title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
null
null
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/achilles-tendon-problems-%e1%80%a1%e1%80%ac%e1%80%81%e1%80%ad%e1%80%9c%e1%80%ad%e1%81%be%e1%80%80%e1%80%bc%e1%80%80%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%81%be%e1%80%80%e1%80%ac/
null
null
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/best-fruits-for-acne-prone-skin/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%a1%e1%80%90%e1%80%bd%e1%80%b1%e1%80%b8%e1%80%9c%e1%80%bd%e1%80%94%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%96%e1%80%bc%e1%80%b1%e1%80%9c%e1%80%b1/
ဆပ်ပြာ အဆိပ်သင့်ခြင်း - ကလေးတွေအတွက် ဆပ်ပြာပူဖောင်း အန္တရာယ်
ဆပ်ပြာဆိုတာ ကိုယ်ခန္ဓာ၊ အိမ်ထောင်ပရိဘောဂ ဒါမှမဟုတ် ညစ်ပေနေတဲ့ အရာတွေကို သန့်ရှင်းစေဖို့ အသုံးပြုတဲ့ ပစ္စည်းတစ်ခုပါ။ အရည်ပုံစံ၊ အခဲပုံစံနဲ့ တစ်ခါတလေ သင်းပျံ့တဲ့အနံ့ပါပြီး ရေ၊ ရေမြှုပ်အပိုင်းတွေနဲ့ ပွတ်တိုက်တဲ့အခါ အမြှုပ်အများကြီးကို ဖြစ်စေပါတယ်။အဓိက ကလေး၊ ဆယ်ကျော်သက်တွေနဲ့ တချို့ အရွယ်ရောက်ပြီးသားသူတွေ သဘောကျကြပါတယ်။ နွေပိတ်ရက် အိမ်နောက်ဖက် ကွင်းပြင် ဒါမှမဟုတ် ကမ်းခြေမှာ ကလေးတွေခေါ်ပြီး ကောင်းကင်ဆီ ပူစီဖောင်းတွေ မှုတ်၊ သူတို့လေးတွေကို လိုက်ဖောက်ခိုင်း၊ အဲ့လို ကစားရရင် ပျော်စရာ မကောင်းဘူးလား။ နောက်တစ်မျိုးပြောရရင် ရေချိုးခန်းမှာ ကလေးတွေကို ဆော့ရင်း ဆပ်ပြာတိုက်ပေးရင်းနဲ့ ခန္ဓာကိုယ်ကို ဘယ်လို စနစ်တကျ တိုက်ချွတ်ရလဲ သင်ကြားပေးလို့ရပါတယ်။ အဝတ်လျှော်စက်မသုံးပဲ ဒီအတိုင်း လက်နဲ့ အဝတ်လျှော်ရင်း သင့်ကလေးတွေနဲ့ အချိန်များများ အတူရှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လေထဲက ပူဖောင်းလေးတွေနဲ့ ဆော့ရတာ အမြဲပျော်ဖို့ကောင်းတယ်လေ။ဆပ်ပြာနဲ့ အမြှုပ်နဲ့က ခွဲလို့ လုံးဝ မဖြစ်တဲ့ အရာတွေပါ။ ဒါပေမယ့် အဲ့ ဆပ်ပြာနဲ့ အမြှုပ်တွေက အထူးသဖြင့် ကလေးတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တာ သိပါသလား။ ပူစီဖောင်းတွေဆိုတာ ပန်းကန်ဆေးဆပ်ပြာနဲ့ တကယ့်ကို ပါးလွှာတဲ့ရေတို့ကနေ ဖြစ်လာတာပါ။ ထုံးစံအရဆိုရင် ဆပ်ပြာပူဖောင်းတွေမှာ parabens ၊ phosphates ၊ sodium lauryl sulfates နဲ့ chlorine စတဲ့ ဓာတုဗေဒပစ္စည်းတွေ ပါဝင်ပါတယ်။ ဒါတွေအကုန်လုံးက အန္တရာယ် ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေပါ။ ဒီဓာတုပစ္စည်းတွေအားလုံးက တစ်ခါလောက် ထိုးသွင်းမိ၊ ရှူသွင်းမိတာနဲ့ ဝမ်းလျှောခြင်း၊ အန်ခြင်း၊ လည်ချောင်းတွင်း ပူလောင်ခြင်း၊ ပျို့ခြင်း စတာတွေကို ဖြစ်စေတတ်ပါတယ်။သင့်ကလေးတွေ ဆပ်ပြာပူဖောင်းတွေနဲ့ ဆော့နေရင် ဆပ်ပြာ အဆိပ်မတက်အောင် ကြည့်ရှုပါ။ ရောဂါလက္ခဏာတွေနဲ့ ပြုစုကုသမှုတွေကို အောက်မှာ ဖော်ပြထားပါတယ်။၁။ ဆပ်ပြာပူဖောင်းတွေကို သင့်မျက်လုံးနဲ့ မထိပါစေနဲ့။အဲ့ဒီ ဓာတုပစ္စည်းတွေက သင့်မျက်လုံးကို လောင်စေနိုင်ပြီး အမြင်အာရုံ ဆုံးရှုံးစေနိုင်ပါတယ်။၂။ သင့်ကလေးတွေမှာ သူတို့ အရေပြားနဲ့ မတည့်တဲ့ ဓာတုပစ္စည်း တစ်ခုခု ရှိမရှိ စစ်ဆေးပါ။၃။ အမွှေးနံ့ အရမ်းပြင်းလို့ ရူမိရင် အသက်ရှူရခက်ပြီး သင့်လည်ချောင်းကို ရောင်ရမ်းစေနိုင်ပါတယ်။ဒါက အသက်အန္တရာယ်ရှိစေတာမို့ အပြင်းထန်ဆုံး ခြိမ်းခြောက်မှု တစ်ခု ဖြစ်ပါတယ်။ လေသန့်သွားဖို့ ပြတင်းတံခါးတွေ ဖွင့်လိုက်ပါ။၄။ အရွယ်အစား အရောင်အသွေး အမျိုးမျိုးနဲ့ ဆပ်ပြာခဲတွေက ကလေးတွေအတွက် မျက်စိကျစရာဖြစ်နေပြီး စားမိတာ၊ မျိုချမိတာတွေ ဖြစ်တတ်ပါတယ်။အရသာရှိသလို မြင်ရထင်ရတဲ့ ဆပ်ပြာပူဖောင်းတွေလည်း ကလေးတွေကို ဆွဲဆောင်နိုင်ပါတယ်။ ဆပ်ပြာခဲတွေကို ကလေးတွေနဲ့ ဝေးရာမှာထားပြီး မဖိတ်စင်နိုင်တဲ့ အဖုံးနဲ့ ဆပ်ပြာပုလင်းတွေကို သုံးကြည့်ပါ။ ဒီနည်းနဲ့ ကလေးတွေကို ဆပ်ပြာထုတ်ကုန်တွေ မမျိုချမိအောင် ကာကွယ်နိုင်ပါတယ်။ မျိုချမိတာနဲ့ သင့်အစာရေမျိုပြွန်ထဲမှာ လောင်ပြီး ဆက်တိုက် အန်စေနိုင်ပါတယ်။ တချို့ဖြစ်ရပ်တွေမှာ ဝမ်းဗိုက်အောင့်ပြီး သွေးပါ အန်စေပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါ လက္ခဏာတွေက အထဲရောက်နေတဲ့ အရာပေါ်မူတည်ပါတယ်။၅။ ပိုပြင်းထန်တဲ့ အခြေအနေမှာ သွေးဖိအား၊ အပူချိန်၊ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်း တွေကို စစ်ပါ။ခံစားနေတဲ့သူရဲ့ အခြေအနေက ချက်ချင်း ရပ်ပြီး သတိလစ်သွားနိုင်ပါတယ်။၆။ အောက်ဆီဂျင်၊ အကိုက်အခဲ ပျောက်ဆေး၊ အသက်ရှူတဲ့ ပြွန်၊ လောင်တဲ့ အရေပြားတွေကို ဖယ်ရှားခြင်း၊ အရေပြားကို ဆက်တိုက် ဆေးကြောခြင်း၊bronchoscopy ၊ endoscopy (လည်ချောင်းထဲ ကင်မရာထည့်ပြီး အဆုတ်နဲ့ အစာရေမျိုပြွန်ထဲ လောင်တာတွေကို စစ်ဆေးခြင်း) စတဲ့ အထူးကုသမှုတွေ လိုအပ်ရင် ချက်ချင်းခံယူပါ။ဒါ့ပြင် အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို ကိုယ်တိုက်ဆပ်ပြာတွေမှတင် မဟုတ်ပဲ အဝတ်လျှော်ဆပ်ပြာနဲ့ ပရိဘောဂသန့်စင်ဆေးတွေလို သန့်ရှင်းရေးပစ္စည်းတွေမှပါ တွေ့နိုင်ပါတယ်။· ပတ်ဝန်းကျင်နဲ့ သင့်တော်မယ့် ဆပ်ပြာနဲ့ သန့်ရှင်းရေးပစ္စည်းတွေကို ဝယ်ပါ။ပြင်းပြတဲ့ ဓာတုအငွေ့တွေက သင်အသက်ရှူတာကို ထိခိုက်စေတတ်ပါတယ်။· သန့်ရှင်းရေးပစ္စည်းနဲ့ အစားအသောက်တွေကို တစ်အိတ်ထဲ ရောမထည့်ပါနဲ့။· ညစ်ညမ်းတဲ့ အနံ့တွေကို ကာကွယ်ဖို့ ဆပ်ပြာနဲ့ သန့်ရှင်းရေးပစ္စည်းတွေကို အစားအသောက်တွေနဲ့ ဝေးပြီး မတူတဲ့ ဘီဒို အံဆွဲတွေမှာ သိမ်းဆည်းပါ။· ဆပ်ပြာ၊ ကြေးချွတ်ဆေးနဲ့ တခြားသန့်ရှင်းရေး ပစ္စည်းတွေကို ကလေးတွေ မမီနိုင်တဲ့ နေရာမှာ သော့ခတ်ထားပါ။ကလေးတွေအတွက် ပုံစံ၊ အနံ့နဲ့ အရောင် ထူးထူးခြားခြားတွေက ဆွဲဆောင်မှု ရှိနေပါတယ်။· ကလေး အထူးသဖြင့် လမ်းလျှောက်တတ်ကာစ အရွယ်လေးတွေရှိတဲ့ မိသားစုတွေအတွက် အရည်မဟုတ်တဲ့ ဆပ်ပြာ သို့မဟုတ် သန့်ရှင်းရေးပစ္စည်းတွေကို သုံးဖို့ အကြံပေးပါတယ်။တကယ်လို့ ဘူးအလွတ်တွေ၊ အမှိုက်တွေ လွှင့်ပစ်မယ်ဆိုရင် သေချာဆေးပီးမှ လွှင့်ပစ်ပါ။ဆပ်ပြာအဆိပ်သင့်ခြင်းကြောင့်ဖြစ်တဲ့ ထိခိုက်မှုက မျိုချမိ၊ ရှူမိတဲ့ ဓာတုပစ္စည်း ပမာဏအပေါ် မူတည်ပါတယ်။သင့်ကိုယ်နဲ့ အိမ်ထောင်ပရိဘောဂတွေကို သန့်စင်ဖို့ သုံးတဲ့ ဓာတုပစ္စည်းတွေကို သတိထားပါ။ အဆိပ်ထိန်းပစ္စည်းတွေ ဒါမှမဟုတ် သင့်ကို ကူညီနိုင်မယ့် တစ်ယောက်ယောက်ကို ချက်ချင်း ရှာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%86%e1%80%95%e1%80%ba%e1%80%95%e1%80%bc%e1%80%ac-%e1%80%a1%e1%80%86%e1%80%ad%e1%80%95%e1%80%ba%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-%e1%80%80/
null
null
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/baby-hiccups-relife/
ခြေ၊လက်တွေ ထုံကျဉ် ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ
ခြေလက်တွေ မှာထုံကျဉ်တဲ့ ခံစားမှုကို တော်တော်များများ ခံစားဖူးကြမှာပါ။ ဒီလို လက္ခဏာတွေဟာ အဖြစ်များပြီး စိတ်အနှောင့်အယှက်လည်း အတော်လေးဖြစ်စေနိုင်ပါတယ်။ တစ်ခါတစ်လေ အိပ်တဲ့အချိန်မှာ ဖိပြီးအိပ်မိတာ၊ အချိန်အကြာကြီး ခြေချိတ်ပြီးထိုင်မိတာ စတဲ့အခြေအနေတွေမှာ nerve (သို့)အာရုံကြောလေးတွေကို ဖိမိတာကြောင့် ခြေထောက်၊ လက်တွေမှာ ထုံလာတာ၊ ကျဉ်လာတာမျိုးတွေကို ခဏတာ ခံစားရနိုင်ပါတယ်။ဒါပေမယ့် ပြန်ပြီး အနေအထားပြင်လိုက်မယ်၊ မဖိမိအောင် နေလိုက်မယ်ဆိုရင် ပြန်ပြီး အလိုလို သက်သာသွားမှာပါ။ ဒါပေမယ့် တချို့တွေမှာတော့ ထုံ၊ ကျဉ်တဲ့ ပြသနာက ပိုပြီးဆိုးရွားတာ၊ အချိန်အကြာကြီးဖြစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ထုံကျဉ်တဲ့ လက္ခဏာအပြင် နာကျင်ခြင်း၊ ယားယံခြင်း၊ ကြွက်သားတွေ အားနည်းလာခြင်း စတဲ့ အခြားလက္ခဏာတွေပါ တွဲပြီးဖြစ်လာပြီဆိုရင်တော့ အာရုံကြောလေးတွေ ပျက်စီးတာကြောင့် ဖြစ်တဲ့ ထုံကျဉ်ခြင်းဖြစ်နိုင်ပါတယ်။၁။ ဆီးချိုရောဂါ။ဆီးချိုရောဂါဟာ ခြေလက်ထုံကျဉ်ခြင်းကို ဖြစ်စေနိုင်တဲ့ အဖြစ်အများဆုံး အကြောင်းအရင်းထဲက တစ်ခုဖြစ်ပါတယ်။ ခြေလက်ထုံကျဉ်ခြင်းကို လူတော်တော်များများမှာ ဆီးချိုရောဂါရဲ့ ပထမဆုံးရောဂါ လက္ခဏာအနေနဲ့ တွေ့ရတတ်ပါတယ်။ ခြေလက် ထုံကျဉ်တာတွေကို မကြာခဏ ခံစားနေရပြီး သင့်မိသားစုမှာ ဆီးချိုမျိုးရိုးရှိတယ် (သို့) အချိုတွေ ကြိုက်တတ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေသေချာချာတိုင်ပင်ပြီး ဆီးချိုရောဂါကို စစ်ဆေးကြည့်သင့်ပါတယ်။၂။ ကိုယ်ဝန်ရှိခြင်း။ကိုယ်ဝန်ရှိနေတဲ့အချိန်မှာလည်း ကလေးလေးကြီးထွားလာခြင်း၊ ခန္ဓာကိုယ်အတွင်း အရည်တွေ ပိုများလာခြင်းကြောင့် အာရုံကြောလေးတွေကို ဖိမိနိုင်တဲ့အတွက် ထုံကျဉ်တဲ့ ခံစားချက်မျိုးကို ဖြစ်စေပါတယ်။ ဒါပေမယ့် ကလေးမွေးပြီးတာနဲ့ သက်သာသွားနိုင်တာကြောင့် စိတ်ပူစရာမရှိပါဘူး။၃။ဗီတာမင်လုံလုံလောက်လောက်မရရှိခြင်း။အဓိကအားဖြင့် ဗီတာမင် B နဲ့ ဗီတာမင် E ကို ခန္ဓာကိုယ်က လုံလုံလောက်လောက် မရတဲ့အခါ ခြေလက်တွေ ထုံကျဉ်နိုင်ပါတယ်။ ဒါ့ကြောင့် ခြေတွေလက်တွေ ထုံကျဉ်တဲ့ ပြသနာဖြစ်လာပြီဆိုရင် မိမိနေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ ဗီတာမင်ကြွယ်ဝတာတွေ ပါရဲ့လားဆိုတာ ပြန်ပြီး ဆန်းစစ်ကြည့်သင့်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်ရင် ဗီတာမင် ဖြည့်စွက်ဆေးတွေ သောက်နိုင်ပြီး နေ့စဉ် အစားအစာတွေထဲမှာ ဗီတာမင် B နဲ့ E ပါဝင်တဲ့ ဆန်၊ဂျုံ ၊ နို့ နှင့် နို့ထွက်ပစ္စည်းမျာ၊ ပဲ၊ ဥ၊ အစေ့အဆံများ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေနဲ့ သဘာဝသစ်သီးတွေကိုလည်း စားပေးဖို့ မမေ့ကြပါနဲ့နော်။၄။ အချို့သောဆေးဝါးများ သောက်သုံးနေခြင်း။အချို့သောကင်ဆာကုဆေးတွေ၊ TB ဆေးတွေ၊ သွေးပေါင်ချိန်ကို ထိန်းညှိတဲ့ဆေးတွေ နဲ့ အချို့သောရောဂါပိုးဝင်တဲ့ အခါမှာ အသုံးပြုတဲ့ဆေးတွေကြောင့်လည်း ထုံကျဉ်ခြင်းပြသနာတွေ ဖြစ်နိုင်ပါတယ်။၅။ အရက် အလွန်အကျွံသောက်သုံးခြင်း။အရက်အများကြီးသောက်ခြင်းက အာရုံကြောလေးတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့အပြင် အရက်သောက်တာများတဲ့သူတွေမှာ ဗီတာမင် B12 နဲ့ folic acid တွေကိုလည်း လျော့နည်းနေနိုင်တာကြောင့် ခြေ၊လက် ထုံကျဉ် ခြင်း ကိုဖြစ်စေပါတယ်။ ဒါ့ကြောင့် အရက်ကိုလည်း တတ်နိုင်သမျှရှောင်ဖို့ လိုအပ်ပါတယ်။၆။ Nerve entrapment syndromes ( အာရုံကြောလေးတွေကို ပိမိစေတဲ့ ရောဂါများ)။အာရုံကြောလေးတွေကို ပိမိနေစေတဲ့ ရောဂါတွေ ဖြစ်တဲ့carpal tunnel syndromeလို့ခေါ်တဲ့ လက်ဖဝါးအတွင်းရှိ အာရုံကြောလေးများ ပိမိနေတဲ့ရောဂါ၊ nerve palsy စတဲ့ အာရုံကြောရောဂါတွေမှာလည်း ထုံကျဉ်တာကို ဖြစ်စေပါတယ်။၇။ အခြားရောဂါများ။HIV နဲ့ အသည်းရောင် အသားဝါ Bပိုး၊ C ပိုးဝင်ခြင်း၊ အလုံးအကျိတ် ဖြစ်ပြီး အာရုံကြောလေးတွေကို ပိမိခြင်း၊ ကျောက်ကပ်၊ အသည်းရောဂါတွေနဲ့ အချို့သော သွေးရောဂါတွေမှာလည်း ခြေလက်ထုံကျဉ်တဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ခြေလက် အဖျားလေးတင်မကဘဲ တစ်ခုလုံး ထုံကျဉ် လာတယ်၊ ရုတ်တရက်၊ ခေါင်းကိုက်လာတယ်၊ မကြာခင်က ခေါင်းကို ထိခိုက်မိထားတယ်၊ရင်ဘတ်အောင့်လာတယ်၊ အသက်ရှုရ ခက်ခဲလာတယ်၊ ခြေထောက်၊လက် တစ်ဖက်ဖက် လှုပ်ရှားရခက်ခဲလာတယ်၊ သတိမကောင်းဖြစ်လာတယ်၊ စကားပြောရတာ ခက်ခဲလာတယ် ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသပေးဖို့ လိုအပ်ပါတယ်။ ကျန်းမာကြပါစေ။ရေးသားသူ – Khine Phoo Ngon။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/brain-abscess-%e1%80%a5%e1%80%ae%e1%80%b8%e1%80%b1%e1%80%94%e1%80%bd%e1%80%ac%e1%80%80%e1%80%b9%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%90%e1%80%8a%e1%80%b9%e1%80%94%e1%80%ac/
လေဒီလေးတိုင်း လိုက်နာသင့်တဲ့ ရာသီသွေးမှန်စေမယ့် အလေ့အထလေးများ
တစ်လတစ်ကြိမ် ရာသီလာတာကို လေဒီလေးတိုင်းလိုလို စိတ်ညစ်ကြပေမယ့် ဒါက ကျန်းမာရေးကိစ္စပါ။ ဒါကြောင့် ရာသီလာရင် စိတ်ညစ်တယ်ဆိုပေမယ့် ရာသီမမှန်ရင်တော့ ပိုစိတ်ညစ်တယ် ဟုတ်။ ရာသီသွေး မပေါ်တဲ့အခါအိမ်ထောင်ရှင် အမျိုးသမီးတွေက ကိုယ်ဝန်ရှိနေတာများလို့ ယူဆကြပေမယ့် တစ်ကိုယ်ရေတစ်ကာယ လေဒီတွေကတော့ ဘာကြောင့်များလဲ ….. ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့်လား …… ဆိုပြီး ခေါင်းထဲမှာအတွေးများစွာ ဝင်ရောက်လာတော့တာပါပဲ။ ဒီတစ်ခေါက်တော့ လေဒီလေးတွေ ကျန်းမာစေဖို့ အရေးကြီးတဲ့ ရာသီသွေးမှန်စေမယ့် အလေ့အထလေးများ အကြောင်း ဝေမျှပေးပါရစေ။ရာသီမလာလို့ဆိုပြီး စိတ်ပူမှု မရှိစေဖို့အတွက် လေဒီလေးတိုင်း လိုက်နာသင့်တဲ့ ရာသီသွေးမှန်စေမယ့် အလေ့အထလေးများ ကတော့။အိပ်ပျော်နေစဉ်မှာ ခန္ဓာကိုယ်က ပြင်ဆင်စရာ ရှိတာတွေကို ပြင်ဆင်ပြီး ထိန်းညီရမယ့် အရာတွေကို ထိန်းချုပ်ပါတယ်။ ကောင်းကောင်း အိပ်ပျော်နေစေဖို့ အစားအစာတွေကို ဂရုစိုက်ပေးဖို့ လိုသလို အနေအထိုင်ကိုလည်း ဂရုစိုက်ပေးဖို့ လိုပါမယ်။အိပ်စက်ချိန်မှာအိပ်ရေးဝဝအိပ်ပျော်မှလည်း ခန္ဓာကိုယ်က ကျန်းမာမှာပါ။ ဒါကြောင့် ရာသီသွေး မှန်စေဖို့ဆိုရင် ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ သေချာ ဂရုစိုက်ပါ။ အချိုနဲ့ ကဖင်းကိုလည်း လျှော့စားပါ။အာဟာရမျှတအောင် စားသုံးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပါတယ်။ အာဟာရမျှတအောင် စားသုံးတာက ကိုယ်တွင်းဟော်မုန်းတွေကို ထိန်းညှိပေးသလို ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ဟန်ချက်ညီစေဖို့လည်း လုပ်ဆောင်ပေးပါတယ်။  ဒါကြောင့်လေဒီလေးတွေအနေနဲ့ နေ့ရက်တိုင်းမှာ အစာအာဟာရကို သင့်တင့်မျှတအောင် စားသုံးပေးဖို့ လိုပါမယ်။နေ့စဉ် စားသုံးမှုမှာ ပရိုတင်း၊ အမျှင်ဓာတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်အောင် စားသုံးပေးဖို့ လိုသလို ကဖင်း နဲ့ အယ်လ်ကိုဟောတို့ကိုလည်း တတ်နိုင်သမျှ လျှော့ပေးဖို့ လိုပါမယ်။ကယ်လ်လိုရီ နည်းတာ ကာဗိုဟိုက်ဒရိတ် လျှော့စားတာ အစားမစားဘဲနေတာမျိုး မလုပ်ပါနဲ့။ ဒီလိုလုပ်တာက ရာသီသွေးမှန်စေဖို့ အနှောင့်အယှက် ဖြစ်စေနိုင်လို့ပါ။လေ့ကျင့်ခန်း လုပ်တာက ခန္ဓာကိုယ်ကို တက်ကြွလန်းဆန်းစေသလို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါပေမယ့် ရာသီသွေးမှန်စေဖို့ ဆိုရင် လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် မလုပ်ပါနဲ့။ယောဂလေ့ကျင့်ခန်းလုပ်တာ၊ ပေါ့ပေါ့ပါးပါး လုပ်လို့ရတဲ့ လေ့ကျင့်ခန်း လေးတွေကို လုပ်ပေးတာက ရာသီသွေးမှန်စေဖို့ ရော စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မယ်ဆိုရင်တော့ ရာသီသွေး မမှန်တာ၊ ရာသီသွေး မပေါ်တာတွေ ဖြစ်နိုင်ပါတယ်။စိတ်ဖိစီးမှုက နေ့စဉ်ဘဝကိုတင် ထိခိုက်စေတာ မဟုတ်ဘဲကိုယ်တွင်း ဟော်မုန်း ဟန်ချက်ညီမှုကိုပါ ထိခိုက်စေတာပါ။ ဒီလိုဟော်မုန်းကမောက်ကမ ဖြစ်ခြင်းက ရာသီသွေး ဆင်းတာကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ရာသီသွေးမှန်စေဖို့ဆိုရင် စိတ်ဖိစီးမှု ကင်းစေမယ့် တရားထိုင်တာ၊ လေ့ကျင့်ခန်း လုပ်တာမျိုး လုပ်ပေးပါ။ဗီတာမင် B ချို့တဲ့တာက ရာသီသွေး မမှန်တာကို ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ခုကတော့ ဗီတာမင် D ပါ။ ဗီတာမင် D ချို့တဲ့တာကလည်း ရာသီသွေး မမှန်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ရာသီသွေး မှန်စေဖို့ လိုအပ်တဲ့ ဗီတာမင်တွေကို အစာအာဟာရတွေကနေ ပြည့်ဝစွာ စားပေးဖို့ လိုပါမယ်။ ဒါမှ ကိုယ်တွင်းမှာ ဟော်မုန်း မျှတပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကလည်း ဟန်ချက်ညီညီ လုပ်ဆောင်နိုင်စေမှာပါ။ဒီအလေ့အထလေးတွေကို ပုံမှန် လုပ်ပေးမယ်ဆိုရင် ရာသီသွေး မှန်စေဖို့ ထောက်ကူပေးနိုင်မှာပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/habits-that-help-to-regular-periods/
Moringa (ဒန့်သလွန်)
ဒန့်သလွန်ဆိုတာကတောင်အာရှဒေသမှာ အပေါက်ရောက်များတဲ့ အပင်တစ်မျိုးဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ အပူပိုင်းဒေသတော်တေ်များများမှာပေါက်ရောက်လာပြီဖြစ်ပါတယ်။ ဒန့်သလွန်ပင်ရဲ့အရွက်ကို တိုင်းရင်းဆေးတွေထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ဒန့်သလွန်ပင်ဟာ ပင်စည်က အဖြူရောင်ဖြစ်ပြီးကျွတ်ဆက်တဲ့အကိုင်းအလက်တွေနဲ့ ဘဲဥပုံအစိမ်းရောင်အရွက်တွေပါရှိပါတယ်။ ဒန့်သလွန်ရွက်မှာ ပရိုတင်း၊ ကယ်လလ်ဆီယမ်၊ ဘီတာ ကယ်လ်ရိုတင်း၊ ဗီတာမင် စီ၊ ပိုတက်ဆီယမ်တို့လိုမျိုး အာဟာရဓါတ်များစွာပါဝင်ပါတယ်။ ဒန့်သလွန်မှာ မှိုပိုးတွေကိုသေစေနိုင်တဲ့အာနိသင်ရှိသလိုရောဂါပိုးတွေကိုလည်းတိုက်ဖျက်နိုင်တဲ့အစွမ်းရှိပါတယ်။ရောင်ရမ်းမှု ကိုလျော့ပါးစေနိုင်စွမ်းလည်းရှိပါတယ်။ဒန့်သလွန်ရွက်နဲ့ဒန့်သလွန်သီးတို့မှာ အာဟာရဓါတ်ကြွယ်ဝစွာပါဝင်ပြီး ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်း၊ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒန့်သလွန်ရွက်မှာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ အမိုင်နို အက်ဆစ်လည်းကြွယ်ဝစွာပါဝင် ပါတယ်။ ဒန့်သလွန်ရွက်နဲ့ဒန့်သလွန်သီးတွေမှာ ဗီတာမင်အေ၊ ဗီတာမင်B1 (သိုင်ရာမင်)၊ B2 (ရီဗိုဖလာပင်), B3 (နီရာဆင်), B-6၊ folate နဲ့ ascorbic အက်ဆစ် (ဗီတာမင် C) တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒန့်သလွန်ရွက်နဲ့အသီးမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ဖော့ဖရိတ်နဲ့ဇင့်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အဆီပါဝင်မှုအရမ်းနည်းသလို အန္တရာယ်ရှိတဲ့ ကိုလက်စထရောတွေလည်းမပါဝင်ပါဘူး။ဒန့်သလွန်ရွက်မှာ ခန္ဓါကိုယ်ရဲ့ဖွဲ့စည်းမှုနဲ့ ပရိုတင်းတွေဖြစ်ပေါ်မှုအတွက် အသုံးဝင်တဲ့ အမိုင်နိုအက်ဆစ် ၁၈ မျိုးပါဝင်ပါတယ်။ အဆိုပါအက်ဆစ်တွေက ကိုယ်ခန္ဓါရဲ့လုပ်ငန်းစဉ်တွေပုံမှန်လည်ပတ်စေဖို့ အထောက်အကူပြုပေးပါတယ်။ဒန့်သလွန်ရွက်မှာ သံဓါတ်၊ရောင်ရမ်းမှုကို ကျဆင်းစေတဲ့အာနိသင်နဲ့ရောဂါပိုးတွေကိုသေစေနိုင်တဲ့အစွမ်းသတ္တိတွေပါဝင်ပါတယ်။ ဒန့်သလွန်ရွက်က အနာတွေ၊အပူလောင်တာနဲ့ပြန်ရှဒဏ်ရာတွေလိုမျိုး အသေးစားဒဏ်ရာတွေကို သက်သာစေနိုင်ပါတယ်။ အနာကျက်လည်းမြန်စေပါတယ်။နို့တိုက်မိခင်တွေမှာ နို့ထွက်စေဖို့အတွက် ဒန့်သလွန်ရွက်စားသုံးပေးတာကိုရှေးယခင်ကာလတွေကတည်းကအသုံးပြုခဲ့ကြပါတယ်။ ဒန့်သလွန်ရွက်က နို့တိုက်မိခင်တွေမှာ နို့ထွက်ကောင်းအောင်အထောက်အကူပေးပါတယ်။ဒန့်သလွန်ရွက်မှာ အဆီတွေကိုလောင်ကျွမ်းစေပြီး ခန္ဓါကိုယ်ကိုကျစ်လျစ်သွယ်လျစေတဲ့ အစွမ်းတွေရှိပါတယ်။ ဒန့်သလွန်ရွက်က ကိုယ်ခန္ဓါကို ကျစ်လျစ်သွယ်လျစေသလို အားအင်ပြည့်စေပါတယ်။ ဒန့်သလွန်ရွက်ကို သရေစာတွေစားချင်စိတ်ကိုဖျောက်ဖျက်ပေးပြီး ကျန်းမာတက်ကြွတဲ့ ဘဝနေထိုင်မှုတစ်ရပ်ဖန်တီးဖို့အတွက် အသုံးပြုနိုင်တဲ့ သဘာဝဆေးနည်းကောင်းတစ်ခုပါ။ ကိုလက်စထရောပမာစ နည်းတာက နှလုံးရောဂါခံစားရနိုင်ခြေကိုလျော့ချပေးသလို အခြားနှလုံးသွေးကြောရောဂါတွေခံစားရနိုင်ခြေကိုလျော့ချရာမှာလည်း အထောက်အကူပြုပါတယ်။ဒန့်သလွန်ရွက်ရဲ့နောက်ထပ်အကျိုးကျေးဇူးတစ်ရပ်က ဆီးချိုရောဂါကိုထိန်းချုပ်ပေးတာပဲဖြစ်ပါတယ်။ ဒန့်သလွန်ရွက်က အချိုဓါတ်မပါဘဲ ခန္ဓါကိုယ်အတွက် စွမ်းအင်တွေထောက်ပံ့ပေးပါတယ်။ ဒန့်သလွန်ကသွေးတွင်းသကြားဓါတ်ကိုလျှော့ချပေးနိုင်တဲ့ဆေးဖက်ဝင်အပင်တစ်မျိုးပါ။ခန္ဓါကိုယ်ရဲ့ ဆဲလ်တွေကျန်းမာစေဖို့အတွက် အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတဲ့အရာတစ်မျိုးဖြစ်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကင်ဆာရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်သလို အသက်အရွယ်အိုမင်းမှုဖြစ်စဉ်ကိုလည်းနှေးကွေးစေပါတယ်။ ဒန့်သလါန်ရွက်မှာ အရေပြားကို အားဖြည့်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း အမျိုး ၃၀လောက်ပါဝင်ပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ဒန့်သလွန်ရွက်ကိုထည့်သွင်းစားသုံးပေးမယ်ဆိုရင် ခန္ဓါကိုယ်ရဲ့ဇီဝတွင်းဖြစ်ပျက်မှုကို လှုံ့ဆော်ပေးမှာဖြစ်သလို ကိုယ်အလေးချိန်ကိုလည်းကျဆင်းစေမှာဖြစ်ပါတယ်။ဒန့်သလွန်ရွက်မှာ ဆံပင်နဲ့ဦးရေပြားကိုအကျိုးပြုတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အများအပြားပါဝင်နေပါတယ်။ ဒန့်သလွန်ရွက်ကို ဆံပင်နဲ့ဦးရေပြား သန့်ရှင်းစေဖို့၊ဆံပင်ကျွတ်သက်သာစေဖို့ နဲ့ ဗောက်မထစေဖို့အတွက်အသုံးပြုနိုင်သလို ဆံသားခြောက်သွေ့ပျက်စီးတာမျိုး မဖြစ်အောင်ကာကွယ်ရာမှာလည်း အထောက်အကူပြုပါတယ်။ ဒန့်သလွန်ရွက်မှာ ဆံသားကိုကျန်းမာသန်စွမ်းစေတဲ့ ဗီတာမင်B1 ၊ B2 ၊ B3 ၊ B-6 ၊ folate နဲ့ဗီတာမင် C တို့ပါဝင်နေပါတယ်။ ဒန့်သလွန်ရွက်က ဦးရေပြားမှာသွေးလည်ပတ်မှုကိုတိုးတက်စေသလို ဆံပင်သန်စွမ်းမှုကို အထောက်အကူပေးပါတယ်။ ဦးရေပြားမှာသွေးလည်ပတ်မှုကောင်းမွန်တဲ့အခါ ဆံတွင်းပေါက်လေးတွေကို အာဟာရပြည့်ဝစေပြီး ဆံပင်တွေကို သန်စွမ်းနက်မှောင်စေပါတယ်။ဒန့်သလွန်ရွက်က အာရုံကြောစနစ်မှာ ချို့ယွင်းမှုတွေမဖြစ်အောင်တိုက်ထုတ်ရာမှာ အထောက်အကူပေးပါတယ်။ ဒန့်သလွန်ရွက်ကခေါင်းတစ်ခြမ်းကိုက်တာ၊ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာနဲ့ အခြားအာရုံကြောဆိုင်ရာဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကိုတိုးတက်ကောင်းမွန်စေပါတယ်။ အယ်လ်ဇိုင်းမားလိုမျိုးရောဂါတွေမဖြစ်အောင်ကာကွယ်ရာမှာလည်းအထောက်အပံ့ပေးပါတယ်။ဒန့်သလွန်ရွက်က အစာကျေလွယ်ပြီး အစာချေဖျက်မှုကိုကောင်းမွန်အောင်အထောက်အကူပေးပါတယ်။ ခန္ဓါကိုယ်အစိတ်အပိုင်းတွေက အာဟာရဓါတ်တွေကို ပိုမိုစုပ်ယူနိုင်စေပါတယ်။ဒန့်သလွန်ရွက်က ခန္ဓါကိုယ်တွင်းကအဆိပ်အတောက်တွေကိုပြေစေပြီးသွေးသန့်စေပါတယ်။ဒန့်သလွန်ရွက်က စွမ်းအင်ပြည့်ဝစေပါတယ်။ ဒန့်သလွန်ရွက်က အချိုဓါတ်လုံးဝမပါဝင်ဘဲ သဘာဝနည်းအတိုင်း ခန္ဓါကိုယ်ကို စွမ်းအင်ပြည့်ဝစေတာဖြစ်ပါတယ်။ဒန့်သလွန်ရွက်က အရေပြားကအဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကို ဖယ်ရှားပေးပြီး အရေပြားကိုနုပျိုစေပါတယ်။ အသားအရေကိကြည်လင်စေပြီး ဖြူဝင်းလှပစေနိုင်ပါတယ်။ ဝက်ခြံနဲ့အမဲစက်တွေဖြစ်ပေါ်မှုကိုလည်း သက်သာစေပါတယ်။ဒန့်သလွန်ရွက်မှာ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့အာနိသင်နဲ့ မှိုပိုးကိုတိုက်ဖျက်နိုင်တဲ့အာနိသင်တွေရှိတာကြောင့် ကူးစက်ရောဂါတွေတိုက်ဖျက်ရာမှာ အထောက်အကူပြုပါတယ်။ ဒန့်သလွန်ရွက်က အရေပြားမှာကူးစက်ရောဂါဖြစ်စေတဲ့ မှိုပိုးတွေကိုတိုက်ဖျက်ပေးသလိုသွေးနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုလည်း တိုက်ဖျက်ပေးပါတယ်။ဒန့်သလွန်ရွက်မှာpolyphenols များစွာပါဝင်တာကြောင့် အသည်းကို အဆိပ်အတောက်ဖြစ်စေတာနဲ့ပျက်စီးတာမျိုးတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ဒန့်သလွန်ရွက်မှာ ကယ်လ်ဆီယမ်နဲ့ဖော့စဖရိတ်လိုမျိုး မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တွေပါဝင်တာကြောင့် အရိုးတွေကျန်းမာသန်စွမ်းအောင် ထိန်းသိမ်းပေးပါတယ်။ ဒန့်သလွန်ရွက်ကရောင်ရမ်းမှုကိုလျော့ကျစေတာကြောင့် အဆစ်ရောင်နာလိုမျိုး အရိုးအဆစ်တွေနာကျင်တဲ့ဝေဒနာတွေကို ကုသရာမှာထိရောက်တဲ့အစွမ်းအာနိသင်တွေရှိပါတယ်။ ဒန့်သလွန်ရွက်က အရွတ်တွေမှာဖြစ်တဲ့ နာကျင်မှုတွေကို သက်သာစေနိုင်တဲ့အစွမ်းလည်းရှိပါတယ်။ဒန့်သလွန်ရွက်ကကျောက်ကပ်၊ဆီးအိမ်နဲ့ သားအိမ်ထဲမှာကျောက်တည်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒန့်သလွန်မှာကျောက်တည်တာကိုလျှော့ချပေးနိုင်တဲ့အစွမ်းသတ္တိရှိသလိုendogenous oxalate synthesis ကိုထိန်းချုပ်ရာမှာလည်းအထောက်အကူပြုပါတယ်။ဒန့်သလွန်ရွက် အဆီအနှစ်ကဆေးဝါးတွေနဲ့ အဆိပ်ရှိတဲ့အရာတွေနဲ့ထိတွေ့မိတာကြောင့်ဖြစ်တဲ့ကျောက်ကပ်ပျက်စီးတာတွေကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ဒန့်သလွန်မှာပါတဲ့ nephroprotectiveကကျောက်ကပ်ကိုထိခိုက်မှုတွေကိုလျော့ကျစေပါတယ်။nephroprotective က ထိရောက်တဲ့bio-absorbent အဖြစ်လုပ်ဆောင်ပေးပြီး ခန္ဓါကိုယ်တွင်းက အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ အန္တရာယ်ရှိတဲ့အရာတွေကိုဖယ်ရှားရာမှာ အထောက်အကူပြုပါတယ်။ဒန့်သလွန်မှာ သန္ဓေတားပေးနိုင်စွမ်းရှိပါတယ်။ ဒန့်သလွန်ရဲ့အဆီအနှစ်ကိုဟော်မုန်းပျက်စီးစေမှု ( estrogenic activity) လုပ်ဆောင်ရာမှာအသုံးပြုကြသလို သန္ဓေမအောင်စေအောင်ကာကွယ်ရာမှာလည်းအကျိုးပြုပါတယ်။ဒန့်သလွန်ကသွေးပေါင်ချိန်နဲ့ ကိုယ်တွင်းကိုလက်စထရောပမာဏကို သင့်တင့်တဲ့အနေအထားဖြစ်အောင် ထိန်းညှိရာမှာ အထောက်အကူပြုပါတယ်။isothiocyanate နဲ့ niaziminin တို့လိုမျိုးBioactive ပစ္စည်းတွေကသွေးကြောတွေမပိတ်အောင်ကာကွယ်ပေးသလို အဆုတ်သွေးကြောတွေကို ထိခိုက်စေနိုင်တဲ့သွေးတိုးရောဂါ (pulmonary hypertension)ဖြစ်ပေါ်မှုကိုလည်းလျော့ကျစေနိုင်ပါတယ်။လေ့လာမှုတွေမှာ ဒန့်သလွန်ရွက်မှာပါတဲ့hypocholesterolemic အစွမ်းအာနိသင်က အသည်းအဆီဖုံးတာ၊ ကျောက်ကပ်မှာအဆီများတာနဲ့သွေးတွင်းကိုလက်စထရောပမာဏများတာတွေဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတဲ့ ဒန့်သလွန်ရွက်က မျက်ကြည်လွှာမပျက်စီးအောင် ကာကွယ်ရာမှာ အထောက်အပံ့ပေးနိုင်ပါတယ်။ ဒန့်သလွန်ရွက်မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက မျက်ကြည်လွှာသွေးကြောတွေ ကျယ်လာတာမျိုးမဖြစ်အောင်ကာကွယ်ရာမှာ နဲ့ မျက်ကြည်လွှာကြွက်သားတွေမထိခိုက်အောင်ထိန်းသိမ်းပေးနိုင်ပါတယ်။ မျက်လုံးအတွင်းကသွေးကြောနံရံတွေထူမလာအောင် တားဆီးပေးသလို မျက်ကြည်လွှာပျက်စီးတာမျိုးတွေကိုလည်းကာကွယ်ပေးပါတယ်။ဒန့်သလွန်ရွက်က သွေးအားနည်းရောဂါကိုကုသရာမှာအထောက်အကူပြုပါတယ်။လေ့လာမှုတွေအရ ဒန့်သလွန်ရွက်က ခန္ဓါကိုယ်ရဲ့သံဓါတ်စုပ်ယူမှုကိုကောင်းမွန်စေအောင် အထောက်အပံ့ပေးနိုင်သလိုသွေးနီဥဆဲလ်အရေအတွက်ကိုတိုးစေသလို ပုံမှန်သွေးပေါင်ချိန်ကိုထိန်းသိမ်းရာမှာလည်း အထောက်အကူုပြုပေးပါတယ်။ကလေးငယ်တွေ၊ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ ဒန့်သလွန်ရွက်ကိုမစားခင်မှာ ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။အထက်ပါအချက်တွေကိုဖတ်ရှုပြီး ကျန်းမာရေးနဲ့ညီညွတ်စွာသတိပြုစားသုံးနိုင်ကြစေဖို့ရည်ရွယ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/moringa-%e1%80%92%e1%80%94%e1%80%b9%e1%82%94%e1%80%9e%e1%80%9c%e1%80%bc%e1%80%94%e1%80%b9/
ကျီးပေါင်း တက်တာ ဘယ်လိုလုပ်ကြမလဲ။
အသက်ကြီးလာတာနဲ့အမျှ ကျောရိုးမှာ ရှိတဲ့ အဆစ်လေးတွေ ပါးပြီး ပျက်စီးလာပါတယ်။ ဒါကြောင့်ဇက်ကြောတွေ တက်တာ၊ ခေါင်းကိုက်တာ၊ လက်ပြင်ကိုက်တာတွေ ဖြစ်လာလပါတယ်။ ဒါကိုကျီးပေါင်းတက်တယ်လို့ ခေါ်ပါတယ်။ အသက် “ကြီး” မှ ဖြစ်လို့ “ကျီး”ပေါင်းလို့ ခေါ်တာပေါ့။အသက်ကြီးတဲ့ သူတွေမှာ အဖြစ်များပြီး အသက်ကြီးလာလေလေ ပိုဆိုးလေပါ။ လေ့လာချက်တွေအရ အသက်၆၀ကျော်တွေရဲ့ ၈၅ရာခိုင်နှုန်းက ဇက်ကျီးပေါင်း ဖြစ်တတ်ပါတယ်။ ဒါဖြစ်လာရင် လူက နေလို့မကောင်းဘူး။ ခေါင်းကြီးလေးနေတဲ့အတွက်လေဖြတ်တော့မှာလား ဆိုပြီး စိုးရိမ်တတ်ပါတယ်။ ဒါကြောင့် ဇက်ကျီးပေါင်း ဆိုတာ စိုးရိမ်ရလား။ ဘယ်လိုနည်းလမ်းတွေနဲ့ သက်သာအောင် လုပ်ကြမလဲ ဆိုတာ ဆက်ကြည့်ရအောင်။အသက်ကြီးလာတာနဲ့အမျှ တစ်သက်လုံး သုံးလာခဲ့တဲ့ လည်ပင်းဆစ်မှာ ရှိတဲ့ အရိုးတွေ၊ အရိုးနုတွေက ပွန်းပြီး ပါးလာပါတယ်။ ပျက်စီးတဲ့ ပုံတွေကတော့။ဒီဆစ်ကြားရိုးတွေက လည်ပင်းဆစ် တစ်ခုနဲ့ တစ်ခုကြားမှာ ကူရှင်လိုမျိုး ခံထားပေးပါတယ်၊။ အသက်၄၀လောက်က စပြီး ဒီဆစ်ကြားရိုးတွေက တဖြည်းဖြည်းပိပြီး ပြားလာပါတယ်။ ဒါကြောင့် ကြာလာတဲ့အခါ လည်ပင်းဆစ်တစ်ခုနဲ့ တစ်ခု ပွတ်တိုက်မှုတွေ ဖြစ်လာပါတယ်။အသက်ကြီးလာတာနဲ့ အမျှ ဆစ်ကြားရိုးတွေက အက်ကွဲပြီး အပြင်ကို ကျွံထွက်လာပါတယ်။ ဒါကြောင့် အာရုံကြောမကြီးနဲ့ အာရုံကြောကို ဖိတတ်ပါတယ်။ဒီလို လည်ပင်းဆစ်ကြားရိုးတွေ ပျက်စီးလာတာကြောင့် ကျောရိုးမကြီးကို ထောက်ပံ့ဖို့အတွက် အရိုးအတက်တွေ ထွက်လာပါတယ်။ ဒီအရိုးအတက်ထွက်တာကလည်း အာရုံကြောမကြီးနဲ့ အာရုံကြောတွေကို ဖိတတ်ပါတယ်။အသက်ကြီးလာတော့ အရွတ်တွေ တောင့်ပြီး လည်ပင်းက လှုပ်ရှားရခက်လာပါတယ်။ကားအက်စီးဒင့်ကြောင့် ဖြစ်ဖြစ်၊ ချော်လဲလို့ဖြစ်ဖြစ် လည်ပင်းကို ထိခိုက်မိမယ်ဆိုရင် အရိုးတွေ၊ အရွတ်တွေ ပျက်စီးတဲ့အတွက် ကျီးပေါင်းမြန်မြန်ဖြစ်တတ်ပါတယ်။တချို့သော အလုပ်တွေက ခေါင်းကို ခဏခဏ လှုပ်ရတာ ဒါမှမဟုတ် အလေးအပင်တွေ မ ရတာ များရင်လည်း ကျောရိုးကို ဖိအားပေးသလို ဖြစ်တဲ့အတွက် အရိုးတွေ အရွတ်တွေကို စောစောပျက်စီးစေပါတယ်။ကျီးပေါင်းဖြစ်တဲ့ သူတော်တော်များများက ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ပြခဲ့ရင်တောင် ဇက်ကြောတက်တာ၊ နာတာပဲ ရှိတာပါ။ ဒါက ဖြည်းဖြည်းချင်း ဖြစ်မှာလား၊ ရုတ်တရက် ဖြစ်မှာလား၊ ဆိုးဆိုးဝါးဝါးဖြစ်မှာလား၊ သာမန်ပဲလား ဆိုပြီး ရှိပါသေးတယ်။နောက်ထပ် လက္ခဏာ တစ်ခုကတော့လက်ပြင်နာတာပဲ ဖြစ်ပါတယ်။ တချို့တွေကျတော့လည်း လက်မောင်းတစ်လျှောက် လက်ချောင်းအထိ နာတတ်ပါတယ်။ နာတာကို ပိုဆိုးစေတဲ့ အခြေအနေကတော့။နောက်တစ်ခုကတော့ ကြွက်သားတွေ မသန်တော့တာပါ။ ဒါကြောင့် လက်မြှောက်ဖို့၊ ပစ္စည်းကို မြဲအောင်ကိုင်ဖို့ ခက်ခဲ လာပါတယ်။တခြားလက္ခဏာတွေကတော့။ကျီးပေါင်းကြောင့် အာရုံကြောတွေ ပိမယ်ဆိုရင် ပိတဲ့ အာရုံကြောပေါ်လိုက်ပြီး လက္ခဏာတွေ ခံစားရမှာပါ။အသက်ကြီးလို့ ဖြစ်တာကြောင့် အပြီးပျောက်အောင် ကုသလို့ မရပါဘူး။  ကုသနည်းတွေက အနာသက်သာအောင်၊ နောက်ဆက်တွဲတွေ မဖြစ်အောင်၊ ကျီးပေါင်းရဲ့ လက္ခဏာတွေကြောင့် စိတ်အနှောင့်အယှက် မဖြစ်ရအောင်၊ နေ့စဥ်အလုပ်တွေ မထိခိုက်အောင်အတွက် ရည်ရွယ်ပြီး ကုသပေးတာပါ။ကိုယ်လက်အင်္ဂါပြန်လည် သန်စွမ်းရေး ဆရာဝန်က သင့်လည်ပင်းက ကြွက်သားတွေနဲ့ အရွတ်တွေ ပြန်လည် သန်မာလာအောင်၊ ပျော့ပျောင်းလာအောင် လေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။ နောက် အလေးဆွဲပြီး အဆစ်ရိုးတွေ ပိမနေအောင်၊ ပိနေတဲ့ အာရုံကြောတွေ လွတ်သွားအောင် လေ့ကျင့်ရပါမယ်။-ကြွက်သားတွေ ပြေလျော့အောင် အကြောပြေဆေးတွေ။-အနာသက်သာအောင်အကိုက်အခဲ ပျောက်ဆေးတွေ။-အကြောညပ်လို့ နာတာတွေအတွက် အာရုံကြောဆေးတွေ။-အရောင်သက်သာအောင် စတီးရွိုက်တွေ ပေးလို့ရပါတယ်။ဘယ်လိုမှ မသက်သာဘူးဆိုရင်တော့ ခွဲစိတ်မှု လုပ်ရမှာပါ။ နည်းလမ်းတွေကတော့ အရိုးအတက် ဖယ်တာ၊ ပျက်စီးနေတဲ့ အဆစ်ကို ဖယ်တာ၊ ကျွံနေတဲ့ ဆစ်ကြားရိုးကို ဖယ်ထုတ်တာတွေ လုပ်ရမှာပါ။ ဒါပေမယ့် တော်တော်များများက ခွဲစိတ်တဲ့ အခြေအနေအထိ ရောက်ခဲပါတယ်။ ဆေးဝါးတွေ၊ လေ့ကျင့်ခန်းတွေ၊ အိမ်တွင်းကုထုံးတွေနဲ့ သက်သာသွားတာ များပါတယ်။အိမ်မှာ ကိုယ့်ဟာကိုယ် လုပ်နိုင်တဲ့ နည်းတွေကတော့။-လေ့ကျင့်ခန်း လုပ်ပါ။လည်ပင်းလေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့သူတွေက ပိုပြီး မြန်မြန်သက်သာပါတယ်။ လေ့ကျင့်ခန်း မလုပ်နိုင်ရင်တောင် လမ်းတော့လျှောက်ပေးပါ။ လမ်းပုံမှန်လျှောက်တဲ့ သူတွေက ဇက်ကြောတက်တာ၊ ခါးနာတာတွေ သက်သာပါတယ်။-ရေနွေးအိတ် ကပ်တာ၊ ရေခဲအုံတာမျိုးတွေလည်း လုပ်လို့ ရပါတယ်။-ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်နိုင်ပါတယ်။ဒါပေမယ့် တချို့သော ဆေးတွေက အစာအိမ်ထိတာ၊ ကျောက်ကပ်ထိတာ ဖြစ်နိုင်တဲ့ အတွက် ရေရှည် စွဲသောက်လို့ မရပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။–လည်ပင်းထောက်ဝတ်ပါ။လည်ပင်းထောက်ဝတ်တာက လည်ပင်းမှာ ရှိတဲ့ အရိုးနဲ့ ကြွက်သားတွေကို အနားရစေပါတယ်။ ဒါပေမယ့် အကြာကြီးဝတ်မယ်ဆိုရင်တော့ လည်ပင်းကြွက်သားတွေ အားပျော့တာမျိုး ဖြစ်လာနိုင်ပါတယ်။အသက်ကြီးရင် ကျီးပေါင်းဖြစ်တာ  သဘာဝပါ။ တော်တော်များများ ဖြစ်တတ်ပါတယ်။ ခုခေတ်မှာ နည်းပညာတွေ တိုးတက်လာတဲ့ အတွက် ကျီးပေါင်းကို အရှင်းမဟုတ်တောင် ခံစားရတဲ့ လက္ခဏာတွေ သက်သာအောင် ကုသနိုင်နေပါပြီ။ ဒါကြောင့် ကျီးပေါင်းတက်လို့ စိတ်ညစ်စရာ မလိုတော့ပါဘူး။ လေ့ကျင့်ခန်းတွေ လုပ်ပေးမယ်။ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေ သောက်မယ်ဆိုရင် သက်သာလာနိုင်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/cervical-spondylosis/
အမျိုးသမီးအင်္ဂါပုံစံတွေက တစ်ယောက်နဲ့ တစ်ယောက် မတူဘူးလား။
အမျိုးသားတွေကပဲ သူတို့ရဲ့လိင်တံနဲ့ ပတ်သက်ပြီး မူမမှန်ဘူးလို့ ထင်ကြတာ မဟုတ်ပါဘူး။ အမျိုးသမီးတွေကလည်း သူတို့ရဲ့ မိန်းမကိုယ်နဲ့ ပတ်သတ်ပြီး ကိုယ့်ဟာက ပုံမှန်ဟုတ်ရဲ့လားလို့ စိတ်ပူတတ်ကြပါတယ်။ ပိုဆိုးတာက ရှေးခေတ်လူပျိုအချင်းချင်း မျှဝေကြတဲ့ စာအုပ်တွေမှာ ဘယ်လို မိန်းမအင်္ဂါပုံစံများ ကတော့ ဘယ်လိုလိင်စိတ်ရှိတယ်။ အမျိုးသမီးတွေရဲ့ အမူအကျင့်တွေကို လွှမ်းမိုးနေတယ်ဆိုတဲ့ ဂျင်းတွေကြောင့်ပါပဲ။ အမျိုးသမီးအင်္ဂါပုံစံတွေက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။အမျိုးသမီးတွေ တစ်ယောက်နဲ့ တစ်ယောက် ပုံပန်းသွင်ပြင်ကွာတာ၊ အသားအရောင် မတူတာလိုမျိုးပဲ မိန်းမအင်္ဂါပုံစံများ ကလည်း တစ်ယောက်နဲ့ တစ်ယောက်နဲ့ မတူနိုင်ပါဘူး။ ဒါတွေအပြင် အမျိုးသမီးတွေမှာ မျိုးဗီဇ၊ ဟော်မုန်းအပြောင်းအလဲ စတာတွေကလည်း လွှမ်းမိုးထားနိုင်တာကြောင့် မတူတာက ဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ဘယ်လောက်တောင် မတူသလဲဆိုရင် InstagramမှာThe Vulva Galleryဆိုပြီး ရှိပါတယ်။ အဲ့ဒီမှာ အမျိုးသမီးအင်္ဂါပုံစံပေါင်း ၅၅၀လောက်ကို ပုံကြမ်းဆွဲပြထားပါတယ်။  Hilde Atalanta ဆိုတဲ့ အမျိုးသမီးက မိန်းမအများစုက မိမိရဲ့ မိန်းမကိုယ်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေတဲ့အတွက် မတူညီမှုတွေ ရှိတတ်တယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။မတူညီမှုတွေကို မပြောခင်မှာ အရင်ဆုံးအမျိုးသမီးအင်္ဂါတွေရဲ့ ဖွဲ့စည်းပုံနဲ့ ဘယ်လိုခေါ်သလဲဆိုတာကို ပြောပြပေးပါ့မယ်။ ဒါကို နားလည်ထားမှ တူတာ၊ မတူတာတွေကို ဆက်ပြောလို့ရမှာပါ။အမျိုးသမီးအင်္ဂါပုံစံတွေက လူတစ်ယောက်ရဲ့ မျက်နှာလိုပဲ တစ်ယောက်ချင်းစီမှာ သီးသန့်ရှိနေနိုင်ပါတယ်။ များလွန်းလို့ အပြည့်အစုံပြောပြဖို့ ခက်ပါတယ်။ ဒီတော့ အတွေ့ရများတဲ့ အမျိုးသမီးအင်္ဂါပုံစံတွေကိုပဲ ပြောပြပါမယ်။များသောအားဖြင့် အမျိုးသမီးအင်္ဂါပုံစံတွေက မတူဘူးဆိုတာကမိန်းမကိုယ်နှုတ်ခမ်းရဲ့ ပုံစံတွေ ကွဲသွားတာကြောင့်ပါ။နှုတ်ခမ်းလေး တစ်ဖက်က ထူပြီး ရှည်နေတာ၊ နောက်တစ်ဖက်ကျ တိုပြီး တုတ်နေတာ ဒီလိုဖြစ်နေတော့ နှစ်ဖက်မညီဘူးပေါ့။ ဒါကဖြစ်တတ်ပါတယ်။ အများစုက သတိမထားမိလို့သာပါ။မြင်ယောင်အောင် ပြောရရင် မြင်းခွာကို ဇောက်ထိုးထားထားသလိုပါပဲ။ အတွင်းထဲကို ကွေးနေတဲ့အတွက် မိန်းမကိုယ်နှုတ်ခမ်းငယ်လေးကို အပြင်ဘက်ကို ညှစ်ထုတ်ထားသလို ဖြစ်နေတတ်ပါတယ်။တစ်ခါတလေကျရင် မိန်းမကိုယ်နှုတ်ခမ်းငယ်က ထူပြီး ရှည်နေတဲ့အတွက် မိန်းမကိုယ်နှုတ်ခမ်းကြီးရဲ့ အပြင်ဘက်ကို ထွက်နေတာမျိုး ရှိနိုင်ပါတယ်။ မိန်းမကိုယ်နှုတ်ခမ်းတွေရဲ့ အတိုအရှည်ကတော့ တစ်ယောက် တစ်မျိုးစီပါပဲ။ ဒါပေမယ့် မိန်းမကိုယ်နှုတ်ခမ်းငယ်က ကြီးနေရင် အပြင်ကို သိသိသာသာ ထွက်နေနိုင်ပါတယ်။ဒါကတော့ အပေါ်က အခြေအနေနဲ့ ပြောင်းပြန်ပါ။ မိန်းမကိုယ်နှုတ်ခမ်းကြီးမှာ အဆီတွေ ရှိတယ်လို့ ပြောဖူးပါတယ်။ အဆီတွေများတဲ့အခါ နှုတ်ခမ်းသား ထူပြီး ဖောင်းနေတတ်ပါတယ်။ ဒီတော့ မိန်းမကိုယ်နှုတ်ခမ်းကြီးက သိသိသာသာ ကြီးနေသလို ဖြစ်တတ်ပါတယ်။ဒါကလည်း မိန်းမကိုယ်နှုတ်ခမ်းငယ်ကို သိသိသာသာ ဖြစ်နေရတဲ့ အကြောင်းရင်းပါပဲ။ မိန်းမကိုယ်နှုတ်ခမ်းကြီးကို ကျော်လွန်ပြီး အောက်ကို တစ်လက်မသာသာလောက် တွဲလောင်း ဖြစ်နေတတ်ပါတယ်။ အတွင်းခံဝတ်ရင် သွားသွားထိနေတတ်ပါတယ်။အသားအရေလျော့တွဲကျနေတာနဲ့ တူပါတယ်။ တွဲလောင်းကျနေတဲ့ မိန်းမကိုယ်နှုတ်ခမ်းက အတွင်းခံဝတ်တဲ့အခါ အတွင်းခံတခြား မိန်းမကိုယ်တခြား ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်ပဲ မိန်းမကိုယ်နှုတ်ခမ်းငယ်နဲ့ အတွင်းခံနဲ့ သွားသွားထိနေတတ်ပါတယ်။နှုတ်ခမ်းကြီး ဆိုပေမယ့် ပြားပြီး သေးနေတာကြောင့် ဆီးခုံရိုးမှာ ကပ်နေနိုင်ပါတယ်။ သေးနေတဲ့အတွက် နှုတ်ခမ်းနှစ်ခုက ဟပြီး မိန်းမကိုယ်နှုတ်ခမ်းငယ်ကို မြင်နေရမှာပါ။ဒါကတော့ အပေါ်ကလိုမျိုး မဟုတ်ဘဲ စိနေတာကြောင့် မိန်းမကိုယ်နှုတ်ခမ်းငယ်ကိုပါ အုပ်ထားသလို ဖြစ်နေတတ်ပါတယ်။ အပြာရုပ်ရှင်တွေမှာ တွေ့ရတတ်တာမျိုးပေါ့။ ဒါပေမယ့် လက်တွေ့ဘဝမှာတော့ ဒီအမျိုးအစားက သိပ်တွေ့ရလေ့ မရှိပါဘူး။အများအားဖြင့်တော့ မိန်းမကိုယ်နှုတ်ခမ်းကြီးက နာမည်အတိုင်း ပိုကြီးနေတာကြောင့် မိန်းမကိုယ်နှုတ်ခမ်းငယ်ကို ဒီတိုင်းမတွေ့ရတတ်ပါဘူး။ တွဲလောင်းကျနေတယ်ဆိုရင်တောင် နှုတ်ခမ်းကြီးက ကွယ်ထားသလို ဖြစ်နေတတ်ပါတယ်။ ဒီနှစ်ခုက ဆိုဒ်တူသွားရင်တော့ မြင်ရနိုင်ပါတယ်။ နှုတ်ခမ်းကြီးရဲ့ ထိပ် ဒါမှမဟုတ် ဟိုးအဆုံးနားမှာ မိန်းမကိုယ်နှုတ်ခမ်းငယ်ကို တွေ့ရတတ်ပါတယ်။ခုပြောခဲ့တာတောင် ၁၀မျိုးလောက် ရှိနေပါပြီ။ ဒီထဲမှာ မပါတဲ့ အမျိုးအစားတွေလည်း ရှိပါသေးတယ်။ မိန်းမအင်္ဂါပုံစံများ က နှုတ်ခမ်းတွေတင် မတူတာ မဟုတ်ပါဘူး။ မိန်းမကိုယ်အရောင်တွေ၊ မိန်းမကိုယ်အစေ့တွေ၊ ဆီးခုံ၊ ဆီးခုံမွေး စတာတွေလည်း မတူတာမျိုး ရှိတတ်ပါတယ်။ဥပမာမိန်းမကိုယ် အရောင်ဆိုရင် အမည်းရောင်၊ အညိုရောင်၊ ပန်းရောင် စသဖြင့် အမျိုးမျိုးရှိပါတယ်။ အသားအရောင်တွေလိုပါပဲ။ များသောအားဖြင့်တော့ မိန်းမကိုယ်နေရာတဝိုက်က မယ်လနင်ရှိတာကြောင့် အရောင်ရင့်တတ်ပါတယ်။မိန်းမကိုယ်အစေ့ဆိုရင်လည်း ဒီလိုပါပဲ။ အစေ့သေးတာ၊ အစေ့ကြီးတာအပြင် စမ်းရခက်တာ၊ သိသိသာသာ ထွက်နေတာ စသဖြင့် အမျိုးမျိုးရှိပါတယ်။ဆီးခုံဆိုရင်လည်း အဆီနည်းတာ၊ များတာ၊ အရိုးဖွဲ့စည်းပုံပေါ် မူတည်ပြီးဆီးခုံမောက်တာ၊ ဖောင်းတာ၊ ပြားချပ်နေတာ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဆီးခုံမွေးဆိုရင်လည်း ကျဲတာ၊ ထူတာ၊ တချို့ဆို အမွေးက အရောင်လေးတွေ ကွဲတာလေးတွေ ရှိတတ်ပါတယ်။မိန်းမအင်္ဂါပုံစံများက ထူးခြားတဲ့ အဓိပ္ပာယ်မရှိတာကြောင့် ဒါတွေနဲ့ အမျိုးသမီးတွေကို တံဆိပ်မကပ်သင့်ပါဘူး။ အရင်တုန်းကဆိုရင် မိန်းမကိုယ်အစေ့ကြီးတဲ့ အမျိုးသမီးတွေက လိင်စိတ်ပြင်းပြတယ်။ မိန်းမကိုယ်နှုတ်ခမ်းသားတွေ အရောင်ရင့်နေတာ အာသာဖြေတာများလို့။ မိန်းမကိုယ်နှုတ်ခမ်းသား တွဲလောင်းကျနေတဲ့သူတွေက ယောက်ျားစိတ်ပေါက်နေတာ။ ဒါကြောင့် လိင်တံလို ရှည်ထွက်လာတာ။  မိန်းမကိုယ်လှန်နေတာက ကလေးမွေးထားလို့၊ အပျိုမစစ်လို့ စသဖြင့် သတ်မှတ်ကြပါတယ်။ဒါတွေက အခြေအမြစ်မရှိသလို နှာခေါင်းကြီးတဲ့သူ နှာဘူးလို့ ပြောနေသလိုပါပဲ။ မိန်းမကိုယ်ပုံစံတွေက သီးသန့်ဖြစ်တာကြောင့် ဘာအဓိပ္ပာယ်မှလည်း မရှိပါဘူး။ လိင်မှုကိစ္စမှာလည်း ထူးခြားချက်မရှိပါဘူး။ဒါတွေက အပြာရုပ်ရှင်နဲ့ အဖော်အချွတ်ရုပ်ရှင်တွေကနေ စတာပါ။ သူတို့က သရုပ်ဆောင်ရွေးသလို မိန်းမကိုယ်ကိုလည်း ဆွဲဆောင်မှုရှိတဲ့ပုံစံတွေကို ရွေးချယ်ထားတာပါ။ ဒါကြောင့် ပန်းရောင်မိန်းမကိုယ်တွေ၊ စိနေတဲ့ မိန်းမကိုယ်တွေ ဖြစ်နေတာပါ။ စိနေတဲ့ မိန်းမကိုယ်က အပြင်မှာ တွေ့ရခဲတယ်လို့ အပေါ်မှာ ပြောပြီးပါပြီ။ဒါတွေက စံသတ်မှတ်ချက်တွေ မဟုတ်ပါဘူး။ ဆိုလိုတာက မိန်းမကိုယ်အင်္ဂါပုံစံများက ဒီလိုမှ၊ အရောင်ဖြစ်မှ လှတယ်လို့ ပြောလို့မရပါဘူး။ အသားဖြူမှ လှတယ်လို့ သတ်မှတ်လို့ မရသလိုပါပဲ။အခုအပြင်မှာ မိန်းမကိုယ်အရောင်သွင်းတာတွေ၊ သေးအောင် ခွဲစိတ်တာတွေ ရှိနေတာပဲ။ အလှအပရေးရာ သက်သက်ကြောင့်နဲ့တော့ မခွဲစိတ်သင့်ပါဘူး။ ဒါပေမယ့် ကိုယ်က သက်သောင့်သက်သာ မဖြစ်လို့ဆိုရင်တော့ တစ်မျိုးပေါ့။ ဥပမာ မိန်းမကိုယ်နှုတ်ခမ်းက ကြီးနေတာကြောင့် အတွင်းခံနဲ့ တိုက်မိပြီး ခဏခဏပွန်းတယ်ဆိုရင်ပေါ့။အမျိုးသမီးအင်္ဂါပုံစံတွေက ပုံစံအမျိုးမျိုးရှိတာကြောင့် ဘယ်ဟာက ပုံမှန်ပါဆိုပြီး စံသတ်မှတ်ဖို့ ခက်ပါတယ်။ ကျန်းမာနေရင်၊ ကိုယ်လည်း သက်သောင့်သက်သာဖြစ်တယ်ဆိုရင်၊ ပြဿနာမရှိပါဘူး။ ဒီလိုမဟုတ်ဘဲ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/different-types-of-vulva/
ဘော်ဒီလုံးဝ တောင့်စေဖို့အတွက် ကိုကိုတို့ ဒါတွေ စားပေးဖို့လိုတယ်နော်။ ။
ပိန်ပိန်ပါးပါး LCD ခေတ်က ကုန်သွားပါပြီ။ ခုခေတ်မှာဆို မိန်းကလေးဆို ကိတ်မှ၊ ယောက်ျားလေးဆို တောင့်မှ ကြိုက်ကြတဲ့ခေတ်ကို ရောက်လာပါပြီ။ ဒီလိုနဲ့ြကွက်သားတွေ တောင့်အောင် gym တွေသွားကြ၊ ကြွက်သားတည်ဆောက်ပေးတဲ့ပရိုတင်းတွေ ဝယ်သောက်ကြနဲ့ ပိုက်ဆံ အပိုကုန်ရမယ့် အပေါက်တွေတိုးလာပါတယ်။ gym သွားတာကတော့ ထားပါ။ ကြွက်သားတက်ချင်ရင်လေ့ကျင့်ခန်းကတော့လုပ်ပေးမှရတာကိုး။ ပရိုတင်းတွေဝယ်သောက်တာကျတော့ သပ်သပ် အပိုပိုက်ဆံကုန်သလိုဖြစ်မနေဘူးလား။ ကိုယ့်နေ့စဉ်စားနေတဲ့ သဘာဝ အစားအသောက်တွေကလည်း ကြွက်သားတည်ဆောက်ပေးနိုင်တယ်ဆိုတာ သင်သိပါသလား။ သူတို့မှာ ဘေးထွက်ဆိုးကျိုးလည်း မရှိတဲ့အပြင် နေ့စဉ်စားတဲ့ အစားအသောက်တွေနေရာမှာ အဲ့ဒါလေးတွေရွေးစားပေးလိုက်တော့ ပိုက်ဆံလည်း အပိုထပ်မကုန်တော့ဘူးပေါ့။ ။ ဘော်ဒီလုံးဝ တောင့်စေဖို့အတွက် ကိုကိုတို့ ဒါတွေ စားပေးဖို့လိုတယ်နော်။ ။ဘော်ဒီလုံးဝ တောင့်စေဖို့အတွက် ကိုကိုတို့ ဒါတွေ စားပေးပါ။အားလုံးသိကြတဲ့အတိုင်းကြွက်သားတွေစတင်တည်ဆောက်ဖို့၊ သန်မာကြီးထွားလာဖို့ဆိုပရိုတင်း စားပေးရပါမယ်။ အသားတွေဆိုတာ ပရိုတင်းဓါတ်အကြွယ်ဝဆုံးဖြစ်တဲ့အရာတွေပါ။ ဒါကြောင့် အသားတွေများများစားပါ။ အသားဆိုပြီးရောဆိုပြီး အကြော်အလှော်နဲ့ ဆီပြန်ဟင်းတွေသာစားမယ်ဆိုရင်တော တောင့်တော့တောင့်လာပါလိမ့်မယ်။အဆီေတွ။ အစပိုင်းတည်းက အဆီပိုမရှိ ကျစ်လစ်တောင့်တင်းတဲ့ ကိုယ်ခန္ဓါပိုင်ဆိုင်ချင်ခဲ့တာမလား။ ဒီတော့ ကိုယ်လိုချင်တဲ့ ပရိုတင်းဓါတ်အတွက် အသားပြုတ်တွေကို စားပေးတာကသာ ပိုကောင်းပါလိမ့်မယ်။ ။ တစ်ခုထပ်မှာချင်တာက အဆီများတဲ့ ဝက်သားကို ထိပ်ဆုံးက ရှောင်ပါ။ ကြက်သားဆိုရင်ပုံသားကိုရွေးစားပါ။ ကြက်အရေခွံကို ယောင်လို့တောင် မစားမိပါစေနဲ့။ ။ကဲ ဥ ရဲ့ ကောင်းကျိုးတွေကတော့ ဋီကာဖွဲ့လို့ ဆုံးတော့မှာကို မဟုတ်ဘူး။ အဲဒီအထဲမှာ ကြွက်သားတည်ဆောက်ပေးနိုင်တာကလည်း တစ်ခုပေါ့။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ပြန်အားဖြည့်တဲ့အနေနဲ့ကြက်ဥပြုတ်၅ လုံးသာစားပေးလို့ကတော့ သင်လိုချင်တဲ့ ဘော်ဒီတောင့်တောင့်လေးတစ်ခုကို အချိန်တိုအတွင်း ပိုင်ဆိုင်နိုင်တော့မှာပါ။ ကြက်ဥကို ကြွက်သားတက်ဖို့အတွက် စားပေးတဲ့နေရာမှာ တစ်ခု သတိထားစေချင်တာတော့ အကာပဲစားပါ။ အနှစ်မစားပါနဲ့။ အကာမှာသာ ပရိုတင်းတွေပါပြီး အနှစ်မှာကျ အဆီတွေပဲပါလို့ပါ။ကိုယ်ခန္ဓါလည်းထွားချင်တယ်၊ အဆီပိုလည်း မရှိချင်ဘူးဆိုရင်တော့ ကိုယ်နေ့စဉ်စားနေတဲ့ထမင်းဖြူေတွ၊ပေါင်မုန့်တွေကို လျှော့စားပြီး သူတို့နေရာမှာ ပဲတွေကို အစားထိုးပါ။ ပဲတွေဆိုတာ အပင်တွေကနေရတဲ့ အသားဓါတ်တွေပါ။ သူတို့လိုမျိုးအမျှင်ဓါတ်ရော၊ အသားဓါတ်ရော နှစ်မျိုးကြွယ်ဝတဲ့ အစားအသောက်တွေ ထပ်မရှိနိုင်တော့ပါဘူး။သစ်ကြားသီး၊ သစ်ချသီး၊ ဗန်ဒါစေ့တိုလို ပရိုတင်းကြွယ်ဝတဲ့ အစေ့အဆံတွေ မရှိနိုင်တော့ပါဘူး။ သူတို့မှာ ပရိုတင်းဓါတ်တွေအပြင် အမျှင်ဓါတ်၊မပြည့်ဝဆီတွေနဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါလို့ သူတို့ကိုသာ စားပေးရင် လူလည်းကျန်းမာ၊ ဗလာလည်း တက်လာတော့မှာပါ။ အစိမ်းပဲစားစား၊ အလှော်ပဲစားစား။ ဆီပူထဲ ကြော်မစားရင် ရပါပြီ။ ။နွားနို့မှာက များပြားလှတဲ့ ပရိုတင်းဓါတ်တွေအပြင် အရိုးသန်မာစေဖို့လိုအပ်တဲ့ကယ်လ်ဆီယမ်၊ အရိုးကြံ့ခိုင်ဖို့အတွက် လိုအပ်တဲ့ ဗီတာမင်ဒီတွေလည်းပါပါတယ်။ မလိုင်အပြည့်နဲ့ နွားနို့်ကိုတော့ ရှောင့်ပေ့ါနော့။ နွားနို့်များများသောက်ပါ။ ကြွက်သားတွေကို ထိန်းထားပေးနိုင်ဖို့ အရိုးသန်မာဖို့လည်း လိုတယ်လေနော်။ပင်လယ်စာတွေဖြစ်တဲ့ ပုစွန်၊ ဂုံး၊ ကနုကမာ၊ နဲ့ ဆော်လမွန်ငါးတို့ဟာ ပရိုတင်း အကြွယ်ဝဆုံး ပင်လယ်စာတွေဖြစ်ပါတယ်။ ကြော်ရင်လည်း အဆီပါတယ်၊ ဆီပြန်ဟင်းဆိုလည်း အဆီတွေက တစ်ပုံကြီးဆိုတော့ ပင်လယ်စာတွေကို စားရမှာ အခက်တွေ့နေကြတဲ့သူတွေအတွက် အကြံလေးပေးချင်ပါတယ်။ ပင်လယ်စားတွေလောက် သုပ်စားလို့ မြိန်တဲ့အရာ မရှိပါဘူး။ ဒါကြောင့် ပင်လယ်စာတွေကို သုပ်စားပါ။ သင့်ခံတွင်းလည်းမြိန် ကြွက်သားတွေလည်း သိမ်နေတော့ မှာမဟုတ်ပါဘူး။ ။ဒီဆောင်းပါးလေးကနေ ကိုယ်နေ့စဉ်စားနေတဲ့ အစားအသောက်တွေကလည်း ကြွက်သားတောင့်အောင် လုပ်ပေးနိုင်တဲ့ အစွမ်းတွေရှိပါလားဆိုတာ သိသွားစေဖို့ ရည်ရွယ်ပါတယ်။ ဒါတွေသာ ကိုယ်နေ့စဉ်စားတဲ့ အစားအသောက်ထဲ ထည့်စားလိုက်မယ်ဆိုလို့ကတော့ ဗလတောင့်ချင်တဲ့ ကိုကိုတို့အတွက် gym သွားတဲ့ ပိုက်ဆံပဲကုန်ပြီး ပရိုတင်းအတွက် သပ်သပ် ပိုက်ဆံထပ်ကုန်တာမျိုးတွေ မဖြစ်တော့ဘူးနော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/sports-nutrition/food-for-muscle/
ကင်ဆာမှရှင်သန်လာသူတွေ အသားဓါတ်ဘယ်လိုတိုးတက်အောင်လုပ်မလဲ
ရင်သားကင်ဆာ ခွဲစိတ်မှု၊ ကင်ဆာဆေးသွင်းကုသခြင်းနဲ့ ဓါတ်ရောင်ခြည်ကုသမှုတွေအပြီးမှာ သင့်ကိုယ်ခန္ဓါဟာ ပျက်စီးသွားတဲ့တစ်ရှူးတွေကို ပြန်ကောင်းအောင် လုပ်ဖို့နဲ့ ကိုယ်ခံအားစနစ်ကို တိုးတက်စေဖို့ ပရိုတင်းဓါတ်ကို လိုအပ်ပါတယ်။ အရိုးဆုံးနည်းတစ်ခုကတော့ သင့်အစားအသောက်တွေထဲကို ပရိုတင်းပိုမို ထည့်သွင်းခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ပရိုတင်း ဘယ်လိုပိုများအောင်စားသောက်ရမလဲဆိုတာ တွေးနေရင် ဒီဆောင်းပါးက ပရိုတင်းဓါတ်ပိုမိုရရှိဖို့ စားသောက်သင့်တဲ့ အစားအသောက်တွေကို ဖေါ်ပြသွားမှာဖြစ်ပါတယ်။ချိစ်။ချိစ်တွေကို အသားညှပ်ပေါင်မုန့်၊ ပေါင်မုန့်၊ ကြက်ဥ၊ hot dogs၊ ဟမ်ဘာဂါ၊ အသီးအရွက်၊ အသား၊ ငါး၊ မုန့်တွေနဲ့အတူ စားသုံးနိုင်ပါတယ်။ ချိစ်ကို အမျှင်ဖြစ်အောင် ခြစ်ပြီး စွပ်ပြုတ်၊ ဆော့၊ ခေါက်ဆွဲနဲ့ အာလူးထောင်းတွေထဲကိုလည်း ထည့်သွင်းစားနိုင်ပါတယ်။Cottage cheese ကို spaghetti (သို့) ခေါက်ဆွဲထဲကို ထည့်သွင်းတာပဲဖြစ်ဖြစ် သင်ကြိုက်သလို စားသောက်နိုင်ပါတယ်။နွားနို့။တစ်နေကုန် ရေအစား နွားနို့ကို သောက်သုံးနိုင်ပါတယ်။ ချက်ပြုတ်ဖို့လည်း နွားနို့ကို သုံးနိုင်ပါတယ်။ နွားနို့ကို cocoa မှုန့်၊ cereals၊ ပူတင်းတွေနဲ့လည်း ရောပြီး စားသောက်နိုင်ပါတယ်။ အဆီနည်းတဲ့ (သို့) အဆီမပါတဲ့ နွားနို့တွေကို အဆီကို လျှော့ချဖို့ အသုံးပြုသင့်ပါတယ်။အဆီမပါနဲ့ နွားနို့ခြောက်ကိုလည်း အစားအသောက်ထဲ ထည့်စားနိုင်ပါတယ်။ ပေါင်မုန့်၊ ဆော့၊ ခရင်မ်စွပ်ပြုတ်၊ custard၊ ပူတင်းနဲ့ ကိတ်မုန့်တွေမှာလည်း ပါဝင်ပစ္စည်း အဖြစ် အသုံးပြုနိုင်ပါတယ်။ရေခဲမုန့်နဲ့ ဒိန်ချဉ်။ရေခဲမုန့် (သို့) ဒိန်ချဉ်ကို cereals၊ အသီး၊ မုန့်၊ နွားနို့ဖျော်ရည်တွေနဲ့အတူ စားနိုင်ပါတယ်။ သူတို့ကို အသားညှပ်ပေါင်မုန့်ကြားမှာ (သို့) ငှက်ပျောသီး၊ ဖရဲသီးတွေနဲ့ရောပြီး အသီးဖျော်ရည်လုပ်ခြင်းအားဖြင့်လည်း စားနိုင်ပါတယ်။အခွံမာသီးနဲ့ အစေ့များ။အခွံမာသီးနဲ့အစေ့တွေကို ကိတ်မုန့်၊ ပန်ကိတ်၊ ပေါင်မုန့်နဲ့ ဝေဖာတွေမှာ ထည့်သွင်းနိုင်ပြီး ဒိန်ချဉ်၊ အသီး၊ ရေခဲမုန့်၊ ပေါင်မုန့်ကင်တွေနဲ့ အတူ စားနိုင်ပါတယ်။အခွံမာသီးနဲ့ အစေ့တွေကို pasta sauce နဲ့ ခေါက်ဆွဲတွေ ပြုလုပ်ဖို့အတွက် သုံးနိုင်ပါတယ်။ကြက်ဥ။ကြက်ဥပြုတ်ကို အစားအစာထဲကိုထည့်သွင်းသင့်ပါတယ်။ ကြက်ဥ၊ နို့၊သကြားတွေ ပေါင်းပြီး custard ပြုလုပ်နိုင်သလို အကျက်ပြုတ်ထားတဲ့ ကြက်ဥကို အသားညှပ်ပေါင်မုန့်ထဲမှာ ထည့်သွင်းနိုင်ပါတယ်။ ပူတင်း၊ ကြက်ဥကြော်နဲ့ ပန်ကိတ်တွေ ပြုလုပ်ရင် ကြက်ဥတွေကို တစ်ဥထက်ပိုပြီး အသုံးပြုနိုင်ပါတယ်။အသား၊ ငါး။အစားအသောက်တွေထဲမှာ အသား၊ငါးတွေကို ပိုစားသင့်ပါတယ်။ ကင်ခြင်း၊ ပြုတ်ခြင်း၊ ပေါင်းခြင်း ပြုလုပ်ထားတဲ့ အသားတွေကို အာလူးနဲ့ မုန်လာဥနီနဲ့တူ စားနိုင်ပါတယ်။ ငါးကို စွပ်ပြုတ်တွေ၊ ကိတ်မုန့်တွေထဲကို ထည့်သွင်းနိုင်ပါတယ်။ အသားသီးသန့်တွေဟာ အဆီပါဝင်နှုန်းနည်းပါးပါတယ်။ အဆီကျချင်ရင် သူတို့တွေကို စားနိုင်ပါတယ်။ပဲ၊ တို့ဖူး။ပဲနဲ့ တို့ဖူးတွေကို အီတလီခေါက်ဆွဲနဲ့ စွပ်ပြုတ်တွေမှာ အသုံးပြုနိုင်ပြီး အသားနဲ့အတူလည်း ချက်ပြုတ်နိုင်ပါတယ်။ဖြည့်စွက်စာတွေနဲ့ ပရိုတင်း အမှုန့်။ဖြည့်စွက်စာတွေနဲ့ ပရိုတင်းအမှုန့်ဟာ အသုံးပြုရလွယ်ကူပြီး အရသာ ရှိပါတယ်။ သူတို့ကို မနက်စာစားချိန်မှာ သောက်နိုင်ပြီး ရေခဲမုန့်၊ နွားနို့တွေနဲ့လည်း ပေါင်းစပ် အသုံးပြုနိုင်ပါတယ်။ပရိုတင်း ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ ငါး၊ အသား၊ နွားနို့၊ အခွံမာသီးနဲ့ ပဲတွေပဲဖြစ်ပါတယ်။ ဒီအရာတွေက ဖြစ်လာတဲ့ အစားအသောက်တွေကို သင့် အစာတွေမှာ ထည့်သွင်းပေးခြင်းအားဖြင့် လိုအပ်တာထက်ပိုတဲ့ ပရိုတင်းဓါတ်ကို ရရှိမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%99%e1%80%be%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%9e%e1%80%94%e1%80%ba%e1%80%9c%e1%80%ac%e1%80%9e%e1%80%b0%e1%80%90%e1%80%bd%e1%80%b1-%e1%80%a1/
ကိုဗစ်မျိုးဗီဇသစ် Arcturus ထွက်ပေါ်လာ
ကိုဗစ်လူနာတွေ၊ ကိုဗစ်ကြောင့် သေဆုံးမှုတွေ မကြားရတာ နှစ်ပေါက်တော့မယ့်အချိန်မှာ ကိုဗစ်က မျိုးဗီဇသစ် Arcturus နာမည်နဲ့ ပြန်ပြီး ရောက်လာပါပြီ။ ဒီတစ်ခေါက် ဗီဇသစ်ကရော အရင်အဟောင်းတွေနဲ့ ဘာကွာမလဲ၊ ဘာတွေသတိထားရမလဲ၊ ကာကွယ်ဆေးတွေ ပြန်ထိုးရမှာလားဆိုတာကို လေ့လာလိုက်ရအောင်။Arcturusက အိုမီခရွန်မျိုးစိတ်တစ်ခုပဲ ဖြစ်ပြီး သူ့ကိုXBB.1.16အနေနဲ့ ဖော်ပြပါတယ်။ သူ့ရှေ့မှာ XBB.1.5 ရှိပြီး သူက ကူးစက်မှုတော်တော်များများကို ဖြစ်စေတာပါ။ အခုလက်ရှိ သူ့နေရာကို Arcturusက အစားဝင်လာပါပြီ။၂၀၂၃ မတ်လကုန်ပိုင်းလောက်မှာ စပြီးသတိထားမိတာဖြစ်ပြီး ခုဆို နိုင်ငံပေါင်း ၂၉နိုင်ငံလောက်ကို ပျံ့နှံ့ပြီး ဖြစ်နေပါပြီ။ အိန္ဒိယမှာဆိုရင် သူ့ကြောင့် တစ်နေ့ထက် တစ်နေ့ လူနာတွေ များနေပါပြီ။ အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်း ရောက်နေပါပြီ။ လက်ရှိမှာတော့ WHOက သူ့ကို စောင့်ကြည့်ရမယ့် စာရင်း (Variant Under Monitoring: VUM) ထဲကို ထည့်ထားပါတယ်။ပေါ်တာ သိပ်မကြာသေးတဲ့အတွက် တိတိကျကျပြောဖို့တော့ ခက်ပါတယ်။ သူ့မှာလည်း တခြားကိုဗစ်မျိုးဗီဇကွဲတွေလိုပဲ ဖျားနာ၊ နေထိုင်မကောင်းတာ ဖြစ်တတ်ပါတယ်။ထူးခြားတဲ့ လက္ခဏာအနေနဲ့ ပြောကြတာကတော့ ‘မျက်စိနာ’ တာပါ။ Arcturus ကူးခံရတဲ့သူတွေမှာ မျက်စိနာတတ်တယ်လို့ ပြောကြပါတယ်။ မြန်မာနိုင်ငံမှာသာ ဖြစ်လာခဲ့ရင် အတော်ခွဲရခက်မှာပါ။ နွေရာသီလိုအချိန်မျိုးမှာ မျက်စိနာတာ၊ အပြင်သွားလို့ ဖုန်တွေဝင်ပြီး မျက်စိယားယံတာက ဖြစ်တတ်ပါတယ်။ နွေရာသီမှာလည်း ဖျားကြနာကြတာတွေ ရှိတော့ တကယ်တမ်းဖြစ်လာရင် ကိုဗစ်လား၊ ရိုးရိုးဖျားတာလားဆိုတာ ခွဲရခက်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို မသင်္ကာရင် Test kitနဲ့ဖြစ်ဖြစ် စစ်ကြည့်လိုက်ပါ။နောက်ထပ် ထူးခြားတဲ့ လက္ခဏာအနေနဲ့ အဖျားကြီးတာ၊ ခံတွင်းခြောက်တာ၊ နားကိုက်တာတွေ ခံစားရတယ်လို့ ဆိုပါတယ်။ ခံတွင်းခြောက်တာကြောင့် အာကပ်ပြီး ခံတွင်းအနံ့ဆိုးတွေ ထွက်တာလည်း ရှိပါတယ်။ နားကိုက်ပြီး နားအူတာကြောင့် မူးတာတွေလည်း ဖြစ်ကြပါတယ်။လက်ရှိလေ့လာချက်တွေအရတော့ သူ့ကြောင့် သေဆုံးမှုများတာ၊ ဆေးရုံတက်ပြီး အသည်းအသန်ကုသရတာတွေက စိုးရိမ်ရလောက်အောင် များနေတာမျိုး မရှိပါဘူး။လက်ရှိမှာတော့ Arcturusက ရှေ့မျိုးဗီဇတွေနဲ့ယှဉ်ရင် ကူးစက်မှုမြန်တယ်။ ခုခံအားကို ကျော်နိုင်တယ်ဆိုတာလောက်ပဲ တွေ့ရပါသေးတယ်။ ပညာရှင်တွေက ဗီဇသစ်ထွက်ထွက်လာချင်းမှာ ကူးစက်မှု မြန်တတ်လို့ စောင့်ကြည့်သင့်တယ်လို့ဆိုပါတယ်။Arcturus အတွက် သီးသန့်ကာကွယ်ဆေးရယ်လို့ မထွက်သေးပါဘူး။ ခုခံအားကို ကျော်နိုင်တယ်ဆိုပေမယ့် လက်ရှိကာကွယ်ဆေးတွေက အထိုက်အလျောက်တော့ ကာကွယ်ပေးနိုင်ဦးမှာပါ။အရင်လိုပဲ ကိုယ့်ကိုယ်ကို ကာကွယ်မှုတွေ ပြန်လုပ်ရမှာပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/new-covid-variant-arcturus/
null
null
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/hair-care-for-your-babies/
မြန်မာနိုင်ငံမှာ အတွေ့ရ အများဆုံး သွားနှင့်ခံတွင်းရောဂါများ
မြန်မာနိုင်ငံက ခုချိန်တွင် ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခု အဖြစ်ရပ်တည်နေတဲ့ နိုင်ငံတစ်ခု။ အဖက်ဖက်ကနေ နိုင်ငံတိုးတက်ရေး အတွက် ဆောင်ရွက်နေရတဲ့ အချိန်။ စီးပွားရေး၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး တွေ ဘယ်လောက်ပဲ ကောင်းအောင် ဆောင်ရွက် နေနေ ကျန်းမာရေးသာ နောက်ကျကျန်ခဲ့ရင် ဘက်ပေါင်းစုံကနေ တိုးတက်တဲ့ နိုင်ငံတစ်ခု ဖြစ်မလာနိုင်ဘူးလေ။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးမဟုတ်လား။ လူတစ်ယောက်ကျန်းမာဖို့ဆိုရင် ခေါင်းအစ ခြေအဆုံးဘာဝေဒနာမှမရှိမှသာ ကျန်းမာတယ်လို့ ပြောလို့ရတယ်။ကိုယ်ခန္ဓါကျန်းမာခြင်းလို့ ဆိုလိုက်လျှင် ခံတွင်းကျန်းမာရေးကိုလည်း မေ့ထား၍မရပါ။ ခုပြောပြပေးမှာကတော့ မြန်မာနိုင်ငံမှာ အများဆုံးတွေ့ရတဲ့ခံတွင်းရောဂါများနဲ့ ကာကွယ်ဖို့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။မြန်မာ့ အစားအစာနဲ့ အချိုဆိုတာ ခွဲထားမရပါဘူး။အချိုစားတာများလေ သွားထဲကဘက်တီးရီးယားတွေပိုပျော်လေ သွားပိုးစားလေပဲ ဖြစ်ပါတယ်။ စားချင်တာတွေစားပြီး သွားပြန်မတိုက်ဘူးဆိုရင် သွားနဲ့ခံတွင်းရောဂါတွေ ပိုပိုဖြစ်လာမှာပဲ ဖြစ်ပါတယ်။ သွားပိုးစားခြင်းနဲ ခံတွင်းရောဂါများကို ကာကွယ်နိုင်ဖို့ဆိုရင် သွားကို တစ်နေ့နှစ်ကြိမ်တိုက်ပေးရပါမယ်။ တစ်ခါတိုက်ရင်လည်း ၂မိနစ်ကြာတိုက်ပေးပြီး မှန်ကန်သောသွားပွတ်တံ၊သွားတိုက်နည်းများနဲ့ တိုက်ပေးမယ်ဆို စားချင်တာတွေစားပြီးလည်း သွားကိုက်သွားပိုးစားမှာ မပူရတော့ဘူးနော်။မြန်မာလူမျိုးတို့သည် အစပ်ဆို အင်မတန်မှ ကြိုက်သော လူမျိုးများဖြစ်တယ်။ အစပ်များများစားလျှင် သွားကို မထိခိုက်စေသော်လည်းသွားဖုံးနှင့်လျှာကို အပူလောင်တတ်ခြင်း၊အနြာဖစ်ခြင်းများဖြစ်နိုင်ပြီး သွားဖုံးရောဂါများဖြစ်စေပါတယ်။ သွားဖုံးရောဂါ၏ လက္ခဏာများမှာ သွားဖုံးများ ရောင်ခြင်း၊ နာခြင်း၊ သွေးထွက်လွယ်ခြင်းတို့ ဖြစ်တယ်။ သွားဖုံးရောဂါများဖြစ်လာလျှင် မပေါ့ဆဘဲ သွားဆရာဝန်ဆီ သွား၍ သေချာကုသမှု ခံယူသင့်ပါတယ်။ ဂရုမစိုက်ဘဲ ထားလျှင် ရောဂါအခြေအနေ ပိုဆိုးလာကာရေစီးကမ်းပြိုခြင်းသွားဖုံးများကွာကျခြင်း၊သွားများကျွတ်ထွက်ခြင်းများ ဖြစ်တတ်ပါတယ်။ မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ချင်လျှင် အပူအစပ်များလျှော့စား၍ သွားပုံမှန်တိုက်ကာ သွားနှင့် ခံတွင်း ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။မြန်မာတို့သည် ထမင်းမစားရရင်သာ နေနိုင်မယ်။ ကွမ်းမစားရရင်မနေနိုင် ဆိုတဲ့လူမျိုးတွေဖြစ်တယ်။ ကွမ်းစားရတာ ကြိုက်သောသူများကို ကြည့်လိုက်ပါ။ ထမင်းစားချိန်မှ လွဲ၍ ကျန်တဲ့ အချိန်တောက်လျှောက် မအိပ်ခင်အထိကွမ်းကို တမြုံ့မြုံ့နဲ့ဝါးနေတတ်ကြပါတယ်။ အဲ့လောက်တောက်လျှောက်ဝါးနေမှတော့ ကွမ်းစားသူများရဲ့ သွားတွေ မဖြူတော့တာလည်း အဆန်းတော့ မဟုတ်ပါဘူး။ တစ်ခုသတိပေးချင်တာကကွမ်းစားခြင်းသည် သွားများကိုစွန်းထင်းစေရုံသာမက ခံတွင်းကင်ဆာကိုဖြစ်စေနိုင်သည့် ထိပ်ဆုံး အချက်တွင်ပါဝင်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကွမ်းစားခြင်းဖြင့် ရလာမယ့် ဆိုးကျိုးများကို လူတိုင်း လူတိုင်း သတိထား ဆင်ခြင်နိုင်အောင် သွားကျန်းမာရေး ဆရာဝန်များ အနေနဲ့ သေချာပြောပြ အသိပေးပြီး ကွမ်းစားခြင်းအား ဖြတ်ခိုင်းသင့်ပါတယ်။ဆေးလိပ်သောက်လိုက်လျှင်ဆေးလိပ်ငွေ့နှင့် အရင်ဆုံးစထိသောနေရာသည် ခံတွင်းပင်ဖြစ်တယ်။ ဆေးလိပ်မှာပါဝင်တဲ့ နီကိုတင်းနဲ့ ဆေးရွက်ကြီးက သွားများကို အရောင်ညစ်စေပြီး ခံတွင်းနံ့ကို ဆိုးစေပါတယ်။ သွေးထဲမှာ အောက်ဆီဂျင် ပါဝင်မှုကိုလည်း ဆေးလိပ်က လျော့နည်းစေတဲ့အတွက်ကြောင့် သွားဖုံးမှာဖြစ်တဲ့ အနာများကိုလည်း အကျက်နှေးစေပါတယ်။ ဆေးလိပ်သောက်ခြင်းက ခံတွင်းမှာ ရှိတဲ့ ဆဲလ်တွေကိုလည်း ပိုပွားစေတဲ့ အတွက်ကြောင့် ခံတွင်းကင်ဆာကို လည်း ဖြစ်စေနိုင်ပါသေးတယယ်။ ဒါ့ကြောင့် ကျန်းမာ သန့်ရှင်းတဲ့ ခံတွင်းတစ်ခု ပိုင်ဆိုင်ချင်ရင် ဆေးလိပ်ဖြတ်သင့်ပါတယ်။ ကျန်းမာရေးဌာနဘက်မှလည်း ဆေးလိပ်ကြောင့်ရနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးများကို နိုင်ငံသားတိုင်း သိအောင် နည်းမျိုးစုံဖြင့် ဗဟုသုတများ မျှဝေသင့်ပါတယ်။မြန်မာနိုင်ငံ တစ်ချို့ဒေသတွေမှာ သွားတိုက်ဆေးသွားတိုက်တံမသုံးဘဲ ဆားနဲ့သွားတိုက်တာ၊ မီးသွေးနဲ့သွားတိုက်တာတွေ ပြုလုပ်နေကြတုန်းပါ။ ဒါတွေက မိရိုးဖလာက ဆင်းသက်လာတဲ့ အလေ့အကျင့်တွေပါ။ သွားပွတ်တံသွားတိုက်ဆေးသုံးရင် ပိုကောင်းတယ်ဆိုတာ မသိသည်ကတစ်ကြောင်း သွားရောဂါနဲ့ ပက်သက်တဲ့ ဗဟုသုတများနည်းပါးသည်က တစ်ကြောင်း အကြောင်းကြောင်းကြောင့် မြန်မာနိုင်ငံဟာ သူများနိုင်ငံတွေထက်စာရင် ခံတွင်းရောဂါ ပိုဖြစ်ကြပါတယ်။ ကျန်းမာရေးဗဟုသုတ ဖြန့်ဝေနိုင်မှု နည်းပါးတဲ့ အတွက်ကြောင့် ခံတွင်း ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ ဖြန့်ဝေဖို့ နယ်လှည့်ကွင်းဆင်း ပညာပေးခြင်း၊ မီဒီယာများမှ တဆင့် ဗဟုသုတ မျှဝေခြင်းတွေကို များများလုပ်သင့်ပါတယ်။ဒါတွေကတော့ မြန်မာနိုင်ငံမှာ တွေ့ရ အများဆုံး ခံတွင်းရောဂါများ၊ သူတို့ကို ဖြစ်စေသော အကြောင်းများနဲ့ ကြိုတင်ကာကွယ်ရန် လုပ်သင့်သောနည်းတွေပဲဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/gum-mouth-diseases/%e1%80%b2%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%84%e1%80%b6%e1%80%99%e1%80%bd%e1%80%ac-%e1%80%a1%e1%80%b1%e1%80%90%e1%80%bc%e1%82%94/
Psoriasis အရေပြားရောဂါအတွက် ရောင်ခြည်ပြကုသမှု
Psoriasis သည် အရေပြား ယားယံပြီး အင်ပြင်ထကာ အရေပြား တွင် အဖြူရောင် သို့မဟုတ် ငွေရောင် အနာဖေးများ ဖြစ်လာသည့် အရေပြား ရောဂါဖြစ်ပါသည်။ နာတာရှည်ရောဂါ ဖြစ်ပြီး ရောဂါ လက္ခဏာများမှာ ပျောက်လိုက်ပေါ်လိုက်နှင့် တသက်လုံး ဖြစ် သည့် ရောဂါဖြစ်ပါသည်။ ထို့ကြောင့် ရောဂါစဖြစ်သည်နှင့် နောက် တစ်ကြိမ်ဖြစ်လာမည်ကို တွေးထားရမည်ဖြစ်ပြီး သင့်အနေဖြင့် ရောင်ခြည်ပြ ကုသမှု့ကို စဉ်းစားနိုင်ပါသည်။ ဤဆောင်းပါး သည် သင့်ကို phototherapy ဟုခေါ်သော ရောင်ခြည်ပြ ကုသမှု့ အကြောင်းကို တင်ပြပါမည်။Psoriasis အရေပြား ရောဂါသည် သင်၏ ကိုယ်ခံအားစနစ်တွင် ပြ ဿနာဖြစ်သောကြောင့် ဖြစ်လာရခြင်း ဖြစ်ပါသည်။ Psoriasis အရေပြား ရောဂါသည် သင့်၏ အရေပြား ဆဲလ်လေးများ ကြီးထွား လာစဉ်တွင် ပုံစံ မမှန်ဘဲ အရေပြားထူလာပြီး ဗြုတ်ထလာပါသည်။Phototherapy ဟုခေါ်သော ရောင်ခြည်ပြ ကုသမှု့ကို Psoriasis အရေပြား ရောဂါကုသမှု့တွင် သုံးနိုင်ပါသည်။ Phototherapy တွင် ပါဝင်သော UV အလင်းရောင်သည် ရောဂါဖြစ်နေသော အရေပြား ဆဲလ်များ ကြီးထွားမှု့ကို လျော့ကျစေပါသည်။ ထိုကြောင့် ရောင် ခြည်ပြ ကုသမှု့သည် အရေပြားကို ပြန်ပါးစေပြီး လက္ခဏာများကို သက်သာစေပါသည်။ UVB ကို သီးသန့်သုံးစွဲသော်လည်း UVA အတွက်မူ သီးသန့် ဓါတုပစ္စည်းများ လိုအပ်ပါသည်။ ရောဂါရှင်ကို ပေါင်းချောင်ထဲ ထည့်၍ ရောင်ခြည်ပြမည် ဖြစ်ပြီး ပေါင်းချောင်ပုံစံ ပေါ် မူတည်ပြီး လဲလျောင်း၍ သို့မဟုတ် မတ်ရပ်ရပ်၍ နေရမည် ဖြစ်ပါသည်။ ထိုပေါင်းချောင်များသည် သင်ခံယူရမည့် UV ပမာဏ ကို မှတ်တမ်းတင် ထားမည်ဖြစ်ပါသည်။ သင့်တစ်ကိုယ်လုံးကို ရောင်ခြည်သက်ရောက်မည် ဖြစ်သဖြင့် မျက်စိကို ကာကွယ်ရန် နေကာမျက်မှန် ဝတ်ဆင်ရမည်ဖြစ်ပါသည်။ အကယ်၍ အမျိုးသား ဖြစ်ပါက မျက်စိအပြင် လိင်အင်္ဂါကိုပါ ရောင်ခြည်ကြောင့် ကင်ဆာ မဖြစ်စေရန် ကာထားရပါမည်။UVB ဖြင့် ကုသမှု့ ခံယူရမည် ဆိုပါက သင့်အနေဖြင့် ကုသမှု့ ခံယူ ရမည့် အရေပြားနေရာကို ပန်းရောင်သန်းလာသည် အထိ ရောင် ခြည်ပေးထားရမည် ဖြစ်ပါသည်။ ရောင်ခြည်ပေးကုသမှု့သည် အလင်း၏ လှိုင်းအလျား အတိုင်းပေးထားမည် ဖြစ်ပါသည်။ သင့် အနေဖြင့် တစ်ပတ်အတွင်း အကြိမ်များစွာ ရောင်ခြည်ကုသမှု့ ခံယူရမည် ဖြစ်ပါသည်။ သို့မှသာ Psoriasis အရေပြား ရောဂါ သက်သာမည် ဖြစ်ပါသည်။ သင်၏ အရေပြား အထူးကု အနေဖြင့် UVB သီးသန့်သော် လည်းကောင်း tar products သို့မဟုတ် anthralin နှင့် တွဲ၍ သော်လည်းကောင်း အသုံးပြုပြီး ကုသမှု့ ပေး ပါမည်။တွဲဖက်ကုသမှု့တွင် ရောင်ခြည်ပေးကုခြင်းနှင့် ဆေးဝါးပေး ကုသခြင်းကို ပေါင်း၍ ကုသပေးပါမည်။ ရောင်ခြည်ပေး ကုသမှု့ မခံယူမိ ဆေးလိမ်းခြင်း၊ သောက်ဆေးေသောက်ခြင်း၊ ဆေးရည် ထည့်ထားသော ရေတွင်စိမ်ခြင်းတို့ဖြင့် ကုသနိုင်ပါသည်။ အသုံးအ များဆုံး ကုသနည်းများမှာ။PUVA ကုသမှု့ကို Psoriasis အရေပြား ရောဂါကြောင့် မသန်စွမ်း ဖြစ်သူများ၊ ဆေးဝါးပေးကုသမှု့ အပေါ် တုန့်ပြန်မှု့ မရှိသူများတွင် အသုံးပြုပါသည်။Psoriasis အရေပြား ရောဂါ၏ အဓိကမျိုးကွဲ ၂ မျိုး ဖြစ်သော plaque psoriasis နှင့် guttate psoriasis ၂ မျိုးလုံး၏ ပျံနှံနှုန်းကို UVA တစ်မျိုးတည်း သီးသန့်ပေး၍ ကုသနိုင် ပါသည်။ရောင်ခြည်ပေး ကုသမှု့တွင် အောက်ပါဆိုးကျိုးများ ရှိပါသည်။ရောင်ခြည်ပေးကုသမှု့သည် Psoriasis အရေပြား ရောဂါအတွက် အထိရောက်ဆုံး ကုသမှု့ပင် ဖြစ်ပါသည်။ ဤကုသမှု့တွင် UV ရောင်ခြည်များသည် အရေပြားဆဲလ် အသစ်များ၏ ပွားများမှု့ ကို တားဆီးနိုင်ပြီး အရေပြား ထူလာခြင်းကိုပါ သက်သာစေ ပါသည်။ သို့သော်လည်း ရောင်ခြည်ကုသမှု့သည် ဆိုးကျိုးများ ရှိတတ်သဖြင့် သင်အနေဖြင့် ကုသမှု့ ခံယူရန် အရေပြားဆရာဝန် နှင့် တိုင်ပင်သင့်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချ က်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/psoriasis/psoriasis-%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8-%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%b1%e1%80%9b%e1%80%ac/
ကလေးတွေရဲ့ သွားကို ပျက်စီးစေတဲ့ အစားအစာ ၈ မျိုး
လူအများစု သတိမထားမိတတ်ကြတဲ့ အရာတွေထဲမှာသွားကျန်းမာရေးဟာလည်း တစ်ခုအပါအဝင်ပါပဲ။ အသက် ၆လမှ ၁၂လအတွင်း ပထမဆုံးသွား စတင်ပေါက်လာတဲ့ အချိန်ကနေ အသက်ကြီးလာတဲ့အချိန်ထိ ကိုယ့်ရဲ့သွားကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်လာပါပြီ။ သွားကို ဂရုစိုက်ပေးခြင်းဟာခံတွင်းကျန်းမာရေးအတွက်သာမက ကိုယ်ခန္ဓါကျန်းမာရေးအတွက်ပါ အလွန်အရေးကြီးပါတယ်။သွားကို တစ်နေ့ ၂ကြိမ် မှန်မှန်တိုက်ဖို့ ကလေးဘဝထဲက သေချာအလေ့အကျင့် လုပ်ထားပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကိုယ့်ကလေးရဲ့ နေ့စဉ်စားသောက်တဲ့ အစားအစာတွေဟာ ခံတွင်းနဲ့သွားကျန်းမာရေးကို ပါ သက်ရောက်မှုရှိနေတာကို သတိထားရပါမယ်။ ဒါဆိုရင် ဘယ်လိုအစားအစာတွေက ကိုယ့်ကလေးရဲ့ သွားကျန်းမာရေးကို ဒုက္ခပေးနိုင်လဲဆိုတာကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။ကလေးတွေရဲ့ သွားကို ပျက်စီးစေတဲ့ အစားအစာတွေကတော့။ဖျော်ရည်တွေမှာ ပါဝင်တဲ့ သကြားဓါတ်တွေဟာ ကလေးတွေရဲ့ သွားအတွက်တော့ အဆိုးရွားဆုံးပါပဲ။ သကြားဟာ သွားရဲ့အပေါ်ယံကြွေလွှာကို ပျက်စီးစေတဲ့အပြင် သွားပိုးပေါက်တွေကို ဖြစ်စေတယ်။ သွားကိုလည်း အရောင်စွန်းစေတဲ့အတွက် အချိန်ကြာလာတဲ့အခါ သွားရဲ့ နဂိုအဖြူရောင်ဟာ စွန်းထင်းသွားနိုင်ပါတယ်။ အအေးတွေ၊ ဖျော်ရည်တွေအစား နွားနို့ ဒါမှမဟုတ် ရေကိုပဲ သောက်ပေးတာက အကောင်းဆုံးပါပဲ။အပေါ်မှာပြောခဲ့သလိုပါပဲ၊ သကြားလုံးမှာလည်း သကြားပါဝင်မှုများတာကြောင့် သွားကျန်းမာရေးကို ထိခိုက်စေတဲ့ အစားအစာတွေထဲမှာ အပါအဝင်ပါပဲ။ တချို့သကြားလုံးတွေဟာ သွားကြားထဲမှာ ကပ်ငြိနိုင်လို့ သွားတိုက်တဲ့အချိန်မှာလည်း ဖယ်ရှားရခက်တဲ့အပြင် ဝါးမိတဲ့အခါမှာ သွားကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့အတွက် တတ်နိုင်သလောက် ရှောင်တာ အကောင်းဆုံးပါပဲ။ကော်ဖီဟာ သွားကို အရောင်စွန်းထင်းစေတဲ့အပြင် ခံတွင်းကို ခြောက်သွေ့စေပြီး ဘက်တီးရီးယားပိုးမွှားတွေကို ပေါက်ဖွားစေလို့ ကလေးတွေရဲ့ သွားကျန်းမာရေးအတွက် မသင့်လျော်ပါဘူး။ သွားရဲ့အပေါ်ယံကြွေလွှာကို ပျက်စီးစေလို့ အချိန်ကြာလာတာနဲ့အမျှ သွားက ပါးလာပြီး ကျိုးလွယ်လာပါလိမ့်မယ်။အလွယ်တကူ ဝယ်စားလို့ရပြီး အဆီပါဝင်မှုများတာကြောင့် ကလေးတွေ အများဆုံးစားတတ်ကြတဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ ဒီလိုfast foodတွေက ကလေးတွေရဲ့ ကျန်းမာရေးအတွက်လည်း အာဟာရဓါတ် မပေးနိုင်တဲ့အပြင် သွားကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ပေါင်မုန့်၊ ကရက်ကာ၊ ဘီစကွတ်လိုမျိုးကစီဓါတ်များပြီး စေးကပ်တဲ့ အစားအစာတွေဟာ ကလေးတွေအတွက် ဆိုးကျိုးမဖြစ်စေပေမဲ့ သွားတွေအတွက်တော့ အဆင်မပြေလှပါဘူး။ ဝါးစားမိတဲ့အခါ သွားတွေကြားထဲမှာ ကပ်ငြိနေနိုင်ပြီး သကြားတွေလည်း ပါဝင်နိုင်တဲ့အတွက် ခံတွင်းကျန်းမာရေးအတွက် လျှော့စားသင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ရုပ်ရှင်ကြည့်ရင်း ပြောင်းဖူးပေါက်ပေါက်ဆုပ် စားတာက သိပ်ပြဿနာမရှိလှပေမယ့် သွားကြားထဲမှာ စားကြွင်းစားကျန်တွေ ကပ်ကျန်နေခဲ့နိုင်ပါတယ်။ သွားသေချာ မတိုက်မိဘူးဆိုရင် ကျန်ခဲ့တဲ့ အစာတွေကနေ ပါးစပ်ထဲမှာဘက်တီးရီးယားတွေပွားလာပြီးခံတွင်းကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ကလေးတွေအတွက် လိုအပ်တဲ့အာဟာရဓါတ်တွေနည်းတဲ့အပြင်သကြားပါဝင်မှုများတာကြောင့် ကလေးတွေရဲ့ကျန်းမာရေးကိုရော သွားတွေပါ ထိခိုက်စေနိုင်ပါတယ်။ဗီတာမင် Cဓါတ်ဟာ ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရဓါတ်ဖြစ်ပေမဲ့ စစ်ထရပ်စ် (citrus) အက်ဆစ်များပြီး အလွန်ချဉ်တဲ့ အသီးတွေဟာ အပေါ်ယံကြွေသွားလွှာကို ပျက်စီးစေလို့ အလွန်အကျွံ စားသုံးမိတဲ့အခါမှာသွားက ပိုပြီးထိခိုက်လွယ်လာပါတယ်။ သံပုရာသီး၊ ရှောက်သီးတွေမှာ စစ်ထရပ်စ် အက်ဆစ်ပါဝင်မှုများလို့ စားပြီးရင်တော့ ရေများများသောက်ပေးဖို့ လိုပါတယ်။ဘာပဲစားစား၊ စားပြီးတာနဲ့ ပါးစပ်ကို ပလုတ်ကျင်းပေးရပါမယ်။ အမာစာတွေ စားတဲ့အခါမှာ သွားကို မထိခိုက်မိအောင်နဲ့ သွားကြားထဲ မကပ်ငြိအောင် သတိထားပြီး စားပေးဖို့ လိုသလို သေချာသန့်ရှင်းဖို့လည်း အရေးကြီးပါတယ်။ ကလေးတွေကို တစ်နေ့ သွား ၂ကြိမ်ပုံမှန်တိုက်ဖို့နဲ့ သွားကို စနစ်တကျ တိုက်တတ်ဖို့ အလေ့အကျင့်လုပ်ထားပေးဖို့ လိုပါတယ်။ သွားတိုက်တဲ့အခါမှာလည်း ဖလိုရိုက် (Fluorite) ပါတဲ့ သွားတိုက်ဆေးနဲ့ သေချာတိုက်ပေးရပါမယ်။ခံတွင်းကျန်းမာရေးအတွက် ၆လ တစ်ကြိမ် သွားဆရာဝန်နဲ့ သေချာပြသဖို့လည်း အရေးကြီးပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/pediatric-dentistry/foods-that-damage-kids-teeth/
Brain Aneurysm (ဦးနှောက်သွေးကြောဖောင်းခြင်း)
Brain aneurysm တနည်း cerebral aneurysm ဆိုတာ ဦးနှောက်ကိုထောက်ပံ့နေတဲ့ သွေးကြောနံရံ၏ လျော့လျဲသွားသောနေရာတစ်နေရာမှ ဖောင်းလာခြင်းဖြစ်တယ်။ ဦးနှောက်သွေးကြောဖောင်းခြင်းဟာ များသောအားဖြင့် လက္ခဏာမပြတာကြောင့် သတိမထားမိဘဲ ရှိတတ်တယ်။ တချို့ရှားပါးသောအခြေအနေတွေမှာတော့ ထိုဖောင်းလာသောနေရာမှ ပေါက်ထွက်သွားကာ သွေးများဦးခေါင်းခွံထဲဝင်သွားပြီး လေဖြတ်တတ်ပါတယ်။ထိုဖောင်းနေသောသွေးကြောနေရာ ပေါက်သွားတဲ့အခါ Arachnoid လို့ခေါ်တဲ့ဦးနှောက်အမြှေးပါးလွှာတစ်မျိုးအောက်မှာသွေးယိုခြင်း ဖြစ်လာတယ်(subarachnoid hemorrhage)။ သွေးယိုခြင်းပေါ်မူတည်ကာ ဦးနှောက်ပျက်စီးမှု သို့ သေဆုံးခြင်းတို့ဖြစ်နိုင်တယ်။အဖြစ်အများဆုံးသွေးကြောကတော့ ဦးနှောက်အောက်ဖက်ပိုင်းမှာရှိတဲ့ circle of Willis လို့ခေါ်တဲ့သွေးကြောကွန်ယက်ဖြစ်တယ်။တကယ်တော့ လူထုတစ်ခုလုံးရဲ့ ၁.၅ မှ ၅ ရာခိုင်နှုန်းလောက်မှာ ဦးနှောက်သွေးကြောဖောင်းနေနိုင်တယ်။ရောဂါဖြစ်စေနိုင်တဲ့အချက်တွေကိုလျှော့ချခြင်းဖြင့် အခြေအနေကိုထိန်းသိမ်းနိုင်ပါလိမ့်မယ်။ဦးနှောက်သွေးကြောဖောင်းခြင်းရဲ့လက္ခဏာတွေကတော့-။များသောအားဖြင့်လက္ခဏာမပြတတ်ဘဲ တခြားမဆိုင်သော အခြေအနေတစ်ခုခုအတွက် စစ်ဆေးရင်းနဲ့သာ တွေ့ကောင်းတွေ့ရတတ်ပါတယ်။ တချို့အခြေအနေတွေမှာတော့ ထိုသွေးကြောဖောင်းကြီးဟာ မပေါက်ဘဲ တခြားအစိတ်အပိုင်းတွေပေါ် ဖိမိတာမျိုးလည်းရှိနိုင်တယ်။ ထိုအခါမှာဆိုရင်တော့ ဘယ်လောက်ဆိုးရွားသလဲနဲ့ ဦးနှောက်ရဲ့မည်သည့်အပိုင်းကိုဖိထားသည်ပေါ်မူတည်ပြီး ခေါင်းကိုက်ခြင်း၊ အမြင်အာရုံဝါးခြင်း၊ စကားဝါးခြင်း၊ ဇက်နာခြင်း တို့ခံစားရနိုင်တယ်။ဖော်ပြထားတာအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်သေးတာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့ဆွေးနွေးကြည့်သင့်ပါတယ်။ဖော်ပြပါလက္ခဏာတွေတွေ့မယ်ဆိုရင် ဒါမှမဟုတ် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ လူတိုင်းခန္ဓါကိုယ်က တစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်တာ အသင့်လျော်ဆုံးဖြစ်ပါလိမ့်မယ်။ဖော်ပြပါလက္ခဏာတွေပေါ်လာမယ်ဆိုရင်တော့ ချက်ခြင်းအရေးပေါ်ကားခေါ်ပါ သို့ ဆေးရုံသို့ပြေးပါ။သွေးလွှတ်ကြောနံရံအားနည်းလျော့ရဲခြင်းကြောင့်ဖြစ်တယ်။ များသောအားဖြင့် သွေးကြောအခွဲနေရာတွေဟာ အားလျော့တတ်တာကြောင့် ထိုနေရာတွေမှာအဖြစ်များတတ်တယ်။ဦးနှောက်ရဲ့မည်သည့်နေရာမှာမဆိုဖြစ်နိုင်ပေမယ့် အဖြစ်အများဆုံးကတော့ ဦးနှောက်အခြေရှိ သွေးလွှတ်ကြောများဖြစ်တယ်။ရောဂါအားပေးသောအချက်များ။တချို့သောအချက်တွေက အချိန်နဲ့အမျှ ဖြစ်ပေါ်လာတာဖြစ်တယ်။တချို့ကတော့မွေးရာပါဖြစ်ပါတယ်။အချိန်နဲ့အမျှဖြစ်ပေါ်လာသောအချက်များ။ရောဂါလို့ခေါ်တဲ့ မျိုးရိုးလိုက်တွယ်ဆက်တစ်သျူးမူမမှန်ခြင်းရောဂါဟာ သွေးကြောနံရံတွေကိုအားလျော့စေပါတယ်။ကျောက်ကပ်တွင် အရည်အိတ်ငယ်များတွယ်သော မျိုးရိုးလိုက်ရောဂါတစ်မျိုးဟာ သွေးပေါင်တက်စေတယ်။အောက်စီဂျင်ကြွယ်ဝသောသွေးများပို့ပေးသည့် သွေးကြောမကြီးပုံမှန်မဟုတ်ကျဉ်းခြင်း။ဦးနှောက်ရှိ သွေးလွှတ်ကြောနဲ့သွေးပြန်ကြောကြား ပုံမှန်မဟုတ်လမ်းကြောင်းဆက်သွားခြင်းဟာ ပုံမှန်သွေးစီးကြောင်းကိုအနှောင့်အယှက်ဖြစ်စေပါတယ်။မိသားစုတွင်း အထူးသဖြင့် မိဘ၊ မောင်နှမများတွင် ဦးနှောက်သွေးကြောဖောင်းခြင်းရှိပါကလည်း ရောဂါဖြစ်နိုင်ချေများပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဖော်ပြပါအချက်အလက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေရဲ့ အစားထိုးမဟုတ်တာကြောင့် အမြဲဆရာဝန်နဲ့သေချာတိုင်ပင်ဖို့ မမေ့ပါနဲ့။ရောဂါရှာဖွေမှု။ဦးနှောက်သွေးကြောဖောင်းခြင်းဟာလကဏာပြလေ့မရှိတာကြောင့် များသောအားဖြင့်က တခြားအခြေအနေတစ်ခုခုကို စစ်ဆေးရင်း ရှာဖွေသိရှိလေ့ရှိပါတယ်။တကယ်လို့ ဆရာဝန်က သင့်မှာ ဦးနှောက်သွေးကြောဖောင်းနေတယ်လို့ထင်ရင်တော့ အောက်ပါစစ်ဆေးမှုများပြုလုပ်ပါလိမ့်မယ်-။စီတီရိုက်ခြင်း(CT scan) – စီတီရိုက်ခြင်းဟာ ဦးနှောက်တွင်း သေးယိုနေမှုကိုရှာဖွေတွေ့ရှိစေပါတယ်။ တကယ်လို့ သွေးကြောပေါက်ပြီး ဦးနှောက်အမြှေးပါးတွင်းသွေးယိုတယ်လို့ သံသယရှိရင်တော့ ကျောဆစ်ရိုးဖောက်စစ်နိုင်ပါတယ်။CTA scan – သွေးကြောတွေအကြောင်းကို စီတီစကမ်ထက် ပိုတိတိကျကျဖော်ပြနိုင်ပါတယ်။ CTA scan ဟာ ဆိုးဆေးတစ်မျိုးကို သွေးတွင်းထိုးထည့်ကာ အထူးကွန်ပျူတာနည်းပညာ နဲ့ စီတီရိုက်ခြင်းတို့ကိုပေါင်းစပ်ကာ သွေးကြောများရဲ့ပုံရိပ်ကို ရိုက်ကူးခြင်းဖြစ်တယ်။သံလိုက်ဓါတ်မှန် (MRI) – CTA scan နဲ့ဆင်ပြီး MRI ဟာ လျှပ်စစ်စက်ကွင်းနဲ့ ရေဒီယိုလှိုင်းကိုသုံးကာ သွေးကြောများပုံရိုက်ကိုရိုက်ကူးခြင်းဖြစ်တယ်။ CTA scan နဲ့ ဦးနှောက်သွေးကြောပုံရိပ်ရိုက်ကူးခြင်းကဲ့သို့ သံလိုက်ဓါတ်မှန်ကလည်း ပုံရိပ်ပိုထင်ရှားဖို့အတွက် ဆိုးဆေးသုံးလေ့ရှိပါတယ်။ဦးနှောက်သွေးကြောပုံရိုက်ရိပ်ကူးမှု – လက်မောင်း သို့ ပေါင်ခြံမှ သွေးကြောတစ်ခုထဲသို့ ပြွန်ငယ်တစ်ခုသွင်းကာ ဓါတ်မှန်ရိုက်ကူးခြင်းဖြစ်တယ်။ ဆိုးဆေးတစ်မျိုးထိုးသွင်းကာရိုက်ကူးခြင်းဖြစ်သောကြောင့် ထိုဆိုးဆေးက သွေးလွှတ်ကြော၊ ဖောင်းနေသောသွေးကြော အခြေအနေများကို ဓါတ်မှန်ပေါ်မှာပေါ်အောင်ကူညီပေးပါတယ်။ အထက်ဖော်ပြပါစမ်းသပ်မှုတွေထက် ပိုပြီးအန္တရာယ်ရှိပေမယ့် သေးငယ်တဲ့သွေးကြောဖောင်းများ ( <5mm) ကိုတွေ့ရှိနိုင်ဖို့ အကောင်းဆုံးနည်းဖြစ်တယ်။ဆေးဖြင့်ကုသမှု – သေးငယ်ပြီး မပေါက်သေးသော သွေးကြောဖောင်းများဟာ မကြီးလာပါက၊ လက္ခဏာတစ်ခုခုမပြမချင်း သို့ မပေါက်မချင်း ကုစရာမလိုပါဘူး။ ဒါပေမယ့် သွေးပေါင်ချိန်၊ သွေးတွင်းကိုလက်စရောနဲ့ တခြားကျန်းမာရေးအခြေအနေတွေကို စဉ်ဆက်မပြတ် စစ်ဆေးနေဖို့ကတော့ အမတန်ကိုအရေးကြီးပါတယ်။ သေးငယ်ပြီး မပေါက်သေးသော သွေးကြောဖောင်းများဟာ သူတို့ကြီးမလာကြောင်းနဲ့ ပြောင်းလဲမှုမရှိကြောင်း သေချာဖို့အတွက် ပုံမှန်ပုံရိပ်ရိုက်ကူးစစ်ဆေးနေဖို့လိုပါတယ်။ဦးနှောက်အာရုံကြောခွဲစိတ်မှု – လူတစ်ယောက်ရဲ့ အန္တရာယ်ရှိနိုင်ချေပေါ်မူတည်ကာ ခွဲစိတ်မှုကိုထည့်စဉ်းစားသင့်တယ်။ ခွဲစိတ်တဲ့အခါ မေ့ဆေးပေးပြီး ဦးခေါင်းခွံမှာ လိုအပ်သလောက် အပေါက်ဖောက်ကာ ဦးနှောက်တစ်သျူးကိုအသာဖယ်ကြည့်ပါက ဖောင်းနေသောသွေးကြောတွေ့ရပါတယ်။ ထိုသွေးကြောဖောင်းအရင်းကိုကလစ်နဲ့ညှပ်ပြီး ထိုအဖောင်းထဲသွေးဝင်မှုရပ်လိုက်မှာဖြစ်တယ်။ ရိုးရှင်းသောခွဲစိတ်မှုဆိုပါက ၄ ရက်မှ ၆ ရက်ခန့်သာနေရပြီး ကောင်းကောင်းကောင်းဖို့ကတော့ ရက်သတ္တပတ်များစွာကနေ လပေါင်းများစွာထိကြာနိုင်ပါတယ်။Neurointerventionalist/neuroradiologist။ဖောင်းနေသောသွေးကြောအရွယ်အစား၊ နေရာ၊ ပုံစံတို့ကို မူတည်ပြီး သွေးကြောအတွင်းမှကုသနိုင်တယ်။ ထိုနည်းဟာ ဦးနှောက်သွေးကြောပုံရိပ်ရိုက်ကူးနည်းနဲ့တူပြီး သွေးကြောတွင်းသို့ ပြွန်ငယ်ထည့်ကာ ဖောင်းနေသောနေရာသို့ တိုက်ရိုက်ဦးတည်ခြင်းဖြစ်တယ်။ ဓါတ်မှန်အကူအညီဖြင့် သေးငယ်သောပလတ်တီနမ်အမျှင်ငယ်လေးကို သွေးကြောတွင်းထည့်ကာ ဖောင်းနေသည့်နေရာမှာ သွေးစီးကြောင်းတားသည့်အရာအဖြစ်ဆောင်ရွက်စေတယ်။ ထိုနည်းလမ်းမှာ ပြဿနာမရှိပါက ဆေးရုံတွင် တစ်ရက်၊ နှစ်ရက်ခန့်သာနေရန်လိုပြီး တကယ်လို့ သွေးကြောပေါက်ကာ ဦးနှောက်တွင်းသွေးယိုသွားခြင်းကဲ့သို့ တစ်စုံတစ်ခုဖြစ်ခဲ့ပါက လူနာအခြေအနေ၊ နောက်ဆက်တွဲအကျိုးဆက်များပေါ်မူတည်ကာ တစ်ပတ်မှလေးပတ်ခန့်ထိ ဆေးရုံတက်ရနိုင်ပါတယ်။နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးနည်းများ။သွေးကြောမပေါက်သေးပါက သွေးကြောပေါက်ခြင်းကို အောက်ပါကနေထိုင်မှုပုံစံပြောင်းလဲခြင်းဖြင့် တားဆီးနိုင်တယ်။ဆေးလိပ်မသောက်ပါနဲ့၊ ဆေးလိပ်သောက်နေပါက ဆရာဝန်နဲ့တိုင်ပင်ပြီး သင့်လျော်သောနည်းဖြင့် ဖြတ်ရန်ကြိုးစားပါ။ကျန်းမာရေးညီညွတ်စွာစားပါ၊ လေ့ကျင့်ခန်းလုပ်ပါ၊ စားသောက်မှုပုံစံပြောင်းလဲခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ဟာ သွေးပေါင်ကျစေပါတယ်။ သင့်အတွက်လျော်ကန်မယ့် ပြောင်းလဲနည်းများ ဆရာဝန်နဲ့တိုင်ပင်ပါ။ကဖိန်းဓါတ်လျှော့ပါ၊ ကဖိန်းဓါတ်ဟာ ရုတ်တရတ်သွေးပေါင်တက်စေပါတယ်။ပြင်းထန်သောအားစိုက်ထုတ်ခြင်းရှောင်ပါ – အလေးအပင်တွေမတာမျိုး ရုတ်တရတ် အားစိုက်ထုတ်လိုက်ရတဲ့အလုပ်မျိုးတွေဟာ သွေးပေါင်ရုတ်တရတ်တက်စေနိုင်ပါတယ်။တခြားသိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ။်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/brain-aneurysm-%e1%80%a6%e1%80%b8%e1%80%94%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%96%e1%80%b1%e1%80%ac/
မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံရှိသူတွေ သိထားဖို့လိုမယ့် အချက်လေးများ
မျက်နှာပေါ်မှာအဖု သေးသေးလေးတွေအများကြီး ပေါက်နေတယ်။ အဆီဖုလေးတွေ ထင်တယ်။ ဒါပေမယ့် ညှစ်လိုက်ရင် အဆံဖြူဖြူလေးတွေ ထွက်တယ်။ ယားလည်း ယားတယ် ဆိုရင်တော့ အဆီဖု မဟုတ်ပါဘူး။ အရေပြားမှာ ဖြစ်တတ်တဲ့ မှိုပိုး တစ်မျိုးကြောင့် ဖြစ်လာတဲ့ ဝက်ခြံလည်း ဖြစ်နိုင်ပါတယ်။ ဒီ ဝက်ခြံလေးတွေက အခြား ဝက်ခြံတွေနဲ့ မတူသလိုကုသတဲ့ နည်းလမ်းလည်း မတူကြပါဘူး။ ထိန်းသိမ်းမှု လုပ်ရတဲ့ ပုံကလည်း မတူကြပါဘူး။ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံရှိသူတွေ သိထားဖို့လိုမယ့် အချက်လေးများ အကြောင်းကို အတူတူ လေ့လာလိုက်ရအောင်နော်။မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံရှိသူတွေ သိထားဖို့လိုမယ့် အချက်လေးတွေ ကတော့ အောက်ပါ အတိုင်းပါ။အများစု ကတော့ ပုံမှန် ဝက်ခြံအတွက် သုံးတဲ့အသားအရေ ထိန်းသိမ်းမှု ပစ္စည်းလေးတွေကို သုံးလိုက်ရင် ပျောက်သွားမယ်လို့ ယူဆနေကြပါတယ်။ အမှန်ကတော့ ပုံမှန်ဝက်ခြံတွေကို သက်သာစေတဲ့ နည်းလမ်းက မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံ အတွက် ထိရောက်မှု မရှိပါဘူး။ အခန့်မသင့်ရင်မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံကို ပိုတောင်ဆိုးစေနိုင်ပါသေးတယ်။ဒီတော့ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကို သက်သာစေဖို့ ဘာတွေ သတိထားရမလဲဆိုတာကို သိချင်တယ်ဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။မျက်နှာ၊လက်မောင်း၊ ရင်ဘတ် နဲ့ နောက်ကျောမှာ ပေါက်တဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံတွေ သက်သာစေဖို့ဆိုရင်။ဒါလေးတွေ လုပ်ဆောင်ပေးပါ။ဒါတွေကို မလုပ်ပါနဲ့။ဒီ အချက် လေးတွေကို သေချာ ဂရုစိုက်မယ် ဆိုရင် မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံလေးတွေက သက်သာ လာမှာပါ။အရေပြားကို သန့်စင်အောင် ဂရုစိုက်လို့ မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံလေးတွေကို ကာကွယ် လိုက်ပါ။ဖြစ်နိုင်ရင်တော့ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကို ကိုယ့်ဟာကိုယ် ဆေးဝယ်ပြီး မလိမ်းစေချင်ပါဘူး။ ဆရာဝန်နဲ့ ပြသပြီး သေချာကုသဖို့ လိုပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/fungal-acne-treatment-at-home/
Concussion (ဦးနှောက်ပြင်းထန်စွာထိခိုက်မိခြင်း)
ဦးခေါင်း ဒါမှမဟုတ် ခန္ဓါကိုယ် ပြင်းထန်စွာရိုက်မိခြင်း သို့ ဦးခေါင်းခွံအတွင်းမှ ဦးနှောက်အား လှုပ်ခါလိုက်မိသည့် ထိခိုက်မှု တစ်ခုခုကြောင့်ရတဲ့ ဦးနှောက်ထိခိုက်ဒဏ်ရာဖြစ်တယ်။ မျက်နှာမှာ ခေါင်းမှာ ပွန်းရာပဲ့ရာများရှိနိုင်ပေမယ့် ဦးနှောက်ထိခိုက်သွားတဲ့ သိသာတဲ့လက္ခဏာပြချင်မှပြမှာပါ။ မဖြစ်မနေ သတိလစ်သွားစရာမလိုပါဘူး။တချို့မှာတော့ လက္ခဏာတွေရှိကောင်းရှိနိုင်တယ်။ သတိလစ်ခြင်း၊ ဒါမှမဟုတ် ဒဏ်ရာမရခင်မှာဖြစ်ပျက်သွားသည်များကိုမေ့ခြင်း တို့ဖြစ်တယ်။ အနားယူခြင်းဖြင့်အများစုပြန်ကောင်းပါတယ်။ တချို့ကနာရီအနည်းငယ်ကြာနိုင်ပြီး တချို့ကတော့ ရက်သတ္တပတ်အနည်းငယ်ကြာနိုင်တယ်။လူတိုင်းပဲဒဏ်ရာရနိုင်ပါတယ်၊ ပြုတ်ကျတဲ့အခါ၊ ကားမတော်တဆမှု၊ နဲ့ တခြားနေ့စဉ်လှုပ်ရှားမှုတွေမှာ စသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်တယ်။ တကယ်လို့ ဘောလုံးကစားခြင်း၊ လက်ဝှေ့ထိုးခြင်းတို့လို့ ပြင်းထန်တဲ့အားကစားလုပ်ရင်တော့ ထိခိုက်နိုင်ချေပိုများတာပေါ့။ဘယ်လိုပဲဖြစ်ဖြစ်ဒဏ်ရာရနိုင်ချေတွေကိုလျှော့ချခြင်းဖြင့် အခြေအနေတွေကိုထိန်းသိမ်းနိုင်ပါတယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။လက္ခဏာတွေကတော့ ဒဏ်ရာပြင်းထန်မှု၊ ဒဏ်ရာရတဲ့လူပေါ် မူတည်ပြီး အမျိုးမျိုးဖြစ်နိုင်တယ်။ အမြဲသတိမမေ့ပါဘူး။ တချို့တွေတော့ သတိလစ်ကောင်းလစ်သွားနိုင်ပေမယ့် လူတိုင်းမဟုတ်ပါဘူး။လက္ခဏာတွေက ချက်ခြင်းစဖြစ်တာလည်းရှိမယ်၊ နာရီ နေ့ရက် ရက်သတ္တပတ်တွေကြာပြီးမှ ဖြစ်တာလည်းရှိနိုင်ပါတယ်၊ တခါတလေ လပေါင်းများစွာတောင်ကြာတတ်တယ်။တေ့ွရနိုင်တဲ့လက္ခဏာတွေကတော့-။ပြန်ကောင်းနေတဲ့အချိန်မှာတော့အောက်ပါတို့ကိုတွေ့ရပါလိမ့်မယ်-။စောစီးစွာရောဂါရှာတွေ့ခြင်းနဲ့ ကုသခြင်းတွေက အခြေအနေကို ပိုဆိုးမသွားအောင်တားဆီးပေးနိုင်တာကြောင့် ဖြစ်နိုင်သမျှချက်ခြင်း ဆရာဝန်နဲ့တိုင်ပင်ပါ။တကယ်လို့ ဖော်ပြပါလက္ခဏာတွေရှိမယ်ဆိုရင်၊ သိလိုသည်များရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်တယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် ဆရာဝန်နဲ့ဆွေးနွေးကြည့်တာအကောင်းဆုံးဖြစ်နိုင်ပါတယ်။နူးညံ့တဲ့ဦးနှောက်ကို ဦးခေါင်းခွံထဲမှာရှိတဲ့ အရည်တစ်မျိုးက နေ့စဉ်မတော်တဆထိမိ တိုက်မိခြင်းတွေကနေ ကာပေးထားပါတယ်။ ခေါင်း လည်ပင်း ခန္ဓါကိုယ်အပေါ်ကို ပြင်းပြင်းထန်ထန်ရိုက်ခြင်း၊ ထိုးခြင်းတွေဟာ ဦးနှောက်ကို ခါသွားစေပြီး ဦးခေါင်းခွံနံရံတွေနဲ့ ပြင်းပြင်းထန်ထန်တိုက်မိစေတယ်။ကားတိုက်ခြင်း ဒါမှမဟုတ် အရှိန်နဲ့ဆွဲခါခံလိုက်ရခြင်းကဲ့သို့ ဖြစ်ရပ်တွေက ခေါင်းကိုရုတ်တရတ်ခါသွားစေတာ၊ ရပ်သွားစေတာကြောင့် ထိုဖြစ်ရပ်တွေကလည်း ဦးနှောက်ကိုထိခိုက်စေနိုင်တယ်။ထိုကဲ့သို့ထိခိုက်မှုတွေဟာ ဦးနှောက်လုပ်ဆောင်ချက်ကို အချိန်ခဏလေးဖြစ်စေ လွှမ်းမိုးသွားပြီး လက္ခဏာတွေပေါ်လာရပါတော့တယ်။ဦးနှောက်ထိခိုက်ခြင်းဟာ ဦးနှောက်ထဲမှာ ဒါမှမဟုတ် ဦးနှောက်တဝိုက် သွေးယိုစေနိုင်ပြီး အချိန်ကြာမူးဝေခြင်း၊ ေဝဝါးခြင်းတွေဖြစ်စေနိုင်တယ်။ထိုကဲ့သို့သွေးယိုခြင်းတွေက သေစေနိုင်ပါတယ်။ ဒါကြောင့် ဦးနှောက်ဒဏ်ရာရဖူးသူတွေက နာရီပိုင်းအတွင်း စစ်ဆေးဖို့လိုပြီး လက္ခဏာတွေပိုဆိုးလာပါက အရေးပေါ်ကုသမှုလိုအပ်ပါတယ်။အောက်ပါရောဂါတွေက အခြေအနေကိုပိုဆိုးစေနိုင်တယ်-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်မှာဦးနှောက်ထိခိုက်သွားတယ်လို့ ဆရာဝန်က သံသယရှိရင်တော့ ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေအပြင် တချို့သော စစ်ဆေးမှုများလည်း လုပ်ရနိုင်ပါတယ်။ အာရုံစိုက်မှု၊ မှတ်ဉာဏ်နဲ့ လေ့လာနိုင်စွမ်းနဲ့ဆိုင်တဲ့ မေးခွန်းတချို့လည်း မေးပါလိမ့်မယ်။ ပုစ္ဆာ၊ ပြဿနာတွေကို ဘယ်လောက်မြန်မြန်ဖြေရှင်းနိုင်လဲလည်း စမ်းသပ်နိုင်ပြီး၊ ပစ္စည်းများကိုမှတ်ထားစေပြီး ဖွက်လိုက်ကာ မည်သည့်ပစ္စည်းများဖြစ်သည်ကိုလည်းပြောခိုင်းနှိုင်ပါ်တယ်။အင်အားသုံးနိုင်စွမ်း၊ ဟန်ချက်ညီမှု၊ ခန္ဓါကိုယ်အစိတ်အပိုင်းများ စုပေါင်းလုပ်ဆောင်မှု၊ အလိုအလျောက်တုံ့ပြန်မှု နဲ့ အာရုံသိမှုတွေနဲ့ ပတ်သတ်လု့ိလည်း စမ်းသပ်ပါလိမ့်မယ်။ အာရုံကြောဆိုင်ရာစစ်ဆေးမှုတွေလည်းလုပ်နိုင်ပြီး ထိုစစ်ဆေးမှုဟာ ဦးနှောက်ထိခိုက်မှုအပြီး သင့်တွေးခေါ်မှုနဲ့ မှတ်ဉာဏ်ကိုစမ်းသပ်တဲ့ နည်းတစ်နည်းလည်းဖြစ်တယ်။သင့်စိတ်ပိုင်းဆိုင်ရာနဲ့ ခံစားချက်ပိုင်းဆိုင်ရာ ပြောင်းလဲသွားမှု ရှိမရှိလည်း ပြောပြပေးနိုင်ပါတယ်။ တခါတလေတော့ ဦးနှောက်သွေးယိုခြင်း၊ ထိရှခြင်းရှိမရှိသေချာရန် စီတီရိုက်ခြင်း၊ သံလိုက်ဓါတ်မှန်ရိုက်ခြင်းတို့လည်း လုပ်ရနိုင်ပါတယ်။ကုသမှုကတော့ သင့်ရောဂါပြင်းထန်မှုပေါ်မူတည်တယ်။ ဦးနှောက်သွေးယိုမယ်၊ ရောင်ရမ်းမယ်၊ ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားမယ်ဆိုရင်တော့ ခွဲစိတ်ဖို့လိုကောင်းလိုနိုင်ပါတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ များသောအားဖြင့်တော့ ခွဲစိတ်စရာမလိုတဲ့အပြင် ကြီးကြီးမားမားကုသမှုတွေလည်းမလိုပါဘူး။ထိခိုက်ပြီး ၂၄ နာရီအကြာမှာ ဆရာဝန်က တစ်ယောက်ယောက်ကို နှစ်နာရီခြားတခါ၊ သုံးနာရီခြားတခါ သင့်ကိုနှိုးခိုင်းပါလိမ့်မယ်။ ကိုမာမဖြစ်အောင်နဲ့ တခြားပုံမှန်မဟုတ်အပြုအမူတွေရှိမရှိ တခြားလူကို စစ်ကြည့်ခိုင်းတာလည်းဖြစ်တယ်။ခေါင်းကိုက်နေပါက အလွယ်တကူဝယ်နိုင်သော အကိုက်အခဲပျောက်ဆေး Tylenol သို့ ပါရာစီတမော ကဲ့သို့ ဆေးများ ညွှန်းပါလိမ့်မယ်။ အပြည့်အဝအနားယူပြီး ဒဏ်ရာပြင်းထန်မှုကိုမူတည်ကာ အားကစားကဲ့သို့ ပြင်းထန်လှုပ်ရှားမှုများလုပ်ခြင်း၊ စက်ဘီးစီးခြင်း၊ ကားမောင်းခြင်းကို ၂၄ နာရီမှ လအနည်းငယ်ထိ ရှောင်ဖို့လည်းပြောပါလိမ့်မယ်။အရက်ဟာ ဒဏ်ရာသက်သာခြင်းကို အနှောင့်အယှက်ဖြစ်နိုင်တဲ့အတွက် ရှောင်သင့်သလား ဆရာဝန်ကိုမေးပါ၊ ရှောင်သင့်ပါက အချိန်မည်မျှကြာကြာရှောင်သင့်သလဲပါမေးပါ။အားကစားလုပ်ချိန်မှာ လိုအပ်သော အကာအကွယ်များ အပြည့်အစုံဝတ်ဆင်ပါ။ ခေါင်းဆောင်းဦးထုပ်အပါအဝင် တခြားကိရိယာများ သေချာစွာတပ်ဆင်ထားသလား အမြဲစစ်ဆေးနေပါ။ ဘေးကင်းစွာကစားကို နည်းပြ သို့ အားကစားကျွမ်းကျင်သူနဲ့တိုင်ပင်ပြီး အကြံဉာဏ်ကိုသေချာလိုက်နာပါ။ တခြားသိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ။်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/concussion-%e1%80%a6%e1%80%b8%e1%80%94%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%95%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%91%e1%80%94%e1%80%ba%e1%80%85%e1%80%bd%e1%80%ac%e1%80%91/
အကြားအာရုံကောင်းဖို့ ဘာတွေစားမလဲ
လူတစ်ယောက်ချင်းစီမှာ သဘာဝ အာရုံ ၅ ပါးစီပေးအပ်ထားပါတယ်။ ဒါတွေကတော့ အကြားအာရုံ၊ အမြင်အာရုံ၊ အနံ့ခံအာရုံ၊ အရသာခံနိုင်စွမ်းအာရုံ နဲ့ အထိအတွေ့အာရုံတို့ပါ။ ဒီတစ်ခုချင်းစီကောင်းပါ ကျန်းမာပါမှ လူတစ်ယောက်က စိတ်လက်ချမ်းသာရတာပါနော်။ ဒီလိုမျိုးကျန်းမာဖို့ဆိုရာမှာလည်း လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝနေဖို့လိုအပ်မှာပါ။ ဒီတစ်ခေါက်တော့ အကြားအာရုံလေးကောင်းဖို့ ဘာတွေလိုအပ်မလဲဆိုတာကို နည်းနည်းလောက်ဆွေးနွေးချင်ပါတယ်။တစ်ကိုယ်လုံး ဟန်ချက်ညီညီလှုပ်ရှားပြီး ကျန်းမာနေစေဖို့ဗီတာမင်နဲ့ သတ္တုဓါတ်တွေ သင့်တင့်မျှတစွာရရှိဖို့လိုအပ်မှာပါ။ အကြားအာရုံကောင်းစေဖို့ဆိုရင်တော့။ပိုတက်ဆီယမ်။အကြားအာရုံအတွက်အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တဲ့ အတွင်းနားရဲ့ အရည်ဓါတ်ကို ထိန်းညှိပေးပါတယ်။ အရွယ်ရလာတာနဲ့အမျှ အရည်ဓါတ်ကျဆင်းလာပြီးအကြားအာရုံချို့တဲ့လာနိုင်ပါတယ်။ ဒါကြောင့် ပိုတက်ဆီယမ်ကြွယ်ဝစေဖို့အာလူး၊ ဟင်းနုနွယ်၊ခရမ်းချဉ်သီး၊ပဲအမျိုးမျိုး၊ စပျစ်သီးခြောက်၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ ဒိန်ချဉ်၊ အဆီထုတ်နို့တို့စားသုံးပေးပါ။ဖောလစ်အက်ဆစ်။ဆဲလ်အသစ်တွဖြစ်ပေါ်အောင်လှုံ့ဆော်ပေးပြီး ခန္ဓါကိုယ်တလျှောက်သွေးစီးဆင်းမှုကောင်းမွန်စေနိုင်ပါတယ်။ နားအတွင်းပိုင်းကမွှေးညှင်းလေးတွေရဲ့ဆဲလ်တွေကိုကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့်ဖောလစ်အက်ဆစ်ရရှိစေဖို့ အသည်း၊ ဟင်းနုနွယ်၊ပန်းဂေါ်ဖီစိမ်း၊ နဲ့ကညွတ်တို့စားပေးပါ။-။မဂ္ဂနီဆီယမ်။ဆူညံလွန်းတဲ့အသံတွေကြောင့် အကြားအာရုံမထိခိုက်အောင်ကာကွယ်ပေးတဲ့ သတ္တုဓါတ်တစ်မျိုးပါ။နားအတွင်းပိုင်းကမွှေးညှင်းလေးတွေရဲ့ဆဲလ်တွေကို ကျန်းမာသန်စွမ်းစေနိုင်ပြီ ဆူညံသံတွေကို ကာကွယ်ပေးပါတယ်။ အတွင်းနားထဲကသွေးကြောတွေကိုကျန်းမာစေပြီးသွေးစီးဆင်းမှုကောင်းမွန်စေနိုင်ပါတယ်။ငှက်ပျောသီး၊ အာလူး၊ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်းတို့စားသုံးပေးပြီး မဂ္ဂနီဆီယမ်ဓါတ်ဖြည့်တင်းပေးပါ။ဇင့်။ဆဲလ်တွေကြီးထွားဖွံ့ဖြိုးစေပြီး အနာကျက်စေနိုင်ပါတယ်။ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေနိုင်ပြီး အနာကျက်မြန်စေနိုင်သလိုရောဂါပိုးကူးစက်တာတွေကနေကာကွယ်ပေးပါတယ်။ နားတွင်းပိုးဝင်တာကို ကာကွယ်ပေးနိုင်ပါတယ်။ အမဲသား၊ ဝက်သား၊ ကြက်နက်သား၊သစ်ကြားသီး၊အယ်လ်မွန်စေ့၊မြေပဲ၊ ပဲအမျိုးမျိုး၊ ကမာ၊အနက်ရောင်ချောကလက်တို့မှာ ဇင့်ဓါတ်ပါဝင်ပါတယ်။Omega 3 Fatty Acidနဲ့ ဗီတာမင် D။နာကျင်ရာင်ရမ်းမှုကိုသက်သာစေပြီး အရွယ်တင်နိုပျိုစေနိုင်ပါတယ်။ သူ့ဂုဏ်သတ္တိကဒီလောက်နဲ့မပြီးပါဘူး။ အကြားအာရုံကိုပါ ကျန်းမာစေနိုင်ပါတယ်။Omega 3 Fatty Acid ကအသက်အရွယ်ကြောင့်ဖြစ်တဲ့ အကြားအာရုံဆုံးရှုံးမှုကို ၄၀ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်၊လို့ လေ့လာမှုဗတွအရ သိရပါတယ်။ ဦးနှောက်နဲ့အကြားအာရုံတို့ကြားက အချက်ပြစနစ်ကို အကောင်းဆုံး ချိတ်ဆက်နိုင်စေဖို့လည်း အထောက်အပံ့ပေးပါတယ်။ ငါးကြီးဆီ၊ နှမ်းကြတ်စေ့ဆီ၊ဆယ်လ်မွန်ငါး၊ပဲပိစပ်ဆီ၊ ဆာဒင်းငါးတို့ကနေOmega 3 Fatty Acid ကိုရရှိနိုင်ပါတယ်။Hello ဆရာဝန်ပရိသတ်ကြီးအနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရမျှတတဲ့ စားသောက်မှုပုံစံကိုမွေးမြူမယ်ဆိုရင် ခန္ဓါကိုယ်ကလည်း လိုအပ်တဲ့ သတ္တုဓါတ်နဲ့ ဗီတာမင်တွေကို လုံလောက်စွာရရှိထုတ်လုပ်နိုင်ပြီး အကြားအာရုံရော တစ်ကိုယ်လုံးပါကျန်းမာနေမှာပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/%e1%80%a1%e1%80%80%e1%80%bc%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%9b%e1%80%af%e1%80%b6%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%96%e1%80%ad%e1%80%af%e1%80%b7-%e1%80%98%e1%80%ac/
Cervical Radiculopathy (လည်ပင်းအာရုံကြောများလုပ်ဆောင်မှုပျက်ယွင်းခြင်း)
လည်ပင်းရှိကျောရိုးမကြီးအနားမှာရှိနေတဲ့ အာရုံကြောအမြစ်တစ်ခုခု ဖိမိ၊ ထိခိုက်မှုသွားတဲ့အခါဖြစ်တဲ့ အာရုံကြောလုပ်ဆောင်မှုပျက်ယွင်းခြင်း၊ လျော့ကျခြင်း ဖြစ်တယ်။ ထိခိုက်သွားတဲ့ အာရုံကြောအမြစ်တည်နေရာပေါ်မူတည်ကာ ထိုအာရုံကြောထောက်ပံ့နေတဲ့ လက်၊ လက်မောင်းတို့ကနေရာတွေမှာ နာကျင်ခြင်း၊ ထုံကျဉ်ခြင်း၊ အာရုံမခံစားနိုင်ခြင်း တို့ဖြစ်စေပါတယ်။အမျိုးသားရော၊ အမျိုးသမီးမှာပါဖြစ်နိုင်တယ်။ ဒါပေမယ့် အမျိုးသမီးတွေ၊ အထူးသဖြင့် ၅၀ ကျော်အမျိုးသမီးတွေမှာ ပိုဖြစ်နိုင်ပါတယ်။အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်နဲ့ဆွေးနွေးကြည့်ပါ။ကနဦးလက္ခဏာတွေကတော့ လက်မောင်း၊ လည်ပင်း၊ ရင်ဘက်၊ ကျောအပေါ်ပိုင်းနဲ့ ပုခုံးတွေမှာ ပျံ့နှံ့လာတဲ့နာကျင်မှုပဲဖြစ်တယ်။ လက်၊ လက်ချောင်းတွေမှာထုံလာ၊ ကျဉ်လာခြင်း၊ ကြွက်သားတွေအားနည်းခြင်းတို့လည်းဖြစ်ပါတယ်။ တခြားလက္ခဏာတွေကတော့ စုပေါင်းလုပ်ဆောင်တဲ့ ဆောင်ရွက်ချက်တွေမှထိခိုက်ခြင်း၊ မရှိခြင်း တု့ိဖြစ်ပြီး လက်မှာအဖြစ်များပါတယ်။ဖော်ပြပါလက္ခဏာတွေရှိမယ်ဆိုရင်၊ သိလိုသည်များရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်တယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် ဆရာဝန်နဲ့ဆွေးနွေးကြည့်တာအကောင်းဆုံးဖြစ်နိုင်ပါတယ်။ကျောရိုးဆစ်နှစ်ခုကြားမှ အရိုးပြားကျိုးပဲ့ရာမှထွက်လာသော အစိတ်အပိုင်း၊ ရောဂါကြောင့်အရိုးများပြောင်းလဲခြင်း၊ အရိုးရောင်ရမ်းခြင်း၊ အရိုးများထိခိုက်ခြင်း စသည်တို့ကနေလာတဲ့ ဖိအားက အာရုံကြောအမြစ်ပေါ်ဖိမိတဲ့အခါ ထိခိုက်မှုတွေဖြစ်လာရတယ်။ အသက်အလည်အလတ်ရှိသူတွေရဲ့ အရိုးများပုံမှန်ပြောင်းလဲခြင်းတွေကြောင့်လည်း အာရုံကြောအမြစ်ပေါ်မှာ ဖိအားတွေဖြစ်လာနိုင်ပါတယ်။ လူငယ်ပိုင်းတွေမှာတော့ ထိခိုက်မှုတွေကြောင့် အရိုးပြားများကျိုးရာမှ ဖြစ်လာရတတ်ပါတယ်။ ထိုအရိုးစတွေမှု အာရုံကြောမြစ်ကိုဖိမိ၊ ရောင်ရမ်းစေတဲ့အခါမှာ နာကျင်မှုတွေဖြစ်လာ၇တယ်။တစ်သျူးတွေ အာရုံကြောများကို ဖိမိစေသည့် အခြေအနေတွေကတော့ –။ဖိအားကြောင့် အာရုံကြောတွေရောင်ရမ်းလာကာ အာရုံကြောလုပ်ဆောင်မှုချို့ယွင်းလာရပါတယ်။ အာရုံကြောထိခိုက်မှုအချိန်တိုရင်တော့ ရေရှည်ပျက်စီးမှုမရှိဘဲ ဖိထားတဲ့ဖိအားကိုဖယ်ပစ်လိုက်တာနဲ့ အာရုံကြောလုပ်ဆောင်မှု ပုံမှန်ပြန်ဖြစ်သွားပါတယ်။ ဒါပေမယ့် ထိုဖိအားထခိုက်မှုက ဆက်လက်ရှိနေမယ်ဆိုရင်တော့ နာတာရှည်ဖြစ်ပြီး ထာဝရအာရုံကြောပျက်စီးသွားနိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။တကယ်လို့သင့်မှာထိုရောဂါရှိနေပြီလို့ ဆရာဝန်က သံသယရှိရင်တော့ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးစမ်းသပ်မှုတွေနဲ့၊ တချို့သောစစ်ဆေးမှုတွေလုပ်ပါလိမ့်မယ်။ ထိုစစ်ဆေးမှုတွေကတော့ –။အနာပျောက်ဆေး၊ အရောင်ကျဆေးတွေဖြစ်တဲ့ corticosteroid ၊ Ibuprofen, naproxen စသည့် NSAID ဆေးများနှင့် ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ကုသမှုတွေနဲ့ ပေါင်းစပ်ကုသရပါတယ။်။စတီးရွိုက်ဆေးကိုသောက်ခြင်းဖြစ်စေ၊ အာရုံကြောမကြီးကို အုပ်ထားသော အမြှေးပါးဖြစ်သည့် dura အမြှေးပါးအောက်ကို ထိုးခြင်းဖြင့်ဖြစ်စေသုံးနိုင်တယ်။ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ကုသမှုကတော့ ဆရာဝန်ကညွှန်းပါလိမ့်မယ်။ လည်ပင်းဆန့်ခြင်း၊ လှုပ်ရှားမှုများ၊ လေ့ကျင့်ခန်း နဲ့ တခြားသော အနာသက်သာစေသည့် နည်းလမ်းတွေပါလိမ့်မယ်။ ဒါပေမယ့် ကြွက်သားတွေ အားနည်းသွားသည်ထိ အာရုံကြောပေါ်ဖိထားတယ်ဆိုရင်တော့ ခွဲစိတ်ဖို့လိုကောင်းလိုနိုင်ပါတယ်။တခြားသိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ။်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/brain-and-spine-disorders/cervical-radiculopathy-%e1%80%9c%e1%80%8a%e1%80%ba%e1%80%95%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%ac%e1%80%9b%e1%80%af%e1%80%b6%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%99%e1%80%bb%e1%80%ac/
null
null
mens-health
mens-health
https://hellosayarwon.com/mens-health/erectile-dysfunction/%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%99%e1%80%9b%e1%80%be%e1%80%ad%e1%80%98%e1%80%b2-%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba/
ဆောင်းရာသီမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေးကို ဒီလို ထိန်းသိမ်းပါ။
ဆောင်းကာလက အသားအရေအတွက် ခက်ခဲတဲ့ ရာသီဥတု တစ်ရပ်ပါ။ ဆောင်းရာသီမှာ ခြောက်သွေ့မှု များတာကြောင့်အသားအရေရဲ့ အစိုဓာတ် ထိန်းသိမ်းနိုင်စွမ်းကို ထိခိုက်စေနိုင်သလို ခြောက်သွေ့မှုတွေကို ဖြစ်စေနိုင်ပါတယ်။သာမန် အသားအရေ အတွက်တောင် ခက်ခဲတဲ့ ဆောင်းကာလကဝက်ခြံ ဖြစ်လွယ်သူတွေအတွက်တော့ တော်တော်လေး ခက်ခဲမယ့် အခိုက်အတန့်ပါ။ ဒီတော့ ဆောင်းရာသီမှာဝက်ခြံတွေပိုဆိုးမလာအောင် ဘယ်လိုများအသားအရေ ထိန်းသိမ်းရမလဲလို့ စဉ်းစားနေပြီလား……………။ဆောင်းရာသီမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေးကို ထိန်းသိမ်းဖို့ဆိုရင်။ဆောင်းရာသီမှာ အသားအရေက ကျန်တဲ့ ရာသီတွေထက် ထိခိုက် လွယ်ပါတယ်။ ဒါ​ကြောင့် အသားအရေကို ထိခိုက်မှု ကင်းစေဖို့ ဆိုရင် အသားအရေကို ထိခိုက်မှု ကင်းပြီး အကောင်းဆုံး သန့်စင်ပေးနိုင်မယ့် မျက်နှာသစ်ဆေး အပျော့စားလေးတွေကို ရွေးပေးပါ။ ဝက်ခြံထွက်တတ်တဲ့သူတွေအတွက်  ထုတ်ထားတကို အသုံးပြုပေးပါ။မျက်နှာ ခဏခဏ သစ်တာက မျက်နှာပေါ်က အဆီတွေကို ခမ်းစေပြီး အသားအရေ ခြောက်သွေ့မှုတွေကို ဖြစ်စေပါတယ်။ အရေပြားကို ထိခိုက်လွယ်စေပါတယ်။အရေပြားကို ထိခိုက်လွယ်တာက နောက်ဆက်တွဲ အနေနဲ့ပိုးဝင်တာ၊ ဝက်ခြံတွေ ဖြစ်တာကို ဖြစ်စေနိုင်တာကြောင့် ဆောင်းတွင်းမှာ ခဏခဏ မျက်နှာသစ်တာကို ရှောင်ပါ။ဆောင်းတွင်းမှာ အသားအရေကို ထိခိုက်မှာ စိုးပြီး Moisturizer မလိမ်းတာမျိုး မလုပ်ပါနဲ့။ Moisturizer က အသားကို ခြောက်သွေ့တာမျိုး မဖြစ်စေပါဘူး။ ရေဓာတ် ဖြည့်ပေးပြီး အသားအရေကို ပိုမို ကျန်းမာစေမှာပါ။ဒါကြောင့် ဆောင်းရာသီ ရောက်လာလို့ဆိုပြီး Moisturizer မလိမ်းတာမျိုး မလုပ်ပါနဲ့။ မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန်လိမ်းပေးပါ။ဆောင်းရာသီက အေးတာ မှန်ပေမယ့် နေရောင်ကြောင့်အသားအရေ ပျက်စီးနိုင်ခြေကတော့ ရှိနေဆဲပါ။ ဒါကြောင့် ဆောင်းအေးလို့ဆိုပြီး နေလောင်ကာ ခရင်မ် မလိမ်းတာမျိုး မလုပ်ပါနဲ့။ဆောင်းတွင်းမှာလည်း အသားအရေ ထိခိုက်မှု ကင်းပြီး ကျန်းမာစေဖို့ အပြင် မထွက်ခင် အနည်းဆုံး ၁၅ မိနစ် အလိုမှာ နေလောင်ကာ ခရင်မ်ကို လိမ်းပေးပါ။ရေဓာတ် ပြည့်ဝမှုက အသားအရေ ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဒါ​ကြောင့် ဆောင်းတွင်းမှာအသားအရေ ပြဿနာကင်းစေဖို့ ရေများများ သောက်ပေးပါ။ဒီအချက်လေးတွေကို လိုက်နာပြီး လုပ်ဆောင်တာအပြင် အသားအရေကို ထိခိုက်စေနိုင်တဲ့ အပြုအမူတွေ ဖြစ်ကြတဲ့ ဝက်ခြံတွေကို ကုတ်ဖဲ့တာ၊ ညှစ်တာ၊ ဆိတ်ဆွတာမျိုးတွေ မလုပ်ပါနဲ့။ ဒီလိုလုပ်တာက အသားအရေကို ထိခိုက်စေပြီး ဆောင်းတွင်းမှာ အရေပြား ထိခိုက်မှု များစေနိုင်လို့ပါ။ နောက်တစ်ခုက အရေပြားကို သန့်စင်အောင် ထားဖို့ပါပဲ။ကဲ… ဒီ နည်းလမ်းလေးတွေအတိုင်း ဆောင်းကာလမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေးကို ကျန်းမာစေဖို့ စောင့်ရှောက်လိုက်စို့နော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/acne-prone-skin-care-in-winter/
အသည်းသွေးကြော ရိုးရိုးအလုံးအကျိတ်
Hemangioma (ရိုးရိုးသွေးကြောအကျိတ်) ဟာ မွေးရာပါ အမှတ်တစ်ခု ဖြစ်ပါတယ်။ သူတို့တွေမှာ သေးငယ်တဲ့ သွေးကြောပေါင်းများစွာ ပါဝင်ပြီး အရေပြားကို အနီရောင် (သို့) ခရမ်းရောင် တွေ ဖြစ်ပေါ်စေပါတယ်။ Liver Hemangioma ဟာ အသည်းပေါ်မှာ ရှိတဲ့ သွေးကြောအလုံးအကျိတ်တစ်မျိုး ဖြစ်ပါတယ်။ သူဟာကင်ဆာ မဟုတ်ဘဲ ရိုးရိုး အကျိတ်တစ်ခုသာ ဖြစ်ပါတယ်။ အသည်းမျက်နှာပြင်ပေါ်မှာ သို့ အသည်းမျက်နှာပြင်အောက်မှာ ရှုပ်ထွေးနေတဲ့ သွေးကြောတွေပဲ ဖြစ်ပါတယ်။ အသည်းသွေးကြောကျိတ် တွေဟာ များသောအားဖြင့် အန္တရာယ်မရှိပဲ လက္ခဏာတွေ မပြတတ်ပါဘူး။ဒီလိုလက္ခဏာတွေကို မတွေ့ရှိရတတ်တာကြောင့် အခြား မဆိုင်တဲ့ အခြေအနေတစ်ခုကို စစ်ဆေးကြည့်ချိန်မှ ဒါတွေကို တွေ့ရတာ ဖြစ်ပါတယ်။အသည်း သွေးကြောကျိတ် တွေဟာ ကင်ဆာမဟုတ်ပဲ ကင်ဆာဖြစ်စေခြင်းလည်း မရှိပါဘူး။ ဒီအကျိတ်တွေဟာ 4cm အရွယ်အစား ရှိပါတယ်။ အချို့သူတွေမှာ ပိုမိုကြီးမားနိုင်ပါတယ်။ ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးတွေ (သို့) အီစထရိုဂျင် မဟော်မုန်းကုထုံးခံယူနေတဲ့ အမျိုးသမီးတွေမှာ သွေးကြောအလုံးအကျိတ် တွေဟာ ပိုကြီးလာတတ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ အီစထရိုဂျင် ဟာ ဒီအကျိတ်တွေကို ကြီးလာစေလို့ပဲ ဖြစ်ပါတယ်။ ဒီကြီးလာတဲ့ အသည်းသွေးကြောကျိတ် တွေကတော့ လက္ခဏာတွေ ဖြစ်စေတတ်ပါတယ်။များသောအားဖြင့် သင့်မှာ အသည်းသွေးကြောကျိတ် တစ်ခုသာ ရှိနိုင်ပါတယ်။ ဒါပေမယ့် အမြောက်အမြားကို တစ်ပြိုင်နက်တွေ့ရတတ်တဲ့ အခြေအနေတွေလဲ ရှိပါသေးတယ်။ကျွမ်းကျင်သူတွေက ဘာလို့ သွေးကြောတွေပေါင်းစုပြီး အကျိတ် ဖြစ်လာရလဲဆိုတဲ့ အချက်ကို သေချာသိရှိခြင်း မရှိပါဘူး။ ဒါပေမယ့် အသည်းသွေးကြောရိုးရိုးအကျိတ် (Liver Hemangioma) တွေဟာ မွေးရာပါဖြစ်ပြီး မျိုးရိုးလိုက်တယ်လို့ သဘောတူ ယုံကြည်ထားကြပါတယ်။ဒီရောဂါ အတော်များများကို အသက် ၃၀ နဲ့ ၅၀ ကြား အမျိုးသားတွေမှာ အတွေ့များပါတယ်။အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဖြစ်နှုန်းပိုများပါတယ်။ ဟော်မုန်းကုသမှု ယူနေတဲ့ အမျိုးသမီးတွေဟာ အီထရိုဂျင် ပမာဏ များတာမို့ ဖြစ်နှုန်း ပိုများနိုင်ပါတယ်။ဒီရောဂါ တွေကို ကလေးတွေမှာလည်း တွေ့ရနိုင်ပါတယ်။ ဒီအခြေအနေကို benign infantile hemangioendothelioma သို့ multinodular hepatic hemangiomatosis လို့ ခေါ်ပါတယ်။ ဒါဟာ ရှားပါးတဲ့ ကင်ဆာမဟုတ်သော အကျိတ်တစ်မျိုး ဖြစ်ပြီး နှလုံးရပ်ခြင်းနဲ့ ကလေးတွေ သေစေခြင်းတွေကိုပါ ဖြစ်နိုင်ပါတယ်။ ကလေးတွေဟာ အသက် ၆ လသားလောက်မှာ ဒီရောဂါကို တွေ့ရှိရတတ်ပါတယ်။အခြေအနေအများစုမှာ ဒီအကျိတ် တွေဟာ ရောဂါလက္ခဏာတွေ မပြတတ်ပါဘူး။ ဒါပေမယ့် ဒဏ်ရာရရှိချိန် (သို့) အီစထရိုဂျင် ပမာဏ ပြောင်းလဲချိန်တွေမှာ ဆိုရင်တော့ ရောဂါလက္ခဏာတွေ ဖြစ်စေနိုင်ပါတယ်။ဒီရောဂါ ရဲ့ လက္ခဏာတွေကတော့။ဒီအကျိတ် တွေဟာ အစာစားချင်စိတ် လျော့နည်းစေတာကြောင့် ကိုယ်အလေးချိန် လျော့နည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါ ရဲ့ လက္ခဏာတွေကို တွေ့ရမယ်ဆိုရင် ဆရာဝန်ကို ချက်ချင်း အကြောင်းကြားသင့်ပါတယ်။ဒီရောဂါ ရှိတဲ့ ကလေးတွေမှာ တွေ့ရတဲ့ လက္ခဏာတွေကတော့။အချို့အခြေအနေတွေမှာ အသည်းမှာရှိတဲ့ ရိုးရိုးသွေးကြောအကျိတ် တွေဟာ သွေးထွက်ခြင်း (သို့) အင်္ဂါရဲ့ လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ပေးခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ အလွန်ရှားပါးတဲ့ အခြေအနေတွေမှာတော့ သူဟာ ပေါက်ထွက်နိုင်ပါတယ်။လက္ခဏာ မပြတဲ့သူတွေမှာတော့ ဒီရိုးရိုးအကျိတ် တွေကို အခြားပြဿနာတွေအတွက် စစ်ဆေးချိန်မှသာ တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိနိုင်ပါတယ်။Liver Hemangioma တွေကို များသောအားဖြင့် စစ်ဆေးမှုတွေဖြစ်တဲ့ အာထရာဆောင်း၊ ကွန်ပျူတာဓါတ်မှန်၊ သံလိုက်ဓါတ်မှန်၊single photon emission၊ SPECT scan အစရှိသည်တို့မှာ တွေ့ရှိနိုင်ပါတယ်။ ဒီစစ်ဆေးမှုတွေက သင့်ဆရာဝန်ကို အသည်းကို သေချာ မြင်ရစေပြီး ပတ်ပတ်လည်က အရာတွေကိုလည်း တွေ့မြင်စေပါတယ်။ သွေးစစ်ဆေးမှုတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ သင့်ဆရာဝန်က အခြားအသည်းနဲ့ ဆိုင်တဲ့ ပြဿနာတွေကို ရှာဖွေနေတယ်ဆိုရင် အသည်းမှာရှိတဲ့ ရိုးရိုး သွေးကြောအကျိတ်အလုံး ကို တွေ့ရှိနိုင်ပါတယ်။ဒီအလုံးအကျိတ် အများစုဟာ ကုသဖို့မလိုအပ်ပါဘူး။ ဒါပေမယ့် ကြီးလွန်းရင် (သို့) ရောဂါလက္ခဏာတွေ ဖြစ်နိုင်ရင် သူ့ကို ခွဲထုတ်ပစ်သင့်ပါတယ်။ ဒီအလုံးအကျိတ်ဟာ အသည်းတည်ရှိရာနေရာမှာ နာကျင်မှုတွေ၊ ထိခိုက်မှုတွေ ဖြစ်ပွားစေတယ်ဆိုရင် သင့်ဆရာဝန်က ပျက်စီးနေတဲ့ နေရာအကုန်ကို ထုတ်ပစ်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။အသည်း သွေးကြော ရိုးရိုး အကျိတ် ဟာ သူ့ထဲကို သွေးအလုံအလောက် စီးဆင်းနေတယ်ဆိုရင် ကြီးထွားလာနိုင်ပါတယ်။ ဒီအခြေအနေမျိုးမှာတော့ ဆရာဝန်ဟာ ဒီအလုံး အတွင်း ဝင်တဲ့သွေးအခြေအနေကို ပိတ်ဆို့မှာ ဖြစ်ပါတယ်။ သွေးပေးတဲ့ အဓိက သွေးကြောကို ချည်ထားမှာ ဖြစ်ပါတယ်။ အသည်းပတ်လည်နေရာတွေကတော့ သွေးထောက်ပံ့မှုကို ရရှိသေးမှာဖြစ်ပြီး ကျန်းမာနေမှာ ဖြစ်ပါတယ်။ ဒီခွဲစိတ်မှုကို hepatic artery ligation လို့ ခေါ်ပါတယ်။နောက်တစ်နည်းကတော့ ဒီအလုံးအကျိတ် အတွင်းကို ဆေးထိုးထည့်ပြီး သွေးထောက်ပံ့မှုကို ပိတ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကို arterial embolization လို့ ခေါ်ပါတယ်။အလွန်ရှားပါးတဲ့ အခြေအနေတွေမှာ အသည်းအစားထိုး ကုသမှု လိုအပ်နိုင်ပါတယ်။ ဒါဟာ အလွန်ကြီးမားတဲ့ အသည်းသွေးကြောရိုးရိုးအကျိတ် (သို့) ကုသမှုကို မတုန့်ပြန်တဲ့ အကျိတ် အများအပြား ရှိတဲ့အချိန်မှာသာ ပြုလုပ်မှာ ဖြစ်ပါတယ်။အလွန်ရှားပါးတဲ့ အခြေအနေတွေမှာတော့ အကျိတ်ကို သေးသွားစေဖို့ ဓါတ်ရောင်ခြည်ကုသမှု လိုအပ်နိုင်ပါတယ်။နောက်ဆက်တွဲဆိုးကျိုး ဖြစ်ပွားတာ ရှားပါတယ်။ ဆိုးကျိုးတွေကတော့။တကယ်လို့ ကိုယ်ဝန်ရှိနေရင် (သို့) ဟော်မုန်းကုသမှု ယူနေရင် (သို့) အသည်းရောဂါ ရှိနေရင် ဒီ ဆိုးကျိုးတွေ ဖြစ်ပွားမှုကို လျှော့ချဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။အများစုဟာ နောက်ပိုင်းမှာ ကျန်းမာရေးဆိုးကျိုးတွေကို မဖြစ်စေတတ်ပါဘူး။ ရှားပါးတဲ့ သူတွေမှာတော့ အသည်းအစားထိုး ကုသမှု လိုအပ်တတ်ပါတယ်။ အသည်းအစားထိုးကုသမှု ခံယူထားတဲ့လူနာတွေဟာ အစားထိုးထားတဲ့အသည်းကို ကိုယ်ခန္ဓါက ငြင်းပယ်ခြင်းကနေ ကာကွယ်ဖို့ ဆေးတွေကို တစ်သက်လုံးသောက်ရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ကာကွယ်ဖို့ သင့်ဆရာဝန်က ဒီရောဂါ ကို စောင့်ကြည့်ပေးမှာ ဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။Translated by Phyu Mon Latt။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac-%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%a1/
null
null
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/goji-berry/
ကိုယ်အင်္ဂါအစိတ်အပိုင်း လှူတဲ့ မိသားစုဆီ ကျေးဇူးတင်စာရေးနည်း
စာရေးသင့်မသင့် ဆုံးဖြတ်ခြင်းဟာ ကိုယ်ပိုင် ဆုံးဖြတ်ချက်တစ်ခုသာ ဖြစ်ပါတယ်။သင့်ရဲ့ ကျေးဇူးတင်မှုကို ဖေါ်ပြဖို့ လုံလောက်တဲ့စကား ရှာမရ ဖြစ်နိုင်ပါတယ်။ ကိုယ်အင်္ဂါ တစ်ရှူး လက်ခံရရှိသူတွေဟာ လှူတဲ့ မိသားစုကို ကျေးဇူးတင်စကားပြောလိုကြပြီး အစားထိုးခွဲစိတ်မှုအပြီး အခြေအနေကို ဝေမျှလိုကြပါတယ်။အများသောအားဖြင့် အလှူရှင်မိသားစုကို စာရေးခြင်းဟာ လန့်စရာကောင်းတာမို့ ကတ်တစ်ခုခုကိုလည်း ရွေးချယ်နိုင်ပါတယ်။ စာမရေးခင် အစားထိုးကုသမှုအပြီး အနည်းဆုံးသုံးလလောက် စောင့်ဆိုင်းသင့်ပါတယ်။ ဒါဟာ သင့်ကလေးငယ်ကိုရော အလှူရှင်မိသားစုကိုပါ နာလာထူဖို့ အချိန်ပေးနိုင်ပါတယ်။သင့်ဆေးရုံဟာ လက်ခံသူနဲ့ အလှူရှင်မိသားစုကြားက တွေ့ဆုံမှုတွေကို စီစဉ်ပေးမှာ မဟုတ်ပါဘူး။ ပါဝင်ပတ်သက်တဲ့သူတွေရဲ့ အနှောင့်အယှက်ကင်းစွာ လုံခြုံမှုကို ထိန်းသိမ်းပေးကြမှာ ဖြစ်ပါတယ်။၁။ စာ (သို့) ကဒ်ကို မပိတ်ရသေးတဲ့ စာအိတ်ထဲထည့်ပါ။၂။ အခြား စာရွက်တစ်ရွက်မှာ သင့်နာမည်အပြည့်အစုံနဲ့ ကလေးငယ်ရဲ့ ကိုယ်အင်္ဂါအစားထိုးကုသတဲ့ နေ့ရက်ကို ထည့်ရေးပါ။အစားထိုးကုသပေးတဲ့ အဖွဲ့မှတစ်ဆင့် သင့်စာကို ပို့ပေးမှာ ဖြစ်ပါတယ်။ အလှူရှင်မိသားစုက ဒီစာကို လက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဆိုနိုင်ပါတယ်။ ဒီအခြေအနေမှာတော့ ဆေးရုံမှ စာကို ထိန်းသိမ်းထားပေးမှာ ဖြစ်ပြီး သူတို့ အဆင်သင့်ဖြစ်တဲ့ အချိန်ကျတဲ့အခါ စာကို ပို့ပေးမှာ ဖြစ်ပါတယ်။ သင့်စာဟာ အလှူရှင်မိသားစုကို ရောက်မရောက်ဆိုတာ အစားထိုးကုသတဲ့ အဖွဲ့က သင့်ကို သိစေမှာ ဖြစ်ပါတယ်။အချို့အလှူရှင် မိသားစုတွေက စာပြန်နိုင်ပေမယ့် အချို့ကတော့ ပြန်မှမဟုတ်ဘူးဆိုတာ သိထားဖို့အရေးကြီးပါတယ်။ ဒါကို တမင်တကာ လုပ်တယ်လို့ မယူဆသင့်ပါဘူး။ အချို့မိသားစုတွေကတော့ နှစ်ပေါင်းများစွာ ကြာမှ စာပြန်နိုင်ပါတယ်။အချို့ လက်ခံသူတွေက သူတို့ရဲ့ ကိုယ်တိုင်တွေ့ကြုံကြတဲ့ အတွေ့အကြုံတွေကို ဝေမျှလိုကြပါတယ်။ တကယ်လို့ မီဒီဟာကို ပြောရင် (သို့) လူအများကို ပြောပြတဲ့အခါ နေ့ရက်အတိအကျကို မပြောပြသင့်ပါဘူး။ Facebook ပေါ်၊ blog ပေါ်၊ အခြား လူမှုရေး website တွေကို တင်တဲ့အခါမှာလည်း နေ့ရက်အတိအကျကို မဖေါ်ပြသင့်ပါဘူး။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%a1%e1%80%82%e1%81%a4%e1%80%ab%e1%80%a1%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%a1%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8-%e1%80%9c/
နှာစေး တဲ့ ပြဿနာကို အိမ်မှာအလွယ်တကူ ဖြေရှင်းကြမယ်
အေးမြတဲ့ ဆောင်းရာသီမှာ ဖြစ်စေ၊ ရာသီဥတု ပူနေတဲ့အချိန်မှာဖြစ်စေနှာစေးတဲ့ ပြဿနာဟာ ကြုံလာရနိုင်ပါတယ်။ ပြင်းထန်တဲ့ ရောဂါလက္ခဏာမျိုး မဟုတ်ပေမဲ့ ဝေဒနာခံစားနေရသူအတွက်ရော၊ ဘေးပတ်ဝန်းကျင်က လူတွေကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။နှာစေး ၊ နှာပိတ်တာဟာအအေးမိ၊ တုပ်ကွေး ဖြစ်တဲ့အချိန်မှာ အတွေ့အများဆုံး လက္ခဏာဖြစ်ပြီး ဓာတ်မတည့်တာ၊ ဖျားနာတာ၊ ရောဂါတစ်ခုခု ကိုယ်ခန္ဓာထဲ ဝင်ရောက်တဲ့ အခါမျိုးမှာလည်း ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် နှာစေး၊ နှာပိတ်၊ချောင်းဆိုးနေပြီဆိုရင် လက်ကိုင်ပဝါ၊ တစ်သျှူးနဲ့ ပါးစပ်ကို အုပ်ထားဖို့ လိုအပ်ပါတယ်။ ရောဂါပိုးဟာ အထိအတွေ့တင်မက လေထဲကနေပါ ပျံ့နှံ့နိုင်တာကြောင့်ပါ။အထူးသဖြင့် ခုလို ခြောက်သွေ့ပြီး အေးမြနေတဲ့ဆောင်းရာသီလို အချိန်မျိုးမှာ အအေးမိ၊တုပ်ကွေးအဖြစ်များတာကြောင့် လူထူထပ်တဲ့ နေရာသွားတာ တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။ အပြင်က ပြန်လာရင်လည်း လက်ကို ဆပ်ပြာနဲ့ သေချာစွာ ဆေးကြောပေးပါ။ အာဟာရမျှတတဲ့ အစားအစာတွေကို ပူပူနွေးနွေးချက်ပြုတ်ပြီး စားသောက်ပေးပါ။ ကိုယ့်ရဲ့ ကျန်းမာရေးကိုသေချာဂရုစိုက်ပေးပါ။ဒီနည်းလမ်းတွေဟာ ရောဂါဝေဒနာကို သက်သာစေနိုင်တဲ့အပြင် အိမ်မှာအလွယ်တကူ လုပ်လို့ရတာကြောင့် ခုလို အအေးမိ၊ တုပ်ကွေးရာသီမှာ ဖြစ်တတ်တဲ့ နှာစေး ၊ နှာပိတ်ပြဿနာတွေအတွက် အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတွေပါပဲ။၁။ အရည်များများသောက်ပါ။အအေးမိတာကြောင့်ဖြစ်စေ၊ ဓာတ်မတည့်မှုကြောင့်ဖြစ်စေ နှာစေးတဲ့အခါမှာ ခန္ဓာကိုယ်က ရေဓာတ်တွေ လျင်မြန်စွာ ကုန်ခမ်းနိုင်ပါတယ်။ ဒါကြောင့် အရည်များများသောက်ဖို့ လိုပါတယ်။ ရေသောက်ပါ။ ဟင်းရည်၊ ဆန်ပြုတ်၊ ကြက်စွပ်ပြုတ် ပူပူလေး သောက်ပေးပါ။ ကုန်ဆုံးသွားတဲ့ ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်လို့ လူကိုလည်း လန်းလန်းဆန်းဆန်း ဖြစ်စေပါတယ်။၂။ ရေနွေးကြမ်းပူပူလေး သောက်ပေးပါ။ပူပူနွေးနွေး အရည်တွေဟာ နှာစေး ၊ နှာပိတ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပါပဲ။ ကိုယ်ခန္ဓာကို ရေဓာတ်မခမ်းခြောက်အောင် ထိန်းညှိပေးနိုင်တဲ့အပြင် နှာခေါင်းပိတ်တာ ပျောက်စေတယ်။ နှာခေါင်းနီရဲမနေအောင်၊ မပိတ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ရေနွေးကြမ်းအစား ချင်းပြုတ်ရည်၊ ချာမိုမိုင်း လက်ဖက်ရည်တို့ကို သောက်ပေးလို့လည်း အဆင်ပြေပါတယ်။၃။ ရေနွေးငွေ့တွေကို ရှူရှိုက်ပါ။အရင်ဆုံး ရေနွေးအိုးကို အငွေ့ထွက်သည်အထိ ပူနေအောင် တည်ထားပါ။ ဆူပွက်နေဖို့ မလိုပါဘူး။ ပြီးရင် ရေနွေးအိုးက ထွက်လာတဲ့ ပူပူနွေးနွေး ရေငွေ့လေးတွေကို ရှူရှိုက်ပါ။ တစ်ကြိမ်လျှင် မိနစ် ၂၀ ကနေ ၃၀ အထိ လုပ်ပေးပါ။ ကိုယ့်မျက်နှာ အရမ်းပူနေပြီလို့ ခံစားနေရတယ်ဆိုရင်တော့ ခဏ အနားပေးလိုက်ပါ။ ပြီးရင် ကိုယ့်ရဲ့ နှာခေါင်းထဲမှာ ရှိနေတဲ့ နှပ်တွေကို ညှစ်ထုတ်လိုက်ပါ။ ဒီနည်းလမ်းနဲ့လည်း နှာစေး၊ နှာပိတ်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။၄။ ရေနွေးနဲ့ ရေချိုးပေးပါ။အထူးသဖြင့် ဒီလိုရာသီဥတုအေးတဲ့အချိန် ဖျားမှာ ကြောက်လို့ ရေမချိုးဘဲ နေတတ်ကြပါတယ်။ မနက်ခင်းမှာ ရေနွေးလေးနဲ့ ရေချိုးပေးခြင်းဟာ အညောင်းအညာပြေစေပြီးစိတ်ကို ကြည်လင်လန်းဆန်းစေတယ်။ အအေးမိနေသူတွေ၊ အထူးသဖြင့် နှာစေး နေတဲ့ သူတွေအတွက်လည်း ဝေဒနာကို သက်သာစေပါတယ်။၅။ အစပ်စားပေးပါ။ဒီနည်းလမ်းဟာ နှာခေါင်းပိတ်နေတဲ့သူတွေအတွက်သာ ဖြစ်ပြီး ကိုယ်က နှာစေးနေတယ်၊ နှာရည်တောက်တောက်ကျနေတယ်ဆိုရင်တော့ ပိုဆိုးနိုင်တဲ့အတွက် မလုပ်သင့်ပါဘူး။အစပ်စားတဲ့အခါမှာ အရေပြားပေါ်က ချွေးပေါက်တွေကိုသာမက ပိတ်နေတဲ့ နှာခေါင်းကိုပါ ပွင့်သွားစေနိုင်ပါတယ်။ အစာအိမ်ရောဂါ ထနေရင်လည်း ဒီနည်းလမ်းကို မသုံးသင့်ပါဘူး။ဒီနည်းလမ်းတွေဟာ အိမ်မှာပဲ အလွယ်တကူ လုပ်လို့ရတဲ့ နည်းလမ်းတွေ ဖြစ်ပြီး ဝေဒနာကို သက်သာစေနိုင်ပါတယ်။ ကိုယ်က နှာစေး ၊ နှာပိတ်တာ၊အအေးမိတာ ကြာနေပြီဆိုရင်တော့ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။[embed-health-tool-bmr]
ent
ent
https://hellosayarwon.com/ent/nose-conditions/stopping-runny-nose/
Stiff Neck (ဇက်နာခြင်း)
ဇက်နာခြင်းဟာ လူတိုင်းဘဝမှာ အနည်းဆုံးတစ်ခါလောက်တော့ တွေ့ကြုံဖူးတဲ့ အဖြစ်များတဲ့ကျန်းမာရေးပြဿနာတစ်ခုပါ။ အားကစားလုပ်စဉ်၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်စဉ်၊ အလုပ်လုပ်စဉ် စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် လည်ပင်းကြွက်သားထိခိုက်နာကျင်ခြင်းဖြစ်တယ်။ တချို့သောကျန်းမာရေးအခြေအနေတွေကြောင့်လည်း ဇက်နာနိုင်ပြီး ရောဂါကြီးတစ်ခုရဲ့လက္ခဏာအနေနဲ့ ဇက်နာတာမျိုးတော့ရှားပါတယ်။အလွန်ကိုအဖြစ်များပြီး အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်သောအခြေအနေတွေကို ရှောင်ရှားခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။တခြားလက္ခဏာတွေလည်းဖြစ်နိုင်တာကြောင့် အသေးစိတ်အတွက် ဆရာဝန်ကိုမေးမြန်းတိုင်ပင်နိုင်ပါတယ်။တကယ်လို့။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဒီအချက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေအတွက် အစားထိုးမဟုတ်တာကြောင့် အမြဲတမ်း ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့မမေ့ပါနဲ့။ဘယ်လိုရှာဖွေသိရှိနိုင်မလဲ။ရောဂါအခြေအနေမေးမြန်းမှုများ၊ စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ပါလိမ့်မယ်။ ပိုမိုတိကျသောအဖြေအတွက် ဓါတ်မှန်၊ စီတီစကမ်၊ အမ်အာအမ် ကဲ့သို့ ပုံရိပ်ရိုက်ယူစစ်ဆေးမှုများပြုလုပ်နိုင်ပါတယ်။ ပုံရိပ်ယူစစ်ဆေးမှုတွေဟာ သင့်နာကျင်မှုအတွက် အကြောင်းအရင်းရှာဖို့ အကောင်းဆုံးစစ်ဆေးမှုတွေဖြစ်တယ်။ အာရုံကြောထိခိုက်မှုကြောင့်ဟုထင်ပါက EMG ရိုက်ခိုင်းနိုင်ပါတယ်။ ဇက်နာစေနိုင်သော သို့မဟုတ် ပိုဆိုးစေနိုင်သော ရောဂါပိုးဝင်ခြင်းများ၊ ရောင်ရမ်းမှုများကို သေချာသိရှိရန် သွေးစစ်ဆေးမှုများလည်း ပြုလုပ်ကောင်းပြုလုပ်ရနိုင်ပါတယ်။မပြင်းထန်သောနာကျင်မှုမျိုးမှာ နှစ်ပတ်၊ သုံးပတ်လောက် ဂရုစိုက်လိုက်ပါက သက်သာနိုင်ပါတယ်။ တကယ်လို့မသက်သာပါက ဆရာဝန်မှ တခြားဆေးများ ( စတီးရွိုက်ထိုးခြင်း၊ ကြွက်သားလျော့ဆေး၊ အကိုက်အခဲပျောက်ဆေး) ၊ လေ့ကျင့်ခန်းများ၊ လျှပ်စစ်ဖြင့်နှိပ်ခြင်းများ၊ နောက်ဆုံး ခွဲစိတ်မှုထိလမ်းညွှန်နိုင်ပါတယ်။နေထိုင်မှုပုံစံ၊ အိမ်တွင်းကုထုံးများ။သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရရန် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ။်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/stiff-neck-%e1%80%87%e1%80%80%e1%80%b9%e1%80%94%e1%80%ac%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ကလေးတွေမှာ ကယောင်ကတမ်းဖြစ်ခြင်း
ယခုအခါ ကယောင်ကတမ်းဖြစ်ခြင်းသည် ကလေးအတွက် ပြင်းထန်သောပြဿနာဖြစ်သည်။ ပုံမှန် သင့်ဦးနှောက်သင်္ကေတများ ရယူခြင်းပြန်ပို့ခြင်း မကောင်းသောအခါတွင်ဖြစ်သည်။ ထိုမကောင်းမှုက ဦးနှောက် ထိခိုက် လှုပ်ဆောင်မှုမူမမှန်ခြင်းစသည့် အကြောင်းများစွာကြောင့်ဖြစ်နိုင်သည်။ အရေးကြီးသောအကြောင်းမှာ မိဘတိုင်း ကလေးတွင်ဖြစ်နိုင်သော စိတ်ကယောင်ကတမ်းဖြစ်ခြင်းအတွက်ပြင်ဆင်ထားသင့်သည်။ဖျားခြင်း၊ အဆိပ်တတ်ခြင်းနှင့် အခြားမကောင်းသည့်အချိန်တွင် ဖြစ်သောအလွန် စိတ်ရှုပ်စရာကောင်းသည့်အခြေအနေဖြစ်ပြီး ဂနာမငြိမ်ခြင်း၊ အထင်မှားခြင်း၊အတွေးအပြောများမထိန်းနိုင်ခြင်းတို့ဖြစ်နိုင်သည်။ ထိုအရာကို ရုတ်ချည်းဖြစ်သော စိတ်ရှုပ်ထွေးသောကာလဟုခေါ်သည်။ဖြစ်စေသော ရောဂါသို့မဟုတ် နေမကောင်းခြင်းက ပြင်းထန်သော စိတ်ကယောင်ကခြားဖြစ်ခြင်းကိုဖြစ်စေသည်။ ဆေးအသုံးများခြင်းကလည်း ဖြစ်စေနိုင်သည်။ အခြားသောဖြစ်စေသည့်အရာ ဥပမာ အဖျားကြီးခြင်း၊ ခေါင်းထိခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်း၊ အဆိပ်မိခြင်း၊ အိပ်ရာထချိန်မှားခြင်းတို့က ကလေးတွင် စိတ်ကယောင်ကတမ်းဖြစ်စေသည်။အချို့သော လက္ခဏာများက စိတ်ကယောင်ကတမ်းဖြစ်ခြင်းတွင် အဖြစ်များပြီး အချို့လက္ခဏာများက စိတ်ကယောင်ကတမ်းဖြစ်သည်ဆိုသောလက္ခဏာများဖြစ်သည်။ ထိုအရာများတွင် စိတ်ရှုပ်ထွေးခြင်း၊ သူတို့ဘယ်မှာမှန်းမသိခြင်း၊ ဘယ်ရက်မှန်းမသိခြင်း၊ ဘယ်သူနှင့်ရှိနေမှန်း၊ ဘာလို့ရှိနေမှန်း မသိခြင်းဖြစ်နိုင်သည်။ စိတ်မရှည်ခြင်း၊ ဒေါသထွက်လွယ်ခြင်းတို့ ဖြစ်လွယ်သည်။ ထိုနေရာတွင် ရှိမနေသော ပစ္စည်းကိုကောက်နေနိုင်သည်။ ဝမ်းနည်းခြင်း၊ ချော့လို့မရခြင်းတို့ဖြစ်နိုင်သည်။ စိတ်အာရုံမစူးစိုက်နိုင်ခြင်းတို့ဖြစ်နိုင်သည်။ လန်းလန်းဆန်းဆန်းနေရန်လည်း ခက်ခဲနေနိုင်သည်။အခြားလက္ခဏာများ (ဥပမာ အိပ်မပျော်ခြင်း)၊ အသစ်သောပုံစံများ (ဥပမာ စိတ်တိုလွယ်ခြင်း၊ သံသယများခြင်း သို့မဟုတ် ပြောနေသောစကားများက အဓိပ္ပာယ်မရှိခြင်း၊ မရှိသောအရာများကိုကြားနေခြင်း၊ မြင်နေခြင်း) စသည်တို့ဖြစ်နိုင်သည်။ဆရာဝန်သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူကို စောင့်နေချိန်တွင် သင့်ကလေးသက်တောင့်သက်သာရှိရန် သင်လုပ်ပေးနိုင်သောအရာများရှိပါသည်။ ပထမအနေနှင့် ခုတင်နားတွင် ကလေးအားစိတ်ငြိမ်အောင်ကူပေးပါ။ သူတို့ဘယ်မှာ၊ ဘယ်အချိန်ရှိပြီကို တဖြည်းဖြည်းချင်း သတိရအောင်လုပ်ပေးပါ။ သူရင်းနှီးသောပစ္စည်းများ (ဥပမာ သူကြိုက်သောခေါင်းအုံး၊ မိသားစုပုံ၊ သက်တောင့်သက်သာရှိသောသီချင်းများ)ထားပေးပါ။ စိတ်ရှုပ်နေသော ကလေးနှင့်ရန်မဖြစ်ပါနှင့်။ သင့်ကလေးပျော်ရွင်သော အတွေးများဖြင့်ထားပါ။  စိတ်တိုနေသောအချိန် ကလေးအား လုံခြုံအောင်ထားရန်အရေးကြီးသည်။ သင့်မိဘက သင့်ကလေးအားခုတင်မှထွက်ရန် အားပေးနိုင်သည်။ သင်ကလေးတွင်မေးခွန်းရှိပါက စိတ်ရှုပ်ထွေးပြီးက ဝမ်းနည်းနေသေးပါက သင်ကလေးကိုပြန်ရှင်းရန်လိုအပ်နိုင်သည်။ဖြစ်စေသောအကြောင်းကို ကုသပြီးက ပိုကောင်းလာနိုင်သည်။ သင့်ကလေးက မြန်မြန်ပြန်ကောင်းလာလျှင် ရက်မှ အပတ်အတန်ကြာထိကြာနိုင်သည်။သင့်ကလေးကဘာဖြစ်မှန်းသိမည်မဟုတ်ပါ။ အဓိကအားဖြင့် သူအရင်က မှတ်ဉာဏ်ပြဿနာများရှိဖူးပါက ပိုဖြစ်နိုင်သည်။ သို့သော် သင်ကလေးကမပျော်ဘဲ မကောင်းသောအတိတ်ကိုပြန်တွေးနေခြင်း၊ သင်စိတ်ဆိုးမှာကိုတွေးပူနေခြင်းတို့ဖြစ်နိုင်သည်။ ဘာဖြစ်သွားလဲကို ရှင်းပြနိုင်သော သူတစ်ယောက်နှင့်စကားပြောနိုင်ပါက ပိုကောင်းသည်။ ထိုသူက သင့်မိသားစု ဂရုစိုက်ပေးသူ သို့မဟုတ် ဆရာဝန်ဖြစ်နိုင်သည်။ နေ့စဉ်မှတ်တမ်းဖြင့် မှတ်နိုင်သည်။ ဘာလို့ဖြစ်လဲ ဘာဖြစ်သွားလဲသိပြီးလျှင် များသောအားဖြင့် လူအများက စိတ်သက်သာသွားတတ်သည်။စိတ်ကယောင်ကတမ်းဖြစ်ခြင်း ပိုသက်သာသလား နားလည်ရန် အချက်အလက်များဖတ်ခြင်း၊ ညွန်ကြားချက်များနားထောင်ခြင်းလုပ်သင့်သည်။ အခြေအနေပိုဆိုးလာပါကဆရာဝန်၊ ဆေးဝါးကုသသူကိုပြသတိုင်ပင်ရန်လိုအပ်သည်။Hello Health Groupသည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%80%e1%80%9a%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%80%e1%80%90%e1%80%99%e1%80%ba%e1%80%b8%e1%80%bc/
ကျန်းမာရေးဆားလို့ ပြောကြတဲ့ ပန်းရောင်ဆား သွေးမတိုးဘူးဆိုတာ ဟုတ်သလား
ဒါပေမယ့် သူက ကျန်းမာရေးအတွက် ပိုကောင်းနေတာလား၊ သူများတွေပြောနေတဲ့ အကျိုးကျေးဇူးတွေကရော ဟုတ်ရဲ့လား၊ ဘာတွေထူးခြားနေလဲ၊ ရိုးရိုးဆား အစား သူ့ကိုပဲအမြဲသုံးရတော့မလား ဆိုတဲ့မေးခွန်းတွေကို ဒီဆောင်းပါးနဲ့ ရှင်းပြချင်ပါတယ်။ပန်းရောင်ဆားဆိုတာလည်း စားပွဲတင်ဆားလိုပါပဲ။ သူ့မှာsodium chloride က ၉၈ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ ကျန်တဲ့ရာခိုင်နှုန်းမှာတော့ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊နဲ့ ကယ်လ်စီယမ်တို့လို သတ္တုဓါတ်တွေပါဝင်နေပါတယ်။ ဒီလိုပါဝင်လို့လည်း ပန်းရောင်သမ်းစေတာဖြစ်သလို ရိုးရိုးဆားနဲ့အရသာကွဲနေတာဖြစ်ပါတယ်။တချို့က ဟင်းချက်တာ၊ အသုပ်သုပ်တာ စတဲ့အစားအသောက်ပြင်ဆင်တဲ့နေရာမှာ ရိုးရိုးဆားလိုပဲ သုံးကြပါတယ်။ တချို့က ပန်းရောင်ဆားကို အခဲပြားလိုက်ပုံစံနဲ့ ဟင်းပွဲပြင်ရာမှာအောက်ခံအနေနဲ့သုံးတာ၊ စဉ်းတီတုံးအနေနဲ့သုံးတာ (တခြားနိုင်ငံတွေမှာပေါ့နော့)တွေလည်း ရှိပါတယ်။ ပန်းရောင်ဆားနဲ့ပြုလုပ်တဲ့ မီးအိမ်တွေ၊ ဖယောင်းတိုင်အောက်ခံတွေလည်း ထုတ်လုပ်ကြပါတယ်။ပန်းရောင်ဆားကို စားသုံးခြင်းအားဖြင့်ရရှိနိုင်မယ်လို့ဆိုတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက အများကြီးပါပဲ –။ဟိမဝန္တာပန်းရောင်ဆားမှာ သတ္တုဓါတ်မျိုးကွဲ ၈၄ မျိုးအထိ ပါဝင်နိုင်တယ်လို့တချို့ကပြောပါတယ်။sodium chloride က ၉၈ ရာခိုင်နှုန်းပါတယ်ဆိုတော့ ကျန်တဲ့ ၂ ရာခိုင်နှုန်းမှာ ဒီသတ္တုဓါတ်တွေပါဝင်နေတာဖြစ်ပါတယ်။ လူတစ်ယောက်မှာ တစ်နေ့တာစားသင့်တဲ့ ဆားပမာဏနဲ့တွက်လိုက်ရင်တော့ ဆားကနေရရှိမယ့် သတ္တုဓါတ်ဆိုတာတော်တော်နည်းမှာဖြစ်လို့ ကျန်းမာရေးအကျိုးကျေးဇူးအဖြစ်နဲ့ပြောလို့မရနိုင်ပါဘူး။ပန်းရောင်ဆားက ရိုးရိုးဆားထက် အငန်နည်းတယ်၊သွေးမတိုးပါဘူးတဲ့။ ဒါပေမယ့် ဒီနှစ်မျိုးလုံးကsodium chloride ၉၈ ရာခိုင်နှုန်းလောက် အများဆုံးပါဝင်တာပဲဆိုတော့ သိပ်မထူးပါဘူး။ ပန်းရောင်ဆားက ရိုးရိုးဆားထက် အခဲပုံစံပိုကြီးတတ်တာကြောင့် အမှုန့်တစ်ဇွန်းချင်းနဲ့တွက်ရင် ဆိုဒီယမ်ပါဝင်မှုပိုနည်းတယ်လို့ သဘောတရားအရ ယူဆကြတာပါ။ သူက ရိုးရိုးဆားထက် အရသာပိုလေးတာကြောင့် အရသာတူ ရဖို့အတွက် ဆားထည့်တဲ့ပမာဏနည်းနည်းလျော့သွားတာမျိုးဖြစ်ပါလိမ့်မယ်။ပန်းရောင်ဆားက စားပွဲတင်ဆားထက် သဘာဝကျကျ ပိုသန့်စင်တယ်လို့ ယူဆကြပါတယ်။ စားပွဲတင်ဆားဆိုတာသေချာစီမံသန့်စင်ထားပြီး sodium aluminosilicate ဒါမှမဟုတ် magnesium carbonate တို့လိုအခဲတွေပြန်မဖြစ်စေမယ့် ဓါတ်တွေပေါင်းထည့်ထားတာဖြစ်ပါတယ်။ ပန်းရောင်ဆားကတော့ အတုတွေပါဝင်မှုနည်းပြီး စွဲလမ်းစေတဲ့ဓါတ်ပစ္စည်းတွေမပါဝင်ပါဘူး။အစားအသောက်တွေမှာ ပန်းရောင်ဆားကို ထည့်စားရင် ခန္ဓါကိုယ်မှာရေဓါတ်ထိန်းညှိပေးပြီးရေဓါတ်ခန်းခြောက်ခြင်းကိုကာကွယ်နိုင်မယ်လို့ တချို့ကယုံကြည်ပါတယ်။ ခန္ဓါကိုယ်ရဲ့အရည်ဓါတ်ထိန်းညှိမှုအတွက် ဆိုဒီယမ်ကိုလိုအပ်တာ မှန်ပါတယ်။ ဒါပေမယ့် ဒီအချက်ဟာ ပန်းရောင်ဆားနဲ့ တခြားဆားတွေအတွက်လည်း အတူတူပဲဖြစ်ပါတယ်။အိုင်အိုဒင်း စားသုံးမှု။အိုင်အိုဒင်းက သိုင်းရွိုက်လုပ်ဆောင်ချက်နဲ့ ဆဲလ်တွေရဲ့ဇီဝဖြစ်စဉ်တွေကိုထိန်းသိမ်းရာမှာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့သတ္တုဓါတ်ဖြစ်ပါတယ်။ အိုင်အိုဒင်းကို ငါး၊ ပင်လယ်ရေညှိ၊နို့ထွက်ပစ္စည်း၊ကြက်ဥတို့အပါအဝင် တခြားအရင်းအမြစ်တွေကနေလည်းရရှိနိုင်ပါတယ်။ အိုင်အိုဒင်းဆားကနေလည်း ရရှိနိုင်ပါတယ်။ပန်းရောင်ဆားမှာ သဘာဝအလျောက် အိုင်အိုဒင်းနည်းနည်းပါဝင်ပေမယ့် အိုင်အိုဒင်းချို့တဲ့နေသူတွေအတွက်ကတော့ မလုံလောက်နိုင်ပါဘူး။ဆိုဒီယမ် စားသုံးမှု။ဘယ်ဆားကို စားစား ဆိုဒီယမ်အငန်ကို သတိထားရမှာ အရေးကြီးဆုံးအချက်ပါပဲ။ နည်းနည်းလေးပဲလိုအပ်တာမို့ များများစားရင် အန္တရာယ်ပေးလာမှာပါပဲ။ ဆားကဆေးမဟုတ်တာကြောင့် ကျန်းမာရေးအကျိုးကျေးဇူးတွေကိုတော့ အရမ်းမမျှော်လင့်တာကောင်းပါတယ်။ကျောက်ကပ်၊နှလုံး၊ အသည်းရောဂါရှိသူတွေ၊ အငန်လျှော့စားနရသူတွေ၊ အနေနဲ့ ပန်းရောင်ဆားအပါအဝင် ဆားမှန်သမျှကို သတိထားစားရမှာဖြစ်ပါတယ်။ပန်းရောင်ဆားက ရိုးရိုးဆားထက် ကျန်းမာရေးအကျိုးကျေးဇူးပိုများတယ်ဆိုတဲ့လေ့လာတွေ့ရှိမှုအထောက်အထားမရှိသေးပါဘူး။ မှုန့်ညက်နေတဲ့ စားပွဲတင်ဆားနဲ့ယှဉ်ရင် အမှုန်ပိုကြီးတဲ့ ပန်းရောင်ဆားက ဆားစားသုံးမှုပိုနည်းစေနိုင်တယ်ဆိုပေမယ့် တခြားဆားတွေလိုပါပဲတော်သင့်ရုံချင့်ချိန်စားရမှာပဲဆိုတာ မမေ့ပါနဲ့။ဒါပေမယ့် ပန်းရောင်ဆားမှာ လူ့ကျန်းမာရေးအတွက် ဆိုးကျိုးပေးနိုင်မယ့်ပြုပြင်ဖန်တီးမှုမပါတာရယ်၊ အတုပစ္စည်းတွေမပါတာရယ်ကြောင့် ပိုသန့်စင်တဲ့ သဘာဝဆားအဖြစ် အသုံးပြုလို့ရပါတယ်။ ဒါပေမယ့် ပန်းရောင်ဆားကိုပဲ အစားထိုးစားသုံးတော့မယ်ဆိုရင်တော့ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ အိုင်အိုဒင်းကို တခြားအစားအသောက်တွေဆီကရအောင် စားသုံးဖို့တော့လိုပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8%e1%80%86%e1%80%ac%e1%80%b8%e1%80%9c%e1%80%ad%e1%80%af%e1%80%b7-%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%bc/
သင့်အသည်း ဘယ်လိုအလုပ်လုပ်သလဲ
အသည်းဟာ အရေးကြီးတဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေကို လုပ်ဆောင်ပေးပါတယ်။ သူဟာ ၁.၅ ကီလိုဂရမ် လေးပြီး ကိုယ်ခန္ဓါရဲ့ အကြီးမားဆုံး အင်္ဂါအစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ အသည်းလုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဒီဆောင်းပါးမှာ ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။အသည်းဟာ ဗိုက်အပေါ်ပိုင်းညာဘက်အခြမ်း ရင်ဝမ်းခြားကြွက်သား အောက်မှာ ရှိနေတာ ဖြစ်ပါတယ်။ သူဟာ နံရိုးအောက်က နေရာအတော်များများနဲ့ ဘက်ဘက်အခြမ်း ဗိုက်အပေါ်ပိုင်းမှာ နေရာအချို့ကို ယူထားတာဖြစ်ပါတယ်။ အပြင်ကနေ ကြည့်မယ်ဆိုရင် ညာဘက်က ကြီးမားတဲ့ အပိုင်းနဲ့ ဘယ်ဘက်က သေးငယ်တဲ့အပိုင်းတွေဟာ ကွာခြားမှု ရှိပါတယ်။ ဒီအပိုင်းနှစ်ခုကို အသည်းကို ဝမ်းဗိုက်ပိုင်းမှာ မြဲနေစေတဲ့ သွယ်ဆက်တစ်ရှူး နဲ့ ခွဲခြားထားပါတယ်။ သည်းခြေရည် တွေထုတ်ပေးတဲ့ သည်းခြေအိတ်ဟာ အသည်းရဲ့ အောက်ဘက်မှာ သေးငယ်ပြီး အခေါင်းပေါက်ပါတဲ့ အင်္ဂါအဖြစ် တည်ရှိပါတယ်။အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကတော့။အသည်းတစ်ရှူးဟာ Lobules လို့ခေါ်တဲ့ အသည်းဆဲလ် အစုအဝေးပေါင်းများစွာနဲ့ ဖွဲ့စည်းထားပါတယ်။ သွေးနဲ့ သည်းခြေရည် တွေကို သယ်ဆောင်ထားတဲ့ အခေါင်းပေါက်များစွာဟာ အသည်းဆဲလ်တွေအတွင်းမှာ လှုပ်ရှားနေပါတယ်။ အစာခြေ အင်္ဂါတွေက လာတဲ့သွေးတွေဟာ portal vein သွေးပြန်ကြော က တစ်ဆင့် အသည်းကို အာဟာရဓါတ်တွေ၊ ဆေးတွေနဲ့ အဆိပ်သင့်စေတဲ့ အရာဝတ္ထုတွေကို သယ်လာပေးပါတယ်။ သူတို့ဟာ အသည်းကိုရောက်တဲ့အခါမှာ ဒီအရာဝတ္ထုတွေကို သန့်စင်၊ သိုလှောင်၊ ပြောင်းလဲ၊ အဆိပ်ထုတ်ပြီး သွေးအတွင်းပြန်ပို့ခြင်း (သို့) ကိုယ်ခန္ဓါ အပြင်ဘက်ကို အူလမ်းကြောင်းမှတစ်ဆင့် စွန့်ထုတ်ခြင်းတွေကို ပြုလုပ်ပါတယ်။ ဒီနည်းအားဖြင့် အသည်းဟာ အရက်ကို သွေးအတွင်းမှ ထုတ်ပေးပြီး ဆေးတွေကိုလည်း ချေဖျက်ပြီး စွန့်ထုတ်ပစ္စည်း အနေနဲ့ ထုတ်ပေးပါတယ်။ဗီတာမင် ကေ ရဲ့ အကူအညီနဲ့ အသည်းဟာ သွေးတိတ်မှုမှာ အရေးကြီးတဲ့ ပရိုတင်းတွေကို ထုတ်လုပ်ပေးပါတယ်။ သူဟာ အိုမင်းပျက်စီးနေတဲ့ သွေးနီဥတွေကို ခြေဖျက်ပေးတဲ့ ကိုယ်အင်္ဂါတစ်ခုလည်း ဖြစ်ပါတယ်။အသည်းဟာ ကိုယ်ခန္ဓါရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေအတွက် အရေးကြီးတဲ့ အပိုင်းကနေ ပါဝင်ပါတယ်။ အဆီဖြိုခွင်းမှုမှာ အသည်းဆဲလ်တွေဟာ အဆီကို ဖြိုခွင်းပြီး စွမ်းအင်ကို ထုတ်လုပ်ပါတယ်။ သူတို့ဟာ တစ်နေ့ကို သည်းခြေရည် တွေကို 800 ကနေ 1000 ml အထိ ထုတ်လုပ်ပါတယ်။ ဒီအဝါညိုရောင် (သို့) အစိမ်းရောင်အရည်တွေဟာ သေးငယ်တဲ့ ပြွန်အတွင်းမှာ စုစည်းနေပြီးတော့ အဓိက သည်းခြေပြွန် ကို ရောက်ရှိသွားပါတယ်။ ဒီ အဓိကသည်းခြေပြွန် ဟာ သည်းခြေရည်တွေကို duodenum လို့ခေါ်တဲ့ အူသိမ် ဆီကိုပို့ပေးပါတယ်။ သည်းခြေရည် ဟာ အဆီချေဖျက်မှုနဲ့ စုပ်ယူမှုအတွက် အရေးကြီးတဲ့ အပိုင်းကနေ ပါဝင်ပါတယ်။ကာဗိုဟိုက်ဒရိတ်ဖြိုကွဲမှုဖြစ်စဉ်မှာတော့ အသည်းဟာ သွေးသကြားဓါတ်ပမာဏကို ထိန်းညှိပေးပါတယ်။ သင့်သွေးသကြားဓါတ်ပမာဏဟာ မြင့်တက်လာရင် (ဥပမာ အစာစားပြီးချိန်) အသည်းဟာ portal vein သွေးပြန်ကြောက ထောက်ပံ့ပေးတဲ့ သွေးတွေက သကြားကို ဖယ်ရှားလိုက်ပြီး glycogen အဖြစ်နဲ့ သိမ်းထားပေးပါတယ်။ တကယ်လို့ သွေးသကြားဓါတ်ဟာ အရမ်းနည်းနေရင် အသည်းဟာ glycogen ကို ဖြိုခွင်းပြီး သွေးအတွင်းကို သကြားဓါတ်ထုတ်လွှတ်ပေးပါတယ်။ သကြားလိုမျိုးပဲ အသည်းဟာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို သိုလှောင်ပေးပြီး လိုအပ်ရင် သွေးအတွင်းကို ပြန်ထုတ်ပေးပါတယ်။အသည်းဟာ ပရိုတင်းတွေရဲ့ ဇီဝဓါတု ဖြစ်စဉ်တွေအတွက်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အသည်းဆဲလ်တွေဟာ အစားအသောက်တွေမှာ ပါတဲ့ အမိုင်နိုအက်ဆစ်တွေကို ပြောင်းလဲပြီး စွမ်းအင်ထုတ်လုပ်ပေးခြင်း (သို့) ကာဗိုဟိုက်ဒရိတ် (သို့) အဆီပြုလုပ်ပေးခြင်းတွေ ပြုလုပ်ပါတယ်။ အမိုးနီးယား လို့ခေါ်တဲ့ အဆိပ်သင့်နိုင်တဲ့ အရာဝတ္ထုဟာ ဒီဖြစ်စဉ်ကြောင့် ထွက်လာတဲ့ စွန့်ထုတ်ပစ္စည်း တစ်ခု ဖြစ်ပါတယ်။ အသည်းဆဲလ်တွေဟာ အမိုးနီးယား ကို ယူရီးယား (Urea) လို့ခေါ်တဲ့ ပိုမို အဆိပ်သင့်မှုနည်းတဲ့ အရာအဖြစ်ပြောင်းလဲပေးပြီး သွေးအတွင်းထုတ်လွှတ်ပေးပါတယ်။ Urea ကို ကျောက်ကပ်ကို သယ်ပို့လိုက်ပြီး ဆီးအဖြစ် ကိုယ်ခန္ဓါ ပြင်ပကို ထုတ်လွှတ်လိုက်ပါတယ်။အသည်းဟာ ကိုယ်ခန္ဓါရဲ့ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေအတွက် အရေးပါပါတယ်။ အသည်းအလုပ်လုပ်ပုံနဲ့ ပတ်သက်ပြီး သိချင်တာတွေရှိရင် ဆရာဝန် ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%a1%e1%80%9e%e1%80%8a%e1%80%b9%e1%80%b8-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%af%e1%80%ad%e1%80%a1%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%9c%e1%80%af/
အရေပြားကို ထိခိုက်စေနိုင်သည့် အရာ ၁၂မျိုး
ဆပ်ပြာ၊ အလှကုန်နဲ့ အစွန်းချွတ်ဆေးတွေကြောင့် အရေပြားနီရဲယားယံတတ်သလို ဝက်ခြံတွေလည်း ထွက်လာနိုင်ပါတယ်။ သင့်အနေနဲ့ တစ်ကိုယ်ရည်အသုံးပြုနေတဲ့ ပစ္စည်းတွေ၊ အိမ်သုံးပစ္စည်းတွေကို အာရုံစိုက်ဖို့ အချိန်မပေးနိုင်တာမျိုး ဖြစ်နေတတ်ပါတယ်။ လုံးဝအသုံးမပြုရသေးတဲ့ပစ္စည်းတွေ၊ ရက်လွန်ပစ္စည်းတွေတောင် သင့်ဆီမှာ ရှိနေနိုင်ပါတယ်။ ဘယ်အရာတွေက သင့်အရေပြားကို ထိခိုက်စေနိုင်သလဲဆိုတာ ဒီဆောင်းပါးမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ဆပ်ပြာမှာ အရေပြား၊ မျက်စိ၊ အဆုတ်တို့ကို ထိခိုက်စေနိုင်တဲ့ ဖော်မဲလ်ဒီဟိုဒ် ဒြပ်ပေါင်းပါဝင်ပါတယ်။ ဆပ်ပြာဟာ အရေပြားမှာ နှင်းခူဖြစ်စေနိုင်သလို မကြာခဏ အသုံးပြုမယ်ဆိုရင် အရေပြား ခြောက်သွေ့ကွဲအက်တဲ့ဒဏ်ကို ခံစားရမှာဖြစ်ပါတယ်။ ဒီအခြေအနေကို အချိန်မီမကုသဘူးဆိုရင် သွေးထွက်ခြင်းကဲ့သို့ ပိုမိုဆိုးရွားတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ ဆပ်ပြာအစား အမွှေးရနံ့နဲ့ ဓာတုပစ္စည်းတွေ မပါဝင်တဲ့ သို့မဟုတ် အနည်းငယ်သာပါဝင်တဲ့ သန့်စင်ဆေးရည်များကို အသုံးပြုသင့်ပါတယ်။ဘက်စုံအသုံးပြုနိုင်တဲ့ သန့်စင်ဆေးရည်၊ ပန်းကန်ဆေးဆပ်ပြာ၊ အဝတ်အထည် အစွန်းချွတ်ဆေး၊ အိမ်သာသုံး ပိုးသတ်ဆေးရည်၊ ပြတင်းပေါက်သန့်စင်ဆေးရည်၊ ပရိဘောဂများအတွက် အသုံးပြုတဲ့ ပေါလစ်ဆေးရည်တွေ အားလုံးဟာ သင့်အရေပြားကို ထိခိုက်စေနိုင်တဲ့ အစွန်းချွတ်ဆေးတွေ ဖြစ်ပါတယ်။ ဆိုးဆေးနဲ့ အမွှေးနံ့မပါတဲ့ အစွန်းချွတ်ဆေးတွေကတော့ အသုံးပြုဖို့ သင့်တော်ပါလိမ့်မယ်။ ဒါမှမဟုတ် သဘာဝအစွန်းချွတ်ဆေးတွေဖြစ်တဲ့ ရေ၊ ဗီနီဂါနဲ့ မုန့်ဖုတ်ဆိုဒါတို့ကိုလည်း အသုံးပြုနိုင်ပါတယ်။ ဓာတုပစ္စည်းပါဝင်တဲ့ အစွန်းချွတ်ဆေးတွေကို မလွှဲမရှောင်သာ အသုံးပြုရမယ်ဆိုရင် အရေပြားနဲ့ တိုက်ရိုက်မထိတွေ့အောင် လက်အိတ်စွပ်သင့်သလို ၎င်းတို့နဲ့ထိတွေ့တဲ့ ပစ္စည်းတွေကိုလည်း ရေနဲ့ပြောင်စင်အောင် ဆေးကြောရမှာ ဖြစ်ပါတယ်။အပူသည်လည်း သင့်အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ ဥပမာ ရာသီဥတုပူတဲ့အခါ ချွေးပိုထွက်လေ့ရှိပြီး ခန္ဓာကိုယ်မှာ အနီအဖုအပိမ့်တွေ ဖြစ်လာတတ်ပါတယ်။ ချည်ထည်များကို ဝတ်ဆင်ခြင်းအားဖြင့် အဆိုပါပြဿနာကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။အချို့သော အစားအသောက်တွေဟာ သင့်အရေပြားနဲ့ ဓာတ်မတည့်တာမျိုး ဖြစ်နေနိုင်ပါတယ်။ အင်ပြင်ထခြင်း၊ အဖုအပိမ့် အနီကွက်များထွက်ခြင်းတို့ဟာ ဓာတ်မတည့်မှုကြောင့် အရေပြားမှာဖြစ်တဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ အကယ်၍ သင့်လက်တွေမှာ ဒဏ်ရာအနာတရ တစ်ခုခုရှိခဲ့မယ်ဆိုရင် အပူအစပ်နဲ့ အက်ဆစ်ပါဝင်တဲ့ ဟင်းချက်ပစ္စည်းတွေနဲ့ မထိတွေ့မိအောင် သတိပြုသင့်ပါတယ်။ တစ်ခါတရံမှာ အရေပြားပေါ်က သံပုရာရည်အကြွင်းအကျန်နဲ့ နေရောင်ခြည်တို့ ရောနှောပြီး ဆိုးဆိုးရွားရွား အရေပြားလောင်တာမျိုး ဖြစ်လာနိုင်ပါတယ်။သင့်အနေနဲ့ မျက်နှာလိမ်းခရင်မ်တွေကို သေချာစွာ စိစစ်ပြီး ရွေးချယ်အသုံးပြုသင့်ပါတယ်။ Ascorbic acid၊ paraben ကြာရှည်ခံပစ္စည်းများ၊ glycolic acid၊ malic acid၊ lactic acid တို့ပါဝင်တဲ့ ခရင်မ်၊ လိုးရှင်းနဲ့ သန့်စင်ဆေးရည်တွေကို ရှောင်ကြဉ်ရမှာ ဖြစ်ပြီး အရေပြားနီရဲခြင်း၊ လောင်ခြင်း၊ ယားယံခြင်း၊ အဖုအပိမ့် အနီကွက်များထွက်ခြင်းတို့ ဖြစ်လာခဲ့ရင် အရေပြားအထူးကုဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။နေရောင်ကာလိမ်းဆေးတွေက သင့်ကို ခရမ်းလွန်ရောင်ခြည် အေနှင့် ဘီရန်က ကာကွယ်ပေးနိုင်ပေမယ့် ၎င်းတို့မှာ အသားအရေကို ထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ အများအပြား ပါဝင်ပါတယ်။ အရေပြားဓာတ်မတည့်မှု အများဆုံးဖြစ်စေတဲ့ para-aminobenzoic acid (PABA) ပါဝင်တဲ့ နေရောင်ကာလိမ်းဆေးတွေကို အဓိကရှောင်ကြဉ်ရမှာဖြစ်ပြီး SPF 30 နှင့်အထက်ပါဝင်ပြီး မည်သူမဆိုအသုံးပြုနိုင်တဲ့ zinc oxide ပါဝင်တဲ့ လိမ်းဆေးတွေကို ဦးစားပေးအသုံးပြုသင့်ပါတယ်။ ကလေးငယ်များအတွက် သင့်တော်မယ့် နေရောင်ကာလိမ်းဆေးကိုတော့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး အသုံးပြုနိုင်ပါတယ်။ကွန်ဒုံး၊ လက်အိတ်၊ လက်ပတ်နဲ့ ဘရာစီယာကြိုးတွေ ပြုလုပ်ရာမှာ ပါဝင်တဲ့ ရာဘာ သို့မဟုတ် ရာဘာစေးကြောင့်လည်း အရေပြားထိခိုက်တတ်ပါတယ်။တစ်ခါသုံး တစ်ရှူးအစိုတွေကို အရေပြား သန့်ရှင်းခြောက်သွေ့အောင် အသုံးပြုကြတာဖြစ်ပြီး ၎င်းတို့ကို ပြန်လျှော်စရာမလိုဘဲ သုံးပြီးတာနဲ့ လွှတ်ပစ်လိုက်ရုံပါပဲ။ ဒါပေမယ့် တစ်ရှူးအစိုတွေမှာ အရေပြားကို ထိခိုက်စေနိုင်တဲ့ အယ်လ်ကိုဟော၊ အမွှေးနံ့နဲ့ ကြာရှည်ခံပစ္စည်းတွေ ပါဝင်တဲ့အတွက် ရေစိုအဝတ်အသုံးပြုခြင်းက ပိုပြီးသင့်တော်ပါလိမ့်မယ်။ တစ်ခါတလေပဲ သုံးမယ်ဆိုရင်တော့ ပြဿနာ မရှိပါဘူး။ရေစိုအဝတ်တွေကိုတော့ သေချာစွာလျှော်ဖွတ် အခြောက်ခံဖို့လိုမှာဖြစ်ပြီး မီးပူတိုက်ပေးခြင်းအားဖြင့် ဘက်တီးရီးယားပိုးမွှားများကို သေစေမှာဖြစ်ပါတယ်။ခေါင်းလျှော်ရည်မှာ phthalate၊ ဖော်မဲလ်ဒီဟိုဒ်၊ 1,4 dioxane စတဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ သင့်အနေနဲ့ ခေါင်းလျှော်ရည် မဝယ်ခင် အညွှန်းကို သေသေချာချာဖတ်ရှုပြီး သဘာဝပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည်များကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။အဝတ်လျှော်ရာမှာ အသုံးပြုတဲ့ fabric softener ဆေးရည်တွေမှာ ဓာတုပစ္စည်းများနဲ့ benzyl acetate ကဲ့သို့ အမွှေးနံ့ထွက်စေတဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်။ Benzyl acetate ဟာ သင့်အရေပြား၊ မျက်စိ၊ လည်ချောင်း၊ နှာခေါင်းတို့ကို ဒုက္ခပေးနိုင်တဲ့အတွက် သင်သာ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင် ဖြစ်ခဲ့မယ်ဆိုရင် အဆိုပါဆေးရည်များကို ဂရုပြုရှောင်ကြဉ်သင့်ပါတယ်။ကြမ်းပိုးသတ်ဖြန်းဆေးတွေဟာလည်း တစ်ခါတရံမှာ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်များကို ဒုက္ခပေးတတ်ပါတယ်။ ကြမ်းပိုးသတ်ဖြန်းဆေးများနဲ့ နေရောင်ကာလိမ်းဆေးတို့ကို ရောနှောထိတွေ့မိရင် သင့်အရေပြားထဲ ဓာတုပစ္စည်းတွေ ပိုမိုစုပ်ယူမိမှာ ဖြစ်ပါတယ်။လက်ဝတ်ရတနာ၊ နာရီလက်ပတ်နဲ့ ဇစ်များ ပြုလုပ်ရာမှာ နီကယ် အသုံးပြုပါတယ်။ နီကယ်နဲ့ ဓာတ်မတည့်သူတွေအနေနဲ့ ၎င်းပါဝင်ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို အသုံးမပြုမိအောင် သတိထားဖို့ လိုပါလိမ့်မယ်။လူ့အရေပြားဟာ ထိခိုက်လွယ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ အချို့သော ဓာတုပစ္စည်း၊ သန့်စင်ဆေးရည်၊ လိုးရှင်းနဲ့ ခရင်မ်များကို ထိတွေ့မိရင် အရေပြားနီရဲ ရောင်ရမ်းခြင်း ဖြစ်လာနိုင်ပါတယ်။ ဘယ်လို ပစ္စည်းတွေက သင့်အသားအရေကို ထိခိုက်စေနိုင်သလဲဆိုတာ သတိပြုခြင်းအားဖြင့် အရေပြားပြဿနာများ ဖြစ်ပေါ်ခြင်းမှ ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9b%e1%80%b1%e1%80%95%e1%80%bc%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%85%e1%80%b1%e1%80%94%e1%80%ad%e1%80%af/
ဟင်းနုနွယ်စားခြင်းရဲ့ အံ့မခန်း အာနိသင်များ ။ ။
အစိမ်းရောင်ခြယ် ပစ္စည်းတွေ အပြည့်ပါပြီး စားလို့ကောင်းတဲ့ဟင်းနုနွယ်ကို ဆေးဖက်ဝင်တဲ့ အပင်တစ်ခု အဖြစ် အားလုံး အကြမ်းဖျင်း သိကြပါတယ်။ ဒီဆောင်းပါးထဲမှာတော့ဟင်းနုနွယ်ရဲ့ ကောင်းကျိုး အစုံကို အသေးစိတ်ပြောပြပေးတော့မှာပဲ ဖြစ်ပါတယ်။ ဟင်းနုနွယ်စားခြင်းရဲ့ အံ့မခန်း အာနိသင်များ က ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ ။ဟင်းနုနွယ်စားခြင်းရဲ့ အံ့မခန်း အာနိသင်များ ကတော့။ဒီ အစိမ်းရောင် အရွက်လေးထဲမှာ beta-carotene, lutein, and xanthene စတဲ့ အမြင်အာရုံအတွက် အကျိုးပြုတဲ့ အာဟာရဓါတ်တွေ အများကြီးပါဝင်ပါတယ်။ မျက်လုံးကျန်းမာရေးအပြင် ပါဝင်တဲ့ beta-carotene ကဗီတာမင် Aဓါတ်ချို့တဲ့တာကိုလည်း ကာကွယ်ပေးဦးမှာပါ။ရောင်ရမ်းခြင်းကို လျော့ကျတဲ့ အာနိသင်လည်းပါဝင်တာကြောင့် မျက်လုံးဓါတ်မတည့်မှုကြောင့် ရောင်ရမ်းတာ၊မျက်လုံးနီတာ ယားတာတွေ အတွက်လည်း အသုံးဝင်လှတဲ့ ဟင်းနုနွယ်ပါ။ဟင်းနုနွယ်မှာပါတဲ့ အစိမ်းရောင် ရောင်ခြယ်ပစ္စည်းက ဟင်းနုနွယ်လို့ မြင်လိုက်ရုံနဲ့ သိအောင်လုပ်ပေးတာတင်မကဘဲ ကိုယ်တွင်းရှိ မကောင်းတဲ့ ဓါတုပပစ္စည်းတွေကို ဆန့်ကျင်ပေးတဲ့ဓါတ်တိုးဆန့်ကျင်အာနိသင် အပြည့်ပါပါတယ်။ကာဘိုဟိုက်ဒရိတ်နဲ့ အဆီပါဝင်မှုနည်းတယ်၊ အာဟာရဓါတ်တွေလည်း အများကြီးပါတဲ့ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးတဲ့ အစားအစာကိုလိုက်ရှာနေတဲ့ သူတွေ အတွက် ဟင်းနုနွယ်က အသင့်တော်ဆုံးပါ။ ပါဝင်တဲ့ကယ်လိုရီပမာဏကလည်း မများတဲ့အပြင်အမျှင်ဓါတ်လည်း ကြွယ်ဝတာကြောင့်အစာခြေစနစ်ကိုလည်း အထောက်အကူပြုဦးမှာပါ။အသားလည်းမဟုတ်ဘဲနဲ့ ဒီအ ရွက်လေးက ဘယ်လိုလုပ်ပြီး အရိုးကျန်းမာရေးအတွက် ကောင်းတာလဲလို့ မေးစရာရှိပါတယ်။ ဒါ ဟင်းနုနွယ်မှာပါတဲ့ဗီတာမင် Dကြောင့်ပါ။ ဒါကြောင့် အရိုးကျန်းမာရေးအတွက် ကောင်းတဲ့ ဗီတာမင် D တို့ကယ်လ်ဆီယမ်တို့ ပါဝင်တဲ့ နို့မသောက်နိုင်တဲ့သူတွေ ဟင်းနုနွယ်စားပေးလို့ရတယ်နော်။ဟင်းနုနွယ်မှာ ကြွက်သားတွေကို ပြေလျော့စေတဲ့ အာနိသင်အပြင်ဇင့်တို့ မဂ္ဂနီဆီယမ်တို့လိုအိပ်ပျော်ခြင်းကို အားပေးတဲ့ သတ္တုဓါတ်တွေ ပါဝင်တာကြောင့် အိပ်မရတဲ့ ညပေါင်းတွေ များနေတဲ့ လူတွေ အတွက် သင့်တော်တဲ့ အစားအစာတစ်ခုပါ။ဟင်းနုနွယ်မှာပါဝင်တဲ့ဗီတာမင် Aဟာ ခုခံအားအတွက် အလိုအပ်ဆုံး ဗီတာမင် တစ်ခုဆိုလည်း မမှားပါဘူး။ ဗီတာမင် A ကြောင့် ခုခံအားမြင့်တက်လာမယ့်အပြင်သွေးဖြူဥဆဲလ်တွေကိုပါ အားကောင်းစေတာကြောင့် အပြင်က ဘယ်ရောဂါမှ ဝင်မလာအောင် သူက တားဆီးပေးမှာနော် ။ ။ဟင်းနုနွယ်မှာဆံပင်ကျွတ်ခြင်းကို အဓိကတားဆီးပေးတဲ့သံဓါတ်အပြည့်ပါတာကြောင့် ဆံပင်တွေ ကျွတ်လွန်းလို့ စိတ်ညစ်နေတဲ့ ကိုကိုမမတွေ ဟင်းနုနွယ်စားပေးသင့်တယ်နော်။ဗီတာမင် A ရဲ့ အသားအရေနုပျိုစေတဲ့အာနိသင် ၊ ကြွယ်ဝတဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့်ဝက်ခြံကင်းစင် အရွယ်တင်နုပျိုတဲ့ အသားအရေလေးတစ်ခုဖြစ် အောင် ဟင်းနုနွယ်က ဖန်တီးပေးဦးမှာနော် ။ ။ဒီလောက် အကျိုးကျေးဇူးများတဲ့ ဟင်းနုနွယ်ကို ကြော်ကြော်၊ ချက်ချက်၊ ပြုတ်ပြီးတော့ပဲ သုပ်စားစား ခံတွင်းမြိန်အောင် ဖန်တီးပြီး စားပေးလို့ရတယ်နော် ။ ။ဟင်းနုနွယ်ကို အများကြီး စားတာက ဝမ်းချုပ်တာမျိုး ဖြစ်စေနိုင်တာကြောင့် အများကြီး မစားမိဖို့ လိုပါမယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/spinach/
အသားအရေထိန်းပစ္စည်းတွေကြောင့် ကလေးမှာ ဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုကုသစောင့်ရှောက်ပေးမလဲ
ကိုယ့်ကလေးမှာ ဒီလိုလက္ခဏာတွေဖြစ်နေသလား သတိထားကြည့်ပါ။ ကာလတိုအတွင်း ပျောက်ကင်းနိုင်လောက်တဲ့ အပျော့စား လက္ခဏာတွေဆိုပေမယ့် လက္ခဏာတာရှည်လာရင် ဆရာဝန်ပြဖို့ အရေးကြီးပါတယ်။ကလေးတွေဆိုတာ ထိခိုက်လွယ်တဲ့ အသားအရေနုနုလေးတွေဖြစ်လို့ သူတို့နဲ့ ထိတွေ့သမျှအရာအားလုံးကို အသားအရေနဲ့ တည့်မတည့် မိဘတွေက သိထားသင့်ပါတယ်။ရေချိုးဆပ်ပြာ၊ moisturizer၊ baby oil၊ ခေါင်းလျှော်ရည်၊ ပေါင်ဒါစတဲ့ skin care အသုံးအဆောင်တွေအပြင် သူတို့ရဲ့အဝတ်ကို လျှော်တဲ့ ဆပ်ပြာတွေအထိ ဓာတ်မတည့်တာတွေရှိတတ်လို့ ကလေးမှာ လက္ခဏာတွေပေါ်လာရင် ဘာနဲ့မတည့်လို့ ဖြစ်တာလဲဆိုတာ အရင်ရှာဖွေပါ။ ဒါမှ ထပ်မံထိတွေ့မှုကို ရှောင်ရှားနိုင်မှာဖြစ်သလို လက္ခဏာပိုမဆိုးလာစေဖို့ တားဆီးပြီးသားဖြစ်မှာပါ။ဘယ်လိုသိနိုင်မလဲဆိုတော့ ဥပမာ ကလေးကို ရေချိုးပေးပြီးတဲ့အခါ၊ lotion လိမ်းပေးပြီးတဲ့အခါ သို့မဟုတ် လျှော်ဖွပ်ပြီးသားအဝတ်ကို ဝတ်ပေးလိုက်တဲ့အခါ အရေပြားမှာ နီရဲလာတာ၊ လက္ခဏာပြလာတာမျိုးကို သတိထားမိနိုင်ပါတယ်။လက္ခဏာတွေတွေ့ရပြီဆိုတာနဲ့ မသင်္ကာဖြစ်တဲ့ lotion သို့မဟုတ် အဝတ်လျှော်ဆပ်ပြာကို တခြားအမျိုးအစား ပြောင်းသုံးသင့်ပါတယ်။ ကလေးအနှီး သို့မဟုတ် အဝတ်အစားတွေကို လျှော်တဲ့နေရာမှာ ပုံမှန်သုံးနေကျထက် ပိုပျော့တဲ့ဆပ်ပြာအမျိုးအစားကို သုံးသင့်ပါတယ်။ကလေးမှာ ဓာတ်မတည့်မှုဖြစ်လာရင်တော့အောက်ပါအချက်လေးတွေ လုပ်ပေးခြင်းအားဖြင့် ကလေးမှာခံစားနေရတဲ့ ဓာတ်မတည့်မှုလက္ခဏာတွေကို သက်သာစေမှာဖြစ်ပါတယ်။ကလေးမှာဖြစ်တဲ့ ဓာတ်မတည့်မှုကို သက်သာစေနိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခုက ကလေးကို နေအိမ်ထဲမှာပဲ နေစေတာပါ။ အပြင်ဘက်မှာက ဝတ်မှုန်လိုမျိုး ကလေးကို ဓာတ်မတည့်မှုဖြစ်စေတဲ့အရာမျိုးနဲ့ ထိတွေ့မိနိုင်တာကြောင့်ပါ။ဓာတ်မတည့်မှုကြောင့် ကလေးတွေမှာ နှာစေးတာ၊ နှာပိတ်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေကို သက်သာစေဖို့ဆိုရင် ကလေးရဲ့ နှာခေါင်းထဲကို ဆားရည်အစက်ချပေးတာမျိုး လုပ်ပေးလို့ရပါတယ်။ ဆေးဆိုင်တွေမှာ saline ဝယ်ယူလို့ရသလို ရေနွေးဆူဆူ ၈အောင်စထဲကို အိုင်အိုဒင်းမပါတဲ့ ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီးတော့ ကိုယ်တိုင်လုပ်လို့လည်းရပါတယ်။ဓာတ်မတည့်မှုကြောင့် ကလေးက ရေငတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးလက်လှမ်းမီတဲ့နေရာမှာ ရေပုလင်းကို အပြည့်ဖြည့်ထားပြီး ကလေးကိုလည်းရေသောက်ဖို့ သတိပေးပါ။ရေနွေးငွေ့က ကလေးရဲ့ ဓာတ်မတည့်မှုကို သက်သာစေနိုင်ပါတယ်။ ကလေးကို ရေနွေးနွေးလေးနဲ့ ချိုးပေးလို့လည်း ရပါတယ်။ ရေနွေးအရမ်းမပူဖို့တော့ သတိထားပါ။ကလေးရဲ့မျက်လုံးက ဓာတ်မတည့်မှုကြောင့်ယားယံတာမျိုးဖြစ်နိုင်ပါတယ်။ ရေအေးဝတ်ကပ်ပေးတာဖြစ်ဖြစ်၊ ရေခဲကို တဘက်ထဲထည့်ထုပ်ပြီး ကပ်ပေးတာမျိုးဖြစ်ဖြစ်လုပ်ပေးရင် ယားယံတာသက်သာမှာပါ။ကလေးက မျက်လုံးကို မပွတ်အောင်လည်း သတိထားပေးပါ။ မျက်လုံးကို ပွတ်တာက ယားယံတာကို ပိုဆိုးစေနိုင်လို့ပါ။ကလေးက အစပ်စားနိုင်တယ်ဆိုရင် ချင်း (ginger)၊ ပဲနံ့သာစေ့ (fenugreek)၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ ထည့်ချက်ထားတဲ့ ပူပူစပ်စပ်စားစရာတစ်ခုခုလုပ်ပေးလိုက်ပါ။ ချွဲတွေကို ကျေစေနိုင်ပြီး နှာခေါင်းပွင့်သွားပါလိမ့်မယ်။လေထုထဲမှာ အစိုဓာတ်နည်းနည်းလောက်ရှိတာက ကလေးကို အသက်ရှူရလွယ်ကူစေပါတယ်။ တကယ်လို့များ အိမ်တွင်းလေထုက ခြောက်သွေ့နေရင် စိုထိုင်းမှုထိန်းစက်လေးဖွင့်ပေးထားပါ။ကလေးရဲ့ ဓာတ်မတည့်မှုကြောင့် နှာခေါင်းက နှာချေရလွန်းတာ၊ နှာရည်ထွက်တာကြောင့် နှာခေါင်းကအထိမခံနိုင်အောင် နာလာတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးနှာချေတဲ့အခါဖြစ်ဖြစ် နှာရည်သုတ်ဖို့ဖြစ်ဖြစ် တစ်သျှူး နုနုလေးတွေ ဆောင်ထားပေးပါ။ကလေးနှာခေါင်းက နှာညှစ်ရလွန်းတာကြောင့် နီရဲပြီး အရေပြားခြောက်တာ၊ အသားနီလန်တာမျိုးဖြစ်နေမယ်ဆိုရင် နှာခေါင်းကို petroleum jellyလေး လူးပေးပါ။ကလေးက ဓာတ်မတည့်မှုကြောင့် လည်ချောင်းနာတာမျိုးခံစားရမယ်ဆိုရင် ဆားနဲ့ ရေနွေးကို သမအေင်ရောပြီး ခပ်နွေးနွေးအနေအထားမှာ အာလုတ်ကျင်းပေးပါ။ လည်ချောင်းနာသက်သာစေပါတယ်။ရေများများသောက်လေလေ လည်ချောင်းနာတာကို သက်သာစေလေလေပါ။ရေနွေးနွေးလေးကို မကြာခဏတိုက်ပေးပါ။ကလေးက ဓာတ်မတည့်မှုကြောင့် နှာခေါင်းပိတ်တာမျိုးဖြစ်မယ်ဆိုရင် နှာရိုးပေါ်မှာ ရေနွေးဝတ်ကပ်ပေးတာဖြစ်ဖြစ်၊ ရေနွေးအိတ်လေးကပ်ပေးတာမျိုးဖြစ်ဖြစ်လုပ်ပေးပါ။ အနွေးဓာတ်က နှာခေါင်းပိတ်တာကို သက်သာစေပါတယ်။တကယ်လို့ ကလေးနဲ့ ဓာတ်မတည့်ဖြစ်စေနိုင်တယ်လို့ ယူဆတဲ့ အစားအစာတွေရှိမယ်ဆို ဒီအချိန်မှာ မကျွေးမိအောင် ဂရုစိုက်ပါ။ အသားအရေထိန်းသိမ်းပစ္စည်းကြောင့် ဓာတ်မတည့်တာလား၊ အစားအစာကြောင့်လားဆိုတာ ခွဲဖို့ ခက်စေပါတယ်။အရမ်းပြင်းထန်လာရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသဖို့ လိုမှာဖြစ်ပါတယ်။ မတော်တဆ ဆိုတာမျိုးကလည်း ကြိုမှန်းလို့ မရတာမျိုးဆိုတော့ ဖေဖေမေမေတွေအနေနဲ့ ရင်သွေးလေးမှာ ဓာတ်မတည့်တာမျိုး ဖြစ်လာတဲ့အခါ အခုဖော်ပြခဲ့တဲ့ နည်းလေးတွေအတိုင်း စောင့်ရှောက်ပေးနိုင်ကြပါစေကြောင်း။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/how-to-deal-with-allergies-in-baby-due-to-skin-care/
ရာသီသွေး က သွေးပုပ်တွေလား။ ရာသီသွေးကျန်ရင် ဘာဖြစ်တတ်လဲ။
ရာသီသွေးနဲ့ ပတ်သတ်ပြီး တော်တော်များများ ယူဆထားကြတာက သွေးက မသန့်ဘူး။ သွေးပုပ်တွေ။ ရာသီလာတယ်ဆိုတာ ယုတ်ညံ့တယ်ကိစ္စ ဒီလို သတ်မှတ်ထားကြတာပါ။ အထူးသဖြင့် လူကြီးတွေကပေါ့။ ဒါပေမယ့် ခုခေတ်က တိုးတက်လာတော့ရာသီလာတယ်ဆိုတာကို ကျန်းမာရေး ကိစ္စတစ်ခုအနေနဲ့ သတ်မှတ်လာကြပါပြီ။ ပိုပြီးလည်း ပွင့်ပွင့်လင်းလင်း ဖြစ်လာကြပါပြီ။ ဒါပေမယ့် လူငယ်တွေ စိတ်ထဲမှာ ရာသီသွေးဆိုတာ အိမ်က အဘွားပြောသလို တကယ်ပဲ မသန့်ဘူးလား။ ရာသီသွေးတွေ ကျန်ရင် အပုပ်ဆန်တတ်တယ်ဆိုတာ တကယ်လားဆိုပြီး တွေးနေကြမှာပါ။ ဒီဆောင်းပါးမှာ ဒီပြဿနာကို ဖြေရှင်းပေးပါမယ်။ရာသီသွေးဆိုတာ ပုံမှန်တွေ့နေကြ သွေးကြောထဲက သွေးနဲ့ နည်းနည်းကွဲပါတယ်။ ရာသီသွေးမှာ သွေးအပြင်သားအိမ်နံရံအမြှေးပါး၊ အချွဲနည်းနည်းနဲ့ ဘက်တီးရီးယားပါပါတယ်။ အချွဲဆိုတာက မိန်းမကိုယ်ကအဖြူဆင်းသလို ထွက်တဲ့ အချွဲပါ။ ဘက်တီးရီးယားဆိုတာလည်း မိန်းမကိုယ်မှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားနဲ့ တခြားသော ဘက်တီးရီးယား အချို့ပါ။ ဒါကြောင့် ရာသီသွေးမှာအတုံးအခဲတွေ ပါတာပေါ့။ သာမန်သွေးနဲ့ မတူတာက သူ့မှာ သွေးဆဲလ်တွေ ပိုနည်းပါတယ်။တကယ်က ရာသီသွေးဆိုတာသန္ဓေသားကို ကိုယ်ဝန်မဆောင်ရလို့ သွေးဆင်းလာတာပါ။သားဥကြွေပြီးရင် ဟော်မုန်းကြောင့် သားအိမ်နံရံတွေထူပြီး အချွဲတွေနဲ့ ပွပွလေး ဖြစ်နေပါတယ်။ ဒီလိုဖြစ်နေတာက မတော်တဆများ သားဥနဲ့ သုက်ကောင်နဲ့ ပေါင်းခဲ့ရင် ဖြစ်လာမယ့် သန္ဓေသားလေးအတွက် ကြိုပြီး နေရာထိုင်ခင်း စီစဉ်ထားတာပါ။ ၁၄ရက်ပြည့်လို့မှ သန္ဓေမအောင်ရင် အလိုလို သားအိမ်နံရံတွေ ကွာကျပြီး ရာသီသွေးအဖြစ် ဆင်းလာတာပါ။ ပညာရှင်တွေက ဒါကို သန္ဓေသားလေး မလာလို့ သားအိမ်က ငိုကြွေးတာ (Weeping of uterus)ဆိုပြီး ကဗျာဆန်ဆန် နာမည်ပေးထားကြပါတယ်။ ကလေးနေဖို့ ပြင်ထားတဲ့နေရာဆိုတော့ လူတွေ ထင်သလို ပုပ်နေတာ မဟုတ်ဘူးဆိုတာ မှန်းကြည့်လို့ရပါတယ်။ဒါဆို ရာသီသွေး ဘယ်ကဖြစ်လာတာလဲ သိလောက်ပါပြီ။ ရာသီသွေးက တခြားကိုယ်တွင်း အစိတ်အပိုင်းတွေနဲ့ တူတူပါပဲ။ သန့်တယ် မသန့်ဘူးဆိုတာထက် ထင်ထားသလို သွေးပုပ်တွေ မဟုတ်ဘူးဆိုတာကို သိစေချင်တာပါ။ ဆေးပညာမှာတော့ ရောဂါပိုး မရှိ၊ အဆိပ်အတောက်မရှိတဲ့ သွေးဟာ သွေးသန့်ပါပဲ။ရာသီသွေးကအညိုရောင်တင် မကပါဘူး။ အနီပုပ်ပုပ်၊ အနီရဲရဲ၊ ပန်းရောင်၊ လိမ္မော်ရောင်၊ မီးခိုးရောင်အထိ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အညိုရောင်က တွေ့ရများတော့ စိတ်ထဲမှာ သွေးပုပ်တွေလို့ ပိုထင်သွားတာပေါ့။ ရာသီလာလာချင်း အစမှာ ဖြစ်ဖြစ် ရာသီအဆုံးနားမှာ ဖြစ်ဖြစ် ရာသီသွေးက အညိုရောင် ဖြစ်တတ်ပါတယ်။ရာသီစလာလာချင်းမှာ ဖြစ်တယ်ဆိုတာက အရင်ရာသီက သွေးတွေ ကျန်လို့ပါ။ သွေးကျန်တဲ့ ကိစ္စကို နောက်မှ ရှင်းပြပါမယ်။ သွေးဟောင်းတွေ ဖြစ်လို့ ညိုတာပါ။ ရာသီဆုံးခါနီးရင် အညိုရောင်ဖြစ်ရတာက သားအိမ်နံရံက ဖြည်းဖြည်းချင်း ကွာကျလို့ပါ။ ဖြည်းဖြည်းကွာတော့ သွေးထဲမှာ ပါတဲ့သံဓာတ်က ဓာတ်တိုးပြီးညိုသွားတာပါ။ ဒါပါပဲ။ ရာသီသွေးညိုရတာက များသောအားဖြင့်တော့ အန္တရာယ်မရှိပါဘူး။ တစ်ခါတစ်လေမှာတော့ ကိုယ်ဝန်ရလို့ ဒါမှမဟုတ် ကိုယ်ဝန်ပျက်လို့ အညိုရောင်ဆင်းတာမျိုးတွေတော့ ရှိတတ်ပါတယ်။ရာသီသွေးက ကျန်တတ်ပါတယ်။ ဒါမပြောခင် ရာသီသွေး ဘယ်လိုဆင်းတာလဲဆိုတာ ကြည့်ရအောင်။ ခုနက ပြောသလို ရာသီလာဖို့ သားအိမ်နံရံ ကောင်းကောင်းကွာကျဖို့ဆိုရင်သားအိမ်ကြွက်သားတွေက ညှစ်ပေးရပါတယ်။ ဒါမှ သားအိမ်နံရံကဆဲလ်တွေ သွေးမရဘဲ သေပြီး ကွာကျလာမှာပါ။ ဆဲလ်တွေ သေတဲ့ အခါ prostagladinsလို့ ခေါ်တဲ့ ဓာတ်ပစ္စည်းတွေ ထွက်လာပါတယ်။ သူကနာကျင်ကိုက်ခဲမှုကို ဖြစ်စေပါတယ်။သားအိမ်ညှစ်တာရော prostagladinsထွက်လာတာရော ပေါင်းသွားတဲ့အခါ ရာသီလာရင် ကိုက်ခဲတာ၊ ဗိုက်အောင့်တယ်ဆိုတယ် ဖြစ်လာပါတယ်။ ကိုယ်ဝန်ဆောင်တွေလောက် သားအိမ်ညှစ်အား မပြင်းပေမယ့် သူ့မှာလည်း သူ့အားနဲ့ သူပါ။ ညှစ်တာကိုတော့ မခံစားမိပါဘူး။ ဒါကြောင့်လည်း ရာသီလာလာချင်းမှာ ပြင်းပြင်းထန်ထန် ဗိုက်အောင့်တာပေါ့။ ဒီလိုနည်းနဲ့ ရာသီသွေးဆင်းတာပါ။ရာသီသွေးဆိုတာ သဘာဝအရ အနည်းနဲ့ အများတော့ ကျန်တတ်ပါတယ်။ ဒါပေမယ့် စဉ်းစားကြည့်ရအောင်ပါ။ ရာသီတစ်ခါလာရင်  ၈၀ မီလီလီတာလောက်ပဲ ဆင်းတာပါ။ တစ်လီတာရေသန့်ဘူးရဲ့ ၁၀ပုံ ၁ပုံတောင် မရှိပါဘူး။ ဒီတော့ ကျန်လည်း ဘယ်လောက်ကျန်နိုင်မှာလဲ။ နောက်ပြီး ခုနကပြောသလိုပဲ။ ရာသီသွေးက သွေးပုပ်တွေ မဟုတ်တဲ့အတွက် ကိုယ်ထဲမှာ ပမာဏ နည်းနည်းကျန်လည်း လူကို ဒုက္ခမပေးပါဘူး။ နောက်လကျရင် ပြန်ဆင်းသွားမှာပါ။ ပိုးတွေ၊ အဆိပ်တွေ မပါတဲ့အတွက်သွေးဆိပ်သင့်တာတို့၊ အပုပ်ဆန်တာတို့ မဖြစ်ပါဘူး။ခုလောက်ဆို ရာသီသွေး သဘောသဘာဝကို နားလည်လောက်ပါပြီ။ ရာသီလာတယ်ဆိုတာ ကျန်းမာရေး ကိစ္စပါပဲ။ ထူးခြားဖြစ်စဉ်မဟုတ်ပါဘူး။ ရာသီသွေးဆိုတာလည်း ကိုယ်တွင်းက ဖြစ်လာတဲ့ သွေးပါပဲ။ သန့်တယ် မသန့်ဘူး ဆိုတာထက် သွေးပုပ်တွေ မဟုတ်ဘူး။ ရာသီသွေးကျန်လည်း ပြဿနာ ကြီးကြီးမားမား မဖြစ်ဘူးဆိုတာ သိစေချင်ရုံပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/period-myths/
သိုင်းရွိုက်ဟော်မုန်း ပုံမှန် မဟုတ်တာကြောင့် သင့်ကျန်းမာရေး ဘယ်လိုတွေ ထိခိုက်နိုင်သလဲ ။ ။
လည်ပင်းကြီးရောဂါအကြောင်း အားလုံးကြားဖူးကြမှာပါ။လည်ပင်းကြီးတယ်လို့သာ ပြောကြတာပါ ။ တကယ်တော့ လည်ပင်းကြီးတာ မဟုတ်ပါဘူး။ လည်ပင်းမှာရှိတဲ့ လိပ်ပြာပုံစံသိုင်းရွိုက်ဂလင်း လေးကြီးလာတာကြောင့် လည်ပင်းကြီးသလို ဖြစ်ရတာပါ။သိုင်းရွိုက်ဂလင်းဆိုတာ ကိုယ်တွင်း အစိတ်အပိုင်း တော်တော်များများ အလုပ်လုပ်တဲ့နေရာမှာ ပါဝင်နေရတဲ့သိုင်းရွိုက်ဟော်မုန်းတွေ ထုတ်ပေးရတဲ့ ဂလင်းတစ်ခုဖြစ်ပါတယ်။ သူကောင်းကောင်း အလုပ်မလုပ်တော့တာနဲ့ သိုင်းရွိုက်ဟော်မုန်း နည်းတာ၊ များတာတွေ ဖြစ်သွားပြီး သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်သိုင်းရွိုက် ဂလင်း ပုံမှန် အလုပ်လုပ်လား မလုပ်ဘူးလားဆိုတာကို ကိုယ့်ဘက်က သိထားဖို့လိုအပ်ပါတယ်။ ။သိုင်းရွိုက် ဂလင်း ပုံမှန် အလုပ်မလုပ်တဲ့အခါ ဖြစ်တတ်တဲ့ ပြဿာနာနှစ်ခုရှိပါတယ်။သူတို့နှစ်ခုပေါ် မူတည်ပြီး ကိုယ်ခန္ဓါပေါ်မှာ ပြောင်းလဲမှုတွေ အများကြီးဖြစ်ပါတယ် ။ ။သိုင်းရွိုက်ဟော်မုန်းနည်းတာ ( hypothyroidism)ရဲ့ လက္ခဏာများ ။ ။သူကတော့ သိုင်းရွိုက်ဟော်မုန်းများနေတာရဲ့ ဆန့်ကျင်ဘက်ပါ။ဒါတွေကတော့ သိုင်းရွိုက်ဟော်မုန်း ပုံမှန် အလုပ်မလုပ်တော့တာနဲ့ ဖြစ်လာတဲ့ ကိုယ်ခန္ဓါပေါ်က ပြောင်းလဲမှုတွေပါ။ ဘယ်အရာမဆို ပုံမှန်ပဲ ရှိနေတာ ကောင်းတာကြောင့် အပေါ်မှာပြောထားတဲ့ လက္ခဏာတွေထဲက တစ်ခုခု ကိုယ့်ဆီမှာ ရှိလာပြီဆိုတာနဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး သေချာစစ်ဆေးကြည့်တာ အကောင်းဆုံးပါ။ စောစောသိတော့ စောစောပိုကုလို့ရတာပေါ့ ။ ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/hypothyroidism/
စားလို့ကောင်းတဲ့ ငချိတ် က ကျန်းမာရေးအတွက်လည်းကောင်းပါတယ်နော်
ငချိတ် ပေါင်းကို အုန်းသီးလေးဖြူး နှမ်းထောင်းလေးနဲ့တို့လို့မနက်ခင်းစောစောလေး စားလိုက်ရတဲ့ အရသာက တော်တော်လေးပြီးပြည့်စုံတယ်နော်။ ကောက်ညှင်းဆန်ညိုညိုလေးက စားလိုက်ရင် ဖောက်ဖောက်နဲ့ တော်တော် စားလို့ကောင်းတာပါ။ ဒီစားကောင်းတဲ့ ငချိတ်ပေါင်းလေးကကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေများသားနော်။ငချိတ်မှာ ပါဝင်တဲ့ ကယ်လ်လိုရီပမာဏကရိုးရိုးဆန်နဲ့ ဆန်လုံးညိုတို့မှာပါဝင်တဲ့ကယ်လ်လိုရီပမာဏနဲ့ အတူတူပဲဆိုပေမယ့် ပရိုတင်းနဲ အမျှင်ဓာတ်က ပိုပါတယ်။အမျှင်ဓာတ်နဲ့ ပရိုတင်းကြွယ်ဝစွာပါဝင်နေပြီးခန္ဓာကိုယ်ကြီးထွားစေဖို့နဲ့ ပျက်စီးသွားတဲ့တစ်ရှူးတွေကို အသစ်ပြန်လည်ဖြစ်ပေးစေပါတယ်။ ကျန်းမာရေးကောင်းစေဖို့လည်း အထောက်အပံ့ပေးပါတယ်။ ခန္ဓာကိုယ်က ဆဲလ်တွေ၊ တစ်ရှူးတွေကို ကျန်းမာစေပြီး ဇီဝတွင်းဖြစ်စဉ်တွေကို ကောင်းမွန်စွာ လည်ပတ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ပရိုတင်းပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိထောက်ပံ့ပေးပါတယ်။အမျှင်ဓာတ်ကနှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပြီးကိုယ်အလေးချိန်ကျစေဖို့လည်း အထောက်အကူပြုပေးပါတယ်။ အစာခြေစနစ်အတွက် အရေးပါသလို ဝမ်းမချုပ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။အူမကြီးကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။သွေးနီဥဆဲလ်တွေဖြစ်စေဖို့ လိုအပ်တဲ့ ဓာတ်တစ်ခုပါ။ သံဓာတ်နည်းတဲ့အခါသွေးအားနည်းရောဂါဖြစ်နိုင်ပါတယ်။ဖလေဗာနွိုက် ပါဝင်နေသလို ငချိတ်ဆန်မှာ ဆီးချိုရောဂါ၊အဝလွန်တာ၊ နှလုံးရောဂါတွေ ဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးဖြစ်တဲ့ anthocyanin လည်းပါဝင်ပါတယ်။ ကင်ဆာကာကွယ်ပေးနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။စားလို့ကောင်းတဲ့ ငချိတ် ပေါင်းလေးစားရင်း ရရှိမယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့။စားလို့လည်းကောင်း အာဟာရဓာတ်တွေလည်းပြည့်ဝစွာပါဝင်နေပြီး ကျန်းမာရေးအတွက်လည်း အကျိုးပြုတယ်ဆိုမှာတော့ င….. ငချိတ်ပေါင်းစားလို့ကောင်းဆိုတာ တကယ်ပဲ မှန်တာပေါ့နော်။ Hello ဆရာဝန်ရဲ့ ပရိသတ်ကြီးထဲက ငချိတ်ပေါင်းကြိုက်သူတွေအနေနဲ့လည်း မနက်စာကို ငချိတ်ပေါင်းလေးစားလို့ အပေါ်မှာပြောခဲ့တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရယူလိုက်ပါနော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%85%e1%80%ac%e1%80%b8%e1%80%9c%e1%80%ad%e1%80%af%e1%80%b7%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%84%e1%80%81%e1%80%bb%e1%80%ad%e1%80%90%e1%80%ba/
Broken Hip (တင်ပဆုံရိုးကျိုးခြင်း)
တင်ပဆုံရိုးကျိုးခြင်းဆိုသည်မှာ ပေါင်ရိုး၏ အပေါ်ပိုင်း ကျိုးပြတ်သွားခြင်းကို ဆိုလိုသည်။ ကျိုးသည့် ပမာဏသည် သက်ရောက်သော အားပေးမူတည်သည်။ တင်ပဆုံရိုးကျိုးခြင်းကို ကုသသည့် ခွဲစိတ်ကုသမှုမျိုးသည် ကျိုးပြတ်မှုတွင် ပါဝင်သော အရိုးနှင့် ကြွက်သားများအပေါ် နှင့်/သို့မဟုတ် ကျိုးပြတ်မှုဖြစ်သည့် အတိုင်းအတာပေါ်မူတည်သည်။တင်ပဆုံရိုးကျိုးခြင်းသည် အမေရိကန်နိုင်ငံတွင် တစ်နှစ်လျှင် ပျမ်းမျှ ၃၄၁,၀၀၀ ယောက် ဖြစ်ပွားသည်။ တင်ပဆုံရိုးကျိုးခြင်း ဖြစ်ပွားနှုန်းသည် အသက်နှင့် လိုက်၍ မြင့်သည်။ အသက် ၆၀ ကျော်တွင် ၅နှစ် မှ ၆ နှစ်လျှင် ၂ဆ တိုးသည်။တင်ပဆုံရိုးကျိုးခြင်း၏ ရောဂါလက္ခဏာတွေမှာ-။-လဲကျပြီးပြီးချင်း လှုပ်ရှား၍ မရခြင်း။-တင်ပါး (သို့) ပေါင်ခြံနေရာတွင် ပြင်းထန်စွာ နာကျင်ခြင်း။-ထိခိုက်သော တင်ပါးဖက်၏ ခြေထောက်သည် အားစိုက်၍ မရခြင်း။-တင်ပါး နှင့် တင်ပါးအနီးတဝိုက်တွင် တောင့်တင်းခြင်း၊ အညိုအမဲစွဲခြင်း နှင့် ရောင်ရမ်းခြင်း။-ထိခိုက်မိသောဖက်၏ ခြေထောက်သည် တိုသွားခြင်း။-ထိခိုက်မိသောဖက်၏ ခြေထောက်သည် အပြင်ဖက်သို့ ကားထွက်နေခြင်း။အထက်ပါ လက္ခဏာများသည် လဲကျပြီးလျှင် အဖြစ်များဆုံးဖြစ်သည်။ အကယ်၍ အရိုးပွရောဂါ ခံစားရပြီး အရိုးပါးနေလျှင် တင်ပရုံရိုးသည် လဲမကျပဲနှင့် ကျိုးသွားတတ်သည်။အထက်ပါ ရောဂါလက္ခဏာဝေဒနာများ ခံစားနေရလျှင် (သို့) ထိုလက္ခဏာများနှင့် ပတ်သတ်ပြီး သိလိုလျှင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။အထက်ပါ လက္ခဏာများမှ တခုခုရှိနေလျှင် ဆေးကုသမှုခံယူရန်အတွက် ဆေးရုံသို့ သွားရောက်ပါ။လူနာတင်ယာဉ် ခေါ်ပါ။ လူနာတင်ယာဉ်စောင့်နေစဉ် လူနာကို နွေးနွေးထွေးထွေးထားပါ။ ဒီထက် သိလိုသသည်များရှိပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ပြင်းထန်သော ထိခိုက်မှု- ဥပမာ။ မော်တော်ကားတိုက်မှုသည် အငက်ရွယ်အားလုံးကို တင်ပဆုံကျိုးမှု ဖြစ်စေနိုင်သည်။ အသက်ကြီးသောလူများတွင် လဲကျခြင်းကြောင့် ပိုပြီး အဖြစ်များသည်။ အရိုးအားနည်းစေသည့် ရောဂါရှိသည့် လူများတွင် သာမန် မတ်တပ်ရပ်ခြင်း နှင့် လှည့်လိုက်ခြင်းကပင် ဖြစ်စေနိုင်သည်။တင်ပဆုံရိုးကျိုးခြင်းဖြစ်ပွားနှုန်းသည် အသက်ကြီးသည်နှင့် အမျှ ပိုများလာသည်။ အဘယ်ကြောင်ဆိုသော့်။-အရိုးသိပ်သည်းဆ နှင့် ကြွက်သားထု အားအင်လျော့နည်းလာခြင်း။-လဲကျစေနိုင်လွယ်သည့် အမြင်အာရုံအားနည်းလာခြင်း နှင့် ဟန်ချက်ထိန်းရာတွင် အခက်အခဲများရှိနေခြင်း။ထို့အပြင် တင်ပဆုံရိုးကျိုးခြင်းကို ပိုဖြစ်စေနိုင်သည့် အချက်အလက်များစွာတွင်။-အမျိုးသမီးများ။-ခန္ဓါကိုယ် ပိန်လွန်းခြင်း နှင့် အရပ်ရှည်လွန်းခြင်း၊ မိသားစုဝင်များတွင် ထိုသို့သော လက္ခဏာများရှိခြင်း။-အရိုးသန်မာရေးအတွက် လုံလောက်သော ကယ်လ်စီယန် နျင့် ဗီတာမင် ဒီ မရှိခြင်း။-လှုပ်လှုပ်ရှားရှား မရှိခြင်း၊ အရိုးအတွက် လေ့ကျင့်ခန်းမလုပ်ခြင်း။ ဥပမာ- လမ်းလျှောက်ခြင်း။-ဆေးလိပ်သောက်ခြင်း။-ခန္ဓါကိုယ် ပုံမှန် လှုပ်ရှားမှုကို ထိခိုက်စေနိုင်သော ကျန်းမာရေး အခြေအနေများရှိနေခြင်း။ ဥပမာ- မူးဝေတတ်ခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်း၊ အရိုးအဆစ်ရောင်ရမ်းခြင်း။-ဆွဲသောက်ရသော အချို့သောက်ဆေးများ။ ဥပမာ- ရင်ကျပ်ရောဂါ နှင့် နာတာရှည် လေပြွန်ပိတ်ရောဂါအတွက် စတီးရွိုက်ဆေးများသောက်ရခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။တင်ပဆုံရိုးကျိုးခြင်းကို ဓါတ်မှန်ရိုက်ခြင်းဖြင့် သိရှိနိုင်သည်။ဓါတ်မှန်တွင် တင်ပဆုံရိုးကျိုးခြင်းကို မတွေ့နိုင်လျှင် အခြားသော စမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်သည်။ ဥပမာ-။-(MRI) သံလိုက်စက်ကွင်းသုံး၍ ဓါတ်မှန်ရိုက်ခြင်း။ (အရိုး နှင့် ကြွက်သား တို့၏ အရည်အသွေး ပိုမိုကောင်းမွန်သော ပုံရိပ်များ ရနိုင်)။-ကွန်ပြူတာ ဓါတ်မှန်ရိုက်ခြင်း။ ပိုမိုတိကျသော ပုံရိပ်များ ရရှိနိုင်။-အရိုးစကင်ဖတ်ခြင်း။ အရိုးတွင်းသို့ ရောင်ခြယ်ပစ္စည်းထိုးသွင်းပြီး စကင်ဖတ်ခြင်းဖြင့် အရိုးကျိုးသည့် လိုင်းကို သိရှိနိုင်ခြင်း။(ကျိုးနေသည့် အရိုးအစိတ်အပိုင်းများ ပုံမှန်နေသားတကျ ရှိနေသည့် အခြေအနေများနှင့် သင့်တော်)။တင်ပဆုံရိုးကျိုးခြင်းကို သိပြီးပြီးချင်း ၂၄ နာရီအတွင်း ခွဲစိတ်ကုသခြင်းကို အမြန်ဆုံးပြုလုပ်သည်။ခွဲစိတ်ကုသခြင်းဖြင့် ဆေးရုံတွင် နေရသည့် နေ့ရက်များ နှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို လျော့ကျစေသည်။တခါတရံ ခွဲစိတ်ကုသခြင်းကို အရင်ဦးစွာ ကုသဖို့လိုသည့် ကျန်းမာရေးအခြေအနေများကြောင့် ၁ ရက် (သို့) ၂ ရက် နှောင့်နှေးထားတတ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် ခွဲစိတ်ခြင်းကို အန္တရာယ်ကင်းစေသည်။ပြုလုပ်ရမည့် ခွဲစိတ်ကုသမှုအမျိုးအစားသည် ကျိုးပြတ်မှုအတိုင်းအတာ နှင့် နေရာပေါ်မူတည်သည်။တင်ပဆုံရိုးပြင်ဆင်သည့် ခွဲစိတ်ကုသခြင်း : ဒီခွဲစိတ်မှုသည် အရိုးများ ကောင်းမွန်စွာ တည့်မတ်နိုင်လျှင် ပို၍ ရွေးချယ်သည်။တင်ပဆုံရိုးအစားထိုး ခွဲစိတ်ကုသခြင်း : ဒီခွဲစိတ်မှုကို အရိုးများကောင်မွန်စွာ မတည့်မတ်နိုင်တော့လျှင် ပြုလုပ်သည်။တိကျသေချာစွာ စစ်ဆေးစမ်းသပ်ပြီးလျှင် သင့်တော်သော ကုသထုံးကို ဆရာဝန် အကူအညီဖြင့် ရွေးချယ်စေသည်။ခွဲစိတ်ကုသပြီးလျှင် ဘာတွေကို ဂရုစိုက်သင့်လဲ?။တင်ပဆုံရိုးကျိုးခြင်းမှ သက်သာလာစေရန် အချိန် နှင့် စိတ်ရှည်ရန်လိုအပ်သည်။ ခွဲစိတ်ပြီးလျှင် ဟင်းချက်ခြင်း၊ အဝတ်အစားဝတ်ခြင်း စသည်တို့ကို ပြုလုပ်ရာတွင် အခက်အခဲ ရှိသည်။ထို့ကြောင့် လူနာအနေနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် နေရာ (သို့) ပြန်လည်သန်စွမ်းရေးစင်တာ တို့တွင် အချိန်တစ်ခုကြာ နေသင့်သည်။ဆရာဝန်သည် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်သန်စွမ်းရေး နှင့် အလုပ်ပိုင်းဆိုင်ရာ ပြန်လည်သန်စွမ်းရေး တို့ပါဝင်သော ပြန်လည်သန်စွမ်းရေးအစီအစဉ်များကို ပြုလုပ်ရန် တိုက်တွန်းပေးမည်။ဘာလို့ တင်ပဆုံရိုးကျိုးခြင်းက အသက်အန္တရာယ်ရှိတာလဲ?။တင်ပဆုံရိုးကျိုးခြင်းသည် ရှေ့လျှောက်တွင် အမှီအခိုကင်းစွာ နေထိုင်မှု နှင့် ဘဝသက်တမ်းကိုပင် တိုနိုင်စေသည်။တင်ပဆုံရိုးကျိုးခဲ့ဖူးသည် လူများမှ တစ်ဝက်ခန့်သည် အမှိအခိုကင်းစွာ မနေနိုင်ကျတော့ပေ။အကယ်၍ တင်ပဆုံရိုးကျိုးခြင်းသည် လူနာကို အိပ်ရာပေါ် အချိန်ကြာမြင့်စွာ မလှုပ်မယှက်ရှိနေစေလျှင် နောက်ဆက်တွဲ ဆိုးကျိုးများအနေနှင့်။ခြေထောက် နှင့် အဆုတ်ရှိ သွေးကြောများတွင် သွေးခဲစေနိုင်ခြင်း။အိပ်ရာနာများဖြစ်စေနိုင်ခြင်း။ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြင်း။နမိုနီးယားရောဂါ။ကြွက်သားထု အင်အားဆုံးရှုံးနိုင်ခြင်း၊ ချော်လဲနိုင်ခြင်း နှင့် ဒဏ်ရာရလွယ်နိုင်ခြင်း။ထို့အပြင် တင်ပဆုံရိုးကျိုးခဲ့သည့်လူနာများသည် အရိုးအားနည်းခြင်း နှင့် နောက်ထပ်တင်ပဆုံရိုးကျိုးနိုင် များသည်။တင်ပဆုံရိုးကျိုးခြင်းကို ဘယ်လိုကာကွယ်မလဲ?။အရွယ်စရောက်ခါစတွင် ကျန်းမာစွာ နေထိုင်ခြင်းသည် အရိုးကို သန်မာစေပြီး နောင်တွင် အရိုးပွရောဂါဖြစ်ခြင်းကို လျော့နည်းစေသည်။ ထို့အတူ အသက်အရွယ်တိုင်းတွင် ကျန်းမာရေးကို ကောင်းမွန်နေစေမည် ဖြစ်သည်။ချော်လဲခြင်းကို ရှောင်ရှားရန် နှင့် အရိုးကျန်းမာရေးကို ထိန်းသိန်းရန်။-ကယ်လ်စီယမ် နှင့် ဗီတာမင် ဒီ လုံလောက်စွာ ရရှိရန်။ပုံမှန်အားဖြင့် အသက် ၅၀ နှင့် အထက် အမျိုးသား နှင့် အမျိုးသမီး များသည် ကယ်လ်စီယမ် ကို တစ်နေ့လျှင် ၁,၂၀၀ မီလီဂရမ် နှင့် ဗီတာမင် ဒီ ၆၀၀ International Unit ရရှိသင့်သည်။-အရိုးသန်မာရေး နှင့် ဟန်ချက်ထိန်းနိုင်ရန်အတွက် လေ့ကျင့်ခန်းများ။ ဥပမာ : လမ်းလျှောက်ခြင်း။လေ့ကျင့်ခန်းများသည် ခန္ဓါကိုယ်စွမ်းအားကို တိုးမြင့်ပေးနိုင်သည်။ အသက်ကြီးလာသည်နှင့် အမျှ ဟန်ချက်ထျန်းနိုင်စွမ်းသည် လျော့နည်းလာသောကြောင့် ဟန်ချက်ထိန်းပေးနိုင်သော လေ့ကျင့်ခန်းများသည် ချော်လဲကျနိုင်သည့် အန္တရာယ်ကို လျော့နည်းစေနိုင်သည်။-ဆေးလိပ်ဖြတ်ခြင်း (သို့) အရက်အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ကျဉ်ခြင်း။ ဆေးရွက်ကြီး နှင့် အရက်သည် အရိုးသိပ်သည်းဆကို လျော့နည်းစေသည်။ အရက်အလွန်အကျွံသောက်သုံးခြင်းသည် ဟန်ချက်ပျက်စေတတ်ပြီး ချော်လဲစေနိုင်သည်။-အိမ်ရှိ အန္တရာယ်ဖြစ်စေနိုင်သော အရာများကို ဆန်းစစ်ခြင်း။ ချော်လဲစေနိုင်သော ကော်ဇောများကို ဖယ်ရှားခြင်း၊ လျှပ်စစ်ကြိုးများကို နံရံတွင် တွယ်ထားခြင်း၊ အပိုပရိဘောဂများ နှင့် ချော်လဲစေနိုင်သည့် စသည့်ပစ္စည်းများကို ဖယ်ရှားထားခြင်း။အခန်းများ နှင့် လျှောက်လမ်းကို ကောင်းမွန်စွာ ဖွဲ့စည်းထားခြင်း။-မျက်လုံးကို စစ်ဆေးခြင်း။ တစ်နှစ်လျှင် တစ်ကြိမ် မျက်စိစစ်ဆေးခြင်း (သို့) သွေးချို၊ ဆီးချို ရှိလျှင် ပိုမိုစစ်ဆေးခြင်း။ကျန်းမာရေးခံယူကုသမှုများကို ကြည့်ရှုစစ်ဆေးခြင်း။ -အားနည်းနေခြင်း၊ မူးဝေခြင်း စသည့်ဘေးထွက်ဆိုးကျိုးများသည် ချော်လဲနိုင်ချေကို မြင့်စေသည်။ ဘေးထွက်ဆိုးကျိုးများ နှင့် ပတ်သတ်၍ ဆရာဝန်နှင့် တိုင်ပင်ပါ။-ထိုင်ရာမှ ထလျှင် ဖြေးဖြေးထခြင်း။ ရုတ်တရက် အမြန်ထလိုက်လျှင် သွေးဖိအား ရုတ်တရက်ကျသွားတတ်ပြီး ချာချာလည်မူးပြီး လဲကျသွားတတ်သည်။-လမ်းလျှောက်လို့ အဆင်မပြေသည့်အခါ ဆရာဝန် (သို့) အလုပ်အကိုင်ဆိုင်ရာ ပြန်လည်သန်စွမ်းရေးနည်းပညာရှင်နှင့် တိုင်ကင်ဆွေးနွေးပြီး ကူညီပေးနိုင်မည့် လမ်းလျှောက်တုတ် (သို့) လမ်းလျှောက်အကူအညီ အသုံးပြုစေခြင်း။အခြားသိလိုသည့်မေးခွန်းများရှိလျှင် ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင့်အတွက် အကောင်းဆုံးဖြစ်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/broken-hip-%e1%80%90%e1%80%84%e1%80%ba%e1%80%95%e1%80%86%e1%80%af%e1%80%b6%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ရာသီသွေးရက် ကြာတာကို သက်သာစေဖို့
ရာသီသွေးမဆင်းရင် မကောင်းသလို အများကြီး ဆင်းတာကလည်း ကောင်းတဲ့ လက္ခဏာတော့မဟုတ်ပါဘူး။ ရာသီသွေးဆင်းတဲ့နေရာမှာ ၃ ရက် ကနေ ၇ ရက် ထက်မကျော်တဲ့ ကာလအတွင်းကိုမှ ကျန်းမာတဲ့ ရာသီသွေးပေါ်မှုလို့ ခေါ်ဆိုနိုင်မှာပါ။ ရာသီသွေး ရက်ကြာလို့ စိတ်ညစ်ရတာနဲ့  အခြား ကျန်းမာရေး ပြဿနာတွေ မဖြစ်ရလေအောင် ရာသီသွေးရက် ကြာတာကို သက်သာစေဖို့ ဘယ်လိုနည်းလမ်းလေးတွေ လုပ်ဆောင်ပေးရမလဲဆိုတာ မျှဝေပေးပါမယ်။ရာသီသွေးဆင်းရက် ကြာစေတဲ့ အကြောင်းအရင်းတွေကတော့ တစ်ခုမကပါဘူး။ဒီလက္ခဏာတွေ ခံစားနေရမယ်ဆိုရင် ရာသီသွေးဆင်းတာ များနေတာပါ။ရာသီသွေးရက် ကြာတာကို သက်သာစေဖို့ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတာက စားသောက်မှုပုံစံပါ။ ဒါကြောင့် ရာသီသွေးဆင်းရက် ကြာတာကို သက်သာစေဖို့ အခုပြောပြတာလေးတွေကို လုပ်ဆောင်ပေးဖို့ အကြံပြုပါရစေ။ရာသီသွေးဆင်းရက် ကြာတာကို သက်သာစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုထဲမှာ နှမ်းကြတ်စေ့ ပါဝင်အောင် စားသုံးပေးလို့ ရပါတယ်။ ဒီလို စားသုံးပေးတာက ရောဂါအခြေအနေ တစ်ရပ်ရပ်ကြောင့် မဟုတ်တဲ့ ရာသီသွေးဆင်းရက် ကြာနေတာကို သက်သာစေနိုင်ပါတယ်။ရေသောက်တာက ရာသီသွေးဆင်းရက် ကြာတာကိုရော သွေးဆင်းများတာကိုပါ သက်သာစေနိုင်ပါတယ်။ ရေဓာတ်ဖြည့်တင်းပေးခြင်းက ကျန်းမာစေဖို့ ထောက်ကူပေးသလို ကိုယ်တွင်း သွေးပမာဏကို ဖြည့်တင်းနိုင်ဖို့လည်း လုပ်ဆောင်ပေးပါသေးတယ်။မန်ကျည်းသီးက သွေးစီးဆင်းလည်ပတ်မှုကို ထောက်ကူပေးတာကြောင့် ရာသီသွေးဆင်းရက် ကြာနေတာကို သက်သာစေနိုင်ပါတယ်။ မန်းကျည်းသီးကို ရေသန့်သန့်နဲ့ စိမ်ပြီး ပျားရည်လေး နည်းနည်းရောလို့ တစ်နေ့တစ်ခွက် သောက်ပေးရုံပါ။လေ့ကျင့်ခန်း လုပ်တာက ကြွက်သားတွေကို သွေးပူစေပါတယ်။ ကြွက်သားတွေ သွေးပူသွားတဲ့အခါ ကြွက်သားတွေ ပြေလျော့တာပြီး ညှစ်အားကျဆင်းသွားပါတယ်။ ဒီလိုမျိုး ညှစ်အားကျဆင်းသွားတာက သားအိမ်ကို ညှစ်ထားတာကို ပြေလျော့စေတာကြောင့် သွေးဆင်းတာကို လျော့ကျသွားစေမှာပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/home-remedies-for-prolonged-periods/
ဆေးလိပ်သောက်ခြင်းနှင့် ခံတွင်းကျန်းမာရေး။
ဆေးလိပ်ကြောင့်ဖြစ်သော နောက်ဆက်တွဲဆိုးကျိုးများ ဆိုလိုက်တာနဲ့ ပြေးမြင်မိတာကအဆုတ်ကင်ဆာ၊နှလုံးေသွးကြောကျဉ်းရောဂါ ၊ ခြေလက်သွေးမလျှောက်၍ ပုပ်သွားခြင်းရောဂါ တွေပဲဖြစ်တယ်။ လူတော်တော်များများက ဆေးလိပ်သည် ခံတွင်းကျန်းမာရေးကိုလည်းထိခိုက်စေတတ်တာကို မေ့နေကြတယ်။ သေချာစဉ်းစားကြည့်လိုက်ရင်တော့ ဆေးလိပ်သောက်တာနဲ့ ဆေးလိပ်ငွေ့ ပထမဆုံးထိတွေ့သော နေရာက ခံတွင်းဖြစ်တယ်ဆိုတာ တွေးမိကြမှာပါ။ ဆေးလိပ်ငွေ့တွေ တိုက်ရိုက်မထိတွေ့တဲ့ အဆုတ်တို့ နှလုံးတို့ကိုတောင် ဒီလောက် ဒုက္ခပေးနေတာ သောက်လိုက်တာနဲ့ အငွေ့နဲ့ တန်းထိတဲ့ ခံတွင်းဆို ဘယ်လောက်တောက်ထိခိုက်မလဲဆိုတာ စဉ်းစားသာကြည့်။ ဒါကြောင့် ဆေးလိပ်သောက်လိုက်တာနဲ့ ခံတွင်းကျန်းမာရေး ဘာတွေထိခိုက်သွားလဲဆိုတာ ကြည့်ရအောင်။ဆေးလိပ်မှာနီကိုတင်းနှင့် ဆေးရွက်ကြီးပါတယ်လေ။ သောက်လိုက်တာနဲ့ ပါးစပ်ထဲကို ဝင်သွားတဲ့ အငွေ့တွေက ခံတွင်းမှာရှိတဲ့ သွားကို အရင်ဆုံးထိတာမလား၊ အဲ့တော့ ဖြူနေတဲ့ သွားလေးတွေ အစပိုင်းမှာတော့ ဝါလာမယ်။ နောက်ပိုင်းသောက်တာ နှစ်ကြာလာတော့ ဝါတာကနေ ညိုမည်းလာတဲ့ အထိ ဆိုးလာရော။ အဲလို မည်းနေတဲ့ သွားတွေက သွားတိုက်တာနဲ့တင် မပျောက်ဘူးနော်။ သွားဆရာဝန်ဆီမှာ သွားပြီး ပြန်ဖြူအောင်လုပ်မှ ရတာ။ အဲ့တော့ ဆေးလိပ်ဝယ်သောက်တော့လည်း ပိုက်ဆံကုန် သွားဆေးခန်းဆီသွားတော့လည်း ပိုက်ဆံကထပ်ကုန်ဦးမှာနော်။ဆေးလိပ်ငွေ့ တွေပါးစပ်ထဲ ဝင်ပြီဆိုတာနဲ့ သွား အပြင် သွားဖုံးကိုပါ အငွေ့တွေက ထိတယ်လေ။ အစောပိုင်းထဲကသာ သွားဖုံးရောင်တာ သွားဖုံးအနာတွေ ရှိနေလို့ကတော့ အနာတွေ ပြန်ကျက်မှာ မဟုတ်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ဆေးလိပ်က သွေးထဲမှာ အောက်ဆီဂျင်ပါဝင်မှု ကို နည်းစေတယ်လေ။ ဒါ့ကြောင့် သွားဖုံးမှာကပ်နေတဲ့ ဘက်တီးရီးယားတွေ တော်တော်နဲ့ မသေနိုင်တော့ဘူး။သွားဖုံးရောဂါမရှိရင်တောင် ဆေးလိပ်ကြောင့် ဘက်တီးရီးယားတွေ ပိုပေါက်နိုင်ပြီး သွားဖုံးရောဂါတွေ ပိုဖြစ်နိုင်တယ်။ ဒီလိုဖြစ်နေတာတောင် ဆေးလိပ်ကို ဆက်သောက်မယ်ဆို နောက်ပိုင်းရောဂါပို ဆိုးလားပြီး သွားဖုံးတွေကွာကျ၊ သွားတွေကျွတ်တဲ့ အထိဆိုးရွားသွားနိုင်ပါတယ်။သွားတွေကလည်းဝါ သွားဖုံးတွေကလည်းရောင် ဘက်တီးရီးယားတွေလည်းက ပေါက်နေတဲ့ ခံတွင်းတစ်ခုကနေ ခံတွင်းနံ့ ကောင်းကောင်းလေးတွေ ထွက်လာနိုင်မယ်လို့ ထင်ပါသလား။ ဆေးလိပ်သောက်ပြီးသူ အခန်းထဲဝင်လာရင် သူ့ဆီကနေ ဆေးလိပ်အနံ့လေးတွေပါ ကပ်ပါလာတတ်တယ်လေ။ စကားပြောကြည့်လျှင်လည်း ခံတွင်းနံ့ဆိုးဆိုး မရရင်တောင် ဆေးလိပ်နံ့ကတော့ ရတယ်မလား။ သောက်တဲ့ သက်တမ်းကြာလာတာနဲ့ အမျှ ဆေးလိပ်ကခံတွင်းနံ့ကိုဆိုးလာစေတဲ့ အပြင် လျှာကိုပါထုံသွားစေပြီး အရသာခံနိုင်မှုနှုန်းကိုလည်း လျော့ကျလာစေတယ်။ဆေးလိပ်မှာပါတဲ့ ဓါတု ပစ္စည်းတွေက ခံတွင်းမှာရှိတဲ့ ကျန်းမာတဲ့ဆဲလ်တွေကို ထိခိုက်စေပြီး ဆဲလ်တွေရဲ့ပွားနှုန်းကိုမြန်လာစေတယ်။ အဲတော့ ဆဲလ်တွေက ပွားပွားလာပြီး ခံတွင်းကင်ဆာဖြစ်တော့တာပဲ ။ သောက်တဲ့သက်တမ်းကြာလေလေဓါတုပစ္စည်းတွေနဲ့ ထိတွေ့တာ ပိုများလာလေလေ ခံတွင်းကင်ဆာ ပိုဖြစ်လေလေဖြစ်တယ်။ လေ့လာတွေ့ရှိချက်တွေအရ ခံတွင်းကင်ဆာ ဖြစ်တဲ့သူ ၁၀ယောက်မှာ ၈ယောက်လောက်က ဆေးလိပ်သောက်တဲ့ သူတွေပါတဲ့။ဆေးလိပ်က မူးယစ်ဆေးဝါး အုပ်စုထဲပါလို့ သောက်မိတဲ့သူတိုင်း ထပ်မသောက်ရရင် မနေနိုင်ဘဲ ဆေးလိပ်စွဲနေကြပါတယ်။ ဘယ်လောက်ပဲ ဖြတ်ဖို့ပြောပြော ဖြတ်ရခက်နေတတ်တယ်။ ဆေးလိပ်သောက်သက်တမ်းကလည်းကြာ သောက်တဲ့ အလိပ်အရေအတွက်ကလည်းများတယ်ဆို ခုပြောထားတဲ့ခံတွင်းကျန်းမာရေးေတွ ယိုယွင်းရုံသာမက နှလုံး အဆုတ်နဲ့ တခြားနေရာတွေပါ ထိခိုက်နိုင်ပြီး နောက်ဆုံး အသက်သေဆုံးတဲ့အထိဖြစ်နိုင်တယ်လေ။ ဒါကြောင့် ဆေးလိပ်ဖြတ်ကြပါ။ တိခနဲ မဖြတ်နိုင်ရင်တောင် တဖြည်းဖြည်းချင်း လျှော့သောက်ပြီး ဆေးလိပ်ဖြတ်ကြဖို့ အကြံပေးချင်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/%e1%80%b1%e1%80%86%e1%80%b8%e1%80%9c%e1%80%ad%e1%80%95%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-2/
ဘာကြောင့် လည်ချောင်းမကြာခဏ နာနေတာလဲ
ရာသီဥတုမရွေး၊ လူမျိုးမရွေး ဖြစ်တတ်တဲ့ ရောဂါဝေဒနာတွေထဲမှာ လည်ချောင်းနာတာလည်း တစ်ခုအပါအဝင်ပါပဲ။ ရောဂါလက္ခဏာ မပြင်းထန်တဲ့တိုင်အောင် ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင် ဝေဒနာကို ခံစားနေရတဲ့ ဒုက္ခကလည်း မသက်သာလှပါဘူး။ ဒါဆိုရင် လည်ချောင်းနာတာနဲ့ ပတ်သက်ပြီး ကာကွယ်ပုံတွေ၊ ဖြစ်ရခြင်းအကြောင်းရင်းတွေ၊ ရောဂါလက္ခဏာတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။လည်ချောင်းနာတယ်ဆိုတာ ပုံမှန်အားဖြင့် လည်ချောင်းက ယားယံပြီး နေရခက်တာ၊ နာကျင်တာ၊ အထူးသဖြင့် အစာ၊ ရေမြိုချလိုက်တဲ့အခါမှာ ပိုပြီးတော့ နာကျင်ပါတယ်။ အဖြစ်အများဆုံးအကြောင်းရင်းကတော့အအေးမိ တုပ်ကွေးရောဂြါဖစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ပါပဲ။ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ လည်ချောင်းနာ ဝေဒနာက သူ့အလိုလို သက်သာပျောက်ကင်းသွားမှာပါ။ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ လည်ချောင်းနာခြင်း ဝေဒနာ – Strep throat (streptococcal infection) ကတော့ အဖြစ်နည်းတဲ့ ရောဂါလက္ခဏာမျိုးပါ။ ကိုယ့်လည်ချောင်းနာတဲ့ ဝေဒနာက ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာဆိုရင်တော့ ရောဂါအခြေအနေ ပိုမဆိုးလာအောင် antibiotic သောက်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ ရောဂါအရင်းအမြစ်ကို စောစီးစွာ သိနိုင်ဖို့အတွက် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သွားရောက်ကုသတာ အကောင်းဆုံးပါပဲ။ကလေးငယ်ေတွနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ လည်ချောင်းနာ ဝေဒနာ ခံစားရဖို့ အလားအလာပိုများပါတယ်။ ဖုန်မှုန့်၊ မှိုတွေကြောင့် ဓါတ်မတည့်တာ၊ ရာသီအလိုက် ဖြစ်ပေါ်တတ်တဲ့ ဓါတ်မတည့်တာတွေကြောင့်လည်း လည်ချောင်းနာတာ အဖြစ်များတတ်ပါတယ်။ဆေးလိပ်၊ ဆေးပြင်းလိပ်သောက်သူတွေမှာလည်း မကြာခဏဆိုသလို လည်ချောင်းနာတာ၊ ယားယံတာ ဖြစ်နိုင်တဲ့အပြင် ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အသံအိုးကင်ဆာတွေပါ ဖြစ်လာနိုင်ပါတယ်။ကိုယ်ခံအားနည်းတဲ့သူတွေ၊ အထူးသဖြင့် HIV ပိုးရှိသူတွေ၊ ဆီးချိုရောဂါရှင်တွေ၊ စိတ်ဖိစီးမှုများတဲ့သူတွေ၊ နေထိုင်စားသောက်ပုံ မမှန်တဲ့သူတွေမှာလည်း လည်ချောင်းနာတဲ့ လက္ခဏာကို မကြာခဏတွေ့ရတတ်ပါတယ်။လည်ချောင်းနာတာရဲ့ ရောဂါလက္ခဏာတွေဟာ ဖြစ်ရတဲ့ မူလအကြောင်းရင်းပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ လည်ချောင်းနာပြီဆိုတာ သိနိုင်တဲ့ လက္ခဏာ အများစုကတော့။ပုံမှန် အအေးမိ၊ တုပ်ကွေး၊ ဖျားနာတဲ့အချိန်မှာ လည်ချောင်းနာတာအပြင်။ကလေးငယ်တွေမှာဆိုရင် အသက်ရှူရခက်ခဲတာ၊ အစာမြိုချရခက်တာ၊ သွားရည်တမြန်းမြန်း ကျနေတာ စတဲ့ ရောဂါလက္ခဏာတွေ့ရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါတယ်။လူကြီးတွေမှာဆိုရင် လည်ချောင်းနာပြီးနောက် တခြား ဆက်စပ်နေတဲ့ ရောဂါလက္ခဏာတွေ ပေါ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ အဲ့ဒီရောဂါလက္ခဏာတွေက။ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့အအေးမိ၊ တုပ်ကွေးရောဂါတွေဟာ လည်ချောင်းနာတာ အများဆုံး ဖြစ်ရတဲ့ အကြောင်းရင်းတွေပါပဲ။ ဘက်တီးရီးယားပိုးကြောင့် လည်ချောင်းနာတာဟာ ဖြစ်တော့ဖြစ်တတ်ပေမဲ့ ရှားပါတယ်။ဗိုင်းရပ်စ်ပိုးကြောင့် အအေးမိဖျားနာတာ၊ ရာသီတုပ်ကွေးမိတာ၊ ဝက်သက် နဲ့ ရေကျောက်ပေါက်တဲ့အခါမှာလည်း လည်ချောင်းနာတဲ့ လက္ခဏာကို တွေ့ရတတ်ပါတယ်။ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ ရောဂါတွေမှာ လည်ချောင်းနာတာဟာ ပိုပြင်းထန်တတ်လို့ ဆရာဝန်နဲ့ သေချာပြသပြီး antibiotics တွေသောက်ဖို့ လိုအပ်ပါတယ်။ဓါတ်မတည့်တာ – အဝတ်အစားမှာ ကပ်ငြိနေတဲ့ ဖုန်မှုန့်တွေ၊ မှိုပိုးတွေ၊ ပန်းပွင့်တွေရဲ့ ဝတ်မှုတွေကို ရှူရှိုက်မိလို့ ဓါတ်မတည့်တာ ဖြစ်ပြီး လည်ချောင်းယားနိုင်ပါတယ်။ ခြောက်သွေ့တဲ့လေတွေ၊ မသန့်ရှင်းတဲ့ လေတွေကို ရှူမိတဲ့အခါ၊ ဆေးပြင်းလိပ်တွေကို သောက်မိတဲ့အခါ၊ အရက်သောက်တာ၊ အလွန်စပ်တဲ့အစာတွေကို စားမိတဲ့အခါမှာလည်း လည်ချောင်းကို ယားယံစေပါတယ်။ကြွက်သားတွေကို အားစိုက်မိတာ – အသံကျယ်လောင်စွာ စကားကို အော်ပြောနေရတာကြောင့်ဖြစ်စေ၊ အချိန်အကြာကြီး လည်ချောင်းကို အနားမပေးပဲ စကားပြောနေရတဲ့အခါ လည်ချောင်းမှာ ရှိတဲ့ ကြွက်သားတွေက အားစိုက်နေရလို့ လည်ချောင်းနာတာ ဖြစ်နိုင်ပါတယ်။HIV ရောဂါကူးစက်ခံရတာ – လည်ချောင်းနာတာအပါအဝင် တခြားသော အအေးမိတာနဲ့ ဆင်တူတဲ့ ရောဂါလက္ခဏာတွေကို HIV ပိုးကူးစက်ခံရတဲ့အခါမှာ တွေ့ရတတ်ပါတယ်။ HIV ပိုးရှိပြီးသားသူတွေမှာလည်း ကိုယ်ခံအားကျဆင်းနေတတ်တာကြောင့် လည်ချောင်းကို နာကျင်စေတဲ့ မှိုရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။လည်ချောင်းနာတာကို မဖြစ်စေအောင် တစ်ကိုယ်ရည်သန့်ရှင်းမှုကို အလေ့အကျင့်လုပ်ဖို့ လိုပါတယ်။ အိမ်သာကို အသုံးပြုပြီးချိန်၊ အစာမစားခင်နဲ့၊ နှာချေ၊ ချောင်းဆိုးပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာနှံ့စပ်စွာ ဆေးကြောဖို့ အရေးကြီးပါတယ်။ အပြင်ရောက်နေလို့ လက်ဆေးဖို့ လိုအပ်လာရင် အရက်ပြန်ပါတဲ့ လက်သန့်စင်ဆေးရည်ကို ဆောင်ထားပေးပါ။အစားအစာတွေကို အတူစားတာ၊ တခြားသူရဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ဖန်ခွက်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေကို မျှဝေသုံးတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ ပိုးမွှားတွေ ကပ်ငြိနေတဲ့ တယ်လီဖုန်း၊ တီဗီ ရီမုဒ်၊ ကွန်ပျူတာ ကီးဘုတ်တွေကို အမြဲ သန့်စင်ပေးဖို့ လိုပါတယ်။ဖျားနေပြီလို့ သံသယရှိတဲ့သူတွေနဲ့ နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံတာမျိုးကို ရှောင်ကြဉ်ပါ။ရေနွေးကို ဆားအနည်းငယ်ရောပြီး တစ်နေ့ကို ၂ ကြိမ် ပလုတ်ကျင်းပေးပါ။ ခံတွင်းကို အေးစေမယ့် ကြက်စွပ်ပြုတ်၊ ပျားရည်၊ အရည်နွေးနွေးကို သောက်ပေးပါ။ မသက်သာခင်အချိန်အထိလည်ချောင်းကို အနားပေးပါ။ နောက်ဆုံးအနေနဲ့ ပြည့်ဝစွာ အနားယူပေးပါ။ မသက်သာလာဘူးဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသဖို့ အကြံပေးလိုက်ပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/often-sore-throat/
null
null
ent
ent
https://hellosayarwon.com/ent/ear-conditions/cleaning-baby-ears/
Omicron ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး ထိုးပြီးရင် ဘာတွေ ခံစားရနိုင်လဲ
စက်တင်ဘာလ အစောပိုင်းက အမေရိကန် ပြည်ထောင်စုနဲ့ ယူကေနိုင်ငံတို့မှာ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာန (FDA) က လူထုကြားထဲမှာ ထိုးနှံခွင့်ပြုလိုက်တဲ့ Omicron မျိုးကွဲ ၂ မျိုးဖြစ်တဲ့ BA.4 နဲ့ BA.5 တို့ကို ကာကွယ်ပေးနိုင်မယ့် Omicron ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး (Bivalent vaccine) ထိုးနှံပြီးချိန်မှာ ဘာတွေ ခံစားရနိုင်လဲ။ ဘယ်လိုတွေ ဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ကာကွယ်ဆေး ထိုးပြီးရင် side effects ခံစားရတာက တော်တော်များများမှာ ဖြစ်ပါတယ်။ တုပ်ကွေး ကာကွယ်ဆေးကစလို့ ကိုဗစ်ကာကွယ်ဆေးအထိ ကာကွယ်ဆေးတွေ ထိုးပြီးတိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် မတူပေမယ့် side effects ကိုတော့ ခံစားရလေ့ရှိပါတယ်။ကာကွယ်ဆေးဆိုတာက သေချာစမ်းသပ်လေ့လာမှုတွေ လုပ်ဆောင်ပြီးမှ ထုတ်လုပ်ထားတာပါ။ ရောဂါကို ကာကွယ်ဖို့နဲ့ ကူးစက်ခဲ့ရင်တောင် ပြင်းပြင်းထန်ထန် မခံစားရစေဖို့ ရည်ရွယ်ပြီး ထုတ်ထားတာပါ။ ဒါပေမယ့် ကာကွယ်ဆေးဆိုတဲ့ သဘောကတော့ ဆေးထိုးပြီးတဲ့အခါ side effectအနည်းအကျဉ်းကို ခံစားရစမြဲပါ။လူတွေရဲ့ခန္ဓာကိုယ်က တုံ့ပြန်မှုကို လိုက်ပြီးတော့ အချို့မှာ တော်တော်လေး ပြင်းထန်နိုင်ပြီး အချို့မှာတော့ သိပ်မပြင်းထန်တာမျိုး ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ ကာကွယ်ဆေး ထိုးပေမယ့် ထူးထူးခြားခြား လက္ခဏာ တစ်ခုတလေတောင် မခံစားရသူတွေလည်း ရှိနိုင်ပါတယ်။ အကြောင်းကတော့ကိုယ်ခံအားတုံ့ပြန်မှုကွာခြားတာကြောင့်ပါ။ဒီ Omicron ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေးက အရင်ကိုဗစ်မျိုးစိတ်တွေကိုလည်း ကာကွယ်ပေးမှာ ဖြစ်သလို အပိုဆောင်းအနေနဲ့ အိုမီခရွန် မျိုးကွဲတွေဖြစ်တဲ့ BA.4 နဲ့ BA.5 ကိုပါ ကာကွယ်ပေးမှာဖြစ်ပါတယ်။Omicron ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေးမှာ mRNA လို့ ခေါ်တဲ့ မော်လီကျူး ပါဝင်နေပြီး ဒီမော်လီကျူးက ကိုဗစ်မူလမျိုးစိတ်တွေက ထုတ်လုပ်တဲ့ spike protein ကိုရော အိုမီခရွန် BA. 4 နဲ့BA. 5မျိုးစိတ်တွေက ထုတ်တဲ့ spike protein တွေကိုပါ မှတ်သားဖို့ ကိုယ်ခံအားဆဲလ်တွေကို ညွှန်ကြားပေးမှာ ဖြစ်ပါတယ်။ Spike protein ဆိုတာက ဗိုင်းရပ်စ် ခန္ဓာကိုယ်ဆဲလ်တွေဆီ ဝင်ရောက်နိုင်စေဖို့ ထောက်ကူပေးတဲ့ ဗိုင်းရပ်စ် မျက်နှာပြင်ပေါ်က ပရိုတင်းတွေပါ။ မျိုးစိတ်ကိုလိုက်ပြီး ကွဲပြားပါတယ်။ကာကွယ်ဆေးထိုးပြီးချိန်မှာ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေက mRNAရဲ့ ညွှန်ကြားချက်ကို လက်ခံရရှိမှာ ဖြစ်ပြီး ယာယီအားဖြင့်spike proteinsကို ထုတ်လွှတ်မှာပါ။ ကိုယ်ခံအားက ဒီပရိုတင်းကို သိရှိမှာ ဖြစ်ပြီး ပြင်ပက ဝင်ရောက်လာတဲ့အရာတစ်ခုလို့ သတ်မှတ်ပြီး သဘာဝ ခုခံစနစ်ကို စတင်မှာပါ။ ဒီခုခံစနစ်ထဲမှာ antibodies နဲ့ T cells တွေ ပါဝင်မှာပါ။ကာကွယ်ဆေးထိုးပြီးသွားပြီဆိုတာနဲ့ အချိန်အနည်းငယ်ကြာပြီးချိန်မှာကိုယ်ခံအားစနစ်က ဗိုင်းရပ်စ် မျက်နှာပြင်ပေါ်ကspike proteinကို သိရှိသွားပြီး ဖြစ်သလို ဗိုင်းရပ်စ်ကို တိုက်ထုတ်ဖို့ အသင့်‌ပြင်ထားပြီးသားလည်း ဖြစ်မှာပါ။Antibodiesနဲ့ ကိုယ်ခံအားဆဲလ်‌တွေက ကိုဗစ်ကို ကာကွယ်ပေးဖို့ရော ဗိုင်းရပ်စ်ကို ချေမှုန်းဖို့ပါ အတူလုပ်ဆောင်မှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ဆဲလ်တွေက ကူးစက်ဝင်ရောက်မှုတွေကို တိုက်ဖျက်ပေးမှာ ဖြစ်ပါတယ်။ကာကွယ်ဆေးမှာပါတဲ့ mRAN မော်လီကျူးတွေက ခန္ဓာကိုယ်ထဲမှာ ကြာရှည်ရှိနေမှာ မဟုတ်ပါဘူး။ ကာကွယ်ဆေး ထိုးပြီးတာနဲ့ ခဏတာအတွင်းမှာ ပြိုကွဲသွားမှာပါ။ ဒါပေမယ့် ခန္ဓာကိုယ်ဆဲလ်တွေကို သိရှိစေပြီး ကိုယ်ခံအားကို လှုံ့ဆော်ပေးခဲ့မှာ ဖြစ်ပါတယ်။Omicron ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး ထိုးပြီးရင် ဘာတွေ ခံစားရနိုင်လဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ လက်ရှိကာလအထိ တွေ့ရှိရသမျှတော့။ကာကွယ်ဆေး ထိုးပြီးချိန်မှာ ခံစားရနိုင်တဲ့ လက္ခဏာတွေကို သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။ဒီလက္ခဏာတွေဟာ ခန္ဓာကိုယ်က ကာကွယ်ဆေးကို တုံ့ပြန်နေတာဖြစ်ပြီး  အများဆုံး ၂၄ နာရီသာ ကြာတာ​ကြောင့် အရမ်းမစိုးရိမ်ဖို့ ပြောပါရစေ။ဒီလိုခံစားရတာတွေက Bivalent vaccineမှ မဟုတ်ဘဲ ဘယ်ကိုဗစ်ကာကွယ်ဆေးကိုပဲဖြစ်ဖြစ် ထပ်ဆောင်းထိုးတဲ့အခါ ခံစားရနိုင်တာကို သိထားဖို့ လိုပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/side-effects-of-the-omicron-covid-19-booster/
နှင်းဆီပန်း (Rose)
နှင်းဆီပန်းက ကျန်းမာရေးကိုအထောက်အကူဖြစ်စေလိမ့်မယ်၊လို့ တစ်ခါလေးတောင်မစဉ်းမိခဲ့ပါဘူး။ ဒါပေမယ့် နှင်းဆီပန်း အဆီအနှစ်တွေကရှေးယခင်ခေတ်ကာလတွေကတည်းက ကိုယ်ခန္ဓါ၊ စိတ်နဲ့အရေပြားတို့အတွက်ကောင်းကျိုးပြုတာတွေအများအပြားရှိခဲ့တာဖြစ်ပါတယ်။ နှင်းဆီပန်းကို အလှအပအတွက်အသုံးပြုနိုင်တယ်လို့တော်တော်များများသိပြီးဖြစ်ပေမယ့် နှင်းဆီပန်းရဲ့ ပွင့်ချပ်လေးတွေက လိင်မှုဘဝကို အားဖြည့်ပေးသလို စိတ်ဖိစီးမှုတွေကို တိုက်ဖျက်ပေးနိုင်တဲ့အပြင် ကိုယ်အလေးချိန်ကိုလည်းကျဆင်းစေနိုင်တယ်ဆိုတာကိုတော့သိပ်မသိကြသေးပါဘူး။နှင်းဆီက မျိုးစိတ်ပေါင်း ၁၀၀ကျော်ရှိပြီး အရောင်အသွေးအမျိုးမျိုးရှိပါတယ်။ နှင်းဆီပင်ဟာ အာရှမျိုးရင်းပင်ဖြစ်ပြီးနောက်ပိုင်းမှာမှ မြောက်အမေရိက၊ ဥရောပ နဲ့မြောက်အာဖရိကတို့လိုမျိုး ကမ္ဘာ့နိုင်ငံတော်တော်များများမှာရှင်သန်ပေါက်ရာက်လာတာဖြစ်ပါတယ်။ကိုယ်အလေးချိန်ကျစေနိုင်ခြင်း –နှင်းဆီပန်းရဲ့ ပွင့်ချပ်ထဲမှာပါတဲ့ဒြပ်ပေါင်းတွေက ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုကိုလည်း တိုးတက်စေနိုင်စွမ်းရှိပါတယ်။ နှင်းဆီပွင့်ချပ်လက်တစ်ဆုပ်စာလောက်ကိုစားသုံးပေးမယ် ဆိုရင် စိတ်ကျေနပ်မှုရရှိစေပြီး အဆာခံနိုင်စေမှာဖြစ်တာကြောင့် သဘာဝအတိုင်းကိုယ်အလေးချိန်လျှော့ချစေနိုင်မယ့်နည်းတစ်ရပ်ပါ။သဘာဝ ကာမအားတိုးဆေးတစ်ရပ် –နှင်းဆီပန်းဟာ အချစ်သင်္ကေတ တစ်ရပ် ဖြစ်ရုံသာမက သဘာဝ ကာမအားတိုးဆေး တစ်ရပ်လည်း ဖြစ်ပါတယ်။ နှင်းဆီရဲ့ ပွင့်ချပ်တွေက လိင်စိတ်တက်ကြွလာအောင် လှုံ့ဆော်ရာမှာ တော်တော်လေး ထိရောက်ပါတယ်။ နှင်းဆီပွင့်ချပ်တွေက နှလုံးခုန်သံကို စည်းချက်မှန်အောင်ထိန်းညှိပေးနိုင်သလို စိတ်ခံစားမှုနဲ့ အာရုံကြောစနစ်တွေကို ကောင်းမွန်စေပါတယ်။စိတ်ဖိစီးမှုနဲ့စိတ်ဓါတ်ကျမှုတွေကိုပြေလျော့စေခြင်း –ပင်ပန်းနွမ်းလျတာနဲ့ စိတ်ဖိစီးမှု များတာကြောင့်အိပ်မပျော်တာနဲ့ စိတ်ဂနာမငြိမ်တာတွေ ဖြစ်စေပြီး အဆိုပါ အကျိုးဆက်တွေကြောင့် စိတ်ဆိုးလွယ်တာနဲ့ အမျိုးသမီးတွေမှာ လိင်စိတ် ကုန်ခမ်းတာမျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ နှင်းဆီပွင့်ချပ်တွေနဲ့ ပွင့်ချပ်တွေရဲ့ အဆီက အဆိုပါ လက္ခဏာတွေကို တိုက်ဖျက်ပေးနိုင်စွမ်း ရှိပါတယ်။Paraíba-Caixa တက္ကသိုလ်Physiology and Pathology/LTF ဌာနက လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတစ်ရပ်မှာ နှင်းဆီပန်းရဲ့ အဆီက စိတ်ငြိမ်စေနိုင်စွမ်း ရှိတယ်။ လို့တွေ့ရှိခဲ့ပါတယ်။လိပ်ခေါင်း လက္ခဏာတွေကို သက်သာအောင်အထောက်အပံ့ပေးနိုင်ခြင်း –နှင်းဆီပွင့်ချပ်တွေက လိပ်ခေါင်းကိုကုသနိုင်တဲ့ သဘာဝဆေးတစ်မျိုးပါ။ နှင်းဆီပန်းမှာ အမျှင်ဓါတ်နဲ့ရေဓါတ်ကြွယ်ဝစွာပါဝင်သလို ခန္ဓါကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်းအားဖြင့် အစာကြေညက်အောင်ထောက်ပံ့ပေးပါတယ်။ နှင်းဆီရဲ့ အဆိုပါအစွမ်းတွေက လိပ်ခေါင်းကြောင့်သွေးကျတာကို သက်သာစေသလို နာကျင်မှုကိုလည်းလျော့ပါးစေပါတယ်။ဝက်ခြံပျောက်စေနိုင်ခြင်း–ဝက်ခြံတွေ အများကြီးထွက်နေရင် နှင်းဆီပန်းကို သဘာဝ ဝက်ခြံပျောက်ဆေး တစ်ရပ်အနေနဲ့ အသုံးပြုနိုင်ပါတယ်။ rosewater ကိုလည်း ဝက်ခြံပျောက်အောင် အသုံးပြုနိုင်ပါတယ်။ အစိုဓါတ်ကို ထိန်းပေးပြီး နှင်းဆီပွင့်ချပ်မှာ ပါတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အစွမ်းက ဝက်ခြံတွေကို ညှိုးခြောက်သွားအောင် လုပ်ဆောင်ပေးပါတယ်။ ပိုးမွှားတွေကို သေစေနိုင်တဲ့phenyl ethanol ပါရှိမှုကြောင့်rosewater ကဝက်ခြံတွေကိုထိထိရောက်ရောက် နှိမ်နှင်းပေးနိုင်ပါတယ်။နှုတ်ခမ်းကိုအရောင်တက်စေနိုင်ခြင်း –နှုတ်ခမ်းကိုအရောင်တက်စေဖို့အတွက် နှင်းဆီပန်းကိုအသုံးပြုပေးနိုင်ပါတယ်။ နှင်းဆီပန်းက နှုတ်ခမ်းကိုပန်းရောင်သွေးသန်းစေရုံသာမက နူးညံ့စေပါတယ်။ အရေပြားကိုလည်း အစိုဓါတ်ထိန်းပေးပြီး ဝင်းလက်တောက်ပစေပါတယ်။ နှင်းဆီပန်းက နှုတ်းခမ်းပေါ်ကဆဲလ်သေတွေကိုဖယ်ရှားပေးပြီး နှုတ်ခမ်းသားကိုပြည့်စေနိုင်ပါတယ်။နှလုံးရောဂါနဲ့ အိတ်ခ်ျအိုင်ဗွီရောဂါတွေအပေါ်မှာ ထိရောက်တဲ့အကျိုးသက်ရောက်မှုရှိခြင်း –နှင်းဆီပန်းမှာပါတဲ့ cyanidin-3-O-β-glucoside လို့ခေါ်တဲ့ဒြပ်ပေါင်းအသစ်တစ်မျိုးက နှလုံးစွမ်းဆောင်ရည်တွေတိုးတက်အောင်ထိထိရောက်ရောက်လုပ်ဆောင်ပေးနိုင်စွမ်း ရှိပါတယ်။ နှင်းဆီပန်းမှာပါဝင်တဲ့ အခြားဒြပ်ပေါင်းဖြစ်တဲ့Kaempferolဒြပ်ပေါင်းက အိတ်အိုင်ဗွီရောဂါကူးစက်ခံထားရတဲ့ ဆဲလ်တွေကို တိုက်ဖျက်နိုင်စွမ်းရှိတယ်၊လို့ဆိုပါတယ်။နှင်းဆီရေနွေးကြမ်းကကူးစက်ရောဂါတွေကို ကုသနိုင်ခြင်း –နှင်းဆီပွင့်ချပ်တွေနဲ့လုပ်ထားရေနွေးကြမ်းက အသည်းကနေ သည်းခြေရည် ထွက်အောင်လှုံ့ဆော်ပေးနိုင်ပြီး သည်းခြေအိတ်ကိုလည်း သန့်စင်အောင်အထောက်အကူပြုပေးပါတယ်။လေပြွန်နဲ့ပတ်သက်တဲ့ ကူးစက်ရောဂါလက္ခဏာတွေကိုလျော့ကျစေနိုင်သလို လည်ချောင်းနာတာကိုလည်းသက်သာစေပါတယ်။နှင်းဆီပေါင်းခံရည်က ဝမ်းချုပ်တာကိုသက်သာစေခြင်း –နှင်းဆီပေါင်းခံရည်က ဝမ်းချုပ်တာကို သက်သာစေသလိုသွေးကိုလည်းသန့်စေပါတယ်။ စိတ်ခံစားမှုကိုလည်းကောင်းမွန်အောင်လုပ်ဆောင်ပေးပါတယ်။ရေကျောက်နဲ့ဝက်သက်ရောဂါတွေကုသရာမှာလည်း နှင်းဆီပေါင်းခံရည်ကို အသုံးပြုနိုင်ပါတယ်။ အသေးစားဖျားနာမှုတွေအတွက် နှင်းဆီပေါင်းခံရည်ကိုအသုံးပြုနိုင်ပါတယ်။နှင်းဆီရေနွေးကြမ်းက ဝမ်းချုပ်တာကိုသက်သာစေခြင်း –နှင်းဆီပွင့်ချပ်၊ အရွက်၊ နှင်းဆီပွင့်ခံရွက်တွေနဲ့လုပ်ထားတဲ့ရေနွေးကြမ်းက အဖျားကိုကျစေနိုင်ပါတယ်။ အဆိုပါရေနွေးကြမ်းက ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလိုအရေပြားပေါ်က နီမြန်းမှုတွေကိုလည်းလျော့ကျစေနိုင်ပါတယ်။ နှင်းဆီပန်းရေနွေးကြမ်းမှာပါတဲ့ ဖလေဗာနွိုက်က ကိုယ်ခံအားစနစ်တိုးတက်ကောင်းမွန်အောင် အထောက်အပံ့ပေးပါတယ်။ နှာစေးတာနဲ့ချွဲကြပ်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။-နှင်းဆီပန်း ရေနွေးကြမ်းကို ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေမသောက်သင့်ပါဘူး။-ဆီးချို (သို့)သွေးအားနည်းရောဂါရှိသူတွေအနေနဲ့ နှင်းဆီရေနွေးကြမ်းမသောက်သင့်ပါဘူး။-ဆေးဝါးတွေမှီဝဲနေရတယ်ဆိုရင်လည်းဆေးဝါးတွေနဲ့ ဓါတ်ပြုတာမျိုးဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ဆွေးနွေးပြီးမှသာသောက်သုံးသင့်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/rose-benefits/
မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံဆိုတာ
မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံဆိုတာ ဘာလဲ။ ဘယ်လိုတွေ ခံစားရနိုင်လဲဆိုတာကို သိပြီးပြီလား!။ဝက်ခြံလို့ ဆိုလိုက်ရင် လူတိုင်းက အရေပြားပေါ်က နီနီရဲရဲ နဲ့ ထိပ်နားမှာ ပြည်လိုလေး စုနေတဲ့ ဖုတွေကိုပဲ ပြေးမြင်ကြမယ် ထင်ပါတယ်။ တကယ်ကတော့ ဝက်ခြံက ဒီတစ်မျိုးတည်း မဟုတ်ပါဘူး။ဆားဝက်ခြံလို့ခေါ်တဲ့ အဆံ မည်းမည်းလေးတွေ ထွက်တာမျိုး ရှိသလို အခုပြောပြမယ့်မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံလေးတွေလည်း ရှိပါတယ်။မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံကို အများစုကအဆီဖုလေးတွေနဲ့ မှားတတ်ကြပါတယ်။ ဒီတော့ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။လူတော်တော်များများက မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံဆိုတာ အခြား ဝက်ခြံတွေနဲ့ မတူသလိုကုသတဲ့ နည်းလမ်းလည်း မတူဘူးဆိုတာကို မသိကြပါဘူး။ ပုံမှန် ဝက်ခြံအတွက် သုံးတဲ့အသားအရေ ထိန်းသိမ်းမှု ပစ္စည်းလေးတွေကို သုံးလိုက်ရင် ပျောက်သွားမယ်လို့ ယူဆနေကြပါတယ်။တကယ်ကတော့ ပုံမှန် ဝက်ခြံတွေကို သက်သာစေတဲ့ နည်းလမ်းက မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံအတွက် ထိရောက်မှု မရှိပါဘူး။ အခန့်မသင့်ရင် မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံကို ပိုတောင်ဆိုးစေနိုင်ပါသေးတယ်။ဒီတော့ ဝက်ခြံကို ကုသမှု မလုပ်ခင် ရိုးရိုး ဝက်ခြံလား မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံလား ဆိုတာကို သိရှိဖို့ လိုပါမယ်။ အခုလိုလက္ခဏာလေးတွေရှိမယ်ဆိုရင်တော့ မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံပါ။မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံလေးတွေက အရွယ်အစား တူကြပါတယ်။ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝက်ခြံက အရွယ်အစား အမျိုးမျိုး ရှိပြီး ထိပ်နားမှာပြည်လို အဆံဖြူဖြူတွေ ရှိနေတတ်ပါတယ်။မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံတွေက လက်မောင်း၊ရင်ဘတ်၊ နောက်ကျောတွေမှာ အပေါက်များပါတယ်။ မျက်နှာ အထူးသဖြင့်နဖူးမှာ အပေါက်များပါတယ်။သာမန် ဝက်ခြံတွေက မယားယံပေမယ့် မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံကတော့ ယားယံတာမျိုး ခံစားရစေနိုင်ပါတယ်။မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံတွေက အခြား ဝက်ခြံတွေနဲ့ မတူဘဲ အစုလိုက် ပေါက်တတ်ကြပါတယ်။ အဖြူဆံလေးတွေလို အဖုသေးသေးလေးတွေ အစုလိုက် ပေါက်နေတယ်ဆိုရင်တော့အဆီဖုမဟုတ်သလို ဆားဝက်ခြံလည်း မဟုတ်တဲ့ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံပါ။နောက်ထပ် သိနိုင်တဲ့ လက္ခဏာတစ်ခုက မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံတွေ ခံစားရတဲ့အခါခန္ဓာကိုယ်မှာ မှိုပိုးကူးစက်ခံရတဲ့ အခြား လက္ခဏာတွေ ဖြစ်တဲ့ဗောက်ထတာ၊ဆိုရီရေးစစ် အရေပြားပြဿနာတွေကိုပါ ခံစားရနိုင်ပါသေးတယ်။မျက်နှာအပါအဝင်ခန္ဓာကိုယ်ပေါ်မှာ အဖုသေးသေးလေးတွေပေါက်မယ်။ ယားယံမယ်။ အပေါ်က ပြောခဲ့တဲ့ လက္ခဏာတွေနဲ့လည်း ဆင်တူနေမယ်ဆိုရင် မှိုပိုးကြောင့်ဖြစ်တဲ့ဝက်ခြံပြဿနာကို ခံစားနေရတာပါ။ဒီလိုလက္ခဏာတွေတွေ့ရမယ်ဆိုရင်တော့ စနစ်တကျ အရေပြားဆိုင်ရာ ဆရာဝန် ပြသတိုင်ပင်ပြီး ကုသတာ အကောင်းဆုံးပါပဲ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/understanding-fungal-acne/
Cluster Headache (အုံဖွဲ့ခေါင်းကိုက်ခြင်း)
များသောအားဖြင့်မျက်လုံးတဝိုက်ကိုက်ခဲတတ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းဖြစ်တယ်။ အလွန်ပြင်းထန်ပြီး အဆိုးဆုံးခေါင်းကိုက်ခြင်းလည်းဖြစ်တယ်။ ရက်သတ္တပတ်များစွာ (၄ ပတ်မှ ၁၂ ပတ်ခန့်ထိ) ကြာအောင် ပျောက်လိုက်၊ ပြန်ဖြစ်လိုက် ဖြစ်နေတတ်သော ခေါင်းကိုက်ခြင်းမျိုးလည်းဖြစ်တယ်။သိပ်တော့ဖြစ်လေ့မရှိပါဘူး။ ခေါင်းကိုက်ခြင်းဖြစ်စေတဲ့ အချက်တွေ၊ အခြေအနေတွေကို လျှော့ချခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။ အမျိုးသားတွေမှာပိုဖြစ်တတ်ပြီး အသက် ၂၀ ကျော်ရင်အဖြစ်များပါတယ်။ အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။တွေ့ရလေ့ရှိတဲ့လက္ခဏာတွေကတော့ –။ခေါင်းကိုက်တဲ့အချိန်တစ်ခုနဲ့တစ်ခုကြားမှာ တစ်လနဲ့အထက်ကောင်းသွားပြီးမှ ပြန်ကိုက်ပါက အချိန်ပိုင်းစုဖွဲ့ခေါင်းကိုက်ခြင်းလို့ခေါ်တယ်။ နာတာရှည် စုဖွဲ့ခေါင်းကိုက်ခြင်းတွေကတော့ တစ်နှစ်အထက်ကြာနိုင်ပြီး တစ်ခုနဲ့တစ်ခုကြားကောင်းနေသောအချိန်က တစ်လခန့်ကြာတတ်ပါတယ်။ ခေါင်းကိုက်နေချိန်မှာတော့ တစ်ကြိမ်နဲ့တစ်ကြိမ်ကနေ့စဉ်ဖြစ်လေ့ရှိတယ်၊ ဒါမှမဟုတ် တစ်ရက်ထဲမှာခဏခဏလည်းဖြစ်နိုင်ပါတယ်။ တစ်ကြိမ်ကို ၁၅ မိနစ်ကနေ ၃ နာရီခန့်ထိကြာနိုင်တယ်။တခြားလက္ခဏာတွေလည်းရှိနေနိုင်တာကြောင့် စိတ်ပူသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ပါ။ဖော်ပြပါလက္ခဏာတွေရှိမယ်ဆိုရင်၊ သိလိုသည်များရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်တယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် ဆရာဝန်နဲ့ဆွေးနွေးကြည့်တာအကောင်းဆုံးဖြစ်နိုင်ပါတယ်။အကြောင်းအရင်းအတိအကျတော့မသိရသေးပေမယ့် ခေါင်းကိုက်တဲ့ပုံစံအရတော့ ခန္ဓါကိုယ်ရဲ့ ဇီဝနာရီဖြစ်တဲ့ Hypothalamus လို့ခေါ်တဲ့ ဦးနှောက်အပိုင်းက အဓိကနေရာကနေ ပါနေပါတယ်။ အများစုက အိပ်နေတဲ့အချိန်ကိုက်တတ်ကြတယ်။ တချို့ခေါင်းကိုက်ခြင်းကိုဆွပေးတဲ့အချက်တွေကတော့ အရက်၊ Nitroglycerin တို့ဖြစ်နိုင်ပြီး ဟော်မုန်းတွေ ဒါမှမဟုတ် အမျိုးသမီးတွေမှာဓမ္မတာလာခြင်းတွေကတော့ ခေါင်းကိုက်စေတဲ့အချက်တွေမဟုတ်ပါဘူး။အများအပြားရှိနိုင်သည့်အနက်-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က ရောဂါရာဇဝင်ကိုမေးမြန်းပြီး ခံစားနေရတဲ့ခေါင်းကိုက်ခြင်းပုံစံကိုမေးမြန်းကာ တခြားသော ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေလုပ်ပါလိမ့်မယ်။တခြားသောရောဂါအခြေအနေ –အကျိတ်ဖြစ်ခြင်း၊ သွေးကြောဖောင်းခြင်း စသည် – တို့ကို ပယ်ဖို့အတွက် ဓါတ်မှန်၊ သံလိုက်ဓါတ်မှန် ကဲ့သို့ ရုပ်ပုံရိုက်ကူးခြင်းတွေလည်း လုပ်ဆောင်နိုင်ပြီး မျက်လုံးဆိုင်ရာပြဿနာတွေအတွက်တော့ မျက်လုံးစမ်းသပ်မှုလုပ်ကောင်းလုပ်ရနိုင်ပါတယ်။နှစ်မျိုးခွဲလို့ရတယ် –။လတ်တလောကုသမှု။ကာကွယ်နည်း။အကူအညီဖြစ်စေနိုင်တဲ့ နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများ ကတော့-။တခြားသိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ။်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/cluster-headache-%e1%80%a1%e1%80%b6%e1%80%af%e1%80%96%e1%80%bc%e1%80%b2%e1%82%94%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%bb%e1%80%81/
ကိုယ့်ကလေး နားကိုက်ရင် ဘာတွေလုပ်ပေးမလဲ။ ။
နားကိုက်တယ်ဆိုတာ တကယ်ကို ခံစားရခက်တဲ့ ဝေဒနာတစ်ခုပါ။ လူကြီးတွေမှာသာ နားကိုက်တာ ဖြစ်ခဲပေမယ့် အသက် ၅ နှစ်အောက် ကလေးတွေမှာတော့နားကိုက်တာ အဖြစ်များတဲ့ အရာတစ်ခုပါ။ ကလေးတွေဆိုတာလည်း ဘယ်လိုခံစားနေရလဲဆိုတာ သေချာ မပြောပြနိုင်တဲ့အတွက် မိဘဖြစ်သူတိုင်း ကလေးနားကိုက်နေပြီဆို ခြေမကိုင်မိလက်မကိုင်မိဖြစ်တတ်ကြပါတယ်။နားကိုက်တာ အများဆုံးကနားအလယ်ပိုင်းမှာ အဖြစ်များပါတယ်။ နားရောင်ပြီး နားကိုက်တာကို ဆေးပညာအရဆို ortitis media လို့ခေါ်ပါတယ်။ နားစည်အလယ်လောက်မှာရှိတဲ့နားပြွန်ထဲမှာ နားဖားချေးပိတ်နေတာ၊ ရေဝင်သွားတာမျိုးတွေဖြစ်ရင် အပြင်က အသံတွေက နားစည်ဆီကို ရှင်းရှင်းလင်းလင်းမရောက်နိုင်တာကြောင့် ကိုယ့်ရဲ့ အကြားအာရုံကိုပါထိခိုက်စေပါတယ်။ဒီအချက်တွေနဲ့ ကိုယ့်ကလေး နားကိုက်တာလားဆိုတာကို သိနိုင်ပါတယ်။ ။ကလေးနားဆိုတာ အရမ်းနုတာကြောင့် မိဘတွေအနေနဲ့ နားဖားချေး အိမ်မှာ ကလော်ပေးတာ၊ ကလေးနားထဲ နားဖားချေးပျော်ဆေးတွေ ထည့်တာမျိုးတွေ လုံးဝ မလုပ်သင့်ပါဘူး။ စေတနာကနေ ဝေဒနာ ပြောင်းသွားနိုင်လို့ပါ။အကောင်းဆုံးနဲ့ အထိရောက်ဆုံးကတော့ ဆရာဝန်ဆီသွားပြပါ။ ကလေးဆရာဝန်ဆီကို ဖြစ်ဖြစ် ၊ နား၊နှာခေါင်း၊လည်ချောင်းဆရာဝန်ဆီကို ဖြစ်ဖြစ် ခေါ်သွားပါ။ ဆရာဝန်တွေဆီမှာ ကိရိယာပစ္စည်းတွေ အစုံအလင်ရှိတဲ့အပြင် သင့်ကလေးဖြစ်နေတဲ့ ပြဿနာကို အကောင်းဆုံး ပြေလည်အောင် ဖြေရှင်းပေးနိုင်မှာပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-ache-in-child/
နေ့စဉ်အာဟာရမှာ ပရိုတင်းဓါတ် ပါဝင်သင့်တဲ့ အကြောင်းရင်း (၁၀) ချက်
ကျား၊ မ မရွေး ကိုယ်ခန္ဓါကြီးထွားစေဖို့၊ နေ့စဉ် ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့ပရိုတင်းဓါတ်၊ကစီဓါတ်နဲ့ အဆီဓါတ်တွေ မရှိမဖြစ် လိုအပ်ပါတယ်။ ဒီအာဟာရ ၃ မျိုးမှာမှ ပရိုတင်းဟာ လူ့ခန္ဓါကိုယ်နဲ့ ကျန်းမာရေးအတွက် အသင့်လျော်ဆုံး အာဟာရဖြစ်တယ်ဆိုတာကိုတော့ မေ့ထားလို့ မရပါဘူး။ ဒီနေ့ဆောင်းပါးမှာ ဘာကြောင့် အသက်အရွယ်မရွေး ပရိုတင်းပမာဏ ပြည့်ဝစွာ စားသုံးဖို့ အရေးကြီးလဲဆိုတာကို ပြောပြပေးမယ်နော်။ပရိုတင်းဓါတ်ဟာဆာလောင်မှုကို ဖြစ်စေတဲ့ ဂရီလင် (ghrelin) ဟော်မုန်းကို လျှော့ချပေးပါတယ်။ ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အစားအစာတွေဟာ ဗိုက်ကို ပြည့်သွားစေပြီး နောက်ထပ် အစားအစာတွေ၊ အဆီအစိမ့်တွေ စားချင်စိတ် မဖြစ်လာစေဖို့ ကူညီပေးနိုင်တဲ့အတွက် ကျန်းမာတဲ့ ကိုယ်အလေးချိန်ရောက်အောင် ထိန်းပေးထားနိုင်ပါတယ်။ အထူးသဖြင့်ကိုယ်အလေးချိန်ချဖို့၊ ဝမ်းဗိုက်အဆီချဖို့ ကြိုးစားနေတဲ့သူတွေဆိုရင် ကစီဓါတ်နဲ့ အဆီဓါတ်ကို လျှော့စားပြီး ပရိုတင်းဓါတ်ကို ပိုစားပေးသင့်ပါတယ်။ပရိုတင်းဓါတ်ဟာ ကိုယ်ခန္ဓါ ကြီးထွားသန်စွမ်းစေဖို့၊ ကြွက်သားထု တည်ဆောက်ဖို့၊ ကြွက်သားတွေ ဆုံးရှုံးမှု မဖြစ်စေဖို့ အားဖြည့်ကူညီပေးပါတယ်။ ခွန်အားကိုလည်း ဖြစ်စေပြီး သက်လုံကောင်းစေတာကြောင့်Gymကစားနေတဲ့ အမျိုးသားတွေ၊ ကြွက်သားအဖုအထစ်ရဖို့ ကြိုးစားနေတဲ့ ပုရိသတို့အတွက် နေ့စဉ် ပရိုတင်းဓါတ်ကို ပြည့်ဝစွာ စားသုံးပေးဖို့ အရေးကြီးပါတယ်။ပရိုတင်းဓါတ်ကို နေ့စဉ် စားပေးတဲ့ သူတွေမှာ တခြားသူတွေထက် အရိုးအဆစ်ကြံ့ခိုင် သန်စွမ်းတယ်။အရိုးပါးရောဂါ၊ အရိုးတွေ အလွယ်တကူကျိုးပဲ့ခြင်း မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။ သွေးဆုံးပြီး အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ အရိုးပွရောဂါ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။လူငယ်တွေမှာ အဖြစ်များတဲ့ ပြဿနာကတော့ ညအိပ်ချိန်နောက်ကျတာနဲ့မနက်နဲ့ ညအိပ်ချိန်မှားတဲ့ ပြဿနာတွေပါပဲ။ ကိုယ်က မအိပ်ပေမယ့် ကိုယ်ခန္ဓါထဲက အင်္ဂါအစိတ်အပိုင်းတွေက ပင်ပန်းပြီး အနားယူနေပါပြီ။ ဒီလိုအချိန်မှာ ကိုယ်က အစာတွေ စားနေရင် အစာအိမ်ကလည်း ခက်ခက်ခဲခဲနဲ့ အစာချေရတယ်။ အက်ဆစ်ဓါတ်တွေ ထွက်နေတော့ ဦးနှောက်ကလည်း ကောင်းကောင်း အနားမရဘူး။ ဒီတော့ အိပ်စက်ဖို့အတွက် ပိုပြီးတောင် ခက်ခဲသွားပါတယ်။ ပရိုတင်းဓါတ်ကို လုံလောက်စွာ စားပေးရင် ညဘက်မှာ ကောင်းစွာအိပ်စက်နိုင်ဖို့ ကူညီပေးပြီး အစာစားချင်စိတ်ကို လျှော့ချပေးနိုင်လို့ မလိုအပ်တဲ့ အဝလွန်တာ၊ ကျန်းမာရေးပြဿနာတွေ မဖြစ်လာစေဖို့ ကူညီပေးနိုင်ပါတယ်။စားလိုက်တဲ့ ပရိုတင်းဓါတ်တွေဟာ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးလို့ ကိုယ်ခန္ဓါအတွင်းက မလိုအပ်တဲ့ အဆီပိုတွေ၊ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်။ စားလိုက်တဲ့ အစာအာဟာရတွေကို ခန္ဓါကိုယ်က ကောင်းစွာ စုပ်ယူနိုင်စေလို့ ကြီးထွားဖွံ့ဖြိုးပြီး ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။သွေးတိုးရောဂါဆိုတာ နောက်ဆက်တွဲဆီးချိုရောဂါ၊နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ရုတ်တရက် သတိလစ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးခြင်းတို့ကို ဖြစ်စေတဲ့ အဓိကတရားခံတွေထဲမှာ ပါဝင်ပါတယ်။ ပရိုတင်းဓါတ်ကို များများစားပေးမယ်ဆိုရင် ကယ်လိုရီလောင်ကျွမ်းစေတဲ့အပြင် သွေးတိုးကိုပါ ကျစေတယ်။ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောပမာဏကိုလည်း လျှော့ချပေးနိုင်တဲ့အတွက် သွေးတိုးရောဂါရှင်တွေ ပရိုတင်းဓါတ် ကြွယ်ဝတဲ့ အစားအစာတွေကို များများစားပေးဖို့ လိုပါတယ်။လူတော်တော်များများ အမှတ်မှားတတ်ကြတာက ပရိုတင်းဟာ ကြွက်သားတည်ဆောက်ဖို့နဲ့ ကိုယ်ခန္ဓါကြီးထွားစေဖို့ ကူညီပေးတာကြောင့် ကိုယ်အလေးချိန်ချနေတဲ့ သူတွေအတွက် မလိုအပ်ဘူးလို့ ယူဆလိုက်တာပါ။ တကယ်တော့ ဒီယူဆချက်ဟာ လုံးဝမဟုတ်ပါဘူး။ ပရိုတင်းဓါတ်ဟာ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးတယ်။ ကယ်လိုရီနဲ့ ကိုယ်တွင်းအဆီတွေကို လောင်ကျွမ်းစေလို့ ကိုယ်အလေးချိန်ကို ကျစေတယ်။ ကြွက်သားထုကို တည်ဆောက်ပေးပြီး အားအင်တွေကို ဖြည့်တင်းပေးလို့လေ့ကျင့်ခန်းကို အားသွန်ခွန်စိုက် လုပ်နိုင်အောင် ကူညီပေးနိုင်ပါတယ်။နောက်ထပ်အလွဲတစ်ခုကတော့ ပရိုတင်းအစားများရင် ကျောက်ကပ်ပျက်စီးတယ်ဆိုတဲ့ ကိစ္စပါပဲ။ တကယ်တော့ ပရိုတင်းဟာ ပုံမှန်အတိုင်း အလုပ်လုပ်နေတဲ့ ကျောက်ကပ်တွေကို လုံးဝမထိခိုက်စေနိုင်ပါဘူး။ မွေးရာပါ သို့မဟုတ် အကြောင်းအမျိုးမျိုးကြောင့် ကျောက်ကပ်အားနည်းတာ၊ ကျောက်ကပ်ရောဂါရှိတဲ့သူတွေမှာသာလျှင် ပရိုတင်းဓါတ်ကြောင့် ကျောက်ကပ်ပျက်စီးနိုင်ခြေ ရှိတာပါ။ပရိုတင်းရဲ့ နောက်ထပ်အားသာချက်တစ်ခုက အနာကျက်မြန်စေတာပါ။ ထိခိုက်ပွန်းပဲ့ထားတဲ့ အရေပြားသာမက ပျက်စီးနေတဲ့ တစ်သျှူး၊ ကိုယ်တွင်းအင်္ဂါတွေကိုပါ လျင်မြန်စွာ သက်သာပျောက်ကင်းသွားစေလို့ ဒဏ်ရာတစ်ခုခု ဖြစ်နေချိန်မှာ ပရိုတင်းဓါတ်ကို ပိုစားပေးဖို့ အရေးကြီးပါတယ်။အသက်အရွယ်ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓါ ကြွက်သားထုက လျော့နည်းလာမယ်။ ကိုယ်ခံအားစနစ် ကျဆင်းတော့ ရောဂါတွေကို အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။ အရိုးအဆစ်တွေ အားနည်းပြီး အားအင်ချိနဲ့စေပါတယ်။ ပရိုတင်းဓါတ်ကိုသာ နေ့စဉ် လုံလောက်စွာ စားသုံးပေးမယ်ဆိုရင် ကိုယ်ခန္ဓါအချိုးအဆစ်ကိုရော၊ ကျန်းမာရေးအတွက်ပါ ကောင်းကျိုးများစွာ ဖြစ်စေပြီး အရွယ်တင်နုပျိုစေနိုင်ပါတယ်။ပရိုတင်းဓါတ်ကို လူသားတိုင်း နေ့စဉ်လုံလောက်စွာ စားပေးဖို့ အရေးကြီးတယ်နော်။ ပုံမှန်အားဖြင့် အစားအစာကနေ အများဆုံး ရရှိနိုင်သလို ဆရာဝန်ညွှန်ကြားချက်နဲ့ ဖြည့်စွက်စာ၊ အားဆေးတွေ သောက်ပေးမယ်ဆိုရင်လည်း အဆင်ပြေစေပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%94%e1%80%b1%e1%80%b7%e1%80%85%e1%80%89%e1%80%ba%e1%80%a1%e1%80%ac%e1%80%9f%e1%80%ac%e1%80%9b%e1%80%99%e1%80%be%e1%80%ac-%e1%80%95%e1%80%9b%e1%80%ad%e1%80%af%e1%80%90%e1%80%84%e1%80%ba%e1%80%b8/
Constipation (ဝမ်းချုပ်ခြင်း)
ဝမ်းချုပ်ခြင်း ဆိုတာ အူများလှုပ်ရှားမှုနည်းခြင်း သို့မဟုတ် ဝမ်းမသွားသည်မှာ အတော်ကြာသောအခြေအနေမျိုးကို ခေါ်ပါတယ်။ ပုံမှန်အားဖြင့် တစ်ပတ်လျှင် ၃ ကြိမ်အောက်သာသွားလျှင် ဝမ်းချုပ်တယ်လို့ သတ်မှတ်လို့ရပါတယ်။စားသောက်နေထိုင်မှုပုံစံကိုပြောင်းလိုက်ပါက ဝမ်းချုပ်ခြင်း သည် များသောအားဖြင့် ပျောက်သွားတတ်သော်လည်းနာတာရှည်ဝမ်းချုပ်ခြင်းဆိုရင်တော့  ကုသရန်ခက်သလို တခြားရောဂါတစ်ခုရဲ့ လက္ခဏာလဲ ဖြစ်နေနိုင်ပါတယ်။ရံဖန်ရံခါ ဝမ်းချုပ်ခြင်းဟာ ပုံမှန်သာဖြစ်ပြီး သူ့အလိုလိုပျောက်သွားတတ်သည်။ ဖြစ်ရသောအကြောင်းရင်းသည် အစားအစာ၊ စိတ်ဖိစီးမှု၊ ပတ်ဝန်းကျင်အပြောင်းအလဲ စသည်တို့ကြောင့်ဖြစ်သည်။ နာတာရှည်ဝမ်းချုပ်ခြင်းသည် ပုံမှန်ဖြစ်နိုင်သော်လည်း ပိုပြင်းထန်သည့်ရောဂါတစ်ခုခုရဲ့ လက္ခဏာလည်းဖြစ်နေနိုင်သည်။ သက်ကြီးရွယ်အို၊အဝလွန်သူနဲ့အထိုင်များသူတို့သည် ဖြစ်နိုင်ချေများသော လူအုပ်စုတွင် ပါဝင်ပါတယ်။ဝမ်းချုပ်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ။• ဝမ်းသွားရခက်ခြင်း။• ဝမ်းခြောက်သွေ့ခြင်း၊ မာခြင်း။• တစ်ပတ်လျှင် ၃ ကြိမ်အောက်သာသွားခြင်း။•ဗိုက်ကယ်ခြင်း။• ဗိုက်အောင့်ခြင်း။•ဝမ်းတွင်သွေးပါခြင်း သို့ ဝမ်းသွားပြီးနောက်သွေးထွက်ခြင်း။• ဝမ်းကျန်သလို သို့ ဝမ်းပိတ်နေသလို ခံစားရခြင်း။အထက်ပါလက္ခဏာများထဲမှ တစ်ခု သို့ တစ်ခုပိုသည်ကို အနည်းဆုံးသုံးလခန့်ခံစားနေရပြီဆိုပါက နာတာရှည်ဝမ်းချုပ်ခြင်းဟု ယူဆနိုင်ပါသည်။အောက်ပါထဲမှာတစ်ခုခုရှိနေပြီဆိုပါက ဆရာဝန်နှင့်တိုင်ပင်ပါ။• လက္ခဏာများ နှစ်ပတ်ထပ်ပိုလာလျှင်။• လက္ခဏာများသည် အိမ်တွင်းကုထုံးများ သို့ သောက်ဆေးများနှင့် မသက်သာတော့လျှင်။• ဝမ်းတွင်သွေးပါလျှင်။• ကိုယ်အလေးချိန်ကျသွားလျှင်။ဝမ်းချုပ်ခြင်းသည် တခြားရောဂါတစ်ခု၏ လက္ခဏာလဲဖြစ်နိုင်သည်။ တခြားပြဿနာတစ်ခုခုကို သံသယရှိနေလျှင် ဆရာဝန်နှင့်ပြသဖို့ အရေးကြီးပါသည်။သာမာန်ထက် ဝမ်းသွားနည်းခြင်းသည် ဝမ်းကိုမာခြောက်သွားစေသောကြောင့် ဝမ်းချုပ်ရခြင်းဖြစ်သည်။ ဖြစ်ပွားစေသောအကြောင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။• ရေနဲ့အမျှင်ဓာတ်လုံလောက်စွာ မစားခြင်း။• လှုပ်ရှားမှုမရှိဘဲ တစ်နေကုန်ထိုင်နေခြင်း။• ကိုယ်ဝန်လရင့်ခြင်း။• စိတ်ဖိစိမှုများခြင်းနဲ့ ပတ်ဝန်းကျင်အပြောင်းအလဲ။• ဆီးချို၊ သိုင်းရွိုက်အားနည်းခြင်း၊ ပါကင်ဆန်ရောဂါ၊ လေဖြတ်ခြင်း၊ multiple sclerosis အာရုံကြောရောဂါ၊  hyperparathyroidism (ပါရာသိုင်းရွိုက်အားများခြင်း) တို့သည်ဝမ်းချုပ်စေ၏။•အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊စအိုကွဲရှနာ။• အကိုက်အခဲပျောက်ဆေး၊ ဘာမီတွန်ကဲ့သိုဆေးများနဲ့ တချို့စိတ်ကျရောဂါဆေးများစွဲသောက်ခြင်း။ဆရာဝန်များသည် လတ်တလော လူနေမှုပုံစံပြောင်းလဲခြင်း၊ သောက်နေသောဆေး စသည်တို့ပါဝင်သော ဆေးပညာဆိုင်ရာ အချက်အလက်များကိုအခြေခံ၍ ရောဂါအမည်တပ်ကြပါသည်။ ဆရာဝန်သည်  စအိုကွဲနာ၊ လိပ်ခေါင်းရှိမရှိ အထူးစမ်းသပ်မှုများပြုလုပ်ပါလိမ့်မည်။အကယ်၍ ဝမ်းတွင်သွေးပါပါကအူမကြီးမှန်ပြောင်းကြည့်ရနိုင်ပါသည်။ သွေးစစ်ရသည်များ၊ ဓာတ်မှန်ရိုက်ရသည်များ ရှိနိုင်သည်။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်၏ဆရာဝန်နှင့် အမြဲတိုင်ပင်ဆွေးနွေးပါ။ဝမ်းချုပ်မှုကို ကုသခြင်းအတွက် လူနေမှုပုံစံကို အရင်ပြောင်းရမည်ပင်ဖြစ်သည်။• လေ့ကျင်းခန်ပိုလုပ်ခြင်း (အနည်းဆုံးတစ်ပတ်ကို ၂ခါ ၃ခါခန့်)။• ရေပိုသောက်ပါ (တစ်ရက်လျှင် ၁.၅ မှ ၃ လီတာထိ)။• အမျှင်ပိုစားပါ။• ဟင်းနုနယ်ရွက်၊ သင်္ဘောသီး၊ ငှက်ပျောသီးလို အသီးအနှံဟင်းရွက်များကို ပါအောင်ပြောင်းစားပေးပါ။လူနေမှုပုံစံနှင့်အစားအသောက်ပြောင်းပြီး မသက်သာပါက ဆရာဝန်ညွှန်ကြားချက်ဖြင့်ဝမ်းပျော့ဆေးများကို သုံးနိုင်ပါသည်။တခြားကုထုံးများတွင် pelvic ကြွက်သားများကို ညှစ်တလှည့်လျော့တစ်လှည့် လုပ်ပေးခြင်းများ၊ ခွဲစိတ်ခြင်းများ (ဥပမာ လိပ်ခေါင်း၊ စအိုကွဲနာ) ပါဝင်နိုင်ပါသည်။ဝမ်းချုပ်ခြင်းပြဿနာကိုလူတိုင်းကြုံဖူးကြမှာပါ။ ရံဖန်ရံခါ ဝမ်းချုပ်တာက ပြဿနာမရှိပေမယ့် နာတာရှည်ဝမ်းချုပ်နေပြီဆိုရင်တော့ ကျန်းမာရေးပြဿနာတစ်ခုခုဖြစ်နိုင်ပါတယ်။လူနေမှုစရိုက်သည် သာမာန်ဝမ်းချုပ်ခြင်းဖြစ်ရသည့် အဓိကအကြောင်းပြချက်ဖြစ်သည်။ အောက်ပါအချက်များမှတစ်ခုခုရှိနေလျှင် သင့်အတွက်ဝမ်းချုပ်နိုင်ချေများနေနိုင်ပါသည်။• အသက်အရွယ်ကြီးခြင်း။• အမျိုးသမီးဖြစ်လျှင်။• ကိုယ်ဝန်ရှိလျှင်။• ရေငတ်ခြင်း သို့ အမျှင်ဓါတ်အစားနည်းခြင်း။• လှုပ်ရှားမှုနည်းခြင်း သို့ မရှိခြင်း (အထူးသဖြင့်ရုံးဝန်ထမ်းများ)။• အဝလွန်ခြင်း။• အိပ်ဆေး၊ သွေးကျဆေး၊ အကိုက်အခဲပျောက်ဆေးများလို ဝမ်းချုပ်ဆေးသည့်ဆေးများသောက်နေခြင်း။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/constipation-digestive-health/constipation/
Stomach Ache (ဗိုက်အောင့်ခြင်း)
ဝမ်းဗိုက်ဘယ်နေရာ အစိတ်အပိုင်းမှာပဲနာနာ ဗိုက်အောင့်တယ်လို့ ခေါ်ပါတယ်။အဖြစ်များတတ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ လူတိုင်းနီးပါး ဗိုက်အောင့်ဖူးကြပါတယ်။ မိန်းကလေးတွေမှာ ပိုတွေ့ရတတ်ပြီး အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကို ရှောင်ရှားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ အသေးစိတ်သိလိုတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။အတွေ့ရများတဲ့ လက္ခဏာတွေကတော့။•ဆီးသွားသည့်အခါ နာခြင်း၊ ဆီးခဏခဏသွားခြင်း။• ဗိုက်ကိုထိမိသည့်အခါ နာခြင်း။• အော့အန်ခြင်း။• နာရီတော်တော်ကြာအောင့်ခြင်း။• ရေငတ်ခြင်း။• ဖျားခြင်းတို့ဖြစ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အောက်ဖော်ပြပါအချက်တွေထဲက တစ်ခုခုရှိခဲ့မယ်ဆိုရင် သွားပြသင့်ပါတယ်။•သွေးအန်ခြင်း။• အနီရောင်(သို့)အနက်ရောင်ဝမ်းသွားခြင်း။• အသက်ရှူရခက်ခြင်း။• ကိုယ်ဝန်ဆောင်စဉ်ဗိုက်အောင့်ခြင်း။အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်း၊ အစာအိမ် ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ အစာအဆိပ်သင့်ခြင်း၊ အစာနဲ့ ဓါတ်မတည့်ခြင်း၊ လေ၊ နို့နှင့်မတည့်ခြင်း၊ ဆီးကျောက်တည်ခြင်းတွေကြောင့် ပိုဖြစ်နိုင်ပါတယ်။ဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့ အများကြီးရှိပါတယ်။•အရက်၊ ကော်ဖီ၊ လက်ဖက်ရည် အလွန်အကျွံသောက်ခြင်း။• ဆေးလိပ်သောက်ခြင်း။• အကိုက်အခဲပျောက်ဆေးများမှီဝဲခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဗိုက်အောင့်တဲ့ပုံစံရောဂါ ရာဇဝင် နှင့် ကိုယ်ခန္ဓါစမ်းသပ်စစ်ဆေးမှု ရလဒ်တွေအပေါ်မူတည်ပြီး ရောဂါအမည်တပ်နိုင်ပါတယ်။ အခါအားလျော်စွာ ခွဲစိတ်ကြည့်မှ သိနိုင်တာမျိုးတွေလည်း ရှိပါတယ်။ဖြစ်တဲ့အကြောင်းရင်းပေါ် မူတည်ပြီး ကုသမှုအမျိုးမျိုးရှိပါတယ်။ ပေးရတဲ့ဆေးတွေလည်း မတူနိုင်သလို အစားအသောက်မဆင်ခြင်လို့ ဗိုက်နာရတာမျိုးဆို အစားအသောက်အလေ့အထပြောင်းလဲရုံနဲ့ အဆင်ပြေသွားနိုင်ပါတယ်။ အူအတက်ရောင်ခြင်း၊ အူကျွံခြင်းကြောင့်ဆိုရင်တော့ ခွဲစိတ်ကုသမှသာ အဆင်ပြေနိုင်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/stomach-ache-%e1%80%97%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
သပြေသီးမှည့်လေး ကောက်ရအောင်
“ ဝါဆိုဝါခေါင် ရေတွေကြီးလို့…သပြေသီးမှည့် ကောက်စို့ကွယ်။ ခရာဆူးချုံ ဟိုအထဲက …မျှော့နက် မည်းကြီး တွယ်တတ်တယ်။ မျှော့ နက်ဆိုတာ ချိုနဲ့လားကွဲ့…မြွေနဂါးတောင် ကြောက်ဖူးကွယ်။ တို့လဲကြောက်ပေါင် အတူသွားစို့… အုန်းလက်နွားလေး ထားခဲ့မယ်။ သွားကွယ်…သွားကွယ် ” ဒါက ဆရာကြီး မင်းသုဝဏ်ရေးထားတဲ့ ကဗျာစာသားလေးပါ။ ငယ်ငယ်မိုးရေထဲမှာ ဒီကဗျာလေးကို အားရပါးရအော်ဆိုရင်း အရောင်လှလှသပြေသီးတွေကိုကောက်ပြီး သူငယ်ချင်းတွေနဲ့ တူတူစားခဲ့ကြသေးလား။ ဒီပျော်စရာလေးတွေကို ဖန်တီးပေးတဲ့ သပြေသီးလေးတွေက ကျန်းမာရေးအကျိုးအာနိသင်လေးတွေရှိနေပါတယ်တဲ့။ သိချင်ရင်တော့ ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးမယ်နော်။သပြေသီးမှည့်ဆိုတာက သပြေပင်ရဲ့ အသီးပါ။ သပြေပင်က အစေ့၊အရွက်၊အသီး၊အခေါက်အားလုံးကဆေးဖက်ဝင်ပါတယ်။ အရောင်က ခရမ်းရောင်စိစိုတောက်တာက်လေးပါ။ အခုလို မိုးဦးကျကာလက သပြေသီးပေါ်တဲ့အချိန်ပါ။ သပြေပင်က အပင်ကြီးမျိုးရင်းဝင်ဖြစ်ပြီး အမြင့်ပေ ၃၀လောက်ထိမြင့်တတ်ကြပါတယ်။ အပူပိုင်းနဲ့ သမပိုင်းဇုံတွေမှာ အများအပြားပေါက်ရောက်တတ်ကြပါတယ်။ အိန္ဒိယမျိုးရင်းပင်တစ်မျိုးပါ။ ရုတ်တရက်ကြည့်လိုက်ရင် စပျစ်သီးရှည်ရှည်လေးတွေနဲ့တောင် ခပ်ဆင်ဆင်ပါ။သပြေသီးမှည့်လေးတွေမှာ အခုလို အာဟာရဓါတ်လေးတွေပါဝင်ပါတယ်။ခရမ်းရောင်စိုစိုတောက်တောက်သပြေသီးလေးတွေစားရင်း ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့…..။သွေးတွင်းကိုလက်စထရောကျစေနိုင်တယ်။သွေးတွင်းကိုလက်စထရောကျဆင်းစေနိုင်ပါတယ်။ဖလေဗာနွိုက်ပါဝင်တာကြောင့်သွေးတွင်းက အကျိုးမပြုတဲ့ကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပါတယ်။ပိုးတွေသေစေနိုင်တယ်။ရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရေပြားအပါအဝင် ခန္ဓါကိုယ်ကိုရောဂါပိုးတွေ ကူးစက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခံအားနည်းတာကြောင့်ဖြစ်တဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။သပြေသီးက သင့်တင့်ရုံစားရင် ကျန်းမာရေးအကျိုးကျေးဇူးများပေမယ့် အများကြီးစားမယ်ဆိုရ်ငတော့သွေးတွင်းသကြားဓါတ်ကျတာ၊ လေချုပ်တာ၊သွေးကျဲတာမျိုးတွေဖြစ်နိုင်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/jambolan/
ဝလာရတာက စားလိုက်တဲ့အစားအစာကြောင့် မဟုတ်ဘဲ စားတဲ့အချိန်ကြောင့် ဆိုတာသိရဲ့လား
ဝလာရတာက စားလိုက်တဲ့အစားအစာကြောင့် မဟုတ်ဘဲ စားတဲ့အချိန်ကြောင့် ပါတဲ့။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့။မကြာသေးခင်က လုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ အစားစားလို့ ဝတယ်ဆိုတာထက် အစားစားချိန် နောက်ကျတာကြောင့် ပိုဝလာရတာပါ၊လို့ တွေ့ရှိခဲ့ရပါတယ်။ သုတေသီတွေက ဒီတွေ့ရှိချက်ကို အသေးစိတ် လေ့လာထားတာ ဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/more-evidence-links-weight-gain-to-meal/
ကလေးအသားအရေ ထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ
ကလေးအသားအရေ က နူးညံ့ချောမွေ့ပြီး ထိတွေ့မိတဲ့အခါ စိတ်ကြည်နူးစရာကောင်းပါတယ်။ ဒီလို နူးညံ့ချောမွေ့တဲ့ အသားအရေလေးတွေကို အသက်ကြီးသွားတဲ့အထိ ရှိသွားစေချင်တယ်ဆိုရင် ငယ်ရွယ်စဉ်ကတည်းက စတင်ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ထိခိုက်ပျက်စီးမှုနဲ့ ကြမ်းတမ်းလာတာတွေ ဖြစ်နိုင်ပါတယ်။ အဲဒါတွေကိုကာကွယ်ပြီး မိမိရင်သွေးငယ်လေးရဲ့ အသားအရေ အမြဲနူးညံ့ချောမွေ့နေစေချင်တယ်ဆိုရင်တော့ မိဘတွေအနေနဲ့ ရင်သွေးလေးတွေရဲ့ အသားအရေကို ဘယ်လိုထိန်းသိမ်းပေးရမလဲဆိုတာကို သိထားဖို့လိုပါလိမ့်မယ်။ကလေးငယ်လေးတွေရဲ့ အသားအရေကို (၄) မျိုးခွဲထားပါတယ်။ကလေးအရေပြားမှာ ပြဿနာတစ်ခုခုရှိနေလားဆိုတာကို အတည်ပြုနိုင်မယ့် အကောင်းဆုံးအချိန်က ရေချိုးတဲ့အချိန်ပါ။ ရေချိုးပေးတဲ့အချိန်က ကလေးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အရေပြားကို ထိတွေ့ရတာကြောင့်လည် းဖြစ်ပါတယ်။ ရေချိုးပေးချိန်မှာ မိဘတွေအနေနဲ့ ကလေးအရေပြားကို သေသေချာချာစစ်ဆေးကြည့်ဖို့လည်းလိုပါလိမ့်မယ်။ကလေးရေချိုးတဲ့အခါ သူတို့လေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာနဲ့ ချိုးပေးပါ။ ရေချိုးပေးနေချိန်မှာလည်း ကလေးကို သက်သောင့်သက်သာဖြစ်စေဖို့အတွက် နှိပ်နယ်ပေးတာမျိုးလုပ်ပေးလို့ရပါတယ်။ ရေသုတ်မယ်ဆိုရင်တော့ တဘက်နုနုလေးနဲ့ ဖြည်းဖြည်းချင်းသုတ်ပေးတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ပြီးရင် အစိုဓာတ်ထိန်းပေးမယ့် ခရင်မ်တစ်မျိုးမျိုးလူးပေးလို့ရပါပြီ။ ဒီလိုလေးလူးပေးတာက ကလေးအသားအရေကို ထိန်းသိမ်းပေးရာရောက်ပါတယ်။ကလေးလေးတွေရဲ့ အသားအရေက အရမ်းကိုထိခိုက်လွယ်တာကြောင့် မိဘတွေအနေနဲ့ ကလေးအရေပြားကို ဘယ်လိုထိန်းသိမ်းပေးရမလဲ ဆိုတာနဲ့ ဘယ်လိုလက္ခဏာတွေက ဘာအရေပြားပြဿနာလဲဆိုတာကို သိထားဖို့တော့လိုအပ်မှာပါ။ ဒါကလည်းလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါကြောင့်သိထားနိုင်အောင် ကလေးတွေမှာအဖြစ်များတဲ့အရေပြားပြဿနာအချို့ကိုဖော်ပြပေးလိုက်ပါတယ်။ယနေ့ခေတ်မှာ ကလေးတွေအတွက် အသားအရေထိန်းသိမ်းမှုပစ္စည်းတွေက တော်တော်ကိုရွေးချယ်စရာများပါတယ်။ ဒါပေမယ့် ရင်သွေးလေးနဲ့ သင့်တော်မယ့် အသားအရေထိန်းသိမ်းမှုပစ္စည်းကိုရွေးချယ်မိဖို့ကဖေဖေမေမေတွေကိုယ်တိုင်က ဒီပစ္စည်းတွေနဲ့ ပတ်သက်ပြိး သိထားဖို့လိုပါလိမ့်မယ်။အပေါ်မှာပြောပြခဲ့တဲ့ အချက်လေးတွေကိုဖတ်ကြည့်ပြီး သားသားမီမီးလေးတွေကို အရေပြားပြဿနာကင်းအောင်စောင့်ရှောက်ပေးနိုင်ကြပါစေကြောင်း။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/how-to-take-care-of-your-baby-skin/
မျက်လုံးအလှခြယ်ပစ္စည်းအမျိုးမျိုး
ယခုအခါမျက်လုံးကိုအလှဖော်သည့်နည်းလမ်းအများအပြားရှိလာပြီးဖြစ်ပြီး ဖြည့်ပေးသော ဖေလာကနည်းလမ်းတစ်မျိုးဖြစ်သည်။ ဒီဆောင်းပါးသည် မျက်လုံးဖေလာပုံစံမျိုးစုံအကြောင်း သတင်းအချက်အလက်ပေးသည်။အရေးအကြောင်းများကိုဖြည့်ပေးသော အသုံးများဆုံးအရာက ဟိုင်ယာလူရိုနစ်အက်စစ်ဖြစ်သည်။ ပုံစံတစ်ခုခြင်းဆီက တစ်မျိုးစီအလုပ်လုပ်ပြီး မတူညီသောရလဒ်များကိုပေးသည်။ဆိုးကျိုးများကရှားသော်လည်းဆေးထိုးသောနေရာတွင် နီခြင်းယောင်ခြင်း များဖြစ်နိုင်သည်။ ဖြည့်စွက်ပေးသောထိုအရာများက အရေပြားပေါ်တွင် သေးငယ်သောအမာရွက်များအဖြစ်ကျန်နိုင်သည်။ အချိန်နှင့်အမျှတိုးတက်လာသော်လည်း ပြသာနာတစ်ခုအဖြစ်ရှိနေသေးသည်။ထိုရလဒ်သည် လပေါင်းများစွာမှ တစ်နှစ်နှစ်နှစ်ထိခံနိုင်သည်။ အချို့သောလေ့လာချက်များအရ ခဏခဏထိုးခြင်းကြောင့် ခန္ဓါကိုယ်မှ သဘာဝအတိုင်း ကောလန်းဂျင်းကိုထွက်လာစေသည်ဟုဆိုသည်။ ထိုအရာက သကြားဓါတ်နှင့် အရေးအကြောင်းများကိုနည်းအောင်ကီူပေးသည်။ အချို့သောသက်သေပြချက်က တဖြည်းဖြည်းချင်း တူညီသောပုံရအောင်လိုအပ်သော ဖြည့်စွက်အာဟာရနည်းလာလိမ့်မည်ဟုဆိုသည်။ဟိုင်ယာလူရိုးနစ်အက်စစ် အရေးအကြောင်းဖြည့်စွက်ခြင်းတွင်။ထို အ ရေးအကြောင်းလိမ်းဆေးများတွင် ရုက္ခဗေဒပစ္စည်းများပါဝင်သည်။ ဒီဖြည့်စွက်အရာများသည်လည်း တူသောဆိုးကျိုးများ ထိုးသောနေရာတွင်နီခြင်း ယောင်ခြင်း သို့မဟုတ် အညိုအမဲစွဲခြင်းတို့ဖြစ်နိုင်သည်။ အခြားဆိုးကျိုးများတွင် အရေပြားအောက်တွင်မမြင်နိုင် စမ်း၍မရသောအလုံးပေါ်ခြင်းနှင့် ရှားသောကိစ္စမျာတွင် ထိုအလုံးကိုဖယ်ရန်ခွဲစိတ်မှုထိလိုနိုင်သည်။ကောင်းသောအချက်မှာ ကြာရှည်ခံသည်။ အနည်းဆုံး ဖေလာတစ်ခါထိုးခြင်းဖြင့် ထာဝရ အစွန်အနားကိုညီစေသည်။ သိထားရသည်မှာ ထိုသို့ကြာရှည်ခံပစ္စည်းများက ဆိုးကျိုးပိုဖြစ်နိုင်သည်။ ထိုပြင် မှန်ကန်စွာမသုံးပါက ပုံပျက်သွားခြင်းတို့ဖြစ်နိုင်သည်။သိပ္ပပညာရှင်များက ပထမဆုံးတီထွင်ခဲ့သောအရေးအကြောင်းအတွက်မှာ နို့မှထုတ်ထားသည့် ကော်လန်ဂျင်စစ်စစ်ဖြစ်သည်။ ထိုအရာက သဘာဝအတိုင်းဖြည့်ပေးသော်လည်း ကောင်းမွန်စွာအလုပ်လုပ်သော်လည်း ကြာရျည်မခံပါ။ ကော်လန်ဂျင်ကုထုံးတော်တော်များများက တစ်လလောက်ကြာလျင်အာနိသင်ပျယ်သွားတတ်သည်။ ထိုအရာများက တိရစ္ထာန်မှရသောကြောင့် ဓါတ်မတဲ့ခြင်းများစွာဖြစ်နိုင်ပြီး ဓါတ်တည့်မတည့်စမ်းသပ်ရန်လိုအပ်သည်။ကော်လန်ဂျင်ကုထုံး အသစ်ကဓါတ်မတည့်ခြင်းကို လျော့ချပေးသည်။ ထိုအပြင် အသစ်ပြုလုပ်ထားသောကော်လန်ဂျင်က ပိုလုံခြုံမှုရှိပြီး လူအများတွင်သုံးရန်ပိုစိတ်ချရသည်။ အခြားအရာများလောက် ကြာရှည်မခံသော်လည်း ရလဒ်က သဘာဝအတိုင်းဖြစ်စေသည် ဟုလူအများစုကယုံကြည်သည်။ကော်လန်ဂျင်ထိုးသောမကောင်းသောအချက်မှာ ဓါတ်မတည့်မှုဖြစ်နိုင်ခြင်းဖြစ်သည်(များသောအားဖြင့်နွားမှရသောအရာများကိုသုံးဆဲဖြစ်ပါက)ထိုပြင် ထိုးသောနေရာတွင် အညိုအမဲစွဲခြင်းနှင့်နီရဲခြင်းတို့ဖြစ်နိုင်သည်။ထိုးသော ကော်လန်ဂျင်များတွင်။အဆီကိုအဓိကအသုံးများသည်။ ပေါင် တင်ပါး သို့မဟုတ် အစာအိမ်မှအဆီကို ခွဲယူပြီး ပြန်ထိုးပေးသည်။ အဆင့်နှစ်ဆင့်လုပ်ရန်လိုသည်။ အဆီကိုဖယ်ခြင်းနှင့်ပြန်ထိုးပေးခြင်းဖြစ်သည်။ တစ်ချိန်ထဲနှင့် အဆင့်နှစ်ဆင့်တစ်ခါတည်းလုပ်နိုင်သည်။ အဆီကို ဓါတ်ခွဲခန်းတွင်ပြန်ပြင်ခြင်းက အချိန်ကုန်ပြီး ဈေးကြီးသည်။ ထိုရလဒ်က တစ်သက်လုံးခံသော်လည်း ကြားတွင် ဆေးထိုးရန်လိုအပ်နိုင်သည်။ဖြည့်သောဖယ်လာနည်းလမ်းများမသုံးမီဆရာဝန်နှင့်တိုင်ပင်ပါ။ သင့်မျက်လုံးက ထိခိုက်လွယ်နေပါက ပြင်းပြင်းထန်ထန်ပြန်တုံပြန်နိုင်သည်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%a1%e1%80%9c%e1%80%be%e1%80%81%e1%80%bc%e1%80%9a%e1%80%ba%e1%80%95%e1%80%85%e1%80%b9%e1%80%85%e1%80%8a%e1%80%ba%e1%80%b8/
အယ်ဇိုင်းမားရောဂါအကြောင်း ဘာတွေအမှတ်မှားနေသလဲ
အယ်ဇိုင်းမားဆိုတာ လူတိုင်းလိုလိုနားထဲမစိမ်းတဲ့ရောဂါအမည်တစ်ခု။ ဒါပေမယ့် သူနဲ့ပတ်သက်ပြီး သိထားကြတဲ့ဗဟုသုတအကြောင်းအရာတွေက မှန်ကန်မှုရှိရဲ့လားဆိုတာ အရေးကြီးပါတယ်။ ငယ်မူပြန်လည်း အယ်ဇိုင်းမား၊မေ့တတ်တယ်ဆိုအယ်ဇိုင်းမား၊ အသက်ကြီးလို့ နဝေတိမ်တောင်ဖြစ်လာရင် အယ်ဇိုင်းမားပဲ လို့ သိထားကြပါရဲ့။ အဲဒီအသိတွေက မှန်မမှန်သိရအောင်အယ်ဇိုင်းမားနဲ့ပတ်သက်ပြီး မှားယွင်းနေတတ်တဲ့ အယူအဆအလွဲတွေကို ရှင်းပြချင်လို့ပါ။တကယ်တော့Dementiaဆိုတာရောဂါတစ်ခုမဟုတ်ပါဘူး။ ဦးနှောက်နဲ့ပတ်သက်တဲ့ရောဂါတွေအများကြီးအကျုံးဝင်တဲ့ရောဂါလက္ခဏာစုဖြစ်ပါတယ်။မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ ဘာသာစကားအသုံးပြုရခက်ခဲခြင်း၊ သိမြင်နားလည်နိုင်စွမ်းလျော့နည်းခြင်း၊ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းချို့ယွင်းလာခြင်းတို့လို ဦးနှောက်ဉာဏ်ရည်ပိုင်းလုပ်ဆောင်ချက်တွေယိုယွင်းလာတာဖြစ်ပါတယ်။Alzheimer’s(အယ်ဇိုင်းမား)ကတော့dementiaဖြစ်ပွားမှု ၆၀% ကနေ ၈၀% မှာ ပါဝင်နေတာဖြစ်ပေမယ့်dementia အမျိုးအစားတွေအများကြီးထဲက တစ်ခုသာဖြစ်ပါတယ်။Dementiaြဖစ်စေတဲ့အကြောင်းရင်းများစွာထဲမှာ အယ်ဇိုင်းမားရောဂါကလည်း အဖြစ်များဆုံးနေရာက ပါဝင်နေပါတယ်။နောက်ထပ်ကွာခြားမှုတစ်ခုက အယ်ဇိုင်းမားဆိုတာ ယိုယွင်းပျက်စီးလာတဲ့ရောဂါတစ်ခုဖြစ်ပြီး ကုသပျောက်ကင်းနိုင်တဲ့ဆေးမရှိပါဘူး။ Dementia ကတော့ဗီတာမင်ချို့တဲ့ခြင်း စတဲ့ သူ့ရဲ့အကြောင်းရင်းတွေကိုမူတည်ပြီး လက္ခဏာတချို့ကိုပြန်လည်ကုစားနိုင်ပါတယ်။အယ်ဇိုင်းမားရောဂါဖြစ်လာသူအများစုက အသက် ၆၅ နှစ်အထက်အရွယ်တွေဖြစ်နေပေမယ့် ၆၅ နှစ်အောက်တွေမှာလည်း အစပျိုးလက္ခဏာတွေရှိနေနိုင်တယ်လို့လေ့လာမှုတွေကဖော်ပြခဲ့ပါတယ်။အသက် ၄၀၊ ၅၀ ဝန်းကျင်ရောက်တဲ့အခါ အစပျိုးလက္ခဏာတွေရှိပေမယ့် အယ်ဇိုင်းမားလို့မထင်မိတာကတစ်ကြောင်း၊ အယ်ဇိုင်းမားလက္ခဏာတွေက အသက် ၆၀ကျော်မှ စတင်သိသာလေ့ရှိတာကတစ်ကြောင်း ကြိုသိဖို့ခက်ပါတယ်။ သက်ကြီးပိုင်းမရောက်ခင် အယ်ဇိုင်းမားရောဂါကိုစောစီးစွာခံစားရတတ်တဲ့အကြောင်းရင်းတွေထဲမှာစိတ်ဖိစီးမှု၊ အရွယ်မတိုင်ခင်သွေးဆုံးခြင်း၊ စိတ်ကျခြင်းတို့ပါဝင်ပါတယ်။အသက်လေးကြီးလာရင်မေ့တတ်လာတာက အများစုမှာဖြစ်တတ်ပေမယ့် အယ်ဇိုင်းမားကြောင့်ဖြစ်ရတဲ့ မှတ်ဉာဏ်ချို့ယွင်းမှုကတော့နေ့စဉ်ဘဝမှာ အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အပြင် ပုံမှန်ဖြစ်လေ့ရှိတာထက်ကိုပိုဆိုးရွားပါတယ်။ အယ်ဇိုင်းမားအစပိုင်းမှာ လောလောလတ်လတ် သိထားတဲ့အရာတွေကိုမေ့သွားနိုင်တယ်၊ အရေးကြီးတဲ့ရက်စွဲတွေ၊အမှတ်တရပွဲတွေ၊ဖြစ်ရပ်တွေကိုမေ့သွားနိုင်တယ်၊မေးခွန်းတစ်ခုတည်းကို ထပ်ကာတလဲလဲမေးနေတာမျိုးဖြစ်နိုင်ပါတယ်။ရောဂါရင့်လာတာနဲ့အမျှ အရာရာ ဇဝေဇဝါဖြစ်လာတာ၊ အာရုံရှုပ်ထွေးလာတာ၊ ပုံမှန်လုပ်နေကျအရာတွေမလုပ်နိုင်တော့တာတွေဖြစ်လာမယ်။နောက်ပိုင်းအဆင့်တွေဆိုရင်တော့ အစာစားတာ၊စကားပြောတာတွေမှာ လုပ်ဆောင်နိုင်စွမ်းတွေကျဆင်းပြီး အနီးကပ်စောင့်ရှောက်ပေးမယ့်လူတစ်ယောက် မဖြစ်မနေလိုအပ်လာတဲ့အဆင့်ကိုလုံးဝရောက်သွားနိုင်ပါတယ်။ ကဲ ဒီလက္ခဏာတွေက အသက်ကြီးတဲ့လူတိုင်းမှာဖြစ်လို့လား စဉ်းစားကြည့်ပါဦး။အယ်ဇိုင်းမားရောဂါဟာ အမေရိကန်မှာဆိုရင် ဆဋ္ဌမမြောက်လူသေဆုံးမှုအများဆုံးအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ရောဂါနောက်ဆုံးအဆင့်မှာ ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေတုံ့ပြန်နေထိုင်နိုင်စွမ်းဆုံးရှုံးလာသလို တဖြည်းဖြည်းနဲ့ လမ်းလျှောက်တာ၊ထိုင်တာ၊ထတာတွေမှာ ထိန်းချုပ်နိုင်စွမ်းနည်းလာမယ်၊ အချိန်ပြည့်ကြည့်ရှုစောင့်ရှောက်မှုလိုအပ်လာတဲ့အဆင့်ကိုရောက်လာပါမယ်။ ဒီအခြေအနေဆို ကိုယ်ခံအားလည်းနည်းပြီး ရောဂါဝင်လွယ်တဲ့အနေအထားဖြစ်လာနိုင်ပါတယ်။ ဟိုဟိုဒီဒီလျှောက်သွား၊လျှောက်လုပ်တတ်ပြီး လမ်းပျောက်တာမျိုးလည်းဖြစ်တတ်တော့မတော်တဆမှုတွေအန္တရာယ်စိုးရိမ်ရပါတယ်။အယ်ဇိုင်းမားရောဂါဟာ ကြိုတင်ကာကွယ်လို့၊ ကုသလို့၊နှေးအောင်လုပ်လို့မရနိုင်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ အယ်ဇိုင်းမားလက္ခဏာတွေအတွက် အမေရိကန် FDA က ခွင့်ပြုချက်ပေးထားတဲ့ဆေးနှစ်မျိုးရှိပါတယ်။ ဒီရောဂါရဲ့ ဦးနှောက်ဉာဏ်ရည်ပိုင်းလက္ခဏာတွေ(မှတ်ဉာဏ်ချို့ယွင်းခြင်း၊ စိတ်အာရုံရှုပ်ထွေးခြင်း၊တွေးခေါ်နိုင်စွမ်းနဲ့ဆင်ခြင်နိုင်စွမ်းပြဿနာတွေ) ကိုသက်သာစေဖို့cholinesterase inhibitors တွေနဲ့memantine တို့ဖြစ်ပါတယ်။ဗီတာမင် Eလို အားဆေးတွေကိုလည်း စမ်းသပ်ခဲ့ပေမယ့် အယ်ဇိုင်းမားကုသမှုအတွက် ထိရောက်တယ်လို့ သက်သေမပြနိုင်သေးပါဘူး။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/%e1%80%a1%e1%80%9a%e1%80%b9%e1%80%87%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%a1%e1%80%b1%e1%81%be%e1%80%80%e1%80%ac/
အစားအသောက်ကြောင့် ခေါင်းတခြမ်းကိုက်စေနိုင်သလား
ခေါင်းတခြမ်းကိုက်ခြင်းကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းက အများကြီးရှိနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်းမတူကြပါဘူး။ ဒါပေမယ့် ကိုယ့်မှာဖြစ်တတ်တယ်ဆိုရင်တော့ ဘာတွေကြောင့်ဖြစ်လာလေ့ရှိသလဲဆိုတာလေ့လာပြီး ကြိုးစားရှောင်ကြည့်တာအကောင်းဆုံးပါ။ တတ်နိုင်သလောက် ကာကွယ်ပြီးသားဖြစ်တာပေါ့။ခေါင်းတစ်ခြမ်းကိုက်ခြင်းရဲ့အကြောင်းရင်းခံကို သိပ္ပံပညာအရ တိတိကျကျတော့ မသိရသေးပါဘူး။ ဒါပေမယ့် ဦးနှောက်အတွင်းက ရုတ်တရက်ဖြစ်လာတဲ့လှုပ်ရှားမှုအပြောင်းအလဲတွေကြောင့်ဖြစ်လာတာလို့ဆေးပညာက လက်ခံထားပါတယ်။ အဲဒီအပြောင်းအလဲတွေကြောင့် သွေးကြောတွေနဲ့ အာရုံကြောသတင်းပို့စနစ်တွေမှာလည်းထိခိုက်ကုန်တာပါ။ ရလဒ်အနေနဲ့ တဒုတ်ဒုတ်နဲ့ခေါင်းထဲမှာ ထိုးကိုက်တဲ့ဝေဒနာကို ရက်နဲ့ချီပြီး ခံစားရတတ်ပါတယ်။အများအားဖြင့်တော့ ကိုယ်သောက်သုံးရတဲ့ဆေးဝါးတွေ၊ဟော်မုန်းအပြောင်းအလဲတွေ၊ အိပ်ရေးပျက်တာတွေ စတဲ့အကြောင်းအချက်တွေကြောင့်ဖြစ်လာတတ်ပါတယ်။နောက်တစ်ချက်က အစားအသောက်ပါ။ခေါင်းတခြမ်းကိုက်ရောဂါခံစားရတဲ့သူတွေမှာ ၁၀ %လောက်က အစားအသောက်ကြောင့်ဖြစ်နေတတ်ပါတယ်။ ဒီတော့ အဖြစ်များတဲ့အကြောင်းရင်းလေးတွေ မှတ်ထားလိုက်ရအောင် –။ကဖင်းပါတဲ့အစားအသောက်တွေကခေါင်းကိုက်သက်သာစေနိုင်တယ်ဆိုပေမယ့် အသွားနှစ်ဖက်ပါတဲ့ဓါးလိုပါပဲလို့ ပညာရှင်တွေကဆိုပါတယ်။နေ့တိုင်းစားသုံးမယ်ဆို ကဖင်းကိုပဲ မှီခိုစွဲလမ်းစေပြီး ပုံမှန်သောက်နေကျကော်ဖီထက် နည်းနည်းလေးပဲလျော့သွားတာနဲ့ခေါင်းကိုက်လာနိုင်တာဖြစ်ပါတယ်။ကော်ဖီကအစချောကလက်တွေအထိ ကဖင်းပါတဲ့ အစားအသောက်တွေကို စွဲလမ်းတဲ့အထိ မစားသုံးဖို့ ဂရုပြုစေချင်ပါတယ်။တာရှည်ခံအောင်လုပ်ထားတဲ့အသားတွေမှာ ပါတဲ့ နိုက်ထရိတ်တွေကြောင့်ခေါင်းတခြမ်းကိုက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ အငန်ဓါတ်လည်း ပါဝင်မှုများလို့ရေဓါတ်ခန်းခြောက်စေတာဖြစ်ပါတယ်။အရက်ကြောင့်ချည်းပဲ အဲ့လောက်မဆိုးပေမယ့် တန်နင်၊ ဆာလ်ဖိတ်တာရှည်ခံပစ္စည်းတွေနဲ့ တခြားပါဝင်ပစ္စည်းတွေကြောင့် ခေါင်းကိုက်စေတာလို့ ဆိုကြပါတယ်။MSG လို့ခေါ်တဲ့ အချိုမှုန့်ကလည်း အာရုံကြောတွေကိုနှိုးဆွပြီး ခေါင်းတခြမ်းကိုက်ခြင်းကိုဖြစ်စေပါတယ်။ အသင့်အမြန်စား အစားအစာတွေမှာ ပါဝင်တာများပါတယ်။အက်စစ်ပြင်းတဲ့အစားအစာတွေ၊ အချဉ်ပြင်းတဲ့အသီးတွေက အစာအိမ်ပြဿနာဖြစ်စေပြီးခေါင်းတခြမ်းကိုက်စေနိုင်ပါတယ်။ခေါင်းတခြမ်းကိုက်စေတဲ့အထဲ အပူအစပ်တွေ၊ ငရုတ်သီးတွေလည်း ပါဝင်ပါတယ်။ကျန်းမာရေးနဲ့ညီတာစားပါ –လတ်ဆတ်တဲ့ အစားအစာတွေပဲစားပါ။ပြုပြင်စီမံထားတာ၊ ရယ်ဒီမိတ်တွေမစားပါနဲ့။တနင့်တပိုးမစားပါနဲ့ –အစားအသောက်ကို ပမာဏနည်းနည်းစီအကြိမ်ရေခွဲစားပါ။ တစ်နေ့ ထမင်း သုံးကြိမ် အများကြီးစားမယ့်အစား ၄/၅ ကြိမ်လောက်ခွဲစားပါ။ရေအဝသောက်ပါ –ရေဓါတ်လုံလောက်အောင်သောက်ပါ။ အနည်းဆုံး တစ်နေ့ ၈ ဖန်ခွက်သောက်ဖြစ်ပါစေ။စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ –စိတ်ထဲ တင်းမာမှုတွေ၊ ဖိစီးမှုကိုလျှော့ပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%a1%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba/
အရောင်ပိုနက်တဲ့ အာရှသားတို့ရဲ့ အရေပြား
ဥရောပမျိုးနွယ်စုနှင့်ဆန့်ကျင်စွာ အာဆီယမ်အရေပြားသည် ပိုအဆီများပြီး မယ်လနင်ပိုများများပါတတ်သည်။ အဘယ်ကြောင့်ဆိုသော် ရာသီဥတုလိုက်လျောမှုရှိအောင်နေရခြင်းနှင့် အရေပြားအရောင်ဆိုးဆေးပါဝင်မှုနှုန်းမတူခြင်းကြောင့်ဖြစ်သည်။ ထိုကြောင့် အာဆီယမ်အရေပြားသည် ဖျားချိန် ထိခိုက်ချိန်တို့တွင် ပိုနက်တတ်သည်။ အရေပြားအခြေအနေကိုနားလည်မှ ထိုသို့နက်ခြင်းကိုထိရောက်စွာကုသနိုင်လိမ့်မည်။အသားအရည်နက်ခြင်းသည် အရေပြားအခြေအနေတစ်ခုဖြစ်ပြီး ဖြစ်သောနေရာတွင် မယ်လနင်များစွာထုတ်ခြင်းကြောင့်ပုံမှန်ထက်ပိုနက်နေခြင်းဖြစ်သည်။ ဖြစ်သောနေရာအပေါ်မူတည်ပြီး အသားအရေနက်ခြင်းသည် မည်သည့်နေရာတွင်မဆို လက် လည်ပင်း နှင့်အဓိကအာဖြင့်မျက်နှာတွင်အထိဖြစ်တတ်သည်။ ထိုအခြေအနေကအဖြစ်များပြီး အန္ဓါရယ်မရှိသော်လည်း အာဆီယမ်ထုံးတမ်းအရ အပြစ်အနာမရှိ ကြွေထည်ကဲ့သို့အသားအရည်ကိုကြိုက်သောကြောင့်ဒီအခြေအနေကြောင့်စိတ်ရှုပ်ရတတ်သည်။လေ့လာချက်များအရ အဓိကသုံးချက်ကြောင့်ဖြစ်သည်။ထိုပြင် အချို့သောအခြေအနေများ ဥပမာ ကိုယ်ဝန်ဆောင်ခြင်းသို့မဟုတ် အဒီဆန်ရောဂါ(အရီနယ် အရည်အိတ်မကောင်းခြင်း)ကြောင့် မယ်လနင်ကိုပိုထွက်စေပြီး အသားအရေပိုနက်စေသည်။ ဆေးများ အချို့ပိုးသတ်ဆေးများ က မယ်လနင်ထုတ်ခြင်းကို အရေပြားပုံစံမျိုးစုံ အဓိကအားဖြင့် အာဆီယမ်အရေပြားများတွင်များစေသည်။နုပြိုသော စွဲဆောင်မှုရှိသောပုံစံဖြစ်ရန် ဂရုစိုက်မှုပုံစံလိုအပ်သည်။ အာဆီယမ်အရေပြား၏ကောင်းသောအချက်တစ်ချက်မှာ စောစီးစွာ အသက်ကြီးပုံပေါက်ခြင်းကိုနည်းစေသည်။ သို့သော် အရေပြားပုံစံအရ အသားရေ အရောင်မညီခြင်းသည် အဓိကအရေပြားပြသာနာဖြစ်ပြိး အမျိုးသမီးတော်တော်များများထိုအကြောင်းကိုပြောသည်။ ထိုသို့အရေပြားအရောင်နက်ခြင်းကိုကာကွယ်ရန်နည်းလမ်းများရှိပါသည်။ပထမဥိးဆုံး အရေပြားကိုကာကွယ်ရန်လိုအပ်သည်။ နေရောင်တွင်အလုပ်လုပ်သောအချိန်ကိုကန့်သတ်ခြင်း၊ နေရောင်ကာကွယ်သောဆေး(အက်ပီအက်ဖ် များသော-အနည်းဆုံး အက်ပီအက်ဖ် ၁၅ +)ကိုသုံးခြင်းကြောင့် အသားအရေနက်ဖြင်းဖြစ်နှုန်းကိုလျော့ချပေပြီး ရှိပြီးသားအမဲစက်များကိုပိုမဆိုးလာအောင်ကာကွယ်ပေးသည်။ နေရောင်ကာကွယ်သောဆေးတခုတည်းဖြင့် မကာကွယ်သင့်ပါ။ အာဆိယမ်တိုင်းပြည် ဥပမာ ဗီယမ်နမ်ရှိအမျိုးသမီးများသည် နေရောင်ကာကွယ်သောဆေးဖြင့်သာမက မျက်နှာဖုံးများ အင်္ကျိလက်ရှည်များဝတ်ခြင်းဖြင့်လည်းကာကွယ်ကြသည်။ဒုတိယအနေဖြင့် အစားအသောက်ကောင်းစွာစားခြင်းကလဲ အသားအရေလှပစေရန်လိုအပ်ကြောင်းသိသင့်သည်။ ထိုပြင် မှန်ကန်သောအစားအသောက်ကိုရွေးချယ်ခြင်းကြောင့် အသားအရေနက်သောပြသာနာမျိားကိုသက်သာစေရန်ကူညီပေးနိုင်သည်။ အန္ဓါရယ်ရျိသောအဆိပ်ကိုဖယ်ပေးသည့် ဓါတုဓါတ်တိုးပစ္စည်းဆန့်ကျင်သော်အရာများကအကူအညီဖြစ်နိုင်သည်။ ထိုအဆိပ်များက ယောင်ယမ်းခြင်းဖြစ်စေခြင်း အခြားအရေပြားအခြေအနေများကိုဖြစ်စေခြင်းဖြင့် မညီညာသောအသားအရေအရောင်ကိုဖြစ်စေနိုင်သည်။နောက်ဆုံးအနေနှင့် သင်တွင် ခြောက်သွေ့သော ခံစားလွယ်သောအသက်ကြီးလွယ်သောအသားအရည်ရှိပါက အရေပြားခွာသောကုထုံးကိုတစ်ပါတ်တစ်ခါနှစ်ခါခန့်လုပ်သင့်သည်။ အရေပြားအဆီပြန်မှုနှင့်တွဲပါက တစ်ပါတ်နှစ်ခါသုံးခါလုပ်သင့်သည်။ အရေးကြီးဆုံးက အပြင်းထန်သောအရေပြားခွာကုထုံးသုံးခြင်းက အရေပြားမပျက်စီးစေပဲ အသစ်ဖြစ်စေသည်။အသားအရည်ပိုနက်ခြင်းသည် စိတ်အနှောက်အယှက်ဖြစ်စေနိုင်သည်။ အာဆီယမ်အရည်ပြားသည် အယောင်သဖြင့် အရေပြားဂရုစိုက်သည့်ပစ္စည်းများရွေးချယ်ရာတွင် သင်အများကြီးပိုဂရုစိုက်သင့်သည်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%95%e1%80%ad%e1%80%af%e1%80%94%e1%80%80%e1%80%b9%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%ac%e1%80%9b%e1%80%bd%e1%80%9e%e1%80%ac%e1%80%b8/
စားလို့ကောင်းတဲ့ လိုင်ချီးသီး ရဲ့ ကျန်းမာရေးအာနိသင်တွေက
လိုင်ချီးသီး လေးတွေမြင်လိုက်တာနဲ့ စားချင်မိတယ်၊ ချိုမွှေးနေတဲ့ အနံ့လေးရလိုက်ရင် စားချင်စိတ်က ထိန်းမရတော့ဘူးလေ။ အမြင်လေးလည်းလှ စားလို့လည်းအရသာရှိတဲ့ လိုင်ချီးသီးလေးတွေကကျန်းမာရေးကို ဘယ်လိုများ အထောက်အကူပြုပေးလဲသိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပေးပါနော်။လိုင်ချီးသီးက ကျန်းမာရေးအတွက် အကျိုးများတဲ့ အသီးတစ်မျိုးပါ။ကိုယ်အလေးချိန်ကျစေနိုင်သလို အသားအရေကို ကျန်းမာစေနိုင်ပြီး သွေးလည်ပတ်မှုကောင်းစေပါတယ်။အစာကြေစေပြီး ကင်ဆာကာကွယ်ပေးရုံမက၊သွေးပေါင်ချိန်ထိန်းညှိပေးပြီးကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ဒီလို အကျိုးအာနိသင်များတဲ့ လိုင်ချီးသီးလေးရဲ့ သိပ္ပံနာမည်လေးကLitchi chinensisပါ။ လိုင်ချီးသီး အပင်က အပူပိုင်းနဲ့ သမပိုင်းဒေသတွေမှာ ပေါက်ရောက်ကြပြီး မျိုးရင်းကတော့ တရုတ်နိုင်ငံပါ။ အာရှနိုင်ငံအများစုမှာလည်း ပေါက်ရောက်ကြပါတယ်။ အရှေ့တောင်အာရှ၊ တရုတ်၊ တရုတ်၊ အိန္ဒိယ နဲ့ တောင်အာဖရိက နိုင်ငံတွေမှာ ပေါက်ရောက်ကြပါတယ်။ လိုင်ချီးသီးက အခွံအနီရောင်လေးနဲ့ အတွင်းသားကဖြူဖြူလေးပါ။ စားလိုက်ရင် အရည်ရွှမ်းပြီး ချိုပါတယ်။လိုင်ချီးသီး ဟာ အဓိကအားဖြင့်ရေဓာတ်နဲ့ကာဗိုဟိုက်ဒရိတ်တို့ ပါဝင်နေတာပါ။ ဒါတွေအပြင် လိုင်ချီးသီးမှာ အခြားအာဟာရဓာတ်တွေအနေနဲ့။အမျှင်ဓာတ်ပါဝင်တာကြောင့်အစာခြေစနစ်ကျန်းမာစေနိုင်ပြီး ဝမ်းပျော့ပျော့သွားစေနိုင်ပါတယ်။အူကြွက်သားတွေလှုပ်ရှားမှုကောင်းစေပြီး အူထဲမှာ အစာတွေ သယ်ပို့မှုကို ကောင်းမွန်စေနိုင်ပါတယ်။ ဝမ်းချုပ်သူတွေ စားပေးသင့်တဲ့ အသီးလေးတစ်မျိုးပေါ့။ဗီတာမင် စီ (ဗီတာမင် C) ပါဝင်နေတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ သွေးဖြူဥဆဲလ်တွေကို လှုံ့ဆော်ပေးပြီးခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကို အကောင်းဆုံး တည်ဆောက်ပေးပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် လုပ်ဆောင်ပေးတဲ့ polyphenolic ပါဝင်တာကြောင့်အသည်းကင်ဆာအပါအဝင် အခြားသောကင်ဆာရောဂါ ဖြစ်နိုင်ခြေတွေကိုပါ လျှော့ချပေးနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေ ပွားတာကိုလည်း ဟန့်တားပေးနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်တဲ့အနေနဲ့ရော ကုသမှုခံယူနေစဉ် ဓာတ်စာ အနေနဲ့ပါ စားပေးလို့ရပါတယ်။အူမကြီးကင်ဆာသမားတွေအတွက်လည်း အဆင်ပြေပါတယ်။အာရုံကြောတွေကို ကျန်းမာစေနိုင်ပါတယ်။ အသက်အရွယ်ရလာတဲ့အခါ အာရုံကြောတွေထိခိုက်တာမျိုးကို ကာကွယ်ပေးနိုင်သလိုအယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အာရုံကြောထိခိုက်သူတွေလည်း စားသုံးပေးလို့ သင့်တော်ပါတယ်နော်။ပိုတက်ဆီယမ်ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်တွင်းအရည်ဓာတ်ကို ထိန်းညှိပေးပြီး ဆိုဒီယမ်ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ ကိုယ်တွင်းအရည်ဓာတ်များတာက ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေရုံတင်မဟုတ်ဘဲသွေးတိုးတာမျိုးမဖြစ်အောင် ထိန်းညှိပေးပါတယ်။ သွေးကြောတွေကို ပြေလျော့စေပြီး နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ သွေးတိုးတတ်သူတွေ စားပေးသင့်ပါတယ်။လိုင်ချီးသီး မှာ phenolic ဒြပ်ပေါင်းပါဝင်တာကြောင့် ကျန်းမာရေးကို အများကြီးအထောက်အကူပြုပေးပါတယ်။ ကိုယ်တွင်းသွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး ကိုယ်အလေးချိန်လျှော့ချနိုင်သလိုအရေပြားကိုလည်းခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ ဗီတာမင် စီ (ဗီတာမင် C) တို့ပါဝင်တာကြောင့် ခန္ဓာကိုယ်ကိုအအေးမိတုပ်ကွေးဗိုင်းရပ်စ်တွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။လိုင်ချီးသီး က ကျန်းမာရေးအာနိသင်များတယ်ဆိုတာနဲ့ လူတိုင်းနဲ့ တည့်တယ်လို့တော့ မဆိုသာပါဘူး။ လိုင်ချီးက အချိုဓာတ်များသလို အပူစာဆိုလည်း ဟုတ်ပါတယ်။ ဒါကြောင့်ဆီးချိုရှိသူတွေနဲ့ ကိုယ်ဝန်ဆောင်မေမေနဲ့ ကလေးငယ်တွေတို့က နည်းနည်းလောက်ပဲ စားသင့်ပါတယ်။ လိုင်ချီးသီးကို အလွန်အကျွံစားမယ်ဆိုရင်အဖျားတက်တာ၊ လည်ချောင်းနာတာ၊နှာခေါင်းသွေးလျှံတာမျိုးတွေဖြစ်နိုင်ပါတယ်နော်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/health-benefits-lychee/
သင့်ကလေးကို moisturizer လိမ်းပေးဖို့ ဘာကြောင့်လိုအပ်တာလဲ
သင့်ကလေးကို moisturizer လိမ်းပေးဖို့ ဘာကြောင့်လိုအပ်တာလဲ …… မိဘတိုင်းက သူတို့ရဲ့ ရင်သွေးလေးတွေကို ကျန်းမာစေချင်ကြတာပါပဲ။ ကလေးငယ်လေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာတာကိုမြင်ရရင် မိဘတွေက စိတ်ချမ်းသာကြပါတယ်။ ဒီအတွက် ကလေးလေးတွေကို ခေါင်းအစခြေအဆုံး မိဘတွေက ဂရုစိုက်ပေးကြပါတယ်။ ဒီဆောင်းပါးမှာတော့ အရေပြားထိန်းသိမ်းတဲ့နေရာမှာ အစိုဓာတ်ထိန်းခရမ် (moisturizer) အသုံးပြုတာက ဘယ်လောက်အရေးကြီးကြောင်း ဖေဖေမေမေတို့ကို ပြောပြမှာဖြစ်ပါတယ်။မွေးကင်းစကလေးငယ်တွေဟာ မွေးပြီး သီတင်းပတ်အနည်းငယ်အတွင်းမှာ အများကြီးပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ ကလေးတွေဟာ မိခင်ဝမ်းထဲမှာနေခဲ့စဉ်က ရေမြွာအရည်၊ သွေးနဲ့ vernix လို့ခေါ်တဲ့ အရည်တွေနဲ့ ထိတွေ့လာရတာပါ။ Vernix ဆိုတာက ကလေးငယ်ရဲ့ အရေပြားပေါ်မှာ ကာကွယ်ပေးထားတဲ့ အရည်တစ်မျိုးပါ။ ဒီအရည်က မွေးစကလေးရဲ့ အရေပြားကို ပြင်ပအရာဝတ္တုတွေ၊ ပိုးမွှားတွေကနေ ကာကွယ်ပေးထားပါတယ်။နောက်ပိုင်း vernix မရှိတော့တဲ့အခါ မွေးကင်းစကလေးငယ်လေးတွေရဲ့ အသားအရေက အဖတ်လေးတွေလန်တာနဲ့ အရေပြားခြောက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါတွေကပုံမှန်ပါပဲ။ဒါပေမဲ့ တချို့ကလေးတွေမှာ အသားခြောက်တာကြောင့် အရေပြားပြဿနာတွေ ဖြစ်လာနိုင်လို့ သေချာဂရုစိုက်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် အစိုဓာတ်ထိန်းကရင်မ် (moisturizer) လိမ်းပေးတာမျိုးပါ။သင့်ကလေးကို moisturizer လိမ်းပေးဖို့ ဘာကြောင့်လိုအပ်တာလဲ ဆိုတော့။မွေးစကလေးငယ်လေးတွေကို တစ်ပတ်ကို ၃ ကြိမ်လောက်ပဲ ရေသန့်သန့်လေးနဲ့ ချိုးပေးရင် ရပါပြီ။ ဆပ်ပြာနဲ့ချိုးပေးချင်တယ်ဆိုရင်တော့ ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ အပျော့စားဆပ်ပြာမျိုးလေးနဲ့ ချိုးပေးလို့ရပါတယ်။ ရေကို ခဏခဏချိုးပေးမယ်ဆိုရင် ကလေးမှာ အရေပြားခြောက်သွေ့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးရေချိုးပြီးတဲ့အခါတိုင်း moisturizer လူးပေးရပါတယ်။ Moisturizer လူးပေးတာက ကလေးရဲ့ အသားအရေအစိုဓာတ်ကို ထိန်းထားပြီးသားဖြစ်မှာပါ။ကလေးငယ်လေးတွေမှာ မိခင်ဝမ်းကထွက်လာချိန်မှာ အရေပြားပေါ်မှာ vernix လို့ခေါ်တဲ့အလွှာတစ်မျိုးပါလာပြီး အဆိုပါအလွှာက အသားအရေကို ကာကွယ်ပေးထားပါတယ်။ အဆိုပါအရည်တွေကို ဖယ်ရှားလိုက်တဲ့အခါမှာတော့အသားအရေပြောင်းလဲမှုက စတင်ဖြစ်ပေါ်လာပါတော့တယ်။ ဒီလိုမျိုးအခြေအနေမှာ ကလေးရဲ့ အရေပြားက ‌ခြောက်သွေ့ပြီး အဖတ်လန်တာမျိုးတွေ ဖြစ်လာပါတယ်။ ဒီအတွက် moisturizer လိုမျိုး အရေပြားအစိုဓာတ်ထိန်းကရင်မ်ကို သုံးပေးလို့ရပါတယ်။နှင်းခူဆိုတာ ကလေးတွေမှာ အဖြစ်များတဲ့အရေပြားပြဿနာတစ်ခုပါ။ နှင်းခူဖြစ်တဲ့အခါ အရေပြားက ခြောက်သွေ့ယားယံပြီး နီရဲနေတတ်ပါတယ်။ Moisturizerလိမ်းပေးတာက အရေပြားကို အစိုဓာတ်ဖြည့်ပေးပြီး နှင်းခူကြောင့် ဖြစ်တဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။ကလေးငယ်တွေရဲ့ အရေပြားက လူကြီးအရေပြားထက်ပိုပါးလွှာပြီး နုနယ်တယ်ဆိုတာ ပြောစရာတောင်လိုမယ်မထင်ပါဘူး။ ဒါ့အပြင်ကို ကလေးတွေရဲ့အရေပြားက ဘက်တီးရီးယားတွေ နဲ့ ပတ်ဝန်းကျင်က အန္တရာယ်ရှိတဲ့အရာတွေကို ခုခံနိုင်စွမ်းလည်းနည်းပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ အရေပြားက ဓာတ်မတည့်တဲ့အရာတစ်ခုခုနဲ့ ထိတွေ့မိတဲ့အခါ တုံ့ပြန်လွယ်ပါတယ်။ဓာတ်မတည့်တဲ့အခါ အရေပြားမှာ အပိမ့်ထွက်တာ၊ ယားယံတာ၊ စပ်ဖျင်းဖျင်း ဖြစ်တာတွေ ခံစားရနိုင်ပါတယ်။ ဒါတွေကို သက်သာစေဖို့ အစိုဓာတ်ထိန်းကရင်မ် အသုံးပြုပေးနိုင်ပါတယ်။Moisturizerအသုံးပြုဖို့ လိုအပ်တယ်ဆိုပေမယ့် သင့်တော်ကောင်းမွန်တဲ့ moisturizer ဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်။ ကလေးတွေရဲ့ အသားအရေက လူကြီးတွေရဲ့အသားအရေထက် နုနယ်ပါတယ်။ ဒါကြောင့် အနံ့၊ ဆိုးဆေး၊ Hypoallergenic၊ Phthalate နဲ့ paraben တို့မပါဝင်တဲ့ moisturizer ကို သေချာရွေးချယ်အသုံးပြုပေးဖို့ လိုအပ်ပါလိမ့်မယ်။ လူကြီးတွေ သုံးတဲ့အစိုဓာတ်ထိန်းခရင်မ်ကို မလိမ်းပေးဘဲ ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ moisturizer ကို သုံးပေးဖို့ ထပ်မံ အကြံပြုချင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/skin-diseases-in-children/moisturizer-and-baby-skin/
အဆီပြန်သော အသားအရေအကြောင်း သိကောင်းစရာ
မျက်နှာအဆီပြန်သောကြောင့် သင်စိတ်ညစ်နေပါသလား။ အဆီပြန်ခြင်းကို ဖြေရှင်းနိုင်ဖို့အတွက် အဆီပြန်သောအသားအရေဆိုတာ ဘာလဲ၊ ဘယ်အရာတွေက အဆီပြန်စေသလဲ၊ အဆီပြန်ခြင်းဟာ သင့်အသွင်အပြင်ကို ဘယ်လိုပြောင်းလဲစေသလဲ စတာတွေကို နားလည်ရန်လိုအပ်ပါလိမ့်မယ်။ ကဲ … အဆီပြန်သော အသားအရေအကြောင်း သိကောင်းစရာ များကို လေ့လာလိုက်ရအောင်နော်။အဆီပြန်သော အသားအရေအကြောင်း သိကောင်းစရာ များကတော့။အဆီပြန်သော အသားအရေ ဆိုတာက နဖူး၊ ပါး၊ နှာခေါင်းနဲ့ မေးစေ့မှာ အဆီပြန်ခြင်းကို ဆိုလိုပါတယ်။ မျက်နှာသစ်ပြီး မကြာမီအဆီပြန်တာကြောင့် လက်နဲ့ကိုင်လိုက်တဲ့အခါ စေးကပ်ကပ်ခံစားမှုမျိုးခံစားရမှာပါ။အဆီပြန်သော အသားအရေက အထူးသဖြင့် အမျိုးသမီးငယ်များမှာ အဖြစ်များပြီး အရေပြားထိန်းသိမ်းရာမှာ အခက်အခဲဖြစ်စေနိုင်ပါတယ်။အဆီကို အရေပြားထဲရှိ အဆီဂလင်းကနေ  ထုတ်လုပ်ပေးပါတယ်။ အရေပြားကို မခြောက်သွေ့အောင်နဲ့ ပျော့ပျောင်းစေဖို့ ခန္ဓာကိုယ်က ပြုလုပ်ပေးတဲ့ ပုံမှန်ဖြစ်စဉ်ဖြစ်ပါတယ်။ သို့သော်လည်း အဆီဂလင်းက လိုအပ်တာထက် ပိုအဆီပိုထုတ်လုပ်မိမယ်ဆိုရင် အဆီပြန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။လေ့လာမှုများအရ အဆီဘယ်လောက်ထုတ်မယ်ဆိုတာကို မျိုးဗီဇက အဓိကဆုံးဖြတ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ အသားအရေအမျိုးအစားက မိဘတွေနဲ့ တူနေတတ်ပါတယ်။ဒါ့ပြင် အဆီထုတ်လုပ်မှုကို ပြောင်းလဲစေနိုင်တဲ့ အကြောင်းအရာများစွာရှိပါတယ်။ ဒါတွေကတော့။လူပျို၊ အပျိုဖော်ဝင်ချိန်မှာ အသားအရေက သိသိသာသာ ပြောင်းလဲသွားတာကို သင်သိပါသလား။ အဲ့ဒီအချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် အဆီထုတ်လုပ်မှုကို မထိန်းချုပ်နိုင်ဘဲ အဆီပြန်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးချိန်နဲ့ ရာသီလာချိန်မှာလည်း ဖြစ်တတ်ပါတယ်။အစားအစာများကလည်း သင့်အသားအရေကို ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်နိုင်ပါတယ်။ Junk food၊ သကြား စတာတွေ စားသုံးမယ့်အစား အဆီထုတ်လုပ်မှုနည်းစေတဲ့ ဗီတာမင် B2နဲ့ B5လုံလောက်စွာ ပါဝင်တဲ့ အစားအစာကို စားသုံးသင့်ပါတယ်။စိတ်ဖိစီးမှုများပါက androgen ဟော်မုန်းအများအပြား ထွက်ပြီး အဆီကို ပိုထုတ်စေပါတယ်။ပူပြီး စိုထိုင်းတဲ့ ရာသီဥတုက အဆီကို ပိုထုတ်စေပြီး အဆီပြန်စေပါတယ်။တားဆေးများ၊ ဟော်မုန်းအစားထိုးဆေးများနဲ့ ဆီးဆေးများကလည်း အဆီထုတ်လုပ်မှုကို ပြောင်းလဲစေနိုင်ပါတယ်။အထက်မှာ ဖော်ပြထားသလို အဆီအသင့်အတင့်ရှိပါက အသားအရေကို ပျော့ပြောင်းပြီး ချောမွေ့စေပါတယ်။ သို့သော်လည်း လိုအပ်တာထက် ပိုပါက သင့်အသားအရေကို သက်ရောက်မှုများစွာရှိပါတယ်။အဆီထုတ်လုပ်မှုက မျိုးရိုးနဲ့ သက်ဆိုင်တာကြောင့် သင့်အရေပြားအမျိုးအစားကို ပြောင်းလဲဖို့တော့မဖြစ်နိုင်ပါဘူး။ သင်လုပ်နိုင်တာက အဆီပြန်ခြင်းကြောင့်ဖြစ်လာမယ့် အကျိုးဆက်များကို ဖြေရှင်းဖို့ပဲ ဖြစ်ပါတယ်။မျက်နှာသစ်ခြင်းကအညစ်အကြေးများစုပုံခြင်းမှ ကာကွယ်နိုင်ပါတယ်။ သို့သော်လည်း ၁ရက်ကို ၂−၃ကြိမ် ထက်ပိုမသစ်ပါနဲ့။ အကြိမ်များများသစ်ခြင်းကလည်း မကောင်းပါဘူး။အဆီမပါဝင်သော မိတ်ကပ်နဲ့ skin careများကို ရွေးချယ် အသုံးပြုသင့်ပါတယ်။အဆီပြန်ပြီး ဝက်ခြံရှိပါက မျက်နှာကို မကိုင်သင့်ပါဘူး။ ဝက်ခြံကို ပိုထွက်စေပြီး ပျောက်ကင်းဖို့ ကြာရှည်ပါလိမ့်မယ်။မျက်နှာအဆီပမာဏကို ထိန်းညှိပေးနိုင်တဲ့ ဆေးဝါးများရှိပါတယ်။ ထိရောက်ဘေးကင်စွာ အသုံးပြုနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/facts-to-know-about-oily-skin/
သုက်ရည်ထဲ သွေးပါလာပြီဆိုရင် ဒါတွေကိုသတိထားပါ
သုက်ရည်ထဲ သွေးပါလာပြီဆိုရင် ဒါတွေကိုသတိထားပါ။ အမျိုးသားတစ်ယောက်အတွက်တော့ သုက်ရည်ထဲ သွေးပါလာတဲ့ကိစ္စဟာ တော်တော်လေးကို စိုးရိမ်စရာကောင်းမှာတော့ အမှန်ပါပဲ။ များသောအားဖြင့် ဒါကိုဘာကြောင့်ဖြစ်တာလဲလို့ မပြောခင် တခြားလက္ခဏာတွေ၊ အသက်အရွယ်နဲ့ ကျန်းမာရေးပြဿနာတွေကို သိထားဖို့တော့ လိုပါတယ်။အသက် ၄၀ မပြည့်သေးတဲ့ အမျိုးသားတွေမှာ ရံဖန်ရံခါသုက်ရည်ထဲ သွေးပါလာတာကလွဲပြီး တခြားဘာလက္ခဏာမှ မပြဘူးဆိုရင် သိပ်ပြီး စိတ်ပူဖို့မလိုပါဘူး။ ရက်သတ္တပတ်အနည်းငယ်အတွင်း သုက်ရည်က ပုံမှန်အရောင်အတိုင်း ပြန်ဖြစ်သွားမှာပါ။ ရက်ကြာနေပြီဆိုရင်တော့ သတိထားသင့်ပါတယ်။အသက် ၄၀ အထက် အမျိုးသားတွေဆိုရင်တော့ နည်းနည်းသတိထားဖို့လိုပါတယ်။ အထူးသဖြင့်သုက်လွှတ်တဲ့အခါတိုင်းလိုလို သွေးပါလာတာ၊ ဆီးထဲမှာ သွေးပါလာတာ၊ အချိန်တော်တော်ကြာတဲ့အထိ မပျောက်သွားဘူးဆိုရင် Hematospermia လို့ ခေါ်တဲ့ရောဂါဖြစ်နိုင်ပါတယ်။သုက်ရည်ထဲ သွေးပါလာပြီဆိုရင် ဒါတွေကိုသတိထားပါ။၁။ ဆီးကျိတ်ဂလင်း၊ သုက်ပို့ပြွန်မှာ ပိုးဝင်ပြီး ရောင်နေတာ။၂။ လိင်မှတစ်ဆင့်ကူးစက်ရောဂါ(ဂနို၊ ခလက်မီးဒီးယား)။၃။ ဆီးကျိတ် အသားစယူပြီးနောက် ယာယီသွေးထွက်ခြင်း။၄။ ကင်ဆာာအတွက် ဓာတ်ရောင်ခြည်ကုထုံးခံယူခြင်း။၅။ အမျိုးသားများသားကြောဖြတ်ခြင်း။၆။ လိပ်ခေါင်းရောဂါ ကုသရန် ဆေးထိုးခြင်း။၇။ ဝှေးစေ့ကို ပြင်းပြင်းထန်ထန် ထိခိုက်မိခြင်း။၈။ ကြိမ်ဖန်များစွာ တစ်ကိုယ်ရေအာသာဖြေခြင်း။၉။ ကြမ်းတမ်းစွာ လိင်ဆက်ဆံခြင်း။၁၀။ မျိုးပွားလမ်းကြောင်းမှာ တစ်ခုခုပိတ်မိတဲ့အခါ သွေးကြောများပေါက်သွားခြင်း။၁၁။သွေးတိုး၊ ကျောက်ကပ်မကောင်းတဲ့သူတွေ။၁၂။ HIV ပိုးရှိသူတွေမှာ သုက်ရည်ထဲသွေးပါတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။သုက်ရည်ထဲ သွေးပါတာဟာ ပုံမှန်အားဖြင့် စိုးရိမ်စရာသိပ်မရှိပေမယ့် အောက်ပါလက္ခဏာတွေပါ တွေ့ရပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။၁။ ဆီးသွားစဉ် သွေးပါခြင်း (Hematuria)။၂။ ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်ခြင်း၊ နာကျင်ခြင်း။၃။ ဆီးအကုန်အစင်သွားလို့ မရဘဲ အနည်းငယ်ကျန်နေသေးသလို ခံစားရခြင်း။၄။ ဆီးအိမ်က နာကျင်နေသလို၊ ဖောင်းနေသလို ခံစားရခြင်း။၅။ သုက်လွှတ်စဉ် နာကျင်ခြင်း။၆။လိင်အင်္ဂါတစ်ဝိုက် ဖောရောင်နေခြင်း၊ နာကျင်ခြင်း။၇။ လိင်တံမှ တခြား ပြည်ကဲ့သို့ အရည်များစိမ့်ထွက်လာခြင်း။၈။ အဖျားတက်ခြင်း။၉။ နှလုံးခုန်မြန်ခြင်း။၁၀။ ပုံမှန်ထက် ပိုပြီး သွေးတိုးနေခြင်း အစရှိတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ဆရာဝန်အနေနဲ့ လူနာရဲ့ အသက်၊ ကျန်းမာရေးအခြေအနေ၊ တခြားပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာတွေ၊ သောက်နေတဲ့ ဆေးဝါးတွေအပြင် လိင်မှုကိစ္စတွေကိုပါ မေးမြန်းမှာဖြစ်ပါတယ်။ အဲ့နောက်မှာ။ရောဂါအကြောင်းရင်းကို စစ်ဆေးပြီးသွားတဲ့အခါမှသာ ဆရာဝန်အနေနဲ့ ပိုးသတ်ဆေးပေးတာ၊ အရောင်ကျဆေးမယ့် ဆေး သို့မဟုတ် ရောဂါအလိုက်လိုအပ်တဲ့ ကုသမှုတွေ  ပြုလုပ်ပေးမှာဖြစ်ပါတယ်။အသက် ၄၀ အောက်အမျိုးသားတွေအနေနဲ့ တစ်ခါ၊ နှစ်ခါလောက်ပဲ သုက်ရည်ထဲ သွေးပါတာ၊ တခြားဘာလက္ခဏာမှမရှိဘူးဆိုရင်တော့ သိပ်ပြီးစိတ်ပူဖို့ မလိုအပ်ပါဘူးခင်ဗျာ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/why-you-have-blood-in-semen/
သုက်ရည်က ဘာကြောင့်အရောင်ပြောင်းသွားတာလဲ
ကျန်းမာတဲ့ အမျိုးသားတစ်ယောက်ရဲ့ သုက်ရည်က မီးခိုးနဲ့ အဖြူစပ်ကြားအရောင်ရှိတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒီ သုက်ရည်ရဲ့ အရောင်ဟာ ကျန်းမာရေးအခြေအနေတွေပေါ်မူတည်ပြီး အရောင်ပြောင်းသွားနိုင်ပါတယ်။ တခြား ပုံမှန် မဟုတ်တဲ့ လက္ခဏာတွေ မရှိရင်၊ ခဏလေးပဲ အရောင် ပြောင်းပြီး နောက်ပိုင်း ပုံမှန် အရောင် အတိုင်း ပြန်ဖြစ်သွားရင်တော့ သိပ်ပြီး စိုးရိမ်ဖို့ မလိုပါဘူး ခင်ဗျ။၁။ အဖြူရောင်၊ အကြည်ရောင်၊ မီးခိုးရောင်ဆိုရင် ကျန်းမာတယ်၊ ပုံမှန်သုက်ရည်အရောင် လို့ သတ်မှတ်နိုင်ပါတယ်။ ကယ်လ်စီယမ်၊ ဆိုဒီယမ်၊ ဇင့်၊ ပိုတက်စီယမ်၊ အင်ဇိုင်း၊ ဖိုင်ဘရီနိုလိုင်စင် အစရှိတဲ့ ဓာတ်သတ္တုတွေကြောင့် ဒီလို အရောင်မျိုး ထွက်လာရတာပါ။၂။ အဝါရောင်၊ စိမ်းဖန့်ဖန့်ရောင်ကတာ့ ဆီးလမ်းကြောင်းမှာ ကျန်နေခဲ့တဲ့ဆီးနဲ့ သုက်ရည်ရောသွားတာ၊ အသည်းရောင် အသားဝါ ဖြစ်နေတာ၊ သုက်ရည်ထဲမှာ သွေးဖြူဆဲလ်တွေ များနေတာ၊ဆီးကျိတ်ထဲ ပိုးဝင်တာ၊ အဝါရောင် ဆိုးဆေးတွေ ပါတဲ့ အစားအစာတွေ စားသုံးတာ၊ အရက် အလွန်အကျွံ သောက်တာကြောင့် ဖြစ်နိုင်ပါတယ်။၃။ သုက်ရည်ထဲသွေးပါနေတဲ့အခါ ပန်းရောင်၊ အနီရောင်၊ အညိုရောင်၊ လိမ္မော်ရောင်ကို ပြောင်းသွားနိုင်ပါတယ်။ ပန်းရောင်နဲ့ အနီရောင်ကတော့ သုက်လွှတ်စဉ် လတ်လတ်ဆတ်ဆတ် ထွက်ခဲ့တဲ့ သွေးရောသွားတာဖြစ်ပြီး အညိုနဲ့ လိမ္မော်ရောင်ကတော့ အောက်စီဂျင်နဲ့ ထိတွေ့နေပြီးတဲ့ သွေးအဟောင်းနဲ့ သုက်ရည်ရောသွားတာကြောင့် ဖြစ်ပါတယ်။ဒီလို အရောင်တွေ ဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ သေချာပြသဖို့ လိုအပ်ပါတယ်။ ဆီးကျိတ်အသားစ ယူရင်းခိုက်မိတာ၊ သွေးတိုးလွန်းတာ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ၊ ဆီးကျိတ် ပိုးဝင်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံတာ၊ လက်နဲ့တစ်ကိုယ်ရေ အာသာဖြေတာ၊ ကင်ဆာရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။၄။ သုက်ရည်က အမည်းရောင် ပြောင်းသွားခြင်းကတော့ သုက်ပို့ပြွန်မှာ အချိန် အတော်ကြာရှိနေပြီး ခဲခြောက်သွားကာ အမည်းရောင် ပြောင်းသွားတဲ့ သွေးတွေ သုက်ရည်နဲ့အတူ ရောပါလာခြင်းကြောင့် ဖြစ်ပါတယ်။ ကျောရိုး ထိခိုက်တာ၊ သွေးထဲမှာ ပြဒါးဓာတ် များနေတာကြောင့် ဖြစ်နိုင်ပါတယ်။သုက်ရည်က အပျစ်မှ အကျဲ ပုံစံ အမျိုးမျိုး ပြောင်းလဲနိုင်ပြီး ကိုယ်ခန္ဓာတွင်းရှိတဲ့ ရေဓာတ်ပမာဏ၊ဟော်မုန်း မျှခြေနဲ့ ရောဂါ အခြေအနေ၊ ဗီတာမင် ချို့တဲ့ခြင်း၊ မြုံခြင်းတွေနဲ့ သက်ဆိုင်မှုရှိပါတယ်။ အကယ်လို့ သုက်ရည် အပျစ်ပဲ ထွက်တဲ့ သူတစ်ယောက်က ရုတ်တရက် ဆိုသလို အကျဲရည်တွေ ပြောင်းလဲလာခဲ့ရင် စောင့်ကြည့်ဖို့ လိုပါတယ်။ လက္ခဏာက နေ့စဉ်ရက်ဆက်လိုလိုပဲ ဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။အမျိုးသား တစ်ယောက်ရဲ့ ဘဝသက်တမ်းမှာ ဘယ်လောက်ပဲ ကျန်းမာရေး ကောင်းနေနေ သုက်ရည်အရောင် ပြောင်းလဲသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုအရောင်ပြောင်းလဲခြင်းနဲ့အတူ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/semen-colour-changes-and-causes/
Amebiasis (အမီးဘားပိုးကြောင့် ဝမ်းကိုက်ခြင်း)
• Amebiasis ဆိုသည်မှာ အူးအတွင်း၌ protozoan Entamoeba histolytica, or E. histolytica ဆိုသော ကပ်ပါးပိုးများ ကူးဆက်ခံရမှုကြောင့် ဖြစ်လာခြင်းဖြစ်သည်။ Amebiasis ရှိသောလူအများစုသည် ထင်းရှားသည်လက္ခဏာများကိုမခံစားရပဲ တစ်ချို့တွင်မူ ဝမ်းသွားခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်းများ ခံစားရတတ်၏။• အူမကြီးသည် ကပ်ပါးပိုးများအတွက် အကြိုက်နေရာဖြစ်သည်။ အထူးသဖြင့် သန့်ရှင်းမရှိသည့်နေရာမျိုး ကူးစက်ခံထားရသည့်လူများ၏မစင်များနှင့်ထိတွေ့နေရသည့်နေရာမျိုးတွင် ရေမှတဆင့် ကူးဆက်လာနိုင်ပါသည်။ မစင်ကို မြေသြဇာအဖြစ်သုံးစိုက်ထားသော အသီးအရွက်များမှလဲ ကူးစက်နိုင်သည်။ လက်ညစ်ပတ်များမှလဲ တခြားသူများကိုကူးစက်နိုင်သည်။• ကမ္ဘာ့လူဦးရေ၏ ၁၀% ခန့်သည် အမီးဘားပိုးကူးစက်ခံရပြီ အထူးသဖြင့် မက္ကစီကို၊ အိန္ဒိယ၊ အမေရိကအလည်ပိုင်း၊ မြောက်အမေရိက၊ အာဖရိကနှင့် အာရှမှအပူပိုင်းဒေသများတွင် ပိုတွေ့ရပါသည်။ စက်မှုနိုင်ငံများတွင် Amebiasis ကို ထိုရောဂါရှိသောဒေသမှ ရွှေ့ပြောင်းလာသူများ ခရီးသွားများထံတွင် တွေ့ရများ၏။ရောဂါအခြေအနေသည် လုံးယဝသာမာန်သာဖြစ်သည်။ အသက်အရွယ်မရွေးကူးစက်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။• ၉၀%သောဖြစ်ရပ်များတွင် အမီးဘားပိုးကူစက်ခံရရုံနှင့် လက္ခဏာမပြတတ်ပါ။ အမီးဘားပိုးဝင်ပြီး လအတော်ကြာမှ ရောဂါလက္ခဏာများပြတတ်ပါသည်။ လက္ခါများသည် မပြင်းထန်သော ဗိုက်နည်းနည်းနာခြင်း ဗိုက်တဂွီဂွီမြည်ခြင်းမှ ပြင်းထန်သောလက္ခများဖြစ်သည့် အပြင်းဖျားခြင်း၊ ဗိုက်လှိမ့်နေအောင်နာခြင်း ဝမ်းတစ်နေ့လျှင် ၁၀ ကြိမ်ခန့်သွားခြင်းတို့ထိ ပြတတ်ပါသည်။ စံပြအနေနှင့် ဝမ်းသည် ရေဆန်ပြီး သွေးနှင့်အကျိအချွဲများ ပါတတ်ပါသည်။• အသည်းကိုပိုးရောက်သွားပါက အသည်းတွင်းပြည်တည်ခြင်းကိုဖြစ်စေနိုင်ပြီး ဖျားခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်အထက်ပိုင်းနာခြင်း၊ ကိုယ်အလေးချိန်ကျခြင်းနှင့် အသည်းကြီးခြင်းစသည့် လက္ခဏာများ ပြတတ်ပါသည်။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။• E. histolytica ပိုးသည် ဆဲလ်တစ်လုံးပါ protozoan ဖြစ်ပြီး အကောင် cysts များသည့် အစားအစာနှင့်ရေများကို စားသောက်မိခြင်းမှကူးစက်တတ်ပါသည်။ ကူးစက်ရန်နောက်တစ်နည်းမှာ မစင်များနှင့် တိုက်ရိုက်ထိတွေ့မိခြင်းဖြစ်သည်။ Cysts ဆိုသည်မှာ ကပ်ပါးကောင်၏ထိုးဖောက်ဝင်နိုင်သည့်အဆင့်ဖြစ်ပြီး မြေဆီလွှာအတွင်း၊ မစင်စွန့်ထားသည့်ပါတ်ဝန်းကျင်အတွင်းတွင် လပေါင်းများစွာကြာအောင် ရှင်သန်နိုင်ပါသည်။ အဏှကြည့်မှန်ပြောင်းနှင့်မှမြင်ရသည့် cysts ကို မြေဆီလွှာ၊ ဓါတ်မြေသြဇာ၊ မစင်နှင့်ထိတွေ့ထားသည့်ရေ စသည်တို့တွင်တွေ့ရပါသည်။• စအိုနှင့်လိင်ဆက်ဆံစဉ် သို့ အူမကြီးအတွင်းလွှာတိုက်စားခံရစဉ်တွင် ကူးစက်မှုဖြစ်ပွားသည်။• Cysts များကိုယ်တွင်းသို့ရောက်သည့်အခါ အစာခြေအဖွဲ့အစည်းအတွင်းတွင် နေထိုင်ကြ၏။ ထို့နောက် ထိုးဖောက်ဝင်ရောက်နိုင်သည့် Trophozite အဆင့်ကိုပြောင်း၏။ ထိုမှ ကပ်ပါးကောင်းသည် အစာခြေအဖွဲ့အစည်းအတွင်းမျိုးပွားပြီး အူမကြီးသို့ရွေ့သွားသည်။ ထိုနေရာတွင် အူနံရံအား အခေါင်းဖောက်ပြီးဝင်သွား၏။ ထို့ကြောင့် သွေဝမ်းသွားခြင်း၊ အူရောင်ခြင်းနှင့် တစ်ရှူးပျက်စီးခြင်းကို ဖြစ်စေခြင်းဖြစ်သည်။• ကူးစက်ခံရသူသည် မစင်မှတစ်ဆင့် ပါတ်ဝန်းကျင်သို့ cysts များကိုထုတ်လွှတ်ခြင်းမှတစ်ဆင့် ရောဂါပျံ့နှံ့စေနိုင်သည်။• Trophozites များ အူနံရံများသို့ရောက်သည့်အခါ သွေးကြောထဲသို့ဖောက်ဝင်သွားပြီး တစ်ခြားသောကိုယ်တွင်းအင်္ဂါအမျိုးမျိုးဆီသို့ ရောက်ရှိနိုင်ပါသည်။ အတွင်းအင်္ဂါတစ်ခုအား ဖောက်မိသွားပါက အောက်ပါအခြေအနေများ ဖြစ်လာနိုင်သည်။• ပြည်တည်ခြင်း။• ရောဂါပိုးကူးစက်ခံရခြင်း။• အပြင်းအထန်ဖျားနာခြင်း။• သေဆုံးခြင်း။အမီးဘစ်ဝမ်းကိုက်ရောဂါဖြစ်ပွားမှုကိုတိုးစေသည့် အချက်များစွာရှိပါသည်။• သန့်ရှင်းမှုမဖွံ့ဖြိုးသော အပူပိုင်းနိုင်ငံများ။• သန့်ရှင်းမှုမရှိသည့် အပူပိုင်ဒေသများသို့ ခရီးထွက်သူများ။• သန့်ရှင်းမှုမဖွံ့ဖြိုးသော အပူပိုင်းနိုင်ငံများမှ ပြောင်းရွှေ့အခြေချသူများ။• သန့်ရှင်းမှုမရှိသည့်ဌာနများတွင်နေသူများ ဥပမာ ထောင်။• လိင်တူဆက်ဆံသောအမျိုးသားများ။• ခုခံအားကျဆင်းနေသူများနှင့် တခြားရောဂါရှိနေသူများ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။) ကို ဘယ်လိုအတည်ပြုပါသလဲ။• E. histolytica ပါရှိမှုကိုစမ်းသပ်ရန်အတွက် ဝမ်းစစ်ဆေးမှုသုံးခါ ဓါတ်ခွဲခန်းတွင်ပြုလုပ်ရမည်။ ဖြစ်ရပ်အများအပြား၌ ဝမ်းစစ်ဆေးမှုနှင့် ရောဂါအမည်တပ်နိုင်ပါသည်။ တစ်ချို့အထူးဖြစ်ရပ်များတွင် ရောဂါအမည်မတပ်ဖို့မသေချာသည့်အခါ စအိုနှင့်အူမကြည့်မှန်ပြောင်းနည်းကို အူလမ်းကြောင်းတစ်လျှောက်တိုက်ရိုက်စစ်ဆေးရန်နှင့် အသားစယူစစ်ဆေးနိုင်ရန် ဆရာဝန်အားခွင့်ပြုပေးဖို့ လိုအပ်ပါလိမ့်မည်။ ဒီစစ်ဆေးမှုများတွင် ဆရာဝန်က အလင်းပါသည့်ကိရိယာတစ်ခုအား စအိုမှထည့်ကာ အစာဟောင်းအိမ်နှင့်အူမကြီးကို တိုက်ရိုက်ကြည့်ရှူနိုင်ပါသည်။• သွေးစစ်ဆေးခြင်း။ ဒီစစ်ဆေးမှုအား ရောဂါပိုးသည် အသည်းကဲသို့ကိုယ်တွင်းအင်္ဂါများဆီသို့ အူနံရံကိုဖောက်ဝင်မှသာ စစ်ဆေးရမည်။ သို့သော် သွေးစစ်ဆေးမှုသည် ဟိုးယခင်က အမီးဘားပိုးကူးစက်ခံရဖူးပါက ယခုမရှိတော့သော်လည်း Positive ထွက်နေတတ်ပါသည်။• Amebiasis ကိုပိုးသတ်ဆေးတစ်ချို့နှင့်ကုသနိုင်ပြီး သမားတော်ညွှန်သည့်ကုထုံးကိုလိုက်နာရမည်ဖြစ်သည်။ ပိုးသတ်ဆေးဘယ်နှမျိုးသုံးရမလဲဆိုတာ သင့်အခြေအနေပေါ်သာမူတည်ပါသည်။• အကယ်၍ ကပ်ပါးကောင်းများသည် အူတစ်ရှူးများကိုပါကူးစက်နေပါက အစာခြေစနစ်ကိုသာမက ခန္ဓါကိုယ်တစ်ခုလုံးပါစစ်ဆေးရမည်ဖြစ်ပြီး လိုအပ်လျှင်ကုသမှုခံယူရပါမည်။• အူမကြီးနှင့်ဝမ်းတွင်းတစ်ရှူးများပေါက်ထွက်သွားပါက ခွဲစိတ်ကုသရန်လိုအပ်ကောင်းလိုအပ်နိုင်သည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အဘီးဘစ်ဝမ်းကိုက်ခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။• သန့်ရှင်းမှုကိုမြှင့်တင်ခြင်းသည် Amebiasis မဖြစ်စေရန် သော့ချက်ပင်ဖြစ်သည်။ အစားအသောက်ပြင်ဆင်စားသောက်မည်ဆိုပါက အောက်ပါနည်းများကိုလိုက်နာပါ။• သစ်သီးနှင့်ဟင်းရွက်များကို မစားခင် သေချာဆေးကြောပါ။• ကိုယ်တိုင်မဆေးပဲအခွံမခွာပဲနှင့် သစ်သီးနှင့်ဟင်းရွက်များစားသုံးခြင်းကိုရှောင်ကြဉ်ပါ။• ရေ့သန့်နှင့် အပျော့စားသောက်စရာများကိုသာသောက်ပါ။• ရေသောက်မည်ဆိုပါက အိုင်အိုးဒင်းခတ်ခြင်း ကြိုချက်ခြင်းများပြုလုပ်ပါ။• ရေပိုက်မှသောက်ခြင်း ရေခဲတုံးစားခြင်းကိုရှောင်ပါ။• နွားနို့ ချိစ်နှင့် pasteurized လုပ်မထားသည့်နို့ထွက်ပစ္စည်းများကိုရှောင်ပါ။• လမ်းဘေးသရေစာများကိုရှောင်ကြဉ်ပါ။• ယေဘုယျစည်းမျဉ်းအနေနှင့် အိမ်သာတက်ပြီးနှင့်အစာမစားမှီအချိန်တွင် လက်ကိုဆပ်ပြာနှင့်သေချာ ဆေးကြောပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/amebiasis-%e1%80%a1%e1%80%99%e1%80%ae%e1%80%b8%e1%80%98%e1%80%ac%e1%80%b8%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7-%e1%81%80%e1%80%99%e1%80%b9/
သင့်ကြောင့် ဦးနှောက်မပျက်စီးပါစေနဲ့။ ။
ဦးနှောက်ဆိုတာ နှလုံးလိုပဲ လုံးဝကို အထိခိုက်မခံတဲ့ နုနယ် ရှုပ်ထွေးလှတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါကြောင့် မာလာခွံလို့ခေါ်တဲ့ ဦးခေါင်းခွံမာကြီးထဲမှာဦးနှောက်က တည်ရှိနေတာဖြစ်ပါတယ်။ ဒီလောက်အတွင်းကျတဲ့နေရာမှာရှိပြီး သေချာ အကာကွယ်ခံထားရတဲ့ သင်တို့ဦးနှောက်ဟာ သင့်တို့ကြောင့်ပဲ ပျက်စီးတတ်တယ်ဆိုတာ သင်သိပါသလား။ ။အိပ်ချိန်လုံလောက်စွာ မရရင် ကျန်းမာရေးထိခိုက်တယ်ဆိုတာ လူတိုင်းသိကြတဲ့ ကိစ္စတစ်ခုပါ။ အဆိုးဆုံးထိခိုက်တာကတော့ ဦးနှောက်ဖြစ်ပါတယ်။ သူ့ခမျာ နေ့ဘက်တွေဆို တွေးတော ချိတ်ဆက်နေရတာ အနားယူရမယ့် ညဘက်ကလေးမှာမှ အနားကောင်းကောင်းမရရင် အချိန်ကြာလာတာနဲ့ ယိုယွင်းလာတော့မှာပါ။ ဒါ့အပြင် အိပ်ချိန်မလုံလောက်ခြင်းက ကြီးလာရင်ဖြစ်တတ်တဲ့Alzheimer’sလို့ခေါ်တဲ့ သတိမေ့ရောဂါနဲ့ ဆက်စပ်နေလေ့ရှိပါတယ်။သူငယ်ချင်းများများရှိရမယ်ဆိုလို့ social media ပေါ်က သူငယ်ချင်းတွေကို ပြောတာမဟုတ်ပါဘူး။ အပြင်က အားပေးဖော် အားပေးဖက်သူငယ်ချင်း အစစ်တွေကို ဆိုလိုတာဖြစ်ပါတယ်။ ကိုယ်ဖြစ်နေတဲ့ ပြဿနာတွေကို ကူညီဖြေရှင်ပေးပြီး အားပေးဖော်ရတဲ့ သူငယ်ချင်းမျိုးရှိတဲ့သူတွေမှာAlzheimer’sလို့ခေါ်တဲ့ သတိမေ့ရောဂါ အဖြစ်နည်းတာကို တွေ့ရပါတယ်။ ဒါကြောင့် တစ်ယောက်တည်းအထီးကျန်စွာမနေပါနဲ့။ သူငယ်ချင်းထားပါ။ဟမ်ဘာဂါတို့၊ အားလူးကြော်တို့မှာပါတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဓါတုပစ္စည်းတွေဟာ ဦးနှောက်ရဲ့ ုလုပ်ဆောင်နိုင်စွမ်းကို လျော့ကျစေပါတယ်။ ဒါ့အပြင် ဒီလိုအသင့်စားသရေစာေတွကြောင့်အဝလွန်တာ၊သွေးတွင်းအဆီများတာ၊နှလုံးရောဂါတို့ ပိုဖြစ်နိုင်ပါတယ်။Earphone အလုံပိတ် နားကြပ်လေးတပ်၊ အသံကုန်ဖွင့်ပြီး သီချင်းနားထောင်ရင် အချိန်နာရီဝက် အတွင်းမှာတင် သင့်အကြားအာရုံ ပျက်စီးသွားနိုင်ပါတယ်။ ဆူညံနေတဲ့ အသံတွေကို ဦးနှောက်က မနည်းလိုက်ဖမ်းနေရလို့ အာရုံကြောအချက်ပြစနစ်တွေလည်း ရှုပ်ထွေးနေတတ်ပါတယ်။ ဒါဟာ ဦးနှောက်ကို ဝန်ပိစေတဲ့ အပြုအမူတစ်ခုပါ။တစ်နေကုန် အနားယူမယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘာမှ လှုပ်ရှားမှုမရှိဘဲ ထိုင်နေလို့ကတော့ လူက ငြီးစီစီဖြစ်နေမယ့် ဦးနှောက်ကလည်း တက်ကြွ လန်းဆန်းမှု မရှိတော့ပါဘူး။ ဒါ့ အပြင် ကိုယ်အလေးချိန်တက်လာ၊ နှလုံးရောဂါ၊ဆီးချိုေရာဂါတွေပါ ရပြီး အသက်ကြီးလာရင် မေ့လွယ်တဲ့ရောဂါလည်း ဖြစ်တတ်ပါသေးတယ်။ ဒါကြောင့် နေ့စဉ်မဟုတ်ရင်တောင် တစ်ပတ်ကို ၃ ရက်လောက်တော့ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ရင် လူကိုတက်ကြွစေတဲ့ ဟော်မုန်းတစ်မျိုးထွက်လာလို့ ဦးနှောက်ကိုလည်း လန်းဆန်းစေပါတယ်။ဆေးလိပ်အသောက်များရင် ဦးနှောက်က ဆဲလ်လေးတွေ ကျုံ့သွားတတ်ပါတယ်။ သာမန်လူတစ်ယောက်ထက်စာရင် ဆေးလိပ်သောက်တဲ့သူတွေကAlzheimer’sလို့ခေါ်တဲ့ သတိမေ့ရောဂါနဲ့dementia လို့ေခါ်တဲ့ မေ့လွယ်တဲ့ရောဂါတွေ နှစ်ဆ ပိုဖြစ်နိုင်ပါတယ်။အမှောင်ထဲမှာပဲ အနေများပြီး အလင်းရောင်မကြိုက်တဲ့ သူအများစုဟာစိတ်ဓါတ်ကျလွယ်တတ်ကြပါတယ်။ တက်ကြွမှုတွေလည်း မရှိတော့လို့ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေလည်း ထိခိုက်လာပါတယ်။အရမ်းကို အရေးကြီးပြီး နုနယ်ရှုပ်ထွေးလှတဲ့ ဦးနှောက်ကို အမှတ်မထင်ဘဲ ဖျက်စီးတဲ့သူက သင်ကိုယ်တိုင်ပဲ ဖြစ်နေတတ်ပါတယ်။ ကြီးလာရင် ကိုယ့်ချစ်ရတဲ့သူတွေကို လုံးဝမသိတော့တဲ့ အဖြစ်ဆိုးကြီးကနေ ရှောင်လွဲနိုင်ဖို့၊ ဦးနှောက်ကျန်းမာဖို့နဲ့ မှတ်ဉာဏ်ရင့်သန်စေဖို့အတွက် သင်မှာသာ တာဝန် အရှိဆုံးပါ။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/brain-and-spine-disorders/bad-habits-for-brain/
အမျိုးသားများနှင့် လိင်တံအရေပြားမှိုစွဲခြင်းရောဂါ
လိင်အင်္ဂါမှိုစွဲတယ်ဆိုတာ တကယ်တော့ အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များတတ်တဲ့ ရောဂါပါ။ အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံရာကနေအမျိုးသားတွေကို ကူးစက်ပြီး လိင်တံမှိုပိုး ကူးစက်ခံရတာဖြစ်ပါတယ်။ တခြားအရေပြားပြဿနာတွေထက် ပိုအန္တရာယ်များပြီး မကုသဘဲ ပစ်ထားလိုက်မယ်ဆိုရင် နာကျင်မှု၊ ယားယံမှုတွေအပြင် ရောဂါပိုးတွေလည်း ကူးစက်ခံရဖို့ ပိုလွယ်ကူပါတယ်။ အထူးသဖြင့် မှိုပိုးက သွေးကြောထဲဝင်ရောက်သွားတဲ့အခါ ရောဂါအခြေအနေက တော်တော်ဆိုးတယ်လို့ ပြောလို့ရပါပြီ။ ဒီတစ်ခေါက်တော့ အမျိုးသားများနှင့် လိင်တံအရေပြားမှိုစွဲခြင်းရောဂါ အကြောင်းကို ပြောပြပေးချင်ပါတယ်။အမျိုးသားများနှင့် လိင်တံအရေပြားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး သိထားသင့်တာလေးတွေကတော့။လိင်တံမှိုစွဲခြင်း ရောဂါလက္ခဏာတွေက ဘာလဲ။အစောပိုင်း ပိုးကူးစက်ခံရတဲ့အခါ အရေပြားက နီရဲနေပြီး အင်ပျဉ်တွေထနေမယ်။လိင်တံပေါ်မှာ အဖြူကွက်တွေ အကွက်လိုက်ဖြစ်ပေါ်နေပြီး ကိုင်လိုက်ရင် စိုစိုလေးဖြစ်နေမယ်။ ထိပ်အရေပြား ဖြတ်မထားတဲ့သူတွေမှာ အရေပြားကို အောက်လှန်ချလိုက်ရင် ပုံမှန်အရိအချွဲတွေလိုမဟုတ်ဘဲ မာပြီး ထူနေတဲ့အဖြူရောင်အခဲဖတ်တွေကို တွေ့ရပါမယ်။ ယားယံတာ၊ ပူစပ်ပူလောင်ဖြစ်သလို ခံစားရမယ်။ မှိုပိုးဟာ တစ်ခါတစ်ရံမှာလိင်မှတစ်ဆင့်ကူးစက်ရောဂါတွေနဲ့အတူ ဝင်ရောက်လာနိုင်ပါတယ်။လိင်တံမှိုစွဲခြင်းအကြောင်း သိထားသင့်သမျှ။Candida လို့ခေါ်တဲ့ မှိုပိုးကူးစက်ခံရခြင်းက အဓိကတရားခံပါပဲ။ မှိုရောဂါပိုးရှိနေတဲ့ အမျိုးသမီးနဲ့အကာအကွယ်အသုံးမပြုဘဲ လိင်ဆက်ဆံရာမှ ကူးစက်ခံရတာဖြစ်ပါတယ်။ ဒီမှိုပိုးက လျင်မြန်စွာ ကြီးထွားလာတဲ့အခါ လိင်တံအရေပြာ မှိုစွဲခြင်းကို ဖြစ်စေနိုင်ပါတယ်။ ပူနွေးစိုစွတ်တဲ့ နေရာတွေ (လိင်တံ၊ပေါင်ခြံ၊ ချိုင်းကြား) မှာ မှိုစွဲဖို့ အရမ်းလွယ်ကူပါတယ်။ဘယ်သူတွေမှာ ဖြစ်နိုင်ခြေအများဆုံးလဲ။ကိုယ့်လိင်အင်္ဂါမှာ မှိုစွဲနေတယ်လို့ သံသယရှိရင် ဘာလုပ်သင့်လဲ။အကောင်းဆုံးကတော့ အရေပြားဆရာဝန်ဆီမှာ သေချာပြသကြည့်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ လိင်အင်္ဂါအရေပြားအခြေအနေ၊ ဖြစ်နေတဲ့ ရောဂါလက္ခဏာတွေ၊ ကွာကျလာတဲ့ အဖြူဖတ်တွေကို အနုကြည့်မှန်ပြောင်းအောက်မှာ စစ်ဆေးပြီး သေချာပြီဆိုတော့မှ ကုသမှုစတင်ပြုလုပ်မှာဖြစ်ပါတယ်။ ဆရာဝန်အနေနဲ့ မှိုရောဂါအတွက် လိမ်းဆေးတွေ၊ လိုအပ်တဲ့အခါ သောက်ဆေးတွေ ညွှန်းပေးမှာ ဖြစ်ပါတယ်။ အမြစ်ပြတ်ပျောက်ကင်းဖို့ အချိန်တစ်ပတ်လောက်တော့ ကြာနိုင်ပါတယ်။ ဒီအတောအတွင်းမှာ လိင်မှုကိစ္စကို လုံးဝရှောင်ကြဉ်ဖို့ လိုပါတယ်။ထိပ်အရေပြားမဖြတ်ထားတဲ့အမျိုးသားတွေအနေနဲ့ အရေပြားဖြတ်ဖို့ လို၊ မလိုကို ဆရာဝန်က ကြည့်ပေးမှာပါ။မှိုစွဲတာပျောက်သွားရင်ရော ပြန်ဖြစ်နိုင်လား။ပထမအကြိမ်မှာ ရောဂါကို အမြစ်ပြတ်အောင် မကုသတာဖြစ်စေ၊ ထပ်ပြီးအကာအကွယ်မပါဘဲ လိင်ဆက်ဆံတာ၊ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိတဲ့ အခါမှာလည်း ပြန်ပြီးဖြစ်နိုင်ပါသေးတယ်။ အရေပြားမှိုစွဲခြင်းဟာ စောစောသိပြီး ကုသမှု ခံယူရင် ပျောက်ဖို့ လွယ်ကူတာကြောင့် ကိုယ့်မှာ သံသယ ဖြစ်စရာလက္ခဏာတွေ တွေ့တာနဲ့ ဆရာဝန်နဲ့ ပြဖို့လိုတယ်နော်။ တစ်ကိုယ်ရေသန့်ရှင်းမှုကို သေချာဂရုစိုက်မယ်၊ ကွန်ဒုံးသုံးပြီး လိင်ဆက်ဆံမယ်ဆိုရင်တော့ ဒီလိုမှိုစွဲတဲ့ ပြဿနာတွေ ဖြစ်လာနိုင်တော့မှာ မဟုတ်ပါဘူး။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/penile-yeast-infection-signs-and-symptoms/
Aphasia (ဦးနှောက်ထိခိုက်မှုကြောင့် စကားမပြောနိုင်ခြင်း)
ဦးနှောက်ထိခိုက်မှုကြောင့် စကားမပြောနိုင်ခြင်းဆိုတာ ဆက်သွယ်ပြောဆိုနိုင်စွမ်း ပျောက်ဆုံးသွားတာပါပဲ။ စကားပြောနိုင်စွမ်း၊ စာရေးနိုင်စွမ်း၊ ဘာသာစကား နားလည်နိုင်စွမ်း (အရေးအဖတ်) စတာတွေကို ထိခိုက်စေပါတယ်။လေဖြတ်ခြင်း၊ ဦးခေါင်းဒဏ်ရာရခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ တဖြည်းဖြည်းကြီးလာတဲ့ ဦးနှောက်အကျိတ်နဲ့ ဆိုးရွားလာတဲ့ ထိခိုက်မှုတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ထိခိုက်မှု အခြေအနေကတော့ ဦးနှောက်ရဲ့ ဘယ်နေရာမှာ ဘယ်လိုထိခိုက်တယ်ဆိုတာရယ်၊ ဘယ်အရာတွေက ထိခိုက်စေတယ်ဆိုတာအပေါ် မူတည်ပါတယ်။အကြောင်းအရင်းကို သိပြီးချိန်မှာ အဓိကကုသမှုကတော့ စကားနဲ့ ဘာသာရပ်ကုထုံးပဲ ဖြစ်ပါတယ်။ ဒီရောဂါဖြစ်ထားသူဟာ ဘာသာစကားစွမ်းရည်နဲ့ တဦးကိုတဦး ဘယ်လိုဆက်သွယ်ရမယ်ဆိုတာ ပြန်လည်သင်ယူရပါတယ်။ဒီဖြစ်စဉ်မှာ မိသားစုဝင်တွေကပါ ပါဝင်ကူညီရပါတယ်။ဦးနှောက်ထိခိုက်မှုကြောင့် စကားမပြောနိုင်ခြင်းဆိုတာ ဆက်သွယ်ပြောဆိုနိုင်စွမ်း ပျောက်ဆုံးသွားတာပါပဲ။ စကားပြောနိုင်စွမ်း၊ စာရေးနိုင်စွမ်း၊ ဘာသာစကား နားလည်နိုင်စွမ်း (အရေးအဖတ်) စတာတွေကို ထိခိုက်စေပါတယ်။လေဖြတ်ခြင်း၊ ဦးခေါင်းဒဏ်ရာရခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ တဖြည်းဖြည်းကြီးလာတဲ့ ဦးနှောက်အကျိတ်နဲ့ ဆိုးရွားလာတဲ့ ထိခိုက်မှုတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ထိခိုက်မှု အခြေအနေကတော့ ဦးနှောက်ရဲ့ ဘယ်နေရာမှာ ဘယ်လိုထိခိုက်တယ်ဆိုတာရယ်၊ ဘယ်အရာတွေက ထိခိုက်စေတယ်ဆိုတာအပေါ် မူတည်ပါတယ်။အကြောင်းအရင်းကို သိပြီးချိန်မှာ အဓိကကုသမှုကတော့ စကားနဲ့ ဘာသာရပ်ကုထုံးပဲ ဖြစ်ပါတယ်။ ဒီရောဂါဖြစ်ထားသူဟာ ဘာသာစကားစွမ်းရည်နဲ့ တဦးကိုတဦး ဘယ်လိုဆက်သွယ်ရမယ်ဆိုတာ ပြန်လည်သင်ယူရပါတယ်။ဒီဖြစ်စဉ်မှာ မိသားစုဝင်တွေကပါ ပါဝင်ကူညီရပါတယ်။အမေရိကန်နိုင်ငံမှာ ဒီရောဂါခံစားနေရသူ တသန်းခန့်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။တွေ့ရများတဲ့ လက္ခဏာတွေကတော့-။တချို့ကတော့ သူတပါးပြောတာကို နားမလည်ခြင်း ဖြစ်ပါတယ်။ ဒီအခြေအနေဟာ ပင်ပန်းနေချိန်မှာ၊ လူအုပ်ထဲရောက်ချိန်၊ ဆူညံတဲ့ဝန်းကျင်ကို ရောက်နေချိန်မှာ ဖြစ်တတ်ပါတယ်။ဒီရောဂါဟာ အတွေးအခေါ် စွမ်းရည်ကိုတော့ မထိခိုက်ပါဘူး။ ဒါပေမယ့် စာဖတ်ရာမှာ၊ စာရေးရာမှာ အခက်အခဲ ကြုံရပါတယ်။ တချို့ကတော့ နံပါတ်များ သုံးစွဲရာမှာ၊ ရိုးရှင်းလှတဲ့ တွက်ချက်မှုတွေ ပြုလုပ်ရာမှာ ခက်ခဲနေတတတ်ပါတယ်။အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။အောက်ပါအခြေအနေတွေမှာ ဆရာဝန်ပြသင့်ပါတယ်။အတွေ့ရအများဆုံးအကြောင်းအရင်းကတော့ လေဖြတ်လို့ ဥိးနှောက်ထိခိုက်မှုကြောင့် ဖြစ်ပါတယ်။ ဦးနှောက်ထဲက သွေးကြောများ ပိတ်ဆို့ခြင်း၊ ပေါက်ပြဲခြင်းတို့ကြောင့် လေဖြတ်တတ်ပါတယ်။ ဦးနှောက်ကို သွေးရောက်ရှိမှု ပြတ်တောက်သွားရင် ဦးနှောက်ဆဲလ်များသေဆုံးပြီး ဘာသာစကားနဲ့ ပတ်သက်တဲ့နေရာတွေ ပျက်စီးသွားတတ်ပါတယ်။ပြင်းထန်သော ဦးခေါင်းဒဏ်ရာရခြင်း၊ ဦးနှောက်အကျိတ်၊ ရောဂါပိုးဝင်ခြင်း၊ ဆုတ်ယုတ်ပျက်စီးလာခြင်း စတာတွေကြောင့် ဦးနှောက်ထိခိုက်ရင်လည်း ဒီပြသနာဖြစ်နိုင်ပါတယ်။ ဒီအချိန်မှာ တခြားသိမှတ်မှုဆိုင်ရာပြသနာတွေဖြစ်တဲ့ မှတ်ဉာဏ်ဆိုင်ရာ ပြသနာများ၊ စိတ်ရှုပ်ထွေးမှု စတာတွေနဲ့အတူ ဖြစ်ပေါ်တတ်ပါတယ်။ မူလစကားပြောရခက်ခဲခြင်းဟာ တဖြည်းဖြည်းဆိုးလာတဲ့ ဘာသာစကားဆိုင်ရာ အခက်အခဲဖြစ်ပါတယ်။ ဘာသာစကားနဲ့ ပတ်သက်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းမှာ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာလို့ ဖြစ်ပါတယ်။ တခါတရံမှာ ပိုပြီးဆိုးတဲ့ အတိတ်မေ့ခြင်း ဖြစ်သွားနိုင်ပါတယ်။တခါတရံမှာ ယာယီစကားပြောခက်ခြင်း ဖြစ်တတ်ပါတယ်။ ဒါဟာ ခေါင်းတခြမ်းကိုက်ခြင်း၊ တက်ခြင်း၊ ယာယီသွေးကြောပြတ်တောက်မှုဖြစ်ခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။ ယာယီသွေးကြောပြတ်တောက်မှုဟာ နောင်မှာ လေဖြတ်မှုကို ဖြစ်နိုင်ခြေ များစေပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်ဟာ လေဖြတ်ခြင်း၊ ဦးနှောက်ထိခိုက်ခြင်း၊ ဦးနှောက်အကျိတ် စတာတွေကို ကုသနေရာကနေစကားပြောခက်ခြင်းကိုလည်း ရောဂါရှာဖွေအတည်ပြုပါလိမ့်မယ်။ အာရုံကြောပိုင်းဆိုင်ရာ စမ်းသပ်မှုတွေပြုလုပ်ရင်း မေးခွန်းတွေ မေးပါလိမ့်မယ်။ ခိုင်းစေခြင်းတချို့ကို ပြုလုပ်ပါလိမ့်မယ်။ အရာဝတ္တုတွေရဲ့ နာမည်တွေကို မေးပါလိမ့်မယ်။ ဒီရောဂါရဲ့ ပြင်းထန်မှုကို သိနိုင်ဖို့ အထောက်အကူပြုပါတယ်။ဦးနှောက်ထိခိုက်မှုဟာ သိပ်မပြင်းထန်ရင် ကုသမှုမလိုဘဲ ဘာသာစကားစွမ်းရည်ဟာ ပြန်ကောင်းလာနိုင်ပါတယ်။ ဒါပေမယ့် လူအများစုကတော့ ဘာသာစကားကိစ္စမှာ ပြန်လည်လေ့ကျင့်ခန်းလုပ်ပြီး ကုသမှု ခံယူရပါတယ်။ ယခုအခါမှာ သုတေသီတွေဟာ စကားပြောကုထုံးနဲ့ တွဲဖက်ပေးဖို့ (သို့) သီးခြားကုသဖို့ ဆေးဝါးတွေကို စူးစမ်းလေ့လာနေကြပါတယ်။ဘာသာစကား ပြန်လည်လေ့ကျင့်ယူခြင်း။ဘာသာစကားစွမ်းရည်ပြန်လည်ကောင်းမွန်ဖို့ဟာ နှေးကွေးတတ်ပါတယ်။ လူအများစုမှာ သိသာတဲ့တိုးတက်မှုတွေ ရှိပြီး လူအနည်းငယ်ကတော့ ထိခိုက်ဒဏ်ရာမရခင် အနေအထားကို ပြန်လည်ရရှိကြပါတယ်။ဘာသာစကားကုထုံးဟာ လူတယောက်ရဲ့ ဘာသာစကားကို တတ်နိုင်သလောက် ပြန်လည်ကောင်းမွန်စေပြီး ဆက်သွယ်ပြောဆိုနိုင်စွမ်းကို မြင့်မားလာစေပါတယ်။ ပျောက်ဆုံးသွားတဲ့ ဘာသာစကားစွမ်းရည်တွေကို ပြန်လည်ရရှိနိုင်အောင် သင်ကြားပြိး တခြားဆက်သွယ်မှု နည်းလမ်းတွေကိုပါ ပြသပေးပါတယ်။ကုထုံး။စောစီးစွာ စတင်ပါ။ သုတေသနအချို့အရ ဦးနှောက်ထိခိုက်မှုအပြီး သိပ်မကြာခင်မှာ စတင်တဲ့ ကုသမှုဟာ အထိရောက်ဆုံးလို့ ဆိုပါတယ်။အုပ်စုလိုက်လုပ်ဆောင်ပါ။ အုပ်စုဖွဲ့လုပ်ဆောင်ရင်း ဒီရောဂါရှိသူများဟာ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်မှာ ဆက်ဆံမှုစွမ်းရည်တွေ လေ့ကျင့်နိုင်ပါတယ်။စကားပြောခြင်း၊ ဘာတွေ နားမလည်လဲ ဖော်ထုတ်ခြင်း၊ မပြောတတ်တဲ့အပိုင်းကို ပြင်ဆင်ခြင်း စတာတွေကို လေ့ကျင့်နိုင်ပါတယ်။ကွန်ပျူတာအသုံးပြုခြင်းတွေလည်း ပါဝင်ပါတယ်။ ကွန်ပျူတာ အကူအညီနဲ့ ကုသခြင်းဟာ စကားလုံးတွေ ကြိယာတွေကို ပြန်လည်လေ့လာရာမှာ အထောက်အကူ ပေးပါတယ်။ဆေးဝါးကုသခြင်း။တချို့ဆေးဝါးတွေကို စကားပြောခက်ခြင်း ကုသရာမှာသုံးဖို့ လေ့လာနေကြပါတယ်။ ဦးနှောက်ကို သွေးစီးဆင်းမှုကောင်းစေတဲ့ ဆေးဝါးတွေ၊ ပျက်စီးသွားတဲ့ အာရုံကြောလျှပ်ကူးပစ္စည်းတွေကို ပြန်လည်အစားထိုးနိုင်စေမယ့် ဆေးဝါးတွေ ပါဝင်ပါတယ်။ memantine (Nemanda) နဲ့ Piracetam စတဲ့ ဆေးဝါးတွေ ပါဝင်ပါတယ်။ ပိုမိုစမ်းသပ်ဖို့ လိုအပ်ပါသေးတယ်။ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ဦးနှောက်ထိခိုက်မှုကြောင့် စကားမပြောနိုင်ခြင်းအတွက် အထောက်အကူ ပြုသလဲ။အောက်ပါအချက်တွေက အထောက်အကူပြုပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/brain-and-spine-disorders/aphasia-%e1%80%a6%e1%80%b8%e1%80%94%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%b1%e1%80%bc/
နှာစေးနှာပိတ် တာကို သက်သာစေဖို့
ဖျားတော့မယ်ထင်တယ်။ နှာတွေချေနေတယ်။ နှာရည်တွေလည်းကျပြီး အသက်ရှူရတာလည်း မကောင်းလိုက်တာလို့များ ဖြစ်နေလား။နှာခေါင်းပိတ်တာ၊နှာစေး တာတွေကို သက်သာစေမယ့်နည်းလမ်းလေးတွေပြောပြပေးမယ်နော်။နှာခေါင်းပိတ်ရတာကဘက်တီးရီးယားတွေ၊ဗိုင်းရပ်စ်ပိုးတွေအစရှိတဲ့ပိုးမွှားတွေကြောင့် နှာခေါင်းအတွင်းပိုင်းမှာရှိတဲ့ တစ်ရှူးတွေရောင်ရမ်းတာကြောင့်နောက်ဆက်တွဲနှာခေါင်းထဲက သွေးကြောလေးတွေရောင်ရမ်းလာတာကြောင့် အဓိကဖြစ်ရပါတယ်။ နှာခေါင်းပိတ်တာနဲ့ နှာစေးတာနဲ့ကတော့ အမြဲလိုလိုတွဲပြီးဖြစ်ပေါ်လေ့ရှိပါတယ်။ ညဘက်ဆို နှာခေါင်းပိတ်နေလို့ အသက်ရှူကျပ် အိပ်မရဖြစ်၊ လူကြားထဲမှာ နှာခေါင်းတရှုံ့ရှုံ့နဲ့ နေရထိုင်ရတာခက်၊ အစားအသောက်တွေလည်း အရသာမရှိနဲ့ သိပ်ဝေဒနာမဆိုးလှပေမယ့် နေရထိုင်ရခက်တဲ့ဝေဒနာပေါ့။ဒီအချက်တွေကြောင့် နှာစေးနှာပိတ် အများဆုံးဖြစ်နိုင်ပါတယ်။နှာခေါင်းထဲမှာပိတ်ဆို့နေတဲ့ချွဲသလိပ်တွေကို ဖြည်းဖြည်းချင်း ညှစ်ထုတ်ဖယ်ရှားပေးပါ။ နှာခေါင်းထဲက ချွဲသလိပ်တွေကို ဖယ်ရှားတာက နှာစေးနှာပိတ်တာကို သက်သာစေမယ့် အကောင်းဆုံးသော နည်းလမ်းတစ်ခုပါ။ တစ်ရှူးစနုနုလေးသုံးပြီး နှာခေါင်းထဲက ချွဲသလိပ်တွေကိုဖြည်းဖြည်းချင်းဖယ်ရှားပေးပါ။ တကယ်လို့များ နှာရည်တွေက တစ်စက်စက်ကျနေမယ်ဆိုရင် တစ်ရှူးစလေးတွေကို လုံးပြီး နှာခေါင်းမှာ စို့ထားပေးလို့ရပါတယ်။ နှာစေးနှာပိတ်နေတဲ့အခါပါးစပ်ကနေ အသက်ရှူပေးပါ။ရေနွေးသောက်တာ၊ရေသောက်တာနဲ့ စွပ်ပြုတ်သောက်တာလိုမျိုးခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးနိုင်မယ့် သောက်စရာတွေကို များများသောက်ပေးပါ။ ဒီလိုသောက်ပေးတာကကိုယ်ခံအားကိုကောင်းလာစေပြီး ခပ်နွေးနွေးဖြစ်တဲ့အရာတွေကို သောက်ပေးတာက ချွဲတွေကိုပျော်သွားစေပြီး နှာစေးနှာပိတ်တာကို မြန်မြန်သက်သာစေမှာပါ။လူတစ်ယောက် ကျန်းမာနေဖို့အတွက် အိပ်စက်မှုက တော်တော်လေးအရေးပါပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ နေထိုင်မကောင်းတဲ့အခါ ပြည့်ပြည့်ဝဝအနားယူအိပ်စက်ပေးဖို့ကို မေ့မထားသင့်ပါဘူး။ ဒါကြောင့် နှာစေးနှာပိတ်တာတွေ ဖြစ်တဲ့အခါမှာလည်း ကောင်းကောင်းအိပ်စက်အနားယူပေးပါ။နှာစေးနှာပိတ်နေတဲ့အခါ နှာခေါင်းနဲ့ နဖူးပေါ်ကို ရေနွေးဝတ်ကပ်ပေးတာက ချွဲတွေကို ပျော်စေပြီး နေရထိုင်ရသက်သာစေနိုင်ပါတယ်။ တစ်နေ့တာမှာ သတိရတိုင်းမျက်နှာကို ရေနွေးဝတ်ကပ်ပေးပါ။နှာခေါင်းပိတ်တဲ့အခါ အလွယ်ကူဆုံးနည်းလမ်းက ရေနွေးငွေ့ခံပေးပါ။ အဝကျယ်ရေဇလုံတစ်ခုထဲမှာ ရေနွေးထည့်ပြီး ရေခပ်နွေးနွေးအချိန်မှာ ရေနွေးငွေ့ခံပေးပါ။ ပိုပြီးထိရောက်ချင်ရင်တော့ ခေါင်းကို တဘက်လေးနဲ့အုပ်ထားပြီး ရေနွေးငွေ့ခံပေးပါ။ နှာခေါင်းထဲက ပိတ်ဆို့နေတဲ့ ချွဲသလိပ်တွေကို ပျော်စေမှာပါ။ဒီနည်းက နှာစေးနှာပိတ် တာကို အမြန်ဆန်ဆုံးနဲ့ အထိရောက်ဆုံးသက်သာပျောက်ကင်းစေနိုင်ပါတယ်။ Nasal spray က နှာခေါင်းထဲက ချွဲသလိပ်တွေကို ဖယ်ရှားပေးပြီး အသက်ရှူရအဆင်ပြေစေမှာပါ။ Nasal spray သုံးတာရဲ့ အကောင်းဆုံးအားသာချက်ကတော့ နှာခေါင်းပိတ်တာ၊ နှာရည်ယိုတာနဲ့ အသက်ရှူမရဖြစ်နေတာတွေကို ချက်ခြင်းသက်သာစေနိုင်တာပါ။နှာခေါင်းပိတ်တာကြောင့် အိပ်စက်ရတာ အနှောင့်အယှက်ဖြစ်တဲ့သူတွေအနေနဲ့ ညဘက်အိပ်တဲ့အခါ ခေါင်းကို ခပ်မြင့်မြင့်လေးထားပေးပါ။ ဒီလိုလုပ်ပေးတာက နှာခေါင်းပိတ်တာကြောင့် အသက်ရှူရခက်ပြီး အိပ်ရေးပျက်တာကို သက်သာစေနိုင်ပါတယ်။နှာခေါင်းပိတ်တဲ့အခါ နှာစေးတဲ့အခါ အအေးတွေများနေလို့ဖြစ်မယ်။ ရေမချိုးနဲ့လို့ ပြောတာကြားဖူးမှာပါ။ ဒီအယူအဆက အပြည့်အဝမမှန်ပါဘူး။ နှာစေး နှာပိတ်တဲ့အခါ ရေခပ်နွေးနွေးလေးနဲ့ ရေချိုးပေးတာက နှာစေးနှာပိတ်တာကို သက်သာစေနိုင်သလိုအသက်ရှူလမ်းကြောင်းမှာရှိနေတဲ့ ပိုးတွေကို သေစေနိုင်ပြီး အသက်ရှူရပိုအဆင်ပြေစေမှာပါ။ဒီနည်းလေးတွေသုံးပြီး နှာစေးနှာပိတ် တာကို အမြစ်ပြတ်ဖယ်ရှားပြီး စမတ်ကျကျနေ့လေးတစ်နေ့ကို ပိုင်ဆိုင်လိုက်ပါနော်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/nose-conditions/home-remedies-for-nasal-congestion/
အရေပြား အဆီပြန်ရောင်ရမ်းခြင်း
အရေပြား အဆီပြန်ရောင်ရမ်းခြင်း ဆိုတဲ့ ဝေါဟာရဟာ သင့်အတွက် အစိမ်းသက်သက် ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် သင့်လိုပဲ လူအတော်များများသည်လည်း ဒီရောဂါအကြောင်း စုံစုံလင်လင် သိမထားကြပါဘူး။ ဒါကြောင့် ဒီဆောင်းပါးမှ အရေပြားအဆီပြန်ရောင်ရမ်းခြင်းနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။အရေပြား အဆီပြန်ရောင်ရမ်းခြင်း ဟာ လူသိနည်းသလောက် အလွန်အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဓါတ်မတည့်တုံ့ပြန်မှု၊ နှင်းခူရောဂါတို့နဲ့ ဆင်တူပေမယ့် သင့်ကျန်းမာရေးကိုတော့ ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဒါဟာ သင့်ကို စိတ်မသက်မသာဖြစ်စေပြီး နေရထိုင်ရခက်စေမယ့် အရေပြားပြဿနာတစ်ခုသာ ဖြစ်ပါတယ်။ ဒီရောဂါရဲ့ လက္ခဏာတွေကြောင့် သင့်ကိုယ်သင် သန့်သန့်ရှင်းရှင်းမရှိသလို ခံစားရနိုင်ပါတယ်။အရေပြားအဆီပြန်ရောင်ရမ်းခြင်းဟာ သူ့အလိုလို သက်သာသွားနိုင်ပေမယ့် ရောဂါလက္ခဏာတွေ ပေါ်လာလိုက်၊ ပျောက်သွားလိုက်နဲ့ ကာလရှည်ကြာ ဖြစ်လေ့ရှိတာများပါတယ်။ ဆောင်းရာသီလို ရာသီဥတုအေးပြီး ခြောက်သွေ့တဲ့အချိန်တွေမှာတော့ ရောဂါပြန်ထလာလေ့ရှိပါတယ်။ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ အရေပြားအဆီပြန်ရောင်ရမ်းခြင်းကို cradle cap လို့ခေါ်ပါတယ်။ ကလေးငယ်ရဲ့ ဦးရေပြားမှာ ချွဲကျိကျိ အဖတ်ထူထူတွေ ပေါ်လာမှာဖြစ်ပြီး ကျန်းမာရေးကိုတော့ ထိခိုက်စေမှာ မဟုတ်ပါဘူး။ အချို့ကလေးငယ်တွေရဲ့ အရေပြားပေါ်မှာ အနီရောင်အဖုအပိမ့်တွေ ထွက်လာတာကိုလည်း တွေ့ရနိုင်ပါတယ်။ အများအားဖြင့် ကလေးအသက် ၆လမှ တစ်နှစ်အတွင်း ရောဂါသက်သာသွားတတ်ပါတယ်။ဒီရောဂါဖြစ်ပွားစေတဲ့ အကြောင်းအရင်း အတိအကျကို မသိရသေးပေမယ့် အောက်ပါအခြေအနေတွေကြောင့် ဖြစ်လာနိုင်တယ်လို့တော့ ယူဆထားပါတယ်။အရေပြားအဆီပြန်ရောင်ရမ်းခြင်း ရောဂါလက္ခဏာတွေဟာ ခန္ဓါကိုယ်အနှံ့အပြားမှာ ဖြစ်ပေါ်နိုင်ပြီး မျက်နှာ၊ နှာခေါင်းပတ်ပတ်လည်၊ ဦးရေပြား၊ နားရွက်နောက်၊ နားရွက်အတွင်း စတဲ့ အဆီပြန်တတ်တဲ့ နေရာတွေမှာ ပိုအဖြစ်များပါတယ်။ ရင်အုပ်အလည်ပိုင်း၊ တင်ပါး၊ သားမြတ်အောက်၊ လက်မောင်းအောက်နဲ့ ခြေထောက်တွေမှာလည်း ဖြစ်တတ်ပါတယ်။ကုသမှုမှာ ရောဂါအတွက် အသုံးပြုဖို့သင့်တော်တဲ့ ခေါင်းလျှော်ရည်၊ ခရင်မ်နဲ့ လိုးရှင်းတွေ ပါဝင်မှာဖြစ်ပါတယ်။ အရေပြားအထူးကုဆရာဝန်က အခြားဆေးဝါးများ မပေးခင် အိမ်သုံးဆေးဝါးများနဲ့ အရင်ကုသဖို့ အကြံပြုလိမ့်မှာ ဖြစ်ပါတယ်။အရေပြားအဆီပြန်ရောင်ရမ်းခြင်းအတွက် အသုံးပြုနိုင်တဲ့ ပစ္စည်းတွေကို ဆေးဆိုင်များမှာ အလွယ်တကူဝယ်ယူနိုင်ပါတယ်။ ၎င်းပစ္စည်းတွေရဲ့ အသုံးပြုပုံအညွှန်းကို ဖတ်ကြည့်ခြင်းအားဖြင့် ဒီရောဂါအတွက် သင့်တော်ခြင်းရှိမရှိသိနိုင်ပါတယ်။ Salicylic acid၊ resorcin coal tar၊ ketoconazole၊ zinc pyrithione၊ selenium sulfide စတဲ့ ဒြပ်ပေါင်းတွေပါဝင်ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို ဦးစားပေးအသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးငယ်တွေမှာတော့ဗောက်ပျောက်တဲ့ခေါင်းလျှော်ရည်အသုံးပြုခြင်းကြောင့် အရေပြားထိခိုက်နိုင်တယ်ဆိုတာကို သတိပြုသင့်ပါတယ်။အရေပြားအဆီပြန်ရောင်ရမ်းနေတဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေကို သန့်ရှင်းခြောက်သွေ့အောင် ထားရမှာ ဖြစ်ပါတယ်။ ဒီရောဂါရှိသူတွေအနေနဲ့ နေ့စဉ် ရေနွေးနဲ့ရေချိုးပြီး အပျော့စားကိုယ်တိုက်ဆပ်ပြာအသုံးပြုသင့်ပါတယ်။ အရေပြားအဆီပြန်ရောင်ရမ်းမှု ဖြစ်စေတဲ့ ကပ်ပါးမှိုကို နေရောင်ခြည်က သေစေနိုင်တဲ့အတွက် ရောဂါရှိသူအချို့ဟာ ဆောင်းတွင်းထက်စာရင် နွေရာသီမှာ ရောဂါလက္ခဏာ သက်သာလေ့ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ အခြားကုသမှု နည်းလမ်းတစ်မျိုးကတော့ ကပ်ပါးမှိုများကို သေစေနိုင်တဲ့ ခေါင်းလျှော်ရည်နဲ့ ဆေးဝါး အသုံးပြုခြင်း၊ ကိုယ်ခံအားကို မြှင့်တင်ပေးတဲ့ ဆေးဝါးများ သောက်သုံးခြင်း၊စတီးရွိုက်ပါဝင်တဲ့ လိုးရှင်းအသုံးပြုခြင်းနဲ့ အလင်းရောင်ပြခြင်းတို့ပဲ ဖြစ်ပါတယ်။သင့်ရောဂါအခြေအနေအပေါ် မူတည်ပြီး ကုသမှုတစ်မျိုး ဒါမှမဟုတ် တစ်မျိုးထက်ပိုပြီး ခံယူရနိုင်ပါတယ်။ ကုသမှုခံယူနေပေမယ့် ရောဂါလက္ခဏာ မသက်သာဘူး၊ နာကျင်မှု၊ အရေပြား နီရဲရောင်ရမ်းမှု၊ သွေးယိုစိမ့်မှု စတာတွေ ဖြစ်လာခဲ့မယ်ဆိုရင်တော့ သင့်ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။အရေပြားအဆီပြန်ရောင်ရမ်းခြင်းဟာ အဖြစ်များတဲ့အရေပြားရောဂါတစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် ဦးရေပြားမှာ ရောဂါလက္ခဏာပြတတ်ပြီး အချို့လူတွေမှာ အလိုအလျောက် သက်သာပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် ဒီရောဂါဟာ ကာလကြာရှည် ဖြစ်လေ့ရှိတဲ့အတွက် ကုသမှုခံယူခြင်းက သင့်အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/dermatitis/seborrheic-dermatitis-explained/
ဝမ်းလျှောပြီးခါစ ကလေးတစ်ယောက် ပြန်အားရှိလာအောင် ဘယ်လိုပြုစုရမလဲ။ ။
ဝမ်းလျှောတယ်ဆိုတဲ့ ပြဿနာဟာ ဖြစ်တဲ့ လူတိုင်းကို အားပြတ်သွားစေတတ်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ လူကြီးတွေကိုတောင် တော်တော်ခံစားရစေတာ နုနယ်တဲ့ ကလေးတွေမှာဆို ပိုလို့တောင် ဆိုးဝါးစွာ ထိခိုက်စေတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ဝမ်းလျှောနေတဲ့ အချိန်တွင်းမှာ ကလေးတွေကို ဂရုစိုက်ဖို့ အရေးကြီးသလို လူကြီးတွေထက် ခုခံအားနည်းတဲ့ကလေးတွေမှာ ဝမ်းလျှောပြီးနောက်ပိုင်း ပြုစုရတဲ့ အပိုင်းကလည်း အင်မတန်မှ အရေးကြီးလှပါတယ်။ ဒါတွေ အတွက် တာဝန်အရှိဆုံးကတော့ မေမေတို့လို့ ပြောရမှာပဲ ။ ဒီတော့ ဘယ်လိုကျွေး ဘယ်လိုတွေ ပြုစုရမလဲ ။ ။ဝမ်းလျှောခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကတော့အစားအသောက်တွေ မသန့်ရှင်းလို့ ဖြစ်ရတာဆိုတော့ ဒီလို ထပ်မဖြစ်အောင် ကလေးကို ကျွေးမယ့် အစားအသောက်တွေကို သန့်သန့်ရှင်းရှင်း ပြင်ဆင်ပေးဖို့လိုအပ်ပါတယ်။ဝမ်းလျှေြာပီးခါစ ကလေးအူက ဒဏ်ဖြစ်ထားတဲ့အတွက်ကြောင့် စပ်တဲ့ အစားအသောက်တွေ၊ဆီကြော်တွေ၊ သကြားများတဲ့ အချိုသရေစာတွေ ရှောင်ကျွေးပါ။နို့များများတိုက်ပါ။အူအတွင်းမှာရှိနေတဲ့အကျိုးပြု ဘက်တီးရီးယားတွေ အားကောင်းမှ အပြင်က ဝင်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်နိုင်မှာပါ။ ခုလို ဝမ်းလျှောပြီးခါစ အခြေအနေမှာ အူထဲက အကျိုးပြု ဘက်တီးရီယားတွေ ရောဂါပိုးနဲ့ စစ်ဖြစ်တာကြောင့် ကုန်သလောက်ဖြစ်သွားလို့ သူတို့ ပြန်များလာဖို့လိုအပ်ပါတယ် ။ ဒါကြာင့် အကျိုးပြု ဘက်တီးရီယား ကြွယ်ဝတဲ့ အစားအသောက်တွေ ဖြစ်တဲ့ ဒိန်ချဉ်၊ ငှက်ပျောသီး၊ ပန်းသီးအခွံ၊ ပဲ အမျိုးမျိုးနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူတို့ဟာ အကျိုးပြု ဘက်တီးရီးယားတွေ ကြွယ်ဝတဲ့ အစားအသောက်တွေ ဖြစ်လို့ ဝမ်းလျှောပြီးခါစ ကလေးအတွက် သင့်တော်ပါတယ်။ဝမ်းလျှောတဲ့ အခါ ဝမ်းနဲ့အတူ ရေနဲ့ဓါတ်ဆားဓါတ်တွေ ဖြစ်တဲ့ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ် နဲ့ ကယ်လ်ဆီယမ် ဓါတ်တွေဆုံးရှုံးသွားတတ်ပါတယ်။ ကိုယ်တွင်းမှာ ဒီ ရေနဲ့ ဓါတ်ဆားဓါတ်တွေ မရှိရင် ပြဿနာတက်နိုင်တာကြောင့် ဝမ်းလျှောနေစဉ် ဓါတ်ဆားရည်သောက်ဖို့ အရေးကြီးတာပါ။ ဝမ်းလျှောပြီးနောက်ပိုင်းမှာ ဓါတ်ဆားရည် သောက်ဖို့ မလိုအပ်တော့ပေမယ့် ဆုံးရှုံးသွားတဲ့ ဓါတ်ဆားတွေကို ပြန်ဖြည့်ပေးဖို့တော့ လိုပါသေးတယ်။ အုန်းရေသောက်ပါ။ အသင့်သောက် အားဖြည့်အချိုရည်တွေထက်စာရင် သဘာဝအုန်းရည်က ကျန်းမာရေးနဲ့ပိုညီညွတ်ပြီး ဓါတ်ဆားဓါတ်တွေကိုလည်း ပြန်ဖြည့်ပေးနိုင်မှာပါ။ နောက် အရေးအကြီးဆုံး အချက်ကတော့ ကလေးကို ရေများများတိုက်ပါ။ နို့များများတိုက်ပါ။ဝမ်းလျှောတဲ့အခါ ကိုယ်ခန္ဓါက အားအင်တွေ ကုန်ခမ်းသွားတတ်တာကြောင့် ပြန်ပြီး အားအင်ပြည့်ဖို့အတွက် ကလေးကို အိပ်ခိုင်းပါ။ တစ်ခုရှိတာက ကလေးနုန်းပြီး တစ်ချိန်လုံးအိပ်နေရင်တော့ စိုးရိမ်ရတဲ့အတွက် ကလေးက နုန်းလို့အိပ်တာလား၊ နိုးနေတဲ့အချိန်တွေ ဆို လန်းရောလန်းလားဆိုတာ ခွဲခြားတတ်ဖို့လည်း အရေးကြီးပါသေးတယ်။ဝမ်းလျှောနေတဲ့ ကာလတုန်းက အိပ်ရာထဲမှာပဲ အနားယူခိုင်းပြီး မလှုပ်ရှားခဲ့တဲ့ ကိုယ်ခန္ဓါကို နလန်ထူလာတဲ့အချိန်မှာတော့ အတိုးချလှုပ်ရှားမှုတွေ လုပ်ခိုင်းရပါလိမ့်မယ်။ ကလေးကို ခေါ်ပြီး အပြင်ထွက် လမ်းလေးဘာလေးလျှောက်ပါ။ စိတ်အပြောင်းအလဲလေးဖြစ်ပြီး လန်းဆန်းသွားအောင်လို့ပါ။ဒါတွေကတော့ ဝမ်းလျှောပြီးခါစ ကလေးတွေ ပြန်ပြီး နလန်ထူလာတဲ့အချိန် မေမေတို့ ဘက်က ပြုစုပေးသင့်တဲ့ အပိုင်းလေးတွေ ပဲဖြစ်ပါတယ်။ ကလေးဆိုတာ နုနယ်ပေမယ့် ပြန်နလန်ထူလာတဲ့ အချိန်က လူကြီးတွေ ထက်မြန်တာကြောင့် မြန်မြန်ကောင်းအောင် ဂရုစိုက်ပေးဖို့က မေမေတို့ အပိုင်းဖြစ်သွားပြီနော် ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/diarrhoea-in-child/
Tooth and nail syndrome (သွားနှင့်ခြေသည်းလက်သည်းရောဂါအစု)
သွားနှင့်ခြေသည်းလက်သည်းရောဂါအစု (TNS) ဆိုတာ ခန္ဓါကိုယ်အပေါ်လွှာကင်ဆာဖြစ်ချင်ခြင်းရောဂါအစုထဲက ရှားပါးတဲ့မျိုးရိုးဗီဇရောဂါတစ်မျိုးဖြစ်ပါတယ်။ ထိုအစုမှာ စင်ဒရုန်းပေါင်း ၁၀၀ကျော်ပါဝင်ပါတယ်။ခန္ဓါကိုယ်အပေါ်ယံလွှာအကြိုကင်ဆာဖြစ်မယ်ဆိုရင် သွား၊ ခြေသည်းလက်သည်း၊ အမွှေးများနဲ့ အရေပြားတို့ကို ထိခိုက်မှာပါ။ သွားနှင့်ခြေသည်းလက်သည်းရောဂါအစုမှာ ငယ်သွားနှင့်ကြီးသွားတို့မရှိခြင်း/ပုံသဏ္ဍန်မမှန်ခြင်းက ခြေသည်းလက်သည်းများ အထူးသဖြင့် ခြေသည်း ပုံမှန်ဖွံ့ဖြိုးမှုမရှိခြင်းနဲ့ တွဲနေပါတယ်။သွားနှင့်ခြေသည်းလက်သည်းရောဂါအစုဟာ မိန်းမနဲ့ယောက်ျားအချိုးတူသက်ရောက်ပါတယ်။ 1965 (C.J. Witkop) မှာ စတင်ဖော်ပြခဲ့ပြီး မိသားစုတော်တော်များများမှာ တော်တော်များများဖြစ်ပွားနေခဲ့ကာ ၃၀ကျော်လောက်ရှိနေပါပြီ (kindreds)။ ဆေးပညာစာအုပ်တွေကတော့ လူတစ်သောင်းမှာ တစ်ယောက်/နှစ်ယောက်နှုန်းဖြင့် ဖြစ်ပွားတယ်လို့ ပြောပါတယ်။ ကနေဒါရှိ ဒတ်(ခ်ျ) မန်နိုနိုက်တို့ကြားမှာ ပြန့်ပွားလျက်ရှိတယ်လို့ လေ့လာတွေ့ရှိရပါတယ်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။သွားနှင့်ခြေသည်းလက်သည်းရောဂါအစုရှိတဲ့ကလေးသူငယ်အချို့ရဲ့ ငယ်သွားတွေဟာ ကတော့ပုံစံရှိနိုင်သလို၊ လုံးဝမပါတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါ့အပြင် ကလေးကြီးအချို့မှာ ကြီးသွားတွေ မပါတာလည်းရှိသလို၊ ပုံသဏ္ဍန်မမှန်တာမျိုးလည်းရှိပါတယ်။ မပေါက်နိုင်မယ့် ကြီးသွားတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ကြီးသွားတွေရဲ့ အပေါ်ပိုင်းတွေဟာ ကတော့ပုံရှိပြီး တစ်ခါတစ်ရံ သွားကျဲနေတတ်ပါတယ်။ ကြီးသွား၊ ငယ်သွားအချို့မပါဝင်ခြင်းကြောင့် ရောဂါရှိသူ ကလေးအချို့ဟာ အောက်နှုတ်ခမ်းစူနေတတ်ပါတယ်။ သွားနှင့်ခြေသည်းလက်သည်းရောဂါအစုရှိတဲ့သူတွေရဲ့ ခြေသည်းလက်သည်းမှာ ထင်ရှားတဲ့ ပုံသဏ္ဍန်မမှန်ခြင်းတွေ ရှိနိုင်ပါတယ်။ မွေးလာတဲ့အချိန်မှာ ခြေသည်းလက်သည်းမပါဝင်တဲအပြင် အလွန်နှေးကွေးစွာ ဖွံ့ဖြိုးပါတယ်။ အဓိကအရွယ်ကတော့ မွေးကင်းစအရွယ်ကနေ အသက်၂နှစ်၃နှစ်အထိပါ။ ဖွံ့ဖြိုးမယ်ဆိုရင်လည်း ပုံသဏ္ဍန်မမှန်ဘဲ သေးငယ်ကာ ဖွံ့ဖြိုးမှုနည်းတဲ့ပုံပေါက်ပါတယ်။ အပေါက်ပါက်တွေဖြစ်တဲ့အတွက်ကြောင့် ခြေသည်းလက်သည်းတွေဟာ ဇွန်းပုံသဏ္ဍန်ရှိနေမှာပါ။ သွားနှင့်ခြေသည်းလက်သည်းရောဂါအစုရှိတဲ့သူအများစုမှာ ခြေသည်းတွေက လက်သည်းတွေထက်ပိုပြီး ထိခိုက်ခံကြရပါတယ်။ တစ်ချို့အခြေအနေတွေမှာ ရောဂါရှိသူ ကလေးနဲ့အရွယ်ရောက်ပြီးသူတို့ရဲ့ လက်သည်းခြေသည်းတွေက ပုံမှန်ပုံပေါက်နေတတ်ပါတယ်။ တချို့လူတွေကတော့ ခြေသည်းတွေ အလွန်သေးကာ ဇွန်းပုံသဏ္ဍန်ရှိနေတတ်ပါတယ်။ တချို့လူတွေရဲ့ ဦးရေပြားဟာ ပါးလွှာချောမွတ်ပြီး ကြွပ်ဆပ်နေတတ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။TNS ဖြစ်စေတဲ့ မျိုးရိုးဗီဇကို ၂၀၀၁တွင်တွေ့ရှိခဲ့ပြီး MSX1 လို့ခေါ်လိုက်ပါတယ်။ ထိုမျိုးရိုးဗီဇတွေဟာ သွား၊ ခြေသည်းလက်သည်းနဲ့ အရေပြားတို့၏ ဖွံ့ဖြိုးမှုနှင့်သက်ဆိုင်သော ပရိုတင်းထုတ်လုပ်မှုအတွက် တာဝန်ယူပါတယ်။ MSX1 မျိုးရိုးဗီဇပြောင်းလဲသွားတဲ့အခါ ထိုပရိုတင်းထုတ်လုပ်မှုလျော့နည်းသွားပြီး သွားနှင့်ခြေသည်းလက်သည်းရောဂါအစုဖြစ်ပေါ်လာပါတယ်။သွားနှင့်ခြေသည်းလက်သည်းရောဂါအစုအတွက် မျိုးရိုးဗီဇဟာ လွှမ်းမိုးတဲ့အမျိုးအစားဖြစ်ပါတယ်။ ဆိုလိုတာက ရောဂါဖြစ်ဖို့အတွက် မိဘတစ်ပါးပါးထံမှ မျိုးရိုးဗီဇတစ်ခုတည်းပဲလိုတာပါ။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။တချို့အခြေအနေတွေမှာ ခြေသည်းလက်သည်းတစ်ခုထက်ပိုပြီး ပျောက်နေပါက ထိုရောဂါကို မွေးကတည်းက တွေ့နိုင်ပါတယ်။ အသက်၄နှစ်၅နှစ်လောက်မှာ ငယ်သွားမရှိခြင်း၊ ခြေသည်းလက်သည်းများ မဖွံ့ဖြိုးခြင်းတို့ကနေ ရောဂါတွေ့ရှိနိုင်ပါတယ်။ အသက်၇-၁၅နှစ်မတိုင်ခင် ရောဂါရှာမတွေ့နိုင်တာလည်းရှိပါတယ်။ ထိုအသက်ရောက်ရင်တော့ ကြီးသွားမပေါက်ခြင်း/ပုံသဏ္ဍန်မမှန်ခြင်း၊ ခြေသည်းလက်သည်းအကြိုကင်ဆာလက္ခဏာပြခြင်းများကြောင့် ရောဂါတွေ့ရှိနိုင်ပါတယ်။သွားနှင့်ခြေသည်းလက်သည်းရောဂါအစုအား အဖြေရှာအတည်ပြုခြင်းကို ကုသမှုပိုင်းဆိုင်ရာ အကဲဖြတ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာလက္ခဏာများကိုရှာဖွေခြင်းများဖြင့် ပြုလုပ်ပါတယ်။သွားနှင့်ခြေသည်းလက်သည်းရောဂါအစုအတွက် ကုသမှုဟာ တိကျတဲ့ ရောဂါလက္ခဏာတွေနဲ့ သိသာတဲ့ တွေ့ရှိချက်တွေအပေါ် အခြေခံတာပါ။ကလေးဆရာဝန်။ သွားမညီခြင်းတို့ကို ရှာဖွေပြင်ဆင်ပေးသော သွားဆရာဝန်၊ သွားအထူးကု။ နဲ့ အခြားကျန်းမာရေးကျွမ်းကျင်သူတွေက အတူတကွပူးပေါင်းလုပ်ဆောင်ကာ ကုသမှုကို စနစ်တကျချည်းကပ်ပါတယ်။ကုသမှုမှာ အဓိကပါဝင်တာက သွားကျန်းမာရေးပြန်လည်ကောင်းမွန်စေခြင်းပါ။ သွားတု သို့မဟုတ် အခြားသောပစ္စည်းတွေနဲ့ မရှိတဲ့သွားနေရာမှာ အစားဝင်စေပါတယ်။ ဒါ့အပြင် သွားနဲ့သွားဖုံးပုံသဏ္ဍန်မမှန်မှုများအတွက် သွားထိန်းကွင်းထပ်ခြင်း၊ သွားပိုင်းဆိုင်ရာခွဲစိတ်ခြင်းနဲ့ အခြားပြုပြင်မှုလုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမှာပါ။မျိုးရိုးဗီဇပိုင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်အကြံပေးခြင်းက ရောဂါခံစားရသူနဲ့ သူရဲ့ဆွေမျိုးတွေအတွက် အကျိုးရှိပါတယ်။ အခြားကုသနည်းလမ်းကတော့ ရောဂါလက္ခဏာများသက်သာစေခြင်းနဲ့ ကူညီထောက်ပံ့မှုတို့ပဲဖြစ်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/dental-conditions/tooth-and-nail-syndrome-%e1%80%9e%e1%80%bc%e1%80%ac%e1%80%b8%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7%e1%80%b1%e1%80%bb%e1%80%81%e1%80%9e%e1%80%8a%e1%80%b9%e1%80%b8%e1%80%9c%e1%80%80%e1%80%b9/
ရေသောက်ပြီး ဝိတ်လျှော့ကြမယ်
ရေသောက်ပြီး ဝိတ်လျှော့ကြမယ်။ဝိတ်ချနေကြတဲ့ Hello ဆရာဝန်ပရိသတ်ကြီးတို့ရေ…ဝိတ်ချနေပေမယ့် ဝိတ်မကျဘူးဖြစ်နေလား။ အစားတွေလည်းလျှော့၊ လေ့ကျင့်ခန်းတွေလုပ်နေပေမယ့် ထင်သလောက်ဝိတ်မကျဘူးဖြစ်နေလား။ ဒါဆိုရင်တော့ ကိုယ်ရဲ့ဝိတ်ချတဲ့နည်းက တစ်ခုခုမှားနေပြီဆိုတာ သေချာနေပြီနော်။ ဝိတ်လျှော့နေတဲ့သူတွေ အများဆုံးမှားလေ့ရှိတဲ့အမှားကတော့ ရေလုံလောက်စွာမသောက်ခြင်းပဲဖြစ်ပါတယ်။ ရေကအမြဲသောက်နေတာပဲ၊ ဘယ်လိုလုပ်အကျိုးကျေးဇူးပေးနိုင်မှာမို့လို့လဲဆိုပြီးတော့ အထင်မသေးလိုက်ပါနဲ့။ရေဆိုတာက အဆီချဝိတ်လျှော့တဲ့နေရာ၊အသားအရေလှစေတဲ့နေရာ သဘာဝတရားက လက်ဆောင်ပေးတဲ့ လက်နက်ပုန်းတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ကယ်လ်လိုရီမပါ၊ သကြားမပါ၊ အဆီတက်စေတဲ့ဓာတ်တွေမပါတဲ့ တစ်ခုတည်းသော အရည်ဖြစ်မို့လို့ပါ။ ဒါကြောင့်မို့လို့ ရေသောက်ပြီး ဝိတ်ချဖို့အတွက် တစ်နေ့ကို ရေများများသောက်ဖြစ်အောင် ဘယ်လိုတွေလုပ်ဆောင်ရမလဲဆိုတဲ့လျှို့ဝှက်ချက်တွေ မျှဝေပေးပါရစေနော်။ရေသောက်ပြီး ဝိတ်လျှော့ကြမယ် ဆိုရင် ပထမဆုံးအနေနဲ့ ရေသောက်ဖို့အတွက် ကိုယ်ရေဆာတဲ့အချိန်ကို စောင့်စရာမလိုပါဘူး။ သဘာဝအတိုင်းရေဆာဖို့ဆိုတာနွေရာသီကလွဲရင် ကျန်တဲ့ရာသီဥတုတွေမှာ ရေဆာဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ်။ရေသောက်ပြီးဝိတ်ချမယ်လို့ဆုံးဖြတ်လိုက်ပါပြီရဲ့….ရေဘူးက ကိုယ့်အနားမှာမရှိရင် ဘယ်လိုလုပ်ရေသောက်ဖြစ်မလဲ။ အဲ့တာကြောင့်မို့လို့ ရေဘူးကို ကိုယ့်အနားမှာထားပြီး ရေဘူးကိုမြင်တိုင်း ရေသောက်ဖို့သတိရမှာပေါ့နော်။ရေကိုသောက်နေကျမဟုတ်ရင် မသောက်ချင်တော့ဘဲနဲ့ မုန်းနေတာမျိုးတွေ၊ ရေသောက်လိုက်တိုင်း ပျို့အန်တာမျိုးတွေကြုံဖူးတဲ့သူတချို့ရှိမှာပေါ့နော်။ ဒါဆိုရင်တော့ ရေအစားထိုးသစ်သီးဖျော်ရည်တွေ၊ လီမွန်တီး (ခေါ်) သံပုရာရေနွေးကြမ်း လိုမျိုးသောက်လို့ရပါတယ်။ ဒီလိုသောက်တဲ့အခါမှာလည်း ကယ်လိုရီမပါတဲ့ သဘာဝဖျော်ရည်မျိုးကို ဦးစားပေးပြီး သောက်သုံးသင့်ပါတယ်။တစ်ခါတစ်လေကျရင် “ရေဆာလိုက်တာ…ရေဆာပြေ အအေးလေးသောက်လိုက်ဦးမယ်” ဆိုတာမျိုးတွေးဖူး၊ ဖြစ်ဖူးလား။ အဲ့လိုအချိန်မှာ အအေးမသောက်ပါနဲ့နော်။ ရေဆာတဲ့အချိန်မှာ ရေသောက်ပါ။ ခန္ဓာကိုယ်ထဲကို မလိုလားအပ်တဲ့သကြားဓာတ်တွေ၊ ကယ်လ်လိုရီတွေဝင်သွားမှာစိုးလို့ပါ။သင်တို့ကိုယ်တိုင် ရေသောက်ဖို့ သတိမရဘူးဆိုရင်တောင် သင့်ဖုန်းက သတိရနေမှာပါနော်။ သင်တို့ရဲ့ဖုန်းကို ၂ နာရီတစ်ခါ alarm ပေးလိုက်မယ်ဆိုရင် သင့်ကို ရေ၈ခွက်ထက်မနည်းသောက်သုံးဖြစ်ဖို့ သေချာသလောက်ဖြစ်နေပါပြီ။ နောက်ဆိုရင် alarm မြည်အောင်စောင့်စရာမလိုပဲနဲ့ ရေသောက်တတ်တဲ့အကျင့်က စွဲသွားပါလိမ့်မယ်နော်။ရေမသောက်ချင်ဘူးဆိုရင် တခြားရွေးချယ်စရာတွေရှိပါသေးတယ်။ အဲ့ဒါကတော့ ရေဓာတ်ပြည့်ဝတဲ့အစားအစာတွေ၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေ စားသုံးပေးဖို့ပါပဲ။ ဥပမာဖရဲသီးလို အသီးအနှံမျိုးတွေစားသုံးပေးရင် ရေဓာတ်ပြည့်ဝစေပါတယ်။အစားမစားခင် ရေသောက်လိုက်လို့ ဗိုက်ပြည့်တယ်ဆိုတဲ့ အသိစိတ်က သင့်ကို အစားစားချင်စိတ်ကို လျော့နည်းစေတဲ့အပြင် ကယ်လ်လိုရီအများကြီးမစားမိအောင် ထိန်းပေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အစားမစားခင်အချိန်ရယ်၊ အစားစားနေစဉ်အချိန်၊ အစာစားပြီးအချိန်မှာရေသောက်ပေးတာကအစာခြေစနစ်ကို အထောက်အကူပေးတဲ့အပြင် အစားအစာမှာပါတဲ့အာဟာရဓာတ်တွေကို ပိုမိုစုပ်ယူပေးပါတယ်။ပြင်းထန်တဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုလုပ်နေတဲ့အချိန်၊ အပြင်သွားလို့ ရာသီဥတုပူနေတဲ့အချိန်မှာ ရေကိုပိုသောက်ပေးသင့်ပါတယ်။ အားကစားပြုလုပ်နေချိန်မှာ ရေသောက်ရတဲ့ အခြေခံစည်းမျဉ်းရှိပါတယ်။ အဲ့တာကတော့ ရေ ၂၅၀ မီလီလီတာကို မိနစ်၂၀ တိုင်း ၁ခါသောက်သုံးပေးရတာမျိုးပါ။ ဒါပေမယ့် အရမ်းမောနေချိန်မှာတော့ ရေကို မသောက်သင့်ပါဘူး။ အမောပြေမှသာ ရေသောက်ဖို့ တိုက်တွန်းချင်ပါတယ်။ယခု ဝိတ်လျှော့တဲ့သူတွေကြားထဲမှာ နာမည်ကြီးလာတာကတော့Detox waterပဲဖြစ်ပါတယ်။ Detox water ဆိုတာကတော့ အသီးတွေ၊ အရွက်တွေကို ကြိတ်ခြေထားတဲ့ ဖျော်ရည်တွေပဲ ဖြစ်ပါတယ်။ ဒီအရည်တွေကို ထမင်းအစားထိုး သောက်ကြတာမျိုးပါ။ ဒါကလည်း ရက်တိုနဲ့ တစ်လကို ၁−၂ကြိမ်လုပ်ပေးနိုင်ပါတယ်။ ရောဂါအခံရှိရင်၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကတော့ အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။နောက်ဆုံးအဆင့်အနေနဲ့ ကိုယ့်ရဲ့ ဆီးအရောင်ကို သတိထားကြည့်ပေးပါ။ ဆီးအဝါရင့်ရောင်ဆိုရင်တော့ ရေသောက်ဖို့လိုနေပါသေးတယ်။ ဆီးအဝါဖျော့ရောင်ဆိုရင်တော့ ရေကို ပြည့်ပြည့်ဝဝသောက်ပြီးပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ဒါဆိုရင်တော့ အပေါ်ကအချက်လေးတွေကိုဖတ်ကြည့်ပြီး ခန္ဓာကိုယ်ပိန်သွယ်ပြီး လှချင်တဲ့ကိုကို မမတွေအတွက် ရေသောက်ပြီး ဘယ်လိုပိန်အောင်လုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကိုဖတ်ကြည့်ပြီး လက်တွေ့လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလို ဝိတ်လျှော့တဲ့အခါမှာလည်း အလွန်အကျွံမလျှော့ကြဖို့နဲ့ အစာအာဟာရလုံလောက်စွာစားသုံးပေးဖို့လည်း သတိပြုစေချင်ပါတယ်နော်။ ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/water-supports-weight-loss/
အသည်းခြောက်ခြင်း ။ အခြေခံအချက်အလက်များ
အသည်းခြောက်ခြင်းဟာ အသည်းပျက်စီးခြင်းကြောင့် ဖြစ်ပေါ်တာ ဖြစ်ပါတယ်။ အသည်းခြောက်ခြင်းဟာ ရောဂါသေဆုံးနှုန်းအများဆုံး အကြောင်းရင်း နံပါတ် ၁၂ မှာ ရှိနေပါတယ်။ ဒီဆောင်းပါးမှာတော့ အသည်းခြောက်ခြင်းအကြောင်းကို အသေးစိတ်ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။အသည်းခြောက်ခြင်းဟာ ကျန်းမာတဲ့ အသည်းတစ်ရှူးတွေနေရာမှာ အမာရွတ်တစ်ရှူးတွေနဲ့ အစားထိုးလိုက်တဲ့ ဖြည်းညင်းစွာ ဖြစ်ပေါ်လာတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဒါဟာ အသည်းကို ကောင်းမွန်စွာ လုပ်ငန်းဆောင်တာဆောင်ရွက်နိုင်ခြင်းကနေ ကာကွယ်ပေးပါတယ်။ အမာရွတ်တစ်ရှူးတွေဟာ အသည်းကို သွေးဖြတ်သန်းစီးဆင်းမှုကို တားမြစ်ပြီး အာဟာရဓါတ်တွေ၊ ဟော်မုန်းတွေ သန့်စင်တဲ့ ဖြစ်စဉ်ကို နှောင့်နှေးစေပြီး အဆိပ်အတောက်တွေ ဖြစ်ပေါ်စေပါတယ်။ သူတို့ဟာ အသည်းကနေ ထုတ်လိုက်တဲ့ ပရိုတင်းနဲ့ အခြားအရာဝတ္ထုတွေ ထုတ်လုပ်ခြင်းကိုလည်း နှောင့်နှေးစေပါတယ်။အသည်းပျက်စီးခြင်းနဲ့ အသည်းခြောက်ရောဂါကို ဖြစ်စေနိုင်တဲ့ ရောဂါအခြေအနေ အများအပြား ရှိပါတယ်။ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့။အခြားဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကတော့။အသည်းပျက်စီးမှု မများမချင်း အသည်းခြောက်ခြင်းမှာ လက္ခဏာ မရှိတတ်ပါဘူး။ ရောဂါလက္ခဏာတွေ ရှိခဲ့မယ်ဆိုရင်တော့ အောက်ပါအချက်တွေ ပါဝင်နိုင်ပါတယ်။အသည်းခြောက်ခြင်း အစောပိုင်းဟာ ရောဂါလက္ခဏာ မပြတတ်ပါဘူး။ များသောအားဖြင့် အသည်ခြောက်ခြင်းကို ပုံမှန် သွေးစစ်ဆေးမှု (သို့) အခြားစစ်ဆေးမှုတွေမှ တစ်ဆင့် တွေ့ရှိနိုင်ပါတယ်။ သင့်ဆရာဝန်က အသည်းခြောက်ခြင်းကဲ့သို့ အသည်းရောဂါ ရှိမရှိဆိုတာ သိရှိနိုင်ဖို့ ဓါတ်ခွဲခန်းစစ်ဆေးမှု တွေကို တစ်ခု (သို့) တစ်ခုထက်ပိုပြီး ပြုလုပ်စေနိုင်ပါတယ်။အသည်းဟာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ပါတယ်။ ဒါကြောင့် အသည်းရောဂါတွေဖြစ်တဲ့ အသည်ခြောက်ခြင်း၊ အသည်းရောင်ခြင်း အစရှိတာတွေကို ကာကွယ်ဖို့ အရေးကြီးပါတယ်။ ပိုမိုသိလိုတာရှိရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။Translated by Phyu Mon latt။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%a1%e1%80%9e%e1%80%8a%e1%80%b9%e1%80%b8%e1%80%b1%e1%80%bb%e1%80%81%e1%80%ac%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8-%e1%81%8b-%e1%80%a1%e1%80%b1%e1%80%bb%e1%80%81%e1%80%81/
သုက်ထွက်မြန်တဲ့ အမျိုးသားထုအတွက် အသုံးဝင်မယ့်နည်းလမ်းတချို့
လိင်ကျန်းမာရေးလို့ဆိုရာမှာ အမျိုးသားတွေရော အမျိုးသမီးတွေရော သူ့ပြဿနာနဲ့ သူတော့ ရှိတတ်ပါတယ်။ အမျိုးသားတွေမှာဆိုရင်လည်း လိင်တံကောင်းစွာမထောင်မတ်နိုင်တာ၊ သုက်လွှတ်မြန်တာ၊သုက်လွှတ်ဖို့ ကြာလွန်းတာ၊ မျိုးမအောင်တာ အစရှိသဖြင့်ပေါ့။ ဒီနေ့မှာတော့ အမျိုးသားထုကြီး မကြာခဏမေးတတ်ကြတဲ့ သုက်လွှတ်မြန်တဲ့ ပြဿနာကို ဖြေရှင်းဖို့ လုပ်ကြည့်လို့ ရတဲ့ နည်းလမ်းတချို့ကို ဝေမျှပေးချင်ပါတယ်။ပြီးပြီးရောဆိုပြီး စကတည်းက အင်နဲ့အားနဲ့ ဝင်လိုက်ရင်တော့ ကိုယ့်အတွက်ရော ကိုယ့်အဖော်ကိုပါ အပြည့်အဝ အားရကျေနပ်စိတ် ဖြစ်စေမှာ မဟုတ်ပါဘူး။လိင်မှုကိစ္စဆိုတာလည်း ပန်းချီကားတစ်ချပ်လိုပါပဲ။ သေချာခံစားကြည့်တတ်ဖို့ လိုပါတယ်။ ဒါကြောင့် ဖြည်းဖြည်းချင်းပဲ စပါ။ ထိုးသွင်းဆက်ဆံဖို့ကို မလောပါနဲ့။ ကိုယ့်အတွက်ရော၊ ကိုယ့်အဖော်အတွက်ပါ နှစ်ဦးနှစ်ဖက်လုံး ဆန္ဒအထွတ်အထိပ်ရောက်တဲ့အထိ နှိုးဆွကြည့်ပါ။ စစချင်း ထိုးသွင်းဆက်ဆံတဲ့အခါ ဖြည်းဖြည်းချင်းစီ သူ့စည်းချက်နဲ့သူ မျောပါသွားပါ။ အားမထည့်ပါနဲ့။ကိုယ်က ပြီးတာ မြန်တယ်ဆိုတာ ကြိုသိထားရင် ကိုယ့်စိတ်ကို စောစောစီးစီးလျှော့ထားတာ ပိုကောင်းပါတယ်။ ဒီလိုလျှော့ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်တိုင် တစ်ကိုယ်ရေအာသာဖြေတာပါပဲ။ ကိုယ်က သုက်ကို ကြိုပြီး လွှတ်ထားတဲ့အခါမှာ တကယ်လိင်မှုကိစ္စ စတင်လုပ်တဲ့အချိန်မှာ ချက်ချင်းလုပ်၊ ချက်ချင်းထွက်ဆိုတာမျိုး မဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်။အလွှာပါးရင် ကမ္ဘာခြားသလို ခံစားရတယ်ဆိုပြီး အမျိုးသားတွေကကွန်ဒုံးအသုံးပြုဖို့ လက်တွန့်တတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကွန်ဒုံးတစ်ထပ် ပါနေတဲ့အခါ ရာဘာတစ်ထပ်ပါနေတော့ ခံစားမှုအားက အနည်းငယ်လျော့သွားတတ်ပြီး မြန်မြန်ကြီး သုက်မလွှတ်မိစေဖို့ ထိန်းပေးနိုင်မှာပါ။အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ ကိုယ်ကြိုက်နှစ်သက်တဲ့ အနေအထားတွေ ရှိတတ်ပါတယ်။ ဒီလိုအနေအထားမျိုးနဲ့ စလိုက်တဲ့အခါ ခံစားမှုပိုကောင်းပြီးလိင်စိတ်ဆန္ဒအထွတ်အထိပ်ကို ရောက်ဖို့ ပိုလွယ်တတ်ပါတယ်။ ဒီတော့ စတဲ့အချိန်မှာ ကိုယ်ကြိုက်တဲ့ အနေအထားနဲ့ မစပါနဲ့။ တခြား ကိုယ်မနေဖူးတဲ့ ပုံစံအနေအထား သို့မဟုတ် ကိုယ့်ချစ်သူသဘောကျလောက်မယ့် အနေအထားမျိုးနဲ့ စကြည့်ပါ။လိင်ဆက်ဆံနေချိန်မှာ အားစိုက်ထုတ်ရတာ သဘာဝပဲဆိုပေမယ့် သုက်လွှတ်မြန်တဲ့ အမျိုးသားတစ်ယောက်အတွက်တော့ ဒီကိစ္စကို နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဖို့ ချန်ထားလိုက်ပါ။ စစချင်းမှာ ဖြည်းဖြည်းချင်းပဲ ထိုးသွင်းမှုကို ပြုလုပ်ပါ။ အဆုံးထိ အားနဲ့ဆောင့်သွင်းလိုက်တာမျိုးတွေ တတ်နိုင်သလောက် ရှောင်ပါ။တစ်ကိုယ်ရေအာသာဖြေတဲ့ အလုပ်ကို ပျိုပျိုအိုအို အိမ်ထောင်ရှိရှိ၊ မရှိရှိ အမျိုးသားတိုင်း လုပ်တတ်ကြပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ သုက်မြန်မြန်ထွက်ဖို့အတွက် အဓိကမထားဘဲ ကိုယ့်ရဲ့လိင်တံကို ဖြည်းဖြည်းချင်းနှိုးဆွပြီး သုက်ထွက်တော့မယ်ဆိုရင် ရပ်လိုက်၊ ကိုယ့်ရဲ့ ငယ်ပါကို ပွတ်သပ်ဆွလိုက်၊ အပြာရုပ်ရှင်ကြည့်တာ၊ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ တစ်ခုခုကို တွေးတာမျိုး လုပ်ကြည့်ပါ။ ဒီလိုအချိန်ဆွဲပြီး အာသာဖြေတဲ့နည်းလမ်းကို ပုံမှန်လုပ်ပေးတဲ့အခါ တကယ်ဆက်ဆံနေတဲ့အချိန် သိသာတဲ့အကျိုးထူးကို တွေ့ရမှာဖြစ်ပါတယ်။ကိုယ့်ကိုယ်ကိုယ် သုက်ထွက်တော့မယ်လို့ သိပြီဆိုတာနဲ့ ခဏရပ်ပြီး နားလိုက်ပါ။ လိင်တံထိပ်ဖူးကို ဖြည်းဖြည်းချင်းညှစ်ထားပြီး ထိပ်ဖူးအောက်နား ဆီးစွန့်ပြွန်ရှိတဲ့နေရာကို လက်မနဲ့ လက်ညှိုးဖြင့် ဖိထားပေးပါ။ ဒီလိုဖိထားခြင်းဖြင့် ဆီးစွန့်ပြွန်ကို ဖိအားပေးထားသလို ဖြစ်ပြီး သုက်မထွက်စေဖို့၊ လိင်စိတ်အထွတ်အထိပ်ကို မရောက်သွားစေဖို့ ကူညီပေးပါတယ်။သုက်လွှတ်မြန်တဲ့အမျိုးသားတွေအတွက် သုက်ထိန်းပေးနိုင်မယ့်ကြာဆေးတွေ ဈေးကွက်ထဲမှာ ရှိတယ်ဆိုပေမယ့် ဒီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို မေ့ထားလို့ မဖြစ်ပါဘူး။ ဒါကြောင့် သဘာဝအတိုင်း ကိုယ်ရော ကိုယ့်အဖော်ပါ စိတ်ပျော်ရွှင်မှုရစေဖို့ နည်းလမ်းတွေကို ကိုယ်တိုင်လုပ်ကြည့်ပါလို့ အကြံပေးလိုက်ချင်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/%e1%80%9e%e1%80%af%e1%80%80%e1%80%ba%e1%80%91%e1%80%bd%e1%80%80%e1%80%ba%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8-2/
ကွမ်းရွက်လေးက ဒီလိုဆေးဖက်ဝင်ပါတယ်
ကွမ်းရွက်က ဆေးဖက်ဝင်တယ်ဆိုတာတော့ သိထားပြီးဖြစ်မှာပါ။ ကွမ်းရွက်မှာ ကျန်းမာရေးအတွက်အထောက်အကူပေးနိုင်တဲ့ ဓာတ်တွေအများကြီးပါဝင်နေပါတယ်။ ကွမ်းရွက်ကအနာကျက်မြန်စေနိုင်သလို ပိုးတွေကိုလည်းသေစေနိုင်ပါတယ်။ ဒါတွေအပြင် ကွမ်းရွက်လေးက ဘယ်လိုဆေးဖက်ဝင်သလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ကွမ်းရွက်ဆိုတာက စပ်ရှားရှား အနံ့မွှေးမွှေးလေး ရှိပြီး ထိပ်ပိုင်းချွန်ချွန်လေးနဲ့ အရွက်ရှည်ဝိုင်းဝိုင်းလေးပါ။ ကွမ်းရွက်ကို ကွမ်းစားဖို့အတွက် အသုံးများကြပါတယ်။ ကွမ်းယာ အနေနဲ့ ကွမ်းရွက်ကို ရှေးယခင်ကာလတွေကတည်းက အသုံးပြုခဲ့ကြတာပါ။ကွမ်းရွက်မှာ။ကွမ်းရွက်က ကျန်းမာရေးအာနိသင်ကြွယ်ဝပေမယ့် ဆေးရွက်ကြီးတွေ၊ ကွမ်းသီးတွေ၊ ဆေးအမျိုးမျိုးနဲ့ တွဲစားရင်တော့ခံတွင်းကင်ဆာဖြစ်စေနိုင်တဲ့အထိ ကျန်းမာရေးဆိုးကျိုးရှိနိုင်ပါတယ်။ ဒါက ကွမ်းရွက်ကြောင့်မဟုတ်ပါဘူး။ ကွမ်းစားတဲ့အခါ ထည့်စားတဲ့ဆေးတွေရဲ့ ဆိုးကျိုးတွေကြောင့်ပါ။ ဥပမာ ကွမ်းစားရင်ထည့်စားတတ်တဲ့ ထုံးက ခံတွင်းကို ပေါက်ပြဲစေပြီး ထိခိုက်အနာတရဖြစ်စေနိုင်ပါတယ်။ မကြာခဏဆိုရင် ကင်ဆာဆဲလ်အဖြစ်ပြောင်းနိုင်ပါတယ်။ ဒါကြောင့် ကွမ်းစားတာကိုတော့ အားမပေးပါဘူး။ ကွမ်းရွက်သီးသန့်ဆိုရင်တော့ ကျန်းမာရေးအတွက် အထောက်အကူပြုတာမို့ စားသုံးပေးလို့ရပါတယ်။ဆီးချိုအတွက်ကောင်းတယ်– ကွမ်းရွက်မှာ ပါတဲ့ ဒြပ်ပေါင်းတစ်ခုကသွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်တာကြောင့် ဆီးချိုသမားတွေ သုံးဆောင်ပေးသင့်ပါတယ်။ကိုယ်အလေးချိန်ကျစေနိုင်တယ်– ကွမ်းရွက်မှာခန္ဓာကိုယ်ရဲ့အဆီတွေကို ကျဆင်းစေနိုင်တဲ့ အာနိသင်ရှိပြီး ဇီဝတွင်းဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေတာကြောင့် ကိုယ်အလေးချိန်ကျချင်သူတွေအတွက် ကွမ်းရွက်ကသင့်တော်ပါတယ်။ကင်ဆာကာကွယ်ပေးတယ်-ကွမ်းရွက်ကို ဝါးစားပေးမယ်ဆိုရင် ခံတွင်းထဲမှာရှိတဲ့ ascorbic acid ပမာဏကိုထိန်းညှိပေးပြီးခံတွင်းကင်ဆာမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ကွမ်းရွက် ၁၀ ရွက်၊ ၁၂ ရွက်လောက်ကိုရေနွေးဆူဆူထဲထည့်ပြုတ်ပြီးပျားရည်နည်းနည်းထည့်သောက်သုံးပေးမယ်ဆိုရင် ကင်ဆာကာကွယ်ဖို့ အထောက်အပံ့ဖြစ်စေမှာပါ။အနာကျက်စေနိုင်တယ်– အနာပေါ်ကို ကွမ်းရွက် သန့်သန့်လေး အုပ်ပြီးပတ်တီးနဲ့ စည်းပေးမယ်ဆိုရင် အနာကျက်မြန်စေမှာ အသေအချာပါ။ခေါင်းကိုက်သက်သာစေနိုင်တယ်-ခေါင်းအရမ်းကိုက်နေရင် ကွမ်းရွက်ကို ခြေပြီးရှူပေးတာ၊ နားထင်မှာ ကွမ်းရွက်ကပ်ပေးတာမျိုး လုပ်ပေးပါ။ ခေါင်းကိုက်တာကို သိသိသာသာသက်သာစေမှာပါ။သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်တယ်-သွေးတွင်းကိုလက်စထရော များလာတာကနှလုံးရောဂါဖြစ်နိုင်ခြေကို တိုးစေနိုင်သလို လေဖြတ်နိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းကိုလက်စထရော အရမ်းများမလာအောင် ဂရုစိုက်ဖို့ လိုပါမယ်။ ကုန်ကျစရိတ် သက်သက်သာသာနဲ့ သွေးတွင်းကိုလက်စထရော ကျချင်ရင်တော့ ကွမ်းရွက်ကို သုံးဆောင်ပေးပါနော်။ခံတွင်းကျန်းမာရေးကိုကောင်းစေတယ်– ကွမ်းရွက် ဝါးပေးမယ်ဆိုရင် ခံတွင်းထဲမှာဘက်တီးရီးယားတွေပေါက်ဖွားမှုကို ဟန့်တားနိုင်ပြီးခံတွင်းနံ့ကို သင်းပျံ့စေမှာပါ။ ဒါကြောင့် သွားနဲ့ခံတွင်းကျန်းမာဖို့ ဆေးဝါးတွေအသုံးပြုမယ့်အစား သဘာဝဆေးတစ်မျိုးဖြစ်တဲ့ ကွမ်းရွက်ကိုပဲ ဝါးပေးပါ။ချောင်းဆိုးသက်သာစေနိုင်တယ်– ကွမ်းရွက်ရဲ့ နောက်ထပ် ဆေးဖက်ဝင်ပုံ တစ်ခုက လူတိုင်းလိုလို သိထားပြီးဖြစ်တဲ့အတိုင်း ချောင်းဆိုးသက်သာတာပါ။ ကွမ်းရွက်မှာရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိတာကြောင့် ချောင်းဆိုးတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ဝက်ခြံသက်သာစေနိုင်တယ်– ဝက်ခြံ နဲ့ အရေပြားပြဿနာတွေအတွက် ကွမ်းရွက်ကို အသုံးပြုလို့ရပါတယ်။ ကွမ်းရွက်မှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဝက်ခြံနဲ့ အရေပြား ဓာတ်မတည့်မှုတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ကွမ်းရွက် ပြုတ်ရည်နဲ့ နေ့စဉ် မျက်နှာသစ်ပေးပါ။နားကိုက်တာကို သက်သာစေနိုင်တယ်-နားကိုက်တဲ့အခါ နေရထိုင်ရမသက်သာပါဘူး။ နားကိုက်တာအတွက် အကောင်းဆုံး ဆေးနည်းတစ်ခုက ကွမ်းရွက်ပါ။ နားကိုက်တဲ့အခါ ကွမ်းရွက် အသုံးပြုပြီး သက်သာအောင် လုပ်လို့ ရပါတယ်။ဝမ်းမှန်စေနိုင်တယ်– ကွမ်းရွက်က ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတဲ့ အရွက်တစ်မျိုးပေါ့။ ကိုယ်တွင်းက ဓာတ်တိုးပစ္စည်းတွေကို ဖယ်ရှားပေးပြီး pH ပမာဏ ညီညွတ်မျှတအောင် ထိန်းညှိပေးနိုင်ပါတယ်။ဝမ်းချုပ်နေတယ်ဆိုရင် ကွမ်းရွက်ပြုတ်ရည် သောက်ပါ ဝမ်းမှန်သွားပါလိမ့်မယ်။ကွမ်းရွက်က ဆေးဖက်ဝင်တာကြောင့် အသုံးပြုသင့်ပေမယ့်လည်း အလွန်အကျွံမသုံးပါနဲ့။ ရောဂါအခံရှိသူတွေ ကျန်းမာရေး ပြဿနာ တစ်ခုခုကြောင့် ဆေးသောက်နေရသူတွေ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ အသုံးပြုပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/betel-leave-health-benefits/
ကလေးငယ်အတွက် စိတ်ချရတဲ့အသားရေထိန်းသိမ်းမှုပစ္စည်း ရွေးချယ်ကြရအောင်
မိဘတိုင်းက သားသမီးတွေကိုအကောင်းဆုံးဆိုတာတွေပဲပေးချင်မယ်ဆိုတာ အသေအချာပါပဲ။ ဒီအတွက် ကလေးအတွက် လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ဖို့ဈေးဝယ်ထွက်တဲ့အခါမျိုးမှာ ကိုယ့်ရင်သွေးလေးအတွက်ဘေးကင်းစိတ်ချရတဲ့ အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေကိုပဲလိုချင်ကြမယ်ဆိုတာမေးစရာတောင်လိုမယ်မထင်ပါဘူး။ ရင်သွေးလေးတွေကို အကောင်းဆုံးတွေပဲပေးချင်တဲ့ဖေဖေမေမေတို့အတွက်ရွေးရခက်တာမျိုးမဖြစ်ရလေအောင်ဘေဘီလေးတွေအတွက် အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းဝယ်တဲ့အခါ သတိထားရမယ့် အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ကလေးတစ်ယောက်ရှိနေတဲ့အိမ်မှာ မရှိမဖြစ်ရှိထားသင့်တဲ့ ပစ္စည်းတွေကတော့ –။လူတိုင်းအတွက်ထုတ်ထားတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေက ကလေးငယ်လေးတွေရဲ့ အရေပြားကို ထိခိုက်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ကလေးတွေအတွက် အသားအရေထိန်းသိမ်းမှုပစ္စည်းတွေဝယ်ယူတဲ့အခါ ဒီအချက်လေးတွေသတိထားပေးပါ။ဓာတုပစ္စည်းကင်းစင်တဲ့ အရာတွေကိုရွေးချယ်ပါ။အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတော်တော်များများမှာ ဓာတုပစ္စည်းတွေပါဝင်နေတတ်ပါတယ်။ ဓာတုပစ္စည်းလုံးဝကင်းစင်တာမျိုးကတော်တော်လေးရှားပါတယ်။ သတိထားရမှာက အရေပြားကို ယားယံပြီး ဓာတ်မတည့်တာမျိုးဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေမပါဝင်တာမျိုးကိုရွေးချယ်မိဖို့ပါ။တုံ့ပြန်လွယ်တဲ့အသားအရေနဲ့ လိုက်ဖက်မယ့်ပစ္စည်းမျိုးကိုရွေးချယ်ပါ။ကလေးငယ်လေးတွေရဲ့အသားအရေက ထိခိုက်လွယ်တာကြောင့် ရင်သွေးလေးအတွက်အသားအရေထိန်းသိမ်းတဲ့ပစ္စည်းရွေးချယ်တဲ့အခါ တုံ့ပြန်လွယ်တဲ့အသားအရေအတွက်အဆင်ပြေပြီး အရေပြားဓါတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေမပါဝင်တဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းမျိုးကိုရွေးချယ်ပေးပါ။ သေသေချာချာစမ်းသပ်မှုတွေလုပ်ထားပြီး ဆရာဝန်တွေထံကနေထောက်ခံချက်ရထားတဲ့ အသားအရေထိန်းသိမ်းမှုဆိုင်ရာ ပစ္စည်းမျိုးကိုရွေးချယ်ပေးတာကအကောင်းဆုံးပါ။အနံ့မပါတဲ့ ပစ္စည်းမျိုးကိုရွေးချယ်ပေးပါ။ကလေးငယ်တွေရဲ့ အသားအရေက နူးညံ့ပြီး ဓာတ်မတည့်မှုဖြစ်လွယ်တာကြောင့် အနံ့မပါတဲ့ ပစ္စည်းတွေကိုအသုံးပြုတာက အကောင်းဆုံးပါပဲ။ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေမှာပါတဲ့ရနံ့တွေက ဓာတုပစ္စည်းတွေနဲ့လုပ်ထားတာဖြစ်သလို ရနံ့တစ်ခုရဖို့ဆိုရင် ဓာတုပစ္စည်းတွေအများကြီးသုံးထားရတာဖြစ်တာကြောင့် အရေပြားကိုခြောက်သွေ့စေနိုင်သလို ဓာတ်မတည့်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့်ဘေဘီလေးတွေကို အနံ့မပါတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေကိုပဲသုံးပေးသင့်ပါတယ်။သဘာဝပစ္စည်းတွေကို အခြေခံပြီးထုတ်ထားတာမျိုးရွေးချယ်ပေးပါ။ရောင်ရမ်းမှုကိုလျော့ကျစေပြီး၊ မှိုပိုးတွေကိုဖယ်ရှားပေးနိုင်တဲ့အပြင်အေးမြမှုကိုပေးစွမ်းနိုင်တဲ့ ရှားစောင်းလက်ပပ်လိုမျိုးသဘာဝအပင်ကနေထုတ်ထားတဲ့အသားအရေထိန်းသိမ်းမှုပစ္စည်းမျိုးအသုံးပြုပေးလို့ရပါတယ်။ ရှားစောင်းလက်ပပ်က ကလေးတွေမှာဖြစ်တဲ့နှင်းခူ (eczema) နဲ့ အသားအရေခြောက်သွေ့တာတွေကိုသက်သာစေနိုင်ပါတယ်။ ဘက်တီးရီးယားတွေကိုသေစေနိုင်ပြီး တုံ့ပြန်လွယ်တဲ့ အသားအရေအတွက်သင့်တော်တဲ့ နှမ်းဆီ၊ အရေပြားကိုအာဟာရဖြည့်ပေးနိုင်တဲ့ ဗာဒံစေ့ဆီ နဲ့ ပိုးမွှားတွေ၊မှိုပိုးတွေကို ဖယ်ရှားပေးနိုင်တဲ့ တမာလိုမျိုး သဘာဝအပင်တွေကို အခြေခံပြီးထုတ်ထားတဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေကိုရွေးချယ်ပေးလို့ရပါတယ်။pH ပမာဏမျှတစွာပါဝင်တာမျိုးကိုရွေးချယ်ပါ။pH ပါဝင်မှုအချိုးအစားမျှတတဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေက အသားအရေကျိန်းစပ်မှုဖြစ်နိုင်ခြေကိုလျော့နည်းစေသလို အရေပြားပေါ်က သဘာဝအဆီတွေကိုပါထိန်းပေးနိုင်တာကြောင့်ဘေဘီလေးတွေကို pH ပါဝင်မှုအချိုးအစားမျှတတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းလေးတွေအသုံးပြုပေးတာက သင့်တော်ပါတယ်။တာရှည်ခံပစ္စည်းတွေမပါတဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းမျိုးကိုရွေးချယ်ပေးပါ။အချို့ပစ္စည်းတွေမှာ ဘက်တီးရီးယားတွေပေါက်ဖွားတာ၊မှိုပိုးဖြစ်တာတွေကိုတားဆီးနိုင်ဖို့ တာရှည်ခံဓာတုပစ္စည်းတွေကို ထည့်ထားတတ်ကြပါတယ်။ တာရှည်ခံပစ္စည်းတွေက အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေအတွက်ကောင်းပေမယ့် အသားအရေအတွက်တော့မကောင်းပါဘူး။paraben နဲ့ phthalate တို့လိုမျိုးတာရှည်ခံပစ္စည်းတွေမပါဝင်တဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကသာ ကလေးအသားအရေအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။အယ်လ်ကိုဟောမပါတာမျိုးကိုရွေးချယ်ပါ။ကလေးတွေအတွက် အသားအရေထိန်းသိမ်းတဲ့ပစ္စည်းရွေးချယ်တဲ့အခါ အယ်လ်ကိုဟောမပါတာကိုရွေးချယ်မိဖို့ကလည်းတော်တော်လေးအရေးကြီးပါတယ်။ လူကြီးတွေသုံးတဲ့အလှကုန်တွေမှာတော့ အယ်လ်ကိုဟောမပါတာမရှိသလောက်ပါ။ အယ်လ်ကိုဟောက အရေပြားကိုခြောက်သွေ့စေပြီး အရေပြားဓါတ်မတည့်မှုကိုဖြစ်စေနိုင်တာကြောင့် ကလေးတွေအတွက်အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေရွေးမယ်ဆိုရင် အယ်လ်ကိုဟောမပါဝင်တာမျိုးကိုရွေးချယ်ပေးဖို့လိုပါမယ်။ ကလေးလေးတွေအတွက် ထုတ်ထားတဲ့ တစ်ရှုးအစိုမှာပါတဲ့ fatty alcohol ကတော့ အရေပြားကိုခြောက်သွေ့ယားယံတာမျိုးတွေမဖြစ်စေတာကိုတော့ သိထားဖို့လိုပါမယ်။ကလေးတွေအတွက်အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းဝယ်တဲ့အခါ အနံ့လေးကြိုက်လို့အရောင်လေးချစ်လို့ဆိုတာမျိုးမလုပ်ဘဲ ကလေးအတွက် အမှန်တကယ်သင့်တော်မယ့်ဟာမျိုးကိုရွေးချယ်ပေးရပါမယ်။ ကလေးအတွက်ထုတ်ထားတယ်လို့ရေးသားထားတာမျိုးဆိုပိုကောင်းပါတယ်။နောက်တစ်ခုက ကျွမ်းကျင်သူတွေကထောက်ခံချက်ပေးထားတာမျိုးဖြစ်ဖို့လိုသလို ပြင်းထန်တဲ့ ဓါတုပစ္စည်းတွေမပါဝင်ဘဲ သဘာဝပစ္စည်းတွေကို အခြေခံပြီးထုတ်ထားတဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းမျိုးဖြစ်ဖို့ပါ။ဒီအချက်လေးတွေကမေမေဖေဖေတို့အတွက် ကလေးအသားအရေထိန်းသိမ်းမှုပစ္စည်းရွေးချယ်တဲ့အခါ အထောက်အကူပြုနိုင်ပြီး အဆင်ပြေစေမယ်လို့လည်းမျှော်လင့်ပါတယ်။ဘေဘီလေးတွေအတွက် မှန်ကန်သင့်တော်တဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းလေးတွေရွေးချယ်နိုင်ကြပါစေ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%80%e1%80%94%e1%80%b9%e1%80%90%e1%80%b2%e1%80%b7/
အာဟာရဓါတ်ကြွယ်ဝတဲ့ မျောက်ငိုသီး ရဲ့ကျန်းမာရေးအကျိုးကျေးဇူး
ဈေးကွက်မှာသိပ်မတွေ့ရပေမယ့် အွန်လိုင်းကတဆင့် တခုတ်တရမှာယူစားသုံးကြတဲ့ သွင်းကုန်အစားအသောက်တွေထဲမျောက်ငိုသီးတွေလည်းပါဝင်ပါတယ်။ တညင်းသီးနဲ့တူတယ်ဆိုတဲ့ သူ့ရဲ့အရသာကို မစားဖူးသေးသူတွေရှိပေမယ့် နှစ်သက်သူတွေကတော့ သူ့အရသာကိုစွဲလမ်းလို့ ထိုင်းစားသောက်ကုန်တင်သွင်းသူတွေဆီအွန်လိုင်းကနေ မှာယူကြရပါတယ်။ သူ့ရဲ့ကျန်းမာရေးကောင်းကျိုးတွေကို သိပ်မသိဘဲနဲ့တောင်မျောက်ငိုသီးကြိုက်တဲ့သူတွေက ဘာကြောင့်မှန်းမသိ ကြိုက်နေကြတာဖြစ်ပါတယ်။မျောက်ငိုသီးမှာက ပရိုတင်း၊ အကျိုးပြုအဆီဓါတ်တွေ၊ အမျှင်ဓါတ်၊ သံဓါတ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊မဂ္ဂနီဆီယမ်၊ဇင့်၊ကော့ပါးနဲ့ ဗီတာမင်တွေစုံလင်အောင် ပါဝင်လို့ တကယ့်ရတနာသိုက်လို့တောင် တင်စားကြပါတယ်။ ဒီလိုပြောကြတဲ့မျောက်ငိုသီးက ဘယ်လောက်စွမ်းနေလို့လဲဆိုတာလေ့လာကြည့်တော့ ဒီအချက်တွေကို သိလာရပါတယ်။ အိန္ဒိယ၊အင်ဒိုနီးရှား၊မလေးရှားနဲ့ ထိုင်းနိုင်ငံတို့မှာ လူကြိုက်များကြတဲ့မျောက်ငိုသီးက –။မျောက်ငိုသီး ၁၀၀ ဂရမ်မှာဖော့စဖရပ်စ်ပမာဏ ၁၁၅ မီလီဂရမ်ပါဝင်ပြီး ဒါဟာ တစ်နေ့တာလိုအပ်တဲ့ပမာဏရဲ့ ၁၄ ရာခိုင်နှုန်းလောက်ရှိပါတယ်။ဖော့စဖရပ်စ်ဟာအရိုးပွခြင်းကိုကာကွယ်ပေးပြီး ခန္ဓါကိုယ်ထဲက ပုံမှန်ဆဲလ်လုပ်ဆောင်ချက်တွေကိုထောက်ပံ့ပေးဖို့ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်ပါတယ်။ ဒီသတ္တုဓါတ်က သွားကျန်းမာရေးအတွက်လည်း မရှိမဖြစ်လိုအပ်တဲ့ဓါတ်ဖြစ်ပါတယ်။လူ့ခန္ဓါကိုယ်ရဲ့အာရုံကြောစနစ်နဲ့ ဦးနှောက်လုပ်ဆောင်ချက်တွေကို မှန်ကန်စေဖို့က ပိုတက်စီယမ်လုံလောက်မှဖြစ်မှာပါ။ ပိုတက်စီယမ်ချို့တဲ့ရင်ရေဓါတ်ဆုံးရှုံးခြင်း၊ပြင်းထန်တဲ့ခေါင်းကိုက်ခြင်း၊ ဂလင်းတွေနဲ့တစ်ရှူးတွေရောင်ရမ်းခြင်း၊ ရင်တုန်ပန်းတုန်ဖြစ်ခြင်းစတဲ့ လက္ခဏာတွေဖြစ်လာနိုင်တယ်။မျောက်ငိုသီး ၁၀၀ ဂရမ်မှာ ပိုတက်ဆီယမ် ၃၄၁ မီလီဂရမ်လောက်ပါဝင်နေတာဖြစ်ပါတယ်။သူ့မှာပါတဲ့ မဂ္ဂနီဆီယမ်ဟာ ဆဲလ်တွေအားလုံးနီးပါးမှာ ပါရှိတဲ့ မရှိမဖြစ်သတ္တုဓါတ်တစ်မျိုးဖြစ်ပြီး ခန္ဓါကိုယ်အတွင်း ဓါတုဓါတ်ပြုမှု ၅၀၀ကျော်အတွက် အသုံးဝင်တဲ့ဓါတ်ဖြစ်ပါတယ်။မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့အစားအစာတွေပုံမှန်စားသုံးရင် စိတ်ကြည်စေတယ်၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်နိုင်စွမ်းတွေပိုကောင်းစေတယ်။သွေးအားကောင်းဖို့အတွက် သံဓါတ်ကအရေးကြီးပါတယ်။ သံဓါတ်မလုံလောက်တဲ့အခါ ခန္ဓါကိုယ်ကအောက်ဆီဂျင်ပေးပို့ဖို့ခက်ခဲလာပြီး လူကမောပန်းလွယ်၊ စိတ်ရောလူရော အားကုန်စေပါတယ်။မျောက်ငိုသီး ၁၀၀ ဂရမ်မှာ သံဓါတ်က ၂.၇ မီလီဂရမ်ပါဝင်တာကြောင့် တစ်နေ့တာလိုအပ်တဲ့ပမာဏရဲ့ ၁၅ ရာခိုင်နှုန်းလောက်ရရှိနိုင်ပါတယ်။ကိုယ်တွင်းအင်္ဂါတွေ၊ ကြွက်သားနဲ့ ကိုယ်ခံအားစနစ်တို့ကို ပရိုတင်းဓါတ်နဲ့ဖွဲ့စည်းထားတာဖြစ်သလို ခန္ဓါကိုယ်အတွင်းက တစ်ရှူးတွေ အစားထိုးဖြစ်ပေါ်ခြင်း၊ ထိန်းသိမ်းခြင်း၊တည်ဆောက်ခြင်းတို့အတွက်လည်း အထောက်အကူပေးပါတယ်။ ပရိုတင်းကြွယ်ဝတာတွေစားရင် မကောင်းတဲ့ကိုလက်စထရောဓါတ်တွေကိုလျော့နည်းစေနိုင်ပါသေးတယ်။မျောက်ငိုသီး ၁၀၀ ဂရမ်မှာ ပရိုတင်းဓါတ်က ၁၆ မီလီဂရမ်ပါဝင်တာကြောင့် တစ်နေ့တာလိုအပ်တဲ့ပမာဏရဲ့ ၁၇ ရာခိုင်နှုန်းလောက်ရရှိနိုင်ပါတယ်။ကြွက်သားကျုံ့ဆန့်နိုင်စွမ်း၊ အာရုံကြောနှိုးဆွမှုပေးပို့ခြင်း၊သွေးတိတ်နိုင်စွမ်းတို့လို ခန္ဓါကိုယ်လုပ်ဆောင်ချက်အမျိုးမျိုးအတွက် ကယ်လ်စီယမ်ကို မရှိမဖြစ်လိုအပ်ပါတယ်။မျောက်ငိုသီး ၁၀၀ ဂရမ်မှာ ပရိုတင်းဓါတ်က ၁၈၅ မီလီဂရမ်ပါဝင်တာကြောင့် တစ်နေ့တာလိုအပ်တဲ့ပမာဏရဲ့ ၁၈ ရာခိုင်နှုန်းလောက်ရရှိနိုင်ပါတယ်။မျောက်ငိုသီးရဲ့ အာနိသင်တွေထဲမှာသွေးတွင်းသကြားဓါတ်ကိုထိန်းနိုင်တဲ့အစွမ်းသတ္တိလည်းပါဝင်ပါတယ်။phenolicဒြပ်ပေါင်းတွေကြွယ်ဝလို့ ဘက်တီးရီးယားသေစေပြီးရောဂါပိုးဝင်ခြင်းကာကွယ်ုနိုင်တဲ့အစွမ်းနဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေပါဝင်တယ်၊ ကင်ဆာကာကွယ်နိုင်ပါတယ်။ကျန်းမာရေးအကျိုးကျေးဇူးများတယ်ဆိုပြီး တစ်ကြိမ်တည်းအများကြီးတော့ စားဖို့မသင့်ပါဘူး။ တန်ဆေးလွန်ဘေး ဆိုသလို သိပ်များလွန်းရင် သူ့မှာအမိုင်နိုအက်စစ်ပါဝင်မှုများလို့ ကျောက်ကပ်ထိခိုက်နိုင်ပါတယ်။တခြားပဲတွေလိုပဲ သူ့မှာpurine ပမာဏ အတော်အသင့်ပါဝင်ပါတယ်။ ဒီပဲကိုရေစိမ်ထားတဲ့အခါ ယူရစ်အက်စစ်တွေတော်တော်လျော့သွားစေနိုင်ပါတယ်။ဘေးထွက်ဆိုးကျိုးနည်းအောင် ကြိုတင်ဂရုစိုက်တဲ့အနေနဲ့ သူ့ကိုရေစိမ်ပြီးမှ ချက်ပြုတ်ပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/%e1%80%90%e1%80%94%e1%80%ba%e1%80%96%e1%80%ad%e1%80%af%e1%80%b8%e1%80%91%e1%80%ac%e1%80%b8%e1%80%95%e1%80%bc%e1%80%ae%e1%80%b8-%e1%80%9d%e1%80%9a%e1%80%ba%e1%80%85%e1%80%ac%e1%80%b8%e1%80%80%e1%80%bc/
အရေပြားမှိုရောဂါ
မှိုကြောင့်ဖြစ်သော အရေပြားရောဂါ တစ်မျိုး ဖြစ်တဲ့ အရေပြားမှိုရောဂါ သည် အရေပြားရောဂါများတွင် အတွေ့ရများသော ရောဂါဖြစ်ပါသည်။ အရေပြားရောဂါ ဖြစ်စေ သော မှိုအမျိုးအစား များစွာရှိပြီးအရေပြား ယားယံခြင်း၏ အဓိက လက်သည်လည်း ဖြစ်ပါသည်။မှိုပိုးများသည် dead keratin ဟုခေါ်သော ပရိုတိန်းကို အမှီပြု နေထိုင်ကြပြီး ယင်းပရိုတိန်းမှာ အရေပြား၊ ဆံပင်နှင့် လက်သည်း များကို ဖြစ်ပေါ်စေပါသည်။မှိုရောဂါကို ဖြစ်ပွားနေသော မှိုပိုးအမျိုး အစားပေါ် မူတည်ပြီး ခွဲခြားထားပါသည်။ မှိုပိုးများသည် အများ အားဖြင့် ခြေမ၊ လိင်အင်္ဂါတဝိုက်၊ ရင်သားအောက်ဘက် စသော စိုထိုင်းစ များသောနေရာများတွင် ပေါက်ပွားကြပါသည်။ အဓိက မှိုရောဂါ ဖြစ်စေသော အုပ်စု နှစ်စုရှိပြီး ပထမအုပ်စုကို တစေးမှို (yeasts)၊ နှင့် ဒုတိယအုပ်စုကို အရေပြား မှိုအုပ်စု (dermatophytes) ဟုခေါ်ပါသည်။Yeasts အုပ်စုတွင် ကန်ဒီဒါ (candida) နှင့် Malassezia furfur တို့ အတွေ့ရများပါသည်။ Dermatophytes အုပ်စုတွင်မူ Microsporum နှင့် Trichophoten တို့ အတွေ့ရများပါသည်။ မှိုပိုး အများစုသည် အရေပြားအပေါ်ဆုံး အလွှာဖြစ်သော stratum corneum အလွှာတွင်သာ နေထိုင်ကြ ပါသည်။ ထိုထက်နက်သောအရေပြား အလွှာများကို ထိုးဖောက် နိုင်စွမ်း မရှိကြပါ။ လေ့လာတွေရှိချက်များအရ ဝသောသူများသည် အရေပြားတွန့်ခေါက်မှု ပိုများသဖြင့် မှိုပိုးများ ပိုမိုခိုအောင်းနိုင်ပြီး အရေပြား ယားယံခြင်းများ ပိုမိုဖြစ်တတ်ပါသည်။ ထို့အတူဆီးချို ရောဂါသည်များတွင်လည်း ပိုဖြစ်တတ်ကြောင်း တွေ့ရှိရပါသည်။အရေးကြီး သတိပြုရန်မှာ မှိုရောဂါသည် ရောဂါပိုးရှိနေသော အင်္ဂါ အစိတ်အပိုင်းတွင် မဟုတ်ဘဲ အခြားအစိတ်အပိုင်းတွင် အင်ပြင်ကွက်များ ဖြစ်ပေါ်နိုင်ပါသည်။ ဥပမာ အနေဖြင့် ခြေထောက်တွင် ရှိနေသော မှိုရောဂါပိုးကြောင့် လက်ချောင်းများတွင် ယားယံဖုများ ဖြစ်စေနိုင်ပါသည်။ အများအားဖြင့် အနာများသည် dermatophytes များကြောင့် ဖြစ်တတ်ပြီး ယင်းမှိုပိုးသည် ဓါတ်မတည့်သော ပြဿနာကို ဖြစ်စေသောကြောင့် ဖြစ်ပါသည်။ အချို့ မှာ ယင်းယားယံဖုများသည် မှိုရောဂါရှိသော အစိတ်အပိုင်းကို ထိမိခြင်းကြောင့် ကူးစက်သည်ဟု ထင်ကြသော်လည်း အဖြစ်မှန်မှာ ဤသို့မဟုတ်ပါပေ။အထွေထွေကု ဆရာဝန်များ၊ အရေပြားအထူးကုများသည် မှိုရောဂါပိုးများကို ခွဲခြားနိုင်ပါသည်။ ထို့ကြောင့် သင့်အနေဖြင့် နီရဲ၊ ရောင်ရမ်း၊ ယားယံနေသော အရေပြား နေရာများကို ဆရာဝန်နှင့် ပြသရပါမည်။ တိကျသေချာစွာ ပိုးအမည်တပ်နိုင်ရန်မူ အဏုကြည့် မှန်ဘီလူးနှင့် စစ်ဆေးခြင်းဖြင့် သော်လည်းကောင်း၊ ပိုးမွေးခြင်းဖြင့် သော်လည်းကောင်း စစ်ဆေးကြည့်နိုင်ပါသည်။အရေပြားမှိုရောဂါ များကို ဒီနည်းလမ်းတွေနဲ့ ကုသလို့ ရပါတယ်။မှိုရောဂါ အတွက် အထိရောက်ဆုံး ကုသနည်းမှာ မှိုသတ်ဆေးများ ဖြစ်ပါသည်။မှိုသတ်ဆေး လိမ်းဆေး အနေဖြင့် ရောဂါဖြစ်သော နေရာကို တိုက်ရိုက်လိမ်းနိုင်ပြီး အများဆုံးအသုံးပြုသော နည်း လမ်းဖြစ်ပါသည်။ လိမ်းဆေးအနေဖြင့် creams, gels, lotions, solutions, or shampoos ပုံစံများဖြင့် ရရှိနိုင်ပါသည်။ အချို့သော မှိုသတ်ဆေးများ အနေဖြင့် သောက်ဆေးပုံစံလည်း ရရှိနိုင်ပါသည်။ အချို့သော လူနာများတွင်မူ ရောင်ရမ်း၊ ယားနာခြင်းကို သက်သာ စေရန်အတွက် corticosteroids များကို ပေးတတ်ပါသည်။မှိုသတ်ဆေးများ သုံးစွဲခြင်းအပြင် လူအများအနေဖြင့် ဖြစ်ပွားသော အစိတ်အပိုင်းကို ခြောက်သွေ့စေရန် ပြုလုပ်ကြပါသည်။ ဥပမာအား ဖြင့် ပေါင်ဒါမှုန့်များ အသုံးပြုခြင်း၊ ထိပ်ပွင့်ဖိနပ်များ စီးခြင်း စသည်တို့ ပြုလုပ်နိုင်ပါသည်။မှိုရောဂါသည် ကုသရန်ခက်ခဲ တတ်ပါသည်။ ရောဂါလက္ခဏာများ ကို တိတိကျကျ သိရှိရန် အရေးကြီး သကဲ့သို့ အရေပြားရောဂါ၊ လက်သည်းပိုးဝင်ခြင်း စသည့်ဖြင့် ကုသမှု တိတိကျကျ ပေးနိုင်ရန် လိုအပ်သဖြင့် သင့်အနေဖြင့် လက္ခဏာ တစ်ခုခုရှိပါက ဆရာဝန်နှင့် ပြသရန် အရေးကြီးပါသည်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/infectious-skin-diseases/yeast-infection-in-skin/
ပူပူလေးမှ စားတတ်၊သောက်တတ်တယ်ဆိုသူတွေ သတိထား!
အရမ်းပူတဲ့အစားအစာတွေ၊ လက်ဖက်ရည်ပူပူ၊ရေနွေးပူပူသောက်တတ်သူတွေကအစာရေမျိုကင်ဆြာဖစ်နိုင်ခြေပိုများနေပါတယ်နော်။ အမေရိကန် ကင်ဆာ အဖွဲ့ကြီးရဲ့ ၂၀၁၉ ခုနှစ်မှာထုတ်ပြန်လိုက်တဲ့ စစ်တမ်းအရ အစာရေမျိုကင်ဆာခံစားရသူအရေအတွက်က ၁၇၆၅၀ ဦးတိုးလာခဲ့ပြီး အစာရေမျိုကင်ဆာကြောင့် အခုနှစ်ကုန်ပိုင်းမျာ လူဦးရေ ၁၆၀၀၀ ဦးလောက်သေဆုံးနိုင်တယ်၊လို့ သိရပါတယ်။အစာရေမျိုကင်ဆာရှိသူတွေရဲ့ ၂၀ ရာခိုင်နှုန်းခန့်ဟာရောဂါရှိတယ်လို့ သိရှိရပြီးနောက် ၅ နှစ်အကြာမှာသေဆုံးခဲ့ကြပါတယ်။ အစာရေမျိုကင်ဆာဖြစ်စေနိုင်တဲ့ အချက်တွေကတော့ အများကြီးပါ။အစာခြေရည်ြပန်ဆန်တက်တာကြောင့် အစာရေမျိုကင်ဆာဖြစ်နိုင်သလိုပြုပြင်ထားတဲ့အသားတွေအစားများပြီး သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေအစားနည်းတာကြောင့် အစာရေမျိုကင်ဆာဖြစ်ရတာပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%95%e1%80%b0%e1%80%95%e1%80%b0%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%be-%e1%80%85%e1%80%ac%e1%80%b8%e1%80%90%e1%80%90%e1%80%ba%e1%81%8a%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%90/
Angelman Syndrome (အိန်ဂျယ်မန်းရောဂါလက္ခဏာစု)
အိန်ဂျယ်မန်းရောဂါလက္ခဏာစုဆိုတာ အာရုံကြောစနစ်ကို ထိခိုက်စေတဲ့ မျိုးရိုးဗီဇ ပြသနာဖြစ်ပြီး ဆိုးရွားတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ ဉာဏ်ရည်ဉာဏ်သွေးဆိုင်ရာ မစွမ်းမသန်ခြင်းကို ဖြစ်စေပါတယ်။ဒီရောဂါရှိသူများဟာ မကြာခဏ ပြုံးရယ်နေတတ်ပြီး စိတ်လှုပ်ရှားလွယ်တဲ့ သဘာဝရှိပါတယ်။ ဖွံ့ဖြိုးမှုနောက်ကျပြီး အသက် ၆လနဲ့တနှစ်ကြားမှာ ရောဂါလက္ခဏာတွေ စတင်ပြတတ်ပါတယ်။ အသက် ၂နှစ် ၃နှစ်အကြား အတက်ရောဂါ ဖြစ်တတ်ပါတယ်။ဒီရောဂါရှိသူများဟာ ပျောက်ကင်းအောင် မကုနိုင်ပေမယ့် ပုံမှန်သက်တမ်းအတိုင်း နေနိုင်ပါတယ်။ ကုသမှုဟာ ဆေးဝါးကုသရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများပဲ ဖြစ်ပါတယ်။အဖြစ်များပါတယ်။ ကလေးတွေမှာ ပိုဖြစ်တာများပါတယ်။ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။တွေ့ရများတဲ့ လက္ခဏာတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။မျိုးရိုးဗီဇရောဂါဖြစ်ပြီး ခရိုမိုဆုမ်းနံပါတ် ၁၅မှာရှိတဲ့ ligase E3A (UBE3A) ဗီဇမြှ ပြသနာရှိရင် ဖြစ်ပွားတတ်ပါတယ်။ဗီဇချို့ယွင်းခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဒီရောဂါရှိတယ်လို့ သံသယရှိရင် စမ်းသပ်မှုတွေ ပြုလုပ်ပါလိမ့်မယ်။ သွေးနမူနာယူပြီး ရောဂါကို အတည်ပြုပါလိမ့်မယ်။ မျိုးရိုးဗီဇစစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ အောက်ပါအချက်တွေ ပါဝင်ပါတယ်။UBE3A ဗီဇ စစ်ဆေးခြင်း။ မိခင်ဘက်ကရရှိတဲ့ UBE3A ဗီဇ ပြောင်းလဲမု ရှိမရှိ စစ်ဆေးပါတယ်။ကုသနည်းတွေ မရှိသေးပါဘူး။ ရောဂါဖြစ်စေတဲ့ ဗီဇပြောင်းလဲမှုကို ကုသဖို့ နည်းလမ်းတွေ သုတေသနလုပ်နေပါတယ်။ လက်ရှိမှာတော့ ဆေးဝါးကုသမှု၊ ဖွံ့ဖြိုးမှု ကိစ္စတွေကို ဦးစားပေး ပြုလုပ်နေပါတယ်။ကလေးရဲ့ လက္ခဏာပေါ် မူတည်ပြီူ အောင်ပါနည်းလမ်းတွေ ပါဝင်ပါတယ်။ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အိန်ဂျယ်မန်းရောဂါလက္ခဏာစုအတွက် အထောက်အကူ ပြုသလဲ။အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။ရှားပါးတဲ့ကိစ္စတွေမှာ ရောဂါရှိတဲ့ မိလဘတွေကနေ ဗီဇချို့ယွင်းမှုဟာ ကလေးဆီ ရောက်ရှိစေပါတယ်။ မိသားစုရာဇဝင်ရှိလို့ ဒီရောဂါကို သံသယရှိရင် နောင်ကိုယ်ဝန်များအတွက် ဆရာသန်နဲ့ မျိုးရိုးဗီဇအကြောင်း ဆွေးနွေးသင့်ပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/brain-and-spine-disorders/angelman-syndrome-%e1%80%a1%e1%80%ad%e1%80%94%e1%80%ba%e1%80%82%e1%80%bb%e1%80%9a%e1%80%ba%e1%80%99%e1%80%94%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%9c%e1%80%80%e1%80%b9/
သွားအပြင် ဂရုစိုက်ဖို့လိုအပ်မယ့် ခံတွင်းအစိတ်အပိုင်းများ
ကိုယ့်ရဲ့ပါးစပ်ထဲမှာ ဘာတွေရှိနေလဲဆိုပြီး စဉ်းစားကြည့်ဖူးလား။ ပြီးတော့ ခံတွင်း ကျန်းမာချင်ရင် သွားတိုက်လိုက်ရုံနဲ့ လုံလောက်ပါ့မလား။ တကယ်တော့ ပါးစပ်ထဲမှာသွားနဲ့သွားဖုံးအပြင် အခြားသော အစိတ်အပိုင်းတွေ ရှိနေပါသေးတယ်။ ပြီးတော့ စကားပြောရင်ဖြစ်ဖြစ်၊ အစာတွေကို ချေဖျက်တဲ့အခါမှာဖြစ်ဖြစ် ဒီအစိတ်အပိုင်းတွေကပါ တာဝန်တွေကို ဝိုင်းဝန်းဆောင်ရွက်ပေးနေတာပါ။ ဒီတော့ သွားနဲ့ ခံတွင်း အပြင် ပါးစပ်ရဲ့အခြားသော အစိတ်အပိုင်းတွေက ဘယ်လိုအရေးပါလဲဆိုတာနဲ့ ဒီအစိတ်အပိုင်းလေးတွေ တစ်ခုချင်းစီကျန်းမာနေအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို မသိချင်ဘူးလား။အမှန်တော့ခံတွင်းကျန်းမာချင်တယ်ဆိုရင် သွားကို သေချာဂရုစိုက်ပေးရင် ရပြီလို့ ထင်နေတာ အဆန်းတော့မဟုတ်ပါဘူး။ တော်တော်များများက ပြုံးလိုက်ရင်ဖြစ်ဖြစ်၊ စကားပြောရင်ဖြစ်ဖြစ် အရင်ဆုံးသတိထားမိတဲ့အစိတ်အပိုင်းက သွားတွေလေ။ ဒါပေမယ့် ခံတွင်းနံ့ဆိုးကင်းပြီး စကားပြောလိုက်တိုင်းရော ပြုံးလိုက်တိုင်းမှာ လှပနေစေဖို့အတွက် ဂရုစိုက်ရမယ့် အစိတ်အပိုင်းလေးတွေရှိနေပါသေးတယ်။ သွားအပြင် ဂရုစိုက်ဖို့လိုအပ်မယ့် ခံတွင်းအစိတ်အပိုင်းများ က ဘာတွေများဖြစ်မလဲ။ ဆက်ကြည့်ရအောင်နော်။သွားတိုက်တဲ့အခါ သွားတွေအကုန်လုံးကို တိုက်ပေးဖို့လိုသလို ဒီအစိတ်အပိုင်းလေးတွေကိုလည်း ချန်ထားလို့မဖြစ်ပါဘူး။ ဒီအစိတ်အပိုင်းတွေကလည်း စကားပြောနိုင်ဖို့ရောအစားအစာတွေစားသောက်တဲ့အခါမှာပါ အဆင်ပြေအောင် လုပ်ဆောင်ပေးနေတာပါ။သွားအပြင် ဂရုစိုက်ဖို့လိုအပ်မယ့် ခံတွင်းအစိတ်အပိုင်းများ ကတော့။အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်း။အရမ်းပူတာတွေ၊ စပ်တာတွေမစားပါနဲ့။ နှုတ်ခမ်းနီ အမြဲမဆိုးပါနဲ့။ အပြင်ထွက်တဲ့အခါ SPFပါတဲ့ နှုတ်ခမ်းအဆီဆိုးပေးပါ။ရေများများသောက်ပေးပါ။ သွားတိုက်တဲ့အခါတိုင်း နှုတ်ခမ်းတွေကိုပါသွားပွတ်တံနဲ့ ခပ်ဖွဖွလေးတိုက်ပေးပါ။ဆဲလ်သေတွေကို ဖယ်ရှားပေးရာရောက်ပြီးနှုတ်ခမ်းသားလေးတွေကို ကျန်းမာစေမှာပါ။ ဆေးလိပ်သောက်သုံးသူတွေအနေနဲ့လည်း ကျန်းမာတဲ့ နှုတ်ခမ်းတစ်စုံပိုင်ဆိုင်နိုင်စေဖို့ဆေးလိပ်ဖြတ်ပါ။အာခေါင်မာ။ဒီအစိတ်အပိုင်းကတော့ သွားဖုံးနောက်ဘက်ကနေ လျှာခင်နားမရောက်ခင်အထိ အစိတ်အပိုင်းပေါ့။ သွားတိုက်တဲ့အခါတိုင်း အာခေါင်ကိုလည်း တိုက်ပေးပါ။ ဒါမှ အာခေါင်မှာ ကပ်ညှိနေတဲ့ အစားအစအနတွေ၊ သွားချေးတွေနဲ့ဘက်တီးရီးယားတွေကို ဖယ်ရှားနိုင်မှာပါ။အာခေါင်ပျော့။လျှာခင်နောက်ပိုင်းနဲ့လည်ချောင်းနောက်ဘက်ပိုင်းကအစိတ်ပိုင်းပါ။ သွားတိုက်တဲ့အခါ တိုက်မိဖို့ ခက်ခဲပေမယ့် အာလုပ်ကျင်းတဲ့နည်းနဲ့ ဆေးကြောသန့်စင်ပေးနိုင်ပါတယ်။ ဒါကြောင့် သွားတိုက်ပြီးတိုင်း ခေါင်းကိုအပေါ်မော့လို့ အာလုပ်ကျင်းပေးပါ။ ဘက်တီးရီးယားတွေကို သန့်စင်ပေးနိုင်မှာပါ။ပါးအတွင်းပိုင်း။ဒါကတော့ ထွေထွေထူးထူးမပြောပြလည်းသိနိုင်မှာပါ။ ပါးနှစ်ဖက်ရဲ့ အတွင်းပိုင်းမျက်နှာပြင်တွေပါ။ သွားတိုက်တဲ့အခါ ဒီအစိတ်အပိုင်းလေးတွေကိုလည်း မမေ့မလျော့ သန့်စင်ပေးပါနော်။ ဒါမှ ဘက်တီးရီးယားတွေနဲ့ရောဂါတွေ၊ အနံ့ဆိုးကင်းစင်တဲ့ ခံတွင်းကို ပိုင်ဆိုင်နိုင်မှာပါ။သွားဖုံးတွေ။သွားတွေရဲ့ အောက်ခြေမှာရှိနေတဲ့ ပန်းရောင်သန်းနေတဲ့အစိတ်အပိုင်းလေးပေါ့။ မှန်ထဲကြည့်လည်း အလွယ်တကူမြင်နိုင်တဲ့ အစိတ်အပိုင်းပါ။ သွားဖုံးလေးတွေက တင်းတင်းရင်းရင်းနဲ့ ပန်းရောင်သန်းနေမယ်ဆိုရင် ကျန်းမာတဲ့ သွားဖုံးလေးတွေပေါ့။ သွားဖုံးလေးတွေကျန်းမာဖို့အတွက်က သွားပွတ်တံရွေးချယ်တာမှန်ကန်ဖို့လည်းလိုပါတယ်။နောက်တစ်ခုက သွားပွတ်ကြိုးအသုံးပြုပြီး သွားကြိုသွားကြားက အစားအကြွင်းအကျန်တွေကို ဖယ်ရှားပေးပါ။ ဖလိုရွိုက်ပါတဲ့ သွားတိုက်ဆေးကိုသုံးပြီး ခံတွင်းသန့်ရှင်းရေးလုပ်ပေးပါ။လျှာ။လျှာကတော့ စကားပြောနိုင်ဖို့အတွက် တော်တော်လေး အရေးပါပါတယ်။ အရသာခံဖို့အတွက်လည်း အရေးပါတဲ့ အစိတ်အပိုင်းပေါ့။ ဒီလျှာလေးက ပန်းရောင်သွေးကြွယ်မှ ကျန်းမာတဲ့ လျှာလေးဖြစ်မှာပါ။ သွားတိုက်တဲ့အခါတိုင်း လျှာကိုလည်း မမေ့မလျော့တိုက်ပေးပါ။ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေပေါက်ဖွားတဲ့အခါ လျှာမှာ အနာဖြစ်နိုင်ပါတယ်။သွား။သွားတွေကတော့ တော်တော်အသုံးဝင်တဲ့ အစိတ်အပိုင်းပါနော်။ အစားတွေကို ကိုက်ဖြတ်ဝါးချေဖို့ အသုံးပြုလို့ရပါတယ်။ ဒီသွားလေးတွေ ကြံ့ခိုင်ကျန်းမာနေမှ အစားစားရတာအဆင်ပြေသလို ခန္ဓာကိုယ်အတွက် အာဟာရပြည့်စုံစွာစားသုံးနိုင်မှာပါ။ သွားကျန်းမာဖို့ကတော့ သွားပွတ်တံ ခပ်ပျော့ပျော့လေးထဲကို ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးလေးထည့်ပြီး ပုံစံမှန်မှန်တိုက်ပေးလိုက်ရုံပါ။တံထွေးဂလင်းတွေ။ခံတွင်း နဲ့လည်ပင်းထဲမှာ တံထွေးဂလင်း တွေရှိနေတာပါ။ တံထွေးဂလင်းတွေက အစားအစာတွေကို ချေဖျက်ဖို့လိုအပ်တဲ့ အင်ဇိုင်းတွေပါဝင်နေတဲ့ တံထွေးတွေနဲ့ အစားအစာတွေကို မျိုချရလွယ်စေမယ့် တံထွေးတွေကို ထုတ်လုပ်ပေးပါတယ်။ တံထွေးက ခံတွင်းကျန်းမာဖို့ တော်တော်လေးအရေးပါတဲ့ ကဏ္ဍကနေပါဝင်နေပါတယ်။ အက်ဆစ်များတဲ့ အစားအစာတွေကြောင့် သွားရဲ့ အပေါ်ယံကြွေလွှာတွေပျက်စီးတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။သွားနဲ့ ခံတွင်း ကျန်းမာစေဖို့ ဒီအချက်လေးတွေကို လုပ်ဆောင်ကြည့်ပါ။ပြုံးလိုက်တိုင်းလှပြီး ယုံကြည်ချက်ရှိရှိနဲ့ ပြောဆိုဆက်ဆံနိုင်စေဖို့ အခုပြောပြခဲ့တဲ့ အချက်လေးတွေကို လုပ်ဆောင်ကြည့်လိုက်ပါနော်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/taking-care-of-your-teeth-and-mouth/
ကလေးအရေပြားကို ထိန်းသိမ်းဖို့ဘာကြောင့်အရေးကြီးတာလဲ
အရေပြားဆိုတာက ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းဖြစ်သလို အရေးကြီးတဲ့ အစိတ်အပိုင်းလည်း ဟုတ်ပါတယ်။ ဒါကြောင့် အသားအရေထိန်းသိမ်းဖို့ကလည်း မလုပ်မဖြစ်လုပ်သင့်တဲ့ ကိစ္စရပ်တွေထဲကတစ်ခုလို့ ပြောချင်ပါတယ်။ အသားအရေထိန်းသိမ်းမှုက စောစောလုပ်နိုင်လေ ကောင်းလေပါ။ ဒါကြောင့် ဘေဘီလေးတွေကို ငယ်စဉ်ကတည်း အရေပြားစောင့်ရှောက်ပေးထားတာက အကောင်းဆုံးပါပဲ။ ကလေးရဲ့ အသားအရေကို ထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတာက ပြောသလောက်တော့ မလွယ်ပါဘူး။ ကလေးတွေရဲ့ အသားအရေက နူးညံ့ပြီး ထိခိုက်လွယ်တာကြောင့် အသေးစိတ်ဂရုစိုက်နိုင်မှ တော်ရာကျပါမယ်။ ကလေးအရေပြားကို ထိန်းသိမ်းဖို့ဘာကြောင့်အရေးကြီးတာလဲ ဆိုတာလေး ပြောပြပေးချင်ပါတယ်။ကလေးအရေပြားကို ထိန်းသိမ်းဖို့ဘာကြောင့်အရေးကြီးတာလဲ ဆိုတော့ ကလေးငယ်ရဲ့ အရေပြားက မယ်လ်လာနင်ကို နည်းနည်းပဲထုတ်လွှတ်နိုင်သလို နေလောင်ဒဏ်ကိုလည်း ခံနိုင်ရည် နည်းပါတယ်။ ပြောချင်တာကတော့ ကလေးငယ်လေးတွေရဲ့ အရေပြားက ထိခိုက်လွယ်ပြီး ပတ်ဝန်းကျင်က အရာတွေကြောင့် ထိခိုက်နိုင်ခြေကလည်း လူကြီးတွေအသားအရေထက် ပိုများပါတယ်။ဓာတ်မတည့်တဲ့ အရာတွေနဲ့ ထိတွေ့မိတဲ့အခါ အရေပြားကျိန်းစပ်တာ၊ ယားယံတာနဲ့ ဓာတ်မတည့်မှုဖြစ်တာမျိုးတွေအထိ ခံစားရနိုင်ပါတယ်။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း ကလေးတွေကို ကျန်းမာတဲ့ အသားအရေပိုင်ရှင်လေးတွေဖြစ်စေဖို့ ငယ်စဉ်ကတည်းကအသားအရေထိန်းသိမ်းမှုတွေလုပ်ပေးတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဒီအရေပြားပြဿနာတွေက ကလေးရဲ့ အသားအရေကို ထိခိုက်စေနိုင်သလို အမာရွတ်ထင်ကျန်တာမျိုးတွေလည်း ဖြစ်စေနိုင်ပါတယ်။ အချို့အရေပြားပြဿနာတွေက ပိုးကူးစက်တာကနေဖြစ်တာဖြစ်ပြီး အချို့အရေပြားပြဿနာတွေကတော့ အရေပြားစောင့်ရှောက်မှုအားနည်းတာကြောင့် ဖြစ်ရတာတွေပါ။ကလေးအရေပြား ကျန်းမာစေဖို့ဆိုရင်။ကလေးကို ရေနွေးနွေးလေး ဆပ်ပြာအပျော့စားလေးနဲ့ ချိုးပေးရပါမယ်။ ကလေးရဲ့ အသားအရေက အရမ်းခြောက်သွေ့နေမယ်ဆိုရင်တော့ glycerin ကိုအခြေခံပြီးထုတ်ထားတဲ့ ဆပ်ပြာမျိုးသုံးပေးရပါမယ်။ ကလေးကို ရေချိုးတဲ့အခါ ၃ မိနစ် အများဆုံး ၅ မိနစ်လောက်ပဲ ချိုးပေးပါ။ကလေးကို နေ့တိုင်းခေါင်းလျှော်ပေးရမယ်တော့ မဟုတ်ပါဘူး။ တစ်ပတ်ကို တစ်ခါလောက်ပေါ့။ ကလေးငယ်သေးရင်တော့လည်း တစ်လ တစ်ခါလောက်ဖြစ်ဖြစ်လျှော်ပေးဖို့ပါ။ ကလေးကို ခေါင်းလျှော်ပေးတဲ့အခါ ကလေးလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ခေါင်းလျှော်ရည်မျိုးနဲ့ လျှော်ပေးရပါမယ်။ရေချိုးပြီးတဲ့အခါ ကလေးကို တဘက်နုနုလေးနဲ့ ရေခြောက်အောင်သုတ်ပေးပြီး အစိုဓာတ်ထိန်းခရင်မ်တစ်ခုခု လူးပေးပါ။ အရေပြားမှာ အစိုဓာတ်ပြည့်ဝနေမယ်ဆိုရင် အသားအရေခြောက်သွေ့တာမျိုး မဖြစ်တော့ပါဘူး။ကလေးသေးခံစိုနေရင်၊ ညစ်ပေနေရင် ချက်ချင်းလဲပေးပါ။ ဒီလိုမျိုးလုပ်ပေးတာက ကလေးကို သေးခံလောင်တာ (Diaper rash) မဖြစ်အောင်ကာကွယ်ပြီးသားဖြစ်မှာပါ။ သေးခံအသစ်မလဲပေးခင်မှာ ကလေးကို သန့်စင်ပေးပြီး ရေသုတ်ပေးရပါမယ်။ကလေးလေးတွေကို နေ့တိုင်း နှိပ်နယ်ပေးလေ အရေပြားအတွက် ကောင်းလေပါ။ အလုပ်များတယ်ဆိုရင်တောင် တစ်ပတ်ကို နှစ်ကြိမ်၊ သုံးကြိမ်လောက်တော့နှိပ်ပေးပါ။ ရေမချိုးခင်မှာ Baby Oil ဒါမှမဟုတ် သံလွင်ဆီလိုမျိုး ကလေးအသားအရေနဲ့ သင့်တော်မယ့် အဆီတစ်ခုခုလိမ်းပေးပြီး မိနစ် ၃၀ – ၄၀လောက် နှိပ်ပေးပါ။ သွေးလည်ပတ်မှုကောင်းမွန်စေပြီး အရေပြားကို ကျန်းမာစေမှာပါ။ကလေးလေးတွေ အရေပြားက ထိခိုက်လွယ်သလို နေလောင်ဒဏ်ကို ခံနိုင်စွမ်းလည်း နည်းပါတယ်။ ကလေးကို နေရောင်နဲ့တိုက်ရိုက်ထိတွေ့ပေးတာမျိုး မလုပ်ပါနဲ့။ နေရောင်ကျတဲ့နေရာမှာ ပေးကစားမယ်ဆိုရင်လည်း ချည်သားအင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ပွပွလေးတွေဝတ်ဆင်ပေးတာ၊ ဦးထုပ်ဆောင်းပေးတာမျိုးတွေ လုပ်ပေးပါ။ နေရောင်မှာပါတဲ့ UV rays က ကလေးငယ်တွေရဲ့ အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ကလေးအသားအရေကို ငယ်စဉ်ကတည်းက သေချာစောင့်ရှောက်ပေးမှ ကလေးက အရွယ်ရောက်လာတဲ့အခါ ကျန်းမာကောင်းမွန်တဲ့အသားအရေပိုင်ရှင်လေးတွေဖြစ်မှာဆိုတော့ ကိုယ့်ရင်သွေးလေးကို အရေပြားပြဿနာကင်းစင်ပြီး ကျန်းမာတဲ့အသားအရေပိုင်ရှင်လေးဖြစ်စေဖို့ ငယ်ငယ်ကတည်းကစပြီး အသားအရေကို စနစ်တကျထိန်းသိမ်းပေးဖို့ တိုက်တွန်းလိုက်ပါရစေ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/why-important-to-take-care-baby-skin/
လည်ချောင်းနာတာကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေဖို့
လည်ချောင်းနာတာကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ဘာတွေ ဂရုစိုက်ရမလဲ! ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ အစိုးမရတဲ့ ပူလိုက်အေးလိုက်မိုးရွာလိုက်ြဖစ်နေတဲ့ ရာသီဥတုဒဏ်အောက်မှာ အမှုမဲ့အမှတ်မဲ့ လှုပ်ရှားသွားလာရင်းကခေါင်းကိုက်သလို၊ ခြေလက်တွေကိုက်ခဲသလို၊လည်ချောင်းထဲကနာသလိုတွေဖြစ်ဖူးလား။ တစ်ခါတလေများဆိုရင် နှာစေး၊နှာပိတ်၊ချောင်းဆိုးတာတွေတောင်ဖြစ်တတ်ပါသေးတယ်။ခန္ဓါကိုယ်က ကျန်းမာနေပေမယ့် ညဘက်လေးအိပ်ရေးပျက်ရင်တောင် တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ရာမှာ အခက်တွေ့တတ်တယ်ဆိုတော့နေထိုင်မကောင်းတဲ့အခါမျိုးဆိုရင် တော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်စရာပါ။အခုပြောခဲ့တာတွေ အထူးသဖြင့် လည်ချောင်းနာပြီဆိုရင်က နေထိုင်မကောင်းဖြစ်တော့မယ်ဆိုတာရဲ့ ရှေ့ပြေးဖြစ်ပါတယ်။ ဒီလိုပြဿနာတွေကြောင့်တစ်နေ့တာလုပ်ငန်းဆောင်တာတွေလုပ်ဆောင်ရာမှာ အနှောင့်အယှက်မဖြစ်ချင်သူတွေအတွက် ဒီဆောင်းပါးလေးကနေတဆင့် သတင်းကောင်းပါးပါရစေ။လည်ချောင်းနာတာကိုဖြစ်စေတဲ့အကြောင်းအရင်းကတစ်ခုမကဖြစ်နိုင်ပါတယ်။ လည်ချောင်းနာတာကို အများဆုံးဖြစ်စေတဲ့ အချက်တွေကတော့ –။လည်ချောင်းနာတာကတော်တော်လေးတော့ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ အခြေအနေပါ။ လည်ချောင်းနာပြီဆိုရင် စားကောင်းတိုင်းလည်းမစားရသလို စကားပြောရင်ဖြစ်ဖြစ် ယုတ်စွအဆုံးတံထွေးမျိုချရင်တောင်တော်တော်လေးခက်ခဲပါတယ်။ ဒီဝေဒနာကို ထမ်းပိုးရင်း တစ်နေ့တာအလုပ်တွေကို အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ဆိုတာအတော်လေးတော့ခက်ခဲပါမယ်။ ဒီတော့ လည်ချောင်းနာတာကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ဆိုရင် ဒါလေးတွေလုပ်ကြည့်ပါ။လည်ချောင်းမနာအောင် ဘယ်လိုကာကွယ်မလဲ။အခုပြောခဲ့တဲ့နည်းလမ်းလေးတွေကို လုပ်ဆောင်ကြည့်ပြီး သင့်တစ်နေ့တာကို လည်ချောင်းနာတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အနေအထားကနေ ကယ်ဆယ်လိုက်ပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/sore-t-innterrupt/
ကလေးဆံသား ကို ဘယ်လိုဂရုစိုက်ပေးမလဲ
ကလေးဆံသား နဲ့ ဦးရေပြားဟာ လူကြီးဆံပင်ထက် နုနယ်လို့ ပိုဂရုစိုက်ပေးသင့်ပါတယ်။ ကလေးလေးတွေအတွက် ဆံသားဂရုစိုက်စောင့်ရှောက်မှုတွေ လိုအပ်သလောက် မလုပ်ပေးတာတွေကြောင့်လည်း ဆံပင်ပြဿနာတွေ ဖြစ်လာစေတတ်ပါတယ်။ကလေးတွေမှာ မွေးဆံပင်လေးတွေ ပါလာတတ်ပေမယ့် အများစုက ရက်သားကနေ လသားအရွယ်အတွင်းမှာရိတ်ပစ်ကြတာများပါတယ်။ ကလေးလေးတွေရဲ့ဆံသားက ကောက်ကွေးကွေးလေးတွေ ၊ အဖြောင့်လေးတွေ၊ ဆံပင်ထူတာ၊ ဆံပင်ပါးတာ တစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး။ ဘယ်လိုဆံသားမျိုးပဲဖြစ်နေပါစေ။ ကလေးဆံသားက နုနယ်လွန်းတာကြောင့် လူကြီးတွေထက် ထိခိုက်လွယ်၊ ပျက်စီးလွယ်ပါတယ်။ ဒါ့ကြောင့် ဆံသားခြောက်သွေ့မှု၊ ပျက်စီးမှုမဖြစ်အောင် ဂရုစိုက်ပေးနိုင်မယ့် အချက်လေးတွေ သိထားသင့်ပါတယ်။၆လအောက် ကလေးငယ်တွေရဲ့ ဦးရေပြားမှာ အဆီနည်းတာကြောင့် တစ်ပတ်နှစ်ကြိမ်ထက်ပိုပြီး ခေါင်းလျှော်ပေးဖို့ မလိုပါဘူး။ ကလေးငယ်လေးအတွက် ခဏခဏခေါင်းလျှော်တာ အအေးမိနိုင်ခြေလည်း ပိုများတာကြောင့် ဂရုစိုက်ပေးပါ။နောက်တစ်ချက်ကကလေးကို ခေါင်းလျှော်ပေးရင် ဓာတ်မတည့်မှု ဖြစ်နိုင်ခြေနည်းစေမယ့် baby shampoo ကိုပဲ ရွေးသုံးပါ။ ကလေးသီးသန့်မဟုတ်ဘဲ လူကြီးသုံး ကိုယ်တိုက်ဆပ်ပြာ သို့မဟုတ် ကြုံရာခေါင်းလျှော်ရည်တွေနဲ့ အလွယ်မလျှော်ပေးပါနဲ့။ ဓာတုပစ္စည်းတွေပါဝင်လို့ ကလေးရဲ့ဦးရေပြား နုနုလေးကို ထိခိုက်စေနိုင်ပါတယ်။ ခေါင်းလျှော်ပေးဖို့ သင့်မသင့်ကို ရာသီဥတုပြောင်းလဲမှုတွေကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။ကလေးမှာ ဗောက်ထသလိုမျိုး ဦးရေပြား အဆီထွက်များ၊ အရေခွံကွာတဲ့cradle capဖြစ်နေတယ်ဆိုရင်တော့ တစ်ပတ် သုံးကြိမ်အထိ တိုးပြီးလျှော်နိုင်ပါတယ်။ ဒါပေမယ့် အရေခွံအဖတ်လေးတွေ သက်သာအောင်ခေါင်းမလျှော်ခင်တိုင်းမှာ ဦးရေပြားကို သံလွင်ဆီနည်းနည်းလိမ်းပေးပါ။ဦးရေပြားကို ရေဆွတ်ပြီး ရှန်ပူအနည်းငယ်ကို ကလေးရဲ့ ဦးရေပြားမှာ ညင်သာစွာနှိပ်နယ်ပေးပါ။ ပြီးရင်တော့ ရှန်ပူတွေ စင်အောင် ရေနဲ့သေချာလျှော်ပေးဖို့တော့ လိုပါတယ်။-ဒီလို နှိပ်နယ်တဲ့အခါ လက်ချောင်းထိပ်လေးနဲ့ပဲ အသာအယာလုပ်ပေးပါ။ လက်သည်းနဲ့မထိအောင် ဂရုစိုက်ပါ။-ကလေးရဲ့ဆံပင်က ကပ်နေတဲ့ ဆံပင်ကောက်ခွေလေးတွေဖြစ်ရင် လုံးထွေးပြီးမလျှော်ပါနဲ့။ ဆံပင်လေးတွေ ရှုပ်ထွေး၊ ထုံးသွားစေနိုင်လို့ပါ။ လက်ချောင်းလေးနဲ့ ထိုးဖွဖွပြီးရေလောင်းပေးပါ။-ကလေးရဲ့ဆံသားကို မူတည်ပြီး ရှန်ပူပမာဏကို အတိုးအလျော့ချင့်ချိန်ပါ။-ကလေးမှာ ဦးရေပြားယားယံတာ၊ ခြောက်သွေ့တာ၊ အရေခွံအဖတ်လန်တာတွေ ဖြစ်လာရင် ခေါင်းလျှော်ရည်တွေ မစင်တာကြောင့် ဖြစ်နိုင်ပါတယ်။ခြောက်သွေ့တဲ့ဆံသား၊ ကောက်တဲ့ဆံသားတွေကို ခေါင်းလျှော်ပြီးရင်conditionerသုံးပေးသင့်ပါတယ်။ Conditioner က ဆံသားကို တောက်ပစေ၊ပျော့ပျောင်းစေပါတယ်။ ခြောက်သွေ့တဲ့ရာသီ၊ အေးစိမ့်တဲ့ရာသီတွေမှာ conditioner ကို ပိုလိုအပ်ပါတယ်။လူကြီးတွေအတွက် ထုတ်လုပ်ထားတဲ့ ဆံသားထိန်းသိမ်းရေးပစ္စည်းတွေကို ကလေးတွေမှာ မသုံးပါနဲ့။ ဓာတုပစ္စည်းတွေ ပါဝင်တတ်လို့ နုနယ်တဲ့ကလေးဦးရေပြားကို ထိခိုက်စေနိုင်ပါတယ်။သင့်ကလေးက တစ်နှစ်ဝန်းကျင်ရှိပြီဆိုရင် ဆံပင်စညှပ်ဖို့ အချိန်ရောက်ပါပြီ။ ကလေးငယ်တစ်ယောက်အတွက် ဆံပင်အညှပ်ခံဖို့ကို ကြောက်လန့်ကောင်းကြောက်လန့်နိုင်ပေမယ့် ဘာမှကြောက်စရာမရှိကြောင်း မိဘကဘေးမှာနေပြီး ချော့ပေးလိုက်ပါ။ ဆံပင်ပုံမှန်ညှပ်ပြီး သပ်ရပ်စွာရှိနေမှ ဆံသားကျန်းမာပြီး သန်စွမ်းလာနိုင်မှာပါ။ဆံပင်မညှပ်ဘဲ၊ မဖြီးဘဲ ကလေးဆံသား ကို ဂရုမစိုက်ခဲ့ရင် ရှုပ်ထွေးတာ၊ ဆံပင်ကျိုးပြတ်တာ ၊ ဆံပင်ကျွတ်တာတွေ ဖြစ်လာနိုင်ပြီး ဦးရေပြားမှာ ယားယံလာရင် ကုတ်ဖဲ့ရာက အနာတွေဖြစ်စေနိုင်တဲ့အထိ နောက်ဆက်တွဲပြဿနာတွေ ဖြစ်နိုင်ပါတယ်။ဆောင်းတွင်း သို့မဟုတ် နွေရာသီမှာ ကလေးကို ဦးထုပ်ဆောင်းပေးရပါမယ်။ ဒါဟာ ဦးရေပြားကို ကာကွယ်ပေးရာရောက်ပြီး ဆံပင်သန်စွမ်းကျန်းမာစေပါတယ်။ကလေးမှာ ဆံပင်ကျွတ်လာတာ၊ ဦးရေပြားပြဿနာတွေ ရှိလာတာမျိုးဆိုရင် ဆရာဝန်နဲ့ပြသပါ။ ခေါင်းလျှော်ရည်နဲ့ conditionerတွေ ကလေးမျက်လုံးထဲ မဝင်စေဖို့ ဂရုစိုက်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/how-to-take-care-of-baby-hair/
ကလေးတွေ ဖုန်းအသုံးများ ခြင်းနဲ့ ဦးနှောက်ဉာဏ်ရည်ထိခိုက်မှု
ခေတ်ဆိုတာလည်း အဆန်းသားဗျ။ ကျွန်တော်တို့ ကလေးဘဝတုန်းကအားလပ်ချိန်ဆိုတာနဲ့ အပြင်ထွက်ပြီး ဘောလုံးကန်မယ်၊စာအုပ်ဖတ်မယ်၊ လူကြီးတွေနဲ့ လျှောက်လည်မယ်၊ မုန့်စားမယ်၊ ဒါတွေလောက်ပဲ ရှိခဲ့တာလေ။ အိုင်တီခေတ်လို့ ခေါ်တဲ့ ဒီဘက်ခေတ်ကြီးထဲမှာ ကလေးတွေကို ကြည့်လိုက်တာနဲ့ ဖုန်းအသုံးများ ပြီး တီဗီ၊ ကွန်ပျူတာရှေ့မှာ ထိုင်ပြီးတော့ပဲ အချိန်ကုန်နေတတ်တာကိုတွေ့ရပါတယ်။အရင်တုန်းကဆို ကျွန်တော်တို့ အရမ်းဆော့လွန်းလို့ လူကြီးတွေကတောင် မဆော့ပါနဲ့၊ စာလုပ်ပါလို့ ဆူပူခဲ့ရတဲ့ ခေတ်ကနေအပြင်ထွက်ကစားပါဆိုပြီး ကလေးကို ပြန်ပြောရတဲ့ ခေတ်ကို ဆယ်စုနှစ်လေး အနည်းငယ်အတွင်းမှာ ရောက်သွားတာ အံ့သြစရာပါပဲ။ ကောင်းတဲ့ နေရာက ကြည့်ရင် ဒီလိုနည်းပညာတွေ တိုးတက်လာတော့ ကလေးတွေလည်း ရှာဖွေချင်တဲ့ အရာတွေ လွယ်လွယ်ကူကူရှာဖွေလို့ ရတယ်၊ အချိန်ကုန်၊ လူပင်ပန်း မဖြစ်တော့ဘူးပေါ့။ မကောင်းတဲ့ဘက်က ကြည့်မယ်ဆိုရင် ဖုန်းအသုံးများ တာက ကလေးတွေရဲ့ဉာဏ်ရည်နဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။မိဘတွေအနေနဲ့ သင့်ကလေးကို တစ်နေ့လျှင် အများဆုံး ၂နာရီပဲ ဖုန်း၊ ကွန်ပျူတာ၊ တီဗီ အသုံးပြုခွင့်ပေးသင့်ပါတယ်။ ဒါက နှစ်နှစ်အထက် ကလေးတွေ မှာပါ။ ဒီထက်ငယ်ရင် ဆွေမျိုးအချင်းချင်း ဗီဒီယိုကောလ်ပြောတာကလွဲပြီး ဖုန်းပေးမသုံးသင့်ပါဘူး။အချိန်အကြာကြီးထိုင်ပြီး ဖုန်းမျက်နှာပြင်ကို ငေးကြည့်နေရင်း ဂိမ်းဆော့နေလို့ ကလေးတွေအတွက်ပညာရေးရော၊ ကျန်းမာရေးအရပါ ဘာအကျိုးမှ မရှိပါဘူး။ ဒါ့အပြင် ငယ်ငယ်ရွယ်ရွယ်နဲ့ ဖုန်းစွဲလမ်းစိတ် ဖြစ်လာရင် ကလေးရဲ့ နောင်ရေးအတွက် စိုးရိမ်စရာဖြစ်လာမှာပါ။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ကလေးကို တစ်နေ့လျှင် ၂နာရီထိပဲ ဖုန်းသုံးခွင့်အချိန် သတ်မှတ်ပေးထားပါ။ ကျန်တဲ့အချိန်မှာ အပြင်ထွက်ပြီး ကစားတာ၊ မိသားစုလိုက် ပျော်ပျော်ပါးပါး လျှောက်လည်တာမျိုး၊ အားကစားတစ်ခုခု လိုက်စားဖို့ တိုက်တွန်းပေးပါ။ပထမဆုံးပြောရမယ်ဆိုရင် မျက်စိထိခိုက်လာမှာပါ။ ကလေးတွေဆိုတာ အရာရာကို စူးစမ်းလေ့လာတဲ့ စိတ်ရှိတာမို့ ဖုန်းကို မျက်နှာနဲ့ နီးနီးကပ်ကပ်မှာ ထားပြီး အားစိုက်ကြည့်နေတဲ့ အကျင့်ရှိပါတယ်။ ဒီတော့ ငယ်ငယ်ရွယ်ရွယ်နဲ့မျက်စိမှုန်လာမယ်၊ မျက်စိအာရုံကြော အားနည်းလာမယ်၊ အမြင်အာရုံထိခိုက်မယ်။နောက်ထပ် ဖြစ်လာနိုင်တာကတော့ ကျောင်းစာမှာ အာရုံမစိုက်နိုင်တော့တာပါပဲ။ စိတ်က ဖုန်းသုံးဖို့၊ဂိမ်းဆော့ဖို့အကြောင်းပဲ အာရုံရောက်နေတော့ သင်နေသမျှ စာတွေကို မမှတ်မိတာ၊ စာတွေ လွတ်သွားတာ၊ ကျောင်းစာနဲ့ပတ်သက်ပြီး အာရုံမစူးစိုက်နိုင်တော့တာ၊ အမှတ်တွေ နည်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။လေ့လာတွေ့ရှိချက်အရ ကလေးတွေကိုအဝလွန်စေတဲ့ တရားခံတွေထဲမှာ ဖုန်းအသုံးပြုခြင်းလည်း ပါနေပါတယ်။ အပြင်ထွက်ပြီး လှုပ်လှုပ်ရှားရှားမနေဘဲ အမြဲ ထိုင်ခုံမှာ ထိုင်လိုက်၊ အိပ်လိုက်နဲ့ ဖုန်းသုံးနေတော့ တဖြည်းဖြည်းနဲ့ ကိုယ်အလေးချိန်က တက်လာပြီး အဝလွန်လာတော့တာပေါ့။ အဝလွန်တဲ့ ပြဿနာကို ပေါ့ဆလို့ မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆီးချို၊သွေးတိုး၊ နှလုံးရောဂါအပြင် တခြားသော ရောဂါပေါင်းစုံ ဖြစ်လာစေဖို့ အစလက္ခဏာမို့လို့ပါပဲ။ကလေးအတွက် ကိုယ်ခန္ဓာ ဖွံ့ဖြိုးစေပြီး ကျန်းမာရေးအတွက် ကောင်းစေတဲ့ အစာအာဟာရတွေကို စုံလင်စွာ ကျွေးပေးပါ။ ညဘက်မှာအိပ်ချိန်ပြည့်ဝစွာ အိပ်ဖို့ ဂရုစိုက်ပါ။ ညအိပ်ခါနီးမှာ ဖုန်းသုံးတဲ့ အကျင့်တွေ တွေ့ရင်လည်း မိဘတွေက သေချာဆုံးမပြောဆိုဖို့ လိုအပ်ပါတယ်။ဘယ်အရာမဆို တန်ဆေး လွန်ဘေးပါပဲ။ ဒါကြောင့် ဖုန်းလုံးဝမသုံးရဘူးလို့ တားမြစ်တာထက် အချိန်အကန့်အသတ်နဲ့ ပေးသုံးပါ။ တစ်နေ့ကို ၂နာရီထက်ပိုပြီး ပေးမသုံးပါနဲ့။ ပညာရေးဆိုတာ ကလေးဘဝ အနာဂတ်အတွက် အရေးကြီးတာမှန်ပေမယ့် ထိုင်ခုံမှာပဲ အမြဲငြိမ်ငြိမ်လေးထိုင်ပြီး တစ်နေကုန် စာလုပ်ရင်လည်း ကလေးကို အဝလွန်စေနိုင်တယ်၊ လေးလံထိုင်းမှိုင်းပြီး စာထဲ အာရုံစူးစိုက်ဖို့ ခဲယဉ်းနိုင်တယ်ဆိုတာ မေ့ထားလို့ မဖြစ်ပါဘူး။ ကလေးဘဝနဲ့ အနာဂတ် သာယာအေးချမ်းဖို့ မိဘတွေကိုယ်တိုင် ဒီအရာတွေကိုသေချာဂရုစိုက်ပေးဖို့ အရေးကြီးတယ်နော်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/how-mobile-devices-affect-kids-brain/
သင့် သွားဖုံးများအား သေချာ ဂရုစိုက်ပါ
ခံတွင်းကျန်းမာရေးလို့ ဆိုလိုက်တာနဲ့ သွားသန့်ရှင်းမှုကိုပဲ ပြေးမြင်တတ်ကြသည်။ အပြုံးလှလှ လေး တစ်ခု ပိုင်ဆိုင်ဖို့ သွားဖြူဖြူလေးများက အရေးကြီးရုံသာမက ပန်းသွေးရောင် သွားဖုံးလေးများကလည်း အရေးကြီးသည်။ သင့်တွင် ပိုးပေါက်ကင်းပြီး ဖြူဖွေးသော သွားများရှိနေရုံဖြင့် သွားဖုံးကျန်းမာရေး ကောင်းနေမည် အာမခံ၍မရ။ သွားဖုံးရောဂါများ၏ အစောပိုင်းအဆင့်သည် မနာသဖြင့် သတိမထားမိကြသည်က များသည်။ မကုဘဲ ကြာကြာထားလျှင် ဆိုးရွားစွာသွားဖုံးအားထိခိုက်နိုင်သောကြောင့် သွားဖုံးကျန်းမာရေးကိုလည်း ဂရုစိုက် ထိန်းသိမ်းသင့်သည်။သွားဖုံးရောဂါတွေသည် စားကြွင်းစားကျန်များနှင့် ဘက်တီးရီးယားများ ဖြင့် ပြည့်နေသော သွားချေးများ သွားဖုံးအောက်တွင် ကပ်နေရာမှ ကြာလျှင်ပိုးဝင်ပြီးသွားဖုံးရောင်ခြင်းမှ စသည်။ သွားဖုံးရောဂါများသည် အစပိုင်းတွင် မနာသော်လည်း ကြာလာသောအခါ။အစပိုင်းတွင် သွားကိုထိန်းထားသော အရိုးနှင့် တစ်ရှူးများကို ထိခိုက်ခြင်း မရှိသည့် အတွက်ကြောင့် သွားဖုံးရောင်ခြင်းများသည် သူ့ဘာသာ ပြန်ကောင်းတတ်သည်။ သို့သော် ကြာလာလျှင် သွားကိုထိန်းထားသော အရိုးများ သွားဖုံးတစ်ရှူးဆဲလ်များအား လှိုက်စားပြီး နောက်ဆုံး အဆင့် အနေဖြင့် သွားများ ကျွတ်ထွက်ခြင်း၊ သွားဖုံးကွာကျခြင်း နှင့် ရေစီးကမ်းပြိုခြင်းများဖြစ်တတ်သည်။ ထိုအခါ သင့်တွင် သွားများ မရှိတော့ အပြုံးလှလှ ပိုင်ဆိုင်ဖို့ အလှမ်းဝေးသွားသည့် အပြင် ခံတွင်းနံ့များလည်းဆိုးနေမည်ဖြစ်သည်။ ဒီလို ကြောက်စရာကောင်းသော သွားဖုံးရောဂါများအား မဖြစ်ခင်တည်းက ကြိုတင် ကာကွယ်နိုင်ပါသည်။သွားနှင့်ခံတွင်း သန့်ရှင်းပြီး သွားဖုံးကိုပါ ကျန်းမာစေဖို့ သွားမှန်မှန်တိုက်ပေးရုံသာမက သွားဖုံးနှင့် သွားကြားထဲ အစာညပ်ခြင်းများ ကင်းဝေးစေရန် သွားပွတ်ကြိုးကို သုံးပြီး သွားကြားထဲမှ အစာများကို ထုတ်ပေးသင့်သည်။ သွားပွတ်ကြိုးကို သွားတိုက်သလိုပဲ ညအိပ်ရာဝင်ခါနီးချိန်ဖြစ်ဖြစ် အစာစားပြီးချိန်ဖြစ်ဖြစ်တိုက်ပေး၍ ရသည်။ ဒါမှသာ သွားနှင့်သွားဖုံးကြား ညပ်နေသော အစာများကို သန့်ရှင်းပေးပြီးသား ဖြစ်မှာဖြစ်တယ်။သင်ဆရာဝန်များထံ မှန်မှန် သွားပြလျှင် ဆရာဝန်များမှ သွားဖုံးရောဂါအား နောက်မကျမီ တွေ့ရှိနိုင်သည်။ အချို့သော သွားချေးများသည် သွားတိုက်ရုံနှင့်ပင် မစင်သော အတွက်ကြောင့် သွားဆရာဝန်များထံ သွား၍ ကျောက်ခြစ်ခြင်းများပြုလုပ်သင့်သည်။ အကယ်၍ သင့်တွင် သွားဖုံးရောင်ခြင်းများ ရှိလျှင် သွားမှန်မှန်တိုက်ခြင်း၊ သွားပွတ်ကြိုးများသုံးခြင်း၊ ဆရာဝန်များထံ မှန်မှန်သွားခြင်းဖြင့် သွားဖုံးရောင်ခြင်းကို ပိုဆိုးမလာခင် ကြိုတင်ကာကွယ်နိုင်သည်။ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေသည်မှာ လူတိုင်းအသိပင်ဖြစ်သည်။ ကိုယ်ခန္ဓါကျန်းမာရေး အတွက်သာမက သွားနှင့် သွားဖုံးကျန်းမာရေးကို လည်း ဆေးလိပ်သည် ဒုက္ခပေးနိုင်သည်။ ဆေးလိပ်သည် သင့် ခုခံအား စနစ်ကို ထိခိုက်စေသည့် အတွက်ကြောင့် သွားဖုံး ပိုးဝင်ခြင်းကို ခန္ဓါကိုယ်မှ တိုက်ထုတ်ခြင်း လုပ်ငန်းစဉ်အား ထိခိုက်နိုင်သည်။.ဆေးလိပ်သောက်ခြင်းဖြင့် သင့်သွားဖုံးအနာများ ပြန်ကျက်ခြင်းကိုလည်း ထိခိုက်စေပါသည်။သွားတစ်နေ့နှစ်ကြိမ် ပုံမှန်တိုက်ခြင်းဖြင့် သွားဖုံးတွင် အစာများ ကပ်နေခြင်းကို သန့်စင်ပေးသည့် အပြင်သွားပိုးစားခြင်းများကို ပါ ကာကွယ်ပေးပြီးသားဖြစ်သည်။ သွားကို တစ်နေ့နှစ်ကြိမ်တိုက်ပြီးတစ်ခါတိုက်လျှင် ၂မိနစ် အနည်းဆုံးတိုက်သင့်ပါသည်။ သွားကို နှံ့စပ်အောင်တိုက်ရမည့် အပြင် မှန်ကန်သော သွားတိုက်နည်း နှင့် လည်း တိုက်ရန်လိုအပ်သည်။ သွားတိုက်သည့်အပြင် လျှာကိုပါ တိုက်သင့်ပါသည်။သွားပွတ်တံကောင်းတစ်ခုသည် သွားကိုသန့်ရှင်းစေရုံ အတွက်သာမက သွားဖုံးအတွက်လည်းကောင်းမွန်စေသည်။ သွားပွတ်တံကြမ်းများသည် သင့်သွားဖုံးကို ပွန်းစေခြင်း၊ ထိခိုက်ခြင်းများ ဖြစ်စေနိုင်သည်။ ထို့ကြောင့် သွားပွတ်တံ နုနုလေးများအား ရွေးချယ်၍ တိုက်သင့်ပါသည်။ဈေးကွက်တွင် သွားဖုံးရောင်ခြင်းများသက်သာစေရန် အတွက် ထုတ်ထားသော သွားတိုက်ဆေးများရှိနေပြီဖြစ်သည်။ ထိုအထဲတွင်မှ ဖလိုရိုက်ပါသော သွားတိုက်ဆေးများသည် သွားဖုံးရောင်ခြင်းကို သက်သာစေခြင်း၊ ခံတွင်းနံ့ကောင်းစေခြင်း နှင့် သွားများကိုဖြူဖွေးစေပါသည်။ ထို့ကြောင့် သွားတိုက်ဆေးဝယ်ရန် ရွေးချယ်ရခက်နေလျှင် ဖလိုရိုက်ပါသော သွားတိုက်ဆေးများကို ဝယ်ယူရန် အကြံပေးချင်ပါသည်။ခံတွင်းသန့်ဆေးရည်များသည် ပါးစပ်တွင်းရှိ ဘက်တီးရီးယား ပိုးမွှားများကို သေစေနိုင်ပြီး အစာဟောင်းများနှင့် ဓါတ်ပြုခြင်းကို လျော့ပါးစေခြင်းဖြင့် သွားဖုံးနှင့် သွားကြားတွင် အစာကပ်ခြင်းကို နည်းပါးစေသည်။ ဤသို့ဖြင့် သွားဖုံးတွင် ပိုးဝင်ခြင်းများမရှိတော့ဘဲ သွားဖုံးရောဂါများလည်း ကင်းဝေးစေနိုင်ပါသည်။ခံတွင်းကျန်းမာရေးဟုဆိုလိုက်လျှင် သွားနှင့် လျှာတင် မဟုတ် သွားဖုံးကိုပါ ဂရုစိုက်သင့်ပါသည်။ အထက်ဖော်ပြထားသော နည်းများကို လိုက်နာခြင်းဖြင့် သွားဖုံးရောဂါများ ကင်းဝေးကြပါစေ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/gum-mouth-diseases/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba-%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%96%e1%80%af%e1%80%b6%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%9e%e1%80%b1%e1%80%81/
ကလေးငယ်မှာဖြစ်တဲ့ အရေပြားပြဿနာတွေက ပြင်းထန်တဲ့ရောဂါတွေရဲ့လက္ခဏာဖြစ်နိုင်ပါတယ်
ကလေးတွေရဲ့အရေပြားမှာ အဖုလေးတွေ၊ အနီစက်လေးတွေ၊ အကွက်တွေတွေ့ရတတ်တာဟာ အထူးအဆန်းမဟုတ်ပါဘူး။ ကလေးဘဝမှာတော်တော်များများဖြစ်ဖူးကြပါတယ်။ အများစုက အန္တရာယ်မရှိဘူး၊စိုးရိမ်စရာမရှိဘူး၊ တော်ရုံနဲ့သက်သာပျောက်ကင်းစေနိုင်တယ်ဆိုပေမယ့် သတိထားကုသဖို့၊ စစ်ဆေးဖို့မမေ့ပါနဲ့။ တချို့သာမန်အရေပြားပြဿနာတွေက ကလေးတွေကို အန္တရာယ်ဖြစ်စေတဲ့အထိ ပြင်းထန်တဲ့ရောဂါတွေရဲ့လက္ခဏာတွေဖြစ်နေနိုင်တယ်လေ။ဒါ့ကြောင့် ကလေးတွေမှာအဖြစ်များတဲ့အရေပြားပြဿနာလေးတွေကို ခဏနေပျောက်သွားမှာပဲလို့တွေးပြီး မပေါ့ဆကြပါနဲ့။ သတိထားသင့်တဲ့လက္ခဏာတွေကိုလေ့လာမှတ်သားထားပြီး ရောဂါတစ်ခုခုအတွက်သံသယဖြစ်လာရင် ဆရာဝန်အမြန်ဆုံးပြရပါမယ်။ ရင်နှစ်သည်းချာဖြစ်တဲ့ ကိုယ့်ရင်သွေးလေးတွေအတွက် အချိန်နှောင်းလို့မဖြစ်ပါဘူးနော်။ကလေးအထူးကုဆရာဝန်ကတော့ ကလေးကို ရောဂါရှာဖွေပြီး သင့်လျော်တဲ့ကုသစောင့်ရှောက်မှုပေးမှာပါ။ ငယ်ရွယ်လွန်းတဲ့ကလေးလေးတွေကို ကိုယ့်သဘောနဲ့ကိုယ်ဆုံးဖြတ်ပြီးဘယ်တော့မှ အိမ်မှာကြိတ်မကုပါနဲ့။ ကလေးတွေမှာအဖြစ်များတဲ့ အရေပြားနဲ့ဆက်စပ်ဖြစ်တဲ့ရောဂါတွေအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ဝက်သက်ဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး အသက်ရှူလမ်းကြောင်းကတဆင့်ကူးစက်လွယ်ပါတယ်။ ကလေးရဲ့အရေပြားအနှံ့မှာ အနီစက်လေးတွေထွက်လာမယ်၊ တုပ်ကွေးလို ဖျားနာတဲ့လက္ခဏာတွေ၊ ချောင်းဆိုးမယ်၊ နှာရည်ကျမယ် စတာတွေက သူ့လက္ခဏာတွေပါ။ ရောဂါလက္ခဏာစပေါ်လာပြီး၃/၄ရက်အကြာမှာပဲ အနီစက်တွေပြန့်လာပြီး အဖျားတက်လာမှာဖြစ်လို့ရောဂါမသိဘဲ ကုသမှုနှောင့်နှေးခဲ့ရင် အန္တရာယ်ရှိနိုင်ပါတယ်။ရေကျောက်ရောဂါဟာ ကလေးငယ်တွေမှာ အဖြစ်များတဲ့ရောဂါဖြစ်တယ်ဆိုပေမယ့် အခုတော့ ဝက်သက်ရော၊ ရေကျောက်ရော ကာကွယ်ဆေးတွေထိုးနှံပြီး တားဆီးနိုင်နေပြီဖြစ်ပါတယ်။ varicella လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်လာတဲ့ရေကျောက်ဟာ အဖျားရှိရာက လက္ခဏာစပြီး အအေးမိဝေဒနာလိုဖြစ်လာကာ ယားယံတဲ့အနီစက်တွေပေါ်လာတတ်ပါတယ်။ ကူးစက်နိုင်ခြေမြင့်မားပြီး သေချာမကုရင် အဖျားအရမ်းကြီးလာပြီး အန္တရာယ်ရှိနိုင်ပါတယ်။ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော ကူးစက်မြန်အရေပြားရောဂါ (impetigo)ဖြစ်လာရင် ကလေးမှာ အရည်ကြည်ဖုတွေဖြစ်လာရာကနေ အနီကွက်တွေဖြစ်ကျန်ခဲ့စေပါတယ်။ ထိတွေ့မိတဲ့နေရာမှာ ကူးစက်ဖို့လွယ်တာကြောင့် ယားလို့ ကုတ်လေ ပိုဆိုးလေပါ။ ဘက်တီးရီးယားကြောင့်ဖြစ်လာတဲ့ impetigo ဟာ ခန္ဓာကိုယ်အနှံ့နေရာမရွေးဖြစ်တတ်ပေမယ့် နှာခေါင်းနဲ့ပါးစပ်တဝိုက်မှာအဖြစ်များပါတယ်။ အရည်ကြည်ဖုတွေကို ထိမိပေါက်ပြဲစေတဲ့အခါ အနာတွေဖြစ်စေပြီး ပိုပြင်းထန်လာရင် အနာပိုရင်းပြီး ပြည်တည်တဲ့အခါ အနာပေါက်ပိုနက်လာစေနိုင်ပါတယ်။နှင်းခူဆိုတာ အရေပြားရောင်ရမ်းတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အတိအကျပြောရရင် နှင်းခူဟာ အရေပြားကို ယားယံ၊ နီရဲ၊ခြောက်သွေ့စေပြီး အက်ကွဲခြင်း၊သားရေပြားလို မာခေါက်ခေါက်ဖြစ်ခြင်းမျိုးကိုတောင် ဖြစ်စေနိုင်ပါတယ်။ နှင်းခူဟာ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်ပွားနိုင်ပါတယ်။ နှင်းခူက ကာလကြာရှည် အရေပြားယားယံ၊ ခြောက်သွေ့ပြီး မာနေ၊ထူနေတာ (အထူးသဖြင့် လက်၊လည်ပင်း၊မျက်နှာ နဲ့ ခြေထောက်တွေမှာ ဖြစ်ပွားလေ့ရှိတယ်ဆိုပေမယ့် ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်ပွားနိုင်ပါတယ်)။ ကလေးတွေမှာဆိုရင် ဒူးခေါက်ခွက်နဲ့ လက်မောင်းကွေးအခွက်တွေမှာ အဓိက ဖြစ်လေ့ရှိပါတယ်။ ယားလို့ကုတ်ရင် ခြောက်နေတဲ့ အရေပြားနေရာတွေဟာ အနာဖြစ်သွားပြီး ပိုးပါဝင်လာနိုင်ပါတယ်။သေချာမကုသရင် နောက်ပိုင်းမှာ ကလေးက ပန်းနာရင်ကျပ်၊ ဓာတ်မတည့်ရောဂါ၊ ကာလရှည် ယားယံတာ၊ အရေပြားမှာ အကြေးခွံလို အကွက်တွေဖြစ်တာ၊အရေပြားမှာ ပိုးဝင်ပြီး အနာတွေလို ဖြစ်တာ၊မျက်စိပြဿနာတွေ ခံစားရတာ၊လက်ချောင်းလေးတွေနဲ့ လက်ချောင်းကြားတွေထဲမှာ အနာလေးတွေ ဖြစ်တာ၊အိပ်မပျော်တာ၊အမူအကျင့်ပိုင်းဆိုင်ရာ ပြဿနာတွေ ပေါ်လာတာ စတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။Contact dermatitis ဆိုတာ သင့်အရေပြားနဲ့ မတည့်တဲ့ အရာတစ်ခုခု ဒါမှမဟုတ် ဓာတုဗေဒ ပစ္စည်းတစ်ခုခု ထိတွေ့တဲ့အခါ ဖြစ်ပေါ်လာတဲ့ အရေပြားပြဿနာ တစ်မျိုးပဲဖြစ်ပါတယ်။ အဆိုပါ အရာကြောင့် အရေပြားကိုထိခိုက်စေပြီး ဓာတ်မတည့်ခြင်းတွေကိုလည်း ဖြစ်စေပါတယ်။ ဆပ်ပြာ၊ လိုးရှင်း၊ ရေမွှေး၊ သတ္တုတစ်မျိုးမျိုး၊ latex ရာဘာ၊ အလှကုန်ပစ္စည်း ဒါမှမဟုတ် ဆေးတွေကြောင့် သင့်ကလေးမှာ Contact dermatitis ဖြစ်လာနိုင်ပါတယ်။ရောဂါလက္ခဏာတွေက ကလေးတစ်ယောက်နဲ့ တစ်ယောက် တူချင်မှ တူမှာပါ။ ဒါပေမယ့် သင့်ကလေးမှာ Contact dermatitis ဖြစ်နေပြီဆိုရင် နာကျင်တာ၊ နီရဲတာ၊ယားယံတာ၊ရောင်ရမ်းနေတာ၊အရည်လေးတွေထွက်နေတာ ဒါမှမဟုတ် သွေးထွက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ အဓိက ထိတွေ့မိတဲ့ နေရာမှာ ရောဂါလက္ခဏာတွေ အဆိုးဆုံးဖြစ်နေမှာပါ။ ရောဂါအတိအကျသိနိုင်ဖို့နဲ့ ကုသမှုခံယူနိုင်ဖို့အတွက် ကလေးကို ဆေးရုံတင်ရပါမယ်။ဗိုင်းရပ်စ်ကြောင့် ကြွက်နို့ဖြစ်တာပါ။ ကြွက်နို့က လူတစ်ယောက်နဲ့ တစ်ယောက်ထိတွေ့မှုကနေ ကူးစက်ပြန့်ပွားနိုင်လို့ ကလေးငယ်လေးတွေမှာလည်းဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်တစ်နေရာမှာဖြစ်ပြီး တခြားအစိတ်အပိုင်းတွေကိုလည်း ပြန့်ပွားစေတတ်ပါတယ်။ အန္တရာယ်မရှိဘူးဆိုပေမယ့် ပြန့်ပွားနိုင်ခြေမြင့်မားတာကြောင့် ကုသမှုခံယူပြီးဖယ်ရှားသင့်ပါတယ်။ လူကြီးတွေကတော့ အိမ်သုံးဆေးနည်းတွေနဲ့ ကိုယ့်ဘာသာဖယ်ရှားတာများပေမယ့် ကလေးငယ်တွေကျတော့ ဆရာဝန်နဲ့ပြသပြီး သင့်တော်တဲ့ကုသမှုခံယူရပါမယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/skin-diseases-in-children/%e1%80%a1%e1%80%9e%e1%80%b1%e1%80%b8%e1%80%a1%e1%80%96%e1%80%bd%e1%80%b2%e1%80%a1%e1%80%9b%e1%80%b1%e1%80%95%e1%80%bc%e1%80%ac%e1%80%b8%e1%80%95%e1%80%bc%e1%80%bf%e1%80%94%e1%80%ac%e1%80%9c%e1%80%b1/
ပုံမှန်မဟုတ်တဲ့ သုက်ရည်စိမ့်ထွက်ခြင်းဆိုတာဘာလဲ။
ဒီတစ်ခေါက်တော့ အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ ပုံမှန်မဟုတ်တဲ့ သုက်ရည်စိမ့်ထွက်ခြင်းဆိုတာဘာလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။သုက်ရည်ထွက်တယ်ဆိုတာ ကျန်းမာတဲ့ အမျိုးသားတွေအတွက်တော့ အထူးတဆန်းကိစ္စတစ်ခု မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်က တစ်ကိုယ်ရေအာသာဖြေထားတာ၊ လိင်ပိုင်းဆိုင်ရာ အတွေးတွေ တွေးနေတာမျိုးလည်း မလုပ်ဘဲ ဆီးသွားနေတဲ့အချိန် ဒါမှမဟုတ် အလုပ်လုပ်နေရင်းသုက်ရည်စိမ့်ထွက်တာမျိုး ခဏခဏ ဖြစ်နေပြီဆိုရင်တော့ နည်းနည်းစဉ်းစားဖို့လိုပါပြီ။မကြာခဏ လိင်စိတ်အာသာဖြေတဲ့အကြောင်း တွေးမိတာအပြင်။၁။ ညဘက်တွေမှာ လိင်ဆက်ဆံနေတဲ့ အိပ်မက်မက်ခြင်း။လူပျိုဖော်ဝင်ကာစ အရွယ်၊ အသက် ၂၀နဲ့ ၃၀ကြား အမျိုးသားတွေ ညဘက်အိပ်တဲ့အခါ လိင်အာသာဖြေအိပ်မက် (Wet Dreams) မက်တာမျိုး အဖြစ်များပါတယ်။ ဒီလိုအိပ်မက်မက်နေတဲ့အချိန်မှာလိင်တံထောင်မတ်ခြင်းဖြစ်နေပြီး လှုပ်ရှားမှုတစ်စုံတစ်ရာ မရှိဘဲ သုက်လွှတ်နိုင်ပါတယ်။ ပုံမှန်တစ်ကိုယ်ရေအာသာဖြေနေတဲ့အချိန်လို သုက်ရည်အများကြီးလွှတ်တာမျိုးမဟုတ်ဘဲ အနည်းငယ်သာ ယိုစိမ့်ထွက်လာတဲ့ပုံစံမျိုးပါ။ဒီအခြေအနေကို ပုံမှန်ယောက်ျားတစ်ယောက် လူပျိုဖြစ်တဲ့အခါ တွေ့ရတတ်တဲ့ ဖြစ်စဉ်လို့ သတ်မှတ်ပြီး ကျန်းမာရေးပြဿနာအနေနဲ့ စိုးရိမ်စရာတော့ မရှိပါဘူး။ အသက် ၂၀ နောက်ပိုင်းမှာ ဒီအပြုအမူတွေကို အတွေ့နည်းသွားတတ်ပေမယ့် လုံးဝမရှိတော့တာမျိုးတော့ မဟုတ်ပါဘူး။ အထူးသဖြင့်လိင်ဆက်ဆံခြင်း၊ တစ်ကိုယ်ရေအာသာဖြေခြင်း မလုပ်တာ ရက်တော်တော်ကြာသွားတဲ့အခါ ပြန်ပြီး ဖြစ်တတ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ကုသစရာတော့ မလိုပါဘူး။၂။ သောက်ဆေးများနဲ့ ဘေးထွက်ဆိုးကျိုး။စိတ်ကျန်းမာရေးပြဿနာအတွက် ကုသတဲ့နေရာမှာ အသုံးပြုတဲ့စိတ်ကျရောဂါထိန်းဆေး၊ စိတ်ငြိမ်ဆေးတွေအပြင် ဟော်မုန်းအစားထိုး ကုထုံးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေထဲမှာ သုက်ရည်စိမ့်ထွက်ခြင်းအပြင် လိင်စိတ်ဆန္ဒ လျော့နည်းလာတာ၊သုက်ထွက်ဖို့ကြာလွန်းတာ၊ လိင်တံ မထောင်မတ်နိုင်တာတွေလည်း ပါဝင်ပါတယ်။ဒီဆေးဝါးတွေဟာ စိတ်ကျရောဂါတွေအပြင် တခြားသော စိတ်ကျန်းမာရေးပြဿနာတွေကို ကုသပေးတဲ့နေရာမှာ တော်တော်လေး အသုံးတည့်တဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ် ဆေးဖြတ်တာမျိုးမလုပ်ဘဲ ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်သင့်ပါတယ်။ ဆေးပြောင်းတာဖြစ်စေ ဒါမှမဟုတ် ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ဆေးရပ်သင့်၊ မရပ်သင့်ကို ဆုံးဖြတ်ပေးသွားမှာပါ။၃။ ဆီးကျိတ်ပြဿနာများ။ဆီးကျိတ်ကနေ သုက်ရည်တွေကို ထုတ်လုပ်ပေးပြီး ဒီသုက်ရည်တွေက သုက်ကောင်တွေကို သယ်ဆောင်ပေးပါတယ်။ ဒီဆီးကျိတ်မှာ ပြဿနာတစ်ခုခု ဖြစ်နေပြီဆိုရင်တော့ ပုံမှန်မဟုတ်တဲ့ သုက်ရည်စိမ့်ထွက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဥပမာ – ဆီးကျိတ်ရောင်နေတာ၊ ဆီးကျိတ်ကင်ဆာလိုမျိုးပါ။ဆီးသွားနေစဉ် ပူစပ်ပူလောင်ဖြစ်တာ၊ ဆီးထဲ သွေးပါတာ၊ အဖြူရောင်နောက်ကျိတဲ့ ဆီးတွေထွက်လာတာ၊ သုက်လွှတ်တဲ့အခါ မူမမှန်တဲ့ ပြောင်းလဲမှုမျိုးဖြစ်တာ၊ သုက်လွှတ်စဉ် နာကျင်တဲ့ လက္ခဏာတွေ တွေ့ရရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသတာ အကောင်းဆုံးပါပဲ။ ကိုယ်ဖြစ်နေတဲ့ ပြဿနာကို အရင်စစ်ဆေးပြီးတဲ့အခါမှ ဘက်တီးရီးယား ပိုးသတ်ဆေးပေးတာ၊ လိုအပ်တဲ့ ကုသမှုတွေ ခံယူတာ လုပ်လို့ရပါတယ်။၄။ အာရုံကြောစနစ်ကို ထိခိုက်မိတာ။အာရုံကြောစနစ်ထိခိုက်မိတဲ့အခါ သုက်လွှတ်ရာမှာ ပြောင်းလဲမှုတွေ ဖြစ်တတ်ပြီး ပုံမှန်မဟုတ်တဲ့ သုက်ရည်ယိုစိမ့်ခြင်းတွေ ဖြစ်တတ်ပါတယ်။ အသက်ကြီးလာတာ၊ ကျောရိုး သို့မဟုတ် လိင်အင်္ဂါပတ်လည်ကို ထိခိုက်မိတာ၊ ရောဂါပိုးဝင်တာ၊ ပေါင်ခြံတစ်ဝိုက်နဲ့ လိင်အင်္ဂါကို ခွဲစိတ်ကုသမှု ခံယူရင်း အာရုံကြောထိခိုက်မိတာတွေဟာ သုက်လွှတ်ခြင်းကို လှုံ့ဆော်ပေးတဲ့ အာရုံကြောတွေကို သွားပြီး သက်ရောက်မှုဖြစ်စေပါတယ်။အာရုံကြော ပိုးဝင်ပြီး ရောင်ရမ်းတဲ့အခြေအနေဟာ ကုသလို့လွယ်ပေမယ့် ခွဲစိတ်ကုသတာ၊ ကင်ဆာကုထုံး ကုသမှုခံယူတာ၊ ဦးနှောက်အာရုံကြောနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကြောင့်ဆိုရင်တော့ အနည်းငယ် ကုသဖို့ ခက်ပါလိမ့်မယ်။တခြားဘာကြောင့် ဖြစ်နိုင်သေးလဲ။အမျိုးသားများ သုက်လွှတ်ပြီးတဲ့အခါ ဆီးစွန့်ပြွန်မှာ သုက်တွေ အနည်းငယ်ကျန်တာမျိုး ဖြစ်တတ်တဲ့အတွက် ဆီးသွားနေစဉ်၊ ဆီးသွားပြီးတဲ့အခါ သုက်ရည် အနည်းငယ် ယိုစိမ့်တတ်ပါတယ်။ အကယ်လို့ ဆီးထဲမှာပါလာတာ သုက်ရည်မဟုတ်ဘဲ တခြား ပိုးဝင်ခြင်း၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါကြောင့် ပြည်ယိုစိမ့်နေတယ်လို့ သံသယရှိရင်တော့ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးကြည့်တာ အကောင်းဆုံးပါပဲ။ပုံမှန်အားဖြင့်တော့ အကြောင်းရင်းမရှိဘဲ သုက်ရည် ယိုစိမ့်ထွက်တယ်ဆိုတာ စိုးရိမ်စရာတော့ မဟုတ်ပေမဲ့ မကြာခဏဆိုသလို ဖြစ်နေတယ်ဆိုရင်တော့ အရင်ဆုံး စစ်ဆေးကြည့်ပါ။ ကိုယ့်မှာ ဖြစ်နေတဲ့ အကြောင်းရင်းကို သိမှ ဆရာဝန်အနေနဲ့ အသင့်တော်ဆုံးဖြစ်မယ့် ကုသမှုနည်းလမ်းကို အကြံပေးနိုင်မှာ ဖြစ်ပါတယ်။များသောအားဖြင့် စိုးရိမ်စရာ ကျန်းမာရေးပြဿနာတစ်ခုခုရှိရင် သုက်ရည်ယိုစိမ့်တာအပြင် တခြားပုံမှန်မဟုတ်တဲ့ လက္ခဏာတွေပါ တွေ့ရတတ်တဲ့အတွက် တခြားမူမမှန်တာမျိုးတွေ ရှိနိုင်ပါတယ်။ အထူးသဖြင့် ဆီး၊ သုက်ရည်ထဲမှာ သွေးပါတာ၊ သုက်ရည်အနံ့ကညှီစို့စို့ဖြစ်နေတာ၊ သုက်လွှတ်စဉ် ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုဖြစ်တာ၊ သုက်ရည်နဲ့ မတူတဲ့ အရည်တွေ စိမ့်ထွက်တာ၊ ဆီးသွားနေချိန် နာကျင်မှုဝေဒနာခံစားရတယ်ဆိုရင်တော့ အမြန်ဆုံး စစ်ဆေးကြည့်တာ အကောင်းဆုံးပါပဲ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/mens-health-semen-leakage/
Chronic Headache (နာတာရှည်ခေါင်းကိုက်ခြင်း)
လူတိုင်းမှာတော့ ခေါင်းကိုက်ဝေဒနာ ရှိကြတာချည်းပါပဲ။ ဒါပေမဲ့ ရက်ပေါင်းများစွာ ကြာတဲ့ထိ မပျောက်သေးရင် ဒါမှမဟုတ် နေ့စဉ်ခေါင်းကိုက်ခြင်းကို ကာလကြာရှည်ခံစားနေရရင်တော့ ပုံမှန်မဟုတ်တော့ပါဘူး။ နေ့စဉ်ခေါင်းကိုက်တာက ကာလကြာရှည်ခံစားခဲ့ရမယ်ဆိုရင် ဒီသဘာဝကပဲ အခြားသောခေါင်းကိုက်ခြင်းတွေထက် ပိုဆိုးစေပါလိမ့်မယ်။ အစပိုင်းကုသမှုတွေလုပ်ပြီး ဆက်လက်ကုသမှုခံယူ၊ အချိန်ယူပြီး ထိန်းချုပ်ကာမှ နာကျင်မှုတွေကို လျော့ပါးစေပြီး ခေါင်းကိုက်လည်း သက်သာစေနိုင်မှာပါ။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အဓိပ္ပါယ်ဖွင့်ဆိုခဲ့တဲ့အတိုင်းဆိုတော့ ကာလရှည်နေ့စဉ်ခေါင်းကိုက်ခြင်းဟာ ၁၅ရက် သို့မဟုတ် ၁လနဲ့ အထက် ကစလို့ အနည်းဆုံး ၃လလောက်ထိကြာနိုင်ပါတယ်။ အခြေခံအဆင့် နာတာရှည်ခေါင်းကိုက်ခြင်းဟာ အခြားရောဂါတွေကြောင့် ဖြစ်လာတာမဟုတ်ပါဘူး။ခဏတာနဲ့ ကာလရှည် နေ့စဉ်ခေါင်းကိုက်ခြင်းဆိုပြီးရှိပါတယ်။ ကာလရှည်ဆိုတာကတော့ တစ်ခါကိုက်တိုင်း အနည်းဆုံး ၄နာရီနဲ့အထက်ကြာပါတယ်။ ဒါတွေမှာတော့။Chronic migraine (နာတာရှည် ခေါင်းတစ်ခြမ်းကိုက်ခြင်း)၊ Chronic tension-type headache ၊ New daily persistent headache နဲ့ Hemicrania continua ရယ်လို့ ပါဝင်ပါတယ်။ဒီအမျိုးအစားကိုတော့ episodic migraines (ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ)ကို ခံစားဖူးတဲ့သူတွေမှာ တွေ့ရများပါတယ်။ တစ်လမှာ ရှစ်ရက်နဲ့အထက် အနည်းဆုံး ၃လအကြာလောက်အတွင်းမှာ အောက်ပါ အခြေအနေတွေဖြစ်လာနိုင်ပါတယ်။ခေါင်းတစ်ခြမ်းကိုက်ခြင်း သို့မဟုတ် နှစ်ခြမ်းလုံးကိုက်ခြင်း။ခေါင်းထဲ တစ်ဒိတ်ဒိတ်နေအောင်ကိုက်ခြင်း။အနည်းငယ်နာကျင်တာကနေစလို့ ပြင်းပြင်းထန်ထန်နာကျင်တဲ့ထိဖြစ်ခြင်း။ပုံမှန်လှုပ်ရှားမငတွေကြောင့် ပိုဆိုးလာခြင်း စတာတွေပါ။အောက်ပါအချက်တွေထဲက အနည်းဆုံးတစ်ချက်ကြောင့် ဖြစ်ရတာပါ။အော့အန်ခြင်း၊ ပျို့ခြင်း သို့မဟုတ် ပျို့အန်ခြင်း။အလင်းရောင်နဲ့ အသံကို မခံစားနိုင်ခြင်း။ဒီခေါင်းကိုက်ခြင်းမှာတော့ အောက်ပါတွေ ခံစားရနိုင်ပါတယ်။ခေါင်းနှစ်ခြမ်းလုံးကိုက်ခြင်း။အပျော့စားမှ အလယ်အလတ်ထိ နာကျင်စေခြင်း။ဖိထားသလိုတင်းကြပ်နေပေမယ့် တစ်ဒိတ်ဒိတ်ပုံမှန်ဖြစ်နေတာမျိုး မဟုတ်ခြင်း။ပုံမှန်လှုပ်ရှားမှုတွေကို သက်ရောက်မှုမရှိခြင်း။ဦးခေါင်းခွံထိခိုက်ခဲ့ဖူးသူများ။ဒီခေါင်းကိုက်ခြင်းကတော့ ရုတ်တရက်ဖြစ်လာတာဖြစ်ပြီး ခေါင်းတစ်ခါမှ မကိုက်ဖူးသူတွေမှာ အဖြစ်များပါတယ်။ သူတို့တွေဟာ ပထမခေါင်းကိုက်တဲ့အချိန်ကနေစလို့ သုံးရက်လောက်ထိ ဒီတိုင်းဖြစ်နေတတ်ပါတယ်။ ဒီခေါင်းကိုက်ခြင်းမှာတော့ အောက်ပါတွေ ခံစားရနိုင်ပါတယ်။အများအားဖြင့် ခေါင်းနှစ်ခြမ်းလုံးမှာ ခံစားရခြင်း၊ ဖိထားသကဲ့သို့ နာကျင်ခြင်း ၊ အပျော့စားမှ အလယ်အလတ်အဆင့်ထိ နာကျင်ခြင်း၊ ပုံမှန်လှုပ်ရှားမှုတွေကြောင့် ပိုဆိုးမလာခြင်း။ဒီခေါင်းကိုက်ခြင်းတွေမှာတော့ ခေါင်းတစ်ခြမ်းသာကိုက်ခြင်း၊ မနာတဲ့အချိန်မရှိသလောက် နေ့တိုင်းအချိန်တိုင်းကိုက်ခဲခြင်း၊ အလယ်အလတ်စားနာကျင်မှုမှ စူးစူးရှရှ ပြင်းပြင်းထန်ထန်နာကျင်ခြင်း၊ Indocin သောက်လိုက်ရင်တော့ တုံ့ပြန်မှုရှိခြင်း၊ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ (Migraine)နဲ့တူတဲ့ လက္ခဏာရပ်တွေလိုပဲ တစ်ခါတလေမှာ ပြင်းထန်လာတတ်ပါတယ်။ ဒါ့အပြင် Hemicrania continua headacheတွေကတော့ အောက်ပါတို့ထဲက တစ်ခုခုနဲ့ ဆက်စပ်နေတတ်ပါတယ်။ခေါင်းကိုက်တဲ့ဘက်ခြမ်းမှာ မျက်ရည်ကျခြင်း သို့မဟုတ် မျက်လုံးနီခြင်း ၊ နှာပိတ်ခြင်း၊ နှာစေးခြင်း ၊ မျက်ခွံတွဲခြင်း သို့မဟုတ် သူငယ်အိမ်ကျဉ်းခြင်း၊ အနားမရသလို ခံစားရခြင်း။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။တစ်ပတ်မှာ ၂ကြိမ်ထက်ပိုပြီးခေါင်းကိုက်ခြင်း။ ခေါင်းကိုက်တဲ့ရက်တွေမှာ အကိုက်အခဲပျောက်ဆေးတွေသောက်နေခြင်း၊ ခေါင်းကိုက်သက်သာစေဖို့အတွက် OTC ဆေးတွေကို ညွှန်ကြားထားတာထက် ပိုမိုသုံးစွဲခြင်း၊ ခေါင်းကိုက်တဲ့ပုံစံ ပြောင်းလဲသွားခြင်း သို့မဟုတ် ပိုဆိုးလာခြင်း၊ ခေါင်းကိုက်မပျောက်တော့ခြင်း ။တကယ်လို့များ ဒီလိုတွေဖြစ်လာခဲ့ရင် ဆေးဝါးကုသမှု ချက်ချင်းခံယူပါ။ရုတ်တရက်ဖြစ်လာပြီး ပြင်းထန်ရင်၊ အဖျား၊ ဇက်ခိုင်ခြင်း၊ ရောထွေးနေခြင်း၊ အမြင်နှစ်ထပ်ဖြစ်နေခြင်း၊ အားနည်းခြင်း၊ ထုံခြင်း၊ စကားပြောရခက်ခဲခြင်း စတာတွေ ဖြစ်လာရင်၊ ခေါင်းမှာ ဒဏ်ရာရခဲ့ရင်၊ ဆေးတွေသောက်နေပါလျက်ကယ်နဲ့ ပိုဆိုးလာခဲ့ရင်။ဖြစ်ပွားရတဲ့ အဓိက အကြောင်းရင်းကိုတော့ သေချာ နားမလည်နိုင်သေးပါဘူး။ True (primary) chronic daily headache မှာတော့ တခြားကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်ရတာမျိုး မရှိပါဘူး။Non-primary chronic daily headache တွေကို ဖြစ်စေတဲ့ ကျန်းမာရေးပြဿနာတွေကတော့။ဦးနှောက်တွင်း သွေးကြောရောင်ယမ်းခြင်း သို့မဟုတ် သွေးကြောပြဿနာ၊ လေဖြတ်ခြင်း အပါအဝင်။ ပိုးဝင်ခြင်း (ဥပမာ – meningitis) ၊ ဦးခေါင်းခွံတွင်း ဖိအားများလွန်းခြင်း၊ နည်းလွန်းခြင်း၊ ဦးနှောက်အကြိတ်၊ ဦးနှောက်ဒဏ်ရာရခြင်း။ ခေါင်းကိုက်ခြင်းအတွက် ဆေးအသုံးလွန်ခြင်း။ ဒီလိုခေါင်းကိုက်တဲ့ပုံစံဟာ ခေါင်းကိုက်တတ်တဲ့သူတွေမှာ အဖြစ်များပါတယ်။ အများအားဖြင့် migraine သို့မဟုတ် tension-type ရှိတဲ့သူတွေဟာ အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံသောက်မိတာမျိုးဖြစ်တတ်ပါတယ်။ တကယ်လို့ အကိုက်အခဲပျောက်ဆေးသောက်တော့မယ်ဆိုရင် (OTC ဆေးကိုပဲသုံးသုံး) တစ်ပတ်မှာ ၂ရက်ထက်ပိုလာခဲ့ရင် သို့မဟုတ် တစ်လမှာ ကိုးရက်ထက် ပိုလာခဲ့ရင် rebound headache ဖြစ်လာနိုင်ချေ များပါပြီ။နာတာရှည်ခေါင်းကိုက်ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အမျိုးသမီးဖြစ်နေခဲ့ရင်၊ စိုးရိမ်သောကများရင်၊ စိတ်ဓါတ်ကျဆင်းနေရင် (စိတ်ကျရောဂါ)၊ အိပ်မပျော်ခဲ့ရင်၊ အဝလွန်ရင်၊ ဟောက်တတ်ရင်၊ ကဖိန်းအလွန်အကျွံသုံးစွဲရင်၊ ခေါင်းကိုက်ပျောက်ဆေး အသုံးလွန်ရင်နဲ့ အခြားသော နာတာရှည်နာကျင်မှုပြဿနာတွေ ပါ ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်ကတော့ သင့်ရဲ့လက္ခဏာတွေကို စစ်ဆေးပြီး ပိုးဝင်တာလား ဒါမှမဟုတ် အာရုံကြောဆိုင်ရာ ပြဿနာလား ဆုံးဖြတ်ပေးမှာပါ။ သင့်ရဲ့ ခေါင်းကိုက်ခဲ့တဲ့ ရာဇဝင်တွေကိုလည်း ပြန်မေးပါလိမ့်မယ်။ တကယ်လို့ ခေါင်းကိုက်ရတဲ့ အကြောင်းရင်းက မရှင်းမလင်းဖြစ်နေခဲ့မယ်ဆိုရင်တော့ ပုံရိပ်ဖော်နည်းပညာတွေဖြစ်တဲ့ CT scan သို့မဟုတ် MRI တို့လို စမ်းသပ်မှုတွေလုပ်ပြီး အခြား ကျန်းမာရေး ပြဿနာရှိမရှိ စစ်ဆေးပါလိမ့်မယ်။တိမ်မြှုပ်နေတဲ့ အဓိကရောဂါကို ကုသလိုက်တဲ့အခါမှာ မကြာမကြာခေါင်းကိုက်ခြင်းကို သက်သာစေပါလိမ့်မယ်။ အခြားသော ကျန်းမာရေးပြဿနာတွေမရှိဘူးဆိုရင်တော့ ကုသမှုဟာ နာကျင်မှုကို ဘယ်လိုကာကွယ်ရမလဲဆိုတာကိုသာ အဓိကထားပါတော့တယ်။ကာကွယ်တဲ့ နည်းဗျူဟာတွေကလည်း သင့်ရဲ့ခေါင်းကိုက်ခြင်းပေါ်မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။ ဆိုလိုတာက သင့်ရဲ့ခေါင်းကိုက်ခြင်းဟာ ဆေးအသုံးလွန်ခြင်းကြောင့်ဖြစ်ရတာလားဆိုတာမျိုးပေါ် မူတည်လို့ပေါ့။ တကယ်လို့များ သင်က တစ်ပတ်မှာ ၃ရက်ထက်ပိုပြီး အကိုက်အခဲပျောက်ဆေးတွေသောက်ခဲ့မယ်ဆိုရင် ပထမဆုံးအဆင့်ကတော့ ဒီဆေးတွေနဲ့ဝေးဝေးနေရမှာဖြစ်ပြီး ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာရပါလိမ့်မယ်။Preventive therapy နဲ့ စတင်ကုသမှုခံယူဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဆရာဝန်က အောက်ပါတို့ကို ညွှန်ကြားပါလိမ့်မယ်။Antidepressants. Tricyclic antidepressants ဥပမာ nortrityline (Pamelor) တွေကို နာတာရှည်ခေါင်းကိုက်ခြင်းအတွက် အသုံးပြုလို့ရပါတယ်။ ဒီဆေးတွေကတော့ စိတ်ကျရောဂါ၊ စိုးရိမ်သောကတွေနဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပြီး နာတာရှည်နေ့စဉ်ခေါင်းကိုက်ခြင်းကိုလည်း ရင်ဆိုင်ပေးနိုင်ပါလိမ့်မယ်။အခြားသော antidepressants များ ဥပမာ selective serotonin reuptake inhibitor (SSRI) Fluoxetine (Prozac, Sarafem နှင့်အခြား) ဒါတွေကတော့ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုတွေကို ကုသရာမှာ ကူညီနိုင်ပေမယ့် ခေါင်းကိုက်ခြင်းအတွက်တော့ Placebo လာက် ထိရောက်မှုရှိနိုင်မှာ မဟုတ်ပါဘူး။Beta blockers ။ဒီဆေးတွေကိုတော့ သွေးတိုးအတွက် အသုံးပြုတာများပါတယ်။ episodic migranine တွေကို ကုသရာမှာလည်း အဓိကကျပါတယ်။ အချို့သော Beta blockers တွေမှာတော့ atenolol (Tenormin), metoprolol (Lopressor, Toprol- XL)နဲ့ Propranolol (Inderal, Innopran XL) စတာတွေ ပါဝင်ပါတယ်။Anti-seizure medications။ ။အချို့သောဆေးတွေကတော့ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ကာကွယ်နိုင်ပြီး နာတာရှည် နေ့စဉ်ခေါင်းကိုက်နေတာကိုလည်း ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ ဒီဆေးတွေထဲမှာတော့ OTopiramate (Topamax, Qudexy XRနဲ့ အခြားဆေးများ) divalproex sodium (Depakote) နဲ့ gabapentin (Neurotin, Gralise) စတာတွေ ပါဝင်ပါတယ။်။NSAIDs။ ။စတီးရွိုက်မပါတဲ့ ဆရာဝန်ညွှန်းပေးနိုင်မယ့် အရောင်ကျဆေး ဥပမာ – naproxen sodium (Anaprox, Naprelan) တွေက ကူညီပေးနိုင်ပါလိမ့်မယ်။ အထူးသဖြင့် အခြားအကိုက်အခဲပျောက်ဆေးတွေ မတိုးတော့တဲ့အချိန်ပေါ့။ ဒီဆေတွေကိုတော့ ခေါင်းကိုက်ခြင်း ပိုမိုပြင်းထန်လာတဲ့အချိန်မှာ သုံးနိုင်ပါတယ်။Botulinum toxin ။OnabotulinumtoxinA (Botox ) ထိုးခြင်းတွေဟာ အချို့သူတွေအတွက်တော့ နာကျင်မှုတွေ သက်သာစေနိုင်ပြီး နေ့စဉ်ဆေးပုံမှန်မသောက်နိုင်သူတွေအတွက်ပါ အဆင်ပြေတဲ့ နည်းလမ်းဖြစ်စေနိုင်ပါတယ်။ကံမကောင်းတာကတော့ အချို့သော နာတာရှည်နေ့စဉ်ခေါင်းကိုက်ခြင်းတွေဟာ ဘယ်လိုဆေးမျိုးကိုမဆို ခံနိုင်ရည်ရှိနေတာပါပဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်နာတာရှည်ခေါင်းကိုက်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အပ်စိုက်ခြင်း။ ။ ဒီရှေးဟောင်းနည်းပညာမှာတော့ ဆံချည်မျှင်လောက်ရှိတဲ့ အပ်ကို သင့်အရေပြားပေါ်က သတ်မှတ်ထားတဲ့ အချို့နေရာတွေမှာ ထိုးလိုက်ပါတယ်။ ရလဒ်တွေကို ပေါင်းစည်းလိုက်တဲ့အချိန်မှာတော့ အပ်စိုက်ခြင်းဟာ နာတာရှည်ခေါင်းကိုက်ခြင်း အကြိမ်ရေနဲ့ ပြင်းထနန်မှုတွေကို လျှော့ချပေးတဲ့နေရာမှာ ကူညီပေးနိုင်တာကို တွေ့ရပါလိမ့်မယ်။Biofeedback။ ။ ခေါင်းကိုက်ခြင်းကို ပိုပြီးသတိထားတာမျိုး၊ အချို့သော ခန္ဓါကိုယ် တုံ့ပြန်မှုတွေကို ပြောင်းလဲလိုက်တာမျိုးနဲ့ ထိန်းချုပ်နိုင်ပါတယ်။ ဥပမာ – တင်းအား၊ နှလုံးခုန်နှုန်းနဲ့ အရေပြားအပူချိန်။နှိပ်ခြင်း။ ။ နှိပ်ခြင်းကတော့ စိတ်ဖိစီးမှုတွေကိုလျော့စေပြီး နာကျင်မှုတွေကို သက်သာစေကာ သက်တောင့်သက်သာဖြစ်စေပါတယ်။ ခေါင်းကိုက်ခြင်းအတွက် ကုထုံးတစ်ခုလို့ မယူဆရသေးခင်မှာပဲ နှိပ်နယ်ခြင်းဟာ သင့်ခေါင်းနောက်ဘက်မှာရှိတဲ့ တင်းနေတဲ့ကြွက်သားတွေ၊ ဇက်တွေနဲ့ ပုခုံးကြောတွေကို ပြေလျော့စေပါတယ။်။တိုင်းရင်းဆေးပင်၊ ဗီတာမင်နဲ့ သတ္တုဓါတ်များ။ ။ တိုင်းရင်းဆေးပင်တွေဖြစ်တဲ့ feverfew နဲ့ butterbur တို့ဟာ မိုင်ဂရိန်း (ခေါင်းတစ်ခြမ်းကိုက်ခြင်း)ကို ကာကွယ်ပေးနိုင်ပြီး ပြင်းထန်မှုကိုလည်း လျှော့ချပေးနိုင်တယ်လို့ တွေ့ရှိရပါတယ်။ Riboflavin (Vitamin B-2) ကို များများသုံးစွဲတာကလည်း ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို လျှော့ချပေးနိုင်ပါတယ်။Coenzyme Q10 ဖြည့်စွက်စာ အားဆေးတွေက အချို့သူတွေအတွက် အကူအညီဖြစ်စေပါလိမ့်မယ်။ မဂ္ဂနီစီယမ်ဆာလ်ဖိတ်အားဆေး (သောက်ဆေး)တွေကလည်း အချို့သူတွေအတွက် ခေါင်းကိုက်တဲ့ အချိန်တွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမဲ့ လေ့လာမှုတွေ အားလုံးမှာတော့ သက်သေမပြရသေးပါဘူး။ ဒီကုသမှုတွေက သင့်အတွက် သင့်လျော်နိုင်မလားဆိုတာ ဆရာဝန်ကို မေးကြည့်ပါ။ တကယ်လို့များ သင့်မှာ ကိုယ်ဝန်ရှိနေတယ်ဆိုရင် feverfew/ butterbur နဲ့ riboflavin (Vitamin B-2) ကို မသုံးပါနဲ့။Occipital အာရုံကြောတွင် လျှပ်စစ်ဖြင့် လှုံ့ဆော်ခြင်း။ ။ ဘက်ထရီပါဝါနည်းနည်းသာပါတဲ့ electrode ကို occipital အာရုံကြောရှိတဲ့နေရာဖြစ်တဲ့ လည်ပင်းအောက်ခြေနားကို ခွဲစိတ်ပြီး ထည့်သွင်းလိုက်ပါတယ်။ ဒီပစ္စည်းဟာ နာကျင်မှုတွေ သက်သာသွားစေဖို့ အဆက်မပြတ် စွမ်းအင်အပိုင်းလေးတွေကို အာရုံကြောဆီ လွှတ်ပေးနေပါတယ်။ ဒီနည်းလမ်းကိုတော့ စမ်းသပ်ဆဲပါ။ကုသမှုပြောင်းလဲမှုပဲဖြစ်ဖြစ်၊ စတင်မှာပဲဖြစ်ဖြစ် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေနဲ့ ရလာနိုင်မယ့် ကောင်းကျိုးတွေကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/chronic-headache-%e1%80%94%e1%80%ac%e1%80%90%e1%80%ac%e1%80%9b%e1%80%bd%e1%80%8a%e1%80%b9%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%bb/
အာသီးရောင် လည်ချောင်းနာခြင်းကို သက်သာစေမယ့် အိမ်တွင်းဆေးနည်းများ။ ။
လည်ချောင်းနာတယ်၊အာသီးရောင်တယ်ဆိုတာ လူတိုင်းဖြစ်ဖူးနေကျ အရာတစ်ခုပါ။ နေပူလိုက်၊ မိုးရွာလိုက်ဖြစ်နေတဲ့ ခုလိုရာသီမျိုးမှာ ပိုတောင်ဖြစ်နိုင်ပါသေးတယ်။ အာသီးရောင်၊ လည်ချောင်းနာရခြင်းဟာ ဗိုင်းရပ်စ်ပိုး ( သို့မဟုတ်)ဘက်တီးရီးယားပိုးကြောင့်ဖြစ်ရတာပါ။ သူတို့တွေကြောင့်လည်ချောင်းနဲ့အာသီးက ကြွက်သားတွေရောင်ပြီး နာလာပါတယ်။မျက်စိနဲ့ကြည့်ရင် အာသီးက ကြီးနေတတ်ပြီး နီရဲနေတာကို တွေ့နိုင်ပါတယ်။ အဲလိုအခါမျိုးမှာ ရေသောက် ထမင်းစားလို့ မျိုချရင်တောင် နာနေတတ်အတွက်ကြောင့် စိတ်ကို အတော်လေး အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ဆေးသောက်ရမှာ ဆေးခန်းသွားရမှာ ကြောက်နေတဲ့ သူတွေအတွက် လည်ချောင်းနာ၊ အာသီးရောင်ရင် လုပ်နိုင်တဲ့ အိမ်တွင်းဆေးနည်းလေးတွေ အကြောင်းပြောပြပေးချင်ပါတယ်။လည်ခေျာင်းနာ အာသီးရောင်ရင် ဆားရည်နွေးလေးနဲ့ ပလုတ်ကျင်းတာဟာ ရှေးလူကြီးတွေလက်ထက်ကတည်းက အသုံးပြုလာတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဆားရည်နွေးလေးဟာ လည်ချောင်းနာတာကို သက်သာစေပြီး ရောင်နေတဲ့ အာသီးကိုလည်းအရောင်လျော့စေတဲ့ အာနိသင်ရှိပါတယ်။ လည်ချောင်းနာ အာသီးရောင် ခြင်းကိုဖြစ်စေတဲ့ ပိုးများကို လည်းသေစေနိုင်ပါသေးတယ်။ပြုလုပ်နည်း ။ အိမ်သုံးဆားလက်ဖက်ရည်ဇွန်းတစ်ဝက်လောက်ကို လက်ဖက်ရည် ပန်းကန်ထဲထည့် ရေနွေးလေးထည့်ပြီး ဆားများ အရည်ပျော်သွားတဲ့ အထိမွှေပေးပါ။ ရလာတဲ့ ဆားရည်နွေးနဲ့ လည်ချောင်းကို စက္ကန့် အနည်းငယ်လောက်ပလုတ်ကျင်းပေးပြီး ပြန်ထွေးထုတ်ပါ။ ပြီးရင် ရိုးရိုးရေနဲ့ ပြန်ပလုတ်ကျင်းပါ။ရေနွေးကြမ်းက လည်ချောင်းနာခြင်းကို သက်သာစေပါတယ်။ပျားရည်ကတော့ အရောင်ကျခြင်း အာနိသင်ကို ရှိစေတဲ့ အတွက်ကြောင့် အာသီးရောင်တာကို သက်သာစေပါတယ်။ ဒါပြင် ရေနွေးနဲ့ ပျားရည်ရောလိုက်မယ်ဆိုရင် အာသီးရောင် လည်ချောင်းနာတာကို ဖြစ်စေတဲ့ ပိုးတွေကို သေဆုံးနိုင်စေတဲ့ အစွမ်းရှိပါတယ်။ ဒီနည်းလေးဟာလည်း လည်ချောင်းနာ ၊ အာသီးရောင်တာကို သက်သာစေတဲ့ အစွမ်းထက် အိမ်တွင်းဆေးတစ်မျိုးဖြစ်ပါတယ်။ပြုလုပ်နည်း။ ။ ရေပူပူကြီး မဟုတ်ဘဲ ရေနွေးနွေးလေးထဲကို ပျားရည်ပျော်ဝင်တဲ့ အထိ ထည့်မွှေပါ။ ရလာတဲ့ ဖျော်ရည်ကို သောက်ပေးခြင်းဖြင့် လည်ချောင်းနာ အာသီးရောင်ခြင်းကို သက်သာစေမှာပါ။ဂျင်းပြုတ်ရည်ကတော့တုပ်ကွေးရာသီဆို အိမ်တွင်းဆေးမှာ ဆရာတစ်ဆူပါ။ သူ့ အစွမ်းတွေကတော့ ကိုယ်ခံအားကို မြင့်တက်စေတာကြောင့် ရောဂါပိုးတွေကို တိုက်ထုတ်နိုင်စွမ်းရှိတာ၊ ဂျင်းပြုတ်ရည် ပူပူလေးကိုသောက်လိုက်တာနဲ့ လည်ချောင်းနဲ့ အာသီးမှာဝင်နေတဲ့ ပိုးတွေ အကုန်သေစေတာ၊ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ အစွမ်းရှိတာတွေဖြစ်ပါတယ်။ ဂျင်းပြုတ်ရည်ကို သောက်ပေးနိုင်သလို ၊ပလုတ်ကျင်းရည် အဖြစ်လည်း သုံးနိုင်ပါတယ်။ပြုလုပ်နည်း။ ။ ဂျင်းကို ရေဆူဆူထဲထည့်ပြုတ်ပြီး ရလာတဲ့ အရည်ကို အအေးခံကာ နွေးနွေးလေးဖြစ်ပြီဆိုမှ ပျားရည်လေးရောပြီး သောက်ပေးပါ။ ဂျင်းပြုတ်ရည် ဒီတိုင်းနဲ့လည်း ပလုတ်ကျင်းပေးလို့ ရပါတယ်။နို့ပူပူလေးတစ်ခွက်ကို ညအိပ်ရာဝင်ခါနီးသောက်ပေးတာဟာ အာသီးရောင်တာ၊ လည်ချောင်းနာတာ အတွက်သာမက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာ အားလုံးအသိပါ။ နို့မှာပါတဲ့အာဟာရဓါတ်တွေက ခုခံအားကို မြင့်တက်စေတဲ့ အပြင် ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ငုံဆေးပြားတွေဟာ ရောဂါပိုးတွေကိုတော့ တိုက်ထုတ်နိုင်စွမ်းမရှိပေမယ့် အာသီးရောင်ခြင်းခံစားရတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။ ငုံဆေးပြား အများစုမှာ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ အာနိသင်ပါရှိပါတယ်။licoriceပါတဲ့ ငုံဆေးပြားတွေက ရောင်ရမ်းခြင်းကို သက်သာစေတဲ့ နေရာမှာ အလွန်အစွမ်းထက်လို့ အာသီးရောင်ခြင်းကို သက်သာစေပါတယ်။ငုံဆေးပြား တွေကို ကလေးတွေမှာ မပေးသင့်ပါဘူး။ လည်ချောင်းမှာ တစ်သွားပြီး နင်နေတတ်လို့ပါ။ ကလေးတွေမှာဆို ငုံဆေးပြားတွေအစား ခံတွင်းဖြန်းဆေးရည် ( Spary) ဖြန်းပေးခြင်းကသာ ပိုသင့်တော်ပါတယ်။ရေများများသောက်ပေးရင် လည်ချောင်းမှာရှိနေတဲ့ပိုးမွှားတွေ အကုန် ဗိုက်ထဲရောက်သွားပြီး သေကုန်ပါတယ်။ ရေများများသောက်ရင် လည်ချောင်းခြောက်တာကိုလည်း သက်သာစေတဲ့ အတွက် လည်ချောင်းခြောက်ခြင်းကြောင့် ရနိုင်တဲ့ လည်ချောင်းကွဲတာ၊ လည်ချောင်းနာတာတွေကိုလည်း သက်သာစေပါတယ်။ ရေများများသောက်ဆိုတဲ့ နေရာမှာ ရိုးရိုးရေ၊ ရေကျက်နွေးတွေကတော့ ပိုကောင်းပါတယ်။ရေခဲရေကိုတော့ မသောက်တာ အကောင်းဆုံးပါ။လည်ချောင်းနာ၊ အာသီးရောင်တာဟာ လူကြီးလူငယ်မရွေးဖြစ်နိုင်ပြီး ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ တချို့ လည်ချောင်း ခဏခဏနာတတ်တဲ့ လူတွေဟာ လည်ချောင်းနာခြင်းကို ဖြစ်စေတဲ့ ပိုးကို သယ်ဆောင်ထားတတ်ပါတယ်။ သူတို့ကနေ ချောင်းဆိုးတာ၊ နှာချေတာတွေကနေတစ်ဆင့် ပိုးတွေပျံ့ နှံ့တတ်ပါတယ်။ ဒါကြောင့်နှာချေ၊ချောင်းဆိုးရင် လက်ကိုင်ပုဝါလေးနဲ့ အုပ်ဆိုးမယ်၊ လက်ကိုလည်း အစာမစားခင်ဆေးမယ် သန့်သန့်ရှင်းရှင်းထားမယ်ဆို လည်ချောင်းနာစေတဲ့ ပိုးတွေလည်း မဝင်နိုင်တော့သလို ကြိုတင်ကာကွယ်ပြီးသားလည်း ဖြစ်မှာပါ။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/relieve-tonsillitis/
လည်ချောင်းနာခြင်း ။ ။ ကလေးဟာ ပဋိဇီဝဆေးတွေ သောက်ဖို့ လိုနေသလား
လည်ချောင်းနာခြင်းဟာ နှိုင်းစရာမရှိအောင် နာကျင်ပြီး အနှောက်အယှက်အတော်ပေးနိုင်တဲ့အရာပါ။ လည်ချောင်းနာခြင်းအများစုဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ရပါတယ်။ ဘက်တီးရီးယားပိုးဝင်ခြင်းကလည်း လည်ချောင်းနာခြင်းကို ဖြစ်စေနိုင်ပါတယ်။တကယ်လို့များ သင့်ကလေးဟာ ပြင်းထန်တဲ့လည်ချောင်းနာခြင်းကို ရုတ်တရက်ခံစားလာရပြီး ချောင်းဆိုးခြင်း၊ နှာချေခြင်းနဲ့ အခြားသော အအေးမိတဲ့လက္ခဏာတွေလည်း မတွေ့ရခဲ့ရင်တော့ strepthroat ဖြစ်နိုင်ချေများပါတယ်။ Strep Throat ဆိုတာကတော့ လည်ချောင်းနဲ့ အာသီးမှာ ဘက်တီးရီးယားပိုးဝင်တာပါ။လူကြီးတွေမှာဖြစ်တတ်တဲ့ လည်ချောင်းနာတဲ့ ပြဿနာ ၁၀ခုမှ ၁ခုက Strep Throat ပါ။ လည်ချောင်းနာခြင်းဟာ အများအားဖြင့်တော့ သူ့အလိုလိုပျောက်သွားတတ်ပါတယ်။ ရက်အနည်းငယ်လောက် ဒါမှမဟုတ် တစ်ပတ်ကျော်လောက်ကြာတတ်ပါတယ်။ အချို့သော ကိစ္စတွေမှာ (ဥပမာ Strep Throatလို )တော့ သင့်ကလေးအတွက် ပဋိဇီဝဆေးလိုမလို စမ်းသပ်မှုတစ်ခု လုပ်ရပါတယ်။လည်ချောင်းနာခြင်းအတွက် အခြားအဖြစ်များတဲ့ အကြောင်းရင်းတွေမှာတော့ ဓါတ်မတည့်ခြင်းတွေ ဓါတုပစ္စည်းတွေပါဝင်တဲ့ လေထုညစ်ညမ်းမှုတွေ၊ မီးခိုးတွေ ဒါမှမဟုတ် နှစ်ဆင့်ခံဆေးလိပ်ငွေ့တွေနဲ့ ထိတွေ့မိခြင်းတွေဖြစ်နိုင်ပါတယ်။လည်ချောင်းနာနိုင်ချေများတဲ့ အချက်တွေအများကြီးရှိပါတယ်။ ဥပမာ။အသက်အရွယ်(အသက် ၅နှစ်ကနေ ၁၅နှစ်ကြားကလေးတွေဟာ လည်ချောင်းနာနိုင်ချေ အများဆုံးပါပဲ)။လေထုညစ်ညမ်းခြင်း သို့မဟုတ် ဆေးလိပ်ငွေ့နဲ့ ထိတွေ့ခြင်း။ရာသီဥတု(လေအေးဟာ လည်ချောင်းကို ဒဏ်ဖြစ်စေပါတယ် )။ရာသီ(ဆောင်းတွင်းနဲ့ နွေဦးအစောပိုင်းကာလတွေဟာ လည်ချောင်းနာခြင်းအဖြစ်အများဆုံးရာသီတွေပါ။ )။လည်ချောင်းနာနေသူတွေနဲ့ ထိတွေ့မိခြင်း။ခုခံအားနည်းနေခြင်း သို့မဟုတ် ခုခံအားစနစ်ကို အားနည်းစေတဲ့ ဆေးဝါးမှီဝှဲရခြင်း။လည်ချောင်းနာခြင်းဟာ တစ်ခုခုမြိုချရာမှာတောင် နာကျင်စေပါတယ်။ လည်ချောင်းထဲမှာ ခြောက်သွေ့ပြီး အက်ကွဲနေသလို ခံစားရစေပါတယ်။ အောက်ပါလက္ခဏာတွေဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ လည်ချောင်းနာခြင်း သို့မဟုတ် ဓါတ်မတည့်မှုကြောင့်ဖြစ်ရတဲ့ လည်ချောင်းနာခြင်းနဲ့ ဆက်စပ်နေတဲ့ လက္ခဏာတွေပါ။နှာစေးခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ အဖျားအနည်းငယ်ရှိခြင်း (၃၈̊C ထက်နည်းသော)၊ မျက်ဝတ်ထွက်ခြင်း၊ အပျော့စားခေါင်းကိုက်ခြင်း သို့မဟုတ် ကိုယ်လက်နာကျင်ကိုက်ခဲခြင်း စတာတွေပါဝင်ပါတယ်။Strep Throat နဲ့ဆက်စပ်နေတဲ့ လက္ခဏာတွေကတော့ ပါးကြိတ်ယောင်ခြင်း၊ အာခေါင်ပျော့ သို့မဟုတ် အာခေါင်မာမှာ သေးငယ်တဲ့ အနီစက်တွေပေါ်လာခြင်း၊ အပိန့်ထခြင်း၊ အော့အန်ခြင်း၊ အဖျားကြီးခြင်း (38̊C နဲ့အထက် ) ပျို့ခြင်း၊ ပြင်းပြင်းထန်ထန်ခေါင်းကိုက်ခြင်း သို့မဟုတ် ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ လည်ချောင်းတွင်းမှ Lymph Nodes များ ရောင်ရမ်းခြင်း စတာတွေပါဝင်ပါတယ်။တကယ်လို့များ သင်နဲ့သင့်ကလေးမှာ ဖြစ်နေတဲ့ လည်ချောင်းနာခြင်းက ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတယ်ဆိုရင် ပဋိဇီဝဆေးဝါးတွေ လုံးဝလိုအပ်မှာမဟုတ်ပါဘူး။ ဒီလို လည်ချောင်းနာခြင်းတွေဟာ ၄ရက် ကနေ ၅ရက်အတွင်းမှာ သူ့အလိုလိုပျောက်ကင်းသွားမှာပါ။ တကယ်လို့သင့်မှာက Strep Throat ရှိနေတယ်ဆိုရင်တော့ ပင်နယ်စလင်ဆို ပဋိဇီဝဆေးတွေကို ဆရာဝန်က ညွှန်းကောင်းညွှန်းပါလိမ့်မယ်။ဒါပေမဲ့ Strep Throat ဟာလည်း ဆေးသောက်သည်ဖြစ်စေ၊ မသောက်သည်ဖြစ်စေ ၃ရက်ကနေ ၇ရက်အတွင်းမှာ အလိုလိုပျောက်ကင်းသွားမှာပါ။ ပဋိဇီဝဆေးတွေဟာ မြန်မြန်ပိုကောင်းလာစေမှာလည်းမဟုတ်ပါဘူး။ ဒါပေမဲ့ တခြားသူတွေဆီ ပြန့်ပွားနိုင်မယ့် အချိန်ကာလကိုတော့ တိုတောင်းအောင်လုပ်ပေးနိုင်ပါတယ်။ပဋိဇီဝဆေးတွေဟာ ဘက်တီးရီးယားပိုးတွေကသင့်ခန္ဓါကိုယ်ရဲ့ အခြားသောအစိတ်အပိုင်းတွေ ဥပမာ နားနဲ့ နှာခေါင်းတွေထဲ ပြန့်ပွားသွားခြင်းကို လျှော့ချပေးနိုင်ပါတ်ယ။ ဒါပေမဲ့ ပဋိဇီဝဆေးတွေမှာ ဝမ်းပျက်ခြင်း၊ အော့အန်ခြင်း၊ အပိန့်ထခြင်းတို့လို ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ဘေးထွက်ဆိုးကျိုးတွေကို ခဏထားပါဦး။ ပဋိဇီဝဆေးတွေ မသောက်ခင်မှာ ဒါတွေကို အရင်စဉ်းစားကြည့်ပါ။-လည်ပင်းနာတာက Sterp throatကြောင့် ဟုတ်မဟုတ်၊ ပဋိဇီဝဆေးလိုမလို ဆရာဝန်ကသာ ဆုံးဖြတ်ပေးနိုင်မှာပါ။ ကိုယ့်သဘောနဲ့ကိုယ် ကလေးကို ပဋိဇီဝဆေးတိုက်တာမျိုး မလုပ်ပါနဲ့။-ပဋိဇီဝဆေးတွေကို မလိုအပ်ဘဲ သောက်သုံးမိရင်တော့ တကယ်တမ်းလိုအပ်လာတဲ့အချိန်မှာ ဆေးတိုးတော့မှာမဟုတ်ပါဘူး။ ပဋိဇီဝဆေး တစ်ခါသောက်လိုက်တိုင်းမှာ ဆေးကြောင့်မသေနိုင်တဲ့ ဘက်တီးရီးယားတွေ တစ်ခါတစ်ခါတိုးလာတာပါပဲ။ ဖြည်းဖြည်းခြင်းနဲ့ ဒီဘက်တီးရီးယားတွေဟာ သုတ်သင်ရခက်ခဲလာပြီး ပိုပြီးပြင်းထန်တဲ့ ကူးစက်မှုတွေဖြစ်စေနိုင်ပါတယ်။ ဒီဘက်တီးရီးယားတွေကို ရှင်းပစ်ဖို့ အခြား ပိုပြင်းထန်ပြီး မူလသောက်နေတာနဲ့ မတူတဲ့၊ ပိုပြီး အကုန်အကျများတဲ့ ပဋိဇီဝဆေးတွေကို သောက်ရနိုင်ပါတယ်။တကယ်လို့ကလေးက ၃လလထက်ငယ်ပြီး အဖျားရှိနေမယ်ဆိုရင်တော့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ချက်ချင်းသွားပြပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/respiratory-diseases/%e1%80%9c%e1%80%8a%e1%80%ba%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%ac%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-%e1%81%8b-%e1%81%8b-%e1%80%80%e1%80%b1/
သကြားအစားများခြင်းက အဆီဓါတ်ပမာဏတက်ခြင်းကိုဖြစ်စေသလား
သကြားအစားများခြင်းက အဝလွန်ခြင်း၊ ဆီးချိုသွေးချိုဖြစ်ခြင်း။နဲ့ နှလုံးကျန်းမာရေးပြသနာတို့နဲ့ဆက်စပ်နေတယ်ဆိုတာကို အရင်ကတည်းက သိခဲ့ကြပါတယ်။ သို့သော်လည်း အခုလတ်။တလောပြ ုလုပ်ထားတဲ့လေ့လာတွေ့ရှိချက်တစ်ခုအရအနေနဲ့။သကြားပမာဏ အလွန်အကျွံစားခြင်းနဲ့ အဆီဓါတ်ပမာဏများခြင်းကြားက ဆက်သွယ်မှုကို ပြောပြ။ထားပါတယ်။အပိုထပ်ပေါင်းထားတဲ့သကြားဆိုတာကစက်ရုံတွေက ထုတ်။လုပ်တဲ့ ပြ ုပြင်ထားတဲ့ စည်သွတ်ထားတဲ့အစားအစာမျိုးတွေ။မှာ ချိုအောင်ထည့်ရတဲ့ သကြားမျိုးကိုဆိုလိုပါတယ်။ ဒီ။သကြားမျိုးဟာ အာဟာရဓါတ်ပမာဏ ဘာမှမပါပါဘူး။အမေရိကန်ရဲ့နှလုံးအဖွဲ့အစည်းကတော့ သကြားဘယ်။လောက်သာစားသင့်တယ်ဆိုတာကို အကြံပေးဖော်ပြထား။ပါတယ်။ လူတစ်ယောက်ဟာ တစ်ရက်မှာ၁၅၀ကယ်လိုရီရှိတဲ့။သကြားကိုသာစားသုံးသင့်ပြီး အသားပိုဖြ ူတဲ့လူတွေမှာ။တော့ ၁၀၀ကယ်လိုရီပမာဏလောက်သာစားသုံးသင့်တယ်။လို့ဆိုထားပါတယ်။ ဘာသာပြန်ရမယ်ဆိုရင်တော့ အမျိုးသမီး။တွေအတွက် တစ်ရက်ကို လက်ဖက်ရည်ဇွန်းနဲ့သကြား ၆ဲ့ဇွန်းစာ စားနိုင်ပြီး အမျိုးသားတွေမှာ လက်ဖက်ရည်ဇွန်းနဲ့ ၉ဇွန်းစာ လောက်စားနိုင်တယ်လို့ဆိုပါတယ်။ လူတော်တော်။များများကတော့ ဒီလိုပမာဏသာစားနိုင်တယ်ဆိုတာကို မသိ။ကြပဲနဲ့ သူတို့ကျန်းမာရေးအတွက် အန္တရာယ်ရှိစွာ ပမာဏအများကြီးပိုပိုစားနေကြပါတယ်။၃၅၅မီလီလီတာပါဝင်တဲ့ ဆိုဒါတစ်ဗူးမှာ သကြားပမာဏက လက်ဖက်ရည်ဇွန်း ၁၀ဇွန်းစာလောက်ပါနေပါတယ်။ မနက်စာစားတဲ့ စီရီရယ်လ်။လို ဂျုံမှုန့်နဲ့လုပ်ထားတဲ့ ဟာမျိုးမှာတစ်ခါခပ်စာမှာ သကြား။၁၆မီလီဂရမ်ပါတဲ့အတွက် သင်မနက်စာ တစ်ခါစားလိုက်တာ။နဲ့ သင့်ရဲ့ တစ်နေ့စာ သကြားဓါတ် ၆ဇွန်းမှာ ၄ဇွန်းစာလောက် စားမိသွားပြီဖြစ်ပါတယ်။လေ့လာတွေ့ရှိချက်တွေအရဖော်ပြတာကတော့ သကြား။အစားများခြင်းဟာ ကောင်းတဲ့အဆီနဲ့ မကောင်းတဲ့အဆီတွေ။ပေါ်မှာ ရှင်းလင်းစွာသက်ရောက်မှုရှိတယ်လို့ပြပါတယ်။သကြားပမာဏများပါက ကောင်းတဲ့အဆီဓါတ်တွေကို လျော့ကျစေပြီး မကောင်းတဲ့အဆီဓါတ်တွေကို တက်စေပါ။တယ်။အစားအသောက်တွေမှာ ရေးထားတဲ့ တံဆိပ်တွေ ပါဝင်ပစ္စည်းတွေမှာ သကြားပါမပါသိဖို့ ဖတ်ကြည့်တတ်ဖို့။အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ထုတ်လုပ်သူတွေက။သကြား ပါပါတယ်ဆိုပြီး တိုက်ရိုက်ထည့်ရေးကြမှာ မဟုတ်ပါ။ဘူး။ ကဲ အဲ့ဒါဆိုသင်ဘယ်လိုသိနိုင်မလဲ။ ပါဝင်ပစ္စည်းတွေမှာ။ပြောင်းဖူးအချိုရည်၊ပျားရည်၊သကာရည်၊မုယောပင်အရည်၊။ကြံသကာရည် အစရှိသဖြင့် ရေးထားတာတွေရယ် နောက်ပြီး ose နဲ့ဆုံးတဲ့ glucose,fructoseတို့ပါတာတွေဟာ။သကြားပါတယ်ဆိုတာကို သိရပါမယ်။ တစ်ခါတစ်လေ သကြားဟာ သင့်အစားအသောက်ထဲကို အငွေ့ပျံပေါင်းခံထားသော သကြားအချိ ုရည်ဆိုပြီး နာမည်တစ်မျိုးနဲ့ တပ်ပြီး အကြောင်ရိုက်ဝင်လာတတ်ပါတယ်။အသီးဖျော်ရည်တော်တော်များများကလည်း များသောအားဖြင့် ထပ်ပေါင်းထားတဲ့သကြားတွေနဲ့ပဲ ပြည့်။နေတာပါပဲ။ဒါ့အပြင် သင်နောက်ထပ်သိဖို့လိုတာက သကြားအစားထိုး။ပစ္စည်းမျးဟာ ညီတူညီမျှ သန့်စင်စွာပြ ုလုပ်ထားတာမဟုတ်။ပါဘူး။ ပိုအရေးကြီးတာက တစ်ချို့ဟာတွေက သကြားထက်။ဆိုးပါတယ်။ ပျားရည်နဲ့ အပူပိုင်းမှာပေါက်တဲ့ အပင်တစ်မျိုး။ကရတဲ့အရည်တို့ကို သကြားအစားထိုးအဖြစ်သုံးတတ်ကြ။ပါတယ်။ သို့သော်လည်း အဲ့ဒါတွေအားလုံးမှာ သကြား မော်လီကျ ူးတွေပါနေတာပါပဲ။ ပူစီနန်ပင်ကထုတ်တဲ့ အချိုဓါတ်မျိုးကို သကြားအစားထိုးသုံးဖို့တော့ အကြံပေးထားပါတယ်။ကျန်းကျန်းမာမာနဲ့နေနိုင်ဖို့ကတော့ သင့်ရဲ့သကြားစားသုံးမှကို အရက်သောက်ခြင်း၊ပြည့်ဝပျော်ဝင်သောအဆီများစားသုံးခြင်း၊ကယ်လိုရီများများစားသုံးခြင်းတို့ှုကို သေချာတွက်ချက် စာသုံးရသလို သေချာစောင့်ကြည့်တွက်ချက် တက်ဖို့က အဓိက သော့ချက်ပဲဖြစ်ပါတယ်။ သင်က တစ်ခါတစ်လေမှာ။ချိ ုချဉ်လေး ဘာလေးစားတာကတော့ စားလို့ရပါတယ် သကြားပါတာတွေအများကြီးသာ မစားမိစေနဲ့ပေါ့။Hello Health Group မှ ဆေးပညာ အကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသမှုပေးခြင်းများ မပြ ုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9e%e1%80%80%e1%80%bc%e1%80%ac%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80-%e1%80%a1%e1%80%86%e1%80%ae/
Vitreous Opacities (ဗစ်ထရီးရပ်စ် အိုပတ်စတီးစ်)
မျက်လုံးထဲတွင် ရေမြုပ်လေးများရှိနေသလို ခံစားရခြင်းဖြစ်ပါတယ်။ အမြင်အာရုံတစ်လျှောက်လိုက်ရွေ့နေတဲ့ အစက်အပြောက်သေးသေးလေးတွေ ဖြစ်ပါတယ်။ စာရွက်အဖြူရောင်၊ ကောင်းကင်ပြာပြာစတဲ့ တောက်ပတဲ့အရာတွေကို ကြည့်လိုက်တဲ့အခါမှာ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ သင့်အမြင်အာရုံကိုအနှောင့်အယှက်မပေးနိုင်ပေမယ့် သင့်စိတ်ကသိကအောက်ဖြစ်စေနိုင်ပါတယ်။အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။ရေမြုပ်ကြည်ကြည်လေးတွေလို အမြင်အာရုံမှာပေါ်လာခြင်း။မျက်လုံးရွေ့လိုက်တာမျိုးမှာ လိုက်ရွေ့သွားပြီး ကြည့်ဖို့ကြိုးစားတဲ့အခါမျိုးမျာ သင့်အမြင်စက်ဝန်းကနေ ရုတ်တရက်ပျောက်သွားတာမျိုး။ကောင်းကင်ပြာ၊ သို့ အဖြူရောင်နံရံကဲံသို့သော တောက်ပတဲ့နောက်ခံပြောင်တစ်ခုကို ကြည့်လိုက်တဲ့အခါမှာ ပိုပြီးထင်ရှားသွားတာမျိုး။တဖြည်းဖြည်းချင်း အမြင်အာရုံကနေ ပျောက်သွားတာမျိုး။ရေမြုပ်လေးတွေလိုပဲ မျက်လုံးတစ်ဝိုက်ရွေ့လျားသွားနေတာကြောင့် ဖြစ်ပါတယ်။ ကြည့်ဖို့ကြိုးစားလိုက်တဲ့အခါမှာ ပျေက်သွားတတ်ကြပါတယ်။ တစ်ကြိမ်မိသွားပြီးရင် နောက်ထပ်ထပ်မေရွေ့တော့ပါဘူး။ အချိန်တွေကြာလေ ပိုဆိုးလာနိုင်လေဖြစ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။အရင်ထက်ပိုများလာတာမျိုး။နောက်ထပ်ရုတ်တရက်ထပ်ပေါ်လာတာမျိုး။အလင်းရောင်စူးစူး။မှောင်မည်းနေခြင်း။ချက်ချင်းဂရုပြုသင့်တဲ့အန္တရာယ်ပေးနိုင်တဲ့ မြင်လွှာကွာခြင်းနဲ့တွဲပြီးသို့ မတွဲဘဲ မြင်လွှာပေါက်ပြဲသွားခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ရေမြုပ်အများစုက ကော်လာဂျင်လို့ခေါ်တဲ့ပရိုတိန်းအဖတ်လေးတွေ ဖြစ်ပါတယ်။ မျက်လုံးအနောက်ဘက် မှန်ဘီလူးနဲ့သူငယ်အိမ်အကြား အရည်ကြည်ဂျယ်လေးတွေ ဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာ ဒီအရည်ကြည်တွေကိုဖြစ်စေနိုင်တဲ့ ပရိုတိန်းအမျှင်တွေကနေ အပိုင်းပိုင်းပြတ်သွားပြီး စုပုံသွားခြင်းဖြစ်နိုင်ပါတယ်။ မြင်လွှာမှာအရိပ်တွေလို ထင်လာခြင်းဖြစ်ပါတယ်။ အလင်းရောင်စူးစူးကို မြင်လိုက်တဲ့အခါမှာ မြင်လွှာကနေပျေက်သွားတာကြောင့် ဖြစ်ပါတယ်။ အောက်ပါအချက်တွေကြောင့်လည်း ဖြစ်ုနိင်ပါတယ်။အသက်အရွယ်အလိုက်အမြင်အာရုံပြောင်းလဲမှုများ- မျက်လုံးကိုလုံးဝန်းအောင်ထိန်ေးပးတဲ့ မျက်လုံးထဲမှာပြည့်နေတဲ့ဂျယ်လီလိုအရာလိုမျိုးတွေက အသက်အရွယ်ကိုလိုက်ပြီးပြောင်းလဲမှုတွေ ဖြ်စသွေားတာကြော အများဆုံးဖြစ်နိုင်တယ်။ အချိန်ကြာလာတဲ့အခါမှာ ဒီဂျယ်လီလိုမျိုးအရာတွေကနေ တဖြည်းဖြည်းချင်းအရည်ပျော်သွားပါတယ်။ မျက်လုံးအတွင်းပိုင်းမျက်နှာပြင်ကနေပြီး ပျေက်သွားပါတယ်။ ဂျယ်လီတွေနည်းသွားတဲ့အခါမျိုးမှာ ခဲပြီးစီးကပ်ကပ်ဖြစ်သွားပါတယ်။ ဒီအစုအဝေးလေးတွေကနေ မျက်လုံးထဲဝင်လာတဲ့အလင်းရောင်တွေကို ပိတ်ဆို့လိုက်ပြီး မြင်လွှာမှာအရိပ်တွေထင်လာခြင်းဖြစ်ပါတယ်။မျက်လုံးအနောက်ဘက်ရောင်ရမ်းခြင်း- မျက်လုံးနောက်ဘက်ယူဗီရာအလွှာလေးတွေ ေရောင်ရမ်းခြ်ငးဖြ်စပါတယ်။ ကူးစက်ပိုးဒါမှမဟုတ် ရောင်ရမ်းရောဂါတွေကြောင့် မျက်လုံးအနောက်ဘက်ရောင်ရမ်းခြင်းကနေ မျက်လုံးထဲအမြုပ်လိုမျိုးဖြစ်လာခြင်းဖြစ်နိုင်ပါတယ်။မျက်လုံးအတွင်ေးသွားယိုခြင်း- မျက်လုံးအတွင်းအရည်တွေထဲကို သွေးယိုခြင်းမှာ ထိခိုက်မိခြင်း၊ သွေးကြောပြဿနာများအပါအဝင် အကြောင်းအမျိားကြီးကြောင့် ဖြစ်ပါတယ်။မြင်လွှာပြဲခြင်း- အားသက်ရောက်မှုကြောင့်ဖြစ်ပါတယ်။ မကုသဘူးဆိုရင် မြင်လွှာပြဲခြင်းကနေ မြင်လွှာကွာထွက်ခြင်းဖြစ်ုနငိပါတယ်။ မြင်လွှာနောက်ပိုင်းမှာ အရည်တွေစုပုံလာခြင်းကနေ မျက်လုံးအနောက်ဘက်ကနေ ကွာထွက်သွားခြင်းဖြစ်ပါတယ်။ မြင်လွှာကွာထွက်ခြင်းကို မကုသဘူးဆိုရင် အမြင်အာရုံလုံးဝဆုံးရှုံးသွားနိုင်ပါတယ်။ဗစ်ထရီးရပ်စ် အိုပတ်စတီးစ် ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အသက်၅၀အထက်။အဝေးမှုန်ခြင်း။မျက်လုံးထိခိုက်မိခြင်း။တိမ်ခွဲထုတ်ခြင်းရဲ့နောက်ဆက်တွဲရလဒ်။ဆီးချိုကြောင့် မြင်လွှာပျက်စီးခြ်ငး။မျက်လုံးရောင်ခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်မျက်လုံးအနောက်ဘက်ကို ကောင်းကောင်းမြင်နိုင်ဖို့ မျက်လုံးချဲ့ခြင်းအပါအဝင် မျက်လုံးစစ်ဆေးခြင်းကို ပြုလုပ်ပါလိမ့်မယ်။မျက်လုံးအမြုပ်တွေကြောင့် အနှောင့်အယှက်ဖြစ်နိုင်ပြီး သူတို့ကိုဂရုပြုနေရတာကြောင့် အချိန်ကုန်သွားနိုင်ပါတယ်။ နောက်ဆုံးမှာတော့ လျစ်လျူရှုလိုက်နိုင်တာမျိုး သို့သိပ်သတိမထားမိတော့တာမျိုး ဖြစ်သွားနိုင်ပါတယ်။။ရံဖန်ရံခါမှဖြစ်ပေမယ့် သင့်မျက်လုံးအမြင်ကို ထိခိုက်စေတယ်ဆိုရင် သင်နဲ့သင့်ဆရာဝန်က ကုသမှုကိုစဉ်းစားသင့်ပါတယ်။ ကုသမှုတွေကတော့။အမြုပ်တွေကိုချေဖျက်ဖို့ လေဆာအသုံးပြုချေဖျက်ခြင်း- မျက်စိအထူးကုတွေက မျက်လုံးအရည်ကြည်ထဲမှာရှိတဲ့အမြုပ်တွေကို ဖျက်တောက်ပစ်တာမျိုးနဲ့ ဂရုပြုမိနည်းအောင် အထူးပြုလုပ်ထားတဲ့လေဆာကို အသုံးပြုပါတယ်။ ဒီကုထုံးကိုခံယူနေရတဲ့ အချို့လူတွေမှာ အမြင်အာရုံတိုးတက်ကောင်းမွန်လာတာမျိုး တွေ့ရပြီး အချို့မှာတော့ ပြောင်းလဲမှုမရှိတတ်ကြပါဘူး။လေဆာကုထုံးရဲ့ဆိုးကျိုးတွေကတော့ မှန်မှန်ကန်ကန်အသုံးမပြုနိင်ဘူးဆိုရင် မြင်လွှာပြဲသွားတာမျိုး ဖြစ်စေနိုင်ပါတယ်။ မျက်လုံးအမြုပ်တွေကိုကုသဖို့ လေဆာအသုံးပြုခြင်းက ရံဖန်ရံခါမှာသာအသုံးပြုတတ်ကြပါတယ်။အရည်ကြည်တွေကိုဖယ်ဖို့ ခွဲစိတ်ကုသဖြင်း- မျက်စိအထူးကုဆရာဝန်တွေက အပေါက်သေးသေးကနေတစ်ဆင့် မျက်လုံးအရည်ကြည်တွေကို ဖယ်ထုတ်ပေးပြီး မျက်လုံးပုံသဏ္ဍာန်ကိုထိန်းပေးနိုင်တဲ့ အရည်တစ်မျိုးအစားထိုးထည့်ပေးခြင်း ဖြစ်ပါတယ်။ ခွဲစိတ်ကုသခြင်းက မျက်လုံးအမြုပ်တွေအားလုံးကို မဖယ်ရှားပေးနိုင်ဘဲ ခွဲစိတ်မှုအပြီးမှာ အမြုပ်အသစ်တွေဆက်ဖြစ်လာနိုငပါတယ်။ ဆိုးကျိုးတွေကတော့ သွေးယိုခြင်းနဲ့မြင်လွှာပြဲခြင်း ဖြစ်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဗစ်ထရီးရပ်စ် အိုပတ်စတီးစ် ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။မျက်လုံးအမြုပ်အများစုက အိုမင်းရင့်ရော်လာခြင်းသဘာဝဖြစ်စဉ်တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ မကာကွယ်နိုင်ဘူးဆိုရင်လည်း ပြဿနာကြီးကြီးမားမားရဲ့ ရလဒ်မဟုတ်မှန်း သေချာသိထားသင့်ပါတယ်။ အမြုပ်လေးတွေစသတိထားမိတဲ့အခါမျိုးမှာ မျက်စိအထူးကုဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ သင့်အမြင်အာရုံကို ထိခိုက်စေနိုင်လောက်တဲ့အထိ ပြင်းထန်တဲ့အခြေအနေတစ်ခုရဲ့ လက္ခဏာတွေမဟုတ်ကြောင်း သေချာအောင်ပြုလုပ်ပေးပါလိမ့်မယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-diseases/vitreous-opacities-%e1%80%97%e1%80%85%e1%80%b9%e1%80%91%e1%80%9b%e1%80%ae%e1%80%b8%e1%80%9b%e1%80%95%e1%80%b9%e1%80%85%e1%80%b9-%e1%80%a1%e1%80%ad%e1%80%af%e1%80%95%e1%80%90%e1%80%b9%e1%80%85%e1%80%90/
သကြား scrub လေးတွေနဲ့ အသားအရေအလှကိုထိန်းကြမယ်
နေတအားပူတော့ အပြင်သွားလိုက်တဲ့အခါ အသားအရေလည်းပျက်စီးရပြီပေါ့။ အသားမမည်းချင်လို့နေလောင်ကာခရင်မ်တွေ လိမ်းလည်း အသားကညစ်နေတယ်ဆို တစ်ပတ်တစ်ကြိမ်တော့ ဆဲလ်သေဖယ်ရှားတဲ့ scrub လုပ်ပေးပေါ့။ ဒါလည်း အသားအရေထိန်းချင်တဲ့ သူတွေအတွက် မလုပ်မဖြစ်တဲ့အဆင့်တစ်ခုပဲလေ။ ဒါပေမယ့်မကြာခဏမလုပ်ချင်ဘူး၊ တစ်ခါတလေပဲသုံးမှာမို့ဈေးကြီးပေးမဝယ်ချင်ဘူးဆိုတဲ့သူတွေအတွက် အလွယ်ဖန်တီးလို့ရပြီးဘေးကင်းတဲ့ ကိုယ်တိုင်လုပ် srcubလေးတွေအကြောင်းပြောပြချင်လို့။သကြားဆိုတာ အစားအသောက်ထဲ ပါဝင်ပစ္စည်းအဖြစ်နဲ့အသုံးများပေမယ့် အသားအရေ အတွက်လည်း အရမ်းအကျိုးပြုတယ်ဆိုတာ သိတဲ့သူတွေ သိကြပါတယ်။ သကြား scrub သာဆို အရေပြားဆဲလ်သေတွေကိုဖယ်ရှားတဲ့နေရာမှာ သိပ်အစွမ်းထက်တယ်နော်။ နောက်ပြီးရင်တော့ အစိုဓါတ်ပြန်ထိန်းဖို့ moisturizer သုံးဖို့ လိုအပ်တယ်နော်။ပျားရည်သံပရာသကြား Scrub။ပျားရည်နဲ့သံပရာက အသားအရေကို လင်းလက်စေတယ်၊အစိုဓါတ်ထိန်းတယ်၊ အသားအရေကျန်းမာစေတယ်။ ပျားရည် ၃ ဇွန်း၊သံပရာရည် ၂ ဇွန်း၊ သကြား ၂ ဇွန်းပဲ လိုပါတယ်။ သည်သုံးမျိုးကို မျက်နှာနဲ့ခန္ဓါကိုယ်မှာ စက်ဝိုင်းပုံသဏ္ဍာန် အသာအယာပွတ်လိမ်းပါ။ ၁၀ မိနစ်နေရင် ရေချိုးပါ။ တစ်ပတ် ၃ ကြိမ်လုပ်လို့ရပါတယ်။Almond Oil နဲ့ သကြား Scrub။Almond oil က ဗီတာမင်စီကြွယ်ဝလို့ အရေပြားတစ်ရှူးအသစ်တွေ ပြန်လည်ဖြစ်ပေါ်ဖို့ အထောက်အကူပေးတဲ့အတွက် အသားအရေအသစ်တဖန်ပြန်လည်မွေးဖွားနိုင်ပါလိမ့်မယ်။သကြားတစ်ဇွန်း၊ almond oil နှစ်ဇွန်းကို ရောထည့်ပြီးမွှေပါ။ မျက်နှာနဲ့ခန္ဓါကိုယ်မှာ ညင်သာစွာ Scrub လုပ်ပါ။ ရေအေးနဲ့ဆေးချပါ။ တစ်ပတ် တစ်ကြိမ်နဲ့ သုံးပတ်ဆက်တိုက်လုပ်လို့ရပါတယ်။ငှက်ပျောသီးနဲ့သကြား Scrub။ငှက်ပျောသီးက ရေဓါတ်ဖြည့်ပေးပြီး အစိုဓါတ်ထိန်းတဲ့သတ္တိရှိပါတယ်။ ဗီတာမင်အေ၊ဘီ၊စီနဲ့ တခြားသတ္တုဓါတ်တွေလည်းပါဝင်ပါတယ်။ ငှက်ပျောသီးတစ်လုံးကို လှီးပြီးချေပါ။ သကြား နှစ်ဇွန်းထည့်ပြီး အနှစ်ဖြစ်အောင် ကြိတ်ချေပါ။ မျက်နှာနဲ့အသားအရေမှာ Scrub လုပ်ပြီး ငါးမိနစ်နေရင် ရေချိုးလိုက်ပါ။ တစ်ပတ်နှစ်ကြိမ်လုပ်လို့ရပါတယ်။အုန်းဆီနဲ့ သကြား Scrub။အုန်းဆီဆိုပေမယ့် ဆံပင်လိမ်းတဲ့အုန်းဆီတွေမဟုတ်ဘူးနော်။ အသားအရေမှာသုံးဖို့ထုတ်တဲ့ Pure extra virgin coconut oil ကိုသုံးရမှာပါ။ အသားအရေကို ချောမွေ့နူးညံ့စေတဲ့အုန်းဆီ သုံးဇွန်းရယ်၊ ပျားရည်နှစ်ဇွန်း၊သကြားသုံးဇွန်းရောမွှေပါ။ မျက်နှာနဲ့ခန္ဓါကိုယ်မှာ ပွတ်လိမ်းပြီး ခဏနေရင် ရေချိုးချလိုက်ပါ။ဒိန်ချဉ်နဲ့သကြား Scrub။ဒိန်ချဉ်က အရေပြားအမည်းစက်တွေကိုပျောက်စေပြီး ဘက်တီးရီးယားတွေကိုသေစေတယ်၊ အရေပြားဆဲလ်သေတွေကို ဖယ်ရှားနိုင်ပါတယ်။ ဘာအရသာမှမထည့်ရသေးတဲ့ ဒိန်ချဉ်ခွက်တစ်ဝက်ကို သကြားနှစ်ဇွန်းနဲ့ရောမွှေပါ။ မျက်နှာနဲ့ခန္ဓါကိုယ်မှာ စက်ဝိုင်းပုံသဏ္ဍာန် လိမ်းပြီးရေချိုးလိုက်ပါ။ကော်ဖီနဲ့သကြား Scrub။ကော်ဖီမှာပါတဲ့ ကဖင်းဓါတ်က ဓါတ်တိုးဆန့်ကျင်အစွမ်းသတ္တိကိုလုပ်ဆောင်ပေးပြီး အသားဝင်းစေပါတယ်။ ကော်ဖီမှုန့် ရေနွေးပန်းကန်လုံးတစ်ဝက်၊သကြားတစ်ဝက်နဲ့ အုန်းဆီ သို့မဟုတ် သံလွင်ဆီ တစ်ဇွန်းကို ရောမွှေပါ။ အသားအရေဝင်းလက်ဖြူစင်လာပါလိမ့်မယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%9e%e1%80%80%e1%80%bc%e1%80%ac%e1%80%b8%e1%80%94%e1%80%b2%e1%80%b7%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-scrub-%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1/
ခြင်နိုင်ဆေးများ မရှိချိန်တွင် ခြင်ကိုက်မခံရအောင် ကာကွယ်ခြင်း
ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံး သတ္တဝါက ဘာလဲ။ အဖြေမှာ ခြင် ဖြစ်သည်။ ခြင်များနှင့် သူတို့ဖြန့်ဝေသော ရောဂါ များသည် သမိုင်းရှိ စစ်ပွဲများအားလုံးထက် လူများစွာကို သေစေခဲ့ပါသည်။ ယနေ့တွင်ပင် ခြင်များမှ တစ်ဆင့် ကူးစက် သော ငှက်ဖျားရောဂါသည် လူပေါင်း ၂-၃ သန်းကို သေစေ သည်။ နှစ်စဉ် သန်းပေါင်း ၂၀၀ နှစ်အထက်ကို ရောဂါကူးစက် စေသည်။ ဆယ်သန်းကျော်သည် ခြင်မှ တစ်ဆင့်ကူးစက် သော အခြားရောဂါများဖြစ်သော filariasis ၊ အသားဝါရောဂါ၊ သွေးလွန်တုပ်ကွေးနှင့် ဦးနှောက်ရောင်ရမ်းနာရောဂါတို့ကို ခံစားနေရသည်။ Zika ဗိုင်းရပ်စ်၏ ခြောက်လှန့်မှုကြောင့် ခြင်ကိုက်မခံရအောင် ကာကွယ်ရန်မှာ လူများ၏ စိတ်တွင် ပိုမို စွဲမြဲနေသည်။1MPH ထက်မြင့်သော လေပြေလေညှင်းသည် ခြင်များ ပျံသန်းရန် အလွန်ခက်ခဲစေသည်။ နွေရာသီ အပြင်ထွက်ရာ တွင် လေတိုက်သောနေရာကို ရွေးချယ်ပါက အလုပ်ဖြစ်ပါ သည်။ လျှပ်စစ်ပန်ကာများသည် ကောင်းမွန်သော ခြင် အတား အဆီးများဖြစ်သည်။ လေစီးကြောင်းကို သင့်ခန္ဓကိုယ်၏ အောက်ပိုင်းကို ဦးတည်းထားပါ။ ခြင်များသည် လေကို ရှောင်ရန် မြေကြီးနှင့် နီးကပ်စွာ ပျံသန်းသောကြောင့် ပန်ကာ လေအားကို အောက်သို့ ဦးတည်ထားပါ။ခြင်များသည် အစာတွေ့ရန် အဓိကရှာသော အရာမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ဖြစ်သည်။ သင်၏ နှလုံးခုန်နှုန်း သည် မြင့်တက်နေပါက သင့်ခန္ဓာကိုယ်သည် CO2 ကို ပိုပြီး ထုတ်လုပ်သည်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ အရက်သောက်ခြင်း၊ စပ်သောအစာများ စားခြင်း စသည်တို့သည် သင်၏ ဇီဝကမ္မ ဖြစ်စဉ်ကို မြန်စေပြီး CO2 ထုတ်လုပ်မှုကို မြင့်စေသည်။ သင့်ကို ခြင်များ ပိုပြီးကိုက်စေသည်။ခြင်များသည် ထူထဲစွာ ရက်လုပ်ထားသော အဝတ်များကို မထိုးဖောက်နိုင်ပါ။ ချည်ထည်နှင့် ပိုက်ဆံလျှော်ထည်များ သည် ကြမ်းပိုးကိုက်ခြင်းကို မခံနိုင်ပါ။ သဘာဝပစ္စည်းကို တုပ ရန် ဓာတုနည်းဖြင့် ထုတ်လုပ်ထားသော အမျှင်များ အထူးသဖြင့် နည်းပညာမြင့် အားကစား အဝတ်များသည် ခြင်များ မကိုက်နိုင်အောင် ထူပါသည်။ နေပူကာကွယ်သော အဝတ် အစားများသည်လည်း ခြင်မကိုက်နိုင်အောင် ထူပါသည်။နေ့အလင်းရောင်ရသော အချိန်များတွင် ခြင်များသည် အမြင်အာရုံကို အသုံးပြုပြီး အစာရှာကြသည်။ ခြင်များသည် မြေကြီးနှင့် နီးကပ်စွာ ပျံသန်းသောကြောင့် ကောင်းကင်နှင့် ဆန့်ကျင်ဘက်အရာများကို ဦးတည်ရှာဖွေကြသည်။ မှောင်သောအရောင်များကို မြင်သာပြီး တောက်သောအရောင်များ ကို မြင်ခဲသည်။Lemon eucalyptus oil သည် လူသိများ သော သဘာဝ ခြင်နိုင်ဆေးတစ်မျိုး ဖြစ်ပြီး ၁၉၄၀ မှစ၍ အသုံးပြုခဲ့သည်။ ရောဂါ ထိန်းချုပ်မှုနှင့် ကာကွယ်မှု စင်တာ (CDC) က eucalyptus oil သည် ခြင်နိုင်ဆေးတွင် ပါဝင်သော ထိရောက်သော ပါဝင် ပစ္စည်းတစ်ခု ဖြစ်သည်ဟု အတည်ပြုထားသည်။Lemon eucalyptus oil ၃၂ရာနှုန်းပါသော ဖျော်ရည် သည် ခြင်များရန်မှ ကာကွယ်မှုကို ၃ နာရီကြာပေးနိုင်သည်ဟု မကြာသေးမီက လေ့လာမှုတစ်ခုက ဆိုသည်။ ခြင်များရန်မှ ကာကွယ်မှုကို ၉၅ ရာခိုင်နှုန်းအထက် ပေးနိုင်သည်။ကြိတ်ချေထားသော လာဗင်ဒါပန်းများသည် ခြင်များကို ပြေးစေသော အနံ့နှင့် အဆီကို ထုတ်ပေးသည်။ အမွေးမရှိ သော ကြွက်များတွင် လေ့လာမှုအရ လာဗင်ဒါအဆီသည် အရွယ်ရောက်ပြီးသော ခြင်များကို နှိမ်နင်းရန် ထိရောက်သည် ဟု တွေ့ရသည်။ လာဗင်ဒါသည် အကိုက်အခဲပျောက်ခြင်း၊ မှို ကာကွယ်ခြင်း၊ သွေးဆိပ်တက်ခြင်းကို ကာကွယ်ခြင်း စသော စွမ်းရည်များ ပိုင်ဆိုင်သည်။ ထို့ကြောင့် ၎င်းသည် ခြင်ကိုက် ခြင်းကို ကာကွယ်သည့်အပြင် အရေပြားကို ချောမွေ့စေ သည်။သစ်ကြမ်းပိုးခေါက်သည် ပန်းသီးဆော့ သို့မဟုတ် အုတ်ဂျုံမုန့်၏ အပေါ်လွှာတစ်ခုထက် ပိုပါသည်။ ထိုင်ဝမ်တွင် ဦးစီး ပြုလုပ်သော လေ့လာမှုတစ်ခုအရ သစ်ကြမ်းပိုးခေါက် အဆီသည် ခြင်သားဥများကို သတ်နိုင်သည်ဟု ဆိုသည်။ ၎င်းသည် အရွယ်ရောက်ပြီးသောခြင်များ ကိုလည်း နှိမ်နင်းနိုင် သည်။ အထူးသဖြင့် အာရှခြင်ကျားများကို ဖြစ်သည်။ငှက်ဖျားခြင်များကို နှိမ်နင်းရာတွင် စမုန်ဖြူအဆီသည် ကောင်းမွန်သော အရာတစ်ခုဖြစ်သည်။ တိရစ္ဆာန် လေ့လာမှု တစ်ခုအရ အမွေးမရှိသော ကြွက်၏ အရေပြားတွင် ၅ ရာနှုန်း စမုန်ဖြူ အဆီလိမ်းခြင်းသည် ကာကွယ်မှုနှုန်း ၉၁ ရာနှုန်းကို ပေးနိုင်သည်ဟု ဆိုသည်။ စမုန်ဖြူ အရွက်များကို မီးပုံထဲသို့ ပစ်နိုင်သည်။ သုတေသနအရ မီးလောင်နေသော စမုန်ဖြူ အရွက်များသည် ၆၀-၉၀ မိနစ်အတွင်း ၈၅ ရာနှုန်း ကာကွယ်မှု ပေးနိုင်သည်ဟု ဆိုသည်။ပဲပိစပ်ဆီ။Bite Blocker for Kids ( ပဲပိစပ်ဆီ ၂ ရာနှုန်း) ကဲ့သို့ ပဲပိစပ် အခြေခံသော ထုတ်ကုန်များသည် ခြင်များရန်မှ ရေရှည် ကာကွယ်မှုပေးနိုင်သည်ဟု University of Florida Medical Entomology Laboratory က ဆိုသည်။Hello Health Groupသည် ကျန်းမာရေးအကြံပေးမှု၊ စမ်းသပ်မှုနှင့် ကုသမှုတို့ လုပ်ဆောင်မည်မဟုတ်ပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b1%e1%80%86%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%99%e1%80%9b%e1%80%ad%e1%80%bd%e1%80%81%e1%80%ba/
Omicron BA.4 နဲ့ BA. 5 ကာကွယ်ဆေး
ကိုဗစ် ကာကွယ်ဆေးတွေ ထွက်ရှိလာခဲ့တာ ၁ နှစ်ကျော် ၂ နှစ် နီးပါးရှိလာခဲ့ပြီ ဖြစ်သလို အမျိုးအစားတွေကလည်း အများကြီးပါ။ တစ်ဖက်မှာ ကာကွယ်ဆေးတွေ ထိုးနှံနေကြသလို တစ်ဖက်မှာလည်းကိုဗစ်ဗိုင်းရပ်စ်က ဗီဇ အမျိုးမျိုး ပြောင်းပြီး ကူးစက်နေပါတယ်။ အချို့ ဗီဇပြောင်း မျိုးစိတ်တွေက သိပ်မပြင်းထန်ပေမယ့် အချို့ကတော့ တော်တော်လေး ပြင်းထန်ပါတယ်။ အသေအပျောက်များတဲ့အထိ ပြင်းထန်တဲ့ မျိုးစိတ်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် မျိုးစိတ်တွေ ပြောင်းလဲလိုက်တိုင်းမှာ တူညီတာ တစ်ခုကတော့ ကူးစက်မြန်တာပါ။ကိုဗစ်က ကမ္ဘာ့ကပ်ရောဂါ ဖြစ်သလို အသက်သေဆုံးသည်အထိ ပြင်းထန်တာကြောင့် ကာကွယ်ဆေးကို ၂ ကြိမ် ထိုးနှံရတာမျိုး ရှိသလို ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးပြီးချိန်ကနေ ၆ လအတွင်းမှာ ထပ်ဆောင်း ကာကွယ်ဆေးတွေကို ထိုးနှံရတာတွေ ရှိပါတယ်။အထူးသဖြင့် အသက်အရွယ် ကြီးရင့်သူတွေမှာ မဖြစ်မနေ ထပ်ဆောင်းကာကွယ်ဆေးတွေကို ထိုးနှံဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ အခုလအစောပိုင်းမှာ လူသားတွေမှာ ထိုးနှံဖို့ အသုံးပြုဖို့ ခွင့်ပြုပေးလိုက်တဲ့ Omicron BA.4 နဲ့ BA. 5 ကာကွယ်ဆေး အကြောင်းလေး ပြောပြပေးချင်ပါတယ်။အခုထိတော့ ဒီအိုမီခရွန် မျိုးစိတ်တွေက အရင်က ဗိုင်းရပ်စ်တွေထက် ပိုမိုဖျားနာစေနိုင်တယ် လို့ အထောက်အထား မတွေ့ရပါသေးပါဘူး။ အသက်အရွယ်ကြီးရင့်သူတွေမှာ ကူးစက်မှု များပြားနေတာကြောင့် သူတို့တွေမှာရောဂါပြင်းထန်နိုင်ခြေရှိနေပါတယ်။လတ်တလောမှာတော့ ကမ္ဘာ့နိုင်ငံ အတော်များများမှာ အိုမီခရွန် BA.4 ရဲ့ မျိုးကွဲတစ်ခုဖြစ်တဲ့ BA.4.6 ဖြစ်ပွားမှုတွေ မြင့်တက်နေပါတယ်။ ကူးစက်နှုန်းက ပိုမြန်ပြီး အိုမီခရွန် BA.4 နဲ့ BA.5 မျိုးကွဲတွေထက် ကိုယ်ခံအားကို ကောင်းကောင်း ရှောင်တိမ်းနိုင်ပါတယ်။ ရောဂါလက္ခဏာအနေနဲ့ ပြင်းထန်တာမျိုးတော့ အခုထိ မတွေ့ရသေးပါဘူး။အခုချိန်ထိ စစ်ဆေးသိရှိရတဲ့ BA.4 နဲ့ BA.5 ကူးစက်ခံရတဲ့သူတွေမှာ အများဆုံး တွေ့ရှိရတဲ့လက္ခဏာတွေကတော့။ဥရောပဆေးဝါးအေဂျင်စီ တစ်ဖြစ်တဲ့ Committee for Medicinal Products for Human Use (CHMP) က အိုမီခရွန် မျိုးကွဲတွေဖြစ်တဲ့ BA.4 နဲ့ BA.5 ကို ကာကွယ်နိုင်တဲ့ ကိုယ်ခံအားရစေဖို့ အဓိကထားပြီး ထုတ်ထားတဲ့ ကာကွယ်ဆေး တစ်မျိုးကို လူသားတွေမှာ အသုံးပြုခွင့်ပေးလိုက်ပါတယ်။ ဒီကာကွယ်ဆေးက အရင်ကိုဗစ်မျိုးစိတ်တွေကိုလည်း ကာကွယ်ပေးမှာ ဖြစ်သလို အပိုဆောင်းအနေနဲ့ အိုမီခရွန် မျိုးကွဲတွေဖြစ်တဲ့ BA.4 နဲ့ BA.5 ကိုပါ ကာကွယ်ပေးမှာဖြစ်ပါတယ်။ကိုဗစ်က ဗီဇတွေ အမျိုးမျိုး ပြောင်းလဲနေတာကြောင့် ကာကွယ်ဆေးတွေကိုလည်း အခုလို အဆင့်မြှင့်ထုတ်လုပ်လာတာ ဖြစ်ပါတယ်။ ဒီကာကွယ်ဆေးကို ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ပြည့်အောင် ထိုးပြီးတဲ့ အသက် ၁၂ နှစ်ပြည့်သူတိုင်းမှာ ထိုးနှံဖို့ CDC က အခုလအစောပိုင်းက ခွင့်ပြုပေးလိုက်ပါတယ်။ ဒီကာကွယ်ဆေးဟာ Comirnaty (Pfizer/BioNTech) က ထုတ်လုပ်တဲ့ mRNA COVID-19 ကာကွယ်ဆေး အမျိုးအစားကို ပြုပြင်ပြောင်းလဲထားတာ ဖြစ်ပါတယ်။ကာကွယ်ဆေးတွေကို လက်ရှိဖြစ်ပွားကူးစက်နေတဲ့ ကိုဗစ်မျိုးကွဲတွေကို ကာကွယ်ပေးနိုင်စေဖို့အတွက် ကိုက်ညီအောင် ထုတ်လုပ်ထားတာကြောင့် ပိုမိုကောင်းမွန်တဲ့ ကာကွယ်မှုတွေကို ပေးနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ အခုထုတ်လုပ်လိုက်တဲ့ ကာကွယ်ဆေးကို ထပ်ဆောင်း ကာကွယ်ဆေး အနေနဲ့ပဲ ထိုးနှံနိုင်မှာ ဖြစ်ပါတယ်။အရင်ထိုးထားတဲ့ ကာကွယ်ဆေးတွေရဲ့ ကာကွယ်စွမ်းတွေ လျော့ပါးလာတာကို အားဖြည့်ပေးမှာ ဖြစ်ပြီး နဂို ကိုဗစ်မျိုးစိတ်တွေရဲ့ ကူးစက်မှုတွေကို ကာကွယ်ပေးမှာဖြစ်သလို ကူးစက်မြန်ပြီး ကိုယ်ခံအားကို ရှောင်တိမ်းနိုင်စွမ်း ပိုမြင့်တဲ့ မျိုးစိတ်တွေကိုလည်း ကာကွယ်ပေးနိုင်ဖို့ ရည်ရွယ် ထုတ်လုပ်ထားတာပါ။ဒီကာကွယ်ဆေးရဲ့ ကာကွယ်ပေးမှု လုပ်ငန်းစဉ်ကတော့ မူလကာကွယ်ဆေးနဲ့ အတူတူပါပဲ။ ခန္ဓာကိုယ်က ကိုဗစ်ကို ကာကွယ်နိုင်စေဖို့ လေ့ကျင့်ပေးတာပါ။ဒီကာကွယ်ဆေးမှာ mRNA လို့ ခေါ်တဲ့ မော်လီကျူး ပါဝင်နေပြီး ဒီမော်လီကျူးက ကိုဗစ်မူလမျိုးစိတ်တွေက ထုတ်လုပ်တဲ့ spike protein ကိုရော အိုမီခရွန် BA. 4 နဲ့ BA. 5 မျိုးစိတ်တွေက ထုတ်တဲ့ spike protein တွေကိုပါ မှတ်သားဖို့ ကိုယ်ခံအားဆဲလ်တွေကို ညွှန်ကြားပေးမှာ ဖြစ်ပါတယ်။ Spike protein ဆိုတာက ဗိုင်းရပ်စ် ခန္ဓာကိုယ်ဆဲလ်တွေဆီ ဝင်ရောက်နိုင်စေဖို့ ထောက်ကူပေးတဲ့ ဗိုင်းရပ်စ် မျက်နှာပြင်ပေါ်က ပရိုတင်းတွေပါ။ မျိုးစိတ်ကိုလိုက်ပြီး ကွဲပြားပါတယ်။ကာကွယ်ဆေးထိုးပြီးချိန်မှာ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေက mRNAရဲ့ ညွှန်ကြားချက်ကို လက်ခံရရှိမှာ ဖြစ်ပြီး ယာယီအားဖြင့် spike proteins ကို ထုတ်လွှတ်မှာပါ။ ကိုယ်ခံအားက ဒီပရိုတင်းကို သိရှိမှာ ဖြစ်ပြီး ပြင်ပက ဝင်ရောက်လာတဲ့အရာတစ်ခုလို့ သတ်မှတ်ပြီး သဘာဝ ခုခံစနစ်ကို စတင်မှာပါ။ ဒီခုခံစနစ်ထဲမှာ antibodies နဲ့ T cells တွေ ပါဝင်မှာပါ။ကာကွယ်ဆေးထိုးပြီးသွားပြီဆိုတာနဲ့ အချိန်အနည်းငယ်ကြာပြီးချိန်မှာ ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ် မျက်နှာပြင်ပေါ်က spike protein ကို သိရှိသွားပြီး ဖြစ်သလို ဗိုင်းရပ်စ်ကို တိုက်ထုတ်ဖို့ အသင့်‌ပြင်ထားပြီးသားလည်း ဖြစ်မှာပါ။ Antibodies နဲ့ ကိုယ်ခံအားဆဲလ်‌တွေက ကိုဗစ်ကို ကာကွယ်ပေးဖို့ရော ဗိုင်းရပ်စ်ကို ချေမှုန်းဖို့ပါ အတူလုပ်ဆောင်မှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ဆဲလ်တွေက ကူးစက်ဝင်ရောက်မှုတွေကို တိုက်ဖျက်ပေးမှာ ဖြစ်ပါတယ်။ကာကွယ်ဆေးမှာပါတဲ့ mRAN မော်လီကျူးတွေက ခန္ဓာကိုယ်ထဲမှာ ကြာရှည်ရှိနေမှာ မဟုတ်ပါဘူး။ ကာကွယ်ဆေး ထိုးပြီးတာနဲ့ ခဏတာအတွင်းမှာ ပြိုကွဲသွားမှာပါ။ ဒါပေမယ့် ခန္ဓာကိုယ်ဆဲလ်တွေကို သိရှိစေပြီး ကိုယ်ခံအားကို လှုံ့ဆော်ပေးခဲ့မှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/omicron-vaccine-for-ba-4-and-ba-5/
ကလေးရဲ့ခေါင်းမှာ သန်းတွယ် နေရင် လုပ်ဆောင်ရမယ့် (၇) ချက်
သန်းဆိုတာ ဆံပင်ကြားထဲမှာနေထိုင်ပြီး ဦးရေပြားကနေ သွေးစုပ်ရှင်သန်တဲ့ ကပ်ပါးပိုး အသေးစားလေးတွေပါ။ သန်းတွယ်တာက အရမ်းကိုအဖြစ်များတဲ့ပြဿနာဖြစ်ပြီး အထူးသဖြင့် ကလေးတွေမှာ ပိုဆိုးပါတယ်။ သန်းတွေက ကူးစက်ပြန့်ပွားလွယ်လို့ စိတ်ရှုပ်စရာလည်းကောင်းပါတယ်။ ကလေးရဲ့ခေါင်းမှာ သန်းတွယ် တာက စိတ်ရှုပ်စရာကောင်းတယ်ဆိုပေမယ့် အန္တရာယ်တော့မပေးပါဘူး။သန်းကိုက်ရင် ကလေးရဲ့ဦးရေပြားမှာ ယားယံပြီး ကျိန်းစပ်စပ်ဖြစ်တာကလွဲလို့ ရောဂါပိုးတော့ မကူးစက်စေပါဘူး။ ဒါပေမယ့် သန်းကိုက်လို့ ဦးရေပြားကို ကုတ်လွန်းရင် ကုတ်ခြစ်ရာတွေကနေ ပိုးဝင်နိုင်တာ သတိထားရပါမယ်။လူတစ်ယောက်နဲ့တစ်ယောက် သန်းကူးစက်ဖို့ကအရမ်းလွယ်တာကြောင့် ကလေးကို မကူးစက်ရအောင် တစ်ယောက်ယောက်ခေါင်းမှာ သန်းတွေ့တာနဲ့ အမြန်ဆုံးကုသဖယ်ရှားတာ အကောင်းဆုံးပါပဲ။သန်းတွေက သေးငယ်တဲ့အပြင် ဆံပင်တွေကြားမှာ ပြေးတတ်၊ ပုန်းအောင်းတတ်လို့ ရှာရခက်တယ်ဆိုပေမယ့် သန်းရှိမရှိကို သိသာစေမယ့် လက္ခဏာတွေရှိပါတယ်။သန်းဥ။သူတို့က အတော် သေးငယ်ပေမယ့် သာမန်မျက်စိနဲ့ မြင်နိုင်ပါသေးတယ်။ သေးငယ်တဲ့ အစက်အပျောက်လို သန်းဥလေးတွေက အကောင်မပေါက်ခင် ဦးရေပြားအနီးနားရှိ ဆံပင်နားမှာ ကပ်နေတတ်ပါတယ်။ ဥ သို့မဟုတ် ဥခွံတွေက ဆံပင်မှာ ကပ်နေတတ်ပါတယ်။ ခေါင်းဖြီးတာမျိုးနဲ့တောင်မှ မဖယ်ရှားနိုင်ပါဘူး။အရွယ်ရောက်ပြီးနဲ့ မရောက်ခင် သန်းများ။ဆံပင်ကြားထဲ ရှာကြည့်ရင် သန်းတွေတွေ့နိုင်ပါတယ်။ အရွယ်ရောက်ပြီး သန်းတစ်ကောင်ဟာ နှမ်းစေ့အရွယ်ထက်မကြီးနိုင်ပါဘူး။ အကောင်ပေါက်လေးတွေကတော့ သန်းဥကနေပေါက်ပြီး ၁ ပတ် သို့မဟုတ် ၂ ပတ်လောက်ကြာရင်အရွယ်ရောက်ပါတယ်။။သန်းတွေကင်းစင်အောင် မလုပ်နိုင်ရင် ထပ်ထပ်ပွားလာမှ ကလေးရဲ့ဦးရေပြားမှာ အနာတွေဖြစ်၊ ပိုးဝင်လာနိုင်ပါတယ်။ သန်းတွေက တစ်နေ့ကို အကြိမ်ပေါင်းများစွာသွေးစုပ်ကြတာဖြစ်ပြီး ဦးရေပြားပြင်ပမှာ ၂ ရက်ထက်ကျော်ပြီး အသက်မရှင်နိုင်ပါဘူး။ကုတ်ခြစ်ရာများ။သန်းတွေက သင့်ဦးရေပြားမှ သွေးကို စားသုံးတဲ့အတွက် သန်းကိုက်တဲ့အခါ ကလေးတွေကို ခေါင်းယားစေပြီး စိတ်အနှောင့်အယှက်ပေးနိုင်ပါတယ်။ သန်းရှိနေတဲ့ ကလေးတွေ မကြာခဏ ခေါင်းကုတ်နေမှာသေချာပါတယ်။အနီဖုလေးတွေ သို့မဟုတ် ကုတ်မိတာကြောင့် ဖြစ်တဲ့ အနာများ။သင့်ကလေးတွေ မကြာခဏ ခေါင်းကုတ်နေပြီဆိုရင် ဒါက ရောင်ရမ်းနေတဲ့ အရည်ကြည်ဖုလေးတွေနဲ့ အနီဖုလေးတွေလိုမျိုး ဘက်တီးရီးယားပိုးကူးစက်ဖို့ ဖြစ်နိုင်ပါတယ်။လူတစ်ယောက်နဲ့ တစ်ယောက်မှာသန်းကူးစက်ဖို့ အရမ်းပြန့်လွယ်ပါတယ်။ အထူးသဖြင့် ကျောင်းတွေ၊ နေ့ကလေးထိန်းစင်တာတွေ၊ ပါတီပွဲတွေ၊ အားကစားတွေ၊ အလှပြင်ဆိုင်တွေလို လူအစုလိုက် ရောနှောနေထိုင်ကြတဲ့အခါမျိုးတွေမှာ ပိုအဖြစ်များပါတယ်။သန်းတွေက ခုန်ပျံပြီးကူးနိုင်တာမဟုတ်ပါဘူး။ ဆံပင်ချင်းထိတွေ့မိတဲ့အခါမျိုးမှာ ကူးနိုင်တယ်ဆိုပေမယ့် အဝတ်အစား၊ ဘီး၊ ဦးထုပ် စတဲ့အသုံးအဆောင်တွေရောသုံးတာကြောင့်လည်း ကူးတတ်ပါတယ်။ အကောင်းဆုံးက ကလေးကို လူကြီးတွေရဲ့ အသုံးအဆောင်တွေ မပေးသုံးပါနဲ့။ သန်းရှိတဲ့ ကလေးနဲ့ ကစားမိရင် အချင်းချင်းထိတွေ့နီးကပ်မှုရှိတဲ့အပြင် ပစ္စည်းတွေ အတူရောကစားကြတာကြောင့် ကလေးတွေ သန်းကူးတာ ပိုများပါတယ်။(၁) သန်းစွဲနေတဲ့သူ သုံးစွဲတဲ့ အိပ်ရာခင်း၊ အဝတ်အစားတွေကို ၅၄.၄ဒီဂရီစင်တီဂရိတ် လောက် ပူနေတဲ့ ရေနဲ့ လျှော်ဖွတ်ရပါမယ်။ ရေနဲ့ လျှော်လို့မရတာတွေကို အခြောက်လျှော်ပါ။(၂) ကော်ဇောတွေနဲ့ ပရိဘောဂပစ္စည်းတွေရဲ့ အစွပ်တွေကို ဖုန်စုပ်စက်နဲ့ သန့်ရှင်းရေးလုပ်ပါ။ ဖုန်စုပ်စက်ထဲက အမှိုက်အိတ်ကို လွှင့်ပစ်သင့်ပါတယ်။(၃) ဆံပင်အလှပြင်ပစ္စည်းတွေကို အရက်ပြန် သို့မဟုတ် ခေါင်းလျှော်ရည်ထဲမှာ ၁နာရီလောက် စိမ်ထားပါ။(၄) သန်းနဲ့ သန်းဥတွေကိုရှာပါ။ တကယ်လို့ သင့်ကလေးရဲ့ ခေါင်းကခြောက်သွေ့နေချိန်မှာ သန်းနဲ့ သန်းဥတွေ မတွေ့ဘူးဆိုရင် ရေစိုနေတဲ့အချိန်မှာ ပြန်ရှာပါ။(၅) ဘီးစိပ်(သန်းချဘီး)ကို သုံးပါ။ ဘီးစိပ်နဲ့ ဆံပင်အရင်းမှ အဖျားထိ ဖြီးချပါ။ ဦးရေပြားကို သတိထားပါ။ သန်းနဲ့ သန်းဥတွေကို ဘီးမှာတွေ့နိုင်ပါတယ်။(၆) မိသားစုထဲက လူတိုင်းကို စစ်ဆေးပါ။ သန်းဟာ လူတစ်ယောက်ကနေ တစ်ယောက်ကို ပြန့်ပွားနိုင်ပါတယ်။ ဒါကြောင့် သန်းရှိတဲ့လူတိုင်းကို ကုသပါ။ သင့်ကလေးကို မကုခင် အခြားသော မိသားစုဝင်တွေကိုလည်း စစ်ဆေးပါ။ ရင်းနှီးတဲ့သူငယ်ချင်းတွေကို သန်းရှိ၊  မရှိစစ်ခိုင်းပါ။ သန်းရှိတဲ့သူ အသုံးပြုတဲ့ စောင်တွေ၊ အဝတ်အစားတွေ၊ ခေါင်းအုံးတွေနဲ့ အရုပ်တွေကိုလည်း လျှော်ဖွပ်ဆေးကြောပါ။(၇) ဖျာနဲ့မွေ့ရာတွေဟာ လျော်ဖွပ်လို့မရနိုင်တဲ့အရာတွေ ဖြစ်တာကြောင့် အိမ်အပြင်မှာ နေပူလှန်းပြီး ရိုက်ခါပေးပါ။ ကလေးတွေရဲ့အရေပြားကို ယားယံစေမယ့် ဖုန်မှုန့်တွေအပြင် သန်းနဲ့ ပိုးမွှားတွေ ကင်းစင်စေမှာဖြစ်ပါတယ်။ခေါင်းသန်းတွေကတော့ ကလေးတွေမှာ အဖြစ်အများဆုံးပါပဲ။ သူတို့ဟာ သင့်ကလေးကို ဒုက္ခမပေးပေမယ့် စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။ သင့်ကလေးခေါင်းမှာ သန်းတွေ့လိုက်ပြီဆိုရင်တော့ သူတို့ကို အလျင်အမြန်ဖယ်ရှားကုသဖို့ လိုပါလိမ့်မယ်။ အဓိကအချက်ကတော့ သန်းတွေဟာ ကလေးတစ်ယောက်ကနေ တစ်ယောက်ကို ကူးလာနိုင်တယ်ဆိုတာပါပဲ။အကယ်၍ သင့်ကလေးက ၂လ သို့မဟုတ် ၂လအောက် အရွယ်ဖြစ်ရင်။သန်းဥနဲ့ သန်းတွေကို လက်နဲ့ ဖယ်ရှားပေးသင့်ပါတယ်။ ပိုပြီးလွယ်ကူအောင် လုပ်မယ်ဆိုရင် သင့်ကလေးရဲ့ ဆံပင်ကို ရေစိုစေပြီးမှ ဘီးစိတ်စိတ်လေးနဲ့ ဖြီးသင်ပေးသင့်ပါတယ်။သန်းစွဲတာကို အမြစ်ပြတ်ပျောက်ကင်းချင်ရင်တော့ ၃ပတ်ဆက်တိုက် အပတ်တိုင်း သန်းဥတွေကို ဖယ်ရှားသင့်ပါတယ်။ ပြီးရင်တော့ သန်းရှိမရှိ သင့်ကလေးရဲ့ ဦးရေပြားကို အနီးကပ် ကြည့်ရှု စစ်ဆေးပေးရပါမယ်။ကလေးက ၂ လအထက်ဖြစ်ရင်တော့။သန်းစွဲတာ ကုသဖို့အတွက် သင့်ဆရာဝန်ကဆေးပါဝင်တဲ့ shampoo၊ cream rinse သို့မဟုတ် lotion တွေ ညွှန်းတတ်ပါတယ်။ ဒီကုသမှုက သန်းတွေကို သေစေနိုင်ပါတယ်။ဒါပေမယ့် ယားတာပျောက်တဲ့အထိ ရက်အနည်းငယ်လောက် စောင့်ရပါမယ်။ အကယ်၍ ဒီဆေးတွေကို သန်းတွေက ခံနိုင်ရည်ရှိနေတယ်ဆိုရင် သောက်ဆေးတွေ ညွှန်ကြားပါလိမ့်မယ်။ဒါတွေက ပိုးသတ်ဆေးတွေ ဖြစ်တဲ့အတွက် သင့်ကလေးရဲ့ အသက်နဲ့ချိန်ပြီး ဘေးကင်း မကင်း စစ်ဆေးပါ။ ဆေးမှာ ရေးသားထားတဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/7-tips-for-head-lice-in-babies/
နေလောင်ဒဏ်ခံထားရတဲ့ နှုတ်ခမ်း လေးတွေကို ဘယ်လိုကုစားမလဲ
ခုလို ပူပြင်းအိုက်စပ်တဲ့ နွေရာသီမှာ နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးတဲ့ ပြဿနာက မကြာခဏဆိုသလို တွေ့ရမြင်ရ၊ ကြားနေရပါတယ်။ ကမ်းခြေသွားပြီး ပြန်လာလို့ အသားတွေ မည်းလာတယ်။ သင်္ကြန်မှာ ရေကစားပြီးလို့ အသားတွေ ပပ်ပြီး ပျက်စီးသွားတယ်။ နေပူထဲအကာအကွယ်မပါဘဲ ထွက်ပြီး ပြန်လာတော့ အသားက နီရဲပြီး စပ်ဖျဉ်းဖျဉ်းဖြစ်လာတယ် အစရှိသဖြင့် ပြဿနာကတော့ အစုံပါပဲ။ ဒီလိုနေလောင်တဲ့ အထဲမှာ နှုတ်ခမ်း ကတော့ ဘေးကင်းမယ်ထင်ရင် မှားသွားပါလိမ့်မယ်။ မျက်နှာအရေပြားလိုပဲ တော်တော်လေး နူးညံ့ပြီး ထိခိုက်ပျက်စီးလွယ်တာကြောင့် နေရောင်ခြည်နဲ့ ခရမ်းလွန်ရောင်ခြည်ရဲ့ ဒဏ်ကို အလွယ်တကူ ခံရတတ်ပါတယ်။အသားအရေမှာ နေလောင်ရင် တွေ့ရတဲ့ လက္ခဏာတွေလိုပါပဲ။ နှုတ်ခမ်းက။ပုံမှန်ဆိုရင် သူ့အလိုလို သက်သာသွားဖို့ ၃ရက်ကနေ ၅ရက်လောက်ပဲ ကြာနိုင်တဲ့အတွက် စိုးရိမ်စရာ အခြေအနေတစ်ခုတော့ ပြောလို့ မရပါဘူး။ ဒီလိုမှမဟုတ်ဘဲ။ဒီလိုအခြေအနေတွေ မတွေ့ရဘူးဆိုရင်တော့ အိမ်တွင်းနည်းလမ်းတွေနဲ့ ခံစားနေရတဲ့ ဝေဒနာကို သက်သာစေဖို့နဲ့ အမြန်ဆုံး ပျောက်ကင်းသွားဖို့ ကုသပေးလို့ ရပါတယ်။၁။ ရေခဲဝတ်ကပ်ပေးပါ။နေလောင်ဒဏ်အတွက် အကောင်းဆုံးကုထုံးကို ပြောပါဆိုရင် ရေခဲဝတ်ကပ်ပေးတာပါပဲ။ အရေပြားအတွင်းမှာ ငုပ်နေတဲ့ အပူတွေကို အပြင်ထွက်လာစေပြီး ခန္ဓာကိုယ်ကို အေးမြစေတယ်။နှုတ်ခမ်းနီရဲတာကို သက်သာစေပြီး အရောင်ကျစေပါတယ်။ရေခဲဝတ်မရှိရင်လည်း အဝတ်သန့်သန့်လေးကို ရေအေး သို့မဟုတ် ရေခဲရေနဲ့ စိမ်ပြီး ကပ်ထားပေးလို့ ရတယ်နော်။ တစ်ခါကပ်ရင် ၁၅မိနစ်လောက်နဲ့ ကပ်လိုက် နားလိုက် လုပ်ပေးပါ။၂။ အရေပြားကို အေးမြစေတဲ့ အိမ်တွင်းပစ္စည်းလေးတွေ။ရေခဲဝတ်ကို အသုံးမပြုချင်ဘူးဆိုရင်လည်း ကိုယ့်အိမ်မှာ အမြဲဆောင်ထားနေကျ စားစရာလေးတွေကို အသုံးပြုလို့ ရတယ်နော်။ အာလူးလေးကို ပါးပါးလေးလှီးပြီးဖြစ်စေ၊ ဆလတ်ရွက်၊ အသုံးပြုပြီးသားလက်ဖက်ခြောက်အထုပ်လေးတွေကို ရေအေးအေးထဲမှာ စိမ်ထားပြီး နေလောင်ထားတဲ့ နှုတ်ခမ်းပေါ်မှာ အုပ်ထားလို့ ရတယ်နော်။၃။ ရှားစောင်းလက်ပပ်။အသားအရေအတွက် နတ်ဆေးတစ်ပါးရှားစောင်းလက်ပပ်က ရတဲ့ အနှစ်လေးတွေကို နေလောင်ဒဏ်ကုသတဲ့ နေရာမှာလည်း အသုံးပြုပေးလို့ ရပါတယ်။ စပ်ဖျဉ်းဖျဉ်းဖြစ်နေတာ၊ နီရဲပြီး ရောင်ရမ်းနေတာ၊ ပူစပ်ပူလောင် ဖြစ်နေတာကို သက်သာစေတယ်။ အရေပြားအတွင်းထဲထိ အစိုဓာတ် စိမ့်ဝင်သွားစေပြီး အေးမြစေတယ်။ နှုတ်ခမ်း ကို နဂိုအသားအရောင်အတိုင်း ပြန်လည် ပန်းရောင်သမ်းလာစေဖို့ ကူညီပေးနိုင်ပါတယ်။၄။ နီရဲရောင်ရမ်းတာ သက်သာစေတဲ့ ဆေးဝါးတွေ။ဆေးဆိုင်တွေမှာ နာကျင်မှုနဲ့ အရေပြားနီရဲတာကို သက်သာစေဖို့ ibuprofen ဆေးဝါးတွေကို အလွယ်တကူ မေးဝယ်ပြီး သောက်လို့ ရပါတယ်။ သူတို့ရဲ့ အားသာချက်ကတော့ အရေပြားက အတွင်းကနေပြီး ပြန်လည်ကုစားပေးကာ နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာစေတာပါပဲ။၅။ အစိုဓာတ်ထိန်းပေးနိုင်တဲ့ ဆီတွေ။သဘာဝအုန်းဆီ၊ သံလွင်ဆီတွေမှာ ပါဝင်တဲ့ ဗီတာမင် အီး ဟာ နေလောင်ခံထားရတဲ့ အရေပြားအတွက် မရှိမဖြစ် အာဟာရပါပဲ။ နေလောင်ဒဏ်ကို သက်သာစေတဲ့အပြင် အရေပြားကို အစိုဓာတ်ထိန်းပေးနိုင်ပြီး အေးမြစေပါတယ်။ ဆီတွေကို ကိုယ်လိုသလောက် နည်းနည်းလောက်ကိုပဲ ယူပြီး နှုတ်ခမ်းပတ်ပတ်လည်ကို သုတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။အရေပြားကို နေလောင်ကာလိမ်းဆေး လိမ်းသလိုပဲ နှုတ်ခမ်း ကိုလည်း နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အပြင်မထွက်ခင် နာရီဝက်လောက် ကြိုတင်ပြီး  SPFပါတဲ့ နှုတ်ခမ်းလိမ်းအဆီ (Lip Balm) ကို လိမ်းပေးရမယ်နော်။ယောက်ျားလေးရော၊ မိန်းကရော သုံးလို့ ရပါတယ်။ မိန်းကလေးတွေဆိုရင်တော့ နှုတ်ခမ်းလိမ်းအဆီကို အရင်လိမ်းပြီးမှ နှုတ်ခမ်းနီကို ဆိုးပေးတာ ပိုကောင်းပါတယ်။တတ်နိုင်ရင် မနက် ၁၀နာရီကနေ ညနေ ၄နာရီအတွင်း ပူလွန်းတဲ့အချိန်တွေ အပြင်ထွက်တာကို ရှောင်ပေးပါ။ အပြင်ထွက်တိုင်း ထီးနဲ့ ဦးထုပ်ကို ဆောင်းပေးဖို့လည်း မမေ့ပါနဲ့နော်။ အားလုံးပဲ နွေနေပူပူကို အံတုရင်း သာယာလှပတဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေနော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/how-to-take-care-of-sunburnt-lips/
Tonsillitis (အာသီးရောင်ခြင်း)
Tonsillitis (အာသီးရောင်ခြင်း) အကြောင်းလေးကို အတူတူ လေ့လာလိုက်ရအောင်နော်။Tonsillitis( အာသီးရောင်ခြင်း) ဆိုတာ ပုံမှန်အားဖြင့်ရောဂါပိုးဝင်ပြီး ဖြစ်လေ့ရှိသော အာသီးရောင်ရမ်းခြင်းကို ခေါ်ပါတယ်။ဒီရောဂါအခြေအနေက အဖြစ်များပါတယ်။ တစ်နှစ်မှာ လူသန်းနှင့် ချီပြီး အာသီးရောင်ကြပါတယ်။ အနေခက်တာကလွဲလျှင် အားသီးရောင်ခြင်းက ပြင်းထန်တဲ့ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။အာသီးရောင်တာဟာ အသက်အရွယ် မရွေးဖြစ်တတ်သော်လည်း ကလေးတွေမှာ အဖြစ်များပါတယ်။ကျောင်းနေစ အရွယ်ကနေ အလယ်တန်းလောက်ထိ ကလေးတွေမှာ ဒီရောဂါကိုတွေ့ရနိုင်ပါတယ်။ဆက်လက်သိရှိလိုသည်များကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။အာသီးရောင်ခြင်းရဲ့ အဖြစ်များဆုံးရောဂါလက္ခဏာတွေမှာ။•လည်ချောင်း အလွန် နာခြင်း။• မျိုချရခက်ခြင်း သို့ မျိုချလျှင် နာခြင်း။• အက်ကွဲသံထွက်နေခြင်း။• ချောင်းဆိုးခြင်း။• ပါးစပ်နံခြင်း။• ဖျားခြင်း။• အစားအသောက်ပျက်ခြင်း။• ခေါင်းကိုက်ခြင်း။• လည်ပင်းတောင့်တင်းခြင်း။•ပြန်ရည်ကျိတ်များရောင်ခြင်းကြောင့် မေးရိုးနှင့် လည်ပင်းများနာခြင်း။• အာသီးနီရဲပြီးရောင်ခြင်း။• အာသီးမှာ အဖြူရောင် သို့ အဝါရောင် အစက်လေးများပေါ်ခြင်း။• ပါးစပ်ဟလျှင် ခက်ခြင်း။• မောပန်းနွမ်းနယ်ခြင်း။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အောက်ပါရောဂါလက္ခဏာများရှိလျှင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။• 39.5 ဒီဂရီ စင်တီဂရိတ် ထက်ပိုပြီး အဖျားတက်ခြင်း။• ကြွက်သား အားနည်းခြင်း။• လည်ပင်းတောင့်တင်းခြင်း။• အလွန်နာကျင်ပြီး မျိုချလျှင် ခက်ခြင်း။• ပါးစပ်ဖွင့် ရခက်ခဲခြင်း။• အသက်ရှူ ကြပ်ခြင်း။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။• Streptococcus လိုမျိုးဘက်တီးရီးယားရောဂါပိုးကူးစက်ခြင်း။• ရေယုန်၊ တုပ်ကွေး၊ enterovirus ကဲ့သို့ ဗိုင်းရပ်စ်ပိုး ကူးခံရခြင်း။အာသီးရောင်ခြင်း ဖြစ်ပွားနိုင်ခြေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။• အသက်ငယ်ခြင်း။ ။ဘက်တီးရီးယားကြောင့် ဖြစ်တဲ့အာသီးရောင်ခြင်းဟာ အသက် ၅ နှစ် မှ ၁၅ နှစ်အတွင်း အဖြစ်များပါတယ်။• ရောဂါပိုးအထိတွေ့များခြင်း။ ။ကျောင်းနေ ကလေးအရွယ်တွေဟာ ရောဂါပိုးတွေနဲ့ ထိတွေ့မှု များနိုင်သောကြောင့် ဘက်တီးရီးယား နှင့်ဗိုင်းရပ်စ်ပိုးများကူးစက်လွယ်နိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဖြစ်ပွားမှု ဇစ်မြစ်ကို သိဖို့ရာ ဆရာဝန်က သင့်ရဲ့လည်ချောင်းမှ အရည်နမူနာကို ညင်သာစွာ ယူပြီး ပိုးမွေးခြင်း သို့ လျင်မြန်စွာ အကောင်မွေးခြင်း (rapid strep test) လုပ်ခြင်းတို့ ပြုလုပ်ပါလိမ့်မယ်။ ထို့ပြင်သွေးဆဲလ်တွေရဲ့ ပမာဏကို သိရှိနိုင်ရန် အပြည့်အ၀ သွေးစစ်ခြင်းတို့လည်း ပြုလုပ်နိုင်ပါတယ်။• ပဋိဇီဝဆေးများ။ ။သင့်အာသီးရောင်ခြင်းကို ဖြစ်စေတာ ဘက်တီးရီးယားဆိုလျှင်ပဋိဇီဝဆေးတွေပေးပါလိမ့်မယ်။ ၎င်းဆေးများပေးပြီး ရက်အနည်းငယ် အတွင်းရောဂါလက္ခဏာတွေသက်သာသွားနိုင်ပါတယ်။ နောက်ထပ် ပြန်မဖြစ်လာစေရန် ဆေးကို ရက်ပြည့်အောင် သောက်ဖို့လိုပါလိမ့်မယ်။• ခွဲစိပ်ကုသခြင်း။ ။အာသီးကို ဖယ်ထုတ်ရန် အာသီးခွဲစိပ်ခြင်းပြုလုပ်ရပါတယ်။ သို့သော် အာသီးရောင်တဲံ့ရောဂါက နာတာရှည်ဖြစ်နေတာ မဟုတ်လျှင်၊နောက်တစ်ကြိမ် ပြန်ဖြစ်နေခြင်းမျိုး မဟုတ်လျှင်၊ တခြားကုသမှုတွေနဲ့ မသက်သာဘဲ နောက်ဆက်တွဲ ဆိုးကျိုးများ ပေးနေခြင်းမျိုး မဟုတ်လျှင် ဆရာဝန်က အာသီးခွဲစိပ်ကုသခြင်းကို အားပေးမည် မဟုတ်ပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/tonsillitis-explained/
ပုရိသတို့ ကာမခွန်အား တိုးစေမယ့် သဘာဝနည်းလမ်းကောင်းများ
အမျိုးသားတိုင်းကတော့ကာမခွန်အား တိုးချင်ကြတာပါပဲ။ အရင်ကထက် ပိုကောင်းတဲ့ ခံစားချက်မျိုး ရချင်တယ်။ ကိုယ့်ရဲ့ အဖော်ကိုလည်း ကိုယ်မှကိုယ် တမ်းတမ်းစွဲသွားလောက်တဲ့အထိ လိင်ပိုင်းဆိုင်ရာမှာ သန်စွမ်းတဲ့သူ တစ်ယောက်အဖြစ် မြင်စေချင်တယ်။ အမျိုးသားတွေ ကိုယ်တိုင်ကျန်းမာကြံ့ခိုင်နေမှ ကာမကိစ္စမှာ စွမ်းစွမ်းတမံ အားစိုက်ထုတ်နိုင်မှာပါ။ ဒီလို ကာမခွန်အား တိုးဖို့ ကြာဆေးတွေ၊ အားဆေးတွေသောက်တာထက် သဘာဝအတိုင်း နည်းမှန်လမ်းမှန် ကျင့်ကြံတာက ပိုမကောင်းဘူးလား။ဒါဆိုရင် ကာမအတွက်ရော၊ အမျိုးသားတို့ရဲ့ အထွေထွေကျန်းမာရေးအတွက်ပါ အကျိုးရှိစေမယ့် သဘာဝနည်းလမ်းတွေကို ဒီဆောင်းပါးကနေ ပြောပြပေးချင်ပါတယ်။ပုရိသတို့ ကာမခွန်အား တိုးစေမယ့် သဘာဝနည်းလမ်းကောင်းများ ကတော့။ယောက်ျားပီသချင်ရင် ထိုင်ခုံမှာပဲ အချိန်ပြည့်ထိုင်မနေဘဲလှုပ်လှုပ်ရှားရှားနေပါ။ ကိုယ်ခန္ဓာက လှုပ်ရှားတက်ကြွနေတဲ့အခါ သွေးစီးဆင်းနှုန်းကလည်း ပိုကောင်းလာပြီး နှလုံးကို ကျန်းမာစေပါတယ်။ကြွက်သားတွေကိုလည်း ပုံစံကျစေလို့ လိင်ပိုင်းဆိုင်ရာမှာပါ ပိုပြီးအားစိုက်ထုတ်နိုင်စေပါတယ်။ ဒါကြောင့် မနက်တိုင်း လမ်းလျှောက်ပါ၊ ပြေးပါ၊ အချိန်တတ်နိုင်ရင်Gymမှာ စနစ်တကျ ကစားပါ။ အားကစားလုပ်ပါ၊ ရေကူးပါ။ ချွေးထွက်လေ နှလုံးခုန်နှုန်းမြန်လေ၊ ကိုယ့်ရဲ့ ကာမခွန်အားကို မြှင့်တင်ပေးနိုင်လေပါပဲ။အမျိုးသားတွေအတွက် ပရိုတင်းဓာတ်က အဓိကကျတယ်ဆိုပေမယ့် ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ပေါကြွယ်ဝတဲ့ အသီးအနှံတွေ၊ဟင်းသီးဟင်းရွက်တွေကို မေ့ထားလို့မဖြစ်ဘူးနော်။အထူးသဖြင့် ကာမခွန်အားတိုးချင်တဲ့ ပုရိသတွေအနေနဲ့ ကြက်သွန်ဖြူ၊ ချင်း၊ ငှက်ပျောသီး၊ ငရုတ်သီး၊ ငရုတ်ပွသီးတွေကို များများစားပေးပါ။ သွေးတိုးကျစေပြီး သွေးစီးဆင်းမှုအားကောင်းစေလို့ လိင်တံကို ကောင်းစွာထောင်မတ်စေနိုင်ပြီး ကာမခွန်အားတိုးစေဖို့ ကူညီပေးနိုင်ပါတယ်။ကြွက်သားထုတွေ တည်ဆောက်ဖို့ ပရိုတင်းဓာတ်တွေ၊ ဦးနှောက်အာရုံကြောစနစ်ကို ကောင်းစေတဲ့ ဗီတာမင် ဘီ၊ သွေးစီးဆင်းမှုကောင်းစေတဲ့ အိုမီဂါ-၃ အဆီအနှစ်တွေ၊ အမျိုးသားတိုင်းအတွက် မရှိမဖြစ်ကျားဟော်မုန်းကို ပိုထုတ်ပေးနိုင်ဖို့ အသား၊ ငါး၊ ပင်လယ်စာ၊ ကြက်ဥ၊ နို့ထွက်ပစ္စည်း၊ ပဲအမျိုးမျိုး စုံလင်စွာ စားပေးပါ။ရောဂါတော်တော်များများရဲ့ တရားခံကိုပြောပါဆိုရင်စိတ်ဖိစီးမှုပါပဲ။ ဒါတင်မကပါဘူး။ ကိုယ့်လူတို့ရဲ့ စွမ်းဆောင်နိုင်ရည်နဲ့ လိင်စိတ်ဆန္ဒကိုလည်း ထိခိုက်စေနိုင်တယ်နော်။ စိတ်ဖိစီးမှုတွေ ပိလာတဲ့အမျိုးသားတစ်ယောက်က ကျန်းမာရေးထိခိုက်လာမယ်၊ စိတ်ထဲမှာ ပူလောင်မှုတွေ များနေတဲ့အခါ လိင်စိတ်ဆန္ဒလျော့နည်းသွားပြီး ကောင်းစွာ မထောင်မတ်နိုင်တာ၊ပန်းသေပန်းညှိုးဖြစ်တာ၊ သုက်ထွက်စောလွန်းတာ သို့မဟုတ် သုက်ထွက်ကြာလွန်းတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို လျှော့ချပါ။ လေ့ကျင့်ခန်းများများလုပ်ပါ။ အစာအာဟာရကို ဂရုစိုက်ပါ။ စိတ်ကို ပျော်အောင်ထားပါ။ ပူလောင်နေတဲ့ စိတ်ကို အနားပေးပါ။လူတွေဆိုတာလည်း ခက်သားဗျ၊ ကိုယ့်အကျင့်တွေ မကောင်းမှန်းသိတယ်၊ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာလည်း သိတယ်။ ဒါပေမယ့် ပြင်ဖို့ကျတော့ လက်တွန့်တတ်တယ်မလား။အဲ့တော့ ပုရိသတွေအနေနဲ့ ကျန်းမာရေးအတွက်ရော ကာမအားတိုးဖို့ မကောင်းတဲ့အကျင့်တွေဖြစ်တဲ့ ဆေးလိပ်သောက်တာ၊အရက်သောက်တာ၊ ညဘက်တွေမှာ နောက်ကျအိပ်တာတွေကို တတ်နိုင်သမျှ စောစောဖြတ်တာ အကောင်းဆုံးဖြစ်မှာပါ။အပြင်သွားရမှာ ပျင်းလို့၊ စိတ်ညစ်လို့၊ စိတ်ဓာတ်ကျလို့ အိမ်ထဲမှာပဲနေတယ်။ အမှောင်ခန်းထဲမှာပဲ အောင်းတယ်။ စိတ်က ပိုကျသွားတာပဲအဖတ်တင်ပြီး ဘာမှလည်း ဖြစ်လာမှာမဟုတ်ပါဘူး။အဲ့တော့ စိတ်ညစ်ရင်အခန်းမအောင်းပါနဲ့။ အပြင်ထွက်ပါ။ လမ်းလျှောက်ပါ၊ လူတွေနဲ့တွေ့ပါ။ အထူးသဖြင့် နေရောင်ခြည်မှာက ဗီတာမင် ဒီဓာတ်တွေအပြင် လူကိုလန်းဆန်းတက်ကြွစေပြီးလိင်စိတ်ဆန္ဒတိုးစေနိုင်ပါတယ်။ အထူးသဖြင့် အေးတဲ့ရာသီမျိုးမှာဆိုရင် ပိုပြီးတောင် အိမ်ထဲမအောင်းသင့်ပါဘူးနော်။တစ်ကိုယ်ရေ အာသာဖြေရတာ မကြိုက်တဲ့ အမျိုးသားတွေတော့ ရှိမယ်မထင်ပါဘူးနော်။ ကောင်းကျိုးရော ဆိုးကျိုးရော ဒွန်တွဲနေတဲ့ တစ်ကိုယ်ရေအာသာဖြေခြင်းကို ပုံမှန်လုပ်တဲ့အခါ အသက်အရွယ်ကြောင့် ဆီးကျိတ်ကြီးလာနိုင်ခြေကို လျော့နည်းစေတယ်။သုက်လွှတ်စောတဲ့သူတွေအတွက်လည်း သုက်ထိန်းနိုင်အောင် ကူညီပေးတယ်။ ခံစားမှု အားကောင်းပြီး အမျိုးသားတွေအတွက် စိတ်ဖိစီးမှုကိုလျော့ကျစေကာ စိတ်အပန်းဖြေစေနိုင်ပါတယ်။ ဒါကြောင့် အလုပ်များလို့ဆိုပြီး လုံးဝမလုပ်ဘဲတော့ မနေပါနဲ့။ တစ်ပတ်ကို တစ်ကြိမ်လောက်တော့ အမျိုးသားတိုင်း ပုံမှန်လုပ်ပေးနိုင်ရင် အဆင်ပြေပါတယ်။လိင်မှုကိစ္စဆိုတာ ကိုယ်တစ်ယောက်တည်း ဆောင်ရွက်ရတဲ့ကိစ္စမှမဟုတ်ပါဘူး။ ကိုယ်ကတော့ ဆန္ဒပြီးမြောက်သွားပြီး ကိုယ့်အဖော်က ဘာမှမပြီးလိုက်ရဘဲ ဟာတာတာဖြစ်နေရင်လည်း အဆင်မပြေနိုင်ပါဘူး။ဒါကြောင့် ပုံမှန်အချိန်တွေမှာ တစ်ယောက်မှာရှိနေတဲ့ အခက်အခဲပြဿနာတွေ၊ စိတ်ဖိစီးမှုတွေကို ဝေမျှပါ။ လိင်မှုကိစ္စ မဆောင်ရွက်ခင်မှာ ကိုယ်က ဘယ်လိုပုံစံမျိုးကြိုက်လဲ၊ ဖြည်းဖြည်းချင်း သွားရတာ ကြိုက်တာလား၊ ဘယ်လိုအနေအထားမျိုးက ကိုယ့်အတွက် အဆင်ပြေစေလဲဆိုတာ သေချာတိုင်ပင်ဖို့တော့ လိုမယ်နော်။အမျိုးသားတွေရဲ့ ဂရုမစိုက်ဘဲ ပေပေတေတေ နေတတ်တဲ့ အကျင့်ကြောင့် ကျန်းမာရေးနဲ့ဆိုင်တဲ့ ပြဿနာတွေဆိုရင် အမြဲနောက်ကျမှပဲ သိတတ်ကြပါတယ်။ အဲ့အခါကျ ကုသဖို့လည်း ခက်သွားသလို ကိုယ့်ရဲ့ ကျန်းမာရေးဟာလည်း အရင်လိုအကောင်းအတိုင်း ဖြစ်ချင်မှ ဖြစ်လာနိုင်တော့မှာပါ။ဒါကြောင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး အမြဲသတိရှိပါ။ တစ်နှစ်ကို တစ်ခေါက်ဖြစ်ဖြစ် ပုံမှန်ဆေးစစ်ပါ၊ တခြားရောဂါတွေ ရှိ၊ မရှိ စစ်ဆေးပါ။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ အမျိုးသားလိင်ကျန်းမာရေးနဲ့ဆိုင်တဲ့ပန်းသေပန်းညှိုး၊ သုက်လွှတ်စောခြင်း၊ လိင်စိတ်နည်းလာခြင်း၊ မျိုးပွားခြင်းဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သက်ပြီး ပညာရှင်တွေနဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။ ဘယ်ပြဿနာမဆို စောစောသိလေ ကုသဖို့လွယ်တယ်ဆိုတာ သတိထားပေးပါ။စိတ်ရော ကိုယ်ပါ ကျန်းမာနေတဲ့ အမျိုးသားတစ်ယောက်က လိင်ပိုင်းဆိုင်ရာမှာလည်း ကောင်းကောင်းစွမ်းဆောင်နိုင်တာ မဆန်းပါဘူးနော်။ ခုပြောသွားတဲ့ အချက်တွေကို သေချာလိုက်နာပြီးတော့ ကိုယ့်ရဲ့ လူနေမှုဘဝပုံစံကို မြှင့်တင်ကြည့်ဖို့ အကြံပေးလိုက်ချင်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/natural-ways-to-boost-sexual-performance/