title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
အသည်းရောဂါအတွက် အထူးအစားအစာများ
အသည်းရောဂါမှန်း အဖြေရှာအတည်ပြုပြီးတာနဲ့ လူနာတွေမေးလေ့ရှိတဲ့မေးခွန်းတွေဟာ အစားအစာ၊ လေ့ကျင့်ခန်းတွေနဲ့ ပတ်သက်သော အကြောင်းအရာတွေဖြစ်ပါတယ်။ မေးလေ့ရှိတဲ့မေးခွန်းတွေကတော့ အသည်းအတွက် ဘယ်အစားအစာတွေက ကောင်းလဲ၊ ပရိုတိန်းဓါတ် ဘယ်လောက်စားရမလဲ၊ လေ့ကျင့်ခန်းလုပ်ခြင်းက ကောင်းလား၊ ဘယ်အားကစားမျိုးတွေ မလုပ်သင့်ဘူးလဲ စတာတွေဖြစ်ပါတယ်။အသည်းရောဂါလူနာတွေမှာ အချို့အစားအစာတွေကို အတိုင်းအတာပမာဏနဲ့ စားသင့်ပါတယ်။ ဒါကိုပြစ်ဒဏ်တစ်ခုလို မစဉ်းစားဘဲနဲ့ အသည်းကျန်းမာဖို့အတွက် လှေကားထစ်တစ်ဆင့်လို့မှတ်သင့်ပါတယ်။ဆရာဝန်ဆီသွားပြီး အသည်းရောဂါအတွက် ဘာစားသင့်လဲလို့ မတောင်းဆိုရဲကြပါဘူး။ အသည်းရောဂါအမျိုးအစား (သည်းခြေလမ်းကြောင်းကြောင့်ဖြစ်တဲ့ အသည်းခြောက်ခြင်း အရက်ကြောင့်ဖြစ်တဲ့ အသည်းခြောက်ခြင်း)၊ အသည်းရောဂါအဆင့် ( အပျော့စားအသည်းရောဂါ၊ ဆိုးရွားပြင်းထန်တဲ့အသည်းရောဂါ) စတဲ့အခြေအနေတွေပေါ်မူတည်ပြီး အသည်းရောဂါအတွက် အစားအစာကို စံသတ်မှတ်ထားလို့မရပါဘူး။ လူတစ်ယောက်ချင်းစီမှာ အာဟာရဆိုင်ရာလိုအပ်မှုတွေရှိပြီး ထိုလိုအပ်မှုတွေကလည်း အချိန်တိုင်းပြောင်းလဲနေပါတယ်။အသည်းရောဂါသည်တွေအတွက် တစ်နေ့လုံး အစာနည်းနည်းစီ စားခြင်းက စွမ်းအင်များများရရှိပြီး အစာချေဖို့ လွယ်တာကြောင့် အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ သိရှိထားပါတယ်။ အကယ်၍ တစ်စုံတစ်ယောက်က တစ်နေ့သုံးနပ်ဘယ်လိုစားရမလဲ ဆိုလာရင် မနက်စာကိုဘုရင်လိုစားပါ၊ နေ့လည်စာကိုမင်းသားလိုစားပါ၊ ညစာကိုသူတောင်းစားလိုစားပါ လို့ပြောကြပါတယ်။ မတူတဲ့အစာအုပ်စုအသီးသီးမှာ ကယ်လိုရီပါဝင်မှုတွေ မတူနိုင်ပါဘူး။ ပရိုတိန်း၊ ကာဗိုဟိုက်ဒရိတ် တစ်ဂရမ်မှာ လေးကယ်လိုရီပါပြီး အဆီတစ်ဂရမ်ကနေ ကိုးကယ်လိုရီရနိုင်ပါတယ်။အရက်တစ်ဂရမ်ကနေ ၇ ကယ်လိုရီရပါတယ်။ အရက်ကြောင့် ပရိုတိန်း၊ ကာဗိုဟိုက်ဒရိတ် စားခြင်းထက် စွမ်းအင်ပိုရနိုင်ပြီး အဆီထက် စွမ်းအင်ထောက်ပံ့မှုအနည်းငယ်နည်းပါတယ်။ အရက်က စွမ်းအင်ပေးနိုင်သော်လည်း အာဟာရတော့မပေးနိုင်ပါဘူး။ အရက်က အကျိုးမရှိတဲ့ ကယ်လိုရီတွေကိုပဲပေးနိုင်ပါတယ်။သိပ်မဆိုးတဲ့အသည်းရောဂါသည်တွေအတွက် သင့်တင့်မျှတတဲ့ အစားအစာလို့ပြောရင် အောက်ပါအချက်တွေအကုန်ပါရပါမယ်။ (လူတိုင်းအတွက် အသည်းရောဂါမရှိတဲ့လူတွေတောင် စားသင့်တဲ့ ကျန်းမာရေးနဲ့သင့်တော်တဲ့ အစားအစာတွေဖြစ်ပါတယ်။ )။အစားတွေစားလိုက်တဲ့အချိန်တိုင်းမှာ သင့်အသည်းဟာ သင့်တော်တဲ့အင်္ဂါအစိတ်အပိုင်းဆီ သင့်တင့်တဲ့အာဟာရရဖို့ အမြဲတမ်း ထိန်းညှိပေးရပါတယ်။ ကျန်းမာတဲ့လူတစ်ယောက်အတွက် အလိုအလျောက်ထိန်းညှိပေးနေနိုင်ပါတယ်။ အသည်းမကောင်းတဲ့လူမှာတော့ အမျိုးမျိုးသောအာဟာရအတွက် သင့်တင်အောင်စီစဉ်ပေးတဲ့နေရာမှာ ပြဿနာရှိလာပါတယ်။ အာဟာရဟာ သက်တမ်းတစ်လျှောက် နောက်ထပ်ထိခိုက်မှုတွေကိုနည်းဖို့ စွမ်းဆောင်နိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%a1%e1%80%9e%e1%80%8a%e1%80%b8%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%a1%e1%80%91%e1%80%b0%e1%80%b8%e1%80%a1%e1%80%85%e1%80%ac/
ကိုယ့်ကိုယ်ကိုယ် ချစ်တတ်စေဖို့ လေဒီလေးတို့ မွေးမြူသင့်တဲ့ အလေ့အထလေးများ
ကိုယ့်ကိုယ်ကိုယ် ချစ်တတ်စေဖို့ လေဒီလေးတို့ မွေးမြူသင့်တဲ့ အလေ့အထလေးများ ကတော့။တစ်ခါတလေမှာ ကိုယ့်အပေါ် မကောင်းမှန်း သိပေမယ့် မပစ်ရက်တဲ့နေရာမှာ ထိပ်ဆုံးက ရပ်တည်နေသူတွေက လေဒီလေးတွေပါ။ ဒီလိုလူတွေကို မပစ်နိုင်တာက ကိုယ့်ကိုယ်ကိုယ် မချစ်ရာရောက်တယ်ဆိုတာကို သတိထားမိရဲ့လား။ ကိုယ့်ကိုယ်ကိုယ် ချစ်တယ်ဆိုရင်အဆိပ်အတောက် ဖြစ်စေတဲ့သူတွေကြောင့် ကိုယ်ရောစိတ်ပါ ဆင်းရဲမှုကို မခံပါနဲ့။တစ်ခုခုကို ဆုံးဖြတ်တဲ့အခါ ပင်ကိုယ်အသိကိုလည်း မေ့မထားပါနဲ့။ ဒါကြောင့် တစ်ခုခုကို ဆုံးဖြတ်တော့မယ်ဆိုရင် အခြားသူတွေ ပြောတာထက် ကိုယ့်ဆုံးဖြတ်ချက်ကို ယုံကြည်ပါလို့ ပြောပါရစေ။လေဒီလေးတွေက မွေးရာပါ အနစ်နာခံတတ်ကြသူတွေပါ။ အခြားသူတွေကို အရင် ကိုယ့်ကိုယ်ကိုယ်က နောက်ဆိုတာက လေဒီလေးတွေပေါ့။ ဒီတော့ အမြဲတမ်း သူများကို ဦးစားပေးတတ်သူလေးတွေ အနေနဲ့ တစ်ခါတလေလည်း ကိုယ့်ကိုယ်ကိုယ် အရင် ဦးစားပေးဖို့ မမေ့ပါနဲ့။အခြားသူတွေကိုပျော်ရွှင်အောင်လုပ်ပေးရင်း ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်ခွင့် ပေးဖို့ မေ့နေပြီလား! ဒါဆိုရင်တော့ အခုကစပြီး ကိုယ်တိုင် ဝါသနာပါရာလေးတွေ လုပ်ဆောင်ခွင့်ပေးရင်း ပျော်ရွှင်အောင် ကိုယ့်ကိုယ်ကိုယ် လုပ်ဆောင်ပေးလိုက်နော်။နေ့စဉ်မှာကိုယ်လက်လေ့ကျင့်ခန်းပုံမှန် လုပ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ၁၅ မိနစ်ကနေ နာရီဝက်လောက် ပုံမှန်လေး ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးပါ။ကိုယ်တိုင်ကျန်းမာရေးအတွက် ကျန်းမာရေးကို ပုံမှန်စစ်ဆေးတာ ကျန်းမာရေးကို သေချာလေး ဂရုစိုက်ပေးဖို့လည်း မမေ့ပါနဲ့။ ဒါကြောင့် ကျန်းမာရေးကို ပုံမှန်လေး ဂရုစိုက်ပေးပါ။ကဲ …. ဒီအလေ့အထလေးတွေကို မွေးမြူပြီး ကိုယ့်ကိုယ်ကိုယ် ချစ်တတ်တဲ့ လေဒီလေးတွေအဖြစ် နေ့ရက်တိုင်းကို ရှေ့ဆက်လိုက်ပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/simple-habits-that-promote-self-love-habits-for-ladies/
Sore Throat (လည်ချောင်းနာခြင်း)
လည်ချောင်းနာခြင်းကို လည်ချောင်းရောင်ခြင်း (Pharyngitis) ဟုလည်းခေါ်ပါတယ်။ ပိုးဝင်၍ လည်ချောင်းနာကျင်သော ရောဂါတစ်ခုဖြစ်ပြီး အဖြစ်များပါတယ်။ လူနာသည် လည်ချောင်းတစ်လျှောက် နာကျင်ပူလောင်ခြင်းကို ခံစားရ၍ မသက်မသာဖြစ်ရတယ်။အထူးသဖြင့် အစာမြိုချရ ခက်ခဲတတ်တယ်။ ဒီရောဂါဟာ အများအားဖြင့် ထိခိုက်မှုမရှိဘဲ တစ်ပတ်အတွင်း အလိုအလျောက် ပျောက်သွားတတ်တယ်။မည်သည့်အသက်အရွယ်မဆို ဒီရောဂါဖြစ်တတ်ပါတယ်။ ရောဂါဖြစ်ပွားနှုန်းကို မြင့်စေသော အကြောင်းရင်းများကို လျှော့ချခြင်းဖြင့် စီမံနိုင်တယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အဖြစ်အများဆုံးကတော့ လည်ချောင်းတစ်လျှောက် နာကျင်နေခြင်းပဲဖြစ်တယ်။ ရောဂါဖြစ်စေ သော အကြောင်းရင်းပေါ်မူတည်၍ နားကို၊ ဖျားနာ၊ အာသီးရောင်၊ လည်ပင်းနာ၊ စကားပြောရင်နာ၊ မြိုချရင်နာ၊ လည်ချောင်းနီရဲ၊ နှာစေး၊ အိပ်ရင်ဟောက်ပြီး အသက်ရှူရခက်၊ တံတွေးကျ၊ တစ်ကိုယ်လုံး ကိုက်ခဲ၊ လည်ပင်းအကျိတ်များ ရောင်ရမ်းနာကျင်ခြင်း စသည်တို့ ဖြစ်နိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့ အထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာများလည်း ရှိနိုင်ပါသေး တယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ် သင့်ပါတယ်။• ရောဂါသည် (၇)ရက် ထက်ပိုပြီးကြာနေခြင်း။• စကားပြော၊ အသက်ရှူရင်နာလျှင် သို့မဟုတ် ပါးစပ်ဟရခက်ခဲနေခြင်း။• လည်ချောင်းနာရုံသာမက မေးရိုးနဲ့ နားထင်ရိုးကို ဆက်ထားသောအဆစ်မှ (Temporomandibular join) မှ နာနေခြင်း (သို့မဟုတ်) နားကိုက်ခြင်း။• လည်ချောင်းနာပြီး အရေပြားတွင် အင်ပျဉ်ထခြင်း (သို့မဟုတ်) အဖျား(၃၈)ဒီဂရီစင်တီဂရိတ် ထက်ကျော်ခြင်း။• တံတွေး (သို့မဟုတ်) သလိပ်တွင် သွေးပါခြင်း။• လည်ပင်းတွင် အကျိတ်ထွက်လာခြင်း။• နှစ်ပတ်ထက်ကျော်ပြီး အသံနာနေခြင်း။အများအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တယ်။ လေထုညစ်ညမ်းခြင်း၊ အရက်၊ ဓါတ်မတည့် ပစ္စည်းများ၊ ဘတ်တီးရီးယား၊ ဓါတုပစ္စည်းများနဲ့ ဆေးလိပ်သောက်ခြင်းကလည်း လည်ချောင်းနာစေ တတ်ပါတယ်။ ထို့ပြင် ရာသီဥတုအေးလာရင်လည်း အဖြစ်များတယ်။ ဆီးပူညောင်းကျဂနိုရောဂါပိုးနဲ့ chlamydia ရောဂါပိုးများသည်လည်း လည်ချောင်းနာခြင်းကို ဖြစ်စေနိုင်သော်လည်း အဖြစ်နည်း ပါတယ်။လည်ချောင်းနာခြင်းဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် –။• ကလေးငယ်များ (သို့မဟုတ်) ကိုယ်ခံအားနည်းသူများ။• လူထူထပ်သောနေရာတွင်နေခြင်း (သို့မဟုတ်) စာသင်ခန်း၊ ဆေးရုံ၊ ရုံးကဲ့သို့ အခန်းကျဉ်းတွင် စုပြုံနေခြင်း။• ဆေးလိပ်ငွေ့ရှုရှိုက်မိခြင်း (ကိုယ်တိုင်ဆေးလိပ်မသောက်သော်လည်း သောက်သောသူထံမှ ဆေးလိပ်ငွေ့များကို တစ်ဆင့်ရှုရှိုက်မိခြင်း)။• ဖုန်မှုန့်၊ တိရစ္ဆာန်အမွေး၊ ပန်းဝတ်မှုန်တို့နဲ့ ဓါတ်မတည့်ခြင်း။• နာတာရှည် နှာခေါင်းတွင်းရှိ အမြှေးပါးရောင်ခြင်း (chronic rhinitis) (သို့မဟုတ်) မကြာခဏ နှာခေါင်းအမြှေးပါးရောင်ခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ဆရာဝန်က သင့်ရောဂါရာဇဝင်ကိုမေးပြီး နားနဲ့လည်ချောင်းကို စမ်းသပ်စစ်ဆေးပြီးရောဂါ ကို အတည်ပြုပါတယ်။ တကယ်လို့ သင့်မှာ Streptococcus ပိုး(လည်ချောင်းနာရောဂါကိုဖြစ်စေသော ပိုး)ဝင်နိုင်ချေရှိရင် သင့်ဆရာဝန်က သင့်လည်ချောင်းထဲမှ အရည်ကို စမ်းသပ်စစ်ဆေးပါမယ်။ Glandular fever (သွေးဖြူဥနှုန်းမြင့်မားကာ အဖျားတက်စေသောရောဂါ) ကဲ့သို့သော အခြားရောဂါ များ ရှိတယ်ဟု သံသယရှိလျှင် သင့်ကို သွေးစစ်ခိုင်းပါလိမ့်မယ်။အများအားဖြင့် အလိုအလျောက်ပျောက်သည်ကများတယ်။ အဖျားနဲ့ အနာသက်သာအောင် ပါရာစီတမော သောက်နိုင်တယ်။ ပိုးဝင်ခြင်းကြောင့် ဖြစ်တယ်လို့ သံသယရှိရင် သင့်ဆရာဝန်က ပဋ္ဋိဇီဝဆေးများ ပေးပါလိမ့်မယ်။ သို့သော် သင်ခံစားနေရသည်မှာ ဗိုင်းရပ်စ် ပိုးကြောင့်ဆိုရင် ဘတ်တီးရီးယားပိုးသတ်ဆေးက အသုံးမဝင်ပါ။ ရေနွေးသောက်ခြင်း (သို့မဟုတ်) ပျားသံပရာဖျော်ရည်သောက်ခြင်းက သင့်ရောဂါသက်သာအောင် ကူညီပါလိမ့်မယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/sore-throat-%e1%80%9c%e1%80%8a%e1%80%ba%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%ac%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
Broken nose (နှာရိုးကျိုးခြင်း)
နှာရိုးကျိုးခြင်းသည် နှာခေါင်းအတွင်းရှိအရိုးများ ကျိုးခြင်းကြောင့်ဖြစ်သည်။ အဓိကကျိုးသောအကြောင်းအရင်းများမှာ အားကစားပြုလုပ်ခြင်း ရန်ဖြစ်ခြင်း မော်တော်ကား မတော်မဆမှု မော်တော်ကားပေါ်မှပြုတ်ကျခြင်းများကြောင့်မျက်နှာအားထိခိုက်တတ်သည်။ နှာရိုးကျိုးခြင်းသည် နှာခေါင်းတစ်လျောက် နှင့်မျက်စိတွင် နာခြင်း ယောင်ခြင်း အညိုအမဲစွဲခြင်းတို့ဖြစ်တတ်သည်။ နှာခေါင်းရိုးလိမ်နေတတ်ပြိး အသက်ရူရခက်တတ်သည်။ကုသမှုတွင် ကျိုးနေသောအရိုးနှစ်ခုအားပြန်ညှိုရန်လိုတတ်သည်။ ခွဲစိတ်မှုများသောအားဖြင့်မလိုတတ်ပါ။ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။နှာရိုးကျိုးခြင်းရဲ့် အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့-။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အောက်ပါအချက်များရှိပါကဆရာဝန်နှင့်တိုင်ပင်ပါ။ရုတ်တရက်ထိခိုက်မိခြင်းကြောင့်အဓိကဖြစ်သည်။ မျက်နှာနှင့် လည်ပင်းထိခိုက်မှုများကြောင့်အဓိကဖြစ်သည်။ အဓိကဖြစ်သောအကြောင်းရင်းများမှာ။နှာရိုးကျိုးခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။စမ်းသပ်မှုပြုလုပ်၍သိနိုင်သည်။ သင့်မျက်နှာနှင့်နှာခေါင်းအားကြည့်ခြင်း ထိ၍စမ်းခြင်းများလုပ်လိမ့်မည်။ အရမ်းနာပါက မစမ်းသက်ခင်ထုံဆေးပေးလိမ့်မည်။ဆရာဝန်မှ ဖောင်းတာသက်သာပြီး နှစ်ရက်သုံးရက်မှပြန်လာရန်ခေါ်နိုင်သည်။ ထိုအချိန်တွင် ဒဏ်ရာအားပိုမြင်နိုင်သောကြောင့်ဖြစ်သည်။ ထိခိုက်မှုပြင်းထန်ပါကသို့မဟုတ် အခြားမျက်မှာဒဏ်ရာများနှင့်တွဲနေပါက ဓါတ်မုန် သို့မဟုတ် ကွန်ပြူတာဓါတ်မုန်ကိုရိုက်ခိုင်းလိမ့်မည်။ ထိုသို့ရိုက်ခြင်းဖြင့် သင်၏နှာခေါင်းနှင့်မျက်နှာ ပျက်စီးမှုအခြေအနေကိုသိနိုင်သည်။မပြင်းထန်ပါက(ကွေးကောက်ခြင်း)များမရှိပါက ကုသမှုအကြီးစားများမလိုအပ်ပါ။ လွယ်ကူပြီးကိုယ်တိုင်လုပ်နိုင်သောနည်းလမ်းများကိုဆရာဝန်မှသင်ပေးလိမ့်မည်။ ဥပမာ-။ရေခဲကပ်ခြင်း နှင့် ဆေးဆိုင်တိုင်းတွင်ဝယ်နိုင်သောဆေးများကိုသောက်စေခြင်း။နေရာလွဲခြင်းအားပြင်ဆင်ခြင်း။နှာခေါင်းအား လက်ဖြင့်ပြန်တည့်ခြင်းသို့မဟုတ် ခွဲစိတ်ခြင်းများလိုအပ်နိုင်သည်။လက်ဖြင့်ပြန်တည့်ခြင်း။နှာရိုးကျိုးခြင်းသည် အရိုးနှင့်အရိုးနုအားနေရာပြောင်းစေခြင်းရှိပါက ဆရာဝန်မှလက်ဖြင့်ပြန်တည့်ရန်ကြိုးပမ်းလိမ့်မည်။ အရိုးကျိုးပြီး ၁၄ရက်အတွင်းသို့မဟုတ် စောလေကောင်းလေဖြစ်သည်။လုပ်ဆောင်ချက်များတွင်သင့်အားသက်သာစေရန်နှာခေါင်းသိုဆေးထိုးခြင်းသို့မဟုတ် နှာခေါင်းဆေးဖြန်းခြင်းပြုလုပ်လိမ့်မည်။ နှာခေါင်းကြည့်ကိရိယာဖြင့်နှာခေါင်းအားဖွင့်မည်။ အထူးကိရိယာများဖြင့် သင့်နှာခေါင်းရိုးနှင့် အရိုးနုအားပြန်တည့်မည်။ နှာခေါင်းအားကြပ်စီးစီးပေးပြီး အပြင်မှ ပတ်တီးစီးပေးလိုက်လိမ့်မည်။ အတွင်းမှကြပ်စီးသည် အချိန်အနည်းငယ်ကြာကြာလိုတတ်သည်။ တပါတ်လောက်လိုနိုင်သည်။ အဏုဇီဝပိုးသတ်ဆေးသောက်ရန်လိုအပ်လိမ့်မည်။ခွဲစိတ်ခြင်း။အရိုးကျိုးမှပြင်းထန်ပါက ၊ ၁၄ရက်ထက်ကြာသည်အထိဆေးကုသမှုမခံယူခဲ့ပါက လက်ဖြင့်တည့်ခြင်းနှင့်မရနိုင်တော့ပါ။ ထိုသိုေ့သာအခြေအနေများတွင် ခွဲစိတ်မှုလိုအပ်မည်ဖြစ်သည်။အကယ်၍ နှာရိုးဆက်ကြားကိုပျက်စီးသွားပါက ပိတ်ခြင်းသို့မဟုတ် အသက်ရူကြပ်ခြင်းများဖြစ်တတ်သည်။ ပြန်လည်ပြုပြင်တည်ဆောက်မှုလိုအပ်သောခွဲစိတ်မှုများလိုတတ်သည်။ များသောအားဖြင့် ပြင်ပလူနာဌာနတွင်ပြုလုပ်သည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် နှာရိုးကျိုးခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။မြန်မြန်ဆန်ဆန်လှုပ်ရှားပါ။ အရိုးကျိုးမှုစတင်သည်နှင့် ပါးစပ်ဖြင့်အသက်ရူပါ။ ရှေ့သို့ကိုင်းထားခြင်းဖြင့် သွေးများ လည်ပင်းသို့ပြန်လည်စီးဝင်ခြင်းကိုသက်သာစေနိုင်ပါတယ်။ရေခဲအသုံးပြုပါ။ ဒဏ်ရာဖြစ်ပြီး ချက်ချင်းရေခဲကပ်ပါ။ ပထမ ၂၄နာရီမှ ၄၈ နာရီအတွင်းတနေ့လေးခါကပ်ပေးခြင်းဖြင့် ဖောင်းခြင်းအားသက်သာစေနိုင်သည်။ တခါကပ်ပါက ဆယ်မိနစ်ဆယ့်ငါးမိနစ်ခန့်ကပ်ပါ။ အေးလွန်း၍အသားပုပ်ခြင်းမဖြစ်စေရန်အဝတ်စတွင်ရေခဲပတ်၍ကပ်ပါ။ ဖိအားသိပ်မထည့်ပါနှင့်။ ဖိအားဖြင့်ကပ်ပါက နှာခေါင်းအားပိုနာစေတတ်သည်။အနာသက်သာစေသောဆေး။ ဆေးဆိုင်တိုင်းတွင်ရနိုင်သောအနာသက်သာစေသောဆေး (အက်စီတာမီနိုဖန် (တိုင်လီနော နှင့်အခြား) အိုင်ဗျူပရိုဖန်(အက်ဗေး၊မော်တရေး အိုင်ဗီ နှင့်အခြား) သို့မဟုတ် နက်ပရိုဇန် ဆိုဒီရန် (အက်ဖ် နှင့်တခြား)တို့လိုနိုင်သည်။ခေါင်းကိုမြင့်၍ထားပါ။ အိပ်နေချိန်တွင် ခေါင်းအားမြင့်ထားပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဖောင်းခြင်းခေါင်းကိုက်ခြင်းအားသက်သာစေသည်။လှုပ်၇ှားမှုကိုကန့်သတ်ပါ။ ကုသမှုပြီး ပထမနှစ်ပါတ်တိုင်အောင် အားကစားမလုပ်ပါနှင့်။ ထိခိုက်နိုင်သောအားကစားအား အနည်းဆုံးခြောက်ပါတ်ထိရှောင်ပါ။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/broken-nose-%e1%80%94%e1%80%be%e1%80%ac%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
Brain AVM (arteriovenous malformation) (ဦးနှောက်သွေးလွှတ်ကြောနှင့်သွေးပြန်ကြော မှားယွင်းဆက်သွယ်မ)
AVM ဆိုတာ ဦးနှောက်ကိုထောက်ပံ့ပေးနေတဲ့ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတို့ ပုံမှန်မဟုတ်စွာ ဆက်သွယ်နေခြင်းဖြစ်တယ်။သွေးလွှတ်ကြောတွေဟာ အောက်စီဂျင်ကြွယ်ဝတဲ့ သွေးတွေကို ဦးနှောက်ဆီထောက်ပံ့ဖို့ဖြစ်ပြီး သွေးပြန်ကြောတွေကတော့ အောက်စီဂျင်မရှိတော့တဲ့ သွေးတွေကို အဆုတ်နဲ့ နှလုံးဆီကို ပို့ပေးဖို့ဖြစ်တယ်။ ဒါကြောင့် AVM ဖြစ်ပေါ်လာပါက ထိုအသက်သွေးကြောဖြစ်စဉ်ကို အနှောင့်အယှက်ပေးပါတယ်။အလွန်ရှားပါးပြီး ပျမ်းမျှလူဦးရေရဲ့ ၁ ရာခိုင်နှုန်းလောက်မှာသာ ဖြစ်ပေါ်လေ့ရှိတယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ထိုသွေးလွှတ်ကြောနဲ့ သွေးပြန်ကြော ပုံမှန်မဟုတ်ဆက်သွယ်နေရာမှ ပေါက်ပြီးသွေးမယိုမချင်း လက္ခဏာပြခဲပါတယ်။ ထိုကဲ့သို့အခြေအနေတွေရဲ့ တဝက်လောက်မှာ သွေးယိုခြင်းက ပထမဆုံးလက္ခဏာဖြစ်တယ်။ဒါပေမယ့် တချို့တွေမှာကျတော့လည်း သွေးယိုခြင်းအပြင် တခြားလက္ခဏာတွေခံစားရနိုင်ပါတယ်။သွေးယိုခြင်းမရှိသေးဘဲ လက္ခဏာစတင်ခံစားရသူတွေမှာ တွေ့ရတဲ့ လက္ခဏာတွေကတော့-။တချို့တွေမှာတော့ နေရာကိုမူတည်ပြီး ပြင်းထန်တဲ့ အာရုံကြောဆိုင်ရာလက္ခဏာတွေခံစားရတတ်ပါတယ်။လက္ခဏာတွေက အရွယ်မရွေးမှာ ဖြစ်လာနိုင်ပေမယ့် အသက် ၂၀ နဲ့ ၄၀ ကြားမှာပိုဖြစ်တတ်ပါတယ်။ ဦးနှောက်တစ်သျူးတွေလည်းပျက်စီးသွားနိုင်တယ်။ AVM ရဲ့ သက်ရောက်မှုတွေက တဖြေးဖြေးဆိုးလာနိုင်ပြီး လူငယ်ပိုင်းကစပြီးလည်း လက္ခဏာတွေပြတတ်ပါတယ်။သတ်လတ်ပိုင်းလောက်ရောက်လာတဲ့အခါမှာတော့ AVM ရဲ့လက္ခဏာတွေလျော့ပါးပြီး ငြိမ်သွားတတ်တယ်။တချို့သော ကိုယ်ဝန်ဆောင်မိခင်တွေမှာတော့ သွေးပမာဏ၊ သွေးပေါင်အနေအထားပေါ်မူတည်ပြီး လက္ခဏာတွေပိုဆိုးတတ်တယ်။Galen defect လို့ခေါ်တဲ့ ပြင်းထန်တဲ့ AVM အမျိုးအစားကတော့ မွေးပြီးပြီးချင်းလောက်မှ လက္ခဏာတွေပြစေတတ်တယ်။ ထိုအမျိုးအစားမှာဖြစ်တဲ့ သွေးကြောမကြီးထိခိုက်မှုဟာ ဦးနှောက်တွင်းအရည်များစုသွားပြီး ရောင်ရမ်းဖောင်းကားခြင်းကို ဖြစ်စေတယ်။ လက္ခဏာတွေကတော့ ဦးရေပြားမှာ ဖောင်းနေသောသွေးပြန်ကြောများမြင်နေရခြင်း၊ တက်ခြင်း၊ မကြီးထွားခြင်း၊ နှလုံးပြည့်ကျပ်ယိုယွင်းခြင်း တို့ဖြစ်တယ်။တခြားလက္ခဏာများလည်းရှိနိုင်သေးတာကြောင့် စိတ်ပူသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။ဖော်ပြပါအချက်များကြုံရပါက သို့ သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ပါ။ လူတိုင်းခန္ဓါကိုယ်က တစ်ယောက်နဲ့တစ်ယောက် မတူတာကြောင့် သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးပါ။အကြောင်းအရင်းကတော့ သေချာမသိရသေးပါဘူး။ ဒါပေမယ့် တချို့သောလေ့လာသူတွေကတော့ အများစုသော AVM တွေဟာ သန္ဓြေသားဖွံ့ဖြိုးချိန်မှာ ဖြစ်လာတယ်လို့ ယူဆကြပါတယ။်။ပုံမှန်အားဖြင့် နှလုံးမှအောက်စီဂျင်ကြွယ်ဝသောသွေးများကို သွေးလွှတ်ကြောမှတဆင့် ဦးနှောက်ဆီပို့ပေးပါတယ်။ သွေးလွှတ်ကြောထဲကသွေးစီးကြောင်းဟာ အရှိန်နှေးလာကာ ပိုပြီးသေးငယ်တဲ့ သွေးကြောလေးတွေကတဆင့် ဆံချည်မျှင်သွေးကြောငယ်လေးတွေထဲစီးဝင်သွားတယ်။ ထိုဆံချည်မျှင်သွေးကြောတွေက အပေါက်ငယ်များပါတဲ့ ပါးလွှာသောနံရံတွေကိုဖြတ်ပြီး သွေးတွေကို ဦးနှောက်တစ်သျူးတွေဆီ ပို့လွှတ်ထောက်ပံ့ပါတယ်။အောက်စီဂျင်ကုန်သွားတဲ့သွေးတွေကတော့ ဦးနှောက်ကနေ သွေးကြောငယ်လေးတွေကိုဖြတ်ကာ သွေးပြန်ကြောတွေထဲ စီးဝင်ပြီး နှလုံးနဲ့အဆုတ်ဆီ အောက်စီဂျင်ယူဖို့ပြန်ပါတယ်။AVM လို့ခေါ်တဲ့ ယခုရောဂါမှာတော့ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတွေကြားမှာ ဆက်သွယ်ထောက်ပံ့နေတဲ့ သွေးကြောငယ်လေးတွေမပါဘဲ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောကြားမှာ တိုက်ရိုက်ဆက်သွယ်နေခြင်းဖြစ်တယ်။ သွေးတွေဟာ ဦးနှောက်တစ်သျူးတွေဆီ မရောက်တော့ဘဲ သွေးပြန်ကြောဆီတိုက်ရိုက်ပြန်ရောက်ကုန်ပါတယ်။ရောဂါဖြစ်ခြင်းကိုအားပေးသောအချက်များ။မိသားစုတွင်ရောဂါရာဇဝင်ရှိခြင်း။ မျိုးရိုးဗီဇနဲ့သက်ဆိုင်နေသလား၊ တိုက်ဆိုင်မှုပဲလားတော့မသေချာသေးပါဘူး။ AVM ကဲ့သို့ သွေးကြောရောဂါများမှာ မျိုးရိုးဆက်ခံခြင်းကတော့ ဖြစ်နိုင်ချေရှိပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အဓိကစစ်ဆေးမှုသုံးနည်းရှိပါတယ် –။ဦးနှောက်သွေးကြောပုံရိပ်ရိုက်ကူးခြင်း ပေါင်ခြံမှာရှိတဲ့ သွေးလွှတ်ကြောထဲကို သွေးငယ်သောပြွန်ငယ်လေးထိုးသွင်းကာ ထိုမှတဆင့် ဦးနှောက်ဆီပို့လွှတ်ခြင်းဖြစ်တယ်။ အရောင်ဆိုးဆေးတစ်ခုထိုးသွင်းပြီး ဦးနှောက်ရှိသွေးကြောများပုံရိပ်ကိုရိပ်ကူးတယ်။ AVM ဖြစ်နေပါက ရှုပ်ထွေးနေသောသွေးကြောကွန်ယက်များ တွေ့ရပါလိမ့်မယ်။ နေရာအတိအကျနဲ့ အရွယ်အစားကိုပါ သိနိုင်ပါတယ်။ အတိကျဆုံးသောစစ်ဆေးမှုဖြစ်တယ်။MRI – ဓါတ်မှန်မလိုဘဲ ခန္ဓါကိုယ်ရဲ့ပုံရိပ်တွေကို ရိပ်ကူးနည်းဖြစ်တယ်။ MRA က သွေးကြောအစီအစဉ်ကိုအသုံးပြုပြီး AVM နဲ့ ဦးနှောက်ရဲ့ သွေးလွှတ်ကြော၊ သွေးပြန်ကြောတွေကိုဖော်ပြတယ်။ MRI ဟာ AVM ရဲ့အသေးစိတ်အချက်အလက်နဲ့ ဦးနှောက်နဲ့ ဆက်နွယ်မှုကိုပြသပါတယ်။စီတီစကမ် (CT scan) – ဓါတ်မှန်ကိုသုံးကာ ခန္ဓါကိုယ်အစိတ်အပိုင်းအမျိုးမျိုးကို ပုံရိပ်ဖော်ပေးခြင်းဖြစ်တယ်။ ဦးနှောက်ထဲသို့သွေးယိုမှု၊ ဦးနှောက်ပတ်လည်အတွင်းရှိ နေရာလွတ်များထဲသို့သွေးယိုမှုများကိုဖော်ပြရာမှာ ကောင်းမွန်တဲ့နည်းဖြစ်တယ်။ ထိုနည်းဟာ အရောင်ဆိုးဆေးသုံးလည်းရသလို၊ မသုံးလည်းဖြစ်ပါတယ်။ CT scan နဲ့ AVM ကိုတွေ့ရနိုင်ပြီး အထူးသဖြင့် ဆိုးဆေးသုံးပါက ပိုတွေ့နိုင်ပါတယ်။ဆရာဝန်က AVM အရွယ်အစားနဲ့ နေရာပေါ်မူတည်ပြီး အကောင်းဆုံးသောကုသမှုကိုအကြံပေးပါလိမ့်မယ်။ ကုသနည်းများစုပေါင်းဆောင်ရွက်ခြင်းကတော့ လုပ်လေ့လုပ်ထသိပ်မရှိပါဘူး။နောက်တစ်နည်းကတော့ ဘာကုသမှုမှမလုပ်ဘဲ AVM ကိုစောင့်ကြည့်ခြင်းသာဖြစ်တယ်။ AVM ကိုနောက်ကျမှ ရှာဖွေသိရှိတဲ့အခါ ဒါမှမဟုတ် ကုသမှုလုပ်ဖို့ဘေးမကင်းဘူးလို့ ထင်တဲ့အခါ စောင့်ကြည့်ဖို့ပဲအကြံပေးပါလိမ့်မယ်။သွေးကြောပိတ်ဆို့ခြင်းနည်း။မေ့ဆေးသုံးပြီး ဦးနှောက်သွေးကြောများမှတဆင့် AVM ဖြစ်ပေါ်ရာနေရာသို့ ပေါင်ခြံရှိသွေးကြောမှ ပလတ်တစတစ်ပြွန်ငယ်လေးထည့်သွင်းခြင်းဖြစ်တယ်။ ထိုပြွန်ငယ်မှတဆင့် AVM ဖြစ်ပေါ်နေသော သွေးကြောများထဲသို့ ကော်တစ်မျိုးထည့်ပြီး ထိုသွေးကြောကိုပိတ်ခြင်းဖြစ်တယ်။ ထိုနည်းလမ်းဟာအန္တရာယ်ရှိနိုင်ပြီး လုံးဝပျောက်ကင်းနိုင်ချေရှိမရှိက AVM အရွယ်အစားပေါ်မူတည်ပါတယ်။ ရံဖန်ရံခါ ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ ခွဲစိတ်ကုသခြင်းကဲ့သို့ တခြားသောကုသနည်းတွေနဲ့ ပေါင်းစပ်ကုသတတ်ပါတယ်။ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း။သေးမျှင်သော X ရောင်ခြည်တန်းကို AVM ပေါ်အားများများသက်ရောက်သော်လည်း တခြားသောဦးနှောက်ဧရိယာများအပေါ် အတတ်နိုင်ဆုံးအားနည်းနည်းသာ သက်ရောက်စေခြင်းဖြင့်ကုသတယ်။ ထိုနည်းဖြင့် ၈၀ ရာခိုင်နှုန်းမျှသော လူနာတွေမှ ၂ နှစ် ၃ နှစ်ခန့်အထိ AVM ပိတ်သွားစေနိုင်ပါတယ်။ နောက်ဆက်တွဲပြဿနာတွေလည်းနည်းပေမယ့် AVM အပြည့်အဝမပိတ်ရင်တော့ သွေးယိုနိုင်ချေကတော့ ကျန်နေနိုင်ပါသေးတယ်။ခွဲစိတ်နည်း။ရှေးအကျဆုံးနည်းဖြစ်တယ်။ မေ့ဆေးဖြင့် ခွဲခန်းထဲမှာ AVM ကိုခွဲစိတ်ဖယ်ထုတ်ခြင်းဖြစ်တယ်။ AVM တွေဟာ ဖယ်ပြီးပါက ပြန်မဖြစ်လာနိုင်တာကြောင့် အပြည့်အဝဖယ်ပစ်နိုင်ပါက ထာဝရပျောက်ကင်းနိုင်ပါတယ်။ ဦးနှောက်ရဲ့အရေးကြီးထဲအစိတ်အပိုင်းတွေရှိတဲ့နေရာနက်နက်မှာ AVM ဖြစ်နေရင်တော့ ခွဲစိတ်ဖို့ကအန္တရာယ်များတယ်လို့ ယူဆလို့ပါတယ်။မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့၊ စဉ်းစားနိုင်ဖို့အတွက် AVM အကြောင်းလုံလုံလောက်လောက်လေ့လာပါ။ ဆရာဝန်ကို သင့်ရောဂါ၏တည်နေရာ၊ အရွယ်အစား၊ ကုသမှုတွေရဲ့ နောက်ဆက်တွဲသက်ရောက်နိုင်ချေတွေ အကုန်မေးပါ။ သိရှိလေ့လာတွေများလေလေ ကုသမှုအတွက် ဆုံးဖြတ်ချက်တွေမှာ ပိုယုံကြည်ချက်ရှိလေလေဖြစ်ပါလိမ့်မယ်။ခံစားချက်တွေကိုလက်ခံပါ။ သွေးယိုခြင်း၊ လေဖြတ်ခြင်း ကဲ့သို့ ရဲ့နောက်ဆက်တွဲပြနာတွေဟာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေနိုင်ပါတယ်။ စိတ်ခံစားချက်တွေက ထိန်းသိမ်းရခက်တာကို သိထားပါ။ တချို့သောခံစားချက်၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဟာ ထိုရောဂါကြောင့်ဖြစ်နိုင်ပါ်တယ။်။သူငယ်ချင်း မိသားစုနဲ့ ရင်းရင်းနှီးနှီးနေပါ။ ထိုသို့နေခြင်းဟာ နေပြန်ကောင်းအောင်ကြိုးစားနေတဲအချိန်မှာ ကောင်းကောင်းအထောက်အပံ့ဖြစ်နိုင်ပါတယ်။ ဆရာဝန်ပြချိန် အဖော်လိုက်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအထောက်အပံ့ပေးခြင်း စသည်ဖြင့် အကူအညီဖြစ်ပါလိမ့်မယ်။စကားပြောစရာတစ်ယောက်ယောက်ရှိပါစေ။ သင့်မျှော်လင့်ချက်တွေ၊ ကြောက်ရွံမှုတွေကို သေချာနားထောင်ပေးလိုတဲ့လူတစ်ယောက်ရှာပါ။ သူငယ်ချင်းတစ်ယောက်ယောက် သို့ မိသားစုဝင်တစ်ယောက်ယောက်ဖြစ်နိုင်ပါတယ်။ နှစ်သိမ့်ဆွေးနွေးပေးသူ၊ ကျန်းမာရေးစောင့်ရှောက်သူ၊ အားပေးနှစ်သိမ့်သူတွေရဲ့ နားလည်ပေးမှု၊ ကိုယ်ချင်းစာ ထောက်ပံ့မှုတွေကလည်း အကူအညီဖြစ်ပါလိမ့်မယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/brain-avm-arteriovenous-malformation-%e1%80%a5%e1%80%ae%e1%80%b8%e1%80%b1%e1%82%8f%e1%80%bd%e1%80%ac%e1%80%80%e1%80%b9%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%9c%e1%82%8a%e1%80%90%e1%80%b9%e1%80%b1/
Peritonsillar abscess (အာသီးပြည်တည်ခြင်း)
အာသီးရောင် ပိုးဝင်တာကို မကုသပဲထားတဲ့အခါ ဖြစ်လာတတ်ပါတယ်။ သင့်ရဲ့ အာသီးနာမှာပြည်တွေရှိနေတဲ့ အိတ်တစ်ခုပုံစံနဲ့တွေ့ရတတ်ပါတယ်။အာသီးပြည်တည်ခြင်းက ကလေးတွေ လူပျိုပေါက်တွေနဲ့ လူငယ်တွေမှာအဖြစ်များပါတယ်။ ဘတ်တီးရီးယား(strep) ကြောင့်ဖြစ်တဲ့ လည်ချောင်းနာတွေ အာသီးရောင်တွေ ပျံ့နှံ့တတ်တဲ့ ဆောင်းဦးကာလ အစနဲ့ နှောင်းပိုင်းတွေမှာ ပိုအဖြစ်များပါတယ်။ အလွန်အဖြစ်များပြီး မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက်ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးလည်း ဖြစ်ပွားနိုင်ပါတယ်။ ဖြစ်နိုင်ချေများစေတဲ့အချက်တွေ ရှောင်ပြီး နေလို့ရနိုင်ပါတယ်။ အခြားအချက်အလက်များအတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။အာသီးပြည်တည်ခြင်းရဲ့ လက္ခဏာတွေကတော့ –။လည်ချောင်းနာ အာသီးရောင်ရောဂါလက္ခဏာတွေနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် အာသီးရဲ့ ရှေ့ နောက်ဘက်လေးမှာ ပြည်ရည်စုနေတာတွေ့ရပါလိမ့်မယ်။ အဲ့အရာကတော့ ရောင်နေဖောင်းနေပြီး ဖြူ ဖြူ ရည်လိုအနာလို ဖြစ်နေပါတယ်။ အာသီးပြည်တည်ခြင်း ရဲ့ လက္ခဏာတွေ မှာ –။အာသီးပြည်တည်ခြင်းက အခြားပိုမိုဆိုးရွားတဲ့ ပြသနာတွေဖြစ်လာစေနိုင်ပါတယ်။ ပြင်းထန်ရှားပါးတဲ့ လက္ခဏာတွေကတော့ –။အချိန်မီမကုသရင် ကိုယ်ခန္ဓါရဲ့ အခြားသောနေရာတွေအထိ ပျံ့နိငင်ပါတယ်။ လေပြွန်ကိုလည်း ပိုပိတ်စေပါတယ်။ ဒီလိုလက္ခဏာတွေက အခြားသော ရောဂါတွေဖြစ်တဲ့ strep throat လိုမျိုးလည်း ဖြစ်နိုင်တဲ့အတွက်လဆရာဝန်နဲ့ တိုင်ပင်ပြီး နောက်ဆုံးဆုံးဖြတ်ချက်ချနိုင်ဖို့လိုပါတယ်။အထက်ဖော်ပြပါ လက္ခဏာတွေထဲက တစ်ခုခုတွေ့လာပြီဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။လူတိုင်းရဲ့ ခန္ဓါကိုယ်တွေက လုပ်ဆောငိမှုမတူကြတဲ့အတွက် သင်နဲ့သင့်တော်မယ့် အကောင်းဆုံးအခြေအနေကိုရွေးချယ်ပါ။အာသီးရောင်ခြင်းရဲ့ အခြားပြသနာတစ်ခုအနေနဲ့ ပေါ်ပေါက်နိုင်ပါတယ်။ အာသီးမှာဝင်နေတဲ့ ပိုးကဘေးကိုပျံ့ခဲ့ရင် ပြည်တည်တာဖြစ်နိုင်ပါတယ်။Strep ပိုးကြောင့်ဖြစ်တဲ့လည်ချောင်းနာခြင်းနဲ့ အာသီးရောင်ရောဂါခြင်းတွေမှာ ပိုးသတ်ဆေး( antibiotics) တွေသုံးလာတဲ့အတွက်ကြောင့် အာသီးပြည်တည်ခြင်းကဖြစ်တာနည်းလာပါတယ်။Mononucleosis ရောဂါ ကလည်း အာသီးပြည်တည်ခြင်းနဲ့ သွား၊ အာခေါင်ပိုးဝင်ခြင်း ရောဂါတွေကိုဖြစ်စေပါတယ်။ အရမ်းရှားပါးတဲ့ ကိစ္စတွေမှာ ပိုးဝင်တာမရှိပဲနဲ့ အာသီးပြည်တည်ခြင်းဖြစ်စေပါတယ်။ ဒါဟာ သင့်လျှာအောက်မှာရှိတဲ့ တံတွေးထုတ်ပေးတဲ့ Weber gland တွေရောင်လို့ဖြစ်တာဖြစ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။စမ်းသပ်မယ်ဆိုရင် သင့်ဆရာဝန်အနေနဲ့ သင့်ခံတွင်းနဲ့ လည်ချောင်းကို အရင်စစ်ဆေးမှုပြုလုပ်ပါလိမ့်မယ်။ ဒါ့အပြင် လည်ချောင်းတွင်း တစ်ရှူးနမူနာယူတာနဲ့ သွေးဖောက်စစ်တာတွေလုပ်နိုင်ပါတယ်။ပြည်တညိတာရဲ့ လက္ခဏာတွေကတော့ –။သင့်ဆရာဝန်အနေနဲ့ CT scan တွေ MRI တွေရိုက်ပြီးပြည်တည်နာကို သေချာကြည့်ရှူပါလိမ့်မယ်။ ဒါ့အပြင် ပြည်ကနေအနည်းငယ်ယူဖို့အတွက် အပ်အသေးလေးကိုလည်းသုံးနိုင်ပါတယ်။ ရလာတဲ့ပြည်အရည်ကို ပိုးဝင်တာရှိမရှိစစ်ဖို့အတွက် သုံးနိုင်ပါတယ်။ပိုးသတ်ဆေးတွေကတော့ အသုံးများဆုံးကုသနည်းဖြစ်ပါတယ်။ ပြည်တွေကိုဖောက်ထုတ်ပြီး ကုသမှုမြန်ဆန်အောင်လုပ်နိုင်ပါသေးတယ်။Lancing ( လှီးဖြတ်နည်း) ကိုသုံးပြီးအရည်တွေစီးထွက်အောင်လုပ်နိုင်ပါတယ်။ အပ်ကိုလည်း သုံးနိုင်ပါသေးတယ်။ENT (နားနှာခေါင်းလည်ချောင်း) ဆရာဝန်တွေကဒီနည်းကို အများဆုံးလုပ်ဆောင်ကြပါတယ်။တကယ်လို့သင်က မစားနိုင်မသောက်နိုင်အောင် ဝေဒနာဖြစ်နေတယ်ဆိုရင် ရေဓါတ်ဖြညိဖို့ အကြောဆေးသွင်းရပါလိမ့်မယ်။ အရမ်းနာနေတယ်ဆိုရင် အကိုက်အခဲပျောကိဆေးတွေ ညွှန်ကြားပါလိမ့်မယ်။ နာတာရှည် ရောဂါတွေက ခဏခဏပြန်ဖြစ်နိုင်တဲ့အတွက် အာသီးကို ထုတ်ဖြစ်ပြီး နောင်ဖြစ်လာမယ့် ပိုဆိုးမယ့်အခြေအနေတွေကို ကာကွယ်ခိုင်းနိုင်ပါတယ်။အာသီးပြည်တည်ခြင်း နဲ့ သင့်တော်တဲ့ နေထိုင်မှုပုံစံတွေက ဘာတွေလဲ?။အောက်ပါ နေထိုင်မှုပုံစံတွေကအာသီးပြည်တည်ခြင်း နဲ့ သင့်တော်ပါတယ်။သင့်သွားတွေကို အမြဲကျန်းမာနေစေဖို့အတွက် အမြဲသွားတိုက်တာတွေ သွားစစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။ ဆေးလိပ်သောက်သူတွေဟာ ရောဂါဖြစ်နိင်ချေ ပိုများပါတယ်။ ခံတွင်းသန့်ရှင်းရေးဦးစားပေးတာတွေနဲ့ ဆေးလိပ်မသောက်တာတွေက ပြည်တည်နာဖြစ်တာကို လျော့ချပေးနိုင်ပါတယ်။သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/peritonsillar-abscess-%e1%80%a1%e1%80%ac%e1%80%9e%e1%80%ae%e1%80%b8%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%90%e1%80%8a%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
Walker-Warburg syndrome (ဝေါ့ကာဝါးဘာ့ ဆင်ဒရုန်း)
ဝေါ့ကာဝါးဘာ့ ဆင်ဒရုန်းဆိုတာ မွေးရာ ကြွက်သားသေးသိမ်တဲ့ ပြင်းထန်ရောဂါတစ်မျိုးဖြစ်ပါတယ်။ မျက်လုံးနဲ့ ဦးနှောက်ချို့ယွင်းမှုများဖြင့်လည်း ဆက်စပ်နေမှာပါ။ ထိုရောဂါမှာ ဦးနှောက်အခေါက်အတွန့်များမရှိဘဲ မျက်နှာပြင်ချောမွတ်နေခြင်း၊ ဦးနှောက်ငယ်နဲ့ ဦးနှောက်အမြှီးတို့တွင် မူမမှန်မှုများရှိခြင်းတို့ ပါဝင်ပါတယ်။ဝေါ့ကာဝါးဘာ့ ဆင်ဒရုန်း (WWS) ကို ကမ္ဘာတစ်ဝန်းမှာ တွေ့ရပြီး ယောက်ျားနှင်မိန်းမ ဖြစ်ပွားနှုန်းအတူတူပဲဖြစ်ပါတယ်။ ဖြစ်ပွားနှုန်းကို အတိအကျမသိရှိသော်လည်း လူအယောက် ၂၀၀၀၀၀ မှာ ၁ယောက်နှုန်းရှိမယ်လို့ ခန့်မှန်းရပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဝေါ့ကာဝါးဘာ့ ဆင်ဒရုန်းရဲ့ အဓိကရောဂါလက္ခဏာက ကြွက်သားသေးသိမ်ခြင်းနဲ့ ဦးနှောက်နှင့်မျက်လုံးမူမမှန်မှုများရှိခြင်းတို့ပဲဖြစ်ပါတယ်။ WWS ရဲ့ ရောဂါလက္ခဏာတွေဟာ မွေးရာပါတွေဖြစ်ပြီး တချို့သော ဦးနှောက်မူမမှန်မှုတွေကို အမေဗိုက်ထဲကကလေးကို အာထရာဆောင်းရိုက်ခြင်း၊ MRI ရိုက်ခြင်းတို့ဖြင့် သိရှိနိုင်ပါတယ်။WWS လူနာများမှာ အောက်ပါတို့ရှိနိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဝေါ့ကာဝါးဘာ့ ဆင်ဒရုန်းဟာ ဦးနှောက်၊ မျက်လုံးနဲ့ ခန္ဓါကိုယ်ကကြွက်သားတွေရဲ့ ပုံမှန်စွမ်းဆောင်ရည်ရရှိအောင် ဖြည့်တင်းပေးသော မျိုးရိုးဗီဇမှာ ပြောင်းလဲမှုဖြစ်ပေါ်တာကြောင့် ဖြစ်ပါတယ်။ WWS ကြောင့် ပရိုတင်းအချို့ချို့တဲ့ခြင်း၊ မပါရှိခြင်းတို့ဖြစ်လာပါတယ်။ ထိုပရိုတင်းတွေက ဦးနှောက်၊မျက်လုံးနဲ့ ကြွက်သားဖွံ့ဖြိုးမှုအတွက် အရေးကြီးပါတယ်။ ထိုပရိုတင်းတွေက အယ်ဖာဒက်စတရိုဂလိုက်ကန်လို့ခေါ်တဲ့ ကြွက်သားနဲ့ အာရုံကြောဆဲလ်တွေရဲ့ မျက်နှာပြင်မှာတွေ့ရသော နောက်ထပ်ပရိုတင်းတစ်မျိးနဲ့ အတူတကွအလုပ်လုပ်ပါတယ်။ အယ်ဖာဒက်စတရိုဂလိုက်ကန်က ကြွက်သားဆဲလ်တွေကို တည်ငြိမ်စေပြီး ဖွံ့ဖြိုးချိန်မှာ ဦးနှောက်အတွင်း အာရုံကြောဆဲလ်များ ရွေ့လျားမှုကိုလည်း ကူညီပေးပါတယ်။ WWS နဲ့ဆက်စက်နေသော ပရိုတင်းတွေဟာ အယ်ဖာဒက်စတိုဂလိုက်ကန်ကို သကြားမော်လီကျူးတပ်ပေးသော ဂလိုက်ကိုဆိုင်လေးရှင်းဖြစ်စဉ်မှာပါဝင်ပါတယ်။ ထိုဖြစ်စဉ်က အယ်ဖာဒက်စတိုဂလိုက်ကန် ပုံမှန်အလုပ်လုပ်နေဖို့ အရေးကြီးပါတယ်။ WWW မှာ ထိုဖြစ်စဉ်တွင်ပါဝင်သော ပရိုတင်းများရဲ့ မျိုးရိုးဗီဇချို့ယွင်းသွားပြီး အယ်ဖာဒက်စတိုဂလိုက်ကန်ကို ကောင်းကောင်းဂလိုက်ကိုဆိုင်လေးရှင်းမလုပ်နိုင်တော့တဲ့အတွက်ကြောင့် အယ်ဖာဒက်စတိုဂလိုက်ကန် ပုံမှန်အလုပ်မလုပ်နိုင်တော့ပါဘူး။ ထိုအတွက်ကြောင့် WWW နဲ့ပတ်သက်သော ဦးနှောက်၊ မျက်လုံးနဲ့ ကြွက်သား ရောဂါလက္ခဏာများ ပေါ်ပေါက်လာပြီး ဒက်စတိုဂလိုက်ကန်နီုပတ်တီလည်း ရရှိလာပါတယ်။ဝေါ့ကာဝါးဘာ့ ဆင်ဒရုန်းသက်ဆိုင်တဲ့ မျိုးရိုးဗီဖ၁၄ခုရှိပါတယ်။ ယင်းတို့မှာ B3GALNT2, B4GAT1, DAG1, FKRP, FKTN, GMPPB, ISPD, LARGE, POMT1, POMT2, POMGNT1, POMGNT2, POMK နှင့် TMEM5 တို့ဖြစ်ပါတယ်။ ဖော်ပြပါမျိုးရိုးဗီဇများထဲမှ တစ်ခုခုမှာ ပြောင်းလဲမှုများဖြစ်ပေါ်ခဲ့ရင် ဝေါ့ကာဝါးဘာ့ ဆင်ဒရုန်းဖြစ်လာပါလိမ့်မယ်။ဝေါ့ကာဝါးဘာ့ ဆင်ဒရုန်းဟာ ငုတ်လျှိုးမျိုးရိုးဗီဇနဲ့ သက်ဆိုင်တာကြောင့် ရောဂါရရှိဖို့ရာ မိဘ၂ပါးလုံးထံမှ မျိုးရိုးဗီဇ၂ခုလုံးက ရောဂါဖြစ်နေဖို့လိုအပ်ပါတယ်။နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။ကိုယ်ဝန်နောက်ဆုံး၃လပတ်လောက်မှာဆိုရင် အာထရာဆောင်းဖြင့် ဝေါ့ကာဝါးဘာ့ ဆင်ဒရုန်းကို တွေ့ရှိနိုင်ပါတယ်။ ရောဂါရဲ့ ထင်ရှားလက္ခဏာများဖြင့် အဖြေရှာအတည်ပြုလို့ရပါတယ်။ဦးနှောက်ရဲ့ မူမမှန်မှုတွေကို MRI တို့၊ စီတီစကင်တို့ဖြင့် ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ ရောဂါရှိမယ်လို့ သံသယရှိပြီဆိုတာနဲ့ မျိုးရိုးဗီဇစစ်ဆေးမှုတွေ ပြုလုပ်လိုက်ရင် ဝေါ့ကာဝါးဘာ့ ဆင်ဒရုန်းကို အတည်ပြုနိုင်ပါပြီ။ယခုလောလောဆယ်တော့ ဝေါ့ကာဝါးဘာ့ ဆင်ဒရုန်းအတွက် ကုသမှုတွေ မရှိသေးပါဘူး။ ကာကွယ်ခြင်းနဲ့ ကူညီထောက်ပံ့မှုပေးခြင်း နည်းလမ်းတွေပဲ ရှိပါတယ်။ အတက်ရောဂါဖြစ်ပေါ်လာသူများအတွက် အတက်ရောဂါပျောက်ဆေးဖြင့် ကုသလို့ရပါတယ်။ကလေးအနည်းငယ်မှာသာ ဦးနှောက်အတွင်းမှအရည်များထုတ်ပြစ်ခြင်း၊ ဦးနှောက်ကျွံခြင်းတို့လိုမျိုး ခွဲစိတ်ကုသမှုတွေ လိုအပ်ပါတယ်။ဗဟိဒ္ဓကုထုံးက ကြွက်သားနဲ့တစ်ရှုးကျုံ့ဆွဲခြင်းအား ကာကွယ်ခြင်း၊ တိုးတက်စေခြင်းတို့ ပေးအပ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ထိုကုထုံးရဲ့ ကောင်းကျိုးတွေကိုတော့ သေချာမသိရှိရသေးပါဘူး။အစာကျွေးခြင်းကို ပုံမှန်စောင့်ကြည့်နေဖို့လိုအပ်ပြီး တချို့အခြေအနေတွေမှာ နှာခေါင်းထဲပိုက်ထည့်ခြင်း၊ အစာပိုက်ထည့်ခြင်းတို့ ပြုလုပ်ဖို့ လိုအပ်နိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/walker-warburg-syndrome-%e1%80%b1%e1%81%80%e1%80%ab%e1%80%b7%e1%80%80%e1%80%ac%e1%81%80%e1%80%ab%e1%80%b8%e1%80%98%e1%80%ac%e1%80%b7-%e1%80%86%e1%80%84%e1%80%b9%e1%80%92%e1%80%9b%e1%80%af%e1%80%94/
အဝလွန်တာကို ခွဲစိတ်ပြီး ကုသလို့ရတယ် ဆိုတာ တကယ်လား။ ။
ကိုယ်အလေးချိန်ကလည်းများနေတယ်။ ချက်ချင်း ဝိတ်မကျတော့ဘူးဆိုရင်ကျန်းမာရေးကိုထိခိုက်နိုင်တယ်။ လုံးဝ မစားဘဲနဲ့လည်း မနေနိုင်ဘူး။ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့လည်း ခက်နေတယ်ဆိုတဲ့အဝလွန်တဲ့သူတွေ အတွက် ကိုယ်အလေးချိန်ကျသွားစေဖို့ နည်းပညာအသစ်တွေပေါ်ထွန်းလာပါပြီ။အစားလျှော့ရတာလည်းမဟုတ်၊ လေ့ကျင့်ခန်းလုပ်ရတာလည်း မဟုတ်ဘဲ ခွဲစိတ်မှုလုပ်ပြီး ဝိတ်ချတဲ့နည်းပညာတွေ ပေါ်ထွက်လာခဲ့ပါပြီ။ ထူးဆန်းလိုက်တာနော်။ ဘယ်လိုများပါလိမ့်။ ။အဆီစုပ်ထုတ်တာနဲ့ မတူပါဘူး။ သူကအစာအိမ်ကို သေးသွားအောင် ကြိုးချည်လိုက်တဲ့သဘာပါ။ အစာအိမ်ကို သိမ်အောင် ကြိုးနဲ့ စည်းထားလိုက်တဲ့အခါကျ ဗိုက်မြန်မြန်ပြည့်လွယ်သွားပြီး စိတ်လွတ်ကိုယ်လွတ် မစားမိတော့ပါဘူး။ ဒီလိုနဲ့ တစ်ခါတည်း အများကြီး ပြည့်အင့်နေအောင် မစားဖြစ်တော့လို့ ကိုယ်ထဲဝင်လာမယ့်ကယ်လိုရီတွေ နည်းသွားမှာဖြစ်ပြီး အချိန်တစ်ခုရောက်သွားတဲ့အခါ ကိုယ်အလေးချိန်သိသိသာသာ ကျဆင်းသွားမှာဖြစ်ပါတယ်။၁ ။ Roux-en-Y gastric bypass။၂ ။ Laparoscopic adjustable gastric banding။၃ ။ Sleeve gastrectomy။ကိုယ်အလေးချိန်ကျအောင် ခွဲစိတ်တဲ့နည်းလမ်းက သင့်ကို ပေါင်အများကြီးကျအောင် စွမ်းဆောင်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ အရာရာတိုင်းမှာ အကောင်းနဲ့ အဆိုးဒွန်တွဲနေတဲ့အတွက် သူ့မှာကောင်းတဲ့ အချက်တွေ ရှိသလို ဆိုးတဲ့အချက်တွေလည်း ရှိပါတယ်။ကောင်းတာတွေကတော့ ခွဲစိတ်မှုလုပ်ပြီးသွားတဲ့သူ ၉၅ ရာခိုင်နှုန်း ဟာ ကောင်းမွန်တဲ့ လူနေမှုပုံစံတွေ ရရှိသွားကြတဲ့အပြင် အဝလွန်တာရဲ့နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်တဲ့။ခွဲစိတ်မှုလုပ်ရတာဖြစ်တဲ့အတွက် လူနာတွေဘက်ကရင်းလိုက်ရတာလေးတွေလည်းရှိပါတယ်။ဘယ်လိုမှ မျှော်လင့်ချက်မရှိတဲ့လူတွေ အတွက်ကတော့ အဝလွန်နေတာကို လျှော့ချဖို့ ခုပြောထားတဲ့ ခွဲစိတ်နည်းတွေကသာ သူတို့အတွက် မျှော်လင့်ချက်ရောင်ခြည်လေးပါ။ ခွဲစိတ်ပြီးရင်လည်း လိုက်နာရမယ့် စားသောက်မှုပုံစံတွေ ၊ လုပ်သင့်တဲ့လေ့ကျင့်ခန်းတွေကို သေချာလိုက်နာဖို့ မမေ့နဲ့နော်။ ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/%e1%80%a1%e1%80%9d%e1%80%9c%e1%80%bd%e1%80%94%e1%80%ba%e1%80%90%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%81%e1%80%bd%e1%80%b2%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%95%e1%80%bc%e1%80%ae%e1%80%b8/
အသားအရေပြန်လည်ပြုပြင်သော နည်းလမ်းများအကြောင်း
အရေပြားဟာ ကိုယ်ခန္ဓါရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ဒိုင်းသဖွယ် ကာကွယ်ထားပါတယ်။ အိုမင်းလာတဲ့ အရေပြားဟာ အိုမင်းလာတဲ့ ဆဲလ်အလွှာများနဲ့အတူ ထူထဲကာ အရေးအကြောင်းများ၊ ချိုင့်ခွက်များ ဖြစ်ပေါ်လာပါတယ်။ ဒီပြသနာအတွက် ဖြေရှင်းနည်းကတော့ အရေပြားကို အသစ်ပြန်လည်ဖြစ်စေဖို့ပါပဲ။ အရေပြားကို အသစ်ပြန်လည်ပြုပြင်ခြင်းအကြောင်း တီးခေါက်မိနိုင်ဖို့ ဒီဆောင်းပါးကို ဆက်လက်ဖတ်ကြည့်ပါ။အရေပြားအသစ်ပြန်လည်ဖြစ်စေခြင်းဆိုတာ ဟောင်းသွားတဲ့ ဆဲလ်တွေနေရာမှာ ဆဲလ်အသစ်တွေနဲ့ အစားထိုးစေပြီး အသားအရေကို နုပျိုပြီး ချောမွေ့စေခြင်းပါပဲ။ ဒီနည်းလမ်းမှာ ကော်လဂျင်အမျှင်တွေကို ပြန်လည်ထုတ်လုပ်ခြင်းလည်း ပါဝင်ပါတယ်။ အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို တိုးတက်စေပြီး အပေါက်ကလေးတွေကို ရှင်းလင်းပေးနိုင်ပါတယ်။အရေပြားမှာ အပေါ်ယံအလွှာ၊ ဒုတိယအလွှာ၊ အောက်ဆုံး တစ်သျှူးအလွှာဆိုပြီး ၃ပိုင်းရှိပါတယ်။ အပေါ်ယံအလွှာဟာ နေ့စဉ် ဆဲလ်အသစ်တွေ မွေးထုတ်ပေးပါတယ်။ ဒါပေမယ့် ဆဲလ်အဟောင်းတွေကို မဖယ်ထုတ်နိုင်ရင် အသစ်ဖြစ်တာ နည်းပါတယ်။တချို့ကုန်ပစ္စည်းတွေဟာ ဆဲလ်အသေတွေ ဖယ်ရှားပေးဖို့၊ ဆဲလ်အသစ်တွေဖြစ်လာစေဖို့ လှုံ့ဆော်ပေးပါတယ်။ များသောအားဖြင့် အသားအရေကို ပါးလျားခြောက်သွေ့စေပါတယ်။ အောက်ပါနည်းလမ်းတချို့ဟာ လက်ရှိမှာ တွင်ကျယ်စွာ သုံးစွဲနေကြတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။အမျိုးသမီးများအတွက် စိတ်အချရဆုံး နည်းလမ်းကတော့ သဘာဝပစ္စည်းများကိုသာ သုံးစွဲဖို့ဖြစ်ပါတယ်။ ပျားရည်၊ ဥအမျိုးမျိုး၊ ဒိန်ချဉ်၊ လတ်ဆတ်သောအသီးများ စတာတွေ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေရဲ့ အကျိုးကျေးဇူးကတော့ ရိုးရှင်းစိတ်ချရပြီး အချိန်နဲ့တပြေးညီ ဖန်တီးနိုင်ပါတယ်။ ဈေးနှုန်းလည်း သက်သာပါတယ်။ ဒါပေမယ့် ပြီးပြည့်စုံစွာ ထိရောက်မှုမရှိသလို ချို့ယွင်းချက်တွေကိုလည်း စိတ်ထင်သလောက် ပြန်လည်မပြုပြင်နိုင်ပါဘူး။ဗီတာမင်စီ။ဗီတာမင်စီဟာ ရေမှာပျော်ဝင်နိုင်ပါတယ်။ အာနိသင်ကောင်းတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး အသားအရေကို ထိန်းသိမ်းတဲ့ ကုန်ပစ္စည်းတွေမှာ ပါဝင်ပါတယ်။ အရေပြားဆဲလ်များ ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ အရေပြားရဲ့ အထွေထွေ အခြေအနေကိုလည်း အကျိုးသက်ရောက်မှု ရှိပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ပျက်စီးခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။ နေရောင်နဲ့ထိတွေ့ခြင်းကနေဖြစ်ပေါ်လာတဲ့ အစက်အပြောက်တွေကို ဖယ်၇ှားပေးနိုင်ခြင်း ဖြစ်ပါတယ်။ကော်လဂျင်ဓါတ်တွေကို ပြန်လည်ဖြစ်ပေါ်စေတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ကော်လဂျင်ထုတ်လုပ်နိုင်စွမ်းကို မြင့်တက်လာစေလို့ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အသားအရေရဲ့ ပျက်စီးမှုတွေကို သဘာဝအတိုင်း ဘေးကင်းစွာ ပြန်လည်ပြုပြင်နိုင်ဖို့ ဖြစ်ပါတယ်။ ဒီနည်းလမ်းမှာ ဒလိမ့်တုံး၊ ဒါမှမဟုတ် လှိမ့်တဲ့ဘောလ်ပင်တမျိုးပါဝင်ပြီး ချွန်ထက်ပြီး သေးငယ်တဲ့ အပ်ကလေးပေါင်း ၂၀၀နီးပါးခန့် တပ်ဆင်ထားပါတယ်။ အဲဒီအပ်ကလေးတွေကို လှိမ့်လိုက်တဲ့အခါ အပ်ကလေးများဟာ အရေပြားထဲ ဝင်သွားပြီး ဒဏ်ရာအသေးစားလေးများ ဖြစ်ပေါ်စေပါတယ်။အပ်ကလေးတွေကို ဖယ်လိုက်တဲ့အခါ အပေါ်ယံ အရေပြားဟာပြန်စေ့သွားပြီး အရေပြားလည်း မပျက်စီးပါဘူး။ ဒါပေမယ့် ကိုယ်ခန္ဓါဟာ ဒီအခြေအနေကို ပျက်စီးမှုတခုအနေနဲ့ မှတ်တမ်းတင်ပြီး အနာကျက်စေတဲ့ နည်လမ်းနဲ့ ပြန်လည်ပြုပြင်ပါတယ်။ အဲဒီအခါမှာ ကော်လဂျင်နဲ့ အလက်စတင်ဓါတ်တွေ အသစ်ဖြစ်ပေါ်လာပါတယ်။မကြာသေးမီက အရေပြားရင့်ရော်လာခြင်းကို ကုသဖို့ ထွက်ပေါ်လာတဲ့ လေဆာနည်းလမ်းအသစ် ဖြစ်ပါတယ်။ ယခင် အသုံးပြုနေကြလေဆာနည်းလမ်းများဟာ တစ်သျှူးမျက်နှာပြင်တခုလုံးပေါ် သက်ရောက်ပါတယ်။ ဒီနည်းလမ်းမှာတော့ အပူစွမ်းအင်ကို အသုံးပြုတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ အစက်အပြောက်လေးတွေ ဖြစ်နေတဲ့ အရေပြားတစ်သျှူးတွေဆီ ရည်ရွယ်ပါတယ်။ ဒီနည်းလမ်းနဲ့ဆိုရင် အရေပြားဟာ ရက်သတ္တပတ် အနည်းငယ်အတွင်း ပြန်ကောင်းနိုင်ပါတယ်။ အရေပြား ကွာမသွားဘဲ မာတဲ့အလွှာတွေကလည်း ဒီအတိုင်းပဲ ကျန်ရစ်ခဲ့ပါတယ်။ ကောင်းမွန်တဲ့တစ်သျှူးတွေဟာ ပင်မဆဲလ်ရင်းမြစ်တွေကို ဖြစ်ပေါ်လာစေပါတယ်။အရေပြားပြန်လည်ပြုပြင်ခြင်းနဲ့ ပတ်သက်တဲ့ ဒီအချက်အလက်တွေဟာ အကျိုးရှိစေမယ်လို့ ယူဆပါတယ်။ အရေပြားကို နုပျိုလှပအောင် ပြန်လည်ပြုပြင်ချင်တယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%9c%e1%80%8a%e1%80%b9%e1%80%bb%e1%80%95%e1%80%b3%e1%80%bb%e1%80%95%e1%80%84%e1%80%b9%e1%80%b1/
နွယ်ချိုက ဘယ်လိုတွေဆေးဖက်ဝင်တာလဲ
နွယ်မြက်သစ်ပင်ဆေးဖက်ဝင် ဆိုတဲ့အတိုင်းသဘာဝပစ္စည်းေတွအားလုံးဟာဆေးဖက်ဝင်အာနိသင်အမျိုးမျိုးရှိကြပါတယ်။ ဒီအရွက်က ဘယ်ရောဂါကိုကာကွယ်ပေးတယ်၊ ဒီအသီးက ဘယ်ရောဂါကိုပျောက်စေတယ်၊ စသည်ဖြင့်ပေါ့။ ဥပမာမြင်းခွာရွက်ကမျက်စိအားကောင်းတယ်၊ရုံးပတီသီးက အရွတ်အတွက်ကောင်းတယ် ဆိုတာမျိုး။ဒီတစ်ခါတော့ အသီးအရွက်တွေမဟုတ်ဘဲ အမြစ်ကနေ ဆေးဖက်ဝင်တဲ့ နွယ်ချိုအကြောင်းလေ့လာရအောင်။ လျက်ဆား၊ နှလုံးအားတိုးဆေး၊ သွေးဆေး စတဲ့ မြန်မာတိုင်းရင်းဆေးတွေမှာ ပါတတ်တဲ့ ချိုချိုအေးအေးအရသာလေးကို သတိထားမိကြမှာပါ။ အဲဒါနွယ်ချိုပါဝင်လို့ပါ။ နွယ်ချိုရဲ့ဆေးဖက်ဝင်အာနိသင်တွေက –။(၁)ခံတွင်းအနာေတွ ပျောက်ကင်းစေတယ်။ခံတွင်းမှာဖြစ်တဲ့အနာတွေ၊ အဖုတွေကို ကုသရာမှာ ထိရောက်မှုရှိတယ်လို့ နွယ်ချိုကိုသုံးကြပါတယ်။ နွယ်ချိုဟာ နာကျင်မှုနဲ့ရောင်ရမ်းမှုကိုလျော့ကျစေတဲ့အာနိသင်ရှိတဲ့အပြင်အနာကျက်ခြင်းကိုကူညီအားပေးပြီး ခန္ဓါကိုယ်ရဲ့ခုခံအားစနစ်ကို နှိုးဆွပေးနိုင်တယ်လို့ ဆိုပါတယ်။(၂)အသည်းကိုကာကွယ်ပေးတယ်။နွယ်ချိုက အဆိပ်အတောက်တွေကိုဖယ်ရှားသန့်စင်ပေးပြီးအသည်းရဲ့ပုံမှန်လုပ်ဆောင်ချက်ေတွကို ထိန်းပေးပါတယ်။ သူ့မှာပါတဲ့ flavonoid isoliquiritigenin က ဓါတ်တိုးဆန့်ကျင်အာနိသင်ရှိတဲ့အတွက် အဆီနဲ့အစားအသောက်ကြောင့်အသည်းဆဲလ်တွေကို ထိခိုက်ပျက်စီးမှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။နွယ်ချိုက အက်စထရိုဂျင်နဲ့ ပရိုဂျက်စတာရုန်းဟော်မုန်းတွေကို ထိန်းညှိပေးတဲ့isoflavones ကြွယ်ဝတာကြောင့် သွေးဆုံးကိုင်လက္ခဏာတွေကို သိသိသာသာ သက်သာလျော့ပါးစေပါတယ်။phytoestrogensတွေပါဝင်ပြီး ကိုယ်တွင်းက ပရိုဂျက်စတာရုန်းပမာဏကို တိုးစေဖို့ကူညီပေးတဲ့အတွက် ရာသီလာနေချိန်ခံစားရတတ်တဲ့ ကိုက်ခဲမှုဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။(၅)ကိုယ်ခံအားတိုးစေတယ်။ရောဂါပိုးတွေကိုသေစေတဲ့interferon ပမာဏကိုတိုးစေပြီးglycyrrhizinic acid ပါဝင်မှုကြောင့် ခုခံအားဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို နှိုးဆွပေးပြီး ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်ပါတယ်။(၆)အသက်ရှူလမ်းကြောင်းရောဂါေတွကိုသက်သာစေတယ်။နွယ်ချိုကလည်ချောင်းနာ၊ချောင်းဆိုး၊အအေးမိခြင်း၊လေပြွန်ရောင်ခြင်းနဲ့အဆုတ်ရောဂါေတွကို ကုသရာမှာ အသုံးဝင်ပါတယ်။လေပြွန်နဲ့အဆုတ်တွင်းက သလိပ်တွေကိုရှင်းလင်းပစ်နိုင်လို့ ချွဲပျော်ဆေးအဖြစ်လည်းအာနိသင်ရှိပါတယ်။(၇)အသားအရေကျန်းမာရေးကို အထောက်အကူပြုတယ်။နွယ်ချိုက အသားအရေအတွက်လည်း ဆေးစွမ်းတစ်လက်ဖြစ်ပြီးနှင်းခူ၊သဲဝဲနဲ့ဆိုရီရေးစစ်တို့လို အရေပြားပြဿနာတွေကို ကုသရာမှာ အကျိုးကျေးဇူးရှိပါတယ်။ အရေပြားမှာရောင်ရမ်းမှုနဲ့ယားယံမှုကို သက်သာစေပြီးအသားဖြူေစတဲ့အာနိသင်ရှိပါတယ်။နေလောင်ခြင်းကြောင့်ဖြစ်တဲ့အရေပြားဓါတ်မတည့်မှုကိုကာကွယ်ပေးပြီး အသားအရေနီမြန်းမှုကို သက်သာစေပါတယ်။(၈)ဆံသားကျန်းမာစေတယ်။ဆံသားအဆီပြန်ခြင်းကိုသက်သာစေပြီးဗောက်မထအောင်လည်း ကာကွယ်ပေးပါတယ်။ နွယ်ချိုက ဆံပင်သန်စေတဲ့အာနိသင်လည်းရှိပါတယ်။(၉)စိတ်ကျဝေဒနာကို သက်သာစေတယ်။နွယ်ချိုမှာ စိတ်ကျဝေဒနာကို သက်သာစေတဲ့ မဂ္ဂနီဆီယမ်၊ကယ်လ်စီယမ်၊ဘီတာကယ်ရိုတင်းလို မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တွေနဲ့ ဖလေဗာနွိုက်ဓါတ်တွေပါဝင်ပါတယ်။(၁၀)နှလုံးကျန်းမာေစတယ်။နွယ်ချိုရဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကဆီးချိုေဝဒနာရှင်တွေမှာ နှလုံးနဲ့ဆိုင်တဲ့ရောဂါပြဿနာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။flavonoid glabridinကြောင့်သွေးတွင်းအချိုဓါတ်မြင့်တက်မှုမှာနှလုံးသွေးကြောကိုကာကွယ်ပေးပြီးသွေးကြောတွေထဲမှာ အဆီချေးတွေဖြစ်ပေါ်မှုကိုကာကွယ်ပေးတဲ့အတွက် ဆီးချိုလူနာတွေမှာသွေးလည်ပတ်မှုကောင်းစေပါတယ်။(၁၁)မှတ်ဉာဏ်ေကာင်းစေတယ်။glabridin ရဲ့အာရုံကြောကာကွယ်နိုင်စွမ်းကြောင့် မှတ်ဉာဏ်ချို့ယွင်းမှုကိုကာကွယ်ပေးပြီး သင်ယူလေ့လာနိုင်စွမ်းနဲ့ဦးနှောက်လုပ်ဆောင်ချက်တွေကို ပိုကောင်းစေပါတယ်။amorfrutins ပါဝင်မှုကြောင့် ဆီးချိုကာကွယ်နိုင်၊ရောင်ရမ်းမှုလျော့ကျနိုင်တဲ့အတွက်သွေးတွင်းသကြားဓါတ်ကိုလျော့စေပါတယ်။(၁၂) ဆီးချိုကြောင့်ကျောက်ကပ်ပျက်စီးမှုကိုကုသနိုင်တယ်။သုတေသနတွေ့ရှိချက်တွေအရ အပူပေးထားတဲ့နွယ်ချိုက ဆီးချိုကြောင့်ဖြစ်တဲ့ကျောက်ကပ်ပျက်စီးမှုကို ကုသရာမှာ ထိရောက်မှုအာနိသင်ရှိတယ်လို့သိရပါတယ်။ နွယ်ချိုရဲ့အာနိသင်က ဆီးချိုဖြစ်တာကြာလာရင် ရှိလာနိုင်တဲ့ကျောက်ကပ်ပျက်စီးမှုလက္ခဏာေတွကို ကြိုတင်ကာကွယ်နိုင်၊ ကုသနိုင်ဖို့ ကူညီပေးပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/licorice-the-sweet-root/
အရေပြားအရောင်နက်ခြင်းအမျိုးအစားအမျိုးမျိုး
အရေပြားအရောင်ပိုမဲနေခြင်းက သင်အခြားသူများနှင့်တွေ့ချိန်တွင်သင့်အားအရှက်ရစေသည်။ ထိုသို့မဲနေခြင်းကသင့်အားမထိခိုက်စေသည်ကိုသိသော်လည်း ထိုအခြေအနေအတွက် ကုသမှုကိုရှာပြီး မိမိကိုယ်ကိုယုံကြည်မှုပြန်လိုချင်ြက်သည်။ ထိုအခါ အရေပြားအရောင်ပိုမဲသည့်ပုံစံများကိုသိဖို့လိုပြီး သင်တွင်ဖြစ်နေသောပြသာနာကမည်သို့ဖြစ်သည်ကိုသိသင့်သည်။အရေပြားအရောင်ပိုမဲနေခြင်းသည် အရေပြားတွင်ဖြစ်သောပြသာနာတစ်မျိုးဖြစ်ပြီး သေးသော သို့မဟုတ် ကြီးသောအကွက်မဲများဖြစ်နေခြင်းအဓိကအားဖြင့်မျက်နှာအရေပြားတွင်ဖြစ်နေခြင်းဖြစ်သည်။ အရေပြားပေါ်ရှိဆိုးဆေးမယ်လနင်များခြင်းကြောင့်ဖြစ်နိုင်သည်။ ယူဆချက်အရထိုသို့ဖြစ်ခြင်းသည် သင်တွင်ပြင်းထန်သောကျန်းမာရေးပြသာနာရှိခြင်းမဟုတ်ဟုဆိုလိုသော်လည်းသင့်အားစိတ်ပူပန်မှုဖြစ်စေသည်။ သို့သော် အချို့သောကိစ္စများတွင် အခြားရောဂါအခြေအနေတစ်ခုကြောင့်ထိုသို့ပေါ်ခြင်းဖြစ်နိုင်သည်။မယ်လက်မာသည် ကြီးသောအနက်ကွက်များ မျက်နှာပေါ်တွင် အဓိကအားဖြင့်ပါးပေါ် နှာခေါင်းပေါ် နှဖူးပေါ် နှုတ်ခမ်းအပေါ် နှင့် အခြားခန္ဓါကိုယ်အစိတ်အပိုင်းများ ဥပမာ လက်ဖျံပေါ်တွင်ပေါ်နေခြင်းဖြစ်သည်။ ထိုမယ်လက်မာများသည် အရေပြားအပေါ် ၊အတွင်းလွာ သို့မဟုတ် အရောဖြစ်နိုင်သည်။အမျိုးသမီးများတွင်ဖြစ်တတ်သည်။ ကိုယ်ဝန်ဆောင်ချိန်တွင်ပိုဖြစ်နိုင်သည်။ အချက်အလက်အားဖြင့်ကိုယ်ဝန်ဆောင်သောမိန်းမများတွင် ၉၀ရာခိုင်နှုန်းထိဖြစ်တတ်သည်။ ထိုကြောင့်ထိုမက်လက်မာကို ကိုယ်ဝန်ဆောင်မျက်နှာဖုံးဟုပင်ညွန်းဆိုတတ်ကြသည်။မယ်လက်မာဖြစ်စေသောအကြောင်းမှာ ကိုယ်ဝန်ဆောင်ချိန်အတွင်း သန္ဓေတားဆေးသောက်နေချိန်အတွင်း ဟော်မှန်းများပြောင်းလဲခြင်းကြောင့်ဖြစ်သည်။ သို့သော်ကိုယ်ဝန်ဆောင်ချိန်အပြီး သန္ဓေတားဆေးဆက်မသောက်ချိန်တို့တွင်သူ့အလိုလိုပြန်ကောင်းသွားတတ်သည်။အရောင်အစက်များ- နေကြောင့်ဖြစ်သော အသက်ကြီး၍ဖြစ်သော အသဲကြောင့်ဖြစ်သောအမဲစက်များ တင်းတိပ်များပါဝင်သည်- သည်နေရောင်ကိုအချိန်အကြာကြီးထိတွေ့မှုများခြင်းကြောင်ဖြစ်သည်။ဥပမာ လက်နှင့်မျက်နှာ။ ထိုအရာများကို အရေပြားပေါ်တွင် ပိုမဲနေသော အစက်များတွင်ပါဝင်သည်။ ထိုအရောင်အစက်များသည် အဖြစ်များပြီး အသက်အရွယ်မျိုးစုံတွင်ဖြစ်နိုင်သော်လည်းမိန်းကလေးများတွင်ပိုဖြစ်တတ်သည်။ အရေပြားအပေါ်ယံလွာတွင်ရှိသော အရောင်ဆဲလ်များများလာခြင်းကြောင့် အရောင်အစက်များဖြစ်လာသည်ဟုယူဆကြသည်။အရောင်အစက်များသည် အသက်ကြီးလာသည်နှင့်ပိုပျံ့သွားနိုင်သည်။ အသက်အလယ်အလတ်နှင့် အသက်ကြီးသူများတွင်ပိုဖြစ်တတ်သည်။ ထိုအဆက်များသည် ဝ.၂ မှ ၂ စင်တီမီတာအထိရှိတတ်ပြီး မဲကာ ပုံသဏာန်မျိုးစုံဖြစ်နိုင်သည်။တင်းတိပ်သည် သေးပြီး ညိုသောအစက်များဖြစ်သည်။ အနီ အဝါ သံရောင် ညိုဖျော့ယောင် အညိုယောင် သို့မဟုတ် အနက်အဖြစ်လည်းတွေ့နိုင်သည်။ တင်းတိမ်များသည် ကျန်းမာရေးအတွက်အန္ဓါရာယ်လုံးဝမရှိပါ။ တင်းတိမ်များသည်မျိုးရိုးလိုက်တတ်ပြီး မိဘတွင်ရှိပါက ရှိတတ်သည်။သင့်အရေပြားထိခိုက်ပြီး ထိုသို့အကွက်များဖြစ်ခြင်းကို ယောင်ယမ်းပြီးနောက်ဖြစ်သောအမဲကွက်များဟုခေါ်သည်။ သင့်အရေပြားထိခိုက်ပြီး အနာကျက်ချိန်တွင် သင့်အရေပြားထိုနေရာတွင်အရောင်ပြောင်းသောအရာအဖြစ်ကျန်နေတတ်သည်။ ဝက်ခြံများသော မကြာခင်မီက အရေပြားအလှအပဆိုင်ရာကုထုံးများ ဥပမာ လေဆာကုထုံး ဓါတုအရေပြားလွာကုထုံးလုပ်ထားသူများတွင်ပိုဖြစ်နိုင်သည်။ထိုသို့အရေပြားပိုမဲခြင်းကိုကာကွယ်၍မရနိုင်သော်လည်း ဖြစ်နိုင်ချေနည်းအောင်လုပ်နိုင်သောနည်းများရှိပါသည်။ သင့်ကိုအကြံပေးလိုသည်မှ နေလောင်ကာကွယ်သောဆေးများသုံးပါ။ ဆရာဝန်နှင့်မတိုင်ပင်ပဲဆေးသောက်ခြင်းမလုပ်ပါနှင့်။ လိုအပ်ပါကဆရာဝန်နှင့်ဆွေးနွေးပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%94%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%a1/
ကျွန်တော့်ငယ်ပါက ဘာလို့အရမ်းနံတာလဲ ဆရာ
အမျိုးသားတိုင်းရဲ့ လိင်တံမှာ အနံ့တစ်မျိုးစီ ရှိကြပါတယ်။ ပုံမှန်ထက်ကို အနံ့က ပြင်းနေပြီး မကောင်းတဲ့ အနံ့အသက်တွေ ထွက်လာရင် တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ တခြားသော အရေပြားဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ကျွန်တော့်ငယ်ပါက ဘာလို့အရမ်းနံတာလဲ ဆိုတာက ဆေးခန်းတွေမှာ အမေးများတဲ့ မေးခွန်းတစ်ခုပါပဲ။လိင်တံအနံ့ဆိုးထွက်တဲ့ အကြောင်းရင်းပြဿနာတွေက အမျိုးမျိုးရှိပါတယ်။ အကြောင်းရင်းပေါ် မူတည်ပြီး ကုသရတဲ့အတွက် ဆရာဝန်နဲ့ သေချာပြသမယ်၊ ကိုယ့်ရဲ့ အရေပြားကိုလည်း ဂရုစိုက်မယ်ဆိုရင်၊ ကိုယ့်မှာဖြစ်နေတဲ့ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကိုလည်း သေချာသိမယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။ ခုဆောင်းပါးမှာ လိင်တံနံစေတဲ့ အကြောင်းရင်းနဲ့ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။၁။ အဖြူရောင်အကျိအချွဲတွေ။လိင်တံထိပ်ဖူးပတ်လည်မှာ ချွေးပြန်တာ၊ အဆီထွက်တာ၊ အရေပြားဆဲလ်အသေတွေ စုမိသွားတဲ့အခါ အဖြူရောင်အကျိအချွဲတွေ ဖြစ်သွားပါတယ်။ထိပ်အရေပြားဖြတ်မထားတဲ့ အမျိုးသားတွေမှာ ပိုအဖြစ်များပြီး တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာ၊ ထိပ်အရေပြားအောက်ကို သေချာသန့်ရှင်းရေးမလုပ်တဲ့ အမျိုးသားတွေမှာ တွေ့ရတတ်ပါတယ်။ဒီအကျိအချွဲတွေကြောင့် ဘက်တီးရီးယားပိုးတွေ ခိုအောင်းနေပြီး လိင်တံကို မကောင်းတဲ့ အနံ့အသက်တွေ ဖြစ်စေပါတယ်။ဒါကြောင့် ထိပ်အရေပြားဖြတ်မထားတဲ့ အမျိုးသားတိုင်း ရေချိုးတဲ့အခါ အရေပြားကို နောက်သို့လှန်ဆွဲပြီး သေချာသန့်ရှင်းရေးလုပ်ဖို့ လိုပါတယ်။ ပြီးရင် ခြောက်အောင် သုတ်ပါ။ပေါင်ခြံ၊ လိင်တံကို စိုစွတ်နေအောင် မထားပါနဲ့။ အကျိအချွဲတွေ မရှိတော့တဲ့အခါ အနံ့ဆိုးက သူ့အလိုလိုပျောက်သွားမှာပါ။၂။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း။ဆီးလမ်းကြောင်းထဲကို ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးတစ်မျိုးမျိုး ကူးစက်ဝင်ရောက်ခံရတာ ဖြစ်ပါတယ်။ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ လိင်တံက ငါးညှီနံ့နံနေမယ်၊ မကြာခဏဆိုသလို ဆီးသွားချင်နေမယ်၊ ဆီးသွားနေစဉ် ပူစပ်ပူလောင်ဖြစ်နေမယ်၊ ဆီးအရောင် နောက်နေတာ သို့မဟုတ် ပန်းရောင်သမ်းနေမယ် စတဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။လိင်တံထိပ်အရေပြားမဖြတ်ထားတဲ့ အမျိုးသားတွေမှာ ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေ ပိုများတာကို တွေ့ရပါတယ်။ရောဂါကုသဖို့အတွက် ဆီးလမ်းကြောင်း ဆရာဝန်နဲ့ သေချာပြသဖို့လိုအပ်ပါတယ်။ ဆရာဝန်အနေနဲ့ ပိုးသတ်ဆေးတွေအပြင် ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ အကိုက်အခဲပျောက်ဆေးတွေကိုလည်း ညွှန်းပေးမှာဖြစ်ပါတယ်။ ဆေးအညွှန်းအတိုင်း သေချာသောက်မယ်ဆိုရင် လအနည်းငယ်အတွင်း ပျောက်ကင်းသွားမှာပါ။၃။ လိင်တံမှိုစွဲခြင်း။ခုခံအား ကျတဲ့အခါ၊ လိင်တံသန့်ရျင်းရေး အားနည်းတဲ့အခါ၊မှိုစွဲနေတဲ့ မိန်းမကိုယ်အတွင်း အကာအကွယ်မသုံးဘဲ ထိုးသွင်းဆက်ဆံတဲ့အခါ လိင်တံမှိုစွဲခြင်း ဖြစ်နိုင်ပါတယ်။အများစုက Candida လို့ခေါ်တဲ့ မှိုပိုးကူးစက်ခံရတာကြောင့် ဖြစ်ပါတယ်။ ငယ်ပါက နံနေတာအပြင် တခြားလက္ခဏာအနေနဲ့ အရေပြားနီပြီး ယားယံနေမယ်၊ ပူစပ်ပူလောင်ဖြစ်မယ်၊ အရေပြားမှာ အဖြူကွက်တွေ ထနေပြီး အဖတ်များလန်နေမယ်၊ မှိုစွဲတဲ့နေရာမှာ စိုစိစိဖြစ်နေမှာပါ။ဒီပြဿနာဖြစ်လာပြီဆိုရင်တော့ အရေပြားဆရာဝန်နဲ့ သေချာပြသဖို့ လိုအပ်ပါတယ်။ မှိုရောဂါကို အကင်းအရှင်းပျောက်စေမယ့် Fluconazole, Miconazole, Clotrimazole, Imidazole ပါဝင်တဲ့ မှိုပိုးသတ်ဆေးတွေကို ညွှန်းပေးမှာဖြစ်ပါတယ်။၄။ Balanitis။လိင်တံထိပ်ဖူး ရောင်ရမ်းသွားတဲ့ အခြေအနေဖြစ်ပြီး ထိပ်အရေပြားပါ ရောင်နေပြီဆိုရင်တော့ Balanoposthitis လို့ခေါ်တဲ့ ပိုပြင်းထန်တဲ့အခြေအနေကို ရောက်ရှိနိုင်ပါတယ်။ လိင်တံထိပ်ဖူးရောင်စေတဲ့ အကြောင်းရင်းတွေကတော့။မကောင်းတဲ့ အနံ့ဆိုးတွေအပြင် အရေပြားနီရဲတာ၊ ယားယံတာ၊ ရောင်နေတာ၊ အရေပြားအောက်မှာ ချွဲကျိကျိအရည်တွေ ပြည့်နေတာ၊ ဆီးသွားစဉ်ပူစပ်ပူလောင်နေသလို ဖြစ်နိုင်ပါတယ်။ ထိပ်အရေပြားမဖြတ်ထားရင်လည်း ဖြစ်နိုင်ခြေပိုများပါတယ်။ရောင်နေတာ ၂ရက်ထက်ကျော်သွားပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့လိုအပ်ပါတယ်။ Balanitis ဖြစ်တာသေချာပြီဆိုရင်တော့ ပိုးသတ်ဆေး၊ ယားယံတာ သက်သာစေဖို့ လိမ်းဆေး သို့မဟုတ် အရေပြားမှိုရောဂါအတွက် လိမ်းဆေးတစ်မျိုးမျိုးပေးမှာဖြစ်ပါတယ်။မကုသဘဲ ပစ်ထားလိုက်မယ်ဆိုရင်တော့ အရေပြားနောက်လှန်ဆွဲလို့မရတော့တဲ့အထိ ဖြစ်သွားနိုင်တယ်ဆိုတာ သတိထားပါ။၅။ ဂနိုရောဂါ။ဆီးပူညောင်းကျရောဂါလို့လည်း လူသိများတဲ့ ဂနိုဟာ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါဖြစ်ပါတယ်။ ရောဂါပိုးရှိသူရဲ့ ပါးစပ်၊ မိန်းမကိုယ်၊ စအိုဖြင့် ထိုးသွင်းဆက်ဆံတဲ့အခါ အကာအကွယ်မသုံးရင် ကူးစက်ခံရနိုင်ပါတယ်။အမျိုးသားတွေမှာ အများအားဖြင့် လက္ခဏာမပြတတ်ပါဘူး။ လက္ခဏာပြလာတဲ့အခါမှာလည်း လိင်တံမှအနံ့ထွက်တာ၊ ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်တာ၊ လိင်တံမှ စိမ်းဖန့်ရောင်၊ အဝါရောင် သို့မဟုတ် အဖြူရောင်ပြည်ရည်တွေ စိမ့်ထွက်လာတာ၊ လိင်အင်္ဂါ သို့မဟုတ် စအိုဝပတ်လည်မှာ ယားယံတာ၊ သွေးထွက်တာ၊ ဝမ်းသွားစဉ် နာကျင်ပြီး အောင့်တာဖြစ်နိုင်ပါတယ်။ဂနိုရောဂါရှိတယ်လို့ သံသယရှိတယ်ဆိုရင် ဆရာဝန်နဲ့ ပြဖို့လိုအပ်ပါတယ်။ ထိုးဆေးအပြင် ရောဂါကိုအမြန်ဆုံး သက်သာစေမယ့် ဆေးတွေကို ဆရာဝန်အနေနဲ့ ညွှန်းပေးမှာဖြစ်ပါတယ်။ ဒီကြားထဲမှာ ကိုယ့်ဆီက ရောဂါပိုးက ပျံ့နှံ့နိုင်တဲ့အတွက် လိင်ဆက်ဆံတာကို ရှောင်သင့်ပါတယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေ ဖြစ်တဲ့အတွက်  အဖော်ကိုပါ ဆေးစစ်ပေးပြီး ကုသသင့်ပါတယ်။၆။ ခလက်မီးဒီးယားရောဂါ (Chlamydia)။အကာအကွယ်မဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေထဲမှာ ပါဝင်တဲ့ ခလက်မီးဒီးယားဟာလည်း လိင်တံကို မကောင်းတဲ့အနံ့အသက်တွေ ဖြစ်စေနိုင်ပါတယ်။ ဆီးသွားစဉ် ပူလောင်နေတာ၊ ပုံမှန်မဟုတ်တဲ့ အရည်တွေ စိမ့်ထွက်လာတာ၊ဝှေးစေ့က အောင့်နေပြီး ရောင်နေတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ မကုသဘဲထားလိုက်မယ်ဆိုရင် တခြားသူတွေကိုပါ ရောဂါပိုးကူးစက်စေနိုင်ပြီး မျိုးပွားခြင်းဆိုင်ရာ ပြဿနာတွေပါ ဖြစ်စေနိုင်ပါတယ်။လိင်မှတစ်ဆင့် ကူးစက်ခံရတဲ့ ရောဂါအတွက် ဆရာဝန်နဲ့ မဖြစ်မနေပြသရပါမယ်။ ဆရာဝန်ပေးတဲ့ ရောဂါပိုးသတ်ဆေးကို ဆေးအညွှန်းအတိုင်း သောက်မယ်ဆိုရင်တော့ မြန်မြန်ပျောက်သွားမှာပါ။ လုံးဝအကင်းမပျောက်ခင်အထိ လိင်မှုကိစ္စတွေကို ရှောင်ကြဉ်ဖို့တော့ လိုပါတယ်။၇။ ဘက်တီးရီးယားပိုးကြောင့် မဟုတ်ဘဲ ဆီးပြွန်ရောင်ခြင်း။ဂနိုဖြစ်စေတဲ့ ဘက်တီးရီးယားပိုးဝင်တာ မဟုတ်ဘဲ တခြားဘက်တီးရီးယားပိုးဟာ ဆီးပြွန်ထဲဝင်ပြီး ရောင်ရမ်းလာတဲ့အခါမှာ လိင်တံအနံ့ဆိုးထွက်နိုင်ပါတယ်။ လိင်တံထိပ်ဖူးမှာ ယားယံတာ၊ ရောင်နေတာ၊ ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်တာ၊ လိင်တံထိပ်မှ အဖြူနောက်ရောင်နဲ့ အနံ့ဆိုးတဲ့ အရည်တွေ စိမ့်ထွက်လာတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ဒီရောဂါအတွက် ဆရာဝန်အနေနဲ့ Antibiotics တွေ ပေးမှာဖြစ်ပြီး တခြားသူတွေကို ကူးစက်ခြင်းမဖြစ်စေဖို့ လိင်မှုကိစ္စတွေကို ခဏရှောင်ဖို့ လိုအပ်ပါတယ်။ဒါဆိုရင်တော့ လိင်တံကနေ အနံ့ဆိုးထွက်တဲ့ပြဿနာကြောင့် စိတ်ညစ်နေတဲ့ အမျိုးသားတွေလည်း စိတ်သက်သာရာရမယ်လို့ မျှော်လင့်မိပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/why-penis-so-smelly/
ကလေးအရေပြားခြောက်သွေ့မှုကို ကာကွယ်ခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၆) ချက်
မွေးကင်းစကလေးငယ်တွေနဲ့ ကလေးတွေမှာလည်း လူကြီးတွေမှာဖြစ်သလို အရေပြားခြောက်တာမျိုးတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကလေးတွေရဲ့ အရေပြားက နူးညံ့ပြီး ထိခိုက်လွယ်သလို ပိုပြီးတော့လည်း ခြောက်သွေ့လွယ်ပါတယ်။ အရေပြားခြောက်သွေ့မှုကြောင့်ဖြစ်တဲ့ ပြဿနာတွေကလည်း ပိုဆိုးတတ်ပါတယ်။ ကလေးရဲ့ အရေပြားကို မခြောက်သွေ့အာင် ထိန်းသိမ်းပေးဖို့က မိဘတွေအနေနဲ့ မေ့မထားသင့်တဲ့ အချက်တစ်ခုပါ။ ဒီတစ်ခါတော့ ကလေးအရေပြားခြောက်သွေ့မှုကို ကာကွယ်ခြင်းဖြင့် ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ပြောပြပေးမယ်နော်။ကလေးငယ်တွေရဲ့ အရေပြားဟာ အရမ်းပူလွန်း၊ အေးလွန်းတဲ့ ရာသီဥတုအခြေအနေနဲ့ ပြင်ပလေတွေကြောင့် ခြောက်သွေ့နိုင်သလို အခန်းတွင်းအပူချိန်ပြင်းလွန်းရင်လည်း ခြောက်သွေ့တတ်ပါတယ်။ ကလေးက ခြောက်သွေ့လွယ်တဲ့ အသားအရေကို ပိုင်ဆိုင်ထားရင်တော့ ဖေဖေမေမေတွေအနေနဲ့ ပိုပြီးဂရုစိုက်ပေးဖို့လိုပါလိမ့်မယ်။ကလေးငယ်မှာ အရေပြားခြောက်သွေ့တဲ့အခါ နောက်ဆက်တွဲအရေပြားပြဿနာတွေဖြစ်တဲ့ ယားယံတာ၊ အရေပြားအဖတ်ကွာတာ၊Eczema(နှင်းခူ) နဲ့Ichthyosis လို့ခေါ်တဲ့ မျိုးရိုးလိုက်တဲ့ အရေပြားပြဿနာကို ခံစားရနိုင်ပါတယ်။ အရေပြားခြောက်သွေ့တဲ့အခါ ယားယံပြီး ကလေးက လက်သည်းနဲ့ ကုတ်ခြစ်မိမယ်ဆိုရင်လည်း အရေပြားမှာ အနာတရဖြစ်တာနဲ့ မပျောက်တော့တဲ့ အမာရွတ်တွေထင်ကျန်တာမျိုးဖြစ်နိုင်ပါတယ်။အချို့ကလေးငယ်တွေကတော့ မွေးကင်းစကတည်းက အရေပြား ခြောက်သွေ့လာတာပါ။ ကလေးတွေကို အရေပြား ခြောက်သွေ့စေနိုင်တဲ့ အကြောင်းအရာတွေကတော့ –။ကလေးအရေပြားခြောက်သွေ့မှုကို ကာကွယ်ခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး တွေကတော့။အရေပြား အပေါ်ယံအဖတ်လေးတွေ ကွာကျတာပါ။ မျိုးရိုးရှိတဲ့ကလေးတွေမှာ အဖြစ်များပါတယ်။ အရေပြားက ယေားယံခြောက်သွေ့ပြီး အဖတ်လေးတွေ ကွာကျတာမျိုးပါ။ အရေပြားကို မခြောက်သွေ့အောင် ထိန်းသိမ်းပေးမယ်ဆိုရင် ကလေးရဲ့ ichthyosis ရောဂါလက္ခဏာကို သက်သာစေမှာလည်း ဖြစ်ပါတယ်။အရေပြား ခြောက်သွေ့တဲ့အခါ Eczema (နှင်းခူ) လိုမျိုး အရေပြားပြဿနာကို ခံစားရနိုင်ပါတယ်။ နှင်းခူဖြစ်တဲ့အခါ ကလေးရဲ့အရေပြားက နီရဲပြီး ယားယံတဲ့အကွက်တွေ ဖြစ်နေတတ်ပြီး မိတ်နဲ့ ခပ်ဆင်ဆင်တူတတ်ပါတယ်။အရေပြားကို မခြောက်သွေ့အောင် အစိုဓာတ်ထိန်းထားတဲ့အခါ အရေပြားခြောက်သွေ့တာကြောင့်ဖြစ်တဲ့ အပေါ်ယံအရေပြားကွာကျတာမျိုးကို မဖြစ်အောင် ကာကွယ်ပြီးသားဖြစ်မှာဖြစ်ပါတယ်။ မျက်နှာအပြင် ကလေးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာဖြစ်တဲ့ အရေပြားကွာကျတာမျိုးကို ကင်းဝေးစေမှာလည်း ဖြစ်ပါတယ်။ကလေးတော်တော်များများက အရေပြား ခြောက်သွေ့တဲ့အခါ ယားယံတာမျိုး ခံစားကြရပါတယ်။ အရေပြားခြောက်သွေ့မှုက ယားယံမှုကို ပိုဖြစ်စေနိုင်ပါတယ်။ အရေပြားယားယံတဲ့အခါ ကလေးက ကုတ်ဖဲ့မိရာကနေ အနာတွေဖြစ်တာနဲ့ အရေပြားပေါ်မှာ အမာရွတ်တွေ ထင်ကျန်ခဲ့တာလိုမျိုး နောက်ဆက်တွဲအရေပြားပြဿနာတွေ ခံစားရနိုင်ပါတယ်။ အရေပြားကို မခြောက်သွေ့အောင် ဂရုစိုက်ပေးခြင်းက ဒီပြဿနာတွေကနေ ကင်းဝေစေနိုင်မှာပါ။အရေပြားမှာ အနာတွေဖြစ်ရတဲ့ အကြောင်းအရင်းက အရေပြားခြောက်သွေ့ကြမ်းတမ်းတာကြောင့်ပါ။ အရေပြား ခြောက်သွေ့ကြမ်းတမ်းတာရဲ့ နောက်မှာ အရေပြား ကွဲအက်တာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာနဲ့ ပိုးဝင်ကူးစက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အရေပြားမှာ လိုအပ်တဲ့ရေဓာတ်နဲ့ အဆီပြည့်ဝနေမယ်ဆိုရင်တော့ ဒီလိုမျိုးအရေပြားပြဿနာတွေကို ခေါက်ထားနိုင်မှာ အသေအချာပါပဲ။အရေပြားကို ငယ်စဉ်ကတည်းက သေချာထိန်းသိမ်းပေးမှာ အရွယ်ရောက်လာတဲ့အခါ ကလေးရဲ့ အသားအရေက ချောမွေ့နေမှာပါ။ ဒါကြောင့် ငယ်စဉ်ကတည်းက ကလေးရဲ့ အရေပြားကို ခြောက်သွေ့မှုကင်းပြီး နူးညံ့စိုပြေနေစေဖို့ သေသေချာချာထိန်းသိမ်းထားဖို့ လိုပါမယ်။ ဒါကြောင့် ကလေးကို ချောမွေ့တဲ့ အသားအရေပိုင်ရှင်ဖြစ်စေဖို့ ငယ်စဉ်ကတည်းက ခြောက်သွေ့မှုကင်းအောင် စောင့်ရှောက်ပေးဖို့လိုပါတယ်။အခုပြောပြခဲ့တဲ့အချက်လေးတွေအတိုင်း လိုက်လုပ်ကြည့်ပြီး ဖေဖေမေမေတို့လည်း ကိုယ့်ရင်သွေးတွေကို အရေပြားခြောက်သွေ့မှုကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကနေ ကင်းဝေးအောင် စောင့်ရှောက်နိုင်ကြပါစေကြောင်း။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/6-benefits-of-prevention-skin-dryness-in-babies/
အသားမဲတာ ပတ္တမြားခဲပါ
အသားမဲလို့ဆိုပြီး စိတ်ညစ်နေလား။ သမီးကိုဘာလို့ အသားဖြူဖြူလေးမွေးမထားရတာလဲ မေရယ်ဆိုပြီး အပြစ်တင်နေမိလား။ အပြစ်မဆိုပါနဲ့နော်။ အရာရာတိုင်း၊ ကိစ္စရပ်တိုင်းမှာ အကောင်းအဆိုးက ဒွန်တွဲနေတာပါ။ တစ်ခါတလေကျ ငါ့ကျမှဒါမျိုးဖြစ်ရလားဆိုပြီး စိတ်မကောင်းဖြစ်မနေပါနဲ့ အချို့သောကိစ္စတွေက ဆိုးတယ်လို့ ထင်ရပေမယ့် တစ်ဖက်မှာတော့ကောင်းကျိုးလေးတွေရှိနေပါတယ်နော်။အသားအရောင်တွေက အမျိုးမျိုးနော်။အာရှအသားအရေကပိုတောင် စုံသေးတယ်။ ရာသီဥတုအခြေအနေစုံလင်သလို အသားအရောင်ကလည်း အသားဖြူဖြူလေးတွေရှိသလို ဝါညက်ညက်လေးတွေ၊ ညိုပြာညက်လေးတွေ၊ အသားရောင် အညိုရင့်ရင့်လေးတွေရယ်ဆိုပြီး အမျိုးအစားကိုစုံနေတာပါပဲ။ လူတိုင်း အထူးသဖြင့်လေဒီလေးတွေက အသားဖြူတာကို သဘောကျကြတယ်နော်။ သတိထားမိကြမလားမသိဘူး။ အသားညိုတာကအရေပြားပြဿနာတွေကို အသားဖြူသူတွေလောက်မခံစားရဘူးဆိုတာကိုလေ။အသားအရောင်ကွာခြားရတာကခန္ဓါကိုယ်က ထုတ်လုပ်တဲ့ မယ်လ်လာနင် ပမာဏကွာခြားတာကြောင့်ပါ။ အသားအရောင်ဖြူလေလေနေပူအောက်မှာ အသားအရေထိခိုက်နိုင်ခြေ များလေလေပါနော်။ အသားညိုတဲ့သူ အသားမဲတဲ့သူတွေရဲက အရေပြားကမယ်လ်လာနင်ကြွယ်ဝတာကြောင့် ပူပြင်းတဲ့နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် (UV) ကို အသားဖြူသူတွေ၊ အသားလတ်သူတွေထက် ပိုပြီး ကာကွယ်နိုင်ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ အသားအရောင်ရင့်တာက ကိုယ်တွင်းကဖောလိတ်ဓါတ်တွေ မကုန်ဆုံးအောင် ကာကွယ်ပေးနိုင်သလိုDNAပျက်စီးမှုတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အခုလိုပူတဲ့နေရောင်အောက်မှာ အသားဖြူဖြူလေးတွေကခြေကုန်လက်ပန်းကျလို့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို အလူးအလဲခံနေရချိန်မှာ အသားညိုသူတွေက ခပ်အေးအေးပါပဲနော်။ ဒီတော့ အသားမဲတာက ပတ္တမြားခဲဆိုတာ လက်ခံရမယ့်အချက်တစ်ခုပေါ့။အသားညိုသူတွေ၊ အသားအရောင်ရင့်သူတွေက အရေပြားပြဿနာခံစားရနိုင်ခြေနည်းပါတယ်။နေလောင်ဒဏ်၊ ခရမ်းလွန်ရောင်ခြည်ဒဏ်အပြင် အပူဒဏ်ကြောင့် ဝက်ခြံထွက်နိုင်ခြေကလည်း အသားဖြူသူတွေနဲ့ယှဉ်ရင် နည်းပါတယ်။ ဒီလိုဆိုတာနဲ့တော့နေပူထဲကို ထင်သလိုတော့ မထွက်စေချင်ပါဘူးနော်။ သစ္စာရှိရှိ အစဉ်အလာမပျက် တစ်နှစ်ထက်တစ်နှစ်ပိုတိုးပူလာတဲ့နွေရဲ့နေရောင်အောက်မှာ အပြင်သွားမယ်ဆိုရင် လိုအပ်တဲ့ကာကွယ်မှုလေးတွေတော့ လုပ်သွားစေချင်ပါတယ်နော်။နေလောင်ကာခရင်မ်လူးတာ၊ရေများများသောက်တာ၊ ဦးထုပ်ဆောင်းတာ၊ ထီးဆောင်းတာ၊ ချည်သားပွပါချောင်ချောင်လေးတွေ ဝတ်တာမျိုးပေါ့။အသားညိုသူတွေရဲ့ အရေပြားကနေရောင်မျာပါတဲ့UVAရော UVB တို့ကြောင့်ပါ ထိခိုက်နိုင်ခြေနည်းတာပါ။ အသားညိုတဲ့သူတေါအတွက် စိတ်ပူစရာတစ်ခုရျိတာကနေရောင်ရတာနည်းတဲ့ ကာလတွေမှာ ဗီတာမင် D ချို့တဲ့မှာကိုပါ။ ဒါကလည်းမြန်မာနိုင်ငံ အတိုင်းအတာနဲ့ဆိုရင်တော့ ပူစရာမလိုပါဘူး။မြန်မာနိုင်ငံက ရာသီ ၃ ခုစလုံးမှာနေရောင်ကို သင့်တင့်မျှတစွာရရှိနေတာကြောင့်ပါ။ အခုလိုနွေရာသီမှာ အသားဖြူတာတွေကို အားကျမနေပါနဲ့ ညိုပြာညက်လေးတို့ရေ။ ကိုယ်တွေကိုတောင် သူတို့က အားကျရဦးမှာနော်။နေရောင်ကြောင့် အသားအရေကို ထိခိုက်မှုများလေလေအရေပြားကင်ဆြာဖစ်နိုင်ခြေကများလေလေပါနော်။ ဒီတစ်ချက်ကတော့ အသားညိုသူတွေရော အသားဖြူသူတွေပါ သတိထားရမယ့်အချက်ပါ။ ဒါကြောင့် ထိခိုက်နိုင်ခြေနည်းပေမယ့်လည်း အသားအရေကိုနေရောင်ဒဏ်ကနေ အကောင်းဆုံးကာကွယ်ပါကြပါနော် Helloဆရာဝန်ပရိသတ်ကြီးရေ။ဒါကြောင့်ပြောချင်တာကတော့ နွေအပူရှိန်မှာ ထိခိုက်မှုနည်းတာက အသားညိုပြာညက်လေးတွေပါနော်။ အသားမဲတာ မကောင်းဘူးလို့ ဘယ်သူပြောလဲနော်…………………………။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%80%b2%e1%80%90%e1%80%ac-%e1%80%95%e1%80%90%e1%81%b1%e1%80%bb%e1%80%99%e1%80%ac%e1%80%b8%e1%80%81%e1%80%b2%e1%80%95%e1%80%ab/
Sinusitis (ထိပ်ကပ်နာရောဂါ)
ထိပ်ကပ်နာရောဂါဆိုသည်မှာ လူဦးခေါင်းခွံတွင် နှာခေါင်းပေါက်နဲ့ ဆက်သွယ်ထားတဲ့ လေလမ်းကြောင်း/နှာခေါင်းလှိုဏ် (Sinus) ပိတ်ဆို့ရာကနေ တစ်ခု(သို့မဟုတ်) တစ်ခုထက်ပိုတဲ့ နှာခေါင်းလှိုဏ် တွေ ပိုးဝင်ရောင်ရမ်းခြင်းဖြစ်ပါတယ်။ ထိပ်ကပ်နာရောဂါသည် ရုတ်တရက်ဖြစ်နိုင်ပြီး အချိန်တို ၄ ပတ် လောက်ပဲဖြစ်ရင် ရုတ်တရက်လတ်တလော ထိပ်ကပ်နာလို့ခေါ်တယ်။ ၃ လ လောက်ကြာပြီး ထပ်ခါထပ်ခါ ဖြစ်နေရင်တော့ နာတာရှည်ထိပ်ကပ်နာလို့ခေါ်တယ်။ဒီရောဂါဟာ အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံ သိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ထိပ်ကပ်နာရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာတွေကတော့ –။အထက်ပါလက္ခဏာများဟာ (၇)ရက်မှ (၂၁)ရက်အတွင်း သက်သာပါတယ်။ အထက်မှာ ဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာများတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခု ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဘတ်တီးရီးယားပိုး၊ ဓါတ်မတည့်ပစ္စည်းများ၊ လေထုညစ်ညမ်းခြင်းနဲ့ နှာခေါင်းအသားပို Nasal Polyp (နှာခေါင်းတွင် အသားပိုကြောင့် နှာပိတ်ခြင်းကိုဖြစ်စေတယ်) များသည် ထိပ်ကပ်နာရောဂါကို ဖြစ်စေပါတယ်။ ထို့ပြင် ထိပ်ကပ်နာသည် တုပ်တွေးမိပြီးနောက်၊ ဓါတ်မတည့်ပစ္စည်းများနဲ့ ထိတွေ့ပြီး နောက်တွင် ဖြစ်လေ့ရှိတယ်။ မွေးရာပါ နှာခေါင်းလှိုဏ်ကျဉ်းခြင်း၊ နှာခေါင်းခြောက်သွေ့လွန်းခြင်း တို့ကလည်း နာတာရှည်ထိပ်ကပ်နာ ဖြစ်စေတယ်။ထိပ်ကပ်နာဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က ရောဂါအတည်ပြုဖို့ နား၊ နှာခေါင်း၊ လည်ချောင်းနဲ့ ရင်ဘတ်တို့ကို နားကြပ်သုံးပြီး စမ်းသပ်စစ်ဆေးပါတယ်။ သင့်မှာ မှိုပိုးကြောင့်ဖြစ်သော ထိပ်ကပ်နာရောဂါ (Fungal sinusitis) သို့မဟုတ် အကျိတ်များရှိနေတယ်ဟု သံသယရှိလျှင် နှာခေါင်းမှန်ပြောင်းကြည့်ခြင်း၊ ကွန်ပျူတာ ဓါတ်မှန်(CT Scan)ရိုက်ခြင်း၊ သံလိုက်ဓါတ်မှန်(MRI)ရိုက်ခြင်း တို့ကို ပြုလုပ်ပါလိမ့်မယ်။ရောဂါဖြစ်ရခြင်းအကြောင်းရင်းကို ဆန်းစစ်ဖို့ သင့်ဆရာဝန်က သင်တစ်နှစ်တွင် ထိပ်ကပ်နာ ဖြစ်သော အကြိမ်အရေအတွက်၊ ရောဂါလက္ခဏာ မပေါ်ခင်ပြုလုပ်ခဲ့သော လုပ်ဆောင်မှုများကို မေးပါလိမ့်မယ်။ ထို့နောက်လိုအပ်ရင် X-Ray ဓါတ်မှန်ရိုက်ခြင်း (သို့မဟုတ်) အခြားသော စစ်ဆေးမှု များကို ပြုလုပ်ရန် ညွှန်ကြားပါလိမ့်မယ်။ရောဂါဝေဒနာသက်သာရန် နှာခေါင်းဖြန်းဆေးများ၊ နှာခေါင်းအစက်ချဆေးရည်များ အသုံးပြု နိုင်ပါတယ်။ သာမန်ခေါင်းကိုက်ခြင်းအတွက် Panadol (သို့မဟုတ်) Efferagan ကဲ့သို့သော ပါရာစီတ မောပါဝင်သော အကိုက်အခဲပျောက်ဆေးများ သောက်နိုင်တယ်။ဆရာဝန်က အရောင်ကျစေဖို့ Antihistamine (သို့မဟုတ်) Corticosteroid ပါသော နှာခေါင်းဖြန်းဆေးများကို ညွှန်ပါတယ်။ ဒီနည်းလမ်းဟာ အထူးသဖြင့် နှာခေါင်းအသားပို (Nasal Polyp) ကြောင့် ဝေဒနာခံစားနေရသောအခါ ထိရောက်ပါတယ်။ ပိုးဝင်၍ ရောင်ရမ်းနေသော ရောဂါ အတွက်မှု ဆရာဝန်က ပဋိဇီဝဆေးများ ညွှန်ကြားပါလိမ့်မယ်။ထို့ပြင် မှိုပိုးကြောင့်ဖြစ်သော ထိပ်ကပ်နာ၊ နှာခေါင်းအသားပိုနဲ့ နှာခေါင်းနှစ်ပေါက်ကြားအလွှာ (Nasal Septum) တစ်ဖက်ဖက်ကိုယိုင်နေခြင်း ကြောင့်ဖြစ်သော ထိပ်ကပ်နာရောဂါများတွင် ဆရာဝန် က ခွဲစိတ်ကုသမှု ပြုလုပ်ပေးပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေ အသုံးပြုခြင်းက ထိပ်ကပ်နာရောဂါကို ကုသရာမှာ ဘယ်လို အထောက်အကူပြုနိုင်သလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ထိပ်ကပ်နာကို ကုသတဲ့ နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာမှာ အကူအညီပေးနိုင်ပါတယ်။• ရေများများသောက်ခြင်းဖြင့် နှာခေါင်းတွင်းအချွဲများကို အရည်ကျဲစေပါတယ်။• အရက်ရှောင်ပါ။• ဆေးလိပ်မသောက်ရ။• အဝတ်နွေးနွေးနဲ့ တစ်နေ့(၄)ကြိမ်အုပ်ပေးပါ။• ဓါတ်မတည့်သော ပစ္စည်းများနဲ့ မထိတွေ့အောင်ရှောင်ပါ။• မသေချာသော နှာခေါင်းဖြန်းဆေးများမသုံးပါနဲ့။ ထိုဆေးများတွင် သင်နဲ့မသင့်တော်သော ရောဂါပိုးဆိုးစေသော ပစ္စည်းများပါနိုင်ပါတယ်။• အိပ်လျှင် ဦးခေါင်းကို အနည်းငယ်မြှင့်ပြီးအိပ်ပါ။အကယ်၍ သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက် သင့်တော်တဲ့အဖြေရှာဖွေနိုင်ဖို့ ဆရာဝန် နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/nose-conditions/sinusitis-%e1%80%91%e1%80%ad%e1%80%95%e1%80%ba%e1%80%80%e1%80%95%e1%80%ba%e1%80%94%e1%80%ac%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab/
ဘယ်အချိန်မှာ ကျားဟော်မုန်းပမာဏကို စစ်ဆေးကြမလဲ
ကျားဟော်မုန်းဆိုတာ အမျိုးသားတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ယောက်ျားပီသမှုအတွက် မရှိမဖြစ် ဟော်မုန်းတစ်မျိုးပါ။ဝှေးစေ့ကနေ တက်စတိုစတီရုန်းလို့ခေါ်တဲ့ ကျားဟော်မုန်းတွေကို ထုတ်လွှတ်ပေးပါတယ်။ကျားဟော်မုန်းကြောင့် ခန္ဓာကိုယ်မှာ အမွေးအမျှင်တွေ ထူထပ်လာတယ်။ကြွက်သားထုတက်လာတယ်။ ခွန်အားတက်လာတယ်။ လိင်စိတ်ဆန္ဒ ထကြွစေတယ်။ သုက်ပိုးတွေကို ကျန်းမာသန်စွမ်းစေပြီးမျိုးအောင်ခြင်းကို ဖြစ်စေတယ်။ ဒီဟော်မုန်းဟာ ရှိသင့်တဲ့ပမာဏထက် နည်းနေပြီဆိုရင်တော့ သိသာတဲ့ ပြောင်းလဲမှုလက္ခဏာတွေကို တွေ့ရမှာပါ။တက်စတိုစတီရုန်းပမာဏက အမျိုးသားတစ်ယောက်မှာ ၃၀၀ – ၁၀၀၀ ng/dl ရှိပြီး အမျိုးသမီးတွေမှာ ၁၅ – ၇၀ ng/dl ရှိပါတယ်။လူပျိုဖြစ်ကာစအရွယ်မှာ ကျားဟော်မုန်းပမာဏက အမြင့်ဆုံးဖြစ်ပြီး အသက်ကြီးလာတာ၊ ကျန်းမာရေးချူချာတာတွေကြောင့် ကျားဟော်မုန်းလျော့နည်းသွားစေနိုင်ပါတယ်။ကျားဟော်မုန်းတော်တော်လေး နည်းနေပြီဆိုရင်။ကျားဟော်မုန်းပမာဏ နည်းတဲ့ ဆယ်ကျော်သက်ကောင်လေးတွေမှာ တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင်ပိန်ညှက်နေတာ၊ ကိုယ်ခန္ဓါကြီးထွားဖွံ့ဖြိုးမှု နှေးကွေးတာ၊ အမွေးအမျှင်ပါးတာ၊ ကြွက်သားဖွဲ့စည်းပုံမမှန်တာ အစရှိတဲ့လက္ခဏာတွေ တွေ့ရတတ်ပါတယ်။ကျားဟော်မုန်းက လိုတာထက်ပိုပြီး များနေတဲ့ အမျိုးသားတွေမှာလိင်တံအရွယ်အစားက ပုံမှန်ထက် တော်တော်လေးကို ကြီးမားနေမယ်။ အသံက သြသြကြီးဖြစ်နေပြီး တိမ်ဝင်နေမယ်။ ခန္ဓါကိုယ်မှာ အမွေးအမျှင်တွေ အများအပြားပေါက်လာမယ်။ ဆယ်ကျော်သက်အရွယ်မှာ ကြီးထွားမှုရပ်တန့်သွားတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ကိုယ်က တက်စတိုစတီရုန်းပမာဏကို စစ်ဖို့ ရက်ချိန်းယူတဲ့အခါ ဆရာဝန်တွေက မနက်ပိုင်းအချိန်ကို ချိန်းပေးပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မနက်အစောပိုင်းအချိန်ဟာ အမျိုးသားတစ်ယောက်အတွက် တက်စတိုစတီရုန်းပမာဏ အမြင့်ဆုံး အချိန်ဖြစ်လို့ပါပဲ။ လိုအပ်တဲ့ သွေးဖောက်စစ်မှုတွေ ပြုလုပ်မှာဖြစ်ပြီး ဆေးစစ်ရက်မတိုင်ခင် ဟော်မုန်းပမာဏ အပြောင်းအလဲဖြစ်စေနိုင်မယ့် ဆေးသောက်တာကို ရပ်ခိုင်းပါလိမ့်မယ်။သွေးစစ်ပြီးတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးချက်အနေနဲ့ ခန္ဓာကိုယ်က အမွေးအမျှင်တွေ ကျွတ်တာ၊ကိုယ်အလေးချိန်ရုတ်တရက် တိုးလာတာ၊ အရပ်ပုသွားတာ၊ ရင်သားဆူထွက်လာခြင်း ရှိမရှိ စစ်ဆေးမှာဖြစ်ပါတယ်။ပုံမှန်လုပ်နေကျ ကုထုံးကတော့ တက်စတိုစတီရုန်းဟော်မုန်း အစားထိုးကုထုံး (Testosterone Replacement Therapy – TRT) ဖြစ်ပြီး ကျားဟော်မုန်း ဆေးထိုးတာ၊ ကပ်ခွာကပ်တာ၊ ဟော်မုန်းဆေးရည်ကို အရေပြားမှာ သုတ်လိမ်းတဲ့နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဒီကုထုံးဟာ အမျိုးသားအများစုအတွက် တော်တော်လေးထိရောက်မှုရှိပေမယ့် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ညဘက်မှာ ကောင်းစွာအိပ်မပျော်တာ၊ ဝက်ခြံပေါက်တာ၊ သွေးခဲတာ၊ ဆီးကျိတ်ကြီးတာ၊ နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်တက်လာတာ၊ ရုတ်တရက်သတိလစ်တာပါ ဖြစ်နိုင်ပါတယ်။သဘာဝအတိုင်းကျားဟော်မုန်းပမာဏ ပုံမှန်ဖြစ်စေဖို့အတွက် အမျိုးသားတိုင်း ကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံကို လိုက်နာရမှာဖြစ်ပါတယ်။ အဓိကကတော့ ကြွက်သားထုတည်ဆောက်ဖို့ အလေးမတာ၊ Gym ကစားတာ၊ ရေကူးတာ၊ စက်ဘီးစီးတာအပြင် ကိုယ်တွင်းမှာရှိတဲ့ အဆီပိုတွေကို ချမယ်။ အစာအာဟာရကို မျှတစုံလင်စွာ စားသုံးမယ်ဆိုရင် ကျားဟော်မုန်းကို ပုံမှန်အတိုင်း ထိန်းထားနိုင်ပြီး ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ သာယာတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ရမှာပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-hormone-issues/%e1%80%98%e1%80%9a%e1%80%ba%e1%80%a1%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%80%e1%80%bb%e1%80%ac%e1%80%b8%e1%80%9f%e1%80%b1%e1%80%ac%e1%80%ba%e1%80%99%e1%80%af/
အရေပြားအပ်စိုက်ကုသခြင်းဟာ ကော်လဂျင်ဓါတ်တွေထွက်လာဖို့ ဘယ်လိုလှုံ့ဆော်ပေးသလဲ
ကော်လဂျင်ထွက်စေတဲ့ကုထုံးဟာ အပ်စိုက်ကုခြင်းဖြစ်ပြီး ထိခိုက်မှုအနည်းဆုံးနဲ့ အရေပြားကို ပြန်လည်နုပျိုလှပစေနိုင်တဲ့ နည်းလမ်းအသစ်တခု ဖြစ်ပါတယ်။ အရေးအောကာင်းလေးတွေ၊ ကိုယ်ခန္ဓါနဲ့ မျက်နှာပေါ်က အမာရွတ်တွေကို လျော့နည်းစေပြီး ပိုကြည့်ကောင်းလာစေမယ့် နည်းလမ်းဖြစ်ပါတယ်။ အရေပြားအပ်စိုက်ခြင်းဟာ အောက်ပါအခြေအနေတွေအတွက် ထိရောက်စွာ အသုံးပြုနိုင်ပါတယ်။– ဝက်ခြံ၊ ခွဲစိတ်မှု၊ အပူလောင်မှုတွေကြောင့် ဖြစ်သော အမာရွတ်များကို လျော့နည်းစေခြင်း။– အကြောပြတ်နေသည်များကို မှေးမှိန်စေခြင်း။– အရေးအကြောင်းများ၊ အတွန့်အခေါက်များကို လျော့နည်းစေခြင်း။– အစက်အပြောက်များကို ဖယ်ရှားပေးနိုင်ခြင်း။– လျော့ရဲနေသော အသားအရေများကို တင်းရင်းစေခြင်း။အရေပြားအပ်စိုက်ခြင်းကို အနုစိတ်အပ်စိုက်ကုထုံး ဒါမှမဟုတ် ကော်လဂျင်ထွက်စေသောကုထုံးလို့ ခေါ်ပါတယ်။ ထိခိုက်မှုအနည်းဆုံး မခွဲစိတ်ရတဲ့ မျက်နှာကို နုပျိုလှပစေတဲ့နည်းလမ်းဖြစ်ပါတယ်။ အရေပြားထိခိုက်ဒဏ်ရာများကို ထိန်းချုပ်နိုင်ဖို့ အပ်အသေးလေးများပါဝင်တဲ့ ကိရိယာကို သုံးပါတယ်။အရေပြားအပ်စိုက်ကုထုံးရဲ့ ရည်ရွယ်ချက်ကတော့ အရေပြားကနေ ကော်လဂျင်နဲ့ အလက်စတင်ဓါတ် ထွက်ပေါ်လာစေဖို့ လှုံ့ဆော်ပေးခြင်းပဲ ဖြစ်ပါတယ်။ အရေပြားရဲ့ သဘာဝအတိုင်း အနာကျက်စေတဲ့ နည်းလမ်းကတဆင့် အသားအရေကို ချောမွေ့စေပြီး အကြောပြတ်တဲ့အရာတွေကို ကျဆင်းစေပါတယ်။ ဆေးပညာအဆင့် အပ်စိုက်ခြင်းအသုံးချနိုင်ဖို့ အပ်စိုက်တဲ့နေရာဟာ အရေပြားဒုတိယာအလွှာရဲ့ အပေါ်ပိုင်း ဖြစ်ပါတယ်။ အပ်စိုက်ရာမှာ သေးငယ်တဲ့အပ်ကလေးပေါင်း ၂၀၀လောက်ပါတဲ့ အရေပြားပေါ်မှာလှိမ့်တဲ့ ဒလိမ့်တုံးပါပါတယ်။ အဲဒီအပ်ကလေးတွေပါတဲ့ ဒလိမ့်တုံးကို အရေပြားပေါ်မှာလှိမ့်ပြိး သေးငယ်တဲ့ အပ်ပေါက်ရာကလေးတွေ ဖန်တီးပါတယ်။ ဒီဖြစ်ရပ်ကနေ အနာကျက်စေတဲ့ တုံ့ပြန်မှုနဲ့ ကိုယ်ခန္ဓါရဲ့ သဘာဝကော်လဂျင်ဓါတ်တွေကို ထွက်လာစေပါတယ်။အသုံးပြုတဲ့ ဒလိမ့်တုံးဟာ ဆေးမင်ကြောင်ထိုးတဲ့ အပ်ကလေးတွေနဲ့တူပြီး ကိုယ်ခန္ဓါပေါ်မှာ သေးငယ်တဲ့ ဒဏ်ရာလေးတွေကို ဖြစ်စေပါတယ်။ ဒါပေမယ့် ထုံဆေးလိမ်းထားတာကြောင့် သက်သာစေပါတယ်။ အရေပြားကို ထိခိုက်စေခြင်းအားဖြင့် ကိုယ်ခန္ဓါကနေ ကော်လဂျင်နဲ့ အလက်စတင်ဓါတ်တွေ အသစ်ထွက်ပေါ်လာစေပါတယ်။ မျက်နှာနဲ့ ကိုယ်ခန္ဓါပေါ်မှာ ပြုလုပ်ပါတယ်။– ဒီကုသမှုဟာ ကော်လဂျင်နဲ့ အလက်စတင်ဓါတ်တွေကို သဘာဝအတိုင်း ထွက်လာစေပြီး အသားအရေကို ချောမွေ့တင်းရင်းစေပါတယ်။ အရေပြားပေါ်မှာ အလွန်သေးငယ်တဲ့ အပ်စိုက်ရာ ကလေးများသာ ဖြစ်စေပြီး ထိခိုက်မှုနည်းပါတယ်။ တခြား ပိုပြင်းထန်တဲ့ နည်းလမ်းတွေထက် ကော်လဂျင်ဓါတ် ထွက်ပေါ်ခြင်းကို ပိုမိုမြန်ဆန်စေပါတယ်။– အရေပြားပေါ်က အစက်အပြောက်တွေ၊ အမာရွတ်တွေကို လျော့ကျစေပြီး သဘာဝအတိုင်းညိုတဲ့ အသားအရေတွေမှာလည်း ဘေးကင်းစွာ ပြုလုပ်နိုင်ပါတယ်။– အသားအရေရဲ့ အစိုဓါတ်ကို ထိန်းပေးပြီး အရေးအကြောင်းတွေ လျော့နည်းစေဖို့ ဟိုင်ယာလူယွန်းနစ်အက်ဆစ်နဲ့ နို့ရည်ကြည် လိမ်းဆေးကို ဒီနည်းလမ်းမှာ အသုံးပြုပါတယ်။– ပါးလျားပြီး အထိအခိုက်မခံတဲ့ အသားအရေတွေအတွက် သင့်တော်ပါတယ်။– ဒီနည်းလမ်းကို လူနာတွေဟာ ကောင်းစွာ ခံနိုင်ရည်ရှိပြီး လက်ခံနိုင်ကြပါတယ်။– ကုန်ကျစရိတ်နဲ့ ထိရောက်မုရှိပါတယ်။ လေဆာကုသခြင်းနဲ့ အဆင်မပြေနိုင်နဲ့ မျက်လုံးနားက အရေပြားလိုမျိုးမှာပါ ပြုလုပ်နိုင်ပါတယ်။– လေဆာကုသခြင်းနဲ့ မတူတာက အပေါ်ယံအရေပြားဟာ ထိခိုက်မှုမရှိဘဲ ပကတိအတိုင်း ကျန်ခဲ့ပါတယ်။ ဒါကြောင့် လိုအပ်ရင် ဘေးကင်းစွာနဲ့ ထပ်ခါထပ်ခါ ပြုလုပ်နိုင်ပါတယ်။– ဒီကုသမှုဟာ တခြားနည်းတွေမှာလို ကုသမှုလုပ်ထားတဲ့အပိုင်းနဲ့ ကျန်တဲ့အပိုင်းကို သိသာစွာ ကွာခြားမှုမဖြစ်စေပါဘူး။ ဒါကြောင့် ကုသထားတဲ့နေရာမှာ ဖုံးကွယ်ထားစရာ မလိုပါဘူး။– လူနာများဟာ အပ်စိုက်ရာပေါ် မူတည်ပြီး ရက်အနည်းငယ်အတွင်း ပုံမှန်လှုပ်ရှားမှုတွေကို ပြန်လည် ပြုလုပ်နိုင်ပါတယ်။ လေဆာကုသမု အရေပြားပွန်းခြစ်စေမှုစတဲ့ နည်းလမ်းတွေမှာတော့ ထိခိုက်မှုများပြီး ကုသမှုနောက်ပိုင်းမှာ အနားယူရခြင်းတွေ ရှိပါတယ်။အပ်စိုက်ပြီး ကော်လဂျင်ဓါတ်များကို သဘာဝအတိုင်း ထွက်လာစေတဲ့ ကုသမှုဟာ အသားအရေကို ချောမွေ့တင်းရင်းစေပြီး အရေးအကြောင်းတွေ အမာရွတ်တွေကို လျော့နည်းစေပါတယ်။ မျက်နှာ၊ လည်ပင်း၊ လည်တိုင်၊ လက် စတဲ့နေရာမျိုးစုံက အသားအရေမျိုးစုံအတွက် သင့်တော်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/alternative-medicines/%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%a1%e1%80%95%e1%80%b9%e1%80%85%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%80%e1%80%af%e1%80%9e%e1%80%bb%e1%80%81%e1%80%84%e1%80%b9/
သားဥအိမ် ရေအိတ်တည်ခြင်းရောဂါစု (PCOS) သက်သာစေဖို့ ဘာတွေစားရမလဲ
သားဥအိမ် ရေအိတ်တည်ခြင်းရောဂါစု (PCOS) ဆိုတာက ဟော်မုန်း မမျှတမှုကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြဿနာ တစ်မျိုးပါ။ ဟော်မုန်း မမျှတတာက ရာသီသွေး မမှန်တာ၊ ဆံပင်ကျွတ်စေတာတွေ ဖြစ်စေနိုင်သလို မျိုးအောင်မှုကို ထိခိုက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဟော်မုန်း မမျှတမှုကြောင့်  အင်ဆူလင်တုံ့ပြန်မှု မကောင်းတာ၊ အဝလွန်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေတွေက ဆီးချိုရောဂါ နဲ့ နှလုံးရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ဒီလို ကျန်းမာရေးပြဿနာတွေကို ထိန်းချုပ်ဖို့ဆိုရင် ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို မွေးမြူပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိဖို့ လိုပါမယ်။ နေ့စဉ်မှန်ကန်တဲ့ စားသောက်မှုပုံစံက သားဥအိမ် ရေအိတ်တည်ခြင်းရောဂါစု (PCOS)  ကိုတင် သက်သာစေတာ မဟုတ်ဘဲကိုယ်အလေးချိန်ကိုပါ ထိန်းညှိပေးနိုင်ပါတယ်။ အင်ဆူလင် တုံ့ပြန်မှုကိုလည်း ကောင်းစေနိုင်ပါတယ်။သားဥအိမ် ရေအိတ်တည်ခြင်းရောဂါစု (PCOS) သက်သာစေဖို့ ဘာတွေစားရမလဲ ဆိုတော့။အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေက အဆာခံနိုင်စေပြီး ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် သားဥအိမ် ရေအိတ်တည်ခြင်းရောဂါစု (PCOS) သက်သာစေဖို့ဆိုရင် အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ကြတဲ့ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ကိုက်လန်၊ ဟင်းနုနွယ်၊ ငရုတ်ပွ စတာတွေကို စားပေးလို့ ရပါတယ်။ ကိုယ်အလေးချိန်အလွန်အကျွံ မတက်အောင်လည်း ထိန်းပေးနိုင်ပါတယ်။အဆီ မပါတဲ့ အနီရောင် အသား၊ ငါး၊ အရေခွံဖယ်ထားတဲ့ ကြက်သား၊ ကြက်ဥအကာ စတာတွေက ပရိုတင်း ကြွယ်ဝပြီး အဆာခံနိုင်စေမှာပါ။ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းပေးနိုင်ပြီး အဝမလွန်အောင် ကာကွယ်ပေးတာကြောင့် သားဥအိမ် ရေအိတ်တည်ခြင်းရောဂါစု (PCOS) သက်သာစေဖို့  ထောက်ကူပေးနိုင်ပါတယ်။ဟော်မုန်းမညီမျှမှုတွေကြောင့် ဆဲလ်ရောင်ရမ်းမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဓာတ်တိုးဆန်းကျင်သတ္တိရှိပြီး အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိတဲ့ သစ်ကြားသီး၊ ခရမ်းချဉ်သီး၊ နနွင်း၊ အဆီကြွယ်ဝတဲ့ (ဆယ်လ်မွန်၊ တူနာ၊ ဆာဒင်း၊ မက်ကာရယ်) စတာတွေကို စားပေးပါ။ သစ်သီးတွေအနေနဲ့ အနီရောင် စပျစ်သီး၊ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဘလက်ခ် ဘယ်ရီ၊ ချယ်ရီသီး စတာတွေကို စားပေးပါ။သားဥအိမ် ရေအိတ်တည်ခြင်းရောဂါစု သက်သာစေဖို့ ဆိုရင် သဘာဝအတိုင်း ပြုပြင်မထားတဲ့ ဆီရီယယ်ကို ပုံမှန်စားပေးလို့ ရပါတယ်။ ဒါ့အပြင် ဂျုံကြမ်း ပေါင်မုန့်၊ ဆန်လုံးညို စတာတွေကို စားပေးလို့ ရပါတယ်။ အဆီအနေနဲ့ ကျန်းမာတဲ့ အဆီတွေ ဖြစ်ကြတဲ့ ထောပတ်သီး၊ သံလွင်ဆီ၊ အုန်းဆီ စတာတွေကို စားသုံးပေးလို့ ရပါတယ်။ဒိန်ချဉ် နဲ့ အခြားသော အချဉ် ဖောက်ထားတဲ့ အစားအစာတွေမှာ အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်နေပါတယ်။ ဒီအစားအစာတွေက ဇီဝကမ္မဖြစ်စဉ်တွေကို တိုးတက်ကောင်းမွန်စေပြီး အစာခြေစနစ် ကျန်းမာစေသလို ကိုယ်အလေးချိန် ထန်းညှိပေးပါတယ်။သားဥအိမ် ရေအိတ်တည်ခြင်းရောဂါစု သက်သာစေဖို့ အခုပြောပြတဲ့ အစားအစာတွေကို စားတာအပြင်။ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့အတွက်  တစ်နေ့ကို ကိုယ်လက်လေ့ကျင့်ခန်း မိနစ် ၃၀ လောက် လုပ်တာ၊ ယောဂ လေ့ကျင့်တာ၊ အပြေးလေ့ကျင့်တာလိုမျိုးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pcos/foods-daily-to-manage-pcos-symptoms/
Acoustic Neuroma
acoustic neuroma တစ်နည်းအားဖြင့် vestibulaer schwannoma လို့ခေါ်တဲ့ နားအတွင်းနှင့် ဦးနှောက်ကိုချိတ်ဆက်ပေးတဲ့ အာရုံကြောအား ထိခိုက်စေတဲ့ ကင်ဆာမဟုတ်တဲ့ အကျိတ်တစ်မျိုးဖြစ်ပါတယ်။၎င်းအာရုံကြောကို vestibular nerve အကြားအာရုံကြော ဟုခေါ်ပါတယ်။ အကြားအာရုံကြောကို ဝန်းရံတဲ့ ဆဲလ်တွေကို ထိခိုက်စေတဲ့ acoustic neuroma ကို Schwann ဆဲလ်များ ဟုခေါ်ပါတယ်။ ဒီအကျိတ်ကနေ အကြားအာရုံဆုံးရှုံးခြင်း၊ နားအူခြင်း၊ မူးခြင်းနှင့် ဟန်ချက် မထိန်းနိုင်ခြင်းများကို ဖြစ်စေပါတယ်။ သင့်ရဲ့ နားတစ်ဖက်တည်းမှာ ဖြစ်နိုင်သလို နှစ်ဘက်လုံးမှာလည်းဖြစ်နိုင်ပါတယ်။acoustic neuroma က ဖြစ်ခဲတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။၎င်းဟာ အသက် ၃၀ မှ ၆၀ လူတွေမှာ ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။လူနာ ၉၀% လောက်မှာ အဖြစ်များဆုံးသောလက္ခဏာကတော့ အကြားအာရုံဆုံးရှူံးခြင်းဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ နှေးကွေးပါတယ်။ တခြားလက္ခဏာတွေကတော့ ဟန်ချက်ပျက်ခြင်းနှင့် နားအူခြင်း(နားထဲမှာ စည်ကနဲ သို့ အသံတစ်သံမြည်နေခြင်း) တို့ဖြစ်ကြပါတယ်။ ထို့ပြင် အကျိတ်တွေက တဖြည်းဖြည်း အာရုံကြောတွေကို ဖိမိပြီး မျက်နှာမှာ ထုံခြင်းနှင့် တဆစ်ဆစ်ခံစားရခြင်း သို့ မျက်နှာ အကြောသေခြင်း (မျက်နှာအမူအရာမရှိတော့ခြင်း) တို့ဖြစ်လာနိုင်ပါတယ်။ ပိုကြီးတဲ့ အကျိတ်တွေကတော့ ဦးနှောက်အစိတ်အပိုင်းတွေကို ထိခိုက်စေပြီး ခေါင်းကိုက်ခြင်း၊လမ်းလျှောက်မမှန်ခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ အထက်မှာဖော်ပြထားတဲ့ အထဲမှာမပါဝင်တဲ့ အခြားသော လက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ acoustic neuroma ရဲ့ လက္ခဏာတွေပြနေလျှင် ဆေးရုံတက်သင့် သို့မဟုတ် ဆရာဝန်နှင့် ပြပြီး အစမ်းသပ်ခံသင့်ပါတယ်။ တကယ်လို့ သင့်မှာ ရုတ်တရက် အကြားအာရုံဆုံးရှူံးခြင်း သို့ ဟန်ချက်ပြသနာများ၊ မျိုချရခက်ခဲခြင်း၊ တဆစ်ဆစ်ဖြစ်ခြင်း၊ ထုံခြင်း၊ မျက်နှာတစ်ဘက်တွင် တဆစ်ဆစ်ဖြစ်နေခြင်း အထူးသဖြင့် ၎င်းနှင့် အတူ ခေါင်းမူးခြင်း၊ခေါင်းကိုက်ခြင်း၊ သို့ တခြားလက္ခဏာတွေနှင့် အတူဖြစ်လာခဲ့လျှင် ဆရာဝန်ခေါ်သင့်ပါတယ်။Acoustic neuroma ကိုဖြစ်စေတာကတော့ လျှင်မြန်စွာ ကြီးထွားလာတဲ့ အကြားအာရုံကြောတွေကို ဝန်းရံနေတဲ့ Schwann cells( အကျိတ်လုံးတွေ) ကြောင့်ပဲဖြစ်ပါတယ်။ ၎င်းဆဲလ်တွေ ကြီးထွားလာမှုကို ထိန်းချုပ်ပေးတဲ့ မျိုးရိုးဗီဇတစ်မျိုးကိုတော့ chromosome 22 မှာတွေ့ရနိုင်ပါတယ်။ ဒီအကျိတ်ဖြစ်ပေါ်ရခြင်းဟာ ၎င်း မျိုးရိုးဗီဇ ချို့ယွင်းမှုကြောင့် ဖြစ်သော်လည်း ၎င်းချို့ယွင်းစေတဲ့ အကြောင်းအရင်းကိုတော့ မသိရပါ။ သုတေသီတွေကတော့ acoustic neuroma ဟာ နှစ်မျိုးရှိကြောင်းတွေ့ရှိထားကြပါတယ်။Neurofibromatosis type 1 ကတော့ နားရွက်ရဲ့ တစ်ဖက်ကိုသာလျှင် ထိခိုက်စေပြီး မျိုးရိုးလိုက်၍ဖြစ်ခြင်း မဟုတ်ပါ။ Nerurofibromatosis type 2 ကတော့ နားရွက်နှစ်ဖက်လုံးကို ထိခိုက်စေပြီး မိဘနှစ်ပါးဆီမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။ type 2 ကတော့ မျိုးရိုးဗီဇချို့ယွင်းခြင်းနှင့် ဆက်နွယ်နေပါတယ်။Acoustic neuroma က ကူးစက်ရောဂါမဟုတ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ကူးခြင်းမရှိပါဘူး။ သို့သော် ယနေ့ထိတိုင်တော့ acoustic neuroma ကို ကာကွယ်နိုင်တဲ့ နည်းလမ်းမတွေ့သေးပါဘူး။ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေတော့ သိပ်မရှိပါဘူး။ အဓိက ဖြစ်နိုင်ချေများစေတာကတော့ မိဘတွေဆီမှာ ရှားပါးတဲ့ မျိုးရိုးဗီဇရောဂါ neurpfibromatosis type 2 ရှိနေခြင်းဖြစ်ပါတယ်။ နောက်ထပ်ဖြစ်နိုင်ချေများစေတာကတော့ ကလေးဘဝမှာ ခေါင်းနှင့် လည်ပင်းကို ဓါတ်ရောင်ခြည်ထိတွေ့မှု့ ရှိခဲ့ခြင်းကြောင့်လဲ ဖြစ်နိုင်ပါတယ်။ သင့်မှာ acoustic neuroma ဖြစ်နိုင်ချေရှိတယ်လို့ သံသယရှိနေလျှင် ဆရာဝန်နှင့် ပြသင့်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်မှာ ရောဂါလက္ခဏာတွေရှိနေလျှင် ဆရာဝန်က လက်တွေ့စမ်းသပ်မှုတွေ၊ အာရုံကြောစမ်းသပ်မှုတွေ နှင့် အကြားအာရုံစမ်းသပ်မှုတွေ ပြုလုပ်ပါလိမ့်မယ်။ အစောပိုင်းရောဂါ အဖြေရှာအတည်ပြုနိုင်ဖို့ အရေးကြီးပါတယ်။ အကြားအာရုံကြောအကျိတ်ကို အတည်ပြူနိုင်ရန် ဆရာဝန်တွေ အတွက် သံလိုက်ဓါတ်မှန် သို့ ကွန်ပြူတာဓါတ်မှန်တွေ ရိုက်ကြည့်ဖို့ လိုအပ်ပါတယ်။acoustic neuroma ကို ကုသခြင်းတွေက အကျိတ်ရဲ့ အရွယ်အစား နှင့် ရောဂါလက္ခဏာပြင်းထန်မှူကို မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ ရွေးချယ်စရာကုသမှုတွေကတော့ စောင့်ကြည့်ခြင်း၊ ခွဲစိပ်ကုသခြင်း နှင့် ဓါတ်ရောင်ခြည်ကုထုံးတွေပဲ ဖြစ်ပါတယ်။အကျိတ်ရဲ့ အရွယ်အစားသေးနေပြီး ဘာလက္ခဏာတွေမှလည်း မကြုံတွေ့ရလျှင် အကောင်းဆုံးကတော့ စောင့်ကြည့်ခြင်းပဲဖြစ်ပါတယ်။ ဆရာဝန်က သင့်ကို ၆လ မှ ၁၂ လတစ်ကြိမ် စစ်ဆေးမှုတွေနှင့် အကြားအာရုံစမ်းသပ်ခြင်းတွေပြုလုပ်ဖို့တိုက်တွန်းပါလိမ့်မယ်။ သင့်မှာ လက္ခဏာတွေစပြလာလျှင် ဆရာဝန်ကို အသိပေးပါ။ခွဲစိပ်ခြင်းကတော့ နောက်ထပ်ရွေးစရာတစ်ခုဖြစ်ပါတယ်။ အကျိတ်သေးသေးလေးတွေအတွက်ကတော့ ခွဲစိပ်ခြင်းကတော့ အထိရောက်ဆုံး ကုသမှုဖြစ်ပါလိမ့်မယ်။ ပိုကြီးတဲ့ အကျိတ်တွေက ဦးနှောက်နှင့် မျက်နှာ အာရုံကြောတွေနဲ့ ပိုနီးတဲ့အတွက် ခွဲစိပ်မှုက အန္တရာယ်ပိုများပါတယ်။ သင့်ကို နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။ တချို့နောက်ဆက်တွဲတွေကတော့။နောက်ထပ်တစ်နည်းကတော့ Gamma knife radiosurgery လို့ခေါ်တဲ့ ဓါတ်ရောင်ခြည်ကုထုံးဖြစ်ပါတယ်။ ဒီနည်းကတော့ အားပြင်းတဲ့ gamma ဓါတ်ရောင်ခြည်သုံးပြီး အကျိတ်တွေပေါ်ကို တိတိကျကျ ချိန်ပစ်စေခြင်းဖြင့် အကျိတ်တွေရဲ့ အရွယ်အစားတွေကို သေးစေနိုင်တဲ့ နည်းဖြစ်ပါတယ်။ ဒီနည်းကို တော့ ပိုကြီးတဲ့ အကျိတ်တွေမှာတော့ သုံးလေ့မရှိပါဘူး။ ဒီကုထုံးကိုတော့ တခါတရံ အသက်ကြီးသူတွေ သို့ ကျန်းမာရေး မကောင်းတဲ့သူတွေ သို့ နားနှစ်ဖက်လုံးထိခိုက်စေတဲ့ အကျိတ်ရှိနေသူတွေမှာ သုံးလေ့ရှိပါတယ်။ ဘယ်ကုသမှုက သင့်အတွက် အသင့်တော်ဆုံးဖြစ်မလဲဆိုတာကိုတော့ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အကျိတ်ကို ဖယ်ရှားပြီးနောက်ပိုင်းမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေရှိလာနိုင်တယ်ဆိုတာတော့ သင်သိထားသင့်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ခွဲစိပ်စဉ်မှာ အကြားအာရုံကြော၊ ဟန်ချက်ထိန်းပေးတဲ့ အာရုံကြော သို့ မျက်နှာ အာရုံကြောတွေကို ဖြတ်လိုက်မိနိုင်ပါတယ်။ သို့သော် အောက်ဖော်ပြပါ နေထိုင်မှု အမူအကျင့်တွေနှင့် လူနေထိုင်မှုပုံစံတွေက အာရုံကြောအကျိတ်တွေ ပြန့်ပွားမှုကို လျော့နည်းစေပါတယ်။• ဆရာဝန် ရက်ချိန်းတွေကို မှန်မှန်သွားပြပါ။• ရောဂါအခြေအနေကို သိနိုင်ရန် ဆရာဝန်နှင့် ပုံမှန်စမ်းသပ်မှုခံယူပြီး စောင့်ကြည့်ကာ သင့်တော်တဲ့ ကုသမှုတွေကို ရွေးချယ်စေပါ။• ဆရာဝန်ညွှန်ကြားချက်တွေကို လိုက်နာပါ။ မညွှန်းထားတဲ့ဆေးတွေကို မသုံးသင့်သလို ဆရာဝန်ညွှန်းထားတဲ့ဆေးတွေကိုလည်း ကိုယ့်သဘောနှင့် ကိုယ်မရပ်သင့်ပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/acoustic-neuroma/
သင်္ကြန်မှာကဲပြီး အသားတွေ နေလောင်သွားလို့ စိတ်ညစ်နေပြီလား ။ ။
အားလုံးချစ်တဲ့ တာသင်္ကြန်ပွဲတော်ကြီး ပြီးသွားလို့ လွမ်းနေတဲ့ သူတွေ ရှိလား။သင်္ကြန်ဆိုတာ ပြီးသွားတိုင်း အမှတ်တရတွေ ကျန်ခဲ့တယ်မဟုတ်လား။ အထူးသဖြင့် သင်္ကြန်ရဲ့ ကဲခဲ့ခြင်း အမှတ်တရ ဖြစ်တဲ့ အသားအရေနေလောင်တာလေးတွေ ကျန်ခဲ့တယ် ဟုတ်။ သင်္ကြန်မှာကဲပြီး အသားတွေ နေလောင်သွားလို့ စိတ်ညစ်နေပြီလား …. ဒါဆိုရင်တော့ နည်းလမ်းကောင်းလေးတွေကို ပြောပြပေးမယ်နော်။သင်္ကြန် ပွဲတော်ရှိတဲ့ အချိန်က မြန်မာနိုင်ငံ နွေရာသီရဲ့ အပူဆုံးလ ဖြစ်တဲ့ ဧပြီဆိုတော့ နေကလည်း ပြင်း၊ခရမ်းလွန်းရောင်ခြည်တွေကလည်း များ၊ ရေကလည်းစို လေက တိုက်နဲ့ တစ်နှစ်လုံး ဥထားတဲ့အသားအရေတွေသင်္ကြန် ၄ ရက်တွင်းမှာ တစ်ခါတည်း ပျက်စီးသွားပါ လေရောလား။လက်ရှည်တော့ ဝတ်ခဲ့ပါရဲ့။ ဒါပေမယ့် နေကပိုပြင်းလို့ အကျီၤချွတ်လိုက်တဲ့အခါ လက်က အသားက အဖြူတစ်ပိုင်း အမဲတစ်ပိုင်းဖြစ်၊ မျက်နှာကြီးကလည်း နီပြီးရဲ၊ အသားတွေက စပ်ဖျင်းဖျင်းဖြစ်နေလို့ စိတ်ညစ်နေတဲ့ ချိဖတို့ ချိမတို့ရှိလား။ ပျော်တုန်းကတော့ ပျော်ခဲ့ပါရဲ့။ ဒါပေမယ့်သင်္ကြန်လည်လိုက်ခြင်းရဲ့ နောက်ဆက်တွဲ ဖြစ်တဲ့ အသားအရေ နေလောင်တာတွေ ကျန်ခဲ့လို့ စိတ်ညစ်နေကြ ပြီလား။ နေလောင်ဒဏ်ခံရလို့ နောက်နှစ် သင်္ကြန်ဆို မလည်တော့ဘူး ဆိုပြီး သင်္ကြန်ကို စိတ်မကွက်စေဖို့ နေလောင်တာကို ဘယ်လို ပြန်ကုရမလဲ ဆိုတဲ့ အကြောင်းလေး ပြောပြပေးချင် ပါတယ်။သင်္ကြန်မှာကဲပြီး အသားတွေ နေလောင်သွားလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့။ဒီ အချက်တွေ လိုက်နာပြီး သင်္ကြန် လည်ရင် အသားနေလောင်မှာ၊ အသားမဲမှာတို့ အတွက် ကြို စိတ်ညစ်မနေနဲ့နော်။ နေလောင်ခဲ့ရင်လည်း ပြန်လည် ကုသလို့ ရတဲ့ နည်းတွေ အပေါ်မှာ ပြောထားတာကြောင့် နေလောင်တာလေး အတွက်နဲ့တော့ သင်္ကြန်ကို စိတ်မကွက်စေချင်ဘူးနော် ။ ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/sun-burn/
Edwards syndrome (Edwards ရောဂါစု)
Edwards’ ရောဂါစု ဆိုတာအရမ်းရှားတဲ့အခြေအနေတစ်ခုဖြစ်ပြီး ခန္ဓါကိုယ်ထဲက ဆဲလ်တွေရဲ့ ခရိုမိုဆုန်း ပမာဏတွေမူမမှန်မှုကြောင့်ဖြစ်ရတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ကလေးတွေမှာ ပုံမှန်ဆိုပါက ခရိုမိုဆုန်း ၄၆ခုနဲ့ မွေးလာပြီး၂၃စုံဆီပါပါတယ်။ Edwards’ ရောဂါစု ရှိတဲ့ကလေးတစ်ယောက်ဟာ ခရိုမိုဆုန်း ၁၈မှာ ပုံမှန်ထက် ကော်ပီအပွား သုံးခု ပါနေပါတယ်။ အဲ့လိုအခြေအနေကို trisomy 18 လို့ခေါ်ပါတယ်။Edwards’ ရောဂါစု ဆိုတာ အရမ်းဆိုးတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ ဝမ်းနည်းစွာနဲ့ပဲ Edwards’ ရောဂါစု နဲ့မွေးလာတဲ့ကလေးတော်တော်များများဟာ မွေးပြီးတော့ ရက်အနည်းငယ်၊အပတ်အနည်းငယ် သို့မဟုတ် လအနည်းငယ်လောက်သာ ရှင်သန်နိုင်ပါတယ်။ တစ်ချို့သော ကလေးတွေတစ်နှစ်ထက်ပိုပြီး အသက်ရှင်ခဲ့ရင်လည်း ရှုပ်ထွေးတဲ့ကျန်းမာရေးပြသနာပေါင်းစုံနဲ့ကြုံတွေ့ရနိုင်ပါတယ်။Edwards’ ရောဂါစု ရှိတဲ့ကလေးတွေဟာမိခင်ရဲ့ ဗိုက်ထဲမှာ ပုံမှန်ဖွံဖြိုးရမှာကိုမဖွံဖြိုးနိုင်တဲ့အတွက် သူတို့ဟာမွေးလာပါက ကိုယ်အလေးချိန်လျော့ခြင်းတွေဖြစ်စေနိုင်ပါတယ်။ သူတို့ရဲ့ နှလုံးနဲ့ကျောက်ကပ်တို့က သေချာစွာ ကြီးထွားလာမှုမရှိကြပါဘူး။ ကလေးတွေဟာ အစားစားတာနဲ့ပတ်သတ်ပြီး ပြသနာရှိခြင်း၊ အသက်ရှုခြင်းဆိုင်ရာ ပြီးတော့သင်ကြားရေးဆိုင်ရာတွေနဲ့ပတ်သက်ပြီး အခက်အခဲတွေအများကြီးရှိကြပါတယ်။Edwards’ ရောဂါစု က အရမ်းကို ရှားပါတယ်။ ကိုယ်ဝန်ဆောင်သည် ၁၅၀၀တိုင်းမှာ Edwards’ ရောဂါစု တစ်ယောက်ကတော့ ရှိတတ်ပါတယ်။Edwards’ ရောဂါစုရှိတဲ့ကလေးတွေကိုလွယ်ထားရတဲ့ကိုယ်ဝန်ဆောင်တွေမှာကလေးပျက်ကျတာကို ကြုံတွေ့ရနိုင်ပါတယ်။ ခရိုမိုဆုန်းမှာမှားနေတာကြောင့် ကိုယ်ဝန်က ပုံမှန်အတိုင်းကြီးလာမှုမရှိနိုင်တာကိုပြခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ ဒီလိုအခြေအနေမျိုးမှာ မိဘတွေက ကလေးကို ဖျက်ချပစ်လိုက်ဖို့ ဆုံးဖြတ်ရတဲ့အခြေအနေ အခက်အခဲတွေကြုံတွေ့ရနိုင်ပါတယ်။ ကလေး ၆၀၀၀မှာမှ တစ်ယောက်က Edwards’ ရောဂါစု အစစ်နဲ့မွေးဖွားလာတတ်လို့ပါ။ အခြားသောအချက်များသိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။Edwards’ ရောဂါစု ရှိတဲ့ကလေးတွေဟာ မမွေးခင်မှာကိုသူ့ဘာသာ သေသွားတတ်ကြပါတယ်။ တစ်ချို့သော အခြေအနေတွေမှာ Edwards’ ရောဂါစု နဲ့မွေးလာတဲ့ကလေးတွေဟာ မူမမှန်စွာ အားနည်းခြင်းနဲ့ ခံနိုင်ရည်မရှိတဲ့ကလေးလေးတွေမွေးလာတတ်ပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲအဲ့လိုကလေးတွေဟာ ခန္ဓါကိုယ်အလေးချိန်နည်းခြင်း နှင့်ဦးခေါင်းခွံအရွယ်အစား အရမ်းသေးခြင်းတို့ ဖြစ်နိုင်ပါတယ်။နောက်ပြီးတော့။-နားတွေက ပုံစံမမှန်ပဲ အောက်ဘက်ကျနေတတ်ပါတယ်။-ပါးစပ်နဲ့ မေးရိုးက မဖွံဖြိုးပဲ ဖြစ်နေတတ်ပါတယ်။-နှုတ်ခမ်းကွဲ။-ခြေခွင်ခြင်း။-ခြေချောင်းတစ်ခုနဲ့တစ်ခုဆက်နေခြင်း တို့ ဖြစ်တတ်ပါတယ်။ခန္ဓါကိုယ်ရဲ့ အခြားသောအစိတ်အပိုင်းတွေမှာ ဥပမာ အဆုတ်လိုမျိုးနဲ့ သွေးကြောတွေမှာ ပုံမှန်ကြီးထွားဖွံဖြိုးမှုမရှိခြင်း၊ မူမမှန်ခြင်းတွေ တွေ့ရနိုင်ပါတယ်။ Edwards ရောဂါစု ရှိတဲ့ကလေးတွေမှာ မွေးရာပါ နှလုံးချို့ယွင်းချက်တွေလည်း ရှိနိုင်ပါတယ်။ ၎င်းတို့ကတော့ atrial septal Defect or ventrilcular septal defect တွေဖြစ်ကြပြီး သူတို့က အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိဖြစ်နိုင်ပါတယ်။ ထိခိုက်ခံရတဲ့ကလေးတွေမှာ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းစနစ်တို့မှာ မူမမှန်ခြင်းတို့ပုံမမှန်မှုတွေဖြစ်နိုင်ပါတယ်။ ယောင်္ကျားလေး လူနာများမှာတော့ ဝှေးစေ့ အောက်မဆင်းလာတာတွေဖြစ်လာနိုင်ပါတယ်။ အပေါ်မှာ မဖော်ပြထားတဲ့ တစ်ချို့သော လက္ခဏာတွေ ရှိနေနိုင်ပါသေးတယ်။ သင့်မှာ ရောဂါလက္ခဏာနဲ့ပတ်သက်ပြီးသိချင်တာတွေရှိပါက သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။အပေါ်မှာ ပြောတဲ့လက္ခဏာတွေ သင့်ဆီရှိခဲ့တယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းမေးစရာတွေရှိခဲ့တယ်ဆိုပါက သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်က ပုံစံမတူစွာတုံ့ပြန်တတ်ပါတယ်။ အဲ့ဒါကြောင့် သင်နဲ့ ဘယ်အရာကအဆင်ပြေဆုံးဖြစ်မလဲဆိုတာကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။ဒီနေ့အထိတော့ Edwards’ ရောဂါစု ဖြစ်စေတဲ့အကြောင်းအရင်းများကို မသိကြသေးပါဘူး။Edwards’ ရောဂါစု ကလေးပိုပြီးရနိုင်တဲ့အန္တရာယ်ကတော့ မိခင်က အသက်ကြီးနေပါက ပိုပြီးဖြစ်နိုင်ပါတယ်။ သင့်ကလေးဖြစ်လာစေမယ့် မမျိုးဥ သို့မဟုတ် ယောက်ကျားသုတ်ပိုးရဲ့ မျိုးရိုးဗီဇ ပုံမမှန်မှုကြောင့် များသောအားဖြင့် ဖြစ်ပါတယ်။ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်တွေမှာ အစားထိုးရန် မသင့်တော်ပါဘူး။ ဆက်လက်သိရှိလိုတဲ့ အချက်အလက်တွေအတွက် သင့်ဆရာဝန်နဲ့သာ အမြဲတိုင်ပင်ဆွေးနွေးပါ။Edwards’ ရောဂါစု ကိုရောဂါရှာအဖြေထုတ်ဖို့အတွက်ကလေးကို မွေးမွေးချင်းအချိန်မှာ ကလေးရဲ့ ကိုယ်ခန္ဓါ ပုံစံကို ကြည့်ခြင်းအားဖြင့် အဖြေထုတ်နိုင်ပါတယ်။ ဒါ့အပြင်Edwards’ ရောဂါစု မှာ တွေ့ရတတ်တဲ့ ထူးခြားတဲ့ အရိုးအကြော ပုံစံ မူမမှန်ပုံတွေကို ဓါတ်မှန်ပညာနဲ့ကြည့်ခြင်းနဲ့လည်း သိနိုင်ပါတယ်။Edwards’ ရောဂါစု လို့ သံသယရှိတာနဲ့ ကလေးရဲ့ ခရိုမိုဆုန်းကို စစ်ကြည့်ပါက trisomy 18 ပုံမှန်မဟုတ်မှုကို တွေ့နိုင်ပါတယ်။ ဒါ့အပြင် ကလေးမမွေးဖွားခင် တီဗီဓါတ်မှန်ရိုက်ကြည့်ခြင်း နှင့် ရေမွှာရည်ယူပြီးစစ်ကြည့်ခြင်းတို့နဲ့လည်းEdwards’ ရောဂါစု ကို သေချာအဖြေထုတ်ပေးနိုင်မှာဖြစ်ပါတယ်။အခုအချိန်အထိတော့ Edwards’ ရောဂါစု ကို ပျောက်ကင်းအောင်ကုသတဲ့နည်းတွေမရှိသေးပါဘူး။ ကုသမှုကတော့ များသောအားဖြင့် ရောဂါလက္ခဏာသက်သာစေခြင်းနဲ့ အထောက်အကူပြုရုံလောက်သာ ရပါသေးတယ်။ အဲ့လိုကလေးတွေကို ကုသမှုပေးဖို့က အရမ်းကို ရှုပ်ထွေးပါတယ်။ ဒီလိုကလေးမျိုးတွေရဲ့ တိုးတက်မှုက မကောင်းပါဘူး ပြီးတော့ တစ်နှစ်လောက်ပဲ ခံနိုင်တာတွေဖြစ်နိုင်ပါတယ်။ ခွဲစိတ်မှုပြုလုပ်မယ်ဆိုပါကလည်း အကျိုးထက် အပြစ်က ပိုပြီးများနိုင်တာကြောင့် မလုပ်ကြပါဘူး။Edwards’ ရောဂါစု ရှိတဲ့ကလေးတွေဟာ ၁၀%လောက်ကပဲ တစ်နှစ်လောက်ထိ အသက်ရှင်နိုင်တယ်လို့ လေ့လာချက်တွေအရ အကြံပြုကြပါတယ်။ ကလေးရဲ့ ဖွံဖြိုးကြီးထွားမှုကို ခြုံကြည့်ပါက အာရုံကြောစနစ်ပုံမမှန်မှုကို ထိခိုက်တာကြောင့် မျှော်လင့်ထားတဲ့ ဖွံဖြိုးမှုကိုမရောက်နိုင်တာပဲဖြစ်ပါတယ်။ အစာချေဖျက်တဲ့စနစ်ရဲ့ ပုံမမှန်မှုကြောင့် ကလေးတွေကို အထူးပြုလုပ်ထားသော ဖော်မြူလာအစားအစာများ ကျွေးရခြင်းနဲ့ ဝမ်းအရမ်းချုပ်တတ်သောကြောင့် ဝမ်းပျော့ဆေးများပေးရခြင်းတွေရှိတတ်ပါတယ်။ နောက်ထပ် ဖြစ်နိုင်တဲ့ပြသနာတွေကတော့ တက်ခြင်း၊ ခြေခွင်ခြင်း၊ ခြေချောင်းကြားလေးများဆက်နေခြင်း၊ အဆုတ်ရောင်ခြင်း၊ ပိုးဝင်ခြင်း၊သွေးတိုးခြင်း၊ ခေါင်းကြီးခြင်း၊ တစ်ချို့သော မူမမှန်မှုများ စသည်တို့ကို ကုသမှုပေးရပါတယ်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupမှ ဆေးပညာအကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသမှုပေးခြင်းများမပြုလုပ်ပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/edwards-syndrome-edwards-%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%85%e1%80%af/
ထူးခြားကလေးတွေအတွက် လူမှုပေါင်းသင်းဆက်ဆံရေးပညာ
ထူးခြားကလေး( မသန်စွမ်းကလေး သို့မဟုတ် အာရုံစူးစိုက်မရသော ကလေးတွေ)အများစုဟာ လူတစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံရေးမှာ မရှိမဖြစ်လိုအပ်တဲ့ လူမှုဆက်ဆံရေးနည်းပညာတွေ ချို့တဲ့နေတတ်ပါတယ်။ ီကလေးတွေဟာ သူတို့ရဲ့ အတန်းဖော်တွေနဲ့ ဆက်သွယ်ရာမှာ၊ ရင်းနှီးခင်မင်မှုကို တည်ဆောင်ရာမှာနဲ့ ဆရာ၊ ဆရာမတွေနဲ့ အဆင်ပြေအောင် နေထိုင်တဲ့နေရာတွေမှာ အခက်အခဲတွေဖြစ်တတ်ပါတယ်။သူတို့တွေဟာ များသောအားဖြင့် လူမှုရေးတွေကို နားမလည်တတ်တာမျိုး၊ ရမ်းကားတဲ့အပြုအမူတွေကို မထိန်းချုပ်နိုင်တာမျိုးနဲ့ သူတို့အပြုအမူတွေကြောင့်ဖြစ်သွားတဲ့ နောက်ဆက်တွဲပြဿနာတွေကို မရှင်းနိုင်တာမျိုး စတာတွေ ဖြစ်ေလေ့ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ်မထိန်းချုပ်နိုင်တဲ့ ကလေးတွေဟာ ကျောင်းတွေမှာတော့ အပြုအမူဆိုင်ရာပြဿနာတွေရှိနေတယ်လို့ ယူဆခံရပါတယ်။သူတို့တွေကိုတော့ ဒီလိုကလေးတွေအတွက် သီးသန့်ရှိနေတဲ့ အထူးအစီအစဉ်တွေကို ဆက်သွယ်ပါဝင်ဖို့ အကြံပေးတတ်ကြပါတယ်။ ဒီနေရာတွေမှာတော့ သူတို့တွေဟာ ပုံမှန်ကျောင်းတွေကနေ ထုတ်ပယ်ခွဲခြားခံရတဲ့ အခြားသော လူငယ်လေးတွေပါရှိနေတတ်ကြပါတယ်။အခြေခံအားဖြင့်တော့ ဒီကလေးတွေဟာ အခြားကလေးတွေနဲ့ အတူတူပဲလို့ ထင်ရပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့မှားယွင်းနေတဲ့ အပြုအမူတွေဟာ တမင်လုပ်တာလို့ အထင်ခံရလေ့ရှိပါတယ်။ သူတို့တေဟာ လူရှုပ်လေးတွေ၊ ကန့်လန့်တိုက်တတ်သူလေတွေ ဒါမှမဟုတ် လူဆိုးတွေလို့ သတ်မှတ်ခံထားရပါတယ်။ ကျောင်းသားတွေကို သူတို့ရဲ့အပြုအမူတွေကို ထိန်းချုပ်နိုင်စေဖို့အတွက်နဲ့ အခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံနိုင်ဖို့ လေ့ကျင့်ပေးနိုင်တဲ့ အစီအစဉ်တွေအများကြီးရှိပါတယ်။အစီအစဉ်တွေရွေးချယ်တဲ့အခါမှာ ဆရာတွေကလည်း အချို့သော အရေးကြီးတဲ့ မေးခွန်းတွေနဲ့ ပြန်လည်စစ်ဆေးသင့်ပါတယ်။ ဒီအစီအစဉ်ဟာ ထူးခြားတဲ့ကျောင်းသားတွေ၊ အချို့သောကျောင်းသားတွေအတွက်ပဲ ရည်ရွယ်တာလား ဒါမှမဟုတ် ပုံမှန်အတန်းသားတွေရော အားလုံးတက်လို့ရတဲ့ အစီအစဉ်လား။ ဒီပရိုဂရမ်ဟာ သီးခြားလျှောက်ရမယ့် အစီအစဉ်လား ဒါမှမဟုတ် အခြားသောဘာသာရပ်တွေနဲ့အတူ ပူးပေါင်းသင်ကြားလို့ရနိုင်မှာလား။ ပရိုဂရမ်ထဲမှာ သင်ကြားပေးမယ့် စွမ်းရည်တွေဟာ ဒီအစီအစဉ်ရဲ့ ပြင်ပမှာရော တကယ်ပဲ အသုံးဝင်နိုင်မှာလား။ဆရာတွေဟာ အတန်းတစ်ခုလုံးအတွက်ရော ထူးခြားကလေးတွေအတွက်ပါ ဒီပရိုဂရမ်က အကျိုးဖြစ်နိုင်မယ့် ရိုးရှင်းတြ့ အရာလေးတွေကို စတင်လုပ်ဆောင်ရပါမယ်။ ပထမဆုံး ကလေးတွေရဲ့ လူမှုပတ်ဝန်းကျင်နဲ့ ခံစားချက်တွေကို နားလည်အောင်လုပ်ဖို့ အရေးကြီးပါတယ်။ ဒါကပဲ ကလေးတွေကို ပိုပြီးနားလည်လာနိုင်လာမှာဖြစ်သလို ကလေးတွေနဲ့ ပိုပြီးရင်းနှီးစေနိုင်မယ့် နည်းဗျူဟာတွေ ထုတ်ဖော်နိုင်မှာပါ။ဒုတိယအားဖြင့်တော့ ကလေးတွေရဲ့ အပြုအမူတွေကို ဂရုစိုက်ပါ။ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေကို ဘာကဖြစ်စေတာလဲဆိုတာကို ရှာဖွေပါ။ စည်းကမ်းတင်းကြပ်ထားတာမျိုးမဟုတ်တဲ့ စကားပြောတိုင်ပင်ဆွေးနွေးတဲ့ ပုံစံမျိုးဖန်တီးပါ။ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေကိုလုပ်တဲ့ကလေးတေအတွက် သတိပေးနိုင်ဖို့ အချက်ပြစနစ်ကို ဖော်ဆောင်ပါ။ နောက်ဆုံးမှာတော့ ပိုပြီးကောင်းမွန်တဲ့ အပြုအမူတွေကို နမူနာပြပါ။အခက်အခဲဖြစ်နေတဲ့ ကလေးတွေကို မြှင့်တင်ပေးနိုင်မယ့် အခွင့်အလမ်းမျိုးကိုရှာပါ။ ဒီလိုခက်ခဲနေတဲ့ကလေးတွေအတွက် ကောင်းမွန်စေရုံသာမက ကျန်တစ်တန်းလုံးကကလေးတွေကိုလည်း ဒီကလေးငယ်ဟာ သူတို့အတန်းထဲမှာပါဝင်နေတဲ့ သူလိုကိုယ်လို ဘာမှ ထူးခြားမနေတဲ့ ကလေးတစ်ယောက်ဖြစ်ကြောင်း နားလည်အောင်လုပ်ပါ။ ကျောင်းသားတွေဟာ သူတို့အတန်းတွေ၊ ကျောင်းတွေအကြောင်း နားလည်လာပြီဆိုရင်တော့ သူတို့လည်း ကောင်းမွန်လာဖို့ ရာနှုန်းများလာပါပြီ။မိဘတွေဟာ ကလေးတွေကို အိမ်မှာ ကူညီပေးလို့ရပါတယ။် သူတို့တွေမှာလည်း ဆရာဆရာမတွေနည်းတူ ပြည့်စုံလုံလောက်တဲ့ ဗဟုသုတရှိနေရပါမယ။် ဥပမာ မိဘတွေဟာ ကလေးတွေက ပတ်ဝန်းကျင်ကနေ လူမှုဆက်ဆံရေးပညာကို သင်ယူနိုင်ဖို့ အဖွဲ့အစည်းတွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သင်ယူနိုင်ပါတယ်။ ကလေးတွေရဲ့ လူမှုပတ်ဝန်းကျင်အပေါ် တုံ့ပြန်မှုတွေကို တိုးတက်လာစေဖို့ ပတ်ဝန်းကျင်နဲ့ ပေါင်းစည်းပေးလိုက်ခြင်းကို အိမ်မှာလည်း လုပ်လို့ရပါတယ်။မိဘတွေဟာ ဒီလိုပေါင်းစည်းမှုမျိုးကို ဖန်တီးပေးရပါမယ်။ အချိန်တွေကန့်သတ်တာမျိုး၊ အပြန်အလှန် ဆက်နွယ်မှုမရှိတဲ့ အပြုအမူနဲ့ ဂိမ်းတွေကို လျှော့ချလိုက်တာမျိုးပေါ့။ ကစားချိန် ဘယ်လောက်သုံးမယ်ဆိုတာကို ဂရုစိုက်ပါ။ ကစားဖော် ၁ယောက်ဖြစ်စေ၊ ၂ယောက်ဖြစ်စေ ရှာထားပေးပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရအောင် လမ်းပြဖော်ေဆောင်ပါ။ ကလေးတွေဟာ သူတို့ရဲ့ ချို့ယွင်းချက်တွေကို နားလည်လာပြီး သူတို့ဘဝအတွက် ဆုံးဖြတ်ချက်တွေကို ဘယ်လိုချမှတ်ရမယ်၊ ဘယ်လိုလျှောက်လှမ်းရမယ်ဆိုတာလည်း နားလည်လာပါလိမ့်မယ်။သူတို့တွေဟာ သူတို့ဘဝမှာ ကောင်းမွန်တဲ့ ပြောင်းလဲခြင်းတွေကို သူတို့ကိုယ်တိုင်လုပ်နိုင်မယ်လို့လည်း ယုံကြည်ကြပါတယ်။ သူတို့တွေဟာ အခြားသော လှုပ်ရှားမှုတွေမှာ ပိုပြီးပါဝင်လာတဲ့အပြင် အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါမှာလည်း ပိုပြီး ကြံ့ခိုင်လာပါလိမ့်မယ်။ ကောင်းမွန်တဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်ကောင်းရှိတဲ့ကလေးတွေဟာ ဒီလို စိတ်အားတက်ကြွဖွယ် ပတ်ဝန်းကျင်မျိုးမရှိသူတွေထက် ဘဝကို ပိုပြီး ကောင်းမွန်အောင် ဖန်တီးနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/behavioral-and-developmental-disorders/%e1%80%91%e1%80%b0%e1%80%b8%e1%80%81%e1%80%bc%e1%80%ac%e1%80%b8%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%90%e1%80%bd%e1%80%b1%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba/
သရက်ရွက် ကလည်း ဆေးဖက်ဝင်ပါတယ်
လူတော်တော်များများကသစ်သီးတွေကိုသာစားလေ့ရှိပြီး အသီးပင်တွေက အရွက်တွေကိုတော့ စားလေ့စားထသိပ်မရှိကြပါဘူး။ စားလို့ရတယ်လို့ မသိကြတာမျိုးရှိသလို စားဖို့ မသင့်တော်ဘူးလို့ထင်နေကြတာမျိုးလည်းရှိပါတယ်။နောက်ဆုံးဖြစ်နိုင်တာတစ်ခုက အသီးလောက် အရွက်က အရသာမရှိတာကြောင့်ပါ။ အရွက် ကိုစားဖို့ဆိုတာကလည်း နုတုန်းတော့ဟုတ်တာပေါ့။ အရွက် ရင့်ရင့်တွေကိုတော့ ဘယ်သူမှ မစားချင်ကြပါဘူး။ဒီတစ်ခေါက်မှာတော့ အရမ်းအရသာရှိတဲ့သရက်သီးက အသီးတင်ကျန်းမာရေးအတွက် အထောက်အကူပြုတာမဟုတ်ဘဲ အရွက်ကလည်းဆေးဖက်ဝင်တယ်ဆိုတာကိုပြောပြချင်တာပါ။သရက်ရွက် မှာဗီတာမင် C၊ဗီတာမင် Bနဲ့ဗီတာမင် Aတို့ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါတွေတင်မကပါဘူး။ သရက်ရွက်မှာ ဖလေဗာနွိုက် နဲ့phenol တို့ပါဝင်ပါသေးတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တာကြောင့်ခန္ဓါကိုယ်အတွက်တော်တော်လေး အထောက်အကူပြုပါတယ်။သရက်ရွက် မှာဆီးချိုရောဂါရဲ့ အစောပိုင်းအဆင့်တွေမှာ ထိရောက်တဲ့ သက်ရောက်မှုတွေကိုပေးနိုင်တဲ့tannins နဲ့ anthocyanins တို့ပါဝင်ပါတယ်။ ဆီးချိုရောဂါလက္ခဏာတွေကို သက်သာစေနိုင်တဲ့ အစွမ်းလည်းရှိနေပါတယ်။ သရက်ရွက်ကသွေးကြောတွေကို ကျန်းမာသန်စွမ်းစေပြီးသွေးပေါင်ချိန်ကို ထိန်းညှိပေးတာကြောင့်သွေးတိုးရောဂါကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ သရက်ရွက်ကိုအမှုန့်လုပ်ပြီး စားသုံးပေးမယ်ဆိုရင်သည်းခြေနဲ့ကျောက်ကပ်မှာကျောက်တည်တဲ့ဝေဒနာတွေကိုသက်သာစေနိုင်ပါတယ်။အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေကို သက်သာစေဖို့အတွက်လည်း သရက်ရွက်ကို အသုံးပြုပေးလို့ရပါတယ်။ သရက်ရွက်ပြုတ်ရည်ကိုပျားရည်နဲ့ရောစပ်သုံးဆောင်တာကအအေးမိဖျားနာတာနဲ့ချောင်းဆိုးတာ၊ရင်ကြပ်တာလိုမျိုးဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ဝမ်းကိုက်နေသူတွေအနေနဲ့လည်း သရက်ရွက်အခြောက်ခံထားတဲ့အမှုန့်ကို သုံးဆောင်ပေးမယ်ဆိုရင် သက်သာစေမှာ အသေအချာပါ။နေ့စဉ်လှုပ်ရှားနေရတာကြောင့်ထိခိုက်ဒဏ်ရာရသူတွေအနေနဲ့လည်းအနာကိုပိုးမဝင်စေဖို့ဆိုရင် သရက်ရွက်ပြုတ်ရည်နဲ့ အနာကိုဆေးပေးလို့ရပါတယ်။အလှအပအတွက်လည်း သရက်ရွက်က ဒီလိုလေးအသုံးဝင်ပါသေးတယ်။ လှပချောမွေ့တဲ့အသားအရေကို ပျိုမေတိုင်းပိုင်ဆိုင်ချင်မယ်ထင်ပါတယ်။ မျက်နှာမှာဝက်ခြံြဖစ်တဲ့အခါ စိတ်ညစ်ရသလို ဝက်ခြံကြောင့်ကျန်ခဲ့တဲ့အမာရွတ်တွေကလည်း တကယ်ကိုအလှပျက်စေတဲ့အရာပါ။ ဒီလိုမျိုးအလှပျက်စေတဲ့အရာတွေကို သရက်ရွက်သုံးပြီးမောင်းထုတ်ပစ်လို့ရပါတယ်။ဘယ်လိုမျိုးလဲဆိုတော့ သရက်ရွက်ကို အရိပ်အောက်မှာအခြောက်ခံပြီး အမှုန့်လုပ်ပါ။ပြီးရင် သရက်ရွက်မှုန့်ကိုဒိန်ချဉ်နဲ့ရောစပ်ပြီး မျက်နှာပေါ်ကဝက်ခြံတွေနဲ့ ဝက်ခြံကြောင့် ကျန်ရစ်ခဲ့တဲ့ အမာရွတ်တွေကိုလူးပေးလိုက်ပါ။ခြောက်အောင်ထားပြီး မျက်နှာကိုဆေးကြောသန့်စင်ပေးပါ။တစ်ပတ်ကို ၂ ကြိမ်လောက်လုပ်ပေးမယ်ဆိုရင် သိသာတဲ့ ရလဒ်ကို ရရှိမှာပါ။ ဝက်ခြံတင်မဟုတ်ဘဲ မျက်နှာပေါ်က အမဲစက်တွေကို သက်သာစေနိုင်သလို အသားအရေမညီညာတာကိုလည်း သက်သာစေနိုင်ပါတယ်။သရက်ရွက်ပြုတ်ရည်ကိုရေချိုးတဲ့အခါ ၂ ခွက် ၃ ခွက်စာလောက်ထည့်ချိုးပေးမယ်ဆိုရင်ခန္ဓါကိုယ်ကို လန်းဆန်းစေနိုင်ပြီးစိတ်ဖိစီးမှုကိုလည်း သက်သာစေပါလိမ့်မယ်။ သရက်ရွက်က စိတ်ဖိစီးမှုကို သက်သာစေနိုင်တဲ့ အိမ်တွင်းဆေးဝါးတစ်မျိုးပါ။ ဒီလောက်ထိအသုံးဝင်တဲ့ သရက်ရွက် ကို အလကားလွှင့်ပစ်တာမျိုးမလုပ်ဘဲ အကျိုးရှိရှိအသုံးချလိုက်ကြရအောင်ပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/mango-leaves-benefits/
အစာစားချင်စိတ်မရှိ တဲ့ ကလေးကို ဘယ်လို ကူညီပေးနိုင်မလဲ
ယနေ့အချိန်ထိလည်း အစားစာတာ မူမမှန်တဲ့ (eating disorders)ရောဂါတွေရဲ့ အဓိကအကြောင်းရင်းကို မသိနိုင်ကြသေးပါဘူး။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ၊ ဇီဝဗေဒဆိုင်ရာနဲ့ ပတ်ဝန်းကျင်ပြဿနာတွေ အားလုံးပေါင်းစည်းသွားခြင်းရဲ့ ရလဒ်လည်းဖြစ်နိုင်ပါတယ်။ အကြောင်းရင်းက ဘာပဲဖြစ်နေပါစေ၊ ဒါဟာ ပြင်းထန်တဲ့နောက်ဆက်တွဲပြဿနာတွေနဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ ကျန်းမာရေးပြဿနာတွေဆီ ဦးတည်စေနိုင်ပါတယ်။Anorexia ဟာ ကလေးဘဝမှာ ဒါမှမဟုတ် အရွယ်ရောက်ကာစအခြေအနေမျိုးမှာ အဖြစ်များတဲ့ အစားအသောက်ဆိုင်ရာမူမမှန်မှု ပြဿနာတစ်မျိုးပါ။ အကြောင်းရင်းကတော့ ဝလာမှာကြောက်လို့ ဒါမှမဟုတ် ကျောင်းကအခြားသူငယ်ချင်းတွေ စမှာစိုးလို့ဆိုတာမျိုး ဖြစ်တတ်ပါတယ်။ မိန်းကလေးငယ်တွေကတော့ ပိုပြီးဖြစ်လွယ်ကြပါတယ်။ anorexia ခံစားနေရတဲ့ထဲကမှ ၅%ကနေ ၁၅%ထိသာ ယောက်ျားလေးတွေဖြစ်တတ်ပါတယ်။ကလေးတွေရဲ့ စားသောက်မှုဆိုင်ရာ မူမမှန်မှုတွေကို ဖြစ်စေတဲ့ အကြောင်းရင်းလည်း များစွာရှိပါတယ်။ အဖြစ်အများဆုံးတွေကတော့..။– သူတို့တွေ ပိုပိန်လေ ကျန်းမာရေးပိုကောင်းနိုင်လေလို့ အသိအမြင်မှားတာပါ။– ကလေးတွေအပေါ် သူတို့ပတ်ဝန်းကျင်က သူငယ်ချင်းတွေရဲ့ စကားတွေ၊ လှောင်ပြောင်မှုတွေ လွှမ်းမိုးခံရလို့ပါ။– သူတို့တွေဟာ အစားအသောက်ကြေးများလွန်းပါတယ်။– ယာယီနေမကောင်းဖြစ်ခြင်း။– ကျန်းမာရေးပြဿနာတွေ ဥပမာ- အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ၊ အသက်ရှူခြင်းဆိုင်ရာ၊နှလုံးသွေးကြော စနစ် ဆိုင်ရာ ပြဿနာတွေရှိနေလို့ပါ။– စိတ်ကျရောဂါ။– ဝလာမှာကြောက်နေတာ။– အကူအညီကင်းမဲ့နေသလိုခံစားရတာ။Anorexia ခံစားနေရတဲ့ကလေးတွေဟာ သူတို့ကိုယ်သူတို့အမြင်မှားနေလေ့ရှိပါတယ်။ မှန်ထဲမှာ သူတို့မြင်နေရတာဟာ ဝတုတ်တုတ်ကလေးတွေဖြစ်နေကြပြီး တကယ်တမ်းမှာတော့ သူတို့ဟာ တုတ်ချောင်းလေးတွေလို ပိန်ကပ်နေတာပါ။ ဒီလိုကလေးတွေဟာ ထပ်ပြီးအလေးချိန်မတိုးလာချင်ကြသလို လက်ရှိအလေးချိန်ကိုလည်း မလိုလားကြပါဘူး။ Anorexia ရဲ့ အချို့သော သတိပြုမိလွယ်တဲ့ လက္ခဏာတွေကတော့။– စိုးရိမ်လွန်ခြင်း။– စိတ်ဓာတ်ကျခြင်း။– တောက်လျှောက်အစားလျှော့နေခြင်း။– လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်း။– ဝလာမှာကြောက်ခြင်း။– စားသောက်မှုအလေ့အထပြောင်းလဲခြင်း။– အစာအနည်းငယ်သာစားဖြင်း။– အစားအသောက်မှာ စိတ်ဝင်စားမှုမရှိခြင်း။ဒါတွေဟာ ဒီလိုပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေကို ဦးတည်စေပါတယ်။– နှလုံး၊ ဦးနှောက်နဲ့ ကျောက်ကပ်ပျက်စီးခြင်း။– နှလုံးခုန်နှုန်းမမှန်ခြင်း။– သွေးဖိအားနဲ့ ကိုယ်အပူချိန်ကျဆင်းခြင်း။– အရိုးပါးခြင်း။Anorexia ဟာ electrolyte မညီမျှခြင်းကြောင့် သေစေနိုင်သလို လေဖြတ်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ anorexia ခံစားနေရတဲ့ကလေးအများစုကတော့ ပြင်းထန်တဲ့ စိတ်ဓာတ်ကျဆင်းခြင်းတွေကို ခံစားပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားကြတာများပါတယ်လို့လည်း မှတ်တမ်းတွေရှိနေပါတယ်။Anorexia ခံစားနေရတဲ့ကလေးတွေကို ပြန်လည်ကောင်းမွန်လာအောင် ဘယ်လိုကူညီပေးနိုင်မလဲ။အဖြေတွေကတော့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော နှစ်မျိုးလုံးကို ပြန်လည်ဖေးမရမှာပါ။ အားပေးခြင်းနဲ့ နှစ်သိမ့်ခြင်း၊ စိတ်ဓာတ်တက်ကြွစေခြင်းဟာ ကလေးတွေအတွက် သူတို့ရဲ့ကိုယ်အလေးချိန်နဲ့ပတ်သက်တဲ့ မကောင်းတဲ့အတွေးတွေကနေ ရှောင်ပြေးစေနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတွေပါ။ဒီလိုအပြုအမူတွေကိုတော့ သူတို့ရဲ့ မိဘ၊ ဆွေမျိုးနဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေအားလုံးဆီက ရသင့်ပါတယ်။ စကားလုံးတွေက ပိုပြီးလွှမ်းမိုးနိုင်လေလေ၊ ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာအရ anorexia ကို ပိုပြီးကျော်လွှားလာနိုင်လေလေပါပဲ။မိဘတွေဟာ တစ်ရက်ချင်းစီအတွက် အစားအသောက်တွေကို ပုံမှန်နဲ့ ပိုနည်းတဲ့စားစရာဆိုပြီးခွဲခြားဖို့ ကြိုးစားရပါမယ်။ သွားရည်စာတွေနဲ့ Junk foodတွေကိုတော့ ရှောင်ကိုရှောင်ရမှာပါ။ ကလေးတွေကို သူတို့စားစရာကို သူတို့ကိုယ်တိုင်ရွေးချယ်နိုင်တဲ့အခွင့်အရေးပေးပါ။ သူတို့ဘာကိုစားချင်တယ်၊ ဘယ်အချိန်မှာစားချင်တယ်ဆိုတာကိုရောပေါ့။သူတို့ရဲ့ဇီဝဖြစ်စဉ်ကိုလည်း ဂရုပြုပါ။ သူတို့တွေကို အာဟာရပြည့်ပြီး ကျန်းမာရေးနဲ့ညီတာတွေကျွေးပါ။ ကလေးတွေ ကျန်းမာရေးနဲ့ညီတဲ့ နေထိုင်မှုပုံစံတိုင်းလိုက်နာနိုင်ဖို့အတွက် မိဘတွေက စံပြပုဂ္ဂိုလ်တွေဖြစ်နေရပါမယ်။ ပြင်းထန်တဲ့အခြေအနေတွေမှာတော့ ဆေးဝါးကုသမှု ခံယူရပါလိမ့်မယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%a1%e1%80%85%e1%80%ac%e1%80%85%e1%80%ac%e1%80%b8%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%99%e1%80%9b%e1%80%bd%e1%80%ad-%e1%80%90%e1%80%b2%e1%80%b7-%e1%80%80/
Meckel Diverticulum (အူသိမ်နံရံမှ ဖောင်းထွက်နေသော အိတ်ငယ်)
Diverticulum ဆိုသည်မှာ အစာချေ စနစ်၏ တစ်စိတ် တစ်ပိုင်းဖြစ်သော အူ၏ နံရံတွင် ရှိသောဖောင်းထွက်နေသော အိတ်ပုံစံ အဖောင်း တစ်ခုဖြစ်ပါသည်။ Meckel diverticulum သည် အူသိမ်၏ အောက်ဘက်အပိုင်းတွင်ရှိသော အဖောင်းတစ်ခု ဖြစ်ပါသည်။ ၎င်းသည် အူသိမ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ileum တွင် တွေ့ရပါသည်။အူမကြီးအစမှ လက်မ၄၀ တွင်အကွာတွင် ရှိ ပါသည်။ ၎င်းသည် များသောအားဖြင့် ၁-၂လက်မ ရှည်သည်။ ထို diverticulum အများစုသည် အစာအိမ်၊ သရက်ရွက် တို့တွင် ပုံမှန်တွေ့ရသော တစ်ရှူးများ ပါဝင်သည်။ ထို ပုံမှန် မဟုတ်သော တစ်ရှူးများသည် အစာအိမ်၊ သရက်ရွက်တွင် ထုတ်လေ့ရှိသော အင်ဇိုင်းများကို ထုတ်ပါသည်။ထိုအခါ အူသိမ်၏ အတွင်းနံရံတွင် ပြည်တည်နာများ၊ သွေးထွက်ခြင်း များ ဖြစ်နိုင်သည်။ အခြား diverticulitis (အူ နံရံ အိတ်အဖောင်း ရောင်ခြင်း) များကဲ့သို့ပင် အူသိမ်နံရံတွင် ရှိသော Meckel diverticulum အိတ်အဖောင်းသည်လည်း ရောင်ရမ်းလာနိုင်ပြီး အူစွပ်ခြင်းကို ဖြစ်စေနိုင်သည်။ကလေး အယောက် ၁၀၀ မွေးဖွားရာတွင် ၃ ဦးသည် အူသိမ်နံရံမှ ဖောင်းထွက်နေသော အိတ်ငယ် ရှိနိုင်သည်။ ၎င်းသည် အဖြစ်အများ ဆုံး အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ မွေးရာပါ ချို့ယွင်းမှု ဖြစ်သည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချ ခြင်းဖြင့် ရောဂါဖြစ်နိုင်မှုကို နည်းပါးစေနိုင်ပါသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။ရောဂါလက္ခဏာများမှာအောက်ပါအတိုင်း ဖြစ်သည်။• ဝမ်းဗိုက်တွင် နာကျင်ခြင်း ( သာမန် နာကျင်ခြင်း မှ ပြင်းထန်အဆင့် ထိဖြစ်နိုင်သည်။)။• ဝမ်းတွင် သွေးပါခြင်း။• မအီမသာဖြစ်ခြင်း နှင့် ပျို့အန်ခြင်း။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။သင် သို့မဟုတ် သင့်ကလေးတွင် ဝမ်းဗိုက်နာခြင်း၊ မူးဝေ ခြင်း၊ ဝမ်းတွင်း သွေးပါခြင်းတို့ ဖြစ်ပါက ဆရာဝန်ကို အကြောင်းကြားပါ။ သို့မဟုတ် ဆေးရုံသို့ သွားပါ။ လူတိုင်း၏ ခန္ဓါကိုယ် သည် တုံ့ပြန်မှု မတူညီပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်း ဆုံး ဖြစ်ပါသည်။အူသိမ်နံရံမှ ဖောင်းထွက်နေသော အိတ်ငယ် သည် မွေးရာပါ ဖြစ်ပွားပါသည်။ သန္ဓေသားဘဝတွင် အစာအိမ်နှင့်အူ လမ်းကြောင်း ဖွံဖြိုးမှု ပုံမမှန်ခြင်းကြောင့် ဖြစ်ပါသည်။ မမွေးဖွားခင် ကလေး၏ အစာ အိမ်နှင့်အူ လမ်းကြောင်းမှ အစိတ်အပိုင်းများတွင် တစ်ရှူးများ ကျန်ရှိသည်။ မမွေးဖွားခင် ကောင်းစွာ စုပ်ယူမှုမရှိသော ကြောင့် ဖြစ်သည်။လက်ရှိတွင် သိပ္ပံပညာရှင်များသည် အူသိမ်နံရံ အိတ်အဖောင်း ဖြစ်ပွားနိုင်ချေကို မြင့်စေသော အချက်များကို ရှာဖွေတွေ့ရှိမှု မရှိ သေးပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် အောက်ပါစစ်ဆေးမှုများဖြင့် ရောဂါအဖြေ ရှာမှုကို ပြုလုပ်နိုင်သည်။• သွေးနီဥ ပမာဏကို တိုင်းခြင်း(Haematocrit)။• ဟေမိုဂလိုဘင် စစ်ဆေးခြင်း။• ဝမ်းတွင်းသွေးပါမပါ စစ်ဆေးခြင်း။• ကွန်ပျူတာ ဓါတ်မှန် ရိုက်ခြင်း။• Technetium scan ရိုက်ခြင်း ( Meckel’s scan ဟု လည်းခေါ်သည်)။ဤရောဂါရှိပြီး ရောဂါလက္ခဏာ မပြသေးသော သူများသည် ကုသမှု မလိုအပ်ပါ။ ရောဂါလက္ခဏာ ပြသောသူများသည် ခွဲစိတ်ကုသရန် လိုအပ်သည်။ ခွဲစိတ်ကုသမှုသည် ဖောင်းထွက်နေသောအိတ်ငယ် ရှိသော အူသိမ်၏ အပိုင်းကို ဖယ်ထုတ်ခြင်းဖြစ်သည်။ ထို့နောက် အူကို ပြုပြင်ပေးပါသည်။ထိုအပြင် အူပိတ်ခြင်း သို့မဟုတ် ရောဂါပိုးကူးစက်ခြင်း စသော ဆိုးကျိုးများအတွက် ပဋိဇီဝဆေးများကို ပေးသည်။လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် အူသိမ်နံရံမှ ဖောင်းထွက်နေသော အိတ်ငယ် (Meckel diverticulum) ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။• ရောဂါတိုးတက်မှုနှင့် သင့်ကျန်းမာရေး အခြေအနေကို သိရှိရန် ပြန်လည် ဆေးစစ်မှု ပုံမှန်ပြုလုပ်ပါ။• ဆရာဝန် ညွှန်ကြားချက်များကို လိုက်နာပါ။• အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/meckel-diverticulum-%e1%80%a1%e1%80%b0%e1%80%9e%e1%80%ad%e1%80%99%e1%80%ba%e1%80%94%e1%80%b6%e1%80%9b%e1%80%b6%e1%80%99%e1%80%be-%e1%80%96%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%91/
Tendonitis (Tendon(အရွတ်) တွေရောင်ခြင်း )
Tendinitis ဆိုတာ Tendon တွေရောင်ခြင်း ဒါမှမဟုတ် ထိခိုက်မိခြင်းကိုပြောတာပါ။ Tendon ဆိုတာကတော့ ကိုယ်ခန္ဓါက ကြွက်သားတွေကို အရိုးမှချိတ်တွယ်ပေးထားတဲ့ အမျှင်ပြားထူထူ(အရွတ်)တွေကိုဆိုလိုတာပါ။ ဒီလိုမျိုး အရွတ်ရောင်ပြီဆိုရင်တော့ အရိုးဆစ်တွေကို ကိုက်ခဲ၊ ထိမရအောင် နာတာမျိုးတွေကိုခံစားရပါမယ်။ Tendinitis(အရွတ်ရောင်)ဟာ တစ်ကိုယ်လုံးမှာ ရှိသမျှ အရွတ်တွေမှာ ဖြစ်နိုင်ပေမဲ့ အများအားဖြင့်တော့ ပုခုံး၊ တံတောင်ဆစ်၊ လက်ကောက်ဝတ်၊ ဒူးခေါင်းနဲ့ ဖနောင့်တွေမှာသာ ဖြစ်တတ်ကြတယ်။Tendinitis ဖြစ်ပုံအမျိုးမျိုးကို နာမည်သီးသန့်လေးတွေပေးထားတာရှိပါတယ်။Tendinitis ဟာ အရမ်းဆိုးရွားခဲ့မယ်ဆိုရင် အရွတ်ပြဲထွက်သွားတဲ့ထိဖြစ်ပြီး ခွဲစိတ်ကုသရတဲ့အထိဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ Tendinitis အများစုကတော့ အနားယူခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်းတို့ နဲ့ နာကျင်မှုသက်သာသွားစေနိုင်ပါတယ်။အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပြီးတော့ အသက်ရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်။ ရောဂါနဲ့ ပတ်သက်ပြီး ပိုမို သိနိုင်ရန် ဆရာဝန်တစ်ယောက်ယောက်နဲ့ သွားရောက်ဆွေးနွေးသင့်ပါတယ်။Tendinitis အများစုဟာ ကိုယ့်ကိုယ်ကိုဂရုစိုက် ကုသခြင်းနဲ့တင် လုံလောက်ပါတယ်။ ရောဂါလက္ခဏာတွေက မပျောက်ပဲနဲ့ သင့်နေ့စဉ်လုပ်ငန်းတွေကို ရက်အနည်းငယ်လောက်ထိ ခိုက်လာပြီဆိုရင်တော့ ဆရာဝန်နဲ့သွားတွေ့သင့်ပါတယ်။အထက်မှာဖော်ပြထားတဲ့ ရောဂါလက္ခဏတွေသော်လည်းကောင်း၊ မေးစရာ မေးခွန်းတွေသော်လည်းကောင်းရှိလာရင် ဆရာဝန်နဲ့ဆွေးနွေးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်ကိုယ်ခနာဖွဲ့စည်းပုံခြင်းမတူညီပါ။ ဒါကြောင့်မို့ မိမိနဲ့ ဘယ်လိုကုသမှုပုံစံနဲ့သင့်တော်မလဲဆိုတာကို ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်ပါတယ်။ရုတ်တရက်ထိခိုက်မှုတွေကြောင့် Tendinitis ဖြစ်တတ်ပေမဲ့ အများအားဖြင့်ဖြစ်စေတတ်တာကတော့ လှုပ်ရှားမှုပုံစံတစ်မျိုးမျိုးကို ထပ်ခါတလဲလဲလုပ်နေတက်တဲ့ အကျင့်မျိုးကြောင့်ပဲဖြစ်ပါတယ်။ လူတော်တော်များများကတော့ ထပ်ခါတလဲလဲလှုပ်ရှားမှုမျိုးတွေလုပ်ရဲတဲ့ အလုပ်တွေ ဝါသနာတွေကြောင့် အရွတ်တွေပေါ်မှာ ဝန်ပိလာပြီးတော့ Tendinitis ရောဂါဖြစ်လာတတ်ကြတယ်။အားကစားလှုပ်ရှားမှုတွေ၊ အလုပ်ကြောင့် လှုပ်ရှားရတဲ့ ပုံစံတွေမှာ စနစ်ကျတဲ့နည်းလမ်းတွေနဲ့ပြုမူခြင်းဟာ အလွန်ပဲအရေးကြီးပါတယ်။ ပုံစံမကျတဲ့ နည်းလမ်းနဲ့ လှုပ်ရှားမှုတွေဟာ အရွတ်ပေါ်မှာ အဆမတန်ဝန်ပိလာစေပြီးတော့ Tendinitis ကိုဖြစ်လာစေတယ်။ (ဥပမာ – ပုံမမှန်တဲ့ပုံစံနဲ့ တင်းနစ်ရိုက်ခြင်းကြောင့်ဖြစ်တဲ့ tennis elbow)။Tendinitis ကိုဖြစ်ပွားစေတဲ့ အကြောင်းရင်းအများကြီးရှိပါတယ်။အသက်– အသက်ကြီးလာတာနဲ့မမျှ အရွတ်တွေက ပျော့ပြောင်းမှုနည်းလာခြင်းကြောင့် ဒဏ်ရာဖြစ်ဖို့ပို လွယ်လာပါတယ်။အလုပ်အကိုင်– အောက်ပါအလုပ်အကိုင်မျိုးတွေ လုပ်တဲ့သူတွေ မှာ Tendinitis ပိုဖြစ်တတ်ပါတယ်။အားအလွန် သုံးရခြင်းအားကစားများ – ပုံစံတစ်မျိုးတည်းကို အကြိမ်များစွာလုပ်ရတဲ့ အားကစားများ၊ အထူးသဖြင့် နည်းလမ်းပုံစံမမှန်ခဲ့ရင် Tendinitis ဖြစ်နိုင်ချေပိုများပါတယ်။ ဘယ်လို အားကစားမျိုးတွေလဲဆိုတော့-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်ရဲ့ စမ်းသပ်ချက်သီးသန့်နဲ့တင် tendinitis ရောဂါကို အတည်ပြုပေးလို့ရပါတယ်။ ရောဂါလက္ခဏာနဲ့ ပတ်သက်လို့ တခြားရောဂါတစ်ခုခုဖြစ်နိုင်တယ်လို့ ဆရာဝန်က ထင်ခဲ့ရင် သင့်ကို X-ray ဓါတ်မှန်ရိုက်ခိုင်းပါလိမ့်မယ်။ကုသမှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ နာကျင်မှုကို သက်သာစေပြီး အရွတ်ရောင်တာနည်းစေဖို့ပါပဲ။ Tendinitis ရောဂါကို ကိုယ်တိုင်ကုသနိုင်တဲ့နည်းတွေကတော့ ရေခဲကပ်ခြင်း၊ အကိုက်အခဲပျောက်ဆေးသောက်ခြင်း၊ အနားယူခြင်းတို့ပဲဖြစ်တယ်။ဆေးဝါးများ။Tendinitis အတွက် ဆရာဝန်က အောက်ပါဆေးဝါးများကို ညွန်းနိုင်ပါတယ်။ကုထုံး။Tendinitis အတွက်သီးသန့်ကာယလေ့ကျင့်ခန်းကို လုပ်ပေးခြင်းဖြင့် ကြွက်သား-အရွတ်စနစ်တွေကို ပိုရှည်လာပြီး အားပိုကောင်းလာတဲ့ အတွက် အကျိုးရှိနိုင်တယ်။ ဥပမာ- အလယ်ဗဟိုပြုရှည်ထွက်ခြင်းလေ့ကျင့်ခန်းတွေဟာ အရွတ်ရှည်နေတုန်းမှာ ကြွက်သားကို ကျုံစေတယ်။ ဒီလိုလုပ်ခြင်းဟာ နာတာရှည် Tendinitis အတွက် အကျိုးအများရှိဖြစ်ထွန်းစေတဲ့ သာဓကတွေရှိပါတယ်။ခွဲစိတ်ကုသနည်းနှင့် အခြားကုသနည်းများ။အရွတ်ဘယ်လောက်ထိ ဒဏ်ဖြစ်ထားတယ်ဆိုတာမူတည်ပြီး ခွဲစိတ်ဖို့ လိုမလိုကြည့်ရပါမယ်။ အထူးသဖြင့် အရွတ်က အရိုးပေါ်ကနေကွာကျသွားရင်တော့ ခွဲစိတ်ဖို့လိုနိုင်ပါတယ်။နာတာရှည် tendinitis တွေမှာ focused aspiration of scar tissue (FAST) ဆိုတာကတော့ အထရာဆောင်းသုံးအသေးစိတ်ခွဲစိတ်မှုနည်းပညာတစ်ခုပါ။ ဘေးနားက အသားအကောင်းတွေကိုမထိစေပဲနဲ့ ခွဲစိတ်ပစ္စည်းသေးသေးလေးတွေကို သုံးပြီးတော့ ပျက်စီးနေတဲ့အရွတ်တွေကို ထုတ်ပစ်တာပဲဖြစ်တယ်။FAST နည်းပညာ ခွဲဖွင့်ပြီးသုံးတဲ့နည်းပညာနည်းနည်း ရလာဒ်ကောင်းပါတယ်။ ခွဲစိတ်ခန်းမထဲကို ဝင်စရာမလိုပဲ ထုံးဆေးပေးပြီး ခွဲယုံပါပဲ။ FAST နည်းပညာသုံးပြီးခွဲပြီးရင် ၁ လ ၂ လအတွင်း ပုံမှန်အလုပ်တွေကိုပြန်လုပ်နိုင်ပါလိမ့်မယ်။အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းတွေနဲ့ အိမ်တွင်းဆေးနည်းတွေက Tendinitis ကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။Tendinitis အတွက် အဓိက ကုသနည်းဟာ အနားယူခြင်းဖြစ်ပေမဲ့၊ အချိန်ကြာအနားယူခြင်းဟာလည်း သင့်ရဲ့ အဆစ်တွေကို တောင့်တင်းလာစေပါမယ်။ ဒါကြောင့် ရက်အနည်းငယ်နားပြီးရင်တော့ အဆစ်ကိုပျော့ပြောင်းစေဖို့ လှုပ်နိုင်သလောက်ရအောင် လှုပ်ပေးပါ။as aspirin, ibuprofen (Advil, Motrin IB, others), naproxen sodium (Aleve) acetaminophen (Tylenol) စစတဲ့ဆေးတွေကိုလည်း နာကျင်မှုသက်သာစေဖို့ တန်ပြန်တိုက်စစ်အနေနဲ့ သောက်လို့ရပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/tendonitis-tendon%e1%80%a1%e1%80%9b%e1%80%bd%e1%80%90%e1%80%ba-%e1%80%90%e1%80%bd%e1%80%b1%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
Omicron BA.4.6 အကြောင်း တစေ့တစောင်း
လူသားတွေကကိုဗစ် ကာကွယ်ဆေးတွေကို အကြိမ်ကြိမ် ထိုးနှံနေကြချိန်မှာပဲ ကိုဗစ်မျိုးစိတ်တွေကလည်း ဗီဇအမျိုးမျိုး ပြောင်းလဲနေပါတယ်။ အမေရိကန် ပြည်ထောင်စု နဲ့ ယူကေနိုင်ငံတွေမှာ BA. 5 ကူးစက်မှုတွေ မြင့်တက်နေရာက အခုလက်ရှိမှာ BA.4.6 ဖြစ်ပွားမှုတွေ မြင့်တက်လာနေပါတယ်။ အခုနောက်ဆုံး ယူကေကျန်းမာရေး ဌာနက ထုတ်ပြန်တဲ့ထုတ်ပြန်ချက်အရ ယခုအပတ်အတွင်း ယူကေမှာ ကိုဗစ်ဗိုင်းရပ်စ် တစ်မျိုးဖြစ်တဲ့ BA.4.6 ဖြစ်ပွားမှုတွေ မြင့်တက်လာနေပါတယ်။ ယူကေအပြင် အခြား ကမ္ဘာ့နိုင်ငံတွေမှာလည်း ဖြစ်ပွားမှုတွေ ရှိနေပါတယ်။ဒီတော့ Omicron BA.4.6 အကြောင်း နဲ့ပတ်သက်လို့ သိထားသင့်တာလေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။လက်ရှိအချိန်ထိတော့ အိုမီခရွန်က သူ့ရှေ့က အခြား ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲတွေလောက် မပြင်းထန်သလို သေဆုံးမှုလည်း နည်းတာကို တွေ့ရပါတယ်။ ဒါ​ကြောင့် အခုလတ်တလောမှာ ကူးစက်ဖြစ်ပွားနေတဲ့ Omicron မျိုးကွဲတစ်ခုဖြစ်တဲ့ BA.4.6  ဟာလည်း အရမ်းမပြင်းထန်ဖို့ သုတေသီတွေက မျှော်လင့်နေကြပါတယ်။ အခုထိတော့  အိုမီခရွန် BA.4.6 ကြောင့် ပြင်းပြင်းထန်ထန် ရောဂါ ခံစားရတာမျိုးတော့ မတွေ့ရသေးပါဘူး။ ဒီတော့ သတိထားနိုင်စေဖို့ အိုမီခရွန် BA.4.6 အကြောင်းလေး နည်းနည်းလောက် ပြောပြပေးပါမယ်။အိုမီခရွန် BA.4.6 ကအိုမီခရွန်BA.4 ရဲ့ မျိုးကွဲတစ်ခုပါ။အိုမီခရွန် BA.4.6ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလက တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ကမ္ဘာတလွှားမှာ အိုမီခရွန် BA.5 ဖြစ်ပွားနေချိန်ပေါ့။အိုမီခရွန် BA.4.6 ဘယ်လို ထွက်ပေါ်လာသလဲဆိုတာကို အခုထိ တိတိကျကျ မသိရသေပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေ ရှိတာက အိုမီခရွန် BA.4.6 ဟာ မျိုးကွဲ နှစ်ခု ပေါင်းစပ်ရာကနေ ဗီဇပြောင်း ဖြစ်ပေါ်လာတာဖြစ်နိုင်ပါတယ်။အိုမီခရွန် BA.4.6က အိုမီခရွန် BA.4 ရဲ့ ဗီဇပြောင်းပုံစံနဲ့ တော်တော်လေး ဆင်တူပါတယ်။ ဒီမျိုးစိတ်က ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေဆီကို ဝင်ရောက်နိုင်စေဖို့ လုပ်ဆောင်ထားတဲ့ ဗိုင်းရပ်စ်မျက်နှာပြင်ပေါ်က spike protein ကို ပြောင်းလဲထားတာပါ။ဒီဗီဇပြောင်းလဲမှုမှာ တွေ့ရတဲ့ R346T ကို အခြားမျိုးကွဲတွေမှာလည်း မြင်တွေ့ရဖူးပါတယ်။ ဒါက ကိုယ်ခံအားကို ရှောင်တိမ်းနိုင်တာနဲ့ ဆက်စပ်နေပြီး ဗိုင်းရပ်စ်ကို ကာကွယ်ဆေးကနေ ရရှိထားတဲ့ ကိုယ်ခံအားနဲ့ အခြား ကူးစက်ခံရဖူးတာတွေကနေ ရရှိတဲ့ ကိုယ်ခံအားတွေကို ရှောင်တိမ်းနိုင်ဖို့ ကူညီပေးနိုင်ခြေ ရှိနေပါတယ်။ကံကောင်းတာ တစ်ခုက အခုထိတော့ အိုမီခရွန် BA.4.6က အရင်မျိုးကွဲတွေလောက် ပြင်းထန်တာမျိုး မတွေ့ရသေးသလို အရင်က တွေ့ရှိခဲ့တဲ့Omicron မျိုးစိတ်တွေထက်လည်း သေဆုံးနှုန်း နည်းပါတယ်။အခုထိတော့ အိုမီခရွန် BA.4.6က ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ဖြစ်စေတာမျိုး မတွေ့ရသေးပါဘူး။အခုထိ တွေ့ရှိရသမျှတော့ အိုမီခရွန် BA.4.6ကBA.5ထက် ကိုယ်ခံအားကို ပိုပြီး ကောင်းကောင်းရှောင်တိမ်းနိုင်သလို အရင်မျိုးစိတ်တွေထက်လည်း ကိုယ်ခံအားကို ကောင်းကောင်းရှောင်တိမ်းနိုင်ပါတယ်။ပိုမိုသိရှိနိုင်ဖို့ သုတေသီတွေက လေ့လာမှုတွေကို ဆက်လက်လုပ်ဆောင်နေကြဆဲပါ။အိုမီခရွန် BA.4.6က လည်း ကိုဗစ် မျိုးကွဲတစ်ခု ဖြစ်တာကြောင့် လက္ခဏာတွေကတော့ အားလုံးလိုလို အတူတူပါပဲ။ ဒါပေမယ့် အိုမီခရွန် BA.4.6 ကူးစက်ခံရသူတွေမှာ အဓိကတွေ့ရတဲ့ လက္ခဏာတွေက။အိုမီခရွန် BA.4.6ဟာလည်းကိုဗစ်ဗိုင်းရပ်စ်ပဲ ဖြစ်တာကြောင့် အရင်ကိုဗစ် ဗိုင်းရပ်စ်တွေကို ကာကွယ်ခဲ့တဲ့ နည်းလမ်းတွေအတိုင်း။အထူးသဖြင့် အသက် ၆၀ အထက် လူကြီးတွေကို ထပ်ဆောင်း ကာကွယ်ဆေးတွေ ထိုးနှံပေးပါ။ လူထူတဲ့နေရာတွေကို မဖြစ်မနေ သွားရမယ်ဆိုရင် ဘိုးဘိုးဘွားဘွားတို့ကို N95၊ KN95 နဲ့ KF94 တို့လိုမျိုး လုံခြုံစိတ်ချရတဲ့ မတ်ခ်တွေကို တပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/omicron-ba-4-6/
မိထွေးဖထွေးတို့ လုပ်သင့်သည် မလုပ်သင့်သည်များ
ခံစားမှုများအရ သံယောဇဉ်တွယ်ခြင်း၊ ယုံကြည်အားကိုးခြင်း ချစ်ခင်ခြင်းတို့သည့် ကလေးများအားပြုစုပျိုးထောင်ရာတွင် တံခါးပေါက်များဖြစ်သည်။ ထိုတံခါးပေါက်များအား ဖွင့်လိုက်သည်နှင့် မိဘ၊ အဘိုးအဖွား၊ မွေးစားမိဘ သို့မဟုတ် မိထွေးဖထွေးတို့သည် ကလေးတစ်ဦးကို ဦးဆောင်နိုင် စည်းကမ်းပြုပြင်ပေးနိုင်ပါပြီ။ တစ်ခြားနည်းဖြင့်ပြောရလျှင် ဆိုရိုးဟောင်းတစ်ခုအရ စည်းမပါသောဆက်ဆံရေးသည် ပုန်ကုန်မှုကိုဖြစ်စေပါသည်။ ပညာရှိသောမိထွေးဖထွေးမျာက ထိုအချက်ကိုသိထားကြပြီး သြဇာညောင်းသည့် ဆက်ဆံရေးကို ဖန်တီးနိုင်ကြ၏။ခိုင်မြဲသောဆက်ဆံရေးမရှိပါပဲ သြဇာညောင်းနိုင်၏။ သို့သော် ၎င်းတွင်ကန့်သတ်ချက်များရှိသည်။ ရဲသားတစ်ယောက်က သင့်ကိုဖမ်းနိုင်သည်၊ အလုပ်ရှင်က သင့်ကိုဘာလုပ်ဆိုပြီး စေခိုင်းနိုင်သည်၊ ကျောင်းဆရာက အခန်းစည်းကမ်းများကို လိုက်နာခိုင်းနိုင်သည် သို့သော် မေတ္တာမရှိသော မလေးစားသော သြဇာရှင်ကို လိုက်နာမည့်သူမရှိနိုင်ပါ။မိထွေးဖထွေးများက ကလေးနှင့် မေတ္တာသံယောဇဉ် မတွယ်နိုင်သေးသ၍ ဘောင်များကန့်သတ်သည့် ပြင်ပကအာဏာရှင်များသာဖြစ်သည်။ ထို့ကြောင့် မိသားစုတစ်ခုတွင် မိထွေးဖထွေးများက ထိုကန့်သတ်ချက်များကို သိရှိပြီး မိရင်းဖရင်းများ၏ အာဏာကို ငှားသုံးရမည်ဖြစ်သည်။ သူတို့နှင့်သက်ဆိုင်သလောက်ထက် အဆင့်ကျော်သွားပါက ဆက်ဆံရေးတစ်ခုလုံး ပျက်စီးသွားနိုင်ပြီး သြဇာညောင်းမှုပါ တစ်ခါတည်း ပျက်သုန်းသွားနိုင်ပါသည်။ ထို့ကြောင့် မိထွေးဖထွေးသစ်များ မေးလေ့ရှိကြသည်မှာ သံယောဇဉ်တွယ်အောင် လုပ်နေစဉ်မှာ သြဇာညောင်းသူဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာပါပဲ။အကောင်းဆုံးဆိုသော် မိထွေးဖထွေးအသစ်များ၏ သြဇာညောင်းမှုသည် ကြေလွယ် ကွဲလွယ်သည်။ ထို့ကြောင့် လုပ်သင့်သည့် မလုပ်သင့်သည်များကို ဦးစားပေးရန် အရေးကြီး၏။မိရင်းဖရင်းများသည် ကလေးမှ မိထွေးဖထွေးများ၏စကား နားထောင်ရန်မျှော်လင့်နေကြောင်း ပြောပြရမည်။ မိထွေးဖထွေးများ၏ လုပ်ဆောင်မှုအား ထောက်ပံ့ပေးရပါမည်။ မကျေလည်မှုများရှိလာပါက သူတို့နှင့် သီးသန့်ခေါ်ယူ ဆွေးနွေးပေးပါ။မိထွေးဖထွေးနှင့်ကလေး ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောင်ရန် အရေးကြီး၏။ မိထွေးဖထွေးမိသားစုဆိုင်ရာ ကျွမ်းကျင်သူ၊ မိထွေးဖထွေးဆိုင်ရာ ဆက်ဆံရေး ရှင်သန်ခြင်းအား ရေးသားသူ ဒေါက်တာ ပက်ထရီရှာ အန်လ် ပေပါနောင်း က “လူတိုင်းအတွက် တစ်ဦးနှင့်တစ်ဦးအတူရှိနိုင်ချိန် လိုသည်” ဟု ပြောထားပါသည်။ ဆိုလိုသည်မှာ ကလေးနှင့် မိရင်းဖရင်းချည်းရှိချိန်၊ ကလေးနှင့် မိထွေးဖထွေး (လောင်းလျာ)များချည်း ရှိနေသည့်အချိန်များ လိုအပ်ပါသည်။ အတူတကွလုပ်ဆောင်နိုင်မည့် လှုပ်ရှားမှုတစ်ခုအား ရှာပါဟု ဒေါက်တာ ပေပါနောင်းက အကြံပြုထား၏။ ဈေးဝယ်ထွက်ခြင်းမျိုး ဂေါက်ကွင်းအသေးစားသို့ သွားရောက်ခြင်း သူတို့ချည်း တစ်ခုခုကိုသင်ယူစေခြင်းမျိုးတို့ ပြုလုပ်ပေးနိုင်ပါသည်။မျှော်လင့်ထားသည့် အပြုအမူများ၊ ဘောင်များ၊ ဖြစ်လာနိုင်သည့် အကျိုးဆက်များနှင့် တန်ဖိုးများအကြောင်း ဆွေးနွေးပါ။ သင်၏ကလေးပြုစုခြင်းဆိုင်ရာ ဒဿနများကို လျာထားပါ။ကလေးများအပါအဝင် လူတိုင်းအား ခံစားမှုများ၊ ကြိုက်သည် မကြိုက်သည်များ ပြောခွင့်ပေးပါ။ အဆိုး အကောင်း အမြင်နှစ်မျိုးလုံးကို ဝေမျှခိုင်းပါ။ ပိုကောင်းအောင်လုပ်နိုင်မည့် အကြံများတောင်းကြည့်ပါ။ကလေးပြောသည်ကို သေချာနားထောင်ပေးပါ။ သင့်မျှော်လင့်သည်ထက် မြန်မြန်ကြီး ခင်တွယ်လာပါက နောက်ကိုလှည့်ကြည့်မနေပါနှင့်။ ဆက်ဆံရေးအရသြဇာညောင်းမှုကို အသုံးချပါ။ စိတ်ရှည်ရှည်ထားပါ။ ကလေးများနှင့် သံယောဇဉ်တွယ်ရန် ယုံကြည်ကိုးစားလောက်သည့် ဆက်ဆံရေးတစ်ခုရရန် နှစ်ချီကြာတတ်ပါသည်။ သူတို့နှင့် သံယောဇဉ်တွယ်အောင် ပြုလုပ်ရတွင် စိတ်ကိုရှည်ရှည်ထားရပါမည်။မိရင်းဖရင်းများနှင့် မကြာခဏဆိုသလို ဆက်သွယ်ပါ။ ကိုယ့်ကိုယ်မသေချာပါက မိမိ၏ပြုစုပျိုးထောင်မှုဆိုင်ရာ ကျစ်လစ်မှုရှိမရှိ သေချာအောင်လုပ်ပြီးမှ ကလေးအပေါ် အသုံးချပါ။ကွာရှင်းခြင်း၊ နောက်တစ်ကြိမ်လက်ထပ်ခြင်း၊ မောင်နှမအစ်ရခြင်း၊ အိမ်အသစ်ပြောင်းခြင်းတို့အပြင် အခု စည်းကမ်းအသစ်တွေချဦးမလို့လား။ ကလေးက ပြောင်းလဲမှုအများကြီး ကြုံတွေ့ရနေသည်ကို စဉ်းစားပါ။ ဒီလိုပြုပြင်ရမယ် ဆိုသည့်စာရင်းကြီးနှင့် မိသားစုအသစ်ထဲကို ဝင်မလာပါနှင့်။ ထိုသို့လုပ်သည်နှင့် ကလေးများက သူတို့ဘဝအကြောင်းအကုန်လုံး သင်မသိခင်မှာပင် ပိတ်ကားချပစ်လိုက်ကြပါလိမ်မည်ဟု Stepmomhelp.com မှ Skirts At War: Beyond Divorced Mom/Stepmom Conflict ၏ တွဲဖက်စာရေးဆရာ ဂျီနာ ကော့ဖ်က ပြောထားပါသည်။ “ထိုအစား မိသားစုကို အခြေချအောင် အချိန်ပေးပြီး ပြောင်းလဲမှုအသစ်များအား ကျင့်သားရပါစေဦး။ ထို့နောက်မှ မိသားစုဝင်များအားလုံး မှတ်မိလွယ်မည့် အချိန်တစ်ခုစီကိုရွေးကာ တစ်ခုချင်းစီ ချမှတ်သင့်ပါသည်”။ ကောဖ့်က “သုတေသနများအရ မိထွေးဖထွေးမိသားစုများ တကယ်မိသားစုတစ်ခုလို လုပ်ဆောင်နိုင်ဖို့က ၄ နှစ်ကနေ ၇ နှစ်ထိ အချိန်ယူရသည်” ဟု ဆိုပါသည်။“မိထွေးဖထွေးတော်တော်များများသည် သံယောဇဉ်တွယ်မှုကို ချက်ချင်းလိုချင်ကြသည်”ဟု Cue Cards for Life: Gentle Reminders for BetterRelationshipsစာအုပ်များ၏ စာရေးသူ ခရစ်စတီးနား စတိနော့သ်က ဆို၏။ “သူတို့၌ ကောင်းမွန်သော စိတ်ရင်းများရှိကြသော်လည်း မိထွေဖထွေးတော်တော်များများက ကလေး၏မေတ္တာကို လက်ဆောင်များများဝယ်ပေးပြီး တကယ်မိုက်သည့်မိဘများသဖွယ် လုပ်ယူကြသည်။ ကလေးများကလည်း လုပ်ယူနေသည်ကို ခံစားမိနိုင်ပါသည်”။ ထို့ကြောင့် လက်တွေ့ကျကျစဉ်းစားပါ။ ကိုယ်စိတ်နှင့်ကိုယ်သာ လုပ်ပါ။ ထိုမှသာ သင်တောင့်တနေသည့် ရင်းရင်းနှီးနှီး ဆက်ဆံရေးတစ်ခုကို ဖန်တီးနိုင်မည့်အခွင့်အရေး ရလာမည်ဖြစ်သည်။စည်းကမ်းတင်းကြပ်သူအဖြစ် တိုက်ရိုက်ကြီး မစတင်သင့်ပါ။ ကလေးများတွင်လည်း ဘောင်လိုတာမှန်သော်လည်း မိရင်းဖရင်းများကသာ ကလေးများကို စည်းကမ်းချခြင်းများ ပြုလုပ်ပါစေ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%99%e1%80%ad%e1%80%91%e1%80%bd%e1%80%b1%e1%80%b8%e1%80%96%e1%80%91%e1%80%bd%e1%80%b1%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b7-%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%9e%e1%80%84%e1%80%ba/
နည်းလမ်း ၁၀ မျိုး။ ။ ကောက်စပါးတစ်ခုလုံးပါသော အစားအသောက်များကို ရွေးချယ်ခြင်း
ကောက်စပါးတခုလုံးပါသောထုတ်ကုန်များ က သင်ကျန်းမာရေးအတွက်အလွန်ကောင်းသည်။ သို့သော် ကောင်းမွန်စွာရွေးချယ်ခြင်း သုံးခြင်းတို့ပြုလုပ်သင့်သည်။ အောက်ပါအချက်များက ကောက်စပါးအပြည့်ပါသော အစာရွေးချယ်နည်းဆယ်ချက်ကိုဖော်ပြပေးနိုင်သည်။အစားအသောက်ပေါ်တိုင်းရှိ တံဆိပ်ကိုဖတ်ပါ။ ဆိုဒီယမ် ပြည့်ဝဆီ သကြားနည်းသောထုတ်ကုန် ကိုစားသုံးပါ။ထိုအပြင် ပုံမှန် ပါဝင်ပစ္စည်းအစား ပြည့်ဝသော ဟူသောတံဆိပ်ပါသည်ကိုရွေးချယ်ဝယ်ပါ။ဥပမာ ပြည့်ဝသော အစေ့ ကောက်စပါးပြည့်ဝစွာပါသောဂျုံ ဆန်အညို ပြောင်းဖူး တို့ကိုရွေးချယ်ပါ။ စပါးစေ့များစွာ အမျှင်ဓါတ်များခြင်း ၁၀၀% ဂျုံ ဆိုသောအရာများက ကောက်စပါးအပြည့်ပါသောအရာဖြစ်ချင်မှဖြစ်နိုင်သည်။သူတို့အစာ သရေစာ နှင့် အကြိုက်ဆုံးအစာထဲတွင် ကောက်စပါးပြည့်ဝစွာထည့်ပြီးစားခြင်းဖြင့် ကျန်းမာအောင်လုပ်ပေးနိုင်သည်။ကောက်စပါးပြည့်ဝစွာပါသောထုတ်ကုန် တွင် အနည်းဆုံး အမျှင် ၃ ဂရမ်အနည်းဆုံးပါဝင်ပြီး သင်ခန္ဓါကိုယ်အတွက်ကောင်းစေသည်။ ၅ဂရမ်ပါသောအရာများက ပိုကောင်းသည်။ဂလူတန်တဲ့သော သူများက ကောက်စပါးပြည့်ဝစွာပါသောအစာများကိုရွေးချယ်စားနိုင်သည်။ သုံးမြှောင့်ပုံအပင် ကွီနိုးအာ ဆန်အကြမ်း ဂလူတန်မပါသောအုတ်ဂျုံမုန့် ဆန်အညိုနှင့် ပေါက်ပေါက်တို့ကိုလည်းစားသုံးနိုင်သည်။ကောင်းမွန်စွာထုတ်ထးသောအစားများကိုရှာပါ။ အမြင်လှပြီး အနံကောင်းသင့်သည်။ ဒိတ်ကုန်ရက်ကိုစစ်ဆေးခြင်း နှင့် လမ်းညွန်ချက်ကိုကောင်းမွန်စွာစစ်ဆေးပါ။စပါးစေံကို လေ အောက်စီဂျင်မထိအောင်ထားသင့်သည်။ သိုမဟုတ်ပါက မလတ်ဆတ်ခြင်း အနံဆိုးခြင်းတို့ဖြစ်နိုင်သည်။ ထိုပြင် အေးသောနေရာတွင်သိမ်းဆည်းထားခြင်း နေနှင့်တိုက်ရိုက်မထိသောနေရာတွင်ထားခြင်းတို့လုပ်နိုင်သည်။ပုပ်သိုးခြင်းမရှိသည်ဟုသေချာသော ကောက်စပါးပြည့်ဝဆီကိုလုံလောက်သောပမာဏဝယ်ထားပါ။ ကောက်စပါးပြည့်ဝစွာပါသောအရာများက ချက်ချင်းမစားခြင်း အကြာကြီးသိုလှောင်ခြင်းတို့လုပ်ပါက အာဟာရပါဝင်မှုကျစေသည်။ပုံမှန်အခန်းအပူချိန်တွင်ထုတ်ထားခြင်းလုပ်သင့်သည်။ ရေခဲသတ္တာတွင် ပါမုန့်သိမ်းထားခြင်းက ပုံမှန်အစိုဓါတ်ကိုဆုံးရှုံးစေနိုင်သည်။ကောက်စပါးပြည်ဝစွပါသော ဂျုံမှန့်အများစုကို ရေခဲသေတ္တာတွင် ၆လမှ ၈လထိသိမ်းနိုင်သည်။ ချက်ပြုတ်ပြီး ဆန်အညိုက ၃ ရက်မှ ငါးရက် ထိထားနိုင်ပြီး ၆လထိခဲထားနိုင်သည်။ကောက်စပါးပြည့်ဝစွာပါသောအစားများကကောင်းသည် ထိုအပြင် အထက်ပါအချက်များက သင်အစားအသောက်ပုံစံကိုကူညီနိုင်ရုံမက သင်ခန္ဓါကိုယ်ထိခိုက်မှုကိုလည်းကာကွယ်နိုင်သည်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%9c%e1%80%99%e1%80%ba%e1%80%b8-%e1%81%81%e1%81%80-%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%81%8b-%e1%81%8b-%e1%80%80%e1%80%b1%e1%80%ac%e1%80%80/
Pectus Excavatum (ရင်ညွန့်ရိုးချိုင့်ဝင်ခြင်း)
ရင်ညွန့်ရိုးသည် ရင်ဘတ်ထဲသို့ ချိုင့်ဝင်နေခြင်းဖြစ်ပြီး အခြေအနေဆိုးသောသူများတွင် ရင်ညွန့်ရိုးနေရာတွင် ဇွန်းနှင့်ခပ်ထုတ်ထား သကဲ့သို့ပင် အချိုင့်ရာထင်ကျန်နေတတ်သည်။ကလေး၁၀ဝဝမှာ တစ်ယောက်တွင်ဖြစ်တတ်ပြီး ယောကျာ်းလေးများတွင် မိန်းကလေးများထက် လေးဆပိုဖြစ်နိုင်သည်။ သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။အဖြစ်များသောရောဂါလက္ခဏာမှာ ရင်ဘတ်အနည်းငယ်ချိုင့်ဝင်ခြင်း ဖြစ်သည်။ အချို့လူနာများတွင် ကြီးကောင်ဝင်သည်မှ အရွယ်ရောက်သည်အထိပင် ပိုမိုချိုင့်ဝင်လာနိုင်သည်။အခြေအနေဆိုးသောသူများတွင် ရင်ညွန့်ရိုးသည် အဆုတ်နှင့်နှလုံးကိုဖိနေနိုင်သည်။ ထိုလက္ခဏာများမှာ-။အထက်တွင်ဖေါ်ပြခဲ့သည်နှင့် မတူသော ရောဂါလက္ခဏာများလည်းရှိနိုင်သည်။ ရောဂါလက္ခဏာများနှင့်ပတ်သတ်၍ သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။အထက်ပါ ရောဂါလက္ခဏာများရှိပါက၊ သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုန်.ပြန်မှုများသည် မတူညီနိုင်သောကြောင့် သင့် ရောဂါလက္ခဏာအတွက် ဆရာဝန်နှင့်တိုင်ပင်ခြင်းသာ အကောင်းဆုံးဖြစ်သည်။အကြာင်းအရင်း အတိအကျမသိရသေးသော်လည်း တခါတရံ မိသားစုစဉ်ဆက်အလိုက် ဖြစ်ပွားလေ့ရှိသောကြောင့် ရင်ညွန့်ရိုးချိုင့်ဝင်ခြင်းသည် မျိုးရိုးလိုက်သော ရောဂါဖြစ်နိုင်သည်။ရင်ညွန့်ရိုးချိုင့်ဝင်ခြင်းသည် ယောကျာ်းလေးများတွင် မိန်းကလေးများထက် ပိုအဖြစ်များသည်။ ထို့ပြင် အောက်ပါရောဂါစုများရှိသောသူနှင့် မွေးရာပါအရိုးဖွဲ့စည်းမှု ပုံမမှန်သည့် ရောဂါရှိသူများတွင်လည်း အဖြစ်များသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရင်ညွန့်ရိုးပြဿနာကြောင့် သင့်ကလေး၏ အသက်ရှူခြင်းကို ထိခိုက်မှုရှိမရှိ သိနိုင်ရန်အသက်ရျူစစ်ဆေးမှုများနှင့် နံရိုးခွင်၏ အတိုင်းအတာအတိအကျကိုသိရန် စစ်ဆေးမှုများပြုလုပ်သည်။ရင်ညွန့်ရိုးပြဿနာကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိလျှင် ကုသရန်မလိုပါ။ ရင်ညွန့်ရိုးပြဿနာကြောင့် သင့်ကလေး၏ အသက်ရှူခြင်းကို သို့မဟုတ် စိတ်ပိုင်းဆိုင်ရာပြင်းထန်စွာ ထိခိုက်မှုရှိလျှင် ခွဲစိတ်ပြုပြင်ရန်လိုအပ်သည်။သိလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/pectus-excavatum-%e1%80%9b%e1%80%84%e1%80%ba%e1%80%8a%e1%80%bd%e1%80%94%e1%80%b7%e1%80%ba%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%84%e1%80%b7%e1%80%ba%e1%80%9d/
Empty sella syndrome (Empty Sella ရောဂါစု)
Empty Sella ရောဂါစုဆိုတာ sella turcica ခေါ် ဦးခေါင်းခွံအောက်ခြေ sphenoid အရိုးထဲက ပီကျူထရီဂလင်းတည်ရှိရာ မြင်းကုန်းနှီးသဏ္ဍာန် အချိုင့်ရာတစ်ခု ပုံမှန်ထက်အရွယ်အစားကြီးနေတဲ့ ဒါမှမဟုတ် ပုံသဏ္ဍာန်မမှန်တဲ့ ရှားပါးရောဂါစုတစ်မျိုး ဖြစ်ပါတယ်။ဒီရောဂါရှိသူအချို့ရဲ့ sella turcica ထဲမှာ cerebrospinal fluid (CSF) ခေါ် ဦးနှောက်အာရုံကြောအရည်ကြည်တွေ ရှိနေပြီး အောက်ခြေကြမ်းပြင်မှာ အလွန်သေးငယ်တဲ့ ပီကျူထရီဂလင်းကို တွေ့မြင်နိုင်ပါတယ်။ အချို့လူတွေမှာတော့ sella turcica တစ်ခုလုံး CSF တွေပြည့်နေပြီး ပီကျူထရီဂလင်းကို လုံးဝမြင်ရမှာမဟုတ်ပါဘူး။အကြောင်းအရင်းမရှိဘဲ သူ့အလိုလိုဖြစ်ပေါ်လာတဲ့ empty sella ရောဂါစုကို primary empty sella ရောဂါစုလို့ခေါ်ပြီး အကြောင်းအရင်းတစ်ခုခုကြောင့် ဖြစ်ပေါ်လာတဲ့ အမျိုးအစားကိုတော့ secondary empty sella ရောဂါစုလို့ ခေါ်ပါတယ်။Primary empty sella ရောဂါစုဟာ အမျိုးသားတွေထက်စာရင် အမျိုးသမီးတွေမှာ ဖြစ်ပွားမှုနှုန်း ၄ဆ ပိုများပါတယ်။ အဝလွန်ပြီး သွေးတိုးရောဂါရှိတဲ့ လူလတ်ပိုင်းအမျိုးသမီးတွေမှာ ပိုအတွေ့ရများပါတယ်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဒီရောဂါစုမှာ သိသာထင်ရှားတဲ့ လက္ခဏာတစ်စုံတစ်ရာ မရှိပေမယ့် secondary empty sella ရောဂါစု ဖြစ်ပွားတဲ့သူတွေမှာတော့ နဂိုရှိပြီးသား ကျန်းမာရေးပြဿနာရဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။Empty sella ရောဂါရှိသူ လူနာအများစုဟာ နာတာရှည်ခေါင်းကိုက်ဝေဒနာကို ခံစားရလေ့ရှိပြီး Empthy sella ရောဂါစုကြောင့်ပဲ ခေါင်းကိုက်ရသလား၊ နဂိုရောဂါအခံဖြစ်တဲ့ သွေးတိုးရောဂါကြောင့် ခေါင်းကိုက်ရသလားဆိုတာကို သေသေချာချာ မရှင်းပြနိုင်သေးပါဘူး။ရှားရှားပါးပါဆိုသလို ဒီရောဂါရှိသူတွေမှာ ဦးခွံတွင်းဖိအားမြင့်တက်ပြီး။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။Primary Empty Sella ရောဂါစု။Primary Empty Sella ရောဂါစုဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းကို တိတိကျကျမသိရသေးဘဲ sella turcica ကိုဖုံးအုပ်ထားတဲ့အမှေးပါး (diaphragma sellae) မွေးရာပါချို့ယွင်းမှုကြောင့်ဖြစ်ရတယ်လို့ ပညာရှင်တွေက ယူဆထားပါတယ်။ အချို့လူတွေရဲ့ diaphragma sellae အမှေးပါးမှာ မွေးကတည်းက ကွဲကြောင်းငယ်တစ်ခု ပါလာတဲ့အတွက် sella turcica ထဲ CSF တွေ စိမ့်ဝင်နိုင်ပါတယ်။ ဒါပေမယ့် ဒီအကြောင်းအချက်က empty sella ရောဂါဖြစ်စေတဲ့ အဓိကအကြောင်းရင်းလား ရောဂါဖြစ်နိုင်ချေကိုမြင့်စေတဲ့ အကြောင်းရင်း သက်သက်ပဲလားဆိုတာကို သေသေချာချာ မပြောနိုင်သေးပါဘူး။National Organization for Rare Disorders (နိုင်ငံလုံးဆိုင်ရာရှားပါးရောဂါစုများအဖွဲ့အစည်း)ရဲ့ ထုတ်ပြန်ချက်အရ ဒီရောဂါစုဟာ အမျိုးသားတွေထက်စာရင် အမျိုးသမီးတွေမှာ ဖြစ်ပွားမှုနှုန်း ၄ဆ ပိုများပြီး အဝလွန်တဲ့၊ သွေးတိုးရောဂါရှိတဲ့ သက်လတ်ပိုင်းအမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ ဒါပေမယ့် ဒီရောဂါရဲ့ သဘောသဘာဝအရ ရောဂါလက္ခဏာ ထူးထူးခြားခြားပြလေ့မရှိတဲ့အတွက် ရောဂါဖြစ်လို့ဖြစ်နေမှန်း မသိသူတွေလည်း ရှိနေနိုင်ပါတယ်။ ဒါကြောင့် လိင်၊ အဝလွန်ခြင်း၊ အသက်အရွယ်၊ သွေးဖိအား စတဲ့အကြောင်းအချက်တွေကို ရောဂါဖြစ်ပွားနိုင်ချေမြင့်စေတဲ့ အကြောင်းရင်းတွေအဖြစ် သတ်မှတ်ဖို့ ခဲယဉ်းပါတယ်။Secondary Empty Sella ရောဂါစု။Secondary Empty Sella ရောဂါစု ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့။အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။အထက်မှာပြောခဲ့သလိုပဲ Empty Sella ရောဂါစုဟာ အများအားဖြင့် ဘာရောဂါလက္ခဏာမှ မဖြစ်ပေါ်စေတဲ့အတွက် ရောဂါရှိနေမှန်း သိဖို့ခက်ပါတယ်။ အကယ်၍ သင့်ဆရာဝန်က သင့်မှာဒီရောဂါရှိနေတယ်လို့ သံသယရှိခဲ့ရင် ခန္ဓါကိုယ်စမ်းသပ်စစ်ဆေးမှုပြုလုပ်ပြီး သင့်ကျန်းမာရေးရာဇဝင်ကို ပြန်လှန်စစ်ဆေးမှာဖြစ်ပါတယ်။ ကွန်ပျူတာဓါတ်မှန် (CT scan) နဲ့ သံလိုက်ဓါတ်မှန် (MRI scan) ရိုက်ဖို့လည်း အကြံပြုနိုင်ပါတယ်။CT နဲ့ MRI အဖြေကိုကြည့်ပြီး သင့်ဆရာဝန်က သင့်မှာ partial empty sella ရောဂါစု သို့မဟုတ် total empty sella ရောဂါစုရှိမရှိ စဉ်းစားဆုံးဖြတ်မှာ ဖြစ်ပါတယ်။ Partial empty sella ရောဂါစုဆိုတာက sella တစ်ဝက်နည်းပါး CSF နဲ့ပြည့်နေပြီး ပီကျူထရီဂလင်းအထူ ၃မီလီမီတာကနေ ၇မီလီမီတာရှိတဲ့ အခြေအနေကို ဆိုလိုတာဖြစ်ပြီး Total empty sella ရောဂါစုဆိုတာကတော့ sella တစ်ဝက်ကျော်ကျော်ဟာ CSF တွေနဲ့ပြည့်နေပြီး ပီကျူထရီဂလင်းအထူ ၂မီလီမီတာအောက်နည်းတဲ့ အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။Empty Sella ရောဂါ ရှိသူတွေအနေနဲ့ ရောဂါလက္ခဏာမပြမချင်း အထူးတလည် ကုသမှုခံယူစရာ မလိုပါဘူး။အခြေအနေအရ လိုအပ်နိုင်တဲ့ ကုသမှုတွေကတော့။နှာခေါင်းထဲမှာ CSF လျှံထွက်ခြင်းကို ခွဲစိတ်ပြုပြင်ခြင်း။ခေါင်းကိုက်သက်သာစေရန် Ibuprofen (Advil, Motrin) ကဲ့သို့ ဆေးဝါးများသောက်သုံးခြင်းတို့ပဲ ဖြစ်ပါတယ်။အကယ်၍သင့်မှာ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် secondary empty sella ရောဂါစု ဖြစ်လာခဲ့ရင် သင့်ဆရာဝန်အနေနဲ့ ၎င်းပြဿနာကိုကုသဖို့ ဒါမှမဟုတ် ၎င်းရဲ့လက္ခဏာတွေ သက်သာပျောက်ကင်းစေဖို့ အဓိကဦးစားပေးသွားမှာ ဖြစ်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/brain-and-spine-disorders/empty-sella-syndrome-empty-sella-%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%85%e1%80%af/
Dyggve-Melchior-Clausen syndrome (Dyggve-Melchior-Clausen ရောဂါစု)
Dyggve-Melchior-Clausen syndrome ဆိုတာ အရမ်းရှားတဲ့ အချိန်ကြာတာနဲ့အမျှ ပိုပိုပြီးဆိုးလာတဲ့ မျိုးရိုးဗီဇ အခြေအနေတစ်ခုဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ အရိုးဖွဲ့စည်းမှုနဲ့ ဦးခေါင်းသေးခြင်း၊ ပညာ သင်ကြားရာများတွင် ခက်ခဲခြင်းလက္ခဏာများနဲ့လာပါတယ်။Dyggve-Melchior-Clausen syndrome ဆိုတာအရမ်းကိုရှားပါတယ်။ ဒီနေ့ထိ case 100လောက်သာရှိပါသေးတယ်။ အခြားအချက်အလက်များကို သိနိုင်ဖို့ သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။Dyggve-Melchior-Clausen syndrome နဲ့ မွေးလာတဲ့ မွေးကင်းစကလေးတွေဟာ ပုံမှန်မဟုတ်ပဲ အရမ်းသေးနေခြင်းရှိနိုင်သလို ပုံမှန်အခြေအနေနဲ့ ဖြစ်နိုင်ပါတယ်။ ကလေးကအသက်ကြီးလာတာနဲ့အမျှ Dyggve-Melchior-Clausen syndrome က စပြီး ဖြစ်ပွားလာပါတယ်။ ကလေးအသက် ၂နှစ်လောက်ရောက်တဲ့အခါမှာတော့ ကလေးဟာ ရင်ဘတ်ရိုးပုံစံဟာ စည်ပိုင်းလိုပုံစံဖြစ်ပြီး စပြီးပုံပျက်လာတတ်ပါတယ်။ ကလေးဟာ အစားအစာ စားတဲ့အခါပြသနာရှိခြင်း၊ သူရောက်ရမယ့် ကြီးထွားဖွံ့ဖြိုးမှုအခြေအနေကို မရောက်နိုင်ခြင်းတို့ ဖြစ်လာတတ်ပါတယ်။ အသက်၂နှစ်နောက်ပိုင်းမှာအရိုးဖွဲ့စည်းပုံပြောင်းလဲခြင်းတွေနဲ့ စတင်ဖော်ပြလာပါတယ်။Dyggve-Melchior-Clausen syndrome ရှိတဲ့ကလေးတွေမှာ အခြားသော ပုံပျက်မှုတွေဖြစ်တဲ့ ပုံမှန်မဟုတ်ပဲ ဦးခေါင်းအလွန်သေးခြင်း၊ ဦးခေါင်းခွံရိုးရှည်ခြင်း၊ အောက်မေးရိုးကရှေ့ကို ထွက်နေခြင်းတို့နဲ့ တွေ့နိုင်ပါတယ်။ ကလေးက ကြီးလာတာနဲ့အမျှ ကလေးဟာ သင်ကြားရခက်လာခြင်းတွေ ရှိလာပြီးအချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာပါတယ်။Dyggve-Melchior-Clausen syndrome ဟာ အရမ်းဆိုးတာတွေရှိသော်လည်းပဲ ဖြစ်တဲ့ကလေးကတော့ များသောအားဖြင့်ကျန်းမာရေးအရ ကောင်းတတ်ပြီး လူကြီးဘဝထိရောက်အောင်တော့ အသက်ရှင်ကြပါတယ်။ ဒါ့အပြင် ခါးရိုး ကောက်ခြင်း၊ ကုန်ခြင်း၊ ကွေးခြင်းတွေကလည်း ဒီရောဂါရဲ့ လက္ခဏာများဖြစ်ပါတယ်။ ဒီရောဂါရှိတဲ့ကလေးတွေဟာ ပုံမှန်မဟုတ်တဲ့ carpel bones တွေပုံစံတွေ ရှိနိုင်ပါတယ်။ အပေါ်မှာမပြောပြထားတဲ့ အခြားသော လက္ခဏာတွေရှိနေနိုင်ပါသေးတယ်။ တကယ်လို့ ရောဂါလက္ခဏာများနဲ့ပတ်သက်ပြီး စိတ်ပူတာတွေရှိနေသေးပါက သင့်ဆရာဝန်ကိုတိုင်ပင်ဆွေးနွေးပါ။အကယ်၍အထက်တွင်ဖော်ပြခဲ့သောရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင်လည်းကောင်း၊ မေးလိုသည်များရှိလျှင်သော်လည်းကောင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှုသည် တစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ သင့်ရောဂါအခြေအနေအတွက် ဘာကအကောင်းဆုံးလဲဆိုတာကိုဆရာဝန်နှင့် ဆွေးနွေးခြင်းကသာအမှန်ကန်ဆုံးဖြစ်ပါသည်။Dyggve-Melchior-Clausen syndrome ကို dymeclin မျိုးရိုးဗီဇ ပုံမမှန်ခြင်းကြောင့် ဖြစ်စေပါတယ်။ ဒီမျိုးရိုးဗီဇရဲ့ အဓိက လုပ်ငန်းဆောင်တာကတော့ homeostasis နှင့် Golgi apparatus ကို ဖွဲ့စည်းတည်ဆောက်ခြင်းနှင့် ပရိုတင်းတွေကို Golgi Apparatus ထဲကို ရွေ့စေခြင်းတို့ဖြစ်ပါတယ်။ dymeclin မျိုးဗီဇကို ပုံပျက်စေခြင်းနဲ့ ပရိုးတင်းဓါတ်တွေ ကုန်စေခြင်း သို့မဟုတ် မရှိသလောက်နီးနီး ကုန်စေခြင်းတို့ကို ဖြစ်စေခြင်းကြောင့် Dyggve-Melchior-Clausen syndrome ကိုရရှိစေပါတယ်။Dyggve-Melchior-Clausen syndrome က autosomalRecessive ပုံစံကိုလိုက်ပါတယ်။ အထူးသဖြင့် ဒီလိုကလေးတွေဟာ မိဘတွေက သွေးသားရင်းချင်းလက်ထပ်လို့ဖြစ်ခြင်းသို့မဟုတ် မိဘတွေက တစ်ယောက်နဲ့တစ်ယောက်သွေးနီးလို့ ဖြစ်ရခြင်းမျိုးတွေဖြစ်ကြပါတယ်။အခြားအချက်အလက်များသိရဖို့ သင့်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်တွေမှာ အစားထိုးရန် မသင့်တော်ပါဘူး။ ဆက်လက်သိရှိလိုတဲ့ အချက်အလက်တွေအတွက် သင့်ဆရာဝန်နဲ့သာ အမြဲတိုင်ပင်ဆွေးနွေးပါ။DMC syndrome ကို ဆေးပညာအရ ရှာဖွေဖော်ထုတ်ခြင်း၊လူနာကို ဆေးပညာနောက်ကြောင်းဆိုင်ရာမေးခွန်းများမေးခြင်း၊ ထူးခြားတဲ့လက္ခဏာများ(ဥပမာ စည်ပိုင်းပုံရင်ဘတ်ရှိခြင်း၊ အချိုးမကျတဲ့ အရပ်ပုံစံရှိခြင်း) တို့ကြောင့် ရောဂါကိုရှာထုတ်နိုင် ပါတယ်။ DMC syndrome ကို ဓါတ်မှန်ရိုက်ခြင်းနဲ့ အရိုးဖွဲ့စည်းပုံမမှန်ခြင်းတို့ကို ရှာနိုင်ပါတယ်။ မျိုးရိုးဗီဇစစ်ဆေးခြင်းနဲ့လည်း ရောဂါရှာ အဖြေထုတ်နိုင်ပါတယ်။Dyggve-Melchior-Clausen syndrome ရှိတဲ့လူနာတွေအတွက်ကုသမှုက အဲ့လိုလူနာတွေရဲ့ ရောဂါလက္ခဏာတွေအပေါ်မူတည်ပြီး ကူညီထောက်ပံ့တဲ့ကုသမှုပေးရပါတယ်။ ဒီအခြေအနေအတွက် အရှင်းပျောက်စေတဲ့ ကုသမှုမရှိပါဘူး။ ကျောရိုးမကြီးတစ်လျှောက် မှာထိပ်ဆုံးမှာရှိတဲ့ ကျောရိုးကိုဆက်ပေးခြင်း သို့မဟုတ် ကျောရိုးမကြီးကို ငြိမ်နေအောင်ကုသမှုပေးခြင်းတို့ကို ပြုလုပ်ပေးရပါမယ်။ နောက်ထပ်လိုအပ်တဲ့ခွဲစိတ်ကုသတဲ့နည်းလမ်းတွေကတော့ ပုံမှန်မဟုတ်တဲ့အရိုးဖွဲ့စည်းပုံမမှန်တဲ့ ပခုံးရိုး၊ ပေါင်ရိုးအဆစ်လွဲခြင်းတွေကိုမှန်ကန်အောင်ပြုပြင်ပေးခြင်းတို့ ကုသမှုပေးနိုင်ပါတယ်။ တစ်ချို့သော အခြေအနေတွေကတော့ ပေါင်ရိုးကို အစားထိုးခြင်းတွေလိုအပ်နိုင်ပါတယ်။ Dyggve-Melchior-Clausen syndrome ရှိတဲ့ကလေးတွေမှာ စောစီးစွာ ကုသမှုပေးခြင်းနဲ့ ပညာရေးအတွက် အထူး ပရိုဂရမ်တွေလုပ်ပေးပါက ပိုပြီးအကျိုးရှိနိုင်ပါတယ်။တစ်ကယ်လို့သင့်ဆီမှာ မေးချင်တာတွေရှိနေတယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ရာအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာဆိုင်ရာ အကြံပေးခြင်း၊ ရောဂါအမည်တပ်ခြင်း သို့မဟုတ် ကုသမှုပေးခြင်းများကို ဆောင်ရွက်မပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/dyggve-melchior-clausen-syndrome-dyggve-melchior-clausen-%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%85%e1%80%af/
နို့တိုက်မေမေ သံပုရာရည် သောက်လို့ရလား
မေမေတို့အနေနဲ့ဘေဘီလေးကိုနို့တိုက်ချိန်မှာ အမြဲလိုလိုစဉ်းစားတွေးပူတာတစ်ခုရှိတယ်။ ဒါကတော့ ငါ ဒါကိုစားလိုက်ရင် ကလေး ဗိုက်များနာမလား။နေထိုင်မကောင်းများဖြစ်မလားပေါ့။ ဒီတစ်ခေါက်တော့ကလေးကိုနို့တိုက်နေလို့သံပုရာရည် ​သောက်လို့ရပါ့မလားလို့တွေးပူနေတဲ့မေမေတို့အတွက် ဒီဆောင်းပါးလေးကိုရေးရတာပါ။မေမေက သံပုရာရည်သောက်လို့ ကလေးက နို့အချဉ်မပေါက်ဘူးနော်။သံပုရာရည်မှာ။နို့ထွက်များစေတယ်။နို့တိုက်နေချိန်မှာ သံပုရာရည်သောက်တာက ခန္ဓါကိုယ်ကိုရေဓါတ်ြဖည့်ပေးသလို လန်းဆန်းစေနိုင်ပါတယ်။ ကလေးကိုလည်း နို့ကောင်းကောင်းထောက်ပံ့ပေးနိုင်ပါတယ်။ကလေးကိုအစာခြေစနစ်ကျန်းမာစေနိုင်ပါတယ်။သံပုရာရည်က အစာခြေစနစ်ကို ကျန်းမာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် နို့တိုက်မေမေက သံပုရည်သောက်ပေးမယ်ဆိုရင် ကလေးမှာရောမေမေ မှာပါလေပွတာ၊ ဝမ်းချုပ်တာ၊လေထိုးလေအောင့်တာဖြစ်တာအပါအဝင် အစာခြေစနစ်ဆိုင်ရာပြဿနာတွေကို ပါကင်းစေနိုင်ပါတယ်။နို့မှာပါတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။နို့တိုက်မေမေ အနေနဲ့ သံပုရာရည် သောက်ပေးတာက ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားရာရောက်ပြီးဘေဘီလေးကိုတိုက်တဲ့ နို့ထဲမှာလည်း အဆိပ်အတောက်ကင်းသွားစေမှာပါ။ အာဟာရပြည့်ဝပြီး သန့်စင်တဲ့နို့ချိုကို တိုက်ကျွေးနိုင်မှာပါ။သွေးပေါင်ကျစေနိုင်တယ်။ပိုတက်ဆီယမ်ကြွယ်ဝတာကြောင့် နို့တိုက်မိခင်သွေးတိုးတာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ နို့တိုက်မေမေတွေမှာ ခံစားရတဲ့မအီမသာဖြစ်တာ၊မူးဝေတာေတွဖြစ်တာကို သက်သာစေနိုင်ပါတယ်။အသားအရေကောင်းမွန်စေတယ်။နို့တိုက်မေမေက သံပုရာရည် သောက်ပေးမယ်ဆိုရင်မေမေရောဘေဘီလေးရော အသားအရေကြည်လင်လှပစေမှာ အသေအချာပါ။ရင်သားကင်ဆာကာကွယ်နိုင်ပါတယ်။သံပုရာသီးမှာကင်ဆာကျိတ်တွေကိုတိုက်ဖျက်ပေးနိုင်တဲ့ ဓါတုပစ္စည်းတစ်မျိုးဖြစ်တဲ့limonene ပါဝင်နေတာကြောင့် ရင်သားကင်ဆာမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ကိုယ်ခံအားေကာင်းစေနိုင်တယ်။သံပုရာရည်က မေမေရောဘေဘီလေးရဲ့ ကိုယ်ခံအားကိုထောက်ပံ့ပေးနိုင်တဲ့ ဗီတာမင် နဲ့သတ္တုဓါတ်တွေပါဝင်နေတဲ့သောက်စရာတစ်ခုပါ။ နို့တိုက်မေမေက သံပုရာရည်သောက်ပေးရုံနဲ့မေမေရောဘေဘီလေးပါ ကျန်းမာတဲ့ကိုယ်ခံအားစနစ်ကိုပိုင်ဆိုင်နိုင်စေမှာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/%e1%82%8f%e1%80%ad%e1%80%af%e1%82%94%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%b1%e1%80%99%e1%80%b1%e1%80%99-%e1%80%9e%e1%80%b6%e1%80%95%e1%80%af%e1%80%9b%e1%80%8a%e1%80%b9%e1%80%b1%e1%80%9e/
ပြင်းထန်ခေါင်းတစ်ခြမ်းကိုက်ခြင်း
သင်ခံစားနေရတဲ့ခေါင်းကိုက်ခြင်းကို သာမန်ဆိုးရွားတဲ့ခေါင်းကိုက်ခြင်းလို့ပဲထင်နေကောင်းထင်နေနိုင်ပါတယ်။ ဒါပေမယ့် အန်ချင်လောက်သည်ထိ ရင်ထဲမကောင်းဖြစ်နေသလား၊ အလင်းရောင်တွေကြောင့် ပိုကိုက်နေသလား၊ ဒါဆိုရင်တော့ migraine လို့ခေါ်တဲ့ ခေါင်းကိုက်ခြင်းတစ်မျိုးဖြစ်နေပါပြီ။ Migraine ခေါ်ပြင်းထန်ခေါင်းကိုက်ခြင်းခံစားရမယ်ဆိုရင်၊၊ တခါတလေမှာ ကာကွယ်ဖို့ခက်ခဲပေမယ့် ပိုဆိုးမလာအောင်ကာကွယ်ဖို့ လက္ခဏာတွေသိထားဖို့တော့လိုပါမယ်။ခေါင်းကိုက်ခြင်းတစ်မျိုးဖြစ်ပြီး များသောအားဖြင့် ခေါင်းတစ်ခြမ်းသာကိုက်တတ်ပါတယ်။ ခေါင်းထဲမှာ တဆစ်ဆစ်ထိုးကိုက်နေတတ်ပြီး နေ့စဉ်လုပ်ငန်းတွေလုပ်ရခက်သည်ထိ ဖြစ်တတ်တယ်။ ဘာကြောင့်ဖြစ်ရသလဲမသေချာပေမယ့် migraine ဖြစ်ခြင်းကို အားပေးတဲ့အချက်တွေတော့ရှီပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အာရုံကြောလှုံ့ဆော်မှု၊ ကယ်မီကယ်၊ ဦးနှောက်ရှိသွေးကြောများကို ကယောက်ကမဖြစ်စေတဲ့ ဦးနှောက်အလုပ်ပုံမှန်မဟုတ်ခြင်းလို့ ထင်ကြပါတယ်။Migraine ခေါင်းကိုက်ခြင်းဟာ မှန်းထားလို့မရပါဘူး။ ကံကောင်းစွာနဲ့ သတိပေးတဲ့အချက်တွေတော့ရှိပါတယ်။ ကြိုတင်ကာကွယ်နိုင်အောင် အချက်ပြတဲ့လက္ခဏာတွေကိုကြည့်လိုက်ရအောင်။လေးဆင့်ရှိတယ် –။မတိုင်မီအဆင့် ၊ ခံစားချက်၊ ခေါင်းကိုက်ခြင်း၊ ခေါင်းကိုက်ပြီးအဆင့်တို့ဖြစ်တယ်။ အဆင့်တိုင်းကိုခံစားချင်မှခံစားရမှာပါ။ခေါင်းမကိုက်မီအဆင့်ဖြစ်တယ်။ ခေါင်းမကိုက်ခင် တစ်ရက်၊ နှစ်ရက်ခန့်လောက်မှာ လက္ခဏာတွေစပေါ်လာတတ်ပြီး ပြောင်းလဲမှုလေးတွေကြုံရတတ်ပါတယ်။· ဝမ်းချုပ်ခြင်း။· စိတ်ဓါတ်ကျခြင်း။· အစာတစ်ခုခုတောင့်တခြင်း။· လှုပ်ရှားမှုမြန်ခြင်း။· စိတ်ဆတ်ခြင်း။· ဇက်တောင့်ခြင်း။· မထိန်းနိုင်လောက်အောင် သန်းဝေခြင်း။ခေါင်းမကိုက်ခင် သို့ ခေါင်းကိုက်နေစဉ်မှာတွေ့ရတတ်တယ်။ အလင်းရောင်များမြင်ခြင်း၊ ထူးဆန်းသောအနံ့ အထိအတွေ့၊ အသံများရခြင်း၊ လှုပ်ရှားမှု စကားပြောခြင်းတို့တွင် ပြောင်းလဲမှုများကြုံရခြင်း။ အများစုကတော့ ခံစားချက်မရဘဲ ခေါင်းကိုက်တတ်ပါတယ်။ကုသမှုမရှိပါက ၇၂ နာရီလောက်ထိကြာနိုင်ပါတယ်။ ဒါပေမယ့် အကြိမ်ရေကတော့ တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ လက္ခဏာတွေကတော့-။· ပျို့ခြင်း။· မျက်လုံးတစ်ဖက် သို့ နားတစ်ဖက်နောက်တွင် နာကျင်ကိုက်ခဲခြင်း။· နားထင်တွင်ကိုက်ခဲခြင်း။· အလင်းရောင်များမြင်ခြင်း။· အလင်း၊ အသံတို့ကိုဆက်ဆက်ထိမခံဖြစ်ခြင်း။· ခေတ္တအမြင်ချို့ယွင်းခြင်း။· အန်ခြင်း။ခေါင်းကိုက်ပြီးချိန်မှာဖြစ်ပြီး နွမ်းနယ်ပြီးကျန်ခဲ့ပါလိမ့်မယ်။ လက္ခဏာတွေကတော့-။· စိတ်အခြေအနေကျခြင်း၊။. စိတ်ဓါတ်ကျခြင်း သို့စိတ်ကြွခြင်း။· နွမ်းနယ်ခြင်း။· အာရုံမစိုက်နိုင်ခြင်း။· စဉ်းစားနိုင်စွမ်းနည်းသွားခြင်း။Migraine ခေါင်းကိုက်ခြင်းတွေက ကုသရခက်ပါတယ်။ ဒါပေမယ့် အခြေအနေကိုကိုင်တွယ်နိုင်ပါတယ်။ Migraine မှာကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းနေတတ်ပါတယ်။ ကာကွယ်နည်းတွေမှာဆိုရင်-။လုံလောက်စွာအိပ်ပါ၊ ဒါပေမယ့် အလွန်အကျွံမအိပ်ပါနဲ့ –Migraine ဖြစ်နိုင်မယ့်လက္ခဏာတွေတွေ့လာရင် အနားယူပါ။ ဖြစ်နိုင်ပါက ခေါင်းကိုက်လာချိန်မှာ တိတ်ဆိတ်မှောင်မိုက်သောအခန်းမှာ အနားယူပါ။ ဇက်နှင့် ကိုက်သောနေရာတွင်ရေခဲအိတ်ကပ်ပြီး အသာအယာနှိပ်နယ်ပေးနိုင်ပါတယ်။အစားအသောက်ပုံစံပြောင်းပါ။ခေါင်းကိုက်စေသောအရာများ ကဖိန်း၊ အယ်လ်ကိုဟောတို့ကိုရှောင်ပါ။စိတ်ဖိစီးမှုလျှော့ချပါ။ကြွက်သားများဖြေလျှော့သော လေ့ကျင့်ခန်းများလုပ်ပါ။ခေါင်းကိုက်ခြင်းအကြိမ်ရေနည်းသူတွေမှာတော့ migraine သက်သာစေနိုင်တဲ့ဆေး NSAID ကဲ့သို့ဆေးများ သို့ အတက်ကျဆေး၊ သွေးပေါင်ကျဆေးများကဲ့သို့ ကာကွယ်နိုင်သောဆေးများ သောက်ခြင်းဖြင့် သက်သာနိုင်ပါတယ်။ခေါင်းကိုက်ခြင်းကိုမှတ်ထားပါ။ဆရာဝန်ပြနေစဉ်မှာတင်မှတ်ထားပြီး မိမိခေါင်းကိုက်ခြင်းကိုဘာကဖြစ်စေသလဲ၊ ဘယ်လိုကုသမှုဖြင့်အဆင်ပြေလဲ သိရအောင် မှတ်ထားပါ။Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/%e1%80%bb%e1%80%95%e1%80%84%e1%80%b9%e1%80%b9%e1%80%b8%e1%80%91%e1%80%94%e1%80%b9%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%85%e1%80%b9%e1%80%bb%e1%80%81%e1%80%99%e1%80%b9/
လမ်းလျှောက်စနှင့် မူကြိုရွယ်များတွင် စကားထစ်ခြင်း
အသက် ၂ – ၅ နှစ်ကြား ကလေးများ၌ စကားထစ်ခြင်း၊ စကားလုံးတစ်လုံး သို့မဟုတ် စကားစုတစ်ချို့ကို ထပ်ခါထပ်ခါပြောခြင်း၊ သံရှည်ဆွဲနေခြင်း သို့မဟုတ် ပြတ်တောင်းပြတ်တောင်းပြောခြင်း၊ စကားလုံးသံ ဗျည်းသရသံများကိုပင် မထွက်ခြင်းတို့ ဖြစ်နိုင်ပါသည်။ စကားထစ်ခြင်းသည် စကားကြောတွင် အဆက်ပြတ်သွားခြင်း dysfluemcy အမျိုးအစားတစ်ခုဖြစ်သည်။ဖြစ်ရပ်အများစုတွင် အသက် ၅ နှစ်နောက်ပိုင်း၌ စကားထစ်ခြင်း အလိုလိုပျောက်သွားသလို တစ်ချို့တွင်လည်း ထိုထက်နည်းနည်း ပိုကြာတတ်ပါသည်။ စကားထစ်ခြင်းကို အရှင်းပျောက်ကင်းအောင် လုပ်မရနိုင်သော်လည်း သင့်ကလေးအဆင်ပြေစေဖို့ ပြုလုပ်ပေးနိုင်သည့် ကုသမှုများတော့ ရှိပါသည်။စကားထစ်မှုကိုဖြစ်စေသည့် အချက်အလက်များစွာ ရှိပါသည်။· မျိုးရိုးဗီဇ –စကားထစ်သူ ၆၀%တွင် မိသားစုဝင်ထဲ၌ စကားထစ်နေသူ ရှိတတ်ပါသည်။· ဘာသာစကားဆိုင်ရာ ပြဿနာရှိလျှင် သို့မဟုတ် ကြီးထွားဖွံဖြိုးမှုနှေးလျှင်။· ဘာသာစကားအား မှတ်သားပေးသည့် ဦးနှောက်လုပ်ငန်းစဉ်များ ကွဲပြားသွားခြင်း။· လှုပ်ရှားမှု အလွန်များခြင်း။· စကားပြောမြန်ခြင်း။စကားထစ်ခြင်း၏ပထမဆုံးလက္ခါသည် ကလေးမှစကားလုံးများကိုပေါင်းစပ်ပြီး ဝါကျတစ်ခုအဖြစ် ပြောနိုင်လာချိန် ၁၈-၂၄ လသားအရွယ်တွင် ပေါ်လာပါသည်။ မိဘများအတွက်တော့ စကားထစ်ခြင်းက စိတ်တိုချင်စရာ စိတ်အနှောက်အယှက်ဖြစ်စရာ ဖြစ်သော်လည်း ထိုအသက်အရွယ်ကလေးများတွင်တော့ သဘာဝသာဖြစ်ပါသည်။ မိဘများက တတ်နိုင်သလောက် ကလေးများအပေါ် စိတ်ရှည်ရှည်ထားရပါမည်။ကလေးများစကားထစ်ခြင်းသည် ရက်သတ္တပတ်အနည်းငယ် သို့မဟုတ် လတော်တော်များထိကြာတတ်ပြီး အမြဲတမ်းထစ်သည်ဆိုသည်လည်း မဟုတ်ပါ။ ၅ နှစ်မတိုင်မီ စကားထစ်သောကလေးများတွင် ဘာသာစကားကုထုံး ဘာမှမခံယူပါပဲနှင့် အလိုလိုပျောက်သွားနိုင်ပါသည်။သို့သော် သင့်ကလေးစကားထစ်ခြင်းသည် မှန်မှန်ဖြစ်လာပြီး ပိုပိုဆိုးလာကာ ခန္ဓါကိုယ် မျက်နှာလုပ်ရှားမှုများက ပါလာပြီဆိုပါက ဘာသာစကားကုထုံးကျွမ်းကျင်သူ၏ စစ်ဆေးမှုကို အသက် ၃နှစ်မတိုင်ခင် ခံယူတာ ကောင်းသောအကြံဉာဏ်ဖြစ်ပါသည်။ကလေးများကျောင်းစတက်ရမည့်အရွယ် အများနှင့်ဆက်သွယ်ပြောဆိုသည့်အရည်အချင်းကို သွေးရမည့်အရွယ်များတွင် မကြာခဏဆိုသလို စကားထစ်ခြင်းကြောင့် လယ်ဗယ်နိမ့်သူများ ဖြစ်သွားတတ်ပါသည်။ ကျောင်းနေအရွယ်ကလေးများတွင် စကားထစ်နေပါက ပြဿနာတစ်ခုလိုဖြစ်ပြီး ရှက်ရွံနေတတ်ပါသည်။ အတန်းဖော်များနှင့် သူငယ်ချင်းများက စကားထစ်ပုံကိုသတိထားမိပြီး နှောက်ပြောင်ကြနိုင်ပါသည်။ကလေးတွင်ထိုသို့ဖြစ်လာပါက ဆရာမကိုပြောပါ။ ဆရာမမှတစ်ခန်းလုံးကို ဒီကလေးနှင့်ပါတ်သတ်ပြီး ဆွေးနွေးပေးနိုင်ပါလိမ့်မည်။ ဘာသာစကားကုထုံးမစခင်ထိ သင့်ကလေးကို ဆရာမမှ စိတ်ဖိစီးစေမည့်စကားများကိုလည်း လျော့ချပြောဆိုနိုင်မည့်ဖြစ်ပါသည်။သုံးလအတွင် စကားထစ်တာ သက်သာမလာပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ ဆရာဝန်မှ ဘာသာစကားကုထုံးကျွမ်းကျင်သူထံပြရန် အကြံဉာဏ်ပြုပါလိမ့်မည်။ မူကြိုအရွယ်ကလေးဆိုပါက ဆရာမများကိုပြောပြထားပြီး ကျောင်းတွင်ကလေးပြောဆိုပုံများကို မှတ်သားပေးရန် အကူအညီတောင်းနိုင်ပါသည်။ ကလေးကျောင်းများမှလည်း စောစောစီးစီးကုသရန် အကြံပေပါလိမ့်မည်။ အကဲဖြတ်ရာတွင် ကုထုံးကျွမ်းကျင်သူမှ သင့်ကိုစိတ်လျော့ထားပြီ စောင့်ကြည့်ရန်၊ ဘာသာစကားကုထုံးအသုံးပြုရန်၊ သို့မဟုတ် ကလေးစကားပြောရာတွင် အဆင်ပြေကြောင်း ခံစားရစေရန် လုပ်နိုင်မည့် အိမ်တွင်းနည်းလမ်းများကို အကြံပြုပါလိမ့်မည်။· ကလေးစကားပြောရာတွင် တိတိကျကျ မှန်မှန်ကန်ကန် ဇွတ်ပြောခိုင်းတာမျိုး မလုပ်ပါနှင့်။စကားပြောရတာ ပျော်စရာ၊ နှစ်သက်စရာကောင်းအောင်ပြုလုပ်ပါ။· မိသားစုစုံညီထမင်းစားလျှင် စကားဝိုင်းဖွဲ့ချိန် ဖြစ်ပါစေ။တီဗီ သို့မဟုတ် ကွန်ပြုတာတို့ကို အာရုံလွှဲမသွားအောင် လုပ်ပါ။· ဖြည်းဖြည်းပြော၊ အချိန်ယူပြီးပြော၊ သို့မဟုတ် အသက်ရှုပြီးပြော စသည့် စကားတည့်ပေးခြင်း ဝေဖန်ခြင်မျိုး မလုပ်ရပါ။· အဆင်မပြေသည့်အခါ သို့မဟုတ် စကားထစ်လာသည့်အခါ ကလေးကို စကားပြောခိုင်းစရာ စာအကျယ်ကြီးဖတ်ခိုင်းစရာ မလိုပါ။ထို့အစား ၎င်းအချိန်များတွင် စကားပြောစရာသိပ်မလိုသည့် လှုပ်ရှားမှုများကို ပြုလုပ်ပေးလိုက်ပါ။· ကလေးပြောနေသည်ကို ဖြတ်ပြောခြင်း၊ အစကပြန်ပြောစေခြင်းတို့ မလုပ်ပါနှင့်။· စကားမပြောခင် အရင်တွေးဖို့ ကလေးကိုမပြောပါနှင့်။· အိမ်၌ ကလေးအတွက်အဆင်ပြေမည့် ပတ်ဝန်ကျင်ကို ဖန်တီးပေးပါ။· ကလေးရှိနေချိန်တွင် သူ့ကိုခေါ်သည်ဖြစ်စေ တခြားသူများကိုခေါ်သည်ဖြစ်စေ ရှင်းရှင်းလင်းလင်း ခေါ်ပါ။· ကလေးနှင့် မျက်လုံးချင်းဆုံပြီး ပြောပါ။ စိတ်တိုသလို အပြုအမူမျိုး အကြည့်ရှောင်လိုက်သည်မျိုး မလုပ်ပါနှင့်။· အတွေးများ ဝါကျများကို သူတို့ကိုယ်တိုင် ပြောဆိုအဆုံးသတ်နိုင်ဖို့ ခွင့်ပြုပေးပါ။ကလေးမေးသည့် မေးခွန်းများ မှတ်ချက်များကို ပြန်မဖြေခင် ခဏရပ်တာမျိုးလုပ်ပါ။ကလေးကို ဖြည်းဖြည်းသာသာစကားပြောပါ။လေ့ကျင့်မှုတော့ လိုပါလိမ့်မည်။ ဖြည်းဖြည်းမှန်မှန်ပြောပေးခြင်းက ကလေး၏သွက်လက်မှုကို တိုးတက်စေပါလိမ့်မည်။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%9c%e1%80%bb%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%85%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%99%e1%80%b0%e1%80%80%e1%80%bc%e1%80%ad/
ကလေးကို ဘယ်လို သွားတိုက်ပေးမလဲ
ကလေးငယ်တွေအတွက် ငယ်သွားလေးတွေဟာ အလွန်အရေးကြီးလှပါတယ်။ ငယ်သွားတွေဟာ သိပ်မကြာခင်မှာပဲ လူကြီးသွားတွေနဲ့ အစားထိုးရသော်လည်း သူတို့တွေဟာ ကလေးငယ်တွေ အစာကို ဝါးစားနိုင်ဖို့ကူညီပေးပါတယ်။ ထို့ပြင် စကားပြောရာတွင် ပီသပြတ်သားဖို့ အထောက်အကူ ပြုသကဲ့သို့ လူကြီးသွားတွေပေါက်လာချိန်မှာလည်း နေရာတကျဖြစ်ဖို့ ဆောင်ရွက်ပေးပါတယ်။ ဒီလို အဖိုးတန်တဲ့ ငယ်သွားလေးတွေကို ဘယ်လိုထိန်းသိမ်းကြမလဲ။ကလေးငယ်တွေမှာ သွားတွေ မပေါက်မီကပင် သွားနှင့်ခံတွင်း ထိန်းသိမ်းမှုကိုပြုလုပ်ကြရမှာပါ။ ကလေးငယ်ကို အစာကျွေးပြီးတိုင်း ပါးစပ်နှင့်သွားဖုံးတို့ကို ဂရုတစိုက် သန့်စင်ပေးရပါမယ်။ ဒါမှ ကလေးငယ်ရဲ့ သွားဖုံးအောက်ခြေနားမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားကပ်တွယ်ခြင်းမှ ကာကွယ်နိုင်မှာပါ။ ဘက်တီးရီးယားတွေဟာ သတိမပြုလိုက်မီမှာပဲ ကလေးငယ်ရဲ့ပေါက်ခါစသွားလေးတွေကို အကြီးအကျယ်ပျက်စီးစေနိုင်ပါတယ်။ကလေးငယ်ရဲ့ သွားနှင့်ခံတွင်းကို စိုစွတ်ပျော့ပျောင်းတဲ့အဝတ်စ သို့ ပဝါပါးလေးနဲ့သန့်စင်ပေးနိုင်ပါတယ်။ ထိုသို့သန့်စင်ပေးခြင်းကို တစ်နေ့လျှင် အနည်းဆုံးနှစ်ကြိမ် ဖြစ်နိုင်ရင် အစာကျွေးပြီးတိုင်း ပြုလုပ်ပေးသင့်ပါတယ်။ ဒါဟာ ကလေးငယ်တွေ ကြီးပြင်းလာတဲ့အခါမှာလည်း သွားနှင့်ခံတွင်းကို သန့်ရှင်းအောင်ထားတတ်ဖို့ အလေ့အကျင့်ကောင်းရစေပါတယ်။ သို့ဖြစ်၍ မိဘတွေအနေနဲ့ မမေ့မလျော့ ပြုလုပ်ပေးရပါမယ်။ သွားတွေ စပေါက်ချိန်မှာတော့ သွားပွတ်တံနဲ့သွားတိုက်ဆေးကို သုံးစရာမလိုသေးပါဘူး။ ဆန္ဒရှိမယ်ဆိုရင်တော့ သွားဖုံးကိုသန့်စင်ဖို့ အထူးစီမံပြုလုပ်ထားတဲ့ ပါးလွှာပြီး ရော်ဘာနဲ့ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို ဝယ်ယူသုံးစွဲနိုင်ပါတယ်။ ထိုပစ္စည်းလေးကို သင့်လက်ချောင်းမှာပတ်ပြီး သုံးနိုင်တဲ့အတွက် သွားတွေကို သန့်စင်ပေးရာမှာလည်း လွယ်ကူချောမွေ့စေမှာပါ။ကလေးတွေအတွက် သင့်တော်တဲ့ သွားပွတ်တံတစ်ချောင်းမှာ ပါဝင်ရမှာတွေကတော့-။ကလေးငယ်တွေ ပလုပ်ကျင်းတာကအစ အဆင်ပြေစွာလုပ်နိုင်တဲ့အထိ မိဘတွေက ကူညီပြသပေးရမှာဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/pediatric-dentistry/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af-%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba/
Shoulder Pain (ပခုံးအောင့်ခြင်း)
ပခုံးက ရွေ့လျားမှုအမျိုးမျိုးကို လုပ်ပေးနေရပါတယ်။ ပခုံးနဲ့ပတ်သက်ပြီးတစ်ခုခုမကောင်းဖြစ်သွားတဲ့အခါမှာ လွတ်လွတ်လပ်လပ်မလှုပ်ရှားနိုင်တော့ပဲ နာကျင်မှုနဲ့မသက်မသာဖြစ်မှုကို ဖြစ်စေပါတယ်။ပခုံးအေင့်ခြင်းက ပခုံးအဆစ်၊ ပတ်ပတ်လည်လည်ကြွက်သားတွေ အရွတ်တွေအကြောတွေကနေ ဖြစ်နိုင်ပါတယ်။ အဆစ်ကြောင့်ပခုံးအောင့်ခြင်းက လက်မောင်းပခုံးကို လှုပ်ရှားမှုပြုလုပ်လိုက်တဲ့အခါတိုင်း ပိုဆိုးသွားနိုင်ပါတယ်။နှလုံးရောဂါ၊ သည်းခြေရောဂါလိုမျိုး ရင်ဘတ်ဝမ်းဗိုက်တွင်းကလီစာတွေကို သက်ရောက်တဲ့ရောဂါတွေက ပခုံးအောင့်ခြင်းကိုဖြစ်စေပါတယ်။ အခြားအင်္ဂါအစိတ်အပိုင်းနာခြင်းကြောင့် ပခုံးအောင့်ခြင်းကို လွှဲပြောင်းနာကျင်ခြင်းလို့ခေါ်ပါတယ်။ လွှဲပြောင်းပခုံးအောင့်ခြင်းက ပခုံးကိုလှုပ်ရှားမှုပြုတဲ့အခါမှာ ပိုဆိုးသွားလေ့မရှိပါဘူး။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ပခုံးအောင့်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ပခုံးလှုပ်ရှားမှုပြုလုပ်လိုက်တဲံအခါမျာ နကျင်ခြင်းနဲ့မသက်မသာဖြစ်ခြင်းဖြစ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ပခုံးက လှုပ်ရှားမှုတော်တော်များများကိုပြုလုပ်နိုင်တဲ့ ball and socket jointအမျိုးအစားဖြစ်ပါတယ်။ ဒီလိုမျိုးအဆစ်က ပိုပြီးထိခိုက်ဖို့လွယ်ပါတယ်။ ပခုံးအောင့်ခြင်းက အောက်ပါအခြေအနေတစ်ခုသို့ တစ်ခုထက်ပိုတြဲ့အချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။ဘယ်အရာတွေက ပခုံးအောင့်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။ပခုံးအောင့်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ပြင်းပြင်းထန်ထန်နာကျင်ခြင်းကိုဖြစ်စေတဲ့ ယာယီထိခိုက်မှုဖြစ်ခြင်းမျှာဆိုရင် တတ်နိုင်သမျှမြန်မြန်ကုသမှုပေးဖို့လိုပါတယ်။ နာကျင်မှုကသိပ်မပြင်းထန်ဘူးဆိုရင် ရက်အနည်းငယ်အနားယူလိုက်ခြင်းဖြစ့် သက်သာနိုင်ပါတယ်။ လက္ခဏာတွေကကြာရျည်နေမယ်ဆိုရ်ငတော့ ဆရာဝန်နဲ့ပြသပါ။ဆရာဝန်က ပခုံးအောင့်ခြင်းအကြောင်းရင်းကို သိရဖို့အဖြေရှာပါလိမ့်ယ်။ ပြီးတာနဲ့ပဲ ကုသမှုပေးပါလိမ့်မယ်။ကျန်းမာရေးရာဇဝင်။ပထမဆုံးအဆင့်က နှံ့စပ်တဲ့ရာဇဝင် ရာဇဝင်ကိုနှံ့နှံ့စပ်စပ်မေားဖို့ဖြစ်ပါတယ်။ ဆရာဝန်က ဘယလိုမျိုးဘယ်အချိန်မှာနကျင်မှုစခဲလဲ မနာခင်မှာ ဘယ်လိုဖြစ်ထားတာလဲ၊ ဘယလိုကုသမှုပေးထားလဲနြ့ သင့်ရဲပအထွေထွေကျန်းမာရေးနဲ့ သင့်ပခုံးပြဿနာရဲ့ဖြစ်နိုင်ချေအကြေင်းရင်းကို သိဖို့အတွက် မေးခွန်းတွေမေးပါလိမ့်မယ်။ အများစုမှာ အချိုသောလှုပ်ရှာမးှုကြောင့်ပိုဆိုးလာတတ်ပြီး အချို့သောလှုပ်ရှားမှုတွေကြောင့် သကာ်စေပါတယ်။ နာကျင်မှုအရင်းအမြစ်ကိုရှာရာမှာ ကျန်းမာရေးရာဇဝင်က အထောက်အကူပြုပါတယ်။ကိုယ်ခန္ဓါပိုင်းဆိုင်ရာစမ်းသပ်စစ်ဆေးခြင်း။အကြောင်းရင်းကိုရှာဖို့ စမ်းသပ်ကြည့်ဖို့လိုပါတယ်။ ဆရာဝန်က ပခုံးနဲ့ပတ်သက်ပြိးမှုမမှန်မှုတွေ၊ ရော်ငရမ်းခြင်း၊ ပုံပျက်ခြင်း၊ ကြွက်သားအားနည်းခြင်းရှိမရှိနဲ့ တင်းနေတဲ့နေရာတွေကို စမ်းသပ်စစ်ဆေးပါလိမ့်မယ်။ သင့်ပခုံးလှုပ်ရှားမှုအတိုင်းအတာနဲ့သန်မာမှုကိုလည်း စမ်းသပ်ပါလိမ့်မယ်။စမ်းသပ်စစ်ဆေးခြင်းနည်းများ။ဆရာဝန်က နာကျင်မှုအကြောင်းရင်းနဲ့အခြားသောပြဿနာတွေကို အဖြေရှာနိုင်ဖို့ တိကျတဲ့စစ်ဆေးနည်းတွေကိုလည်း အသုံးပြုပါလိမ့်မယ်။အိက်စ်ရေး- ပခုံးအဆစ်ကိုဖြစ်စေတဲ့အရိုးုတွေမှာ ထိခုက်မှုရှိမရှိပြသပေးပါတယ်။အမ်အာအိုင်နဲ့အယ်ထရာဆောင့်း- ပုံရိပ်ဖော်ခြင်းနည်းတွေက အရိုးမဟုတ်တဲ့တစ်ရှူးတွေရဲ့ပုံရိပ်ကေင်းကောင်းရဖို့ကူညီပေးပါတယ်။ ဆရာဝန်က အဆစ်ပတ်ပတ်လည် အရွတ်နဲ့အကြောတွေ ထိခိုက်မိခြင်းရှီမရှိ သိနိုင်ပါတယ်။စီတီစကန်- အိက်ရေးနဲ့ကွန်ပြူတာနည်းပညာပေါင်းစပ်ထားခြင်းဖြ်စပြီး ပခုံးပတ်ပတ်လည်အရိုးတွေရဲ့အသေးစိတ်ပုံရိပ်ကို ရရှိစေပါတယ်။လျှပ်စစ်သုံးပြုခြင်း- ဆရာဝန်က နာဗ်ရဲပလုပ်ဆောင်ရည်ကငိုသိရှီဖို့အတွက် အီအမ်ဂျီလိုမျိုး စစ်ဆေးနည်းတွေကိုလည်း ပြုလိုပ်ုနိင်ပါတ်ယ။အာသရိုဂရမ်- အိက်စ်ရေးရိုက်နေစဉ်အတွင်း ပခုံးထဲကိုဆိုးဆေးထိုးထည့်လိုက်ပြီး အဆစ်နဲ့ပတ်ပတ်လည်ကြွက်သားတွေနဲ့အကြောတွေကို ကောင်းကြေင်းမြင်ရစေပါတ်။အဆစ်အတွင်းမှန်ပြောင်းထည့်ကြည့်ခြင်း- ဖိုင်ဘာ အော့ပ်တစ်ကင်မရာနဲ့ အဆစ်အတွင်းကြည့်ခြင်းဖြစ်ပါတယ်။ အဆစ်အတွင်းမှန်ပြောင်းကြည့်ခြင်းက ကိုယ်ခနဓါစမ်းသပ်စစ်ဆေးမှုတွေကနေ အိက်စ်ရေးနဲ့အခြားသောစမ်းသပ်ခြင်းတွေကနေ မမြင်ရတဲ့အရိုးမဟုတ်တဲ့တစ်ရှူးတွေထိုက်မိခြင်းကိုပြသပေးပါတယ်။ အကြောင်းရင်းကိုရှာပေးနင်တဲ့အပြင် အဆစ်ကိုပြုပြင်ရာမှာလည်း အကူအညီပေးနိင်ပါတယ်။ကိုယ်လက်လှုပ်ရှားမှုအပြောင်းအလဲများ။ကုသမှုက အနားယူခြင်း၊ လှုပ်ရှားမှုကိုပြေင်းလဲပြုပြင်ခြင်းနဲ့ ပခုံးသန်မာဖို့နဲ့ ပျော့ပြေင်းဖု့ိရုပ်ပိုင်းဆိင်ရာကုထုံးတွေ ပါဝင်ပါတယ်။ အလွန်အမင်းအသုံးပြုခြင်း၊ လှုပ်ရှားမှုများများလုပ်ခြင်းစတာတွေကို ရှောင်ကြဉ်ငြခ်းက ပခုံးအေင့်ခြင်းကိုကာကွယ်ရာမှာ အကူအညီပေးပါတယ်။ဆေးများ။ဆရာဝန်က ရောင်ရမ်းခြင်းနဲ့နာကျင်ခြင်းကိုသက်သာစေဖိုပ ဆေးတွေပေးပါလိမ့်မယ်။ ဆေးတွေက နာက်ျငမှုသက်သာဖို့အတွက်အဆိုရင် ညွှန်ကြားထားတဲ့အတိုင်းသောက်သင့်ပါတယ်။ ဆရာဝန်က နာကျင်မှုကိုသက်သာဖို့အတွက် စတီးရွိုက်များ ထုံဆေးများထိုးခြင်းကိုလည်း ပြုလုပ်ခိုင်းနိုင်ပါတယ်။ခွဲစိတ်ကုသခြင်း။အချိုပသောပခုံးပြဿနာတွေကိုဖြေရှင်းဖို့အတွက် ခွဲစိတ်ဖို့လိုပါတယ်။ လူနာ၉၀ရာနှုန်းမှာ ကိုယ်လက်လှုပ်ရှားမှိုကိုပြေင်လးဲပြုပြင်ခြင်း၊ အနားယူခြင်း၊ လေ့က်ျင့ခန်း၊နဲ့ဆေးမှီဝဲခြင်းစတဲ့ ရိုးရှင်းတဲ့ကုသမှုနဲ့တင် သက်သာသွားပါတယ်။ခဏခဏအဆစ်လွဲခြင်း၊ နဲ့ ပတ်လည်ကြွက်သားတွေဆုတ်ပြဲသွားခြင်းစတဲ့ ပခုံးပြဿနာတွေက လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် မသက်သာနိုင်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ စောစောစီးစီးခွဲစိတ်ကုသဖို့လိုပါလိမ့်မယ်။ခွဲစိတ်ခြင်းက အမာရွတ်တစ်ရှူးတွေကိုဖယ်ရျားဖို၊ ပျက်စီးသါားတဲ့တစ်ရှူးတွေကိုပြုပြင်ဖို့ အဆစ်အတါင်းမန်ပြောင်းကြည့်ခြင်း၊ ကြီးမားတဲ့ပြုပြင်မှုကြီးတွေအတွက် ပခုံးအဆစ်ပြန်လည်အစားထိုးခြင်းအတွက် အဆစ်ဖွင့်ခွဲစိတ်ခြင်းတွေပါဝင်နိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ပခုံးောဆာင့်ြခ်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/shoulder-pain-%e1%80%95%e1%80%81%e1%80%af%e1%80%b6%e1%80%b8%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
သွားကြိတ်ခြင်း -ဘာကြောင့်သွားကြိတ်ရသလဲ၊ အဲဒီအတွက်သင်ဘာလုပ်နိုင်မလဲ
သွားကြိတ်တာဟာ ကလေးတွေမှာအဖြစ်များပြီး များသောအားဖြင့် ကြီးလာရင်တော့ ပျောက်သွားကြတယ်လို့ ပညာရှင်တွေဆိုကြတယ်။ ကလေး ၁၀ ယောက်မှာ ၂ ယောက်၊ ၃ ယောက် လောက်ကတော့ သွားကြိတ်တတ်တဲ့ အကျင့်လေးတွေရှိတတ်ပါတယ်။သွားကြိတ်တာဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ တချို့ကလေးတွေမှာ အပေါ်သွားနဲ့ အောက်သွား မညီလို့သွားကြိတ်တာလည်းဖြစ်နိုင်တယ်။ တချို့ ကလေးတွေမှာဆိုရင် နားကိုက်ခြင်း၊ သွားပေါက်ခြင်း သို့မဟုတ် ကြွက်သားတချို့ ရောင်ရမ်းရာမှ နာကျင်မှုကို သက်သာစေဖို့ သွားကြိတ်တာလည်းဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းအရာတွေကြောင့်ဆိုရင်တော့ ကလေးတွေကြီးလာတဲ့အခါ ထိုအကျင့်ပျောက်သွားတတ်ပါတယ်။ကလေးတွေသွားကြိတ်ရခြင်းရဲ့ တခြားအကြောင်းအရာတွေကတော့ စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားမှုတွေ ဒေါသတွေလိုမျိုး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ တကယ်လို့သင်တို့ကလေးလေးတွေမှာ ကျောင်းမှာတစ်ယောက်ယောက်နဲ့ စကားများတာမျိုး၊ ဒါမှမဟုတ် စာမေးပွဲတွေ၊ အဆင့်တွေ၊ သူငယ်ချင်းပြဿနာတွေလိုမျိုး ကျောင်းမှာတစ်ခုခုဖြစ်လာခဲ့ရင်လည်း ညအိပ်တဲ့အခါ သွားကြိတ်တာမျိုးရှိနိုင်ပါတယ်။ ငြိမ်ငြိမ်မနေနိုင်အောင် သွက်လွန်းတဲ့ကလေးတွေ၊ ဒါမှမဟုတ် ရောဂါတစ်ခုခုခံစားနေရတာဖြစ်ဖြစ် ဆေးဝါးတစ်မျိုးမျိုးကိုသုံးစွဲနေရတဲ့ ကလေးမျိုးတွေမှာလည်း သွားကြိတ်တတ်ပါတယ်။တကယ်လို့ သင့်ကလေးက မကြာခဏဆိုသလို သွားကြိတ်နေမယ်ဆိုရင်တော့ မထင်မှတ်ထားတဲ့ သက်ရောက်မှုအမျိုးမျိုးကြုံတွေ့လာရနိုင်ပါတယ်။ ခေါင်းကိုက်ခြင်း၊ နားကိုက်ခြင်း၊ သွားကြွေလွှာလေးတွေပျက်ဆီးခြင်း၊ သွားပဲ့ခြင်း၊ အပူချိန်ပြောင်းလဲမှုကိုမခံနိုင်ခြင်း၊ မျက်နှာကြွက်သားများနာကျင်ခြင်း၊ မေးရိုးအဆစ်ရောဂါများကဲ့သို့ မေးရိုးပြဿနာများနှင့် ကြုံလာရတတ်ပါသည်။ကလေးတော်တော်များများဟာ မသိလိုက်ဘဲ သွားကြိတ်တတ်တဲ့အကျင့်တွေရှိတတ်ကြပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေကို သိရှိသတိပြုမိဖို့ဟာ မိဘတွေတာဝန်ဖြစ်လာတယ်။ သင်ဟာအချက်တချို့ကို အာရုံပြုထားသင့်တယ် ဥပမာ-သူတို့အိပ်နေစဉ်သွားကြိတ်သံမျိုး၊ မိုးလင်းနိုးလာတဲ့အခါ မေးရိုးတွေ မျက်နှာတွေ ရောင်ရမ်းနာကျင်နေတတ်တယ်လို့ ကလေးကပြောတာမျိုး၊ အစာစားတဲ့အခါ မေးရိုးနာတယ်လို့ ပြောတာမျိုးတွေဖြစ်တယ်။ကလေးမှာ ပြဿနာရှိနေပြီဆိုတာ သေချာရင်တော့ သွားဆရာဝန်ထံခေါ်သွားပါ။ သူတို့ကသွားတွေရဲ့အခြေအနေတွေကိုစစ်ဆေးခြင်း၊ သွားကြိတ်ရခြင်းအကြောင်းအရာကိုရှာဖွေပြီး ထိရောက်တဲ့ကုသမှုမျိုးပေးပါလိမ့်မယ်။ကလေးအများစုက ကြီးလာတာနဲ့အမျှ သွားကြိတ်တာရပ်သွားလေ့ရှိပါတယ်။ ဒါပေမယ့် မိဘတွေရဲ့ကြည့်ရှုစောင့်ရှောက်မှုနဲ့ သွားဆရာဝန်နဲ့ပြသခြင်းဟာ သူတို့အဲဒီအကျင့်မပျောက်ခင်ထိ အခြေအနေကိုစောင့်ကြည့်ထားနိုင်ပါလိမ့်မယ်။ တကယ်လို့ သွားဆရာဝန်က သွားတွေထိခိုက်တော့မယ့် အခြေအနေတွေ့လာရင် အားကစားသမားတွေတပ်လေ့ရှိတဲ့ သွားစွပ်ပုံစံနဲ့ဆင်တဲ့ ညအိပ်တပ်ရတဲ့သွားစွပ်မျိုးပေးပါလိမ့်မယ်။သွားဆရာဝန်နဲ့အတူတူ မိဘတွေကလည်း ကလေးကိုကူညီဖို့အရေးကြီးပါတယ်။ သွားကြိတ်တာကိုလျော့စေဖို့ သင့်ကလေးကို အိပ်ခါနီးမှာ ရေနွေးနွေးလေးချိုးစေတာမျိုး၊ သာယာငြိမ့်ညောင်းဖွယ်သီချင်းလေးတွေနားထောင်တာမျိုး၊ စာအုပ်ဖတ်ပြတာမျိုးနဲ့ အိပ်ရာဝင်ခါနီးသက်တောင့်သာဖြစ်စေဖို့ ကူညီပေးသင့်တယ်။စိတ်ပိုင်းဆိုင်ရာအနေနှင့်ဆိုလျှင်လည်း သူတို့ပြဿနာများကိုကူညီဖြေရှင်းပေးခြင်းဖြင့်သက်သာနိုင်စေပြီး တကယ်လို့ ဒီပြဿနာက ရှုပ်ထွေးပြီး သာမန်စိတ်သက်သာစေခြင်းက အံကြိတ်တာကို မလျှော့ချနိုင်လျှင်တော့ ဆရာဝန်နှင့်သွားရောက်ဆွေးနွေးသင့်ပါသည်။သွားကြိတ်ခြင်းဟာ သင့်ကလေးကြီးပြင်းလာခြင်းရဲ့ သဘာဝအလျောက်တုံ့ပြန်ခြင်းဖြစ်တာကြောင့် သွားကြိတ်ခြင်းတော်တော်များများဟာရှောင်လွှဲလို့မရတတ်ပါဘူး။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာကြောင့် သွားကြိတ်ခြင်းကိုတော့ ခံစားချက် စိတ်ဒုက္ခတွေကို ကူညီဖြေရှင်းပေးခြင်းဖြင့် သက်သာစေနိုင်ပါသည်။ ဒါ့အပြင့် သင့်ကလေးငယ်လေးတွေကို အချိန်မှန် သွားဆရာဝန်ထံခေါ်သွားပြီး သွားနှင့်ခံတွင်းပြဿနာများကို စစ်ဆေးခြင်းပြုလုပ်တဲ့ အလေ့အကျင့်လေးတစ်ခုထားရှိသင့်ပါတယ်။ကြာမြင့်ချိန်မှာ သွားကြိတ်ရခြင်းအကြောင်းအရာပေါ် မူတည်တတ်ပါတယ်။ ကလေးတော်တော်များများမှာ ငယ်သွားလေးတွေလဲလိုက်တာနဲ့ သွားကြိတ်ခြင်းအလေ့အထ ပျောက်သွားတတ်သော်လည်း တချို့ကကြီးပြင်းလာသည်ထိ ကျန်ရှိတတ်ပါတယ်။ ဒါ့အပြင် အကယ်၍ ကလေးက စိတ်ဖိစီးများကြောင့် သွားကြိတ်ခြင်းဖြစ်ပေါ်လာလျှင်တော့ ထိုစိတ်ဖိစီးမှုလျော့ကျသွားမှာသာ သွားကြိတ်ခြင်းသက်သာသွားပါလိမ့်မယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/dental-conditions/%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%80%e1%80%bc%e1%80%ad%e1%80%90%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-%e1%80%98%e1%80%ac%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84/
လည်ချောင်းနာဝေဒနာကို သက်သာစေနိုင်မယ့် အထိရောက်ဆုံးနည်းလမ်းအချို့
လည်ချောင်းနာဖူးလား။ မနားဖူးဘူးတဲ့လူတော့မရှိလောက်ဘူးလေနော်။လည်ချောင်းနာတဲ့အခါ လည်ချောင်းထဲက ယားသလိုလို နာသလိုလို ပူစပ်ပူလောင်ကြီးဖြစ်ပြီး ဘာစားစားအဆင်မပြေပါဘူး။ စကားပြောရတာတောင် အခက်အခဲဖြစ်နိုင်ပါတယ်။ လည်ချောင်းနာတာက တစ်ခါတလေမှာအအေးမိတာ၊တုပ်ကွေးဖြစ်တာလိုမျိုး အပေါင်းအဖော်တွေနဲ့အတူတူလာတတ်ပါသေးတယ်။ လည်ချောင်းနာတဲ့ဝေဒနာက ခံရခက်လွန်းလို့ ဘယ်သူမှတော့ ကြာကြာရှည်ရှည်ရောဂါမွေးမထားချင်လောက်ပါဘူး။ ဒီတော့ လည်ချောင်းနာတာကို သက်သာစေနိုင်မယ့်နည်းလမ်းလေးတွေပြောပြမယ်ဆိုရင် စိတ်ဝင်စားကြလား။လည်ချောင်းနာတဲ့အခါ။လည်ချောင်းနာတဲ့အခါ အခန့်မသင့်ရင်ခေါင်းတောင်ကိုက်လာတတ်ပါသေးတယ်။ ဒီလိုဖြစ်တဲ့အခါ အလုပ်လုပ်ရတာ အဆင်မပြေဖြစ်ရောလေ။ ဒီပြဿနာတွေကကင်းဝေးဖို့ဆိုရင် –။ကောင်းကောင်းအနားယူပါ– လည်ချောင်းနာတဲ့အခါခန္ဓါကိုယ်ကိုပြည့်ပြည့်ဝဝအနားယူပေးပါ။ တတ်နိုင်သမျှစကားနည်းနည်းပဲပြောပါ။ရေများများသောက်ပါ-ရေ၊ စွပ်ပြုတ်နဲ့ သစ်သီးဖျော်ရည်လိုမျိုး ခန္ဓါကိုယ်အတွက်ရေဓါတ်ရရှိစေမယ့်သောက်စရာတွေကိုသောက်သုံးပေးလို့ရပါတယ်။ လည်ချောင်းမှာ အစိုဓါတ်ရှိနေတာက လည်ချောင်းနာတာကို သက်သာစေမယ့်နည်းလမ်းတစ်ခုပါ။ အရည်ဆိုလို့ကော်ဖီတွေ၊လက်ဖက်ရည်တွေတာ့မသောက်ပါနဲ့။ ကဖင်းပါတဲ့ အချိုရည်တွေနဲ့အရက်၊ဘီယာတို့ကိုလည်းရှောင်ပေးပါနော်။ရေနွေးကြမ်းသောက်ပါ-ရေနွေးကြမ်းခပ်နွေးနွေးလေးသောက်ပေးတာ၊ရေကျက်အေးထဲကိုပျားရည်လက်ဖက်ရည်ဇွန်းတစ်ဝက်စာလောက်နဲ့သံပရာရည်တစ်စက်နှစ်စက်လောက်ထည့်ပြီးသောက်ပေးတာက လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်လည်ချောင်းနာတဲ့အခါရေနွေးခပ်နွေးနွေးလေးသောက်ပေးပါ။ဆားရည်နဲ့ ပလုပ်ကျင်းပေးပါ– လွယ်ကူရိုးစင်းတဲ့အိမ်တွင်းနည်းတစ်ခုပေါ့။ရေနွေးတစ်ခွက်စာထဲကို ဆားလက်ဖက်ရည်ဇွန်းနဲ့လေးပုံတစ်ပုံစာလောက်ထည့်ပြီးနှံ့အောင်မွှေလိုက်ပါ။ ခပ်နွေးနွေးအခြေအနေမှာ အာလုပ်ကျင်းပေးပါ။ လည်ချောင်းနာတာကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီး လည်ချောင်းနာတာကို သက်သာစေမှာပါ။နေအိမ်မှာ ခံတွင်းသန့်ဆေးရည် အလွယ်တကူရှိမယ်ဆိုရင်လည်း ခံတွင်းသန့်ဆေးရည်နဲ့ အာလုပ်ကျင်းပေးလို့ရပါတယ်။ ဒီလိုလုပ်ပေးတာက လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ ခံတွင်းသန့်ဆေးရည်က လည်ချောင်းနာတာကိုဖြစ်စေနိုင်တဲ့ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီး လည်ချောင်းနာတာကို သက်သာစေနိုင်သလိုခံတွင်းအနာနဲ့သွားနဲ့ခံတွင်းသန့်ရှင်းရေးအတွက်ပါ အသုံးပြုလို့ရပါတယ်။အစိုဓါတ်ထိန်းကိရိယာဖွင့်ထားပေးပါ–အစိုဓါတ်ရှိတဲ့ ပတ်ဝန်းကျင်က လည်ချောင်းနာတာကို သက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ ဒါကြောင့်လည်ချောင်းနာတဲ့အခါ ကိုယ်ရှိနေတဲ့အခန်းထဲမှာ အစိုဓါတ်ထိန်းကိရိယာလေးဖွင့်ထားပေးဖို့ မမေ့ပါနဲ့။ရေနွေးနဲ့ရေချိုးပေးပါ– လည်ချောင်းနာတဲ့အခါရေနွေးနဲ့ရေချိုးပေးတာကလည်း ထိရောက်တဲ့ နည်းလမ်းတစ်ခုပေါ့။ ဒီလိုရေချိုးပေးတာက လည်ချောင်းအတွင်းနံရံတွေရောင်ရမ်းတာကိုလျော့ပါးသက်သာစေပြီး လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ရေနွေးကအရမ်းပူဖို့တော့မလိုပါဘူး။ ဒါပေမယ့်ရေနွေးငွေ့လေးတွေထွက်နေဖို့တော့လိုပါမယ်။မီးဖိုချောင်ထဲကပစ္စည်းတွေ အသုံးပြုနိုင်ပါတယ် –လည်ချောင်းနာတဲ့အခါ အိမ်ရဲ့ ဖီးဖိုခန်းထဲမှာ အလွယ်တကူရရှိနိုင်တဲ့အရာတွေကို အသုံးပြုပြီး သက်သာအောင်လုပ်လို့ရပါတယ်။ ဥပမာပြောပြရရင်ရေထဲကိုပန်းသီးရှာလကာရည်ထည့်ပြီး အာလုပ်ကျင်းပေးတာ၊ ကြက်သွန်ဖြူများများပါတဲ့ ဟင်းခါးသောက်တာ၊ ပျားရည်သောက်တာလိုမျိုးအိမ်တွင်းဆေးဝါးတွေကို အသုံးပြုပေးတာကလည်ဘေးဥပါဒ်ကင်းကင်းနဲ့ လည်ချောင်းနာတာကို သက်သာစေမှာပါ။ဒီနည်းလမ်းတွေသုံးပြီး လည်ချောင်းနာတာကို ခပ်ဝေးဝေးကိုမောင်းထုတ်လိုက်ပါနော်……။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/g-r-s-t/
သင့်ရဲ့ ဦးနှောက်အကြောင်း ဘယ်လောက်သိပါသလဲ
ကျွန်တော်တို့ ဦးနှောက်ဟာ ခန္ဓါကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ထိန်းချုပ်တဲ့အပြင် ကျွန်တော်တို့ရဲ့ မှတ်ဉာဏ်တွေနဲ့ စိတ်ခံစားချက်တွေကိုလည်း ထိန်းချုပ်ပါသေးတယ်။ သမိုင်းတစ်လျှောက်တွေးခေါ်ပညာရှင်များက ဦးနှောက်ဟာ ကျွန်တော်တို့ကို လူသားဆိုတဲ့ ဖြစ်တည်မှုကို ဖြစ်စေတဲ့ အရာတစ်ခုလို့လည်း ယုံကြည်ခဲ့ကြပြီး လူစိတ်ရဲ့ ရင်းမြစ်နေရာဖြစ်တယ်လို့လည်း လက်ခံခဲ့ကြပါတယ်။ ဦးနှောက်ဟာ လူသား အာရုံကြော စနစ်ရဲ့ အဓိက အင်္ဂါ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပြီး ခန္ဓါကိုယ်ရဲ့ လှုပ်ရှားမှုတွေ အားလုံးကိုလည်း စီမံခန့်ခွဲနေတဲ့ အင်္ဂါ ဖြစ်ပါတယ်။ ဒါ့အပြင် ခန္ဓါကိုယ်က လက်ခံ။ရရှိတဲ့ သတင်းအချက်အလက်တွေ အားလုံးကိုလည်း စီမံခန့်ခွဲတဲ့ အင်္ဂါတစ်ခု ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ခံစားချက်နဲ့ အတွေးတွေ၊ ရေတိုမှတ်ဉာဏ်တွေ၊ ရေရှည်မှတ်ဉာဏ်တွေနဲ့ ဆုံးဖြတ်ချက်တွေပါဝင်တဲ့ သိမှုဆိုင်ရာ လုပ်ဆောင်ချက်တွေအားလုံး ဖြစ်စေတဲ့ မူလဘူတ အင်္ဂါ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ ဒီလောက် လူသားတွေအတွက် အရမ်းအရေးကြီးတဲ့ အင်္ဂါဖြစ်တဲ့ ဦးနှောက် အကြောင်းကို Hello Sayarwon ပရိတ်သတ်ကြီးအတွက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ဦးနှောက်တစ်လုံးဟာ ဘယ်လောက်ကြီးပါသလဲ။ဦးနှောက် အရွယ်အစားဟာ တစ်ယောက်နဲ့ တစ်ယောက်မတူဘဲ လိင်အမျိုးအစား၊ အသက်အရွယ်နဲ့ ခန္ဓါကိုယ် အလေးချိန်တွေ အပေါ် မူတည်ပြီး ကွဲပြားသွားပါတယ်။ ဒါပေမဲ့လေ့လာချက်တွေအရတော့ အရွယ်ရောက်ပြီး အမျိုးသားလေးတစ်ယောက်ရဲ့ ဦးနှောက်ဟာ ပျှမ်းမျှ အားဖြင့် ၁၃၃၆ ဂရမ်ခန့် ရှိပြီး အရွယ်ရောက် အမျိုးသမီးတစ်ယောက်ရဲ့ ဦးနှောက်ကတော့ ၁၁၉၈ ဂရမ်ခန့်ရှိတယ်လို့ဆိုပါတယ်။ မြန်မာ အလေးချိန်အရဆိုရင် တစ်ကျပ်သားမှာ ၁၆.၃၂၉၂ ဂရမ်ရှိတဲ့အတွက် အမျိုးသားတွေရဲ့ ဦးနှောက်ဟာ ၈၀.၈၁ ကျပ်သားခန့်ရှိပြီး အမျိုးသမီးဦးနှောက် အလေးချိန်ကတော့ ၇၃.၃၆၅ ကျပ်သားခန့်ရှိပါတယ်။ အရွယ်အစားပြောရမယ်ဆိုရင် လူသားတွေရဲ့ ဦးနှောက်တွေက အကြီးဆုံးမဟုတ်ပါဘူး။ နို့တိုက်သတ္တဝါတွေထဲမှာဆိုရင် sperm whale ( ဦးခေါင်းမှ ဖယောင်းပါတဲ့ ဆီထွက်တဲ့ ဝေလငါး) ရဲ့ ဦးနှောက်က အကြီးဆုံး ဖြစ်ပြီး ၃၅ တန်ကနေ ၄၅ တန်အထိရှိပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်က သတ္တဝါတွေ အားလုံးထဲမှာ လူသားတွေရဲ့ ဦးနှောက်ဟာ နာဗ်ကြောဆဲလ်တွေ ပါဝင်မှု အများဆုံးဖြစ်ပြီး ဒီနာဗ်ကြောဆဲလ် (neurons) တွေဟာ သတင်းအချက်အလက်တွေကို လျှပ်စစ်အချက်ပြချက်တွေဖြင့်သော်လည်းကောင်း ဓါတု အချက်ပြချက်တွေ အားဖြင့်သော်လည်း ကောင်း သိုလှောင်ပေးတဲ့ဆဲလ်တွေ ဖြစ်ပါတယ်။ လူသားတွေရဲ့ ဦးနှောက်မှာ ဒီအာရုံကြောဆဲလ်တွေဟာ ဘီလီယံ ၁၀၀ အထိပါတယ်လို့ အရင်က ယူဆထားခဲ့ကြပေမဲ့ လေ့လာချက်တွေအရတော့ လူသားဦးနှောက်မှာပါတဲ့ neuron ဆဲလ်တွေဟာ ၈၆ ဘီလီယံ အထိသာ ရှိတယ်လို့ ဆိုပါတယ်။လူသားတွေရဲ့ ဦးနှောက်ကို ဘာတွေနဲ့ ဖွဲ့စည်းထားသလဲ။ဦးနှောက်မှာ အဓိကအားဖြင့် အဓိက အစိတ်အပိုင်း(၃) ခုပါဝင်ပါတယ်။ အဲ့ဒါတွေကတော့ ဦးနှောက်အောက်ဘက်ပိုင်း က အမြစ်တစ်ခုနဲ့တူပြီး ဦးနှောက်နဲ့ ကျောရိုးနာဗ်ကြောမကို ဆက်သွယ်ပေးထားတဲ့ brainstem ။ brain stem ဟာ အသက်ရူခြင်းလို အခြေခံအကျဆုံး လုပ်ဆောင်မှုတွေကို ထိန်းချုပ်ပေးပါတယ်။cerebellum။ဦးနှောက်ရဲ့ အနောက်ဘက်ပိုင်းမှာရှိပြီး လှုပ်ရှားမှုတွေနဲ့ ခန္ဓါကိုယ် ဟန်ချက်ညီဖို့ ထိန်းချုပ်ထားတဲ့ ဦးနှောက် အစိတ်အပိုင်း။cerebrum (ဦးနှောက်၏ရှေ့ပိုင်း)။cerebrum ဟာ ဦးနှောက်ရဲ့ အကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဦးခေါင်းခွံအတွင်းမှာ အများဆုံးနေရာယူထားတဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ cerebrum မှာ ဘယ်ခြမ်းနဲ့ညာခြမ်းရှိပြီး အလယ်မှာ မြောင်းတစ်ခုနဲ့ခြားထားပါတယ်။ cerebrum ထဲမှာမှ cortex လို့ခေါ်တဲ့ ဦးနှောက်အပြင်လွှာဟာ တွေးတောခြင်းနဲ့ အလိုအလျောက်ဖြစ်ပေါ်တဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်ပါတယ်။ frontal lobes လို့ခေါ်တဲ့ ရှေ့ပိုင်း အခြမ်းက ပြဿနာ ဖြေရှင်းခြင်း၊ ဆုံးဖြတ်ချက်ချခြင်းနဲ့ လှုပ်ရှားမှုတွေကိုလုပ်ဆောင်ပါတယ်။ ဦးနှောက်ကို meninges လို့ခေါ်တဲ့ အမြှေး ၃ လွှာက ဖုံးပေးထားပြီး အပြင်ကနေ ဦးခေါင်းခွံက ထိခိုက်မှုတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဦးနှောက်ကို အစိတ်အပိုင်းတွေ ထပ်ခွဲနိုင်ပြီး ဒီအစိတ်အပိုင်း အသီးသီးက သိစိတ်၊ ဆုံးဖြတ်ချက်ချခြင်း၊ မှတ်ဉာဏ်နဲ့ သင်ကြားမှုတွေကို မှတ်သားခြင်း၊ ဆက်သွယ်ခြင်းနဲ့ ပြင်ပ နဲ့ အတွင်းပိုင်းဆိုင်ရာလှုံ့ဆော်မှုတွေကိုသိရှိခြင်း စတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပါတယ်။ ဦးနှောက်ကို တစ်ရှုး အပျော့စားနဲ့ ဖွဲစည်းထားပြီး ဒီတစ်ရှုးထဲမှာမှ အညိုရောင်ပိုင်းနဲ့ အဖြူရောင် အပိုင်းဆိုပြီး ၂ မျိုးပါဝင်ပါတယ်။ ဒီ အပိုင်း ၂ ပိုင်းလုံးမှာ နာဗ်ဆဲလ်တွေ၊ နာဗ်ဆဲလ်မဟုတ်ဘဲ နာဗ်ဆဲတွေရဲ့ ကျန်းမာရေးနဲ့ ဦးနှောက်ကျန်းမာရေးကို ထိန်းသိမ်းပေးရတဲ့ ဆဲလ်တွေနဲ့ သွေးကြောတွေ ပါဝင်ပါတယ်။ဦးနှောက်ဟာ ရေဓါတ်ပမာဏ များတဲ့အပြင် ၆၀ ရာခိုင်နှုန်းက အဆီတွေ ဖြစ်ပါတယ်။ ယနေ့ခေတ် လူသားမျိုးနွယ် Homo sapiens တွေရဲ့ ဦးနှောက်က ကမ္ဘာလုံးပုံစံဖြစ်ပြီး တစ်ခြားသော hominids မျိုးနွယ်ဝင် ချင်ပန်ဇီမျိုးနွယ်ဝင် မျောက်တွေရဲ့ ဦးနှောက်တော့ အနောက်ဘက်ပိုင်းမှာ အနည်းငယ်ပိုရှည်ပါတယ်။ဦးနှောက်တစ်လုံးက စွမ်းအား ဘယ်လောက်သုံးသလဲ။ဦးနှောက်ဟာ လူ့ခန္ဓါမှာ အသေးစား အင်္ဂါဖြစ်ပေမဲ့ စွမ်းအင်တော်တော်များများ လိုအပ်ပါတယ်။ ဦးနှောက်ဟာ ခန္ဓါကိုယ် အလေးချိန်ရဲ့ ၂ ရာခိုင်နှုန်းလောက်သာ ရှိပေမဲ့ ခန္ဓါကို တစ်နေ့သုံးဖို့လိုအပ်တဲ့ စွမ်းအင် ၂၅ ရာခိုင်နှုန်း အထိ ဦးနှောက်က အသုံးပြုပါတယ်။ ပထမတုန်းကတော့ ကြွက်တွေကိုလေ့လာခဲ့တဲ့ လေ့လာချက်အရ သိပ္ပံပညာရှင်အချို့က ဒီလို စွမ်းအားတွေကို ဦးနှောက်က ခန္ဓါကိုယ် လုပ်ဆောင်ချက်တွေ အတွက် အသုံးပြုလိုက်ပေမဲ့ တစ်ချို့သော စွမ်းအင်တွေကိုတော့ ဦးနှောက်ကျန်းမာနေစေဖို့ အတွက် သိုလှောင်ထားတဲ့ အတွက်ကြောင့် ကုန်သွားတာ ဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ လေ့လာချက်တွေ အရ ဦးနှောက်ဟာ ခန္ဓါကိုယ် အနာယူနေပြီးဘာလှုပ်ရှားမှုမှ မရှိတဲ့အချိန်မှာတောင်စွမ်းအားတော်တော်များများကို အသုံးပြုကြောင်းဆိုပါတယ်။ မေ့ဆေးပေးထားတဲ့အချိန်မှာ တစ်ခြားသော ခန္ဓါကိုယ် လှုပ်ရှားမှုတွေ ရပ်တန့်နေပေမဲ့ ဦးနှောက်တွင်း အစိတ်အပိုင်းတွေရဲ့ ဇီဝတွင်းဖြစ်ပျက်မှုနှုန်းက အလွန်များပြားနေပြီး ဦးနှောက်စွမ်းအား အများယူကို ယူသုံးနေတာကိုတွေ့ခဲ့ရပါတယ်။ ဒါဆိုရင် အကြောင်းရင်းမရှိဘဲ ဦးနှောက်က ဘာကြောင့် စွမ်းအား အများဆုံး ကို အသုံးပြုနေပါသလဲ။ တကယ်တော့ ဦးနှောက်ဟာ အဲ့ဒီအချိန်မှာ အလုပ်တွေလုပ်။နေပြီး အဲ့ဒီနေ့မှာ ကြုံတွေ့ရတဲ့ သတင်းအချက်အလက်တွေနဲ့ အတွေ့အကြုံတွေကို နောက်အခါ ပြန်လည် အသုံးပြုနိုင်ဖို့ အတွက် စုစည်းနေတာ ဖြစ်ပါတယ်။ဦးနှောက် အစိတ်အပိုင်း ဘယ်လောက်ကို ကျွန်တော်တို့ အသုံးပြုပါသလဲ။ရုပ်ရှင်ကားတွေထဲမှာပါဝင်နေပြီး လူအများယူဆထားကြတဲ့ သာမန်လူဟာ ဦးနှောက်ရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ အသုံးပြုထားပြီး ကျန် ၉၀ ရာခိုင်နှုန်းကို ဘယ်လို အသုံးပြုရမလဲဆိုတာ သိရင် လူသားတွေဟာ အံ့မခန်း စွမ်းအားတွေ ပိုင်ဆိုင်နိုင်လိမ့်မယ် ဆိုတဲ့ ယူဆချက်ဟာ အမှားကြီး ဖြစ်ပါတယ်။ဒီယူဆချက်ဟာ ဘယ်က စပြီး ဘာကြောင့် ဒီလို အလွယ်အကူ ပျံ့နှံ့လာသလဲဆိုတာ မသိပေမဲ့ ဖြစ်နိုင်တာ တစ်ခုကတော့ လူသားတွေဟာ သူတို့ ဦးနှောက်ရဲ့ ကျန်အစိတ်အပိုင်းတွေကို အသုံးပြုပြီး ပိုထူးခြားတဲ့ အစွမ်းတွေ ပိုင်ဆိုင်လာမယ်ဆိုတဲ့အချက်က စွဲဆောင်မှု ကောင်းလွန်းတဲ့ အတွက်ကြောင့် ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ ဒီအချက်က တကယ့် အမှားကြီးဖြစ်ပါတယ်။ နံပတ် ၃ မှာ ဖော်ပြခဲ့တဲ့ အချက်အရ ဦးနှောက်ဟာ နားနေတဲ့အချိန်မှာတောင် အလုပ်လုပ်နေပြီး စွမ်းအင် အများအပြား လိုအပ်နေတာကိုတွေ့ရမှာပါ။ ဦးနှောက် Scan ဖတ်ချက်တွေအရ လူသားတွေဟာ အိပ်နေတဲ့အချိန်မှာတောင် ဦးနှောက် အစိတ်အပိုင်းတော်တော်များများကို အသုံးပြုနေပါတယ်။ ဦးနှောက် လုပ်ဆောင်ချက်လှိုင်းတွေနဲ့ ပြင်းအားတွေကတော့ ဦးနှောက်ဘာတွေကို မှတ်သားနေသလဲ၊ ဘယ်လောက် အိပ်ပျော်နေသလဲဆိုတဲ့ အချက်ပေါ် မူတည်ပြီး ကွဲပြားသွားမှာပါ။ ဥပမာ သင်ကိစ္စတစ်ခုအကြောင်း အဖြေရှာနေမယ်ဆိုရင် တစ်ချို့သော နာဗ်ဆဲလ်တွေက ဒီကိစ္စနဲ့ ပတ်သတ်ပြီး အလုပ်လုပ်နေမှာ ဖြစ်ပြီး ကျန်တဲ့ ဦးနှောက် အစိတ်အပိုင်းတွေကတော့ တစ်ခြား အလုပ်တွေကို လုပ်နေမှာပါ။ ဒါကြောင့်ပဲ တစ်ခါတစ်ရံမှာ ပြဿနာတွေရဲ့ အဖြေက သင်မတွေးတော့တဲ့အချိန်၊ အိပ်စက်ပြီးတဲ့အခါမှ ထွက်ပေါ်လာတတ်တာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးနှောက်ဟာ အဆက်မပြတ် အလုပ်လုပ်နေလို့ပါပဲ။ တကယ်လို့ ဒီလို ဦးနှောက်ရဲ့ ၁၀ ရာခိုင်နှုန်းကို သာသုံးထားတဲ့ဆိုတဲ့ ယူဆချက်အတိုင်းသာဆိုရင် လေဖြတ်တဲ့ အခါ၊ ဦးနှောက်ထိခိုက်သွားတဲ့အခါ ကျွန်တော်တို့ ခန္ဓါကိုယ်မှာလည်း ဘာချို့ယွင်းမှုမှ မခံစားရနိုင်ဘူးလို့ ဆိုရမှာပါ။ တကယ်တော့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုခု ထိခိုက်ဒဏ်ရာရသွားတာနဲ့ ခန္ဓါကိုယ်မှာ ကြီးမားတဲ့ ချို့ယွင်းမှုတွေ ပေါ်လာနိုင်တာကြောင့် ဒီယူဆချက်က လုံးဝမှားယွင်းနေတာကိုပြနေပါတယ်။ဘယ်ဦးနှောက်လား၊ ညာဦးနှောက်လား။ဒီနေ့ခေတ်မှာ သင်ဟာ ဘယ်ဦးနှောက်ကိုသုံးတဲ့သူလား၊ ညာဦးနှောက်ကို သုံးတဲ့ လူလားစစ်ဆေးပေးနိုင်တယ်ဆိုတဲ့ အင်တာနက် quizzes တွေကို တော်တော်များများမြင်ဖူးကြမှာပါ။ ဒါ့အပြင် ဘယ်ဦးနှောက်ကိုသုံးတဲ့လူဟာ သင်္ချာ ဉာဏ်ပိုကောင်းပြီး ဝေဖန်ပိုင်းခြားနိုင်တဲ့ လူတွေ ဖြစ်သလို ညာဦးနှောက်သုံးတဲ့လူတွေက ပိုပြီး တီထွင်ဖန်တီးဉာဏ်ရှိတယ်လို့ ဆိုတတ်ကြပါတယ်။ဒါဆိုရင် ဒီအဖြေတွေက ဘယ်လောက်မှန်ပါသလဲ။တကယ်တမ်းက ဘယ်လိုမှ မမှန်ပါဘူး။ ကျွန်တော်တို့ရဲ့ ဦးနှောက်ဘက်ခြမ်းတွေဟာ သီးခြား လုပ်ဆောင်မှုတွေ ရှိကြပေမဲ့ လူတစ်ယောက်ဟာ ဦးနှောက်တစ်ဖက်ခြမ်းကိုပဲ အများဆုံး အသုံးပြုမနေပါဘူး။ လေ့လာချက်တွေအရ လူတွေဟာ ဘယ်ဦးနှောက်ရော၊ ညာဦးနှောက်ရော ညီညီမျှမျှ အသုံးပြုတတ်ကြပါတယ်။ ဦးနှောက်တစ်ခြမ်းနဲ့ တစ်ခြမ်း လုပ်ဆောင်မှုတွေတော မတူဘဲ ဘယ်ဦးနှောက်တွေက ဘာသာစကားဆိုင်ရာ လုပ်ဆောင်မှုတွေကိုပြုလုပ်ပြီး ညာဦးနှောက်ကတော့ ခံစားမှုနဲ့ အသံတိတ် ဆက်သွယ်ချက်တွေနဲ့ ပတ်သတ်တဲ့ လုပ်ဆောင်မှုတွေကိုပြုလုပ်ပါတယ်။ဦးနှောက်က အသက်နဲ့ အမျှ ဘယ်လို ပြောင်းလဲသွားသလဲ။အသက်ကြီးလာတာနဲ့ အမျှ ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ သဘာဝအတိုင်း ရှုံ့လာပြီး နာဗ်ဆဲလ်တွေ ဆုံးရှုံးလာပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်တွေ မှတ်သားခြင်းနဲ့ ပြန်လည်ပုံဖော်ခြင်းဆိုတဲ့ သိစိတ် ဖြစ်ပေါ်ခြင်းကို လုပ်ဆောင်တဲ့ ဦးနှောက်ရှေ့ခြမ်းက frontal lobe အခြမ်းနဲ့ temporal lobe လို့လည်းခေါ်တဲ့ နားထင်အောက်ဘက်ခြမ်းမှာ တည်ရှိတဲ့ hippocampus အခြမ်းတွေက အသက် ၆၀၊ ၇၀ ရောက်လာတဲ့အခါမှာ စတင်ရှုံ့လာပါတော့တယ်။ အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်ဆဲလ်တွေ ဆုံးရှုံးလာနိုင်တယ်ဆိုပေမဲ့ လေ့လာချက်တွေအရ အသက်ကြီးတဲ့လူတွေရဲ့ ဦးနှောက်မှာလည်း ဆဲလ်အသစ်တွေ ထွက်ပေါ်လာနိုင်ကြောင်းတွေ့ရှိခဲ့ကြပါတယ်။ hippocampus အပိုင်းဟာ ဦးနှောက်နာဗ်ကြောဆဲလ်တွေကို ထုတ်လုပ်ပေးနိုင်ပြီး အရွယ်ရောက်သူ လူကြီးတစ်ယောက်ဟာ တစ်နေ့မှာ နာဗ်ဆဲလ် ၇၀၀ ခန့် ထုတ်လုပ်နေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အသက်ကြီးနေတဲ့အချိန်မှာလည်း ပညာရပ်အသစ်တွေကို ဆက်လက်သင်ယူနိုင်ပါသေးတယ်။ကျွန်တော်တို့ မြင်နေ၊ သိနေကြားနေတဲ့ အရာတွေ အားလုံးကို ဦးနှောက်က ထိန်းချုပ်ထားပါတယ်။ ကျွန်တော်တို့ ပတ်ဝန်ကျင်မှာ မြင်နေတွေ့နေရတဲ့ အသိတွေအားလုံးကို ဦးနှောက်က စီမံခန့်ခွဲပေးနေတာ ဖြစ်ပြီး ကျွန်တော်တို့ရဲ့ သိမြင်နားလည်ခြင်းဆိုတဲ့ အရာဟာ ဦးနှောက်က အာရုံခံ အင်္ဂါတွေမှ မြင်နေတဲ့ သတင်းအချက်အလက်တွေနဲ့ ကျွန်တော်တို့အရင်က လက်ခံသိရှိထားတဲ့ သတင်းအချက်အလေးတွေကိုပေါင်းပြီး ဦးနှောက်က ခန့်မှန်းပုံဖော်လိုက်တာဖြစ်ပါတယ်။ဦးနှောက်နဲ့ ပတ်သတ်ပြီး လူသားတွေ အဆင့်မြင့်လေ့လာချက်တွေနဲ့ ဆေးပညာဆိုင်ရာ အဆင့်မြင့် နည်းပညာတွေသုံးပြီး လေ့လာခဲ့ပေမဲ့ အဖြေမရသေးတဲ့ မေးခွန်းတွေ အများကြီးရှိပါတယ်။ ဥပမာအနေနဲ့ ဦးနှောက်ထဲမှာ ရှုပ်ထွေးတဲ့ သတင်း အချက်အလက်တွေကို ဦးနှောက်က ဘယ်လို စီစဉ်နေသလဲဆိုတာ မသိသေးပါဘူး။ နေ့တိုင်းနေ့တိုင်းမှာ ကျွန်တော်တို့တွေဟာ အံ့ဩဖို့ ကောင်းလွန်းတဲ့ ဒီအင်္ဂါက ဘယ်လို အလုပ်လုပ်ပေးနေသလဲဆိုတာ မသိကြဘဲ ပုံမှန်လုပ်နေကြ အလုပ်တွေ၊ ခံစားချက်တွေ၊ မှတ်ဉာဏ်တွေကို မှတ်သားနေကြပါတယ်။ တကယ်တော့ နောက်ကွယ်မှာ လူသားတွေရဲ့ အံ့ဩဖို့ အကောင်းဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ ဦးနှောက်က စီမံခန့်ခွဲပေးနေတာ ဖြစ်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/how-much-do-you-know-about-your-brain/
Osteomyelitis (အရိုးဖုံးမြှေးရောင်ခြင်း)
အရိုးမှာ ရောဂါပိုးဝင်ခြင်းတစ်မျိုးဖြစ်ပြီး သွေးကြောထဲမှ သို့မဟုတ် အနီးအနားမှ ပြန့်နှံ့လာပါတယ်။ အရိုးထိပေါ်တဲ့ ဒဏ်ရာရပြီး ရောဂါပိုးဝင်ခဲ့လျှင်တော့ အရိုးကစပြီး ပိုးဝင်ခြင်းဖြစ်နိုင်ပါတယ်။ကလေးများမှာ ခြေထောက်၊ လက်မောင်းလို အရိုးရှည်တွေမှာဖြစ်ပြီး လူကြီးများမှာတော့ ကျောရိုးအဆစ်များမှာ အဖြစ်များပါတယ်။ ဆီးချိုရောဂါရှင်များ ခြေဖဝါးမှာ အနာပေါက်ခဲ့လျှင်လည်း ခြေဖဝါးအရိုးမှာ ရောဂါပိုးဝင်နိုင်ပါတယ်။တချိန်က ကုသလို့မရခဲ့ပေမယ့် အခုအခါမှာတော့ ဒီရောဂါကို အောင်မြင်စွာကုသနိုင်နေပါပြီ။ လူနာအများစုမှာ သေသွားတဲ့အရိုး အပိုင်းအစများကိုဖယ်ဖို့ ခွဲစိတ်ကုသရပြီး ပဋိဇီဝဆေးပြင်းများကို အကြောမှ ၄ပတ် ကနေ ၆ပတ်အထိ သွင်းရတတ်ပါတယ်။ဒီရောဂါဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အရိုးဖုံးမြှေးရောင်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။တခါတရံ အရိုးဖုံးမြှေးရောင်ရမ်းခြင်းဟာ ရောဂါလက္ခဏာမပြဘဲ ဖြစ်တတ်ပြီး တခြားရောဂါတွေနဲ့လည်း ခွဲခြားဖို့ခက်နိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ဖျားပြီး အရိုးနာတာပိုဆိုးလာလျှင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ရောဂါတစ်ခုခုရှိခြင်း၊ လတ်တလော ခွဲစိတ်ကုသမှုခံယူထားခြင်း၊ ဒဏ်ရာရထားခြင်းတို့ကြောင့် ရောဂါပိုးဝင်နိုင်ခြေများနေလျှင် ပိုးဝင်သည့် လက္ခဏာတစ်ခုခုတွေ့သည်နှင့် ဆရာဝန်ဆီ ချက်ခြင်းသွားပါ။လူနာအများစုဟာ ကျန်းမာသူတွေရဲ့ အရေပြားနဲ့ နှာခေါင်းထဲမှာတွေ့ရလေ့ရှိတဲ့ Staphylococcus ဘက်တီးရီးယားကြောင့် ဖြစ်ကြပါတယ်။ရောဂါပိုးဟာ အရိုးထဲကို အောက်ပါနည်းလမ်း အမျိုးမျိုးနဲ့ ဝင်ရောက်နိုင်ပါတယ်။အရိုးဖုံးမြှေးရောင်ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ပြင်းထန်တဲ့ အရိုးကျိုးခြင်း/ဖောက်ထွင်းဒဏ်ရာတို့ဟာ အရိုးနဲ့အနီးတဝိုက် တစ်သျှူးများကို ရောဂါပိုးဝင်ဖို့ လမ်းကြောင်းဖြစ်စေတယ်။ အဆစ်လဲလှယ်ခြင်း၊ အရိုးကျိုးတာကို ကုသတဲ့ ခွဲစိတ်မှုများမှာလည်း မတော်တဆ ရောဂါပိုးဝင်ဖို့ ဖွင့်ပေးသလို ဖြစ်သွားနိုင်ပါတယ်။အရိုးတွင်းထည့်သည့် ပစ္စည်းများကလည်း ရောဂါပိုးဝင်နိုင်ခြေ မြင့်မားစေပါတယ်။ တိရစ္ဆာန်ကိုက်ခံရတဲ့ ဒဏ်ရာနက်လျှင်လည်း ရောဂါပိုးဝင်နိုင်ပါတယ်။သွေးကြောများပျက်စီးနေလျှင်/ပိတ်လျှင် ခန္ဓါကိုယ်က အသေးစားရောဂါပိုးဝင်ခြင်းကို ကြီးမလာအောင် တိုက်ထုတ်ပေးတဲ့ဆဲလ်များ ဖြန့်ဖြူးဖို့အတွက် အခက်တွေ့ပါလိမ့်မယ်။ ဓါးရှရာသေးသေးလေးကနေလည်း အရိုးနဲ့ အတွင်းသားတွေပေါ်နေတဲ့ ရောဂါပိုးဝင်နိုင်တဲ့ ဒဏ်ရာအနက်ကြီး ဖြစ်သွားနိုင်ပါတယ်။သွေးလှည့်ပတ်မှုကို ထိခိုက်စေတဲ့ ရောဂါတွေကတော့။အချို့အခြေအနေတွေမှာ သင့်ကိုယ်တွင်းအင်္ဂါတွေနဲ့ အပြင်လောကတို့ ဆေးသွင်းပိုက်ကတဆင့် ချိတ်ဆက်ဖို့လိုတာမျိုးရှိပါတယ်။ သို့ပေမယ့် ဒီဆေးသွင်းပိုက်ကပဲ ခန္ဓါကိုယ်ထဲ ရောဂါပိုးဝင်ဖို့ လမ်းကြောင်းဖြစ်သွားစေပြီး အရိုးဖုံးမြှေးရောင်ခြင်းလို ရောဂါများ ဖြစ်နိုင်ခြေမြင့်စေနိုင်ပါတယ်။ပိုက်အမျိုးအစားတွေကတော့။ရောဂါ သို့မဟုတ် ဆေးတစ်ခုကြောင့် ကိုယ်ခံအားကျနေလျှင် အရိုးဖုံးမြှေးရောင်ခြင်း ပိုဖြစ်လွယ်ပါတယ်။ ခုခံအားကျစေတဲ့ အကြောင်းများမှာ။မူးယစ်ဆေးသုံးသူတွေဟာ မသန့်ရှင်းတဲ့အပ်ကို သုံးတတ်ပြီး ဆေးမထိုးခင် အရေပြားကို မသန့်ရှင်းတဲ့အတွက် အရိုးဖုံးမြှေးရောင်ခြင်း ဖြစ်နိုင်ခြေမြင့်စေနိုင်ပါတယ်။အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာ အရိုးဖုံးအမြှေးရောင် မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က ရောဂါဖြစ်တဲ့ အရိုးနားတဝိုက်ကို နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ ပူနွေးခြင်း ရှိမရှိ စမ်းပါမယ်။ ေဲခဖဝါးမှာ အနာရှိလျှင် ဆရာဝန်က အရိုးထိမထိ စမ်းဖို့ ထောက်တံတစ်ခုနဲ့ ထောက်ကြည့်ပါလိမ့်မယ်။ဆရာဝန်က ဒီရောဂါဖြစ်ကြောင်း အတည်ပြုဖို့ အောက်ပါ အခြားလိုအပ်တဲ့ စစ်ဆေးမှုများလည်း ပြုလုပ်ပါမယ်။သွေးစစ်ခြင်းဖြင့် ခန္ဓါကိုယ်က ရောဂါပိုးကို ပြန်တိုက်နေတဲ့ လက္ခဏာဖြစ်တဲ့ သွေးဖြူဥများခြင်းကို မြင်နိုင်ပါတယ်။ ရောဂါပိုးဝင်နေကြောင်းသိလျှင် တရားခံဘယ်ပိုးဖြစ်ကြောင်းလည်း သွေးစစ်ပြီး ရှာနိုင်ပါတယ်။ သင့်မှာ အရိုးဖုံးမြှေးရောင်မရောင်ကိုတော့ သွေးစစ်ကြည့်လို့ မသိရပါ။ သို့သော် သင့်အတွက် ဘယ်စစ်ဆေးမှုတွေ ထပ်လိုမလဲဆိုတာ သွေးစစ်ခြင်းဖြင့် ဆရာဝန်က ဆုံးဖြတ်နိုင်ပါလိမ့်မယ်။အရိုးဖုံးမြှေးရောင်ခြင်းကို အဖြေရှာဖို့ အကောင်းဆုံးစစ်ဆေးမှု ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုမှာ သင့်အရိုးထဲဝင်နေတဲ့ ရောဂါပိုးအမျိုးအစား အတိအကျကိုလည်း သိနိုင်စေပါတယ်။ ဆရာဝန်က ပိုးအမျိုးအစားသိလျှင် အသင့်တော်ဆုံးပဋိဇီဝဆေးကို ရွေးချယ်ပေးပါလိမ့်မယ်။မေ့ဆေးပေးပြီး ခွဲစိတ်မှုဖြင့် အရိုးနမူနာယူနိုင်သလို အချို့ အခြေအနေတွေမှာ ဆရာဝန်က အရေပြားကိုဖောက်ပြီး အပ်ရှည်ရှည်တစ်ချောင်းနဲ့ အရိုးထဲထိထိုးပြီး နမူနာယူနိုင်ပါတယ်။ ဒီလိုလုပ်လျှင်တော့ အပ်ထိုးတဲ့နေရာမှာထုံသွားအောင် ထုံဆေးကိုသုံးပါမယ်။ ဓါတ်မှန်နဲ့ အခြားပုံရိပ်ဖော်စစ်ဆေးမှုများရဲ့ အကူအညီယူပြီး ဆောင်ရွက်နိုင်ပါတယ်။ရောဂါပိုးဝင်နေတဲ့ အရိုးသေတွေကို ခွဲစိတ်ဖယ်ရှားပြီးနောက် ပဋိဇီဝဆေးပေးခြင်းနှင့် အများဆုံးကုသကြပါတယ်။ အများအားဖြင့် ဆေးရုံတင်ဖို့လိုပါတယ်။ ရောဂါပြင်းထန်မှုအပေါ်မူတည်ပြီး ခွဲစိတ်မှုမှာ အောက်ပါလုပ်ငန်းစဉ်များ ပါဝင်ပါတယ်။အရိုးနမူနာယူ စစ်ဆေးခြင်းဖြင့် သင့်အရိုးထဲဝင်နေတဲ့ ရောဂါပိုးအမျိုးအစား အတိအကျကိုလည်း သိနိုင်စေပါတယ်။ ဆရာဝန်က ပိုးအမျိုးအစားသိလျှင် အသင့်တော်ဆုံးပဋိဇီဝဆေးကို ရွေးချယ်ပေးပါလိမ့်မယ်။ အနည်းဆုံးလေးပတ်မှ ခြောက်ပတ်အထိ ပဋိဇီဝဆေးများကို အကြောမှ သွင်းရပြီး ပိုဆိုးရွားတဲ့ ရောဂါပိုးများအတွက် သောက်ဆေးပါ ထပ်သောက်ဖို့ လိုပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအရိုးဖုံးမြှေးရောင်ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် အရိုးဖုံးမြှေးရောင်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။သင်ဟာရောဂါပိုးဝင်လွယ်သူတစ်ယောက်ဖြစ်ကြောင်း သိလျှင် ဆရာဝန်နဲ့တိုင်ပင်ပြီး ရောဂါပိုးဝင်နိုင်ခြေလျှော့ချဖို့ နည်းလမ်းရှာပါ။ ဒီလိုလုပ်ခြင်းဖြင့် အရိုးအမြှေးပါးရောင်နိုင်ခြေကိုလည်း လျှော့ချနိုင်ပါလိမ့်မယ်။ယေဘူယျအားဖြင့် ခန္ဓါကိုယ်ထဲ ရောဂါပိုးဝင်လွယ်စေသော ကုတ်ခြစ်ပြတ်ရှမိခြင်းကို ရှောင်ပါ။ ဖြစ်ခဲ့လျှင်လည်း ထိတဲ့နေရာကို သန့်ရှင်းရေးလုပ်ပြီး ပတ်တီးသန့်သန့်နှင့် စည်းပါ။ ရောဂါပိုးဝင်တဲ့လက္ခဏာရှိမရှိ ဒဏ်ရာကို မကြာခဏ စစ်ဆေးပါ။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/osteomyelitis-%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%96%e1%80%af%e1%80%b6%e1%80%b8%e1%80%99%e1%80%bc%e1%80%be%e1%80%b1%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%bc/
Septic Arthritis (ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်း)
အဆစ်နာကျင်စေခြင်းကိုဖြစ်စေတဲ့ ကူးစက်ပိုးဝင်ခြင်းကြေင့်ဖြစ်ပါတယ်။ ကူးစက်ပိုးက တခြားသင့်ခန`ဓါကိုယ်အစိတ်အပိုင်းတွေကနေ သွေးထဲကနေတစ်ဆင့် ကူးစက်ပိုးတွေဝင်လာခြင်းဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရခြင်းကနေလည်း တိုက်ရိုက်အဆစ်ထဲကိုဝင်နိုင်ပါယ်။ကလေးတွေနဲ့လူကြီးတွေမှာ ဖြစ်နိုင်ချေအများဆုံးဖြစပါတယ်။ ဒူးတွေမှာအများဆုံးဖြစ်တတ်ပြီး တင်ပဆုံရိုး၊ ပခုံးနဲ့အခြားအဆစ်တွေမှလည်း ဖြစ်နိုင်ပါတယ်။ ကူးစက်ပိုးက အဆစ်အတွင်း အရိုးနုနဲ့အရိုးကို လျင်မြန်ပြင်းထန်စာ ပျက်စိးစေနိုင်တာကြောင့်ချက်ချင်းကုသမှုပေးဖို့လိုပါတယ်။ ကုသမှုက အဆစ်ထဲကအရည်တွေကိုအပ်နဲ့စုပ်ထုတ်ခြင်း ခွဲစိတ်ပြီးဖယ်ထုတ်ခြင်းေတွေဖြစ်ပါတယ်။ ပိုးသတ်ဆေးတွေက ကူးစက်ပိုးကိုကုသဖို့အတွက်လိုအပါတယ်။အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်းက ကူးစက်ခံရတဲ့အဆစ်မှာ အလွန်အမင်းမသက်မသာဖြစ်စေပြီး လှုပ်ရှားမှုအကွေးအဆန့်ကိုခက်စေပါတယ်။ အဆစ်က ရောငာ်လာတာနီလာတာပူလာတာမျိုးဖြစ်နိုင်ပြီး ဖျားတာလည်းဖြစ်နိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။အဆစ်ပြင်းပြင်းထန်ထန် ရုတ်တရက်ထနာခြင်း။ ချက်ချင်းကုသမှုပေးခြင်းက အဆစ်ထိခိုက်ပျက်စီးမှုကို နည်းအောင်ကူညီပေးပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ မှိုပိုးကူးစက်ဝင်ရောက်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ စတက်ဖိုင်လိုကော့ကပ်စ်အောရီယပ်စ်ဘတ်တီးရီးယားပိုးကြောင့်အများဆုံးဖြစ်တတ်ပါတယ်။ စတဖ်က ကျန်းမာတဲ့အရေပြားပေါ်မှာတောင် ပေါက်ဖွားနေနိုင်ပါတယ်။အရေပြားကူးစက်ပိုးဝင်ခြင်း ဆိးလမ်းကြောင်းကူးစက်ပိုးဝင်ခြင်းစတဲ့ ကူးစက်ပိုးတွေက သွေးထဲကနေတစ်ဆင့် အဆစ်ဆီကိုပြန့်သါားတဲ့အခခါမှာဖြစ်ပါတယ်။ ထိုးမိထိခိုက်မိတဲ့ဒဏ်ရာ၊ ဆေးထိုးခြင်း၊ အဆစ်အတွင်း သို့အဆစ်နားတစ်ဝိုက်ခွဲစိတ်ကုသခြင်းတွေကနေ အဆစ်ထဲကိုပိုးဝြင်ခင်းလည်းဖြစ်နိုင်ပေမယ့် နည်းပါတယ်။ အဆစ်ပတ်ပတ်လည်အနားသတ်တွေက ကူးစက်ပိုးတွေကနေအဆစ်ကိုကာကွယ်ပေးပါတယ်။ ရောင်ရမ်းငြခ်းလိုမျိုး ကူးစက်ပိုးတွေကိုခန္ဓါကိုယ်တုံ့ပြန်မှုက အဆစ်အတွင်းသွေးစိးဆင်းမှုကိုနည်ေးစပြီး ဖိအားဖြစ်စေတြာကြောင့် ပျက်စီးထိခိုက်မှိုကုဖြစ်စေနိုင်ပါတယ်။ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ဥပမာအားဖြင့်-။အရင်းအဆစ်ပြဿနာရှိနေခြင်း-အရိုးအဆစ်မြစ်ရောင်ရောဂါ၊ ဂေါက်ရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ လူပတ်စတဲ့ အဆစ်ကိုသက်ရောက်တဲ့နာတာရျည်ရောဂါတွေက ဒီရောဂါဖြစိနိုငချေကိုများစေပါတယ်။ အဆစ်တုထည့်ထားခြင်း၊ အဆစ်ခွဲစိတ်မှုပြုဖူးခြင်းနဲ့ အဆစ်ထိခိုက်မိခြင်းကတွေလည်း ဖြစ်နိုငချေများစေပါတယ်။အဆစ်အမြစ်ရောင်ရောဂါအတွက်ဆေးမှီဝဲနေရခြင်း– အဆစ်အမြစ်ရောင်လူနာတွေမှာ ခုခံအားကိုဖိနှိပ်ထားတဲ့ဆေးတွေမှီဝဲနေရတာကြောင့် ကူးစကိပိုးဝင်လွယ်စေပြိး ဖြစ်နိုငချေပိုများပါတယ်။ အဆစ်အမြစ်ရောင်လူနူာတွေမျာ ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်းကို ရောဂါရှာအတည်ပြုဖိခက်တတ်ပါတယ်။ လက္ခဏာတွေက တူနေတာကြောင့် ဖြစ်ပါတယ်။အရေပြားပေါက်ပြဲခြင်း– အရေပြားကအလွယ်တကူပေါက်ပြဲနိုင်ပြီး အနာကျက်မကောင်ခြင်းက ဘတ်တီးရီးယားတွေခန္ဓါကိုယ်တွင်းဝင်ရောက်ခြင်းကို အားပေးပါတယ်။ ပွေးနဲ့နှင်းခူလိုမျိုး အရေပြားရောဂါတွေက အရေပြားကူးစက်ပိုးဝင်နေတဲ့ဒဏ်ရာလိုပဲ ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်းဖြစ်နိုငချေကို များစေပါတယ်။ခုခံအားကျဆင်းနေခြင်း– ခုခံအားနည်းတဲ့လူတွေမှာ ဖြစ်နိုင်ချေပိုများပါတယ်။ ဆီးချိုရောဂါသည်တွေ၊ ကျောက်ကပ်နဲ့အသည်းမကောင်းသူတွေ၊ ခုခံအားကိုဖိနှိပ်ထားတဲ့ဆေးတွေမှီဝဲနေရသူတွေ ဖြစ်ပါတယ်။အဆစ်ကိုထိခိုက်မိခြင်း– အဆစ်အပေါ်မှာ တိရိစ္ဆာန်ကိုက်မိခြင်း၊ သစ်သားနဲပထိုးမိခြင်း၊ ရှမိခြင်းတေါက ဖြစ်နိုင်ချေကိုပိုများစေပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အောက်ပါစမ်းသပ်စစ်ဆေးခြင်းနည်းတွေက ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်းကို ရောဂါအဖြေရှာအတည်ပြုရာမှာ ကူညီပေးနိုင်ပါတယ်။အဆစ်အတွင်းအရည်များကို ခွဲခြမ်းစိတ်ဖြာခြင်း-ကူးစက်ပိုးက အဆစ်အတွင်းရှိအရည်တွေကို အရောင်၊ သိပ်သည်းမှု၊ ပမာဏတွေကို ပြောင်းလဲစေပါတယ်။ အရည်နမူနာယူခြင်းက အပ်နဲ့ကူးစက်ခံရတဲ့အဆစ်ထဲက ဖောက်ထုတ်ရာမှြာဖ်စပါတယ်။ ဓါတ်ခွဲခန်းစမ်းသပ်စစ်ဆေးနည်းတွေက ကူးစက်ပိုးကိုဖြစ်စေတဲ့အကေင်ကိုသိစေနိုင်တာကြောင့် ဆရာဝန်ကဘာဆေးပေးရမယ်ဆိုတာကို သိစေပါတယ်။သွေးစစ်ခြင်း-သွေးထဲမှာကူးစက်ခြင်းလက္ခဏာတွေရှိမရှိ ဆုံးဖြတ်နိုင်ပါတယ်။ သွေးနမူနာကို အပ်နဲ့သေါးပြန်ကြာထဲကနေ ဖယ်ထုတ်ပစ်ခြင်းဖြစ်ပါတယ်။ပုံရိပ်ဖော်စစ်ဆေးနည်းများ– အိက်စ်ရေးနဲ့အခြားပုံရိမ်ဖော်စစ်ဆေးခြ်ငးတေါက အဆစ်ပျက်စိးခြင်းရှိမရျိ သိနိုင်ပါတယ်။ကူးစက်ပိုးဝင်နေတဲ့အဆစ်အရည်တွေကို ဖယ်ထုတ်ပစ်ခြင်းက အဓိကကျပါတယ်။အပ်-အချို့အခြေအနေတွေမှာ ဆရာဝန်က အဆစထေဲကိုအပ်ထိုးထည့်ပြီးအ ရည်ကိုစုပ်ထုတ်ပါလိမ့်ယ။။မှန်ပြောင်းကြည့်ခြင်း– ထိပ်မှာကင်မရာတပ်ထားတဲ့ပျော့ပြောင်းတဲ့ပိုက်ပြွန်ကို အပေါက်သေးသေးကနေတစ်ဆင့် အဆစ်ထဲကိုထိုးထည့်ခြင်းဖြစ်ပါတယ်။ အဆစ်ပတ်လည်မှာ အဆပါက်သေးသေးလေးတွေဖောက်ပြီး စုပ်ထုတ်မယ့်ပိုက်တွေထည့်လိုက်ပါတယ် ။ခွဲစိတ်ကုသခြင်း– တင်ပါးရိုးလိုမျိုူးါ် အချို့အဆစ်တွေက အပ်သို့ မှန်ပြောင်းကနေတစ်ဆေင့် စုပ်ထုတ်ဖို့ခက်ပါတယ်။ ဒါကြောင့် ခွဲစိတ်ကုသဖို့လိုနိုင်ပါတယ်။ပိုးသတ်ဆေးများ။အထိရောက်ဆေးကို ရွေးချယ်ဖို့ဆိုရင် ဆရာဝန်ကု ကူးစက်ပိုးအကောင်ကို ခွဲခြားသိနိုင်ရပါမယ်။ ပိုးသတ်ဆေးတွေ ပထမဦးဆုံး လက်မောင်းသွေးပြန်ကြောကနေ ထိုးပေးရပါတယ်။ နောက်ပိုင်းမှာ သောက်ဆေးတွေကိုပြောင်းလဲသောက်နိုင်ပါတယ်။အများအားဖြင့် ကုသမှုက နှစ်ပတ်ကနေခြောက်ပတ်ကြာတတ်ပါတယ်။ ပိုးသတ်ဆေးတွေက မူးဝေခြင်း၊ ပျို့အန်ခြင်းနဲ့ ဝမ်းလျှောခြင်းလိုမျိုး ဘေးထွက်ဆိုးကျိုးအန္တရာယ်များပါတယ်။ ဓါတ်မတည့်တာမျိုးတွေလည်း ဖြစ်နိုင်ါပတယ်။ ဆေးကနေဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးရနိုင်တာယ်ဆိုရတာကိုသင့်ဆရာဝန်ကိုမေးမြန်းပါ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။လေ့ကျင့်ခန်းပြုလုပ်ခြင်း– ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းက ကိုယ်အလေးချိန်ကိုကျစေပြီး အဆစ်အမြစ်ရောင်နာကျင်ခြင်းကနဲ့တောင့်တင်းခြင်းကို သက်သာစေပါတယ်။ကျန်းမာရေးနဲ့ညီညွှတ်အောင်စားခြင်း– အဆီနည်းနည်း၊ ကယ်လိုရီနည်းနည်းစားခြင်း။ အစာကိုစနစ်တကျစားခြင်း၊ သရေစာများကိုလျှေြာ့ခင်း၊ အသီးအနှံနဲ့ဟင်းသီးဟင်းရွက်များများစားခြင်း။ဗီတာမင်စီဖြည့်စွက်ခြင်း– လေ့လာမှုတွေအရ ဗီတာမင်စီက ခန္ဓါကိုယ်မှာရေင်ရမ်းခြင်းတွေအတွက် အကူအညီပေးပါတယ်။ လိမ္မော်သီးတစ်လုံး ဒါမှမဟုတ် စပျစ်ဖျော်ရည်တစ်ဖန်ခွက်ကို နေ့တိုင်းမှီဝဲပါ။ကိုယ်အလေးချိန်ကိုထိန်းထားခြင်း-ကိုယ်အလေးချိန်ပေါင်များခြင်းက အဆစ်ရေင်ခြငးနာကျင်ခြင်းကို ပိုဆိုးစေတာကြေင့် သင့်အတွက်အကျန်းမာဆုံးဖြစ်စေမယ့်ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီးဆရာဝန်နဲ့ဆွေးနွေးပါ။ သင်ဦးတည်ထားတဲ့ကိုယ်အလေးချိန်ဂဏန်းပေါ်မှာအာရုံစူးစိုက်ထားပြီးလျှော့ချပါ။အယ်ကိုဟောဖြတ်ခြင်း-နာကျင်ခြင်းကိုသက်သာစေဖို့ အရက်ကိုဆေးဖြစ်ဝါးဖြစ်အနေနဲ့ မမှီဝဲပါနဲ့။ ပြဿနာတွေပဲပိုဖြစ်စေနိုင်ပါတယ်။ ကယ်လိုရီများများစားပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/septic-arthritis-%e1%80%80%e1%80%b0%e1%80%b8%e1%80%85%e1%80%80%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%9d%e1%80%84%e1%80%ba-%e1%80%a1%e1%80%86%e1%80%85%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac/
ကလေးများတွင်အဖြစ်များသောသွားပြဿနာများနှင့် ဖြစ်ရသည့်အကြောင်းအရင်းများ
ကလေးများ၏ သွားကျန်းမာရေးကို ဖြစ်ပွားစေသောအကြောင်းအရင်းများစွာရှိပါသည်။ ငယ်သွားများသည် နောက်ဆုံးတွင် ကြီးသွားများနှင့် အစားထိုးသည် ဆိုသော်လည်းပဲ ကလေးငယ်သွားဘဝထဲက ကျန်းမာသောသွားများ ရရှိနိုင်အောင် ထိန်းသိမ်းထားခြင်းသည် ကလေး၏ကျန်းမာရေးအတွက် အရေးပါပါသည်။သွားပိုးစားခြင်းသည်ကာကွယ်နိုင်သောရောဂါတစ်ခုဖြစ်သည်။ ကလေး၏သွားများသည် ချိုသောအစားအစာများ၊အချိုရည်များနှင့် တောက်လျောက်ထိတွေ့နေသောအခါတွင် သွားပိုးစားတတ်သည်။ ကလေးများ၏ပါးစပ်ထဲတွင်ရှိသော ဘက်တီးရီးယားများသည် သကြားများစားသုံးကာ ကြီးထွားလာကြသည်။ ထို့နောက်သွားပိုးစားခြင်းကိုဖြစ်ပွားစေနိုင်သည်။ ကလေးများကိုစားချိန်တန်စားသောက်ချိန်တန်သောက်ခိုင်းပါ။ အဓိကသည် တစ်နေ့လုံးနှင့်ညအိပ်ခါနီးတိုင်း ရေသောက်ရန်ဖြစ်သည်။လက်မစုပ်ခြင်းသည်သဘာဝအလျောက်ဖြစ်လေ့ဖြစ်ထရှိသောကိစ္စရပ်တစ်ခုဖြစ်သည်။ များသောအားဖြင့်စိုးရိမ်ရန်မလိုပါ။ သို့သော်အသက်ငါးနှစ်ကျော်သည်အထိ ကလေးသည်လက်မစုပ်နေမည်ဆိုလျှင် တော့ ကြီးသွားများပေါက်လာချိန်တွင်သွားပိုင်းဆိုင်ရာပြဿနာများဖြစ်လာနိုင်ပါသည်။ လက်မစုပ်ခြင်းသည် သွားစီစီရီရီရှိမှု၊ မေးရိုးများ၊ပါးစပ်၏အာခေါင်ဖြစ်ပေါ်လာပုံ၊စကားပြောခြင်းများစသည်တို့နှင့်ပက်သက်ပြီးပြဿနာများဖြစ်ပွားစေနိုင်ပါသည်။ သွားဖုံးမောက်ခြင်း သွားခေါခြင်းများဖြစ်ပွားစေနိုင်ပါသည်။နှုတ်ခမ်းသပ်ခြင်းဆိုသည်မှာ အောက်နှုတ်ခမ်းကိုအပေါ်သွားနှင့်အောက်သွားအကြား ထားပြီးနှုတ်ခမ်းကိုလျက်ခြင်းဖြစ်သည်။ နှုတ်ခမ်းသပ်သောကလေးများသည် လက်မပါစုပ်တတ်ကြောင်းတွေ့ရသည်။ နှုတ်ခမ်းသပ်ခြင်းအားဖြင့် သွားများညီညာမှုမရှိတော့ဘဲ စကားပြောရာတွင်အခက်အခဲတွေ့နိုင်သည်။လျှာထုတ်ခြင်းသည်လည်းနုတ်ခမ်းသပ်ခြင်း၊လက်မစုပ်ခြင်းကဲ့သို့ပင်အတွေ့ရများသောပြဿနာတစ်ခုပင်ဖြစ်သည်။ လျှာထုတ်ခြင်းအားဖြင့်သွားများညီညာမှုမရှိစေဘဲ သွားခေါခြင်းသွားဖုံးမောက်ခြင်းများဖြစ်စေသည်။ စကားပြောရာတွင် အခက်အခဲဖြစ်စေနိုင်သည်။ကလေးများတွင်သွားပိုးစားခြင်း၊ဒဏ်ရာရခြင်း၊စသည်တို့ကြောင့်လည်းသွားကျိုးနိုင်ကြသည်။ ကြီးသွားများမပေါက်သေးခင်ငယ်သွားများကျိုးခြင်းကျွတ်ခြင်းဖြစ်ပေါ်ပါက အနီးအနားရှိသွားများသည်ယိုင်ခြင်းစောင်းခြင်းများဖြစ်ပွားနိုင်သည်။ ထိုအခါကြီးသွားများပေါက်လာလျှင်လည်း ပေါက်လာသောကြီးသွားများကိုပါညီညာမှုမရှိခြင်းများဖြစ်စေနိုင်သည်။ ထိုအခါ သွားများရွဲ့စောင်းခြင်း၊ သွားထပ်များပေါက်ခြင်းများ ဖြစ်ပွားစေနိုင်သည်။ သွားညီညာမှုမရှိခြင်းသည်ပြဿနာများစွာကိုဖြစ်ပွားစေနိုင်သည်။ကျွန်ုပ်တို့၏ကလေးများနှင့်ပက်သက်ပြီး သွားကျန်းမာရေးအရေးပါပုံကိုစနစ်တကျ သင်ကြားပေးဖို့ လိုအပ်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/pediatric-dentistry/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%a1%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%b1-2/
Labyrinthitis (နားအတွင်းပိုင်းရောင်ရမ်းခြင်း)
အတွင်းနားရောင်ခြင်းဆိုသည်မှာနား၏အတွင်းပိုင်းရောင်ရမ်း ခြင်းတစ်မျိုးဖြစ်ပြီးမူးဝေခြင်းကို ဖြစ်စေပါသည်။ နား၏ အတွင်းဖက်တွင် မျှခြေကိုထိန်းပေးသောဝင်္ကပါအခွေ ဟုခေါ် သောအစိတ်အပိုင်းတစ်ခုရှိပါသည်။ဝင်္ကပါအခွေ သည် ထိခိုက်ခံရပါကဦးနှောက်သို့ မှားယွင်းသောအချက်ပြ မှုများကိုပို့ပါသည်။ အတွင်းနားရောင်ခြင်းသည် အကြားအာရုံဆုံးရှုံးခြင်း၊ ချာချာလည်သလိုခံစားရခြင်း၊ မျှခြေမထိန်းနိုင် ခြင်း နှင့် မအီမသာဖြစ်ခြင်းတို့ကို ဖြစ်စေပါသည်။အတွင်းနားရောင်ခြင်းသည် အမျိုးသားများထက် အမျိုးသမီးများတွင် ပိုဖြစ်ပါသည်။ မည်သည့်အသက်အရွယ် တွင် မဆို ဖြစ်နိုင်ပါသည်။ အန္တရာယ် ဖြစ်စေသောအချက်များကိုလျော့ချခြင်းဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။ရောဂါလက္ခဏာများသည် ရုတ်တရက် စတင်လာနိုင်ပြီးတစ်မိနစ်မှ နာရီအနည်းငယ် သို့မဟုတ် ရက်များအတွင်းပျောက်လိုက် ပေါ်လိုက် ဖြစ်တတ်ပါသည်။ ကိုယ်နေကိုယ် ထားကိုလျင်မြန်စွာပြောင်းလဲလိုက်ပါကချာချာလည် သလိုခံစားရနိုင်ပါသည်။အခြားရောဂါ လက္ခဏာများမှာမူးဝေခြင်း၊ မတည်ငြိမ်သလိုခံစားရခြင်း၊ မျှခြေမထိန်းနိုင်ခြင်း၊ မအီမသာ ဖြစ်ခြင်း၊ နားအူခြင်း၊ မောပန်းခြင်း နှင့် နေမကောင်းသလိုခံစားရခြင်းတို့ဖြစ်ပါသည်။ အော့အန်ခြင်းလည်း ဖြစ်နိုင်ပါသည်။ လူအများစုတွင် များသောအားဖြင့် နှစ်ပတ်အတွင်းတဖြည်းဖြည်းနှင့် ပုံမှန်အကြားအာရုံ ပြန်ရပါသည်။အထက်တွင် ဖော်ပြ မထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။အထက်တွင် ဖော်ပြထားသောရောဂါလက္ခဏာများရှိပါ က သို့မဟုတ် ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ အဖျားတက် ခြင်း၊ တောင့်တင်းခြင်း၊ လည်ပင်းနာခြင်းတို့ဖြစ်ပါကဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်းသည် သင်၏အခြေအနေကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် ဘတ်တီးရီးယားကူးစက်မှု ကြောင့်လည်း ဖြစ်နိုင်ပါ သည်။ အကြောင်းရင်းကိုမသိရသောအကြိမ်များလည်းများစွာရှိပါသည်။အတွင်းနားရောင်ခြင်း ဖြစ်နိုင်ချေကို မြင့်စေသောအချက် များစွာရှိပါသည်။ ဥပမာ-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ယခုဖော်ပြထားသည့် အချက်အလက် များမှာဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ၏ အကြံပေးချက် များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိလိုသောအချက်အလက် များအတွက် သင့်၏ ဆရာဝန်နှင့် အမြဲတိုင်ပင် ဆွေးနွေးပါ။အတွင်းနားရောင်ခြင်းအတွက် ကုသခြင်းရွေးချယ်မှုတွေကဘာတွေလဲ။အတွင်းနားရောင်ခြင်းသည် ရက်အနည်းငယ်မှ နှစ်ပတ် အတွင်းအလိုလိုပျောက်ကင်းသွားလေ့ ရှိပါသည်။ ပြင်းထန် စွာမူးဝေပါကဆရာဝန်သည် meclizine ဆေးသောက်ရန် ညွှန်ကြားပါလိမ့်မည်။အမှောင်ခန်းထဲတွင် မျက်လုံးပိတ်ပြီးလဲလျောင်းနေခြင်းသည် ပြင်းထန်စွာမူးဝေခြင်းကိုသက် သာစေပါသည်။ လဲလျောင်းနေရမှ ထရပ်ခြင်းကဲ့သို့ ကိုယ် နေကိုယ်ထားပြောင်းလဲမှုများကို ဖြည်းညင်းစွာ ပြုလုပ်ပါ။Epley maneuvers ဟုခေါ်သောဦးခေါင်းလှုပ်ရှားမှု များကိုမူးဝေခြင်းသက်သာစေရန် အတွက် လုပ်နိုင်ပါသည်။ ရေနှင့် အခြားအရည်များများများသောက်ရန်လည်းအရေး ကြီးပါသည်။ ရေဓါတ် ခန်းခြောက်ခြင်းသည် ရောဂါ လက္ခဏာများကိုပိုဆိုးစေသောကြောင့် ဖြစ်သည်။ဖြစ်ပွားမှု အများစုမှာဘတ်တီးရီးယားကူးစက်မှု ကြောင့် မဟုတ်သောကြောင့် ပဋိဇီဝဆေးများသည် အကူအညီမပေးနိုင်ပါ။ ဘတ်တီးရီးယားကူးစက်မှု ဟုယူဆရသောအချို့ရှားပါးသောကိစ္စများတွင်သာပဋိဇီဝဆေးကိုပေးပါသည်။အတွင်းနားရောင်ခြင်းအတွက် အသုံးများသောစမ်းသပ်မှု တွေကဘာတွေလဲ။ဆရာဝန်သည် ရောဂါလက္ခဏာများနှင့် စစ်ဆေးခြင်း (အ ထူးသဖြင့် မျက်လုံး၊ နား၊ နှာခေါင်း နှင့် လည်ချောင်း) တို့မှ ရောဂါအတည်ပြုခြင်းကို ပြုလုပ်ပါသည်။ လည်ချောင်းနှင့် နှာခေါင်းအနည်းငယ် နီရဲခြင်းသည် ဗိုင်းရပ်ကူးစက်မှုတွင် တွေ့ရနိုင်ပါသည်။တစ်ခါတစ်ရံတွင် ဆရာဝန်သည် နားအ ကြားအာရုံဆုံးရှုံးခြင်းစသောအခြားလက္ခဏာများ အ တွက် အထူးစစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။ဆရာဝန် သည် နား၊နှာခေါင်း၊လည်ချောင်းအထူးကုသို့မဟုတ် အာရုံကြောအထူးကုဆရာဝန်နှင့် သွားရောက်ပြသရန် အကြံပြု ပါမည်။ ဓါတ်မှန်ရိုက်ခြင်း နှင့် ဓါတ်ခွဲခန်းစစ်ဆေးမှုများကိုများသောအားဖြင့် မလိုအပ်ပါ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံးကုထုံးများသည် အတွင်းနားရောင်ခြင်းကိုထိန်းချုပ်နိုင် ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများရှိပါကသင့်အတွက် သင့်တော်သောအဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/labyrinthitis-%e1%80%94%e1%80%ac%e1%80%b8%e1%80%a1%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9/
တင်ပါးအကြောနာခြင်းကို သက်သာစေမည့် အစားအသောက်များ
လူတိုင်းလိုလို တင်ပါးအကြောနာခြင်းကို ဘဝမှာ ကြုံတွေ့ဖူးပါလိမ့်မယ်။ တင်ပါးအကြောနာခြင်းရဲ့ လက္ခဏာတွေကတော့ ခါးနာခြင်း၊ ခြေထောက်နာခြင်း၊ ထုံခြင်း၊ ကျင်ခြင်း၊ အားနည်းခြင်း၊ လမ်းလျှောက်ခက်ခြင်း စသည်တို့ ဖြစ်ပါတယ်။ ဆရာဝန် ညွှန်ကြားသော ဆေးများအပြင် အိမ်တွင် ရှိသော နည်းလမ်းများ သုံး၍ လက္ခဏာများ သက်သာအောင် လုပ်နိုင်ပါတယ်။ သည်ဆောင်းပါးမှာ သင့်တော်သော အစားအစာများ နဲ့ ဗီတာမင်အုပ်စုများကို ဖေါ်ပြသွားပါမယ်။ဗီတာမင် ဘီစစ် ခေါ် pyridoxine တွင် တင်ပါးအကြောနာခြင်း၊ ထုံကျင်ခြင်း၊ လက္ခဏာများကို သက်သာစေပြီး သွေးနီဥထုတ်ပေးခြင်း၊ အသားဓါတ်ထုတ်ပေးခြင်း၊ အာရုံကြောများကို ထောက်ပံ့သော ဒိုပါမင်း နှင့် စီယိုတိုနင် တို့ကို ထုတ်ပေးခြင်း စသည်တို့ကို လုပ်ဆောင်ပါတယ်။ ထို့ပြင် ခန္ဓါကိုယ် တစ်ခုလုံးရှိ အာရုံကြောများ ရောဂါဖြစ်နိုင်ချေကို နည်းစေပါတယ်။ အာရုံကြော လှုပ်ရှားမှု သတင်းပေးရာမှ လည်း လုပ်ဆောင်ပေးပါတယ်။ဗီတာမင် ဘီစစ် ကို ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ ပဲထောပါတ်၊ ပဲတောင့်၊ ပဲနို့ရည်၊ ဂျုံ စသည်တို့တွင် တွေ့နိုင်ပါတယ်။ဗီတာမင် ဘီ နိုင်း ခေါ် folic acid သည် သွေးနီဥများ ထုတ်လုပ်ခြင်း၊ ဆဲလ်များ ထုတ်လုပ်ခြင်း၊ DNA ထုတ်လုပ်ခြင်း၊ ကြွက်သားများ အလုပ်လုပ်နိုင်ခြင်း၊ တင်ပါးအကြောနာခြင်းကိုသက်သာစေခြင်း တို့ကို လုပ်ဆောင်ပေးပါတယ်။ ထို့ပြင် တင်ပါး အကြောကို မထိခိုက်အောင် ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်စဉ် သန္ဓေသား၏ အာရုံကြော ဖွံ့ဖြိုးမှု ၊ အာရုံကြောပင်မကြီး ဖြစ်ပေါ်မှု တို့ကို လုပ်ဆောင်ကူညီပါတယ်။ဗီတာမင် ဘီ နိုင်း များသော အစားအစာများမှာ ပဲမျိုးစုံ၊ အနှံအပြောင်းများ၊ မှို၊ ဂေါ်ဖီစိမ်း၊ လိမ္မော်ရည်၊ ထောပတ်သီး၊ တိရစ္ဆာန် အသည်း စသည်တို့ဖြစ်ပါတယ်။ဗီတာမင် ဘီ 12 ကို ဂဏန်း၊ ပုဇွန်ထုတ်၊ ဆယ်လ်မွန်ငါး၊ တူနာငါး၊ အမဲသား၊ အသည်း၊ ချိစ်၊ ကြက်ဥ စသည်တို့တွင် တွေ့နိုင်ပါတယ်။ဗီတာမင် ဘီ 12 ခေါ် cobalamin သည် အာရုံကြောများ လုပ်ဆောင်ရည်ကို တက်စေပြီး ပျက်စီးနေသော အာရုံကြောများကို ပြုပြင်ခြင်း၊ ဆဲလ်များ ထုတ်လုပ်ပေးခြင်း၊ ကြွက်သားများ တောင့်တင်းခြင်းကို ကာကွယ်ပေးခြင်း၊ ကြွက်သားများကို ကောင်းစွာ အလုပ်လုပ်စေခြင်း၊ သန်မာစေခြင်း၊ အာရုံကြောများ ရောင်ရမ်းခြင်းကို နည်းစေခြင်း၊ ခါးနှင့် ခြေထောက် အာရုံကြောများနာကျင်ခြင်းကို လျော့နည်းစေခြင်း တို့ကို လုပ်ဆောင်ပေးပါတယ်။‘vitamins and mineal demystified’ စာရေးဆရာ Steve Blake အရ ဗီတာမင် စီ ကို ကိုယ်ခံအားစနစ် တက်စေခြင်း၊ တင်ပါးအာရုံကြောနာကျင်ခြင်း ကိုကာကွယ်ပေးခြင်း တို့ကို လုပ်ဆောင်ပေးပါတယ်။ ခန္ဓါကိုယ် ရေဓါတ်ဖြည့်တင်းခြင်း၊ တင်ပါး အာရုံကြောု နာကျင်ရောင်ရမ်းခြင်းကို လျော့နည်းစေခြင်း၊ အာရုံကြောစနစ်ကို မြင့်တင်ပေးခြင်း၊ အနာများကို ကျက်စေခြင်း စသည်တို့ကိုလည်း လုပ်ဆောင်ပေးပါတယ်။ ဗီတာမင် စီ ကို အသီးများ ဖြစ်တဲ့ လိမ္မော်သီး၊ နာနတ်သီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ၊ ချယ်ရီ ၊ စသည်တို့တွင် တွေ့နိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%90%e1%80%84%e1%80%ba%e1%80%95%e1%80%ab%e1%80%b8%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%94%e1%80%ac%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%9e/
အတက်ရောဂါ (Seizure) ရှိသူကို စောင့်ရှောက်နည်းလမ်းညွှန်
တက်တယ်ဆိုတာကဦးနှောက်ထဲမှာ ရုတ်တရက် ထိန်းချုပ်လို့မရတော့တဲ့ အနေအထားတစ်ရပ်ဖြစ်ပေါ်ပြီးကြွက်သားတွေထဲမှာ ထိန်းချုပ်လို့မရတဲ့ အခြေအနေတစ်ရပ်ဖြစ်ပေါ်လာတာပါ။ ဒီလိုဖြစ်တဲ့အခါ လူကရုတ်တရက်မြေပြင်ပေါ်ကိုလဲကျသွားတာမျိုးဖြစ်နိုင်ပါတယ်။ တက်တဲ့အခါခန္ဓါကိုယ်ရဲ့ အမူအရာ၊ လှုပ်ရှားမှုနဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုပြောင်းလဲတာမျိုးဖြစ်နိုင်ပါတယ်။ အရမ်းပြင်းထန်တဲ့အခါ သတိလစ်သွားတာမျိုးအထိဖြစ်နိုင်ပါတယ်။ ခဏခဏတက်နေမယ်ဆိုရင်တော့ဝက်ရူးပြန်ရောဂါရှိနေတာမျိုးဖြစ်နိုင်တာကြောင့် သတိထားဖို့လိုပါမယ်။တက်တယ်ဆိုတာ စတင်ဖြစ်ပေါ်တဲ့ ဦးနှောက်အစိတ်အပိုင်းပေါ်မှာမူတည်ပြီးပြင်းထန်မှုအတိုင်းအတာကွားခြားနိုင်ပါတယ်။ တက်တာအများစုက စက္ကန့် ၃၀ ကနေ ၂ မိနစ်လောက်အထိပဲကြာမြင့်နိုင်ပါတယ်။ တကယ်လို့တက်တဲ့ကာလအပိုင်းအခြားက ၅ မိနစ်ကျော်အထိကြာမယ်ဆိုရင် ကျန်းမာရေးအတွက် စိုးရိမ်ရတဲ့အခြေအနေဖြစ်တာကြောင့် အမြန်ဆုံးကုသမှုခံယူဖို့လိုပါမယ်။အချို့ရောဂါလက္ခဏာတွေရဲ့နောက်ဆက်တွဲအနေနဲ့ တက်တာကိုခံစားရနိုင်ပါတယ်။လေဖြတ်တာရဲ့နောက်ဆက်တွဲအနေနဲ့ တက်တာကိုခံစားရနိုင်သလိုဦးခေါင်းမှာထိခိုက်ဒဏ်ရာရတာ၊ ဦးနှောက်အမြှေးရောင်ရောဂါ (Meningitis) နဲ့ အခြားသောအဖျားရောဂါတွေရဲ့နောက်ဆက်တွဲအနေနဲ့ အတက်ရောဂါကိုခံစားရလာနိုင်ပါတယ်။မိသားစုဝင်ထဲမှာဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေတစ်ဦးဦး ဒါမှမဟုတ် သွားရင်းလာရင်းတွေ့တဲ့သူတစ်ဦးဦးမှာ အတက်ဝေဒနာခံစားနေရတာမျိုးနဲ့ကြုံခဲ့မယ်ဆိုရင် အခုလိုလုပ်ပေးလိုက်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/%e1%80%a1%e1%80%90%e1%80%80%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab-seizure-%e1%80%9d%e1%80%b1%e1%80%92%e1%80%94%e1%80%ac%e1%80%9e%e1%80%8a%e1%80%ba%e1%80%80%e1%80%ad%e1%80%af/
အတက်ရောဂါရှိပြီဆိုရင် သတိပြုဖွယ်ရာများ
“ဝုန်း”။“ဒီမှာ လူတစ်ယောက်တက်နေလို့”။“ခြေမကို ချိုး ခြေမကို ချိုး”။“လျှာကိုက်မိနေပြီ။ သော့ရှိရင်ပေးကြပါ။”။“အားလုံး တစ်ချက်လောက်ဖယ်ပေးကြပါ။ ကျွန်တော်ဆရာဝန်ပါ။ လူနာကိုနည်းနည်း ခုံနဲ့လွတ်တဲ့နေရာရွှေ့ပြီး ဘေးစောင်းလေးထားပေးပါ။ ခုနပြောတဲ့ခြေမချိုးတာတွေ သော့ပါးစပ်ထဲထည့်ဖို့တွေမလုပ်ကြပါနဲ့။ အလကားပဲ။ အကျိုးမရှိပါဘူး။”။YBS ယာဉ်တစ်စီးပေါ်တွင်ဖြစ်နေသော အသံများဖြစ်သည်။ ခရီးသည်တစ်ဦး ကားစီးရင်းတက်သွားသည်ကိုဝိုင်းဝန်းပြုစုရန်ကြိုးစားနေသော အသံများဖြစ်သည်။ လူအများစုမှာ သူတို့ယုံကြည်လက်ခံထားသည့်အတိုင်းဝိုင်းဝန်းပြုစုရန်ကြိုးစားနေသည်ကိုကားပေါ်တွင်ပါလာသော ဆရာဝန်တစ်ဦးက ပြန်ရှင်းပြနေခြင်းဖြစ်သည်။ဘာကြောင့်တက်ရသလဲ။အတက်ရောဂါဖြစ်စေနိုင်သော အကြောင်းတရားများစွာရှိပါသည်။ ကလေးငယ်များတွင်အဖျားကြီးခြင်းကြောင့်တက်ခြင်းရှိတတ်သည်။ ထိုအဖျားကြီးခြင်းကြောင့်တက်ခြင်းသည်အသက်၆ နှစ်ကျော်လောက်တွင်ပြန်ကောင်းသွားတတ်သည်။ သို့သော်တခြားဦးနှောက်အမြှေးရောင်ခြင်း၊ ငှက်ဖျားပိုး ဦးနှောက်ထဲဝင်ခြင်းများ ဖြစ်လျှင်လည်း ဖျားပြီး တက်တတ်ရာ။ထိုရောဂါများမဟုတ်မှသာ ရိုးရိုးဖျားခြင်းကြောင့်တက်ခြင်း (febrile convulsion) ဟုသတ်မှတ်ကြရသည်။ဆရာဝန်က သေချာစွာ စစ်ဆေးပြီးမှသတ်မှတ်ရသည်။ ထို့အကြောင်းများအပြင်ကလေးများတွင်ဗီတာမင်ဘီဝမ်းချို့တဲ့ခြင်း၊ မွေးစဉ်အခါက ဦးနှောက်ခိုက်ထားခြင်း၊ သူငယ်နာ (cerebral palsy) ရှိခြင်း၊ခေါင်းထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရဖူးခြင်း၊ ကျောက်ကပ်ရောင်ပြီး သွေးတိုး၍တက်ခြင်း၊ မွေးရာပါနှလုံးရောဂါဖောက်ချိန်တွင်ကိုယ်ခန္ဓါများ ပြာနှမ်း၍ တက်ခြင်း၊ လူကြီးများတွင်လည်း ဖြစ်တတ်သောဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါတစ်ချို့ ကြောင့်လည်း တက်တတ်ပါသည်။လူကြီးများတွင်တက်စေနိုင်သော အကြောင်းများတွင်အတက်ရောဂါ (Primary epilepsy)သက်သက်ဖြစ်နိုင်သလိုဦးနှောက်အာရုံကြောနှင့်တခြားရောဂါများကြောင့်တက်ခြင်းလည်း ဖြစ်နိုင်ပါသည်။ ဦးနှောက်အမြှေးရောင်ခြင်း၊ ငှက်ဖျားပိုးဦးနှောက်ထဲရောက်ခြင်း၊ ဦးနှောက်အတွင်းပြည်တည်ခြင်း၊ လေဖြတ်ခြင်း၊ဦးနှောက်အတွင်းသွေးယိုခြင်း၊ အသည်းရောဂါ ကျောက်ကပ်ရောဂါ၊ ကိုယ်ခန္ဓါ အတွင်း ဆားနှင့်သတ္တုဓါတ်များ မူမမှန်ခြင်း၊ ခေါင်းကို ထိခိုက်ဒဏ်ရာရခြင်း၊ ဆေးတစ်ချို့ကြောင့်တက်ခြင်း၊အရက်ဖြတ်ကာစအချိန်တွင် တက်ခြင်း၊ ဦးနှောက် အတွင်း အကြိတ်တည်ခြင်း စသည်ဖြင့်အကြောင်းတရားများစွာရှိပါသည်။လူတစ်ဦး တက်ပြီဆိုလျှင် တက်ရခြင်း အကြောင်းရင်းကို သေချာစွာ ရှာဖွေပြီး ကုသရန်လိုအပ်ပါသည်။ ထိုသို့ ရှာဖွေရာတွင် သမားတော် ဆရာဝန်ကြီး တစ်ဦးဦးနှင့် သေချာတိုင်ပင်ပြသ၍ လိုအပ်သောစမ်းသပ်စစ်ဆေးမှုများပြုလုပ်ပြီး သေချာစွာ ကုသမှုခံယူရပါမည်။ ယခု ဆက်လက်ပြီး လူတစ်ဦးတက်နေချိန်တွင် ဘေးမှ သူများက ဝိုင်းဝန်းပြုစုရာတွင် လုပ်ဆောင်သင့်သည့် အချက်များနှင့်အတက်ရောဂါရှိသူများ လိုက်နာဆောင်ရွက်ရမည့် အချက်များကို တင်ပြသွားပါမည်။လူတစ်ယောက်တက်ပြီဆိုရင်-။• လူကိုထိခိုက်ဒဏ်ရာရနိုင်သော နေရာနှင့် ပစ္စည်းများမှ ကင်းလွတ်ရာသို့ ရွှေ့ပါ။ဘယ်နားမှာ တက်နေတာလဲက အရေးကြီးပါတယ်။ ကားတိုက်နိုင်တဲ့ နေရာလား၊ ရေထဲ ကျသွားနိုင်တဲ့။နေရာလား၊ ဘေးမှာ ထိခိုက်မိရင် ဒဏ်ရာ အနာတရ ရစေနိုင်မယ့် ပစ္စည်းတွေရှိလား၊ စက်လိုမျိုးတွေရှိလား၊ အဲ့ဒါတွေနဲ့ ဝေးရာကို ရွှေ့ပါ။ သူ့ လုံခြုံမှုအတွင်တင်မကပါဘူး၊ သင့်လုံခြုံမှုအတွက်ပါ။ ဂရုစိုက်ပါ။ သင်Safe ဖြစ်မှသူ့ကိုဆက်ကူညီနိုင်မှာပါ။• လူနာကို ဘေးတစောင်းထားပါ။တက်နေတဲ့အချိန်မှာ အသက်ရှူလမ်းကြောင်းထဲ ပါးစပ်က အရည်တွေ ဝင်ပြီးအသက်ရှူလမ်းကြောင်းပိတ်တာ၊ ပါးစပ်ထဲက အံကပ်လိုမျိုးတွေ ပြုတ်ထွက်ပြီး သို့မဟုတ်အပြင်ကထည့်လိုက်တဲ့ဇွန်း သော့လိုပစ္စည်းမျိုးတွေ ကြောင့်အသက်ရှူလမ်းကြောင်းပိတ်တာ တွေ နဲ့အသက်ဆုံးရှူံးနိုင်ပါတယ်။ လူကို ဘေးတစ်စောင်းထားခြင်းဟာ ပက်လက်ထက်အသက်ရှူလမ်းကြောင်းပိတ်ဖို့အလားအလာ ပိုနည်းပါတယ်။• ပါးစပ်ထဲ ဘာမှမထည့်ပါနဲ့။လျှာကိုက်မိမှာစိုးလို့ဆိုပြီး တက်နေတဲ့သူရဲ့ ပါးစပ်ထဲ တစ်ခုခုထည့်တတ်ကြပါတယ်။ လျှာကိုက်တာကိုအဲ့လိုလုပ်လို့လည်း မကာကွယ်နိုင်ပါဘူး။ အဲ့ဒါအပြင်အပေါ်မှာ ပြောခဲ့သလို။ထည့်လိုက်တဲ့ပစ္စည်းကြောင့်အသက်ရှူလမ်းကြောင်းထပ်ပိတ်သွားတတ်လို့ပါးစပ်ထဲ ဘာမှမထည့်ပါနဲ့။• ပါးစပ်ထဲ အသက်ရှူလမ်းကြောင်းပိတ်စေနိုင်တဲ့အံကပ်လိုအရာတွေ ချွဲတွေကို ဖယ်လို့ရရင်ဖယ်ပါ။ပြောမယ့်သာ ပြောတာပါ။ တကယ့်လက်တွေ့မှာ တော့ဖယ်ဖို့ခက်တတ်ပါတယ်။ ဆေးရုံမှာ တော့ချွဲစုပ်စက်နဲ့စုပ်တာမျိုးလိုရင်လုပ်လို့ရပါတယ်။• ဆရာဝန်ရဲ့ အကူအညီကို ရယူပါ။တက်တာကြာလာတာနဲ့အမျှ လူနာအတွက်အန္တရာယ်ရှိပါတယ်။ ဒါကြောင့်လူနာကိုအနီးစပ်ဆုံးဆေးခန်းခေါ်သွားတာပဲ ဖြစ်ဖြစ်၊ ဆရာဝန်အမြန်သွားပင့်တာမျိုးပဲဖြစ်ဖြစ်လုပ်သင့်ပါတယ်။အတက်ရောဂါရှိသူအနေနဲ့။• ဆရာဝန်ညွှန်ကြားသည့်အတိုင်းဆေးကိုသေချာသောက်ပါ။အတက်ကျဆေးတွေက ရေရှည်စွဲသောက်ရတတ်ပါတယ်။ သေချာဆေးကို ပုံမှန်သောက်ဖို့လိုပါတယ်။ ကိုယ့်သဘောနဲ့ကိုယ်ဆေးကို ရပ်လို့အရပါဘူး။• ကိုယ့်ကိုအန္တရာယ်ရှိနိုင်မယ့်မီး၊ စက်ပစ္စည်း စတာတွေနဲ့ရှောင်ကြဉ်ပါ။တက်တဲ့အချိန်မှာ ကိုယ့်အနားမှာရှိတဲ့ပစ္စည်းတွေနဲ့ထိခိုက်ဒဏ်ရာရတတ်ပါတယ်။ ဒါကြောင့်အတက်ရောဂါရှိသူအနေနဲ့အလုပ်အကိုင်ပြောင်းသင့်ရင်ပြောင်းလိုက်ရတာမျိုးပါရှိတတ်ပါတယ်။• ရေနဲ့နီးတဲ့ငါးမျှားတာ၊ လှေစီးတာ၊ ရေကူးတာတွေ လုပ်ရင်တောင်ကိုယ့်အကြောင်းလည်းသိ၊ကိုယ်ရေထဲကျသွားရင်ကယ်နိုင်မယ့်သူပါမှလုပ်သင့်ပါတယ်။ ရေချိုးရင်တောင်ရေချိုးကန်နဲ့။ချိုးတတ်တဲ့သူမျိုးဆိုတက်ပြီး ရေနစ်တာမျိုးတွေ ဖြစ်နိုင်သေးပါတယ်။• ဆိုင်ကယ်၊ စက်ဘီး၊ ကားမောင်းတာတွေ ဆင်ခြင်ပါ။မောင်းရင်းနဲ့တက်သွားရင်အန္တရာယ်ရှိပါတယ်။ ကိုယ့်အတွက်တင်မဟုတ်ပါဘူး။ ကိုယ်မောင်းသွားတဲ့ယာဉ်ကို စီးနေတဲ့သူတွေ၊ လမ်းဘေးမှာရှိတဲ့လူတွေအတွက်ပါ အန္တရာယ်ရှိပါတယ်။ ဒါကြောင့်အတက်ရောဂါကို သေချာမထိန်းနိုင်သေးခင်ဆရာဝန်ခွင့်ပြုချက်မဘဲ ယာဉ်မမောင်းသင့်ပါ။• အတက်ရောဂါရှိသူတွေ အနေနဲ့ညအိပ်ရေးပျက်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ အလင်းစူးစူးတွေကွန်ပျူတာ ဂိမ်းစတာတွေကနေ ထွက်တဲ့အလင်းတွေ၊ အသံကျယ်ကျယ်ကြားရရင်ထပ်တက်တတ်ပါတယ်။ အဲ့ဒါတွေကို ရှောင်ကြဉ်ဖို့လိုပါတယ်။အချုပ်အားဖြင့်ဆိုသော်အတက်ရောဂါရှိသူရော အတက်ရောဂါရှိသူ၏ လူနာရှင်များ အနေဖြင့်ပါ။ဖော်ပြပါ အချက်များကို သေချာ သတိပြုလိုက်နာသွားရန်လိုအပ်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/%e1%80%a1%e1%80%90%e1%80%80%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%9b%e1%80%be%e1%80%ad%e1%80%95%e1%80%bc%e1%80%ae%e1%80%86%e1%80%ad%e1%80%af%e1%80%9b%e1%80%84%e1%80%ba-%e1%80%9e/
လေဆာဖြင့်မျက်စိပါဝါဖျောက်ခြင်း (Lasik Surgery)
LASIK လို့ခေါ်တဲ့ laser in-situ keratomileusis ဆိုတာဟာ အနီးမှုန်၊ အဝေးမှုန်သူတွေ နဲ့ သူငယ်အိမ်စောင်းခြင်း (astigmatism) ရှိသူတွေကို အမြင်အာရုံကောင်းမွန်အောင် လေဆာနည်းနဲ့မျက်စိကုသခြင်းတစ်မျိုးဖြစ်ပါတယ်။ ဒီကုသမှုက မျက်ကြည်လွှာရဲ့အသွင်သဏ္ဍာန်ကိုပြောင်းလဲစေပါတယ်။လေဆာဖြင့်မျက်စိပါဝါဖျောက်ခြင်း (LASIK ) ကုထုံးမှာ မျက်စိအထူးကုပညာရှင်က အရင်ဆုံး microkeratome ကိရိယာကိုသုံးပြီးမျက်ကြည်လွှာမှာ တိကျပါးလွှာတဲ့corneal flap တစ်ခုကို အရာပေး ဖန်တီးပါတယ်။ ပြီးမှ flap ကိုခွာပြီး မျက်ကြည်လွှာတစ်ရှူုးအောက်ခံလွှာပေါ်လာစေပါတယ်။ အဲ့ဒီနောက်မှာတော့ အထူးပြုလုပ်ထားတဲ့ excimer laser နဲ့ လူနာရဲ့မျက်စိပါဝါအနေအထားကိုမူတည်ပြီး မျက်ကြည်လွှာကို ပြန်လည်ပုံသွင်း ကုသပေးပါတယ်။နောက်မှ ပြန်ချုပ်စရာမလိုဘဲ flapလေးကို မျက်ကြည်လွှာပေါ်ညင်သာစွာနေရာပြန်ချပေးတာဖြစ်ပါတယ်။လူသားတွေရဲ့မျက်လုံးမှာမျက်လုံးအတွင်းမှာရှိတဲ့မျက်ကြည်လွှာနဲ့မှန်ဘီလူးတို့က မျက်စိအာရုံစူးစိုက်မှုစနစ်ကို လုပ်ဆောင်ပေးပြီးမြင်လွှာပေါ်ကို အလင်းရောင်ကျရောက်မှုကို ကင်မရာတွေမှာ focus ချိန်ပေးသလို တုံ့ပြန်ပေးတာဖြစ်ပါတယ်။ ကောင်းမွန်တဲ့အမြင်အာရုံစနစ်တစ်ခုမှာ မျက်ကြည်လွှာနဲ့မှန်ဘီလူးအကွာအဝေး ကိုက်ညီမှုရှိပြီး ပုံရိပ်နဲ့ မျက်လုံးကြားအကွာအဝေးမှန်မှန်နဲ့ ကြည်လင်နေမှာဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ အပြန်အလှန်ကိုက်ညီမှုမရှိရင်refractive error လို့ခေါ်တဲ့ ပုံရိပ်ပြတ်သားမှုမရှိပဲ တချို့နေရာတွေမှာ ဝါးတားတားတွေဖြစ်နေနိုင်ပါတယ်။မျက်စိမှုန်ခြင်း အမျိုးအစားသုံးမျိုးရှိပါတယ် –။သင့်မှာအနာကျက်နှေးစေတဲ့ဆေးဝါးတွေသောက်သုံးနေရရင်၊ အနာကျက်နှေးနိုင်တဲ့ရောဂါတစ်ခုခုရှိရင်မခံယူသင့်ပါဘူး။lupus(နာတာရှည်ရောင်ရမ်းနာ)နဲ့လေးဖက်နာအဆစ်ရောင်ရောဂါလိုမျိုးautoimmuneရောဂါတွေ၊ အိတ်ခ်ျအိုင်ဗီလို ကိုယ်ခံအားကျဆင်းတဲ့ရောဂါတွေ၊ ဆီးချိုသွေးချိုရောဂါတို့နဲ့ (retinoic acid and steroids)တို့လိုဆေးဝါးတချို့က မျက်စိခွဲစိတ်ကုသမှုနောက်ပိုင်း အနာကျက်ဖို့နှေးစေနိုင်ပါတယ်။လက်ဝှေ့၊ နပမ်း၊သိုင်းပညာ သို့မဟုတ် မျက်နှာနဲ့မျက်လုံးကိုထိခိုက်စေတဲ့တခြားလှုပ်ရှားမှုတွေလုပ်ဆောင်လေ့ရှိသူဖြစ်ရင်လေဆာကုသမှု မခံယူသင့်ပါဘူး။အသက် ၁၈ နှစ်မပြည့်သေးသူဖြစ်ရင် Lasik ကုသမှုအတွက် ခွင့်ပြုမထားပါဘူး။LASIK ခွဲစိတ်ကုသမှုမခံယူမီ ကုသမှုအတွင်းနဲ့နောက်ပိုင်း ဘာတွေဖြစ်နိုင်သလဲဆိုတာ ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးပါ။ ဒီအပိုင်းမှာ သင့်ရဲ့ဆေးမှတ်တမ်းကိုပြန်လည်သုံးသပ်ပြီး မျက်စိပြန်လည်စစ်ဆေးမှာဖြစ်ပါတယ်။ အစပိုင်းစစ်ဆေးမှုတွေလိုပဲ မျက်ကြည်လွှာရဲ့အထူအပါး၊ အလင်းယိုင်ခြင်း၊corneal mapping၊လေထုဖိအား၊ သူငယ်အိမ်အကျယ် တို့ကိုတိုင်းတာစစ်ဆေးခြင်းတို့ပါဝင်ပါတယ်။ ကနဦး စစ်ဆေးမှုတွေပြီးသွားတာနဲ့ ခွဲစိတ်ဆရာဝန်နဲ့တွေ့ဆုံပြီး သိလိုတာတွေမေးမြန်းနိုင်ပါတယ်။ပြီးရင်တော့ ခွဲစိတ်ဖို့ ရက်ချိန်းယူလို့ရပါပြီ။သင်က rigid gas permeablecontact lensesမျက်ကပ်မှန်တပ်သူဖြစ်ရင်ဆေးမစစ်မီ အနည်းဆုံး ၃ ပတ်လောက်တည်းက မျက်ကပ်မှန်မသုံးပါနဲ့။ တခြားအမျိုးအစားမျက်ကပ်မှန်ဆိုရင်တော့ မစစ်ဆေးမီ အနည်းဆုံး ၃ရက်အတွင်း မတပ်ဘဲနေသင့်ပါတယ်။ ဆရာဝန်ဆီလာတဲ့အခါ ကိုယ်သုံးနေတဲ့မျက်မှန်တွေယူလာဖို့ မမေ့ပါနဲ့။ခွဲစိတ်တဲ့နေ့မှာ ဆရာဝန်ဆီမသွားခင် အစာနည်းနည်းစားပြီး ညွှန်ကြားထားတဲ့ဆေးတွေအားလုံးသောက်ပါ။ မျက်နှာကိုဘာမှမလိမ်းပါနဲ့။လေဆာအောက်မှာ ဦးခေါင်းအနေအထားမှန်ကန်ကျနစေဖို့ ဆံပင်မှာ ဘာမှတပ်မလာပါနဲ့(ခေါင်းညှပ်၊ကလစ်၊စသည်)။ မနက်ပိုင်းမှာနေလို့သိပ်မကောင်းဘူးဆိုရင် ခွဲစိတ်မှုကို ရက်ရွှေ့လို့ရမရ ဆရာဝန်ကိုဆက်သွယ်ဆွေးနွေးပါ။Lasik ကုသမှုမှာ အကျိုးကျေးဇူးတွေအများကြီးရှိပါတယ် –။သိလိုတာရှိရင်၊နာကျင်ကိုက်ခဲမှုခံစားရရင်၊ အမြင်အာရုံဆုတ်ယုတ်မှုဖြစ်လာရင်၊ မျက်စိနီရဲလာရင်၊ မျက်ဝတ်တွေထွက်လာရင်၊ ဆရာဝန်ကို အမြန်ဆုံးပြသပါ။လေဆာနဲ့မျက်စိပါဝါဖျောက်ပြီးနောက် ထိခိုက်မှု သို့မဟုတ်ရောဂါပိုးဝင်ခြင်း မဖြစ်စေဖို့အောက်ပါသတိပေးချက်တွေကို လိုက်နာဆင်ခြင် နိုင်ပါတယ် –။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/%e1%80%b1%e1%80%9c%e1%80%86%e1%80%ac%e1%80%bb%e1%80%96%e1%80%84%e1%80%b9%e1%80%b7%e1%80%95%e1%80%ab%e1%80%9d%e1%80%ab%e1%80%b1%e1%80%96%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84/
Pink Eye (မျက်ခွံအတွင်းသားရောင်ရမ်းခြင်း)
Pink eye ( မျက်ခွံအတွင်းသားရောင်ရမ်းခြင်း)ဆိုသည်မှာ မျက်လုံးရဲ့အဖြူရောင်အစိတ်အပိုင်းနေရာတွင်အနီရောင်သို့ပန်းရောင်များပေါ်လာခြင်းဖြစ်ပါတယ် ။ သင့်မျက်လုံးရဲ့မျက်ခွံနဲ့မျက်လုံးအဖြူရောင်အပိုင်းကိုကာကွယ်ပေးထားတဲ့အမြှေးပါးရောင်ရမ်း၍ဖြစ်စေ ပိုးဝင်၍ဖြစ်စေ ရောဂါဖြစ်စေပါတယ်။မျက်ခွံအတွင်းသားရောင်ခြင်းဟာတော်တော်အဖြစ်များပါတယ် ။ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ် ။ အန္တရာယ်ရှိသည်များကိုရှောင်ရှား၍ ရောဂါဖြစ်နိုင်ချေကိုလျှော့ချနိုင်ပါတယ် ။ အသေးစိတ်သိရဖို့အတွက်ဆရာဝန်နဲ့တိုင်ပင်မေးမြန်းသင့်ပါတယ်။အဖြစ်အများဆုံးလက္ခဏာတွေကတော့….နီမြန်းခြင်း ၊ ယားယံခြင်း၊ ကြမ်းတမ်းနေသလိုခံစားရခြင်း၊ ညတွင်ထွက်သောအရည်အချွဲများခဲနေ၍ မနက်ဖက်တွင်မျက်လုံးဖွင့်မရခြင်း၊ မျက်ရည်ကျခြင်း.. တို့ပဲဖြစ်ပါတယ်။အထက်ဖော်ပြပါစာရင်းထဲမှာမပါတဲ့ ရောဂါလက္ခဏာများ လည်းရှိနိုင်ပါသေးတယ် ။ လက္ခဏာတွေနဲ့ပတ်သတ်ပြီးအသေးစိတ်သိချင်လျှင်တော့ ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။အကယ်၍သင့်တွင်နီမြန်းခြင်း ၊ ယားယံခြင်း၊ ကြမ်းတမ်းနေသလိုခံစားရခြင်း၊ ညတွင်ထွက်သောအရည်အချွဲများခဲနေ၍ မနက်ဖက်တွင်မျက်လုံးဖွင့်မရခြင်း ၊ မျက်ရည်ကျခြင်း.. စတဲ့လက္ခဏာတွေဖြစ်ပေါ်နေပြီဆိုလျှင်တော့ဆရာဝန်နှင့် ပြသသင့်ပါပြီ။ လူတစ်ယောက်နှင့်တစ်ယောက်မတူညီနိုင်ကြပါဘူး ။ အကောင်းဆုံးအဖြေကိုရရှိဖို့ဆရာဝန်နဲ့ပြသသင့်ပါတယ်။ဗိုင်းရပ်စ်ကူးစက်မှုများ ၊ ဘတ်တီးရီယားကူးစက်မှုများ ၊ ဓါတ်မတည့်ခြင်းများ ၊ မျက်လုံးထဲသို့ဓါတုပစ္စည်းတစ်ခုခုဝင်ခြင်း ၊ ပြင်ပပစ္စည်းတစ်ခုခုဝင်ခြင်းတို့ကြောင့် မျက်ခွံအတွင်းသားရောင်ရမ်းခြင်း ကိုဖြစ်စေပါတယ် ။မျက်ခွံအတွင်းသားရောင်ရမ်းခြင်းကိုပိုဆိုးစေနိုင်တာတွေကတော့..။ဓါတ်မတည့်သောပစ္စည်းများနှင့်ထိတွေ့မိခြင်း၊ ဗိုင်းရပ်စ် သို့ ဘတ်တီးရီးယားကူးစက်မှုကြောင့် မျက်ခွံအတွင်းသားရောင်ရမ်းနေသူများနှင့် ထိတွေ့မိခြင်း၊မျက်ကပ်မှန်အသုံးပြုခြင်းတို့ဖြစ်ပါတယ် ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။မျက်ခွံအတွင်းသားရောင်ရမ်းခြင်း ကိုလူနာရဲ့ရောဂါသမိုင်းကြောင်း ၊ ရောဂါလက္ခဏာများ နှင့် မျက်လုံးစမ်းသပ်စစ်ဆေးမှုတို့အပေါ်တွင်အခြေခံ၍ စမ်းသပ်ပါတယ် ။ ဓါတ်မတည့်ခြင်းကြောင့်ဖြစ်သော မျက်ခွံအတွင်းသားရောင်ရမ်းမှုမျိုးကို အတည်ပြုနိုင်ရန် ဓါတ်မတည့်သောပစ္စည်းများနှင့် စမ်းသပ်သော စမ်းသပ်မှုများလည်းရှိပါတယ် ။မျက်ခွံအတွင်းသားရောင်ရမ်းခြင်းကိုကုသရာတွင်ဖြစ်စေသောအကြောင်းအရာများကို အခြေခံ၍ ကုသပါတယ်။– ဘတ်တီးရီယားကြောင့်ဖြစ်သောမျက်ခွံအတွင်းသားရောင်ရမ်းမှုတွင် ပိုးသတ်ဆေးပါသော မျက်စဉ်း သို့ လိမ်းဆေးအသုံးပြု၍ ဘတ်တီးရီးယားကူးစက်မှုကို ဖယ်ရှားနိုင်ပါတယ် ။– ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော မျက်ခွံအတွင်းသားရောင်ရမ်းခြင်း တွင်တော့ အများစုတွင် ကုသမှုမရှိပါ။ ရေယုန်ဗိုင်းရမ်စ်ပိုးကြော်င့ဖြစ်သောအခြေအနေမျိုးတွင်တော့ ဗိုင်းရပ်စ်ပိုးကို နှိမ်နှင်းနိုင်သော ကုသမှုများခံယူနိုင်ပါတယ် ။– ဓါတ့်မတည့်မှုကြောင့်ဖြစ်သော မျက်ခွံအတွင်းသားရောင်ရမ်းမှုတွင်histamine မထွက်စောသောဆေးများနှင့် mast ဆဲလ်များကိုတည်ငြိမ်စောသော ဆေးများကိုပေါင်းစပ်၍ ပေးပါတယ် ။အရောင်ကျစေတဲ့ဆေးတွေကတော့..decongestants, steroids, and anti-inflammatory eyedrops..တွေပဲဖြစ်ပါတယ် ။–သင့်မျက်လုံးကို လက်များနှင့်မထိပါနှင့် ။– သင့်လက်များကိုမကြာခဏဆေးပေးပါ ။– သန့်ရှင်းသော တစ်ရှူးနှင့် အဝတ်များကိုပဲအသုံးပြုပါ။– တာဝါများနှင့် အဝတ်များကို သူများနှင့် အတူတူမသုံးပါနှင့် ။– သင့်ခေါင်းအုံးစွတ်ကိုမကြာခဏ လဲပေးပါ ။– ရေကူးကန်ထဲတွငိရေကူးခြင်းမှရှောင်ရှားပါ ။-အလှကုန်ပစ္စည်းများနှင့ ်သင့်မျက်လုံးကိုမထိတွေ့မိပါစေနှင့်။– မျက်လုံးအလှကုန်ပစ္စည်းများကို တစ်ယောက်တည်းပဲသုံးပါ။– ညွှန်ကြားထားသော ပိုးသတ်ဆေးကိုသုံးစွဲပါ။– မျက်စဉ်းအသုံးပြုပါ။– မျက်ကပ်မှန်တပ်ခြင်းမှရှောင်ကျဉ်ပါ ။– သင့်အဝတ်အစားများကိာမကြာခဏလျှော်ပေးပါ ။– အိပ်ရာမဝင်မီရေချိုးပေးပါ။အကယ်၍သင့်တွင်မေးခွန်းများရှိသေးလျှင်တော့ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ် ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/pink-eye-%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%81%e1%80%bd%e1%80%b6%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/
လိင်တံအရွယ်အစား ကြီးထွားနှုန်း ဘယ်အရွယ်မှာရပ်တန့်သွားလဲ
အမျိုးသားတစ်ယောက်လူပျိုဖော်ဝင်ကာစ အသက် ၉နှစ်မှ ၁၄နှစ်အတွင်း လိင်တံ နဲ့ ဝှေးစေ့ဟာ နဂိုကထက် ပိုကြီးလာတတ်တာ သဘာဝပါပဲ။ ဒီအရွယ်မှာ ကျားဟော်မုန်းတွေ တိုးလာမယ်။ အသံက ခပ်သြသြဖြစ်လာပြီးဝက်ခြံတွေ ပိုပေါက်လာမယ်။ ကိုယ်ခန္ဓာအရွယ်အစား ကြီးထွားလာပြီး အရပ်ရှည်လာမယ်။ကိုယ်နံ့၊ ချွေးနံ့တွေ ထွက်လာပြီး အရင်ကထက် ပိုပြင်းလာမယ်။ ဒါတွေအားလုံးဟာ အမျိုးသားတိုင်း ကျော်ဖြတ်ကြရတဲ့ လူပျိုဘဝဖြစ်စဉ်တွေပါပဲ။လူပျိုဘဝမှာ လိင်တံကြီးထွားနှုန်းဟာ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ ပျမ်းမျှအားဖြင့် အသက် ၁၁ နှစ်မှ ၁၅ နှစ်အတွင်း နှစ်စဉ် လက်မဝက်စီ ရှည်လာပြီး အသက် ၁၉ နှစ်မတိုင်ခင်ထိ ကြီးထွားနှုန်းဟာ လျော့နည်းသွားတတ်ပါတယ်။ ပုံမှန်အမျိုးသားတွေကတော့ အသက် ၂၀ နောက်ပိုင်းမှာ လိင်တံကြီးထွားနှုန်း လုံးဝရပ်တန့်သွားပါတယ်။လိင်တံပျော့နေချိန်မှာ အရှည်ဟာ ၃.၄လက်မနဲ့ ၃.၇လက်မကြားရှိပြီး ထောင်မတ်နေချိန်မှာ ၅လက်မမှ ၆လက်မထိ ရှည်နိုင်ပါတယ်။ လုံးပတ်ကတော့ ၃.၅လက်မ ကနေ ၄လက်မထိ ရှိပါတယ်။ ဒါက လူအများစုမှာ ရှိတဲ့ အတိုင်းအတာပါ။ ဒါနဲ့ မကိုက်ညီရင် ပုံမှန်မဟုတ်ဘူးလို့ တစ်ထစ်ချ သတ်မှတ်လို့ မရပါဘူး။လိင်တံအရွယ်အစားဆိုတာ ကြွက်သားလိုမျိုးမဟုတ်တဲ့အတွက် နဂိုအရွယ်ထက် ပိုကြီးအောင် လုပ်လို့မရပါဘူး။ ဈေးကွက်ထဲမှာ လိင်တံကြီးဆေး၊ ကြီးဖို့ လေ့ကျင့်စက်တွေ ရောင်းနေတာမျိုးတော့ ရှိပေမယ့် ဒီပစ္စည်းတွေ အမှန်တကယ် အာနိသင်ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး သုတေသန လုပ်ထားတာမျိုး မဟုတ်ပါဘူး။ကျားဟော်မုန်းနဲ့ လိင်တံအရွယ်အစားဟာ ဆက်စပ်မှုရှိတယ်ဆိုပေမယ့် အသက် ၂၀ နောက်ပိုင်းမှာ နဂိုထက်ပိုကြီးစေဖို့တော့ မစွမ်းဆောင်နိုင်ပါဘူး။ တစ်ခုရှိတာက ကျားဟော်မုန်း ရှိသင့်တဲ့ပမာဏထက် နည်းနေတဲ့အမျိုးသားတွေ အချိန်ကြာလာတဲ့အခါ နဂိုကထက် အနည်းငယ် တိုဝင်သွားတာမျိုးတော့ ဖြစ်နိုင်ပါတယ်။အမျိုးသားတွေဟာ ဖွားဖက်တော်ရဲ့ အရွယ်အစားကို သိပ်ပြီး အလေးထားပူပန်တတ်ကြပေမယ့် တကယ်တမ်းမှာ အရွယ်အစားဟာ လုံးဝအရေးပါလှတာတော့ မဟုတ်ပါဘူး။ပုံမှန်အရွယ်အစားရှိတဲ့ အမျိုးသားတစ်ယောက် ကျန်းမာပြီးသက်လုံကောင်းတယ်၊ လိင်တံကောင်းစွာ ထောင်မတ်နိုင်တယ်ဆိုရင် ကိုယ်ရော ကိုယ့်အဖော်အတွက်ပါ သာယာမှုဖြစ်စေဖို့ အပြည့်အဝစွမ်းဆောင်နိုင်ပါတယ်။ ဒါ့အပြင် အမျိုးသမီးအများစုဟာလည်း အရွယ်အစားကြီးလွန်းတဲ့ အမျိုးသားတွေထက် ပုံမှန်အရွယ်အစားကို ပိုပြီးလက်ခံနိုင်ကြတယ်လို့ ဆိုထားပါတယ်။ဒါကတော့ ပုံမှန်အရွယ်အစားထက်ကို သေးပြီး တိုနေတဲ့ အမျိုးသားတွေကို ဆိုလိုတာဖြစ်ပြီး လူတွေပြောကြသလို ပုံမှန်အရွယ်လောက် ရှိတဲ့အမျိုးသားတွေကိုတော့ ပဲမြစ်လို့ မသုံးနှုန်းပါဘူး။ မွေးဖွားလာတဲ့ ကလေးမှာ ဟော်မုန်းမျှခြေ မတည်ငြိမ်တာကြောင့် လိင်အင်္ဂါကြီးထွားမှုကို သွားပြီး သက်ရောက်စေတဲ့အတွက် ပုံမှန်ထက်သေးငယ်နေတာ ဖြစ်ပါတယ်။အရှည် ၃လက်မနဲ့ အောက် အရွယ်အစားရှိတဲ့ လိင်တံကိုတော့ပဲမြစ်(Micropenis) လို့ သတ်မှတ်လို့ ရပါတယ်။ ဒီလိုအခြေအနေဖြစ်နေတဲ့ အမျိုးသားတွေအနေနဲ့ ဟော်မုန်းအစားထိုးကုထုံးများဖြင့် ကုသမှုခံယူခြင်းဖြင့် ပုံမှန်အရွယ်အစားကို ပြန်ရောက်အောင် လုပ်လို့ ရပါတယ်။အချုပ်အားဖြင့် ဆိုရမယ်ဆိုရင် လိင်တံအရွယ်အစားဟာ ၉နှစ်ကနေ ၁၄နှစ်ကြားမှာ စတင်ကြီးထွားပြီး အသက် ၂၀ နောက်ပိုင်းမှာ ကြီးထွားနှုန်း လုံးဝရပ်တန့်သွားပါတယ်။ အရွယ်အစားဟာ မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်သလို လူပျိုအရွယ်မှာ ရှိတဲ့ ကျားဟော်မုန်းပမာဏနဲ့လည်း အများကြီး သက်ဆိုင်မှုရှိပါတယ်။ကြီးချင်တဲ့ စိတ်တစ်ခုတည်းနဲ့ မဖြစ်နိုင်တဲ့အရာတွေ ဥပမာ – ဆီလီကွန်ထိုးတာ၊ ဂေါ်လီထည့်တာ၊ ဆေးဝါးနဲ့ အစားအသောက်ကွပ်ကဲရေးကနေ ခွင့်ပြုချက်မရထားတဲ့ ကြီးဆေးတွေ သောက်တာတွေဟာ ခဏတာအတွက်သာ ရလဒ်ကို ရနိုင်ပြီး နောက်ပိုင်းမှာ လိင်တံက ပုံမှန်အရွယ်အစားထက် အဆမတန် ကြီးပြီး ပုံပျက်ယွင်းလာတာ၊ ပြည်တွေ ယိုစိမ့်လာတာ၊ အရောင်ပြောင်းတာ၊ ထောင်မတ်နေချိန်၊ သုက်လွှတ်နေချိန်မှာ အလွန်အမင်းနာကျင်တာတွေ ဖြစ်နိုင်ပြီး နောက်ဆုံး လိင်တံကို လုံးဝဖြတ်ထုတ်လိုက်ရတဲ့အထိ ဖြစ်နိုင်တာကြောင့် ဒီလိုမကောင်းတဲ့ နည်းလမ်းတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ဖို့ အကြံပေးလိုက်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/when-penis-stops-its-growth/
ကလေးတွေကို တစ်ယောက်တည်းပြုစုစောင့်ရှောက်ရတော့မယ့် ဖေဖေတို့အတွက် လမ်းညွှန်
ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတယ်ဆိုတာ သမုဒ္ဒရာခရီးတစ်ခုပါပဲ။ ပြင်းထန်တဲ့မုန်တိုင်းတွေ၊ လှိုင်းကြမ်းတွေနဲ့ တစ်ခါတလေတော့လည်း နေသာသာနဲ့ ငြိမ်းချမ်းတဲ့ အရသာလေးတွေနဲ့ ပြည့်နှက်နေတဲ့ ခရီးတစ်ခုပါ။ စိတ်တူကိုယ်တူ လက်တွဲဖော်ရှိရင်တောင် ဒါဟာအတော်ကို ခက်ခဲတဲ့ တာဝန်တစ်ခုဖြစ်နေပါပြီ။ ဒါပေမဲ့ သင်တစ်ယောက်တည်း ဒီအလုပ်ကို လုပ်ရတော့မယ်ဆိုရင်တော့ ခက်ခဲမှုက နှိုင်းဆလို့မရတဲ့ အခြေအနေထိ မြင့်တက်သွားပါပြီ။ကမ္ဘာတစ်လွှားက မိဘတွေဟာ ကလေးတွေကို သူတို့ကိုယ်တိုင် ပြုစုပျိုးထောင်ကြပါတယ်။ နှစ်ယောက်လှော်ရမယ့်လှေကို သင်တစ်ယောက်တည်း လမ်းပြ တစ်ယောက်တည်းလှော်နေရလို့ မိဘအုပ်ထိန်းမှုဆိုတဲ့ ရေယဉ်ကြောကြီးကို သင်မဖြတ်သန်းနိုင်ဘူးလို့ မထင်လိုက်ပါနဲ့။ အောက်ပါအချက်တွေက သင့်ရဲ့ခရီးလမ်း ဖြောင့်ဖြူးချောမွေ့စေဖို့ ကူညီနိုင်ပါလိမ့်မယ်။အဆင့်မြင့် ဇိမ်ခံ spa တွေသွားတာက တကယ်ကို ကောင်းမွန်တယ်ဆိုပေမယ့် မိဘနေရာရောက်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဆိုတဲ့စကားက သင့်ရဲ့အခြေခံလိုအပ်ချက်တွေကို ဖြည့်တင်းတာထက် ပိုလာပါပြီ။ တကယ်လို့များ သင့်ကို သတိပေးမယ့် လက်တွဲဖော်မရှိတော့ဘူးဆိုရင်တော့ ဒီအရာတွေအားလုံးကို အလွယ်တကူ ဥပေက္ခါပြုထားနိုင်စရာပါပဲ။ဘဝတူဖြစ်နေတဲ့ အဖေတွေ၊ အမေတွေကို လိုက်ရှာတာက သင့်ဘဝရဲ့ ကယ်တင်ရှင် ဖြစ်နိုင်ပါတယ်။ တကယ်လို့များ ဒီလိုလူတွေရှာဖို့ ခက်ခဲနေတယ်ဆိုရင် တစ်ကိုယ်တည်းမိဘတွေကို ထောက်ပံ့ပေးတဲ့ အသင်းအဖွဲ့တွေထဲ ဝငပါ။ လူမှုကွန်ယက် တွေထဲလျှောက်ကြည့်ပါ။ Facebook ကိုမွှေပါ။ ဒါမှမဟုတ် ဖခင်များအဖွဲ့တွေဘာတွေထဲဝင်ပါ။ YMCAတွေ ဘုရားကျောင်းတွေကိုသွားပြီး သင့်ပတ်ဝန်းကျင်မှာ သင့်လိုလူတွေရှိလား ရှာဖွေပါ။ တကယ်လို့ ဘယ်အဖွဲ့အစည်းမှ မရှိနေဘူးဆိုရင် သင်ကိုယ်တိုင် ဖန်တီးပါ။ခိုင်မာတဲ့ အသိုင်းအဝိုင်းတစ်ခုဟာ သင့်ရဲ့ခံစားချက်တွေကို ဖြေသိမ့်ပေးနိုင်မှာဖြစ်ပြီး သင့်အတွက်နေရာတစ်ခုရစေတယ်ဆိုတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။ ဒါတွေဟာ တစ်ကိုယ်တည်းအစွမ်းနဲ့ ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ရမယ့် မိဘတစ်ယောက်အတွက် အလိုအပ်ဆုံးကုစားမှုတွေပါပဲ။အခြားတစ်ကိုယ်တည်းမိဘတွေအပေါ် အာရုံစိုက်တာတစ်ခုတည်း မလုပ်ပါနဲ့။ သင့်ရဲ့ဝန်းကျင်အသိုင်းအဝိုင်းလေးက ပိုပြီးစုံလင်လာလေလေ ပိုပြည့်စုံလာလေလေပါပဲ။ တကယ်လို့သင်က တစ်ကိုယ်တည်း သီးသန့်နေတတ်သူဆိုရင်တော့ ဒီအသိုင်းအဝိုင်းဖန်တီးဖို့ဆိုတာ ခက်ခဲနေပါလိမ့်မယ်။သင့်ကိုယ်သင် လူမှုဆက်ဆံရေးမှာ ဝင်ဆန့်နိုင်ဖို့လည်း တိုက်တွန်းရပါလိမ့်မယ်။ ဥပမာ ဘုရားကျောင်းသွားတာမျိုး၊ အားကစားအဖွဲ့တွေမှာ ပါဝင်တာမျိုး ဒါမှမဟုတ် သင်နေတဲ့ နေရာတစ်ဝိုက်မှာ ရှိတဲ့ စာကြည့်တိုက်တွေကို အပတ်စဉ်တိုင်း သွားတာမျိုးလုပ်ကြည့်ပါ။ သူစိမ်းတွေနဲ့ တွေ့ဆုံတာဟာ သင့်လေ့ကျင့်မှုအတွက် အများကြီး အထောက်အကူဖြစ်စေပါလိမ့်မယ်။သင်က အဖေတစ်ခု သားတစ်ခု ဘဝမှာပျော်ဖို့ ဆုံးဖြတ်ထားပြီးပြီဆိုရင်တော့ အရာရာတိုင်းကို ကိုယ်ကိုယ်တိုင်ပဲ အမြဲတမ်းဆောင်ရွက်ရမယ်။ ဘယ်သူ့အကူအညီမှ ယူစရာမလိုဘူး ရယ်လို့ တွေးထားမိမှာပါပဲ။ ဒါပေမဲ့ ဒါဟာ သင့်အတွက်လည်း အကူအညီလိုအပ်နေမြဲပါပဲဆိုတဲ့ အချက်ကို ပြောင်းလဲမပေးနိုင်ပါဘူး။တကယ်လို့များ ညသန်းခေါင်ယံကြီးမှာ သင့်ကလေးက ဖျားနာခဲ့ပြီး သင့်မှာ Ibuprofen လိုဆေးတွေ ကုန်နေပြီဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ဒါမှမဟုတ် သင်ကိုယ်တိုင်လည်း အဖျားရှိနေပြီး(နေမကောင်းဖြစ်နေပြီး) သင့်ကလေးကို မပြုစုနိုင်တော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ဒီလိုအခြေအနေမျိုးမှာ လူကြီးတစ်ယောက်မှအိမ်မှာရှိမနေဘူးဆိုရင် သင်ဘာလုပ်သင့်သလဲ။ဒီလိုအခြေအနေအတွက် ပြင်ဆင်ထားဖို့က မရှိမြဖ်လိုအပ်ပါတယ်။ တကယ်လို့များ သင်နေတဲ့ နေရာတစ်ဝိုက်မှာ အရေးပေါ်အခြေအနေမျိုးအတွက် ကလေးထိန်းနေရာတွေရှိမလားဆိုတာ စုံစမ်းပါ။ ဒီလိုနေရာမျိုးတွေဟာ ဈေးကြီးတာမျိုးဖြစ်နိုင်ပေမယ့် အကူအညီတော့ အလျင်အမြန်ပေးနိုင်ပါလိမ့်မယ်။ထပ်ပြောရရင်တော့ ဒီလိုအခြေအနေတွေအတွက် သင်အကူအညီတောင်းခံနိုင်မယ့် မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကို “အရေးပေါ် စာရင်း” ထဲသွင်းထားပါ။ကလေးစောင့်ရှောက်ရေးနဲ့ ပတ်သက်ပြီး တီထွင်ဖန်တီးနိုင်စွမ်း ရှိနေပါစေ။ကလေးထိန်းတဲ့နေရာမှာ ရိုးရိုးကြီးထိန်းနေမယ့်အစား သမားရိုးကျအကြံဉာဏ်တွေထဲက ခွဲထုတ်ပြီး ကလေးနဲ့ကိုယ့်ကြားထဲမှာ ကွန်ယက်တစ်ခုကို ဖန်တီးပျိုးထောင်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%80%90%e1%80%85%e1%80%ba%e1%80%9a%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%90%e1%80%8a%e1%80%ba%e1%80%b8/
Bruxism (သွားကြိတ်ခြင်း)
နေ့အချိန်မှာဖြစ်ဖြစ်၊ ညအိပ်ပျော်နေတုန်းမှာပဲ ဖြစ်ဖြစ် သင်မသိလိုက်ဘဲ အလိုအလျောက် သွားကိုကြိတ်ချေနေတာ၊ ဝါးနေတာကို သွားကြိတ်တယ်လို့ခေါ်ပါတယ်။ အိပ်နေရင်း သွားကြိတ်တာဟာ အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ မူမမှန်လှုပ်ရှားမှုတမျိုးပဲ ဖြစ်ပါတယ်။ဒီလိုအိပ်နေရင်း သွားကြိတ်လေ့ရှိသူတွေဟာ တခြားအိပ်စက်ခြင်းဆိုင်ရာ မူမမှန်ပြဿနာတွေ ဖြစ်တဲ့ ဟောက်တာ ဒါမှမဟုတ် အိပ်နေရင်း ခေတ္တ အသက်ရှုရပ်ရပ်သွားတာတွေကိုပါ ခံစားရနိုင်ချေ များပါတယ်။သွားကြိတ်တာ သိပ်မပြင်းထန်ဘူးဆိုရင် ကုသစရာမလိုအပ်ပေမယ့် တချို့လူတွေမှာဆိုရင် သွားကြိတ်တာဟာအကြိမ်ရေစိပ်လာပြီး ပြင်းပြင်းထန်ထန်လည်း ကြိတ်လာတတ်တဲ့အတွက် မေးရိုးပြဿနာ၊ ခေါင်းကိုက်တာနဲ့ သွားထိခိုက်တာတွေအပါအဝင် တခြားပြဿနာတွေကိုပါ ရင်ဆိုင်လာရစေပါတယ်။နောက်ဆက်တွဲ ပြဿနာတွေ မပေါ်ပေါက်ခင်ထိ သွားကြိတ်တတ်မှန်း မသိဖြစ်နေတတ်တဲ့အတွက် သွားကြိတ်ခြင်းရဲ့လက္ခဏာတွေကို သိရှိနားလည်ပြီး သွားဆရာဝန်နဲ့ ပုံမှန် ပြသဖို့ဟာ အထူးအရေးကြီးလှပါတယ်။• သင့်ဘေးမှာအတူအိပ်နေတဲ့သူကိုလန့်နိုးစေလောက်အောင်ကျယ်လောင်တဲ့အသံနဲ့သွားကြိတ်ခြင်း။• သွားတွေ ပြားနေခြင်း၊ကျိုးပဲ့နေခြင်း၊နဲ့နေခြင်း။• သွားကြွေလွှာတွေပျက်စီးနေခြင်း။• သွားကအထိမခံနိုင်ဖြစ်နေခြင်း။• မေးရိုးဒါမှမဟုတ်မျက်နှာနာကျင်ကိုက်ခဲခြင်း။• မေးရိုးကြွက်သားတွေညောင်းနေခြင်းဒါမှမဟုတ်တောင့်တင်းနေခြင်း။• နားကိုက်တယ်လို့ထင်ရတဲ့ဝေဒနာခံစားရလိမ့်မယ်။ ဒါပေမယ့်နားရဲ့ ပြဿနာမဟုတ်ပါဘူး။• နားထင်ကစပြီးကိုက်တဲ့ခေါင်းကိုက်ဝေဒနာ။• ပါးအတွင်းဖက်မှာကိုက်မိပြီးဒဏ်ရာရခြင်း။• လျှာပေါ်မှာသွားရာတွေရှိနေခြင်းစသဖြင့် ဖြစ်ကြပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အောက်ပါအခြေအနေမျိုးတွေနဲ့ရင်ဆိုင်လာရပြီဆိုရင် သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။• သွားတွေပဲ့ခြင်း၊ ထိခိုက်ခြင်း ဒါမှမဟုတ် အထိမခံဖြစ်လာခြင်း။• မေးရိုး၊ မျက်နှာ ဒါမှမဟုတ် နားရွက်မှာ နာကျင်လာခြင်း။• သင်အိပ်နေတုန်း သွားကြိတ်တာ အတော်ဆိုးတယ်လို့တခြားသူတွေက ပြန်ပြောလာခြင်း။• ပါးစပ်ကို သေသေချာချာပိတ်/ဟလို့မရခြင်း(မေးခိုင်ချင်သလို ဖြစ်ခြင်း)။သင့်ကလေး သွားကြိတ်နေရင် ဒါမှမဟုတ် သွားကြိတ်တာရဲ့ တခြားလက္ခဏာတွေ တွေ့ရင် နောက်တစ်ခါသွားဆရာဝန်နဲ့ ပြသတဲ့အခါမမေ့မလျော့ပြောပြပါ။သွားကို အုပ်ပေးထားတဲ့ သွားစွပ် (mouth guard)ကို အသုံးပြုပြီး သွားကြိတ်တာကို ကာကွယ်နိုင်ပါတယ်။ သွားစွပ်ကို သင့်သွားဆရာဝန်က စီမံပေးပါလိမ့်မယ်။ စိတ်ဖိအားတွေကို လျှော့ချတာ၊ အရက်နဲ့ကော်ဖီကို ရှောင်တာ အစရှိတဲ့ နေထိုင်မှု ပုံစံအပြောင်းအလဲလေးတွေကို လုပ်ပေးရင်လည်း အကျိုးရှိမှာ ဖြစ်ပါတယ်။သွားကြိတ်တာ သက်သာပျောက်ကင်းစေဖို့အောက်ဖော်ပြပါ လွယ်ကူတဲ့နည်းလမ်းလေးတွေကို လိုက်နာကျင့်သုံးသင့်ပါတယ်။• စိတ်ဖိစီးမှုတွေကိုလျှော့ချပါ။ သီချင်းနားထောင်ပါ။ ရေနွေးစိမ်ပါ ဒါမှမဟုတ် အားကစားလုပ်ပါ။ ဒါတွေက သင့်ရဲ့စိတ်နဲ့ခန္ဓါကို ပြေလျော့စေတဲ့အပြင် သွားကြိတ်တာကိုလည်း လျော့နည်းသွားစေပါလိမ့်မယ်။• ကဖင်းဓါတ်ပါဝင်တဲ့ ကော်ဖီတွေ၊ လက်ဖက်ရည်တွေကို ညစာစားပြီးရင် မသောက်သင့်တဲ့အပြင် အရက်နဲ့ဆေးလိပ်ကိုလည်း ညနေပိုင်းမှာ ရှောင်ကြဉ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဟာတွေအားလုံးက သွားကြိတ်တာကို ပိုဆိုးစေလို့ပဲ ဖြစ်ပါတယ်။• အိပ်ရေးဝဝအိပ်ပါ။ အိပ်ဆေးသောက်တာ အပါအဝင် ညဖက်ကောင်းကောင်းအိပ်ပျော်ဖို့ ကုသမှုတွေကိုခံယူပါ။ ဒါကလည်း သွားကြိတ်တာကို သက်သာစေတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။• သင်နဲ့အတူတူ အိပ်တဲ့သူကို အကူအညီတောင်းပါ။ တကယ်လို့သင်နဲ့အတူတူအိပ်တဲ့သူရှိတယ်ဆိုရင် သင်အိပ်ပျော်နေတုန်း သွားကြိတ်ရင် သတိထားပြီးမှတ်သားထားပေးဖို့ အကူအညီတောင်းပါ။ ဒါမှဆရာဝန်ကို အသေအချာ ပြန်ပြောနိုင်မှာပဲ ဖြစ်ပါတယ်။• သွားဆရာဝန်နဲ့မှန်မှန်ပြပါ။ ဒါဟာ သွားကြိတ်တာကိုသိရှိနိုင်ဖို့အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ သွားဆရာဝန်နဲ့မှန်မှန်ပြမယ်ဆိုရင် သင့်ဆရာဝန်အနေနဲ့သင့်ပါးစပ်ထဲ ဒါမှမဟုတ် မေးရိုးမှာသွားကြိတ်ထားတာရဲ့ လက္ခဏာတွေကို စောစောစီးစီးတွေ့ရှိပါလိမ့်မယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/dental-conditions/bruxism-%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%80%e1%80%bc%e1%80%ad%e1%80%90%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
တံတောင်ဆစ် တွေ မည်းတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ
လူတော်တော်များများ ရေချိုးရင်တံတောင်ဆစ်၊ ဒူးခေါင်းတွေကို သေချာတိုက်ချွတ်ဖို့ မေ့တတ်ကြပါတယ်။ နေရောင်ခြည်ထဲ မကြာခဏနေရောင်ကာလိမ်းဆေးမပါဘဲ ထွက်တာ၊တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတာတွေ ပေါင်းလိုက်တော့ အဲ့ဒီနေရာတွေက ဆဲလ်အသေတွေ စုပြုံလာပြီး မည်းလာတော့တာပေါ့။ များသောအားဖြင့် တံတောင်ဆစ်မည်းတယ်ဆိုတာ ကျန်းမာရေးပြဿနာ ကြီးကြီးမားမားရှိတာမျိုး မဟုတ်လို့ သိပ်တော့ စိတ်ပူဖို့ မလိုပါဘူး။၁။ တံတောင်ဆစ် တစ်ဝိုက်မှာ ပျက်စီးသွားတဲ့ ဆဲလ်အသေတွေ စုပြုံလာတာ။၂။ခရမ်းလွန်ရောင်ခြည်ဒဏ်ေကြာင့် နဂိုအသားအရောင် ပျောက်ပြီး အရောင်မှိန်လာတာ။၃။သန္ဓေတားဆေးတွေ သောက်သုံးခြင်း။၄။ တင်းတိပ်၊ မှဲ့ခြောက်နဲ့ အသက်အရွယ်ကြောင့် ဖြစ်လာတဲ့ အရေပြား အမည်းစက်လေးတွေ။၅။ ကိုယ်ဝန်အစောပိုင်းကာလ၊ မီးဖွားပြီးချိန် ဟော်မုန်းအပြောင်းအလဲကြောင့် အသားအရေခြောက်သွေ့လာခြင်း။၆။ အရေပြားဆဲလ်တွေ လျင်မြန်စွာဖြစ်တည်လာပြီး အကြေးခွံကဲ့သို့ ထလာတဲ့ အရေပြားရောဂါ (Psoriasis)။၇။ အရေပြားနှင်းခူရောဂါ။၈။ တံတောင်ဆစ်ကို ပြင်းပြင်းထန်ထန် ထိခိုက်ပြီးနောက်မှာ အမာရွတ်အနေနဲ့ ကျန်ခဲ့ပြီး အရေပြားမည်းညစ်လာတာ အစရှိတဲ့အကြောင်းရင်းတွေကြောင့် တံတောင်ဆစ်တွေ မည်းလာနိုင်ပါတယ်။ အသားဖြူတဲ့သူတွေထက် နဂိုအသားအရောင် ညို၊ မည်းတဲ့သူတွေမှာ တံတောင်ဆစ် အရေပြားဆဲလ် မည်းနိုင်ခြေ ပိုများပါတယ်။တံတောင်ဆစ်မည်းခြင်းဟာ စိုးရိမ်စရာ ကျန်းမာရေးအခြေအနေတစ်ခု မဟုတ်ပေမဲ့ အတိုအပြတ်လေးတွေ ဝတ်တော့မယ်ဆိုရင်တော့ ကိုယ့်စိတ်ကိုယ် မလုံသလို၊ ရှက်သလို ခံစားနေရနိုင်တာပေါ့။ အလှအပရေးရာအတွက် အကောင်းဆုံးနဲ့ အလွယ်ကူဆုံး အိမ်တွင်းပစ္စည်းလေးတွေနဲ့ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို ပြောပြပေးမယ်နော်။၁။ ရှားစောင်းလက်ပပ်။သဘာဝရှားစောင်းလက်ပပ်က ရတဲ့ အနှစ်တွေဟာ အရေပြားကို အေးမြပြီး ကြည်လင်စေတယ်။ ညိုညစ်ညစ်နေတဲ့ ဖြစ်နေတဲ့ အသားအရောင်ကို မူလအရောင်အတိုင်း ပြန်လည် ဝင်းပလာစေတယ်။ အသားအရေကို အစိုဓာတ်ထိန်းပေးလို့နွေရာသီမှာ ဖြစ်တတ်တဲ့ နေလောင်ဒဏ်၊ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေပျက်စီးမှာ ပူစရာမလိုတော့ဘူးပေါ့။လတ်လတ်ဆတ်ဆတ် ရှားစောင်းလက်ပပ်က ရတဲ့ အနှစ်ကို လိမ်းပေးလို့ ရသလို ရှားစောင်းလက်ပပ် ပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ်၊ ကိုယ်လိမ်း Lotion တွေ အသုံးပြုလို့လည်း ရပါတယ်။ မနက်တစ်ကြိမ် ညတစ်ကြိမ် တံတောင်ဆစ်ကို မှန်မှန်လိမ်းပေးမယ်ဆိုရင်တော့ သိသိသာသာ အသားအရောင် ပြောင်းလဲလာတာကို တွေ့ရမှာပါ။၂။ အချဉ်ဓာတ်ရှိတဲ့ အသီးတွေ။လိမ္မော်သီး၊ သံပရာသီး အစရှိတဲ့ အသီးအနှံတွေမှာ စစ်ထရစ်အက်ဆစ် (Citrus Acid) သဘာဝအချဉ်ဓာတ်တွေ အများအပြားရှိပါတယ်။ ဒီအချဉ်ဓာတ်တွေမှာ အရေပြားပေါ်က ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို ကွာကျသွားစေပြီး အသားအရေကို ဝင်းပသွားစေတဲ့ အာနိသင်တွေ ပါဝင်နေပါတယ်။အသုံးပြုဖို့အတွက် ကိုယ်ကြိုက်နှစ်သက်ရာ အချဉ်သီးတစ်လုံးကို ခွက်တစ်လုံးမှာ အရည်ညှစ်ထားလိုက်ပါ။ ရလာတဲ့ အရည်ကို ဂွမ်းစ သို့မဟုတ် အဝတ်သန့်သန့်လေးနဲ့ စိမ်ပြီး တံတောင်ဆစ်ကို ဖြည်းဖြည်းချင်း ပွတ်တိုက်ပေးပါ။ ပြီးရင် ရေဆေးချပါ။ ဒီနည်းလမ်းက အသားခြောက်စေတာကြောင့် အစိုဓာတ်ထိန်းကရင်မ် ပြန်လိမ်းဖို့ လိုပါတယ်။ အ‌ရေပြားမှာ ထိခိုက်ရှနာရှိရင်လည်း မသုံးရပါဘူး။၃။ နနွင်းမှုန့်။အိန္ဒိယလူမျိုးတို့ရဲ့ ဟင်းပွဲတိုင်းမှာ မပါမဖြစ် ထည့်သွင်းတဲ့ ဟင်းခတ်မှုန့်ပါပဲ။ အနံ့ပြင်းလို့ တော်တော်များများက မကြိုက်ကြပေမဲ့ နနွင်းမှုန့်မှာလည်း ဆေးဖက်ဝင်အာနိသင်တွေ ရှိပါတယ်။ အထူးသဖြင့် ရေနည်းနည်းနဲ့ ရောပြီး ရလာတဲ့ အနှစ် ပျစ်ပျစ်လေးကို မည်းနေတဲ့ တံတောင်ဆစ်တွေကို ဖြူစင်ဝင်းပလာစေဖို့ သုံးလို့ရပါတယ်။နနွင်းမှုန့်အနှစ်ကို တံတောင်ဆစ်ပေါ်မှာ ခပ်များများ သုတ်လိမ်းထားပြီး ၁၀မိနစ်လောက် ထားထားပေးပါ။ ပြီးသွားရင် ရေနဲ့ ပြောင်အောင် သေချာဆေးပေးလိုက်ရုံပါပဲ။ ဒီနည်းလမ်းကိုတော့ တစ်နေ့တစ်ကြိမ် သုံးပေးရုံနဲ့ လုံလောက်ပါတယ်။၄။ မုန့်ဖုတ်ဆိုဒါ။ဖြူစင်ဝင်းပစေတဲ့ သဘာဝအစွန်းချွတ်ဆေးအဖြစ် လူသိများတဲ့မုန့်ဖုတ်ဆိုဒါကို တံတောင်ဆစ်တွေ တိုက်ချွတ်တဲ့ နေရာမှာလည်း အသုံးပြုလို့ ရပါတယ်။ မုန့်ဖုတ်ဆိုဒါက အရေပြားပေါ်က ဆဲလ်အသေတွေကို အလွှာလိုက်ကွာကျသွားစေပြီး အသားအရောင်ကို ဖြူစင်ဝင်းပလာစေနိုင်ပါတယ်။ဘယ်လိုအသုံးပြုရမလဲဆိုရင် ခွက်ထဲကို ကိုယ်လိုသလောက် မုန့်ဖုတ်ဆိုဒါထည့်ပြီး ရေ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ ထည့်ပြီး မွှေပါ။ မွှေရင်းနဲ့ မပျစ်မကျဲအနေအထားလောက် ရလာရင် ရေထည့်တာ ရပ်လိုက်ပါ။ ရလာတဲ့ အနှစ်ကို တံတောင်ဆစ်ပေါ်မှာ သုတ်လိမ်းထားပါ။ ၁၀မိနစ်မှ ၁၅မိနစ်ခန့်ကြာရင် ရေနဲ့ ပြောင်စင်အောင် ဆေးပေးရပါမယ်။ တစ်ပတ်ကို ၂ကြိမ်ထိ သုံးပေးလို့ ရပြီး မျက်နှာအသားအရေပေါ်မှာတော့ အသုံးပြုလို့ မရပါဘူး။၁။ အပြင်ကို ထွက်တော့မယ်ဆိုရင် တံတောင်ဆစ်ကိုလည်းနေလောင်ကာလိမ်းဆေးလိမ်းသွားပါ။၂။ အဝတ်အစားကို လေဝင်လေထွက်ကောင်းပြီး ချောင်ချိတဲ့ ချည်သားလက်ရှည်တွေ ဝတ်ပေးပါ။၃။ ရေချိုးအပြီးနဲ့ ညအိပ်ခါနီးမှာအစိုဓာတ်ထိန်းခရင်မ်တစ်ခုခု လိမ်းပေးပါ။၄။ ရေချိုးတဲ့အချိန်မှာလည်း သေချာဆပ်ပြာနဲ့ ကြေးတွန်းပြီး တိုက်ပေးပါ။၅။ တံတောင်ဆစ်နဲ့ စားပွဲခုံကို ဖိပြီး ထိုင်တာ၊ တွန်းတိုက်တာမျိုးတွေ တတ်နိုင်သလောက် ရှောင်ပေးရမယ်နော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/dark-elbows-and-how-to-treat/
ကလေးများတွင်ဖြစ်သော စကားပြောခြင်းနှင့် ဘာသာစကား ပြဿနာများ
အိမ်ပတ်လည်တွင် ပြေးလွှားဆော့ကစား နေသော၊ ချစ်ဖို့ကောင်းသော စကားလုံးများ ပြောတတ်သော သီချင်းကောင်းကောင်း ဆိုတတ်သော ကျန်းမာသော ကလေးများကို သင်ရရှိပါက အမှန်တကယ် ပျော်ရွှင် ချမ်းမြေ့ဖွယ် ကောင်းပါသည်။ သို့သော်လည်း ကလေးတွင် စကားပြောခြင်းနှင့် ဘာသာစကား ရောဂါများ (ASHA) ရှိပါ က အခြားသူများကဲ့သို့ ပြည့်စုံမည် မဟုတ်ပါ။ကလေးသည် ပုံမှန်စကားသံများ မပြောတတ်ပါက သို့မဟုတ် သူတို့အသံတွင် ပြဿနာရှိပါက သူတို့တွင် စကား ပြောခြင်းနှင့်ဆိုင်သော ရောဂါများရှိနိုင်သည်။ စကားပြောခြင်း နှင့်ဆိုင်သော ရောဂါများမှာ-။ဤရောဂါတွင် ကလေးသည် အသံများ၊ အသံနေ အသံထား နှင့် စကားလုံးများကို မှန်ကန်စွာနှင့် ပြေပြစ်စွာ မထွက်နိုင်ပါ။ အကြောင်းရင်းမှာ သူတို့၏ ဦးနှောက်သည် စကားအတွက် လိုအပ်သော ခန္ဓါကိုယ် အစိတ်အပိုင်းများ ပူးပေါင်းဆောင်ရွက်ခြင်းကို မလုပ်ဆောင်နိုင်သောကြောင့် ဖြစ်သည်။ ကလေးသည် သူတို့ပြောလိုသည်ကို သိသော် လည်း အသံထွက်ရန် ကြွက်သားများကို အသုံးမပြုနိုင်ပါ။Dysarthria သည် အာရုံကြောနှင့် ဆိုင်သော စကားပြောခြင်း ပြဿနာတစ်ခု ဖြစ်သည်။ အသံထွက်စေရန် လိုအပ်သော နှုတ်ခမ်း၊ လျှာ၊ အသံအိုးနှင့် ရင်ဝမ်းတား ကြွက်သားများ မလှုပ်ရှားနိုင်ခြင်း ဖြစ်သည်။ ဤရောဂါ၏ အမျိုးအစားနှင့် ပြင်းထန်မှုသည် ထိခိုက်သော အာရုံကြော စနစ် တည်နေရာပေါ်တွင် မူတည်သည်။နားနေချိန်တွင် လျှာသည် အရှေ့ကို အလွန်ရောက်နေပြီး စကားပြောစဉ် သို့မဟုတ် မြိုချစဉ်တွင် လျှာသည် အပေါ်နှင့် အောက်သွား ကြားတွင် ထိုးထွက်နေခြင်း ဖြစ်သည်။စကားပြောသံနှင့်ဆိုင်သော ရောဂါရှိသော ကလေးများ သည် စကားသံပီသခြင်းနှင့် စကားအသံထွက် အစီအစဉ်များ တွင် ပြဿနာများရှိသည်။စကားကို ပြေပြစ်စွာ မပြောနိုင်ပါ။ စကားပြောစဉ်တွင် စကားလုံးအချို့သည် ထပ်သွားပြီး အင်း သို့မဟုတ် အား စသော အသံများခံနေသည်။ ဤအခြေအနေသည် ကလေး များ အရွယ်ရောက်သည်အထိ ပါသွားနိုင်သည်။အသံနှင့်ဆိုင်သော ရောဂါများဆိုသည်မှာ အသံ သြခြင်း သို့မဟုတ် အသံလုံးဝ မထွက်ခြင်းစသော အခြေအနေများကို ခေါ်သည်။ အသံနှင့်ဆိုင်သော ရောဂါများတွင် အောက်ပါတို့ ပါဝင်သည်။ဘာသာစကားနှင့်ဆိုင်သော ရောဂါများတွင် အောက်ပါ အခြေအနေများ ပါဝင်သည်။ဤရောဂါဖြစ်သော ၃နှစ်မှ ၅နှစ်အရွယ် ကလေးများသည် နားလည်ရန်နှင့် စကားပြောရန် ခက်ခဲသည်။နားလည်သဘောပေါက်မှု ခက်ခဲသော ကလေးများသည် အောက်ပါတို့ကို မစွမ်းဆောင်နိုင်ပါ။စကားပြောရာတွင် ခက်ခဲသော ကလေးများသည် အောက်ပါတို့ကို မစွမ်းဆောင်နိုင်ပါ။နားလည်ရန်ရော စကားပြောရန်ပါ ခက်ခဲသော ကလေး များသည် အောက်ပါတို့ကို မစွမ်းဆောင်နိုင်ပါ။စာဖတ်ရန်၊ စာလုံးပေါင်းရန် သို့မဟုတ် စာရေးရန် မစွမ်းခြင်း ဖြစ်သည်။ ဤရောဂါသည် လူတစ်ယောက်၏ ညဏ်ရည်နှင့် မဆိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဤအခြေ အနေရှိသော လူများစွာသည် သာလွန်သော ညဏ်ရည် ရှိသောကြောင့် ဖြစ်သည်။ဤရောဂါသည် များသောအားဖြင့် ကလေးဘဝတွင် ဖြစ်ပွားသည်။ ၎င်းသည် ကလေး ကျောင်းသို့သွားသောအခါ သတိပြုစရာ ဖြစ်လာသည်။ သူတို့သည် ကျောင်းတွင် စကား မပြောဘဲ အိမ်တွင် သို့မဟုတ် သူတို့ချစ်သောသူများ ရှေ့တွင် သာ ကစားပြောသည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac-%e1%80%85%e1%80%80%e1%80%ac/
Osteoarthritis (အရိုးအဆစ်ရောင်ခြင်း)
အရိုးအဆစ်ယောင်ခြင်းသည်အဖြစ်များသော အဆစ်ယောင်ခြင်းဖြစ်သည်။ အဆစ်နှစ်ခုကြားရှိ အရိုးနုပျက်သွားသောကြောင့် နာခြင်း တောင့်တင်းခြင်း ဖောင်းခြင်းများဖြစ်လာခြင်းဖြစ်သည်။ လက် ဒူးခေါင်း တင်ပါးနှင့် ကျောရိုးတွင်ပို၍ဖြစ်တတ်သည်။ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ နိုင်ငံအဆစ်ကြွက်သားနှင့် အရေပြားဆိုင်ရာတက္ကသိုလ်မှ အသက် လေးဆယ့်ငါးမတိုင်ခင်ထိ ယောက်ျားလေးတွင်ပိုဖြစ်တတ်ပြီး လေးဆယ့်ငါးကျော်ပါက မိန်းကလေးတွင်ပိုဖြစ်တတ်သည်ဟုဆိုထားသည်။ မည်သည့်အသက်အရွယ်တွင်မဆိုဖြစ်တတ်သည်။ အသက် ခြောက်ဆယ့်ငါးကျော်လျင်ပိုဖြစ်တတ်သည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အရိုးအဆစ်ယောင်ခြင်းရဲ့အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။အဆစ်အားအုပ်ထားသော အရိုးနုပြတ်ခြင်းကြောင့်ဖြစ်သည်။ အရိုးနုဆိုသည်မှာ မာ၍ ရာဘာပုံစံအရာဖြစ်ပြီး အရိုးအဆုံးများကို ဖုံးအုပ်ထားသည်။ အဆစ်နှင့် အရိုးအား လွယ်ကူစွာလှုပ်ရှားနိုင်အောင်ကာကွယ်ပေးထားသည်။ အရိုးအဆစ်ယောင်ခြင်းတွင် အရီုးနုအကာသည် ကြမ်းလာသည်။ လုံးဝပြတ်သွားပါက အရိုးအဆစ်ယောင်သောလူနာတွင် အရီုးနှစ်ခုပွတ်တိုက်နေလိမ့်မည်။အရိုးအဆစ်ယောင်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်မှ ရောဂါလက္ခဏာများကိုလေ့လာခြင်းနှင့် စမ်းသက်ခြင်းများပြုလုပ်လိမ့်မည်။ အတည်ပြုနိုင်ရန် စစ်ဆေးခြင်းများလည်းပြုလုပ်လိမ့်မည်။အောက်ပါစစ်ဆေးခြင်းများသည် အရိုးအဆစ်ယောင်ခြင်းကိုအတည်ပြုနိုင်သည်။အရှင်းပျောက်အောင်ကုရန် နည်းလမ်းမရှိသော်လည်း ရောဂါလက္ခဏာသက်သာစေရန်နည်းလမ်းများရှိပါသည်။ အဓိကနည်းလမ်းမှာ။ဘဝနေထိုင်ပုံပြောင်းလဲခြင်း။ဆေးဝါးကုသမှုများ။ခွဲစိတ်မှုပြုလုပ်ခြင်း။ ဆိုးဝါးစွာထိခိုက်နေသော အဆစ် များသောအားဖြင့် ပေါင်နှင့်ဒူးခေါင်း ကိုပြန်ပြင်ခြင်းသို့မဟုတ် အစားထိုးခြင်းလုပ်နိုင်သည်။ ရောဂါကလက္ခဏာများကိုသက်သာစေခြင်း လှုပ်ရှားမှုပိုလုပ်နိုင်ခြင်းနှင့် ဘဝအားပိုနေပျော်စေသည်။အခြားကုထုံးများ။ရောဂါကုထုံးများ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအရိုးအဆစ်ယောင်ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် အရိုးအဆစ်ယောင်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/osteoarthritis-%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%a1%e1%80%86%e1%80%85%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
အဖြစ်များသော ခံတွင်းပြဿနာများ
ခံတွင်းထဲမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ နာကျင်မှုတွေကို သင်ခံစားဖူးပါသလား။ ဒါမှမဟုတ် တစ်ခါတလေ နှုတ်ခမ်းခြောက်တာမျိုးဖြစ်ဖူးပါသလား။ ဒါတွေကို ယေဘုယျအားဖြင့်တော့ ခံတွင်းပြဿနာများ လို့ ခေါ်ကြပါတယ်။ လူတိုင်းဟာ တစ်ချိန်မဟုတ် တစ်ချိန်တော့ ခံတွင်းပြဿနာတွေဖြစ်ကြတာပါပဲ။ ဒါက မထူးဆန်းတဲ့ကိစ္စပါ။လျှာ၊ သွားဖုံး၊ နှုတ်ခမ်း၊ သွားတွေနဲ့ အာခေါင်တွေမှာလည်း ပြဿနာရှိနိုင်ပါတယ်။ ခံတွင်းနံ့ဆိုးခြင်းကိုလည်း ခံတွင်းပြဿနာလို့ယူဆနိုင်ပါတယ်။ အဖြစ်များတဲ့ ခံတွင်းရောဂါနဲ့ ပြဿနာအချို့ကို အောက်မှာဖော်ပြထားပါတယ်။ ကံကောင်းစွာနဲ့ပဲ အများစုကသူတို့ဘာသာ ပျောက်ကင်းသွားတတ်ကြတယ်လေ။ပါးစပ်ထဲက အနာဖြူဖြူလေးတွေဒါမှမဟုတ် ကျိုင်းအနာလို့ခေါ်တဲ့ canker soreဟာ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့်ဖြစ်လာရတာပါ။ သင်က မတော်တဆ လျှာနဲ့ နှုတ်ခမ်းတွေကို ကိုက်မိရင် ကိုက်မိတဲ့နေရာတစ်ဝိုက်မှာ အနာဖြူဖြူလေးတွေ ထွက်လာနိုင်ပါတယ်။ အပူကန်နာ လို့လည်းခေါ်ကြပါသေးတယ်။Cold sore တွေကတော့ နှုတ်ခမ်းလိုနေရာမျိုးတစ်ဝိုက်မှာ အများဆုံးဖြစ်ပေါ်တတ်ပါတယ်။ ကိုယ်ထဲကရေယုန်ဗိုင်းရပ်စ်ကြွလာလို့ ဖြစ်တာပါ။ အအေးမိတဲ့အခါ၊ နေမကောင်း ဖြစ်တဲ့အခါ၊ စိတ်ဖိစီးမှုများတဲ့အခါ၊ နှုတ်ခမ်းမှာ ထိခိုက်ဒဏ်ရာရတဲ့အခါ ထွက်လာတတ်ပါတယ်။ များသောအားဖြင့်တော့ အလိုလို ပျောက်သွားတတ်ပါတယ်။မကြာခဏဆိုသလို ပါးစပ်ထဲမှာ ဘက်တီးရီးယားတွေနဲ့ စားကြွင်းစားကျန်တွေ စုလာခြင်းဟာခံတွင်းနံ့ကို အတော်ဆိုးရွားစေပါတယ်။ တစ်ရက် ၂ကြိမ်သွားတိုက်ခြင်းနဲ့ တစ်ရက်တစ်ကြိမ် သွားပွတ်ကြိုးသုံးခြင်းက ဒီပြဿနာကို သက်သာစေပါလိမ့်မယ်။ လိုအပ်မယ်ဆိုရင်တော့ ခံတွင်းသန့်ဆေးရည်ကို အသုံးပြုနိုင်ပါတယ်။ဒီလိုပြဿနာမျိုးက သွားဖုံးရောဂါ သို့မဟုတ် သွားတွေပျက်စီးနေတာမျိုးစတဲ့ ခံတွင်းပြဿနာတစ်ခုခုကြောင့် ဖြစ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွားဆရာဝန်နဲ့ ပြပြီး ရောဂါရှာဖွေဖို့ကိုလည်း မမေ့ပါနဲ့။တကယ်လို့ သင်ကခံတွင်းခြောက်နေတယ်ဆိုရင် တံတွေးကို လုံလောက်စွာ မထုတ်ပေးနိုင်တာ သို့မဟုတ် သင့်ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်နေတာလို့ ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပါတယ်။ ခံတွင်းခြောက်ခြင်းဟာ ခံတွင်းပိုးဝင်နိုင်ခြင်း၊ သွားဖုံးရောဂါ သို့မဟုတ် သွားအခေါင်းပေါက်ဖြစ်ခြင်း စတာတွေဖြစ်နိုင်ခြေ ပိုများလာစေပါတယ်။ရေဓာတ်ခမ်းခြောက်နေတာကြောင့်ဆိုရင် ရေသောက်ခြင်းက ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ပီကေဝါးတာကလည်း တံတွေးကို ပိုထွက်စေနိုင်တာကြောင့် ခံတွင်းကို စိုစွတ်နေစေမှာပါ။ ကဖိန်းပါဝင်တဲ့ သောက်စရာတွေနဲ့ ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်ပါ။ ဒါတွေက ရေဓာတ်ခမ်းခြောက်ခြင်းကို ပိုဖြစ်စေပါတယ်။အေးမြတဲ့ရာသီနဲ့ လေတိုက်တဲ့ ရာသီတွေမှာနှုတ်ခမ်းခြောက်ခြင်း၊ ကွဲခြင်းတွေ ဖြစ်တတ်ပါတယ်။ သင့်နှုတ်ခမ်းတွေဟာ ခြောက်သွေ့ရုံသာမက နာကျင်လာပါလိမ့်မယ်။ တစ်ခါတလေမှာ အက်ကွဲပြီး သွေးထွက်လာတာတွေတောင် ဖြစ်နိုင်ပါသေးတယ်။နှုတ်ခမ်းလိမ်းဆေးအဆီတွေနဲ့ ရေများများသောက်ခြင်းက နှုတ်ခမ်း‌ခြောက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ နေပူထဲနဲ့ လေအရမ်းတိုက်တဲ့နေရာတွေမှာ ကြာကြာမနေပါနဲ့။ နေဒဏ်၊လေဒဏ်တွေကို ကာကွယ်ပါ။တကယ်လို့ သင့်လျှာပေါ်မှာ အဖြူရောင်အကွက်တွေဖြစ်နေပြီး ဖယ်ရှားဖို့ ကြိုးစားရင် နာကျင်နေခဲ့မယ်ဆိုရင်တော့ ဒါကမှက္ခရုပေါက်နေတာ ဖြစ်နိုင်ပါတယ်။ ဒီပြဿနာဟာCandida albicansလို့ခေါ်တဲ့ မှိုပိုးတစ်မျိုး ကြောင့်ဖြစ်ရတာပါ။သက်ကြီးပိုင်းတွေနဲ့ ကလေးငယ်လေးတွေမှာ အဖြစ်များပါတယ်။ ဒီရောဂါက ခုခံအားနည်းတဲ့ လက္ခဏာဖြစ်ပြီး ဆီးချိုရောဂါ သို့မဟုတ် စတီးရွိုက်လို ရှူသွင်းရတဲ့ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေလည်းဖြစ်နိုင်ပါတယ်။ခံတွင်းပြဿနာတွေဟာ များသောအားဖြင့် အန္တရာယ်ကြီးကြီးမားမား မပေးနိုင်ပါဘူး။ ဒီပြဿနာအများစုဟာ သူ့အလိုလိုပျောက်ကင်းသွားတာမျိုးတွေပါ။ အိမ်တွင်းကုသမှုနည်းလမ်းတွေကလည်း ဒီအခြေအနေတွေ မြန်မြန်ပျောက်ကင်းစေနိုင်ပါတယ်။ ဒါပေမယ့်လည်း ရက်ပိုင်းလောက်ကြာတာတောင် မသက်သာခဲ့ရင်၊ မှိုစွဲတာမျိုးနဲ့ သွားပြဿနာတွေပါ တွဲပြီး ရှိနေခဲ့ရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြဖို့ လိုပါတယ်။ရေးသားသူ- Wuthun Myat Chal။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/common-dental-problems/
Tourette Syndrome (အကြောလိုက်ခြင်း)
Tourette’s Syndrome သည် ထိမ်းချုပ်ရခက်သော မလိုလားအပ်သည့် လှုပ်ရှားမှုများ အသံများဖြစ်လာသည့် ရောဂါဖြစ်သည်။ ဥပမာ ထပ်ကာထပ်ကာ မျက်တောင်ခပ်ခြင်း၊ ပခုံးတွန့်ခြင်း၊ မပီမသအသံများထွက်ခြင်း၊ ဆဲရေးခြင်း။ကုသမှုခံယူခြင်းဖြင့် ထိန်းချုပ်နိုင်သော်လည်း ရောဂါလက္ခဏာများကြောင့် စိတ်အနှောင့်အယှက်မဖြစ်မချင်း လူနာများသည် ကုသမှုကို မလိုကြပါ။ယောကျာ်းလေးများတွင် မိန်းကလေးများထက်ပို အဖြစ်များသည်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။ ရောဂါဖြစ်ပွားမှု မြင့်မားစေသော အကြောင်းများကို ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ်နိုင်သည်။ ထပ်မံသိရှိလိုသည်များကို ဆရာဝန်နှင့် တိုင်ပင်ပါ။အဓိကအားဖြင့် အကြောလိုက်ခြင်းဖြစ်သည်။ အချို့လက္ခဏာများသည် မပြင်းထန်သောကြောင့် သိပင်မသိသာပါ။ အချို့မှာ မကြာခဏဖြစ်ပြီး သိသာသည်။ စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားခြင်း၊ နေမကောင်းခြင်း၊ ပင်ပန်းခြင်းတို့ဖြစ်လျှင် ပိုသိသာသည်။ ပိုပြင်းထန်သော လက္ခဏာများသည် အရှက်ရစေပြီး လူမှုဘဝနှင့် အလုပ်ကိုထိခိုက်စေသည်။ အကြောလိုက်ခြင်း နှစ်မျိုးရှိသည်။လှုပ်ရှားမှုနှင့်ပတ်သတ်သော။အသံနှင့်ပတ်သတ်သော။အကြောလိုက်ခြင်းသည် ရိုးရိုးနှင့် ရှုပ်ထွေးသောပုံစံ ဟူ၍ ရှိသည်။ ရိုးရိုးအကြောလိုက်ခြင်းသည် မျက်တောင်ခတ်ခြင်း၊ မျက်နှာရှုံ့ခြင်းတို့ကဲ့သို့ ခန္ဓါကိုယ်အစိတ်အပိုင်း အနည်းငယ်သာ ပါဝင်သည်။ရှုပ်ထွေးသောအကြောလိုက်ခြင်းသည် ခန္ဓါကိုယ်အစိတ်အပိုင်းအများအပြားနှင့် စကားပြောခြင်းတို့ ပါဝင်သည်။ ဥပမာ ခုန်ခြင်း၊ ဆဲရေးခြင်းတို့ ဖြစ်သည်။အထက်တွင်ဖေါ်ပြခဲ့သည်နှင့် မတူသော ရောဂါလက္ခဏာများလည်းရှိနိုင်သည်။ ရောဂါလက္ခဏာများနှင့်ပတ်သတ်၍ သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။သင့်ကလေးတွင် သူ့အလိုလိုဖြစ်နေသော လှုပ်ရှားမှုများ/အသံများ တွေ့လာရလျှင် ကလေးဆရာဝန်နှင့် ပြပါ။အကြောလိုက်ခြင်းအားလုံး Tourette’s Syndrome မဟုတ်ပါ။ ကလေးအများစုတွင် ဖြစ်သော အကြောလိုက်ခြင်းသည် ရက်သတ္တပတ်/လ အနည်းငယ်အတွင်း အလိုလိုပျောက်သွားတတ်သည်။ သို့သော် ကလေးတွင် မူမမှန်သော အမူအရာတွေ့ရတိုင်း အကြောင်းအရင်းကို ရှာဖွေ၍ ဆိုးရွားသော ကျန်းမာရေးပြဿနာမရှိကြောင်း သေချာအောင်လုပ်ရမည်။Tourette’s Syndrome ၏ တိကျသော အကြောင်းရင်းကို မသိရပါ။ မျိုးရိုးဗီဇ နှင့် ပတ်ဝန်းကျင်အခြေအနေတို့ ပေါင်းဆုံရာမှ ဖြစ်လာသော ရောဂါအခြေအနေ ဖြစ်သည်။ ဦးနှောက်ထဲရှိ အာရုံကြောသတင်းပို့မှုကို ပြုလုပ်သော ဓါတုပစ္စည်းများဖြစ်သည့် dopamine and serotonin တို့နှင့်ပတ်သတ်နိုင်သည်။ရောဂါဖြစ်ပွားမှုမြင့်တက်စေသည့် အကြောင်းများ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။Tourette’s Syndrome အတွက် သီးသန့်စစ်ဆေးမှုဟူ၍ မရှိပါ။ ရောဂါလက္ခဏာဖြစ်သည့်အပေါ် မူတည်၍ သိနိုင်သည်။ ရောဂါအမည်တပ်ရန် လိုအပ်သော အချက်အလက်များမှာ။Tourette’s Syndrome ၏ လက္ခဏာများသည် အခြားရောဂါများနှင့် တူနေသောကြောင့် ထိုရောဂါဖြစ်ကြောင်း မသိလိုက်ဘဲ ဖြစ်နေတတ်သည်။ မျက်တောင်ခတ်ခြင်းသည် အမြင်အာရုံဆိုင်ရာ ပြဿနာများနှင့် တွဲနိုင်ပြီး နှာရှုံ့ခြင်းသည် ဓါတ်မတည့်ခြင်းနှင့်တွဲနိုင်သည်။လှုပ်ရှားမှု/အသံတို့နှင့် ပတ်သတ်သော အကြောလိုက်ခြင်းသည် Tourette’s Syndrome မဟုတ်သည့် အခြားအကြောင်းများ ကြောင့်လည်းဖြစ်နိုင်သည်။ ထိုအကြောင်းများကို သိနိုင်ရန် ဆရာဝန်က သွေးစစ်ခြင်း၊ သံလိုက်ဓါတ်မှန်ရိုက်ခြင်းတို့ ပြုလုပ်နိုင်သည်။Tourette’s Syndrome အတွက် ပျောက်စေနိုင်သည့် ကုသမှု မရှိပါ။ နေ့စဉ်ဘဝကို ထိခိုက်စေမည့် အကြောလိုက်ခြင်းကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ကုသသည်။ အကြောလိုက်ခြင်းများသည် မပြင်းထန်သော်လည်း ကုသမှုလိုအပ်နိုင်သည်။အကြောလိုက်ခြင်းကို ထိန်းချုပ်နိုင်မည့် ဆေးဝါးများ။Dopamine ကို နည်းစေသည့် ဆေးများ။Fluphenazine, haloperidol (Haldol) and pimozide (Orap) တို့သည် အကြောလိုက်ခြင်းကို ထိန်းချုပ်နိုင်စေသည်။ ကိုယ်အလေးချိန်တက်ခြင်း၊ လှုပ်ရှားမှုဆိုင်ရာ ပြဿနာများစသည့် ဘေးထွက်ဆိုးကျိုးများဖြစ်နိုင်သည်။ ပြင်းထန်သော စိတ်ကျခြင်းဖြစ်စေတတ်သည့် . Tetrabenazine ကိုလည်း သုံးနိင်သည်။Botulinum (Botox) ထိုးခြင်း။အကြောလိုက်သော ကြွက်သားထဲသို့ တိုက်ရိုက်ထိုးခြင်းဖြင့် ရိုးရိုးအကြောလိုက်ခြင်းကို သက်သာစေသည်။ADHD အတွက်သုံးသော ဆေးများ။methylphenidate ကဲ့သို့လှုံ့ဆော်ဆေးများနှင့် ိ dextroamphetamine ပါသောဆေးများသည် အာရုံစူးစိုက်မှုကို ကူညီပေးသည်။ သို့သော် Tourette’s Syndrome ရောဂါသည်များတွင် အကြောလိုက်ခြင်းကို ပိုဆိုးစေသည်။ဗဟို adrenergic အာရုံကြောစနစ် ထိန်းချုပ်ဆေးများ။(Catapres) and guanfacine (Tenex) တို့ကဲ့သို့ သွေးပေါင်တက်ခြင်းအတွက် သုံးသောဆေးများသည် ထိန်းချုပ်ရခက်သောလှုပ်ရှားမှုများ၊ ဒေါသူပုန်ထခြင်း စသည့် အပြုအမူဆိုင်ရာ ပြဿနာများကို ထိန်းသိမ်းနိုင်စေသည်။ ဘေးထွက်ဆိုးကျိုးအနေနှင့် အိပ်ငိုက်စေတတ်သည်။စိတ်ကျရောဂါအတွက် ဆေးများ။ဝမ်းနည်းခြင်း၊ စိုးရိမ်သောကနှင့် စိတ်စွဲလမ်းလွန်ခြင်းတို့အတွက် သုံးနိုင်သည်။အတက်ရောဂါအတွက် ဆေးများ။လတ်တလောလေ့လာမှုများအရ Tourette syndrome သည် အတက်ရောဂါအတွက်သုံးသော topiramate (Topamax) ဆေးဖြင့်ကုသမှုကို တုန့်ပြန်မှုရှိသည် ဟုဆိုသည်။ကုထုံးများ။အကြောလိုက်ခြင်းသည် ဆယ်ကျော်သက်အရွယ်အစောပိုင်းတွင် အဆိုးဆုံးဖြစ်ပြီး အသက်ကြီးလာလျှင် သက်သာလာမည်ကို သိထားပါ။ေ။ရောဂါတူသူများနှင့် ဆက်သွယ်ပြီး နေထိုင်မှုနည်းလမ်းများ၊ အကူအညီများရယူပါ။ကျောင်းတက်ခြင်းသည် Tourette syndrome ရှိသည့်ကလေးများအတွက် အထူးစိန်ခေါ်မှုကြီး ဖြစ်သည်။ ကလေးကိုကူညီရန်။သိလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/brain-and-spine-disorders/tourette-syndrome-%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%9c%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
Short term memory တိုးတက်စေမယ့် နည်းလမ်းအချို့
ခုလေးတင်ပြောမလို့မေ့သွားပြန်ပြီ။ ဘာပြောနေတာလဲ ဆိုပြီးဖြစ်ဖူးလား။ လူတွေမှာ အလုပ်များလေလေ သတိမေ့လာလေလေပါ။ ငါမလည်း တစ်ချိန်လုံးကိုမေ့နေတာပဲလို့များဖြစ်နေပြီလား။ ဒါကကာလတိုမှတ်ဉာဏ်အားနည်းလာတာပါ။ ဒီပြဿနာကိုဖြေရှင်းနိုင်မယ့်နည်းလမ်းများမရှိဘူးလားလို့ စဉ်းစားနေတာလား။ အစားအသောက်တွေ နဲ့နေ့စဉ်နေထိုင်မှုပုံစံကိုပြောင်းလဲလိုက်ရုံနဲ့ ဒီပြဿနာကိုဖြေရှင်းနိုင်ပါတယ်နော်။ကာလတိုမှတ်ဉာဏ်ဆိုတာက ရုတ်တရက်ဖြစ်ပျက်တဲ့အရာတွေကို အချိန်တိုအတွင်းမှတ်ထားပေးတဲ့မှတ်ဉာဏ်ပါ။ သတင်းအချက်အလက်တွေကို ယာယီသိမ်းဆည်းပေးထားတာပါ။ များသောအားဖြင့် ၁၅ စက္ကန့်ကနေ စက္ကန့် ၃၀လောက်ပဲမှတ်ထားပေးတာပါ။ ရုတ်တရက်ဖုန်းနံပါတ်တွေကို ချမရေးနိုင်ခင်မှာဖြစ်ဖြစ်၊ အရေးကြီးအချက်အလက်တွေကို ချမရေးနိုင်ခင်မှာဖြစ်ဖြစ် မှတ်ထားပေးတာပါ။ ယာယီ သိမ်းဆည်းပေးထားတဲ့သဘောပေါ့။ကာလတိုမှတ်ဉာဏ် အားနည်းလာတာကနေ့စဉ်ဘဝမှာ တော်တော်လေး အနှောင့်အယှက်ဖြစ်တဲ့ ကိစ္စပါ။ ကာလတိုမှတ်ဉာဏ်တိုးတက်စေဖို့ အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေက –။ချောကလက်စားပေးပါ။ချောကလက် စားသုံးပြီး ၂ နာရီ ကနေ ၃ နာရီအတွင်းမှာ ဦးနှောက်ထဲမှာသွေးစီးဆင်းမှုကောင်းမွန်စေနိုင်သလို ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို ပုံမှန်ထက် ၃၀ ရာခိုင်နှုန်းပိုကောင်းမွန်စေနိုင်ပါတယ်။ အနက်ရောင်ချောကလက် ကဦးနှောက်ကျန်းမာရေးအတွက်တော်တော်လေးအထောကအကူဖြစ်စေတာပါ။ချင်း (ဂျင်း) စားပေးပါ။ဦးနှောက်နဲ့မှတ်ဉာဏ်ကျန်းမာစေဖို့အတွက် အကောင်းဆုံးအထောက်အကူပြုပေးနိုင်တဲ့ အစားအစာတစ်ခုပေါ့။ မှတ်ဉာဏ်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို တိုးစေနိုင်ပါတယ်။ အာရုံစိုက်နိုင်စွမ်းတိုးစေနိုင်ပါတယ်။ကဖင်းသောက်ပေးပါ။ကဖင်းဓါတ်က ကာလတိုမှတ်ဉာဏ်အတွက်ရော ကာလရှည်မှတ်ဉာဏ်အတွက်ပါ အထောက်အကူပြုပေးပါတယ်။ ဒါကြောင့် ကာလတိုမှတ်ဉာဏ်ကောင်းစေချင်ရင် ကဖင်းပါတဲ့သောက်စရာတွေကိုသောက်သုံးပေးပါ။အချိုလျှော့စားပါ။သကြားတွေ အစားများတာက မှတ်ဉာဏ်ကိုထိခိုက်စေနိုင်သလို နာတာရှည်ရောဂါတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်မှတ်ဉာဏ်မထိခိုက်စေချင်ဘူးဆိုရင်တော့ အချိုတွေလျှော့စားပေးပါ။ သကြားအစားများတာက ဦးနှောက်ကို ကျုံ့စေနိုင်ပါတယ်။ငါးကြီးဆီစားပေးပါ။ငါးကြီးဆီကလည်း မှတ်ဉာဏ်ကိုတိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ငါးကြီးဆီကနှလုံးရောဂြါဖစ်နိုင်ခြေကိုနည်းစေနိုင်သလို စိတ်ဖိစီးမှုနဲ့ စိတ်ပူပန်မှုတွေကိုလျော့ကျစေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ် ငါးကြီးဆီစားသုံးပေးပြီး ကာလတိုမှတ်ဉာဏ်ကို ထိန်းသိမ်းပေးပါ။ရယ်မောပျော်ရွှင်နေသူတွေက ကာလတိုမှတ်ဉာဏ်ကောင်းမွန်တယ်၊လို့လေ့လာသုတေသနချက်တွေအရတွေအရ သိရပါတယ်။ ရယ်ရတဲ့ ဗီဒီယိုတွေကို ကြည့်ပြီး မိနစ် ၂၀ အတွင်းမှာ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ကောတီစောဟော်မုန်းတွေ ကျဆင်းသွားပြီး မှတ်မိနိုင်စွမ်းတိုးလာတာကိုတွေ့ရပါတယ်။ ဒါကြောင့်နေ့စဉ်အလုပ်တွေထဲမျာ လုံးပန်းနေရရင်တောင် ရယ်မောစရာလေးတွေတွေ့တဲ့အခါ ရယ်မောပေးဖို့ မမေ့ပါနဲ့။တရားထိုင်ပါ။နေ့စဉ် ၁၅ မိနစ် လောက် တရားမှတ်ပေးပါ။ စိတ်တည်ငြိမ်ပြီး အာရုံစူးစိုက်မှုကောင်းလာမှာဖြစ်သလို မှတ်မိနိုင်စွမ်းလည်းတိုးလာပါလိမ့်မယ်။ တရားပုံမှန်ထိုင်သူတွေက အခြားသူတွေထက် ကာလတိုမှတ်ဉာဏ်ရော မှတ်မိနိုင်စွမ်းပါ ပိုကောင်းတတ်ကြပါတယ်။ကဲ ဒီနည်းလမ်းလေးတွေကို စမ်းသပ်လုပ်ဆောင်ပြီး ကာလတိုမှတ်ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်အောင် ကိုယ့်ကိုကိုယ်ပျိုးထောင်လိုက်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/short-term-memory-%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%80%e1%80%ba%e1%80%85%e1%80%b1%e1%80%99%e1%80%9a%e1%80%b7%e1%80%ba-%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%9c%e1%80%99%e1%80%ba/
Optic Neuritis (မျက်စိအမြင်အာရုံကြောရောင်ခြင်း)
မျက်စိအမြင်အာရုံကြောရောင်ခြင်းသည် အမြင်အာရုံကို ဦးနှောက်မှ သိရှိစေရန် မျက်စိမှ ဦးနှောက်သို့ ပို့ပေးသော မျက်စိတွင်းရှိ အာရုံကြော အစုအေ၀ ရောင်ရမ်းခြင်းဖြစ်သည်။ထိုသို့ဖြစ်လျှင် အတွေ့များသော လက္ခဏာများမှာ မျက်လုံးနာခြင်းနှင့် မျက်စိတဖက် မမြင်တော့ခြင်း (ယာယီ)တို့ဖြစ်သည်။မျက်စိအမြင်အာရုံကြောရောင်ခြင်းသည် အလွန်အဖြစ်များပါသည်။ အမျိုးသမီးများနှင့် အမျိုးသားများတွင် ဖြစ်နိုင်ချေမှာ ၃ : ၁ ဖြစ်ပြီး အသက် ၁၄ နှစ် မှ ၄၅ နှစ်ကြား အမျိုးသမီးများတွင် ပိုဖြစ်ပါသည်။ လူငယ်များတွင်လည်းဖြစ်နိုင်ပါသည်။သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။တွေ့ရများသော ရောဂါလက္ခဏာမှာ မျက်လုံးလှုပ်လိုက်လျှင် နာကျင်ခြင်းဖြစ်သည်။ ယင်းသည် မျက်စိတဖက်တည်းတွင် ဖြစ်တတ်ပြီး ရုတ်တရက် အစပျိုးတတ်သောရောဂါဖြစ်သည်။ ရောဂါစဖြစ်ပြီး ရက်အနည်းငယ် မှ ၂ ပတ်အတွင်းရောဂါ လက္ခဏာများ ပိုဆိုးလာတတ်ပါသည်။ရောဂါလက္ခဏာများမှာ-။မျက်စိအာရုံကြောရောင်သော လူနာအများစုသည် မျက်လုံးလှုပ်လိုက်လျှင် နာကျင်ခြင်းကို ခံစားရပြီး မျက်လုံးအိမ်နောက်ဖက်မှ ကိုက်ခဲသော နာကျင်မှုပုံစံမျိုးဖြစ်သည်။ယင်းဖြစ်စဉ်သည် များသောအားဖြင့် ယာယီ မမြင်ခြင်းမျိုးဖြစ်ပြီး နာရီအနည်းငယ်မှ ရက်အနည်းငယ်ကြာမြင့်နိုင်သည်။ ထို့နောက် ရက်သတ္တပတ်နှင့် လ အတန်ကြာလျှင် ပြန်မြင်ရပါသည်။ သို့သော် အနည်းစုတွင်မူ တသက်လုံး မျက်စိကွယ်သွားတတ်ပါသည်။ယင်းသည် ဘေးဖက်မြင်ကွင်းကို မမြင်ရခြင်းဖြစ်သည်။မျက်စိအာရုံကြောများရောင်ရမ်းလျှင် ပုံမှန်အားဖြင့် မြင်ရသော အရောင်မျိုးစုံကို မကွဲပြားတော့ခြင်းဖြစ်နိုင်သည်။မျက်စိအာရုံကြောများရောင်ရမ်းလျှင် မျက်လုံးလှုပ်ရှားမှုနှင့် အတူ မျက်လုံးထဲတွင် အရောင်များ တဖျတ်ဖျတ်လက်နေခြင်းများခံစားရပါသည်။အခြားသော လက္ခဏာများမှာ မျက်လုံးအမြင်အာရုံဆုံးရှုံးပြီးနောက် မျက်လုံးထဲရှိ အမြင်အာရုံခံကိရိယာတွင် အရောင်များပြောင်းလဲခြင်းတို့ဖြစ်ပြီး ယင်းဖြစ်စဉ်သည် ၄ ပတ်မှ ၆ ပတ်အထိကြာမြင့်နိုင်ပါသည်။(အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)။မျက်လုံးနှင့်ဆိုင်သော ရောဂါများသည် မျက်စိအမြင်အာရုံချို့ယွင်းခြင်းနှင့် အခြားသော ဆိုးရွားသည့်ကျန်းမာရေးပြသနာများဖြစ်လာနိုင်ပါသည်။ အောက်ပါတို့ဖြစ်လာပါက ဆရာဝန်နှင့် ချက်ချင်းဆက်သွယ်ပါ။မျက်စိနာကျင်ခြင်း၊ အမြင်အာရုံများ ပြောင်းလဲလာခြင်း စသည့် ရောဂါ လက္ခဏာအသစ်များခံစားရလျှင်။ခြေများ၊ လက်များ ထုံကျင်ခြင်း၊ အားနည်ခြင်း တို့သည် အာရုံကြောအားနည်းခြင်း၏ လက္ခဏာများ ဖြစ်ပါသည်။လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။အောက်ပါရောဂါများသည် ကိုယ်ခံအားစနစ်မူမမှန်ခြင်းကြောင့်ဖြစ်ပြီး မျက်စိအမြင်အာရုံကြောရောင်ခြင်းနှင့် ဆက်စပ်မှုရှိပါသည်။ယင်းရောဂါသည် ဦးနှောက်နှင့် အာရုံကြောမကြီးရှိ အာရုံကြောများကို ဖုံးထားသည့်အလွှာပျက်စီးသည့်ရောဂါဖြစ်ပြီါ် ထိုသို့ဖြစ်ခြင်းသည် ကိုယ်ခံအားစနစ်မူမမှန်ခြင်းကြောင့်ဖြစ်သည်။ ထိုရောဂါခံစားရပြီး မျက်စိအမြင်အာရုံကြောများရောင်နိုင်ချေသည် ၅၀% ရှိသည်။ယင်းရောဂါသည် ဦးနှောက်နှင့် အာရုံကြောမကြီးရှိ အာရုံကြောများကို ဖုံးထားသည့်အလွှာပျက်စီးသည့်ရောဂါနှင့် ဆင်တူသော်လည်း ယင်းရောဂါ၏ အားသာချက်မှာ ဦးနှောက်ရှိ အာရုံကြောများကို ထိခိုက်ပျက်စီးစေခြင်း မရှိပါ။မျက်စိအမြင်အာရုံကြောရောင်ခြင်းကို ဖြစ်စေ သော အခြား အခြေအနေများမှာ-။ဘက်တီးရီးယားကြောင့်ဖြစ်သော လိုင်းမ်ရောဂါ၊ ကြောင်ကုတ်ခြင်းကြောင့်ဖြစ်သောရောဂါနှင့် ကာလသားရောဂါများ၊ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဝက်သက်၊ မော်နာ နှင့် ရေယုန်ရောဂါ တို့သည် မျက်စိအမြင်အာရုံကြောရောင်ခြင်းကို ဖြစ်စေသည်။Sarcoid နှင့် Lupus ရောဂါများသည် မျက်စိအမြင်အာရုံကြောရောင်ခြင်းကို ဖြစ်စေသည်။ကွီနိုင် ဌက်ဖျားဆေး နှင့် အခြားသော ပိုးသတ်ဆေးအချို့သည် မျက်စိအမြင်အာရုံကြောရောင်ခြင်းဖြစ်စေသည်။မျက်စိအမြင်အာရုံကြောရောင်ခြင်း၏နောက်ဆက်တွဲဆိုးကျိုးများမှာ-။အများစု သည် မျက်စိအမြင်အာရုံကြောရောင်ပြီး နောက်တွင် မျက်စိအမြင်အာရုံကြောများပျက်စီးသွားတတ်သော်လည်း သိသာသောလက္ခဏာများ မပြပါ။အများစုသည် မျက်စိအမြင်အာရုံကြောရောင်ပြီး လအတန်ကြာတွင် ပုံမှန်အမြင်အာရုံကို ပြန်ရရှိသော်လည်း အရောင်များကို ခွဲခြားနိုင်စွမ်းမရှိတော့ချေ။ အချို့သည် တသက်လုံးမမြင်ရတော့သည်များလည်းရှိသည်။မျက်စိအမြင်အာရုံကြောရောင်ခြင်းကို ကုသသော စတီးရွိုက်ဆေးများသည် ကိုယ်ခံအားစနစ်ကို ကျဆင်းစေသောကြောင့် ရောဂါဝင်လွယ်ခြင်း၊ စိတ်မူမမှန်ခြင်း၊ ကိုယ်အလေးချိန်တိုးခြင်းများဖြစ်နိုင်ပါသည်။ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။မျက်စိအမြင်အာရုံကြောရောင်ခြင်းကို ပုံမှန်အားဖြင့် ဖြစ်သော နှင့် ပုံမှန်မဟုတ်သော အမျိုးအစားဟူ၍သတ်မှတ်ကာ အောက်ပါအတိုင်း အဆင့်များ ခွဲထားပါသည်။မျက်စိဆရာဝန်က သင့်မျက်လုံး၏ မြင်နိုင်စွမ်းအား၊ ဘေးဖက်မြင်ကွင်းများနှင့် အရောင်များကို ခွဲခြားနိုင်စွမ်းအားများကို စစ်ဆေးပါမည်။မျက်လုံးကို စစ်ဆေးနေစဉ်တွင် အလင်းရောင်ပါသော မှန်ဘီလူးဖြင့် မျက်လုံး၏အနောက်ဖက်တွင်ရှိသော အရာများကို ကြည့်ရှုစစ်ဆေးပါသည်။ထိုသို့စစ်ဆေးခြင်းဖြင့် မျက်စိအမြင်အာရုံကြောများကို အမြင်လွှာပေါ်သို့ပို့ပေးသော ချပ်ပြားတွင် မူမမှန်မှုများကို တွေ့ရှိနိုင်ပါသည်။ မျက်စိအမြင်အာရုံကြောရောင်သူများ၏ ၃ ပုံ ၁ ပုံသည် ထိုချပ်ပြားရောင်ရမ်းနေတတ်သည်။မျက်စိဆရာဝန်က အလင်းရောင်ကို အသုံးပြုပြီးသူငယ်အိမ်ထဲသို့ လှုံ့ဆော်မှုပေးခြင်းဖြင့် သူငယ်အိမ်၏ တုန့်ပြန်မှုကို သိနိုင်ပါသည်။မျက်စိအမြင်အာရုံကြောရောင်ခြင်းသည် သူငယ်အိမ်ကို ထိခိုက်ပါက သူငယ်အိမ်၏ တုန့်ပြန်မှုမူမမှန်ဖြစ်ကြောင်းတွေ့ရမည်ဖြစ်သည်။သံလိုက်စက်ကွင်းများ နှင့် ရေဒီယိုအသံလှိုင်းများ သုံးကာ သင့်ခန္ဓာကိုယ်ထဲရှိ ပုံရိပ်များကို ဖမ်းယူခြင်းဖြစ်သည်။ မျက်စိအမြင်အာရုံကြောများကို ကြည့်ရာတွင် ယင်းတို့ကို ပြတ်သားစွာမြင်ရစေရန် ဆေးရည်တမျိုးကို ထိုးပြီး ရိုက်ရပါသည်။သွေးစစ်ခြင်းဖြင့် အမြင်အာရုံကြောနှင့် ပင်မကြောရိုးမရောင်ခြင်းတွင် တွေ့ရသော ဓါတ်တမျိုးကို သွေးထဲတွင် ရှာဖွေနိုင်ပါသည်။ပြင်းထန်သောမျက်စိအမြင်အာရုံကြောရောင်းများတွင် အဆိုပါရောဂါဖြစ်နိုင်ချေရှိမရှိစမ်းသပ် စစ်ဆေးခြင်းပင်ဖြစ်သည်။ယင်းသည် အမြင်လွှာတွင်ရှိသော အာရုံကြောများ၏ ထုကို တိုင်းတာခြင်းဖြစ်ပြီး မျက်စိအမြင်အာရုံကြောရောင်သူများတွင် ထိုထုသည် ပုံမှန်ထက်ပါးလွှာနေကြောင်း တွေ့ရသည်။ယင်းစစ်ဆေးမှုကို ပြုလုပ်နေစဉ်တွင် သင်သည် မျက်နှာပြင်တခုရှေ့တွင် ထိုင်ရမည်ဖြစ်ပြီး သင့်ခေါင်းတွင် ဝိုင်ယာကြိုးများနှင့် အမြင်အာရုံကို ဦးနှောက်မှ တုန့်ပြန်မှုကို ဖမ်းယူနိုင်သောအပြားငယ်လေးများ တပ်ဆင်ထားမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် မျက်စိအမြင်အာရုံကြောရောင်သူများတွင် အမြင်အာရုံကို ဦးနှောက်မှ တုန့်ပြန်မှု နှေးကြောင်းသိရှိနိုင်သည်။မျက်စိအမြင်အာရုံကြောရောင်ခြင်းသည် ဖြစ်သော အမျိုးအစားအပေါ်မူတည်ပြီး ကုသနိုင်သောဆေးများရှိပါသည်။မျက်လုံးအိမ်အနောက်ဖက်တွင်ဖြစ်သော အာရုံကြောရောင်ရမ်းမှုများကို စတီးရွိုက်အရောင်ကျဆေးများဖြင့် ကုသနိုင်သည်။သုံးပုံ တစ်ပုံ သည် မျက်လုံးအိမ်အရှေ့ဖက်တွင်ဖြစ်သော အာရုံကြောရောင်ရမ်းမှုများဖြစ်ပြီး : Interferons, Glatiramer , Mitoxantrone တို့ဖြင့်ကုသခြင်းဖြင့် ပင်မအာရုံကြောများပျက်စီးနိုင်ချေကို လျှော့ချနိုင်ပါသည်။နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့်မျက်စိအမြင်အာရုံကြောရောင်သူများအတွက်။ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-diseases/optic-neuritis-%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%85%e1%80%ad%e1%80%a1%e1%80%bb%e1%80%99%e1%80%84%e1%80%b9%e1%80%a1%e1%80%ac%e1%80%9b%e1%80%b6%e1%80%af%e1%80%b1%e1%82%80%e1%80%80%e1%80%ac/
နားထဲ ရေဝင်တာကြောင့် ထိခိုက်မှု ကင်းစေဖို့
ရေကူးရင်းဖြစ်ဖြစ်၊ ခေါင်းလျှော်ရင်းဖြစ်ဖြစ်၊ ရေကစားရင်းဖြစ်ဖြစ် အခန့်မသင့်တဲ့အခါနားထဲကို ရေဝင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို နားထဲ ရေဝင်တာက နားပြည်ယိုတာ အပါအဝင်နားနာတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ဒီတစ်ခေါက်တော့ နားထဲ ရေဝင်တာကြောင့် ထိခိုက်မှု ကင်းစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။နားထဲ ရေဝင်တာက ပြဿနာ ကြီးကြီးမားမား မဟုတ်ဘူးလို့ ထင်စရာရှိပေမယ့် နားထဲရေဝင်တာက အချိန်ကြာမြင့်လာတဲ့အခါ နားအတွင်းပိုင်းထဲက ပြွန်လေးတွေရောင်ရမ်းပြီး။ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း နားထဲ ရေဝင်တာကြောင့် ထိခိုက်မှုကင်းစေဖို့ အခုလို ကာကွယ်လို့ ရပါတယ်။ရေကူးပြီးရင်ဖြစ်ဖြစ်၊ခေါင်းလျှော် ရေချိုးပြီးရင် ဖြစ်ဖြစ် နားကို အတွင်းပိုင်းထဲအထိ သေချာလေး ခြောက်သွေ့အောင် ထားပေးပါ။ ဒါပေမယ့် နားထဲကကို နားကျပ်တံနဲ့ ထိုးတာကိုတော့ မလုပ်သင့်ပါဘူး။ တော်ရုံရေပမာဏက ခဏနေရင် အလိုလိုခြောက်သွားပါတယ်။တကယ်လို့ နားထဲကို ရေဝင်ထားမယ်ဆိုရင်လည်း ခေါင်းကို စောင်းချပြီး ရေထွက်အောင် လုပ်ပါ။ နောက်ထပ် လုပ်လို့ ရတဲ့ နည်းလမ်း တစ်ခုက dryer ကို အပူချိန် သိပ်မပြင်းတဲ့ အနေအထားမှာ ထားပြီး နားထဲကို လေမှုတ်လို့ အခြောက်ခံပါ။ နားကို သန့်ရှင်းပြီး ခြောက်သွေ့နေအောင် ထားပေးပါ။ဒီလို လုပ်ပေးမှ နားရေဝင်တာကြောင့် ပိုးဝင်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် နားကို အတွင်းပိုင်းထဲမှာ သန့်ရှင်းခြောက်သွေ့နေအောင် ထားပေးပါ။နားဖာချေးတွေက နားထဲကို ပိုးမဝင်အောင် ကာကွယ်ပေးတယ်ဆိုပေမယ့် နားဖာချေးတွေ အရမ်းများလွန်းရင် မကောင်းသလို အရမ်းနည်းလွန်းရင်လည်း မကောင်းပါဘူး။ နားထဲမှာ နားဖာချေးတွေ ဖယ်ရှားထားတာက ရေဝပ်နိုင်ခြေ နည်းစေပြီး နားထိခိုက်မှု နည်းစေမှာပါ။ဒါကြောင့် နည်းမှန်လမ်းမှန်နဲ့ နားဖာချေးတွေကို ဖယ်ရှားတာကလည်း နားထဲရေဝင်တာကြောင့်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေမဖြစ်အောင် ကာကွယ်ရာရောက်ပါတယ်။ နားထဲမှာ နားဖာချေးနဲ့ ရေပေါင်းမိတာက နားပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။ နားအတွင်းထဲကို နားကျပ်တံနဲ့ အတင်းထိုးတာကို ရှောင်ပြီး အပေါက်ဝလေးတင် အဝတ်စသန့်သန့်နဲ့ သန့်စင်ပေးပါ။နားထဲ ရေဝင်တာကြောင့် ထိခိုက်မှု ကင်းစေဖို့ ဆိုရင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေထဲက အကောင်းဆုံး နည်းလမ်းတစ်ရပ်က နားထဲကို ရေမဝင်အောင် ကာကွယ်တာပါပဲ။ရေကူးတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ရေကစားတာ၊ ခေါင်းလျှော်တာတွေ လုပ်တော့မယ်ဆိုရင် နားကို ရေမဝင်အောင် ဆို့လို့ ရတဲ့ အဆို့လေး တပ်ပေးပါ။ အဆို့လေး မရှိဘူးဆိုရင်ဂွမ်းလုံးလေးနဲ့ ဖြစ်ဖြစ် ဆို့ထားပါ။နားနဲ့ သေချာတော်တာမျိုး ဖြစ်ဖို့တော့ သေချာလေး ဂရုစိုက်စေချင်ပါတယ်။နားထဲ ရေဝင်တာကြောင့် ထိခိုက်မှုကင်းစေဖို့ ဒီနည်းလမ်းလေးတွေကို အသုံးပြုပေးလို့ ရပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/ways-to-prevent-complications-of-swimmers-ears/
Vasovagal syncope (ရုတ်တရက်မူးလဲခြင်း)
ရုတ်တရက်မူးလဲခြင်း ဆိုတာဟာ အမှတ်မထင်မူးမိုက်လဲကျသွားတာကိုဆိုလိုပြီး သင့်ခန္ဓါကိုယ်က အာရုံအချို့ကို အလွန်အမင်းတုန့်ပြန်သောကြောင့် ဖြစ်ပွားတတ်ပါတယ်။ ဥပမာ – သွေးမြင်ခြင်း၊ ပြင်းထန်သောစိတ်ဖိစီးမှုနှင့် ကြုံတွေ့ရခြင်း။ အဆိုပါဖြစ်စဉ်ကို တနည်းအားဖြင့် neurocardiogenic syncope လို့လည်းခေါ်ပါတယ်။ရုတ်တရက်မူးလဲခြင်း ကိုဖြစ်ပွားစေတဲ့ အကြောင်းအရင်းများဟာ သင့်နှလုံးခုန်နှုန်းနဲ့သွေးပေါင်ချိန်ကို ရုတ်တရက်ကျဆင်းစေတတ်ပါတယ်။ ဒါဟာ သင့်ဦးနှောက်ကို သွေးရောက်ရှိမှု ကျဆင်းသွားလို့ဖြစ်ပြီး သင့်ကို ခေတ္တမျှသတိလစ်သွားစေတာဖြစ်ပါတယ်။ ရုတ်တရက်မူးလဲခြင်းဟာ များသောအားဖြင့် အန္တရာယ်မဖြစ်တတ် ပါဘူး။ ဒါပေမယ့် သင်ဟာ မူးပြီးလဲကျသွားတဲ့အခိုက်မှာတော့ ထိခိုက်ဒဏ်ရာရရှိနိုင်ပါတယ်။ သင့်ဆရာဝန်က မူးမိုက်လဲကျတာကိုဖြစ်စေတတ်တဲ့ ပိုမိုဆိုးရွားတဲ့အကြောင်းအရင်းမရှိဖူးဆိုတာကို သေချာအောင်စစ်ဆေးဖို့ အကြံပြုပါလိမ့်မယ်။ဥပမာ – နှလုံးပိုင်းဆိုင်ရာပြဿနာများ။ရုတ်တရက်မူးလဲခြင်း ဟာ အလွန်တွေ့ရများပါတယ်။ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။တွေ့ရများတဲ့ လက္ခဏာတွေကတော့။မူးလဲကျသူရဲ့ အနီးအနားမှာရှိသူဟာ အောက်ပါတို့ကို သတိထားမိနိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။မူးမိုက်လဲကျရတဲ့ အကြောင်းအရင်း များစွာရှိပါတယ်။သင်ဟာ ဝမ်းလျှောခြင်း(သို့) အော့အန်ခြင်း၊ အအေးမိတုပ်ကွေး စသည်တို့ ခံစားနေရမယ်ဆိုရင် ယခုလို လက္ခဏာတွေဖြစ်ပေါ်ဖို့ ပိုမိုနီးစပ်တာကြောင့် ဂရုစိုက်သင့်ပါတယ်။အထူးသဖြင့် သင်ဟာနေမကောင်းဖူးဆိုရင် သင့်မှာ ရေဓါတ်ပြည့်ဝနေအောင် လုံလောက်တဲ့အရည်ပမာဏကို သောက်သုံးပေးဖို့ အရေးကြီးပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရုတ်တရက်မူးလဲခြင်း (vasovagal syncope) ကို အတည်ပြုတဲ့နေရာမှာ မူးလဲကျခြင်းကို ဖြစ်စေတတ်တဲ့ အခြားသော အကြောင်းအရင်းများကို ပယ်ထုတ်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် နှလုံးပိုင်းဆိုင်ရာ ပြဿနာများ။ပါဝင်နိုင်တဲ့ စမ်းသပ်မှုတွေကတော့။လှုပ်ရှားမှုတစ်ခု အပြီးမှာရှိတဲ့ နှလုံးခုန်စည်းချက်ကို စစ်ဆေးတာဖြစ်ပါတယ်။ များသောအားဖြင့် သင့်ကို လမ်းလျှောက်စက်ပေါ်မှာ လမ်းလျှောက်(သို့)ရွရွပြေးစေပြီး စမ်းသပ်တာဖြစ်ပါတယ်။သွေးစစ်ဆေးမှုမျာ။မူးလဲကျခြင်းကိုဖြစ်စေတတ်တဲ့ သွေးအားနည်းခြင်းရှိမရှိကို စစ်ဆေးတာဖြစ်ပါတယ်။ရောဂါသတ်မှတ်ခြင်း။သင့်မှာ မူးလဲကျခြင်းကိုဖြစ်စေတတ်တဲ့ နှလုံးရောဂါအခံမရှိဖူးဆိုရင်တော့ သင့်ဆရာဝန်က ခန္ဓါကိုယ်စုံလည်လှည့်စစ်ဆေးမှု (Tilt table test) ကို ပြုလုပ်နိုင်ပါတယ်။သင်ဟာ စားပွဲကဲ့သို့ အရာပေါ်မှာ လဲလျောင်းရမှာဖြစ်ပါတယ်။ အဆိုပါစားပွဲဟာ သင့်ခန္ဓါကိုယ်ကို (လှဲအိပ်ရာမှ မတ်တပ်ရပ်အနေအထားသို့) ရှုထောင့်မျိုးစုံပြောင်းပေးမှာဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်က ခန္ဓါကိုယ်အနေအထားပြောင်းလဲမှုတိုင်းမှာ သက်ရောက်တဲ့ သင့်ရဲ့ နှလုံးခုန်စည်းချက်၊ သွေးပေါင်ချိန် စသည်တို့ကို တိုင်းတာသွားမှာဖြစ်ပါတယ်။များသောအားဖြင့် ရုတ်တရက်မူးလဲတတ်သူတွေဟာ ဆေးကုသမှုခံယူဖို့ မလိုအပ်ပါဘူး။ သင့်ဆရာဝန်က သင်မူးလဲရတဲ့အကြောင်းအရင်းကို ရှာဖွေပေးမှာဖြစ်ပြီး သင့်အနေနဲ့ ထိုအရာတွေကို ရှောင်ရှားဖို့နည်းလမ်းတွေကို ဆွေးနွေးပေးမှာဖြစ်ပါတယ်။သို့သော်လည်း ရုတ်တရက်မူးလဲတတ်ခြင်းဟာ သင့်ဘဝကိုယ်ရည်ကိုယ်သွေးကို ထိခိုက်လောက်အောင် ဖြစ်နေပြီဆိုရင်တော့ သင့်ဆရာဝန်က အောက်ပါဆေးကုသမှုတစ်ခုခုကို ခံယူဖို့ အကြံပြုလာနိုင်ပါတယ်။ဆေးကုသမှု။Fludrocortisone acetate လို့ ခေါ်တဲ့ သွေးပေါင်(အလွန်)ကျသူတွေမှာပေးတတ်တဲ့ ဆေးဟာ ရုတ်တရက်မူးလဲတတ်တဲ့ အခြေအနေကို ကြိုတင်ကာကွယ်ဖို့ အသုံးပြုနိုင်ပါတယ်။ Selective serotonin inhibitors (SSRI) အုပ်စုဝင် ဆေးများကိုလည်း အသုံးပြုနိုင်ပါတယ်။ကုသနည်းများ။သင့်ခြေထောက်ပိုင်းမှာပဲ သွေးတွေစုပုံမနေအောင် ပြုလုပ်ဖို့ သင့်ဆရာဝန်က အကြံပြုပါလိမ့်မယ်။ ခြေထောက်လေ့ကျင့်ခန်းတွေ၊ အသားကပ်ဘောင်းဘီဝတ်ဆင်တာတွေ (သို့) မတ်တပ်ရပ်နေစဉ် ခြေထောက်ကြွက်သားတွေကို တင်းပေးတဲ့အလေ့အကျင့်တွေ ပါဝင်ပါလိမ့်မယ်။ သင့်မှာ သွေးတိုးတတ်တဲ့ အလေ့အထမရှိဖူးဆိုရင်။သင်စားတဲ့ အစားအစာထဲမှာ အိမ်သုံးဆားပိုမိုထည့်ပေးဖို့ လိုအပ်နိုင်ပါတယ်။ အချိန်အကြာကြီး မတ်တပ်ရပ်တာမျိုးကို ရှောင်ကြဉ်ရပါမယ်။ အထူးသဖြင့် ပူအိုက်ပြီး လူထူထပ်တဲ့ နေရာမျိုးတွေမှာပါ။ ပြီးတော့ ရေများများသောက်ဖို့လည်း လိုအပ်ပါတယ်။အခြားသောကုသမှုတွေက ရုတ်တရက်မူးလဲတတ်တဲ့အခြေအနေကို မသက်သာစေဖူးဆိုရင်တော့ (အလွန်ရှားရှားပါးပါးအနေနဲ့ ) နှလုံးစက်(electrical pacemaker) ထည့်ခြင်းဖြင့် နှလုံးခုန်နှုန်းကို ထိန်းညှိပေးနိုင်ပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။အောက်ပါ လူနေမှုပုံစံတွေနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းများက ရုတ်တရက်မူးလဲတတ်ခြင်းကို ကုသရာမှာ ကူညီပါလိမ့်မယ်။သင်ဟာ အမြဲတမ်းတော့ ရုတ်တရက်မူးလဲတာကို ရှောင်ရှားနိုင်မှာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် မူးလဲကျတော့မယ်လို့ ထင်တဲ့အခါ ခန္ဓါကိုယ်ကို လှဲချလိုက်ပြီး ခြေထောက်တွေကို အပေါ်ကို မြှောက်ထားပေးပါ။ဦးနှောက်ကို သွေးစီးဆင်းမှု ပြန်လည်ကောင်းမွန်စေပါလိမ့်မယ်။ သင်ဟာ လှဲအိပ်ဖို့ အဆင်မပြေဖူးဆိုရင် စောင့်ကြောင့်ထိုင်ချပြီး သင့်ဦးခေါင်းကို ဒူးနှစ်ဖက်ကြားမှာထားကာ သင်သက်သာလာသည်အထိ နေရမှာဖြစ်ပ။ါတယ။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ် ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/vasovagal-syncope-%e1%80%9b%e1%80%af%e1%80%90%e1%80%b9%e1%80%90%e1%80%9b%e1%80%80%e1%80%b9%e1%80%99%e1%80%b0%e1%80%b8%e1%80%9c%e1%80%b2%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
မေးစေ့မှာ ဝက်ခြံပေါက် ရတဲ့အကြောင်းရင်း
မေးစေ့မှာ ဝက်ခြံပေါက် ရင် အလှပျက်ရတဲ့အပြင် ပိုပြီးနာကျင်ရပါတယ်။ မေးဖျားလျှာခေါက် ဝက်ခြံပေါက်ရင် အန္တရာယ်ရှိတယ်လို့လည်း ရှေးလူကြီးတွေက ပြောထားတော့ ကြောက်ရပြန်ရော။ အမှန်တော့ ဝက်ခြံဟာ ဘယ်နေရာမှာပေါက်ပေါက် အတူတူပါပဲ။ ဂရုစိုက်ကုသမှုမရှိဘဲ ပိုးဝင်ရင် အရေပြားမှာ နောက်ဆက်တွဲပြဿနာတွေရှိလာနိုင်ပါတယ်။ပုံမှန်အားဖြင့်တော့ မေးစေ့မှာ ဝက်ခြံ ဖြစ်တာက ဟော်မုန်းမညီမျှကြောင့်ဖြစ်တတ်ပါတယ်။ ဟော်မုန်းထုတ်ပေးတဲ့စနစ်က ထုတ်လုပ်မှုလွန်ကဲတဲ့အခါအဆီဂလင်းတွေရဲ့ လုပ်ဆောင်ချက်ပါ လွန်ကဲလာပြီး ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။ အရေပြားဆဲလ်သေတွေ၊ အဆီတွေနဲ့ ဖုန်အညစ်အကြေးတွေချွေးပေါက်မှာ ပိတ်ဆို့တဲ့အခါဝက်ခြံဖုလေးတွေဖြစ်လာတတ်ပါတယ်။ အဲဒီမှာရောင်ရမ်းမှုနဲ့ဘက်တီးရီးယားတွေပိုများလာတာနဲ့ ဝက်ခြံဖုကနေ အဖြူဆံလေးဖြစ်လာပြီး ဝက်ခြံကြီးတစ်ခုဖြစ်လာတာပါ။ ပိုးမဝင်အောင် ဂရုစိုက်ပေးနိုင်၊ သန့်ရှင်းပေးနိုင်ရင် ဒီအဆင့်ကိုမရောက်လာနိုင်သလို အမာရွတ်လည်းဖြစ်ကျန်စေမှာမဟုတ်ပါဘူး။မေးစေ့မှာ ဝက်ခြံပေါက် ရတဲ့အကြောင်းရင်း ကတော့။(၁) ရာသီစက်ဝန်း။ရာသီလာမယ့်ရက်မတိုင်ခင် နှစ်ပတ်လောက်မှာ ဝက်ခြံထွက်တတ်တာ သတိထားမိမှာပေါ့။ အဲဒီအချိန်က အက်စထရိုဂျင်နဲ့ ပရိုဂျက်စထရုန်းဟော်မုန်းတွေ ပိုထုတ်လုပ်တဲ့အချိန်ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဒီဟော်မုန်းတွေများလာတဲ့အခါအဆီဂလင်းတွေကို နှိုးဆွပြီး အဆီထုတ်လုပ်မှုကို လွန်ကဲစေပါတယ်။(၂) စိတ်ဖိစီးမှု။စိတ်ဖိစီးစရာတွေရှိနေတာလား။ ဒါဆိုဝက်ခြံဖြစ်လာဖို့ရာခိုင်နှုန်းများတာပေါ့။ စိတ်ဖိစီးမှုတွေက အဆီထုတ်လုပ်မှုကိုမြင့်တက်စေပြီး ဝက်ခြံကိုပိုဆိုးစေနိုင်ပါတယ်။စိတ်ညစ်လို့ ညအိပ်မပျော်ရင်လည်းစိတ်ဖိစီးမှုကို ပိုဆိုးစေတယ်၊ အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို ထိခိုက်စေတယ်။ ဒီနှစ်ချက်လုံးက ဝက်ခြံဖြစ်စေတဲ့အကြောင်းရင်းတွေပါ။ စိတ်ဖိစီးနေတာတွေကို ဖြေလျှော့နိုင်မယ့် တရားထိုင်တာ၊ လေ့ကျင့်ခန်းလုပ်တာ စတဲ့နည်းလမ်းတွေကို လုပ်ကြည့်ပါ။ တစ်နေ့ကို အနည်းဆုံး ၅ နာရီလောက်တော့ ပြည့်အောင်အိပ်ပါ။(၃) သန္ဓေတားဆေး။သန္ဓေတားဆေးတွေက ဝက်ခြံကုသရာမှာ အထောက်အကူပေးနိုင်ပါတယ်။ သောက်ဆေးတွေမှာပါတဲ့ ဟော်မုန်းတွေက ခန္ဓာကိုယ်ထဲက အန်ဒရိုဂျင်ဟော်မုန်းပမာဏကို လျော့နည်းစေပြီး အဆီထုတ်လုပ်မှုကို လျော့စေတဲ့နည်းနဲ့ဝက်ခြံသက်သာစေပါတယ်။ ဒါပေမယ့် သောက်ဆေးတွေရပ်လိုက်တာနဲ့ အန်ဒရိုဂျင်ပမာဏကမြင့်တက်လာပြီး အဆီတွေပိုထွက်လာပါရော။ ဆေးရပ်လိုက်ပြီး မကြာခင်မှာ မေးစေ့ဝက်ခြံထွက်လာတယ်ဆို ဒီအကြောင်းရင်းကြောင့် ဖြစ်နိုင်ပါတယ်။ဆပ်ပြာတုံးတွေ၊ အာနိသင် ပြင်းတဲ့ မျက်နှာသစ်ဆပ်ပြာတွေနဲ့မသစ်နဲ့နော်။Benzoyl peroxide၊ salicylic acid နဲ့ glycolic acid ပါတဲ့မျက်နှာသစ်ဆေးတွေကို ရွေးပါ။ ဒီပါဝင်ပစ္စည်းတွေက အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးပြီး မျက်နှာအသားအရေရဲ့ pH ထိန်းညှိမှုကို မထိခိုက်စေဘဲ အဆီပိုတွေကို သန့်စင်ပေးနိုင်ပါတယ်။ဝက်ခြံရှိတဲ့နေရာကို မိနစ်အနည်းငယ် (၅မိနစ်ထက်မကျော်ဘဲ) ကြာအောင် အဝတ်နုလေးပတ်ထားတဲ့ရေခဲနဲ့ကပ်ပေးပါ။ ဝက်ခြံရောင်ရမ်းတာ၊နာကျင်တာ၊ နီမြန်းနေတာ သက်သာသွားပါလိမ့်မယ်။ ဖိတော့ မဖိမိဖို့တော့ သတိထားပါ။ဝက်ခြံသက်သာစေမယ့် လိမ်းဆေးလေးတွေ တို့ပေးလို့ရပါတယ်။ဝက်ခြံတွေကို သက်သာစေတဲ့ သဘာဝဆေးတစ်မျိုးပါ။ ဝက်ခြံတွေကို သက်သာစေပြီး ဝက်ခြံအမာရွတ်တွေကိုပါကင်းစေနိုင်ပါတယ်။ အရေပြားခြောက်သွေ့မှုကို ကင်းစေနိုင်ပြီး အစိုဓာတ် ထိန်းပေးလို့ ဝက်ခြံတွေကို သက်သာစေဖို့အတွက် အထိရောက်ဆုံး သဘာဝ ဆေးတစ်မျိုးပေါ့။ရှားစောင်းလက်ပပ်ဂျယ်လီသားကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ ရှားစောင်းလက်ပပ် အနှစ်ကို လူးပေးပြီး ခြောက်တဲ့အထိ ထားလိုက်ပါ။ ခြောက်သွားရင် ရေအေးနဲ့ ဆေးချလိုက်ပါ။ဝက်ခြံတွေကို မဆိတ်ဆွပါနဲ့။ဝက်ခြံ ထွက်လာရင်ညှစ်တာ၊ ဖဲ့တာ၊ ကုတ်တာကို လူတိုင်းနီးပါးလောက် လုပ်တတ်ကြပါတယ်။ ဒါပေမယ့် ဒါက ဝက်ခြံကို မသက်သာစေဘဲ ပိုလို့တောင် ဆိုးစေပါလိမ့်မယ်။ ဝက်ခြံ အမာရွတ်တွေ ကျန်ခဲ့စေပါလိမ့်မယ်။ဝက်ခြံတွေကို ညှစ်ထုတ်လိုက်ရင် သက်သာသွားမယ်လို့ ထင်ကြပါလိမ့်မယ်။ ဒါက မမှန်ပါဘူး။ ပိုလို့တောင် ဆိုးသွားစေပြီး အမာရွတ်တွေ ထင်ကျန်ရစ်စေမှာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/how-to-take-care-chin-acnes/
ဆံကေသာလေး ကျော့ရှင်းလှပနေစေဖို့ သံလွင်ဆီလိမ်းပေးစို့
အရေပြားနဲ့ ဆံကေသာလေး အတွက်သံလွင်ဆီရဲ့ ကောင်းကျိုးတွေကိုတော့ လူတော်တော်များများ သိထားပြီး ဖြစ်မယ်ထင်ပါတယ်။ သံလွင်ဆီဟာ အလှအပရေးရာအတွက်သာမက ကျန်းမာရေးအတွက်လည်း ဆိုးကျိုးဒုက္ခ မဖြစ်စေတဲ့ မပြည့်ဝဆီ ဖြစ်ပါတယ်။သံလွင်ဆီမှာဆံကေသာကို နူးညံ့ပျော့ပျောင်းစေတဲ့ အာဟာရဓာတ်တွေ၊ အက်ဆစ်ဓာတ်တွေ ပါဝင်ပါတယ်။ ခေါင်းလျှော်ပြီးနောက် ဆံသားပျော့ဆေးအဖြစ်နဲ့လည်း သံလွင်ဆီကို အသုံးပြုလို့ ရပါတယ်။ ဦးရေပြားကိုအစိုဓာတ်ထိန်းပေးပြီး အေးမြစေတယ်။ အရေပြားအတွင်းထဲထိ စိမ့်ဝင်မှုအားကောင်းလို့ ဆံသားကို ကျန်းမာသန်စွမ်းပြီး နက်မှောင်စေတယ်။ဆံပင်နှစ်ခွဖြစ်တာ၊ ဆံပင်တွေ ခြောက်ပြီး ပျက်စီးတာ၊ ဆံသားကျိုးကြေတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။အကယ်လို့ ဆံသားနဲ့ ဦးရေပြားအတွက် သံလွင်ဆီကို တစ်ခါမှ မသုံးဖူးဘူးဆိုရင် ဒီဆောင်းပါးလေးကနေ ဘယ်လိုအကျိုးရှိစွာ အသုံးပြုလို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။၁။ သံလွင်ဆီကို အရင်ဆုံး လက်ပေါ်မှာ အနည်းငယ် လိမ်းကြည့်ပါ။ ယားယံတာ၊ နီရဲတာ အစရှိတဲ့ ဓာတ်မတည့်တဲ့ လက္ခဏာတွေ မတွေ့ရပြီဆိုမှ ဦးရေပြားကို လိမ်းပေးပါ။၂။ စလိမ်းလိမ်းချင်းမှာ လက်ဖက်ရည်ဇွန်း ၂ဇွန်း ၃ဇွန်းလောက်ပဲ စလိမ်းပေးပါ။ ခေါင်းတစ်ခုလုံး လိမ်းပေးဖို့ဆိုရင် ၄ဇွန်းစာလောက် သုံးကြည့်ပါ။၃။ လိမ်းတဲ့အခါမှာ ဆံသားတွေကိုသာမကဦးရေပြားတွေကိုပါ နှံ့စပ်အောင် လိမ်းပေးပါ။၄။ လိမ်းနေရင်းနဲ့ ဦးရေပြားကို နှိပ်နယ်ပေးရင် သွေးလည်ပတ်မှု ပိုကောင်းစေပြီး ဆံပင်ပေါက်မြန်စေနိုင်ပါတယ်။၅။ ခေါင်းမလျှော်ခင်မှာ သုံးမယ်ဆိုရင်တော့ တစ်နာရီလောက် ခြားပြီး သုံးပေးပါ။ လိမ်းပြီးသွားရင် ဘီးနဲ့ သေချာဖြီးပြီး ဒီအတိုင်းထားထားလိုက်ပါ။ ပြီးသွားမှ ခေါင်းလျှော်ရည်နဲ့ သေချာပြောင်စင်အောင် လျှော်လိုက်ပါ။ကျား၊ မ မရွေး အသက်အရွယ်မရွေး သံလွင်ဆီကို လိမ်းပေးလို့ အဆင်ပြေပြီး ဦးရေပြား ခြောက်တဲ့သူတွေရော၊အဆီပြန်တဲ့သူတွေလည်း သုံးလို့ ရပါတယ်။ အထူးသဖြင့် ဆံသားခြောက်ပြီး ဆံပင်အုံထူတဲ့ သူတွေဆိုရင် သံလွင်ဆီကို များများသုံးပေးလို့ ရပါတယ်။ အဆီပြန်တဲ့ ဦးရေပြားပိုင်ရှင်တွေဆိုရင်တော့ ဆံပင်ပျော့ဆေးအနေနဲ့ သုံးစရာမလိုဘဲ ခေါင်းလျှော်ပြီး ခဏနေတော့မှပဲ ဆံသားကို သံလွင်ဆီနဲ့ လိမ်းပေးနိုင်ပါတယ်။ဆေးဆိုးထားတဲ့ ဆံပင်သားပေါ်မှာ အသုံးပြုတော့မယ်ဆိုရင် ဆံသားအနည်းငယ်လောက်ကို အရင်လိမ်းပြီး အရောင်ကျွတ်သွားတာတွေ မရှိဘူးဆိုမှ ဆက်လိမ်းတာ ပိုကောင်းပါတယ်။ ပုံမှန်အားဖြင့် ဆေးဆိုးပြီးပြီးချင်း ၃ရက်လောက် စောင့်ပြီးမှ သံလွင်ဆီလိမ်းပေးသင့်ပါတယ်။ဆံပင်အနားသားတွေ နှစ်ခွဖြစ်တာ၊ ကျိုးကြေနေရင်လည်း သံလွင်ဆီကို လိမ်းပေးပြီး လက်နဲ့ ဖြည်းဖြည်းချင်း ပျက်စီးနေတဲ့ ဆံပင်ကို ပွတ်ဆွဲပေးပါ။ ပြီးတော့မှ ဆံသားအရင်းနဲ့ ဦးရေပြားကို သံလွင်ဆီနဲ့ ဆက်လိမ်းပေးပါ။ ဦးရေပြားမှာဗောက်ထနေတာ၊ သန်းတွေ စွဲကပ်နေရင်လည်း သံလွင်ဆီကို နေ့စဉ်ပုံမှန်လိမ်းပေးပြီး ဖယ်ရှားပေးလို့ ရပါတယ်။ခုလိုနွေရာသီမှာ ဆံသားတွေ ပျက်စီးနေလို့ စိတ်ညစ်နေတယ်၊ ဆံပင်မပျက်စီးစေဖို့ ကာကွယ်ချင်တယ်ဆိုရင်တော့ ဦးရေပြားကို သံလွင်ဆီနဲ့ ပုံမှန်လေး လိမ်းပေးသွားဖို့ အကြံပေးလိုက်တယ်နော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/olive-oil-and-hair-care/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%a1%e1%80%9c%e1%80%b1%e1%80%b8%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba-%e1%80%9c%e1%80%bb%e1%80%be%e1%80%b1%e1%80%ac%e1%80%b7%e1%80%81%e1%80%bb/
အအေးမိလို့ နှာမွှန်တာကို သက်သာစေဖို့
နှာမွှန်တာက ပြောတော့သာ ဘာမှမဟုတ်သလိုပါ။ တကယ်ကတော့ အတော်လေး ခံစားရခက်ပါတယ်။ နှာမွှန်တာက မြန်မြန် သက်သာအောင် လုပ်ဖို့ လိုမယ့် ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ နှာမွှန်တာကို တာရှည်မွေးထားတာက ရေရှည်မှာထိပ်ကပ်နာဖြစ်စေနိုင်ပါတယ်။ဒါကြောင့် နှာမွှန်တာကြောင့် စိတ်ညစ်မခံဘဲ မြန်မြန်သက်သာအောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးသွားမှာမို့ အတူတူ ကြည့်လိုက်ရအောင်လား ………။နှာမွှန်တယ်ဆိုတာက နှာခေါင်းထဲမှာ ချွဲတွေ ပိတ်ဆို့နေသလို ခံစားရပြီးနှာရည်ကျတာ၊နှာခဏခဏ ချေတာကို ခံစားရတာမျိုးပါ။ အကြောင်းကတော့ နှာခေါင်းအတွင်းမှာရှိတဲ့ သွေးကြောတွေ ရောင်ရမ်းတာကြောင့် နှာခေါင်းက အသက်ရှူလို့ မကောင်းဘဲနှာခေါင်းပိတ်သလို ခံစားရတာပါ။နှာမွှန်တာကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။အအေးမိလို့နှာမွှန်တာကိုသက်သာစေဖို့ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။အိမ်ထဲမှာဖြစ်ဖြစ် ရုံးခန်းမှာ ဖြစ်ဖြစ်၊ နေထိုင်ရာ အခန်းထဲမှာ အစိုဓာတ်ထိန်းစက် ဖွင့်ထားတာက နှာစေးနှာမွှန်တာကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်းပါ။ လေထုထဲမှာ အစိုဓာတ် ရှိတာက နှာခေါင်းထဲက တစ်ရှူးတွေကို သက်သောင့်သက်သာ ဖြစ်စေပြီး Sinus ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ ချွဲတွေကို လျော့ပါးစေနိုင်ပါတယ်။သတိထားရမှာ တစ်ခုက အစိုထိန်းစက်ကို မဖွင့်ခင်မှာ ရေကို ပုံမှန် လဲပေးပါ။နှာပိတ်တဲ့အခါ ရေနွေးနဲ့ ချိုးပါ။ ရေခပ်နွေးနွေးလေးနဲ့ ချိုးတာကနှာစေးနှာပိတ်တာကို သက်သာစေနိုင်ပြီး နှာမွှန်တာကိုလည်း သက်သာစေပါတယ်။နောက်ထပ်လုပ်လို့ရတာ တစ်ခုကတော့ အဝကျယ် ဇလုံထဲမှာ ရေနွေးနွေးကို ထည့်ပြီးရေနွေးငွေ့ရှူပေးတာကလည်း နှာခေါင်းပိတ်တာနဲ့ နှာမွှန်တာကို သက်သာစေနိုင်မယ့် နည်းလမ်းတစ်ရပ်ပါ။ရေနွေးနွေးကို တဘက်စလေးမှာ ဆွတ်ပေးပြီး နှာခေါင်းပေါ်မှာ အုပ်ပေးတာကလည်း နှာမွှန်တာကို သက်သာစေနိုင်ပါတယ်။ နောက်ထပ် နည်းလမ်းတစ်ခုကတော့ နှာခေါင်းကို ရေနွေးအိတ် ကပ်ပေးတာပါ။ အရမ်းပူတဲ့အထိ မကပ်ဘဲ ခပ်နွေးနွေး အနေအထားမှာ ထပ်ပေးတာက အကောင်းဆုံးပါ။ရေအပါအဝင် အယ်လ်ကိုဟောမပါဝင်တဲ့ သောက်စရာတွေကို သောက်ပေးတာက ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်စေပြီး နှာခေါင်းထဲက ချွဲတွေကို ပျော်စေနိုင်သလို နှာမွှန်တာ၊ နှာခေါင်းပိတ်တာကို သက်သာစေနိုင်ပါတယ်။ရေနွေးနွေးလေး သောက်ပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ ရေခဲရေ မဟုတ်တဲ့ ရိုးရိုးရေသောက်တာ၊ သစ်သီးဖျော်ရည်တွေ သောက်တာမျိုးလည်း သောက်ပေးလို့ ရပါတယ်။နှာခေါင်းပိတ်တာ၊ နှာမွှန်တာကိုသက်သာစေမယ့် နောက်ထပ် နည်းလမ်းတစ်ခုက အိပ်တဲ့အခါ ခေါင်းအုံး မြင့်မြင့်အုံးပေးတာပါ။ ဒီလို အုံးပေးတာက နှာခေါင်းထဲက ချွဲတွေကို အနောက်ကို စီးကျစေတာကြောင့် အိပ်မရတာကို သက်သာစေနိုင်ပါတယ်။နှာမွှန်တာကို သက်သာစေမယ့် နည်းလမ်း တစ်ရပ်ကတော့ လေ့ကျင့်ခန်း လုပ်တာပါ။ လေ့ကျင့်ခန်း လုပ်တယ်ဆိုတဲ့နေရာမှာ ပြင်းပြင်းထန်ထန် မဟုတ်ရင်တောင် လမ်းလျှောက်တာ၊ ခပ်ရွရွလေး ပြေးတာမျိုးပါ။ ယောဂလိုမျိုး လေ့ကျင့်ခန်းတွေလည်း လုပ်ပေးလို့ ရပါတယ်။ကဲ ….. နှာမွှန်တာကို သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/nose-conditions/how-to-get-rid-of-stuffy-nose-in-minutes/
ကီဖာ (Kefir) ဆိုတာ ဘာအတွက်ကောင်းတာလဲ
ကီဖာ (Kafir) ဆိုတာ နွားနို့ ဒါမှမဟုတ် ဆိတ်နို့ကနေ အချဉ်ဖောက်ထားတဲ့သောက်စရာတမျိုးပါ။ နို့ထဲကို ကီဖာစေ့လေးတွေထည့်ပြီးဖောက်ရတာဖြစ်ပါတယ်။ ကီဖာအကြောင်းကို သိတဲ့သူတွေသိကြပါတယ်။ အွန်လိုင်းမှာတောင် ကီဖာအကြောင်းဝေမျှကြ၊ ကီဖာတွေ မျှပေးကြတဲ့ ဂရုတွေရှိပါသေးတယ်။စိမ်ထားပြီး ၂၄ နာရီအတွင်းမှာ ကီဖာစေ့ထဲက အဏုဇီဝပိုးလေးတွေ ပွားလာပြီး နို့ထဲကသကြားနဲ့ အချဉ်ပေါက်လာတယ်၊ ကီဖာဖြစ်သွားတယ်ပေါ့။ပြီးရင် ကီဖာစေ့ကိုအရည်ထဲကဆယ်ထုတ်ထားပြီးနောက်တစ်ကြိမ်ထပ်သုံးလို့ရပါတယ်။ ကီဖာဆိုတာ ကီဖာစေ့တွေစိမ်ထားတဲ့အရည်သာဖြစ်ပြီး ကီဖာစေ့တွေကိုတော့ ထပ်ထပ်ပွားဖို့ သုံးရတာဖြစ်ပါတယ်။အရှေ့ဥရောပဘက်ကနေ စတင်အသုံးပြုလာတဲ့ ကီဖာ (Kefir)ဆိုတဲ့အမည်ကkeyifဆိုတဲ့တူရကီဝေါဟာရကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ စားပြီးရင်နေလို့ကောင်းတယ်ဆိုတဲ့အဓိပ္ပါယ်ပါ။ ကီဖာစေ့ရဲ့ lactic acid ဘက်တီးရီးယားက နို့ရဲ့lactose ကိုlactic acid အဖြစ်ပြောင်းလဲစေတာကြောင့် သူ့အရသာက ဒိန်ချဉ်လို အရသာလေးဖြစ်ပါတယ်။အာဟာရဓါတ်တွေအများကြီးပါဝင်တယ်။ကီဖာ ၁၇၅ မီလီတစ်ခွက်စာမှာ –။ပြီးတော့ အသုံးပြုထားတဲ့နို့ အမျိုးအစားကိုမူတည်ပြီး ကယ်လိုရီ ၁၀၀လောက်ပါဝင်တယ်၊ ကာဗိုဟိုက်ဒရိတ် ၇/၈ ဂရမ် ပါဝင်ပါတယ်။အော်ဂင်းနစ်အက်စစ်တွေအပါအဝင် ဇီဝဒြပ်ပေါင်းတွေလည်း အမျိုးစုံပါဝင်ပါတယ်။ဒိန်ချဉ်ထက်Probioticsပိုများတယ်။Probiotics လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေက အစာခြေစနစ်၊ ကိုယ်အလေးချိန်၊ စိတ်ကျန်းမာရေးအထိ လူ့ကျန်းမာရေးကို နည်းလမ်းအမျိုးမျိုးနဲ့ သက်ရောက်မှုရှိပါတယ်။probiotic နဲ့ပတ်သက်ရင် ဒိန်ချဉ်ကို လူသိများကြပေမယ့် ကီဖာကလည်း ပိုအစွမ်းထက်တဲ့ အရင်းအမြစ်တစ်ခုဖြစ်နေပါတယ်။ကီဖာစေ့တွေမှာ ဘက်တီးရီးယားနဲ့yeasts အမျိုးအစား ၆၁ မျိုးအထိပါဝင်နိုင်တာကြောင့် probiotic အရင်းအမြစ်ကြီးတစ်ခုဖြစ်နေတာပါ။ရောဂါပိုးတွေကာကွယ်နိုင်တဲ့အစွမ်းရှိတယ်။အကျိုးပြုဘက်တီးရီးယားLactobacilluskefiriနဲ့ ကာဗိုဟိုက်ဒရိတ်kefiran တို့ပါဝင်တာကြောင့်ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကာကွယ်နိုင်ပါတယ်။အရိုးကျန်းမာရေးအတွက်ကောင်းတယ်။နို့ထွက်ပစ္စည်းကနေထုတ်တဲ့ ကီဖာက ကယ်လ်စီယမ်အရင်းအမြစ်တစ်ခုဖြစ်တဲ့အပြင် ဗီတာမင် K2 လည်းပါဝင်လို့ အရိုးကျန်းမာရေးအတွက်ကောင်းပါတယ်။ အရိုးပွရောဂါဖြစ်နိုင်ခြေကိုလျော့စေပါတယ်။ကင်ဆာကာကွယ်နိုင်တယ်။လူတွေမှာ လက်တွေ့မစမ်းသပ်ရသေးပေမယ့် ကြွက်တွေမှာပြုလုပ်တဲ့သုတေသနတွေအရ ကီဖာက ကင်ဆာဆဲလ်ကြီးထွားမှုကို တားဆီးနိုင်တယ်လို့ သိရပါတယ်။အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာအမျိုးမျိုးအတွက်ကောင်းတယ်။ကီဖာလိုမျိုးProbioticsတွေကအူတွင်းအကျိုးပြုဘက်တီးရီးယားပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဝမ်းပျက်ဝမ်းလျှောတဲ့အခါProbioticsတွေနဲ့ကုသကြတာပါ။အူလမ်းကြောင်းလှုပ်ရှားမှုမူမမှန်တဲ့ရောဂါ(IBS)၊H. pyloriရောဂါပိုးကြောင့်ဖြစ်တဲ့ အစာအိမ်အနာတွေနဲ့ တခြားအစာခြေစနစ်ပြဿနာတွေကို သက်သာစေပါတယ်။ဓါတ်မတည့်မှုနဲ့ပန်းနာရင်ကျပ်သက်သာစေတယ်။ကိုယ်ခံအားစနစ် ထိခိုက်လွယ်သူတွေမှာ ဓါတ်မတည့်တာတွေပိုဖြစ်လေ့ရှိတော့ ပန်းနာရင်ကျပ်လို ရောဂါတွေဖြစ်လာစေနိုင်ပါတယ်။ လေ့လာမှုတွေအရ ကီဖာက ပန်းနာရင်ကျပ်နဲ့ ဓါတ်မတည့်မှုတွေကကို သက်သာစေနိုင်တယ်လို့ သိရပါတယ်။လက်ဆောင်ရတာပဲဖြစ်ဖြစ်၊ မှာယူ၊ဝယ်ယူလာတာပဲဖြစ်ဖြစ် ကီဖာစေ့တွေ ရလာတယ်ဆို အိမ်မှာ ကီဖာရည်ကိုယ်တိုင်လုပ်လို့ရပါတယ်။ အဲဒီအရည်ကိုမှ အသီးတွေနဲ့ရောပြီး အသီးဖျော်ရည်လိုသောက်လို့ရတယ်လေ။ အွန်လိုင်းက ဂရုတွေမှာ၊ ယူကျုဘ်မှာပြုလုပ်နည်းဗီဒီယိုတွေအများကြီးရှိပါတယ်။စပြီးပွားလာပြီဆို ရနေပါပြီ။ အရည်တွေကိုအသာလေးငှဲ့ယူပြီးရင် နဂိုကီဖာစေ့တွေကျန်ရစ်ခဲ့မှာပါ။ အဲဒီကီဖာစေ့တွေကိုနောက်တစ်ခွက်ထဲမှာ နို့ထပ်ထည့်ပြီး ထပ်စိမ်လို့ရပါတယ်။ ငှဲ့လိုက်တဲ့အရည်ကိုတော့ အဆင်ပြေသလိုသောက်သုံးပါ။ပြုလုပ်နည်းက နို့မပါဘဲ သကြားနဲ့ပဲ လုပ်တာလည်းရှိပါတယ်။ကီဖာကို အရွယ်ရောက်ပြီးသူတွေသောက်မယ်ဆို ၈ ပတ်အထိ ထားပြီးသောက်လို့ရပါတယ်။ဖြစ်တတ်တဲ့ဘေးထွက်ဆိုးကျိုးကတော့လေပွခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းချုပ်ခြင်းတွေ ပါဝင်ပါတယ်။ အထူးသဖြင့်သောက်ခါစမှာဖြစ်တတ်တာမို့နောက်ပိုင်းမှာ သက်သာသွားတတ်ပါတယ်။အသက်၁ နှစ်ကနေ ၅ နှစ်အတွင်း ကလေးငယ်တွေကို ကီဖာမတိုက်ကျွေးသင့်ပါဘူး။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက် ဘေးကင်းမကင်းကို ခိုင်မာတဲ့အထောက်အထားမရှိပါဘူး။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%80%e1%80%ae%e1%80%96%e1%80%ac-kefir-%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac-%e1%80%98%e1%80%ac%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/
ခံတွင်းသန့်စင်ဆေးရည် နဲ့ ဆေးသင့်၊မဆေးသင့်။
ကျွန်ုပ်တို့အားလုံးသည် မွှေးပျံ့ချစ်ခင်ဖွယ်ကောင်းသောခံတွင်းရနံ့ကို နှစ်သက်ကြပါသည် ။ နေ့စဉ်ခံတွင်းကျန်းမာသန့်ရှင်းရေးအတွက် သွားတိုက်ခြင်းနှင့် သွားပွတ်ကြိုးဖြင့် သွားကြားထဲရှိအစာများကို သန့်ရှင်းခြင်းက လိုအပ်တယ်ဆိုတာကိုတော့ ပြောစရာမလိုပါဘူး။ ဒါပေမယ့် ခံတွင်းဆေးခြင်းကလည်း လိုအပ်တယ်ဆိုတာကိုတော့ ကျွန်ုပ်တို့ တော်တော်များများ မသိကြပါဘူး။ ခံတွင်းဆေးခြင်းက ခံတွင်းရနံ့ကို ပြောင်းလဲစေရုံသာမက ခံတွင်းကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။သွားပေါက်များမဖြစ်အောင် ကာကွယ်ခြင်း။ဖလိုရိုက်ဒ် (Fluoride ) ပါသော ခံတွင်းသန့်စင် ဆေးရည်ကတော့ သွားပေါက်များ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သွားမျက်နှာပြင်သည် အညစ်အကြေးနှင့် ကပ်ညှိနေသောအခါ ဖလိုရိုက်ဒ်ဓါတ်သည် သွားမျက်နှာပြင်ထဲသို့ စိမ့်ဝင်သွားပြီး အပေါ်ယံကြွေလွှာကို အား ဖြည့်ပေးပါတယ်။သွားဖုံးရောဂါများ မဖြစ်အောင် ကာကွယ်ပေးခြင်း။သွားဖုံးနှင့် သွားဖုံးပေါက် များသည် သွားကြားထဲရှိ အစာများ ကြောင့် ပျက်စီးနိုင်ပါတယ်။ အယ်လ်ကိုဟော (သို့) ကလိုဟက်စီဒင်း (chlorhexidine) ပါသော ခံတွင်းဆေးရည်ဖြင့် ဆေးခြင်းဟာ ရောဂါပိုးမွှားကို သေစေနိုင်ပြီး သွား၊ သွားဖုံးနှင့် ပတ်သက်သောရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။လတ်ဆတ်သော ခံတွင်းရနံ့။ခံတွင်းဆေးရည်သုံးခြင်းဟာ ခံတွင်းရနံ့ဆိုးခြင်းကိုတော့ ခဏတာ သက်သာစေနိုင်ပါတယ်။ ခံတွင်းဆေးရည်များကို မိမိလိုချင်သော ရနံ့မျိုးစုံဖြင့် စတိုးဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါတယ်။ လူကြိုက်အများဆုံးကတော့ ပူရှိန်းပါသော ခံတွင်းဆေးရည် ဖြစ်ပြီး ၎င်းသည် ခံတွင်းနံ့ဆိုးခြင်းကို အဓိကဖြစ်စေသော ရောဂါပိုးမွှားများကို သေစေနိုင်ပါတယ်။ဘယ်အရာကို အရင်ဆုံးလုပ်မလဲဆိုတာ အရေးမကြီးပါဘူး။ ၎င်းတို့ကို နေ့စဉ်ပုံမှန်ပြုလုပ်သွားမယ်ဆိုရင် တူညီသောအကျိုးကျေးဇူးရမှာပါ။ သို့သော်လည်း လူအများစုသည် သွားမျက်နှာပြင် သန့်ရှင်းအောင် သွားအရင်တိုက်ပြီးမှသာ သွားကြားထဲရှိ အစာများကို ရှင်းလင်းလေ့ရှိပါတယ်။ ထို့ နောက် ခံတွင်းဆေးရည်ကို အသုံးပြုပါတယ်။ သို့သော်လည်း ခံတွင်းဆေးရည်တွင် ဖော်ပြထားသော အသုံးပြုပုံကြည့်ရှုပြီးမှ သာ ဘယ်လိုအသုံးပြုမလဲဆိုတာ သိနိုင်ပါတယ်။ယေဘူယျအားဖြင့် (၆)နှစ်အောက် ကလေးငယ်များအတွက် ခံတွင်းဆေးရည်သည် မသင့်လျော်ပါဘူး။ အထူးသဖြင့် ဖလိုရိုက်ဒ် (fluoride) ပါသော ခံတွင်းဆေးရည်သည် ကလေးငယ်များ ကြိုက်နှစ်သက်ကာ မျိုချတတ်သောအရာဖြစ်သည်။ ထို့ ကြောင့် ခံတွင်းဆေးရည်တွင်ပါဝင်သောသ သတိပြုရန် အညွှန်းနှင့် အသက် သတ်မှတ်ချက် အညွှန်းများကို စစ်ဆေးသင့်သည်။ခံတွင်းဆေးရည်ဝယ်ရာတွင် အရေးကြီးဆုံး အရေးပါသော စံနှုန်းကတော့ ADA seal ဖြစ်ပါတယ်။ ADA seal ဟာ ခံတွင်း ဆေးရည်၏ထိရောက်မှုရှိခြင်းနှင့် ဘေးထွက်ဆိုးကျိုးနည်းခြင်း ကို ဖော်ပြပါတယ်။သွားဆရာဝန်အများစုသည် အယ်လ်ကိုဟောမပါဝင်သော ခံတွင်းဆေးရည် သည် သာမန်ခံတွင်းဆေးရည်ထက် ပိုကောင်းသည်ဟု ထောက်ခံကြပါတယ်။ ခံတွင်းဆေးရည်ထဲရှိ အယ်လ်ကိုဟော သည် ရေအလုံအလောက် မသောက်ပါက ခံတွင်းကို ခြောက်သွေ့စေပြီး အနံ့ကို ဆိုးရွားစေနိုင်ပါသည်။ ခံတွင်းရနံ့ဆိုးသောသူ၊ သွားပိုးစားသောသူများအတွက် သင့်လျော်သော ကုန်ပစ္စည်းများရှိတာကြောင့် ခံတွင်းသန့်ရှင်းရေးပစ္စည်းများ(သွားတိုက် ဆေး၊ ခံတွင်းဆေးရည်) မဝယ်ခင်မှာ မိမိ၏ ခံတွင်းပြဿနာ ကို သေချာစွာ စဉ်းစားပြီးမှ ဝယ်ယူသင့်ပါတယ်။ သင်နှင့် သင့်လျော်သော ခံတွင်းဆေးရည်ကို ရွေးချယ်အသုံးပြုခြင်းက သင်၏ခံတွင်းကျန်းမာရေးကို များစွာအထောက်အကူ ပြုမှာ ပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက် သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် သင့်ပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/%e1%80%81%e1%80%b6%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%94%e1%80%b7%e1%80%ba%e1%80%85%e1%80%84%e1%80%ba%e1%80%86%e1%80%b1%e1%80%b8%e1%80%9b%e1%80%8a%e1%80%ba-%e1%80%94/
အမျိုးသမီးတွေအတွက် မဟော်မုန်း တိုးစေမယ့် နည်းလမ်းကောင်းများ
အမျိုးသမီးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့မဟော်မုန်းဓာတ်ဆိုတာကတော့ အက်စထရိုဂျင်ဟော်မုန်း (Estrogen) နဲ့ ပရိုဂျက်စတီရုန်းဟော်မုန်း (Progesterone) တို့ပဲဖြစ်ပါတယ်။ အက်စထရိုဂျင်ဟော်မုန်းသည် အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာအချိုးအစားလှပစေဖို့၊မျိုးအောင်နိုင်စေဖို့ ကူညီပေးပြီး ပရိုဂျက်စတီရုန်းဟော်မုန်းကတော့ ရာသီစက်ဝန်းမှန်စေဖို့၊ကိုယ်ဝန်ဆောင်ကာလအတွင်း မိခင်နဲ့ ကလေးကို ကျန်းမာစေဖို့ ပံ့ပိုးပေးနိုင်ပါတယ်။အမျိုးသမီးတွေ အပျိုဖော်ဝင်ကာစ ဆယ်ကျော်သက်အရွယ်မှာ မဟော်မုန်းပမာဏဟာ အဆမတန် မြင့်တက်လာပြီး အသက် ၂၀ မှ ၄၀ ကြားကာလဟာ မဟော်မုန်းပမာဏ မြင့်တက်မှု အများဆုံးအချိန်လို့ ဆိုနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ရာသီသွေးဆုံးချိန်မှာတော့ ပမာဏပြန်နည်းသွားကာ ဟော်မုန်းမျှခြေကို ကမောက်ကမဖြစ်စေတတ်ပါတယ်။ဒီလိုဟော်မုန်းမျှခြေပျက်ယွင်းတဲ့အခါ အမျိုးသမီးတွေရဲ့စိတ်ခံစားချက်ပိုင်းဆိုင်ရာ၊လိင်စိတ်ဆန္ဒ၊ အရိုးနဲ့ ကြွက်သား၊ ရုပ်ခန္ဓာကျန်းမာရေး ဒါတွေအားလုံးကို သွားပြီး အဆိုးဘက်ကသက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ဒီအတွက်ကြောင့် အမျိုးသမီးတွေအတွက် မဟော်မုန်းပမာဏဟာ အလွန်အရေးကြီးပြီး ဒီပမာဏကို နည်းမသွားစေဖို့ ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံကို သေချာဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ပုံမှန်အတိုင်း အစာအုပ်စုကို သမမျှတစွာ စားသောက်ပေးဖို့ လိုအပ်သလို ခုအောက်မှာ ပြောပြပေးမယ့် မဟော်မုန်း တိုးစေတဲ့ အစားအစာတွေကိုလည်း များများစားပေးဖို့ အရေးကြီးပါတယ်။ ဒီအစားအစာတွေကတော့။•ပဲပိစပ်။• နှမ်းကြတ်စေ့။• နှမ်းစေ့။•ကြက်ဥအနှစ်။• အဆီများတဲ့ ငါး။• အုန်းနို့။•ပန်းသီး။• အခြောက်ခံထားတဲ့ ပဲ။• နွားနို့။• အာလူးတွေပဲ ဖြစ်ပါတယ်။၁။ တစ်နေ့ကိုအိပ်ချိန်အနည်းဆုံး ၈နာရီရအောင်အိပ်ပါ။ လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာက ဟော်မုန်းထုတ်လုပ်နိုင်စွမ်းကို အိပ်ချိန်က အများကြီးသက်ရောက်စေနိုင်ပါတယ်။၂။ အစာအာဟာရကို မျှတစွာစားပါ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ၊ အကြော်အလှော်တွေ၊ အချိုများလွန်းတဲ့အစားအစာတွေ၊ လမ်းဘေးစာတွေကို ရှောင်ပါ။၃။လေ့ကျင့်ခန်းများများလုပ်ပေးပါ။ အမျိုးသားများကဲ့သို့ အပြင်းအထန်လုပ်စရာမလိုတဲ့တိုင်အောင် ထိုက်သင့်သလောက် ကိုယ်လက်လှုပ်ရှားခြင်း ရှိဖို့ အရေးကြီးပါတယ်။၄။ လမ်းများများလျှောက်ပေးပါ။ စက်ဘီးစီးတာ၊ ရေကူးတာ၊ ပြေးတာမျိုးလည်း လုပ်ပေးလို့ရပါတယ်။၅။နေရောင်ခြည်နဲ့ အရေပြားကို နေ့စဉ်ထိတွေ့မှုပေးပါ။• မိန်းမကိုယ်ခြောက်သွေ့ခြင်း။• လိင်ဆက်ဆံတဲ့အခါ အလွန်အမင်းနာကျင်ခြင်း။•ဆီးလမ်းကြောင်းပိုးဝင်ဖို့ လွယ်ကူခြင်း။• စိတ်ခံစားချက် အပြောင်းအလဲဖြစ်ခြင်း။• ရင်သားပျော့တွဲလာခြင်း။• ခေါင်းကိုက်ခြင်း။• ချမ်းတုန်နေခြင်း။•စိတ်ဓာတ်ကျခြင်း။• စိတ်အာရုံစုစည်းလို့ မရခြင်း။• မောပန်းလွယ်ခြင်း။• အရိုးများကျိုးအက်ရန် လွယ်ကူခြင်း စတဲ့ လက္ခဏာတွေ ပြလာနိုင်ပါတယ်။များသောအားဖြင့် အမျိုးသမီးများတွင် မဟော်မုန်း ကျဆင်းလာခြင်းဟာ အသက်အရွယ်ကြီးရင့်လာခြင်းနဲ့ သွေးဆုံးပြီးနောက်ပိုင်းမှာသာ ဖြစ်တတ်ပြီး အသက်ငယ်ငယ်လေးနဲ့ မဟော်မုန်းကျဆင်းတဲ့သူတွေမှာတော့ နေထိုင်စားသောက်မှုပုံစံကြောင့် ပိုအဖြစ်များပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မဟော်မုန်း အရမ်းနည်းနေတယ်လို့ သံသယရှိတယ်ဆိုရင်တော့ အမျိုးသမီးရောဂါ အထူးကုဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။ဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ အသက်အရွယ်၊ တခြားသောကျန်းမာရေးပြဿနာရှိမရှိ ဆိုတာကို စစ်ဆေးပြီးသွားရင် ဘာတွေကို များများစားသောက်ပေးသင့်လဲ၊ ဘယ်အာဟာရဓာတ်က နည်းနေလဲဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။ မဟော်မုန်းအရမ်းနည်းလွန်းနေတဲ့ အခြေအနေမျိုးမှာဆိုရင် မဟော်မုန်း အစားထိုးကုထုံးတွေဖြစ်တဲ့ ဆေးထိုးခြင်း၊ သောက်ဆေး၊ လိမ်းဆေး၊ မိန်းမကိုယ်အတွင်းထည့်ဆေးများကို ညွှန်းပေးမှာဖြစ်ပါတယ်။များသောအားဖြင့်မဟော်မုန်းနည်းခြင်းကြောင့် ကျန်းမာရေးပြဿနာ ကြီးကြီးမားမား ဖြစ်စေတာမျိုး မရှိပေမဲ့ ကိုယ့်ရဲ့ တစ်နေ့တာ စိတ်နဲ့ ခန္ဓာကို အနှောင့်အယှက်ပေးနိုင်လောက်တဲ့အထိတော့ ပြင်းထန်နိုင်ပါတယ်။ ဒါကြောင့် တစ်ခုခုဆိုရင် ဝေဒနာကို ကြိတ်မှိတ်သည်းခံတာမျိုး မလုပ်ဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့သာ အမြန်ဆုံးပြသဖို့ ထပ်ပြီးအကြံပေးလိုက်ချင်ပါတယ်နော်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/female-hormonal-imbalance/female-hormone/
နားမှိုစွဲရောဂါ အကြောင်း သိကောင်းစရာ
နားမှိုစွဲရောဂါ ကို ဆေးပညာအရOtomycosisလို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့Candidaနဲ့Aspergillusလို့ခေါ်တဲ့ မှိုနှစ်မျိုးပဲ ဖြစ်ပါတယ်။အဲ့ဒီမှာမှ နားမှိုစွဲတာရဲ့ ၁၀ယောက်မှာ ၉ယောက်ကAspergillusမှိုကြောင့်လို့ ဆိုကြပါတယ်။နေ့စဉ်ပတ်ဝန်းကျင်မှာ မျက်စိနဲ့ မမြင်ရတဲ့ မှိုပိုးတွေနဲ့ ထိတွေ့နေရပေမယ့် လူတိုင်း နားမှိုစွဲရောဂါ မဖြစ်ကြပါဘူး။ ဒါပေမဲ့ ဒီအချက်တွေ ရှိရင်တော့ သတိထားဖို့ လိုပါတယ်။ သူတို့တွေက နားမှိုစွဲရောဂါ ဖြစ်နိုင်ခြေ များပါတယ်။ပိုးသတ်ဆေးတွေမှာ သောက်ဆေးတွေ၊ ထိုးဆေးတွေပါသလို နားထဲထည့်တဲ့ ဆေးတွေလည်း ပါပါတယ်။ စတီးရွိုက်တွေလည်း ပါပါတယ်။ ဒီဆေးတွေကို မကြာခဏ ဒါမှမဟုတ် အချိန်ကြာကြာ အသုံးပြုသူတွေမှာ ပိုတွေ့ရပါတယ်။နားမှိုစွဲရောဂါ ရှိတဲ့ လူငယ်တွေကို လေ့လာထားတဲ့ စာတမ်းတစ်ခုမှာ ပါဝင်တဲ့ လူငယ် ၂၆ယောက်လုံးက နားပြည်ယိုတာအတွက် Ofloxacinပါတဲ့ နားသန့်ဆေးကို အသုံးပြုထားကြတာတွေ့ရပါတယ်။တချို့ပညာရှင်တွေရဲ့ အဆိုအရ ပိုးသတ်ဆေးတွေက နားထဲက pHပမာဏကို ပြောင်းလဲစေတာကြောင့် ကောင်းတဲ့ ဘက်တီးရီးယားတွေ မရှိတော့ဘဲ မှိုတွေပေါက်ဖို့ လွယ်လာတယ်လို့ ယူဆကြပါတယ်။နားမှိုစွဲရောဂါက ခုခံအားမကောင်းတဲ့သူတွေမှာ ပိုဖြစ်တတ်တာကို တွေ့ရပါတယ်။ ပိုဖြစ်တာတင်မဟုတ်ဘဲ ခဏခဏလည်း ပြန်ဖြစ်သလို နောက်ဆက်တွဲပြဿနာလည်း ဖြစ်တတ်ပါတယ်။ အဆိုးဆုံးနောက်ဆက်တွဲပြဿနာကတော့ မှိုပိုးတွေ ဦးနှောက်ထဲကို ရောက်သွားတာပဲ ဖြစ်ပါတယ်။ ခုခံအားကျလွယ်တဲ့ သူတွေကတော့။−ဆီးချိုရောဂါရှိသူတွေ။−ကင်ဆာရောဂါ ရှိသူတွေ။−HIV/ AIDS။-မကြာသေးခင်ကမှ ကိုယ်တွင်းအင်္ဂါအစားထိုးထားသူတွေ။−ကင်ဆာအတွက် ရောင်ခြည်ပြတာ၊ ဆေးသွင်းတာ လုပ်ထာားသူတွေပဲ ဖြစ်ပါတယ်။နှင်းခူ၊ အရေပြားရောင်ရမ်းနာတစ်မျိုးseborrheic dermatitis၊ အရေပြားဓာတ်မတည့်တာ၊ ဆိုရီယေးစစ် စတာတွေ ရှိရင်လည်း ပိုဖြစ်တတ်ပါတယ်။ရေကူးတာ၊ ဒိုင်ဗင်ထိုးတာ၊ ရေလွှာလျှောစီးတာလိုမျိုး ရေနဲ့ နားနဲ့ ကြာကြာထိတွေ့တဲ့ သူတွေမှာလည်း ဖြစ်တ်ပါတယ်။ ရေက မသန့်ရင် ပိုဖြစ်တတ်ပါတယ်။ ရေချိုးတာကနေ ဖြစ်တာကတော့ ရှားပါတယ်။ဥပမာ နားဖာကလော်ရင်း နားကို ထိခိုက်မိတာ၊ သီချင်းနားထောင်တဲ့နားကျပ်တွေ၊ နားကြားကိရိယာတွေကို သေချာ သန့်ရှင်းရေး မလုပ်တာ၊ ဆံပင်ဆိုးဆေးတွေ နားထဲဝင်ကုန်တာ စတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။လေ့လာချက်တွေအရ နားမှိုစွဲတာကို နားကျပ်တံ၊ နားဖာကလော်တံသုံးပြီး နားဖာချေးကလော်တဲ့သူတွေမှာ အများဆုံးတွေ့ရပါတယ်တဲ့။နားထဲမှာ နားဖာချေးက ရှိသင့်သလောက် ရှိရမှာပါ။ နားဖာချေးတွေ ကလော်လွန်းတဲ့အခါ နားအတွင်းပိုင်း ခြောက်သွေ့ပြီး ပိုးဝင်လွယ်ပါတယ်။ နောက်ပြီးနားဖာချေးတွေက ဘက်တီးရီးယားနဲ့ မှိုပိုးတွေ မပေါက်အောင် တားထားပေးတဲ့ သဘာဝအကာအကွယ်တစ်ခုလည်း ဖြစ်ပါတယ်။နားမှိုစွဲတဲ့အခါ။တကယ်လို့ နားမှိုစွဲတာကAspergillusကြောင့်ဆိုရင် နားထဲမှာ မီးခိုးရောင် ဒါမှမဟုတ် အဝါရောင် အစက်လေးတွေ တွေ့ရမှာဖြစ်ပြီး ဘေးနားမှာ မှိုတက်သလို ဖြူဖြူလေးတွေ တွေ့ရမှာပါ။Candidaကြောင့်ဆိုရင်တော့ သိပ်မသိသာဘူး။ အဖြူပျစ်ပျစ် အရည်တွေပဲ ထွက်မှာ ဖြစ်ပါတယ်။ဒီလက္ခဏာတွေက များသောအားဖြင့် နားတစ်ဖက်တည်းမှာပဲ ဖြစ်တာများပါတယ်။ မှိုစွဲတာလည်း တစ်ဖက်တည်း ဖြစ်တတ်လို့ပါ။ ဒါပေမဲ့ နှစ်ဖက်လုံး တစ်ပြိုင်နက်တည်း ဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။နားမှိုစွဲတယ်လို့ ကိုယ့်ကိုယ်ကို ယူဆတယ်ဆိုရင် ဆရာဝန်နဲ့ ပြသတာ အကောင်းဆုံးပါ။ဆရာဝန်ကနေ ခံစားရတဲ့ လက္ခဏာတွေအကြောင်းကို မေးမြန်းမှာဖြစ်ပြီး နားထဲကိုမှန်ပြောင်းလေးနဲ့ ကြည့်မှာ ဖြစ်ပါတယ်။ လိုအပ်ရင် နားထဲကထွက်နေတဲ့ အရည်ကို ယူပြီး ဘာကြောင့်ဖြစ်လဲဆိုတာကို စစ်ဆေးဦးမှာပါ။ဒါမှသာ ရောဂါကို သေချာသိပြီး ထိရောက်တဲ့ ကုသမှု ပေးနိုင်မှာ ဖြစ်ပါတယ်။နားမှိုစွဲရောဂါလို့ ထင်တယ် ဒါမှမဟုတ် အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေကို ခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ပြသတာ အကောင်းဆုံးပါ။ နားထဲကို ကိုယ့်ဟာကို ဆေးတွေထည့်တာ၊ နားသန့်ဆေးတွေ သုံးတာမျိုး မလုပ်ရပါဘူး။ အထူးသဖြင့် လူသုံးများတဲ့ နားသန့်ဆေးတွေမှာ ပိုးသတ်ဆေးတွေပဲ ပါတတ်တဲ့အတွက် မှိုရောဂါကို သက်သာစေမှာ မဟုတ်ပါဘူး။နားမှိုစွဲရောဂါမှာ အသုံးပြုတဲ့ ကုသနည်းတွေကတော့။နားသန့်ရှင်းရေး လုပ်ပေးခြင်း။ဆေးခန်းမှာ နားထဲက ပိတ်နေတာတွေကို သန့်ရှင်းရေး လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒါမှ ဆေးတွေထည့်တဲ့အခါ အာနိသင်ရမှာပါ။ အိမ်မှာ လုပ်တဲ့ နားကျပ်တံနဲ့ သန့်တာ၊ နားဖာကလော်တာတွေနဲ့ မတူတဲ့အတွက် ကိုယ့်ဟာကိုယ် လုပ်လို့ မရပါဘူး။ဆေးဝါးများ အသုံးပြုခြင်း။ဆေးဝါးတွေမှာ မှိုသေဆေးတွေ၊ ပိုးသတ်ဆေးတွေ၊ အနာသက်သာစေတဲ့ဆေးတွေကို နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုတာ ဖြစ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့သာ အသုံးပြုသင့်ပါတယ်။ ဒါမှ ဆေးယဉ်ပါးတာ၊ ဆေးမတိုးတာ၊ မလိုအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာတွေ မဖြစ်မှာပါ။များသောအားဖြင့် Clotrimazole မှိုသတ်ဆေးကို သုံးလေ့ရှိပါတယ်။ Econazole, miconazoleနဲ့ amphotericin B ကိုလည်း သုံးတတ်ကြပါတယ်။နားရွက်နဲ့ နားအပြင်ဘက်မှာပါ မှိုစွဲတဲ့ လက္ခဏာတွေ တွေ့နေရရင် လိမ်းဆေးတွေပါ ထည့်ပေးရမှာပါ။ မှိုသတ်ဆေးတွေဖြစ်တဲ့clotrimazole, fluconazoleနဲ့ ketoconazole ကို သုံးလေ့ရှိကြပါတယ်။နားထဲအစက်ချဆေးတွေ၊ လိမ်းဆေးတွေနဲ့ မသက်သာဘူးဆိုရင် သောက်ဆေးတွေ ပေးဖို့ လိုအပ်နိုင်ပါတယ်။ မှိုစွဲရောဂါက ကြာနေပြီ ဒါမှမဟုတ် ပြင်းထန်တယ်ဆိုရင် သောက်ဆေးတွေ ပေးရတတ်ပါတယ်။ အထူးသဖြင့်Aspergillusမှိုကြောင့်ဆိုရင် လိုတတ်ပါတယ်။ နောက်ပြီး မှိုပိုးအပြင် ဘက်တီးရီးယားပိုးပါ တွဲဖြစ်နေတယ်ဆိုရင် ပိုးသတ်ဆေးပါ ထည့်ပေးဖို့ လိုပါတယ်။နားကိုက်တာ၊ နာတာတွေအတွက်ဆိုရင်လည်း အကိုက်အခဲပျောက်ဆေးတွေ သောက်ဖို့ လိုပါတယ်။တချို့လူတွေမှာ နားမှိုစွဲတာက နာတာရှည်ဖြစ်တာ ဒါမှမဟုတ် ခဏခဏဖြစ်တာကို တွေ့ရပါတယ်။ လူနာတစ်ယောက်မှာဆိုရင် နားမှိုစွဲတာ ၃လလောက်ကြာလို့ စစ်ကြည့်လိုက်တဲ့အခါMalasseziaမှိုကြောင့် ဖြစ်တာကို တွေ့ရပါတယ်။ သူက လူနဲ့ တိရစ္ဆာန်တွေရဲ့ ကိုယ်ပေါ်မှာ ရှိတတ်ပါတယ်။ အဲ့ဒီလူနာမှာတော့ သူ့ခွေးကနေ ကူးလာတယ်လို့ ယူဆရပါတယ်။နားမှိုစွဲရောဂါက တစ်လလောက်ကုရတတ်ပါတယ်။ ပုံမှန်ကုသမှုခံယူမယ်ဆိုရင် ဖြည်းဖြည်းချင်းနဲ့ လက္ခဏာတွေ သက်သာလာပြီး မှိုပိုးတွေလည်း ပျောက်သွားမှာပါ။နားမှိုစွဲတဲ့အခါ ကိုယ့်ဟာကိုယ် မကုဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းမှာ ပြသသင့်ပါတယ်။ နားမှိုစွဲတဲ့အခါ။နားမှိုစွဲရောဂါက ပြင်းထန်တဲ့ရောဂါ မဟုတ်ပေမဲ့ တစ်ခါတလေမှာ နောက်ဆက်တွဲပြဿနာလေးတွေ ဖြစ်တတ်ပါတယ်။ ဒါတွေကတော့။နားမှိုစွဲတာကို အထိုက်အလျောက် ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေကတော့။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/otomycosis-explained/
null
null
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/orthopedic-surgery/cervico-2000-%e1%80%9b%e1%80%b2%e1%80%b7-%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%81%e1%80%bb%e1%80%80%e1%80%ba%e1%80%90%e1%80%bd%e1%80%b1%e1%80%80/
ခံတွင်းအနာများ
• ခံတွင်းကျန်းမာရေးဆိုတာ သွားတွေအတွက်ပဲရည်ရွယ်တာမဟုတ်ပါဘူး။ ပါးစပ်တစ်ဝိုက် သို့မဟုတ် အတွင်းထဲမှာလည်း အနာတွေဖြစ်ပေါ်တတ်ပါတယ်။ ကံကောင်းတာကတော့ သူတို့ဟာ ရက်သတ္တ တစ်ပတ် သို့မဟုတ် ၂ပတ်အတွင်းမှာ အလိုလိုပျောက်ကင်းသွားနိုင်တာပါပဲ။ ခံတွင်းနာကျင်မှုတွေဟာ အမျိုးမျိုးကွဲပြားနိုင်ပြီး အကြောင်းရင်းတွေကလည်း အမျိုးမျိုးရှိနိုင်ပါတယ်။• ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုတွေမှ ကူးစက်ခြင်း။• လျော့ရိလျော့ရဲဖြစ်နေသော သွားညှိ နန်းကြိုးတွေကြောင့် နာကျင်ခြင်း၊ သွားတု သို့မဟုတ် အံကပ်က အံဝင်ခွင်ကျမဖြစ်ခြင်း သို့မဟုတ် သွားအကျိုးသို့မဟုတ် ဖာထားတဲ့သွားရဲ့ ထက်ရှတဲ့အစွန်းတွေကြောင့် နာကျင်ခြင်း။• ရောဂါတစ်ခုခုရဲ့ လက္ခဏာ စတဲ့အကြောင်းရင်းတွေပါဝင်ပါတယ်။အောက်ပါအချက်တွေ သင့်မှာဖြစ်နေပြီဆိုရင် ခံတွင်းထဲမှာအနာရှိနေပါပြီ။• နာကျင်နေတဲ့ အနာ သို့မဟုတ် ပါးစပ်ထဲမှာ၊ လျှာပေါ်မှာ၊ အာခေါင်ပျော့မှာ ၊ဒါမှမဟုတ် ပါးအတွင်းဘက်မှာ အနာဖြစ်နေရင်။• ပါးစပ်ထဲကအနာက ဝိုင်းပြီး အဖြူသို့မဟုတ် မီးခိုးရောင်ရှိကာ အနားသတ်တွေက နီရဲနေမယ်ဆိုရင်ပေါ့။ပြင်းထန်တဲ့ ခံတွင်းအနာတွေဖြစ်နေပြီဆိုရင် သင်ဟာ။• ဖျားခြင်း။• လှုပ်ရှားမှုနှေးကွေးခြင်း။• ပြန်ရည်ကျိတ်ရောင်ခြင်းစတာတွေဖြစ်နိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ဒါတွေဖြစ်လာခဲ့ရင် ဆရာဝန်ခေါ်ပါ။• ဆေးအသစ်သောက်ပြီးမှ အနာဖြစ်လာရင်။• အာခေါင်မှာ သို့မဟုတ် လျှာမှာ ကြီးမားတဲ့အဖြူကွက်ကြီးတွေဖြစ်လာရင် (ဒါဟာ မှိုကြောင့်ဖြစ်နိုင်သလို အခြားပိုးဝင်မှုတစ်ခုခုလည်းဖြစ်နိုင်ပါတယ်။)။• ပါးစပ်ထဲကအနာက ၂ပတ်ထက်ကြာနေတာတောင်မပျောက်သေးရင်။• ခုခံအားနည်းနေရင် (ဥပမာ ကင်ဆာ သို့မဟုတ် HIV)။• ဖျားတာ၊ အင်ပြင်ထတာ၊ သွားရည်ကျတာ သို့မဟုတ် မြိုချရာမှာခက်ခဲတာ စတဲ့ အခြားလက္ခဏာရပ်တွေရှိနေရင်။ခံတွင်းအနာတွေကို ကုသဖို့နည်းလမ်းမရှိပေမယ့် ဒါတွေကလည်းမကြာခဏဖြစ်နေတဲ့အခါမျိုးမှာ ဖြစ်တဲ့အကြိမ်ရေကို လျှော့ချနိုင်ဖို့အတွက် ခံတွင်းသန့်ရှင်းရေးကောင်းမွန်အောင်ထားရမှာဖြစ်ပြီး အောက်ပါအချက်တွေကိုလည်းလုပ်ဆောင်ပေးလို့ ရပါတယ်။• ပါးစပ်ကိုထိခိုက်နိုင်တဲ့စားစရာတွေ၊ အက်ဆစ်ပါဝင်တဲ့စားစရာ သို့မဟုတ် စပ်တဲ့အစာတွေကိုရှောင်ပါ။• ပီကေဝါးခြင်းကလည်း ထိခိုက်စေနိုင်တာမို့ ဒါကိုလည်းရှောင်ကြဉ်ပါ။• စားသောက်ပြီးတဲ့အခါတိုင်း အမွေးနုတဲ့ သွားပွတ်တံနဲ့သွားတိုက်ပြီး နေ့စဉ်သွားပွတ်ကြိုး နဲ့ သွားကြားထိုးပါ။ ဒါကခံတွင်းအနာဖြစ်စေတဲ့ အစာတွေကိုဖယ်ရှားပေးပါလိမ့်မယ်။ခံတွင်းအနာတွေဟာ သင်ဘာမှမလုပ်ရင်တောင် ၁၀ရက်ကနေ ၁၄ရက်အတွင်းမှာ အလိုလိုပျောက်သွားတတ်ပါတယ်။ တစ်ခါတလေမှာတော့ ရက်သတ္တ ၆ပတ်ထိကြာမြင့်တတ်ပါတယ်။ အောက်ပါအချက်တွေက သင့်ကိုပိုပြီးသက်သာလာအောင်လုပ်ပေးနိုင်မှာပါ။• ပူတဲ့စားသောက်ဖွယ်ရာတွေ၊ စပ်ပြီးငန်တဲ့စားစရာတွေနဲ့ အက်ဆစ်ဓါတ်ပါတဲ့စားစရာတွေကိုရှောင်ပါ။• ဆားရည် သို့မဟုတ် ရေအေးနဲ့ အာလုပ်ကျင်းပါ။• သစ်သီးအရသာရှိတဲ့ ရေခဲချောင်းကိုစားပါ။ ဒါက ပါးစပ်တွင်းပူစပ်ပူလောင်ခံစားရခြင်းကိုလည်း သက်သာစေပါတယ်။• Acetaminophen ကဲ့သို့သော နာကျင်မှုကို သက်သာစေတဲ့ဆေးသုံးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/%e1%80%81%e1%80%b6%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%a1%e1%80%94%e1%80%ac%e1%80%99%e1%80%ba%e1%80%ac%e1%80%b8/
ညှင်း ဖြစ်နေပြီလား..........
အနာအဆာကင်းတဲ့အရေပြားလေးက ဆွဲဆောင်မှုတိုးစေတဲ့အချက်တစ်ခုပါ။ အရေပြား ကျန်းမာတာက လူတစ်ယောက်ရဲ့သွင်ပြင်အပေါ်မှာ အများကြီးသက်ရောက်နေတဲ့ အချက်တစ်ခုပေါ့။ ဒီတစ်ခေါက်တော့ လူတော်တော်များများမှာဖြစ်တတ်တဲ့အရေပြားပြဿနာတစ်ခုဖြစ်တဲ့ညှင်းအကြောင်း ပြောပြပေး ချင်ပါတယ်။ညှင်းဆိုတာက အရေပြားမှာမှိုစွဲတဲ့ ရောဂါတစ်မျိုးပါ။ ညှင်းဖြစ်စေတဲ့မှိုပိုးက အရေပြားပေါ်မှာ ရှိနေတတ်တဲ့Malasseziaမှိုပိုး အမျိုးအစားပါ။ ပုံမှန်အားဖြင့်ကတော့ အရေပြားပေါ်မှာ သာမန်မျက်လုံးနဲ့ မမြင်ရတဲ့ မှိုပိုးနဲ့ဘက်တီးရီးယားပေါင်း သန်းပေါင်းများစွာရှိနေပါတယ်။  သူတို့က သင့်ကိုယ်တွင်းကိုကူးစက်ရောဂါပိုးတွေ ဝင်ရောက်တာမျိုးမရှိအောင် ကာကွယ်ပေးရင်း အရေပြားပေါ်မှာ အသိုက်ဖွဲ့လို့နေနေတတ်ကြတာပါ။ သူတို့တွေရှိနေလိုပလည်း အချို အန္တရာယ်များတဲ့ ရောဂါပိုးတွေက ကိုယ်တွင်းကို ဝင်ရောက်မလာတာပေါ့။အရေပြားဆဲလ်တွေနဲ့ သူတို့လေးတွေက အချင်းချင်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အနေနဲ့ နေထိုင်ရှင်သန်နေကြတာပါ။ပုံမှန် အခြေအနေအတိုင်း ရှင်သန်နေတာက ပြဿနာမရှိပေမယ့် ဒီမှိုပိုးအရေအတွက်က ထိန်းမရနိုင်တဲ့အထိ ပေါက်ဖွားလာမယ်ဆိုရင်တော့ အရေပြား ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီးအသားအရောင်ပြောင်းတာမျိုး ဖြစ်လာစေနိုင်ပါတယ်။Malasseziaမှိုပိုးတွေ အဆမတန် ပေါက်ဖွားလာမှုက အရေပြားပေါ်မှာ အရောင်ရင့်ရင့် အကွက်တွေ၊ အရောင်ခပ်ဖျော့ဖျော့ အကွက်တွေဖြစ်လာစေနိုင်ပါတယ်။ ဒီလိုအရေပြားပေါ်မှာ အကွက်တွေဖြစ်လာတာကို ညှင်း လို့ခေါ်တာပါ။ညှင်း ဖြစ်စေတဲ့ မှိုပိုးက အရေပြားပေါ်မှာ သဘာဝအတိုင်း ပေါက်ဖွားတတ်တာကြောင့် တစ်ဦးကနေတစ်ဦးကို မကူးစက်နိုင်ပါဘူး။ ညှင်းက ဘယ်အသားအရောင်မျိုးမှာ မဆိုဖြစ်နိုင်ပြီးဆယ်ကျော်သက်တွေနဲ့ လူငယ်တွေမှာ အဖြစ်များပါတယ်။အရေပြားမှာ ညှင်း ဖြစ်စေတဲ့ မှိုပိုးတွေ အဆမတန် ပေါက်ဖွားလာတဲ့အခါ အသားအရောင်ပြောင်းတာမျိုးဖြစ်နိုင်သလို အရေပြားမှာ အသားအရောင်မညီတဲ့ အစက်အပြောက်တွေဖြစ်တာ၊ အကွက်တွေဖြစ်တာမျိုး ဖြစ်နိုင်ပါတယ်။ အရေပြားမှာ ညှင်းဖြစ်နေပြီဆိုရင်။ဒီအကွက်လေးတွေက ရာသီဥတု အေးလာတဲ့အခါ ပျောက်သွားတတ်ပြီး ရာသီဥတု အခြေအနေကပူနွေးစိုစွတ်တဲ့အခါမှာ ပိုဆိုးလာတတ်ပါတယ်။ ညှင်းဖြစ်တဲ့အခါ အရေပြားက ခြောက်သွေ့တာ၊ အဖက်လေးတွေလန်တာ၊ ယားယံတာ၊နာကျင်တာတွေခံစားရနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ခံစားရပုံခြင်း ကွာခြားတာမျိုးတော့ရှိပါတယ်။ညှင်းကလည်း ရောဂါတစ်မျိုးဖြစ်တာကြောင့် မဖြစ်အောင် ကာကွယ်လို့ရပါတယ်။ ဘယ်လိုကာကွယ်ရမလဲဆိုတော့။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%9e%e1%80%b6%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%9c%e1%80%bc%e1%80%94%e1%80%b9%e1%80%80%e1%80%b2%e1%80%9b%e1%80%84%e1%80%b9-%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8/
Laryngitis (အသံအိုး ရောင်ခြင်း)
အသံအိုးရောင်ခြင်း (Laryngitis) ဆိုသည်မှာလည်မျိုတွင်ရှိသောအသံအိုးရောင်ရမ်းခြင်းကို ဖြစ်စေသည့် အခြေအနေတစ်ခု ဖြစ်သည်။ အသံအိုးအတွင်းတွင် အမြှေးပါး နှစ်ထပ်နဲ့ အသံကြိုး နှစ်ခုရှိသည်။ ပုံမှန်အားဖြင့် သင်၏အသံသည် တုန်ခါခြင်းကြောင့်ဖြစ်ပေါ်လာသည်။ထိုအမြှေးပါးများရောင်ရမ်းနေပါကသင့်အသံသည် ကွဲအက်ခြင်း၊ အသံမထွက် ခြင်းတို့ ဖြစ်လာပါသည်။ အသက်ရှူရခက်ခြင်းနှင့် ချောင်းဆိုးရာတွင် နာကျင်ခြင်းတို့ ဖြစ်နိုင်ပါသည်။ ရောင်ရမ်းခြင်းသည် စကားပြောများခြင်း၊ ရောဂါပိုးဝင်ခြင်း နှင့် ယားယံခြင်းတို့ကြောင့် ဖြစ်သည်။အသံအိုးရောင်ခြင်းသည် ယာယီသို့မဟုတ် အချိန်အတန်ကြာ ဖြစ်နိုင်ပါသည်။ ရောဂါ လက္ခဏာများ ကြာရှည်နေပါကအသံအိုးရောင်ခြင်းသည် အခြားပိုပြင်းထန်သောအရာတစ်ခုကြောင့် ဖြစ်နိုင်သည်။ ဆရာဝန်နှင့် သွားရောက်စစ်ဆေးရန် အရေးကြီးပါသည်။အသံအိုးရောင်ခြင်းသည် အတော်တန် အဖြစ်များသောရောဂါတစ်ခုဖြစ်သည်။အဆိုတော်များလူထုနှင့် စကားပြောရသူများစသောအသံကိုနေ့စဉ် အစဉ်အမြဲအသုံးပြုနေရသူများတွင် ပို၍အဖြစ်များပါသည်။ အအေးမိသူများလည်ချောင်းနာသူများတွင်လည်းအဖြစ်များပါသည်။အန္တရာယ်ရှိသောအချက်များကိုလျော့ချခြင်း ဖြင့် အသံအိုးရောင်ခြင်းကိုထိန်းချုပ်နိုင်ပါသည်။ ပိုမိုသောအချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။အသံအိုးရောင်ခြင်း၏ အဖြစ်များသောရောဂါလက္ခဏာများမှာအသံသြလာခြင်း၊ အက်ကွဲလာခြင်း နှင့် အချို့တွင် အသံမထွက်တော့ခြင်းတို့ဖြစ်ပါသည်။ အခြားရောဂါလက္ခဏာများမှာ။အထက်တွင်ဖော်ပြမထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။အသံအိုးရောင်ခြင်းသည် မပြင်းထန်ပါ။ အိမ်သုံးကုသမှုများဖြင့် သက်သာနိုင်ပါသည်။ အချို့ကိစ္စများတွင် အသံအိုးရောင်ခြင်းသည် အခြားပို၍ပြင်းထန်သောအခြေအနေများ၏ ရောဂါ လက္ခဏာတစ်ခု ဖြစ်နိုင်ပါသည်။ အောက်ပါ လက္ခဏာများရှိပါကဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။အသံအိုးရောင်ခြင်းကို ဖြစ်စေသောအကြောင်းရင်းသည် ရုတ်တရက်သို့မဟုတ် နာတာရှည်ဖြစ်ခြင်းအပေါ်တွင် မူတည်သည်။ အောက်ပါတို့မှာ ဖြစ်စေသောအကြောင်းရင်းအချို့ဖြစ်သည်။ရုတ်တရက်လတ်တလောအသံအိုးရောင်ခြင်း။နာတာရှည် အသံအိုးရောင်ခြင်း။ကလေးငယ်များတွင် အသံအိုးရောင်ခြင်းသည် အသက်ရှူလမ်းကြောင်းပိတ်ခြင်း၊ Croup (ချောင်းအကျယ်ကြီးဆိုးသောရောဂါတစ်မျိုး) နဲ့ လေပြွန်ဖုံးအရိုးနုရောင်ရမ်းခြင်းကို ဖြစ်စေသောရောဂါပိုးကူးစက်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။ ၎င်းတို့သည် ပြင်းထန်ပါသည်။ ဆရာဝန်နှင့် ချက်ချင်း ပြသသင့်ပါသည်။အသံအိုးရောင်ခြင်းဖြစ်ပွားနိုင်ချေ ကိုမြင့်စေသောအကြောင်းရင်းများများစွာရှိပါသည်။ ဥပမာအားဖြင့်-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်တော်သောရောဂါအဖြေရှာမှုရရန် ဆရာဝန်သည် ဆေးမှတ်တမ်းနှင့် ရုပ်ပိုင်းဆိုင်ရာအခြေအနေကို ကြည့်ရှု စစ်ဆေးလိမ့်မည်။ ထပ်မံ၍ အောက်ပါစစ်ဆေးမှု များလည်း ပြုလုပ်နိုင်ပါသည်။ရုတ်တရက်လတ်တလောအသံအိုးရောင်ခြင်းတွင် ရောဂါလက္ခဏာများသည် တစ်ပတ်အတွင်းအလိုလိုပျောက်ကင်းသွားနိုင်ပါသည်။ သက်သာစေရန် အိမ်သုံးဆေးများနဲ့ ဆေးဆိုင်မှ ကိုယ်တိုင်ဝယ်၍ရသောဆေးများအသုံးပြုနိုင်ပါသည်။ အကိုက်အခဲပျောက်ဆေးများ (ibuprofen)၊ပါရာစီတမောနဲ့ချောင်းဆိုးပျောက်ဆေးရည် တို့ သောက်နိုင်ပါသည်။စကားလျော့ပြောခြင်း၊ စာရေး၍ပြောခြင်းတို့ဖြင့် အသံကိုအနားပေးပါ။ နာတာရှည် အသံအိုးရောင်ခြင်းတွင် ဆရာဝန်သည် အောက်ပါ ကုသမှုများကိုညွှန်ကြားပါလိမ့်မည်။အောက်ဖော်ပြပါလူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများသည်ကိုအသံအိုးရောင်ခြင်းကိုကုသသောနေရာတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်တွင်မေးခွန်းများရှိပါကသင့်တော်သောအဖြေရှာဖွေနိုင်ရန် ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/laryngitis-%e1%80%a1%e1%80%9e%e1%80%b6%e1%80%a1%e1%80%ad%e1%80%af%e1%80%b8-%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ရာသီထိမ် ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းများ
ရာသီထိမ် တယ်လို့ပြောဖို့အတွက် အနည်းဆုံး တစ်လထက်ပိုပြီး ရာသီမလာဖို့လိုပါတယ်။ ဒါ့ပြင် အမျိုးသမီးတွေ ၃လဆက်တိုက် ရာသီမလာရင်ပဲဖြစ်ဖြစ် မိန်းကလေးတွေ အသက်၁၅နှစ်ထိ သွေးမပေါ်သေးရင်ပဲဖြစ်ဖြစ် ရာသီထိမ်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ရာသီထိမ်တာအပြင် ဖြစ်ရတဲ့ အကြောင်းအရင်းပေါ်မူတည်ပြီး တခြားလက္ခဏာတွေလည်း တွဲလာနိုင်ပါသေးတယ်။ ဥပမာ။ဒီအကြောင်းတွေကြောင့် ရာသီထိမ် တာက အဖြစ်များပါတယ်။–ကိုယ်ဝန်ရှိခြင်း။-နို့တိုက်နေခြင်း။–သွေးဆုံးခြင်း။တချို့သောသန္ဓေတားဆေးတွေက ရာသီထိမ် တတ်ပါတယ်။ သောက်ဆေးတွေတောင်မှ ရပ်လိုက်ပြီးရင်သားဥကြွေဖို့နဲ့ ရာသီပြန်လာဖို့အတွက် အချိန်တစ်ခုစောင့်ရပါတယ်။ ထိုးဆေးတွေ၊ လက်မောင်းအောက်ထည့်တဲ့ တားဆေးတွေ၊ သားအိမ်ထဲထည့်တဲ့ ပစ္စည်းတချို့ကလည်း ရာသီထိမ်စေပါတယ်။ရာသီထိမ်စေတဲ့ ဆေးတွေကတော့။-စိတ်ရောဂါကုဆေးတွေ။-ကင်ဆာဆေးတွေ။-စိတ်ကျရောဂါကုဆေးတွေ။-သွေးကျဆေးတွေ။-အလာဂျီဆေးတွေပဲ ဖြစ်ပါတယ်။-ကိုယ်အလေးချိန်နည်းခြင်း။ပုံမှန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ၁၀ရာခိုင်နှုန်းလောက် နည်းနေပြီဆိုရင်ဟော်မုန်းတွေ ကမောက်ကမဖြစ်ပြီး ရာသီထိမ်တတ်ပါတယ်။ အစားအသောက် လုံးဝမစားတာ ဒါမှမဟုတ် အလွန်အမင်းစားတဲ့သူတွေမှာလည်း ဒီပြဿနာဖြစ်တတ်ပါတယ်။-လေ့ကျင့်ခန်း အလွန်အမင်းလုပ်ခြင်း။လေ့ကျင့်ခန်းအလွန်အမင်းလုပ်ရတဲ့သူတွေ၊ အားကစားသမားတွေမှာ ခန္ဓာကိုယ် အဆီနည်းသွားတာ၊ စိတ်ဖိစီးမှုများတာ၊ ခွန်အားတွေ သုံးရတာကြောင့် ရာသီထိမ်သွားတတ်ပါတယ်။–စိတ်ဖိစီးမှု။စိတ်ဖိစီးမှုကြောင့် ဦးနှောက်မှာရှိတဲ့ ရာသီလာတာကို ထိန်းချုပ်တဲ့ Hypothalamusရဲ့ အလုပ်ကို ထိခိုက်ပြီး မျိုးဥကြွေတာ၊ ရာသီထိမ်တာတွေဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှု သက်သာသွားရင်တော့ ရာသီပုံမှန်ပြန်လာပါတယ်။-PCOS (သားဥအိမ် အရည်အိတ်တည်ခြင်းရောဂါစု)။ပုံမှန်ရာသီစက်ဝန်းဖြစ်ဖို့အတွက် ဟော်မုန်းတွေက အတက်အကျရှိရပါတယ်။ PCOSမှာတော့ ဟော်မုန်းတွေက တသတ်မတ်တည်း တက်နေတဲ့အတွက် ရာသီထိမ်ရတာပါ။-သိုင်းရွိုက်ပြဿနာ။သိုင်းရွိုက်ဟော်မုန်းများလွန်း နည်းလွန်းခြင်းကလည်း ရာသီမမှန်တာ၊ ထိမ်တာကို ဖြစ်စေပါတယ်။-Pituitary အကျိတ်။ကင်ဆာမဟုတ်တဲ့ Pituitary အကျိတ်က ဟော်မုန်းမညီမျှမှုကို ဖြစ်စေပြီး ရာသီထိမ် စေပါတယ်။-အရွယ်မတိုင်ခင် သွေးဆုံးခြင်း။ပုံမှန်ဆိုရင်၅၀ ဝန်းကျင်မှ သွေးဆုံးကြပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသက် ၄၀မတိုင်ခင် မျိုးဥမကြွေတော့ဘူးဆိုရင် ရာသီလည်း မလာတော့ပါဘူး။-သားအိမ်နံရံ အမာရွတ်ဖြစ်ခြင်း : အကြောင်းအမျိုးမျိုးကြောင့်သားအိမ်ခြစ်တယ်၊ ဗိုက်ခွဲမွေးတယ်၊ သားအိမ်အလုံးဖယ်တယ်စတာတွေလုပ်ပြီးတဲ့အခါ သားအိမ်နံရံမှာ အမာရွတ်ကျန်တတ်ပါတယ်။ ဒီအမာရွတ်တွေက ရာသီလာဖို့အတွက် သားအိမ်နံရံထူတာ၊ ကွာကျတာတွေကို မဖြစ်စေတော့ပါဘူး။-မွေးရာပါ မျိူးပွားအင်္ဂါမပါခြင်း : မွေးရာပါ သားအိမ်၊ သားအိမ်ခေါင်း၊ မိန်းမကိုယ်မပါလာရင်တော့ ရာသီလာမှာလည်း မဟုတ်တော့ပါဘူး။-မိန်းမကိုယ် ပုံမှန်မဟုတ်ခြင်း : မိန်းမကိုယ်အဝမှာ အမြှေးပါး၊ နံရံထူနဲ့ ပိတ်နေမယ်ဆိုရင် ရာသီလာတာတောင် သွေးဆင်းတာ မြင်ရမှာ မဟုတ်ပါဘူး။ဖြစ်တဲ့အကြောင်းရင်းကိုမူတည်ပြီး ကုသနည်းတွေ မတူကြပါဘူး။  ကိုယ်ကိုယ်တိုင်လုပ်နိုင်တာတွေကတော့ စိတ်ဖိစီးမှုလျှော့ချတာ၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ရှောင်တာ၊  အစားအသောက်ကို အလွန်အကျွံစားတာ၊ မစားဘဲ နေတာမျိုးကို ရှောင်တာ စတာတွေလုပ်သင့်ပါတယ်။ ဆရာဝန်နဲ့လည်း ပြသရပါမယ်။ မိမိရဲ့ ရာသီရက်တွေ၊ ကြာချိန်၊ ရာသီချိန်အတွင်းမှာ ခံစားရတဲ့ ဝေဒနာတွေကိုလည်း မှတ်သားထားပြီး ဆရာဝန်နဲ့ ဆွေးနွေးပြသသင့်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/causes-of-amenorrhoea/
ရေခဲမုန့်ကအဆီဓါတ်များခြင်းကိုဖြစ်စေသလား
ရေခဲမုန့်ဆိုတာက လူတော်တော်များများ ကြိုက်ကြတဲ့ အစား။အသောက်တစ်ခုဖြစ်ပါတယ်။ အရသာအရမ်းကောင်းတယ်။ဆိုပေမယ့်လည်း ရေခဲမုန့်ထဲမှာ ပြည့်ဝပျော်ဝင်နေသောအ။ဆီများနှင့် သကြားဓါတ်များ မြင့်မားစွာပါဝင်တာကြောင့် ၎င်း။တို့ကနေမှ မကောင်းတဲ့အဆီဓါတ်အဖြစ်ပြောင်းသွားနိုင်ပါ။တယ်။ ဒါ့အပြင် ရေခဲမုန့်က ဝိတ်တက်ခြင်းနဲ့ အဆီဓါတ်မြင့်။မားခြင်းတို့ကို ပိုဖြစ်စေပါတယ်။နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့စားသောက်မှုပုံစံမှာ။ပြည့်ဝပျော်ဝင်သောအဆီနှင့် အခြားအဆီဓါတ်နှင့် သကြား။အနည်းငယ်တော့ ပါဝင်သင့်ပါတယ်။ အမေရိကန်နှလုံးကျန်း။မာရေးအဖွဲ့အစည်းအရကတော့လူတွေတစ်နေ့ကို ပြည့်ဝပျော်ဝင်သောအဆီကို ၁၆ဂရမ်လောက်ထိသာ ကန့်။သတ်ပြီး စားသုံးသင့်တယ်လို့ဆိုထားပါတယ်။ မကောင်းတဲ့။အဆီဓါတ်ဖြစ်တဲ့ trans fat ကိုတော့ သကြားဓါတ်အပါအဝင် ၂ဂရမ်လောက်သာစားသင့်ပါတယ်။၎င်းက တစ်နေ့ကယ်လိုရီအဝင်ပမာဏနဲ့ ၅-၁၀ရာခိုင်နှုန်း။လောက်ဖြစ်ပါတယ်။ချောကလက်ရေခဲမုန့်တစ်ခွက်မှာ ၁၅ဂရမ်ရှိတဲ့ ပြည့်ဝပျော်။ဝင်တဲ့အဆီဓါတ်ပါဝင်တာကြောင့်သင့်ရဲ့ တစ်နေ့တာ စားသင့်တဲ့ အဆီဓါတ်တွေအပြည့်ပါသွားပါပြီ။ ဆိုလိုတာက။တော့ သင့်က ချောကလက်ရေခဲမုန့်တစ်ခွက်စားလိုက်ပါက။တစ်ခြားပြည့်ဝပျော်ဝင်တဲ့အဆီတွေပါတဲ့ အသားများ၊ချိစ်များ။နွားနို့နဲ့ တစ်ခြား တိရစ္ဆာကရတဲ့ အစားအသောက်တွေအ။ကုန်လုံးကို ရှောင်ရပါတော့မယ်။ တစ်ခြားအစားအသောက်။တွေဖြစ်တဲ့ အပင်ကရတဲ့ အစားအသောက်များ၊အသီးများ၊။အရွက်များ၊ပဲများ၊အစေ့အစံများစားပေးရပါတော့မယ်။သို့သော်လည်း အပင်တွေထဲမှာတောင်မှ ပြည့်ဝပျော်ဝင်တဲ့။အဆီဓါတ်များတဲ့ ဟာတွေရှိပါတယ်။ဥပမာ-အုန်းသီး။သင်က အဆီနည်းတဲ့ရေခဲမုန့်မျိုးကို စားခြင်း၊ခွက်အပြည့်စား။မယ့်အစား တစ်ဝက်လောက်သာစားခြင်းနဲ့ ရွေးချယ်လို့ရပါ။တယ်။ ဗနီလာရေခွက်မုန့်ခွက်တစ်ဝက်မှာ ၂.၂ဂရမ်ရှိတဲ့။ပြည့်ဝပျော်ဝင်တဲ့အဆီဓါတ်ပါပြီး ၁၇ဂရမ်ရှိတဲ့ သကြားနဲ့။၆၆ကယ်လိုရီဓါတ် ပါဝင်ပါတယ်။ရေခဲမု့န်ကို တစ်ခါတစ်လေမှာစားတာစားလို့ရပါတယ်။ နေ့။တိုင်းတော့ မရပါဘူး။ တစ်ခြားအစားအသောက်တွေဖြစ်တဲ့။အစေ့အစံများ၊အသီးများ၊အရွက်များ၊အဆီနည်းတဲ့နို့ထွက်။ပစ္စည်းများနဲ့အသားဓါတ်များကို စားဖို့ကြိုးစားပါ။ အောက်မှာ။ပြောပြထားတာတွေကတော့ ရေခဲမုန့်အစားထိုး အဖြစ်စား။နိုင်တဲ့ဟာတွေပါ။ခဲထားသောဒိန်ချဉ်ထဲမှာ ပြည့်ဝပျော်ဝင်တဲ့အဆီဟာ တစ်ခါ။စား ခွက်ထဲမှာ ၂ဂရမ်သာပါပါတယ်။ ဝယ်တဲ့အချိန်မှာ ဘာတွေပါဝင်လဲဆိုတာကို သေချာဖတ်ပါ။ ခဲထားသောဒိန်ချဉ်။အကုန်လုံးကတော့အဆီမပါဝင်တာမဟုတ်ပါဘူး။ တစ်ချို့။သောဟာတွေမှာ ရေခဲမုန့်ထဲမှာပါသလို အဆီဓါတ်ပမာဏ။များများပါနေတာတွေလည်းရှိတတ်ပါတယ်။Sherbet ဆိုတာက နို့ကနေလုပ်ထားတဲ့ အချိုပွဲနောက်တစ်ခု။ဖြစ်ပါတယ်။ ဒီဟာကလည်း အဆီမပါတဲ့ ခဲထားတဲဒိန်ချဉ်လို။ပါပဲ ဖြစ်လို့ အဆီဓါတ်ပါတဲပမာဏက တော်တော်နည်းပါ။တယ်။ နောက်ပြီးတော့ Sherbetက အသီးအရသာမျိုးစုံနဲ့။လာပြီးတော်တော်စားလို့ကောင်းပါတယ်။ဒီဟာကလည်းအံ့သြလောက်စရာကောင်းတဲ့ ရေခဲအခြေခံပြီးလုပ်ထားတဲ့အချိုပွဲတစ်ခုပါပဲ။၎င်းကတော့ သကြားကိုချက် လိုက်ခြင်းနဲ့ အသီးတွေကိုရောပြီးတော့ ရေခဲ။မုန့်လုပ်တဲ့စက်ထဲကိုထည့်ပြီးရောမွှေလိုက်တာပါ။ ရောတဲ့အချိန်မှာ နို့ထွက်ပစ္စည်းတွေကို သုံးထားခြင်းမရှိတဲ့အတွက် အဆီဓါတ်တွေများနေမှာကို စိတ်ပူစရာမရှိတော့ပါဘူး။ရေခဲချောင်းဆိုတာဟာ ကလေးတွေအတွက်ပဲမဟုတ်ပါဘူး။ရေခဲချောင်းကို အရသာမျိုးစုံ အရောင်မျိုးစုံ ပုံစံမျိုးစုံနဲ့ရပါ။တယ်။ ဒါပေမယ့် ဘာတွေပါလဲဆိုတာကိုသေချာ ဖတ်ကြည့်ဖို့။သတိရပါ။ အုန်းနို့ကိုအသုံးပြ ုထားတယ်ဆိုပါက အဆီပမာ။ဏများတာတွေဖြစ်ဖို့သေချာလို့ သေချာဖတ်ကြည့်ပါ။အသီးနှင့် အရွက် ဖျော်ရည်များက ကျန်းမာရေးအတွက်။ကောင်းကြပါတယ်။ နို့သို့မဟုတ် ခရင်မ်ပါတဲု့နိကိုသုံးမယ့်အ။စား ဒိန်ချဉ်၊ငှက်ပျောသီး သို့မဟုတ်ထောပတ်သီးတို့ကို သုံး။ပြီး ခရင်မ် ပါသလို ပြ ုလုပ်ပြီး သောက်လု့ိရပါတယ်။ခဲထားသောအသီးတွေဟာ ကျန်းမာရေးအတွက်အကောင်း။ဆုံးရွေးချယ်မှုပါပဲ။ ဘာလို့လဲဆိုတော့ သူတို့က အဆီဓါတ်။ပါတာနည်းခြင်းနဲ့ သကြားတွေမပါလို့ပါပဲ။Hello Health Group မှ ဆေးပညာ အကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသမှုပေးခြင်းများ မပြ ုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9b%e1%80%b1%e1%80%81%e1%80%b2%e1%80%99%e1%80%af%e1%80%94%e1%80%b7%e1%80%ba%e1%80%80%e1%80%a1%e1%80%86%e1%80%ae%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%bc/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/keto-diet-meal-plan/
null
null
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/%e1%80%9e%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%ba/
Celiac Disease (ဂလူတန် ဓါတ်မတည့် အူသိမ် ရောဂါ)
ဂလူတန် ဓါတ်မတည့် အူလမ်းကြောင်း ရောဂါ (celiac disease) ဆိုတာဟာ ဂျုံ ၊ ဘာလီ စသော အစားအသောက်တို့တွင် ပါဝင်သော ပရိုတင်းတမျိုးဖြစ်တဲ့ ဂလူတန် (gluten) နဲ့ မတည့်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ တကယ်လို့ သင့်မှာ ဂလူတန် ဓါတ်မတည့် အူသိမ် ရောဂါ ရှိနေမယ်ဆိုရင် ဂလူတန် (gluten) စားတိုင်းမှာ သင့်ရဲ့ အူသိမ်က တုန့်ပြန်တိုက်ထုတ်မှာ ဖြစ်ပါတယ်။ဒီလိုမျိုးဖြစ်တာ ကြာလာရင် အူသိမ်ရဲ့ အတွင်းသားနံရံတွေ ထိခိုက်ပျက်စီးလာပြီး အာဟာရဓါတ်တွေကို ကောင်းကောင်း စုပ်ယူနိုင်တော့မှာ မဟုတ်ပါဘူး။ ဒီလိုမျိုး အူမှာ ထိခိုက်ဒါဏ်ရာ ရခြင်းကြောင့် ဝမ်းလျှောခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်ကျသွားခြင်း၊ လေပွခြင်း နဲ့ သွေးအားနည်း ရောဂါတွေအပြင် တခြား ဆိုးရွားပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုပါ ဖြစ်လာစေမှာပါ။ကလေးတွေမှာ အာဟာရဓါတ်ကို ကောင်းစွာ မစုပ်ယူနိုင်ဖူးဆိုရင် ကြီးထွားဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေမှာပဲ ဖြစ်ပါတယ်။ဂလူတန် ဓါတ်မတည့် အူသိမ်ရောဂါ ကို ကုသလို့ မရနိုင်ပေမယ့် ဂလူတန် (gluten) မပါဝင်တဲ့ စားသောက်မှုပုံစံကို ကျင့်သုံး စားသောက်မယ် ဆိုရင်တော့ လူအများစုမှာ ရောဂါလက္ခဏာတွေကို ထိန်းချုပ်နိုင်မယ့်အပြင် အူအတွင်းပိုင်း ထိခိုက်မှုကိုလည်း ပြန်လည် သက်သာကောင်းမွန်စေမှာ ဖြစ်ပါတယ်။ဒီရောဂါဟာ အလွန်အဖြစ်များပြီး အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ ဒီရောဂါဖြစ်စေမယ့် အစားအသောက်တွေကို ရှောင်ကြဉ်ခြင်းအားဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဂလူတန် ဓါတ်မတည့် အူသိမ်ရောဂါ (celiac disease) ရဲ့ အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ဝမ်းလျှောခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း နဲ့ ကိုယ်အလေးချိန် ကျဆင်းခြင်း တို့ပဲ ဖြစ်ကြပါတယ်။ လေထ၊ လေပွ၊ ဗိုက်နာ/ဗိုက်အောင့်၊ ပျို့အန်မအီမသာ ဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်း တို့လည်း ဖြစ်နိုင်ပါသေးတယ်။အစာချေ စနစ်နဲ့ မသက်ဆိုင်တဲ့ အခြား ရောဂါလက္ခဏာ တွေကတော့။• သံဓါတ်ချို့တဲ့တာ ကြောင့်ဖြစ်တဲ့ သွေးအားနည်း ရောဂါ။• အရိုးပွ၊ အရိုးပျော့ခြင်း။• အရေပြားမှာ အရည်ကြည်ဖုလို အကွက်တွေ ထွက်လာပြီး ယားယံခြင်း။• သွားကြွေလွှာတွေ ထိခိုက်ခြင်း။• ပါးစပ် အနာ ဖြစ်ခြင်း။• ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း။• အာရုံကြောထိခိုက်ခြင်း (ခြေလက်တွေ ထုံကျဉ်ခြင်း၊ ခန္ဓါကိုယ် ဟန်ချက် မထိန်းနိုင်ခြင်း၊ မှတ်ဉာဏ်တွေ ချို့ယွင်းတာ အစရှိသဖြင့်)။• အဆစ်အမြစ် နာခြင်း။• ဘေလုံး ကောင်းကောင်း အလုပ်မလုပ်ခြင်း။• စားချဉ့်ပြန်ခြင်း ၊ ရင်ပူခြင်း စတာတွေပဲ ဖြစ်ပါတယ်။အသက်၂နှစ်အောက် ကလေးတွေမှာ ခံစားရမယ့် ရောဂါလက္ခဏာများ။• အန်ခြင်း။• ကာလကြာရှည် ဝမ်းလျှောခြင်း။• ဗိုက်ဖောင်းခြင်း။• မထွားခြင်း။• အစားအသောက်ပျက်ခြင်း။• ကျုံလှီသေးကွေးခြင်း စတာတွေဖြစ်ပါသည်။အသက် နည်းနည်းကြီးတဲ့ ကလေးတွေမှာတော့။• ဝမ်းလျှောခြင်း။• ဝမ်းချုပ်ခြင်း။• ကိုယ်အလေးချိန်ကျဆင်းခြင်း။• စိတ်တိုဒေါသထွက်လွယ်ခြင်း။• အရပ်ပုခြင်း။• လူပျိုဖော်/အပျိုဖော် ဝင်တာ နောက်ကျခြင်း။• အာရုံကြောဆိုင်ရာ ပြဿနာ ။ အတက်ကြွလွန် ဂဏှာမငြိမ်ဖြစ်သော ရောဂါ (Attention deficit hyperactivity disorder) ခံစားရခြင်း၊ စာမလိုက်နိုင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားတွေ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း မရှိခြင်း နဲ့ တက်ခြင်း အပါအဝင် အာရုံကြောဆိုင်ရာ ပြဿနာတွေကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသော လက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။• နှစ်ပတ်ထက်ပိုပြီး ဝမ်းလျှောခြင်း ဒါမှမဟုတ် ဗိုက်ထဲမှာ နေရထိုင်ရ မကောင်းခြင်း။• သင့်ကလေးက ဖြူဖျော့နေရင်၊ ဂျီကျနေရင်၊ပုံမှန်ထက် သေးညှက်နေရင် ၊ ဗိုက်ကြီးဖောင်းနေရင်၊စမြင်းတုံးကြီးပြီး အနံ့နံရင်။အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။မျိုးရိုးဗီဇ ပြဿနာ၊ ဂလူတန် (gluten) ပါတဲ့ အစားအသောက်တွေ စားတာ နဲ့ တခြားသော ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာတွေ ပေါင်းစုံပြီး ဂလူတန် ဓါတ်မတည့် အူသိမ်ရောဂါ (Celiac disease) ဖြစ်ပွားတာမှန်ပေမယ့် တကယ့်အကြောင်းရင်း အတိအကျကိုတော့ မသိရှိရသေးပါဘူး။ကလေးငယ်လေးတွေကို အစားကျွေးပုံကျွေးနည်း မမှန်တာ၊ အူလမ်းကြောင်းပိုးဝင်တာနဲ့ အူထဲမှာ ရှိတဲ့ ဘက်တီးရီးယားတွေကြောင့်လည်း ဒီရောဂါ ဖြစ်စေနိုင်ပါတယ်။တစ်ခါတစ်ရံ ခွဲစိတ်မှု ခံယူပြီးတဲ့အချိန်၊ ကိုယ်ဝန်ရှိနေချိန်၊ ကလေးမွေးပြီးချိန်၊ ဗိုင်းရပ်စ်ပိုးဝင်တာကြောင့် ဒါမှမဟုတ် စိတ်ဖိစီးမှု ပြင်းပြင်းထန်ထန် ခံစားရတာတွေကြောင့်လည်း ဒီရောဂါကို ခံစားရတတ်ပါတယ်။အစားအစာတွေမှာ ပါတဲ့ ဂလူတန် (gluten) ကို ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်က အလွန်အကျွံ တုန့်ပြန်တိုက်ဖျက်တာကြောင့် အူသိမ်နံရံတွေမှာ ရှိတဲ့ အလွန်သေးငယ်သော လက်ချောင်းလေးတွေနဲ့ တူတဲ့ အတက်ကလေးတွေ (villi လို့ ခေါ်ပါတယ်)ကို ထိခိုက်ဒါဏ်ရာ ရစေပါတယ်။villi လေးတွေရဲ့ အလုပ်က သင်စားလိုက်တဲ့ အစာအစာတွေမှာ ပါဝင်လာတဲ့ ဗီတာမင်၊သတ္တုဓါတ် နဲ့ အခြားသော အာဟာရဓါတ်တွေကို စုပ်ယူဖို့ဖြစ်တာကြောင့် villi တွေ ထိခိုက်ဒါဏ်ရာရပြီဆိုရင် သင်အစားဘယ်လောက်ပဲ စားစား အာဟာရဓါတ်တွေကို လုံလောက်အောင် မစုပ်ယူနိုင်တော့ပါဖူး။တချို့သော မျိုးရိုးဗီဇ တွေ ပြောင်းလဲမှုဖြစ်ပေါ်ရင်လည်း ဒီရောဂါဖြစ်နိုင်ချေ ပိုများတယ်ဆိုပေမယ့် မျိုးရိုးဗီဇ ပြောင်းလဲမှုဖြစ်တိုင်း သင့်မှာ ဂလူတန် ဓါတ်မတည့် အူသိမ်ရောဂါ ဖြစ်မယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ တခြား အခြေအနေတွေလည်း ပေါင်းစပ်ပါဝင်ရဦးမှာ ဖြစ်ပါတယ်။အနောက်နိုင်ငံတွေမှာတော့ လူဦးရေရဲ့ တစ်ရာခိုင်နှုန်းဟာ ဂလူတန် ဓါတ်မတည့် အူသိမ်ရောဂါ ကို ခံစားနေရတယ်လို့ ဆိုပါတယ်။ လူဖြူတွေမှာ ဒီရောဂါအဖြစ်များတယ်ဆိုပေမယ့် လက်ရှိမှာတော့ လူမျိုးအတော်များများမှာ ဖြစ်နေတာကိုတွေ့ရတဲ့အပြင် တကမ္ဘာလုံးမှာလည်း ဂလူတန် ဓါတ်မတည့် အူလမ်းကြောင်း ပြဿနာကို တွေ့ရှိနိုင်ပါတယ်။ဂလူတန် ဓါတ်မတည့် အူသိမ်ရောဂါ ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။• မိသားစုဝင်တွေမှာ ဒီရောဂါရှိတာ ဒါမှမဟုတ် dermatitis herpetiformis ဆိုတဲ့ အရေပြားမှာ အရည်ကြည်ဖုလို အကွက်တွေ ထွက်လာပြီး ယားယံတဲ့ ရောဂါရှိခြင်း။• ဆီးချိုသွေးချို အမျိုးအစား (၁) ရောဂါ ရှိခြင်း။• မွေးရာပါ ကိုယ်လက်အင်္ဂါချို့တဲ့ တဲ့ ရောဂါတွေ ဖြစ်တဲ့ ဒေါင်းဆင်ဒရုန်း ဒါမှမဟုတ် Turner ဆင်ဒရုန်း တွေရှိခြင်း။• သိုင်းရွိုက်ဂလင်းကို မိမိခန္ဓါကိုယ်ခုခံအားက အလိုလို ဖျက်ဆီးတိုက်ဖျက်တဲ့ ရောဂါရှိခြင်း။• အူမကြီးရောင်တဲ့ ရောဂါရှိခြင်း။• အက်ဒီဆင် ရောဂါ (addison disease) ရှိနေခြင်း။• လေးဖက်နာရောဂါရှိခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ထိုရောဂါ ဟုတ်မဟုတ် သိရှိနိုင်ဖို့အတွက် ဆရာဝန်တွေ အနေနဲ့ အောက်ဖော်ပြပါ သွေးစစ်ဆေးမှု နှစ်မျိုးကို ပြုလုပ်ခိုင်းပါလိမ့်မယ်။• သင့်သွေးထဲမှာ antibodies လို့ခေါ်တဲ့ ပဋိပစ္စည်းတွေကို ရှာဖွေတဲ့ စစ်ဆေးမှု ပြုလုပ်မှာ ဖြစ်ပြီး ပဋိပစ္စည်းတွေ အတိုင်းအတာ တစ်ခုအထိ တက်နေမယ်ဆိုရင်တော့ ဒါဟာ သင့်ခန္ဓါကိုယ်က ဂလူတန် (gluten) ကို တုန့်ပြန်တိုက်ထုတ်နေတာကို ပြတာပဲ ဖြစ်ပါတယ်။• မျိုးဗီဇဆိုင်ရာ စစ်ဆေးမှုတစ်ခု အဖြစ် human leukocyte antigens (HLA-DQ2 and HLA-DQ8) ကိုလည်း ရှာဖွေစစ်ဆေးနိုင်ပါတယ်။တကယ်လို့ အပေါ်မှာ ပြောခဲ့တဲ့ သွေးစစ်ဆေးမှုတွေက သင့်မှာ ဂလူတန် ဓါတ်မတည့် အူသိမ်ရောဂါ ပြဿနာ ရှိနေနိုင်တယ်လို့ ဖော်ပြနေမယ်ဆိုရင် သင့်ဆရာဝန်အနေနဲ့ သင့်ရဲ့ အူသိမ်အနေအထားကို သိရှိနိုင်ဖို့အတွက် မှန်ပြောင်းကြည့်မှာဖြစ်တဲ့အပြင် villi ကို ထိခိုက်မှု အနေအထားကို သိရှိနိုင်ဖို့အတွက် တစ်သျှူးအသားစကို ယူပြီး ဓါတ်ခွဲစစ်ဆေးပါလိမ့်မယ်။သင်စားနေကျ အစားအစာတွေထဲမှာ ဂလူတန် (gluten) မပါတော့ဖူးဆိုရင် သွေးစစ်ဆေးမှု အဖြေတွေကို ပြောင်းလဲစေနိုင်တဲ့အတွက် ဂလူတန် (gluten) မပါတဲ့ အစားအစာတွေကိုသာ စားသုံးခြင်းမပြုခင် အထက်ပါ စစ်ဆေးမှုတွေကို ခံယူဖို့ အရမ်းပဲ အရေးကြီးပါတယ်။ဂလူတန် (gluten) မပါတဲ့ အစားအစာတွေကိုပဲ တသက်လုံးစားသွားခြင်းဟာ တစ်ခုတည်းသော ကုသမှုပဲ ဖြစ်ပါတယ်။ ဂျုံ အပြင် gluten ပါတဲ့ အစားအစာတွေက ဘာလီ၊မုယောစပါး၊ ၊မြင်းစားဂျုံ ၊ မုယောခြောက် စတဲ့ ဂျုံ မျိုးနွယ်ဝင်တွေပဲ ဖြစ်ပါတယ်။ဂလူတန် (gluten) မပါတဲ့ အစားအစာတွေကို ရွေးချယ်စားသောက်ရာမှာ သင့်ကို အကူအညီပေးနိုင်ဖို့အတွက် အာဟာရပညာရှင်ဆီ သွားရောက်ဆွေးနွေးဖို့ သင့်ဆရာဝန်က လမ်းညွှန်ပါလိမ့်မယ်။သင်နေ့စဉ်စားနေတဲ့ အစားအစာတွေထဲကနေ ဂလူတန် (gluten) ကို ဖယ်ထုတ်လိုက်ပြီဆိုတာနဲ့ သင့်ရဲ့ အူသိမ်ရောင်ရမ်းမှုဟာ စတင်ပြီး သက်သာလာမှာ ဖြစ်ပါတယ်(အများအားဖြင့် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာပေါ့)။ သင့်အနေနဲ့ ရက်ပိုင်းအတွင်းမှာပဲ နေလို့ထိုင်လို့ ကောင်းလာတာကို ခံစားရမှာ ဖြစ်ပေမယ့် အပြည့်အ၀ ကောင်းသွားဖို့နဲ့ villi တွေ ပြန်ထွက်လာဖို့ကတော့ လအနည်းငယ်ကနေ နှစ်အနည်းငယ်အထိ အချိန်ယူရမှာ ဖြစ်ပါတယ်။ကလေးတွေမှာ ပိုပြီးမြန်မြန်ဆန်ဆန် ပြန်ကောင်းလေ့ရှိပါတယ်။သင့်အနေနဲ့ ဂလူတန် (gluten) ပါတဲ့ အစာအစာတွေကို မတော်တဆ စားမိမယ်ဆိုရင် ဗိုက်နာတာ နဲ့ ဝမ်းလျှောတာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ တချို့လူတွေဟာ ဂလူတန် စားလို့ ဘာရောဂါလက္ခဏာမှ မပြပေမယ့် ဒါဟာ ဂလူတန် အနေနဲ့ သင့်ကို အန္တရာယ်မဖြစ်စေဖူးလို့ ဆိုလိုတာမဟုတ်ပါဖူး။ ရောဂါလက္ခဏာပြပြ မပြပြ သင်စားတဲ့ အစားအစာတွေထဲမှာ ဂလူတန် ပမာဏ အနည်းငယ်ပဲ ပါရင်တောင် အန္တရာယ်ဖြစ်စေတယ်ဆိုတာကို သိထားရပါမယ်။ဂလူတန် ဟာ ဂျုံ မဟုတ်တဲ့ အစားအစာတွေ၊ ဆေးဝါးတွေ နဲ့ အစားအသောက်မဟုတ်တဲ့ ပစ္စည်းတွေမှာလည်း ပုန်းလျှိုးကွယ်လျှိုး ပါဝင်လာတာရှိ ပါသေးတယ်။ ဒါတွေကတော့။• ပြုပြင်ထားတဲ့ ဆန်၊အစားအသောက် တာရှည်ခံဆေး။• ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေ နဲ့ ဆေးစာမလိုဘဲ မိမိဖာသာ ဆေးဆိုင်မှာ ဝယ်နိုင်တဲ့ဆေး။• ဗီတာမင်နဲ့ သတ္တုဓါတ် ဖြည့်စွက် အားဆေး။• သဘာဝ သစ်ဥသစ်ဖုတွေ၊အာဟာရ ဖြည့်စွက်စာ။• သွားတိုက်ဆေး၊ အာလုပ်ကျင်းဆေး။• စာအိတ်၊ တံဆိပ်ခေါင်း ကပ်တဲ့ ကော်။• ကလေးတွေဆော့တဲ့ အရုပ်လုပ်ဂျုံများ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဂလူတန် ဓါတ်မတည့် အူသိမ်ရောဂါ (Celiac disease) ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။တကယ်လို့ သင့်မှာ ဂလူတန် ဓါတ်မတည့် အူသိမ်ရောဂါ ရှိနေတာကို သိပြီဆိုရင် ဂလူတန် ပါဝင်တဲ့ အစားအစာတွေ အားလုံးကို ရှောင်ရပါတော့မယ်။ သင့်အတွက် ဂလူတန် မပါဝင်တဲ့ အစားအစာတွေကို ရွေးချယ်တဲ့နေရာမှာ ကူညီအကြံပေးနိုင်ဖို့အတွက် အာဟာရပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ဖို့ သင့်ဆရာဝန်ကို မေးမြန်းပါ။ဂလူတန် ကိုရှောင်ပေမယ့် သင်စားတဲ့ အစားအစာတွေထဲမှာ ဗီတာမင်၊သတ္တုဓါတ်၊အမျှင်ဓါတ်နဲ့ ကယ်လ်ဆီယမ်ဓါတ်တို့ လုံလုံလောက်လောက် ပါဝင်ဖို့ကလည်း အရေးကြီးပါသေးတယ်။အောက်မှာ ဖော်ပြထားတာကတော့ ဂလူတန် ပါဝင်တဲ့ အစားအစာတွေ(ရှောင်ရန်) နဲ့ ဂလူတန် မပါဝင်တဲ့ အစားအစာတွေ (စားရန်) ဖြစ်ကြပါတယ်။ရှောင်ရန်။• ဂျုံအပြင် ဘာလီ၊မုယောစပါး၊ မြင်းစားဂျုံ၊ မုယောခြောက် စတာတွေပါဝင်တဲ့ အစားအစာတွေနဲ့ သောက်စရာတွေကို ရှေြာင်ကဉ်ရပါမယ်။အညွှန်းဖတ်ပါ။ဂလူတန် မပါဝင်ပါ ဒါမှမဟုတ် ဂလူတန် ပါဝင်တဲ့ ဘယ်လိုပစ္စည်းမျိုးကိုမှ အသုံးမပြုထားပါလို့ စာညွှန်းမပါတဲ့ ထုတ်ပိုးထားပြီးသား ဘယ်လိုအစားအစာမျိုးကိုမှ မစားပါနဲ့။ ဂျုံစေ့တွေ၊ ပတ်စတာ၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ကွတ်ကီး၊ ပိုင်မုန့်တို့လို မုန့်ဖုတ်ထားတဲ့ အစာအစာတွေ အပြင် ဂလူတန် ပါဝင်လာနိုင်တဲ့ ထုတ်ပိုးပြီးသား ပစ္စည်းတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။• ဘီယာ။• သကြားလုံး။• အချဉ်ရည် ဆော့စ်။• အသားတု၊ပင်လယ်စာ။• ဝက်အူချောင်း၊ကြက်အူချောင်း တွေအပါအဝင် ကြိုတင်ချက်ပြုတ်ပြီးမှ ထုတ်ပိုးရောင်းချတဲ့ အသား။• ပဲပုပ်ဆော့စ် အပါအဝင် ဆော့စ်။• စွပ်ပြုတ်။• အချို့ အစေ့အဆန်များ။ oat လိုမျိုး အစေ့အဆန်သည် စိုက်ပျိုးထုတ်ပိုးချိန်တွင် ဂျုံနှင့် ရောနှောသွားနိုင်သောကြောင့် မစားသင့်ပါ။ လုံးဝသန့်စင်တဲ့ oat က အန ္တရာယ်ကင်းသည်တော့ မှန်ပါသည်။ပုံမှန်စားနေကျ အစားအစာ အများစုဟာ ဂလူတန် (gluten) မပါဝင်ပါဘူး။ ဥပမာ။• လတ်ဆတ်တဲ့ အသား၊ငါး၊ဗမာကြက်။• သစ်သီး။• နို့ထွက်ပစ္စည်းအများစု။• အာလူး။• ဟင်းသီးဟင်းရွက်။• ဝိုင် နဲ့ အရက်။ဂလူတန် (gluten) မပါဝင်တဲ့ အစေ့တွေ၊ကစီဓါတ် ပြည့်ဝတဲ့ အစားအစာများ။အာတာလွတ်။• ပန်းဂျုံ။• ပြောင်းဖူး။• Gluten မပါတဲ့ ဆန်၊ပဲပုပ်၊ ပြောင်းဖူး၊ အာလူး၊ပဲ။• ပြောင်းဖူးနဲ့ပဲ လုပ်ထားတဲ့ ပါပလာကြော်။• Quinoa စေ့။• ဆန်။• ပီလောပီနံ။• Carob ကို gluten အစားထိုး အဖြစ် စားလို့ရကောင်းရနိုင်ပါတယ်။ ဒါပေမယ့် ဂလူတန်ဓါတ်မတည့် အူသိမ်ရောဂါ အပေါ် သူ့ရဲ့ အကျိုးသက်ရောက်မှုတွေကို သေချာသိရှိစေနိုင်ဖို့အတွက် လေ့လာသုတေသန ပြုမှုတွေ ဆက်လုပ်ရဦးမှာပါ။ပေါင်မုန့်နဲ့ pasta ကြိုက်တဲ့ ဂလူတန်ဓါတ်မတည့် အူသိမ်ရောဂါ ဝေဒနာရှင်တွေအတွက် ကံကောင်းတဲ့အချက်က ဂလူတန် မပါတဲ့ ပစ္စည်းတွေ အများအပြား ဝယ်ယူရရှိနေပြီဆိုတာပါပဲ။ တကယ်လို့ သင့်အနီးအနားက ပေါင်မုန့်ဆိုင် ဒါမှမဟုတ် ကုန်စုံဆိုင်မှာ ဝယ်လို့မရဖူးဆိုရင် အွန်လိုင်းကနေ ရှာဝယ်လို့လည်း ရပါသေးတယ်။ဂလူတန် ပါဝင်တဲ့ အစားအစာတွေနေရာမှာ အစားထိုးဖို့ ဂလူတန် မပါတဲ့ စားသောက်ကုန်တွေ ရှိနေပေမယ့် သူတို့မှာ အဆီနဲ့ ကယ်လိုရီတွေ အလွန်အကျွံပါဝင်လာနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/celiac-disease-%e1%80%82%e1%80%9c%e1%80%b0%e1%80%90%e1%80%94%e1%80%b9-%e1%80%93%e1%80%ab%e1%80%90%e1%80%b9%e1%80%99%e1%80%90%e1%80%8a%e1%80%b9%e1%80%b7-%e1%80%a1%e1%80%b0%e1%80%9e%e1%80%ad%e1%80%99/
Primary Congenital Glaucoma (ကလေးများနှင့် မွေးရာပါရေတိမ်)
မွေးရာပါရေတိမ် (PCG) ရေတိမ်အမျိုးအစားတွေထဲကတစ်ခုဖြစ်ပြီး မြင့်မားသောအရည်ဖိအားက သင့်မျက်စိပတ်လည်ကိုဖိကာ မျက်စိအာရုံကြော ပျက်စီးဆုံးရှုံးနိုင်ပါတယ်။ဤရောဂါကို များသောအားဖြင့်မွေးဖွားပြီးခါစ သို့မဟုတ်မကြာမီမှာ တွေ့ရှိတတ်ပြီး နှင့်အများဆုံးကတော့ တစ်နှစ်အတွင်းဖြစ်ပါတယ်။PCG ဟာ မျက်စိရဲ့အရည်စီးဆင်းမှုလမ်းကြောင်းလေးတွေ (trabecular meshwork လို့ခေါ်တဲ့မျက်စိထဲက ဖွဲ့စည်းမှု) ရဲ့ ဖွံ့ဖြိုးမှု မူမမှန်သဖြင့်ဖြစ်လာတဲ့သွင်ပြင်လက္ခဏာဖြစ်ပါတယ်။ aqueous လို့ခေါ်တဲ့ အရည်ကြည်လေးတွေက မျက်လုံးနောက် iris လို့ခေါ်တဲ့နေရာကနေ ဇကာပေါက်လေးတွေနဲ့တူတဲ့ trabecular meshwork ဆီကို ကိုစဉ်ဆက်မပြတ်စီးဆင်းပြီး သွေးကြောထဲကိုရောက်ရှိပါတယ်။ အဆိုပါ trabecular meshworkက PCG မှာကောင်းစွာအလုပ်မလုပ်ပါဘူး။ ဒါကြောင့်, မျက်စိရေကြည် တွေစီးဆင်းမှုမကောင်းပဲ မျက်စိအတွင်းပိုင်းမှာ မြင့်မားသောဖိအားရရှိလာတဲ့ချို့ယွင်းချက်ဖြစ်ပါတယ်။ ဤ ဖိအားက မျက်စိ အာရုံကြော ကိုပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်နိုင်ပြီး ချက်ချင်းကုသမပေးလျှင် အမြင်အာရုံကို အမြဲတမ်းဆုံးရှုံးစေနိုင်ပါတယ်။ဒါဟာ မွေးကင်းစကလေးနှင့် 3 နှစ်သား ကလေးများမှာသာ ဖြစ်ပွားတတ်ပါတယ်။ PCG အာရုံစိုက်မှုလိုအပ်တယ်တဲ့ အရေးကြီးအခြေအနေဖြစ်ပါတယ်။ မွေးကင်းစကလေး ၁၀၀၀၀မှာ တစ်ယောက်ဖြစ်နိုင်ချေရှိပါတယ်။ ကုသမှုမရှိတာဟာ ကလေးဘဝမျက်စိကွယ်နေတဲ့အဓိကအကြောင်းရင်းဖြစ်တယ်။သို့ရာတွင်ထိုသို့အန္တရာယ်ရှိအချက်များကို လျှော့ချကာစီမံခန့်ခွဲနိုင်ပါတယ်။ နောက်ထပ်သတင်းအချက်အလက်များအတွက် သင့်ဆရာဝန်နှင့်အတူဆွေးနွေးပါ။မွေးရာပါရေတိမ်ရဲ့ အခြေခံ သွင်ပြင်လက္ခဏာ ၃ခုကတော့။– မျက်ရည် အလွန်အကျွံထွက်ခြင်း (epiphora )။– အလင်းဒဏ်မခံနိုင်ခြင်း(photophobia )။– မျက်ခွံကျုံ့ညှစ်ခြင်း (blepharospasm )။မွေးကင်းစကလေးတစ်ဦးက ဤရောဂါလက္ခဏာတွေထဲက တစ်ခုကို ပြသနေပြီဆိုပါက သူတို့မှာ ရေတိမ်လက္ခဏာဖြစ်နိုင်ပြီးတော့ မိဘသို့မဟုတ်စောင့်ရှောက်သူများအနေနဲ့တတ်နိုင်သမျှအမြန်ဆုံးဆေးဝါးကုသစောင့်ရှောက်မှုလုပ်သင့်ပါတယ်။အစောပိုင်းရောဂါတွေ့ရှိမှုနဲ့ ကုသမှုတွေက ရောဂါပိုမိုဆိုးရွားလာမှုနဲ့ အခြားဆေးဘက်ဆိုင်ရာအရေးပေါ်အခြေအနေတွေကို တားဆီးနိုင်ပါတယ်။ ဒါကြောင့်ဒီအရေးပေါ် အခြေအနေတွေကို ကာကွယ်တားဆီးဖို့တတ်နိုင်သမျှအမြန်ဆုံးသင့်ဆရာဝန်နဲ့ စကားပြောသင့်ပါတယ်။အထက်ဖော်ပြပါ လက္ခဏာတွေရှိရင်ပြသင့်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် တည်ဆောက်ပုံမတူကြတဲ့ အတွက် သင့်အတွက်သင့်တော်မယ့် အခြေအနေကို ဆွေးနွေးပါ။ကလေးငယ်တစ်ဦးရဲ့မျက်စိဆဲလ်များနှင့်တစ်ရှူးတွေက မမွေးခင်မှာ ကောင်းကောင်းမဖွံ့ဖြိုးရင် မွေးလာတဲ့အခါ ဒီအရည်ကြည်စီးဆင်းမှုဒုက္ခတွေ ရှိနိုင်တယ်ဆိုတာ ကျွန်တော်တို့သိထားပြီးဖြစ်ပါတယ်။ သို့သော်အမှန်တကယ်ဖြစ်စေတဲ့ အရာကိုနားမလည်ကြသေးပါ။ အချို့ကိစ္စတွေက မျိုးရိုးလိုက်တတ်ပြီး အချို့ကတော့ မဟုတ်ပြန်ပါဘူး။ဘယ်ကလေးက PCG နှင့်အတူမွေးဖွား လာမယ်လို့ ကြိုတွက်လို့မရပါဘူး။ ဒီရောဂါဖြစ်ဖူးတဲ့ ရာဇဝင်ရှိတဲ့ မိသားစုတွေမှာ ဖြစ်ဖို့ပိုများပါတယ်။ သင့်ရဲ့ပထမနှင့်ဒုတိယကလေးများမှာ ရှိပါကနောက်ပိုင်းသားသမီးများမှာလည်း ဖြစ်နိုင်ပါတယ်။ ရေတိမ်ဖြစ်တဲ့ မွေးကာစယောက်ျားလေးဦးရေဟာ မိန်းကလေးဦးရေရဲ့ ၂ဆရှိပါတယ်။ ဒါဟာတစ်ခါတစ်ရံ မျက်စိတစ်ဖက်ထဲမှာဖြစ်တတ်ပါတယ်။ ဒါပေမဲ့အများစုကတော့ ၂ဖက်လုံးဖြစ်တတ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ကလေး၏အသက်အရွယ်နှင့်အဆင့်ပေါ်အခြေခံပြီး တချို့စစ်ဆေးမှုတွေကို ဆေးခန်းများတွင် ပြုလုပ်နိုင်ပါသည်။ နို့စို့ကလေးတွေမှာ အစာကျွေးပြီးမကြာမီ သို့မဟုတ် အိပ်ငိုက်နေတဲ့အခါ relax ဖြစ်နေတဲ့အခါ စမ်းသပ်မယ်ဆိုရင် အားသိပ်စိုက်စရာ မလိုအပ်ပါဘူး။ အများဆုံးကိစ္စများတွင်အပိုဆောင်းစစ်ဆေးစမ်းသပ်ခြင်းတို့အတွက် အိပ်ဆေး သို့ မေ့ဆေးနှင့် လုပ်ဆောင်ပါတယ်။ စမ်းသပ်ချိန်မှာ လုပ်ဆောင်စရာတွေကိုလည်း ပြင်ဆင်ထားရပါမယ်။ သင့်ဆရာဝန်က ကလေးရဲ့ ရောဂါလက္ခဏာများကြာချိန်နှင့်မိသားစုသမိုင်း ဒါမှမဟုတ် အခြားမျက်စိရောဂါနဲ့ပတ်သက်တဲ့အရာတွေကို အုပ်ထိန်းသူတွေဆီမှာမေးမြန်းပါလိမ့်မယ်။ အောက်ပါစမ်းသပ်မှုတွေကို ရုံးနှင့် ခွဲစိတ်ခန်းတွေမှာ လုပ်ဆောင်ကြပါတယ်။သူ / သူမအနေနဲ့ အရာဝတ္ထုကို ကိုကြည့်နိုင်မှုရှိမရှိ နှင့်မျက်စိနှင့်ရွေ့လျားနေတဲ့ အရာဝတ္ထုကိုလိုက်ကြည့်နိုင်မှုရှိမရှိကို မွေးကင်းစကလေး၌, စစ်ဆေးနိုင်ပါတယ်။ဒီအရာကတော့ အဝေးမှုန်ခြင်း, အနီးမှုန်ခြင်းနဲ့ astigmatism ကို တိုင်းတာတာ ဖြစ်တယ်။ PCG မှာမြင့်မားတဲ့မျက်စိဖိအားကနေ အဝေးမှုန်ခြင်းကို ဖြစ်စေပြီး ဒါဟာ မျက်စိရဲ့ အလျားရှည်လာမှုရဲ့ ရလာဒ်ဖြစ်ပါတယ်။ မျက်ကြည်လွှာအမာရွတ်သို့မဟုတ်ရောင်ရမ်းခြင်းကနေတော့ astigmatismဖြစ်တတ်ပါတယ်။မျက်စိရဲ့အရွယ်အစားကို တိုင်းတာပြီး ကြီးလာမှုရှိမရှိ ကြည့်တာဖြစ်ပါတယ်။ မျက်ကြည်လွှာ၏အချင်းကို calipers သုံးပြီးတိုင်းတာပါတယ်။ မျက်စိ၏အရှည်ကို ultrasound scan သုံးပြီးတိုင်းတာပါတယ်။ မျက်ကြည်လွှာစစ်ဆေးမှုကတော့ မျက်စိကြည်လင်မှုရှိမရှိနဲ့ မြင့်မားသောမျက်စိဖိအားအောက်မှာ မျက်ကြည်လွှာဆန့်သွားတဲ့အတွက် တခါတရံ နောက်ကျောအလွှာမှာ သေးငယ်တဲ့ အပေါက်ကွဲကြောင်းလေးတွေဖြစ်လာတာကို စစ်ဆေးတာ ဖြစ်ပါတယ်။ မျက်ကြည်လွှာရဲ့အထူ အတိုင်းအတာကိုလည်း စစ်ဆေးရမှာဖြစ်ပါတယ်။ဤနည်းကို gonioscopy ဟုခေါ်ပြီး အထူးမှန်ဘီလူးနှင့် ကြေးမုံတို့ ပါဝင်ပါတယ်။trabecular meshwork တည်ရှိတဲ့ ထောင့်စွန်းနေရာမှာ ပွင့်နေမှု ကျဉ်းနေမှု ပိတ်နေမှု နဲ့ အခြားအမာရွတ်တွေရှိမရှိဆိုတာ သေချာထောက်ကြည့်ဖို့ လိုအပ်ပါတယ်။ရေတိမ်ကြောင့် အာရုံကြောပျက်စီးခြင်းလက္ခဏာကိုကြည့်ဖို့ အသုံးဝင်တဲ့ နည်းတစ်ခုဖြစ်ပါတယ်။ လုံလောက်သော မြင်ကွင်းနဲ့ကြည့်ဖို့ pupil ကို ကောင်းကောင်းချဲ့ထားဖို့ လိုအပ်နိုင်ပါတယ်။ခွဲစိတ်ကုသနည်းကတော့ အမြဲတမ်းပထမဦးစားပေး ရွေးချယ်မှုအဖြစ်ထည့်သွင်းစဉ်းစားပါတယ်။ ကလေးငယ်ကို မေ့ဆေးပေးဖို့ဆိုတာ အတော်လေးအန္တရာယ်များတာကြောင့်, ဆရာဝန်များကရောဂါအတည်ပြု ပြီးတာနဲ့ ချက်ချင်းလုပ်ဆောင်ဖို့တိုက်တွန်းပါတယ်။ မျက်စိနှစ်ဖက်စလုံးထိခိုက်နေတယ်ဆိုရင်, ဆရာဝန်က တစ်ချိန်တည်းမှာနှစ်ဖက်စလုံးကို တစ်ပြိုင်တည်းခွဲမှာဖြစ်ပါတယ်။ခွဲစိတ်မှု ချက်ချင်းမလုပ်နိုင်လျှင်, ဆရာဝန်က မျက်စဉ်းဆေး , သောက်ဆေး ဒါမှမဟုတ်အရည်ဖိအားကို လျော့ချဖို့ နှစ်ခုပေါင်းစပ်ကုသပါလိမ့်မယ်။ဆရာဝန်အတော်များများက microsurgery လို့ခေါ်တဲ့ ကုထုံး ကိုလုပ်ဆောင်ကြပါတယ်။ သူတို့ကပိုလျှံနေတဲ့ အရည်များစီးဆင်းဖို့ အတွက် လမ်းကြောင်းတစ်ခုကို သေးငယ်တဲ့ ကိရိယာတွေသုံးပြီးဖန်တီးပါတယ်။ တခါတရံဆရာဝန်က မျက်စိထဲကအရည်ထုတ်ရန် အဆို့ရှင်သို့မဟုတ်သေးငယ်တဲ့ပြွန် ထည့်သွင်းပါလိမ့်မယ်။ပုံမှန်နည်းလမ်းများအလုပ်မလုပ်ဘူးဆိုရင် ဆရာဝန်က အရည်ထုတ်လုပ်တဲ့ နေရာတွေကို လေဆာနည်းနဲ့ ဖျက်ဆီးဖို့လုပ်ဆောင်ပါလိမ့်မယ်။ ခွဲစိတ်ပြီးနောက်မျက်စိဖိအားထိန်းချုပ်မှု အတွက် ဆေးဝါးသတ်မှတ်ပေးပါလိမ့်မယ်။သင့်ရဲ့ကလေးကို စောင့်ရှောက်စဉ်ကာလတွင်, သင်၏ကလေး သာမန်ကျန်းမာနေကြောင်း သေချာစေဖို့ အထက်ပါ ရောဂါလက္ခဏာတွေကို သတိပြုသင့်ပါတယ်။ သင့်ကလေးကဒီအခြေအနေအချို့နဲ့ ရောဂါလက္ခဏာတွေတွေ့ကြုံနေပြီဆိုရင် ဒီရောဂါကို ရှောင်ရှားရန်တတ်နိုင်သမျှအမြန်ဆုံးချက်ချင်းကျန်းမာရေးစောင့်ရှောက်မှုရှာဖွေရပါမယ်။သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/glaucoma/primary-congenital-glaucoma-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%94%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%b1%e1%80%99%e1%80%bc%e1%80%b8%e1%80%9b%e1%80%ac/
လက်သည်းလေးတွေပျက်စီးအောင် သင်လုပ်မိနေတဲ့အပြုအမူ (၆) ခု
မိန်းကလေးတွေက လက်သည်းလေးတွေသန့်ရှင်းလှပဖို့တော့ ဂရုတစိုက်ရှိကြပါတယ်။ ဆိုင်မှာတောင် အလှပုံဖော်တာ၊ လက်သည်းအားဖြည့်တာတွေ၊အစုံလုပ်ကြသေးတာ လက်သည်းကျန်းမာရေးကိုသတိမေ့ဖို့တော့မသင့်ပါဘူး။ လက်သည်းမကျန်းမာရင် ဘယ်လောက်လှအောင်လုပ်လုပ် အဆင်ပြေမှာမဟုတ်လို့ပါပဲ။ လက်သည်းလှလှလေးပြင်ဆင်ထားလည်း ကြွပ်ဆတ်နေတယ်၊ ကျိုးပဲ့လွယ်တယ်ဆို စိတ်ညစ်ရတယ်လေ။ဒီလက်သည်းလေးတွေကို ထိခိုက်ပျက်စီးစေမယ့်အရာတွေ ကိုယ်လုပ်မိနေတာဆိုရင် ဘယ်လိုလုပ်မလဲ။ ဒါတွေသိထားမယ်ဆိုရင်မြန်မြန်ဆင်ခြင်လို့ရတာပေါ့။လက်သည်းနီတာရှည်ခံတာ၊ မပျက်တာဆို သဘောကျကြတယ်မလား။ တကယ်တော့ လက်သည်းနီကိုအကြာကြီးဆိုးမထားဘဲ ဖျက်ပေးတာက လက်သည်းကျန်းမာရေးအတွက်ပိုကောင်းပါတယ်။ လက်သည်းနီအကြာကြီးဆိုးထားတဲ့အခါ လက်သည်းနီရဲ့အရောင်တွေက လက်သည်းရဲ့အပေါ်ဆုံးအလွှာတွေကို ဝင်ရောက်နိုင်ပြီးခြောက်သွေ့သွားစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် လှအောင်ဆိုးထားလည်း အကြာကြီးမဆိုးဘဲ လက်သည်းနီဖျက်ထားတဲ့ကြားအချိန်ကာလတော့ရှိသင့်ပါတယ်။တစ်နေ့ကိုအကြိမ်တစ်ရာလောက်လက်ဆေးနေပေမယ့် လက်သည်းတွေကိုရောသန့်စင်အောင်ဆေးမိရဲ့လား။ လက်ဖဝါးကိုပဲ အားရပါးရဆေးနေတာပဲလား။ လက်ဆေးတဲ့အခါ လက်သည်းလေးတွေကိုသေချာမဆေးဘူးဆိုရင် ကြိုကြိုကြားကြားမှာ ဘက်တီးရီးယားတွေကပ်ငြိပြီး လက်သည်းပိုးဝင်တာတွေဖြစ်နိုင်ခြေများစေပါတယ်။ ဒါ့ကြောင့် လက်ချောင်းထိပ်တွေ၊ လက်သည်းကြားတွေကိုပါ သန့်ရှင်းအောင်ဆေးကြောပါ။ တစ်နေ့ကိုတစ်ကြိမ်လောက်တော့ ဘရက်ရှ်လေးနဲ့လက်သည်းကိုတိုက်ဆေးတာလည်းလုပ်လို့ရပါတယ်။ပုလင်းအဖုံးတွေ၊ ဘူးတွေကို ဖွင့်တဲ့အခါ လက်သည်းသုံးပြီး ကုတ်မခွာပါနဲ့၊ ဇွန်းဖြစ်ဖြစ် တုတ်ချောင်းဖြစ်ဖြစ်သုံးပါ။ လက်သည်းဆိုတာကိရိယာတစ်ခုလိုနေရာတကာသုံးဖို့မဟုတ်ပါဘူးနော်။ဒါကတော့ လူတိုင်းနီးပါး လုပ်နေကျပါ။ ဘယ်သူမှ လက်အိတ်ကိုတကူးတက ဝတ်ပြီးပန်းကန်မဆေးကြပါဘူး။ ဒါပေမယ့် လက်သည်းလှပကျန်းမာနေတာက အိမ်အလုပ်မလုပ်ရတဲ့သူတွေပဲဖြစ်နေတာကို သတိထားမိကြမှာပါ။ ပန်းကန်ဆေးဆပ်ပြာမှာပါတဲ့ ဓါတုချေးချွတ်ဆေးကြောင့် လက်အသားအရေနဲ့ လက်သည်းကိုခြောက်သွေ့စေနိုင်ပါတယ်၊ လက်သည်းကိုခြောက်သွေ့ကွဲအက်စေနိုင်တယ်၊ အားနည်းစေနိုင်တယ်။လက်သည်းကိုက်တာက လက်သည်းကြားက ဘက်တီးရီးယားတွေ သွားနဲ့သွားဖုံးကို ပိုးဝင်စေနိုင်ရုံမက ခံတွင်းကဘက်တီးရီးယားတွေကိုလည်း လက်သည်းဆီပို့လွှတ်နိုင်ပါတယ်။ ကိုက်ဖဲ့လိုက်တဲ့လက်သည်းကနေ ပိုးဝင်ပြီး လက်သည်းကျန်းမာရေးကိုထိခိုက်စေပါလိမ့်မယ်။အသီးအရွက်ဆို ဟင့်အင်းဆိုပြီး အသားမှ အသားပဲကြိုက်တဲ့သူတွေအတွက် လက်သည်းကျန်းမာလှပဖို့ သိပ်မဖြစ်နိုင်ပါဘူး။ ကြက်ဥ၊ ဟင်းနုနွယ်တို့လို သံဓါတ်ကြွယ်ဝတဲ့ အစားအစာတွေက လက်သည်းကိုအားဖြည့်ပေးနိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/nail-care/%e1%80%9c%e1%80%80%e1%80%b9%e1%80%9e%e1%80%8a%e1%80%b9%e1%80%b8%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%95%e1%80%ba%e1%80%80%e1%80%b9%e1%80%85%e1%80%ae%e1%80%b8%e1%80%b1%e1%80%a1/
ဗီတာမင်စီနှင့် သွေးအားနည်းရောဂါ
အခြားဗီတာမင်တွေလိုပင် ခန္ဓါကိုယ်က ဗီတာမင်စီကို မထုတ်လုပ်လုပ်နိုင်ပါဘူး။ ထိှုဗီတာမင်ကို အက်စ်စကောဗစ်အက်စစ်လို့လဲ ခေါ်နိုင်ပါတယ်။ အစားအစာတွေနဲ့ ဖြည့်စွက်အာဟာရတွေကနေ ရရှိနိုင်မှာပါ။ ခန္ဓါကိုယ်အတွက် အရေးကြီးသော သံဓါတ်စုပ်ယူနိုင်မှုမှာ ဗီတာမင်စီ လိုအပ်ပါတယ်။ သံဓါတ်က အောက်စီဂျင်တွေကို သယ်ဆောင်ပေးသော ဟီမိုဂလိုဘင်ဖြစ်ပေါ်မှုကို အားပေးပါတယ်။ ဗီတာမင်စီကိုယ်တိုင်ကလည်း သွေးနီဥထုတ်လုပ်မှုကို အရှိန်မြှင့်ပေးပါတယ်။ ဗီတာမင်စီချို့တဲ့ခြင်းက သွေးနီဥနည်းခြင်း ဒါမှမဟုတ် သွေးအားနည်းရောဂါကို ဖြစ်စေမှာပါ။ ဗီတာမင်စီရရှိနိုင်မယ့် အစားအစာတွေကတော့ သစ်သီးသစ်ရွက်တွေ အထူးသဖြင့် ရှောက်မျိုးနွယ်ဝင်အသီးတွေပဲဖြစ်ပါတယ်။ရှောက်မျိုးနွယ်အသီးတွေဟာ လိမ္မော်သီး၊ စပျစ်သီးနဲ့ အလားတူအသီးတွေပါပဲ။ စည်သွတ်အသီးတွေထက် လတ်ဆတ်သော ဒါမှမဟုတ် ရေခဲရိုက်ထားသော အသီးတွေ၊ ဖျော်ရည်တွေက ဗီတာမင်စီပိုပါဝင်ပါတယ်။ စားတဲ့အစားအစာတွေကနေ အလုံအလောက်မရရှိရင် ဗီတာမင်စီချို့တဲ့နိုင်ပါတယ်။ ခန္ဓါကိုယ်ဟာ အစားအစာတွေကနေ ဗီတာမင်စီမစုပ်ယူနိုင်တဲ့အခါမှာ ဗီတာမင်စီချို့တဲ့နိုင်ပါတယ်။ဥပမာအားဖြင့် ဆေးလိပ်သောက်ခြင်းကြောင့် ဗီတာမင်စီစုပ်ယူနိုင်မှု ကျဆင်းသွားမှာပါ။ ဖောလစ်အက်စစ်နဲ့ ဗီတာမင်စီချို့တဲ့မှုကြောင့် ဖြစ်သော သွေးအားနည်းရောဂါတွေကို အစားအသောက်အတွင်းမှာ ပြန်လည်ဖြည့်တင်းသော နည်းဖြင့် ကုသကြပါတယ်။ဗီတာမင်စီလုံလောက်စွာ မရရှိဘူးဆိုရင် သွေးအားနည်းရောဂါရနိုင်ခြေများပါတယ်။ အကြောင်းအရင်းတွေကတော့ အာဟာရချို့တဲ့ခြင်း၊ သိုင်းရွိုက်ဟော်မုန်းများခြင်း၊ ကင်ဆာရှိခြင်းနဲ့ သံဓါတ်မစုပ်ယူနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းက ဗီတာမင်စီသိမ်းဆည်းမှုကို ၃၀ရာခိုင်နှုန်းလောက်အထိ လျော့ချပေးပါတယ်။ ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာတွေနဲ့ သံဓါတ်ကြွယ်ဝတဲ့အစားအစာတွေကို တွဲဖက်စားသောက်တာက အစာအိမ်တွင်းမှာ အက်စစ်ပိုပေါက်တဲ့ ပတ်ဝန်ကျင်းတစ်ခုကို ဖန်တီးပေးနိုင်တာကြောင့် သံဓါတ်စုပ်ယူမှုကို အားကောင်းစေနိုင်မှာပါ။ အရွယ်ရောက်ပြီးသူတွေမှာ စားလိုက်တဲ့ သံဓါတ် ၁၀ရာခိုင်နှုန်းကနေ ၁၅ရာခိုင်နှုန်းလောက်အထိ စုပ်ယူနိုင်ကြပါတယ်။အသားကနေရရှိသော Heme သံဓါတ်ဟာ အပင်တွေက ရရှိတဲ့ Heme မဟုတ်သော သံဓါတ်ထက်ပိုပြီး စုပ်ယူရလွယ်ကူပါတယ်။ ထိုအချက်ဟာ အခြားအစားအစာတွေပေါ်မှာ မမူတည်ပါဘူး။ Heme မဟုတ်သော သံဓါတ်ရဲ့ စုပ်ယူမှုကတော့ ဗီတာမင်စီလိုမျိုး အခြားအစားအစာတွေပေါ်မှာ မူတည်ပါတယ်။ ပရိုတင်းဓါတ်ကို အပင်တွေကနေ အများစုရရှိကြတဲ့ လူတွေမှာဆိုရင် ဗီတာမင်စီချို့တဲ့နေပြီး သွေးအားနည်းရောဂါဖြစ်နိုင်ခြေများပါတယ်။ သတ်သတ်လွတ်သမား ၄၀ရာခိုင်နှုန်းလောက်ဟာ သံဓါတ်ချို့တဲ့ကြပါတယ်။ဗီတာမင်စီချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါရှိနေပါက ဖြူဖတ်ဖြူလျော်ဖြစ်ခြင်း၊ အားနည်းခြင်း၊ ကိုယ်လက်လှုပ်ရှားပြုလုပ်နေချိန်တွင် နှလုံးခုန်မြန်ခြင်း၊ အေးသလိုခံစားရခြင်း၊ ပိုးဝင်ဖျားနာလွယ်ခြင်းနှင့် လျာရောင်ရမ်းခြင်းတို့ကို ခံစားရနိုင်ပါတယ်။ အခြားအတွေ့ရများတဲ့ ရောဂါလက္ခဏာတွေက ကိုယ်အလေးချိန်ကျခြင်း၊ ဝမ်းလျောခြင်း၊ စိတ်ရှုတ်လွယ်ခြင်းနှင့် ထုံကျင်ခြင်း ဒါမှမဟုတ် ခြေလက်တို့မှာ ယွစိယွစိဖြစ်နေခြင်း တို့ပါပဲ။ထိုရောဂါရှိနေပြီလု့ိ စစ်ဆေးတွေ့ရှိမယ်ဆိုရင် ဗီတာမင်စီနဲ့ သံဓါတ် ဖြည့်စွက်အာဟာရတွေကို တွဲဖက်အသုံးပြုခြင်းဖြင့် သင့်အခြေအနေကော အခြားသွေးအားနည်းရောဂါအမျိုးအစားတွေအတွက်ပါ အကျိုးရှိနိုင်ပါတယ်။ ဗိုက်မကောင်းဖြစ်စေသော်လည်း ကောင်းကောင်းစုပ်ယူနိုင်စေဖို့အတွက် ဘာမှမစားဘဲ သောက်သုံးသင့်ပါတယ်။သံဓါတ်ပြည့်ဝသော အစားအစာတွေနဲ့ ဗီတာမင်စီပြည့်ဝသော အစားအစာတွေကို စုပ်ယူမှုအားကောင်းစေဖို့အတွက် တွဲဖက်စားသုံးပေးပါ။ အစာအိမ်ဆေးတွေဟာ အစာအိမ်ရဲ့ အက်စစ်ဓါတ်ကို လျော့ချပြီး သံဓါတ်စုပ်ယူမှုနည်းပါးစေတာကြောင့် သံဓါတ်ဖြင့် အတူတကွ မသောက်သုံးပါနှင့်။သံဓါတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါဟာ အာဟာရချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါတွေထဲမှာ အတွေ့ရအများဆုံးဟု သတ်မှတ်ထားသော်လည်း ထိုရောဂါ၏ တိုးတက်မှုနဲ့ ထိန်းချုပ်မှုတွေဟာ ဗီတာမင် A, B12, C ၊ ဖောလစ်အက်စစ်နဲ့ ရိုင်ဗိုဖလေဗင်ပြောင်းလဲမှုတို့နဲ့လည်း ချိတ်ဆက်မှုရှိနေပါတယ်။ ယေဘုယျအားဖြင့် လူထုထိန်းချုပ်ကုသမှုဟာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ဗီတာမင်၏ သွေးအခြေအနေတွေပေါ်မှာ အသက်၊ လုထု၊ ဗီတာမင်အရောနဲ့ ပမာဏတို့နဲ့လိုက်ပြီး ပြောင်းလဲနေမှုတွေကို နားလည်ရှင်းပြနိုင်စွမ်းလုံလုံလောက်လောက်မရှိသေးပါဘူး။ သွေးအားနည်းရောဂါကို ကာကွယ်နိုင်ဖို့ရာ လူတစ်ဦးတစ်ယောက်နဲ့ အခြားဗီတာမင်ချို့ယွင်းမှုတွေကြောင့် ဖြစ်သော သွေးအားနည်းရောဂါတွေအတွက် သင့်တော်သော ဆေးဝါးတွေထုတ်လုပ်နိုင်ရန် လေ့လာမှုတွေပြုလုပ်ဖို့ လိုအပ်ပါသေးတယ်။ ဗီတာမင်စီ အပါအဝင် အခြားသော ဗီတာမင်နဲ့ သံသတ္ထုဓါတ်တွေ သောက်သုံးဖို့ အစီအစဉ်ရှိတယ်ဆိုရင် အသုံးမပြုခင်ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%97%e1%80%ae%e1%80%90%e1%80%ac%e1%80%99%e1%80%84%e1%80%b9%e1%80%85%e1%80%ae%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8%e1%80%94/
အရေပြားပြောင်းလဲမှုများအတွက် အိမ်တွင်းကုထုံးများ
သင့်အရေပြားဟာ အချိန်တိုင်း တသမတ်တည်း ရှိနေမှာ မဟုတ်ပါဘူး။ အသက်အရွယ်၊ ကိုယ်ဝန်ဆောင်ချိန်၊ အပျိုဖော် လူပျိုဖော်ဝင်ချိန်၊ ဝက်ခြံ၊ ဓါတ်မတည့်မှု စတဲ့ အခြေအနေ အချိန်အခါ အမျိုးမျိုးကြောင့် အရေပြားပြောင်းလဲမှုတွေ ဖြစ်လာတတ်ပါတယ်။ ကံကောင်းတဲ့အချက်ကတော့ အရေပြားပြောင်းလဲမှု အများစုက ကျန်းမာရေးကို မထိခိုက်စေနိုင်သလို သင့်ကို အနှောင့်အယှက်မဖြစ်စေသရွေ့ ကုသမှုခံယူဖို့ လိုမှာမဟုတ်ပါဘူး။ အကယ်၍ ကုသမှုနဲ့ပတ်သက်ပြီး သိချင်တာတွေရှိမယ်ဆိုရင်တော့ ဒီဆောင်းပါးမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။သင့်အရေပြားကို သန့်စင်စေဖို့ ရေနွေး၊ အပျော့စား ကိုယ်တိုက်ဆပ်ပြာ သို့မဟုတ် သန့်စင်ဆေးရည်များ အသုံးပြုနိုင်ပါတယ်။ ဒီနေရာမှာ မျက်နှာနဲ့ ခန္ဓါကိုယ်အတွက် မတူညီတဲ့ သန့်စင်ပစ္စည်းတွေ ခွဲခြားအသုံးပြုဖို့ လိုကောင်းလိုမှာ ဖြစ်ပါတယ်။ မျက်နှာသန့်စင်ရာမှ အတင်းပွတ်တိုက်ပစ်တာမျိုး မပြုလုပ်သင့်ပါဘူး။ အရေပြားကို သန့်စင်ပေးခြင်းအားဖြင့် အဆီပိုများ၊ ဆဲလ်သေများနဲ့ မသန့်ရှင်းတဲ့ အမှုန်အမွှားများကို ဖယ်ရှားပစ်နိုင်မှာ ဖြစ်ပါတယ်။အရေပြားပြောင်းလဲမှု ဖြစ်နေတဲ့နေရာတဝိုက်ကို လက်နဲ့ဆွခြင်း၊ ညှစ်ခြင်း၊ ကုတ်ခြင်း မပြုလုပ်သင့်ပါဘူး။ ဝက်ခြံနဲ့ အခြားအဖုအပိမ့်တွေကို မိမိဘာသာ ဖယ်ရှားပစ်ခြင်းကြောင့် အရေပြားပိုးဝင်နိုင်တဲ့အတွက် ၎င်းအပြုအမူများကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ အဝတ်အစားနဲ့ အရေပြားပွတ်တိုက်မှုကို တတ်နိုင်သမျှ လျှော့ချဖို့ ပွပွချောင်ချောင် အဝတ်အစားများကိုသာ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ အချို့အခြေအနေတွေမှာ အရေပြားပြောင်းလဲမှုဖြစ်နေတဲ့ နေရာပေါ် ပတ်တီးစည်းပြီး ဖုံးအုပ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။အမွှေးနံ့ပါဝင်တဲ့ အစွန်းချွတ်ဆေး၊ ရေမွှေး၊ အဝတ်လျှော်ရာမှာ အသုံးပြုတဲ့ fabric softenerနဲ့ မျက်နှာလိမ်းအလှကုန်တွေဟာ အရေပြားကို ထိခိုက်စေနိုင်တဲ့အတွက် အမွှေးနံ့မပါဝင်တဲ့ ပစ္စည်းအမျိုးအစားတွေကို ရွေးချယ်အသုံးပြုခြင်းက သင့်အတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ရေကူးကန်မှာ ရေကူးပြီးတိုင်း ရေနွေးနဲ့ ရေပြန်ချိုးပါ။ ရေကူးကန်ထဲမှာ ရှိနေတဲ့ ကလိုရင်း၊ ဆားနဲ့ ပိုးမွှားတွေဟာ သင့်အရေပြားကို ထိခိုက်စေနိုင်ပါတယ်။အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးပါ။ အသားအရေစိုပြေစေရန် ရေများများသောက်ပါ။သင့်အရေပြားကို အမြဲ ဂရုတစိုက်စစ်ဆေးခြင်းအားဖြင့် အစက်အပြောက်တွေ နဂိုထက်ပိုပြီး ညိုမဲလာခြင်း၊ အဖုအပိမ့်ထွက်ခြင်း စတဲ့အခြေအနေတွေကို ချက်ချင်း သတိပြုမိမှာ ဖြစ်ပါတယ်။မွေးရာပါအမှတ်အသားကြောင့် စိတ်အနှောင့်အယှက် မဖြစ်သူတွေအနေနဲ့ ဒီအချက်ကို ကျော်သွားနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆိုရင်တော့ အလှကုန်ပစ္စည်းတွေ အသုံးပြုပြီး ဖုံးကွယ်နိုင်ပါတယ်။ မိမိဘာသာ ဖယ်ရှားပစ်ခြင်းဟာ သင့်အရေပြားကို ထိခိုက်စေနိုင်တဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။ဆရာဝန်နဲ့ သွားရောက်ပြသသင့်တဲ့ အခြေအနေတွေကတော့။အိမ်တွင်းကုထုံးတွေဟာ အချို့သော အရေပြားပြောင်းလဲမှုများကို သက်သာစေနိုင်ပေမယ့် ပြင်းထန်တဲ့အခြေအနေတွေမှာတော့ ဆေးကုသမှုခံယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အိမ်တွင်းကုထုံးတွေနဲ့မှ အရေပြားပြဿနာ မသက်သာရင် ဒါမှမဟုတ် သွေးထွက်ခြင်း၊ နာကျင်ခြင်း၊ ယားယံခြင်း စတဲ့ လက္ခဏာတွေဖြစ်လာခဲ့ရင် ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုအပ်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9b%e1%80%b1%e1%80%95%e1%80%bc%e1%80%ac%e1%80%b8%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9c%e1%80%b2%e1%80%99%e1%80%be%e1%80%af%e1%80%99%e1%80%bb%e1%80%ac/
ဝိတ်ကျစေဖို့ မနက်တိုင်း ဒီအလေ့အကျင့်တွေကို လုပ်ပေးပါ ။ ။
ဝိတ်ကျစေဖို့ မနက်တိုင်း ဒီအလေ့အကျင့်တွေကို လုပ်ပေးပါ။ဝိတ်ကျစေဖို့လေ့ကျင့်ခန်းလုပ်ရမယ်၊ အစားအသောက်တွေထိန်းစားရမယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ဝိတ်ကျအောင် လေ့ကျင့်ခန်းတွေလုပ်လုပ်၊ အစားအသောက်တွေထိန်းစားစားကိုယ့်အလေးချိန်မကျတာမျိုးတွေ အားလုံးကြုံဖူးကြမယ်လို့ထင်ပါတယ်။ ဘာတွေ လိုနေသေးတာလဲ။အစားသောက်တွေ လေ့ကျင့်ခန်းတွေကြောင့် ဝိတ်ကျစေနိုင်တာမှန်ပေမယ့် ပိုပြီး နည်းလမ်းမှန်မှန်နဲ့ မြန်မြန် ဝိတ်ကျချင်ရင်တော့ မနက်တိုင်း ခုပြောပြမယ့် အလေ့အကျင့်လေးတွေ လုပ်ပေးဖို့လည်း လိုပါသေးတယ်။ ကိုယ့်ရဲ့နေထိုင်မှုပုံစံဆိုတာ ကိုယ်အလေးချိန်အပေါ်ကို အများကြီးသက်ရောက်မှုရှိတဲ့ အရာတစ်ခုပါ။ ကဲ ဝိတ်ကျပြီး ဘယ်တော့မှ ပြန်မတက်ဖို့ မနက်တိုင်း လုပ်ပေးသင့်တဲ့ အရာတွေ ဘာတွေလဲ။ဝိတ်ကျစေဖို့ မနက်တိုင်း ဒါလေးတွေကို ပုံမှန် လုပ်ပေးပါ။ဝိတ်တော့ ကျချင်ပါရဲ့။ စားတဲ့မနက်စာက ပလာတာ၊ စမူဆာ၊ နန်းကြီးသုတ်၊ ထမင်းကြော်တွေ ဆိုလို့ကတော့ ဝိတ်ကျဖို့ဆိုတာ အိပ်မက်တစ်ခုသာ ဖြစ်သွားပါလိမ့်မယ်။ နေ့တစ်နေ့မှာ ပထမဆုံးစားတဲ့မနက်စာဆိုတာ အရေးကြီးတာကြောင့် ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်နဲ့ ကိုက်ညီတဲ့ မနက်စာ ကို သေချာ ရွေးချယ်တတ်ဖို့တော့ လိုပါတယ်။ပရိုတင်းများတဲ့ မနက်စာဆိုရင် လူတွေက ဘာစားရမလဲဆိုပြီး မသိဖြစ်နေတတ်ကြပါတယ်။ သိပ်လည်း ခေါင်းစားမနေပါနဲ့၊၊ ကြက်ဥရှိပါတယ်။ကြက်ဥ အကာမှာ ပရိုတင်းတွေ အများကြီးပါတာကြောင့် ဝိတ်ကျချင်တဲ့သူတွေ မနက်စာကိုကြက်ဥပြုတ်(အနှစ်မပါ) ၃ လုံးလောက်စားပေးရင် လုံလောက်ပါတယ်။ကြက်ဥကို ရေထဲထည့်ပြုတ်လိုက်ရုံပဲဆိုတော့ လုပ်ရတာလည်းလွယ် စားလို့လည်းကောင်း ပရိုတင်းဓာတ်လည်း များများပါတာကြောင့် ဝိတ်ကျဖို့အတွက်လည်း ကူညီပေးနိုင်တဲ့ ကြက်ဥပြုတ်လေးပါနော်။အိပ်ရာနိုးနိုးချင်း ရေတဝသောက်တယ်ဆိုတာ လူတိုင်း လုပ်သင့်တဲ့ အလေ့အကျင့်တစ်ခုပါ။ မနက်စောစော ရေတစ်ဝသောက်လိုက်တာဟာ ကိုယ်တွင်းမှာရှိတဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် သင့်ကိုယ်ခန္ဓာကဇီဝကမ္မဖြစ်စဉ်တွေကို လှုပ်နှိုးလိုက်သလိုဖြစ်တာကြောင့် ဝိတ်ချဖို့ ကြိုးစားနေတဲ့ သင့်အတွက် အထောက်အကူပြုပါလိမ့်မယ်။ ဒါ့အပြင် တစ်ဝသောက်ထားတဲ့ ရေကြောင့် ဗိုက်ဆာတာလည်း လျော့သွားပါလိမ့်မယ်။ကိုယ့်ဝိတ်တက်လာလား ကျသွားလားဆိုတာကို သိနိုင်ဖို့အတွက် မနက်ပိုင်းပေါင်ချိန်လို့ရလာတဲ့ အလေးချိန်က အမှန်ဆုံးပါပဲ။ ဒီလို မနက်ပိုင်း ပေါင်ချိန်ပေးတာကြောင့် ကိုယ့်ပန်းတိုင်ကို ရောက်ခါနီးပြီးလား၊ ပန်းတိုင်နဲ့ ဝေးနေသေးလားဆိုတာကို ကောင်းကောင်းသိနိုင်ပြီး ဘာတွေ ဆက်လုပ်သင့်လဲဆိုတာတွေပါ သိလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မနက်တိုင်း ချိန်ဖို့တော့ မလိုပါဘူး၊၊ နေ့တိုင်း အလေးချိန်က သိသိသာသာ ပြောင်းနေမှာမှ မဟုတ်တာ၊၊။အရာရာကို စိတ်ကသာ ဦးဆောင်တာမို့ စိတ်သာ ဆောင်ရင် ဝိတ်ချတယ်ဆိုတာ သင့်အတွက် လုံးဝကို မခက်ခဲတဲ့ ကိစ္စတစ်ခုပါ။ လေ့ကျင့်ခန်းတွေလည်း ပိုလုပ်ဖြစ်ပြီး တွေ့ကရာ စားချင်စိတ်တွေကို အဲဒီစိတ်က ထိန်းချုပ်ပေးနေပါလိမ့်မယ်။ဆိုင်က အစားအသောက်တွေဟာဆီတွေပိုများနေမယ့်အပြင် ဝိတ်ကျချင်တဲ့ သင့်အတွက် သီးသန့် လုပ်ပေးဖို့ဆိုတာ ဝေလာဝေးပါ။ ဒီတော့ ဝိတ်ကျချင်တဲ့ သူများ ကိုယ့်ဘာသာ အိမ်မှာ ကိုယ်စားမယ့်အစားအသောက်တွေကို ပြင်ဆင်ပြီး ချိန်ဆစားတာသာ အကောင်းဆုံးပါ။မနက်တည်းက ကိုယ်တစ်နေ့တာလုံး စားမယ့် အစားအစာတွေကို တွက်ချက်ပြီး စားတာမျိုးပေါ့။လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံး အချိန်ဟာ မနက်ပိုင်းအချိန်လို့သာ ပြောရပါလိမ့်မယ်။ စားထားတဲ့အစားအသောက်တွေ၊ကယ်လိုရီတွေလည်း အများကြီး မရှိသေးတာကြောင့် လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်တဲ့ အားအင်တွေအတွက် ပိုနေတဲ့အဆီတွေကသာ လောင်ကျွမ်းပေးရမှာ ဖြစ်ပါတယ်။ဒီတော့ မနက်ပိုင်း လေ့ကျင့်ခန်းလုပ်တာက ဝိတ်ကျချင်တဲ့ သင့်အတွက် အကောင်းဆုံး ရွေးချယ်မှု တစ်ခုပါ။ကဲ ဒါတွေကတော့ ဝိတ်ကျချင်တဲ့ သင့်ကို တစ်ဘက်တစ်လမ်းက ကူညီပေးမယ့် မနက်တိုင်းလုပ်သင့်တဲ့ အလေ့အကျင့်တွေပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလည်းလုပ် ၊ အစားအသောက်လေးလည်းထိန်း၊ ကိုယ်ရဲ့ နေထိုင်မှု ပုံစံလေးတွေလည်း ပြောင်းလိုက်မယ်ဆိုရင် ခေါင်းမာနေတဲ့ ကိုယ်ပေါ်က အဆီတွေ လုံးဝကို ကျသွားမှာ အသေအချာနော်။ ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/morning-habit-for-weight-loss/
နေလောင်ကာခရင်မ်က သွေးကြောတွေကိုပါကျန်းမာစေနိုင်ပါသေးတယ်နော်
အသားအရေကိုနေလောင်ဒဏ်ကနေ ကာကွယ်ဖို့လုပ်ဆောင်နိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းတစ်ခုကနေလောင်ကာခရင်မ်လူးတာပါနော်။ အပြင်သွားခါနီးတိုင်း နာရီဝက်အလိုလောက်မှာ သတိထားပြီး အသားအရေကိုနေလောင်ကာခရင်မ်လူးပြီးမှထွက်ပေးပါနော်။ ဒီလိုလုပ်တာက ရုံးခန်းထဲမှာထိုင်ပြီး အလုပ်လုပ်နေသူတွေအတွက်လည်း အကျုံးဝင်တာပါနော်။ ဘာလို့ ဒီလိုပြောရတာလဲဆိုတော့နေရောင်ဝင်နိုင်တဲ့နေရာမှာရှိနေသမျှနေလောင်ခံရနိုင်တာကြောင့်ပါ။ ဒါကြောင့်နေ့တိုင်းလိုလို အသားအရေကိုနေလောင်ဒဏ်က ကာကွယ်ဖို့ဆိုရင်နေလောင်ကာခရင်မ်လူးရမှာကမေးနေစရာတောင်မလိုအောင်ပါနော်။ခန္ဓါကိုယ်အရေပြားကိုနေရောင်နဲ့တိုက်ရိုက်ထိတွေ့စေမှုက။ဒီပြဿနာတွေကင်းစေဖို့ကနေရောင်ထဲထွက်တဲ့အခါပြည့်စုံတဲ့ ကာကွယ်မှုတွေလုပ်သွားပေးဖို့ပါ။ ဒီလိုလုပ်ဖို့ကလည်းနေလောင်ကာခရင်မ်လူးမယ်၊ ချည်သားလက်ရှည်ပွပွလေးတွေဝတ်မယ်။ ထီးဆောင်းမယ်၊ ဦးထုပ်ဆောင်းမယ်စသဖြင့် ကာကွယ်မှုတွေလုပ်ဖို့လိုပါမယ်နော်။နေလောင်ကာခရင်မ်က အသားအရေကိုနေလောင်တာကနေကာကွယ်ပေးတယ်၊အရေပြားကင်ဆြာဖစ်နိုင်ခြေကိုလျော့ကျစေနိုင်တယ်၊ ဆိုတာက သိထားပြီးသား အယူအဆတစ်ခုပါ။ ဒီအယူအဆအပြင်ထပ်တိုးသိလာရတာတစ်ခုကနေလောင်ကာခရင်မ်ကသွေးကြောလေးတွေကိုပါ ကျန်းမာစေတယ်ဆိုတဲ့အချက်ပါ။သိပ္ပံပညာရှင်တွေ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲကတွေ့ရှိခဲ့တဲ့အချက်တစ်ခုကနေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အရေပြားကင်ဆာကိုဖြစ်စေနိုင်တယ်။ ဒီပြဿနာကို ကာကွယ်ဖို့ဆိုရင် အသားအရေကိုနေလောင်ဒဏ်ကနေကာကွယ်ပေးနိုင်တဲ့နေလောင်ကာခရင်မ်တစ်ခုခုလူးဖို့လိုအပ်မှာပါ။ မကြာသေးခင်ကသိလိုက်ရတဲ့လေ့လာမှုတစ်ရပ်အရနေလောင်ကာခရင်မ်လူးတာက အသားအရေကိုနေလောင်ဒဏ်ကနေ ကာကွယ်ပေးရုံတင်မဟုတ်ဘဲ အသားအရေအောက်မှာရှိတဲ့သွေးကြောတွေကိုပါ ကျန်းမာစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။နေလောင်ကာခရင်မ်မှာပါတဲ့ ပါဝင်ပစ္စည်းတွေကသွေးကြောတလျှောက်မှာရှိတဲ့ကြွက်သားတွေကိုပြေလျော့စေပြီးသွေးစီးဆင်းမှုကိုကောင်းမွန်စေနိုင်သလိုသွေးကြောလေးတွေကို လုပ်ဆောင်မှုတွေအကောင်းဆုံးလုပ်ဆောင်နိုင်အောင်ထောက်ပံ့ပေးပါတယ်။ အရေပြားပေါ်ကိုကျရောက်တဲ့ အပူဒဏ်ကို သက်သာစေပြီးသွေးကြောလေးတွေကိုပြေလျော့စေနိုင်တာကြောင့် အရွယ်မတိုင်ခင် အိုမင်းတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။အရေပြားကိုခရမ်းလွန်ရောင်ခြည်ကနေကာကွယ်ပေးရုံတင်မဟုတ်ဘဲသွေးကြောလေးတွေကိုပါသွေးစီးဆင်းမှုကောင်းစေတယ်ဆိုမှတော့နေပူတာကိုလည်း ကာကွယ်ပြီးသားဖြစ် ခန္ဓါကိုယ်ရဲ့သွေးစီးဆင်းမှုကိုလည်းထောက်ပံ့ပေးပြီးသားဖြစ်ဆိုတော့ ဘယ်လောက်တောင်ကောင်းလိုက်လဲနော်။ ဒီနွေပူပူမှာနေလောင်ကာခရင်မ်လေးလူးလို့ အသားအရေရောသွေးကြောလေးတွေကိုပါ ကာကွယ်ပေးလိုက်ရအောင်လား။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%b1%e1%80%94%e1%80%b1%e1%80%9c%e1%80%ac%e1%80%84%e1%80%b9%e1%80%80%e1%80%ac%e1%80%81%e1%80%9b%e1%80%84%e1%80%b9%e1%80%99%e1%80%b9%e1%80%80-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%b1%e1%81%be/
အာသီးကျောက်တည်တာကို ဘယ်လို ဖယ်ရှားမလဲ.......
သွားနဲ့ သွားဖုံးတွေကြောင့် မဟုတ်ဘဲခံတွင်းနံ့ ဆိုးစေတဲ့ပြဿနာကို ဖြစ်စေတာကတော့ အခုပြောပြမယ့် အာသီးကျောက် တွေပါ။ ဒီတစ်ခေါက်တော့ ခံတွင်းနံ့ကို ဆိုးစေတဲ့ အာသီးကျောက်တည်တာကို ဘယ်လို ဖယ်ရှားမလဲ……. ဆိုတာကို ပြောပြပေးသွားပါမယ်။အာသီးကျောက် ဆိုတာက  အာခေါင် နောက်ဖက်ကနေ ထွက်လာတဲ့ အဖြူရောင် အစိလေးတွေပါ။ ဝါကျင့်ကျင့် အရောင်လည်း ဖြစ်နိုင်ပါတယ်။ ခပ်မာမာလေးဖြစ်ပြီး အနံ့ကတော့ တော်တော်လေး ဆိုးပါတယ်။ ဒါတွေကအာသီးလေးမှာ ကပ်ညှိနေတဲ့ဘက်တီးရီးယားတွေနဲ့ အညစ်အကြေးတွေ စုမိတာမျိုးပါ။အာသီးလေးတွေက တွင်းလို အပေါက်လိုလေးတွေဖြစ်ပြီး အဲ့အပေါက်လေးတွေထဲမှာဆဲလ်သေတွေ၊ ချွဲတွေအပါအဝင် ဘက်တီးရီးယားတွေနဲ့ အခြားသောအရာတွေက ပြည့်နှက်နေတာပါ။ ဒီလိုအစားအစာအကြွင်းအကျန်တွေ၊ အညစ်အကြေးတွေ၊ ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေက အာသီးထဲမှာရှိတဲ့ အပေါက်လေးတွေထဲမှာစုပြီး အာသီးကျောက်တွေ ဖြစ်လာတာပါ။ခံတွင်းသန့်ရှင်းရေး အားနည်းတာကြောင့်လည်း ဘက်တီးရီးယားတွေ ပေါက်ဖွားလာပြီး အာသီးကျောက်တွေ ဖြစ်လာနိုင်ပါတယ်။ခံတွင်း အနံ့ဆိုးကို ဖြစ်စေတဲ့ အာသီးကျောက် ကိုဘယ်လို ဖယ်ရှားမလဲဆိုတော့ အခုလို ဖယ်ရှားလိုက်ပါ။ အာသီးကျောက်တွေက သေးငယ်တယ်ဆိုရင် အခုလိုလေး ဖယ်ရှားလို့ ရပါတယ်။ပန်းသီးရှာလကာရည် ဒါမှမဟုတ် ရှာလကာရည်ကို ရေနဲ့ဆတူရောပြီး အာလုတ်ကျင်းပေးတာက အာသီးထဲက တွင်းပေါက်လေးတွေထဲမှာရှိနေတဲ့ အစိုင်အခဲတွေကို ပျော်စေပါတယ်။ အက်ဆစ်ဓာတ်နဲ့ ဖျော်ထုတ်လိုက်တဲ့ သဘောပါ။ကြက်သွန်ဖြူတွေက ဘက်တီးရီးယားတွေကို သေစေနိုင်ပြီးမှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်သလိုဗိုင်းရပ်စ်တွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ ဘက်တီးရီးယားတွေ ရှင်သန်ပေါက်ဖွားမှု မရှိအောင် တားဆီးပေးနိုင်ပါတယ်။ ကြက်သွန်ဖြူ စားပေးလို့ ရပါတယ်။အာသီးကျောက်တွေကို မြင်ရမယ်ဆိုရင် အာသီးတွေကို နားကြပ်ဂွမ်းတံ ဒါမှမဟုတ် လက်ညှိုးနဲ့ ဖိပြီး ဖယ်ရှားလို့ ရပါတယ်။ ပိုးမဝင်စေဖို့တော့ သေချာလေး သတိထားဖို့လိုပါမယ်။ ဖယ်ထုတ်ပြီးတာနဲ့ ဆားရည်နဲ့ အာလုတ်ကျင်းလိုက်ပါ။အာသီးကျောက်တွေက သေးမယ်ဆိုရင် ချောင်းဟန့်ထုတ်တာနဲ့ ထွက်လာနိုင်ပါတယ်။ ဒါကြောင့် ချောင်းဟန့်ကြည့်ပါလို့ အကြံပြုပါရစေ။စပါးလင်ဆီလိုမျိုး Essential oils ကို သွားပွတ်တံမှာ နှစ်စက်လောက်ထည့်ပြီး အာသီးတွေကို သန့်ရှင်းရေးလုပ်ပေးပါ။ ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ထုတ်နိုင်မှာပါ။ဆားရည်နဲ့ အာလုတ်ကျင်းတာ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်သလို ခံတွင်းအနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ဒိန်ချဉ် စားပေးတာက အာသီးကျောက် ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး အာသီးကျောက်တွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ပန်းသီး စားပေးတာကလည်း အာသီးကျောက် တွေမဖြစ်အောင် ကာကွယ်ပေးရာရောက်ပါတယ်။ အကြောင်းကတော့ ပန်းသီးမှာပါတဲ့ အက်ဆစ်ဓာတ်က အာသီးကျောက် တွေကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်လို့ပါ။မုန်လာဥနီက တံထွေးထွက်ရှိစေပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး အာသီးကျောက်တွေ မဖြစ်လာအောင် တားဆီးပေးပါတယ်။ကြက်သွန်နီမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်တွေ ပါဝင်နေတာကြောင့် အာသီးကျောက် တွေကို ဖယ်ရှားပေးနိုင်ပါတယ်။အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို အသုံးပြုပြီး အာသီးကျောက် တွေကို ဖယ်ရှားလိုက်ပါ။ ဒီနည်းလမ်းလေးတွေနဲ့ မထွက်သွားဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြပြီး ကုသနိုင်ပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/home-remedies-for-tonsil-stones/
Color Blindness (ကာလာဘလိုင်း)
Color blind ဟာ အရောင်တွေကို မမြင်နိုင်တဲ့ အခြေအနေကို ဆိုလိုပါတယ်။ အချို့အရောင်တွေကို ခွဲခြားနိုင်စွမ်း နည်းပါးတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ နောက်တစ်မျိုးပြောရရင် သင့်မှာ အနီရောင်၊ အစိမ်းရောင်၊ အပြာရောင် (သို့) အခြားအရောင်တွေကို မြင်နိုင်ခြင်း မရှိပါဘူး။ Color blind လူနာ တွေမှာ ဘာအရောင်မှ မမြင်ရသူဟာ ရှားပါးပါတယ်။Color blind ဟာ အဖြစ်နည်းပါတယ်။ ယောက်ျားလေးတွေမှာ မိန်းကလေးတွေမှာထက် ပိုဖြစ်နိုင်ပါတယ်။ အမျိုးသားတွေဟာ အမြင်အာရုံ မကောင်းခြင်းနဲ့ မွေးဖွားလာနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Color blind ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အရောင်အချို့ကို ခွဲခြားနိုင်စွမ်းနည်းပါးတယ်လို့ ထင်ရင် မျက်လုံးစမ်းသပ်မှု ပြုလုပ်နိုင်ပါတယ်။ ကလေးငယ်တွေမှာလည်း ကျောင်းမတက်ခင် အရောင်စစ်ဆေးမှုအပါအဝင် မျက်လုံးစစ်ဆေးမှုကို ပြုလုပ်သင့်ပါတယ်။လူအတော်များများက Color blind ကို မွေးရာပါလို့ ထင်ကြပါတယ်။ ဒါပေမယ့် ဆေးတွေ၊ ရောဂါတွေ၊ အသက်ကြီးခြင်းတွေကလည်း Color blind ကို ဖြစ်စေနိုင်ပါတယ်။ အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။Color blind ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ဆရာဝန်က စစ်ဆေးမှုကို ပြုလုပ်ပြီး သင်ဘယ်လောက် အရောင်ခွဲခြားမှု ရှိသလဲဆိုတာ စစ်ဆေးပြီး Color blind ဖြစ်ကြောင်း သိရှိနိုင်ပါတယ်။ အရောင်အမျိုးမျိုးရှိတဲ့ အစက်လေးတွေကို ကြည့်ပြီး သူတို့မှာ ရှိတဲ့ pattern ကို ရှာရမှာ ဖြစ်ပါတယ်။ ဒါဟာ နံပတ်၊ စကားလုံးတစ်ခုခု ဖြစ်နိုင်ပါတယ်။ သင်မြင်ရတဲ့ အရာကိုကြည့်ပြီး ဆရာဝန်က သင်ဘယ်အရောင်ကို မမြင်နိုင်ဘူးလဲဆိုတာ ပြောမှာ ဖြစ်ပါတယ်။အခြားစစ်ဆေးမှုတစ်ခုမှာတော့ ရောင်စုံအတန်းလေးတွေကို ဆင်တူတဲ့ အရောင်ပေါ်မူတည်ပြီး စီရမှာဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ Color blind ဆိုရင် အရောင်သေချာစီနိုင်မှာ မဟုတ်ပါဘူး။ကျွမ်းကျင်သူတွေက ကလေးတွေ အသက် ၃-၅ နှစ်အတွင်း မျက်စိစမ်းသပ်မှု ပြုလုပ်သင့်တယ်လို့ ဆိုပါတယ်။ အနည်းဆုံးတော့ ကျောင်းမတက်ခင် မျက်စိစစ်ဆေးမှုပြုလုပ်သင့်ပြီး အကောင်းဆုံးတော့ ၃-၄ နှစ်ကြား ဖြစ်ပါတယ်။တကယ်တမ်းတော့ color blind အတော်များများကို ကုသလို့ မရပါဘူး။ color blind ဖြစ်ခြင်းဟာ ဆေး၊ အခြားအခြေအနေတွေကြောင့် ဖြစ်တယ်ဆိုရင်တော့ ကုသလို့ရနိုင်ပါတယ်။အရောင်ပါတဲ့ မျက်မှန်၊ အရောင် မျက်ကပ်မှန်တွေကို တပ်ခြင်းဟာ သင့်ကို contrasts ပိုမြင်ရစေပြီး အရောင်တွေ ကွာခြားမှုကို ခွဲခြားနိုင်စွမ်း မြင့်မားစေပါတယ်။ ဒါဟာ သင့်အမြင်အာရုံးကို ကောင်းမွန်စေပေမယ့် အရောင်ခွဲခြားမှု စွမ်းအင်ကို တိုးတက်စေတာ မဟုတ်ပါဘူး။ block glare ပါတဲ့ မျက်မှန်ဟာ သင့်အတွက် အကောင်းဆုံးဖြစ်ပါတယ်။ Glare နဲ့ တောက်ပမှုကို လျှော့ချခြင်းဖြင့် အမြင်အာရုံပြဿနာရှိသူတွေဟာ အရောင်တွေကြားက ကွာခြားမှုကို သေချာသိနိုင်မှာဖြစ်ပါတယ်။ဒါ့ပြင် အရောငတွေအစား တောက်ပမှု၊ တည်နေရာ အစရှိတာတွေကိုလည်း သင်ယူနိုင်ပါတယ်။ ဥပမာ မီးပွိုင့်မှာ အရောင်သုံးရောင်တည်ရှိပုံကို လေ့လာနိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Color blind ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/color-blindness-%e1%80%80%e1%80%ac%e1%80%9c%e1%80%ac%e1%80%98%e1%80%9c%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8/
Shin Splints ( ညှို့သကျည်းနာကျင်ခြင်း )
ညှို့သကျည်းမှာ နာကျင်မှုခံစားနေရခြင်းဖြစ်ပါတယ်။ ညှို့သကျည်းက ခြေထောက်အရှေ့ပိုင်းမှာရှိတဲ့ ကြီးမားတဲ့အရိုးဖြစ်ပါတယ်။ အတွင်းဘက်ညှို့သကျည်းဖိအားများမှုရောဂါစုလို့လည်း ခေါ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုအသင့်အတင့်ကနေ ပြင်းပြင်းထန်ထန်လုပ်တဲ့လူတွေမှာ ဖြစ်နိုင်ပါတယ်။ ဖြစ်နေိုင်ချေတေါက ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုအစီအစဉ်တွေမှာ ပါဝင်နေရင်၊ တင်းနစ်၊ ရက်ကက်ဘော၊ ဘောလုံး၊ ဘက်စကက်ဘောစတဲ့အားကစားတွေမှာပါဝင်နေမယ်ဆိုရင် ဖြစ်နိုင်ချေများပါတယ်။ အချို့အခြအနေတွေမှာ လှုပ်ရှားမှုကိုရပ်လိုက်ရတဲံအထိ နာကျင်မှုကပြင်းထန်နိုင်ပါတယ်။ဖိအားကြောင့်ဖြစ်တဲ့ပြဿနာဖြစ်ပါတယ်။ နေ့စဉ်လှုပ်ရှားမှုထပ်ခါထပ်ခါပြုလုပ်ခြင်းက ခြေထောက်အရိုး၊ ကြွက်သသားနဲ့ အဆစ်တွေကိုဖိအားဖြစ်စေပါတယ်။ သင့်ခန္ဓါကိုယ်ကို သဘာဝအတိုင်းပြုပြင်ထိန်းသိမ်းပေးနိုင်စွမ်းကို တားမြစ်ပါတယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ညှို့သကျည်းနာကျင်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့-။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။ချော်လဲပြီးနောက်ပိုင်း မတော်တဆဖြစ်ပြီးနောက်ပိုင်း ညှို့သကျည်းနာကျင်ခြင်း။ညှို့သကျည်းနဲ့ညှို့သကျည်းကိုတွယ်ဆက်ထားတဲ့ ပတ်ပတ်လည်ကြွက်သားတွေအပေါ် ဖိအားအများကြီးသက်ရောက်မှုနဲ့ ဆက်နွှယ်နေပါတယ်။ ကြွက်သားတွေရောင်ရမ်းပြီး အရိုးအပေါ်ဖိအားများရာကနေ နာကျင်မငနဲရောင်ရမ်းမှုတွေဖြစ်စေပါတယ်။အရိုးကျိုးခြင်းကိုဖြစ်စေတဲ့ဖိအားသက်ရောက်မှုတွေကလည်း ဒီပြဿနာရဲ့အကြောငင်းရင်းဖြစ်နိုင်ပါတယ်။ ခန~ဓါကိုယ်က အနားယူဖို့အချိန်လေုံလုံလောက်လောက်ပေးတဲ့အခါမှာ အရိုးအပိုင်းအစတွေကိုပြန်လည်ပြုပြင်ပေးပါတယ်။ အနားမပေးဘူးဆိုရငတော့ အရိုးအပိုင်းအစတွေကနေ အရိုးတစ်ချောင်းလုံးကျိုးတဲ့အထိဖြစ်သွားနိုင်ပါတယ်။နောက်ထပ်အကြာင်းရင်းများ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ကျန်းမာရေးရာဇဝင်နဲ့ ကိုယ်ခန္ဒါစစ်ဆေးစမ်းသပမှုတွေအပေါ်မှာ အခြေခံပြီး အတည်ပြုလေ့ရှိပါတယ်။အိက်စ်ရေးနြ့အခြားပုံရိပ်ဖော်နည်းလမ်းတွေကလေည်း ဖိအားများအရိုးကျိုးခြင်းလိုမျိုး နာကျင်မှုရဲ့အခြားဖြစ်နိုင်ချေကြောင်းရင်းတွေကို ရျာပေးနိုင်ပါတယ်။ခန္ဓါကိုယ်ကိုအနားပေးခြင်း။နာကျင်မှုနဲ့ရောင်ရမ်းမှုကိုသက်သာစေဖို့ ညှိုပသကျည်းပေါ်ရေခဲကပ်ပေးခြင်း (နှစ်ရက်သုံးရက်လောက် ဒါမှမဟုတ် အနာသက်သာသွားတဲ့အထိ ၃နာရီ၄နာရီခြားတစ်ခါ မိနစ်၂၀-၃၀ကြာကပ်ပေးရမှာဖြစ်ပါတယ်။)။ေရောင်ရမးခြင်းကိုသက်သာစေတဲ့အကိုက်အခဲပျောက်ဆေးများ မှီဝဲပါ။ ဆရာဝန်ကမညွှန်ကြးသေးဘူးဆိုရင် ရံဖန်ရံခါမှာသာအသုံးပြုသင့်ပါတယ။ဖိနပ်ခံအသုံးပြုခြင်း။ရွေ့လျားမှုကိုယ်လက်လှုပ်ရှားမှုများ အကန့်အသတ်နဲ့ဆောင်ရွက်ခြင်း။ခြေထောက်နွေးထွေးဖို့ ခြေအိတ်အသုံးပြုခြင်း။နောက်ကျောသို့ခြေထောက်ကိုပြဿနာပေးရတဲ့အကြောင်းရင်းကိုရှာပြိး ကုသမှုခံယူခြင်းဒါမှမဟုတ် ခြေထောက်နာကျင်မှုကိုဖြစ်စေတဲ့ပြေးခြင်းနည်းလမ်းမှန်မမှန်ကို သုံးသပ်ပြီး ကုသမှုခံယူခြင်း။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်Shin Splints ( ညှို့သကျည်းနာကျင်ခြင်း )။ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။လှုပ်ရှားမှုကို ခွဲခြမ်းစိတ်ဖြာခြင်း- သင့်ပြေးခြင်းနည်းလမ်းကို ဗီဒီရိုရိုက်ကြည့်ခြင်းက ခြေထောက်နာကျင်ခြင်းကိုဖြစ်စေတဲ့ လှုပ်ရှားမှုအမျိုးမျိုးကို အတည်ပြုဖို့အကူအညီပေးနိုင်ပါတယ်။ အများစုမျာ ပြေးခြင်နည်းလမ်းနည်းနည်းလေးပြောင်းလိုက်ခြင်းက ဖြစ်နိုင်ချေကိုနည်းစေပါတယ်။ဖိနပ်အံဝင်ခွင်ကျဖြစ်တာမျိုးကိုဝတ်ဆင်ပြီး ရှူးဖိနပ်ဖနောင့်အတွင်းပိုင်းအခံအသုံးပြုခြင်း။မြေမာမာသို့ မြေမညီတဲ့နေရာတွေ ကုန်းစောင်းတွေမှာ ကိုယ်လက်လှုပ်ရှားမှုမျိုးကိုရှောင်ပါ။ကိုယ်လက်လှုပ်ရျားမှုအပြင်းအဆကို တဖြည်းဖြည်းချင်းတိုးသွားခြင်း။ကိုယ်လက်လှုပ်၇ှာ်းမှုမပြုခင် သွေးပူလေ့ကျင့်ခန်းပြုလုပ်ခြင်း။အကြောလျှော့ခြင်း။ခြေထောက်သန်မာစေတဲ့လေ့ကျင့်ခန်းများပြုလုပ်ခြင်း -ခြေချောင်းလေ့ကျင့်ခနးက ခြေသလုံးကြွက်သားတွေကိုသန်မာစေပါတယ။နာကျင်မှုဖြစ်နေရင် ကိုယ်လက်လှုပ်ရှားမှုကိုရပ်လိုက်ခြင်း။ခြေဗြောင်ပြေးခြင်း။ခြေထောက်သန်မာစေတဲ့ထရိန်နင်းဆင်းခြင်း- သင့်ခြေသလုံး၊ ခြေချင်းဝတ်၊ တင်ပါးဆုံရိုး၊နဲ့ကိုယ်ထည်သန်မာပြီး ဟန်ချက်ညိစေဖို့ ကိုယ်လက်လှုပ်ရှားမှုတွေပြုလုပ်ပေးခြင်းဖြင့် ပြင်းထန်တဲ့အားကစားတေါအတွက် သင့်ခြေထောက်ကိုပြင်ဆင်ပေးနိုင်ပါတယ်။ခြေခုံအထောက်အပံ့-ခြေထောက်နာကျင်မှုအထူးသဖြင့် ခြေခုံပြားနေသူတွေမှာ အကူအညီပေးနိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/shin-splints-%e1%80%8a%e1%80%be%e1%80%ad%e1%80%af%e1%80%b7%e1%80%9e%e1%80%80%e1%80%bb%e1%80%8a%e1%80%ba%e1%80%b8%e1%80%94%e1%80%ac%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84/
Post - Concussion Syndrome (ဦးနှောက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစု)
ထိခိုက်မှုပြီးနောက် သီတင်းပတ်ပေါင်းများစွာ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်းလိုမျိုး အမျိုးမျိုးသောလက္ခဏာတွေခံစားရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ခေါင်းကိုထိခိုက်မိပြီးနောက်ဖြစ်လေ့ရှိတဲ့ဦးနှောက်အသေးစားမဆိုသလောက်ထိခုက်သွားခြင်း ဖြစ်ပါတယ်။ဦးနှောက်ကိုထိခိုက်မိခြင်းရှိမရှိ ဥိးနှောက်ကိုထိခိုက်မိခြင်းကြောင့်ဖြစ်တဲ့ ဖြစ်တဲ့ရောဂါစုရမရ ရောဂါအဖြေရှာအတည်ပြုဖို့အတွက် သတိလစ်သွားဖို့မလိုပါဘူး။ ဦးနှေက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစု ဖြစ်နိုင်ချေက ထိခိုက်မှုအပြင်းအထန်နဲ့မဆက်နွှယ်ပါဘူး။ ကုသမှုက လက္ခဏာတွေသက်သာဖို့အတွက်သာ ဦးတည်ပါတယ်။လူအများစုမျာ ပထမ၇ရက်ကနေ ၁၀ရက်အတွင်း လက္ခဏာစပြလေ့ရှိပြီး သုံးလအတွင်းသက်သာပျောက်ကင်းသွားပါတယ်။ နှစ်နဲ့ချီပြီးတော့လည်း ကြာနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဦးနှေက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစု ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။ခေါင်းကိုက်ခြင်း။မူးဝေခြင်း။မောပန်းနွမ်းနယ်ခြင်း။ဆတ်ဆတ်ထိမခံဖြစခြင်း။စိုးရိမ်ပူပန်ခြင်း။အိပ်မပျေြာ်ခင်း။အာရု့စူးစိုက်လို့မရခြင်း မှတ်ဉာဏ်ဆုံးရှူးံသွားခြင်း။အလင်းနဲ့ဆူညံသံမကြားနိုင်ခြင်း အထိမခံနိုင်ဖြစ်ခြင်း။ထိခိုက်မှုပြီး ခေါင်းကိုက်ခြင်းက အမျိုးမျိုးဖြ်စနိုင်ပြီး ဖိအားများခေါင်းကိုက်ခြင်းလိုမျိုး ခေါင်းတစ်ခြမ်းကိုက်ခြင်းလိုမျိုး ခံစားရနိုင်ပါတယ်။ ဦးခေါင်းထိခိုက်မပြိးတစ်ချိန်တည်းမှာပင် လည်ပင်းကိုထိခိုက်မိခြင်းနဲ့ဆက်နွှယ်တဲ့ ဖိအားများခေါင်းကိုက်ခြင်းကို အများစုခံစားရလေ့ရျိပါတယ်။အချို့အခြေအနေတွေမှာဦးနှောကိုအသေးစားထိခိုက်မိပြီူးနောက် အမူအကျင့်ဆိုင်ရာခံစားချက်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေလည်း ခံစားရနုငိပါတယ်။ မိသားစုဝင်တွေက လူနာမှာပိုပြီးဆတ်ဆတ်ထိမခံနုင်တာတွေ ၊ သံသယများလာတာတွေ၊ အငြင်းသန်လာတာ ခေါင်းမာလာတာမျိုးကို သတိထားမိနိုင်ပါတယ်။စောစောသိစောစောကုသခြင်းက အခြေအနေကိုပိုမဆိုးအောင်နဲ့ အရေးပေါ်အခြေအနေကနေကာကွယ်ပေးနိုင်တာမို့ ဆရာဝန်နဲ့တတ်နိုင်သမျှမြန်မြန် ပြသဆွေးနွေးသင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဦးနှောက်ကိုထိခိုက်မိပြီး ဦးနှေက်ရဲ့ဖွဲ့စည်းပုံပျက်စီးသွားခြင်းသို့ ဦးနှောက်ကနေထွက်တဲ့ပစ္စည်တွေပြောင်းလဲသွားရာကနေ ဦးနှေက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစုလက္ခဏာတွေ ဖြစ်ပေါ်လာရပါတယ်။ ဦးနှေက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစုလက္ခဏာတွေက ရူးသွပ်ခြင်စိတ်ဝေဒနားလက္ခဏာတွေနဲ့ အလားတူပါတယ်။ အထူးသဖြင့် အတွေရအများဆုံးဖြစ်တဲ့ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊နဲ့ အအိပ်ပျက်ခြင်းလက္ခဏာတွေက စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပုူပန်ခြင်းသို့ ထိခိုက်မိပြီးနောက်ရောဂါစုလက္ခဏာတွေနဲ့ အလားတူပါတယ်။ဦးနှေက်ထိခိုက်မှုကြောင့် ဇီဝရုပ်ဖြစ်စဉ်ပြောင်းလဲမှုနဲ့ ဒီပြောငးလဲမှုတွေအပေါ်စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတွေက လက္ခဏာတွေဖြစ်ပေါ်လာစေပါတယ်။တချို့တွေမှာ နာတာရှည် ဦးနှေက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစုလက္ခဏာပေါ်ပြီ အချို့တွေမှာ ဘာကြောင့်မပေါ်သလဲဆိုတာကို သုတေသီတွေရှာဖွေမတွေ့ရှိသေးပါဘူး။ ထိခိုက်မှုအပြင်းအထန်နဲ့ ဦးနှေက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစုလက္ခဏာတွေဖြစ်ပေါ်ခြင်း။ဆက်နွှယ်နေတယ်လို့တော့ သက်သေမပြနိုင်ပသေးပါဘူး။ဦးနှေက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစု ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အသက်ကြီးလေ ဖြစ်နိုင်ချေများလေဖြစ်ပါတယ်။အမျိုးသမီးတွေမှာ ရောဂါအတည်ပြုတွေ့ရှိတာပိုများပါတယ်။ အမျိုးသမီေးတွမှာ ကျန်းမာရေးစောင့်ရှောက်မှု ကျန်းမာရေးစစ်ဆေးမှုပိုမိုပြုလုပ်တာကြောင့် ဖြစ်ပါတယ်။ကားတိုက်ခြင်း၊ လဲကျခြင်း၊ ကိုယ်ထိလကေရောက်ကျူးလွန်မှုနဲ့ အားကစားလုပ်စဉ်ထိခိုကမှုတွေနဲ့ ဆက်နွှယ်နေပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က သံသယရှိတဲ့အခါမှာ ကိုယ်ခန္ဓျါပုငိးဆိုင်ရာစမ်းသပ်စစ်ဆေးမှုတွေနဲ့ အချို့သောစစ်ဆေးမှုတွေ ညွှန်းပါလိမ့်မယ်။ စီတီရိုက်ခြင်း အမ်အာအိုင်ရိုက်ခြင်းကနေ ဦးနှေက်ပုံမမှန်ဖြစ်မှုတွေကို သနိုင်ပါတယ်။ အလွန်အမင်းမူးဝေနေမယ်ဆိုရင် နားနှာခေါင်းလည်ချေင်းအထူးကုဆီ လွှဲပေးပါလိမ့်မယ်။ စိတ်ဓါတ်ကျခြင်းတွေ စိုးရိမ်ကြီးခြင်းတွေခံစားရမယ် ဒါမှမဟုတ် မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿနာတွေရှိခဲ့မယ်ဆိုရင် စိတ်ပညာဆိုင်ရာအထူးကုနဲ့ပြသင့်ပါတယ်။ကုသမှုတိတိကျကျသတ်မှတ်ထားတာမရှိပါဘူး။ ဆရာဝန်က သင်ခံစားနေရတဲ့လက္ခဏာတွေကိုသာ ကုသပေးပါလိမ့်မယ်။လက္ခဏာအမျိုးအစားနဲ့ဖြစ်တဲ့အကြေိမ်ရေက တစ်ယောက်နဲ့တစ်ယေက်မတူနိုင်ပါဘူး။ခေါင်းကိုက်ခြင်း။စိတ်ဓါတ်ကျခြင်းအတွက်ဆေးတွေအပါအဝင် ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ဖိအားများခေါင်းကိုက်ခြင်းအတွက် အသုံးပြုလေ့ရှိတဲ့ဆေးတွေက ဦးနှေက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစုဆက်နွှယ်ခေါငးကိုက်ခြင်းအမျိုးအစားတွေကို သက်သာစေပါတယ်။ဥပမာ အမ်မီထရစ်တိုင်လင်း။ ဒီဆေးတွေက ထိခိုက်မှုအပြီးဦးနှေက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော။ရောဂါစုနဲ့ ဆက်နွှယ်လေ့ရှိတဲ့လက္ခဏာတွေဖြစ်တဲ့ ဆတ်ဆတ်ထိမခံနိုင်ဖြစ်ခြင်း၊ မူးဝေခြင်းနဲ့ စိတ်ဓါတ်ကျခြင်းတွေဖြစ်နုငိပါတယ်။ ဆေးဆိုင်စပ်ဆေးတွေနဲ့ ဆရာဝန်ညွှန်ကြားထားတဲ့အကိုက်အခဲပျေက်ဆေးတွေ အလွန်အကျူးအသုံးပြုခြင်းကလည်း နာတာရှည် ဦးနှေက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ခေါင်းကိုက်ခြင်းကိုဖြစ်စေပါတယ်။ဥိးနှောက်မှတ်ဉာဏ်နဲ့တွေးခေါ်ခြင်းဆိုင်ရာပြဿနာများ။ဦးနှေက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော မှတ်ဉာဏ်ပိုင်းဆိုငရာပြဿနာတွေကိုကုသဖို့အတွက် အထူးရည်ရွယ်ထားတဲံဆေးတွေမရှိသေးပါဘူး။ မှတ်ဉာဏ်ပိုင်းဆ်ုငရာပြဿနာတွေအတွက် သိတင်းပတ်တွေလတွေကြာသွားတဲ့အခါ သူ့အလိုလိုပျောက်ကင်းသွားတာကြောင့် အချိန်က အကောင်းဆုံးကုထုံးဖြစ်ပါတယ်။မှတ်ဉာဏ်ချို့ယွင်းမှုနဲ့ အာရုံစူးစိုက်မှုပြဿနာတွေအတွက် အချို့သောမှတ်ဉာဏ်ပိုင်းဆိုင်ရာကုထုံးတွေဖြစတဲ့ အိတ်ဆောင်ပြက္ခဒိန်၊ အလက်ထရောနစ်ပစ္စည်းတွေနဲ့ အခြားနည်းပညာတွေအသုံးပြုနည်းတွေကို သင်ယူခြင်းဖြစ်တဲ့ ပြန်လည်ကျန်းမာလာအောင်ကူညီပေးနိုင်ပါတယ်။စိတ်ဓါတ်ကျခြင်းနဲ့ စိုးရိမ်ကြိးခြင်း။လူနာတွေမှာ လက္ခဏာတွေပြရခြင်းအကြောင်းရင်း ရှိတယ်လို့သိပြိးတဲ့နောက်မှာ လက္ခဏာတွေကသက်သာလာပါတယ်။ ရောဂါနဲ့ပတ်သက်ပြီးပညာပေးခြင်းက လူနာကိုကြောက်လန့်ခြင်းကနေသက်သောစေပြီး စိတ်အေးစေပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဦးနှေက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော။ရောဂါစုကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။ကားမောင်းတဲ့အခါတိုင်း ခါးပတ်ပတ်ဖို့နဲ့ ကလေးတွေအတွက်လည်း သင့်တော်တဲ့လုံခြုံစိတ်ချရတဲ့ထိုင်ခုံမျိုး ဖြစ်နေရပါတယ်။ အသက်၁၃နှစ်အောက်ကလေးတွမျာ နောက်ခုံတွေမှာစီးခြင်းက စိတ်ချရဆုံးစြဖ်ပြီး အထူးသဖြင့်ကားကလေအိတ်ပါတဲ့အခါမှာ စြဖ်ပါတယ်။ုသင်သို့သင့်ကလေး စက်ဘီးစီးတဲ့အခါတိုင်း၊ စကိတ်စီးတဲ့အခါတိုင်း၊ ရိုလာစကိတ်၊ အင်လိုင်းစကိတ်၊ ရေခဲပြင်စကိတ်၊ နှင်းလျှောစီးခြ်ငး၊ ဘောလုံးကစားခြင်း၊ ဘေ့စ်ဘောရိုက်ခြင်း၊ စကိတ်လျှောပြားစီးခြင်း ၊ မြင်းစီးခြင်း စတာတွေပြုတဲ့အခါတိုင်း ဟဲလ်မက်ဆော်ငးခြင်း။လဲကျခြင်းချော်လဲခြင်းကိုကာကွယ်ဖို့ ခြေသုတ်ခုံနေရာနည်းနည်းကိုဖယ်၇ှားပစ်ခြင်း၊ မီးလုံးများတပ်ဆင်ခြင်း၊ လက်ကိုင်တန်းလက်ရန်းများတပ်ဆင်ခြင်း။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/post-concussion-syndrome-%e1%80%a5%e1%80%ae%e1%80%b8%e1%80%b1%e1%80%94%e1%80%bd%e1%80%ac%e1%80%80%e1%80%b9%e1%80%a1%e1%80%b1%e1%80%9e%e1%80%b8%e1%80%85%e1%80%ac%e1%80%b8%e1%80%91%e1%80%ad%e1%80%81/
ခံတွင်းကင်ဆာ ကို ဘယ်လိုကာကွယ်ကြမလဲ
မြန်မာနိုင်ငံလို ကွမ်းစားများ၊ ဆေးလိပ်သောက်များတဲ့ နိုင်ငံမှာ ခံတွင်းကင်ဆာ ဖြစ်တဲ့သူ မရှားပါဘူး။ ဒါကြောင့် သူ့အကြောင်းနဲ့ ဖြစ်တတ်တဲ့ လက္ခဏာတွေကို သိထားဖို့ လိုပါတယ်။ခံတွင်းကင်ဆာဆိုတာ လျှာ၊ ပါးစပ်၊ နှုတ်ခမ်း သို့မဟုတ် သွားဖုံးမျက်နှာပြင်တွေကနေ အကျိတ်တွေ ထွက်လာခြင်းကို ခေါ်ပါတယ်။ဒီအကျိတ်တွေဟာ တံတွေးဂလင်းတွေ၊အာသီးနဲ့ pharynx (ပါးစပ်ကနေ လေပြွန်ထိရှိတဲ့ လည်ချောင်းအစိတ်အပိုင်း)တွေကနေလည်း ထွက်ပေါ်လာတတ်ပေမယ့် ဒါတွေက အဖြစ်နည်းပါတယ်။ခံတွင်းကင်ဆာရဲ့ ရောဂါလက္ခဏာတွေကတော့။သင့်မှာပြနေတဲ့ လက္ခဏာတွေက ၂ပတ်ကျော်လာတာတောင် မပျောက်သေးဘူးဆိုရင် ဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။ သူက သင့်ရဲ့ ရောဂါလက္ခဏာတွေကြည့်ပြီး အခြားဖြစ်နိုင်တဲ့အကြောင်းရင်းတွေ ဥပမာ ပိုးဝင်ခြင်းကဲ့သို့သော အကြောင်းရင်းတွေကို တွေ့ကောင်းတွေ့ရှိနိုင်ပါလိမ့်မယ်။ခံတွင်းကင်ဆာကို ကာကွယ်နိုင်တဲ့ နည်းလမ်းရယ်လို့တော့ မရှိပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေတွေကို လျော့ကျစေမယ့် နည်းတွေတော့ရှိပါတယ်။ တကယ်လို့ သင်က။ဒီနည်းလမ်းတွေနဲ့ ဆိုရင်‌တော့ ခံတွင်းကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်သလို ဖြစ်လာရင်လည်း စောစောသိမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/oral-cancer-prevention/
ရှူသောလေတိုင်း ရောဂါပိုး ကင်းစေဖို့
ရှင်သန်ဖို့အတွက် ရေ၊ လေ၊ အစာအာဟာရတွေ ရရှိဖို့ လိုအပ်ပါမယ်။ ဒီလိုအပ်ချက်တိုင်းက ရေဆိုလည်း ရေဖြစ်ရင် ပြီးရော မရသလို လေဆိုလည်း ရှူလိုက်ပြီးတာပဲဆိုတာမျိုး မရပါဘူး။အစာအာဟာရဆိုလည်း ကျန်းမာရေးနဲ့ ညီညွတ်ဖို့ လိုပြန်ပါတယ်။ အခုလိုကိုဗစ်တွေဖြစ်နေတဲ့ ကာလမှာဆိုအသက်ရှူစနစ်ရဲ့ အစဆုံး အစိတ်အပိုင်းဖြစ်တဲ့ နှာခေါင်း ထဲမှာရောဂါပိုးတွေ ကင်းနေဖို့က အတော်လေး အရေးကြီးပါတယ်။ရှူလိုက်တဲ့ လေထုမှာ ရောဂါပိုးတွေ ကင်းစင်မှအဆုတ်လေး ကျန်းမာပြီး ရောဂါတွေ ကင်းမှာပါ။ ဒီတော့ ရှင်သန်ဖို့အတွက် အရေးပါတဲ့ လေကို ရှူသွင်းလိုက်တိုင်းမှာ ရောဂါပိုး ကင်းနေစေဖို့ နေထိုင်ရာ ပတ်ဝန်းကျင်ကို ရှင်းလင်းဖို့ထက် အရေးတကြီး ရှင်းလင်းဖို့လိုမယ့် အရာလေးတစ်ခု ရှိပါတယ်။ဒါကတော့ ခန္ဓာကိုယ်အတွက်အောက်ဆီဂျင်ကို အဓိက ရယူထောက်ပံ့ပေးနေတဲ့ နှာခေါင်းလေးပါ။ နှာခေါင်းလေးထဲမှာ ရောဂါပိုးတွေ ကင်းစင်စေဖို့ ဘယ်လိုသန့်ရှင်းရေး လုပ်ပေးလို့ ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။ရှူသောလေတိုင်း ရောဂါပိုး ကင်းစေဖို့ ဆိုရင် ခန္ဓာကိုယ်ကို အောက်ဆီဂျင် ထောက်ပံ့ပေးနေတဲ့ နှာခေါင်းလေး အတွင်းပိုင်းမှာ ရောဂါပိုးတွေ ရှိမနေစေဖို့အတွက် ပုံမှန်လေး သန့်ရှင်းရေး လုပ်ပေးဖို့ လိုပါမယ်။ဒါမှအသက်ရှူလမ်းကြောင်းစနစ်ကျန်းမာပြီး ခန္ဓာကိုယ်ကလည်း ကျန်းမာမှာပါ။ ဒီတော့ ရှူသောလေတိုင်း ရောဂါပိုးကင်းစေဖို့ ဒါလေးတွေကို လုပ်ဆောင် ကြရအောင်လား။နှာခေါင်းကို သန့်စင်တာက ကြားနေကျ မဟုတ်ပေမယ့် နှာခေါင်းကလည်း ပုံမှန် သန့်ရှင်းပေးဖို့ လိုတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုပါ။ နှာခေါင်းတွင်းက အမွေးတွေ၊ ချွဲတွေက ရောဂါပိုးတွေ အသက်ရှူလမ်းကြောင်းကနေတဆင့် အဆုတ်ထဲ ရောက်ရှိမသွားအောင် ကာကွယ်ပေးတယ်ဆိုပေမယ့် သူတို့လေးတွေရဲ့ ရောဂါပိုး တားဆီးမှု လုပ်ငန်းစဉ်ကို ကိုယ်တွေကလည်း တစ်ဖက်တစ်လမ်းက ထောက်ပံ့ပေးဖို့ လိုပါမယ်။ဒီတော့ နှာခေါင်းကို ပုံမှန် သန့်စင်ပေးတာက နည်းလမ်းကောင်း တစ်ရပ်ပါ။ရေသန့်သန့်ကို နှာခေါင်းထဲကို ရှူသွင်းပြီး ခပ်ပြင်းပြင်းလေး မှုတ်ထုတ်ပေးပါ။ ပြီးရင် နှပ်ညှစ်သလို ညှစ်ပေးပါ။ မျက်နှာသစ်တိုင်း လုပ်ဆောင်ပေးပါ။ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရေနွေးနွေး တစ်ခွက်စာနဲ့ ရောပြီး ခပ်နွေးနွေး အနေအထားမှာ နှာခေါင်းထဲကို အစက်ချပေးပါ။ ပြီးရင် နှပ်ညှစ်ထုတ်ပါ။ဒီလိုလုပ်တာက ရောဂါပိုးတွေကို သေစေနိုင်သလိုနှာခေါင်းပိတ်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ရေနွေးဆူဆူကို ဇလုံ အဝကျယ်ထဲကို ထည့်ပါ။ ပြီးရင် ခေါင်းပေါ်ကနေ တဘက်စ အုပ်လို့ ရှိုက်ရှူပေးပါ။ ဒီလို လုပ်ပေးတာက နှာခေါင်း ပိတ်တာကို သက်သာစေနိုင်သလို အသက်ရှူလမ်းကြောင်းကိုလည်း ရောဂါပိုး ကင်းစေမှာပါ။ ရေနွေးငွေ့မလောင်အောင်တော့ ဂရုစိုက်ပေးပါ။နှာခေါင်းထဲကို အစက်ချလို့ရတဲ့ နှာခေါင်းသန့်စင်ဆေးရည် အသုံးပြုတာကလည်း နှာခေါင်း အတွင်းပိုင်းကို သန့်စင်စေပြီး ရောဂါပိုးတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ကြက်သွန်နီကို ထက်ခြမ်းခြမ်း အခွံနွှာပြီး ကြက်သွန်နီကို ရေနွေးထဲ စိမ်လို့ အငွေ့ခံပေးတာ၊ ကြက်သွန်နီ သတ္တုရည်ကို အသုံးပြုတာကလည်း နှာခေါင်းထဲက ရောဂါပိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ ဒါက နှာခေါင်းကို သန့်စင်ပေးတယ်ဆိုတာထက် နှာပိတ်တာကို သက်သာစေတဲ့ အိမ်တွင်းနည်းလမ်းပါ။တစ်ခုရှိတာက ကြက်သွန်နီက မွှန်တဲ့အတွက် ခဏခဏ မလုပ်ဖို့တော့ လိုပါတယ်။ နှာခေါင်းပိတ်တဲ့အခါမျိုးမှာပဲ လုပ်ပေးဖို့ အကြံပြုလိုပါတယ်။ဒီလို သန့်စင်ပေးတာက နှာခေါင်းတွင်းက ဘက်တီးရီးယားတွေကိုတင် ဖယ်ရှားပေးတာမျိုး မဟုတ်ဘဲ နှာခေါင်းတွင်းထဲက ဖုန်မှုန့်တွေ အညစ်အကြေးတွေကို ဖယ်ရှားပေးသလို နှာခေါင်းအတွင်းသား အစိုဓာတ်ကိုလည်း ထိန်းပေးနိုင်ပါတယ်။ နှာခေါင်း ဓာတ်မတည့်မှု မဖြစ်စေဖို့လည်း ကာကွယ်ပေးမှာပါ။ကဲ …… ရှူသောလေတိုင်း ရောဂါပိုး ကင်းစေဖို့ အခုကစပြီး နှာခေါင်းကို ပုံမှန်လေး သန့်စင်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/nose-conditions/how-to-clean-your-nose-at-home/
ကလေးများကို နို့ဖြတ်ချိန်တွင် မိခင်များသည် မည်သည့်အရာများကို စဉ်းစားချင့်ချိန်ရပါသလဲ
ကလေးများကို နို့ဖြတ်ရန် ဆုံးဖြတ်ချက်သည် မိခင်အချို့အဖို့ ဆုံးဖြတ်ရန် လွယ်ကူသော်လည်း အများစုသည် ခက်ခဲကြပါသည်။ နို့ဖြတ်ခြင်းသည် အချိန်ကာလတစ်ခု၏ အဆုံးသတ်ဖြစ်သကဲ့သို့ နောက်ထပ် အချိန်ကာလတစ်ခု၏ အစလည်းဖြစ်ပါသည်။ နို့ဖြတ်ချိန်တွင် င့်ကလေးသည် မိခင်နို့အပြင် အခြားသော အစားအစာများမဇှ အာဟာရများကို စတင်မှီဝဲရချိန်လည်းဖြစ်သောကြောင့် ထိုအချိန်တွင် မိခင်များအနေနှင့် စိုးရိမ်ပူပန်မှုများရှိနေနိုင်ပါသည်။ ယခုဆောင်းပါးသည် မိခင်များအတွက် ကလေးအားနို့ဖြတ်ချိန်တွင် ဆုံးဖြတ်ချက်များကို မှန်ကန်စွာ ချနိုင်စေရန် ကူညီပေးပါလိမ့်မည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အမေရိကန်ရှိ ကလေးကျန်းမာရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရ ကလေးများသည် အသက် ၁ နှစ်အထိ မိခင်နို့သောက်သုံးသင့်ပါသည်ဟု ဆိုပါသည်။ သို့သော် ကလေးများသည် အရွယ်အမျိုးမျိုးတွင် နို့ဖြတ်ဖို့ အချိန်ကျရောက်တတ်ကြကြောင်း တွေ့ရပါသည်။ အချို့ကလေးများသည် ၁၈ လတွင် နို့ဖြတ်ပြီး အချို့သည် ၂ နှစ်မှ ၄ နှစ်အတွင်း နို့ပြတ်ကြကြောင်း တွေ့ရပါသည်။ နို့ဖြတ်ခြင်းသည် မိခင်နှင့်ကလေး၏ ဆက်သွယ်မှုကို ဖြတ်လိုက်ခြင်းမျိုးမဟုတ်ဘဲ ဆက်သွယ်မှုပုံစံပြောင်းသွားခြင်းမျိုးသာဖြစ်ပါသည်။အမေရိကန်ရှိ ကလေးကျန်းမာရေးအဖွဲ့သည် ကလေးများကို အနည်းဆုံးအသက် ၁ နှစ်အထိ မိခင်နို့်တိုက်ရန်နှင့် ကလေးက စို့ချင်သေးပါက ဆက်တိုက်ရန် အားပေးထားပါသည်။ သင့်မိတ်ဆွေများ၊ ဆွေမျိုးများက မည်သို့ပင် အကြံပေးစေကာမူ သင်ကိုယ်တိုင်ကလျှင် ကလေးကို နို့ဖြတ်ရန် ဆုံးဖြတ်ချက်ချရမည်ဖြစ်ပါသည်။ သင့်အနေဖြင့် သင်ကိုယ်တိုင်က နို့စဖြတ်ခြင်း သို့မဟုတ် သင့်ကလေးက နို့ပြတ်သွားသည့်အချိန်ကို စောင့်ခြင်း စသည့်ရွေးချယ်မှုကို ပြုလုပ်နိုင်ပါသည်။သင့်ကလေးသည် အသက် ၄ လမှ ၆ လခန့်တွင် နို့တိုက်ခြင်းကို စိတ်မဝင်စားတော့သည်လည်း ဖြစ်နိုင်ပါသည်။ အချို့ကလေးများသည် အစာမာများကို အသက် ၁၂လ ခန့်တွင် စပြီး စိတ်ဝင်စားလာကြပါသည်။ ခြေစမ်းပြီး သွားတတ်ကာစအရွယ်ကလေးများသည် ကြရှည်စွာထိုင်ပြီး နို့မစို့ချင်ကြတော့သည့်အတွက် သူ့အလိုလို နို့ပြတ်သွားပါသည်။ သင့်ကလေးသည် နို့မစို့ချင်တော့ကြောင်း အချို့သော လက္ခဏာများကို ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။ ဥပမာ- နို့တိုက်ချိန်တွင် ဂျီကျခြင်း၊ စိတ်မရှည်ခြင်းတိုဖြစ်လာလျှင် သူသည် နို့ပြတ်ချင်နေပြီဖြစ်ပါသည်။အချို့သော အခြေအနေများတွင် မိခင်က အလုပ်ပြန်လုပ်ရမည်ဖြစ်စေ၊ မိခင်အနေဖြင့် နို့ဖြတ်သင့်ပြီဟု ယူဆသောကြောင့် ဖြစ်စေ ကလေးများကို နို့စဖြတ်ရပါသည်။ သင့်ကလေးသည် နို့ပြတ်မည့်အချိန်ရောက်သော်လည်း နို့ပြတ်မည့်လက္ခဏာ တစိုးတစိမျှ မရှိသေးလျှင်လည်း မိခင်ကပင် ကလေးအား နို့ပြတ်ရန် ကြိုးစားရသည်များရှိပါသည်။ သင့်ကလေးအား သင်ကိုယ်တိုင်နို့ဖြတ်ရသော အနေအထားတွင် သင့်ကလေး၏ နို့စို့နှုန်းအပေါ်မူတည်ပြီး စိတ်ရှည်ဖို့ လိုအပ်ပါသည်။သင့်အနေနှင့် သတိထားရမည့် အချက်မှာနို့ဖြတ်ခြင်းသည် သင့်ကလေးကို အသားကျစေရန် ရက်ပေါင်း၊ အပတ်ပေါင်း၊ လပေါင်းများစွာအထိကြာမြင့်နိုင်ပါသည်။ သင့်ကလေးကို နို့စဖြတ်သည့် အချိန်တွင် စားစရာများကို ကျွေးနိုင်ပါသည်။ သင့်ကလေး၏ အခြေအနေအပေါ်မူတည်ပြီး နို့ဖြတ်ခြင်းသည် မြန်နိုင်သလို ကြာနိုင်ပါသည်။ သို့သော် သင့်အနေနှင့် ရုတ်တရက် နို့ဖြတ်လိုက်လျှင် ရင်သားများတင်းလာခြင်း၊ ပိုးဝင်ခြင်း၊ ရင်သားတွင် အကြိတ်များဖြစ်ခြင်းတို့ဖြစ်နိုင်ပါသည်။ ထို့ပြင် ဟော်မုန်းဓါတ်များ ရုတ်တရက်ပြောင်းလဲမှုကြောင့် စိတ်ဓါတ်ကျရောဂါများလည်းဖြစ်နိုင်ပါသည်။ထိုသို့ ရုတ်တရက် နို့ဖြတ်လိုက်ခြင်းသည် မိခင်ကိုသာမက ကလေးကိုလည်း စိတ်ဒဏ်ရာရစေနိုင်ပါသည်။ ထို့ကြောင့် သင့်ကလေးကို အခြားသောအစာအစာများ လက်ခံနိုင်လာချိန်၊ အမေနှင့် အနီးကပ်နေပြီး နိစို့ခြင်းကို တဖြေးဖြေးပျောက်သွားချိန်အထိ တဖြေးဖြေးသား အချိန်ယူပြီး နို့ဖြတ်သင့်ပါသည်။နောက်ထပ်သိထားရမည့် အချက်မှာ နို့ဖြတ်မည်ဟူသော ဆုံးဖြတ်ချက်ကို ရွေးချယ်ခြင်းဖြင့် သင်သည် ကလေး၏ လိုအပ်ချက်များကို အာရုံထားရန် လိုအပ်လာချိန်လည်းဖြစ်ပါသည်။ နို့ပြတ်သွားသော အချိန်တွင် သင့်ကလေးသည် နို့အစား ဘာတွေကို စားဖိုပလိုမလဲ သင်စဉ်းစားရပေမည်။ သင်သည် နို့တိုက်ရပင်ပန်းခြင်း အကြောင်းတစ်ခုတည်းကြောင့် အလွယ်တကူ နို့ဖြတ်ရန် ဆုံးဖြတ်ခြင်းမျိုး မပြုလုပ်သင့်ပါ။ယင်းသို့ပြုလုပ်ခြင်းသည် သင့်ကလေးကို စိတ်ဒဏ်ရာ ရစေသလို အစားအသောက်ပုံစံများလည်း ကလေးနှင့် အဆင်မပြေဖြစ်ခြင်းများ ဖြစ်နိုင်ပါသည်။ ထိုအခြေအနေမျိုးတွင် သင်ကိုယ်တိုင်ကလည်း ထိုသို့ပြုလုပ်လိုက်ခြင်း အပေါ် မိမိကိုယ်ကို အပြစ်ရှိသလို ရှုပ်ထွေးသော အတွေးများဝင်လာခြင်းများဖြစ်လာနိုင်ပါသည်။ သင့်ကလေးကို နို့ဖြတ်ရန် ခက်ခဲသော အချိန်များတွင် သင့်မိခင် သို့မဟုတ် အမျိုးသား၏ အကူအညီကိုလည်းရယူနိုင်ပါသည်။အချုပ်ဆိုရသော် ကလေးကို နို့ဖြတ်ခြင်းသည် မိခင်ရောကလေးပါ ကြုံတွေ့ရင်ဆိုင်ရမည့် သဘာဝဖြစ်စဉ် တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် သေချာစွာ စဉ်းစားချင့်ချိန်ပါ။ ဖြေးဖြေးနှင့် စိတ်ရှည်ရှည် ဆောင်ရွက်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%94%e1%80%ad%e1%80%af%e1%82%95%e1%80%bb%e1%80%96%e1%80%90%e1%80%b9%e1%80%81%e1%80%ba%e1%80%ad/
အာသီးကျောက်တည်တယ် ဆိုတာ ဘာလဲ.......
အာသီးကျောက်တည်တယ် ဆိုတာ က အပေါ်မှာ ပြောခဲ့သလို အာခေါင် နောက်ဖက်ကနေ ထွက်လာတဲ့ အဖြူရောင် အခဲလေးတွေပါ။ ဝါကျင့်ကျင့် အရောင်လည်း ဖြစ်နိုင်ပါတယ်။ ခပ်မာမာလေးဖြစ်ပြီး အနံ့ကတော့ တော်တော်လေး ဆိုးပါတယ်။ အကြောင်းကတော့ ဒါတွေကအာသီးလေးမှာ ကပ်ညှိနေတဲ့ဘက်တီးရီးယားတွေနဲ့ အညစ်အကြေးတွေ စုမိတာမျိုးပါ။အာသီးက လည်ချောင်းနောက်ဘက်မှာ ရှိတဲ့ ဂလင်းလိုမျိုး အစိတ်အပိုင်းလေးတွေပါ။လည်ပင်းတစ်ဖက်တစ်ချက်စီမှာ ရှိပါတယ်။  အာသီးတွေကိုပြန်ရည်ကျိတ်တွေ၊တစ်ရှူးတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဒီဆဲလ်တွေက ကူးစက်နိုင်တဲ့ ရောဂါပိုးတွေကို ကာကွယ်ခုခံမှုတွေ လုပ်ဆောင်ပေးပါတယ်။ဒါပေမယ့် အာသီးလေးတွေက အမြဲလိုလိုတော့ သူတို့ရဲ့ တာဝန်တွေကို အကောင်းမွန်ဆုံး မလုပ်ဆောင်နိုင်ပါဘူး။ အချို့သူတွေမှာတော့ အာသီးတွေက ကူညီမပေးဘဲ ထိခိုက်စေတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့်လည်း အာသီးတွေကို ဘက်တီးရီးယားတွေနဲ့ဗိုင်းရပ်စ်တွေကူးစက်မှုကနေ ကာကွယ်ဖို့အတွက် အာသီးတွေကို ဖယ်ထုတ်ထားတာမျိုးတွေ လုပ်ဆောင်ထားကြပါ။အာသီးကျောက်တွေ ဆိုတဲ့နေရာမှာ ခပ်သေးသေးဆိုရင် လက္ခဏာရယ်လို့ တိတိကျကျ မသိရပေမယ့် အရမ်းကြီးလာပြီဆိုရင်တော့ အခုလို လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။အာသီးကျောက်တွေ ရဲ့ အမြင်သာဆုံး လက္ခဏာတစ်ခုကတော့ ခံတွင်းနံ့ဆိုးတာပါ။ ခံတွင်းနံ့ အတော်လေးဆိုးတာက အာသီးကျောက်တွေ ရှိနေတာပါ။ ဒီလို ရှိနေတာနဲ့အတူ အာသီးမှာ ပိုးဝင်နေတာပါ။အာသီးကျောက်တွေက မာလာမယ် အရမ်းများလာမယ်ဆိုရင် လည်ချောင်းနာတာကို ခံစားရနိုင်ပါတယ်။ အာသီးကျောက်တွေ ရှိနေတာက လည်ချောင်းကို သက်သောင့်သက်သာ မဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။အာသီးကျောက်တွေကလည်ချောင်းမှာ ကသိကအောင့် ဖြစ်စေတာကြောင့် ချောင်းဆိုးတာမျိုး ခံစားရနိုင်ပါတယ်။အဖြူရောင် အခဲလေးတွေ ထွက်တာကလည်း အာသီးကျောက်တွေ ရှိနေတယ်ဆိုတဲ့ လက္ခဏာ တစ်ရပ်ပါ။အာသီးကျောက်တွေ ရှိနေတဲ့နေရာ၊ အရွယ်အစားတွေကို လိုက်ပြီးဖြစ်ဖြစ် အာသီးကျောက်တွေ က မာနေရင်ဖြစ်ဖြစ် လည်ချောင်းထဲမှာ အစာ မျိုချရခက်တာမျိုး ခံစားရနိုင်ပါတယ်။အာသီးကျောက်တွေက ဘယ်နေရာမှာ မဆိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အာရုံကြောလမ်းကြောင်းပေါ်မှာ ဖြစ်မယ်ဆိုရင်တော့ နားနာတာမျိုး ခံစားရနိုင်ပါတယ်။အာသီးကျောက်တွေ များလာတာက ရောင်ရမ်းတာ၊ ပိုးဝင်တာတွေ ဖြစ်ပြီး အာသီးရောင်တာကို ခံစားရစေနိုင်ပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/tonsil-stones/
ဗီတာမင်စီက အရေပြားကို ဘာလို့ ဝင်းပစေတာလဲ
ဗီတာမင်စီသည် သင့်ကျန်းမာရေးသာမက သင့်အရေပြားအတွက်အဓိကလိုအပ်သောအာဟာရတစ်ခုဖြစ်သည်။ ဗီတာမင်စီ ထုတ်ကုန်မျိုးစုံရှိလာပြီး သင်အရေပြားကာကွယ်ရန် ပြန်လည်နုပျိုရန် နှင့်အရေးကြီးဆုံး အရေပြားကိုဖြူလာစေနိုင်သည်။ ဒါက တကယ်ပဲလား။ ဗီတာမင်စီက ဘယ်လိုအရေပြားကိုတောက်ပစေသလဲ။ပထမဆုံးအရာက ဗီတာမင်စီဆိုတာဘာလဲသိရန်လိုအပ်သည်။ ဗီတာမင်စီကိုအက်ကိုးဗစ်အက်စစ်ဟုလည်းခေါ်ပြီး ရေတွင်ပျော်ဝင်နိုင်သောဗီတာမင်တစ်မျိုးဖြစ်သည်။ အရိုး အရွတ် ကြွက်သား နှင့်သွေးကြောများတွင်လိုအပ်သော ကောလန်းဂျင်းကိုဖြစ်ပေါ်စေသည်။ ထိုပြင် ဗီတာမင်စီသည် ဓါတ်တိုးပစ္စည်းဆန့်ကျင်နိုင်သောအရာအဖြစ်လဲသတ်မှတ်နိုင်သည်။ သင့်အရေပြားကိုဖျက်ဆီးသော အသက်ကြီးလာစေသော ရေဒီကယ်အလွတ်များကိုဓါတ်ပြယ်စေသည်။ လူတို့သည် ဗီတာမင်စီကိုကိုယ့်ဟာကို မတည်ဆောက်နိုင်ပါ ထို့ကြောင့်အစားအသောက်မှ အကူအညီယူရသည်။ ဗီတာမင်စီကို အသီးအရွတ်များစားခြင်း အဓိကအားဖြင့် စစ်တရက်အသီးများ ဥပမာ သံပရာသီးလိမ္မော်သီးများမှရသည်။ အချို့ကိစ္စများတွင် သင့်ခန္ဓါကိုယ်မှလိုအပ်ချက်ကို ဆေးခဲ သို့မဟုတ် အရည်ဖြည့်စွက်ချက်များမှရသည်။သင့်အရေပြားအရောင်ကို မယ်လနင်ဟုခေါ်သောဆိုးဆေး -မယ်လနိုစိုက်များဖြင့်လုပ်ထားသော- အရေပြားအတွင်းတွင်ရှိသော အရာများဖြင့်လုပ်ထားသည်။ မယ်လနိုစိုက်သည် အမိုင်နိုအက်စ် တိုင်ရိုစင်းကို အင်ဇိုင်းတိုင်ရိုစိုင်းနေ့ သုံး၍ မယ်လနင်သို့ပြောင်းစေသည်။ သင့်အရေပြားမှမယ်လနင်များများထွက်လေလေ အရေပြားမဲလေလေဖြစ်သည်။ထိုအချက်ပေါ်မူတည်၍ အရေပြားဖြူစေသောအရာများသည် မယ်လနင်ထုတ်ခြင်းကိုနည်းစေသည်။ ဗီတာမင်စီပုံစံဖြစ်ပါက သင့်အရေပြားဖြူစေသောနည်းများစွာရှိသည်။ ဗီတာမင်စီသည် အင်ဇိုင်းတိုင်ရိုစိုင်းနေ့ ကိုကာကွယ်သည်။ အင်ဇိုင်းနည်းနည်းပဲသုံးလေလေ မယ်လနင်နည်းလေလေဖြစ်သည်။ထိုပြင် ဓါတ်ထိုးပစ္စည်းဆန့်ကျင်သောအရာအဖြစ်ဗီတာမင်စီကလုပ်ပေးပြီး သင်အရေပြားအသက်ကြီးခြင်းမဲခြင်းဖြစ်စေသော ရေဒီကယ်အလွတ်ကိုတိုက်ပေးသည်။ ထိုပြင် ဗီတာမင်စီသည် ဂလူတာတိုင်အုန်း နှင့် ဗိတာမင်အီးကိုများစေသည်။ ထိုအရာနှစ်ခုသည် ပြင်းသောဓါတုဓါတ်တိုးပစ္စည်းများဖြစ်သည်။ ဂလူတာတိုင်အုန်းသည် အရေပြားမှပိုမဲသော အူမယ်လနင်အစား ဖီအိုမယ်လနင်ကိုထုတ်စေသည်။ ထိုကြောင့်သင့်အရေပြားကိုပိုတောက်ပစေသည်။အခြားတောက်ပစေသောနည်းမှာ အရည်ပြားကွာစေသောအပျော့ဆေးအဖြစ်လုပ်ပေးဖြင့် သေသောအရေပြားဆဲလ်များကိုဖယ်ပေးနိုင်သည်။ ထိုကြောင့ သင့်အရေပြားပိုချောမွေ့ပြီး တောက်ပစေသည်။အရေပြားနီခြင်ယောင်ခြင်းခံစားစေရပါက ဗီတာမင်စီကိုသုံးနိုင်သည်။ ဗီတာမင်စီသည် အရေပြားပြသာနာများကိုထိရောက်စွာကူညီနိုင်ပြီး ပိုတောက်ပပြီး ပိုညီသောအသားကိုဖြစ်စေသည်။ထိုပြင် ဗီတာမင်စီက နေရောင်ကြောင့်ပျက်စီးခြင်းကိုပိုကာကွယ်နိုင်ပြီး အရေပြားကိုဖြူစေသည်။ လေ့လာမှုတစ်ခုတွင် ယောကျာ်းလေးမိန်းကလေးအယောက်၂၀ကို ဗီတာမင် စီ (၂၀၀၀မီလီဂရမ်)နှင့် သဘာဝဗီတာမင် အီး(၁၀၀၀ အိုင်အီး)ပေးပါက နေရောင်ကြောင့်ပျက်စီးခြင်းကို ၈ရက်အတွင်း ၂၀ရာခိုင်နှုန်းထိသက်သာစေသည်ကိုတွေ့ရသည်။ အခြား အာနိသင်မရှိသောဆေးတွင် ယောင်ခြင်းပျက်စီးခြင်းကိုပိုဖြစ်စေပြိး နေရောင်ကြောင်ပျက်စီးခြင်းလဲပိုဖြစ်သည်။ထိုကြောင့် ဗီတာမင်စီသည် အရေပြားကိုတောက်ပစေပါသလား?ထိုအဖြေသည် လုံးဝအထောက်အကူဖြစ်သည်။ ဗီတာမင်စီကို ဆေးပြား လိမ်းဆေး ဗီတာမင်စီပါသောအလုကုန်များသုံးနိုင်သည်။ အကယ်၍ အရေပြားဖြူရန် ဗီတာမင်စီသုံးလိုပါက ဆရာဝန်နှင့်အရင်တိုင်ပင်ပါ။။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%97%e1%80%ae%e1%80%90%e1%80%ac%e1%80%99%e1%80%84%e1%80%b9%e1%80%85%e1%80%ae%e1%80%80-%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%ac/
ကျောင်းတက်ရန် ငြင်းဆိုခြင်း
စာသင်နှစ်များသည် လူတိုင်း၏ ဘဝတွင် အရေးပါသော အကူးအပြောင်းအချိန်များ ဖြစ်သည်။ အိမ်နှင့် ခွဲခွာပြီး လူသစ်များနှင့် တွေ့ရသောအချိန်များ ဖြစ်ပြီး ကိုယ်ပိုင် လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်း၊ အလိုက်သင့်ပြောင်းလဲနိုင်စွမ်း တို့ ဖွံ့ဖြိုးလာချိန် ဖြစ်သည်။ စာသင်နှစ်များတွင် ကျောင်းသား တစ်ယောက် ရင်ဆိုင်ရသော စိန်ခေါ်မှုများ အများအပြား ရှိသည်မှာ ပြောစရာမလိုအောင်ပင် ဖြစ်သည်။အချို့ကို လွယ်ကူစွာ ဖြေရှင်းနိုင်သော်လည်း အချို့မှာ ရှုပ်ထွေးသည်။ ထိုကဲ့သို့ ပြဿနာများကို ရှာဖွေဖော်ထုတ်ခြင်း၊ ဖြေရှင်းခြင်း မရှိပါက အချိန်ကြာလာသောအခါ ကြောက်ရွံ့ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်ဖိစီးမှုဖြစ်ခြင်းစသော အပျက်သဘော ဆောင်သော ခံစားမှုများ ဖြစ်လာနိုင်သည်။ ၎င်းတို့သည် ကျောင်းတက်ရန် ငြင်းဆိုခြင်းဟုခေါ်သော စိတ်ရောဂါတစ်ခု ကို ဖြစ်စေပါသည်။စတင်ဖြစ်ပွားသော အသက်အရွယ်သည် ၁၀ မှ ၁၃ နှစ်တွင် အများဆုံးဖြစ်သော်လည်း ကျောင်းတက်ရန် ငြင်းဆိုခြင်း ဖြစ်နိုင်ချေသည် လိင်၊ လူမျိုး၊ အသက်အရွယ် အုပ်စု ကန့်သတ်ထားခြင်း မရှိပါ။သင့်ကလေးသည် ကျောင်းစတင်တက်ပြီး အောက် ဖော်ပြပါ လက္ခဏာများ ထပ်ခါထပ်ခါ ဖြစ်ပေါ်လာပါက ကလေးတွင် ကျောင်းတက်ရန် ငြင်းဆိုခြင်း အပြုအမှုများ ပြသခြင်း ဖြစ်နိုင်သည်။ငယ်ရွယ်သူများသည် အဓိက အကြောင်းရင်း ၆ချက် ကြောင့် ကျောင်းတက်ရန် ငြင်းဆိုကြသည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-growth-development/%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%80%e1%80%ba%e1%80%9b%e1%80%94%e1%80%ba-%e1%80%84%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%bc/
ညှို့အားပြင်းတဲ့မျက်ဝန်းတစ်စုံကို အန္တရာယ်ကင်းကင်းနဲ့ ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
လူတစ်ယောက်ရဲ့မျက်နှာမှာ မျက်လုံးက အရေးပါဆုံးအစိတ်အပိုင်းပါ။ လူတစ်ယောက်နဲ့တစ်ယောက် စကားပြောတဲ့အချိန်ပဲဖြစ်ဖြစ် တွေ့ဆုံကြတဲ့အချိန်မှာဖြစ်ဖြစ် သတိပြုမိကြတာဟာ မျက်ဝန်းတွေပါပဲ။ လှပတဲ့မျက်ဝန်းတစ်တစ်စုံက မျက်နှာတစ်ခုလုံးရဲ့ အလှအပကို ပိုမိုထင်ရှားစေပြီး စွဲဆောင်မှုပိုမိုစေပါတယ်။ညှို့အားကောင်းတဲ့မျက်ဝန်းလှလှလေးကို လူတိုင်းလိုချင်ကြတယ်လေ။ အထူးသဖြင့် အမျိုးသမီးတွေပေါ့။ ဒီအတွက် မျက်ဝန်းအလှအပကို အားဖြည့်ပေးနိုင်အောင် ကြိုးစားကြပြီး eye cosmeticsတွေကိုအသုံးပြုကြတယ်။ အထူးသဖြင့် မျက်ဝန်းအနားသတ်ကို လိုင်းဖော်ပေါ်လွင်စေတဲ့ eyeliner က မျက်ဝန်းရဲ့အလှအပကို သိသာထင်ရှားစေအောင် အားဖြည့်ပေးနိုင်တဲ့အတွက် အမျိုးသမီးတွေ အသုံးပြုကြပါတယ်။အောက်မှာဖော်ပြထားတာကတော့ Eyeliner အသုံးပြုတဲ့သူတွေအနေနဲ့ဘေးကင်းစိတ်ချစွာစွဲဆောင်မှုရှိနိုင်ဖို့အတွက် လိုက်နာသင့်တဲ့ဆောင်ရန်ရှောင်ရန်တွေပါ။(၁) မျက်စိနဲ့ပတ်သက်တဲ့အလှကုန်တွေကိုအေးတဲ့နေရာမှာထားပါ။eyeliner၊ eye shadow စတာတွေကို85° Fအောက် အပူချိန်မှာပဲသိမ်းဆည်းထားရှိပါ။ ဒါ့ကြောင့် ဒီပစ္စည်းတွေကို ကားထဲမှာ မထားသင့်ဘူးလို့ဆိုလိုတာဖြစ်ပါတယ်။(၂) ခဲဓါတ်ပါတဲ့ eyelinerတွေကိုမသုံးပါနဲ့။အရောင်စွဲလွန်းတဲ့permanent coloringတွေပါတဲ့ဈေးပေါတဲ့ပစ္စည်းတွေကိုရှောင်ပါ။ အသုံးမတော်ရင် ပြန်ကုသမရတဲ့ မျက်စိထိခိုက်မှုကိုဖြစ်စေနိုင်ပြီး မျက်စိပါကွယ်စေနိုင်ပါတယ်။(၃) အသုံးပြုသင့်တဲ့ သက်တမ်းကျော်လွန်ရင် အသစ်လဲပါ။eyeliner နဲ့ မျက်ဝန်းအလှကုန်တွေကိုဖောက်ပြီးရင် ၃ လအတွင်းပဲ အသုံးပြုသင့်ပါတယ်။ မဖောက်ရသေးရင်တော့ ၃ နှစ်သက်တမ်းလောက် ခံပါတယ်။(၄) မျက်စိနဲ့ပတ်သက်တဲ့အလှကုန်တွေကို သူများနဲ့မျှမသုံးပါနဲ့။ဒီပစ္စည်းတွေကို သူငယ်ချင်းပဲဖြစ်ဖြစ် တခြားသူနဲ့မျှမသုံးပါနဲ့။ တခြားသူဆီက ဘက်တီးရီးယားတွေ ကူးစက်ရရှိနိုင်သလို အပြန်အလှန်ရောဂါပိုးကူးစက်နိုင်ပါတယ်။(၅) မျက်စိနာနေတဲ့အချိန်၊ မျက်စိမှာတခုခုဖြစ်နေချိန် မျက်လုံးအလှမခြယ်ပါနဲ့။မျက်စိမှာ ယားယံတာ၊စပ်တာ၊ နာကျင်တာ၊ မျက်စိနာတာ၊နီရဲနေတာ စတဲ့ဝေဒနာတခုခုဖြစ်နေတဲ့အချိန် မျက်စိအလှကုန်တွေ မသုံးသင့်ပါဘူး။ ပိုဆိုးစေနိုင်ပါတယ်။ ဒီအလှကုန်ပစ္စည်းတခုခုကြောင့်ဖြစ်နေတာလို့ယူဆရင် ဆက်မသုံးပါနဲ့။(၆) မိတ်ကပ်မလိမ်းခင်၊ မျက်လုံးမခြယ်ခင် လက်ကိုသေချာဆေးပါ။မိတ်ကပ်အလှမပြင်ခင်၊eyeliner မဆွဲခင်ကတည်းက လက်ကိုသေချာဆေးကြောဖို့မမေ့ပါနဲ့။လှပပြီးစွဲဆောင်မှုရှိတဲ့မျက်ဝန်းတစ်စုံရရှိဖို့အတွက်ကြိုးစားကြတဲ့နေရာမှာ Eyeliner ကို စနစ်တကျသုံးစွဲတတ်ရုံနဲ့လည်း မပြီးသေးပါဘူး။အထူးသဖြင့် အမျိုးသမီးတွေအနေနဲ့ လှပတဲ့မျက်ဝန်းတွေရရှိဖို့အတွက် ပုံဖော်ကြတဲ့အခါမှာ ရွေးချယ်မိသွားတဲ့ အရည်အသွေးမကောင်းတဲ့ eyeliner တွေက မျက်ဝန်းအလှကို ပျက်စီးစေနိုင်တယ်ဆိုတာကို သတိပြုမှုနည်းပါးပါတယ်။ အခု ဆိုရင် မိန်းကလေးတော်တော်များများက ပိုမို စူးရှ တောက်ပတဲ့ မျက်လုံး အလှကိုရဖို့ မျက်ခွံပေါ်မှာသာမက မျက်ခွံအတွင်းက Water line (မျက်ခမ်းစပ်) မှာပါ eye liner ကို အသုံးပြုနေကြပါပြီ ၊ မိမိမျက်ဝန်းကို ပိုကျယ်ပြီး ပိုကြီးတဲ့ အသွင်ရစေဖို့ မျက်ကပ်မှန်နဲ့ အသွင်ပြောင်းသလို မျက်ခွံ အတွင်း မှာ Eye Liner စိုးတာ Trend တစ်ခုလို ဖြစ်နေပါပြီ ၊ Trend ကို လိုက်တဲ့ မိန်းကလေးတွေ အတွက် နုနယ်တဲ့မျက်လုံးနဲ့ နေ့စဉ် ထိတွေ့နေ ရတဲ့ eyeliner နဲ့ eye shadow တို့ဟာ အရည်အသွေးကောင်းမွန်ပြီး စိတ်ချနေရဖို့လိုအပ်ပါတယ်။ အသားအရေထိခိုက်ရင် ပြန်ကုသ လို့ ရနိုင်ပေမယ့် မျက်လုံးကတော့ အစားပြန်မရနိုင်ပါဘူး။ အရည်အသွေးမကောင်းတာတွေသုံးမိရင် မျက်စိပိုးဝင်ခြင်း၊ နီရဲယားယံခြင်း တို့က နေပြီး အဆိုးဆုံးအခြေအနေမှာ အမြင်အာရုံထိခိုက်ခြင်းတွေအထိဖြစ်နိုင်ပါတယ်။eyeliner ဟာ တံဆိပ်ကောင်းကောင်းရွေးဝယ်သင့်တဲ့အလှပြင်ပစ္စည်းတွေထဲက အပါအဝင်တစ်ခုဖြစ်ပါတယ်။ ဈေးပေါတဲ့ eyeliner တွေကို ဆိုင်တွေမှာ လွယ်လွယ်နဲ့ရနိုင်ပေမယ့် လွယ်လွယ်ဝယ်မသုံးသင့်ပါဘူး။ တချို့က တန်ဖိုးကြီးအလှကုန်တွေ၊ အသားအရေထိန်းသိမ်းရေးပစ္စည်းတွေကို တန်ဖိုးကြီးတဲ့တံဆိပ်တွေရွေးဝယ်ကြပေမယ့် eyeliner မှာတော့တော်ရုံတန်ရုံလောက်ပဲ အကုန်ခံကြပြီးဈေးသက်သာတာကို သုံးတတ်ပါတယ်။ အထိအခိုက်မခံနိုင်အောင် နုနယ်တဲ့ မျက်ဝန်းတွေအတွက် အရည်အသွေးအာမခံချက်မရှိတဲ့ ပစ္စည်းတွေအသုံးပြုတာက တကယ်ကိုမှားယွင်းတဲ့အယူအဆပါ။ တကယ်တမ်းမှာ ရွေးချယ်ဝယ်ယူဖို့အရေးကြီးတာကဘေးကင်းစိတ်ချရမှုနဲ့ အရည်အသွေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/%e1%80%8a%e1%80%be%e1%80%ad%e1%80%af%e1%80%b7%e1%80%a1%e1%80%ac%e1%80%b8%e1%80%95%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%b2%e1%80%b7%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%9d%e1%80%94-2/
null
null
brain-ns
brain-ns
https://hellosayarwon.com/brain-ns/peripheral-nervous-system-disorders/peripheral-neuropathy-explained/
ရာသီသွေးနောက်ကျတာ ဒီအချက်တွေကြောင့်ပါ
လာတော့လည်း ကိုက်ခဲရတယ်၊ နေရထိုင်ရ မသက်မသာဖြစ်တယ်။ မလာတော့လည်း တွေးပူရတယ်။ နောက်ကျတော့လည်း စိုးရိမ်ရတဲ့ကိစ္စကလေဒီတိုင်းလိုလိုတွေ့ကြုံဖူးမယ်ထင်ပါတယ်။ ဒီတစ်ခေါက်တော့ လာတာနောက်ကျလို့ စိတ်ပူနေတဲ့ လေဒီလေးတွေကို ဘာကြောင့်ရာသီသွေးဆင်းနောက်ကျတာလဲဆိုတာလေး ပြောပြပေးပါရစေလား။ ရာသီသွေးနောက်ကျတာ ဒီအချက်တွေကြောင့်ပါ ဘာတွေလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။အရင် ဒီရက်ဆိုသွေးဆင်းနေကျပါ။ ခုတော့ ရာသီသွေးခုထိမပေါ်သေးဘူးဆိုပြီး စိတ်ညစ်နေပြီလား။ တစ်ခုခုမှားယွင်းနေတယ်လို့များယူဆတွေးပူနေမိပြီလား။ လေဒီလေးတို့ကို ရာသီသွေးဆင်းနောက်ကျစေတဲ့အချက်ကတော်တော်လေးတော့များပါတယ်။ ဒီထဲမှာမှ ကိုယ်က ဘယ်အချက်နဲ့ကိုက်ညီနေလဲဆိုတာ ဆန်းစစ်ကြည့်လိုက်နော်။ ပုံမှန်ကတော့ ရာသီသွေးက ၂ ရက် ၃ ရက်လောက်အထိနောက်ကျတာမျိုးရှိတတ်ပါတယ်။ ဒါပေမယ့် တစ်ပတ်ထက်ကျော်ပြီး နောက်ကျနေတယ်ဆိုရင်တော့ ဒီအချက်တွေထဲက တစ်ချက်ချက်ကြောင့်ဖြစ်နေနိုင်ပါတယ်နော်။ရာသီသွေးနောက်ကျတာ ဒီအချက်တွေကြောင့်ပါ သင့်ကို ရာသီသွေးနောက်ကျနေစေတဲ့ တစ်ခုမကသော အကြောင်းအရင်းတွေက။စိတ်ဖိစီးနေတာ။အလုပ်ဖိအားကြောင့်ဖြစ်ဖြစ်၊ မိသားစုကိစ္စ၊လူမှုရေးကိစ္စတစ်ခုခုကြောင့် ကာလရှည်ကြာခံစားနေရဲ့ စိတ်ဖိစီးမှုကလေဒီလေးတွေရဲ့ ရာသီစက်ဝန်းအပေါ်မှာ သက်ရောက်မှုရှိနေနိုင်ပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ ရာသီသွေးတာ ပုံမှန်ထက်ပိုများတာ၊ နည်းတာ၊ လုံးဝမဆင်းတော့တာမျိုး နဲ့ ရာသီသွေးဆင်း နောက်ကျတာမျိုးရှိနိုင်ပါတယ်။ ရာသီလာစဉ်မှာနာကျင်ကိုက်ခဲတာကလည်း စိတ်ဖိစီးမှုများနေလို့ပါ။ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့ဆိုရင် လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။အိပ်ရေးဝဝအိပ်ပါ။ စိတ်ဖိစီးမှုပြေလျော့စေမယ့်သူတစ်ဦးဦးကို ရင်ဖွင့်ပါ။ အာဟာရပြည့်ဝအောင်စားပါ။ကိုယ်အလေးချိန်နည်းလွန်းနေတာ။ဒါက သက်လတ်ပိုင်းအမျိုးသမီးတွေမှာ အများဆုံးဖြစ်တတ်ပါတယ်။ ဒီရောဂါလက္ခဏာက အမျိုးသမီးတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ မြင်သာတဲ့ လက္ခဏာတွေအနေနဲ့ သားအိမ်ထဲမှာ အလုံးတည်တာ၊ဝက်ခြံထွက်တာ၊ မျက်နှာမှာ အမွှေးအမျှင်တွေထူတာ၊ ဆံပင်ကျွတ်တာ၊ အဝလွန်တာတွေဖြစ်နိုင်ပါတယ်။ အခုပြောတဲ့ လက္ခဏာတွေကိုလည်း ခံစားရမယ်။ ရာသီသွေးလည်း မမှန်ဘူး၊ နောက်ကျနေမယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ ပြောပါရစေ။ကိုယ်ဝန်ရှိနေတာ။လေဒီလေးတွေအနေနဲ့ ပုံမှန်ကတော့ ၆ လတစ်ကြိမ်လောက် ဒါမှမဟုတ် တစ်နှစ်တစ်ကြိမ်လောက် သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ရာသီသွေးနောက်ကျတာက ပုံမှန်ဖြစ်တတ်တယ်ဆိုပေမယ့် ဒီလိုအခြေအနေတွေဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/possible-causes-of-a-late-period/
သင့်ကလေးတွေရဲ့ အတွင်းရေးကိစ္စတွေမှာ သင်ဝင်စွက်ဖက်သင့်သလား
ကိုယ်ရေးကိုယ်တာကိစ္စ ဝင်ရောက်စွက်ဖက်မှုဆိုတာ အုပ်ထိန်းမှုနဲ့ပတ်သက်ပြီး ဗဟုသုတနည်းတာနဲ့ဆက်စပ်နေပါတယ်။ သင့်ကလေးရဲ့ ကိုယ်ပိုင်လွတ်လပ်မှုပေးတာနဲ့ ကာကွယ်မှုပေးတာကို ချိန်ညှိနိုင်ဖို့ မိဘတွေအနေနဲ့ ဘာတွေလုပ်ပေးနိုင်သလဲ?။ကလေးတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ ပတ်သက်လာပြီဆိုရင် မိဘတွေဘက်က ဘယ်လိုစည်းမျဉ်းတွေ လုပ်သင့်မလဲ။သူတို့တွေရဲ့ ဒိုင်ယာရီကိုဖတ်ကြည့်မှာလား၊ ဖုန်းပြောနေတာကို နားထောင်မှာလား ဒါမှမဟုတ် သူတို့ဘယ်လိုဖြတ်သန်းနေသလဲဆိုတာသိဖို့ လိုက်စုံစမ်းနေဦးမှာလား။ တချို့မိဘတွေကတော့ ဒီလုပ်ရပ်တွေက တရားမျှတတယ်လို့ သဘောထားကြပြီး လက်ခံနိုင်တယ်လို့လည်း တွေးကောင်းတွေးကြပါလိမ့်မယ်။ ဒါပေမယ့် ဒီနည်းကကော တကယ်ထိရောက်မှုရှိရဲ့လား။ကလေးတွေက သူတို့အတွင်းရေးတွေကို သူတို့ဘာသာချယ်လှယ်လိုကြပြီး မိဘတွေသိဖို့လိုတယ်ထင်တာကိုသာ ပြောပြတတ်ကြပါတယ်။ ဒီတော့ သူတို့ကိစ္စကိုဝင်ရှုပ်နေပြီလို့ထင်ရင် သူတို့ကပိုလျှို့ဝှက်တတ်ကြပြီး မိဘတွေကိုလည်း သူတို့အကြောင်းအသိမပေးတတ်တော့တာပုံမှန်ပါပဲ။ ဒီပြသနာကို ဖြေရှင်းချင်တယ်ဆိုရင်တော့ မိဘတွေအနေနဲ့ သတင်းပိုရဖို့တိုက်ရိုက်မေးတာပိုကောင်းပါတယ်။ ဒါပေမယ့် ကံမကောင်းရင် ပိုခုခံမှုလုပ်တတ်ပါတယ်။ကလေးတွေက သင်သူတို့အကြောင်းသိရဖို့လုပ်နေတာကိုလည်း အသိမှတ်မပြုပါဘူး။ ပြီးတော့ သင်သူတို့ရဲ့ privacy ကိုဝင်နှောင့်ယှက်နေတယ်ဆိုရင် မိသားစုတွင်းပဋိပက္ခတွေဖြစ်လာတဲ့အထိ ပြုမှုလာပါလိမ့်မယ်။ပွင့်လင်းမျှတတဲ့ ဆွေးနွေးမှုက မိဘနဲ့ကလေးဆက်ဆံရေးကို ချိန်ခွင်လျှာညှိနိုင်ဖို့ အကောင်းဆုံးနည်းဖြစ်ပါတယ်။ မိဘတွေလိုအပ်နေတာက အချိန်၊ နားလည်မှု နဲ့ နှစ်ဦးနှစ်ဖက်နားလည်မှုတွေဖြစ်ပါတယ်။ ကလေးတွေအနေနဲ့ သူတို့ကိစ္စတွေမှာဝင်မပါဖို့ပြောနေရင် သင်သတိထားသင့်ပါပြီ။ ဒါဟာ နောက်ပိုင်းဆက်ဆံရေးရှုပ်ထွေးမှုတွေဖြစ်လာနိုင်ပါတယ်။ ဒီအခွင့်အရေးကိုအသုံးချပြီး သင်သူတို့နဲ့ တူတူထိုင်ပါ။ သင့်ရဲ့ မျော်လင့်ချက်တွေ မိသားစုတွေကြားထဲမှာသိထားရမယ့် စည်းမျဉ်းတွေကို ချက်ကျလက်ကျ ညှိနှိုင်းပါ။မိဘတွေအနေနဲ့ သူတို့ကလေးတွေကို လူမှုဆက်ဆံရေးအနှစ်သာရတွေ နားလည်အောင် သင်ပေးတတ်ကြပါတယ်။ အဲ့ဒါတွေကတော့ စဉ်းစားဆင်ခြင်တတ်မှု၊ လေးစားမှုနဲ့ ကြင်နာမှုတွေဖြစ်ပါတယ်။ အခြားမပါမဖြစ်ကတော့ တစ်ခုခု မှားယွင်းတာဖြစ်ပြီဆိုရင် အလွန်ကျွံတုံ့ပြန်တာကို ရှောင်ဖို့ပါ။( ဥပမာ – သင့်ကလေးက အတင်းအဖျင်းမှတ်ချက်ပေးတာတွေ၊ မသင့်တော်တဲ့အပြုအမှုတွေ ) ပြီးတော့သင့်ကလေးက ပြသနာတွေကို သင်နဲ့အတူပူးပေါင်းဖြေရှင်းနိုင်မလားဆိုတာ လည်း ပေးသိဖို့လိုပါတယ်။စာတွေ မက်ဆေ့တွေမပို့ခင်မှာ စဉ်းစားတတ်ပါ။ကလေးတွေအနေနဲ့ အခြားလူတစ်ယောက်ကို လူကိုယ်တိုင် တောင်မပြောသင့်တဲ့ကိစ္စတွေ ရေးသားတာ comment ပေးတာမျိုး ရှောင်သင့်တယ်လို့မိဘတွေက သင်ပေးသင့်ပါတယ်။အကြောက်တရားကို သင်ကိုယ်တိုင်ထိန်းချုပ်ပါ။ကလေးတွေ စာပို့တာ မက်ဆေ့ပို့တာလောက်ကို အရမ်းသဲသဲလှုပ်နေတာမျိုးက မကောင်းနိုင်ပါဘူး။ အကြောက်တရားက သင်နဲ့သင့်ကလေးကြားက ဆက်ဆံရေးကို ထိခိုက်စေပါလိမ့်မယ်။ ဒီလိုသင် ပြင်းပြင်းထန်ထန် တုံ့ပြန်တာကြောင့် သင့်ကလေးသင့်ကို ပြောစရာကိစ္စတွေလျော့နိုင်ပါတယ်။ပါဝင်ကူညီပါ။သင်ကလေးက သင့်အကူအညီလိုအပ်နေတဲ့အခြေအနေမှာဆိုရင် သူတို့နဲ့တူတူရှိနေပေးပါ။ တကယ်လို့ သူတို့ အပေါင်းအသင်းတွေက သူတို့ကို လိင်ပိုင်းဆိုင်ရာစော်ကားတဲ့ မက်ဆေ့တွေပို့လာမယ်ဆိုရင်တော့ သင်အချိန်ပေးပြီး သင့်ကလေးကို ဒီကိစ္စရင်ဆိုင်ခိုင်းသင့်ပါတယ်။ သင်ဟာ ဘယ်အခြေအနေမှာမဆို သူတို့နားမှာ ရှိနေပေးနေမယ်ဆိုတာ ကလေးတွေသိပါစေ။ ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%9b%e1%80%b2%e1%80%b7-%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1/
ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေမယ့် ယောဂပို့စ်
တစ်လတစ်ကြိမ်ရာသီလာတဲ့အခါတိုင်းနာကျင်ပင်ပန်းနေရတဲ့ လေဒီလေးတွေရှိလား။ ဒါဆိုရင်တော့ရာသီလာစဉ်နာကျင်ကိုက်ခဲတာတွေ ပင်ပန်းတာတွေ သက်သာစေဖို့ လုပ်ပေးသင့်တဲ့ ယောဂပို့စ်လေးတွေအကြောင်း ပြောပြပေးပါရစေ။ ယောဂလုပ်တာက စိတ်ကျန်းမာစေသလိုခန္ဓာကိုယ်ကိုလည်း နာကျင်မှုကင်းဝေးပြီး ကျန်းမာစေနိုင်ပါတယ်။ရာသီလာချိန်မှာ ပုံမှန်အတိုင်းကိုကလေဒီလေးတွေအတွက် တော်တော်ပင်ပန်းတတ်ကြပါတယ်။ ဒီပင်ပန်းမှုမှာ နာကျင်ကိုက်ခဲမှုပါ ထပ်ပေါင်းလိုက်မယ်ဆိုရင် တော်တော်လေး ဆိုးရွားတဲ့ အခြေအနေလို့ဆိုရပါမယ်။ ဒီတော့ ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကင်းစေဖို့ဆိုရင် ဒီယောဂပို့စလေးတွေက အကောင်းဆုံး​ဖြေရှင်းနိုင်မှာပါ။Child’s pose။ဒီယောဂပို့စ်က သက်တောင့်သက်သာရှိစေပြီး ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ခါးနဲ့နောက်ကျောကြွက်သားတွေကို ဖြည်းဖြည်းချင်းဆွဲဆန့်ပေးပြီး ကြွက်သားတွေကို ပြေလျော့စေမှာပါ။ခါးနာတာကို သိသိသာသာသက်သာစေနိုင်မှာ အသေအချာပါ။ ပုဆစ်တုပ်ထိုင်ပြီးခြေထောက်ကို ပခုံးနဲ့အညီထားပါ။ ပြီးရင်တော့ လက်နှစ်ဖက်ကို ရှေ့ကိုဆန့်တန်းလို့ ခါးကို ကိုင်းချပါ။ ခဏလေး အကြောတွေကို ဖြေလျှော့ထားပါ။ မှောက်တဲ့အချိန်မှာ အသက်ရှုသွင်းလို့စက္ကန့် ၃၀ ကြာနေပြီး ပြန်ထချိန်မှာ အသက်ရှုထုတ်ပါ။ တင်ပါးနဲ့ပေါင်ကြွက်သားတွေကို ဖြေလျှော့ထားပါ။ ဒီလိုလုပ်ပေးတာက ရာသီလာစဉ်နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်သလို ရာသီလာချိန် ပင်ပန်းတာကို အထိရောက်ဆုံးသက်သာစေနိုင်မှာပါ။တင်ပါးကကြွက်သားတွေနဲ့ ခါးရိုးတွေကို သက်တောင့်သက်သာဖြစ်စေမယ့် လေ့ကျင့်ခန်းတစ်မျိုးပေါ့။ခြေသလုံးကြွက်သားတွေနဲ့ ပေါင်၊ ခါး ကြွက်သားတွေကိုပြေလျော့စေပြီး နာကျင်မှုကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ဒီပို့စ်လုပ်မယ်ဆိုရင် အရင်ဆုံး ခန္ဓာကိုယ်ကို မတ်မတ်ကလေးရပ်ဖို့လိုပါမယ်။ ပြီးရင်တော့ လက်နှစ်ဖက်ကို ရှေ့ကိုဆန့်တန်းလို့ ခါးကို တတ်နိုင်သမျှချိုးချပေးပါ။ စက္ကန့် ၃၀ လောက်နေပါ။ ပြီးရင် ခန္ဓာကိုယ်ကို ပုံမှန်အတိုင်း ပြန်နေပေးပါ။ ဒီလိုလုပ်ပေးတာက ခန္ဓာကိုယ်က ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကောင်းစေပြီး နာကျင်မှုကိုသက်သာစေနိုင်ပါတယ်။Knees-to-Chest ပို့စ်။ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို အထိရောက်ဆုံးသက်သာစေနိုင်တဲ့ ယောဂပို့စ်တစ်ရပ်ပါ။ ခါးအောက်ပိုင်းကြွက်သားတွေနဲ့ဝမ်းဗိုက်ကြွက်သားတွေကိုပြေလျော့စေနိုင်ပါတယ်။ ကြွက်သားတွေတင်းနေတာကို ပြေလျော့စေပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ဒီယောဂပို့စ်က ဗိုက်ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကောင်းစေပြီးကိုယ်တွင်းအင်္ဂါတွေကို ကျန်းမာစေနိုင်ပါတယ်။ စိတ်ပြေလျော့စေပြီး စိတ်ပူပန်မှုကို သက်သာစေနိုင်ပါတယ်။ အရင်ဆုံးကြမ်းပြင်ပေါ်မှာ ပက်လက်အနေအထားနဲ့ လှဲလိုက်ပါ။ ပြီးရင်ဒူးနှစ်ဖက်ကို ကွေးလို့ ရင်ဘတ်ပေါ်ကိုတင်ပြီး လက်နဲ့ပိုက်ထားပေးပါ။ စက္ကန့် ၃၀ လောက်နေပြီးရင် ပုံမှန်အတိုင်း သက်တောင့်သက်သာပြန်နေပေးပါ။ အသက်ရှုဖို့ မမေ့ပါနဲ့။ဒီယောဂပို့စ်က ကိုယ်တွင်းကအဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်သလို ကိုယ်တွင်းအင်္ဂါတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အာရုံကြောတွေကိုလည်း နာကျင်မှုတွေသက်သာစေဖို့ အထောက်အပံ့ပေးသလို ဝမ်းဗိုက်နာကျင်ကိုက်ခဲတာကိုလည်း သိသိသာသာသက်သာစေမှာပါ။ အရင်ဆုံး ကြမ်းပြင်ပေါ်မှာ ပက်လက်အနေအထားနဲ့နေပါ။ ဘေးစောင်းအနေအထားနဲ့ အောက်ဘက်က ခြေထောက်ကို ဆန့်ထားပြီး အပေါ်ဘက်ကခြေထောက်ကို ဒူးကွေးထားပါ။ ဒူးနဲ့ ခန္ဓာကိုယ်ကို ဆန့်ကျင်ဘက်ဆီလှည့်လို့ မိနစ်အနည်းငယ်နေပေပါ။ ယောဂပို့စ်လုပ်ဆောင်နေစဉ်အတွင်း အသက်ရှုဖို့ မမေ့ပါနဲ့။ဒီယောဂပို့စက သက်တောင့်သက်သာ အရှိဆုံးယောဂပို့စ်တွေထဲကတစ်ခုပေါ့။ သက်တောင့်သက်သာရှိသလို ခန္ဓာကိုယ်ကို တော်တော်လေး ကျန်းမာစေနိုင်မှာပါ။ စိတ်ရောကိုယ်ပါ လန်းဆန်း​ပေါ့ပါးစေမှာလည်း အသေအချာပါ။ အရင်ဆုံး ကြမ်းပြင်ပေါ်မှာ ပက်လက်လှဲချလိုက်ပါ။ လက်နှစ်ဖက်ကို ဖြန့်လျက်အနေအထားနဲ့ ဘေးတစ်ဖက်စီမှာ ချထားပါ။ ခြေထောက်နှစ်ဖက်ကိုလည်း ဆန့်တန်းထားရင်း ပခုံးအကျယ်အတိုင်း ခွာထားပါ။ အကြောတွေအားလုံးကို ဖြေလျော့ထားပြီး သက်တောင့်သက်သာဖြစ်နေအောင်နေပေးပါ။ အသက်ရှုသွင်းရှုထုတ် ပုံမှန်လုပ်နေပေးပါ။ ဒီလိုလုပ်ပေးတာက ကြွက်သားတွေကိုပြေလျော့စေပြီး နာကျင်မှုကို သက်သာစေသလို စိတ်ကိုလည်း တည်ငြိမ်အေးချမ်းစေမှာပါ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/yoga-poses-to-relieve-menstrual-cramps/
ခေါင်း ချွေးထွက် လွန်းလို့ ဆံပင်တွေကပ်နေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။
ခေါင်း ချွေးထွက် လွန်းလို့ မနေ့ကပဲခေါင်းလျှော်တယ်၊ ဒီနေ့ ဆံပင်တွေ ကပ်သွားတဲ့ အဖြစ်မျိုး လူတိုင်း ကြုံတွေ့ဖူးမှာပါ။ တကယ်တော့ ချွေးထွက်တယ် ဆိုတာ ကိုယ်တွင်းမှာ ရှိနေတဲ့ အပူတွေကို ချွေးအဖြစ် ပြောင်းလဲပြီး အပြင်ကို ထုတ်ပေးတဲ့အတွက် ကောင်းတဲ့ ကိစ္စပါ။ ဒါပေမယ့် အရမ်းကြီးချွေးထွက်များ တဲ့အခါကျ ချွေးနဲ့ ပြင်ပက ဖုန်တွေ ရောသွားပြီး ဦးရေပြားမှာ ဂျီး( ချေး) တွေ များလာတာ၊ ခေါင်းယားတာနဲ့ ဆံပင်တွေ ကပ်သွားတဲ့ ပြဿနာတွေ ဖြစ်လာတော့ စိတ်ညစ်ရပြီပေါ့။ဦးရေပြားမှာ ချွေးထွက် သန်တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။ခေါင်း ချွေးထွက် လွန်းလို့ ဆံပင်တွေ ကပ်နေတဲ့ ပြဿနာကို ဘယ်လို ဖြေရှင်း ကြမလဲ ဆိုတော့။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/how-to-deal-with-sweating-head/