ် အမြင့်ကပြုတ်ကျခြင်း။-မော်တော်ဆိုင်ကယ် ဒါမှမဟုတ် ကားမတော်တဆဖြစ်မှုများ။လက်ဖျံရိုးကျိုးခြင်းမှာပိုအန္တရာယ်ဖြစ်စေတဲ့အချက်တွေကတော့-။-အရိုးပွခြင်း(မိန်းမတွေကယောက်ကျားတွေထက်ပိုဖြစ်ပါတယ်)။-ကင်ဆာရောဂါများ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။လက်ဖျံရိုးကျိုးတဲ့ လူတော်တော်များများကတော့ အရေးပေါ်ဌာနတွေ မှာသွားပြီးကုသမှ ုခံယူကြပါတယ်။စစ်ဆေးစမ်းသပ်ခြင်းနှင့် ကျန်းမာရေးရာဇဝင်မေးမြန်းခြင်း။သင့်ဆရာဝန်က သင့်ရဲ့ဒဏ်ရာဘယ်လိုရလာတာလဲဆိုတာသိဖို့လို။ပါတယ်။ဥပမာအနေနဲ့သင်ကလှေကားပေါ်ကပြုတ်ကျတာလားသင်ဘယ်လောက်အမြင့်ကနေပြုတ်ကျသလဲဆိုတာမျိုးပေါ့။ သင့်မှာ။တစ်ခြားဘယ်နားတွေဒဏ်ရာရသလဲဆိုတာတွေရယ် တစ်ခြားကျန်းမာရေးအခြေအနေတွေရယ်ကိုသင့်ဆရာဝန်ကသိနေဖို့ အရေးကြီးပါတယ်။ သင်ကဘာဆေးတွေသောက်နေရတယ်ဆိုတာ။ကိုလည်းသင့်ဆရာဝန်ကသိဖို့လိုပါတယ်။သင့်ရောဂါလက္ခဏာတွေနဲ့ ကျန်းမာရေးနောက်ကြောင်းရာဇဝင်ကို သေချာဆွေးနွေးပြီးပါကသင့်ဆရာဝန်က သင့်ကိုသေချာစမ်းသပ်။စစ်ဆေးပါလိမ့်မယ်။ ဒဏ်ရာရတာကနေသင့်ဆီမှာအပေါက်အပြဲ။နေရာများရှိမလားဆိုတာအရေပြားမှာရှာပါမယ်။ အရိုးကျိုးတဲ့ အစလေးကနေအရေပြားကိုပေါက်ထွက်ပြီးဒဏ်ရာဖြစ်စေတတ်ပါ။တယ်။၎င်းကနေမှ ပိုးဝင်ခြင်းပိုဖြစ်စေနိုင်ပါတယ်။ တစ်ခြားနေရာတွေ။ပါနာနေလားဆိုတာသိဖို့ ကိုင်ကြည့်ထိကြည့်ရပါမယ်။ ဒီဟာကနေမှ။အခြားအရိုးတွေကျိုးသေးလားဒါမှမဟုတ် တစ်ခြားဒဏ်ရာတွေရှိ။သေးလားဆိုတာကို ညွှန်ပြနိုင်မှာပါ။ လက်ကောက်ဝတ်ကသွေးခုန်။နှုန်းကိုစမ်းကြည့်ပြီးလက်ဖျံကနေ လက်ကောက်ဝတ်ထိသွေးစီး။ဆင်းမှုကောင်းရဲ့လားဆိုတာစမ်းလို့ရပါတယ်။ သင့်လက်ချောင်းတွေ လက်ကောက်ဝတ်တွေ လှုပ်လို့ရလားဆိုတာရယ် လက်ချောင်းတွေ။က ထိတာကိုင်တာကိုသိသေးလားဆိုတာစမ်းကြည့်ပါ။ တစ်ခါတစ်။ရံအရိုးကျိုးတဲ့အခါမှာအာရုံကြောတွေကိုထိခိုက်နိုင်ပါတယ် အဲ့ဒါကြောင့်လည်းလက်နဲ့ လက်ကောက်ဝတ်တို့မှာ အားပျော့တာ။မျိုးထုံတာမျိုး ဖြစ်တတ်ပါတယ်။ သင့်ဆရာဝန်က သင်ကလက်မောင်းတွေနာတယ်လို့ပြောမှ သင့်ပုခုံး၊လက်မောင်း၊တံတောင်ဆစ်၊လက်တွေကိုစမ်းပါလိမ့်မယ်။X-rays။ဓါတ်မှန်ရိုက်ခြင်းကတော့ အသုံးအများဆုံးနဲ့ လွယ်ကူစွာရနိုင်တဲ့။ရောဂါရှာတဲ့ ပုံရိပ်ဖော်နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဓါတ်မှန်ကနေမှ။အရိုးကျိုးတာရယ် ဘယ်နေရာကိုရွေ့သွားလဲဆိုတာကိုပြနိုင်ပါတယ်။အရိုးကအစိတ်အပိုင်းဘယ်လောက်များများကျိုးသွားတယ်ဆိုတာ။ကိုလည်းပြနိုင်ပါတယ်။အရိုးကျိုးခြင်းများအတွက်ကုသမှုအခြေခံအချက်တစ်ခုရှိပါတယ်။ကျိုးနေတဲ့အစိတ်အပိုင်းတွေကိုသူ့နေရာနဲ့သူပြန်ထားတာရယ် နေရာမရွေ့အောင်ကာကွယ်တာတွေကိုသူတို့ပြန်မဆက်တဲ့အထိထားရပါမယ်။radius and ulna အရိုးတို့ကတစ်ယောက်ကိုတစ်။ယောက် အထောက်အကူပြုပြီးနေနေကြလို့ပါ။ အဲ့ဒါကြောင့် သူတို့။ကိုသေချာလေးငြိမ်နေအောင်ထားဖို့လိုပါတယ်။ တကယ်လို့ အရိုး။တွေဟာ ပြန်ဆက်တဲ့အချိန်မှာမတည့်ခဲ့ဘူးဆိုပါက လက်ကောက်ဝတ်နဲ့ တံတောင်ဆစ်တွင် ရေရှည်မှာ ပြသနာတွေ။ဖြစ်လာနိုင်ပါတယ်။အရွယ်ရောက်ပြီးသားလူတွေမှာဖြစ်တဲ့ အရိုးကျိုးခြင်းကတော့များ။သောအားဖြင့် ခွဲစိတ်ပြီးမှ အရိုးတွေကိုတည့်အောင် ငြိမ်နေအောင်ထားပြီးအရိုးအောင်မြင်စွာဆက်ဖို့ လုပ်ကြရပါတယ်။ချက်ခြင်းကုသမှုခံယူခြင်း။သင်ကအရေးပေါ်အခန်းထဲရောက်နေစဉ်မှာသင့်ဆရာဝန်က သင့်အရိုးတွေ နေရာဘယ်လောက်ရွေ့နေသလဲဆိုတာကိုကြည့်ပြီး။ယာယီပြန်တည့်နိုင်အောင် ကြိုးစားကြည့်နိုင်ပါတယ်။ ဒီဟာကတော့။ခွဲစိတ်မှုမဟုတ်ပါဘူး။ သင့်ရဲ့နာကျင်မှုကိုဆေးပေးပြီးထိန်းထားပါ။မယ်။ နောက်ပြီးရင်တော့ သင့်ဆရာဝန်က အထိန်းတစ်ခုခုအနေနဲ့ စည်းပေးပြီးသင့်လက်မောင်းကိုသူ့နေရာနဲ့သူရှိအောင် လက်မောင်းအသိုင်းနဲ့ထားပါလိမ့်မယ်။ ကျောက်ပတ်တီးကိုင်ထားသ။လိုအပြည့်မဟုတ်ပဲ တစ်ဝက်ပဲ လုပ်ပြီးသိုင်းထားတဲ့အတွက် ရောင်။ခြင်း ပြ ုခြင်းရှိပါကလည်းခပ်ချောင်ချောင်နေရာရှိတာမို့ စိတ်ချရပါတယ်။ကျိုးနေတဲ့အရိုးကိုရွှေ့ဖို့ဆိုတာဟာအရမ်းအရေးကြီးပါတယ်။ ကျိုး။နေတဲ့အရိုးကိုရွှေ့လိုက်ကာမှ အရိုးကိုပိုထိခိုက်ခြင်း၊ သွေးကြောတွေ အာရုံကြောတွေ အနီးအနားကတစ်ရှုူးတွေကိုထိ။ခိုက်ခြင်းပိုဖြစ်နိုင်ပါတယ်။အမြန်ဆုံးလုပ်နိုင်တဲ့ကုသမှုကတော့ ရောင်နေတဲ့နေရာကိုရေခဲကပ်ခြင်း ၊အနာသက်သာဆေးသောက်ခြင်းတို့ပါပဲ။ခွဲစိတ်မှုမဟုတ်သောကုသမှု။တကယ်လို့ အရိုးကတစ်ခုပဲကျိုးခဲ့ရင် ပြီးတော့သူကနေရာလည်း။ရွေ့မနေပါကကျောက်ပတ်တီးကိုင်ခြင်းနဲ့ စည်းသိုင်းထားခြင်းနဲ့ ကုသလု့ိရပါတယ်။ သင့်ဆရာဝန်ကသင့်အရိုးဆက်ခြင်းကိုသေချာ။စောင့်ကြည့်နေမှာဖြစ်ပြီးဓါတ်မှန်ခဏခဏရိုက်ခြင်းတို့အမြဲလုပ်။နေမှာပါ။ တကယ်လို့ ကျိုးတဲ့ဟာကနေရာရွေ့သွားပါကသင့်အရိုးတွေကိုနေရာတကျပြန်ဖြစ်ဖို့ ခွဲစိတ်ဖို့လိုအပ်လာပါလိမ့်မယ်။ခွဲစိတ်ကုသခြင်း။လက်ဖျံရိုးနှစ်ချောင်းလုံးကျိုးတယ်ဆိုပါကဒါမှမဟုတ် အရိုးတွေက။အရေပြားကိုဖောက်ထွက်လာတယ်ဆိုရင်တော့ ခွဲစိတ်မှုလုပ်ကိုလုပ်။ဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ပိုးဝင်မှာကို ကြောက်လို့ပါ။ ဒီလိုဒဏ်ရာမျိုးက။တော့ချက်ချင်းခွဲစိတ်ဖို့လိုပါတယ်။ လူနာတွေအားပိုးသတ်ဆေးကို။အကြောထဲမှပေးခြင်းနဲ့ မေးခိုင်ကာကွယ်ဆေးထိုးခြင်းတို့ကိုအရေး။ပေါ်အခန်းထဲမှာကတည်းကလုပ်ပါလိမ့်မယ်။ ခွဲစိတ်နေတဲ့အခါမှာ။ဒဏ်ရာကနေရတဲ့ အပြဲဒဏ်ရာကိုသေချာဆေးကြောပါလိမ့်မယ်။ကျိုးနေတဲ့အရိုးတွေကိုလည်းတစ်ခါတည်းတည့်အောင်လုပ်ပါလိမ့်။မယ်။တကယ်လို့ကျိုးတဲ့နားမှာအရေပြားကမပေါက်ပြဲခဲ့ဘူးဆိုပါကသင့်ဆရာဝန်က မခွဲစိတ်ခင်မှာအရောင်ကျသွားတဲ့အထိစောင့်ဖို့။အကြံပေးပါလိမ့်မယ်။ သင့်လက်ကိုမလှုပ်မယှက်ထားခြင်းနဲ့ အမြင့်။မှာတင်ထားပါကရက်အနည်းငယ်အတွင်းမှာအရောင်ကျနိုင်ပါ။တယ်။ နောက်ပြီးအရေပြားကိုဆွဲဆန့်သလိုဖြစ်တာကြောင့် နာလန်။ထလည်းပိုကောင်းနိုင်ပါတယ်။ဖွင့်ပြီးအရိုးပြန်တည့်ခြင်းနဲ့အတွင်းထဲကိုပလိတ်ပြားများ ဝက်အူများသုံးပြီး လုပ်ခြင်း။ ဒီနည်းကတော့လက်ဖျံရိုးကျိုးတဲ့အခါ။အသုံးအများဆုံးနည်းတစ်ခုပါပဲ။ ဒီလိုနည်းတွေမျိုးမှာအရိုးရဲ့အစိတ်အပိုင်းတွေကိုပုံမှန်နေရာပြန်ရောက်အောင်ပြန်တည့်။အောင်လုပ်ပါတယ်။ အရိုးရဲ့အပြင်ပိုင်းနေရာကိုသတ္တုပလိတ်ပြား။တွေ ဝက်အူတွေအသုံးပြ ုပြီးနေရာတကျဖြစ်အောင် တွဲကြပါတယ်။ဖွင့်ပြီးအရိုးပြန်တည့်ခြင်းနဲ့ အတွင်းထဲကိုသတ္တုချောင်းထည့်ပြီးလုပ်ခြင်း။ ဒီနည်းလမ်းကတော့ အထူးဒီဇိုင်း။ထုတ်ထားတဲ့ သတ္တုချောင်းကိုအရိုးတွေရဲ့အလယ် ရိုးတွင်းခြင်ဆီ။ထဲကိုထည့်ခြင်းဖြစ်ပါတယ်။အရိုးအပြင်ဘက်မှ ပြန်တည့်အောင်လုပ်ခြင်း။ တကယ်လို့အရေပြား။တွေ အရိုးတွေက ပြင်းထန်စွာဒဏ်ရာရခဲ့ပါကပလိတ်ပြားများနဲ့ ဝက်အူများသုံးခြင်းက အရေပြားမှာဒဏ်ရာပိုရစေပြီးပိုဆိုးစေနိုင်ပါ။တယ်။ ပိုးဝင်ခြင်းကိုလည်းဖြစ်စေနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ။သင့်ကိုအပြင်ဘက်ကနေတည့်အောင်လုပ်ပေးမယ့် သတ္တုပင်အပ်များ ဝက်အူများကို အရုးရဲ့အပေါ်နဲ့အောက်မှာ တပ်ပြီး။အရေပြားအပြင်မှာ တွဲထားပါလိမ့်မယ်။ ဒီပစ္စည်းဟာ အရိုးတွေကို သူ့နေရာသူဖြစ်အောင် သေချာတွဲကပ်ထားတဲ့အတွက် အရိုးတွေ။ပြန်ဆက်တာကိုကူညီပေးပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/broken-forearm-%e1%80%9c%e1%80%80%e1%80%ba%e1%80%96%e1%80%bb%e1%80%b6%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
မျက်စိရေချိန်တက်ခြင်းဆိုတာဘာလဲ
မျက်စိရေချိန်တက်ခြင်းဆိုတာမျက်လုံးရဲ့အတွင်းပိုင်းမှာ ရှိတဲ့ဖိအားဟာ ပုံမှန်ထက်ပိုပြီး မြင့်တက်နေခြင်း ဖြစ်ပါတယ်။ အဲဒီဖိအားကို မျက်စိရေချိန်လို့ ခေါ်ပါတယ်။ မျက်စိရေချိန်ကို မီလီမီတာမာကျူရီ (mmHg) လို့ခေါ်တဲ့ ယူနစ်နဲ့တိုင်းတာပါတယ်။ မျက်စိရေချိန်ရဲ့ ပုံမှန်ဖိအားဟာ ၁၀-၂၁ မီလီမီတာမာကျူရီ ရှိပါတယ်။ မျက်စိရေချိန်ဟာ ၂၁ မီလီမီတာမာကျူရီထက် များလာရင် ရေချိန်တက်ခြင်း ဖြစ်ပေါ်ပါတယ်။ ပိုပြီး သိရအောင် အောက်ပါအချက်တွေကို ဆက်လက်ဖတ်ရှုပါ။မျက်လုံးထဲမှာရှိတဲ့ အရည်များ ဖြစ်ပေါ်ခြင်း၊ စီးဆင်းခြင်းဟာ ပုံမှန်မဟုတ်ရင် မျက်စိရေချိန်တက်ခြင်း ဖြစ်ပေါ်ပါတယ်။ မျက်လုံးအတွင်းပိုင်းက အရည်များ ပုံမှန်စီးဆင်းတဲ့စနစ်ဟာ ကောင်းစွာ မစီးဆင်းတော့တဲ့အခါ အရည်တွေ ပိုမိုပြီး ဖြစ်ပေါ်နေပေမယ့် လျော့မသွားဘဲ ပြည့်လျှံလာပါတယ်။ အဲဒီလိုနဲ့ မျက်စိရေချိန်တက်လာပါတယ်။မျက်လုံးထဲ အရည်တွေ စုလာတဲ့အခါ ဘာဖြစ်လာပါသလဲ။ နမူနာပြောရရင် အလုံပိတ်ထားတဲ့ ရေတိုင်ကီကို မြင်ယောင်ကြည့်ပါ။ တိုင်ကီထဲ ရေများလောင်းထည့်လေလေ တိုင်ကီထဲမှာ ဖိအားများလာလေပါပဲ။ မျက်လုံးတွင်းမှာလည်း ဒိလိုပါပဲ။ အရည်များလာလေ ရေချိန်တက်လာလေ ဖြစ်ပါတယ်။ ဒါ့အပြင် အမြင်အာရုံကြောဟာ ရေချိန် အဆမတန်တက်ခြင်းကြောင့် ပျက်စီးတတ်ပါတယ်။ရေချိန်တက်သူအများစုမှာ လက္ခဏာ မပြတတ်ပါဘူး။ ဒါကြောင့်မို့ မျက်စိအထူးကုဆရာဝန်နဲ့ ပြသပြီး မျက်စိစစ်ဆေးခြင်း ပုံမှန်ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အဲ့ဒါဟာ ရေချိန်တက်ခြင်းကြောင့် အမြင်အာရုံကြော ထိခိုက်နိုင်ခြေကို ရှောင်ရှားနိုင်ပါတယ်။မျက်စိပုံမှန်စစ်ဆေးခြင်းဟာ ဖြစ်နိုင်ခြေအန္တရာယ် ပိုများတဲ့ လူမည်းတွေ၊ အသက်ကြီးသူတွေမှာ ပိုဖြစ်တတ်ပါတယ်။– လက္ခဏာမပြသူများ၊ အသက် ၄၀နှင့်အောက် ငယ်သူများဟာ ၃နှစ်ကနေ ၅နှစ်ထိမှာ တစ်ကြိမ် စစ်ဆေးသင့်ပါတယ်။– လူမည်းများ၊ အသက် ၄၀အထက် အရွယ်များဟာ ပိုပြီး မကြာခဏ စစ်ဆေးသင့်ပါတယ်။– ရေတိမ်ဖြစ်နိုင်ခြေ မြင့်သူတွေဟာ မကြာခဏ စစ်ဆေးသင့်ပါတယ်။ကုသမှုရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရေတိမ်ဖြစ်မလာခင်၊ မျက်စိကွယ်မသွားခင် ရေချိန်မြင့်မားခြင်းကို ကုသနိုင်ဖို့ ဖြစ်ပါတယ်။ အမြင်အာရုံကြော ထိခိုက်ကြောင်းသိရှိပြီးရင်၊ ရေတိမ်ဖြစ်နိုင်ခြေ သေချာပေါက်ရှိနေရင် ကုသမှုခံယူရပါမယ်။မိမိဖာသာရွေးချယ်တဲ့ မျကစိအထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အခြေအနေပေါ် မူတည်ပြီး ဆေးဝါးပေးခြင်း ဒါမှမဟုတ် စောင့်ကြည့်ခြင်း သက်သက်ပဲ ပြုလုပ်ပါလိမ့်မယ်။ ဆွေးနွေးပြီးချိန်မှာ ဆရာဝန်ဟာ ကုသခြင်းနဲ့ စောင့်ကြည့်ခြင်းရဲ့ အကျိုးအပြစ်တွေကို ချိန်ဆပြီး ဆုံးဖြတ်ပါလိမ့်မယ်။မျက်စိရေချိန်တက်ခြင်းဟာ မကာကွယ်နိုင်ပါဘူး။ ဒါပေမယ့် မျက်စိဆရာဝန်နဲ့ ပုံမှန်ပြသခြင်းဟာ ရေတိမ်ဖြစ်ပေါ်သွားခြင်းကို ကာကွယ်နိုင်ပါလိမ့်မယ်။မျက်စိရေချိန်တက်ခြင်းဟာ မျက်စိကို ဘေးဖြစ်စေမယ့် အရာတွေကနေ မကာကွယ်ရင် ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒီအကြောင်းအရာတွေကို နားလည်ပြီး ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သိရှိနိုင်ပါလိမ့်မယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%85%e1%80%ad%e1%80%b1%e1%80%9b%e1%80%81%e1%80%ba%e1%80%ad%e1%80%94%e1%80%b9%e1%80%90%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%86/
ကိုယ်ဝန်ဆောင်ကာလအတွင်း မိန်းမကိုယ်က နာတာ စိုးရိမ်ရလား
ကိုယ်ဝန်ဆောင်ထားရတဲ့ အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်ကာလအတွင်း မိန်းမကိုယ်က နာလာတာမျိုး ကြုံရတတ်ပါတယ်။ မိန်းမကိုယ် နာကျင်တာက ကိုယ်ဝန်ကြောင့် မိန်းမကိုယ်မှာ ဖိအားဖြစ်စေတဲ့ဖြစ်စဉ်ပါ။ ဒီအချိန်မှာ ဘာကြောင့်ဖြစ်ရတာလဲ၊ စိုးရိမ်ရလား၊ အန္တရာယ်ရှိလား၊ ဘာလုပ်ရမလဲ ဆိုတဲ့ မေးခွန်းတွေ မေးချင်ကြမှာပါ။ကိုယ်ဝန်ဆောင်ကာလအတွင်း မိန်းမကိုယ်က နာတာ စိုးရိမ်ရလား ….. တကယ်တော့ ဒါက ဖြစ်လေ့ရှိတဲ့ ပုံမှန် အခြေအနေ တစ်ခုဖြစ်ပြီးကိုယ်ဝန်ပထမအပတ်၊ဒုတိယအပတ်ဒါမှမဟုတ် တတိယအပတ်၊ ဘယ်အချိန်မှာမဆို ဖြစ်လာနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ကာလအတွင်း မိန်းမကိုယ် မှာ ဖိအားဖြစ်စေတဲ့ အတွေ့အကြုံ၊ လက္ခဏာတွေက အမျိုးသမီး တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ တချို့က မိန်းမကိုယ် မှာ စူးစူးနာနာ ဖြစ်တာ၊ တင်ပါးဆုံ တဝိုက် နည်းနည်း နာလာတာနဲ့၊ ခန္ဓာကိုယ် အောက်ပိုင်းတစ်ခုလုံး အလေးဆွဲထားသလို ဖြစ်လာတာလိုမျိုး အမျိုးမျိုးခံစားရနိုင်ပါတယ်။ကိုယ်ဝန်လရင့်လာတဲ့အခါ ဒီလိုဖြစ်ရတာက ကလေးရဲ့ကိုယ်အလေးချိန်ကြောင့် ဖြစ်နိုင်ပေမယ့် ကိုယ်ဝန်ဆောင်ကာလအတွင်း တင်ပါးဆုံ တဝိုက် ဖိအား ဖြစ်စေတဲ့ တခြား အကြောင်းရင်းတွေလည်း အများကြီး ရှိနိုင်ပါတယ်။ ဒီတော့ ကိုယ်ဝန်ဆောင် ကာလပတ်ကို မူတည်ပြီး ဘယ်လို အကြောင်းရင်းတွေကြောင့် ဖြစ်တတ်သလဲဆိုတာ ဆက်ပြီးကြည့်ရအောင်။အမျိုးသမီး အများစုက ကိုယ်ဝန်ပထမအပတ်မှာကိုယ်အလေးချိန်တိုးတာကြောင့် မိန်းမကိုယ် ဖိအားဖြစ်ခြင်းကို အစောကြီး ခံစားရတတ်ပါတယ်။ကိုယ်ဝန်လရင့်လာတဲ့ ကာလပတ်တွေမှာ တင်ပါးဆုံကွင်း အားနည်းလာတာရယ်၊ ကိုယ်အလေးချိန် များလာတာရယ် ပေါင်းပြီး ဒီလက္ခဏာ ခံစားရနိုင်ပါတယ်။ကိုယ်ဝန်လရင့်ချိန်မှာ မိန်းမကိုယ်နာတာက ကလေးစော မွေးတော့မှာလား၊ အန္တရာယ်ရှိလား စိုးရိမ်နေမယ့် အမျိုးသမီးတွေအတွက် အဖြေကတော့ နာကျင်မှုအတိမ်အနက်ပါပဲ။ တချို့ အမျိုးသမီးတွေမှာ စူးပြီးနာတာမျိုး ဖြစ်တတ်တယ်။ ဒီလိုဖြစ်တာဆိုရင်ကလေးမွေးဖွားဖို့နီးလာတဲ့အတွက် သားအိမ်ခေါင်းက ချဲ့လာတဲ့ လက္ခဏာပါ။ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုထူးခြားတဲ့ လက္ခဏာမျိုးကိုမဆို ဂရုစိုက် စောင့်ကြည့်ပါ၊ သတိထားပါ၊ လေ့လာပါ လို့ အကြံပြုချင်ပါတယ်။ကိုယ်ဝန်ဆောင်ကာလအတွင်း မိန်းမကိုယ်နာလာရင် အရင်ဆုံး အစိုးရိမ်မလွန်ဘဲ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/vaginal-pain-during-pregnancy/
မေမေပေးတဲ့ သဘာဝခြုံလွှာ
ကလေးလေးတွေရဲ့ အရေပြားလေးတွေဟာ နှင်းဆီပွင့်ဖတ်လေးလို သိပ်ကိုနူးညံ့တယ်။ တိမ်မျှင်စလေးလို ဖြူစင်လွန်းတယ်။မိဘတွေအဖို့ ချစ်ခင်နှစ်လိုဖွယ်အပြည့်။ မထိရက်ထိရက်စရာ ‌မွှေးပျံ့နူးညံ့လွန်းတဲ့ အလွှာလေး။အသက်တစ်နှစ်အောက်ကလေးငယ်လေးတွေမှာအပေါ်ယံအရေပြားက လူကြီးတွေထက် ၃၀% လောက် ပိုပါးလွှာတာမို့ သတိထားစရာအချက်တွေ များလှပါတယ်။ သိပ်နူးညံ့တာကြောင့်အရေပြားပြဿနာတွေအလွယ်တကူဖြစ်နိုင်တာမို့ ဂရုတစိုက်ရှိဖို့လိုပါတယ်။ မိဘတွေအဖို့ ဒီနူးညံလွန်းတဲ့ အသားအရေလေးအတွက် ဘာတွေသတိထားရမယ် ဘာတွေရှောင်ကျဉ်ရမယ်ဆိုတာ သေချာမသိထားရင် စိတ်ဖိစီးပြီး မလိုအပ်ဘဲစိတ်ပူပန်တတ်ကြရတာမို့ ကလေးအ‌ရေပြားနဲ့ပတ်သက်လို့ ဗဟုသုတလေးတွေ မျှဝေပေးချင်ပါတယ်။ပထမဆုံး ကလေးငယ်တွေရဲ့အရေပြားလေး ဘာအလုပ်တွေ လုပ်ကြရတယ်ဆိုတာ ပြောပြချင်ပါတယ်။၁။ အကာအကွယ်ပေးတဲ့တံတိုင်းလေး။ခန္ဓာကိုယ်ထဲကို မလိုလားအပ်တဲ့အရာတွေ မဝင်အောင် ကာကွယ်ရတဲ့အလွှာလေးဖြစ်ပါတယ်။ မွေးပြီးပထမသုံးလအတွင်း ကလေးရဲ့အရေပြားမှာ အက်စစ်ဓာတ်ကဲနေ‌အောင် သဘာဝက ဖန်တီးပေးထားလို့ရောဂါပိုးမွှားတွေနဲ့ Allergen လို့ခေါ်တဲ့ ဓာတ်မတည့်မှုကိုဖြစ်စေတဲ့ ပစ္စည်းတွေ၊ Irritant လို့ခေါ်တဲ့ ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့ ပစ္စည်းတွေကို ရှေ့ဆုံးကနေ အကာအကွယ်ပေးထားနိုင်တာပါ။ ဒါကြောင့် အရေပြားရဲ့ သဘာဝအက်ဆစ်ဓာတ်လေးကို ထိန်းသိမ်းထားဖို့ အရေးကြီးပါတယ်။၂။ရေဓာတ်ထိန်းပေးတယ်။အရေပြားကနေ ရေဓာတ်ဆုံးရှုံးတာကို ချိန်ညှိပေးပါတယ်။ ကလေးငယ်လေးတွေရဲ့ အရေပြားက လူကြီးတွေထက် ရေဓာတ်ထိန်းထားနိုင်မှု လျော့နည်းပါသေးတယ်။ လမစေ့တဲ့ကလေးငယ်တွေမှာ ပိုလျော့နည်းပါတယ်။ ရေဓာတ်ကိုသေချာထိန်းပေးထားမှ ကလေးအရေပြားလေးဟာ စိုစိုပြည်ပြည် တင်းတင်းရင်းရင်းနဲ့ ကျန်းမာတဲ့အသွင်ကိုဆောင်ပါလိမ့်မယ်။၃။ခန္ဓာကိုယ်အပူချိန်ကိုထိန်းထားပေးတယ်။ကလေးငယ်လေးတွေရဲ့အရေပြားက ပူလွယ်အေးလွယ်ပါတယ်။ ပတ်ဝန်းကျင်အပူချိန်ကိုမူတည်လို့ အပူချိန်ထိန်းညှိတဲ့တာဝန်ကို ထမ်းဆောင်ပေမယ့်လည်း လူကြီးအရေပြားလို တာဝန်အပြည့်မလုပ်‌နိုင်သေးတာမို့ ပတ်ဝန်းကျင်အပူချိန် ချိန်ညှိပေးဖို့ လိုအပ်သလိုအဝတ်အထည်ရွေးချယ်ဝတ်ဆင်ပေးဖို့တွေ လိုအပ်နေပါသေးတယ်။မွေးပြီးပြီးချင်း ပထမဆုံး သန့်ရှင်းရေးလုပ်ပေးတဲ့အခါ။ကလေးငယ်လေးကို မိခင်ဝမ်းကကျွတ်ပြီးပြီးချင်းမှာ ချက်ချင်းရေမချိုးသင့်ပါဘူး။ နှလုံးခုန် အသက်ရှုမှန်နေပြီ နွေးနွေးထွေးထွေး ထားပြီးပြီဆိုမှ ပထမဆုံးအကြိမ် သန့်ရှင်းရေးကို လုပ်ပေးသင့်ပါတယ်။ သန့်ရှင်းပေးရာမှာရေနွေးသာသုံးသင့်ပါတယ်။ သန့်ရှင်းပေးသူက လက်အိပ်ဝတ်ပြီး ဂွမ်းလုံးလေးနဲ့သန့်ရှင်းပေးသင့်ပါတယ်။ သန့်ရှင်း‌ပေးဖို့ အချိန်ခဏပဲယူသင့်ပါတယ်။ ရည်ရွယ်ချက်က မိခင်ရဲ့သွေးနဲ့ရေမွှာရည်ကိုသာ သန့်ရှင်းဖို့ပါ။ ကလေးအရေပြားပေါ်ကပ်နေတဲ့ Vernix caseosa လို့ခေါ်တဲ့ မလိုင်လိုအဖြူနှစ်အဖတ်လေးတွေကို ဖယ်မပစ်ရပါဘူး။ ဒီအနှစ်လေးတွေက waterproof သဘောမျိုးရေလုံသလိုအာနိသင်ရှိတာကြောင့် အပူချိန် ချိန်ညှိပေးရာမှာ သိပ်ကို အသုံးဝင်တာကြောင့် ဖယ်မပစ်သင့်ပါဘူး။နေ့စဉ်သန့်ရှင်းရေး။မွေးကင်းစလေးကို ချက်မကြွေခင်ထိတော့ ရေချိုးပေးဖို့ မလိုအပ်သေးပါဘူး။ မျက်စိ မျက်နှာကို ရေနွေးနဲ့ ဂွမ်းလုံးလေးတွေသုံးပြီး သန့်ရှင်းပေးရင် လုံလောက်ပါပြီ။ မကြွေသေးတဲ့ ချက်တိုင်လေးကို သန့်ရှင်းပြီးခြောက်သွေ့အောင်ထားဖို့ အရေးကြီးပါတယ်။ ဘာမှထည့်ဖို့မလိုပါဘူး။ချက်ကြွေအပြီး ရေချိုးပြီးတိုင်းလည်း ချက်လေးကို အဝတ်သန့်နဲ့ ခြောက်သွေ့အောင် သုတ်ပေးဖို့လိုပါတယ်။ရေချိုးပေးခြင်း။ပထမခြောက်လမှာ တစ်ပတ်ကို ၂-၃ ကြိမ် ရေချိုးပေးရင် လုံလောက်ပါပြီ။ရာသီဥတုပေါ်မူတည်လို့ ကလေးသက်တောင့်သက်သာဖြစ်မယ့်အနေအထား ချင့်ချိန်ဆုံးဖြတ်နိုင်ပါတယ်။ ရေနွေးနွေးနဲ့သာ ချိုးပေးပါ။ ဆပ်ပြာအများကြီးသုံးဖို့ မလိုပါဘူး။ ဆပ်ပြာသုံးခဲ့ရင်တော့ ရောဂါပိုးတွေသေစေနိုင်တယ်ဆိုတဲ့ဆပ်ပြာတွေAlkaline ဆပ်ပြာတွေ ရှောင်ရပါမယ်။ အရေပြားရဲ့ Acid pH ကို ဖျက်ဆီးပစ်နိုင်လို့ပါ။ပေါင်ဒါနဲ့ တခြားလိမ်းစရာတွေ။ပေါင်ဒါကိုတော့ နောက်ပိုင်းမှာ ကလေးအဆုတ်ထဲရှိုက်မိစေနိုင်လို့ သုံးစွဲဖို့အားမ‌ပေးကြ‌ပါဘူး။ လိုးရှင်း နဲ့ moisturizer တွေ သုံးပေးချင်ရင်တော့ ကလေးအသားအရေနဲ့ သင့်တော်မယ့် parabens, phthalates and sulfates မပါဝင်သော နူးညံ့တဲ့ Formula နဲ့ထုတ်လုပ်ထားသည့် ပစ္စည်းများကို သာရွေးသုံးဖို့လိုပါမယ်။ တည့် မတည့်အမြဲ စောင့်ကြည့်ဖို့လည်း လိုပါမယ်။Nappy care။ရှူးရှူးဝတ်လဲတိုင်း Diaper လဲတိုင်း အရေပြားကို စစ်ဆေးကြည့်ရှုဖို့လိုပါတယ်။ ရေနွေးနဲ့ဂွမ်းလုံးလေးတွေသုံးပြီး သန့်ရှင်းတာ အန္တရာယ်အကင်းဆုံးပါ။ တစ်ခါသုံးအဝတ်စိုလေးတွေ သုံးမယ်ဆိုရင်တော့ Alcohol နဲ့ Fragrance မပါတာ ရွေးသုံးဖို့လိုပါတယ်။ Barrier cream တစ်ခုခုလိမ်းပေးဖို့လိုပါတယ်။ Diaper size ကလေးနဲ့သက်တောင့်သက်သာရှိဖို့လိုပါတယ်။Diaperမလောင်စေဖို့ ဝမ်းသွားရင် ချက်ချင်းလဲပေးဖို့လိုပြီး လဲချိန်တန်ရက်နဲ့မလဲဘဲအကြာကြီးထားတာမျိုးရှောင်ကျဉ်ရပါမယ်။နေရောင်ခြည်နဲ့‌ထိတွေ့မှု။ခြောက်‌လအောက်ကလေးငယ်တွေကို နေရောင်ခြည်တိုက်ရိုက်မထိစေဖို့ သတိထားရပါမယ်။ ကလေးကြီးလာတဲ့အခါမှာလည်း မနက် ၁၀နာရီကနေ ညနေသုံးနာရီကြားအချိန်တွေမှာ နေပြင်းတာကြောင့် နေရောင်အောက်မသွားသင့်ပါဘူး။ရာသီဥတု။အပူကြောင့်မိတ်ထွက်တတ်ပြီး အအေးကြောင့် အသားခြောက်တာ ယားတာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့်နွေရာသီမှာ ကလေးသက်တောင့်သက်သာရှိမယ့် အပူချိန်ထိ အေးအေးလူလူထားဖို့ မိုးနဲ့ဆောင်းမှာ နွေးနွေးထွေးထွေးရှိစေဖို့အတွက် အခန်းအပူချိန်၊ အဝတ်အစား စတာတွေသတိထားပေးဖို့လိုအပ်ပါတယ်။ထိတွေ့တဲ့ပစ္စည်းတွေ။ကလေးအရေပြားနဲ့ အများဆုံးထိတွေ့လေ့ရှိတဲ့အဝတ်အထည်၊ အိပ်ရာ စတာတွေ သန့်ရှင်းဖို့ နူးညံ့ပြီးသက်တောင့်သက်သာရှိဖို့ကိုလည်း ဂရုစိုက်ပေးရပါမယ်။တချို့အခြေအနေတွေက အလိုလိုပျောက်တတ်ပါတယ်။ တချို့ကတော့ ဆေးကုသမှုခံဖို့လိုပါတယ်။ ကလေးတွေရဲ့အရေပြားက သိပ်နူးညံ့တာမို့ နားလည်တတ်ကျွမ်းသူရဲ့ ကုသမှုကိုပဲ ခံယူဖို့ အရေးကြီးပါတယ်။ ကလေးတစ်ယောက်နဲ့တစ်ယောက် ဖြစ်ပွားတဲ့အကြောင်းရင်း တူ၊ မတူမသိနိုင်တာကြောင့် မိဘအချင်းချင် အကြံပေးတာ ဆေးဆိုင်ကအကြံပေးတာတွေနဲ့ကလေးအရေပြားပြဿနာတွေကို မကုသကြဖို့ တိုက်တွန်းချင်ပါတယ်။ချစ်စရာရင်သွေးတို့ အရေပြားပြဿနာများ ကင်းဝေးပါစေ။Dr. Thet Htar Shwe Sin Win။Yangon Children Hospital။Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%99%e1%80%b1%e1%80%99%e1%80%b1%e1%80%95%e1%80%b1%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%9e%e1%80%98%e1%80%ac%e1%80%9d%e1%80%81%e1%80%bc%e1%80%af%e1%80%b6%e1%80%9c%e1%80%bd%e1%80%be%e1%80%ac/
အမျိုးသားတွေမှာ ရှိတဲ့ ဟော်မုန်းတွေ အကြောင်း
ဟော်မုန်း ဆိုတာခန္ဓာကိုယ်မှာရှိတဲ့ဂလင်းတွေက ထုတ်လုပ်လိုက်တဲ့ chemical messenger တွေပါ။ ဟော်မုန်းတွေကို သွေးတွေက ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီ သယ်ဆောင်သွားပြီး သူတို့ရဲ့ တာဝန်တွေကို ဆောင်ရွက်နိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ဖွံ့ဖြိုးကြီးထွားဖို့၊ မျိုးဆက်ပွားနိုင်ဖို့နဲ့ကျန်းမာပျော်ရွှင်နေစေဖို့ဟော်မုန်းတွေက လုပ်ဆောင် ပေးပါတယ်။ဟော်မုန်းတွေက ခန္ဓာကိုယ်ထဲက စနစ် အမျိုးမျိုးကို ထိန်းညှိပေးပါတယ်။ အစာခြေတာ၊ ကြီးထွားဖွံ့ဖြိုးတာ၊ဇီဝကမ္မဖြစ်စဉ်၊ စိတ်ခံစားမှု၊ လှုပ်ရှားမှုတွေ၊ မျိုးဆက်ပွားတာ၊ အသက်ရှူတာ၊စိတ်ဖိစီးမှု၊ တစ်ရှူးတွေရဲ့  လုပ်ငန်းဆောင်တာတွေ အကောင်းဆုံး ဟန်ချက်ညီစေဖို့ ဟော်မုန်းတွေက လုပ်ဆောင်ပေးပါတယ်။တကယ်လို့ ဟော်မုန်းတွေ မမျှတတာမျိုး ဖြစ်မယ်ဆိုရင်ကျန်းမာပျော်ရွှင်စွာနေနိုင်ဖို့ခက်သွားမှာပါ။အသက်အရွယ်ရလာတာနဲ့အမျှ အမျိုးသားတွေမှာ ပြောင်းလဲမှုတွေ ကြုံလာရပါတယ်။အသက်အရွယ်ရလာတဲ့အခါခံစားရတဲ့ ပြောင်းလဲမှုတွေက ဟော်မုန်း ပြောင်းလဲတာကြောင့်ပါ။အမျိုးသားတွေမှာ ဟော်မုန်းအမျိုးပေါင်း များစွာ ရှိပါတယ်။ ဘာတွေလဲဆိုတော့။အမျိုးသားတွေအနေနဲ့ ဟော်မုန်း မမျှတတဲ့အခါ လက္ခဏာ အမျိုးမျိုး ခံစားရနိုင်ပါတယ်။ ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။အမျိုးသားတွေအနေနဲ့ ဟော်မုန်း မမျှတတဲ့အခါ ပင်ပန်းတာ၊ မအီမသာဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ခံစားရတာတွေက ပိုဆိုးလာနိုင်ပါတယ်။ဟော်မုန်း မညီမျှတာကြောင့် အမျိုးသားတွေမှာ ခံစားရနိုင်တဲ့ အတွေ့ရများတဲ့ လက္ခဏာတွေကတော့။အသက်အရွယ်က အမျိုးသားတွေကို ဟော်မုန်းမမျှတမှု ​ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း တစ်ရပ်ပါ။ အမျိုးသားတွေရဲ့ ကြီးထွားမှု ဟော်မုန်းက အသက်၂၀ နောက်ပိုင်းမှာ တဖြည်းဖြည်းချင်း ကျဆင်းလာပါတယ်။အသက် ၄၀ ရောက်လာတဲ့အခါ အမျိုးသားတွေရဲ့ ကြီးထွားမှု ဟော်မုန်း ပမာဏက မူလရှိခဲ့တဲ့ ပမာဏရဲ့ ထက်ဝက်လောက်အထိ ကျဆင်းသွားပါတယ်။ အသက် ၈၀ အရွယ်ရောက်လာတဲ့အခါ ကြီးထွားမှု ဟော်မုန်း ပမာဏက ၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ ဒီလို ကျဆင်းသွားတဲ့အခါ။အမျိုးသားတွေမှာ အတွေ့ရများတဲ့ ဟော်မုန်း မမျှတမှုတွေနဲ့ သက်ဆိုင်တဲ့ အခြေအနေတွေက အဓိကအားဖြင့် ၄ မျိုး ရှိပါတယ်။Andropause –ဒါကိုတော့ အမျိုးသားတွေမှာ သွေးဆုံးခြင်းလို့ အသိများပါတယ်။ ဒါကတော့ အတွေ့ရများတဲ့ အမျိုးသား ဟော်မုန်း မမျှတမှုပါ။ သဘာဝဖြစ်စဉ်ပါ။Adrenal fatigue –ဒါကတော့ အက်ဒရီနယ်လင် ဂလင်းက စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ကော်တီစော ဟော်မုန်းပမာဏ ထုတ်လွှတ်မှု ကျဆင်းသွားတာပါ။Hypothyroidism –ဒါကတော့ သိုင်းရွိုက်ဂလင်းက လုပ်ဆောင်နိုင်စွမ်း ကျသွားတဲ့ အခြေအနေပါ။Hyperthyroidism-ဒါကတော့သိုင်းရွိုက်ဂလင်းက ပုံမှန်ထက် ပိုမို လုပ်ဆောင်နေတဲ့ အခြေအနေပါ။ဒါတွေအပြင် တက်စတိုစတီရုန်း နည်းသွားတာ၊ တခြားဇီဝကမ္မဖြစ်စဉ်တွေနဲ့ သက်ဆိုင်တဲ့ ‌ဟော်မုန်းမမျှတတာတွေလည်း ဖြစ်နိုင်ပါတယ်။အမျိုးသားရော အမျိုးသမီးတွေမှာပါ နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေဖို့အတွက် ဟော်မုန်းတွေ မျှတနေဖို့ လိုအပ်ပါမယ်။ စားသောက်နေထိုင်မှုတွေကို သေချာလေး ဂရုစိုက်ပေးဖို့ လိုသလို လိုအပ်မယ်ဆိုရင် ကုသမှုတွေ ခံယူဖို့ လိုပါမယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-hormone-issues/about-men-hormone-issue/
Febrile Seizure (အဖျားကြီးပြီးတက်ခြင်း)
ကလေးတစ်ယောက်ဟာ နေမကောင်းတဲ့အချိန်တွင် ကိုယ်အပူချိန်များပြီး ‘တက်’ တတ်ပါတယ်။ ဒီလို ‘တက်’ တာဟာ မိဘတွေနဲ့ ကလေးကိုပြုစုစောင့်ရှောက်တဲ့သူတွေကို သတိထားမိစေနိုင်တယ်။အသက် ၁နှစ်မတိုင်မီမှာ အနည်းဆုံးတစ်ကြိမ် အဖျားကြီးပြီးတက်ဖူးတဲ့ ကလေးတွေမှာ ပိုအဖြစ်များတယ်။ တချို့ကလေးတွေမှာ တစ်ခါမက တက်ဖူးကြတယ်။ အသက် ၁နှစ်နှင့်အထက် ကလေး ၄ယောက်အနက် ၁ယောက်မှာ ပထမဆုံးအကြိမ် အဖျားကြီးပြီးတက်တတ်တာကိုလည်း တွေ့ရတယ်။အကယ်၍ ကလေးရဲ့ မိဘ၊ ညီအစ်ကို မောင်နှမနှင့် ဆွေမျိုးနီးစပ်တွေမှာ အဖျားကြီးပြီးတက်ခဲ့ဖူးသူရှိလျှင် ကလေးမှာ ပိုဖြစ်နိုင်ခြေများတယ်။ အဖျားကြီးပြီးတက်တာဟာ တစ်ခါတစ်လေ ရုတ်တရတ်ဖြစ်ပေါ်တတ်တယ်။ ကျန်းမာတယ်လို့ထင်ရတဲ့ကလေးတွေမှာ အတက်ရောဂါအရင်ဖြစ်ပြီးမှ မိသားစုက ကလေးနေမကောင်းတာကို သတိထားမိတတ်ကြတယ်။ယခုအခါ အဖျားကြီးပြီးတက်တဲ့ မိသားစုတချု့ိရဲ့ မျိုးရိုးဗီဇတွေကို စမ်းသပ်ပြီး အဖျားကြီးပြီးတက်စေတဲ့ အကြောင်းတွေကို သုတေသနပြုလုပ်နေပါတယ်။ ဒီအချက်တွေကိုလေ့လာခြင်းဖြင့် အဖျားကြီးပြီးတက်ခြင်းကိုဖြစ်စေတဲ့အကြောင်းကို သိရုံသာမက ကာကွယ်နည်းတွေကိုပါ သိရှိစေနိုင်ပါလိမ့်မယ်။• အဖျားကြီးပြီးမတက်ခင် ပုံမှန်မဟုတ်သော ဖွံ့ဖြိုးမှု။• အဖျားကြီးပြီးတက်ခြင်းအပြင် တခြားအကြောင်းရင်းများရှိနေခြင်း (complex febrile seizure)၊ တက်တာက ၁၅မိနစ်ထက်ကြာမယ်၊ ၂၄နာရီအတွင်း တစ်ခေါက်ထက်ပိုပြီးတက်မယ်။ တက်တဲ့အခါမှာ လည်း ခန္ဓါကိုယ်တစ်ခြမ်းပဲ တက်မယ်။• မိဘ၊ ညီအစ်ကို ၊မောင်နှမထဲတွင် မဖျားဘဲတက်တဲ့ အတက်ရောဂါခံစားနေရသူတွေရှိလျှင်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။• တက်နေစဉ်တွင် ကလေးကိုစိတ်ချရတဲ့ ပြင်ညီမျက်နှာပြင် အနိမ့်ပေါ်တွင်ထားပြီး သေချာစောင့်ကြည့်ရပါမယ်။ အချိန်ကိုမှတ်ထားပြီး ၅မိနစ်ကျော်ပါက ကလေးကို အရေးပေါ်ဆေးကုသဌာနသို့ ပို့ဆောင်တာက ပိုစိတ်ချရပါလိမ့်မယ်။• ကလေးကို ရေနွေးနဲ့ ရေချိုးပေးတာက အဖျားကြီးပြီးတက်တာကို မကာကွယ်နိုင်ပါဘူး။ ကလေးရဲ့ခေါင်းနှင့် ကိုယ်ကို ရေအေးဝတ်ကပ်ခြင်း၊ ကိုယ်ပူကျဆေး(ပါရာစီတမော၊Ibuprofenc) တိုက်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ ဒါတွေက ကလေးကို ကိုယ်ပူနေရာမှ ပြန်ကောင်းလာနိုင်စေပေမယ့် အဖျားကြီးပြီး မတက်အောင်တော့ မကာကွယ်ပေးနိုင်ပါဘူး။• အဖျားကြီးပြီးတက်တတ်တဲ့ကလေးအများစုဟာ အတက်ကျဆေးတွေ နေ့တိုင်းတိုက်ဖို့မလိုပါဘူး။ အဖျားကြီးပြီးတက်တာ ခဏခဏဖြစ်တဲ့ ကလေးတွေကိုတော့ အတက်ကျဆေး ( Phenobarbital ၊ valproate) တို့လို ဆေးမျိုးတွေကို တိုက်ပြီး ထပ်မတက်အောင် ကာကွယ်လို့ရပါတယ်။• ပုံမှန်မဟုတ်ဘဲ အဖျားကြီးပြီးတက်တာ ကြာတတ်တဲ့ကလေးတွေနဲ့ ဆေးဝါးကုသမှု အလွယ်တကူမရနိုင်တဲ့ ဝေးလံခေါင်ဖျားဒေသတွေမှာနေတဲ့ ကလေးတွေကို အတက်ကျဆေးတိုက်ရန် စဉ်းစားသင့်ပါတယ်။• အဖျားကြီးပြီးတက်တာကြာတဲ့ကလေးတွေ (သို့) ခဏခဏတက်တတ်တဲ့ကလေးတွေကို (phenobarbital)အတက်ကျဆေးသုံးတာ ရှားပါတယ်။• အဖျားကြီးပြီးတက်နေစဉ်တွင် သုံးနိုင်သောဆေးများမှာ။o ဒိုင်ယာဇီပန်(Diastat) ဂျယ် သို့မဟုတ် အရည်ကို စအိုအတွင်း ထည့်ပေးနိုင်ပါတယ်။o ကလိုနာဇီပန်(Klonopin) အပြားသို့ ဒိုင်ယာဇီပန်ဆေးပြားကို လျှာအောက်သို့ထည့်ပေးနိုင်ပါတယ်။ လော်ရာဇီပန်(lorazepam) ဆေးလုံးကို ချေ ပြီး ပါးစောင်နှင့် သွားဖုံးပေါ်ကို ထည့်ပေးလည်းရပါတယ်။ကိုယ်ပူနေတဲ့ကလေးကို ဒိုင်ယာဇီပန်ပေးတာက အဖျားကြီးပြီးတက်တာကို လျှော့ချပေးနိုင်ပါတယ်။ Valium(အတက်ကျဆေး)သောက်တဲ့ ကလေးတွေရဲ့ ၃၀ရာခိုင်နှုန်းမှာ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ အိပ်ငိုက်ခြင်း၊ ဂျီကျခြင်း နှင့် အသိစိတ်ကပ်မှုအားနည်းခြင်းတို့ဟာ ရက်အတော်ကြာတဲ့အထိဖြစ်နေတတ်တယ်။အရင်က အဖျားကြီးပြီးတက်တဲ့ကလေးတွေကို အတက်ကျဆေးပေးတာက နောက်ပိုင်းတွင်အတက်ရောဂါ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ ဆရာဝန်တွေက ယူဆခဲ့ကြတယ်။ ဒါပေမယ့် အဖျားကြီးပြီးတက်တဲ့ကလေးအများစုက အတက်ရောဂါမဖြစ်ကြပါဘူး။အတက်ကျဆေးကို ကြာရှည်သုံးစွဲပါက ကလေးတွေရဲ့ ဦးနှောက်ကိုထိခိုက်စေပြီး တခြားထိခိုက်စေနိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေလည်း ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် အဖျားကြီးပြီးတက်တဲ့ကလေးတိုင်းကို အတက်ကျဆေးနေ့တိုင်းတိုက်ဖို့ မလိုအပ်ပါဘူး။Hello Health Group သည်ဆေးပညာအကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့်ကုသပေးခြင်းများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/febrile-seizure-%e1%80%a1%e1%80%96%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%90%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba/
အသားအရေထိန်းသိမ်းခြင်းအကြောင်း အများဆုံးမေးတတ်ကြတဲ့ မေးခွန်းများ
အသားအရေထိန်းသိမ်းခြင်းဟာအမျိုးသားတွေအတွက်ရောအမျိုးသမီးတွေအတွက်ပါအမှန်တကယ်အရေးကြီးပါတယ်။ ရုပ်ရည်နဲ့အသားအရေလှပကောင်းမွန်မှုရှိမရှိဟာနေ့စဉ်လှုပ်ရှားသွားလာမှု၊တဦးနဲ့တဦးဆက်သွယ်ပြောဆိုမှုနဲ့မိမိကိုယ်ကိုယုံကြည်မှုရှိမှုစတဲ့အချက်တွေပေါ်များစွာအကျိုးသက်ရောက်မှုရှိပါတယ်။ ဒါပေမယ့်လူအများအပြားဟာအရေပြားထိခိုက်မှုဒါဏ်ကိုခံစားနေရပါတယ်။ ဒါကြောင့်မို့အသားအရေထိန်းသိမ်းခြင်းနဲ့ပတ်သက်ပြီးအများဆုံးမေးတတ်ကြတဲ့မေးခွန်းတွေကိုအောက်မှာဖော်ပြပေးထားပါတယ်။အဆီပြန်တာကိုထိန်းချုပ်ဖို့အတွက်မျက်နှာအလွန်အကျွံမသစ်သင့်ပါဘူး။ ဒီလိုလုပ်ခြင်းအားဖြင့်အရေပြားကိုအလွန်အကျွံခြောက်သွေ့သွားစေတဲ့အတွက်အစိုဓါတ်ပြန်ထိန်းနိုင်ဖို့ခန္ဓါကိုယ်ကနေအဆီတွေပိုပြီးထုတ်ပေးအောင်ဆွလိုက်သလိုသာ ဖြစ်သွားစေတာမို့ဝက်ခြံတွေကိုပိုဆိုးစေပါတယ်။ ဒါ့ကြောင့်မျက်နှာကိုမှန်ကန်စွာသစ်ရမှာဖြစ်တဲ့အပြင်အရေပြားအစိုဓါတ်ကိုထိန်းပေးထားဖို့လည်းလိုအပ်လှပါတယ်။ ခြောက်သွေ့တဲ့အသားအရေကိုသာမကအဆီပြန်တတ်တဲ့အသားအရေကိုလည်းအစိုဓါတ်ထိန်းပေးဖို့အရေးကြီးပါတယ်။ အစိုဓါတ်ကောင်းစွာရရှိတဲ့အရေပြားဟာကျန်းမာပြီးဘက်တီးရီးယားပိုးမွှားတွေရန်ကလည်းကာကွယ်နိုင်စွမ်းရှိပါတယ်။ အဆီပြန်တတ်တဲ့အသားအရေပိုင်ရှင်တွေအနေနဲ့ petroleum ဒါမှမဟုတ်အဆီဓါတ်ကိုအခြေခံပြီးထုတ်လုပ်ထားတဲ့အလှကုန်ပစ္စည်းတွေကိုတော့ရှောင်ရှားသင့်ပါတယ်။ သူတို့အတွက်ရေကိုအခြေခံပြီးထုတ်လုပ်ထားကာပျစ်စေးမှုမရှိတဲ့အလှကုန်တွေကသာအသင့်တော်ဆုံး ဖြစ်လို့ပါ။ဟော်မုန်းနဲ့မျိုးဗီဇတို့နည်းတူအစားအသောက်ဟာလည်းအသားအရေထိန်းသိမ်းမှုမှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်ပါတယ်။ဒါကြောင့်အောက်ပါအစားအစာတွေကိုပိုမိုစားသုံးသင့်ပါတယ်။အောက်ပါအစားအစာတွေကိုတော့ရှောင်ကြဉ်သင့်ပါတယ်။ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်တွေအဖို့မိမိနဲ့ကိုက်ညီမယ့်အလှကုန်ပစ္စည်းတွေကိုရွေးချယ်ရတာတကယ်ကိုခေါင်းခဲစရာပါ။ ထိခိုက်လွယ်တဲ့အသားအရေကိုထိန်းသိမ်းရာမှာအရေးကြီးဆုံးအချက်ကတော့ ပြင်းထန်မှုမရှိတဲ့ခပ်ပျော့ပျော့ကုန်ပစ္စည်းကိုရွေးချယ်မိဖို့ ဖြစ်ပါတယ်။ သူတို့အနေနဲ့သဘာဝပစ္စည်းတွေကိုအခြေခံထုတ်လုပ်ထားတဲ့ပစ္စည်းတွေကိုဦးစားပေးရွေးချယ်သင့်ပါတယ်။ ဒါပေမယ့်တခုသတိထားရမှာကသဘာဝပစ္စည်းအချို့ဟာလူတိုင်းနဲ့တည့်မှာမဟုတ်ဘဲတချို့လူတွေမှာဓါတ်မတည့်တဲ့ ပြဿနာတွေနဲ့ရင်ဆိုင်ရစေနိုင်ပါတယ်။ကြိုတင်ကာကွယ်ခြင်းနဲ့ဆေးကြောသန့်စင်ခြင်းဟာပုံမှန်အသားအရေထိန်းသိမ်းမှုမှာအရေးကြီးဆုံးသောအချက်တွေ ဖြစ်ပါတယ်။ ဘက်တီးရီးယားပိုးမွှားတွေပေါက်ပွားတာနဲ့မလိုလားအပ်တဲ့အဆီတွေထွက်ရှိတာကိုကာကွယ်နိုင်ဖို့အတွက်ညအိပ်ယာမဝင်ခင်တိုင်းမှာမျက်နှာကိုသေချာစွာဆေးကြောသန့်စင်ရပါမယ်။ နေလောင်ဒါဏ်ကိုကာကွယ်နိုင်ဖို့နေလောင်ခံခရင်မ်တွေလိမ်းဖို့လည်းလိုအပ်ပါတယ်။ နေလောင်ခံခရင်မ်လိမ်းခြင်းဟာအရေတွန့်တာနဲ့အမည်းစက်ထွက်တာတွေကိုလျော့နည်းစေတဲ့အပြင်အရေပြားကင်ဆာကိုပါကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့်မိမိအသားအရေနဲ့လိုက်လျောညီထွေရှိတဲ့နေလောင်ခံခရင်မ်အမျိုးအစားကိုမှန်ကန်စွာရွေးချယ်မိဖို့တော့အရေးကြီးပါတယ်။ တကယ်လို့သင့်အနေနဲ့အထက်ပါလက္ခဏာတွေကိုခံစားနေရမယ်ဒါမှမဟုတ်ဝက်ခြံပြဿနာတွေနဲ့ရင်ဆိုင်နေရမယ်ဆိုရင်သေချာစွာစစ်ဆေးပြီးသင့်တော်မှန်ကန်တဲ့ကုသမှုတွေကိုခံယူနိုင်ဖို့အတွက်ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ သဘာဝပစ္စည်းတွေ၊ဆေးဝါးတွေဒါမှမဟုတ်လေဆာရောင်ခြည်ကိုအသုံးပြုပြီးဝက်ခြံတွေကိုနည်းအမျိုးမျိုးနဲ့သင့်တော်သလိုကုသနိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b%e1%80%91%e1%80%ad%e1%80%94%e1%80%b9%e1%80%b8%e1%80%9e%e1%80%ad%e1%80%99%e1%80%b9%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
မဖျားဘဲ တက်ခြင်း
မဖျားဘဲ တက်တဲ့အခြေအနေဟာ ကလေးတွေရဲ့ ဝ.၄ ရာခိုင်နှုန်းမှာ ဖြစ်တတ်ပါတယ်။ မကြာခဏ ဖြစ်နေရင်တော့ ကလေးမှာ အတက်ရောဂါ ရှိနေပြီလို့ ပြောနိုင်ပါတယ်။ အကြောင်းရင်းတွေအများကြီးရှိတဲ့အထဲက တွေ့ရများတဲ့ အခြေအနေတစ်ခုကတော့ ဦးနှောက်ထဲမှာ သေးငယ်တဲ့ အမာရွတ်လေးတစ်ခု ဖြစ်သွားပြီး ဦးနှောက်ကို လှုံ့ဆော်နေတာကြောင့် ဖြစ်ပါတယ်။ အဲဒီလို မကြာခဏ တက်နေရင်တော့ အတက်ကျဆေးတွေနဲ့ ထိန်းဖို့ လိုပါလိမ့်မယ်။တက်နေတဲ့အချိန်မှာ ကလေးဟာ သတိလစ်မယ်၊ လဲကျသွားမယ်၊ မျက်လုံးတွေက ကြောင်နေမယ်၊ ဒါမှမဟုတ် မျက်ဖြူလန်နေမယ်။ ခန္ဓါကိုယ်က တောင့်တင်းနေပြီး လက်တွေ ခြေထောက်တွေက ဆန့်နေမယ်။ အများအားဖြင့်တော့ ၅မိနစ်အောက်သာ ကြာမြင့်တတ်ပါတယ်။သင့်ကလေးကို ကြမ်းပြင် သို့မဟုတ် ညီညာတဲ့နေရာမှာ ချလိုက်ပါ။ အန္တရာယ်များတဲ့ နေရာမှာ ရောက်နေမှ သူ့ကို နေရာရွှေ့ပါ။ မဟုတ်ရင် သွားမလှုပ်တာ အကောင်းဆုံးပါပဲ။အရင်က အတက်ကျရောဂါရှိတယ်လို့ သိထားရင်တော့။အတက်ကျသွားတဲ့အခါ ကလေးက အိပ်ချင်နေရင် ပေးအိပ်လိုက်ပါ။ ဦးနှောက်ဟာ အခိုက်အတန့် ပင်ပန်းနေပြီဖြစ်တဲ့အတွက် ကလေးကို နိုးနိုးကြားကြားနေခိုင်းဖို့ မကြိုးစားသင့်ပါဘူး။ ပြန်ပြန်ပြီး တက်တာမျိုးတွေကလည်း ဖြစ်တတ်တာမို့ သင့်ကလေးကို ကုသပေးနေတဲ့ ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ပြီး အစီအစဉ်ဆွဲထားဖို့ လိုပါမယ်။တချို့ဆရာဝန်တွေကတော့ သင့်ကလေးကို အတက်ကျဆေးထပ်ပေးဖို့ အကြံပေးကြမယ်။ တကယ်လို့ ပထမအကြိမ်မှာ မပေးမိခဲ့ဘူးဆိုရင်တော့ ပေးသင့်ပါမယ်။ သင့်ကလေးမှာ အတက်ရောဂါရှိနေရင် တက်တဲ့အခါတိုင်းတော့ အရေးပေါ်ဆေးရုံဆီ သွားပြနေဖို့ မလိုပါဘူး။အရေးပေါ်ဆီ ဖုန်းဆက်သင့်တဲ့ အခြေအနေတွေက။ဒါတွေဖြစ်ရင် ဆရာဝန်ဆီ ချက်ချင်းပြပါ။ဒါတွေဖြစ်ရင်တော့ ချက်ချင်းဆရာဝန်ခေါ်စရာ မလိုသေးပါဘူး။အားကစားနည်းအများစုကတော့ ဘေးကင်းကြပေမယ့် ပိုပြီးသေချာစေဖို့အတွက်၊ သူမတော်တဆများ ရုတ်တရက် တက်ခဲ့ရင် အန္တရာယ်ဖြစ်သွားနိုင်တဲ့ ကစားနည်းမျိုးတွေကို ရှောင်ခိုင်းပါ။သစ်ပင်တက်တာလို အမြင့်တက်တဲ့ကစားနည်းတွေ၊ အဝေးပြေးလမ်းမှာ စက်ဘီးစီးတာမျိုးတွေ၊ တစ်ယောက်တည်း ရေကူးတာမျိုးတွေ၊ ကမ်းခြေမှာ ရေလွှာလျှောစီးတာ၊ ဒိုင်ဗင်ထိုးတာ၊ လေထီးခုန်တာ စတာတွေ ပါဝင်ပါတယ်။ ရေစိမ်တာအစား ရေပန်းအောက်မှာ ရေချိုးခိုင်းပါ။ နောက်ပြိး တစ်ယောက်ယောက် အိမ်မှာရှိတဲ့အချိန်မျိုးပဲ ရေစိမ်ချိုးခိုင်းပါ။မဖျားဘဲ တက်ခြင်း နှင့် ပတ်သက်သည့် တခြားသော သိကောင်းစရာများအတွက် ဒါကိုနှိပ်ပါ။Hello Health Group သည် မည်သည့်ကျန်းမာရေးဝန်ဆောင်မှုကိုမျှ မပေးပါ။ အကယ်၍ မိမိကျန်းမာရေးနှင့် ပတ်သက်ပြီး မူမမှန်မှုတစ်ခုခုရှိသည်ထင်ပါက ဆရာဝန်၊ ဆရာမနှင့် တိုင်ပင်ဆွေးနွေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/%e1%80%99%e1%80%96%e1%80%bb%e1%80%ac%e1%80%b8%e1%80%98%e1%80%b2-%e1%80%90%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
နတ်သမီးအမှတ် ဆိုတာ ဘာလဲ။
တချို့တွေရဲ့ခါးအနောက်ဘက်ကျောရိုးမကြီးရဲ့ တစ်ဘက်ဆီမှာ အချိုင့်လေးတွေ ရှိတတ်ကြတယ်။ အချိုင့်တစ်စုံပေါ့။ လူတိုင်းမှာ မရှိတတ်တဲ့အတွက် ဒါလေးရှိတဲ့သူတွေက ဘာလေးလဲ။ ဘာလို့ချိုင့်နေတာလဲ။ အထဲမှာ အရိုးများ တစ်ခုခုဖြစ်လို့လား။မွေးရာပါအမှတ်လေးလား။ တစ်ခုခု ကုသဖို့ လိုမလား စသဖြင့် မေးတတ်ကြပါတယ်။ နတ်သမီးအမှတ် လို့လည်း ခေါ်ကြတော့ အရင်ဘဝက နတ်ဝင်စားတာလားပေါ့။ စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းလေးကို ဆက်ကြည့်ကြည့်ရအောင်။ပါးမှာ ပါးချိုင့် ရှိသလို ခါးမှာလည်း ခါးချိုင့် ရှိပါတယ်။ ဒါက တင်ပဆုံရိုးမှာရှိတဲ့ အရိုးတစ်ခုနဲ့ ခါးနဲ့ကြားမှာအရွတ်တွဲလေးတစ်ခု လာတွဲနေလို့ပါ။ ဒါကြောင့် အရေပြားမှာ အချိုင့်လေး ဖြစ်နေတာပါ။ Dimples of Venusလို့ ခေါ်တာကတော့ ရောမအလှနတ်ဘုရား Venusရဲ့ ခါးမှာလည်း ဒါမျိုး အချိုင့်လေး ရှိလို့ပါတဲ့။ ပြီးတော့ ဒီအချိုင့်လေးတွေက အမျိုးသမီးတွေမှာ ပိုတွေ့ရတတ်ပါတယ်။သူများကို အားကျလို့ ကိုယ်လည်း လိုချင်တယ်ဆိုပြီး လေ့ကျင့်ခန်းတွေ လုပ်ပြီး ခါးမှာ ချိုင့်နေအောင် လုပ်လို့မရပါဘူး။ ဒါက အရွတ်ပဲ ဖြစ်ပြီး ကြွက်သား မဟုတ်တဲ့အတွက် ချိုင့်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် နဂိုရှိပြီးသားသူတွေကတော့ ဝိတ်ကျသွား ဒီအချိုင့်တဲ့အခါလေးတွေက ပိုပြီး သိသာလာပါတယ်။မျိုးရိုးဗီဇကြောင့်လို့ ပြောကြပေမယ့် ဒါနဲ့ ပတ်သတ်ပြီးတော့ တိကျတဲ့ သက်သေပြချက်တော့ မရှိပါဘူး။ လက်ရှိ လေ့လာထားသလောက်တော့ မျိုးဗီဇတစ်ခုသာ ပြောစရာရှိနေပါတယ်။ခါးကအချိုင့်နဲ့ တင်ပါးကအချိုင့် တူတာလည်း ရှိသလို ကွဲပြားချက်တွေလည်း ရှိပါတယ်။ ခါးမှာ အချိုင့်ရှိတဲ့သူတွေက တင်ပါးနားမှာလည်း အချိုင့်ရှိတတ်ပါတယ်။ တင်ပါးမှာအချိုင့်ရှိတဲ့သူတွေကတော့ မြီးညှောင့်ရိုး အထက်မှာ တစ်ခုပဲရှိတတ်ပါတယ်။ ၂မျိုးလုံးကတော့ မွေးကတည်းက ပါလာတာပါ။ ၂မျိုးလုံးက များသောအားဖြင့် ပြဿနာ မရှိပါဘူး။ ဒါပေမယ့် မြီးညှောင့်ရိုးနားက အချိုင့်လေးကတော့ တစ်ခါတစ်လေ ရောဂါတချို့နဲ့ တွဲနေတတ်ပါတယ်။ဥပမာ။ဒါတွေက သိပ်အခြေအနေမဆိုးတဲ့အတွက် တော်ရုံဆို ကုသစရာမလိုပါဘူး။ ဒါပေမယ့် လိုအပ်တဲ့ စစ်ဆေးမှုတွေတော့ လုပ်ရမှာပါ။နတ်သမီး အမှတ်ရှိတဲ့ သူတွေကလိင်ကိစ္စမှာ အားသာချက်တွေ ရှိတယ်လို့ ဆိုကြပါတယ်။ ဥပမာ ဒီအမှတ်ရှိတဲ့ အမျိုးသမီးတွေက တင်ပဆုံပိုင်းကိုသွေးလည်ပတ်မှုကောင်းလို့မြန်မြန်ပြီးမြောက်ကြတယ်လို့ ဆိုကြပါတယ်။ တချို့ကလည်း အမျိုးသမီးတွေရဲ့ ဒီအချိုင့်လေးကို ဖိရုံနဲ့တင် ပြီးသွားတတ်ကြတယ်လို့ ဆိုပါတယ်။ ဒါတွေဟာ အရပ်ပြောစကားတွေပဲ ဖြစ်ပါတယ်။ ဒီအမှတ်က အရွတ်တွဲကြောင့် ပေါ်လာတာဖြစ်ပြီး သွေးလည်ပတ်မှုကို ဘာမှ မလုပ်ပေးနိုင်ပါဘူး။တချို့ကလည်း ဒီအမှတ်ပါတဲ့ အမျိုးသမီးတွေက အမျိုးသားတွေက ပိုကြိုက်ကြတယ်တဲ့။ ဒါကလည်း တစ်ဦးဆီရဲ့ ရွေးချယ်မှု ဖြစ်ပြီး ယေဘုယျမဆန်ပါဘူး။နောက်ပြီးပြောကြတာကတော့ ဒီအရွတ်ရှိတဲ့အတွက်ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ တင်ပဆုံပိုင်း ငြိမ်ဖို့၊ ဝိတ်ငြိမ်ဖို့ ထိန်းပေးနိုင်ပါတယ်တဲ့။ဒီတော့ ပြောရမယ်ဆိုရင် နတ်သမီးအမှတ်ဆိုတာ အရွတ်တွဲတစ်ခုသာဖြစ်ပြီး ကျန်းမာရေးအရဘာထူးခြားချက်မှ မရှိပါဘူး။ အန္တရာယ်လည်း မရှိပါဘူး။ တချို့တွေကတော့ ဒီအမှတ်ပါတဲ့ အမျိုးသမီးတွေကို မိန်းမချောတွေလို့ သတ်မှတ်ကြလေရဲ့။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%94%e1%80%90%e1%80%ba%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%a1%e1%80%99%e1%80%be%e1%80%90%e1%80%ba-%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac-%e1%80%98%e1%80%ac%e1%80%9c%e1%80%b2%e1%81%8b/
ဖရဲသီး ကပေးတဲ့ အသားအရေ လှပမှု
အခွံ စိမ်းစိမ်း အတွင်းသား နီနီ၊ အရည်ရွှမ်းရွှမ်းနဲ့ ချိုပြီး အေးနေတဲ့ဖရဲသီးကကျန်းမာရေးအတွက်တင် မဟုတ်ဘဲ အလှအပ အတွက်ပါ အကျိုးပြု ပေးပါသေးတယ်။ ဘာတွေများ အကျိုးပြုလဲ သိချင်ရင် ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ရေဓာတ်၉၂ ရာခိုင်နှုန်း ပါဝင်ဖွဲ့စည်းထားတဲ့ ဖရဲသီးက စားရတာ အရသာရှိသလို အသားအရေကိုလည်း အခုလိုအကျိုးကျေးဇူးလေးတွေ ပေးပါသေးတယ်။ဖရဲသီးက ရေဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အသားအရေကို ရေဓာတ် ဖြည့်ပေးပြီး အရေပြားကိုအစိုဓာတ်ထိန်းပေးပါတယ်။ အသားအရေ ခြောက်သွေ့မှု ကင်းချင်တယ်ဆိုရင် တစ်နေ့ကို ဖရဲသီး တစ်စိတ်လောက် စားပေးရင်ကို လုံလောက်ပါတယ်။အရေပြားမှာ ဝက်ခြံတွေ တအားပေါက်တယ်။ဆားဝက်ခြံတွေ ဖြစ်တယ်ဆိုတာကခန္ဓာကိုယ်မှာ ရှိတဲ့အဆီဂလင်းတွေက အဆီတွေကို အလွန်အကျွံ ထုတ်နေတာကြောင့်ပါ။ ဖရဲသီးမှာပါတဲ့ဗီတာမင် Aကအဆီပြန်တာကို သက်သာစေပြီး အဆီတွေကြေင့်ချွေးပေါက်ပိတ်ဆို့ပြီး ဝက်ခြံ ဖြစ်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဖရဲသီးမှာဗီတာမင် Cလိုမျိုး ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် နေ့စဉ် ထိတွေ့နေတဲ့ ဓာတ်တိုး ပစ္စည်းတွေကြောင့် အသားအရေ ထိခိုက်တာ၊ အရွယ်မတိုင်ခင် အိုမင်းတာတွေကို ကာကွယ်ပေးပါတယ်။အသားအရေ တင်းတင်းလေးနဲ့ အရွယ်တင်ချင်ရင် ဖရဲသီးလေး စားပေးပါ။အရေပြားကို အပူဒဏ်၊ အအေးဒဏ်တွေကြောင့် ထိခိုက်ပျက်စီးမှု ကင်းချင်တယ်ဆိုရင်တော့ ဖရဲသီး စားပေးလို့ ရပါတယ်။ အရေပြား အဖက်လန်တာကို သက်သာစေဖို့လည်း ဖရဲသီးကို စားပေးလို့ ရပါတယ်။ဖရဲသီးမှာပါတဲ့ အမိုင်နို အက်ဆစ် တစ်မျိုးဖြစ်တဲ့ L-arginine ပါဝင်နေတာကြောင့် အရေပြားကို ပတ်ဝန်းကျင်က အပူဒဏ်၊ အအေးဒဏ်တွေကြောင့် ထိခိုက်မှုတွေကနေ ကာကွယ်ပေးပါတယ်။ဗီတာမင် C ကြွယ်ဝတဲ့ ဖရဲသီးက မျက်နှာကို အတွင်းပိုင်းထဲအထိ သန့်စင်ပေးပြီး အသားအရေကို ကြည်လင်လန်းဆန်း စေပါတယ်။ ဖရဲသီးမှာပါတဲ့ သကြားတွေ ပွင့်နေတယ်၊လို့ ပြောတတ်ကြတဲ့ အမှုန်လေးတွေကအရေပြားကို အတွင်းပိုင်းအထိ သန့်စင်ပေးနိုင်ပါတယ်။မျက်နှာကို ဖရဲသီးလေးနဲ့ ပွတ်ပေးတာကအသားအရေကို ကြည်လင်စေမှာပါ။ တစ်ပတ်ကို နှစ်ကြိမ် ပုံမှန် လုပ်ပေးရုံပါ။အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့ အတွက်လည်း ဖရဲသီးကို အသုံးပြုပေးလို့ ရပါတယ်။ ဖရဲသီးကို ကြိတ်ခြေပြီးဆားနည်းနည်းထည့်ပါ။ ရလာတဲ့ အရောကို အရေပြားပေါ်မှာ လိမ်းကျံပေးပြီး ၁၅ မိနစ်လောက် ထားလို့ ရေဆေးချလိုက်ရုံပါ။ဖရဲသီးမှာပါတဲ့ citric နဲ့ malic acid တွေက အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အရေပြားကို နူးညံ့စေပါတယ်။နေလောင်တာကို သက်သာစေဖို့အတွက်။ အရေပြားမှာ အဖုအပိမ့်တွေ ဖြစ်တာကို သက်သာစေဖို့အတွက် ဖရဲသီးကို သုံးလို့ ရပါတယ်။ ဖရဲသီးမှာပါတဲ့ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ နဲ့ သတ္တုဓာတ်တွေက အရေပြား နီမြန်းတာ၊ ရောင်ရမ်းတာနဲ့ အရေပြားမှာအဖုအပိမ့်ထွက်တာတွေကို သက်သာစေနိုင်ပါတယ်။ခပ်ပါးပါးလှီးထားတဲ့ ဖရဲသီးကို နေလောင်တဲ့နေရာမှာ ကပ်ပေးရုံပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/watermelon-beauty-benefits/
ရေခဲသေတ္တာထဲက အစားအသောက်တွေနှင့် ပတ်သက်ပြီး သိသင့်သည့် အချက် ၁၀ ချက်
သင်နေသည့် နေရာကျဉ်းနေပါက ရေခဲသေတ္တာအသေးတစ်ခုသာ သင့်အတွက်အကောင်းဆုံးရနိုင်သောပစ္စည်းဖြစ်သည်။ သို့သော် ရေခဲသေတ္တာအသစ်က သင်အစားအသောက်နည်းနည်းပဲ စားရမည်ဟုမဆိုလိုပါ။ အောက်ပါ (၁၀) ချက်က ကျန်းမာသော ရေခဲသေတ္တာလေးဖြစ်အောင်လုပ်နည်းကိုဖော်ပြထားသည်။ကောက်နှံတစ်ခုလုံးအပြည့်ပါသော ပေါင်မုန့်နှင့် အဆီနည်းသောချိစ်က အင်အားများများမြန်မြန်ရစေသော သရေစာဖြစ်သည်။ ပိုကောင်းသောအရာမျိုးလိုပါက ချိစ်ကို ကြက်ဥနှင့် မိုက်ခရိုဝေ့စ်ထဲ ထည့်ကင်ပြီး လုပ်နိုင်သည်။ဝယ်ပြီးဖြတ်ထားပြီး သင်ရေခဲသေတ္တာသေးအတွင်းသို့ သိမ်းထားခြင်းက သရေစာ သို့မဟုတ် အသားလုပ်ပြီး အဆင်သင့်ဖြစ်နိုင်သည်။ ဂျီးမများပါနှင့်။ အသီးအရွက်တွေက သင့်အတွက်ကျန်းမာရေးကောင်းစေပါသည်။လတ်ဆတ်သော သို့မဟုတ် ခဲထားသောအသီးများ၊ အခြောက်ခံထားသော စီမံထားသောအသီးများကို သင်ကြိုက်သလိုစားနိုင်သည်။ အသင့်ပြင်ထားသော အသီးအားသကြားသတိထားထည့်ပါ။ သင့်သရေစာထဲ အသီးထည့်စားခြင်းက ပိုအရသာရှိစေသည်။ပြောစရာမလိုလောက်အောင် ခန္ဓာကိုယ်အတွက် ရေကိုလိုအပ်ပါသည်။ သင်ရေငတ်နေပါက အချိုရည်ထက် ရေကိုသာသောက်သုံးပါ။သစ်ကြားသီး၊ မြေပဲ၊ သစ်အယ်သီး၊ အခွံအညိုရောင်ရှိပြီး ခပ်ဆိမ့်ဆိမ့်အရသာရှိတဲ့ အခွံမာသီးတစ်မျိုးဖြစ်တဲ့ pistachios လိုမျိုး အစေ့အဆန်တွေက ရေခဲသေတ္တာထဲထည့်သိမ်းပါက ကြာရှည်ခံသည်။ ဒီအစေ့အဆန်တွေမှာ အဆီ၊ ဗီတာမင်နှင့် သတ္တုဓာတ်များစွာပါသည်။ မြေပဲထောပတ်နဲ့ သစ်အယ်သီးထောပတ်တွေကို ပန်းသီး သို့မဟုတ် ဂျုံကြမ်းပေါင်မုန့် မီးကင်ထားတာလိုမျိုး အစားအစာတွေနဲ့ တွဲဖက်စားသုံးတဲ့အခါ တော်တော်လေးအရသာရှိပါတယ်။ရေခဲသေတ္တာတိုင်းတွင် ကြက်ဥက ပါသင့်သည်။ မနက်စာအတွက် ကြက်ဥမွှေကြော်စားလို့ရပါတယ်။ အာဟာရပြည့်ဝပြီး ချက်ပြုတ်ရလွယ်ကူသည့် အစားအစာတစ်မျိုးပါပဲ။နို့နှင့်ဒိန်ချဉ်က အရသာရှိရုံမက အာဟာရလည်းရှိသည်။ အခြားအစားအစာ ဥပမာ အသီးအနှံများနှင့်လည်း တွဲစားနိုင်သည်။ ဘာမှမရှိပါက ဒီတိုင်းလည်းစားနိုင်သည်။ မနက်စာနှင့် သရေစာစားလည်းသင့်တော်သည်။ဟူးမက်စားချင်းထက်ဘယ်ဟာ ပိုသက်သာစေသလဲ။ သင်ရေခဲသေတ္တာရှိအခြားအစာများနဲ့လည်းစားနိုင်သည်။ အရသာရှိရုံသာမက ကျန်းမာသောနေ့လယ်စာဖြစ်စေသည်။ဆယ်ဆာက အာလူး ငရုတ်သီး၊ နံနံပင် နှင့် ကြက်သွန်တို့ပါဝင်နေတာကြောင့်စားလို့ကောင်းပြီး အရသာရှိသည်။ ကောက်နှံစပါးတစ်ခုလုံးနှင့် အခြားအရွက်များနှင့်ပေါင်းစားလည်းကောင်းသည်။သင်ဈေးသွားဝယ်ပါက ပါဝင်သော အာဟာရပမာဏကိုဖတ်ပါ။ ထိုအကျင့်က သင်ကျန်းမာရေးအတွက် အစားအသောက်ရွေးခြင်းကိုကူညီပေးနိုင်သည်။ထိုသာမက ရေခဲသေတ္တာကို ၄ ဆဲစီးရပ်တွင်ထားရန် သို့မဟုတ် ဒီထက်နည်းအောင်ထားခြင်းက ပိုကောင်းစေသည်။ သာမိုမီတာထည့်ထားပါက ရေခဲသေတ္တာထဲထည့်ပြီး အအေးချိန်နိုင်သည်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/ten-tips-mini-fridge-makeover/
ကိုယ်ဝန်ဆောင် မေမေ ဘာတွေစားမလဲ.....
ကျန်းမာတဲ့ဘေဘီလေးကို ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ဖို့ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေကအစားအသောက်ကို သေချာလေးဂရုစိုက်ဖို့ လိုပါမယ်။ ဒီလို ဂရုစိုက်ပေးတာက မေမေရော ဘေဘီလေးကိုပါ ကျန်းမာပျော်ရွှင်စေမှာဖြစ်တာကြောင့် မေမေတစ်ယောက်အနေနဲ့ကိုယ်ဝန်ဆောင်ကာလမှာ အာဟာရပြည့်ဝစွာ စားသုံးဖို့လိုပါမယ်။ ဒီတော့ အာဟာရပြည့်ဝအောင် ဘာတွေစားရမလဲလို့ သိချင်နေပြီလား။ ဒါဆိုရင် ကိုယ်ဝန်ဆောင် မေမေ ဘာတွေစားမလဲ….. ဆိုတာကို ပြောပြပေးထားတဲ့ ဒီဆောင်းပါးလေးကို ဖတ်ကြည့် စေချင်ပါတယ်။ကိုယ်ဝန်ဆောင်နေချိန်မှာ မေမေရော ဘေဘီလေးပါကျန်းမာစေဖို့ဆိုရင်။မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ ကိုယ်ဝန်ဆောင် မေမေ ဘာတွေစားမလဲ….. ဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝမှ မေမေရော ဘေဘီလေးပါကျန်းမာမှာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝစေဖို့အတွက် မေမေ့အနေနဲ့ ဒါလေးတွေ စားပေးတာက အသင့်တော်ဆုံးဖြစ်မှာပါ။နို့ထွက်ပစ္စည်းတွေ။ပဲအမျိုးမျိုး။ပဲအမျိုးမျိုးဆိုတဲ့ အထဲမှာ ပဲနီလေး၊ ကုလားပဲ၊ ပဲပိစပ်၊ မြေပဲတို့ အားလုံးပါဝင်နေပါတယ်။ ပဲအမျိုးမျိုးမှာ အပင်ကနေရရှိတဲ့ အမျှင်ဓာတ်၊ ပရိုတင်း၊ စသံဓာတ်၊ ဖောလိတ် နဲ့ ကယ်လ်ဆီယမ်တို့လိုမျိုးကိုယ်ဝန်ဆောင်မိခင်အတွက် လိုအပ်မယ့် အာဟာရဓာတ်တွေ ပြည့်ဝစွာပါဝင်နေပါတယ်။ ဗီတာင်မင် B အုပ်စုဝင်တစ်မျိုး ဖြစ်တဲ့ ဖောလိတ်က ကိုယ်ဝန်ဆောင်ကာလမှာ မေမေရော ဗိုက်ထဲက ဘေဘီလေးပါကျန်းမာစေဖို့ မဖြစ်မနေလိုအပ်ပါတယ်။ဖောလိတ်ပြည့်ဝမှုက ပေါင်မပြည့်တဲ့ ကလေးမွေးဖွားတာ၊ အာရုံကြောဖွံ့ဖြိုးမှု အားနည်းတဲ့ ဘေဘီလေးမွေးဖွားတာမျိုး မဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဘေဘီလေးကို မွေးရာပါချို့ယွင်းချက်မရှိစေဖို့ဆိုရင် ဖောလိတ်ပြည့်ဝအောင် စားသုံးပေးလို့ရပါတယ်။ကန်စွန်းဥ။ကန်စွန်းဥမှာ ဘီတာကယ်လ်ရိုတင်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီဒြပ်ပေါင်းက ခန္ဓာကိုယ်ထဲရောက်သွားတဲ့ အခါ ဗီတာမင် A အဖြစ်ပြောင်းလဲသွားပြီး ဘေဘီလေးရဲ့ ဆဲလ်တွေ တစ်ရှူးတွေကို ကြီးထွားဖွံ့ဖြိုးစေပါတယ်။ ကန်စွန်းဥမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေမှုကလည်း မေမေ့ကို အဆာခံနိုင်စေပြီးသွေးတွင်းသကြားဓာတ်မြင့်တက်မှုမဖြစ်အောင် ထိန်းညှိပေးနိုင်သလိုအစာခြေစနစ်ကို ကျန်းမာအောင်စောင့်ရှောက်ပေးပါတယ်။ဆယ်လ်မွန်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/foods-to-eat-when-youre-pregnant/
သင့်လိင်စိတ် ဘာလို့ကျဆင်းတာလဲ
ဆေးပညာအရလိင်ဆက်ဆံရင် ဆန္ဒနည်းပါးမှုရောဂါကိုလိင်စိတ်ကျဆင်းမှု (low libido) လို့ သိရှိကြပါတယ်။ ဒါဟာအသက်အရွယ်မရွေးအမျိုးသားရော၊ အမျိုူးသမီးမှာပါ အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာမစွမ်းဆောင်နိုင်ခြင်းတစ်မျိုးဖြစ်ပါတယ်။ မကြာသေးမီကလေ့လာမှုတစ်ခုက၁၀ ယောက်မှာ ၄ယောက်သော အသက်၄၅နှစ်အထက် အမျိုးသားတွေဟာလိင်စိတ်ပျောက်ဆုံးတတ်ပါတယ်။ အသက် ၁၈နှစ်ကနေ ၅၉နှစ်ကြားအမျိုးသမီးတွေမှာတော့ သုံးပုံမှာတစ်ပုံဟာလိင်စိတ်လျော့နည်းခြင်းကိုခံစားနေကြရပါတယ်။ တကယ်လို့ လိင်စိတ်ကျဆင်းခြင်းဟာအချိန်အကြာကြီး ကြာမြင့်မယ်ဆိုရင် (သို့) ခဏခဏပြန်ဖြစ်နေမယ်ဆိုရင် လိင်ဆက်ဆံဖက် နှစ်ဦးလုံးအတွက် သူတို့ရဲ့ ဆက်ဆံရေးကိုထိန်းသိမ်းဖို့ ခက်ခဲပါတယ်။ဘာလို့ လိင်စိတ်လျော့နည်းတာလဲ။လိင်စိတ်ပျောက်ဆုံးခြင်းဟာအကြောင်းအရာများစွာကြောင့် ဖြစ်ပွားတတ်ပါတယ်။လိင်စိတ်လျော့နည်းခြင်းကိုဘယ်လိုကုသရမလဲ။သင့်ဆက်ဆံရေးတစ်ခုပျက်စီးခြင်းအတွက် လိင်စိတ်လျော့နည်းမှုကိုအပြစ်တင်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီအကျိုးဆက်ကိုလိင်စိတ်ပျောက်ဆုံးခြင်းကိုကုသခြင်းဖြင့် ရှောင်ကျဉ်နိုင်ပါတယ်။ ဖြစ်ပေါ်စေတဲ့အချက်တွေပေါ်မူတည်ပြီးကုသမှုတွေကတော့။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%85%e1%80%ad%e1%80%90%e1%80%ba-%e1%80%98%e1%80%ac%e1%80%9c%e1%80%ad%e1%80%af%e1%80%b7%e1%80%80%e1%80%bb%e1%80%86%e1%80%84/
ကိုယ်ဝန်ပျက်ကျစေနိုင်တဲ့ အကြောင်းအရင်းများ
ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ မိခင်တိုင်းအတွက် စိတ်ထိခိုက်ရတဲ့ အကြောင်းအရင်းတစ်ခုပါ။ ဒီတစ်ခေါက်တော့ ဆင်ခြင်လို့ရအောင် မေမေတို့ကို ကိုယ်ဝန်ပျက်ကျစေနိုင်တဲ့ အကြောင်းအရင်းများ ကဘာလဲဆိုတာ ပြောပြပေးပါရစေ။ ကိုယ်ဝန်ပျက်ကျရတဲ့အကြောင်းရင်းတွေကို သိထားမှ ဘယ်လိုကာကွယ်ရမလဲဆိုတာကို သိမှာပါ။ကိုယ်ဝန်ပျက်ကျနိုင်ခြေ အများဆုံးက ကိုယ်ဝန်ဆောင်ကာလ ၁၂ ပတ်လောက်မှာပါ။ ကိုယ်ဝန်ပျက်ကျ တဲ့အခါ။ကိုယ်ဝန်ပျက်ကျစေနိုင်တဲ့ အကြောင်းအရင်းများ က တစ်ချက်မကရှိနေနိုင်ပါတယ်။အကြောင်းအရင်း (၁) –ခရိုမိုဇုန်းလို့ခေါ်တဲ့ မျိုးရိုးဗီဇဆိုင်ရာ ဆဲလ်များ ပုံမှန် မဟုတ်ခြင်း။ကိုယ်ဝန်ပထမ ၃ လပတ်အတွင်းမှာ ကိုယ်ဝန်ပျက်ကျစေနိုင်တဲ့ အဓိကအကြောင်းအရင်းကဘေဘီလေးရဲ့ ခရိုမိုဇုန်း လို့ခေါ်တဲ့ မျိုးဗီဇဆဲလ်တွေ ပုံမှန်မဟုတ်တဲ့ အနေအထားပါ။ ဒီခရိုမိုဇုန်းလို့ ခေါ်တဲ့ မျိုးဗီဇဆဲလ်တွေက ဘေဘီလေးရဲ့ ဆံပင် နဲ့ မျက်လုံးအရောင်တွေကို အခြားသူတွေနဲ့မတူအောင် သတ်မှတ်ပေးတာပါ။ ခရိုမိုဇုန်းအရေအတွက်မှားယွင်းမှုက ဘေဘီလေးရဲ့ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ကိုယ်ဝန်ပျက်ကျတာကိုဖြစ်စေနိုင်ပါတယ်။ဒီပြဿနာကို ကာကွယ်ဖို့နည်းလမ်းလည်း မရှိပါဘူး။ နောက်တစ်ချက်ကမေမေက အသက်ကြီးနေမယ် (အထူးသဖြင့်အသက် ၃၅ နှစ်နဲ့အထက်) ဖြစ်နေမယ်ဆိုရင် ခရိုမိုဇုန်းပြဿနာ​ကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ခြေက ပိုများပါတယ်။အကြောင်းအရင်း (၂) –ကျန်းမာရေးအခြေအနေတစ်ရပ်ရပ်။ကိုယ်ဝန်ဆောင်ဒုတိယ ၃ လပတ်အတွင်းမှာ ကိုယ်ဝန်ပျက်ကျစေတဲ့ အဓိကအကြောင်းအရင်းက မေမေ့မှာ ကျန်းမာရေးပြဿနာတစ်ခုခုရှိနေတာပါ။ ဒီကာလမှာ မေမေအနေနဲ့  ကျန်းမာရေးပြဿနာတစ်ခုခုကြုံမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေက ပိုများသွားပါပြီ။ဒီကာလမှာ မေမေကဂျာမန်ဝက်သက်ဖြစ်မယ်။ ဆီးချို၊ သွေးတိုးလိုမျိုး ရောဂါတွေကို ကောင်းကောင်းမထိန်းနိုင်ဘူး။သိုင်းရွိုက်ပြဿနာရှိနေမယ်။ ခုခံအားနဲ့ သက်ဆိုင်တဲ့ ရောဂါတွေရှိနေမယ်။ လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ရှိနေမယ်။ သားအိမ်ခေါင်းကျယ်တာ၊ သားအိမ်အလုံးတည်တာ၊ ရေအိတ်တည်တာလိုမျိုး ရောဂါတွေရှိနေမယ်ဆိုရင်လည်း ဘေဘီလေးပျက်ကျတာ ဖြစ်နိုင်ပါတယ်။အကြောင်းအရင်း (၃) –ဘဝနေထိုင်မှုပုံစံ။မေမေရဲ့ နေ့စဉ်ဘဝနေထိုင်မှုပုံစံကလည်း ကိုယ်ဝန်ပျက်ကျနိုင်ခြေအပေါ်မှာ သက်ရောက်မှုရှိနေပါတယ်။ မေမေ့အနေနဲ့ အခုလိုမျိုးအလေ့အထတွေရှိနေမယ်ဆိုရင် ဗိုက်ထဲက ဘေဘီလေးကို ပျက်ကျစေနိုင်ပါတယ်။ကံကောင်းလို့ အဖတ်တင်ရင်တောင် ချို့ယွင်းချက်တွေ ပါလာနိုင်တဲ့အတွက် လုံးဝမသုံးမိအောင် ရှောင်သင့်ပါတယ်။တဆင့်ခံဆေးလိပ်ငွေ့တွေ၊ အိမ်သန့်ရှင်းရေးသုံး ပစ္စည်းတွေမှာပါတဲ့ ဓာတုဆေးတွေကြောင့်လည်း ကိုယ်ဝန်ပျက်ကျနိုင်ပါတယ်။ခဲဆိပ်သင့်တာ၊ ပြဒါးအဆိပ်သင့်တာ၊ အိမ်သုတ်ဆေးတွေ၊ အစွန်းချွတ်ဆေးတွေမှာပါတဲ့ ဓာတုပစ္စည်းတွေ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး နဲ့ အာဆင်းနစ်ဓာတ်တွေကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ပါတယ်။အကြောင်းအရင်း (၅) – ဆေးဝါးတွေကြောင့်။ကိုယ်ဝန်ဆောင်ချိန်မှာ သုံးစွဲတဲ့ တချို့ဆေးဝါးတွေက ကိုယ်ဝန်ပျက်တာ၊ ကလေးထိခိုက်တာကို ဖြစ်စေပါတယ်။ ဥပမာ။ဒီဆေးတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ မဖြစ်မနေရှောင်သင့်ပါတယ်။အကြောင်းအရင်း (၆) – အစာအဆိပ်သင့်တာတွေကြောင့်။အစားအစာတွေကနေ ကူးစက်တဲ့ ရောဂါပိုးတွေကလည်း ကိုယ်ဝန်ပျက်ကျတာကို ဖြစ်စေပါတယ်။ ဥပမာ။ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက်တွေကို သန့်သန့်ရှင်းရှင်းစားပါ။ ကျက်အောင် ချက်ပါ။ ကြောင်ချေးမကိုင်ပါနဲ့။ကိုယ်ဝန်ပျက်ကျတာကို ကာကွယ်ဖို့ နည်းလမ်းအတိအကျမရှိသေးပါဘူး။ ဒါပေမယ့် ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလဖြစ်အောင် လိုက်နာလို့ရတဲ့ အချက်လေးတွေတော့ရှိပါတယ်။ဒီအချက်တွေကို သေချာလေး ဂရုစိုက်လို့ ကိုယ်တိုင်ကိုရော ဘေဘီလေးကိုပါ စောင့်ရှောက်လိုက်ပါ မေမေတို့ရေ………………။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/everything-you-need-to-know-about-miscarriage/
Broken Foot (ခြေထောက်ကျိုးခြင်း)
မတော်တဆမှုတခုခု(သို့)ချော်လဲပြုတ်ကျခြင်းတခုခုမှ သင့်ခြေထောက်ကျိုးနိုင်ပါသည်။ ထိုအဖြစ်များလှသော ထိခိုက်မှုသည်ဆေးဘက်ဆိုင်ရာစစ်ဆေးကုသမှုချက်ချင်းလိုအပ်ပြီး ပြင်းထန်နိုင်ပါသည်။ ခြေထောက်ကျိုးခြင်း၏ပြင်းထန်မှုမှာ ကွဲပြားနိုင်သောကြောင့် အကယ်၍သင့်ခြေထောက်ကျိုးသွားသည်ဟုသံသယရှိပါကသင်၏ဆရာဝန်ကိုပြသရန်လိုအပ်သည်။ သင်လုံးဝပြန်ကောင်းနိုင်ရန် ကုသမှုအစီအစဉ်ကို ဆရာဝန်မှ စီစဉ်ပေးနိုင်ပါသည်။ခြေထောက်အရိုးများကျိုးသွားခြင်းသည် အရမ်းအဖြစ်များပါသည်။ အမှန်ဆိုရလျှင် အရိုး10ခုကျိုးတိုင်း ခြေအရိုး1ခု ကျိုးခြင်းဖြစ်လေ့ရှိသည်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။PasteTextHere။ခြေထောက်ကျိုးခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။သော်လည်း နာကျင်ကိုက်ခဲမှု၊ညိုမည်းစွဲခြင်းနှင့် ရောင်ရမ်းခြင်းတို့မှာ အဖြစ်များသည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။တစ်စုံတစ်ခုမှာ အရိုးအား ချေမွသွားခြင်း၊ကွေးသွားခြင်း၊လိမ်သွားခြင်း(သို့)ဆွဲဆန့်။သွားခြင်းဖြင့် အရိုးသည်ကျိုးသွားနိုင်ပါသည်။မတော်တဆမှုတခုခုကြောင့် အရိုးအများစုသည်ရုတ်တရက်ကျိုးတတ်သည်။ အရိုးများအပေါ်တွင်ထပ်ကာထပ်ကာ ကာလကြာရှည်စွာ ဒဏ်များဖြစ်နေပါက သေးငယ်သောအက်ကွဲကြောင်းများပေါ်လာနိုင်ပါသည်။ ထိုအရာများကို ဒဏ်ကြောင့်ဖြစ်သောအက်ကျိုးမှုများဟုခေါ်သည်။ စစ်သားများ၊အကသမားများ၊အပြေးသမားများနှင့် ကိုယ်ကာယလေ့ကျင့်သူများကဲ့သို့သော အားကစားသမားများနှင့် ဝန်ထုပ်ဝန်ပိုးအပြည့်နှင့် တောင်တက်သူများတွင်ထိုကဲ့သို့အဖြစ်အများဆုံးဖြစ်သည်။ အရိုးကျိုးခြင်းသည် လူကြီးများထက်စာလျှင် ကလေးများတွင် ပို၍အဖြစ်များသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။ခြေထောက်ကျိုးခြင်း ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။ဆရာဝန်သည် ထိခိုက်မှုဖြစ်ပွားသည့်အကြောင်းကိုမေးမြန်းပြီးကိုင်တွယ်ထိတွေ့စမ်းသပ်မှုများပြုလုပ်တတ်သည်။ ခြေထောက်ဓါတ်မှန်များသည် မကြာခဏအတည်ပြုရန် အသုံးဝင်သော်လည်း တခါတရံတွင် မလိုအပ်တတ်ပေ။ ထိခိုက်ဒဏ်ရာရထားသော ခြေချောင်းများသည် လည်း ကျိုးသည်ဖြစ်စေ ညိုမည်းစွဲသည်ဖြစ်စေ ဓါတ်မှန်ကို လုပ်ရိုးလုပ်စဉ်အတိုင်း ရိုက်ရတတ်သည်။ တခါတရံတွင် ခြေထောက်တွင် အရိုးများကျိုးမကျိုးကို အတည်ပြုရန်လိုအပ်သည်မှာ ဆရာဝန်၏ကိုင်တွယ်စမ်းသပ်စစ်ဆေးမှုသာဖြစ်သည်။”Ottawa foot rules”ဟုခေါ်သော စနစ်ကို သုံးကာ ဓါတ်မှန်ရိုက်ရန်လိုမလိုကို ဆရာဝန်များက ဆုံးဖြတ်ကြသည်။ ခြေမျက်စိဝန်းကျင်တွင် နာကျင်မှုတစ်စုံတစ်ရာရှိပြီး အောက်ပါ အရာများထဲမှ အကြောင်းအရာတခုခုရှိပါက ဓါတ်မှန်ရိုက်ရန်လိုအပ်တတ်သည်။အခြားသောခြေထောက်အရိုးပုံရိပ်များကို ရယူသည့် နည်းလမ်းများဖြင့် ပုံမှန်မဟုတ်သော ပုံးကွယ်နေသော ဒဏ်ရာများကို ရှာတွေ့နိုင်သော်လည်း ထိုစစ်ဆေးမှုများသည် လိုအပ်ခဲသည်။ အရေးပေါ်ဠာနတွင် ထိုစစ်ဆေးမှုများကို မပြုလုပ်နိုင်သော်လည်း အရိုးဆရာဝန်(သို့)ခြေထောက်ခွဲစိတ်အထူးကုနှင့် ပြသပြီးပါက ပြုလုပ်ရတတ်သည်။သင့်အားကုသမှုသည် ပြင်းထန်မှုနှင့် ကျိုးသောနေရာတွင် မူတည်သည်။ အနားယူရန်လိုအပ်ပြီး အနာသက်သာရန် ဆေးများသောက်ရန်လည်းလိုအပ်တတ်သည်။ ကျောက်ပတ်တီး၊ခြေထိန်း(သို့)ခြေအပတ်တခုခုဖြင့် ကျိုးသောခြေထောက်အားထိန်းထားရသည်မှာများသည်။ ပို၍ပြင်းထန်သော ကိစ္စများတွင် ခွဲစိတ်ရန်လိုအပ်တတ်သည်။ မည်ကဲ့သို့ရှေးဦးသူနာပြုလုပ်ဆောင်ရမည်ကို လေ့လာထားပါ။အသုံးများသောကုသမှုများများမှာ။အပြားများကို ခွဲစိတ်ကာ ထိုးထည့်ထားခြင်း စသည်ဖြင့်ဖြစ်သည်။လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ခြေထောက်ကျိုးခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ခြေထောက်ကျိုးခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/broken-foot-%e1%80%81%e1%80%bc%e1%80%b1%e1%80%91%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
လေဆာဖြင့် အသားအရေ ပြန်လည်ပြုပြင်ခြင်း
လေဆာဖြင့် အသားအရေ ပြန်လည်ပြုပြင်ခြင်း နဲ့ပတ်သက်ပြီး ဒီအချက်လေးတွေ သိပြီးပြီလား။ အသားအရေ ထိန်းသိမ်းခြင်းသည် မိန်းကလေးများ တွင်သာမက ယောက်ျားလေးများ အတွက်လည်း အရေးကြီးပါသည်။ အထူးသဖြင့် အသားအရေ တွန့်သူများ အမာရွတ်ရှိသူများသည် အသားအရေ ချောမွေ့စေရန် ပို၍ နုပျိုစေရန် ကုသမှု ရယူကြပါသည်။တိုးတက်လာသော နည်းပညာကြောင့် လေဆာဖြင့် ကုသခြင်းသည် အမာရွတ် ဖျောက်ရန် အသုံးပြုရာတွင် အလွန်ပင် ကျော်ကြားလာပါသည်။ အဆီပြန်သူများ ချွေးပေါက် ကျယ်သူများလည်း ကုသမှု ခံယူနိုင်ပါသည်။ ကုသရန်ရွေးချယ်ရန် နည်းလမ်းအမျိုးမျိုး ရှိပါသည်။ ဆရာဝန်နှင့် တိုင်ပင်၍ အကောင်းဆုံး နည်းလမ်းကို ရွေးချယ်ပါ။လေဆာဖြင့် ကုသခြင်းသည်အမာရွတ်များအသားတွန့်ခြင်းများ အသားအရေ မညီညာခြင်းများအတွက် ကော်လဂျင်ဓါတ် ဖြည့်ဆည်းပေး၍ ကုသပေးပါသည်။ လေဆာ အမျိုးအစားများစွာ ရှိပါသည်။ လေဆာဖြင့် ကုသခြင်းဖြင့် အသားအရေ နုပျိုပြီး ချောမွေ့စေပါသည်။အဓိကသုံးသော လေဆာအမျိုးအစား နှစ်မျိုးရှိပါသည်။• ဖောက်ထွင်းလေဆာ– ဝက်ခြံနှင့် အမာရွတ် အသက်ကြီးခြင်းကြောင့် ဖြစ်ပေါ်လာသော အရေပြား တွန့်ခြင်းများအတွက် အသုံးပြုပါသည်။ အသုံးပြုသော ပါဝင်ပစ္စည်းများမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ER ဓါတ်များ ဖြစ်ပါသည်။ ယခုနည်းလမ်းမှာ ပျောက်ကင်းချိန်ပို၍ ကြာနိုင်ပါသည်။• မဖောက်ထွင်းလေဆာ– ယခုနည်းလမ်းမှာ မိမိအသားအရေရှိ ကော်လဂျင်ဓါတ်များ ဖြစ်ပေါ်မှုကို အားပေးပြီးအသားအရေကိုပိုမို တင်းရင်းစေပါသည်။ ယခုနည်းလမ်းမှာ Q လေဆာ ကာဗွန်ဒိုင်အောက်ဆိုဒ် လေဆာတို့ကို အသုံးပြုပါသည်။ထိုနည်းလမ်းမှာ အရေပြား ပါးသွားစေနိုင်သောကြောင့် ကုသမှုခံယူပြီး အသားအရေ ထိန်းသိမ်းခြင်းများ ပြုလုပ်ရပါမည်။ ဖြစ်လေ့ရှိသော အရေပြား ဓါတ်မတည့်မှုများမှာ။• ယားခြင်း၊ ရောင်ခြင်း၊ နီခြင်း။လေဆာဖြင့် ကုသမှု ခံယူပြီးပါက အသားအရေ ယားယံခြင်း၊ ရောင်ခြင်း၊ နီခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ ထိုဖြစ်စဉ်များသည် အကြာကြီး မဖြစ်ပေါ်တတ်သော်လည်း ပြင်းထန်လျှင် အချိန်ကြာနိုင်ပါသည်။ ယခင်ရှိခဲ့သော အရောပြား ရောဂါများကြောင့်လည်း နီရဲခြင်းများ ဖြစ်ပေါ်တတ်ပါသည်။• ဝက်ခြံများ။လိမ်းဆေးထူထူ လိမ်းခြင်း မျက်နှာကို ပတ်တီးစည်းထားခြင်းတို့သည် မိမိ အခြေအနေများကို ပိုမို ဆိုးရွားစေသည့်အပြင် အဖုကလေးများလည်း ဖြစ်ပေါ်နိုင်ပါသည်။• ရောဂါပိုးမွှားများ။လေဆာဖြင့် ကုသခြင်းသည်ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် မှိုရောဂါများ ဖြစ်ပေါ်စေနိုင်ပါသည်။• အသားအရေ အရောင်ပြောင်းလဲခြင်း။ထိုကုထုံးသည် ရောင်ခြယ်ဓါတ်များခြင်း နည်းခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။•အမာရွတ်ကျန်ခြင်း။ထိုကုထုံးသည် အမာရွတ် ကျန်နိုင်ပါသည်။မိမိသည် အသားညိုလျှင် ဓါတ်မတည့်ခြင်းများ ရှိလျှင် ယခင် မီးလောင်ဒဏ်ရာများ ရှိလျှင် ယခင် အမာရွတ်ရှိလျှင် ရောင်ခြည်နှင့် ထိတွေ့ဖူးလျှင် ယခုနည်းလမ်းသုံးရန် သင့်၊ မသင့် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ ယခင် ပါးစပ်တွင် အနာရှိလျှင် အဖုများရှိလျှင် ဆရာဝန်ကို ကြိုတင်၍ အသိပေးထားသင့်ပါသည်။ယခုနည်းလမ်းကို မသုံးမီ ဆရာဝန်သည် အရေပြား ထိန်းသိမ်းရေး နည်းလမ်းများ အရင်ပေးပါလိမ့်မည်။ ဓါတုဗေဒပစ္စည်းများနှင့် ချေးချွတ်ခြင်း သည်လည်း အသားအရောင်ကို ပြောင်းလဲနိုင်ပါသည်။ နေရောင်ကာကွယ်သည့် လိမ်းဆေးများ လိမ်းထားသင့်ပါသည်။ထိုနည်းလမ်းကို အရေပြား ဆရာဝန်နှင့် ပလတ်စတစ် ဆာဂျင်များမှ ပြုလုပ်ပေးနိုင်ပါသည်။ ဆေးရုံတက်စရာ မလိုပါ။ တစ်ထိုင်တည်း ပြုလုပ်နိုင်ပါသည်။ အရေပြားကု ဆေးခန်းများတွင် ထိုနည်းလမ်းများ ပြုလုပ်နိုင်ပါသည်။ ဝက်ခြံ ကုသမှုအပြင် မျက်လုံး၊ ပါးစပ်၊ နဖူး နားတစ်ဝိုက် အရေတွန့်ခြင်းတို့လည်း ကုသနိုင်ပါသည်။ ကုသရမည့် နေရာသေးလျှင် ထုံဆေးနှင့် ကုပေးပါမည်။မျက်နှာ တစ်ခုလုံးဆိုလျှင် မေ့ဆေးနှင့် ကုသပေးပါသည်။ မျက်နှာ၏ တစ်စိတ်တစ်ပိုင်းသာ ကုသမည်ဆိုပါက နာရီဝက်မှ ၄၅ မိနစ်အထိကြာနိုင်ပါသည်။ မျက်နှာ တစ်ခုလုံး ပြုလုပ်မည်ဆိုပါက ၂ နာရီခန့် ကြာမြင့်နိုင်ပါသည်။ကုသမှုယူပြီးလျှင် ဆရာဝန်က ပတ်တီးစည်းပေးပါမည်။ ၂၄ နာရီအတွင်း ထိုနေရာကို တစ်နေ့ ၄ ကြိမ်မှ ၅ ကြိမ် အထိ သန့်ရှင်းရေး လုပ်ပေးရပါမည်။ ထို့နောက် အဆီတစ်မျိုး လိမ်း၍ အနာဖေးဖြစ်ခြင်းမှ ကာကွယ်နိုင်ပါသည်။ ကုသမှု ခံယူပြီး ရောင်ခြင်းသည် ပုံမှန်ဖြစ်စဉ် ဖြစ်ပါသည်။ အရောင်သက်သာစေရန် ဆရာဝန်က အရောင်ကျဆေး ပေးပါလိမ့်မည်။ ခေါင်းအုံးတစ်လုံး ပိုခု၍ အိပ်ခြင်းဖြင့်လည်း အရောင်သက်သာစေပါသည်။လေဆာဖြင့် ကုသခြင်းသည် အသားအရေ အရောင်အသွေး ကောင်းစေရန် ပြုလုပ်သော နာမည်ကျော်ကြားသည့် နည်းလမ်းတစ်မျိုး ဖြစ်ပါသည်။ ဝက်ခြံ အမာရွတ်ရှိခြင်းကြောင့် စိတ်ဝေဒနာများ မခံစားရတော့ပါ။ ထိုကုသမှုမျိုးသည် မိမိအတွက် အဆင်ပြေ၊ မပြေ ဆရာဝန်နှင့် တိုင်ပင်ပါ။ရေးသားသူ− Dr Zin Thu Thu Win။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/laser-resurfacing/
Polio (ပိုလီယို)
ပိုလီယိုသည် အလွန်ကူးစက်လွယ်သော ဗိုင်းရပ်စ်ရောဂါဖြစ်သည်။ ပိုလီယိုဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး မစင်မှတစ်ဆင့်သို့မဟုတ် ပိုးရှိသော ရေ၊ အစာ ကိုစားမိခြင်းမှတစ်ဆင့် တစ်ဦးကိုတစ်ဦး ပျံ့နှံ့စေတတ်ပါသည်။ ခန္ဓါကိုယ်အတွင်း ဝင်ရောက်လာသည်နှင့် ထိုပိုးသည် အူအတွင်း၌ ပွားများလာပြီး ထိုမှနေ၍ အာရုံကြောစနစ်ဆီ ထိုးဖောက်ဝင်ရောက်ကာ လေဖြတ်ခြင်းကို ဖြစ်စေပါသည်။ ပိုလီယိုည် အသက်ရှုပြဿနာများကိုလည်း ဖြစ်စေနိုင်သလို တစ်ခါတစ်ရံ သေဆုံးစေတတ်ပါသည်။ဒီရောဂါသည် သိပ်ဖြစ်လေ့မရှိပါ။ ကလးများတွင် အဖြစ်များပါသည်။ ယနေ့အခါတွင် ထိထိရောက်ရောက် ကာကွယ်ဆေးပေးနိုင်မှုကြောင့် ပိုလီယိုကပ်ရောဂါသည် အတော်လေးကို ပျောက်ကွယ်သွားပြီဖြစ်သည်။ ဆရာဝန်အများစုမှာ ပိုလီယိုရောဂါတစ်ဦးတစ်ယောက်မျှပင် တွေ့ရသည်မရှိတော့ပါ။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ပိုလီယို ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ။ပိုပြင်းထန်သည့်လက္ခဏာများမှာ ပိုလီယိုကြောင့် အာရုံကြောအဖုံးများရောင်ခြင်းဖြစ်သည်။ ထိုလက္ခဏာများမှ များသောအားဖြင့် ပိုးဝင်ပြီး ၇ – ၁၄ ရက်ကြာလျှင် စပေါ်လာတတ်ပြီး ဖျားခြင်း၊ ခေါင်းပြင်းထန်စွာကိုက်ခြင်း၊ လည်ပင်းနှင့်နောက်ကျော တောင့်ခြင်း၊ ကြွက်သားများ နာကျင်ခြင်းတို့ ဖြစ်နိုင်ပါသည်။ တစ်ခါတစ်ရံတွင် တစ်ချို့အရေပြားနေရာများတွင် ဆန်းပြားသည့် ခံစားမှုများ – ပင်အပ် အဝတ်အပ်များနှင့် ထိနေသလိုလို သို့မဟုတ် နာကျင်မှုကို ခံစားမှုမြင့်နေခြင်းများ ဖြစ်တတ်ပါသည်။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။ပိုလီယိုသည် ပိုလီယိုဗိုင်းရပ်စ်ကြောင့် ဖြစ်ရပါသည်။ ၎င်းသည် အန်တရိုဗိုင်းရပ်စ်ဖြစ်ပြီး ပိုးရှိသည့် အစာ သို့မဟုတ် ရေ စားသုံးမိခြင်းမှ ကူးစက်ပါသည်။ ဗိုင်းရပ်စ်သည် ခန္ဓါကိုယ်အတွင်းဝင်ပြီးနောက် အူထဲမှာပင်ပွားများ၏။ ထို့နောက်မှ ကြွက်သားများကို ထိန်းချုပ်နေသော ဦးနှောက်နှင့် ကျောရိုးအာရုံကြောမ ဆီသို့ တက်သွားခြင်းဖြစ်သည်။ပိုလီယိုသည် အလွန်ကူးစက်လွယ်သည်။ ကူးစက်ခံရသူနှင့် ခဏတာမျှနေထိုင်ဖူးသည်ဆိုလျှင် ကူးစက်ဖို့အခွင့်အရေးပိုများ၏။ ပိုလီယိုဗိုင်းရပ်စ် သယ်ဆောင်ထားသောလူများ၏ မစင်မှတစ်ဆင့် ဗိုင်းရပ်စ်ပိုးပျံ့နိုင်ပါသည်။ပိုလီယို ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်များသည် ပိုလီယိုအား လည်ပင်းနှင့်နောက်ကျောတောင့်ခြင်း၊ ပုံမှန်မဟုတ်သည့် Reflexes များ၊ မျိုရခက်ခြင်း၊ အသက်ရှုရခက်ခြင်း တို့လို လက္ခဏာများအားကြည့်၍ အတည်ပြုကြပါသည်။ ရောဂါကိုအတည်ပြုရန်အတွက် လည်ချောင်းမှအရည်များ၊ ဝမ်း၊ အာရုံကြောရည် (ဦးနှောက်နှင့် အာရုံကြောများတွင် ဝန်းရံထားသည့် အရောင်မဲ့အရည်များ) ကို ပိုလီယိုဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးနိုင်ပါသည်။ပိုလီယိုကို ကုသ၍မရပါ။ လက်ရှိဗိုင်းရပ်စ်သတ်ဆေးများသည်လည်း ရောဂါဖြစ်နေသည်ကို လျော့ချမပေးနိုင်ပါ။ ရောဂါဖြစ်နေလျှင် အသက်ရှုစက်တပ်ပြီး အသက်ရှုရလွယ်ကူအောင် ပြုလုပ်နိုင်သော်လည်း ခဏတာသာရမည်ဖြစ်သည်။အထောက်အပံ့ပေးကုသခြင်းများတွင် အောက်ပါတို့ပါဝင်သည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကပိုလီယို ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။လူထုသန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးလုပ်ခြင်းသည် ပိုလီယိုဗိုင်းရပ်စ် ပျံ့နှံ့မှုကို လျော့ချနိုင်သော်လည်း အကျိုးအဖြစ်ဆုံးနည်းလမ်းမှာ ရောဂါကာကွယ်ရန် ပိုလီယိုကာကွယ်ဆေး ထိုးခြင်းပင်ဖြစ်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/polio-%e1%80%95%e1%80%ad%e1%80%af%e1%80%9c%e1%80%ae%e1%80%9a%e1%80%ad%e1%80%af/
မျက်စိရောဂါပြဿနာများဖြစ်ပွားနိုင်ခြေကို ဘာတွေကမြင့်တက်စေသလဲ
မျက်စိဟာကိုယ်ခန္ဓာရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ လူအများစုဟာ သူတို့ဘဝတလျှောက်မှာ မျက်စိပြဿနာကို တစ်ကြိမ်လောက်တော့ ကြုံတွေ့နိုင်ပါတယ်။ တချို့ပြဿနာတွေဟာ အသေးအဖွဲမျှသာဖြစ်ပြီး အလွယ်တကူ ကုသနိုင်ပါတယ်။ တချို့ပြဿနာတွေကတော့ ဆိုးရွားပြီး အထူးကုဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။မျက်စိကျန်းမာရေးကို အလေးထားခြင်းဟာ အားလုံးအတွက် အရေးကြီးတဲ့အချက်ပဲ ဖြစ်ပါတယ်။မျက်စိပြဿနာတွေကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်း မျိုးစုံရှိပါတယ်။ မရှောင်လွှဲနိုင်တဲ့အရာကတော့ အသက်အရွယ်ပဲ ဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ရေတိမ်၊အတွင်းတိမ်၊ မျက်စိမှန်ဘီလူး ကျုံ့နိုင်ဆန့်နိုင်မှု လျော့သွားလို့ အနီးမှုန်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒါတွေအပြင် တခြားအကြောင်းအရင်းတွေ ရှိပါသေးတယ်။–အဝလွန်ခြင်းနှင့် သွေးတိုးခြင်း။မျက်စိအတွင်း သွေးလည်ပတ်မှုကို ထိခိုက်စေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ဆီးချိုတက်လာခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။–ဆီးချို။သွေးတွင်းသကြားဓါတ် ပုံမှန်ထက် မြင့်တက်နေရင် ဖြစ်တတ်ပါတယ်။ မှန်ဘီလူးကို ရောင်စေပြီး အမြင်အာရုံကို ထိခိုက်စေပါတယ်။ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ မျက်စိကွယ်ရခြင်းရဲ့ အကြောင်းအရင်း တစ်ခုကတော့ ဆီးချိုကြောင့် အမြင်လွှာ ပျက်စီးခြင်းပဲ ဖြစ်ပါတယ်။ ဆီးချိုဟာ အဲဒီပြသနာနဲ့ အခိုင်အမာ ဆက်နွယ်နေပါတယ်။–မိသားစုရာဇဝင်၊ မျိုးရိုးလိုက်ခြင်း။ရေတိမ်၊ အကြောင်းအရင်း တိတိပပမရှိဘဲ အမြင်အာရုံ ချို့ယွင်းခြင်း၊ အမြင်လွှာရောဂါဖြစ်ခြင်း၊ ဇီဝဖြစ်ပျက်မှုဆိုင်ရာနှင့် မျိုးရိုးဗီဇရောဂါများ၊ အလင်းယိုင်မုပြသနာ စတာတွေ မိသားစုရာဇဝင်ရှိရင် မိမိမှာလည်း မျက်စိပြသနာ အလွယ်တကူ ကြုံနိုင်ပါတယ်။ အတွင်းတိမ်၊ မျက်စိမှန်ဘီလူး ကျုံ့နိုင်ဆန့်နိုင်မှု လျော့သွားပြီး အနီးမှုန်ခြင်း စတာတွေဟာ မျိုးရိုးလိုက်တတ်ပါတယ်။ အထူးသဖြင့် ရေတိမ်ဟာ မျိုးရိုးဗီဇနဲ့ အခိုင်အမာ ဆက်နွယ်နေပါတယ်။–ကိုယ်ဝန်ပတ် ၃၀မပြည့်မီ မွေးခြင်း (လမစေ့မီမွေးခြင်း)၊ ၁၅၀၀ ဂရမ်ထက်နည်းခြင်း။–လမစေ့၍ အမြင်လွှာရောဂါဖြစ်သည့် ရာဇဝင်ရှိခြင်း။–ဆေးဝါးများကုသခြင်း။မျက်စိနဲ့ ဆက်စပ်တဲ့ ဆေးဝါးများ သုံးစွဲဖူးတဲ့ရာဇဝင် ဖြစ်ပါတယ်။ ကော်တီကိုစတီးရွိုက်ကို ရှုဆေး၊ သောက်ဆေးအနေနဲ့ ကြာရှည်စွာ သုံးခြင်း၊ စတီးရွိုက်ပါတဲ့မျက်စဉ်းကို ကြာရှည်စွာသုံးခြင်း စတာတွေဟာ ရေတိမ်၊ အတွင်းတိမ်ကို ဖြစ်ပေါ်စေပါတယ်။–ဖွံ့ဖြိုးမှုဆိုင်ရာနှင့် အာရုံကြောဆိုင်ရာ ပြသနာများ။–ယခင်က မျက်စိထိခိုက်ဖူးခြင်း၊ မျက်စိခွဲစိတ်မှု ခံယူဖူးခြင်း။အတွင်းတိမ်ဟာ အသက် ၄၀အောက် မျက်စိထိခိုက်ဖူးသူ၊ မျက်စိခွဲစိတ်မှု ပြုလုပ်ဖူးသူတွေမှာ ဖြစ်တတ်ပါတယ်။ အတွင်းတိမ်ရှိပြီး ခွဲရတယ်ဆိုရင် နောက်ဆက်တွဲ ပြဿနာဟာ ကြီးမားတတ်ပါတယ်။–အရက်။အရက်အလွန်သောက်သူ၊ အရက်စွဲသူတွေမှာ မျက်စိရောဂါ ဖြစ်နိုင်ခြေ များပါတယ်။–ကိုယ်ဝန်ဆောင်စဉ် ထိတွေ့မှုမှ ကူးစက်ခြင်း။မိခင်မှာ Toxoplasmosis၊ ဂျာမန်ဝက်သက်၊ Cytomegalo ဗိုင်းရပ်စ်၊ ရေယုန်နဲ့ တခြား ကူးစက်ရောဂါတွေရှိရင် မွေးလာတဲ့ကလေးမှာ မျက်စိရောဂါရဖို့ အခွင့်အလမ်း များပါတယ်။–နေရောင်ခြည်နှင့် ကာလကြာရှည်ထိတွေ့ခြင်း။ခရမ်းလွန်ရောင်ခြည်ေကြာင့် ဖရီးရယ်ဒီကယ်များ ဖြစ်ပေါ်ကာ မျက်စိမှန်ဘီလူးနဲ့ အမြင်လွှာကို ထိခိုက်တတ်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%85%e1%80%ad%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%bb%e1%80%95%e1%80%9e%e1%80%94%e1%80%ac%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%bb%e1%80%96/
မုန့်ဈေးတန်းမှာ ကလေးထင်ရာတွေမစားစေဖို့ မေမေတို့ ဘာတွေပြင်ဆင်ပေးမလဲ
ကလေးတစ်ယောက်ကို ပျိုးထောင်ရတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ မွေးစကနေစလို့ ဘွဲ့ရတဲ့အထိမေမေအတွက်တော့ ကိုးလလွယ် ဆယ်လဖွားထားရတဲ့ ကလေးက အရွယ်ကိုရောက်မလာဘူးနော်။ မေမေတစ်ယောက်အနေနဲ့ ကလေးတစ်ယောက်ကြီးပြင်းလာတဲ့ အခိုက်အတန့်တိုင်းကို အကောင်းဆုံးကျော်ဖြတ်ခဲ့နိုင်မှုရလဒ်ကို မှတ်ကျောက်တင်ပေးနိုင်တာက ကလေးက ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းအရွယ်ရောက်လာခြင်းပါ။ကိုးလလွယ် ဆယ်လဖွားရတဲ့ကလေးတစ်ယောက်ကို ကောင်းမွန်စွာကြီးပြင်းလာဖို့ မေမေ့အနေနဲ့ အခုလိုအဆင့်လေးတွေကို အကောင်းဆုံးကျော်ဖြတ်ခဲ့တာပါ။မွေးစကနေ မူကြိုမတက်ခင်အထိကတော့ မနက်ကနေ ညအထိ ရင်အုပ်မကွာစောင့်ရှောက်ပေးရင်းအစားအသောက်တွေကိုလည်း ကျန်းမာရေးနဲ့ညီညွတ်အောင် ကိုယ်တိုင်ပြင်ဆင်ပြီးကျွေးမွေးပျိုးထောင်ပေးနေချိန်ပေါ့။ ကလေးမတည့်တာတွေစားမိမှာကို သိပ်စိုးရိမ်စရာမလိုသလို ထိခိုက်မှုတစ်ခုခုမဖြစ်အောင်လည်း မေမေက အပြည့်အဝစောင့်ရှောက်ပေးထားတဲ့ အခိုက်အတန့်ပေါ့။မူကြိုစတက်ချိန်မှာလည်း ကလေးကိုထမင်း၊ဟင်းတွေ နဲ့ နေ့လယ်အဆာပြေမုန့်တွေကို ကိုယ်တိုင်ပြင်ဆင်ပေးလို့ ဆရာမဆီ သေချာအပ်ထားရင်ကို တော်တော်လေးစိတ်ချရတဲ့အနေအထားပါ။ ကလေးက အများကြီးမစားတတ်သေးသလို မေမေက မစားဖို့မှာထားရင်ကို မစားဘဲ နေတတ်တဲ့အရွယ်လေးတွေလေ။သူငယ်တန်းစတက်ချိန်မှာတော့ ကလေးကို ထိန်းကျောင်းရတာက အရင်ကလောက်မလွယ်တော့ပါဘူး။ အပေါင်းအသင်းများလာပြီး စားတတ်တာတွေများလာပြီဖြစ်သလို မုန့်ဈေးတန်းသွားချင်တာ တွေ့ကရာမုန့်တွေကို စားချင်လို့ ပူဆာတာတွေရှိလာနေပါပြီ။ ဒီလိုကနေ အထက်တန်းအထိက သူတို့စိတ်ကြိုက်စားချင်တာကို တင်ပြ၊ပြောပြတတ်နေပြီလေ။ ဒီအချိန်မှာ အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ အာဟာရတွေပြည့်မီအောင်ဆိုရင် မေမေ့ဘက်ကလည်း အစွမ်းကုန်ကြိုးစားပြီး အာဟာရပြည့်ဝတဲ့မုန့်တွေကို ကလေးအကြိုက်တွေ့အောင် ပြင်ဆင်ပေးဖို့လိုမှာပါ။ ဒီတော့ ဘာတွေများပြင်ဆင်ပေးရင် ကလေးအကြိုက်ဖြစ်မလဲတူတူကြည့်ရအောင်လား။နေ့လယ်ထမင်းစားချိန်မှာ ထမင်းစားပြီးတဲ့အခါ ကလေးတွေအနေနဲ့ သူငယ်ချင်းနဲ့အတူတူသူတို့ကြိုက်နှစ်သက်တဲ့ မုန့်တွေကို စိတ်ကြိုက်ဝယ်စားတာမျိုးရှိနိုင်ပါတယ်။ ဒီလိုစားတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်တာပါသလို ကျန်းမာရေးနဲ့မညီညွတ်တာတွေကိုလည်း စားမိနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တာကိုစားမိရင် ကိစ္စမရှိပေမယ့် ကျန်းမာရေးနဲ့မညီညွတ်တာကိုစားမိတဲ့အခါကျန်းမာရေးပြဿနာတွေရှိလာနိုင်ပါတယ်။ ဖွံ့ဖြိုးရမယ့်အချိန်မှာ ကလေးက ဖျားနေမယ်ဆိုရင် ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေမှာပါ။ ဒီတော့ ကလေးမုန့်ဈေးတန်းမှာ ထင်ရာတွေမစားစေဖို့ မေမေ့အနေနဲ့ ဒီလိုလေးတွေပြင်ဆင်ပေးလို့ရပါတယ်။မနက်စာကို အိမ်မှာပဲပြင်ဆင်ပြီး ကျွေးပေးပါ။ အာဟာရပြည့်ဝစွာပါဝင်နေတဲ့ ထမင်းကြော်၊ နို့၊ မုန့်ဟင်းခါးစတဲ့အာဟာရပြည့်တဲ့ အစားအစာတွေပေါ့။ ပြီးရင်တော့ နေ့လယ်စာကို အာဟာရပြည့်ဝအောင်ချက်ပြုတ်ထားတဲ့ မေတ္တာအပြည့်နဲ့ ထမင်း၊ဟင်းလေးတွေကို ဖွယ်ဖွယ်ရာရာပြင်ဆင်ပေးလိုက်ပါ။ ပြီးရင်တော့ ကလေးကို မုန့်ဈေးတန်းမှာ မတည့်တာတွေမစားမိစေဖို့အတွက် နေ့လယ် အဆာပြေစားဖို့။ဒီအစားအစာတွေကို ကိုယ်တိုင် အာဟာရပြည့်ဝပြီး စားချင်စဖွယ်ဖြစ်အောင်ပြင်ဆင်ပေးမယ်ဆိုရင် ကလေးက ဘယ်မုန့်ဈေးတန်းကမုန့်ကိုမှ အာသာငမ်းငမ်းစားမှာမဟုတ်တော့ပါဘူး။ ဒီတော့ ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးပြီး အာဟာရပြည့်ဝလို့ ကလေးက အ​ကောင်းဆုံးကြီးထွားလာမှာ အသေအချာပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-nutrition/prepare-healthy-foods-for-child/
Broken Hand (လက်ကျိုးခြင်း)
သင့်၏လက်ကောက်ဝတ်(သို့)လက်ရှိအရိုးများတခု(သို့)တခုထက်ပို၍ကျိုးသွားခြင်း(သို့)အက်သွားခြင်းကို လက်ကျိုးခြင်းဟုခေါ်သည်။ ချော်လဲကျသောအခါ မိမိကိုယ်ကိုထိန်း၍ ဆန့်ထားသောလက်ဖြင့်မြေပြင်ကို ထောက်မိသောအခါ ထိုကဲ့သို့သောထိခိုက်မှုအများစုသည် လက်ကောက်ဝတ်တွင်ဖြစ်။ပွားလေ့ရှိသည်။ ထိုကဲ့သို့သောလက်ကောက်ဝတ်(သို့)လက်ကျိုး။ခြင်းကို တတ်နိုင်သမျှမြန်မြန်ကုသရန်အရေးကြီးသည်။ မကုသပါက။အရိုးမျှသည် ပုံပန်းမကျ ဆက်သွားပြီး သင့်၏နေ့စဉ်လုပ်ငန်းများ ဥပမာစာရေးခြင်း (သို့)ကြယ်သီးတပ်ခြင်း စသည်တို့ကိုထိခိုက်။သွားစေနိုင်ပါသည်။ စောစီးစွာကုသခြင်းသည် နာကျင်မှုနှင့် တောင့်ခဲနေမှုတို့ကို သက်သာစေသည်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။လက်အားထိခိုက်အနာတရဖြစ်ခြင်းသည် သိသာလှပါသည်။လက်ကျိုးခြင်း ရဲ့ ရောဂါလက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်လက်များသည် ပုံမှန်အတိုင်းလုပ်ဆောင်နိုင်စွမ်းရှိနေစေရန် အလွန်အရေးကြီးပြီး မည်သည့်ပြုပြင်မရတော့သည့်ထိခိုက်မှုမျှမရှိ။စေရန်သေချာအောင်စစ်ဆေးထားသင့်ပါသည်။ အဘယ်ကြောင့်ဆို။သော်သင့်လက်များသည် အလွန်အရေးကြီးသောကြောင့် ဆရာဝန်တစ်ဦးသည် အလွန်အရေးမကြီးလှသောထိခိုက်မှုမှလွဲ၍။ကျန်သည့်လက်၏ထိခိုက်မှုများကို ကြည့်ရှူစစ်ဆေးကာ အရေးပေါ်။အခန်းသို့ရောဂါရှာရန်နှင့်ကုသမှုအတွက်ပို့ဆောင်ပေးနိုင်ရန်ဖြစ်သည်။အဖြစ်အများဆုံးသောလက်ကျိုးစေသည့် အကြောင်းအရင်းများမှာ။အလုပ်ခွင်မတော်တဆမှုများ၊ကိရိယာများကို ကောင်းစွာမကိုင်တွယ်ခြင်း၊ကြေမွသွားစေသောထိခိုက်မှုများနှင့် အားကစားလုပ်ရာမှရသော ထိခိုက်ဒဏ်ရာများဖြစ်ကြသည်။ ထိခိုက်။မှုအများစုမှာ ကာကွယ်ထားနိုင်ပါသည်။ဘယ်အရာတွေက လက်ကျိုးခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။လက်ကျိုးခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေက စကိတ်စီးခြင်း(သို့)နှင်းလွှာလျှောစီးခြင်းကဲ့သို့သောအားကစားအ။ချို့မှ စ၍ အရိုးများပါးလွှာကြွတ်ဆပ်လာသော အရိုးပွရောဂါအထိ။ရှိပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။လက်၏ထိခိုက်မှုအများစုသည်ဓါတ်မှန်ရိုက်ရန်လိုအပ်သည်။ လက်။အားမည်ကဲ့သို့ထိခိုက်ဒဏ်ရာရသွားသည်ကို သိရှိခြင်းအားဖြင့်။ဆရာဝန်အားမည်သည့်အရိုးကျိုးသွားသည်ကို ဆုံးဖြတ်သိရှိနိုင်ရန်။အထောက်အကူပြုပါသည်။ဥပမာ- လက်သီးဖြင့်ထိုးလိုက်၍ထိခိုက်။ဒဏ်ရာရသွားပါက အဖြစ်နိုင်ဆုံးကျိုးသည့်အရိုးမှာ လက်သန်းအရိုး။ဖြစ်သည်။ ဆရာဝန်သည်သင့်၏လက်ချောင်းများနှင့်လက်၊လက်ကောက်ဝတ်တို့ကို ထိတွေ့ပြီး မည်သည့်နေရာမှ အနာကျင်ဆုံးနှင့်။လက်ရှိသွေးကြော(သို့)အရွတ်ပြား(သို့)အာရုံကြောတို့ကိုထိခိုက်။သွားခြင်းရှိမရှိကိုစစ်ဆေးတတ်သည်။လက်၏ရှူပ်ထွေးမှုကြောင့်လက်၏ထိခိုက်မှုဒဏ်ရာများကို ကုသမှု။သည်လည်းကုသမှုတွင်ပါဝင်လာတတ်သည်။ ကုသမှုအစီအစဉ်မှာ။အောက်ပါအတိုင်းဖြစ်သည်။သင့်လက်အားအနည်းငယ်ထုံစေပြီး အနာများကို သေချာဆေးကြောထိုးဆွကြည့်ရှူစစ်ဆေးတတ်သည်။တွင် ထားခြင်း။သို့သင့်အား လွှဲပေးနိုင်သည်။ထိခိုက်မှုအပြီးရက်အတော်အတန်အကြာတွင် အနာသက်သာဆေးများသင့်အားပေးနိုင်သည်။အများအားဖြင့် မည်သည့်လက်ရှိထိခိုက်ဒဏ်ရာမျိုးမဆို (အလွန်သေးငယ်၍အရေးမကြီးသောအပေါ်ယံအနာမျိုးမှလွဲ၍)။ဆရာဝန်တစ်ဦးမှ ကြည့်ရှူစစ်ဆေးသင့်ပါသည်။ ရှေးဦးသူနာပြုမှု။သည်လည်း နောက်ထပ်ဒဏ်ရာအနာတရမဖြစ်ရန်ကာကွယ်ပေးနိုင်။ပါသည်။လက်သည်အလွန်အမင်းရောင်ရမ်းလာနိုင်ပြီး ရောင်ရမ်းသွားသောအခါမှ လက်ဝတ်ရတနာများအား မချွတ်နိုင်တော့ပဲဖြစ်သွားတော့သောကြောင့်ဖြစ်သည်။ဆရာဝန်အခန်းသို့သယ်သွားပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/broken-hand-%e1%80%9c%e1%80%80%e1%80%ba%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
မုယောစပါးအချိုရည် (malt milk) က ထင်သလောက်ဘေးကင်းရဲ့လား
မုယောစပါးထွက်အားဖြည့်အချိုရည်တွေ (Malk milk) တို့လိုမျိုးသောက်စရာတွေကနေ့စဉ်စားသောက်မှုပုံစံတွေရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ်နေရာယူလာကြသလို အာဟာရဖြစ်စေတယ်၊လို့ အများကလက်ခံ ယုံကြည်ထားကြပါတယ်။ အာရှဒေသမှာဆိုရင် malt milkတွေကိုတော်တော်လေးသောက်လာကြတယ်လို့လေ့လာမှုတွေအရသိရပါတယ်။မိခင်တွေက ကလေးတွေအတွက် ကောင်းကျိုးတွေရှိတယ်ဆိုတဲ့ကြော်ငြာချက်တွေကြောင့် သူတို့ရဲ့ ကလေးတွေကိုဈေးကွက်ထဲက နာမည်ကြီးတဲ့ Malt milkတွေကို စိတ်ချလက်ချတိုက်ကျွေးနေမိမယ်ထင်ပါတယ်။ malt milkတွေကို မကောင်းဘူးလို့ ဆိုချင်တာတော့ မဟုတ်ပါဘူး။ malt milkတွေကို အသင့်အတင့်သောက်သုံးတာက ကျန်မာရေးနဲ့ကိုက်ညီတယ်ဆိုပေမယ့် အများကြီးသောက်မိရင်တော့ ကယ်လ်လိုရီတွေ အများကြီးစားသုံးမိသလိုဖြစ်ပြီး ကောင်းကျိုးထက် ဆိုးကျိုးတွေသာ ပိုများပါလိမ့်မယ်။ ဒါကြောင့် malt milkတွေကို ကလေးတွေကို တိုက်ကျွေးချင်တယ်ဆိုရင် မတိုက်ကျွေးခင်မှာ ကလေးအတွက် သင့်တော်ရဲ့လားဆိုတာကို ဆရာဝန်နဲ့ အရင်တိုင်ပင်တာဖြစ်ဖြစ် ဖတ်ရှုလေ့လာတာဖြစ်ဖြစ် လုပ်သင့်ပါတယ်။အခုနောက်ပိုင်းမှာ ကျန်းမာရေးအတွက် အထောက်အပံ့ပေးတယ်ဆိုပြီး ထုတ်လုပ်ထားတဲ့သောက်စရာတွေက အမှုန့်ပုံစံနဲ့ထုတ်လုပ်ထားတာဖြစ်ပြီး နို့နဲ့ရောသောက်တာမျိုးဖြစ်ဖြစ်ရေနွေးနဲ့ရောစပ်ပြီးသောက်တာမျိုးဖြစ်ဖြစ်သောက်လို့ရပါတယ်။ ကလေးတွေအတွက် ထုတ်လုပ်ထားတဲ့ဖြည့်စွက်အာဟာရသောက်စရာတွေကလည်းတော်တော်လေးများတာကြောင့် အကောင်းဆုံးက ကလေးတွေကို လူကြီးတွေနဲ့ အရွယ်ရောက်ပြီးသူတွေသောက်ဖို့ ထုတ်လုပ်ထားတဲ့ malt milkတွေကို မတိုက်ဖို့ပါ။တကယ်လိုအပ်ရဲ့လား။ကလေးက အစားရွေးတတ်သူဖြစ်နေခဲ့ရင် (သို့မဟုတ်) ကလေးက လုံလောက်တဲ့ အာဟာရမရဘူးလို့ သင့်အနေနဲ့ယူဆနေတာကြောင့်ဖြည့်စွက်စာတစ်ခုခုကျွေးချင်နေတယ်ဆိုပါစို့။ ဒီနေရာမှာပြောချင်တာက ကလေးတွေကို malt milk လိုမျိုး အားအင်ပြည့်ဝစေတယ်ဆိုတဲ့ အစားအသောက်တွေကို မဖြစ်မနေကျွေးမွေးဖို့မလိုအပ်ပါဘူး။ malt milk လိုမျိုး အားဖြည့်သောက်စရာတွေထဲမှာနေ့စဉ်စားသုံးနေကျအစားအစာတွေဖြစ်တဲ့ နို့နဲ့ကောက်နှံအစေ့အဆန်တွေ နဲ့ ဗီတာမင်၊သတ္တုဓာတ်တွေပါဝင်တယ်ဆိုပေမယ့် တာရှည်ခံဆေးတွေလည်း ပါဝင်နေနိုင်တယ်ဆိုတာကို သတိရပါ။ ဒါကြောင့် ကလေးက အစားရွေးတယ်ဆိုတဲ့ တစ်ချက်တည်းနဲ့ အာဟာရမပြည့်ဝမှာကို စိုးရိမ်ပြီး malt milkတွေတိုက်ကျွေးဖို့လုပ်တာမျိုးမလုပ်ပါနဲ့။ တကယ်လိုအပ်ရဲ့လားဆိုတာကို အသေအချာစဉ်းစားပါ။ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုလို့လား။malt milkတွေမှာပါလေ့ရှိတဲ့ အာဟာရဓါတ်တွေဖြစ်တဲ့ ပရိုတင်း၊ ကယ်လ်ဆီယမ် နဲ့phosphorusတွေက ကလေးရဲ့ အရိုးတွေကို သန်မာစေသလို ခန္ဓာကိုယ်ကို ခွန်အားတိုးစေတယ်ဆိုပေမယ့် malt milk တိုင်းမှာတော့ ကလေးကြီးထွားဖို့အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေမပါဝင်ပါဘူး။ ကလေးကို အသက်အရွယ်အလိုက် လိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်ဝအောင်ကျွေးမွေးမယ်ဆိုရင် malt milk တွေမတိုက်လည်းဘဲ ကလေးက ကြီးထွားဖွံ့ဖြိုးလာမှာ အသေအချာပါ။ကလေးရဲ့ ဉာဏ်ရည်အတွက် အထောက်အကူပြုနိုင်ရဲ့လား။မိဘတွေက ကလေးတွေကို ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေချင်ကြပါတယ်။ ဒါကြောင့် မိဘတွေက ကလေးကိုဉာဏ်ရည်ထက်မြက်စေတယ်ဆိုတဲ့ malt milkတွေကို တိုက်ကျွေးတာမျိုးဖြစ်နိုင်ပါတယ်။ တကယ်တော့ ကလေးတွေ ဉာဏ်ရည်ထက်မြက်ဖို့က မျိုးဗီဇနဲ့ သက်ဆိုင်တာပါ။ ဒါပေမယ့် DHA ပါဝင်တဲ့ ကလေးဖြည့်စွက်အာဟာရတွေကိုကျွေးမွေးပေးမယ်ဆိုရင်တော့ ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်အောင် အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။မိဘတွေအနေနဲ့ ကလေးကိုကောင်းစေချင်လို့လုပ်ပေးတာမှန်ပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း အလွန်အကျွံလုပ်မိတဲ့အခါကောင်းတာထက် ဆိုးတာကပိုများသွားနိုင်ပါတယ်။ ကလေးတွေကို အသက်အရွယ်အလိုက်ကျွေးမွေးသင့်တဲ့ဖြည့်စွက်အာဟာရတွေရှိပါလျက်နဲ့ အလွယ်တကူပဲဖြစ်ဖြစ်၊ပိုကောင်းစေချင်တဲ့ ဆန္ဒနဲ့ပဲဖြစ်ဖြစ် malt milkတွေတိုက်ကျွေးတဲ့အခါရေရှည်မှာပြဿနာတွေရှိလာနိုင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af-malt-milk-%e1%80%90%e1%80%bd%e1%80%b1%e1%80%90%e1%80%ad/
Broken Finger (လက်ချောင်းရိုးများကျိုးခြင်း)
သင့်လက်ချောင်းများရှိအရိုးများကို အရိုးဆစ်များphalangesများဟုခေါ်သည်။ လက်ချောင်းတခုတွင် အရိုးဆစ်သုံးခုရှိသည်။ ခြွင်းချက်အနေဖြင့် လက်မတွင် အရိုးဆစ်နှစ်ခုရှိသည်။ တခု(သို့)တခုထက်ပိုသောထိုလက်ရိုးဆစ်များကျိုးပါကလက်ချောင်းရိုးကျိုးခြင်းကိုဖြစ်ပွားစေသည်။ လက်ကျိုးခြင်းသည် လက်အားထိခိုက်ဒဏ်ရာရခြင်း၏ရလဒ်ဖြစ်သည်။ မည်သည့်အရိုးဆစ်မဆိုကျိုးနိုင်သည်။ သင့်၏လက်သီးဖုများသည်လည်း သင့်လက်ချောင်းရိုးများဆုံရာနေရာဖြစ်ပြီး ထိုနေရာတွင်လည်း ကျိုးနိုင်သည်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။လက်ချောင်းရိုးများကျိုးခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။သင့်လက်ချောင်းသည်ပုံလည်းပျက်နေနိုင်ပါသည်။ ကျိုးထားသော။လက်ချောင်းများသည် အလွန်နာကျင်နိုင်ပြီး အထူးသဖြင့် သင့်လက်ချောင်းများကို လှုပ်ရန်ကြိုးစားသောအခါတွင်ဖြစ်သည်။ သို့သော်တခါတရံတွင် နာကျင်မှုသည် စူးစူးဝါးဝါးမဟုတ်ပဲ ထိုနာကျင်မှုကို ခံနိုင်ရည်ရှိနေနိုင်တတ်သည်။ ဆိုးဆိုးဝါးဝါးနာကျင်မှုမရှိသော်လည်း ဆေးကုသမှုမလိုအပ်ဟုမဆိုလိုပါ။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။လက်ရှိအစိတ်အပိုင်းအားလုံးတွင် လက်ချောင်းများသည် ထိခိုက်မှု။အန္တာရာယ်အများဆုံးဖြစ်သည်။ ပစ္စည်းကိရိယာများဥပမာတူ(သို့)လွှဖြင့် အလုပ်လုပ်နေစဉ်တွင်လည်းသင့်လက်ချောင်းကို သင်ထိခိုက်စေတတ်သည်။ လျင်မြန်သောအရှိန်နှင့်လာသောအရာ ဥပမာ-ဘေ့ဘော တခုခုသင့်လက်ကိုထိမိလျှင်လည်း သင့်လက်ချောင်းကျိုးသွားနိုင်သည်။ တံခါးတခုတွင် သင့်လက်ညှက်မိခြင်းနှင့်သင့်လက်ကိုလဲကျသောအခါထောက်မိခြင်းဖြင့်လည်း သင့်လက်ချောင်းများကို ကျိုးသွားစေတတ်သည်။ ထိ။ခိုက်ဒဏ်ရာ၏သဘာဝနှင့် အရိုး၏ခိုင်ခံ့မှုသည် အရိုးကျိုးခြင်းရှိမရှိ။ကိုဆုံးဖြတ်ပေးသည်။ အရိုးပွခြင်းနှင့် အာဟာရဓါတ်ချို့တဲ့ခြင်းကဲ့။သို့သောအခြေအနေများကလည်း လက်ချောင်းကျိုးစေနိုင်သည့်။ဖြစ်နိုင်ချေကိုများစေသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။လက်ချောင်းကျိုးခြင်းအားအဖြေရှာအတည်ပြုမှုသည် သင့်ဆရာဝန်မှသင့်ကျန်းမာရေးရာဇဝင်အားမေးမြန်းမှုနှင့်ကြည့်ရှူကိုင်တွယ်ထိတွေ့စစ်ဆေးခြင်းမှ စတင်သည်။ လက်ချောင်းများကိုဓါတ်မှန်ရိုက်ခြင်းဖြင့်လက်ချောင်းကျိုးခြင်းရှိမရှိကို သိနိုင်သည်။ကျိုးသွားသော လက်ချောင်းအား ကုသမှုသည် ကျိုးသွားသည့်နေရာနှင့် အရိုး၏တည်ငြိမ်မှုရှိမရှိပေါ်တွင် မူတည်သည်။ ကျိုးနေသောလက်ချောင်းအား ဘေးကပ်ရပ်ရှိလက်။ချောင်းအကောင်းနှင့်ကပ်စည်းကာငြိမ်အောင်ထိန်းထားရတတ်။သည်။ မတည်ငြိမ်သေးသည့် ကျိုးထားသောအရိုးများအား ငြိမ်ငြိမ်ထားရန်လိုအပ်သည်။ ဆရာဝန်များသည် သင့်၏ကျိုးထားသောအရိုးအားပုံမှန်အနေအထားအတိုင်းညီညာ။အောင်ပြုလုပ်ပြီးနောက် တခုခုဖြင့်ကျပ်စည်းထားတတ်သည်။အကယ်၍ကျိုးထားသောအရိုးသည် မတည်ငြိမ်ပဲနေရာလွဲနေပါက။သင့်ဆရာဝန်သည် ခွဲစိတ်ကုသပါလိမ့်မည်။ သင့်တွင် အောက်ပါအခြေအနေများရှိပါက ခွဲစိတ်ကုသခြင်းဖြင့် ကျိုးထားသောအရိုးအား ငြိမ်အောင်ထိန်းထားရတတ်သည်။အရိုးဆရာဝန်(သို့)လက်ခွဲစိတ်ဆရာဝန်သည် ကျိုးသွားသောအရိုး။အတွက် အကောင်းဆုံးကုသမှုကို ဆုံးဖြတ်ပေးပါလိမ့်မည်။ ပင်အပ်၊။ဝက်အူများနှင့် ဝါယာကြိုးများကိုကျိုးနေသောလက်ချောင်းများအား။ခွဲစိတ်ပြုပြန်ရန်သုံးတတ်သည်။ သင့်တော်သောရောဂါရှာအတည်ပြု။ခြင်း၊ကုသမှုနှင့် ကျိုးသွားသောလက်ချောင်းများအားပြန်လည်လေ့။ကျင့်ပျိုးထောင်မှုတို့ဖြင့် လက်၏စွမ်းရည်နှင့်ကြံ့ခိုင်မှုကို ထိန်းကွပ်။ကာ ပုံပန်းမကျဖြစ်သွားခြင်းကိုကာကွယ်နိုင်ပါသည်။ ကျိုးသွားသော။လက်ချောင်း၏ပြန်ကောင်းရန်လိုအပ်သည့်အချိန်မှာ အပတ်အနည်း။ငယ်မှတစ်နှစ်အထိ များပြားသောအကြောင်းအရာများပေါ်မူတည်၍ ရှိနေနိုင်သည်။ ရောဂါတိုးတက်မှုအခြေအနေသည်လည်း မတူညီ။သောအကြောင်းအရာများအပေါ်မူတည်သည်။ဥပမာ-အာရုံကြော၊(သို့)သွေးကြောထိခိုက်မှုရှိမရှိနှင့် အရိုးဆစ်၏မျက်နှာ။ပြင်အားထိခိုက်မှုကြောင့် အဆစ်အမြစ်ရောင်ခြင်းရှိမရှိ တို့ဖြစ်သည်။လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက လက်ချောင်းရိုးများကျိုးခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် လက်ချောင်းရိုးများကျိုးခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/broken-finger-%e1%80%9c%e1%80%80%e1%80%ba%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%bb/
ကိုယ်ဝန်ဆိပ်တက်ခြင်း
ကိုယ်ဝန်ဆောင်တွေအကြောက်ဆုံးကိစ္စကို ပြောပါဆိုရင် ကိုယ်ဝန်ဆိပ်တက်ခြင်း ပါပဲ။ ကိုယ်ဝန်ဆောင် ၁၀၀မှာ ၅ယောက်ကကိုယ်ဝန်ဆိပ်တက်နိုင်ပါတယ်။ ကိုယ်ဝန်ပတ် ၂၀လောက်ကစဖြစ်တတ်ပြီး မွေးပြီး၆ပတ်အထိဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်တာက အချိန်မီမကုသရင် အမေရော ကလေးပါ အသက်အန္တရာယ်ရှိပါတယ်။ ကိုယ်ဝန်ဆိပ်တက်ခြင်း Pre-eclampsiaက Eclampsiaပြောင်းပြီး တက်သွားတတ်ပါတယ်။ ဒါကိုကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းက ရောဂါလက္ခဏာကို စောစောသိပြီး စောစောကုဖို့ပါပဲ။ကိုယ်ဝန်ဆိပ်တက်ရင် သွေးပေါင်ချိန်တွေ တက်လာပြီး ဆီးထဲမှာ အသားဓာတ်တွေ ပါလာပါတယ်။ ခြေတွေ လက်တွေဖောလာပါတယ်။ သွေးထဲမှာသွေးဥမွှားတွေ နည်းလာပါတယ်။ ပညာရှင်တွေကတော့ ဒါဟာအချင်းကြောင့်လို့ ဆိုပါတယ်။ ကိုယ်ဝန်အစောပိုင်းမှာ သွေးကြောအသစ်တွေ ပေါ်လာပြီး အချင်းကို သွေးထောက်ပံ့ပေးရပါတယ်။ကိုယ်ဝန်ဆိပ်တက်တဲ့ အမျိုးသမီးတွေမှာတော့ ဒီဖြစ်စဥ်က ပုံမှန်မဟုတ်ပါဘူး။ သူတို့ရဲ့ သွေးကြောတွေက ကျဥ်းပြီး ဟော်မုန်းကို ကောင်းကောင်းမတုံ့ပြန်နိုင်တော့ပါဘူး။ ဒါကြောင့် အချင်းဆီကို သွေးကောင်းကောင်းမလျှောက်တော့ပါဘူး။ ဘာလို့ဒီလို သွေးကြောတွေ ပုံမှန်မဖြစ်ရတာလဲဆိုတော့။ကိုယ်ကိုယ်တိုင်ဖြစ်ဖြစ် မိသားစုထဲမှာဖြစ်ဖြစ် ကိုယ်ဝန်ဆိပ်တက်ဖူးရင် ပိုဖြစ်နိုင်ပါတယ်။ကိုယ်ဝန်ဆိပ်တက်တာက တစ်ခါတစ်လေ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ သွေးတိုးတာလောက်ပဲရှိတာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေက သွေးပေါင်ချိန်ကို ပုံမှန်တိုင်းသင့်ပါတယ်။ တခြားလက္ခဏာတွေကတော့။ဒီလိုလက္ခဏာတွေရှိနေရင်တော့ ဆရာဝန်နဲ့အမြန်ဆုံးပြသင့်ပါတယ်။ကိုယ်ဝန်ဆိပ်တက်ခြင်း ရဲ့ အဓိကကုသနည်းကတော့ ကလေးကို မြန်မြန်မွေးထုတ်လိုက်တာပါပဲ။ ကိုယ်ဝန်ပတ်မူတည်ပြီး ဆေးရုံတက်၊ အခြေအနေကို စောင့်ကြည့်တာ၊ လိုအပ်တဲ့ ကုသမှုတွေပေးတာကို ခံယူသင့်ပါတယ်။ မွေးပြီးသွားရင်တောင်မှ ကိုယ်ဝန်ဆိပ်တက်နိုင်ခြေရှိသေးတာကြောင့် စိတ်မချရသေးပါဘူး။ တချို့က ၂ရက်နဲ့ သက်သာသွားပေမယ့် တချို့က ၆ပတ်အထိကြာတတ်ပါတယ်။လနုနုနဲ့ ကိုယ်ဝန်ဆိပ်တက်ရင် ကြောက်ဖို့ကောင်းပါတယ်။ အမေနဲ့ ကလေးအသက်အန္တရာယ်ရှိလို့ လိုအပ်ရင်စောမွေးရမှာပါ။ ဒါကြောင့်။ကိုယ့်မှာ ကိုယ်ဝန်ဆိပ်တက်ဖို့ အလားအလာရှိနေတယ်ဆိုရင် ဆရာဝန်နဲ့ သေချာပြသပါ။ တတ်နိုင်သမျှကျန်းမာအောင်နေပါ။ဖြစ်နိုင်ခြေများတဲ့သူတွေကိုတော့ ကိုယ်ဝန်ပတ် ၁၂ပတ်ကျော်ရင် ဆရာဝန်က low dose အက်စပရင်လေးတွေ ပေးတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တွေက ကိုယ့်သဘောနဲ့ကိုယ် ဘာဆေးမှမသောက်သင့်တဲ့အတွက် ဆရာဝန်ညွှန်မှပဲ သောက်ပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/what-is-preeclampsia/
နေလောင်ဒဏ်ကာကွယ်ခြင်း အရေးကြီးပုံ
မိဘများသည် မိမိ၏ကလေးများကို အပြင်ထွက်ရန်ပြောလေ့ရှိကြသည်။ ကျွန်တော်တို့လည်း နေရောင်ခြည်ထဲထွက်ရသည်ကို ကြိုက်ကြသည်။ နေရောင်ခြည်သည် ခန္ဒါကိုယ်အရိုးများကို သန်မာစေသော ဗီတာမင်D ကိုပေးစွမ်းပါသည်။ သို့သော် နေရောင်ခြည်ထဲအချိန်ကြာစွာနေလျှင် နေလောင်တတ်ပါသည်။ အဘယ်ကြောင့်ဆိုသော် နေရောင်ခြည်ထဲတွင် ယူဗီရောင်ခြည်ပါဝင်သောကြောင့်ဖြစ်ပါသည်။ ယူဗီရောင်ခြည်သည် အသားအရည်ထိခိုက်ရုံသာမက မျက်စိ ကိုယ်ခံအားနှင့် အရေပြားကင်ဆာရောဂါများလည်းဖြစ်တတ်ပါသည်။ထို့ကြောင့် ယူဗီရောင်ခြည်မှကာကွယ်ရန် အရေးကြီးပါသည်။ အောက်ဖော်ပြပါ အချက်များနှင့် ကာကွယ်နိုင်ပါသည်။ရှေးဦးစွာ နေရောင်ခြည်သည်မည်သည့်အချိန်တွင် အမြင့်ဆုံးဖြစ်သည်ဆိုသည်ကို သိထားရပါမည်။ သိထားမှသာ အန ္တရာယ်ရှိနိုင်သည့် ရောင်ခြည်မျိုးကိုရှောင်ရှားနိုင်ပါသည်။ ယူဗီပါဝင်နှုန်းကိရိယာ နှင့် တိုင်လျှင် နေရောင်ခြည်ပါဝင်သောရောင်ခြည်များ၏ပြင်းအားကို တိုင်းနိုင်မည်ဖြစ်ပါသည်။ ယူဗီရောင်ခြည်တွင် ပြင်းအား ၄မျိုးရှိပါသည်။အနိမ်းဆုံးအဆင့် (၁-၂) ၊ အလယ်အလတ်အဆင့်(၃-၅)၊ အမြင့်အဆင့် (၆-၇)၊ အမြင့်ဆုံးအဆင့် (၈-၁၀)၊ လွန်ကဲအဆင့် (၁၁ နှင့် အထက်) တို့ဖြစ်ပါသည်။ ယူဗီရောင်ခြည်သည် ၃ဟုဆိုလျှုင် အသားအရည်လောင်ကျွမ်းနိုင်သည့် အဆင့်ဖြစ်ပါသည်။ ကာကွယ်မှုယူရပါမည်။ နေလောင်နိုင်မှုအများဆုံးဖြစ်နိုင်သော အချိန်မှာ ၁၀နာရီမှ ၄နာရီကြားဖြစ်ပါသည်။ နေ့တစ်နေ့၏ရောင်ခြည်ပြင်းအားကို ပုံကြမ်းဆွဲကြည့်ပါက ခေါင်းလောင်းပုံစံရရှိပါမည်။ ထိုအချက်ကို ကြည့်ခြင်းဖြင့် မနက်ပိုင်းတွင် ယူဗီပါဝင်မှုနှုန်းအနည်းဆုံးဖြစ်၍ ဗီတာမင်ဒီဓါတ်ရရှိရန် အကောင်းဆုံးဖြစ်ပါသည်။နေရောင်ခြည်သည် သဘာဝအရ ဗီတာမင်ဒီဓါတ်ကိုဖြည့်စွမ်းပေးပါသည်။ အရိုးများကို သန်မာစေပါသည်။ ထို့အပြင် အိုမင်းရင့်ရော်ခြင်းမှလည်းကာကွယ်ပေးနိုင်ပါသည်။ အသားအရေနုပျိုကာ ကျန်းမာစေပါသည်။ နေရောင်ခြည်သည် ထိုကဲ့သို့အကျိုးကျေးဇူးများပေးသော်လည်း ယူဗီရောင်ခြည်မှာ လူကိုဒုက္ခပေးနိုင်ပါသည်။လူ့အသားအရည်ကို အပြင်လွှာနှင့် အတွင်းလွှာဟူ၍ နှစ်မျိုးခွဲခြားနိုင်ပါသည်။ ယူဗီရောင်ခြည်နှင့် ဓါတ်မတည့်ခြင်းဖြစ်ပါက အပြင်လွှာတွင်ဦးစွာတွေ့ရပါသည်။ အပြင်လွှာတွင် အသားအရည်ရောင်ခြယ်ပေးသော မင်လနင်ဓါတ်ပါဝင်ပါသည်။ မင်လနင်သည် အလင်းစွမ်းအင်ကို စုပ်ယူ၍ အသားအရေကို ယူဗီရောင်ခြည်မှကာကွယ်၍ အရေပြားကင်ဆာဖြစ်ခြင်းမှကာကွယ်ပေးပါသည်။နေလောင်ခြင်းများလျှင် မင်လနင်ဆဲလ်များလောင်ကျွမ်းပြီးအရေပြားတင်းရင်းမှုကို လျော့ကျစေပါသည်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေပါသည်။မင်လနင်ဓါတ်မရှိလျှင် ယူဗီရောင်ခြည်များသည် အရေပြားအတွင်းလွှာထိထိုးဖောက်လာပြီး အရေပြားရှိဆဲလ်များကို ထိခိုက်ပျက်စီးစေပါသည်။ အရေပြားထိခိုက်နိုင်သူများသည် မိမိတို့အသားအရည်ကာကွယ်ရန် လုံခြုံသောအဝတ်အစား နေရောင်ခြည်ကာလိမ်းဆေးများ နှင့် နေရောင်ခြည်ထဲထွက်သည့်အချိန်ကို လျော့ချရပါမည်။ယခင်တွင် အရေပြားကင်ဆာသည် အခြားသောကင်ဆာများထက်ဖြစ်ပွားမှု များပါသည်။ ထိုသို့မြင့်မားခြင်းမှာ အပြင်ထွက်နှုန်းများခြင်း နှင့် နေရောင်ခြည်ထိနှုန်းများခြင်းတို့ကြောင့်ဖြစ်ပါသည်။ သတင်းကောင်းမှာ အရေပြားကင်ဆာ ဖြစ်သော လူ၅ယောက်တွင် ၄ယောက်သည် ကာကွယ်၍ရသောအခြေအနေဖြစ်ပါသည်။အရိပ်ရသောနေရာတွင်နေခြင်း၊ အဝတ်အစား၊ ဦးထုပ် စသည်တို့သည် နေရောင်ခြည်ကာရန် အကောင်းဆုံးနည်းလမ်းများဖြစ်ပါသည်။ နေရောင်ခြည်ကာလိမ်းဆေးသည်လည်း အလှအပရေးရာနှင့် ကျန်းမာရေးရှုထောင့်မှ ခေတ်စားလာသော နည်းလမ်းတစ်မျိုးဖြစ်ပါသည်။ မျက်နှာတွင်သာမက အခြားသောနေရာများတွင်လည်း လိမ်းထားသင့်ပါသည်။ နေရောင်ခြည်ကာလိမ်းဆေးများလိမ်းထားသော်လည်းနေရောင်ခြည်တွင်ကြာကြာမနေသင့်ပါ။ယူဗီပါဝင်မှုနှုန်းကိုကြည့်၍ ပါဝင်မှုနှုန်းအများဆုံးရှိသောအခြေအနေမျိုးကို ရှောင်ရှားရပါမည်။ နေ့လည်နေ့ခင်းအပြင်ထွက်ခြင်းကိုရှောင်ကြဉ်ပါ။နေရောင်ခြည်သည် ခန္ဒါကိုယ်အတွက်ကောင်းသည်ဟုဆိုသော်လည်း ၁၀နာရီ မှ ၃နာရီကြားနေရောင်ထဲထွက်ခြင်းကိုရှောင်ကြဉ်ရပါမည်။နေလောင်စေသော နေရာများ စက်များ ရှောင်ကြဉ်ပါ။ နေလောင်သောအသားအရည်ကိုလိုချင်ပါက ရှောင်ရှားသင့်သည်များကိုအရင်သိထားရပါမည်။နေရောင်ထဲထွက်လျှင် လုံလုံခြုံခြုံဝတ်ဆင်ပါ။ ဦးထုပ်ဆောင်းခြင်းဖြင့် မျက်လုံး နားရွက် မျက်နှာ နှင့် လည်ပင်းများကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပါသည်။နေကာမျက်မှန်သည် လည်းနေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်ပါသည်။ ပွယောင်းသော အဝတ်အစားများ ချည်ထည်များသည် အထောက်အကူဖြစ်ပါသည်။အရေပြားကင်ဆာကာကွယ်ရန် အဓိက အချက်မှာ နေ့လည်နေ့ခင်းတွင် နေရောင်ထဲမထွက်ရန်ဖြစ်ပါသည်။ “အရိပ်ကိုကြည့်ပါ ။ အရိပ်တိုလျှင် အရိပ်ကိုရှာပါ။” ဆိုသော ထုံးနှလုံးမူရပါမည်။ သစ်ပင် ထီး အစရှိသည်များသည် ၁၀၀ရာခိုင်နှုန်းနေရောင်ခြည်ကာကွယ်မှုကို မပေးစွမ်းနိုင်ပါ။အပြင်မှာဆော့လေ့ရှိသော ကလေးများအဖို့ မိမိကိုယ်ကို မည်သို့ကာကွယ်မလဲကိုသိထားရပါမည်။ ကလေးများသည် လူကြီးများထက် ပို၍ သဘာဝအပြောင်းအလဲကို ခံရပါသည်။ သူတို့၏ကြီးထွားမှုလည်းသဘာဝပတ်ဝန်းကျင်အပေါ်မူတည်ပါသည်။ ထိုသို့လုပ်ဆောင်ရန် ကလေးများကို ယူဗီရောင်ခြည်နှင့် ပတ်သက်သော ကျန်းမာရေးပညာပေးမှုများ နေထိုင်မှုပုံစံကို သင်ကြားပေးရပါမည်။ ထို့အတွက်ကျောင်းသည် လွန်စွာမှ အရေးကြီးပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%b1%e1%80%94%e1%80%b1%e1%80%9c%e1%80%ac%e1%80%84%e1%80%b9%e1%80%92%e1%80%8f%e1%80%b9%e1%80%80%e1%80%ac%e1%80%80%e1%80%bc%e1%80%9a%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8-%e1%80%a1/
မျက်ခွံရောင်ခြင်းအကြောင်း
မျက်ခွံရောင်ခြင်းဆိုတာ တွေ့ရများတဲ့မျက်စိပြဿနြာဖစ်ပြီး မျက်ခွံအနားများဟာ အဆီများ၊ ဘက်တီးရီးယားများကြောင့် နီရဲရောင်ရမ်းခြင်း ဖြစ်ပါတယ်။ယားယံခြင်း၊ နာကျင်ခြင်း၊ နီရဲခြင်း၊ ပူလောင်ခြင်း၊ စူးနေခြင်း စတာတွေကြုံတွေ့ရလို့ စိတ်အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ဘက်တီးရီးယားပိုးဝင်ခြင်း၊ အရေပြားရဲ့ အခြေအနေ၊မျက်လုံးခြောက်သွေ့ခြင်းရဲ့ လက္ခဏာများဟာ မျက်ခွံရောင်ခြင်းနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။မျက်ခွံရောင်ခြင်း အမျိုးမျိုးရှိပါတယ်။ အောက်ပါ အချက်တွေဟာ အဓိကအမျိုးအစားတွေ ဖြစ်ပါတယ်။– အရှေ့ပိုင်းရောင်ခြင်း။မျက်ခွံရဲ့ အပြင်ပိုင်းမှာ ဖြစ်ပွားပြီး မျက်တောင်များပါ ပါဝင်ပါတယ်။ ဘက်တီးရီးယား၊ ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ သေချာစွာ မကုသရင် ဖြစ်တဲ့နေရာဟာ ထူလာပြီး အပြင်ဘက် ဒါမှမဟုတ် အတွင်းပိုင်းကို ဖောင်းထွက်လာပြီး မျက်ကြည်လွှာကို ထိခိုက်နိုင်တာမို့ ပိုမိုဆိုးရွားတဲ့ အမြင်အာရုံပြသနာတွေ ဖြစ်လာနိုင်ပါတယ်။– မျက်ခွံအနောက်ပိုင်းရောင်ခြင်း။မီဘိုးမီးယမ်း ဂလင်း အလုပ်ကောင်းစွာ မလုပ်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ မျက်ခွံရဲ့ အနားများဟာ ထူထဲမာကြောလာပါတယ်။ တခါတရံမှာ မျက်ရည်များဟာ အမြှုပ်များနဲ့ တူလာပါတယ်။ မျက်စိစွန်ခြင်းလည်း ဖြစ်ပေါ်စေပါတယ်။– ရောနှောပေါင်းစပ်သော မျက်ခွံရောင်ခြင်း။အရှေ့နဲ့ အနောက်ပိုင်း ၂မျိုးစလုံးဖြစ်ပွားလို့ ဖြစ်ပါတယ်။မျက်ခွံရောင်ခြင်း အမျိုးအစားပေါ် မူတည်ပြီး အကြောင်းအရင်း ကွဲပြားပါတယ်။ ဥပမာ အရှေ့ပိုင်း မျက်ခွံရောင်ခြင်းဟာ Staphylococus ဘက်တီးရီးယားကြောင့် ဖြစ်ပွားတတ်ပါတယ်။ အဲဒီဘက်တီးရီးယားများဟာ လူ့အရေပြားပေါ်မှာ ရှိနေတတ်ကြပြီး အန္တရာယ်မပေးတတ်ပေမယ့် တခါတရံမှာ မျက်ခွံရောင်ခြင်းကို ဖြစ်စေတတ်ပါတယ်။ အဆီဂလင်းများကြောင့် အရေပြားရောင်ရမ်းခြင်း အခြေအနေကလည်း အရှေ့ပိုင်းမျက်ခွံရောင်ခြင်းကို ဖြစ်ပွားစေပြီး မီဘိုးမီးယန်းဂလင်းများကို ပိတ်ဆို့စေပါတယ်။ အနောက်ပိုင်း မျက်ခွံရောင်ခြင်းဟာ မီဘိုးမီးယန်းဂလင်းများ ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပွားပါတယ်။ အညစ်အကြေး၊ ရောင်ရမ်းခြင်း၊ဝက်ခြံစတာတွေကြောင့် ဖြစ်နိုင်ပါတယ်။မျက်ခွံရောင်ရင် အောက်ပါအခြေအနေတွေ ဖြစ်တတ်ပါတယ်။– မျက်စိနှစ်ဖက်စလုံး မျက်ခွံများ ရောင်ရမ်းခြင်း။– ယားယံခြင်း၊ ညစ်ပေခြင်း၊ မျက်စိနာခြင်း၊ တခါတရံ မျက်လုံးများ ပူခြင်း။– မျက်တောင်များ ထူထဲပြီး မာလာခြင်း၊ မျက်ခွံများ အဆီထွက်ကာ မို့နေခြင်း။– မျက်ဝတ်များထွက်ပြီး မနက်ပိုင်းတွင် မျက်ဝတ်များကပ်နေ၍ မျက်လုံးဖွင့်မရခြင်း။– အလင်းရောင်မခံနိုင်ခြင်း။– မျက်တောင်များ ပုံစံမမှန်ခြင်း၊ ပိုဆိုးလာလျှင် မျက်တောင်များကျွတ်လာခြင်း။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%81%e1%80%bc%e1%80%b6%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%a1%e1%80%b1%e1%81%be%e1%80%80%e1%80%ac/
ဝက်ခြံအမာရွတ်တွေနဲ့ပတ်သက်လို့ သင်သတိထားသင့်တဲ့အချက်တွေ
ဝက်ခြံအမာရွတ်ကို ကြားဖူးပါသလား။ ၎င်းကို မကြားဖူးလျှင် အောက်ပါ ဆောင်းပါးတွင် ရှာဖွေ ဖတ်ရှုနိုင်ပါသည်။အရေပြားသည် ခန္ဓါကိုယ်၏ နေရာအားလုံးကို ဖုံးအုပ်ထားသော အရာဖြစ်သည်။ ပိုးသားကဲ့သို့ဖြစ်ပြီး အနည်းငယ် စုတ်ပြဲသွားလျှင် ပြောင်းလဲသွားနိုင်ပါသည်။ မီးလောင်ခြင်း၊ ဒဏ်ရာရခြင်းတို့သည် အရေပြားတွင် အမာရွတ် ဖြစ်စေပါသည်။ အမာရွတ်ဖြစ်ခြင်းသည် သဘာဝအတိုင်း အနာကျက်စေသော ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဆဲလ်များကောင်းစွာ မကြီးထွားလာသောအခါ ဖြစ်သည်။ ၎င်းသည် ဒဏ်ရာရခြင်း၏ သက်သေတစ်ခုအဖြစ် ကျန်ရစ်သည်။ဝက်ခြံအမာရွတ်သည် ဝက်ခြံ ပျောက်သွားသောအခါ ကျန်ရစ်တတ်သည့် အမာရွတ်ဖြစ်သည်။ ဂရုစိုက်၍ ထိရောက်စွာ ကုသလျှင်ပင် အမာရွတ် ကျန်နိုင်သည်။ပထမဆုံး အနေဖြင့် သင်သည် ဝက်ခြံကို ကောင်းစွာ ဂရုစိုက်ပြီး ဆိုးရွားမလာစေရန် ကာကွယ်ရမည်။ ဒုတိယအနေဖြင့် နောက်ဆက်တွဲ ရလဒ်ကို သတိပြုရမည်။ ဝက်ခြံ အမာရွတ်သည် သင့်ကျန်းမာရေးကို မထိခိုက်စေသော်လည်း သင့်ပုံပန်းသွင်ပြင်ကို ထိခိုက်စေသည်။ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်သည် သင့်ခန္ဓါကိုယ်ကို အန္တရာယ် မဖြစ်စေသော်လည်း တစ်သက်လုံး မပျောက်ဘဲ ရှိနေနိုင်သည်။ ကုသမှုများသည် အပြည့်အဝ ပျောက်ကင်းအောင် မလုပ်နိုင်သော်လည်း ထိရောက်စွာ ကုသခြင်းဖြင့် အမာရွတ်ကို သက်သာစေသည်။ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်သည် သင့်ခန္ဓါကိုယ်ကို အန္တရာယ် မဖြစ်စေသော်လည်း တစ်သက်လုံး မပျောက်ဘဲ ရှိနေနိုင်သည်။ ကုသမှုများသည် အပြည့်အဝ ပျောက်ကင်းအောင် မလုပ်နိုင်သော်လည်း ထိရောက်စွာ ကုသခြင်းဖြင့် အမာရွတ်ကို သက်သာစေသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%81%80%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%a1%e1%80%99%e1%80%ac%e1%80%9b%e1%80%bc%e1%80%90%e1%80%b9%e1%80%b1%e1%80%90%e1%80%bc%e1%80%94%e1%80%b2%e1%82%94%e1%80%95%e1%80%90%e1%80%b9/
Broken Shoulder Blade (ပခုံး လက်ပြင်ရိုး ကျိုးခြင်း )
ပခုံးအရိုးပြား (သို့)လက်ပြင်ရိုးပြား ဆိုသည်မှာ ကျောအထက်ပိုင်းတွင် ရှိသည့် လက်မောင်းနှင့် ရင်ဘတ်ကို ဆက်သွယ်ပေးထားသော အရိုးဖြစ်သည်။ ပခုံးဆစ်၏ လက်မောင်းနှင့် ခွက်နေသောလက်မောင်းအိမ်အခေါင်းကိုဆက်သွယ်ပေးထားသည့်ခွက်နေသောလက်မောင်းအိမ်အခေါင်းအဖြစ်လည်း ရှိပေးသည်။Acromion နှင့် Coracoid processesများဆိုသည်မှာ လက်ပြင်ရိုးပြား အပေါ်ပိုင်းရှိ အရိုးဖုများဖြစ်ပြီး လက်ပြင်ရိုးပြားနှင့် ညှပ်ရိုးတို့ကိုဆက်သွယ်ပေးသည်။ လက်ပြင်ရိုးပြားကို ပခုံးဆစ်၏ ပျော့ပျောင်းသောလှုပ်ရှားမှုပြုလုပ်ပေးသည့် ကြွက်သားအထူလွှာများဖြင့် ကာရံထားသည်။ လက်ပြင်ရိုးအားကျိုးစေရန်အလွန်ပြင်းထန်သောအားတခုကို။လိုအပ်တတ်သောကြောင့် ဆရာဝန်သည် လက်ပြင်ရိုးပြား ကျိုးလာသူတွင် အခြားသောထိခိုက်ဒဏ်ရာများရှိမရှိကို လေ့လာရတတ်သည်။ ပခုံးလက်ပြင်ရိုးပြားအပါအဝင်အရိုးနေရာများစွာ ကျိုးနေကြောင်းကို တွေ့ရှိရသည်။ပခုံးလက်ပြင်ရိုးပြားသည် ကျိုးရန်ခဲယဉ်းပြီး ကျိုးသောအရိုးများအားလုံးတွင် လက်ပြင်ရိုးကျိုးခြင်းသည် 1ရာခိုင်နှုန်းအောက်တွင် သာရှိကြောင်းသိရသည်။ အသက်25 မှ 45အတွင်း လူများတွင် ပို၍ဖြစ်ပွားလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ထိုအသက်အရွယ်အတွင်းရှိလူများ၏ကြုံတွေ့ပြုလုပ်သော လှုပ်ရှားမှုများနှင့် ထိခိုက်ဒဏ်ရာရမှုများကြောင့်ဖြစ်သည်။ အားကစားလှုပ်ရှားမှုများ၊မော်တော်ယဉ်မတော်တဆမှုများနှင့် အခြားသော ထိခိုက်ဒဏ်ရာရမှုများကြောင့် ဖြစ်တတ်သည်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ပခုံး လက်ပြင်ရိုးပြား ကျိုးခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အခြားသော ထိခိုက်ဒဏ်ရာများသည်လည်း ပခုံးလက်ပြင်ရိုးကျိုးခြင်းကဲ့သို့ပင် လက္ခဏာများပြနိုင်သည်။ အရိုးကျိုးခြင်းအားလုံးမှာ ပြင်းထန်သောကြောင့် အထက်ပါလက္ခဏာများထဲမှ မည်သည့်လက္ခဏာမဆိုဖြစ်ပွားနေပါက သင့်ဆရာဝန်နှင့် တွေ့ဆုံပြသရန် အရေးကြီးလှပါသည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ပခုံးလက်ပြင်ရိုးကျိုးခြင်းသည် အားအလွန်ပြင်းသော တိုက်ရိုက်ထိခိုက်ဒဏ်ရာကြောင့်ဖြစ်ပွားပြီး ရင်ဘတ်၊အဆုတ်နှင့် ပခုံးရှိ တွဲဖက်ဖြစ်ပွားသောဒဏ်ရာများကိုလည်း ပခုံးလက်ပြင်ရိုးကျိုးသည့် သူ80ရာခိုင်နှုန်းလောက်တွင် တွေ့ရတတ်သည်။ ပခုံးလက်ပြင်ရိုးကျိုးစေသည့် အဖြစ်များသောအကြောင်းအရင်းများမှာ။ထပ်မံသိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်တစ်ဦးသည် ကျိုးနေသည့် လက်ပြင်ရိုးပြားတခုအား ထိတွေ့ကိုင်တွယ်စမ်းသပ်ခြင်းနှင့် ဓါတ်မှန်ရိုက်အပြီးတွင် သိရှိအတည်ပြုပေးနိုင်ပါသည်။ ပခုံးနှင့် ရင်ဘတ်ဓါတ်မှန်များကိုရိုက်ရတတ်သည်။ အခြားသောထိခိုက်ဒဏ်ရာများကို သိရှိစစ်ဆေးရန် ဗိုက်နှင့်ရင်ဘတ်အား ကွန်ပြူတာဓါတ်မှန်ရိုက်ရန်လည်း ညွှန်ကြားခြင်းခံရတတ်သည်။ပခုံး၏ သံလိုက်ဓါတ်မှန်(သို့)ကွန်ပြူတာဓါတ်မှန်များအား။ပခုံးအဆစ်ရိုး၏အခေါင်းအိမ်ကျိုးသွားခြင်းရှိမရှိကို စစ်ဆေးရန်လည်း ရိုက်ရတတ်သည်။ တခါတရံတွင် မော်တော်ယာဉ်မတော်တဆမှုများ၊ပြုတ်ကျမှုများ၊(သို့)တိုက်ရိုက်ထိခိုက်မှုများအပြီးတွင်ပခုံးလက်ပြင်ရိုးကျိုးခြင်းကို အထူးစစ်ဆေးမှုများမှ သာမြင်တွေ့ရတတ်သည်။ခွဲစိတ်မှုမဟုတ်သော ကုသမှု။ကျိုးသွားသောပခုံးလက်ပြင်ရိုးအများစုကို ခွဲစိတ်ရန်မလိုပဲကုသနိုင်ပါသည်။ သင်၏အရိုးများပြန်ဆက်နေချိန်တွင် သင့်ပခုံးအားထောက်ကန်ပေးမည့် slingဟုခေါ်သည့် ကြိုးအသိုင်းတခုအား ဆရာဝန်မှ သင့်အတွက်ပြုလုပ်ထားပေးတတ်သည်။ ထို့ပြင်တောင့်တင်းနေ။မှု၊နာကျင်မှုများအားသက်သာစေရန်သင့်ပခုံးဆစ်၏။လှုပ်ရှားမှုကိုများစေသော ကာယလေ့ကျင့်ကုသမှုများကိုလည်း ညွှန်ကြားတတ်ပါသည်။ ကာယလေ့ကျင့်ကုသမှုအတွက် အသင့်မဖြစ်သေးခင်အထိသ့င်၏ပခုံးကိုအနားပေးထားရန်ညွှန်ကြားခံရနိုင်ပါသည်။ ကာယလေ့ကျင့်ကုသမှုကို မကြာခဏအသုံးပြုရတတ်ပြီး သင်၏ပခုံးလှုပ်ရှားမှုအပြည့်အဝပြန်လည်ရရှိသည်အထိ ဆက်လက်ပြုလုပ်ပေးရသည်။ သင်၏ဆရာဝန်မှသင့်တော်သည့်။အချိန်တွင် ကြိုးအသိုင်းအားဖြုတ်ရန်ညွှန်ကြားမှာဖြစ်ပြီး အများအားဖြင့် သင့်နာကျင်မှုများပျောက်သွားချိန်တွင် ထိုကဲ့သို့ညွှန်ကြားတတ်ပါသည်။ခွဲစိတ်မှု။အချို့သောကျိုးနေသည့် ပခုံးပြင်ရိုးများသည် ခွဲစိတ်ကုသရန်လိုအပ်တတ်သည်။ အောက်ပါအတိုင်းဖြစ်သည်။ခွဲစိတ်စဉ်တွင် မေ့ဆေးပေးထားရပြီး ခွဲစိတ်ဆရာဝန်သည် သင့်အရိုးများကို နဂိုအတိုင်းညီညာအောင် ပြန်ပြုပြင်ပေးရပြီး ထိုအရိုးများကိုသတ္တုပြားများ၊ဝက်အူလှည့်များ(သို့)ဝိုင်ယာကြိုး။များဖြင့် ကပ်ကာထိန်းပေးပါသည်။ ခွဲစိတ်မှုမလိုသောကုသမှုကဲ့သို့။ပင် သင်၏ခွဲစိတ်မှုအပြီး အနားယူရန်လိုပြီး သင်၏ပခုံးလှုပ်ရှားမှုအပြည့်အဝရသည်အထိ ကာယလေ့ကျင့်ကုသ။မှုများကို လုပ်ဆောင်ရပါမည်။ပခုံးလက်ပြင်ရိုးကျိုးခြင်းသည် ပြင်းထန်သော အသက်ဘေးအထိခြိမ်းခြောက်နိုင်သည့် ဒဏ်ရာများကို မကြာခဏ ဖြစ်ပွားသွားစေနိုင်သောကြောင့် ထိုကဲ့သို့ဖြစ်ပွားလာပါက ဆေးရုံရှိအရေးပေါ်ဋ္ဌာနတွင် စစ်ဆေးစမ်းသပ်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/broken-shoulder-blade-%e1%80%95%e1%80%81%e1%80%af%e1%80%b6%e1%80%b8-%e1%80%9c%e1%80%80%e1%80%ba%e1%80%95%e1%80%bc%e1%80%84%e1%80%ba%e1%80%9b%e1%80%ad%e1%80%af%e1%80%b8-%e1%80%80%e1%80%bb%e1%80%ad/
အရေပြားပြဿနာများ၏ အခေါ်အဝေါ်များ
ပြည်တည်နေသောအနာဖုဖြစ်သည်။ အချို့ ပြည်တည်နာများသည် နာကျင်ပြီး ထိပ်ဝတွင်ပြည်များစုဝေးနေသည်ကိုမြင်ရသော်လည်း အချို့မှာမူ အနာနက်၍ ကြာလာသော် အကျိတ်ပုံစံဖြစ်သွားတတ်သည်။ ထိုအခါ ကင်ဆာကျိတ်နှင့်ခွဲခြားရန်အသားစယူစစ်ဆေးရန်လိုအပ်သည်။အရေပြားပေါ်တွင် တနေရာတည်းတွင်ကွက်၍ ကျုံ့သွားခြင်းမျိုးဖြစ်သည်။ ထိုနေရာသည် ချိုင့်ဝင်သွားခြင်းမျိုးအထိဖြစ်နိုင်သည်။ထိုအသုံးအနှုန်းကိုရောဂါရှာဖွေရာတွင်တွေ့ရှိချက်အချို့ကိုဖော်ပြရာ၌ ဆရာဝန်များနှင့် ရောဂါဗေဒပညာရှင်များက အသုံးပြုကြသည်။ ကင်ဆာဖြစ်နေသည်ဟု တထစ်ချဆိုလိုခြင်းမဟုတ်ပါ။ဝ.၅ စင်တီမီတာထက်ကြီးပြီးအရည်ကြည်ရှိသောအဖုဖြစ်သည်။သွေး / သွေးရည်ကြည်မှခြောက်သွားလျှင် ဖြစ်လာသောအဖတ်များဖြစ်သည်။အရေပြားတွင်ဖြစ်သောအရည် သို့မဟုတ် အခဲပါဝင်သောအိတ်မျိုးဖြစ်သည်။၎င်းသည် အဆင့်အားဖြင့်ပြောရလျှင် အလယ်လတ်အဆင့်မူမမှန် ဆဲလ်ကြီးထွားခြင်းဖြစ်သည်။ ခန္ဓါကိုယ်ရှိအဂါၤများ၏ နံရံတွင်ကာထားသောအလွှာ(Epithelium) တို့ပွားများလာကာအချို့သည် ကင်ဆာတစ်သျှုးများဖြစ်သွားကြပြီး အချို့မှာပုံမှန်အတိုင်းမပြောင်းလဲဘဲ ရှိတတ်ကြသည်။ သို့သော် ဆရာဝန်အားလုံးက ထိုအယူဆကို တပြေးညီလက်ခံထားသည်တော့ မဟုတ်ချေ။ခန္ဓါကိုယ်ရှိနံရံများနှင့် အခေါင်းပေါက်များကို ကာထားသောအလွှာတစ်ရှူးတစ်မျိုးဖြစ်သည်။အရေပြား၏အပေါ်ယံလွှာပဲ့သွားခြင်းဖြစ်၍အမာရွတ်မကျန်ဘဲပြန်ကောင်းသည်။ကုတ်ဖဲ့ရာမှ အသားများနီရဲလောင်ခြင်း၊ ထိုမှတဆင့် အနာဖြစ်ခြင်းဖြစ်သည်။အရေပြားဘေးဘက်သို့မဟုတ်ဘဲအောက်ဘက်သို့ကွဲကြောင်းဖြစ်ခြင်းဖြစ်သည်။၎င်းသည် Macrophage ဟုခေါ်သောသွေးဖြူဥဆဲလ်တစ်မျိုးပေါင်းစည်းပြီး ကြီးမားသောဆဲလ် (giant cell) ဖြစ်ပေါ်သောရောင်ရမ်းခြင်းအမျိုးအစားတစ်ခု ဖြစ်သည်။ ထိုရောင်ရမ်းခြင်းမျိုးသည်အထူးသဖြင့် တီဘီရောဂါ၊ မှိုစွဲရောဂါ၊ ကြွက်သားကင်ဆာ၊ဓါတ်မတည့်သောရောဂါနှင့် အကြောင်းမဲ့ အရေပြားပြဿနာအချို့တွင်တွေ့ရသည်။၎င်းသည်ခန္ဓါကိုယ်၏ ခုခံအားစနစ်အလုပ်လုပ်ခြင်းကိုပြသခြင်းဖြစ်ပြီးဖူးရောင်ခြင်း၊ နီရဲနာကျင်ခြင်းတို့ဖြစ်စေပါသည်။ ခုခံအားစနစ်တွင်ပါဝင်သော ဆဲလ်များကိုမူအဏုကြည့်မှန်ပြောင်းနှင့်သာမြင်ရပါသည်။ ၎င်းတို့မှာ။• Neutrophil သွေးဖြူဥများ – ရောင်ရမ်းမှုဖြစ်စဉ်၏ကနဦးအချိန်တွင် တွေ့ရသော ပြည်ဖြစ်လာမည့် အစိတ်အပိုင်းဖြစ်သည်။• Lymphocyte သွေးဖြူဥများ – ရောင်ရမ်းမှုဖြစ်စဉ်ကြာလာချိန်တွင် တွေ့ရသည်။• Macrophage(Histiocytes) ဟုခေါ်သော ကြီးမားသည့်ဆဲလ်များ – နာတာရှည်ရောင်ရမ်းမှုများတွင်တွေ့ရသည်။အချို့သောရောင်ရမ်းမှုများကိုကြည့်ခြင်းဖြင့် ရောဂါကိုအလွယ်တကူခန့်မှန်းနိုင်သော်လည်းအချို့မှာမူကင်ဆာဟုတ်မဟုတ်သိစေရန် အသားစယူပြီးစစ်ဆေးရသည်။အကျိတ် (သို့)ရောင်ရမ်းနေသောနေရာကိုသုံးနှုန်းသော မရေရာမသေချာသောစကားလုံးဖြစ်သည်။အရေပြားတွင် ပုံမှန်အသားရောင်နှင့်မတူသောအကွက်ဖြစ်သည်။ အရေပြားနှင့် တသားတည်းဖြစ်နေ၍လက်ချောင်းဖြင့်စမ်းလျှင်ဖုမနေပါ။ဆဲလ်များသည် ပြန်ရည်ကြော၊ သွေးကြောများမှတဆင့် အခြားကိုယ်တွင်းအဂါၤများသို့ပြန့်ကာ ကင်ဆာကျိတ်များကြီးထွားလာခြင်းကိုခေါ်သည်။• သွေးကြောများမှ ကင်ဆာဆဲလ်များပြန့်နှံ့ခြင်း။• ပြန်ရည်ကြောများမှတဆင့်။ပြန်ရည်ကြောများမှတဆင့် ပြန့်နှံ့သောကင်ဆာများသည် မူလကင်ဆာရှိသောနေရာမှ ပြန်ရည်များသည် ပြန်ရည်ဖုများအတွင်းစုဝေးရာမှ ကင်ဆာဆဲလ်များကြီးထွားလာခြင်းဖြစ်သည်။အများစုသောကင်ဆာကျိတ်များသည် နည်းလမ်း၂မျိုးလုံးဖြင့် ပြန့်နိုင်သည်။ လမ်းကြောင်းတစ်ခုတည်းပြန့်သည်ကိုပိုအတွေ့ရများသည်။ဆဲလ်အသေများဖြစ်ပြီးရောင်ရမ်းမှုဖြစ်စဉ်များနှင့် ဆဲလ်ပွားကာကင်ဆာဖြစ်ခြင်းတို့တွင်တွေ့ရသည်။၎င်းသည် ခန္ဓါကိုယ်ဇီဝကမ္မဖြစ်စဉ်၏ ထိန်းချုပ်မှုမရှိတော့ဘဲ မူမမှန်သောဆဲလ်များပွားခြင်းဖြစ်ခြင်းဖြစ်သည်။ ၎င်းကိုရိုးရိုးအလုံးအကျိတ်ပုံစံနှင့် ပြန့်နှံ့သွားနိင်သော ကင်ဆာကျိတ်ပုံစံဟူ၍ ၂ မျိုးခွဲထားသည်။ ရိုးရိုးအကျိတ်သည်၎င်းဖြစ်တည်ရာဘေးပတ်လည်ရှိအင်္ဂါများနှင့် အခြားသောကိုယ်အင်္ဂါအစိတ်အပိုင်းများသို့ပြန့်ခြင်းမျိုးမရှိပါ။သို့သော် ကင်ဆာကျိတ် ဖြစ်သွားလျှင်မူအသက်ပင်ဆုံးရှုံးဆုံးရခြင်းထိနိဂုံးမလဖြစ်စေသည်။ ကင်ဆာကို။၁) ကင်ဆာဖြစ်သောနေရာနှင့် အနီးတဝိုက်သို့ပြန့်သောအဆင့်နှင့်။၂)ကင်ဆာဖြစ်သောနေရာမှ တခြားသောကိုယ်အင်္ဂါမျာသို့ပြန့်နှံ့သွားသောအဆင့်ဟူ၍ခွဲခြားထားသည်။ဝ.၅ စင်တီမီတာထက်ကြီးပြီးကြွတက်နေသော အဖုဖြစ်သည်။ အရေပြား၏အပေါ်ယံလွှာတွင်ဖြစ်နိုင်သလို အတွင်းလွှာတွင်လည်းဖြစ်နိုင်သည်။ဝ.၅ စင်တီမီတာထက်ငယ်ပြီး ကြွတက်နေသောအဖုဖြစ်သည်။ဝ.၅ စင်တီမီတာထက်ငယ်သော အရေပြားပေါ်ရှိ အနီစက်ကလေးများဖြစ်သည်။အနားသတ်ညီညာ၍ကုန်းပြင်မြင့်ကဲ့သို့ ပြင်လိုက်ကြွတက်နေသောပုံစံဖြစ်သည်။မှိုကဲ့သို့ လုံးဝန်းသောပုံစံရှိသည်။ အညှာလေးလည်းရှိသည်။ ဖြစ်လေ့ရှိသောအသားပိုများသည် ကင်ဆာမဟုတ်တတ်ပါ။အရေပြားအတွင်းရှိသွေးကြောများမှ သွေးထွက်ခြင်းကြောင့် အနီစက် ၊ အနီကွက်နှင့် အနီရောင် အကွက်ကြီးများဖြစ်လာရသည်။ရိုးရိုးကင်ဆာထက်အတွေ့ရနည်းပြီးအပေါ်ယံလွှာဆဲလ်များတွင်ဖြစ်လေ့မရှိပါ။ ခန္ဒါကိုယ်ရှိတွယ်ဆက်ကြွက်သားများ၊ အရိုး၊ အရိုးနု ၊အဆီနှင့် အဆစ်နံရံများတွင်ဖြစ်သောကင်ဆာတမျိုးဖြစ်သည်။အရေပြားအပေါ်လွှာရှိဆဲလ်များကြီးထွားမှုနှုန်းမူမမှန်ဖြစ်ကာပုံမှန်ထက်ပို၍ဆဲလ်အသေများစုပုံလာခြင်းဖြစ်သည်။ထိခိုက်ဒဏ်ရာရသောနေရာ၊ ခွဲစိတ်ထားသောနေရာများတွင် ကော်လဂျင်အမျှင်များစုပုံလာခြင်းဖြစ်သည်။အမာရွတ်များသည် အစတွင်ပန်းရောင်ရှိပြီး တဖြေးဖြေးအရောင်မှိန်သွားတတ်သည်။ အချို့မှာအရောင်ပိုရင့်သွားတတ်ကြသည်။ရောင်ရမ်းမှုဖြစ်စဉ်ကြောင့် သွေးဖြူဥများစုဝေးလာကာပြည်တည်ခြင်းဖြစ်သည်။ ပြည်တည်နာသည် သိသာသည့်ဥပမာပင်ဖြစ်သည်။လက်ဖြင့်စမ်းသပ်နိုင်သော၊ မျက်စိဖြင့်မြင်နိုင်သောအဖုဖြစ်သည်။၎င်းသည် ကင်ဆာ၊ ဆဲလ်အပွားလွန်ခြင်း၊ နှင့် အခြားအကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်သည်။အကျိတ်တိုင်းသည် ကင်ဆာမဟုတ်သလို ကင်ဆာတိုင်းကိုလည်းအကျိတ်ပုံစံဖြင့်တွေ့ရမည်မဟုတ်ပေ။အနာသည် အရေပြားအစိတ်အပိုင်းပါဝင်မှုရှိခြင်းကြောင့် အနာကျက်သွားလျှင် အမာရွတ်ကျန်ရှိမည်ဖြစ်သည်။ဝ.၅ စင်တီမီတာထက်ငယ်ပြီးအရည်ကြည်ရှိသောအဖုဖြစ်သည်။အရေပြားအပါ်လွှာတွင် ယားလာပြီးပန်းရောင်ရဲ၍ဖောင်းလာခြင်းဖြစ်သည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%bb%e1%80%95%e1%82%86%e1%80%94%e1%80%ac%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%81%8f-%e1%80%a1%e1%80%b1%e1%80%81%e1%81%9a%e1%80%a1/
သားဆက်ခြားဖို့ သောက်ဆေးစသောက်မယ့် လေဒီလေးတွေ သိထားရမယ့် အချက်လေးတွေ
သားဆက်ခြား သောက်ဆေးဆိုတာက အမျိုးသမီး ကျန်းမာရေးအတွက် အကြီးမားဆုံး တီထွင်မှု တစ်ရပ်ပါ။ သားဆက်ခြားဖို့ သောက်ဆေး သောက်တာက လုံခြုံစိတ်ချရပြီး မလိုချင်တဲ့ ကိုယ်ဝန်တွေ၊ မမျှော်လင့်ဘဲ ရလာမယ့် ကိုယ်ဝန်တွေကို ဘေးကင်းစိတ်ချရစွာနဲ့ ထိထိရောက်ရောက် တားဆီးပေးနိုင်တဲ့သားဆက်ခြားနည်းလမ်း တစ်ခုပါ။သန္ဓေတား သောက်ဆေးက သားဆက်ခြားဖို့ အကောင်းဆုံး နည်းလမ်း ဖြစ်ပေမယ့် သိထားရမယ့် အချက်လေးတွေ ရှိပါတယ်။ ဒီတော့ သားဆက်ခြားဖို့ သောက်ဆေးစသောက်မယ့် လေဒီလေးတွေ သိထားရမယ့် အချက်လေးတွေ က ဘာတွေဖြစ်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။သားဆက်ခြားဖို့ သောက်ဆေးစသောက်မယ့် လေဒီလေးတွေ သိထားရမယ့် အချက်လေးတွေ ကတော့။တော်တော်များများ အမှတ်မှားနေတဲ့ အချက်လေး တစ်ခုကသားဆက်ခြားဖို့သန္ဓေတားသောက်ဆေးတွေ သောက်တဲ့အခါ သောက်ပြီးပြီးချင်း ချက်ချင်း အာနိသင်ပြလို့ကိုယ်ဝန်မရအောင်တားဆီးပေးနိုင်မယ်လို့ပေါ့။ တကယ်ကတော့ ဒီလို မဟုတ်ပါဘူး။တားဆေး သောက်ဆေးတွေမှာ ပရိုဂျက်စတုန်း ဟော်မုန်း တစ်မျိုးပဲ ပါတဲ့ ဆေးရှိသလို၊ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်း ၂ မျိုး ပေါင်းစပ်ပါဝင်နေတာမျိုးလည်း ရှိပါတယ်။ ဆေး၂ မျိုးစလုံးကတော့ သောက်သောက်ပြီးချင်း အာနိသင် မပြပါဘူး။ ဟော်မုန်းတစ်မျိုးတည်း ပါတဲ့ဆေးကို ၂ရက်၊ နှစ်မျိုးပါတဲ့ဆေးဆို ၇ရက်နေမှ ဆေးအာနိသင်ကို စရတာပါ။ရာသီစလာတဲ့ရက်ကနေ ၅ရက်အတွင်း သောက်မယ်ဆိုရင် သောက်ပြီးတာနဲ့ တန်းပြီး အတူနေလို့ ရပါတယ်။ ရက်စောင့်စရာမလိုပါ။ တခြားရက်မှာ သောက်မယ်ဆိုရင်တော့ အာနိသင်ပြဖို့ ၅-၇ရက်လောက် အတူနေတာကို ရှောင်ပါ။ မရှောင်နိုင်လို့အတူနေမယ်ဆိုရင်အကာအကွယ်သုံးပါ။သန္ဓေတား သောက်ဆေး သောက်လိုက်ချိန်မှာ ကိုယ်တွင်းမှာဟော်မုန်း ပြောင်းလဲမှုတွေဖြစ်သွားပါတယ်။ ဒီလို ဟော်မုန်းပမာဏ မမျှတတာ မြင့်တက်တာမျိုးတွေ ဖြစ်လာတဲ့အခါ ခန္ဓာကိုယ်မှာ အသေးစား ဘေးထွက်ဆိုးကျိုးလေးတွေ အနေနဲ့ အခုလိုလေးတွေ ခံစားရနိုင်ပါတယ်။ဒီအခြေအနေကိုတားဆေး စစသောက်ချင်းကာလကနေ ၃ လအတွင်းမှာ  ခံစားရနိုင်ပြီး နောက်ပိုင်းမှာ  ပုံမှန် ပြန်ဖြစ်သွားကြတာ များပါတယ်။သွေးဆင်းမမှန်တာဖြစ်နိုင်တယ်။သန္ဓေတားသောက်ဆေးတွေက အများအားဖြင့် ရာသီစက်ဝန်းကို ထိန်းညှိပေးပြီး ရာသီမှန်မှန်လာစေပါတယ်။ဒါပေမဲ့သန္ဓေတား သောက်ဆေး စသောက်ချိန်မှာ အသေးစား ဘေးထွက်ဆိုးကျိုး အနေနဲ့ ရာသီချိန်မဟုတ်ဘဲ သွေးဆင်းတာ၊ နည်းနည်း နည်းနည်းနဲ့ ဆင်းနေတာ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်တာက ဆေးစစသောက်တဲ့ လမှာဖြစ်တတ်တာပါ။ တကယ်လို့ရာသီသွေး မမှန်တာက လတိုင်း ဖြစ်နေမယ်။ ရာသီသွေးတွေ အများကြီး ဆင်းနေတာမျိုး ဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။ကျန်းမာရေး ကောင်းကျိုးတွေ ရှိနိုင်တယ်။သန္ဓေတား သောက်ဆေးက ဘေးထွက်ဆိုးကျိုး နည်းနည်းပါးပါး ရှိတယ်ဆိုပေမယ့် တားဆေးသောက်တာကနေ ရနိုင်တဲ့ ကောင်းကျိုးလေးတွေလည်း ရှိပါတယ်။ ဒါတွေကတော့။နေ့တိုင်း မှန်မှန် သောက်ဖို့ လိုပါမယ်။နေ့စဉ်သောက်ရတဲ့ သန္ဓေတား သောက်ဆေးကို သောက်ပြီး သားဆက်ခြားမယ်လို့ စိတ်ကူးထားတယ်ဆိုရင်တော့ ဆေးရဲ့ အာနိသင်ကို ၉၉% အထိ ထိရောက်စေဖို့ ဆေးကို နေ့တိုင်း တစ်ရက်မပျက် အချိန်မှန်မှန်လေး သောက်ပေးလို့ လိုပါမယ်။ သတိရဖို့ ခက်ခဲမယ်ဆိုရင် ဖုန်းထဲမှာalarmပေးထားတာမျိုး လုပ်ပေးလို့ ရသလို အိပ်ရာဝင်ခါနီးအချိန်မှ ပုံမှန်သောက်ပေးတာမျိုး လုပ်ပေးလို့လည်း ရပါတယ်။တကယ်လို့ဆေးသောက်ဖို့ မေ့သွားမယ်ဆိုရင်လည်း သတိရရချင်း သောက်ပေးပါ။ ရက်ကျော်သွားတာမျိုး ဖြစ်မယ်ဆိုရင်တော့ ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်ပေးပါ။နောက်ထပ် သတိထားရမယ့်အချက်ကတော့ သန္ဓေတား သောက်ဆေးတွေက လိင်ကတဆင့် ကူးစက်ရောဂါတွေကို မကာကွယ်ပေးနိုင်ပါဘူး။ ဒါကြောင့် ရောဂါကူးခံရနိုင်ခြေ ရှိမယ်ဆိုရင် တားဆေးနဲ့ အတူ ကွန်ဒုံးကိုပါ တွဲပြီး အသုံးပြုပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/advice-for-those-who-want-to-start-using-contraceptive-pills/
ကညွတ်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ
ကညွတ်ဟာ အာဟာရဓါတ်တွေပြည့်ဝနေတဲ့ အရာဖြစ်လို့နေ့စဉ်စားသောက်တဲ့အထဲ ထည့်သွင်းသင့်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ် ပါတယ်။ဒါ့အပြင်အဆီပါဝင်မှုက မရှိသလောက်ရှိပြီး ကယ်လိုရီလည်း အရမ်းနည်းပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးတွေကများလွန်းတဲ့အတွက် စားသုံးသင့်တဲ့ အသီးအရွက်တွေထဲမှာပါဝင်ပါတယ်။အရိုးသန်မာစေခြင်း –ဗီတာမင်ကေရဲ့အဓိကလုပ်ဆောင်ချက်က အရိုးသိပ်သည်းမှုပိုကောင်းစေတာပဲဖြစ်ပါတယ်။ ကညွတ်တစ်ပန်းကန်စာမှာ တစ်နေ့တာအတွက်လိုအပ်တဲ့ ဗီတာမင်ကေပမာဏရဲ့ ၇၀ ရာခိုင်နှုန်းပါဝင်ပါတယ်။ ကယ်လ်စီယမ်စုပ်ယူမှုကို ပိုအားကောင်းစေပြီး အရိုးပွရောဂါနဲ့အရိုးကျိုးအက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ရောင်ရမ်းမှုကိုလျော့ကျစေခြင်း –ကညွတ်ကအမျိုးအစား၂ ဆီးချိုရောဂါ၊ ကင်ဆာရောဂါနဲ့နှလုံးရောဂါတို့ကို ကာကွယ်နိုင်၊ ကုသနိုင်ပြီး ၎င်းမှာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းglutathione က အိုမင်းရင့်ရော်မှုကိုနှေးကွေးစေပါတယ်။ ခရမ်းလွန်ရောင်ခြည် သို့မဟုတ်ပြင်ပလေထုညစ်ညမ်းပစ္စည်းတွေကြောင့် အရေပြားရောင်ရမ်းမှုတွေကိုလည်း ကာကွယ်ပေးပါတယ်။ အစိမ်းရောင်နဲ့ အရောင်ရင့် နှစ်မျိုးရှိတဲ့အထဲမှာ အရောင်ရင့်ရင့်ကညွတ်မှာ အန်သိုဆိုင်ယာနင်ဓါတ်တွေအပြည့်အဝပါဝင်တာကြောင့် အရေပြားထဲက အဆိပ်အတောက်ဓါတ်တွေကိုလျော့ပါးစေပြီးနေလောင်ဒဏ်ကို ကာကွယ်ပေးပါတယ်။ဆီးရွှင်စေခြင်း –သဘာဝဆီးရွှင်ဆေးဖြစ်နေတဲ့ ကညွှတ်က ခန္ဓါကိုယ်ထဲကရေတွေကို ထုတ်ပယ်ပေးပြီး မလိုလားအပ်တဲ့ အငန်ဓါတ်နဲ့ အရည်ဓါတ်ပါဝင်မှုကိုလျော့နည်းစေပါတယ်။သွေးတိုးရောဂါ ဒါမှမဟုတ် ခန္ဓါကိုယ်တစ်ရှူးတွေထဲမှာရေတွေစုနေတတ်တဲ့edemaရောဂါခံစားနေရတဲ့သူတွေအတွက် အကျိုးပြုပေးနိုင်တဲ့ ဓါတ်စာဖြစ်ပါတယ်။ ဒါ့အပြင်ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို သက်သာပျောက်ကင်းစေနိုင်တဲ့ အာနိသင်လည်းရှိတယ်လို့ သိရပါတယ်။အစာချေလမ်းကြောင်းအတွက်အကျိုးပြုခြင်း– ကညွတ်မှာ အစာချေစနစ်အတွက် အရေးပါတဲ့ အမျှင်ဓါတ်တွေအများအပြားပါရှိပါတယ်။ အစာအာဟာရကရရှိတဲ့အမျှင်ဓါတ်တွေဟာ အူထဲမှာရှိတဲ့ အကျိအမြှေးကပ်ငြိမှုတွေနဲ့ တခြားအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အူလမ်းကြောင်းကိုကောင်းမွန်စေလို့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီးအူမကြီးကင်ဆာကိုလည်း ကာကွယ်ပေးပါတယ်။ကိုယ်ဝန်အတွက်ကောင်းကျိုးပြုခြင်း –မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလမှာ အထောက်အကူဖြစ်စေဖို့ ကညွတ်ကိုစားပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ဓါတ်ဖြစ်တဲ့folateပါဝင်မှုမြင့်မားတာကြောင့်လည်း မိခင်လောင်းတွေ စားသုံးသင့်ပါတယ်။ဖောလစ်အက်စစ်ဓါတ်ကြောင့်ကိုယ်ဝန်ပျက်ကျမှုနဲ့မွေးရာပါချို့ယွင်းချက်ဖြစ်နိုင်ခြေလျော့နည်းစေပြီးပေါင်မပြည့်ခြင်း၊ လမစေ့ဘဲမွေးဖွားခြင်းတို့လည်း မဖြစ်စေနိုင်ပါဘူး။ကင်ဆာဆဲလ်တိုက်ဖျက်ခြင်း-ကညွတ်မှာပါတဲ့glutathione က ခန္ဓါကိုယ်ထဲက ကင်ဆာဖြစ်စေတဲ့ဆဲလ်တွေကို တိုက်ဖျက်ပေးပြီး ဓါတ်တိုး ဆန့်ကျင်ပစ္စည်းတွေကိုပြန်လည်ဖြစ်ပေါ်စေပါတယ်။ အရိုး၊ ရင်သား၊အဆုတ်၊ ပန်ကရိယ၊ သားအိမ်ခေါင်းနဲ့ အူမကြီးကင်ဆာတွေအတွက် ကာကွယ်ရာမှာ ထိရောက်မှုရှိပါတယ်။ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပေးခြင်း– ကယ်လိုရီနည်းတဲ့ ကညွတ်ကိုစားသုံးခြင်းဖြင့် အစာစားချင်စိတ်များနေတာကို တားဆီးနိုင်ပြီး ဆိုးကျိုးပေးမယ့်သရေစာတွေကို မစားဖြစ်တော့လောက်ပါဘူး။ပျော်ဝင်လွယ်တဲ့အမျှင်ဓါတ်အင်ဆူလင်တွေပေါများတာကြောင့် အစာစားချင်စိတ်ကို ထိန်းချုပ်နိုင်စေတာဖြစ်ပါတယ်။ ဗီတာမင်B complex ပါဝင်တာကြောင့်သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပါတယ်။နှလုံးကျန်းမာရေး– ကညွှတ်မှာပါဝင်တဲ့ ဗီတာမင် ဘီက ခန္ဓါကိုယ်ထဲကhomocysteineပမာဏကိုလျော့နည်းစေပြီး ကိုလက်စထရောကို ကျဆင်းစေပါတယ်။သွေးတွင်းသကြားဓါတ်ထိန်းညှိခြင်း –အမျိုးအစား ၂ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပြီးကယ်လ်စီယမ်ကြောင့် အင်ဆူလင်စွန့်ထုတ်မှုကို ထိန်းညှိတဲ့ ပန်ကရိယဆဲလ်တွေအပေါ် တိုက်ရိုက်အာနိသင်ရှိပါတယ်။အရေပြားကျန်းမာရေး –niacin လို့ခေါ်တဲ့ဒြပ်ပေါင်းက ဝက်ခြံပျောက်ကင်းစေပြီး အရေပြားရောင်ရမ်းမှုကိုလျော့ပါးစေပါတယ်။ဓါတ်တိုးဆန့်ကျင်ပစ္စည်း glutathione ကfree radicalsတွေကို ခုခံတိုက်ခိုက်ပြီး အရေပြားနေလောင်မှုကို ကာကွယ်ပေးတဲ့အပြင် အနာကျက်မြန်စေပါတယ်။ကော့ပါးနဲ့ ဗီတာမင်B12ကြောင့်လည်း အရွယ်မတိုင်မီ ဆံပင်ဖြူခြင်း၊ ဆံပင်ပါးခြင်းကို ကာကွယ်ပေးပါတယ်။ရာသီသွေးမှန်စေခြင်း –အမျိုးသမီးတွေ ရာသီလာချိန်မှာဖြစ်တဲ့ဝေဒနာတွေ၊ ကိုက်ခဲတာတွေ၊သွေးဆင်းများတာတွေကို သက်သာစေပါတယ်။မျိုးအောင်စေခြင်း –ဗီတာမင် အီးက အမျိုးသမီးနဲ့ အမျိုးသား အားလုံးမှာ လိင်ဟော်မုန်းနဲ့ဆဲလ်တွေရဲ့အရည်အသွေးကို တိုးတက်စေပါတယ်။ သုက်ပိုးတွေကိုကျန်းမာစေပြီး သားအိမ်အမြှေးတွေကို ထူထဲစေပါတယ်။ ဗီတာမင် စီက သုက်ပိုးဆဲလ်တွေကို အားဖြည့်ပေးပြီး သုက်ပိုးအရေအတွက်ကိုတိုးစေပါတယ်။ folateကြောင့် ဆဲလ်တွေကို သန္ဓေအောင်ဖို့လိုအပ်တဲ့ မှန်ကန်တဲ့ ခရိုမိုဆုန်းတည်ဆောက်ပုံရရှိစေ ပါတယ်။အဆစ်အမြစ်နာ –အဆစ်အမြစ်နာရောဂါ၊ အထူးသဖြင့်လေးဖက်နာရောဂါကို ကညွတ်က ကာကွယ်ပေးပါတယ်။niacin က အရိုးအဆစ်ရောင်ရမ်းမှုကိုလျော့ကျစေပြီးကော့ပါးက တွယ်ဆက်တစ်ရှူးတွေကိုပြန်လည်ကောင်းမွန်စေတာကြောင့် နာကျင်မှုတွေ၊တောင့်တင်းမှုတွေကို သက်သာစေနိုင်ပါတယ်။သွေးတိုးကျစေခြင်း –သွေးဖိအားနဲ့ပတ်သက်တဲ့ အာနိသင်တွေရှိတဲ့ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့်သွေးတိုးကိုထိန်းနိုင်ပြီး ကယ်လ်ဆီယမ်နဲ့ Rutinကြောင့်လည်း ပိုအကျိုးရှိစေတာဖြစ်ပါတယ်။တီဘီရောဂါကိုကုသနိင် –လေပြွန်ရောင်ရောဂါနဲ့ တီဘီရောဂါတို့ကို ကုသရာမှာ ကညွတ်ရဲ့အမြစ်က ထိရောက်တဲ့အာနိသင်ရှိတယ်လို့ သိကြပါတယ်။ ကညွတ်အမြစ်က အဆုတ်ထဲက တစ်ရှူးတွေရဲ့ လုပ်ဆောင်ချက်ကိုကောင်းမွန်စေပြီး လည်ချောင်းပိုးဝင်ခြင်းတွေကို သက်သာစေပါတယ်။သွေးကြောကျန်းမာရေးကို ကောင်းမွန်စေခြင်း –ဗီတာမင် B6ကြောင့်homocysteineကိုထိန်းပေးနိုင်ပါတယ်။homocysteine ပမာဏမြင့်မားရင်သွေးကြောဆိုင်ရာရောဂါတွေဖြစ်စေနိုင်ပြီးသွေးကြောထဲက အဆီတွေစုပုံကာသွေးလည်ပတ်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ကိုယ်ခံအားကို ကောင်းစေခြင်း –ရောဂါတွေကိုတိုက်ထုတ်နိုင်ပြီး ခန္ဓါကိုယ်ကိုထိခိုက်စေမယ့်ဘေးက ကာကွယ်ပေးနိုင်ဖို့ ကိုယ်ခံအား ကောင်းဖို့ လိုပါတယ်။ ဗီတာမင်စီကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး အအေးမိခြင်းနဲ့ဗိုင်းရပ်စ်တွေကူးစက်မခံရအောင် ကာကွယ်ပေးပါတယ်။Thiamine ဓါတ်က အစာချေလမ်းကြောင်းနံရံကြွက်သားတွေကို အထောက်အကူပေးပြီး အာဟာရဓါတ်စုပ်ယူမှုအတွက် လိုအပ်တဲ့ဟိုက်ဒရိုကလိုရစ်အက်စစ်ကိုထုတ်ပေးနိုင်ပါတယ်။ကျန်းမာရေးအကျိုးေကျးဇူးများတယ်ဆိုပေမယ့် ကညွတ်ကို စားတာများလွန်းရင်လည်းဘေးဖြစ်နိုင်တဲ့အတွက် တန်ဆေးလွန်ဘေး ဆိုတာကို သတိချပ်သင့်ပါတယ်။ တချို့လူတွေမှာဆို ဓါတ်မတည့်မှုကြောင့် နည်းနည်းလောက်စားရုံနဲ့ ဒုက္ခရောက်တတ်ပါတယ်။ဓါတ်မတည့်မှုလက္ခဏာပျော့ရင်တော့ အရေပြားနဲ့မျက်စိမှာ ယားယံနီရဲစေနိုင်ြင်္ပီး ဗိုက်အောင့်ဗိုက်နာဖြစ်တတ်ပါတယ်။ပြင်းထန်လာရင်တော့ နှာပိတ်ခြင်း၊ဖောရောင်ခြင်း၊ချွဲကြပ်ခြင်း၊ ပန်းနာ၊ ဝမ်းလျှောခြင်း၊ခေါင်းမူးခြင်းတို့ဖြစ်လာနိုင်ပါတယ်။တချို့မှာလည်း ဆီးအနံ့ပြင်းလွန်းတာတွေရှိတတ်ပါတယ်။ ကညွတ်က ဆီးရွှင်စေပြီးခန္ဓါကိုယ်ထဲမှာ လီသီယမ်ဓါတ်တွေများစေနိုင်တာကြော်င့ အများကြီးစားရင် လီသီယမ်များခြင်းရဲ့ဆိုးကျိုးတွေ ရှိလာစေနိုင်ပါတယ်။ စားသုံးမှုလွန်ကဲရင် သန္ဓေသားရဲ့ဖွံ့ဖြိုးမှုကိုထိခိုက်စေပြီး မိခင်နို့ကိုပါ အဆိပ်အတောက်ဖြစ်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေအနေနဲ့ အာဟာရအဖြစ်သာစားသင့်ပြီးဆေးဝါးအဖြစ်အများကြီးမစားသင့်ပါဘူး။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-asparagus/
တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်း ဝေဒနာအကြောင်း သိကောင်းစရာ
တင်ခံအာရုံကြောသည် နောက်ကျောအနောက်ဖက်မှ တဆင့် ခြေထောက်၏အနောက်ဖက်တလျှောက်ရှိနေသော အာရုံကြောဖြစ်ပြီး ထိုအာရုံကြောများထိခိုက်လျှင် မခံမရပ်နိုင်အောင်နာကျင်မှုများ ဖြစ်စေနိုင်သည်။ယင်းဖြစ်စဉ်တွင် တင်ခံအာရုံကြောသွားရာတလျှောက်နေရာများဖြစ်သော နောက်ကျောအနောက်ဖက်မှ စတင်၍ ခြေထောက်၏အနောက်ဖက်တလျှောက်တွင် ထုံကျဉ်ခြင်း၊ အားနည်းခြင်း၊ နာကျင်ခြင်းများဖြစ်နိုင်ပါသည်။ထိုသို့ဖြစ်ခြင်းသည် ခါးပင်မကျောရိုးထဲရှိ ချပ်ပြားများပျက်စီးသွားသော ရောဂါ၊ ခါးဆစ်ကျွံခြင်း၊ ခါးဆစ်ချော်ခြင်းနှင့် ခါးအရိုးခေါင်း ကျဉ်းခြင်းစသည့်ရောဂါများကြောင့် ခံစားရသော ဝေဒနာဖြစ်သည်။တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းသည် အောက်ပါလက္ခဏာများကို တခုထက်ပိုပြီး ခံစားရနိုင်ပါသည်။· တင်ပါး သို့မဟုတ် ခြေထောက်တဖက်တည်းတွင် စ၍နာကျင်လာကာ ခြေထောက်တချောင်းလုံးနှင့် ခြေဖဝါး၊ ခြေချောင်းများအထိပါ နာကျင်ခြင်း။· ခြေထောက်နာကျင်မှုသည် ကျဉ်နာခြင်း၊ မီးစနှင့် ထိုးသလိုနာခြင်း ပုံစံမျိုးဖြစ်ပါသည်။· ခြေထောက်၊ ခြေဖဝါးများ နှင့် ခြေချောင်းများထုံကျဉ်ခြင်းကြောင့် လှုပ်ရှားရခက်ခဲခြင်း။· ထိုင်နေလျှင် ပိုနာခြင်း။· မတ်တပ်ရပ်ရခက်ခဲစေအောင်ပင် စူးရှစွာနာကျင်ခြင်း။တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းသည် မခံမရပ်နိုင်အောင် ကြာရှည်စွာ နာကျင်နေခြင်းမျိုးဖြစ်သော်လည်း အဆိုပါနာကျင်မှုသည် ပင်မအာရုံကျောထိခိုက်ခြင်း နှင့် အာရုံကြောတစ်သျူးများထိခိုက်ခြင်းများနှင့် ဆက်စပ်မှု မရှိသလောက်နည်းကြောင်းတွေ့ရပါသည်။တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းသည် သက်လတ်ပိုင်း (အသက် ၄၀-၅၀ ဝန်းကျင်) တွင်အဖြစ်များပြီး အသက် ၂၀အောက်များတွင် ဖြစ်လေ့မရှိပါ။ များသောအားဖြင့် ထိခိုက်မှုများကြောင့် တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းဖြစ်တတ်သော်လည်း အလိုလိုနေရင်းလည်း ဖြစ်နိုင်ကြောင်းတွေ့ရသည်။ထိုသို့နာကျင်ဝေဒနာခံစားရသူအများစုသည် ခွဲစိတ်စရာမလိုဘဲ အချိန်ကာလ တခုအကြာတွင် သက်သာသွားတတ်ကြပြီး အချို့မှာမူ မခံမရပ်နိုင်အောင်နာကျင်ခြင်းကို ဆက်လက် ခံစားနေရတတ်သည်။အချို့သော လက္ခဏာများသည် ချက်ချင်းဆိုသလို ဆေးကုသမှုများခံယူခြင်း၊ လိုအပ်လျှင် ခွဲစိတ်မှုများပြုလုပ်ခြင်းများလိုအပ်နိုင်သော်လည်း ထိုအခြေအနေမျိုးသည် ဖြစ်ခဲပါသည်။ ခြေထောက်အာရုံကြောများ အားနည်းခြင်းသည် တဖြေးဖြေးပိုဆိုးလာခြင်း၊ မြှီးညှောင့်ကြောထိသွားခြင်းကြောင့် ဆီးလမ်းကြောင်းဆိုင်ရာ လုပ်ငန်းဆောင်တာများ မူမမှန်ခြင်း နှင့် ကျောရိုးမတွင် အလုံးအကြိတ်များဖြစ်ခြင်းကြောင့် ရောဂါပိုးဝင်ခြင်း စသည့် အခြေအနေမျိုးမှသာ ချက်ချင်းဆိုသလို ဆေးကုသမှုများခံယူခြင်း၊ လိုအပ်လျှင် ခွဲစိတ်မှုများပြုလုပ်ခြင်းများလိုအပ်နိုင်ပါသည်။တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းသည် ဖြစ်နေသော လက္ခဏာများကို သက်သာအောင်ကုခြင်းထက် ဖြစ်စေသော အကြောင်းရင်းကိုရှာပြီး ကုသခြင်းက ပိုထိရောက်မှုရှိပါသည်။သို့သော် ထိုဝေဒနာများသည် ခွဲစိတ်ရန်လိုအပ်သည်မှာရှားပါးပြီး မိမိကိုယ်ကို အထုးဂရုစိုက်နေထိုင်ရသော ရောဂါမျိုးဖြစ်ပါသည်။ သို့သော် မခံမရပ်နိုင်အောင်နာကျင်သော ဆိုးရွားပြင်းထန်သော လက္ခဏာများရှိလျှင် ခွဲစိတ်မှုများပြုလုပ်ရန် လိုအပ်ကောင်း လိုအပ်နိုင်ပါသည်။ယေဘူယျအားဖြင့် သင်သည် မခံမရပ်နိုင်အောင်နာကျင်သော ဆိုးရွားပြင်းထန်သောဝေနာကို ခံစားနေရပြီဆိုလျှင် ဆရာဝန်ထံသွားပြပြီး အနာသက်သာအောင်ကုသမှုများခံယူခြင်း၊ နာကျင်မှုကို ဖြစ်စေနိုင်သော ကျန်းမာရေးအခြေအနေများကို ဆေးစစ်ခြင်းများပြုလုပ်သင့်ပါသည်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%90%e1%80%84%e1%80%ba%e1%80%81%e1%80%b6%e1%80%a1%e1%80%ac%e1%80%9b%e1%80%af%e1%80%b6%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%9b%e1%80%ac%e1%80%90%e1%80%b1-2/
ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးအဖြစ်ကြီးပြင်းလာအောင် ပျိုးထောင်နည်း
မိဘတိုင်းကတော့ သူတို့ရဲ့ကလေးတွေကို ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးတွေအဖြစ်ကြီးပြင်းစေချင်ကြမှာပါ။ ကလေးတွေကို ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးတွေအဖြစ်ကြီးပြင်းလာအောင် ပျိုးထောင်လို့ရတဲ့နည်းတွေရှိတယ်ဆိုရင် မိဘတိုင်းစိတ်ဝင်စားကြမယ်ထင်ပါတယ်။ ကိုယ့်ရဲ့ကလေးတွေကို ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးတွေအဖြစ်ကြီးပြင်းလာအောင် ဘယ်လိုပျိုးထောင်ပေးလို့ရလဲဆိုတာက ဆက်ကြည့်လိုက်ရအောင်ပါ။ကလေးတွေရဲ့ လက်ဦးဆရာက မိဘတွေပါ။ ကလေးတွေဆိုတာက ဖယောင်းလေးတွေလိုပါပဲ။ ပုံသွင်းတဲ့အတိုင်းဝင်တဲ့အရွယ်လေးတွေပါ။ ကလေးကို ငယ်စဉ်ကတည်းကသေချာပျိုးထောင်ပေးမယ်ဆိုရင် ကလေးကကောင်းမွန်စွာနဲ့ကြီးပြင်းအရွယ်ရောက်လာမှာ အသေအချာပါပဲ။(၁) ကလေးတွေကို ချစ်ပေးပါ –ဒါက သိပြီးသားအကြောင်းအရာလို့ထင်စရာရှိပါတယ်။ ဒါပေမယ့်လည်း ကလေးကိုချစ်ခြင်းမေတ္တာပေးဖို့က အရေးကြီးဆုံးအချက်တစ်ခုပါ။ သင့်အနေနဲ့ အားနည်းချက်ရှိနေရင်ဖြစ်ဖြစ် ဘယ်လိုပဲဖြစ်နေနေ ကလေးကိုတော့ ချစ်ခြင်းမေတ္တာတွေအကန့်အသတ်မရှိပေးနိုင်ပါတယ်။ ကလေးတွေအနေနဲ့ မိသားစုတွေဆီကနေ ချစ်ခြင်းကိုလက်ခံရရှိသင့်သလို သူငယ်ချင်းတွေ၊ အတန်းဖော်တွေ နဲ့ လူမှုပတ်ဝန်းကျင်ရဲ့ ချစ်ခြင်းတွေကိုရရှိဖို့လိုအပ်ပါတယ်။ မတော်တဆက ကလေးကိုအော်ငေါက်မိတာ၊ အသံမာမာနဲ့ပြောမိတာမျိုးရှိခဲ့ရင် ကလေးကိုနွေးနွေးထွေးထွေးပွေ့ဖက်ပြီး သင့်အနေနဲ့ ကလေးကိုချစ်ကြောင်းပြောပြပြီးအော်ငေါက်မိတာအတွက် စိတ်မကောင်းတဲ့အကြောင်းပြောပြပေးပါ။ အကန့်အသတ်မဲ့တဲ့ ချစ်ခြင်းမေတ္တာတွေက ကလေးအတွက် ခိုင်မာတဲ့ယုံကြည်မှုကိုတည်ဆောက်ပေးနိုင်မှာပါ။(၂)ကလေးကိုလူမှုဆက်ဆံရေးအရည်အချင်းကောင်းမွန်အောင် သင်ကြားပေးပါ –လူမှုဆက်ဆံရေးမှာ ကလေးကိုယုံကြည်မှုရှိအောင် သင်ကြားပေးတာက ကလေးမှာ ကိုယ်ပိုင်ယုံကြည်မှုတိုးလာအောင်လုပ်ပေးနိုင်တဲ့ အဓိကနည်းလမ်းတစ်ခုပါ။ အရေးအကြီးဆုံး အစောပိုင်းဆက်ဆံရေးက မိဘနဲ့ကလေးကြားက ချစ်ခင်တဲ့ဆက်ဆံရေးပါ။ ကလေးရဲ့ လူမှုအသိုင်းအဝိုင်းကျယ်ပြန့်လာတာနဲ့အမျှ ကလေးကို သူ့ရဲ့အပြုအမူတွေက အခြားသူတွေအပေါ် ဘယ်လိုသက်ရောက်သွားလဲဆိုတာကိုပြောပြဖို့အတွက် အထောက်အကူပြုနိုင်မှာဖြစ်သလို သူတစ်ပါးရဲ့ အပြုအမူက ကိုယ့်ကိုထိခိုက်စေတဲ့အခါမျိုးမှာ ယုံကြည်မှုပျောက်သွားတာမျိုးမဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာကိုပါ သင်ကြားပေးနိုင်မှာဖြစ်ပါတယ်။(၃) ကလေးကိုအိပ်ချိန်ပြည့်ဝအောင် ဂရုစိုက်ပေးပါ –လေ့လာမှုအရ ကလေးတွေမှာ အိပ်ချိန်မပြည့်ဝတဲ့အခါ –။မိဘတွေအနေနဲ့ ကလေးကိုအိပ်ချိန်ပြည့်ဝစေချင်တယ်ဆိုရင် အိပ်ချိန်ပုံမှန်သတ်မှတ်ပေးတာ၊ ညစာစားပြီးချိန်မှာ ကလေးကို တက်ကြွစေမယ့် လုပ်ဆောင်မှုတွေလုပ်တာကို ကန့်သတ်ပေးတာမျိုးလုပ်ပေးလို့ရပါတယ်။ ကလေးကို ညအိပ်ရာမဝင်ခင် ၂ နာရီလောက်အလိုကတည်းက တီဗွီပေးမကြည့်ပါနဲ့။ ဖုန်း၊ကွန်ပျူတာ နဲ့ တက်ဘလက်ခ်တွေပေးမသုံးပါနဲ့။ ကလေးအိပ်ခန်းကို တိတ်ဆိတ်နေအောင်ထားပေးပါ။ ညမီးမထွန်းပါနဲ့။ ဒီလိုလုပ်ပေးတာက ကလေးကိုကောင်းကောင်းအိပ်ပျော်စေပါတယ်။(၄) ကလေးကိုအကောင်းမြင်တတ်အောင် သင်ပေးပါ– ကလေးကို အကောင်းမြင်တတ်အောင်သင်ပေးလို့ရပါ့မလားလို့တွေးနေလား၊ အံ့သြမသွားနဲ့နော်၊ ကလေးကို အကောင်းမြင်တတ်အောင် သင်ပေးလို့ရပါတယ်။ အကောင်းမြင်တတ်တဲ့ကလေးတွေက အခြားကလေးတွေထက် ပိုပြီးပျော်ရွှင်တတ်ကြတယ်၊လို့လေ့လာမှုတွေအရသိရပါတယ်။ကလေးမှာ အကောင်းမြင်တတ်တဲ့ စိတ်ထားလေးဖြစ်လာစေဖို့အတွက် –။(၅) ကလေးကိုယုံကြည်မှုမွေးမြူနိုင်အောင် ကူညီပေးပါ –ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်နိုင်တယ်လို့ ယုံကြည်ထားတာက ကလေးရော အရွယ်ရောက်ပြီးသူတွေမှာပါ စိတ်ဓာတ်တက်ကြွစေပြီး အလုပ်တွေလည်းပိုလုပ်ဖြစ်စေပါတယ်။ ကလေးကိုယုံကြည်မှုရှိစေချင်တယ်ဆိုရင်တော့ ကလေးတွေကို သူတို့မှာရှိနေတဲ့ အားသာချက်တွေကိုပြောပြပေးရမယ်။ သူတို့မှာလုပ်နိုင်စွမ်းရှိတယ်ဆိုတာကို ယုံကြည်လာအောင်ပြောပြပေးဖို့လိုသလို သူတို့လေးတွေရဲ့ အရင်ကရရှိခဲ့တဲ့အောင်မြင်မှုတွေနဲ့လက်ရှိရရှိနေတဲ့အောင်မြင်မှုတွေအကြောင်းကိုပြောပြပေးပါ။(၆) ကလေးကိုရုပ်ပိုင်းဆိုင်ရာ ကျန်းမာအောင်လုပ်ဆောင်ပေးပါ –ကျန်မာရေးနဲ့ညီညွတ်အောင်စားသောက်တဲ့ အလေ့အထနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက ကျန်းမာအောင်မြင်တဲ့ ဘဝနေထိုင်မှုပုံစံအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ မိဘတွေက ကလေးတွေကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်တတ်ဖို့နဲ့ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ဆောင်တတ်စေဖို့အတွက် ဦးဆောင်လမ်းပြသူတွေပါ။ ကလေးတွေရဲ့ အနာဂတ်မှာအောင်မြင်မှုရနိုင်ခြေက လူမှုဆက်ဆံရေး၊ စိတ်ပိုင်းဆိုင်ရာဖွံဖြိုးမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာဖွံ့ဖြိုးမှုတွေအပေါ်မှာ မူတည်နေပါတယ်။(၇) ကလေးကို စိတ်ကူးစိတ်သန်းကောင်းမွန်စေမယ့်ကစားနည်းတွေပေးကစားပါ– ကလေးတွေက ဘယ်အရွယ်ပဲဖြစ်နေဖြစ်နေ ကစားရတာကို နှစ်သက်ကြပါတယ်။ ကလေးတွေက အဓိပ္ပါယ်ပြည့်ဝတဲ့ ကစားနည်းအတွေ့အကြုံတွေကနေ အကောင်းဆုံးသင်ယူမှုတွေကို ရရှိကြတာဖြစ်ပါတယ်။ ဒီအတွေ့အကြုံတွေကပဲ ကလေးရဲ့ ဖန်တီးနိုင်စွမ်းကို တိုးလာစေသလို၊ ပြဿနာကိုဖြေရှင်းနိုင်စွမ်းနဲ့ လူမှုဆက်ဆံရေးကို တိုးတက်စေနိုင်ပါတယ်။ ကစားတာက ကလေးရဲ့ လှုပ်ရှားမှုဆိုင်ရာ ကြွက်သားတွေဖွံဖြိုးမှုကို တိုးတက်ကောင်းမွန်စေသလို ကစားချိန်က ကလေးရဲ့စိတ်ခံစားမှုကို တိုးတက်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။(၈) ကလေးကို မအော်ပါနဲ့– ကလေးကိုအော်တာက မိသားစုတွေနေထိုင်ရာအိမ်ကို စစ်မြေပြင်အဖြစ်မြန်မြန်ဆန်ဆန်ပြောင်းလဲလိုက်တာပါပဲ၊ လို့ဒေါက်တာLaura Markham ကရှင်းပြပါတယ်။ ကလေးတွေအနေနဲ့ ရန်လိုတတ်တဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းရတာက မလုံခြုံသလို ခံစားရပြီး စိတ်ဖိစီးမှုကိုလည်းဖြစ်စေပါတယ်။ဖြစ်နိုင်ရင် ကလေးကိုလုံးဝမအော်ပါနဲ့။တကယ်လို့သင့်အနေနဲ့ စိတ်အရမ်းတိုနေတဲ့အခါမျိုးမှာ ကိုယ့်ကိုကိုယ် ဒီအခြေအနေထဲကနေ ရုန်းထွက်ဖို့အရင်ကြိုးစားပါ။ ကလေးကိုတစ်ခုခုမပြောခင် ၁၀ မိနစ်လောက်အချိန်ယူပြီး စိတ်အခြေအနေကိုပြင်ဆင်လိုက်ပါ။(၉)ခေါင်းဆောင်ကောင်းဖြစ်ပါစေ –လေ့လာမှုတွေအရ မိဘတွေက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေအပေါ်မှာ သိသိသာသာလွှမ်းမိုမှုတွေရှိနေတယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ ကလေးတွေကို စိတ်ရှည်ရှည်ထားပေးပြီး သူတို့ရဲ့ စိတ်ခံစားချက်ကို ခွဲခွဲခြားခြားသိရှိနိုင်အောင်လုပ်ဆောင်ပေးပါ။ ကလေးကို သည်းခံစိတ်ရှိအောင်လုပ်ဆောင်ပေးတာက အခြားသူတွေနဲ့ဆက်ဆံရာမှာ ကလေးအတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။ စိတ်ရှည်သည်းခံတတ်အောင်သင်ပေးတာကအောင်မြင်မှုရရှိစေအောင်လုပ်ဆောင်ပေးတာပါပဲ။(၁၀) ကလေးကိုအောင်မြင်မှုတွေရရှိအောင် ကူညီပေးပါ– စိန်ခေါ်မှုတွေရှိနေတာက ကလေးအတွက်ကောင်းပါတယ်။ သူတို့ကိုအောင်မြင်မှုရရှိနိုင်မယ့်အခွင့်အလမ်းတွေရရှိအောင်လုပ်ဆောင်ပေးသင့်ပါတယ်။ ကလေးကို သူ့ကိုယ်သူ ယုံကြည်မှုရရှိစေမယ့် လှုပ်ရှားမှုတွေမှာပါဝင်လုပ်ဆောင်ခိုင်းပါ။ ပိုကြီးတဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်စေဖို့ အတွက်ယုံကြည်မှုတွေရရှိအောင်လုပ်ဆောင်ပေးပါ။အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေအတိုင်း လုပ်ဆောင်ကြည့်ပြီး ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးတွေအဖြစ် ကြီးပြင်းလာအောင် ပျိုးထောင်ကြည့်ကြဖို့ မိဘများကို တိုက်တွန်းလိုက်ပါရစေ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%95%e1%80%bb%e1%80%ac%e1%80%ba%e1%80%9b%e1%80%bd%e1%80%be%e1%80%84%e1%80%ba%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%99/
အပြာကား အကြည့်များရင် အမျိုးသမီးတွေ ကွာရှင်းနိုင်ခြေပိုများတယ်ဆိုတာ
အပြာကား တွေ သို့မဟုတ် ညစ်ညမ်းရုပ်ရှင်တွေဟာ ယနေ့လို အင်တာနက်ကို လူတိုင်းလက်လှမ်းမီတဲ့ အချိန်အခါမှာတော့ ကျား/မ မရွေး ကြည့်ရှုဖို့ ခက်ခဲတဲ့ အရာတစ်ခုမဟုတ်တော့ပါဘူး။လေ့လာချက်တစ်ခုက ညစ်ညမ်းခွေ အပြာကား ကြည့်ခြင်းဟာအိမ်ထောင်ကွာရှင်းလိုသူအရေအတွက်ကို နှစ်ဆတိုးစေတယ်လို့ ဖေါ်ပြထားပါတယ်။ညစ်ညမ်းရုပ်ရှင်ဟာ ရုပ်ရှင်လောကမှာ အငြင်းပွားအလွယ်ဆုံးကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။ ညစ်ညမ်းရုပ်ရှင်တွေကို ထောက်ခံတဲ့သူတွေ၊ ဝေဖန်တဲ့သူတွေနဲ့ ပြည့်နှက်နေပါတယ်။ အခုလေ့လာမှုအသစ်တစ်ခုက အပြာကားတွေဟာ လူတွေကို အထူးသဖြင့် အိမ်ထောင်ရှင်တွေကို ဝေးကွာစေပါတယ်လို့ ဖော်ပြထားပါတယ်။ဒီနှစ်ပိုင်းတွေမှာ အိမ်ထောင်ရှင်တွေအနက် အပြာကားကြည့်သူတွေဟာ မကြည့်သူတွေထက် အိမ်ထောင်ကွာရှင်းမှု နှစ်ဆပိုမို ဖြစ်ပေါ်နိုင်ပါတယ်။ သြဂုတ်လ ၂၂ ရက်နေ့မှာAmerican Sociological Associationမှာ ပြသခဲ့တဲ့ လေ့လာချက်တစ်ခုအရ ဒီလိုပဲအပြာကားကြည့်တဲ့ အမျိုးသမီးတွေဟာ ကွာရှင်းဖို့ သုံးဆပိုမိုဖြစ်နိုင်ပါတယ်။ သို့သော်လည်း အမျိုးသားရောအမျိုးသမီးပါ အတူကြည့်မယ်ဆိုရင်တော့ အိမ်ထောင်ရေးအပေါ် မကောင်းတဲ့ ရိုက်ခတ်မှု ရှိခဲပါတယ်။အိမ်ထောင်ရေးသာယာမှု၊ ညစ်ညမ်းခွေ ကြည့်ရှုမှုနဲ့ အိမ်ထောင်ရေးအခြေအနေတွေကို ဆန်းစစ်တဲ့ General Social Surveyက ရတဲ့ စစ်တမ်းတွေကို ဆန်းစစ်ကြည့်ပါတယ်။ ဒီစစ်တမ်းဟာ အချိန်ပိုင်းသုံးခု (၂၀၀၆-၂၀၁၀၊ ၂၀၀၈-၂၀၁၂ နဲ့ ၂၀၁၀-၂၀၁၄) မှာ လူပေါင်း နှစ်ထောင်ကျော်ကိုမေးမြန်းပြီးတဲ့ အချက်အလက်တွေကိုဆန်းစစ်တာဖြစ်ပါတယ်။အဓိကကတော့ မေးမြန်နေတဲ့အချိန်အတွင်းမှာ အပြာကား ကြည့်တဲ့ အမူအကျင့် ပြောင်းလဲသွားတဲ့ လူတွေဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုရရင် ပထမစစ်မေးတုန်းက အပြာကားမကြည့်ဘဲ နောက်တစ်ခေါက်မေးတဲ့ အချိန်မှာမှ အပြာကားကြည့်သူ (သို့) ပထမစမေးစဉ်က ကြည့်ပြီး နောက်ပိုင်းမှ မကြည့်တော့သူတွေ ဖြစ်ပါတယ်။၄၄% သော ဖြေကြားသူတွေဟာ အမျိုးသမီးတွေ ဖြစ်ပြီးတော့ ၅၆% ကတော့ အမျိုးသားတွေ ဖြစ်ပါတယ်။ ပထမနှစ်အပိုင်းအခြားမှာ လူပေါင်း ၆၀၆၇၊ ဒုတိယအကြိမ်မှာ ၄၆၆၈ နဲ့ တတိယနှစ် အပိုင်းအခြားမှာတော့ ၃၈၇၅ ယောက် ပါဝင်ပါတယ်။စစချင်းမေးစဉ်က အပြာကားမကြည့်ဘဲ ဒုတိယတစ်ခေါက်မှ ကြည့်သူတွေကို “အပြာကားစတင်ကြည့်ရှုသူ”လို့ သတ်မှတ်ပါတယ်။ဒီအဖြေတွေက ဘာကိုပြသလဲဆိုတော့ ထိုအပြာကား စတင်ကြည့်ရှုသူတွေမှာ နောက်တစ်ကြိမ်မေးမြန်းစဉ် အိမ်ထောင်ကွဲနိုင်ချေမှာ ၆% ကနေ ၁၁% ရှိပါတယ်။ အမျိုးသမီးတွေမှာတော့ သုံးဆပိုမိုများပြားပါတယ် (၆% ကနေ ၁၆% အထိရှိပါတယ်)။အိမ်ထောင်ကွဲနိုင်ခြေဟာ အသက်ငယ်ရွယ်တဲ့ စုံတွဲများကြားမှာ ပိုမိုများပြားတာကိုတွေ့ရပါတယ်။ ပထမစတင်မေးမြန်းစဉ်က ဖြေကြားသူရဲ့ အသက်ငယ်လေလေ နောက်တစ်ခါ အင်တာဗျူးချိန်မှာအိမ်ထောင်ကွဲဖို့ အခွင့်အလမ်းများလေလေ ဖြစ်ပါတယ်။ ဘာသာရေးယုံကြည်သက်ဝင်မှု မရှိတဲ့လူတွေမှာလည်းအိမ်ထောင်ကွဲနိုင်ခြေ များတာတွေ့ရပါတယ်။ဒီတွေ့ရှိမှုတွေအရ အပြာကားရဲ့ ရိုက်ခတ်မှုဟာ အရင်အင်တာဗျူးစဉ်က အိမ်ထောင်ရေးသုခအပြည့်အဝရရှိပါတယ်ဆိုတဲ့ အသက်ငယ်ရွယ်ပြီး ဘာသာရေးသက်ဝင်မှုမရှိတဲ့ စုံတွဲများအကြားမှာ အပြင်းထန်ဆုံးဖြစ်ပါတယ်။သို့သော်လည်း အပြာကားတွေဟာ အရင်က အိမ်ထောင်ရေးသုခမပြည့်ဝပါဘူးလို့ ဖြေကြားတဲ့လူတွေတော့ ရိုက်ခတ်မှု မတူညီပါဘူး။ ဒီလေ့လာမှုရဲ့ ပင်တိုင် စာရေးဆရာဖြစ်တဲ့ Samuel Perry က “ အပြာကားတွေဟာ ဟိုအရင်တည်းက မပျော်ရွှင်တဲ့ အိမ်ထောင်ရေးတွေကိုတော့ ပိုဆိုးစေဟန် မတူပါဘူး” လို့ ကောက်ချက်ချခဲ့ပါတယ်။လေ့လာမှုအရ အပြာကား ကြည့်ခြင်းကို ရပ်တန့်လိုက်မယ်ဆိုရင် အိမ်ထောင်ကွဲခြင်းကို အမျိုးသမီးတွေအတွက်တော့ လျှော့ချပေးနိုင်တယ်လို့ တွေ့ရှိရပါတယ်။ အလားတူပုံစံကို အမျိုးသားတွေမှာတော့ မတွေ့ရှိပါဘူး။ သုတေသီတွေကတော့ အမျိုးသားတွေဟာ အပြာကား ကြည့်ရာမှာတော့ တစ်သမတ်တည်း ဖြစ်တတ်ကြပါတယ်။ ဒါ့ကြောင့် အပြာကားစတင်ကြည့်ရှုတယ်ဆိုတဲ့ လူနည်းစုဟာ ဒီအပြာကားနဲ့ အိမ်ထောင်ကွဲခြင်းဆက်စပ်မှုကို ထုတ်ဖော်ဖို့ လူနည်းလွန်းတာ ဖြစ်နိုင်ပါတယ်။နိဂုံးချုပ်ရမယ်ဆိုရင် လေ့လာသူများအဖွဲ့က သူတို့ရဲ့တွေ့ရှိချက်တွေဟာအိမ်ထောင်ရေးကို ထိခိုက်နိုင်တဲ့ အချက်အလက်တွေကိုအိမ်ထောင်ရှင်တွေအတွက် ဖော်ပြထားတာဖြစ်ပြီး အပြာကား ကြည့်ခြင်းကြောင့် ရရှိလာမယ့် နောက်ဆက်တွဲပြဿနာတွေကို ထည့်သွင်းစဉ်းစားထားသင့်တယ်လို့ အကြံပေးထားပါတယ်။ဒီလေ့လာချက်နဲ့ ပတ်သက်ပြီး ဆက်လက်အတည်ပြုမှုတွေ လုပ်ဖို့ လိုအပ်နေပါသေးတယ်။ဘာပဲဖြစ်ဖြစ် အိမ်ထောင်တစ်ခု ထာဝရ တည်တံ့ခိုင်မြဲပြီး ပျော်ရွှင်သာယာစေဖို့ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် နားလည်မှု၊ ဖေးမ စာနာမှု၊ ကြင်နာ ယုယမှု၊ အပြန်အလှန် လေးစားမှု၊ ယုံကြည်မှုနဲ့ သစ္စာတရားတွေက အရေးကြီးတာမို့ ဒီအချက်လေးတွေကို သတိထားကြဖို့လိုပါမယ်။အရေးမပါလှတဲ့ အကြောင်းအရာတစ်ခုကြောင့် တန်ဖိုးကြီးမားတဲ့ အိမ်ထောင်ရေးတစ်ခု၊ မိသားစု အသိုက်အမြုံတစ်ခု ပြိုကွဲပျက်စီးသွားရရင် ရင်သွေးတွေအတွက်ပါ အနာဂတ်မလှမပ ဖြစ်နိုင်တာမို့ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ သတိထားကြဖို့ လိုအပ်ပါတယ် လို့ အကြံပေးလိုက်ရပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/porn-and-divorce-rate-in-women/
ဝေဒနာအဖြစ်ပြောင်းလဲသွားတဲ့ မိဘတို့ရဲ့ချစ်ခြင်းမေတ္တာ
လောကကြီးမှာ အချစ်နိုင်ဆုံးသူတွေကမိဘတွေပါနော်။ အခြားသူကိုမကြည့်နဲ့ ကိုယ့်ကိုယ်ကိုယ်ကြည့်နော်။ ခုချိန်ထိ ကိုယ့်အကြိုက်တွေကိုသိပြီး ကိုယ့်စိတ်တိုင်းကျဖြစ်အောင် အလိုက်တသိကိုယ့်ကိုလုပ်ပေးနေတာကမေမေ၊ ကြိုက်တတ်တာလေးတွေကို ဝယ်လာပေးတတ်တာကဖေဖေဟုတ်။ ပြောချင်တာက သားသမီးတွေအပေါ်မှာ မေတ္တာတရားအကြီးမားဆုံးက မိဘတွေဆိုတာပါ။ ငယ်စဉ်ကတည်းကစလို့ သားသမီးတွေကို လုပ်ပေးခဲ့သမျှတိုင်းဟာ မေတ္တာတရားအပြည့်နဲ့ပါ။ တကယ်လို့ ကလေးမှာ ထိခိုက်ခဲ့မယ်ဆိုရင်တောင် ဒါကစေတနာအမှားတွေလို့သာပြောပါရစေ။မိဘတိုင်းက ကိုယ့်သားသမီးကိုချစ်တယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။ ဒီလိုချစ်တဲ့စိတ်ကြောင့်ပဲ သားသမီးတွေလိုသမျှကို ဘာမဆိုဖြည့်ဆည်းပေးမိကြတယ်လေ။ လိုချင်သမျှကိုဝယ်ပေးတယ်၊ စားချင်သမျှကိုဝယ်ကျွေးတယ်ဆိုတာမျိုးပေါ့။ ဒီလိုဝယ်ကျွေးလိုက်တဲ့အခါ ကလေးက ပျော်သွားရင် ရင်ထဲမှာ အတိုင်းမသိပီတိဖြစ်မိတယ်ဟုတ်။ ဒီပီတိက အဓွန့်ရှည်ဖို့ဆိုရင် ကလေးကို မုန့်ဝယ်ကျွေးတဲ့အခါ ကလေးနဲ့တည့်တာဖြစ်ဖို့ကိုလည်း ဂရုစိုက်ရပါမယ်။ဒီလိုပြောရတာ အကြောင်းရှိပါတယ်။ အခုနောက်ပိုင်းဈေးကွက်ထဲမှာ ကလေးတွေကြိုက်အောင်လုပ်ထားတဲ့ အချိုကဲကဲ၊ အငန်ကဲကဲနဲ့ အရောင်အသွေးလှလှပပမုန့်တွေက ကလေးတွေကို လိုအပ်တဲ့အာဟာရတွေမရစေဘဲ အချိုများတာကြောင့် ဒါမှမဟုတ် အငန်များတာကြောင့်ရောဂါတွေတိုးလာစေနိုင်ပါတယ်။ ကလေးတစ်ယောက်ဟာ ငယ်ငယ်ကတည်းက အာဟာရပြည့်ဝအောင်စားမှ လိုအပ်တဲ့ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာကြီးထွားဖွံ့ဖြိုးမှုကိုရစေမှာဖြစ်သလို အရွယ်ရလာတဲ့အခါမှာလည်း အဝလွန်တာနဲ့ ဆီးချို၊သွေးတိုးလိုမျိုး နာတာရှည်ရောဂါတွေခံစားရမှုကနေကင်းစေတော့မပေါ့။ကိုယ်ကျွေးလိုက်တဲ့အစားအစာတွေက ကလေးအတွက်အာဟာရမဖြစ်ဘဲ ဘေးဖြစ်မယ်ဆိုရင်တော့ ဘယ်မိဘမှမကျွေးချင်လောက်ဘူးဆိုတာ အမှန်ပါ။ ဒါပေမယ့်ကလေးက ငယ်တုန်းသာမိဘခွံ့တာကိုစားတာလေ။ အရွယ်လေးရောက်လာလေလေ သူတို့စားချင်တာမှ ပါးစပ်ကိုဟပြီး အားရပါးရစားတတ်ကြတာလေ။ ငယ်စဉ်ကတည်းကအကောင်းဆုံးဖွံ့ဖြိုးမှ ကျန်းမာပျော်ရွှင်သူတစ်ယောက်အဖြစ်ကြီးပြင်းလာမှာပါ။ကလေးကို ပျော်စေချင်လို့ဖြည့်ဆည်းပေးလိုက်တဲ့အရာတိုင်းက ကလေးအတွက် မေတ္တာတရားနဲ့ဖြစ်ပြီး ဒီစေတနာမေတ္တာတွေက ဝေဒနာတွေရဲ့ အရင်းခံမဖြစ်စေဖို့ဆိုရင် ကလေးကိုငယ်စဉ်ကတည်းက အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေဖို့အတွက် ကလေးလည်းကြိုက်အာဟာရလည်းဖြစ်အောင် ကိုယ်တိုင်ပြင်ဆင်ကျွေးမွေးပေးလို့ရပါတယ်။ကလေးတစ်ယောက်ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါအကောင်းဆုံးဖွံ့ဖြိုးစေဖို့ဆိုရင် ကလေးစားမယ့် အာဟာရတွေထဲမှာ။ပရိုတင်း– ကိုယ်ခံအားကောင်းစေဖို့၊ အရိုးနဲ့ကြွက်သားတွေအကောင်းဆုံးဖွံ့ဖြိုးစေဖို့အတွက်အရေးပါပါတယ်။ ကြီးထွားဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့အချိန်မှာ မဖြစ်မနေလိုအပ်မယ့် အာဟာရတစ်ရပ်ပါ။ အနီရောင်အသား၊ ကြက်သား၊ ငါး၊ ဥအမျိုးမျိုး၊ အခွံမာသီး၊ပဲအမျိုးမျိုး၊ နို့ထွက်ပစ္စည်းတွေကနေရရှိနိုင်ပါတယ်။ဗီတာမင်C– အရေပြားပြဿနာကင်းစေဖို့၊ ကိုယ်ခံအားကောင်းစေဖို့အတွက်အရေးပါပါတယ်။ ဖျားနာမှုကင်းကင်းနဲ့ အကောင်းဆုံးကြီးထွားလာစေဖို့ အရေးပါတဲ့ ဗီတာမင်တစ်မျိုးပါ။ လိမ္မော်သီး၊ အချဉ်ဓာတ်ပါတဲ့အသီးတွေ၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး၊အာလူး၊ ဖရဲသီး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ဟင်းနုနွယ်၊ သင်္ဘောသီး၊ သရက်သီးတို့က ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပါတယ်။ဗီတာမင်A– အရွယ်တိုင်းအတွက်အရေးပါပါတယ်။အမြင်အာရုံကျန်းမာစေသလိုအရေပြားကိုလည်းကျန်းမာစေပါတယ်။ ကူးစက်ရောဂါတွေကနေလည်း အထိရောက်ဆုံးကာကွယ်ပေးပါတယ်။ မုန်လာဥနီ၊ ကန်စွန်းဥ၊ တရုတ်ဇီးသီး၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ငါးကြီးဆီ၊ ကြက်ဥအနှစ်တို့ကနေ ရရှိနိုင်ပါတယ်။ကာဗိုဟိုက်ဒရိတ်–ဒါကတော့ အရေးပါတဲ့ အာဟာရအုပ်စုတွေထဲကတစ်ခုပေါ့။ ခန္ဓာကိုယ်အတွက် အင်အားဖြစ်စေတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေဖို့လိုအပ်သလို တစ်ရှူးတွေအသစ်ဖြစ်ပေါ်စေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ ပေါင်မုန့်၊ ထမင်း၊ Cereals၊ အာလူး၊ ကန်စွန်းဥတို့ကနေရရှိနိုင်ပါတယ်။အဆီ–ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ဓာတ်တစ်မျိုးပါ။ အဆီဆိုတိုင်း မကောင်းတာမဟုတ်ပါဘူး အကျိုးပြုအဆီတွေက ကလေးတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေဖို့ ထောက်ပံ့ပေးပါတယ်။ အဆီပြည့်နို့၊ ဟင်းချက်ဆီသန့်၊ အနီရောင်အသား၊ ငါး၊ အခွံမာသီးတွေ ကနေရရှိနိုင်ပါတယ်။ကယ်လ်ဆီယမ်– အရိုးတွေနဲ့သွားတွေအကောင်းဆုံး သန်မာစေဖို့လိုအပ်ပါတယ်။  သွေးခဲစေဖို့ထောက်ပံ့ပေးသလို၊ အာရုံကြောတွေ၊ ကြွက်သားနဲ့ နှလုံးလုပ်ငန်းဆောင်တာတွေ ကောင်းမွန်စေဖို့အတွက်လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ နို့၊ချိစ်၊ ဒိန်ချဉ်၊ ရေခဲမုန့်၊ ကြက်ဥအကာ၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ တို့ဟူးတို့ကနေရရှိနိုင်ပါတယ်။သံဓာတ်–ခန္ဓာကိုယ်အနှံ့ကဆဲလ်တွေဆီ သွေးစီးဆင်းရောက်ရှိမှုကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးသလို အာရုံစူးစိုက်မှုကောင်းစေပြီး တက်ကြွလန်းဆန်းသူလေးအဖြစ် အရွယ်ရောက်လာစေမှာပါ။ အနီရောင်အသား၊ အသည်း၊ ကြက်သား၊ ဂျုံ၊ ပဲအမျိုးမျိုး၊ အခွံမာသီးတွေမှာပါဝင်နေပါတယ်။ဖောလိတ်– ကလေးရဲ့ဆဲလ် ကျန်းမာစွာနဲ့ဖွံ့ဖြိုးလာစေဖို့ အရေးပါပါတယ်။ ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့နဲ့ သွေးအားကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ကောက်နှံတစ်ခုလုံးပါတဲ့ cereals၊ ပဲနီလေး၊ ကုလားပဲ၊ ကညွတ်၊ ဟင်းနုနွယ်၊ ဗိုလ်စားပဲ တို့ကနေရရှိနိုင်ပါတယ်။အမျှင်ဓာတ်– ဝမ်းမှန်စေသလိုအစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝအောင်ကျွေးပေးတာက ကလေးကို အသက်ကြီးလာတဲ့အခါ ကလေးကို နှလုံးရောဂါ နဲ့ ကင်ဆာရောဂါမဖြစ်အောင်ကာကွယ်ရာရောက်ပါတယ်။ ကောက်နှံတစ်ခုလုံးပါတဲ့ cereals၊ ကုလားပဲ၊ ပဲနီလေး၊ ဗိုလ်စားပဲ၊ အစေ့အဆန်တွေ နဲ့ အခွံမားသီးတွေကျွေးပေးတာက ကလေးကို အမျှင်ဓာတ်ကြွယ်ဝစွာရရှိစေမှာပါ။ဒါကြောင့် ဖေဖေမေမေတို့အနေနဲ့ သားသမီးတွေ အပေါ်ထားတဲ့ စေတနာက ဝေဒနာအဖြစ်မပြောင်းလဲစေဖို့အတွက် ကလေးကို အာဟာရဖြည့်တင်းပေးတဲ့အခါ အချိုနဲ့ အငန်ကဲတဲ့အစားအစာတွေအစား အခုပြောတဲ့အာဟာရဓာတ်တွေပါဝင်နေတဲ့ အစားအစာတွေကိုကျွေးပေးပါနော်။ ဒါဆိုရင်တော့ ချစ်ခြင်းမေတ္တာတွေကို အကောင်းဆုံးဖော်ပြရာရောက်မှာဖြစ်သလို ချစ်ခြင်းမေတ္တာတွေကလည်း ဝေဒနာအဖြစ်မပြောင်းတော့ဘူးပေါ့…………..။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/parents-mistakes-with-love/
အပျိုစစ်ရဲ့သားနဲ့ အပျိုမြှေးပေါက်ရတဲ့ အကြောင်းရင်း
အပျိုစစ်မစစ်ကို လိင်ဆက်ဆံတာနဲ့ တိုင်းတာတယ်ဆိုရင် လိင်မဆက်ဆံဘဲနဲ့ အပျိုမြှေးပေါက်နိုင်တယ်ဆိုတာကို သိထားပြီးပြီလား။ တစ်နည်းအားဖြင့် အပျိုစစ်ရဲ့သားနဲ့ အပျိုမြှေးပေါက်ရတဲ့ အကြောင်းရင်းတွေပေါ့။ ဒါတွေကို သိမထားဘူးဆိုရင် ကိုယ်နဲ့ ကိုယ့်အဖာ်ရဲ့ ဆက်ဆံရေးကြားမှာ အဖုအထစ်လေးတွေ ဖြစ်တတ်တာကြောင့် ဒီအချက်လေးတွေကို သိထားဖို့ လိုပါတယ်။အပျိုမြှေးဆိုတာ မွေးလမ်းကြောင်းဝက တစ်ရှူးစလေး တစ်ခုပါ။ ပုံသဏ္ဍာန်အမျိုးမျိုး ရှိသလို အပျိုမြှေး လုံးဝပိတ်နေသူတွေ၊ မွေးကတည်းက ပါမလာသူတွေလည်း အများသားပါ။ဘာကြောင့် အပျိုမြှေးလို့‌ခေါ်လဲဆိုတာ မသိပေမဲ့ သူ့နာမည်လိုတော့ အပျိုဟုတ်မဟုတ်ကို မခွဲခြားနိုင်ပါဘူး။ ဒီတိုင်း ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပါတယ်။သူ့နာမည်ကို အပျိုမြှေးလို့ ပေးလိုက်တဲ့အခါကျတော့ သူ့ကို ကြည့်ပြီး အပျိုစစ်မစစ် ခွဲလို့ရတယ်လို့ ထင်ကုန်ကြရော။ တကယ်က အပျိုမြှေးဆိုတာ နာမည်အရသာ အပျို ပါပေမဲ့ တကယ် အပျိုဟုတ်မဟုတ်ကို သူ့ကို ကြည့်ပြီး ခွဲလို့မရပါဘူး။ပြောရမယ်ဆိုရင် လိင်တံအပြင် တခြား အပြင်ကဝင်တာ၊ အထဲက ထွက်တာတွေ အကုန်လုံးက အပျိုမြှေးကို ပေါက်စေနိုင်ပါတယ်။ ဒါကြောင့် အပျိုမြှေး‌ပေါက်ပြီဆိုတာနဲ့ လိင်ဆက်ဆံပြီးသားလို့ တန်းပြောလို့ မရပါဘူး။ကျွန်တော့် အမျိုးသမီးက တစ်ခါမှ လိင်မဆက်ဆံဘူးလို့ ပြောတယ်။ ဒါပေမဲ့ သူ့အပျိုမြှေးက ပေါက်နေတယ်။ အဲ့တာ ဟုတ်ပါ့မလားလို့ မေးခဲ့ရင် ဖြစ်နိုင်ခြေ ရှိတယ်လို့ ပြောရမှာပါ။လိင်တံတစ်ခုတည်းက အပျိုမြှေးကို ပေါက်စေနိုင်တာ မဟုတ်ဘဲ ခုပြောမဲ့ အချက်တွေကြောင့်လည်း အပျိုမြှေးပေါက်နိုင်ပါသေးတယ်။စက်ဘီးစီးတဲ့အခါမှာလည်း ထိုင်ခုံနဲ့ မိန်းမကိုယ်နဲ့ ဆောင့်မိပြီး အပျိုမြှေး ပြဲတတ်ပါတယ်။ဘဲလေးကတာလိုမျိုးကစလို့ တွန်းတွန်းတိုက်တိုက် အားကစားလုပ်တဲ့သူတွေမှာလည်း မတော်တဆ ထိခိုက်မိပြီး အပျိုမြှေး ပေါက်သွားတာမျိုး ဖြစ်တတ်ပါတယ်။ဒီမှာတော့ မြင်းစီးတဲ့သူ သိပ်မရှိပေမဲ့ ဒါကလည်း စက်ဘီးစီးတာလိုပဲ ‌ဆောင့်မိပြီး အပျိုမြှေး ပြဲတတ်ပါတယ်။သစ်ပင်တက်တာ၊ အမြင့်ကို တွယ်တက်တာ၊ ခုဆို ခေတ်စားနေတဲ့ ကျောက်တောင်နံရံ တွယ်တတ်တဲ့ ကစားနည်းတွေမှာလည်း ခြေထောက်ကြွက်သားတွေ ဆန့်ကားရတာကြောင့် အပျိုမြှေး ပြဲသွားတတ်ပါတယ်။အလေးမတာ၊ ခုန်တာ၊ ခြေထောက်တွေကို ဆန့်ကားပြီး အကြောလျှော့တာ စတဲ့ လေ့ကျင့်ခန်းတွေကြောင့်လည်း အပျိုမြှေး ထိသွားတတ်ပါတယ်။အမျိုးသမီးတွေလည်း အမျိုးသားတွေလိုပဲတစ်ကိုယ်ရည် အာသာဖြေတတ်ပါတယ်။ အာသာဖြေတဲ့အခါ လက်ချောင်းတွေကို အသုံးပြုတာ ရှိသလိုsex toysတွေကို သုံးတာလည်း ရှိပါတယ်။ ဒီကနေမှ အပျိုမြှေး ပေါက်သွားတတ်ပါတယ်။Tamponဆိုတာ ရာသီလာတဲ့အချိန်မှာ မိန်းမကိုယ်ထဲ ထည့်ရတဲ့ ဂွမ်းတောင့်လေးပါ။ Padတွေထက်စာရင် ပေါင်ပွန်းတာ၊ ပူအိုက်တာတွေ သက်သာလို့ အသုံးများကြပါတယ်။Tamponက မိန်းမကိုယ်ထဲ ထည့်ရတာ ဖြစ်တဲ့အတွက် လူတိုင်းမဟုတ်တောင် တချို့ အမျိုးသမီးတွေမှာ အပျိုမြှေးပြဲတာမျိုး ဖြစ်သွားနိုင်ပါတယ်။အမျိုးသမီး ကျန်းမာရေး ပြဿနာတွေကြောင့် မိန်းမကိုယ်ကို စမ်းသပ်စစ်ဆေးတဲ့အခါ ကိရိယာလေးတွေ ထည့်သွင်းဖို့ လိုနိုင်ပါတယ်။ ဒီကိရိယာတွေ ထည့်တာကြောင့်လည်း မိန်းမကိုယ် ပြဲနိုင်ပါတယ်။မိန်းမကိုယ်ကို အပြင်ပိုင်းပဲ သန့်ရှင်းရေး လုပ်တယ်ဆိုရင်တောင် မတော်တဆ ထိခိုက်မိတာမျိုးဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ရာသီလာချိန်မှာ သန့်ရှင်းရေး လုပ်တဲ့အခါ ရာသီသွေးတွေနဲ့ ချောနေတာကြောင့် မတော်တဆ ထိုးမိတာမျိုး ဖြစ်နိုင်ပါတယ်။အပျိုမြှေးပေါက်တဲ့အခါ သွေးထွက်တာ၊ နာတာတွေ ဖြစ်တယ်လို့ ဆိုပေမဲ့ အမျိုးသမီးတိုင်းက ဒီလို မခံစားရပါဘူး။ တချို့ဆို သိတောင် မသိလိုက်ပါဘူး။ ဒါကြောင့် အပျိုမြှေး ဘယ်လိုပေါက်သွားလဲသူတို့ကိုယ်သူတို့တောင် မသိလိုက်ဘူးဆိုတာ ဖြစ်နိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ခန္ဓာကိုယ်က တူမှ မတူပါပဲလေ။တချို့ အမျိုးသားတွေကလည်း ပြောကြတယ်။ လိင်ဆက်ဆံပြီး ပေါက်သွားတာကို အပေါ်က အချက်တွေနဲ့ လိမ်နေတာရော မဖြစ်နိုင်ဘူးလားဆိုပြီး။ ဒါကတော့ နှစ်ဦးနှစ်ဖက် ဆွေးနွေးရမဲ့ ကိစ္စပဲ ဖြစ်ပါတယ်။လိုရင်းက အပျိူမြှေးက လိင်မဆက်ဆံဖူးတဲ့သူတွေမှာလည်း ပေါက်နိုင်တယ်ဆိုတာရယ်၊ အပျိုမြှေးကို ကြည့်ပြီး အပျိုစစ်မစစ် ခွဲလို့မရဘူးဆိုတာရယ်ပါ။ မဟုတ်ရင် အပျိုမြှေးနဲ့ အပျိုစစ်မစစ် ခွဲပြီး အိမ်ထောင်ရေးပြဿနာ တက်ကြတဲ့ အတွဲတွေ များလာလို့ပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/causes-of-hymen-tear-without-intercourse/
ဗောက်သီး ( Cape Gooseberry)
ဗောက်သီးမှာ ကိုယ်အလေးချိန်လျှော့ချပေးခြင်း၊ ခန္ဓါကိုယ်တွင်းကအဆိပ်အတောက်တွေကိုပြေစေခြင်း၊ဆီးချိုဝေဒနာကိုထိန်းညှိပေးနိုင်ခြင်း၊ ကျောက်ကပ်လုပ်ငန်းဆောင်တာတွေကိုတိုးမြှင့်ပေးနိုင်ခြင်း၊ပြင်းထန်တဲ့ဝေဒနာအချို့ကနေ ကာကွယ်ပေးနိုင်ခြင်း၊နှလုံးကျန်မာသန်စွမ်းမှုကိုတိုးမြှင့်ပေးခြင်း၊ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေခြင်းတို့ဖြစ်ပေါ်အောင်လုပ်ဆောင်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။ဗောက်သီး ( Cape Gooseberry) ဆိုတာက ပူဖောင်းလို အခွံလေးတွေကာရံထားတဲ့ အတွင်းထဲက အဝါရောင်စိုစို အသီးလေးပါ။ ခရမ်းချဉ်သီးလေးတွေနဲ့ ဆင်တူပြီး အရသာက ချိုချိုချဉ်ချဉ်လေးပါ။ ခံတွင်းရှင်းစေနိုင်ပါတယ်။ဗောက်သီး ကချိုချိုချဉ်ချဉ်လေးနဲ့အရသာရှိတာကြောင့် အချိုပွဲတွေ၊ကိတ်မုန့်၊သကြားလုံးတွေနဲ့ မုန့်တွေပြုလုပ်ရာမှာထည့်သွင်းအသုံးပြုကြသလို သရေစာအနေနဲ့လည်းဗောက်သီးကို အစိမ်းစားတာမျိုးတွေရှိပါတယ်။ဗောက်သီးမှာ ကယ်လိုရီပမာဏနည်းပါးပြီး ဗီတာမင် နဲ့ သတ္တုဓါတ်တွေလည်းအတော်အသင့်ပါဝင်ပါတယ်။ဗောက်သီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေပြီး ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့Polyphenols နဲ့ carotenoidတွေလည်းပါဝင်ပါတယ်။ဆီးချို(Diabetes)– ဗောက်သီးမှာ fructose ကြွယ်ဝစွာပါဝင်တာကြောင့် ဆီးချိုဝေဒနာသည်တွေစားသုံးဖို့သင့်တော်ပါတယ်။ရောင်ရမ်းမှုကိုသက်သာစေခြင်း –ဗောက်သီးမှာ polyphenol နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ပန်းနာရင်ကျပ်သက်သာစေတဲ့ဆေး၊ချောင်းဆိုးပျောက်ဆေး၊ အနာကျက်ဆေး၊ သန်ကျဆေး၊ရောင်ရမ်းမှုသက်သာစေတဲ့ဆေး၊ဝမ်းပျော့ဆေး၊ဝမ်းနုတ်ဆေးတွေထုတ်လုပ်ရာမှာအသုံးပြုသလို အစာအိမ်ဝေဒနာတွေအတွက်လည်းအသုံးပြုလို့ရပါတယ်။သွေးတိုးရောဂါ(Hypertension)ကိုထိန်းညှိ –ဗောက်သီးမှာpolyphenols ၊ carotenoid တို့လိုမျိုး phyto-chemical တွေနဲ့သွေးတိုးတာကိုသက်သာစေနိုင်တဲ့ ပိုတက်ဆီယမ်ဓါတ်တွေသင့်တင့်မျှတစွာပါဝင်တာကြောင့်ဗောက်သီးကသွေးတိုးတာကိုထိန်းညှိပေးနိုင်ပါတယ်။ ထိုဇီဝဓါတုဒြပ်ပေါင်းတွေက ကိုလက်စထရောကိုကျဆင်းစေပါတယ်။အဆုတ်ကင်ဆာ (Lung Cancer) –မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့လေ့လာမှုတွေအရဗောက်သီးမှာpolyphenol နဲ့ carotenoidတွေပါဝင်နေတာကြောင့် အဆုတ်ကင်ဆာကို ကုသမှုမှာ အကျိုးရှိစေနိုင်တယ်၊လို့တွေ့ရှိရပါတယ်။ဗောက်သီးမှာ ကင်ဆာဆဲလ်တွေကိုတိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ကင်ဆာကုသမှုမှာ အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။အာရုံကြောပြဿနာတွေကို သက်သာစေခြင်း –ဗောက်သီးမှာ free radicalတွေကို ထိန်းချုပ်နိုင်တဲ့ အစွမ်းရှိတာကြောင့် အာရုံကြောဆိုင်ရာရောဂါတွေအပါအဝင်ရောဂါတော်တော်များများကို ခုခံရာမှာ အထောက်အကူပြုပါတယ်။အမြင်အာရုံကောင်းမွန်စေခြင်း –ဗောက်သီးမှာ ဗီတာမင်အေ (Vitamin A) ကြွယ်ဝစွာပါဝင်တာကြော်င့နေ့စဉ်လိုအပ်နေတဲ့ ဗီတာမင်အေ ပမာဏကိုလုံလောက်စွာထောက်ပံ့ပေးပါတယ်။ ဗီတာမင်အေ က မျက်လုံးကိုကျန်းမာစေပြီးရေတိမ်ဖြစ်တာနဲ့ မျက်လုံးကြွက်သားတွေပျက်စီးတာကိုကာကွယ်ပေးပါတယ်။အရိုးတွေကိုကြံ့ခိုင်သန်စွမ်းစေခြင်း –ဗောက်သီးမှာ အရိုးတွေကြံ့ခိုင်သန်စွမ်းဖို့အတွက်လိုအပ်တဲ့ကယ်လ်ဆီယမ်နဲ့ဖော့စဖရိတ်တွေ စုပ်ယူမှုကို အထောက်အပံ့ပေးတဲ့pectin ပါရှိပါတယ်။ဗောက်သီးက အမျိုးသားတွေမှာဖြစ်တတ်တဲ့ ဒူလာနဲ့ အရေပြားနီမြန်းရောင်ရမ်းတာကိုကုသရာမှာလည်း အသုံးပြုနိုင်ပါတယ်။ကိုယ်ခံစနစ်ကိုတိုးမြှင့်ပေးနိုင်ခြင်း –ဗောက်သီးမှာ ဗီတာမင် စီ (Vitamin C) ပါဝင်တာကြောင့် ခန္ဓါကိုယ်ကလိုအပ်တဲ့ ဗီတာမင် စီ ကိုပြည့်ဝစေပါတယ်။ ဗီတာမင် စီက ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။အသည်းကျန်းမာစေခြင်း –ဗောက်သီးက ခန္ဓါကိုယ်တွင်းက ကိုလက်စထရောပမာဏကိုထိန်းညှိပေးပြီး အသည်းကျန်းမာရေးကိုကောင်းမွန်စေပါတယ်။နှလုံးသွေးကြောကျဉ်းရောဂါ (Atherosclerosis) –ဗောက်သီးဖျော်ရည်မှာ နှလုံးရဲ့ လုပ်ဆောင်မှုတွေကိုကောင်းမွန်စေဖို့အတွက် အထောက်အကူပြုတဲ့ အရေးပါတဲ့phyto-chemical အချို့ပါဝင်ပါတယ်။အအေးမိ၊ တုပ်ကွေးတွေကို သက်သာစေခြင်း –ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တဲ့ဗောက်သီးက အအေးမိတုပ်ကွေးဖျားနာမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ဗောက်သီးကို တစ်နေ့နှစ်ကြိမ်ရေနွေးနဲ့စားသုံးပေးမယ်ဆိုရင် နှာခေါင်းပိတ်တာကိုသက်သာစေမှာဖြစ်ပြီးနေလို့သက်သာလာစေမှာဖြစ်ပါတယ်။ကျောက်ကပ်ကိုကျန်းမာရေးကောင်းမွန်စေခြင်း –ဗောက်သီးက ကိုယ်တွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး ဆီးရွှင်စေတာကြောင့် ခန္ဓါကိုယ်ထဲက ပိုလျှံနေတဲ့ အဆီတွေ၊အငန်ဓါတ်တွေနဲ့ပြန်ရည်ကြောစနစ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားစွန့်ထုတ်ပေးတာကြောင့်ကျောက်ကပ်ကိုကျန်းမာစေပါတယ်။ဘက်တီးရီးယားတွေကိုသေစေနိုင်စေခြင်း –ဗောက်သီးမှာပါတဲ့ ဓါတ်တွေက ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့ ဘက်တီးရီးယားတွေကိုရော အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေကိုပါသေစေနိုင်တဲ့ အစွမ်းရှိပါတယ်။ဗောက်သီးကE. Coli ဘက်တီးရီးယားအပါအဝင် ဘက်တီးရီးယားတော်တော်များများကိုသေစေနိုင်ပါတယ်။ဗီတာမင် စီ ကြွယ်ဝခြင်း –ဗောက်သီးမှာ သံပုရာသီးထက် ဗီတာမင် စီ ၂ ဆလောက်ပါဝင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတာကြောင့်ဗောက်သီးစားသုံးပေးတာက နှလုံးသွေးကြောဆိုင်ရာရောဂါ၊လေဖြတ်ခြင်း(Strokes)၊ ကင်ဆာရောဂါတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။Pectin ပါဝင်ခြင်း –ဗောက်သီးမှာအစာချေအူလမ်းကြောင်းရဲ့လုပ်ဆောင်မှုတွေကို အဆင်ပြေချောမွေ့စေပြီး ဝမ်းမချုပ်အောင်ကာကွယ်ပေးတဲ့ပျော်ဝင်လွယ်တဲ့အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။မမှည့်သေးတဲ့ ဗောက်သီးမှာ ဓါတ်မတည့်မှုကိုဖြစ်စေနိုင်တဲ့ အဆိပ်ရှိတဲ့alkaloid အနည်းငယ်ပါဝင်နေတာကြောင့် ဗောက်သီးကိုမမှည့်ဘဲမစားသုံးသင့်ပါဘူး။ချယ်ရီသီးမျိုးရင်းဝင်၊ ဘယ်ရီသီးမျိုးရင်းဝင်အသီးတွေအပင်တွေနဲ့ ဓါတ်မတည့်သူတွေအနေနဲ့ ဗောက်သီး မစားသုံးသင့်ပါဘူး။ဗီတာမင် စီ၊ ဗီတာမင် အေ တို့နဲ့ ဓါတ်မတည့်သူတွေအနေနဲ့လည်းဗောက်သီးကို လုံးဝမစားသုံးသင့်ပါဘူး။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/cape-gooseberry-benefits/
လိင်ဆက်ဆံချိန် ဘယ်လောက်ကြာ သင့်လဲ
လိင်ဆက်ဆံတဲ့အခါ မိနစ်ပိုင်းလောက်နဲ့ ပြီးသွားတာရှိသလို နာရီပိုင်းလောက် ကြာတဲ့သူလည်း ရှိမှာပါ။ ဒီမှာ မေးလာကြတာက လိင်ဆက်ဆံချိန် ဘယ်လောက်ကြာ သင့်လဲ ဆိုတာပါ။ လိင်ဆက်ဆံချိန် ကြာလွန်း ဒါမှမဟုတ် မြန်လွန်းတာက ကျန်းမာရေးအရ ဘယ်လိုသက်‌ရောက်မှုတွေ ဖြစ်လာနိုင်သလဲ။လိင်ဆက်ဆံချိန် ဆိုတာက မိန်းမကိုယ် ဒါမှမဟုတ် စအိုထဲကို စပြီးထိုးသွင်းဆက်ဆံချိန်ကနေ ပြီးမြောက်ချိန်အထိပဲ ဖြစ်ပါတယ်။ ရှေ့ပိုင်းမှာကိုယ်လက်နှီးနှောတာတွေ မပါပါဘူး။စုံတွဲ ၅၀၀ပါဝင်တဲ့လေ့လာချက်တစ်ခုမှာ စတင်ထိုးသွင်းချိန်ကနေစပြီး ပြီးမြောက်ချိန်အထိကို တစ်လတိတိ မှတ်တမ်းပြုခိုင်းထားပါတယ်။ ရလဒ်ကတော့ သူတို့တွေရဲ့ လိင်ဆက်ဆံချိန်က ၃၃စက္ကန့်ကနေ ၄၄မိနစ်အထိ ကြာတာကို တွေ့ရပါတယ်။မိန်းမကိုယ်နဲ့ ဆက်ဆံတာကတော့ အကြမ်းအားဖြင့် ၃မိနစ်ကနေ ၇မိနစ်အထိ ကြာတာကို တွေ့ရပါတယ်။၂၀၀၈ခုနှစ်မှာ USနဲ့ ကနေဒါက လိင်ပိုင်းဆိုင်ရာပညာရှင်တွေကို‌ မေးမြန်းချက်အရ လိင်ဆက်ဆံတဲ့အခါ ကြာချိန်တဲ့ပတ်သက်ပြီး ဒီလိုမှတ်ချက်ပေးကြပါတယ်။တစ်ခုရှိတာက ဒါက မိန်းမကိုယ်နဲ့ ဆက်ဆံတာကို ပြောထားတာ ဖြစ်ပြီး တခြားနည်းနဲ့ လိင်ဆက်ဆံတာကို ဆိုလိုခြင်း မဟုတ်ပါဘူး။မြန်မြန်ပြီးလို့ မကောင်းဘူး။ ဖြည်းဖြည်းပြီးမှ ကောင်းတယ်ဆိုတဲ့ သတ်မှတ်ချက် မရှိပါဘူး။ ခုပြောတဲ့ အချိန်တွေကလည်း ပညာရှင်တွေရဲ့ မှတ်ချက်နဲ့ စုံတွဲတွေရဲ့ အတွေ့အကြုံပေါ် မူတည်ပြီး ထွက်လာတာ ဖြစ်ပါတယ်။တကယ် လက်တွေ့မှာတော့ အတူနေမယ့် စုံတွဲတွေရဲ့ သဘောထားကသာ အရေးကြီးဆုံးပါ။ မိနစ်ပိုင်းလောက်ပဲ ကြာပေမယ့် နှစ်ဦးနှစ်ဖက်မှာလိင်စိတ်ကျေနပ်မှုအပြည့်အဝရတယ်ဆိုရင် ပြဿနာမရှိပါဘူး။ အကြာကြီး နေပေမယ့် စိတ်မပါဘူး။ နာကျင်နေရမယ်ဆိုရင်လည်း မဟုတ်သေးပါဘူး။ဒါကြောင့် လိင်ဆက်ဆံတဲ့ ကြာချိန်ထက်စာရင် အတူနေတဲ့အခါ နှစ်ဦးသား အဆင်ပြေမှု ရှိမရှိဆိုတာက ပိုအရေးကြီးပါတယ်။ တကယ်အဆင်ပြေမပြေဆိုတာကိုလည်း အချင်းချင်း ပွင့်ပွင့်လင်းလင်းဖွင့်ပြောဖို့ လိုပါတယ်။အသက်ကြီးလာလေလေ သက်လုံကျလာလေလေ ဖြစ်တာကြောင့် ကြာကြာမဆက်ဆံနိုင်တော့တာ သဘာဝပါ။ အမျိုးသားတွေမှာဆိုရင် လိင်တံထောင်မတ်နိုင်စွမ်းကျလာနိုင်သလို အမျိုးသမီးတွေဆိုရင်လည်း မိန်းမကိုယ်‌ခြောက်သွေ့တာ၊ လိင်စိတ်နည်းတာတွေ ဖြစ်လာနိုင်ပါတယ်။ဥပမာ ကလေးတွေ ရှိတာကြောင့် မြန်မြန်ဆန်ဆန် လုပ်လိုက်ရတဲ့သူတွေ ရှိသလို ဟန်းနီးမွန်းအချိန်မှာ တစ်ညလုံး အချိန်ရသူတွေလည်း ရှိပါတယ်။အတူနေတဲ့အချိန်မှာ လိင်အင်္ဂါကနာတာ၊ သုက်လွှတ်စောတာ၊ သုက်လွှတ်ဖို့ ကြာနေတာ စတဲ့ ပြဿနာတွေ ရှိနေရင်လည်း လိင်ဆက်ဆံချိန်ကြာတာ၊ မြန်တာ ဖြစ်နိုင်ပါတယ်။အချိန်သိပ်မရလို့ မြန်မြန်ဆက်ဆံရမယ်။ ဒါပေမယ့် လိင်စိတ်ဆန္ဒလည်း ပြည့်ဝချင်တယ်ဆိုရင်။တစ်ကိုယ်ရည်အာသာဖြေပြီး ပြီးမြောက်ခါနီးကျမှ အဖော်နဲ့ဆက်ဆံတာ၊ ကိုယ့်စိတ်ဆန္ဒကို လှုံ့ဆော်ပေးနိုင်တဲ့ နေရာတွေကို ကြိုတင်နှိုးဆွထားတာက မြန်မြန်ပြီးနိုင်မယ့် နည်းလမ်းတစ်ခုပါ။သင်ဘာလိုချင်လဲ၊ ဘယ်လိုလုပ်ရင် စိတ်ဆန္ဒတွေ ပိုဖြစ်လဲဆိုတာကို အဖော်ကို ပွင့်ပွင့်လင်းလင်း ပြောပြထားဖို့ လိုပါတယ်။ဘယ်လိုပုံနဲ့ ဆက်ဆံရင် မြန်မြန်ပြီးမြောက်လဲဆိုတာ သင်အသိဆုံးပါ။ ခပ်နက်နက် ထိုးသွင်းဆက်ဆံတဲ့ ပုံစံမျိုးတွေ၊ သင်ရော သင့်အဖော်ရော စိတ်ပါပေမယ့် ပုံစံမျိုးတွေက မြန်မြန်ပြီးမြောက်ဖို့ အကူအညီဖြစ်ပါလိမ့်မယ်။ဒါဆိုရင်တော့ မြန်မြန်မပြီးမြောက်အောင် ထိန်းချုပ်ရမှာဖြစ်ပါတယ်။ဒါက သုက်မလွှတ်အောင် လက်နဲ့ ထိန်းလိုက်တဲ့ နည်းလမ်းပါ။ သုက်လွှတ်ချင်လာပြီဆိုတာနဲ့ လိင်တံကို ညှစ်လိုက်တာ ဖြစ်ပါတယ်။ဒီလိုလုပ်လိုက်တာက လိင်တံထောင်မတ်တာကို အနည်းငယ်ကျသွားစေပြီး ပြီးချင်စိတ် လျော့သွားပါတယ်။ ဒီနည်းလမ်းက သုက်လွှတ်မမြန်အောင် ချုပ်ထိန်းစေနိုင်ပါတယ်။ဒါက နောက်ထပ် နည်းလမ်းတစ်ခုပါ။ အမျိုးသား လိင်တံကို စိတ်ကြွပြီး ပြီးမြောက်ခါနီးပြီဆိုရင် ရပ်ပြီး သုက်လွှတ်ချိန်စိတ်ကို လုံးဝပျောက်သွားတဲ့အထိ  စောင့်လိုက်တာပါ။စိတ်ထဲမှာ ငြိမ်သွားပြီဆိုမှ အတူပြန်နေတာပဲ ဖြစ်ပါတယ်။လိင်ဆက်ဆံချိန် ဘယ်လောက်ကြာရမလဲဆိုတဲ့ သတ်မှတ်ချက်တွေရှိပေမယ့် အရေးကြီးဆုံးက ကိုယ်နဲ့ ကိုယ့်အဖော် စိတ်ကျေနပ်ဖို့ပါ။ မြန်မြန်ပဲ ဆက်ဆံ၊ ကြာကြာပဲ ဆက်ဆံ နှစ်ဦးကြားမှာ ပြဿနာမရှိဘူးဆိုရင် အချိန်ဆိုတာ အရေးမကြီးတော့ပါဘူး။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/how-long-should-sex-last/
Brain - eating Amoeba (ဦးနှောက်စားအမီဘားကောင်)
Naegleria fowleri ခေါ် ဦးနှောက်စားအမီဘားကောင်သည် မျိုးစိတ်ကြီး Naegleria ၏ မျိုးပေါင်းစု Percolozoa တွင် ပါဝင်ပါသည်။ ထိုအကောင်များဟာ ဆဲလ်တစ်ခုတည်းပါ သက်ရှိတွေဖြစ်ပြီး ၁၉၆၅နှစ်တွင် တွေ့ရှိခဲ့ပါသည်။ သြော်စတြေးလျတွင် ပထမဆုံးတွေ့ရှိခဲ့တာ ဖြစ်သော်လည်း အမေရိကားမှာ ဆင့်ကဲပြောင်းလဲခဲ့တာပါ။Naegleria fowleri မျိုးစိတ်တစ်ခုတည်းကသာ လူတွေကို ကူးစက်တာဖြစ်ပါတယ်။Naegleria fowleri အမီဘားကောင်တွေဟာ အတွေ့ရများသော်လည်း ဦးနှောက်ကိုထိတာတော့ ရှားပါတယ်။ အမီဘားကြောင့် ဦးနှောက်ထိခြင်းကို မူလအမီဘားဦးနှောက်အမြှေးရောင်ရောဂါ(PAM) လို့ခေါ်ပါတယ်။ တစ်နှစ်ကို လုံးဝမဖြစ်တာလည်းရှိသလို အများဆုံး ၈ကြိမ်ထိဖြစ်ပွားနိုင်ပါတယ်။ အမြဲလိုလို ဂျူလိုင်လကနေ စက်တင်ဘာလအတွင်း ဖြစ်ပွားတတ်ပါတယ်။ လူတော်တော်များများက ယင်းအမီဘားကောင်အတွက် ပဋိပစ္စည်းရှိနှင့်ပြီးသားလို့ လေ့လာတွေ့ရှိရပါတယ်။ ပဋိပစ္စည်းရှိနှင့်ပြီးသားလူတွေဟာ အမီဘားကောင်ကူးစက်ခံရသော်လည်း ကိုယ်ခံအားစနစ်က တိုက်ထုတ်နိုင်လိုက်ခြင်းဖြစ်တယ်လို့ ဆိုလိုတာပါ။အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။Naegleria fowleri က မူလအမီဘားဦးနှောက်အမြှေးရောင်ရောဂါ(PAM)ကို ဖြစ်စေနိုင်ပါတယ်။ ဦးနှောက်ရောင်ရမ်းခြင်းနှင့် ဦးနှောက်တစ်ရှုးပျက်စီးသော အခြေအနေတစ်ခုဖြစ်ပါတယ်။ယေဘုယျအားဖြင့် အမီဘားနှင့် ထိတွေ့ပြီး ၂ရက်ကနေ ၁၅ရက်အတွင်းမှာ မှာဖြစ်ပွားတာပါ။ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ရောဂါလက္ခဏာတွေဟာ ခပ်မြန်မြန်ပိုဆိုးလာတတ်ပါတယ်။ ယင်းက ရက်သတ္တပတ်အတွင်းမှာ သေဆုံးသွားစေနိုင်ပါတယ်။အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတောင့်ခြင်းနှင့် အော့အန်ခြင်းလိုမျိုး လက္ခဏာတွေ ချက်ချင်းထဖြစ်မယ် အထူးသဖြင့် သဘာဝရေချိုနွေးနွေးဖြင့် ထိတွေ့ခဲ့ပြီးနောက်မှာဆိုရင် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုခံယူပါ။အထက်ဖော်ပြပါ လက္ခဏာတွေ ခံစားနေရမယ် ဒါမှမဟုတ် မေးစရာတွေ ရှိနေမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ခန္ဓါကိုယ်တွေ မတူကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအအသင့်တော်ဆုံဆုံးလဲဆိုတာ ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။အထက်ပါရောဂါပိုးကို တောင်ဘက်ပိုင်းရှိရေကန်တွေမှာ နွေရာသီတွင် အတွေ့များသော်လည်း မြောက်ဘက်ပိုင်းတွေမှာတော့ မကြာသေးမီက ရောဂါဖြစ်ပွားထားတာပါ။ ဆိုလိုတာကတော့ အပန်းပြေသဘာဝရေစိမ်တတ်တဲ့လူတွေဆိုရင် သတိထားသင့်ပေမယ့် ကူစက်နိုင်ခြေနည်းပါးတယ်ဆိုတာပါပဲ။Naegleria ရောဂါဟာ ကမ္ဘာတစ်ဝန်းရှိရေချိုအနွေးပိုင်းများ အထူးသဖြင့် နွေရာသီကာလများတွင် တွေ့ရတတ်သော Naegleria fowleri အမီဘားရောဂါပိုးမွှားကြောင့် ဖြစ်ပွားရတာပါ။ တစ်ခါတစ်ရံ မြေကြီးတွေမှာလည်း တွေ့ရတတ်ပါတယ်။ အမီဘားဟာ မသန့်ရှင်းသော ရေတွေ ဒါမှမဟုတ် ဖုန်မှုန့်ကနေတစ်ဆင့် နှာခေါင်းကို ဖြတ်ကာ ခန္ဓါကိုယ်သို့ ဝင်ရောက်ပါတယ်။ ထို့နောက် အနံ့ခံအာရုံကြောကနေတစ်ဆင့် ဦးနှောက်သို့ရောက်ရှိသွားတာပါ။Naegleria fowleri အမီဘားနဲ့ ထိတွေ့ပြီးသောလူ ရာခိုင်နှုန်းအနည်းငယ်ကသာ ရောဂါလက္ခဏာတွေ ခံစားရတာပါ။ ဘာကြောင့်လဲဆိုတာကတော့ မသိရသေးပါဘူး။မသန့်ရှင်းသောရေ သောက်သုံးခြင်းနှင့် လူလူချင်းမှ မကူးစက်တတ်ပါဘူး။ နည်းမှန်လမ်းမှန်ဖြင့် ပိုးသတ်၊သန့်စင်ထားသော ရေကူးကန်များတွင် Naegleria အမီဘားမပါရှိပါ။နှစ်စဉ်နှစ်တိုင်း သန်းနှင့်ချီသော လူတွေဟာ Naegleria ရောဂါဖြစ်စေသော အမီဘားကောင် ကူးစက်ခံရသော်လည်း အနည်းငယ်ကသာ ရောဂါလက္ခဏာတွေ ခံစားရတာပါ။Naegleria ရောဂါအန္တရယ်မြင့်မားစေသော အချက်များကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ရောဂါဖြစ်သွားတဲ့ အများစုဟာ အရင်၂ပတ်ခန့်က ရေချိုတွင်ရေကူးခဲ့ကြတာဖြစ်ပါတယ်။ရေနွေးနွေးနှင့် ရေပူများတွင် အမီဘားကောင်များ ပေါက်ဖွားတတ်ကြပါတယ်။ကလေးတွေနဲ့ လူငယ်လူရွယ်တွေ အဖြစ်များဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ရေထဲမှာ ပိုကြာကြာနေကြရုံသာမက လှုပ်လှုပ်ရှားရှားနေကြလို့ပဲ ဖြစ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါစစ်ဆေးရှာဖွေမှုတွင် အောက်ပါတို့ ပါဝင်ပါတယ်။စီတီစကင်၊ သံလိုက်လှိုင်းဖြင့် ပုံရိပ်ဖော်ခြင်းနည်းပညာတို့က ဦးနှောက်အတွင်းမှာရှိတဲ့ အကျိတ်၊အဖုနဲ့ သွေးယိုစီးမှုတို့ကို စစ်ဆေးတွေ့ရှိစေနိုင်ပါတယ်။အသေးစိတ်ဖြတ်ပိုင်းပုံများ ရရှိစေရန် ရှုထောင့်အမျိုးမျိုးမှ ဓါတ်မှန်ရိုက်ခြင်းပဲဖြစ်ပါတယ်။MRI စက်ကြီးတွေက အားပြင်းတဲ့ သံလိုက်လှိုင်းတွေ၊ ရေဒီယိုလှိုင်းတွေ အသုံးပြုပြီး ဦးနှောက်လိုမျိုး တစ်ရှုးအပျော့တွေရဲ့ အလွန့်အလွန် အသေးစိတ်ကျတဲ့ ပုံတွေကို ရရှိစေမှာပါ။ဦးနှောက်နှင့် ကျောရိုးမကြီးကို ဝန်းရံထားသော အရည်များကို မိုက်ကရိုစကုပ်ဖြင့် ကြည့်လျင် အမီဘားကောင်ကိုတွေ့မြင်နိုင်ပါတယ်။ ယင်းအရည်ကိုတော့ ခါးရှိကျောရိုး၂ခုကြားထဲသို့ အပ်ဖြင့်ထိုးသွင်းရယူနိုင်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဦးနှောက်နှင့်ကျောရိုးမကြီးအရည်ဖိအားကို တိုင်းတာနိုင်ပြီး ရောင်ရမ်းစေသည့်ဆဲလ်များကို ရှာဖွေနိုင်ပါတယ်။ကျန်းကျန်းမာမာနေထိုင်ဖို့ အရေးကြီးပြီး အောက်ပါတို့ကို လိုက်နာသင့်ပါတယ်။မေးစရာများရှိပါက အကောင်းဆုံးဖြေရှင်းနည်းလမ်းကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/brain-eating-amoeba-%e1%80%a6%e1%80%b8%e1%80%94%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%85%e1%80%ac%e1%80%b8%e1%80%a1%e1%80%99%e1%80%ae%e1%80%98%e1%80%ac%e1%80%b8%e1%80%b1/
မျက်စိရောဂါပိုးဝင်ခြင်းအမျိုးမျိုး
မျက်စိရောဂါပိုးဝင်ခြင်းဟာ သိပ်မပြင်းထန်တဲ့ အခြေအနေကနေ ဆိုးရွားတဲ့အခြေအနေထိ ရှိတတ်ပါတယ်။ ဖြစ်ပွားရတဲ့အကြောင်းအရင်းနဲ့ ကုသမှုလည်း မျိုးစုံရှိပါတယ်။ မျက်စိပိုးဝင်ခြင်းဟာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို စတဲ့ပိုးဝင်ခြင်းကြောင့် ဖြစ်တတ်ပြီး မျက်လုံးတစ်ဖက်တည်း ဒါမှမဟုတ် နှစ်ဖက်စလုံး ဖြစ်တတ်ပါတယ်။ ရောဂါပိုးဝင်ခြင်း အားလုံးဟာ အသက်အန္တရာယ် မရှိနိုင်ပေမယ့် ဆေးဝါးကုသဖို့တော့ လိုအပ်ပါတယ်။လူအများစုမှာ မျက်စိပိုးဝင်ရင် နာကျင်ခြင်း၊ ယားယံခြင်း၊ တစ်ခုခုဝင်နေသလို ခံစားရခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ မျက်ရည်များကျပြီး အဝါရောင်၊ အစိမ်းရောင်၊ သွေးရောင် မျက်ဝတ်များ ထွက်နေတတ်ပါတယ်။ တစ်ခါတရံ အလင်းရောင်ကို မခံနိုင်ခြင်း၊ အမြင်အာရုံေဝဝါးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ နာကျင်ခြင်းနဲ့ တခြားဆိုးရွားတဲ့ လက္ခဏာတွေ မရှိရင် မိမိဖာသာ ကုသနိုင်ပါတယ်။ အမြင်အာရုံမှာ အပြောင်းအလဲဖြစ်နေပြီဆိုရင်တော့ ဆေးကုသမှုခံယူသင့်ပါတယ်။ ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေကတော့ အမြင်လွှာထိခိုက်ခြင်း၊ မျက်ကြည်လွှာမှာ အမာရွတ်ဖြစ်ပြီး အမြင်ကို ထိခိုက်စေခြင်း စတာတွေ ဖြစ်ပါတယ်။ ဆစ်ဖလစ်လို ရောဂါပိုးကြောင့် ရေတိမ် ဖြစ်ပွားနိုင်ပါတယ်။ သိပ်မသိသာတဲ့ မျက်စိပြသနာတွေဆိုရင် လျစ်လျူရှုမိနိုင်ပါတယ်။ ဥပမာ ကလမိုင်းဒီးယားပိုးဝင်ခြင်းမှာ သိသိသာသာလက္ခဏာ မပြတတ်လို့ မကုဘဲထားရင် ကလေးမြုံခြင်းနဲ့ နှလုံးရောဂါ ဖြစ်ပွားစေနိုင်ပါတယ်။ထိခိုက်ဒဏ်ရာရခြင်း။ထိခိုက်ဒဏ်ရာရခြင်းဟာ မျက်စိပိုးဝင်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဥပမာ ဓါတုပစ္စည်းပမာဏ အနည်းငယ်လောက်ဟာ မျက်လုံးကို အနှောက်အယှက်ဖြစ်စေပြီး ပိုးဝင်ခြင်းကို ပိုပြီး မခံနိုင်ဖြစ်စေပါတယ်။ အထူးသဖြင့် မျက်ကပ်မှန် တပ်ထားသူတွေမှာ ဖြစ်ပါတယ်။ မျက်စိပိုးဝင်ခြင်း အမျိုးအစားတချို့ဟာ မျက်စိကို လျင်မြန်စွာပဲ ထိခိုက်စေနိုင်ပါတယ်။ကလမိုင်းဒီးယားနှင့် ဂနိုပိုးဝင်ခြင်း။လိင်မှတဆင့် ကူးစက်ရောဂါဆိုပေမယ့် လူကြီးတွေမှာ မျက်စိနာခြင်းကိုပါ ဖြစ်ပွားစေပါတယ်။ လိင်ဆက်ဆံရာမှထွက်တဲ့ အရည်များ (ဥပမာ သုက်ရည်)ကို တိုက်ရိုက်ထိမိရင်ဖြစ်ဖြစ်၊ ရောဂါပိုးရှိတဲ့ လိင်အင်္ဂါဝန်းကျင်ကို ကိုင်တွယ်မိပြီး မျက်လုံးကို ပွတ်မိရင်ဖြစ်ဖြစ် ကူးစက်တတ်ပါတယ်။ ရောဂါပိုးရှိတဲ့ အမေတွေရဲ့ ကလေးတွေဟာ မွေးလာရင် ကူးစက်နိုင်ခြေ များပါတယ်။ရေယုန်။ရေယုန်ကလမိုင်းဒီးယား၊ ဂနိုစတဲ့ ရောဂါပိုးတွေ ကူးစက်သလိုပဲ ပုံစံတူဖြစ်ပွားပါတယ်။မျက်ကြည်လွှာမှာ အပေါက်၊ အနာ ဖြစ်ပွားစေနိုင်ပြီး အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။ဆင်ရေယုန်။ဒီရောဂါပိုးဟာ ရေကျောက်ကို ဖြစ်ပွားစေသလိုအနာကိုကိုင်မိတဲ့လက်နဲ့ မျက်စိကို ပွတ်မိရင် မျက်စိကိုပါ ကူးစက်နိုင်စေပါတယ်။ မျက်စိရဲ့ အာရုံကြောတွေကို ထိခိုက်စေပြီး ရောင်ရမ်းခြင်း၊ နာကျင်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။ အသက် ၅၀ကျော်အရွယ်တွေမှာ အဖြစ်အများဆုံး မျက်စိပိုးဝင်ခြင်း အကြောင်းအရင်း ဖြစ်ပါတယ်။ဘက်တီးရီးယားနှင့် မှိုစွဲခြင်း။အရေပြား၊ပါးစပ်၊ နှာခေါင်း စတာတွေပေါ်မှာ တွေ့ရတတ်တဲ့ ဘက်တီးရီးယားနဲ့ မှိုစွဲခြင်းဟာ မျက်ကြည်လွှာကို ကူးစက်သွားလို့ ဖြစ်ပါတယ်။ အဲဒီဘက်တီးရီးယားတွေဟာ ကျန်းမာသူတွေရဲ့ မျက်လုံးအပေါ်ယံလွှာကို မထိုးဖောက်နိုင်ပါဘူး။ ဒါပေမယ့် မျက်ကပ်မှန်တပ်ထားသူတွေ၊ ကိုယ်ခံအားကျသူတွေမှာ ဘက်တီးရီးယားတွေဟာ မျက်ကြည်လွှာထဲကို လွယ်ကူစွာ ဝင်ရောက်နိုငပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%85%e1%80%ad%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%95%e1%80%af%e1%80%ad%e1%80%b8%e1%81%80%e1%80%84%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9/
Alzheimer's Disease (အယ်လ်ဇိုင်းမားရောဂါ(စိတ်ချို့ယွင်းမှု ရောဂါတစ်မျိုး))
အယ်လ်ဇိုင်းမားရောဂါ ဆိုတာက တဖြည်းဖြည်းချင်းဆိုးလာသောရောဂါတစ်မျိုးပါ။ မှတ်ဉာဏ်နှင့် အခြားစိတ်ပိုင်းဆိုင်ရာအရ အရေးပါတဲ့လုပ်ဆောင်ချက်များကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ခေါင်းရှုပ်ထွေးခြင်း မှတ်မိရန်ခက်ခြင်းဖြင့် ရောဂါလက္ခဏာတွေစပြတတ်ပါတယ်။ တဖြည်းဖြည်းနှင့် ဘဝ၏ အရေးကြီးပုဂ္ဂိုလ်များကိုပါမေ့ခြင်းနှင့် ပြုမူနေထိုင်မှုပုံစံပြောင်းလဲခြင်းတို့ဖြစ်သွားတတ်ပါတယ်။အယ်လ်ဇိုင်းမားရောဂါသည် စိတ်ကစဉ့်ကလျားရောဂါ( ဦးနှောက်ချို့ယွင်းမှုကြောင့် မှတ်ဉာဏ်နှင့် ဆက်ဆံရေးပျက်စီးသွားသောရောဂါ) ဖြစ်စေသော အဖြစ်များဆုံးအကြောင်းအရင်းတစ်ခုဖြစ်သည်။ အယ်လ်ဇိုင်းမားရောဂါ တွင် ဦးနှောက်ရှိဆဲလ်များသေဆုံးပြီး မှတ်ဉာဏ်နှင့် စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များပျက်ယွင်းစေတာမျိုးခံစားရနိုင်ပါတယ်။အယ်လ်ဇိုင်းမား၏ လက်ရှိကုသမှုများသည် ရောဂါလက္ခဏာများကို ယာယီသာသက်သာစေပါလိမ့်မယ်။ အချို့လူနာတွေမှာတော့ လုပ်ငန်းဆောင်တာများကို အချိန်ကြာကြာပိုလုပ်နိုင်အောင် ကူညီပေးပါတာမျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် အယ်လ်ဇိုင်းမားရောဂါကို ပျောက်ကင်းအောင်ကုသနိုင်သောကုထုံးမရှိသည့်အတွက်ကြောင့် လူမှုအဖွဲ့အစည်းများနှင့် ဆက်သွယ်၍ အကူအညီ အထောက်အပံ့များကို အမြန်ဆုံးရယူသင့်ပါတယ်။အယ်လ်ဇိုင်းမားရောဂါသည် အလွန်အဖြစ်များသော ရောဂါတစ်မျိုးပါ။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းနည်းလမ်းဖြင့်တော့ ရောဂါမဖြစ်အောင် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ရောဂါစဖြစ်ခါစတွင်သတိမေ့လျော့ခြင်း သို့မဟုတ် အနည်းငယ်စိတ်ရှုပ်ထွေးခြင်းကိုသာ ခံစားရပါနိုင်ပါတယ်။ အချိန်ကြာလာသည်နှင့်အမျှ ရောဂါသည် သင်၏မှတ်ဉာဏ် အထူးသဖြင့် လတ်တလောမှတ်ဉာဏ်များကို ဖျက်ဆီးပစ်လိမ့်မည်။ ရောဂါအဆင့်တက်သည့်နှုန်းသည် တစ်ဦးနှင့် တစ်ဦး မတူညီကြပါ။ အယ်လ်ဇိုင်းမားရောဂါကြောင့် ဦးနောက်တွင်း ပြောင်းလဲမှုများဖြစ်ပေါ်လာရာမှ အောက်ပါအကျိုးဆက်များ ခံစားရနိုင်ပါတယ်။မှတ်ဉာဏ်။လူတိုင်း တစ်ခါတစ်ရံ မေ့လျော့တတ်ကြပါတယ်။ ဒါပေမယ့် အယ်လ်ဇိုင်းမားရောဂါကြောင့်ပျောက်ဆုံးသွားတဲ့ မှတ်ဉာဏ်သည် ပြန်မရနိုင်တော့ဘဲ ပိုပြီးဆိုးရွားလာပြီး အိမ်နှင့်လုပ်ငန်းခွင်တွင်မိမိ၏ စွမ်းဆောင်ရည်ကို ထိခိုက်လာနိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ဝေဒနာရှင်တွေဟာ ကိုယ်ပြောပြီးသောစကား၊ မေးခွန်းများကို မမှတ်မိဘဲ ထပ်ခါထပ်ခါပြောနေမိခြင်း၊ ချိန်းဆိုထားခြင်းများ၊ တက်ရောက်ရမည့် အခမ်းအနားတို့ကို မေ့လျော့ခြင်း၊ ပစ္စည်းအထားအသိုများ အမြဲလိုလိုမှားယွင်းလာခြင်း၊ မိမိနှင့် အကျွမ်းတဝင်ဖြစ်သောနေရာများကို မမှတ်မိခြင်းနှင့် လမ်းပျောက်ခြင်း၊ တဖြည်းဖြည်း မိသားစုဝင်များ၏နာမည်များနှင့် နေ့စဉ်အသုံးပြုသော ပစ္စည်းများ၏အမည်များ မေ့လျော့လာခြင်း၊ အရာဝတ္ထုများ၊ ခံစားချက်များကို မှန်ကန်သောစာလုံးတွေနဲ့ ဖော်ပြရန်ခက်ခဲလာသည့်အတွက် စကားပြောဆိုရာတွင် အဆင်မပြေဖြစ်လာခြင်းတို့ကို ခံစားရနိုင်ပါတယ်။တွေးခေါ်ခြင်း၊ ကျိုးကြောင်းဆက်စပ်ခြင်း။အယ်လ်ဇိုင်းမားရောဂါခံစားရတဲ့အခါ ကိန်းဂဏန်းတွက်ချက်ခြင်းကဲ့သို့ အာရုံစိုက်ရသောအလုပ်များနှင့် စဉ်းစားတွေးခေါ်ရသော အလုပ်များကို လုပ်ကိုင်ရခက်ခဲလာနိုင်ပါတယ်။ ယခင်က အလုပ်၄၊၅ခုကို တပြိုင်တည်းလုပ်နိုင်သော်လည်း ယခုအခါမလုပ်နိင်တော့ပေ။ ငွေကြေးတွက်ချက်ခြင်း၊ ငွေကြေးစီမံခန့်ခွဲခြင်းနှင့် ကုန်ကျစရိတ်များကို အချိန်မီပေးချေရန်လည်း ခက်ခဲလာနိုင်ပါတယ်။ ဒါတင်မကဘဲ ကိန်းဂဏန်းများကို မကိုင်တွယ်နိုင်ခြင်း၊ မေ့လျော့သွားခြင်းအထိ ဆိုးရွားနိုင်ပါသေးတယ်။ဆင်ခြင်သုံးသပ်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်း။မီးဖိုပေါ်တည်ထားသော ဟင်းအိုးတူးသွားတာမျိုး၊ ကားမောင်းနေရင်း အန္တရာယ်ရှိနိုင်တဲ့ အခြေအနေကြုံရခြင်းလိုမျိုး နေ့စဉ်ကြုံတွေ့နိုင်ရတဲ့ ပြဿနာကို ထိရောက်စွာဖြေရှင်းဖို့ ခက်ခဲလာတာမျိုးဖြစ်လာနိုင်ပါတယ်။လုပ်နေကျအလုပ်များကို စီစဉ်ခြင်းနှင့် လုပ်ဆောင်ခြင်း။ဟင်းချက်ခြင်း၊ နှစ်သက်ရာဂိမ်းကစားခြင်းကဲ့သို့သော ယခင်က သူ့အလိုလို အလွယ်တကူလုပ်ဆောင်နေကျအလုပ်များသည် ရောဂါဆိုးလာလေလေ၊ လုပ်ကိုင်ရပိုခက်လာလေလေ ဖြစ်လာပါမယ်။ ရောဂါရဲ့ အဆိုးဆုံးအခြေအနေကိုရောက်သွားပြီဆိုရင်တော့ ဝေဒနာရှင်များသည် နေ့စဉ်လုပ်နေကျ အဝတ်လဲခြင်း၊ ရေချိုးခြင်းကဲ့သို့သော အလုပ်များကိုပင် ဘယ်လိုလုပ်ရမယ်ကို မေ့လျော့သွားလိမ့်မယ်။ပင်ကိုဗီဇနှင့် အမူအကျင့်များပြောင်းလဲခြင်း။အယ်လ်ဇိုင်းမားရောဂါကြောင့် ဦးနှောက်အတွင်းပြောင်းလဲမှုများဖြစ်လာသောအခါ ဝေဒနာရှင်၏ စိတ်ခံစားချက်နှင့် ပြုမူပုံများကိုလည်း ပြောင်းလဲစေပါလိမ့်မယ်။ အယ်လ်ဇိုင်းမားရောဂါရှင်များသည် စိတ်ဓါတ်ကျခြင်း၊ နုံးချိခြင်း၊ အခြားသူများနှင့် မဆက်ဆံလိုခြင်း၊ စိတ်ဓါတ် အတက်အကျများခြင်း၊ သူတစ်ပါးကို မယုံကြည်ခြင်း၊ စိတ်တို စိတ်ဆတ်လွယ်ခြင်း၊ အိပ်ချိန်ပြောင်းလဲခြင်း၊ တွေဝေခြင်း၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှုမရှိခြင်းနှင့် ထင်ယောင်ထင်မှားဖြစ်ခြင်း (ဥပမာ။ တစ်စုံတစ်ခု အခိုးခံရသည်ဟု ထင်ခြင်း) တို့ကိုခံစားရနိုင်ပါသည်။အရေးကြီးသောစွမ်းရည်တော်တော်များများသည် ရောဂါနှောင်းပိုင်းအခြေအနေအထိ ကျန်ရှိနေနိုင်သေးသည်။ ၎င်းစွမ်းရည်တို့တွင် စာဖတ်ခြင်း၊ ကခုန်ခြင်း၊ သီချင်းဆိုခြင်း၊သီချင်းကြီးများနားထောင်ခြင်း၊ လက်မှုအနုပညာနှင့် ဝါသနာပါရာများကို လုပ်ကိုင်နိုင်ခြင်း၊ ပုံပြင်ပြောခြင်းနှင့် အမှတ်တရဖြစ်ရပ်များကို ပြန်ပြောင်းအောက်မေ့ခြင်းတို့ ပါဝင် ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။သိပ္ပံပညာရှင်များက အယ်လ်ဇိုင်းမားရောဂါ အများစုသည် မျိုးရိုးဗီဇ၊ နေထိုင်စားသောက်မှုပုံစံနှင့် နေထိုင်ရာပတ်ဝန်းကျင်တို့က ဦးနှောက်အပေါ် သက်ရောက်မှုကြာမြင့်လာရာမှဖြစ်ပေါ်လာသောရောဂါဟု ယုံကြည်ထားကြပါတယ်။ အယ်လ်ဇိုင်းမားရောဂါဖြစ်စေရန် တိကျသေချာသော မျိုးရိုးဗီဇပြောင်းလဲမှုမှဖြစ်လာသည့်ဝေဒနာရှင်သည် ၅ရာခိုင်နှုန်းခန့်သာရှိပါတယ်။အယ်လ်ဇိုင်းမားရောဂါကို ဖြစ်စေသော အကြောင်းရင်းများအားလုံးကို မသိရှိရသေးသော်လည်း ၎င်းရောဂါ၏ ဦးနှောက်အပေါ် သက်ရောက်မှုများကိုမူ သိရှိနိုင်ပါပြီ။ အယ်လ်ဇိုင်းမားရောဂါသည် ဦးနှောက်ဆဲလ်များကို ဖျက်ဆီးပြီး သေစေနိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါကြောင့် ပျက်စီးသွားသော ဦးနှောက်သည် ကျန်းမာသော ဦးနှောက်နှင့် နှိုင်းယှဉ်လျှင် ဆဲလ်အရေအတွက်ပိုနည်းပြီး ထိုဆဲလ်များကြားရှိ ဆက်သွယ်သောလမ်းကြောင်းများလည်း အလွန်နည်းပါးနေသည်ကို တွေ့ရပါမယ်။အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်ခြေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အယ်လ်ဇိုင်းမားရောဂါကို အတည်ပြုရှာဖွေနိုင်သော စမ်းသပ်စစ်ဆေးမှု မရှိသေးပါ။ သင်၏ဆရာဝန်က သင်ပြောပြသော လက္ခဏာများနှင့် အယ်လ်ဇိုင်းမားရောဂါကို ပိုမိုသေချာစေသော စစ်ဆေးမှုများပြုလုပ်၍သာရောဂါရှိ၊မရှိကို ဆုံးဖြတ်ပါမယ်။ ရောဂါ၏ တိကျသေချာသော စစ်ဆေးချက်ကို လူနာသေဆုံးပြီးအခါမှသာ ဦးနှောက်ကို အဏုကြည့်မှန်ပြောင်းဖြင့်ကြည့်ရှုပြီးသိနိုင်ပါလိမ့်မယ်။ယခုအခါတွင်အယ်လ်ဇိုင်းမားရောဂါနှင့် အခြားမှတ်ဉာဏ်ချို့ယွင်းစေသောရောဂါများကိုခွဲခြားရန် အောက်ပါ စစ်ဆေးမှုများကို ဆရာဝန်များအသုံးပြုလာကြပါတယ်။လတ်တလောအသုံးပြုနေသောကုထုံးများသည် မှတ်ဉာဏ်ဆိုင်ရာနှင့် ထိသိမှုဆိုင်ရာလက္ခဏာများကိုအချိန်အတိုင်းအတာတစ်ခုထိသက်သာစေပါတယ်။ လတ်တလောအသုံးပြုနေသောဆေး နှစ်မျိုးရှိတယ်။(၁) Cholinesterase အင်ဇိုင်းကိုတားသောဆေး- ဒီဆေးသည် အယ်လ်ဇိုင်းမားရောဂါက ဖျက်ဆီးလိုက်သော acetylcholine လို့ခေါ်တဲ့ ဆက်သွယ်ရေးပစ္စည်းကိုများစေပြီးဆဲလ်အချင်းချင်းဆက်သွယ်ရေးကိုကောင်းမွန်အောင်လုပ်ဆောင်ပေးပါတယ်။ ဒီဆေးက အသင့်အတင့် တိုးတက်မှုကိုရစေသည်။ ဒါတင်မကပါဘူး၊ ဒီဆေးက စိတ်ဓါတ်ကျခြင်း၊ စိတ်တိုစိတ်ဆတ်ခြင်းတို့ကိုလည်းသက်သာစေနိုင်ပါတယ်။ အသုံးများသောဆေးများမှာdonepezil (Aricept), galantamine (Razadyne) and rivastigmine (Exelon)တို့ဖြစ်ကြပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ ဝမ်းလျှောခြင်း၊ ပျို့ခြင်း၊ အစားအသောက်ပျက်ခြင်းနှင့် အအိပ်ပျက်ခြင်းတို့ ခံစားရနိုင်ပါတယ်။ နှလုံးရောဂါအခံရှိသူတွေမှာတော့ နှလုံးခုန်နှုန်းနှေးခြင်း၊ နှလုံးခုန်ရပ်ခြင်းတို့ ဖြစ်နိုင်တယ်။(၂) Memantine (Namenda)- ဒိဆေးသည် အခြားကွန်ရက်တွင် သက်ရောက်ပြီးအသင့်အတင့်နှင့် ဆိုးရွားသောအခြေအနေရှိသောအယ်လ်ဇိုင်းမားရောဂါရဲ့ လက္ခဏာတွေကိုသက်သာစေနိုင်ပါတယ်။ ဒီဆေးကိုcholinesterase inhibitorနှင့်တွဲသုံးလေ့ရှိပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ ဝမ်းချုပ်ခြင်း၊ မူးဝေခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။စိတ်ကျရောဂါအတွက်ဆေးကဲ့သို့သောအခြားဆေးများကိုလည်းအယ်လ်ဇိုင်းမားရောဂါကြောင့်ဖြစ်သောအပြုအမူပြောင်းလဲမှုများကိုကုသရာမှာ သုံးကြပါတယ်။ zolpidem (Ambien), eszopiclone (Lunesta)ကဲ့သို့ အိပ်ဆေးများသည် စိတ်ရှုပ်ထွေးခြင်းနှင့် သတိလစ်ခြင်းတို့ကိုပိုဆိုးစေနိုင်သောကြောင့် သတိထားပြီးသုံးရပါမယ်။ clonazepam (Klonopin) and lorazepam (Ativan)ကဲ့သို့ စိတ်ငြိမ်ဆေးများသည်လည်းစိတ်ရှုပ်ထွေးခြင်း၊ ခေါင်းမူးခြင်းနှင့် သတိလစ်ခြင်းတို့ကိုပိုဆိုးစေနိုင်သောကြောင့် သတိထား သုံးဖို့လိုပါမယ်။ ဆေးဝါးအသစ်များကိုမသုံးစွဲခင် ဆရာဝန်နဲ့ တိုင်ပင်တာကတော့ အကောင်းဆုံးပါ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအယ်လ်ဇိုင်းမားရောဂါကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့်အယ်လ်ဇိုင်းမားရောဂါကိုကုသတဲ့နေရာမှာအကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/dementia-and-alzheimers-disease/alzheimers-disease-%e1%80%a1%e1%80%9a%e1%80%b9%e1%80%9c%e1%80%b9%e1%80%87%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%85/
Dermatomyositis (အရေပြားနှင့်ကြွက်သားများရောင်ရမ်းခြင်း)
အရေပြားနဲ့ ကြွက်သားများရောင်ရမ်းခြင်းဟာ ရှားပါးတဲ့ ရောင်ရမ်းခြင်းရောဂါဖြစ်ပါတယ်။ အရေပြားမှာ အင်ပျဉ်ထပြီး ကြွက်သားများ အားနည်းကာ ရောင်ရမ်းတတ်ပါတယ်။ ဒီရောဂါဟာ ကြွက်သားရောင်ရမ်းပြီး ချည့်နဲ့တဲ့ရောဂါ၃မျိုးထဲက တမျိုးဖြစ်ပါတယ်။လူကြီးများရော ကလေးများကိုပါ ထိခိုက်နိုင်ပါတယ်။ လူကြီးတွေမှာဆိုရင် အသက် ၄၀ကျော်ကနေ ၆၀ ဝင်ခါစအချိန်မှာ ဖြစ်ပွားတတ်ပါတယ်။ ကလေးတွေမှာဆို ၅နှစ်နဲ့ ၁၅နှစ်ကြား အများဆုံး ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။တွေ့ရများတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ကြွက်သားများ အားနည်းလာရင်၊ ဘာမှန်းမသိတဲ့ အကွက်များပေါ်လာရင် ဆရာဝန်ပြပါ။အကြောင်းအရင်း အတိအကျ မသိရပါဘူး။ ဒါပေမယ့် မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်တဲ့ ရောဂါတွေနဲ့ ဆင်တူမှုရှိပါတယ်။ ကိုယ်ခန္ဓါရဲ့ ခုခံပစ္စည်းတွေဟာ ကောင်းမွန်တဲ့ဆဲလ်တွေကို မှားယွင်းတိုက်ခိုက်မိခြင်း ဖြစ်ပါတယ်။ ကိုယ်ခံအားထိခိုက်မိခြင်းဟာ ဒီရောဂါကို ဖြစ်နိုင်ခြေအကြောင်းတချက် ဖြစ်ပါတယ်။ ဥပမာ ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ ကင်ဆာဖြစ်ခြင်းတို့ဟာ ကိုယ်ခံအားကို ထိခိုက်စေနိုင်ပြီး အရေပြားနဲ့ ကြွက်သားများ ရောင်ရမ်းတဲ့ရောဂါကို ဖြစ်စေနိုင်ပါတယ်။ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လူကြီးတွေမှာ အသက် ၄၀နဲ့၆၀ကြား၊ ကလေးတွေမှာ ၅နှစ်နဲ့ ၁၅နှစ်ကြား ကွာခြားတတ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဒီရောဂါရှိတယ်လို့ သံသယရှိရင် အောက်ပါစမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။ဆေးဝါးကုသခြင်း၊ ကာယကုသခြင်း၊ ခွဲစိတ်ထြင်း စတဲ့နည်းလမ်းတွေ ပါဝင်ပါတယ်။ပရနီဆလုံးလို ကော်တီကိုစတီးရွိုက်ဆေးတွေကို အများစုမှာ သုံးကြပါတယ်။ သောက်ဆေးရှိသလို လိမ်းဆေးလည်း ရှိပါတယ်။ ကော်တီကိုစတီးရွိုက်ဟာ ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်မှုကိုလျော့ကျစေရာကနေ ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ ခုခံပစ္စည်းတွေကို လျော့နည်းစေပါတယ်။ကော်တီကိုစတီးရွိုက်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ပမာဏများများကို ကာလကြာကြာ မသုံးသင့်ပါဘူး။ ဆရာဝန်ဟာ ဆေးပမာဏများများပေးရာကနေ တဖြည်းဖြည်းချင်း လျှော့သွားပါလိမ့်မယ်။ကော်တီကိုစတီးရွိုက်နဲ့တင် မထိရောက်ဘူးဆိုရင် ကိုယ်ခံအားကိုလျော့ကျစေဖို့ တခြားဆေးတွေပါ ညွှန်းနိုင်ပါတယ်။Immunoglobulin အကြောဆေး (IVIG)။ဒီရောဂါရှိရင် အရေပြားနဲ့ကြွက်သားတွေကို တိုက်ခိုက်တဲ့ ခုခံပစ္စည်းတွေ ထုတ်လုပ်ပါတယ်။ Immunoglobulin ဟာ အဲဒီခုခံပစ္စည်းတွေကို တားဆီးပေးနိုင်ပါတယ်။ IVIG မှာ သွေးလှူထားတဲ့ လူထောင်ပေါင်းများစွာဆီက ရယူထားတဲ့ ခုခံပစ္စည်းတွေ ပေါင်းစပ်ထားပါတယ်။ သွေးကြောထဲကတဆင့် ပေးပါတယ်။အခြားကုသမှုများ။ဆရာဝန်ဟာ အောက်ပါနည်းလမ်းတွေကိုလည်း ညွှန်းနိုင်ပါတယ်။ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အရေပြားနှင့်ကြွက်သားများရောင်ရမ်းခြင်း အတွက် အထောက်အကူ ပြုသလဲ။အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/dermatomyositis-%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%82%94%e1%81%be%e1%80%80%e1%80%bc%e1%80%80%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8/
ဝှေးစေ့ပူရင် မြုံတတ်သလား
မြုံတယ်လို့ပြောလိုက်ရင် အခါခပ်သိမ်း အမျိုးသမီးတွေ အပြစ်ပဲ မဟုတ်ပါဘူး။ လေ့လာချက်တွေအရ ကလေးမရတဲ့ အတွဲတွေမှာ ၃ပုံ ၁ပုံလောက်က အမျိုးသား ပြစ်ချက်ကြောင့်ပါတဲ့။ အမျိုးသားတွေ မြုံရတဲ့ အကြောင်းရင်းတွေထဲမှာ ဝှေးစေ့ ပူနေတာကြောင့်လည်း ပါပါတယ်။ ဝှေးစေ့ပူရင် မြုံနိုင်လားဆိုတာ ဆက်ကြည့်ရအောင်။ဝှေးစေ့ပူရင်  မြုံတတ်သလား။အမေ့ဗိုက်ထဲ သန္ဓေသားဘဝမှာဝှေးစေ့က ဝမ်းဗိုက်ထဲမှာ ရှိပါတယ်။ နောက်ပိုင်းကျမှ အောက်ကို ဆင်းလာပြီး ကပ္ပာယ်အိတ်ထဲကို ရောက်လာတာပါ။ ဘာကြောင့် ဆင်းလာရတာလဲဆိုတော့ ဝမ်းတွင်းအပူချိန်က ပူလွန်းတာကြောင့်ပါ။ ဒီလို ပူနေရင် ဝှေးစေ့က သူ့အလုပ်ဖြစ်တဲ့သုက်ကောင်လေးတွေ ထုတ်တာကို ကောင်းကောင်း မလုပ်နိုင်ပါဘူး။ဒါကြောင့် ခန္ဓာကိုယ်နဲ့ ထိမနေဘဲ တွဲလောင်းနေနေတာပါ။ ဝှေးစေ့ရဲ့ အပူချိန်က ခန္ဓာကိုယ်အပူချိန်ထက် နည်းပါတယ်။ ၃၂-၃၅ ဒီဂရီစင်တီဂရိတ်လောက်ပဲ ရှိပါတယ်။ ခန္ဓာကိုယ် အပူချိန်က ၃၇ ဒီဂရီစင်တီဂရိတ်ပါ။ ဒီလို အပူချိန်နည်းနေအောင် သဘာဝတရားကြီးက ဖန်တီးပေးထားပါတယ်။ဝှေးစေ့ကို သွေးထောက်ပံ့တဲ့ ပုံစံက သဘာဝအရကိုက အပူချိန်နည်းနေအောင် ဖန်တီးထားပါတယ်။ ဝှေးစေ့ကို စစဝင်လာချင်းမှာ သွေးရဲ့ အပူချိန်က ကိုယ်တွင်းအပူချိန်က အတူတူပါပဲ။ ဒါပေမယ့် အပူချိန်နည်းသွားအောင်pampiniform plexusလို့ ခေါ်တဲ့ သွေးကြောတွေက ဖန်တီးပေးလိုက်ပါတယ်။ ဒီလိုမှ ဝှေးစေ့က သုက်ကောင်ကို ကောင်းကောင်းထုတ်နိုင်ပြီး ကျန်းမာတဲ့ သုက်ကောင်တွေ ထွက်လာမှာပါ။ရောဂါကြောင့် ပူတာရှိသလို ကိုယ့်ရဲ့ နေထိုင်မှုပုံစံကြောင့် အပူချိန်များနေရတာလည်း ရှိပါတယ်။သန္ဓေသားဘဝမှာ ဗိုက်ထဲမှာ ရှိနေတဲ့ ဝှေးစေ့က ကပ္ပာအိတ်ထဲကို ဆင်းမလာဘဲ ဗိုက်ထဲမှာ ကျန်နေတာမျိုးပါ။ တစ်လုံးတည်း ကျန်နေတာ ရှိသလို နှစ်လုံးလုံး ဆင်းမလာတာရှိပါတယ်။ တစ်လုံးတည်း ကျန်ခဲ့ရင်တော့ အောက်ကို ဆင်းလာတဲ့ တစ်လုံးက သူ့အလုပ်သူလုပ်တာကြောင့် ကလေးရနိုင်ပါတယ်။နှစ်လုံးလုံး ကျန်ခဲ့ရင်တော့ ဝမ်းဗိုက်အပူချိန်မှာ သုက်ကောင်ထုတ်ဖို့ ခက်ခဲတာကြောင့် ကလေးရဖို့ ခက်မှာပါ။ ခွဲစိတ်ပြုပြင်လိုက်ရင်တော့ ကလေးရနိုင်ခြေ ပြန်မြင့်လာပါတယ်။ခုနက ပြောတဲ့ ဝှေးစေ့ဆီရောက်တဲ့ သွေးကို အေးအောင်လုပ်ပေးတဲ့ pampiniform plexus က ပုံမှန်မဟုတ်ဘဲ တွန့်ခေါက်ပြီး ကြီးလာတာပါ။ ဘာကြောင့် ဒီလိုဖြစ်လဲဆိုတာ သေသေချာချာ မပြောနိုင်ကြပါဘူး။ သွေးကြောပိတ်တာ၊ ဖိအားများတာလို့ ယူဆကြပါတယ်။ လူပျိုဖော်ဝင်စအချိန်မှာ အဖြစ်များပါတယ်။ ဘယ်ဘက်မှာ ပိုဖြစ်တတ်ပါတယ်။ဒီလိုမျိုး သွေးကြောက ပုံမှန်မဟုတ်တဲ့အတွက် သူ့အလုပ်ဖြစ်တဲ့ သွေးကို အေးအောင်လည်း မလုပ်ပေးနိုင်တော့ပါဘူး။ ဒီလိုနဲ့ ကြာလာရင် သုက်ကောင်ထုတ်လုပ်တာကို ထိခိုက်နိုင်ပါတယ်။ ကောင်းတဲ့အချက်ကတော့ ကုသလိုက်ရင် ပြန်ပြီးကောင်းလာနိုင်တာပါ။ဒီနေရာမှာလည်း ပတ်ဝန်းကျင်ကြောင့်၊ ကိုယ်နေဟန်ထား၊ အလုပ်အကိုင်နဲ့ အလေ့အကျင့်တွေကြောင့် ပါဝင်ပါတယ်။ရာသီဥတု ပူတဲ့အခါ ဝှေးစေ့အပူချိန်လည်း အလိုလိုလိုက်တက်နိုင်ပါတယ်။ အထူးသဖြင့် နွေရာသီပါ။ အပူချိန်များများနဲ့ ရေရှည်ထိတွေ့နေရတာက သုက်ကောင်တွေအတွက် မကောင်းပါဘူး။ ဒါကြောင့် တတ်နိုင်သမျှ အေးတဲ့နေရာကို ပြောင်းနေပါ။ အပူချိန်နည်းအောင် အရိပ်ရတဲ့နေရာ၊ အေးတဲ့နေရာမှာ နားပါ။ ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ဝှေးစေ့ကလည်း အပူချိန် မတက်ဖို့ အရေးကြီးပါတယ်။အထိုင်များတဲ့ သူတွေက ပိုပြီး သတိထားသင့်ပါတယ်။ ထိုင်တာတောင်မှ ခြေထောက်စုထိုင်တာ၊ ခြေချိတ်ထိုင်တာတွေက အတွင်းမှာ အပူအောင်းစေတတ်ပါတယ်။ နောက်ပြီး ထိုင်ခုံကရော လေဝင်လေထွက်ကောင်းတဲ့ထိုင်ခုံ ဖြစ်ရဲ့လားဆိုတာ အရေးကြီးပါတယ်။အထူးသဖြင့် တက္ကစီမောင်းသူတွေ၊ ဘတ်စ်ကားမောင်းသူတွေက တစ်နေကုန် ခုံပူပူကြီးမှာ ထိုင်နေရတယ်။ အင်ဂျင်ကလည်း ပူတယ်။ နွေရာသီဆို ပတ်ဝန်းကျင်ကလည်း ပူနေမယ်။ ဒီလိုမျိုးဆို သုက်ကောင်ထုတ်လုပ်တာကို ထိခိုက်နိုင်ပါတယ်။အလုပ်အကိုင်မှာတော့ အပူနဲ့ ထိတွေ့ပြီး အလုပ်လုပ်ရတဲ့သူတွေက သတိထားသင့်ပါတယ်။ ဥပမာ သံဝရိန်ဆော်တဲ့သူတွေ၊ မီးဖိုနားကပ်ပြီး အလုပ်လုပ်ရတဲ့သူတွေ၊ ရုံးမှာ အထိုင်များတဲ့သူတွေ၊ ခုနက ပြောခဲ့တဲ့ ကားမောင်းတဲ့သူတွေက ဝှေးစေ့အပူချိန်တက်တာ ကြာလာရင် သုက်ကောင်လေးတွေကို ထိခိုက်နိုင်ပါတယ်။နောက်ပြီး စက်ဘီးနဲ့ ပစ္စည်းပို့တဲ့ delivery သမားတွေလည်း သတိထားသင့်ပါတယ်။ နေပူထဲမှာ၊ စက်ဘီးခုံပူပူပေါ်မှာ ထိုင်ပြီး နေ့တိုင်း လိုက်ပို့နေရတာက ကြာလာရင် ဝှေးစေ့အပူချိန်တက်လာမှာပါ။ ဒီတော့ နည်းလမ်းရှာပြီး ကိုယ်နဲ့ ထိတွေ့မယ့် နေရာတွေမှာ အပူချိန်နည်းအောင် ပြင်ဆင်ထားသင့်ပါတယ်။အဝလွန်တဲ့သူတွေက ဝမ်းဗိုက်အောက်ပိုင်းနဲ့ ဆီးခုံတစ်ဝိုက်မှာ အပူချိန် များနေစေပါတယ်။ ဒါက ဝှေးစေ့ အပူချိန်ကို များစေနိုင်ပါတယ်။ ဒါ့ပြင် အဝလွန်ခြင်း ကိုယ်တိုင်ကလည်း မြုံစေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေပါတယ်။အတွင်းခံ ကျပ်ကျပ်တွေ ဝတ်တာ၊ ဘောင်းဘီကျပ်ကျပ်တွေ ဝတ်တာ၊ ညအိပ်ရင်အတွင်းခံ ဝတ်အိပ်တာတွေကလည်း ဝှေးစေ့တစ်ဝိုက်မှာ အပူတွေ အောင်းနေတတ်ပါတယ်။ရေပူနဲ့ ရေချိုးတာကလည်း အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာတော့ အမျိုးသားတွေ ရေနွေးပူနဲ့ ချိုးတာ၊ ရေပူစမ်း စိမ်တာ ရှားပါတယ်။ ဒီလိုရေပူနဲ့ ထိတွေ့တာက စထိတွေ့ပြီး ၁၀မိနစ်လောက်နေရင် ဝှေးစေ့အပူချိန်ကို လိုက်တက်စေပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ ခဏခဏ ရေပူပူနဲ့ မချိုးဖို့၊ ချိုးမယ်ဆိုရင်လည်း ခပ်သွက်သွက်လေး ချိုးဖို့၊ ရေရဲ့ အပူချိန်ကို တတ်နိုင်သမျှ လျှော့ချဖို့ လိုပါတယ်။နောက်ဆုံးတစ်ခုကတော့ လက်ပတော့ကို ပေါင်ပေါ်မှာ တင်ပြီး အလုပ်လုပ်တာပါ။ရုံးသမားတွေသတိထားသင့်ပါတယ်။ လက်ပတော့က အပူက ဝှေးစေ့ကို လာဟပ်တာကြောင့် ဝှေးစေ့အပူချိန်တက်နိုင်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/increased-testicular-temperature-and-infertility/
ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်း နှင့် ပတ်သက်ပြီး သိကောင်းစရာများ
အချို့လူများသည် ခြေဖနောင့်နာခြင်းခံစားနေရသော်လည်း သူတို့ကိုယ်သူတို့ ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်း ဖြစ်သည်ဟု သတိမထားမိတတ်ကြပါ။အောက်ပါတို့သည် ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်း၊ ခြေဖနောင့်နာခြင်းများနှင့် ပတ်သက်ပြီး သိသင့်သောအရာများဖြစ်ပါသည်။ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်းဆိုသည်မှာ ခြေထောက်အောက်ဆုံးအပိုင်းတွင် ခုံးနေသော အနေအထားကို ထိန်းပေးထားသော ထူထဲသည့် တစ်သျူးအလွှာများရောင်ရမ်းခြင်းကို ခေါ်ပါသည်။ ခြေဖနောင့်နာခြင်းသည်လည်း ထိုဖြစ်စဉ်ကြောင့် အများဆုံးဖြစ်ရခြင်းဖြစ်သည်။ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းသည် အသက်ကြီးသူများတွင်ဖြစ်လေ့ရှိသော်လည်း ယင်းကိုဖြစ်စေသော အကြောင်းရင်းကို တိတိကျကျမသိရသေးပါ။သို့သော် ခြေထောက်ကို အမှတ်မထင်ဘဲ ထပ်ခါထပ်ခါ ထိခိုက်မှုများစုပေါင်းလာခြင်းမှ ကြာလာသောအခါ ဒဏ်ဖြစ်ခြင်းဖြစ်သည်ဟု ယူဆရပါသည်။ နာကျင်ဒဏ်ရာသည် ခြေဖနောင့်အရှေ့ ၄ စင်တီမီတာခန့်တွင်ဖြစ်တတ်ပြီး ထိလိုက်လျှင် နာကျင်တတ်ပါသည်။ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းကို ဖြစ်စေနိုင်သော အခြေအနေများမှာ အောက်ပါတို့ဖြစ်ပါသည်။· အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးလွှားခြင်း(အထူးသဖြင့် သင်သည်ထိုအပြုအမူများနှင့် ကျင့်သားမရသေးခြင်း၊ လှုပ်ရှားမှုနည်းသော နေထိုင်မှုပူံစံမျိုးဖြစ်ခြင်း)။· ခြေဖနောင့်နာစေသော၊ ခြေဖဝါးအောက်ခံ မကောင်းသော ရှုးဖိနပ်များ၊ ဒေါက်မြင့် ဖိနပ်များစီးခြင်း။· ကိုယ်အလေးချိန်များလွန်းခြင်းကလည်း ခြေထောက်အောက်ပိုင်း အခုံးနေရာကို ဖိအားများစေပြီး နာကျင်မှုဖြစ်စေသည်။· ခြေဖဝါးကို ဆွဲဆန့်သော အနေအထားများပြုလုပ်မိခြင်း (ဥပမာ- လှေကားထစ်များတက်ခြင်း၊ ခြေဖျားထောက်ခြင်း)။· ခြေချင်းဝတ်နေရာ အကွေးအဆန့်ကောင်းစွာမပြုလုပ်နိုင်သောသူများတွင်လည်း ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းဖြစ်စေနိုင်ပါသည်။ခြေဖနောင့်များ ကြာမြင့်စွာ နာကျင်နေခြင်းကြောင့် သင့်နေ့စဉ်အလုပ်များကို ထိခိုက်လာနိုင်ပါသည်။ ထို့ပြင် ထိုနာကျင်မှုကြောင့် လမ်းလျှောက်သော အနေအထားများ ပြောင်းလဲလာမှုကြောင့် ကြာလာလျှင် ခြေဖဝါး၊ ဒူး၊ တင်ပါးနှင့် ကျောတို့ ဒဏ်ဖြစ်လာနိုင်ပါသည်။ပြေးလွှားခြင်း၊ လမ်းများများလျှောက်ခြင်း၊ ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း ၊ သင့်ခြေဖဝါးကို ဆွဲဆန့်သော အနေအထားပြုလုပ်ခြင်း စသည့် အပြုအမူများသည်ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းနေချိန်တွင် ဖြစ်နိုင်သမျှ ရှောင်ကျဉ်ရမည့် အရာများဖြစ်ပေသည်။မာကြောသော မျက်နှာပြင်များပေါ်တွင် ခြေဗလာနှင့် လျှောက်ခြင်း ရှောင်ကျဉ်ပါ။ သင့်ခြေဖနောင့်ကို ကောင်းမွန်စွာထောက်ပံမပေးနိုင်သော ရူးဖိနပ်များစီးခြင်းကိုရှောင်ကျဉ်ပါ။ ခြေညှပ်ဖိနပ်များစီးခြင်းထက် ကြိုးသိုင်းဖိနပ်များကို ပိုစီးသင့်ပါသည်။သင့်ခြေဖနောင့်အောက်နှင့် ခြေအခုံးအောက်တွင် သက်တောင့်သက်သာဖြစ်စေရန် ရေမြှုပ်ကဲ့သို့ ပစ္စည်းများကို ခုခံပေးပါ။ အမြဲတမ်းခုခံထားလျှင် ပိုကောင်းပါသည်။ ထိုသို့ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ သင့်ခြေဖနောင့်ကို ပုံမှန်ထက် ၁ စင်တီမီတာခန့်မြင့်တက်စေခြင်းဖြင့် အနာသက်သာစေသောကြောင့်ဖြစ်သည်။ခြေဖနောင့်ကို ရေခဲဖြင့် ၁၅- ၂၀ မိနစ်ခန့်ကပ်ပေးခြင်းဖြင့် အနာသက်သာစေပါသည်။ Paracetmol ကဲ့သို့ အနာပျောက်ဆေးများသည် အနာသက်သာစေသလို Ibuprofen အရောင်ကျဆေးများကိုလည်း တခါတရံသုံးစွဲနိုင်ပါသည်။ သို့သော်ထိုဆေးများမသောက်မီ ကျန်းမာရေးဝန်ထမ်းများ၏ အကြံပေးချက်များကို ခံယူသင့်ပါသည်။ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းသူအများစုသည် ခြေချင်းဝတ်အရွတ်များ တင်းနေခြင်းကြောင့်းအများဆုံးဖြစ်သောကြောင့် ခြေချင်းဝတ်နေရာကို ဖြေးညှင်းစွာ ဆွဲဆန့်ပေးခြင်းဖြင့် နာကျင်မှုများကို သက်သာစေပါသည်။ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများသည် ညဘက်အိပ်ရာမှနိုးလျှင် တင်းမာပြီး နာကျင်မှုများကို ပိုဆိုးစေပါသည်။ ထိုလေ့ကျင့်ခန်းကို ပြုလုပ်ခြင်းဖြင့် ခြေဖနောင့်၏ အောက်နှင့် အပေါ်တွင်ရှိသော တွယ်ဆက်တစ်သျူးများနှင့် အရွတ်များကို ပြေလျော့စေပြီး နာကျင်မှုကို သက်သာစေပါသည်။ထို့ပြင် သင့်ဆရာဝန်ကလည်း ကိုယ်လက်သန်စွမ်းရေးကုထုံးများကို ကုသရန်အကြံပေးပါလိမ့်မည်။လူတယောက်နှင့်တယောက်လှုပ်ရှားမှုများပြုလုပ်နေရခြင်း နှင့် အနာကိုခံနိုင်ရည်ရှိခြင်းအပေါ်မူတည်ပြီး နာကျင်မှုအတိုင်းအတာသည် ကွာခြားမှုရှိပါသည်။ တွယ်ဆက်တစ်သျူးများသည် အနာကျက်နှေးသောကြောင့် အနည်းဆုံး ၆ ပတ်ခန့်အချိန်ယူမှသာ သက်သာလာမည်ဖြစ်သည်။ သို့သော် အနာပျောက်ဆေးများသုံးပါက သင့်နာကျင်မှုကို ပိုမိုလျှင်မြန်စွာသက်သာစေမည်ဖြစ်ပါသည်။သင်ဖြစ်နေသော ပြသနာများကို ဆရာဝန်ထံသို့သါားပြသင့်ပါသည်။ ထိုထက်ပိုသင့်တော်သော အခြားအကောင်းဆုံးနည်းလမ်းမရှိပါ။အချုပ်ဆိုရသော် အထက်ဖော်ပြပါ အကြံပေးချက်များသည် သင့်တွင်ဖြစ်နေသော ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်းကို သက်သာစေရန်နှင့် ထိုသို့မဖြစ်အောင်ကာကွယ်ရန်အကြံပေးချက်များဖြစ်ပေသည်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/%e1%80%81%e1%80%bc%e1%80%b1%e1%80%96%e1%80%9d%e1%80%ab%e1%80%b8%e1%80%9b%e1%80%be%e1%80%ad%e1%80%90%e1%80%bd%e1%80%9a%e1%80%ba%e1%80%86%e1%80%80%e1%80%ba%e1%80%90%e1%80%85%e1%80%ba%e1%80%9e%e1%80%bb/
ဒါတွေက ကိုယ်ဝန်ပျက်ကျစေနိုင်တယ် ဆိုတာ တကယ်လား......
အမျိုးသမီးတစ်ယောက် အတွက် စိတ်အလှုပ်အရှားရဆုံးအချိန်ကမေမေဖြစ်မယ့် အခွင့်အရေးရဲ့ အစပျိုးချိန် ကိုယ်ဝန်ဆောင်ချိန်မှာ ပါ။ မွေးဖွားလာမယ့် ရင်သွေးလေးကို ကျန်းမာပျော်ရွှင်စွာနဲ့ မွေးဖွားချင်တဲ့ဆန္ဒ မိခင်တိုင်းမှာ ရှိပါတယ်။ ဒီဆန္ဒလေးကို အကောင်းဆုံး အကောင်အထည်ဖော်နိုင်ဖို့ ဆင်ခြင်ရတာတွေကလည်း အများကြီးပါ။ ဒီတစ်ခေါက်တော့ မေမေတို့ရဲ့ ပူပန်မှုကို မတိုးစေဖို့ကိုယ်ဝန်ဆောင်မေမေတိုင်း သိထားသင့်တဲ့ အကြောင်းလေးကို ပြောပြပေးပါရစေ။ကိုယ်ဝန်ဆောင်ချိန်က အတိမ်းအစောင်းမခံတဲ့ ကာလပါ။ ဒီကာလမှာ ဒီစကားတွေကြောင့် မေမေရောဘေ​ဘီလေးပါမထိခိုက်စေဖို့ သတိပြုစေချင်ပါတယ်။ ဒါတွေက ကိုယ်ဝန်ပျက်ကျစေနိုင်တယ် ဆိုတာ တကယ်လား…… အမှန်က ဘာတွေဖြစ်မလဲ။ ဘာတွေက လွဲမှားစွာ သိထားမိတာလဲဆိုတာကို ဆန်းစစ်ကြည့်လိုက်နော်။ပထမတစ်ကြိမ် ကိုယ်ဝန်ပျက်ကျဖူးရုံနဲ့တော့ နောက်တစ်ကြိမ်မှာ ကိုယ်ဝန်ထပ်မပျက်ကျနိုင်ပါဘူး။ ခဏခဏ ကိုယ်ဝန်ပျက်ကျတတ်သူတွေတော့ ရှိပေမယ့် တစ်ခေါက်ပျက်ကျတိုင်း နောက်အခေါက်တွေပါ ပျက်ကျနိုင်တယ်လို့ မှတ်ယူထားလို့ မရပါဘူး။လေ့လာမှုစစ်တမ်းတွေအရ ၂ ကြိမ်ဆက်တိုက် ကိုယ်ဝန် ပျက်ကျဖူးသူတွေမှာ ကိုယ်ဝန်ပျက်ကျနိုင်ခြေက ပုံမှန်ထက် ၂၀ ရာခိုင်နှုန်းပိုများနေပါတယ်။ ၃ ကြိမ်ကိုယ်ဝန်ပျက်ကျဖူးသူတွေမှာတော့ ကိုယ်ဝန်ပျက်ကျနိုင်ခြေက ၃၀ ရာခိုင်နှုန်းအထိ ရှိနေပြီး ၄ ကြိမ်ဆိုရင်တော့ ၄၀ ရာခိုင်နှုန်းအထိရှိနိုင်တယ်လို့ သိရပါတယ်။တကယ်တော့ ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ ကိုယ်ဝန်ပျက်ကျဖူးတာကြောင့် မဟုတ်ပါဘူး။ မျိုးဗီဇပြဿနာ၊ ဟော်မုန်းမမျှတာ၊ မေမေ့မှာ ရောဂါအခံတစ်ခုခုရှိနေတာတွေကြောင့် ကိုယ်ဝန်ပျက်ကျတာပါ။ ဒါကြောင့် ပထမကိုယ်ဝန်ပျက်ကျဖူးတိုင်း နောက်ကိုယ်ဝန်လည်းပျက်ကျနိုင်ခြေများတယ်လို့ မယူဆစေချင်ပါဘူး။ဒီလက္ခဏာတွေကို ကိုယ်ဝန်ဆောင် မေမေတိုင်း စိုးရိမ်မယ်ဆိုတာ ပြောနေစရာတောင် မလိုအောင်ပါ။ ဒါပေမယ့် ဒီလက္ခဏာတွေက ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာဖြစ်တတ်ပါတယ်။ အရမ်းစိုးရိမ်ဖို့ မလိုတဲ့ အနေအထားပါ။ ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ သွေးအနည်းငယ်ဆင်းတာက ကိုယ်ဝန်ဆောင်မေမေတွေရဲ့ ၄၀ ရာခိုင်နှုန်းနီးပါး ခံစားရလေ့ရှိတဲ့ လက္ခဏာတစ်ရပ်ပါ။သန္ဓေသားက သားအိမ်နံရံမှာတွယ်ကပ်တဲ့အချိန်မှာ သွေးအနည်းငယ်ဆင်းတတ်ပါတယ်။ ဒါ​ကြောင့် ဗိုက်ထဲကအောင့်တယ်၊ သွေးနည်းနည်းဆင်းတယ်ဆိုတိုင်း ကိုယ်ဝန်ပျက်ကျနိုင်တယ်လို့ မဆိုသာပါဘူး။ ပမာဏများတယ်၊ ဆီးစပ်ကိုက်တယ်ဆိုရင်တော့ သတိထားပါ။ဒီအချက်က မမှန်ဘူးလို့ပဲ ပြောပါရစေ။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ရဲ့ ကိုယ်ခံအားက သာမန်အချိန်ထက် နည်းနေတတ်ပါတယ်။ ဒါ​ကြောင့် ဖျားနာလွယ်မယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။ အဖျားမကြီးဘူး။ သာမန်အဖျားလောက်ပဲဆိုရင်တော့ ဘေဘီလေးကို မထိခိုက်စေနိုင်ပါဘူး။ တကယ်လို့ အဖျားကြီးမယ်ဆိုရင်တော့ ဆရာဝန်ကို အမြန်ဆုံးသွားပြစေချင်ပါတယ်။ဒါက လေ့လာမှု အထောက်အထားတွေမရှိသေးပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို လုပ်သင့်ပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုးမဟုတ်ဘဲ လမ်းလျှောက်တာ၊ ကိုယ်ဝန်ဆောင်ယောဂလေ့ကျင့်တာလိုမျိုး ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတွေကို လုပ်ပေးလို့ရပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်တဲ့အခါ အရမ်းပင်ပန်းတာမျိုးကို မလုပ်ပါနဲ့။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်းလည်း ရေကို လုံလောက်အောင်သောက်ပေးပါ။ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပေးတာက မွေးဖွားရလွယ်ကူစေပြီး မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။မျိုးဗီဇကြောင့်ဆိုရင်တော့ ကြိုတင်ကာကွယ်ဖို့ခက်ခဲတယ်ဆိုပေမယ့် တခြားအကြောင်းရင်းတွေကိုတော့ ကာကွယ်လို့ရပါတယ်။ ကိုယ်ဝန် မပျက်ကျစေချင်ဘူးဆိုရင်။ဒီအချက်တွေကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးကိုပါ မထိခိုက်စေနိုင်တာကြောင့် ဒီအချက်တွေကောင့်စိတ်ဖိစီးမှုဖြစ်မနေဖို့ မေမေတို့ကို ပြောပါရစေ။ ဒါတွေက ကိုယ်ဝန်ပျက်ကျစေနိုင်တယ် ဆိုတာ တကယ်လား…… ဆိုတဲ့ အဖြေ ထွက်လောက်ပြီ ထင်ပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/myths-about-miscarriage/
ဒန့်သလွန်ရွက်
ဟင်းခါးလေး ချက်သောက်သောက်၊ အာလူးလေးနဲ့ ကြော်စားစား စားလို့ ကောင်းတဲ့ ဒန့်သလွန်ရွက်လေးကို သဘောတကျ စားတတ်သူလေးတွေ ရှိလား ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ဒန့်သလွန်ရွက် ဆိုတာက တောင်အာရှဒေသမှာ အပေါက်ရောက်များတဲ့ အပင်တစ်မျိုးဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ အပူပိုင်းဒေသတော်တော်များများမှာပေါက်ရောက်လာပြီဖြစ်ပါတယ်။ ဒန့်သလွန်ပင်ရဲ့အရွက်ကို တိုင်းရင်းဆေးတွေထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက အသုံးပြုခဲ့ကြပါတယ်။ဒန့်သလွန်ပင်ဟာ ပင်စည်က အဖြူရောင်ဖြစ်ပြီး ကြွတ်ဆတ်တဲ့အကိုင်းအလက်တွေနဲ့ ဘဲဥပုံအစိမ်းရောင်အရွက်တွေပါရှိပါတယ်။ ဒန့်သလွန်ရွက်မှာ ပရိုတင်း၊ ကယ်လလ်ဆီယမ်၊ ဘီတာ ကယ်လ်ရိုတင်း၊ ဗီတာမင် စီ၊ ပိုတက်ဆီယမ်တို့လိုမျိုး အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ဒန့်သလွန်ရွက်မှာ မှိုပိုးတွေကိုသေစေနိုင်တဲ့ အာနိသင် ရှိသလို ရောဂါပိုးတွေကိုလည်း တိုက်ဖျက်နိုင်တဲ့ အစွမ်း ရှိပါတယ်။ရောင်ရမ်းမှုကို လျော့ပါးစေနိုင်စွမ်းလည်း ရှိပါတယ်။ဒန့်သလွန်ရွက် နဲ့ ဒန့်သလွန်သီးတို့မှာ အာဟာရဓာတ်ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်း၊ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒန့်သလွန်ရွက်မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အမိုင်နို အက်ဆစ်လည်းကြွယ်ဝစွာပါဝင် ပါတယ်။ ဒန့်သလွန်ရွက်နဲ့ဒန့်သလွန်သီးတွေမှာ ဗီတာမင်အေ၊ ဗီတာမင်B1 (သိုင်ရာမင်)၊ B2 (ရီဗိုဖလာပင်), B3 (နီရာဆင်), B-6၊ folate နဲ့ ascorbic အက်ဆစ် (ဗီတာမင် C) တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒန့်သလွန်ရွက်နဲ့အသီးမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ဖော့ဖရိတ်နဲ့ဇင့်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အဆီပါဝင်မှုအရမ်းနည်းသလို အန္တရာယ်ရှိတဲ့ ကိုလက်စထရောတွေလည်းမပါဝင်ပါဘူး။ဒန့်သလွန်ရွက်က ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။ဒန့်သလွန်ရွက်မှာ ခန္ဓါကိုယ်ရဲ့ဖွဲ့စည်းမှုနဲ့ ပရိုတင်းတွေဖြစ်ပေါ်မှုအတွက် အသုံးဝင်တဲ့ အမိုင်နိုအက်ဆစ် ၁၈ မျိုးပါဝင်ပါတယ်။ အဆိုပါအက်ဆစ်တွေက ကိုယ်ခန္ဓါရဲ့လုပ်ငန်းစဉ်တွေပုံမှန်လည်ပတ်စေဖို့ အထောက်အကူပြုပေးပါတယ်။ဒန့်သလွန်ရွက်မှာ သံဓါတ်၊ရောင်ရမ်းမှုကို ကျဆင်းစေတဲ့အာနိသင်နဲ့ရောဂါပိုးတွေကိုသေစေနိုင်တဲ့အစွမ်းသတ္တိတွေပါဝင်ပါတယ်။ ဒန့်သလွန်ရွက်က အနာတွေ၊အပူလောင်တာနဲ့ပြန်ရှဒဏ်ရာတွေလိုမျိုး အသေးစားဒဏ်ရာတွေကို သက်သာစေနိုင်ပါတယ်။ အနာကျက်လည်းမြန်စေပါတယ်။နို့တိုက်မိခင်တွေမှာ နို့ထွက်စေဖို့အတွက် ဒန့်သလွန်ရွက်စားသုံးပေးတာကိုရှေးယခင်ကာလတွေကတည်းကအသုံးပြုခဲ့ကြပါတယ်။ ဒန့်သလွန်ရွက်က နို့တိုက်မိခင်တွေမှာ နို့ထွက်ကောင်းအောင်အထောက်အကူပေးပါတယ်။ဒန့်သလွန်ရွက်မှာ အဆီတွေကိုလောင်ကျွမ်းစေပြီး ခန္ဓါကိုယ်ကိုကျစ်လျစ်သွယ်လျစေတဲ့ အစွမ်းတွေရှိပါတယ်။ ဒန့်သလွန်ရွက်က ကိုယ်ခန္ဓါကို ကျစ်လျစ်သွယ်လျစေသလို အားအင်ပြည့်စေပါတယ်။ ဒန့်သလွန်ရွက်ကို သရေစာတွေစားချင်စိတ်ကိုဖျောက်ဖျက်ပေးပြီး ကျန်းမာတက်ကြွတဲ့ ဘဝနေထိုင်မှုတစ်ရပ်ဖန်တီးဖို့အတွက် အသုံးပြုနိုင်တဲ့ သဘာဝဆေးနည်းကောင်းတစ်ခုပါ။ ကိုလက်စထရောပမာစ နည်းတာက နှလုံးရောဂါခံစားရနိုင်ခြေကိုလျော့ချပေးသလို အခြားနှလုံးသွေးကြောရောဂါတွေခံစားရနိုင်ခြေကိုလျော့ချရာမှာလည်း အထောက်အကူပြုပါတယ်။ဒန့်သလွန်ရွက်ရဲ့နောက်ထပ်အကျိုးကျေးဇူးတစ်ရပ်က ဆီးချိုရောဂါကိုထိန်းချုပ်ပေးတာပဲဖြစ်ပါတယ်။ ဒန့်သလွန်ရွက်က အချိုဓါတ်မပါဘဲ ခန္ဓါကိုယ်အတွက် စွမ်းအင်တွေထောက်ပံ့ပေးပါတယ်။ ဒန့်သလွန်ကသွေးတွင်းသကြားဓါတ်ကိုလျှော့ချပေးနိုင်တဲ့ဆေးဖက်ဝင်အပင်တစ်မျိုးပါ။ခန္ဓါကိုယ်ရဲ့ ဆဲလ်တွေကျန်းမာစေဖို့အတွက် အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတဲ့အရာတစ်မျိုးဖြစ်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကင်ဆာရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်သလို အသက်အရွယ်အိုမင်းမှုဖြစ်စဉ်ကိုလည်းနှေးကွေးစေပါတယ်။ ဒန့်သလါန်ရွက်မှာ အရေပြားကို အားဖြည့်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း အမျိုး ၃၀လောက်ပါဝင်ပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ဒန့်သလွန်ရွက်ကိုထည့်သွင်းစားသုံးပေးမယ်ဆိုရင် ခန္ဓါကိုယ်ရဲ့ဇီဝတွင်းဖြစ်ပျက်မှုကို လှုံ့ဆော်ပေးမှာဖြစ်သလို ကိုယ်အလေးချိန်ကိုလည်းကျဆင်းစေမှာဖြစ်ပါတယ်။ဒန့်သလွန်ရွက်မှာ ဆံပင်နဲ့ဦးရေပြားကိုအကျိုးပြုတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အများအပြားပါဝင်နေပါတယ်။ ဒန့်သလွန်ရွက်ကို ဆံပင်နဲ့ဦးရေပြား သန့်ရှင်းစေဖို့၊ဆံပင်ကျွတ်သက်သာစေဖို့ နဲ့ ဗောက်မထစေဖို့အတွက်အသုံးပြုနိုင်သလို ဆံသားခြောက်သွေ့ပျက်စီးတာမျိုး မဖြစ်အောင်ကာကွယ်ရာမှာလည်း အထောက်အကူပြုပါတယ်။ ဒန့်သလွန်ရွက်မှာ ဆံသားကိုကျန်းမာသန်စွမ်းစေတဲ့ ဗီတာမင်B1 ၊ B2 ၊ B3 ၊ B-6 ၊ folate နဲ့ဗီတာမင် C တို့ပါဝင်နေပါတယ်။ ဒန့်သလွန်ရွက်က ဦးရေပြားမှာသွေးလည်ပတ်မှုကိုတိုးတက်စေသလို ဆံပင်သန်စွမ်းမှုကို အထောက်အကူပေးပါတယ်။ ဦးရေပြားမှာသွေးလည်ပတ်မှုကောင်းမွန်တဲ့အခါ ဆံတွင်းပေါက်လေးတွေကို အာဟာရပြည့်ဝစေပြီး ဆံပင်တွေကို သန်စွမ်းနက်မှောင်စေပါတယ်။ဒန့်သလွန်ရွက်က အာရုံကြောစနစ်မှာ ချို့ယွင်းမှုတွေမဖြစ်အောင်တိုက်ထုတ်ရာမှာ အထောက်အကူပေးပါတယ်။ ဒန့်သလွန်ရွက်ကခေါင်းတစ်ခြမ်းကိုက်တာ၊ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာနဲ့ အခြားအာရုံကြောဆိုင်ရာဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကိုတိုးတက်ကောင်းမွန်စေပါတယ်။ အယ်လ်ဇိုင်းမားလိုမျိုးရောဂါတွေမဖြစ်အောင်ကာကွယ်ရာမှာလည်းအထောက်အပံ့ပေးပါတယ်။ဒန့်သလွန်ရွက်က အစာကျေလွယ်ပြီး အစာချေဖျက်မှုကိုကောင်းမွန်အောင်အထောက်အကူပေးပါတယ်။ ခန္ဓါကိုယ်အစိတ်အပိုင်းတွေက အာဟာရဓါတ်တွေကို ပိုမိုစုပ်ယူနိုင်စေပါတယ်။ဒန့်သလွန်ရွက်က ခန္ဓါကိုယ်တွင်းကအဆိပ်အတောက်တွေကိုပြေစေပြီးသွေးသန့်စေပါတယ်။ဒန့်သလွန်ရွက်က စွမ်းအင်ပြည့်ဝစေပါတယ်။ ဒန့်သလွန်ရွက်က အချိုဓါတ်လုံးဝမပါဝင်ဘဲ သဘာဝနည်းအတိုင်း ခန္ဓါကိုယ်ကို စွမ်းအင်ပြည့်ဝစေတာဖြစ်ပါတယ်။ဒန့်သလွန်ရွက်က အရေပြားကအဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကို ဖယ်ရှားပေးပြီး အရေပြားကိုနုပျိုစေပါတယ်။ အသားအရေကိကြည်လင်စေပြီး ဖြူဝင်းလှပစေနိုင်ပါတယ်။ ဝက်ခြံနဲ့အမဲစက်တွေဖြစ်ပေါ်မှုကိုလည်း သက်သာစေပါတယ်။ဒန့်သလွန်ရွက်မှာ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့အာနိသင်နဲ့ မှိုပိုးကိုတိုက်ဖျက်နိုင်တဲ့အာနိသင်တွေရှိတာကြောင့် ကူးစက်ရောဂါတွေတိုက်ဖျက်ရာမှာ အထောက်အကူပြုပါတယ်။ ဒန့်သလွန်ရွက်က အရေပြားမှာကူးစက်ရောဂါဖြစ်စေတဲ့ မှိုပိုးတွေကိုတိုက်ဖျက်ပေးသလိုသွေးနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုလည်း တိုက်ဖျက်ပေးပါတယ်။ဒန့်သလွန်ရွက်မှာpolyphenols များစွာပါဝင်တာကြောင့် အသည်းကို အဆိပ်အတောက်ဖြစ်စေတာနဲ့ပျက်စီးတာမျိုးတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ဒန့်သလွန်ရွက်မှာ ကယ်လ်ဆီယမ်နဲ့ဖော့စဖရိတ်လိုမျိုး မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တွေပါဝင်တာကြောင့် အရိုးတွေကျန်းမာသန်စွမ်းအောင် ထိန်းသိမ်းပေးပါတယ်။ ဒန့်သလွန်ရွက်ကရောင်ရမ်းမှုကိုလျော့ကျစေတာကြောင့် အဆစ်ရောင်နာလိုမျိုး အရိုးအဆစ်တွေနာကျင်တဲ့ဝေဒနာတွေကို ကုသရာမှာထိရောက်တဲ့အစွမ်းအာနိသင်တွေရှိပါတယ်။ ဒန့်သလွန်ရွက်က အရွတ်တွေမှာဖြစ်တဲ့ နာကျင်မှုတွေကို သက်သာစေနိုင်တဲ့အစွမ်းလည်းရှိပါတယ်။ဒန့်သလွန်ရွက်ကကျောက်ကပ်၊ဆီးအိမ်နဲ့ သားအိမ်ထဲမှာကျောက်တည်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒန့်သလွန်မှာကျောက်တည်တာကိုလျှော့ချပေးနိုင်တဲ့အစွမ်းသတ္တိရှိသလိုendogenous oxalate synthesis ကိုထိန်းချုပ်ရာမှာလည်းအထောက်အကူပြုပါတယ်။ဒန့်သလွန်ရွက် အဆီအနှစ်ကဆေးဝါးတွေနဲ့ အဆိပ်ရှိတဲ့အရာတွေနဲ့ထိတွေ့မိတာကြောင့်ဖြစ်တဲ့ကျောက်ကပ်ပျက်စီးတာတွေကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ဒန့်သလွန်မှာပါတဲ့ nephroprotectiveကကျောက်ကပ်ကိုထိခိုက်မှုတွေကိုလျော့ကျစေပါတယ်။nephroprotective က ထိရောက်တဲ့bio-absorbent အဖြစ်လုပ်ဆောင်ပေးပြီး ခန္ဓါကိုယ်တွင်းက အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ အန္တရာယ်ရှိတဲ့အရာတွေကိုဖယ်ရှားရာမှာ အထောက်အကူပြုပါတယ်။ဒန့်သလွန်မှာ သန္ဓေတားပေးနိုင်စွမ်းရှိပါတယ်။ ဒန့်သလွန်ရဲ့အဆီအနှစ်ကိုဟော်မုန်းပျက်စီးစေမှု ( estrogenic activity) လုပ်ဆောင်ရာမှာအသုံးပြုကြသလို သန္ဓေမအောင်စေအောင်ကာကွယ်ရာမှာလည်းအကျိုးပြုပါတယ်။ဒန့်သလွန်ကသွေးပေါင်ချိန်နဲ့ ကိုယ်တွင်းကိုလက်စထရောပမာဏကို သင့်တင့်တဲ့အနေအထားဖြစ်အောင် ထိန်းညှိရာမှာ အထောက်အကူပြုပါတယ်။isothiocyanate နဲ့ niaziminin တို့လိုမျိုးBioactive ပစ္စည်းတွေကသွေးကြောတွေမပိတ်အောင်ကာကွယ်ပေးသလို အဆုတ်သွေးကြောတွေကို ထိခိုက်စေနိုင်တဲ့သွေးတိုးရောဂါ (pulmonary hypertension)ဖြစ်ပေါ်မှုကိုလည်းလျော့ကျစေနိုင်ပါတယ်။လေ့လာမှုတွေမှာ ဒန့်သလွန်ရွက်မှာပါတဲ့hypocholesterolemic အစွမ်းအာနိသင်က အသည်းအဆီဖုံးတာ၊ ကျောက်ကပ်မှာအဆီများတာနဲ့သွေးတွင်းကိုလက်စထရောပမာဏများတာတွေဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတဲ့ ဒန့်သလွန်ရွက်က မျက်ကြည်လွှာမပျက်စီးအောင် ကာကွယ်ရာမှာ အထောက်အပံ့ပေးနိုင်ပါတယ်။ ဒန့်သလွန်ရွက်မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက မျက်ကြည်လွှာသွေးကြောတွေ ကျယ်လာတာမျိုးမဖြစ်အောင်ကာကွယ်ရာမှာ နဲ့ မျက်ကြည်လွှာကြွက်သားတွေမထိခိုက်အောင်ထိန်းသိမ်းပေးနိုင်ပါတယ်။ မျက်လုံးအတွင်းကသွေးကြောနံရံတွေထူမလာအောင် တားဆီးပေးသလို မျက်ကြည်လွှာပျက်စီးတာမျိုးတွေကိုလည်းကာကွယ်ပေးပါတယ်။ဒန့်သလွန်ရွက်က သွေးအားနည်းရောဂါကိုကုသရာမှာအထောက်အကူပြုပါတယ်။လေ့လာမှုတွေအရ ဒန့်သလွန်ရွက်က ခန္ဓါကိုယ်ရဲ့သံဓါတ်စုပ်ယူမှုကိုကောင်းမွန်စေအောင် အထောက်အပံ့ပေးနိုင်သလိုသွေးနီဥဆဲလ်အရေအတွက်ကိုတိုးစေသလို ပုံမှန်သွေးပေါင်ချိန်ကိုထိန်းသိမ်းရာမှာလည်း အထောက်အကူုပြုပေးပါတယ်။ကလေးငယ်တွေ၊ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ ဒန့်သလွန်ရွက်ကိုမစားခင်မှာ ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။အထက်ပါအချက်တွေကိုဖတ်ရှုပြီး ကျန်းမာရေးနဲ့ညီညွတ်စွာသတိပြုစားသုံးနိုင်ကြစေဖို့ရည်ရွယ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/moringa-leaf-benefits/
အချင်းရှေ့ရောက် ခြင်း
အချင်းဆိုတာ ကိုယ်ဝန်ဆောင်စဥ်မှာ ကလေးလေးကို အာဟာရပေးဖို့အတွက်ရော ကလေးလေးဆီက အညစ်အကြေးတွေကို စွန့်ပစ်ဖို့ရော လုပ်ပေးပါတယ်။ လနုစဥ်မှာ အချင်းက သားအိမ်အောက်ခြေမှာရှိပါတယ်။ ဒါကပုံမှန်ပါ။ ဒါပေမယ့် ကိုယ်ဝန်လရင့်လာတာနဲ့အမျှ အချင်းက အပေါ်ကို တက်လာပြီး သားအိမ်ထိပ် ဒါမှမဟုတ် ဘေးနံရံမှာ တွယ်ရပါတယ်။ ဒါမှကလေးက လွတ်လွတ်လပ်လပ်ကြီးထွားနိုင်မှာပါ။ ဒီလိုမှမဟုတ်ဘဲ သားအိမ်အောက်ခြေမှာပဲ ရှိနေမယ်ဆိုရင်တော့ ဒါကို အချင်းရှေ့ရောက် တယ်လို့ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင် ၂၀၀မှာ ၁ယောက်ဖြစ်တတ်ပါတယ်။ ဆရာဝန်နဲ့ ပြလိုက်လို့ အားလုံးကောင်းပါတယ်။ အချင်းရှေ့ရောက်နေတာတစ်ခုပဲလို့ပြောရင် နားမလည်တတ်ကြပါဘူး။ ဒါကဘာကိုပြောတာလဲဆိုတာကို လေ့လာရအောင်။အချင်းရှေ့ရောက်ခြင်း ၃မျိုးရှိပါတယ်။အချင်းရှေ့ရောက်တာက ဘယ်အမျိုးအစားပဲဖြစ်ဖြစ် ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားချိန်မှာ သွေးဆင်းတာ ဖြစ်တတ်ပါတယ်။ ဒီလိုသွေးဆင်းများနိုင်တဲ့အတွက် အချင်းရှေ့ရောက်တဲ့ ကိုယ်ဝန်ဆောင်အများစုက ခွဲမွေးရတတ်ပါတယ်။အဓိကလက္ခဏာကသွေးဆင်းတာပါ။ အချင်းကောင်းကောင်းဖွံ့ဖြိုးပြီးတဲ့အချိန်ဖြစ်တဲ့ ကိုယ်ဝန်လလယ်လောက်မှ သွေးဆင်းတာပါ။ ဒါ့ပြင်။အချင်းရှေ့ရောက်နေတဲ့ မိခင်က အခြေအနေသိပ်မဆိုးရင် အိမ်မှာနားနေလို့ ရပါတယ်။ တချို့တွေက လရင့်ရင် အလိုလိုနေရာပြန်မှန်သွားတတ်ပါတယ်။ အိမ်မှာနားနေတဲ့အချိန်အတွင်းမှာ အလေးအပင်မမပါနဲ့။ အတူမနေပါနဲ့။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေမလုပ်ပါနဲ့။ အာဟာရပြည့်အောင် စားပြီး နားနားနေနေနေပါ။အယ်ထွာဆောင်းရိုက်ပြီးတော့ သိနိုင်ပါတယ်။ လနုချိန်မှာတော့ အချင်းက နေရာမှန်ဦးမှာ မဟုတ်ပါဘူး။ လရင့်လာရင်တော့ မှန်ပါမယ်။ လရင့်လာတဲ့အထိ  အချင်းက ရှေ့ရောက်နေရင် သတိထားဖို့ လိုပါတယ်။အချင်းရှေ့ရောက်တာနဲ့ မဖြစ်မနေခွဲမွေးရမှာမဟုတ်ပါဘူး။ အချင်းက မွေးလမ်းကြောင်းနဲ့ လွတ်တယ်ဆိုရင်ရိုးရိုးမွေးလို့ရပါတယ်။ အမေအခြေအနေ၊ ကလေးအခြေအနေ၊ သွေးထွက်တဲ့ ပမာဏပေါ်မူတည်ပြီး အိပ်မှာပဲနားရမှာလား၊ ချက်ချင်းမွေးရမှာလား၊ အရေးပေါ်ခွဲစိတ်ရမှာလားဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။တကယ်လို့ လမစေ့ဘဲ မွေးရမယ့်ပုံဆိုရင်တော့။အချင်းရှေ့ရောက် တာကို လုံးဝမဖြစ်အောင်တော့ ကာကွယ်လို့ မရပါဘူး။ ဒါ့ပြင် တစ်ခါ အချင်းရှေ့ရောက်ဖူးရင် နောက်ကိုယ်ဝန်တွေမှာလည်း ထပ်ဖြစ်နိုင်ခြေ ရှိတဲ့အတွက် ဆရာဝန်နဲ့ ကိုယ်ဝန်သေချာအပ်ဖို့ လိုပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/placenta-praevia-explained/
ဖေဖေမေမေတို့သိထားသင့်တဲ့ ကလေးတွေရဲ့ အစာခြေစနစ်ပြဿနာတွေ
အရွယ်သုံးပါးလုံးအတွက် ကျန်းမာဖို့က အရေးကြီးဆုံးဆိုရင် သဘောတူကြမယ်ထင်ပါတယ်နော်။ လူတစ်ယောက်ကျန်းမာဖို့အတွက် အရေးအကြီးဆုံးအချက်က အစာခြေစနစ်ကောင်းမွန်နေဖို့ပါ။ အသက်အရွယ်ကြီးရင့်လာသူတွေအနေနဲ့ ဘယ်အစားအစာက ကိုယ်နဲ့တည့်တယ် မတည့်ဘူးဆိုတာကို ကိုယ်တိုင်ရွေးချယ်နိုင်ပေမယ့် ကလေးတွေကတော့ဖေဖေ အထူးသဖြင့်မေမေတွေက ဂရုစိုက်ပေးမှရမှာပါ။ အခုတစ်ခေါက်တော့ ကလေးတွေမှာ အဖြစ်များတဲ့ အစာခြေပြဿနာလေးတွေနဲ့မေမေတို့အနေနဲ့ ကိုယ့်ရင်သွေးလေးမှာ အစာခြေစနစ်ဆိုင်ရာပြဿနာတွေမဖြစ်အောင်ဘယ်လိုကာကွယ်စောင့်ရှောက်ပေးလို့ရမလဲဆိုတာကိုပြောပြပေးပါရစေ။ကလေးတွေရဲ့ အစာခြေစနစ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အနေအထားတွေကတော်တော်လေးတော့များပါတယ်။ အချို့ အစာခြေစနစ်နဲ့ပတ်သက်တဲ့ပြဿနာတွေက သိမြင်လွယ်ပါတယ်။ ကလေးကဗိုက်အောင့်နေတာ၊ ဝမ်းချုပ်နေတာမျိုးကတော့မေမေတွေအနေနဲ့ အလွယ်တကူသတိထားမိနိုင်ပါတယ်။ အချို့အစာခြေပြဿနာတွေကတော့ အလွယ်တကူသိဖို့ဆိုတာ မလွယ်ပါဘူး။အစာချက်တဲ့လုပ်ငန်းစဉ်အတွင်း စားလိုက်တဲ့အစားအသောက်တွေထဲမှာပါလာတဲ့ အာဟာရဓာတ်တွေကို စုပ်ယူနိုင်ဖို့ အစာခြေစနစ်က စားလိုက်သမျှအစာအစာတွေကို ချေဖျက်လိုက်ပါတယ်။ ကလေးတွေရဲ့ အစာခြေစနစ်က အပြည့်အဝမဖွံဖြိုးသေးတာကြောင့် အစားအသောက်တိုင်းကို ချေဖျက်ဖို့ကမလွယ်ပါဘူး။ ဒါကြောင့် ကလေးတွေမှာ အစာခြေစနစ်ပြဿနာက လူကြီးတွေထက် ပိုဖြစ်လွယ်ပါတယ်။ ကလေးတွေမှာ အစာခြေစနစ်ပြဿနာ အများဆုံးဖြစ်ရတဲ့ အကြောင်းအရင်းက ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေနဲ့ အစာခြေစနစ်က မကျန်းမာတာကြောင့်ပါ။ကလးတွေမှာ အစာခြေစနစ်ပြဿနာဖြစ်ရတဲ့အကြောင်းအရင်းတွေကို နည်းနည်းလောက်ပြောပြပေးပါရစေ။ဖေဖေမေမေတို့ သိထားသင့်တဲ့ ကလေးတွေမှာဖြစ်တတ်တဲ့ အစာခြေပြဿနာတွေကတော့ –။(၁) စားချဉ့်ပြန်ရောဂါ။စားချဉ့်ပြန်ရောဂါက ကလေးတွေမှာ အဖြစ်များတဲ့ အစာခြေစနစ်ဆိုင်ရာပြဿနာတစ်ခုပါ။ ကလေးအများစုမှာတော့ အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုကနှေးပါတယ်။ ကလေးလေးတွေရဲ့ အစာရေမျိုက ဖွံ့ဖြိုးနေဆဲဖြစ်တာကြောင့် အစာအိမ်ထဲက အစာခြေရည်တွေက အစာရေမျိုကနေ အလွယ်တကူပြန်ဆန်တက်လာပါတော့တယ်။ ကလေးကနို့စို့အရွယ်ဖြစ်နေရင်တောင်မှ စားချဉ့်ပြန်ရောဂါဖြစ်လာပါတော့တယ်။ဘယ်လိုကာကွယ်မလဲ။ကလေးတွေမှာ စားချဉ့်ပြန်တာမျိုး မဖြစ်ရလေအောင် –။(၂) အော့အန်ခြင်း။အော့အန်ရတာက ကလေးလေးတွေမပြောနဲ့ လူကြီးတွေအတွက် တောင်တော်တော်လေးခံရခက်ပါတယ်။ ကလေးတွေမှာ ရောဂါပိုးတစ်ခုခုကူးစက်ခံရတာကြောင့် အန်တာက အများဆုံးဖြစ်လေ့ဖြစ်ထရှိတဲ့ချက်တစ်ခုပါ။ ကလေးတွေကို ကျွေးတဲ့အစားအစာတွေ၊ ကလေးကိုကျွေးမွေးရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကသန့်ရှင်းမှုအားနည်းတာကြောင့် ရောဂါပိုးတွေကပ်ညှိနေတာကနေတဆင့် ကလေးရဲ့ ဝမ်းထဲရောက်ပြီးအော့အန်တာတွေဖြစ်လာရပါတယ်။ဘယ်လိုကာကွယ်မလဲ။(၃) ဝမ်းလျှောခြင်း။ကလေးတွေမှာ ဝမ်းလျှောတာဖြစ်ရတာအများစုက Rotavirusကြောင့်ပါ။ အစားအသောက်တွေ မသန့်ရှင်းတာနဲ့ မသန့်ရှင်းတဲ့ရေကြောင့် ဝမ်းလျှောနိုင်ပါတယ်။ဘယ်လိုကာကွယ်မလဲ။ကလေးက ဝမ်းလျှောနေတယ်ဆိုရင် –။(၄) ဝမ်းချုပ်ခြင်း။ဝမ်းချုပ်တာက ကလေးတွေမှာ အဖြစ်များတဲ့နောက်ထပ်ရောဂါတစ်ခုပါ။ ကလေးတွေက နို့စို့တဲ့အရွယ်ကနေ အစားစစားတဲ့အရွယ်မှာ ဝမ်းချုပ်တာ အဖြစ်များပါတယ်။ ကလေးမှာ လိုအပ်တဲ့ရေဓာတ်မပြည့်ဝတာကြောင့်လည်း ဝမ်းချုပ်နိုင်ပါတယ်။ဘယ်လိုကာကွယ်မလဲ။နေ့စဉ်စားသုံးနေတဲ့ စားသောက်မှုပုံစံကိုပြောင်းလဲပေးတာက ဝမ်းချုပ်တာကိုတော်တော်လေးသက်သာစေနိုင်ပါတယ်။ ဒါ့အပြင်။(၅) ဗိုက်နာတာ။ရင်ညွှန့်အောက်ပိုင်း ဝမ်းဗိုက်ပိုင်းနေရာကနေ နာကျင်တာပါ။ ကလေးကဗိုက်နာတဲ့အခါ မအီမသာဖြစ်လာတာတွေ၊ ငိုတာတွေရှိလာနိုင်ပါတယ်။ ဝမ်းချုပ်တာ၊လေထနေတာ၊ အူရောင်တာနဲ့ irritable bowel syndrome တို့ကြောင့် ဗိုက်နာတာဖြစ်နိုင်ပါတယ်။ဘယ်လိုကာကွယ်မလဲ။ကလေးမှာ ဗိုက်နာတာမျိုးမဖြစ်အောင် –။ခန္ဓာကိုယ်ကျန်းမာဖို့မရှိမဖြစ်လိုအပ်တဲ့ အစာခြေစနစ်ကျန်းမာစေဖို့အတွက်ဆိုရင် ကလေးရဲ့နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အစာခြေစနစ်ကို ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေ ရှင်သန်ဖို့အတွက် လိုအပ်တဲ့ prebiotic ပါတဲ့ အစားအသောက်တွေကျွေးမွေးပေးဖို့လိုပါတယ်။ ကလေးလေးတွေရဲ့ ဝမ်းဗိုက်လေးတွေကျန်းမာနေမှ ကလေးက ကျန်းမာသန်စွမ်းပျော်ရွှင်တဲ့ ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းလာမှာဖြစ်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/%e1%80%96%e1%80%b1%e1%80%96%e1%80%b1%e1%80%99%e1%80%b1%e1%80%99%e1%80%b1%e1%80%90%e1%80%ad%e1%80%af%e1%80%b7%e1%80%9e%e1%80%ad%e1%80%91%e1%80%ac%e1%80%b8%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%90-2/
Leg cramps (ခြေထောက်ကြွက်တက်ခြင်း)
ခြေထောက်ကြွက်တက်ခြင်းဟာအဖြစ်များပြီး များသောအားဖြင့်အန္ဓါရယ်မရှိတတ်ပါ။ သင့်ခြေထောက်ကြွက်သားများ တောင့်ပြီး နာလာသောအခြေအနေတခုဖြစ်သည်။ကြွက်တက်ခြင်းသည်မိနစ်အနည်းငယ်လောက်ကြာတတ်ပြီး တခါတရံစက္ကန့်အနည်းငယ်သာကြာတတ်သည်။ ရှားရှားပါးပါး ဆယ်မိနစ်လောက်ကြာသည်လဲရှိတတ်သည်။ တခါတရံ အရမ်းနာကျင်သောကြောင့်လူနာနိုးလာပြီး ကြွက်သားများ ၂၄ နာရီထိနာနေတတ်သည်။အသက်ကြီးလာသည်နှင့်အမျှပိုဖြစ်လာနိုင်သည် အသက်၆၀ကျော်လျင် သုံးယောက်တစ်ယောက်လောက်ဖြစ်တတ်သည်။ အသက်ရှစ်ဆယ်ကျော် လူတစ်ဝက်လောက်တွင်ပုံမှန်ကြွက်တက်တတ်သည်။ ကိုယ်ဝန်ဆောင်မိန်းမများတွင် ကိုယ်ဝန်မရှိသောမိန်းမများထက် ညအချိန်တွင်ကြွက်ပိုတက်တတ်သည်။ကြွက်တက်သော၄၀ရာခိုင်နှုန်းသောသူများသည် တစ်ပါတ်သုံးကြိမ် အချို့ကိစ္စများတွင် နေ့တိုင်းကြွက်တက်နိုင်သည်။.။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။များသောအားဖြင့်ကြွက်တက်ခြင်းသည် ခြေသလုံးကြွက်သား တွင်ဖြစ်တတ်ပြီး ပေါင်နှင့်ခြေဖဝါးတို့တွင်သိပ်မဖြစ်တတ်ပါ။ကြွက်တက်ခြင်းသည် စက္ကန့်အနည်းငယ်မှ ဆယ်မိနစ်ထိကြာတတ်သည်။ ပေါင်ကြွက်သား ကြွက်တက်ပါက ပိုကြာနိုင်သည်။ကြွက်တတ်သောအချိန်တွင် ထိသောကြွက်သားများသည် တောင့်၍ နာလာတတ်ပြီး ခြေဖဝါးခြေချောင်းများတောင့်နေတတ်သည်။ကြွက်တက်ခြင်းသက်သာသွားပါက ခြေထောက်တွင် နာခြင်းကို နာရီအနည်းငယ်လောက်ခံစားရနိုင်သည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ကြွက်တက်ခြင်းသည် တခါတရံတွင်သာဖြစ်ပြီး ဖြစ်စေသောအခြေအနေမရှိပါက ကုသရန်မလိုအပ်ပါ။သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။ကြွက်ခဏခဏတက်ပါက သို့မဟုတ် အအိပ်ပျက်သည်အထိနာကျင်လွန်းပါက နှင့် ကြွက်တက်ပြီးနောက်ရက်တွင် ပုံမှန်လုပ်ဆောင်ချက်များမလုပ်ဆောင်နိုင်တော့ပါကဆရာဝန်နှင့်တိုင်ပင်ပါ။ခြေထောက်ကြွက်သားများ ပိန်လာခြင်း သို့မဟုတ် အားနည်းလာခြင်း။ခြေထောက်ကြွက်တက်ခြင်းသည် ပြင်းထန်သည့်ရောဂါအခြေအနေနှင့်ဆက်စပ်နေသည်ဟုပြသော အခြေအနေနှစ်ခုရှိသည်။အောက်ပါတို့ရှိကအရေးပေါ်ကုသမှုခံယူပါ။ကြွက်တက်ခြင်းက ဆယ်မိနှစ်ကျော်ကြာလာပြီးမသက်သာလာပါက။အဆိပ်ဖြစ်စေသော သို့မဟုတ် ရောဂါဖြစ်စေသော အရာဝတ္ထုတစ်ခုခုနှင့်ထိမိပါက ကြွက်တက်ခြင်း ဥပမာ မြေကြီးမှုံရှိနေသော အရှာင့်ပြတ်ရှမိခြင်း ကြောင့် ဘက်တီးရီးယားပိုးပျံခြင်း ဥပမာ မေးခိုင်ဖြစ်ခြင်း သို့မဟုတ် မာကျူရီ ခဲထိမိခြင်းတို့ကြောင့်ဖြစ်ခြင်း။အကြောင်းအရင်းမသိခြင်း -များသောအားဖြင့် ဖြစ်စေသောအကြောင်းအရင်းမသိပဲဖြစ်သည်ကများသည်။ အချို့သောလေ့လာချက်များအရ ကြွက်သားများ အချိန်ကြာမြင့်စွာတောင့်ထားရပါက ကြွက်သားများတိုပေးရသည့်အတွက် ကြွက်တက်ခြင်းဖြစ်သည်ဟုဆိုသည်။ အိပ်နေသောအချိန်မျိုးတွင်ပိုဖြစ်တတ်သည်- ပုံမှန်အိပ်သည့်ပုံစံသည် ဒူးခေါင်းအနည်းငယ်ကွေးပြီး ခြေထောက်အားအောက်ဆိုက်နေသည့်ပုံစံ(ခြေသလုံးကြွက်သားများတိုထားရခြင်း) ပိုဖြစ်တတ်သည်။ ထိုသို့ ဆန့်ထားခြင်းက သက်သာစေသည်သော အဆိုနှင့် အပြိုင်အဆိုင်ဖြစ်နေသည်။အကြောင်းအရင်းရှိကြွက်တက်ခြင်း-တခါတရ့ ခြေထောက်ကြွက်တက်ခြင်းသည် ဖြစ်စေသောရောဂါအခြေအနေရှိနေတတ်သည်။လေ့ကျင့်ခန်း- အကယ်၍ကြွက်သားအား ဖိစီးမှုအများကြီးပေးထားခြင်း သို့မဟုတ် အကြာကြီးအသုံးပြုထားခြင်း တို့ကြောင့် ကြွက်တက်ခြင်းသည် ထိုအချိန်သို့မဟုတ် လေ့ကျင့်ခန်းပြီးချိန်တွင် ဖြစ်လာတတ်သည်။ အားကစားသမားများသည် ကြွက်တက်ခြင်းပိုခံစားရတတ်သည်။ အထူးသဖြင့် မျော်မှန်းထားသည်ထက် ပိုအလုပ်လုပ်မိခြင်း-ဘောလုံးပွဲများတွင်အချိန်ပိုကစားရပြီးချိန်တွင်ဖြစ်တတ်သည်။ အကယ်၍ ထိုအခြေအနေသည် နွေးနေပါက အားကစားသမားကချွေးအများကြီးထွက်ခြင်း ဆိုဒီယမ်အများကြီးဆုံးရှုံးခြင်းတို့ရှိပါက ကြွက်ပိုတတ်နိုင်သည်။အဒီဆန်ရောဂါ။အရက်သမားသို့မဟုတ် အရက်စွဲခြင်း။အသဲခြောက်ခြင်း။ရေဓါတ်ခန်းခြင်း။ဝမ်းလျောခြင်း။ဆီးဆေးသောက်ခြင်း။လျပ်စစ်ဓါတ်များမမျှတခြင်း။ခြေဖဝါးပြားသောရောဂါ။အစာအိမ်ကိုဖြတ်ထုတ်ထားသောခွဲစိတ်မှုများ။တိုင်းရွိုက်အလုပ်မလုပ်ခြင်း။ကျောက်ကပ်ပျက်ခြင်း။ခဲဆိပ်သင့်ခြင်း။ဆာကွိုက်တိုးစစ်- ဂရန်နျူလိုမေးတက်(အကျိတ်သေး)များမှခန္ဓါကိုယ်အနှံအပြားကိုယောင်စေခြင်း။ကြွက်သားမောပန်းခြင်း။ကြွက်သားအာရုံကြောပြသာနာများ။သန္ဓေတားသောက်ဆေးများ။ပါကင်ဆန်ရောဂါများ။ဘေးသွေးကြောဆိုင်ရာရောဂါများ။ကိုယ်ဝန်ဆောင်သည်များ များသောအားဖြင့်ကိုယ်ဝန်ရင့်ချိန်။အချို့သောဆေးများ ဆီးဆေး ဆာဗျုတမော(ပန်းနာရင်ကြပ်အတွက်ဆေး) နှင့် စတက်တင်များ( သွေးတွင်းအဆီချဆေး)။အမျိုးအစား၂ ဆီးချိုများ။ခြေထောက်ကြွက်တက်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။အသက်၆၀ကျော်ခြင်း-အသက်၆၀ကျော်သောသူ သုံးပုံတစ်ပုံတွင် ၄၀ရာခိုင်နှုန်းခန့်တွင် သုံးကြိမ်သို့မဟုတ် သုံးကြိမ်ထက်မနည်း ကြွက်တက်နိုင်သည်။ကိုယ်ဝန်ဆောင်သည်များ-သုံးပုံတစ်ပုံတွင်ကြွက်တတ်တတ်သည်။ များသောအားဖြင့်ကိုယ်ဝန်ရင့်ချိန်(၂၄ပါတ်)တွင်ပိုဖြစ်တတ်သည်။အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်မှ ရောဂါလက္ခဏာများကိုမေးပြီး ခြေထောက်အားစမ်းသက်မှုများလုပ်လိမ့်မည်။ မေးခွန်းတွင် အနာမည်မျှပြင်းထန်သနည်း ဘယ်နေရာတွင်နာသနည်း ဘယ်လောက်ကြာသနည်း နှင့် ခြေထောက်ကြွက်တက်ခြင်းကြောင့် သင့်ဘဝကိုမည်မျှထိခိုက်စေသည်(အိပ်ခြင်း စိတ်အခြေနေ)တို့ကိုမေးလိမ့်မည်။အခြားရောဂါလက္ခဏာများ ဥပမာ ယောင်ခြင်း ထုံခြင်း ရှိမရှိကိုမေးလိမ့်မည်။ အဓိကရည်ရွယ်ချက်သည် ဖြစ်စေသောအခြေအနေကိုရှာရန်သို့မဟုတ် မဟုတ်သည်ကိုဖယ်ထုတ်ရန်ဖြစ်သည်။ခြေထောက်ကြွက်တက်စေသော အကြောင်းအရင်းမရှိပါက ကုသမှုမလိုပဲပြန်ကောင်းလာနိုင်သည်။အကြောလျော့သောလေ့ကျင့်ခန်းများ-ခြေသလုံးကြွက်သားများပါဝင်ပါက။ခြေထောက်အားဆန့်ထုတ်ခြင်း နှင့် ခြေချင်းဝတ်အားနောက်သို့ကွေးခြင်း ကြောင့်ခြေသလုံးကြွက်သားအကြောလျော့စေသည်။ခြေချောင်းလေးများဖြင့် မိနစ်အနည်းငယ်လမ်းလျောက်ပေးခြင်း။ခြေဖဝါးမြေကြီးနှင့်ထိပြီး တစ်မီတာအကွာတွင်မတ်တပ်ရပ်ပါ။ အရှေ့သို့ကိုင်းပြီး သင့်လက်အားဆန့်ထားပါ သို့သော်ခြေဖမိုးကိုမမပါနှင့်။ ထိုပုံစံအတိုင်းဆယ်မိနစ်ခန့်နေပြီး ခန္ဓါကိုယ်ကိုပြန်ဆန့်ပါ။ ၅ခါဆယ်ခါခန့်လုပ်ပါ။အချို့သူများက ထိုလေ့ကျင့်ခန်းများလုပ်ခြင်းဖြင့် ကြွက်တက်ခြင်းကိုသက်သာစေရုံမက ဖြစ်စေသောအကြိမ်အရေအတွက်အားလည်းသက်သာစေသည်။ ပုံမှန်အားဖြင့် လူနာသည် ထိုလေ့ကျင့်ခန်းကို တစ်နေ့နှစ်ခါသုံးခါထက်ပိုမလုပ်ကြပေ။အနာသက်သာသောဆေးများ။ထိုဆေးများသည် အနာသက်သာစေသော်လည်း အာနိသင်ပြရန်အချိန်လိုအပ်သည်။ ထိုကြောင့် အသုံးအများကြီးမဝင်ပါ။ အကယ်၍ လူတစ်ယောက်တွင် ကြွက်တက်ခြင်း ပြင်းထန်ပါက ကြွက်တက်ပြီး ဆက်နာနေပါက ဆေးဆိုင်တိုင်းတွင်ဝယ်နိုင်သော(ဆရာဝန်ဆေးစာမလိုသော) အနာသက်သာသောဆေးအားသုံးနိုင်သည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ခြေထောက်ကြွက်တက်ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ခြေထောက်ကြွက်တက်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။အကြောလျော့လေ့ကျင့်ခန်းများ။ထိုလေ့ကျင့်ခန်းများက ကြွက်တက်သောအကြီမ်အားလျော့ချပေးနိုင်သည်။ခြေချောင်းများအားထောက်ပံပေးခြင်း။လှဲလျောင်းနေခြင်း သို့မဟုတ် အိပ်နေသောအချိန်တွင်။ကျောပေါ်တွင်လှဲ၍-ခြေထောက်အား ခေါင်းအုံး တခုခုဖြင့်ထောက်ပံ့ပေးထားခြင်း။မှောက်အိပ်ချိန်တွင်- ခုတင်ခြေရင်းတွင် ခြေထောက်အား လွဲစေခြင်း။ခုတင်အပြင်အဆင်-စောင်များအခင်းများနည်းနည်းသာထားပါ။ထိုသို့ပြုလုပ်ခြင်းသည် သင့်ခြေချောင်းခြေဖဝါးက အိပ်နေချိန်ရှေ့သို့ကိုင်းနေခြင်းကိုကာကွယ်ပေးနိုင်သည်။ရေဓါတ်ပြည့်ဝနေပါစေ။ရေဓါတ်ချို့တဲ့ပါက ကြွက်တက်ခြင်းကိုပိုဖြစ်စေပြီး ရေများများသောက်ပါက ကာကွယ်နိုင်သည်။လေ့ကျင့်ခန်း။သင်လေ့ကျင့်ခန်းအစီအစဉ်များတွင်ပါဝင်ပါက သင်နှင့်သင့်တော်ပြိး ရောဂါလဲသက်သာလာသည်ကိုတွေ့ရမည်။ အကယ်၍ ခြေထောက်ကြွက်တက်ခြင်းကိုကာကွယ်လိုပါက အပြင်းအထန်အလုပ်လုပ်ခြင်း သိုမဟုတ် အကြာကြီးလေ့ကျင့်ခန်းလုပ်ခြင်းတို့ရှောင်သင့်သည်။ဖိနပ်။ခြေဖဝါးပြားသောရောဂါရှင်နှင့် အခြားပုံစံဆိုင်ရင်ပြသာနာမျိုးရှိသူများတွင် ခြေထောက်ကြွက်ခြင်းပိုဖြစ်နိုင်သည်။ အထူးလုပ်ထားသောဖိနပ်များကအကူအညီပေးနိုင်သည်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/leg-cramps-%e1%80%81%e1%80%bc%e1%80%b1%e1%80%91%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%80%e1%80%bc%e1%80%bd%e1%80%80%e1%80%ba%e1%80%90%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းနဲ့ပတ်သက်တဲ့ သင်မသိသေးတဲ့အရာလေးခု
ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း (ပေး/ ၊ယူ) မလုပ်ခင် ဗဟုသုတမရှိခြင်းကြောင့်ဖြစ်စေတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအကျိုးဆက်တွေကိုကာကွယ်ဖို့ တချို့အချက်တွေကိုသင်သိထားသင့်ပါတယ်။ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းဟာကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။လူတွေ ပါးစပ်ကတစ်ဆင့် HPV ပိုးကူးစက်ခံရခြင်းကိုလေ့လာတဲ့ သုတေသနအနည်းငယ်သာရှိသော်လည်းလေ့လာမှုတွေကအဖြေအမျိုးမျိုး ပြကြပါတယ်။ အချို့သောသုတေသီတွေကoral HPV ဟာလူတစ်ယောက်နဲ့ တစ်ယောက်ကြားမှာပါးစပ်နဲ့ လိင်ဆက်ဆံမှု (ပါးစပ်မှ စားအိုဝကိုဖြစ်စေ၊ ပါးစပ်မှ လိင်အင်္ဂါတွေကိုဖြစ်စေ)၊ဒါမှမဟုတ် ပါးစပ်ဖွင့်နမ်းခြင်း (French Kiss) ကတစ်ဆင့် ကူးစက်နိုင်တယ်လို့ ယုံကြည်သလိုအချို့ကလည်းယုံကြည်ခြင်းမရှိပါဘူး။ဒါ့ကြောင့် HPV ဟာလူတစ်ယောက်နဲ့ တစ်ယောက်ကိုကူးစက်နိုင်ပါသလားဆိုတဲ့ မေးခွန်းရဲ့ အဖြေကိုသိရှိခြင်းမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အချိန် အကြာကြီးအတူရှိနေခဲ့တဲ့ လိင်ဆက်ဆံဘက်တွေဟာရောဂါပိုးကူးစက် ခံရနိုင်ပါတယ်။ (နှစ်ယောက်လုံးမှာရောဂါပိုးရှိနိုင်ပါတယ်)။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမပြုလုပ်မီမှာကင်ဆာ (လည်ချောင်း၊ ပါးစပ်) ရရှိနိုင်ခြေကိုသေချာစွာတွေးတောသင့်ပါတယ်။ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာလူတိုင်းအတွက် မဟုတ်ပါဘူး။လူတွေ ထင်နေသလိုမျိုးပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာလူတိုင်းအတွက် မဟုတ်ပါဘူး။ နောက်တစ်နည်းပြောမယ်ဆိုရင် အချို့သူတွေကပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာသူတို့ရဲ့ လိင်မှုဘဝမှာမရှိမဖြစ်တဲ့ အစိတ်အပိုင်းအဖြစ် ပုံဖေါ်နေချိန်မှာသင်လည်းဒီအတွေးဝင်သွားနီုင်ပါတယ်။ အဲဒီလိုဖြစ်ခဲ့မယ်ဆိုရင် သင့်ရဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်တဲ့ အတွေအခေါ်တွေကို မျှဝေဖို့မတွန့်ဆုတ်ပါနဲ့။ ဘာလို့လဲဆိုတော့ သင်နဲ့ သင့်ချစ်သူအတွက် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းနည်းတူကျေနပ်သာယာဖွယ်ကောင်းတဲ့ အခြားအရာတွေကိုရှာဖွေဖို့ မခက်ခဲလို့ပဲဖြစ်ပါတယ်။ လိင်ဆက်ဆံခြင်းဆိုတာအလွန်တရာကျေနပ်ဖွယ်ကောင်းသင့်ပြီးအတင်းအကျပ်ပြုလုပ်တာ၊ မနှစ်မြို့စရာမျိုးမဖြစ်သင့်ပါဘူး။ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာသင့်ရဲ့ ရင့်ကျက်ပြီးဖြစ်တဲ့ ဆက်ဆံမှုတစ်ခုကိုအားပေးနိုင်သလို၊ စွန်းထင်းစေနိုင်ပါတယ်။အရွယ်ရောက်ပြီးသူတွေအတွက် ဒါဟာထူးဆန်းပြီးတားမြစ်ထားတဲ့ အရာတစ်ခုမဟုတ်ပါဘူး။ တကယ်တော့ ဒါဟာစွန့်စားမှုကို နှစ်သက်ပြီးအသစ်ကိုရှာဖွေချင်တဲ့ လူတွေကြားမှာအတွေ့များပါတယ်။ ဒါပေမယ့် ဒါဟာချစ်သူတိုင်းဒါကိုစိတ်ပူပန်မှုမရှိပဲလုပ်ကိုလုပ်ရမယ်ဆိုတာမျိုးကိုမဆိုလိုပါဘူး။ အချို့သူတွေကပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းရဲ့ သန့်ရှင်းမှုကိုပူပန်နေချိန်မှာအချို့ကတော့ သူတို့ရဲ့ လိင်ဆက်ဆံသူကိုကျေနပ်စေပါ့မလားဆိုတဲ့ အတွေးတွေကိုတွေးတတ်ကြပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းစဉ် စုံတွဲတွေကြားမှာ နှောင့်ယှက်နိုင်တဲ့ အရာတွေ အများအပြားရှိနိုင်ပါတယ်။ ဒီအရာတွေကို ငြင်ငြင်သာသာသေချာစွာကိုင်တွယ် ဖြေရှင်းခြင်းမရှိရင် နောင်တစ်ချိန်မှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းဟာသင့်အတွက် အရမ်းလွန်တယ်ထင်ပြီးသင်တို့နှစ်ယောက်ကြားဆက်ဆံရေးတွေကိုပျက်ပြားစေတယ်ဆိုရင် ရှေးရိုးအစဉ်အလာတွေကိုသာဆုတ်ကိုင်ထားပါ။ဒါဟာဆယ်ကျော်သက်နဲ့ ကြီးကောင်ဝင်ချိန်တွေမှာပိုအသိများပါတယ်။ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကိုလူကြီးတွေမှာထက် ဆယ်ကျော်သက်တွေကြားမှာပိုမိုတွေ့ရတယ်ဆိုတာမှန်ကန်ပါတယ်။ ဆယ်ကျော်သက်တော်တော်များများဟာမိန်းမကိုယ် လိင်ဆက်ဆံမှု မပြုလုပ်မီပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို ပြုလုပ်ကြတယ်လို့ ဖြေကြားကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ပါးစပ်နဲ့ လိင်ဆက်ဆံတာဟာသူတို့အတွက် အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။ ဘာလို့လဲဆိုတော့ ငယ်ရွယ် မရင့်ကျက်စဉ်အခါကပါးစပ်နဲ့လိင်ဆက်ဆံခဲ့တဲ့သူတွေဟာပိုပြီးဒုက္ခတွေ့တဲ့ အနှုတ်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေ (သို့) တခြားသူတွေကိုယုံကြည်ရန် ခက်ခဲမှုတွေကိုခံစားရတယ်လို့ အစီရင်ခံကြပါတယ်။လူတစ်ယောက်ချင်းစီပေါ်မူတည်ပြီးပါးစပ်နဲ့ လိင်ဆက်ဆံခြင်းဟာသာယာမှုတွေပေးသလိုစိတ်ပူပန်မှုတွေကိုလည်းပေးပါတယ်။ ပါးစပ်နဲ့ လိင်ဆက်ဆံတာဟာသင့်အတွက်လို့ မထင်ခဲ့ရင် အတင်းမလုပ်ပါနဲ့။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/%e1%80%95%e1%80%ab%e1%80%b8%e1%80%85%e1%80%95%e1%80%ba%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%86%e1%80%80%e1%80%ba%e1%80%86%e1%80%b6%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
လှပသောအသားအရေအတွက် ဗီတာမင်နဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများ
အသားအရေလှပနုပျိုသန့်စင်နေအောင်ထိန်းသိမ်းထားနိုင်ဖို့အရေးကြီးဆုံးအချက်သုံးချက်ရှိပါတယ်။ ဒါတွေကတော့ ဆေးလိပ်မသောက်ဖို့၊ခရမ်းလွန်ရောင်ခြည်ရန်ကနေကာကွယ်ဖို့၊ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုသင့်တင့်လျောက်ပတ်စွာစားဖို့ပဲ ဖြစ်ပါတယ်။ အသားအရေလှပကျန်းမာဖို့အတွက် နေ့စဉ်စားသုံးသင့်တဲ့အာဟာရတွေကို အောက်မှာမျှဝေပေးထားပါတယ်။ဗီတာမင် စီနဲ့ဗီတာမင် အီး တွေဟာအသားအရေကို နေရောင်ခြည်ဒါဏ်ကနေကာကွယ်ပေးနိုင်တဲ့အတွက်အရေပြားကင်ဆာဖြစ်ပွားမှုကိုလည်းကာကွယ်ပေးပါသေးတယ်။ ဒါ့အပြင်အိုမင်းရင့်ရော်မှုနဲ့အရေတွန့်တာတွေကိုလည်း နှေးကွေးစေပါတယ်။ အဆိုပါဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) တွေဟာသဘာဝရဲ့အသားအရေထိန်းသိမ်းမှုစနစ်ကိုအားကောင်းမြန်ဆန်စေပြီးအရေပြားထိခိုက်မှုတွေကိုလည်းတိုက်ရိုက်တားဆီးဆန့်ကျင်ပေးပါတယ်။ အရေပြားဆိုင်ရာကျွမ်းကျင်သူ Karen E. Burke ကတော့အကောင်းဆုံးအာနိသင်သက်ရောက်မှုကိုရရှိဖို့အတွက်ဗီတာမင်စီ 1000-3000 မီလီဂရမ်နဲ့ဗီတာမင်အီး 4000 IU လောက်လိုအပ်တယ်လို့ဆိုပါတယ်။ ဂေါ်ဖီထုတ်၊ပန်းဂေါ်ဖီစိမ်း၊အာလူး၊ဥနီအစရှိတဲ့အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်မှာဗီတာမင်စီ နဲ့ ဗီတာမင်အီးတို့ကြွယ်ဝစွာပါဝင်တယ်လို့ဆိုပါတယ။Coenzyme Q10 ဟာအရေပြားကင်ဆာကိုကာကွယ်ပေးနိုင်ပြီးဆဲလ်တွေကြီးထွားမှုကိုကူညီအားပေးတဲ့အာနိသင်ရှိကာသဘာဝအလျောက်ခန္ဓါကိုယ်ထဲမှာရှိနေတဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေထဲကတခုပဲ ဖြစ်ပါတယ်။ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ Coenzyme Q10 ပမာဏဟာတဖြည်းဖြည်းကျဆင်းလို့လာပြီးအိုမင်းရင့်ရော်လာရပါတော့တယ်။ လေ့လာမှုတွေအရ Coenzyme Q10 ဟာအရေတွန့်မှုကိုသိသာထင်ရှားစွာ လျှော့ချပေးတယ်လို့သိရပါတယ်။ လေ့လာမှုအများစုမှာအသုံးပြုတဲ့ Coenzyme Q10 ရဲ့ ပြင်းအားကတော့ 0.3% ပဲ ဖြစ်ပါတယ်။ လူတယောက်ရဲ့ နေ့စဉ်လိုအပ်တဲ့ Coenzyme Q10 ပမာဏက 5-10 မီလီဂရမ်ဖြစ်ပြီးအစားအသောက်ကနေအဓိကရရှိပါတယ်။ ဟင်းသီးဟင်းရွက်တွေ၊ပဲတွေ၊အသား၊ငါး၊ဥ၊နို့၊အသည်း၊နှလုံးစတဲ့အစားအစာတွေမှာ Coenzyme Q10 ဓါတ်အနည်းငယ်ပါဝင်ပြီးအမဲသားမှာတော့ Coenzyme Q10 ပမာဏ မြင့်မားစွာပါဝင်ပါတယ်။ ဒါပေမယ့်နှလုံးရောဂါရှိသူတွေ၊အားကစားသမားတွေအစရှိတဲ့ပုဂ္ဂိုလ်တွေအတွက် နေ့စဉ်လိုအပ်တဲ့ Coenzyme Q10 ပမာဏကတော့တစ်ရက်ကို ၃၀-၆၀မီလီဂရမ်ပဲ ဖြစ်ပါတယ်။ ဒီလိုများပြားတဲ့ပမာဏကိုလိုအပ်မယ်ဆိုရင်တော့အစားအစာကရတဲ့ Coenzyme Q10 နဲ့မလုံလောက်တော့တာမို့ ဖြည့်စွက်ဆေးပြားတွေပါ သောက်ဖို့လိုလာမှာဖြစ်ပါတယ်။Alpha-lipoic Acid ကိုလိုးရှင်းအဖြစ်ပုံမှန်လိမ်းပေးမယ်ဆိုရင်အရေပြားကိုခရမ်းလွန်ရောင်ခြည်ဒါဏ်ကနေကာကွယ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။Alpha-lipoic Acid 3-5 % ပါဝင်တဲ့လိုးရှင်းတွေကိုတနေ့တခါလိမ်းပေးရုံမျှနဲ့အင်မတန်သိသာထင်ရှားတဲ့ ကောင်းကျိုးတွေကိုရရှိစေတယ်လို့ လေ့လာမှုတွေအရသိရှိရပါတယ်။Alpha-lipoic Acid ပါဝင်တဲ့လိုးရှင်းတွေကို ဆေးဆိုင်တွေမှာအလွယ်တကူပဲဝယ်ယူသုံးစွဲနိုင်ပါတယ်။Retinoic acid ဟာဗီတာမင်အေတမျိုးဖြစ်ပြီးအိုမင်းရင့်ရော်ခြင်းကိုအကောင်းဆုံးတိုက်ဖျက်ပေးနိုင်တဲ့ဓါတ်တမျိုးဖြစ်တယ်လို့ယူဆထားကြပါတယ်။Retinoic acid ဟာအသားအရေခြောက်ကပ်တာ၊မှဲ့ခြောက်တွေနဲ့အရေတွန့်တာတွေကိုထိရောက်စွာသက်သာပျောက်ကင်းစေပါတယ်။ အရေပြားဆိုင်ရာသိပ္ပံမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ လေ့လာမှုတခုအရ Retinoic acid ဟာအရေပြားကို ပြန်လည်ပြီးတင်းတင်းရင်းရင်းဖြစ်စေတာမို့အရေတွန့်ခြင်းအတွက်အင်မတန်အကျိုးရှိတယ်လို့သိရှိရပါတယ်။Retinoic acid ကိုအစားအစာအမျိုးမျိုးကနေရရှိနိုင်ပေမယ့်အသည်း၊ဥအနှစ်၊ထောပတ်၊နို့၊ဒိန်ခဲ၊ဟင်းနုနွယ်၊အစိမ်းရောင်အသီးအရွက်တွေ၊ရွှေဖရုံသီးနဲ့မုန်လာဥနီအစရှိတဲ့အစားအစာတွေမှာပိုမိုကြွယ်ဝစွာပါဝင်ပါတယ်။နုပျိုကျန်းမာတဲ့အသားအရေကိုပိုင်ဆိုင်ပြီးအမြဲလှပနေစေဖို့အတွက်သင့်အနေနဲ့ဗီတာမင်စီ၊ ဗီတာမင်အီး၊ retinoic acid, coenzyme Q10 အစရှိတဲ့အာဟာရဓါတ်တွေကြွယ်ဝစွာပါဝင်တဲ့အစားအစာတွေကို နေ့စဉ်စားပေးဖို့လိုအပ်ပါတယ်။ ဒီလိုမျိုးကျန်းမာရေးနဲ့ညီညွတ်သင့်တော်တဲ့အစားအသောက်ပုံစံကိုအမြဲစားပေးမယ်ဆိုရင်သင့်ကိုအမြဲတမ်းကျန်းမာလှပနေစေမှာပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%9c%e1%80%bd%e1%80%95%e1%80%b1%e1%80%9e%e1%80%ac%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%97%e1%80%ae%e1%80%90%e1%80%ac/
အိပ်ရေးဝတဲ့ စုံတွဲတွေဟာ သူတို့ရဲ့ ဆက်ဆံရေး ကို ပိုမို ကျေနပ်မှုရှိကြပါတယ်။
သင့်ဘဝ တလျှောက် စိတ်ရောကိုယ်ပါ ကျန်းမာဖို့အတွက်အိပ်စက်ခြင်းဟာအရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ လုံလောက်တဲ့ နားနေချိန်တွေဟာ မိမိကို စိတ်ချမ်းသာစေရုံသာမက သင့်ချစ်သူပေါ်မှာလည်း အကောင်းမြင်စိတ်တွေ ပိုမို ဖြစ်ထွန်းစေနိုင်ပါတယ်။ လုံလောက်တဲ့ အိပ်စက်မှုဟာ သင့်ကို လန်းဆန်းတက်ကြွ အားအင်ပြည့်စေတယ် ဆိုတာတော့ အားလုံးသိပြီးကြမှာပါ။ ဒီလိုပဲ ဒါဟာ သင့်ရဲ့ တုံ့ပြန်မှုနဲ့ သင်တို့နှစ်ယောက် ပတ်သက် ဆက်နွယ်မှုတွေအပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ အိပ်ရေးဝတဲ့ စုံတွဲတွေဟာ သူတို့ရဲ့ ဆက်ဆံရေး ကို ပိုမို ကျေနပ်မှု ရှိကြပါတယ်။ လို့ သုတေသီတွေက ရှာဖွေတွေ့ရှိထားပါတယ်။အိပ်ရေးဝတဲ့ စုံတွဲတွေဟာ သူတို့ရဲ့ဆက်ဆံရေး ကိုပိုမို ကျေနပ်မှု ရှိကြပါတယ်။ ဒီလို ပြောရတာက တစ်ချို့လေ့လာချက်တွေမှာ အိပ်စက်ခြင်းဟာ သာမန် လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် ဘယ်လောက် အရေးကြီးသလဲ ဆိုတာ တင်ပြထားကြပါတယ်။ ညဘက်မှာလုံလောက်တဲ့ အိပ်ချိန်ဟာ မိမိကိုယ်ကို ထိန်းချုပ်ခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်ပေါင်း မြောက်များစွာကို အကျိုးသက်ရောက်မှု ရှိပါတယ်။ မိမိကိုယ်ကို ထိန်းချုပ်ရန်အတွက် လိုအပ်တဲ့ အားအင်ကို အိပ်စက်စဉ်မှာ ရရှိပါတယ်။ ဒါ့ကြောင့် သာမန် အိပ်ရေးပျက်မှုလေးတွေတောင် ပုံမှန်စိတ် ထိန်းချုပ်မှု လိုအပ်တဲ့ ကိစ္စလေးတွေမှာ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။အတူတူနေသူ (သို့) လက်ထပ်ပြီးသူတွေရဲ့ သုံးပုံတစ်ပုံဟာ အိပ်စက်မှု ပြဿနာတွေကြောင့် သူတို့အချင်းချင်း ဆက်ဆံရေးမှာ မလိုလားအပ်တဲ့ ကိစ္စတွေ ဖြစ်လာတယ်ဆိုပြီး ဖြေကြားထားကြပါတယ်။ ဒါ့ကြောင့် သုတေသီတွေက အိမ်ထောင်ရေးမှာ အိပ်စက်ခြင်းရဲ့ အရေးပါပုံကို ထောက်ပြထားကြတာပါ။သင် လက်ထပ်ပြီး သင့်ချစ်သူနဲ့ အတူနေနေတယ် ဆိုရင် တစ်ညတာရဲ့ကောင်းမွန်တဲ့ အိပ်စက်ခြင်းဆိုတာ အိပ်စက်တဲ့ အခြေအနေ (သို့) အိပ်စက်မှု ကြာချိန်သာမက သင့်ချစ်သူနဲ့ အပေးအယူ မျှမှုကလည်း အဓိက ကျပါတယ်။အိပ်စက်မှု နဲ့ သဘောထားကွဲလွဲမှုတွေ ကြားက ဆက်စပ်မှုတွေဟာ ပါဝင်ပတ်သက်နေတဲ့ လူတွေရဲ့ စိတ်ဖိစီးမှု၊ စိုးရိမ်မှု၊ စိတ်ကျမှု ချည်းပဲကြောင့် မဟုတ်ပါဘူး။ အခြား အကြောင်းရင်းတစ်ချက်ကတော့ ညအိပ်စက်ချိန်မှာ အချင်းချင်း အနှောင့်အယှက် ပေးတတ်ကြပါတယ်။ ဒါ့ကြောင့် ကောင်းကောင်း အိပ်မပျော်ရာက တစ်ဘက်လူကို အပြစ်တင်ရင်း ပဋိပက္ခဖြစ်မှုကို ဦးတည်သွားကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် ခင်ပွန်းတွေဟာ ပထမညမှာသာ ကောင်းကောင်းအိပ်ပျော်မယ် ဆိုရင် နောက်ရက်မှာ ဖြစ်တဲ့ ဆိုးရွားတဲ့ အတွေ့အကြုံတွေရဲ့ သက်ရောက်မှုကို သိပ်မခံစားကြရပါဘူး။နီးကပ်လေလေပျော်ရွှင်လေလေ။အိပ်ရေးပျက်ခြင်းဟာ သင့်ကို စိတ်လိုက်မာန်ပါ အပြုအမူတွေ ပိုလုပ်ဖြစ်စေပါတယ် (ဥပမာ ယောက်ျားက နှစ်ပတ်လည် ရက်မျိုးကို မေ့နေတာမျိုး၊ သူ့ကို ဘယ်လိုခံစားရလဲ ဆိုတာတောင် စိတ်ထဲမှာ စိတ်ဖြာနေတာမျိုး)။ ဒီကိစ္စတွေကပဲ လင်မယားတွေကြားမှာ ပြဿနာတွေ ဖြစ်စေတာပါ။ အိပ်ရေးပျက်ခြင်းဟာ အတွဲတွေ လင်မယားတွေ ကြားမှာ မကြာခဏ ပြင်းထန်တဲ့ ပြဿနာတွေကို ဆောင်ယူလာတတ်ပါတယ်။ ဒီညမှာ အိပ်ရေးပျက်လေလေ နောက်ရက်မနက်မှာ ရန်ဖြစ်ဖို့ အခွင့်အလမ်း ပိုများလေလေပါပဲ။သိသာထင်ရှားတာကတော့ ပုံမှန်အိပ်စက်ထားတဲ့ လူတစ်ယောက်ဟာ နောက်ရက်မှာ တစ်ခြားသူနဲ့ ရန်ဖြစ်မယ်ဆိုရင်တောင် သေချာစွာဆန်းစစ်ဝေဖန်နိုင်တဲ့ အသိဉာဏ် ရှိမှာပါ။ အိပ်ရေးမဝတဲ့သူကတော့ သေချာကို မစဉ်းစားနိုင်ဘဲနဲ့ ဒေါသတကြီး တုန့်ပြန်ဖြစ်ဖို့ များပါတယ်။ကောင်းမွန်စွာ အိပ်စက်လိုက်ပြီဆိုရင်တော့ သင့်ဦးနှောက်ဟာ ကောင်းမွန်စွာ တွေးတောနိုင်သလို သင့်စိတ်နဲ့ ခန္ဓါဟာလည်း ပိုမိုလန်းဆန်းလာပါလိမ့်မယ်။ အထူးသဖြင့် လင်မယား (သို့) စုံတွဲတွေ ကြားမှာတော့ သူတို့ကြားက ဆက်ဆံမှုကို ပိုမိုစိတ်ကျေနပ်မှု ရှိလာမှာ ဖြစ်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/is-sleep-deprivation-hurting-your-love-life/
ကိုယ့်မှာဖြစ်နေတာ Morning Sickness လား... Motion Sickness လား... ဘယ်လိုသိနိုင်မလဲ
ဒီခံစားချက်နှစ်ခုစလုံးကမအီမသာဖြစ်တာချင်းကတေ့ ခပ်ဆင်ဆင်ပါ။ ဒါပေမယ့် ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းကတော့ မတူပါဘူး။ ဒီတော့ကိုယ့်မှာ ခံစားနေရတာက ဘယ်လက္ခဏာလဲဆိုတာ သိဖို့ ဒီဆောင်းပါးလေးဖတ်ရင်း အဖြေထုတ်ကြည့်လိုက်နော်။ခရီးသွားတဲ့အခါမျိုးမှာအဖြစ်များပါတယ်။ အမြင်အာရုံနဲ့အကြားအာရုံကောင်းကောင်းမချိတ်ဆက်မိတဲ့အခါမျိုးမှာပေါ့။ ကားမူးတယ်ဆိုတာကမျက်လုံးကမြင်နေရတဲ့အရာနဲ့ နားကကြားနေရတဲ့ အရာကိုဦးနှောက်ကကောင်းကောင်းမချိတ်ဆက်မိတဲ့အခြေအနေတစ်ရပ်ပါ။ အကြားအာရုံကရရှိနေတဲ့ အချက်အလက်တွေနဲ့အမြင်အာရုံကနေရရှိနေတဲ့ အချက်အလက်တွေကဟန်ချက်မညီဘဲဗဟိုအာရုံကြောစနစ်မှာ ကမောက်ကမဖြစ်ရာကနေစလာတဲ့ ခံစားချက်တစ်ခုပေါ့။ကားမူးတာကို အဓိကခံစားတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေက မျက်လုံး၊ အတွင်းနား၊အရေပြားမျက်နှာပြင်ပေါ်က တစ်ရှုးတွေပါ။ မြင်တာကို မျက်လုံးကခံစားမယ်။ ခန္ဓာကိုယ်အနေအထားနဲ့ ပတ်ဝန်းကျင်ကရာသီဥတုအခြေအနေကို အရေပြားတစ်ရှုးတွေကခံစားမယ်။ ကြားနေရတာကို အတွင်းနားကခံစားပါတယ်။ ဒီ ၃ ခုဟန်ချက်ညီနေရင် ကားမမူးနိုင်ပေမယ့် တစ်ခုခုက ဟန်ချက်ပျက်သွားပြီဆိုရင်တော့ ရင်ထဲမကောင်းဘူး၊ ခေါင်းထဲကမူးတယ်၊ အန်ချင်တယ်ဆိုတဲ့ ကားမူးတဲ့ လက္ခဏာတွေကို စခံစားရတော့ပါပဲ။ကားမူးနေပြီလား…….။ကားမူးတဲ့အခါ အခုလက္ခဏာတွေခံစားရနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်းဟော်မုန်းပမာဏအပြောင်းအလဲကြောင့်ဖြစ်တဲ့ မအီမသာဖြစ်စဉ်တစ်ရပ်ပါ။ Morning  sickness (ကိုယ်ဝန်ဆောင်စဉ်ပျို့အန်ခြင်း) ဆိုတာအမျိုးသမီးတွေ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်းမှာ အဖြစ်များတဲ့ လက္ခဏာတစ်ရပ်ပါ။ အများအားဖြင့်တော့ ကိုယ်ဝန်ဆောင်စဉ် ပထမ ၃ လ အတွင်းမှာ ဖြစ်တတ်ပေမယ့် တချို့တွေကတော့ ဒုတိယ ၃ လ အထိ ခံစားကြရပြီး အချို့ကတော့ ကိုယ်ဝန်ဆောင်စဉ်ကာလတစ်လျှောက်လုံးပျို့အန်နေကြတတ်ပါတယ်။ဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲ….။ကိုယ်ဝန်ကြောင့်ပျို့အန်တာကို ခံစားရတဲ့အခါ။• မူးဝေမယ်။• ပင်ပန်းနွမ်းနယ်မယ်။• အန်ချင်မယ်။• ရင်ထဲမှာ တလှပ်လှပ်ဖြစ်မယ်။• တံထွေးတွေအများကြီးထွက်မယ်။•အစားစားချင်စိတ်မရှိဖြစ်မယ် စတဲ့လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်တာက ပင်ပန်းတယ်ဆိုပေမယ့် ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ဖြစ်သလို ကျန်းမာသန်စွမ်းတဲ့ဘေဘီလေးမွေးလာမယ်ဆိုတဲ့လက္ခဏာပါ။ ကိုယ်ဝန်ဆောင်ကာလပျို့အန်တဲ့ မေမေတွေက ကလေးပျက်ကျတာ၊ကလေးအသေမွေးတာမျိုး မဖြစ်ဘူးလို့ လေ့လာမှုတွေကဆိုပါတယ်။Motion Sickness နဲ့ morning sickness တို့ကြားက ကွာခြားမှုကရာသီသွေးပုံမှန်ဆင်းတာနဲ့ ရာသီသွေးမဆင်းတာပါ။ ရာသီသွေးလည်းမဆင်းဘူး အပေါ်မှာပြောခဲ့သလို လက္ခဏာတွေလည်း ခံစားနေရပြီဆိုရင် ခံစားနေရတာကကားမူးတာမဟုတ်ဘဲ ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ ပျို့အန်မှုကို ခံစားနေရတာပါ။ဒီပြဿနာနှစ်ရပ်စလုံးကိုဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းလေးတွေကသိပ်မကွာလှပါဘူး။ကဲ..ကိုယ်ခံစားနေရတာက Motion Sickness (ကားမူးခြင်း) လား….. Morning Sickness ( ကိုယ်ဝန်ဆောင်စဉ် ပျို့အန်ခြင်း) လား….. ဆိုတာ ကိုယ်တိုင်ဆန်းစစ်လိုက်ရအောင်လားလေဒီလေးတို့ရေ…….။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/first-trimester-being-pregnant/differences-between-morning-sickness-motion-sickness/
ကိုယ်ဝန်ဆောင် အစောပိုင်းကာလ ခေါင်းကိုက်တာ သက်သာစေဖို့
ကိုယ်ဝန်ဆောင် အစောပိုင်းကာလ ခေါင်းကိုက်တာ သက်သာစေဖို့ နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင် တယ်ဆိုတာက လေဒီတိုင်းအတွက် အစွန့်စားရဆုံးအချိန်ပါ။ ဒီကာလမှာ ခန္ဓာကိုယ်ကပြောင်းလဲမှုတွေအများကြီးဖြစ်သလို ခံစားရတဲ့ ဝေဒနာတွေကလည်း အမျိုးမျိုးပါ။ ဒီပြဿနာတွေထဲကမှ ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာခေါင်းကိုက်တဲ့အကြောင်းလေး နဲ့ပတ်သက်ပြီး ပြောပြပေးပါရစေ။ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်တာကို ခံစားရတာ ကိုယ်တစ်ယောက်တည်းများလားလို့ မတွေးပါနဲ့။ တစ်ယောက်တည်းမဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်တော်တော်များများ ခေါင်းကိုက်တဲ့ ဝေဒနာကို ခံစားကြရတာပါ။ ကိုယ်ဝန်ဆောင်ကာလက အခြားကာလတွေထက်ပိုပြီး ခေါင်းကိုက်နိုင်ခြေများပါတယ်။ ဒါပေမယ့် အန္တရာယ်များလားဆိုတော့ မများပါဘူး။ကိုယ်ဝန်ဆောင်ကာလမှာ ခေါင်းကိုက်တာအပြင် အခြားနာကျင်ကိုက်ခဲမှုတွေကိုပါ ခံစားရနိုင်ပါတယ်။ကိုယ်ဝန်ဆောင်မေမေတွေ ခေါင်းကိုက်ဝေဒနာခံစားရတာက။ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ။ဒါတွေအပြင်။ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်မယ် ဆိုရင် ပုံမှန်အချိန်တွေလို ဆေးသောက်ဖို့ကလည်း မလွယ်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်  ခေါင်းကိုက်တာ သက်သာစေဖို့။ဒီလို လုပ်ပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတွေ ခံစားရတဲ့ ခေါင်းကိုက်တာကို သက်သာစေမှာပါ။အခု ပြောခဲ့တဲ့ အတိုင်း လုပ်တယ်။ ဒါပေမယ့် ခေါင်းကိုက်တာက မသက်သာဘူး။ ခေါင်းကိုက်တာ နဲ့အတူ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/headaches-during-pregnancy/
မိတ်ထွက်ခြင်း ။ ကုသခြင်း နှင့် ကာကွယ်ခြင်း
မိတ်ဖုတွေဟာ အဝတ်နဲ့ဖုံးကွယ်ထားတဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ ပူနွေးစွတ်စိုတဲ့ရာသီဥတုမှာ နေထိုင်သူတွေမှာ ချွေးပေါက်တွေပိတ်ဆို့မှုကြောင့် ပိုဖြစ်တတ်ပါတယ်။မိတ်ဖု အစက်တွေပေါ်လာတဲ့နေရာကို ခြောက်သွေ့အေးမြအောင်ထားနိုင်ရင် အများစုဟာရက်အနည်းငယ်အကြာမှာ သူ့အလိုလိုပျောက်သွားလေ့ရှိပါတယ်။ကလေးငယ်လေးတွေမှာ ထိုမိတ်ဖုတွေပေါ်ရင် အဝတ်အစားများဖယ်ပစ်ခြင်း၊ ဒါမှမဟုတ် အဝတ်ပွပွဝတ်ပေးပြီး အေးမြတဲ့နေရာမှာထားသင့်ပါတယ်။ ပုဝါမသုံးဘဲအရေပြားကို ပုံမှန်ခြောက်သွေ့စေပြီး ချွေးပေါက်ပိတ်နိုင်တဲ့ လိမ်းဆေးများလည်းရှောင်သင့်ပါတယ်။လူကြီးတွေမှာလက္ခဏာမပြင်းရင်တော့ ကလေးငယ်လေးတွေလိုပဲ ကုသမှုတူပါတယ်။ အေးမြတဲ့ပတ်ဝန်းကျင်ရအောင် လေအေးပေးစက်ဖွင့်ထားတဲ့အခန်းထဲနေတာ၊ ပန်ကာဖွင့်တာ၊ ရေအေးအေးနဲ့ချိုးတာ၊ လေတိုက်ရာအရပ်မှာနေပြီး သာမန်လေဖြင့် အရေပြားခြောက်သွေ့စေတာတွေ လုပ်လို့ရတယ်။ အရေပြားအေးမြခြောက်သွေ့သွားတာနဲ့ အနီစက်တွေလျင်မြန်စွာပျောက်သွားတတ်ပါတယ်။ ဆိုးရင်တော့ ရောဂါပိုးဝင်မှုကိုကာကွယ်ဖို့နဲ့ သက်တောင့်သက်သာမရှိမှုကိုသက်သာစေဖို့ အရေပြားကိုလိမ်းလို့ရမယ့် လိမ်းဆေးတစ်မျိုးလိမ်းပေးဖို့ လိုပါလိမ့်မယ်။ ယားယံမှုအတွက် Calamine လိုးရှင်းနဲ့ ချွေးပြွန်တွေကိုကာကွယ်ဖို့ Anhydrous lanolin တွေကသင့်တော်ပါတယ်။ ရက်အနည်းငယ်အတွင်းမပျောက်ရင်၊ ဒါမှမဟုတ် ရောဂါပိုးဝင်သွားရင်တော့ သေချာဆေးကုသဖို့လိုပါလိမ့်မယ်။ ဖျားမယ်၊ နေထိုင်မကောင်းဖြစ်မယ်၊ ဒါမှမဟုတ် အနီစက်တွေဟာ ပဋိဇီဝဆေးသောက်ပြီးမှပေါ်လာတာဆိုရင်တော့ ချက်ခြင်းဆေးကုသမှုခံယူဖို့လိုပါလိမ့်မယ်။မိဘတွေက ကလေးငယ်လေးတွေကို နွေရာသီ၊ ပူလောင်တဲ့နေ့တွေမှာ တတ်နိုင်သမျှ အဝတ်အစားပါးပါးပဲဝတ်ပေးသင့်ပါတယ်။ အသက်ရှူကြပ်လောက်အောင် တင်းကြပ်တဲ့အဝတ်အစားတွေရှောင်သင့်တယ်။ ပူနွေးတဲ့ရာသီဥတုတွေမှာဆိုရင် ပေါ့ပါးပြီး ချွေးထွက်မှုကို သက်သာစေမယ့် အဝတ်အစားမျိုးသာ ဝတ်ဆင်သင့်တယ်။ ပူလွန်းတဲ့အခါ အပူလွန်ခြင်းကိုကာကွယ်ရန် အရိပ်ရနေရာများ၊ လေအေးပေးစက်တပ်ထားသော အခန်းများမှာနေသင့်ပါတယ်။ အရေပြားမခြောက်စေသောဆပ်ပြာမျိုးနဲ့ ရေအေးအေးနဲ့ ရေချိုးပါ။ တဘတ်ပုဝါ သုံးမယ့်အစား အရေပြားကို သာမန်အတိုင်းပဲခြောက်သေ့ွပါစေ။ ယားယံမှုကိုသက်သာစေရန် calamine လိုးရှင်း သို့မဟုတ် ရေခဲကပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ချွေးဂလမ်းပိတ်စေနိုင်တဲ့ တွေပါတဲ့ ခရင်မ်များကိုရှောင်သင့်ပါတယ်။မိတ်ဖုဆိုတာ ရက်အနည်းငယ်အတွင်းကောင်းသွားမယ့် ပြဿနာအသေးစားလေးပါ။ ဒါပေမယ့် ခဏခဏဖြစ်နေမယ်၊ တခြားကြီးမားတဲ့ပြဿနာတွေဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်ပြသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%99%e1%80%ad%e1%80%90%e1%80%b9%e1%80%91%e1%80%bc%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8-%e1%81%8b-%e1%80%80%e1%80%af%e1%80%9e%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
မျက်စိစွန်ခြင်းဆိုတာဘာလဲ
မျက်စိနာခြင်းဆိုတာ မျက်ခွံအတွင်း၊ ဒါမှမဟုတ် အပြင်မှာ အနာဖုလေးဖြစ်ပေါ်ခြင်းဖြစ်ပြီး ဟော်ဒီယိုလမ်လို့လည်း ခေါ်ဝေါ်ပါတယ်။ ဒီရောင်ရမ်းခြင်းဟာ ဂလင်းကို ပိတ်ဆို့မိခြင်းနဲ့ ဆက်စပ်နေပါတယ်။မျက်စိစွန်ခြင်းဟာဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ များသောအားဖြင့် မျက်စိတစ်ဖက်တည်းမှာ အနာတခု ဖြစ်တတ်ပြီး မျက်စိတဖက်တည်းမှာပဲ အနာတစ်ခုထက်ကျော်ပြီး မျက်စိစွန်နေရင် ကျန်တဲ့တစ်ဖက်မှာပါ ဖြစ်နိုင်ခြေ များပါတယ်။အောက်ပါအတိုင်း ၂မျိုးရှိပါတယ်။– အပြင်ပိုင်းစွန်ခြင်း။မျက်တောင်နားမှာ အစက်ကလေးဖြစ်လာရာကနေ နီရဲရောင်ရမ်းပြီး နာလာပါတယ်။ ရက်နဲ့ချီကြာလာရင် ပေါက်သွားပြီး အနာကျက်သွားပါတယ်။ အပြင်ပိုင်းစွန်ခြင်း အများစုဟာ အချိန်သိပ်မကြာဘဲ သူ့ဖာသာ ပျောက်သွားတတ်ပါတယ်။ မျက်စိအပြင်ပိုင်း စွန်ခြင်းဟာ အတွင်းပိုင်းစွန်ခြင်းထက် ပိုပြီးနာတတ်ပါတယ်။ အဆီဂလင်း၊ မျက်တောင်မွေးညှင်းပေါက်၊ အေပိုခရိုင်းဂလင်း စတာတွေ ပိုးဝင်ရင် ဖြစ်တတ်ပါတယ်။– အတွင်းပိုင်းစွန်ခြင်း။ မျက်ခမ်းအတွင်းသားမှာ ဖြစ်တတ်ပါတယ်။ နီရဲရောင်ရမ်းပြီး နာကျင်နေတတ်ပါတယ်။ ပိုးဝင်ခြင်း ပျောက်ကင်းသွားရင် မျက်စိစွန်တဲ့နေရာဟာ လုံးဝပျောက်သွားတတ်ပါတယ်။ တစ်ခါတရံမှာ အရည်အိတ်ကလေးအဖြစ်၊ အဖုလေးအဖြစ် ကျန်ခဲ့ပါတယ်။ အတွင်းပိုင်းစွန်ခြင်းဟာ မီဘိုမီးယန်းလို့ခေါ်တဲ့ဂလင်းတွေကို ပိုးဝင်လို့ ဖြစ်ပါတယ်။Staphylococal ဘက်တီးရီးယားများဟာ လူ့အရေပြားေပါ်မှာ ပုံမှန်နေထိုင်တဲ့ သက်ရှိတွေပဲ ဖြစ်ပြီး တစ်ခါတရံမှာတော့ မျက်စိစွန်ခြင်းကို ဖြစ်စေတတ်ပါတယ်။ လူ့ကိုယ်ခန္ဓါပေါ်မှာ ဘက်တီးရီးယားပေါင်း သန်းနဲ့ချီနေထိုင်ပြီး လူကို အန္တရာယ်မပေးပါဘူး။ တစ်ခါတရံမှာ ဘက်တီးရီးယားတွေ အလွန်အမင်း ပေါက်ပွားလာတဲ့အခါ နာကျင်တဲ့ဝက်ခြံတွေဖြစ်လာပါတယ်။ ဘက်တီးရီးယားများက ဆဲလ်အသေများကိုစားလို့ ဖြစ်ပါတယ်။အောက်ပါလက္ခဏာတွေ ပါဝင်ပါတယ်။– မျက်ခွံပေါ် (သို့) အတွင်းတွင် အဖုဖြစ်နေခြင်း။– မျက်လုံး၊ မျက်ခွံများ နီရဲပြီး နာကျင်ခြင်း။– မျက်ခွံရောင်ရမ်းခြင်း။– မျက်ရည်ကျခြင်း။– မျက်လုံးယားယံခြင်း။– မျက်ခွံအနားသတ် ခြောက်သွေ့မာကြောခြင်း။– မျက်လုံးပူခြင်း။– အမြင်အာရုံပြသနာဖြစ်ခြင်း။– မျက်ဝတ်များထွက်ခြင်း။– အလင်းရောင်ဒဏ်မခံနိုင်ခြင်း။မျက်စိစွန်ခြင်းဟာ တပတ်ထက်ပိုကြာလာတဲ့အခါ၊ ရောင်ရမ်းတဲ့နေရာဟာ နာကျင်လာတဲ့အခါ၊ မျက်နှာရဲ့တစ်နေရာရာမှာ သွေးထွက်ခြင်း၊ ပိုးဝင်ခြင်း ဖြစ်လာတဲ့အခါ၊ အမြင်အာရုံပိုမို ဆိုးရွားလာတဲ့အခါ၊ မျက်စိနဲ့ မျက်ခွံနီရဲလာတဲ့အခါ ဆရာဝန်ပြသဖို့ လိုအပ်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%85%e1%80%ad%e1%80%85%e1%80%bc%e1%80%94%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%86%e1%80%af%e1%80%ad%e1%80%90%e1%80%ac%e1%80%98%e1%80%ac/
နှင်းကိုက်နာ ။ ဘယ်လိုရှာဖွေ၊ကုသ၊ကာကွယ်မလဲ
အေးလွန်းတဲ့အခါ ရေတွေ ရေခဲအဖြစ်ပြောင်းသွားသလို ‘နှင်းကိုက်တယ်’ ဆိုတာလည်း လက်ချောင်းလေးတွေ၊ လက်၊ ခြေချောင်း၊ ခြေထောက်တွေ ကာကွယ်မထားဘဲ အေးခဲနေတဲ့ရာသီဥတုထဲ ထွက်မိတဲ့အခါဖြစ်တတ်ပါတယ်။ အများစုကတော့ အရေပြားလောက်ပဲထိခိုက်တာဖြစ်ပြီး ပြင်းထန်ရင်တော့ တစ်သျှူးအသေတွေပိုနက်သွားကာ ချက်ခြင်းကုသမှုခံယူဖို့လိုပါတယ်။နှင်းကိုက်နာရဲ့ရှေ့ပြေးတွေကတော့ အေးလွန်းတဲ့ရာသီဥတုမှာ အရေပြားနီရဲရောင်ရမ်းလာခြင်းပါ။ အကာအကွယ်မရှိထားတဲ့ အရေပြားဘယ်လောက်ထိခိုက်သွားလဲပေါ်မှာမူတည်ပြီး နှင်းကိုက်နာသုံးဆင့်ခွဲနိုင်ပါတယ်။• အစောဆုံးအခြေအနေဟာ အရေပြားအပေါ်ယံသာထိခိုက်ပြီး အရေပြားအရောင်ပြောင်းကာ ယားယံခြင်း၊ အပ်များထိုးသကဲ့သို့ စူးခြင်းတွေသာရှိနိုင်ပါတယ်။• ပိုဆိုးလာတဲ့အခြေအနေမှာ ကြွက်သားတွေ၊ အရိုးတွေကိုပါ ထိခိုက်နိုင်ပါတယ်။ ထိုအလယ်အလတ်အဆင့်မှာ အရေပြားဟာတင်းပြောင်လာပြီး အရည်ကြည်ဖုတွေပေါက်လာပါလိမ့်မယ်။ ပိုဆိုးလာတာနဲ့အမျှ ထိုနေရာကိုမခံစားနိုင်တော့တာကြောင့် တချို့လူတွေက နှင်းကိုက်နေကြောင်းမသိတော့တာလည်း ဖြစ်လာနိုင်ပါတယ်။• နောက်ဆုံးအဆင့်မှာတော့ အရေပြားမည်းညစ်သွားပါတော့တယ်။ အရေပြားအရောင်ပြောင်းခြင်းဟာ နှင်းကိုက်ခြင်းရဲ့အဖြစ်များဆုံး လက္ခဏာတွေပါ။ဒါတွေကတော့ အရေပြားဆရာဝန်တွေညွှန်းထားတဲ့ အကြံပေးချက်တချို့ပါ။ခေါင်းကိုကာထားပါ ။ ။တင်းကြပ်တဲ့အဝတ်အစားတွေက နှင်းကိုက်နာရနိုင်ချေများသလိုပဲ ပေါ့ပါးချောင်ချိတဲ့အဝတ်အစားတွေက လေပူတွေကိုထိန်းထားဖို့ကူညီပေးပြီး အဆင်ပြေစေမှာပါ။ အရေပြားဆရာဝန်တွေက အေးတဲ့ဒေသကလူတွေကို သုံးထပ်ဝတ်ဖို့အကြံပေးပါတယ်။ အတွင်းဆုံးကအလွှာဟာ ခန္ဓါကိုယ်စိုထိုင်းမှုကိုကာကွယ်နိုင်ပြီး အလယ်လွှာကတော့ သိုးမွှေးကဲ့သို့အပူထိန်းနိုင်သင့်ပါတယ်။ အပေါ်ဆုံးအလွှာကတော့ ခြောက်သွေ့နွေးထွေးနေအာင် ထိန်းပေးထားနိုင်ဖို့ လေဒဏ်၊ ရေဒဏ်ခံနိုင်တဲ့အလွှာဖြစ်သင့်တယ်။ ခေါင်းနဲ့နားတွေကို ဦးထုတ် ဒါမှမဟုတ် နားကာတဲ့ပစ္စည်းနဲ့ ကာထားသင့်ပါတယ်။လက်တွေ၊ ခြေထောက်တွေကိုကာထားပါ ။ ။ဖုန်းသုံးဖို့လိုရင် ဖုန်းသုံးဖို့အဆင်ပြေနိုင်မယ့် လက်အိတ်မျိုးကိုရှာပါ။နွေးနွေးထွေးထွေးဝတ်ဆင်ပြီး ရေစိုခံဖိနပ်တွေစီးသင့်ပါတယ်။ ခြေထောက်တွေဟာ နှင်းကိုက်ခံရနိုင်ချေများတာကြောင့် ခြေချင်းဝတ်ထိကာထားတဲ့ဖိနပ်တွေစီးသင့်ပါတယ်။ အစိုဓါတ်စုပ်ယူနိုင်တဲ့ သိုးမွှေးခြေအိတ်မျိုးသုံးပါ။ရေဓါတ်ထိန်းသိမ်းထားပါ ။ ။ရေဓါတ်ဆုံးရှုံးခြင်းဟာ နှင်းကိုက်ခံရနိုင်ချေများစေပါတယ်။ ရေမငတ်ရင်တောင်မှ အပြင်သွားခါနီးတိုင်း အနည်းဆုံးရေတစ်ခွက်သောက်သွားပါ၊ ရေငတ်တိုင်းလည်းရေသောက်ပေးပါ။လက္ခဏာတွေများသိရှိခြင်း ။ ။အစောပိုင်းအဆင့်တွေက ကုသလို့ရပါတယ်။ ဒါကြောင့် လက္ခဏာတွေကိုသိထားဖို့လိုတယ်။ ပထမဆုံးလက္ခဏာတွေကတော့ ထုံကျဉ်လာပြီး နီရဲလာခြင်း၊ စူးခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ တဆစ်ဆစ်ထိုးခြင်း တွေဖြစ်တယ်။ ထိုလက္ခဏာတွေတွေ့လာပြီဆိုရင်တော့ ချက်ခြင်းအိမ်ထဲဝင်သင့်ပါတယ်။ပထမဆုံးအချက်ကတော့ ထိခိုက်ရာနေရာကို နွေးထွေးအောင်ထားရပါမယ်။ လက္ခဏာတွေတွေ့လာရင် နွေးထွေးမယ့်နေရာမှာနေပြီး ပုံမှန်ပြန်ဖြစ်အောင်စောင့်ပါ။ရေပူပူတွေ၊ မီးတွေကနေ အပူခံခြင်းထက် ရေနွေးနွေးလေးကိုသုံးပြီး ပြန်နွေးလာအောင်လုပ်ပါ။ နှင်းကိုက်ထားတဲ့ခြေချောင်းတွေ၊ ခြေထောက်တွေနဲ့ လမ်းမလျှောက်ပါနဲ့။ အနားမှာရေမရနိုင်ရင် လက်ခုပ်ထဲအာငွေ့မှုတ်ထည့်ပြီး ထိခိုက်တဲ့နေရာနားထားနိုင်ပါတယ်။ ပွတ်သပ်ခြင်း၊ နှိပ်ခြင်း၊ အရည်ကြည်ဖုတွေကိုဖောက်ခြင်းဟာ တစ်သျှူးတွေပျက်စီးစေပါတယ်။ လက္ခဏာတွေမသက်သာဘူး၊ အရေပြားညိုလာမယ်ဆိုရင် ချက်ခြင်းဆေးအကူအညီယူဖို့လိုပါတယ်။ကုသမှုခံယူပြီးတာနဲ့ နောက်တစ်ဆင့်ကလူနာပေါ်မူတည်ပါတယ်။ များသောအားဖြင့်ကတော့ ဆေးရုံမှာရက်အနည်းငယ်ထပ်နေပြီး ရောဂါအခြေအနေရှာဖွေသင့်တယ်။ အစပိုင်းအနေနဲ့ ဆရာဝန်တွေက အရည်ကြည်ဖုတွေကိုဖယ်ပစ်မှာဖြစ်တယ်။ Ibuprofen လိုဆေးမျိုးနဲ့လည်း ရောင်ရမ်းမှု၊ ရောဂါပိုးဝင်မှုကိုသက်သာစေပါလိမ့်မယ်။ ရေဓါတ်ခန်းခြောက်နေပါက အကြောဆေးသွင်းနိုင်ပါတယ်။ ကုသမှုမှာ သွေးလည်ပတ်မှုပြန်ကောင်းစေဖို့ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားကုသမှုတွေပါနိုင်ပါတယ်။ ရှားပါးတဲ့အခြေအနေတချို့မှာဆိုရင် တစ်သျှူးအသေတွေကို ဖယ်ထုတ်ပစ်ဖို့ခွဲစိတ်ဖို့လိုတတ်တယ်။ လူနာကရက်အနည်းငယ်ဆေးရုံတတ်နေရနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%94%e1%80%bd%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%af%e1%80%ad%e1%80%80%e1%80%b9%e1%80%94%e1%80%ac-%e1%81%8b-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%80%9b%e1%80%bd%e1%80%ac/
ကလေးအတွက်မုန့်ဝယ်တဲ့အခါ အသွင်အပြင်နဲ့အရသာထက် ပိုအရေးကြီးတဲ့အရာ
ကလေးကို အကောင်းဆုံးသောအရာတွေပေးစွမ်းနိုင်တဲ့အချိန်နဲ့ သူတို့စိတ်ကြိုက်ပြင်ဆင်ပေးလိုက်လို့ သူတို့လေးတွေပျော်သွားတဲ့အချိန်က မေမေတိုင်းအတွက်  ပီတိအဖြစ်ရဆုံးပါ။ ဒီအခိုက်အတန့်လေးကို ကျေနပ်တာတစ်ခုတည်းနဲ့ သားသားမီးမီးတို့အကြိုက်ဖြစ်ရင်ပြီးရောဆိုပြီး မုန့်တွေဝယ်တဲ့အခါ သူတို့သဘောတွေ့စေမယ့် အပြင်အဆင်လှလှပပ အရောင်အသွေးလှလှပပလေးဖြစ်ရင်ရောဆိုပြီး မဝယ်လိုက်ပါနဲ့။ကလေးကျန်းမာရေးအတွက်သင့်တော်ရဲ့လားဆိုတာကိုပါ စဉ်းစားပေးပါ။ကလေးအတွက်မုန့်ဝယ်တဲ့အခါ သူတို့ကြိုက်တဲ့အရသာဖြစ်မယ်။ သူတို့ကြိုက်မယ့် အသွင်အပြင်ထုတ်ပိုးမှုလှလှလေးဖြစ်ရုံနဲ့ မပြီးပါဘူး။ ကလေးကို တကယ်ကျန်းမာပျော်ရွှင်စေချင်တယ်ဆိုရင် သူတို့ကို ကျန်းမာအာဟာရပြည့်စေဖို့ပါ ဂရုစိုက်ဖို့လိုပါမယ်။ ကလေးအများစုကတော့ မုန့်စားတဲ့အခါ အရသာချိုချိုလေး ဖြစ်နေတာကို သဘောကျကြတာများပါတယ်။ အသွင်အပြင်ဆိုရင်လည်း ချစ်ဖို့ကောင်းနေတာမျိုး ဒါမှမဟုတ် တောက်တောက်ပပနဲ့ စွဲဆောင်မှုရှိနေတာမျိုးကို အရမ်းသဘောကျတတ်ကြပါတယ်။အချို့သောစားစရာတွေက အသွင်အပြင်လှပအောင်လုပ်ထားတတ်ပေမယ့် အရသာပြည့်စုံမှုအားနည်းတတ်ာကပါတယ်။ ဒိလိုမျမဟုတ်ရင်လည်း ကလေးတွေအရမ်းကြိုက်အောင် အချိုတွေ အငန်တွေကဲထားတတ်ကြပါတယ်။ ဒီလိုအစားအစာတွေက ကလေးကိုရေရှည်မှာ ကျန်းမာရေးကိုထိခိုက်လာစေနိုင်ပါတယ်။ နောက်တစ်ချက်က ဒီအစားအစာတွေကအာဟာရပါဝင်မှုနည်းနေတယ်ဆိုတဲ့အချက်ပါ။ အကြောင်းကတော့ အာဟာရပါဝင်မှုထက် စားကောင်းစေဖို့နဲ့ ဝယ်ယူမှုများအောင် အသွင်အပြင်ကိုအထူးဂရုစိုက်ထားလို့ပါ။၁။ဆားဓာတ်အရမ်းများတဲ့ အကြွပ်ကြော်အစားအသောက်တွေ။ လေဘယ်ကိုကြည့်တဲ့အခါ ဆိုဒီယမ် (Sodium) အငန်ဓာတ်များနေတာကိုတွေ့ရပါလိမ့်မယ်။၂။ပြည့်ဝဆီတွေ။ ထပ်ခါထပ်ခါ ကြော်ထားတဲ့အစားအသောက်တွေ အထူးသဖြင့် အသင့်စား အစားအသောက်တွေမှာ ပြည့်ဝဆီ (Saturated fat) တွေအများအပြားပါဝင်ပါတယ်။၃။ မကျိုချက်ထားတဲ့နို့နဲ့ ပြုလုပ်ထားတဲ့အစားအသောက်တွေ။၄။သကြားဓာတ်(Sugar) ဒါမှမဟုတ် ကာဗိုဟိုက်ဒရိတ် (Carbohydrates) တွေ။၅။ကဖင်းဓာတ်(Caffeine) ဓာတ်ပါဝင်မှုတွေ။ကလေးအတွက် မုန့်ဝယ်တဲ့အခါ ဒီအချက်တွေကို သတိထားပြီးရှောင်ကြဉ်ဝယ်ယူရမယ်။ ပြီးရင်တော့ ကလေးအတွက် အာဟာရဓာတ်ပြည့်ဝတဲ့အစားအသောက်တွေကို ရှာဖွေဝယ်ယူနိုင်ပါတယ်။ကလေးတစ်ယောက် အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေဖို့ဆိုရင်တော့ ဒီအာဟာရဓာတ်တွေပြည့်ဝအောင် ဂရုစိုက်ပေးဖို့လိုပါမယ်။ပရိုတင်း– ကလေးရဲ့ ခန္ဓာကိုယ်ဆဲလ်တွေဖြစ်ပေါ်စေဖို့၊ အရိုးနဲ့ကြွက်သားတွေကြီးထွားသန်မာစေဖို့အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ သွေးတွင်းအောက်ဆီဂျင်သယ်ဆောင်မှုကောင်းစေဖို့နဲ့ ကူးစက်ရောဂါတွေကနေ ကာကွယ်ပေးဖို့လည်း အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ကာဗိုဟိုက်ဒရိတ်– ခန္ဓာကိုယ်မှာ အင်အားပြည့်နေစေဖို့ အရေးပါတဲ့ ဓာတ်တစ်ခုပါ။ တစ်ရှုးတွေဖြစ်ပေးစေဖို့နဲ့ ပျက်စီးသွားတဲ့ တစ်ရှုးတွေနေရာမှာ အစားထိုးမယ့် တစ်ရှုးအသစ်တွေဖြစ်ပေါ်စေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးပါတယ်။အဆီ– အဆီဆိုတဲ့နေရာမှာ အကျိုးပြုတဲ့အဆီရယ် အကျိုးမပြုတဲ့အဆီရယ်ဆိုပြီးရှိပါတယ်။ ဒီအဆီနှစ်မျိုးထဲမှာမှ ကလေးကို အကျိုးပြုတဲ့အဆီ ကျွေးမိဖို့က အရေးကြီးပါတယ်။ ဒါကြောင့်ကလေးကို အကျိုးပြုအဆီပါတဲ့ အစားအစာတွေကျွေးပေးဖို့လိုပါမယ်။ကယ်လ်ဆီယမ်– ကလေးမှာ ကျန်းမာတဲ့ အရိုးနဲ့သွားတွေကြီးထွားဖွံ့ဖြိုးစေဖို့အတွက် အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ သွေးတိတ်စေဖို့၊ အာရုံကြော၊ ကြွက်သားနဲ့နှလုံးစွမ်းဆောင်ရည်ကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။သံဓာတ်– ခန္ဓာကိုယ်က ဆဲလ်တွေဆီအောက်ဆီဂျင်ရောက်ရှိစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပြီး သွေးအားကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ အာရုံစူးစိုက်မှုကောင်းစေပြီး အမြဲတက်ကြွလန်းဆန်းနေစေမှာပါ။ဖောလိတ်– ကလေးအတွက် မဖြစ်မနေလိုအပ်တဲ့အာဟာရဓာတ်တစ်မျိုးပါ။ ဆဲလ်တွေဖွံ့ဖြိုးစေဖို့ရော ကျန်းမာစွာကြီးပြင်းစေဖို့ရော ဦးနှောက်ဖွံ့ဖြိုးမှုကောင်းစေဖို့ပါ အရေးပါတဲ့ဓာတ်တစ်မျိုးပါ။ သွေးအားနည်းရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။အမျှင်ဓာတ်– အစာခြေစနစ်ကျန်းမာပြီး ဝမ်းမှန်စေဖို့အတွက် အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါနှလုံးရောဂါနဲ့ ကင်ဆာမဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အမျှင်ဓာတ်ပြည့်ဝအောင် ဂရုစိုက်ဖို့လည်း မမေ့ပါနဲ့။ဗီတာမင်A– အမြင်အာရုံကောင်းစွာဖွံ့ဖြိုးစေဖို့၊ အရေပြားကျန်းမာစေဖို့၊ ရောဂါပိုးတွေအန္တရာယ်ကနေ ကာကွယ်ပေးဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ဗီတာမင်C– အအေးမိ၊တုပ်ကွေးဖြစ်တာတွေကနေ ကာကွယ်ပေးပြီး သွေးကြောနံရံတွေကိုကျန်းမာစေသလိုအရေပြားကျန်းမာစေဖို့အကောင်းဆုံးလုပ်ဆောင်ပေးပါတယ်။ အနာကျက်စေနိုင်ပြီး ကျန်းမာတဲ့ အရိုးနဲ့သွားတွေဖြစ်ပေါ်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ဒါကြောင့်ကလေးကို မုန့်ဝယ်ပေးတော့မယ်ဆိုရင် အသွင်အပြင်နဲ့ အရသာထက် အခုပြောခဲ့တဲ့ အာဟာရဓာတ်တွေပါဝင်နေရဲ့လားဆိုတာနဲ့ ကလေးကို လုံလောက်တဲ့အာဟာရတွေအပြည့်အဝပေးနိုင်မလားဆိုတဲ့ အချက်ကို ပိုဂရုစိုက်ပေးပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/how-to-choose-nutrients-foods-for-ur-child/
ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေရရှိနိုင်မယ့်အရင်းအမြစ်များ
ကျန်းမာအောင်နေထိုင်နိုင်မယ့်အကောင်းဆုံးသောနည်းလမ်းက ဗီတာမင်ကြွယ်ဝတဲ့အစားအသောက်တွေကို စားသုံးခြင်းပဲ ဆိုတဲ့စကားကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင်ကြားဖူးမှာပါ။ ဗီတာမင်၊သတ္တုဓါတ်နဲ့ဓါတ်တိုး ဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တဲ့အစားအသောက်တွေကိုစားသုံးပေးတာက နှလုံးရောဂါ၊ကင်ဆာဝေဒနာ၊ အယ်လ်ဇိုင်းမားရောဂါနဲ့အခြားရောဂါတွေကိုဖြစ်ပေါ်စေနိုင်တဲ့ ဆဲလ်တွေပျက်စီးဆုံးရှုံးမှုကိုလျှော့ချပေးပါတယ်။ ဗီတာမင်နဲ့သတ္တုဓါတ်တွေနဲ့ ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်အတွက် အထောက်အကူပြုတဲ့ အရေးပါတဲ့ အာဟာရဓါတ်တွေ၊ ဗီတာမင်နဲ့သတ္တုဓါတ်တွေကို တိုးမြှင့်နိုင်ဖို့အတွက် နေ့စဉ်စားသုံးတဲ့အစားအသောက် တွေထဲမှာ ကျန်းမာရေးနဲ့ညီညွတ်မျှတပြီး အာဟာရတန်ဖိုးမြင့်မားစွာပါရှိတဲ့အစားအသောက်တွေကို ထည့်သွင်း စားသုံးပေးသင့်ပါတယ်။အရောင်ရင့်တဲ့စပျစ်သီးတွေထဲမှာ ကင်ဆာနဲ့နှလုံးရောဂါကို ကာကွယ်ပေးနိုင်စွမ်းရှိတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ phytochemicals တွေပါဝင်ပါတယ်။ phytochemical နှစ်မျိုးဖြစ်တဲ့ anthocyanin နဲ့ proanthocyanidin ဓါတ်တွေက ကိုယ်ခံအားစနစ်ကောင်းမွန်စေပါတယ်။ စပျစ်သီးမှာ ဗီတာမင် စီ နဲ့ selenium ဓါတ်တွေပါဝင်ပါတယ်။ဘလူးဘယ်ရီသီးက ဆဲလ်တွေပျက်စီးမှုကိုကာကွယ်ပေးသလို ရောင်ရမ်းမှုကိုလည်း သက်သာစေပါတယ်။ ဘလူးဘယ်ရီသီးတွေထဲမှာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့ ဗီတာမင်နဲ့သတ္တုဓါတ်များစွာပါဝင်သလို ကင်ဆာနဲ့နှလုံးရောဂါတွေကို ကာကွယ်ရာမှာအထောက်အကူပြုတဲ့ အဓိကကျတဲ့ phytochemicals တွေပါဝင် ပါတယ်၊ လို့မကြာသေးခင်က တိရစ္ဆာန်လေးတွေနဲ့လုပ်ဆောင်ခဲ့တဲ့လေ့လာမှုမှာဖော်ပြပါရှိပါတယ်။အနီရောင်ရှိတဲ့ စတော်ဘယ်ရီနဲ့ raspberries တွေမှာ နေ့စဉ်စားသုံးနေတဲ့အစားအသောက်တွေနဲ့အနီးဝန်းကျင် မှာရှိတဲ့ ကင်ဆာဖြစ်စေတဲ့အရာတွေကို ကာကွယ်ရာမှာအထောက်အကူပြုနိုင်တဲ့ phytochemical တစ်မျိုးဖြစ်တဲ့ ellagic acid ပါဝင်ပါတယ်။အခွံမာသီးတွေက အာဟာရဓါတ်မျှတစွာပါဝင်မှုအရှိဆုံးသော အစားအသောက်တွေဖြစ်ပြီး အခွံမာသီးတွေထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီ၊ပရိုတင်း၊ကာဗိုဟိုက်ဒရိတ်၊သတ္တုဓါတ်တွေ နဲ့ phytochemical တွေပါဝင်ပါတယ်။ သစ်ကြားသီးမှာအပင်ကနေရရှိနိုင်တဲ့ အိုမီဂါသရီး ဖက်တီးအက်ဆစ်ဓါတ်အများဆုံးပါဝင်ပါတယ်။ အခွံမာသီး အများစုမှာ သွေးတွင်းကိုလက်စထရောဓါတ်ကိုကျဆင်းစေနိုင်တဲ့ resveratrol နဲ့ plant sterols တွေလိုမျိုး phytochemicals တွေပါဝင်နေပါတယ်။အစိမ်းရင့်ရောင်ရှိတဲ့အသီးအရွက်တွေဖြစ်ကြတဲ့ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ကိုက်လန်နဲ့အခြားအစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေမှာ ဗီတာမင် စီ၊အီး၊အေနဲ့ကယ်လ်ဆီယမ်တွေအပါအဝင် ရောဂါတွေကိုတိုက်ဖျက်ပေးနိုင်တဲ့ အာဟာရဓါတ်တွေများစွာပါဝင်ပါတယ်။ အစိမ်းရင့်ရောင်အသီးအရွက်တွေမှာ မဂ္ဂနီဆီယမ်နဲ့ပိုတက်ဆီယမ်ဓါတ် တွေကြွယ်ဝစွာပါဝင်ပါတယ်။အာလူးနဲ့ကန်စွန်းဥတွေတွေက ဗီတာမင် စီ၊ ဘီဆစ်၊ပိုတက်ဆီယမ်နဲ့အမျှင်ဓါတ်တွေလိုမျိုးအရေးပါတဲ့ အာဟာရ ဓါတ်တွေကို ထောက်ပံ့ပေးပါတယ်။ ကန်စွန်းဥက အာလူးထက်အာဟာရဓါတ်ပိုမိုပါဝင်နေပါတယ်။ အခြား လိမ္မော်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာလည်း အာဟာရဓါတ်တွေကြွယ်ဝစွာပါဝင်နေသလို phytochemical တွေလည်းပါဝင်ပါတယ်။ မုန်လာဥနီမှာမှာ ကယ်ဆီယမ်နဲ့ဗီတာမင် အေလိုမျိုး အရေးပါအဓိကကျတဲ့ အာဟာရဓါတ်တွေများစွာပါဝင်ပါတယ်။ရေနွေးကြမ်းထဲမှာ အစွမ်းထက်တဲ့ phytochemicals ၂ မျိုးဖြစ်တဲ့ anthocyanin နဲ့ pro anthocyanin ဓါတ်တွေ ပါဝင်နေပါတယ်။ သည်ဓါတ်နှစ်မျိုးစလုံးမှာ ရောင်ရမ်းမှုကိုတိုက်ဖျက်ရာမှာအထောက်အကူပြုနိုင်တဲ့ ဓါတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ဖြစ်ပါတယ်။ ရေနွေးကြမ်းမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်ပျက်စီးမှုကို တားဆီးပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ကြတဲ့ catechins ပါဝင်ပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်းမှာ ခန္ဓါကိုယ်ထဲကို ရောဂါတွေမဝင်ရောက်အောင်တားဆီးပေးနိုင်တဲ့ phytochemical များစွာပါဝင်နေပါတယ်။နေ့စဉ်စားသုံးနေကျအစားအသောက်တွေထဲမှာ ကောက်နှံတွေပါဝင်တဲ့အစားအသောက်မျိုးဖြစ်တဲ့ ဂျုံကြမ်း ပေါင်မုန့်လိုမျိုးကောက်နှံတွေနဲ့လုပ်ထားတဲ့ပေါင်မုန့်၊ဆန်လုံးညိုတွေကိုစားသုံးပေးပြီး စားသောက်မှုပုံစံကိုပြောင်း လဲလိုက်တာက ကျန်းမာရေးကိုသိသိသာသာတိုးတက်ကောင်းမွန်လာစေမှာဖြစ်ပါတယ်။ပဲတွေထဲမှာ ဗီတာမင်နဲ့သတ္တုဓါတ်များစွာပါဝင်နေသလို အာဟာရဓါတ်များစွာလည်းပါဝင်နေပါတယ်။ အစိမ်းရောင်ပဲပိစပ်စေ့နဲ့ပဲပိစပ်စေ့မှာ ဗီတာမင် စီ၊ကယ်လ်ဆီယမ်၊ဇင့်နဲ့ selenium တို့ပါဝင်ပါတယ်။ Black bean နဲ့ ဗိုလ်စားပဲတွေမှာ ဗီတာမင် ဘီအမျိုးအစားတစ်ရပ်ဖြစ်တဲ့ folate ပမာဏများစွာပါဝင်နေပါတယ်။ငါးတွေကနေ အိုမီဂါသရီး ဖက်တီးအက်ဆစ်ကြွယ်ဝစွာရရှိနိုင်ပါတယ်။ အိုမီဂါသရီးဖက်တီးအက်ဆစ်က နှလုံးသွေးလွှတ်ကြောယိုယွင်းတဲ့ရောဂါလိုမျိုး ရောင်ရမ်းမှုကိုဖြစ်စေတဲ့ဝေဒနာတွေကို ကာကွယ်ရာမှာ အထောက်အကူပြုပါတယ်။ ငါးတွေမှာ ပုံမှန်အစားအသောက်တွေထဲမှာတွေ့ရခဲတဲ့ ဗီတာမင် ဒီ လိုမျိုး ခန္ဓါကိုယ် အတွက်မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေလည်းပါဝင်နေပါတယ်။သက်ရှည်ကျန်းမာစွာရှင်သန်နေထိုင်နိုင်ဖို့အတွက် သင့်တင့်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေကိုလုပ်ဆောင်ဖို့လိုအပ် သလို ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ အစားအသောက်တွေကိုရွေးချယ်စားသုံးဖို့လည်းလိုအပ်ပါတယ်။ နေ့စဉ်စားသုံးနေတဲ့အစားအသောက်တွေထဲမှာခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့အစားအသောက်တွေကိုထည့်သွင်းစားသုံးပေးခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံကိုရရှိနိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%86%e1%80%94%e1%80%b7%e1%80%ba%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%85%e1%80%b9%e1%80%85%e1%80%8a%e1%80%ba/
ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းနှင့် ပတ်သက်ပြီး ပေါ့ပေါ့ပါးပါး သိမှတ်စရာများ
သင်သည် ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်းဝေဒနာကို ခံစားနေရပြီဆိုလျှင် ယင်းသည် ရယ်စရာတခုမဟုတ်ပါ။ သို့သော် အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပင် အောက်ပါအချက်များသည် သင်ခံစားနေရသော နာကျင်မှုများကို ပိုပြီးသက်သာစေမည်ကို သင်တွေ့ရပါလိမ့်မည်။ထို့ပြင် သင်သက်သာသွားသည့်အခါ သင့်အပေါင်းအသင်းများက သင့်ခြေဖနောင့်အနာအကြောင်းမေးလာလျှင်လည်း သင့်အနေဖြင့် မျှဝေစရာ အတွေ့အကြုံတခုဖြစ်နေပေလိမ့်မည်။· ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများဆိုသည်မှာ ခြေဖနောင့်ရိုးနှင့် ခြေချောင်းရိုးများကို တွယ်ဆက်ထားသော တစ်သျူးများဖြစ်ပြီး အဆိုပါတစ်သျူးများရောင်ရမ်းခြင်းကို ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်းဟု ခေါ်ပါသည်။· အသက် ၂၅ နှစ် မှ ၆၅ နှစ်အတွင်းရှိသူများ၏ ၈၃% ခန့်တွင် ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်းဖြစ်လေ့ရှိပါသည်။· အပြေးသမားများ၏ ၁၀% ခန့်ကလည်း ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်းဖြစ်လေ့ရှိပါသည်။· ထိုသို့ ဖြစ်သူများ၏ ၁၄%သည် ရှုးဖိနပ်များကို ပြောင်းစီးလိုက်ရုံနှင့် ဝေဒနာများသက်သာသွားကြောင်း တွေ့ရသည်။· ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းသည် အသက်ကြီးသူများတွင်ဖြစ်လေ့ရှိသော်လည်း ယင်းကိုဖြစ်စေသော အကြောင်းရင်းကို တိတိကျကျမသိရသေးပါ။ သို့သော် ခြေထောက်ကို အမှတ်မထင်ဘဲ ထပ်ခါထပ်ခါ ထိခိုက်မှုများစုပေါင်းလာခြင်းမှ ကြာလာသောအခါ ဒဏ်ဖြစ်ခြင်းဖြစ်သည်ဟု ယူဆရပါသည်။· ခြေဖဝါးပြားသူများနှင့် ခြေအခုံးမောက်သူများတွင် ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်းပို ဖြစ်လေ့ရှိကြောင်းတွေ့ရပါသည်။· ထိုသို့ဖြစ်လျှင် ခြေဖနောင့်အောက်နေရာတွင် နာကျင်မှုကို အများဆုံး စတင်ခံစားရပြီး နာကျင်ဒဏ်ရာသည် ခြေဖနောင့်အရှေ့ ၄ စင်တီမီတာခန့်တွင်အများဆုံးဖြစ်တတ်ကြောင်း တွေ့ရသည်။· နာကျင်မှုသည် မနက်စောစောနိုးချိန် လမ်းစလျှောက်ချိန်နှင့် ခြေထောက်ပေါ်တွင် မည်သည်ကိုမှ အားမပြုထားဘဲ အချိန်ကြာမြင့်စွာအနားယူပြီး လမ်းစလျှောက်ချိန်များတွင် အဆိုဆုံးဖြစ်ကြောင်းတွေ့ရသည်။· ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းသည် မကုဘဲထားလျှင် နာတာရှည်သွားနိုင်ပါသည်။ ထို့ကြောင့် ပြန်လည်သက်သာစေရန် အထက်ပါနည်းများ လိုက်နာဆောင်ရွက်ပါ။ ထိုသို့မဟုတ်လျှင် ခြေဖဝါး၊ ဒူးနှင့် ပေါင်၊ တင်ပါးများနာကျင်ခြင်းကြောင့် သင့်နေ့စဉ်အလုပ်များကို ထိခိုက်လာနိုင်ပါသည်။· ခြေဖဝါးနှင့် ပတ်သက်သော ကျန်းမာရေးပြသနာများတွင် တွယ်ဆက်တစ်သျူးများ ကြရှည်စွာရောင်ရမ်းခြင်းကြောင့်ဖြစ်သော ပြသနာသည် အများဆုံးဖြစ်ကြောင်းတွေ့ရပါသည်။· အများအားဖြင့် ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများသည် အရွတ်များကဲ့သို့ပင် တဖြေးဖြေးချင်းသာ အနာကျက်ခြင်းဖြစ်သည့်အတွက် နာကျင်မှုသည် အချိန်ကြာမြင့်မည်ဖြစ်သည်။အချုပ်ဆိုရသော် အထက်ဖော်ပြပါများသည် ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းနှင့်ပတ်သက်ပြီး သင့်အတွက် အသုံးဝင်မည့်အချက်များဖြစ်ပါသည်။ သင်သိထားရမည့် အရေးကြီးဆုံးအချက်မှာ ထိုသို့ဖြစ်လာလျှင် သက်သာအောင်ကုသရန်ကြိုးစားသင့်ကြောင်းနှင့် ၉၀% သော ဝေဒနာရှင်များသည် ခွဲစိတ်စရာ၊ နာကျင်စရာ ငွေအမြောက်အမြား ကုန်စရာမလိုဘဲ ပျောက်ကင်းနိုင်ကြောင်း သိထားရမည်ဖြစ်ပါသည်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/%e1%80%81%e1%80%bc%e1%80%b1%e1%80%96%e1%80%9d%e1%80%ab%e1%80%b8%e1%80%9b%e1%80%be%e1%80%ad%e1%80%90%e1%80%bd%e1%80%9a%e1%80%ba%e1%80%86%e1%80%80%e1%80%ba%e1%80%90%e1%80%85%e1%80%ba%e1%80%9e%e1%80%bb-4/