title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
သွေးကြောကျဉ်းခြင်းဟာ လေဖြတ်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတစ်ခုပါ
လေဖြတ်ခြင်း နဲ့ တကျော့ပြန်လေဖြတ်ခြင်းကို လွှမ်းမိုးနေတဲ့အချက်တွေ အများကြီးရှိပါတယ်။ ဖြစ်နိုင်ခြေအကြောင်းခြင်းရာတွေ သင့်မှာရှိလေ၊ သင်ဟာ လေဖြတ်နိုင်ခြေ အခွင့်အရေးများလေ ဖြစ်ပါတယ်။ လေဖြတ်ခြင်း ဖြစ်ပွားနိုင်ခြေကို သင်ကိုယ်တိုင် မထိန်းချုပ်နိုင်တာတွေ ရှိပါတယ်။ အဲဒီအရာတွေကတော့-။မိသားစု ရောဂါရာဇဝင် စတာတွေ ဖြစ်ပါတယ်။သွေးလွှတ်ကြောဆိုတာ နှလုံးက သွေးတွေကို ခန္ဓါကိုယ်အနှံ့ကို ပို့ဆောင်ပေးတဲ့ သွေးကြောတွေ ဖြစ်ပါတယ်။ သူတို့ အတွင်းပိုင်းကို endothelium လို့ခေါ်တဲ့ ဆဲလ်အလွှာတမျိုးနဲ့ ဖုံးအုပ်ထားပါတယ်။ အဲဒီအလွှာဟာ သွေးစီးဆင်းမှုကောင်းဖို့အတွက် သွေးလွှတ်ကြောတွေရဲ့ အတွင်းနံရံတောင့်တင်းအောင်၊ ချောမွေ့အောင် ထိန်းသိမ်းပေးပါတယ်။ ဒီအလွှာ ပျက်စီးတာနဲ့အတူ သွေးကြောကျဉ်းခြင်း ဖြစ်ပေါ်ပါတယ်။ သွေးတိုးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကိုလက်စထရောများခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒီပျက်စီးမှုကြောင့် သွေးကြောထဲမှာ အနည်ထိုင်ခြင်း ဖြစ်ပေါ်စေပါတယ်။ အဲဒီကတဆင့် သွေးလွှတ်ကြောဟာ မာပြီးကျဉ်းလာတာကြောင့် သွေးကြောကို မသိမသာ ပိတ်လာစေပြီး သွေးစီးဆင်းမှုကို ဒုက္ခပေးပါတယ်။ဒီလိုဖြစ်ခြင်းဟာ နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်းနဲ့ အစွန်အဖျား သွေးကြောရောဂါ စတဲ့ နှလုံးနဲ့ သွေးကြောဆိုင်ရာရောဂါတွေကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းပါပဲ။သွေးကြောကျဉ်းခြင်းဟာ သက်လတ်ပိုင်း၊ သက်ကြီးပိုင်း ရောက်လာတဲ့အထိ လက္ခဏာမပြတတ်တာ များပါတယ်။ ဒါပေမယ့် ကျဉ်းတာ ပိုဆိုးလာပြီး သွေးစီးဆင်းမှုကို ပိတ်စေရင်တော့ နာကျင်စေပါတယ်။ ပိတ်ဆို့ခြင်းကြောင့် သွေးကြောပေါက်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ အဲဒီလိုပေါက်တဲ့နေရာမှာ သွေးခဲလေးတွေ ဖြစ်ပေါ်စေပါတယ်။ အဆိုးဆုံးအခြေအနေကတော့ ရုတ်တရက်ပေါက်ထွက်ရင် သွေးလွှတ်ကြောထဲမှာ သွေးခဲခြင်းဖြစ်ပေါ်စေတာပါပဲ။ ဦးနှောက်ပိုင်းမှာ လေဖြတ်ခြင်း၊ နှလုံးမှာ နှလုံးထိခိုက်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။ပထမအနေနဲ့ သင့်ရဲ့ရောဂါရာဇဝင်ကို စဉ်းစားရပါမယ်။ အောက်ပါ အချက်တွေဖြစ်ဖူးရင် သွေးလွှတ်ကြောကျဉ်းဖို့ ဖြစ်နိုင်ခြေ များပါတယ်။အဲဒီအခြေအနေတွေဟာ သွေးကြောကျဉ်းကြောင်း ညွှန်ပြတဲ့ အထောက်အထားတွေ ဖြစ်ပါတယ်။ ဆီးချိုရှိသူများဟာလည်း သွေးကြောကျဉ်းခြင်းနဲ့ဆိုင်တဲ့ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ များပါတယ်။ ဆီးချိုရှိသူတွေမှာ ကိုလက်စထရောကုသတဲ့ လမ်းညွှန်ချက်လက်စွဲတွေမှာ သွေးကြောကျဉ်းခြင်းပြသနာ ရှိနှင့်ပြီးသားလို့ မှတ်ယူပါတယ်။နောက်တဆင့်အနေနဲ့ သွေးကြောကျဉ်းခြင်း ဖြစ်ပွားနိုင်ခြေတွေကို ရေတွက်ရပါမယ်။သွေးခဲဖြစ်ခြင်း၊ ဦးနှောက်ကို သွားတဲ့ သွေးကြောကျဉ်းခြင်း စတဲ့ သွေးမလုံလောက်ခြင်းကြောင့်ဖြစ်တဲ့ လေဖြတ်ခြင်းဟာ ၂မျိုးရှိပါတယ်။ ပထမတစ်မျိုးကတော့ သွေးလွှတ်ကြောမှာဖြစ်တဲ့ သွေးခဲကြောင့်ဖြစ်ပြီး အဖြစ်အများဆုံးလည်း ဖြစ်ပါတယ်။ သွေးလွှတ်ကြောကျဉ်းနေတဲ့ နေရာမှာ သွေးခဲဖြစ်ပြီး ဦးနှောက်ကို သွေးစီးဆင်းတာကို ပိတ်ဆို့စေသောကြောင့်။ဖြစ်တာပါ။ နောက်တစ်မျိုးကတော့-။သွေးကြောထဲလှည့်နေတဲ့ သွေးခဲ ဒါမှမဟုတ် အနည်အမှုန် (အဆီခဲ၊ လေပူဖောင်း စသဖြင့်) တစ်ခုခုဟာ ဦးနှောက်ကို သွားတဲ့သွေးကြောကို ရောက်လာပြီး ပိတ်မိစေတာကြောင့် ဖြစ်စေတတ်ပါတယ်။ သွေးလွှတ်ကြောထဲ ပုံနေတဲ့ အနည်အမှုန် ဒါမှမဟုတ် သွေးခဲကနေ ပြုတ်ထွက်လာလို့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီလေဖြတ်ခြင်းမျိုးဟာ နှလုံးခုန်နှုန်းမမှန်တဲ့ atrial fibrillation လို ရောဂါရှိတဲ့ လူနာတွေမှာ ဖြစ်တတ်တဲ့ သွေးခဲလေးတွေ သွေးစီးကြောင်းထဲဝင်သွားတာကြောင့် အများဆုံး ဖြစ်တတ်ပါတယ်။Translated by Thant Zin။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%80%e1%80%ba%e1%80%a5%e1%80%b9%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%9f%e1%80%ac-%e1%80%b1%e1%80%9c/
ဆေးရွက်ကြီးလို့ ဆိုလိုက်တိုင်း ဆိုးကျိုးတွေပဲမမြင်စေလိုပါ
ဆေးရွက်ကြီးလို့ ပြောလိုက်ရင် ဆေးလိပ်၊စီးကရက် နဲ့ကွမ်းထဲမှာထည့်ဝါးကြတဲ့အရာ၊ ရောဂါဖြစ်စေတဲ့အရာလို့ပဲ အရင်ဆုံးပြေးမြင်မိကြမယ်ထင်ပါတယ်။ ဆေးရွက်ကြီးက ရောဂါဖြစ်စေတာမှန်ပေမယ့် ဆိုးကျိုးချည်းသက်သက် ရှိနေတဲ့ အပင်မဟုတ်ပါဘူး။ သူ့မှာလည်း ကောင်းကျိုးပြုနိုင်တဲ့ အချက်လေးတွေရှိပါတယ်။ ရှေးယခင်ကာလတွေကတည်းက ဆေးရွက်ကြီးကို အကျိုးရှိရှိအသုံးပြုခဲ့တာမျိုးလည်းရှိပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်တိုင်တောင်ကျန်းမာရေးကို အထောက်အကူပြုမှာ မဟုတ်လောက်ပါဘူးလို့ ထင်ထားတဲ့ ဆေးရွက်ကြီးရဲ့ အသုံးဝင်ပုံလေးကို ပြောပြပေးမယ်နော်။ဆေးရွက်ကြီး ဆိုတာက အာဂျင်တီးနားမျိုးရင်းပင်တစ်မျိုးပါ။ အမြင့် ၅ မီတာဝန်းကျင်လောက်သာရှိတဲ့ အပင်ပုတစ်မျိုးပေါ့။ အရွက်က ခပ်ဖားဖားပုံစံရှိပြီး ဒီခပ်ဖားဖားပုံစံ အရွက်မှာ anabasine လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုးပါဝင်နေပါတယ်။ ဒီအရွက်ကို အစိမ်းအတိုင်းစားရင်တော့ အန္တရာယ်ရှိစေနိုင်ပါတယ်။ ဆေးလိပ်၊ စီးကရက်တွေထုတ်လုပ်ရာမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပါတယ်။ဆေးရွက်ကြီးကတန်ဆေးလွန်ဘေးဆိုသလိုပါပဲ။ အနည်းအကျဉ်းသုံးရင် ဆေးဖက်ဝင်ပေမယ့် အလွန်အကျွံ သုံးရင်တော့ ထိခိုက်မှု တော်တော်လေး များပါမယ်။  ဆေးရွက်ကြီးကို ကျန်းမာရေးအတွက် အသုံးပြုမယ်ဆိုရင်တော့။ဆေးရွက်ကြီးကသင့်ကိုရောဂါဖြစ်စေဖို့ပဲ အားပေးနေတာမဟုတ်ပါဘူး။ အခုလိုမျိုးအကျိုးပြုပေးတဲ့အချက်လေးတွေလည်း ရှိပါသေးတယ်။ဆေးရွက်ကြီးက အပင်တွေမှာကျရောက်တတ်တဲ့ ပိုးတွေကို ထိထိရောက်ရောက်နှိမ်နှင်းပေးသလို အပင်လေးတွေကို ခရုတွေဖျက်စီးမှုကနေလည်း ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။အရေပြားမှာ ဓာတ်မတည့်မှုဖြစ်တဲ့အခါ ဆေးရွက်ကြီးရွက်ကို ကြိတ်ခြေလို့ အုံပေးရင် အရေပြားယားယံတာ၊ ရောင်ရမ်းတာတွေကိုသက်သာစေနိုင်ပါတယ်။ အရေပြားကို ဓာတ်မတည့်မှုဖြစ်စေတဲ့အရာတွေကြောင့် ထိခိုက်မှုမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ခြင်တွေ၊ ယင်တွေ၊ ပိုးကောင်တွေ အန္တရာယ်ကနေ ကာကွယ်ဖို့အတွက်လည်း ဆေးရွက်ကြီးကို အသုံးပြုပေးလို့ ရပါတယ်။ ဆေးရွက်ကြီး အရွက်ကို ရေနွေးဆူဆူထဲမှာ နာရီအနည်းငယ်ကြာ စိမ်ထားပြီး ရလာတဲ့ အရည်ကို စပရေးဗူးထဲ ထည့်လို့ ဖြန်းပေးပါ။ သဘာဝခြင်နိုင်ဆေးအဖြစ် အသုံးပြုပေးလို့ ရပါတယ်။အသေးစား ပြတ်ရှဒဏ်ရာတွေ ခံစားရတဲ့အခါမျိုးမှာ ဆေးရွက်ကြီးကို ရေစင်အောင်ဆေးလို့ ကြိတ်ခြေပြီး ရလာတဲ့အရည်ကို စွတ်ပေးလို့ ရပါတယ်။ ကြိတ်ခြေထားတဲ့ အရွက်ကို အနာပေါ် အုံပေးလို့လည်း ရပါတယ်။ အနာကို ပိုးမဝင်စေဘဲ အနာကျက်စေမှာ အသေအချာပါ။ဒါတင်လား ဆိုတော့ မဟုတ်သေးပါဘူး။ ဆေးရွက်ကြီးကို စိတ်ဓာတ်ကျတာ သက်သာစေဖို့၊ဗောက်ပြဿနာကင်းစေဖို့၊ အရေပြား ကျန်းမာစေဖို့၊သွားကိုက်တာနဲ့နားကိုက်တဲ့ ပြဿနာတွေ သက်သာစေဖို့အတွက်ပါ အသုံးပြုပေးလို့ ရပါသေးတယ်။ ဒါကြောင့် ဆေးရွက်ကြီး ဆိုတိုင်း ကျန်းမာရေးကို ထိခိုက်စေမှာပဲလို့ မယူဆစေချင်ပါဘူး။ဆေးရွက်ကြီးက အနည်းငယ်ပဲ သုံးရင် ဆေးဖက်ဝင်တယ်ဆိုပေမယ့် အလွန်အကျွံသုံးရင်တော့ ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။ကလေးငယ်တွေ၊ နို့တိုင်မိခင်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ရောါအခံရှိသူတွေ၊ ဆေးသောက်နေရသူတွေအနေနဲ့ မသုံးသင့်ပါဘူး။ဆေးရွက်ကြီးကို အလွဲသုံးစားလုပ်မယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာတွေ၊ ရောဂါတွေ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးသုံးတတ်မယ်ဆိုရင်တော့ ဆေးဖက်ဝင်နိုင်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/benefits-of-tobacco/
ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ယောဂပုံစံများနှင့် အစားအစာများ
ကိုယ်အလေးချိန်ကျခြင်းဟာ လူအတော်များများအတွက် အတော်ကို ကြိုးစားရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကို ကျအောင်ကြိုးစားရတာ၊ ထိန်းထားရတာနဲ့ ကျန်းမာပြီး အရသာရှိတဲ့ အစားအစာတွေကို စားရတာဟာ မလွယ်ကူလှပါဘူး။ကိုယ်အလေးချိန်လျှော့ဖို့အတွက် ကြုံရတဲ့ အခက်အခဲတစ်ခုကတော့ ကိုယ်တိုင်လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုကို ရှာဖွေရတာပါပဲ။ ယောဂဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်ထဲက ရှိခဲ့ပြီးတော့ အေရိုးဗစ် လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ သူဟာ သွေးလှည့်ပတ်မှု တိုးတက်စေခြင်း၊ ကြွက်သားတွေကို ဆန့်ပေးခြင်းနဲ့ ကိုယ်အလေးချိန် လျော့ကျခြင်းတို့ကိုတောင် အားပေးနိုင်ပါတယ်။ယောဂလေ့ကျင့်ခန်းဟာ ကိုယ်ခန္ဓာမှာ ရှိတဲ့ ကြွက်သားတွေကို ပုံစံအမျိုးမျိုးနဲ့ ပစ်မှတ်ထားပြီးတော့ ပျော့ပျောင်းမှုနဲ့ အားအင်တွေကို တဖြည်းဖြည်းခြင်း ရရှိလာစေပါတယ်။တကယ်တမ်းတော့ ကျော်ကြားသူတွေဟာ ယောဂကို ကိုယ်အလေးချိန်လျှော့ဖို့အတွက် ကစားကြပါတယ်။ ဒါဟာ ထိရောက်မှုရှိပြီး နေ့စဉ်လုပ်ဖို့လဲ လွယ်ကူပါတယ်။ယောဂကို လေ့ကျင့်ခန်းအဖြစ် ယူဆခြင်းမရှိကြပဲ ကိုယ်ခန္ဓာအနှံ့မှာ ဆက်ကြောင်းတွေ အများကြီးဖွင့်လိုက်တာနဲ့ ပိုတူပါတယ်။ဒါပေမယ့် ယောဂပြုလုပ်ခြင်းဟာ ကယ်လိုရီအမြောက်အမြားကို ဖြည်းညင်းစွာ လောင်ကျွမ်းစေပါတယ်။ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေဟာ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ဆဲလ်တွေထဲကို စီးဆင်းမှုကို အားပေးပြီး အစာခြေဖျက်ခြင်းကိုပါ ကူညီပေးပါတယ်။ယောဂ အစားအစာဟာလည်း အသီးအရွက်ကို အခြေခံထားပြီး ကိုယ်ခန္ဓာနဲ့ တစ်သားတည်းဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ယောဂလေ့ကျင့်ပုံတွေကို လေ့ကျင့်ပြီး (သို့) မလေ့ကျင့်ခင်မှာ ကိုယ်ခန္ဓာလိုအပ်ချက်တွေကို ဖြည့်စွမ်းပေးနိုင်တဲ့ ယောဂအစားအသောက်တွေက အများကြီး အထောက်အကူပြုပါတယ်။American Journal of Medicine က ယောဂဟာ အပန်းပြေဖို့နဲ့ စိတ်ဖိစီးမှုလျှော့ချဖို့ကို အဓိကထားတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်လို့ ဆိုပါတယ်။ စိတ်ဖိစီးမှု လျှော့ချခြင်းဟာ ကိုယ်ခန္ဓာအတွင်းမှာ ဗိုက်အဆီထွက်ခြင်းကို ဖြစ်စေတဲ့ cortisol ပမာဏကို လျှော့ချပေးပါတယ်။ယောဂ အစားအသောက်တွေဟာ ကိုယ်ခန္ဓာရဲ့ သဘာဝအတိုင်း အစာခြေနိုင်စွမ်းနဲ့ မရှိမဖြစ်တဲ့ ပါဝင်ပစ္စည်းတွေကို စုပ်ယူခြင်းကို အဓိကထားပါတယ်။ဒီရည်ရွယ်ချက်ကြောင့် အစားအသောက်ဟာ လက်ဖက်ရည်၊ အသီးအရွက်အရည်နဲ့ ရေအမြောက်အမြား သောက်သုံးခြင်းကို အားပေးပြီး ဆဲလ်တွေကို ရေဓာတ်ဖြည့်တင်းပေးပါတယ်။အသီးနဲ့ အုတ်ဂျုံနဲ့ ပြုလုပ်တဲ့အစားအစာတွေကို မနက်ပိုင်းမှာ စားပြီး အစာတွေကြား အချိန်ကြာမြင့်အောင် ထိန်းပေးကာ ကိုယ်ခန္ဓာအတွက် အစာခြေဖျက်ဖို့လိုအပ်တဲ့ ကြာချိန်ကို ပေးစွမ်းပါတယ်။ဒီလိုအစားအသောက်ပုံစံမျိုးဟာ အားအင်တိုးတက်စေပြီး ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိပါတယ်။အသီးအရွက်စိမ်း၊ လတ်ဆတ်တဲ့အသီး၊ သစ်ဥသစ်ဖုတွေနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေမှာ တွေ့ရတဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိဟာ free radicals တွေနဲ့ အစာစားပြီး ကိုယ်ခန္ဓာအတွင်းမှာ ကျန်နေတဲ့ အဆီတွေကို သန့်စင်ပေးပါတယ်။Deakin University in Australia က သုတေသီတွေက နေ့စဉ် ယောဂပြုလုပ်ခြင်းဟာ အစာစားချင်စိတ်ကိုနည်းပါးစေပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ စားသုံးခြင်းကို လျော့ကျစေပါတယ်လို့ဆိုပါတယ်။ယောဂ လေ့ကျင့်ခြင်းဟာ မကောင်းတဲ့အကျင့်ဆိုးတွေကို ဖယ်ရှားပေးပြီး ကောင်းမွန်တာတွေကို ဖြစ်ပေါ်စေကာ ကိုယ်အလေးချိန်ကို လျှော့ချပေးပါတယ်။ အကြမ်းထည် အစားအသောက်တွေနဲ့ သဘာဝအရာတွေဟာ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး အဆီတွေကို ပျော်ကျစေပါတယ်။နေ့စဉ် ယောဂလေ့ကျင့်တဲ့အခါ ယောဂပုံစံတွေဟာ ကိုယ်ခန္ဓာအနှံ့က ကြွက်သားတွေကို သန်မာစေပြီး ရောက်ရန်ခက်ခဲတဲ့ နေရာတွေက ကယ်လိုရီတွေကိုတောင် လောင်ကျွမ်းစေပါတယ်။ယောဂလေ့ကျင့်စဉ် ကိုယ်နေဟန်ထားဟာ အချိန်အကြာကြီး နေရခြင်းဖြစ်ပြီး ကိုယ်ခန္ဓာက ကြွက်သားတွေရဲ့ သန်မာမှုကို စမ်းသပ်နေခြင်းပဲ ဖြစ်ပါတယ်။Vinyasa yoga ဟာ အပြင်းဆုံး ယောဂတစ်မျိုးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ကိုယ်အလေးချိန်လျော့ကျဖို့ ပြုလုပ်တဲ့ လေ့ကျင့်ခန်းနဲ့ တူညီလို့ပါပဲ။ ကိုယ်ခန္ဓာရဲ့ အဓိကကြွက်သားတွေကို ကိုယ်ခန္ဓာကို ထိန်းညှိပေးဖို့ လိုအပ်ပြီး အောက်ဆီဂျင်ပိုရဖို့ ပြင်းထန်တဲ့ အသက်ရှူမှုကို လည်း အာရုံထားဖို့ လိုအပ်ပါတယ်။ယောဂဟာ ကိုယ်ခန္ဓာရဲ့ အင်အားနဲ့ ခြေထောက်၊လက်တွေရဲ့ အားကိုပါ အဓိကထားတာ ဖြစ်ပါတယ်။မှန်ကန်တဲ့ ကိုယ်နေဟန်ထားကို ရှာတွေ့ဖို့က ခက်ခဲပေမယ့် ကိုယ်နဲ့ ကိုက်ညီတာကို ရှာတွေ့မယ်ဆိုရင် ဒါကို ပုံမှန်အတိုင်း ဆက်လုပ်ရုံပါပဲ။အစွမ်းအထက်ဆုံး ကိုယ်နေဟန်ထားတစ်ခုကတော့ Chaturanga ဖြစ်ပြီး ဒိုက်ထိုးသလို ပုံစံကို စက္ကန့်သုံးဆယ် (သို့) ပိုပြီး ထားရမှာဖြစ်ပါတယ်။ခြေထောက်တွေရော ကိုယ်ခန္ဓာရောပါ တစ်ပြိုင်နက်လုပ်ရတဲ့ နောက်ကိုယ်နေဟန်ထားတစ်ခုကတော့ crescent lunges လို့ခေါ်ပြီး ဒူးခေါင်းတစ်ဖက်ကို ၉၀ ဒီဂရီကွေးထားပြီး တခြားတစ်ဖက်ကို ဆန့်ထားပါ။ ဒီကိုယ်နေဟန်ဟာ လက်မောင်းတွေကို ခေါင်းအပေါ်မှာ တတ်နိုင်သမျှ ဆန့်ထုတ်နေတာကြောင့် ခြေထောက်တွေနဲ့ ကိုယ်ခန္ဓာကို ဆန့်ထုတ်ပေးပါတယ်။Vinsaya yoga မှာ အားအင်တွေအကုန်လုံးကို ရှုပ်ထွေးတဲ့ ကိုယ်နေဟန်မှာ ငြိမ်အောင်နေခြင်းမှာ အသုံးပြုပါတယ်။သင်ဟာ ကြွက်သားတွေရဲ့ မာကျောမှုနဲ့ မလိုချင်တဲ့အဆီတွေကို လောင်ကျွမ်းစေဖို့ လေ့ကျင့်နေရုံသာမက restorative yoga ဟာ သင့်ကို ကိုယ်နေဟန်တွေမှာ အချိန်အကြာကြီး ရှိနေစေပြီး ကိုယ်အလေးချိန်ကျဆင်းစေပါတယ်။နေ့စဉ်လေ့ကျင့်သူတွေဟာ ကိုယ်အလေးချိန်ကျနိုင်ပြီး နောက်ဆုံးမှာ ကိုယ်နဲ့သင့်တော်တဲ့ ကိုယ်အလေးချိန်လဲ တက်နိုင်ပါတယ်။ အဓိကကတော့ ကြွက်သားတက်လာတာကြောင့်ပါ။Yoga diet ကို စားသုံးခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး ကိုယ်အလေးချိန်တိုးစေပါတယ်။ ကြွက်သားတွေကို ဆန့်ထုတ်ခြင်းဟာ ကိုယ်အလေးချိန်ကို ကျဆင်းစေတာမို့ ယေဘုယျကျန်းမာရေးကို ကောင်းမွန်စေပါတယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%a1%e1%80%b1%e1%80%9c%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%94%e1%80%b9%e1%80%b1%e1%80%9c%e1%80%bd%e1%80%ba%e1%80%ac%e1%80%b7%e1%80%81%e1%80%ba/
အစာဓာတ်မတည့်ခြင်း
အစာဓာတ်မတည့်ခြင်း ဆိုတာ အစားအစာ တစ်ခုခုကို စားပြီး သိပ်မကြာခင်မှာကိုယ်ခံအားစနစ်က တုံ့ပြန်တဲ့  တုံ့ပြန်မှု တစ်ရပ်ပါ။ ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အစားအစာ နည်းနည်းလေးကို စားမိရင်တောင်မှအစာမကြေတာ၊ အင်ပြင်တွေ ထတာ၊ လေပြွန်တွေ ရောင်တာလိုမျိုး အစာဓာတ်မတည့်မှု လက္ခဏာတွေ ခံစားရနိုင်ပါတယ်။အစာဓာတ်မတည့်မှု က သိပ်မပြင်းထန်တဲ့ အခြေအနေကနေအသက်အန္တရာယ်ကို ထိခိုက်စေလောက်တဲ့အထိ ပြင်းထန်တဲ့ အစာဓာတ်မတည့်မှုတွေအထိ ဖြစ်စေနိုင်ပါတယ်။အစာဓာတ်မတည့်ခြင်း ကို အသက် ၃ နှစ်အောက်ကလေးငယ်တွေရဲ့ ၆ ရာခိုင်နှုန်းလောက်ကနေ ၈ ရာခိုင်နှုန်းလောက်အထိ ခံစားနေရပြီး အရွယ်ရောက်ပြီးသူ ၃ ရာခိုင်နှုန်းလောက်ဟာလည်း အစာဓာတ်မတည့်မှုကို ခံစားနေရပါတယ်။အစာဓာတ်မတည့်ခြင်း ကို ကုသနိုင်တဲ့ ကုထုံးကတော့ မရှိသေးပါဘူး။ အချို့ကလေးတွေဟာ ငယ်စဉ်မှာ အစာဓာတ်မတည့်မှုကို ခံစားကြရပေမယ့် အရွယ်ရောက်လာတာနဲ့အမျှ သက်သာသွား တတ်ကြပါတယ်။အစားအသောက်တိုင်းကတော့ အစာဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီ အစားအစာတွေကတော့ အစာဓာတ်မတည့်ခြင်း ဖြစ်နိုင်ခြေ အတော်လေး များပါတယ်။အစာဓာတ်မတည့်ခြင်းကိုလက္ခဏာတွေအပေါ် မူတည်ပြီး အမျိုးအစား (၃) မျိုး ခွဲခြားနိုင်ပါတယ်။အစာဓာတ်မတည့်မှုက အမျိုးအစားကိုလိုက်ပြီး မိနစ်ပိုင်း စက္ကန့်ပိုင်းမှာတင် လက္ခဏာတွေ ပေါ်တာ ရှိသလို နာရီပိုင်းလောက် ကြာပြီးမှ လက္ခဏာ ပေါ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။အတွေ့ရများတဲ့ အစာဓာတ်မတည့်ခြင်း လက္ခဏာတွေက။အသက်အန္တရာယ်ကို ထိခိုက်စေလောက်တဲ့အထိ ပြင်းထန်တဲ့ အစာဓာတ်မတည့်မှု (anaphylaxis) ခံစားရမယ်ဆိုရင်တော့။anaphylaxisကို ခံစားရတဲ့အခါ အလျင်အမြန် ကုသမှု ခံယူဖို့ လိုပါမယ်။ မကုသဘဲ ထားမယ်ဆိုရင် အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။အစာဓာတ်မတည့်မှုကို ကုသနိုင်မယ့် အကောင်းဆုံး နည်းလမ်းက ဓာတ်မတည့်မှု ဖြစ်စေတဲ့ အစားအစာတွေကို မစားဘဲ ရှောင်တာက အကောင်းဆုံးပါ။အစာဓာတ်မတည့်မှုက မပြင်းထန်ရင် သက်သာနိုင်တယ်ဆိုပေမယ့် အခုလို အခြေအနေတွေဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး သွားပြဖို့ အကြံပြုပါရစေ။အစာဓာတ်မတည့်မှုကို ကုသနိုင်မယ့် အကောင်းဆုံး နည်းလမ်းက ဓာတ်မတည့်မှု ဖြစ်စေတဲ့ အစားအစာတွေကို မစားဘဲ ရှောင်တာက အကောင်းဆုံးပါ။ အစာဓာတ်မတည့်မှုက မပြင်းထန်ရင် သက်သာနိုင်တယ်ဆိုပေမယ့် အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံးသွားရောက်ပေးဖို့ အကြံပြုပါရစေ။[embed-health-tool-bmr]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/caring-contact-lens/
မျက်ကပ်မှန်တပ်တော့မယ်ဆိုရင် ဒါတွေသိထားဖို့ လိုမယ်နော်
အမြင်အာရုံဝေဝါးလို့ပဲဖြစ်ဖြစ်၊ အလှအပအတွက်ပဲဖြစ်ဖြစ်မျက်ကပ်မှန်တပ်တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။မျက်ကပ်မှန်ဆိုတာအမြင်အာရုံချိန်ညှိပေးဖို့အတွက် မျက်လုံးထဲမှာ သက်သောင့်သက်သာ တပ်ဆင်နိုင်အောင် တီထွင်ထုတ်လုပ်ထားတဲ့ ပလတ်စတစ်မှန်ဘီလူးလေးတွေ ဖြစ်ပါတယ်။ အရင်တုန်းကတော့ အနီးမှုန်၊အဝေးမှုန်လို မျက်လုံးအားသိပ်မကောင်းသူတွေပဲ အဓိက အသုံးပြုခဲ့ကြပေမဲ့ အခုချိန်မှာတော့ အလှအပအတွက်ပါ ဒီဇိုင်းကာလာ မျိုးစုံထုတ်လုပ်ပြီး တပ်လာကြပါပြီ။ မျက်စိအားနည်းပေမဲ့ မျက်မှန်ကြီး တစ်ချိန်လုံး တပ်မထားချင်သူတွေအတွက်တော့ မျက်ကပ်မှန်က အတော်လေး အဆင်ပြေစေပါတယ်။ ကိုယ်မျက်စိအားနည်းတာကိုလည်း လူမသိစေသလို မျက်မှန်ကို ဂရုတစိုက်သိမ်းဆည်းရတဲ့ ဒုက္ခလည်း ကင်းဝေးစေပါတယ်။ မျက်ကပ်မှန် တပ်ဆင်တော့မယ်ဆိုရင် မျက်ကပ်မှန်အမျိုးအစားတွေကို သိဖို့အရေးကြီးပါတယ်။ အဓိက မျက်ကပ်မှန်အမျိုးအစား ၂ မျိုးရှိပါတယ် –။Softcontact lenses(မျက်ကပ်မှန်အပျော့) – အသုံးအများဆုံးမျက်ကပ်မှန်အမျိုးအစားတွေဖြစ်ပြီး အနီးမှုန်၊ အဝေးမှုန် နဲ့ ပုံရိပ်နှစ်ထပ်မြင်တဲ့ ပြဿနာတွေမှာပါ အသုံးပြုနိုင်ပါတယ်။ ပျော့ပျောင်းတဲ့ မျက်ကပ်မှန်တွေ ဖြစ်တဲ့အတွက် တပ်ရတာ သက်သောင့်သက်သာရှိပြီး လျင်လျင်မြန်မြန်ပဲ အသားကျသွားတတ်ပါတယ်။ Soft contact lenses တွေထဲမှာ တစ်ရက်တပ်ထားပြီး ပြန်သန့်စင်ရတဲ့ အမျိုးအစားတွေရှိသလို ရက်ကြာကြာ တောက်လျှောက်တပ်ထားလို့ရတဲ့ အမျိုးအစားတွေလည်း ရှိပါတယ်။Rigid gas permeable contact lenses (မျက်ကပ်မှန်အမာ) – ဒီလိုမျက်ကပ်မှန်တွေက ပိုတာရှည်ခံသလို အမြင်အာရုံကိုလည်း ပိုချိန်ညှိနိုင်စွမ်းရှိပါတယ်။ မှန်မှန်သန့်ရှင်းရေးလုပ်ဖို့တော့ လိုအပ်ပြီး အသားကျဖို့လည်း အချိန် နည်းနည်းယူရပါမယ်။ဒီအမျိုးအစား ၂ မျိုးအပြင် အထူးပြုလုပ်ပေးတဲ့မျက်ကပ်မှန်တွေလည်းရှိပါသေးတယ် – မျက်ကပ်မှန်အပျော့၊ အမာ ၂ မျိုးစလုံးရောစပ်ပြီး ထုတ်လုပ်ထားတဲ့ မျက်ကပ်မှန်တွေ၊ အဝေးရော အနီးပါ ပြုပြင်နိုင်စွမ်းရှိတဲ့ multifocal contact lenses တွေက ထူးခြားတဲ့ မျက်ကပ်မှန် အမျိုးအစားတွေပါ။မျက်ကပ်မှန်တပ်ဖို့ စိတ်ကူးရှိရင် အရင်ဆုံး မျက်စိဆရာဝန်နဲ့ ပြသပြီး စမ်းသပ်မှုခံယူရပါမယ်။ တပ်မယ့်သူရဲ့မျက်လုံးအခြေအနေ၊ မျက်စိပါဝါရှိမရှိ၊ မျက်ကြည်လွှာအခြေအနေ၊ မျက်လုံးရောဂါတွေရှိမရှိ စတဲ့အချက်တွေ အကုန်သေချာ စစ်ဆေးပြီးရင်တော့ မျက်ကပ်မှန်တပ်ဆင်ဖို့ အဆင်ပြေလား မပြေလား သိနိုင်မှာပါ။ မျက်လုံးခဏခဏ ခြောက်သွေ့တတ်သူတွေ၊ မျက်ခွံရောင်ရမ်းနေသူတွေ၊ မျက်လုံးနဲ့ပတ်သက်ပြီး ဆိုးဆိုးရွားရွား ဓာတ်မတည့်တဲ့  အခြေအနေ ရှိသူတွေ ဆိုရင်တော့ ဒီပြဿနာတွေကို ကုသပြီးမှ မျက်ကပ်မှန်တပ်ဆင်ဖို့ အဆင်ပြေမှာပါ။မျက်ကပ်မှန်တပ်ဆင်ဖို့ အဆင်ပြေပြီဆိုရင် ကိုယ်တပ်ဆင်ချင်တဲ့မျက်ကပ်မှန်အမျိုးအစားကိုရွေးချယ်ပါ။ ပထမဆုံးအကြိမ် မျက်ကပ်မှန်တပ်ဆင်သူဆိုရင် ဆရာဝန်နဲ့ သေချာမေးမြန်းဆွေးနွေးပြီးမှ မျက်ကပ်မှန် ရွေးချယ်သင့်ပါတယ်။မျက်လုံးအလှအပအတွက်ဖြစ်ဖြစ်၊ မျက်စိအားနည်းလို့ဖြစ်ဖြစ် တပ်မယ်ဆိုရင် သက်တောင့်သက်သာရှိပြီး ကိုယ့်အတွက်အဆင်ပြေမယ့် မျက်ကပ်မှန်ကိုပဲ ရွေးချယ်သင့်ပါတယ်။ အဆင်ပြေဆုံးဖြစ်မယ့် မျက်ကပ်မှန်ကို ရွေးပြီးရင် မျက်လုံးမှာတပ်ဆင်တဲ့ အလေ့အကျင့်ရအောင် သေချာသင်ကြားရပါမယ်။ အထူးသဖြင့် အရင်ကတစ်ခါမှ မျက်ကပ်မှန် မတပ်ဖူးသူတွေအတွက်တော့ ပထမဆုံးအကြိမ်က နည်းနည်းကသိကအောင့် ဖြစ်နိုင်ပါတယ်။မျက်ကပ်မှန်တပ်ဆင်တာကမျက်မှန်ထက် အလုပ်ရှုပ်သက်သာပေမဲ့ မျက်ကပ်မှန်ကိုတော့ သေချာသန့်ရှင်းရေး လုပ်ပေးဖို့လိုပါတယ်။ မျက်ကပ်မှန်ကြောင့် မျက်လုံးမထိခိုက်အောင် ဒီအချက်တွေကို လိုက်နာပေးပါ။– မျက်ကပ်မှန်ကိုင်မယ့် အချိန်တိုင်းလက်ကိုဆပ်ပြာနဲ့သေချာဆေးကြောပြီး ခြောက်သွေ့အောင်လုပ်ပြီးမှ ကိုင်ပါ။– မျက်ကပ်မှန်ကို တတ်နိုင်သလောက် ရေမထိအောင် ဂရုစိုက်ပါ၊ ရေမချိုးခင်၊ရေမကူးခင်အချိန်တိုင်း မျက်ကပ်မှန်ကို ချွတ်ထားပါ၊ မျက်ကပ်မှန်စိုစွတ်အောင် တံတွေးနဲ့စွတ်တာမျိုးလည်း လုံးဝမလုပ်ပါနဲ့။– မျက်ကပ်မှန် ဆေးကြောဆေးရည်ကိုလည်း စိတ်ချရတဲ့ ကုမ္ပဏီကထုတ်လုပ်တဲ့ ပစ္စည်းအစစ်အမှန်ကိုပဲ အသုံးပြု ပါ။ အသုံးပြုပြီးတိုင်း ဆေးရည်ကို လွှင့်ပစ်ပါ၊ ပြန်သုံးလို့မရပါဘူး။– မျက်ကပ်မှန်သိမ်းဆည်းတဲ့ဗူးကိုလည်း သေချာစနစ်တကျ သိမ်းဆည်းရပါမယ်။ ဗူးမှာယိုစိမ့်နေတာ၊ ပုံစံပျက်ယွင်းနေတာမျိုးရှိရင် အသစ်လဲလှယ်သုံးစွဲပေးပါ။– မျက်စိဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး ဝယ်ယူထားတဲ့ မျက်ကပ်မှန်တွေကိုပဲအသုံးပြုပါ၊ သေချာစမ်းသပ်မှုမရှိဘဲ အလွယ်ရောင်းချနေတဲ့ အပေါစားမျက်ကပ်မှန်တွေကို သတိထားပါ။ ဒါတွေကိုတပ်ဆင်အသုံးပြုရင်မျက်လုံးပိုးဝင်ခြင်း၊ အမြင်အာရုံပျက်စီးခြင်းတွေ ကြုံနိုင်လို့ဖြစ်ပါတယ်။‌ရေးသားသူ – Dr. Htoo Tint။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/contact-lenses/
သင့်သုက်ပိုး ကို သေစေနိုင်သော အစားအစာများ
ယခင်ခေတ်များမှာရော ယခုခေတ်မှာပါ ကိုယ်ဝန် မရနိုင်တဲ့ အကြောင်းရင်းက အမျိုးသမီးကြောင့်ပဲလို့ မှားယွင်းတဲ့ အယူအဆ ရှိတတ်ကြပါတယ်။ လက်တွေ့မှာတော့ အမျိုးသားများရဲ့သုက်ပိုး ကလည်းတစ်စိတ်တပိုင်း ပါဝင်နေပါတယ်။ အမျိုးသား သုက်ပိုး အကောင်ရေ လုံလောက်မှ၊ အရည်အသွေး ကောင်းမှ ကိုယ်ဝန် ရနိုင်မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ သင့်သုက်ပိုး ကို သေစေနိုင်သော အစားအစာများ က ဘာတွေများ ဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။သုက်ပိုး ကို သေစေနိုင်သော အစားအစာများ ကတော့။(၁) အရက်။အရက် သောက်သုံးခြင်းက အသည်းကို ထိခိုက်နေရုံ သာမက ကိုယ်တွင်း လုပ်ဆောင်ချက်များ အထူးသဖြင့် ကာမ လုပ်ဆောင်နိုင်စွမ်းနဲ့ မျိုးပွား အင်္ဂါများကိုပါ ထိခိုက်စေပါတယ်။အရက်ကြောင့် အသည်း ထိခိုက်လောက်တဲ့အထိ မပျက်စီးသေးဘူး ဆိုရင်တောင် ကပ္ပာယ်အိတ်က သုက်ပိုး ထုတ်လုပ်စွမ်းက ကျဆင်းနေနိုင်ပါတယ်။ အကြောင်းက သုက်ပိုးရဲ့ အပေါ်ခွံနဲ့ အမြီး ဖြစ်ပေါ်စေဖို့ လိုအပ်တဲ့ ဇင့်ဓာတ်ကို အရက်က သွေးတွင်း စုပ်ယူခြင်း မရှိအောင် တားဆီးတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အရက်ကို လျှော့ သောက်ပါ။ ဖြစ်နိုင်ရင် ဖြတ်ပါ။(၂)တာရှည်ခံအစားအစာများ။ဒီ အစားအစာတွေမှာ BPA ဓာတ် ပါဝင်တာကြောင့် လေ့လာချက်အရ ရေရှည် စားသုံးသူတွေမှာ ၂၃% ခန့် သုက်ပိုး နည်းပါးတတ်ပါတယ်။ နေ့စဉ် စားသုံးမှုမှာ တာရှည်ခံ အစားအစာတွေ တတ်နိုင်သမျှ လျှော့စားပါ။ ဖြစ်နိုင်ရင် လုံးဝ ရှောင်ပေးပါ။(၃) ကဖင်း၊ ဆိုဒါများ။ဒါတွေကို အလွန်အမင်း စားသုံးပါမယ် ဆိုရင် ရေရှည်မှာ သုက်ပိုး နည်းပါးစေနိုင်ပါတယ်။ ကဖင်း နဲ့ ဆိုဒါပါတဲ့ အရာတွေက ၅၀% သုက်ပိုး နည်းပါးစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လက်ဖက်ရည် ကော်ဖီ၊ ကိုလာ၊ စွမ်းအားဖြည့် အချိုရည်တွေကို ရှောင်ပါ။ ဒါတွေက ကဖင်း ပါဝင်နေတာကြောင့်ပါ။(၄) အသင့်စားအစားအစာများ။ဒီ အစားအစာတွေမှာ trans fatty acid ( အဆီဓာတ်) များစွာပါဝင်နေတတ်ပါတယ်။ အလွန်အကျွံ စားသုံးပါမယ်ဆိုရင် ၉၆% ခန့် သုက်ပိုးနည်းသွားတတ်ပါတယ်။(၅) ပဲနဲ့ ဆက်စပ်အစားအစာများ။အထူးသဖြင့် Oestrogen ဟော်မုန်းများစွာ ပါဝင်တဲ့ ပဲအမျိုးအစားတွေကမျိုးအောင်ခြင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် သားသမီး ရလိုသူများအတွက် မိမိ ဘာစားသုံးနေလဲ ဆိုတာ သိရှိထားဖို့ လိုအပ်ပါတယ်။ဗီတာမင် E၊ ဇင့်၊ ဆီလီနီယမ် ကြွယ်ဝအောင် စားသုံးပြီး သုက်ပိုး များပြီး သားသမီးရရန် ကြိုးစားနိုင်ပါတယ်။အခုပြောခဲ့တဲ့ အစားအစာတွေကို သတိထား ဆင်ခြင်တာက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပြီး သားသမီး ရရှိစေဖို့ ထောက်ကူပေးနိုင်မှာပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/food-that-can-damage-sperms/
မုရိုးပင် ကပေးတဲ့ ကျန်းမာရေး
ရိုးတံ ဖြူဖြူ အရွက် ထူထူလေးနဲ့ အရွက်ပေါ်မှာ မွှေးညှင်းလေးတွေ ပါသလို အပွင့်လေးတွေ၊ လေပွ အသီးလေးတွေ ပါနေတဲ့ အပူပိုင်းဒေသတွေမှာ အများဆုံး ပေါက်ရောက်ကျတဲ့အလေ့ကျပေါက်ပင်မုရိုးပင်လေးက ဘယ်လို ဆေးဖက်ဝင်လဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။ ကဲ …. မုရိုးပင် ကပေးတဲ့ ကျန်းမာရေး အကြောင်းလေး ပြောပြပေးပါမယ်နော်။မုရိုးပင်လေးတွေက စိုက်ထားတာထက် အလေ့ကျပေါက်တာက များပါတယ်။ တစ်ပင်လုံးနီးပါး အသုံးဝင်တဲ့ မုရိုးပင် ကပေးတဲ့ ကျန်းမာရေး ကတော့။အဆူးစူးမိတဲ့အခါ အတွင်းပိုင်းမှာ အစူးကကျိုးပြီးကျန်နေခဲ့ရင် ထုတ်ဖို့တော်တော်လေးခက်ပါတယ်။ အပ်နဲ့ထွင်ထုတ်ဖို့ကလည်း ခက်တယ်။ ဆီးချိုလိုမျိုး အနာကျက်မလွယ်တဲ့ကျန်းမာရေး ပြဿနာမျိုး ရှိနေတယ်ဆိုရင် အနာကို ရေစင်အောင်ဆေးလို့ မုရိုးပင်ကနေထွက်တဲ့ အစေးကို အနာမှာလိမ်းပြီး ပတ်တီး ခပ်ပါးပါးလေးနဲ့ စည်းထားပေးလိုက်ပါ။၂ ရက် ကနေ ၃ ရက်လောက်ပုံမှန်လုပ်ပေးရုံနဲ့ အဆူးက သူ့အလိုလိုထွက်လာမှာပါ။မွေးကျွတ်နာဖြစ်တဲ့အခါ အနာကို ရေနွေးဂွမ်းလေးတို့နဲ့ သန့်စင်ပြီးရင် ရေစင်အောင်ဆေးထားတဲ့ မုရိုးအရွက်ကို မီးကင်ပေးလို့ ကပ်ပေးရင် အနာသက်သာစေမှာပါ။တင်းတိပ်သက်သာစေဖို့ဆိုရင် မုရိုးပင်အစေးကိုသနပ်ခါးနဲ့ရောလို့ လိမ်းပေးလို့ရပါတယ်။  မုရိုးစေးက အက်ဆစ်ပါတာကြောင့် အရမ်းမများစေဖို့တော့ သတိထားဖို့ လိုပါမယ်။ခြေသည်းလက်သည်းမှိုစွဲတာကို သက်သာစေဖို့အတွက်လည်း မှိုစွဲတဲ့နေရာကို မုရိုးစေး ထည့်ပြီး ပတ်တီးလေးစည်းပေးပါ။ ပုံမှန်လုပ်ပေးရင် ၁ ပတ်လောက်အတွင်းမှာ သိသိသာသာ သက်သာနိုင်ပါတယ်။အရိုးအဆစ်တွေ ကိုက်တဲ့အခါ  ပင်စည်၊ အရွက်၊ အမြစ်တို့ကို ပြုတ်ပြီး ခပ်နွေးနွေးမှာ ချိုးပေးလို့ရပါတယ်။ဒူးနာ၊ ခါးနာဖြစ်တဲ့ အခါ မုရိုးရွက်ကို မီးကင်ပြီး နာနေတဲ့ ဒူး၊ ခါးတို့နေရာမှာ ကပ်ထားပေးရုံပါ။ ဒူးနာ၊ ခါးနတာကို သိသိသာသာ သက်သာစေမှာပါ။ငါးမျက်စိရှိတဲ့နေရာကို မုရိုးပင် အစေးနဲ့ ပုံမှန် ပွတ်ပေးမယ်ဆိုရင် သက်သာစေမှာပါ။သွားကိုက်သွားနာဖြစ်မယ်ဆိုရင် မုရိုးအစေးကို ဂွမ်းနဲ့တို့ယူပြီး သွားကိုက်သွားနာတဲ့နေရာကို တို့ထားပေးရုံပါ။ထိခိုက်ဒဏ်ရာတွေ ဖြစ်တဲ့အခါ အနာကို မုရိုးပင် အစေးလေးယူပြီး လိမ်းပေးထားရင်အနာပိုးဝင်တာကို ကာကွယ်ပေးနိုင်မှာပါ။နှာခေါင်းပိတ်ခဲ့ရင် မုရိုးပင်အစေးကို နှာရိုးတလျှောက်လိမ်းပေးလို့ရသလို  အပင်အခေါက်ကို မီးရှို့ပြီး အငွေ့ခံပေးလို့ ရပါတယ်။ဒါတွေအပြင် မိန်းကလေးတွေဓမ္မတာ မမှန်တာ၊ ပိုးကောင်ကိုက်တာ၊ ဂေါက်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောတာတွေ အတွက်လည်း အသုံးပြုလို့ရပါတယ်။ရာသီလာစဉ်ကိုက်ခဲတာ၊ ချောင်းဆိုးတာ၊ ပန်းနာရင်ကျပ် သက်သာစေဖို့နဲ့ ကင်ဆာကာကွယ်ဖို့ အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။မုရိုးပင်က ဆေးဖက်ဝင်တာမှန်ပေမယ့် အများကြီးသုံးရင်တော့ အဆင်မပြေပါဘူး။ မုရိုးပင်မှာပါတဲ့ ဓာတုပစ္စည်းတွေကနှလုံးရဲ့ လုပ်ဆောင်မှုကို ထိခိုက်စေနိုင်သလို အော့အန်တာ၊ ဝမ်းလျှော။ နှလုံးခုန်နှေးတာ၊ အခန့်မသင့်ရင် သေဆုံးတာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်တွေ၊နို့တိုက်မိခင်တွေနဲ့ကတော့ လုံးဝမသင့်တော်ပါဘူး။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/calotropis/
သင်က colour blind တစ်ယောက်လား။
ငယ်ငယ်တုန်းကဆို သူငယ်ချင်း အချင်းချင်း အရောင်တွေ မှားပြောနေပြီဆိုရင် နင်က colour blind လား လို့ စ လေ့ရှိတယ်ဟုတ်။ ပတ်ဝန်းကျင်မှာ colour blindလေးတွေ တွေ့ဖူးကြလားမသိ။ သူတို့က blindလို့ ပြောပေမယ့် အရောင်တွေကို မမြင်ရတာ မဟုတ်ပါဘူး။အရောင်တွေကို မြင်ရပါတယ်။ အရောင်တွေကို အမျိုးအမည် မခွဲနိုင်တာပါ။အမြင်အာရုံလည်း တခြား လူတွေလို ပုံမှန်ပါပဲ။ ချို့ယွင်းချက်လေး တစ်ခုဖြစ်သွားလို့ မမြင်ရတော့တာပါ။ သူတို့အကြောင်းက စိတ်ဝင်စားဖို့ကောင်းပါတယ်။ အနားမှာ colour blind သူငယ်ချင်းလေး တစ်ယောက်လောက် ရှိရင် ကူညီပေးနိုင်အောင် ကြည့်ကြည့်ရအောင်။အဓိကကတော့မျိုးရိုးဗီဇကြောင့်ပါပဲ။ မိဘ (အထူးသဖြင့် အမေ)ဆီမှာ မျိုးဗီဇရှိနေရင် သားသမီးဆီကို ရောက်သွားပြီး ဖြစ်တတ်ပါတယ်။ ဒီအကြောင်းကို နောက်မှ အသေးစိတ်ပြောပြပါမယ်။နောက်တစ်ခုကတော့ မျိုးဗီဇနဲ့မဆိုင်ဘဲ တခြား အကြောင်းရင်းကြောင့်ပါ။ ဘာတွေလဲဆိုတော့။တချို့တွေကျတော့လည်း ဘာအကြောင်းရင်းမှ မရှိဘဲနဲ့ အရောင် မခွဲနိုင်တော့တာလည်း ရှိပါတယ်။ အသက်ကြီးလာလေလေ ပိုဆိုးလေလေပါပဲ။ ဒါဆိုရင်တော့ ဇရာကြောင့်ပါပဲ။Colour blind ဖြစ်တယ်ဆိုတာ အရောင်တွေကို ဖတ်ပေးတဲ့ ဆဲလ်တစ်မျိုးဖြစ်တဲ့ conesက မရှိတာ ဒါမှမဟုတ် ကောင်းကောင်း အလုပ်မလုပ်တာကြောင့် ဖြစ်ပါတယ်။ နောက်ပြီး ဒီမျိုးဗီဇချို့ယွင်းချက်က X  ခရိုမိုဆုန်းကနေတစ်ဆင့် မိဘကနေ ကလေးကို လက်ဆင့်ကမ်းသွားတာပါ။ (ကြုံတုန်း ပြောရရင် အမေမှာ XXရှိပြီး အဖေမှာ XYရှိပါတယ်။ အမေ့ဆီက Xတစ်လုံးဆီနဲ့ အဖေ့ဆီက X သို့မဟုတ် Y ပေါင်းပြီး XXဆိုရင် သမီး၊ XYဆို သားဖြစ်ပါတယ်။) Colour blindဟာ။(မျိုးဗီဇအကြောင်းအရာတွေ ဖြစ်တဲ့အတွက် ဘာကြောင့် ဒီလိုတွေ ဖြစ်လဲဆိုတာ အသေးစိတ်မရှင်းပြတော့ပါဘူး။ )။အဓိကကတော့ အရောင်မခွဲနိုင်တာပါ။ ဒီမှာလည်း အတွေ့ရများတဲ့ colour blindness ၂မျိုးရှိပါတယ်။ နီ-ဝါ-စိမ်း အရောင် ၃မျိုးကို မခွဲနိုင်တာပါ။ ဒါကိုတော့ နီ-စိမ်း အရောင်မခွဲနိုင်ခြင်း (red-green colour blindness)လို့ ခေါ်ပါတယ်။ သူကတော့ အတွေ့ရများပါတယ်။နောက်တစ်မျိုးက ရှားရှားပါးပါး ပြာ-စိမ်း-ဝါ အရောင်ကို မခွဲနိုင်တာပါ။ ဒါကိုတော့ ပြာ-ဝါ အရောင်မခွဲနိုင်ခြင်း (blue-yellow colour blindness)လို့ ခေါ်ပါတယ်။သူတို့တွေက အရောင်မြင်ရင်။ဒီတိုင်း အရောင်မခွဲနိုင်တာက ပြဿနာ မရှိပါဘူး။ သူများတွေလိုပဲ သွားနိုင်လာနိုင်ပါတယ်။ တော်တော်များများကလည်း မျိုးဗီဇကြောင့် ဖြစ်တာမို့လို့ မွေးကတည်းက ဒီလိုပဲ နေလာရင်း နေသားကျသွားကြပါတယ်။ ပိုလည်း ဆိုးသွားတာမှ မဟုတ်တာပဲ။ ဒါပေမယ့် ပြဿနာက။ခြုံပြောရရင်တော့ colour blindnessက လူနည်းစုမှာပဲ ဖြစ်တာပါ။ အခက်အခဲလည်း သိပ်မရှိပါဘူး။ သာမန်လူလိုပဲ နေနိုင်ပါတယ်။မျိုးဗီဇကြောင့် ဖြစ်တာကိုတော့ ကုလို့မရပါဘူး။ တော်တော်များများကလည်း နေသားကျသွားကြပါတယ်။ အရောင်ပြင်ပေးတဲ့ မျက်မှန်တွေ၊ မျက်ကပ်မှန်တွေလည်း ရှိပါတယ်။ တခြားအနေနဲ့ သူတို့ကို ကူညီပေးရမှာလေးတွေကတော့။မျိုးဗီဇကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့်ဆိုရင်တော့ အကြောင်းရင်းကို ကုလိုက်ရင် ပြန်ကောင်းသွားနိုင်ပါတယ်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-diseases/what-you-need-to-know-about-colour-blind/
သုက်မလွှတ်တာကြာရင် ဘာဖြစ်တတ်သလဲ
အမျိုးသားတွေမှာ သုက်လွှတ်တယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ် တစ်ခုပါ။ လိင်ဆက်ဆံလို့ပဲဖြစ်ဖြစ်၊ တစ်ကိုယ်ရည်အာသာဖြေလို့ပဲဖြစ်ဖြစ် နောက်ဆုံးwet dreamsလို့ခေါ်တဲ့ အိပ်နေချိန် မသိလိုက်ဘဲ သုက်လွှတ်တာကလည်း သုက်လွှတ်ခြင်းတစ်မျိုးပါပဲ။ အမျိုးသားအများစုကတော့ နည်းအမျိုးမျိုးနဲ့ ပုံမှန်သုက်လွှတ်တတ်ကြပေမဲ့ သုက်မလွှတ်တာကြာရင် ဘာဖြစ်တတ်သလဲဆိုတာကိုလည်း စိတ်ဝင်စားကြပါတယ်။သုက်လွှတ်ခြင်းက သာမန်ကိစ္စတစ်ခုပဲ ဖြစ်တာကြောင့် သုက်လွှတ်ခြင်း၊ မလွှတ်ခြင်းက ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပါ။ တချို့ကလည်း ကျန်းမာရေး အကျိုးကျေးဇူးတစ်ခုခု ရှိမယ်လို့ ထင်တာကြောင့် ဒါမှမဟုတ် ယုံကြည်ကိုးကွယ်မှုတွေကြောင့် သုက်လွှတ်ခြင်းကို ရှောင်ကြပါတယ်။ဒါ့ပြင်No Nut Novemberလို လမျိုးတွေဆို တစ်လလုံးလုံး လိင်လည်း မဆက်ဆံ၊ အာသာဖြေတာလည်း မလုပ်ဘဲ သုက်လွှတ်တာကို လုံးဝအနားပေးလိုက်တာလည်းရှိပါတယ်။သုက်မလွှတ်တာကြာရင်  ဒီလိုအကျိုးကျေးဇူးတွေ ရမယ်လို့ ယုံကြည်တာကြောင့်ပါ။တချို့ကလည်း သုက်မလွှတ်တာကြာရင် ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာပါ အကျိုးကျေးဇူးတွေ ရမယ်လို့ ယုံကြည်လို့ပါတဲ့။ ရှေးအစဉ်အဆက်က လက်ကမ်းလာတဲ့ ယုံကြည်မှုတွေလည်း ပါပါတယ်။ ဥပမာ ပြောရရင် သုက်မလွှတ်တာ ကြာတဲ့အခါ။စိတ်ပိုင်းဆိုင်ရာမှာဆိုရင်လည်း။အခုချိန်ထိတော့ သုက်မလွှတ်ဘဲ နေတာက ကျန်းမာရေးအတွက် ကောင်းစေတယ်လို့ တိကျတဲ့ လေ့လာချက် မရှိပါဘူး။လေ့လာချက် အသေးစားတွေမှာတော့ သုက်မလွှတ်ဘဲ နေတာက တက်စတိုစတီရုန်းလို့ ခေါ်တဲ့ အမျိုးသား ဟော်မုန်းနည်းနေသူတွေမှာ ဟော်မုန်းကို များစေတယ်၊ သုက်ကောင်တွေရဲ့ လှုပ်ရှားမှုကို ကောင်းစေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒါတွေက အသေးစားလေ့လာချက်တွေပဲ ဖြစ်ပြီး သေချာတဲ့အချက်တွေ မဟုတ်ပါဘူး။ဒါနဲ့ ပြောင်းပြန် သုက်လွှတ်တာများရင်လည်းဆီးကျိတ်ကင်ဆာကာကွယ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒါကလည်း ထပ်ပြီးလေ့လာဖို့ လိုသေးတဲ့ အချက်ပဲ ဖြစ်ပါတယ်။တချို့ကလည်း မေးကြတယ်။ သုက်မလွှတ်တာကြာရင် ခန္ဓာကိုယ်ထဲမှာ သုက်ရည်တွေ၊ သုက်ကောင်တွေ များလာပြီး ဘာဖြစ်တတ်သလဲဆိုတာပေါ့။ဘာမှတော့ ကြီးကြီးမားမား မဖြစ်ပါဘူး။ သုက်ရည်တွေ၊ သုက်ကောင်တွေကို အချိန်တန်ရင် ခန္ဓာကိုယ်က သဘာဝအတိုင်း ဖျက်ရင်ဖျက်၊ မဖျက်လည်း အိပ်နေတုန်း ကိုယ်မသိလိုက်ဘဲ သုက်ရည်စိမ့်ထွက်တာကနေ ပါသွားမှာဖြစ်ပါတယ်။ဒါကြောင့် သုက်က ကိုယ်မလွှတ်ချင်ရင် မလွှတ်လည်း ရပါတယ်။သုက်လွှတ်ခြင်း၊ မလွှတ်ခြင်းက ကျန်းမာရေးအတွက် ကြီးကြီးမားမားသက်ရောက်မှု မရှိပါဘူး။ ကိုယ့်သဘောနဲ့ကိုယ် လွှတ်လည်းရ၊ မလွှတ်လည်းရပါတယ်။ ပုံမှန်သုက်လွှတ်နေမှ ကျန်းမာတယ်ဆိုတာမျိုးလည်း မရှိပါဘူး။ကိုယ့်စိတ်နဲ့ကိုယ် သုက်လွှတ်တာ၊ မလွှတ်တာက ပြဿနာမဟုတ်ပေမယ့် သုက်လွှတ်ချင်ရက်နဲ့ လွှတ်လို့ မရရင်တော့ သတိထားပါ။ဥပမာ တချို့ အမျိုးသားတွေက သုက်လွှတ်ရင် နာတာကြောင့် သုက်မလွှတ်ဘဲ ထိန်းထားတာတွေ ရှိပါတယ်။ ဒီလိုပြဿနာဆိုရင်တော့ ထိန်းထားရုံနဲ့ ပြီးသွားမှာ မဟုတ်ဘဲ ဘာကြောင့်နာရတာလဲဆိုတာကို ရှာဖွေကုသမှ ရမှာ ဖြစ်ပါတယ်။တချို့တွေကျတော့လည်း သုက်လွှတ်ချင်တာကို မလွှတ်အောင် လိင်တံကို အတင်းညှစ်ပြီး ပိတ်ထားတတ်တဲ့ အကျင့်ရှိပါတယ်။ ဒါကလည်း မလုပ်သင့်ပါဘူး။ လိင်တံကို ထိခိုက်တာ၊ လိင်တံရဲ့ သွေးကြောကို ထိခိုက်တာတွေ ဖြစ်နိုင်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/what-happen-when-not-ejaculate-for-a-long-time/
သင့်ကလေးတွင် အကြားအာရုံချို့ယွင်းခြင်းဖြစ်နေလျှင် ဘယ်လိုအကောင်းဆုံး ကူညီဖြေရှင်းမလဲ
ကလေးများတွင် အကြားအာရုံချို့ယွင်းရခြင်းသည် မွေးရာပါနှင့် မွေးပြီးမှဖြစ်သော အကြားအာရုံချို့ယွင်းခြင်း ဟူသော အဓိက အကြောင်းရင်း ၂ခုကြောင့်ဖြစ်နိုင်ပါသည်။ နားကြားနေမှသာ ပတ်ဝန်းကျင်ရှိအရာများကို စူစမ်းလေ့လာခြင်း၊ အတုခိုးခြင်းများပြုလုပ်တတ်လာပြီး ဦးနှောက်ဆဲလ်များ ဖွံ့ဖြိုးလာခြင်းဖြစ်ပါသည်။ထိုသို့အကြားအာရုံချို့ယွင်းခြင်းသည် ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှုကို နှောင့်နှေးစေသည့်အတွက် ထိုကလေးများကို အခြားသော သာမန်ကလေးများကဲ့သို့ ကြီးထွားဖွံ့ဖြိုးမှုရရှိစေရန် မတူညီသော ပြုစုပျိုးထောင်မှုနည်းလမ်းများကို အသုံးပြုရပါသည်။သင့်ကလေးကို ပေါင်းသင်းဆက်ဆံတတ်စေရန် အားပေးပါ။အကြားအာရုံချို့ယွင်းနေသော ကလေးများသည် ဘာသာစကားများကိုလေ့လာရာတွင် အခြားကလေးများထက် နောက်ကျပါသည်။ ကလေးများသည် သူတို့၏အားနည်းချက်ကို ရှက်စိတ်ဖြစ်လာလေလေ လူအများနှင့် မဆက်ဆံချင်တော့လေလေဖြစ်ပါသည်။ ထို့ကြောင့် မိဘများအနေဖြင့် ကလေးများကို အခြေအနေကို နားလည်အောင်ရှင်းပြခြင်း၊ ပြုလုပ်ရန်တွန်းအားပေးခြင်း၊ အတတ်နိုင်ဆုံး ပုံမှန်ပတ်ဝန်းကျင်တစ်ခုတွင် နေရသည့် စိတ်ခံစားမှုမျိုးကိုရရှိအောင် ဆောင်ရွက်ပေးခြင်းတို့ပြုလုပ်ပေးသင့်ပါသည်။ နေ့စဉ်ပြောနေကျ စကားများကို ပြောပေးခြင်း၊ စာအုပ်များဖတ်ပြခြင်း၊ သီချင်းများဖွင့်ပြခြင်း၊ စကားလုံးများကို ပီသပြတ်သားစွာ ဖြေးဖြေးအသံထွက်ပြခြင်း၊ လက်ဟန်ခြေဟန်ဖြင့် စကားပြောနည်းများကို ရင်နှီးကျွမ်းဝင်လာအောင် သင်ပေးခြင်းစသည့်နည်းများဖြင့် ကူညီပေးရပါမည်။အကူအညီရှာဖွေပါ။ကလေးအား ပြုစုစောင့်ရှောက်နေသူ သို့မဟုတ် ဆရာမက ကလေး၏အခက်အခဲကို သိထားခြင်းဖြင့် သူရင်ဆိုင်နေရသော အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ခြင်း၊ ပိုပြီး ဂရုစိုက်မှုများပေးနိုင်ခြင်း စသည်တို့ပြုလုပ်ပေးနိုင်ပါသည်။ မိဘများအနေဖြင့်လည်း ကလေးကို နားကြားကိရိယာများတပ်ဆင်ပေးထားခြင်း၊ တစ်ကိုယ်ရည်သုံး အသံချဲ့စက်များဖြင့် ရေဒီယို လိုင်းများနားထောင်နိုင်အောင် စီစဉ်ပေးထားခြင်းဖြင့် သင့်ကလေးကို မည်သည့်အခြေအနေတွင်မဆို ပတ်ဝန်းကျင် သတင်းများနှင့် အဆက်အသွယ်မပြတ်အောင် ကူညီပေးနိုင်ပါသည်။မွေးရာပါ အကြားအာရုံချို့ယွင်းခြင်းသည် မိဘများ အနေဖြင့် ထိုသို့ဖြစ်စေသောအကြောင်းများကို သိရှိထားလျှင် မွေးလာမည့်ကလေးတွင် မဖြစ်စေအောင် အပြည့်အဝကာကွယ်နိုင်ပါသည်။အသံဆူညံမှု အတိုင်းအတာကို ဂရုပြုပါ။ဆူညံသံများကို လျှော့ချရန် တီဗီ၊ ရေဒီယိုများကို အသံလျှော့ချခြင်း၊ ဆူညံသော ပတ်ဝန်းကျင်တွင် ကလေးကို နားကိုကာကွယ်ပေးသည့် အရာများဝတ်ဆင်စေခြင်း (ဥပမာ- နားဆို့၊ နားကြပ်များ)များပြုလုပ်ပေးနိုင်ပါသည်။ ထို့ပြင်နားထဲသို့ အသံများကြားစေမည့် နားကျပ်များကို ဝတ်ဆင်ပေးခြင်းကို ရှောင်ကျဉ်ပါ။အကြားအာရုံချို့ယွင်းခြင်းကို စောစီးစွာ သိရှိပြီး လိုအပ်သည့် ကုသမှုများဆောင်ရွက်ခြင်း။ကလေးများအား ဆူညံသံများနှင့် ထိတွေ့နေခြင်းကို လျှော့ချခြင်းသည် အကြားအာရုံချို့ယွင်းနိုင်ချေကို လျော့နည်းစေသော်လည်း အပြီးသတ်မကာကွယ်နိုင်ပါ။ အကြားအာရုံချို့ယွင်းခြင်းကို စောစော သတိထားမိလေလေ ကလေးအသက်နှင့် သင့်တော်သည့် နားကြားကိရိယာများကိုတပ်ဆင်ပေးခြင်းဖြင့် ကလေးသည် အနာဂတ်တွင် ပိုအဆင်ပြေလေလေဖြစ်ပါသည်။မွေးကင်းစများတွင် မွေးပြီး ၂ရက်ခန့်တွင် နားအကြားအာရုံကို စမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်ရပြီး ကလေးသည် အကြားအာရုံချို့ယွင်းခြင်းဖြစ်နေပါက ကလေးအကြားအာရုံဆိုင်ရာ အထူးကုနှင့် ချက်ချင်းပြသကာ ရေရှည်အတွက် လုပ်သင့်သောအရာများကို လုပ်ရမည်ဖြစ်ပါသည်။အကြားအာရုံချို့ယွင်းခြင်းသည် ကလေးများအသက်ကြီးမှလည်းဖြစ်နိုင်သောကြောင့် သင့်ကလေးသည် အရင်လိုစကားမပြာတော့ခြင်း၊ အရာတခုကို ထပ်ခါတလဲလဲ မေးနေခြင်း၊ အခြားသူများနှင့် စကားပြောလျှင် ဖြေးဖြေးပြောခိုင်းခြင်း၊ ရေဒီယို တီဗီအသံများကို ကျယ်ကျယ်ချဲ့ပြီးနားထောင်နေခြင်း၊ စကားလုံးများကို နားလည်ရန်ခက်ခဲခြင်း စသည့်အချက်များကို မိဘများက သတိပြုစောင့်ကြည့်သင့်ပါသည်။ထို့ပြင် အကြားအာရုံချို့ယွင်းခြင်းကို ဖြစ်စေသော၊ နားအတွင်းပိုင်းရောင်ရမ်းခြင်း၊နားပြည်ယိုခြင်း နားအတွင်း အရည်များဖြစ်ခြင်းကြောင့် မူးဝေခြင်း၊ နားအူခြင်းစသည့် ရောဂါများကိုလည်း မိဘများက သတိပြုကာ ဖြစ်လာလျှင် ဆရာဝန်နှင့်ပြရမည်ဖြစ်ပါသည်။ အကြားအာရုံချို့ယွင်းခြင်းသည် ကလေးများတွင်း ရေကျောက်ပေါက်ခြင်း၊ ပါးချိတ်ရောင်ခြင်း၊ ဝက်သက်ပေါက်ခြင်းများဖြစ်ပြီး ချိန်တွင်လည်း ဖြစ်တတ်ပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/neurological-diseases/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%a1%e1%80%80%e1%80%bc%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%9b%e1%80%af%e1%80%b6/
null
null
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/calumba-%e1%80%80%e1%80%ac%e1%80%9c%e1%80%94%e1%80%b9%e1%80%b8%e1%80%98%e1%80%ac/
ကိုယ်အလေးချိန် တက်လိုသူတွေအတွက်
ကိုယ်အလေးချိန်တက်ချင်တယ်။ ဘာစားလို့ စားရမလဲ မသိဘူးဆိုပြီး ဖြစ်နေတဲ့ Hello ဆရာဝန် ပရိသတ်ကြီးတွေများ ရှိနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက အသုံးတည့်မယ် ထင်ပါတယ်နော်။ ဒီဆောင်းပါးလေးထဲမှာ ကိုယ်အလေးချိန် တက်လိုသူတွေအတွက် ဘာတွေ စားပေးရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ကိုယ်အလေးချိန် တက်လိုသူတွေအတွက် ကျန်းမာစွာနဲ့ ကိုယ်အလေးချိန် တက်လာဖို့ ဆိုရင်တော့။ပရိုတင်းနဲ့ကာဗိုဟိုက်ဒရိတ်ပါဝင်နေတဲ့ အာဟာရပြည့်သောက်စရာတစ်မျိုးပါ။ဗီတာမင်၊သတ္တုဓာတ်နဲ့ ကယ်လ်ဆီယမ်တို့ပါဝင်နေပါတယ်။ ကြွက်သားတက်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ကိုယ်အလေးချိန်တက်စေဖို့ အလွယ်ကူဆုံးနည်းလမ်းတွေထဲကတစ်ခုပါ။လေ့ကျင့်ခန်းလုပ်ရင်းပရိုတင်း Shakeသောက်ပေးမယ်ဆိုရင် အချိန်တိုအတွင်းမှာ ကြွက်သားတွေတက်ပြီး ကိုယ်အလေးချိန်တိုးလာမှာပါ။ထမင်းတစ်ပန်းကန်စာမှာကယ်လ်လိုရီ၂၀၀လောက်ပါဝင်နေပါတယ်။ ထမင်းကကိုယ်အလေးချိန်တက်စေဖို့ လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ်ရရှိစေနိုင်တဲ့ အကောင်းဆုံးအစားအစာတစ်ခုဆိုလည်း မမှားပါဘူး။အခွံမာသီးတွေပုံမှန်စားသုံးပေးတာက ကိုယ်အလေးချိန်တက်စေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်တက်ချင်တယ်ဆိုရင်နေ့တိုင်း အခွံမာသီးတစ်ခုခုကို လက်တစ်ဆုပ်စာလောက်စားပေးပါ။သစ်သီးခြောက်တွေမှာ အာဟာရ နဲ့ ကယ်လ်လိုရီတွေပါဝင်နေပါတယ်။ အသီးခြောက် ခွက်တစ်ဝက်စာမှာ ကယ်လ်လိုရီ ၁၃၀လောက်ထိပါဝင်နေတာကြောင့် နာနတ်သီးခြောက်၊ ချယ်ရီသီးခြောက်၊ ပန်းသီးခြောက် နဲ့စပျစ်သီးခြောက်တို့ကို စားသုံးပေးလို့ရပါတယ်။ကယ်လ်လိုရီ၊ အဆီ၊ ဗီတာမင် နဲ့ သတ္တုဓာတ်တို့ပါဝင်နေပါတယ်။ ဝချင်သူတွေအနေနဲ့ထောပတ်သီးကို အသီးအတိုင်းစားတာဖြစ်ဖြစ်၊ဖျော်သောက်တာဖြစ်ဖြစ် စားသုံးပေးလို့ရပါတယ်။ပရိုတင်း၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေ နဲ့ အခြား အာဟာရဓာတ်တွေ ပါဝင် နေပါတယ်။ ကြက်ဥအနှစ်က အာဟာရ ပိုမို ပါဝင်နေတာကြောင့် ကိုယ်အလေးချိန် တက်ချင်တယ် ဆိုရင် ကြက်ဥအနှစ် စားပေးပါ။အဆီပြည့်ဒိန်ချဉ်က ပရိုတင်းနဲ့ အာဟာရဓာတ်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် အဆီထုတ်မထားတဲ့ ဒိန်ချဉ်ကိုသောက်ပေးလို့လည်းရပါတယ်။ ဒိန်ချဉ်ထဲကိုငှက်ပျောသီး၊ ပန်းသီးတို့လိုမျိုး အသီးတွေ ထည့်ပြီး စားပေးလို့လည်း ရပါတယ်။အစားအစာတွေစားတာအပြင် ကိုယ်အလေးချိန် တက်စေဖို့ ဒီအချက်လေးတွေကိုလည်း လိုက်နာဖို့လိုပါမယ်။ဒီအချက်တွေကိုလိုက်နာလို့ ကိုယ်အလေးချိန် တက်လာအောင် ကြိုးစားကြည့်လိုက်ပါနော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/how-to-gain-weight-fast-and-safely/
Costochondritis (နံရိုးထိပ်ရှိအရိုးနုရောင်ခြင်း)
ရင်ဘက်ရိုးနဲ့နံရိုး ဆက်တွယ်ပေးထားတဲ့ အရုးနုရောင်ရမ်းခြင်းဖြစ်တယ်။ ထိုရောင်ရမ်းခြင်းကြောင့်ရတဲ့ နာကျင်မှုက နှလုံးဖောက်ခြင်း ဒါမှမဟုတ် တခြားနှလုံးရောဂါတွေနဲ့ဆင်တူနိုင်ပါတယ်။နာကျင်မှုက သာမန်လောက်ကနေ ပြင်းပြင်းထန်ထန်ထိ ဖြစ်နိုင်တယ်။ သာမန်အခြေအနေမှာဆိုရင် ရင်ဘတ်ကို ထိမိ၊ ခိုက်မိမှ နာကျင်သွားတာမျိုးဖြစ်ပြီး ပြင်းထန်တဲ့နာကျင်မှုကတော့ လက်တွေ၊ ခြေတွေထိ ပျံ့ဆင်းသွားတဲ့နာကျင်မှုမျိုး၊ နေ့စဉ်ဘဝကိုတောင် အနှောင့်အယှက်ဖြစ်တဲ့ မခံနိုင်လောက်တဲ့ နာကျင်မှုမျိုးဖြစ်တယ်။ထိုအရိုးနုရောင်ခြင်းက သူ့အလိုလိုပျောက်သွားတတ်ပါတယ်။ ပျောက်ဖို့ကတော့ ရက်သတ္တပတ်အနည်းငယ် ဒါမှမဟုတ် ပိုပြီးကြာနိုင်တယ်။ ကုသမှုက နာကျင်မှုကိုသက်သာဖို့ပဲ ဦးတည်ပါတယ်။အလွန်ဖြစ်လေ့ရှိတယ်။ အမျိုးသမီးတွေနဲ့ အသက် ၄၀ ကျော်သူတွေမှာ ပိုပြီးတွေ့ရတတ်တယ်။ ရောဂါဖြစ်စေတဲ့ အချက်တွေကို လျှော့ချခြင်းအားဖြင့် အခြေအနေကို ထိန်းသိမ်းနိုင်ပါလိမ့်မယ်။ အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။နာကျင်ခြင်းအကြောင်း-။တခြားသောလက္ခဏာတွေလည်းရှိနိုင်တာကြောင့် စိတ်ပူသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ပါ။အကြောင်းအရင်းအတိအကျမရှိပါဘူး။ ဒါပေမယ့် များသောအားဖြင့်တော့ အောက်ပါအကြောင်းတွေကြောင့် ဖြစ်တတ်တယ် –။အချက်တွေအများအပြားရှိနိုင်တယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ကုသထုံး။ခွဲစိတ်ခြင်းနှင့်အခြားနည်းလမ်းများ။တခြားနည်းလမ်းများအဆင်မပြေပါက နာကျင်သော အဆစ်တဝိုက်သို့ စတီးရွိုက်တိုက်ရိုက်ထိုးသွင်းကုသပါလိမ့်မယ်။အကူအညီဖြစ်စေမယ့် နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများကတော့-။တခြားသိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ။်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/costochondritis-%e1%80%94%e1%80%b6%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%91%e1%80%ad%e1%80%95%e1%80%ba%e1%80%9b%e1%80%be%e1%80%ad%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%94%e1%80%af/
တရုတ်စကားပန်း နဲ့ ကျန်းမာရေး
အဖြူရောင်နဲ့ အတွင်းပိုင်းမှာ ခပ်ဝါဝါအရောင်လေးပါတတ်ပြီး အနံ့မွှေးမွှေးလေးနဲ့ ပန်လိုက်ရင် ချစ်ဖို့ကောင်းတဲ့ တရုတ်စကားပန်း လေးက အရောင်အဆင်းအနံ့နဲ့တင်ပြည့်စုံတာမဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးပါသေးတယ်။တရုတ်စကားပင် က အပူပိုင်းဒေသတွေဖြစ်တဲ့ အမေရိက နဲ့ အာဖရိကဒေသတွေမှာ ပေါက်ရောက်ကျတဲ့ မျိုးရင်းပင်တွေပါ။ ကမ္ဘာ့နေရာတော်တော်များများမှာ ပေါက်ရောက်ကြပါတယ်။ အခုဆိုရင် နေအိမ်တွေမှာ အလှစိုက်ပျိုးထားတာတွေတောင်ရှိနေကြပါပြီ။မြန်မာနိုင်ငံမှာလည်း ပေါက်ရောက်ကြပါတယ်။ ပန်းအဖြူရောင် မွှေးမွှေးလေးတွေ ပွင့်တတ်ကြပြီး ပွင့်ဖတ်လေးတွေက ခပ်ထူထူလေးနဲ့ လှပါတယ်။အဆင်းနဲ့ရနံ့ပြည့်စုံတဲ့ တရုတ်စကားပန်း လေးက။တရုတ်စကားပန်း လေးက ဆီးချိုကြောင့်အနာမကျက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။အင်းဆက်ကိုက်တာ၊ ထိခိုက်မိတာကြောင့် အရေပြားမှာ နာကျင်ရောင်ရမ်းမှုတွေ ဖြစ်တဲ့အခါမှာလည်း တရုတ်စကားပန်းကို အသုံးပြုလို့ရပါတယ်။ တရုတ်စကားပန်းကို ရေစင်အောင်ဆေးလို့ ပြုတ်ပါ။ ရလာတဲ့အရည်ကို ရောင်ရမ်းနေတဲ့ နေရာမှာ ဂွမ်းစသန့်သန့်လေးနဲ့ ဆွတ်ပေးရုံပါ။ထိခိုက်တာ​ကြောင့် အနာတွေဖြစ်တဲ့အခါ  တရုတ်စကားပင် ရဲ့ အရွက်ကို အသုံးပြုပေးလို့ရပါတယ်။ ရေစင်အောင်ဆေးထားတဲ့ တရုတ်စကားပင် အရွက်ကို လက်သည်းလေးနဲ့ဆိတ်လို့အုန်းဆီလေးလူးလိုက်ပါ။ ပြီးရင် အနာပေါ်ကို ကပ်ထားပေးရုံပါ။ ပုံမှန်လေး လုပ်ပေးရင် အနာသက်သာမှာပါ။အစာမကြေတာနဲ့ လေပွတာမျိုး အစာခြေစနစ် ပြဿနာရှိသူတွေအနေနဲ့ တရုတ်စကားပန်း ကို အသုံးပြုပေးလို့ ရပါတယ်။ရေစင်အောင်ဆေးထားတဲ့ တရုတ်စကားပန်းကို ရေနွေးဆူဆူထဲထည့်ပြုတ်ပြီး သောက်ပေးတာကအစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ခန္ဓာကိုယ်မှာ ရှိနေတဲ့ ကြွက်နို့တွေသက်သာစေဖို့အတွက်ဆိုရင် တရုတ်စကားရွက်ကို အသုံးပြုပေးလို့ရပါတယ်။ အရွက်ကို ချိုးလိုက်ရင် ထွက်လာတဲ့ အစေးကို ယူပြီး ကြွက်နို့ပေါ်မှာ လိမ်းလိုက်ရုံပါ။ ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေကို အစေး မထိမိစေဖို့တော့ သတိထားရပါမယ်။သွားမှာ အပေါက်တွေဖြစ်ပြီး အစာဝင်တိုင်းနာနေမယ်ဆိုရင်တော့ တရုတ်စကားပင် အရွက်ကနေထွက်တဲ့ အစေးကို ဂွမ်းစသန့်သန့်လေးနဲ့ ယူပြီး သွားအပေါက်ရှိတဲ့​နေရာမှာ ကပ်ထားပေးလိုက်ရုံပါ။အရေပြား ပြဿနာ အမျိုးမျိုးအတွက် တရုတ်စကားပန်းအရွက်၊ အခေါက်ပြုတ်ရည်တို့နဲ့ရေချိုးပေးရုံပါ။ခြေဖနောင့်ကွဲတာကို သက်သာစေဖို့ဆိုရင် ဖနောင့်ကွဲတဲ့နေရာတွေကို တရုတ်စကားအရွက်ပြုတ်ရည်နဲ့ သန့်စင်ဆေးကြောပေးလို့ရပါတယ်။တရုတ်စကားပန်းတွေကဆေးဖက်ဝင်တယ်ဆိုပေမယ့် ရောဂါအခံရှိသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေနဲ့ ကျန်းမာရေး အခြေအနေတစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။ဓာတု‌ဗေဒနည်းအရ သန့်စင်ထားခြင်းမရှိတဲ့အတွက် ခန္ဓာကိုယ်မှာ အသုံးပြုတဲ့အခါ စိတ်ချရမှုကို အာမမခံနိုင်ပါဘူး။ ဒါကြောင့် အသုံးပြုမယ်ဆိုရင် သက်ဆိုင်ရာ တိုင်းရင်းဆေးဝါးပညာရှင်နဲ့ တိုင်ပင်ပြီးမှသာ အသုံးပြုသင့်ပါတယ်။မိမိကျန်းမာရေးပြဿနာက အရေးကြီးတယ်ဆိုရင် အိမ်မှာ တရုတ်စကားပန်းနဲ့ ကုသနေတာထက် ကျွမ်းကျင်ဆရာဝန်နဲ့ ပြသတာက ပိုပြီး သင့်တော်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/health-benefits-of-plumeria/
ကိုယ်အလေးချိန် ပြန်မတက်စေနိုင်သော ဝိတ်ချနည်း
ကိုယ်အလေးချိန်ကျလိုက် ပြန်တက်လိုက်ဖြင့် သံသရာလည်နေခြင်းမျိုးသည် အလွန်အဖြစ်များပါသည်။ ယခင်က ဝိတ်ချ ခြင်း မအောင်မြင်ခဲ့ဖူးသည့်အခါ အခြားနည်းလမ်းတစ်ခု ပြောင်းသုံးသင့်ပါသည်။လေ့လာမှုများက လူအများစုသည် ဝိတ်ချပြီးသောအခါ အနှေးနှင့်အမြန် ဝိတ်ပြန်တက်လာစမြဲဟု ပြောသည်။ ထိုအချင်းအရာက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကိုဖြစ်စေပါသည်။ အစားအလွန်စားခြင်း နှင့် ကိုယ်ခန္ဓါ ပုံပန်းသွင်ပြင်ကို အထူးပြုလေ့လာသော မက်ဟန်တန်မှ စိတ်ပညာရှင် Alexis Conason က အစားစားခြင်းဖြင့် ဝိတ်လျှော့လိုက် ဝိတ်ပြန်တက်လာလိုက်ဖြစ်ခြင်းသည် ဖြစ်နေကျ သံသရာလည်ခြင်းဖြစ်ပြီး ထိုသို့ဖြစ်ရခြင်းမှာ ကျွန်ုပ်တို့ အပြစ်ကြောင့်ဟုပြောဆိုခံနေရပါသည် ဟုဆိုပါသည်။ ချထားပြီးသော ကိုယ်အလေးချိန် ပြန်တက်လာသောအခါ သူတို့သည် ရှက်ခြင်း၊။ရှုံးနိမ့်ခြင်း၊မိမိကိုယ်ကိုလက်ခံနိုင်မှု လျော့ကျခြင်း နှင့် အပြစ်ရှိသလို ခံစားရခြင်းတို့နှင့် ရင်ဆိုင်ရသည်။ သူတို့တွင် အားတက်စရာမရှိတော့ဘဲ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှုလည်း မရှိတော့ချေ။လူတို့သည်အစားအသောက်ကို ထိန်းချုပ်ရန် တွန်းအားပေးသော အစီအစဉ်ကို တင်းကြပ်စွာ လိုက်နာကြသည်။ အစားစားခြင်းကို တင်းကြပ်မှုက ခံစားချက်ကင်းမဲ့မှုကို ဖြစ်စေပြီး ချ​ဉ်ခြင်းတက်ခြင်းနှင့် အလွန်အမင်းဆာလောင်ခြင်းကို နောက်ဆက်တွဲအဖြစ် ခံစားရသည်။ စားသောက်မှု အလေ့အထသည် တင်းကြပ်လွန်းပြီး အပြုသဘောမဆောင်လျှင် ခဏသာခံမည် ဖြစ်သည်။ နောက်ဆုံးတွင် လူတို့သည် ဆက်လက် မခံစားနိုင်တော့ဘဲ အားထုတ်မှုများကိုလက်လျှော့ကာ ယခင်ချထားသော ကိုယ်အလေးချိန်လည်း ပြန်တက်လာရသည်။လူအများစုတွေးထင် သကဲ့သို့ ဝိတ်ချလိုက် ပြန်တက်လိုက် သံသရာလည်နေခြင်းသည်ကျန်းမာရေးကို တစ်စုံတစ်ရာအန္တရာယ် မဖြစ်စေပါ။ ထို့ပြင် ကိုယ်အလေးချိန်သံသရာလည်နေခြင်းသည် နောက်တစ်ခါ ဝိတ်ချရန်ပို၍ ခက်ခဲစေသည်။ ထို့ကြောင့် ထိုသံသရာလည်ခြင်းမျိုး မဖြစ်တော့ရန် ပိုမိုထိရောက်သော နည်းလမ်းတစ်ခုရှိပါသည်။ ဒါကတော့ ကိုယ်အလေးချိန် ပြန်မတက်စေနိုင်သော ဝိတ်ချနည်းပါ။အရေးကြီးဆုံး ပထမအဆင့်မှာ အစီအစဉ်ဆွဲခြင်းဖြစ်သည်။ ပြောင်းလဲမှုများ မပြုလုပ်မီ တိကျသော ပန်းတိုင်ချမှတ်ပါ။ သင်မျှော်မှန်းသော ပန်းတိုင်ရောက်သောအခါ သင်၏ကောင်းသောပြောင်းလဲမှုများကို ထိန်းထားရန် စိတ်အားတက်မှု ရလာမည်။သင်လိုချင်သော ပန်းတိုင်ရောက်လျှင် ပြောင်းလဲမှုကို ဖြစ်စေခဲ့သော နေထိုင်စားသောက်မှု ပုံစံကိုတွေးတောပါ။ ထိုပြောင်းလဲမှုများကို သင့်နေစဉ်ဘဝတွင် ထည့်သွင်းနိုင်လျှင် ရေရှည်တည်မြဲသော အမူအကျင့်ဖြစ်လာမည်။ဒုတိယအနေဖြင့် သင့်လမ်းကြောင်းမှ သွေဖယ်သွားလျှင် ချက်ချင်းတည့်မတ်ပါ။ ဝိတ်မသိမသာပြန်တက်လာခြင်းမှသိသိသာသာပြန်တက်ခြင်းမျိုး ခဏခဏမဖြစ်အောင် အားထုတ်နိုင်လျှင် အောင်မြင်သော ဝိတ်ချနိုင်သူ သင်ဖြစ်ပါပြီ။နောက်ဆုံးအနေဖြင့်လေ့ကျင့်ခန်းများပြုလုပ်၍ ပိုမို ကျန်းမာအောင် အားထုတ်ပါ။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက ကိုယ်အလေးချိန်လျော့ကျစေနိုင်မှန်း သင်သိသော်လည်း ကယ်လိုရီများ လောင်ကျွမ်းစေသော အာနိသင်အပြင်အခြား ရလဒ်များလည်းရှိသေးသည်ကို သင်သိပါသလား။အချို့လေ့လာချက်များတွင် မကြာခဏလေ့ကျင့်ခန်းလုပ်၍ချွေးထွက်ခြင်းဖြင့် ခံတွင်းကောင်း စေသော်လည်း အစားစားပြီးသော အခါ စိတ်ကျေနပ်မှု ပို၍ ရနိုင်သည်ဟု ဆိုပါသည်။ ထိုသဘောသည်ကိုယ်အလေးချိန်ကို ထိန်းခြင်း၌ အလွန်အရေးပါသည်။သင်လိုချင်သော ပြောင်းလဲမှုများ ရရှိလာသောအခါ တည်မြဲအောင် ဆက်လက် တည်ဆောက်ပါ။ ကယ်လိုရီကို လျှော့ချနိုင်ရန် လက်တွေ့ကျ၍ အရသာရှိသော အစားအသောက်ပုံစံကို လိုက်နာ၍ တစ်ချိန်တည်းတွင်စိတ်ခံစားမှုပါ ကောင်းမွန်လာမည်ဖြစ်သည်။ဒါကတော့ ဝိတ်ချနေသူတိုင်း သိချင်နေမယ့် ကိုယ်အလေးချိန် ပြန်မတက်စေနိုင်သော ဝိတ်ချနည်းပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/can-lose-weight-without-gaining-it-back/
ဆီကြော်နဲ့ကျန်းမာရေး
ထမင်းစားတဲ့အခါ အကြော်လေးတစ်ခွက်၊ ဆီပြန်လေးတစ်ခွက်၊ အရည်ဟင်းလေး၊ ငပိရည်၊တို့စရာလေးနဲ့မှ ခံတွင်းမြိန်တယ်ဟုတ်။ တစ်ခါတလေ ဘာစားရမှန်းမသလို့ ငါးလေးပဲကြွပ်ကြွပ်ကြော်စားလိုက်တယ်၊ ကြက်သားလေးပဲကြော်စားလိုက်တယ်ဆိုတာမျိုးတွေရှိတယ်ဟုတ်။ မုန့်ဟင်းခါးစားစား၊ အသုပ်စားစား အကြော်လေးထည့်စားရမှာ ခံတွင်းတွေ့တဲ့သူတွေရှိနေတယ်မှတ်လား။ ဒါဆိုရင်တော့ဆီကြော်တွေအကြောင်းနည်းနည်းလောက်ပြောကြရအောင်နော်။လူတော်တော်များများကကြော်ထားတဲ့အရာတွေကို စားသုံးရတာ ခံတွင်းတွေ့ကြပါတယ်။ အာလူးချောင်းကြော်၊ ကြက်ကြော်၊ ငါးကြော်၊ အသားကြော်တွေ အပြင် အမျိုးမျိုးသော အကြော်တွေကို ခံတွင်းတွေ့စွာနဲ့ စားသုံးကြပါတယ်။ကြော်ထားတာတွေကတာရှည်ခံသလို စားသုံးရတာလည်း အဆင်ပြေ အရသာတွေ့တာကြောင့် ဆီကြော်တွေစားသုံးမှုက တစ်နေ့တခြားစားသုံးမှုများလာခဲ့ပါတယ်။ တကယ်တော့ ဆီနဲ့ကြော်ထားတဲ့ အစားအစာတွေကကယ်လ်လိုရီပါဝင်မှုများသလိုအသွင်ပြောင်းအဆီတွေပါဝင်မှုလည်းတော်တော်လေးများပါတယ်။ ဒါကြောင့်ဆီကြော်အစားအစာတွေကို စားမယ်ဆိုရင် ကျန်းမာရေးအပေါ်မှာ ထိခိုက်နိုင်တဲ့ အတိုင်းအတာကတော်တော်လေးများပါတယ်။မနက်စာကနေစလို့ ညအိပ်ရာမဝင်ခင်အထိ စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာ ဆီနဲ့ကြော်ထားတဲ့အစားအစာတွေက မပါမဖြစ်ပါဘဲ။ ဒီအစားအစာတွေကအစာခြေစနစ်အပါအဝင်ခန္ဓါကိုယ်တစ်ခုလုံးကို ထိခိုက်စေနေတာပါ။ ဆီကြော်ဆိုလို့မနက်စာစားလေ့ရှိတဲ့ စမူဆာ၊ ပလာတာ၊ အီကြာကွေးတွေတင်မဟုတ်ပါဘူးနော်။ မုန့်ဟင်းခါးတွေ၊အသုပ်တွေထဲမှာ ထည့်စားလေ့ရှိတဲ့ အကြော်တွေ၊ အကြော်စုံ၊နေ့ခင်စားအဖြစ်စားတတ်တဲ့ ကြက်ကြော်၊ငါးကြော်တွေနဲ့ ဆီနဲ့ကြွပ်ကြွပ်ကြော်ထားတဲ့ အစားအစာတွေ၊ အသင့်စားအာလူးကြော်တွေ၊ ငါးမုန့်ကြော်တွေမှာလည်းပြည့်ဝဆီတွေပါဝင်နေတာကြောင့် ခန္ဓါကိုယ်အတွက် မကောင်းတာကတော့ အမှန်ပါပဲ။ ဒါကြောင့် အကောင်းဆုံးသောနည်းလမ်းကနေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ဆီကြော်တွေစားသုံးမှုကိုလျှော့စားဖို့ပြောပါရစေ။လေ့လာမှုတွေအရ ဆီကြော်တွေစားသုံးမှုက နာတာရှည်ရောဂါတွေဖြစ်လာစေနိုင်ခြေပုံမှန်ထက်ပိုများနေတယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ ဆီကြော်တွေစားသုံးမှုကြောင့် ဒီရောဂါတွေခံစားရနိုင်ပါတယ်။နှလုံးရောဂါ။ဆီကြော်စာတွေ စားသုံးမှုကသွေးပေါင်ချိန်ကို တက်စေနိုင်ပြီးသွေးတွင်းကအကျိုးပြုကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပါတယ်။ ဒီအခြေအနေက နှလုံးရောဂါဖြစ်စေဖို့အတွက် အကောင်းဆုံးတွန်းအားပေးနေတာပါ။ တစ်ပတ်မှာ ဆီကြော်ကို တစ်ကြိမ်ထက်ပိုစားသူတွေက နှလုံးရောဂါဖြစ်နိုင်ခြေက ပုံမျန်ထက် ၄၈ ရာခိုင်နှုန်းပိုများနေပါတယ်။ ဒါကြောင့် အကောင်းဆုံးက ဆီကြော်ကို တစ်လမှာ ၁ ကြိမ်ကနေ ၃ ကြိမ်ပဲစားပေးပါ။ ဒါကြောင့် ဆီကြော်တွေအစား ကင်စားတာဖြစ်ဖြစ်၊ပြုတ်စားတာဖြစ်ဖြစ်ပြင်ဆင်စားသုံးပေးပါ။ ဆီကြော်မုန့်တွေကရုတ်တရက် နှလုံးရပ်နိုင်ခြေကိုလည်း ပိုများစေနိုင်ပါတယ်။လေ့လာမှုတွေအရ ဆီကြော်စားသုံးမှုတွေက အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်နိုင်ခြေကို တိုးစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ တစ်ပတ်ကို ၂ ကြိမ်ထက်ပိုပြီး ဆီကြော်စားသုံးမှုက အင်ဆူလင်မတိုးခြင်းကိုပိုမိုခံစားရနိုင်ပါတယ်။ တစ်ပတ်ကို ဆီကြော်တွေ ၄ ကြိမ် ကနေ ၆ ကြိမ်အထိစားသုံးတဲ့သူတွေက ပုံမှန်ထက် အမျိုးအစား (၂) ဆီးချိုရောဂါခံစားရနိုင်ခြေပိုများပါတယ်။အဝလွန်။ကြော်ထားတဲ့ အစားအစာတွေက အခြားအစားအစာတွေထက်ကယ်လ်လိုရီပါဝင်မှုပိုများပါတယ်။ ဒါကြောင့်ဆီကြော်တွေ အများကြီးစားမယ်ဆိုရင် ကယ်လ်လိုရီတွေပိုတိုးလာမယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါပဲ။ ကယ်လ်လိုရီပါဝင်မှုများတဲ့ အစားအစာတွေစားသုံးတာ၊ အသွင်ပြောင်းအဆီတွေစားသုံးတာက ဗိုက်အဆီတက်စေနိုင်သလိုကိုယ်အလေးချိန်လည်းတက်လာစေနိုင်ပါတယ်။နေ့စဉ်စားသုံးမှုမှာ ဆီကြော်တွေပါဝင်နေမယ်ဆိုရင်တော့ ပုံမှန်ကိုယ်အလေးချိန်ထက်တိုးလို့ အဝလွန်လာမယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါပဲနော်။ဒါကြောင့် အခုချိန်ကစလို့ ဆီကြော်တွေစားသုံးမှုကို တတ်နိုင်သမျှလျှော့ချပြီး ကိုယ့်ရဲ့ကျန်းမာရေးကို ဂရုစိုက်ဖို့ပြောပါရစေနော်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%86%e1%80%ae%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%ba%e1%80%94%e1%80%b2%e1%80%b7%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8/
တင်ပါးဆုံလေ့ကျင့်ခန်းများ Kegel exercises အဆင့်ဆင့် လမ်းညွှန်ချက်
Kegel လေ့ကျင့်ခန်းများသည် ဆီးအိမ်နှင့် မိန်းမကိုယ်လမ်းကြောင်းကို ထောက်ပံ့ပေးသော ကြွက်သားများကို သန်မာစေသည်ဟု ယုံကြည်ကြပါသည်။ ဒီလေ့ကျင့်ခန်းများမှ အကောင်းဆုံးရလဒ်ကိုရစေရန် သင်ကိုယ်တိုင် ဒီအရာနဲ့ပတ်သက်တဲ့ ဗဟုသုတများကို သိရှိပြင်ဆင်ထားဖို့အရေးကြီးပါတယ်။ အောက်မှာ သင့်အတွက် လမ်းညွန်ချက် အဆင့်ဆင့်ကို ဖေါ်ပြထားပါတယ်။Kegel လေ့ကျင့်ခန်းများ (သို့) Kegel ဆိုသည်မှာ သင် ခန္ဓါကိုယ်ဧ။် တင်ပါးဆုံအောက်ခြေနေရာရှိ ကြွက်သားများအတွက် ပြုလုပ်ထားသော လိုက်နာလုပ်ဆောင်ရန် ရိုးရှင်း လွယ်ကူသည့် လေ့ကျင့်ခန်းများဖြစ်သည် ။ Kegel လေ့ကျင့်ခန်းများသည် တင်ပါးဆုံ အောက်ခြေနေရာရှိ ကြွက်သားများကို သန်မာစေသည့်အပြင် များစွာသော သက်တောင့်သက်သာမဖြစ်သည့် လက္ခဏာများကိုလည်း သက်သာစေပါသည်။ သတင်းကောင်းတစ်ခုကတော့ ဒီလေ့ကျင့်ခန်းကို ဘယ်အချိန် ဘယ်နေရာမှာမဆို သင့်ဘေးမှလူများ သတိမထားမိစေဘဲ လုပ်ဆောင်နိုင်ခြင်းပဲဖြစ်ပါတယ်။ ရေချိုးနေရင်း၊ လုပ်ငန်းခွင်သို့ ကားမောင်းသွားနေရင်း နှင့် မည်သည့်အချိန်တွင်မဆို လုပ်ဆောင်နိုင်ပါတယ်။(၁) မှန်ကန်သော ကြွက်သားကို ရွေးချယ်ပါ။ဒီလေ့ကျင့်ခန်းများ လုပ်ရာတွင် ပထမဆုံး အရေးကြီးအချက်ကတော့ တင်ပါးဆံအောက်ခြေကြွက်သားများ ဘယ်နေရာမှာ ရှိလဲဆိုတာကို သိထားဖို့လိုအပ်ပါတယ်။ ဆီးသွားစဉ် ဆီးလမ်းကြောင်းကို ရပ်တန့်အောင်လုပ်နိုင်သော ကြွက်သားများ ကို ရှာဖွေခြင်းဖြင့် သိနိုင်ပါတယ်။ ဆီးသွားစဉ် ခဏထိန်းထားနိုင်အောင် ဘယ်ကြွက်သားများနှင့် ထိန်းထားနိုင်သလဲဆိုတာ သတိထားကြည့်ဖို့ လိုပါလိမ့်မယ်။ ဒါကိုသိသွားပြီဆိုရင် မှန်ကန်တဲ့ကြွက်သားကို သင်ရရှိပြီဖြစ်ပါတယ်။ သင်သတိထားဖို့တစ်ခုကတော့ ဒီလေ့ကျင့်ခန်းကို အမြဲ စွဲမလုပ်ဖို့ဘဲဖြစ်ပါတယ်။ လုပ်မိခဲ့ရင် သင့်ဆီးအိမ်ကဆီးကို ကုန်အောင်မစွန့်နိုင်ဘဲ ဆီးကျန်နေတတ်သောကြောင့် ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါတယ်။(၂) နည်းလမ်း မှန်ပါစေ။လေ့ကျင့်ခန်းမစမီ ဆီးကို ကုန်အောင်သွားထားပါ။ ပထမအဆင့်ကတော့ မာသောအိပ်ယာ သို့မဟုတ် ကြမ်းခင်းပေါ်မှာ ဆန့်နေအောင် လှဲလိုက်ပါ။ သက်တောင့်သက်သာရှိအောင် လေ့ကျင့်ခန်းပြုလုပ်စဉ် အသုံးပြုသော ကော်ဇောကို အသုံးပြုနိုင်ပါသည်။ ထိုနောက် သင်လေ့ကျင့်ရှာဖွေထားသော ကြွက်သားများကို တင်းအောင်လုပ်ပြီး စက္ကန့်ပိုင်း ထိန်းထားပါ။ ၅ စက္ကန့်ခန့်တင်းအောင်ထိန်းထားပြီးနောက် ၁၀ မိနစ်ခန့်ကြွက်သားတွေကိုဖြေလျော့နားပြီးမှ နောက်တစ်ကြိမ်ပြန်စပါ။ အနည်းဆုံး တစ်နေ့လျှင် ၃ကြိမ်၊ တစ်ကြိမ်လျှင် ၁၀ခေါက် လုပ်ပေးပါ။(၃) ဦးတည်ချက်ကို ထိန်းထားပါ။ဒီ်လေ့ကျင့်ခန်းကို ပြုလုပ်ရာတွင် သင့်ဦးတည်ချက်ကို ထိန်းထားရန် အကြံပြုလိုပါသည်။ တင်ပါးဆုံ ညှပ်ရိုးကွင်း အောက်ခြေကြွက်သားများ သန်မာကျစ်လစ်စေရန် အာရုံထားရပါမည်။ ထို့အပြင် သင်၏ ဝမ်းဗိုက်၊ ပေါင် နှင့် တင်ပါးကြွက်သားများ မကျုံ့စေရန်လည်း သတိထားရပါမည်။ လေ့ကျင့်စဉ် အသက်ရှူအောင့်ထားရန်လည်း မလိုအပ်ပါ။ လေ့ကျင့်စဉ် အသက်ကို ပုံမှန် လွတ်လပ်စွာ ရှုူသွင်းရှူထုတ်နိုင်ပါသည်။လေ့ကျင့်ခန်းလုပ်ဆောင်ရန် ခက်ခဲပါက သင်၏ဆရာဝန် သို့မဟုတ် ကျန်းမာရေးဝန်ထမ်းနှင့် မေးမြန်းဆွေးနွေးပါ။ သင်ဘာကြောင့် မှန်ကန်သော ကြွက်သားကိုရှာဖွေလို့ မတွေ့ရသလဲဆိုသည့်အကြောင်းနှင့် မှန်ကန်သော ကြွက်သား လေ့ကျင့်မှုအတွက် ကူညီပေးပါလိမ့်မယ်။ လိုအပ်ပါက တင်ပါးဆုံအောက်ခြေ ကြွက်သားများလေ့ကျင့်ခန်းလုပ်ရန် အထူးပြုလုပ်ထားသော မိန်းမကိုယ်တွင်းထည့် ကိရိယာ (Vaginal weighted cones) သို့မဟုတ် ခန္ဓါကိုယ်လှုပ်ရှားမှုတွေကို လျှပ်စစ် ပစ္စည်းတစ်မျိုးနဲ့ စောင့်ကြည့်ခြင်း (Biofeedback)တို့ကို သုံးရန် အကြံပြုကောင်း ပြုပါလိမ့်မည်။ သင်သည် Biofeedback ကို ဆောင်ရွက်စဉ် ဖိအားအာရုံခံကိရိယာကို မိန်းမကိုယ် သို့မဟုတ် အစာဟောင်းအိမ် အတွင်းသို့ ဆရာဝန်မှ ထည့်ပေးပါလိမ့်မယ်။ တင်ပါးဆုံအတွင်းပိုင်းကြွက်သားများကို လျော့ခြင်း တင်းခြင်း ပြုလုပ်သည့်အခါ ကြွက်သားများ၏ လှုပ်ရှားမှုကို ထိုကိရိယာဖြင့် တိုင်းတာဖော်ပြနိုင်မည် ဖြစ်သည်။Kegel လေ့ကျင့်ခန်း၏ ရလဒ်ကို ရက်သတ္တပတ် အနည်းငယ်ကြာလျှင် သိသာလာနိုင်ပါသည်။ တချို့သူများတွင် လိုချင်သောရလဒ် ရရန် ၅ လ မှ ၆ လကြာ စောင့်ရသည်လည်း ရှိနိုင်ပါသည်။ မည့်သည့်ကြွက်သားပြောင်းလဲမှုမှ မတွေ့ရှိသေးရင်လည်း စိတ်ရှည်စွာဖြင့် ဆက်လက်လုပ်ဆောင်ပါ။ အဆင်ပြေသွားပါလိမ့်မည်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%90%e1%80%84%e1%80%b9%e1%80%95%e1%80%ab%e1%80%b8%e1%80%86%e1%80%b6%e1%80%af%e1%80%b1%e1%80%9c%e1%80%b7%e1%80%80%e1%80%ba%e1%80%84%e1%80%b9%e1%80%b7%e1%80%81%e1%80%94%e1%80%b9%e1%80%b8%e1%80%99/
သင့်ကလေးငယ်ရှိ လက်မ စုပ်သော အကျင့်ကိုဖျောက်ပစ်ရန် နည်းလမ်းများ
သင့်ကလေးငယ် လက်မ စုပ်နေသည်ကိုကြည့်ရတာ ချစ်စရာကောင်းပါသလား။ သို့သော် လက်မ စုပ်ခြင်းသည် ကလေးငယ်၏ကျန်မာရေးကို အနှေးနှင့် အမြန်ထိခိုက်စေသောကြောင့် မိဘများအနေနှင့် လက်တွေ့တွင် ထိုအကျင့်ကို ဖျောက်ပစ်ရန်ကြိုးစားကြပါသည်။ ကလေးငယ်များတွင် ကြီးသွားများပေါက်လာချိန်တွင် လက်မ စုပ်ခြင်းကြောင့် သွားပေါက်ခြင်းညီညာမှုမရှိဖြစ်စေပါသည်။ အောက်ပါတို့သည် လက်မ စုပ်သော ကလေးငယ်များတွင် သွားပြသနာများ မဖြစ်ရအောင်ကာကွယ်ရမည့် နည်းလမ်းများဖြစ်ပါသည်။အထူးသဖြင့် မူကြိုအရွယ်ကလေးများသည် သူတို့လက်မကလေးများကို ပါးစပ်ထဲသို့စုပ်လိုက် ထုတ်လိုက် ပြုလုပ်တတ်ကြပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် ကလေး၏ကျန်းမာရေးကို ထိခိုက်ရုံသာမက မေးရိုးနှင့် သွားများကြီးထွားဖွံ့ဖြိုးကြီးထွားမှုကိုပါ ထိခိုက်စေပါသည်။ထို့ကြောင့် ကလေးများသည် အသက်ကြီးလာသည်နှင့် အမျှ သူတို့တွင်ပျောက်သင့်သော လက်မစုပ်ခြင်းအကျင့်မပျောက်သေးလျှင် အောက်ပါနည်းများဖြင့် ကြိုးစားကြည့်နိုင်ပါသည်။1. ကလေးများသည် အများအားဖြင့် အိပ်ရာဝင်ချိန်၊ နေ့ခင်းတရေးအိပ်ချိန်နှင့် ကျောင်းတွင်ရှိနေသော အချိန်များတွင်ပင် လက်မစုပ်တတ်ပါသည်။ မိဘများအနေဖြင့် ထိုအကျင့်မျိုးသည် ညဘက်မှသာလုပ်ရသောအကျင့်မျိုးဖြစ်ကြောင်း ပြောပြခြင်းဖြင့် အနည်းဆုံးလက်မ စုပ်ခြင်းကို အကြိမ်အရေအတွက် ကန့်သတ်ပြီးသားဖြစ်သွားပါသည်။2. သင့်ကလေး၏ အကျင့်ကို ချက်ချင်းဖျောက်ပစ်ရန်တွန်းအားမပေးသင့်ပါ။ သင့်ကလေး လက်မ စုပ်နေသည်ကို ဆူပူအော်ဟစ်ခြင်းမျိုး မပြုလုပ်ဘဲ လက်မစုပ်ခြင်းနှင့် ပတ်သက်ပြီး ဆိုးကျိုးများကို ကလေးအားနားလည်အောင်ရှင်းပြသင့်ပါသည်။3. ကလေးသည် အသက်တဖြေးဖြေးကြီးလာသည်အထိ လက်မ စုပ်သည့်အကျင့် မပျောက်သေးလျှင် လက်မစုပ်ခြင်းကို သင်ဘာကြောင့် မပြုလုပ်စေချင်သလဲအကြောင်းရင်းကို ဆီလျော်အောင် ကလေးအားပြောပြပါ။ ထိုအခါကလေးသည် နားလည်သဘောပေါက်သွားပြီး ထိုအကျင့်ကို ဖျောက်ပစ်ရန် ဆုံးဖြတ်ပါလိမ့်မည်။4. ကလေးများသာမက လူကြီးများပင်လျှင် လက်ချောင်းများတွင် ထိခိုကိဒဏ်ရာများရပါက စုပ်သည့်အကျင့်ရှိတတ်ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် အနာကို ပိုကောင်းသွားမည့်အစား ဆိုးကျိုးများ ပိုဖြစ်စေပါသည်။ ထို့ကြောင့် လက်ချောင်းများကို စုပ်မည့်အစား အနာကျက်စေရန် ဆေးလိမ်းခြင်းကသာ ထိရောက်မှုရှိကြောင်း ကလေးအားသင်ပြပေးပါ။5. သင့်ကလေးအား သူ့အပြုအမူကို သူသတိပြုမိစေရန် သတိပေးပါ။ ကလေးသည် နေရင်းထိုင်ရင်း မသိစိတ်ကလှုံ့ဆော်မှုကြောင့် အကျင့်ပါပြီး လက်မစုပ်နေတတ်သည်။ ထိုအခါ သင့်အနေနှင့် သင့်ကလေးအား သတိပေးပြီး ထိုအကျင့်ကို မေ့သွားစေရန် ကစားစရာအရုပ်များပေးထားခြင်းများကို ပြုလုပ်ပေးနိုင်ပါသည်။ ထိုအရုပ်များကိုလည်း စုပ်ခြင်း၊ ကိုက်ခြင်းများမပြုလုပ်အောင် ပြောပြထားရမည်ဖြစ်ပါသည်။6. ကလေး၏လက်မကို အချဉ်ရည် သို့မဟုတ် ခါးသည့်အရာများသုတ်လိမ်းပေးခြင်းဖြင့် လက်မစုပ်ခြင်းအကျင့်ကို ဖျောက်ဖျက်ရန် မကြိုးစားပါနှင့်။ ထိုသို့ပြုလုပ်ခြင်းသည် ကလေးအားအပြစ်ပေးသလို ဖြစ်သွားကာ စိတ်ဒဏ်ရာရစေပါသည်။ ထို့အတူ လက်အိတ်များခြေအိတ်များ စွတ်ထားခြင်း၊ ဆေးဆိုင်တွင်ဝယ်ပြီး လိမ်းဆေးများကို လက်ချောင်းများတွင် သုတ်လိမ်းထားခြင်း စသည့် အလွယ်နည်းများကိုလည်း မပြုလုပ်သင့်ပါ။ အများအားဖြင့် ကလေးအများစုတွင် လက်မစုပ်ခြင်းအကျင့်သည် သူတို့သိတတ်လာသည်နှင့်အမျှ အလိုလိုပျောက်သွားတတ်ကြောင်းတွေ့ရသည်။ကလေးများသည် အသက် ၂နှစ်မှ ၄နှစ်အရွယ်အချိန်များတွင် လက်မစုပ်ခြင်းအကျင့်များ အလိုလိုပျောက်သွားတတ်ကြသည်။ သို့သော် ထိုအကျင့်မပျောက်ပါက မိဘများအနေဖြင့် ကလေးအားနားလည်အောင်ပြောပြသင့်သည်။ လက်မစုပ်ခြင်းအကျင့်သည် ကလေးများအဖို့ ဖျောက်ရခက်သော အကျင့်တခုဖြစ်နေနိုင်ပါသည်။ သို့သော် အထက်ဖော်ပြပါအချက်များကိုနားလည်သဘောပေါက်ခြင်းဖြင့် မိဘများအနေဖြင့် သင့်ကလေးတွင် ရှိနေသော ထိုအကျင့်ဆိုးကို ဖျောက်ပစ်နိုင်ရန် အထောက်အကူပြုပါလိမ့်မည်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%9b%e1%80%be%e1%80%ad-%e1%80%9c%e1%80%80%e1%80%ba%e1%80%99-%e1%80%85%e1%80%af%e1%80%95%e1%80%ba/
နွေရာသီတွင် အရေပြားခြောက်သွေ့ခြင်းနှင့် အသားပက်ခြင်းတို့ကို ကာကွယ်ရန် အရေပြားထိန်းသိမ်းနည်း ၅ ချက်
သင့်တွင် အသားပက်ခြင်း ၊အသားရေခြောက်ခြင်း စသည့်ပြသနာများနှင့် ရင်ဆိုင်နေရပါသလား။ သို့မဟုတ်နွေရာသီတွင် သင့် အသားရေကို ဘယ်လိုဂရုစိုက်ရမလဲ တွေးပူနေပါသလား။အကယ်၍သင်သည် အသားရေထိန်းသိမ်းမှုဆိုင်ရာတွင် အခက်အခဲရှိနေပါက အောက်ဖော်ပြပါ အချက်များက သင့်အတွက်အထောက်အကူဖြစ်စေလိမ့်မည်။၁။ရေပူနှင့်ကြာရှည်စွာရေချိုးခြင်းကို ရှောင်ကျဉ်ပါ။အလုပ်ပင်ပန်းသည့်နေ့ရက်များတွင် ရေပူနှင့် စိမ်ပြေနပြေရေချိုးခြင်းသည် သင့်အတွက်အပန်းပြေလိမ်မည်။ သို့သော် ၎င်းသည် သင့်အရေပြားတွင် ရှိသင့်သော အဆီဓါတ်များကို ဖယ်ရှားပေးသည့်အတွက် ကြက်သီးနွေးရေနှင့် ချိုးခြင်းလောက် သင့်အရေပြားအတွက်မကောင်းပါ။အရေပြားတွင် သဘာဝအဆီဓါတ်ရှိမှသာ သင့် အရေပြားစိုပြေနေမည်ဖြစ်သည်။ထို့ကြောင့် ရေနွေးဖြင့် တနေ့လျှင် ၅-၁၀ မိနစ်ခန့်သာရေချိုးသင့်သည်။၂။ညင်သာစွာ သန့်စင်ပါ။နွေရာသီတွင် ရာသီဥတုကြောင့် ချွေးထွက်များပြီး ဖုန်ထူသောအခါ သင့်ကိုယ်သင်သန့်စင်ရန်ပိုလိုအပ်သည်ဟု ထင်ပါလိမ့်မည်။ ပိုးသတ်ဆေးနှင့် အနံ့ပြင်းပြင်းပါသော ဆပ်ပြာများသည် သင့်အရေပြားရှိသဘာဝဆီများကို ခမ်းခြောက်စေသည်။ထို့ကြောင့် အညစ်အကြေးများကို သန့်စင်ရန် ရိုးရိုးဆပ်ပြာကိုသာ သုံးပါ။ ဆပ်ပြာမပါသော၊ အရက်ပြန်မပါသော၊ အနံ့မပါသော သန့်စင်ဆေးရည်များက ပိုကောင်းပါသည်။ ညင်သာစွာပွတ်တိုက်ဆေးကြောပါ။သင့်အရေပြားဆဲလ်အသေများကို ဖယ်ရှားရန် ဆားကြမ်းဖြင့်ချေးချွတ်ခြင်းကို ၁ပတ်လျှင် ၁ကြိမ် ၂ကြိမ် ပြုလုပ်နိုင်သည်။ သင့်အရေပြားကခြောက်သွေ့နေလျှင် ပိုပြီးခြောက်မသွားစေရန်သတိပြုထိန်းသိမ်းရမည်ဖြစ်သည်။၃။သင့်အရေပြားကို စိုစွတ်နေအောက်ထားပါ။မည့်သည့်အသားရေမျိုးမဆို ရေဓါ်ပြည့်ဝနေဖို့လိုအပ်ပါသည်။ အထူးသဖြင့် အသားခြောက်သူများသည် ရေဓါတ်ပြည့်ရန်ပိုလိုအပ်သည်။ ထို့ကြောင့်ရေချိုးပြီးချိန်နှင့် မျက်နှာနှင့် လက်တို့ကို ဆေးကြောပြီးချိန်တွင် အစိုဓါတ်ထိန်းခရင်မ်ကို လိမ်းရန်လိုအပ်သည်။ အရေပြားတွင်းသို့စိမ့်ဝင်ရန် ၅ မိနစ်ကြာမျှအချိန်ယူလိမ်းပေးပါ။ နွေရာသီတွင် ချွေးထွက်များနေသော်လည်း သင့်အရေပြားအတွက် အစိုဓါတ်ထိန်းခရင်မ်သုံးရန်လိုအပ်သည်။၄။အမွှေးအမျှင်များရိတ်ရာတွင် စနစ်ကျမှုရှိပါစေ။သင်သည်မုတ်ဆိတ်မွေး ခြေသလုံးနှင့် ဂျိုင်းမွေးများရိတ်ရာတွင် အရေပြားကို ထိခိုက်ပွန်းပဲ့နိုင်သလို အရေပြားကိုခြောက်သွေ့စေနိုင်ကြောင်းသိထားသင့်သည်။ ဠင်းသည် သင့်အရေပြားရှိသဘာဝအဆီများကိုလျော့နည်းစေသည်။ထို့ကြောင့် အမွေးမျှင်များကိုရေချိုးပြီးချိန်မှသာရိတ်သင့်သည်။ ရိတ်ရာတွင် သင့်အရေပြားထိခိုက်မှုကိုကာကွယ်ရန် ခရင်မ်တခုကိုအရင်လိမ်းပြီးမှ အမွေးပေါက်သော ဦးတည်ဘက်အတိုင်းရိတ်ပါ။ ထက်လွန်းသောဘရိတ်ဓါးကိုသုံးခြင်း၊ ရိတ်ပြီးသားနေရာကိုထပ်ခါတလဲလဲရိတ်ခြင်းအပြုရ။ ဘရိတ်ဓါးကို မှန်မှန်လဲပေးပါ။၅။နေရောင်ကာခရင်မ်ကို လိမ်းပါ။သင့်ခန္ဒါကိုယ်ကို အရေပြားကကာကွယ်ပေးထားသည်ဖြစ်ရာ သင့်အရေပြားကိုလည်းကာကွယ်ရန်လိုအပ်သည်။ နေလောင်ထားသော အသားရေသည် ဖက်ရှင်တမျိုးအားဖြင့် ကြည့်ကောင်းသည်ဟုယူဆနိုင်သော်လည်း ခရမ်းလွန်ရောင်ခြည်သည် သင့်အရေပြားကိုပျက်စီးစေခြင်း၊ နေလောင်စေခြင်းနှင့် အရေပြားကင်ဆာဖြစ်စေခြင်းတို့ဖြစ်နိုင်သည်။ သင်သည်နွေရာသီတွင် နေရောင်ဒဏ်ကို ပိုခံရမည်ဖြစ်သည်။ထို့ကြောင့် SPF ၃၀နှင့် အထက်ရှိသော နေရောင်ကာခရင်မ်ကို ရွေးချယ်သင့်သည်။ နေရောင်နှင့် ထိတွေ့မှုများလေလေ SPF ကို ပိုများများသုံးရလေဖြစ်သည်။ ထို့အပြင် အင်္ကျ ီလက်ရှည်ဝတ်ခြင်းဖြင့်လည်း သင့်အရေပြားကိုကာကွယ်သင့်သည်။အချုပ်ဆိုရသော် ပူအိုက်သောရာသီတွင်သာမက မည်သည့်အချိန်တွင်မဆို သင့်အရေပြားကျန်းမာစိုပြေနေမှ သင့်အသွင်အပြင်လည်းလှပတင့်တယ်နေပေလိမ့်မည်။ အထူးသဖြင့် နွေရာသီသည် သင့်အရေပြားအတွက် ထိခိုက်မှုအများဆုံးနှင့် အသားရေခြောက်သူများအတွက် အထူးသတိထားသင့်သောအချိန်ပင်ဖြစ်ပါသည်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/summer-skin-care/
မျက်သားတက် တာ စိုးရိမ်ရလား
မျက်လုံးရဲ့ အဖြူသားပေါ်မှာ အကြည်ရောင်တြိဂံပုံ အဖတ်လေး ကပ်နေတာ မြင်ဖူးပါသလား။ အထူးသဖြင့် လူကြီးတွေမှာပေါ့။ တစ်ခါတစ်လေဆို မျက်ဆံအမည်းပေါ်ထိတောင် ရောက်လာတယ်လေ။ ဒါကိုမျက်သားတက်တယ်လို့ ခေါ်ပါတယ်။ လူကြီးတွေကတော့ မျက်လုံးမှာ တစ်ခုခုကပ်နေတယ်ဆိုပြီး ပြောတတ်ကြပါတယ်။ သူတို့က စိတ်ထဲမှာ တစ်ခုခု ဖြစ်သွားမှာကို ကြောက်တတ်ကြပါတယ်။တကယ်တော့ မျက်သားတက်တာက လူကို ဒုက္ခပေးလေ့မရှိပါဘူး။ တစ်ခါတစ်လေ သူ့ဟာသူ အလိုလို ပျောက်သွားတာမျိုးလည်း ရှိပါတယ်။ မပျောက်လည်း  ထူးထူးခြားခြား ခံစားရတာမျိုးမရှိရင် အရေးတယူကုနေစရာ မလိုပါဘူး။ ဒါပေမယ့် မျက်သားတက်တာကြောင့် မျက်လုံးထဲမှာ ခုလုခုလုဖြစ်နေပြီး နေလို့မကောင်းရင်၊ မျက်စိကြည့်လို့မကောင်းရင်တော့ ဒါကို ဖယ်ထုတ်နိုင်ပါတယ်။မျက်သားတက်ရတဲ့ အကြောင်းအရင်းကိုတော့ အသေအချာ မပြောနိုင်ကြသေးပါဘူး။ အပြောများတဲ့ကိစ္စတစ်ခုကတော့UV lightက မျက်သားတက်တာကို ပိုဆိုးစေပါတယ်တဲ့။ ဒါကြောင့် အီကွေတာနားမှာနေတဲ့သူတွေ၊ ပူတဲ့ ရာသီဥတုမှာနေတဲ့သူတွေ၊ လေထန်တဲ့နေရာမှာ နေတဲ့သူတွေက ပိုဖြစ်နိုင်ပါတဲ့။ နောက်ပြီး တချို့သော ပစ္စည်းတွေနဲ့ ထိတွေ့မှု များတဲ့သူတွေက မျက်သားတက်နိုင်ချေပိုများပါတယ်တဲ့။ ဥပမာ။များသောအးဖြင့်တော့ ဘာလက္ခဏာမှ မခံစားရပါဘူး။ တစ်ခါတစ်လေတော့။မျက်ကြည်လွှာပေါ် လာအုပ်ရင်တော့မျက်လုံးဝါးတာ၊နှစ်ထပ်မြင်တာတွေ ဖြစ်တတ်ပါတယ်။တစ်ခါတစ်လေတော့ မျက်သားတက်လို့ မျက်ကြည်လွှာမှာ အမာရွတ် ဖြစ်တာမျိုးတော့ ဖြစ်တတ်ပါတယ်။ ဒါလိုမျိုးဆိုရင်တော့ မဖြစ်မနေ ကုရမှာပါ။ ဒီတိုင်းထားရင် မျက်လုံးမမြင်ရတော့တာ ဖြစ်သွားနိုင်ပါတယ်။ များသောာအားဖြင့်တော့ သူ့ဟာသူနေတာပဲ များပါတယ်။ကုမယ်ဆိုရင်တော့ မျက်စဉ်းခတ်တာတွေ၊ ခွဲစိတ်တဲ့ နည်းလမ်းတွေ ရှိပါတယ်။မျက်သားတက်လို့ မျက်လုံးထဲမှာ ခိုးလို့ ခုလု ဖြစ်တယ်ဆိုရင် မျက်စဉ်းခတ်ပြီး သက်သာအောင် လုပ်လို့ရပါတယ်။မျက်စဉ်းခတ်လို့ မသက်သာဘူး။ မျက်လုံးကလည်း မျက်သားတက်လို့ ကြည့်လို့မကောင်းတော့ဘူးဆိုရင် ခွဲစိတ်ဖို့ကို စဉ်းစားရမှာပါ။ ဒါပေမယ့် ခွဲစိတ်ပြီးလည်း မျက်သားတက်တာ အရှင်းမပျောက်ပါဘူး။ ပြန်ဖြစ်နိုင်ချေ ရှိပါသေးတယ်။မျက်သားမတက်အောင် နေပူထဲသွားတိုင်း၊ ဖုန်ထူ၊ လေတိုက်တဲ့နေရာရောက်တိုင်း နေကာမျက်မှန်တပ်ပါ။ UV ကို ကာနိုင်တဲ့ မျက်မှန်ဆို ပိုကောင်းပါတယ်။ နောက်ပြီး မျက်သားတက်နိုင်တဲ့ ပစ္စည်းတွေ ဖြစ်တဲ့ အမှုန်တွေ၊ ဝတ်မှုန်တွေ၊ သဲတွေကို ရှောင်ပါ။ ဒါက မျက်သားမတက်အောင် ကာကွယ်ပေးနိုင်သလို၊ ခွဲစိတ်ပြီးလို့ မျက်သားပြန်တက်တာကိုလည်း လျော့ကျစေပါတယ်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-diseases/%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%90%e1%80%80%e1%80%ba-%e1%80%90%e1%80%ac-%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ad%e1%80%99%e1%80%ba%e1%80%9b/
ရာသီမလာခင် ဝမ်းချုပ်တဲ့ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ။
ရာသီမလာခင်အကြို ကာလမှာ ဝမ်းချုပ်တာကြောင့် စိတ်ညစ်နေတဲ့လေဒီလေးတွေရှိလား။ ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက သင့်အတွက်ပါ။ ကဲ …… ရာသီမလာခင် ဝမ်းချုပ်တဲ့ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ။ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ဝမ်းချုပ်စေနိုင်တဲ့ အကြောင်းအရင်း အများကြီး ရှိပါတယ်။ ဒီထဲမှာမှ ကိုယ်တွင်းဟော်မုန်း ပြောင်းလဲမှုကလည်း တစ်ခု အပါအဝင်ပါ။ရာသီမလာခင်မှာ ဝမ်းချုပ်တာမျိုး ခံစားရနိုင်ပါတယ်။ လေဒီတိုင်းလား ဆိုတော့ မဟုတ်ပါဘူး။ ရာသီမလာခင်မှာ ဝမ်းချုပ်ရတာက ကိုယ်တွင်းမှာestrogenနဲ့progesteroneဟော်မုန်း ပမာဏကို ညီမျှအောင် လုပ်ဆောင်နေရတာကြောင့်ပါ။ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲတာကသားဥကြွေတာကိုတင် မဟုတ်ဘဲအစာခြေစနစ်အပေါ်မှာပါ သက်ရောက်မှု ရှိစေတာပါ။ ကိုယ်တွင်းမှာ progesterone ဟော်မုန်း များရခြင်းက လေဒီတွေကို ရာသီ အကြို ကာလမှာ ဝမ်းချုပ်စေရတဲ့ အဓိက အကြောင်းအရင်းတစ်ရပ်ပါ။ဒီ ဝမ်းချုပ်တာက သားဥကြွေပြီးချိန်ကနေ နောက်ထပ် ရက်အနည်းငယ်အထိ ကြာမြင့်နိုင် ပါတယ်။ရာသီမလာခင် ဝမ်းချုပ်တဲ့ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ ဆိုတော့။အမျှင်ဓာတ်ကဝမ်းမှန်စေဖို့နဲ့ ဝမ်းပျော့ပျော့သွားစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေပြီး ရာသီလာချိန်မှာ ဖြစ်တဲ့ ဟော်မုန်း အပြောင်းအလဲကြောင့် အစာခြေစနစ် အပေါ် သက်ရောက်မှုကို အကောင်းဆုံး ကျော်ဖြတ်နိုင်စေပါတယ်။ဒါကြောင့် စားသုံးတဲ့ အစားအစာတွေထဲမှာ။ဝမ်းမှန်စေဖို့ နဲ့ ဝမ်းပျော့ပျော့ သွားစေဖို့ ရေများများ သောက်ဖို့ လိုပါမယ်။ ဒါကြောင့် ရေကို အနည်းဆုံး ၈ ခွက် ပုံမှန် သောက်ပေးပါ။လေ့ကျင့်ခန်း လုပ်ပေးတာက အူတွေကို လှုပ်ရှားစေဖို့ လှုံ့ဆော်ပေးပါတယ်။အစာကြေစေဖို့ရော ဝမ်းမှန်စေဖို့ပါ ကူညီပေးတာပါ။ ဒါကြောင့် တခြားအချိန်တွေ လေ့ကျင့်ခန်း မလုပ်ဖြစ်ရင်တောင် ရာသီလာခါနီး ရက်တွေမှာ လေ့ကျင့်ခန်းတစ်ခုခု လုပ်ပေးပါ။ဝမ်းသွားချင်တယ်၊ လို့ ခံစားမိပြီ ဆိုတာနဲ့  အိမ်သာကို ချက်ချင်း သွားပါ။ဦးနှောက်နဲ့ ခန္ဓာကိုယ်ရဲ့ ခံစားရမှုတွေက တိုက်ရိုက် သက်ရောက်မှု ရှိနေလို့ပါ။ ဝမ်းသွားချင်တာကို မသွားဘဲ အောင့်ထားလိုက်မယ် ဆိုရင် ဝမ်းချုပ်စေမှာ အသေအချာ ပါပဲ။ကော်ဖီ၊လက်ဖက်ရည်၊ အယ်လ်ကိုဟောတို့လိုမျိုး အရာတွေက ဆီးခဏခဏ သွားစေတာကြောင့် ကိုယ်တွင်းမှာ ရေဓာတ် နည်းစေပါတယ်။ ဒီလို ရေဓာတ် နည်းပါးမှုက ဝမ်းချုပ်စေတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်မှု ကင်းစေဖို့ဆိုရင် ရေဓာတ် ဆုံးရှုံးစေတဲ့အရာတွေကို ရှောင်ပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/constipated-before-period/
သခွားသီး - အခွံနွှာမလား သို့ မနွှာဘူးလား
သခွားသီးတွေဟာ အလွန်ကောင်းမွန်တဲ့ အသီးဖြစ်ပါတယ်။ သူတို့ရဲ့ အရသာနဲ့ အနံ့ဟာ စိတ်ကြည်လင်စေပြီး ဘယ်ဟင်းနဲ့ မဆိုလိုက်ဖက်ပါတယ်။သူတို့ဟာ ကယ်လိုရီနည်းပါးတာကြောင့် သင့်ရဲ့ စားသောက်ပုံကို မထိခိုက်စေပဲ စားနိုင်ပါတယ်။ဒါပေမယ့် သခွားသီးတွေနဲ့ပတ်သက်ပြီး သင့်ခေါင်းထဲမှာ ပေါ်လာနိုင်တဲ့ မေးခွန်းတစ်ခုကတော့ အခွံခွာသင့်လား၊ ဒီတိုင်းစားသင့်လားဆိုတာပဲ ဖြစ်ပါတယ်။အချိန်အတော်များများမှာတော့ လူတွေဟာ သခွားသီးရဲ့ အပြင်ခွံက မာပြီး အစာခြေရခက်တာကြောင့် ခွာစားကြပါတယ်။ ဒါပေမယ့် သူတို့တွေဟာ သခွားသီးအခွံမှာပါတဲ့ အာဟာရတန်ဖိုးကို သတိမထားမိတာကြောင့် အခွံခွာစားကြတာဖြစ်ပါတယ်။သခွားသီးအခွံမှာ မပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ပါဝင်ပြီး အူလှုပ်ရှားမှုတွေကို ကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ သခွားသီးရဲ့ အထဲပိုင်းမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ပါဝင်တာကြောင့် အစာခြေစနစ်အတွက် ကောင်းမွန်ပါတယ်။အမျှင်ဓါတ်အပြင် သခွားသီးအခွံမှာ ဗီတာမင် ကေ ပါဝင်ပါတယ်။ ဗီတာမင်ကေဟာ ကိုယ်ခန္ဓါရဲ့ အရိုးတွေကို ကျန်းမာစေခြင်း၊ ဆဲလ်တွေကို ကြီးထွားစေပြီး သွေးခဲဖြစ်စေခြင်း စတဲ့ အစွမ်းတွေ ပိုင်ဆိုင်ပါတယ်။သခွားသီးအသားမှာလည်း ဗီတာမင် ကေ ပါဝင်ပေမယ့် သခွားသီးအခွံဟာ ဗီတာမင် ကေ အများဆုံး ပါရှိတဲ့နေရာဖြစ်ပါတယ်။အခွံမခွာထားတဲ့ သခွားသီးမှာ ဗီတာမင်ကေ ၄၉ micrograms ပါဝင်ပေမယ့် အခွံခွာထားတဲ့ သခွားသီးမှာတော့ ၉ micrograms သာ ပါဝင်ပါတယ်။သခွားသီးအခွံဟာ အရိုးကြွက်သားစနစ်တွေကို ထိန်းသိမ်းပေးတဲ့ magnesium များစွာ ပါဝင်ပါတယ်။ Magnesium ဟာ စွမ်းအင်ထုတ်လုပ်မှုကိုလည်း အားပေးပါတယ်။အခွံမခွာတဲ့ သခွားသီးက သင့်တစ်နေ့တာကို ဘယ်လိုကူညီပေးလဲဆိုတာ သိရရင် အံ့သြနေမှာပါ။ အခွံမခွာထားတဲ့သခွားသီးမှာ magnesium 14 mg ပါဝင်ပြီး ဒါဟာ အမျိုးသမီးတွေ စားသင့်တဲ့ပမာဏရဲ့ ၄% ဖြစ်ဟာ အမျိုးသားတွေရဲ့ ၃% ဖြစ်ပါတယ်။အခွံမခွာထားတဲ့ သခွားသီးတွေဟာ သင့်စားသောက်ပုံထဲကို ဗီတာမင်စီတွေ ထည့်သွင်းပေးထားပါတယ်။ အခွံခွာထားတဲ့ သခွားသီးဟာ ဗီတာမင်စီ 2.9 mg ပါဝင်ပါတယ်။ဗီတာမင်စီဟာ collagen ထုတ်လုပ်မှုအတွက်လည်း အရေးကြီးပါတယ်။ Collagen မရှိရင် တစ်ရှူးတွေဟာ တစ်ခုနဲ့တစ်ခု ကပ်နေမှာ မဟုတ်ပါဘူး။ ဗီတာမင်စီဟာ free radicals တွေ တိုက်ခိုက်ခြင်းအတွက် အစွမ်းထက်ပြီး အသက်ကြီးရင့်ခြင်းကို ကာကွယ်ပေးပါတယ်။သင့်အမြင်အာရုံနဲ့ ပတ်သက်ပြီး ပြဿနာ ရှိနေပါသလား။ ဒါဆို အခွံမခွာထားတဲ့ သခွားသီးကို စားဖို့အချိန်တန်ပါပြီ။ သခွားသီးအခွံ မှာ ဗီတာမင်အေ ဖြစ်တဲ့ beta-carotene ပါဝင်ပါတယ်။Beta-carotene ဟာ မျက်လုံးကျန်းမာရေးနဲ့ အမြင်အာရုံအတွက် အလွန်အရေးကြီးပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ တစ်နေ့မှာ ဗီတာမင်အေ 2310 IU လိုအပ်ပြီး အမျိုးသားတစ်ယောက်ကတော့ တစ်နေ့မှာ 3000 IU လိုအပ်ပါတယ်။အခွံမခွာထားတဲ့သခွားသီးဟာ ဗီတာမင်အေ 55 IU ကို ပေးပြီး တစ်ဝက်ကတော့ beta-carotene ဖြစ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%9e%e1%80%81%e1%80%bc%e1%80%ac%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8-%e1%80%a1%e1%80%81%e1%80%bc%e1%80%b6%e1%82%8f%e1%82%8a%e1%80%ac%e1%80%99%e1%80%9c%e1%80%ac%e1%80%b8-%e1%80%9e%e1%80%ad/
ဝှေးစေ့တစ်လုံးတည်း ရှိတဲ့ အမျိုးသားများရဲ့ လိင်မှုဘဝနဲ့ ကလေးရနိုင်ခြေ
အကြောင်းအမျိုးမျိုးကြောင့် ဝှေးစေ့တစ်လုံးတည်း ရှိတော့တဲ့အခါ အမျိုးသားတွေက သူတို့ရဲ့ လိင်မှုဘဝ၊ ကလေးရနိုင်ခြေ၊ လိင်စိတ်ခံယူမှုတို့နဲ့ ပတ်သက်ပြီး အပြောင်းအလဲ ဖြစ်လာမှာကို စိုးရိမ်လာကြပါတယ်။ ဝှေးစေ့တစ်လုံးတည်းရှိတော့တဲ့အခါ အမျိုးသားတွေရဲ့ ဘဝက ဘယ်လိုပြောင်းလဲလာမှာလဲ။ဝှေးစေ့တစ်လုံးတည်းရှိရတဲ့ အကြောင်းရင်းတွေက အများကြီး ရှိပါတယ်။ မွေးရာပါ ပြဿနာတွေ၊ ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။ဗိုက်ထဲမှာ ဝှေးစေ့ကျန်နေခြင်း။ကိုယ်ဝန်ဆောင်ချိန် အမေ့ဗိုက်ထဲမှာဆိုရင် ဝှေးစေ့က ကလေးရဲ့ ဝမ်းဗိုက်ထဲမှာ ရှိနေပြီး မွေးပြီးတဲ့အခါကျမှ ကပ္ပာယ်အိတ်ထဲကို ဆင်းလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့ကလေးတွေမှာ ဝှေးစေ့က မဆင်းဘဲ ဗိုက်ထဲမှာ ဒါမှမဟုတ် လမ်းကြောင်းတစ်နေရာမှာ တစ်နေတတ်ပါတယ်။ များသောအားဖြင့် နှစ်လုံးမှာ တစ်လုံးက ဗိုက်ထဲမှာ ကျန်နေတတ်ပါတယ်။ဒီလိုမျိုး ကပ္ပာယ်အိတ်ထဲကို ဆင်းမလာတဲ့ ဝှေးစေ့က နောက်ပိုင်းမှာ ကျုံ့သွားပါတယ်။ ဒါကြောင့် ဝှေးစေ့တစ်လုံးတည်းကျန်တော့တာပါ။ရောဂါကြောင့်  ခွဲစိတ်လိုက်ရခြင်း။တချို့သော ဝှေးစေ့ရောဂါတွေမှာ လူကို အန္တရာယ်မဖြစ်အောင် ရောဂါအခြေအနေအရ ဝှေးစေ့ကို ခွဲစိတ်ပြီး ဖယ်ရှားလိုက်ရတာတွေ ရှိပါတယ်။ ဥပမာ။Testicular regression syndrome။ဝှေးစေ့ပျောက်ရောဂါလို့ ပြောရမှာပါ။ သန္ဓေသားဘဝမှာ ဝှေးစေ့ရှိပေမယ့် မွေးလာတဲ့အခါ ဝှေးစေ့က အလိုလိုကျုံ့ပြီး ပျောက်သွားတာမျိုးပါ။ဒီလိုအခြေအနေတွေမှာဆိုရင် ဝှေးစေ့က တစ်လုံးတည်း ကျန်တော့မှာ ဖြစ်ပါတယ်။ဝှေးစေ့တစ်လုံးတည်းကျန်တဲ့အတွက် ဘာဖြစ်နိုင်လဲဆိုတာ မပြောခင်မှာ ဝှေးစေ့က ဘာလုပ်ပေးနိုင်လဲဆိုတာကို အရင်သိထားဖို့ လိုပါတယ်။ ဝှေးစေ့က။ဒါကြောင့် အမျိုးသားတွေက ဝှေးစေ့တစ်လုံးတည်း ကျန်တော့တဲ့အခါ လိင်မှုဘဝနဲ့ ကလေးရနိုင်ခြေကို ထိခိုက်နိုင်မလားဆိုပြီး စိုးရိမ်ကြတာ ဖြစ်ပါတယ်။ဝှေးစေ့တစ်လုံးတည်းရှိပေမယ့် အမျိုးသားဟော်မုန်းတွေက ပုံမှန်အတိုင်း ထွက်နိုင်ပါသေးတယ်။ လိင်တံလည်း ထောင်မတ်နိုင်သလို သုက်လည်း လွှတ်နိုင်ပါတယ်။ လိင်စိတ်လည်း ရှိပါတယ်။အခုမှ ဝှေးစေ့ထုတ်ထားတာဆိုရင်တော့ဟော်မုန်းပမာဏကို ပြန်ညှိဖို့ အချိန်တစ်ခု စောင့်ရနိုင်ပါတယ်။  အသေးစိတ်ကိုတော့ ပြသနေတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဟော်မုန်းပမာဏကို စစ်ဆေးကြည့်ပါ။ရနိုင်ပါတယ်။ ကျန်နေတဲ့ ဝှေးစေ့တစ်လုံးက ကောင်းကောင်းအလုပ်လုပ်မယ်ဆိုရင် ကလေးရနိုင်ခြေကလည်း ဝှေးစေ့နှစ်လုံးရှိသူနဲ့ အတူတူပါပဲ။ကိုယ်က ကျန်းမာရးကောင်းမယ်။မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေမယ့် တခြားသော ရောဂါတွေ မရှိဘူးဆိုရင် ကလေးရနိုင်ပါတယ်။ ရလည်း ရကြပါတယ်။တချို့ကလည်း ဝှေးစေ့တစ်လုံးတည်း ရှိတော့တာကြောင့် ကျားဟော်မုန်းတွေ နည်းသွားပြီးလိင်စိတ်ခံယူမှုပြောင်းသွားမလားလို့ စိုးရိမ်ကြပါတယ်။ ဒီလိုတော့လည်း မဖြစ်တတ်ပါဘူး။ ကျားဟော်မုန်းတွေကို ကျန်နေတဲ့ ဝှေးစေ့တစ်လုံးက လုံလောက်အောင် ထုတ်ပေးနိုင်မယ်ဆိုရင် အမျိုးသားသွင်ပြင်အတိုင်းပဲ ရှိနေမှာ ဖြစ်ပါတယ်။ဝှေးစေ့တစ်လုံးတည်းရှိရတဲ့ အကြောင်းရင်းက ဗိုက်ထဲမှာ ဝှေးစေ့ကျန်နေတာကြောင့်ဆိုရင်တော့ သူ့ကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာတွေ ရှိပါတယ်။ အဲ့တာကတော့ ဝှေးစေ့ကင်ဆာနဲ့ အူကျွံတာပဲဖြစ်ပါတယ်။ဒါကြောင့် ကိုယ်က ဝှေးစေ့တစ်လုံးတည်းရှိမယ်။ အဲ့တစ်လုံးက ဗိုက်ထဲမှာ ကျန်နေပြီး အောက်ကို ဆင်းမလာဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှု ခံယူသင့်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/single-testis-and-sex-life-fertility/
မနက်ခင်းကို ဒီအရာတွေမစတင်ပါနဲ့
မနက်ခင်းအစပြုမှုက တစ်နေ့တာလုံးအတွက် အရေးကြီးဆုံးအချိန်ပါ။ ဒီလိုအရေးကြီးတဲ့အချိန်မှာ အကောင်းဆုံးစတင်ဖို့ မနက်ခင်းမှာ ဒီအရာတွေနဲ့ မစတင်ဖို့ပြောပါရစေ။လိမ္မော်ရည်။လိမ္မော်ရည်ဆိုတဲ့နေရာမှာ အသီးစစ်စစ်ကိုဖျော်ထားတာမဟုတ်ဘဲ လိမ္မော်အချိုရည်မျိုးကိုပြောတာပါ။ ဒီအချိုရည်တွေက သကြားပါဝင်မှုများပြီးသွေးတွင်းသကြားဓါတ်ကို တက်စေနိုင်တာကြောင့် မနက်ခင်းမှာ အချိုဓါတ်ပါဝင်မှုများတဲ့ လိမ္မော်ရည်ကို မသောက်ဖို့ပြောပါရစေ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%99%e1%80%94%e1%80%80%e1%80%ba%e1%80%81%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%92%e1%80%ae%e1%80%a1%e1%80%9b%e1%80%ac%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%85-2/
သုက်ရည်မှာ ဂျယ်လီလိုတွေ ပါနေတာ စိုးရိမ်စရာလား
အမျိုးသားတွေရဲ့ သုက်ရည်မှာ သုက်ကောင်နဲ့ အရည်တွေ ပါဝင်ပြီး မျိုးပွားခြင်းအတွက် အရေးပါပါတယ်။ ဒါကြောင့် အမျိုးသားတွေက သုက်ရည်နဲ့ ပတ်သက်လာရင် သတိကြီးကြီး ထားတတ်ကြပါတယ်။ သုက်လွှတ်တဲ့အခါ မတော်တဆ သုက်ရည်မှာ ဂျယ်လီလိုတွေ ပါလာတဲ့အခါ စိုးရိမ်ကြမှာ သဘာဝပါပဲ။သုက်ရည်ရဲ့ အရောင်၊ အရသာနဲ့ ပုံစံတွေက အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ်ကွဲပြားနိုင်ပါတယ်။ ကျန်းမာနေတဲ့ သူတစ်ဦး ဖြစ်နေရင်တောင်မှပေါ့။အရောင်အနေနဲ့ ပြောရမယ်ဆိုရင် အဖြူရောင်၊ ဝါဖန့်ဖန့်အရောင် တွေ့ရတတ်ပါတယ်။ တချို့တွေမှာလည်း မီးခိုးဖျော့ရောင် ရှိတတ်ပါတယ်။အရသာအနေနဲ့ကတော့ ငန်တာ၊ ချိုတာ၊ ခါးတာတွေ ရှိတတ်လို့ ဆိုပါတယ်။ အနံ့အနေနဲ့ဆိုရင်လည်း တချို့တွေမှာ ကလိုရင်းအနံ့လိုမျိုး ဖြစ်နိုင်သလို တချို့တွေမှာ ချိုအီအီအနံ့ထွက်နိုင်ပါတယ်။ပုံစံအနေနဲ့ကတော့ ရေလို အရည်ကျဲကနေ ခပ်ပျစ်ပျစ်၊ နောက်ဆုံး ဒီဆောင်းပါးမှာ ပြောချင်တဲ့ ဂျယ်လီလို အနေအထားအထိ ဖြစ်နိင်ပါတယ်။ သုက်ရည်က လိင်တံကနေ ထွက်စမှာ ခပ်ပျစ်ပျစ် အနေအထားရှိပါတယ်။ ဒါက သဘာဝအရ လိုအပ်ပါတယ်။ ဒီလိုမှ မိန်းမကိုယ်ထဲမှာ ကြာကြာနေနိုင်ပြီး မျိုးပွားနိုင်မှာပေါ့။ အပြင်ရောက်ပြီး ခဏနေရင် လေထု၊ အပူချိန် စတာတွေကြောင့် အရည်ကျဲ ဖြစ်သွားပါတယ်။သုက်ရည်က ဘာကြောင့် ဒီလို ကွဲပြားနေရတာလဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် နေထိုင်စားသောက်ပုံ မတူလို့ပါ။ သုက်ရည်ရဲ့ အနံ့၊ အရသာ၊ အရောင်နဲ့ ပုံစံကို လွှမ်းမိုးနေတဲ့ အချက်တွေကတော့။ဒါ့ပြင် ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ ဆီးပိုးဝင်တာ၊လိင်ကတဆင့် ကူးစက်ရောဂါတွေ ခံစားရတာ စတာတွေကလည်း သုက်ရည်ရဲ့ အနံ့၊ အရသာ၊ အရောင် စတာတွေကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။တချို့အမျိုးသားတွေက သုက်လွှတ်တဲ့အခါ ဂျယ်လီလို ခပ်ပျစ်ပျစ် အတုံးတွေ ပါလာတတ်ပါတယ်။ အများစုက ပုံမှန်ပါ။ ဒီလိုဖြစ်ရတာကသုက်ရည်မှာပရိုတင်းတွေ အများအပြားပါနေတာကြောင့်လို့ ယူဆကြပါတယ်။များသောအားဖြင့်တော့ အရင်တုန်းက ပုံမှန် ဒါမှမဟုတ် မကြာခဏ လိင်ဆက်ဆံ (အာသာဖြေ)ခဲ့တဲ့ လူတွေမှာလိင်မဆက်ဆံတာ၊ အာသာမဖြေတာ (တစ်နည်းအားဖြင့် သုက်မလွှတ်တာ) ကြာလာရင် တွေ့ရပါတယ်။ ရေဓာတ်ခမ်းခြောက်တဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ ပုံမှန် သုက်လွှတ်နေတဲ့အခါ ဦးနှောက်က သုက်ကောင်တွေအတွက် သကြားဓာတ်တွေ၊ ပရိုတင်းဓာတ်တွေ လုံလောက်အောင် ပိုထုတ်နေပေးပါတယ်။တကယ်လို့ ကိုယ်က သုက်မလွှတ်တာ ကြာလာရင်တော့ ပရိုတင်းဓာတ်တွေက သုက်ရည်ထဲမှာ စုပုံပြီး သုက်လွှတ်တဲ့အခါ ဂျယ်လီလို အတုံးလေးတွေ ပါလာတာ ဖြစ်ပါတယ်။များသောအားဖြင့်တော့ ဒါက စိုးရိမ်စရာလိုပါ။ ရောဂါလည်း မဟုတ်ပါ။ သုက်ပြန်လွှတ်လိုက်ရင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပါ။ဂျယ်လီလို သုက်ရည်က ပုံမှန်ပဲမို့လို့ ခန္ဓာကိုယ်ကို အန္တရာယ်မပေးတဲ့အတွက် ဒီတိုင်းထားလို့ ရပါတယ်။ စိုးရိမ်တကြီးနဲ့ ပုံမှန်ဖြစ်အောင်အလွန်အကျွံ အာသာဖြေတာ၊ သုက်လွှတ်တာတွေ လုပ်စရာမလိုပါ။ခန္ဓာကိုယ်က သူ့ဟာသူပြန်ပြီး ထိန်းညှိသွားပါလိမ့်မယ်။ သုက်မလွှတ်တာကြာရင် ဦးနှောက်က ပရိုတင်းတွေကို ပြန်လျော့ထုတ်တဲ့အခါ သုက်ရည်က ပုံမှန်အတိုင်း ဖြစ်သွားပါလိမ့်မယ်။အမျိုးသားတွေမှာ သုက်ရည်က တစ်ယောက်နဲ့ တစ်ယောက် မတူတာကြောင့် ကိုယ့်ဟာက သူများနဲ့ မတူတိုင်း ထိတ်လန့်စရာမလိုပါ။ ဒါပေမဲ့။ဂျယ်လီလို သုက်ရည်ကတော့ များသောအားဖြင့် အန္တရာယ်မရှိဘူးဆိုတာကို ပြောချင်ပါတယ်။ တကယ်လို့ ဒါနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်၊ ရောဂါ တစ်ခုခုဖြစ်နေတယ်လို့ ယူဆတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/causes-of-jelly-like-semen/
null
null
eye-health
eye-health
https://hellosayarwon.com/eye-health/eye-diseases/about-eye-twist/
လမစေ့ဘဲမွေးသော ကလေးများတွင် အဖြစ်များသော ကျန်းမာရေးပြဿနာများ
လမစေ့ဘဲ မွေးသော ကလေးများသည် သာမန်ကလေးများနှင့်စာလျှင် နောက်ဆက်တွဲပြဿနာများ ခံစားရလေ့ရှိပါတယ်။ ထိုကလေးများသည် မိခင်၏ ဝမ်းကြာတိုက်မှ အချိန်မတိုင်မီ ထွက်ခွာလိုက်ရသည့်အတွက် အချို့သော ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်ရတတ်ပါသည်။ ကိုယ်ဝန်အပတ် ၂၄ ပတ်မှ ၃၂ပတ်အတွင်းမွေးသော ကလေးများသည် များစွာသော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို ခံစားရနိုင်ပါသည်။ လမစေ့ဘဲမွေးသော ကလေးများတွင် အဖြစ်များသော ကျန်းမာရေးပြဿနာများ က ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။လမစေ့ဘဲမွေးသော ကလေးများတွင် အဖြစ်များသော ကျန်းမာရေးပြဿနာများ ကတော့။လမစေ့ဘဲမွေးသော ကလေးများသည် သွေးနီဥများ လုံလောက်စွာမရှိခြင်းကြောင့် သွေးအားနည်းရောဂါများ ခံစားရနိုင်ပါသည်။ ပုံမှန်အားဖြင့် ကလေးငယ်ထံတွင် သွေးနီဥများတည်ဆောက်ရန်အတွက် သံဓာတ်များကို သိုလှောင်ရခြင်းလုပ်ငန်းစဉ်ကို ကိုယ်ဝန်နှောင်းပိုင်းကာလများတွင် လုပ်ဆောင်ရပါသည်။ လမစေ့ဘဲ မွေးသော ကလေးများတွင် အဆိုပါဖြစ်စဉ်ကို လုပ်ဆောင်ချိန်မရလိုက်သောကြောင့် သွေးအားနည်းရခြင်းဖြစ်ပါသည်။သွေးအားနည်းရောဂါရှိသော ကလေးများတွင် အစာစားခြင်းနှင့် ဖွံ့ဖြိုးကြီးထွားခြင်းတို့ နှောင့်နှေးစေပြီး နှလုံးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများလည်း ဖြစ်နိုင်ပါသည်။ ထိုသို့ သွေးအားနည်းရောဂါရှိသော ကလေးများကို သံဓာတ်အားဖြည့်ဆေးတိုက်ကျွေးခြင်း၊ သွေးနီဥများ ထုတ်လုပ်မှုအားကောင်းစေသော ဆေးများတိုက်ခြင်းနှင့် အခြေအနေပိုပြင်းထန်သော ကလေးများတွင် သွေးသွင်းခြင်းတို့ဖြင့် ကုသနိုင်ပါသည်။လမစေ့သော ကလေးများသည် မကြာခဏဆိုသလိုပင် ၁၅ စက္ကန့်ခန့် အသက်ရှူရပ်ခြင်းများဖြစ်လေ့ရှိပါသည်။ ထိုသို့ဖြစ်သွားခြင်းကို ခဏတာမျှ အသက်ရှူရပ်သွားခြင်းဟုခေါ်ပြီး ထိုသို့ဖြစ်ပြီး အသက်ပြန်ရှူချိန်တွင် နှလုံးခုန်နှုန်းများ နှေးသွားတတ်ပါသည်။ထို့ကြောင့် လမစေ့သော ကလေးများတွင် ထိုသို့သော အသက်ရှူရပ်ခြင်းများဖြစ်ခြင်းကို အမြဲစောင့်ကြည့်နေရန်လိုအပ်ပါသည်။ ထိုသို့ဖြစ်လာလျှင်၊ အသက်ဆက်မရှူတော့လျှင် ကလေးငယ်အား အသက်ရှူစေရန် ပုတ်ပေးခြင်း၊ ခြေဖဝါးများရိုက်ခြင်းတို့ ပြုလုပ်ကာ လှုံ့ဆော်ပေးရမည်ဖြစ်ပါသည်။နာတာရှည် အဆုတ်ရောဂါဖြစ်သည့် အဆုတ်နှင့် လေပြွန်ရှိဆဲလ်များ မူမမှန်ဖြစ်ခြင်းရောဂါသည် လမစေ့ဘဲမွေးပြီး အောက်ဆီဂျင်နှင့် ဆေးကုသမှုများဆက်လက်ခံယူရန် လိုအပ်သောကလေးများတွင် အများဆုံးဖြစ်ကြောင်း တွေ့ရသည်။ ထိုသို့ဖြစ်နိုင်ခြေရှိသော ကလေးများသည် အသက်ရှူကျပ်သောရောဂါစုများကိုလည်း ခံစားရလေ့ရှိပါသည်။အဆုတ်ထဲတွင်ရှိသော အရည်များ၊ အမာရွတ်များနှင့် ထိခိုက်ပျက်စီးမှုများကို ဓာတ်မှန်တွင် မြင်တွေ့နိုင်ပါသည်။ ထိုသို့ဖြစ်လျှင် လိုအပ်သော ဆေးများသောက်ခြင်းဖြင့် ကလေးများကို အသက်ရှူရပိုလွယ်လာစေပြီး အသက်ရှူစက်များဖြင့် အသက်ရှူရသော အခြေအနေများလည်း လျော့နည်းလာနိုင်ပါသည်။ထိုကလေးများတွင် အသက် ၂နှစ်အတွင်းအဆုတ်ရောဂါသည် တိုးတက်ကောင်းမွန်လာနိုင်သော်လည်း အများစုသော ကလေးများသည် ရင်ကျပ်ပန်းနာရောဂါနှင့် ဆက်စပ်သော နာတာရှည် အဆုတ်ရောဂါများကို ခံစားရတတ်ကြပါသည်။လမစေ့သော ကလေးများတွင် ကိုယ်ခံအားစနစ်များ ကောင်းစွာ မဖွံ့ဖြိုးသေးသည့်အတွက် ကူးစက်ရောဂါကို ဖြစ်စေသော ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်ပိုးများနှင့် အခြားသော ပိုးမွှားများကို ခုခံနိုင်စွမ်းမရှိသေးပါ။ထို့ကြောင့် အဆုတ်နှင့် ဦးနှောက်အမြှေးပါးများတွင် ကူးစက်ရောဂါများ ဖြစ်နိုင်ပါသည်။ ကလေးများအနေဖြင့် မိခင်များထံမှ ရောဂါများကူးစက်နိုင်ပြီး မွေးပြီး အချိန်များတွင်လည်း အခြားကူးစက်ရောဂါများ ဝင်ရောက်နိုင်ပါသည်။ ထိုရောဂါများကို ဘက်တီးရီယားပိုးသတ်ဆေး၊ ဗိုင်းရပ်စ်ပိုးသတ်ဆေးများဖြင့် ကုသနိုင်ပါသည်။ယင်းသည် ကိုယ်အလေးချိန် ၁.၃၆ ကီလိုဂရမ်ထက်နည်းသော ကလေးများတွင် ပိုဖြစ်တတ်ပါသည်။ ထိုသို့ ဦးနှောက်သွေးယိုခြင်းများသည် မွေးပြီး ၃ ရက်တွင် ဖြစ်လေ့ရှိပြီး အသံလှိုင်းဓာတ်မှန်ရိုက်ခြင်းဖြင့် ရောဂါကို သိရှိနိုင်ပါသည်။ ထိုသို့ဖြစ်လာလျှင် ဆရာဝန်များက ဦးနှောက်အတွင်းသို့ ပြွန်ချောင်းငယ်ထည့်ခြင်းဖြင့် သွေးများကို အပြင်သို့ ထုတ်ကာ ဦးနှောက် ထိခိုက်ပျက်စီးမှုများကို သက်သာစေပါသည်။ မပြင်းထန်သော အခြေအနေများတွင်မူ ဆေးများဖြင့် ကုသနိုင်ပါသည်။လမစေ့သော ကလေးများ၏ အသည်းသည် သွေးထဲရှိ အဝါဓာတ်များ စွန့်ထုတ်မှုလုပ်ငန်းများကို မလုပ်ဆောင်နိုင်သေးသည့်အတွက် အရေပြားနှင့် မျက်လုံးများဝါခြင်း ဖြစ်ပါသည်။ ထိုသို့ဖြစ်ခြင်းသည် ပြင်းထန်အဆင့် မဟုတ်သော်လည်း အဝါဓာတ်များ လွန်ကဲများပြားလာပါက ဦးနှောက်ကို ထိခိုက် ပျက်စီးစေနိုင်ပါသည်။သွေးစစ်ခြင်းဖြင့် ကလေးငယ်၏ သွေးထဲရှိ အဝါဓာတ်များကို သိရှိနိုင်ပြီး အဝါဓာတ်များကို လျော့နည်းစေရန် အလင်းရောင်ကုထုံးဖြင့် ကုသနိုင်ပါသည်။ တခါတရံတွင် သွေးသွင်းရန် လိုအပ်ကောင်း လိုအပ်နိုင်ပါသည်။ထိုရောဂါကို ပုံရိပ်ဖော်စက်များဖြင့် စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်းဖြင့် သိနိုင်ပါသည်။ ကုသမှုများခံယူနေစဉ် အူလမ်းကြောင်းကို အနာကျက်သွားစေရန် ပိုးသတ်ဆေးများသွင်းခြင်း၊ အကြောဆေးများဖြင့် အာဟာရဓာတ်များဖြည့်တင်းခြင်းတို့ကို ပြုလုပ်ပေးရပါသည်။ အချို့သော ကလေးများတွင် ပျက်စီးပြီး ပုပ်သွားသော အူနေရာကို ဖြတ်ထုတ်ခြင်းမျိုးလည်း လုပ်ရတတ်ပါသည်။ထိုသို့ဖြစ်နေလျှင်နှလုံးကိုအသံလှိုင်းဓာတ်မှန်ရိုက်ခြင်း သို့မဟုတ် အခြားသော ပုံရိပ်ဖော်ကိရိယာများဖြင့် စမ်းသပ်သိရှိနိုင်ပါသည်။ ဆေးဖြင့် ပွင့်နေသော နေရာကို ပိတ်အောင်ကုသခြင်း ပြုလုပ်နိုင်သော်လည်း ဆေးမတိုးပါက ခွဲစိတ်ကုသမှုကို ခံယူရမည်ဖြစ်ပါသည်။ယင်းရောဂါစုသည် လမစေ့ဘဲမွေးသော ကလေးများတွင် အဆုတ်များ လုံလောက်စွာ မဖွံ့ဖြိုးသေးသောကြောင့် ဖြစ်ခြင်းဖြစ်ပါသည်။ ထိုကလေးများ၏ အဆုတ်သည် လေအိတ်ငယ်များကို ပြားပိမသွားစေရန် တွန်းကန်အားများ လုံလောက်စွာ မထုတ်ပေးနိုင်သည့်အတွက် ထိုသို့ဖြစ်ခြင်းဖြစ်သည်။ ထို့ကြောင့် ပြင်ပမှ ပြုလုပ်စီမံထားသော အဆုတ်တွန်းအားကို ဖြစ်စေမည့် ဆေးကို ကလေးများအားထိုးပေးခြင်း၊ အသက်ရှူစက်များတပ်ဆင်ကာ အသက်ရှူရလွယ်ကူအောင်၊ သွေးထဲတွင် အောက်ဆီဂျင်ဓာတ်များပိုရအောင်ပြုလုပ်ပေးခြင်း စသည့်နည်းလမ်းများဖြင့် ကုသရပါသည်။ တခါတရံတွင် လမစေ့ဘဲ အလွန်စောမွေးသောကလေးများအတွက် အောက်ဆီဂျင်ဓာတ်ကို ကြာမြင့်စွာပေးရန်လိုအပ်သဖြင့် အိမ်တွင် ပေးနိုင်သော အောက်ဆီဂျင်စနစ်များလည်း လိုအပ်ပါသည်။ထိုသို့ဖြစ်ခြင်းသည် မျက်စိအမြင်လွှာတွင် မူမမှန်သော သွေးကြောများဖြစ်ခြင်းကြောင့် ဖြစ်ပြီး မျက်စိကွယ်သွားသည်အထိ ဆိုးရွားသွားနိုင်ပါသည်။ အပတ်၃၀ မပြည့်မီမွေးသော ကလေးများတွင် ထိုရောဂါဖြစ်နိုင်ချေ ပိုများကြောင်းတွေ့ရသည်။ ထိုရောဂါကို သိရှိရန် ဆရာဝန်များက ကလေးငယ်၏ မျက်လုံးများကို ကြည့်ရှုစစ်ဆေးရန်လိုအပ်ပြီး အများစုသည် ပြင်းထန်လေ့မရှိဘဲ မျက်စိအမြင်အာရုံများဆုံးရှုံးမှုမရှိဘဲ ပျောက်ကင်းသက်သာသွားကြောင်း တွေ့ရပါသည်။ သို့သော် ပြင်းထန်သော ကလေးများတွင်မူ ထိုမူမှန်သော သွေးကြောများကို လေဆာရောင်ခြည်ဖြင့် ဖျောက်ဖျက်ခြင်း၊ အအေးလှိုင်းနည်းဖြင့်ကုသကာ မျက်စိအမြင်အာရုံဆုံးရှုံးမှုကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/premature-babies/health-problems-in-premature-babies/
broken toe (ခြေချောင်းလေးတွေကျိုးခြင်း)
လေးပင်တဲ့အရာတစ်ခုခုခြေထောက်ပေါ်ပြုတ်ကျသွားတဲ့အခါ ခြေချောင်းလေးတွေကျိုးသွားတတ်တယ်။များသောအားဖြင့် ကျိုးသွားတဲ့ခြေချောင်းကို ဘေးဘက်ကခြေချောင်းနဲ့ ပူးတွဲချည်ပြီး မလှုပ်ရှားနိုင်အောင် လုပ်လိုက်ပါတယ်။ ဒါပေမယ့် ကျိုးတာက ပြင်းထန်နေမယ်ဆိုရင် ဒါမှမဟုတ် ခြေမဖြစ်နေမယ်ဆိုရင်တော့ ကျောက်ပတ်တီးကိုင်ဖို့ လိုနိုင်ပြီး ကောင်းကောင်းအနာကျက်ဖို့အတွက် ခွဲစိတ်ဖို့တောင် လိုကောင်းလိုနိုင်ပါတယ်။များသောအားဖြင့် ကျိုးသွားတဲ့ခြေချောင်းလေးတွေက လေးပတ်ကနေ ခြောက်ပတ်အတွင်းမှာ ကောင်းကောင်းပြန်ကျက်ကြပါတယ်။ ဒါပေမယ့် ကျိုးသွားတဲ့နေရာနဲ့ ပြင်းထန်မှုပေါ်မူတည်ပြီး ရောဂါပိုးဝင်ခြင်း သို့ နောင်တစ်ချိန်မှာ အရိုးအဆစ်ရောင်နိုင်ချေများခြင်း တို့ဖြစ်နိုင်ပါတယ်။ဖစ်တတ်ပါတယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်တယ်။ဖော်ပြထားသောအချက်တွေအပြင် တခြားလက္ခဏာတွေလည်း ရှိနိုင်သေးတာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ဖော်ပြပါလက္ခဏာတွေတွေ့မယ်ဆိုရင် ဒါမှမဟုတ် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ လူတိုင်းခန္ဓါကိုယ်က တစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်တာ အသင့်လျော်ဆုံးဖြစ်ပါလိမ့်မယ်။များသောအားဖြင့်ကတော့ လေးလံတဲ့အရာတစ်ခုခု ခြေထောက်ပေါ်ပြုတ်ကျ၍ဖြစ်စေ၊ ပြင်းပြင်းထန်ထန်တိုက်မိတဲ့အခါဖြစ်စေ ကျိုးတတ်ပါတယ။်။ခြေချောင်းကျိုးခြင်းကိုအားပေးနိုင်တဲ့အခြေအနေများ။အသေးစိတ်အတွက် ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က ဘယ်လိုထိခိုက်သလဲနဲ့ပတ်သတ်ပြီး မေးခွန်းအနည်းငယ်မေးပါလိမ့်မယ်။ ထို့နောက် ထိခိုက်သော ခြေချောင်းကို ကျိုးခြင်းရှိမရှိစစ်ဆေးပါလိမ့်မယ်။သင့်လျော်တဲ့ကုသမှုနဲ့ ကောင်းမွန်စွာအနာကျက်စေဖို့ ထိခိုက်ပြီး ချက်ခြင်းဆေးကုသမှုခံယူတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ခြေချောင်းကျိုးခြင်းကို စမ်းဖို့အတွက် ဓါတ်မှန်ရိုက်ဖို့လည်း လိုပါလိမ့်မယ်။ဒါပေမယ့်အမြဲတမ်းဓါတ်မှန်ရိုက်ဖို့တော့ မလိုပါဘူး။ အထူးသဖြင့် ကျိုးသွားတဲ့ခြေချောင်းက သေးငယ်ရင်ပိုတောင်မလိုပါဘူး။ခြေချောင်းကျိုးခြင်းကြောင့်ရတဲ့ နာကျင်မှုကို သာမန်အားဖြင့် အလွယ်တကူဝယ်လို့ရတဲ့ အကိုက်အခဲပျောက်ဆေး ibuprofen (Advil, Motrin IB, others), naproxen sodium (Aleve) သို့ acetaminophen (Tylenol) စသည်တို့နဲ့ သက်သာစေနိုင်ပါတယ်။ ပိုပြင်းထန်ပါက ပိုအားကောင်းတဲ့ အကိုက်အခဲပျောက်ဆေးမှီဝဲနိုင်တယ်။နေရာတကျပြန်ထားခြင်း။ကျိုးသွားတဲ့အပိုင်းအစလေးတွေက မူလနေရာကိုပြန်မတည့်ပါက ဆရာဝန်က ထိုအပိုင်းအစလေးတွေ နေရာတကျပြန်ထားဖု့ိလိုပါလိမ့်မယ်။ များသောအားဖြင့်တော့ ခွဲစိတ်စရာမလိုပဲပြုပြင်နိုင်ပါတယ်။ ခြေချောင်းလေးထုံသွားရင် ရေခဲ သို့ ထုံဆေးတော့သုံးဖို့လိုလိမ့်မယ်။မလှုပ်ရှားစေခြင်း။ပြန်ကောင်းနိုင်ဖို့အတွက် ကျိုးသွားတဲ့အရိုးကို မလှုပ်ရှားနိုင်အောင် ထိန်းထားရမယ်-။ကျိုးသွားတဲ့ခြေချောင်းကသေးငယ်တယ်ဆိုရင်တော့ ဘေးကခြေချောင်းနဲ့ပူးချည်ပြီး ငြိမ်အောင်ထားလို့ရပါတယ်။ မချည်ခင်မှာ အရေပြားအချင်းချင်းပွတ်တိုက်မှုမဖြစ်အောင် ခြေချောင်းနှစ်ချောင်းကြား တစ်ခုခုခံထားဖို့တော့လိုပါလိမ့်မယ်။ဆရာဝန်က ခွဲစိတ်ပြီးစီးထားရတတ်တဲ့ ဖိနပ်တစ်မျိုးလည်းညွှန်းကောင်းညွှန်းနိုင်ပါတယ။် အောက်ခံပြားခိုင်မာတောင့်တင်းပြီး ကြိုးများနဲ့တွယ်ဆက်ထိန်းထားတဲ့ ဖိနပ်တစ်မျိုးဖြစ်တယ်။ ခြေချောင်းများကွေးခြင်းကို တားဆီးပြီး နေရာကျယ်ကျယ်ရှိခြင်းကြောင့် ရောင်ရမ်းခြင်းအတွက်လည်း အဆင်ပြေပါတယ်။ကျောက်ပတ်တီး။ကျိုးသွားသော အပိုင်းအစလေးတွေ နေရာတကျနေဖို့ခက်နေပါက ကျောက်ပတ်တီးစည်းထားဖို့ လိုပါလိမ့်မယ်။ခွဲစိတ်ခြင်း။တချို့အခြေအနေတွေမှာ အရိုးဆက်နေစဉ် နေရာတကျရှိဖို့အတွက် ခွဲစိတ်ပြီး တွယ်ဆက်ပစ္စည်းတချို့နဲ့ ငြိမ်အောင်ထိန်းထားဖို့လိုပါလိမ့်မယ်။ရောင်ရမ်းနာကျင်ခြင်းအတွက် ရေခဲအသုံးပြုခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ဖြစ်နိုင်ပါက ဒဏ်ရာရနေသော ခြေထောက်ကို နှလုံးအထက်ရောက်အောင် ခြေထောက်မြှောက်ထားပေးပါ။ရေခဲသုံးပါက အရေပြားနဲ့တိုက်ရိုက်မထိတွေ့အောင် အဝတ်နဲ့အရင်ပတ်ပါ၊ မိနစ် ၂၀ လောက်သာသုံးပါ။တခြားသိလိုသည်များရှိပါက သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/broken-toe-%e1%80%81%e1%80%bc%e1%80%b1%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8/
ရောဂါပိုးဝင်ရောက်ခြင်းက လေဖြတ်နိုင်ခြေကိုမြင့်စေသလား
ဆီးချိုရှိသူတွေဟာ လေဖြတ်ခြင်းကို ပိုမိုကြုံတွေ့နိုင်ပါတယ်။ သူတို့မှာ လေဖြတ်နိုင်ခြေ အန္တရာယ်နဲ့ တခြားကျန်းမာရေးပြသနာတွေ ရှိနေလို့ ဖြစ်ပါတယ်။ လေဖြတ်နိုင်တဲ့ ဖြစ်နိုင်ခြေ အကြောင်းအရာတွေများလေ လေဖြတ်နိုင်ခြေ ရှိလေဆိုတာ သတိပြုရပါမယ်။ လေဖြတ်နိုင်ခြေများစေတဲ့ အကြောင်းတွေကို လေ့လာကြည့်ရအောင်။အမျိုးသားလေဖြတ်ခြင်းဆိုင်ရာအဖွဲ့အစည်းရဲ့ အဆိုအရ နှလုံးခါခြင်းဟာ လေဖြတ်နိုင်ခြေ ၅ဆပိုများပါတယ်။နှလုံးသွေးလွှတ်ကြော၊ နှလုံးအလုပ်မလုပ်ခြင်း၊ နှလုံးကြီးခြင်းနဲ့ တခြားနှလုံးရောဂါတွေဟာ သင့်ကို လေဖြတ်နိုင်ခြေ ပိုများလာစေပါတယ်။ ကိုလက်စထရောများခြင်းဟာ နှလုံးရောဂါကိုရော နှလုံးသွေးကြောကျဉ်းခြင်းကိုပါ ပိုများစေပါတယ်။ ကိုလက်စထရောမြင့်ခြင်းဟာ သွေးလွှတ်ကြောတွေထဲမှာ အနည်တွေထိုင်လာစေပြီး ဦးနှောက်ကိုသွားတဲ့ သွေးကြောတွေကို ပိတ်ဆို့စေပါတယ်။ဆီးချိုရောဂါသည်တွေဟာ လေဖြတ်ခြင်းကို ပိုမိုကြုံတွေ့နိုင်ပါတယ်။ သူတို့မှာ လေဖြတ်နိုင်ခြေ အန္တရာယ်နဲ့ တခြားကျန်းမာရေးပြသနာတွေ ဥပမာ သွေးတိုးခြင်း၊ ကိုလက်စထရောများခြင်းနဲ့ နှလုံးရောဂါ စတာမျိုးတွေ ရှိနေလို့ ဖြစ်ပါတယ်။ ကိုယ်အလေးချိန်ပိုနေပြီး လှုပ်ရှားမှုနည်းတာဟာ သွေးတိုးခြင်း၊ နှလုံးရောဂါနဲ့ ဆီးချိုဖြစ်ပွားမှုကို မြင့်လာစေပါတယ်။ အမျိုးသားအာရုံကြောနှင့် လေဖြတ်ခြင်းရောဂါသိပ္ပံဟာ လေဖြတ်ခြင်းဖြစ်စေတဲ့ ၁၀မျိုးမှာ ၈မျိုးခန့်ကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။လေဖြတ်ခြင်းနဲ့ ခေါင်းတခြမ်းကိုက်ခြင်းဟာ လက္ခဏာဆင်တူပြီး တခုနဲ့တခု မှားတတ်ပါတယ်။ သူတို့၂ခုဟာ အပြန်အလှန်လည်း ဖြစ်စေနိုင်ပါတယ်။ သုတေသနတွေက သေချာမပြောနိုင်သေးပေမယ့် ခေါင်းတခြမ်းကိုက်တာဖြစ်လွန်းရင် နောက်ပိုင်းမှာ လေဖြတ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေတော့ နည်းပါတယ်။လေဖြတ်ခြင်းကို ဖြစ်စေတဲ့ တချို့အရာတွေ ဥပမာ- သေါးတိုးခြင်း၊ ဆေးလိပ်သောက်ခြင်း စတာတွေကို ပြောင်းလဲပစ်နိုင်ပါတယ်။ တခြား အသက်အရွယ်၊ လူမျိုးစတာတွေကတော့ ပြောင်းနိုင်မှာ မဟုတ်ပါဘူး။ သင့်ရဲ့ရောဂါရာဇဝင်၊ နေထိုင်မှုပုံစံ စတာတွေကိုလည်း ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ဆရာဝန်ဟာ လေဖြတ်နိုင်ခြေရှိတဲ့ ရောဂါနဲ့ အခြေအနေတွေကို လျော့နည်းစေခြင်းဖြင့် သင့်ကို ကူညီနိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%81%80%e1%80%84%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ဦးနှောက်သွေးကြော ပုံပျက်ခြင်းဟာ ခေါင်းကိုက်ရခြင်းရဲ့ အကြောင်းရင်းတစ်ခုပါ
ပုံမှန်အားဖြင့် သွေးလွှတ်ကြောများဟာ နှလုံးက အောက်ဆီဂျင်ပါတဲ့သွေးကို ဦးနှောက်ဆီသယ်လာပြီး သွေးပြန်ကြောတွေကတော့ အောက်ဆီဂျင်နည်းတဲ့ သွေးကို ဦးနှောက်ကနေ နှလုံးဆီ ပြန်ပို့ပေးပါတယ်။ သွေးလွှတ်ကြောသွေးပြန်ကြော ပုံစံပျက်ခြင်း (AVM) ဖြစ်ပွားရင်တော့ ဦးနှောက်ထဲမှာ၊ ဒါမှမဟုတ် ဦးနှောက်မျက်နှာပြင်ပေါ်မှာ သွေးကြောတွေ ရောထွေးကုန်ပြီး သွေးလွှတ်ကြောထဲက သွေးတွေဟာ လမ်းကြောင်းပြောင်းပြီး သွေးပြန်ကြောထဲ တိုက်ရိုက်ရောက်သွားပါတယ်။ဦးနှောက်မှာ သွေးလွှတ်ကြောနဲ့သွေးပြန်ကြော ပုံပျက်ခြင်းဟာ လူဦးရေ ၁ % ထက်လျော့နည်းပြီး ဖြစ်ပွားပါတယ်။ လူ ၂၀၀ ကနေ ၅၀၀ လောက်မှာ တဦးခန့်ဖြစ်ပွားတယ်လို့ ခန့်မှန်းထားကြပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ဦးနှောက်သွေးကြောပုံစံပျက်ခြင်း (AVM) ဟာ မွေးရာပါလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် မျီုးရိုးတော့ မလိုက်တတ်ပါဘူး။ရောဂါလက္ခဏာတွေဟာ ပုံပျက်ခြင်းဖြစ်ပေါ်တဲ့ နေရာပေါ်မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။သွေးယိုခြင်းမရှိသူတွေမှာတော့ သွေးကြောပုံပျက်တဲ့ လက္ခဏာတွေဟာ အောက်ပါအတိုင်း ဖြစ်ပါတယ်။တချို့လူနာတွေဟာ ဦးနှောက်သွေးကြောပုံပျက်တဲ့ နေရာပေါ်မူတည်ပြီး ပိုဆိုးရွားတဲ့ အာရုံကြောဆိုင်ရာ လက္ခဏာတွေ ပြနေတတ်ပါတယ်။သုတေသီအများစုအနေနဲ့ ဦးနှောက်သွေးကြော ပုံပျက်ခြင်းဟာ သန္ဓေသားဖွံ့ဖြိုးချိန်မှာ စတင်ဖြစ်ပေါ်လာတယ်လို့ ယုံကြည်ကြပါတယ်။ ပုံမှန်အားဖြင့် သင့်ရဲ့နှလုံးဟာ အောက်ဆီဂျင်ကြွယ်ဝတဲ့ သွေးတွေကို သွေးလွှတ်ကြောကတဆင့် ဦးနှောက်ဆီ ပို့ပါတယ်။ သွေးလွှတ်ကြောတွေဟာ အဆုံးပိုင်းမှာ သေးငယ်တဲ့ ဆံခြည်မျှင်သွေးကြောလေးတွေအဖြစ် ပြောင်းလဲသွားပြီး သွေးစီးဆင်းမှုလည်း နှေးသွားပါတယ်။ဆံခြည်မျှင်သွေးကြောလေးတွေဟာ အောက်ဆီဂျင်ကို သူတို့ရဲ့ပါးလွှာတဲ့ နံရံတွေကတဆင့် ဦးနှောက်ဆီကို ပို့ပေးပါတယ်။ အောက်ဆီဂျင်ကုန်သွားတဲ့ ဦးနှောက်ထဲက သွေးတွေဟာ သွေးပြန်ကြောတွေထဲ ပြန်ရောက်သွားပြီး နှလုံးနဲ့ အဆုတ်ကို ပြန်ပို့ပေးပါတယ်။ သွေးကြောပုံပျက်ခြင်း ဖြစ်တဲ့အခါမှာတော့ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတွေဟာ ယခုလို သေးငယ်တဲ့ဆံခြည်မျှင်သွေးကြောလေးများနဲ့ ပေါင်းစပ် ဖွဲ့စည်းထားတဲ့ ကွန်ယက်မရှိတော့ပါဘူး။ အဲဒီအစား သွေးလွှတ်ကြောထဲက သွေးဟာ ဦးနှောက်ဆီကို မရောက်တော့ဘဲ သွေးပြန်ကြောထဲကို လျှင်မြန်စွာပဲ တိုက်ရိုက်စီးဆင်းသွားပါတယ်။ဘယ်သူမဆို ဒီပြသနာနဲ့ မွေးဖွားလာနိုင်ပါတယ်။ အောက်ပါအချက်တွေကတော့ ဖြစ်တာပိုများပါတယ်။ယောက်ျားလေးဖြစ်ခြင်း။ယောက်ျားလေးတွေမှာ ဦးနှောက်သွေးကြော ပုံပျက်ခြင်း ဖြစ်တာ ပိုများပါတယ်။မိသားစုရာဇဝင်ရှိခြင်း။မိသားစုထဲမှာဖြစ်ဖူးရင် ဖြစ်တတ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် မျိုးရိုးဗီဇကြောင့်လား၊ တိုက်ဆိုင်တာလားဆိုတာတော့ မသိရသေးပါဘူး။ဦးနှောက်သွေးကြော ပုံပျက်ခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ တက်ခြင်း၊ ခေါင်းကိုက်ခြင်း စတာတွေကို တွေ့ရပြီဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုအပ်ပါတယ်။ အဲဒီရောဂါကြောင့် သွေးယိုစိမ့်ရင် အသက်အန္တရာယ် ထိခိုက်စေနိုင်ပြီး အရေးပေါ်ကုသမှု လိုအပ်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/%e1%80%a6%e1%80%b8%e1%80%94%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac-%e1%80%95%e1%80%af%e1%80%b6%e1%80%95%e1%80%bb/
null
null
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/vape-%e1%80%b1%e1%80%9e%e1%80%ac%e1%80%80%e1%80%b9%e1%80%9b%e1%80%84%e1%80%b9%e1%80%b8-%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%b1%e1%81%be/
Bunions (ဗျူနီယံ)
တကယ်တော့ ခြေမရိုးအရင်းကနေ အရိုးအတက်ထွက်ခြင်းပါ။ ခြေမနဲ့ဘေးကခြေချောင်းတွေကိုအတင်းဖိတွန်းထားမိတဲ့အခါမျိုးမှာ ခြေမဆစ်ကြီးလာပြီး ဘေးကိုထိုးထွက်လာခြင်းဖြစ်တယ်။ ထိုအရိုးအတက်အပေါ်က အရေပြားကတော့ နီရဲရောင်ရမ်းနေတတ်ပါတယ်။ခြေမရိုးအတက်ထွက်ခြင်းဟာ အလွန်အဖြစ်များပြီး လူတိုင်းမှာဖြစ်နိုင်တယ်။ အမျိုးသမီးတွေမှာပိုဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေစီးလေ့ရှိတဲ့ ဖိနပ်အမျိုးအစားကြောင့်ဖြစ်တယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ကြည့်ပါ။တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် စိုးရိမ်သည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။အောက်ပါအချက်တွေနဲ့ကြုံရရင်ဆရာဝန်ပြသင့်ပါတယ်-။ဖွင့်ဆိုမှုတွေတော့အမျိုးမျိုးရှိကြပေမယ့် အကြောင်းအရင်းအတိအကျကတော့ မသိရသေးပါဘူး။ ဖြစ်နိုင်ချေရှိတာတွေကတော့-။ကျဉ်းကြပ်တဲ့ ထောက်မြင့်ဖိနပ်တွေက ခြေမရိုးဆစ်အတက်ထွက်စေတယ် သို့ ခြေမရိုးဆစ်အတက်ထွက်ခြင်းက ဖိနပ်တွေနဲ့ဆိုင်နေတယ်ဆိုတာကို ကျွမ်းကျင်သူတွေက သဘောမတူထားပါဘူး။နှလုံးလေးဘက်နာအဆစ်ရောင်ခြင်းကဲ့သို့ တချို့သောအရိုးအဆစ်ရောင်ခြင်းတွေနဲ့တော့ သက်ဆိုင်ကောင်း သက်ဆိုင်နေနိုင်ပါတယ်။ဖွင့်ဆိုမှုတွေတော့အမျိုးမျိုးရှိကြပေမယ့် အကြောင်းအရင်းအတိအကျကတော့ မသိရသေးပါဘူး။ ဖြစ်နိုင်ချေရှိတာတွေကတော့-။ကျဉ်းကြပ်တဲ့ ထောက်မြင့်ဖိနပ်တွေက ခြေမရိုးဆစ်အတက်ထွက်စေတယ် သို့ ခြေမရိုးဆစ်အတက်ထွက်ခြင်းက ဖိနပ်တွေနဲ့ဆိုင်နေတယ်ဆိုတာကို ကျွမ်းကျင်သူတွေက သဘောမတူထားပါဘူး။နှလုံးလေးဘက်နာအဆစ်ရောင်ခြင်းကဲ့သို့ တချို့သောအရိုးအဆစ်ရောင်ခြင်းတွေနဲ့တော့ သက်ဆိုင်ကောင်း သက်ဆိုင်နေနိုင်ပါတယ်။ထောက်မြင့်ဖိနပ်တွေ – ထောက်မြင့်ဖိနပ်တွေဟာ ခြေဖဝါးတစ်ခုလုံး အလေးချိန်ကို ခြေချောင်းတွေပေါ်သက်ရောက်စေပါတယ်။ကောင်းကောင်းမတော်သောရှူးများ – ကျပ်လွန်း၊ ကျဉ်းလွန်း ၊ ချွန်လွန်းသော ရှူးများကိုစီးခြင်းဟာ ခြေမအရိုးဆစ်အတက်ထွက်စေတယ်။နှလုံးလေးဘက်နာကြောင့်အဆစ်ရောင်ခြင်း – ထိုရောင်ရမ်းတတ်သော ရောဂါအခြေအနေတစ်ခုရှိခြင်းဟာ အရိုးအတက်ထွက်ခြင်းပိုဖြစ်နိုင်စေတယ်။မျိုးရိုးလိုက်ခြင်း – မျိုးရိုးလိုက်တတ်တဲ့ ခြေထောက်ပုံစံမမှန်ခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဖော်ပြပါအချက်အလက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေရဲ့ အစားထိုးမဟုတ်တာကြောင့် အမြဲဆရာဝန်နဲ့သေချာတိုင်ပင်ဖို့ မမေ့ပါနဲ့။ရောဂါရှာဖွေမှု။ဆရာဝန်က ခြေထောက်ကိုစမ်းသပ်ခြင်းဖြင့် အရိုးအတက်ထွက်ခြင်းကို သိရှိနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုအပြီးမှာ အတက်ထွက်ရခြင်းအကြောင်းအရင်းနဲ့ ပြင်းထန်မှုကိုသိဖို့ ဓါတ်မှန်ရိုက်ပါလိမ့်မယ်။ကုသမှုက ရောဂါပြင်းထန်မှုနဲ့ ခံစားနေရတဲ့နာကျင်မှုတို့ပေါ် မူတည်နိုင်တယ်။ခွဲစိတ်မှုမလိုဘဲ ခြေမရိုးအတက်ထွက်ခြင်းရဲ့ နာကျင်မှုနဲ့ ဖိအားကိုသက်သာစေတဲ့နည်းတွေကတော့-။ဖိနပ်ပြောင်းစီးခြင်း – ခြေချောင်းလေးတွေအတွက် နေရာကျယ်ကျယ်ရှိပြီး သက်တောင့်သက်သာဖြစ်တဲ့ ဖိနပ်မျိုးစီးပါ။ပတ်တီးစည်းခြင်း – ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ ခြေမရိုးအတက်ထွက်ခြင်းအတွက် သုံးရသောဆေးမပါ ပတ်တီးတွေကိုသုံးနိုင်ပါတယ်။ ဆရာဝန်ကခြေထောက်ပုံမှန်အနေအထားအနေနဲ့ စည်းနိုင်အောင် ကူညီပေးပါလိမ့်မယ်။ ဒါဟာ Bunion ကြောင့်ဖြစ်တဲ့ဖိအားနဲ့ နာကျင်မှုကိုသက်သာစေပါလိမ့်မယ်။ဆေးကုသမှု – Acetaminophen (Tylenol, others), ibuprofen (Advil, Motrin IB, others) naproxen sodium (Aleve) စသည်တို့က နာကျင်မှုကိုသက်သာစေပါတယ်။ Cortisone ထိုးခြင်းကလည်း အထောက်အကူဖြစ်ပါလိမ့်မယ်။ရှူးအတွင်းထည့်သုံးသည့်အခံ – ရှူးဖိနပ်စီးထဲအခါ အတွင်းကနေ အခံထည့်ခံစီးခြင်းဟာ ခြေထောက်လှုပ်ရှားတဲ့အခါ ဖိအားညီညီမျှမျှပျံ့သွားစေပြီး နာကျင်မှုသက်သာစေပါတယ်။ တချို့အတွက် သာမန်ဆေးဆိုင်ကနေ ဝယ်လို့ရပြီး တချို့ကတော့ အရိုးအဆစ်ဆိုင်ရာအထောက်အပံ့ပစ္စည်းလိုကောင်းလိုနိုင်ပါတယ်။ရေခဲကပ်ခြင်း – ခြေထောက်အသုံးပြုတာများသွားတဲ့အခါ သို့ ရောင်ရမ်းနေတဲ့အခါ ခြေမရိုးအတက်ပေါ် ရေခဲကပ်ခြင်းက ရောင်ရမ်းခြင်းကိုသက်သာစေပါတယ်။ခွဲစိတ်ခြင်း – တခြားနည်းလမ်းတွေနဲ့ လက္ခဏာတွေ မသက်သာတော့တဲ့အခါ ခွဲစိတ်ဖို့လိုလာပါလိမ့်မယ်။ ဒါပေမယ့် bunion ကိုမကြာခဏနာကျင်စေတာ သို့ နေ့စဉ်လှုပ်ရှားမှုတွေကို အနှောင့်အယှက်ပေးနေတာ မဟုတ်ဘူးဆိုရင်တော့ ခွဲစိတ်ခြင်းကို အားမပေးပါဘူး။ခွဲစိတ်နည်းမျိုးစုံးရှိတာကြောင့် ပြဿနာအားလုံးအတွက် အကောင်းဆုံးဖြစ်နေတဲ့ နည်းရယ်လို့တော့ ရှိမှာမဟုတ်ပါဘူး။ခွဲစိတ်နည်းတွေကတော့။ခွဲစိတ်ပြီးတဲ့အခါ ချက်ခြင်းလမ်းပြန်လျှောက်နိုင်ပါတယ်။ ဒါပေမယ့် ကောင်းကောင်းပျောက်ဖို့ကတော့ ရက်သတ္တပတ်အနည်းငယ်မှ လအနည်းငယ်ထိကြာနိုင်ပါတယ်။ပြန်မဖြစ်စေဖို့အတွက် သင့်လျော်တဲ့စီးတဲ့ရှူးဖိနပ်ကိုသာ စီးဖို့မမေ့ပါနဲ့။ လူအများစုအတွက် ခွဲစိတ်ပြီးတဲ့အခါမှ ကျပ်တည်းတဲ့ ရှူးဖိနပ်ထပ်စီးဖို့ မျှော်လင့်နေခြင်းကမသင့်လျော်ပါဘူး။ခွဲစိတ်မှုကနေ ဘာတွေမျှော်လင့်သလဲဆိုတာ ဆရာဝန်နဲ့သေချာဆွေးနွေးတိုင်ပင်ပါ။နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ အိမ်တွင်းကုထုံးများ။ရှူးဖိနပ်တွေကိုသေချာရွေးပါ။ ဖိနပ်ထိပ်ကောင်းကောင်းကျယ်ပြီး ခြေချောင်းတွေနေရာချောင်ချောင်ချိချိရမယ့် ဖိနပ်မျိုးရွေးသင့်တယ်။သင့်ရှူးဖိနပ်တွေက ခြေထောက်ကိုဖိကြပ်ထားခြင်းမရှိဘဲ ခြေထောက်ပုံစံကောင်းကောင်းဆန့်သင့်ပါတယ်။တခြားသိလိုသည်များရှိပါက သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/bunions-%e1%80%97%e1%80%ba%e1%80%b4%e1%80%94%e1%80%ae%e1%80%9a%e1%80%b6/
ဝက်ခြံအနာကျက်ပြီးနောက်ကျန်ခဲ့သော အနီစက်များကို လျော့နည်းစေရန်
ဝက်ခြံပေါက်ခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော အရေပြားပြဿနာ တခုဖြစ်သော်လည်း ဆိုးရွားသော ကျန်းမာရေးပြသနာတခုမဟုတ်ပါ။ သို့သော် ဝက်ခြံပေါက်ပြီးလျှင်ကျန်ခဲ့သော အမာရွတ် အနီစက်များက သင့်ကိုယ်သင် ယုံကြည်မှုကျဆင်းစေပါသည်။လူအတော်များများသည် ထိုပြသနာနှင့် ကြုံဖူးကြသည် ဖြစ်ရာ အောက်ပါအချက်များကို အကြံပေးမျှဝေလိုက်ရပါသည်။ဝက်ခြံသည် ဆယ်ကျော်သက် အရွယ်တွင်ပေါက်လေ့ရှိသည်။ သို့သော် ဆယ်ကျော်သက်နောက်ပိုင်းတွင်လည်းပေါက်လေ့ရှိပါသည်။ ဝက်ခြံပေါက်လျှင် နီရဲ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ ပြည်ဖုကြီးဖြစ်ခြင်း၊ ဆားဝက်ခြံငယ်လေးများဖြစ်ခြင်း စသည်တို့ဖြစ်တတ်ကြသည်။အများစုကို ကုရလွယ်သော်လည်း အမာရွတ်နှင့် အနီစက်များသည် ဝက်ခြံပျောက်ပြီး ကြာရှည်စွာကျန်နေတတ်ကြသည်။ သင်သည် အရေပြားဆရာဝန်နှင့် သွားပြပြီး အချို့သောညွှန်ကြားမှုများကို လိုက်နာသင့်ပေသည်။အရေပြားဆရာဝန်က သင့်အရေပြားတွင်ရှိသော ဝက်ခြံဖြစ်စေသည့် ဘက်တီးရီးယားများကို သေစေရန် ပိုးသတ်ဆေးပေးလိမ့်မည်။ ဝက်ခြံနည်းလာလေလေ အနီစက်များလည်းတဖြေးဖြေးလျော့နည်းသွားမည်ဖြစ်သည်။တခါတရံတွင် ပိုးသတ်ဆေးများကို retinol , benzyl peroxide တို့နှင့်တွဲသုံးခြင်းဖြင့် အာနိသင်ပိုရှိစေပြီး ဆေးယဉ်ပါးမှုပြသနာကိုလည်း လျော့နည်းစေသည်။ သင်သည် ပိုးသတ်ဆေးတခုခုနှင့် ဓါတ်မတည့်ခြင်းရှိလျှင်ဖြစ်စေ ကိုယ်ဝန်ရှိလျှင်ဖြစ်စေ သင့်ဆရာဝန်အားပြောရန်လိုအပ်သည်။Acctane ကဲ့သို့သော ဆေးများကိုလည်း ဝက်ခြံကုရာတွင် အသုံးပြုကြသည်။အချို့သောခွဲစိတ်မှုများဖြင့်လည်း ဝက်ခြံကြောင့် အရေပြားနီရဲမှုများကို လျှော့ချနိုင်သည်။၎င်းသည် မျက်နှာတွင်အရောင်မညီခြင်းနှင့် အမာရွတ်များရှိသူတို့တွင်အသုံးပြုသောခွဲစိတ်မှုဖြစ်သည်။ အရေပြားအပေါ်ယံလွှာကို ဖယ်ရှားရန် ဆရာဝန်က ဝိုင်ယာ သို့မဟုတ် စိန်သွားကို အသုံးပြုပါသည်။၎င်းသည်သွေးအနည်းငယ်ထွက်မည်ဖြစ်ပြီး အရေပြားအလွှာအသစ်အတွက် ဆဲလ်များဖြစ်ရန် ၅ရက်မှ ရက်သတ္တပတ်အနည်းငယ်ကြာမြင့်သည်။ ၆ပတ်မှ ၁၂ပတ်အတွင်း သင့်အရေပြားအရောင်သည် နဂိုအရောင်ပြန်လည်ရရှိမည်ဖြစ်သည်။မျက်နှာအရေပြားအပေါ်ယံလွှာကို ဖယ်ရှားခြင်းပြီးလျှင် အောကါပါအချက်များကို ဂရုပြုလုပ်ဆောင်ရမည်။ထိုနည်းလမ်းသည် အနီစက်များလျော့နည်းစေရန် အသုံးများသောနည်းလမ်းဖြစ်ပေသည်။ ဠင်းသည်လည်း အရေပြားအပေါ်ယံလွှာကို ဖယ်ရှားပေးသော နည်းတမျိုးဖြစ်ပြီး သင့်အသားရေကို ကျန်းမာသော နဂိုအသားရေအတိုင်းပြန်ရရှိစေပါသည်။ထိုကုသမှုသည် ၂ နာရီမျှကြာမြင့်မည်ဖြစ်ပြီး အနာကျက်ရန် ၁၀-၂၀ ရက်အထိကြာမည်ဖြစ်သည်။ အနာကျက်သွားပြီးနောက်တွင် အဆီမပါသော အောက်ခံမိတ်ကပ်များကို ရွေးချယ်လိမ်းပါ။ အနီစက်များသည် ၂-၃ လအကြာတွင် တဖြေးဖြေးပျောက်သွားမည်ဖြစ်သည်။ထိုကုသမှုမခံယူခင်တွင် သင့်ကိုသွေးထွက်များစေသော ibuprofen, aspirin, vitamin E စသည့်ဆေးများကို သောက်နေပါကဖြတ်ထားရမည်ဖြစ်သည်။သင်အပြင်သွားမည်ဆိုပါက နေရာင်နှင့်တိုက်ရိုက်ထိတွေ့မှုမရှိအောင် SPF ၃၀နှင့် အထက်ပါသော နေရောင်ကာခရင်မ်လိမ်းခြင်း၊။အင်္ကျ ီလက်ရှည်ဝတ်ခြင်းတို့ပြုလုပ်ပါ။ အနာကျက်မြန်စေရန် အစိုဓါတ်ထိန်းခရင်မ်လိမ်းပါ။ခွဲစိတ်မှုများသည် ဝက်ခြံကြောင့် အသားနီရဲခြင်းတို့ကို ထိရောက်စွာသက်သာစေသော်လည်း တန်ဖိုးကြီးမြင့်ခြင်း၊ ကျန်းမာရေးအာမခံမပေးနိုင်ခြင်းတို့ကြောင့် သေချာသောဆုံးဖြတ်ချက်ချရန် သင့်ဆရာဝန်နှင့် အရင်ဆုံးတိုင်ပင်သင့်သည်။အချုပ်ဆိုရသော် ဝက်ခြံကို ကုသမှုခံယူပြီးသည့်တိုင် နီရဲမှုများကျန်နေနိုင်ပါသည်။ ဠင်းသည် သင့်ကျန်းမာရေးကို မထိခိုက်နိုင်သော်လည်း သင့်ရုပ်ရည်သွင်ပြင်အပေါ် သက်ရောက်မှုအချို့ရှိနေနိုင်ပါသည်။ အထက်ဖော်ပြပါ ကုသမှုများကိုကြည့်ပြီး သင်နှင့်အသင့်တော်ဆုံးကို ရွေးချယ်နိုင်ရန် အကြံပြုလိုက်ရပါသည်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%81%80%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%a1%e1%80%94%e1%80%ac%e1%80%80%e1%80%ba%e1%80%80%e1%80%b9%e1%80%bb%e1%80%95%e1%80%ae%e1%80%b8%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9/
Diet လုပ်ခြင်းနဲ့ပတ်သက်ပြီး မှားယွင်းစွာ သိထားတဲ့အရာတွေ
၂၁ရာစု တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ မကြာခဏ ကြားနေရတဲ့ စကားတစ်ခွန်းကတော့ “ငါ diet လုပ်တော့မယ်” ဆိုတာပါပဲ။ကိုယ်အလေးချိန် ကျချင်ပြီး ပိန်သွယ်လျ လှပချင်တဲ့မိန်းကလေးတွေကြားမှာ အလွန်ရေပန်းစားတာကတော့ Diet လုပ်ခြင်းပါပဲ။ဒီတော့ Diet ဆိုတာဘာလဲ။ Diet လုပ်တာနဲ့ ပတ်သက်ပြီး လူတွေ မှားသိထားတဲ့ အရာတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။အလွယ်ပြောရမယ်ဆိုရင်တော့ နေ့စဉ် စားသုံးနေတဲ့အစာအာဟာရကို ကျန်းမာရေးနဲ့ ပိုပြီး ညီညွတ်အောင် ပြောင်းလဲပစ်ခြင်းလို့ အဓိပ္ပာယ်ဖွင့်လို့ ရပါတယ်။ ကိုယ်အလေးချိန်ကျဖို့ သက်သက် မဟုတ်ပဲ ကျန်းမာတဲ့ကိုယ်အလေးချိန်တစ်ခုကို ရရှိဖို့ ကိုယ်နေ့စဉ် စားသောက်နေရတဲ့ အစားအစာမှာ ဆီ၊ ဆား၊ သကြား၊ ကယ်လိုရီ၊ ကိုလက်စထရော၊ ကစီဓာတ် များနေလား ဆိုတာ တွက်ဆဖို့ လိုပါတယ်။လုံးဝမဟုတ်ပါဘူး။ လူတော်တော်များများ ညနေဘက်မှာ အစာသိပ်မစားကြပါဘူး။အဆီတက်လို့၊ ကိုယ်အလေးချိန်တက်လို့၊ Diet လုပ်နေလို့ အစရှိတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ညစာကို ရှောင်တတ်ပါတယ်။တကယ်ကတော့ ကိုယ်စားသောက်နေတဲ့ အစားအစာနဲ့ပဲ သက်ဆိုင်မှုရှိတာပါ။ ကိုယ်ကသာ အစားအစာကို ဆင်ခြင်မယ်။ ကယ်လိုရီပမာဏကို တွက်ဆမယ်။ အာဟာရဖြစ်စေတဲ့ အစားအစာကို ရွေးချယ်စားသုံးမယ်။ တစ်ခါတည်းနဲ့ အများကြီးစားတာထက် ပမာဏနည်းနည်းနဲ့ အကြိမ်ရေများများ စားမယ်ဆိုရင် အဆင်ပြေပါတယ်။ဒီနည်းလမ်းရဲ့ နောက်ပြဿနာ တစ်ခုကတော့ ကိုယ်က အစာစားရမယ့်အချိန်မှာ မစားပဲ နေလိုက်တော့ ကျန်တဲ့ အချိန်မှာ ပိုပြီး စားမိသွားတတ်ကြပါတယ်။ အစားအစာလည်း မဆင်ခြင်ဘူးဆိုရင်တော့ ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ဆိုတာ တော်တော်လေးကို ကြာနေမယ့်အပြင် အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။လူ့ပတ်ဝန်းကျင်ဆိုတာလား အခက်သားဗျ။ လှချင်တာတော့ ကျား၊ မ၊ အသက်အရွယ်မရွေး အတူတူပါပဲ။ ပိန်နေတဲ့သူတွေဆို “ပိန်လိုက်တာ” ဆိုပြီး ဝေဖန်ကြတယ်။ ဝတဲ့သူတွေကျတော့လည်း “ဝလိုက်တာ” ဆိုပြီး ကဲ့ရဲ့ကြတယ်။ ဒီလိုမှားယွင်းနေတဲ့ အရာကိုပဲ လူတွေ တစ်ဦးနဲ့ တစ်ဦးလက်ဆင့်ကမ်းသွားကြပြီး လူ့ပတ်ဝန်းကျင်ဟာ မှားယွင်းတဲ့ အတွေးအခေါ်တွေနဲ့ ပြည့်နှက်လာပါတယ်။ဝတယ်လို့ အပြောခံရတဲ့သူတွေက Diet လုပ်ဖို့ ကြိုးစားကြတယ်။ ပိန်တယ်လို့ ဝေဖန်ခံရသူတွေက အစားတွေ ပိုစားဖို့ ကြိုးစားကြတယ်။ တကယ်ကတော့ လူသားတိုင်းအတွက် စံနမူနာ ကိုယ်အလေးချိန်၊ ကိုယ်ခန္ဓာအချိုးအစားဆိုတာ ရှိပြီးသားပါ။ အရပ်အမောင်း၊ အသက်အရွယ်ပေါ် မူတည်ပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခု ရှိဖို့ လိုအပ်ပါတယ်။ ဒါဟာလည်း လူတစ်ဦးနဲ့ တစ်ဦး တူစရာမလိုပါဘူး။ လူတိုင်းဟာ ကိုယ့်အလှနဲ့ ကိုယ့်ဘဝပါပဲ။ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခုကို ပိုင်ဆိုင်ဖို့အတွက်ကတော့ အဓိက နေ့စဉ်စားသုံးနေတဲ့ အစားအစာကို ပြောင်းလဲပစ်ရမယ်။ နေပုံထိုင်ပုံကို ပြောင်းလဲရမယ်။အားကစားလုပ်ရမယ်။ အထိုင်များနေတာထက် ပုံမှန် လှုပ်ရှားနေတဲ့အခါ သွေးလည်ပတ်မှု ကောင်းစေတယ်။ လူကိုလည်း ပိုပြီး ကျန်းမာစေတယ်။ ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ပထမဆုံးကတော့ လူတစ်ယောက်ရဲ့ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်သွားတာပါပဲ။ ကိုယ်အစာစားရမယ့်အချိန်မှာ မစားဘူး။ အာဟာရဖြစ်မယ့် အရာတွေ မစားဘူး။ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ပဲ စတင်ပျက်စီးလာတယ်။ရောဂါတွေ ဖြစ်ဖို့ ပိုပြီး လွယ်ကူလာတယ်။ လူကလည်း အားအင်မရှိပဲ နေ့စဉ်ပျော့ခွေနေမှာပါ။ဒုတိယအနေနဲ့စိတ်ကျန်းမာရေးပါပဲ။ စိတ်ဟာ လူတစ်ယောက်ကို နေ့စဉ် ခွန်အားတွေ ပေးနိုင်တဲ့ အရာတွေထဲက တစ်ခုပါပဲ။ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာနိုင်မှာပါ။ ဒီတော့စိတ်ကျန်းမာဖို့ အတွက် ခန္ဓာကိုယ်က ဟော်မုန်းဓာတ်တွေ ထုတ်လွှတ်ပေးရပါတယ်။ အစာအာဟာရမမျှတတဲ့အခါ စိတ်ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ထုတ်ပေးသင့်သလောက် မထုတ်နိုင်တော့တဲ့အခါ လူက စိတ်မပျော်မရွှင်ဖြစ်လာတယ်။စိတ်ဖိစီးမှုတွေ ပိုပြီး များလာတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ လူက ပိုပြီးတောင် အစာစားချင်လာပါတယ်။ဒီလိုနဲ့ပဲ Diet အလွန်အကျွံလုပ်လိုက်၊ အစားအစာတွေ အသားကုန် ပြန်စားလိုက်၊ ကိုယ်အလေးချိန်က တက်သွားလိုက်၊ ကျသွားလိုက်နဲ့ နောက်ဆုံးမှာ ကိုယ့်ရဲ့ ကျန်းမာရေးကပဲ ကျွဲ နှစ်ကောင် ခတ်တဲ့ကြားက မြေစာပင်ဖြစ်သွားရတာပါပဲ။Diet ဆိုတာ တဒင်္ဂ ကိုယ်အလေးချိန်ကျရုံသက်သက် လုပ်သင့်တာမဟုတ်ပဲ နေ့စဉ် ပိုပြီး ကျန်းမာလာစေဖို့၊ ကိုယ့်ခန္ဓာကိုယ်နဲ့ လိုက်ဖက်ညီတဲ့ ကိုယ်အလေးချိန်တစ်ခု ပိုင်ဆိုင်ရဖို့ နေ့စဉ် လုပ်ပေးဖို့ လိုအပ်တဲ့ အရာဖြစ်ပါတယ်။လူတော်တော်များများက Diet လုပ်ပြီး ကိုယ်အလေးချိန်ကျသွားတာနဲ့ အစားကို နဂိုစားနေကျအတိုင်း ပြန်ပြီး စားတယ်။ ဝလာတယ်။ Diet ပြန်လုပ်တယ်။ ဒီလိုနဲ့ပဲ မပြီးဆုံးနိုင်တဲ့ သံသရာက လည်နေမှာပါ။နောက်တစ်ချက်က Diet လုပ်လွန်းလို့ ကိုယ်အလေးချိန် ကျသွားတဲ့အခါ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေ၊ အားအင်ဖြစ်စေတဲ့ ပရိုတင်းဓာတ်၊ ဗီတာမင်တွေ မရတော့တာကြောင့် အားနည်းသွားတာလည်း ဖြစ်နိုင်ပါတယ်။မှန်ကန်တဲ့ နည်းလမ်းနဲ့ Diet လုပ်ခြင်းဟာ ကျန်းမာရေးနဲ့ အလှအပအတွက် အကောင်းဆုံးပါပဲ။ Diet ဟာ မိန်းကလေးတွေအတွက်ပဲ မဟုတ်ပါဘူးနော်။ ကျန်းမာရေးလိုက်စားတဲ့ အမျိုးသားတွေ၊ ကိုယ်ခန္ဓာတောင့်တင်း သန်မာလိုတဲ့ ယောက်ျားလေးတွေအတွက်လည်း Diet လုပ်ဖို့ လိုအပ်ပါတယ်။ကိုယ်က ဘယ်လို Diet မျိုးတွေ လုပ်သင့်လဲ။ ဘယ်အစားအစာကို စားပြီး ဘာတွေကို ရှောင်သင့်လဲဆိုတာ သေချာသိဖို့အတွက် ကိုယ်ပြသနေတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ Gym ကစားတဲ့သူဆိုရင် ကိုယ့်ရဲ့ အားကစားနည်းပြနဲ့ တိုင်ပင်ပါ။လူသားတိုင်း ကျန်းမာလှပပြီး သာယာပျော်ရွှင်ဖွယ်ရာ ဘဝလေးတစ်ခု လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/diet-%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%94%e1%80%b2%e1%82%94%e1%80%95%e1%80%90%e1%80%b9%e1%80%9e%e1%80%80%e1%80%b9%e1%80%bb%e1%80%95%e1%80%ae/
ယောဂကျင့်စဉ်အတွက်အစားအစာ
ယောဂဟူသောစကားလုံးကိုဟိုနားဒီနားမှသင်မကြာခဏကြားဖူးလိမ့်မည်။ လူအများစု၏စိတ်တွင်ယောဂကို လေ့ကျင့်ခန်းတစ်မျိုးဟုထင်တတ်ကြသည်။ သို့သော်ကျွန်ုပ်တို့အံ့အားသင့်စေမည့်အချက်မှာလေ့ကျင့်ခန်းအပြင် ယောဂကျင့်စဉ်၌ သူမတူသော ကိုယ်ပိုင်အစားအစာပုံစံလည်းပါရှိခြင်းဖြစ်သည်။ ထိုအရာကို ယောဂအစားအစာ ဟုခေါ်ပါသည်။ယောဂကျင့်သူများကအစာအာဟာရသည်အသက်ရှင်မှုအတွက်မောင်းနှင်အားကိုဖန်ဆင်းသူဟုသတ်မှတ်ပြီး “ပရာနာ” (Prana) ဟုခေါ်ကြသည်။ သူတို့ကအစာအာဟာရသည် ကျန်းမာခြင်းနှင့်အသက်ရှင်ရပ်တည်မှုကိုပေးစွမ်းသည်ဟု။ယုံကြည်ကြသည်။ ထို့ပြင်အစာအာဟာရသည် လူသားနှင့်နေထိုင်ရာကမ္ဘာမြေကြီး၏ ဦးဆုံးသော ပေါင်းကူးဆက်ဆံမှုလည်းဖြစ်သည်။ ထို့ကြောင့်ယောဂကျင့်သူသည် အစာအာဟာရကိုချစ်ခြင်းမေတ္တာ ၊ငြိမ်းချမ်းခြင်းနှင့် သဘာဝတရားတို့ကို ပေါင်းစပ်အာရုံဝင်စား၍ စားသုံးရမည်ဟုဆိုပါသည်။-ယောဂကျင့်သူများသည် ဟင်းသီးဟင်းရွက်ကိုသာစားသုံးရသောမူကိုကျင့်သုံးရာ သတ္တဝါတစ်ကောင်တလေကိုမှ ညှင်းပန်းခြင်း ၊ သတ်ဖြတ်ခြင်းမပါဝင်ရပါ။ ယောဂအစားအစာသည် အစာအာဟာရတို့ကို သဘာဝနှင့်လိုက်ဖက်ညီစွာဖွံ့ဖြိုးအောင်အားပေးပြီး လုံးဝရင့်မှည့်မှသာစားသုံးရသည်။ ထို့ပြင်အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာ၌ ဂရုစိုက်ခြင်း ၊ မေတ္တာတရား ၊ ကိုယ်ချင်းစာတရားနှင့် အကောင်းမြင်စိတ်တို့ကိုလက်ကိုင်ထားရသည်။ယောဂအစားအစာများသည် ခန္ဓါကိုယ်ကိုအာဟာရဖြစ်စေသည့်အပြင် စိတ်၏ငြိမ်းချမ်းရေးကိုပါ ယူဆောင်ပေးသည်။ အသန့်ရှင်းဆုံးအစားအစာများအဖြစ် သတ်မှတ်ခံရသောကြောင့် ယောဂကျင့်သူများနှင့် လိုက်ဖက်ညီပေသည်။ သို့သော်လည်းယောဂအစားအစာတွင် သတ္ထုဓါတ် ၊ အမျှင်ဓါတ် ၊ အသားဓါတ် ၊ ဗီတာမင် နှင့် အခြားအာဟာရဓါတ်များပါဝင်သဖြင့် မည်သူအတွက်မဆိုကောင်းမွန်သောအစားအစာများဖြစ်သည်။ ထို့ပြင်အသားစားသုံးခြင်းကိုလျှော့ချပေးပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိသောဆေးလိပ်နှင့် အရက်တို့မှရှောင်ရှားပြီးသားလည်းဖြစ်သည်။ ထို့ကြောင့် ယောဂအစားအစာများသည် လူသားတို့၏ကျန်းမာရေးအတွက် များစွာအကျိုးပြုသည်။ယောဂအစားအစာပုံစံတွင် စားရမည့်အစားအစာနှင့် ရှောင်ရမည့်အစားအစာဟူ၍ပါဝင်သည်။ယောဂအစားအစာများသည် ယောဂကျင့်စဉ် ကျင့်သူများရောကျန်းမာရေးကိုလိုက်စားသူများအတွက်ပါ သင့်တော်သောစားသောက်မှုပုံစံဖြစ်ပါသည်။ ထိုအစားအစာများသည် ကိုယ်ခန္ဓါ ၊ စိတ် နှင့် ဝိညာဉ်တို့ကိုပါ ကျန်းမာစေသည့်အတွက် ယခုပင်စားသုံးကြည့်ဖို့ အားထုတ်လိုက်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%b1%e1%80%9a%e1%80%ac%e1%80%82%e1%80%80%e1%80%ba%e1%80%84%e1%80%b9%e1%80%b7%e1%80%85%e1%80%a5%e1%80%b9%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%a1/
ဝက်ခြံညှစ်ခြင်း - ဘာကြောင့်ညှစ်တာလဲ
ဆရာဝန်၊ အရေပြားဆရာဝန်နှင့် အင်တာနက်ပေါ်မှ ဆောင်းပါးများက ဝက်ခြံများကို မညှစ်ရန် အမြဲအကြံပေးသော်လည်း လူတွေက ဘာလို့ထိုအမှားကို ဆက်လုပ်နေကြသလဲ။ နောက်ပြီး ဝက်ခြံမညှစ်မိစေရန် ဘယ်လိုတားမြစ်ရမလဲ သင်သိချင်ပါသလား။အောက်ပါ ဆောင်းပါးကိုဖတ်လျှင် သင်လိုအပ်နေသော အချက်များကို သိရလိမ့်မည်။ကျွနုပ်တို့သည် ကျွနုပ်တို့အရေပြားတွင်မရှိစေချင်သော အရာများကို ဖယ်ထုတ်ရန်ကြိုးစားတတ်ကြသည်။ ကျွနုပ်တို့အရေပြားကို ပိုးသားလေးကဲ့သို့ ချောမွတ်လိုကြသည်။ ကျွနုပ်တို့မှာ အစက်အပြောက်၊ ဝက်ခြံ နှင့် ဆားဝက်ခြံများရှိလာလျှင်လည်း ဖယ်ထုတ်ဖို့ကြိုးစားကြသည်။တခါတရံသင့်မျက်နှာကို ဂရုတစိုက်ကြည့်ရန် အချိန်မရှိစေဦးတော့ ၊ ကြည့်လိုက်သည့် အချိန် သင့်တွင်ဖြစ်နေသော ဝက်ခြံများကြိ ညှစ်ထုတ်လိုက်ခြင်းက သင့်အတွက် စိတ်သက်သာရာတခုဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။အချို့ကမူ ဝက်ခြံညှစ်လိုက်လျှင် ပြည်များထွက်သွားပြီး နီရဲရောင်ရမ်းမှုများလျော့သွားကာ ပိုကောင်းသွားမည်ဟုထင်ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် အရေပြားကိုထိခိုက်ပျက်စီးစေနိုင်ရုံသာမက အန္တရာယ်လည်းရှိနိုင်ပါသည်။ဝက်ခြံညှစ်လိုက်လျှင် သင့်ဝက်ခြံအနာသည် ပြင်ပလေထုထဲရှိ ဖုန်မှုန့် ဘက်တီးရီးယားတို့နှင့်ထိတွေ့၇သည်။ ထိုအခါသွေးဖြူဥများက ဘက်တီးရီၤးယားများကိုတိုက်ခိုက်ပြီး သွေးနီဥများက သွေးခဲကိုဖြစ်စေပြီး အနာကျက်သွားသည်။ ဠင်းသည် အမာရွတ်ကျန်စေသည့် အကြောင်းအရင်းပင်ဖြစ်သည်။ ထို့ကြောင့် သင်ဝက်ခြံညှစ်မည်ဆိုပါက တတ်ကျွမ်းပြီးအတွေ့အကြုံရင့်သော၊ ဝက်ခြံညှစ်ရာတွင် ပစ္စည်းများကို စနစ်တကျအသုံးပြုသောသူများထွတွင် ညှစ်ထုတ်မှ သင့် အရေပြားကို ပိုမဆိုးသွားစေလိမ့်မည်ဖြစ်သည်။·သင့်အတွေးအခေါ်ကိုပြောင်းလဲရမည်။ပထမဦးဆုံးသင့်အမူအကျင့်ကိုပြောင်းလဲပါ။သင့်စိတ်ကိုအလိုမလိုက်ပါနှင့်။ သင်ဝက်ခြံညှစ်တော့မည်ဆိုလျှင် ၎င်းအပြုအမူသည် အမာရွတ်များဖြစ်ကာ ပိုဆိုးသွားစေနိုင်ကြောင်း သင့်ကိုယ်သင်အမြဲ သတိပေးနေပါ။သင်အရုပ်ဆိုးအကျည်းတန်သွားမှာကို စိုးရိမ်မလွန်ပါနှင့်။ လူတိုင်းအရာရာပြည့်စုံသည်မရှိပါ။ သင်သည် ဥမ္မာဒန္တီရှုံးအောင် မလှပနေသော်လည်း သင့်ကိုသဘောကျသူများရှိပါသည်။သင့်တွင်အခြားေသော ဆွဲဆောင်မှုများရှိနေနိုင်ပါသည်။ သင့်ကိုယ်သင်ထိုအတွေးများတွေးရန်လိုအပ်သည်။ဝက်ခြံရှိလျှင် လူတိုင်းတော့ အနည်းနှင့်အများ စိတ်ညစ်ကြမည်ဖြစ်သည်။ သို့သော် သင်သည် ထိုအရာကို လက်ခံနိုင်ရန်ကြိုးစားသင့်သည်။·သင့်ကိုယ်သင်အာရုံလွှဲပါ။သင့်သည် ကွန်ပြူတာစာရိုက်ခြင်း၊ ဟင်းချက်ခြင်း၊ စာရေးခြင်းစသည်ဖြင့် အခြားအလုပ်များလုပ်နေလျှင် သင့်ဝက်ခြံဘက်ကို အာရုံမရာက်တော့သလို ဝက်ခြံညှစ်ရန်လည်း သတိရတော့မည်မဟုတ်ချေ။ သတိရလိုက်သည်ဆိုလျှင်လည်း သင့်ကိုယ်သင်ပြင်းထန်စွာ သတိပေးပါ။ သင့် လက်နှစ်ဖက်ပေါ်ဖိထိုင်ထားခြင်း၊ လက်များကို ဘေးချထားခြင်း စသည်ဖြင့် ဝက်ခြံကို မထိမိစေရန်ကြိုးစားလုပ်ဆောင်ရမည်။အချုပ်ဆိုရသော် ဝက်ခြံညှစ်ခြင်းသည် ပုံမှန်အားဖြင့် ဝက်ခြံပေါက်သူတိုင်းလုပ်ကြသော အပြုအမူတခုဖြစ်သည်။ လုပ်စရာမရှိလျှင်ဖြစ်စေ မိမိစိတ်သက်သာရာရဖို့ဖြစ်စေ၊ ဆရာဝန်နှင့် တိုင်ပင်ကာကုသရန်ဝန်လေးသည့်အခါဖြစ်စေ ဝက်ခြံညှစ်တတ်ကြသည်။သို့သော် ၎င်းသည် အထက်ဖော်ပြပါအတိုင်းဆိုးကျိုးများစွာရှိနေသည့်အတွက် သင့်အမူအကျင့်များကို ပြောင်းလဲနိုင်ရန်ကြိုးစားသင့်ပေသည်.။Translated by။K Zin Thwe။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%81%80%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%b6%e1%80%8a%e1%80%be%e1%80%85%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-%e1%80%98%e1%80%ac%e1%80%80%e1%80%bc%e1%80%b1%e1%80%ac/
အမြဲတက်ကြွသောအားကစားသမားတစ်ဦးဖြစ်နေစေသောလျှို့ဝှက်ချက်များ
-ရေရှည်တွင်အမြဲစိတ်ဓါတ် တက်ကြွနေသောအားကစားသမားဖြစ်စေသော လျှို့ဝှက်ချက်ကဘာလဲ။ ယခု ဆောင်းပါးတွင် သင်၏အားကစားလုပ်သောအစီအစဉ်တွင်အမြဲစိတ်ဝင်စားတက်ကြွအောင်မည်သို့နေထိုင်ရမည်ကိုဆွေးနွေးထားပါသည်။အားကစားပစ္စည်းများကိုအဝေးမှာမထားပါနှင့်။-သင့်အားကစားလုပ်သောပစ္စည်းများကိုအဝေးမှာထားလိုက်သည်နှင့်အားကစားလုပ်ချင်စိတ်လည်းပျောက်သွားမည်ဖြစ်သည်။ အားကစားလုပ်ချင်စိတ်ကိုဖြစ်စေရန်အိမ်တွင် အားကစားပစ္စည်းများထားပါ။ အိမ်တွင်ဟိုနားဒီနားအားကစားပစ္စည်းများကိုတွေ့လျှင်သင်အာကစားလုပ်ရမည်ကိုသတိရလိမ့်မည်။အလေးမတုံးများ၊ဟန်ချက်ထိန်း ဘောလုံးများ၊ယောဂကျင့်သောဖျာနှင့်ကြိုးခုန်ပစ္စည်းများကိုရေးချိုးခန်း နှင့်အခြား အိမ်တွင်းနေရာများ:၌ရှိနေပါစေ။ သင့်အိမ်တွင်အားကစားပစ္စည်းများထားစရာနေရာမရှိပါကနဂိုကပင်နေရာတစ်ခု၊နှစ်ခုကြိုတင်စဉ်းစားပြင်ဆင်ထားပါ။-အိမ်တွင်လေ့ကျင့်ခန်းလုပ်ရန် မဖြစ်နိုင်ပါကလည်းအားကစားဝတ်စုံများကို အိပ်ရာမဝင်မီအိပ်ယာအနား၌ထားပါ။ ထိုအခါမနက်အိပ်ယထလျှင်သင်၏အားကစားဝတ်စုံနှင့်ဖိနပ်တို့ကိုမြင်တွေ့ရပြီးအားကစားလုပ်ရန်မေ့လျော့ခြင်းမျိုးလဲရှိတော့မည်မဟုတ်ပါ။-မျက်စိဖြင့်မြင်ရခြင်းဖြင့်မိမိဦးနှောက်ကိုသတိပေးရာရောက်သောကြောင့်ထိုကဲ့သို့မိမိကိုယ်ကို သတိပေးခြင်းမျိုးကလည်းအလုပ်ဖြစ်ပါသည်။ စတန်းဖို့ဒ်မှစိတ်ကျန်းမာရေးနှင့်ခန္ဓါကိုယ် ကြံ့ခိုင်ရေးသင်ပြသူပညာရှင် Kelly McGonigal ကကျွန်ုပ်တို့တွင်အလုပ်၊မိသားစုနှင့် အခြားလူမှုကိစ္စများစွာရှိသည့်အတွက်လေ့ကျင့်ခန်းလုပ်ခြင်းကိုသတိရ၍ရှေ့တန်းတင်ရန်လိုအပ်ပါသည်ဟုဆိုပါသည်။ရည်မှန်းချက်ထားပါ။ခန္ဓါကိုယ်ကြံ့ခိုင်ရေးတွင်စိတ်အားထက်သန်သူMarie Chooက အောင်မြင်မှုရရှိရန်သင်လုပ်နိုင်သောပန်းတိုင်သေးသေးလေးများကိုလုပ်ရန်အရေးကြီးသည်ဟုဆိုပါသည်။ ရိုးရှင်းလွယ်ကူသောရည်ရွယ်ချက်များမှစတင်၍ တဖြည်းဖြည်းချင်းစီရှေ့တိုးသွားပါ။ အစပိုင်းလေ့ကျင့်မှုကခက်ခဲပင်ပန်းလျှင်အရှိကိုအရှိတိုင်းလက်ခံပြီးသင်ပြုနေကျစွမ်းဆောင်ရည်ကိုလျှော့ချပါ။ ဖြည်းဖြည်းချင်းစီတိုး၍လေ့ကျင့်သွားဖို့အရေးကြီးပါသည်။-သင်လိုချင်သောပန်းတိုင်တစ်ခုသတ်မှတ်ပြီးသောအခါရောက်ရှိရန်အဆင့်များခွဲ၍ကြိုးစားပါ။ အဆင့်တစ်ဆင့်ပြီးဆုံးသွားသောအခါရှေ့ဆက်လိုစိတ်ပြင်းပြလာပြီးစိန်ခေါ်မှုများကိုလည်း ပိုမိုရင်ဆိုင်လိုစိတ်ပြင်းပြလာသည်။-ဥပမာအားဖြင့်ယခင်ကသင်သည်အပြေးလေ့ကျင့် ခြင်းမလုပ်ဖူးဘဲ ၃လမှ၄လအတွင်း၅ကီလိုမီတာအထိပြေးဖို့ရည်မှန်းထားသည်ဆိုလျှင်အကွားအဝေး တစ်ခုကိုသတ်မှတ်ပြီးပြေးလိုက်လျှောက်လိုက်လုပ်၍တဖြည်းဖြည်းနှင့်နှုန်းကိုတင်သွားပါ။ အချိန်တစ်ခုကြာပြီးသောအခါလေ့ကျင့်ရင်းဖြင့်သင်အလိုရှိသော၅ကီလိုမီတာကိုမိမိလိုချင်သော အမြန်နှုန်းဖြင့်ပြေးနိုင်လာပါမည်။အားကစားလိုက်စားခြင်းကိုဘဝနေမှုအဖြစ်ပုံသွင်းပါ။-အခြားအရေးကြီးကိစ္စများမှလွဲ၍လေ့ကျင့်ခန်း လုပ်ခြင်းကိုမပျက်ကွက်ပါစေနှင့်။ အချို့သူများအတွက်နေ့စဉ်အချိန်တစ်ခုသတ်မှတ်ပြီးလေ့ကျင့်ခန်း လုပ်ခြင်းကအသုံးဝင်တတ်ရာမနက်ပိုင်းတွင်ပြုလုပ်ပါကပိုကောင်းပါသည်။ ထိုနည်းအားဖြင့်သင့်နေ့စဉ်လူနေမှုဘဝသည် သင်၏လေ့ကျင့်ခန်းဆိုင်ရာပန်းတိုင်နှင့်နီးကပ်လာသည်။ လေ့ကျင့်ခန်း လုပ်ခြင်းအပြင်တစ်နေ့တာလုံးသွက်သွက်လက်လက်နေတတ်သည့်အကျင့်ကိုလည်းလုပ်ပါ။ဥပမာအလုပ်တွင်အချိန်ရပါကဓါတ်လှေကားမစီးဘဲလှေကားကိုသာအသုံးပြုပါ။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည်လူနေမှုပုံစံဖြစ်လာပါကလေ့ကျင့်ခန်းလုပ်ရန်ပျင်းရိခြင်းမျိုးရှိတော့မည်မဟုတ်ပါ။-ထို့ကြာင့်မိမိလက်လှမ်းမီသလောက်ပြုလုပ်ရန်အကြံပေးထားပါသည်။ အကယ်၍အားကစားခန်းမတွင်အသင်းဝင်မထားလျှင်ကောဘယ်လိုလုပ်ရမည်နည်း။ စိတ်မပူပါနှင့်။ ပြေးခြင်း၊လမ်းလျှောက်ခြင်းမျိုးပြုလုပ်ပေးနိုင်သည်။ ထို့ပြင်ကြိုးခုန်သည့် ပစ္စည်း၊အလေးမတုံး၊ဟန်ချက်ထိန်းဘောလုံးများ ဝယ်၍အိမ်တွင်လေ့ကျင့်နိုင်သည်။ ရာသီဥတု မကောင်း၍လေ့ကျင့်ခန်းမလုပ်ဖြစ်ခြင်းမျိုးလည်းမရှိနိုင်တော့ပါ။အားကစားလိုက်စားသောသူငယ်ချင်းများနှင့် ပေါင်းဖော်ပါ။-အားကစားဝါသနာပါသော သူငယ်ချင်းများက သင့်ကိုအားကစားလုပ်ခြင်းဖြင့်ပျော်ရွှင်စေပြီး သင်တန်းမှမပျက်ကွက်အောင်လည်းကူညီပေးသည်။ သင့်ကျန်းမာရေးအတွက်လေ့ကျင့်နေကြောင်းလူတိုင်းကသိနေပါစေ။ သင်နှင့်ကစားဖော်များတွင်တချို့ကသင့်ကိုချစ်ပြီး တချို့ကမုန်းလိမ့်မည်။ ပြိုင်ဆိုင်မှုနှင့်သင့်ကို အလေးကိုမရမကမခိုင်းခြင်းမျိုးသည်သင့်ကိုထူး၍အန္တရာယ်မဖြစ်စေပါ။တိုးတက်မှုကိုမှတ်တမ်းလုပ်ထားပါ။-သင့်ကြိုးစားမှုများအတွက် တိုးတက်မှုကို မှတ်တမ်းတင်ထားပါ။ မည်သည်ကသင့်အတွက် အထောက်အကူဖြစ်ပြီးမည်သည်ကမဖြစ်သည်ကိုသင်သိလာလိမ့်မည်။ အပတ်စဉ်သင်၏ကိုယ်အလေးချိန်ကိုမှတ်တမ်းတင်ထားပါ။ ယခင်ထက်သင်ပိုမိုတိုးတက်လာဖို့ကူညီပေးနိုင်သကဲ့သို့အစပိုင်းတိုးတက်ပြီး နောက်ပိုင်းတိုးတက်မှုနည်းသွားခြင်းမျိုးကိုလည်းသင်အမြဲမပြတ်သိရှိနေလိမ့်မည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%a1%e1%81%bf%e1%80%99%e1%80%b2%e1%80%90%e1%80%80%e1%80%b9%e1%82%82%e1%80%80%e1%80%bc%e2%80%8b%e1%80%b1%e1%80%9e%e1%80%ac%e1%80%a1%e1%80%ac%e1%80%b8%e1%80%80%e1%80%85%e1%80%ac%e1%80%b8%e1%80%9e/
လူပြောများနေတဲ့ Menstrual Cup က တကယ်ရော ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား
အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ အမျိုးမျိုး ရှိတဲ့အနက်က ဒီဘက်ခေတ် နောက်ပိုင်းမှာ M-cup လို့ခေါ်တဲ့Menstrual Cupလစဉ်သုံးခွက်လေးတွေ အတော်လေး ခေတ်စားလာတာကို တွေ့ရပါတယ်။ သက်သောင့်သက်သာ ရှိမှု၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မှု၊ ရေရှည် ငွေကုန်ကြေးကျ သက်သာမှု စသဖြင့် အမျိုးမျိုးသော အကြောင်းတွေကြောင့် အမျိုးသမီးလေးတွေကလည်း ဒီ Menstrual Cup ကိုလစဉ်သုံးဂွမ်းထုပ်(Pad) တွေ၊ Tampon တွေထက် ပိုပြီး အသုံးများလာကြပါတယ်။ တကယ်ရော ဒီ လူပြောများနေတဲ့ Menstrual Cup ကကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား။ ကျွန်မတို့ အတူတူ လေ့လာကြည့်ကြရအောင်။Menstrual Cup ဆိုတာ ဘာလဲ။Menstrual Cup ဆိုတာက ပျော့ပျောင်းတဲ့ ဆီလီကွန် (သို့) ရာဘာ နဲ့ လုပ်ထားတဲ့ ခွက်ပုံစံ အမျိုးသမီး လစဉ်သုံး ပစ္စည်း ဖြစ်ပါတယ်။ တစ်ခုဝယ်ပြီးရင် (၅) နှစ်ကနေ (၁၀) နှစ်ထိ သုံးလို့ရတာကြောင့် ရေရှည်မှာ ငွေကုန်ကြေးကျ သက်သာပါတယ်။ နောက်ပြီး တစ်ခါသုံးရင် (၁၂) နာရီလောက်ထိ ခံတာမို့ ကရိကထလည်း အတော်နည်းတဲ့ ပစ္စည်းလို့ ဆိုရမှာပါ။Menstrual Cup ရဲ့ အားသာချက်တွေက ဘာတွေလဲ။Menstrual Cup ကို ထည့်နည်းသာ မှန်ကန်ရင်ရာသီလာနေတယ်ဆိုတာကို မေ့သွားတဲ့အထိ သက်သောင့်သက်သာ ရှိတာမို့ ဒါဟာ အမျိုးသမီးတွေရဲ့ ထိပ်တန်း ရွေးချယ်မှုတစ်ခုအဖြစ် ရပ်တည်နေတာပါ။ နောက်ပြီး ဘယ်လိုနေနေ ယိုစိမ့်မှာ၊ ထွက်ကျမှာလည်း ပူစရာ မလိုတော့ဘူးလေ။Tampon သုံးသလိုမျိုးမိန်းမကိုယ် ခြောက်သွေ့တာ၊ ပိုးဝင်မှာ စိုးရိမ်စရာ မလိုပါဘူး။ နောက်ပြီး Toxic Shock Syndrome လည်း ဖြစ်နိုင်ခြေ နည်းပါတယ်။Pad နဲ့ Tampon တွေထဲမှာ တွေ့ရတဲ့ အရောင်ချွတ်ဆေးလို ဓာတုပစ္စည်းတွေကို Menstrual Cup ထဲမှာ မတွေ့ရတာကြောင့် ပိုပြီး အန္တရာယ်ကင်းပါတယ်။ရာသီသွေးတွေက လေနဲ့တွေ့ရင် အနံ့ထွက်ပါတယ်။ Cup ကရာသီသွေးတွေကို အပြင်ထိ ရောက်မလာစေဘဲ မိန်းမကိုယ်ထဲမှာတင် စုထားပေးတာမို့ ဒီပြဿနာလည်း အေးပါတယ်။တစ်ခုဝယ်ပြီး နှစ်ပေါင်းများစွာ သုံးလို့ရတာမို့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီးသား ဖြစ်စေပါတယ်။Menstrual Cup ကိုမိန်းမကိုယ်ထဲ ထည့်ဖို့ အလေ့အကျင့် လုပ်ယူရပါတယ်။ ခေါက်ထားပြီးတာတောင် တော်တော်ကြီးတဲ့ Size မို့ စစသုံးမယ့်အချိန်ဆို အတော်လည်း သတ္တိမွေးယူရပါတယ်။ထုတ်ပြီး ဆေးကြောတဲ့အခါ ကရိကထ များပါတယ်။ အမြဲတမ်း အိမ်မှာနေတာမှ မဟုတ်တာနော်။ အလုပ်သွား၊ ရုံးသွား၊ အများပြည်သူသုံး သန့်စင်ခန်းတွေမှာဆို ဘယ်နား ဆေးလို့ ဆေးရမှန်းမသိ အတော်လေး စဉ်းစားရခက်တာမျိုးပါ။ (တချို့ကတော့ အိတ်ထဲ Wipes တွေ၊ ရေဘူးလေးတွေ သီးသန့်ဆောင်ထားကြတာမျိုးရှိပါတယ်။ ဒါလည်း အဆင်ပြေတာပါပဲ။ တချို့ကတော့အိမ်သာသုံးစက္ကူတွေနဲ့ သန့်ရှင်းကြတယ်လို့ ပြောပါတယ်။)။ကြုံကြိုက်တိုက်ဆိုင်တဲ့အခါမျိုးမှာ Menstrual Cup ကို ထုတ်ရင်း IUD ပါ မတော်တဆ ပါလာတာမျိုး မဖြစ်အောင်IUDလို ပစ္စည်းမျိုး ထည့်ထားတယ်ဆိုရင် ကြိုးကို တိုပစ်လိုက်ဖို့ လိုပါတယ်။လေ့လာချက်တွေအရ Menstrual Cup တွေဟာ အန္တရာယ်အကင်းဆုံးနဲ့ သက်သောင့်သက်သာ အဖြစ်ဆုံးအမျိုးသမီး လစဉ်သုံးပစ္စည်းပါပဲ။ ဒါကြောင့်လည်း အမျိုးသမီးတွေရဲ့ ထိပ်တန်း ရွေးချယ်မှုအဖြစ် ရပ်တည်နေတာ မဆန်းဘူးလို့ ဆိုရမှာပါ။ နောက်ရက်မှာတော့ Menstrual Cup ကို ဘယ်လို သုံးရသလဲဆိုတာနဲ့ Menstrual Cup ကို ကိုယ်နဲ့ သင့်လျော်ရာ ဘယ်လို ရွေးချယ်ကြမလဲဆိုတဲ့အကြောင်းတွေ ဆွေးနွေးကြရအောင်။Wathun Myat Chal။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/is-menstrual-cup-healthy/
နေ့တစ်နေ့တာကိုသွက်လက်လှုပ်ရှားစွာဖြင့်ဖြတ်သန်းသင့်ပုံ
သင့်တစ်နေ့တာကိုသွက်သွက်လက်လက်လှုပ်ရှားဖြတ်သန်းပါကအဝလွန်ခြင်း၊သွေးပေါင်တက်ခြင်း၊သွေးတွင်းသကြားဓါတ်များခြင်းစသောကျန်းမာရေးပြဿနာများကိုကာကွယ်ပေးနိုင်သည့်အပြင် သင်အလိုရှိသောခန္ဓါကိုယ်ပုံစံကိုလည်းရရှိစေပါမည်။ ကျွန်ုပ်တို့၏သွက်လက်လှုပ်ရှားမှုကိုပိုမိုတိုးမြှင့်ရန်မည်သည့် လွယ်ကူရိုးရှင်းသောနည်းလမ်းများရှိပါသလဲ။ အောက်ပါတို့ကို လိုက်နာခြင်းဖြင့်အားကစားခန်းမသို့သွားစရာမလိုဘဲသင်၏ ကယ်လိုရီများကိုလောင်ကျွမ်းအောင်ကူညီပေးပါလိမ့်မည်။လုပ်ငန်းခွင်၌။အိမ်၌။အိမ်ပြင်ဟိုနားဒီနားသွားသောအခါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%b1%e1%80%94%e1%82%94%e1%80%90%e1%80%85%e1%80%b9%e1%80%b1%e1%80%94%e1%82%94%e1%80%90%e1%80%ac%e1%80%80%e1%80%ad%e1%80%af%e1%80%9e%e1%80%bc%e1%80%80%e1%80%b9%e1%80%9c%e1%80%80%e1%80%b9%e1%80%9c/
ကလေးများတွင် ဖြစ်သော အမျိုးအစား (၁) ဆီးချို
သင့်ကလေးတွင် ဆီးချိုရောဂါရှိနေပြီဟု ဆရာဝန်ကပြောလိုက်သောအခါ စိတ်ဓါတ်မကျပါနဲ့။ သင့်ကလေးတယောက်တည်း ဆီးချိုရောဂါဖြစ်ခြင်းမဟုတ်ပါ။ ဆီးချိုရောဂါဆိုသည်မှာ ဂရုတစိုက်ပြုရမည့် နာတာရှည်ရောဂါဖြစ်ပါသည်။ သို့သော် သင်သည် လက်တွေ့ကျသော ဗဟုသုတအချို့ကို သိထားခြင်းဖြင့် သင့်ကလေးအား အကောင်းဆုံးကူညီ ထောက်ပံ့မှုများကို ပေးနိုင်ပါလိမ့်မည်။ဆီးချိုသည် လူများတွင် ဖြစ်နိုင်သော ရောဂါဖြစ်ပါသည်။ သင်စားလိုက်သော အစားအစာများသည် သင့်ကိုယ်ထဲတွင် သကြားဓါတ်များအဖြစ်ပြောင်းလဲသွားသည်။ ထိုအခါ မုန့်ချိုအိတ်သည် ထိုသကြားဓါတ်များကို စုပ်ယူနိုင်ရန် ခန္ဓါကိုယ်အတွက် အရေးပါဆုံးဟော်မုန်းဖြစ်သည့် အင်ဆူလင်ဟော်မုန်းတမျိုးကို ထုတ်ပေးပါသည်။ ကျွနုပ်တို့စားပြီးသောအခါ အင်ဆူလင်သည် ကိုယ်ထဲရှိ ဆဲလ်များအတွင်းသို့ စွမ်းအင်များရရှိအောင် ပို့ဆောင်ပေးသော အဓိက သော့ချက်ဖြစ်ပါသည်။ ဆီးချိုသမားများတွင် အဆိုပါဖြစ်စဉ် လုပ်ဆောင်မှုမမှန်ကန်ခြင်းဖြစ်ပြီး ဆီးချိုရောဂါကို မကုဘဲထားပါက ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်လာစေပါသည်။အမျိုးအစား ၁ ဆီးချိုရောဂါသည် မုန့်ချိုအိတ်မှ အင်ဆူလင်လုံးဝမထုတ်ခြင်းကြောင့် သွေးတွင်း သကြားဓါတ်များလျှင်မြန်စွာ မြင့်တက်လာသော ရောဂါဖြစ်သည်။ ယင်းသည် ခန္ဓါကိုယ်မှ အင်ဆူလင်ထုတ်ပေးသော ဆဲလ်များကို ပြန်တိုက်သော ရောဂါဖြစ်ပြီး အင်ဆူလင်ဓါတ်များမရှိတော့ခြင်းကြောင့် ပြင်ပမှ အင်ဆူလင်ထိုးဆေးများထိုးပေးရန်လိုအပ်သည်။ ထိုသို့မဟုတ်လျှင် သွေးတွင်းသကြားဓါတ်များ အလွန်မြင့်တက်လာပြီး နောက်ဆက်တွဲအနေနှင့် မျက်လုံးများ၊ ကျောက်ကပ်များ၊ အာရုံကြောများ နှင့် နှလုံးကို ထိခိုက်ကာ သတိလစ်မေ့မျောခြင်း၊ သေဆုံးခြင်းတို့အထိဖြစ်စေနိုင်ပါသည်။ဆီးချိုရောဂါရှိသူများသည် ရောဂါလက္ခဏာများမပြဘဲ ကာလကြာရှည်စွာ ဖြစ်နေတတ်သည်။ အမျိုးအစား ၁ ဆီးချိုရောဂါသည် ရောဂါလက္ခဏာများကို ဖြေးဖြေးချင်းသော်လည်းကောင်း ချက်ချင်းသော်လည်းကောင်း သိရနိုင်ပါသည်။အမျိုးအစား ၁ ဆီးချိုရောဂါရှိသော ကလေးများတွင် မိခင်များသတိထားမိစေနိုင်သော အချက်များမှာ။ထိုကလေးများတွင် သွေးထဲတွင် သကြားဓါတ်များ များပြားနေခြင်းကြောင့် ထိုပိုလျှံနေသော သကြားဓါတ်များကို ကျောက်ကပ်မှ စွန့်ထုတ်မှုပြုလုပ်ခြင်းဖြစ်သည်။ ထိုကလေးများသည် ဆီးသွားလျှင်သာမန်ကလေးများထက် အကြိမ်အရေအတွက်များပြီး ပမာဏလည်း များပါသည်။ကလေးသည် အထက်ဖော်ပြပါဖြစ်စဉ်ကြောင့် ဆီးအသွားများသောအခါ ခန္ဓါကိုယ်မှ ရေဓါတ်များဆုံးရှုံးခြင်းကြောင့် ရေအလွန်ဆာခြင်းဖြစ်ရသည်။ ထိုအခါ ကလေးသည် သာမန်ကလေးများထက် ရေသောက်များပါသည်။အမျိုးအစား ၁ ဆီးချိုရှိသော ကလေးများသည် အစားကောင်းကောင်းစားသော်လည်း ကိုယ်အလေးချိန်ကျဆင်းနေကြောင်းတေနွ့ရသည်။ အကြောင်းမှ ခန္ဓါကိုယ်တွင် စွမ်းအင်လိုအပ်နေသော ဆဲလ်များကို ကြွက်သားများ အဆီတစ်များမှတဆင့် ယူသုံးရခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် အကြောင်းမဲ့သက်သက် ကိုယ်အလေးချိန်ကျဆင်းလာခြင်းသည် ဆီးချိုရောဂါ၏ရှေ့ပြေးလက္ခဏာ တခုအနေနှင့် ဂရုပြုနိုင်ပါသည်။ဆီးချိုသမားများတွင် ခန္ဓါကိုယ်ရှိဆဲလ်များသည် စွမ်းအင်ကို လုံလာက်စွာမရရှိခြင်းကြောင့် မောပန်းနွမ်းနယ်ခြင်းဖြစ်ရသည်။အမြင်မှုန်ဝါးခြင်း။သင့်ကလေး၏ သွေးထဲတွင် အချိုဓါတ်များလွန်ကဲနေမှုကြောင့် မျက်လုံးထဲရှိ မှန်ဘီလူးကို ထိခိုက်စေသောကြောင့် မျက်စိမှုန်လာရခြင်းဖြစ်သည်။ဆီးချိုရောဂါရှိသော ကလေးများသည် သူတို့၏ သွေးတွင်းသကြားဓါတ်ကို မှန်မှန် စစ်ဆေးပေးရန်လိုအပ်သည်။ အောက်ပါတို့ကို လိုက်နာဆောင်ရွက်ပါ။· ကလေးများ၏သွေးတွင်းသကြားဓါတ်ကို တနေ့လျှင် အကြိမ်အနည်းငယ် မှန်မှန်စစ်ဆေးခြင်း။· ကလေးများကို အင်ဆူလင်ထိုးဆေးများမှန်မှန်ထိုးပေးခြင်း၊ အရွယ်ရောက်ပြီးသူများတွင် ကိုယ်တိုင်ထိုးစေခြင်းနှင့် ထိုးစက်များကို အသုံးပြုစေခြင်း။· ကျန်းမာရေးနှင့် ညီညွတ်မျှတသော အစားအစာများကို စားခြင်း၊ အစားအစာများတွင် သကြားဓါတ်လွန်ကဲမှု မရှိစေရန် ချင့်ချိန်စားခြင်း နှင့် အစားစားချိန်မှန်မှန်စားခြင်း။· ကိုယ်လက်လေ့ကျင့်ခန်းများ မှန်မှန်လုပ်ပေးခြင်းဖြင့် သွေးတွင်းသကြားဓါတ်များကို မှန်စေခြင်း နှင့် နှလုံးရောဂါနှင့် လေဖြတ်ခြင်း တို့ကိုမဖြစ်အောင်ကာကွယ်ခြင်းဖြင့် ဆီးချိုရောဂါ၏ ရေရှည် ကျန်းမာရေးဆိုးကျိုးများကို ကာကွယ်ခြင်း။· ဆီးချိုထိန်းနိုင်ရန် ဆရာဝန်၏ အကြံပေးချက်များကို လိုက်နာခြင်း၊ ဆီးချိုရောဂါ၏ လက္ခဏာများ နှင့် နောက်ဆက်တွဲဆိုးကျိုးများ၊ ကျန်းမာရေးပြသနာများကို သိထားခြင်း။အထက်ပါ အချက်များအပြင် သင်ကိုယ်တိုင်ကလည်း သင့်ကလေးကို ဆီးချိုရောဂါနှင့် ပတ်သက်ပြီး ပြောပြထားသင့်သည်။ သင့်အပေါ်မူတည်ပြီး သင့်ကလေးခံစားနေရသည့် ရောဂါ၏ စိတ်ပိုင်းဆိုင်ရာ ဝေဒနာများ အတန်အသင့် သက်သာလာမည်ဖြစ်သည်။ အကောင်းမြင်စိတ်မွေးခြင်း၊ ထောက်ပံ့ပေးသော အဖွဲ့အစည်းများနှင့် ဆက်သွယ်ပေးခြင်းဖြင့် သင့်ကလေးကို စိတ်ဓါတ်ကျခြင်းများ လျော့နည်းစေပေလိမ့်မည်။ဆီးချိုရောဂါ၏ အခြားသော သတိပြုစရာတခုမှာ ကလေးငယ်များ၏ ဘဝတွင် တစိတ်တဒေသအနေမျှသာဖြစ်ကြောင်းသိထားရမည်။ ကလေးများ၏ ဘဝတွင် ကျောင်းတက်ခြင်း၊ အားကစားလုပ်ခြင်း နှင့် အခြားသော လူမှုရေးများတွင် ပါဝင်လုပ်ကိုင်ခြင်းများ အစရှိသော အရေးကြီးသည့်အရာများ လစ်ဟင်းသွားခြင်းမဖြစ်စေရန် မိဘများက စိတ်ဓါတ်ခွန်အားပေးရန် လိုအပ်ပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac/
ဝက်ခြံဖြစ်ပြီးနောက် ကျန်ရစ်သော အမာရွတ်ပုံစံ ၂မျိုး
ဝက်ခြံအမာရွတ်များသည် ဝက်ခြံဖြစ်ပြီးနှစ်ပေါင်းများစွာ အထိ ကျန်ရှိနေနိုင်ပါသည်။ပထမအဆင့် ဝက်ခြံပေါက်မည်။ ဒုတိယ သင်သည် အမာရွတ်များနှင့် ရင်ဆိုင်ရမည်။ ထိုအမာရွတ်များကိုကုသရန် သင့်အမာရွတ်ပုံစံများကို ရှင်းလင်းစွာသိထားသင့်သည်။ဝက်ခြံ အမာရွတ်ဟူသည် ဝက်ခြံပေါက်ပြီး အနာကျက်နေသော အချိန်တွင် အရေပြားပျက်စီးသွားသောကြောင့် ဖြစ်လာရခြင်းဖြစ်သည်။ ဝက်ခြံ အမာရွတ်တွင် သေးကျုံ့သွားသော အမာရွတ်နှင့် ပိုကြီးလာသော ကီးလွိုက်အမာရွတ်ဟူ၍ ၂ မျိုးရှိသည်။သေးကျုံ့သွားသော အမာရွတ်များသည် ပိုကြီးလာသော ကီးလွိုက်အမာရွတ်များထက် ပိုအဖြစ်များသည်။ ယင်းတွင် အောက်ဖော်ပြပါအတိုင်း အမျိုးအစား ၃ မျိုးရှိပါသည်။ထိုအမာရွတ်များသည် ၄-၅ မီလီမီတာခန့်ရှိပါသည်။ လုံးဝန်းသောပုံစံနှင့် ပြေလျောသော အနားသတ်တို့ရှိကြသည်။ ထိုအမာရွတ်များသည် သင့် မျက်နှညပေါ်တွင် ဒလှိမ့်တုံးနှင့် လှိမ့်ထားသလို သို့မဟုတ် M ပုံသဏ္ဍာန်ရှိကြသည်။ ဠင်းပုံစံ အမာရွတ်များသည် ကာလရှာကြည်စွာရောင်ရမ်းနေသော ဝက်ခြံများကြောင့်ဖြစ်ရသည်။လေဆာရောင်ခြည်ဖြင့်ကုသခြင်း၊ မျက်နှာအရေပြားအပေါ်ယံလွှာကို ဓါတုဗေဒနည်းဖြင့်ဖယ်ရှားခြင်း၊ အရေပြားအပေါ်ယံလွှာကို စားချခြင်း၊။အနီရောင်ကုထုံး စသည်တို့ဖြင့် အမာရွတ်များကို သက်သာစေသည်။ဠင်းတို့သည် စက်ဝိုင်းပုံ၊ ဘဲဥပုံများရှိကြပြီး U ပုံသဏ္ဍာန်ကဲ့သို့ထောင်လိုက်ဖြစ်သော အမာရွတ်များဖြစ်သည်။ ဠင်းအမာရွတ်များ သည် နက်နိုင်သလို တိမ်သောအမာရွတ်များလည်းရှိသည်။ ၎င်းတို့သည် ပုံမှန်အရေပြားအတိုင်းဖြစ်စေရန် ကုရခက်သည်။လေဆာရောင်ခြည်ဖြင့်ကုသခြင်း၊ အရေပြားတင်းဆေးများထိုးခြင်းဖြင့် အမာရွတ်များမှေးမှိန်သွားနိုင်သည်။ မျက်နှာအရေပြားအပေါ်ယံလွှာကို ဓါတုဗေဒနည်းဖြင့်ဖယ်ရှားခြင်း၊ခွဲစိတ်ခြင်းတို့လည်းပြုလုပ်နိုင်သည်။၎င်းအမာရွတ်များသည် ၂ မီလီမီတာခန့်ရှိပြီး စောက်နက်ပါသည်။ V ပုံသဏ္ဍာန်ရှိသည်။ ထိုအမာရွတ်များသည် ပိုကုရခက်သည်။ ခွဲစိတ်ကုခြင်းက လေဆာရောင်ခြည်ဖြင့်ကုသခြင်း၊ မျက်နှာအရေပြားအပေါ်ယံလွှာကို ဓါတုဗေဒနည်းဖြင့်ဖယ်ရှားခြင်း၊ အရေပြားအပေါ်ယံလွှာကို စားချခြင်း စသည့်နည်းများထက်ပို အသုံးတည့်သည်။အချို့သောသူများသည် အမာရွတ်ပုံစံမျိုးစုံရှိသည်ဖြစ်ရာ တိကျစွာခွဲခြမ်းစိတ်ဖြာပြီးမှ သင့်တော်သော ကုသမှုမျိုးကိုပေးရသည်။ဠင်းတို့သည် အရေပြားတွင် ကော်လဂျင် ပမာဏလွန်ကဲခြင်း သို့မဟုတ် ကော်လဂျင်နေ့စ် အင်ဇိုင်းများလျော့နည်းခြင်းကြောင့် အရေပြားပေါ်တွင် ပုံစံမလှဘဲဖြစ်သွားခြင်းဖြစ်သည်။ယင်းတို့သည် သေးကျုံ့သွားသော အမာရွတ်များထက် အဖြစ်နည်းပြီး မျိုးရိုးရှိသူတွင်ပိုဖြစ်နိုင်ချေများသည်။ အနာကျက်နေချိန်တွင် ထပ်ဆင့် ရောဂါပိုးများဝင်နိုင်ချေရှိပါသည်။ယင်းတို့သည် ပန်းရောင်ရှိပြီး ထူပိန်းသော အမာရွတ်များဖြစ်သည်။ အသားညိုသူများတွင် ပိုတွေ့ရသည်။ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်အမျိုးမျိုးရှိပါသည်။ သင်မလိုချင်သော်လည်း သင့်ကို စိတ်အနှောက်အယှက်ပေးနေသော ထိုအမာရွတ်များကို သက်သာစေမည့် နည်းလမ်းများကို ရှာဖွေပါရန် အကြံပေးလိုက်ပါသည်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%81%80%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%bb%e1%80%95%e1%80%ae%e1%80%b8%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9-%e1%80%80%e1%80%ba%e1%80%94/
သွေးဆုံးခြင်းဖြစ်စဉ်ဟာ သဘာဝပါ
အမျိုးသမီးတစ်ယောက်ဟာ တစ်နှစ်လုံးလုံး ဆက်တိုက်သွေးမဆင်းတော့ဘူး။ ရာသီမလာနိုင်တော့ဘူးဆိုရင်သွေးဆုံးပြီလို့ သတ်မှတ်ကြပါတယ်။ ဒါဆိုရင် ကိုယ်ဝန်လည်းမရနိုင်တော့ပါဘူး။ အသက် (၄၅) နှစ်နဲ့ (၅၅)နှစ်ကြားမှာ သွေးဆုံးခြင်း ဖြစ်ပေါ်တတ်ပါတယ်။ တစ်ဦးနှင့်တစ်ဦးတော့ မတူပါဘူး။ အချို့လည်း ဒီအသက်ထက်ပိုကြီးမှ သွေးဆုံးတတ်ကြပါတယ်။သွေးဆုံးချိန်မှာသွေးဆုံးကိုင်ဝေဒနာတွေ ခံစားရတတ်ပါတယ်။ [ ‘Perimenopause’ ဆိုတဲ့ သွေးဆုံးမှုအကြိုအချိန်မှာ ဟော်မုန်းတွေ စတင်ပြောင်းလဲတတ်ပါတယ်။] အမျိုးသမီးတွေဟာ အသက် ၄၅ နှစ်ကနေ ၅၀ အကြားမှာ သွေးဆုံးလေ့ရှိကြတယ်ဆိုပေမဲ့ ဒီအရွယ်မတိုင်ခင် သွေးဆုံးနိုင်သူတွေလည်း ရှိပါတယ်။ ဒါကို ‘ Early menopause’  ​စောစီးစွာ သွေးဆုံးခြင်းလို့  ခေါ်ပါတယ်။ အမျိုးသမီး ၅ ရာခိုင်နှုန်းလောက်မှာ ဖြစ်နိုင်ပါတယ်။ ဘယ်အချိန် သွေးဆုံးမလဲ ဆိုတာကတော့ မျိုးရိုး ဗီဇနဲ့ မျိုးဥ အိမ်ရဲ့ အနေအထားပေါ်မှာ မူတည်ပါတယ်။‘Perimenopouse’ အချိန်မှာ ရာသီလာခြင်းတွေ မမှန်တော့ပါဘူး။ နောက်ကျရင်လည်း နောက်ကျမယ်။ တစ်ခါတစ်လေ ဓမ္မတာလာနေကြအချိန်မှာ မလာတော့ဘဲ တစ်လလောက်ကြားမှာ ပျောက်သွားမယ်။ ပမာဏဟာ ပုံမှန်မဟုတ်တော့ဘဲ များလွန်းခြင်းနဲ့ နည်းလွန်းခြင်းတွေ ဖြစ်နိုင်ပါတယ်။အထက်ပါ ရာသီသွေးဆင်းခြင်း ပြောင်းလဲမှုတွေမှ အစပြုကာ။ပုံမှန်မဟုတ်တဲ့ နေရာတွေမှာ အမွေးများ ပေါက်လာခြင်း (မျက်နှာ၊ လည်ပင်း၊ ရင်ဘက်နဲ့ ကျောပြင်) စတဲ့ လက္ခဏာတွေကိုပါ ကြုံတွေ့လာရနိုင်ပါတယ်။သွေးဆုံးကိုင်လက္ခဏာတွေဟာ ကင်ဆာဖြစ်နေခြင်း၊ သားဥအိမ်ထုတ်ထားခြင်းနဲ့ ​ဆေးလိပ်သောက်ခြင်းစတဲ့ အရာတွေပေါ်မှာလည်း မူတည်နေပါသေးတယ်။သွေးဆုံးခြင်းဟာ သဘာဝတရားကြီးပါ။ သားဥအိမ်ဟာ လူလိုပဲ အိုမင်းတတ်ပါတယ်။ အိုမင်းလာတဲ့အခါ ဟော်မုန်းတွေ ထုတ်လုပ်မှု နည်းပါးသွားပါတယ်။ ‘Oestrogen နဲ့ Progestrone’ လို့ခေါ်တဲ့ မဟော်မုန်း ထုတ်လုပ်မှုဟာ နည်းလာပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ လစဉ် ဓမ္မတာလာဖို့ သားဥအိမ်က မျိုးဥတစ်လုံး ကြွေကျပေးရပါတယ်။ ထိုမျိုးဥဟာ အမျိုးသားတစ်ယောက်ဆီက သုက်ပိုးနဲ့ထိတွေ့ရင်တော့ သန္ဓေအောင်ကာ ကလေးရသွားမှာပါ။ ထိတွေ့မှု မရှိရင်တော့ မမျိုးဥဟာ သားအိမ်တစ်လျှောက် နံရံတွေ၊ အချွဲတွေနဲ့ ရောနှောကာ မိန်းမကိုယ်ကနေ သွေးဆင်းစေမှာပါ။ မမျိုးဥကြွေကျစေဖို့ ကုန်ကြမ်းအနေနဲ့ မမျိုးဥ အိတ်လေးတွေလိုပါတယ်။မမျိုးဥအိတ်တွေဟာ အကန့်အသတ် အရေအတွက်နဲ့ ဖြစ်တာမို့ တစ်သက်လုံး မရှိနိုင်ပါဘူး။ ကုန်ချိန်ရောက်တဲ့အခါ သွေးဆုံးခြင်းဖြစ်ရတာပါပဲ။အချို့သော အခြေအနေတွေမှာတော့ အရွယ်မတိုင်ခင် သွေးဆုံးသွားတဲ့ အခြေအနေတွေ ရှိပါတယ်။ ဥပမာ။မမျိုးပွား အင်္ဂါအဖွဲ့အစည်းမှာ ကင်ဆာဖြစ်လာရင် အထက်ပါဆောင်ရွက်ချက်တွေ ပြုလုပ်ရတတ်ပါတယ်။ တင်ပါးဆုံနားတဝိုက် ထိခိုက် ဒဏ်ရာပြင်းထန်စွာရတဲ့အခါမှာ သားဥအိမ်ပျက်စီးခြင်း၊ အရွယ်မတိုင်ခင် သွေးဆုံးခြင်း စတာတွေကို ခံစားရတတ်ပါတယ်။သွေးဆုံးခြင်းဖြစ်စဉ်ဟာ အမျိုးသမီးတိုင်းခံစားရမှာ မလွဲဧကန်ပါပဲ။ သွေးဆုံးခြင်းရဲ့ အကြောင်းကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ရပါတယ်။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menopause/menopause-facts/
တရုတ်အစားအစာတွေမှာ အမြဲလိုလိုပါလေ့ရှိတဲ့ ကြက်သွန်မြိတ်
တရုတ်ဆိုင်တွေ သွားစားရင် အရံဟင်းရည်ထဲ အမြဲပါတယ်၊ ကြက်သွန်မြိတ်။ကော်ပြန့်စိမ်း၊ ကော်ပြန့်ကြော်စားမလား ကြက်သွန်မြိတ်ပါတယ်။ ကြက်သားဆန်ပြုတ် ဘာညာဆိုလည်း ကြက်သွန်မြိတ် ခတ်တယ်။ ဆီချက်ဆိုလည်း ကြက်သွန်မြိတ်ပါမှ၊ ဖက်ထုပ်စားမလား ကြက်သွန်မြိတ်နဲ့ အသားနဲ့ ထုပ်တာ။ တရုတ်အစားအစာတင်လား ဆိုတော့မဟုတ်ဘူး။ ရှမ်းအစားအစာတွေမှာလည်း ကြက်သွန်မြိတ်အသုံးများပါတယ်။ ရှမ်းအစားအစာ ဟင်းထုပ်လေးတွေမှာလည်း ကြက်သွန်မြိတ်နဲ့လေ။ဒါဆို အနံရော အရသာရော အရမ်းထူးမသွားဘဲ ဘာလို့ ဒီလောက်သုံးကြတာလဲ။ ပရိသတ် အယောက်တစ်ရာရဲ့အဖြေက …။သူ့မှာပါတဲ့ ဒြပ်ပေါင်းတွေကကြက်သွန်ဖြူလိုပဲ အလားတူအာနိသင်တွေ ပေးနိုင်ပါတယ်။အစာမကြေဖြစ်တာတွေကို သက်သာစေနိုင်တယ်လေ။ ပြီးတော့ ကြက်သွန်မြိတ် ရဲ့ ရောဂါပိုးသေစေနိုင်တဲ့ အာနိသင်ကြောင့် ဘက်တီးရီးယား အတော်များများကို ရှင်းလင်းနိုင်တယ်ဆိုတော့အစာအိမ်အူလမ်းကြောင်းစနစ်ကို ဒုက္ခပေးနိုင်တဲ့salmonellaဘက်တီးရီးယားနွယ်ဝင်တွေ ကာကွယ်နိုင်တာပေါ့။ ပြောရရင် ကြက်သွန်မြိတ်က အူလမ်းကြောင်းရဲ့ လုပ်ဆောင်ချက်ကို ကောင်းမွန်အောင် အားပေးတာကြောင့် အစားအစာထဲက အာဟာရတွေကို စုပ်ယူနိုင်စွမ်းပိုကောင်းစေပါတယ်။ကြက်သွန်မြိတ် မှာပါတဲ့ အရေးကြီးဆုံး ဒြပ်ပေါင်းတွေထဲက allicin ဟာ ကိုလက်စထရောပမာဏကို လျော့ကျစေပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။ သူ့ရဲ့ Allicin က သွေးတိုးကိုလည်း ကျစေတဲ့အပြင်ပိုတက်ဆီယမ်ပါတဲ့ အစားအစာနဲ့ ပေါင်းရင် နှလုံးသွေးကြောကို ထိခိုက်စေမှု လျော့နည်းစေတယ်လို့ သိရပါတယ်။ကြက်သွန်မြိတ် မှာပါတဲ့ သဘာဝဒြပ်ပေါင်းတွေအကြောင်း အတော်အာရုံစိုက်ကြပေမယ့် သူ့မှာ အခြေခံအာဟာရဓာတ်တွေလည်း ပါဝင်မှုမြင့်မားပါတယ်။ ဗီတာမင် C ကြွယ်ဝမှုကြောင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး သွေးကြော၊ ဆဲလ်၊ တစ်ရှူး၊ ကြွက်သားတွေ အသစ်ဖြစ်ပေါ်ခြင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ collagen ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများကြီးပါဝင်တယ်ဆိုပေမယ့် ဗီတာမင် K လို ဓာတ်မျိုးပါဝင်တာက ပိုထူးခြားနေပါတယ်။ ဗီတာမင် K ကို တခြားတွေ့နေကျ အစားအစာတွေမှာ သိပ်မတွေ့ရတတ်ပါဘူး။ ဗီတာမင် K ဟာ အရိုးသိပ်သည်းဆကို ပိုကောင်းစေပြီး အရိုးကျန်းမာရေးကို ကောင်းစေပါတယ်။ကြက်သွန်မြိတ် က ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ သားဥအိမ်ကင်ဆာတွေအပါအဝင် ကင်ဆာရောဂါအတော်များများကို ကာကွယ်နိုင်ပါတယ်လို့ သုတေသနတွေ့ရှိချက်တွေက ဖော်ပြထားပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို လျော့ပါးသွားအောင် ကူညီဖယ်ရှားပေးပြီး ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်တွေကို ပျံ့နှံ့မှုနှေးအောင် ဟန့်တားပေးပါတယ်။Zeaxanthinနဲ့ lutein လို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခံတွင်းကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေတဲ့ ဓာတ်တွေဖြစ်ပါတယ်။ကြက်သွန်မြိတ်မှာပါတဲ့ carotenesတွေက အမြင်အာရုံစနစ်ကို ဒုက္ခပေးလာနိုင်တဲ့ ဓာတ်တိုးပစ္စည်းတွေကို လျော့ပါးစေပါတယ်။ သူက အသက်ကြီးလို့ဖြစ်ရတဲ့ မျက်စိမှုန်ခြင်းကို ကာကွယ်ပေးခြင်း၊ နှေးကွေးစေခြင်းတို့အတွက် ကူညီပေးတယ်ဆိုတော့ အသက်ကြီးလည်း မပျက်စီးသေးတဲ့ အမြင်အာရုံကို ပိုင်ဆိုင်စေနိုင်တာပေါ့။ကြက်သွန်မြိတ်မှာပါတဲ့ ဖောလစ်အက်စစ်ဟာ သန္ဓေသား ကျန်းမာစွာဖွံ့ဖြိုးမှုအတွက် ကိုယ်ဝန်ဆောင်တွေ မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဖောလစ်အက်စစ်ဟာ မွေးလာမယ့်ကလေးမှာ ချို့ယွင်းချက်မပါလာအောင် ကာကွယ်ပေးပါတယ်။ကြက်သွန်မြိတ်က ဆီးရွှင်တဲ့ အာနိသင်နည်းနည်းပါတဲ့အပြင် အဆိပ်အတောက်ဖယ်ရှားတဲ့ အာနိသင်၊ ဘက်တီးရီးယားတွေကို သေစေတဲ့ အာနိသင်ရယ်ကြောင့် ခန္ဓာကိုယ်ထဲကအဆိပ်အတောက်ဓာတ်တွေကို သန့်စင်ပေးနိုင်ပါတယ်။ အဆိပ်အတောက်တွေ၊ အငန်တွေ၊ ရေတွေနဲ့ အဆီတွေကိုပါ ဆီးနဲ့အတူ စွန့်ထုတ်နိုင်အောင် အားပေးတာဖြစ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%80%e1%80%bc%e1%80%80%e1%80%ba/
Cervical Spondylosis (လည်ပင်းကျီးပေါင်း)
Cervical Spondylosis (လည်ပင်းကျီးပေါင်း) အကြောင်း လေ့လာလိုက်ရအောင်နော်။လည်ပင်းရိုးထိခိုက်ရောင်ရမ်းခြင်းတစ်မျိုးဖြစ်ပြီး အသက်အရွယ်နဲ့ဆိုင်တဲ့ ဖြစ်လေ့ရှိတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဇက်ကျောရိုးမကြီးမှာရှိတဲ့ အရွတ်နဲ့ အရိုးတွေထိခိုက်ခြင်းကြောင့်ဖြစ်ရတယ်။ အသက်အရွယ်အလိုက်ဖြစ်ပေမယ့် တချို့သော ရောဂါဖြစ်ခြင်းကို အားပေးတဲ့အချက်တွေကြောင့်လည်း ဖြစ်နိုင်ခြေများနိုင်ပါတယ်။ တချို့အတွက်တော့ နာတာရှည်ပြင်းထန်စွာ ဇက်တောင့်ခြင်း၊ နာခြင်း၊ ကိုက်ခဲခြင်းများဖြစ်နိုင်ပြီး အများစုကတော့ ပုံမှန်နေ့စဉ်အလုပ်တွေကို အနှောင့်အယှက်မရှိ လုပ်နိုင်ပါတယ်။အသက် ၆၀ ကျော်လူတွေရဲ့ ၈၅ ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်ပြီး တချို့ကတော့ လုံးဝလက္ခဏာမခံစားရပါဘူး။အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။အများစုကလက္ခဏာမခံစားရတတ်ပါဘူး။ ခံစားရမယ်ဆိုရင်လည်း လက္ခဏာတွေကတော့ ရုတ်တရတ် ဒါမှမဟုတ် ဖြည်းဖြည်းချင်းပေါ်လာနိုင်ပြီး သာမန်ကနေ ပြင်းပြင်းထန်ထန်ထိရှိနိုင်ပါတယ်။လူသိများတဲ့လက္ခဏာတစ်ခုကတော့ ပုခုံးရိုးတလျှောက်နာကျင်ခြင်းဖြစ်တယ်။ လက်မောင်းနဲ့ လက်ချောင်းတွေထိ နာကျင်နိုင်ပါတယ။်။တခြားလက္ခဏာကတော့ ကြွက်သားများအားနည်းခြင်းဖြစ်တယ်။ ကြွက်သားများအားနည်းခြင်းကြောင့် လက်မြှောက်ခြင်း၊ အရာဝတ္ထုများကိုခိုင်မြဲစွာဆုပ်ကိုင်ရာမှာ အခက်အခဲဖြစ်ခြင်း စသည်တို့ဖြစ်နိုင်ပါတယ်။တခြားလက္ခဏာတွေကတော့ –။ဇက်တောင့်ခြင်း – တဖြေးဖြေးပိုဆိုးလာတတ်တယ်။ခေါင်းကိုက်ခြင်း – များသောအားဖြင့် ခေါင်းနောက်ပိုင်းမှာဖြစ်တတတ်တယ်။ပုခုံး၊ လက်မောင်းတို့မှာထုံခြင်း၊ ကျဉ်ခြင်း၊ – ခြေထောက်မှာလည်းဖြစ်နိုင်ပါတယ်။ဖော်ပြပါလက္ခဏာတွေရှိမယ်ဆိုရင်၊ သိလိုသည်များရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်တယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် ဆရာဝန်နဲ့ဆွေးနွေးကြည့်တာအကောင်းဆုံးဖြစ်နိုင်ပါတယ်။လည်ပင်းမှာရှိတဲ့ အရိုးနဲ့အရွတ်တွေ ထိခိုက်ပွန်းမိတဲ့အခါ ထိုရောဂါဖြစ်ရပါတယ်။ အကြောင်းအရာတွေကတော့-။အရိုးအတက်ထွက်ခြင်း။ကျောရိုးမကြီးကိုထောက်ပံ့ဖို့ ခန္ဓါကိုယ်ကနေ အရိုးအပိုများထွက်စေခြင်းဖြစ်တယ်။ ဒါပေမယ့် ထိုအရိုးအပိုပိုင်းက အာရုံကြောမကြီး၊ အာရုံကြောများကို သွားပိမိပြီး နာကျင်စေနိုင်ပါတယ်။ကျောရိုးဆစ်ကြားရှိ အရိုးပြားများ အရည်ခမ်းခြင်း။ကျောရိုးဆစ်တစ်ခုနဲ့တစ်ခုကြားမှာ အရိုးပြားလေးတွေရှိပြီး ထိုအရိုးပြားလေးတွေက ထူထဲကာ အလေးမခြင်း၊ လိမ်ခြင်း နဲ့ တခြားလှုပ်ရှားမှုတွေကြောင့်ဖြစ်လာတဲ့ အားကို စုပ်ယူပေး၊ ခံထားပေးပါတယ်။ ထိုအရိုးပြားများအတွင်းရှိ ဂျယ်လ်ပုံစံ ပစ္စည်းတစ်မျိုးဟာ အချိန်ကြာလာတဲ့အခါ ခမ်းခြောက်သွားတယ်။ ထိုအခါ ကျောရိုးဆစ်များ တစ်ခုနဲ့တစ်ခု ပွတ်တိုက်မိပြီး နာကျင်ခြင်းဖြစ်စေပါတယ်။အရိုးပြားကျွံခြင်း။အရိုးပြားများ ကွဲအက်သွားပြီး အတွင်းရှိပစ္စည်းများ ထွက်လာကာ အာရုံကြောမကြီးနဲ့ တခြားအာရုံကြောငယ်လေးတွေကို ဖိမိခြင်းကြောင့် ထုံခြင်း၊ ကျဉ်ခြင်းများ ဖြစ်လာစေပါတယ်။ထိခိုက်မှု။ယာဉ်မတော်တဆ သို့မဟုတ် အမြင့်မှ ပြုတ်ကျခြင်းကြောင့် လည်ပင်း ထိခိုက်မှု တစ်ခုခု ဖြစ်သွားပါက ရောဂါရနိုင်ခြေ များပါတယ်။အရွတ်များတောင့်တင်းမှု။ကျောရိုးမကြီးမှ အရိုးဆစ်များ တစ်ခုနဲ့တစ်ခု ဆက်ထားသော အရွတ်တွေက အသက်ကြီးလာတာနဲ့အမျှ တောင့်တင်းလာပြီး လည်ပင်းလှုပ်ရှားမှုအပေါ် သက်ရောက်ကာ ဇက်တောင့်စေတတ်ပါတယ်။အသုံးများခြင်း။အလေးပင်မခြင်းကဲ့သို့ အလုပ်များ၊ ဒါမှမဟုတ် တချို့သော ဝါသနာပါက အလုပ်များကြောင့် ထပ်ကာထပ်ကာ လှုပ်ရှားနေရပါက ကျောရိုးမပေါ်တွင် ဖိအားများစေပြီး စောစီးစွာ ထိခိုက်ပျက်စီးစေပါတယ်။အဓိကအချက်ကတော့ အသက်ကြီးလာခြင်း ဖြစ်တယ်။ အသက်ကြီးလာတာနဲ့အမျှ လည်ပင်းအရိုးအဆစ်တွေ ပြောင်းလဲလာပြီး cervical spondylosis ဖြစ်လာရပါတယ်။ အဆစ်ကြား အရိုးပြားထိခိုက်ခြင်း၊ ကျွံခြင်း၊ အရည်ခမ်းခြင်း၊ အရိုးအတက် ထွက်ခြင်းတွေကြောင့်လည်း ဖြစ်တတ်ပြီး အောက်ပါအချက်တွေကြောင့်လည်း ရောဂါရနိုင်ခြေ များပါတယ်။ –။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်း တိုင်ပင်ပါ။တကယ်လို့သင့်မှာ ဒီရောဂါရှိနေတယ်လို့ ဆရာဝန်က သံသယရှိပါက ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေနဲ့ တခြားစစ်ဆေးမှုတွေ လုပ်ပါလိမ့်မယ်။ လုပ်လေ့ရှိတဲ့ စစ်ဆေးမှုတွေကတော့ အလိုအလျောက်တုံ့ပြန်စွမ်း စစ်ဆေးခြင်း၊ ကြွက်သားများ အားနည်းခြင်း ရှိ၊မရှိ စစ်ဆေးခြင်း၊ အာရုံခံနိုင်စွမ်း စစ်ဆေးခြင်း၊ လည်ပင်းလှုပ်ရှားနိုင်စွမ်း စစ်ဆေးခြင်းတို့ ဖြစ်တယ်။ သင့်လမ်းလျှောက်ပုံကိုလည်း စစ်ဆေးပါလိမ့်မယ်။ ထိုစစ်ဆေးမှုတွေအားလုံးက သင့်အာရုံကြောမကြီးနဲ့ တခြားအာရုံကြောတွေကို ဖိအားသက်ရောက်မှု ခံနေရခြင်း ရှိ၊ မရှိ သိရှိစေပါလိမ့်မယ်။တခြားစမ်းသပ်မှုတွေကတော့ –။ကုသမှုကတော့ နာကျင်ခြင်းသက်သာစေရန်၊ ထာဝရမပျက်စီးသွားဘဲ ပုံမှန်ဘဝကိုပြန်ရောက်နိုင်ရန် ရည်ရွယ်ပါတယ်။ ခွဲစိတ်စရာမလိုဘဲ အာနိသင်ရှိတဲ့ နည်းတွေအမျိုးမျိုးရှိပါတယ်။ကြွက်သားများဖြေလျော့ဆေး – cyclobenzaprine။နာကျင်မှုသက်သာစေသောဆေးများ – Narcotics။အာရုံကြောများထိခိုက်ခြင်းကြောင့်ရသည့် နာကျင်မှုသက်သာစေရန် – Anti-epileptic drugs။တစ်ရှူးများ ရောင်ရမ်းခြင်းကိုသက်သာပြီး နာကျင်မှုလျော့စေသောစတီးရွိုက်ထိုးဆေး –prednisone။ရောဂါပြင်းထန်ပြီး တခြားကုသမှုများ အဆင်မပြေပါက ခွဲစိတ်ရန် လိုနိုင်ပါတယ်။အရိုးအတက်ထွက်ခြင်း၊ အရိုးပြားကျွံခြင်းတို့မှာခွဲစိတ်ရနိုင်တယ်။ ဒါပေမယ့် များသောအားဖြင့် ခွဲဖို့မလိုတာ များပါတယ်။ အရမ်းနာကျင်နေရင်၊ လက်လှုပ်ရှားမှုတွေပါ ထိခိုက်လာရင် ထိုအချိန်တွေမှ ခွဲဖို့အကြံပြုတတ်ပါတယ်။ရေးသားသူ – Dr.Aye Myat Myat Noe။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/cervical-spondylosis-explained/
အမဲသား စားခြင်းကြောင့် ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ။ ။
အမဲသား ဆိုတာ အသားတွေထဲမှာ စားလို့အကောင်းဆုံး အားအရှိဆုံး အသားလို့ လူတိုင်းက လက်ခံထားကြတဲ့အရာတစ်ခုပါ။ မြန်မာနိုင်ငံက လူတချို့ကသာ ရှောင်စားကြပေမယ့် အနောက်နိုင်ငံတွေ မှာတော့ အမဲသားကို အဓိကထား စားသုံးကြပါတယ်။တချို့လူတွေကလည်း အမဲသားဟာ အနီရောင်အသားအုပ်စုဝင်ဖြစ်တာကြောင့် ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုပြီး ပြောကြသလို အမဲသားဟာ အားအင်ပြည့်စေဖို့ အကောင်းဆုံး ဖြည့်တင်းပေးနိုင်တဲ့ အစားအသောက်လို့လည်း ပြောကြပါတယ်။ ဒီဆောင်ပါးလေးထဲမှာတော့ အမဲသား စားခြင်းရဲ့ အကျိုးကျေးဇူး ၇ ချက် အကြောင်းပြောပြပေးတော့မှာပဲ ဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင်ကလည်း အမဲကြော်ဆို သိပ်ကြိုက်တာဆိုတော့ ။ ။အမဲသား စားခြင်းကြောင့် ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ကတော့။၁ – L-carnitine ပါဝင်မှု အများဆုံးပါ။ ။L-carnitine ဆိုတာ အသားတွေမှာ အမြဲတွေ့ရလေ့ရှိတဲ့ ပရိုတင်း တစ်မျိုးပါ။ L-carnitine ဟာ ဇီဝကမ္မဖြစ်စဉ်တွေကို မြန်ဆန်စေလို့ အဆီတွေကို လောင်ကျွမ်းစေပါတယ်။ ဒါ့အပြင်ဆီးချိုအမျိုးအစား ၂သမားတွေ မှာ မနက်ပိုင်းပြန်ပြန်တိုင်းတဲ့သွေးတွင်းသကြားဓာတ်ပမာဏကို L-carnitineက ထိန်းပေးပါသေးတယ်။ အသားတိုင်းမှာပါဝင်တယ်ဆိုပေမယ့် အမဲသားမှာ ပါဝင်မှု အများဆုံးဖြစ်တာကြောင့် အမဲသားဟာ ကျန်းမာရေးကို အကျိုးပြုတဲ့အသားတစ်ခုပါ။၂ –ဓာတ်တိုးဆန့်ကျင်တဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့Glutathione ထွက်ဖို့ကို အမဲသားက အားပေးပါတယ်။ကိုယ်တွင်း အဆိပ်အတောက်တွေကို ဓာတ်တိုးဆန့်ကျင်ပေးတဲ့နေရာမှာGlutathioneလောက် ဆရာကျတဲ့သူ မရှိတော့ပါဘူး။Glutathioneကို ကိုယ်ခန္ဓာက ထုတ်ပေမယ့် သူ့ကိုထုတ်တဲ့ဖြစ်စဉ်မှာ လိုအပ်တဲ့amino acidတွေကိုတော့ စားလိုက်တဲ့ အသားတွေ အထူးသဖြင့် အမဲသားကနေ ရပါတယ်။၃ –ပရိုတင်းဓာတ်ကြွယ်ဝတာကြောင့် ကြွက်သားတည်ဆောက်ဖို့အတွက်လည်း သူက အားပေးပါသေးတယ် ။ ။ကြွက်သားတည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ် ရဖို့ဆို အဆီမပါတဲ့ အသားတွေ စားမှဖြစ်တာပါ။ အဆီမပါတဲ့ အသားဆိုတော့ အမဲသားနဲ့ ကြက်သားက အကောင်းဆုံးပဲလေနော်။၄ –သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။သွေးအားနည်းရင် အမဲသားစားသင့်တယ်ဆိုတဲ့ အကြံပြုချက်တွေ သင်ကြားဖူးမှာပါ။ ဒါဟာ အမှန်တကယ်ပါ။ အမဲသားမှာ သွေးအားနည်းခြင်းကို အဓိက ကာကွယ်ပေးမယ့်သံဓာတ်တွေ ကြွယ်ဝစွာပါတာကြောင့် သွေးအားနည်းတဲ့သူတွေ အဓိကထား စားသင့်တဲ့ အသားတစ်မျိုးပါ။ အမဲသားမှာ သံဓာတ်တွေ အပြင် ဖော့စဖောရက်စ်၊ ဇင့်ဓာတ်နဲ့ selenium သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာပါပါတယ်။၅ –ဗီတာမင် B 12 ကြွယ်ဝစွာပါပါတယ်။အာရုံကြောနဲ့ ဦးနှောက် စွမ်းဆောင်မှုတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ဗီတာမင် B12ဟာ အသားတွေကနေပဲ အဓိက ရတဲ့ ဗီတာမင် တစ်ခုဖြစ်ပါတယ်။ အမဲသားထဲမှာ အခြား ဗီတာမင် B 2.3.5.6 တို့ ပါဝင်ပေမယ့် B12 ကပါဝင်မှု အများဆုံးပါ။၆ –Conjugated Linoleic Acid လည်းကြွယ်ဝစွာပါပါတယ်။အင်ဆူလင်အာရုံခံနိုင်မှုကို တိုးစေတဲ့အပြင် အဆီတွေ လောင်ကျွမ်းစေတဲ့အာနိသင်လည်းရှိတဲ့Conjugated Linoleic Acidပါဝင်မှုဟာ မြက်ကိုပဲ အဓိကထား စားသုံးတဲ့ နွားတွေမှာ အများဆုံးပါ။၇ –ကိုယ်ခန္ဓာရဲ့ လုပ်ဆောင်ချက်တိုင်းကို ချောမွေ့စေတဲ့ Creatine ဟာ အမဲသားမှာ အများဆုံးပါဝင်တာပါ။ကြွက်သားတက်စေဖို့၊ ကိုယ်ခန္ဓာရဲ့လှုပ်ရှားမှုတွေ စည်းချက်ညီဖို့၊ အတွက်Creatineရှိမှရတာပါ။ ဒီလို မရှိမဖြစ်လိုအပ်တဲ့Creatineကို အသည်းကထုတ်ပေးပါတယ်။ အမဲသားဟာ အသည်းကနေCreatineထုတ်တဲ့ ဖြစ်စဉ်ကို အားပေးသလို သူကိုယ်တိုင်ကလည်းCreatineကြွယ်ဝတဲ့ အသားတစ်ခုပါ။ကဲ ဒီလောက်ဆိုရင်တော့ အဆီလည်း မပါ အသားချည်းပဲ ရှိတဲ့ အမဲသား ဟာ ကျန်းမာရေးအတွက် တကယ်ကို အထောက်အကူပြုတဲ့ အသားတစ်မျိုးဆိုတာကို အားလုံး သဘောတူကြလောက်ပြီ ထင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/beef/
ကလေးများအတွက် အကျိုးပြု ဘက်တီးရီးယားများနှင့် ဘက်တီးရီးယားအစာများ
လူတို့၏ အစာခြေစနစ်ထဲတွင် ကျန်းမာရေးကို အကျိုးပြုသော ပိုးကောင်များ သန်းပေါင်းများစွာ ရှိပါသည်။ ထိုပိုးကောင်များသည် ဗိုင်းရပ်စ်များ ၊ မှိုများ၊ ဘက်တီရီးယားများဖြစ်ကြပြီး ယေဘူယျအားဖြင့် ပြောရလျှင် လူတို့ အတွက် အကျိုးပြုစေသော ပိုးကောင်များ ဖြစ်ပါသည်။ ဘက်တီးရီးယားများတွင် ကောင်းသော ဘက်တီးရီးယားများနှင့် မကောင်းသာ ဘက်တီးရီးယားများဟူ၍ ၂ မျိုးရှိပါသည်။ကောင်းသော ဘက်တီးရီးယားများသည် အစာချေလမ်းကြောင်းတွင်ရှိပြီး အစားအစာများနှင့် ဗီတာမင်များကို ချေဖျက်ရာတွင် ကူညီပေးပါသည်။ ကောင်းကျိုးမပြုသော ဘက်တီးရီးယားများသည် ပိုးသတ်ဆေးများဖြင့် နှိမ်နင်းသင့်သော ဘက်တီးရီးယားများ ဖြစ်ပါသည်။ထို့ကြောင်းကောင်းကျိုးပြုသော ဘက်တီးရီးယားများကို ပွားများစေရန် နှင့် မကောင်းသော ပိုးကောင်များကို မကြီးထွားလာစေရန် ပြုလုပ်သင့်ပါသည်။ ထို့ကြောင့် ကလေးများသည် အကျိုးပြူ ဘက်တီးရီးယားများနှင့် ဘက်တီးရီးယားအစာများကို သင့်တင့်မျှတစွာ စားပေးရန် လိုအပ်ပါသည်။အကျိုးပြူ ဘက်တီးရီးယားများနှင့် ဘက်တီးရီးယားအစာများကို စားပေးခြင်းဖြင့် အူလမ်းကြောင်းတွင် ကောင်းကျိုးပြုသော ဘက်တီးရီးယားများကို ပွားများလာစေပါသည်။ ထို့ကြောင့် အောက်ပါ ကျန်းမာရေးကောင်းကျိုးရလဒ်များကို ခံစားရမည်ဖြစ်ပါသည်။· ဝမ်းပျက်ဝမ်းလျှောခြင်းကို ပိုမဆိုးသွားစေခြင်း၊ မြန်မြန် ပြန်ပြီး နာလန်ထလာစေနိုင်ခြင်း။· မွေးကင်းစ ကလေးများတွင်ဖြစ်တတ်သည့် အူခေါက်ခြင်းကိုသက်သာစေခြင်း၊ (အူခေါက်ခြင်းဖြစ်လျှင် ရက်သတ္တပတ်အတော်ကြာပြီး ကလေးများသည် အများအားဖြင့် ညနေပိုင်းများတွင် မခံမရပ်နိုင်အောင် ငိုကြွေးတတ်ကြသည်။)။· အူရောင်ခြင်းကြောင့် ခံစားရသော ရောဂါလက္ခဏာများကို သက်သာစေနိုင်ခြင်း။· ဝမ်းချုပ်ခြင်း၊ ဗိုက်ပွခြင်းတို့ကို သက်သာစေခြင်း။· လက်တို့စ် အင်ဇိုင်းနှင့်မတည့်သော ရောဂါလက္ခဏာများကို သက်သာစေနိုင်ခြင်း။· ဘက်တီးရီးယားအစာများ။ဘက်တီးရီးယားအစာများသည် အူထဲရှိ အကျိုးပြု ဘက်တီးရီးယားများကို အားဖြည့်ပေးသည့် ခန္ဓါကိုယ်ရှိ အစာချေစနစ်မှ မချေဖျက်နိုင်သော ကာဗွန်ဟိုက်ဒြိတ်များ ဖြစ်ပါသည်။ ထို အကျိုးပြုကာဗွန်ဟိုက်ဒြိတ်များမရှိဘဲလျှင် အကျိုးပြု ဘက်တီးရီးယားများအတွက် အာဟာရမရရှိသောကြောင့် ယင်းတို့သည်လည်း အူထဲတွင် အသက်မရှင်နိုင်ကြောင်းလေ့လာရပါသည်။အကျိုးပြု ကာဗိုဟိုက်ဒြိတ်များကို ကညွန့်၊ ဂေါ်ဖီထုပ်ရွက်များ၊ ဌက်ပျောသီးများ၊ ဘယ်ရီသီးများ၊ နှမ်းကြတ်ပင်၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ပဲတောင့်ရှည်များနှင့် ကောက်နှံတစ်ခုလုံးပါသော နှံစားပင်များမှ ရရှိပါသည်။·အကျိုးပြု ဘက်တီးရီးယားများ။အကျိုးပြု ဘက်တီးရီးယားများသည် သက်ရှိ ဘက်တီးရီးယားများနှင့် တဆေးမှိုများဖြစ်ပြီး ယင်းတို့သည် အူထဲရှိ ကောင်းသော ဘက်တီးရီးယားများကို ပွားများစေပါသည်။ သကြားမုန်လာ၊ ဂေါ်ဖီထုပ်၊ ပဲပုပ်စေ့၊ ဒိန်ချဉ်နှင့် ဖြည့်စွက်အာဟာရဆေးတောင့်များ၊ ဆေးပြားများ၊ ဆေးမှုန့် ဆေးရည်များ၊ အစက်ချဆေးရည်များတွင် အကျိုးပြု ဘက်တီးရီးယားများပါဝင်ပါသည်။သို့သော် အားလုံးသော အကျိုးပြု ဘက်တီးရီးယားများသည် မတူညီပါ။ အချို့သော အခြေအနေများအပေါ်မူတည်ပြီး အကျိုးပြု ဘက်တီးရီးယားများ၏ အသုံးဝင်မှုသည် ကွဲပြားမှုရှိနိုင်ပါသည်။· ဘက်တီရီးယားမျိုးစိတ်များ။· ဆေးတမျိုးတည်းတွင် ဘက်တီးရီးယားမျိုးစိတ်များစွာကို ပေါင်းထည့်ထားခြင်း။· အကျိုးပြူ ဘက်တီးရီးယားများကို ထုတ်လုပ်ပုံ။· ဆေးတခွက်တွင်ပါဝင်သော အကျိုးပြု ဘက်တီးရီးယားအရေအတွက်။· ဆေး၏သက်တမ်းနှင့် သိမ်းဆည်းရန်လိုက်နာရမည့် အချက်များ။· အကျိုးပြု ဘက်တီးရီးယားများနှင့် ဘက်တီးရီးယားအစာများသည် အူလမ်းကြောင်းရှိ အကျိုးဖြစ်စေသော ပိုးကောင်များကြီးထွားမှုကို အားပေးပါသည်။· အကျိုးပြု ကာဗိုဟိုက်ဒြိတ်များကို အစားအစာ အတော်များများတွင် တွေ့ရပြီး အကျိုးပြု ဘက်တီးရီးယားများကို ဒိန်ချဉ်တွင် တွေ့ရပါသည်။· နှစ်ခုလုံးကို ဖြည့်စွက် အစားအစာများအနေနှင့် စားနိုင်ပါသည်။· သို့သော် အကျိုးပြုဘက်တီးရီးယားများသည် အရင်းအမြစ်တစ်ခုတည်းမှ လာခြင်း မဟုတ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%a1%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8/
ခွန်အားတိုးစေသောလေ့ကျင့်မှုသည်ဆယ်ကျော်သက်များအတွက်အန္တရာယ်ကင်းခြင်းရှိ/မရှိ
အသက်၁၇နှစ်အရွယ် Ella (အမည်ရင်းမဟုတ်)ဆိုသူကခွန်အားတိုးစေရန်အလေးမခြင်း ပြုလုပ်လိုသော်လည်းဘောလုံးအားကစားသမားများ၏ ခန္ဓါကိုယ်ကဲ့သို့လည်းမဖြစ်လိုဟုဆိုသည်။ အသက်၁၄နှစ်အရွယ် Josh ဆိုသူကတော့ဘောလုံး အားကစားသမားများနှင့်တူလိုပြီးနောက်နှစ်တွင်အားကစားအသင်းဝင် ဖြစ်လာမှာဖြစ်သည့်အတွက် ကြွက်သားများကြီးထွားလိုကြောင်းဆိုပြန်သည်။Ella နှင့် Josh တို့၏ရည်ရွယ်ချက်မတူသော်လည်း ဆယ်ကျော်သက်များအနေဖြင့်ခွန်အားတိုးစေသော လေ့ကျင့်မှုများပြုလုပ်သင့်ကြောင်း အကြောင်းပြချက်ကောင်းများရှိပါသည်။ ထိုလေ့ကျင့်မှုသည်ကြွက်သားများကိုသန်မာစေသည်။ ခန္ဓါကိုယ်ကို ကျစ်လစ်တောင့်တင်းစေသည်။ သက်လုံကောင်း စေသည်။ အရိုးများကိုသန်မာစေပြီးကိုယ်အလေးချိန် လျော့ကျခြင်းကိုပါဖြစ်စေနိုင်သည်။ သို့သော်ထိုလေ့ကျင့်မှုကို ပြုလုပ်ခြင်းဖြင့်ဒဏ်ရာ မဖြစ်အောင်ရှောင်ရှားတတ်ဖို့လည်းလိုပါသည်။ အောက်ပါ အမေး၊အဖြေနှင့်အကြံပြုချက်များကိုလေ့လာကြည့်ပါ။ကြွက်သားများကိုသန်မာစေပြီး သက်လုံကောင်းစေသောလေ့ကျင့်ခန်းများကိုအစီအစဉ်တကျပြုလုပ် ခြင်းကိုခေါ်ပါသည်။ ခွန်အားလေ့ကျင့်မှုတွင် ကြီးမားသောအလေးများကို မဖြစ်မနေ မ, ရမည်ဟုမဆိုထားပါ။ ကြွက်သားထုထည်ကြီးမားလိုသူများကအလေးချိန်ကြီးကြီးကို မ,ခြင်းဖြင့်ကြွက်သားများ ကြီးမားအောင်အားထုတ်သည်။ ခွန်အားသက်သက်တိုးလိုသူက ပေါ့ပါးသောအလေးများနှင့်ထပ်ကာထပ်ကာလေ့ကျင့်ခြင်းကိုပြုလုပ်နိုင်ပါသည်။ လေ့ကျင့်ရာတွင ်အလေးမစက်များတွင် အလေးချိန်ထည့်၍လေ့ကျင့်နိုင်သကဲ့သို့အလေးမပါဘဲလည်း လေ့ကျင့်နိုင်ပါသည်။ မိမိခန္ဓါကိုယ်၏အလေးချိန်ကိုသာသုံး၍ တွန်းကန်ရသောလေ့ကျင့်မှုကို ခြေကျင်းဝတ် နှင့် ခါး စသည်တို့အပေါ်သက်ရောက်၍ လေ့ကျင့်မှုမျိုးလည်း ပြုလုပ်နိုင်သည်။ညွှန်ကြားသင်ပြမှုများက ိုသေချာစွာလိုက်နာပါကအန္တရာယ်မရှိနိုင်ပါ။ နှလုံးကြွက်သားများ အပါအဝင်ခန္ဓါကိုယ်၏ကြွက်သားများကိုပိုမိုအားရှိ၍ ခံနိုင်ရည်ရှိအောင်ပြုလုပ်ပေးသည့် အန္တရာယ်ကင်းသောထိရောက်သည့်နည်းလမ်းဖြစ်ပြီးကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းပေးပါသည်။ အရိုးများ၏ခွန်အားကိုလည်းတိုးတက်စေသည်။ သို့သော်ဆယ်ကျော်သက်များ သည်ဖွံ့ဖြိုးဆဲအရွယ်ဖြစ်၍သင်၏ဆရာဝန်နှင့်တိုင်ပင်၍ ညွှန်ကြားလမ်းညွှန်မှုကိုခံယူသင့်ပါသည်။လွန်ကဲစွာမပြုလုပ်ပါကမိန်းကလေးတစ်ဦးသည် ခွန်အားလေ့ကျင့်မှုပြုလုပ်ရုံသက်သက်ဖြင့်ကြွက်သားများကြီးထွားရန်မလွယ်ကူပါ။ အကြောင်းမှာမိန်းကလေးများသည်ယောင်္ကျားလေးများထက်တက်စတိုစတီရုန်း(Testosterone )ဟုခေါ်သော ကျားဟော်မုန်းထွက်ရှိမှုနည်းပါးသည့် အတွက်ဖစ်ပါသည်။ ယောကျာၤးလေးများအနေဖြင့် အရွယ်ရောက်စတွင်အလေးမလေ့ကျင့်ခန်းများပြုလုပ်လျှင်။ကြွက်သားများကြီးထွားလာနိုင်ပါသည်။သက်လုံကောင်းစေသောလေ့ကျင့်ခန်းများ ဥပမာ-လမ်းလျှောက်ခြင်း၊ရေကူးခြင်း၊စက်ဘီးစီးခြင်းတို့သည်နှလုံးနှင့်အဆုတ်တို့ကိုအောက်စီဂျင်ကို ပိုမိုသုံးစွဲစေပြီးအားပြည့်စေသည်။ အောက်ဆီဂျင်ကို ပိုမိုအသုံးပြုရသောကြောင့်နှလုံးကိုအလုပ်ပိုမိုလုပ်စေပြီးကြာရှည်အလုပ်လုပ်နိုင်ရန် ကူညီပေးသည်။ ခွန်အားလေ့ကျင့်မှုမှာမူတစ်ခါတစ်ရံတွင်အောက်စီဂျင်ကိုအသုံးမပြုပါ။ အဘယ်ကြောင့်ဆိုသော်သင်၏ကြွက်သားကအလေးတုံးများကိုမနေချိန်တွင်အောက်စီဂျင်ကို အသုံးပြုမှုမရှိပါ။ခွန်အားလေ့ကျင့်မှုအတွက်အားကစားခန်းမတစ်ခုခုသို့မဖြစ်မနေသွားဖို့မလိုပါ။ အားကစားပစ္စည်းအရောင်းဆိုင်မှအလေးတုံးများ၊တွန်းကန်နိုင်သောကြိုးများ ဝယ်၍လေ့ကျင့်ခန်းများပြုလုပ်နိုင်ပါသည်။ သင့်မီးဖိုချောင်မှ သံပုံးအလွတ်များကိုအသုံးပြု၍လည်း အလေးမခြင်းပြုလုပ်နိုင်ပါသည်။ဆယ်ကျော်သက်များအနေဖြင့်အလေးချိန်ကြီးကြီး မ,မသင့်သေးပါ။ ပေါ့ပါးသောအလေးတုံးများနှင့်အထပ်ထပ်လေ့ကျင့်သင့်ပါသည်။ နည်းနာကောင်းတစ်ခုမှာအကြိမ် ၁၀ အထိကောင်းစွာမနိုင်ပြီးနာက်ဆုံး ၂ ကြိမ်တွင် မ,ရခက်သော အလေးပမာဏသည် သင်စတင် မ,ရမည့်အလေးချိန်ဖြစ်သည်။ အချို့ဆိုလျှင်တစ်ပေါင်မှနှစ်ပေါင်အထိသာ စတင်၍ မနိုင်ကြသည်။ သန်မာသူများအနေဖြင့် ၁၅ ပေါင်။မှပေါင်၂၀အထိစတင်နိုင်ပါသည်။ အလေးမ,ရာတွင်ညင်သာဖြည်းညင်းစွာလှုပ်ရှားရန်ဖြစ်သည်။သင်၏ကြွက်သားများက သန်မာလာပြီဆိုလျှင်နာကျင်မှုမရှိတော့ပါ။ ထိုမှတစ်ဆင့် ၁ ပေါင်မှ၂ ပေါင်ခွဲစီတိုးမြှင့်၍ မ,သွားနိုင်သည်။ စက်ဖြင့်လေ့ကျင့်ပါက ၅ ပေါင်အထိ တိုးမြှင့်သွားနိုင်ပါသည်။ သင်ကောင်းစွာအရွယ်ရောက ်ကြီးထွားပြီးသည်အထိ အလေးချိန်ကြီးကြီးမ,ခြင်းကိုရှောင်ကြဉ်မှသာအရိုးများနှင့် တွယ်ဆက်အရွတ်များ ထိခိုက်မှုကိုရှောင်ရှားနိုင်မည်။ မလေ့ကျင့်မီ သွေးပူလေ့ကျင့်ခန်းနှင့်။အကြောလျှော့လေ့ကျင့်ခန်းများကိုလည်းပြုလုပ်ပေးသင့်ပါသည်။ သင်၏ဆရာဝန်(သို့မဟုတ်)အားကစားနည်းပြကိုမေးမြန်းခြင်းဖြင့်လည်း သင်နှင့်သင့်တော်မည့်အလေးချိန်ပမာဏကိုသိရှိနိုင်ပါမည်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%81%e1%80%bc%e1%80%94%e1%80%b9%e1%80%a1%e1%80%ac%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%b1%e1%80%85%e1%80%b1%e1%80%9e%e1%80%ac%e1%80%b1%e1%80%9c%e1%80%b7%e1%80%80%e1%80%ba%e1%80%84/
ကင်ဆာကို ဓါတုကုထုံးခံယူဖို့အတွက် ဘာတွေပြင်ဆင်ထားရမလဲ
အခြားကုသမှုတွေလိုပဲ ကင်ဆာဆေးသွင်းကုသခြင်းဟာလည်း မကုသခင်မှာ အစီအစဉ် ပြုလုပ်ဖု့ိလိုအပ်ပါတယ်။ ဒါပေမယ့် ရင်သားကင်ဆာ ဖြစ်လာပြီဆိုရင် ကင်ဆာအကြောင်းကလွဲလို့ အခြားအရာတွေကို စိတ်ဝင်စားတော့မှာ မဟုတ်ပါဘူး။ သင့်ကုသမှု အစီအစဉ်နဲ့ ပတ်သက်ပြီး ဒီဆောင်းပါးက ပြောပြသွားမှာ ဖြစ်ပါတယ်။သင့် ကင်ဆာဆေးသွင်းကုသခြင်းဟာ ကင်ဆာအမျိုးအစား၊ ကင်ဆာ တည်နေပုံနဲ့ ယေဘုယျ ကျန်းမာရေးတွေပေါ်မှာ မူတည်ပါတယ်။ကင်ဆာဆေးသွင်းကုသခြင်းမှာ များသောအားဖြင့် ၄-၈ cycles လောက်ပါဝင်တတ်ပါတယ်။ Cycle ဆိုတာဟာ သင်ကုသမှု ယူရတဲ့ အချိန်ဖြစ်ပြီး တစ်ခုနဲ့ တစ်ခုကြားမှာ နားချိန် ရှိပါတယ်။ ဒါကြောင့် ကင်ဆာဆေးသွင်းကုသခြင်းဟာ အချို့သူတွေမှာ ၄-၆ လအထိ ကြာတတ်ပါတယ်။ Cycle တစ်ခုဟာ ဆေးပမာဏနဲ့ ဆေးအမျိုးအစားတွေပေါ်မူတ်ပြီး နာရီအနည်းငယ်ကနေ ရက်အနည်းငယ်အထိ ကြာမြင့်တတ်တဲ့ ကုသမှုပေါင်းများစွာ ပါဝင်ပါတယ်။ ကင်ဆာဆေးသွင်းကုသခြင်းကို cycles တွေနဲ့ ပေးခြင်းဟာ ရင်သားကင်ဆာဆဲလ်တွေကိုပိုမိုသတ်ပစ်နိုင်ပြီး ကိုယ်ခန္ဓါကိုလည်း ပြန်ကောင်းဖို့ အချိန်ပေးနိုင်ပါတယ်။သင့်ဆရာဝန်ဟာ ရောဂါအခြေအနေကို စစ်ဆေးမှာဖြစ်ပြီး နောက် cycle တစ်ခုမစခင် ကုသမှုဟာ အကျိုးရှိလားမရှိလားပါ စမ်းစစ်မှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ကုသမှု အစီအစဉ်ကို ညှိမှာဖြစ်ပါတယ်။ ကုသမှု အစီအစဉ်ဆွဲခြင်းဟာ လုပ်ငန်းစဉ်ကို ချောမွေ့စေမှာပါ။ကုသမှုမတိုင်ခင်မှာ သွေးစစ်ဆေးမှုတွေ၊ X-rays တွေ၊ CT scans တွေ ရိုက်ဖို့လိုအပ်ပါတယ်။ သင့်ဆရာဝန်ဟာ ကုသမှုကို ဆုံးဖြတ်ပေးမယ့် အဖြေတွေကို ဖတ်ကြည့်မှာ ဖြစ်ပါတယ်။ ဒီအဖြေတွေကို သိမ်းထားမှာဖြစ်ပြီး နောင်လုပ်မယ့် စစ်ဆေးမှုတွေနဲ့ နှိုင်းယှဉ်မှာ ဖြစ်ပါတယ်။ ဒါမှသာ သင့်ဆရာဝန်ကို သင့်ကုသမှု အလုပ်လုပ်တယ်ဆိုတာ သိစေမှာပဲဖြစ်ပါတယ်။ ဆရာဝန်ဟာ ဆေးပမာဏကို တွက်ချက်ဖို့အတွက် အသင့်အရပ်နဲ့ ကိုယ်အလေးချိန်ကို စစ်ဆေးမှာဖြစ်ပါတယ်။ကင်ဆာဆေးသွင်းကုသခြင်းဟာ အရိုးတွေက သွေးနီဥ၊ သွေးဖြူဥနဲ့ platelets တွေ ထုတ်လုပ်မှုကို ရပ်တန့်စေပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ် ဆေးမသွင်းမီ သင့်သွေးကိုလည်း ဆရာဝန်က စစ်ဆေးပါလိမ့်မယ်။သင့်ဆရာဝန်ဟာ အဆုတ်၊ နှလုံး၊ ကျောက်ကပ်၊ အသည်း အစရှိတာတွေ ကောင်းမကောင်းကို ဆေးတွေက သင့်အတွက် သင့်လျော်ရဲ့လားဆိုတာသိရှိဖို့ စစ်ဆေးနိုင်ပါတယ်။ဆရာဝန်ကို ကုသမှုနဲ့ ပတ်သက်ပြီး မေးခွန်းတွေ မေးသင့်ပါတယ်။ ဒါဟာ ဆရာဝန်ကို ပိုမိုသင့်လျော်တဲ့ ကုသမှု အစီအစဉ်တွေဆွဲဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ ဆရာဝန် ဆွဲပေးတဲ့ ကုသမှု အစီအစဉ်ကို မကြိုက်ရင် ဆရာဝန်နဲ့ ဆွေးနွေး ညှိနှိုင်းနိုင်ပါတယ်။ ကုသမှုရဲ့ ဆိုးကျိုးတွေနဲ့ ဆရာဝန်က သင့်ကို ပြဿနာတွေ ဖြေရှုင်းဖို့ ဘယ်လိုကူညီပြီး အစီအစဉ် ဆွဲပေးထားလဲဆိုတာပါ မေးမြန်းနိုင်ပါတယ်။ကင်ဆာဆေးသွင်းကုသမှု စပြီးရင် ကုသမှု အစီအစဉ်ဟာ အနည်းငယ်ပြောင်းလဲမှု ရှိနိုင်ပါတယ်။ ပြောင်းလဲမှုတွေဟာ သင့်သွေးဆဲလ် ပမာဏ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ၊ ဆန္ဒတွေ (သို) ရင်သားကင်ဆာ ပြန်ကောင်းလာ မကောင်းလာ အစရှိတာတွေ ပေါ်မူတည်ပါတယ်။ သင့်အစီအစဉ်ဟာ အခြေအနေကို လိုက်ပြီး ပြောင်းလဲသွားမှာဖြစ်ပါတယ်။သင်ကြိုတင်ပြင်ဆင်ထားနိုင်အောင် သင့်ဆရာဝန်ကို ဆိုးကျိုးတွေအကြောင်းကို မေးမြန်းသင့်ပါတယ်။ ဆံပင်ကျွတ်ခြင်း၊ အစားအသောက်ပျက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခေါင်းအုပ်ဖို့ အရာတွေ၊ ကျန်းမာတဲ့အစားအစာတွေနဲ့ လေ့ကျင့်ခန်းလုပ်ဖို့တွေကို ကြိုတင် ပြင်ဆင်ထားနိုင်ပါတယ်။သင့်ပထမဆုံးကုသမှုကို ပြင်ဆင်ဖို့ ဆရာဝန် (သို့) ကျန်းမာရေးစောင့်ရှောက်သူကို မေးမြန်းသင့်ပါတယ်။ တစ်ယောက်ယောက်ကို ဆေးရုံကို ခေါ်သွားသင့်ပြီး ကင်ဆာဆေးသွင်းကုသမှုပြုနေစဉ်အတွင်းမှာလည်း သင့်ကို ဂရုစိုက်မယ့်သူ ရှိသင့်ပါတယ်။ကင်ဆာဆေးသွင်းကုသမှုကို လူနာတစ်ယောက်ချင်းစီရဲ့ အခြေအနေအလိုက် ဆေးကုသမှု အာနိသင်ထိရောက်မှုတွေကို တိုးမြှင့်ဖို့ ကြိုတင်ပြင်ဆင်သင့်ပါတယ်။ သင်ဟာလည်း ဒီအစီအစဉ်ကို ဘယ်လိုပြုလုပ်တယ်ဆိုတာ သိရှိပြီး ကြိုတင်စီစဉ်မှုမှာ ပါဝင်ဆောင်ရွက်သင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%93%e1%80%ac%e1%80%90%e1%80%af%e1%80%80%e1%80%af%e1%80%91%e1%80%b6%e1%80%af%e1%80%b8%e1%80%81%e1%80%b6%e1%80%9a%e1%80%b0/
ဇီဝကမ္မဖြစ်စဉ်ကိုတိုးမြင့်ပြီးမလိုအပ်သောအဆီပိုကိုလောင်ကျွမ်းစေနိုင်သောနည်းများ
၁) နံနက်စာကိုကောင်းကောင်းစားပါ။-နံနက်စာမစားဖြစ်ပါက ခန္ဓါကိုယ်၏ဇီဝကမ္မဖြစ်စဉ်များသည် စွမ်းအင်ကိုချွေတာရန်နှေးကွေးသွားသည်။ နံနက်စာကိုသေသေချာချာစားနိုင်လေကျန်းမာရေးအတွက်ကောင်းလေဖြစ်သည်။ အမေရိကန်ဆေးပညာဂျာနယ်တစ်စောင်တွင် ဖော်ပြထားသောလေ့လာချက်အရ ပါဝင်သူများသည် နေ့စဉ်စားသုံးသောကယ်လိုရီ၏ ၂၂%မှ ၅၅% ထိနံနက်စာစားခြင်းမှ ရရှိပြီး ၄ နှစ်အကြာကိုယ်အလေးချိန် ၁.၇ ပေါင်ခန့်သာတက်သည်ကိုတွေ့ရသည်။ သို့သော် နံနက်စာစားခြင်းမှ ဝ% မှ ၁၁.၁၈% ကယ်လိုရီရရှိသောသူများသည် ၃ ပေါင်အထိကိုယ်အလေးချိန်တက်သည်ကိုတွေ့ရသည်။ အခြားလေ့လာမှုတစ်ခုတွင်လည်းနံနက်စာကိုပုံမှန်စားလေ့မရှိသူများသည် အဝလွန်ခြင်းဖြစ်စဉ် ၄.၅ ဆထိမြင့်တက်ကြောင်းဖော်ပြထားသည်။-သို့ဆိုလျှင် ထိုမျှအရေးကြီးသော နံနက်စာတွင်မည်သည်တို့ကိုပါဝင်စားရမည်နည်း။ ပရိုတိန်း ၊ အသားဓါတ်နှင့် ကစီဓါတ်ပါဝင်၍ ကျန်းမာရေးအတွက်ကောင်းသောအဆီများကိုပါ ပါဝင်အောင်ပြင်ဆင်ရမည်။ ဥပမာ ကြက်ဥကြော်တစ်ပွဲ ၊ ငရုတ်ကောင်းအနည်းငယ်နှင့် ကြက်သွန်နီကိုရော၍ကြက်ဥအကာနှင့် စားသုံးခြင်း ၊ အုတ်ဂျုံနှင့် ဘယ်ရီသီးကိုရော၍အုတ်ကွေကာကိုအိုမီဂါ ၃ အက်ဆစ်ပါသောငါးကြီးဆီနှင့်ရောခြင်းစသဖြင့်ပြင်ဆင်သုံးဆောင်နိုင်ပါသည်။(၂)အပြင်ထွက်၍ကိုယ်လက်လှုပ်ရှားမှုပြုပါ။-စောစောထပါ။ နေရောင်ခြည်နုနုအောက်တွင် ကိုယ်လက်လှုပ်ရှားမှုပြုပါ။ သင့်ကိုသွယ်လျကျန်းမာစေပါမည်ဟုသုတေသနတစ်ခုကဆိုပါသည်။ နေရောင်ခြည်အောက်တွင်ပျော်ရွှင်စိတ်ပါစွာကိုယ်လက်လှုပ်ရှားပါ။ သင်၏ခန္ဓါကိုယ်စနစ်များကိုပုံမှန်ဖြစ်အောင်ထိန်းပေးပြီး ဇီဝကမ္မဖြစ်စဉ်ကိုလည်းမှန်ကန်စေပါသည်။(၃)ပရိုတိန်း (အသားဓါတ်)စားပါ။-ပုံမှန်စားနေကျ ဒိုးနတ်မုန့်များ ၊ ကော်ဖီနှင့် ပေါင်မုန့်မီးကင်အစားပရိုတိန်းဓါတ်များများပါသောအစားအစာများကိုပြောင်းစားပေးပါ။ အဝလွန်သောအမျိုးသမီးများကိုပရိုတိန်းဓါတ်ကျွေး၍ လေ့လာရာပရိုတိန်းများများစားသောသူများကနည်းနည်းစားသောသူများထက် သွေးတွင်းသကြားဓါတ်ထိန်းနိုင်စွမ်းပိုမိုကောင်းမွန်ကြောင်း ဥရောပအာဟာရဝေဒဆေးပညာဂျာနယ်တစ်စောင်တွင် ဖော်ပြထားသည်။ ကြက်ဥနှင့် ဒိန်ချဉ်တို့သည် ပရိုတိန်းဓါတ်ကြွယ်ဝသော အစားအစာများဖြစ်သည်။(၄) ရေများများသောက်ပါ။-မနက်အိပ်ရာထသည်နှင့်ရေသောက်သည့်အကျင့်ပြုလုပ်ပါ။ Utah တက္ကသိုလ်မှသုတေသီများကလူအများကိုလေ့လာခဲ့ရာတစ်နေ့လျှင် ရေ ၁၂ ဖန်ခွက်သောက်သူများသည် ၄ ဖန်ခွက်သာသောက်သူများထက် ဇီဝကမ္မဖြစ်စဉ်နှုန်းမြန်သည်ကိုတွေ့ရသည်။ ဆေးပညာရှင်တစ်ဦးဖြစ်သူModelynFernstormကခန္ဓါကိုယ်အပူချိန်ကိုထိန်းသိမ်းရန်ကိုယ်တွင်းရေဓါတ်ကိုအပူပေးခြင်းဖြစ်စဉ်မှ ကယ်လိုရီများလောင်ကျွမ်းနိုင်သည်ဟုဆိုသည်။ ရေတစ်ခွက်ထပ်သောက်တိုင်းကယ်လိုရီနောက်ထပ်လောင်ကျွမ်းခြင်းရှိ ၊ မရှိမသေချာသော်လည်းရေသောက်ခြင်းအလေ့အထသည် ကိုယ်အလေးချိန် လျှော့ချရန် ကျင့်သုံးသင့်သောအမူအကျင့်ကောင်းတစ်ခုဖြစ်ပါသည်။(၅)ဖုန်းပြောလျှင်မတ်တပ်ရပ်၍ပြောပါ။-ခုံမှာထိုင်ပြီးအချိန်ဖြုန်းခြင်းကိုရပ်၍လှုပ်ရှားမှုပြုပါ။ ထိုင်၍အလုပ်လုပ်ရသောလူငယ်များထက် မတ်တပ်ရပ်၍လုပ်ရသောလူငယ်များကကယ်လိုရီပိုမိုလောင်ကျွမ်းကြောင်း ခန္ဓါကိုယ်လှုပ်ရှားမှုနှင့်ကျန်းမာရေးဂျာနယ် (၂၀၁၂) တွင်ဖော်ပြထားသည်။ ထိုင်နေစဉ်တွင် ၁ မိနစ်လျှင် ၁.၀၂ ကယ်လိုရီသာသုံးစွဲရသော်လည်းမတ်တပ်ရပ်စဉ်တွင် ၁.၃၆ ကယ်လိုရီအသုံးပြုရပါသည်။ ထိုအချက်အလက်အရ ၁ နာရီကြာအောင်ဖုန်းပြောမည်ဆိုလျှင် ထိုင်လျက်ပြောပါက ၆ ၁ ကယ်လိုရီသာလောင်ကျွမ်းပြီးရပ်လျက်ပြောပါက ၈၂ ကယ်လိုရီကုန်ဆုံးပါသည်။ ထိုပမာဏသည် များစွာမကွာခြားလှသော်လည်းတစ်နေ့တာလုံးအတွက်ဆိုလျှင်တော့ ကယ်လိုရီများစွာလောင်ကျွမ်းစေနိုင်ပါသည်။(၆)ရယ်မောပါ။-နေ့တစ်နေ့ကိုပေါ့ပေါ့ပါးပါးပျော်ရွှင်စွာဖြတ်သန်းပါ။ ပျော်ပျော်နေတတ်သောသူငယ်ချင်းများနှင့် လမ်းလျှောက်ထွက်ခြင်း ၊ လျှောက်လည်ခြင်း ၊ ဖုန်းပြောခြင်းတို့ပြုလုပ်ပါ။ ရယ်မောခြင်းသည် လေ့ကျင့်ခန်းတစ်ခုပြုလုပ်သကဲ့သို့ပင် ၁၀ မိနစ်ခန့်ရယ်မောပါကမျက်နှာသေဖြင့်နေခြင်းထက် ကယ်လိုရီလောင်ကျွမ်းမှုကို ၁၀% မှ ၂၀% ထိများပြားစေသည်ဟုဆိုပါသည်။ ထို့ပြင် ရယ်မောခြင်းကသင်၏နှလုံးကျန်းမာရေးကိုလည်းကောင်းစေပါသည်။(၇) စောစောအိပ်ယာဝင်ပါ။-လိုအပ်သည်ထက်နည်း၍အိပ်စက်လျှင် စွမ်းအင်နှင့် ခံတွင်းကောင်းခြင်းနှင့်ဆိုင်သောဂရီလင်နှင့် လက်ပ်တင်ဟော်မုန်းများထွက်ရှိမှုကိုလျော့နည်းစေသည်။ Standford တက္ကသိုလ်မှ သုတေသီများကတစ်ညလျှင် အိပ်စက်ကြာချိန် ၇ နာရီခွထက်နည်းသူများသည် ကိုယ်အလေးချိန်မြင့်တက်စေနိုင်ကြောင်းဆိုပါသည်။ ထို့ကြောင့် အနည်းဆုံး ၈ နာရီခန့်အိပ်စက်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%87%e1%80%ae%e1%81%80%e1%80%80%e1%80%99%e1%81%bc%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%85%e1%80%a5%e1%80%b9%e1%80%80%e1%80%ad%e1%80%af%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%bb%e1%80%99/
လမ်းသွားတတ်ကာစအရွယ် ကလေးငယ်များအတွက် စိတ်မချရသော အစားအသောက်များ
သင့်ကလေးသည် ကြီးထွားလာသည်နှင့်အမျှ သူစားသော အစားအစာများသည်လည်း ပိုမိုများပြားလာပါသည်။ သို့သော ်အချို့သောအစားအစာများသည် ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် သင့်ကလေးစားသော အစားအစာများကို ဂရုစိုက်သင့်ပါသည်။ အောက်ပါတို့သည် သင့်ကလေးကို ထိခိုက်စေသော အချို့သော အစားအစာများဖြစ်ပါသည်။ကလေးများသည် သဘာဝအားဖြင့် အချိုကြိုက်တတ်ကြသည်။ သကြားလုံးများ၊ ဂျယ်လီများ၊ ဘီစကစ်နှင့် ကိတ်မုန့်များသည် ကလေးများအကြိုက်ဖြစ်ပြီး ထိုအစားအစာများကို စားခြင်းဖြင့် အခြားသော ကျန်းမာစေသည့် အစားအစာများကို နေရာမပေးချင်ဘဲဖြစ်တတ်ကြသည်။ ထို့ကြောင့် ထိုအချိုများသော အစားအစာများကို ကလေးအသက်၂ နှစ်အရွယ်လောက်ထိ တတ်နိုင်သမျှ လျှော့စားစေခြင်းဖြင့် သွားပိုးစားခြင်းနှင့် သွားများပျက်စီးခြင်းကို ကယကွယ်နိုင်ပေလိမ့်မည်။အခြေခံအားဖြင့် အသီးဖျော်ရည်များသည် ကျန်းမာရေးအတွက်ကောင်းမွန်သော်လည်း ပန်းသီးဖျော်ရည်သည် သကြားဓါတ်အများအပြားပါဝင်ကြောင်းတွေ့ရသည်။မိဘများသည် ပန်းသီးဖျော်ရည်က လိမ္မော်ရည် ၊ မက်မွန်ရည်နှင့် စပျစ်ဖျော်ရည်များထက် ပိုပြီး ကျန်းမာစေမည်ဟု မှားယွင်းယူဆနေကြသည်။ ၁၀၀ % ပန်းသီးဖြင့် ပြုလုပ်ထားသော ဖျော်ရည်သည် ၁၆၀ ကယ်လိုရီခန့်ပါဝင်ပြီး သကြားဓါတ်အပြည့်အဝပါဝင်သည်။ ထို့ပြင် ပန်းသီးဖျော်ရည်သောက်ခြင်းသည် ပန်းသီးစားခြင်းထက် အမျှင်ဓါတ်များကို ချို့တဲ့စေကြောင်းတွေ့ရသည်။အသင့်စားခေါက်ဆွဲများတွင် ပါဝင်သော ဓါတုပစ္စည်းများသည် ကလေးငယ်များ၏ကျန်းမာရေးကို ထိခိုက်စေသည့်အပြင် အာဟာရတန်ဖိုးနည်းခြင်း၊ ဗီတာမင်နှင့် သတ္တုဓါတ်များမပါဝင်ခြင်းတို့ဖြစ်သည့်အတွက် သင့်ကလေးကို မကျွေးသင့်ပါ။ကလေးများတွင် ဓါတ်မတည့်မှုဖြစ်ခြင်းများကို လျော့ကျစေရန် ဥများနှင့် ဥများဖြင့် လုပ်သော အစားအစာများ(ဥပမာ- ကိတ်မုန့်)စသည်တို့ကို ကလေးအသက် ၆လ မပြည့်မီတွင် မကျွေးသင့်ပါ။ ကလေးအသက် ၆ လပြည့်ပြီးမှသာ နေ့စဉ်စားသော အစားအစာများထဲတွင် ကျက်အောင်ပြုတ်ထားသော ဥများကို ထည့်ကျွေးသင့်သည်။ မကျက်တကျက်ပြုတ်ထားသော ဥများနှင့် အခွံမပါဘဲပြုတ်ထားသော ဥများသည် ကလေးငယ်များ အစာအဆိပ်သင့်စေနိုင်ပါသည်။ကလေး အသက် ၁ နှစ်အောက်တွင် လတ်ဆတ်သော နွားနို့များကို မကျွေးသင့်ပါ။ ယင်းသည် မိခင်နို့နှင့် ဖော်စပ်ထားသော နို့မှုန့်များလောက် ကလေးများအတွက် လိုအပ်သော အာဟာရဓါတ်များ ပြည့်ဝစွာမပါဝင်ပေ။ ၆ လအထက်ကလေးများကို မလိုင်အပြည့်ပါဝင်သော နို့များတိုက်ကျွေးနိုင်ပါသည်။အသက်၅ နှစ်အောက်ကလေးများတွင် အစေ့အဆန်များကျွေးခြင်းသည် အစာသီးခြင်းကို ဖြစ်စေနိုင်သောကြောင့် မကျွေးသင့်ပါ။ အစားသီးခြင်းမဖြစ်လျှင်တောင် ယင်းအစေ့အဆန်များသည် အထူးသဖြင့် မိသားစုဝင်များတွင် ဓါတ်မတည့်ခြင်းဖြစ်တတ်လျှင် ကလေးများတွင် ပိုဖြစ်နိုင်ကြောင်းတွေ့ရသည်။ ထို့ကြောင့် ကလေးများစားမည့်အစာတွင် အစေ့အဆန်များကို ဂရုပြုပြီး ကျွေးသင့်သည်။အချုပ်ဆိုရသော် သင်သည် သင့်ကလေးကို အစားအစာများမကျွေးမီ သင့်ကလေး၏ အစာခြေစနစ်သည် ကောင်းစွာအလုပ်လုပ်နေပြီလား သေချာစွာသိရှိရန် လိုအပ်ပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/food-should-avoid-for-toddlers/
ကင်ဆာကို ဓါတ်ရောင်ခြည်ကုထုံးခံယူဖိုအတွက် ဘာတွေပြင်ဆင်ထားရမလဲ
ရင်သားကင်ဆာ ကုသမှု မပြုလုပ်ခင် ကုသမှုတွေကို ကျွမ်းကျင်တဲ့ ဆရာဝန်တွေက စီစဉ်ပေးမှာ ဖြစ်ပါတယ်။ ရင်သားကင်ဆာ လူနာတွေဟာ လုပ်ငန်းစဉ်ကို သိထားသင့်ပြီး သင့်ကျန်းမာရေး အဖွဲ့က ဘယ်လိုလုပ်မလဲဆိုတာကိုလည်း နားလည်ထားသင့်ပါတယ်။ ဒါဟာ ရလဒ်ကို ကောင်းမွန်စေဖို့ ကုသမှုတွေနဲ့ပတ်သက်ပြီး စိတ်တက်ကြွနေဖို့ကို ကူညီပေးပါတယ်။ ဓါတ်ရောင်ခြည် ကုသမှုနဲ့ ပတ်သက်ပြီး သင်ဘာလုပ်နိုင်လဲဆိုတာ ကြည့်ဖို့ လိုပါတယ်။ဓါတ်ရောင်ခြည်ကုသမှု စီစဉ်ခြင်းကို သင့်ကုသမှု လုပ်ငန်းစဉ်တွေအတွက် သင့်ဆရာဝန်က ဖန်တီးပေးမှာဖြစ်ပါတယ်။ ဘယ်လောက်ဓါတ်ရောင်ခြည်လိုအပ်လဲဆိုတာနဲ့ ဘယ်ကိုပေးရမလဲဆိုတာ ဖေါ်ပြပါတယ်။ ဓါတ်ရောင်ခြည် ကုသမှုဟာ ကင်ဆာဆဲလ်တွေကို သတ်နိုင်တဲ့ ထိရောက်တဲ့ ပစ်မှတ်ထားကုသမှု တစ်ခုဖြစ်ပါတယ်။ဓါတ်ရောင်ခြည် ကုသမှုအစီအစဉ်ဟာ ကင်ဆာဆဲလ်တွေကို သင့်လျော်တဲ့ ဓါတ်ရောင်ခြည်ပမာဏ ထိတွေ့စေပြီး အခြားပုံမှန်ကျန်းမာတဲ့ ဆဲလ်တွေကို ဓါတ်ရောင်ခြည် ထိတွေ့မှု နည်းနိုင်သမျှ နည်းအောင် ရည်ရွယ်ပါတယ်။ ဓါတ်ရောင်ခြည် ပမာဏဟာ အောက်ပါအချက်တွေပေါ်မှာ မူတည်ပါတယ်။• ရင်သားကင်ဆာ အမျိုးအစား။• ကိုယ်ခန္ဓါ အတွင်းမှာ ရှိတဲ့ ကင်ဆာဆဲလ်တွေရဲ့ တည်နေပုံ။• အကျိတ်အရွယ်အစား။• ပေးရမယ့်နေရာနဲ့ ဓါတ်ရောင်ခြည် စက်ကြားက အကွာအဝေး။• ဓါတ်ရောင်ခြည်ပေးရမယ့်နေရာဟာ ဓါတ်ရောင်ခြည် အာရုံခံနိုင်တဲ့ နေရာနဲ့ နီးမနီး။• သင့်ကျန်းမာရေးအခြေအနေ။ကုသမှု အစီအစဉ်ကို ပြုလုပ်ဖို့ ဆရာဝန်နဲ့ တွေ့ဆုံဖို့က အရေးကြီးပါတယ်။ မေးစရာမေးခွန်းတွေ ရှိနေရင် ဆရာဝန်ကို (သို့) ကျန်းမာရေးစောင့်ရှောက်သူကို မေးမြန်းနိုင်ပါတယ်။ သင်နဲ့ သင့်ဆရာဝန်ဟာ ရင်သားကင်ဆာကို တိုက်ထုတ်နိုင်ပြီး သင့်လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ သင့်လျော်တဲ့ အစီအစဉ်တစ်ခုကို အတူဆွဲနိုင်ပါတယ်။သင့်ဆရာဝန်ဟာ ကိုယ်ခန္ဓါ လုပ်ငန်းဆောင်တာတွေကို စစ်ဆေးဖို့ Scans တွေကို ပြုလုပ်ခိုင်းနိုင်ပါတယ်။ CT scans၊ PET scans၊ X-rays (သို့) MRI တွေဟာ သင့်ကင်ဆာရဲ့ အချက်အလက်တွေကို ဆရာဝန်ကို သိစေနိုင်ပါတယ်။ ဒါဆို ဆရာဝန်ဟာ ရင်သားကင်ဆာကုသဖို့ လုံလောက်တဲ့ ဓါတ်ရောင်ခြည်ပမာဏကို တွက်ချက်နိုင်မှာဖြစ်ပြီး အကျိတ်ဖြစ်တဲ့နေရာပတ်ပတ်လည်က ကျန်းမာတဲ့ ကိုယ်အင်္ဂါတွေကို တတ်နိုင်သမျှ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။သင့်ဆရာဝန်က CT scans တွေက ဖန်တီးထားတဲ့ ကင်ဆာရဲ့ 3D ပုံရိပ်ကို ကြည့်ရှုနိုင်ပါတယ်။ 3D ပုံရိပ်ဟာ အလွန်အသုံးဝင်ပါတယ်။ ဆရာဝန်ဟာ ပုံရိပ်ပေါ်မူတည်ပြီး ကင်ဆာကို ကာမိအောင်၊ အခြားကျန်းမာတဲ့ ကိုယ်အင်္ဂါတွေကို မထိခိုက်အောင် ဓါတ်ရောင်ခြည်ပေးနိုင်ပါတယ်။ဓါတ်ရောင်ခြည်ကို ကိုယ်ခန္ဓါ အပြင်ဘက်က ပေးမယ်ဆိုရင် ဆရာဝန်ဟာ ဓါတ်ရောင်ခြည်စက်မှာ အသုံးပြုဖို့အတွက် စွဲမြဲတဲ့ မင်နဲ့ အရေပြားပေါ်မှာ အမှတ်မှတ်မှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အခေါက်တိုင်းမှာ ဓါတ်ရောင်ခြည်ဟာ တစ်နေရာတည်းကို ပေးနိုင်ပါတယ်။ ဒါကို ဆေးခြင်း၊ ပွတ်ခြင်း၊ အမှတ်တွေ အရောင်ဖျော့သွားရင် ကိုယ်တိုင် ပြန်ဆွဲခြင်းတွေ မပြုလုပ်သင့်ပါဘူး။ သင့်ဆရာဝန်ကိုသာ ပြန်လည်ဆွဲခိုင်းသင့်ပါတယ်။သင့်မှာ ရင်သားကင်ဆာ ရှိနေပြီဆို ဓါတ်ရောင်ခြည်ကုသမှု ခံယူရနိုင်ပါတယ်။ သင်ဟာ တက်တက်ကြွကြွရှိရင် ကုသမှုဟာ ပိုမို အောင်မြင်နိုင်ပါတယ်။ ဒါကြောင့် စိတ်ပူခြင်းတွေကို ရပ်လိုက်ပြီး သင့်ကုသမှုအတွက် ကြိုတင် ပြင်ဆင်သင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%8a%e1%80%ba%e1%80%80/
မိန်းမကိုယ်ခြောက်သွေ့ခြင်းရဲ့ တရားခံ
ကျန်းမာတဲ့ မိန်းမကိုယ်မှာ သဘာဝအရ စွတ်စိုမှု အနည်းငယ်တော့ ရှိနိုင်ပါတယ်။ ဒီလိုစွတ်စိုမှသာ မိန်းမကိုယ် ယားယံတာမျိုး မဖြစ်မှာပါ။ ဒါ့အပြင်ချောဆီအဖြစ်နဲ့ လိင်ဆက်ဆံနေစဉ် ပွန်းပဲ့ထိခိုက်ခြင်း မဖြစ်အောင်၊ သုက်ပိုးများကို မိန်းမကိုယ်တွင်း အချိန်ကြာမြင့်စွာ ရှင်သန်စေပြီး မျိုးအောင်စေဖို့လည်း ကူညီပေးပါတယ်။ ဒါကြောင့် မိန်းမကိုယ် ကျန်းမာရေးနဲ့ ပတ်သက်လာရင် မခြောက်လွန်း၊ မစိုလွန်းတဲ့ ပမာဏကို ထိန်းဖို့ လိုတယ်လို့ ပြောရခြင်း ဖြစ်ပါတယ်။မိန်းမကိုယ် ခြောက်သွေ့ခြင်းက မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီတော့ ကာကွယ်နိုင်စေဖို့အတွက် မိန်းမကိုယ်ခြောက်သွေ့ခြင်းရဲ့ တရားခံ တွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။မိန်းမကိုယ်ခြောက်သွေ့ခြင်းရဲ့ တရားခံ က ဘာဖြစ်မလဲ။ အမျိုးသမီးများတွင် အက်စထရိုဂျင် (Estrogen) လို့ ခေါ်တဲ့မဟော်မုန်းနည်းလာခြင်းဟာ မိန်းမကိုယ် ခြောက်သွေ့ခြင်း ဖြစ်စေတဲ့ အဓိက တရားခံလို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့်။မိန်းမကိုယ်ရဲ့ စိုထိုင်းမှုမျှခြေ ပျက်ယွင်းပြီး ခြောက်သွေ့လာတဲ့အခါ။အချိန်တော်တော် ကြာမြင့်သည်အထိ ပုံမှန်အတိုင်း စိုစွတ်မှု မရှိသေးဘူးဆိုရင်တော့ သားဖွားမီးယပ်အထူးကုဆရာဝန်နဲ့ သေချာပြသကြည့်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ လူနာရဲ့ ကျန်းမာရေး အခြေအနေ၊ နောက်ကြောင်း ရာဇဝင်၊ရာသီသွေးပုံမှန်ဆင်းခြင်း ရှိ၊ မရှိ၊ ဖြစ်နေတဲ့ ရောဂါလက္ခဏာတွေကို မေးမြန်းပြီးတဲ့အခါ သင့်တော်တဲ့ ကုသမှုခံယူဖို့ အကြံပေးပါလိမ့်မယ်။တခြားကုထုံးတွေ အနေနဲ့ ဟော်မုန်း ဆေးသောက်ခြင်း၊ ဆေးဆိုင်ကနေ ခြောက်သွေ့တဲ့ မိန်းမကိုယ်ကို ကုသဖို့ ချောဆီ၊ အစိုဓာတ်ထိန်း ခရင်မ်တွေကို လိမ်းပေးလို့ ရပါတယ်။ ရေချိုးတဲ့အခါမှာလည်း pH မျှခြေကို ထိန်းပေးဖို့ မိန်းမကိုယ် သန့်စင်ဆေးရည်ကို အသုံးပြုပြီး သေချာ ဆေးကြောပေးနိုင်ရင် ပျောက်ဖို့ ပိုလွယ်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/female-hormonal-imbalance/causes-of-vaginal-dryness/
Kratom (ဘိန်းစာပင်) ဟာ မူးယစ်ဆေးလား? ဆေးဝါးဓာတ်စာလား?
Kratom ကို မြန်မာလို ဘိန်းစာပင်လို့ ခေါ်ပါတယ်။ ထိုင်းဘာသာနဲ့တော့ ကာရ်တုန်မ် လို့ အသံထွက် ခေါ်ဆိုကြပါတယ်။ သိပ္ပံအခေါ်အဝေါ်အားဖြင့် Mitragyna Speciosa လို့ သတ်မှတ်ထားပြီး အပင်ကြီးမျိုးဖြစ်ကာ Rubiaceae ဆိုတဲ့ အပင်မျိုးရင်းကနေ ဆင်းသက်လာပါတယ်။နှော၊ မအူတို့လို မျိုးစိတ်မျိုးဖြစ်သလိုကော်ဖီပင်နဲ့လည်း မျိုးနွယ်အတူတူပါပဲ။ ဒီအပင်မျိုးဟာ အရှေ့တောင်အာရှမျိုးရင်း အပင်တစ်မျိုးဖြစ်ပြီးတော့ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ပါပူအာနယူးဂီနီနဲ့ မြန်မာပြည်တောင်ပိုင်းတွေမှာ ပေါက်ရောက်ပါတယ်။ အထူးသဖြင့် တနင်္သာရီဘက်က လူတွေဆို ပိုသိနိုင်ပါတယ်။မျိုးရင်းဒေသတွေမှာတော့ အဆိုပါ Kratomကိုတိုင်းရင်းဆေးတွေမှာ ထည့်သွင်းအသုံးချတာမျိုးက ရှေးယခင်ကတည်းက ရှိခဲ့ပါတယ်။ Kratom ရဲ့ အရွက်ကို စိတ်ငြိမ်ဆေးအဖြစ် အသုံးချကြတယ်လို့ မှတ်သားဖူးပါတယ်။ပြင်းထန်တဲ့ နာကျင်မှုတွေနဲ့ အစာခြေစနစ်နဲ့သက်ဆိုင်တဲ့ ဖျားနာဝေဒနာတွေကို ကုသနိုင်စွမ်းလည်းရှိပါတယ်။ ဒါပေမယ့်လည်း ဘိန်းစာပင်ဟာ ဘိန်း၊ ဆေးခြောက်တို့လိုပဲ စွဲလမ်းမူးယစ်စေတဲ့ အစွမ်းသတ္တိနဲ့ စိတ်ကြွစေနိုင်တဲ့ အစွမ်းသတ္တိ ၂ မျိုးစလုံးပိုင်ဆိုင်နေတာမို့ မတော်လောဘနဲ့ အသုံးချမှုတွေလည်းရှိပါတယ်။Kratomဟာ ကနေဒါ၊ အမေရိကန်နဲ့ သြစတြေးလျတို့လို တချို့နိုင်ငံတွေမှာ တရားဝင် အသုံးပြုလို့ရပြီးတော့ မလေးရှား၊ နယူးဇီလန်၊ မြန်မာနဲ့ အီးယူအဖွဲ့ဝင် တိုင်းပြည်တွေမှာမှာတော့ တရားမဝင်ပါဘူး။ထိုင်းနိုင်ငံကတော့ ပြီးခဲ့တဲ့ နယူးရီးယားမှာ (မာရီယာနာနဲ့) Kratom ကိုမူးယစ်ဆေးဝါးစာရင်းကနေ ပယ်ဖျက်ပေးလိုက်ပါတယ်။ UNODC (United Nations Office on Drugs and Crime) ကလည်း Kratom ကို မူးယစ်ဆေးဝါး စာရင်းကနေ ပယ်ဖျက်ထားပြီးဖြစ်တာမို့ ဒီပစ္စည်းကို မူးယစ်ဆေးလို့ အမည်တပ်ဖို့ ခက်ခဲလှပါတယ်။မြန်မာနိုင်ငံမှာတော့ ၂၀၀၅ ခုနှစ်ကတည်းက ဘိန်းစာပင် စိုက်ပျိုးထုတ်လုပ်ခြင်းနဲ့ အသုံးပြုခြင်းဟာ တရားမဝင်ကြောင်း အတိတလင်းထုတ်ပြန် ကြေညာထားပါတယ်။Kratom ရဲ့ အဓိက အစွမ်းသတ္တိကစိတ်ကြွစေတာဖြစ်ပါတယ်။ ရှေးအခါကတည်းက လူတွေဟာ ခွန်အားနည်းနေချိန်တွေ၊ စိတ်အားတက်ကြွမှုမရှိချိန်တွေနဲ့ အဖော်မဲ့နေချိန်တွေမှာ Kratomကို သုံးကြလေ့ရှိပါတယ်။Kratom ကို သုံးခြင်းအားဖြင့် ကနဦးပိုင်းမှာ စိတ်ငြိမ်တာ၊ နောက် ရွှင်လန်းဝမ်းမြောက်စေတာနဲ့ အဆုံးသတ်မှာ ထုံထိုင်းစေတာမျိုးတွေ အဆင့်ဆင့်ခံစားရနိုင်ပါတယ်။ Kratomမှာ အဓိက ပါဝင်တဲ့ ဒြပ်ပေါင်း ၂ မျိုးက Alkaloids Mitragynine နဲ့ 7-Hydroxymitragynine တို့ပါ။Alkaloids မှာ Analgesic လို့ ခေါ်တဲ့ နာကျင်မှုကို သက်သာစေတဲ့ ဓာတ်ပါဝင်တဲ့အပြင် ကြွက်သားတွေကို လန်းဆန်းစေတာနဲ့ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အကျိုးကျေးဇူးတွေလည်း ရနိုင်ပါတယ်။ဒါကြောင့်လည်း ကြွက်သားရောင်ရမ်းနာဖြစ်ပွားချိန်တွေမှာ Kratomကို အဓိက အသုံးပြုကြတာဖြစ်ပါတယ်။ လိင်မှုကိစ္စရပ်တွေမှာ ကောင်းမွန်စေတယ်လို့လည်း ယုံကြည်မှုရှိကြသလိုချောင်းဆိုး၊ ဝမ်းလျောရောဂါ၊ အူလမ်းကြောင်း ရောဂါတွေ ကုသရာမှာလည်း အသုံးပြုကြပါသေးတယ်။Kratomအရွက်ဟာ အစိမ်းရင့်ရောင် အရွက်တစ်မျိုးဖြစ်ပြီးတော့မာလကာရွက်နဲ့ ခပ်ဆင်ဆင်တူပါတယ်။ အဆိုပါ အရွက်ကို အခြောက်ခံ၊ ထောင်းပြီး အသုံးပြုကြတာများပြီးတော့ ဆေးခဲ၊ ဆေးတောင့်ပုံစံတွေလည်း ထုတ်လုပ်ကြပါတယ်။ အမေရိကမှာတော့ လက်ဖက်ခြောက်လို ရေနွေးထဲ ခတ်သောက်တာမျိုးလည်း သုံးကြပါတယ်။ထိုင်းနဲ့ မလေးရှားမှာတော့ Kratomဟာ အလုပ်ကြမ်းသမားတွေ အကြားမှာ ရေပန်းစားပါတယ်။ အပင်ပန်းခံနိုင်တယ်ဆိုတဲ့ ယုံကြည်မှုနဲ့ အရွက်ကိုဝါးစားကြပါတယ်။ကုန်ခမ်းသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းနိုင်ပြီးတော့ အလုပ်ပိုလုပ်လာနိုင်တာမျိုး၊ အလုပ်ကြမ်းဒါဏ်ကြောင့်ဖြစ်တဲ့ ကြွက်သားများနာကျင်မှုတွေကို လျော့ပါးစေတာမျိုး အကျိုးသက်ရောက်မှုတွေ ရပါတယ်။တချို့နေရာတွေမှာတော့ဆေးဖြတ်လိုက်တဲ့အချိန်တွေမှာဖြစ်ပေါ်လာတဲ့ ဝေဒနာတွေကို လျော့ချဖို့ ဒီအရွက်နဲ့ အစားထိုးအဖြစ် ကျွေးကြလေ့ရှိပါတယ်။အဓိက အကျိုးသက်ရောက်မှုကတော့ တက်ကြွလန်းဆန်းစေတာဖြစ်ပါတယ်။ EMCDDA (European Monitoring Centre for Drugs and Drug Addiction) ရဲ့ အစီရင်ခံစာတစ်ခုအရ Kratomဂရမ် အနည်းငယ် အသုံးပြုမယ်ဆိုရင်တောင်မှ အဆိုပါသက်ရောက်မှုကို ခံစားရမှာဖြစ်ပြီးတော့ ၁၀ မိနစ်အတွင်း အစွမ်းပြတယ်လို့ဆိုပါတယ်။အစွမ်းသတ္တိဟာလည်း ၁ နာရီ ခွဲဝန်းကျင်အထိ ကြာမြင့်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် နိုးကြားနေတာ၊ ဖော်ရွေတာ၊ မူးဝေတာ၊ ယိမ်းထိုးနေတာ၊ အာရုံစူးစိုက်နိုင်တာစတဲ့ အကျိုးသက်ရောက်မှုတွေလည်း ရနိုင်ပါတယ်။၁၀ ဂရမ်နဲ့ ၂၅ ဂရမ်ကြားပမာဏလောက်ကို အသုံးပြုမယ်ဆိုရင် အလွန်ကောင်း (High) တဲ့အခြေအနေတစ်ရပ်ကို ရောက်သွားမှာဖြစ်ပြီးတော့ ၆ နာရီလောက်အထိ အစွမ်းပြနိုင်တယ်လို့ ဆိုထားပါတယ်။တစ်ဖက်မှာလည်း စွဲလမ်းမူးယစ်စေတဲ့အရာတွေရဲ့ ထုံးစံအတိုင်း အလွန်အကျွံ သုံးစွဲမိလာတာနဲ့အမျှ ဘေးထွက်ဆိုးကျိုးတွေ ကြုံလာရမှာဖြစ်ပါတယ်။ မအီမသာဖြစ်တာ၊ အော့အန်တာ၊ အစာစားချင်စိတ်ပျောက်တာ၊ ကိုယ်အလေးချိန် အလွန်အမင်းကျဆင်းတာ၊ ဝမ်းချုပ်တာတွေ ကြုံလာရနိုင်ပါတယ်။အရမ်းဆိုးရွားလာမယ်ဆိုရင်တော့အသက်ရှူရခက်ခဲတဲ့ ဝေဒနာကို ခံစားလာရမှာဖြစ်ပြီးတော့၊ လေဖြတ်တာ၊ မသုံးရမနေနိုင်အောင် စွဲလမ်းတာနဲ့ စိတ်ဝေဒနာတွေကိုပါ ခံစားရနိုင်ပါတယ်။နှလုံးခုန်နှုန်း အလွန်အမင်းမြန်ဆန်လာတာ၊ သွေးဖိအားတိုးလာတွေလည်းဖြစ်နိုင်ပြီးတော့ အိပ်မပျော်တာနဲ့ အသည်းအဆိပ်သင့်တာတွေလည်း ဖြစ်နိုင်ပါသေးတယ်။ အဆိုးဆုံးအခြေအနေကတော့ အခန့်အသင့်ရင် အသက်ပါ ဆုံးပါးနိုင်တဲ့ ဘေးအန္တရာယ်မျိုးရှိနေတာဖြစ်ပါတယ်။လက်ရှိအချိန်အထိ Kratomနဲ့ ပတ်သက်ပြီး အသေးစိတ်ကျကျလေ့လာချက်တွေ မရှိသေးပါဘူး။ ဆေးဝါးအတွက် အသုံးပြုဖို့လည်း တရားဝင်ထောက်ခံချက်တွေ မရှိသေးပါဘူး။လက်ရှိအချိန်အထိ Kratomကို ဆေးဝါးကုသရာမှာ အသုံးပြုမှုတွေကလည်း ဒေသအလိုက် ရိုးရာတိုင်းရင်းဆေးဝါးတွေမှာ အသုံးပြုကြတာများပါတယ်။ သိပ္ပံနည်းကျ ဆေးဝါးထုတ်လုပ်ဖို့အတွက်ကတော့ ဆိုင်ရာပညာရှင်တွေအကြားထဲ အငြင်းပွားနေဆဲဖြစ်ပါတယ်။Kratomမှာပါဝင်တဲ့ Alkaloids ပမာဏဟာ ဘိန်းနဲ့ Hallucinogenic Mushrooms တွေနဲ့ မတိမ်းမယိမ်းပမာဏမျိုးဖြစ်တာမို့ တစ်ချို့က မူးယစ်ဆေးအဖြစ် သတ်မှတ်လိုနေကြတာ ဖြစ်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/kratom/
Baker's Cyst (ဘေကာအရည်အိတ်)
ဘေကာအရည်အိတ်ဆိုတာ ဒူးခေါင်းနောက်ဖက်မှာ ဖောင်းလာပြီး တင်းမာမှုကို ဖြစ်စေတဲ့ အရည်အိတ်ပဲ ဖြစ်ပါတယ်။ ဒူးအပြည့်အ၀ ကွေးချိန် ဆန့်ချိန်မှာ၊ လှုပ်ရှားချိန်မှာ နာကျင်မှုဟာ ပိုဆိုးတတ်ပါတယ်။ဘေကာအရည်အိတ်ကို ဒူးခေါက်ခွက်အိတ်လို့လည်း ခေါ်ပါတယ်။ အဆစ်ရောင်ခြင်း၊ အရိုးနုစုတ်ပြဲခြင်း တို့ကြောင့် ဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီအခြေအနေ၂မျိုးစလုံးဟာ ဒူးဆစ်ကနေ အရည်တွေကို ထုတ်လုပ်စေပြီး ဘေကာအရည်အိတ်ကို ဖြစ်စေပါတယ်။ဘေကာအရည်အိတ်ဟာ ရောင်ရမ်းပြီး မသက်မသာ ဖြစ်စေပေမယ့် နောက်ခံအကြောင်းအရင်းတွေကို ကုရင် သက်သာသွားနိုင်ပါတယ်။အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။တခါတရံမှာ နာကျင်မှုကို ခံစားရပေမယ့် သတိမထားမိဘဲလည်း ဖြစ်တတ်ပါတယ်။ အောက်ပါလက္ခဏာတွေ တွေ့နိုင်ပါတယ်။လှုပ်ရှားပြီးချိန်မှာ၊ အချိန်ကြာကြာရပ်ပြီးချိန်မှာ လက္ခဏာတွေဟာ ဆိုးလာတတ်ပါတယ်။အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။အောက်ပါအခြေအနေတွေမှာ ဆရာဝန်ပြသင့်ပါတယ်။အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။အဆစ်တွေထဲမှာ ချောဆီအရည်တမျိုးရှိပြီး ခြေထောက်ကို သက်သာစွာ လွှဲနိုင်အောင်၊ ဒူးဆစ်ရဲ့ အစိတ်အပိုင်းတွေ ပွတ်တိုက်မှုနည်းအောင် အထောက်အကူပြုပါတယ်။ဒါပေမယ့် တခါတရံမှာ ချောဆီအရည်တွေ အရမ်းများပြီး ဒူးခေါက်ကွေးထဲမှာ စုပုံလာပြီး အရည်အိတ်ကို ဖြစ်ပေါ်စေပါတယ်။ အောက်ပါအခြေအနေတွေကြောင့် ဖြစ်ပေါ်စေပါတယ်။အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေကတဆင့် သိနိုင်ပါတယ်။ ဒါပေမယ့် သွေးခဲခြင်း၊ သွေးကြောဖောင်းခြင်း၊ အကျိတ်ဖြစ်ခြင်း စတဲ့ပြသနာတွေနဲ့ ဆင်တူနေတဲ့အတွက် အောက်ပါစမ်းသပ်ချက်တွေ ပြုလုပ်ပါလိမ့်မယ်။ရောဂါလက္ခဏာ အများစုဟာ ဆင်တူတတ်ကြပါတယ်။ တိကျတဲ့ ရောဂါအမည်တပ်နိုင်ဖို့ တခြား စမ်းသပ်မှုတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။တခါတရံမှာ သူ့ဖာသာ ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် အရည်အိတ်ဟာ ကြီးမားပြီး နာကျင်နေရင် အောက်ပါနည်းလမ်းတွေ အသုံးပြုတတ်ပါတယ်။ဖြစ်နိုင်ရင် ဆရာဝန်ဟာ အရည်အိတ်ဖြစ်စေရတဲ့ နောက်ခံအကြောင်းအရင်းကို ကုသပါလိမ့်မယ်။ အရိုးနုစုတ်ပြဲလို့ အရည်တွေစုလာတယ်လို့ သံသယရှိရင် ပြဲနေတဲ့အရိုးနုကို ခွဲစိတ်ပြုပြင်ပါလိမ့်မယ်။အရိုးအဆစ်ရောင်ရမ်းခြင်းနဲ့ ပတ်သက်နေတဲ့ ဘေကာအရည်အိတ်ဟာ အဆစ်ရောင်ခြင်းကို ကုသတာနဲ့ တပြိုင်နက် ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။ ခွဲစိတ်ဖို့ မလိုသလောက်ပါပဲ။ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ဘေကာအရည်အိတ်အတွက် အထောက်အကူ ပြုသလဲ။အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/bakers-cyst-%e1%80%98%e1%80%b1%e1%80%80%e1%80%ac%e1%80%a1%e1%80%9b%e1%80%8a%e1%80%ba%e1%80%a1%e1%80%ad%e1%80%90%e1%80%ba/
မိဘများအနေဖြင့် အရှက်အကြောက်ကြီးသော ကလေးများကို အုပ်ထိန်းရန် နည်းလမ်းကောင်းများ
အများအားဖြင့် အရှက်အကြောက်ကြီးသော ကလေးများသည် ကျောင်းတွင် ပြသနာဖြစ်လေ့မရှိပါ။ သူတို့သည် အများအားဖြင့် ကောင်းမွန်စွာ ပြုမူနေထိုင်တတ်ကြသည်။ ထို့ကြောင့် အရှက်အကြောက်ကြီးခြင်းသည် သင့်ကလေးအဆင်ပြေနေသ၍ ပြသနာတရပ်မဟုတ်ပါ။သို့သော် သင့်ကလေးသည်။· ကျောင်းသွားရန် ဝန်လေးလာခြင်း။· သူငယ်ချင်းများမဖွဲ့နိုင်ခြင်း။· မွေးနေ့ပွဲများကဲ့သို့ လူမှုရေးပွဲများကိုသွားရန် ကြောက်ရွံ့လာခြင်း။· သူတို့ကိုယ်သူတို့ စိုးရိမ်တကြီးဖြစ်လာခြင်း။စသည်တို့ကို ကြုံတွေ့လာရပြီ ဆိုလျှင် သင့်ကလေးကို သင့်ဘက်မှ ကူညီထောက်ပံ့မှုများ ပေးရန်လိုအပ်ပါသည်။အများအားဖြင့် အရှက်အကြောက်ကြီးသော ကလေးများသည် သူတပါးအတွက်စဉ်းစားပေးခြင်း၊ မိမိကိုယ်ကို အားကိုးခြင်း နှင့် ကိုယ်ချင်းစာစိတ်ရှိခြင်း စသည့်စိတ်ဓါတ်များရှိတတ်ကြသည်။ သို့သော် လူအများစုက ထိုကလေးများကို လူမှုရေးခေါင်းပါးသော ကလေးများဟုထင်နေတတ်ကြသည်။အမှန်မှာ လူအများနှင့် မည်သို့ လိုက်လျောညီထွေအောင်ပေါင်းရမလဲ မသိခြင်း နှင့် ပေါင်းသင်းဆက်ဆံရေးတွင် နည်းလမ်းများ မှားယွင်းနေခြင်းတို့ကြောင့်ဖြစ်ပါသည်။ သူတို့အတွက် ပတ်ဝန်းကျင်တခုနှင့် နေသားကျသွားရန် အချိန်လိုအပ်ပါသည်။ သူတို့ကို အချိန်ပေးပြီး ထိုပတ်ဝန်းကျင်ထဲတွင် သက်တောင့်သက်သာဖြစ်သွားမည့် အနေအထားတခုရောက်သည်အထိ ထောက်ပံ့မှုများပေးလိုက်ပါ။အရှက်အကြောက်ကြီးခြင်းသည် လူအများတွင်ဖြစ်တတ်ပါသည်။ ၂၀% မှ ၄၈% သော လူများသည် ရှက်တတ်ကြသည်။ သူတို့ဘဝတွင် တွေ့ကြုံလာရသော အနှုတ်သဘောဆောင်သည် အတွေ့အကြုံများက သူတို့ကို ရှက်တတ်သွားစေခြင်းဖြစ်ပြီး အချို့ကမူ ထိုအတွေ့အကြုံများကို မွေးကတည်းကပင် ခံစားရတတ်ကြသည်။ သင့်ကလေးသည် အပြင်လောကသို့ရောက်ပြီးမှ ရုတ်တရက်အရှက်အကြောက်ကြီးသွားခဲ့ပါက သူ့တွင်ကြုံတွေ့နေရသော ဆိုးရွားသည့် အတွေ့အကြုံများကို မိဘများအနေဖြင့် ကူညီအဖြေရှာသင့်ပါသည်။သင့်ကလေးကို လူသစ်ပတ်ဝန်းကျင်သစ်များကို ချဉ်းကပ်ရန်နည်းလမ်းများကို သင်ပေးခြင်း၊ သူတို့ပြောနေသော စကားဝိုင်းများတွင် ပါဝင်မည့်နည်းလမ်းများကို သင်ပေးခြင်း၊ သူတို့ ပြောနေသောစကားများကို နားထောင်ပြီး “အိုး ဒါမျိုးကို ကျွန်တော်လည်းကြိုက်တယ်” စသဖြင့် ပြောခြင်းဖြင့် လူစိမ်းတဦးနှင့် ရင်းနှီးမှုရရှိရန်အစပျိုးလိုက်ပါ။သင့်ကလေးသည် ကိုယ်ချင်းစာစိတ်ရှိကြောင်း တခြားကလေးများကို ပြသနိုင်အောင်ပြုလုပ်ခြင်း၊ သူ့ရှက်စိတ်များကို မည်သို့ကျော်လွှားနိုင်ရန် နည်းလမ်းများကို သင်ပေးခြင်းတို့ကို ပြုလုပ်ပေးခြင်းဖြင့် သင့်ကလေးကို ကူညီပေးနိုင်ပါသည်။ကလေးများသည် သူတို့၏ မိဘများကို အတုခိုးတတ်ကြပါသည်။ ထို့ကြောင့် သင်ကိုယ်တိုင်၏ အနေအထိုင်များသည် သင့်ကလေးအတါက် သင်ယူစရာများဖြစ်နေပါသည်။ သင်သည် အပြင်မှာ အပေါင်းအသင်းများနှင့်တွေ့လျှင် ရင်းနှီးပျူဌာစွာ ဆက်ဆံခြင်း၊ လူမှုရေးအသိစိတ်ရှိခြင်းကို သင့်ကလေးအားတွေ့မြင်စေခြင်းဖြင့် သင့်ကလေးအား လူမှုဆက်ဆံရေး ပြေပြစ်သူတဦး ဖြစ်လာစေပါသည်။ထပ်ခါတလဲလဲလေ့ကျင်ခြင်းသည် သင့်ကို ပြီးပြည့်စုံလာစေပါသည်။ ထို့ကြောင့် သင့်ကလေးကို လူမှုဆက်ဆံရေး ပြေပြစ်သူတဦး ဖြစ်လာစေရန် အောက်ပါနည်းများဖြင့် လေ့ကျင့်ပေးသင့်ပါသည်။· အိမ်တွင် ဖုန်းလာလျှင် ဖုန်းထူးစေခြင်း။· အပြင်ထွက်စားလျှင် ဟင်းပွဲများကို မှာယူစေခြင်း။· ဈေးဝယ်ထွက်လျှင် ငွေရှင်းကောင်တာတွင် ပိုက်ဆံရှင်းစေခြင်း။· သူငယ်ချင်းများကို အခေါ်အပြောပြုစေခြင်း။· “ကျေးဇူးပြု၍” “ ကျေးဇူးတင်ပါတယ်” စသည့်အသုံးအနှုန်းများကို မိမိနှင့် မရင်းနှီးသောသူများနှင့် ပြောရာတွင်လည်း သုံးနှုန်းတတ်အောင်သင်ပေးခြင်း။(သို့သော် ထိုသူများကို မိဘများအနေဖြင့် သိကျွမ်းသူဖြစ်သင့်သည်။ မသိကျွမ်းသော သူစိမ်းများအားသင့်ကလေးအနားကို ချဉ်းကပ်ခြင်းမပြုနိုင်ရန် ဂရုစိုက်ရပါမည်။)။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%99%e1%80%ad%e1%80%98%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%a1%e1%80%94%e1%80%b1%e1%80%96%e1%80%bc%e1%80%84%e1%80%b7%e1%80%ba-%e1%80%a1%e1%80%9b%e1%80%be%e1%80%80%e1%80%ba%e1%80%a1%e1%80%b1/
အမျိုးသမီးတစ်ယောက် ဖြစ်နေခြင်းကြောင့် ရောဂါပိုခံစားရနိုင်သလား
လူရယ်လို့ဖြစ်တာနဲ့ ရောဂါတွေဖြစ်ပွားနိုင်ပါတယ်။အမျိုးသားတွေမှာလည်း ဖြစ်ပွားနိုင်သလို အမျိုးသမီးတွေဟာလည်း ရောဂါဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အချို့ အချို့သော ရောဂါတွေဟာ အမျိုသားတွေထက် အမျိုးသမီးတွေမှာ ပိုမိုဖြစ်ပွားကြောင်း တွေ့ရှိရပါတယ်။ ဥပမာရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ ပိုပြီးတော့ သိသိသာသာ ဖြစ်ပွားကြတာကို သတိထားမိမှာပါ။ ဒါ့အပြင် ရောဂါဖြစ်ပွားနှုန်း တူညီသည့်တိုင်အောင် အချို့သော ရောဂါတွေဟာ ဖြစ်ပွားခဲ့ပါက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအထိနာတတ်ကြပါတယ်။နှလုံးရောဂါ။အမေရိကန်ပြည်ထောင်စုမှာ နှလုံးရောဂါဟာ အမျိုးသမီးများ သေဆုံးရခြင်း ရဲ့ အဓိကအကြောင်းအရင်းတွေထဲကတစ်ခု ဖြစ်လို့နေပါတယ်။ အမျိုသားတွေဟာလည်း နှလုံး ရောဂါကြောင့် သေဆုံးကြပေမဲ့ အမျိုးသမီးရာခိုင်နှုန်းဟာ ပိုမိုများပြားလျက်ရှိကြောင်း တွေ့နေ ရပါတယ်။ ဒါဟာ အမျိုးသမီးတွေအနေနဲ့ အရေးပေါ်ကုသမှုကို သွားရောက်ခံယူတဲ့နေရာမှာ နှောင့်နှေး ကြန့်ကြာနေကြလို့ပါ။စိတ်ကျန်းမာရေးပြဿနာ။အမျိုးသားတွေနဲ့ယှဉ်ပါက အမျိုးသမီးတွေဟာ စိတ်ကျ ရောဂါနဲ့ စိတ်ဂနာမငြိမ်ခြင်းတွေကို ပိုမိုခံစားနေကြရပါတယ်။ စိတ်ကျရောဂါ (Depression)ဟာ အမျိုးသမီးတွေမှာ ပိုဖြစ်ပွားနေရကြောင်း ကမ္ဘာနဲ့တစ်ဝန်းကို လေ့လာကြည့်ရှုခြင်းဖြင့် သိရှိနိုင်ပါတယ်။အရိုးအဆစ်ရောင်ရမ်းနာရောဂါ။အရိုးအဆစ်များနာကျင်ကိုက်ခဲခြင်း၊ တောင့်တင်းခြင်း၊ ရောင်ရမ်းဖောရောင်ခြင်းစတဲ့ ရောဂါလက္ခဏာတွေ ခံစားရမှာပါ။ ဒါဟာလည်း အမျိုးသမီးတွေမှာ ပိုအဖြစ်များတဲ့ အခြေအနေ တစ်ခုဖြစ်ကြောင်း ရိပ်စားမိမှာပါ။လိင်မှတဆင့်ကူးစက်သောရောဂါများ(STDS/STIS)။လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးမွှားတွေဟာ အမျိုးသားတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဖြစ်ပွားတဲ့အခါ အမျိုးသမီးတွေမှာ ပိုပြီး သက်ရောက်မှုများပါတယ်။ လိင်အင်္ဂါမှ တစ်ဆင့် ကူးစက်တဲ့အခါ မိန်းမကိုယ်မှာ မှိုရောဂါ ခံစားရခြင်းမှ အစပြုကာ ဆိုးရွားတဲ့ အခြေအနေ မျိုးမှာဆိုရင် မြုံသွားခြင်း (သန္ဓေမအောင်၍ ကလေးမရနိုင်တော့သည်) အထိ ဖြစ်ပွားနိုင်ပါတယ်။စိတ်ဖိစီးမှုပိုများခြင်း။အမေရိကန်နိုင်ငံရဲ့ လေ့လာချက်တွေအရ အမျိုးသမီးတွေမှာ စိတ်ဖိစီးမှု ပိုအဖြစ်များတယ်လို့ ဆိုထားပြန်ပါတယ်။ စိတ်ဖိစီးမှုရဲ့ နောက်ဆက်တွဲအနေနဲ့ ကိုယ်ဝန် ဆောင်ချိန်မှာ အခက်အခဲဖြစ်လာနိုင်တယ်။ ဒီထက်ဆိုးရွားရင် ကိုယ်ဝန်မဆောင်နိုင်တော့ဘူးလို့တောင် ဆိုထားပါတယ်။လေဖြတ်ခြင်း။တစ်နှစ်တစ်နှစ် လေဖြတ်ခြင်းကို ခံစားရသူဟာ အမျိုသမီးတွေများပါတယ်။ လေဖြတ်နိုင်တဲ့ အကြောင်းအရင်းတွေကတော့။ဒါကတော့ အမျိုးသားနဲ့ အမျိုးသမီး တူတူပါပဲ။အောက်ဖော်ပြပါ အချက်တွေကတော့ အမျိုးသမီးတွေမှာပဲ ရှိနိုင်တဲ့ လေဖြတ်ရခြင်း သီးသန့်အခြေအနေတွေပါ။ဒီအချက်တွေအရ အမျိုးသမီးတွေမှာ လေဖြတ်ခြင်းဖြစ်ရတဲ့ အကြောင်းအရင်းတွေ သိသိသာသာပိုများနေမှန်း သိနိုင်ပါတယ်။ဆီးလမ်းကြောင်းပြဿနာ။အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းဟာ အမျိုးသားတွေထက်ပိုတိုပါတယ်။ ဒါကြောင့် ပိုးဝင်ဖို့ အလားအလာ ပိုများပါတယ်။ ဆီးပူ၊ ဆီးကျင်ခြင်းနဲ့ မကြာခဏဆီးသွားခြင်းတွေဟာ ဆီးလမ်းကြောင်း ပိုးဝင်ရင် ဖြစ်လာမယ့် လက္ခဏာတွေပါ။ ဆီးမထိန်းနိုင်ခြင်း ပြဿနာဟာလည်း အမျိုးသမီးတွေဟာ အမျိုးသားတွေထက် (၂)ဆ ပိုမိုဖြစ်ပေါ်နိုင်ပါသတဲ့။အရက်သောက်ခြင်းရဲ့ဆိုးကျိုးများ။အမျိုးသားတွေဟာ အရက်ကို ပိုမိုစွဲလမ်းတတ်ကြတာ အသိသာကြီးပါ။ အရက်သောက်သုံးသူတွေကို ကြည့်လိုက်ပါက အမျိုးသားတွေဟာ ပိုမိုများပြား ပါတယ်။ သို့သော် အရက်သောက်သုံးသူ အမျိုးသမီးတွေလည်း ရှိပါတယ်။ အမျိုးသမီးများဟာ အရက်ရဲ့ နောက်ဆက်တွဲဆိုးကျိုးကို အမျိုးသားတွေထက် ပိုခံရပါတယ်။ အရက်သောက်ခြင်းကြောင့် ရင်သားကင်ဆာ၊ နှလုံးရောဂါ၊ ကိုယ်ဝန်ဆောင်အရက်သောက်ပါက မွေးလာတဲ့ကလေးမှာ ဦးနှောက်ဉာဏ်ရည် မဖွံ့ဖြိုးမှုနဲ့ သင်ကြားမှုနှေးကွေးခြင်း၊ ခက်ခဲမှုရှိခြင်းတွေ ခံစားရတတ်ပါတယ်။ဒါဟာ အမျိုးသမီးတစ်ယောက် ဖြစ်ရခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးတွေကို ပြောပြထားခြင်းဖြစ်ပါတယ်။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%90%e1%80%85%e1%80%ba%e1%80%9a%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%96%e1%80%bc%e1%80%85%e1%80%ba/
ကိုယ်ဝန်ဆောင် နဲ့ ရင်သားကင်ဆာ စစ်ဆေးမှုနည်းလမ်းများ
သင်ကိုယ်ဝန်ရှိတဲ့ အခါမှာ ရင်သားပြောင်းလဲမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ရင်သားဟာ နှစ်ဆလောက်ကြီးလာပြီး မာလာကာ လေးလံလာနိုင်ပါတယ်။ ဒီပြောင်းလဲမှုတွေဟာ ရင်သားကင်ဆာကို တွေ့ရှိဖို့ ခက်ခဲစေပါတယ်။ သင့်ကလေးကို ထိခိုက်မှာ စိုးတာကြောင့် စစ်ဆေးမှုတွေ မပြုလုပ်ခြင်းဟာလည်း ရောဂါစောစော တွေ့ရှိမှုကိုလည်း ကန့်သတ်ထားပါတယ်။ရင်သားမှာ ရှိတဲ့ အကျိတ်အများစုဟာ ကင်ဆာ မဟုတ်ပေမယ့်လည်း ကိုယ်ဝန်ရှိစဉ်မှာ ဖြစ်လာတဲ့ ရင်သားကင်ဆာကတော့ အကျိတ်အနေနဲ့ ဖြစ်ပေါ်ပါတယ်။ သင့်ဆရာဝန်ကို သင့်ရဲ့ သံသယ ဖြစ်ဖွယ်အကျိတ်အကြောင်းကိုပြောပြသင့်ပါတယ်။ ဆရာဝန်ဟာ သေချာနားထောင်ပြီး ရင်သားကင်ဆာ ဟုတ်မဟုတ် စစ်ဆေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။သင်ကလေးမွေးပြီး (သို့) ကလေးနို့တိုက်တာ ရပ်တဲ့အထိ မစောင့်သင့်ပါဘူး။ စောစီးစွာတွေ့ရှိခြင်းဟာ ရင်သားကင်ဆာကို ပိုမို ထိရောက်စွာ ကုသဖို့ အခွင့်အလမ်း ပိုပေးနိုင်ပါတယ်။ ကလေးကို မထိခိုက်စေမယ့် ကုသနည်းတွေကို ဆရာဝန်က စီစဉ်ပေးမှာကြောင့် စိတ်မပူသင့်ပါဘူး။Mammogram မှာ X-rays အနည်းငယ်ကို ရင်သားအတွင်းပိုင်းရဲ့ ပုံရိပ်ကို သိရှိနိုင်ဖို့ အသုံးပြုပါတယ်။ ဒီ rays တွေဟာ သင့်ရင်သားပေါ်ကိုသာ ရိုက်တာ ဖြစ်ပါတယ်။ အတော်များများဟာ ကိုယ်ခန္ဓာရဲ့ အခြားအစိတ်အပိုင်းတွေကို မရောက်ရှိတာကြောင့် mammogram ဟာ ကိုယ်ဝန်ဆောင် မိခင်တွေ အတွက် စိတ်ချရပါတယ်။ သင့်ရင်သားမှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို တွေ့ရတယ်ဆိုရင် mammogram ရိုက်ခိုင်းနိုင်ပါတယ်။• ရင်သားအကျိတ်။• နို့သီးခေါင်းက သွေးထွက်ခြင်း (သို့) ပုံမှန် မဟုတ်တဲ့ အရည်ထွက်ခြင်း။• ရင်သားတွေပေါ်က အရေပြား ပြောင်းလဲခြင်း။• အခြားပုံမှန် မဟုတ်တဲ့ လက္ခဏာများ။ဘာလက္ခဏာမှာ မရှိရင် သင့်ကို mammogram ရိုက်ခိုင်းမှာ မဟုတ်ပါဘူး။Breast Ultrasound မှာတော့ အထူးပြုလုပ်ထားတဲ့ waves တွေကို အသုံးပြုပြီး ဆရာဝန်ဟာ ရင်သားအတွင်းပိုင်းကို ကြည့်ရှုတာ ဖြစ်ပါတယ်။ Breast Ultrasound ကို mammogram မတိုင်ခင် အသုံးပြုပါတယ်။Breast Ultrasound ဟာ အကျိတ်ဟာ အခဲ (သို့) အရည်ပြည့်နေလားဆိုတာကို ဆရာဝန်ကို ပြောပြနိုင်ပါတယ်။ ဒါပေမယ့် ကင်ဆာ အကျိတ်ဟုတ်လား မဟုတ်လားဆိုတာတော့ ပြောနိုင်ခြင်း မရှိပါဘူး။သင့်ရင်သားဟာ ခဲနေပြီး mammogram က ရင်သားအတွင်းပိုင်းကို သေချာ မမြင်ရဘူးဆိုရင် Breast Ultrasound ရိုက်ခိုင်းမှာ ဖြစ်ပါတယ်။ ဒီ စစ်ဆေးမှုဟာ သင့်ကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ Breast Ultrasound ရိုက်ပြီးသွားရင် စား၊ သောက်ပြီး အိမ်ပြန်နိုင်ပါတယ်။သင့်ရင်သားမှာ ပုံမှန်မဟုတ်တဲ့ နေရာတွေ ရှိပြီး အဲဒီနေရာတွေကို mammogram နဲ့ Breast Ultrasound မှာ မြင်ရတယ်ဆိုရင် အသားစ ယူဖို့ ညွှန်ကြားနိုင်ပါတယ်။ ဆရာဝန်ဟာ ရင်သားတစ်ရှူးတွေကို အသားစယူပြီး မှန်ပြောင်းအောက်မှာ ကြည့်မှာ ဖြစ်ပါတယ်။ သူတို့ဟာ vacuum assisted probe (vacuum assisted biopsy), a small cutter device (punch biopsy), or a needle (needle biopsy) တွေကို အသုံးပြုနိုင်ပါတယ်။အသားစ ယူခြင်းကို ပြင်ပလူနာဌာနမှာပဲ ပြုလုပ်နိုင်ပါတယ်။ ပြီးသွားရင် အင်္ကျီလဲပြီး အိမ်ပြန်နိုင်ပါတယ်။ ဆရာဝန်က ထုတ်ယူမယ့်နေရာကို ထုံဆေးပေးနိုင်ပါတယ်။ ဒီထုံဆေးဟာလည်း ကလေးအတွက် စိတ်ချရပါတယ်။Needle biopsy ဟာ သင့်ကလေးကို နို့တိုက်နေရင် စိတ်ချရပါတယ်။ Punch biopsy ဟာ ရောဂါပိုး ဝင်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်။ မိခင် နို့ရည်ဟာ ရောဂါဖြစ်တဲ့နေရာကို ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး နည်းလမ်းရွေးချယ်သင့်ပါတယ်။ရင်သားအကျိတ်ဟာ ကင်ဆာနဲ့တူရင် MRI နဲ့ စစ်ဆေးနိုင်ပါတယ်။ MRI ကို ကိုယ်ဝန်ရှိချိန်မှာ အသုံးပြုတာ ပြဿနာမရှိဘူးလို့ လေ့လာမှု အတော်များများက ပြောထားပေမယ့် စစ်ဆေးမှုရဲ့ လုံခြုံစိတ်ချမှုကိုတော့ အတည်ပြုထားခြင်း မရှိပါဘူး။ ဒါကြောင့် MRI ရိုက်မယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။အထက်ဖော်ပြပါ နည်းလမ်းတွေဟာ ကိုယ်ဝန်ရှိစဉ်မှာ ရင်သားကင်ဆာ ဖြစ်ခြင်းကို သိရှိဖို့အတွက် ကူညီပေးနိုင်တဲ့ ထိရောက်ပြီး လုံခြုံစိတ်ချရတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ကလေးအတွက်လည်း လုံခြုံမှု ရှိပါတယ်။ ဒါကြောင့် ရင်သားထဲမှာ ပုံမှန် မဟုတ်တဲ့ ပြောင်းလဲမှုတွေကို တွေ့ရှိရင် သွားရောက်စစ်ဆေးသင့်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba-%e1%80%94%e1%80%b2%e1%80%b7-%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8/
အကောင်းဆုံးလေ့ကျင့်ခန်းဆိုတာဘာလဲ
အကောင်းဆုံးလေ့ကျင့်ခန်း ဆိုတာ။ကျန်းမာကြံ့ခိုင်ဖို့ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာက ဒီခေတ်မှာ တော်တော်မလုပ်ကြတော့ပါဘူး။ အနောက်နိုင်ငံတွေမှာဆိုရင် ၇၀ ရာခိုင်နှုန်းဟာ ရှိသင့်တာထက် ပိုဝနေကြပြီး ၃၀ ရာခိုင်နှုန်းဟာဆိုရင် အဝလွန်နေကြပါတယ်။ အရှေ့နိုင်ငံတွေမှာဆိုလည်း ဒီလိုပုံစံမျိုး ဖြစ်လာကြတာကို တွေ့ရမှာပါ။အားကစားရုံတွေဆီ သွားလေ့ကျင့်ဖို့ကလည်း အနည်းငယ်သော လူအရေအတွက်ကသာ လုပ်ချင်တာပါ။ အနောက်နိုင်ငံတွေမှာ ၁၂ ရာခိုင်နှုန်းကသာ ဒီလိုလုပ်လေ့ရှိပြီး ပုံမှန်သွားဖြစ်တဲ့သူဆို ၁၀ ရာခိုင်နှုန်းသာ ရှိပါတယ်။ အစီရင်ခံစာတစ်စောင်အရဆို ကျန်းမာရေးကလပ်ကို အသစ်ဝင်လာကြသူတွေရဲ့ ၅၀ ရာခိုင်နှုန်းဟာ ပထမ ၆လအတွင်းမှာ ဆက်မလုပ်ဖြစ်ကြတော့ဘဲ ပုံမှန်ကလပ်မန်ဘာများရဲ့ ၉၀ ရာခိုင်နှုန်းဟာလည်း ပထမ ၃လအတွင်းမှာ ပုံမှန်မလာဖြစ်ကြတော့ပါဘူး။ သင့်အနေနဲ့လည်း လေ့ကျင့်ခန်းကို ဘယ်လောက်လုပ်ဖြစ်နေလဲ ဆန်းစစ်ကြည့်ပါ။စဉ်းစားကြည့်မိပါတယ်။ ဒီလိုအားကစားခန်းမတွေဆီ သွားတာထက်ပိုကောင်းတဲ့ အားကစားနည်းက ဘာလဲ။ အကောင်းဆုံးလေ့ကျင့်ခန်း လို့ သတ်မှတ်ခံထားရတာ ဘယ်လိုများလဲ။ဒီမေးခွန်းနဲ့ပတ်သက်လို့တော့ အဖြေအမျိုးမျိုးရှိနိုင်ပါတယ်။ ထိုင်ထလုပ်တာ၊ တောင်တက်တာ၊ အလေးမတာ စသဖြင့် ရှိပါမယ်။ အဲဒီနည်းတွေက သင့်ကို တက်ကြွစေသလား၊ ကြံ့ခိုင်စေသလား စဉ်းစားကြည့်ပါ။ တကယ်တော့ ကြံ့ခိုင်မှု၊ အားကစားတို့နဲ့ ပတ်သက်လာရင် ကျွန်တော်တို့ရဲ့ တွေးခေါ်မှုမှာ အခြေခံကျတဲ့ မှားယွင်းမှုတွေ ရှိပါတယ်။ အဲဒါကပဲ လူတွေအနေနဲ့ ကျန်းမာရေးစင်တာတွေ၊ အားကစားရုံတွေမှာ လေ့ကျင့်ခန်းမလုပ်ဖြစ်ကြတော့တဲ့ အကြောင်းရင်း ဖြစ်နေပါတယ်။ လူတွေရဲ့ ကြံ့ခိုင်မှုအပေါ် မြင်တဲ့အမြင်နဲ့ အားကစားရုံတွေက ပေးနေတဲ့ ဝန်ဆောင်မှုတွေနဲ့က ကိုက်ညီမှုမရှိကြပါဘူး။ဒီပြဿနာနဲ့ ပတ်သက်လို့တော့ အဖြေကရှင်းပါတယ်။ သင့်အတွက် အကောင်းဆုံးလေ့ကျင့်ခန်းဆိုတာ သင်တောက်လျှောက်နဲ့ ပုံမှန်လုပ်ဖြစ်နေမယ့် လေ့ကျင့်ခန်းမျိုးကို ဆိုလိုတာပါပဲ။ ကိုယ်ပုံမှန်မလုပ်နိုင်ဘူးဆိုရင် ဒီလေ့ကျင့်ခန်း ဘယ်လောက်အကျိုးရှိကြောင်း ပြောနေလို့ ဘာထူးမှာလဲ။ ဒါကြောင့် ဘယ်လိုလေ့ကျင့်ခန်းမျိုး သင်လုပ်ရတာ ပျော်သလဲဆိုတာကို ရှာဖွေနိုင်ဖို့ပဲ အရေးကြီးပါတယ်။ အဲဒီလို ကြိုက်နှစ်သက်မှုရှိဖို့ဟာ လေ့ကျင့်ခန်းပုံမှန် လုပ်နိုင်ဖို့၊ လေ့ကျင့်ခန်းကနေ ထိရောက်မှုရှိဖို့အတွက် အရေးကြီးအချက်ပါပဲ။ဒါပေမယ့်လည်း တခြားလေ့ကျင့်ခန်းတွေထက် ပိုကောင်းတဲ့ လေ့ကျင့်ခန်းတစ်ခုတော့ ရှိပါတယ်။ အမျိုးမျိုးပြောနေတယ်တော့ မထင်ပါနဲ့။ အကောင်းဆုံးလေ့ကျင့်ခန်းဆိုတာ စုပေါင်းပြီး လှုပ်လှုပ်ရှားရှား လုပ်ကြတာမျိုးပါ။ ဒါက သင့်ကို ပျော်ရွှင်စေသလို၊ တက်တက်ကြွကြွလည်း ပါဝင်စေပါတယ်။ မနက်ပိုင်း ပန်းခြံရှေ့တွေ၊ မြေကွက်လပ်တွေ လူတွေစုပေါင်းလေ့ကျင့်ခန်းလုပ်နေကြတာကို ကြည့်ရင် သိနိုင်ပါတယ်။ လူကြီးဖြစ်လာတဲ့အမျှ အဲဒီလိုစုပေါင်းလုပ်ဆောင်တာတွေကို မေ့သွားတတ်ကြတယ်။စိတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ စတူးအာ့ဘရောင်းကတော့ အဲဒီလိုလုပ်ဆောင်မှုတွေဟာ ဦးနှောက်ကို ဖွံ့ဖြိုးစေတဲ့ ဇီဝဖြစ်စဉ်တစ်ခုလို့ ဆိုထားပါတယ်။ အလုပ်သင့်ဆုံးပုံစံလို့လည်း တိုက်တွန်းထားတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် စိတ်ဖိစီးမှုတွေ လျော့ကျမယ်။ ဘဝအရည်အသွေး တက်လာမယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း ရင်းနှီးလာမယ်။ အမြဲတမ်းပျော်ရွှင်နေရမှာ ဖြစ်သလို နေရတာလည်း အဓိပ္ပါယ်ရှိလာပါလိမ့်မယ်။ ဒါကြောင့်မို့လည်း ခုဆိုရင် လှုပ်ရှားမှုနည်းတာကြောင့် ဖြစ်တဲ့ကျန်းမာရေးပြဿနာတွေကို ကိုင်တွယ်တဲ့နေရာမှာ ဒီလိုစုပေါင်းလေ့ကျင့်ခန်းလုပ်ဖို့ကို နိုင်ငံတွေမှာ တိုက်တွန်းဆော်သြလာကြတာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်ဖို့နေရာတွေလည်း ဖန်တီးပေးလာကြပါတယ်။ အဓိကကတော့ လူတွေကို လေ့ကျင့်ခန်းလုပ်စေချင်ရင် ပျော်အောင်၊ လွယ်အောင်၊ လွယ်လင့်တကူလည်း လုပ်လို့ရအောင် စီစဉ်ပေးဖို့ပါပဲလို့ ဟားဗတ်တက္ကသိုလ်က ပရော်ဖက်ဆာ ဒေါက်တာဒေးဗစ်လဒ်ဝစ်ဂ်ကလည်းေ ပြားထားပါတယ်။ အကောင်းဆုံးလေ့ကျင့်ခန်းဟာ သင်ပုံမှန်လုပ်ဖြစ်နေမယ့် လေ့ကျင့်ခန်းမျိုးဖြစ်တာကြောင့် ဒီပုံစံက အသင့်တော်ဆုံးပါပဲ။ဘယ်လိုလေ့ကျင့်ခန်းမျိုးကို လုပ်သည်ဖြစ်စေ မိတ်ဆွေရှိမယ်၊ ကစားဖော်ရှိမယ်ဆိုရင် သင့်အနေနဲ့ သက်သောင့်သက်သာရှိမယ်၊ လုပ်ဖို့ပိုပြီးတွန်းအားဖြစ်မယ်၊ မလုပ်ခင်၊ လုပ်နေစဉ်၊ လုပ်နေတုန်းမှာပါ သင့်ဘေးက အဖော်နဲ့စကားပြောနေလို့ရတယ်၊ မိတ်ဖွဲ့လို့ရတယ်၊ ကိုယ်စီအတွေ့အကြုံတွေ ဖလှယ်နေလို့ရပါတယ်။ ဒါကြောင့် အားကစားလုပ်တဲ့နေရာမှာ အဲဒီလိုမိတ်ဆွေအပေါင်းအသင်းရှိဖို့ကလည်း သိပ်အရေးပါပါတယ်။ ကြံ့ခိုင်ဖို့အတွက် အားကစားလုပ်နေတယ်ဆိုတဲ့နေရာမှာ သင့်တွေးခေါ်ပုံတွေကို ပြောင်းဖို့လိုပါတယ်။ ဒါဟာ အားကစားလုပ်ရုံသက်သက် မဟုတ်ဘဲ သင့်ပျော်ရွှင်မှု၊ ပေါင်းသင်းဆက်ဆံရေး၊ ဒါတွေကိုလည်း အထောက်အကူပြုပါတယ်။ သင်ပျော်တဲ့ လေ့ကျင့်ခန်း၊ အများနဲ့လုပ်ရတဲ့ လေ့ကျင့်ခန်းမျိုးကတော့ သင့်ကို အမြဲတမ်း တက်ကြွနေစေပါလိမ့်မယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%a1%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%b1%e1%80%9c%e1%80%b7%e1%80%80%e1%80%ba%e1%80%84%e1%80%b9%e1%80%b7%e1%80%81%e1%80%94%e1%80%b9/
ဝိတ်ချတဲ့အခါ သွေးအမျိုးအစားအလိုက် စားပေးသင့်သည်များ
လေဒီေတာ်တော်များများရဲ့ စိတ်ကူးက ကျစ်လျစ်သွယ်လျလှပတဲ့ ခန္ဓါကိုယ်အချိုးအစားနဲ့မြင်သူငေးလောက်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်ကြတာများပါတယ်နော်။ အခုနောက်ပိုင်းမှာ ဒီစိတ်ကူးကို အကောင်အထည်ဖော်ဖို့အတွက်လေဒီလေးတွေကDietလုပ်တာ၊Gymဆော့တာတွေကိုလုပ်လာကြပါတယ်။ ဒီလိုတွေလုပ်တဲ့အခါမှာလည်း သူများတွေကျ ပိန်သွားလိုက်တာ ငါ့ကျမှဘာလို့ မပိန်ရတာလဲလို့တွေးနေတဲ့ Hello ဆရာဝန်ရဲ့ ပရိသတ်တွေများရှိနေလား။ ဒါဆိုရင် ဒီနည်းလေးက အသုံးတည့်မယ်ထင်ပါတယ်။သွေးအမျိုးအစားအလိုက်လုပ်ရတဲ့ Diet ဆိုလို့ နည်းနည်းများထူးဆန်းသွားလား။ ဒီနည်းလမ်းကို ၁၉၉၆ ခုနှစ်ကPeter D’Adamo ဆိုတဲ့ ဆရာဝန်တစ်ယောက်က ရှာတွေ့ခဲ့ပါတယ်။ လူတွေအနေနဲ့ သူတို့ရဲ့သွေးအမျိုးအစားနဲ့ ကိုက်ညီတဲ့ အစားအစာတွေကို စားသုံးတာကကျန်းမာရေးအတွက် အထောက်အကူပြုနိုင်သလို ဝိတ်ကျချင်သူတွေအတွက်လည်း အသုံးတည့်တယ်၊လို့တွေ့ရှိခဲ့တာပါ။ ဒါကြောင့် သူများတွေပိန်ပေမယ့် ကိုယ်မပိန်တာက အများပြောသလို ငါကရေသောက်လည်း ဝ၊လေရှုလည်း ဝဖြစ်နေတာမဟုတ်ပါဘူး။ ကိုက်ညီတဲ့ ဓါတ်စာကို မစားမိသေးတာလည်းဖြစ်နိုင်တာကြောင့် ဒီဆောင်းပါးလေးကနေတဆင့် သတင်းကောင်းလေးပါးပါရစေနော်။Oသွေးပိုင်ရှင်တွေအနေနဲ့ အဆီမပါတဲ့အသား၊ဟင်းသီးဟင်းရွက်တွေ၊ငါးနဲ့ သစ်သီးတို့ကို စိတ်ကြိုက်စားလို့ရပါတယ်။ ဒါပေမယ့် ဆန်၊ ဂျုံ၊ ပြောင်းဖူးနဲ့ ပဲအမျိုးမျိုးကိုတော့ အကန့်အသတ်နဲ့ပဲစားသုံးပေးပါ။ ဝိတ်ကျချင်တယ်ဆိုရင်တော့ ပင်လယ်စာ၊အနီရောင်အသား၊၊ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်တို့ကိုစားသုံးပေးပါ။ သံလွင်ဆီသုံးပြီးချက်ပြုတ်စားသုံးတာအကောင်းဆုံးဖြစ်မှာပါ။ နို့ထွက်ပစ္စည်းတွေကိုရှောင်ပေးပါနော်။Aသွေးပိုင်ရှင်တို့ကတော့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ပဲပြား၊ ပင်လယ်စာ၊ ကြက်ဆင်သား နဲ့ ကောက်နှံတို့ကို စိတ်ကြိုက်စားသုံးလို့ရပါတယ်။ ဒါပေမယ့် အနီရောင်အသားတွေကိုတော့ လုံးဝမစားသင့်ပါဘူး။ ဝိတ်ကျချင်တယ်ဆိုရင်တော့ ပင်လယ်စာ၊ ဟင်းသီးဟင်းရွက်တွေ၊နာနတ်သီး၊ ပဲပိစပ်တို့ကို စားသုံးပေးပါ။ ဆီကတော့ သံလွင်ဆီကို အသုံးပြုတာအကောင်းဆုံးဖြစ်မှာပါ။နို့ထွက်ပစ္စည်းတွေ၊ ဂျုံ၊ပြောင်းဖူး၊ ဗိုလ်စားပဲတို့ကို ရှောင်ပေးပါ။Bသွေးပိုင်ရှင်တွေအနေနဲ့ကတော့ အဆီမပါတဲ့ အသား၊ သစ်သီးတွေ၊နို့ထွက်ပစ္စည်းတွေ၊ ပင်လယ်စာ နဲ့ကောက်နှံတွေကို စားသုံးပေးလို့ရပါတယ်။ သိပ်ကြီးကြီးမားမားရှောင်စရာရယ်လို့ မရှိတဲ့သွေးအမျိုးအစားပေါ့။ Bသွေးပိုင်ရှင်တွေအနေနဲ့ ဝိတ်ကျချင်တယ်ဆိုရင်တော့ အစိမ်းရောင် ဟင်သီးဟင်းရွက်တွေ၊ ဥအမျိုးမျိုး၊ အသည်း၊ရေနွေးကြမ်းတို့ကို စားသုံးပေးပါ။ ကြက်သား၊ ဂျုံ၊ မြေပဲတို့ကိုတော့ရှောင်ပေးရပါမယ်။ABသွေးပိုင်ရှင်တွေအနေနဲ့ကတော့ နို့ထွက်ပစ္စည်းတွေ၊ ပဲပြား၊ သိုးသား၊ ငါး၊ကောက်နှံတွေ၊ သစ်သီးတွေ နဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးလို့ရပါတယ်။ ကိုယ်အလေးချိန်ကျချင်တာဆိုရင်တော့ ပဲပြား၊ ပင်လယ်စာ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ ပင်လယ်ရေမှော်တို့က အသင့်တော်ဆုံးပါ။ ကြက်သား၊ပြောင်းဖူး၊ ဂျုံနဲ့ ဗိုလ်စားပဲတို့ကိုတော့ မစားတာအကောင်းဆုံးဖြစ်မှာပါ။ကဲ ဝိတ်မကျလို့ စိတ်ဓါတ်ကျမနေနဲ့နော်၊ ဒီနည်းလေးစမ်းကြည့်လိုက်ပါ။ ဝိတ်မကျရင်တောင် ကိုယ်အလေးချိန်ထပ်တက်မလာဘဲနေ့စဉ်ကျန်းမာပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်နိုင်မှာ အသေအချာပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/%e1%80%9d%e1%80%ad%e1%80%90%e1%80%b9%e1%80%81%e1%80%ba%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81%e1%80%ab-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8/
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆေးဖက်ဝင်တယ်၊ဆီးချို သွေးချိုကျတယ်ဆိုပြီး စားလေ့ရှိတဲ့ ကြက်ဟင်းခါးသီးကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဆီးချို ရောဂါအတွက် အသုံးပြုခဲ့ကြတာပါ။ ကြော်ပဲစားစား၊ အသားနဲ့ပဲ နှပ်စားစား အရသာရှိတဲ့ကြက်ဟင်းခါးသီးအဆီအနှစ် ကကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေအရသိခဲ့ရပါတယ်။ ဒီလိုမျိုး ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး အကြောင်းကို လေ့လာကြည့်ရအောင်။အခုနောက်ဆုံးလုပ်ဆောင်ခဲ့တဲ့ လေ့လာမှုအသစ်တစ်ရပ်အရ သိလိုက်ရတာက ကြက်ဟင်းခါးသီးက ဆီးချိုရောဂါအတွက်တင် ဆေးဖက်ဝင်တာမဟုတ်ဘဲ ကင်ဆာရောဂါကိုပါ ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။အာရှလူမျိုးတော်တော်များများ နှစ်သက်ခံတွင်းတွေ့တဲ့ ကြက်ဟင်းခါးသီးက အရသာ ခါးသက်သက်ရှိပေမယ့်ကျန်းမာရေးကို တော်တော်လေးအထောက်အကူပြုပေးပါတယ်။ ကြက်ဟင်းခါးသီး အဆီအနှစ်က ကင်ဆာမဖြစ်အောင် ကာကွယ်ပေး နိုင်သလိုကင်ဆာကျိတ်တွေကြီးထွားမလာစေဖို့နဲ့ ကင်ဆာဆဲလ်တွေ ပြန့်ပွားမှုကို အထိရောက်ဆုံးဟန့်တားပေးနိုင်ပါသေး တယ်။ အခုလေ့လာတွေ့ရှိမှုက ကင်ဆာကာကွယ်ကုသမှုကို တော်တော်လေးအထောက်အကူပြုပေးနိုင်မှာပါ။အခုလေ့လာမှုအတွင်း ကြက်ဟင်းခါးသီးကရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ဦးခေါင်းနဲ့ လည်ပင်းကင်ဆာဆဲလ်တွေ အပေါ်မှာ သက်ရောက်မှုရှိလားဆိုတာကို လေ့လာခဲ့ပါတယ်။ ဓာတ်ခွဲခန်းမှာ လေ့လာမှုအရတွေ့ရှိခဲ့ရတာကတော့ ကြက်ဟင်းခါးသီးအဆီအနှစ်က ကင်ဆာဆဲလ်တွေပြန့်ပွားမှုကို အထိရောက်ဆုံး ဟန့်တားပေးနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ နောက်ထပ် တွေ့ရှိခဲ့တာ တစ်ချက်ကတော့ ကြက်ဟင်းခါးသီးအဆီအနှစ်ကခံတွင်းကင်ဆာနဲ့လျှာကင်ဆာကို အထိရောက်ဆုံးလျှော့ချပေးနိုင် တယ်ဆိုတာပါ။ဒါကြောင့် ကင်ဆာကို ကာကွယ်ဖို့ဖြစ်ဖြစ်၊ ကုသမှုအတွက်ဖြစ်ဖြစ် ကြက်ဟင်းခါးသီးကို စားပေးလို့ရပါတယ်။ ဒါကြောင့် အစာလည်း ဆေး၊ ဆေးလည်း အစာဆိုတဲ့ စကားအတိုင်း တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်လောက် ကြက်ဟင်းခါးသီးကို ဆေးဖြစ်ဝါးဖြစ်လေး စားပေးတာက ကျန်းမာရေးကို ကာကွယ်ပြီးသားဖြစ်မှာပါ။အရသာ ခါးသက်သက်ရှိတဲ့ ကြက်ဟင်းခါးသီးက။ဝိတ်ကျစေနိုင်တယ်။ကြက်ဟင်းခါးသီးက ၁၀၀ ဂရမ်မှာမှ ကယ်လ်လိုရီ ၁၇ ရာခိုင်နှုန်းပဲပါဝင်တာဖြစ်ပြီး နေ့တိုင်းစားရင်တောင် အဆီမတက်စေနိုင်ပါဘူး။ အစာခံတာကြောင့် ခဏခဏစားမိတာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်မှာပါ။ ကြက်ဟင်းခါးသီးကို တစ်လဆက်တိုက်စားပေးမယ်ဆိုရင် ခါးဆိုဒ် ၁.၃ စင်တီမီတာအထိကျနိုင်ပါတယ်၊ လို့ လေ့လာမှုတစ်ရပ်အရသိရပါတယ်။ကင်ဆာကာကွယ်ပေးနိုင်တယ်။ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာfree radicalsကြောင့် ထိခိုက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကြက်ဟင်းခါးသီးအရည်က ပန်ကရိယကင်ဆာ နဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။အရိုးဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေးတယ်။ကြက်ဟင်းခါးသီးမှာဗီတာမင် Kနဲ့ ဗီတာမင် C တို့ပါဝင်နေတာကြောင့် ကယ်လ်ဆီယမ်စုပ်ယူမှုကောင်းစေပြီးအရိုးတွေကို ကျန်းမာစေနိုင်ပါတယ်။ အရိုးသိပ်သည်းဆကို ကောင်းစေပြီးအရိုးပွတာ၊အရိုးပါးတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ဆီးချိုကာကွယ်ပေးတယ်။ကြက်ဟင်းခါးသီးကြိတ်ရည်ကသွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ပါတယ်။ အင်ဆူလင်တုံ့ပြန်မှုကိုကောင်းစေနိုင်တယ်။ ဒါကြောင့် ဆီးချိုကို ကုသဖို့အတွက်ရော ကာကွယ်ဖို့အတွက်ပါ ကြက်ဟင်းခါးသီးကို သုံးပေးလို့ရပါတယ်။ကိုလက်စထရောထိန်းညှိပေးတယ်။ကြက်ဟင်းခါးသီးရဲ့ အဆီအနှစ်က သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောပမာဏကို ကျဆင်းစေပြီးအကျိုးပြုကိုလက်စထရောပမာဏကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ဒါကြောင့် တစ်ပတ်ကို အနည်းဆုံး ၂ ကြိမ်လောက်တော့ ဆေးဖြစ်ဝါးဖြစ် ကြက်ဟင်းခါးသီးလေးကို စားပေးဖို့ တိုက်တွန်းပါရစေ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/bitter-melon-help-treat-cancer/
သွေးကြောပေါက်လေဖြတ်ခြင်းရဲ့ အကြောင်းရင်းတစ်ခုဖြစ်တဲ့ ဦးနှောက်အကျိတ်
ဦးနှောက်အကျိတ်ဟာ လေဖြတ်စေနိုင်ပေမယ့် လက္ခဏာတွေဟာ တခြားလေဖြတ်ခြင်းရဲ့ လက္ခဏာတွေနဲ့ ကွဲပြားပါတယ်။ဦးနှောက်အကျိတ် သွေးယိုတဲ့အခါ တခြား သွေးကြောပေါက်လို့ လေဖြတ်တဲ့ လက္ခဏာတွေနဲ့ ဆင်တူတဲ့ လက္ခဏာတွေ ဖြစ်ပေါ်ပါတယ်။ ဦးနှောက်အကျိတ် သွေးယိုခြင်းကြောင့် ဖြစ်တဲ့ လေဖြတ်ခြင်းဟာ ရှားပါးပြီး ဦးနှောက်တွင်း သွေးယိုတဲ့ အကြောင်းရင်းတွေရဲ့ ၁ ကနေ ၁၀% ထိ ဖြစ်တတ်ပါတယ်။အဖြစ်များတဲ့ အကြောင်းအရင်းတွေကတော့ သွေးကြောပေါက်ခြင်း အပါအဝင် ဦးနှောက်တွင်း သွေးယိုခြင်း၊ amyloid ပရိုတိန်းကြောင့် သွေးကြောရောဂါဖြစ်ခြင်း၊ ဦးခေါင်းထိခိုက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ဦးနှောက်အကျိတ် သွေးယိုစီးစေခြင်းဟာ အောက်ပါ အခြေအနေတွေမှာ မူတည်ပါတယ်။ဦးနှောက်အကျိတ်အမျိုးအစားအလိုက် ကွဲပြားတဲ့ ပုံစံတွေရှိပြီး သွေးယိုနိုင်ခြေ နည်းခြင်းများခြင်း ဖြစ်စေနိုင်ပါတယ်။ ဥပမာ – Pituitary adenoma အကျိတ်တွေရဲ့ ၁၅%ခန့်ဟာ သွေးယိုနိုင်ခြေရှိပြီး။meningiomas တွေကတော့ သွေးယိုနိုင်ခြေ ရှားပါတယ်။ဦးနှောက်အကျိတ် သွေးယိုခြင်း လက္ခဏာတွေဟာ ဘယ်နေရာမှာ သွေးယိုသလဲဆိုတဲ့အချက်ပေါ်ပါ မူတည်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဦးနှောက်ဒဏ်ရာရတဲ့ နေရာပေါ်မူတည်ပြီး အာရုံကြောဆိုင်ရာ လက္ခဏာတေါဟာ တနေရာနဲ့ တနေရာ ကွဲပြားလို့ ဖြစ်ပါတယ်။ ဒါကြောင့် ဦးနှောက်တွင်း သွေးယိုတဲ့ လက္ခဏာတွေဟာ သာမန်ခေါင်းကိုက်ခြင်းကနေ အသက်အန္တရာယ် ထိခိုက်စေတဲ့ ထိခိုက်ခြင်းအထိ ကွဲပြားပါတယ်။ဦးနှောက်အကျိတ်ကြောင့် သွေးယိုခြင်းကို ကုသတဲ့နေရာမှာ ယိုတဲ့သွေးပမာဏနဲ့ ဘယ်လိုလက္ခဏာတွေ ဖြစ်ပေါ်သလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ စံပြုထားတဲ့ကုသပုံကတော့ သွေးကိုရော အကျိတ်ကိုပါ တပြိုင်တည်း ဖယ်ထုတ်လိုက်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် တခါတရံမှာ ထွက်တဲ့သွေးပမာဏဟာ အရမ်းနည်းပြီး လူနာရဲ့ လက္ခဏာက ခေါင်းကိုက်တာလောက်ပဲဆိုရင် ခွဲစိတ်မှု လုပ်ချင်မှ လုပ်ပါလိမ့်မယ်။ အချိန်နည်းနည်းစောင့်နိုင်သေးတယ်ဆိုရင် ကိုယ်ခန္ဓါထဲမှာ ကင်ဆာဖြစ်ပွားခြင်း ရှိမရှိ၊ ဓါတ်ကင်ခြင်း၊ ဆေးသွင်းခြင်း စတဲ့ ကင်ဆာရောဂါကုသမှုလိုမလို စမ်းသပ်မှုတွေ လုပ်နိုင်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%95%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%9c%e1%80%b1%e1%80%96%e1%80%bc%e1%80%90%e1%80%ba%e1%80%81%e1%80%bc%e1%80%84/
ပန်းပွင့်လေးတို့ရဲ့ ကျန်းမာရေး အစွမ်းသတ္တိတွေ
စာရေးဆရာကြီး H.C. အန်ဒါဆင်က ဖွဲ့နွဲ့ရေးသားခဲ့ဖူးပါတယ်။ “ဘဝဆိုတာ အသက်ရှင်နေထိုင်နေရုံနဲ့တော့ မလုံလောက်ပါဘူး။ နေရောင်ခြည်လေး၊ လွတ်လပ်မှုလေးတွေအပြင် ပန်းလှလှလေးတွေနဲ့ ချယ်သထားမှ ပိုပြီးနေပျော်ဖွယ်ကောင်းမှာပေါ့” တဲ့။ပန်းလေးတွေရဲ့ အလှတရားဟာ သမိုင်းအဆက်ဆက်မှာ လူတွေရဲ့ စိတ်နှလုံးကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒီအလှတရားတွေကြောင့်ပဲ လူတွေရဲ့ နှစ်သက်မြတ်နိုးမှုကို ရယူနိုင်ခဲ့သလို ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုတွေရဲ့ သင်္ကေတတစ်ခုအဖြစ်လည်း တင်စားခံခဲ့ရတယ်မဟုတ်လား။လှပမွှေးမြတဲ့ပန်းလေးတွေဟာ လူတွေရဲ့ စိတ်နှလုံးကို ချမ်းမြေ့စေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုရင်တော့ မဟုတ်ပါဘူး။ သိပ္ပံနည်းကျ လေ့လာချက်တွေအရ ပြောပြရမယ်ဆိုရင် ပန်းမာန်လှလှလေးတွေကို စိုက်ပျိုးတာ၊ နေအိမ်မှာ အလှဆင်တာ၊ ဘုရားပန်းတင်တာနဲ့ ကိုယ့်အနီးနားမှာ ထားပြီး မကြာခန ကြည့်ရှုပေးတာဟာ ပျော်ရွှင်မှုကိုသာမက ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုကိုပါပေးစွမ်းနိုင်ပါတယ်တဲ့။ခေါင်ရမ်းပန်း (Hibiscus) ၊ ဒုဓလီပန်း (Dandelion) ၊လာဗန်ဒါ (Lavender)၊ ဟန်နီဆက်ကယ် (Honeysuckle) ၊ တောင်ကြာ (Nasturtium) ၊ ဘိုးရေ့ဂ် (Borage) ၊နှင်းဆီ (Rose)၊ ပေါင်ဒါပန်း (Pansy) ၊ ကာမိုမိုင်းလ်ပန်း (Chamomile) စတဲ့ပန်းတွေဟာ ကျန်းမာရေးကို အထောက်အကူပြုတဲ့ ပန်းတွေအဖြစ် လူသိများပါတယ်။ ပန်းလေးတွေက လူတွေကို ဘယ်လို အကျိုးကျေးဇူးတွေ ဆောင်ယူလာပေးလဲ? တော်တော်များများ သိချင်ကြမယ်ထင်ပါတယ်။ ကြည့်ရအောင်။ပန်းပွင့်လေးတို့ရဲ့ ကျန်းမာရေး အစွမ်းသတ္တိတွေ ကတော့။၁။ စိတ်ဖိစီးမှုကို လျှော့ကျစေတယ်– တကယ်လို့ ကိုယ့်ရဲ့ ချစ်ဇနီးက စိတ်ညစ်နေတယ်ဆိုပါတော့။ပန်းစည်းလေးတစ်စည်း ပေးလိုက်တာဟာ သူ့ရဲ့ စိတ်ပင်ပန်းနွမ်းနယ်မှုတွေ၊ စိတ်ဖိစီးမှုတွေကို လျှော့ကျသွားစေဖို့ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ လှပပြီး မွှေးမြတဲ့ ပန်းလေးတွေကို မြင်တွေ့ရချိန်မှာစိတ်ဖိစီးမှု၁ ဆ ခွဲလောက် လျော့ကျသွားလေ့ရှိပါတယ်တဲ့။ဒီကနေ့ ကမ္ဘာပေါ်မှာ အပတ်စဉ် စိတ်ဖိစီးမှုဝေဒနာ ခံစားရသူအရေအတွက်ဟာ လူ ၁၀၀ မှာ ၆၈ ယောက်နှုန်းရှိပြီး နေ့စဉ် စိတ်ဖိစီးမှုဝေဒနာ ခံစားနေရသူကတော့ လူ ၁၀၀ မှာ ၃၂ ဦးနှုန်းဖြစ်ပါတယ်တဲ့။လူ ၄ ယောက်မှာ ၁ ယောက်ဟာ နေ့စဉ် စိတ်ဖိစီးမှု ၁ ကြိမ်ထက်ပိုပြီး ခံစားရလေ့ရှိပါတယ်တဲ့။ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလောက် စိတ်ဖိစီးမှုဝေဒနာ ခံစားနေရတဲ့သူတွေ ရှိနေချိန်မှာ သူတို့အတွက် ပန်းစည်းလေးတစ်စီး ပန်းလေးတစ်ပွင့်လောက်နဲ့ ဘာကြောင့် မဖြည့်ဆည်းပေးနိုင်ရမှာလဲလေနော်။၂။စိတ်အားတက်ကြွစေမယ်– ပန်းလေးတွေဟာ လူတွေကို ပျော်ရွှင်ကြည်နူးလာအောင်၊ လန်းဆန်းလာအောင် တွန်းအားပေးနိုင်ပါတယ်။ ဒီစိတ်ခံစားချက်ဟာ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး တက်ကြွမှုလည်း ရှိစေပါတယ်။ဒါကြောင့်လည်း ပန်းတွေနဲ့ နီးနီးကပ်ကပ်နေရသူ၊ ပန်းစည်းမကြာခဏ လက်ဆောင်ရတတ်သူတွေဟာ ပိုပြီး နွေးထွေးမှု၊ တက်ကြွမှုရှိနေတတ်တာဖြစ်ပါတယ်။၃။ ပန်းတွေဟာ မိန်းမတွေအတွက်ပဲ မဟုတ်ပါဘူး– ပန်းဆိုတာနဲ့ အမျိုးသမီးတွေနဲ့သာ တွဲဖက်ပြီး မြင်ယောင်ကြည့်ကြလေ့ရှိပါတယ်။ ပန်းစည်းကို လက်ခံခွင့်ရတဲ့လူတိုင်းဟာအမျိုးသမီးတွေရဲ့ အခွင့်အရေးလို့ လူတွေက ယုံကြည်နေတတ်ကြတယ်။ ဒါဟာ မှားယွင်းတဲ့ ယူဆချက်တစ်ခုဖြစ်ပါတယ်။ တကယ်တော့ ပန်းမာန်တွေဟာ ကမ္ဘာလောကကြီးပေါ်က သက်ရှိအတိုင်းအတွက် ဖြစ်ပါတယ်။ ယောင်္ကျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ်ပါ ပန်းမာန်တွေကြောင့် ကျန်းမာတာ၊ ပျော်ရွှင်တာစတဲ့ အကျိုးကျေးဇူးတွေကို ခံစားရတာခြင်းကတော့ အတူတူပါပဲ။၄။ ဆက်ဆံရေးတွေကို ကောင်းမွန်စေတယ်– ပန်းတွေနဲ့ နီးနီးမှာ နေသူတွေဟာ ဆက်ဆံရေးပိုခိုင်မြဲတတ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အကူအညီဖြစ်တယ်၊ နီးစပ်မှုရှိတယ်ဆိုတဲ့ ခံစားချက်မျိုးကို ပေးလေ့ရှိပါတယ်။ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး ချစ်ခင်မြတ်နိုးမှု၊ အလေးထားမှုတွေကို ပြသဖို့ ပန်းစည်းတွေ၊ ပန်းတွေ လက်ဆောင်ပေးကြတာဖြစ်ပါတယ်။ ပန်းစည်းလက်ဆောင်ပေးတာဟာ ရိုမန်တစ်ဆန်ရုံသက်သက်မဟုတ်ဘူးဆိုတာ သိနားလည်ထားဖို့ လိုအပ်ပါတယ်။၅။မှတ်ဉာဏ်ကို ကောင်းမွန်စေတယ်– ပန်းလေးတွေဟာ လူတွေရဲ့ မှတ်ဉာဏ်စနစ်ကို အကျိုးပြုပါတယ်။ အထူးသဖြင့် အသက် ၅၅ နှစ်နဲ့အထက် သက်ကြီးရွယ်အိုတွေဟာ ပန်းတွေနဲ့ နီးနီးစပ်စပ် ပိုနေပေးဖို့ သင့်ပါတယ်။ပန်းပွင့်လေးတို့ရဲ့ ကျန်းမာရေး အစွမ်းသတ္တိတွေပန်းလေးတွေကနေ ထွက်ရှိတဲ့ ဓာတုဗေဒအမှုန်တွေဟာ လူတွေကို စိတ်ခံစားချက်ပိုကောင်းစေပြီး ဦးနှောက်ကို လန်းဆန်းစေတာကြောင့်ဖြစ်ပါတယ်။ ပန်းပင်လေးတွေ စိုက်ပျိုးတတ်တဲ့၊ မိတ်ဆွေတွေ ချစ်ခင်ရသူတွေဆီကနေ ပန်းလက်ဆောင်ပုံမှန်ရတတ်တဲ့၊ အိမ်မှာ ပန်းတွေနဲ့ အလှဆင်တတ်တဲ့ လူကြီးတွေဟာ သာမန်သက်တူရွယ်တူ လူကြီးတွေထက် မှတ်ဉာဏ်ပိုကောင်းလေ့ရှိတာကို လေ့လာချက်တွေက ဖော်ထုတ်ထားပါတယ်။၆။ကောင်းမွန်စွာ အိပ်ပျော်စေတယ်– ပန်းပွင့်လှလှလေးတွေဆီကနေ ရရှိနိုင်တဲ့ တခြား အကျိုးကျေးဇူးတစ်ခုကတော့ အေးချမ်းမှုနဲ့ ကောင်းမွန်စွာအိပ်စက်နိုင်ခြင်းတွေဖြစ်ပါတယ်။အထူးသဖြင့် လာဗန်ဒါလိုပန်းမျိုးတွေကို အိပ်စက်ခြင်းဆိုင်ရာ ပြဿနာရှိသူတွေအပေါ် ကုသရာမှာ ခေတ်အဆက်ဆက် အသုံးချခဲ့ကြပါတယ်။ သိပ္ပံပညာရှင်တွေကတော့ မအိပ်ခင်မှာ ပန်းတွေကို ကြည့်တာမျိုး၊ အိပ်ခန်းထဲမှာ ပန်းအိုးထားတာမျိုးတွေ ပြုလုပ်ဖို့ တိုက်တွန်းကြပါတယ်။၇။ ရောဂါသက်သာနှုန်း မြန်ဆန်စေတယ်– အံ့အားသင့်စရာကောင်းတဲ့အချက်ကတော့ ပန်းတွေဟာ လူတွေရဲ့ ရုပ်ပိုင်ဆိုင်ရာ အခြေအနေတွေအပေါ်ကိုပါ သက်ရောက်နိုင်တာပါပဲ။ ဥပမာပြောရရင် ဆေးရုံတက်နေရတဲ့ လူနာတွေထဲမှာ ပန်းအိုးရှိတဲ့အခန်းမှာ တက်ရတဲ့သူတွေဟာ ပန်းအိုးမရှိတဲ့အခန်းမှာ တက်ရတဲ့သူတွေထက် ရောဂါပျောက်ကင်းနှုန်း ပိုမိုမြန်ဆန်ပါတယ်။ ပန်းတွေဟာ လူတွေရဲ့ နာကျင်မှု၊ပူပင်သောက၊ စိတ်ဖိစီးမှု၊သွေးဖိအားနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို လျှော့ချပေးနိုင်တာမို့ လူနာတွေဟာ ပိုပြီး လျှင်လျှင်မြန်မြန်သက်သာလာစေဖို့ တွန်းအားတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ ဆေးရုံတက်နေရသူတွေအတွက် ပန်းစည်းတွေ လက်ဆောင်ပေးကြတာဖြစ်ပါတယ်။၈။လိင်စိတ်ကို နှိုးဆွပေးနိုင်တယ်– ပန်းတွေနဲ့ လိင်ကိစ္စတွေဆိုတာ သမိုင်းတွေ၊ ဒဏ္ဍာရီတွေ၊ ရုပ်ရှင်နဲ့ စိတ်ကူးယာဉ်အနုပညာဖန်တီးချက်တွေတိုင်းမှာ ဒွန်တွဲနေတဲ့အရာတွေဖြစ်ပါတယ်။ ယောင်္ကျားတွေက မိန်းမတွေကို ပန်းပွင့်၊ ပန်းစည်းတွေပေးကြရာမှာ ရိုမန်တစ်ဆန်တာ၊ ချစ်ခင်နှစ်သက်မှုကို ပြသတာတွေအပြင် နောက်ထပ် ရည်မှန်းချက်တစ်ခုက လိင်ပိုင်းဆိုင်ရာအရ ဆွဲဆောင်တာလည်း ပါဝင်နေပါတယ်။လေ့လာချက်တွေအရ ပန်းတွေရှိတဲ့အခန်းထဲမှာ ထိုင်နေတဲ့ ယောင်္ကျားမျိုးဟာ သာမန်အခန်းထဲမှာ ထိုင်နေတဲ့ ယောင်္ကျားတွေထက်ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ မိန်းမတွေက ယူဆတတ်ကြပါတယ်။နောက်ပြီး ကိုယ်ချစ်ခင်မြတ်နိုးရတဲ့ တစ်စုံတစ်ယောက်ဆီကနေ ဖုန်းနံပါတ်တို့ ဆိုရှယ်မီဒီယာအကောင့်တို့ တောင်းတဲ့အခါမျိုးမှာ တခြားနေရာမှာ တောင်းတာထက် ပန်းဆိုင်ရှေ့ ဒါမှမဟုတ် ပန်းခင်းရှေ့တွေမှာတောင်းတာက အမှန်အတိုင်းရနိုင်ခြေ ၁၀% ပိုများတယ်လို့ဆိုပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/benefits-of-flowers/
ရုတ်တရက် တစ်နှစ်အောက်ကလေး သေဆုံးမှု အကြောင်းရင်းများ
တစ်နှစ်အောက်ကလေးရုတ်ရက်သေဆုံးရခြင်းဆိုတာကျန်းမာနေပုံရတဲ့ တစ်နှစ်အောက်ကလေးတစ်ယောက် အကြောင်းရင်းမဖော်ပြနိုင်ဘဲသေဆုံးခြင်း ဖြစ်ပါတယ်။အများအားဖြင့်ကလေးငယ်တွေဟာပုခက်၊ အိပ်ရာအတွင်းအိပ်ပျော်နေစဉ် သေဆုံးတတ်ကြသည့်အတွက် ပုခက်တွင်းသေဆုံးမှုဟုလဲခေါ်ကြပါသည်။ကလေးငယ်ရုတ်တရက်သေဆုံးခြင်းကိုတိကျသောအကြောင်းရင်းတစ်ခုထဲဖြင့် မဆုံးဖြတ်နိုင်သော်လည်းကလေးငယ်၏ အသက်ရှုခြင်းနှင့်အိပ်စက်ခြင်းကိုထိန်းချုပ်သောဦးနှောက် အစိတ်အပိုင်းတစ်ခုမူမမှန်ဖြစ်ခြင်းကြောင့် ဖြစ်နိုင်သည်ဟုသုတေသနပညာရှင် များကတွေ့ရှိခဲ့ကြသည်။ဦးနှောက်မူမမှန်ဖြစ်ခြင်း:ကလေးငယ်၏ အသက်ရှုခြင်းနှင့်အိပ်စက်ခြင်းကိုထိန်းချုပ်သောဦးနှောက်အစိတ်အပိုင်းကောင်းစွာမဖွံ့ဖြိုးခြင်းကြောင့် ကလေးငယ်ရုတ်တရက်သေဆုံးမှု ပိုမိုဖြစ်ပွားနိုင်ပါသည်။ သည်အချက်ကိုဆရာများနှင့် မိဘများပါ မကာကွယ်နိုင်ပါ။ကလေးမွေးစဉ် အလေးချိန်မပြည့်ခြင်း:လမစေ့ပဲမွေးဖွားခြင်းနှင့် အမွှာမွေးဖွားကလေးဖြစ်ခြင်းတို့သည်တစ်နှစ်အောက်ကလေးရုတ်တရက်သေဆုံးစေနိုင်သည့်အဓိကအကြောင်းရင်းများဖြစ်ပါသည်။ပေါင်မစေ့သောကလေးများသည် ဦးနှောက်မူမမှန်မှုများကြောင့် အသက်ရှုခြင်းနှင့်နှလုံးခုန်ခြင်းတို့ကိုထိန်းချုပ်ရာတွင်ခက်ခဲတတ်ပါသည်။ ထို့ကြောင့်ကလေးငယ်ရုတ်တရက်သေဆုံးမှု ပိုအဖြစ်များပါသည်။အသက်ရှူလမ်းကြောင်းရောဂါပိုးဝင်ခြင်း:ရုတ်တရက်သေဆုံးသောကလေးအများစုသည် မသေဆုံးခင် အအေးမိခြင်းနှင့် အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်းတို့ခံစားခဲ့ရကြောင်းတွေ့ရှိရသည်။အသက်ရှုလမ်းကြောင်းရောဂါပိုးဝင်ခြင်းသည် ကလေးငယ်၏အသက်ရှုခြင်းကိုပုံမမှန်ဖြစ်စေခြင်းကြောင့် ရုတ်တရက် အသက်ဆုံးရှုံးမှု ပိုဖြစ်စေနိုင်သည်။မှောက်အိပ်တတ်တဲ့ကလေးတွေနဲ့ ဘေးတစောင်းအိပ်တဲ့ကလေးတွေကပက်လက်အိပ်တဲ့ကလေးတွေထက် အသက်ရှုရပိုခက်ခဲနိုင်ပါသည်။အိပ်ရာပျော့လွန်းခြင်း :မျက်နှာကိုမှောက်အိပ်ခြင်းနှင့် စောင်ခေါင်းမြီးခြုံအိပ်ခြင်းတို့သည်လဲကလေးငယ်ရဲ့ အသက်ရှုလမ်းကြောင်းကိုပိတ်စေပြီးအသက်မရှုနိုင်ဖြစ်စေတဲ့အတွက် အလွန် အန္တရာယ်များပါတယ်။မိဘများနှင့် အတူသိပ်ခြင်း :မိဘများနှင့် အိပ်ရာတစ်ခုထဲအတူအိပ်ခြင်းသည်လဲပျော့ပြောင်းတဲ့အရာများသောကြောင့် အသက်ရှုလမ်းကြောင်းကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ဥပမာ။·ကျား/မ:ယောက်ျားလေးတွေပိုဖြစ်ပါသည်။·အသက် :အသက် ၂ လနဲ့ ၃ လမှာအဖြစ်များပါသည်။·လူမျိုး:ရောဂါ ဖြစ်စေနိုင်သောအကြောင်းရင်းဟုမပြောနိုင်သော်လည်းလူမည်းများ၊ American Indianများနှင့် Alaska မှ ကလေးများတွင် ပိုမို ဖြစ်ပွားကြောင်းတွေ့ရှိရပါသည်။·မျိုးရိုးလိုက်ခြင်း: မောင်နှမများထဲတွင် ထိုရောဂါဖြင့် သေဆုံးဖူးသူရှိပါကကလေးငယ်တွင် ဖြစ်ပွားနိုင်ခြေရှိပါသည်။·အနီးအနားမှာဆေးလိပ်သောက်သူရှိနေခြင်း၊။ကလေးအားကိုယ်ဝန်ဆောင်ချိန်တွင်။အမေအသက် ၂၀အောက် ဖြစ်ခြင်း။အမေဆေးလိပ်၊ အရက်သောက်ခြင်း။မူးယစ်ဆေးသုံးခြင်းနှင့် ကိုယ်ဝန်အား ဂရုမစိုက်ခြင်းတို့ကြောင့်လဲကလေးငယ်ရုတ်တရက်သေဆုံးခြင်းပိုမိုဖြင်ပွားစေနိုင်ပါသည်။အချုပ်ဆိုရသော် မိမိကလေးငယ် ရုတ်တရက်သေဆုံးခြင်းရောဂါ ဖြစ်ပွားနိုင်ချေကို မိခင်များကိုယ်တိုင်က လျှော့ချနိုင်ပါသည်။ထို့ကြောင့် ကလေးယူရန်စဉ်းစားစဉ် အချိန်ထဲကမိမိ၏အနေအထိုင်၊ ကျန်းမာရေး နှင့် ကလေးငယ်အားစောင့်ရှောက်ရာတွင်လိုအပ်သောဗဟုသုတများလေ့လာရန်တို့ကိုအထူးဂရုပြုသင့်ပါသည်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%90%e1%80%9b%e1%80%80%e1%80%ba-%e1%80%90%e1%80%85%e1%80%ba%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%a1%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%80/
ရင်သားကင်ဆာကုသမှုခံယူနေစဉ်အတွင်း စားသောက်ချင်စိတ်ပျောက်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ
ရင်သားကင်ဆာ ကုသမှု အတွင်းမှာ အစာစားချင်စိတ်ဟာ ပြောင်းလဲမှု ရှိနိုင်ပါတယ်။ သင့်အစာစားချင်စိတ်သာမက အစာစားတဲ့ပုံစံတွေဟာ ပြောင်းလဲလာမှာပါ။ ကုသမှုဟာ အစာစားချင်စိတ်ကို ဘယ်လို ရိုက်ခတ်ပြီး ရင်သားကင်ဆာကုသမှုခံယူနေစဉ်အတွင်း စားသောက်ချင်စိတ်ပျောက်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာ လေ့လာကြည့်ကြရအောင်။ရင်သားကင်ဆာ ကုသမှုဟာအစာစားချင်စိတ်ကို အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ ဒါမှမဟုတ် သင်ဟာ ပုံမှန်အတိုင်း အစာစားရတာ ကြိုက်နှစ်သက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကုသမှု မတိုင်ခင်ကထက် ပိုစားနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ လုံးဝ မစားချင်တော့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အရသာခံတဲ့ အာရုံနဲ့ အနံ့ခံ အာရုံတွေမှာ ပြောင်းလဲမှုတွေ ရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။• ခွဲစိတ်ကုသမှု – ခွဲစိတ်ကုသပြီးရင် ပင်ပန်းတာကြောင့် ဘာမှကို စားချင်စိတ် ရှိမှာ မဟုတ်တော့ပါဘူး။• ကင်ဆာဆေးသွင်းကုသခြင်း – ကင်ဆာဆေးတွေ အဖြစ်သုံးတဲ့ Adriamycin, Cytoxan, Doxil, or methotrexate တွေဟာ အစာစားချင်စိတ်ကို ထိခိုက်စေပါတယ်။ ထိခိုက်စေပုံကတော့ ဘယ်ဆေးတွေသုံးလဲဆိုတာနဲ့ ဘယ်လိုသုံးလဲဆိုတာပေါ် မူတည်ပါတယ်။• ဓာတ်ရောင်ခြည် ကုသမှု။• ဟော်မုန်းကုသမှု။သင့်ကိုယ်ခန္ဓာက ပြောတဲ့ အကြောင်းတွေကို သေချာနားထောင် သင့်ပါတယ်။ အစာစားတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကိုယ်ခန္ဓာက ဘာလိုအပ်နေလဲဆိုတာကိုလည်း သိဖို့ လိုပါတယ်။ သင့်ဆရာဝန်နဲ့အာဟာရဆိုင်ရာကျွမ်းကျင်သူဟာ သင့်အခြေအနေကို သိဖို့ လိုအပ်ပါတယ်။ အစာစားချိန်တွေကို အများကြီး မကျော်လိုက်ပါနဲ့။ ပင်ပန်းလွယ်ခြင်း၊ အားမရှိခြင်း၊ အာဟာရ ပြတ်လပ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ပြောင်းလဲမှုတွေ အစာစားချိန်စိတ် ကင်းမဲ့မှုတွေဟာ သင့်ကို အားနည်းစေမှာပါ။ ရင်သားကင်ဆာကုသမှုခံယူနေစဉ်အတွင်း စားသောက်ချင်စိတ်ပျောက်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ ဆိုတော့ အောက်ဖော်ပြပါ အချက်တွေကို လေ့လာကြည့်ရအောင်။အစာစားချင်စိတ် ပျက်ခြင်း။သင့်ကုသမှု အပြီးမှာ ဘာကိုမှ မစားချင်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ အားအင်နဲ့ အာဟာရဓာတ်တွေလည်း မရတော့ပါဘူး။ ဒါဆို ကင်ဆာတိုက်ဖျက်ဖို့နဲ့ အခြားကုသမှုတွေရဲ့ ဆိုးကျိုးတွေကိုလည်း ကိုယ်ခန္ဓာက ခံနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်အစာစားချင်စိတ်ကိုလည်း တိုးတက်အောင် လုပ်လို့ရပါတယ်။• တစ်နေ့ကို အစာ ၅-၆ ခါလောက်စားပါ။ ဒါဆို ဗိုက်အပြည့်ကြီး ဖြစ်မှာ မဟုတ်ဘဲ လိုအပ်တဲ့ အစာအာဟာရတွေကိုတော့ ရရှိမှာပါ။• မုန့်တွေဖြစ်တဲ့ ကွတ်ကီး၊ ခရက်ကာ၊ အသီးတွေကို သင်စားချင်တဲ့အချိန်မှာ ပေါ့ပေါ့ပါးပါး စားနိုင်ပါတယ်။• အစာစားချိန်မှာ ရေမသောက်ပါနဲ့။ ဒါဟာ စောစီးစွာ ဗိုက်ပြည့်စေတာမို့ သင်အစာနည်းနည်းပဲ စားပါလိမ့်မယ်။• လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်ခန္ဓာကို ကျန်းမာသန်စွမ်းစေပြီး ဗိုက်ဆာစေပါတယ်။• သင့်အစာစားချိန်ကို ပိုပြီး ပျော်စရာကောင်းအောင် လုပ်ပါ။ ဥပမာ – ချစ်ခင်သူတွေနဲ့ စားခြင်း၊ သီချင်းဖွင့်ပြီး စားခြင်း၊ TV ကြည့်ခြင်း။• စားချင်ချိန်တိုင်းမှာ စားချင်တဲ့အစာကို စားပါ။• အအေးစာတွေဖြစ်တဲ့ ဒိန်ချိန်ကို စားပါ။ သူဟာ ကျန်းမာရေးအတွက် ကောင်းရုံတင်မက အရသာလည်း ရှိပါတယ်။• အစာအသစ်အဆန်းတွေကို စားပါ။ အရင်က တစ်ခါမှ မစားဖူးတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားကြည့်နိုင်ပါတယ်။ ဒါဆို ချက်ချင်း ကြိုက်သွားမှာပါ။အစာစားချင်စိတ် မြင့်တက်လာခြင်း။သင်အရင်က စားခဲ့တာနဲ့စာရင် ပိုပြီး စားချင်လာနိုင်ပါတယ်။ ဒါဆို ကိုယ်အလေးချိန် အထိန်းအကွပ် မရှိတက်လာမှာကြောင့် ဒါဟာလည်း မကောင်းပါဘူး။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေကို စားသင့်ပါတယ်။• ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေဖြစ်တဲ့အသီးအရွက်တွေ၊whole grains တွေကိုစားသင့်ပါတယ်။ သူတို့မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အစာမစားခင် အသီးစားခြင်းဟာ အစာစားတဲ့ပမာဏကို နည်းပါးစေပါတယ်။• ရေပိုသောက်ပါ။ ရေဟာ ကိုယ်ခန္ဓာအတွက် ကောင်းမွန်ပါတယ်။ တစ်နေကုန် ရေများများသောက်သင့်ပါတယ်။ ဗိုက်ဆာနေတဲ့အချိန်မှာလည်း ရေသောက်သင့်ပါတယ်။ကယ်လိုရီနည်းတဲ့အစာတွေကို သင်နဲ့အတူ သယ်ဆောင် ထားသင့်ပါတယ်။ ဗိုက်ဆာလာရင် ကယ်လိုရီနည်းတဲ့အစာတွေဖြစ်တဲ့ ပန်းသီး၊ မုန်လာဥနီ၊rice cake၊ fruit teaတွေကို စားနိုင်ပါတယ်။အစာစားချင်စိတ် မရှိခြင်းနဲ့ ပြောင်းလဲခြင်းတွေဟာ မထိန်းချုပ်ဘူးဆိုရင် ကြီးမားတဲ့ ပြဿနာတွေဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ခန္ဓာအတွက် အားအင်ပြန်လည် ရရှိနိုင်ဖို့အတွက် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ စားသောက်ပုံစနစ်ကို တစ်ဆင့်ချင်းဆီ ကြိုးစားနိုင်ပါတယ်။ သန်မာတဲ့ ကိုယ်ခန္ဓာဟာ ကင်ဆာကို ပိုမိုကောင်းမွန်စွာ တိုက်ဖျက်နိုင်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/managing-eating-problems-caused-by-chemotherapy/
Knee Sprain (ဒူးနာခြင်း)
ဒူးနာတယ်ဆိုတာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ အရွတ်၊ အရိုးနုများ စုတ်ပြဲခြင်းစတဲ့ ထိခိုက်ဒဏ်ရာကြောင့် ဖြစ်နိုင်သလို အဆစ်ရောင်ခြင်း၊ ဂေါက်ရောဂါ၊ ရောဂါပိုးဝင်ခြင်းစတဲ့ ရောဂါများကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မပြင်းထန်တဲ့ ဒူးနာခြင်းများကို ကိုယ်တိုင်ဂရုစိုက်ကုသလို့ ပျောက်ကင်းနိုင်ပါတယ်။ လေ့ကျင့်ခန်းကုထုံး၊ ပတ်တီးစည်းခြင်းတို့ကလည်း ဒူးနာသက်သာစေပါတယ်။ အချို့လူနာများမှာတော့ ခွဲစိတ်ကုသဖို့အထိ လိုအပ်နိုင်ပါတယ်။ဒီရောဂါဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အသက်၆၀ကျော်လျှင် ပိုဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ပြဿနာရဲ့ အကြောင်းရင်းခံပေါ် မူတည်ပြီး ဒူးနာတဲ့နေရာနဲ့ ပြင်းထန်မှု ကွာဟနိုင်ပါတယ်။ ဒူးနာခြင်းရဲ့ တွဲတဲ့အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။ရောဂါရှိကြောင်း စောစောသိရှိပြီး ကုသနိုင်ခြင်းဟာ ရောဂါပိုဆိုးလာခြင်းနဲ့ အခြားအရေးပေါ်အခြေအနေများ ဖြစ်လာနိုင်ခြေကို ကာကွယ်ဖို့အတွက် ဆရာဝန်ဆိ အတတ်နိုင်ဆုံးစောစောသွားပြရပါမယ်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ထိခိုက်ဒဏ်ရာများ၊ ရုပ်ပိုင်းဆိုင်ရာပြဿနာများ၊ အဆစ်ရောင်ခြင်းနှင့် အခြားပြဿနာ တို့ကြောင့်ဒူးနာခြင်း ဖြစ်စေပါတယ်။ထိခိုက်ဒဏ်ရာများ။ဒူးကို ထိခိုက်မိလျှင် ဒူးဆစ်အနားရှိ အရွတ်၊ ဒူးဆစ်ကို ဝန်းရံထားတဲ့ အရည်အိတ်များ၊ အရိုး၊ အရိုးနုများနဲ့ ဒူးဆစ်ဖွဲ့စည်းပုံမှာပါဝ်တဲ့ အရွတ်များ ဘာကိုမဆို ထိမိနိုင်ပါတယ်။ အဖြစ်များသော ဒူးခေါင်းထိခိုက်ဒဏ်ရာအချို့မှာ။အရှေ့ဘက်ကြက်ခြေခတ်အရွတ် ထိခိုက်မိခြင်း။ညို့သကျည်းရိုးနဲ့ ပေါင်ရိုးဆက်ထားတဲ့ အရွတ်၄ခုထဲက တစ်ခုဖြစ်တဲ့ အရှေ့ဘက်ကြက်ခြေခတ်အရွတ် စုတ်ပြဲခြင်းဖြစ်ပါတယ်။ ဘတ်စကတ်သော၊ ဘောလုံးနဲ့ ဦးတည်ရာခဏခဏ ပြောင်းရတတ်တဲ့ အားကစားနည်းများ ကစားသူများမှာ အဖြစ်များပါတယ်။အရိုးကျိုးခြင်း။ဒူးအရှေ့ဖုံးရိုး patella ဟာ ယာဉ်တိုက်မှု၊ ချော်လဲခြင်းတို့မှာ ကျိုးနိုင်ပါတယ်။အရိုးနုပြဲခြင်း။ရာဘာလို ခိုင်မာတဲ့ ညို့သကျည်းရိုးနဲ့ ပေါင်ရိုးကြားက အခုအခံ အရိုးနုမှာဖြစ်တယ်။ဒူးအရည်အိတ်ရောင်ခြင်း။အချို့ဒူးဒဏ်ရာများမှာ ဒူးဆစ်အပြင်ဘက်ကနေ အကြောအဆစ်များ ဒူးဆစ်ပေါ်မှာ ချောမွေ့စွာလှုပ်ရှားဖို့ ကာကွယ်ပေးထားတဲ့ အရည်အိတ်လေးများ ရောင်ရမ်းတတ်ပါတယ်။ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ။ဒူးနာစေတတ်သော ရုပ်ပိုင်းဆိုင်ရာ ပြဿနာအချို့မှာ။အပိုပစ္စည်း။တခါတရံ အရိုး/အရိုးနုတို့ ထိခိုက်မိခြင်း၊ ပြုန်းတီးခြင်းတို့ကြောင့် အရိုးအစလေးပဲ့ထွက်ပြီး အဆစ်ထဲမှာ မျောနေတတ်ပါတယ်။Iliotibial band syndrome။တင်ပါးအပြင်ဘက်မှ ဒူးအပြင်ဘက်အထိ ထိစပ်နေတဲ့ တစ်သျှူးအတန်းလိုက်ဟာ တင်းကြပ်လာပြီး ပေါင်ရိုးအပြင်ဘက်နဲ့ ပွတ်တိုက်မိခြင်းကြောင့် ဖြစ်ပါတယ်။ဒူးဆစ်အဖုံးရိုး နေရာလွဲခြင်း။ဒူးဆစ်အရှေ့ကို ဖုံးထားတဲ့တြိဂံပုံ အရိုး patella ဟာ ဒူးအပြင်ဘက်သို့နေရာလွဲရောက်သွားခြင်း ဖြစ်ပါတယ်။တင်ပါး သို့မဟုတ် ခြေဖဝါးနာခြင်း။တင်ပါး သို့မဟုတ် ခြေဖဝါးနာလျှင် သင်ဟာ နာတဲ့အဆစ်တွေကို ညှာပြီးလမ်းလျှောက်ပါလိမ့်မယ်။ ဒီလိုလမ်းလျှောက်ပုံပြောင်းတဲ့အတွက် ဒူးခေါင်းကို ဒဏ်ဖြစ်စေပါတယ်။အဆစ်ရောင်ခြင်းများ။အဆစ်ရောင်ခြင်း အမျိုးတစ်ရာကျော် ရှိပါတယ်။ ဒူးခေါင်းကို ထိခိုက်နိုင်ခြေအများဆုံး အမျိုးအစားများမှာ။အရိုးအဆစ်ရောင်ရောဂါ။အဆစ်ပြုန်းတီးခြင်းကြောင့် ဖြစ်တဲ့ ရောဂါဖြစ်ပြီး အဖြစ်အများဆုံး ဖြစ်ပါတယ်။သွေးလေးဘက်နာရောဂါ။အဆိုးရွားဆုံး အဆစ်ရောင်အမျိုးအစားဖြစ်တဲ့ သွေးလေးဘက်နာဟာ ဒူးအပါအဝင် ခန္ဓါကိုယ်ရဲ့ ဘယ်အဆစ်မဆို ထိခိုက်စေနိုင်တဲ့ မိမိခုခံအားစနစ်က တန်ပြန်တိုက်ခိုက်ခြင်းကို ခံ၇တဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ဂေါက်ရောဂါ။ယူရစ်အက်ဆစ်ကျောက်များ အဆစ်ထဲမှာ စုပုံလာတဲ့ရောဂါဖြစ်ပါတယ်။ ဂေါက်ရောဂါဟာ ခြေမမှာ အများဆုံးဖြစ်နိုင်ပေမယ့် ဒူးဆစ်မှာလည်း ဖြစ်တတ်ပါတယ်။Knee Sprain (ဒူးနာခြင်း) ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်-။အဝလွန်ခြင်း။အဝလွန်ခြင်းကြောင့် လမ်းလျှောက်ခြင်း၊ လှေကားအတက်အဆင်းလုပ်ခြင်း စတဲ့ပုံမှန် လှုပ်ရှားမှုများကပင် ဒူးဆစ်များကို ဒါဏ်ဖြစ်စေပါတယ်။ အဆစ်တွင်းရှိ အရိုးနုများပျက်စီးမှုကို မြန်ဆန်စေပြီး အရိုးအဆစ်ရောင်ရောဂါဖြစ်နှုန်းကိုလည်း မြင့်မားစေပါတယ်။ကြွက်သားအင်အားနှင့်ပျော့ပျောင်းမှုမရှိခြင်း။ဒူးခေါင်းထိခိုက်မိခြင်းဖြစ်စေတဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ တောင့်တင်းနေသော သို့မဟုတ် အားနည်းနေသော ကြွက်သားများဟာ ဒူးဆစ်အပေါ်သက်ရောက်တဲ့ဖိအားကို မျှယူနိုင်ခြင်းမရှိဘဲ အဆစ်ကိုထောက်ပံ့ပေးနိုင်စွမ်းနည်းသွားပါတယ်။အားကစားနည်းအချို့။အချို့အားကစားနည်းတွေမှာ ဒူးဆစ်အပေါ် ဖိအားပိုသက်ရောက်နိုင်ပါတယ်။ နှင်းလျှောစီးဘွတ်ဖိနပ် အမာစားများနှင့် နှင်းလျှောစီးခြင်းဟာ ချော်လဲနိုင်ခြေများစေပါတယ်။ ဘတ်စကတ်ဘောကစားရာမှာ ခုန်ပြီးတစ်ပတ်လှည့်ခြင်း၊ ပြေးတဲ့အခါ ဒူးကိုအကြိမ်ကြိမ်ဆောင့်ချနေခြင်းတို့ကြောင့် ဒူးခေါင်းထိခိုက်နိုင်ခြေ မြင့်မားစေပါတယ်။ယခင်ကထိခိုက်ဖူးခြင်း။ယခင်က ဒူးခေါင်းထိခိုက်မိဖူးလျှင် ထပ်မံထိခိုက်နိင်ခြေ ပိုများပါတယ်။အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာ ဒူးနာခြင်း မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဒူးနာသည်ဟု ထင်ပါက ဆရာဝန်က သင့်ကို စမ်းသပ်ပြီး လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပါမယ်။ အများစု ပြုလုပ်လေ့ရှိတဲ့ စစ်ဆေးမှုများမှာ-။ဓါတ်မှန်။ဆရာဝန်က အရင်ဆုံး အရိုးကျိုးခြင်းနဲ့ အရိုးပျက်စီးယိုယွင်းတဲ့ရောဂါများကို သိနိုင်ဖို့ ဓါတ်မှန်ရိုက်ဖို့ အကြံပြုပါလိမ့်မယ်။CT scan။CT scan များမှာ ဓါတ်မှန်ကို ထောင့်အမျိုးမျိုးမှ ရိုက်ထားပြီး ခန္ဓါကိုယ်အတွင်းပိုင်းပုံရိပ်များကို ဖြတ်ပိုင်းပုံများအနေနဲ့ မြင်ရမှာ ဖြစ်ပါတယ်။ CT scanမှ အရိုးပြဿနာများနှင့် အပိုပစ္စည်းများကို မြင်နိုင်စေပါတယ်။Ultrasound။အသံလှိုင်းကို အသုံးပြုပြီး ဒူးခေါင်းအတွင်းနဲ့ အနီးတဝိုက်ရှိ ပျော့ပျောင်းတဲ့တစ်သျှူးများ၊ လှုပ်ရှားပုံများကို တိုက်ရိုက်ပုံဖော်ကြည့်နိုင်တဲ့ နည်းပညာဖြစ်ပါတယ်။သံလိုက်ဓါတ်မှန်။အရွတ်၊ အကြော၊ အရိုးနုနှင့် ကြွက်သားများထိခိုက်မှုကို အထူးသဖြင့် တွေ့မြင်နိုင်မယ့် စစ်ဆေးမှုဖြစ်ပါတယ်။ဆေးများ။သွေးလေးဘက်နာ၊ ဂေါက်စတဲ့ရောဂါတွေမှာ အနာသက်သာစေဖို့နဲ့ အကြောင်းရင်းခံကို ကုသနိုင်ဖို့ ဆရာဝန်က ဆေးညွှန်းပေးပါလိမ့်မယ်။ကုထုံးများ။ဒူးတဝိုက်ရှိ ကြွက်သားများကို အားကောင်းစေခြင်းဖြင့် ဒူးဆစ်ကိုပိုခိုင်စေပါတယ်။ ပေါင်အရှေ့နဲ့ ပေါင်အနောက်ပိုင်းရှိ ကြွက်သားများကို အဓိကထား လေ့ကျင့်ပါတယ်။ မမှန်ကန်တဲ့လှုပ်ရှားမှုပုံစံများကို ပြုပြင်ပြီး အားကစားနဲ့ လှုပ်ရှားမှုများကို နည်းစနစ်မှန်မှန် ပြုလုပ်ရပါမယ်။ ဟန်ချက်ထိန်ုးညှိတဲ့ လေ့ကျင့်ခန်းများကလည်း အရေးကြီးပါတယ်။ထိုးဆေးများ။အချို့လူနာတွေကို အဆစ်ထဲတိုက်ရိုက်ဆေး သို့မဟုတ် အခြားအရာများထိုးဖို့ ဆရာဝန်က အကြံပြုပါတယ်။ ဥပမာ၊။ခွဲစိတ်မှု။ခွဲစိတ်ကုသဖို့ လိုအပ်တဲ့ထိခိုက်မှုမျိုးဖြစ်ခဲ့လျှင်လည်း ချက်ခြင်းခွဲစိတ်ရန် မလိုပါ။ ဆုံးဖြတ်ချက်မချမီ ခွဲစိတ်ကုသခြင်းနှင့်မခွဲစိတ်ဘဲ ပြန်လည်သန်စွမ်းရေးပြုလုပ်ခြင်းတို့၏ အကျိုးအပြစ်များနှင့် သင့်အတွက် အဆင်အပြေဆုံးကို ရွေးချယ်ပါ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ဒူးနာခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/knee-sprain-%e1%80%92%e1%80%b0%e1%80%b8%e1%80%94%e1%80%ac%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
စိတ်ဖိစီးမှုတွေက ဝက်ခြံပေါက်စေနိုင်သလား
စနေ၊တနင်္ဂနွေတော့ရောက်လာပါရဲ့၊တပတ်လုံးပင်ပန်းနွမ်းနယ်ထားပြီးစာမေးပွဲ၊ရုံးအလုပ်၊ပရောဂျက်အပြီးလုပ်ရမယ့်အလုပ်တွေကလည်းနှိပ်စက်နေတဲ့အတွက်စိုးရိမ်ပူပန်မှုတွေကလည်းရှိနေပါသေးတယ်။ ထိုအချိန်မျိုးမှာသင့်မျက်နှာမှာ ဝက်ခြံတွေ ပိုထွက်လာတတ်တာမျိုး ဖြစ်ဖူးပါသလား။ အရေပြားပြဿနာတွေနဲ့စိုးရိမ်ပူပန်မှုတွေဟာတပြိုင်တည်းလိုလိုပေါ်လာတတ်တယ်ဆိုတာ (သို့) ဝက်ခြံတွေဟာသင့်ပြဿနာတွေရဲ့အမှတ်အသားတစ်ခုဖြစ်တယ်ဆိုတာသင်သိပါသလား။အရေပြားရောဂါဆိုင်ရာပါမောက္ခတဦးရဲ့အဆိုအရစိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေ၊စိုးရိမ်ပူပန်မှုတွေဟာဝက်ခြံအသစ်ထွက်လာတာနဲ့တိုက်ရိုက်သက်ဆိုင်ခြင်းတော့မရှိဘဲသူတို့ဟာရှိပြီးသားအရေပြားပြဿနာတွေကိုပိုဆိုးစေတာလို့ဆိုပါတယ်။ ဒါ့အပြင်ကျောင်းသားတွေအနေနဲ့စာမေးပွဲရက်တွေအတွင်းမှာဝက်ခြံပြဿနာကနေထွက်ပြေးဖို့အင်မတန်ခဲယဉ်းတယ်ဆိုတာနဲ့ဒီပြဿနာတွေဟာ နွေရာသီကျောင်းပိတ်ရက်လိုမျိုးဖိအားမရှိတဲ့အချိန်တွေမှာထက်ပိုပြီးဆိုးတယ်လို့သုတေသနပညာရှင်တွေရဲ့လေ့လာချက်တွေအရသိရပါတယ်။ စိတ်ဖိစီးမှုများနေချိန်မှာသူတို့ရဲ့ဆဲလ်တွေဟာ sebum လို့ခေါ်တဲ့အဆီတွေကိုပုံမှန်ထက်ပိုထုတ်လေ့ရှိပါတယ်။ အလုပ်၊အိမ်ထောင်ရေး၊စီးပွားရေးနဲ့ပညာရေးအဆင်မပြေမှုတွေကကာလရှည်စိတ်ဖိစီးမှုကို ဖြစ်လာစေနိုင်ပါတယ်။ ဒီလိုဖြစ်လာရင်အက်ဒရီနယ်ဂလင်းကိုပါသွားဆွနိုင်ပြီးအဆိုပါဂလင်းကထုတ်ပေးတဲ့ဟော်မုန်းတွေဟာအဆီထုတ်တဲ့ဂလင်းတွေအပေါ်သက်ရောက်မှုရှိပါတယ်။ ဒီအဆီတွေဟာအရေပြားဆဲလ်သေတွေ၊ဘက်တီးရီးယားတွေနဲ့ပေါင်းပြီးမွေးညင်းပေါက်တွေကိုပိတ်ဆို့ကာဝက်ခြံဖြစ်လာစေပါတယ်။ဒါ့အပြင်စိတ်ဖိစီးမှုတွေများခြင်းဟာသွေးပေါင်တက်စေပြီးသွေးကြောတွေကိုကျယ်လာစေတာကြောင့်အရေပြားနီရဲရောင်ရမ်းတာတွေကိုလည်း ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုတွေဟာအစာအာဟာရဓါတ်တွေစုပ်ယူမှုကိုလျော့နည်းသွားစေတာကြောင့်ကိုယ်ခံအားစနစ်အားနည်းပြီးဝက်ခြံပျောက်ဖို့အချိန်ကြာစေပါတယ်။ဒီပြဿနာတွေကိုဖြေရှင်းဖို့အကောင်းဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းကတော့စိတ်ဖိစီးမှုနဲ့ပင်ပန်းနွမ်းနယ်မှုတွေကိုလျှော့ချဖို့ပဲ ဖြစ်ပါတယ်။ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း (ယောဂ၊အပြေး၊အားကစားလုပ်၊အားကစားခန်းမမှာကစားစသည်)။အိပ်ရေးဝဝအိပ်ခြင်း (တစ်ညကို၇-၈နာရီလောက်အိပ်ရပါမယ်)။ ဝက်ခြံဆိုတာဒီနေ့ကုမနက်ဖြန်ပျောက်ဆိုတဲ့အမျိုးတော့မဟုတ်ပါဘူး။ အခြေအနေဆိုးတဲ့လူနာတွေမှာဆိုရင်retinoids၊ပဋိဇီဝပိုးသတ်ဆေးနဲ့တခြားဆေးတွေသုံးပြီးကုသဖို့လည်းလိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။ ဒါကြောင့်သင့်အနေနဲ့စိတ်ဖိစီးမှုတွေနည်းနိုင်သမျှနည်းအောင်နေထိုင်ရမှာဖြစ်ပြီးဝက်ခြံတွေစထွက်လာပြီဆိုရင်လည်းစိတ်ဖိစီးမှုတွေကိုအမြန်ဆုံးလျှော့ချနိုင်ဖို့ရာအတွက်ဆရာဝန်နဲ့အမြန်ဆုံးပြသရမှာပဲ ဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%96%e1%80%ad%e1%80%85%e1%80%ae%e1%80%b8%e1%80%99%e1%82%88%e1%80%b1%e1%80%90%e1%80%bc%e1%80%80-%e1%80%9d%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%b1/
ဥသျှစ်ရွက် ကပေးတဲ့ ကျန်းမာရေး
အသီးအရွက်လေးတွေ တော်တော်များများကအာဟာရဓာတ်ကြွယ်ဝကြသလို  ကျန်းမာရေးအာနိသင်လည်းများပါတယ်။ ဒီတစ်ခေါက်တော့ကျန်းမာရေးအတွက် ဥသျှစ်ရွက် က ဘယ်လိုအကျိုးပြုလဲဆိုတာကို ကြည့်လိုက်ရအောင်လား………..။ဥသျှစ်ပင်ဆိုတာက အပူပိုင်းဒေသမှာ အများဆုံးပေါက်ရောက်တဲ့ အပင်တစ်မျိုးပါ။ဆေးဖက်ဝင်အာနိသင်တွေလည်း ကြွယ်ပါတယ်။ အမြင့်ပေ ၃၀လောက်ထိရှိတဲ့ အပူပိုင်းဒေသအပင်တစ်မျိုးပေါ့။ ဥသျှစ်ရွက်က အစိမ်းရောင်ရှိပြီး ခပ်ရှိန်ရှိန်းအနံ့မွှေးမွှေးလေးရှိပါတယ်။ အိန္ဒိယနဲ့သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှာပေါက်ရောက်သလိုမြန်မာနိုင်ငံနဲ့ အခြားတောင်အာရှနိုင်ငံတွေမှာလည်းပေါက်ရောက်ကြပါတယ်။ဥသျှစ်ရွက်နုနုလေးတွေက တို့စားလို့ရပါတယ်။ ဒီတို့စားလို့ကောင်းတဲ့ ဥသျှစ်ရွက်လေး စားသုံးပေးတာက။ဆီးချိုကို ထိန်းပေးနိုင်တယ်။ဥသျှစ်ရွက်က သဘာဝ ဝမ်းနုတ်ဆေးတစ်မျိုးပါ။ ဒီအာနိသင်ကသွေးတွင်းသကြားဓာတ်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ဝမ်းမှန်တာက ပန်ကရိယကကိုအင်ဆူလင်ထုတ်လွှတ်အောင် လှုံဆော်ပေးပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးတာကြောင့် ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။ဝမ်းမှန်စေနိုင်တယ်။နှလုံးရောဂါသက်သာစေနိုင်တယ်။ဥသျှစ်ရွက်က နာကျင်ရောင်ရမ်းတာကို သက်သာစေနိုင်သလို ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။သွေးတွင်းကိုလက်စထရောပမာဏကို ကျစေနိုင်ပြီး နှလုံးကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး နှလုံးရောဂါ မဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ပန်းနာရင်ကျပ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ကာကွယ်နိုင်တယ်။ဥသျှစ်ရွက်ကအအေးမိတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး ကူးစက်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဥသျှစ်ရွက်ကို အစိမ်းပဲ တို့စားစား၊ ရေနွေးဆူဆူထဲကို ထည့်ပြီး ပေါင်းခံရည်ကိုပဲ သောက်သောက် ပန်းနာရင်ကျပ်ရောဂါကို သက်သာစေပြီ အအေးမိတာ နဲ့အသက်ရှူလမ်းကြောင်းပိုးဝင်ကူးစက်တာမျိုး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။ပါးစပ်ထဲက အနာတွေကို သက်သာစေနိုင်တယ်။ဥသျှစ်ရွက်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ပါဝင်နေပြီး ဘက်တီးရီးယားတွေကို အကောင်းဆုံး တိုက်ဖျက်ပေးနိုင်တာကြောင့် ခံတွင်းထဲက အနာတွေကို သက်သာစေဖို့ စားသုံးပေးလို့ ရပါတယ်။ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်တယ်။ပူပြင်းတဲ့ နွေရာသီလို ရာသီမျိုးမှာ ခန္ဓာကိုယ် အပူချိန်ကို အကောင်းဆုံး ထိန်းညှိနိုင်ဖို့ ဥသျှစ်ရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ဥသျှစ်ရွက်က ကိုယ်တွင်း ကအပူချိန်ကို ထိန်းညှိပေးပြီးရေဓာတ်ဖြည့်ပေးနိုင်သလို အစာအိမ်တွင်းက အက်ဆစ်ပမာဏကိုလည်း အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။အရေပြားဓာတ်မတည့်တာကို သက်သာစေနိုင်တယ်။အရေပြားမှာ ဓာတ်မတည့်မှု တစ်ခုခုကြောင့် အဖုအပိမ့်တွေ ထွက်တဲ့အခါ ဥသျှစ်ရွက်ကို ရေစင်အောင် ဆေးလို့ ကြိတ်ခြေပြီး လိမ်းပေးလို့ ရပါတယ်။ ဥသျှစ်ရွက်ပြုတ်ရည်ကို သောက်ပေးလို့လည်း ရပါတယ်။ဥသျှစ်ရွက်က ကျန်းမာရေးအတွက် အကျိုးများတယ် ဆိုပေမယ့် တန်ဆေး လွန်ဘေးဆို သလိုပါပဲ။ ဥသျှစ်ရွက်ကိုအလွန်အကျွံစားသုံးမယ် ဆိုရင်။>> တတိုင်းမွှေး အခုလို ဆေးဖက်ဝင်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/benefits-of-bael-leaves/
အာရုံကြောထိခိုက်နာကျင်ခြင်း
သင့်အာရုံကြောစနစ်ဟာ အသက်ရှူတာကို ထိန်းချုပ်ခြင်းကစလို့ ကြွက်သားတွေကို ထိန်းချုပ်ပေးပြီး အပူအအေး အာရုံခံစားမှုအထိ ကိုယ်ခန္ဓါက ပြုလုပ်သမျှ အရာအားလုံးပါဝင်ပါတယ်။ ကိုယ်ခန္ဓါမှာ အာရုံကြော သုံးမျိုးပါဝင်ဖွဲ့စည်းထားပါတယ်။၁။ Autonomic nerves – ဒီအာရုံကြောတွေဟာ ကိုယ်ခန္ဓါက ထိန်းချုပ်လို့မရတဲ့ (သို့) တစ်စိတ်တစ်ပိုင်းသာ ထိန်းချုပ်လို့ရတဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်ပါတယ်။ နှလုံးခုန်နှုန်း၊ သွေးဖိအား၊ အစာခြေခြင်းနဲ့ အပူချိန် ထိန်းညှိပေးခြင်းတို့ ပါဝင်ပါတယ်။၂။ Motor nerves – ဒီအာရုံကြောတွေကတော့ ဦးနှောက်နဲ့ ကျောရိုးမက သတင်းအချက်အလက်တွေကို ကြွက်သားတွေဆီကို သယ်ပို့ပေးပြီး လှုပ်ရှားမှုတွေကို ထိန်းချုပ်ပေးပါတယ်။၃။ Sensory nerves – ဒီအာရုံကြောအမျိုးအစားဟာ အရေပြားနဲ့ ကြွက်သားတွေက သတင်းအချက်အလက်တွေကို ဦးနှောက်နဲ့ ကျောရိုးမကို သက်ပို့ပေးပါတယ်။ ဒီသတင်းအချက်အလက်တွေက တစ်ဆင့် နာကျင်မှုနဲ့ အခြားခံစားမှုတွေကို ခံစားရစေပါတယ်။အာရုံကြော နာကျင်မှု နဲ့ ပျက်စီးမှုတွေဟာ မပြင်းထန်တတ်ပါဘူး။ ဒါပေမယ့် အာရုံကြောတွေဟာ သင်လုပ်မျှအရာတွေအတွက် အရေးပါတာကြောင့် သူတို့ ပျက်စီးမှုဟာ သင့်ဘဝအရည်အသွေးကို ထိခိုက်နိုင်ပါတယ်။အာရုံကြော နာကျင်မှုနဲ့ ပျက်စီးမှုရဲ့ လက္ခဏာတွေက ဘာတွေလဲ။အာရုံကြော နာကျင်မှုနဲ့ ပျက်စီးမှုရဲ့ လက္ခဏာတွေက အမျိုးမျိုး ရှိတတ်ပါတယ်။ ထိခိုက်သွားတဲ့ အာရုံကြောရဲ့ တည်နေရာနဲ့ အမျိုးအစားပေါ်မူတည်ပါတယ်။ ဦးနှောက်နဲ့ ကျောရိုးမအတွင်းပိုင်းက အာရုံကြောတွေဟာလည်း ပျက်စီးတတ်ပါတယ်။ အပြင်ဘက်က ကိုယ်ခန္ဓါအစိတ်အပိုင်းတွေဆီကို သွားတဲ့ အာရုံကြောတွေဟာလည်း ပျက်စီးတတ်ပါတယ်။Autonomic nerve ပျက်စီးမှုဟာ အောက်ပါတို့ကို ဖြစ်စေပါတယ်။• ရင်ဘတ်အောင့်ခြင်း (သို့) နှလုံးရပ်ခြင်းကြောင့် ဖြစ်တဲ့ နာကျင်မှုကို မခံစားနိုင်ခြင်း။• ချွေးအထွက် လွန်ခြင်း (သို့) ချွေးမထွက်ခြင်း။• ခေါင်းရီဝေဝေ ဖြစ်ခြင်း။• မျက်လုံး (သို့) ပါးစပ် ခြောက်ခြင်း။• ဝမ်းချုပ်ခြင်း။• ဆီးအိမ် ကောင်းကောင်း အလုပ်မလုပ်နိုင်ခြင်း။• လိင်ပိုင်းဆိုင်ရာ မစွမ်းဆောင်နိုင်ခြင်း။Motor nerve ထိခိုက်မှုကတော့ အောက်ဖေါ်ပြပါ အချက်တွေကို ဖြစ်စေပါတယ်။• အားနည်းခြင်း။• ကြွက်သား မလှုပ်နိုင်ခြင်း။• ကြွက်သား ဆတ်ခနဲ တုန်ခြင်း။• အကြောသေခြင်း။Sensory nerve ပျက်စီးမှုကတော့။• နာကျင်ခြင်း။• အာရုံခံစားမှု။• ထုံခြင်း။• ကျဉ်ခြင်း။• ပူလောင်ခြင်း။• Positonal awareness နဲ့ ပတ်သက်တဲ့ ပြဿနာများ ကို ဖြစ်စေပါတယ်။အချို့အခြေအနေတွေမှာ အာရုံကြော ထိခိုက်မိခြင်းဟာ အာရုံကြော နှစ်မျိုး (သို့) သုံးမျိုးကို ထိခိုက်မိတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ ဥပမာ အားနည်းပြီး ပူလောင်တဲ့ ခံစားချက်မျိုး ခြေထောက်မှာ တစ်ပြိုင်နက် ပြနိုင်ပါတယ်။အာရုံကြော နာကျင်မှုနဲ့ ပျက်စီးမှုကို ဘာတွေက ဖြစ်စေတာလဲ။အာရုံကြော ပျက်စီးမှုပေါင်း ၁၀၀ ကျော် ရှိပါတယ်။ ရောဂါလက္ခဏာလည်း အမျိုးမျိုး ရှိပြီး သူတို့တွေဟာ ကုသမှု ပုံစံ အမျိုးမျိုးကို လိုအပ်တတ်ပါတယ်။အမေရိကန် သန်း၂၀ လောက်ဟာ peripheral အာရုံကြော ပျက်စီးမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလိုပျက်စီးမှုမျိုးဟာ အသက်ကြီးလာတာနဲ့ အမျှ ပိုအတွေ့များလာပါတယ်။ Peripheral nerve damage ဖြစ်သူ သုံးယောက်မှာ တစ်ယောက်ဟာ ဆီးချိုရောဂါကြောင့် ဖြစ်ပါတယ်။ အခြား သုံးပုံတစ်ပုံကတော့ ဘာကြောင့် ဖြစ်မှန်း မသိရှိပါဘူး။အောက်ဖေါ်ပြပါတွေကတော့ အာရုံကြော နာကျင်မှုနဲ့ ပျက်စီးမှုကိုဖြစ်စေတဲ့ အချက်တွေ ဖြစ်ပါတယ်။• Autoimmune disease – Autoimmune disease။အတော်များများဟာ အာရုံကြော ပျက်စီးမှုဖြစ်စေပါတယ်။multiple sclerosis, Guillain-Barré syndrome, myasthenia gravis, lupus, and inflammatory bowel disease တို့ ပါဝင်ပါတယ်။• ကင်ဆာ – ကင်ဆာဟာ အာရုံကြော ပျက်စီးခြင်းကို နည်းလမ်းအမျိုးမျိုးနဲ့ ဖြစ်စေပါတယ်။ အချို့ကိစ္စတွေမှာ ကင်ဆာအစုအပုံဟာ အာရုံကြောတွေကို တွန်းပစ်ပြီး ဖိခြေလိုက်ပါတယ်။ တခါတလေမှာတော့ အာရုံကြော ထိခိုက်မှုကို ဖြစ်စေတဲ့ အာဟာရပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကို ဖြစ်စေပါတယ်။ ဒါ့ပြင် ကင်ဆာဆေးသွင်းကုသမှုနဲ့ ဓါတ်ရောင်ခြည်နဲ့ ကုသမှုတွေဟာ အာရုံကြောပျက်စီးမှုကို ဖြစ်စေနိုင်ပါတယ်။• ဖိမိခြင်း၊ ထိခိုက်မိခြင်း – အာရုံကြောတွေကို ဖိမိခြင်း၊ ထိခိုက်မိခြင်းဟာ သူတို့ကို ပျက်စီးစေပါတယ်။ pinched nerves in the neck, crush injuries, and carpal tunnel syndrome တို့ ပါဝင်ပါတယ်။• ဆီးချို – ဆီးချိုရှိတဲ့သူတွေရဲ့ တစ်ဝက်လောက်ဟာ အာရုံကြော ပျက်စီးတတ်ပြီးတော့ ရောဂါ ဆက်တိုးသွားရင် ပိုဆိုးလာတတ်ပါတယ်။ ဆီးချိုကြောင့် အာရုံကြော ပျက်စီးမှုဟာ ပြင်းထန်ပြီးတော့ အာရုံကြော သုံးမျိုးလုံးကို ထိခိုက်ပါတယ်။ Sensory nerve တွေကိုတော့ အထိခိုက်ဆုံးဖြစ်ပြီး ထုံကျဉ်ခြင်း၊ ပူလောင်ခြင်းတွေကို ဖြစ်တတ်ပါတယ်။ ဆီးချိုရှိပြီး အာရုံကြော ပျက်စီးခြင်း လက္ခဏာတွေကို ခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။• ဆေးဘေးထွက်ဆိုးကျိုးတွေနဲ့ အဆိပ်အတောက်များ – ကိုယ်ခန္ဓါထဲကို ရည်ရွယ်ချက်ရှိရှိဖြစ်စေ၊ မရှိပဲဖြစ်စေ ရောက်လာတဲ့ အရာတွေအကုန်လုံးက အာရုံကြော ပျက်စီးစေပါတယ်။ ဆေး (ကင်ဆာဆေး၊ HIVဆေး) တွေလဲ ပါဝင်ပါတယ်။ ခဲ၊ အာဆင်းနစ်၊ မာကျူရီ အစရှိတဲ့ အဆိတ်အတောက်ဖြစ်စေတဲ့ သတ္တုတွေဟာလည်း အာရုံကြော ပျက်စီးစေပါတယ်။• Motor neuron ရောဂါများ – Motor neuron တွေဟာ ဦးနှောက်နဲ့ ကျောရိုးမထဲက အာရုံကြောတွေ ဖြစ်ပြီး ကိုယ်ခန္ဓါက ကြွက်သားတွေနဲ့ ဆက်စပ်နေပါတယ်။ ဒီအာရုံကြောတွေကို ထိခိုက်မိခြင်းဟာ amyotrophic lateral sclerosis လို့ခေါ်တဲ့ ရောဂါကို ဖြစ်စေပြီးတော့ အာရုံကြော ပျက်စီးမှုကို ပိုမိုဆိုးရွားစေပါတယ်။• အာဟာရမလုံလောက်မှုများ – ဗီတာမင် ဘီ 6 နဲ့ 12 မလုံလောက်မှုဟာ အာရုံကြော ပျက်စီးတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ အရက် အလွန်အကျွံသောက်ခြင်း၊ အစာအိမ် ခွဲစိတ်ပြီးခြင်းတွေမှာလည်း အာဟာရ မလုံလောက်မှုဖြစ်စေပြီး အာရုံကြော ထိခိုက်စေပါတယ်။• ကူးစက်ရောဂါများ – အချို့ကူးစက်ရောဂါတွေဟာ အာရုံကြော ထိခိုက်နိုင်ပါတယ်။ Lyme disease, the herpes viruses, HIV, and hepatitis C တို့ ပါဝင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/peripheral-nervous-system-disorders/%e1%80%a1%e1%80%ac%e1%80%9b%e1%80%af%e1%80%b6%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%91%e1%80%ad%e1%80%81%e1%80%af%e1%80%ad%e1%80%80%e1%80%b9%e1%80%94%e1%80%ac%e1%80%80%e1%80%ba%e1%80%84%e1%80%b9/
မျက်နှာပင့်တင်ခြင်းနည်းဖြင့် မျက်နှာပြုပြင်မယ်
အသက်ကြီးလာတဲ့အခါ အရေပြားတွေပျော့တွဲကျလာပါတော့တယ်။ ဒါပေမယ့် ထိုအိုမင်းသွားတဲ့ အရေပြားကို ကုသဖို့ နည်းတချို့တော့ရှိပါတယ်။ Thread lift လို့ခေါ်တဲ့ မျက်နှာပင့်တင်းခြင်းတစ်မျိုးက လတ်လောမှာ လူသုံးများ နာမည်ကြီးနေတဲ့နည်းတစ်ခုဖြစ်တယ်။ဘယ်လိုသင့်မျက်နှာကိုပြန်လည်ပြုပြင်နိုင်မလဲ ကြည့်လိုက်ကြရအောင်-။လျော့ရဲတွဲကျနေသော အရေပြားတွေအတွက် အထူးတွယ်အပ်တစ်မျိုးကိုသုံးကာ ပြုပြင်သောနည်းဖြစ်တယ်။ ခွဲမှု စိတ်မှု ဖြတ်မှု ရှမှု တစ်ခုမှမရှိဘဲ Thread lift ဟာ ဥရောပ၊ အမေရိကနဲ့ အာရှတခွင်မှာ နာမည်ကြီးပါတယ်။ အိုမင်းနေသောအသားအရေကို တင်းရင်းလှပစေပြီး အရေးကြောင်းများလျော့ပါးစေပါတယ်။အသက်ကြီးလာတာနဲ့အမျှ သင့်ခန္ဓါကိုယ်မှာ collagen နဲ့ elastine တွေအထွက်နည်းလာပါတော့တယ်။ ထို collagen နဲ့ elastine တွေဟာ သင့်အရေပြားတင်းရင်းစေဖို့ အဓိကလိုအပ်တဲ့အရာတွေပါ။ဒါကြောင့်ထို collagen နဲ့ elastine တွေမလုံလောက်တော့တဲ့အခါ အရေးကြောင်းတွေဖြစ်လာတယ်၊ မျက်နှာကိုပိုအိုစေပါတော့တယ်။thread liftနည်းဟာ Polydioxanone (or PDO) ဖြင့်ပြုလုပ်ထားတဲ့ တွယ်အပ်လေးများကို မျက်နှာအရေပြားအောက် သို့ ကြွက်သားတွေကြား ထည့်ခြင်းဖြစ်တယ်။ ခွဲစိတ်စရာမလိုဘဲ ဘယ်လိုထည့်သလဲလို့ တွေးနေတယ်မဟုတ်လား၊ အရေပြားအထူးကုတွေလုပ်နိုင်ပါတယ်။ အလွန်သေးငယ်သောအပ်ကလေးတွေသုံးကာ ထိုအပ်ကလေးတွေက ပင့်တင်ဖို့လိုအပ်နေတဲ့ အရေပြားထဲကို လိုအပ်တဲ့တွယ်အပ်လေးတွေကို ထည့်ပေးပါတယ်။အရေပြားထဲရောက်သွားတဲ့ တွယ်အပ်လေးတွေဟာ တွဲကျနေတဲ့အရေပြားတွေကို ထောက်ပံ့ပင့်တင်ကာ အရေပြားတင်းရင်းလှပစေပါတော့တယ်။ ထိုနည်းဟာ သင့်အသားအရေအတွက်ကောင်းမွန်တဲ့ collagen, elastine နဲ့ Hyaluronic Acid တို့ကိုလည်းထွက်လာစေပါတယ်။အမာရွတ်မကျန်ပါဘူး– ဒါဟာ ထို thread lift နည်းရဲ့အကြီးဆုံးကောင်းကျိုးပါ။ မခွဲစိတ်ရတာကြောင့် အမာရွတ်၊ အရာများမကျန်ခဲ့ပါဘူး။ပြန်ကောင်းရန်အချိန်နည်းနည်းပဲလိုပါတယ်– ဆေးခန်းမှာ နေစရာမလိုပါဘူး။ ကုသမှုပြီးတာနဲ့ နေ့စဉ်လှုပ်၇ှားမှုတွေကို ပုံမှန်အတိုင်းပြန်လုပ်နိုင်ပါတယ်။အချိန်သက်သာတယ်– ပျမ်းမျှ ၁ နာရီလောက်ပဲကြာပါတယ်။ နောက်ထပ်အကြိမ်တွေ ထပ်လုပ်စရာလည်းမလိုပါဘူး။အာနိသင်ရှိတယ်– တစ်ကြိမ်ကုသပြီးတာနဲ့ နောက်ထပ် တစ်နှစ်၊ နှစ်နှစ်ထိ တင်းရင်းလှပနေနိုင်ပါတယ်။ဘေးထွက်ဆိုးကျိုးနည်းတယ်– ရက်ပေါင်း ၁၈၀ – ၂၄၀ လောက်မှာအရည်ပျော်သွားနိုင်တဲ့ တွယ်အပ်တွေသုံးတာကြောင့် တွယ်အပ်တွေကို ဖယ်ပစ်ဖို့ ဆေးခန်းကိုပြန်လာစရာမလိုပါဘူး။ ကုသပြီးတာနဲ့ ပွန်းရာ၊ ရှရာ၊ အနည်းငယ်ရောင်ရမ်းခြင်းဖြစ်နိုင်ပေမယ့် အချိန်တိုအတွင်းပျောက်သွားပါတယ်။ကုသမှုမခံယူမီဆရာဝန်နဲ့ သေချာနားလည်အောင် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%94%e1%80%bd%e1%80%ac%e1%80%95%e1%80%84%e1%80%b9%e1%80%b7%e1%80%90%e1%80%84%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%94%e1%80%8a%e1%80%b9/
ကလေးနှင့် ဗီတာမင်
ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် အာဟာရလိုအပ်ချက်များတွင် ဗီတာမင်သည် အရေးကြီးဆုံး အစိတ်အပိုင်းထဲမှ တစ်ခု ဖြစ်သည်။ ကလေး၏ ခန္ဓါကိုယ်သည် လိုအပ်သလောက် ဗီတာမင် ပမာဏကို မထုတ်လုပ်ပေးနိုင်သောကြောင့် ဗီတာမင်ဓါတ်များကို အစားအသောက်မှ နေ့စဉ် ရရှိရန်လိုအပ်သည်။ဗီတာမင်အေကို အဝါရောင်၊ လိမ္မော်ရောင်ရှိသော အစားအစာများ (ဥပမာ။ ။ မုန်လာဥ၊ ဝဥ ၊ ဖရုံသီး၊ နို့၊ ဒိန်ခဲ၊ ဥ) တွင် အလွယ်တကူ တွေ့ရှိရသည်။ ထိုဗီတာမင်သည် ပုံမှန်ကြီးထွားဖွံ့ဖြိုးမှု၊ တစ်ရှုးနှင့် အရိုးပြန်လည် ပြုပြင်မှု၊ အရေပြားနှင့် မျက်လုံးကျန်းမာရေး၊ ကိုယ်ခံအား တို့ကို တိုးမြှင့်ပေးသော အစွမ်းအာနိသင်ရှိသည်။ဗီတာမင်ဘီ အုပ်စုတွင် ဗီတာမင် ဘီ ၂၊ ၃၊ ၆ နှင့် ၁၂ တို့ပါဝင်ပါသည်။ ၎င်းတို့သည် သင့်ကလေး၏ သွေးနီဥဆဲလ်တည်ဆောက်ခြင်း၊ ဇီဝဖြစ်စဉ်များကို ထောက်ပံ့ပေးခြင်း၊ ခန္ဓါကိုယ်အတွက် စွမ်းအင်ထုတ်ပေးခြင်း၊ သွေးလည်ပတ်မှုနှင့် အာရုံကြောစနစ် ကျန်းမာစေရန် အားပေးခြင်းတို့ကို ကူညီပေးပါသည်။ ဗီတာမင်ဘီကို အသား၊ ကြက်သား၊ ငါး၊ ဥ၊ အခွံမာသီး၊ နို့ ၊ ပဲ၊ ဒိန်ခဲ၊ ပဲပိစပ်တို့တွင် တွေ့ရှိနိုင်သည်။၎င်းကို ကြွက်သား ကျန်းမာရေး၊ တွယ်ဆက်တစ်ရှုးနှင့် အရေပြား ကြံ့ခိုင်သန်စွမ်းရေး၊ အနာကျက်ရေး၊ ရောဂါပိုးခုခံနိုင်စွမ်း မြင့်မားရေးတို့ အတွက် အသုံးများသည်။ များသောအားဖြင့် ဗီတာမင် စီ ကို အရည်ရွှမ်းသော ရှောက်အမျိုးအစားအသီးများ ( ဥပမာ ။ ။ ကီဝီ၊ သံပရို၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး) နှင့် ပန်းမုန်လာစိမ်းကဲ့သို့သော အစိမ်းရောင် ဟင်းသီးဟင်းရွက် များတွင် တွေ့ရှိရသည်။ဗီတာမင်ဒီသည် အရပ်ရှည်ဖို့ အရေးကြီးသော ကဏ္ဍမှ ပါဝင်နေသည်။ ၎င်းသည် သွားနှင့် အရိုးဖွံ့ဖြိုးမှုကို အားပေးသည်။ ဗီတာမင်ဒီ ကြွယ်ဝသော အစားအစာရင်းမြစ်များမှာ နို့နှင့် ဆယ်လ်မွန်၊မက်ကရယ်ကဲ့သို့သော အဆီများသောငါးများ ဖြစ်သည်။ နေရောင်ခြည်သည်လည်း သဘာ၀ ဗီတာမင်ဒီ ရင်းမြစ်တစ်မျိုးဖြစ်ပြီး ၎င်းသည် အရေပြားရှိ သဘာ၀ ဓါတ်ပစ္စည်းများကို တက်ကြွသော ဗီတာမင်ဒီ ပုံစံအဖြစ်ပြောင်းလဲမှုကို လှုံ့ဆော်ပေးသည်။သင့်ကလေး အရိုးအဆစ် သန်မာစေဖို့ နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ တို့ဖူး၊ လိမ္မော်ရည် ကဲ့သို့သော အစားအစာများကို ကျွေးပါ။ အချို့အခြေအနေများတွင် ကလေးဘဝတည်းက ကယ်လ်စီယမ် အလုံအလောက်မရရှိခြင်းသည် ကလေးဘ၀ ဖွံ့ဖြိုးမှုသာမက လူကြီးဘဝတွင် အရိုးအားနည်းခြင်း၊ အရိုးပွခြင်းကို ဖြစ်စေသည်။မိန်းကလေးများအတွက် သံဓါတ်သည် ရာသီစလာချိန်မှစ၍ အရေးကြီးသော အာဟာရဓါတ်တစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သံဓါတ်သည် သွေးနီဥဆဲလ်များ ထုတ်လုပ်ခြင်းကို ပံ့ပိုးပေးသောကြောင့် ဖြစ်သည်။ ထို့ပြင် ကလေးခန္ဓါကိုယ်အတွက် ကြွက်သားတည်ဆောက်ခြင်း၊ သွေးထုတ်လုပ်ခြင်းအတွက် ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်လျက်ရှိသည်။ သံဓါတ်ပမာဏ လျော့နည်းသောအခါတွင် ကလေးများသည် စိတ်တိုစိတ်ဆတ်လွယ်ခြင်း၊ အာရုံစူးစိုက်မှုမရှိခြင်း၊ စိတ်ဓါတ်ကျခြင်း၊ ရောဂါပိုးဝင်လွယ်ခြင်း ကဲ့သို့သော လက္ခဏာများ ရှိနိုင်သည်။မိဘများသည် သံဓါတ်ကို အမဲသား၊ အနီရောင်ရှိသော အသားများ၊ ကြက်ဆင်၊ ဝက်သား၊ အသည်းအပါအဝင် အစားအစာများစွာတွင် တွေ့ရှိနိုင်သည်။ သံဓါတ်ပါသော အချို့ဟင်းသီးဟင်းရွက်များမှာ ဟင်းနုနွယ်၊ ပဲ၊ ဇီးသီးခြောက် တို့ဖြစ်ပါသည်။Hello health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%97%e1%80%ae%e1%80%90%e1%80%ac%e1%80%99%e1%80%84%e1%80%ba/
Kyphosis (ခါးကုန်းခြင်း)
ခါးကုန်းတယ်ဆိုတာ နောက်ဘက်ကျောရိုးမက ရှေ့ဘက်ကို ကွေးသွားတာကိုခေါ်ပါတယ်။ နည်းနည်းပါးပါးကွေးတာကတော့ပုံမှန်ပါပဲ ဒါပေမယ့် “ခါးကုန်းခြင်း” ဆိုတာကတော့ တော်တော်များများ ကွေးသွားတာကို ရည်ညွှန်းခေါ်ဆိုပါတယ်။ လူတိုင်းက သူတို့ရဲ့ ကျောရိုးမမှာ ဒီဂရီအနည်းငယ်လောက်ကွေးတာတော့ရှိပါတယ်။ သို့သော်လည်း ၄၅ဒီဂရီထက်ပိုပြီးကွေးရင်တော့ တအားဆိုးတယ်လို့ယူဆပါတယ်။ခါးကုန်းခြင်းဆိုတာ မည်သည့်အသက်အရွယ်မဆိုဖြစ်နိုင်ပြီး အမျိုးသမီးကော အမျိုးသားမှာပါ ဖြစ်နိုင်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်တယ်ဆိုပေမယ့် အသက်ကြီးတဲ့အမျိုးသမီးတွေမှာ ပိုတွေ့ရလေ့ရှိပါတယ်။(တစ်ခြား အချက်အလက်တွေသိရဖို့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။)။အတွေ့ရများတဲ့ ခါးကုန်းခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့။-ရှေ့ဘက်ကိုကုန်းကုန်းကြီး ဖြစ်နေတဲ့အသွင်အပြင် ဘေးဘက်ကနေကြည့်ရင်တော့ လူနာက ရှေ့ကိုကုန်းနေတဲ့ပုံစံလို့ ပြောလို့ရပါတယ်။-သိပ်မပြင်းထန်တဲ့ ခါးနာခြင်းကနေ ပြင်းထန်သောခါးနာခြင်း။-အရပ်ပုသွားခြင်း။-တစ်နေကုန်တောက်လျှောက် မတ်မတ်ရပ်နေဖို့ခက်ခဲ့ခြင်း။-ပင်ပန်းနွမ်းနယ်ခြင်း။(အပေါ်မှာမပြောထားတဲ့ တစ်ခြားရောဂါလက္ခဏာတွေကျန်နေနိုင်ပါသေးတယ်။ တကယ်လို့ ရောဂါလက္ခဏာတစ်ခုခုအကြောင်း သိချင်ပါက သင့်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)။သင့်ဆီမှာ အပေါ်ကပြောခဲ့တဲ့ လက္ခဏာတွေရှိခဲ့မယ်ဆိုရင် ဒါမှမဟုတ်မေးစရာမေးခွန်းတွေရှိမယ်ဆိုရင် သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်က တုံ့ပြန်ပုံမတူညီကြပါဘူး။ သင့်အတွက်ဘယ်အခြေအနေက အကောင်းဆုံးဖြစ်မလဲဆိုတာ သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ကျောရိုးဆစ် တစ်ခုချင်းစီက ကျန်းမာသန်စွမ်းတဲ့ ကျောရိုးမကြီးတစ်ခုဖြစ်ဖို့ ဆလင်ဒါ ပုံစံ အထပ်အထပ်လေးတွေစီထားသလိုရှိနေရပါတယ်။ ခါးကုန်းခြင်းက အပေါ်ဘက်နောက်ကျောက ကျောရိုးဆစ်တွေက သပ်ပုံစံဖြစ်လာခြင်းကိုခေါ်ပါတယ်။ ဒီလို ပုံစံပျက်ခြင်းဟာ ပြသနာမျိုးစုံကြောင့် ဖြစ်ရပါတယ်။၎င်းတို့ကတော့-။-အရိုးပွခြင်း။ ဒီလိုအရိုးပါးခြင်းပွခြင်းပြသနာဟာ ကျောရိုးဆစ်တွေကျိုးလို့ ခြေမိသလိုဖြစ်တာတွေရဲ့ နောက်ဆက်တွဲရလာဒ်ပါ။ အရိုးပွခြင်းဟာ အသက်အရွယ်ကြီးတဲ့သူတွေမှာဖြစ်တတ်ပြီး အထူးသဖြင့်အမျိုးသမီးတွေမှာဖြစ်တတ်ပါတယ် ပြီးတော့ ကော်တီကိုစတီးရွိုက်တွေကို ပမာဏအများကြီးနဲ့ အချိန်ွ ကြာရှည်စွာစွဲသုံးရင်လည်းဖြစ်ပါတယ်။-ခါးရိုးအဆစ်ပျက်စီးယိုယွင်းလာခြင်း။ အဝိုင်းပုံစံရှိတဲ့ ခပ်ပျော့ပျော့နဲ့ ခါးရိုး disks လေးတွေဟာ ကျောရိုးဆစ်တွေကြားမှာ ကူရှင်ပုံစံကြားခံရှိနေပါတယ်။ အသက်ရလာတာနဲ့အမျှ ဒီ disks ပြားလေးတွေဟာ ခြောက်သွေ့ ရှုံတွလာတတ်တဲ့အတွက် ခါးကုန်းခြင်းကိုပိုဆိုးစေပါတယ်။-Scheuermann’s ရောဂါ။Scheuermann၏ ခါးကုန်းခြင်းလို့လည်းခေါ်ပါတယ်။ ဒီရောဂါဟာ အပျိုဖော် လူပျိ ုဖော်မဝင်ခင် ကြီးထွားနေဆဲကာလမှာ စတင်ဖြစ်ပွားပါတယ်။ မိန်းကလေးတွေထက် ယောက်ကျားလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။ ခါးရိုးကုန်းတာကြီးက ကလေးတွေဖွံဖြိ ုးမှုပြီးကာရောက်မှ ပိုဆိုးတတ်ပါတယ်။-မွေးရာပါ ချိ ု့ယွင်းချက်ရှိခြင်း။ တကယ်လို့ ကလေးရဲ့ ကျောရိုးမကြီးဟာ မိခင်ဗိုက်ထဲမှာ သေသေချာချာ မဖွံဖြိုးလာခဲ့ဘူးဆိုရင် ကျောရိုးတွေက သေချာပုံစံမကျတော့ပဲနဲ့ ခါးရိုးကုန်းခြင်းကို ဖြစ်စေတတ်ပါတယ်။-စင်ဒရုန်းများ။ ကလေးတွေမှာဖြစ်တတ်တဲ့ ခါးရိုးကုန်းခြင်းက တစ်ချို့သော စင်ဒရုန်းတွေနဲ့တွဲနေတတ်ပါတယ်။ အဲ့ဒါတွေကတော့ မားဖန်း စင်ဒရုန်း ဒါမှမဟုတ် Prader-Willi ရောဂါတို့ပါပဲ။-ကင်ဆာနှင် ကင်ဆာကုသမှုများ။ ကျောရိုးမှာဖြစ်တဲ့ ကင်ဆာရောဂါဟာကျောရိုးဆစ်တွေကို အားနည်းစေပြီး ပိုပြီးဖိလွယ် ကျိုးလွယ်စေပါတယ်။ ကင်ဆာဆေးသွင်းကုသခြင်းနဲ့ ဓါတ်ရောင်ခြည်ပြကုသခြင်းတို့မှာ ဖြစ်တတ်ပါတယ်။လျော့တိလျော့ရဲထိုင်ခြင်းကြောင့် အပေါ်ပိုင်းကျောရိုးမှာ ကွေးတာပိုများပြီး ခါးကုန်းတာဖြစ်စေခြင်းကို ပုံစံမမှန်ထိုင်မှုကြေင့် ခါးရိုးကုန်းခြင်းလို့ခေါ်ပါတယ်။ ဒီလိုအခြေအနေကတော့ ကျောရိုးမှာပုံစံပျက်တာမျိုး မဟုတ်ပါဘူး။ ဆယ်ကျော်သက်အရွယ်တွေမှာ အတွေ့ရများပါတယ်။ခါးကုန်းခြင်းကို အန္တရာယ်ဖြစ်စေတဲ့အချက်တွေအများကြီးရှိပါတယ် ၎င်းတို့ကတော့။-အရိုးပွခြင်း ဒါမှမဟုတ် အရိုးသိပ်သည်းဆနည်းခြင်း။-မိသားစုဝင်တွေထဲမှာ ဒီလိုအခြေအနေမျိုးရှိခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်ကသင့်ကိုစမ်းသပ်စစ်ဆေးချိန်မှာ သင့်ရဲ့အရပ်ကို ကြည့်ပါလိမ့်မယ် ပြီးတော့ခါးကုန်းခိုင်းပါမယ် သူကတော့သင့်ရဲ့ဘေးကနေ သင့်ကျောရိုးကိုကြည့်နေမှာပါ။ တကယ်လို့ ခါးကုန်းတယ်ဆိုရင်တော့ အပေါ်ပိုင်းမှာ အဝိုင်းလိုက်ကြီးဖြစ်နေတာကို ဒီလိုပုံစံမှာမှပိုသိသာတာမို့ပါ။-သင့်ရဲ့ရောဂါ လက္ခဏာခံစားရတာတွေပေါ်မူတည်ပြီး။-X-rays။ ရိုးရိုး X-rays တွေကိုရိုက်ကြည့်ရင်းနဲ့ ဘယ်လောက်ဒီဂရီအထိကွေးတယ် ခါးရိုးပုံစံပျက်တာကဘယ်လို ဆိုတာကိုကြည့်ပြီး ဘယ်လိုပုံစံ ခါးကုန်းခြင်းလဲဆိုတာ သိနိုင်ပါတယ်။-CT ရိုက်ခြင်း။ တကယ်လို့အသေးစိတ်သိရှိဖို့လိုအပ်တယ်ဆိုပါက သင့်ဆရာဝန်က CT ရိုက်ဖို့ပြောပါလိမ့်မယ်။CT ဆိုတာက X-ray ပုံတွေကို ထောင့်မျိုးစုံကနေ ရိုက်ကြည့်ပြီး ပေါင်းစပ်ထားတာဖြစ်ပြီးအတွင်းက တည်ဆောက်ပုံကိုကြည့်လို့ရတဲ့အရာဖြစ်ပါတယ်။တကယ်လို့သင့်ဆရာဝန်က အလုံးအကျိတ်တွေ့တယ် ဒါမှမဟုတ် ပိုးဝင်တာလို့ သံသယရှိတယ်ဆိုပါက သင့်ရဲ့ ကျောရိုးမကို MRI ရိုက်ဖို့ ပြောပါလိမ့်မယ်။MRIက ရေဒီယိုလှိုင်းတွေရယ် အရမ်းကောင်းတဲ့သံလိုက်ဓါတ်အားရယ်ကိုအသုံးပြ ုပြီး အရိုးနဲ့ တစ်ရှူးတွေရဲ့ပုံရိပ်ကို အသေးစိတ်ကြည့်တာဖြစ်ပါတယ်။တကယ်လို့သင်က ထုံတာကျင်တာခံစားရမယ်ဆိုရင် ဒါမှမဟုတ် ကြွက်သားတွေအားပျော့သလိုခံစားရမယ်ဆိုရင် သင့်ဆရာဝန်က စမ်းသပ်မှုတွေလုပ်ဖို့အကြံပေးပါလိမ့်မယ်။ စမ်းသပ်မှုတွေကတော့ သင့်ရဲ့အာရုံကြောက သင့်ရဲ့ ကျောရိုးမကြီးနဲ့ ခြေချောင်းလက်ချောင်း အဖျားအနားတွေထိ အာရုံကြောထိတွေ့ခံစားနိုင်လား ဆိုတာတွေဆုံးဖြတ်ဖို့ပါပဲ။ခါးကုန်းခြင်းကုသမှုဟာ ဖြစ်ပေါ်တဲ့အခြေအနေ၊လက္ခဏာတွေ ခံစားရတာတွေပေါ်မူတည်ပြီး ကုသရပါတယ်။သင့်ဆရာဝန်က အကြံပေးမှာတွေကတော့။–အနာသက်သာဆေးများ။အပြင်ကဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရတဲ့သောက်ဆေးတွေဖြစ်တဲ့ acetaminophen(Tylenol), ibuprofen (advil,Mortin IB) ,naproxen (Aleve)တို့ကို ဝယ်သောက်လို့ရပါတယ်။ ဒီဟာတွေနဲ့မသက်သာသေးရင် ပိုပြီးပြင်းတဲ့ အနာသက်သာဆေးတွေကို ဆရာဝန်လက်မှတ်နဲ့တကွ ပေးတဲ့ဟာတွေသောက်လို့ရပါတယ်။-အရိုးပွခြင်းအတွက်ဆေးများ။အသက်ကြီးတဲ့လူတွေမှာ ခါးကုန်ခြင်းဆိုတာက အရိုးပွခြင်းကြောင့်ပဲဆိုပြီးပထမဆုံးအနေနဲ့ ကောက်ချက်ဆွဲတတ်ကြပါတယ်။ အရိုးကိုအားဖြစ်စေမယ့်ဆေးတွေကိုသောက်ခြင်းနဲ့ ကျောရိုးမကြီး ကျိုးတာကနေကာကွယ်ပြီး ခါးကုန်းခြင်းကနေလည်းကာကွယ်နိုင်မှာပါ။တစ်ချို့သော ခါးကုန်းခြင်းကို အကူအညီပေးနိုင်ပါတယ်။-လေ့ကျင့်ခန်းလုပ်ခြင်း။ဆွဲဆန့်တဲ့လေ့ကျင့်ခန်းမျိုးကို လုပ်ခြင်းနဲ့ ကျောရုးကို ပျော့ပျောင်းစေပြီး ခါးနာခြင်းကိုလည်းသက်သာစေပါတယ်။ ဗိုက်ကြွက်သားတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းမျိုးတွေကလည်း ပုံစံအနေအထားကို ကောင်းမွန်စေပါတယ်။-အပတ်များတပ်ဆင်ခြင်း။Scheuermann’s ရောဂါရှိတဲ့ ကလေးတွေဟာ body brace လိုဟာမျိုး တပ်ဆင်ခြင်းနဲ့ သူတို့အရိုးတွေကြီးထွားဖွံဖြိုးနေဆဲမှာပဲ ခါးကုန်းခြင်းကို ဆက်မဖြစ်တော့အောင်ရပ်အောင်လုပ်နိုင်ပါတယ်။-ကျန်းမာသောလူနေမှုဘဝ။ ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုထိန်းထားခြင်း နဲ့ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်းတို့က ခါးနာတာကို သက်သာစေပြီး ခါးကုန်းခြင်းကဖြစ်တဲ့ရောဂါလက္ခဏာတွေကိုသက်သာစေမှာပါ။-အရိုးသိပ်သည်းဆအားကောင်းစေရန်ထိန်းသိမ်းထားခြင်း။ကယ်လ်စီယမ်နဲ့ဗီတာမင်ဒီ ပါဝင်တဲ့အစားအသောက်တွေကို အချိုးကျကျစားခြင်း နောက်ပြီး အရိုးရဲ့သိပ်သည်းဆကိုစစ်ပေးခြင်း။ ဒီဟာကတော့ ကိုယ့်မိသားစုထဲမှာ အရိုးပွရောဂါ ရှိတဲ့လူပါခဲ့ရင် ဒါမှမဟုတ် အရင်တုန်းက အရိုးကျိုးဖူးရင် တစ်ခြားလူကြီးတွေမှာလည်း အားနည်းတဲ့အရိုးမျိုးရှိရင် ကျိုးလွယ်တဲ့အရိုးမျိး နဲ့ ခါးကုန်းခြင်းဖြစ်နေရင် စစ်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/kyphosis-%e1%80%81%e1%80%ab%e1%80%b8%e1%80%80%e1%80%af%e1%80%94%e1%80%b9%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ကိုယ်ဝန်ရှိနေချိန်မှာ ရင်သားကင်ဆာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ
ရင်သားကင်ဆာဟာ အမျိုးသမီးတွေကြားမှာ အဖြစ်များတဲ့ကင်ဆာရောဂါတစ်ခုဖြစ်ပေမယ့် ကိုယ်ဝန်ရှိစဉ် ဖြစ်ပွားခြင်းကတော့ ရှားပါးပါတယ်။ ဒါပေမယ့် မကြာသေးမီက နှစ်တွေမှာ ဒီလိုကိစ္စတွေကို ပိုမိုတွေ့လာရပါတယ်။ တကယ်လို့ ကိုယ်ဝန်ရှိနေချိန်မှာရင်သားကင်ဆာရှိမယ်ဆိုရင် ကုသမှုဟာ ရှုပ်ထွေးပေမယ့် ကုလို့ မရဘူးလို့ မဆိုလိုပါဘူး။ ဒီရောဂါကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ကြရအောင်။ကိုယ်ဝန်ရှိနေချိန်မှာ ရင်သားကင်ဆာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ ဆိုတော့။ကိုယ်ဝန်ရှိစဉ်မှာရင်သားကင်ဆာ ကုသမှုက သင့်ကိုယ်ခန္ဓာအတွင်းမှာ ကလေးတစ်ယောက် ရှိနေတာကြောင့် သာမန်အမျိုးသမီးထက် ပိုရှုပ်ထွေးနိုင်ပါတယ်။ ကုသမှုရဲ့ ရည်ရွယ်ချက်ကတော့ ရောဂါကုသဖို့နဲ့ အသက်ရှည်စေဖို့၊ တကယ်လို့ ကုလို့မရနိုင်တော့ရင် ထိန်းချုပ်ဖို့နဲ့ ကလေးကို ကာကွယ်ဖို့တွေ ပါဝင်ပါတယ်။ကုသမှုကကလေးကြီးထွားမှုကို သက်ရောက်မှု ရှိတာကြောင့် ကုသမှုအဆင့်တွေကို သေချာစီစဉ်သင့်ပါတယ်။ကိုယ်ဝန်ရှိနေချိန်မှာ ရင်သားကင်ဆာရှိနေရင် ကိုယ်ဝန်ဆက်ဆောင်ရမှာလား၊ ဖျက်ရမှာလားဆိုတာက အများဆုံးသိချင်ကြတဲ့ မေးခွန်းပါ။ အများစုကတော့ ကလေးဖျက်ဖို့ မလိုအပ်ပါဘူး။ ဒီလိုလုပ်ဖို့ လိုမလိုကိုလည်း ဆရာဝန်နဲ့ အသေးစိတ်တိုင်ပင်နိုင်ပါတယ်။ကလေးဖျက်ချခြင်းက ရင်သားကင်ဆာကို ကုသဖို့ ပိုမိုလွယ်ကူစေတယ် (သို့) ရင်သားကင်ဆာဟာ ကလေးကိုထိခိုက်စေတယ်ဆိုတဲ့ သက်သေတွေတော့ မရှိပါဘူး။ ရင်သားကင်ဆာက ကလေးဆီကို ကူးစက်မှာမဟုတ်ဘဲ ကလေးကလည်း မွေးရာပါ ရင်သားကင်ဆာ ဖြစ်မှာ မဟုတ်ပါဘူး။ဒါပေမယ့် ရင်သားကင်ဆာကုသမှုကြောင့်ကလေးကို ထိခိုက်နိုင်မလားဆိုတာကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး စဉ်းစားသင့်ပါတယ်။ကိုယ်ဝန်ရှိချိန်မှာ ရင်သားကင်ဆာကို ကုသနိုင်ပါတယ်။ အောက်ပါနည်းလမ်းတွေနဲ့ ကုသနိုင်ပါတယ်။ ဘယ်နည်းလမ်းနဲ့ ကုသနိုင်လဲဆိုတာကတော့ ကင်ဆာအခြေအနေ၊ ကိုယ်ဝန်အပတ်၊ လူနာရဲ့ ဆန္ဒနဲ့ ဆရာဝန်ရဲ့ အကြံပေးချက်တွေအပေါ် မူတည်ပါတယ်။ခွဲစိတ်ကုသမှုဟာ ကိုယ်ဝန်ရှိနေစဉ်အတွင်းမှာ ယေဘုယျအားဖြင့် အန္တရာယ်ကင်းပါတယ်။ ရင်သားကင်ဆာ ကုသမှုအတွက် ခွဲစိတ်မှုနှစ်မျိုး ရှိပါတယ်။ ရင်သားတစ်စိတ်တစ်ပိုင်း ခွဲစိတ်ခြင်းနဲ့ ရင်သားတစ်ခုလုံး ဖြတ်ထုတ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ရင်သားတစ်စိတ်တစ်ပိုင်း ခွဲစိတ်မှုမှာ ခွဲစိတ်ဆရာဝန်တွေဟာ ကင်ဆာဖြစ်တဲ့ အစိတ်အပိုင်းကို ဖယ်ထုတ်လိုက်ပြီး ဘေးနားက ကျန်းမာတဲ့ တစ်ရှူးအနည်းငယ်ကိုပါ ဖယ်ထုတ်လိုက်တာ ဖြစ်ပါတယ်။ ရင်သားတစ်ခုလုံး ဖြတ်ထုတ်ရတဲ့ ခွဲစိတ်မှုမှာတော့ ခွဲစိတ်ဆရာဝန်တွေဟာ အကျိတ်အပြင် ရင်သားတစ်ခုလုံးကို ဖြတ်ထုတ်လိုက်တာဖြစ်ပါတယ်။ခွဲစိတ်ထားတဲ့ ရင်သားကို ပြန်လည်တည်ဆောက်ချင်တယ်ဆိုရင် ကင်ဆာခွဲစိတ်မှုအပြီးမှာ ပြုလုပ်နိုင်ပါတယ်။ ခွဲစိတ်ဆရာဝန်တွေက သင့်အတွက် ရင်သားပုံစံကို ပြုလုပ်ပေးပါလိမ့်မယ်။ ကလေးမွေးပြီးမှ လုပ်လို့လည်း ရပါတယ်။ဆေးသွင်းကုသခြင်းကို ကိုယ်ဝန်နုစဉ် ၁၃ပတ်အတွင်းမှာ မလုပ်သင့်ပါဘူး။ ကိုယ်ဝန်ဒုတိယ သုံးလပတ်နဲ့ တတိယ  သုံးလပတ်မှာပဲ လုပ်သင့်ပါတယ်။ လရင့်တဲ့အခါ ကင်ဆာဆေးသွင်းကုသတာက ကလေးပျက်ကျစေတာ၊ မွေးရာပါ ချို့ယွင်းချက်ပါစေတာမျိုးတွေ မဖြစ်စေနိုင်ဘူးလို့ လေ့လာမှုတွေက ဆိုပါတယ်။ ဒါပေမယ့် လမစေ့ဘဲ မွေးနိုင်တာကိုတော့ သိထားရပါမယ်။လနုစဉ်မှာ ကင်ဆာရှိနေတာကို သိရင် ကိုယ်ဝန် ၁၃ပတ်ကျော်မှ ဆေးသွင်းတာကို လုပ်သင့်ပါတယ်။ မွေးခါနီးမှ သိတယ်ဆိုရင်တော့ မွေးပြီးမှ ဆေးသွင်းတာကို လုပ်သင့်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန် ၃၅ပတ်နောက်ပိုင်း ဒါမှမဟုတ် မွေးခါနီး ၃ပတ်အလိုဆို ကလေးမွေးပြီးတဲ့အထိ စောင့်သင့်ပါတယ်။ မိခင်ရဲ့ သွေးဆဲလ်တွေ နည်းသွားတာကြောင့် မွေးနေချိန် သွေးသွန်တာ၊ ရောဂါပိုးဝင်လွယ်တာတွေ ဖြစ်နိုင်လို့ပါ။ဓာတ်ရောင်ခြည် ကုသမှု၊ ဟော်မုန်းကုသမှု၊ biological treatment တွေက ကိုယ်ဝန်ရှိချိန်မှာ ကလေးရဲ့ ဖွံ့ဖြိုးမှုတင်သာမက ကလေးကိုပါ ထိခိုက်နိုင်လို့ မသုံးမပြုသင့်ပါဘူး။ နို့တိုက်နေချိန်မှာ ဆေးသွင်းတာ၊ ဟော်မုန်းကုသမှု၊biological treatmentတွေကို မပြုလုပ်သင့်ပါဘူး။ ဓာတ်ရောင်ခြည်ကိုတော့ ကလေးမွေးပြီးရင် ပေးနိုင်ပါတယ်။ရင်သားကင်ဆာကြောင့် ဖြစ်တဲ့ နာကျင်ခြင်းကို ကုသဖို့အတွက် ကုသနည်းတွေ အမြောက်အမြား ရှိပါတယ်။ လိုအပ်ရင် သင့်ဆရာဝန်တွေနဲ့ တိုင်ပင်နိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်မရှိတဲ့ ဆေးတွေကို မသောက်သင့်ပါဘူး။ ကုသမှုကို အနှောင့်အယှက်ဖြစ်စေပြီး သင့်ကလေးကိုလည်း ထိခိုက်စေပါတယ်။သင့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ (သင့်ဆရာဝန်၊ ဆရာမအစရှိသည်) က သင့်ကို ပုံမှန်အတိုင်း မွေးဖွားနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဆိုလိုတာက ဘာပြဿနာမှ မရှိဘူးဆိုရင် ကလေးမွေးရမယ့်ရက်နဲ့ အတတ်နိုင်ဆုံး အနီးဆုံးမှာ မွေးဖွားနိုင်အောင် ကူညီပေးပါလိမ့်မယ်။ မွေးနည်းကတော့ ရိုးရိုးမွေးခြင်း (သို့) ခွဲမွေးခြင်းကို ပြုလုပ်နိုင်ပါတယ်။ သင့်ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်သင့်ပါတယ်။ရင်သားကင်ဆာက ပုံမှန်အားဖြင့် သင့်ကလေးဆီကို ပြန့်သွားခြင်း မရှိပါဘူး။ ဒါပေမယ့် ရှားပါးတဲ့ အခိုက်အတန့်တွေမှာတော့ ရင်သားကင်ဆာဆဲလ်တွေဟာ အချင်းကတစ်ဆင့် သင့်ကလေးဆီကို ပြန့်သွားနိုင်ပါတယ်။ ဒါကြောင့် သင့်ဆရာဝန်ဟာ အချင်းကို ယူပြီး ကင်ဆာဆဲလ်တွေ ရှိမရှိ စစ်ဆေးပါလိမ့်မယ်။ဒါ့ပြင် ဆရာဝန်က သင်ကလေးကို နို့တိုက်လို့ရမရ ပြောပြပါလိမ့်မယ်။ ကင်ဆာဆေးအချို့ဟာ နို့ရည်ထဲကို စီးဝင်နိုင်ပြီး ကလေးဆီကို ပြန့်သွားနိုင်လို့ပါ။ကိုယ်ဝန်ရှိချိန်မှာ ရင်သားကင်ဆာဖြစ်ခြင်းက ရှားပါးပေမယ့် ဖြစ်နိုင်ခြေ အနည်းငယ်တော့ ရှိနေပါတယ်။ ဒါပေမယ့် ဒါကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမယ်ဆိုတာသိရင် အရင်တုန်းကလို ကြောက်စရာမကောင်းတော့ပါဘူး။ မကြောက်ပါနဲ့။ စိတ်မပူပါနဲ့။ အထီးကျန်သလို မခံစားရပါနဲ့။ သင့်ကျန်းမာရေးစောင့်ရှောက်သူတွေက သင့်ကို ကူညီပေးမှာပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/how-to-deal-with-breast-cancer-in-pregnancy/
ငယ်ငယ်တုန်းက ဆော့ခဲ့ကြတဲ့ ကြယ်သီးပင်
ငယ်ငယ်က အဝတ်တွေမှာ ကြယ်သီး ဆိုပြီး ကပ်ပြီး ဆော့တတ်ကြတဲ့ အသီးလေးကို မှတ်မိကြလား………….. အစိမ်းရောင် လုံးလုံးလေး ပါ။ အပေါ်ယံမှာ အမွေး နုနုလေးတွေ ပါနေတာက အဝတ်တွေမှာ ကပ်တွယ် နိုင်စေဖို့ အားဖြည့် ပေးပါတယ်။ ပန်းရောင် ရင့်ရင့် အပွင့်လေးတွေ ရှိတဲ့ အလေ့ကျ ပေါက်ပင်လေး ဖြစ်တဲ့ ကြယ်သီးပင် (Urena lobata) က အပျင်းပြေ ဆော့ကစားလို့ ရရုံတင် မကပဲဆေးဖက်ဝင်အာနိသင်တွေ ရှိနေပါသတဲ့။ ဘာတွေများ ဆေးဖက်ဝင်လဲ ကြည့်ကြည့်ရအောင်။မြင်ဖူးကြလား ကြယ်သီးပင် ဆိုတာ ကို။ ဒီအပင်ကို Urena lobata လို့ခေါ်ပြီး အလေ့ကျ ပေါက်ပင်တစ်မျိုး ပါ။ အရွက် ခပ်ဖားဖားလေး ရှိပြီး အရွက်က တောင့်တောင့်လေးနဲ့ အရွက် အပေါ်ဖက်မှာ မွှေးညှင်းလေးတွေ ပါပါတယ်။ ပန်းရောင် အပွင့်လေးတွေ ပွင့်ပြီး အသီးလေးတွေက အဝတ်မှာ ကြယ်သီး ဆိုပြီး ကပ်လို့ရပါတယ်။အပင်က ၆၀ စင်တီမီတာ ကနေ ၁၀၀ စင်တီမီတာ အထိ အမြင့် ရှိပြီး ရိုးတံလေးတွေ မှာလည်း မွှေးညှင်းလေးတွေ ဖုံးအုပ် ထားပါတယ်။ သမပိုင်း နဲ့ အပူပိုင်းဒေသတွေမှာ ပေါက်ရောက်တတ် ကြပါတယ်။ အာရှဒေသ နေရာ တော်တော်များများမှာ ပေါက်ရောက် တတ်ကြပါတယ်။ကြယ်သီးပင် ကို ရှေးယခင်ကာလတွေကတည်း အာရှဒေသတွေမှာ ဆေးဖက်ဝင်အပင်အဖြစ် အသုံးပြုခဲ့ကြတာပါ။ ဒီအပင်ဟာအရွက်ကစလို့အမြစ်အထိ ဆေးဖက်ဝင်တာပါ။ဒီအပင်ကိုအစာခြေစနစ်ပြဿနာတွေဖြစ်ကြတဲ့လေနာ၊ အစာအိမ်နာတာ၊ ဗိုက်အောင့် ဗိုက်နာ၊ ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းကိုက်နေတာတွေကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် ကာလသားရောဂါနဲ့အဖျားရောဂါအမျိုးမျိုး၊ ငှက်ဖျား စတဲ့ ဝေဒနာတွေ သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။အနာတွေ ကျက်စေဖို့၊ သွေးတိတ်စေဖို့နဲ့ ပိုးကောင်ကိုက်တာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ရပါတယ်။ ဆီးရွှင်စေဖို့ နဲ့ နာကျင်ရောင်ရမ်းမှုကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ရပါသေးတယ်။ အူရောင်တာ ဆီးအိမ်ရောင်တာတွေ သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ရပါတယ်။ပြတ်ရှဒဏ်ရာတွေ နဲ့အရေပြားပြဿနာအမျိုးမျိုး အတွက်လည်း ကြယ်သီးပင်ကို အသုံးပြုပေးလို့ရပါသေးတယ်။ အစာမကြေတာ၊သွားကိုက်သွားနာ၊လည်ချောင်းနာတာ၊ ချောင်းခြောက်ဆိုးတာ၊ မွေးဖွားရခက်ခဲတာ၊ အရေပြား ရောင်ရမ်းတာ၊အာသီးရောင်တာ၊ အဆစ်အမြစ်တွေ ကိုက်တာ၊ အရေပြားပေါ်က ပိုးမွှားတွေကို သက်သာစေနိုင်ပါတယ်။ကြယ်သီးပင် (Urena lobata) အရွက်မှာ။ကြယ်သီးပင်က ဆေးဖက်ဝင်ပြီး ဘေးထွက်ဆိုးကျိုး မရှိပေမယ့် တန်ဆေး လွန်ဘေးဆိုတာကိုတော့ သတိထားစေချင်ပါတယ်။အခြားဆေးဝါးတွေနဲ့ တွဲဖက်သုံးတာ၊ ဆေးတွေနေရာမှာ အစားထိုးပြီး သုံးတာမျိုး မလုပ်သင့်ပါဘူး။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/urena-lobata-benefits/
Dupuytren's Contracture (လက်ချောင်းများကွေး၍ ပြန်ဆန့်မရတော့ခြင်း)
လက်ချောင်းသို့မဟုတ် လက်ဖဝါး၏အရေပြားအောက်တွင် ဆဲလ်စုသို့မဟုတ် အကျိတ်များပေါ်လာသောရောဂါဖြစ်သည်။ ထိုကြောင့်လက်ချောင်းများတောင့်တင်းလာမည်။ လက်သူကြွယ် လက်သန်းရှိ ဒုတိယနှင့်တတိယအဆစ်များတွင်ပိုဖြစ်တတ်သည် (လက်ဖဝါးနှင့်နီးသောလက်ဆစ်) ကွေးလာ၍ ဖြောင့်တန်းရခက်လာမည်။ ဆဲလ်စု ၏အခြေအနေပေါ်မူတည်၍ ကုသမှုလဲပြောင်းလဲနိုင်သည်။ဤရောဂါသည် အရွတ်အဆစ်ယောင်ခြင်းဖြစ်တတ်သည့် အသက် လေးဆယ်နှင့် ခြောက်ဆယ်ကြားတွင်ပိုဖြစ်တတ်သည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။နှစ်ကြာရှည်စွာတဖြည်းဖြည်းဖြစ်တတ်သည်။ လက်အရေပြားထူလာခြင်းမှစတတ်သည်။ ထို့နောက် လက်အရေပြားများ ရှုံခြင်း ချိုင့်ဝင်ခြင်းများဖြစ်တတ်သည်။ လက်ဖဝါးပေါ်တွင် မာသောအလုံးများပေါ်လာတတ်သည်။ ထိုအလုံးအား ထိရင်သိသော်လည်း ပုံမှန်အားဖြင့်မနာတတ်ပါ။ နောက်ပိုင်းတွင် လက်ဖဝါးအောက်ရှိတစ်သျူးအမျှင်များ လက်ချောင်းအတွင်းထိရောက်လာတတ်သည်။ ထိုအမျင်များ ဆွဲခြင်းကြောင့် လက်ချောင်းသည် လက်ဖဝါးဘက်သို့ကွေးကောက်လာသည်။ တခါတရံတွင်ဒီထက်ပို၍ပြင်းထန်တတ်သည်။လက်သူကြွယ်နှင့် လက်သန်းတို့တွင်ပိုဖြစ်တတ်သည်။ လက်ခလယ်လဲပါတတ်သည်။ လက်မနှင့်လက်ညှိုးပါခြင်းက ရှားသည်။ လက်နှစ်လုံးတွင်ဖြစ်တတ်သော်လည်း တစ်ဖက်တွင်ပိုပြင်းတန်တတ်သည်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။လက်ချောင်းများကွေး၍ ပြန်ဆန့်မရတော့ခြင်းကိုဖြစ်စေသော အကြောင်းရင်းကိုတိတိကျကျမသိရသေးပါ။ လက်ထိခိုက်မှုကြောင့်သို့မဟုတ် အလုပ်အကိုင်ကြောင့်ဖြစ်သည်ဟူသော သက်သေပြချက်လဲမရှိသေးပါ။ဘယ်အရာက ဖြစ်စေသလဲဆိုတာမသိသေးသော်လည်း အောက်ပါအခြေအနေများရှိပါက ရောဂါပိုဆိုးစေနိုင်သည်။လက်ကို ကြာကြာအသုံးပြုခြင်းအားရှောင်ကြည်သင့်သည်။ လက်ထိခိုက်ဒဏ်ရာရခြင်းမှ ဖြစ်ပွားမှုနှုန်းကိုမများစေနိုင်ပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။လက်ချောင်းများကွေး၍ ပြန်ဆန့်မရတော့ခြင်း။ဟုသံသယရှိပါက ဆရာဝန်မှစမ်းသပ်မှုများပြုလုပ်ပါလိမ့်မည်။ အချို့ကိစ္စများတွင် ကြည့်ရုံကိုင်ရုံမျှဖြင့်သိနိုင်သည်။ ဆရာဝန်မှ လက်နှစ်ဘက်ကို ယှဉ် ကြည့်ခြင်း လက်အရေပြားအားဆွဲ၍ စမ်းသက်ခြင်းများပြုလုပ်လိမ့်မည်။ ဆဲလ်စုများ သို့မဟုတ် အကျိတ်ကို ဖိ၍ လည်း စမ်းသက်လိမ့်မည်။ရေပြင်ညီရှိသော အရာဝတ္ထု သို့မဟုတ် စားပွဲခုံ ပေါ်တင်၍လက်ဆန့်တင်ပြီး ကြည့်လိမ့်မည်။ လက်အား အပြည့်အ၀ မဆန့်ထားနိုင်ခြင်းက ရောဂါရှိသည်ဟုဖော်ပြသည်။အလျဉ်းပျောက်အောင်ကုသရန်ခက်သော်လည်း ကုသနည်းများတော့ရှိပါသည်။ လက်၏ပုံမုန်လုပ်ဆောင်ချက် လုပ်ဆောင်နိုင်သေးသ၍ ကုသမှုမလိုအပ်ပါ။ ခွဲစိတ်မှုမလိုအပ်သော ကုသနည်းများရှိပါသည်။ ဥပမာ စတီးရိုက်(အယောင်ကျဆေး)ထိုးခြင်းမှရောဂါပိုဆိးုလာခြင်းကိုကာကွယ်နိုင်သည်။ ကြပ်စီးထိုးခြင်းများလည်းရှိသည်။အချို့အခြေအနေဆိုးသောကိစ္စများတွင် ခွဲစိတ်မှုကို ဆရာဝန်မှ ပိုအားပေးလိမ့်မည်။ လက်ချောင်းများကို လက်ဖဝါးသို့ဆွဲကပ်ထားသည့် တစ်သျူးမျှင်ကို ခွဲစိတ်ခြင်းဖြင့်ဖြတ်တောက်နိုင်သည်။ ရောဂါအခြေအနေပေါ် မူတည်၍ ကုသမှုကိုဆုံးဖြတ်နိုင်သည်။အပ်ဖြင့်ကုသခြင်း။တွယ်ဆက်ပေးထားသော တစ်သျူးမျှင်ကိုအပ်ဖြင့်ဖြတ်တောက်ခြင်းအားဖြင့် ကုသသည်။ ထိုသို့ကုသမှုသည် ပြန်ဖြစ်တတ်သော်လည်း ထိုကုသမှုကို ပြန်အသုံးပြုနိုင်သည်။ကောင်းသောအချက်သည် ကုသမှုနည်းလမ်းကို အခေါက်ခေါက် အခါခါ အသုံးပြုနိုင်ခြင်းနှင့် ပြန်ကောင်းချိန်မြန်ခြင်းတို့ဖြစ်သည်။ မကောင်းသောအချက်သည် အမြဲတမ်းအသုံးမပြုနိုင်ပါ အဘယ်ကြောင့်ဆိုသော် အပ်သည် ဘေးတွင်ရှိသော အာရုံကြောကိုထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။ဓါတုဓါတ်ကူပစ္စည်းထိုးသွင်းခြင်း။Xiaflex ဟုခေါ်သည့် အရာသည် တင်းမာနေသော တစ်သျူးမျှင်များကို အားလျော့စေသည်။ ထိုသို့ထိုးပြီးပြီးနောက်နေ့တွင် ဆရာဝန်မှ တစ်ရူးမျှင်ကိုဖြတ်တောက်မည်။ ပြင်ပ လူနာဆောင်တွင် လုပ်ဆောင်နိုင်မည် ပြန်ကောင်းချိန်မြန်သည်။မကောင်းသောအချက်မှာ တခါတွင် အဆစ်တစ်ခုသာလုပ်နိုင်ပြီး ပြန်ဖြစ်နှုန်းများသည်။ ကုသမှုများကို တလခြားတခါသာပြုလုပ်သင့်သည်။ခွဲစိတ်ခြင်း။တစ်သျူးမျှင်၏နေရာကိုသိနိုင်သေးသော နောက်ဆုံးအခြေအနေတွင် ပြုလုပ်သည်။ အရေပြားကိုဖြတ်ထုတ်ခြင်းမပြုပဲ တစ်ရူးမျှင်အားဖြတ်ထုတ်ရန်ခက်ခဲတတ်သည်။မကောင်းသောအချက်သည် ပြန်ကောင်းချိန်ကြာသည်။ ပြန်လည်လေ့ကျင့်ခြင်းများပြုလုပ်ဖို့လို့သည်။ ရံဖန်ရံခါတွင် အရေပြားပါဖြတ်ထုတ်လိုက်ရပြီး အရေပြားအစားထိုးမှုများပါလိုတတ်သည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက လက်ချောင်းများကွေး၍ ပြန်ဆန့်မရတော့ခြင်း ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် လက်ချောင်းများကွေး၍ ပြန်ဆန့်မရတော့ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။ပစ္စည်းကိရိယာတွေ တင်းကျပ်စွာဆုပ်ကိုင်ခြင်းကို ရှောင်ကြည်ပါ။ လက်ကိုင်သည့်နေရာတွင် ကြားခံ ပိုက်အကာ ကူရှင်ခံပြီးကိုင်တွယ်ပါ။တင်းတင်းကျပ်ကျပ်ဆုပ်ကိုင် ပြုလုပ်ရသော အလုပ်များကို ဖော့ခံထူထူပါသော လက်အိတ်ဝတ်ဆင်ပြုလုပ်ပါ။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/dupuytrens-contracture-%e1%80%9c%e1%80%80%e1%80%ba%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%bd%e1%80%b1%e1%80%b8%e1%81%8d/
မီဆိုကုထုံးက ဝက်ခြံတွေအတွက်ဘယ်လိုထိရောက်သလဲ
ဝက်ခြံတွေဟာ ဆယ်ကျော်သက်ဘဝမှာရော၊ အသက်ကြီးသည်ထိတိုင်အောင် ကြုံရအများဆုံး အရေပြားပြဿနာတစ်ခုပါ။ မြန်မြန်ကုလေလေ၊ ပိုသက်သာလေလေဆိုတာသိပါသလား။Mesotherapyဆိုတာ ဝက်ခြံတွေအတွက် လွယ်ကူပြီး ထိရောက်မှုရှိတဲ့ ကုသနည်းတစ်ခုပါ။ လေ့လာကြည့်ရအောင်-။ဝက်ခြံတွေဟာနာမည်ကြီးလွန်းပြီးသားပါ။ သင်လည်းသိပြီးသားဖြစ်မှာပေါ့။ ဒါပေမယ့် ဘာတွေက ဝက်ခြံတွေဖြစ်လာစေနိုင်လဲဆိုတာရော သိပါသလား။ သင့်ချွေးပေါက်၊ အဆီပေါက်တွေမှာ အဆီတွေ၊ ဆဲလ်အသေတွေနဲ့ ပြည့်သွားတဲ့အခါ ဝက်ခြံတွေဖြစ်လာတတ်ပါတယ်။ ဆဲအသေတွေဟာ အပေါက်ငယ်တွေထဲမှာပြည့်နေမယ်၊ ဒါမှမဟုတ် မျက်နှာပြင်ပေါ်လျှံတက်လာပါလိမ့်မယ်။·ဟော်မုန်းတွေ– ဟော်မုန်းတွေက အဆီတွေထွက်စေပါတယ်။ ဒါကြောင့် သင့်ဟော်မုန်းတွေ မငြိမ်ချိန် ဆယ်ကျော်သက်ဘဝမှာ ဝက်ခြံတွေပေါက်လေ့ရှိတာပေါ့။·အစားအသောက်– နို့ထွက်ပစ္စည်း၊ ကာဗွန်ဟိုက်ဒရိတ်ကြွယ်ဝတဲ့စားစရာတွေဟာ ဝက်ခြံတွေဖြစ်စေပါတယ်။·ဆေးတွေ– တချို့ဆေးတွေဟာ ဝက်ခြံတွေပိုပေါက်စေတယ်။ ပိုသိရှိဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။·အသားအရေညစ်ညမ်းတဲ့အခါ-ချွေးပေါက်၊ အဆီပေါက်တွေ လေမရတဲ့အခါ ဝက်ခြံတွေပိုဆိုးနိုင်ပါတယ်။ ချွေးထွက်ခြင်း၊ အရေပြားကိုထိတွေ့ကိုင်တွယ်ခြင်းတွေက ချွေးပေါက်၊ အဆီပေါက်တွေကိုမသန့်စေပါဘူး။ မိတ်ကပ်အကျွင်းအကျန်တွေကိုလည်း ရှင်းလင်းပစ်သင့်ပါတယ်။Mesotherapyဆိုတာ ခွဲစိတ်စရာမလိုဘဲ အရေပြားအောက် တစ်သျူးများကို ဆေးထိုးကုသနည်းတစ်နည်းပါ။ ဆေးအမျိုးမျိုးနဲ့ အခြေအနေအမျိုးမျိုးအတွက် အန္တရာယ်မရှိဘဲ အံဝင်ခွင်ကျဖြစ်စေမယ့် နည်းတစ်မျိုးဖြစ်တယ်။ အကျိုးကျေးဇူးတွေကြောင့် ဥရောပနဲ့ အမေရိကတခွင်မှာmesotherapyကိုရွေးချယ်အသုံးပြုနေကြပါတယ်။Mesotherapyက ဝက်ခြံတွေကို ရုပ်ပိုင်းဆိုင်ရာရော ဓါတုဗေဒပိုင်းဆိုင်ရာ နည်းတွေနဲ့ပါ ကုသပေးနိုင်ပါတယ်။ ထိုးလိုက်တဲ့ဆေးတွေက အဆီထုတ်မှုလျှော့စေတဲ့ antioxidant တွေထွက်စေတယ်။ အဆီထွက်ခြင်းနည်းတဲ့အခါ ဝက်ခြံတွေသက်သာလာပါတယ်။ဒါ့အပြင် ဆေးထိုးခြင်းကြောင့် ဆဲလ်အဟောင်းတွေအစားဝင်မယ့် ဆဲလ်အသစ်တွေဖြစ်လာပြီး သင့်အသားအရေကို ဝင်းလက်တောက်ပစေပါလိမ့်မယ်။ဝက်ခြံတွေကို သင့်လျော်သောကုသမှု၊ မျှတသော နေထိုင်မှုပုံစံတွေနဲ့ ကောင်းကောင်းကုသနိုင်ပါတယ်။ သင့်အတွက် အကောင်းဆုံး၊ အသင့်လျော်ဆုံးတွေ ရစေဖို့အတွက် အရေပြားဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%99%e1%80%ae%e1%80%86%e1%80%ad%e1%80%af%e1%80%80%e1%80%af%e1%80%91%e1%80%b6%e1%80%af%e1%80%b8%e1%80%80-%e1%81%80%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%b1%e1%80%90%e1%80%bc%e1%80%a1/
ဆေးခြောက်ဟာ ကင်ဆာပျောက်စေတာလား? ကင်ဆာဖြစ်စေတာလား?
ဆေးခြောက် ရွက်ထဲမှာပါဝင်တဲ့ Tetrahydrocannabinol (THC) ဟာ အဓိကအားဖြင့် စိတ်ကိုတက်ကြွစေတဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ ဒီဒြပ်ပေါင်းဟာ လူ့ရဲ့စိတ်ကို မူးယစ်ရှိန်ကြောင့် အထွတ်အထိပ်ရောက်သွားစေရုံ အာနိသင်သက်သက်ပဲ သက်ရောက်တဲ့အရာမဟုတ်ပါဘူး။ နောက်ဆုံးလေ့လာဆန်းစစ်ချက်တွေအရ လူကိုအသက် အန္တရာယ်ပြုနိုင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေတယ်လို့ သိလာရပြီဖြစ်ပါတယ်။ THC ဟာ ကင်ဆာဖြစ်ပေါ်စေတဲ့ အကျိတ်တွေကို ကြီးထွားနှုန်းမြန်ဆန်အောင် တွန်းအားပေးကြောင်း အမေရိကန် ကင်ဆာ သုတေသနအသင်း (American Association for Cancer Research – AACR) က ဖော်ထုတ်လိုက်ပါတယ်။ဆေးခြောက်ဟာ ကင်ဆာပျောက်စေတာလား? ကင်ဆာဖြစ်စေတာလား? ဆိုတာ ဆက်ကြည့်လိုက်ရအောင်ပါ။ဆေးခြောက်ကို Cannabis Sativa ဆိုတဲ့ အပင်တမျိုးကနေ ရရှိပြီး သူ့မှာပါဝင်တဲ့THCဒြပ်ပေါင်းနဲ့ အပေါင်းအပါတွေဟာ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အကျိုးသက်ရောက်မှုများစွာ ရှိစေနိုင်ပါတယ်။ဆေးခြောက်ကို နိုင်ငံတော်တော်များများက အစိုးရတွေက အသုံးပြုခွင့်တားမြစ်ထားပေမယ့်  အချို့တိုင်းပြည်တွေမှာတော့ နာကျင်တဲ့ဝေဒနာ၊ မအီမသာဖြစ်တာ၊ အတွေးလွန်စိတ်ရောဂါမျိုးနဲ့အခြားသော အာရုံကြောဆိုင်ရာ ရောဂါတွေကို ကုသရာမှာ အသုံးပြုခွင့်ပေးထားပါတယ်။ ဒါ့အပြင် HIV/AIDS ကုထုံးတစ်ချို့မှာလည်း အသုံးပြုတတ်ပါတယ်။ဆေးဘက်ဆိုင်ရာမှာ အသုံးဝင်မှုတွေရှိနေတဲ့ဆေးခြောက်ကိုဆေးခြောက်ပင်ရဲ့ အရွက်တွေနဲ့အဖူးတွေကို အခြောက်ခံပြီးပြုလုပ်ထားတာဖြစ်ပါတယ်။ ဆရာဝန်ထောက်ခံချက်နဲ့မှ ဝယ်ယူလို့ရမှာဖြစ်ပါတယ်။ဒါကြောင့် ဆေးခြောက်ဟာ ဆေးဖက်ဝင်တယ်၊ တရားဝင်ဖြစ်သင့်တဲ့ ပစ္စည်းတစ်ခုဖြစ်တယ်ဆိုတဲ့ အပြောမျိုးတွေဟာ ဆေးခြောက်ကို နှစ်သက်သူတွေရဲ့ လက်သုံးစကားတွေဖြစ်ပါတယ်။မာရီယာနာလို့ ခေါ်ဆိုတဲ့ ဆေးခြောက်ကို နေ့စဉ် အသုံးပြုတာဟာ Human Papilloma Virus (HPV) နဲ့ သက်ဆိုင်တဲ့ ကင်ဆာရောဂါတွေဖြစ်ပွားလာအောင် တွန်းအားပေးပြီးတော့ အထူးသဖြင့်တော့ လည်ချောင်းကင်ဆာ ဖြစ်ပွားနိုင်ခြေမြင့်မားတယ်လို့ လက်ရှိထွက်ပေါ်လာတဲ့ သုတေသန ရလဒ်အသစ်က ဆိုထားပါတယ်။Human Papilloma Virus (HPV)အရေပြား၊ လိင်အင်္ဂါတွေကနေတဆင့် ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီးတော့ မျိုးဗီဇအခြေအနေပေါ်မူတည်ပြီး ကင်ဆာဖြစ်နိုင်ခြေကို တွန်းအားပေးနိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါတယ်။လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကတော့ မာရီယာနာဟာကင်ဆာရောဂါကို တိုက်ဖျက်နိုင်တယ်လို့ ယုံကြည်ခဲ့ကြပေမယ့် ခုချိန်မှာ ထွက်ရှိလာတဲ့ သုတေသနရလဒ်ကတော့ အဆိုပါ ယူဆချက်ကို ပြောင်းပြန်လှန်ပစ်လိုက်တာဖြစ်ပါတယ်။AACR က ပညာရှင်တွေကတော့ မာရီယာနာကို စိတ်အပန်းဖြေဖို့ စွဲလမ်းနည်းနှစ်ခြိုက်စွာ နေ့စဉ်ရက်ဆက် သုံးပြုမယ်ဆိုရင် ကင်ဆာဖြစ်စေမယ့် လမ်းကြောင်းပေါ် တင်ပေးလိုက်သလိုဖြစ်သွားလိမ့်မယ်လို့ ဆိုကြပါတယ်။ တစ်ခါတစ်ရံအသုံးပြုခြင်းကြောင့် ကင်ဆာဖြစ်နိုင်ခြေ နည်းပါးပေမယ့် ပုံမှန် အသုံးပြုမှုကတော့ အန္တရာယ်များတယ်လို့ ဆိုပါတယ်။ဆေးခြောက်ကို နေ့စဉ် အသုံးပြုတဲ့အခါ THC ဒြပ်ပေါင်းပမာဏ မြင့်မားလာပြီး ကင်ဆာဆဲလ်အရေအတွက်ကို တိုးပွားစေနိုင်ကာ ဦးခေါင်း၊ လည်ပင်းတို့နဲ့ သက်ဆိုင်တဲ့ ကင်ဆာရောဂါဖြစ်ပွားနိုင်ချေကို တိုးတက်စေမှာဖြစ်ပါတယ်။ကမ္ဘာပေါ်က တိုင်းပြည်တစ်ချို့မှာ မာရီယာနာကို အသုံးပြုခွင့်ပြုနေပြီဖြစ်ပေမယ့် THC ကို ထိမ်းချုပ်ကန့်သတ်ထားပြီး အဓိကအားဖြင့် ဆေးဝါးအဖြစ်သာ အသုံးပြုခွင့်ပြုနေတာဖြစ်ပါတယ်။ဆေးခြောက်ဟာ စွဲလမ်းစေတတ်တဲ့မူးယစ်ဆေးဝါးဟုတ်မဟုတ်၊ လူ့ခန္ဓာကိုယ်ကို ထိခိုက်နိုင်ခြင်းရှိမရှိ ဒါတွေဟာ ငြင်းခုန်နေကြဆဲအရာတွေ ဖြစ်ပါတယ်။ဆေးခြောက်ကို မူးယစ်ဆေးအနေနဲ့ပဲမြင်မြင် ဆေးဝါးဓာတ်စာအနေနဲ့ပဲ အသုံးပြုပြု ၎င်းအရာဟာ လက်ခံမှု၊ လက်မခံမှုတွေကြားက အငြင်းပွားဖွယ်ရာ ပစ္စည်းတစ်ခုအနေနဲ့ ဆက်လက်ရှိနေဆဲဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ သက်သေပြချက်တွေဟာလည်း အများအပြားထွက်ပေါ်နေဆဲဖြစ်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/medical-marijuana-cancer/
ရင်သားကင်ဆာရှိသူတွေမှာ ဓါတ်စာတွေဘယ်လိုရွေးချယ်ကြမလဲ
ရင်သားကင်ဆာ ဖြစ်လာရင် အာဟာရဖြည့်စွက်စာတွေကို သင့်အစားအစာတွေထဲကို ထည့်သွင်းသင့်ပါတယ်။ ဗီတာမင်၊ herbs, antioxidants, extracts တွေဟာ ကိုယ်ခံအားစနစ်ကို အားကောင်းစေတာမို့ သင်ဟာ ပိုမိုအားရှိလာပြီး ရောဂါကုသမှုဆိုးကျိုးတွေကို သက်သာလာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အတွက် မှန်ကန်တဲ့ နည်းလမ်းတွေကို ရွေးချယ်ဖို့ လိုပါတယ်။ဗီတာမင် အေ၊ စီ၊ အီးနဲ့ selenium တွေဟာ Antioxidants တွေ ဖြစ်ပြီး သူတို့ဟာ ကင်ဆာဆေးသွင်းကုသခြင်းနဲ့ ဓါတ်ရောင်ခြည်နဲ့ ကုသခြင်းကြောင့် ဖြစ်လာတဲ့ ဆဲလ်ပျက်စီးမှုကို သက်သာစေပါတယ်။ ဒါ့ပြင် ဗီတာမင် စီနဲ့ အီးဟာ ပင်ပန်းနွမ်းနယ်မှုကို လျော့ကျစေပါတယ်။Antioxidants တွေကို အများအပြားသုံးစွဲခြင်းဟာ ကင်ဆာရောဂါအတွက်အကျိုးရှိသော်လည်း အချို့နေရာတွေမှာ ကင်ဆာဖြစ်နှုန်းကို ပိုမို မြင့်တက်စေပါတယ်။ဒီ Antioxidants တွေကို အသီးအရွက်တွေ အတော်များများ ဖြစ်တဲ့ လိမ္မော်သီး၊ ပန်းသီး၊ မုန်လာဥနီ၊ ငရုတ်သီးတောင့်တွေမှာ တွေ့ရှိနိုင်ပါတယ်။ ဒီ Antioxidants တွေပါဝင်တဲ့ ဖြည့်စွက်စာတွေကို ဆေးဆိုင်တွေနဲ့ supermarkets တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ လတ်ဆတ်တဲ့ အသီးအရွက်တွေကို စားနိုင်ရင် ပိုကောင်းပါတယ်။ ဒါပေမယ့် မစားနိုင်ရင်လည်း ဖြည့်စွက်စာတွေက အကျိုးရှိပါတယ်။ ဖြည့်စွက်စာတွေ စားလို့ရမရ ဆရာဝန်ကို မေးမြန်းသင့်ပြီး လိုတာထက်ပိုပြီး မစားသင့်ပါဘူး။လက်ဖက်စိမ်းဟာ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်တဲ့ အစွမ်းရှိပါတယ်။ ရင်သားကင်ဆာဟာ ရင်သားဆဲလ်တွေ ပုံမမှန်စွာ ကြီးထွားလာတဲ့အခါမှာ ဖြစ်လာတာ ဖြစ်ပြီး အကျိတ်ကို ဖြစ်စေပါတယ်။ လက်ဖက်စိမ်းမှာ ပါတဲ့ အရာတွေဟာ ဒီအကျိတ်တွေထဲမှာ ရှိတဲ့ သွေးကြောတွေရဲ့ ပုံမမှန်စွာ ကြီးထွားမှုကို နှေးကွေးစေပါတယ်။ လက်ဖက်စိမ်းကို အရည်အဖြစ်သော်လည်းကောင်း ဖြည့်စွက်စာ အဖြစ်သော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။မှိုကို ဆေးအဖြစ် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ မှိုရဲ့ အချို့ ပါဝင်ပစ္စည်းတွေဟာ ကင်ဆာဆဲလ်အချို့ ကြီးထွားခြင်းကို တားမြစ်ပေးပါတယ်။ Letinan လို့ ခေါ်တဲ့ ပါဝင်ပစ္စည်းဟာ ကင်ဆာဖြစ်စေတဲ့ အင်ဇိုင်းကို တားမြစ်ပေးပါတယ်။ မှိုမှာပါတဲ့ beta-glucan ဟာ ကိုယ်ခန္ဓါမှာ ရှိတဲ့အကျိတ်ကို အကျိတ်ကို တိုက်ခိုက်ဖို့ ကူညီပေးပါတယ်။ကြက်သွန်ဖြူ အများအပြားစားတဲ့သူဟာ ကင်ဆာဖြစ်နိုင်ခြေ နည်းတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ကြက်သွန်ဖြူဟာ ရင်သားကင်ဆာ ကုသမှုကိုရော ကာကွယ်မှုကိုပါ ကူညီပေးပါတယ်။ ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေဟာ ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပြီး ရင်သားကင်ဆာဆဲလ်တွေကို တိုက်ခိုက်တဲ့နေရာမှာ ကူညီပေးပါတယ်။ရင်သားကင်ဆာကုသမှုဟာ ပျို့အန်ခြင်း၊ ပင်ပန်းခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ ဒီဆိုးကျိုးတွေဟာ အလွန်အမင်း ကိုယ်အလေးချိန်ကျဆင်းခြင်း၊ အာဟာရချို့တဲ့ ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ သင့်ကိုယ်ခန္ဓါဟာ အားနည်းနေတာကြောင့် ကင်ဆာရောဂါကို တိုက်ဖျက်ဖို့ခက်ခဲနိုင်ပါတယ်။ အအန်ပျောက်ဆေးတွေ ရှိပေမယ့် ဖြည့်စွက်စာတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဂျင်းပါဝင်တဲ့ ဖြည့်စွက်စာတွေကို သူ့ချည်းပဲ သော်လည်းကောင်း၊ အအန်ပျောက်ဆေးတွေနဲ့ ပေါင်းစပ် သောက်သုံးခြင်းသော်လည်းကောင်း ပြုနိုင်ပြီး သင့်ကို နေပိုကောင်းစေပြီး အန်ခြင်းကို လျော့ကျစေမှာ ဖြစ်ပါတယ်။ကင်ဆာရောဂါကို တိုက်ဖျက်ဖို့အတွက် ဖြည့်စွက်စာတွေကိုလည်း စဉ်းစားသင့်ပါတယ်။ ဒါပေမယ့် ဒီဖြည့်စွက်စာတွေဟာ ကုသမှု (သို့) သင့်ကိုယ်ခန္ဓါကို ထိခိုက်စေလားဆိုတာ ဆရာဝန်ကို အရင်မေးသင့်ပြီး သတိထားကာ အသုံးပြုသင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%9b%e1%80%be%e1%80%ad%e1%80%9e%e1%80%b0%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac/
ကလေးငယ်များတွင် အရိုး၊အဆစ်နဲ့ကြွက်သားများ ဒဏ်ဖြစ်ခြင်း
လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် အိမ်သန့်ရှင်းရေးတို့ပြုလုပ်ပါက သင်အရိုးကြွက်သားနှင့်အဆစ်တို့ကိုအသုံးပြုရပါလိမ့်မယ်။ ဒီအရေးကြီးသောအပိုင်းတွေမရှိဘူးဆိုရင် ကျွန်ုပ်တို့သည် မတ်တတ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်း ခုန်ခြင်း သို့မဟုတ် သက်တောင့်သက်သာထိုင်ခြင်းတို့ကိုတောင်လုပ်နိုင်မှာမဟုတ်ပါ။ ဒါပေမယ့် အရိုးက သန်မာသလောက်ကျိုးလွယ်သည်။ ကြွက်သားများအားနည်းခြင်း နှင့် အဆစ်( အရွတ် (အရိုးနုတွယ်ဆက်အရာ) ) များက ထိခိုက်မှု သို့မဟုတ် ရောဂါဖြစ်ပါက ပျက်စီးနိုင်သည်။အရိုးသည်ခန္ဓါကိုယ်ရှိပြောင်းလဲနေသောတစ်ရှုးဖြစ်ပြီး လုပ်ဆောင်ချက်များစွာရှိသည်။ အရိုးများစုပြီး အရိုးစုဖြစ်စေသည်။ အရိုးစု ကြွက်သား အရွတ် တွယ်ဆက်ပစ္စည်း နှင့် အခြားအဆစ်ပါဝင်ပစ္စည်းများက ကြွက်သားအရိုးစုစနစ်ကိုဖြစ်စေတာပါ။ အရိုးစုက သန်မာခြင်း တည်ငြိမ်ခြင်းကိုဖြစ်စေပြီး ကြွက်သားများက လှုပ်ရှားမှုပြုလုပ်ရန်အထောက်အကူပြုပေးပါတယ်။ အရိုးက အတွင်းရှိကလီစာများကိုကာကွယ်ပေးသည့် အလုပ်ကိုလည်းလုပ်ဆောင်ပေးပါသေးတယ်။ကြွက်သားများက အဆစ်ကိုဆွဲပြီးလှုပ်ရှားစေတယ်။ ဒါတွေအပြင် ခန္ဓါကိုယ်ကြီးထွားခြင်း၊ သန်မာခြင်း( ဥပမာ – အစာဝါးခြင်း နှင့် အစာအိမ်စနစ်အတွင်းသို့ရောက်စေခြင်း) စသည့်အခြားလုပ်ဆောင်ချက်များကိုလည်းလုပ်စေနိုင်ပါတယ်။အဆစ်က သင်ခန္ဓါကိုယ်ပုံစံမျိုးစုံလုပ်ဆောင်ခြင်းကိုကူညီပေးပါတယ်။ အချို့သောအဆစ်များက အဖွင့်အပိတ် ပိတ်ကားကဲ့သို့အလုပ်လုပ်ပေးပါတယ်။ (ဥပမာ ဒူးခေါင်းနှင့် တံတောင်ဆစ်) အချို့အဆစ်များက ရှုပ်ထွေးသောလှုပ်ရှားမှုကိုပေးပါတယ်။ -ပုခုံးသို့မဟုတ် ပေါင်အဆစ် ဥပမာ အနောက်၊ အရှေ့၊ ဘေး နှင့် လည်ပတ်လှုပ်ရှားမှုများကို လုပ်ဆောင်ပေးပါတယ်။အရိုးကျိုးခြင်း။အရိုးကျိုးခြင်းသည် အရိုးတွင် အက်ခြင်း၊ ပြတ်ခြင်းတို့ဖြစ်တာကို ဆိုလိုချင်တာပါ။ အရိုးကျိုးခြင်းက တိုက်ရိုက်သက်ရောက်အားကြောင့် ဖြစ်နိုင်သလို တိုက်ရိုက်မဟုတ်တဲ့အားများကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အားဖြင့်လိမ်ခြင်း နှင့် ကြွက်သားကျုံခြင်းပြင်းထန်ပါက အရိုးကျိုးခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။အဆစ်ချော်ခြင်း။အဆစ်ချော်ခြင်းသည် အရိုးပုံမှန်နေရာမှ ကွာသွားခြင်းပါ။ ပြင်းသော သက်ရောက်အားများကြောင့်ဖြစ်နိုင်ပါတယ်။ အချို့အရိုးများ ဥပမာ ပုခုံး သို့မဟုတ် လက်ချောင်းက အဆစ်ချော်လွယ်တတ်သည်။ အကြောင်းကတော့ ဒီအစိတ်အပိုင်းတွေမှာ အရိုးနှင့် တွယ်ဆက်တစ်ရှုးများရဲ့ ကာကွယ်မှုနည်းသောကြောင့်။အဆစ်လွဲခြင်း။အဆစ်လွဲခြင်းသည် အရွတ်တွင် ပျက်ဆီးခြင်းကြောင့်ဖြစ်သည်။ ပုံမှန် လှုပ်ရှားနေသောအတိုင်းအတာမှ အရိုးကအားတစ်ခုဖြင့်အတွန်းခံရသောကြောင့်ဖြစ်သည်။ ထိုအားက အရွတ်ကိုလုံးဝစုတ်ပြဲစေပြီး အရိုးကိုအဆစ်လွဲစေသည်။ အရိုးလဲကျိုးစေတတ်သည်။ဖိအားများခြင်း။ ကြွက်သားနှင့်အရွတ်ကို ဆွဲဖြဲခြင်း ဆွဲဆန့်လိုက်ခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ ကြွက်သားပျက်စီးခြင်းဟုတစ်ခါတစ်ရံခေါ်သည်။ များသောအားဖြင့်လေးလွန်းသောအရာကိုမခြင်း ကြွက်သားအလုပ်လုပ်မှုများခြင်း သို့မဟုတ် ရုတ်တရပ်လှုပ်ရှားလိုက်ခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ လည်ပင်း ကျောရိုး ပေါင်ရှေ့ အနောက် နှင့် ခြေထောက်အနောက်ပိုင်းတို့တွင်ပိုဖြစ်နိုင်သည်။ကြွက်တက်ခြင်း။ထိခိုက်မှုမဟုတ်ပါ။ ကြွက်တတ်ခြင်းသည် လေ့ကျင့်ခန်းပြင်းစွာလုပ်ခြင်း သို့မဟုတ် လက်သို့မဟုတ် ခြေထောက်ကိုပုံစံတမျိုးတည်းအကြာကြီးထားပါက ဖြစ်တတ်သောနာကျင်ခြင်းတစ်မျိုးဖြစ်သည်။ကလေးအရိုးကျိုးခြင်း အဆစ်ချော်ခြင်း သို့မဟုတ် ကြွက်သားထိခိုက်ခြင်းတို့ဖြစ်ပါက ရှိနိုင်သောလက္ခဏာတစ်ချို့ရှိပါသည်။ နာခြင်း ယောင်ခြင်း ဖြစ်သောဘက်ကိုအသုံးမပြုနိုင်ခြင်း အရေပြားအရောင်ပြောင်းခြင်း ပုံသဏာန်ပြောင်းသွားခြင်း သွေးယိုခြင်း ထိခိုက်မိချိန်တွင် တကျွတ်ကျွတ်အသံကြားခြင်း ခံစားမိခြင်းတို့ရှိတတ်သည်။ရှေးဦးကုထုံး။ ဖြစ်သောနေရာကိုကာကွယပေးခြင်း သက်တောင့်သက်သာဖြစ်အောင်ထားခြင်းတို့လုပ်သင့်သည်။ ထိခိုက်မိသောနေရာကို ဖြောင့်အောင်လုပ်ရာ ပုံစံပြောင်းရန်မလုပ်သင့်ပါ။ ပိုဆိုးစေနိုင်သည်။ ရေခဲရေဖြင့် တစ်နာရီတစ်ခါ ၁၅မိနှစ်ခန့်ကပ်ပါ။ ဒဏ်ရာအပွင့်ဖြစ်ပါကမလုပ်သင့်ပါ။ ရှော့ရှိနေပါက လိုအပ်လျင်ကုပါ။အောက်ပါအချက်များရှိပါက ၉၁၁ ကိုခေါ်ပါ။ သွေးခုန်နှုန်းအားနည်းခြင်း မြန်ခြင်းပုံမှန်မဟုတ်ခြင်း အသားပြားခြင်း အသက်ရူမြန်ခြင်းဖျော့ခြင်းစိတ်ရှုပ်ထွေးခြင်းသတိမေ့ခြင်း ချောင်းဆိုးသွေးအန်ခြင်းခေါင်းလည်ပင်းဗိုက်တွင်မြင်သာသောဒဏ်ရာရှိခြင်း။အချို့သောနည်းလမ်းများရှိပါသည်။ ပုံစံတစ်ခုတည်းတွင်အကြာကြီးနေခြင်းကိုရှောင်စေပြီး သက်တောင့်သက်သာရှိသောပုံစံမျိုးစုံတွင်ရှိနေပါစေ။ ပုံစံတစ်ခုတည်းအကြာကြီးထားပါက ကြွကာ်သားများ ပင်ပန်းလာခြင်း အဆစ်များထိခိုက်လွယ်ခြင်းတို့ဖြစ်နိုင်သည်။ အဓိကအားဖြင့် ဥပမာ ခါးမှရှေ့သို့ကွေးထားခြင်း။ သင့်ကလေးအားတစ်နှစ်ပါတ်လုံး အားကစားတစ်ခုတည်းကစားခွင့်မပြုပါနှင့်- အနားယူခြင်း အခြားအားကစားစားခြင်းတို့က ထိခိုက်မှုကိုကာကွယ်နိုင်ပြီး ကျွမ်းကျင်မှုကိုလည်းမြင့်တတ်စေသည်။သင်ကလေးအရိုးအဆစ် ကြွက်သားထိခိုက်ခြင်းကိုကာကွယ်ရန် ကျန်းမာစွာနေပါ။ ကျန်းမာသောခန္ဓါကိုယ်အလေးချိန်ထိန်းထားခြင်းနှင့် ကြွက်သားများသန်မာအောင်လုပ်ခြင်း က အဆစ်တွင်ထိခိုက်ဒဏ်ရာရခြင်းကိုသက်သာစေနိုင်သည်။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8-%e1%80%a1%e1%80%86%e1%80%85%e1%80%ba-%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%80%e1%80%bc%e1%80%bd%e1%80%80%e1%80%ba%e1%80%9e%e1%80%ac/
သစ်သီးဖျော်ရည်ရဲ့ ဆိုးကျိုးများ
သစ်သီးဖျော်ရည်ရဲ့ ဆိုးကျိုးများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ကျန်းမာတဲ့ စိတ်ဓါတ်နဲ့ ခန္ဓါကိုယ်အတွက် လုံလောက်တဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက် ပမာဏနဲ့အတူ ကျန်းမာစေမယ့်နေထိုင်စားသောက်မှုပုံစံလိုအပ်တယ်ဆိုတာ ငြင်းမရပါဘူး။ ဒါပေမယ့် တချို့လူတွေက ဟင်းသီးဟင်းရွက်တွေရဲ့ အရသာကို သဘောမကျကြပါဘူး။ ဒါ့ကြောင့် သူတို့ဟာ သစ်သီးတွေဖက်ကို စိတ်ရောက်ကြပါတော့တယ်။ တိတိကျကျပြောရရင် သစ်သီးဖျော်ရည်တွေပါ။ဒီဖျော်ရည်တွေက digestive drain မဖြစ်စေဘဲ အစာချေဖျက်မှုစနစ်ဆီ တိုက်ရိုက်သွားမယ့် probiotics ၊ enzymes ၊ nutrients ပမာဏ အတော်များများ ပေးစွမ်းပါတယ်။ ဒါပေမယ့်လည်း ကောင်းကျိုးတွေအပြင် ဆိုးကျိုးတချို့လဲ သစ်သီးဖျော်ရည်တွေမှာ ရှိပါတယ်။သစ်သီးဖျော်ရည်ရဲ့ ဆိုးကျိုးများ ကတော့။၁။ ဈေးကြီးခြင်း။သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေကို ဒီအတိုင်း စားတာနဲ့ ယှဉ်ရင် ဖျော်ရည်တွေက ဈေးပိုကြီးပါတယ်။ အရည်ညစ်စက်၊ အရည်အသွေးကောင်းတဲ့ ဓါးတွေ၊ သိမ်းဆည်းဖို့ ဘူး၊ ခွက်တွေ စတဲ့ အထူးပြုလုပ်ထားတဲ့ ကိရိယာတွေ လိုအပ်လို့ပါ။ အရည်အသွေးကောင်းမွန်တဲ့ ဖျော်ရည်စက်တွေဟာ ဒေါ်လာ ရာဂဏန်း သို့မဟုတ် ထောင်ဂဏန်းအထိ ကျသင့်နိုင်ပါတယ်။ ဖျော်ရည်ပြုလုပ်တာက အစားအစာ ပြင်ဆင်ရတာထက် ကုန်ကြမ်း ပိုလိုအပ်ပါတယ်။ဖျော်ရည်ပြုလုပ်ဖို့ ကုန်ကြမ်းပမာဏများများ လိုအပ်တာကြောင့် အဲ့ပေါ်မှာ ငွေကြေးအတော် သုံးရပါလိမ့်မယ်။ ပမာဏအပြင် ကုန်ကြမ်းရဲ့ အရည်အသွေးကိုလဲ ဂရုစိုက်ရပါမယ်။ ဖျော်ရည်ပြုလုပ်ချိန်မှာ အရေးကြီးတဲ့ အချိုးအစားဆိုတာအတွက်သဘာဝသစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ ဝယ်ယူဖို့ကို သဘောတူကြပါတယ်။ ဒါက တခြားကုန်ကြမ်းတွေထက် ကုန်ကျစရိတ် ပိုစေပါတယ်။၂။ ပိုးသတ်ခြင်းနဲ့ သန့်ရှင်းရေး။လတ်ဆတ်တဲ့ သစ်သီးတွေဆိုတာ ထုံးစံအတိုင်း ပိုးမသတ်ပဲ အစိမ်းလိုက် စားသုံးရတာကြောင့် ဖျော်ရည်ပြုလုပ်ရင်သုံးတဲ့ ကိရိယာတွေအားလုံးကို တစ်ခါသုံးပြီးတိုင်း ဆေးကြောသန့်ရှင်းရပါမယ်။ ဆိုလိုတာ စက်တွေကိုသာမဟုတ်ပဲ စဉ်းနှီတုံး၊ သိမ်းဆည်းမယ့် ဘူး၊ ဓါးနဲ့ တခြား ပန်းကန်ခွက်ယောက်တွေကို တစ်ခါအသုံးပြုပြီးတိုင်း သန့်ရှင်းစေလိုတာပါ။ အရည်ညစ်စက်တွေမှာ မတူညီတဲ့ အစိတ်အပိုင်းတွေ အများအပြား ပါဝင်ပါတယ်။အစိတ်အပိုင်းတစ်ခုချင်းဆီကို သန့်ရှင်းတာ၊ ပိုးသတ်တာတွေ ဂရုတစိုက်လုပ်ပေးဖို့ လိုအပ်ပါတယ်။ တချို့အစိတ်အပိုင်းတွေကို ပန်းကန်ဆေးစက်နဲ့ ဆေးနိုင်ပြီး တချို့ကို လက်နဲ့ ဆေးပေးဖို့ လိုအပ်ပါတယ်။beet juiceလိုမျိုး ဖျော်ရည်တွေမှာ ပါတဲ့ သဘာဝရောင်ခြည်ပစ္စည်းတွေမှ အစအန၊ အကြွင်းအကျန်နဲ့ အစွန်းအထင်းတွေက သန့်ရှင်းရေးလုပ်တဲ့အခါ ပိုပြီး ခက်ခဲစေတတ်ပါတယ်။၃။ အလွန်သေးငယ်တဲ့ ပိုးမွှားများ။သစ်သီးနဲ့ ဟင်းသီးဟင်းရွက်အစိမ်းတွေမှာ အလွန်သေးငယ်တဲ့ ပိုးမွှားတွေ ပါဝင်ပါတယ်။ သူတို့အတော်များများဟာ အစာအဆိပ်သင့်ခြင်း၊ အစာအိမ်နဲ့ အူများ ရောင်ရမ်းခြင်း၊ သို့မဟုတ် သေဆုံးခြင်းအထိ ဖြစ်စေနိုင်ပါတယ်။ E-coli ၊ salmonella နဲ့ တခြားသေစေနိုင်တဲ့ အဏုဇီဝတွေဟာ သင့်ရဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အစိမ်းတွေမှာ ရှိနိုင်ပါတယ်။ အပူနဲ့ ပိုးသတ်တာမျိုးမလုပ်ရင်တော့ အဲ့ဒီဘက်တီးရီးယားတွေရဲ့ ဘေးရန်ကနေ ကင်းမယ်လို့ လုံးဝအာမ မခံနိုင်ပါဘူး။ ဒါကြောင့် ခုခံမှုစနစ်အားနည်းနေတဲ့သူတွေ သို့မဟုတ် ကင်ဆာရောဂါရှင်တွေလို low microbial diets သမားတွေကို အစိမ်းအတိုင်းဖျော်ထားတဲ့ ဖျော်ရည်တွေ မသောက်ဖို့ ညွှန်ကြားထားပါတယ်။၄။ အမျှင်ဓါတ် ဆုံးရှုံးခြင်း။ဖျော်ရည်ပြုလုပ်လိုက်တယ်ဆိုတာ အမျှင်တွေ ပစ်ထုတ်လိုက်တယ်လို့ ဆိုလိုပါတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ဖျော်ရည်ပြုလုပ်တဲ့အခါ အဟာရနဲ့ အရည်တွေဟာ အမျှင်ပျော့ဖတ်တွေမှ ထုတ်ယူရပါတယ်။ ပြီးရင် အများအားဖြင့် အဲ့အဖတ်တွေကို စွန့်ပစ်ကြတာပါ။ အဲ့ဒါတွေကို soups ၊ salads သို့မဟုတ် တခြားအစားအစာတွေထဲ မထည့်သွင်းရင်တော့ အမျှင်က ရရှိမယ့် ကောင်းကျိုးတွေကို စွန့်ပစ်လိုက်တာပါပဲ။အမျှင်ဓါတ်မရရှိရင် အစာချေဖျက်မှု ကောင်းမွန်ဖို့ အခက်အခဲတွေ ဖြစ်လာပါလိမ့်မယ်။ အမျှင်တွေက သင့်ကို ဗိုက်ပြည့်နေတဲ့ ခံစားမှုမျိုး ဖြစ်ပေါ်စေခြင်းဖြင့် အစာစားလိုခြင်း လျော့ကျဖို့လည်း အကူအညီပေးပါတယ်။ မဟုတ်ရင်တော့ သင့်ဆာလောင်မှုကို ဖြေသိမ့်ဖို့ ဖျော်ရည်အတော်များများ လိုအပ်ပါလိမ့်မယ်။၅။ အချိုနဲ့ ကစီဓါတ် ပါဝင်မှု များပြားခြင်း။လေ့လာမှုတစ်ခုအရ အဝလွန်တဲ့ ကလေးတွေဟာ ပုံမှန်အလေးချိန်ရှိတဲ့ ကလေးတွေနဲ့ နှိုင်းယှဉ်ရင် ၆၅% လောက်က ဖျော်ရည်အချိုတွေကို ပိုသောက်သုံးကြပါတယ်။ အချိုရည်တွေကတောင် တချို့ သစ်သီးဖျော်ရည်တွေအောက် အချိုပမာဏ နည်းပါတယ်။ ဥပမာစပျစ်သီးဖျော်ရည်ဟာ Coca Cola ထက် အချိုပမာဏ ၅၀% ပိုပါဝင်ပါတယ်။ ဒါ့အပြင် ပုံမှန်အတိုင်းဆို သစ်သီးဖျော်ရည် ၈အောင်စမှာ ကယ်လိုရီ ၁၄၀လောက် အကြမ်းအားဖြင့် ပါဝင်တဲ့အချိန် လိမ္မော်သီးမှာ ကယ်လိုရီ ၆၀ပဲ ပါဝင်ပါတယ်။သင်သောက်သုံးတဲ့ သစ်သီးဖျော်ရည်မှာ “ ၁၀၀%သစ်သီးဖြင့် ပြုလုပ်ထားသည် “ ဆိုတဲ့ စာသားပါဝင်တာ သေချာပါစေ။ စင်ပေါ်မှာရှိတဲ့ ဖျော်ရည်အများစုကို ရေ၊ အချိုဓါတ်နဲ့ တခြားဖြည့်စွက်စားသောက်ကုန်တွေဖြင့် ပြုလုပ်ထားတာပါ။ ဘူးတစ်ဘူးမှာ သစ်သီးဖျော်ရည်စစ်စစ် ၁၀% လောက်ပဲ ပါဝင်ပါတယ်။ သင့်ဖျော်ရည်ထဲကို သကြား ထက်မထည့်သင့်ပါဘူး။ တချို့ ဖျော်ရည်တွေမှာ ပါဝင်တဲ့ ဖန်တီးပြုလုပ်ထားသော အချိုဓါတ်တွေက သကြားထက် သင့်ရဲ့ ကျန်းမာရေးကို ပိုပြီးတောင် ဆိုးရွားသွားစေတတ်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/side-effects-of-fruits-juices/
Knee Osteoarthritis (ဒူးဆစ်ရောင်ခြင်း )
ဒူးဆစ်ရောင်ခြင်း သည် အသက်ကြီးလာသောကြောင့် ဒူးဆစ်များ ဒဏ်ဖြစ်ခြင်းသာဖြစ်ပါသည်။အဆစ်များ၊ အရိုးနုများ သည် ဒူပေဒဏ်ပေ ခံနိုင်ရန် သဘာဝတရားကပေးထားသော လက်ဆောင်များဖြစ်ပါသည်။ဒူးဆစ်ရောင်ခြင်းသည် ထိုအရာများ ချို့ယွင်းသွားသောကြောင် အရိုးအဆစ်များ ပွတ်တိုက်မှုအားများပြီး ဖြစ်လာရခြင်း ဖြစ်ပါသည်။ဒူးဆစ်ရောင်ခြင်း သည် အလွန်အဖြစ်များသော အဆစ်ရောင် ဝေဒနာဖြစ်ပါသည်။ အမျိုသားများ၏ ၁၀% နှင့် အသက် ၆၀ ကျော် အမျိုးသမီးများ၏ ၁၃% သည် ဒူးဆစ်ရောင်ခြင်းကို ခံစာရပါသည်။ အသက်ကြီးလာသောကြောင့် အဝလွန်သောကြောင့် ဖြစ်သော ဒူးဆစ်ရောင်ခြင်းများက ပိုများပါသည်။သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ဒူးဆစ်ရောင်ခြင်း၏ အဓိက လက္ခဏာများမှာ။နာကျင်ခြင်း။လှုပ်ရှားလိုက်လျှင် သို့မဟုတ် တနေကုန် လှုပ်ရှားပြီး အချိန်များတွင် နာကျင်ပြီး အနားယူလိုက်လျှင် သက်သာသွားပါသည်။တောင့်တင်းခြင်း။အနားယူပြီး ပြန်လှုပ်လျှင် ဒူးများတောင့်တင်းနေတတ်ပြီး လှုပ်ရှားလိုက်လျှင် ပြေလျော့သွားပါသည်။တကျွတ်ကျွတ်မြည်ခြင်း။အဆစ်များ လှုပ်ရှားလိုက်သောအခါ တကျွတ်ကျွတ်မြည်ခြင်း ဖြစ်ပါသည်။ရောင်ရမ်းပြီး မာနေခြင်း။အရိုးအတက် ထွက်ခြင်းကြောင့် ရောင်ရမ်းပြီး မာနေခြင်းဖြစ်ပါသည်။ရောင်ရမ်းခြင်း။အဆစ်များတွင် အရည်များ စုပုံနေခြင်းကြောင့် ရောင်ရမ်းခြင်းဖြစ်ပါသည်။အခြားသော လက္ခဏာများမှာ။ဒူးဆစ်ရောင်ခြင်း ဆိုးရွားပြင်းထန်ပါက ညဘက်များတွင်ပါ အိပ်ရာမှ လန့်နိုးလာနိုင်ပါသည်။တခါတရံတွင် ဒူးနာခြင်းများသည် လှုပ်ရှားမှုများပြုလုပ်ခြင်းနှင့် သက်ဆိုင်သော်လည်း တခါတရံတွင် အကြောင်းရင်း မရှိလည်း နာတတ်ပါသည်။စိုစွတ်သော၊ ဖိအားနည်းသော ရာသီဥတုများတွင် ဒူးပိုနာတတ်ကြောင်း အချို့သူများက ပြောပါသည်။ အကြောင်းမှာ ဒူးထဲရှိ အာရုံကြောများသည် လေထုဖိအားအပြောင်းအလဲတွင် နာကျင်စေသောကြောင့် ဖြစ်ပါသည်။အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။အမျိုးမျိုးသော အကြောင်းများကြောင့် ထိုရောဂါဖြစ်လာနိုင်ပါသည်။ လူတိုင်းနီးပါး ဒူးနာလာနိုင်ပါသည်။ အသက်ကြီးသောကြောင့် အဖြစ်အများဆုံး ဖြစ်ပါသည်။ အခြားသော အကြောင်းများမှာ။အသက်ကြီးလာသည်နှင့် အမျှ အရိုးနုများသည် အနာကျက်နှုန်းနှေးလာသောကြောင့် ဖြစ်ပါသည်။ကိုယ်အလေးချိန်များလာလျှင် အဆစ်များ အထူးသဖြင့် ဒူးဆစ်များတွင် ဒဏ်ဖြစ်ပါသည်။ ကိုယ်အလေးချိန် တစ်ပေါင်တက်လာလျှင် ဒူးသည် ၃ / ၄ ပေါင်စာကို ပိုထမ်းထားရပါသည်။အသက် ၅၅ နှစ် အထက် အမျိုးသမီးများသည် အမျိုးသားများထက် ဒူးပိုနာနိုင်ပါသည်။ယင်းသည် မိမိလုပ်ရသော အလုပ်နှင့် သက်ဆိုင်ပါသည်။ ဒူးထောက်ခြင်း၊ ထိုင်ထပြုလုပ်ခြင်း၊ အလေးမခြင်း (၅၅ပေါင်အထက်)များသည် ဒူးဆစ်များအပေါ်သို့ ဖိအားများ တိုက်ရိုက်သက်ရောက်သည့်အတွက် ဒူးနာစေပါသည်။ဘောလုံး၊ တင်းနစ် နှင့် တာဝေးအပြေးသမားများသည် ဒူးနာနိုင်ချေများ ပါသည်။ ထို့ကြောင့် အားကစားသမားများသည် ဒဏ်ရာများမရအောင် အထူးဂရုစိုက်ပြီး အဆစ်များကို သန်မာစေသော လေ့ကျင့်ခန်းများကို ပြုလုပ်ပေးခြင်းဖြင့် ဒူးနာခြင်းကိုဖြစ်နိုင်ချေနည်းစေပါသည်။ ဒူးနာရှိကြွက်သားများ အားနည်းနေပါက ဒူးပိုနာစေနိုင်ပါသည်။ရူမတွိုက် အဆစ်ရောင်ရောဂါသည် အဆစ်ရောင်ခြင်းတွင် ဒုတိယ အဖြစ်များဆုံးဖြစ်ပြီး ယင်းသည် ဒူးဆစ်များကိုရောင်ရမ်း နာကျင်စေပါသည်။ ထို့ပြင် သံဓါတ်များခြင်း၊ ကြီးထွားဟော်မုန်းများခြင်းတို့သည်လည်း ဒူးနာခြင်းကို ဖြစ်နိုင်ချေများစေပါသည်။အာရုံမစူးစိုက်နိုင်ခြင်းရောဂါ ကို ဖြစ်နိုင်ချေများစေသော အကြောင်းများစွာအနက် အဖြစ်အများဆုံးသော အကြောင်းမျာမှာ အောက်ပါတို့ဖြစ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က သင်ခံစားနေရသော ဝေဒနာများကို မေးမြန်းခြင်း၊ သင့်ကို စစ်ဆေးခြင်းတို့ပြုလုပ်ပါလိမ့်မည်။ ထို့ပြင် အောက်ပါ လက္ခဏာများကို စစ်ဆေးပါလိမ့်မည်။စစ်ဆေးပြီး သောအခါ အောက်ပါ စမ်းသပ်မှုများ ပြုလုပ်ပါလိမ့်မည်။ဓါတ်မှန်ရိုက်ခြင်း သည် ဒူးဆစ်ရောင်ခြင်းကို သိရန် အသုံးဝင်ဆုံးသော နည်းဖြစ်ပါသည်။ ဓါတ်မှန်တွင် အရိုးအတက်များ၊ အရိုးဆစ်များကျဉ်းနေခြင်းနှင့် အဆစ်များတွင် ကယ်လ်ဆီယမ်များ များနေခြင်းတို့ကို မြင်နိုင်ပါသည်။သံလိုက် ဓါတ်မှန်သည် ရိုးရိုးဓါတ်မှန်တွင် မမြင်ရသော အရိုးနုများ၊အရွတ်များနှင့် ကြွက်သားမျာကို ကောင်းမွန်စွာ မြင်ရပါသည်။ဒူးဆစ်ရောင်ခြင်းကို သွေးစစ်ချက်အဖြေများဖြင့် မသိနိင်သော်လည်း အခြားသော ရောဂါများကို ဖယ်ထုတ်နိုင်စေရန် သွေးစစ်ရပါသည်။ဒူးဆစ်ရောင်ခြင်းကို ကုသရခြင်း၏ ရည်ရွယ်ချက်မှာ နာကျင်မှုများကို သက်သာစေရန်နှင့် လှုပ်ရှားမှုများကောင်းစေရန် ဖြစ်ပါသည်။ကုသမှုများတွင် အောက်ပါ အချက်များ အားလုံးပါဝင်ပါသည်။ကိုယ်အလေးချိန် အနည်းငယ်ကျဆင်းသွားလျှင်ပင် ဒူးနာသက်သာစေနိုင်ပါသည်။လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ဒူးနားရှိကြွက်သားများကို သန်မာစေပြီး ဒူးဆစ်များကို ပိုခိုင်စေကာ နာကျင်မှုများကို သက်သာစေပါညသည်။ ထို့ပြင် ဒူးများလည်း ပိုပြီ လှုပ်ရှားမှုများ ကောင်းလာမည်ဖြစ်ပါသည်။ထိုဆေးများသည် ဆေးဆိုင်တွင် အလွယ်တကူဝယ်ယူနိုင်သော ဆေးများ ဖြစ်ပါသည်။ သို့သော် ထိုဆေးများကို ဆရာဝန်မညွှန်ကြားဘဲ ၁၀ ရက်ထက်ပိုသောက်ခြင်း မပြုရပါ။ ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သောကြောင့် ဖြစ်ပါသည်။ ထိုဆေးများနှင့် မသက်သာလျှင် ဆရာဝန်နှင့် သွားပြကာ ညွှန်ကြားသောဆေးများကို သောက်သင့်ပါသည်။ယင်းတို့သည် အစွမ်းထက်သော အရောင်ကျဆေးများ ဖြစ်ပါသည်။ Hyaluronic အက်ဆစ်သည် အဆစ်များအတွက် ချောဆီ အနေဖြင့်လည်း အလုပ်လုပ်ပေးပါသည်။capsaicin ပါသော လိမ်းဆေးများ လိမ်းခြင်း၊ အပ်စိုက်ကုထုံးနှင့် glucosamine and chondroitin ပါသော အားဖြည့်ဆေးများသောက်ခြင်းတို့ ပါဝင်ပါသည်။ဒူးစည်းတွင် ဒူးအပေါ်သို့ သက်ရောက်လာသော အားများကို ဖယ်ပေးသော အမျိုးအစားနှင့် ဒူးတစ်ခုလုံးကို ထောက်ပံ့ပေးသော အမျိုးအစားဟူ၍၂ မျိုးရှိပါသည်။ယင်းသည် ဒူးနာခြင်းကြောင့် နေ့စဉ်အလုပ်များ မလုပ်နိုင်သူများတွင် အသုံးဝင်သည့် နည်းလမ်း ဖြစ်ပါသည်။ ကာယလေ့ကျင့်ခန်းများသည် ကြွက်သားများကို သန်မာစေပြီး အဆစ်များကို လှုပ်ရှားမှုများ ကောင်းစေပါသည်။ ကောင်းမွန်သော နည်းပြများက သင့်ကို နေ့စဉ်အလုပ်များကို နာကျင်မှု သက်သာစွာ လုပ်ဆောင်နိုင်ရန် သင်ပြပေးပါလိမ့်မည်။အထက်ပါကုထုံးများနှင့်အဆင်မပြေလျှင် ခွဲစိတ်ကုသနိုင်ပါသည်။ဒူးဆစ်ရောင်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းအမျိုးမျိုးရှိပါသည်။ မည်သည့်အကြောင်းကြောင့် ဖြစ်စေ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းတို့ဖြင့် ရောဂါ လက္ခဏာများကို လျော့ကျစေနိုင်ပါသည်။လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် နာကျင်မှုများကို သက်သာစေနိုင်သလို ဝေဒနာများ ထပ်မဖြစ်လာအောင်လည်း ကူညီပေးပါသည်။သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/knee-osteoarthritis-%e1%80%92%e1%80%b0%e1%80%b8%e1%80%86%e1%80%85%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ကင်ဆာကနေ ရှင်သန်လာသူတွေ ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ဘယ်လိုထိန်းသိမ်းကြမလဲ
ရင်သားကင်ဆာ ဖြစ်လာရင် ကင်ဆာကြောင့် သော်လည်းကောင်း၊ ကင်ဆာကုသမှုကြောင့်သော်လည်းကောင်း ကိုယ်အလေးချိန် ပြောင်းလဲနိုင်ပါတယ်။ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းဟာ ကုသမှုရဲ့ ရလဒ်ကို တိုးတက်စေရုံသာမက ကင်ဆာအသက်ရှင်နေထိုင်သူတွေအတွက် နောင်ဖြစ်လာမယ့် ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးပါတယ်။သင့်ကိုယ်အလေးချိန်ကို ကျန်းမာအောင် ထိန်းသိမ်းပါ။သင်ကတော့ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိချင်ပါတယ်။ ဒါပေမယ့် သင့်ကိုယ်အလေးချိန်ဟာ ကျန်းမာတယ်၊ မမာဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ။ BMI ကို အသုံးပြုပြီး သင့် ကိုယ်အလေးချိန် နံပတ်ကို တွက်ချက်နိုင်ပါတယ်။ သင့်ဆရာဝန်ကို မေးသင့်ပြီး သင် ရှိသင့်တဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန်အကြောင်းကို ဆွေးနွေးသင့်ပါတယ်။ကိုယ်အလေးချိန် တိုးခြင်း။ရင်သားကင်ဆာကြောင့် ကိုယ်အလေးချိန် လျော့တယ်လို့ ထင်ပါလိမ့်မယ်။ အချို့သူတွေမှာတော့ ကိုယ်အလေးချိန် တိုးတတ်ပါတယ်။ ဟော်မုန်း ကုသမှုတွေ၊ ဆေးတွေနဲ့ ကင်ဆာဆေးအချို့ဟာ ကိုယ်အလေးချိန် တိုးစေပါတယ်။ ဒီကုသမှုတွေဟာ ကိုယ်ခန္ဓါအတွင်းမှာ ရေအပိုကို ထားရှိပေးပါတယ်။ ပြီးတော့ အချို့ကုသမှုတွေဟာ အစာစားချင်စိတ်ကို မြှင့်တင်ပေးတာကြောင့် ကုသမှု မလုပ်ခင် စားတဲ့အစာတွေထက် ပိုစားပါလိမ့်မယ်။ မောပန်းခြင်းဟာ ရင်သားကင်ဆာကုသမှုရဲ့ အဖြစ်များတဲ့ ဆိုးကျိုးတစ်ခု ဖြစ်ပြီး သင်အလုပ်လုပ်ခြင်းနဲ့ နားနေတဲ့ ပုံစံကို ပြောင်းလဲပေးကာ လေ့ကျင့်ခန်းလုပ်မှုကိုလည်း လျော့ကျစေနိုင်ပါတယ်။ကိုယ်အလေးချိန်တိုးခြင်းကို အစားအစာတွေနဲ့ ထိန်းခြင်း။• အသီးအရွက်များများစားပါ။ သူတို့မှာ ဗီတာမင်၊ သတ္တုဓါတ်၊ အမျှင်ဓါတ်တွေ အများအပြားပါဝင်ပြီး ကယ်လိုရီအနည်းငယ်သာ ပါဝင်ပါတယ်။ သူတို့ဟာ သင့်ကို ကြာရှည်စွာ ဗိုက်ပြည့်စေပြီး ကိုယ်အလေးချိန်ကိုတော့ မတက်စေပါတယ်။ မစားခင် သေချာစွာ ဆေးဖို့ ဂရုစိုက်သင့်ပါတယ်။• Whole grains တွေဖြစ်တဲ့ ပေါင်မုန့်ကြမ်း၊ cereals၊ အီတလီခေါက်ဆွဲ အစရှိတာတွေကို စားသင့်ပါတယ်။ ဒါပေမယ့် အမျှင်များတဲ့အစားအစာတွေဟာ သင့်အတွက် သင့်လျော်ရဲ့လားဆိုတာ ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။• အဆီအနည်းငယ်သာစားပါ။ အဆီပါတဲ့ အစားအစာတွေအကုန်လုံးကို ကန့်သတ်ရမယ်လို့ မဆိုလိုပဲ transfat နဲ့ ပြည့်ဝဆီပါဝင်တဲ့ အဆီတွေကိုသာ ရှောင်ရှားသင့်ခြင်း ဖြစ်ပါတယ်။ ကျန်းမာတဲ့အဆီဖြစ်တဲ့ omega 3 fatty acid ကို walnuts နဲ့ salmon ငါးတွေမှာ တွေ့ရပြီး ရွေးချယ် စားသုံးသင့်ပါတယ်။ ဆီကြော်၊ ထောပတ်နဲ့ mayonnaise တွေကိုတော့ လျှော့စားသင့်ပါတယ်။• ဟင်းချက်နည်းကို ပြောင်းလဲပါ။ ပိုမို ကျန်းမာစေတဲ့ နည်းတွေဖြစ်တဲ့ ပြုတ်ခြင်း၊ ပေါင်းခြင်း၊ ကင်ခြင်း အစရှိတာတွေကို ပြုလုပ်သင့်ပါတယ်။• Lean proteins တွေဖြစ်တဲ့ Lean pork, Lean Beef တွေကို စားသင့်ပါတယ်။ အရေပြားကို မစားသင့်ပါဘူး။• အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ 1% fat နွားနို့နဲ့ skim milk တွေကို ရွေးချယ်နိုင်ပါတယ်။• ဆားလျှော့စားပါ။ ဆားဟာ သင့်ကိုယ်ခန္ဓါအတွင်းမှာ ရေကို ဆွဲထားပေးပါတယ်။• အစာအနည်းငယ်ကို မကြာခဏစားပါ။ လောက်လောက်ငင ချက်ပြုတ်ပါ။ အတင်းတွန်းပြီး မစားသင့်ပါဘူး။လေ့ကျင့်ခန်း လုပ်ပါ။ပုံမှန်လေ့ကျင့်ခန်းတွေဖြစ်တဲ့ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ ယောဂကစားခြင်းနဲ့ ပြေးခြင်းတွေဟာ သင့်ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ သူတို့ဟာ သင့်ကို ကင်ဆာကြောင့် ဆုံးရှုံးသွားတဲ့ အားအင်ကို ပြည်လည် ဖြည့်တင်းပေးပါတယ်။ပညာရှင်တွေဆီက အကူအညီတောင်းခံပါ။ဆရာဝန်၊ အာဟာရပညာရှင်တွေနဲ့ စကားပြောနိုင်ပါတယ်။ သူတို့ဟာ ရင်သားကင်ဆာ ကုသမှုအပြီးမှာ ဘာလို့ ကိုယ်အလေးချိန်တက်လာတာလဲဆိုတာ ကို ကူညီရှာဖွေပေးမှာ ဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကျစေတဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံကိုလည်း ပြုလုပ်ပေးမှာဖြစ်ပါတယ်။ သူတို့နဲ့ သင်ကြိုက်တဲ့ အစားအစာတွေအကြောင်းကို ဆွေးနွေးသင့်ပါတယ်။ကိုယ်အလေးချိန်ကျဆင်းခြင်း။ကိုယ်အလေးချိန်ကျဆင်းခြင်းဟာလည်း ကင်ဆာကြောင့် (သို့) ကင်ဆာ ကုသမှုကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်တဲ့ စိတ်ပူခြင်း၊ စိတ်ဖိစီးခြင်းနဲ့ ကိုယ်ခန္ဓါ ပြဿနာတွေဖြစ်တဲ့ ပျို့အန်ခြင်း၊ ပင်ပန်းခြင်းတွေဟာ ကိုယ်အလေးချိန် ကျဆင်းစေပါတယ်။ကိုယ်အလေးချိန် ကျဆင်းခြင်းကို အစားအသောက်နဲ့ ဖြေရှင်းခြင်း။• အချိန်မှန်အစာစားပါ။ ဗိုက်ဆာတဲ့ အချိန်အထိ မစောင့်သင့်ပါဘူး။ ဗိုက်ကို လုံးဝမစာတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီခံစားမှုဟာ သင့်ကိုယ်ခန္ဓါက လိုအပ်တဲ့ အစားအသောက်တွေကို စားသုံးခြင်းကနေ တားမြစ်နိုင်ပါတယ်။• တစ်နေ့ကို ၃ကြိမ် အစားအကြီးစား စားခြင်းထက်စာရင် အစာအနည်းငယ်ကို ခဏခဏ စားပါ။• သင့်အစားအသောက်ထဲကို ပရိုတင်းနဲ့ ကယ်လိုရီတွေ ထပ်ထည့်ပါ။ ဥပမာ ပေါင်မုန့်ကို ထောပတ်နဲ့စားနိုင်ပြီး ချောကလက်နို့ သောက်သင့်ကာ မြေပဲထောပတ်နနဲ့ ပူတင်းတွေ၊ကိတ်တွေထဲကို ကြက်ဥထည့်ကာ စားသင့်ပါတယ်။ ဒါမှမဟုတ် ရေအစား အစားအစာတွေ ချက်ပြုတ်ဖို့ နွားနို့ကို အသုံးပြုနိုင်ပါတယ်။လေ့ကျင့်ခန်း လုပ်ပါ။လေ့ကျင့်ခန်းဟာ အစာစားချင်စိတ်ကို တိုးတက်စေပါတယ်။ ဒါကြောင့် သင်အစာ ပိုစားချင်ပါလိမ့်မယ်။ လေ့ကျင့်ခန်းဟာ ဗိုက်ကိုလည်း လျင်မြန်စွာ ဆာစေနိုင်ပါတယ်။ ညင်သာတဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ စက်ဘီးစီးခြင်း၊ ရေကူးခြင်းတွေကို ပြုလပ်သင့်ပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ ဘောလုံးကစားခြင်း၊ ဘက်စကတ်ဘော ကစားခြင်းတွေကိုတော့ သေချာစွာ စဉ်းစားသင့်ပါတယ်။ပညာရှင်တွေနဲ့ စကားပြောပါ။သင့်ပြဿနာတွေကို ဆရာဝန်တွေ၊ အာဟာရ ပညာရှင်တွေနဲ့ ဆွေးနွေးသင့်ပါတယ်။ သူတို့ဟာ သင်ကိုယ်အလေးချိန်ကျဆင်းရခြင်းရဲ့ အကြောင်းရင်းကို ကူညီရှာဖွေပေးမှာ ဖြစ်ပြီး ဘယ်လို ကျန်းမာစွာ ကိုယ်အလေးချိန်တက်အောင် လုပ်ရမလဲဆိုတာ ပြောပြမှာ ဖြစ်ပါတယ်။အထူးနည်းတွေကို အသုံးပြုပါ။ပုံမှန်အတိုင်း မစားနိုင်ဘူးဆိုရင် ပြွန်ကတစ်ဆင့် အစာထည့်ခြင်းတွေကို အသုံးပြုသင့်ပါတယ်။ ဒီနည်းကိုတော့ ဆရာဝန် ညွှန်ကြားမှသာ အသုံးပြုသင့်ပါတယ်။ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်းဟာ အထူးသဖြင့် ရင်သားကင်ဆာ ကုသမှုပြီးသွားရင် အလွန်အရေးကြီးပါတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိခြင်းဟာ အချို့ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ ကင်ဆာ နောက်တစ်ကြိမ် ပြန်ဖြစ်ခြင်းတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဝနေရင် ဝိတ်လျှော့သင့်ပြီး ပိန်နေရင်တော့ ကိုယ်အလေးချိန်တိုးအောင် ပြုလုပ်သင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%80%e1%80%94%e1%80%b1-%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%9e%e1%80%94%e1%80%ba%e1%80%9c%e1%80%ac%e1%80%9e%e1%80%b0%e1%80%90%e1%80%b1/
သွေးဆုံးကိုင်ခြင်း ဝေဒနာအတွက် ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးများ
သွေးဆုံးတယ်ဆိုတာ အသက်အရွယ်ကြီးရင့်တဲ့အမျိုးသမီးတွေခံစားရတဲ့ ဖြစ်စဉ်တစ်ခုပါ။ အသက် ၄၅ နှစ်နဲ့ ၅၀ အကြားမှာ ဖြစ်တတ်ပါတယ်။ သင်ဟာ အမျိုးသမီး တစ်ယောက်ဆိုရင် ဒီအရာကို မလွဲမသွေ ကြုံတွေ့ရမှာပါ။ သွေးဆုံးခြင်းရဲ့ နောက်ကွယ်က သွေးဆုံးကိုင်ခြင်း လက္ခဏာတစ်ခုချင်းစီကို ရိုးရှင်းတဲ့အိမ်တွင်းကုထုံးတွေနဲ့ ဖြေရှင်းကြည့်ရအောင်။သွေးဆုံးကိုင်ခြင်း ဝေဒနာအတွက် ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးများ ကတော့။အေးအေးလူလူနဲ့ သက်သောင့်သက်သာ နေထိုင်ခြင်း။ဖိန်းတိန်းရှိန်းတိန်းဖြစ်ခြင်း၊ ပူလောင်ခြင်းလက္ခဏာတွေကို ရင်ဆိုင်နေတဲ့အခါ ခပ်ပွပွနဲ့ သက်သောင့်သက်သာရှိတဲ့၊ ချောင်ချိတဲ့အဝတ်အစားတွေကို ရွေးချယ် ဝတ်ဆင်ပါ။ အထူးသဖြင့် ညအချိန်နဲ့ ပူပြင်းတဲ့ရာသီ ဥတုများမှာပေါ့။သွေးဆုံးကိုင်ဝေဒနာ ခံစားရတဲ့အခါ ချွေးစေးများ ထွက်လာကာ အိပ်ပျော်နေစဉ် မကြာခဏ လန့်နိုးတတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့အိပ်ခန်းကို အေးမြအောင်ထားထားပါ။ ထူထဲတဲ့စောင်တွေကို မခြုံပါနဲ့။ အဲကွန်း(သို့မဟုတ်) ပန်ကာရဲ့ ဖွင့်ပြီး အခန်းကို အေးနေအောင် ထားပါ။ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းနဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း။တစ်နေ့တာ ကယ်လိုရီစားနှုန်းကို အတတ်နိုင်ဆုံး လျှော့ချခြင်းဖြင့် အဝမလွန်အောင် ထိန်းသိမ်းပါ။ သွေးဆုံးချိန်မှာဇီဝကမ္မလုပ်ဆောင်ချက်တွေဟာ နှေးကွေးတာကြောင့် ငယ်ရွယ်စဉ်ကလို မပိန်နိုင်တော့ဘဲ ကိုယ်အလေးချိန်တက်လာမှာမို့ပါ။ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုတွေကိုလည်း တစ်နေ့ကို မိနစ် ၂၀ မှ ၃၀ ထိ ပြုလုပ်ပါ။ လမ်းလျှောက်ခြင်းကတောင် အတော်လေး အထောက်အကူပြုပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် အားအင်တွေ တိုးလာမယ်။ ညအခါ နှစ်ခြိုက်စွာ အိပ်ပျော်မယ်၊ စိတ်ကြည်လင် လန်းဆန်းမယ်၊ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမှာပါ။သွေးဆုံးကိုင် လက္ခဏာတွေအတွက် အကူအညီရယူခြင်း။သွေးဆုံးချိန်မှာ သွေးဆုံးကိုင်လက္ခဏာ ခံစားရတာဟာ ပုံမှန်ဖြစ်တာမို့ တတ်ကျွမ်းနားလည် သူတွေနဲ့ ပြသပါ။သင့်မိသားစု၊ သင်ချစ်ရသူတွေနဲ့ မိတ်ဆွေတွေကိုလည်း သင့်ရဲ့စိတ်ခံစားမှုတွေအကြောင်း ဖွင့်ဟပြောပြပါ။ ဒါမှ သင့်လိုအပ်ချက်တွေကို သူတို့သိပြီး ကူညီပေးနိုင်မှာပါ။အာဟာရဖြည့်ခြင်း။သွေးဆုံးကိုင်ချိန်မှာ အဖြစ်များဆုံးရောဂါဟာ အရိုးပွရောဂါဖြစ်ပါတယ်။ အရိုးပွခြင်းအတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသပါ။ အားအင်ကုန်ခမ်းခြင်း၊ အိပ်မပျော်ခြင်းတို့အတွက် အားဆေးတွေကို ဖြည့်တင်းသောက်သုံးပါ။ တစ်ဦးတစ်ယောက်ချင်းရဲ့ လိုအပ်ချက်ဟာ မတူညီနိုင်တာမို့ ဆရာဝန် နဲ့တိုင်ပင်နိုင်ပါတယ်။စိတ်ဖြေလျှော့ခြင်းနည်းလမ်းများ။စိတ်ပိုင်းဆိုင်ရာ ခံစားမှုများဟာ သွေးဆုံးကိုင်ခြင်း လက္ခဏာတွေမှာ ပါဝင်တာကြောင့် ယောဂလေ့ကျင့်ခြင်း၊ ဝင်သက်ထွက်သက် လေ့ကျင့်ခန်းများနဲ့ တရားထိုင်ခြင်း အလေ့အထတွေဟာ စိတ်အစဉ်ကို ပြန်လည်ကြည်လင်စေနိုင်တာမို့ ပြုလုပ်သင့်ပါတယ်။အသားအရေကိုမမေ့မလျော့ထိန်းသိမ်းဂရုစိုက်ခြင်း။သွေးဆုံးချိန်မှာ မ ဟော်မုန်းထွက်ရှိမှု သိသိသာသာနည်းပါးသွားတာကြောင့် နောက်ထပ် ကြုံတွေ့နိုင်တဲ့ ပြဿနာဟာ အသားအရေခြောက်သွေ့ခြင်းပါပဲ။ ဒါကြောင့် အစိုဓာတ်ဖြည့်ပေးတဲ့ ‘moisturizers’ လိုမျိုး အသားအရေထိန်းသိမ်းပစ္စည်းများ အသုံးပြုပေးပါ။ အချိန်ကြာကြာ အလွန်အမင်း ရေချိုးခြင်း၊ ရေကူးခြင်းတွေကိုလည်း ရှောင်ကြဉ်ပေးပါ။ အသားအရေခြောက်သွေ့ပြီး ယားယံစေနိုင်လို့ပါ။အိပ်စက်ခြင်းပြဿနာများ။ညအိပ်မပျော်ခြင်း ပြဿနာအတွက်တော့ ဆရာဝန်နဲ့သာ တိုင်ပင်ပါ။ မိမိစိတ်အလိုကျ အိပ်ဆေးတွေသောက်သုံးနေခြင်းဟာ နည်းလမ်းအမှန်မဟုတ်ပါ။ ဆရာဝန်ကို ပွင့်ပွင့်လင်းလင်း ပြောပြပါမှ နှစ်ခြိုက်စွာ အိပ်ပျော်စေရန် မှန်ကန်တဲ့ နည်းလမ်းနဲ့ ကူညီပေးလို့ရမှာပါ။ဆေးလိပ်/အရက်လျှော့သောက်ခြင်း၊အပြတ်ဖြတ်ခြင်း။ဆေးလိပ်သောက်တတ်သူဖြစ်ပါက ဆေးလိပ်ဖြတ်ပါ။ မိမိမသောက်လည်း ဆေးလိပ်သောက်နေသူတွေအနား အတတ်နိုင်ဆုံး မသွားပါနဲ့။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကိုလည်း ရှောင်ကြဉ်ပါ။ ဆေးလိပ်ငွေ့နှင့် ထိတွေ့ခြင်းဟာ သွေးဆုံးကိုင် ဝေဒနာတွေကို ပိုဆိုးစေနိုင်ပါတယ်။အရက်သောက်ခြင်းကိုလည်း လျှော့လိုက်ပါ။ သွေးဆုံးကိုင်  အမျိုးသမီးတစ်ဦး အရက်သောက်မယ်ဆိုရင် ကျန်းမာရေးအပေါ် ဆိုးကျိုးတွေ အများကြီးသက်ရောက်နိုင်ပါတယ်။အခြားလိုအပ်ချက်များဖြည့်တင်းခြင်း။သွေးဆုံးကိုင် ဝေဒနာတွေဟာ မ ဟော်မုန်းနည်းပါးခြင်းကြောင့် ခံစားရတာပါ။ အချို့ ကလည်း ဟော်မုန်းကုထုံးတွေကို ခံယူတတ်ကြပါတယ်။ ဒါကတော့ တတ်ကျွမ်းနားလည်သူ ဆရာဝန်နဲ့သာ ကုသမှု ခံယူသင့်ပါတယ်။ကဲ ….. သွေးဆုံးကိုင်ခြင်း ဝေဒနာအတွက် ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးများ ကို လက်တွေ့ အကောင်အထည်ဖော်ကြည့်လိုက်တော့နော်။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menopause/menopause-diagnosis-treatment/
ဝက်ခြံဖြစ်ခြင်းကို ကာကွယ်ပေးမည့် အသားရေထိန်းပစ္စည်းများ
လူတိုင်းကြည့်ကောင်းချင်ကြသည် လှချင်ကြသည်ချည်းဖြစ်သည်။ နေ့စဉ်သုံး အသားရေထိန်းပစ္စည်းများက သင့် အသားရေကို အဆီပြန်ခြင်းလျှော့ချခြင်း၊ ချွေးပေါက်များကို သန့်စင်ပေးခြင်းနှင့် ဝက်ခြံများကို သက်သာစေခြင်း၊ ကာကွယ်ပေးခြင်း စသည်တို့ဖြင့်များစွာအထောက်အကူပြုနိုင်ပါသည်။ဝက်ခြံမဖြစ်အောင်ထိန်းသိမ်းရာတွင် အချိန်သိပ်ပေးရန်မလိုသလို ဈေးကြီးသောပစ္စည်းများကိုသာ အသုံးပြုရန်လည်းမလိုပါ။အောက်ပါနည်းလမ်းများသည် သင့်အတွက် သန့်စင်ကြည်လင်သော အသားရေကို ပိုင်ဆိုင်နိုင်ရန် ကူညီပေးလိမ့်မည်။· သင့်မှာ ဝက်ခြံရှိရှိ မရှိရှိ တနေ့လျှင်မျက်နှာ ၂ကြိမ်သစ်ရန် အရေ:ကြီးသည်။ ၎င်းသည် သင့် အရေပြားရှိ အညစ်အကြေးများကို သန့်စင်ပေးခြင်း၊ အဆီပြန်ခြင်းကိုသက်သာစေခြင်း နှင့် အရေပြားဆဲလ်အသေများကိုဖယ်ရှားပေးခြင်းဖြင့် သင့်အတွက်ကျန်းမာသော အသားရေကို ရရှိစေလိမ့်မည်။· မျက်နှာသစ်ရန် မပူလွန်းသော ကြက်သီးနွေးရေနှင့် မျက်နှာသစ်ဆေးကို အသုံးပြုသင့်သည်။ အမွှေးအကြိုင်ပါဝင်သော ကိုယ်တိုက်ဆပ်ပြာများသည် သင့် မျက်နှာအသားရေကို ပိုထိခိုက်စေပါသည်။ သင့်မျက်နှာကို တဘက် သို့မဟုတ် ကြမ်းတမ်းသော အဝတ်တို့ဖြင့် ပွတ်တိုက်ခြင်းမပြုရ။ မျက်နှာသုတ်ပဝါကိုလည်း တကြိမ်သာအသုံးပြုပြီးလျှော်သင့်သည်။· တနေ့လျှင် မျက်နှာကို ၂ကြိမ်ထက်ပိုသစ်ဖို့မလိုအပ်ပါ။ ၎င်းသည် သင့် အရေပြားကို ပိုအန္တရာယ်ဖြစ်စေပါသည်။· ဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်သော ဝက်ခြံပျောက်လိမ်းဆေးများကို လိမ်းခြင်းဖြင့် အဆီပြန်ခြင်းကို လျော့နည်းစေသည်။ Benzyl peroxide သို့မဟုတ် Salicylic acid ပါဝင်သော ပစ္စည်းများကို ရွေးချယ်ဝယ်ယူပါ။· ဝက်ခြံပေါက်နေစဉ်တွင် မိတ်ကပ်အောက်ခံလိမ်းခြင်း၊ ပေါင်ဒါရိုက်ခြင်း၊ ပါးနီဆိုးခြင်းများကို ရှောင်ကျဉ်ပါ။ မဖြစ်မနေသုံးရမည်ဆိုပါက တနေ့တာလုပ်ငန်းများပြီးလျှင် မိတ်ကပ်ဖျက်ပါ။ အဆီမပြန်သော၊ ဓါတုဗေဒပစ္စည်းနှင့် ဆိုးဆေးများမပါသော မိတ်ကပ်များကို ရွေးချယ်သုံးစွဲပါ။· Non comedogenic ဟုရေးသားထားသော ဝက်ခြံမဖြစ်စေသည့် မိတ်ကပ်ပစ္စည်းများကို ဝယ်ပါ။ မဝယ်မီ ပါဝင်သော ပစ္စည်းများကိုသေချာစွာဖတ်ပါ။· ၎င်းပစ္စည်းများသည် ဆရာဝန် ညွှန်ကြားချက်မပါဘဲအသုံးပြုနိုင်သည်။ ၎င်းတို့တွင် တို့ပါဝင်သည့်အတွက် ဘက်တီးရီးယားများကိုသေစေပြီး အရေပြားကိုခြောက်သွေ့စေခြင်း၊၊ အဖတ်များကွာကျခြင်းတို့ဖြစ်နိုင်သည့်အတွက် ပမာဏအနည်းငယ်ကို သာ စတင်ပြီး အသုံးပြုသင့်သည်။· သင်နှင့်တည့်မတည့်သေချာမှ ချိန်ဆပြီးအသုံးပြုပါ။ နောက်ထပ်ဝယ်ယူရရှိနိုင်သော လိမ်းဆေးမှာ retinol လိမ်းဆေးဖြစ်သည်။ ၎င်းသည် ဝက်ခြံထပ်ဖြစ်မလာအောင်ပြုလုပ်ပေးသည်။ သို့သော် သင့်အရေပြားသည် နုနယ်သော ထိလွယ်ရှလွယ်သော အရေပြားဖြစ်ပါက သတိနှင့် အသုံးပြုပါ။· ချောကလက်ကဲ့သို့သော အစားအစာများသည် သင့်ကိုဝက်ခြံမဖြစ်စေကြောင်း အရေပြားကျွမ်းကျင်ပညာရှင်များ ကပြောသည်။ သို့သော် ချိုအီပြီး အဆီများသော အစာများနှင့် အသင့်စားအစာများကိုစားသုံးခြင်းက သင့်အတွက်ဆိုးကျိုးများဖြစ်စေလိမ့်မည်။စီမံပြုလုပ်ထားသော သကြားဖြင့်ပြုလုပ်သော အစားအသောက်များကလည်းသင့်ကို ဝက်ခြံပိုဖြစ်စေသောကြောင့် ရှောင်သင့်သည်။ သန့်ရှင်းလတ်ဆတ်သော အသီး အရွက်များနှင့် အစေ့အဆန်များကိုသာစားသုံးသင့်ပါသည်။စိတ်ဖိစီးမှုများခြင်းကလည်း ဝက်ခြံကိုပိုဆိုးစေကြောင်း အချို့သော လေ့လာမှုများကဆိုပါသည်။ သင့် အတွက်စိတ်ဖိစီးမှုများရှိနေလျှင် ဠင်းတို့ကိုပြေလျော့စေမည့်နည်းများကို ကြိုးစားအဖြေရှာပါ။သင့်အရပြားအတွက် လိုအပ်လျှင်အရေပြားဆရာဝန်နှင့်ပြပြီးဝက်ခြံအတွက် လိုအပ်မည့် ကုသမှု ကာကွယ်မှုများကိုပြုလုပ်သင့်သည်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%81%80%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%ac%e1%80%80%e1%80%bc/
မန်ကျည်းစေ့လေးက ဒီလိုဆေးဖက်ဝင်ပါတယ်
အာရှဒေသ တော်တော်များများမှာ ဟင်းချက်တဲ့အခါမျိုးမှာဖြစ်ဖြစ်နွေပူပူမှာ ရင်အေးစေတဲ့ သောက်စရာအနေနဲ့ဖြစ်ဖြစ် မန်ကျည်းသီးမှည့်ကို အသုံးပြုကြပါတယ်။ မန်ကျည်သီးကသွေးသန့်စေသလို အရေပြားကနေစလို့အစာခြေစနစ်ကျန်းမာရေးအထိ အထောက်အကူပြုတယ်လို့ ဆိုကြပါတယ်။ ဒီနေရာမှာ တော်တော်များများ လုပ်မိနေတာ တစ်ခု ရှိပါတယ်။ ဒါကတော့ မန်ကျည်းသီးရဲ့ အနှစ်ကို စားသုံးကြပေမယ့် မန်ကျည်းစေ့ ကိုတော့ လွှင့်ပစ်တတ်ကြပါတယ်။ တကယ်တော့ မန်ကျည်းသီး အနှစ်ကတင်မဟုတ်ဘဲ မန်ကျည်းစေ့လေးက လည်းပဲ ဆေးဖက်ဝင်ပါတယ်။မန်ကျည်းစေ့ ဆိုတာက မန်ကျည်းသီးမှည့်ရဲ့ အတွင်းထဲက အညိုရောင် ဒါမှမဟုတ် အမည်းရောင် ပြောင်ပြောင် အစေ့လေးပါ။ မာကျောပြီး အသုံးမဝင်ဘူးထင်ရပေမယ့် အတော်လေး အသုံးဝင်ပါတယ်။မန်ကျည်းစေ့လေးက ဆေးဖက်ဝင်တယ်လို့ ပြောရတာက မန်ကျည်းစေ့မှာ ဖော့စဖရပ်စ်၊ မဂ္ဂနီဆီယမ်၊ဗီတာမင် C၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ အမိုင်နိုအက်ဆစ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီလိုအာဟာရဓာတ်တွေနဲ့ ပြည့်စုံနေတဲ့ မန်ကျည်းသီးစေ့လေးက အခုလိုမျိုးဆေးဖက်ဝင်ပါတယ်။ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်တယ်။မန်ကျည်းသီးစေ့ရဲ့ အပြင်လွှာကဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။အရေပြားကျန်းမာစေနိုင်တယ်။မန်ကျည်းသီးစေ့မှာ xyloglycans ပါဝင်နေတာကြောင့်အသားအရေကို ကြည်လင်စေပြီးအရေပြားပြဿနာတွေကို သက်သာစေနိုင်ပါတယ်။အဆစ်ရောင်တာကို သက်သာစေနိုင်ပါတယ်။နာကျင်ရောင်ရမ်းတာကို သက်သာစေနိုင်ပြီး အဆစ်ရောင်ရောဂါကြောင့် အဆစ်နာတာတွေကို သက်သာစေနိုင်ပါတယ်။ မန်ကျည်းသီးစေ့ကို အမှုန့်ကြိတ်ပြီး လက်ဖက်ရည်ဇွန်းတစ်ဝက်စာ တစ်ရက်ကို နှစ်ကြိမ်သောက်ပေးတာကအဆစ်တွေထဲမှာ ချောဆီတွေဖြစ်ပေါ်စေပြီး အဆစ်နာတာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ဒူးနာတဲ့သူတွေအတွက် တော်တော်လေး အဆင်ပြေစေနိုင်ပါတယ်။သွားနဲ့ခံတွင်းကျန်းမာစေနိုင်တယ်။သွားကိုက်တာ၊သွားဖုံးနာတာ၊ သွားမှာသွားချေးတွေဖြစ်နေတာကို သက်သာစေဖို့ မန်ကျည်းသီးစေ့အမှုန့်ကို အသုံးပြုပေးလို့ရပါတယ်။ မန်ကျည်းသီးစေ့ကိုလှော်ပြီး အမှုန့်ကြိတ်လို့ ရလာတဲ့အမှုန့်နဲ့ သွားတိုက်ပေးပါ။မန်ကျည်းသီးစေ့က သည်းခြေရည်ထုတ်လုပ်မှုကို တိုးစေနိုင်ပြီး အစာမကြေတာကို သက်သာစေနိုင်ပါတယ်။ အစာအိမ်ပြဿနာရှိတာ၊ ဝမ်းချုပ်တာတွေနဲ့ အစာမကြေတာတွေကို အထိရောက်ဆုံးသက်သာစေနိုင်မှာပါ။ ကိုလက်စထရောပါဝင်မှုနည်းတာကြောင့် ကျန်းမာရေးအတွက် တော်တော်လေး အသုံးဝင်ပါတယ်။ကိုယ်ခံအားကောင်းစေနိုင်တယ်။ကင်ဆာကာကွယ်ပေးနိုင်တယ်။အူမကြီးကင်ဆာအပါအဝင် ကင်ဆာတော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့်အဆုတ်ရောင်တာ၊ အစာအိမ်အူလမ်းကြောင်းပိုးဝင်တာ၊ဆီးလမ်းကြောင်းပိုးဝင်တာလိုမျိုး ဘက်တီးရီးယားပိုးကူးစက်တာကြောင့် ဖြစ်နိုင်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ချောင်းဆိုးတာ၊ အာသီးရောင်တာနဲ့ လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။မန်ကျည်းသီးစေ့ကို အာလုပ်ကျင်းဆေးအနေနဲ့ အသုံးပြုပေးလို့ရပါတယ်။ မန်ကျည်းသီးစေ့အမှုန့်ကို ချင်း (ဂျင်း) နည်းနည်း၊သစ်ကြံပိုးခေါက်မှုန့်နည်းနည်းတို့နဲ့ရောစပ်လို့ ရေနွေးနွေးလေးနဲ့ဖျော်ပြီးအာလုပ်ကျင်းပေးမယ်ဆိုရင် ခံတွင်းထဲက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် အအေးမိတာကြောင့်ဖြစ်တဲ့ ချောင်းဆိုးတာ၊လည်ချောင်းနာတာနဲ့အာသီးရောင်တာတွေကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။မန်ကျည်သီးစေ့မှာ ပိုတက်ဆီယမ်ပါဝင်နေတာကြောင့်သွေးတိုးကျစေနိုင်သလို နှလုံးကျန်းမာစေဖို့အတွက်လည်း အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။အရိုးကျိုးတာအတွက် အသုံးပြုလို့ရတယ်။မန်ကျည်းသီးစေ့ကို ခပ်ပျစ်ပျစ်လေးသွေးပြီး အရိုးကျိုးတဲ့နေရာမှာ ခပ်ထူထူလေးလူးပေးတာက အရိုးမြန်မြန်ဆက်စေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။အသားအရေကို တင်းရင်းစေနိုင်တယ်။မန်ကျည်းသီးစေ့က အရေပြားကိုအစိုဓာတ်ထိန်းပေးသလို အပြစ်အနာအဆာကင်းစေနိုင်ပါတယ်။အရေးအကြောင်းတွေကို သက်သာစေပြီး တင်းရင်းလှပစေနိုင်ပါတယ်။ အရေပြားအတွက်လိုအပ်တဲ့ရေဓာတ်ကို အကောင်းဆုံးဖြည့်ပေးနိုင်ပါတယ်။ အရွယ်တင်နုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်လိုသူတိုင်းမေ့ထားလို့ မဖြစ်တဲ့အရာတစ်ခုပါ။ပိုးကောင်ကိုက်တဲ့အခါ မန်ကျည်းသီးစေ့လေးကို သွေးလူးပေးပါ။ အရောင်ကျစေနိုင်သလို အနာသက်သာစေနိုင်ပါတယ်။အနာကျက်မြန်စေနိုင်တယ်။ထိခိုက်ရှနာ ဖြစ်တဲ့အခါ အနာကျက်မြန်စေဖို့အတွက် မန်ကျည်းသီးစေ့ကို အသုံးပြုပေးလို့ရပါတယ်။ မန်ကျည်းပင်အခေါက်ကို သွေးလူးပေးလို့လည်း ရပါတယ်။ မန်ကျည်းသီးစေ့ကိုသွေးပြီး အနာကိုလူးပေးမယ်ဆိုရင် ၁၀ ရက်အတွင်းမှာ သိသာတဲ့ရလဒ်ကို ရရှိမှာပါ။မန်ကျည်းသီးစေ့လေးကလည်း ဆေးဖက်ဝင်တယ်ဆိုတာကြောင့် မလွှင့်ပစ်ဘဲ သေချာသိမ်းလို့ လိုအပ်လာတဲ့အခါ အသုံးပြုပေးဖို့ပြောပါရစေနော်။ဆေးဖက်ဝင်တာ မှန်ပေမယ့် အများကြီး အသုံးပြုတာ၊ အလွန်အကျွံ အသုံးပြုတာမျိုး မလုပ်မိဖို့ လိုပါမယ်။မန်ကျည်းစေ့နဲ့ ဓာတ်မတည့်သူတွေ၊ ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး ပြဿနာတစ်ရပ်ရပ်အတွက် ဆေးသောက်နေရသူတွေ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေနဲ့ ကလေးတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/tamarind-seeds/
ဝက်ခြံအတွက်အသုံးပြုသင့်သော အရေပြားထိန်းသိမ်းပေးသည့် ပစ္စည်းများ
လူတိုင်းကြည့်ကောင်းချင်ကြသည် လှချင်ကြသည်ချည်းဖြစ်သည်။ နေ့စဉ်သုံး အသားရေထိန်းပစ္စည်းများက သင့် အသားရေကို အဆီပြန်ခြင်းလျှော့ချခြင်း၊ ချွေးပေါက်များကို သန့်စင်ပေးခြင်းနှင့် ဝက်ခြံများကို သက်သာစေခြင်း၊ ကာကွယ်ပေးခြင်း စသည်တို့ဖြင့်များစွာအထောက်အကူပြုနိုင်ပါသည်။ ဝက်ခြံမဖြစ်အောင်ထိန်းသိမ်းရာတွင် အချိန်သိပ်ပေးရန်မလိုသလို ဈေးကြီးသောပစ္စည်းများကိုသာ အသုံးပြုရန်လည်းမလိုပါ။ အောက်ပါနည်းလမ်းများသည် သင့်အတွက် သန့်စင်ကြည်လင်သော အသားရေကို ပိုင်ဆိုင်နိုင်ရန် ကူညီပေးလိမ့်မည်။အချုပ်ဆိုရသော် ဝက်ခြံကိုကာကွယ်ရန် မှန်ကန်သော ပစ္စည်းများဖြင့် သင့် အရေပြားကို ထိန်းသိမ်းခြင်းသည် အရေးကြီးပါသည်။ အထက်ပါအကြံပေးချက်များကို လိုက်နာခြင်းဖြင့် ကျန်းမာသော အရေပြားပိုင်ရှင်များဖြစ်ကြပါစေ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%81%80%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9%e1%80%a1%e1%80%9e%e1%80%b6%e1%80%af%e1%80%b8%e1%80%bb%e1%80%95%e1%80%b3%e1%80%9e%e1%80%84%e1%80%b9/
စိတ်ကောင်းနှလုံးကောင်းထားနိုင်ဖို့ နည်းလမ်း ၅ သွယ်
သင့်အနေနဲ့ ဖော်ရွေကြင်နာတတ်တဲ့ စိတ်ကောင်းနှလုံးကောင်းကို ဖော်ပြဖို့ အခက်အခဲဖြစ်နေတယ်ဆိုရင် နောက်ကိုခြေတစ်လှမ်းသာဆုတ်ပေးလိုက်ပါ။ အခြားသူတွေအပေါ် ချစ်ခင် ကြင်နာစိတ်ရှိကြောင်းဖော်ပြနိုင်ဖို့ အရေးကြီးပါတယ်။ သူတို့တွေ ဘဝမှာပိုအဆင်ပြေသွားမယ်ဆိုရင် သင်လည်းချစ်ခင်ကြင်နာမှုကိုရောင်ပြန်ရရှိနိုင်မှာပါ။သင့်ရဲ့စိတ်နှလုံးကောင်းကိုဖော်ပြနိုင်မယ့် နေ့စဉ်လေ့ကျင့်ခန်း ၅ခုရှိပါတယ်-။၁) မီးနီအဆင့်မှာရပ်လိုက်ပါ။သင့်စိတ်ကမီးနီအဆင့်(ဘာကိုမှဆက်မကြားလို၊မပြောလို၊ အားလုံးရပ်တန့်သွားစေလိုတဲ့ စိတ်မကျေနပ်မှုအခြေအနေ) ကိုရောက်နေတဲ့အချိန်တိုင်း အသက်ကိုပြင်းပြင်းရှူပြီး ကိုယ်ဘယ်လိုခံစားနေရသလဲဆိုတာကို သတိထားတွေးကြည့်ပြီးမှ ကိုယ့်အတွက်ရော၊ တခြားသူအတွက်ပါ အဆင်ပြေစေဖို့ဆုတောင်းပေးပါ။ “ပျော်ရွှင်ပါစေ။ အဆင်ပြေပါစေ”ဆိုတဲ့ စကားတွေကို စိတ်မပြေမချင်းစိတ်ထဲကနေပြောနေပါ။ နောက်တစ်ကြိမ် မီးနီအဆင့် ရောက်ပြန်ရင်လည်းဒီအတိုင်းထပ်လုပ်ပါ။ လုံလောက်တဲ့အထိအကြိမ်ကြိမ်လုပ်ဆောင်ပြီးတဲ့အခါ မီးနီအဆင့်က စိတ်ကောင်းနှလုံးကောင်းမွေးမြူရာမှာ သဲလွန်စတစ်ခုဖြစ်လာပြီး စိတ်နှလုံးကောင်းထားရှိတဲ့အလေ့အကျင့်ကို ဖြစ်တည်စေပါတယ်။၂) ကုန်စုံဆိုင် အရောင်းဝန်ထမ်းတွေနဲ့ ခင်မင်အောင် ပေါင်းထားပါ။ကုန်စုံဆိုင်သွားတဲ့အခါ ၊ ရုပ်ရှင်လက်မှတ်ဝယ်ဖို့ တန်းစီတဲ့အခါ၊ ဒါမှမဟုတ် ဓါတ်ဆီဆိုင်မှာဆီထည့်ချိန်မှာ တခြားလူတွေနဲ့ ချိတ်ဆက်ပေါင်းသင်းပါ။ စိတ်ထဲကနေလည်းသူတို့အတွက် ကောင်းကျိုးကို ဆန္ဒပြုထားပါ။ သူတို့ စကားပြောတဲ့အခါ နားထောင်ပေးပြီး နူးညံ့တဲ့အပြုံးနဲ့ဆက်ဆံပါ။ အသေးအဖွဲအမူအရာလေးတချို့ကလည်းလူတွေကိုပွင့်လင်းမှုပိုရှိစေပြီးေ ဖာ်ရွေကြင်နာစိတ်ဖြစ်စေဖို့ လုံလောက်ပါတယ်။ သူတို့နဲ့ ပေါင်းသင်းဆက်ဆံရင်း ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးပေါင်းသင်းနိုင်တာပါပဲ။၃) ကိုယ့်ခရီးဖော်တွေအပေါ် သဘောကောင်းပေးလိုက်ပါ။သင်ဟာဘတ်စ်ကား၊ ရထား ဒါမှမဟုတ် လေယာဉ်ကိုပုံမှန်စီးနေကျလူတစ်ယောက်ဖြစ်ခဲ့ရင် ထိုင်ခုံနေရာယူတဲ့အခါမှာလည်း ကိုယ့်ရဲ့ခရီးဖော်တွေအပေါ် ဖော်ရွေတဲ့စိတ်သဘောကောင်းတွေ၊ စာနာရိုင်းပင်းမှုတွေထားရှိပေးဖို့ လေ့ကျင့်နိုင်တဲ့အခွင့်အရေးတွေပါပဲ။ ကိုယ်နဲ့အတူခရီးသွားသူတွေအားလုံးကို သိရှိအောင်လုပ်ပြီး သူတို့ရဲ့ ပျော်ရွှင်စရာတွေ၊ ဝမ်းနည်းစရာတွေ ၊ စိတ်ချမ်းသာချင်နေတာတွေ၊ အေးချမ်းချင်တာ၊ ဒုက္ခတွေကနေလွတ်မြောက်ချင်တာတွေအကြောင်း သူတို့မျှဝေသမျှကို တုံ့ပြန်ဖလှယ်ပါ။ သူတို့ကိုပျော်ရွှင်စေလိုတဲ့ ဆန္ဒရှိနေကြောင်းကို ကိုယ့်ဘက်ကဖော်ပြပါ။ “ပျော်ရွှင်ပါစေ။ ဘေးကင်းပါစေ။ ထိခိုက်နစ်နာမှုမှကင်းလွတ်ပါစေ။ ဘဝမှာအဆင်ပြေပါစေ” လို့ပေါ့။၄) အချက်ပေးသံကိုနားစွင့်ပါ။ကျွန်ုပ်တို့မှာ နေ့တိုင်းအီးမေးလ်တွေနဲ့ ပြက္ခဒိန်အချက်ပေးစာတွေ အများကြီးလက်ခံရရှိတတ်ပါတယ်။ သူတို့ကို သတိပေးအချက်ပြတဲ့အရာတွေအဖြစ် အသုံးချပါ။ ကွန်ပျူတာတွေ အတော်များများမှာတော့ တရားထိုင်အချိန်မှတ် ခေါင်းလောင်းသံမျိုးလိုတောင် အချက်ပေးသံထားရှိလို့ရနေပါပြီ။ အချက်ပေးသံကိုကြားမိတိုင်း ဒါမှမဟုတ် အချက်ပေးစာကိုမြင်မိတိုင်း ခဏလေးရပ်ပြီး အသက်ကိုတစ်ချက်နှစ်ချက်ရှိုက်ရှူကာ စိတ်နှလုံးကောင်းမွေးဖို့အတွေးတွေ စတင်ပါ။ ရေချိုးရင်းနဲ့လည်းဒီလိုမျိုးလုပ်နိုင်ပါတယ်။ သင့်ခန္ဓါကိုယ်ပေါ်မှာ ရေတွေကျလာတာကိုခံစားကြည့်ရင်းနဲ့လည်း ခဏလေးရပ်ပြီး အသက်ကိုရှိုက်ရှူကာ ကိုယ့်ကိုယ်ကိုယ်နဲ့ တခြားသူတွေအတွက် ကောင်းစေလိုတဲ့စိတ်ထားလေးမေတ္တာပို့ကြည့်ပါ။၅) အကူအညီလိုအပ်နေသူတစ်ယောက်ယောက်နဲ့ ဆက်သွယ်ပါ။လမ်းမှာ အကူအညီလိုအပ်နေသူ တစ်ယောက်ယောက်နဲ့ ဆုံတဲ့အခါတိုင်း သဘောထားကြီးကြီး၊ ကြင်နာသနားစိတ်တို့နဲ့ တုံ့ပြန်ကူညီပေးဖို့ သင့်စိတ်ထဲမှာရည်ရွယ်ချက်တစ်ခုတည်ဆောက်ပါ။ ခဏလေးရပ်ပြီး သူ သို့မဟုတ် သူမနဲ့ စကားပြောကြည့်၊ ဘာတွေဖြစ်နေလဲမေးမြန်း၊ ဆန္ဒရှိရင် ငွေတချို့ပေးခဲ့လိုက်ပါ။ ဒါမှမဟုတ် အိမ်ရာမဲ့တွေကိုထောက်ပံ့နေတဲ့အဖွဲ့တစ်ခုခုဆီကို ငွေလှူတာက ပိုအထောက်အကူဖြစ်စေမယ်လို့ယူဆရင်တော့ သီတင်းပတ်အကုန် ဒါမှမဟုတ် လကုန်တဲ့အခါ ချက်လက်မှတ်တစ်စောင်လောက်ရေးပေးလိုက်ဖို့ ကတိပြုခဲ့ပါ။စေတနာမေတ္တာထားပေးတဲ့ ဒီနည်းလမ်းတွေကို အလုပ်ထဲမှာ၊ အိမ်မှာ၊ လမ်းမှာ၊ ခရီးသွားတဲ့လမ်းမှာ၊ စတိုးဆိုင်မှာ၊ သူငယ်ချင်းအိမ်မှာ၊ ဒါမှမဟုတ် မိသားစုဝင် တစ်ယောက်ယောက်ရဲ့ အိမ်မှာနေရာမရွေးအချိန်မရွေး လုပ်ဆောင်လို့ရပါတယ်။ သင်ဟာတစ်နေ့တာတလျှောက်မှာ ဒါမျိုးတွေကို အလေ့အကျင့်လုပ်ရင်းနဲ့ စတင်နိုင်ပြီးသင့်ဘဝတလျှောက်မှာပါ လုပ်ဆောင်နိုင်ပါတယ်။ အထက်ပါအချက်တွေ အားလုံးဟာသင့်ဘဝအတွက်တင်မကဘဲ သင့်ပတ်ဝန်းကျင်က လူတွေအတွက်ပါ ပျော်ရွှင်မှုကိုဆောင်ကြဉ်းပေးနိုင်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%be%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8/
ဆေးကုလားမ (Tragacanth Gum Herb)
ဆီးသွားရခက်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာတွေကို သက်သာစေဖို့ အမောပြေစေဖို့ဆိုပြီး သောက်ကြတဲ့ ဆေးကုလားမ (Tragacanth Gum Herb) အကြောင်းလေး အတူတူ လေ့လာလိုက်ရအောင်နော်။ဆေးကုလားမဆိုတာက အရှေ့အလယ်ပိုင်း၊ အီရတ်၊ အီရန် နဲ့ အနောက်အာရှဒေသတွေမှာပေါက်ရောက်တဲ့ ချုံပင်တစ်မျိုးကနေရရှိတာဖြစ်ပါတယ်။ အဆိုပါ ချုံပင်ရဲ့ အကိုင်း (သို့) အမြစ်ကနေ ဆေးကုလားမကို ခြစ်ထုတ်ရယူရတာ ဖြစ်ပါတယ်။ဆေးကုလားမက စေးပျစ်ပျစ်သဏ္ဍန်ရှိပြီး အနံ့ရောအရသာပါ မရှိပါဘူး။ သစ်ပင်အစေးကို ခြစ်ထုတ်ရယူပြီး အခြောက်ခံထားတာ ဖြစ်ပါတယ်။ ရေစိမ်လိုက်တဲ့အခါမှသာ ပွလာပြီး ဂျယ်လီလိုမျိုး အနှစ်တွေဖြစ်ပေါ်လာတာဖြစ်ပါတယ်။ဆေးကုလားမကို ရှေးယခင်ကတည်းက ချောင်းဆိုးတာနဲ့ ဝမ်းလျှောတာတွေကို ကုသရာမှာ သဘာဝဆေးတစ်လက်အနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ ဆေးကုလားမအနှစ်ကို အပူလောင်ဒဏ်ရာတွေအတွက်လည်း သုံးသလို ဆေးတွေ ထုတ်လုပ်ရာမှာလည်း အသုံးပြုကြပါတယ်။ အစားအသောက်တွေထဲမှာ ထည့်သွင်းသုံးဆောင်တာမျိုးတွေရှိပါတယ်။ဆေးကုလားမနဲ့ ပတ်သက်ပြီး သိထားလို့ အကျိုးမမဲ့နိုင်တဲ့ အကြောင်းအရာလေးအချို့ကို မျှဝေပေးချင်ပါတယ်။ဆေးကုလားမကို စားသောက်ဖွယ်ရာတွေကို ပျစ်စေတဲ့အရာအနေနဲ့ဖြစ်ဖြစ်၊ ဆေးတွေထုတ်လုပ်ရာမှာ ပုံမပျက်အောင် binder အနေနဲ့ဖြစ်ဖြစ်၊ ဆေးတွေ ခဲစေတဲ့အရာအနေနဲ့ဖြစ်ဖြစ် အသုံးပြုကြသလို ကုန်ထုတ်လုပ်ငန်းတွေဖြစ်ကြတဲ့ စက္ကူထုတ်လုပ်တဲ့လုပ်ငန်း၊ အလှကုန်ထုတ်လုပ်တဲ့လုပ်ငန်းနဲ့အထည်အလိပ်ထုတ်လုပ်မှုတွေမှာလည်း ဆေးကုလားမကို အသုံးပြုကြပါတယ်။ ဆေးကုလားမကနေ ရရှိတဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ –။(၁) အပူလျှပ်တာကို သက်သာစေခြင်း။ဆေးကုလားမမှာ အပူဒဏ်ကို သက်သာစေတဲ့ အစွမ်းသတ္တိများစွာရှိပါတယ်။ နွေရာသီမှာ ဆေးကုလားမဖျော်ရည်သောက်သုံးပေးတာက ခန္ဓာကိုယ်ကို အပူဒဏ်သက်သာစေဖို့အတွက် အထောက်အကူရရှိစေမှာဖြစ်ပါတယ်။ဆေးကုလားမက ခန္ဓာကိုယ်ရဲ့ အပူချိန်ကို လျော့ကျစေပြီး အေးမြအောင်လုပ်ဆောင်ပေးပါတယ်။ အပူလျှပ်တာမျိုးမဖြစ်အောင် ကာကွယ်ပေးမှာဖြစ်ပါတယ်။ ဆေးကုလားမက ပူလွန်းတဲ့ရာသီမှာ ကလေးတွေမှာ အဖြစ်များတဲ့ နှာခေါင်းသွေးလျှံတာမျိုး ဖြစ်တဲ့အခါမှာလည်း သွေးတိတ်အောင် လုပ်ဆောင်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။(၂) အမျိုးသားတွေမှာ စွမ်းဆောင်ရည်မြင့်တက်စေခြင်း။ဆေးကုလားမက အမျိုးသားတွေမှာ စွမ်းဆောင်ရည်တိုးတက်စေနိုင်တဲ့ အကောင်းဆုံးသော အစားအစာတစ်မျိုးဖြစ်ပါတယ်။ နေ့စဉ်စားသုံးပေးမယ်ဆိုရင် အမျိုးသားတွေမှာ စွမ်းဆောင်ရည်တိုးတက်ကောင်းမွန်အောင် အထောက်အပံ့ပေးမှာ ဖြစ်ပါတယ်။ ဆေးကုလားမက အမျိုးသားတွေအတွက် ထိရောက်ပြီးဘေးကင်းတဲ့ ကာမအားတိုးဆေးတစ်ရပ်ဖြစ်ပါတယ်။(၃) ဆီးမထိန်းနိုင်တာကို သက်သာစေခြင်း။ဆီးမထိန်းနိုင်သူတွေအနေနဲ့ ဆေးကုလားမကို စားသုံးပေးသင့်ပါတယ်။ ဆေးကုလားမက ဆီးမထိန်းနိုင်တာကို သက်သာစေတဲ့ အကောင်းဆုံးသော ဆေးတစ်လက်ဖြစ်ပါတယ်။ဆေးကုလားမက ဆီးလမ်းကြောင်းတလျှောက်က ကြွက်သားတွေကို ပြေလျော့စေအောင်လုပ်ဆောင်ရာမှာ အထောက်အကူပြုသလိုဆီးမထိန်းနိုင်ဖြစ်တာကိုလည်း သက်သာစေပါတယ်။(၄) အရေပြားနဲ့ အလှအပအတွက်လည်းအကျိုးပြုခြင်း။ဆေးကုလားမက အရေပြားအတွက် အရမ်းကို အကျိုးကျေးဇူးရှိသလို အလှအပအတွက်လည်း အကျိုးပြုပါတယ်။ ဆေးကုလားမမှာ အသက်အရွယ်အိုမင်းမှုကို တိုက်ဖျက်ပေးတဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ မျက်နှာမှာ အရွယ်မတိုင်ခင် အရေးအကြောင်းတွေမဖြစ်အောင် လုပ်ဆောင်ပေးသလို ခန္ဓာကိုယ်ကိုလည်း သွယ်လျလှပစေပါတယ်။(၅) အမျိုးသမီးတွေမှာ ရင်သားဖွံ့ဖြိုးစေခြင်း။အမျိုးသမီးအချို့က သူတို့ရဲ့ ရင်သားအရွယ်အစားနဲ့ပတ်သက်ပြီး အားမလိုအားမရ ဖြစ်တတ်ပါတယ်။ဆေးကုလားမက ရင်သားဖွံ့ထွားစေဖို့အတွက် အရမ်းကိုထိရောက်အသုံးဝင်ပါတယ်။ရင်သားဖွံ့ထွားလှပလိုတဲ့ အမျိုးသမီးတွေအနေနဲ့ ဆေးကုလားမကို နေ့စဉ် စားသုံးပေးမယ်ဆိုရင် ရင်သားပြည့်ဖြိုးလာမှာဖြစ်ပါတယ်။ ဆေးကုလားမမှာ ရင်သားဖွံ့ထွားစေတဲ့ သဘာဝဆေးဖက်ဝင် အစားအစာတစ်မျိုး ဖြစ်ပါတယ်။(၆) ဝမ်းချုပ်တာကို သက်သာစေခြင်း။ဆေးကုလားမမှာ ဝမ်းပျော့ပျော့သွားစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဝမ်းချုပ်တဲ့သူတွေအတွက် အရမ်းကိုသင့်တော်ပါတယ်။ ဆေးကုလားမက ဝမ်းနုတ်ဆေးလို လုပ်ဆောင်ပေးတာကြောင့် ဝမ်းသွားရတာ အဆင်ပြေစေပါတယ်။(၇) မီးဖွားပြီးစ မိခင်တွေအတွက်အထူးသင့်တော်ခြင်း။မီးဖွားပြီးတဲ့အချိန်မှာ အမျိုးသမီးတွေက အရမ်းအားနည်းနေတတ်ပါတယ်။ ဆေးကုလားမက မီးဖွားပြီးစ မိခင်တွေကို အားပြန်ပြည့်စေပြီး မိခင်ဖြစ်လာတဲ့အခါ ကြုံတွေ့ရတဲ့ အခြားစိန်ခေါ်မှုတွေကိုလည်း ဖြေရှင်းနိုင်အောင်လည်း အထောက်အကူပေးပါတယ်။ ရာသီသွေးဆင်းချိန်မှာ ရာသီသွေးအဆင်းများတာကို ထိန်းချုပ်ရာမှာလည်း အထောက်အပံ့ပေးပါတယ်။ ဆေးကုလားမက မိခင်ရောကလေးငယ်အတွက်ပါ အကျိုးကျေးဇူးရရှိစေပါတယ်။စားသုံးသူရဲ့ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနဲ့ အခြားအကြောင်းအချက်တွေအပေါ်မှာ အခြေခံပြီး ဆေးကုလားမကို စားသုံးနိုင်တဲ့ ပမာဏချင်း ကွဲပြားပါတယ်။ လက်ရှိအချိန်ထိဆေးကုလားမကို ဘယ်လောက်ပမာဏစားသုံးသင့်လဲဆိုတာကို သေသေချာချာမသိကြသေးပါဘူး။ သဘာဝဆေးဆိုတိုင်း ဥပါဒ်မဖြစ်ဘူးလို့ ပြောမရတာကို သိနားလည်ဖို့လိုပါတယ်။ အရာရာက တန်ဆေးလွန်ဘေးပါ။ အသုံးမပြုခင်မှာ တတ်သိနားလည်သူနဲ့ တိုင်ပင်ပြီး ကျန်းမာရေးနဲ့သင့်တော်တဲ့ ပမာဏလောက်ပဲစားသုံးပေးသင့်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/tragacanth-gum-herb-explained/
Hemophilia (မူမမှန်သွေးထွက်ခြင်း)
မူမမှန်သွေးထွက်ခြင်းဆိုတာ ပုံမှန်အတိုင်း သွေးခဲခြင်း မရှိတော့တဲ့ အခြေအနေကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ သွေးခဲတဲ့ဖြစ်စဉ်မှာ သွေးတွေဟာ အရည်ကနေ အခဲအဖြစ် ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ အကယ်၍ သင်ဟာ ထိခိုက်ဒဏ်ရာရမယ်ဆိုရင် သွေးပမာဏ အမြောက်အမြားကို မဆုံးရှုံးသွြးစေဖို့ သွေးခဲပေးရပါတယ်။ တစ်ခါတစ်လေမှာ သွေးတွေက ပုံမှန်အတိုင်းမခဲတော့ပဲ အချိန်တော်တော်ကြာအောင် သွေးထွက်နေပါတော့တယ်။မူမမှန်သွေးထွက်ခြင်းက ခန္ဓါကိုယ်အတွင်းနဲ့ အပြင်ဘက်မှာ ပုံမှန်အတိုင်းမဟုတ်ပဲ သွေးတွေ ထွက်နေစေပါတယ်။ သွေးပမာဏ အမြောက်အမြားကို ခန္ဓါကိုယ်ထဲကနေ ဆုံးရှုံးစေပါတယ်။ အရေပြားအောက် သို့မဟုတ် အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ (ဥပမာ – ဦးနှောက် ) မှာ သွေးထွက်ခြင်း ကိုလည်း ဖြစ်စေပါတယ်။ကွဲပြားတဲ့ မူမမှန်သွေးထွက်ခြင်းတွေ အများကြီးရှိပေမယ့် အောက်ပါ အခြေအနေတွေကို အများဆုံးတွေ့ရလေ့ရှိပါတယ်။ထပ်သိချင်တယ် ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။မူမမှန်သွေးထွက်ခြင်း အမျိုးအစားပေါ်မူတည်ပြီး လက္ခဏာတွေက အမျိုးမျိုး ပြောင်းလဲ နိုင်ပါတယ်။အဓိကကျတဲ့ လက္ခဏာတွေကတော့ –။အပေါ်မှာ မပြထားတဲ့ လက္ခဏာတွေ ကျန်ခဲ့ပါသေးတယ်။ စိတ်ပူပန်မှု တစ်စုံတစ်ရာရှိမယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ ခန္ဓါကိုယ်လှုပ်ရှားမှုပုံစံဟာ လူတစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ သင့်အတွက် ဘာက အကောင်းဆုံးဖြစ်မယ် ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်တာက အသင့်လျော်ဆုံး ဖြစ်ပါလိမ့်မယ်။သွေးအရည်ကနေ သွေးအခဲ အဖြစ် ပြောင်းလဲစေဖို့ သွေးမွှားဥတွေနဲ့ သွေးခဲစေတဲ့ ပရိုတင်းဓါတ်ပစ္စည်းတစ်မျိုးကို လိုအပ်ပါတယ်။ အကယ်၍ သင့်မှာ မူမမှန်သွေးထွက်ခြင်း ရှိနေမယ်ဆိုရင် သွေးမွှားဥတွေ၊ သွေးခဲစေတဲ့ ဓါတ်ပစ္စည်းတွေက မလုံလောက်တာ ဖြစ်နိုင်သလို ပုံမှန်အတိုင်း အလုပ်မလုပ်တာ လည်း ဖြစ်နိုင်ပါတယ်။မူမမှန်သွေးထွက်ခြင်း အများစုကတော့ မိဘကနေ ကလေးဆီကို ပါလာတဲ့ မွေးရာပါ ရောဂါအမျိုးအစား ဖြစ်ပါတယ်။ တချို့ မူမှန်သွေးထွက်တာတွေကတော့ အသည်းရောဂါ လို အခြေအနေ မျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။မူမမှန်သွေးထွက်ခြင်းက အောက်ပါ အချက်တွေကြောင့် ဖြစ်လာနိုင်ပါတယ်။သွေးခဲတာကို တားဆီးတဲ့ ဆေးဝါးတွေကို သွေးကျဲဆေးလို့ ခေါ်ပါတယ်။ထပ်သိချင်တယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။မူမမှန်သွေးထွက်ခြင်းကို စစ်ဆေးမယ် ဆိုရင် ဆရာဝန်က ရောဂါ လက္ခဏာတွေ နဲ့ ဆေးကုသမှု မှတ်တမ်းကို မေးမြန်းပါလိမ့်မယ်။ ခန္ဓါကိုယ်ကို စမ်းသပ်စစ်ဆေးဖို့လည်း လိုအပ်ပါမယ်။ ဆရာဝန်နဲ့ တွေ့တဲ့ အခါ အောက်ပါအချက်တွေကို ထည့်သွင်းပြောကြားပါ။ဒီအချက်အလက်တွေကို သိရပြီးတဲ့ နောက်မှာ ဆရာဝန်က သွေးစစ်ပါလိမ့်မယ်။ သွေးစစ်ချက်အမျိုးအစားတွေကတော့ –။ကုသတဲ့ နည်းလမ်းတွေကတော့ ရောဂါ အမျိုးအစား နဲ့ ပြင်းထန်မှု အပေါ်မှာ မူတည်ပါတယ်။ သွေးထွက်ခြင်းကို မကုသနိုင်ပေမယ့် အခြား ရောဂါလက္ခဏာတွေကို လျော့ပါးသက်သာစေဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။သံဓါတ်အားဖြည့်ဆေးများ။ခန္ဓါကိုယ်တွင်း သွေးအမြောက်အမြား ဆုံးရှုံးထားတယ်ဆိုရင် သံဓါတ်ဖြည့်ဖို့ ဆရာဝန်က ဆေးညွှန်းပေးပါလိမ့်မယ်။ သံဓါတ်အားနည်းခြင်းက သွေးအားနည်းခြင်းကို ဖြစ်စေပါတယ်။ သွေးအားနည်းရင် အားလျော့၊ ပင်ပန်းပြီး မူးဝေနေသလို ခံစားရတတ်ပါတယ်။ သံဓါတ်အားဖြည့်ဆေးတွေကို သောက်ပြီးတဲ့ အခါတောင်မှ လက္ခဏာတွေက မသက်သာလာဘူးဆိုရင် သွေးသွင်းဖို့ လိုအပ်ပါလိမ့်မယ်။သွေးသွင်းခြင်း။သွေးသွင်းတယ် ဆိုတာ အလှုရှင်ဆီကနေ ရထားတဲ့ သွေးကို ယူပြီး ဆုံးရှုံးထားတဲ့ သွေးကို ဖြည့်ပေးတာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ လက္ခဏာတွေ မဖြစ်ရလေအောင် သွေးအလှုရှင်ရဲ့ သွေးဟာ သင့်သွေးအမျိုးအစားနဲ့ ကိုက်ညီဖို့ လိုအပ်ပါတယ်။ သွေးသွင်းခြင်းကို ဆေးရုံမှာပဲ လုပ်နိုင်ပါတယ်။အခြား ကုသခြင်းနည်းလမ်းများ။မူမမှန်သွေးထွက်ခြင်းတချို့ကို တိုက်ရိုက်ဆေးထည့်ပြီး ဒါမှမဟုတ် နှာခေါင်းစပရေး ဆေးရည်ဖြန်းပြီး ကုသနိုင်ပါတယ်။ သွေးမခဲတဲ့ ရောဂါ အပါအဝင် မူမမှန်သွေးထွက်ခြင်းရောဂါ အတော်များများကို သွေးကြောထဲ သွေးခဲစေတဲ့ ဓါတ်ပစ္စည်းတွေ ရောက်စေခြင်း အားဖြင့် ကုသနိုင်ပါတယ်။ သွေးအမြောက်အများထွက်ခြင်းကို ထိန်းချုပ်ကာကွယ်နိုင် ပါတယ်။သွေးခဲစေတဲ့ ဓါတ်ပစ္စည်းတွေ နည်းနေတာ ဆိုရင်တော့ အေးခဲပလာစမာ သွင်းနိုင်ပါတယ်။ အေးခဲပလာစမာ တွေမှာ အရေးပါတဲ့ သွေးခဲစေမယ့် ပရိုတင်း ၂ မျိုး factor V နဲ့ VIII တို့ ပါဝင်ပါတယ်။ ဒီလို သွင်းမယ်ဆိုရင်တော့ ဆေးရုံမှာပဲ လုပ်နိုင်ပါမယ်။မူမမှန် သွေးထွက်ခြင်း ကို ထိန်းချုပ်ဖို့ အတွက် နေပုံထိုင်ပုံ ဒါမှမဟုတ် အိမ်တွင်းကုထုံးတွေက ဘာတွေ ဖြစ်မလဲ။သိချင်တာတွေ ရှိမယ်ဆိုရင် သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။မေးစရာတွေ ရှိနေမယ်ဆိုရင်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲဆိုတာကို အကြံဉာဏ်ရယူပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/hemophilia/hemophilia-%e1%80%99%e1%80%b0%e1%80%99%e1%80%99%e1%80%be%e1%80%94%e1%80%ba%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%91%e1%80%bd%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
လူမှုရေးရာ နှိုင်းယှဉ်ခြင်းများကို လေ့လာခြင်း
လူမှုရေးရာနှိုင်းယှဉ်ခြင်းဆိုတာ (Social comparison ) စိတ်ပညာရှင်တစ်ဥိးဖြစ်တဲ့ Leon Festingerက ၁၉၅၄ခုနှစ်မှာအဆိုပြုခဲ့တဲ့ သီအိုရီတစ်ခုဖြစ်ပါတယ်။ အဓိကအယူအဆကတော့ လူတွေမှာ ကိုယ်ကိုယ်တိုင်နဲ့ အခြားအဆင့်အတန်းကလူတွေကို နှိုင်းယှဉ်တတ်တဲ့အကျင့်တစ်ခုရှိပြီး မျက်စိနဲ့မြင်ရတာပေါ်အခြေခံလို့ ဘဝအဆင့်အတန်းကို သတ်မှတ်လိုက်ကြတယ်ဆိုတဲ့ အယူအဆပါပဲ။အခြေခံအားဖြင့်တော့ နှိုင်းယှဉ်မှု၂ မျိုးရှိပါတယ်။•အထက်ကလူနဲ့နှိုင်းယှဉ်ခြင်း (upward comparison): အဓိပ္ပါယ်ကတော့ ကျွန်တော်တို့ဟာ ကိုယ့်ကိုကိုယ် အဘက်ဘက်မှာ ကျွန်တော်တို့ထက် ပိုကောင်းပြီးပိုတော်တယ်လို့ ယူဆရသူတွေနဲ့ နှိုင်းယှဉ်လိုက်တာပါပဲ။ ဒါက ကျွန်တော်တို့ကို စိတ်မကောင်းဖြစ်စေပြီး မိမိကိုယ်ကို တိုးတက်အောင်ကြိုးစားဖို့ ဆုံးဖြတ်ချက်တွေဖြစ်လာစေပါတယ်။•အောက်ကလူနဲ့နှိုင်းယှဉ်ခြင်း (Downward comparison) :ဆိုလိုတာက ကျွန်တော်တို့ဟာ ကျွန်တော်တို့ထက် ပိုဆိုးတယ်လို့ထင်သူတွေနဲ့ နှိုင်းယှဉ်လိုက်ပြီး ကိုယ့်ကိုကိုယ်စိတ်ကျေနပ်မှုရစေတာပါ။ခုလို မော်ဒန်ခေတ်ကြီးမှာ နည်းပညာတွေတိုးတက်လာပြီး အခြားသူတွေရဲ့ဘဝကို မီဒီယာတွေနဲ့ လူမှုကွန်ရက်ကတစ်ဆင့် ကြည့်ရှုနေနိုင်တာကြောင့် အရင်ကထက်စာရင် ပိုပြီးနှိုင်းယှဉ်ဖို့အခွင့်အရေး ပိုရလာကြပါတယ်။ ကျွန်တော်တို့ဟာ အများအားဖြင့် ကျွန်တော်တို့နဲ့မတိမ်းမယိမ်းအခြေအနေရှိသူတွေနဲ့သော်လည်းကောင်း လူတိုင်းနဲ့သော်လည်းကောင်း နှိုင်းယှဉ်နေတတ်ကြပါတယ်။ သင်က ပျော်ပျော်ရွှင်ရွှင်နေချင်တယ်ဆိုရင်တော့ ကိုယ့်ထက်နိမ့်ပါးသောလူတွေနဲ့ နှိုင်းယှဉ်ခြင်းတွေပြုလုပ်ဖို့တိုက်တွန်းထားပါတယ်။ ဒီလိုလုပ်တာက ခံစားမှုတွေကိုပိုကောင်းလာစေပြီး အားပေးသလိုလည်းဖြစ်စေပါတယ်။ သင်ယုံချင်မှယုံနိုင်ပါလိမ့်မယ်။ လူတွေက အများအားဖြင့် အခြားသူတွေ သူတို့ပြိုင်ဘက်တွေရဲ့ ပြဿနာတွေကိုကြားရတဲ့အခါ ပိုပြီးပျော်ရွှင်တတ်ကြပါတယ်။ ဒါဟာ အပြစ်ရှိတဲ့ပျော်ရွှင်မှုဆိုပေမယ့်လဲ လူတိုင်းက တစ်ခါတော့ခံစားဖူးကြတာပါပဲ။ ကဲခုဆို လူတွေဘာလို့အတင်းပြောကြလဲဆိုတာ သင်သိသွားပါပြီ။ ဒီသီအိုရီက ကျွန်တော်တို့ ပရဟိတလုပ်တဲ့အခါမှာ ဘာကြောင့်အရမ်းကို နေလို့ကောင်းရတာလဲဆိုတာကိုလည်း ရှင်းပြသွားနိုင်ပါတယ်။ ဆင်းရဲသူတွေနဲ့ မသန်စွမ်းသူတွေက ကျွန်တော်တို့ရဲ့ဘဝဟာပိုပြီးပြည့်စုံတယ်ဆိုတာကို ခံစားရစေတယ်လေ။ အနည်းဆုံးတော့ ဒီလိုလူမျိုးတွေထက်တော့ အများကြီး ပိုပြီးပြည့်စုံတာပဲမဟုတ်လား။ဒါပေမယ့် အထက်ကလူတွေနဲ့နှိုင်းယှဉ်ခြင်းတွေကလည်း အဆိုးကြီးတော့မဟုတ်လှပါဘူး။ ဒီလိုလုပ်တာ ကျွန်တော်တို့ကို အားကျစေတယ်ဆိုတာတော့ မှန်ပါတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့ထက်ပိုပြီးကောင်းတဲ့သူတွေကို မကောင်းတာတစ်ခုခုဖြစ်လာစေဖို့လည်း မျှော်လင့်တတ်ကြပါသေးတယ်။ ဒါပေမယ့် ဒါကသင့်ကိုပိုပြီးပြင်းပြင်းထန်ထန်ကြိုးစားဖို့ ဖိအားပေးတယ်။ သင်လုပ်ရမယ့်အရာကို ပိုပြီးအားထည့်လုပ်ဖို့ တွန်းအားပေးတယ်လေ။ တစ်စုံတစ်ယောက်ကို အားကျတယ်ဆိုရင်လည်း သူတစ်ပါးပျက်စီးအောင်လုပ်တာထက်စာရင် ဒီအားကျမှုက သင့်ကိုပိုပြီးတိုးတက်လာအောင် တွန်းအားပေးနေနိုင်သရွေ့တော့ အဆင်ပြေနေမှာပါ။နှိုင်းယှဉ်တယ်ဆိုတာ လူသားတွေရဲ့အလုပ်ပါ။ ဒါကိုသင်ဖယ်ရှားလိုက်လို့ မရပါဘူး။ ဒါကြောင့် ဒါကသင့်အတွက် ဘယ်လိုအကျိုးရှိမလဲဆိုတာ သင်ယူကြည့်ရအောင်။ သင့်ရဲ့ လူမှုရေးနှိုင်းယှဉ်မှုတွေကို ရင်ဆိုင်နိုင်ပြီး ဒါတွေကို အကောင်းဘက်က အသုံးချနိုင်ပြီဆိုရင် သင်ဟာအမှန်တကယ်ကို ပိုပြီးကောင်းလာတော့မှာပါ။ ဒါ့အပြင် ပျော်ရွှင်မှုတွေကလည်း အတိုင်းအဆမရှိပဲပေါ့။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%9c%e1%80%b0%e1%80%99%e1%80%be%e1%80%af%e1%80%9b%e1%80%b1%e1%80%b8%e1%80%9b%e1%80%ac-%e1%80%94%e1%80%be%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9a%e1%80%be%e1%80%89%e1%80%ba%e1%80%81/
သင့်မှာ လေဖြတ်နိုင်တဲ့ ရှေ့ပြေးလက္ခဏာတွေရှိနေသလား
လေမဖြတ်ခင်မှာ လူနာများဟာ တစ်ခုခုဖြစ်တော့မယ်ဆိုတဲ့ ခံစားချက်ရတတ်ကြောင်း ပြောတတ်ကြပါတယ်။ ဒီလိုအာရုံရတာမျိုးကိုရှေ့ပြေးလက္ခဏာလို့ ခေါ်လေ့ရှိပါတယ်။ တစ်ခါတရံမှာ ရှေ့ပြေးလက္ခဏာတွေဟာ လေဖြတ်ခါနီးရက်အနည်းငယ်လောက်မှာ ကြိုပြတတ်ပါတယ်။ ဒီလိုရှေ့ပြေးခံစားရမှုတွေဟာ ယုံကြည်ရပါသလား။ သိပ္ပံနည်းကျပြောရရင်တော့ ဒါဟာလေဖြတ်နိုင်ခြေရှိတဲ့ လက္ခဏာတွေပါပဲ။ရှေ့ပြေးလက္ခဏာဆိုတာ တစ်ခုခုဖြစ်တော့မယ်ဆိုတာ အခိုင်အမာခံစားမိတာမျိုးကို ဆိုလိုပါတယ်။ အများအားဖြင့် ကောင်းတဲ့အရာတွေတော့ မဟုတ်ပါဘူး။ တချို့အခြေအနေတွေမှာ စဖြစ်တာကို သတိပြုမိတတ်ပါတယ်။ ဥပမာလူနာတချို့ဟာ ဦးနှောက်ကို သွေးရောက်နည်းတာကို ခံစားရတတ်ပါတယ်။ လေဖြတ်ခြင်းကနေ သက်သာလာပြီးတဲ့အခါ လူနာတွေဟာ တစ်စုံတစ်ခုမဖြစ်ခင် ကြိုသိနေသလိုမျိုးရှိခဲ့ကြောင်း ‘ငါ တစ်ခုခုမကောင်းတာ ဖြစ်တော့မယ်ဆိုတာသိနေတယ်’  ‘ငါကြောက်နေခဲ့တယ်’ စသဖြင့် ပြန်ပြောင်းပြောတတ်ကြပါတယ်။အဲ့ဒီလက္ခဏာတွေဟာ ကျင်ခြင်း၊ နားမကြားရခြင်း၊ အမြင်အာရုံပုံမှန် မဟုတ်တော့ခြင်း၊ မူးဝေပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စကားမပီခြင်းစသဖြင့် ဖြစ်တတ်ပါတယ်။ လေမဖြတ်မီ ပိုဖြစ်တတ်ပါတယ်။ လေဖြတ်တဲ့လူနာ ၁၆ ဦးကို လေ့လာခဲ့ပြီး အာရုံကြောနဲ့ စိတ်ပညာဂျာနယ်မှာ ဖော်ပြခဲ့တာကတော့ လူနာတွေရဲ့ သုံးပုံတစ်ပုံလောက်ဟာ အကြားအာရုံချို့ယွင်းတာ၊ နားထဲမှာအသံမြည်နေတာကို မိနစ်အနည်းငယ် ကြားရကြောင်းဆိုပါတယ်။တစ်ခါတရံမှာ လေမဖြတ်မီ ၁ရက်နေ ၁၀ရက်အလိုလောက်ထိ ကြားရတတ်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စဟာ လေဖြတ်တဲ့လူနာ တော်တော်များများမှာ ကိုက်ညီမှုရှိပါတယ်။ ဒါပေမယ့် လက္ခဏာတွေက ခဏပဲကြာလို့ သတိမပြုမိကြတာများပါတယ်။လေဖြတ်မယ့် ရှေ့ပြေးလက္ခဏာတွေ ကြုံရရင်၊ လေဖြတ်မယ်ထင်ရတဲ့ ကြုံနေကြမဟုတ်တဲ့ ကိစ္စကြုံရင် ဆေးဝါးကုသမှု ခံယူဖို့ အရေးကြီးပါတယ်။ စောစီးစွာသိတာဟာ ရောဂါဖြစ်ပွားမှုကို လျော့ကျစေပြီး လေဖြတ်ခြင်းကိုတောင် ရှောင်ရှားစေနိုင်ပါတယ်။လက္ခဏာအများစုကတော့ ရောဂါရှာဖွေဖို့လိုအပ်တဲ့ အာရုံကြောဆိုင်ရာ ပြသနာတွေ ဖြစ်နေတတ်ပါတယ်။ သွေးဖောက်စစ်ဆေးတာ၊ ပုံရိပ်ဖော်စစ်ဆေးတာတွေ လိုအပ်ပါတယ်။ တချို့ကိစ္စတွေမှာ အသစ်သိရှိထားတဲ့ ဖြစ်နိုင်ခြေတွေကို ထည့်သွင်းလုပ်ဆောင်ဖို့လိုပါတယ်။လေဖြတ်ခြင်းအန္တရာယ်ကို လျှော့ချနိုင်ဖို့ အောက်ပါ အချက်အနည်းငယ်ကိုလုပ်ဆောင်နိုင်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%99%e1%80%bd%e1%80%ac-%e1%80%b1%e1%80%9c%e1%80%bb%e1%80%96%e1%80%90%e1%80%b9%e1%82%8f%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80%90%e1%80%b2%e1%80%b7%e1%80%b1/
မျက်လုံး လေးကို ဂရုစိုက်ရမှာ သင်ကိုယ်တိုင်ပါ
ကိုယ်ချစ်တဲ့သူတွေကို မြင်ရဖို့၊ သဘာဝရဲ့ အလှတရားကိုခံစားဖို့၊ ရုပ်ရှင်ကြည့်ဖို့ နေ့စဉ် လုပ်နေတဲ့ အလုပ်တွေကို လုပ်ဖို့အတွက်မျက်လုံးရဲ့အမြင်အာရုံက မရှိမဖြစ် အရေးပါပါတယ်။ ဒီလို အရေးကြီးလှတဲ့အမြင်အာရုံလေးကို မထိခိုက်စေဖို့အတွက် ကိုယ့်ဘက်က လုပ်ပေးရမယ့် အပိုင်းလေးတွေရှိပါတယ်။ ကဲမျက်လုံးကျန်းမာရေးအတွက် ဘယ်လို အချက်တွေကိုလိုက်နာဖို့ လိုမလဲဆိုတာကို ကြည့်ရအောင်။အစားအသောက်ဆိုတာ ကိုယ့်ကျန်းမာရေးကို ကောင်းအောင်လည်း လုပ်ပေးနိုင်သလို ဆိုးအောင်လည်း လုပ်ပေးနိုင်တဲ့အရာတွေပါ။ အားလုံးသိကြတဲ့အတိုင်း မျက်လုံးကျန်းမာရေးအတွက်ဆိုဗီတာမင် Aကြွယ်ဝတဲ့မုန်လာဥနီ၊မြင်းခွာရွက်၊ဟင်းနုနွယ်တို့ကို စားပေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ဆောလ်မွန်ငါး၊ကြက်ဥနဲ့ အခြား အဆီများတဲ့ ငါးတွေမှာ အမြင်အာရုံကို အထူးကျန်းမာစေတဲ့Omega 6တို့လည်းပါတာကြောင့် သင်နေ့စဉ်စားနေတဲ့ အစားအသောက်တွေထဲမှာ သူတို့ကိုလည်း မေ့ခဲ့လို့မရပါဘူး။ဆေးလိပ်သောက်ခြင်းကြောင့်ရတဲ့ ကျန်းမာရေး ကောင်းကျိုးတွေ သင်ကြားဖူးပါသလား။ ဆေးလိပ်ကြောင့် သ့င် အမြင်အာရုံကြောထိခိုက်သွားပြီးmacular degenerationဆိုတဲ့ အမြင်အာရုံချို့တဲ့တဲ့ ရောဂါရနိုင်သလို ဆေးလိပ်သောက်သူတွေကအတွင်းတိမ်ဖြစ်ဖို့ အလားအလာ ပိုများနိုင်ပါတယ်။ ဒါကြောင့် သင့်ကို ကောင်းကျိုးတစ်ခုမှ မပေးတဲ့ ဆေးလိပ်ကို ဖြတ်လိုက်ပါ။နေရောင်ထဲမှာ အသားအရေအတွက်သာမက မျက်လုံး ကိုပါ ဒုက္ခပေးနိုင်တဲ့ခရမ်းလွန်ရောင်ခြည်တွေ က သင့်ရဲ့ အမြင်အာရုံကို ပျက်စီးစေတဲ့ ကြောက်စရာကောင်းတဲ့ မမြင်နိုင်တဲ့အရာတွေပါ။ ဒီခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့ဆိုရင် အပြင်သွားတိုင်း ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန် ဝတ်ဆင်သွားတာ အကောင်းဆုံးပါ။မျက်ကပ်မှန်တပ်ထားရင်တောင် အပြင်ကနေ နေကာ မျက်မှန်ထပ်တပ် သွားဖို့ အကြံပေးပါရစေ။ ။ဂဟေဆော်တဲ့ အလုပ်၊ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့နေရတဲ့ အလုပ်၊ မျက်လုံးထဲ အမှုန်အမွှားတွေ ဝင်နိုင်တဲ့ အလုပ်တွေ လုပ်နေရတဲ့သူတွေဆို ကြိုပြီး သတိရှိရှိနဲ့ မျက်လုံး အကာအကွယ်တပ်ဆင်ထားဖို့ အရေးကြီးပါတယ်။ခေတ်ကြီးက တိုးတက်လာတဲ့အလျောက် ဖျော်ဖြေရေးကဏ္ဍတွေလည်း မှိုလိုပေါက်လာတဲ့အပြင် လုပ်ရတဲ့ ကုမ္ပဏီ အလုပ်တော်တော်များများက ကွန်ပျုတာကို တောက်လျှောက်ကြည့်နေရတာများပါတယ်။ ဒါဟာ နည်းပညာတိုးတက်လာတာဖြစ်မယ့် သင့်မျက်လုံကျန်းမာရေးကို ဆုတ်ယုတ်စေပါတယ်။ ကွန်ပျူတာ အကြည့်များပြီး မျက်လုံး ပြာလာတာ၊မျက်လုံးစပ်လာတာ၊ မျက်လုံးအောင့်လာတွေက သင့်မျက်လုံး ထိနေပြီလို့ပြောချင်တဲ့သဘောပါ။ ကိုယ့်အလုပ်က ကွန်ပျူတာကို အမြဲကြည့်နေရတဲ့ အလုပ်ဆိုရင် မျက်လုံးမထိခိုက်စေဖို့အတွက် ခုပြောထားတဲ့နည်းလေးတွေကို လိုက်လုပ်ကြည့်စေချင်ပါတယ်။-ကွန်ပျူတာ ၁ နာရီလောက်ကြည့်ပြီးရင် အဝေးတစ်နေရာကို( အထူးသဖြင့် အစိမ်းရောင်ရှိတဲ့ အပင်တွေကို ) ၁၅ မိနစ်လောက် ကြည့်ပေးပါ။-ကွန်ပျူတာကြည့်ရင်မျက်လုံးကို မထိခိုက်စေမယ့် မျက်မှန်တို့ ကွန်ပျူတာမျက်နှာပြင်က အလင်းရောင်ကို ကာပေးတဲ့ အကာအကွယ်တစ်ခုခုဖြစ်ဖြစ်သုံးပါ။-မျက်တောင်ခတ်ပေးဖို့လည်း မမေ့ပါနဲ့။-မျက်လုံးညောင်းလာရင် မိနစ် ၂၀ လောက် မှိတ်ထားပေးပါ( ဒါမှမဟုတ်) ပေ၂၀ လောက်ကွာတဲ့ အဝေးတစ်နေရာကို စက္ကန့် ၂၀ လောက်ပြန်ကြည့်ပေးပါ။ဆရာဝန်ဆီမှာ ပုံမှန် မျက်လုံး စစ်ဆေးဖို့ဆိုတာ လူတိုင်း လုပ်သင့်တဲ့ ကိစ္စတစ်ခုပါ။ ဒါမှ ကိုယ့်အမြင်အာရုံ ထိခိုက်နေပြီလား၊ အခြားမျက်လုံးနဲ့ ပက်သက်တဲ့ ရောဂါတွေရော ရှိသေးလားဆိုတာကို ကြိုတင်သိရှိနိုင်မှာဖြစ်ပါတယ်။ကိုယ့်ရဲ့ မျက်လုံး လေးကို စောင့်ရှောက်ရမှာ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်တာကြောင့် ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးထားတဲ့ အချက်လေးတွေကို လိုက်နာဖို့ လိုတယ်နော်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/eyes-health-tips/
အဆီကျဖို့အတွက် သင်ကိုယ်သင်မေးသင့်တဲ့ မေးခွန်း ၄ ခု
အဆီကျဖို့ ကိုယ်ရည်စစ်ဖို့အတွက်က ကျန်းမာရေးအကြောင်း သင်ဘယ်လောက်သိသလဲ ဆိုတာနဲ့ မဆိုင်ပါဘူး။ သင်သိထားတဲ့ ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်တွေကို ဘယ်လောက်လုပ်နိုင်သလဲ ဆိုတာနဲ့ပဲ သက်ဆိုင်ပါတယ်။ လူတော်တော်များများက ကျန်းမာရေးနဲ့ သင့်တော်တဲ့ အစားအသောက်တွေကို ရွေးစားသင့်တယ်ဆိုတာ နားလည်ထားကြပါတယ်။ ပိုပြီး နားလည်တဲ့သူက ကိုယ်ခန္ဓါကိုယ်ကို ပိုပြီးကျန်းမာကြံခိုင်အောင် လုပ်နိုင်ဖို့ လွယ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်မှားယွင်းတဲ့ဇီဝကမ္မဖြစ်စဉ်တွေမရှိဘဲ ဟိုမုန်းမညီမျှမှုတွေမရှိဘဲနဲ့ ကျန်းမာနေတယ်ဆိုရင်တော့ ဒါ ကံကောင်းတာပါပဲ။ခန္ဓါဗေဒနဲ့ပတ်သက်လို့ ကျွမ်းကျင်သူတွေကတော့ အားသိပ်မစိုက်ရတဲ့ လွယ်ကူပြီးရိုးရှင်းတဲ့ ဆောင်ရွက်ချက်လေးတွေလုပ်ရုံနဲ့ အကျိုးရှိမယ့်မရာတွေကို ရှာဖွေနေခဲ့ပါတယ်။ ရိုးရှင်းတဲ့လုပ်ဆောင်ချက်တစ်ခုကတော့ မိမိအစာစားမယ် ဒါမှမဟုတ် စားဖို့ပြင်ဆင်နေအချိန်မှာ မေးခွန်းလေးတွေ မေးဖို့ပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေမေးခြင်းအားဖြင့် ကိုယ်စားမယ့် အစားအသောက်က ကိုယ့်ကျန်းမာရေးအတွက် ဘယ်လို သက်ရောက်မှု ရှိစေလဲဆိုတာ သိနိုင်မှာဖြစ်ပြီး စားသင့်မစားသင့် ဆုံးဖြတ်ချိန်ရမှာလည်း ဖြစ်ပါတယ်။အကောင်းဆုံးရလဒ်တွေရဖို့ မေးခွန်းအတွက် ရှင်းလင်းတိကျတဲ့ ရည်ရွယ်ချက်တွေ စဉ်းစားထားဖို့လိုအပ်ပြီး ဒီမေးခွန်းတွေကနေတဆင့် ဖြစ်နိုင်ချေအရှိဆုံး အကောင်းဆုံး အပြုအမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ဒါက အရေးကြီးတဲ့ မေးခွန်းပါပဲ။ကယ်လိုရီတွေက ညီညီမျှမျှ ဖြစ်နေတာပါ။ အစားမှားရင် ဟိုမုန်းတွေ ကမောက်ကမ ဖြစ်တတ်ပါတယ်။ ရှင်းလင်းမှန်ကန်တဲ့ အစားတွေစားရင် ကိုယ်ခန္ဓါရဲ့ လုပ်ဆောင်ချက်တွေ ပိုကောင်းစေပြီး ကယ်လိုရီနဲ့ အဆီကို ချေဖျက်ရာမှာလည်း ပိုလွယ်ပါတယ်။ အစာပိုတွေကို လျှော့ပါ။ မူလအခြေအနေအတိုင်း မဟုတ်ဘဲ ပြန်လည်ပြုပြင်ထားတဲ့ အစားအသောက်မှန်သမျှ ကန့်သတ်ပြီး စားပါ။အသားဓါတ်က သင့်အဆီကျဖို့နဲ့ ကြွက်သားတိုးပွားဖို့ လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် သင်စားတဲ့အထဲမှာ အသားဓါတ်ပါစေ။သကြားဓါတ်နဲ့ ကစီဓါတ်များများပါတာက သင့်အဆီကျဖို့ ခက်ခဲစေတဲ့အပြင် ပိုလို့တောင် တက်စေနိုင်ပါတယ်။ သကြားဓါတ်က လက်ပတင်ဟိုမုန်းရဲ့ အလုပ်တွေကို ဟန့်တားပေးပြီး ဗိုက်ဝနေတယ်လို့ မခံစားရအောင် လုပ်ပေးပါတယ်။ ခန္ဓါကိုယ်မှာ သကြားဓါတ် ကစီဓါတ်တွေ ပြည့်နေပြီ ဆိုတဲ့အကြောင်း လက်ပတင်ဟိုမုန်းက ဦးနှောက်ဆီ အချက်ပြတဲ့ တာဝန်ကို ထမ်းဆောင်ပါတယ်။ ဒါကြောင့် သကြားဓါတ်တွေ အများကြီးဝင်သွားတဲ့အခါမှာ လက်ပတင်ဟော်မုန်း မထွက်တော့ဘဲ ဗိုက်ပြည့်တယ်လို့ ခံစားရတော့မှာ မဟုတ်တာကြောင့် သင့်အနေနဲ့ အများအပြား စားမိနေပါလိမ့်မယ်။ကစီဓါတ်အမျိုးမျိုးရှိပါတယ် ဥပမာ ပေါင်မုန့်နဲ့ ဂျုံခေါက်ဆွဲ။ စားသောက်တဲ့နေရာမှာ ဘယ်လောက်ပမာဏ စားသင့်တယ်၊ ဘယ်အချိန်စားသင့်တယ်၊ ဆိုတာတွေက သင့်ကိုယ်သင် မေးသင့်တဲ့မေးခွန်းတွေပါပဲ။အရောင်စုံတဲ့အသီးအရွက်တွေစားတာက ရောဂါကာကွယ်ပေးတဲ့ ဓါတုပစ္စည်းတွေ ရနိုင်ပါတယ်။ ဒီဓါတ်က အပင်တွေကသာ ရနိုင်တဲ့အရာ ဖြစ်ပါတယ်။ အပင်စားတဲ့သတ္တဝါတွေကို စားခြင်းဖြင့်လည်း ဒီဓါတ်အနည်းငယ်ရရှိနိုင်ပါတယ်။ အပင်တွေထုတ်ပေးတဲ့ ဒီဓါတ်က ကျန်းမာတဲ့ဆဲလ်တွေကို ထိခိုက်စေတဲ့ ဒြပ်ပေါင်းတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ ဒါက အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်တဲ့သဘောပါပဲ။ ဒါကြောင့် အသီအရွက်တွေစားတာက ကျန်းမာတဲ့ဆဲလ်တွေကို ဒိုင်းနဲ့ကာကွယ်ထားသလိုပါပဲ။ ကံကောင်းတာကတော့ အပင်ကနေရတဲ့ ဒီဓါတ်က အပင်မှာ အလုပ်လုပ်တဲ့အတိုင်း ကျွန်တော်တို့ ခန္ဓါကိုယ်မှာလည်း အလုပ်လုပ်ပါတယ်။ ကျွန်တော်တို့ ကျန်းမာရေးအတွက် အပင်တွေကနေ ခဏငှားပြီး သုံးတဲ့သဘောပါပဲ။အသီးအရွက်စားတာက အမျှင်ဓါတ်နဲ့ ခန္ဓါကိုယ်အတွက် အရေးကြီးတဲ့သတ္တုဓါတ်နဲ့ ဗီတာမင်တွေလည်း ရရှိစေပါတယ်။ ဒီတစ်ခါ မေးသင့်တဲ့မေးခွန်းကတော့ ဘယ်လောက်များများ စားဖို့လိုတာလဲနဲ့ လတ်ဆတ်ပြီး အရည်အသွေးမီတဲ့ အသီးအရွက်တွေစားလို့ အဆီများလာတဲ့သူအကြောင်း သင်နောက်ဆုံးဘယ်အချိန်က ကြားဖူးခဲ့လဲ ဆိုတာပါပဲ။ဒီလိုမေးခွန်းတွေကို သင့်ကိုယ်ပိုင်ဖန်တီးပုံဖော်ပြီး ကိုယ်ရဲ့ လုပ်ဆောင်ချက်တွေက ကိုယ့်ရဲ့ ရည်မှန်းချက်ဆီကို အမှန်တကယ် ဦးတည်နေသလားဆိုတာ အမြဲတမ်းမေးခွန်းထုတ်ဖို့ လိုပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/23830-%e1%80%a1%e1%80%86%e1%80%ae%e1%80%80%e1%80%bb%e1%80%96%e1%80%ad%e1%80%af%e1%80%b7%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%9e%e1%80%84%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%9a/
မျက်နှာအရေပြားပင့်တင်ခြင်းများ၏အနာဂတ်
အရေပြားလျော့ရဲတွဲကျခြင်းဟာ အိုမင်းလာခြင်းရဲ့ လက္ခဏာတစ်ခုပါ။ ဒါပေမယ့် ဒါကို မျက်နှာပင့်တင်ခြင်းနည်းများဖြင့် ပြုပြင်နိုင်ပါတယ်။Thread liftဟုခေါ်သော မျက်နှာပင့်တင်ခြင်းနည်းဟာ‘မျက်နှာပင့်တင်ခြင်းနည်းတွေရဲ့ အနာဂတ်’လို့ခေါ်ရလောက်အောင်ထိ တစ်နေ့တခြားနာမည်ကြီးလာသော နည်းတစ်နည်းဖြစ်ပါတယ်။ထိုနည်းနဲ့ပတ်သတ်လို့ ဘာကြောင့်နာမည်ကြီးခေတ်စားလာရသလဲ သိရဖို့ လေ့လာကြည့်လိုက်ရအောင်။အသက်အရွယ်အိုမင်းခြင်းကြောင့် အရေပြားလျော့ရဲခြင်းအတွက် ခွဲစိတ်စရာမလိုတဲ့ မျက်နှာပင့်တင်ပေးသောနည်းတစ်မျိုးဖြစ်တယ်။ ကုသလိုတဲ့ အရေပြားအောက်မှာ တွယ်အပ်များထည့်ပေးခြင်းဖြင့် ကုသသောနည်းဖြစ်ပါတယ်။ခွဲစရာ၊စိတ်စရာမလိုဘဲ အပ်လေးထိုးရုံနဲ့ပြီးသွားတဲ့ နည်းတစ်နည်းပါ။ အရေပြားထဲကို ထိုးအပ်နဲ့ထည့်လိုက်တဲ့ တွယ်အပ်ငယ်လေးတွေက တွဲကျနေတဲ့ တစ်သျှူးများကို ထိန်းပေးပါလိမ့်မယ်။ ထိုနည်းဟာ အရေပြားကို တင်းရင်းစေပြီး အရေးကြောင်းများလျော့ပါးသွားစေနိုင်ပါတယ်။နှစ်နည်းရှိပါတယ်။ သုံးတဲ့တွယ်အပ်ပေါ်မူတည်ပြီး ခွဲခြားတယ်- ပျော်ဝင်သောတွယ်အပ်နဲ့၊ မပျော်ဝင်သောတွယ်အပ်တို့ဖြစ်တယ်။ ကုသမှုပြီးလျှင် ရလဒ်က ၂ နှစ်ခန့်ခံပါတယ်။ဥရောပ၊ အမေရိက၊ အာရှတခွင်မှာ ထိုနည်းကို အောင်မြင်စွာအသုံးပြုလျက်ရှိတယ်။ပုံမှန်မျက်နှာပင့်တင်ခြင်းနည်းများနှင့် ယှဉ်ကြည့်ပါက အကျိုးကျေးဇူးများတွေ့ရမည်ဖြစ်တယ်။ ခွဲစိတ်ကုသမှုလောက် ရလဒ်မရပေမယ့် လျစ်လျူရှုမပစ်နိုင်စရာ ကိုယ်ပိုင်ကောင်းကျိုးရှိနေပါတယ်။တခြားသောခွဲစိတ်မှုနည်းတွေထက် ပိုအန္တရာယ်နည်းပြီး ပိုသက်တောင့်သက်သာရှိပါတယ်။ ကုသမှုမှာ ဖြတ်ခြင်း၊ ရှခြင်း မရှိတဲ့အတွက် အပြီးမှာ နာကျင်ခြင်း၊ ရောင်ရမ်းခြင်းလည်း မကျန်ခဲ့ပါဘူး။ ပိုသက်တောင့်သက်သာဖြစ်စေဖို့ ထုံဆေးတော့သုံးကောင်းသုံးနိုင်ပါတယ်။အရာသေးသေးလေးတွေကျန်ခဲ့နိုင်တဲ့ ဆေးထိုးခြင်းတော့ လိုပါတယ်။ ဒါပေမယ့် ထိုအရာတွေက ဆံပင်တွေ၊ နားတွေနောက်မှာတင်ပျောက်သွားမှာပါ။ ဒါကြောင့် သိသာတဲ့ အမာရွတ်တွေ ကျန်ခဲ့နိုင်တဲ့ ပုံမှန်မျက်နှာပင့်တင်ခွဲစိတ်ခြင်းနည်းနဲ့ မတူပိုသာပါတယ်။ပြန်ကောင်းဖို့အချိန်ကြာကြာလည်းမလိုပါဘူး။ တစ်ပတ်အတွင်းမှာတင် ပုံမှန်နေ့စဉ်လှုပ်ရှားမှုအတိုင်း ပြန်လုပ်လို့ရပါပြီ။ထိုThread liftနည်းဖြင့် နာကျင်မှုမရှိ၊ ခွဲစိတ်မှုရဲ့နောက်ဆက်တွဲပြဿနာတွေကို စိုးရိမ်စရာမလိုဘဲ ရိုးရှင်း ဘေးကင်း အာနိသင်ရှိသော အရေပြားပြုပြင်ခြင်းတစ်ခုရရှိနိုင်ပါတယ်။ နောက်ထပ်လုပ်မယ့် မျက်နှာပြုပြင်ခြင်းတွေကိုလည်း ထိခိုက်မှာမဟုတ်တာြေဲကာင့် ပူစရာမလိုပါဘူး။သဘာဝအတိုင်း တောက်ပနုပျိုသော အသားအရေကိုပြန်လည်ပိုင်ဆိုင်နိုင်ပါတယ်။ ခွဲစိတ်ပင့်တင်ခြင်းကတော့ မူလသွင်ပြင်နဲ့လုံးဝကွာခြားပြီး တမူထူးခြားသွားမယ့်အသွင်အပြင်ကိုဖြစ်စေပါလိမ့်မယ်။ခွဲစိတ်မှုအစားThread liftကိုရွေးချယ်ခြင်းက သင့်ကိုကောင်းကျိုးအများအပြားပေးနိုင်ပါလိမ့်မယ်။ ပိုတိကျတဲ့အချက်အလက်တွေနဲ့ အကောင်းဆုံးဆုံးဖြတ်ချက်အတွက်တော့ ဆရာဝန်၊ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%94%e1%80%bd%e1%80%ac%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%95%e1%80%84%e1%80%b9%e1%80%b7%e1%80%90%e1%80%84%e1%80%b9%e1%80%bb/
Watermelon (ဖရဲသီး)
နွေပူပူမှာ စားလေ့ရှိတဲ့ Watermelon (ဖရဲသီး) လေး အကြောင်း ပြောပြပေးချင်ပါတယ်။ဖရဲသီး (Watermelon)။တောင်အာဖရိကမျိုးရင်းပင်တစ်မျိုးပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၀၀၀ ဝန်းကျင်က အီဂျစ်နိုင်ငံ နိုင်းမြစ်ဝှမ်း နဲ့ တရုတ်နိုင်ငံတွေမှာ စတင်စိုက်ပျိုးနေပြီဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ဖရဲသီးကို ကမ္ဘာတလွှားမှာစိုက်ပျိုးနေကြပြီဖြစ်ပါတယ်။ ဖရဲသီးက အခွံစိမ်းပြီး အတွင်းသားက အနီရောင်ရှိသလို အဝါရောင်လည်းရှိပါတယ်။ အရည်ရွှမ်းပြီး စားရတာချိုပါတယ်။ အစိမ်းစားလို့ရတဲ့ သစ်သီးတစ်မျိုးပါ။ နွားနို့၊သကြားတို့နဲ့လည်းဖျော်သောက်လို့ရပါတယ်။ ဖရဲသီးက မှည့်လာလေလေ Beta-carotene နဲ့ lycopene တို့ပါဝင်မှုများလေလေပါ။ဖရဲသီးမှာ ခန္ဓါကိုယ်အတွက်အရေးပါတဲ့ အာဟာရဓါတ်တွေ၊ ဗီတာမင်တွေ၊သတ္တုဓါတ်တွေနဲ့အော်ဂဲနစ်ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ ဒါတင်မကသေးပါဘူး။ ဖရဲသီးမှာ ဗီတာမင် C၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ အမျှင်ဓါတ်၊ ပရိုတင်း နဲ့ ပိုတက်ဆီယမ်တု့ိပါဝင်နေပါတယ်။ ဒါ့အပြင် ဖရဲသီးမှာ ဗီတာမင် A၊ ဗီတာမင် B6၊ နီကာဆင်၊ သီရာမင်းနဲ့ ကာရိုတီးနွိုက်တို့လည်းပါဝင်နေပါတယ်။ဖရဲသီးက အချိုတည်းဖို့သက်သက်ပဲအသုံးဝင်တာမဟုတ်ဘဲ ခန္ဓါကိုယ်ကျန်းမာဖို့အတွက်လည်းတော်တော်လေးအသုံးဝင်ပါတယ်။ ဖရဲသီးစားရင် ခန္ဓါကိုယ်အတွက် ဘယ်လိုအကျိုးကျေးဇူးတွေရရှိလဲဆိုတာကိုတော့အောက်မှာဆက်ကြည့်လိုက်ရအောင်ပါ။ကျောက်ကပ်ဝေဒနာကို သက်သာစေနိုင်ပါတယ်။ဖရဲသီးမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့်ကျောက်ကပ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားရာမှာ အထောက်အကူပြုပေးပါတယ်။ သွေးထဲမှာ ယူရစ်အက်ဆစ်ပါဝင်မှုကိုလျှော့ချပေးနိုင်တာကြောင့်ကျောက်ကပ် ပျက်စီးနိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။ ဖရဲသီးက ဆီးရွှင်စေနိုင်တာကြောင့်ကျောက်ကပ်ထဲကအဆိပ်အတောက်တွေကိုဆီးကနေတဆင့် ခန္ဓါကိုယ်ပြင်ပကိုစွန့်ထုတ်ပေးပါတယ်။ ဖရဲသီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေတာကြောင့်ကျောက်ကပ်တွေကို ကျန်းမာစေနိုင်ပါတယ်။အပူလျှပ်ခြင်း။ဖရဲသီးက ခန္ဓါကိုယ်အပူချိန်ကို ကျဆင်းစေနိုင်သလိုသွေးပေါင်ချိန်ကိုလည်းကျဆင်းစေနိုင်ပါတယ်။ အပူပိုင်းဒေသတွေမှာဆိုရင်နွေရာသီလိုပူပြင်းတဲ့နေခင်းဘက်တွေမှာ အပူလျှပ်တာမျိုးမဖြစ်စေဖို့ ဖရဲသီးကိုစားသုံးကြပါတယ်။ ဖရဲသီးမှာရေဓါတ်များစွာပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကိုလည်းရေဓါတ်ပြည့်ဝနေစေမှာပါ။သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်။ဖရဲသီးမှာ ပိုတက်ဆီယမ်နဲ့မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့်သွေးပေါင်ချိန်ကို ကျဆင်းစေနိုင်ပါတယ်။ ပိုတက်ဆီယမ်ကသွေးလွှတ်ကြောတွေနဲ့သွေးပြန်ကြောတွေအပေါ်မှာ သက်ရောက်နေတဲ့ တင်းအားတွေကိုလျော့ပါးသက်သာစေနိုင်ပြီးသွေးတွေစီးဆင်းအောင်လှုံ့ဆော်ပေးနိုင်တာကြောင့် နှလုံးသွေးကြောစနစ်ပေါ်သက်ရောက်တဲ့ ဖိအားတွေကိုလျော့ပါးသက်သာစေပါတယ်။ ဖရဲသီးမှာပါတဲ့ ကာရိုတီးနွိုက်ကသွေးကြောနံရံတွေတောင့်တင်းတာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်သလိုသွေးတိုးတာနဲ့သွေးခဲတာတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ကင်ဆာကာကွယ်ပေးတယ်။ဖရဲသီးမှာကင်ဆာရောဂါကိုကာကွယ်ပေးနိုင်တဲ့ lycopene နဲ့ carotenoid phytonutrientsဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ lycopene က ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာ၊အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ နဲ့ သားအိမ်ကင်ဆာတွေဖြစ်နိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။ဆီးချိုကို ထိန်းညှိပေးနိုင်တယ်။အချိုဓါတ်၊ကစီဓါတ်တို့နဲ့မတည့်တဲ့ဆီးချိုသမားတွေအနေနဲ့ ဖရဲသီးစားသုံးပေးနိုင်ပါတယ်။ ဖရဲသီးက ချိုပေမယ့်ကယ်လိုရီပါဝင်မှုကတော်တော်လေးနည်းပါတယ်။ ဖရဲသီးမှာ အဓိကပါဝင်ဖွဲ့စည်းထားတာကရေဓါတ်ဖြစ်တာကြောင့် ဆီးချိုသမားတွေစားသုံးဖို့ သင့်တော်တဲ့အစားအသောက်ပါ။ ဒါ့အပြင် ဖရဲသီးမှာပါတဲ့ ပိုတက်ဆီယမ်နဲ့မဂ္ဂနီဆီယမ် တို့လိုမျိုး ဗီတာမင်တွေသတ္တုဓါတ်တွေက အင်ဆူလင်ကိုကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်ဖို့ အထောက်အကူပြုပေးပါတယ်။နှလုံးကျန်းမာစေတယ်။ဖရဲသီးမှာပါတဲ့lypocene ကနှလုံးလုပ်ဆောင်မှုကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့အရွယ်မတိုင်ခင်အိုမင်းတာကို တိုက်ဖျက်ပေးနိုင်တဲ့Beta-caroteneက ငယ်ရွယ်တဲ့အရွယ်မှာ နှလုံးကျန်းမာစေနိုင်သလို အသက်အရွယ်ရလာတာကြောင့်ဖြစ်လာတဲ့ နှလုံးပြဿနာတွေကိုလည်းလျော့ပါးသက်သာစေ နိုင်ပါတယ်။ ဖရဲသီးမှာပါတဲ့ ဗီတာမင် C၊ ကာရိုတီးနွိုက် နဲ့ ပိုတက်ဆီယမ်တို့ကသွေးတွင်းကိုလက်စထရောကိုလျော့ကျစေပြီးရုတ်တရက် နှလုံးဖောက်တာတွေမဖြစ်အောင်ကာကွယ်ပေးပါသေးတယ်။အမြင်အာရုံပျက်စီးမှုကို ကာကွယ်ပေးတယ်။ဖရဲသီးစားပေးရင် မျက်လုံးကျန်းမာရေးနဲ့အမြင်အာရုံထိခိုက်မှာကို စိုးရိမ်စရာသိပ်မလိုတော့ပါဘူး။ ဖရဲသီးမှာပါတဲ့ beta-carotene၊ ဗီတာမင် C၊ lutein နဲ့ zeaxanthin တို့ကမျက်လုံးနဲ့အမြင်အာရုံထိခိုက်ပျက်စီးတာတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ အသက်အရွယ်ကြောင့် အမြင်အာရုံထိခိုက်ပျက်စီးတာနဲ့ မျက်လုံးရေတိမ်ဖြစ်တာတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ရောင်ရမ်းတာတွေကိုလျော့ပါးသက်သာစေပြီးOxidative Stressတွေကိုလျော့ကျစေပါတယ်။ရောင်ရမ်းမှုတွေက နာတာရှည်ရောဂါတော်တော်များများကိုဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းပါ။ ဖရဲသီးက နာကျင်ရောင်ရမ်းမှုတွေကိုလျော့ပါးသက်သာစေနိုင်ပြီးoxidative damageဖြစ်နိုင်ခြေကိုလည်းလျှော့ချပေးပါတယ်။ကြွက်သားနာကျင်တာကို သက်သာစေနိုင်ပါတယ်။ဖရဲသီးမှာပါတဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့ Citrulline ကကြွက်သားနာကျင်မှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။အားကစားသမားတွေအနေနဲ့လည်း ဖရဲသီးဖျော်ရည်သောက်သုံးပေးမယ်ဆိုရင် ကြွက်သားနာကျင်တာကိုသက်သာစေနိုင်မှာဖြစ်သလို နှလုံးခုန်မြန်တာကိုလျော့ပါးသက်သာစေမှာဖြစ်ပါတယ်။အသားအရေနဲ့ဆံသားကိုကောင်းမွန်စေပါတယ်။ဖရဲသီးမှာပါတဲ့ ဗီတာမင်တွေဖြစ်ကြတဲ့ ဗီတာမင် A နဲ့ ဗီတာမင် C ကအရေပြားနဲ့ဆံသားကျန်းမာရေးအတွက် အရေးပါပါတယ်။ ဗီတာမင် C ကခန္ဓါကိုယ်ကကော်လာဂျင်တွေထွက်လာအောင်လုပ်ဆောင်ပေးပြီး အရေပြားနဲ့ဆံသားကို ကျန်းမာစေနိုင်ပါတယ်။ ဖရဲသီးမှာပါတဲ့ ဗီတာမင် A က အသားအရေခြောက်သွေ့တာတွေ အဖတ်လန်တာတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။နေလောင်ဒဏ်ကြောင့်အရေပြားပျက်စီးတာကိုလည်း သက်သာစေနိုင်ပါတယ်။အစာကြေစေနိုင်တယ်။ဖရဲသီးမှာရေဓါတ်ကြွယ်ဝစွာပါဝင်ပြီး အမျှင်ဓါတ်လည်းပါဝင်နေပါတယ်။ ဒီဓါတ်နှစ်ခုစလုံးက ကျန်းမာတဲ့ အစာချေစနစ်ဖြစ်ဖို့အတွက် အရေးပါတဲ့ ဓါတ်တွေပါ။ အမျှင်ဓါတ်က ဝမ်းပျော့ပျော့သွားစေနိုင်သလို အစာချေလမ်းကြောင်း လှုပ်ရှားမှုကိုလည်းကောင်းမွန်စေနိုင်ပါတယ်။ခန္ဓါကိုယ်အဆီကိုလျော့ကျစေနိုင်ပါတယ်။ဖရဲသီးမှာပါတဲ့citrulline ကခန္ဓါကိုယ်ရဲ့ အဆီဆဲလ်တွေထဲမှာ အဆီတွေစုပုံနေမှုကိုလျှော့ချပေးနိုင်ပါတယ်။citrulline က အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်ပြီးကျောက်ကပ်တွေကိုလည်း ကျန်းမာအောင်လုပ်ဆောင်ပေးပါတယ်။ ဒါတင်မကပါဘူးcitrulline ကခန္ဓါကိုယ်ရဲ့ အဆီဆဲလ်တွေကို အဆီထုတ်လုပ်မှုနည်းသွားအောင်လုပ်ဆောင်ပေးပြီး ကိုယ်တွင်းမှာအဆီစုပုံတာတွေမဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ဖရဲသီးက ကျန်းမာရေးအတွက်တော်တော်လေးကောင်းတယ်ဆိုပေမယ့် အများကြီးစားရင်တော့ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ခန္ဓါကိုယ်ထဲမှာ အချို့သောဗီတာမင်တွေအရမ်းများလာတဲ့အခါနောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ပါတယ်။ဗီတာမင် C ကိုအများကြီးစားသုံးမိမယ်ဆိုရင် ဝမ်းလျှောတာ၊ အစာအိမ်အူလမ်းကြောင်းမှာ မအီမသာဖြစ်တာတွေကိုဖြစ်စေနိုင်ပါတယ်။ဖရဲသီးကိုနေ့တိုင်းအများကြီးစားမယ်ဆိုရင် ခန္ဓါကိုယ်ထဲမှာ ပိုက်ဆီယမ် နဲ့ lycopene အရမ်းများပြီး မအီမသာဖြစ်တာ၊ ဝမ်းလျှောတာ၊ အစာမကြေတာနဲ့လေပွတာတွေဖြစ်နိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/watermelon-benefits/
Yacon (ယာကွန်)
ယာကွန်ပင်ဟာ ဆေးပညာဆိုင်ရာ လေ့လာမှုတွေအရ ဆီးချိုရောဂါအပေါ်မှာ ကောင်းကျိုးသက်ရောက်မှု တွေရှိတယ်ဆိုတဲ့တွေ့ရှိချက်တွေကြောင့်မကြာသေးခင်နှစ်တွေအတွင်းတဖြည်းဖြည်းနဲ့ လူသိများလာတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ယာကွန်ပင်ကသွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးပါတယ်။ ယာကွန် မှာ ဖလက်ဗနွိုက် flavanoid၊ ဖရက်တိုအိုလီဂိုဆက်ခရိုက် fructooligosaccharide နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေအများအပြားပါဝင်တဲ့ ကျန်းမာရေး အတွက်အထောက်အကူပြုတဲ့အစားအစာတစ်မျိုးအနေနဲ့သတ်မှတ်ထားပါတယ်။ယာကွန်ပင်ဟာ တောင်အမေရိကမျိုးရင်းအပင်တစ်မျိုးဖြစ်ပြီး နေကြာပင်နဲ့မျိုးစိတ်တူပါတယ်။ ယာကွန်ပင်မှာ သေးငယ်ပြီးအရောင်တောက်ပတဲ့ ဒေစီပန်းလိုမျိုးပန်းပွင့်လေးတွေပွင့်ကြပါတယ်။ယာကွန်ပင်ကို ကျန်းမာရေးအတွက်အသုံးပြုတဲ့နေရာမှာ အရွက်ကိုအခြောက်ခံပြီး ရေနွေးကြမ်းထဲထည့်ပြီး သောက်သုံးတာမျိုးရှိသလို အမြစ် ( ယာကွန်ဥ) ကိုအစိမ်းစားသလို ဖျော်သောက်တာ။ မီးကင်စားတာနဲ့သုတ်စား တာမျိုးတွေလည်းရှိပါတယ်။ ယာကွန်ဥက ကြွပ်ရွပြီး ချိုပါတယ်။ယာကွန်မှာ ကယ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်း၊အမျှင်ဓါတ်နဲ့ ဗီတာမင် အေ၊ ဘီဝမ်း၊ ဘီတူး နဲ့ ဗီတာမင် စီလိုမျိုး ဗီတာမင် ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ယာကွန်ဥမှာ ကယ်လ်စီယမ်၊ သံဓါတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ ဖော့စဖရိတ်ဓါတ်တွေလိုမျိုး ခန္ဓါကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်နေသလို ခန္ဓါကိုယ်အတွက်အရေးပါတဲ့ အမိုင်နိုအက်ဆစ် အမျိုး ၂၀ ခန့်လည်းပါဝင်နေပါတယ်။ယာကွန်ဥမှာပါတဲ့ အချိုဓါတ်က ဖရက်တိုအိုလီဂိုဆက်ခရိုက်fructoligosaccharide (oligofructose) ပမာဏများစွာကနေရရှိတာဖြစ်ပါတယ်။ ဖရက်တိုအိုလီဂိုဆက်ခရိုက် fructoligosaccharide ကသကြားဓါတ်တစ်မျိုးဖြစ်ပြီး ဒီအချိုဓါတ်ကို ခန္ဓါကိုယ်က မချေဖျက်နိုင်တာကြောင့် ယာကွန်ဥဟာ ဆီးချိုရောဂါသည်တွေနဲ့ ကိုယ်အလေးချိန်ချချင်နေသူတွေအတွက်စားသုံးဖို့သင့်တော်တဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ယာကွန်က သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးနိုင်သလို ကိုလက်စထရောပမဏကိုထိန်းညှိပေးနိုင်တဲ့အပြင် ကိုယ်ခံအားစနစ်ကိုတိုးစေပြီး ကိုယ်အလေးချိန်ကျအောင်လည်းအထောက်အပံ့ပေးပါတယ်။ ယာကွန်ကတန်ဖိုးကြီးတဲ့တိုင်းရင်းဆေးတစ်မျိုးဖြစ်ပြီး အနာကိုလည်းကျက်စေနိုင်တဲ့အစွမ်းသတ္တိလည်းရှိပါတယ်။ ယာကွန်က ရောဂါရှိသူတွေမှာကျန်းမာရေးအခြေအနေကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်ရုံသာမက ကျန်းမာရေးကောင်းမွန်သူတွေကိုလည်း ကျန်းမာနေအောင်လုပ်ဆောင်ပေးပါတယ်။ယာကွန်မှာ ကျန်းမာရေးအတွက်အကျိုးပြုတဲ့ အစွမ်းသတ္တိတွေရျိသလို ဘးထွက်ဆိုးကျိုးတွေလည်းရှိပါတယ်။ ယာကွန်ရဲ့ ဘေးထွက်ဆိုးကျိုးအချို့ကိုဖော်ပြပေးလိုက်ပါတယ်။ယာကွန်ဥကိုမသုံးစွဲခင်မှာအောက်ပါအချက်လေးတွေကို အရင်သိထားသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/%e1%82%94yacon-%e1%80%9a%e1%80%ac%e1%80%80%e1%80%bc%e1%80%94%e1%80%b9/
လေဒီလေးတိုင်း သိထားသင့်တဲ့ ရာသီအကြိုလက္ခဏာ များ
၈၀ ရာခိုင်နှုန်းသောလေဒီလေးတွေခံစားရလေ့ရှိတဲ့ ရာသီအ​ကြို လက္ခဏာတွေက။လေဒီ အများစုက ရာသီအကြိုလက္ခဏာ အနေနဲ့ တစ်ခုခုကို မရမနေ စားချင်တာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာ အချိုကဲတာကိုမှာ စားချင်တာ၊ ချဉ်ချဉ်စပ်စပ်ပဲ စားချင်တာ၊လက်ဖက်ကိုမှ စားချင်တယ် ဆိုတာမျိုးပါ။ တစ်ယောက် နဲ့ တစ်ယောက် မတူသလို တစ်လနဲ့ တစ်လမှာလည်း မတူနိုင်ပါဘူး။ရာသီလာခါနီးမှာ ဝက်ခြံတွေက အစုလိုက်ကို ထွက်တာပါ။ ဒါကတော့ ကိုယ်တွင်းမှာဟော်မုန်း အပြောင်းအလဲကြောင့် အခုလို ဝက်ခြံတွေ ထွက်လာရတာပါ။ မကုတ်မဖဲ့ဘဲ ထားလိုက်မယ်ဆိုရင် ရာသီရက် ပြီးတဲ့အခါ သူ့အလိုလို သက်သာသွားပါလိမ့်မယ်။ရင်သားတွေ တင်းနာ၊ ရင်သားထိပ်တွေ နာကျင်တာကို ခံစားရနိုင်ပါတယ်။ ဒါကတော့ ကိုယ်တွင်းမှာ prolactin ဟော်မုန်း များနေတာကြောင့်ပါ။ ဒါကြောင့်  သက်သာစေဖို့ဆိုရင်ရေနွေးဝတ်ကပ်ပေးလို့ရပါတယ်။ ဒါပေမယ့်ရာသီသွေးဆင်းတဲ့အခါ သူ့အလိုလို သက်သာသွား ပါလိမ့်မယ်။အိပ်လို့လည်း မပျော်ဘူး။ ခန္ဓာကိုယ်မှာလည်း အားမရှိသလို ပင်ပန်းနေတယ်ဆိုရင် ရာသီ လာခါနီးမှာ ဖြစ်လေ့ရှိတဲ့ ကိုယ်တွင်း ဟော်မုန်း အပြောင်းအလဲကြောင့်အိပ်စက်မှုကို အဟန့်အတား ဖြစ်စေပြီး ပင်ပန်းနေသလို ခံစားရတာပါ။ဗိုက် အထူးသဖြင့် ဆီးစပ်က တဆစ်ဆစ်ကိုက်တာမျိုး ခံစားရနိုင်ပါတယ်။ ဒါက တစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ အချို့က ရာသီ မလာခင် ၁ ပတ် ၂ ပတ် လောက်မှာကတည်းက ခံစားရလေ့ရှိပြီး အချို့က ရာသီသွေး စဆင်းချိန်မှာ ခံစားရတတ်ပါတယ်။ ရာသီသွေး ဆင်းနေချိန် ၂ ရက် ၃ ရက်လောက်အထိ ခံစားရနိုင်ပါတယ်။ရာသီမလာခင်ရက်တွေမှာ လက်ဖက်၊ လက်ဖက်ရည်၊ ကော်ဖီ စတာတွေကို မရမနေ စားချင်မိခဲ့မယ် ဆိုရင်တော့ ရာသီအကြိုလက္ခဏာ အနေနဲ့ ဝမ်းချုပ်တာကို ခံစားရနိုင်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ချဉ်ချဉ်စပ်စပ်ကိုမှ စားချင်နေတာဆိုရင်တော့ဝမ်းပျက်ဝမ်းလျှောတာကို ခံစားရနိုင်ပါတယ်။ဟော်မုန်း အပြောင်းအလဲနဲ့ ကိုယ်တွင်းမှာ ရေပမာဏ များနေတာကြောင့် လေပွတာမျိုး ခံစားရနိုင်ပါတယ်။ ဒီပြဿနာကို ကင်းချင်ရင်တော့ ဆား လျှော့စားပါ။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပါ။ လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ။ခေါင်းကိုက်ရတာက ကိုယ်တွင်းမှာ အက်စထရိုဂျင် ဟော်မုန်းပမာဏ များလာတာကြောင့်ပါ။ ဒီလို ကိုယ်တွင်းမှာ ရာသီမလာခင် ကာလမှာ အက်စထရိုဂျင် ဟော်မုန်း မြင့်တက်မှုက ခေါင်းကိုက်တာ၊ခေါင်းတစ်ခြမ်းကိုက်တာတွေကို ခံစားရစေနိုင်ပါတယ်။ကိုယ်တွင်းမှာ ဟော်မုန်းတွေ အပြောင်းအလဲ မြန်ဆန်လှတဲ့ ဒီကာလမှာ စိတ် အပြောင်းအလဲ မြန်တာကလည်း လေဒီလေး တော်တော်များများ ခံစားရနိုင်မယ့် ရာသီအကြိုလက္ခဏာ တစ်ရပ်ပါ။စိတ်ဓာတ်ကျတာ၊ စိတ်ထိခိုက်လွယ်တာ၊ ဒေါသဖြစ်လွယ်တာတွေကိုပါ ခံစားရနိုင်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/9-signs-your-period-is-coming/
မနက်စောစော ဂျင်း စားသင့်တဲ့ အကြောင်းအရင်း
ချင်း (ဂျင်း) က တရုတ်၊ အိန္ဒိယ၊ အာဖရိက နဲ့ ကာရေဗီယန် အပါအဝင် အခြားပူနွေးတဲ့ ရာသီဥတု အခြေအနေရှိတဲ့ နိုင်ငံတော်တော်များများမှာ ပေါက်ရောက်ကြပါတယ်။ ချင်း (ဂျင်း) က ဟင်းလျာတွေကို အနံ့အရသာ တိုးစေတာကြောင့် ထွေထွေထူးထူး ပြောပြနေစရာမလိုအောင် သိထားပြီးသားပါ။ ချင်း (ဂျင်း) ကဆေးဖက်ဝင်တယ်ဆိုတာကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက လက်ခံလာခဲ့ကြတာပါ။ချင်း (ဂျင်း) ကိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကာလတွေကတည်းက ဆေးဖက်ဝင်တဲ့ အရာတစ်ခု အဖြစ် လက်ခံခဲ့ကြတာပါ။ ချင်း (ဂျင်း) စားသုံးတာက။ချင်း (ဂျင်း) က ပူရုံ၊ စပ်ရုံ၊ ဟင်းရဲ့ အနံ့အရသာကို ပြည့်စုံစေရုံတင် မဟုတ်ပါဘူး။ အခုလိုအာဟာရဓာတ်တွေလည်း ကြွယ်ဝပါသေးတယ်။မနက်ခင်းစောစော ဂျင်း (ချင်း) စားပေးတာ က အခုလို အကျိုးကျေးဇူးလေးတွေ ရနိုင်ပါတယ်။နာကျင်ရောင်ရမ်းမှုက လူတော်တော်များများ ခံစားရနိုင်တဲ့ ပြဿနာ တစ်ခုပါ။ တစ်နေ့တာမှာ ထိတွေ့မိတဲ့ ဓာတုပစ္စည်းတွေ၊ အာဟာရ ပြည့်ဝ လုံလောက်အောင် မစားမိတာတွေက နာကျင်ရောင်ရမ်းမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံး ဖြေရှင်းဖို့ဆိုရင် နေထိုင်မှုပုံစံကို ပြောင်းလဲတာ နဲ့ စားသောက်မှုပုံစံကို ပြောင်းလဲတာပါ။ ဒါတွေကို ပြောင်းလဲမှုကနာတာရှည်နာကျင်မှုတွေကို အထိရောက်ဆုံး သက်သာစေနိုင်မှာပါ။ ဒီတော့မနက်ခင်းစောစောချင်း (ဂျင်း) ရေနွေးကြမ်းလေးတစ်ခွက်လောက် သောက်ပေးပါ။ဓာတ်တိုးပစ္စည်းတွေကြောင့်ခန္ဓာကိုယ်မှာ ထိခိုက်တာမျိုးတွေ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။အရက်တွေအလွန်အကျွံသောက်တာ၊ ဆေးလိပ်တွေ အရမ်းသောက်တာနဲ့ စိတ်ဖိစီးမှုဒဏ်ကို အချိန်ကြာမြင့်စွာ ခံစားရတာကြောင့် ခန္ဓာကိုယ်မှာ ခံစားရနိုင်တဲ့ ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။လေ့လာမှုတွေအရ သိရတာက ချင်း (ဂျင်း) ကို မနက်စောစော စားသုံးပေးတာက ကျောက်ကပ်ထိခိုက်တာ၊ ကျောက်ကပ် ပျက်စိးတာတွေ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။ ချင်း(ဂျင်း) ကကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။အစာမကြေတဲ့ အခါမျိုး၊ အော့အန်တာ နဲ့ မအီမသာဖြစ်တာမျိုးကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဒီ ပြဿနာတွေ ကင်းစေဖို့ဆိုရင် မနက်စောစော ဂျင်း (ချင်း) ရေနွေးကြမ်းလေး တစ်ခွက်လောက် သောက်ပေးပါ။သွေးတွင်း သကြားဓာတ်ကို ကျဆင်းစေနိုင်တယ်။ချင်း (ဂျင်း) ဆီးချိုရှိသူတွေ အနေနဲ့ မနက်ခင်းမှာ ချင်း (ဂျင်း) ရေနွေးကြမ်းတစ်ခွက် သောက်သုံးတာက သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်း သကြားဓာတ်ကို ထိန်းဖို့ပဲဖြစ်ဖြစ်၊ ဆီးချိုရောဂါရှိသူတွေ အနေနဲ့ သွေးချိုကို ထိန်းညှိဖို့ပဲဖြစ်ဖြစ် မနက်ခင်းမှာ ချင်း (ဂျင်း) ရေနွေးကြမ်းလေး သောက်သုံးပေးပါ။ချင်း (ဂျင်း) က သွေးတွင်း ကအကျိုးမပြုတဲ့ ကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပြီး နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်း ကိုလက်စထရောကျဆင်းပြီ ကျန်းမာစေဖို့ဆိုရင် ချင်း (ဂျင်း) ရေနွေးကြမ်း သောက်သုံးလို့ရပါတယ်။ကိုယ်အလေးချိန်ကျစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတာ၊ လေ့ကျင့်ခန်းလုပ်တာတွေအပြင် ချင်း (ဂျင်း)ရေနွေးကြမ်းပူပူလေး တစ်ခွက်သောက်ပေးတာကလည်း ခန္ဓာကိုယ်က အဆီပိုတွေကို သိသိသာသာ ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် ဝိတ်ကျချင်သူတိုင်း စဉ်းစားသင့်တဲ့ အချက်တစ်ခုလို့ ပြောပါရစေ။ဒီလိုပြောရတာက ချင်း (ဂျင်း) ကို ဒီအတိုင်းစားတာထက် များသောအားဖြင့်က ရေနွေးထဲ စိတ်သောက်တာ၊ ရေအေးထ​ည့် စိမ်သောက်တာ လုပ်ကြတာ များပါတယ်။ ဒီအတွက် လိုအပ်တဲ့ ရေဓာတ်က ဖြည့်ပြီးသား ဖြစ်သွားမှာ အသေအချာပါ။မနက်ခင်း စစချင်းမှာ ချင်း (ဂျင်း) စိမ်ထားတဲ့ ရေနွေးပဲဖြစ်ဖြစ်၊ ရေအေးပဲဖြစ်ဖြစ် သောက်ပေးတာက လိုအပ်တဲ့ ရေဓာတ်ပြည့်ဝနေစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ချင်းရဲ့ အာနိသင်က ဘယ်အချိန်စားစား ဒီတိုင်းမို့လို့ မနက်ပိုင်းမှာ မစားဖြစ်လည်း စိတ်မပူပါနဲ့။ ကျန်တဲ့အချိန်တွေမှာ သင့်တော်သလို စားပေးရင် အလားတူအကျိုးကျေးဇူးတွေ ရမှာပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/benefits-of-consuming-ginger-in-the-morning/
မျက်လုံးခြောက်သူတွေအတွက် ဓါတ်စာ
အမြင်အာရုံက သက်ရှိတွေအတွက် တော်တော်လေး အရေးကြီးပါတယ်။ တစ်ခုခုကို စတွေ့ပြီဆိုရင် အရင်ဆုံး ခံစားတာက အမြင်အာရုံနဲ့ပါ။ အမြင်အာရုံ မရှိဘူးဆိုရင် အန္တရာယ်ကိုတောင် ခွဲခြားဖို့ ခက်သွားမှာပါ။ ဒီတော့ အရေးကြီးတဲ့ အမြင်အာရုံကို တတ်နိုင်သမျှ မစောင့်ရှောက်သင့်ဘူးလား။ တစ်နေ့တာမှာ ကွန်ပျူတာတွေ အမြဲမပြတ်အသုံးပြုနေရသူဆိုရင် မျက်လုံးခြောက်တာ၊ မျက်စိတွေအောင့်တာမျိုး ကြုံရနိုင်ပါတယ်။ခန္ဓာကိုယ် ကျန်းမာရေးအတွက် ဗီတာမင်တွေနဲ့ အာဟာရဓာတ်တွေ လိုအပ်သလို အမြင်အာရုံ ကျန်းမာဖို့အတွက်လည်းဗီတာမင်နဲ့သတ္တုဓာတ်တွေလိုအပ်ပါတယ်။ တကယ်လို့ သင်က တစ်နေ့တာမှာ ကွန်ပျူတာတွေ၊ ဖုန်းတွေသုံးနေရလို့ မျက်လုံးတွေ ခြောက်နေပြီ ဆိုရင်တော့ ဒီအစားအစာလေးတွေနဲ့ အားဖြည့်လိုက်ပါနော်။မျက်လုံးခြောက်သူတွေအတွက် ဓါတ်စာ ကတော့။ငါးက အမြင်အာရုံကို ကျန်းမာစေနိုင်ပါတယ်။ ငါးစားတဲ့အခါ Omega – 3 fatty acids ကြွယ်ဝစွာ ပါဝင်နေတဲ့ ငါးတွေစားပေးပါ။ တူနာ၊ ဆာဒင်း၊ မက်ကာရယ်၊ ဆာဒင်းငါးနဲ့ ဆယ်လ်မွန်ငါးတို့စားသုံးပေးပါ။Omega-3 fatty acid နဲ့ ဗီတာမင် E တို့ ကြွယ်ဝစွာ ပါဝင်နေပြီး မျက်လုံးခြောက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံ ထိခိုက်တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သစ်ကြားသီး၊ သီဟိုဠ်သီး၊ မြေပဲတို့ကို စားသုံးပေးလို့ရပါတယ်။အခွံမာသီးတွေလိုပဲ Omega-3 fatty acid နဲ့ ဗီတာမင် E တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် မျက်လုံးအတွက် စားပေးသင့်ပါတယ်။ နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ အစေ့အဆန်တွေ ပါဝင်အောင်စားသုံးပေးပါ။ဓာတ်တိုးဆန့်ကျင် အာနိသင်ဖြစ်တဲ့ဗီတာမင် Cပါဝင်တာကြောင့် မျက်လုံးခြောက်တာနဲ့ အမြင်အာရုံ ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။လိမ္မော်သီး၊ သံပရိုသီး၊ ဂရိတ်ဖရုတို့စားပေးလို့ရပါတယ်။မျက်လုံးအတွက် အာဟာရဖြစ်တဲ့ ဗီတာမင် A ပါဝင်တာကြောင့် မျက်လုံး ကျန်းမာဖို့ စားပေးသင့်ပါတယ်။ ဒါကြောင့်နေ့စဉ် ဟင်းနုနွယ်၊ ကိုက်လန် နဲ့ တရုတ်နံနံတို့ကို စားပေးပါ။မုန်လာဥနီမှာ ဗီတာမင် A နဲ့ ဘီတာကယ်ရိုတင်းတို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဗီတာမင်က အမြင်အာရုံအတွက် အာဟာရ တစ်ခု ဖြစ်သလို မုန်လာဥနီမှာပါတဲ့ rhodopsin လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးက အမြင်လွှာက အလင်းကို စုပ်ယူနိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။ဘီတာကယ်ရိုတင်းနဲ့ ဗီတာမင် E ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အမြင်အာရုံ ကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ဇင့်ဓာတ်ပါဝင်မှုကြောင့် အမြင်အာရုံကို အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပါတယ်။ မျက်လုံးတွင်းက သွေးကြောလေးတွေကို ကျန်းမာစေနိုင်ပြီး အမြင်အာရုံကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးမှာပါ။ဗီတာမင် C၊ ဗီတာမင် E နဲ့ ဇင့်တို့ ပါဝင်တာကြောင့် မျက်လုံးခြောက်တာ ကင်းဝေးပြီး အမြင်အာရုံ ကျန်းမာစေဖို့ စားပေးသင့်ပါတယ်။ရေဓာတ်က ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းအတွက် အရေးပါတာပါ။ ဒါကြောင့် မျက်လုံးခြောက်တာ ကင်းစေဖို့ အကောင်းဆုံး သောက်စရာက ရေလို့ ပြောပါရစေ။ ရေဓာတ် ပြည့်ဝနေမှုက မျက်လုံးမခြောက်အောင် ကာကွယ်ပေးနိုင်မှာပါ။တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကြောင့် မျက်လုံးခြောက်တာမျိုး မဖြစ်စေဖို့ ဒီအချက်တွေကို သတိထားပေးလိုက်ပါနော်…..။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/foods-for-dry-eyes/
မွေးကင်းစတွေနဲ့ ကလေးငယ်တွေမှာ အိပ်စက်ခြင်းက ကလေးငယ်အဝလွန်ခြင်းနဲ့ သက်ဆိုင်နေသလား
အိပ်စက်ခြင်းဟာ လူသားတွေအတွက် အသက်အရွယ်မရွေး၊ ကျားမမရွေး ကိုယ်ခန္ဓါကျန်းမာရေးအတွက် အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်နေပါတယ်။ ကလေးတွေအတွက်ဆိုရင်တော့ အိပ်စက်ခြင်းက ပိုလို့ပိုလို့ အဓိကကျပါတယ်။ ကျန်းမာရေးပြဿနာတော်တော်များများဟာ အိပ်စက်ခြင်းနဲ့ ဆက်နွယ်နေပါတယ်။ အဝလွန်ခြင်းဟာလည်း ဒီထဲက တစ်ခုပါပဲ။လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုအကျော်လောက်ကတည်းက အသက် ၂နှစ်က ၅နှစ်ကြားကလေးတွေမှာ အဝလွန်ခြင်းဟာ ၂ဆလောက်မြင့်တက်လာပါတယ်။ ၆နှစ်က ၁၁နှစ်ကလေးတွေမှာတော့ ၃ဆလောက်နီးနီးဖြစ်လာသလို ၁၂ကနေ ၁၉နှစ်ထိ ဆယ်ကျော်သက်အရွယ်တွေမှာတော့ ၂ဆလောက်ဖြစ်လာပါတယ်။၂၀၁၀ခုနှစ်၊ စက်တင်ဘာ ၇ရက်နေ့ကလုပ်တဲ့ လေ့လာမှုတစ်ခုကတော့ ညဘက်မှာ ကောင်းကောင်းမွန်မွန် လုံလုံလောက်လောက် မအိပ်တဲ့ကလေးတွေဟာ သူတို့အရွယ်မရောက်ခင် အချိန်မှာတည်းက အဝလွန်ရောဂါဖြစ်ဖို့ ပိုလွယ်တယ်လို့ဆိုပါတယ။် ဒီလေ့လာမှုကပဲ နေ့လည်ဘက် တစ်ရေးတစ်မောအိပ်ခြင်းဟာ ညဘက်မှာ အိပ်စက်ခြင်းကို အစားမထိုးနိုင်ဘူးရယ်လို့လည်း ဆိုပြန်ပါတယ်။ကလေးတွေ၊ အိပ်စက်ခြင်းနဲ့ အဝလွန်ခြင်းကြားက ဆက်သွယ်ချက်တွေကို လေ့လာနိုင်ဖို့ Doctor Janice F. Bell နဲ့ ဝါရှင်တန်တက္ကသိုလ်က ဆရာ၊ ဆရာမတွေက လေ့လာမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ၁၉၃၀မှာ အသက် ၁၃နှစ်အထက် ကလေးတွေကို လေ့လာခဲ့ကြပါတယ်။ သူတို့တွေဟာ အချက်အလက်တွေကို ၂ကြိမ်ကောက်ခံပါတယ်။ ၁၉၉၇ခုနှစ်နဲ့ ၂၀၀၂ခုနှစ်နောက်ပိုင်းတွေမှာပါ။ကလေးတွေကို အုပ်စု ၂စုခွဲလိုက်ပါတယ်။ အသက်၄နှစ်အောက်ကလေးတွေအတွက် အုပ်စုတစ်ခုနဲ့ ၅နှစ်က ၁၃နှစကြားကလေးတွေအတွက် တစ်အုပ်စုပါ။ စစ်ဆေးမှုတွေအပြီးမှာ သူတို့တွေဟာ BMI ကိုအသုံးပြုပြီး လေ့လာခဲ့ကြတဲ့အခါ အုပ်စု၁ရဲ့ ၃၃%သောကလေးတွေနဲ့ အုပ်စု ၂ရဲ့ ၃၆%သောကလေးတွေဟာ အဝလွန်နေတာမျိုး၊ ဝနေတာမျိုးကို တွေ့ရှိခဲ့ရပါတယ်။ပိုငယ်တဲ့ကလေးတွေပါဝင်တဲ့ အုပ်စု၁အတွက်တော့ ညဘက်မှာအိပ်ချိန်တိုတောင်းခြငးဟာ ဝလာနိုင်ချေပိုများလာခြင်းနဲ့ ဆက်စပ်နေပါတယ်။ အုပ်စု၂မှာတော့ ပထမဆုံးကျောင်းတက်တဲ့နှစ်ရဲ့ အိပ်ချန်တွေကတော့ သူတို့ကိုယ်အလေးချိန်နဲ့ ဆက်စပ်မှုမရှိဘူးဆိုပါတယ်။ ဒါပေမဲ့ နောက်ထပ်နှစ်တွေမှာတော့ အိပ်ရေးမဝခြင်းဟာ ပုံမှန်အလေးချိန်ကနေ အဝလွန်ခြင်းကိုပြောင်းလဲသွားတဲ့နေရာမှာ တကယ်ကိုပါဝင်နေတာကိုတွေ့ရပါတယ်။ ဒါ့အပြင် နေ့ဘက်မှာ တစ်ရေးတစ်မောအိပ်ခြင်းဟာလည်း အဝလွန်လာနိုင်ခြင်းအတွက် အကျိုးသက်ရောက်မှု အနည်းငယ်ရှိတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ရလဒ်ကတော့ ကျေနပ်ဖွယ်ရာဖြစ်ပေမယ့် ဒီအခြေအနေရဲ့ နောက်ကွယ်ကအကြောင်းတရားကတော့ ပဟေဠိဖြစ်နေဆဲပါ။ လေ့လာသူတွေကလည်း အိပ်စက်ခြင်းဟာ ကလေးတွေရဲ့ စွမ်းအင်တွေအသုံးပြုပုံကို ဘယ်လို အနှောက်ယှက်ဖြစ်စေတယ်ဆိုတာ မသိကြသေးပါဘူး။ ဖြစ်နိုင်တာကတော့ ညဘက်မှာအိပ်ရေးမဝတာဟာ ဦးနှောက်ပင်ပန်းမှုနဲ့ ဇီဝဖြစ်စဉ်တွေအပေါ်လွှမ်းမိုးတာမျိုး ဖြစ်နိုင်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ညဘက် အိပ်ချိန်တိုတောင်းတာဟာ ကလေးတွေ အဝလွန်ရောဂါဖြစ်လာဖို့အတွက် အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာတော့ သေချာနေပါပြီ။ ဒါကြောင့် မိဘတွေအနေနဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ချစ်တဲ့ကလေးတွေရဲ့ အိပ်စက်ခြင်းပုံစံတွေ၊ အိပ်ချိန်တွေကို သေချာဂရုစိုက်ကြရအောင်..။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%b8%e1%80%85%e1%80%90%e1%80%bd%e1%80%b1%e1%80%94%e1%80%b2%e1%80%b7-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba/
ကွာစေ့ကောင် တွေက ကျန်းမာရေးကို ထိခိုက်စေသလား
ပုံမှာပြထားတဲ့ အကောင်လေးကို အိမ်တိုင်း အိမ်တိုင်းမှာ တွေ့ဖူးကြမှာပါ။ ဟိုထောင့် ဒီထောင့်မှာ ကပ်နေပြီး လက်နဲ့ သပ်ချလိုက်ရင် အထဲကနေ တွန့်တွန့် တွန့်တွန့်နဲ့ အကောင်သေးသေးလေး ထွက်လာပါတယ်။ ဒီကောင်လေးတွေကို ကွာစေ့ကောင် လို့ ခေါ်ပါတယ်။ ဒီကောင်လေးတွေ အိမ်မှာ ရှိနေတာက ကိုယ့်ရဲ့ ကျန်းမာရေးကိုများ ထိခိုက်စေမှာလား။ရုတ်တရပ်ကြည့်လိုက်ရင် ကွာစေ့လိုမျိုး ခပ်ပြားပြား ကြမ်းကြမ်းလေး ဖြစ်နေလို့ ကွာစေ့ကောင်လို့ ခေါ်ပေမယ့် ဒေသအလိုက် အခေါ်အဝေါ်တော့ ကွာနိုင်ပါတယ်။ သိပ္ပံနာမည်ကတော့Phereoeca uterellaလို့ ခေါ်ပါတယ်။သူ့မှာ ဥ၊ သားလောင်း၊ ပိုးတုံးလုံးအဆင့်နဲ့ အရွယ်ရောက်ပြီးချိန်ဆိုပြီး အဆင့်ဆင့်ကြီးထွားလာပါတယ်။ ကွာစေ့လိုမျိုး ခပ်ပြားပြား ဖြစ်နေတာက သားလောင်းနဲ့ ပိုးတုံးလုံးအစောပိုင်း အဆင့်တွေမှာပါ။ ဒီအဆင့်တွေမှာ သူတို့ရဲ့ ခန္ဓာကိုယ်ကို ပြင်ပပစ္စည်းတွေနဲ့ အကာအကွယ်လုပ်ထားတာပဲ ဖြစ်ပါတယ်။သားလောင်းတို့၊ ပိုးတုံးလုံးတို့အဆင့်မှာ အကောင်လေးတွေက သာမန်မျက်စိနဲ့ ကြည့်မယ်ဆိုရင် တော်တော်ကို သေးပါတယ်။ အပြင်က အခွံရှိနေတာကြောင့်သာ ကွာစေ့ကောင် တွေကို မြင်လွယ်တာပဲ ဖြစ်ပါတယ်။အပြင်ခွံကို သူတို့ကိုယ်က ထွက်တဲ့ ချည်မျှင်လို အရာတွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး အခွံရဲ့ အပြင်ဘက်မှာတော့  သဲ၊ ဖုန်မှုန့်၊ တခြားအင်းဆက်တွေရဲ့ အညစ်အကြေးတွေ၊ ဆံပင်စ၊ ချည်မျှင် စတာတွေနဲ့ လုပ်ထားတာဖြစ်ပါတယ်။ဒီအခွံလေးက သူတို့ရဲ့ အိမ်၊ ပုန်းခိုရာနေရာဆိုလည်း မမှားပါဘူး။ ဒီအခွံလေးနဲ့ ကာပြီး တစ်နေရာကနေ တစ်နေရာကို သွားတာ၊ အစာရှာတာ လုပ်ကြပါတယ်။သူတို့တွေကို ဟိုကြား ဒီကြား၊ အိမ်နံရံ၊ အဝတ်ဘီရို၊ ပင့်ကူမျှင် ရှိတဲ့နေရာတွေမှာ တွေ့ရတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ အစာက အဲ့နေရာတွေမှာ ရှိလို့ပါ။ကွာစေ့ကောင် တွေက အဓိကအားဖြင့် ပိုးချည်မျှင်နဲ့ အလားတူတာတွေကို စားကြပါတယ်။ များသောအားဖြင့်တော့ ပင့်ကူမျှင်ပေါ့။ ဒါ့ပြင် သူနဲ့ မျိုးတူကောင်တွေရဲ့ အခွံတွေက အမျှင်တွေကိုလည်း စားတတ်ပါတယ်။ဒါ့ပြင် တိရိစ္ဆာန်အမွေးတွေ၊ လူရဲ့ ဆံချည်မျှင်တွေ၊ သိုးမွေးထည်ကိုလည်း စားတတ်ပါတယ်။ကွာစေ့ကောင်တွေက အဆိပ်လည်း မရှိသလို ကိုက်တာ၊ တုပ်တာလည်း မလုပ်တတ်ပါဘူး။ ဒါပေမဲ့ သူ့အခွံမှာက ဖုန်တွေ၊ သဲတွေ ပါလာတဲ့အခါကျတော့ တချို့သူတွေမှာ ထိမိရင် ယားယံတာ ဖြစ်တတ်ပါတယ်။အခွံမှာ တခြားအင်းဆက်တွေရဲ့ အညစ်အကြေးတွေ ပါတတ်တော့ ဒါတွေနဲ့ မတည့်ဘူးဆိုရင်ဓာတ်မတည့်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာရင်တော့ ယားတဲ့နေရာကို ရေသေချာဆေးပြီး ရေခဲဝတ်ကပ်တာ၊ ကယ်လမင်း လိုးရှင်းလိမ်းတာတွေ လုပ်ပေးနိုင်ပါတယ်။ဒါကလွဲလို့ တခြားကြီးကြီးမားမား ကျန်းမာရေးပြဿနာ မရှိသလို အသက်အန္တရာယ်လည်း မပေးနိုင်ပါဘူး။ကွာစေ့ကောင်တွေက ကျန်းမာရေးကို မထိခိုက်စေဘူးဆိုပေမယ့် ဟိုဟိုဒီဒီ တွေ့လာရတဲ့အခါအိမ်သန့်ရှင်းရေးကို ထိခိုက်လာပါတယ်။ သိုးမွေးတွေက သူ့အစာဖြစ်တဲ့အတွက် ကိုယ့်အိမ်က အဝတ်အစားတွေ ပျက်စီးတာမျိုး ဖြစ်တတ်ပါတယ်။ဒါကြောင့် ကွာစေ့ကောင်တွေက ကိုယ့်အတွက် အနှောင့်အယှက်ဖြစ်လာပြီဆိုရင် အကောင်းဆုံး နည်းလမ်းက အိမ်သန့်ရှင်းရေးကို သေချာ လုပ်ဖို့ပါပဲ။ဒါဆိုရင်တော့ အစာမရှိတော့တဲ့အတွက် ကွာစိကောင် တွေလည်း တဖြည်းဖြည်း နည်းသွားမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/infections-from-insects/health-risks-of-household-casebearer/