title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ကလေးငယ်များ၊ လူငယ်များ လေဖြတ်ပြီးနောက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း
လေဖြတ်ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်တတ်ပါတယ်။လေဖြတ်ပြီးနောက် ပြောင်းလဲခြင်းများဟာ အတန်အသင့်ကနေ ဆိုးရွားတဲ့အဆင့်ထိရှိပါတယ်။ ခဏတာကနေ အတော်ကြာတဲ့ အခြေအနေထိ ရှိတတ်ပါတယ်။ လေဖြတ်ခြင်းကြောင့် ဥိးနှောက်ရဲ့ ဘယ်နေရာထိခိုက်တယ်၊ ဘယ်လောက်ပြင်းထန်တယ် ဆိုတဲ့အပေါ် မူတည်ပါတယ်။လေဖြတ်ပြီးနောက် ဦးနှောက်မှာရှိတဲ့ အပြုအမူပိုင်းဆိုင်ရာ ထိန်းချုပ်တဲ့ အပိုင်းတွေကို ထိခိုက်မိရင် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်းတွေ ပေါ်လာတတ်ပါတယ်။ ဒီပြောင်းလဲခြင်းတွေဟာ လေဖြတ်ခြင်းကို သင့်ကိုယ်ခန္ဓါက တုံ့ပြန်လို့ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။သင့်မှာစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု ဆိုးရွားလာရင် ပျောက်မသွားရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။ ဆေါးနွေးနှစ်သိမ့်သူ၊ စိတ်ကျန်းမာရေးကုသသူ တွေဆီမှာလည်း တိုင်ပင်နိုင်ပါတယ်။ပြောင်းလဲခြင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်နိုင်ပါတယ်။စိတ်ပူပန်ခြင်း။ အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲ စိတ်ပူပင်နေတတ်ပါတယ်။စိတ်ဓါတ်ကျဆင်းခြင်း။ လေဖြတ်ပြီးနောက် ဝမ်းနည်းတာစိတ်ညစ်တာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပိုပြီး ဆိုးရွားစွာ။စိတ်ထိခိုက်နေတာမျိုး ဖြစ်လာတတ်ပါတယ်။ တခြားသူတွေကို မှီခိုနေရလို့ စိတ်နိုင်းမကျတာ၊ အကူအညီမဲ့တယ် မျှော်လင့်ချက်မဲ့တယ် ခံစားရတာ၊ မိမိကိုယ်ကို သိမ်ငယ်တယတွေ ဖြစ်လာနိုင်ပါတယ်။ စိတ်ဓါတ်ကျခြင်းဟာ ဥိးနှောက်ထဲက ဓါတုပစ္စည်းတချို့ မညီမျှရင်လည်း ဖြစ်တတ်ပါတယ်။ အောက်ပါ လက္ခဏာတွေ သတိထားမိရင် ဆရာဝန်ပြသင့်ပါတယ်။စိတ်အပြောင်းအလဲမြန်ခြင်း။ငိုလွယ် ရယ်လွယ် စိတ်ဆိုးလွယ်ခြင်းတွေဟာ မဖြစ်သင့်တဲ့ အချိန်တွေမှာ ဖြစ်နေတတ်ပါတယ်။ထိန်းချုပ်မှုမရှိခြင်း။အသေးအဖွဲ ကိစ္စတွေမှာတောင် ပေါက်ကွဲလွယ်တတ်ပါတယ်။စိတ်အတက်အကျမြန်ခြင်း။ပျော်ရွှင်နေရာကနေ ဗြုန်းစားကြီး ဝမ်းနည်းတာ၊ ဒေါသထွက်တာမျိုး ဖြစ်တတ်ပါတယ်။ မိသားစုဝင်တွေဟာ နားလည်စိတ်ရှည်ပေးဖို့ လိုပါတယ်။ သင်သက်သာလာတာနဲ့အမျှ ဒီပြသနာ ပျောက်သွားနိုင်ပါတယ်။အတ္တကြီးခြင်း။မိမိအတွက်ကိုသာ စဉ်းစားပြီး တခြားသူတွေကို အရေးမပေးတတ်ပါဘူး။လေဖြတ်ခြင်းဟာ ကလေးငယ်ကနေ လူကြီးအထိ ဘယ်အရွယ်မဆိုဖြစ်တတ်ပါတယ်။ လေဖြတ်တာဟာ ဦးနှောက်ကိုသွားတဲ့ သွေးကြော ပိတ်ဆို့လို့ဖြစ်စေ၊ ပေါက်ပြဲလို့ဖြစ်စေ ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေပါတဲ့ သွေးကို ပုံမှန်ပြန်မရရင် ဦးနှောက်ဆဲလ်တွေ သေဆုံးပြီး အလုပ်မလုပ်တော့ပါဘူး။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%81%8a-%e1%80%9c%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8/
Repetitive motion injuries (ထပ်ခါထပ်ခါလှုပ်ရှားခြင်းကြောင့်ဖြစ်သောထိခိုက်မှုများ)
ခဏခဏလှုပ်ရှားခြင်းကြောင့်ဖြစ်သောထိခိုက်မှုများကို ခဏခဏဖိခြင်းကြောင့်ဖြစ်သောထိခိုက်မှုဟုလည်းခေါ်သည်။ ထိုအရာသည်ကြွက်သား အာရုံကြော အရွတ် တွယ်ဆက်အမျှင်များကိုခဏတာသို့မဟုတ် တသက်လုံးထိခိုက်စေနိုင်သည်။ လုပ်ရှားမှုတစ်ခုကိုထပ်ခါထပ်ခါလုပ်ခြင်းကြောင့်ဖြစ်နိုင်သည်။အဖြစ်အများဆုံးပုံစံမှာ အရွတ်ယောင်ခြင်းနှင့်အရည်အိတ်ယောင်ခြင်းတို့ဖြစ်သည်။ ထိုနှစ်ခုသည်ခွဲခြားရန်ခက်ပြီးများသောအားဖြင့်နှစ်ခုတွဲတည်ရှိနေတတ်သည်။ဒီရောဂါဟာ်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အရွတ်ယောင်ခြင်း။ အဖြစ်အများဆုံးလက္ခဏာမှာ ဖြစ်သောနေရာတွင်နာခြင်းဖြစ်သည်။ ဖြစ်သောအရွတ်ကိုလှုပ်ရှားမိကပိုဆိုးနိုင်သည်။ ဖြစ်သောအရွတ်ပေါ်ရှိအရည်ပြားသည် ယောင်ပြီးပူနေတတ်သည်။ဘိုင်ဆတ်။ လက်မောင်းနှင့် ပုခုံးစုံသောနေရာအချိုင့်တွင်အများဆုံးနာတတ်သည်။ တံတောင်ဆစ်ကို ၉၀ဒီဂရီကွေးခြင်း နှင့် လက်ဖဝါးအားမှောက်သည့်အချိန်မျိုးတွင်နာလာနိုင်သည်။တန်းနစ်တံတောင်ဆစ်။ တံတောင်စစ်အတွင်းတွင်နာနေပြီး လက်ကောက်ဝတ်ဆန့်ချိန်တွင် တန့်နစ်ဘတ်တန်ကိုနောက်ကိုဆွဲပြီး ရိုက်ဖို့ကြိုးစားချိန်မျိုးတွင်နာတတ်သည်။ဂေါက်ရိုက်သမား တံတောင်ဆစ်။ တံတောင်ဆစ်တွင်နာပြီး လက်ကောက်ဝတ်ကိုကောက်ချိန် ဂေါက်ဘောလုံးကိုရိုက်ဖို့ကြိုးစားချိန်မျိုးတွင်နာတတ်သည်။လှည့်သောကြွက်သား။ လက်မောင်းသို့ဘေးဘက်သို့ဆွဲချိန်တွင်နာတတ်သည်။ ဖြစ်သောပုံခုံးဘက်တွင်နာလိမ့်မည်။အရည်အိတ်ယောင်ခြင်း။ အဖြစ်များဆုံးလက္ခဏာမှာ ဖြစ်သည့်ဘက်တွင်နာခြင်း နှင့်လှုပ်ရှားနိုင်သောစွမ်းရည်နည်းခြင်းတို့ဖြစ်သည်။ နီခြင်း ဖောင်းလာခြင်း နှင့် အဆစ်လှုပ်လိုက်ပါက တကျွတ်ကျွတ်မည်ခြင်းတို့လဲဖြစ်နိုင်သည်။ဒူးခေါင်း။ ဒူးခေါင်းဖုံးအောက်ပိုင်းတွင်ဖောင်းလာခြင်းပါဝင်ပြီးကိုင်ကြည့်ပါက နီပြီးပူနေနိုင်သည်။ ဒူးခေါင်းကွေးခြင်းဆန့်ခြင်းကြောင့်နာနေသဖြင့် ဒူးခေါင်းလှုပ်ရှားနိုင်မှုကိုလျော့နည်းစေသည်။တံတောင်ဆစ်။ နာခြင်း ယောင်ခြင်း နီခြင်းတွေ့နိုင်သည်။ လက်ဖျံကို တံတောင်ဆစ်မှကွေးခြင်းဆန့်ခြင်းလုပ်ပါကပိုနာတတ်သည်။ပေါင်ရိုး။ လမ်းလျောက်ခြင်းသို့မဟုတ် ဖြစ်သောဖက်တွင်လှဲချလိုက်ခြင်းကြောင့်ပိုနာစေနိုင်သည်။ ခြေထောက်ကိုခွဲခြင်း ပြန်စုစုံခြင်းတိုကသက်သာစေနိုင်သည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။လက်ခြေထောက်လှုပ်ခြင်းကြောင့်နာပါက။အရွတ်ဆက်သောနေရာသို့မဟုတ် အဆစ်နေရာတွင်ထိပါကနာခြင်း။အဆစ်ပေါ်တွင်နီခြင်း ပူနေခြင်း။အိပ်ရာကလန့်နိုးသည်အထိနာနေခြင်း။ဖြစ်သောဘက်ကိုဖိမအိပ်နိုင်ခြင်း။ပုံမှန်လှုပ်ရှားမှုများမလုပ်နိုင်ခြင်း(ဥပမာ သွားတိုက်ခြင်းရေချိုးခြင်း)။ထပ်ခါထပ်ခါလှုပ်ရှားခြင်းကြောင့်ဖြစ်သောထိခိုက်မှုများသည် တစ်သျူးတွင် အလွန်သေးငယ်သောပျက်စီးမှုများဖြစ်ခြင်းကြောင့်ဖြစ်သည်။ ခန္ဓါကိုယ်မှပျက်စီးမှုထက် ထုတ်နိုင်သောပမာဏနည်းပါက ယောင်ခြင်းဖြစ်လာပြီး နာလာလိမ့်မည်။ထပ်ခါထပ်ခါလှုပ်ရှားခြင်းကြောင့်ဖြစ်သောထိခိုက်မှုများဖြစ်စေသောအကြောင်းများမှာ။ထပ်ခါထပ်ခါလှုပ်ရှားရခြင်း။ထိခိုက်ဒဏ်ရာဖြစ်ခြင်း။ကျောက်တည်ခြင်း(ဥပမာ လေးဘက်နာ)။ပွတ်တိုက်မိခြင်း။တကိုယ်လုံးဆိုင်ရာရောဂါ (ရူမတွိုက်အဆစ်ယောင်ခြင်း လေးဖက်နာဖြစ်ခြင်း)။အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အရွတ်ယောင်ခြင်း။ရောဂါသမိုင်းကြောင်းနှင့်ရုပ်ပိုင်းဆိုင်ရာစမ်းသက်မှုများဖြင့်အတည်ပြုလေ့ရှိသည်။ပုံရိပ်ဖော်ခြင်းကြောင့် ရောဂါအတည်ပြုနိုင်လိမ့်မည်။ ပုံရီပ်ဖော်ခြင်းအကောင်းဆုံးပုံစံမှာ သံလိုက်ပဲ့တင်အားဖြင့်ပုံရိပ်ဖော်ခြင်းကပိုကောင်းသည်။ အန်အာအိုင်သည် ပျက်စီးခြင်း ပေါက်ထွက်ခြင်း ယောင်ခြင်း သို့မဟုတ် အခြားရောဂါပုံစံတို့ကိုပါအတိအကျဖော်ပြနိုင်သည်။ အကယ်၍ အလွာအတွင်းအရည်မရှိနေပါက အရွတ်အဖုံးယောင်ခြင်း အရွတ်နှင့်အဆစ်များယောင်ခြင်းကိုသိပ်မမြင်ရနိုင်ပါ။အရည်အိတ်ယောင်ခြင်း။အရည်အိတ်ယောင်ခြင်းသည် ယောင်နေခြင်း ပိုးရှိမရှိကိုစမ်းသက်လိမ့်မည်။ တံတောင်စစ် နှင့် ဒူးခေါင်းတို့တွင်ပိုးဝင်ခြင်းပိုဖြစ်နိုင်သည်။ ထို့ကြောင့်ထိုအရည်များကိုအဆစ်မှထုတ်ပြီး ဘက်တီးရီယားပိုးရှိမရှိကိုစမ်းလိမ့်မည်။ပိုးရှိအရည်အိတ်ယောင်ခြင်းသည်အောက်ပါအခြေအနေများကြောင့်ပိုဖြစ်နိုင်သည်။အရက်နှာတာရှည်သောက်သူများ။ဆီးချိုရှိသူများ။ယူရီယားများသူများ။လေးဖက်နာရောဂါများ။အလုပ်ကြမ်းသမားများ။နှာတာရှာလေလမးကြောင်းပိတ်နေသောအဆုတ်ရောဂါများ။ဆရာဝန်မှသင့်တော်သောကုထုံးကိုရွေးချယ်ပေးလိမ့်မည်။အရွတ်ယောင်ခြင်းကို အစောပိုင်းတွင် မလှုပ်ရှားစေခြင်းနှင့်ရေခဲကပ်ခြင်းသည်အကောင်းဆုံးကုသမှုဖြစ်ပြီး နှာတာရှည်အတွက် ရေခိုးငွေ့ကအကောင်းဆုံးဖြစ်သည်။တန်းနစ်နှင့် ဂေါက်ရိုက်သမား တံတောင်ဆစ်ကတို့တွင် တံတောင်ဆစ်အပတ်ကိုသုံးသင့်သည်။စတီးရွိုက်မပါသော အယောင်ကျဆေးများ(အန်အက်အေအိုင်ဒီ ဥပမာ အက်ပလင် ၊နာပရိုဇန် သို့မဟုတ် အိုင်ဗျူပရိုဖန်) ကိုအယောင်ကျစေရန်ပေးနိုင်သည်။ ထိုဆေးများကိုအစာ အိမ်ထိခိုက်ခြင်းသက်သာစေရန်အစာသို့မဟုတ် နို့နှင့်တွဲသောက်သင့်သည်။အကယ်၍ အရွတ်ယောင်ခြင်းနှင့် အရေအိတ်ယောင်ခြင်းသည် အန်အက်အေအိုင်ဒီနှင့်မသက်သာပါက စတီးရွိုက်ကိုဖြစ်သောနေရာတွင်ထိုးလိမ့်မည်။ ဖြစ်သောနေရာကို ဆယ့်နှစ်လအတွင်းသုံးခါထက်ပိုမထိုးသင့်ပါ။ထိုကုထုံးကို ပုခုံးပါသောအချိန်တွင်သုံးလို့မရပါ။ပုခုံးကို ၂၄ နာရီမှ ၄၈ နာရီထက်မလှုပ်ပဲထား၍ မရပါ။ မလှုပ်ရှားပဲထားပါက ပုခုံးခဲသွားခြင်း( အိတ်များကပ်ခြင်း)ဖြစ်တတ်သည်။ အာထရာစောင်းရိုက်ခြင်း ရေနွေးစိမ်ခြင်းအပြင် ရုပ်ပိုင်းဆိုင်ရာကုထုံးများလည်းလိုအပ်နိုင်သည်။ပုခုံးအရွတ်ယောင်ခြင်းကုသမှုကိုအဓိကသည် ပုခုံးဆစ်အပြည့်အဝလှုပ်ရှားနိုင်ရန်ဖြစ်သည်။ လက္ခဏာသက်သာအောင်ကုသမှုမှာဒုတိယဖြစ်သည်။အရည်အိတ်ယောင်ခြင်း၏ကုသမှုသည်လည်း ဆင်တူသည်။အနားယူခြင်းရေခဲကပ်ခြင်းနှင့် လက်ခြေအားမြှောက်ထားခြင်းတို့လုပ်နိုင်သည်။အခြားကိုထုံးများတွင် အနာသက်သာစေသောလိမ်းဆေး၊ ကပ်စိုင်စင် လိမ်းဆေး(ဆေးဆိုင်တိုင်းတွင်ရသောအနာသက်သောစေသောဆေးဖြစ်ပြီး ကာရင်းပက်ပါပါဝင်သည်) နှင့်စတီးရွိုက်ပေးခြင်းတို့လုပ်နိုင်သည်။အကယ်၍အရည်အိတ်ယောင်ခြင်းက ရောဂါပိုးကြောင့်ဖြစ်ပါက သင့်တော်သော ပိုးသတ်ဆေးကိုပေးပါ။စတီးရွီုက်ထိုးခြငးကို အရည်အိတ်ယောင်ခြင်းတွင်သာသုံးသင့်သည်။ အရည်အိတ်ပိုးဝင်ခြင်းတွင်မသုံးသင့်ပါ အဘယ်ငြောင့်ဆိုသော် ခန္ဓုာကိုယ်မှရောဂါပိုးကိုတုံပြန်နိုင်စွမ်းကိုကျစေသောကြောင့်ဖြစ်သည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကထပ်ခါထပ်ခါလှုပ်ရှားခြင်းကြောင့်ဖြစ်သောထိခိုက်မှုများကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ထပ်ခါထပ်ခါလှုပ်ရှားခြင်းကြောင့်ဖြစ်သောထိခိုက်မှုများကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။လုံလောက်သော ပူစေအေးစေသည့်နည်းလမ်းများလုပ်ပါ( အရွတ် အရည်အိတ်များကျန်းမာစေရန်အရေးကြီးသည်)။ထိခိုက်မှုပြန်ဖြစ်စေသော လှုပ်ရှားမှုကိုရှောင်ပါ။အရွတ်ယောင်ခြင်းကော အရည်အိတ်ယောင်ခြင်းကိုပိုမြန်မြန်သက်သာစေသည်။ကပ်ကြေးသုံးခြင်းက ပိုနာစေ၍ရှောင်သင့်သည်။ အချို့သူများကကြိုက်ကြသည်။သင့်အလုပ်က ထပ်ခါထပ်ခါလှုပ်ရှားခြင်းကြောင့်ဖြစ်သောထိခိုက်မှုများကိုဖြစ်စေပါက အလုပ်အကိုင်မန်နေဂျာ သည် အလုပ်ပုံစံကိုပြောင်းပေးလုပ်မည်။လှုပ်ရှားမှုပါသောလေ့ကျင့်ခန်းများကိုလေ့ကျင့်ပါ။ အဓိကအားဖြင့် အရွတ်ယောင်ခြင်း။ လုပ်ဆောင်နိုင်ခြင်းကျခြင်းကိုသက်သာစေနိုင်သည်။ကြပ်စီး ကျောက်ပတ်တီးစီးခြင်းက အားကစားများ ဥပမာ တန်းနစ်ကစားခြင်း ဂေါက်ရိုက်ခြင်းတွင်ဖြစ်တတ်သော။အရွတ်ထိခိုက်မှုကိုသက်သာစေသည်။ ထိုကိရိယာများကို ဆိုင်တိုင်းသို့မဟုတ် သင့်ဆရာဝန်ထံမှရနိုင်သည်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/repetitive-motion-injuries-%e1%80%91%e1%80%95%e1%80%ba%e1%80%81%e1%80%ab%e1%80%91%e1%80%95%e1%80%ba%e1%80%81%e1%80%ab%e1%80%9c%e1%80%be%e1%80%af%e1%80%95%e1%80%ba%e1%80%9b%e1%80%be%e1%80%ac%e1%80%b8/
ကိုယ်ဝန်ဆောင်မေမေ ပျားရည် စားလို့ရလား
ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက် အနေအထိုင် အစစအရာရာ ဂရုစိုက်ရပါတယ်။ ဒီကာလမှာ တစ်ခုခု စားမယ်စဉ်းစားလိုက်တိုင်း တည့်ပါးမလားလို့ စဉ်းစားမိတာက အရင်ဟုတ်။ ဒီလိုစဉ်းစားမိတဲ့အထဲမှာ ကိုယ်ဝန်ဆောင်မေမေ ပျားရည် စားလို့ရလား  …. ဆိုတဲ့ မေးခွန်းလေးရော ပါလား။ ဒါဆိုရင်တော့ ဒီမေးခွန်းလေးရဲ့ အဖြေကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ကိုယ်ဝန်ဆောင်မေမေပျားရည် စားလို့ရလား  … ဆိုတော့ ရပါတယ်။ ပျားရည်က ပိုးမွှားကင်းပြီး ပျားရည် စစ်စစ်ဖြစ်ဖို့တော့ လိုပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပျားရည်စားတာက မေမေ့ကို ထိခိုက်စေတာမျိုး မရှိသလိုဗိုက်ထဲက ဘေဘီလေးကို ထိခိုက်စေတာမျိုးလည်း မရှိပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာပျားရည်စားလို့ရပေမယ့် ဘေဘီလေးကိုတော့ အသက် ၁ နှစ် မပြည့်မချင်း မကျွေးပါနဲ့နော်။ကလေးလေးတွေကို အသက် ၁ နှစ် မပြည့်ခင်မှာ ပျားရည် ကျွေးတာက အစာခြေစနစ်ကို ဘက်တီးရီးယားကြောင့် ထိခိုက်စေနိုင်လို့ပါ။ပျားရည်ကို တစ်နေ့ကို လက်ဖက်ရည်ဇွန်း ၄ ဇွန်းထက်မပိုတဲ့ ပမာဏ စားပေးလို့ ရပါတယ်။ ပျားရည်က အချိုဓာတ်ပါပြီးသား ဖြစ်တာကြောင့် ပျားရည်စားမယ်ဆိုရင် သကြားလျှော့စားပါ။ ဒါမှမဟုတ် သကြားအစားထိုးအနေနဲ့ စားနိုင်ပါတယ်။မေမေက ကိုယ်အလေးချိန်များသူဖြစ်နေမယ်ဆိုရင် အလွန်အကျွံမစားပါနဲ့။ ပျားရည်က သကြားပါဝင်တာကြောင့် များများစားရင် နောက်ပိုင်းမှာ ကိုယ်အလေးချိန် တက်စေနိုင်ပါတယ်။နောက်တစ်ခုကတော့ကိုယ်ဝန်ဆောင် ဆီးချိုရှိမယ်ဆိုရင် ပျားရည် မစားခင်မှာ  သွေးချိုတိုင်းသင့်ပါတယ်။ တက်နေချိန်ဆိုရင်တော့ မစားပါနဲ့။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးချိုမြင့်တက်တာ၊အဝလွန်တာတွေက မေမေရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်တာကြောင့်ပါ။ဒါ့ပြင် အလွန်အကျွံစားတဲ့အခါ တချို့ကိုယ်ဝန်ဆောင်တွေမှာ ဗိုက်ရစ်တာ၊ ဝမ်းလျှောတာ၊ လေပွတာ၊ ဝမ်းဗိုက်ပြဿနာလေးတွေ ဖြစ်တတ်တာကြောင့် သင့်တင့်တဲ့ ပမာဏပဲ စားသင့်ပါတယ်။ပျားရည်ဟာ အဓိကအားဖြင့်တော့ ရေ ၁၇ ရာခိုင်နှုန်းနဲ့ သကြားဓာတ် ၂ မျိုးဖြစ်တဲ့ ဖရက်စ်တို့ ၃၈ ရာခိုင်နှုန်း နဲ့ ဂလူးကို့စ် ၃၁ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဒါတွေအပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ အခြားသော အကျိုးပြု အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။အအေးမိတာ၊ ချောင်းဆိုးတာမျိုး ကျန်းမာရေးပြဿနာတွေကို သက်သာချင်ဆိုရင် ပျားရည် သောက်ပေးလို့ ရပါတယ်။ ပျားရည်က ပိုးသေစေတဲ့ သတ္တိရှိတာကြောင့် အအေးမိဖျားနာတာနဲ့ ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/pregnancy-mom-can-take-honey/
အလေးမ သမားတွေမှာ လက်မောင်းနဲ့ တံတောင်ဆစ်နာကျင်ခြင်းကို ဘယ်လိုကုသမလဲ
တကယ်လို့ သင်ဟာ အလေးမသမားတယောက်ဖြစ်ရင် ဒါမှမဟုတ် အလေးမအားကစားကို ဝါသနာပါရင် ထိခိုက်ဒါဏ်ရာရမှု၊နာကျင်မှုတွေ (အထူးသဖြင့် တံတောင်နဲ့ လက်မောင်း)ကို အခြားသူတွေထက်ပိုပြီး တွေ့ကြုံခံစားရနိုင်ပါတယ်။ဒီလို နာကျင်ခြင်းကြောင့် သင့်အနေနဲ့ အလေးဆက်မ,မနိုင်တော့တာမျိုး ဖြစ်လာနိုင်တဲ့အပြင် ပုံမှန်လှုပ်ရှားသွားလာမှုတွေကိုပါ ထိခိုက်လာတတ်ပါတယ်။ ဒါကြောင့် တံတောင်ဆစ်နာကျင်ခြင်းကို ကုသပေးနိုင်မယ့် နည်းလမ်းလေးတွေကို ဒီဆောင်းပါးမှာ မျှဝေပေးပါမယ်။ထိခိုက်ဒါဏ်ရာရနေတဲ့ သင့်တံတောင်ဆစ်ကို အနားပေးဖို့ အရေးကြီးပါတယ်။ ဒါဟာ သင့်အားကစားလှုပ်ရှားမှုကို ရပ်လိုက်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သင့်အနေနဲ့ အလေးမအားကစားကို ဆက်လုပ်နိုင်ပါတယ်။ဒါပေမယ့် တံတောင်ဆစ်ကိုတော့ မသုံးပါနဲ့။ သင့်တံတောင်ဆစ်လုံးဝ ပြန်လည်ကောင်းမွန်သွားရင်တော့ လက်မောင်းနဲ့လက်တို့ကို အသုံးပြုပြီး အလေးဆက်,မ လို့ရပါပြီ။ ဒါဏ်ဖြစ်နေတဲ့ တံတောင်ဆစ်မှာ နာကျင်မှုကို ခံစားရရင် လုံးဝ အလေးမ,မ ပါနဲ့။ အလေးထပ်တင်ရင် သင့်နာကျင်မှုက ပိုဆိုးလာမှာ ဖြစ်တာကြောင့် ချက်ချင်းရပ်နားရပါမယ်။ရေခဲကပ်ခြင်းအားဖြင့် ရောင်ရမ်းနာကျင်မှုတွေကို သက်သာလျော့ပါးစေပါတယ်။ တခါကပ်ရင် ဆယ့်ငါးမိနစ်ကနေ မိနစ်နှစ်ဆယ်လောက် ကပ်ပေးရမှာဖြစ်ပြီး တနေ့ကို လေးငါးကြိမ်လောက် ကပ်နိုင်ပါတယ်။ ဒီထက်တော့ ပိုမကပ်သင့်ပါဖူး။တစ်ရှုးတွေကို ထိခိုက်နိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင့်တံတောင်ဆစ်ကို ရေခဲတိုက်ရိုက်ကပ်ခြင်းဟာ အလွန်အမင်းအေးစေပြီး အရေပြားကို ထိခိုက်စေနိုင်တဲ့အတွက် ရေခဲအိတ်နဲ့ ကပ်ခြင်း ဒါမှမဟုတ် အဝတ်ပါးလေးနဲ့ အုပ်ပြီးကပ်ခြင်းတို့ကို ပြုလုပ်ပေးရပါမယ်။ခန္ဓါကိုယ်အပေါ်ပိုင်းက ကြွက်သားတွေကို အဓိကထားပြီး နှိပ်နယ်ပေးပါ။ တခါတရံ ကြွက်သားတွေ ဒါဏ်ဖြစ်ခြင်း၊အလွန်အကျွံညှစ်ရခြင်းကြောင့်လည်း နာကျင်မှုဝေဒနာကို ခံစားရနိုင်ပါတယ်။ နှိပ်နယ်ပေးခြင်းဟာ သင့်ကြွက်သားတွေကို ပြေလျော့စေတဲ့အတွက် နာကျင်မှုတွေကို သက်သာစေပါတယ်။နှိပ်နယ်ပေးခြင်းဟာ သင့်စိတ်နဲ့ခန္ဓါနှစ်ခုလုံးကို အပန်းပြေစေပါတယ်။ ဒါကြောင့် နှိပ်နယ်ပေးခြင်းဟာ တံတောင်ဆစ်နာကျင်ခြင်းအတွက် အကျိုးမရှိဖူးဆိုရင်တောင် စိတ်ဖိစီးမှုတွေကို လျော့ပါးစေနိုင်ပါတယ်။ ဆေးရုံ ဒါမှမဟုတ် ကျန်းမာရေးစင်တာတွေမှာ နှိပ်နယ်မှုကို ခံယူနိုင်ပါတယ်။ထိခိုက်ဒါဏ်ရာ ရမှုတွေကနေ ကာကွယ်နိုင်ဖို့ ကျွမ်းကျင်တဲ့ နည်းပြနဲ့ လေ့ကျင့်ဖို့ လိုအပ်ပါတယ်။ နည်းပြကောင်းတယောက်ကို အားကစားခန်းမမှာ ရှာလို့ရပြီး မှန်ကန်တဲ့ နည်းစနစ်တွေကို အသုံးပြုပြီး အလေးမနိုင်ဖို့ သင့်ကို သူတို့က လေ့ကျင့်သင်ကြားပေးပါလိမ့်မယ်။သင့်တံတောင်ဆစ်ကို ထိခိုက်မှုအနည်းဆုံး၊ဖိအားအနည်းဆုံးဖြစ်စေမယ့် ပုံစံကို သင်ကြားပေးမှာပါ။ ဒါဆိုရင် ထိခိုက်ဒါဏ်ရာရခြင်း၊ဒါဏ်ဖြစ်ခြင်းတွေကို လျှော့ချနိုင်မှာပဲ ဖြစ်ပါတယ်။နည်းပြငှားတဲ့အတွက် ငွေကုန်ကြေးကျအနည်းငယ် ပိုလာမှာ မှန်ပေမယ့် ထိခိုက်ဒါဏ်ရာ ရမှုတွေကို လျှော့ချပေးနိုင်မှာ ဖြစ်တဲ့အပြင် ထိခိုက်ဒါဏ်ရာ ရခဲ့ရင်လည်း မှန်ကန်သင့်တော်တဲ့ နည်းလမ်းတွေကို အသုံးပြုပြီး သင့်ကို ကုသပေးမှာဖြစ်တာကြောင့် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာမှာပဲ ဖြစ်ပါတယ်။အကြောလျှော့လေ့ကျင့်ခန်းတွေ လုပ်ပေးခြင်းအားဖြင့် သင့်ခန္ဓါကိုယ်ကို ပျော့ပြောင်းစေမှာဖြစ်တဲ့အပြင် လှုပ်ရှားမှုတွေကိုလည်း ကောင်းမွန်လာစေမှာပါ။ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်ရဲ့ အကူအညီကိုတော့ ယူရပါမယ်။တရက်ကို အနည်းဆုံး တကြိမ်လောက်တော့သင့်တံတောင်ဆစ်ကို ဆန့်ပေးသင့်၊ဖြေလျှော့ပေးသင့်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေဟာ သင့်လက်မောင်းကြွက်သားအပါအဝင် အခြားသောတစ်ရှုးတွေကိုပါ သန်စွမ်းလာစေနိုင်ပါတယ်။ ဒါဆိုရင် သင့်အနေနဲ့ အလေးအပင်တွေကို ပိုမိုလွယ်ကူစွာ မ,နိုင်မှာပဲ ဖြစ်ပါတယ်။ကနဦးမှာတော့ သင်ဟာ နာကျင်မှုကို ခံစားရမှာဖြစ်ပြီး လှုပ်ရှားမှုကို သင့်ကြွက်သားတွေ အသားကျလာတာနဲ့အမျှ နာကျင်ခြင်းက တဖြည်းဖြည်း လျော့ပါးသွားမှာပါ။ ဒါပေမယ့် ပြင်းပြင်းထန်ထန်ကြီး နာကျင်နေတယ်ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်တာကို ချက်ချင်းရပ်လိုက်သင့်ပြီး ဆရာဝန်ဆီ သွားရောက်ပြသရမှာ ဖြစ်ပါတယ်။လက်မောင်းနဲ့ တံတောင်ဆစ်နာကျင်ခြင်းဟာ သင့်လှုပ်ရှားမှုတွေကို ထိခိုက်စေတဲ့အတွက် အင်မတန် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ ရိုးရှင်းတဲ့ နည်းလမ်းလေးတွေကို အသုံးပြုပြီး နာကျင်ခြင်းကို ထိန်းချုပ်နိုင်ပါတယ်။ အခြေအနေဆိုးရွားလာရင်တော့ ဆရာဝန်နဲ့ အချိန်မှီ ပြသဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေရောက်နေပေမယ့် အိမ်မှာပဲ ဆက်ကုနေမယ်ဆိုရင် အခြေအနေက ပိုဆိုးလာဖို့ပဲ ရှိပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%a1%e1%80%9c%e1%80%b1%e1%80%b8%e1%80%99-%e1%80%9e%e1%80%99%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%9c%e1%80%80%e1%80%ba%e1%80%99%e1%80%b1%e1%80%ac%e1%80%84/
Cervical fracture (လည်ပင်းရိုးကျိုးခြင်း)
လည်ပင်းမှာရှိတဲ့ အရိုးခုနှစ်ခုဟာ လည်ပင်းကျောရိုးဆစ်တွေဖြစ်ကြပါတယ်။ ဒီကျောရိုးမထဲက လည်ပင်းရိုးတွေဟာခေါင်းကို အထောက်အကူပြ ုပြီး ပုခုံနဲ့ ခန္ဓါကိုယ်ကို ဆက်သွယ်ပေးထားပါတယ်။ လည်ပင်းကျောရိုးဆစ်တွေတစ်ခု ကျိုးတာပဲ့တာမျိုးဖြစ်ခဲ့ရင် များသောအားဖြင့် ဇက်ကျိုးခြင်းလု့ိခေါ်ပါတယ်။ ကျောရိုးမကြီးကို ထိခိုက်ဒဏ်ရာရခဲ့ပါက နောက်ဆက်တွဲဆိုးကျိ ုးတွေအများကြီးရှိလာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အာရုံကြောမ စနစ်က ဦးနှောက်ရယ် ခန္ဓါကိုယ်ရယ်ကို ဆက်သွယ်ထားပြီး ကျောရိုးဆစ်တွေ ကြားကနေဖြတ်သွားရ။တာကြောင့်ဖြစ်ပါတယ်။ အာရုံကြောမကြီးကို ထိခိုက်မိပါကလေဖြတ်ခြင်းဖြစ်နိုင်ပြီး သေတဲ့အထိဖြစ်နိုင်ပါတယ်။လည်ပင်းကျောရိုးဆစ်တွေထဲက တစ်နေရာရာကို ထိခိုက်မိပါက လည်ပင်းအောက်ကစပြီး ခန္ဓါကိုယ်တစ်ခုလုံး ယာယီ သို့မဟုတ် အမြဲတမ်း အကြောသေတာမျိုးဖြစ်နိုင်ပါတယ်။အတွေ့ရများပါတယ်။ အထူးသဖြင့် အားကစားသမားတွေမှာတွေ့ရတတ်ပါတယ်။ အခြားအချက်အလက်တွေသိရဖို့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။လည်ပင်းက အရိုးဆစ်တစ်ခုကျိုးသွားပါက ပထမဆုံးတွေ့ရမယ့်လက္ခဏာကတော့ လည်ပင်းနာခြင်းဖြစ်ပါတယ်။ ဒီလိုဖြစ်။တာကအာရုံကြောတွေကို ထိခိုက်မိပါက အာရုံကြောနဲ့ဆိုင်တဲ့ လက္ခဏာတွေနဲ့ တွဲနိုင်သလိုသို့်မဟုတ် အားပျော့သလိုဖြစ်တာတွေဖြစ်နိုင်ပါတယ်။ လည်ပင်းရိုးကျိ ုးတာနဲ့တွဲပြီး ခန္ဓါကိုယ်ရဲ့ တစ်ခြားနေရာတွေဖြစ်နိုင်သလို သို့မဟုတ် အာရုံကြောနာဗ့်ကြောမကြီးမှာ ထိခိုက်ဒဏ်ရာတွေရနိုင်တာကြောင့် သတိအကြီးကြီးထားရပါမယ်။ဒဏ်ရာရတဲ့ အနေအထားမျိ ုးမှာ လည်ပင်းကို ဓါတ်မှန်မရိုက်ကြည့် ရသေးခင် သို့မဟုတ် ဆရာဝန်နဲ့မပြရသေးခင်အထိ လုံးဝမလှုပ်ပဲထားသင့်ပါတယ်။ အရေးပေါ်ဌာနက လူတွေက သတိလစ်နေတဲ့လူနာမျိုးမှာလည်း လည်ပင်းဒဏ်ရာရတယ်လို့ယူဆပြီး အဲ့လိုဆက်လက်လုပ်ဆောင်ပါမယ်။ လူနာက ရုတ်တရက် လျှော့ခ် ရသွားပြီး ယာယီ သို့မဟုတ်အမြဲတမ်း အကြောသေခြင်းတွေ ခံစားရနိုင်ပါတယ်။လည်ပင်းရိုးကျိုးခြင်းဟာ များသောအားဖြင့် အရမ်းပြင်းအားများတဲ့ ထိခိုက်ဒဏ်ရာရခြင်းတွေ ဖြစ်တဲ့ ဆိုင်ကယ်၊ကား။တိုက်ခြင်း ပြ ုတ်ကျခြင်းတို့ကနေဖြစ်တတ်ပါတယ်။ ဖြစ်တတ်တဲ့အရာတွေကတော့ –။-ဘောလုံးကစားသမားတစ်ယောက်ဟာ သူ့ခေါင်းနဲ့ တစ်ခြားတစ်ယောက်ကို တိုက်မိတဲ့အခါ။-ရေခဲပြင်ဟော်ကီကစားသမားတစ်ယောက်ဟာ နောက်မှာညှပ်နေခဲ့ပြီး ဘုတ်ပြားနဲ့ထိခိုက်မိတဲ့အခါ။-ကျွမ်းဘားကစားသမားတစ်ဦးမှ အမြင့်ကနေလွှဲပြီး တစ်ဖက်ကြိုးကိုလှမ်းဆွဲတဲ့အခါ မမှီလိုက်ပဲ ပြ ုတ်ကျတတ်တာမျိုး။-ဒိုင်ဗင်ထိုးတဲ့လူတစ်ယောက်ဟာ ရေကူးကန်တိမ်တိမ်ကိုဒိုက်ထိုးပြီး ခေါင်းနဲ့ခိုက်မိတဲ့အခါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရုတ်တရက် လည်ပင်းကို ထိခိုက်ဒဏ်ရာရပြီး သတိမလစ်တဲ့လူနာဟာ လည်ပင်းနာခြင်း ရှိချင်မှရှိမှာပါ။ သူတို့တွေဟာနာခဲ့ရင်လည်း နာကျင်မှုဟာ လည်ပင်းကနေ ပုခုံးသို့မဟုတ်လက်မောင်းထိရောက်သွားတတ်ပါတယ်။ ဘာလို့လဲဆိုတော့-။ကျောရိုးဆစ်တစ်ခုခုက အာရုံကြောကို သွားဖိသလိုဖြစ်လို့ပါ။ တစ်ခါတစ်လေမှာ ဂုတ်ပိုးနေရာမှာ အညိုအမည်းစွဲခြင်း နဲ့ရောင်ခြင်းတွေရှိတတ်ပါတယ်။ ဆရာဝန်ကနေပြီးတော့ အာရုံကြောစနစ်တွေနဲ့လုပ်ဆောင်မှုတွေကောင်းမကောင်းသိဖို့ ပြည့်စုံတဲ့ အာရုံကြော စနစ်စမ်းသပ်ခြင်းကို ပြ ုလုပ်ပါမယ်။ နောက်ပြီး CT ,MRIတို့ရိုက်ကြည့်ပြီး ဘယ်အခြေအနေထိထိခိုက်သွားသလဲဆိုတာ ဆုံးဖြတ်ပါလိမ့်မယ်။ကုသမှုကတော့ လည်ပင်းကျောရိုးဆစ်ခုနှစ်ခုထဲက ဘယ်ဟာကျိုးတာလဲဆိုတာပေါ်မူတည်တာရယ် ဘယ်လောက်ထိ။ပြင်းထန်လဲဆိုတာပေါ်မူတည်ပြီး ကွဲပြားပါတယ်။ သိပ်မဆိုးတဲ့ အသာလေးကျုိးရုံမျိုးဆိုပါက လည်ပင်းထောက်တဲ့ ဒေါက်လိုဟာမျိုးကို ၆ပတ်မှ ၈ပတ်အထိ ဝတ်စေပြီး လည်ပင်ရုးဆက်တဲ့အထိစောင့်ပါတယ်။ ရှုပ်ထွေးတဲ့ သို့မဟုတ် ပြင်းထန်တဲ့ ကျိုးမှုတွေကတော့ အလေးဆွဲဖို့လိုခြင်း သို့မဟုတ် ခွဲစိတ်ဖို့လိုခြင်း ၂လမှ ၃လလောက် ကျောက်ပတ်တီးကိုင်ပြီး ငြိမ်နေရခြင်း သို့မဟုတ် ဒါတွေအားလုံးပေါင်းပြီးကုသဖို့အထိလိုအပ်နိုင်ပါတယ်။အားကစားသမားတွေရဲ့ အားကစားပစ္စည်းတွေကို တိုးတက်ကောင်းမွန်အောင်လုပ်ပေးခြင်း၊ နည်းလမ်းတွေကို ပြောင်းလဲ။ခြင်းနဲ့ အားကစားနဲ့ဆိုင်တဲ့ လည်ပင်းရိုးကျိုးခြင်းတွေကို လျှော့ချနိုင်ခဲ့တာ လွန်ခဲ့တဲ့နှစ် ၂၀ထဲကပါပဲ။ သင်က သင့်ကိုယ်သင်နဲ့သင့်မိသားစုကို ကာကွယ်ရာမှာကူညီနိုင်ပါတယ်။ တကယ်လို့-။-ကားမောင်းတဲ့အခါ သို့မဟုတ် ကားစီးတိုင်း ခါးပတ်တပ်ပါ။-ရေတိမ်တဲ့ရေကူးကန် မှာဒိုက်မထိုးပါနဲ့၊လူငယ်တွေရေကူး။တာ ဒိုက်ထိုးတာတွေမှာလည်း သေချာ စောင့်ကြပ်ကြည့်ရှုပါ။-အားကစားလုပ်ရာမှာလည်း မှန်ကန်တဲ့ အားကစားအကာအကွယ်တွေအသုံးပြ ုပြီး ၊စည်းကမ်းချက်တွေကိုလိုက်နာပြီး။သတိထားနေရပါမယ်။(တကယ်လို့ သင့်ဆီမှာမေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံးအဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/cervical-fracture-%e1%80%9c%e1%80%8a%e1%80%ba%e1%80%95%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba/
လေဖြတ်ခြင်းကို ကာကွယ်နိုင်သော နေထိုင်မှုပုံစံ အပိုင်း ၁
လေဖြတ်ခြင်းဖြစ်ပွားနိုင်ခြေတွေမှာ မပြောင်းလဲနိုင်တဲ့ အသက်အရွယ်ကြီးခြင်းနဲ့ မိသားစုရာဇဝင် ပါဝင်ပေမယ့် သင်ရှောင်ရှားနိုင်တဲ့ အချက်တွေလည်း ရှိနေပါတယ်။ လေဖြတ်ခြင်းကို ကာကွယ်ဖို့အတွက် သင့်ဘဝကို အပြုသဘောဆောင်တဲ့ ပြောင်းလဲခြင်း လုပ်ဆောင်ရပါမယ်။ သင်စတင်နိုင်ဖို့အောက်ပါအချက်တွေကို လေ့လာကြည့်ပါ။၁။ သွေးပေါင်ချိန်ကို ထိန်းပါ။သွေးတိုးခြင်းကို ထိရောက်စွာ မကုသရင် လေဖြတ်နိုင်ခြေ မြင့်စေပါတယ်။ ဟားဗတ်ဆေးတက္ကသိုလ်မှ ဒေါက်တာ နာတလီယာရို့စ်ရဲ့ အဆိုအရ သေါးပေါင်တက်ခြင်းဟာ အမျိုးသားတွေမှာရော အမျိုးသမီးတွေ အပေါ်မှာပါ ကြီးစွာသောသက်ရောက်မှု ရှိပါတယ်။ ရှိသင့်တဲ့ သွေးပေါင်ချိန်ကတော့ ၁၂၀/၈၀ ဖြစ်ပါတယ်။ တခါတရံမှာ ၁၄၀/၉၀ ကလည်း လက်ခံစရာဖြစ်ပါတယ်။ ဒိရည်မှန်းချက်ကို ဖြည့်ဆည်းဖို့ သင့်စားသောက်မှုပုံစံကို အောက်ပါအတိုင်း ပြောင်းလဲပေးနိုင်ပါတယ်။၂။ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း။အဝလွန်သူများဟာ လေဖြတ်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် သင်ကိုယ်အလေးချိန်များလာတဲ့အခါ ပိုနေတဲ့ အလေးချိန်ကို လျှော့ချသင့်ပါတယ်။ BMI ညွှန်ကိန်းဟာ ၂၅ အောက် နည်းသင့်ပါတယ်။ ဒီလိုဖြစ်အောင်-။၃။ လေ့ကျင့်ခန်းပိုမိုလုပ်ဆောင်ခြင်း။လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်အလေးချိန်နဲ့ သွေးပေါင်ချိန်ကို ထိန်းနိုင်ရုံသာမက လေဖြတ်နိုင်ခြေပါ လျော့ကျစေပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ အားကစားသမားထိ ဖြစ်စရာ မလိုပါဘူး။ တပတ်မှာ ၅ရက်လောက် တော်သင့်ရုံ လေ့ကျင့်ခန်းလုပ်ရင် လုံလောက်ပါတယ်။ ပိုပြီး စိတ်ပါအောင် လမ်းအတူလျှောက်ဖို့ မိတ်ဆွေတယောက်ကို စည်းရုံးပါ။ သင် အသက်ရှူမြန်လာပြီး စကားပြောနိုင်သေးတဲ့ထိ လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ လုပ်စရာရှိတာတွေ ပြည့်ကြပ်နေရင် အလုပ်ကိုအချိန်တွေခွဲလုပ်ပြီး အားလပ်ချိန်ရအောင် စီမံပါ။သင့်နေထိုင်မှုပုံစံကို အနည်းငယ် ချိန်ညှိခြင်းဟာ လေဖြတ်နိုင်ခြေကို လျှော့ချရုံသာမက အလုံးစုံသော ကျန်းမာရေးကို တိုးတက်စေပါတယ်။ လေဖြတ်ခြင်းဟာ သက်ကြီးပိုင်းတွေနဲ့ပဲဆိုင်တဲ့ ကိစ္စမဟုတ်တော့ပါဘူး။ ယနေ့အခါမှာ ကလေးငယ်တွေတောင် ဖြစ်နေကြပါတယ်။ ဒါကြောင့် အသက်အရွယ် ဘယ်လောက်ပဲဖြစ်ဖြစ် ကျန်းမာစွာနေထိုင်ချင်ရင် အခုချိန်ကစလို့ ပြောင်းလဲမှုတွေ လုပ်သင့်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/%e1%80%b1%e1%80%9c%e1%80%bb%e1%80%96%e1%80%90%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%81%81/
အမျိုးသားတစ်ဦးမှာ ရှိသင့်တဲ့ သုက်ပိုးအရေအတွက်
သုက်ပိုးဆိုတာကအမျိုးသားတွေအတွက် အရေးပါတဲ့အရာတစ်ခုပါ။ သုက်ပိုးအရေအတွက်က ပြည့်ဝနေမှ သားသားမီးမီးလေးတွေကို ရရှိနိုင်မှာပါ။ ဒီတစ်ခေါက်တော့ အမျိုးသားတွေရဲ့မျိုးဆက်ပွားကျန်းမာရေးအတွက်အရေးပါတဲ့ သုက်ပိုးလေးတွေအကြောင်းကို ပြောပြပေးသွားပါမယ။သုကပိုးဆိုတာအမျိုးသား မျိုးပွားအင်္ဂါထဲက သုက်ရည်တွေထဲမှာရှိတဲ့ မျိုးပွားဆဲလ်လေးတွေပါ။ ပျမ်းမျှအားဖြင့် ကျန်းမာတဲ့ အမျိုးသားတစ်ယောက်မှာ သုက်ပိုးက ၄၀ ကနေ ၃၀၀ million sperm per ml လောက်အထိရှိနိုင်ပါတယ်။ဒီသုက်ပိုးလေးတွေကသန္ဓေအောင်စေဖို့အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေကြတာဖြစ်ပါတယ်။ အမျိုးသားသုတ်ပိုး အကောင်ရေလုံလောက်မှသာ သားသမီးလေးတွေ ရရှိနိုင်မှာပါ။ ဒါ​ကြောင့်အမျိုးသားတွေအနေနဲ့ ပုံမှန် လုပ်ဆောင်သင့်တဲ့ကျန်းမာရေး စစ်ဆေးမှုတွေထဲမှာ သုက်ပိုးအရေအတွက် စစ်ဆေးတာကလည်း မဖြစ်မနေ ထည့်သွင်းဖို့ လိုအပ်မယ့်အရာပါ။အမျိုးသားတွေအတွက် သုက်ပိုးပြည့်ဝဖို့အရေးကြီးပါ။ သုက်ပိုးက အမြဲ ပြည့်ဝနေတာတော့ မဟုတ်ပါဘူး။ နေ့စဉ် လုပ်ဆောင်နေတ့ အလေ့အထတွေ၊ အစားအသော်ကတွေကြောင့်။အမျိုးသားတွေမှာ ပုံမှန်အားဖြင့် ရှိသင့်တဲ့ သုက်ပိုးအရေအတွက်က ၄၀ ကနေ  ၃၀၀ million sperm per milliliter (ml) ပါ။ ဒီအရေအတွက်ကို သိရှိနိုင်ဖို့က တတ်ကျွမ်းသူတွေရဲ့ အကူအညီနဲ့ ဓာတ်ခွဲခန်းမှာ စစ်ဆေးဖို့ လိုပါမယ်။ ဒီလိုစစ်ဆေးတဲ့အခါမှာလည်း ဓာတ်ခွဲခန်းအပေါ်လိုက်ပြီး စစ်ဆေးမှုရလဒ် ကွာခြားနိုင်ပါတယ်။အမျိုးသားတွေအနေနဲ့ သုက်ပိုးက ပျမ်းမျှရှိသင့်တဲ့ အရေအတွက်လောက်ပဲရှိနေတာ၊ ရှိသင့်တဲ့ ပမာဏထက် နည်းနေမယ်ဆိုရင် သန္ဓေ မအောင်တာမျိုး ခံစားရနိုင်ပါတယ်။အမျိုးသားတစ်ဦးမှာ သုက်ပိုးအရေအတွက်က ၁၀ million sperm per ml ပဲရှိနေမယ်ဆိုရင်  သုက်ပိုးကရှိသင့်တဲ့ ပမာဏထက် နည်းနေတာပါ။ သုက်ပိုးက ရှိသ်င့တဲ့ ပမာဏထက် နည်းနေမယ်ဆိုရင်မျိုးအောင်နိုင်စွမ်းကျဆင်းနေမှဖြစ်ပြီး ကလေးရရှိဖိုပ မလွယ်ပါဘူး။အမျိုးသားနဲ့အမျိုးသမီး အတူနေတဲ့အခါ တစ်ခါတည်း ထိုးသွင်းဆက်ဆံရုံနဲ့ သုက်ပိုးတွေကမမျိုးဥတွေဆီကို မရောက်နိုင်သလို မျိုးအောင်ဖို့လည်း မဖြစ်နိုင်ပါဘူး။မျိုးအောင်နိုင်စွမ်းအပေါ် နောက်ထပ် သက်ရောက်နေတဲ့ အချက်တစ်ခုက သုက်ပိုး အရေအတွက်အပြင် သုက်ပိုးအရည်အသွေးပါ။ သုက်ပိုးက ပုံစံကောင်း ရှိမယ်။ အရွယ်အစားက ကောင်းမွန်မယ်။ ကူးခတ်နိုင်စွမ်း ကောင်းမယ်ဆိုရင် မျိုးအောင်နိုင်စွမ်းက မြင့်ပါတယ်။သုက်ပိုးအရေအတွက်က ၃၀၀ million sperm per ml ရှိနေမယ်ဆိုရင်တော့ သုက်ပိုးအရေအတွက်က ပြည့်ဝတယ်ဆိုတာထက်ကို ပိုနေတာပါ။ ဒီလိုဆိုတာနဲ့ သန္ဓေအောင်နိုင်စွမ်း မြင့်နေပြီလို့တော့ မဆိုသာသေးပါဘူး။ အခြားလိုအပ်မယ့်အချက်တွေဖြစ်တဲ့ သုက်ပိုးက ပုံစံကောင်း ရှိမယ်။ အရွယ်အစားက ကောင်းမွန်မယ်။ ကူးခတ်နိုင်စွမ်း ကောင်းမယ်ဆိုတဲ့ အချက်တွေက လိုအပ်ဦးမှာပါ။သုက်ပိုးအရေအတွက်ကို စစ်ဆေးတဲ့အခါ။Total volume–  ရှိသင်တဲ့ သုက်ရည်ပမဏက 2-4 mL ပါ။ သုက်ပိုး အရေအတွက် စစ်ဆေးတဲ့အခါ သုက်ရည်ပမာဏ အရမ်းနည်းနေတာက သုက်ရည်ထုတ်လုပ်မှုမှာ ပြဿနာရှိနေတယ်လို့ ဖော်ပြနေတာဖြစ်ပြီး ဆီးကျိတ်ပြဿနာ၊ သုက်ပို့ပြွန်ပိတ်နေတာကို ခံစားနေရတာ ဖြစ်နိုင်ပါတယ်။Sperm count– သုက်ပိုးအရေအတွက်က ပုံမှန်အားဖြင့် 40 million to 300 million sperm per mL ရှိရမှာပါ။ တကယ်လို့ သုက်ပိုးအရေအတွက်က 15 million sperm per mL ဆိုရင် ပုံမှန်လို့ ယူဆရမှာဖြစ်ပြီး 20 million to 30 million sperm per mL ဆိုရင်တော့ အခြား ပြည့်စုံရမယ့် သုက်ပိုးအချက်အလက်တွေနဲ့ ပြည့်စုံမယ်ဆိုရင် သားသမီးရရှိနိုင်ပါတယ်။Motility and velocity– ပုံမှန်အားဖြင့် သုက်ပိုးလေးတွေရဲ့ ၄၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက်က ရွှေ့လျားနိုင်ရမှာဖြစ်ပါတယ်။ သုက်ပိုးရွှေ့လျားနိုင်မှုကို 0 ကနေ 4 အထိ သတ်မှတ်ထားပြီး ကလေးရရှိဖို့ဆိုရင် 2 ထက် ပိုရပါမယ်။Morphology– သုက်ပိုးတွေရဲ့ ၄ ရာခိုင်နှုန်းလောက်က ပုံမှန်ရှိသင့်တဲ့ ပုံစံရှိရမှာဖြစ်ပြီး ကူးခတ်နိုင်စွမ်းနဲ့ မျိုးအောင်နိုင်စွမ်းလည်းရှိရပါမယ်။ သုက်ပိုးတွေရဲက ၁၄ ရာခိုင်နှုန်းကျော်က ပုံမှန်ရှိသင့်တဲ့ အရွယ်အစား နဲ့ ပုံစံကို ပိုင်ဆိုင်ထားမှသာ ကလေးရရှိနိုင်မှာပါ။Seminal fructose –သုက်ရည်ထဲမှာ သုက်ပိုး မပါလာဘူးဆိုရင်တော့ သုက်ပို့ပြွန်ပိတ်ဆို့နေတာဖြစ်နိုင်သလို သုက်ပို့ပြွန် အနေအထား မမှန်တာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ဒီစစ်ဆေးမှုတွေကနေ တွေ့ရှိရတဲ့ ရလဒ်တွေအပေါ်မူတည်ပြီး။သုက်ပိုးတွေကျန်းမာစေဖို့အတွက် ဒါတွေကို လိုက်နာဖို့လိုပါမယ်။အမျိုးသားတွေအနေနဲ့ ကျန်းမာတဲ့ သုက်ပိုးအရေအတွက်ရရှိစေဖို့အတွက် နေထိုင်မှုပုံစံ ထိန်းသိမ်းတာ၊ စားသောက်မှုပုံစံ ဂရုစိုက်တာ၊ စိတ်ဖိစီးမှုကို လျှော့ချတာတွေ လုပ်ဆောင်ဖို့ လိုပါမယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-hormone-issues/%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%90%e1%80%85%e1%80%ba%e1%80%a6%e1%80%b8%e1%80%99%e1%80%be%e1%80%ac-%e1%80%9b%e1%80%be%e1%80%ad%e1%80%9e%e1%80%84/
အဝတ်အစားကြောင့် ဖြစ်တဲ့ ဓာတ်မတည့်ခြင်းအကြောင်း
ပုံမှန်အားဖြင့် ဘေးအန္တရာယ်မပြုတဲ့ အရာတစ်ခုက ကျွန်တော်တို့ရဲ့ကိုယ်ခံအားစနစ်နဲ့ ငြိစွန်းသွားတဲ့အခါ ဓာတ်မတည့်ခြင်း ဖြစ်နိုင်ပါတယ်။ မြေပဲ၊ပျားရည်၊ ကြက်ဥ၊ ဖုန်မှုန့်တွေက အဖြစ်များတဲ့ ဓာတ်မတည့်ပစ္စည်းတွေဖြစ်ပြီး ရှားရှားပါးပါးအနေနဲ့ အဝတ်အစားကို ရက်လုပ်ထားတဲ့ Polyester လို့ခေါ်တဲ့ အထည်သားကြောင့် ဓာတ်မတည့်တာမျိုးလည်း ရှိပါတယ်။ဓာတ်မတည့်တဲ့အခါ တွေ့ရတဲ့ လက္ခဏာတွေက ပုံစံချင်းဆင်တူကြပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့။ဓာတ်မတည့်အခြေအနေပေါ် မူတည်ပြီး လက္ခဏာရဲ့ ပြင်းထန်မှုက တစ်ယောက်နဲ့ တစ်ယောက် တူနိုင်မှာမဟုတ်ပါဘူး။Polyester ဆိုတာကတော့ ပုံမှန်ချည်သား၊ နိုင်လွန်သားလို လက်နဲ့ ရက်လုပ်ထားတာမျိုးမဟုတ်ဘဲ ဓာတုဗေဒနည်းပညာတွေနဲ့ လုပ်ထားတဲ့ အထည်သားဖြစ်ပါတယ်။ များသောအားဖြင့် အမျိုးသားအတွင်းခံတွေ၊ ဘောင်းဘီတွေကို ရက်လုပ်တဲ့ အထည်သားဖြစ်ပြီး အရေပြားနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့အခါ။ကျပ်လွန်းတဲ့အတွင်းခံဝတ်တာ၊ မနက်ကနေ ညအထိ မချွတ်မလဲဘဲ ဒီအတိုင်းနေတာ၊ အဝလွန်တာ၊ ချွေးတွေနဲ့ စိုညစ်ညစ်ဖြစ်နေတာ၊ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတဲ့အခါမှာလည်း ဓာတ်မတည့်လက္ခဏာက ပိုဆိုးနိုင်ပါတယ်။အရေပြားနဲ့ တိုက်ရိုက်ထိတွေ့ပြီးမှ ဖြစ်လာတဲ့ Polyester ဓာတ်မတည့်ခြင်းဟာ အရေပြားကိုသာ အဓိကဒုက္ခပေးတာဖြစ်ပါတယ်။ လက္ခဏာတွေဟာ ထင်သာမြင်သာရှိတဲ့အတွက် ကိုယ့်မှာ ဒီအထည်သားနဲ့ ဓာတ်မတည့်ဘူးဆိုရင် တန်းသိနိုင်ပါတယ်။ လက်ရှိအချိန်ထိ Polyester ဓာတ်မတည့်ခြင်းအတွက် ကုသလို့ရတဲ့ နည်းလမ်းတွေတော့ မရှိသေးပါဘူး။အကောင်းဆုံးက Polyester အထည်သားနဲ့ လုပ်ထားတာ မှန်သမျှ အရေပြားနဲ့ တိုက်ရိုက်မထိဖို့ကို ဂရုစိုက်ရပါမယ်။ Polyester အထည်သားကို အမျိုးသားအတွင်းခံတွေအပြင်အားကစားသုံး အဝတ်အထည်တွေ၊ ညဝတ်အကျီ၊ စကပ်၊ ကော်ဇော၊ အိပ်ရာခင်းတွေမှာ တွေ့နိုင်ပါတယ်။Polyester ဓာတ်မတည့်ခြင်း ကိုယ့်မှာရှိတယ်လို့ သိထားပြီဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သောက်လို့ရမယ့် ဆေးတွေ၊ အရေပြားအတွက် လိမ်းဆေးတွေကို ညွှန်းခိုင်းလို့ရပါတယ်။ လိမ်းဆေးမလိမ်းခင် အရင်ဆုံး ဓာတ်မတည့်ဖြစ်နေတဲ့ အရေပြားကို ဆပ်ပြာ၊ ရေနဲ့စင်ကြယ်အောင် ဆေးကြောရပါမယ်။ နီရဲယားယံတာ သက်သာဖို့ အဝတ်စိုစိုတစ်ခုနဲ့ အရေပြားကို ၁၀မိနစ်လောက် အုပ်ထားပေးပါ။ လက်ကိုသေချာဆေးပြီး အရေပြားကို ခြောက်အောင်သုတ်ပြီးမှပဲ လိမ်းဆေးကို လိမ်းပေးရပါမယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/other-allergies/%e1%80%a1%e1%80%9d%e1%80%90%e1%80%b9%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7-%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%90%e1%80%b2%e1%80%b7/
အမျိုးသားတွေ လိုက်နာသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ
အမျိုးသားတွေက များသောအားဖြင့် တစ်ကိုယ်ရေသန့်ရှင်းကို ဂရုစိုက်မှု နည်းကြသူတွေပါ။ ဂရုစိုက်တဲ့သူ ရှိပေမယ့် အများစုကတော့ အမျိုးသမီးတွေလောက် ဂရုမစိုက်တာတော့ အမှန်ပါ။ တကယ်ကတော့ နေ့စဉ်ဘဝမှာ ကျန်းမာပျော်ရွှင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြည့်ဝစေဖို့ဆိုရင်တစ်ကိုယ်ရေသန့်ရှင်းရေးကိုသေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်တာက ကိုယ်တိုင်အတွက်ရော ပတ်ဝန်းကျင်က အခြားသူတွေကိုပါ အကျိုးသက်ရောက်စေပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးသားတွေ လိုက်နာသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ အကြောင်း ပြောပြပေးချင်ပါတယ်။အမျိုးသားတွေအနေနဲ့ စိတ်ရောကိုယ်ပါ ကျန်းမာတက်ကြွနေစေဖို့ နဲ့ စွဲဆောင်မှု ရှိစေဖို့အတွက် လိုက်နာရမယ့် တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထလေးတွေ ရှိပါတယ်။အချို့ကတော့ ပျင်းလို့ ကျော်သွားတာမျိုး ရှိသလို အချို့ကတော့ အမှုမဲ့အမှတ်မဲ့ ဖြစ်နေကြတာပါ။ ဒီတော့ အမျိုးသားတွေ လိုက်နာသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ က ဘာတွေများ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။အမျိုးသားတွေကအမျိုးသမီးတွေထက် ချွေးပိုထွက်ကြသလို ကိုယ်နံ့လည်း ပိုပြင်းကြပါတယ်။ ဒါကြောင့် တစ်နေ့ကို ၂ ကြိမ် မဟုတ်ရင်တောင် တစ်နေ့ကို တစ်ကြိမ်လောက်တော့ ရေကို သေချာလေး ချိုးပါ။ရေချိုးတဲ့အခါ ဆပ်ပြာကို သုံးပြီး သေချာလေး သန့်စင်အောင် ချိုးပေးပါ။ အမျိုးသား အများစုက ရေချိုးတဲ့အခါ ဆပ်ပြာသုံးပြီး ချေးညှော်တွေကို သန့်စင်ဖို့ အာရုံ သိပ်မရှိကြပါဘူး။ နောက်တစ်ခုကတော့ ရေချိုးပြီးတိုင်းမှာ ရေကို သေချာ ခြောက်အောင် သုတ်ပါ။ခေါင်းကို လျှော်ဖြစ်ကြပေမယ့် အမျိုးသား အများစုက ဆံပင်ကို သပ်သပ်ရပ်ရပ် ထားဖို့တော့ မေ့နေတတ်ကြပါတယ်။ ဒါကြောင့် ဆံပင်ရှည်လာရင် ညှပ်ပါ။ သပ်သပ်ရပ်ရပ် ဖြီးသင်ပါ။ လိုအပ်ရင် ဆံပင်ကို ဂျယ်လ်လိမ်းတာမျိုး လုပ်ပေးပါ။ခေါင်းချွေးထွက်တတ်တယ်ဆိုရင် ၁ ရက်ခြား ၁ ခါလောက် ခေါင်းလျှော်ပါ။အမျိုးသားတွေအနေနဲ့ မျက်နှာသွင်ပြင်ကြည့်ကောင်းစေဖို့ လိုက်နာရမယ့် နောက်ထပ် တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထ တစ်ခုကတော့ မုတ်ဆိတ်ရိတ်တာပါ။ မုတ်ဆိတ်တွေကို အရမ်းရှည်တဲ့အထိ ထားတာမျိုး မလုပ်ဘဲ တစ်ပတ်ကို ၁-၂ ကြိမ်လောက် အလျဉ်းသင့်သလို ရိတ်ပေးပါ။အမျိုးသားတွေက လက်သည်းရှည် မထားတတ်ကြပေမယ့် လက်သည်းကိုလည်း ပုံမှန် ညှပ်လေ့မရှိကြပါဘူး။အမျိုးသား အများစုက လက်သည်း ကိုက်တတ်ကြတာပါ။ ဒါကြောင့် မလိုအားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အမျိုးသားတွေအနေနဲ့ တစ်ပတ်ကို တစ်ကြိမ်တော့ လက်သည်းညှပ်ပေးပါ။အတွင်းခံတွေကို ဝတ်ပြီးသားတွေ ပြန်ဝတ်တာက ကိုယ်နံ့ဆိုးစေနိုင်သလို အရေပြားပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အတွင်းခံတွေကို ပုံမှန်လဲလှယ်ပေးပါ။ချိုင်းက ချွေးနံ့ဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်နံ့ကင်းစေဖို့ဆိုရင် ချိုင်းက အမွေးအမျှင်တွေကို ပုံမှန် ဖယ်ရှားပေးပါ။ ချိုင်းချွေးနံ့ ပျောက်စေဖို့ သေချာ ဆေးကြောပြီး ချိုင်းချွေးနံ့ပျောက်စေတဲ့ အရာတစ်ခုခုကို လိမ်းပေးပါ။ အမျိုးသမီးတွေလို အပြောင်ရှင်းတာမျိုး မဟုတ်ရင်တောင် အနည်းငယ်ပါးသွားအောင် တိပေးနိုင်ပါတယ်။အရေပြားကို အစိုဓာတ် ထိန်းပေးတာကလည်း အမျိုးသားတွေ လိုက်နာသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလ့အထပါ။ အကြောင်းကတော့ အရေပြားကို အစိုဓာတ် ထိန်းတာက အရေပြား ပြဿနာတွေကို ကင်းစေပြီး အသားအရေ ကျန်းမာစေပါတယ်။သွားတိုက်တာက ကျန်းမာရေးကို ထောက်ကူပေးနိုင်သလို ခံတွင်းအနံ့ဆိုးကိုလည်း ကင်းစေနိုင်ပါတယ်။ တစ်နေ့ကို ၂ ကြိမ် သွားတိုက်ပေးတာက နာတာရှည် ကျန်းမာရေးပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို မနက် တစ်ကြိမ် ညတစ်ကြိမ် သွားပုံမှန် တိုက်ပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/hygiene-habits-for-men/
ကိုယ်ဝန်ဆောင်ချိန်မှာ Probiotics နဲ့ prebiotics မှီဝဲခြင်း အကျိုးကျေးဇူး
Probioticsလို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားနဲ့prebioticsလို့ ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယား အာဟာရတွေအကြောင်းကို အခုနောက်ပိုင်းမှာ ပိုပြီး တွင်တွင်ကျယ်ကျယ် သိလာကြပြီပဲ ဖြစ်ပါတယ်။ ဒီ Probiotics နဲ့ prebiotics တွေကအစာခြေစနစ်ကို ကျန်းမာစေတာကြောင့် ခန္ဓာကိုယ်ကို အာဟာရပြည့်ဝစေပြီး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ဒီလိုမျိုး ကျန်းမာရေးအတွက် ထောက်ကူပေးတဲ့ Probiotics နဲ့ prebiotics တွေကိုကိုယ်ဝန်ဆောင်ချိန်မှာ မှီဝဲပေးမယ်ဆိုရင် အဆင်ပြေမလား။ မေမေနဲ့ဘေဘီလေးကို ဘယ်လိုမျိုး ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။Probiotics ဆိုတာက သက်ရှိဘက်တီးရီးယားလေးတွေပါ။ အစာခြေစနစ်ထဲမှာ ရှိပါတယ်။ အူလမ်းကြောင်းထဲမှာ သဘာဝအတိုင်း နေထိုင်နေတဲ့ ကျန်းမာရေးအကျိုးပြု သက်ရှိ ဘက်တီးရီးယားတွေပေါ့။အစာခြေစနစ် ကျန်းမာစေဖို့ထောက်ကူပေးပြီး လိုအပ်တဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝ ရရှိစေနိုင်တာကြောင့် ကိုယ်ခံအားကို အားဖြည့်ပေးပြီးကူးစက်ရောဂါတွေကို တိုက်ထုတ်ပေးပါတယ်။Probiotics ပါဝင်နေတဲ့ အစားအစာတွေ ရှိပါတယ်။ ဒါတွေက။Prebiotics ဆိုတာကအူလမ်းကြောင်းထဲမှာ ရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေကို အာဟာရဖြည့်ပေးတဲ့ ကာဗိုဟိုက်ဒရိတ် တစ်မျိုးပါ။ အစာခြေစနစ်က မချေဖျက်နိုင်တဲ့အမျှင်ဓာတ်တစ်မျိုးပေါ့။ Prebioticsက အကျိုးပြု ဘက်တီးရီးယားတွေ ရှင်သန်ဖို့နဲ့ ကျန်းမာနေစေဖို့ ထောက်ကူပေးပါတယ်။Prebiotics ကို သဘာဝအတိုင်း တွေ့ရနိုင်တဲ့ အစားအစာတွေက။ကိုယ်ဝန်ဆောင်ချိန်မှာ Probiotics နဲ့ Prebioticsပါတဲ့ အစားအစာတွေကို စားသုံးပေးလို့ ရသလို ဖြည့်စွက်အာဟာရတွေကို မှီဝဲပေးလို့လည်း ရပါတယ်။ ဒါပေမယ့် supplementတွေ မသောက်ခင်မှာတော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါမယ်။ သဘာဝကရတဲ့ အစားအစာတွေကိုတော့ စားပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ အကျိုးပြုဘက်တီးရီးယား ပါဝင်တဲ့ အစာအာဟာရတွေနဲ့ အကျိုးပြုဘက်တီးရီးယား အာဟာရ ပါဝင်နေတဲ့ အစာအာဟာရတွေကို မှီဝဲပေးတာကကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာတွေမဖြစ်အောင် ကာကွယ်ပေးသလို မီးဖွားပြီးချိန်မှာ ဖြစ်တတ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုလည်း ကာကွယ်ပေးပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ့ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို တိုးတက်ကောင်းမွန်စေပြီး အစာခြေစနစ် ကျန်းမာစေသလို စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး မိခင်ရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ Probiotics နဲ့ prebiotics မှီဝဲခြင်း က ကိုယ်ဝန်ကြောင့်ကိုယ်ခံအားနည်းနေတဲ့ မေမေတွေကို ကျန်းမာရေးပြဿနာ ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေပြီး ကိုယ်ခံအားကို ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါတယ်။အစာခြေစနစ် ကျန်းမာတာကြောင့် ကိုယ်ဝန်ဆောင်မေမေကို စိတ်ခံစားမှု ကောင်းစေသလို ခန္ဓာကိုယ်မှာ အင်အား ပြည့်ဝစေဖို့ ထောက်ကူပေးပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်သလို ဟော်မုန်းပမာဏကို ညီမျှစေပြီး ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။အကျိုးပြု ဘက်တီးရီးယားတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်လေ့ရှိတဲ့မိန်းမကိုယ် မှိုပိုး ကူးစက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ လေ့လာမှုတွေအရကတော့ အကျိုးပြုဘက်တီးရီးယားတွေက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာမှာ ထောက်ကူပေးပြီး ကိုယ်ဝန်ဆောင် ဆီးချို မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ကိုယ်ဝန်ဆောင်မေမေကို ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးပြီးမွေးလာမယ့် ဘေဘီလေးမှာ အရေပြားပြဿနာ ကင်းစေဖို့ ထောက်ကူပေးပါတယ်။ ဒါတင်မကသေးပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက Probiotics နဲ့ prebioticsမှီဝဲပေးမယ်ဆိုရင် မေမေရော ဘေဘီလေးပါ ကိုယ်ခံအား ကောင်းစေမှာ ဖြစ်ပါတယ်။Probiotics နဲ့ prebioticsတွေကကိုယ်ဝန်ဆောင်မေမေရဲ့ သွေးတွင်းကိုလက်စထရောကို ထိန်းညှိပေးသလို ကိုယ်ဝန်ဆောင်မေမေကိုရော ဘေဘီလေးကိုပါ လုံလောက်တဲ့ အာဟာရတွေ ပြည့်ပြည့်ဝဝ ရရှိစေနိုင်ဖို့ ထောက်ကူပေးမှာပါ။ ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာ မဖြစ်စေဖို့ ကာကွယ်ပေးသလို ဆီးလမ်းကြောင်း ပိုးဝင်တာ မဖြစ်စေဖို့လည်း ထောက်ကူပေးမှာပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/prebiotics-and-probiotics-for-pregnant-mom/
အပြစ်အနာအဆာကင်းတဲ့ မျက်နှာလေးရဖို့ သရက်သီး ကို ဘယ်လိုသုံးမလဲ
မျက်နှာမှာ ဆားဝက်ခြံ၊ တင်းတိပ်၊အရေးအကြောင်း၊အသားအရေမညီညာခြင်းနဲ့ ဝက်ခြံတွေကြောင့် စိတ်ညစ်နေရတယ်ဆိုရင်တော့ သဘာဝနည်းလမ်းလေးတွေကို သတိရလိုက်ပါ။ သဘာဝ သရက်သီး ကို အသုံးပြုပြီး မျက်နှာရဲ့ အလှအပကို အနှောင့်အယှက်ပေးနေတဲ့ အပြစ်အနာအဆာတွေကို ဖယ်ရှားပစ်လိုက်လို့ ရပါတယ်။ သရက်သီး ကို ဘယ်လိုသုံးမလဲဆိုတာ ဖော်ပြလိုက်ပါတယ်။ဆားဝက်ခြံ။သရက်သီးမှည့်ကို ဇွန်းတစ်ဇွန်းလောက် ယူပြီး ကျေညက်နေအောင် ချေထားပါ။ ပြီးရင် ပန်းကန်တစ်ခုထဲမှာ ပျားရည် လက်ဖက်စားဇွန်း(၂) ဇွန်းနဲ့ နွားနို့အစိမ်း လက်ဖက်စားဇွန်း (၂) လောက်ကို ထည့်ပြီး ခုနက သရက်သီးမှည့်နဲ့ ရောမွှေလိုက်ပါ။ နှံ့သွားပြီဆိုတော့မှ ဆားဝက်ခြံတွေပေါ်မှာ သုတ်လိမ်းထားလိုက်ပါ။ ခြောက်သွားပြီဆိုမှ ရေအေးလေးနဲ့ ဆေးကြောပါ။ ဆားဝက်ခြံလေးတွေ သက်သာသွားမှာပါ။အရေးအကြောင်း။သရက်သီး မှာ ပါဝင်တဲ့Collagenဟာ အရေးအကြောင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒီတော့ သရက်သီးမှည့်နဲ့ ကြက်ဥတို့ကို အချိုးကျ ရောစပ်ပြီး မွှေလိုက်ပါ။ မျက်နှာပြင်တစ်ဝိုက် လိမ်းထားပြီး မိနစ်(၃၀) လောက် ကြာအောင် ထားပေးထားပါ။ ပြီးမှ ရေအေးလေးနဲ့ ဆေးကြောပေးပါ။ တစ်ပတ်ကို တစ်ကြိမ်လောက် လုပ်ပေးမယ်ဆိုရင် အသက်အရွယ်မတိုင်ခင် အရေးအကြောင်းဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးနိုင်မှာပါ။အသားအရေကြည်လင်တောက်ပခြင်း။သရက်သီးမှာ ဗီတာမင်အေ ပါဝင်တာကြောင့် အသားအရေကို ကြည်လင်တောက်ပစေပါတယ်။့ အသားအရေ မညီညာခြင်းကို ကာကွယ်ပေးပြီး ကြည်လင်တောက်ပချင်တယ်ဆိုရင်တော့ face mask လေး လုပ်လို့ ရပါတယ်။ သရက်သီးမှည့်ကို နို့နှစ်နဲ့ ရောပြီး နာရီဝက်လောက် မျက်နှာမှာ ကပ်ထားပေးပြီး ပေါင်းတင်တာမျိုး လုပ်ပေးပါ။ ခြောက်သွားမှ ရေဆေးလိုက်ပါ။ သရက်သီးအခွံကို ခြောက်သွားအောင် နေလှန်းထားပြီး နို့ပေါင်ဒါမှုန့်နဲ့ ရောပြီး ရေလေးနဲ့ ဖျော်ကာ မျက်နှာမှာ လိမ်းလည်း ရပါတယ်။ ဒါဆိုရင်တော့အသားအရေလေး ကြည်လင်တောက်ပ လာမှာပါ။မျက်နှာအသားအရေ ခြောက်သွေ့ခြင်း။ရေဓါတ်ခမ်းခြောက်တာကြောင့် မျက်နှာအသားအရေ ခြောက်သွေ့ပြီး ပျက်စီးနေတယ်ဆိုရင်တော့ သရက်သီးလေးနဲ့ ပေါင်းတင်ပေးလိုက်လို့ ရပါတယ်။ သရက်သီးအမှည့်ကို ကျေညက်အောင် ချေထားလိုက်ပြီး မျက်နှာမှာ လိမ်းထားပေးလိုက်ပါ။ (၁၅) မိနစ်လောက် ထားပြီးရင်တော့ ရေအေးနဲ့ပဲ ဆေးကြောပါ။ ဒါဆိုရင် မျက်နှာမှာ ရေဓါတ်လေးတွေ ပြန်လည် ပြည့်တင်းလာပြီး စိုစိုပြေပြေလေး ဖြစ်လာမှာပါ။မျက်နှာသန့်စင်ခြင်း။မျက်နှာရှိတဲ့ အညစ်အကြေးတွေ သန့်ရှင်းအောင် ပြုလုပ်ချင်တယ်ဆိုရင်တော့ သရက်သီးလေးကို မေ့ထားလို့ မရဘူးနော်။ သရက်သီးမှည့်ကို ကြေအောင်ချေပြီး ဂျုံမှုန့်လေးနဲ့ ရောစပ်လိုက်ပါ။ ပြီးမှ မျက်နှာမှာ လိမ်းထားပေးပြီး အချိန်နည်းနည်းကြာမှ မျက်နှာသစ်လိုက်ပါ.ချွေးပေါက်ကျယ်တာတွေ ကင်းစင်ပြီး သန့်စင်သွားမှာပါ။ အပြစ်အနာအဆာကင်းတဲ့ မျက်နှာလေးရဖို့ သရက်သီး လေးကိုအသုံးပြုကြည့်နော်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%95%e1%80%bc%e1%80%85%e1%80%ba%e1%80%a1%e1%80%94%e1%80%ac%e1%80%a1%e1%80%86%e1%80%ac%e1%80%80%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%99%e1%80%bb%e1%80%80%e1%80%ba/
အမျိုးသားတွေ ဆန္ဒမပြီးမြောက်တာက လက်တွဲဖော်ကြောင့်ပဲတော့ မဟုတ်ပါဘူး
စုံတွဲတွေမှာအိမ်ထောင်ရေးသုခပြည့်ဝဖို့ကလည်း အတော်လေး အရေးကြီးပါတယ်။ အခုတစ်ခေါက်မှာတော့ စုံတွဲတွေကြားက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အကြောင်းအရာလေး တစ်ခုကို ပြောပြပေးချင်ပါတယ်။ ဘာများလဲ ဆိုတော့  အတွဲတွေမှာ ချစ်တင်းနှောကြတဲ့အခါအမျိုးသားတွေဆန္ဒမပြီးမြောက်တာက ကိုယ့်ကြောင့်များလားလို့ ခံစားတတ်ကြတဲ့ လက်တွဲဖော်တွေအတွက် သတင်းစကားလေး တစ်ခုပေါ့။ ဒါကတော့ အမျိုးသားတွေ ဆန္ဒမပြီးမြောက်တာကလက်တွဲဖော်ကြောင့်ပဲတော့ မဟုတ်ပါဘူး ဆိုတဲ့ အကြောင်းအရင်းလေးပါ။အမျိုးသားတွေဆန္ဒမပြီးမြောက်တာက လက်တွဲဖော်ကြောင့်ပဲတော့ မဟုတ်ပါဘူး ဘာကြောင့် အခုလို ပြောရတာလဲ ဆိုတော့ ဒီအချက်လေးတွေကြောင့်ပေါ့။အမျိုးသားတွေ အနေနဲ့ ချစ်တင်းနှီးနှောချိန်မှာ ဆန္ဒမပြီးမြောက်တာက –။သင့်ရဲ့ လက်တွဲဖော်က ဝီစကီ၊ ဘီယာ နဲ့ အယ်လ်ကိုဟောပါတဲ့ အမျိုးမျိုးသော သောက်စရာတွေကို သောက်ကြတဲ့အခါ သက်လုံ မကောင်းကြသလို စွမ်းဆောင်ရည်လည်း မကောင်းကြတာကြောင့် ဆန္ဒပြီးမြောက်ဖို့က ခက်ပါတယ်။စိတ်ဖိစီးမှုက အမျိုးသားတွေရဲ့လိင်တံ ထောင်မတ်နိုင်စွမ်းကိုရော စွမ်းဆောင်ရည်ကိုပါ ထိခိုက်စေနိုင်သလို ဆန္ဒပြီးမြောက်ဖို့လည်း ခက်ခဲပါတယ်။ စိတ်ဖိစီးတာက စိတ်ဓာတ်ကျမှုကို ဖြစ်စေသလိုနှစ်ကိုယ်ကြား ဆက်ဆံရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီအခြေအနေမှာ စိတ်ဖိစီးမှုကို ပြေလျော့စေဖို့ နည်းလမ်း အရင်ရှာရမှာပါ။အမျိုးသား ဖြစ်သူမှာ ရောဂါအခံ တစ်ခုခု ရှိနေတာကလည်းအမျိုးသားတို့ရဲ့ စွမ်းဆောင်ရည်ကိုရော ဆန္ဒပြီးမြောက်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ဆီးကျိတ်ပြဿနာတွေက အမျိုးသားရဲ့ ဆန္ဒပြီးမြောက်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။အချို့သော ဆေးဝါးတွေကလိင်မှုဘဝအပေါ်မှာ ဆိုးကျိုး သက်ရောက်နေတာတွေ ရှိပါတယ်။ စိတ်ဓာတ်ကျတာကို သက်သာစေဖို့ သောက်သုံးရတဲ့ ဆေးဝါးတွေ၊ စိုးရိမ်စိတ်များတာကို သက်သာစေဖို့ သောက်သုံးရတဲ့ ဆေးဝါးတွေ၊ သွေးတွင်းအဆီများလို့ သောက်သုံးရတဲ့ ဆေးဝါးတွေက အမျိုးသားတွေရဲ့ ဆန္ဒပြီးမြောက်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။လက်တွဲဖော် ထံကနေ ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီးဖြစ်ဖြစ်၊ချစ်တင်းနှောမှုပုံစံ အနေအထားနဲ့ ပတ်သက်ပြီး ဖြစ်ဖြစ်၊ စွမ်းဆောင်ရည်ပိုင်းနဲ့ ပတ်သက်လို့ ဖြစ်ဖြစ် ဝေဖန်တာမျိုး ခံရဖူးတာကလည်း အတူနေချိန်မှာ စိုးရိမ်စိတ် များစေပြီး အမျိုးသားတွေကို ပြီးမြောက်ဖို့ ခက်စေနိုင်ပါတယ်။သုက်မလွှတ်ဘဲ ကြာကြာထိန်းထားတာက အိပ်ရာပေါ်မှာ စွမ်းဆောင်ရည်ကောင်းတဲ့ အမျိုးသားတွေရဲ့ ဝိသေသလို့ ယူဆထားလို့ တမင်မပြီးဘဲ နေတာမျိုးပါ။ ပြီးချင်လာရင်တောင် အာရုံလွှဲပြီး တင်းခံလိုက်တာမျိုးပေါ့။ သုက်လွှတ်မြန်တဲ့ အမျိုးသားတွေတင်မကဘဲ သာမန်အမျိုးသားတွေလည်း ဒါမျိုးလုပ်လေ့ရှိပါတယ်။ ဒါကတော့ နှစ်ဦးကြားမှာ ပွင့်ပွင့်လင်းလင်း ပြောမှသိနိုင်တာမျိုးပါ။တချို့ အမျိုးသားတွေမှာလည်းဆန္ဒပြီးမြောက်ဖို့ခက်ခဲတဲ့ ပြဿနာ ရှိနိုင်ပါတယ်။ တော်တော်များများ သိထားသလို အမျိုးသမီးတွေကမှ ခက်ခဲတာ မဟုတ်ပါဘူး။ ဒါကြောင့် လက်တွဲ‌ဖော်တွေအနေနဲ့ အမျိုးသားတွေဆန္ဒမပြီးမြောက်တာက ကိုယ့်မှာ အပြစ်၊ ချို့ယွင်းချက် ရှိနေလို့လို့ တထစ်ချ ယူဆလိုက်တာမျိုး မလုပ်ဘဲ နှစ်ဦးကြား ပွင့်ပွင့်လင်းလင်း ဆွေးနွေး အဖြေရှာဖို့ တိုက်တွန်းချင်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/reasons-people-with-penises-dont-always-finish-in-bed/
မွေးစကလေးတွေအိပ်နေရင်း ရုတ်တရက်သေဆုံး ရတဲ့အကြောင်းကို ပညာရှင်များတွေ့ရှိ
မွေးစကလေးတွေ အိပ်ရာထဲမှာ အိပ်နေရင်းနဲ့ အကြောင်းအရင်းမရှိဘဲ ရုတ်တရက်သေဆုံး သွားတယ်ဆိုတာကို ကြားဖူးကြမှာပါ၊၊ ရောဂါရယ်လို့လည်း မရှိဘဲနဲ့ အကောင်းကြီးကနေ အိပ်နေရင်း ဆုံးသွားကြတာပါ၊၊ ဒါကို ဆေးပညာအရSudden infant death syndrome (SIDS)လို့ခေါ်ပါတယ်၊၊။အမေရိကမှာ ၂၀၁၉တုန်းက ကလေးပေါင်း ၁,၂၅၀ လောက်က SIDSနဲ့ ဆုံးပါးသွားကြတာပါတဲ့၊၊ အရင်တုန်းကတော့ SIDS ဘာကြောင့် ဖြစ်လဲဆိုတာကို သေချာမသိကြပါဘူး၊၊ ခုလေ့လာမှု အသစ်မှာတော့ SIDSကို ဖြစ်စေနိုင်တယ်လို့ ယူဆရတဲ့ အကြောင်းရင်းတစ်ရပ်ကို တွေ့ရှိလာပါပြီ၊၊။အရင်တုန်းကတော့မွေးစကလေးတွေ အိပ်နေရင်း ရုတ်တရက်သေဆုံး ရတာက ကလေးတွေရဲ့ အသက်ရှူတာနဲ့ နိုးထမှုကို ထိန်းချုပ်ထားတဲ့ ဦးနှောက်အစိတ်အပိုင်းမှာ ချို့ယွင်းချက်ရှိနေတာကြောင့်လို့ ယူဆခဲ့ပါတယ်၊၊။ပုံမှန်ဆို ကလေးက အိပ်နေရင်း အကြောင်းတစ်ခုခုကြောင့် (ဥပမာ ခေါင်းအုံးနဲ့ ဖိမိတာ) အသက်ရှူလို့ မရတော့ရင် ဦးနှောက်ကို သတင်းပို့တာကြောင့် ဦးနှောက်က ကလေးကို နိုးစေပြီး အသက်ရှူဖို့၊ ရုန်းကန်ဖို့၊ ငိုဖို့ အချက်ပြရမှာပါ၊၊ ခုဒီလိုမဖြစ်ဘဲ အသက်ရှူမရဘဲ တိတ်တိတ်လေး သေဆုံးသွားတာက ဒီဦးနှောက်အစိတ်အပိုင်း ကောင်းကောင်းအလုပ်မလုပ်တာကြောင့်ဖြစ်မယ်လို့ ထင်ခဲ့ကြပါတယ်၊၊။သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာရှိတဲ့ Westmead ကလေးဆေးရုံက သုတေသနပညာရှင်တွေက ကလေးတွေရဲ့ သွေးထဲမှာbutyrylcholinesterase (BChE) လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုး နည်းနေတာက ကလေးတွေ အိပ်နေရင်း အသက်ရှူရပ်သွားရင် အလိုအလျောက် မနိုးစေတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်တယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်၊၊။ဒီတွေ့ရှိချက်ကို လာမယ့်  ၂၀၂၂၊ ဇွန်လမှာ ထုတ်ဝေမယ့်The Lancet’s eBioMedicineမှာ ထည့်သွင်းဖော်ပြသွားမှာ ဖြစ်ပါတယ်၊၊။ဆစ်ဒနီက သုတေသနပညာရှင်တွေက မွေးစကလေးလေးပေါင်း ၇၂၂ယောက်ရဲ့ ခြေဖနှောင့်ကနေ ထုတ်ယူထားတဲ့ သွေးအခြောက်တွေကို လေ့လာခဲ့ပါတယ်၊၊ ဒီထဲမှာ ၆၅၅ယောက်က ကျန်းမာတဲ့ ကလေး၊ ၂၆ယောက်က SIDSနဲ့ ဆုံးသွားတဲ့ကလေးတွေ ဖြစ်ပြီး ကျန်တဲ့ ၄၁ယောက်ကတော့ မွေးစအရွယ်မှာ တခြားအကြောင်းကြောင့် ဆုံးသွားတဲ့ကလေးတွေပဲ ဖြစ်ပါတယ်၊၊။သူတို့ရဲ့ သွေးအခြောက်တွေကို လေ့လာကြည့်လိုက်တဲ့အခါမှာ  SIDSနဲ့ ဆုံးသွားတဲ့ကလေးတွေရဲ့သွေးထဲမှာ BChE ပမာဏ နည်းနေတာကို တွေ့ရပါတယ်၊၊ ဒီအင်ဇိုင်းက ဦးနှောက်ကို နိုးထဖို့ လှုံ့ဆော်တဲ့နေရာမှာ အရေးပါတဲ့ အင်ဇိုင်းတစ်မျိုး ဖြစ်ပါတယ်၊၊။ဒါပေမယ့် သုတေသနက ပြီးပြည့်စုံသေးတာတော့ မဟုတ်ပါဘူး၊၊ သွေးထဲမှာ BChE အင်ဇိုင်းပမာဏက အချိန်ကြာလာနဲ့အမျှ ပြောင်းလဲနိုင်သလား၊ ခြေဖနှောင့်ကနေ မထုတ်ဘဲ တခြားနေရာကနေ ယူရင်ရော ပြောင်းလဲနိုင်သလားဆိုတာကို သေချာမသိကြသေးပါဘူး၊၊ ပြီးတော့ ပုံမှန်ဆို သွေးထဲမှာ ပမာဏဘယ်လောက်ရှိရမလဲဆိုတာလည်း မသိကြပါဘူး၊၊။နောက်တစ်ချက်က ဒါက သွေးအခြောက်တွေကို လေ့လာထားတာပဲ ဖြစ်ပါတယ်၊၊ လေ့လာထားတဲ့ ကလေးတွေထဲမှာ SIDSနဲ့ ဆုံးပေမယ့် တခြားကလေးတွေနဲ့ BChE ပမာဏတူတူဖြစ်နေတဲ့ ကလေးတွေလည်း ရှိပါတယ်၊၊။ဒါကြောင့် နောက်တစ်ဆင့် လေ့လာချက်အနေနဲ့ မွေးစကလေးတွေကို BChE အင်ဇိုင်း စစ်ဖို့ စီစဉ်ထားပြီး  SIDSနဲ့ အင်ဇိုင်းချို့တဲ့တာရဲ့ကြားက ဆက်စပ်မှုတွေကို ပိုပြီးလေ့လာဖို့ စီစဉ်ထားကြပါတယ်၊၊ ဒီအဆင့်ကနေ အဖြေတစ်ခုခုရဖို့ ၅နှစ်လောက် စောင့်ရမယ်လို့လည်း မျှော်လင့်ထားကြပါတယ်၊၊။ကိုယ့်ကလေးလေး အကောင်းအတိုင်းအိပ်သွားပြီး မနက်သွားကြည့်လို့ အသက်မရှိတာ့တာက မိဘတွေအတွက် စိတ်ဒဏ်ရာပါ၊၊ မေမေတို့အနေနဲ့ လက်ရှိမှာ ကလေးရဲ့ သွေးထဲက အင်ဇိုင်းကို စစ်ဖို့ မလိုသေးပါဘူး၊၊ ဒါက လေ့လာဆဲမို့လို့ပါ၊၊။ဒါပေမယ့် မေမေတို့ ကိုယ်တိုင် ခုပြောမယ့်နည်းလမ်းတွေကို လိုက်နာပြီး ကလေးလေးတွေ ရုတ်တရက် သေဆုံးတာကို လျှော့ချနိုင်ပါတယ်၊၊။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/bche-enzyme-deficiency-and-sids/