title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ဝက်ခြံဖုတွေကြောင့်နီမြန်းနေတာတွေ ညတွင်းချင်း သက်သာအောင် ဘယ်လိုလုပ်မလဲ
ဝက်ခြံကြောင့် အသားနီမြန်းခြင်းကို မြန်မြန်ပျောက်အောင် လုပ်ချင်တဲ့ အကြောင်းရင်းတစ်ခုကတော့သင့်မှာအရေးကြီးတဲ့ ပွဲ (သို့) အစည်းအဝေးတစ်ခုခုရှိတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအခါသင့်ကိုဘေးကလူတွေ ဝက်ခြံကြောင့် နီမြန်းခြင်းကိုငေးကြည့်နေမှာကိုလိုလားမှာမဟုတ်ပါဘူး။ ဒီလိုပဲမျက်နှာမှာအနီရောင်အကွက်တွေကြောင့် ရှက်ကိုးရှက်ကန်း ဖြစ်ချင်မှာလဲမဟုတ်ပါဘူး။ Tetracycline၊ doxycycline၊ minocycline၊ erythromycin စတဲ့ ပိုးသတ်ဆေးတွေဟာဝက်ခြံကြောင့် နီမြန်းခြင်းကိုလျော့ကျစေမှာ ဖြစ်ပေမယ့် ဒီရလဒ်ကို မြင်ရဖို့ အချိန်တော့ ယူရမှာပါ။ဝက်ခြံကြောင့် နီမြန်းခြင်းဆိုတာအမာရွတ်ထင်ခြင်းမဟုတ်ပါဘူး။ သူဟာရောင်ရမ်းမှုတစ်ခုသာ ဖြစ်ပါတယ်။ဝက်ခြံကြောင့် နီမြန်းခြင်းကိုဘယ်လိုများရခဲ့ပါသလဲ။ သူဟာအဆီတွေ မွေးညင်းပေါက်တွေနဲ့ နံရံတစ်လျှောက် ဖြတ်သန်းသွားရာကစတင်ဖြစ်ပေါ်ပါတယ်။ ချွေးပေါက်တွေထဲမှာအဆီဟာဆဲလ်အသေတွေနဲ့ ပေါင်းပြီးချွေးပေါက်ပိတ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါကပဲဝက်ခြံ ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကိုပွားစေပြီးတော့ ရောင်ရမ်းခြင်းနဲ့ နီမြန်းခြင်းကို ဖြစ်စေပြီးတစ်ရှူးတွေကိုပျက်စီးစေတဲ့ Free radicals တွေကိုထုတ်ပေးပါတယ်။ တကယ်လို့ ဒီလိုတွေ မဖြစ်ဘူးဆိုရင်တော့ အနီကွက်ဟာသူ့ဘာသာသူပျောက်ကင်းသွားပါလိမ့်မယ်။ ဒါပေမယ့်လည်းတစ်နှစ်ကျော်တဲ့အထိအရောင် မပြောင်းလဲဘူးဆိုရင်တော့ အမာရွတ်ဖြစ်ကောင်ဖြစ်နိုင်ပါတယ်။ ဒီကို ပြဿနာတွေကိုသိထားပြီးပြီဆိုရင်တော့ သင်ဟာဝက်ခြံကြောင့်ဖြစ်တဲ့ နီမြန်းခြင်းကို မြန်မြန် (ညတွင်းချင်း) ပျောက်ကင်းချင်တော့မှာမဟုတ်ပါဘူး။ဝက်ခြံကြောင့်ဖြစ်တဲ့ နီမြန်းခြင်းကိုညတွင်းချင်းသက်စာစေဖို့ သင်သိထားသင့်တဲ့ အရေးကြီးတဲ့ အချက်နှစ်ချက် ရှိပါတယ်။အောက်ဖေါ်ပြပါတွေကတော့ ဝက်ခြံကြောင့်ဖြစ်တဲ့ နီမြန်းခြင်းကိုသက်သာစေတဲ့ အိမ်သုံးကုသနည်းတွေဖြစ်ပါတယ်။အမြန်ဆန်ဆုံးနည်းလမ်းကတော့ ရေခဲပဲဖြစ်ပါတယ်။ ရေခဲတုံးတွေကိုအဝတ်တစ်ခုနဲ့ ပတ်ပြီးတော့ ဝက်ခြံရှိတဲ့ နေရာပေါ် တင်ထားပေးပါ။ နီမြန်းခြင်းတွေ လျော့ကျမသွားမခြင်းဆက်တိုက်ပြုလုပ်ပါ။ အရမ်းတော့ မဖိမိဖို့တော့ သတိပြုပါ။ ဒါဟာဝက်ခြံကိုပေါက်သွားစေပြီးတော့ ဘက်တီးရီးယားတွေကိုနီးစပ်ရာနေရာကိုရောက်သွားစေနိုင်ပါတယ်။Tetrahydrozoline hydrochloride ပါဝင်တဲ့ Visine ကိုမျက်စဉ်းတွေဟာဝက်ခြံကြောင့်နီမြန်းခြင်းကိုလျင်မြန်စွာပျောက်ကင်းစေနိုင်ပါတယ်။ ရေခဲသေတ္တာထဲမှာမျက်စဉ်းစိမ်ထားတဲ့ နားကျပ်တံလေးတွေကိုညလုံးပေါက်ထားပါ။ နောက်ရက်ကျရင် နားကျပ်တံတစ်ခုကိုဝက်ခြံပေါ်မှာမိနစ်အနည်းငယ် ကြာတဲ့အထိထားပေးပါ။ မျက်စဉ်းဟာအသားထဲစိမ့်ဝင်သွားတဲ့အခါမှာခဏတာသွေးကြောကျဉ်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ဝက်ခြံကြောင့် နီရဲခြင်းကိုလျှော့ချနိုင်ပါတယ်။ တကယ်လို့ တစ်ခုနဲ့ မပျောက်ခဲ့ရင် နောက်တစ်ခုထပ်သုံးပါ။အိမ်တော်တော်များများမှာ Aspirin ရှိတတ်ကြပါတယ်။ Aspirin မှာအရေပြားပေါ်ကဆဲလ်သေတွေကိုကွာကျစေပြီးသွေးကြောကျဉ်းစေခြင်းအားဖြင့် ရောင်ရမ်းမှုကိုလျှော့ချပေးတဲ့ salicylic acid ပါဝင်ပါတယ်။ အမြန်အသုံးပြုဖို့အတွက် ဆေးပြားကို နှစ်ခြမ်းခြမ်းပါ။ အဖြူရောင် ပါဝင်ပစ္စည်းတွေထဲကိုရေအနည်းငယ်ထည့်ပါ။ ပြီးတော့ ဝက်ခြံပေါ်ကိုထိုအနှစ်ကိုတင်ပေးပါ။ ပတ်တီး (သို့) ပလပ်စတာအုပ်ပေးပါ။ မိနစ် ၃၀ လောက် ထားနိုင်ပါတယ်။သွားတိုက်ဆေးဟာဆွေးနွေးတဲ့နေရာတွေမှာဝက်ခြံကြောင့်နီမြန်းခြင်းကိုလျှော့ချဖို့ အများဆုံးပြောဆိုကြတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဝက်ခြံပေါ်ကိုသွားတိုက်ဆေးနဲ့ တို့ပေးပါ။ သူ့မှာဆီလီကာဓါတ်ပါဝင်တာကြောင့် ဝက်ခြံတွေကိုခြောက်သွေ့စေပါလိမ့်မယ်။ ဒါပေမယ့် methol (သို့) Fluoride ပါဝင်တဲ့ သွားတိုက်ဆေးတွေကိုတော့ အသုံးမပြုသင့်ပါဘူး။ သူတို့တွေဟာသင့်အသားအရည်ကိုယားယံစေရုံသာမကဝက်ခြံတွေ ပိုမိုဖြစ်ပေါ်စေပါလိမ့်မယ်။အမျိုးသမီးတွေအတွက် နီမြန်းခြင်းကိုဖုံးကွယ်ဖို့ မိတ်ကပ်ကိုအသုံးပြုနီုင်ပါတယ်။ ဒီနေ့မှာစီးကပ်ခြင်းရောဆိုးကျိုးပါ မရှိတဲ့ မိတ်ကပ်အတော်များများကိုရရှိနိုင်နေပါပြီ။ Silica၊ titanium oxide နဲ့ zinc oxide ပါဝင်တဲ့ သတ္တုဓါတ်ကိုအခြေခံထားတဲ့ မိတ်ကပ်တွေကိုရွေးချယ်ပါ။ သူတို့ဟာအရေပြားယားယံခြင်းမဖြစ်ပေါ်စေနိုင်ပါဘူး။ ဒီမိတ်ကပ်တွေဟာအရေပြားပေါ်ကအဆီကိုဖယ်ရှားပေးနိုင်ပြီးအနီကွက်တွေကိုဖုံးကွယ်ပေးပါတယ်။ နီမြန်းခြင်းကိုဖုံးကွယ်ဖို့ concealer ကိုအသုံးပြုချင်တယ်ဆိုရင် အနီရောင်ကိုဖုံးကွယ်ပြီးမမြင်ရစေတဲ့ အစိမ်းရောင် concealer ကိုအသုံးပြုပါ။ သင့်အသားအရောင်နဲ့ လိုက်ဖက်စေဖို့ concealer ပေါ်မှာပေါင်ဒါကိုအသုံးပြုပါ။ ဒါဆိုရင်တော့ သင့်မိတ်ကပ် ပျက်သွားတာကိုလဲကာကွယ်ပေးပါလိမ့်မယ်။ဝက်ခြံကြောင့်ဖြစ်တဲ့ နီမြန်းခြင်းဟာသင့်ကိုရုပ်ဆိုးနေစေပေမယ့် ဝက်ခြံအမာရွတ်တွေ လောက်တော့ ဆိုးရွားခြင်းမရှိပါဘူး။ အနီကွက်တွေ ပျောက်အောင်လုပ်တာအမာရွတ်ဖြစ်စေမှုကိုတော့ အမြဲလျော့ကျစေမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အမာရွတ်ဖြစ်ခြင်းကိုကာကွယ်ဖို့ ဝက်ခြံကိုလည်းတတ်နိုင်သမျှ စောစောကုသသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%81%80%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%96%e1%80%af%e1%80%b1%e1%80%90%e1%80%bc%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7%e1%80%94%e1%80%ae%e1%80%bb%e1%80%99/
တားဆေး ရပ်လိုက်ရင် ဒီ ၇ ချက်ကြုံရနိုင်တယ်နော်
ကိုယ်ဝန်ရချင်လို့ပဲဖြစ်ဖြစ်၊ တခြားအကြောင်းတစ်ခုခုရှိလို့ပဲဖြစ်ဖြစ် နေ့စဉ်သောက် တားဆေး ကို ရပ်လိုက်တဲ့အခါ ကြုံရနိုင်တဲ့အခြေအနေတွေကို ပြောပြပေးသွားပါ့မယ်။နေ့စဉ်သောက် တားဆေးတွေက ဟော်မုန်းတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ ပျိုမေတို့ အတော်များများ သိပြီး ဖြစ်မှာပါ။ခန္ဓာကိုယ်ရဲ့ ပုံမှန် ဖြစ်စဉ်တွေ အားလုံးနီးပါး အပေါ်ကို ဟော်မုန်းဓာတ်တွေ သက်ရောက်မှု ရှိတာကြောင့်ဟော်မုန်းပါတဲ့ တားဆေးတွေ ရပ်လိုက်တဲ့အချိန်မှာလည်း ကိုယ်တွင်းပြောင်းလဲမှုတွေ ဖြစ်လာမှာ သေချာပါတယ်။နေ့စဉ်သောက် တားဆေးသောက်သုံးမှုကို ရပ်လိုက်ရင် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်လဲဆိုတော့ တားဆေး ရပ်လိုက်ရင် ဒီ ၇ ချက်ကြုံရနိုင်တယ်နော်။နောက်နေတာ မဟုတ်ပါဘူး။ တကယ်ဖြစ်ပါတယ်။ တားဆေး ဆက်မသောက်တော့တာနဲ့ ရက်ပိုင်းအတွင်းမှာပဲ ဟော်မုန်းတွေကို ခန္ဓာကိုယ်ထဲကစွန့်ထုတ်လိုက်ပြီး သားဥပြန်ကြွေနိုင်ပါတယ်။ သားဥကြွေပြီဆိုတာနဲ့ ကိုယ်ဝန်ပြန်ရနိုင်တာကြောင့် ကလေးယူဖို့ အစီအစဉ် မရှိသေးရင် ကွန်ဒုံးလိုမျိုး တခြားသားဆက်ခြားနည်းတစ်ခုခုကို ဆက်သုံးစွဲဖို့ အကြံပေးချင်ပါတယ်။ဟော်မုန်းနဲ့ဆိုင်တဲ့ ကိစ္စတွေအကုန်လုံးက နည်းနည်း ရှုပ်ထွေးပါတယ်။ တားဆေး ရပ်လိုက်တာနဲ့ ရာသီပုံမှန် ပြန်လာတဲ့သူတွေ ရှိသလို တချို့ကျလည်း ၂လ၊ ၃လလောက် စောင့်ရတတ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ စိတ်ရှည်ရှည်နဲ့ ၃လ လောက် စောင့်ကြည့်ပြီးတဲ့အထိ ရာသီ ပြန်မလာရင်တော့ ဆရာဝန်နဲ့ ပြသကြည့်တာ မမှားပါဘူး။တားဆေးက ရာသီ ပုံမှန်လာအောင် လုပ်ပေးပါတယ်။ တားဆေး ဖြတ်ပြီးရင်တော့ လာနေကျရက်ထက် စောလာတာ၊ နောက်ကျလာတာတွေ ကြုံရတတ်ပါတယ်။ နောက်ပြီး ပုံမှန်ထက် သွေးဆင်းများတာတွေ၊ သားဥကြွေချိန်မှာ ကိုက်ခဲတာတွေလည်း ဖြစ်နိုင်ပါတယ်။ဟော်မုန်းပါတဲ့ တားဆေးတွေရဲ့ အားသာချက်တစ်ခုက ရာသီလာခါနီး ခံစားရတတ်တဲ့ ခေါင်းကိုက်တာ၊ ကြွက်သားကိုက်ခဲတာ၊ လေပွတာ၊ စိတ်အပြောင်းအလဲမြန်တာတွေကို သက်သာအောင် လုပ်ပေးပါတယ်။ ဒါကြောင့် တချို့အမျိုးသမီးတွေက ဒီလက္ခဏာတွေသက်သာဖို့ တမင်တားဆေးသောက်သုံးတာတွေတောင် ရှိပါတယ်။ ဟော်မုန်းအတက်အကျဖြစ်တာကြောင့် ဒီလက္ခဏာတွေကြုံရတာဖြစ်တယ်လို့ယူဆကြပြီး တားဆေးထဲမှာပါတဲ့ ဟော်မုန်းတွေက ဟော်မုန်းပမာဏကို ထိန်းညှိပေးသလိုဖြစ်ပြီး အပေါ်ကလက္ခဏာတွေကို သက်သာစေပါတယ်။ တားဆေးဖြတ်လိုက်ရင်တော့ ဒီလိုထိန်းညှိပေးတာမျိုး မရှိတော့တဲ့အတွက် PMSလက္ခဏာတွေ ပြန်ခံစားရနိုင်ပါတယ်။တားဆေးသောက်ရင် ကိုယ်အလေးချိန်တက်လာတယ်ဆိုတာ မမှန်ပါဘူး။ ဒါ့ကြောင့်တားဆေးဖြတ်လိုက်လည်း ပြန်ပိန်သွားမယ်လို့ ကံသေကံမ မမှတ်ယူစေချင်ပါဘူး။ တားဆေးနဲ့ ကိုယ်အလေးချိန်အတက်အကျ  ဆက်စပ်မှုရှိ၊မရှိဆိုတာ အခုထိလည်းလေ့လာနေဆဲပဲရှိပါသေးတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်တက်တာက တားဆေးသောက်ခြင်း၊ မသောက်ခြင်းထက် ကိုယ့်ရဲ့စားသောက်နေထိုင်ပုံအပေါ်ပဲ မူတည်နေတယ်လို့ ပြောရမှာပါ။တားဆေးတွေက ဟော်မုန်းထွက်မညီမျှတာကြောင့်ဖြစ်တဲ့ ဝက်ခြံထွက်တာနဲ့ အမွေးအမျှင်ထူတာကိုသက်သာ စေပါတယ် (လုံးဝပျောက်ကင်းတာမဟုတ်ပါဘူး၊ သက်သာသွားရုံပါပဲ)။ တားဆေးရပ်လိုက်ရင်တော့ ဟော်မုန်း အတက်အကျပြန်ဖြစ်လာပြီး ဒီပြဿနာတွေ ပြန်ကြုံရနိုင်ပါတယ်။ဒီအချက်က မိန်းကလေးတိုင်းအတွက်တော့ မှန်ချင်မှမှန်ပါလိမ့်မယ်။ အမျိုးသမီးတချို့ကတော့ တားဆေးကြောင့် အမျိုးသားနဲ့ အတူနေလိုစိတ် နည်းနည်းကျသွားတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် တားဆေးဖြတ်လိုက်ချိန်မှာ အရင်လိုလိင်စိတ်ပြန်နိုးကြားလာတယ်လို့ ပြောကြားကြပါတယ်။ ဒီအချက်ကို သိပ္ပံနည်းကျသက်သေပြထားတာမျိုး မရှိသေးပေမယ့် ဟော်မုန်းဓာတ်တွေရဲ့  ရှုပ်ထွေးတဲ့လုပ်ဆောင်ချက်ကြောင့် လုံးဝမှားတယ်လို့လည်း ပြောလို့မရပြန်ပါဘူး။‌ရေးသားသူ – Dr.Htoo Tint။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/when-you-stop-taking-the-pill/
null
null
oral-health
oral-health
https://hellosayarwon.com/oral-health/dental-conditions/%e1%80%99%e1%80%8a%e1%80%ba%e1%80%9e%e1%80%8a%e1%80%b7%e1%80%ba%e1%80%a1%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%a1%e1%80%95%e1%80%b0%e1%80%94%e1%80%be/
null
null
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/drinking-soft-drinks-during-pregnancy/
အမျိုးသမီးတွေမှာတွေ့ရတဲ့ ဟော်မုန်းမမျှတ ခြင်းရဲ့ လက္ခဏာများ
ဟော်မုန်းဆိုတာ လူတစ်ယောက်ရဲ့ ကျန်းမာရေးနဲ့ စိတ်အခြေအနေတွေအားလုံးကို အုပ်စိုးထားတဲ့အရာတစ်ခုလေ။ အထူးသဖြင့် မိန်းကလေးတွေမှာပေါ့။ ဟော်မုန်းမမျှတ တာဖြစ်တတ်တဲ့သွေးဆုံးခါနီးသူတွေကို ကြည့်ပါလား။ဟော်မုန်းတွေ အပြောင်းအလဲဖြစ်တာကြောင့် တော်ကြာနေရင်း အေးလိုက် တော်ကြာနေပူလိုက်ဓမ္မတာလည်း လာလိုက်မလာလိုက်နဲ့ မီးယပ်ပြဿနာတွေဖြစ်ရတာပေါ့။ ကိုယ်က သွေးဆုံးခါနီးအရွယ်ကို မရောက်သေးပေမယ့် ကိုယ့်ဆီမှာ ဟော်မုန်းမမျှတတဲ့ ပြဿနာရှိနေရင် ဘယ်လိုလက္ခဏာတွေပြလဲ ဆိုတာကြိုသိထားတော့ မမှားဘူးပေါ့။ ဟော်မုန်းဓာတ်တွေ ညီညွတ်မျှတမှ ဓမ္မတာစက်ဝန်းမှန်မယ်။ စိတ်တိုစိတ်ရှုပ် စိတ်ဖိစီးတာတွေကင်းမှာလေ။( ၁ ) ရုတ်တရက်ကိုယ်အလေးချိန်အများကြီးတက်လာမယ်။ဟော်မုန်းမမျှတ ခြင်း ရဲ့ လက္ခဏာ တစ်ခုက ကိုယ်အလေးချိန်တွေ ရုတ်တရက်အများကြီးတက်လာပြီး ပြန်ချဖို့ ခက်ခဲတတ်ပါတယ်။ အထူးသဖြင့်အီစတိုဂျင်၊ cortisol နဲ့အင်ဆူလင်ဟော်မုန်းတွေ များနေရင်၊ နောက်ပြီး thyroxin ဟော်မုန်းနည်းနေရင် ကိုယ်အလေးချိန် အများကြီးတက်လာပါလိမ့်မယ်။( ၂ ) ချွေးထွက်လွန် ချွေးစေးပြန်တာမျိုးတွေ ဖြစ်လာမယ်။ချွေးထွက်လွန် ချွေးစေးပြန်တာတွေက ဟော်မုန်းမညီမျှခြင်းရဲ့ လက္ခဏာတွေထဲက တစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ ဟော်မုန်းတွေရဲ့ အဓိက အခန်းကဏ္ဍတွေထဲမှာ ကိုယ်အပူချိန်ကို ထိန်းတာကလည်း တစ်ခုအပါအဝင်လေ။( ၃ ) လိင်မှုဆိုင်ရာ ကိစ္စတွေမှာ စိတ်ဝင်စားမှု နည်းနေတတ်ပါတယ်။အမျိုးသမီးတို့ရဲ့သားဥအိမ်ကနေထုတ်တဲ့အီစတိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်း အပြောင်းအလဲတွေက လိင်မှုဆိုင်ရာ ကိစ္စတွေမှာ စိတ်ဝင်စားမှုစေပါလိမ့်မယ်။( ၄ )ဆံပင်ကျွတ်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ဆံပင်ဆိုတာ တစ်နေ့ကိုနည်းနည်းစီ ကျွတ်တာချည်းပါပဲ။ ဒါပေမယ့် လိုတာထက်ပိုပြီး ကျွတ်ခဲ့ပြီဆိုရင်တော့ ဒါ သတိထားစရာ ကိစ္စဖြစ်နေပါပြီ။ လက်လေးနဲ့ ကိုင်လိုက်တာနဲ့တင်ဆံပင်အထွေးလိုက်ကျွတ်၊ ခေါင်းလေဖြီးလိုက်တာနဲ့တင် ဆံပင်တွေ ကျွတ်နေပြီဆိုရင် ဒါ ဟော်မုန်းမမျှတခြင်း တွေရဲ့ လက္ခဏာတွေထဲက  တစ်ချက်ဖြစ်နိုင်ပါတယ်။ဆံပင်ကျွတ်တာနဲ့ သက်ဆိုင်တဲ့ဟော်မုန်းတွေကတော့ သိုင်းရွိုက်ဟော်မုန်း၊ adrenal hormone နဲ့ ကော်တီစော ဟော်မုန်းနဲ့ အီစတိုဂျင် ပရိုဂျက်စတုန်း ဟော်မုန်းတို့ပဲ ဖြစ်ပါတယ်။( ၅ ) အမောအပန်းလွယ်လာတတ်ပါတယ်။ကိုယ်က ဘာလှုပ်ရှားမှုမှ ပြင်းပြင်းထန်ထန်လည်း မလုပ်ရသေးဘူး။ မောနေပြီ။ တစ်နေ့တစ်နေ့ လန်းလန်းဆန်းဆန်းလည်း မရှိ တစ်ချိန်လုံးနုံးနေပြီဆိုရင်တော့ ဒါ thyroxin ဟော်မုန်းကြောင့်ဖြစ်နိုင်ပါတယ်။ ဟော်မုန်းအပြောင်းအလဲများလေလေ အိပ်ချိန်တွေ အပြောင်းအလဲဖြစ်လေစိတ်ဖိစီးမှု ဖြစ်လေလေနဲ့ နောက်ဆုံးပိုပြီး မောပန်းလာတာမျိုးတွေဆက်ဖြစ်နေတတ်ပါတယ်။( ၆ ) ဝက်ခြံတွေလည်း ပေါက်နေပါလိမ့်မယ်။ဝက်ခြံတွေကလည်း ဟော်မုန်း အပြောင်းအလဲတွေနဲ့ သက်ဆိုင်နေတယ်ဆိုရင် အံ့သြသွားမလား။ဝက်ခြံပေါက်တာနဲ့ အဓိကဆက်စပ်နေတဲ့ ဟော်မုန်းကတော့ testosterone ဟော်မုန်းပေါ့။( ၇ ) အသားအရေ တင်းရင်းမှုလည်း လျော့လာတတ်ပါတယ်။ဟော်မုန်းအပြောင်းအလဲ ဖြစ်လာလေလေ အရေပြားတင်းရင်းမှုတွေ လျော့လာလေလေဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အသက်ကြီးလာချိန် အရေတွေ တွန့်ကျလာတာပေါ့။( ၈ )အစာခြေစနစ်ဆိုင်ရာ ပြဿနာတွေလည်း ဖြစ်လာတတ်ပါတယ်။ဟော်မုန်းတွေထဲက အထူးသဖြင့် အီစတိုဂျင် ဟော်မုန်းက အစာအိမ်လမ်းကြောင်းထဲက microflora လို့ခေါ်တဲ့ ကောင်းကျိုးပြုဘက်တီးရီးတွေအပေါ် သွားသက်ရောက်တာကြောင့် ဓမ္မတာလာချိန် လေပွတာ၊ ဗိုက်အောင့်တာ ကိုက်ခဲနာကျင်တာနဲ့ ဝမ်းချုပ်တဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။( ၉ )အပူလျှပ်တာနဲ့ ညဘက်ချွေးစေပြန်တာလည်း ဖြစ်နိုင်ပါတယ်။သွေးဆုံးခါနီးတဲ့သူတိုင်း ကြုံတွေ့ရတဲ့ ကိုယ်ပူသလိုလို အေးသလိုလို ဖြစ်တာတွေနဲ့ ညဘက်ချွေးစေးပြန်တဲ့ ပြဿနာတွေဟာ ဟော်မုန်းမမျှတ တဲ့ ပြဿနာတွေထဲက တစ်ခုပါ။ ဒါအတွက် တာဝန်ရှိတဲ့ ဟော်မုန်းဆိုရင် အီစတိုဂျင် ဟော်မုန်းကို ညွှန်ပြရမှာပဲ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/female-hormonal-imbalance/symptoms-of-hormonal-imbalance-in-females/
သားအိမ်ကျခြင်းအကြောင်း သိကောင်းစရာများ ။ ။
သားအိမ်ကျတဲ့ ပြဿနာကို ကြားဖူးကြပါသလား။မိန်းမကိုယ်အဝမှာ တစ်ဆို့ဆို့ကြီးနဲ့ နေရထိုင်ရခက် အောင့်တောင့်တောင့်နဲ့ ခံရခက်တဲ့ ဝေဒနာကြီးတစ်ခုလေ။ အသက်ကြီးလာတဲ့ အမျိုးသမီးတိုင်းနီးပါး ခံစားရလေ့ရှိတဲ့ ပြဿနာတစ်ခုဆိုလည်း မမှားဘူးပေါ့။ ဘာ့ကြောင့်လဲ။ အသက်ကြီးလာတဲ့ အမျိုးသမီးတိုင်း စိတ်ပူရမယ့် ပြဿနာတွေထဲ ဒီသားအိမ်ကျတဲ့ ပြဿနာက ဘာကြောင့်ပါနေရတာလဲ။ ဒီတစ်ခေါက်တော့ သားအိမ်ကျခြင်းအကြောင်း သိကောင်းစရာများ ကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။သားအိမ်ကျခြင်းအကြောင်း သိကောင်းစရာများ ကို လေ့လာကြည့်လိုက်ရအောင်လား။သားအိမ်ကိုထိန်းထားတဲ့ pelvic floor muscles လို့ခေါ်တဲ့ တင်ပဆုံကြွက်သားတွေနဲ့ အရွတ်တွေ အားနည်းသွားတဲ့အခါ သားအိမ်ကို ဆက်မထိန်းနိုင်တော့ဘဲ မိန်းမကိုယ်အပြင်ဘက်ကို သားအိမ်ကျတဲ့ ပြဿနာဖြစ်လာပါတော့တယ်။အမျိုးသမီးတိုင်း အသက်အရွယ်မရွေး ဖြစ်နိုင်တယ်ဆိုပေမယ့်။အဓိကကတော့သားအိမ်ကိုထိန်းထားတဲ့ တင်ပဆုံကြွက်သားတွေနဲ့ အရွတ် တွေ အားလျော့သွားတာကြောင့်ဖြစ်ရတာပါ။ ဒီတော့ ဒီ ကြွက်သားနဲ့ အရွက်တွေကို အားလျော့စေတဲ့ ပြဿနာတွေဖြစ်တဲ့။သားအိမ်ကျခါစပြုနေတဲ့ အချိန်တွေမှာတော့ သိသာတဲ့ လက္ခဏာတွေ မပြတတ်ပါဘူး။ ဒါပေမယ့် သားအိမ်ကျတာ နည်းနည်းကြာနေပြီ၊ သားအိမ်ကျတဲ့ အဆင့်ကလည်း ပြင်းထန်နေပြီဆိုရင်တော့ လက္ခဏာတွေ ပြတတ်ပါတယ်။ ဒါတွေကတော့။ဒီလက္ခဏာတွေက မနက်စစချင်း အိပ်ရာထချိန်ဆို သိပ်မသိသာပေမယ့် နေမြင့်လာတာနဲ့ သားအိမ်ကျတဲ့ ခံစားမှုကို ပိုသိလာနိုင်ပါတယ်။သားအိမ်ကျပြီဆိုတာနဲ့ သူနဲ့အတူအပေါင်းအပါတွေ ဆက်ပါလာတတ်ပါတယ်။ ဒါတွေကတော့။ဝမ်းအိမ်ကျတာကြောင့် ဝမ်းသွားရတာမှာ အခက်အခဲရှိသလို ဆီးအိမ်ကျတာကြောင့် ဆီးသွားရင် ဆီးကျန်သလိုခံစားနေရတာ ဆီးသွားရင် မဝတာနဲ့ ဆီးမထိန်းနိုင်တာ စတဲ့ ပြဿနာတွေ ကြုံတွေရတတ်ပါတယ်။ဒါကတော့ သားအိမ်ကျခြင်း ဆိုတဲ့ သက်ကြီးပိုင်း သွေးဆုံးပြီးသား အမျိုးသမီးတွေ ကြောက်ရတဲ့ မီးယပ်ရောဂါ တစ်ခုအကြောင်းပါ။ နောက်ဆက်တွဲ ဆက်ဖြစ်နိုင်တဲ့ ပြဿနာတွေကလည်းများ သားအိမ်ကျတဲ့ပြဿနာကလည်းဖြစ်တဲ့သူမရှားတော့ ကိုယ့်စိတ်ထဲ သားအိမ်များကျနေပြီလားလို့ သံသယရှိနေပြီဆိုတာနဲ့ ဆရာဝန်နဲ့ သွားကိုသွားပြဖြစ်ဖို့တော့လိုလိမ့်မယ်နော်။ စောစောပြတော့ စောစောသိ စောစောကုသမှုခံယူလိုက်တော့ နောက်ဆက်တွဲ ဆိုးရွားတာတွေ ဆက်မဖြစ်တော့ဘူးပေါ့ ။ ။ရေးသားသူ− Dr Thin Yadanar @ Frances။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/vaginal-proplase/
အမှိုက်တွေကို မီးရှို့ခြင်း ရဲ့ နောက်ကွယ်
ဆောင်းတွင်းတို့ နွေဘက်တို့ဆို (နွေဘက်ကတော့ မီးဘေးကြောက်တော့ နည်းမယ်ထင်) ကွင်းပြင်ကြီးတွေ၊ ခြံကျယ်ကြီးတွေမှာ သစ်ရွက်ခြောက်တို့၊ အမှိုက်တို့ မီးပုံရှို့ကြတာကို တွေ့ဖူးမှာပါ။ အဲ့အနားဝန်းကျင်ကတော့ မီးခိုးတလူလူနဲ့ပေါ့။ အမှိုက်တွေကို မီးရှို့ခြင်း ရဲ့ နောက်ကွယ် မှာ ကျန်းမာရေးရှုထောင့်ကနေကြည့်ရင် ဘာတွေဖြစ်နိုင်လဲဆိုတာကို သတိပြုမိဖို့ လိုပါတယ်။ရုတ်တရက် စဉ်းစားလိုက်ရင် အမှိုက်တွေကို မီးရှို့တာကလေထုညစ်ညမ်းမှုလောက်ပဲ ဖြစ်စေတယ်။ ရှူတဲ့သူတွေ နည်းနည်းပါးပါး မွှန်မယ်လို့ပဲ တွေးမိနိုင်ပေမယ့် တကယ့်လက်တွေ့မှာ ဒီထက်ပိုဆိုးပါတယ်။ကျန်းမာရေးရှုထောင့်ကပဲ ကြည့်ရင်တောင် အမှိုက်တွေကို မီးရှို့တာက မွှန်ရုံပဲ မွှန်တာ မဟုတ်ပါဘူး။ ကိုယ်စားမယ့် အစားအသောက်တွေထဲမှာ ဒီအမှိုက်ရဲ့ နောက်ဆက်တွဲလေးတွေ ပါလာတယ်လို့ ပြောရင် ယုံကြမလား မသိ။အမှိုက်တွေကို မီးရှို့လိုက်လို့ ထွက်လာတဲ့ မီးခိုးငွေ့တွေထဲမှာ ဓာတုပစ္စည်းတွေ၊ အမှုန်တွေပါ တွဲပြီးပါလာပါတယ်။ဒီလို အမှုန်တွေ၊ ဓာတုပစ္စည်းတွေကို ရှူမိတဲ့သူတွေမှာမျက်ရည်ပူကျတာ၊ နှာမွှန်တာ၊ အသက်ရှူမဝတာ၊ ‌ချောင်းဆိုးတာ၊ ‌ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါက သာမန်လက္ခဏာ‌လေးတွေပါ။နဂိုတည်းက နှလုံးရောဂါ၊ ပန်းနာရင်ကျပ်၊ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းရောဂါ ရှိတဲ့သူတွေဆို ပိုပြီး ခံစားရမှာပါ။ ဒါ့ပြင် အဆုတ်ပိုးဝင်တာ၊နမိုးနီးယား၊ လေပြွန်ရောင်တာနဲ့ ဓာတ်မတည့်တာတွေကိုလည်း ပိုဆိုးစေနိုင်ပါတယ်။အမှိုက်တွေ အထူးသဖြင့်ပလတ်စတစ်တွေကို မီးရှို့တဲ့အခါ dioxinsတွေ၊ furansတွေ ပါလာပါတယ်။ ဒီဓာတုပစ္စည်းတွေက နီးစပ်ရာ အရွက်တွေရဲ့ မျက်နှာပြင်မှာ ကပ်ပြီး လူသားတွေရဲ့ အစာကွင်းဆက်ထဲကို ရောက်လာနိုင်ပါတယ်။ဥပမာ ဒီအရွက်တွေကို တိုက်ရိုက်စားမိတာ ဒါမှမဟုတ် အရွက်တွေကို တိရိစ္ဆာန်တွေက စားမိမယ်ဆိုရင် ဒီအသားငါးတွေကို လူက စားမိတဲ့အခါ ခန္ဓာကိုယ်ထဲကို ဝင်လာနိုင်ပါတယ်။အမှိုက်တွေကို မီးရှို့တဲ့အခါ အငွေ့တွေပဲ လေထဲရောက်ပြီး ပျောက်သွားတာ မဟုတ်ပါဘူး။ မီးရှို့ရာက ထွက်လာတဲ့ ဓာတုပစ္စည်းအကြွင်းအကျန်တွေက မြေထုကိုရောက်ရင် စိုက်ပျိုးမြေတွေ ပျက်စီးတာ၊ စားပင်တွေ စိုက်တဲ့အခါ ဓာတုပစ္စည်းတွေက စားပင်တွေထဲ ပါလာနိုင်တာ၊ ရေထဲကို ရောက်ရင် ငါးတွေဆီ ရောက်တာမျိုး ဖြစ်နိုင်ပါတယ်။နောက်ဆုံးအဆုံးသတ်ကတော့ ဒါတွေကို စားတဲ့ လူတွေဆီပဲ ပြန်ရောက်လာပါတယ်။လေ့လာချက်တွေအရDioxinsနဲ့ Furansတို့ ထိတွေ့မှုများတာက။အမှိုက်ထွက်နည်းစေဖို့နဲ့ အမှိုက်တွေကို အန္တရာယ်ကင်းကင်း စွန့်ပစ်နိုင်ဖို့ 3Rsကို လိုက်နာကြည့်ပါ။အမှိုက်တွေ နည်းအောင် စတည်းက အမှိုက်တွေကို အိမ်မသယ်လာပါနဲ့။ ဥပမာ ကျွတ်ကျွတ်အိတ်တွေ လျှော့သုံးတာ၊ တစ်ခါသောက် ရေဗူးတွေ ခဏခဏ မဝယ်ဘဲ ရေဗူးဆောင်ထားတာမျိုးပေါ့။ တတ်နိုင်သမျှ ပြန်သုံးလို့ရမှာမျိုးတွေကို ဝယ်တာကလည်း နည်းလမ်းကောင်းပါပဲ။ကိုယ်မသုံးဖြစ်တဲ့ ပစ္စည်းတွေ (ဥပမာ အဝတ်အစား၊ အိမ်သုံးပစ္စည်း)တွေကို တန်းမလွှင့်ပစ်ဘဲ ပြန်ရောင်းတာ၊ အသုံးတည့်မယ့်သူကို ပေးလိုက်တာတွေ လုပ်လို့ရပါတယ်။ ကိုယ်တိုင်လည်း ပစ္စည်းတွေကို ပြန်ပြုပြင်ပြီး သုံးတာကလည်း အမှိုက်အထွက်နည်းစေမှာပါ။စာရွက်တွေကို အိတ်အနေနဲ့ ပြန်‌ခေါက်တာ၊ ပလတ်စတစ်ဗူးတွေကို အပင်စိုက်တာ၊ ပစ္စည်းထည့်တဲ့ဗူးအနေနဲ့ ပြန်သုံးတာ စတာတွေ ပြန်လုပ်လို့ ရပါတယ်။ဒါကတော့ ပျက်စီးဆွေးမြေ့နိုင်တာတွေကို မြေဆွေးအဖြစ် ပြောင်းလိုက်တာပါ။ နေရာလည်းရှိမယ်၊ နည်းလည်းသိမယ်ဆိုရင် စမ်းကြည့်နိုင်ပါတယ်။ဒါကတော့ အလွယ်ဆုံးပါပဲ။ နီးစပ်ရာအမှိုက်ပုံ ဒါမှမဟုတ် စည်ပင်ကားနဲ့ အမှိုက်တွေကို စနစ်တကျ ထည့်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ကိုယ်ပစ်လိုက်တဲ့ အမှိုက်တွေက ကိုယ့်ထမင်းဝိုင်းမှာ ပြန်ပါလာလိမ့်မယ်လို့ တွေးမိဖူးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အမှိုက်တွေကို မီးရှို့ခြင်း ရဲ့ နောက်ကွယ် မှာ တကယ်ထိခိုက်တာက ဂေဟစနစ်နဲ့ လူသားတွေပဲ ဖြစ်တာကြောင့် စနစ်တကျ စွန့်ပစ်ဖို့ တိုက်တွန်းချင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/health-risks-of-open-burning-garbage/
ကလေးမွေးပြီးနောက် လိင်ဆက်ဆံခြင်း
ကလေးမွေးပြီးတဲ့အချိန်မှာ သင့်ကလေးကိစ္စတွေပြီးမှ လိင်ကိစ္စကို နောက်ဆုံးထားပြီး စဉ်းစားတတ်ကြပါတယ်။ သို့သော် လိင်ကိစ္စဟာ သင့်နှင့် သင့်အဖော်အတွက် အရေးပါတဲ့ဘ၀ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ သင်ဟာ ဘယ်အချိန်မှာ ပြန်ပြီး လိင်ဆက်ဆံလို့ရမလဲ။ ဘယ်လိုဆက်ဆံရင် သက်တောင့်သက်သာရှိမလဲ။ သင်ဟာ ဒီဖော်ပြထားတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားနိုင်တယ်။သင့်ကလေးက သင့်အတွက်အံ့အားသင့် ဝမ်းသာစရာဖြစ်တယ်။ ဒါပေမယ့် ကလေးကို ထိန်းကျောင်းနေခြင်းက သင့်ရဲ့လိင်ကိစ္စကို ထိခိုက်စေတတ်ပါတယ်။ ကလေးမွေးပြီးချိန်တွင် သင်နှင့် သင့်အဖော်၂ယောက်စလုံးက လိင်ဆက်ဆံချိန်အတွက် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ အသင့်ဖြစ်နေဖို့ အရေးကြီးတယ်။သင်တို့ ၂ယောက်စလုံး လိင်ဆက်ဆံလိုစိတ်ရှိမှ သာယာတဲ့ ဆက်ဆံရေးကို ရရှိနိုင်မှာပါ။ ကလေးမွေးပြီးချိန်တွင် သင့်စိတ်အနေအထားကလည်း ပုံမှန်အခြေအနေပြန်ဖြစ်လာဖို့ ၊ မိန်းမကိုယ်ပြန်ကျဉ်းလာဖို့ နဲ့ ကလေးမွေးပြီး သွေးဆင်းတာတွေရပ်သွားဖို့ အချိန်တစ်ခုတော့ လိုပါတယ်။ သွေးဆင်းတာမရပ်ခင် လိင်ဆက်ဆံလျှင် ရောဂါပိုးကူးစက်နိုင်ပါတယ်။ သင့်စိတ်ရော ကိုယ်ပါ သက်တောင့်သက်သာရှိဖို့ကို သတိပြုသင့်ပါတယ်။ကလေးမွေးပြီး အနည်းဆုံး၄ပတ်ကြာမှ လိင်ဆက်ဆံသင့်တယ်လို့ ဆရာဝန်တွေက အကြံပြုထားတယ်။ ဒါပေမယ့် အချိန်ကာလ အပြောင်းအလဲ ရှိတတ်ပါတယ်။ တချို့အမျိုးသမီးတွေဟာ ကလေးမွေးပြီး ရက်သတ္တပတ်များမကြာမီတွင် လိင်ဆက်ဆံဖို့ အသင့်ဖြစ်နေတတ်တယ်။ တချို့တွေကတော့ လတွေကြာတဲ့အထိ လိင်ဆက်ဆံလိုစိတ် မရှိကြဘူး။ အားလုံးက သင့်အပေါ်မှာပဲ မူတည်နေတယ်။ သင်ဟာ လိင်ပြန်ဆက်ဆံလိုတဲ့အချိန်မှာ သင့်အဖော်နဲ့ ဆွေးနွေးသင့်ပါတယ်။ ပြဿသ နာရှိပါက ဆရာဝန်နဲ့ဆွေးနွေးပါ။သင့်စိတ်ခံစားမှုကလည်း အရေးပါပါတယ်။ သင်အလိုရှိချိန်တွင် လိင်ဆက်ဆံပါ။ မဟုတ်ရင် သာယာမှုကို မရရှိနိုင်ပါဘူး။နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ သားဆက်ခြားခြင်းပါပဲ။ လိင်ဆက်ဆံခြင်းပြန်စတင်တာနှင့် ကိုယ်ဝန်နောက်တစ်ကြိမ် ပြန်ရနိုင်ပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံမှုမစခင် သန္ဓေတားနည်းလမ်းကို စဉ်းစားသင့်ပါတယ်။ ကွန်ဒုံး၊ တားဆေးကဒ်၊ သားအိမ်တွင်းပစ္စည်း(Copper IUD) တို့ကိုသုံးနိုင်ပါတယ်။ ဒီအကြောင်းတွေကို ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါတယ်။အခန့်မသင့်လျှင် နို့တိုက်ခြင်းဟာ သင်လိင်ဆက်ဆံတာကို ထိခိုက်နိုင်ပါတယ်။ သင့်မိန်းမကိုယ်မှ လုံလောက်တဲ့ ချောမွေ့မှုမရှိဘူးလို့ ခံစားရနိုင်ပါတယ်။ ဒီအခြေအနေမှာ ချောဆီအသုံးပြုနိုင်ပါတယ်။ ချောဆီကို ကွန်ဒုံးဝယ်ယူတဲ့ နေရာမှာ ဝယ်နိုင်ပါတယ်။ ဆီကိုအခြေခံတဲ့ချောဆီတွေက ကွန်ဒုံးကို ပေါက်ပြဲစေနိုင်တဲ့အတွက် ရေကိုအခြေခံပြီးထုတ်ထားတဲ့ ချောဆီကို သုံးသင့်ပါတယ်။သင့်ရင်သားတွေကလည်း ထိမိလျှင် သို့မဟုတ် လိင်လှုံ့ဆော်မှုလုပ်လျှင် နာကျင်တတ်ပါတယ်။ သင့်ကို ဘယ်လိုထိတွေ့စေချင်တယ်၊ ဘယ်လိုခံစားမှုရတယ်ဆိုတာ သင့်အဖော်ကို ပြောပြပါ။ သင်လိင်ဆက်ဆံချိန်တွင် ရင်သားမှနို့ရည် ထွက်နိုင်ပါတယ်။ သင်ဒါကို မကြိုက်လျှင် လိင်မဆက်ဆံခင် ကလေးကိုနို့တိုက်ထားပါ သို့မဟုတ် နို့ရည်ကိုညှစ်ထုတ်ထားပါ။ဒါက အဖြစ်များတဲ့ အခြေအနေဖြစ်ပါတယ်။ သင့်အဖော်လိင်ဆက်ဆံလိုချိန်တွင် သင့်အနေနှင့်အဆင်သင့်မဖြစ်သေးတာ ဖြစ်တတ်တယ်။ သင်ဟာ လိင်ဆက်ဆံဖို့ထက် သင့်ကလေးကို ဂရုစိုက်ဖို့ကိုသာ စိတ်ထဲရှိတတ်တယ်။ သင့်နှင့် သင့်အဖော်အတွက် အကောင်းဆုံးအဖြေရအောင် ဆွေးနွေးပါ။ ရိုးသားမှုရှိပါစေ။ သင်တို့ရဲ့ ဆက်ဆံရေးကို မပျက်ဆီးပါစေနဲ့။ သင့်အဖော်ကို သင်အမြဲချစ်တာကို သူသိပါစေ။ ဒါ့ပြင် သင့်အချစ်ကို တခြားနည်းလမ်းတွေနဲ့ ဖော်ပြပါ။(ဥပမာ – နမ်းခြင်း၊ ပွေ့ဖက်ခြင်း နှင့် အရသာရှိတဲ့ အစားအသောက်တွေချက်ကျွေးခြင်း)။ပုံမှန်အားဖြင့် ပြဿနာတွေဟာ တစ်နှစ်အတွင်း အလိုအလျောက် ပြေလည်သွားနိုင်သော်လည်း ဒီအချက်တွေက သင့်ကို တိုးတက်မှုမြန်စေပါလိမ့်မယ်။• သင့်ကိုယ်သင် အတင်းတွန်းအားမပေးပါနှင့်။ လိင်မှုဘဝကို တဖြည်းဖြည်းပြန်လည် ရရှိလာအောင် ဆောင်ရွက်ပါ။• ဆက်ဆံရေးဟာ အရေးပါပါတယ်။ သင့်အဖော်ကို ဘယ်လိုထိတွေ့စေချင်တယ်ဆိုတာ ပြောပြပါ။• နမ်းခြင်း၊ ပွေ့ဖက်ခြင်းတို့လို အသေးစား လိင်ကိစ္စတွေမှတဆင့် စတင်ပါ။ ပြည့်ဝတဲ့ လိင်ဆက်ဆံမှုမရခင် ကိုယ်ခန္ဓါကို အပြန်အလှန်ထိတွေ့မှုတွေ လုပ်ပေးပါ။ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ ကျန်းမာတဲ့အစားအသောက်တွေ စားပါ၊ လေ့ကျင့်ခန်းလုပ်ပါ၊ လုံလောက်စွာ အိပ်စက်ပါ။ ကျန်းမာသန်စွမ်းတဲ့ ကိုယ်နှင့်စိတ်ဟာ သင့်လိင်ဆက်ဆံရေးကို ပိုကောင်းစေနိုင်ပါတယ်။လိင်ကိစ္စမဟုတ်ရင်တောင် အရာအားလုံးဟာ အချိန်ယူရပါတယ်။ သင့်ကိုယ်သင် ဂရုစိုက်ပါ။ သင်ဖြစ်ချင်တာကို သင့်အဖော်ကို ပြောပြပါ။ သင်နှင့် သင့်အဖော် ဆက်ဆံရေးအသစ်ကို အတူပြန်လည်တည်ဆောက်ပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/sex-after-the-birth/
ရာသီလာတဲ့ချိန် ဝိတ်တက်လာတယ်လို့ထင်ရတာ ဘာကြောင့်လဲ။
ရာသီလာခါနီး ဒါမှမဟုတ် ရာသီလာတဲ့ချိန် ကိုယ့်ဝတ်နေကျ ဘောင်းဘီ၊ ထမီတွေကို စွပ်လို့မရတော့တာ၊ မှန်ထဲကြည့်တဲ့ချိန်မှာလည်း ဗိုက်ကြီးကပူနေတာ၊ မျက်နှာကလည်း ဖောင်းအစ်နေတာ၊ ပေါင်ပြေးချိန်ကြည့်ပြန်တော့လည်း ဝိတ်ကတက်နေတယ်။ ဒီလိုတွေ ဘာကြောင့်ဖြစ်ရတာလဲပေါ့နော်။ ကဲ အဖြေရှာကြည့်ရအောင်။ရာသီစက်ဝန်းရဲ့ နှောင်းပိုင်း (ရာသီလာခါနီးအချိန်) တွေမှာ မဟော်မုန်းတွေဖြစ်တဲ့ ပရိုဂျက်စတီရုန်း နှင့်အီစထရိုဂျင်တို့ဟာ သွေးထဲမှာ အမြင့်ဆုံးအခြေအနေမှာရှိနေပါတယ်။ အဲဒီ ဟော်မုန်းတွေက ခန္ဓာကိုယ်အတွင်းက ရေတွေကို အပြင်ကိုမထွက်အောင် စုပ်ယူထိန်းသိမ်းပါတယ်။ ဒါကြောင့် ခါးတွေ ဗိုက်တွေ မျက်နှာတွေမှာ ပုံမှန်ထက်ရေပိုစုပြီးတော့ ဝိတ်ချိန်တဲ့အချိန်မှာလည်းwater weightလို့ခေါ်တဲ့ ရေအလေးချိန်တွေကြောင့် ဝိတ်တက်လာတယ်လို့ထင်ရပါတယ်။ခန္ဓာကိုယ်မှာ ရေအလေးချိန်တွေများနေတဲ့အတွက် ရေကိုလျှော့သောက်ရမယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ အမှန်ကတော့ ရေပိုသောက်ပြီး ဆီးများများသွားအောင် လုပ်ရမှာပါ။ ဆီးသွားရင်းနဲ့မှ ခန္ဓာကိုယ်ထဲမှာ ထိန်းသိမ်းခံထားရတဲ့ ရေတွေအားလုံး ပါသွားမှာပါ။ ရေအပြင် တခြား အရည်ရွှမ်းတဲ့ အသီးတွေဖြစ်တဲ့ ဖရဲသီး၊ နာနတ်သီးတို့ကိုလည်း စားပေးနိုင်ပါတယ်။ရာသီလာနေရင် ဗိုက်အောင့်ဗိုက်နာတာတွေဖြစ်နေတဲ့အတွက် လေ့ကျင့်ခန်းတွေ မလုပ်ရဘူးလို့အထင်မှားတတ်ကြပါတယ်။ အမှန်တော့ ရာသီလာနေတဲ့အချိန်လည်း လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။ ပြင်းပြင်းထန်ထန်လုပ်တာမဟုတ်ဘဲYogaတို့ ၊နှလုံးလေ့ကျင့်ခန်းတို့ကို ခပ်ဖြေးဖြေးလုပ်တာဟာ ဗိုက်အောင့်တာကိုလည်း သက်သာစေသလို ချွေးထွက်သွားတာကြောင့် မျက်နှာဖောနေတာတွေ၊ ဗိုက်ဖောနေတာတွေကို သက်သာစေပါတယ်။ရာသီလာတဲ့ချိန်ဆို ပုံမှန်ထက် အစာပိုစားချင်ကြတာ သတိထားမိမှာပါ။ ဗိုက်ဆာတာမျိုးမဟုတ်ဘဲ ရာသီလာတဲ့ချိန် ဗိုက်အောင့်တာရော ဟော်မုန်းအပြောင်းအလဲကြောင့်ရော စိတ်မကြည်မလင်ဖြစ်တဲ့အတွက် အချိုတွေ အငန်တွေ စသဖြင့် စားချင်တာတွေလည်းပိုစားတတ်ကြပါတယ်။ ရေဓာတ်ဆုံးရှုံးပြီး ပင်ပန်းတဲ့အတွက်ကြောင့်လည်း ကော်ဖီတွေ၊ ကဖင်းဓာတ်တွေ ဂက်စ်တွေပါတဲ့ အချိုရည်တွေကိုလည်း ပိုသောက်မိတတ်ကြပါတယ်။ အဲဒီ အချိုတွေ၊ အငန်တွေဟာ ခန္ဓာကိုယ်ထဲ ရေထိန်းသိမ်းတာကို ပိုဖြစ်စေပါတယ်။ရာသီလာနေတဲ့ချိန် ၃-၄ ရက်လောက် အစာပိုစားမိတာနဲ့ တကယ့်ကိုယ်အလေးချိန်ကတော့ မတက်နိုင်ပေမယ့် ဖောတာတွေ ပိုမဖြစ်အောင် အသီးအနှံ၊ သကြားမပါတဲ့ အချိုရည်၊လက်ဖက်ရည်စိမ်း၊ဂရိဒိန်ချဉ်၊ အစေ့အဆန်အမျိုးမျိုးကို အဆာပြေအဖြစ်စားသင့်ပါတယ်။မ ဟော်မုန်းဖြစ်တဲ့ ပရိုဂျက်စတီရုန်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ လှုပ်ရှားမှုကို နှေးကွေးစေပါတယ်။ အဲဒီလိုနှေးသွားတာက ဝမ်းချုပ်ခြင်းကိုပါ ဖြစ်စေပါတယ်။ဒိန်ချဉ်ထဲမှာပါတဲ့ အကျိုးပြုဘက်တီးရီးယားတွေက ဝမ်းပျော့စေပါတယ်။ တချို့သူတွေကတော့ ဝမ်းချုပ်တာမဟုတ်ဘဲ ဝမ်းသွားတာဖြစ်တတ်ပါတယ်။ ဒိန်ချဉ်က ဝမ်းသွားနေတဲ့သူအတွက်လည်း ဝမ်းကိုပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။ဟော်မုန်းတွေကြောင့် ခန္ဓာကိုယ်တွင်း ရေထိန်းသိမ်းတဲ့ဖြစ်စဉ်က သဘာဝဖြစ်တာကြောင့် တကယ်ဝိတ်တတ်လာတာမဟုတ်ဘဲ ရာသီလာပြီး ၂-၃ ရက်နေရင် အလိုလို ဆီးအဖြစ် ရေတွေကပြန်ပါသွားပြီး ရေအလေးချိန်တွေကလည်း ပြန်ကျသွားပါတယ်။ရာသီလာရင် ဝိတ်တက်လို့ စိတ်ညစ်နေတဲ့ ပျိုမေလေးတွေအနေနဲ့ လတစ်လရဲ့ ဒီလိုအချိန်တွေရောက်လာရင် အရမ်းကျပ်တဲ့ ဂျင်းဘောင်းဘီတွေ၊ ထမီတွေကို မဝတ်ဘဲ ဗီဒိုအနောက်မှာ သိမ်းထားတဲ့ ပွပွချောင်ချောင် ဂါဝန်လေးတွေ ထုတ်ဝတ်ရင်း ရာသီနေ့ရက်တွေကို အလှပဆုံး အသက်သာဆုံး ရင်ဆိုင်ဖြတ်ကျော်ကြပါလို့ အကြံပြုလိုက်ပါတယ်နော်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/weight-gain-during-period/
ကျန်းမာပျော်ရွှင်ပြီး လှပကြော့ရှင်းတဲ့ လေဒီလေးတို့ရဲ့ လျှို့ဝှက်ချက်
သူကတော့ ဘယ်ချိန်ကြည့်ကြည့်လှနေရောပဲ။ အားကျလိုက်တာဟယ်လို့တွေးနေပြီလား။အလှတရားက လူတိုင်းမြတ်နိုးတဲ့အရာပါနော်။မိန်းကလေးတွေဆိုပိုလို့တောင်အလှကြိုက်ဦးမယ်။ နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်ပြီး လှပကြော့ရှင်းတဲ့ လေဒီလေးတွေ အဖြစ် ဖြတ်သန်းဖို့ဆန္ဒရှိနေပြီဆိုရင်တော့ အခုပြောပြမယ့်အချက်လေးတွေကို လိုက်နာပေးပါလို့ ပြောပါရစေနော်။ကြည့်လိုက်တိုင်းလှနေတဲ့လေဒီလေးတွေက နည်းနည်းလေးမှကြိုးပမ်းမှုမရှိဘဲ လှနေတာတော့မဟုတ်ပါဘူး။ သူတို့တွေကိုလှနေစေတဲ့ အချက်လေးတွေကို ကြည့်လိုက်ရအောင်လား။ လှပကြော့ရှင်းတဲ့လေဒီလေးတစ်ယောက်ဖြစ်ဖို့က ဆံစကနေ ခြေဖျားအထိ ကျန်းမာလှပနေဖို့လိုအပ်မှာပါ။ကျန်းမာပျော်ရွှင်ပြီး လှပကြော့ရှင်းတဲ့ လေဒီလေးတို့ရဲ့ လျှို့ဝှက်ချက်တွေက ဘာတွေများလဲဆိုတော့။လှပကြော့ရှင်းတဲ့ လေဒီလေးတွေက ရေသောက်မပျင်းကြသလိုတစ်နေ့တာမှာခန္ဓါကိုယ်အတွက်လိုအပ်တဲ့ရေပမာဏကို ပြည့်ပြည့်ဝဝသောက်တတ်ကြသူတွေပါ။ သွားလေရာကိုရေဗူးလေးတောင် ဆောင်သွားတတ်ကြပါသေးတယ်နော်။အသားအရေကိုဂရုစိုက်ကြတယ်။ကိုယ်တွေကသာ ပင်ပန်းလွန်းလို့ မျက်နှာမသစ်ဘဲ အိပ်ရာဝင်ချင်ဝင်လိမ့်မယ်။ ဘယ်ချိန်ကြည့်ကြည့်လှလိုက်တာဆိုတဲ့ လေဒီလေးတွေကတော့ ဘယ်လောက်ပင်ပန်းနေပါစေ။ ညအိပ်ရာဝင်ခါနီးမိတ်ကပ်တွေဖယ်ရှားသန့်စင်ဖို့နဲ့ လုပ်ဆောင်ပေးသင့်တဲ့အသားအရေ ဂရုစိုက်မှုတွေကို မပျက်မကွက်လုပ်တတ်ကြသူတွေပါ။ လိုအပ်တဲ့ အသားအရေထိန်းသိမ်းမှုတွေကိုလည်း မပျက်မကွက်လုပ်တတ်ကြပါသေးတယ်နော်။လှတာလည်းမပြောနဲ့လေ။ သူတို့လေးတွေက ညစဉ် ၈နာရီပြည့်အောင်အိပ်ဖို့လည်း မမေ့တတ်ကြပါဘူး။ အလုပ်များရင်တော့ ညအိပ်စက်ချိန်ကို ၆ နာရီမရ၊ ရအောင်ထားတတ်ကြသူတွေပါ။အသားအရေကိုထိန်းသိမ်းဖို့မမေ့တတ်သူတွေပီပီ နေရောင်ဒဏ်ကြောင့် အသားအရေထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင်လည်းဂရုတစိုက်နဲ့ကာကွယ်တတ်ကြသူတွေပါ။ နေရောင်ထဲမထွက်ခင် နေလောင်ကာခရင်မ်ကို မမေ့မလျော့လူးတတ်ကြသူလေးတွေပေါ့။ခန္ဓာကိုယ်ကအဆီပိုတွေကိုဖယ်ရှားဖို့နဲ့ သွယ်လျလှပဖို့ရော၊ ရောဂါကင်းပြီး ကျန်းမာဖို့အတွက်ပါ နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း လုပ်တတ်ကြပါတယ်နော်။ကျန်းမာရေးကိုလိုက်စားတတ်ကြသူတွေပေါ့။ခန္ဓာကိုယ်ကျန်းမာနေစေဖို့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ကြသလို ပုံမှန်ကျန်းမာရေး စစ်ဆေးတာနဲ့ အားဆေးသောက်တာလိုမျိုး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝအောင်လည်းနေတတ်ကြ ပါတယ်။နေ့စဉ်စားသုံးတဲ့အခါမှာလည်း ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ဗီတာမင်နဲ့ သတ္တုဓါတ်တွေပြည့်ဝအောင်စားသုံးတတ်ကြပါ တယ်။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အသား၊ ငါး၊ အစေ့အဆန်တွေ နဲ့အခွံမာသီးတွေသင့်တင့်မျှတအောင်စားသုံးတတ်ကြပါသေးတယ်။ကျန်းမာပြီး လှပကြော့ရှင်းတဲ့ လေဒီလေး တစ်ယောက်ဖြစ်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ အခုကစလို့ ဒီနည်းလေးတွေကို အလေ့အထဖြစ်အောင် ပျိုးထောင်လိုက်တော့နော်…………။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/habits-of-happy-and-healthy-women/
ကလေးများ သွားနှုတ်ပြီးလျှင်ဘယ်လိုဂရုစိုက်ရမလဲ
ငယ်သွားတစ်ချောင်းပြီးတစ်ချောင်း လဲလာတာနှင့်အမျှ သင့်ရဲ့ကလေးဟာ တဖြည်းဖြည်းကြီးပြင်းလာပါတယ်။ ဒါပေမယ့် ကလေးများဟာ ငယ်ရွယ်ပြီး ဗဟုသုတမပြည့်စုံသေးတဲ့အတွက် သူတို့ရဲ့သွားကျန်းမာရေးကို ဂရုပြုရာမှာအထူးသဖြင့်သွားနှုတ်တဲ့အချိန်မှာ မိသားစုအကူအညီကို လိုအပ်ပါတယ်။ အောက်ဖော်ပြပါ စာတမ်းဟာ ကလေးများ ငယ်သွားလဲခြင်း (သွားနှုတ်ခြင်း) နှင့်ပတ်သက်ပြီးသိလိုတဲ့အချက်အလက်တွေကို ဖော်ပြမှာ ဖြစ်ပါတယ်။အဆင့် (၁)။သွားနှုတ်ပြီးလျှင် သင့်ကလေးကိုခေါင်းကိုမြှင့်ထားပါ။ ပြင်းထန်သောလှုပ်ရှားမှုများ ပြုလုပ်ခြင်းကိုတားမြစ်ပါ။ လှုပ်ရှားမှု ပြုလုပ်သောအခေါက်အရေအတွက်များကို လျှော့ချပါ။သွားနှုတ်ပြီး သွေးတိတ်နည်းစေရန် သွားနှုတ်ထားသောနေရာကို ပိုးမွှားသန့်စင်ထားသောဂွမ်းစကိုခေါက်ပြီး ဖိကိုက်ထားခိုင်းပါ။ သွားနှုတ်ပြီး ၄၅ မိနစ်ခန့် သွေးထွက်နိုင်ချေရှိ၍ ဂွမ်းစကိုကလေးအား ညင်သာစွာဖိကိုက်ထားခြင်းဖြင့် သွေးတိတ်ခြင်းကိုလျင်မြန်စေပါတယ်။သင့်ရဲ့ခွဲစိတ်ဆရာဝန် (သို့) သွားဆရာဝန်က သင့်ကလေးကို အနာသက်သာစေဖို့ ဆေးပေးလိုက်ရင် သင့်ကလေးကို သေချာစွာအချိန်မှန်မှန် ဆေးပမာဏတိတိကျကျ တိုက်ကျွေးဖို့ လိုအပ်ပါတယ်။သွားနှုတ်ပြီး (၂၄) နာရီအတွင်း ပလုတ်ကျင်းခြင်းကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ (၂၄) နာရီအတွင်း ပုံမှန်စားနေကျ မာကြောသောအစားအစာများကို မကျွေးဘဲစွပ်ပြုတ်၊ ဆန်ပြုတ်ကဲ့သို့သော ပျော့ပျောင်းတဲ့ အစားအစာကိုကျွေးပါ။သင့်ကလေးကိုပူလွန်းသောရေ၊ လက်ဖက်ရည်နှင့် အခြားသောအရည်များ တိုက်ကျွေးခြင်းမှ ရှောင်ကြဉ်ပါ။အဆင့် (၆)။၂၄ နာရီကျော်သွားလျှင် ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းနှင့်တစ်ဝက်ကို ရေနွေးနှင့် ရောပြီးသင့်ကလေးကိုညင်သာစွာခံတွင်းဆေးခိုင်း ပါ။ ထို့နောက် ရေကိုတွေးထုတ်ပြီးပုံမှန်ပြုလုပ်သည့်အတိုင်းသွားတိုက်ခိုင်းပါ။ သွားနှုတ်ထားသောနေရာကိုသတိထားဖို့ အမြဲသတိပေးပါ။ပုံမှန်အားဖြင့် သွားနှုတ်ပြီးတစ်ရက်လောက်ထိ ပျော့ပျောင်းတဲ့အစားအစာများကိုသာ ကျွေးပါ။ တစ်ရက်ကျော်သွားသာလျှင် အစာမာကို စကျွေးပါ။ ဒါပေမယ့် ကလေးကအစာမာကို မစားလိုရင် (သို့) ကလေးက အစာမာစားခြင်းကို နာကျင်စေတယ်လို့ထင်ရင် အတင်းအကြပ်မကျွေးပါနှင့်။အထက်ဖော်ပြပါအချက်အလက်များဟာသင့်ကလေးရဲ့သွားနှုတ်ပြီးသောနေရာကိုလျင်မြန်စွာသက်သာပျောက်ကင်းစေဖို့နှင့်နာကျင်မှုသက်သာစေနိုင်တဲ့နည်းလမ်းများ ဖြစ်ပါတယ်။ အကယ်၍သင့်ကလေးမှာပုံမှန်မဟုတ်သောရောင်ရမ်းမှုများ ဖြစ်ပေါ်လာရင်တုန့်ဆိုင်းမနေဘဲသင့်ရဲ့သွားဆရာဝန် (သို့) ကလေးဆရာဝန်နှင့်ချက်ချင်းပြသပြီးလိုအပ်သောလမ်းညွန်မှုများနှင့်ကုသမှုများကိုခံယူပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/pediatric-dentistry/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%94%e1%80%be%e1%80%af%e1%80%90%e1%80%ba%e1%80%95%e1%80%bc/
သင့်အသားအရေပေါ်လိုက်ပြီး အကောင်းဆုံးအောက်ခံမိတ်ကပ်ရွေးချယ်ခြင်း
သင့်အသားအရောင်ပေါ်လိုက်ပြီး အောက်ခံမိတ်ကပ် ရွေးချယ်တာအပြင် သင့်အသားအရည်အတွက် အကောင်းဆုံးဖြစ်ပြီး သင့်အကြိုက်နဲ့လည်းကိုက်ညီမဲ့ အမျိုးအစား ကိုရွေးချယ်ဖို့လည်း အရေးကြီးပါတယ်။ဥပမာ သင်ကအဆီပြန်တတ်တယ်ဆိုရင် အသားခြောက်တဲ့လူတွေညွှန်းလိုက်တဲ့ အောက်ခံမိတ်ကပ်ကိုသင်သုံးချင်မှာမဟုတ်ပါဘူး။ တကယ်လို့သင့်မှာ ဝက်ခြံတွေရှိနေရင် သို့မဟုတ် rosacea ကဲ့သို့မျက်နာနီတတ်သောအရေပြားရောဂါတစ်မျိုးဖြစ်နေမယ်ဆိုရင် အနည်းငယ်သာဖုံးပေးနိုင်မဲ့ အောက်ခံမိတ်ကပ်( sheer coverage foundation)ကိုအသုံးပြုလိုမှာမဟုတ်ပါဘူး။ တကယ်လို့ သင်ဟာ ပုံမှန်အသားအရည်ရှိပြီး အသားရောင်ကလည်းညီနေမယ်ဆိုရင် ထူပိန်းပိန်းဖြစ်နေမယ့် အောက်ခံမိတ်ကပ်မျိုးကို သုံးလိုမှာမဟုတ်ပါဘူး။ဒီလိုဆို အောက်ခံမိတ်ကပ် အမျိုးမျိုးကဘာတွေလဲ၊ သင်ဘယ်လိုရွေးချယ်မလဲ။ အောက်မှာဖော်ပြထားတာတွေကတော့ သင်မိတ်ကပ်ဝယ်တဲ့အခါ တွေ့နိုင်မဲ့ အမျိုးအစားတွေပါ။ သင့်အသားအရည်အမျိုးအစားကိုနားလည်ခြင်း၊ coverage လုပ်လိုတဲ့အနေအထားကိုသိရှိထားခြင်း နဲ့ သင့်အကြိုက်ကိုလိုက်ပြီးရွေးချယ်ခြင်းက သင်နဲ့အသုံးတည့်မဲ့ အောက်ခံမိတ်ကပ်ကိုရွေးချယ်နိုင်မဲ့ သော့ချက်တွေပါ။အောက်ခံမိတ်ကပ် ၅မျိုးရှိပါတယ်။ တစ်ခုချင်းစီဟာ အသားအရည်ပုံစံတစ်မျိုးစီအတွက် အထူးဖော်စပ်ထုတ်လုပ်ထားတာတွေပါ။ဒီအမျိုးအစားတွေက ပုံမှန်အသားအရည်၊ ပေါင်းစပ်အသားအရည်နဲ့ ခြောက်သွေ့တဲ့အသားအရည်အတွက်ပါ။ အသားအရောင်မညီတဲ့လူတွေနဲ့ heavier coverage ကိုလိုအပ်တဲ့အမျိုးသမီးတွေအတွက်ပိုပြိးသင့်တော်ပါတယ်။• Coverage (ဖုံးကွယ်နိုင်စွမ်း) : Medium to full။• လိမ်းပြီးသွားရင် : စိုထိုင်းထိုင်းနဲ့ ပြောင်ပြောင်ဝင်းဝင်းလေးနေပါတယ်။• ဘာလုပ်ပေးနိုင်သလဲ : အသားရောင်မညီတာတွေနဲ့ အပြစ်အနာအဆာတွေကို ဖုံးကွယ်ပေးပြီး လိမ်းပြီးတဲ့အချိန်မှာချောမွတ်နေစေပါတယ်။• အသုံးပြုပုံ : မိတ်ကပ်ဖော့ (သို့) foundation brush ကိုသုံးပြီးလိမ်းပါ။အသားအရည်မျိုးစုံအသုံးပြုလို့ရပါတယ်။ ခြောက်သွေ့တဲ့အသားအရည်နဲ့ ၂၅ပတ်ဝန်းကျင်အသားအရည်တွေအတွက်ပိုပြီးအသုံးတည့်ပါတယ်။• Coverage : Light to Medium။• လိမ်းပြီးသွားရင် : ထုတ်လုပ်တဲ့ပုံစံပေါ်မူတည်ပြီး စိုထိုင်းထိုင်းနေတာ, နူးညံ့ချောမွတ်နေတာ သို့မဟုတ် matte type မျိုးလည်းဖြစ်နိုင်ပါတယ်။• ဘာလုပ်ပေးနိုင်သလဲ : မညီညာတဲ့အသားရောင်တွေနဲ့ အခြားအရာတွေကို ညီညာချောမွတ်သွားစေပါတယ်။ အသားအရည်ကိုလည်း အစိုဓါတ်ပြန်လည်ဖြည့်တင်းပေးပါတယ်။• အသုံးပြုပုံ : မိတ်ကပ်ဖော့ (သို့) အောက်ခံမိတ်ကပ် brush ကိုသုံးပြီးလိမ်းပါ။အဆီပြန်တဲ့အသားအရည်အတွက် အသုံးဝင်ပါတယ်။• Coverage : Light to medium။• လိမ်းပြီးသွားရင် : Matte။• ဘာလုပ်ပေးနိုင်သလဲ : အသားရောင်မညီတာတွေနဲ့ အပြစ်အနာအဆာတွေကိုဖုံးပေးပြီး အဆီတွေကိုစုပ်ယူပေးပါတယ်။• အသုံးပြုပုံ : brush ကိုအသုံးပြုပေးပါ။ brush အမွှေးပိုထူလေ မိတ်ကပ်သားအသားထဲစိမ့်ဝင်လေပါပဲ။အဆီပြန်တဲ့အသားအရည်မှလွဲပြီး အခြားအသားအရည် အားလုံးအတွက် အသုံးဝင်ပါတယ်။ ထိခိုက်လွယ်သော အရေပြားနဲ့ rosacea(မျက်နှာနီတတ်သူများအတွက်) ရှိသူများအတွက် ပိုပြီးအသုံးတည့်ပါတယ်။• Coverage : Light to Medium။• လိမ်းပြီးသွားရင် : Matte။• ဘာလုပ်ပေးနိုင်သလဲ : အသားအရောင်မညီတာတွေကို ညီစေပြီး အစိုဓါတ်ဖြည့်တင်းပေးပါတယ်။ အဆီတွေကိုစုပ်ယူပေးပြီးအဆီပြန်တာကိုကာကွယ်ပေးပါတယ်။• အသုံးပြုပုံ : Kabuki brush ကိုအသုံးပြုပြီး ပုတ်လိမ်းပေးပါ။ပုံမှန်နဲ့ ခြောက်သွေ့သောအသားအရည်ရှိသူများအတွက်အသုံးဝင်ပါတယ်။ ရေဓါတ်ဖြည့်ပေးဖို့ပိုပြီးလိုအပ်နေသူများနဲ့ မိတ်ကပ်အနည်းငယ်သာအသုံးပြုလိုသူများအတွက်ပိုပြီးသင့်တော်ပါတယ်။• Coverage : Sheer to Light။• ဘာလုပ်ပေးနိုင်သလဲ : အသားအရောင်အနည်းငယ်မညီတာကို ညှိပေးပါတယ်။ မိတ်ကပ်မလိမ်းထားတဲ့ပုံပေါက်နေအောင်စွမ်းဆောင်နိုင်ပါတယ်။• အသုံးပြုပုံ : foundation brush ကိုအသုံးပြုပါ။သင့်အသားအရည်ကဘယ်အမျိုးအစားပဲဖြစ်နေပါစေ။ သင့်မှာရွေးချယ်စရာတွေအများကြီးရှိပါတယ်။ သင့်အတွက်အကောင်းဆုံးဖြစ်မဲ့တစ်ခုကို ရွေးချယ်ပြီး ဒီနေ့အတွက်အလှပဆုံးပြင်ဆင်လိုက်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b%e1%80%b1%e1%80%95%e1%81%9a%e1%80%9c%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%bb%e1%80%95%e1%80%ae/
ညာဘက်ရင်ဘတ်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ!
ရင်ဘတ်အောင့်တယ် ဆိုတာက နှလုံးရှိရာ ဘယ်ဘက်ခြမ်းမှာမှ အောင့်တတ်တာ မဟုတ်ပါဘူး။ ညာဘက် ရင်ဘတ်ခြမ်းကလည်း အောင့်တတ်ပါတယ်။ ဒါဆိုရင် ညာဘက်ခြမ်းကနှလုံးမှ မရှိပါဘဲ။ ဘယ်အရာက ရင်ဘတ် အောင့်တာကို ဖြစ်စေတာ ပါလိမ့်လို့ စဉ်းစား ရခက်နေပြီလား! ‘ဒါဆိုရင်တော့ ညာဘက်ရင်ဘတ်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ညာဘက်ရင်ဘတ်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ! ဆိုတော့ အကြောင်းအရင်း တွေကတော့ အများကြီး ရှိနိုင်ပါတယ်။ညာဘက် ရင်ဘတ်အောင့်တဲ့အခါ ရင်ဘတ်ထဲက စူးခနဲအောင့်တာမျိုး ဖြစ်နိုင်ပါတယ်။ အသက်ရှူသွင်းလိုက်ချိန်၊ အသက်ကို ခပ်ပြင်းပြင်း ရှိုက်ရှူလိုက်ချိန်မှာ ပိုဆိုးတာမျိုး ဖြစ်နိုင်ပါတယ်။ ညာဘက် ရင်ဘတ် အောင့်တဲ့အခါ ရင်ဘတ်အောင့်တာနဲ့အတူ ရင်ဘတ်ထဲက တင်းတင်းကျပ်ကျပ်ကြီး ဖြစ်တာ၊ အသက်ရှူရခက်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကတော့။ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တစ်ခုခုမှာ ဖြစ်တဲ့ သွေးခဲက အဆုတ်ထဲမှာ ရှိတဲ့ သွေးကြောထဲမှာ ပိတ်ဆို့တဲ့ အခြေအနေကို ခံစားရချိန်မှာလည်း အသက်ရှူလိုက်ချိန်မှာ ရင်ဘတ်ထဲက စူးခနဲ အောင့်တာ နာတာမျိုး ခံစားရနိုင်ပါတယ်။ ဒီအခြေအနေမှာ ရင်ဘတ်အောင့်တာနဲ့အတူ အသက်ရှူတာ ပြတ်တောင်းတောင်း ဖြစ်တာ၊ နှလုံးခုန်မြန်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။အဆုတ်ထဲက လေအိတ်လေးတွေနဲ့ လေပြွန်အတွင်းနံရံတွေကြောင့် အသက်ရှူဖို့ အခက်အခဲ ဖြစ်နေတဲ့ အခြေအနေမျိုးမှာ ရင်ဘတ်ထဲက တင်းတင်းကြပ်ကြပ်နဲ့ အောင့်တာ၊ အသက်ရှူရတာ ပြတ်တောင်းတောင်း ဖြစ်တာ၊ အသက်ရှူသံ တရွှီရွှီ မြည်တာမျိုး ခံစားရနိုင်ပါတယ်။အဆုတ်မှာ ပိုးဝင်ကူးစက်တာကြောင့် အဆုတ်ရောင်တာကို ခံစားရချိန်မှာလည်း ညာဘက်ခြမ်း ရင်ဘတ် အောင့်တာကို ခံစားရနိုင်ပါတယ်။ အဆုတ်ရောင်တဲ့အခါ ရင်ဘတ်အောင့်တာနဲ့အတူ အဖျားဝင်တာ၊ ချမ်းတုန်တာ၊ ချောင်းဆိုးချွဲပိတ်တာမျိုးကို ခံစားရနိုင်ပါတယ်။အဆုတ်ကို ကာကွယ်လွှမ်းခြုံထားတဲ့ အမြှေးပါးလေးမှာ ပိုးဝင်တာ ဒါမှမဟုတ် အဲ့အမြှေးပါးလေး ရောင်တဲ့အခါ ချောင်းဆိုးလိုက်တိုင်း ဒါမှမဟုတ် အသက်ကို ရှိုက်ပြီး ရှူလိုက်တိုင်းမှာ ညာဘက်ရင်ဘတ်ခြမ်းက အောင့်တာမျိုးကို ခံစားရနိုင်ပါတယ်။ ထပ်ပြီး ခံစားရနိုင်တာကတော့ ပခုံးနာတာမျိုးပါ။အဆုတ်ကို ကာကွယ်လွှမ်းခြုံထားတဲ့ တစ်ရှူးအလွှာထဲကို ပိုးဝင်ပြီး ရောင်ရမ်းတာမျိုး ဖြစ်မယ်ဆိုရင်လည်း ရင်ဘတ်အောင့်နိုင်ပါတယ်။ ဒီလို ဖြစ်တဲ့အခါ အစပျိုး လက္ခဏာ တစ်ခုမှ မခံစားရဘဲ ရင်ဘတ်ထဲက စူးပြီးအောင့်တာ၊ ဇက်ကြောနဲ့ ပခုံးတဝိုက် နာကျင်တာကို ခံစားရနိုင်ပါတယ်။အဆုတ်သွေးကြောထဲမှာသွေးတိုးတာကို ဖြစ်စေနိုင်တဲ့ အခြေအနေတွေကတော့ အများကြီးပါ။ အဆုတ်ဆီကို သွေးတွေ ပေးပို့တဲ့ သွေးကြောတွေက ကာဗွန်ဒိုင်အောက်ဆိုက် နဲ့ အောက်ဆီဂျင်ကို လဲလှယ်ပေးတာပါ။  အဆုတ်သွေးကြောတွေမှာ သွေးတိုးတဲ့အခါ သွေးစီးဆင်းမှုကို အနှောင့်အယှက် ဖြစ်စေပြီး ညာဘက်ခြမ်း ရင်ဘတ်အောင့်တာကို ဖြစ်စေနိုင်ပါတယ်။ဓာတ်မတည့်တဲ့ အရာတွေက လေပြွန်ကို ကျဉ်းစေပြီး အသက်ရှူရ ခက်စေပါတယ်။ ဒီအခြေအနေက ချောင်းဆိုးတာ၊ အသက်ရှူသံ တရွှီရွှီ မြည်တာ၊ ရင်ဘတ်ထဲက တင်းတင်းကြပ်ကြပ် အောင့်တာမျိုးကို ခံစားရစေနိုင်ပါတယ်။အဆုတ်ကင်ဆာကလည်း ရင်ဘတ်အောင့်တာကို ဖြစ်စေနိုင်သလိုချောင်းဆိုးချိန်၊ ရယ်မောလိုက်ချိန်နဲ့ အသက်ပြင်းပြင်းရှူလိုက်ချိန်တွေမှာ သိသိသာသာ အောင့်တာကို ခံစားရနိုင်ပါတယ်။မတော်တဆမှု တစ်ခုခုကြောင့် ရင်ဘတ်အတွင်းပိုင်း ကလီစာတွေကို ကာကွယ်ထားတဲ့ နံရိုး ကျိုးသွားချိန်မှာလည်း အသက်ပြင်းပြင်းရှူလိုက်ချိန်မှာရင်ဘတ်အောင့်တာကို ခံစားရနိုင်ပါတယ်။ရင်ဘတ် ကြွက်သား ထိခိုက်ဒဏ်ရာရတာ၊ကြွက်သားစုတ်ပြဲတာကို ဖြစ်စေနိုင်သလို လှုပ်ရှားလိုက်ချိန်မှာ ရင်ဘတ်ထဲက နာကျင်တာကို ခံစားရနိုင်ပါတယ်။ရေယုန်ဗိုင်းရပ်စ်က အရေပြားမှာ အဖုအပိမ့်တွေ ဖြစ်စေပြီး နာကျင်စေနိုင်သလို ရင်ဘတ်ပိုင်းမှာ ပေါက်တဲ့အခါ ရင်ဘတ်ကနာကျင်တာ အောင့်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။သည်းခြေကျောက်ကသည်းခြေပြွန်ကို ပိတ်ဆို့သွားချိန်မှာ သည်ခြေအိတ်က ရောင်လာပြီး ညာဘက်ရင်ဘတ် အောက်နားခြမ်းက နာကျင်တာကို ခံစားရစေနိုင်ပါတယ်။ ဒီလို နာကျင်မှုက နာရီနဲ့ ချီပြီး ခံစားရနိုင်ပါတယ်။ရင်ဘတ် ညာဘက်ခြမ်းအောင့်တာကို သက်သာစေမယ့် နည်းလမ်းတွေကတော့ရောဂါအခြေအနေကို လိုက်ပြီး ကုသရပါတယ်။ အချို့သော အခြေအနေတွေက ဆေးသောက်ရတာမျိုး နဲ့ သက်သာအောင် လုပ်ဆောင်လို့ ရပေမယ့် အချို့ အခြေအနေတွေမှာတော့ ခွဲစိတ်ကုသမှုကို ခံယူရမှာ ဖြစ်ပါတယ်။ ရောဂါ အခြေအနေကို လိုက်ပြီး ကုသမှုတွေက ကွာခြားနိုင်ပါတယ်။ရင်ဘတ် ညာဘက်ခြမ်းအောင့်တာ ခံစားရနိုင်ခြေကို လျှော့ချဖို့ဆိုရင်တော့။ရင်ဘတ်ညာဘက်ခြမ်းက အောင့်တာက အတော်လေး ခံရခက်ပါတယ်။ ဒီလိုမျိုး ရင်ဘတ် ညာဘက်ခြမ်းက အောင့်ရတဲ့ အကြောင်းအရင်းတွေထဲမှာ အတွေ့ရ အများဆုံး အကြောင်းအရင်းက အဆုတ်ကြောင့်ပါ။ ဒါကြောင့် ရင်ဘတ် ညာဘက်ခြမ်းက အောင့်ပြီဆိုရင် အကောင်းဆုံးနည်းလမ်းကတော့ ကျန်းမာရေး စစ်ဆေးမှု ခံယူတာပါ။ ဒီလို လုပ်ဆောင်တာက လက္ခဏာတွေကနေ တဆင့် ကျန်းမာရေး အခြေအနေကို တိတိကျကျ သိရနိုင်သလို လိုအပ်တဲ့ ကုသမှုကိုလည်း တိတိကျကျ ခံယူနိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/causes-of-right-chest-pain/
မိန်းမကိုယ်ကထွက်တဲ့ အရည်တွေကို အရောင်အလိုက်ခွဲခြားကြမယ်
မိန်းကလေးတွေအတွက် အမြဲသတိထားသင့်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာမိန်းမကိုယ်သန့်ရှင်းရေးဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ယောက်ျားလေးတွေထက် ပိုပြီး ယားယံလွယ်ပြီး ရောဂါပိုးကူးစက်ခံရဖို့ လွယ်ကူတာကြောင့် မိန်းကလေးတွေအတွက်တော့ ဒီနေရာကို ပိုပြီးဂရုစိုက်ရတာ သဘာဝပါပဲ။ ဒီဆောင်းပါးမှာ မိန်းမကိုယ်ကထွက်တဲ့ အရည်တွေကို အရောင်ပေါ်မူတည်ပြီး ဘာကြောင့် ဒီအရောင်ဖြစ်ရတာလဲဆိုတာကို ခွဲခြားပေးပါမယ်။၁။ အနီရောင်၊ အညိုရောင်။အမျိုးသမီးတွေရာသီလာချိန်မှာ အနီရောင် သို့မဟုတ် အညိုရောင်ရှိတဲ့အရည်တွေ မကြာခဏ ထွက်တာ သဘာဝပါပဲ။ ရာသီလာကာစမှာ ချယ်ရီသီးလို အနီရောင်တောက်တောက်ကနေ ရာသီလာတဲ့နောက်ဆုံးရက်မှာ အညိုရောင်အဖြစ်ပြောင်းသွားတတ်ပါတယ်။ တစ်ခါတလေ ရာသီလာစမှာကို အညိုရောင်ဆင်းတာလည်း ရှိတတ်ပါတယ်။ ဒါပုံမှန်ပါပဲ။ဒီလိုရာသီလာနေတဲ့အချိန် မဟုတ်ဘဲ တခြားအချိန်မှာ ဒီလိုအရည်တွေ ထွက်တာဆိုရင်တော့ နည်းနည်းစဉ်းစားစရာရှိပါတယ်။ အကြောင်းရင်းတွေကတော့။၂။ နို့နှစ်ရောင်၊ အဖြူရောင်။ရာသီလာတာအပြင် အဖြူဆင်းတယ်ဆိုတာလည်း အမျိုးသမီးတွေအတွက် ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုပါ။ လိင်ဆက်ဆံတဲ့အခါမှာလည်း အဝင်အထွက်ချောမွေ့စေဖို့ မိန်းမကိုယ်ကနေသဘာဝချောဆီအဖြစ် ထွက်လာတဲ့အရည်တွေမှာ ဒီအရောင်ရှိပါတယ်။အဖြူရောင်အရည်တွေအပြင် တခြားမကောင်းတဲ့ ပုပ်အဲ့အဲ့အနံ့တွေ ထွက်လာတယ်ဆိုရင်တော့ ဘက်တီးရီးယားပိုးဝင်တာ၊ မိန်းမကိုယ်မှိုစွဲတာ ဖြစ်နိုင်ပါတယ်။၃။ အဝါဖျော့၊ အစိမ်းဖျော့။ဒီလိုအရောင်မျိုးဟာ ကိုယ်စားလိုက်တဲ့အစားအစာ၊ သောက်နေတဲ့ဆေးဝါးကြောင့်လည်း ဖြစ်နိုင်သလို တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်က လိင်မှုကိစ္စလည်း လုံးဝကင်းရှင်းတယ်ဆိုရင်တော့ စားလိုက်တဲ့အစားအစာတွေမှာ အက်ဆစ်ဓာတ်များနေတာ၊ ဗီတာမင်အားဆေး အသစ်တွေ စမ်းသုံးကြည့်တဲ့အခါမျိုးတွေမှာ ဒီလိုအရောင်မျိုး ပြောင်းသွားတတ်ပါတယ်။ ကျန်းမာရေးပြဿနာမှာဆိုရင်။၄။ ပန်းနုရောင်။ရာသီစက်ဝန်းအစောပိုင်းကာလနဲ့ လိင်ဆက်ဆံအပြီး မိန်းမကိုယ်မှ သွေးထွက်ခြင်းကြောင့် ထွက်လာတဲ့အရည်တွေမှာ ပန်းရောင်သမ်းနိုင်ပါတယ်။ သားအိမ်ခေါင်းမှာ ရောဂါပိုးဝင်နေတဲ့အခါမှာလည်း ဒီလိုအရည်မျိုးတွေ ဆင်းလာတတ်ပါတယ်။၅။ အကြည်ရောင်။ကြက်ဥအကာလိုမျိုး အရည်ကြည်ပျစ်ချွဲချွဲတွေဟာလည်း ပုံမှန်အမျိုးသမီးကိုယ်မှ ထွက်လာတတ်တဲ့ အရည်တွေထဲမှာ ပါဝင်ပါတယ်။ pH မျှခြေထိန်းညှိပေးဖို့နဲ့ သန့်ရှင်းစေဖို့ မိန်းမကိုယ်မှ သဘာဝအတိုင်းထွက်လာတဲ့ အရည်ပါ။ ပုံမှန်အားဖြင့်။၆။ မီးခိုးရောင်။အရောင်က အဖျော့ဖြစ်ဖြစ်၊ အရင့်ဖြစ်ဖြစ် မီးခိုးရောင်လိုဖြစ်နေတဲ့ အရည်တွေ ထွက်လာပြီဆိုရင်တော့မိန်းမကိုယ်ဘက်တီးရီးယားပိုးဝင်ခြင်း (Bacterial Vaginosis – BV) ဖြစ်နိုင်တဲ့အတွက် သားဖွားမီးယပ်ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့အခြေအနေပေါ်မူတည်ပြီး ဘက်တီးရီးယားပိုးသတ်ဆေး၊ လိမ်းဆေး၊ သောက်ဆေးတွေ ပေးသွားမှာဖြစ်ပြီး ဆရာဝန်ရဲ့ ဆေးအညွှန်းအတိုင်း မှီဝဲပေးရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ မိန်းမကိုယ်ကနေ ပုံမှန်ထွက်နေကျမဟုတ်တဲ့ အရောင်တွေနဲ့ အရည်ဆင်းလာပြီဆိုရင်တော့ သေချာစောင့်ကြည့်သင့်ပါတယ်။ ဆက်တိုက်ဆိုသလို ထွက်လာနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြကြည့်သင့်ပါတယ်။ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းတာအပြင်။မိန်းမကိုယ်က အရည်ဆင်းခြင်းဆိုတာ ကျန်းမာနေတဲ့ အမျိုးသမီးတစ်ယောက်မှာ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့အရာမို့ အရမ်းတော့ စိုးရိမ်စရာမလိုပါဘူး။ မိန်းမကိုယ်က သူ့ဘာသာ သဘာဝအလျောက်သန့်စင်ပေးဖို့ ကိုယ်ခန္ဓာကနေ အရည်အဖြစ်နဲ့ အပြင်ကို စွန့်ထုတ်လိုက်တာဖြစ်ပြီး ဒီလိုအရည်ထဲမှာ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေ ပါသွားတတ်တဲ့အတွက် ရောဂါတွေကိုလည်း ကာကွယ်ရာရောက်ပါတယ်။ဒါကြောင့် မိန်းမကိုယ်မှ ဆင်းတဲ့အရည်တွေမှာ ဘယ်လိုအရောင်ရှိလဲ၊ ဘယ်အရောင်က ဘယ်လိုကျန်းမာရေးအခြေအနေကို ပြနေလဲဆိုတာ သေချာသိထားမှ ကိုယ့်အနေနဲ့ လိုအပ်တဲ့ ပြင်ဆင်မှု၊ ကုသမှုတွေ လုပ်လို့ရမှာဖြစ်တဲ့အတွက် ဒီဆောင်းပါးကို ဗဟုသုတအနေနဲ့ ဖတ်ထားဖို့ အကြံပေးလိုက်ချင်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/what-your-vaginal-discharge-colours-want-to-tell-you/
null
null
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/lumbar-herniated-disc-%e1%80%81%e1%80%ab%e1%80%b8%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%bb%e1%80%95%e1%80%ac%e1%80%b8/
null
null
health
health
https://hellosayarwon.com/health/general-health-knowledge/signs-that-you-have-enough-water-and-electrolytes/
null
null
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%9c%e1%80%bb%e1%80%b1%e1%80%ac%e1%80%b7%e1%80%90%e1%80%bd%e1%80%b2%e1%80%94%e1%80%b1%e1%80%90%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%95/
အမျိုးသမီးများနှင့် နှလုံးသွေးကြောကျဉ်းရောဂါ
နှလုံးသွေးကြောကျဉ်းရောဂါသည် နှလုံးသို့သွေးစီးဆင်းသော သွေးလွှတ်ကြောများကျဉ်းလျှင်(သို့) ပိတ်လျှင်တွေ့ရပါသည်။ နှစ်စဉ် နှလုံးသွေးကြောကျဉ်းရောဂါနှင့်သေဆုံးသော အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် ပိုများလာသည်။အကြောင်းမှာ အမျိုးသမီးများတွင် နှလုံးရောဂါနှင့် ဆက်စပ်သော ဖြစ်နိုင်သည့် အချက်များလွတ်သွားတတ်သောကြောင့် ဖြစ်သည်။အမျိုးသမီးများတွင် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှုနှုန်းများစေသည့် အချက်များစွာရှိပါသည်။ ဝခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်းတို့ကို အထူးသဖြင့် အသက်၄၅နှစ်နှင့်အထက် အမျိုးသမီးများတွင်တွေ့ရသည်။သွေးတိုးခြင်း၊ ကိုလက်စထရောဓါတ်များခြင်း နှင့် ဆီးချိုအပါအဝင် ထိုရောဂါများသည် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေကို များစေပါသည်။ အခြားဖြစ်နိုင်သည့် အချက်များမှာ ဆေးဝါးများဖြစ်သည်။ ဥပမာ- သန္ဓေတားဆေးများ။ ထို့အပြင် မိသားစုလိုက ်နှလုံးရောဂါရှိသူများတွင် နှလုံးသွေးကြောကျဉ်း ရောဂါပို၍ဖြစ်နိုင်သည်။အစပိုင်း သင့်တွင်မည်သည့်လက္ခဏာမှ ရှိမည်မဟုတ်ပါ။ လက္ခဏာများသည် တစ်ဖြည်းဖြည်းခြင်းနဲ့စဖြစ်လာနိုင်သည်။ သို့သော် သင့်သွေးကြောများတွင် ပုံမှန်မဟုတ်သည့် အဖတ်များရှိပါက လျင်မြန်စွာဖြစ်နိုင်သည်။ သွေးလွှတ်ကြောမပိတ်မချင်း လက္ခဏာများကို သတိပြုမိမည်မဟုတ်ပါ။ကံမကောင်းစွာဖြင့် အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ အတွေ့များသောရောဂါလက္ခဏာများ မရှိကြပေ။ ဥပမာ- အမျိုးသမီးများတွင် လက်မောင်းကျဉ်ခြင်း(သို့) ရင်ဘတ်အောင့်ခြင်းများ မရှိပါ။ ထိုသို့အစား ရင်ဘတ်တွင် တင်းကျပ်လေးလံပြီး ပူလောင်သည့်ခံစားမှုမျိုးရှိနိုင်သည်။ နှလုံးသွေးကြောကျဉ်းရောဂါကို ညွှန်ပြသည့် လက္ခဏာများစွာရှိသည်။၎င်းတု့ိမှာ ကျောနှင့် လည်ပင်းနာခြင်း၊ အစာအိမ်နာခြင်း၊ မေးရိုးနာခြင်း၊ အသက်ရှူမဝခြင်း တို့ဖြစ်သည်။ ချောင်းဆိုးခြင်း၊ ပျို့အန်ခြင်း၊ အစာမကြေခြင်း၊ အစားအသောက်ပျက်ခြင်းတို့လည်း ပါဝင်သည်။ အမျိုးသမီးတို့သည် နှလုံးခုန်မြန်ခြင်း၊ နှေးခြင်း၊ ရင်တုန်ခြင်း(သို့) ပင်ပန်းခြင်း(သို့) အိပ်မပျော်ခြင်း စသည့်လက္ခဏာများကို သတိပြုသင့်သည်။အမျိုးသမီးများတွင် နှလုံးသွေးကြောကျဉ်းရောဂါကို ရှာဖွေရခြင်းသည် အမျိုးသားများထက ်ပိုခက်ပါသည်။ သင့်ဆရာဝန်မှ အချို့စမ်းသပ်မှုများကို ပြုလုပ်နိုင်သည်။· သွေးစစ်ခြင်း။ ။ ဤနည်းက ကိုလက်စထရောများခြင်း (သို့) နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်စေနိုင်သည့် အခြား ပြဿနာများကို စစ်ဆေးနိုင်သည်။· အီးစီဂျီဆွဲခြင်း (ECG)။ အီးစီးဂျီ မှ သင့်နှလုံး၏ လှုပ်ရှားမှုများကို မှတ်တမ်းတင်ထားသည်။ ဤနည်းဖြင့် သင့်နှလုံး စည်းချက်ကိုစစ်ဆေးနိုင်ကာ နှလုံးပျက်စီးမှုရှိမရှိပြသသည်။· နှလုံးအက်ကိုးရိုက်ခြင်း (Echocardiogram)။ ၎င်းသည် အာထရာဆောင်းတစ်မျိုးပင်ဖြစ်သည်။ ၎င်းသည် နှလုံး၏တည်ဆောက်ပုံ၊ လှုပ်ရှားမှုနှင့် သွေးကြောများကို အသံလှိုင်းများသုံးပြီးဖော်ပြသည်။· လေ့ကျင့်ခန်းလုပ်စဉ် အီးစီဂျီ ဆွဲခြင်း (exercise stress test)။ ဤနည်းသည် လေ့ကျင့်ခန်းလုပ်စဉ် သင့်နှလုံးတွင် ဖြစ်ပျက်သည့် ပြောင်းလဲမှုများကို တွေ့နိုင်သည်။ အီးစီဂျီကို သင့်လေ့ကျင့်စက်ဘီးပေါ်တွင်နင်းစဉ် (သို့) လမ်းလျှောက်စက်ပေါ်တွင် လမ်းလျှောက်စဉ် သုံးနိုင်သည်။ သင့်ဆရာဝန်မှ ဤနည်းဖြင့်စမ်းသပ်စဉ် ရင်ဘတ်အောင့်ခြင်း(သို့) အသက်ရှူခက်ခဲခြင်းရှိမရှိကို မေးမြန်းနိုင်သည်။· ဆေးဝါး နှင့် နှလုံးစောင့်ကြည့်တိုင်းတာခြင်း ။ အကယ်၍သင်သည် exercise stress test ကို မလုပ်နိုင်လျှင် ဆရာဝန်မှ ဆေးဝါး နှင့် နှလုံးစောင့်ကြည့်နည်းကို ထောက်ခံပေးနိုင်သည်။ ၎င်းဆေးဝါးမှ သင့်နှလုံးကိုပို၍ အလုပ်လုပ်စေသည်။ သင့်ကို နှလုံးစောင့်ကြည့်စက်ကိရိယာနှင့် ဆက်သွယ်ပေးထားကာ နှလုံးအခြေအနေကို စစ်ဆေးမည်ဖြစ်သည်။· သွေးကြောဓါတ်မှန်ရိုက်ခြင်း၊ ကွန်ပြူတာဓါတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓါတ်မှန်ရိုက်ခြင်းများကို သွေးလွှတ်ကြောများ၏ ပုံရိပ်များကို ဖမ်းယူသိရှိဖို့အတွက်အသုံးပြုနိုင်သည်။ ပုံရိပ်များက သင့်သွေးကြောများ ဘယ်လောက်ကျဉ်း(သို့) ပိတ်လဲဆိုသည်ကို ပြောပြနိုင်သည်။နှလုံးသွေးကြောကျဉ်းရောဂါနှင့် နှလုံးဖောက်သော လက္ခဏာများသည် အမျိုးသမီးများနှင့် အမျိုးသားများတွင် ကွဲပြားသည်။ ထို့ပြင် အမျိုးသမီးများသည် သူတို့၏ နှလုံးရောဂါအတွက် ကုသမှုခံယူခြင်း ပို၍နည်းသည်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%94%e1%80%bb%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%94%e1%80%be/
ခွေးချစ်တတ်ပေမယ့် တိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်တဲ့သူတွေအတွက် အကောင်းဆုံး ခွေးအမျိုးအစားများ
တကယ်လို့ သင်က ခွေးချစ်တတ်သူတစ်ယောက်ဖြစ်ပြီး အဆိုးဆုံး ဓာတ်မတည့်မှု ကလည်း ရှိနေတယ်ဆိုရင် သင့်အတွက်တော့ သိပ်မလွယ်ကူလှပါဘူး။ ခွေးတွေနဲ့ ဓာတ်မတည့်ခြင်းဟာ အသက်ရှူကြပ်ခြင်းနဲ့ နှာချေခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ရင်ကြပ်ရောဂါရှိသူတွေဟာ ပိုပြီးပြင်းထန်တဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ခွေးချစ်တတ်ပေမယ့် တိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်တဲ့သူတွေအတွက် အကောင်းဆုံး ခွေးအမျိုးအစားများ က ဘာတွေဖြစ်နိုင်မလဲဆိုတာကို သင်လေ့လာထားသင့်ပါတယ်။ခွေးချစ်တတ်ပေမယ့် တိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်တဲ့သူတွေအတွက် အကောင်းဆုံး ခွေးအမျိုးအစားများ အကြောင်း မပြောခင် ဒီအချက်လေးကို အရင်ပြောပြပေးချင်ပါတယ်။ ဒါကတော့။များသောအားဖြင့်တော့ မိသားစုထဲက လူအားလုံး၊ အိမ်ရှိလူအကုန်ဟာအိမ်မွေးတိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်မှု ရှိနေတာမျိုး မဟုတ်ပါဘူး။  ဖြစ်နိုင်တာကတော့ ဓာတ်မတည့်တဲ့ မျိုးရိုးက သင့်ဆီရောက်လာတာဖြစ်မှာပါ။ တကယ်လို့သင့်မှာ အခြားသော ဓာတ်မတည့်မှုတွေ သို့မဟုတ် ရင်ကြပ်ရောဂါတွေ ရှိနေခဲ့ရင် အိမ်မွေး တိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်မှုကလည်း ပိုဖြစ်နိုင်ပါတယ်။ဓာတ်မတည့်မှု ဖြစ်တတ်တဲ့လူတွေမှာ တုံ့ပြန်မှုအားအရမ်းကိုကောင်းတဲ့ (Oversensitive) ခုခံအားစနစ်ရှိကြပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်ဟာ အန္တရာယ်မရှိတဲ့အရာတွေကိုလည်း အလွန်အကျွံတုံ့ပြန်တတ်ကြပါတယ်။ ဘယ်လိုအရာတွေလဲဆိုတော့ ခွေးမွေး (dander) လိုအရာမျိုးပေါ့။ ပြီးတော့ ဒါတွေကို ဘက်တီးရီးယားတို့ ဗိုင်းရပ်စ်တို့လိုပဲ တိုက်ထုတ်ပစ်လိုက်ပါတယ်။ နှာချေခြင်းနဲ့ မျက်ရည်ကျခြင်းတွေဟာ ခန္ဓာကိုယ်က ဓာတ်မတည့်တဲ့ပစ္စည်းတွေကို တိုက်ထုတ်လိုက်တာ ဒါမှမဟုတ် စွန့်ထုတ်လိုက်တာကြောင့်ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေပါ။ဟုတ်တာပေါ့။ သင်ကံကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အချို့သောခွေးအမျိုးအစားတွေဟာ ဓာတ်မတည့်မှုဖြစ်တာ နည်းပြီး အချို့ကတော့ လုံးဝမဖြစ်စေတာမျိုးလည်း ရှိပါတယ်။ပထမဆုံး.. ရိုးရိုးသားသားပြောကြည့်မယ်ဆိုရင် ၁၀၀% ဓာတ်မတည့်မှုမဖြစ်စေတဲ့ ခွေးအမျိုးအစားကတော့ မရှိပါဘူး။ ကျွမ်းကျင်သူတွေက “ ခန့်မှန်းရလွယ်ပြီး တစ်သမတ်တည်း” (predictable and consistent coats) လို့ခေါ်တဲ့ ဓာတ်မတည့်သူတွေနဲ့ ပိုပြီးသင့်လျော်တဲ့ ခွေးအမျိုးအစားတွေတော့ရှိပါတယ်။ ဒီအမျိုးအစားတွေဟာ အမွေးမကျွတ်တာကြောင့် skin dander တွေလည်း ပိုနည်းနိုင်ပါတယ်။ skin dander ဆိုတာ ခွေးအမွေးမှာရှိတဲ့ အရာတစ်ခုဖြစ်ပြီး လူတွေကို ဓာတ်မတည့်မှုဖြစ်စေတဲ့ အဓိက အကြောင်းရင်းပေါ့။ဒီမှာတော့ ယေဘုယျအားဖြင့်ဓာတ်မတည့်တဲ့သူတွေအတွက် သင့်လျော်ကောင်းမွန်တယ်လို့ ကျွမ်းကျင်သူတွေက သတ်မှတ်ထားတဲ့ ခွေးအမျိုးအစား ၁၁မျိုးကို ဖော်ပြပေးလိုက်ပါတယ်။– Bedlington Terrier။– Chinese Crested။– Bichon Frise။– Irish Water Spaniel။– Poodles (toy, miniature, standard)။– Kerry Blue Terrier။– Maltese။– Portuguese Water Dog။-Xoloitzcuintli။– Schnauzers (miniature, standard, giant)။– Soft Coated Wheaten Terrier။ဘယ်ခွေးအမျိုးအစားက သင့်ရဲ့လိုအပ်ချက်တွေနဲ့ကိုက်ညီပြည့်စုံသလဲဆိုတာကို အရင်ဆုံး သေချာဆုံးဖြတ်ပါ။ ဒါဟာ ဓာတ်တည့်သူဖြစ်စေ။ မတည့်သူဖြစ်စေ လူတိုင်းလုပ်ရမယ့် အရာတစ်ခုပါပဲ။ ခွေးအမျိုးအစားတစ်မျိုးချင်းစီမှာ ကိုယ်ရည်ကိုယ်သွေးတစ်ခုချင်းစီရှိကြပြီး အပြုအမူတွေလည်း ကွာခြားကြပါတယ်။လေ့လာမှုတွေလုပ်ပြီးတဲ့နောက် ဘယ်အမျိုးအစားက သင့်အတွက် အကောင်းဆုံးလဲဆိုတာ ရွေးချယ်ပြီးတဲ့နောက်မှာတော့ နေထိုင်ရာနေရာကို ပြင်ဆင်ရတော့မှာပါ။ ခွေးတစ်ကောင်ကို ပိုင်ဆိုင်လာမယ့်အလျောက် dander တွေကပ်နေနိုင်တဲ့ ခန်းစည်းရှည်တွေ၊ ကော်ဇောတွေ၊ ကူရှင်အထူကြီးတွေနဲ့ ပရိဘောဂတွေ ဒါမှမဟုတ် ချည်ထည်တွေ နဲ့ အခြားသော ကော်ဇောအပိုတွေကို ဖယ်ရှားလိုက်ပါ။ခွေးကိုရွေးချယ်ပြီးတဲ့နောက်မှာ သင့်ခွေးကို ပုံမှန်ရေချိုးသန့်စင်ပေးဖို့ မမေ့ပါနဲ့။ ဒါဟာ သင့်အိမ်ပတ်ဝန်းကျင်မှာ dander တွေ လျော့နည်းသွားစေပါတယ်။ ပုံမှန် တံမြက်စည်းလှည်းတာ ဖုန်စုပ်တာ စသဖြင့် လုပ်ပေးသင့်ပါတယ်။အရေးကြီးတဲ့ ခြေလှမ်းတစ်ခုကတော့ သင့်ခွေးကို နေရာတိုင်းသွားခွင့်မပြုဘဲ ကန့်သတ်ထားဖို့ပါပဲ။ ဥပမာ – မိသားစုအခန်းတွေ ဒါမှမဟုတ် မြေအောက်ခန်းတွေပေါ့။ တကယ်လို့ သင့်မှာ ဓာတ်မတည့်မှုတွေရှိနေတယ်ဆို သင့်ခွေးကို သင့်အိပ်ရာနား မလာစေသင့်ပါဘူး။ ဒါမှမဟုတ် ပိုပြီးစိတ်ချရအောင် သင့်အခန်းနားကိုကို အကပ်မခံပါနဲ့။တကယ်လို့သင်က ဘယ်ခွေးအမျိုးအစားကမှ ဓာတ်မတည့်စေတဲ့ပစ္စည်းတွေ ၁၀၀% ကင်းရှင်းနေတာမဟုတ်ဘူးဆိုတာ သိရပြီဆိုရင် ၊ dander ကို ပိုဂရုစိုက်လို့ ရှင်းလင်းပေးမယ်ဆိုရင် ကျွန်တော်တို့လို ဓာတ်မတည့်တဲ့သူတွေတောင်မှ ခွေးတစ်ကောင်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးလေးကို ပိုင်ဆိုင်နိုင်ပါပြီ။ ခွေးချစ်တတ်ပေမယ့် တိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်တဲ့သူတွေအတွက် အကောင်းဆုံး ခွေးအမျိုးအစားများ က ဘာတွေလဲဆိုတာကို သိလောက်ပြီ ထင်ပါတယ်။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/other-allergies/best-dogs-for-allergies-person/
ံHuman Papilloma virus ဗိုင်းရပ်စ်ပိုးဝင်ခြင်းလက္ခဏာ
Human papillomavirus လို့ ခေါ်တဲ့ HPV ပိုး (လိင်အင်္ဂါကြွက်နို့ပိုး) ဟာ အရွယ်ရောက်ပြီးတဲ့ အမျိုးသားရော အမျိုးသမီးမှာပါ တွေ့ရများပါတယ်။ HPV ဟာ အန္တရာယ်များပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်စေရုံသာမက နောက်ဆုံးမှာ ကင်ဆာတောင် ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကြွက်နို့ရောဂါပိုးရဲ့ လက္ခဏာတွေက ဘာတွေလဲဆိုတာကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။•HPV ပိုးအကြောင်း ဘာသိပါသလဲ။Human papilloma virus လို့ ခေါ်တဲ့ HPV (လိင်အင်္ဂါကြွက်နို့ပိုး )ရောဂါပိုးဟာ လိင်အင်္ဂါ အတွင်းပိုင်းနဲ့ အနီးတစ်ဝိုက်မှာ ရောဂါဖြစ်စေပါတယ်။ ဒီရောဂါပိုးဟာ အရွယ်ရောက်ပြီးသူ အမျိုးသားရော အမျိုးသမီးမှာပါ တွေ့ရများတတ်ပါတယ်။ တကယ်တော့ လိင်ဆက်ဆံမှု များတဲ့သူတွေရဲ့ ထက်ဝက်လောက်ဟာ HPV ရောဂါပိုးကို သူတို့ဘဝမှာ တစ်ခါတော့ ရရှိမှာပဲဖြစ်ပါတယ်။ အံ့သြဖို့ကောင်းတာကတော့ HPV ဟာ သိသာထင်ရှားတဲ့ လက္ခဏာတွေ မပြတတ်တာကြောင့် သူတို့ဟာ သူတို့မှာ ရောဂါပိုးရှိကြောင်းကို သိကြမှာမဟုတ်ပါဘူး။ရောဂါလက္ခဏာတွေကတော့ အစပထမ ကူးစက်ခံရတဲ့ HPV အမျိုးအစားပေါ်မူတည်ပါတယ်။ HPV ရောဂါပိုး အမျိုးအစားပေါင်း ၁၀၀ ကျော်ရှိပြီး အချို့မှာ မျက်လုံးနဲ့ အမြဲ မမြင်နိုင်တဲ့ လိင်အင်္ဂါကြွက်နို့တွေ ဖြစ်စေနိုင်ပါတယ်။အခြားတစ်ဘက်မှာတော့ HPV ပိုးဟာ သားအိမ်ခေါင်းနဲ့ အခြားကင်ဆာတွေကို ဖြစ်စေတတ်ပါတယ်။ ဒီလိုအခါမျိုးမှာတော့ ကြွက်နို့ရော အခြားလက္ခဏာတွေပါ ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခြား HPV ရောဂါပိုးတွေဟာ ကြွက်နို့တွေကို ကိုယ်ခန္ဓါရဲ့ ခြေထောက်နဲ့ လက်တွေမှာလည်း ဖြစ်စေနိုင်ပါတယ်။HPV ရောဂါပိုးရရှိသူ အများစုဟာ ကုသစရာမလိုပဲ ဘယ်လိုကျန်းမာရေး ပြဿနာမှလည်း မဖြစ်ပွားပဲ ပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမယ့် ကုသမှုမရှိပဲ HPV ရောဂါပိုးဟာ ကိုယ်ခန္ဓါထဲမှာ နေလေလေ သားအိမ်ခေါင်းကင်ဆာ နဲ့ စအို ကင်ဆာ စတဲ့ ဆိုးဝါးတဲ့ အကျိုးဆက်တွေ ဖြစ်နိုင်ခြေများလေလေဆိုတာကိုလဲ ဂရုပြုဖို့ လိုအပ်ပါတယ်။•လိင်အင်္ဂါကြွက်နို့ရောဂါလက္ခဏာများ။HPV (လိင်အင်္ဂါကြွက်နို့ပိုး) ဟာ အရေပြား (သို့) လိင်အင်္ဂါတို့နဲ့ ဆင်တူတဲ့ အမြှေးပါး တွေထဲမှာ နေတတ်ပါတယ်။ တကယ်လို့ လိင်အင်္ဂါ ကြွက်နို့ ပေါ်လာပြီဆိုရင် HPV ရောဂါပိုးရရှိပြီလို့ ဆိုလိုတာဖြစ်ပါတယ်။ လိင်အင်္ဂါ ကြွက်နို့တွေဟာ ပုံစံအမျိုးမျိုး၊ အရောင်အမျိုးမျိုး ရှိတတ်ပါတယ်။ သူတို့ဟာ ပန်းရောင်၊ အသားရောင်၊ အသားနဲ့တစ်ပြေးတည်း (သို့) ဖေါင်းနေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ပန်းဂေါ်ဖီပုံစံတောင် ရှိနိုင်ပါသေးတယ်။ ကြွက်နို့ကို တစ်လုံးတည်း (သို့) အများကြီး တစ်ပြိုင်နက်လည်း ကြုံရနိုင်ပါတယ်။ လိင်အင်္ဂါ ကြွက်နို့တွေကို သားအိမ်ခေါင်း၊ ပေါင်ခြံ၊ လိင်တံ၊ ကပ်ပယ်အိတ်၊ စအိုနဲ့ ပေါင်တို့မှာ တွေ့ရတတ်ပါတယ်။သူတို့ဟာ ခန့်မှန်းရ ခက်ခဲပါတယ်။ လိင်အင်္ဂါကြွက်နို့ ရောဂါရှိတဲ့သူနဲ့ လိင်ဆက်ဆံပြီး ရက်သတ္တပတ်ပေါင်းများစွာ (သို့) လပေါင်းများစွာ ကြာမှ ပေါ်လာတတ်ပါတယ်။ ဒီလူဟာ သူတို့မှာ HPV ရှိမှန်းတောင် သိမှာမဟုတ်ပဲ HPV ပြန့်ပွားခြင်းအတွက် တာဝန်ရှိတယ်ဆိုတာကိုလည်း သိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဆေးရုံ၊ ဆေးခန်းတွေကို ပုံမှန်သွားပြသင့်ပြီး ကိုယ်ခန္ဓါဟာ ကောင်းကောင်းလည်ပတ်နေပြီး ဆိုးဝါးတဲ့ အကျိုးဆက်မရှိဘူးဆိုတာ သေချာစေသင့်ပါတယ်။သင့်ကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးခန်းကို သွားရောက်ပြီး အနည်းဆုံးတစ်နှစ်တစ်ခါ အပြည့်အဝ စမ်းသပ်စစ်ဆေးမှု ခံယူသင့်ပါတယ်။ လိင်အင်္ဂါကြွက်နို့ ရောဂါ လက္ခဏာတွေ ရှိခဲ့ရင်တော့ အမြန်ဆုံးဆေးကုသသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hpv/%e1%80%b6human-papilloma-virus-%e1%80%97%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%95%e1%80%ba%e1%80%85%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%9d%e1%80%84/
Creatinine Levels ဘာကြောင့် ကျဆင်းနေပါသလဲ!
Creatinine ဆိုတာကကြွက်သားတည်ဆောက်မှုကနေ ထွက်လာတဲ့ အမိုင်နိုအက်ဆစ် creatineရဲ့ ဘေးထွက်ပစ္စည်း တစ်မျိုးပေါ့။ ဒီ Creatinine ပမာဏကို ဆီး ဒါမှမဟုတ် သွေးထဲမှာ ရှိနေတဲ့ ပမာဏကို စစ်ဆေးပြီး ရောဂါအခြေအနေကို ဆန်းစစ်ရတာပဲ ဖြစ်ပါတယ်။ တကယ်လို့ စစ်ဆေးတဲ့အချိန်မှာ ကိုယ်တွင်းက Creatinine ပမာဏက မြင့်တက်နေတာမျိုး ရှိနိုင်သလို ကျဆင်းနေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါ​ကြောင့် အခုတစ်ခေါက်တော့ ဗဟုသုတအနေနဲ့ သိရှိနိုင်စေဖို့ Creatinine Levels ဘာကြောင့် ကျဆင်းနေပါသလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။Creatinine  ဆိုတာက ကြွက်သားတွေက စွမ်းအင်ရစေဖို့အတွက် creatine ကို ဖြိုခွဲလိုက်ချိန်မှာခန္ဓာကိုယ်က ထုတ်လွှတ်လိုက်တဲ့ အရာပါ။ သွေးထဲမှာ ရှိတဲ့ Creatinine ပမာဏကို ကျောက်ကပ်က စစ်ထုတ်ပြီး ဆီးကနေတဆင့် ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးပါတယ်။Creatinine ကကြွက်သားတွေလုပ်ဆောင်မှုကနေ ထွက်လာတဲ့ ဘေးထွက်ပစ္စည်း တစ်ခုဖြစ်တာကြောင့် ကြွက်သားလှုပ်ရှားမှု များသူတွေရဲ့ သွေးထဲမှာ Creatinine ပမာဏက ပိုများပါတယ်။ ပုံမှန်အားဖြင့် ကျန်းမာတဲ့သူတစ်ယောက်ဖြစ်မယ်။ ကျောက်ကပ်ရောဂါ တစ်ခုခုလည်း ရှိမနေဘူး။ ကိုယ်ဝန်ဆောင်လည်း မဟုတ်ဘူးဆိုရင်ပုံမှန်အားဖြင့်ကိုယ်တွင်းမှာ Creatinine  ပမာဏက အမျိုးသား 0.7 mg/dL ကနေ 1.3 mg/dL ကြား ရှိပြီး အမျိုးသမီးဆိုရင်တော့ 0.6 mg/dL ကနေ 1.1 mg/dL ကြား ရှိရမှာ ဖြစ်ပါတယ်။တကယ်လို့ ဒီပမာဏထက် နည်းနေပြီဆိုရင် Creatinine  ပမာဏ ကျဆင်းနေပြီလို့ ပြောချင်ပါတယ်။ ဘာကြောင့် ကျဆင်းရသလဲဆိုတာကိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။Creatinine Levels ဘာကြောင့် ကျဆင်းနေပါသလဲ! ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။ကြွက်သားထုထည်များလေလေ သွေးထဲမှာ Creatinine ပမာဏ များလာလေလေပါ။ ဒါကြောင့် ကြွက်သားထုထည် နည်းနေပြီဆိုရင်တော့ Creatinine ပမာဏ ကျဆင်းနေပြီပေါ့။ အသက်အရွယ် ရလာချိန်မှာ ကြွက်သားထုထည် ကျဆင်းလာတာက ပုံမှန်ပဲ ဆိုပေမယ့် အသက်ငယ်ငယ်မှာ ကြွက်သားထုထည် နည်းနေတာ ကတော့ ရောဂါအခံ တစ်ခုခုကြောင့် ဖြစ်နိုင်တာမို့ သေချာလေး ဂရုစိုက်စစ်ဆေးမှု လုပ်ဆောင်ဖို့ လိုပါမယ်။နေ့စဉ် စားသုံးမှုကလည်း Creatinine ပမာဏအပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ နေ့စဉ် စားသုံးမှုကနေပရိုတင်းပမာဏလုံလောက်အောင် မရရှိတာ၊ သက်သတ်လွတ် စားတာ၊အသီးအရွက်အစားများတာကလည်း ပရိုတင်း လိုအပ်ချက် များစေပြီး ကိုယ်တွင်းက Creatinine ပမာဏ ကျဆင်းစေတာပါ။ကိုယ်ဝန်ဆောင်နေရချိန်မှာလည်း Creatinine ပမာဏက ကျဆင်းနေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာကျောက်ကပ်တွေက Creatinine အပါအဝင် ကိုယ်တွင်းက အညစ်အကြေးတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်တာကြောင့် ကိုယ်ဝန်ဆောင်နေချိန်မှာလည်း Creatinine ပမာဏ ကျဆင်းနေနိုင်ပါတယ်။ပြင်းထန်တဲ့အသည်းရောဂါခံစားနေရတာကလည်း Creatinine ပမာဏ ကျဆင်းမှုကို ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ အသည်းက creatine ထုတ်လုပ်မှုကို ထောက်ကူပေးတာကြောင့်ပါ။ ဒါကြောင့် အသည်းက ကောင်းကောင်း အလုပ်မလုပ်တော့ချိန်မှာ creatine ကို ကောင်းကောင်း မထုတ်နိုင်တော့ဘဲ သွေးထဲက Creatinine  ပမာဏလည်း ကျဆင်းလာပါတော့တယ်။အခုပြောပြခဲ့တဲ့ အချက်တွေထဲက တစ်ခုခုကို ခံစားနေရမယ်ဆိုရင် Creatinine  ပမာဏ ကျဆင်းမှုကို ဖြစ်စေနိုင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/potential-causes-of-low-creatinine-levels/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/calcuim/
null
null
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/trying-to-get-your-child-to-eat-vegetables/
နှလုံးသွေးကြောကျဉ်းရောဂါဆိုင်ရာ အတွေးအမြင်အသစ်များ။
ကျွန်ုပ်တို့တွေးထားသည့် နှလုံးသွေးကြောကျဉ်း ရောဂါ နှင့် ၎င်းကုသမှုတွင် သိသာသောပြောင်းလဲမှုများရှိလာပါသည်။ ယနေ့အချို့ နှလုံးပါရဂူများသည် နည်းလမ်းအသစ်ဖြင့် တွေးတောနေစဉ် အခြားသူများက ရှေးရိုးအစဉ်အလာနည်းထဲတွင် ကျန်ရှိနေတုန်းဖြစ်သည်။အစဉ်အလာအားဖြင့် နှလုံးသွေးကြောကျဉ်း ရောဂါသည် နှလုံးသွေးလွှတ်ကြောထဲတွင် သွေးစီးဆင်းမှုနည်းစေသော ပိတ်ဆို့မှုတစ်ခု ထက်မကရှိကြောင်းဆိုလိုပါသည်။ဤအခြေအနေသည် ရင်ဘတ်စူးအောင့်ခြင်းကို ဖြစ်စေသည့်အပြင် ပိုဆိုးလာပါက ပိတ်ဆို့မှုများသည် ရုတ်တရက်လုံးဝပိတ်သွားကာ နှလုံးကြွက်သားကို သွေးစီးဆင်းသည့် သွေးလွှတ်ကြောများကို သေစေနိုင်သည်။၎င်းကို နှလုံးကြွက်သားပုပ်ခြင်း (သို့) နှလုံးဖောက်ခြင်းဟု သိထားကြသည်။ ထိုအချိန်တွင် လူအများစုသည် အဓိကပြဿနာမှာ ပိတ်ဆို့မှုကြောင့် ဖြစ်သည်ဟု ရှင်းပြကြသည်။ ထို့ကြောင့် ကုသမှု အများစုမှာ ပိတ်ဆို့မှုကို ဖယ်ရှားစေရန် လုပ်ရမည်ဖြစ်သည်။ထိုကုသမှုများကို နှလုံးလမ်းကြောင်းလွှဲခွဲစိတ်ခြင်း(သို့) ပြွန်ချောင်းထည့်၍ ချဲ့ခြင်းတို့ဖြင့် ပြုလုပ်နိုင်သည်။နှလုံးသွေးကြောကျဉ်းရောဂါ၏ ရှေး အစဉ်အလာနည်းက ပိတ်ဆို့မှုပေါ်တွင် အဓိကအာရုံထားသောကြောင့် ၎င်းကို ရှာဖွေရာတွင် အသေးစိတ်သော ခန္ဓါဗေဒတည်နေရာနှင့် ပိတ်ဆို့မှုအတိုင်းအတာတို့က အရေးကြီးပါသည်။အကယ်၍ ရောဂါရှာဖွေနည်းများက အချက်အလက်မပေးနိုင်လျှင် ကုသမှုက ပိတ်ဆို့မှုကိုမလျှော့ချနိုင်လျှင် အပြည့်အဝကောင်းမွန်ခြင်းကို မရနိုင်ပါ။ထို့အပြင် အစဉ်အလာနည်းအတိုင်း စဉ်းစားသောနှလုံးပညာရှင်များက နှလုံးထဲသို့ပိုက်ထည့်ရှာဖွေသည့်နည်းကို အဓိကရှာဖွေသည့်နည်းအဖြစ် တိုက်တွန်းကြသည်။ ဤနည်းနှင့် ပြွန်ချောင်းဖြင့်ချဲ့သည့် နည်းကသာလျှင် သင့်တော်သည့်ကုသနည်းဟု ပြောလိုခြင်းဖြစ်သည်။သို့သော်တစ်ခါတစ်ရံတွင် ကြီးမားသော(သို့) ခက်ခဲသော ပိတ်ဆို့မှုများတွင် နှလုံးခွဲစိတ်ဆရာဝန်များကို စိတ်မပါစွာနှင့် ပါဝင်ခွင့်ပြုကြရပါသည်။နည်းပညာတိုးတက်မှုကို ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့သည် နှလုံးသွေးကြောကျဉ်းရောဂါသည် ပိတ်ဆို့မှုထက်ပိုကြောင်းကို ယခုသိလာကြသည်။ နှလုံးသွေးကြောရောဂါကို နာတာရှည်ပို၍ ဆိုးဝါးလာသောရောဂါဟု သိကြသည်။ ပိတ်ဆို့ခြင်းထက်ပို၍ကျယ်ပြန့်လာသည်။အရေးကြီးသည်မှာ ပုံမှန်မဟုတ်သောအဖတ်များသည် သွေးလွှတ်ကြောများတွင်ရှိတတ်သည်ကို သိထားရမည်။ ၎င်းသည် နှလုံးကိုမှန်ပြောင်းထည့်၍ကြည့်ခြင်းတွင် “ပုံမှန်” အဖြစ်မြင်တွေ့နိုင်သည်။ သို့သော်လူနာများ၊ အထူးသဖြင့် အမျိုးသမီးများတွင် အမှန်တကယ်ပိတ်ဆို့မှုမရှိဘဲ နှလုံးသွေးလွှတ်ကြော အများအပြားကျဉ်း၍ဖြစ်သော နှလုံးသွေးကြောကျဉ်းရောဂါများကို တွေ့ကြုံနိုင်သည်။ထို့အပြင် ထိုအဖတ်ပေါက်သွားလျှင် သွေးခဲတစ်ခုဖြစ်ပေါ်ကာ ရုတ်တရက်သွေးလွှတ်ကြောကို ပိတ်၍နှလုံးရပ်စေပါသည်။ နှလုံးသွေးကြောရောဂါ၏ အဓိကအကြောင်းအရင်းမှာ ပိတ်ဆို့မှုများရှိမရှိနှင့် မဆိုင်ဘဲ နှလုံးသွေးလွှတ်ကြောရှိ အဖတ်များ(၎င်းတို့သည် ပိတ်ဆို့မှုများဖြစ်လေ့မရှိပါ) ရှိခြင်းနှင့်သာ အဓိကဆိုင်ပါသည်။လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကြာမျှတွင် နှလုံးသွေးကြောကျဉ်းရောဂါအတွက် တွေးတောမှုများသည် ပြောင်းလဲလာပါသည်။ ပြွန်ချောင်းဖြင့်ချဲ့သည့် ကုသမှုပြုလုပ်ရမည့် ပိတ်ဆို့မှုရောဂါ မှ ပိတ်ဆို့မှုရှိရှိ၊မရှိရှိ အဖတ်များကြောင့်ဖြစ်သော နာတာရှည်နှလုံးသွေးကြောကျဉ်းရောဂါ ရောဂါဟူ၍ပြောင်းလဲလာပါသည်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/%e1%80%94%e1%80%be%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%bb%e1%80%89%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac/
ပိုမိုဖြူဝင်းတောက်ပသောသွားများပိုင်ဆိုင်နိုင်ဖို့ လျှို့ဝှက်ချက်၁၀ခု
ခေတ်ပေါ်လူမှုပတ်ဝန်းကျင်တွင် ပုံပန်းသဏ္ဍာန်သည် အရေးကြီးသော အပိုင်းတစ်ခုဖြစ်သည်။ လူအတော်များများသည် ပိုမိုဖြူစင်ပြီးသန်မာသောသွားများကို အလိုရှိကြသည်။ သင့်သွားက သင်မျှော်လင့်သလို ဖြစ်မနေဘူးလား။ စိတ်မပူပါနှင့်။ အောက်ပါဆောင်းပါးက သင့်သွားကိုဖြူဖွေးသွားစေရန် ဈေးမကြီးဘဲထိရောက်သောနည်းများကို လမ်းညွှန်ပေးပါမည်။(၁) စားသောက်ပြီးသည့်အခါတိုင်းသွားတိုက်ပါ။အရသာရှိသောအစားအစာ(သို့) အကြိုက်ဆုံးသောအဖျော်ယမကာ စားသောက်ပြီးသည့်အခါ နာရီဝက်စောင့်ပါ။ ထို့နောက်သွားတိုက်ပါ။ အစာစားပြီး သွားမတိုက်ခြင်းသည် သွားအစွန်းအထင်း ဖြစ်စေသည့် အဓိကအကြောင်းဖြစ်သည်။(၂) ဆေးလိပ်သောက်ခြင်းမှရှောင်ကြဉ်ပါ။ဆေးလိပ်သောက်ခြင်းသည်အဆုတ် ၊ အရေပြားအပါအဝင် ခန္ဓါကိုယ်တစ်ခုလုံးအပေါ် ဆိုးကျိုးများသက်ရောက်စေသည်။ အဆိုးဆုံးကတော့ သွားများပေါ်တွင်ဖြစ်သည်။(၃) ကော်ဖီနှင့်လက်ဖက်ရည် ရှောင်ပါ။လက်ဖက်ရည်နှင့်ကော်ဖီကို လူအများစုနှစ်သက်ကြသည်။ မည်သို့ဖြစ်စေ ၎င်းတို့က သွားတွင်မနှစ်မျို့ဖွယ် အရောင်များကျန်စေသည်။ ထို့ကြောင့် သင့်သွားများကိုတောက်ပြောင်စေချင်လျှင် ကော်ဖီနှင့်လက်ဖက်ရည်သောက်ခြင်းကိုရှောင်ပါ။(၄) အုန်းဆီကိုအသုံးပြုပါ။အုန်းဆီတွင်ပိုးမွှားသေစေသည့် ဂုဏ်သတ္တိများပါဝင်ပြီး သင့်သွားနှင့်သွားဖုံးကို ကာကွယ်ပေးသည်။ သင့်ပါးစပ်ထဲအုန်းဆီတစ်ဇွန်းထည့်ပြီးလျှင် ၅မိနစ်မှ၁၀မိနစ်အထိ ပလုတ်ကျင်းပေးပါ (သို့)သွားတိုက်တံပေါ်တွင် အစက်အနည်းငယ်ချ၍ သွားတိုက်ပေးပါ။(၅) ပန်းသီးရှာလကာရည်ကိုသုံးပါ။ပန်းသီးရှာလကာရည်တွင် အက်စစ်ဓါတ်ပါဝင်သောကြောင့် ကော်ဖီနှင့်နီကိုတင်းတို့ကြောင့်ဖြစ်သည့် အစွန်းများကို ဖယ်ရှားပေးပါသည်။(၆) လိမ္မော်သီး(သို့)ရှောက်သီးအခွံများကိုသုံးပါ။ပန်းသီးရှာလကာရည်နှင့်ဆင်တူပင် လိမ္မော်သီး(သို့)ရှောက်သီးတွင် အက်စစ်ဓါတ်ပါဝင်သဖြင့် သွားများကိုသန့်ရှင်းပေးပြီး ပိုမိုဖြူဖွေးစေပါသည်။ ၎င်းတို့ကို တစ်ပတ်တွင် ၁ကြိမ်(သို့)၂ကြိမ်သာ အသုံးပြုခြင်းဖြင့် သွားနှင့်သွားဖုံးများကို မထိခိုက်စေနိုင်ပါ။(၇) ဘယ်ရီသီးကိုစားပေးပါ။ဘယ်ရီသီးတွင် ဓါတ်ဆိုးဆန့်ကျင်ဂုဏ်သတ္တိ များပြားစွာပါဝင်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် သင့်ကျန်းမာရေး အထူးသဖြင့် သွားဖုံးအတွက် ကောင်းမွန်ပါသည်။ သွားဖုံးအပေါ်လျစ်လျူရှူပြီး သွားတစ်ခုတည်းကိုသာ အာရုံစိုက်မထားပါနှင့်။ သွားဖုံးကျန်းမာမှသာ သွားကို အထောက်အပံ့ပေးနိုင်မည်ဖြစ်သည်။(၈) မီးသွေးအခြေခံထုတ်ကုန်ပစ္စည်းများသုံးပါ။မီးသွေးကိုအခြေခံပြီး ထုတ်လုပ်ထားသောပစ္စည်း ဥပမာ-သွားတိုက်ဆေးများသည် သွားမျက်နှာပြင်ပေါ်ရှိအစွန်းများကို ဖယ်ရှားရာတွင် အံ့အားသင့်ဖွယ် အာနိသင်ရှိသည်။(၉) မုန့်ဖုတ်ဆိုဒါကိုသုံးပါ။သွားတိုက်တံပေါ်တွင် မုန့်ဖုတ်ဆိုဒါအနည်းငယ်တင်၍ သွားကိုညင်သာစွာတိုက်ပါ။ ဤလွယ်ကူသောနည်းလေးက မည်မျှထိရောက်သည်ဆိုသည်မှာ အံ့သြဖွယ်ရာပင်ဖြစ်သည်။(၁၀) အစားအစာပေါ်တွင်အာရုံစိုက်ပါ။သင်စားသုံးသည့်အရာများပေါ်တွင် အာရုံမထားပါက သင့်သွားနှင့်သွားဖုံးကျန်းမာနေဖို့မမျှော်လင့်ပါနှင့်။ သန်မာသောသွားရရှိရန် ကယ်လ်စီယမ်နှင့်ဗီတာမင်ဒီကြွယ်ဝသည့် အစားအစာများကိုစားပေးပါ။အထက်ပါနည်းလမ်းများသည် သင့်သွားကိုပို၍တောက်ပအောင် ကောင်းစွာလုပ်ပေးနိုင်သည်။ ထို့အပြင် ငွေကုန်ကြေးကျလည်းသက်သာသည်။ အကယ်၍ အထက်ပါနည်းလမ်းများက သင့်ကိုစိတ်ကျေနပ်အောင် ပြုလုပ်နိုင်စွမ်းမရှိလျှင်(သို့)သွားပြဿနာရှိနေသေးလျှင် ဆေးပညာအကြံဉာဏ်များရယူရန် သွားဆရာဝန်ဆီသွားဖို့မနှောင့်နှေးပါနှင့်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/%e1%80%95%e1%80%ad%e1%80%af%e1%80%99%e1%80%ad%e1%80%af%e1%80%96%e1%80%bc%e1%80%b0%e1%80%9d%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%95%e1%80%9e%e1%80%b1%e1%80%ac/
ကော်ဖီနံ့နံသောခံတွင်းနံ့ကို ဘယ်လိုအနိုင်ယူမလဲ
ကော်ဖီသည် လူအများအတွက် အလွန်ကျော်ကြားသောသောက်စရာများထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် ကျွန်ုပ်တို့ကိုနိုးကြားစေကာ လိုအပ်သောစွမ်းအင်ကိုပေးသည်။ သို့သော်ကော်ဖီတစ်ခွက်သောက်ပြီးလျှင် ခံတွင်းနံ့နံသည်ကိုသတိထားမိပါသလား။ဘာကြောင့်ကော်ဖီကသင့်ခံတွင်းကိုအနံ့နံစေသလဲ။ကျွန်ုပ်တို့ပါးစပ်ထဲထည့်သွင်းသည့် မည်သည့်အရာမဆိုခံတွင်းနံ့နံစေသည်။ မစားခင်ကတည်းက အနံ့နံသောအစားအစာသည် ခံတွင်းနံ့ကို ပိုဆိုးစေသည်။ ကော်ဖီတွင် ဆာ(လ်)ဖာဒြပ်ပေါင်းများစွာရှိခြင်းသည် ခံတွင်းနံ့နံစေသောတရားခံများထဲမှ တစ်ခုပင်ဖြစ်သည်။ထို့ပြင်ကော်ဖီထဲရှိ ကဖိန်းဓါတ်သည် ပါးစပ်ကိုခြောက်သွေ့စေသည်။ သင့်ပါးစပ်မှ တံတွေးလုံလောက်စွာမထုတ်နိုင်လျှင် သင့်ပါးစပ်သည် နံလာမည်ဖြစ်သည်။ အကြောင်းမှာ တံတွေးကပါးစပ်ထဲရှိဘက်တီးရီးယားပိုးမွှားများကို သတ်နိုင်သောကြောင့်ဖြစ်သည်။ တံတွေးမရှိလျှင် ဘက်တီရီးယားပွားများကာ ခံတွင်းနံ့နံစေသည်။ တံတွေးကပုံမှန်သန့်ရှင်းပေးသော အစာအကြွင်းအကျန်များသည်လည်း တံတွေးမရှိသောအခါ ပြိုကွဲပြီးအနံ့နံစေသည်။ကော်ဖီသောက်ခြင်းကြောင့် ခံတွင်းနံ့နံရသည့်နောက်ဆုံးအချက်တစ်ခုမှာ ကော်ဖီတွင်ပြင်းထန်းသောအနံ့ရှိခြင်းကြောင့်ဖြစ်သည်။ အခြားအနံ့နံစေသောအရာများနှင့်ပေါင်းစပ်ကာ ဆိုးရွားသောခံတွင်းနံ့ ဖြစ်စေသည်။ ဥပမာ ကော်ဖီထဲတွင် နို့ထည့်သောက်ခြင်းကလည်း ဖြစ်စေသည်။ခံတွင်းနံ့မနံစေဘဲကော်ဖီသောက်ခြင်း။အသိသာဆုံးမှာ သွားတိုက်ခြင်းသည် cappuccino သောက်ပြီးနောက် မိတ်ဆွေများနှင့် နီးနီးကပ်ကပ်နေနိုင်ဖို့အလျင်မြန်ဆုံးနည်းလမ်းဖြစ်သည်။ ပီကေလည်း ဝါးရမည်ဖြစ်သည်။ သင်သည် သွားကြားထိုးတံကို အနံ့သက်သာအောင်သုံးနိုင်သည်(သို့) စမုန်စပါးစေ့များ ဝါး၍ရသည်။လက်ဖက်စိမ်း သောက်တတ်အောင်ကြိုးစားပါ။ လက်ဖက်စိမ်းသည် ဆွေးသောသွားမှထုတ်သည့် အရောင်စွန်းသည့်ဆာ(လ်)ဖာဓါတ်ကို ဖယ်ပေးနိုင်သည်။ လေ့လာသူများမှ လက်ဖက်စိမ်းသည် အစာစားပြီးနောက် သွားကိုသန့်ရှင်းပေးသည့် တံတွေးထွက်အောင် လှုံ့ဆော်ပေးသည်ဟု အကြုံပြုသည်။ ရေတစ်ဖန်ခွက်သည် ကော်ဖီကိုဆေးကြောပေးရာတွင် ကူညီနိုင်သည်။သင့်ပါးစပ်ထဲမှ တံတွေးပိုထွက်လာအောင် လုပ်ပေးနိုင်သော လျှင်မြန်လွယ်ကူသည့်နည်းလမ်းမှာ- ပန်းသီးစားပေးပါ။ ၎င်းတွင် တံတွေးထွက်စေသည့် အင်ဇိုင်းများရှိသည်။ (သို့)ဂျင်းလက်ဖက်ရည်သောက်ပြီး အနံ့ဖြစ်စေသည့် ဘက်တီးရီးယားများတိုက်ခိုက်ပါ။(သို့) ဒိန်ချဉ်စားပါ။ ၎င်းတွင် ဘက်တီးရီးယားကို ဆန့်ကျင်နိုင်သည့် ဂုဏ်သတ္တိများရှိသည်။ (သို့) ခံတွင်းနံ့ကိုေ ကာင်းကောင်းတိုက်ခိုက်နိုင်သည့် လေးညှင်းကိုဝါးစားပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/%e1%80%80%e1%80%b1%e1%80%ac%e1%80%ba%e1%80%96%e1%80%ae%e1%80%94%e1%80%b6%e1%80%b7%e1%80%94%e1%80%b6-%e1%80%9e%e1%80%b1%e1%80%ac%e1%80%81%e1%80%b6%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%94/
အစားတစ်လုတ်ကြောင့် ဘေဘီလေးတို့ ဒုက္ခမရောက်စေဖို့
ကလေးလေးတစ်ယောက်ကောင်းကောင်းမွန်မွန်ကြီးပြင်းလာစေဖို့မိဘတွေအနေနဲ့ အဖက်ဖက်က ဂရုစိုက်ရပါတယ်။ ဒီလိုဂရုတစိုက်နဲ့ အရိပ်တကြည့်ကြည့်မွေးထားတဲ့ ကလေးလေးတစ်ယောက် ကိုယ်ကျွေးလိုက်မိတဲ့ အစားတစ်လုတ်ကြောင့် ဒုက္ခရောက်မှာကိုတော့ ဘယ်မိဘမှဖြစ်ချင်မယ်မထင်ပါဘူးနော်။ ဒီတော့ အစားတစ်လုတ်ကြောင့် ကိုယ့်ရင်သွေးလေးဒုက္ခမရောက်စေဖို့ အန္တရာယ်ကင်းကင်းနဲ့ အစားဘယ်လိုကျွေးမလဲပြောပြမယ်နော်။အစာသီးတာ၊ နင်တာက အခန့်မသင့်ရင် ကလေးကိုသေစေနိုင်တာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အစားအစာကျွေးတဲ့အခါ သီးတာနင်တာမျိုးတွေမဖြစ်စေဖို့ အပေါ်မှာပြောခဲ့တဲ့ အချက်လေးတွေကို ဂရုစိုက်ပေးစေချင်ပါတယ်နော်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အစားအစာပြင်ဆင်တဲ့အခါ ဂရုစိုက်ပေးရမှာလေးတွေရှိပါသေးတယ်နော်။အရမ်းသေးလွန်းတဲ့ အစားအစာတွေ–အခွံမာသီးတွေ၊ အစေ့အဆန်တွေ၊ ပြောင်းဖူး၊ ချယ်ရီခရမ်းချဉ်သီး၊ ပြောင်းဖူးပေါက်ပေါက်တို့လိုမျိုးအရာတွေမကျွေးပါနဲ့။လည်ချောင်းထဲကို အလွယ်တကူဝင်သွားနိုင်တဲ့ အစားအစာတွေ– သစ်သီးသေးသေးလေးတွေ၊ စပျစ်သီး၊ ဘယ်ရီသီးနဲ့ ချယ်ရီသီးတို့လိုမျိုးပေါ့။ ရေခဲတုံးလေးတွေ၊ အနီရောင်အသားနဲ့ ကြက်သားတွေကို ခပ်ကြီးကြီးတုံးထားတာမျိုး နဲ့ ဝါးရခက်တဲ့ သကြားလုံးတွေ၊ ချိုချဉ်တွေ မကျွေးပါနဲ့။ အခန့်မသင့်ရင် နင်တာ၊ သီးတာဖြစ်စေနိုင်တာကြောင့်ပါ။ စပျစ်သီးတွေကို တစ်လုံးကို ၄ စိတ်လောက်စိတ်ပြီးကျွေးပေးပါ။စေးကပ်တဲ့အစားအစာတွေ မကျွေးပါနဲ့-မြေပဲထောပတ်၊ ယိုတွေ၊ ဝါးစားလို့ရတဲ့ ချိုချဉ်တွေ၊ marshmallowတွေ၊ ဂျယ်လီလေးတွေ၊ သစ်သီးခြောက်တွေမကျွေးပါနဲ့။ပေါင်မုန့်ကို ယိုသုတ်ကျွေးချင်တယ်ဆိုရင်တောင် ခပ်ပါးပါးလေးပဲ သုတ်ပြီးကျွေးပါ။ဘေဘီလေးတွေ အစားမတော် တစ်လုတ်ကြောင့် အသက်အန္တရာယ်မထိခိုက်စေဖို့နေ့စဉ် ဒီအချက်လေးတွေကို ဂရုစိုက်ပေးပါနော်……။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%90%e1%80%85%e1%80%ba%e1%80%9c%e1%80%af%e1%80%90%e1%80%ba%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%98%e1%80%b1%e1%80%98%e1%80%ae/
null
null
parenting
parenting
https://hellosayarwon.com/parenting/child-health/malnutrition/pem/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%80%e1%80%ad%e1%80%af%e1%80%9c%e1%80%80%e1%80%ba%e1%80%85%e1%80%91%e1%80%9b%e1%80%b1%e1%80%ac%e1%80%90%e1%80%80%e1%80%ba%e1%80%94%e1%80%b1%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%99/
Betony
Betony ဟာ mint မျိုးနွယ်ဝင် အပင်တစ်မျိုး ဖြစ်ပါတယ်။ သူ့ကို အနောက်ပိုင်းနဲ့ တောင်ဥရောပတွေမှာ အနှံ့အပြား ဖြန့်ဝေ အသုံးပြုကြပါတယ်။ Betony ကို အခြောက်ခံပြီး ဆေးအဖြစ်လည်း အသုံးပြုကြပါတယ်။Betony ဟာ သွေးတိတ်စေတဲ့ ဆေးအဖြစ် အသုံးပြုနိုင်ပြီး အာလုပ်ကျင်းရည် (သို့) လက်ဖက်ရည် အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ သူ့ကို စိတ်ပူပန်ခြင်းတွေကို ကုသဖို့ အသုံးပြုနိုင်ပြီး တင်ချာရည် (သို့) အငွေ့အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ Betony ကို အောက်ပါ အခြေအနေတွေကိုကုသဖို့ အသုံးပြုနိုင်ပါတယ်။အခြားအပင်တွေနဲ့ ရောသုံးရင် Betony ကို အာရုံကြောကြောင့် နာကျင်ခြင်းနဲ့ စိတ်ပူခြင်းတွေ အတွက် အသုံးပြုနိုင်ပါတယ်။Betony ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဒါပေမယ့် လေ့လာမှု အချို့ကတော့ သူ့မှာ အောက်ပါ အာနိသင်တွေ ရှိတယ်လို့ ဆိုပါတယ်။သွေးတိတ်စေခြင်း၊ ဝမ်းလျှောတာ ရပ်စေခြင်း။သူ့မှာ tannin content များတာကြောင့် Betony ကို ဝမ်းလျှောခြင်း၊ ပါးစပ်၊ လည်ပင်း ယားယံခြင်းတွေကို ကုသဖို့ အသုံးပြုပါတယ်။ Betony ကို ဝမ်းပိတ်ဆေးအဖြစ် သုံးလို့ရတယ်ဆိုတဲ့ လေ့လာမှုတွေကို တိရိစ္ဆာန်တွေ မှာရော လူတွေမှာပါ ပြုလုပ်ထားခြင်း မရှိပါဘူး။စိတ်ငြိမ်ဆေး။Betony ဟာ စိတ်ငြိမ်စေတဲ့ အစွမ်းတွေ ပါဝင်ပြီး အာရုံကြော တင်းကျပ်မှုနဲ့ နာကျင်မှုတွေကို သက်သာစေပါတယ်။ Betony ကို စိတ်ငြိမ်ဆေးအဖြစ် သုံးလို့ရတယ်ဆိုတဲ့ လေ့လာမှုတွေကို တိရိစ္ဆာန်တွေ မှာရော လူတွေမှာပါ ပြုလုပ်ထားခြင်း မရှိပါဘူး။ အခြားအပင်တွေ ဖြစ်တဲ့ comfrey (သို့) linden တို့နဲ့ ပေါင်းပြီး အသုံးပြုရင် သူဟာ ခေါင်းကိုက်ခြင်းနဲ့ ချွဲကျပ်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။Betony ဟာ သွေးပေါင်ကို ပြောင်းလဲစေပါတယ်။ ခွဲစိတ်မှုလုပ်နေစဉ်နဲ့ လုပ်အပြီးမှာ သွေးပေါင်ထိန်းချုပ်မှုကို အနှောင့်အယှက်ပေးနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိပါတယ်။ ဒါကြောင့် သူ့ကို ခွဲစိတ်မှု မပြုလုပ်ခင် အနည်းဆုံးနှစ်ပတ်ကြိုပြီး အသုံးပြုမှု ရပ်တန့်သင့်ပါတယ်။သွေးပေါင်၊ သွေးခုန်နှုန်း၊ အသည်းလုပ်ဆောင်မှုဆိုင်ရာ စစ်ဆေးမှုတွေကို Betony သုံးစဉ်မှာ အသည်းပျက်စီးခြင်းကို သိရှိစေဖို့ အမြဲစစ်ဆေးနေသင့်ပါတယ်။Betony ကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Betony ဟာသားအိမ် ကို လှုံ့ဆော်နိုင်တာကြောင့် ကိုယ်ဝန်ရှိနေစဉ်အတွင်းမှာ အသုံးမပြုသင့်ပါဘူး။ နို့တိုက်နေစဉ်မှာ ဒီအပင်အသုံးပြုခြင်းကို ရှောင်ကျဉ်သင့်ပြီး နောက်ထပ် လေ့လာမှုတွေ မရှိမချင်း ကလေးတွေမှာလည်း အသုံးပြုဖို့ မသင့်ပါဘူး။ပမာဏ အများကြီး အသုံးပြုခြင်းဟာ အစာခြေလမ်းကြောင်း ယားယံမှုတွေဖြစ်စေနိုင်တာကြောင့် ပမာဏ အနည်းငယ်ကိုသာ အသုံးပြုသင့်ပါတယ်။Betony ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။အသည်းပျက်စီးခြင်း၊ အစာခြေလမ်းကြောင်း ယားယံခြင်း၊ ပျို့ခြင်း၊ အစာစားချင်စိတ် မရှိခြင်း။လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။Betony ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Betony ဟာ သွေးပေါင်ကျစေနိုင်ပါတယ်။ သွေးပေါင်ကျတတ်တဲ့သူတွေမှာ သွေးပေါင်ပိုပြီး ကျစေနိုင်ပါတယ်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။ယခုဖော်ပြပါအချက်အလက်တွေဟာ ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာမှာ အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။Betony ကို အသုံးပြုရမယ့် အချိုးအစားက ဘယ်လောက်လဲ။Betony ကို လက်ဖက်ရည်၊ အာလုပ်ရည်နဲ့ အငွေ့အဖြစ် အသုံးပြုနိုင်ပါတယ်။ Betony ကို တင်ချာရည် အဖြစ်သုံးမယ် ဆိုရင် 2-4ml ကို တစ်နေ့မှာ ၂ခါကနေ ၃ခါ အသုံးပြုနိုင်ပါတယ်။Betony ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။Betony ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/betony/
မွေးရာပါလျှာခင်တွယ်ဆက်ခြင်း
လျှာခင်တွယ်ဆက်ခြင်းဆိုတာကမွေးရာပါရောဂါတစ်ခုပါ။ လျှာလှုပ်ရှားရခက်တဲ့အခြေအနေတစ်မျိုးပါ။လျှာနဲ့ခံတွင်းအောက်ခြေကို တွယ်ဆက်ထားတဲ့တွယ်ဆက်တစ်ရှုးတွေများလွန်းနေတာကြောင့် လျှာကလှုပ်ရှားရခက်နေတာပါ။ လျှာခင်တွယ်ဆက်နေတဲ့ကလေးငယ်တွေဟာ နို့သောက်ရာမှာ အက်အခဲရှိနိုင်သလို အစားစားတဲ့အခါ၊ စကားပြောတဲ့အခါမျိုးနဲ့ မျိုချတဲ့အခါမျိုးမှာ အခက်အခဲတွေဖြစ်နိုင်ပါတယ်။ဒီရောဂါလက္ခဏာတစ်ခုပါ။ အကြောင်းအရင်းကတော့ ဘာကြောင့်ရယ်လို့ တိတိကျကျမရှိပါဘူး။ ဒါပေမယ့် လျှာခင်တွယ်ဆက်မှုတော်တော်များများက မျိုးရိုးလိုက်တာကြောင့်ဖြစ်ရတာပါ။ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ယောက်ျားလေးတွေက မိန်းကလေးတွေထက် လျှာခင်တွယ်ဆက်နိုင်ခြေပိုများပါတယ်။ တစ်ခါတလေ မိသားစုတစ်စုထဲမှာ တစ်ယောက်မကဖြစ်နိုင်ပါတယ်နော်။လျှာခင်တွယ်ဆက်နေတယ်ဆိုရင် အခုလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်။နို့စို့အရွယ်ကလေးတွေမှာဆိုရင်။လျှာခင်တွယ်ဆက်မှုက ကလေးရဲ့ နို့စို့တာ၊ အစားစားတာ၊ မျိုချတာနဲ့ စကားပြောတာတွေမှာပါ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။နို့သောက်ရာမှာ အခက်အခဲရှိနိုင်တယ်– ကလေးကနို့စို့တဲ့အခါ လျှာကအောက်သွားဖုံးပေါ်ကိုရောက်နေပြီး ကလေးက နို့စို့ရာမှာ အခက်အခဲတွေဖြစ်စေနိုင်မှာပါ။ ကလေးက နို့စို့ရမယ့်အစား၊ မိခင်ရဲ့နို့သီးခေါင်းကို သွားဖုံးနဲ့ ကြိတ်နေသလိုဖြစ်နေနိုင်ပါတယ်။စကားပြောရာမှာ အခက်အခြဲဖစ်နေမယ်– ကလေးက စကားပြောတဲ့အခါ တ၊ဒ၊ ဇ၊စ၊ သ၊ လ နဲ့ ရ အသံတွေကိုမပီတာမျိုးဖြစ်နေနိုင်ပါတယ်။ခံတွင်းသန့်ရှင်းရေးအားနည်းမယ်– လျှာခင်တွယ်ဆက်နေတဲ့အခါ လျှာကကောင်းကောင်းမလှုပ်ရှားနိုင်တာကြောင့် သွားကြားထဲက အစားအစာတွေကိုကောင်းကောင်းမဖယ်ရှားနိုင်တာကြောင့် ခံတွင်းသန့်ရှင်းရေး အားနည်းတာမျိုးတွေခံစားရနိုင်ပါတယ်။ သွားပိုးစားတာနဲ့သွားဖုံးရောင်တာမျိုးတွေခံစားရနိုင်ပါတယ်။ခံတွင်းဆိုင်ရာလုပ်ဆောင်မှုတွေကို လုပ်ဆောင်ရခက်တယ်– လျှာခင်တွယ်ဆက်နေတာကြောင့်ရေခဲမုန့်ကို လျှာနဲ့ လျက်ပြီးစားတဲ့အခါမျိုး၊နှုတ်ခမ်းကိုလျှာနဲ့သပ်တဲ့အခါမျိုး၊လေမှုတ်တူရိယာတီးမှုတ်တဲ့ အခါမျိုးမှာ အခက်အခဲဖြစ်နိုင်ပါတယ်နော်။လျှာခင်တွယ်ဆက်တာက တစ်ခါတလေမှာ ကုသမှုခံယူစရာမလိုဘဲ အရွယ်ရောက်လာတာနဲ့အမျှ သူ့အလိုလို သက်သာသွားတတ်ကြပါတယ်။ တကယ်လို့ ဒီလိုမှ မဟုတ်ဘူးဆိုရင် ကလေးကို ခွဲစိတ်မှုလုပ်ပေးဖို့လိုပါမယ်။ ခွဲစိတ်မှုလုပ်တဲ့အခါမှာလည်း တတ်သိနားလည်တဲ့ ဆရာဝန်တွေနဲ့လုပ်ဆောင်ဖို့လိုအပ်ပါမယ်။ ငယ်စဉ်မှာလုပ်ဆောင်ပေးတာက ထိရောက်မှု အရှိဆုံးပါ။ခွဲစိတ်မှုက စက္ကန့်ပိုင်းလောက်ပဲ ကြာမြင့်မှာဖြစ်ပြီး ခွဲစိတ်မှုလုပ်ပြီးတာနဲ့ ကလေးကိုနို့တိုက်လို့ရပါတယ်။ အနာကျက်ဖို့ကတော့ ၂၄ နာရီကနေ အလွန်ဆုံး ၄၈ နာရီအထိပဲကြာမြင့်နိုင်ပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/tongue-tie/
နံနံပင် (Coriander)
နံနံပင်ကို အစာအိမ်မကောင်းခြင်း၊ အစားအသောက်ပျက်ခြင်း၊ အူကျခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျောခြင်း၊ ဗိုက်ရစ်နာခြင်း၊ လေပွခြင်း၊ တို့ကဲ့သို့သော အစာအိမ်ပြသနာများကို ကုသရန်သုံးသည်။ ဝက်သတ်ပေါက်ခြင်း၊ လိပ်ခေါင်း၊သွားနာခြင်း၊သန်ကောင်၊ နှင့် အဆစ်နာခြင်းများတွင် လည်း အသုံးပြုနိုင်ပြီး ဘက်တီးရီးယားနှင့် မှိုကြောင့်ဖြစ်သော ရောဂါများတွင်လည်း အသုံးပြုသည်။နို့တိုက်မိခင်များတွင် နို့ထွက်များစေရန်လည်း Coriander ကို သုံးကြသည်။ အစားအသောက်တွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုပြီး အစာအဆိပ်သင့်ခြင်းကို ကာကွယ်ရန်လည်း သုံးကြသည်။ ဆေးနှင့် ဆေးလိပ်ထုတ်သည့်အခါတွင် အနံ့တစ်ခုအဖြစ်အသုံးပြု သကဲ့သို့ အလှကုန်များနှင့် ဆပ်ပြာများတွင် လည်း အနံ့အဖြစ် အသုံးပြုကြသည်။ဤဆေးပင်နှင့် ပတ်သတ်ပြီး လုံလောက်သော လေ့လာမှုများမရှိသော်လည်း ပိုမိုသိရှိနိုင်ရန် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် Coriander တွင်အဆီကျစေခြင်းနှင့်ဆီးချိုရောဂါကို သက်သောစေသော အာနိသင်မျာရှိကြောင်း အချို့သော လေ့လာမှုများက တွေ့ရှိထားသည်။ Coriander မှ ထုတ်သောအဆီကို အသုံးပြုသောအခါ ပိုးသတ်နိုင်သော အစွမ်းရှိကြောင်းကိုလည်း တွေ့ရှိထားသည်။Coriander ကို အလင်းရောင်နှင့် စိုစွတ်သောနေရာများနှင့် ဝေးရာတွင် အလုံပိတ်ဗူးထဲတွင် ထားပါ။Coriander ကို ခွဲစိတ်မှု မပြုလုပ်မီ ၂ပတ်အလိုတွင် အသုံးပြုခြင်းကို ရှောင်ပါ။Coriander ပင်သည် သွေးပေါင်ကျစေပြီး သွေးထဲမှ သကြားဓါတ်ကို ကျစေသည်။ သင့် သွေးပေါင်ချိန်နှင့် သကြားဓါတ်ကို စောင့်ကြည့် စစ်ဆေးပါ။ သင့်တွင်သွေးပေါင်ကျတတ်လျှင် သို့မဟုတ် သွေးပေါင်ကျဆေးများသောက်နေလျှင် Coriander ကို သတိနှင့် အသုံးပြုပါ။ဆေးဘက်ဝင် အပင်များကို အသုံးပြုသည့် အခါတွင် ဓါတုဆေးဝါးများကို အသုံးပြုသည်ထက် လိုက်နာရမည့် စည်းမျဉ်းများ နည်းတတ်သည်။ ဘေးကင်းစွာ အသုံးပြုနိုင်ရန် လေ့လာမှုများကို ပိုမိုပြုလုပ်ရန်လိုသည်။ ဤဆေးပင်ကို အသုံးပြုရာတွင် အန္တရာယ်ရှိနိင်သည် ဆိုသည်ကို သတိပြုရမည်။ ပိုမိုသိရှိနိုင်ရန် သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ဤဆေးပင်ကို ကိုယ်ဝန်ရှိနေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးမပြုရပါ။ ကလေးများကိုလည်း မပေးရပါ။ ဆေးပင်ကို ဓါတ်မတည့်သူများတွင် အသုံးမပြုရပါ။ဤဆေးပင်တွင် ဘေးထွက်ဆိုးကျိုးများစွာရှိသည်။• ပျို့အန်ခြင်း၊ အစားပျက်ခြင်း၊ အသည်းအဆီဖုံးသော အကျိတ်ဖြစ်ခြင်း။• ဓါတ်မတည့်ခြင်းကို တုံ့ပြန်ခြင်း၊။ဆေးပင်ကိုအသုံးပြုသော လူတိုင်း ထိုဘေးထွက်ဆိုးကျိုးများရှိမည်ဟု မဆိုလိုပါ။ သို့သော် အခြားသော ဆိုးကျိုးများလည်း ရှိနေနိင်သည်။ အကယ်၍ အခြားသော ဘေးထွက်ဆိုးကျိုးများကို စိတ်ပူပါက သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ဤဆေးပင်သည် အခြားသော သင်အသုံးပြုနေသော ဆေးဝါးများနှင့် ဓါတ်ပြုမှုများရှိနိုင်သည်။ အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ ဆီးချိုကျသောဆေးများ၏ အာနိသင်ကို ပိုများစေသောကြောင့် ထိုဆေးများကို သောက်နေစဉ် သတိနှင့် အသုံးပြုပါ။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။Coriander ကို အသုံးပြုရမည့် ပမာဏမှာ အသုံးပြုမည့် ပုံစံပေါ်တွင် မူတည်သည်။• အဆီအနှစ်- ရေနွေးဆူဆူ ၁၅၀ မီလီလီတာထဲတွင် ဆေးရည် ၂ ဇွန်းထည့်ပါ။ ၁၅ မိနစ်ထားပြီး အစားမစားခင် ၂၅၀ မီလီလီတာ သောက်နိုင်သည်။• ဆေးရည်- အစားစားပြီး ၁၀ စက် မှ အစက် ၂၀။• ဆေးပင်- တစ်ရက်လျှင် ၃ ဂရမ် ကို ခွဲပြီးသောက်ပါ။ဤဆေးပင်ကို အသုံးပြုလေ့ရှိသော ပမာဏမှာ လူနာတစ်ယောက်ချင်းစီတွင် ကွာခြားနိုင်ပါသည်။ သောက်ရမည့် ပမာဏသည် လူနာ၏ အသက်၊ ကျန်းမာရေး၊ နှင့် အခြားသော အခြေအနေများတွင် မူတည်ပါသည်။ ဘယဆေးပင်များသည် အမြဲတမ်း စိတ်မချရပါ။ ထို့ကြောင့် ဆေးပင်ကျွမ်းကျင်သူ သို့မဟုတ် ဆရာဝန်နှင့် သင့်တော်သောပမာဏကို ဆွေးနွေးပါ။ဤဘယဆေးပင်ကို အောက်ပါ ပုံစံများနှင့် ရနိုင်သည်။• အဆီအနှစ်။• ဆေးအရည်။• ဆေးပင်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/coriander-%e1%80%94%e1%80%b6%e1%80%94%e1%80%b6%e1%80%95%e1%80%84%e1%80%ba/
ကလေးငယ်ငယ် ရေချိုးပေးမယ်
လူ့လောကထဲရောက်လာတဲ့ အဖွဲ့ဝင်အသစ်လေးကို ကြိုဆိုတဲ့နေရာမှာ ဗဟုသုတတွေလေ့လာသင့်သလောက်လေ့လာထားမှတော်ကာကျပါတယ်။ ကိုယ်လုပ်နေကျအတိုင်း ကလေးကို ဖြစ်ကတတ်ဆန်းလုပ်ပေးရင် တကယ်တမ်း တစုံတခုဖြစ်လာတဲ့အခါ ကိုယ်ပဲရင်နာရမှာပါ။ နုနယ်လွန်းတဲ့ ကလေးလေးတွေရဲ့ဝေယျာဝစ္စတွေက လူကြီးတွေနဲ့မတူပါဘူး။ အသေးစိတ်ကအစ အရာရာဂရုစိုက်ရပါတယ်။ကလေးကိုပြုစုစောင့်ရှောက်တဲ့နေရာမှာ မိဘတွေကသန့်ရှင်းရေးကို အရမ်းဂရုစိုက်ကြပါတယ်။ရောဂါဝင်မှာကြောက်ပြီး ပစ္စည်းတွေသန့်မှ၊ ပတ်ဝန်းကျင်သန့်မှဖြစ်မယ်လို့ လက်ခံထားကြတာပါ။ ကလေးကိုလည်း သန့်ရှင်းနေမှဖြစ်မယ်ဆိုပြီးရေချိုးပေးဖို့ ကြိုးစားကြပါတယ်။တကယ်တော့မွေးကင်းစအရွယ်တွေကိုရေချိုးပေးဖို့မလိုသေးပါဘူး။ သူတို့ရဲ့အရေပြားက အရမ်းကိုခြောက်သွေ့လွယ်တဲ့အပြင် ချက်ကြိုးတွေမကြွေသေးတဲ့ကလေးကိုရေပတ်တိုက်သန့်စင်တာပဲ လုပ်ပေးသင့်ပါတယ်။ တစ်လမပြည့်သေးတဲ့ ကလေးငယ်ကိုနေ့တိုင်းရေချိုးပေးဖို့မလိုအပ်ပါဘူး။ အမြဲသန့်စင်ပေးဖို့လိုအပ်တဲ့ မျက်နှာ၊ လည်ပင်းနဲ့ပေါင်ကြားဧရိယာတွေကိုပဲရေမြှုပ် သို့မဟုတ်ရေဝတ်လေးနဲ့သန့်စင်ပေးလို့ရပါတယ်။ ကလေးကို တစ်ပတ်ကို နှစ်ကြိမ်လောက်ထက် ပိုပြီးရေမချိုးပေးပါနဲ့။ရေပတ်တိုက်ပေးပါ။မွေးကာစကလေးငယ်ကိုရေမြှုပ် သို့မဟုတ် တဘက်နုနုလေးကို ကြက်သီးနွေးရေလေးဆွတ်ပြီးရေပတ်တိုက်သန့်စင်ပေးတာအကောင်းဆုံးပါ။ မျက်နှာလေးနဲ့လက်လေးတွေကို မကြာခဏ သန့်စင်ပေးပါ။သေးခံ diaper လဲပြီးတိုင်းပေါင်ကြားတဝိုက်ကို ညင်သာစွာသန့်စင်ပေးပါ။လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေအသင့်ပြင်ထားပါ။ကလေးကိုရေချိုးပေးမယ်ဆိုရင် လိုအပ်မယ့်ပစ္စည်းတွေအသင့်ပြင်ထားဖို့လိုပါတယ်။ရေချိုးဆပ်ပြာ၊ တဘက်၊ ကလေးခေါင်းလျှော်ရည်၊ရေချိုးဇလုံ၊ရေနွေး စတာတွေအပြင်ရေချိုးပြီးရင် ကလေးကိုခြုံပေးမယ့် အနှီး၊ ဝတ်ပေးမယ့် အဝတ်အစားတွေကို အသင့်ပြင်ဆင်ထားပါ။ရေပတ်ပဲတိုက်မယ်ဆိုရင်ရေဝတ်တဘက်နုနု၊ ဂွမ်းလုံးလေးတွေ၊baby wipes၊ သေးခံ diaper စတာတွေပြင်ထားပါ။ ကလေးကိုအအေးမမိအောင် အချိန်ကွက်တိလှုပ်ရှားရတာဖြစ်လို့ အခုလိုပြင်ဆင်ထားမှတော်ကာကျမှာပါ။ရေအပူချိန်ကို စစ်ဆေးပါ။ကလေးကိုချိုးပေးမယ့်ရေကို အပူအအေး စမ်းကြည့်ဖို့အရေးကြီးပါတယ်။ ကြက်သီးနွေးရေနဲ့မှ အဆင်ပြေနိုင်မှာပါ။ ရေချိုးဇလုံထဲကို ရိုးရိုးရေထည့်ပြီးမှာ ရေနွေးကို နည်းနည်းချင်း လိုသလောက်ထည့်ပြီး သေချာရောမွှေပါ။ အပူအအေးချင့်ချိန်နိုင်ဖို့ လက်နဲ့စမ်းစမ်းကြည့်ပါ။ကလေးရေချိုးဆပ်ပြာနဲ့ရှန်ပူကိုသေချာရွေးဝယ်ပါ။အမွှေးနံ့ပြင်းတဲ့၊ အမြှုပ်ထွက်များတဲ့ရေချိုးဆပ်ပြာနဲ့ခေါင်းလျှော်ရည်တွေဘယ်တော့မှ မရွေးပါနဲ့။ ကလေးရဲ့အသားအရေကိုခြောက်သွေ့ယားယံစေနိုင်ပါတယ်။ရေချိုးတဲ့အခါ ကလေးကိုဘယ်လိုအနေအထား ချီထားမလဲလေ့လာပါ။ရေချိုးပေးတဲ့အခါ ကလေးကိုမြဲအောင်ကိုင်ထားဖို့၊ သက်တောင့်သက်သာရှိစေဖို့၊ အလွဲအချော်မဖြစ်စေဖို့ ၊ဘေးအန္တရာယ်ကင်းဖို့ သတိထားရပါမယ်။ရေနဲ့ ဆပ်ပြာနဲ့ဆိုရင် ကလေးကလှုပ်ရှားလိုက်တဲ့အခါ လက်ချော်သွားမှာစိုးရပါတယ်။ကလေးရဲ့ဦးခေါင်းနဲ့ ခန္ဓါကိုယ်အပေါ်ပိုင်းကို လက်မောင်းတစ်ဖက်နဲ့ပွေ့ချီထားပြီးနောက်တစ်ဖက်က လက်ခုပ်နဲ့ရေချိုးပေးပါ။ ကလေးရဲ့ကျောဘက်ကို ချိုးပေးမယ်ဆိုရင်တော့ ကိုယ့်ရဲ့လက်မောင်းပေါ် ကလေးကိုမှီလျက်ထားပြီး ရေချိုးပေးပါ။ ဒီလိုမျိုး အဆင်မပြေရင် ကလေးအသုံးအဆောင်အရောင်းဆိုင်တွေမှာ ကလေးရေချိုးထိုင်ခုံလေးတွေဝယ်လို့ရပါတယ်။ရေချိုးပေးရင် ဒါတွေသိထားပါ။ရေချိုးဇလုံထဲမှာ ကလေးကို တစ်ယောက်တည်း ခဏတောင်မထားခဲ့ပါနဲ့။ဒါကတော့ ထိုင်နိုင်နေပြီဖြစ်တဲ့အရွယ်လောက်အတွက်ပါ။ ကလေးကိုရေချိုးပေးနေရင်း အိမ်ရှေ့မှာကိစ္စပေါ်လာလို့ ခဏလောက် ကလေးကိုတစ်ယောက်တည်းထားခဲ့တာမျိုး မလုပ်ပါနဲ့။ သိပ်အန္တရာယ်များပါတယ်။ ကလေးငယ်တွေဟာ ၃ စင်တီမီတာ (၁.၂ လက်မ)ပဲရှိတဲ့ရေထဲမှာတောင်ရေနစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရေချိုးဇလုံကနေကျော်ထွက်တာ၊ရေဆော့ရင်းချော်လဲတာ၊ ထိမိခိုက်မိတာတွေဖြစ်နိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%84%e1%80%9a%e1%80%ba-%e1%80%9b%e1%80%b1%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%99%e1%80%9a%e1%80%ba/
အိမ်မှာ လက်သည်းသန့်စင်ခြင်း ကောင်းကောင်းပြုလုပ်နိုင်ရန်အတွက် အဆင့်၁၀ဆင့်
သင့်နေ့စဉ်လုပ်ငန်းဆောင်တာတွေရဲ့ ၅၀%ကို သင့်ခန္ဓါကိုယ်ရဲ့အခြားသော အစိတ်အပိုင်းတွေနဲ့စာရင် သင့်လက်တွေက ပိုပြီးလုပ်ဆောင် ပေးနေရတာပါ။ ဒီအသုံးများတဲ့ ခန္ဓါကိုယ် အစိတ်အပိုင်းလေးကို ဂရုစိုက်ဖို့ ကျွန်မတို့ ဘယ်လောက် စဉ်းစားပေးခဲ့ကြပါသလဲ။အထူးသဖြင့် ကျွန်မတို့ အမျိုးသမီးတွေပေါ့။ သူတို့ဟာ ပန်းကန်ဆေးတာကစ ကြမ်းတိုက်တာ အဆုံးအိမ် အလုပ်တွေလုပ်ရင်း ကျွန်မတို့ရဲ့ လက်ချောင်းလေးတွေဟာ အသားအရေနဲ့ တည့်သည်ဖြစ်စေ မတည့်သည်ဖြစ်စေ chemical အမျိုးမျိုးနဲ့ ပုံမှန်နီးပါး ထိတွေ့နေကြရတာမဟုတ်လား။သင့်ရဲ့ ပုံပန်းသဏ္ဍာန်ကို ဖော်ပြတဲ့ နေရာမှာ Manicure ကောင်းကောင်း လုပ်ထားခြင်းကလည်း တကယ်ကို အရေးပါပါတယ်။ ဒီနေရာမှာပဲ လက်သည်းတွေကို စွဲလမ်း တပ်မက်ခြင်း အစပြုတော့တာပါပဲ။အောက်မှာဖော်ပြထားတဲ့ လက်သည်းနဲ့ လက်တွေအတွက် ရိုးရှင်းတဲ့ အလှအပဆိုင်ရာ နည်းလမ်းတွေက သင့်ရဲ့ပုံစံကို ပိုပြီးကြည့်ကောင်းလာစေရုံသာမက သင့်လက်သည်းတွေကို ကျန်းမာသန်စွမ်းတဲ့ ပုံစံလည်း ပေါက်စေပါတယ်။ သင်ကိုယ်တိုင် သင့်လက်သည်းတွေကို ကြည့်ကောင်းလာအောင် အိမ်မှာဘယ်လိုပြုပြင်နိုင်မလဲဆိုတဲ့ ရိုးရှင်းတဲ့ နည်းလမ်းလေးတွေကို အောက်မှာဖော်ပြထားပါတယ်။(၁) ဂွမ်းစလေးကိုယူပြီး လက်သည်း ဖျက်ဆေးထဲနှစ်လိုက်ပါ။ ပြီးရင် သင်လက်သည်းဆိုးထားသည် ဖြစ်စေ မဆိုးထားသည်ဖြစ်စေ သင့်လက်သည်းတွေပေါ်မှာ ပွတ်တိုက်ပေးပါ။ ဘာကြောင့် လုပ်ရတာလဲ? ဘာလို့လဲဆိုတော့ လက်သည်းဖျက်ဆေးနဲ့ ဖျက်လိုက်ခြင်းက ကျွန်မတို့မျက်လုံးတွေနဲ့ မမြင်နိုင်တဲ့အရာတွေကိုဖယ်ရှားပေးနိုင်တယ်လေ။(၂) နောက်တစ်ဆင့်မှာ သင့်ရဲ့ လက်သည်းလေးတွေကို ရေနွေးဇလုံထဲမှာ ၅မိနစ်မှ ၁၀မိနစ် နှစ်ထားပေးပါ။ အဲ့လိုလုပ်ခြင်းက သင့်လက်သည်းတွေကို အလွယ်တကူ တိုက်စားပုံဖော်နိုင်ပါတယ်။ ရေအေးလာတဲ့အချိန် (သို့) အခန်းအပူချိန် ရောက်လာတဲ့အခါမှာတော့ သင့်လက်သည်းတွေကို ရေနွေးဇလုံထဲကနေ ထုတ်လို့ရပါပြီ။ သင့်လက်သည်းလေးတွေရဲ့ ပျော့ပျောင်းမှုကိုသင်စပြီးခံစားလာရမှာပါ။ လက်သည်းတွေကို သဘက်လေးနဲ့ ခြောက်အောင် သုတ်ပေးပါ။(၃) သင့်လက်သည်းတွေကို သင်ထားလိုတဲ့ အရှည်ထိညှပ်ပေးပါ။ စလုပ်တဲ့ လူတွေအတွက်ဆိုရင်တော့ သင့်လက်သည်းတွေ အလွယ်တကူ မကျိုးသွားဘူးလို့ထင်ရတဲ့ မတိုမရှည် အနေအထားထိ ညှပ်ပေးသင့်ပါတယ်။(၄) Nail Filer (လက်သည်းတိုက်ကိရိယာ) ကိုအသုံးပြုပြီးသင့်လက်သည်းတွေကိုပုံဖော်ပါ။ ဖန် နဲ့လုပ်ထားတာဖြစ်ဖြစ် emery board ဘုတ်ပြား နဲ့လုပ်ထားတာပဲဖြစ်ဖြစ် သင်အဆင်ပြေရာသုံးနိုင်ပါတယ်။ တကယ်လို့ ဒါကသင့်ရဲ့ ပထမဆုံး အကြိမ်ဆိုရင်တော့ အနည်းငယ် ကြမ်းတမ်းပြီး အတော်စိတ်ရှုပ်စရာ ကောင်းတယ်လို့ ခံစားရနိုင်ပါတယ်။ သင့်လက်သည်းကို တိုက်စားပုံဖော်တဲ့နေရာမှာ လက်သည်းအလည်ကိုပဲ ဦးတည်ပြီး တစ်ဖက်တည်းပဲ တိုက်ပေးပါ။ (ရှေ့တိုးနောက်ဆုတ်မတိုက်ပါနဲ့။ ဦးတည်ရာတစ်ဖက်တည်းကိုပဲတိုက်ပါ)။(၅) နောက်တစ်ဆင့်မှာလက်ချောင်းလေးတွေကို cuticle oil အဆီ လိမ်းပေးပါ။ သံလွင်ဆီသို့မဟုတ် jojoba oil ကိုပဲ အသုံးပြုမယ်ဆိုရင်လည်း ရပါတယ်။ လက်ချောင်းတစ်ချောင်းစီပေါ်ကို အစက်သေးသေးလေးချပြီး နာရီလက်တံအတိုင်း (သို့) နာရီလက်တံနဲ့ ပြောင်းပြန် နှိပ်နယ်ပေးပါ။(၆) လက်သည်းပန်းကုံးတွေကို cuticle pusher တွန်းတိုက်တံ အသုံးပြုပြီး အသာအယာ လက်ချောင်းတွေရဲ့ အနောက်ဘက်ကို တွန်းပေးပါ။ cuticle pusher တွေကို လက်သည်း အလှဖော်ပစ္စည်းများအစုံပါသောအိတ်တွင် ဖြစ်စေ တစ်ခုချင်းစီဖြစ်စေ ဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ အချို့လူတွေက လက်သည်းပန်းကုံးကို ညှပ်ပစ်တတ်ပါတယ်။ ကျွန်မကတော့ ဒါကို ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ မမြင်ဘူးရှင့်။ လက်သည်းပန်းကုံးတွေက လက်သည်းအောက်ခြေကို ဘက်တီးရီးယားတွေ မှိုတွေနဲ့ yeast တွေ ရန်ကနေ ကာကွယ်ပေးနေတာဖြစ်လို့ သင့်လက်သည်းအတွက် သူက အရေးပါပါတယ်။(၇) လက်မှာလိမ်းတဲ့Lotionကိုလက်တွေပေါ်မှာလိမ်းပေးပါ။ လက်သည်းပေါ်မလိမ်းပါနဲ့။ လက်သည်းပေါ်ကျန်ရစ်နေတဲ့ဆီတွေနဲ့ Moisture တွေကိုဖယ်ရှားဖို့ ဂွမ်းတံထိပ်လေးနဲ့ လက်သည်းကိုပွတ်ပေးပါ။(၈) လက်သည်းတစ်ခုချင်းစီအပေါ်မှာ အောက်ခံအလွှာဆိုးပေးပါ။(၉)လက်သည်းနီ သင့်စိတ်ကြိုက်အရောင် ရွေးပြီးဆိုးပါ။ လက်သည်းနီဆိုးတဲ့အခါ စုတ်ချက် ၃ချက်နဲ့ဆွဲသင့်ပါတယ်။ ပထမတစ်ချက်ကို လက်သည်းအောက်ခြေ အလယ်ကနေ အပေါ်ထိဆွဲတင်လိုက်ပြီး ဘေးတစ်ဖက်စီကနေ တစ်ချက်စီဆွဲပေးပါ။ ပထမတစ်ထပ် လုံးဝခြောက်သွားပြီဆိုရင် ဒုတိယတစ်ထပ် ထပ်ဆိုးပေးပါ။(၁၀) လက်သည်းတစ်ခုချင်းစီမှာ အခြောက်မြန်စေတဲ့ အပေါ်ဆုံးအလွှာ အကြည်ရောင်လေးထပ်ပေးပါ။ ဒါက လက်သည်းနီကို ပိုပြီးကြာကြာခံစေပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/nail-care/%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%9c%e1%80%80%e1%80%ba%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%9e%e1%80%94%e1%80%b7%e1%80%ba%e1%80%85%e1%80%84%e1%80%ba%e1%80%bc/
အသည်းမှထုတ်သော CRP ပရိုတင်း နှင့် နှလုံး ဆက်နွယ်မှုအကြောင်း
C-reactive protein(CRP)သည် အသည်းမှထုတ်သည့် အရာတစ်ခုဖြစ်သည်။ ၎င်းသည် ပရိုတင်းဖြစ်ကာ နှလုံးရပ်ခြင်းနှင့် လေဖြတ်ခြင်းတို့အတွက် ဖြစ်နိုင်ချေ အချက်ပြ တစ်ခုအဖြစ် ယူဆထားပါသည်။ CRPကို ထိခိုက်မှု(သို့) ရောဂါပိုးဝင်ခြင်းကြောင့် ရောင်ရမ်းခြင်းများဖြစ်ရာတွင် တွေ့ရှိနိုင်ပါသည်။ လတ်တလောလေ့လာမှုများတွင် CRP ပရိုတင်း ကို နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ ဥပမာ ကျန်းမာနေသော်လည်း ရောဂါဖြစ်နိုင်ချေအန ္တရာယ် များရှိသည့် သူများတွင် ရုတ်တရက် နှလုံးဖောက်ခြင်းကို ကြိုတင်ခန့်မှန်းရာတွင် သုံးနိုင်သည်။အကယ်၍သင်သည် နှလုံးရောဂါ(သို့) ရောင်ရမ်းမှုဖြစ်စေနိုင်သော ဗိုင်းရပ်စ်ပိုး(သို့) ဆီးပိုးဝင်းခြင်းတို့ လတ်တလောကြုံတွေ့ရလျှင်။သင့်ဆရာဝန်မှ သင်၏CRP ပမာဏကို စစ်ရန် အကြံပြုလိမ့်မည်။ CRP သည် ထိခိုက်မှု(သို့) ရောဂါပိုးတို့ကြောင့် ရသော ရောင်ရမ်းမှုတွင် တွေ့ရှိနိုင်သည်။• အဆုတ်ရောင်ရောဂါ။• ရေယုန်။• ကလက်မိုင်ဒီးယားပိုး (chlamydia)။• တုပ်ကွေးနှင့်ဆင်တူသော ဗိုင်းရပ်(စ်)ပိုးတို့ဖြစ်သည်။ရိုးရိုးသွေးဖောက်ခြင်းဖြင့် CRP ပမာဏ နှင့် ကိုလက်စထရော ကို တိုင်းနိုင်သည်။ လူတစ်ဦး၏နှလုံးဖောက်ခြင်းနှင့် လေဖြတ်ခြင်းဖြစ်ပွားနိုင်ချေနှုန်းကို ခန့်မှန်းရာတွင် homocysteine စစ်ဆေး နည်းက ပို၍တိကျပါသည်။နှလုံးရောဂါအတွက် ဖြစ်နိုင်ချေတစ်ခုအနေဖြင့် CRP ပမာဏကို စစ်ရာတွင် high sensitivity CRP assay(hs-CRP)ကို ထောက်ခံကြပါသည်။ အကြောင်းမှာ ဤနည်းသည် ရောင်ရမ်းမှုကို ရှာဖွေရာတွင် CRP ၏ အရင်နည်းများထက်ပို၍ တိကျသောကြောင့်ဖြစ်သည်။ hs-CRP အတွက် အကောင်းဆုံးရှိသင့်သော အတိုင်းအတာမှာ 1mg/L အောက် ဖြစ်သည်။ 1.0နှင့် 3.0mg/L အကြားအတိုင်းအတာမှာ ပျမ်းမျှဖြစ်နိုင်ချေ နှုန်းကိုညွှန်ပြကာ 3.0mg/L အထက်သည် မြင့်မားသော ဖြစ်နိုင်ချေကို ညွှန်ပြသည်။ ကံကောင်းစွာဖြင့် ကိုလက်စထရောနှင့် CRP အတွက် သွေးစစ်မှုကို တူညီသော သွေးဖောက်နည်း တစ်ကြိမ်တည်းဖြင့် ပြုလုပ်နိုင်သည်။လူသိများသော နှလုံးရောဂါ ဖြစ်နိုင်ချေ မြင့်စေသည့် အရာများသည် CRP ပမာဏ ကိုတက်စေသည်။ လတ်တလောတင်ပို့မှု၏ အဖြေများအရ ထိုဖြစ်နိုင်ချေများမှာ။• ဆေးလိပ်သောက်ခြင်း။• သွေးတိုးခြင်း။• ကိုယ်အလေးချိန်များခြင်း။• လေ့ကျင့်ခန်းမလုပ်ခြင်းတို့ဖြစ်သည်။မျိုးရိုးဗီဇသည်လည်း အရေးကြီးသောကဏ္ဍမှ ပါဝင်သည်။ အကယ်၍ သင့်မိဘများ(သို့) နီးစပ်ရာတွင် ဆွေမျိုးများတွင် CRP ပမာဏ မြင့်နေပါက သင်သည်လည်းဤပြဿနာကို ပို၍ကြုံတွေ့နိုင်ပါသည်။အချုပ်အားဖြင့်ဆိုသော် CRP ပရိုတင်း သည် နှလုံးရောဂါဖြစ်နိုင်ချေကို ခန့်မှန်းရာတွင် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်သည်။ နှလုံးရောဂါလူနာများတွင် CRP ပမာဏ နှင့် ၎င်း၏စမ်းသပမှု အကြောင်းကို ပြည့်ပြည့်စုံစုံသိရှိရန် လိုအပ်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%80%a1%e1%80%9e%e1%80%8a%e1%80%b9%e1%80%b8%e1%80%99%e1%80%bd%e1%80%91%e1%80%af%e1%80%90%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac-crp-%e1%80%95%e1%80%9b%e1%80%ad%e1%80%af%e1%80%90%e1%80%84%e1%80%b9/
အေးစက်နေတဲ့ ဆက်ဆံရေးကို ဘယ်လို ပြန်လည် ကြည်နူးလာအောင် လုပ်မလဲ
ဆက်ဆံမှု တစ်ခုမှာ သင်တို့ နှစ်ယောက်ဟာ တစ်ယောက် နဲ့ တစ်ယောက် စိတ်ဝင်စားမှု လျော့နည်းသွားပြီးနောက် အသည်းအသန် ပြန်လည် ချစ်ခင်ချင်ကြတာမျိုး ရှိနိုင်ပါတယ်။ နောက်တစ်မျိုး ပြောရရင် စစချစ်တုံးကလို ခံစားမှုမျိုး ပြန်လည် ရရှိချင်ကြပါတယ်။ ဒါကို ဘယ်လို လုပ်ယူမလဲ။ ဒီဆောင်းပါးမှာတော့ ဒီကိစ္စပေါ်မှာအကြံဉာဏ်တွေပေးသွားမှာ ဖြစ်ပါတယ်။ ကဲ …. ဒီတော့ အေးစက်နေတဲ့ ဆက်ဆံရေးကို ဘယ်လို ပြန်လည် ကြည်နူးလာအောင် လုပ်မလဲ ဆိုတာလေး ကြည့်လိုက်ရအောင်နော်။အေးစက်နေတဲ့ ဆက်ဆံရေးကို ဘယ်လို ပြန်လည် ကြည်နူးလာအောင် လုပ်မလဲဆိုတော့ သေချာ နားထောင်နော်။သင့်ရဲ့ပျောက်ဆုံးနေတဲ့ အချစ်ကို ပြန်လည် တွေ့ရှိဖို့ အဓိက အချက်ကတော့ နားလည်မှု ရှိဖို့နဲ့ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်မှု ရှိဖို့ပဲ ဖြစ်ပါတယ်။ စစချင်း ချိန်းတွေ့စဉ်က သင်ဟာ မျက်နှာကို ဖုန်း (သို့) အိုင်ပတ်ကိုပဲ ငုံ့ကြည့်နေမှာ မဟုတ်ပါဘူး။ သင့်ချစ်သူရဲ့ မျက်နှာကို ကြည့်ပြီး သူဘာစားချင်လဲ၊ ဘာသီချင်း နားထောင်ချင်လဲ ဆိုတာကို ဂရုစိုက်နေမိမှာပါ။ ဒါပေမယ့် ဒါတွေ အကုန် သိပြီးသား ဖြစ်သွားပြီဆိုရင်တော့ သူမကို လျစ်လျူရှုဖို့ ဖြစ်လာပါတယ်။တစ်နေ့တစ်နေ့ ဖြစ်ပျက်နေတဲ့ အရာတွေ အများကြီး ရှိပြီး သင်ချစ်သူ ရှိခြင်းဟာလည်း သူမရဲ့ ခံစားမှုတွေ၊ အတွေးတွေ၊ ဒုက္ခတွေကို မျှဝေ ခံစားဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အတွက် ဂရုစိုက်မှုနဲ့ အလေးထားမှုကို ပြသဖို့ဟာ အရေးကြီးပြီး ပြောစရာ စကားပျောက်ဆုံးသွားတယ်ဆိုတာ မရှိသင့်ပါဘူး။ ဒါ့ပြင် ဒီလိုလုပ်ခြင်း အားဖြင့် နီးကပ်မှုနဲ့ ဆက်နွယ်မှု၊အကောင်းမြင်စိတ်နဲ့ ပွင့်လင်းတဲ့ စိတ်တွေကို ဖန်တီးပေးပါတယ်။သင့်ချစ်သူ စကားစပြောရင် ကိုယ်လုပ်နေတဲ့ အရာကို ရပ်နားထားသင့်ပြီး သူမနဲ့ မျက်လုံးချင်း ဆုံအောင် ကြည့်ကာ သေချာစွာ နားထောင်သင့်ပါတယ်။ ဒါဟာ သူမကို အလေးထားမှုကို ပြသပြီးတော့ ဘာပြောမလဲ ဆိုတာ စိတ်ဝင်စားဟန် ပြတာပဲ ဖြစ်ပါတယ်။ အတွေးတွေ၊ ခံစားမှုတွေနဲ့ တစ်နေ့တာ အဖြစ်အပျက်တွေကို မျှဝေခြင်းဟာ လူနှစ်ယောက်ကို ဆက်သွယ်ဖို့ ပြီးပြည့်စုံတဲ့ နည်းလမ်း တစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် နားထောင်ပေးဖို့ ကြိုးစားသင့်ပါတယ်။အခြား တစ်ဖက်မှာလဲသင်မအားဘူးဆိုရင်(သို့) အခု လုပ်မှဖြစ်မယ့် အရေးကြီးတဲ့ အရာ တစ်ခု ရှိတယ် ဆိုရင် သူမကို ညင်သာပျော့ပြောင်းစွာ ပြောပြီး လေးစားသမှုနဲ့ ခွင့်တောင်းပါ။ အခု သူနဲ့ စကားပြောချင်ပြီး သူပြောတာကို နားထောင်ချင်သော်လည်း အခုလုပ်နေတာကို အပြီးသတ်ဖို့ အချိန် ခဏလောက် ရနိုင်မလားလို့ မေးပါ။ နားလည်မှုအတွက် ခွင့်တောင်းပြီး သင်ပေးထားတဲ့ ကတိကို ကိစ္စပြီးပြီးချင်း သတိရပါ။သင်မြင်တဲ့ အတိုင်း ဆက်ဆံမှု တစ်ခုကို အမြဲ ကျန်းမာသန်စွမ်းနေအောင် လုပ်ဖို့ဆိုတာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ အချိန်တွေ၊ အင်အားတွေနဲ့ စိတ်ရှည်မှုတွေ လိုအပ်ပါတယ်။ တကယ်လို့ သင့်ချစ်သူနဲ့ ပြဿနာတွေအဆင်မပြေဘူးဆိုရင် ကျွမ်းကျင်သူနဲ့ နှစ်ယောက်လုံး ပြသသင့်ပါတယ်။ သင်တို့ ကြားမှာ ရှိတဲ့ ပြဿနာတွေကို အချိန်ရွှေ့လေလေ သင်တို့ ဆက်ဆံမှု အဆုံးသတ်ဖို့ အခွင့်အလမ်း များလေလေပါပဲ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/ways-to-rekindle-the-spark-in-your-relationship/
သောက်သုံးရေ ရဲ့သက်တမ်း
နေ့စဉ် ရှင်သန်လှုပ်ရှားနိုင်ဖို့ ရေက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ထမင်းအသက် ၇ ရက်ရေအသက် တစ်မနက် ရယ်လို့တောင် ဆိုရိုး ရှိတယ်လေ။ ဒီလို နေ့စဉ်ခန္ဓါကိုယ်ရဲ့ပြောင်းလဲမှု ဖြစ်စဉ်တွေကို ကောင်းမွန်စွာ လည်ပတ်နိုင်စေဖို့ အရေးကြီးတဲ့ ရေကို အခုနောက်ပိုင်းမှာ ရေသန့်ဗူးတွေနဲ့ ထည့်သွင်းပြီး PH7 ရေသန့်စစ်စစ်လို့ ရောင်းချလာကြပါတယ်။ ဒီဗူးတွေထဲမှာ ထည့်ထားတဲ့ သောက်သုံးရေ ရဲ့ သက်တမ်းက ဘယ်လောက်အထိပဲ စိတ်ချရတာလဲ ဆိုတာကို စဉ်းစားမိပါရဲ့လား။ ဒီဆောင်းပါးလေးထဲမှာ ရေသန့်ဗူးတွေထဲက ရေရဲ့ သက်တမ်းကို ပြောပြပေးမယ်နော်။ ကဲ …. သောက်သုံးရေ ရဲ့သက်တမ်း အကြောင်း လေ့လာလိုက်ဦးစို့နော်။ရေက လူကြိုက်များတဲ့ သောက်စရာ တစ်ခုပါ။ ရေက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများပြီး ဘေးထွက်ဆိုးကျိုး လုံးဝ မရှိပါဘူးငွေကြေးကုန်ကျမှု နည်းတဲ့ သောက်စရာ တစ်မျိုးလည်း ဖြစ်ပါတယ်။ လူတွေက ရေဗူးတွေကို အိမ်မှာ နေ့စဉ် သောက်သုံးဖို့၊ ခရီးသွားတဲ့အခါ ယူသွားဖို့၊ ဒါမှမဟုတ် အပြင်သွားတဲ့အခါ လွယ်လင့်တကူ သောက်သုံးလို့ ရအောင် ယူဆောင်သွားကြတာပါ။အမှန်တော့ သောက်သုံးရေ ရဲ့သက်တမ်း မှာ ကုန်ဆုံးတယ် ဆိုတာ မရှိပါဘူး။ ထည့်သွင်းထားတဲ့ ဗူးအနေအထားကြောင့်သာ ရေထဲမှာ ဓါတုဓါတ်ပြုမှုတွေ ဖြစ်နိုင်တာပါ။ FDA ကချမှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း လိုက်နာလုပ်ဆောင်ပြီး ထုတ်လုပ်ထားမယ်ဆိုရင် ရေဗူးထဲကရေရဲ့ သက်တမ်းက ၂ နှစ်အထိ ကြာမြင့်မှာပါ။ ရေရဲ့နောက်ထပ်ဂုဏ်သတ္တိတစ်ရပ်က သူကိုယ်တိုင်အဆိပ်အတောက် ဖြစ်စေတာမျိုး မရှိပါဘူး။ ဥပမာ ပြောပြရရင် မြစ်ရေက လူတွေနဲ့ စက်ရုံတွေရဲ့စွန့်ပစ်ပစ္စည်းတွေကြောင့်သာ ညစ်ညမ်းတာဖြစ်ပြီး သူ့အလိုလို ညစ်ညမ်းနေတယ်ဆိုတာ မရှိပါဘူး။ ကန်ရေတွေ ညစ်ညမ်းတာကလည်း လူတွေရဲ့ မဆင်မခြင် လုပ်ရပ်တွေကြောင့်ပါ။ ဒီလိုပါပဲ သောက်သုံးရေတွေမှာလည်း သက်တမ်း ကုန်ဆုံးသွားတယ်။ ညစ်ညမ်းသွားတယ်ဆိုတာ မရှိပါဘူး။အခု ပြောပြချင်တာကလည်း ဗူးတွေမှာ ထည့်ထားတဲ့ ရေတွေက နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မယ် ဆိုရင် ဗူးကို ထုတ်လုပ်ထားတဲ့ ပလပ်စတစ် မှာပါတဲ့ ဓါတုပစ္စည်းတွေက ထွက်လာပြီး ရေထဲမှာပျော်ဝင်သွားတဲ့အခါ ရေက ကျန်းမာရေးကို ထိခိုက်လာစေနိုင်မှာပါ။ နောက်တစ်ချက်က ရေဗူးတွေကို သိုလှောင်တဲ့အခါ အေးမြပြီး နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှု မရှိတဲ့နေရာမှာ သိမ်းထားသင့်ပြီး ရေဗူးတွေကို သန့်ရှင်းရေးသုံး ပစ္စည်းတွေ၊ ဓါတ်ဆီထည့်ထားတဲ့ ဗူးတွေ၊အိမ်သုတ်ဆေးဗူးတွေ နဲ့ အခြား အနံ့ပြင်းတဲ့ အရာတွေ၊ အဆိပ်အတောက် ဖြစ်စေတဲ့ အရာတွေနဲ့ အတူတူကပ်ပြီး သိမ်းဆည်းတာမျိုး မလုပ်သင့်ပါဘူး။သောက်သုံးရေကို ဗူးထဲထည့်ပြီး အခန်းအပူချိန်မှာ ထားသောက်သုံးမယ်ဆိုရင် ၄ နာရီကနေ ၈ နာရီအတွင်းပဲ ထားသင့်ပါတယ်။ တကယ်လို့ ရေခဲသေတ္တာထဲ ထည့်ထားမယ်ဆိုရင် ၄ ရက် ကနေ ၅ ရက်အထိ ထားလို့ရပါတယ်။ ရေကို အမြဲတမ်း သန့်ရှင်းနေစေချင်ရင် ဖွင့်သောက်ပြီးတာနဲ့ ဗူးကို ရေခဲသေတ္တာထဲ ချက်ချင်းထည့်လိုက်ပါ။လေ့လာမှုတွေအရ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ထားတဲ့ ရေဗူးထဲက ရေကို သောက်သုံးမှုကြောင့် အမျိုးသမီးတွေမှာရင်သားကင်ဆာခံစားကြရပြီး အမျိုးသားတွေမှာလည်း ကင်ဆာရောဂါတွေ ခံစားရတာရှိပါတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ရေသန့်ဗူးတွေကို သောက်သုံးတဲ့အခါ ကျန်းမာရေးနဲ့ ညီညွတ်ပြီး PH7 ပြည့်ဝတဲ့ ရေကို သောက်သုံးမိစေဖို့အတွက် နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ထားတာ မရှိဘဲအေးမြပြီး နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှု မရှိတဲ့ နေရာမှာ သပ်သပ်ရပ်ရပ် သိမ်းဆည်းထားဖို့ လိုပါမယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/life-of-driking-water/
ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတွေကို ဘာတွေ ပြင်ဆင်ပေးမလဲ ။
ဆီးချိုရဲ့ နောက်ဆက်တွဲ ကျောက်ကပ် ထိခိုက်လို့ပဲ ဖြစ်ဖြစ်၊သွေးတိုးရဲ့ နောက်ဆက်တွဲ ကျောက်ကပ်ထိခိုက်လို့ပဲ ဖြစ်ဖြစ်ကျောက်ကပ်ဆေးနေရတယ်ဆိုရင် အနေအထိုင် အစားအသောက် အတော်လေး ဂရုစိုက်ရတာပါ။ အခုတစ်ခေါက်တော့ ကျောက်ကပ်ထိခိုက်တာကြောင့် ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတွေကို ဘာတွေ ပြင်ဆင်ပေးမလဲ ဆိုတာကို  ပြောပြပေးပါရစေ။ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတို့ကိုအာဟာရလည်းပြည့်ခန္ဓာကိုယ်လည်း ကျန်းမာစေဖို့ ဆိုရင်။အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး တစ်နေ့တာ လိုအပ်တဲ့ပရိုတင်းပမာဏကို မေးမြန်းပါ။ ကျောက်ကပ်ဆေးနေတဲ့အချိန်မှာ မဆေးခင်ကထက် ပရိုတင်း ပိုလိုနိုင်ပါတယ်။ပရိုတင်းဆိုတဲ့နေရာမှာလည်း ကွာလတီပြည့်ဝတဲ့ ပရိုတင်းတွေဖြစ်တဲ့ အနီရောင်အသား၊ ကြက်သား၊ ငါး၊ ဥ စတာတွေကို စားပေးရပါမယ်။ သက်သတ်လွတ်စားတဲ့သူဖြစ်နေရင်တော့ အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး ပရိုတင်းရနိုင်တဲ့ အသားမဟုတ်တဲ့ အစားအစာတွေကို ရှာဖွေရပါမယ်။နေ့စဉ် ချက်စားတဲ့ ထမင်းဟင်းတွေအပြင် သွားရေစာမုန့်တွေ စားတဲ့အခါ ဆိုဒီယမ်ပမာဏကို စစ်ဆေးပါ။ တစ်ခါစားစာမှာ ဘယ်လောက်ပါလဲ စစ်ဆေးပါ။ ဆားများတဲ့ မုန့်တွေကို များများစားမိလေလေ ဆိုဒီယမ်တွေ ကိုယ်ထဲမှာ များလေလေ ဖြစ်မှာပါ။ဟင်းချက်တဲ့အခါမှာလည်း ဆားလျှော့ဖို့၊ မလိုအပ်ဘဲ ဆားတွေ ထပ်မထည့်ဖို့ လိုပါတယ်။ တတ်နိုင်သမျှ ပေါ့ပေါ့သာ စားပါ။ အပြင်စာတွေ၊ အသင့်စား အစားအစာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေကို လျှော့စားပါ။အရသာရှိအောင် ဆားအစား ဟင်းခတ်အမွှေးအကြိုင်တွေ သုံးပါ။ရေသောက်တဲ့အခါ တစ်နေ့တာလုံး ဘယ်လောက်သောက်လဲဆိုတာကို မှတ်ထားပါ။ ရေအပြင် ‌တခြားဖျော်ရည်၊ ဟင်းချိုရည် စတာတွေကိုပါ မှတ်ထားဖို့ လိုပါတယ်။ ဒီတော့ နည်းလမ်းကို ပြောပြရရင် လီတာ အမှတ်ပါတဲ့ ရေဗူးတစ်ဗူး ဝယ်ထားပါ။ရေသောက်မယ်ဆို အဲ့ဗူးထဲကပဲ သောက်ပါ။ ဟင်းရည်သောက်တယ်ဆို သောက်တဲ့ပမာဏကို အဲ့ဗူးထဲက သွားလျှော့ပါ။ ဖျော်ရည်ဆိုရင်လည်း သောက်တဲ့ပမာဏအတိုင်း ဗူးထဲက ပြန်လျှော့ပါ။ဒီလိုမှ တစ်နေ့တာ သောက်တဲ့ ပမာဏကို မှန်မှန်ကန်ကန် တွက်နိုင်မှာပါ။ကျောက်ကပ်ဆေးနေတဲ့ သူတွေကပိုတက်ဆီယမ်နည်းတဲ့ အသီးအရွက်နဲ့ သစ်သီးတွေ ဥပမာ စပျစ်သီး၊ နာနတ်သီး၊ ဆလပ်ရွက်၊ ပဲစိမ်းတောင့်၊ သခွားသီး စတာတွေ စားပေးနိုင်ပါတယ်။ ထမင်းနဲ့ ခေါက်ဆွဲလည်း စားလို့ ရပါတယ်။ပိုတက်ဆီယမ်များတဲ့ နို့၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ မုန်ညင်း၊ ခရမ်းချဉ်သီး၊ ဘရိုကိုလီကိုတော့ ရှောင်ရပါမယ်။နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ဖော့စဖရပ် ပါဝင်တာကြောင့် ဘယ်လောက်ပမာဏစားလို့ရလဲ ဆိုတာကို အာဟာရဆရာဝန်နဲ့ တိုင်ပင်ပါ။ အစေ့အဆန်၊ ‌မြေပဲထောပတ်၊ ပဲ၊ ကလီစာ၊ ငါးသေတ္တာငါး စတာတွေ ရှောင်ပါ။ ကိုလာအအေးနဲ့ ဖွဲကနေ ထုတ်ထားတဲ့ ပေါင်မုန့်တွေကို ရှောင်ပါ။ လိုအပ်ရင် ဖော့စဖရပ် စွန့်ထုတ်ရလွယ်အောင် ဆရာဝန်က ဆေးပေးပါလိမ့်မယ်။ကျောက်ကပ် မကောင်းလို့ ကျောက်ကပ် ဆေးရတဲ့ နေ့စဉ်စားနေတဲ့ အစားအစာတွေကို သတိထားဖို့ လိုပါတယ်။ ကျောက်ကပ်က သွေးထဲက အညစ်အကြေးနဲ့ သတ္တုဓာတ်တွေကို အရင်လို မစွန့်ထုတ်နိုင်တော့တဲ့အတွက် စားတဲ့ပမာဏကို ထိန်းချုပ်မှ ရမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/best-foods-for-dialysis-patients/
ကလေး နို့ဗူးသောက်တဲ့အကျင့် ကို ဒီလိုဖျောက်ပါ
ကလေးကအရွယ်လေးရောက်လာပြီ အစားမစားဘူး၊နို့ဗူးပဲသောက်နေတယ်၊ အစားစားအောင်လို့ နို့ဗူးဖြတ်ချင်တယ်။ ဒါပေမယ့်ဘယ်လိုလုပ်ရမလဲ မသိဘူးဆိုတဲ့မေမေတွေများရှိနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက အဆင်ပြေစေမှာပါနော်။ ကလေး နို့ဗူးသောက်တဲ့အကျင့် ကို ဒီလိုဖျောက်ကြည့်လို့ ရပါတယ်။ကလေးကို နှစ်နှစ်အထိမိခင်နို့တိုက်ပေးတာက ခန္ဓာကိုယ်ကိုကျန်းမာစေနိုင်သလိုဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ပေးတယ်ဆိုပေမယ့် နို့ဗူးတိုက်တာကတော့ ဒီလိုမဟုတ်ပါဘူး။ ကလေးကို အသက်တစ်နှစ်လောက်ရောက်လာပြီဆိုရင် နို့ဗူးဖြတ်သင့်ပါပြီ။ကလေးကို အသက်၆လလောက်တည်းက ခွက်နဲ့ ကိုင်သောက်တတ်အောင် လေ့ကျင့်ပေးသင့်ပါတယ်။ အသက် ၁နှစ်လောက်အထိ ခွက်ကို သေချာမကိုင်ဘဲ နို့ဗူးပဲ စို့နေတယ်ဆိုရင် နို့ဗူးဖြတ်ဖို့ လိုပါပြီ။ ပစ္စည်းတွေကို ကိုင်တွယ်အသုံးပြုတာကကလေးရဲ့ ဖွံ့ဖြိုးမှုပဲဖြစ်တာကြောင့် နို့ဗူးပဲ စို့နေရင် အဆင်ပြေမှာ မဟုတ်ပါဘူး။တချို့ကလေးတွေက နို့ဗူးထဲက နို့ကို သောက်ချင်တာ မဟုတ်ဘဲ နို့ဗူးကို ပါးစပ်ထဲ ထည့်ထားရတာကို သဘောကျတာပါ။ ဒါကြောင့် ကြာလာတဲ့အခါသွားပိုးစားတာ ဖြစ်လာပါတယ်။ နို့ဗူးကို ခဏခဏသောက်တာကြောင့်အဝလွန်တာ၊ လိုအပ်တဲ့ အာဟာရတွေ မရတာကြောင့် ကြီးထွားမှုနှေးပြီး အာဟာရမပြည့်တာတွေ ဖြစ်လာနိုင်ပါတယ်။ကလေးတော်တော်များများက နို့ဗူးစို့ရတာကို တော်တော်လေးသဘောကျတတ်ပါတယ်။ ဒီလိုအခြေအနေမှာတော့ နို့ဗူးဖြတ်ဖို့ အခက်ကြုံနိုင်တာပေါ့။ နို့ဗူးဖြတ်တာက မိဘတွေအတွက် တော်တော်လေးကြီးမားတဲ့ စိန်ခေါ်မှုပါ။ ဒီလိုဆိုတာနဲ့ နို့ဗူးကိုလုံးဝဖြတ်လို့မရတာတော့ မဟုတ်ပါဘူး။ နည်းနည်းတော့ ခက်ခဲနိုင်တာပေါ့။ အခုပြောပြမယ့်နည်းလမ်းလေးတွေက ကလေးတစ်ယောက်ကို နို့ဗူးဖြတ်တဲ့အခါ အသုံးတည့်မှာပါနော်။ကလေးကို နို့ဖြတ်တော့မယ်ဆိုရင်။အရင်က တစ်ရက်ကို၃ခါလောက် သောက်တယ်ဆိုရင် တစ်ကြိမ်လောက်ကို ခွက်နဲ့ တိုက်ကြည့်ပါ။ မနက်ပိုင်းတွေမှာ စပြောင်းတာက အဆင်ပြေနိုင်ပါတယ်။ ဥပမာ မိသားစုထမင်းဝိုင်းမှာ လူတိုင်းက ခွက်နဲ့ သောက်ပြပြီး သူတစ်ယောက်တည်း နို့ဗူးစို့နေရင် သူကိုယ်တိုင်လည်း တစ်မျိုးကြီး ခံစားလာရလို့ပါ။ ညဘက်အိပ်ခါနီးတိုက်တဲ့ နို့ဗူးတွေကိုတော့ နောက်ဆုံးမှ ဖြတ်ပါ။ တချို့ကလေးတွေက နို့ဗူးလေးငုံပြီး အိပ်တတ်လို့ပါ။ဒီလိုနဲ့ နို့ဗူးစို့တဲ့ အကြိမ်ရေကို လျှော့လျှော့သွားပါ။ နောက်ပိုင်းကျရင် တစ်ရက်ကို တစ်ကြိမ်ပဲ နို့ဗူးပေးတာ၊ တစ်ရက်ခြားပဲ တိုက်တာတ စသဖြင့် လျှော့သွားလို့ ရပါတယ်။ခွက်အပွင်နဲ့ဆို ကလေးက စစချင်းမှာ သောက်တတ်မှာ မဟုတ်ပါဘူး။ နှုတ်သီးမာမာ လက်ကိုင်ကိုင်းလေးနဲ့ ခွက်ကို စပြီး သုံးကြည့်ပါ။ သူတို့ ကြိုက်တဲ့အရောင်၊ ကာတွန်းရုပ်လေးတွေကို အသုံးပြုကြည့်ပါ။ကလေးက ခွက်နဲ့ သောက်တဲ့အခါ “တော်လိုက်တာ၊ ကလေးကသောက်တတ်တယ်တော့၊ လိမ္မာလိုက်တာ”ဆိုတဲ့ ချီးကျူးစကားလေးတွေ  ပြောပေးပါ။ ဒီလိုပြောပေးတာက ကလေးကို ခွက်နဲ့သောက်ချင်စိတ်ဖြစ်လာအောင် လှုံ့ဆော်ပေးရာကျပါတယ်။ကလေးတွေ နို့ဗူးသောက်တာ အကြောင်းရင်း ၂ခုပဲ ရှိပါတယ်။ တစ်ခုက အထဲက နို့ကို တကယ်သောက်ချင်တာ (တစ်နည်းအားဖြင့် သူဗိုက်ဆာ၊ ရေဆာလို့ပါ)။ နောက်တစ်ခုကတော့ နို့ဗူးစို့ရတာက သူ့စိတ်ကို လုံခြုံစေလို့။ ပျင်းလို့ပါ။ဒါကြောင့် ကလေးက နို့ဗူးတောင်းတဲ့အခါ ဗိုက်ဆာ၊ ရေဆာလို့ တောင်းတာဆိုရင် တစ်ခုခုကျွေးလိုက်ပါ။ ရေဆိုရင်လည်း ခွက်နဲ့တိုက်လိုက်ပါ။ သူ့စိတ်ထဲ တစ်မျိုး ဖြစ်နေလို့ ဆိုရင်တော့ မိခင်က ပွေ့ဖက်တာ၊ သူနဲ့ အတူဆော့ပေးတာတွေ လုပ်နိုင်ပါတယ်။ဒီနည်းက နွားနို့တို့၊ ဆိတ်နို့တို့ကိုပဲ လုပ်လို့ရပါတယ်။ နို့မှုန့်တွေကို မလုပ်ရပါဘူး။ နို့မှုန့်တွေကိုတော့ သူ့အချိုးအဆအတိုင်း ဖျော်ရပါမယ်။ နွားနို့တို့ ဆိတ်နို့တို့ကို ရေရောလိုက်တဲ့အခါ အရသာမရှိတော့တာကြောင့် နောက်ကို နို့ဗူးစို့ဖို့ စိတ်ပါမှာ မဟုတ်တော့ပါဘူး။ကလေး မတောင်းရင်မပေးပါနဲ့။ တောင်းရင်လည်း ကြိုးစားပြီး အာရုံလွှဲကြည့်ပါ။ မမြင်ရလေ ကောင်းလေပဲ ဖြစ်ပါတယ်။ညဘက်မှာ နို့ဗူးဖြတ်ရတာက ပိုခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးတွေက နို့ငုံပြီးအိပ်ရတာ ပိုပြီးသက်သောင့်သက်သာ ရှိလို့ပါ။ ဒါကြောင့် တချို့ကလေးတွေကို ညဘက်နို့ဗူးရပ်လိုက်ရင် မအိပ်တာ၊ ဂျီကျတာတွေ လုပ်တတ်ပါတယ်။ ညစာစားတဲ့အခါ နို့ကို ခွက်နဲ့တိုက်ထားပါ။ ကလေးကို ဗိုက်ဝအောင် ကျွေးပါ။ ဒါဆို ဗိုက်ဆာလို့ဆိုပြီး နို့ဗူးတောင်းမှာ မဟုတ်တော့ပါဘူး။ ပြီးရင် အိပ်ပျော်အောင် နို့ဗူးအစား ပုံပြင်ပြောပြတာ၊ ရေနွေးနဲ့ ချိုးတာတွေ လုပ်ပေးနိုင်ပါတယ်။ကလေးတွေကို နို့ဗူးဖြတ်ရတာက ထင်သလောက်တော့ မလွယ်ပါဘူး။ ဒါပေမဲ့လည်း ခွက်နဲ့သောက်ရမဲ့ အချိန်မှာတော့ နို့ဗူးစို့တာ ရပ်သင့်ပြီလေ။ ဒါ‌ကြောင့် ဒီနည်းလမ်းလေးတွေကို သုံးပြီး ကြိုးစားဖြတ်ကြည့်ကြပါလို့။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/how-to-stop-bottle-feeding-in-babies/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/vitamins-and-supplements-that-boost-energy/
ခံတွင်းအကာ (Dental Dam) အကြောင်း သိသင့်သမျှ
Oral Sexကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ခံတွင်းအကာ (Dental Dam)နဲ့ ပတ်သက်ပြီး သိသင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။ခံတွင်းအကာ (Dental Dam) ဆိုတာ ပျော့ပျောင်းပြီး ကျုံ့နိုင်ဆန့်နိုင်တဲ့ အလွှာပါးအချပ်လေးတွေဖြစ်ပါတယ်။ ကြက်ပေါင်စေးကနေ လုပ်တာရှိသလို polyurethane ကနေ လုပ်တာလည်းရှိပါတယ်။ အစကတော့ သွားကုသမှုလုပ်တဲ့အချိန်မှာသွားနဲ့ခံတွင်းကြားကို ခြားပေးထားဖို့အသုံးပြုခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ Oral sex လုပ်တဲ့အချိန်မှာပါ လိင်ကနေတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေကို ကာကွယ်ဖို့ပါအသုံးပြုလာကြ တာပဲဖြစ်ပါတယ်။ကွန်ဒုံးလိုပဲ ခံတွင်းအကာ (Dental Dam)တွေကလည်းရောဂါကူးစက်မှုကို လျှော့ချပေးပေမဲ့ လူအတော်များများက ခံတွင်းအကာ (Dental Dam) ကို သုံးဖို့နေနေသာသာ ကြားဖူးတဲ့သူတောင် ခပ်ရှားရှားပါ။ ဘာ့ကြောင့်လဲဆိုတော့ လိင်ကနေတစ်ဆင့်ရောဂါကူးစက်မှုကိုကာကွယ်ဖို့နည်းလမ်းအတော်များများက penetrative sex လို့ခေါ်တဲ့ ယောင်္ကျားနဲ့မိန်းမ လိင်ဆက်ဆံတဲ့အချိန်မှာရောဂါမကူးဖို့ကိုပဲ အဓိကထားပြီး ထုတ်လုပ်ထားတာဖြစ်လို့ပါ။ ဒီနည်းတွေထဲမှာအတွင်ကျယ်ဆုံးနဲ့ အသုံးအများဆုံးကတော့ အမျိုးသားကွန်ဒုံး ဖြစ်ပါတယ်။ ကွန်ဒုံးကလိင်ကနေတဆင့်ကူးစက်တဲ့ရောဂါတွေကိုထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပေမဲ့ oral sex ကနေတစ်ဆင့်လည်း ကာလသားရောဂါ၊ ဂနိုရောဂါ (ဆီးပူညောင်းကျရောဂါ)၊ chlamydia ရောဂါ၊ အသည်းရောင်အသားဝါပိုးနဲ့ ခုခံအားကျဆင်းမှုရောဂါတွေ ကူးစက်နိုင်ပါသေးတယ်။ ဒီရောဂါတွေ မကူးစက်အောင် oral sex ပြုလုပ်တဲ့အချိန်မှာ ခံတွင်းအကာ (Dental Dam) ကိုအသုံးပြုဖို့လိုအပ်ပါတယ်။ ခံတွင်းအကာ (Dental Dam) ရဲ့အဓိကအလုပ်ကတော့ oral sex လုပ်ချိန်မှာမိန်းမကိုယ်ဝနဲ့ စအိုက ထွက်လာတဲ့အရည်တွေ မထိအောင်တားဆီးပေးပြီး ရောဂါမကူးစက်အောင်တားဆီးပေးတာပါပဲ။ခံတွင်းအကာ (Dental Dam) ကအသုံးပြုရလွယ်ကူပါတယ်။ ခံတွင်းအကာ (Dental Dam) အချပ်ကိုဖြန့်လိုက် ပြီး oral sex ပြုလုပ်မဲ့ မိန်းမကိုယ်၀ ဒါမှမဟုတ် စအိုပေါ်တင်ပြီး အသုံးပြုရုံပါပဲ။ ခံတွင်းအကာ (Dental Dam) သုံးတော့မယ်ဆိုရင် သတိထားရမယ့် အချက်တွေကတော့။– water-based lubricant သုံးပြီးထုတ်ထားတဲ့ ခံတွင်းအကာကိုပဲသုံးပါ၊ လိုးရှင်းနဲ့ ဆီတို့လို oil-based lubricant တွေကထုတ်တဲ့ ခံတွင်းအကာတွေက ထိရောက်မှုသိပ်မရှိလို့ပါ။– ကိုယ့်အဖော်က ကြက်ပေါင်စေးနဲ့ ဓာတ်မတည့်ရင် polyurethane ကထုတ်တဲ့ ခံတွင်းအကာကိုရွေးပါ။– အသုံးမပြုခင် သက်တမ်းကုန်နေသလား သေချာစစ်ဆေးပါ၊ သတ်မှတ်ထားတဲ့အပူချိန်၊ နေရာမှာပဲသိမ်းပါ။– အသုံးမပြုခင် ခံတွင်းအကာ (Dental Dam) ပေါက်ပြဲနေတာ၊ ကြေမွတွန့်ကြေနေတာမျိုးရှိမရှိ  သေချာစစ်ဆေးပါ၊ ရှိရင်ချက်ချင်းလွှင့်ပစ်လိုက်ပါ။ အသုံးပြုနေချိန်မှာ အလားတူ ဖြစ်ရင်လည်းလွှင့်ပစ်လိုက်ပါ။– ခံတွင်းအကာ တစ်ခုကို Oral sex တစ်ကြိမ်အတွက်ပဲ အသုံးပြုပါ။– ခံတွင်းအကာကို ဆွဲဆန့်တာမျိုး လုံးဝမလုပ်ပါနဲ့၊ ပေါက်ပြဲသွားနိုင်လို့ဖြစ်ပါတယ်။– ခံတွင်းအကာရဲ့ အဓိကတာဝန်က မိန်းမကိုယ်နဲ့စအိုကထွက်တဲ့အရည်တွေကိုတားဆီးပေးဖို့ဖြစ်ပါတယ်၊ ဒါ့ကြောင့် အသုံးပြုနေတုန်း ခံတွင်းအကာ နေရာမရွေ့အောင် သေချာဂရုစိုက်ဖို့လိုပါတယ်။ခံတွင်းအကာက အလွယ်တကူဝယ်လို့ရတဲ့ ပစ္စည်းမဟုတ်တာကြောင့် အသုံးပြုမယ်ဆိုရင်တော့ အခက်အခဲရှိနိုင် ပါတယ်။ ဒါလည်းစိုးရိမ်စရာမရှိပါဘူး။ အလွယ်တကူဝယ်လို့ရတဲ့ကွန်ဒုံးကိုပဲ ခံတွင်းအကာ (Dental Dam) ဖြစ်အောင်ပြုပြင်ယူပြီးအသုံးပြုနိုင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက်။– အထုပ်ဖောက်ပြီးကွန်ဒုံးကိုသေချာထုတ်ယူပါ။– ကွန်ဒုံးကို အသုံးပြုခါနီး လုပ်သလို ဖြည်လိုက်ပါ (ဒါမှမဟုတ်) ဆွဲဆန့်လိုက်ပါ။– ကွန်ဒုံး ထိပ်ဖျားနဲ့ အောက်ခြေနားကိုကပ်ပြီး ကပ်ကြေးနဲ့ဖြတ်လိုက်ပါ။– ပြီးရင်ကွန်ဒုံးကိုအလယ်ကနေကတ်ကြေးနဲ့တောက်လျှောက်ညှပ်ချလိုက်ပါ။– ဒါဆိုရင်တော့ ကွန်ဒုံးအချပ်လိုက်ရလာမှာဖြစ်ပြီး ဒါကို oral sex လုပ်ချိန်မှာ ခံတွင်းအကာ (Dental Dam) အစားအသုံးပြုနိုင်ပါပြီ။နောက်ဆုံးမျှဝေပေးချင်တာကတော့ ခံတွင်းအကာ (Dental Dam) တွေကပါးစပ်နဲ့လိင်ဆက်ဆံရာကနေ ရနိုင်တဲ့ ရောဂါတွေကိုကာကွယ်နိုင်ပေမဲ့ နည်းလမ်းမှန်မှန်နဲ့အသုံးပြုဖို့ အထူးအရေးကြီးပါတယ်။ နောက်ပြီး ခံတွင်းအကာအသုံးပြုလည်း လိင်အင်္ဂါရေယုန်ရောဂါ၊HPVကူးစက်ရောဂါနဲ့ဆီးခုံသန်းကောင်တွေ ကူးစက်ခံရနိုင်ပါသေးတယ်။ ဒီရောဂါတွေကခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေတင်မကဘဲ အရေပြားချင်းထိစပ်ရုံနဲ့တင် ကူးစက်နိုင်တဲ့အတွက်ဖြစ်ပါတယ်။  ခံတွင်းအကာ (Dental Dam) တွေက oral sex လုပ်ရင်သုံးလို့ရပေမဲ့မိန်းကလေးကို oral sex လုပ်ပေးတဲ့နေရာမှာပဲ သုံးနိုင်ပါတယ်။ ယောင်္ကျားလေးကို လုပ်ပေးရင်တော့ ကွန်ဒုံးကပိုအဆင်ပြေမှာဖြစ်ကြောင်းပြောရင်း နိဂုံးချုပ်ချင်ပါတယ်။ရေးသားသူ – Dr.Htoo Tint။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/%e1%80%81%e1%80%b6%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%80%e1%80%ac-dental-dam-%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8-%e1%80%9e%e1%80%ad/
ကာကွယ်ဆေးထိုးတဲ့အခါ အာနိသင် ထိရောက်မှု ကောင်းစေဖို့ရာ
ကာကွယ်ဆေး ထိုးတဲ့အခါ စိုးရိမ်တတ်တာလေး တစ်ခု ရှိကြတယ်နော်။ ဒါကတော့ ကာကွယ်ဆေးကိုသာ အသားနာခံပြီး ထိုးလိုက်ရတယ်။ ကာကွယ်ဆေးက အာနိသင် ထိရောက်မှု မရှိမှာကိုပေါ့။ အချို့သော ရောဂါတွေက ဖြစ်လာရင် ကုသဖို့ မလွယ်ကူတာကြောင့် ကာကွယ်ဆေး ထိုးထားနိုင်မှ တော်ကာကျမှာမျိုးတွေကလည်း ရှိတယ်လေ။တုပ်ကွေးဆိုရင်လည်း ကာကွယ်ဆေး ထိုးထားမှ ဖြစ်ခဲ့ရင်တောင် လက္ခဏာတွေကို ပြင်းပြင်းထန်ထန် မခံစားရမှာပါ။ကိုဗစ်ဆိုရင်လည်း ကာကွယ်ဆေး ထိုးပြီး ကာကွယ်ထားမှ အသက်အန္တရာယ် စိုးရိမ်ရမှု ကင်းမှာလေ။ ဒါကြောင့်ရောဂါဆိုးတွေကနေ ကာကွယ်ပေးမယ့် ကာကွယ်ဆေးထိုးတဲ့အခါ အာနိသင် ထိရောက်မှု ကောင်းစေဖို့ရာ ဘယ်အချက်လေးတွေကို လိုက်နာလုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးချင်ပါ တယ်။ကာကွယ်ဆေးတွေကို ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေကနေ ထုတ်လုပ်ပါတယ်။ ဒါပေမယ့် ပိုးတွေကို သေပြီးသား ဒါမှမဟုတ် အားပျော့ပြီးသားတွေကို သုံးတဲ့အတွက် သင့်ကို ရောဂါမဖြစ်စေပါဘူး။ တချို့ ကာကွယ်ဆေးတွေဆို ပိုးရဲ့ တစ်စိတ်တစ်ပိုင်းပဲ ပါပါတယ်။ကာကွယ်ဆေးက သင့်ခန္ဓာကိုယ်က ခုခံအားကို လှုံ့ဆော်ပေးတဲ့အတွက် ပဋိပစ္စည်း (Antibodies) ဆိုတာ ထွက်လာပါတယ်။ ဒါဟာ ခန္ဓာကိုယ်ကို ရောဂါပိုးဝင်လာလို့ တုံ့ပြန်ပုံနဲ့ အတူတူပါပဲ။ ကွာတာက ကာကွယ်ဆေးထိုးပြီးသွားရင် ခုခံအားပဲ ကျန်ခဲ့ပါတယ်။ ရောဂါမကျန်ခဲ့ပါဘူး။ဒါကြောင့်လည်း ကာကွယ်ဆေးတွေက အစွမ်းထက်တဲ့ ဆေးတစ်လက် ဖြစ်နေခဲ့တာပါ။ တခြားဆေးတွေနဲ့ မတူတာက ကာကွယ်ဆေးတွေက ရောဂါကို မကုပေးနိုင်ပါဘူး။ ကာကွယ်ရုံပဲ ကာကွယ်ပေးနိုင်ပါတယ်။ကာကွယ်ဆေးထိုးတဲ့အခါ အာနိသင် ထိရောက်မှု ကောင်းစေဖို့ရာ ဒီအချက်လေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။အိပ်ရေးဝတာက ကျန်းမာရေး ကောင်းကျိုး တော်တော်လေး များပါတယ်။ အိပ်ရေးဝတာကကိုယ်ခံအား ကောင်းစေသလို ကိုယ်ခံအားဆဲလ်လေးတွေ ဖြစ်ကြတဲ့ T ဆဲလ်လေးတွေကို သန်မာစေဖို့ ထောက်ကူပေးပါတယ်။ နောက်တစ်ချက်က အိပ်ရေးဝဝ အိပ်ခြင်းဟာ ကာကွယ်ဆေးရဲ့ ထိရောက်မှုကို ပိုကောင်းစေတယ် ဆိုတာပါ။ဒါကြောင့်ကာကွယ်ဆေးအာနိသင် ထိရောက်စေဖို့ဆိုရင် ကာကွယ်ဆေး ထိုးဖို့ ရက်ပိုင်း အလိုနဲ့ ကာကွယ်ဆေး ထိုးပြီး နောက်ပိုင်း ရက်သတ္တပတ် အနည်းငယ်လောက်မှာ တစ်ညကို ၆ နာရီထက်မနည်း သေချာလေး အိပ်စက်ဖို့ လိုပါမယ်။စိတ်ဖိစီးမှု များတာ၊စိတ်ဓာတ်ကျတာ၊ အထီးကျန်တာတွေက ကိုယ်ခံအားကို ထိခိုက်စေပြီး ကာကွယ်ဆေး ထိရောက်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေး ထိုးခါနီးတိုင်းမှာ စိတ်ဖိစီးမှုကို ပြေလျော့စေမယ့်လေ့ကျင့်ခန်း လုပ်တာ၊ အသက်ရှူ လေ့ကျင့်ခန်း လုပ်တာ၊ ဝါသနာပါတဲ့ လက်မှုလေးတွေကို လုပ်တာမျိုးတွေကို လုပ်ဆောင်ပေးရင်း စိတ်ဖိစီးမှုကို ဖြေလျော့ပါ။ကိုယ်လက်လှုပ်ရှားမှုလုပ်တာက ကိုယ်ခံအားကို ကောင်းစေဖို့ လှုံ့ဆော်ပေးပါတယ်။ ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်တာက ကာကွယ်ဆေးအပေါ် ကိုယ်ခံအား တုံ့ပြန်မှု ကောင်းစေပြီး ကာကွယ်ဆေးရဲ့ ထိရောက်မှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ဒါကြောင့် ကာကွယ်ဆေး မထိုးခင်မှာရော ကာကွယ်ဆေး ထိုးပြီးချိန်မှာပါ တစ်နေ့ကို ၁၅ မိနစ် ကနေ နာရီဝက်လောက်အထိ တစ်ပတ်ကို ၃ ကြိမ်နဲ့အထက် ကိုယ်လက်လေ့ကျင့်ခန်းလေး ပုံမှန်လုပ်ပေးပါ။ ပြင်းပြင်းထန်ထန် လုပ်စရာမလိုပါ။ ခန္ဓာကိုယ်အတွက် ကောင်းတဲ့ ဟော်မုန်းတွေ ထွက်စေဖို့ အပေါ့စား လေ့ကျင့်ခန်းလောက်ဆို ရပါတယ်။ကာကွယ်ဆေး ထိုးပြီးချိန်မှာအာဟာရ ပြည့်ဝမျှတအောင်စားသုံးတာက ကာကွယ်ဆေးအပေါ် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကာကွယ်ဆေး ထိုးပြီးချိန်မှာ အာဟာရ ပြည့်ဝမျှတအောင် စားသုံးတာ၊ နေ့စဉ် စားသုံးမှုမှာ လတ်ဆတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေကို စားသုံးတာက ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းမှုတွေကို သက်သာစေသလို ကိုယ်ခံအား ကောင်းစေပြီး ကာကွယ်ဆေးကို ထိရောက်စေဖို့လည်း ထောက်ကူပေးပါတယ်။ကာကွယ်ဆေး ထိုးခါနီးအချိန်နဲ့ ကာကွယ်ဆေး ထိုးပြီးချိန်မှာ အာဟာရ ပြည့်ဝမျှတအောင် စားသုံးပါ။ အမျှင်ဓာတ် ကြွယ်ဝတာတွေကို စားပေးပါ။ ကာကွယ်ဆေး ထိုးခါနီးတိုင်းနဲ့ ထိုးပြီးချိန်တွေမှာ ဆေးလိပ်၊ဆေးရွက်ကြီးနဲ့ အရက်စတာတွေကို ရှောင်ပါ။ ဒါတွေက ကိုယ်ခံအားကို ထိခိုက်စေနိုင်သလို ကာကွယ်ဆေးရဲ့ ထိရောက်မှုကိုလည်း အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ကာကွယ်ဆေး ထိုးပြီးချိန်မှာ ကာကွယ်ဆေးရဲ့ အာနိသင်ကို ထိရောက်စေဖို့ ဒီအချက်လေးတွေကို သေချာလေး ဂရုစိုက်လိုက်ရုံပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/ways-to-make-sure-your-vaccine-really-works/
Figwort (ဖစ်ဝေါ့)
Figwort ကို ရေဆေးလို့ ခေါ်ပြီး ဆီးသွားမှုကို များစေကာ ဖေါရောင်ခြင်းကို ကျစေတဲ့ ဆေးအဖြစ် အသိများကြပါတယ်။Figwort ကို တခါတလေ အရေပြားရောဂါတွေဖြစ်တဲ့ နှင်းခူ၊ Psoriasis၊ လိပ်ခေါင်း၊ ရောင်ရမ်းခြင်းနဲ့ အနီကွက်ထခြင်းတို့အတွက် အရေပြားပေါ်ကို တိုက်ရိုက်လိမ်းပြီး အသုံးပြုကြပါတယ်။လူအချို့က Figwort ကို devil’s claw ရဲ့ အစားထိုးအဖြစ်သုံးပါတယ်။ သူတို့ နှစ်မျိုးဟာ တူညီတဲ့ ဓါတုပစ္စည်းတွေ ပါဝင်ပါတယ်။Figwort ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဒါပေမယ့် အချို့လေ့လာမှုတွေက Figwort မှာ အရောင်ကျတာကို လျော့ကျစေတဲ့ ပစ္စည်းပါဝင်တယ်လို့ ဆိုကြပါတယ်။Figwort ကို အပူနဲ့ ရေငွေ့ရှိတဲ့နေရာတွေကို ရှောင်ကျဉ်ပြီး အေးမြ ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပါတယ်။ဓါတ်မတည့်မှုတွေကို သတိထားစောင့်ကြည့်သင့်ပါတယ်။ ရှိလာခဲ့ရင် Figwort ကိုဖြတ်ပြီး antihistamine သို့ အခြားကုသမှုတွေ ပြုလုပ်သင့်ပါတယ်။နှလုံးအခြေအနေနဲ့ဆိုင်တဲ့ သွေးပေါင်၊ သွေးခုန်နှုန်းတွေကိုလည်း သတိထားစောင့်ကြည့်ပါတယ်။ သွေးခုန်နှုန်းနှေးသွားခြင်းကို သတိထားပါ။ နှလုံးရောဂါ ရှိသူတွေဟာ Figwort ကို မသုံးစွဲသင့်ပါဘူး။ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ကလေးငယ်တွေမှာ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးနို့တိုက်မိခင်တွေမှာ Figwort ကို အသုံးမပြုသင့်ပါဘူး။ အခြားဓါတ်မတည့်သူတွေနဲ့ နှလုံးရောဂါ ရှိသူတွေမှာလည်း ဒီဆေးကို မသုံးသင့်ပါဘူး။အောက်ဖေါ်ပြပါ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။• နှလုံးခုန်နှုန်းနှေးခြင်း၊ နှလုံးရပ်ခြင်း။• ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဝမ်းလျှောခြင်း။• ဓါတ်မတည့်ခြင်းများ။လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။Figwort ဟာ အခြားရေဆေးတွေနဲ့ ဓါတ်ပြုနိုင်ပြီး lithium ပမာဏ မညီမျှမှုကို ဖြစ်စေနိုင်ပါတယ်။အောက်ဖေါ်ပြပါ ဆေးတွေနဲ့လည်း ဓါတ်ပြုနိုင်ပါတယ်။• နှလုံးရောဂါဆေးများ။• ဆီးချိုဆေး။• Cardiac glycoside herbs။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။Figwort ရဲ့ ပုံစံပေါ်မူတည်ပြီး အချိုးအစား ကွာခြားမှု ရှိပါတယ်။• Fluid extract: 2-8 ml (1:1) တစ်နေ့နှစ်ကြိမ်။• Infusion: 2-8 g herb နေ့စဉ်။• Tincture: 2-4 ml (1:5 dilution) တစ်နေ့နှစ်ကြိမ်။• Topical: ရေစိမ်ခြင်း (သို့) ဖိခြင်းပုံစံနဲ့ လိုအပ်သလို အသုံးပြုနိုင်ပါတယ်။Figwort ကို အသုံးပြုရမယ့် အချိုးအစား တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။Fluid extract၊ ရေစိမ်ခြင်း၊ တင်ချာဆေးရည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/figwort-%e1%80%96%e1%80%85%e1%80%b9%e1%80%b1%e1%81%80%e1%80%ab%e1%80%b7/
သစ်ကြံပိုးခေါက် (Cinnamon)
သစ်ကြံပိုးခေါက် ကို မှိုသတ်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ ပိုးသတ်ဆေး၊ အဖြစ်လည်းကောင်း၊ ဝမ်းပျက်ခြင်း၊ အအေးမိခြင်း၊ ဗိုက်နာခြင်း၊ သွေးတိုးရောဂါ၊ အစားသောက်ပျက်ခြင်း၊ နှင့် လေပြွန်ရောင်ခြင်းများကို ကုသရာတွင် လည်းကောင်း အသုံးပြုကြသည်။အချို့သော သုတေသနများတွင် သစ်ကြံပိုးခေါက် အမျိုးအစားတစ်မျိုးသည် ဆီးချိုလူနာများတွင် သွေးထဲရှိ သကြားဓါတ်ကို ကျဆင်းစေကြောင်း တွေ့ရှိထားသည်။ သို့သော် အခြားသော လေ့လာမှုများတွင် အခြားအကျိုးများကို မတွေရှိပေ။ သွေးထဲရှိ ကိုလက်စထရောကျခြင်းနှင့် ခုခံအားကျဆင်းမှု ရောဂါလူနာများတွင် မှိုစွဲသောရောဂါများကို ကုသရန် လေ့လာထားသည်များသည်လည်း မပြည့်စုံလှပေ။ဓါတ်ခွဲခန်း စမ်းသပ်မှုများတွင် သစ်ကြံပိုးခေါက်သည် ရောင်ယမ်းခြင်းကို သက်သာစေပြီး၊ ဓါတ်တိုးခြင်းကို ကာကွယ်နိုင်သော အာနိသင်များရှိပြီး၊ ဘက်တီးရီးယားများကို သေစေနိုင်သည်ဟု တွေ့ရှိထားသည်။ သို့သော် လူများအတွက် မည်သို့ အသုံးပြုရမည်ကို မရှင်းလင်းပါ။ဤဆေးပင်နှင့် ပတ်သတ်ပြီး လုံလောက်သော လေ့လာမှုများမရှိသော်လည်း ပိုမိုသိရှိနိုင်ရန် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် သစ်ခေါက်သည် အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်းကို ဖြစ်စေသော ပိုးများကို သေစေကြောင်း အချို့သော လေ့လာမှုများက ပြဆိုထားသည်။အေးပြီး ခြောက်သွေ့သောနေရာတွင် ထားပါ။သစ်ကြံပိုးခေါက်အဆီကို အခြားအဆီတစ်ခုခုထဲတွင် ရောစပ်ပြီး အသုံးပြုနိုင်သည်။ဆေးဘက်ဝင် အပင်များကို အသုံးပြုသည့် အခါတွင် ဓါတုဆေးဝါးများကို အသုံးပြုသည်ထက် လိုက်နာရမည့် စည်းမျဉ်းများ နည်းတတ်သည်။ ဘေးကင်းစွာ အသုံးပြုနိုင်ရန် လေ့လာမှုများကို ပိုမိုပြုလုပ်ရန်လိုသည်။ ဤဆေးပင်ကို အသုံးပြုရာတွင် အန္တရာယ်ရှိနိင်သည် ဆိုသည်ကို သတိပြုရမည်။ ပိုမိုသိရှိနိုင်ရန် သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။သုတေသနများစွာ မထွက်ပေါ်လာခင်တွင် သစ်ကြံပိုးခေါက်ကို ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ နှင့် ကလေးများတွင် ဆေးကုသခြင်းအတွက် အသုံးမပြုသင့်ပေ။ဤဆေးပင်တွင် အောက်ပါ ဘေးထွက်ဆိုးကျိုးများစွာရှိသည်။• မျက်နှာနီရဲခြင်း။•နှလုံးခုန်မြန်ခြင်း။• အစာအိမ်ရောင်ခြင်း၊ လျှာ၊သွားဖုံး ရောင်ခြင်း။• အစားအသောက်ပျက်ခြင်း၊ ဓါတ်မတည့်ခြင်း။•အရေပြားယားယံရောင်ယမ်းခြင်း။• အသက်ရှုခက်ခြင်း။• ဓါတ်မတည့်ခြင်းကို တုံ့ပြန်ခြင်း။ဆေးပင်ကိုအသုံးပြုသော လူတိုင်း ထိုဘေးထွက်ဆိုးကျိုးများရှိမည်ဟု မဆိုလိုပါ။ သို့သော် အခြားသော ဆိုးကျိုးများလည်း ရှိနေနိင်သည်။ အကယ်၍ အခြားသော ဘေးထွက်ဆိုးကျိုးများကို စိတ်ပူပါက သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ဤဆေးပင်သည် အခြားသော သင်အသုံးပြုနေသော ဆေးဝါးများနှင့် ဓါတ်ပြုမှုများရှိနိုင်သည်။ အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ ပိုးသတ်ဆေးများ၊ ဆီးချိုကျဆေးများ၊ သွေးကျဲဆေးများ၊ နှလုံးရောဂါဆေးများ၊ နှင့် အခြားသော ဆေးများနှင့် ဓါတ်ပြုမှုများ ရှိနိုင်ပါသည်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။သစ်ကြံပိုးခေါက်မှုန့်ကိုဆီးချိုရောဂါအတွက် ပေးသောအခါ တစ်နေ့လျှင် ၁ ဂရမ်မှ ၁.၅ ဂရမ်အထိပေးလျှင် ဘေးထွက်ဆိုးကျိုးများ တွေ့ရလေ့မရှိပါ။ဤဆေးပင်ကို အသုံးပြုလေ့ရှိသော ပမာဏမှာ လူနာတစ်ယောက်ချင်းစီတွင် ကွာခြားနိုင်ပါသည်။ သောက်ရမည့် ပမာဏသည် လူနာ၏ အသက်၊ ကျန်းမာရေး၊ နှင့် အခြားသော အခြေအနေများတွင် မူတည်ပါသည်။ ဘယဆေးပင်များသည် အမြဲတမ်း စိတ်မချရပါ။ ထို့ကြောင့် ဆေးပင်ကျွမ်းကျင်သူ သို့မဟုတ် ဆရာဝန်နှင့် သင့်တော်သောပမာဏကို ဆွေးနွေးပါ။ဤဘယဆေးပင်ကို အောက်ပါ ပုံစံများနှင့် ရနိုင်သည်။• သစ်ခေါက်အခြောက်။• အဆီ။• အရွက်။• အဆီအနှစ်။• အမှုန့်၊။• လိမ်းဆေးရည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/cinnamon-%e1%80%9e%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%b6%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%81%e1%80%b1%e1%80%ab%e1%80%80%e1%80%ba/
ကျောက်ကပ်ရောဂါရှိသူများ သတိပြုရမည့် ပိုတက်ဆီယမ်ပမာဏ
ကျောက်ကပ်ရဲ့ အဓိကတာဝန်ဟာ သွေးထဲမှာ ပိုလျှံနေတဲ့ အရည်များနဲ့အညစ်အကြေးများကို ဖယ်ရှားသန့်စင်ပေးရခြင်း ဖြစ်ပါတယ်။ ပုံမှန်လုပ်ငန်းလုပ်ဆောင်နိုင်တဲ့ အခြေအနေမှာ သွေးကိုသန့်စင်နိုင်တဲ့ ပမာဏဟာ လီတာ ၁၀၀ ကျော်ပြီး ဆီးအနေနဲ့ ၁-၂ လီတာအကြား စွန့်ထုတ်ပါတယ်။ ဒီနည်းနဲ့ကိုယ်ခန္ဓာထဲမှာ အညစ်အကြေးတွေ စုဝေးမနေရအောင် ကာကွယ်ပေးပါတယ်။ ဆိုဒီယမ်၊ ဖော့စဖိတ်၊ ပိုတက်ဆီယမ် စတဲ့ဓာတ်ဆားများကိုလည်း ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။ ဒီတစ်ခေါက် ပြောပြချင်တာက ကျောက်ကပ်ရောဂါရှိသူများ သတိပြုရမည့် ပိုတက်ဆီယမ်ပမာဏ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ကျောက်ကပ်ရောဂါဖြစ်လာရင်တော့သွေးသန့်စင်ခြင်း၊ ဓာတ်ဆားများထိန်းညှိခြင်း စတာတွေကို လုပ်ဆောင်နိုင်စွမ်း ကျဆင်းလာပါတယ်။ အထူးသဖြင့်ပိုတက်ဆီယမ်ပမာဏကို မထိန်းနိုင်ရင် သွေးထဲမှာ အန္တရာယ်ဖြစ်လောက်တဲ့ အနေအထားအထိ မြင့်တက်လာနိုင်ပါတယ်။ ကျောက်ကပ်အတွက် သောက်နေရတဲ့ ဆေးအချို့ဟာလည်း ပိုတက်ဆီယမ်ကို မြင့်တက်စေတာကြောင့် ပြဿနာကို ပိုဆိုးစေပါတယ်။ပိုတက်ဆီယမ်များနေရင် ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်မြန်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ပိုတက်ဆီယမ်မြင့်တက်တဲ့ အခြေအနေမှာ အရေးပေါ် ဆေးဝါးကုသမှုခံယူသင့်ပါတယ်။ထိရောက်တဲ့နည်းလမ်းကတော့ အစားအသောက်ကို ထိန်းသိမ်းဖို့ပါပဲ။ ပိုတက်ဆီယမ်မြင့်တဲ့ အစားအသောက်များကို ရှောင်ကြဉ်ရပါမယ်။ ကျောက်ကပ်အတွက် အဆင်ပြေတဲ့ အစားအသောက်များကို ရေးချယ်စားသောက်ရပါမယ်။ပိုတက်ဆီယမ်နည်းတဲ့ အစားအစာတွေကတော့။– ဘယ်ရီသီး (စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ)။– ပန်းသီး။– ဂရိတ်ဖရု။– နာနတ်သီး။– ပန်းဂေါ်ဖီ။– ပန်းပွင့်စိမ်း။– ဆန်အဖြူ၊ ပေါင်မုန့်အဖြူ။– ခရမ်းသီး။– ပဲသီး။– ကြက်ဥအကာ စတာတွေ ဖြစ်ပါတယ်။ပိုတက်ဆီယမ် ပါဝင်မှုမြင့်မားပြီး ကျောက်ကပ်ရောဂါရှိချိန်မှာ ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။–ငှက်ပျောသီး။– ထောပတ်သီး။– စပျစ်သီးခြောက်။– ဆီးသီးခြောက်၊ ဆီးဖျော်ရည်။– လိမ္မော်သီး၊ လိမ္မော်ရည်။–ခရမ်းချဉ်သီး၊ ခရမ်းချဉ်သီးဖျော်ရည်။–ပဲနီလေး၊ ပဲဝါလေး၊ ကုလားပဲ။– ဟင်းနုနွယ်။– အာလူး၊ ကန်စွန်းဥ။– ရွှေဖရုံသီး။– အမဲသား၊ ကြက်သား စတာတွေ ဖြစ်ပါတယ်။အရွယ်ရောက်ပြီး ကျန်းမာရေးကောင်းသူတွေ တနေ့တာ စားသုံးသင့်တဲ့ ပိုတက်ဆီယမ်ပမာဏကတော့ အမျိုးသားများအတွက် ၃၄၀၀ မီလီဂရမ်နဲ့ အမျိုးသမီးများအတွက် ၂၆၀၀ မီလီဂရမ် ဖြစ်ပါတယ်။ ကျောက်ကပ်ပြဿနာရှိသူတွေအနေနဲ့တော့ တစ်ရက်မှာ ၂၀၀၀ မီလီဂရမ်အောက်ပဲ လိုအပ်ပါတယ်။ ကျောက်ကပ်ပြဿနာဖြစ်ပွားနေရင်တော့ ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ပိုတက်ဆီယမ်ပမာဏကို စစ်ဆေးနေဖို့ လိုအပ်ပါတယ်။သွေးတွင်းပိုတက်ဆီယမ် စစ်ဆေးမှုရလာဒ်တွေနဲ့ အခြေအနေတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။• ဘေးကင်းစိတ်ချရတဲ့ပမာဏ။ 3.5 မှ 5.0 mmol/L။• သတိထားရမည့်ပမာဏ။ 5.1 မှ 6.0 mmol/L။• အန္တရာယ်ရှိသောပမာဏ။ 6.0 mmol/L နှင့်အထက်။မိမိမှာ ကျောက်ကပ်ပိုင်းဆိုင်ရာ ပြဿနာရှိနေရင် ဆရာဝန်နဲ ပုံမှန်ပြသစစ်ဆေးနေဖို့ လိုပါတယ်။ အထူးသဖြင့် ပိုတက်ဆီယမ်ပမာဏကို စစ်ဆေးကြည့်နေဖို့ လိုပါတယ်။ ပိုတက်ဆီယမ်များတဲ့ လက္ခဏာတွေဖြစ်တဲ့။–မောပန်းနွမ်းနယ်ခြင်း။– အားနည်းခြင်း။– ထုံ/ကျဉ်ခြင်း။– ပျို့အန်ခြင်း။– ရင်ဘတ် အောင့်ခြင်း။– နှလုံးခုန်မမှန်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်ရင် ဆေးဝါး ကုသမှု လိုအပ်ပါတယ်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/kidney-disease-and-potassium/
ဆယ်ကျော်သက်အရွယ် ဝက်ခြံတွေကို တိုက်ထုတ်ဖို့ အဆင့်၆ဆင့်
ဆယ်ကျော်သက်အရွယ် ဝက်ခြံတွေကို တိုက်ထုတ်ဖို့ အဆင့်၆ဆင့်။အောက်မှာဖော်ပြထားတဲ့ အဆင့်တွေက သင်အပါအဝင် ဆယ်ကျော်သက်တွေအားလုံး သိထားသင့်တဲ့ အသားအရေကို ဖြူစင်ကြည်လင်စေတဲ့ နည်းတွေဖြစ်ပါတယ်။ သင်ထင်ထားတာထက် အများကြီး လွယ်ကူ အဆင်ပြေတာကို တွေ့ရ ပါလိမ့်မယ်။အဆင့် ၁။ ။ အရမ်းကြီး မပြင်းတဲ့.မျက်နှာသစ်ဆေးတွေကိုပဲ အသုံးပြုပါ။နီရဲရောင်ရမ်းတာတွေကို လျှော့ချပေးပြီး အသားအရေကို ပြန်လည်ကောင်းမွန်စေဖို့နဲ့ အဆီပြန်တာကို ထိန်းသိမ်းထားဖို့အတွက်ဆိုရင် မျက်နှာကို မျက်နှာသစ်ဆေး အပျော့စားနဲ့ တနေ့ကို နှစ်ကြိမ် သစ်ပေးပါ။ ကိုယ်တိုက်ဆပ်ပြာတွေ၊ မျက်နှာသစ် ဆပ်ပြာတုံးတွေဟာ အသားအရေကို အလွန်အမင်း ခြောက်သွေ့စေရုံသာမက ချွေးပေါက်တွေကိုလည်း ပိတ်စေတာမို့ သူတို့ကို မျက်နှာသစ်ဖို့အတွက် မသုံးသင့်ပါဘူး။ ခပ်ပြင်းပြင်း မျက်နှာသစ် ဆေးတွေကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။ ဝက်ခြံဆိုတာ ကြမ်းကြမ်း ပွတ်တိုက်ပစ်ရုံနဲ့ ပျောက်သွား တတ်တာမျိုး မဟုတ်ပါဘူး။အဆင့် ၂.။ ။ မျက်နှာဂျီးချွတ်ပါ။ဝက်ခြံဖြစ်စေတဲ့ အကြောင်းခြင်းရာတွေထဲမှာ အရေပြားဆဲလ်အသေတွေ စုဝေးလာတာကတဆင့် ချွေးပေါက်တွေကို လာပိတ်တာဟာလည်း တခုအပါအဝင်ဖြစ်ပါတယ်။ အရေပြားဆဲလ်တွေ အကြောင်းအမျိုးမျိုးကြောင့် များပြားလာပြီး ချွေးပေါက်တွေရဲ့ နံရံတွေထူလာကာလည်း အပေါက်ကို ပိတ်စေပြန်ပါတယ်။ ဒီအချက် နှစ်ချက်လုံးဟာ အဆီတွေကို အပေါက်တွေထဲ ပြန်ဝင်သွားစေပြီး ဝက်ခြံဖြစ်ဖို့ အစပျိုးစေပါတယ်။ Salycylic acid (BHA)ပါတဲ့ ပစ္စည်းတွေကို သုံးပြီး မျက်နှာဂျီးချွတ်တာဟာ အကောင်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်ပါတယ်။ BHAဟာ အရေပြားအပေါ်ယံလွှာကို ညင်သာ၊ ထိရောက်စွာ ဂျီးချွတ်ပေးနိုင်ရုံသာမက ချွေးပေါက်တွေရဲ့ အတွင်းပိုင်းကိုပါ စိမ့်ဝင်ပြီးအစွမ်းပြနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဘက်တီးရီးယားပိုးတွေကို သတ်ပစ်နိုင်တဲ့ အပြင် အရေပြားနီရဲရောင်ရမ်းတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် BHAပါဝင်တဲ့ မျက်နှာဂျီးချွတ်ဆေးတွေကို အသုံးပြုကြဖို့ တိုက်တွန်း အကြံပေးချင်ပါတယ်။ သုံးကြည့်ပါ၊ ရလာဒ်က အံ့ဩစရာ ကောင်းမွန်ပါလိမ့်မယ်။အဆင့် ၃။ ။ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို အပြတ်ရှင်းပါ။Benzoyl peroxide ဟာ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို အပြီးအပိုင် ချေမှုန်းပစ်နိုင်တဲ့အပြင် ဆရာဝန်ညွှန်ကြားစာမပါဘဲ အလွယ်တကူကျယ်ကျယ်ပြန့်ပြန့် ဝယ်ယူရရှိနိုင်တဲ့ ဝက်ခြံပျောက်ဆေးတွေထဲမှာတော့ အကောင်းဆုံးနဲ့ အစွမ်းအထက်ဆုံးလို့ ပြောလို့ရပါတယ်။ ဝယ်ယူတဲ့ အခါမှာ အရေပြားကို ထိခိုက်စေမယ့် ပစ္စည်းတွေ မပါဝင်ဘဲ ခပ်ပါးပါးလိမ်းနိုင်တဲ့ တံဆိပ်အမျိုးအစားကို ရွေးဝယ်ပါ။အဆင့်၄။ ။ နေလောင်ဒါဏ်မှ ကာကွယ်ပါ။နေ့တိုင်းနေလောင်ခံနေရရင် ဝက်ခြံကဘယ်နည်းနဲ့မှ ပျောက်နိုင်မှာမဟုတ်ပါဘူး။SPF ၂၅ဒါမှမဟုတ် အဲ့ထက်ကျော်တဲ့ အရည်အသွေးပြည့်ဝစွာ ထုတ်လုပ်ထားတဲ့ နေလောင်ခံခရင်မ်တွေကို အသုံးပြုမယ်ဆိုရင် ဝက်ခြံအပျောက်မြန်စေတဲ့ အပြင် နောက်ထပ်ဖြစ်လာမှာတွေကိုလည်း ကာကွယ်ပေးပါတယ်။ မိန်းကလေးတွေအတွက်ဆိုရင်တော့ ဖောင်ဒေးရှင်းခရင်မ် ဒါမှမဟုတ် ပေါင်ဒါ ဒါမှမဟုတ် နှစ်ခုလုံးကို နေလောင်ခံခရင်မ်နဲ့ တွဲသုံးနိုင်ပါတယ်။အဆင့် ၅။ ။ မျက်နှာပေါ်က အဆီတွေကို ရှင်းပစ်ပါ။ဟော်မုန်းလှုံ့ဆော်မှုကြောင့် ထွက်လာတာဖြစ်တဲ့ အဆီတွေကို တခုခုလိမ်းလိုက်ရုံနဲ့ ပျောက်ကွယ်သွားအောင် လုပ်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အဆီဓါတ်အများအပြားပါတဲ့ အလှကုန်တွေကို မသုံးဘဲ ၊ အဆီပြန်ရင်သုတ်တဲ့ တစ်ရှူးလေးနဲ့ မကြာခဏဆိုသလို သုတ်ပေးမယ်ဆိုရင်တော့ အဆီပြန်တာကို အနည်းနဲ့ အများ ကာကွယ်ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ နူးညံ့တဲ့ ရွှံ့စေးနဲ့မျက်နှာကို အုပ်ပြီး မှန်မှန်ပေါင်းတင်တာ ဒါမှမဟုတ် အဆီထိန်းတဲ့ တစ်ရှူးစက္ကူလေးတွေနဲ့ တနေကုန် သုတ်သုတ်ပေးတာဟာ အကောင်းဆုံးဖြစ်ပါတယ်။ ဘယ်လို တံဆိပ်အမျိုးအစားကိုပဲ သုံးသုံး အရေပြားကို ထိခိုက်စေတဲ့ menthol,camphor, alcohol တို့မပါဝင်ဖို့ သတိပြုပါ။အဆင့်၆။ ။ သတိကြီးစွာထားပြီး ညှစ်ပါ။အင်မတန် စိတ်အနှောင့်အယှက်ပေးတဲ့ ဝက်ခြံကို ဒီအတိုင်းထိုင်ကြည့်နေဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမဲ့ မတရားညှစ်တာ၊ ဆိတ်ဆွနေတာမျိုးတွေဟာလည်း အမာရွတ်ထင်စေတဲ့ အပြင် ဝက်ခြံကို ပိုလို့တောင်ဆိုးလာစေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဝက်ခြံကို မှန်မှန်ကန်ကန် ညှစ်ထုတ်တတ်မယ်ဆိုရင် ပိုးဝင်ပြီး ရောင်ရမ်းတာတွေလည်း သိပ်မဖြစ်နိုင် တော့သလို အနာကိုလည်း မြန်မြန်ကျက်စေမှာဖြစ်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%86%e1%80%9a%e1%80%b9%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%b9%e1%80%9e%e1%80%80%e1%80%b9%e1%80%a1%e1%80%9b%e1%80%bc%e1%80%9a%e1%80%b9-%e1%80%9d%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6/
ဒီဆေးတွေက တားဆေး တွေရဲ့ အာနိသင်ကို ကျစေနိုင်ပါတယ်နော်။
ဆေးခန်းသွားပြတဲ့အခါ ဆရာဝန်က ဆေးပေးခါနီးရင်ဆေးမတည့်တာ ရှိလား။စွဲသောက်နေတဲ့ ဆေးတွေ ဘာရှိလဲဆိုပြီး မေးတာ ကြုံဖူးမှာပါ။ ဘာလို့လဲဆိုတော့ ဆေးတွေက အချင်းချင်း ဓာတ်ပြုနိုင်လို့ပါပဲ။ တချို့ဆေးတွေက တွဲသောက်မိရင် အချင်းချင်း ဓာတ်ပြုပြီး တစ်ခုက နောက်တစ်ခုရဲ့ ဆေးအာနိသင်ကို ပိတ်လိုက်တာမျိုး ရှိတတ်ပါတယ်။ တချို့ကျတော့လည်း ဒီဆေးကို ခန္ဓာကိုယ်က မချေဖျက်နိုင်အောင် တားလိုက်တာကြောင့် ဆေးက ကိုယ်ထဲမှာ အကြာကြီး ရှိနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကို  drug interaction လို့ ခေါ်ပါတယ်။တားဆေး သောက်နေတဲ့သူဆို ဒီအချက်ကို သတိထားသင့်ပါတယ်။ တားဆေးမှန်မှန်သောက်နေရဲ့သားနဲ့ ကိုယ်ဝန်ရသွားတယ်ဆိုတာ ဒီလိုအကြောင်းတွေကြောင့်လည်း ပါပါတယ်။ ကိုယ်သောက်လိုက်တဲ့ ဆေးက တားဆေးအာနိသင်ကို ပိတ်လိုက်တာကြောင့် ကိုယ်ဝန်တားနိုင်စွမ်းလျှော့ကျသွားတာပေါ့။ ဒီတော့ ဘာဆေးတွေက တားဆေးရဲ့ အာနိသင်ကို ထိခိုက်နိုင်လဲ။ ခုကိုယ်သောက်နေတဲ့ထဲမှာ ဒီဆေးတွေပါလားဆိုတာ ကြည့်ကြည့်ရအောင်။များသောအားဖြင့်တော့ပိုးသတ်ဆေးတွေက စိတ်ချလက်ချ သောက်လို့ရပါတယ်။ အသုံးများတဲ့ ပင်နင်ဆလင်အုပ်စုတွေ၊ အမောက်စစလင်အုပ်စုတွေက တားဆေးရဲ့ အာနိသင်ကို မထိခိုက်ပါဘူး။ပိုးသတ်ဆေးထဲမှာ တားဆေးနဲ့ တွဲမပေးရဘူးလို့ နာမည်ကြီးတဲ့ဆေးက Rifampicin လို့ ခေါ်တဲ့ တီဘီမှာ သုံးတဲ့ဆေးပါ။ သူကတော့ တားဆေး အာနိသင်ကို ကျစေလို့ ဒီဆေးသောက်နေတယ်ဆိုရင် ကွန်ဒုံးသုံးတာဖြစ်ဖြစ် တခြားနည်းနဲ့ သန္ဓေတားတာ ဖြစ်ဖြစ် လုပ်ရမှာပါ။သူကလွဲလို့ တခြားပိုးသတ်ဆေးတွေကတော့ တားဆေးနဲ့ ရောသောက်လို့ရသလို အပိုဆောင်းသန္ဓေတားနည်းတွေ (ဥပမာကွန်ဒုံး)လည်း မလိုပါဘူး။HIVဆေးတွေထဲမှာဆိုရင်လည်း။-Darunavir။-Efavirenz။-Lopinavir/ ritonavir။-Nevirapine စတဲ့ဆေးတွေပါ။တခြားဆေးတွေကတော့ သောက်လို့ရပါတယ်။မှိုသတ်ဆေးတွေထဲမှာ သတိထားရမှာက griseofulvinနဲ့ ketoconazoleပါ။ Griseofulvinက သဲဝဲစားရောဂါမှာ သုံးပါတယ်။ Ketoconazoleကတော့ သုံးခဲပါတယ်။ တခြားမှိုဆေးတွေ မရှိ ဒါမှမဟုတ် မနိုင်မှ သုံးတာပါ။ နောက် Nystatinဆေးကလည်း တားဆေး အာနိသင်ကို လျော့စေတယ်လို့ ဆိုပါတယ်။ ကိုယ့်မှာ မှိုစွဲတဲ့ ရောဂါရှိလို့ ဆေးကုရတော့မယ်ဆိုရင် တားဆေးသောက်နေကြောင်း ဆရာဝန်ကို ပြောပြပါ။အတက်ကျဆေးတွေက တားဆေးတွေကို ခန္ဓာကိုယ်ထဲမှာ မြန်မြန်ပျက်စေတာမို့လို့ ဆေးအာနိသင် ပြချိန်မရလိုက်ပါဘူး။ ဒါတွေကတော့။-Carbamazepine။-Felbamate။-Oxcarbazepine။-Phenobarbital။-Primidone။-Topiramate စတဲ့ ဆေးတွေပါပဲ။ဒါကြောင့် ဒီဆေးတွေ သောက်နေမယ်ဆိုရင် တခြား အပိုဆောင်းသန္ဓေတားနည်းလမ်းတွေ သုံးဖို့ စဉ်းစားပါ။ အတက်ကျဆေးက တားဆေး အာနိသင်ကို လျော့စေပေမယ့် တားဆေးကြောင့် အတက်ကျဆေးရဲ့ ဆေးစွမ်း မထိခိုက်ပါဘူး။ဒီဆေးက အိပ်စက်ခြင်း ရောဂါတွေ ဖြစ်တဲ့အိပ်ဟောက်ရှူရပ်ရောဂါတို့၊ အအိပ်လွန်တဲ့ ရောဂါတို့မှာ သုံးပါတယ်။ လေ့လာချက်တွေအရ သူသည်လည်း တားဆေးရဲ့ အာနိသင်ကို ကျစေတယ်လို့ဆိုပါတယ်။အောက်မှာ ဆက်ပြောမယ့် သစ်ဥသစ်ဖုတွေကလည်း တားဆေးအာနိသင်ကို ကျစေလို့ ဒါတွေသောက်နေရင် သတိထားပါ။ အနည်းဆုံးတော့ အလွန်အကျွံမသောက်မိပါစေနဲ့။-St.John’s worts (တောင်ရေချမ်းယားအပင်) : ဒီအပင်ကို စိတ်ကျဝေဒနာနဲ့ အိပ်စက်ခြင်း ဝေဒနာတွေအတွက် သုံးပါတယ်။ လေ့လာချက်တွေအရ ဒီအပင်နဲ့ တားဆေးနဲ့ကို တွဲသောက်မိမယ်ဆိုရင် ရာသီမဟုတ်ဘဲ သွေးဆင်းတာ၊ တားဆေးမှာ ပါတဲ့ အီစထရိုဂျင်ကို ဖျက်ဆီးလိုက်တာမျိုး ဖြစ်တတ်ပါတယ်တဲ့။-Saw palmetto (ဆေးထန်းပင်) : ဆံပင်ကျွတ်တာ သက်သာအောင် တချို့တွေ သောက်တတ်ကြပါတယ်။-Alfalfa (အယ်လ်ဖာဖာ) : ကျောက်ကပ်၊ ဆီးအိမ်နဲ့ ဆီးကျိတ်ပြဿနာတွေအတွက် သုံးတတ်ကြပါတယ်။-နှမ်းကြတ်စေ့ : အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါတွေအတွက် သောက်ကြပါတယ်။သစ်ဥသစ်ဖုတွေကို ဘယ်လောက်စားရင် တားဆေးအာနိသင်ကျတယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် အလွန်အကျွံမစားမိဖို့ သတိပြုပါ။ ဒါတွေ စားနေမိတယ်ဆိုရင် တားဆေးပြောင်းသုံးတာဖြစ်ဖြစ်၊ စားနေတဲ့ အချိန်တွင်းမှာ အပိုဆောင်းသန္ဓတားနည်းလမ်းသုံးတာ ဖြစ်ဖြစ် လုပ်ပေးပါ။အဲ့ဒီတော့ ပြန်ပြောရရင် တားဆေးမှ မဟုတ်ပါဘူး။ ကိုယ့်မှာ စွဲသောက်နေတဲ့ ဆေးရှိရင် နောက်ဆေးသောက်ဖို့ လိုလာတိုင်းမှာ စွဲသောက်နေတဲ့ ဆေးတွေအကြောင်း ဆရာဝန်ကို အသိပေးပါ။ ဒါမှ ဆေးဓာတ်ပြုခြင်း ရှိ မရှိ ဆင်ခြင်ပြီး ပေးလို့ရမှာပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/medications-that-can-reduce-oc-pills-efficacy/
အဆီကျစေမယ့် အမူအကျင့် (၄) ခု
ကိုယ်အလေးချိန်လျှော့ဖို့နဲ့ အဲ့ဒီအလေးချိန်မှာပဲ အချိန်အတိုင်းအတာတစ်ခုထိ ထိန်းထားနိုင်ဖို့အတွက် နေထိုင်မှုစနစ်တချို့ပြောင်းလဲဖို့ လိုအပ်ပါတယ်။ အစားလုံးဝမစားတော့တာ၊ လေ့ကျင့်ခန်းအပြင်းပထန် လုပ်တာတွေက ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။ကိုယ်အလေးအချိန်လျှော့ဖို့ သင်အသုံးပြုတဲ့နည်းလမ်းတွေက ကိုယ်ခန္ဓါကိုယ်နဲ့ ကိုက်ညီဖို့ လိုအပ်ပြီး ပိုမိုကျန်းမာတဲ့ ခန္ဓါကိုယ်ဖြစ်စေဖို့ဆိုတာ မမေ့ပါနဲ့။ကိုယ်အလေးချိန်လျှော့ဖို့ ကြိုးပမ်းတာက ရေရှည်လုပ်ဖို့တော့လိုပါတယ်။ မဟုတ်ရင် ခဏပဲ အဆင်ပြေပါလိမ့်မယ်။ ကိုယ့်ရဲ့နေ့စဉ်နေထိုင်မှုကို မထိခိုက်စေဘဲ ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့ လိုပါတယ်။အလားတူပဲ ကိုယ်အလေးချိန်လျှော့ဖို့ လုပ်တဲ့နေရာမှာ အားကစားခန်းမမှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်တာမျိုး အစားအသောက်ကို အလွန်အမင်းကန့်သတ်ထိန်းချုပ်တာမျိုးတွေ လုပ်ဖို့ မလိုအပ်ပါဘူး။ ခုပြောမှာကတော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဝိတ်ချနည်း(၄)ခုအကြောင်း ဖြစ်ပါတယ်။တစ်နေ့ကို ၁၅ -၂၀ မိနစ်ကြာတဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ နှလုံးသွေးကြောဆိုင်ရာ လေ့ကျင့်ခန်းနဲ့ ကိုယ်ခံအားကောင်းစေတဲ့ လေ့ကျင့်ခန်းတွေကို အလှည့်ကျလုပ်ဆောင်ပါ။အိပ်ရာကနေ မိနစ် ၂၀ လောက်စောထပြီးလုပ်ပါ ဒါမှမဟုတ် နေ့လည်ခင်းအချိန်မှာလည်း လုပ်နိုင်ပါတယ်။ သင့်အနေနဲ့ ဘယ်လိုပဲ ရွေးချယ်ပါစေ နေ့တိုင်းအချိန်မှန်ဖြစ်ဖို့တော့ လိုပါလိမ့်မယ်။ လက်မောင်းလေ့ကျင့်ခန်း၊ ထိုင်ထလုပ်တာ၊ အိပ်ထမတင် စတဲ့ ရိုးရှင်းတာလေးတွေကို သင်အိပ်ယာထ ရေမချိုးခင်မှာ လုပ်နိုင်ပါတယ်။ အချိန်ရရင် အနီးနားက လေကောင်းလေးသန့်ရတဲ့ ပန်းခြံထဲမှာလည်း လုပ်နိုင်ပါသေးတယ်။ဒီလိုနေ့စဉ်လေ့ကျင့်ခန်းလုပ်တာက သင့်ခန္ဓါကိုယ်အချိုးအစားနဲ့ ကယ်လိုရီလောင်ကျွမ်းမှုဖြစ်စဉ်ကို ပြောင်းလဲစေနိုင်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက နှလုံး၊ စိတ်နဲ့ ခန္ဓါကိုယ်ကို အလုပ်ပေးထားတဲ့ သဘောပါပဲ။ မနက်ခင်းလေ့ကျင့်ခန်းက သင့်ခန္ဓါကိုယ်ရဲ့ ဇီဝကာမဖြစ်စဉ်တွေကို အထောက်အကူဖြစ်စေပြီး တနေကုန်လန်းဆန်းတက်ကြွစေနိုင်တဲ့ အန်ဒိုဖင်ဟော်မုန်းကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ကြွက်သားတွေ ကြီးထွားလာပြီး ဇီဝကမ္မဖြစ်စဉ်တွေကို တိုးတက်မြန်ဆန်စေပါတယ်။ ဒီလိုမြန်ဆန်လာတာနဲ့အမျှ ကိုယ်စားမယ့် အစားအသောက်တွေကို ချင့်ချိန်စရာလည်း သိပ်မလိုတော့ပါဘူး။ဒါက သင့်ရဲ့ လက်ကိုင်ဆောင်ပုဒ်တောင် ဖြစ်သင့်ပါတယ်။ အသီးအရွက်တွေစားပြီး ဝနေတဲ့လူရယ်လို့ သင်ကြားဖူးမှာမဟုတ်ပါဘူး။ သဘာဝကပေးတဲ့ အကျိုးရှိတဲ့အစားပါ။ အနောက်နိုင်ငံတွေမှာရှိတဲ့ လူ ၆၆ ရာခိုင်နှုန်းလောက်က အဝလွန်နေကြတဲ့အတွက် သူတို့နိုင်ငံတွေမှာ တကယ့်အသီးအရွက်တွေစားဖို့တောင် လှုံဆော်နေကြရပါတယ်။ ဒါကြောင့် သင်အစားစားတဲ့အချိန်တိုင်းမှာ ခန္ဓါကိုယ်အတွက် တကယ်အကျိုးရှိသလားဆိုတာ သင့်ကိုယ်သင်မေးပါ။သင်ဘယ်အချိန် အစာအစားသလဲဆိုတာက သင်ဘာတွေစားသလဲဆိုတာလောက်ကို အရေးကြီးပါတယ်။ သင့်ခန္ဓါကိုယ်က လောင်စာလိုအပ်တာဖြစ်တဲ့အတွက် သင်တစ်နပ်လောက်လျှော့ခဲ့ရင် ဇီဝကမ္မဖြစ်စဉ်တွေက နှေးကွေးသွားပါတယ်။ အချိန်မှန်မှန်စားတာက သင့်ကိုယ်တွင်းသကြားဓါတ်ကို ညီမျှစေပြီး ရုတ်တရက်အားနည်းသွားတာမျိုးကနေ ကာကွယ်နိုင်ပါတယ်။အချိုဓါတ်နည်းတဲ့မနက်စာက ကိုယ်တွင်းအဆီလျှော့ချမှုကို ကူညီပေးနိုင်ပါတယ်။အိပ်စက်ခြင်းက သင့်ကျန်းမာရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ နောက်အရေးကြီးတဲ့အရာတွေကတော့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအသောက်စားခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနှင့် အကောင်းမြင်စိတ်ရှိခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီလေးချက်ကို သင်မေ့ထားတာက သင့်ကို ကုသပေးနေတဲ့ ဆရာဝန်နာမည်ကို မေ့နေသလိုဖြစ်နေမှာပါ။နေ့တိုင်း အချိန်မှန်မှန်အိပ်ပါ။ ၈ နာရီပြည့်အောင် ကြိုးစားအိပ်ပါ။ ဒါမှသာ ခန္ဓါကိုယ်က သဘာဝအတိုင်းလုပ်ဆောင်တဲ့ အဆိပ်အတောက် ဖယ်ရှားတဲ့ စနစ်ကို ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။Hello Health Group သည် မည်သည့်ကျန်းမာရေးဝန်ဆောင်မှုကိုမျှ မပေးပါ။ အကယ်၍ မိမိကျန်းမာရေးနှင့် ပတ်သက်ပြီး မူမမှန်မှုတစ်ခုခုရှိသည်ထင်ပါက ဆရာဝန်၊ ဆရာမနှင့် တိုင်ပင်ဆွေးနွေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/%e1%80%a1%e1%80%86%e1%80%ae%e1%80%80%e1%80%bb%e1%80%85%e1%80%b1%e1%80%99%e1%80%9a%e1%80%b7%e1%80%ba-%e1%80%a1%e1%80%99%e1%80%b0%e1%80%a1%e1%80%80%e1%80%bb%e1%80%84%e1%80%b7%e1%80%ba-%e1%81%84/
အမျိုးသမီးများ သားကြောဖြတ် ခြင်း
သားကြောဖြတ်တယ်ဆိုတာသားဆက်ခြားနည်းတွေထဲက တစ်ခုပါ။ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသမီးက ကိုယ်ဝန်ထပ်ဆောင်ဖို့ အဆင်မပြေတော့ရင် ဒါမှမဟုတ် ဇနီးမောင်နှံက ဆန္ဒလည်းရှိတယ်၊ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် သားကြောဖြတ်လို့ရပါတယ်။ သားကြောဖြတ်တာက သားဆက်ခြားနည်းတွေထဲမှာ အလုပ်အရှုပ်ဆုံးလို့ ပြောလို့ရပါတယ်။ ကိုယ်က သားကြောဖြတ်ချင်ပေမယ့် သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရပါတယ်။ ကိုက်ညီတာတောင်မှ သက်ဆိုင်ရာ ဘုတ်အဖွဲ့ရဲ့ ခွင့်ပြုချက်လိုပါတယ်။  သားကြောဖြတ်တာရဲ့ လုပ်ငန်းစဉ်က သာမန်လူတွေနဲ့ သိပ်မရင်းနှီးပါဘူး။ ဒါကြောင့် ဗဟုသုတအနေနဲ့ ကျန်းမာရေးနဲ့ ဝန်ကြီးဌာနက ၂၀၁၉က ထုတ်ပြန်ထားတဲ့ သားကြောဖြတ်လုပ်ငန်းစဉ်ကို ပြောပြပေးချင်ပါတယ်။သားကြောဖြတ်တာက အမျိုးသမီးရဲ့သားဥပြွန်နှစ်ဖက်ကို ဖြတ်တောက်တဲ့ အသေးစား ခွဲစိတ်မှုပဲ ဖြစ်ပါတယ်။ ထိရောက်ပြီး စိတ်ချရပါတယ်။ သားကြောဖြတ်တဲ့ အမျိုးသမီး ၂၀၀မှာ ၁ယောက်လောက်ပဲ ကိုယ်ဝန်ပြန်ရနိုင်ချေ ရှိပါတယ်။ ရာသက်ပန် ကိုယ်ဝန်မရနိုင်တဲ့ နည်းလမ်း ဖြစ်လို့ သားကြောမဖြတ်ခင် ဇနီးမောင်နှံနှစ်ယောက် သေချာ တိုင်ပင်သင့်ပါတယ်။ကလေးမယူဘူး သေချာမှသာ ဒီနည်းလမ်းကို အသုံးပြုသင့်ပါတယ်။အောက်က အချက်တွေထဲမှာ တစ်ချက် (ဒါမှမဟုတ်) တစ်ချက်ထက်ပိုပြီး ကိုက်ညီမှုရှိရင် သားကြောဖြတ်ဖို့ လျှောက်ထားနိုင်ပါတယ်။အပေါ်က အချက်တွေနဲ့ ကိုက်ညီရုံနဲ့ သားကြောဖြတ်လို့ မရသေးပါဘူး။ ကိုယ်သားကြောဖြတ်ချင်တဲ့ အကြောင်းကို ဘုတ်အဖွဲ့ကို စာတင်ရပါတယ်။ လုပ်ငန်းစဉ်ကတော့။အမျိုးသမီး သားကြောဖြတ်ခြင်းကြောင့်။နောက်ထပ်သတိထားရမှာတော့။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/about-sterilization/
Psoriasis (အရေပြားလေးဘက်နာ)
အရေပြားလေးဖက်နာ ဆိုသည်မှာ နာတာရှည် အရေပြား ချို့ယွင်းမှု တစ်မျိုးဖြစ်ပြီး မကြခဏ ပေါ်လိုက်ပျောက်လိုက် ဖြစ်တက်ပါသည်။ အရေပြားဆဲလ်များသည် လျင်မြန်စွာ မျိုး ပွား၍ စုပြုံလာကာ အရေပြား မျက်နှာပြင်တွင် ငွေရောင် အ ဖတ်များ ဖြစ်လာပါသည်။ မပြင်းထန်သော အခြေအနေမှ ပြင်းထန်သော အခြေအနေအထိ ဖြစ်နိုင်ပါသည်။ ဖြစ်ပွားမှု သည် အသေးစား ထိခိုက်ဒဏ်ရာရမှု၊ စိတ်ဖိစီးမှု ၊ ပိုးမွှား ကူးစက်မှု၊ အေးမြသော ခြောက်သွေ့သော ရာသီဥတု နှင့် ထိတွေ့မှု၊ အဝလွန်မှု၊ အခြားကိုယ်ခံအား ပြန်လည် တိုက်ခိုက်မှု အခြေအနေများဖြင့် စတင်ဖြစ်နိုင်ပါသည်။ သိ သာ ထင်ရှားသော အကြောင်းပြချက် မရှိဘဲဖြင့်လည်း ဖြစ် နိုင်ပါသည်။အရေပြားလေးဖက်နာသည် အဖြစ်များပြီး များသောအား ဖြင့် အရွယ်ရောက်ပြီးသူများတွင် ဖြစ်ပွားပါသည်။ အမျိုးသား များတွင်ရော အမျိုးသမီးများတွင်ပါ တူညီစွာ ဖြစ်ပွားပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် အရေပြား လေးဖက်နာ ဖြစ်နိုင်မှုကို လျော့ချ နိုင်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။အရေပြားလေးဖက်နာ၏ ရောဂါလက္ခဏာများသည် တစ်ဦးနှင့် တစ်ဦး ကွဲပြားပါသည်။ သို့သော် အောက်ပါတို့ ပါဝင်နိုင်ပါသည်။ဦးရေပြား၊ မျက်နှာ၊ တံတောင်ဆစ်၊ လက်၊ ခြေထောက်၊ ရင်အုပ်၊ နောက်ကျော အောက်ဘက်၊ တင်ပါးကြားနေရာများ တွင် အများအားဖြင့် ဖြစ်ပွားပါသည်။ လက်သည်းခွံများနှင့် ခြေသည်းခွံများတွင်လည်း ဖြစ်ပွားနိုင်ပါသည်။အရေပြားလေးဖက်နာ ရှိသူများ၏ လေးပုံတစ်ပုံသည် အဆစ်အမြစ်ရောင်ရောဂါ လက္ခဏာများရှိပြီး အရေပြား လေး ဖက်နာ ဆိုးရွားလာသောအခါ ထိုလက္ခဏာများလည်း ဆိုး ရွားလာပါသည်။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။သင်သည် သင့်ကိုယ်သင် အရေပြားလေးဖက်နာ ရှိသည် ဟု သံသယရှိပါက ရောဂါစစ်ဆေးရန် ဆရာဝန်နှင့် ပြသပါ။ သင်၏ အရေပြားလေးဖက်နာ သည် အောက်ပါတို့ ဖြစ်ပွားပါ က ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။အကြောင်းရင်းကို သေချာမသိရသေးသော်လည်း အရေ ပြားလေးဖက်နာသည် ကိုယ်ခံစွမ်းအား ပြန်လည်တိုက်ခိုက် ခြင်း ကြောင့် ဖြစ်နိုင်သည်။ ပို၍ သေချာစွာ ပြောရသော် အဓိ ကဆဲလ်သည် T Lymphocyte ဟုခေါ်သော သွေးဖြူဥ အမျိုး အစားတစ်ခုကြောင့် ဖြစ်သည်။ ပုံမှန်အားဖြင့် ထိုဆဲလ်များ သည် ခန္ဓါကိုယ်အနှံ့သွားလာ၍ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် စသော ခန္ဓါကိုယ်ပြင်ပ ပစ္စည်းများကို ဖော်ထုတ်ကာ တိုက် ခိုက်ပါသည်။ သို့သော် သင့်တွင် အရေပြားလေးဖက်နာ ရှိပါ က ထိုဆဲလ်များသည် ကျန်းမာသော အရေပြားဆဲလ်များ အား မှားယွင်းတိုက်ခိုက်ကာ အနာကျက်ရန် သို့မဟုတ် ရော ဂါပိုးကူးစက်မှုကို တိုက်ခိုက်ရန် ခက်ခဲစေပါသည်။ အရေပြား လေးဖက်နာသည် တစ်ဦးမှ တစ်ဦးသို့ မကူးစက်တတ်ပါ။ ကင်ဆာ ရောဂါကိုလည်း မဖြစ်စေပါ။အရေပြား လေးဖက်နာ ဖြစ်နိုင်ချေကို မြင့်စေသော အ ချို့အချက်များမှာ-။ဖြစ်နိုင်ချေမြင့်စေသော အချက်များ မရှိခြင်းသည် သင့်အား အရေပြားလေးဖက်နာ မဖြစ်နိုင်ဟု မဆိုလိုပါ။ ဤ အချက်များသည် ကိုးကားချက်သာလျင် ဖြစ်သည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်သင့်ပါ သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် အရေပြား၊ ခြေသည်းလက်သည်းခွံ၊ ဦး ရေပြား ကိုကြည့်ခြင်းဖြင့် ရောဂါ အဖြေရှာနိုင်ပါသည်။ ရောဂါ အဖြေရှာမှုသည် မရှင်းလင်းပါက အရေပြား တစ်ရှူးစ ထုတ် ယူကြည့်ခြင်းဖြင့် ဆုံးဖြတ်နိုင်ပါသည်။အရေပြားလေးဖက်နာသည် ကုသ၍ မပျောက်ကင်းပါ။ သို့သော် ကုသမှုသည် ရောဂါလက္ခဏာများကို ထိန်းချုပ်နိုင် ပါသည်။အရေပြားလေးဖက်နာ ဖြစ်စေသော အရာများကို ရှောင်ကြဉ်ပါ။ သောက်သုံးရန် ညွှန်ကြားထားသော ဆေးဝါး များ အသုံးပြုခြင်း သည် ရောဂါလက္ခဏာများကို ထိန်းချုပ်ပြီး နည်းပါးစေပါသည်။ အထွေထွေလုပ်ငန်းများတွင် အရေပြား သန့်ရှင်းမှု၊ အရေပြား ထိခိုက်ဒဏ်ရာရမှု နှင့် ခြောက်သွေ့မှု ကို ရှောင်ရှားခြင်း၊ သင့်တော်သော နေရောင်ဖြင့်သာ ထိတွေ့ခြင်း၊ အုတ်ဂျုံမှုန့်ဖြင့် ရေချိုးခြင်းတို့ ပါဝင်သည်။ မပြင်းထန်သော အရေပြားလေးဖက်နာ၏ ကုသမှုတွင် ကတ္တ ရာ စေးပါဝင်သော လိမ်းဆေးများ၊ လိုးရှင်းများ၊ ရှန်ပူများ၊ ဆီ ပါသည့် လိမ်းဆေးများ အသုံးပြုခြင်းတို့ ပါဝင်သည်။ ထိုလိမ်း ဆေးများသည် ရောင်ရမ်းခြင်း၊ အကြေးခွံထခြင်း၊ ယားယံခြင်း များကို သက်သာစေပါသည်။ အပေါ်ယံအရေပြားတွင် လိမ်း ရသော စတီးရွိုက် နှင့် အခြားအရောင်ကျဆေးများကို မပြင်း ထန်သော ရောဂါအခြေအနေများတွင် အသုံးပြုနိုင်ပြီး ပြင်း ထန်သော အခြေအနေများတွင် ပေါင်းဖက်၍ သုံးနိုင်ပါသည်။အခြားကုသမှုများတွင် သတ္ထုဆီ ပါဝင်သော salicylic acid, PUVA ( psoralem, ခရမ်းလွန်ရောင်ခြည် အေ နှင့် ထိ တွေ့ခြင်း)၊ ကိုယ်ခံအား ကျစေသော ဆေးများ (ဥပမာ- methotrexate, isotretinoin)၊ Antihistamines (ယားယံ ခြင်းအတွက်)၊ ပဋိဇီဝဆေး (ဒုတိယတန်းစား ဘတ်တီးရီး ယား ကူးစက်မှုများ) တို့ပါဝင်ပါသည်။လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် အရေပြားလေးဖက်နာ ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် အရေပြားလေးဖက်နာ ကို ထိန်းချုပ်နိုင် ပါသည်။အောက်ပါတို့ဖြစ်ပွားပါက ဆရာဝန်ကို အကြောင်းကြားပါ။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။Translated by Zin Wai Yan Linn။Hello Health Group does not provide medical advice, diagnosis or treatment.။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/psoriasis-%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%b1%e1%80%9c%e1%80%b8%e1%80%98%e1%80%80%e1%80%b9%e1%80%94%e1%80%ac/
HPVဗိုင်းရပ်စ်က သင့်ရဲ့ကလေးတွေကိုဘယ်လို ထိခိုက်စေနိုင်သလဲ၊ ဘယ်လိုကာကွယ်နိုင်မလဲ
Human Papillomavirus (HPV)ဆိုတာ။Human Papillomavirus (HPV)ဆိုတာက လိင်ဆက်ဆံမှုကနေတဆင့် အများဆုံးကူးစက်တဲ့ ရောဂါတစ်မျိုးပါ။ HPVဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့် လိင်အင်္ဂါတဝိုက်မှ ကြွက်နို့တွေ ဖြစ်လာနိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ၊ လိင်တံကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ လျှာကင်ဆာလိုမျိုး ရောဂါတွေဖြစ်နိုင်ပါတယ်။ HPVဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါ ကင်ဆာမဖြစ်ရင်တောင်မှ လူမှု့ဘဝနေထိုင်မှုကို ထိခိုက်စေနိုင်တဲ့ လိင်အင်္ဂါတဝိုက် ကြွက်နို့တွေဖြစ်တာကို ဖြစ်စေနိုင်ပါတယ်။ HPVဗိုင်းရပ်စ်က လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်နိုင်ပြီး တော်တော်များများက ဒီဝေဒနာကို အရွယ်ရောက်ပြီးသူတွေလောက်ပဲ စိုးရိမ်ဖို့လိုအပ်တယ်လို့ ယူဆနေကြပါတယ်။ ဒီအယူအဆက အပြည့်အဝမမှန်ပါဘူး။ ဘာကြောင့် ဒီလိုပြောရလဲဆိုတာ သင်အနေနဲ့ ကလေးကို ငယ်ငယ်ကတည်းကHPV အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် ဘာကြောင့် ကြိုတင်ပြင်ဆင်ထားသင့်တာလဲဆိုတဲ့ အကြောင်းအရင်းတွေကို အောက်မှာ သေသေချာချာရှင်းပြပေးထားပါတယ်။HPVဗိုင်းရပ်စ် နဲ့ကင်ဆာရောဂါများ–။HPVဗိုင်းရပ်စ်နဲ့ လိင်အင်္ဂါကြွက်နို့။လိင်အင်္ဂါတဝိုက်မှာ ကြွက်နို့ဖြစ်စေနိုင်တဲ့ HPVဗိုင်းရပ်စ်က တစ်ခါတစ်ရံမှာ လိင်ဆက်ဆံစဉ် အရေပြားချင်းထိတွေ့မှုကနေ တဆင့်ကူးစက်တာပါ။ ဒီဗိုင်းရပ်စ်ကလိင်အင်္ဂါတဝိုက်မှာ အတွေ့ရများပြီး ပါးစပ်နဲ့ လည်ပင်းတွေမှာလည်း တွေ့ရနိုင်ပါတယ်။လိင်အင်္ဂါကြွက်နို့က လိင်အင်္ဂါတဝိုက်နဲ့ စအိုတဝိုက်မှာ ဖြစ်တတ်တဲ့ နာကျင်မှုမရှိတဲ့ အဖုတွေပါ။ အရွယ်အစားနဲ့ ပုံသဏ္ဍာန်တွေကတော့ မတူနိုင်ပါဘူး။အချို့ကြွက်နို့တွေက အဖြူရောင်အချပ်လိုက်တွေ ဖြစ်ပြီး အချို့ကတော့ ပန်းဂေါ်ဖီလိုပုံစံမျိုးတွေပါ။ လိင်အင်္ဂါ ကြွက်နို့တွေကြောင့် ပြင်းထန်တဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေမဖြစ်နိုင်ပေမယ့် လူတစ်ယောက် ဘဝနေထိုင်မှုပေါ်မှာတော့ ထိခိုက်နိုင်ပါတယ်။HPVကာကွယ်ဆေးထိုးနှံခြင်း၊ကင်ဆာရောဂါများနဲ့ လိင်အင်္ဂါကြွက်နို့များ။တစ်ယောက်ယောက်က သင့်ရင်သွေးကို အပေါ်မှာပြောခဲ့တဲ့ ရောဂါဆိုးတွေ အန္တရာယ်က ကာကွယ်နိုင်တယ်လို့ပြောရင် သင့်အနေနဲ့ အကြံပေးတဲ့အတိုင်းလုပ်မှာလား။ မိဘအများစုကတော့ ချီတုံချတုံဖြစ်မနေဘဲ ဒီအဖြေကိုခေါင်းညိတ်ကြမှာပါ။ အကြောင်းကတော့ HPVကလိင်ဆက်ဆံမှုကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါဖြစ်နေနိုင်တာကြောင့်ပါ။ ကိုယ့်ရဲ့ရင်သွေးကို HPVကာကွယ်ဆေး ထိုးနှံပေးတာက ကိုယ့်ရဲ့ကလေးငယ်ကိုတင် ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးတာမဟုတ်ပါဘူး။ ကိုယ့်ရင်သွေးရဲ့ လက်တွဲဖော်ဖြစ်လာမယ့် ကလေးငယ်ကိုပါ ကာကွယ်ပေးနိုင်မှာပါ။HPVကာကွယ်ဆေးထိုးနှံတာက လိင်အင်္ဂါကြွက်နို့နဲ့ ကင်ဆာတွေကိုဖြစ်စေနိုင်တဲ့ HPVဗိုင်းရပ်စ်ကိုထိထိရောက်ရောက်ကာကွယ်နိုင်တဲ့နည်းလမ်းတစ်ခုပါ။ ဗိုင်းရပ်စ်နဲ့လုံးဝမထိတွေ့သေးဘူးခင် အပျိုဖော်၊လူပျိုဖော်မဝင်ခင်မှာ HPVကာကွယ်ဆေးထိုးတာက အထိရောက်ဆုံးဖြစ်မှာပါ။ ဒီလိုမျိုးအချိန်မှာ ကာကွယ်ဆေးထိုးနှံတာကအချိန်တော်တော်ကြာတဲ့အထိ ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။ လေ့လာမှုတွေအရ ကာကွယ်ဆေးတစ်ကြိမ်ထိုးထားရင် ၁၀ နှစ်အထိ ကာကွယ်မှုပေးနိုင်ပါတယ်။ ယနေ့အထိတော့ HPVကာကွယ်ဆေးကြောင့် ဆိုးကျိုးသက်ရောက်မှုတွေရှိတယ်လို့ မတွေ့ရပါဘူး။ အခြားကာကွယ်ဆေးတွေ ထိုးသလိုမျိုးဖျားတာ၊ အရေပြားရောင်ရမ်းတာ၊ ဆေးထိုးထားတဲ့နေရာက နီမြန်းနာကျင်တာလောက်ပဲဖြစ်တယ်လို့ တွေ့ရပါတယ်။ မိမိရဲ့ရင်သွေးမှာ HPVဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ရောဂါတွေ အန္တရာယ်ကနေကာကွယ်ဖို့အတွက် မြန်နိုင်သမျှမြန်မြန်ဆရာဝန်နဲ့ တိုင်ပင်ပြီးကာကွယ်ဆေးထိုးပေးဖို့ တိုက်တွန်းပါရစေ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/vaccines/how-hpv-affects-your-kids/
ဆံပင်အခြောက်မြန်အောင် မှုတ်နည်း ၆နည်း
ဆံပင်တခါခြောက်အောင် dryer နဲ့ နာရီဝက်တနာရီ ထိုင်မှုတ်နေရတာ စိတ်ပျက်နေပြီလား။ မပူပါနဲ့တော့။ အဲ့သလိုမျိုး အချိန်မကုန်ရစေဖို့ အောက်က အချက်လေးတွေကိုသာ ဖတ်ကြည့်လိုက်ပါ။ဆံပင်ကို မမှုတ်ခင် မျက်နှာသုတ်ပုဝါနဲ့ အရင်သုတ်မယ်ဆိုရင် အချိန်ကုန်အရမ်း သက်သာသွားမှာပါ။ နည်းမှန်လမ်းမှန် သုတ်ဖို့တော့ လိုပါလိမ့်မယ်။ ဆံပင်ကို မျက်နှာသုတ်ပုဝါနဲ့ ကြပ်ကြပ်ပတ်ပြီး ရေတွေကို ညှစ်ချပါ။ ခပ်ကြမ်းကြမ်း မပွတ်မိပါစေနဲ့။ အဲ့သလို ပွတ်မိလိုက်ရင် ဆံသားကြမ်းစေတဲ့အပြင် ဆံပင်ကိုလည်း လုံးထွေးသွားစေပါတယ်။ညှစ်ချတဲ့ အခါမှာလည်း အရမ်းကြီးခြောက်သွားအောင် မညှစ်ပါနဲ့။ စိုထိုင်းထိုင်းလေးတော့ ဖြစ်နေပါစေ။ ဘာလို့လဲဆိုတော့ အရမ်းခြောက်သွားပြန်ရင်လည်း hair-dryer နဲ့မှုတ်တဲ့ အခါ ကိုင်ရခက်လို့ပါ။ရေချိုးခန်းထဲမှာ ဘယ်တော့မှ ဆံပင်ကို အခြောက်မခံပါနဲ့။ ရေချိုးခန်းဟာ စိုထိုင်းဆများတဲ့အတွက် တော်တော်နဲ့ ခြောက်မှာမဟုတ်ပါဘူး။ Gym တို့ ရေကူးကန်တို့မှာလို အများသုံးနေရာဆိုရင်လည်း ရေချိုးတဲ့ နေရာနဲ့ တတ်နိုင်သမျှ ခပ်ဝေးဝေးကို သွားပါ။ Hair-dryer ကို မှန်မှန်ကန်ကန် သုံးတတ်ပါစေ။ လေမှုတ်တဲ့အခါမှာ အပူချိန်နဲ့ လေအရှိန်ကို အသင့်တော်ဆုံး ချိန်တတ်ရပါမယ်။များသောအားဖြင့် ဆံပင်ကိုမှုတ်တဲ့အခါ နေရာလေးတွေခွဲခွဲပြီး မှုတ်လေ့ရှိကြပါတယ်။ ဒီလို ခွဲတဲ့ နေရာမှာလည်း ဆံပင်အဖျားပိုင်းကနေ စပြီးမှုတ်တတ်ကြပါတယ်။ အဲ့လို အဖျားပိုင်းက စမယ့်အစား ဆံပင်အရင်းပိုင်းက စမှုတ်ပါ။ ဘယ်လိုလုပ်ရမလဲဆိုတော့ ဆံပင်ကို ဘီးလေးနဲ့မပြီး ဆံသားအောက်ခြေနေရာလေးတွေကို သေချာမှုတ်ပေးပါ။ (ဘီးနဲ့မတဲ့အခါ ဆံပင်က တော်တော်ခြောက်နေပြီဆိုရင် ဆံပင်နည်းနည်းပဲ ပါလာတတ်တာမို့ အဆင်မပြေပါဘူး။) ဒီနည်းလေးသုံးခြင်းအားဖြင့် ဆံပင်ကို ပိုပြီးမြန်မြန်ခြောက်စေပါတယ်။ရုတ်တရက် စဉ်းစားရင် ဆံပင်ကို လေပူနဲ့မှုတ်တာ ဘယ်လိုအနေအထားနဲ့ မှုတ်မှုတ်ပေါ့လို့ ထင်စရာရှိပါတယ်။ ဒါဟာ မှားပါတယ်။ Dryerရဲ့ လေထွက်တဲ့ အပေါက်ကို အောက်စိုက်ပြီး မှုတ်ပါ။ ဒီလို လုပ်ခြင်းအားဖြင့် ဆံပင်တွေက အပေါ်ကို လန်တက်မလာတော့ပဲ ရှင်းရှင်းလေးဖြစ်ပြီး အခြောက်မြန်စေမှာပါ။ဥုံဖွဆိုပြီး အမြန်ခြောက်သွားစေမယ့် တံဆိပ်တော့မရှိပါ။ ဒါပေမယ့် မှန်ကန်ပြီး အရည်အသွေးကောင်းမွန်တဲ့ ကုန်အမှတ်တံဆိပ်ကို ရွေးချယ်ခြင်းအားဖြင့် သင့်ဆံကေသာတွေကို မြန်မြန်ဆန်ဆန် ခြောက်သွေ့သွားစေဖို့ အထောက်အကူဖြစ်စေမှာပါ။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/%e1%80%86%e1%80%b6%e1%80%95%e1%80%84%e1%80%ba%e1%80%a1%e1%80%81%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%ba-%e1%80%99/
မွေးလမ်းကြောင်း (Vagina) ကျန်းမာရေးအတွက် အကောင်းဆုံး အစားအသောက်များ။
လိင်အင်္ဂါတွေဟာ လူသားတွေရဲ့ အရေးကြီးဆုံး အင်္ဂါတွေထဲက တစ်ခုဆိုလည်း မမှားပါဘူး။လိင်အင်္ဂါတွေဟာဆီးလမ်းကြောင်းနဲ့ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို ပူးတွဲလုပ်ဆောင်နေတဲ့ အင်္ဂါတွေ ဖြစ်တာကြောင့် ဒီအင်္ဂါအစိတ်အပိုင်းတွေ ကျန်းမာနေဖို့က အရေးကြီးပါတယ်။တစ်ခါတရံမှာ အမျိုးသမီးမွေးလမ်းကြောင်းမှ အနံအသက် ပြောင်းလဲခြင်း၊ ပုံမှန် မဟုတ်တဲ့အမျိုးသမီး အင်္ဂါမှသွေးဆင်းခြင်းတို့ကို ကြုံနေရပြီဆိုရင် ဒါဟာ မွေးလမ်းကြောင်းရဲ့ pH ဟာ မညီမမျှ ဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ pH ဆိုတာ အရာဝတ္ထုတစ်ခု ဘယ်လောက် အက်ဆစ်ဓါတ်များသလဲ၊ ဘယ်လောက်အယ်ကာလီဓါတ်များသလဲဆိုတာကို တိုင်းတာပေးတဲ့ အတိုင်းအတာ တစ်ပါ။ ဒီအတိုင်းအတာမှာဆိုရင် ၀ ကနေ ၁၄ အထိရှိပြီး ၇ အောက်နည်းတဲ့ အရာဝတ္ထုတွေကို အက်ဆစ်ဓါတ်များတယ်လို့ သတ်မှတ်ပါတယ်။ ၇ ထက်များတဲ့ အရာတွေကိုတော့ အယ်ကာလီဓါတ်များတယ်လို့ ဆုံးဖြတ်ပါတယ်။ မွေးလမ်းကြောင်းတစ်ခု အက်ဆစ်ဓါတ်များနေသလား၊ အယ်ကာလီဓါတ် (ဘေစ့်ဓါတ်ဆား) များနေသလား ဆိုတဲ့ အချက်က မွေးလမ်းကြောင်းတစ်ခု ကျန်းမာရေးကို ဆုံးဖြတ်ပေးပါတယ်။ မွေးလမ်းကြောင်းရဲ့ pH ဟာ အနည်းဆုံး ၃.၈ ကနေ ၄.၅ အတွင်း ရှိဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ မွေးလမ်းကြောင့်ရဲ့ pH ပမာဏဟာ အသက်အရွယ် အလိုက် အနည်းငယ်ပြောင်းလဲသွားနိုင်ပါတယ်။ အသက် ၁၅ နှစ်ကနေ ၄၉ နှစ်အတွင်းမှာ မွေးလမ်းကြောင်းရဲ့ pH ဟာ ၄.၅ နဲ့ အောက်သာ ရှိပါတယ်။ ဒါပေမဲ့ သွေးဆုံးချိန်မတိုင်မှီနဲ့ သွေးဆုံးအပြီးမှာတော့ pH ပမာဏဟာ ၄.၅ ထက် အနည်းငယ်ကျော်သွားတတ်ပါတယ်။ မွေးလမ်းကြောင်း (Vagina) ရဲ့ pH ဟာ ၇ ထက်ထက်နည်းနေတာကြောင့် အက်ဆစ်ဓါတ်ကဲနေတယ်လို့ ဆိုရမှာပါ။ အက်ဆစ်ဓါတ်ကဲနေတဲ့ မွေးလမ်းကြောင်းတစ်ခုဟာ ဘတ်တီးရီးယားတွေနဲ့ မှိုတွေ မွေးလမ်းကြောင်းထဲ ဝင်မလာနိုင်အောင် အကာအကွယ်တစ်ခု အဖြစ် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါပေမဲ့ မွေးလမ်းကြောင်းရဲ့ pH ပမာဏာဟာ ၄.၅ ထက်ကျော်သွားမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် မကောင်းတဲ့ဘက်တီးရီးယားတွေဝင်လာနိုင်ပြီး Bacterial vaginosis (BV) လို့ခေါ်တဲ့ မွေးလမ်းကြောင်းမှ ငါးညှီနံ့နဲ့ ပုံမှန်မဟုတ်တဲ့ သွေးဆင်းခြင်းတွေ နေရထိုင်ရ ခက်ခဲတာတွေနဲ့ UTI (Urinary tract infection) လို့ခေါ်တဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါ တွေကို ဖြစ်စေနိုင်ပါတယ်။ဒီလိုပြောလိုက်လို့ မွေးလမ်းကြောင်းရဲ့ pH ပမာဏ ကို နေ့တိုင်း တိုင်းတာနေရမယ်ဆိုလိုတာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီး အင်္ဂါတွေဟာ သူ့ဘာသာ သန့်ရှင်း၊ ကာကွယ်နိုင်တဲ့ အင်္ဂါ တစ်ခု ဖြစ်လို့ပါ။ သင့်တင့်တဲ့ မွေးလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ရှိမယ်၊။ဘေးအန္တရာယ်ကင်းတဲ့ လိင်ကိုသာ ဆက်ဆံမယ်၊ သားဖွားမီးယပ်ဆိုင်ရာ ပုံမှန် စစ်ဆေးမှု လုပ်နေမယ်ဆိုရင် သင့်ရဲ့ pH ပမာဏက ပုံမှန်အခြေအနေမှာပဲ ရှိနေမှာ ဖြစ်ပါတယ်။ ယခု ကျွန်တော် ဒီ ဆောင်းပါးထဲမှာတော့ Hello Sayarwon ပရိတ်သတ်တွေအတွက် မွေးလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအတွက် စားသုံးသင့်တဲ့ အစားအသောက်တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။မြေအောက်မှာ ကြီးထွားတဲ့ ဥတစ်မျိုး ဖြစ်တဲ့ ကန်ဇွန်းဥဟာ Ipomoea batatas လို့ခေါ်တဲ့ အပင်ရဲ့ အမြစ်မှ ကြီးထွားတာ ဖြစ်ပါတယ်။ ကန်စွန်းဥမှာ ဘီတာကာရိုတင်း (Beta carotene) လို့ခေါ်တဲ့ရောင်ခြယ်ပစ္စည်း Anti-Oxidant ကြွယ်ဝပြီး သွေးများမှ ဗီတာမင် A ပမာဏ ကို သိသိသာသာမြင့်တက်စေနိုင်ပါတယ်။ ကန်စွန်းဥတွေဟာ အာဟာရဓါတ် လွန်စွာကြွယ်ဝပြီးအမျှင်ဓါတ် ကြွယ်ဝတဲ့ မြေအောက်ဥတစ်မျိုးပါ။ ဒါ့အပြင် ဒီကန်စွန်းဥတွေရဲ့ တစ်ခြားသော ကောင်းကျိုးတစ်ခုကတော့ သန္ဓေအောင်ခြင်းကို မြှင့်တင်ပေးနိုင်စွမ်းပါ။ ဘီတာကာရိုတင်း (Beta carotene) နဲ့ ဗီတာမင် A ပါဝင်တဲ့ အတွက် ကန်စွန်းဥတွေဟာ မွေးလမ်းကြောင်းနံရံတွေနဲ့ သားအိမ်နံရံတွေကို သန်မာကြီးထွားစေနိုင်ပါတယ်။ ဘီတာကာရိုတင်း (Beta carotene) နဲ့ ဗီတာမင် A တို့ဟာ အမျိုးသားတွေနဲ့ အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းနဲ့ သန္ဓေသားရဲ့ ကျန်းမာရေးအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ဒါ့အပြင် ကန်စွန်းဥထဲက အာဟာရဓါတ်တွေဟာ လိင်ဟော်မုန်းတွေထုတ်လုပ်ရာမှာလည်း ကူညီပေးနိုင်ပြီး Polycystic ovary syndrome (PCOS) ဝေဒနာလို့ခေါ်တဲ့ ဟော်မုန်း မူမမှန်တဲ့ ဝေဒနာကို ခံစားနေရတဲ့ အမျိုးသမီးတွေ စားသုံးသင့်တဲ့အစားအစာတစ်မျိုး ဖြစ်ပါတယ်။အချဉ်ဖောက်ထားတဲ့ ကိုရီးယား အစားအစာဖြစ်တဲ့ kimchiတွေ၊ဒိန်ချဉ်ေတွ၊ ဒိန်ခဲတွေနဲ့နို့ထွက်ပစ္စည်းတွေမှာ ပါဝင်တဲ့ Probiotics ဘက်တီးရီးယားတွေဟာ pH ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ ဒီ ဘက်တီးရီးယားတွေဟာ ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးနိုင်ပြီး မှိုကူးစက်ရောဂါတွေမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါအပြင် ဒိန်ချဉ်တွေမှာ ကြွယ်ဝစွာ ပါဝင်တဲ့ကယ်လ်ဆီယမ်ဓါတ်ဟာ Premenstrual syndrome (PMS) လို့ခေါ်တဲ့ ဓမ္မတာ မလာမှီ ဖြစ်တတ်တဲ့ ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။omega-3 fatty acids တွေကို သစ်ကြားသီး၊ ဗီသွာလျှော် စေ့နဲ့ ဗီသွာလျှော်စေ့ဆီတွေနဲ့ ပဲပုတ်ပဲ ဆီတွေမှာ တွေ့ရှိနိုင်တဲ့အပြင် ငါးပါးနီ၊ ငါးသလောက်၊ မက်ကရယ်ငါး၊ ဆယ်လ်မွန်ငါး၊ ငါးသေတ္တာငါး စတာဂျင်လို့ခေါ်တဲ့ ဧရာမ ငါးကြီးမျိုး၊ ထရောက်ငါး၊ တူနာငါး (ငါးမည်းလုံး) တို့မှာလည်း တွေ့နိုင်ပါတယ်။ omega-3 fatty acids တွေဟာသွေးလှည့်ပတ်စီးဆင်းမှုကောင်းမွန်စေတဲ့အတွက် လိင်စိတ်ဆန္ဒကိုလည်း တိုးမြှင့်ပေးနိုင်ပါတယ်။ omega-3 fatty acids တွေဟာ သွေးဆုံးချိန်အပြီး အမျိုးသမီးတွေမှာလည်း မွေးလမ်းကြောင်း ခြောက်သွေ့ခြင်းကို လျှော့ပါးစေနိုင်ပြီး ဓမ္မတာ လာချိန် နာကျင်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ဝေးလ် နိုင်ငံရဲ့ စကားပုံတစ်ခုဖြစ်တဲ့ “An apple a day keeps the doctor away” ဆိုတဲ့ စကားအတိုင်းပန်းသီးစားသုံးခြင်းဟာ ကျန်းမာရေး အကျိုးကျေးဇူးများစွာကို ဖြစ်စေနိုင်တဲ့ အပြင် လိင်ပိုင်းဆိုင်ရာမှာလည်း ကောင်းကျိုး ဖြစ်စေနိုင်ပါတယ်။ ၂၀၁၄ ခုနှစ်ကလေ့လာချက်အရတော့ တစ်နေ့ကို ပန်းသီးတစ်လုံး ခန့်စားသုံးတဲ့ အမျိုးသမီးတွေဟာ ပိုမို သာယာတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ကြကြောင်းတွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ပန်းသီးထဲမှာပါဝင်တဲ့ phytoestrogen phloridzin ဆိုတဲ့ ဓါတု ဓါတ်ပေါင်းတစ်မျိုးဟာ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှု ပိုကောင်းလာစေခြင်း၊ လိင်စိတ်နိုးကြွနိုင်ခြင်း၊ မွေးလမ်းကြောင်းဆိုင်ရာ ချောဆီများထွက်စေနိုင်ခြင်းအပြင် လိင်ဆက်ဆံရာတွင် အထွတ်အထိပ်ရောက်စေနိုင်ခြင်းတို့ကို ဖြစ်စေနိုင်တယ် လို့ဆိုပါတယ်။ပဲပုတ်ပဲတွေမှာ phytoestrogens လို့ခေါ်တဲ့ ခန္ဓါကိုယ်က အက်စထရိုဂျင် ဟော်မုန်းနဲ့ ဆင်တဲ့ ဟော်မုန်းပါဝင်ပါတယ်။ phytoestrogens ထဲမှာလည်း အမျိုးမျိုးရှိပြီး ပဲပုတ်ထဲမှာတွေ့ရတဲ့။အက်စထရိုဂျင်ကိုတော့ isoflavones လို့ခေါ်ပါတယ်။ Phytoestrogens ဟာ ခန္ဓါကိုယ်တွင်းမှာ အက်စထရိုဂျင် ဟော်မုန်း ပမာဏများလာခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို တားဆီးပေးပြီး အက်စထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်း (progesterone) ဟော်မုန်း ပမာဏ မညီမျှခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ phytoestrogens တွေရဲ့ အကျိုးကျေးဇူးက ဘာလဲဆိုတော့ ခန္ဓါကိုယ်က ထုတ်လုပ်တဲ့ အက်စထရိုဂျင် ပမာဏ နည်းပါးနေတဲ့ အမျိုးသမီးတွေရဲ့ မွေးလမ်းကြောင်းကျန်းမာရေးအတွက် ကောင်းမွန်စေနိုင်စွမ်းပါ။ခန္ဓါကိုယ်မှာ အက်စထရိုဂျင် ပမာဏဟာ ဆေးဝါးတွေနဲ့ သွေးဆုံးခြင်းကြောင့် ကျဆင်းနိုင်တာကြောင့် phytoestrogens က ဒီအချိန်မှာ ဖြစ်လာမယ့် အကျိုးဆက်တွေကို တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် ပဲပုတ်ကရတဲ့ phytoestrogens တွေ စားသုံးခြင်းဖြင့် သွေးဆုံးပြီး အမျိုးသမီးတွေရဲ့အရေပြားဆိုင်ရာ ကျန်းမာရေးနဲ့ သွေးကြောဆိုင်ရာ ကျန်းမာရေးတွေကို ကောင်းမွန်စေနိုင်ပါတယ်။လူအများစု ကြိုက်နှစ်သက်ကြတဲ့ ထောပတ်သီးဟာ ကျန်းမာရေးအတွက် သင့်တော်တဲ့ အဆီများ၊ ဗီတာမင် B-6 နဲ့ ပိုတက်ဆီယမ်တို့ ပါဝင်တဲ့အတွင် လိင်စိတ်ဆန္ဒအတွက် ကောင်းကျိုး ဖြစ်စေနိုင်ပါတယ်။ ထောပတ်သီးဟာ အမျိုးသမီး မွေးလမ်းကြောင့် ချောဆီနဲ့ အီစထရိုဂျင် ပမာဏကို မြင့်တက်စေနိုင်ပြီး မွေးလမ်းကြောင်း နံရံတွေကိုလည်း သန်မာစေပါတယ်။ကိုက်လန်၊ ဂေါ်ဖီတွေနဲ့ မုန်လာဖြူတို့ဟာ ခန္ဓါကိုယ် ကျန်းမာရေး အတွက် ကောင်းမွန်စေတဲ့ အပြင် မွေးလမ်းကြောင်း ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ဒီလို အနက်ရောင်နဲ့ အစိမ်းရောင် အရွက်တွေဟာ သွေးပမာဏကို သန့်စင်ပေးနိုင်တဲ့အပြင် အစားအစာမှာပါဝင်တဲ့ နိုက်ထရိတ်ဓါတ်ဆား (nitrates) တွေကြောင့် သွေးလှည့်ပတ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ ဒီအရွက်တွေမှာ ဗီတာမင် E ၊ မဂ္ဂနီဆီယမ်နဲ့ ကယ်လ်ဆီယမ် ဓါတ်တို့ ပါဝင်တဲ့အတွက် မွေးလမ်းကြောင်းကြွက်သားကျန်းမာရေး အတွက်ကောင်းမွန်ပါတယ်။ ဒါ့အပြင် ဒီအရွက်တွေဟာ မွေးလမ်းကြောင်း ခြောက်သွေ့ခြင်းနဲ့ လိင်စိတ်ကိုလည်း ပိုမို တက်ကြွစေနိုင်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/foods-vaginal-health/
Blessed Thistle (ဘလပ်စ် တစ်စတယ်)
Blessed thistle ဟာ အပင်တစ်မျိုးဖြစ်ပါတယ်။ လူတွေဟာ ပန်းပွင့်တဲ့ အပေါ်ပိုင်းတွေ။ အရွက်တွေနဲ့ ပင်စည် အပေါ်ပိုင်းတွေကို ဆေးအဖြစ်အသုံးပြုကြပါတယ်။ယခုအခါ Blessed thistle ကို အစာခြေရည်တွေနဲ့ တံတွေးတွေ ပိုမိုထွက်စေဖို့အတွက် အသုံးပြုကြပြီး လက်ဖက်ရည်အနေနဲ့ အစာစားချင်စိတ်မရှိခြင်းနဲ့ အစာမကြေခြင်း၊ အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားနာခြင်း၊ ဘက်တီးရီးယားပိုးဝင်ခြင်းနဲ့ ဝမ်းလျှောခြင်းတွေအတွက် အသုံးပြုကြပါတယ်။ သူ့ကို ဆီးပိုထွက်စေဖို့ ဆီးဆေးအနေနဲ့ လည်းအသုံးပြုကြပြီး နို့တိုက်မိခင်တွေမှာ နို့ပိုထွက်စေဖို့လည်း အသုံးပြုကြပါတယ်။လူအချို့ဟာ Blessed thistle ကို ဂွမ်းနဲ့စိမ်ပြီး မီးလောင်ဒဏ်ရာနဲ့ ရိုးရိုးအနာတွေကို ပျောက်ကင်းစေဖို့ အသုံးပြုကြပါတယ်။Blessed thistle ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဒါပေမယ့် Blessed thistle ဟာ အစာစားချင်စိတ်နဲ့ အစာခြေရည်ကို ပိုမိထွက်စေတဲ့ အစွမ်းသတ္တိကို ဖေါ်ပြထားတဲ့လေ့လာမှုတွေလည်း ရှိပါတယ်။ အချို့က သူဟာ ရောဂါပိုးတိုက်ဖျက်နိုင်တဲ့ အစွမ်းရှိတယ်လို့ ဆိုပါတယ်။Blessed thistle ကို အေးမြခြောက်သွေ့ပြီး အပူနဲ့ ရေငွေ့နဲ့ ဝေးတဲ့ နေရာမှာ ထားသင့်ပါတယ်။သူ့ကို အသုံးပြုစဉ်မှာ ဓါတ်မတည့်ခြင်းနဲ့ contact dermatitis တွေကို စောင့်ကြည့်သင့်ပြီး ဖြစ်လာခဲ့ရင် ဆေးကို ရပ်သင့်ပါတယ်။ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။သူ့ရဲ့ ယားယံစေတဲ့ အစွမ်းကြောင့် Blessed thistle ကို အစာအိမ်အနာနဲ့ အူရောင်ရောဂါဖြစ်တဲ့ Chron’s disease တို့မှာ မသုံးသင့်ပါဘူး။Blessed thistle ကို ကိုယ်ဝန်ဆောင်စဉ်မှာလည်း အသုံးမပြုသင့်ပါဘူး။ နို့တိုက်ခြင်းကို အားပေးတယ်ဆိုတဲ့ အာနိသင်ကိ ထောက်ပံ့ထားတဲ့ လေ့လာမှုလည်း မရှိသေးပါဘူး။အောက်ဖေါ်ပြပါ ဆိုးကျိုးတွေ ဖြစ်ပွားနိုင်ပါတယ်။• ပျို့အန်ခြင်း၊ အစားအသောက် ပျက်ခြင်း။• Contact dermatitis။• ဓါတ်မတည့်ခြင်းများ။လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။Antacid (H2 blockers ) တွေဟာ အစာခြေ အက်ဆစ်ကို လျော့ကျစေနိုင်ပါတယ်။ Blessed thistle ကတော့ အစာခြေရည်တွေကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် သူဟာ antacid တွေရဲ့ အာနိသင်ကို လျော့ကျစေနိုင်ပါတယ်။Blessed thistle ဟာ AST, ALT, Alkaline Phosphatase အစရှိတဲ့ အသည်းအင်ဇိုင်းတွေကို မြင့်တက်စေနိုင်ပါတယ်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။Blessed thistle ကို သုံးရမယ့် အညွှန်းနဲ့ ပတ်သက်ပြီး လေ့လာမှု လုပ်ထားတာမရှိပါဘူး။ တိုင်းရင်းဆေးတွေမှာ Blessed thistle ကို နေ့စဉ် ၄ ဂရမ်ကနေ ၆ ဂရမ် အသုံးပြုကြပါတယ်။ တစ်နေ့တည်း အများကြီး (၅ ဂရမ်ကနေ ၆ ဂရမ်) အထိ အသုံးပြုခြင်းဟာ အန်စေနိုင်ပါတယ်။Blessed thistle ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။Blessed thistle ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။• သောက်ဆေး။• တိုင်းရင်းဆေးခြောက်။• လက်ဖက်ရည်။• တင်ချာရည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/blessed-thistle-%e1%80%98%e1%80%9c%e1%80%95%e1%80%b9%e1%80%85%e1%80%b9-%e1%80%90%e1%80%85%e1%80%b9%e1%80%85%e1%80%90%e1%80%9a%e1%80%b9/
နာမည်လေးလှသလို ကျန်းမာရေးအတွက်ကောင်းတဲ့ ငွေနှင်းမှို
မှိုပွင့်ဖြူဖြူလေးတွေ ရောင်းနေတာမြင်တော့ သိပ်မကြာခင်က အွန်လိုင်းမှာ ခေတ်စားခဲ့တဲ့ အိမ်တွင်းမှိုစိုက်ပျိုးရေးကိစ္စသတိရမိသေးတယ်။ မှိုမျိုးစေ့ထုပ်ဝယ်ပြီး အိမ်မှာ အလွယ်တကူစိုက်လို့ရတယ်ဆိုတဲ့ကြော်ငြာလေးကိုတော်တော်များများစိတ်ဝင်စားခဲ့ကြတာပေါ့။ မှိုဆိုရင်ကောက်ရိုးမှိုပဲ နာမည်သိကြတာများပေမယ့် ဒီလိုအလွယ်စိုက်လို့ရတယ်ဆိုတဲ့မှိုက ငွေနှင်းမှို ပါတဲ့။ အရောင်ကတော့ တစ်ခါတလေ အဖြူ၊တစ်ခါတလေဖြူညိုညိုအရောင်လေးရှိတတ်တယ်။အိမ်မှာ နေရာလေးတစ်နေရာ(ရေချိုးခန်းဖြစ်ဖြစ် အစိုဓါတ်ရတဲ့နေရာ)ပေးထားရင် တစ်ထုပ်ဆိုလေးငါးကြိမ်ပွင့်သတဲ့။ အလုပ်မရှုပ်၊ဂရုစိုက်နေစရာမလိုဘဲ တစ်ကြိမ်ပွင့်ရင်ခြောက်ဆယ်သားကနေ တစ်ပိဿာလောက်ရတယ်ဆိုပဲ။ အမှန်တော့ နာမည်သာမရင်းနှီးကြတာဟော့ပေါ့စားလည်း ပါနေကျ၊ တရုတ်ဟင်းလျာတွေမှာလည်း ပါနေကျ၊ နာမည်မသိဘဲလည်းဈေးကဝယ်ချက်နေကျပဲဆိုတာ သတိမထားမိကြပါဘူး။ငွေနှင်းမှိုဆိုတာ ဒါကိုး လို့ ကိုယ်တိုင်တောင် သိကာစကပြောမိရဲ့။ချိုဆိမ့်တဲ့အရသာရှိပြီး ခရုဆီထည့်ကြော်လိုက်ရင် အိအိလေးနဲ့အရသာရှိလှတဲ့ ချစ်စရာ ငွေနှင်းမှိုက ဆေးဖက်ဝင်တဲ့အာနိသင်တွေရှိတယ်ဆိုတာသိရင်ရော အိမ်မှာဝယ်စိုက်ကြတော့မှာပဲနော်။ကဲ ငွေနှင်းမှိုက ဘယ်လောက်တောင် ကျန်းမာရေးကို အကျိုးပြုနိုင်လဲဆိုတာ ပြောပြမယ်နော် –။ကိုလက်စထရောကျစေခြင်း။ငွေနှင်းမှိုက ခန္ဓါကိုယ်ထဲက မကောင်းတဲ့ကိုလက်စထရောတွေကို ကျဆင်းစေတဲ့အစွမ်းသတ္တိရှိပါတယ်။ သူ့ရဲ့သဘာဝအာနိသင်ကိုက ခန္ဓါကိုယ်ထဲမှာ လိုအပ်တဲ့အဆီဓါတ်နဲ့ မကောင်းတဲ့ကိုလက်စထရောတွေကို ခွဲခြားပေးနိုင်စွမ်းရှိတာဖြစ်ပါတယ်။သွေးတိုးကျစေခြင်း။ငွေနှင်းမှိုဟင်းလျာတစ်ပွဲဆိုပိုတက်စီယမ်ဓါတ်ေတွ လုံလုံလောက်လောက်ပါဝင်တာကြောင့်သွေးတိုးရောဂါရှိသူတွေပုံမှန်ထည့်သွင်းစားသုံးသင့်တဲ့ ဟင်းချက်ပစ္စည်းတွေထဲပါဝင်တာဖြစ်ပါတယ်။ ပိုတက်စီယမ်ကသွေးကြောတွေကိုပြေလျော့စေဖို့ အထောက်အကူပြုနိုင်တာဖြစ်လို့ပါ။သွေးတွင်းသကြားဓါတ်ပမာဏကို ထိန်းညှိပေးနိုင်ခြင်း။ခန္ဓါကိုယ်ထဲမှာအင်ဆူလင်ပမာဏမလုံလောက်ရင် ဆီးချိုဖြစ်စေပါတယ်။ အင်ဆူလင်ထုတ်လုပ်ဖို့ ကယ်လ်စီယမ်လိုအပ်ပါတယ်။ အင်ဆူလင်ကိုတုံ့ပြန်နိုင်စွမ်းပိုကောင်းစေဖို့နဲ့ ရောင်ရမ်းမှုလျော့ကျစေဖို့ ဗီတာမင်ဒီက လုပ်ဆောင်ပေးပါတယ်။ငွေနှင်းမှိုမှာပါဝင်တဲ့ ဗီတာမင်ဒီကအမျိုးအစား၁နဲ့အမျိုးအစား ၂ ဆီးချိုေသွးချိုရောဂါနှစ်မျိုးလုံးကိုကာကွယ်ပေးနိုင်ပါတယ်။ကိုယ်ခံအားမြင့်စေခြင်း။မှိုကနေရရှိတဲ့သံဓါတ်ေကြာင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေတာပါ။ငွေနှင်းမှိုမှာ ဆယ်လီနီယမ်၊ ကော့ပါးနဲ့ ဇင့် တို့လို တခြားသတ္တုဓါတ်တွေလည်းအများကြီးပါဝင်တာကြောင့် ကိုယ်ခံအားအတွက်ပိုကောင်းပါတယ်။ ဒါ့ကြောင့်ရောဂါပိုးတွေဝင်မလာနိုင်အောင် ကာကွယ်ခုခံနိုင်တာဖြစ်ပါတယ်။နှလုံးသွေးကြောကျန်းမာရေး။ကိုလက်စထရောတွေကို ထိန်းညှိနိုင်တဲ့အပြင် ဗီတာမင်B3 က နှလုံးရောဂါဖြစ်စေတဲ့သွေးကြောကျဉ်းခြင်း(atherosclerosis)ကိုလျော့စေပါတယ်။ histamine ထွက်ရှိမှုနဲ့ရောင်ရမ်းခြင်းကိုလျော့ကျစေပြီးသွေးလည်ပတ်မှုကို ပိုကောင်းစေပါတယ်။စိတ်ကျဝေဒနာသက်သာစေခြင်း။စိတ်ညစ်နေရင် အပြင်လေးဘာလေးထွက်ပါလား ဆိုတဲ့အကြံပြုချက်က အလကားတော့မဟုတ်ပါဘူး။ အပြင်ထွက်လို့ စိတ်ပေါ့ပါးသွားတယ်ဆိုတာ စိတ်ပြေလက်ပျောက်ဖြစ်တာအပြင်နေရောင်ခြည်ခံယူလိုက်တဲ့အခါ ဗီတာမင်ဒီကြောင့် စိတ်ခွန်အားမြင့်တက်စေနိုင်လို့ပါ။ငွေနှင်းမှိုမှာ ဗီတာမင်ဒီကြွယ်ဝလို့ နည်းနည်းချင်းပုံမှန်စားပေးရင် စိတ်ကျခြင်း စက်ကွင်းကလွတ်မြောက်စေနိုင်ပါလိမ့်မယ်။သွေးအားကောင်းစေခြင်း။သွေးတွင်းအောက်ဆီဂျင်ပမာဏ မလုံလောက်ခြင်း၊ သွေးနီဥဆဲလ် ထုတ်လုပ်မှု နည်းခြင်းတို့က သွေးအားနည်းစေတဲ့ အကြောင်းရင်း တချို့ပါ။ ဒီအခြေအနေကို မဖြစ်အောင် ဗီတာမင်B2 က ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်B2 ကသွေးအားကောင်းဖို့ အဓိကအရေးပါသလို ခန္ဓါကိုယ်တွင်းအောက်ဆီဂျင် ပေးပို့ခြင်းမှာ ကူညီပေးတယ်၊ သံဓါတ်ကို အထောက်အပံ့ပေးတယ်။ သွေးအားနည်းနေတဲ့ သက်သက်လွတ် စားသူတွေဆိုရင် ငွေနှင်းမှို မှာပါတဲ့ ဗီတာမင်B2 နဲ့ သံဓါတ်ကြောင့် အိုကေပြီလေ။ဝမ်းချုပ်ခြင်းကိုသက်သာစေခြင်း။ဝမ်းချုပ်တယ်ဆိုတာ အစာခြေစနစ်ရဲ့လုပ်ဆောင်ချက်မကောင်းလို့ဖြစ်လာတာပါ။ အစာချေဖျက်မှု နှေးကွေးစေတဲ့ အကြောင်းရင်းတွေထဲကတစ်ခုကတော့ အမျှင်ဓါတ်တွေအလုံအလောက်မရရှိလို့ပဲဖြစ်ပါတယ်။ငွေနှင်းမှိုခပ်ကြီးကြီးတစ်ပွင့်မှာတင်ပဲ တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓါတ်ရဲ့ ၁၄ % ကိုရရှိနိုင်တာဖြစ်လို့ ပုံမှန်စားပေးသင့်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ အမျှင်ဓါတ်များများပါတဲ့ အစားအစာတွေကိုစားရင် အစာဟောင်းနဲ့အကြွင်းအကျန်တွေကို စွန့်ပစ်ဖယ်ရှားပေးတဲ့ အူတွင်းလုပ်ဆောင်ချက်ကို အထောက်အကူပြုပါတယ်။ငွေနှင်းမှိုကို စားသုံးမယ်ဆိုရင် အလွန်အကျွံစားတာကိုလည်း ရှောင်သင့်ပါတယ်။ရောဂါအခံရှိသူတွေ၊ ဓာတ်မတည့်မှု ဖြစ်တတ်သူတွေ၊ ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/oyster-mushrooms-health-benefits/
နှလုံးကျန်းမာရေးအတွက်ကောင်းမွန်ပြီး အရသာရှိသော အစားအစာများ
သွေးတိုး၊ ကိုလက်စထရောများခြင်း၊(သို့) နှလုံးရောဂါရာဇဝင်ရှိသည့်လူနာများတွင် နှလုံးဖောက်ခြင်း နှင့် လေဖြတ်ရောဂါဖြစ်နိုင်ချေ များပါသည်။ သင့်အစားအစာကို အနည်းငယ်ပြောင်းလဲပေးခြင်းက ရောဂါဖြစ်နှုန်းကို လျှော့ချပေးနိုင်သည်။ထို့ကြောင့် သင့်နှလုံးအတွက်ကောင်းမွန်သော အစားအစာများကို ရွေးချယ်ပေးသင့်သည်။ကျန်းမာသောနှလုံးအတွက် အာဟာရတွင် ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အစေ့အဆန်များများပါသင့်သည်။ ဤ အစားအစာများသည် အမျှင်ဓါတ်ပါဝင်သောကြောင့် မကောင်းသော “LDL” ကိုလက်စထရောကို လျှော့ချပေးနိုင်သည်။အာဟာရပညာရှင်အများစုက သင်သည် တစ်နေ့လျှင် အနည်းဆုံး အစေ့အဆံ ၁ အောင်စ ၃ကြိမ်စာ နှင့် သစ်သီး၊ ဟင်းသီးဟင်းရွက် ၅ခွက် စားပေးသင့်သည်ဟု အကြံပြုကြသည်။ထို့ပြင်သင်သည် ပဲသီးတောင့်၊ ပဲအမျိုးမျိုး(ပဲနီကလေးကဲ့သို့)၊ အစေ့များ၊ အခွံမာသီးများ ပို၍စားသင့်သည်။ တစ်ပတ်လျှင် သင့်ဦးတည်ချက်သည် အခွံမာသီး၊ အစေ့အဆံ(သို့) ပဲအမည်းအပါအဝင် ပဲအမျိုးမျိုး၊ ကုလားပဲ၊ ပဲနီကလေးများကို ၄ကြိမ်အထိ စားပေးသင့်သည်။ပို၍ကျန်းမာစေသောအဆီများက သင့်နှလုံးကိုကူညီပေးနိုင်သည်။ သံလွင်ဆီ၊ မြေပဲဆီများတွင် မပြည့်ဝဆီ အမျိုးအစားများပါဝင်သည်။ ထောပတ်ဆီ(သို့) ဝက်ဆီတို့သည် အထက်ပါဆီများထက် သွေးလွှတ်ကြောကို ပို၍ပိတ်စေသည်ကို သင်သိဖို့အရေးကြီးသည်။ငါးများတွင် အိုမီဂါ ၃ အဆီဓါတ်ကြွယ်ဝသည်။ တူနာငါး၊ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး စသည့်ငါးများကို ပိုမိုစားပေးပါ။ အိုမီဂါ ၃ သည် triglycerides အဆီဓါတ်အပေါ်တွင် ကောင်းသော သက်ရောက်မှုရှိသောကြောင့် များစွာ ထောက်ခံချက်ပေးပါသည်။၎င်းမှ သွေးလွှတ်ကြောရှိ ပုံမှန်မဟုတ်သော အဖတ်များကိုတိုက်ခိုက်ခြင်း၊ သွေးပေါင်ကျစေခြင်း၊ နှလုံးစည်းချက်ပုံမမှန်သည့် ရောဂါ ဖြစ်နိုင်ချေကို လျှော့ချခြင်းတို့တွင် များစွာ အကူအညီပေးသည်။အဆီမပါသည့် ပရိုတိန်းများက စားပေးပါ။ အသားဓါတ်(ပရိုတိန်း)၏ အဓိက အရင်းအမြစ်သည် ပဲ၊ အခွံမာသီး၊ ငါး၊ ကြက်သားများဖြစ်သည်။ ကျန်းမာသော အာဟာရ ရရှိရန် အဆီများသော အသားများစားခြင်းကို ရပ်သင့်သည်။ပြုပြင်ထားသည့် အသားဖြစ်သည့် ဝက်ဆားနယ်ခြောက်၊ အသင့်စားအစားအစာများ၊ ဟော့ဒေါ့၊ ဝက်အူချောင်းများသည် သင့်နှလုံးအတွက် မကောင်းပါ။ ထို့ကြောင့် ဤအစားအစာများစားခြင်းကို ကြိုးစား၍ ရပ်ပါ။သင့်ခန္ဓါကိုယ်ကို မှန်မှန် အစာကျွေးပါ။ သင်သည် အစာလွန်သွားလျှင် နောက်ပိုင်း ပိုအစားကြူးလာနိုင်သည်ကို သိထားရန် အရေးကြီးသည်။ သို့သော် လူတစ်ဦးနှင့် တစ်ဦး အကြိမ်အရေအတွက် ကွာခြားပါသည်။အချို့လူအတွက် အစာ အနည်းငယ်ကို ၅-၆ ခါ စားပေးခြင်းသည် ကယ်လိုရီကို ကန့်သတ်ခြင်း၊ သွေးတွင်းသကြားဓါတ်ထိန်းပေးခြင်း နဲ့ကိုယ်တွင်းဇီဝဖြစ်စဉ်ထိန်းညှိခြင်း တို့ကိုပြုလုပ်ပေးသည်။ အခြားသူများအတွက် တစ်နေ့ ၃ခါ စားခြင်းသည် သင့်တော်ကောင်းမွန်သည်။အကြောင်းမှာ ပိုစားခြင်းက အစားကြူးစေသည်။ သင့်အတွက် မည်သည့် နည်းက ပို သင့်တော်သလဲဆိုတာကို ချိန်ကိုက်ပါ။[embed-health-tool-bmi]
heart-health
heart-health
https://hellosayarwon.com/heart-health/cholesterol/%e1%82%8f%e1%80%bd%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%b1%e1%80%9b%e1%80%b8%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9%e1%80%b1/
Birch (ဘုစပတ်)
Birch သည် ဘုစပတ်ပင်ဟု ခေါ်သော ဘယဆေးပင်တစ်မျိုးဖြစ်သည်။ ၎င်းအပင်၏ အရွက်သည် ဗီတာမင် စီ ကြွယ်ဝစွာပါဝင်ပြီး ဆေးပြုလုပ်ရာတွင် အသုံးပြုကြသည်။၎င်းဆေးပင်ကို အကိုက်အခဲပျောက်ဆေး၊ ဆီးဆေး၊ ဆီလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းကျောက်တည်ခြင်းနှင့် ဂေါက်ရောဂါတို့တွင် အသုံးပြုသည်။ အဆစ်အမြစ်ရောင်ခြင်း၊ ကြွက်သားနာကျင်ခြင်းနှင့် ကြွက်သားကျုံ့ခြင်း၊ လှုပ်ခြင်းများတွင် လိမ်းဆေးအဖြစ်လည်း အသုံးပြုကြသည်။ အနာများနှင့် အဖုများတွင်လည်း လိမ်းဆေးအနေဖြင့် အသုံးပြုကြသည်။ဆံပင်ကျွတ်ခြင်းနှင့် အရေပြားယားယံအကွက်ထွက်ခြင်းများတွင်လည်း အသုံးပြုသည်။ဤဆေးပင်နှင့် ပတ်သတ်ပြီး လုံလောက်သော လေ့လာမှုများမရှိသော်လည်း ပိုမိုသိရှိနိုင်ရန် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် ၎င်းဆေးပင်တွင် ဆီးဆေး၏ အာနိသင်များရှိကြောင်း ပြထားသော လေ့လာမှုအချို့ရှိသည်။ လေ့လာမှုအသစ်များတွင် ဆီးကျိတ်ကင်ဆာကို ကုသရာတွင် အကျိုးရှိသက်ရောက်မှုကို လေ့လာနေကြသည်။အသုံးပြုသည့်အခါ ဓါတ်မတည့်ခြင်း၊ အနီကွက်များထွက်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ ရင်ကြပ်ခြင်းများကို စောင့်ကြည့်ရပါမည်။ ဖြစ်ခဲ့လျှင် သင့်တော်သော ကုသမှုခံယူရပါမည်။ နှလုံးအခြေအနေနှင့် သွေးတိုးခြင်းကို လည်း စောင့်ကြည့်စစ်ဆေးရပါမည်။ပထမဆုံးသုံးသည့်အခါတွင် ဆေးပင်ကို လိမ်းဆေးအဆီများအနေဖြင့် အသားနှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ပါ။ အရေပြားဒဏ်ရာပေါ်တွင် မလိမ်းပါနှင့်။ တည့်မတည့်ကို စမ်းသပ်ရန် မလိမ်းခင် အသားပေါ်တွင် နည်းနည်းစပ်သပ်ကြည့်ပါ။ဆေးဘက်ဝင် အပင်များကို အသုံးပြုသည့် အခါတွင် ဓါတုဆေးဝါးများကို အသုံးပြုသည်ထက် လိုက်နာရမည့် စည်းမျဉ်းများ နည်းတတ်သည်။ ဘေးကင်းစွာ အသုံးပြုနိုင်ရန် လေ့လာမှုများကို ပိုမိုပြုလုပ်ရန်လိုသည်။ ဤဆေးပင်ကို အသုံးပြုရာတွင် အန္တရာယ်ရှိနိင်သည် ဆိုသည်ကို သတိပြုရမည်။ ပိုမိုသိရှိနိုင်ရန် သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။သုတေသနများ မပြုလုပ်ရသေးခင်ထိ ကိုယ်ဝန်ဆောင်များ၊ ကလေးငယ်များ နှင့် နို့တိုက်မိခင်များတွင် အသုံးမပြုသင့်ပါ။ ဓါတ်မတည့်ခြင်းရှိသော လူများ၊ နှလုံးရောဂါရှိသူများ၊ နှင့် သွေးတိုးရောဂါရှိသူများတွင် လည်း အသုံးမပြုသင့်ပါ။ဤဆေးပင်ကို အသုံးပြုခြင်းသည် များသောအားဖြင့် ဘေးထွက်ဆိုးကျိုးသိပ်မရှိပါ။ သို့သော် ဓါတ်မတည့်ခြင်းဖြစ်နှိုင်ချေ ရှိပါသည်။ ဆေးပင်ကိုအသုံးပြုသော လူတိုင်း ထိုဘေးထွက်ဆိုးကျိုးများရှိမည်ဟု မဆိုလိုပါ။ သို့သော် အခြားသော ဆိုးကျိုးများလည်း ရှိနေနိင်သည်။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ဤဆေးပင်သည် အခြားသော သင်အသုံးပြုနေသော ဆေးဝါးများနှင့် ဓါတ်ပြုမှုများရှိနိုင်သည်။ အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ဤ ဆေးပင်သည် ဆီးဆေးများ၏ အာနိသင်ကို ကျစေပြီး၊ တရုတ်နံနံပင်နှင့် တွဲသုံးလျှင် ဓါတ်ပြုခြင်းကို ဖြစ်စေနှိုင်ပါသည်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။သစ်ခေါက်၏ ၂ -၃ ဂရမ်ကို ရေဆူဆူထဲတွင် တစ်နာရီခန့် ထားပြီး လက်ဘက်ရည်ကဲ့သို့ တစ်နေ့သုံးကြိမ်သောက်ပါ။လိမ်းဆေးအနေဖြင့် လိမ်းလိုသော နေရာကိုသာလိမ်းရပါမည်။ဤဆေးပင်ကို အသုံးပြုလေ့ရှိသော ပမာဏမှာ လူနာတစ်ယောက်ချင်းစီတွင် ကွာခြားနိုင်ပါသည်။ သောက်ရမည့် ပမာဏသည် လူနာ၏ အသက်၊ ကျန်းမာရေး၊ နှင့် အခြားသော အခြေအနေများတွင် မူတည်ပါသည်။ ဘယဆေးပင်များသည် အမြဲတမ်း စိတ်မချရပါ။ ထို့ကြောင့် ဆေးပင်ကျွမ်းကျင်သူ သို့မဟုတ် ဆရာဝန်နှင့် သင့်တော်သောပမာဏကို ဆွေးနွေးပါ။ဤဆေးပင်ကို အောက်ပါ ပုံစံများနှင့် ရနိုင်သည်။• ဆေးရည်။• သစ်ခေါက်။• လိမ်းဆေးအဆီ။• လက်ဘက်ရည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/birch-%e1%80%98%e1%80%af%e1%80%85%e1%80%95%e1%80%90%e1%80%b9/
ဆီးရွှင်နေတာ ဘာကြောင့်လဲ
ဆီးရွှင်နေတာ ဘာကြောင့်လဲ …… ပုံမှန်လူတစ်ယောက်က တစ်နေ့ကို ၆ကြိမ်ကနေ ၈ကြိမ်လောက်အထိ ဆီးသွားတတ်ပါတယ်။ဆီးသွားတာတစ်ရက် ၈ကြိမ်ထက် ပိုရင် ဆီး ခဏခဏသွားတဲ့ အခြေအနေ (Frequent urination) လို့ သတ်မှတ်နိုင်ပါတယ်။ ဆီးသွား များတာများ ဘာပြဿနာရှိလဲ ဆိုပြီး မေးချင်တဲ့သူတွေကို ဒီဆောင်းပါးလေးနဲ့ အဖြေပေးချင်ပါတယ်။မှန်ပါတယ်။ ကိုယ်ထဲကအညစ်အကြေးတွေကို စွန့်ထုတ်တဲ့ လုပ်ငန်းတစ်ခု ဖြစ်လို့ ဆီးသွားခြင်းက ဘာပြဿနာမှ မရှိပါဘူး။ ကိုယ့်ရဲ့ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းအစိတ်အပိုင်းတွေ ကောင်းကောင်း အလုပ်လုပ်နေတယ်လို့တောင် မှတ်ယူနိုင်ပါသေးတယ်။ ဒါပေမဲ့ ဘာမှလုပ်မရ ကိုင်မရအောင် တစ်နေကုန် ရှူရှူးပဲ ပြေးပေါက်နေရရင်တော့ သိပ်မဟုတ်သေးဘူးပေါ့။ဆီးရွှင်နေတာ ဘာကြောင့်လဲ။ရေအများကြီးသောက်မိနေလို့ ဒါမှမဟုတ်လည်း ဘီယာတွေ လှိမ့်သောက်နေလို့ ဆီးသွားရတာ ပြဿနာမဟုတ်ပါဘူး။ စွန့်ပစ်စရာ ရေဓာတ်မရှိတော့ရင် ဆီးသွားတာလည်း ရပ်သွားပါလိမ့်မယ်။ ရေလည်း အဲ့ဒီလောက် မသောက်ဘဲနဲ့ ဆီးခဏခဏ သွားနေရရင်တော့ ကျန်းမာရေးကိစ္စ တစ်ခုခု ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးရွှင်နေတာ ဘာကြောင့်လဲ ဆိုတော့ ဖြစ်နိုင်တဲ့ အကြောင်းအရင်းတွေကတော့။ဆီးချိုရောဂါ– ဆီးခဏခဏသွားတဲ့လက္ခဏာကအမျိုးအစား (၁) ဆီးချိုရောဂါ၊ အမျိုးအစား (၂) ဆီးချိုရောဂါမှာ အဖြစ်များတဲ့လက္ခဏာတစ်ခုပါ။ ပုံမှန်ဆို သွေးထဲက သကြားဓာတ်ကို ကျောက်ကပ်က ရှင်းလင်းပေးပါတယ်။ ဒါပေမဲ့ ဆီးချိုရောဂါသည်တွေရဲ့ ကျောက်ကပ်က သွေးကို သန့်စင်နိုင်ဖို့ ပုံမှန်ထက်ပိုအလုပ်လုပ်ရတဲ့အတွက် ကိုယ်ထဲကနေ ရေဓာတ်ကိုခဏခဏစွန့်ပစ်ရပါတော့တယ်။ ရေဓာတ်တွေစွန့်ပစ်တော့ ရေဓာတ်ခမ်းခြောက်၊ ရေဓာတ်ခမ်းခြောက်တော့ရေပြန်သောက်နဲ့ ဒီပြဿနာက သံသရာလည်နေပါတော့တယ်။ဆီးလမ်းကြောင်းပြဿနာ– ကျောက်ကပ်နှစ်လုံး၊ ဆီးလမ်းကြောင်း၊ ဆီးအိမ်နဲ့ ဆီးထုတ်ပြွန်လမ်းကြောင်း ဆိုတဲ့အစိတ်အပိုင်းလေးခုနဲ့ ဆီးလမ်းကြောင်းစနစ်ကိုဖွဲ့စည်းထားပြီး ဒီအစိတ်အပိုင်းတစ်ခုခုမှာ ပြဿနာပေါ်ခဲ့ရင်လည်း ဆီးခဏခဏ သွားရတဲ့ကိစ္စကြုံနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊  Interstitial cystitis လို့ခေါ်တဲ့ ဆီးအိမ်ရောင်ရမ်းခြင်း၊ ဆီးမထိန်းနိုင်ခြင်း စတဲ့ပြဿနာတွေကတော့ အတော်လေးအတွေ့ရများ ပါတယ်။ကိုယ်ဝန်ဆောင်ချိန်– ကိုယ်ဝန်လရင့်လာလေ ကြီးထွားလာလေဖြစ်တဲ့သားအိမ်က ဆီးအိမ်ကို ဖိသိပ်ထားသလို ဖြစ်နေပါတယ်။ ဒီလိုအညှစ်ခံထားတဲ့ဆီးအိမ်ထဲမှာဆီးတွေကို အချိန်ကြာကြာမသိုလှောင်နိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာပုံမှန်အချိန်တွေထက် ဆီးခဏခဏသွားရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဒါဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုပဲဆိုတာ သိထားသင့်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ပထမ (၃) လနဲ့ မွေးခါနီး (၃) လလောက်မှာပိုကြုံရပါတယ်။ ကလေးမွေးပြီးလအနည်းငယ်လောက်ကြာမှာ ဒီပြဿနာသက်သာသွားတတ်ပါတယ်။ဆီးကျိတ်ပြဿနာ– ဂေါက်သီးလုံးလောက်ပဲရှိတဲ့ ဒီအကျိတ်လေးကဆီးထုတ်ပြွန်လမ်းကြောင်းရဲ့ ဘေးပတ်လည်မှာတည်ရှိပါတယ်။ အမျိုးသားအတော်များများ အသက် (၅၀) အထက်ရောက်လာရင်ဆီးကျိတ် ပုံမှန်ထက်ကြီးလာတဲ့ပြဿနာကြုံရပြီး ကြီးလာတဲ့ဆီးကျိတ်က ဆီးထုတ်ပြွန်ကို ဖိညှစ်ထားလိုက်သလို ဖြစ်တဲ့အတွက် အမျိုးသားတွေအသက်ကြီးလာရင် ဆီးခဏခဏသွားရတဲ့ပြဿနာကြုံရတာဖြစ်ပါတယ်။ ဆီးကျိတ်ကြီးတာကို ဆေးသောက်ကုသလို့ရသလို ခွဲစိတ်ကုသလို့လည်း ရပါတယ်။လေဖြတ်ဝေဒနာ– လေဖြတ်ခြင်းလို အာရုံကြောနဲ့ဆိုင်တဲ့ပြဿနာတွေမှာ ဆီးလမ်းကြောင်းကို ထိန်းချုပ်ပေးတဲ့ အာရုံကြောတွေလည်းထိခိုက်သွားနိုင်ပါတယ်။ ရလဒ်အနေနဲ့ ဆီးမထိန်းနိုင်တာ၊ ဆီးခဏခဏသွားချင်တာတွေ ကြုံရနိုင်ပါတယ်။ဆီးဆေးများ– သွေးပေါင်ချိန်တက်နေသူကိုပေးလေ့ရှိတဲ့ ဆီးဆေးတွေက ကိုယ်တွင်းကပိုလျှံနေတဲ့အရည် တွေကိုစွန့်ထုတ်ပစ်တဲ့အတွက် ပုံမှန်ထက်ပိုပြီးဆီးသွားနေရမှာပါ။ဒီအချက်တွေအပြင်ဆီးအိမ်ကင်ဆာ၊ ဆီးအိမ်ပုံမှန်အလုပ်မလုပ်တဲ့ပြဿနာနဲ့ ဓာတ်ရောင်ခြည်ကုသမှုခံယူနေသူမှာလည်း ခဏခဏဆီးသွားတဲ့ပြဿနာကြုံနိုင်ပါတယ်။ဆီးခဏခဏသွားတာက သိပ်ကြီးမားတဲ့ပြဿနာမဟုတ်ဘူးလို့ ရုတ်တရက်ထင်ရပေမဲ့ တကယ်တမ်းအတော် အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဥပမာပြောရမယ်ဆို ညဖက်အိပ်ကောင်းချိန်မှာ ဆီးသွားချင်လို့ ခဏခဏထနေရရင် ကြာလာရင်အိပ်ရေးပျက်ပြီး အိပ်ကောင်းချင်းမအိပ်ရဖြစ်မှာပါ။ နောက်ပြီး ဆီးခဏခဏသွားတတ်တဲ့ သူတွေဟာ ဆီးမထိန်းနိုင်တဲ့ပြဿနာပါကြုံရနိုင်ပါတယ်။ ဒါ့ကြောင့် ဆီးရွှင်တဲ့ပြဿနာကို အချိန်မဆွဲဘဲ ဆရာဝန်များနဲ့ ပြသသင့်ကြောင်း အကြံပြုလိုက်ရပါတယ်။Dr. Htoo Tint။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/bladder-problems/what_is_frequent_urination/
အကောင်းဆုံး eye cream ကို ရွေးချယ်နိုင်ရန် အချက် ၄ချက်
သင့်မျက်နှာအတွက်Moisturizerရှိနေတဲ့အချိန်မှာ eye cream လိမ်းဖို့ မလိုဘူးလို့ ခံစားရနိုင်ပါတယ်။ မျက်လုံးတဝိုက်မှာ ရှိတဲ့ ထိခိုက်ပျက်စီးလွယ်တဲ့ အသားအရေအတွက် အစိုဓာတ် ထိန်းပေးဖို့  Moisturizer ကပိုပြီးတော့လိုအပ်ပါတယ်။ eye creamရဲ့ ကောင်းကျိုးတွေနဲ့ သုံးသင့်တဲ့ ထုတ်ကုန်အချို့ကိုအကြံပြုထားပေးပါတယ်။အသားအရေအားလုံးဟာ မတူညီကြပါဘူး။ သင့်မျက်လုံးတဝိုက်က အသားအရေဟာ ပိုပြီးပါးပါတယ်။ အဲ့ဒီဧရိယာထဲမှာရှိတဲ့ ကြွက်သားတွေအားလုံးဟာ သေးငယ်တာကြောင့် ပိုပြီးတော့ အထိခိုက်လွယ် ကာ အဆီအိတ်ဖြစ်ခြင်း၊မျက်ကွင်းညိုခြင်းနဲ့အရေးအကြောင်းများဖြစ်ခြင်းကိုပိုပြီးခံစားရပါတယ်။ ဒါ့အပြင် သင့် မျက်ဝန်း တစ်ဝိုက်မှာ အဆီဂလင်း အနည်းငယ်ကသင့်မျက်လုံးရဲ့ အရေပြားကို သဘာဝအတိုင်းရေဓာတ်ဖြည့်ပေးဖို့အတွက် ရှိနေပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ eye cream ကိုသုံးစွဲခြင်းကအသားအရေဆိုင်ရာ ပြဿနာများစွာကို ကာကွယ် ပေးနိုင်ပါတယ်။မျက်ခွံမို့အစ်ခြင်းဟာမျက်လုံးတစ်ဝိုက်မှာရှိတဲ့ တစ်ရှူးတွေ ရောင်ရမ်းကာ အရည်တွေပြည့်လာခြင်းကနေဖြစ်ပေါ်လာတာပါ။ ဓါတ်မတည့်ခြင်း Allergy ကြောင့်ဖြစ်လာနိုင်သလိုအိပ်ရေးပျက်ခြင်း၊ အစားအသောက်၊ အရက်နဲ့ အိုမင်းလာခြင်းတို့ကြောင့်လည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ကဖင်းနဲ့ သခွားသီးစတဲ့ ပစ္စည်းတွေကိုသုံးစွဲခြင်းက အရောင်ကျစေပါတယ်။မျက်လုံးတဝိုက်က အသားအရေတွေ အရောင်ပြောင်းလဲလာခြင်းဟာ မျိုးရိုး၊ စိတ်ဖိစီးမှုများခြင်း၊ ဆေးလိပ်သောက်ခြင်း၊ နေရောင်ခြည်နှင့် ထိတွေ့မှုများခြင်း၊ ရောင်ခြယ်ပစ္စည်းနှင့် မျက်တွင်းအရိပ်ကျခြင်းစတဲ့ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။Vitamin Cနဲ့ K၊ kojic acidနဲ့ Licorice တွေဟာ အသားအရောင်ပြောင်းခြင်းကို တိုက်ဖျက်နိုင်ပါတယ်။ peptidesလို ပစ္စည်းတွေကတော့ မျက်တွင်းကျတာကို ပြန်ဖြည့်ပေးနိုင်သလို မျက်ကွင်းညိုခြင်းကိုလည်း သက်သာစေပါတယ်။ အလင်းပြန်အာနိသင်ပါသော light-reflecting ingredients ပစ္စည်းတွေကို ရှာဖွေအသုံးပြုခြင်းကလည်း သင့်ကိုချက်ချင်းကို တောက်ပလာစေတဲ့ အကျိုးသက်ရောက်မှုဖြစ်စေမှာပါ။ပိုပြီးပါးလွှာတဲ့ အရေပြားကို ပုံမှန်ကြွက်သားလှုပ်ရှားမှုတွေ (မျက်စိတစ်ဖက်မှိတ်ခြင်း၊ မျက်တောင်ခတ်ခြင်း၊ ပြုံးခြင်း)နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ အခြားမျက်နှာအစိတ်အပိုင်းတွေထက် မျက်ဝန်းကိုပိုပြီး အိုမင်းရင့်ရော်စေပါတယ်။ retinol ကဲ့သို့သောကော်လာဂျင် ဖြည့်ပေးတဲ့ပစ္စည်းတွေကို ရှာဖွေအသုံးပြုခြင်းက အရေပြားပါးတာကို ကောင်းမွန်လာစေပြီး အရေးအကြောင်းတွေ ပျောက်ကွယ်သွားစေနိုင်ပါတယ်။ထိခိုက်လွယ်တဲ့မျက်လုံးတစ်ဝိုက် အရေပြားအတွက် အသားအရေခြောက်ခြင်းက အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ ရေဓာတ်ဖြည့်ပေးတဲ့ eye creamကို သုံးခြင်းအားဖြင့် မျက်လုံးယားယံခြင်းနဲ့ မျက်ကွင်းညိုခြင်းစတဲ့ အသားခြောက်ခြင်းကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေကိုလျှော့ချပေးနိုင်ပါတယ်။ ရေဓာတ်ဖြည့်ပေးတဲ့ ထုတ်ကုန် တွေကဈေးအမျိုးမျိုးရှိပါတယ်။ထုတ်ကုန်တစ်ခုကို သင့်မျက်လုံးတစ်ဝိုက်မှာ သုံးတဲ့အခါ မျက်လုံးနဲ့ မျက်လုံးတဝိုက် အရေပြားတွေကို လောင်ကျွမ်းခြင်း နာကျင်ခြင်းမဖြစ်စေတဲ့ အရာကိုရှာဖွေသုံးစွဲဖို့ကတကယ်ကိုအရေးကြီးပါတယ်။ ‘ထိခိုက်လွယ်သော အရေပြား’ အတွက်သို့မဟုတ် ‘မျက်စိဆရာဝန်များမှ စမ်းသပ်ပြီး’ စတဲ့ စကားလုံးတွေပါဝင်တဲ့ ထုတ်ကုန် တွေက သင့်မျက်လုံးနဲ့ မျက်လုံးနားတစ်ဝိုက် အသားအရေအတွက် ပိုပြီးသင့်တော်ပါတယ်။eye creamတွေ အမျိုးမျိုးရှိပေမဲ့ တစ်ခုနဲ့တစ်ခု ဖြေရှင်းနိုင်တဲ့ပြဿနာချင်း မတူညီကြပါဘူး။ တကယ်လို့ သင်ကအရေးအကြောင်းတွေကို လျော့နည်းစေချင်တယ်ဆိုရင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးသော eye cream ကိုရွေးချယ်ပါ။ တကယ်လို့ သင်ကမျက်လုံးမို့အစ်ခြင်းသို့မဟုတ် မျက်ကွင်းညိုခြင်းကို ကုသနိုင်တဲ့အရာကို ရှာဖွေနေတယ်ဆိုရင်တော့ သင့်လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ပစ္စည်းမျိုးကိုရွေးချယ်ပါ။ အချို့သောထုတ်ကုန်တွေက ပြဿနာအတော်များများကို ကုသဖြေရှင်းပေးနိုင်အောင် ထုတ်ထားတာမို့ သင့်ရဲ့ နေ့စဉ် အရေပြား ကျန်းမာရေး အတွက် ပိုပြီးလွယ်ကူစေပါလိမ့်မယ်။မှန်ကန်တဲ့ ထုတ်ကုန် တစ်ခုကိုရွေးချယ်တဲ့နေရာမှာ ပါဝင်ပစ္စည်းတွေကိုကြည့်တာကလည်းကောင်းတဲ့အရာတစ်ခုပါ။ ရေဓာတ်ဖြည့်ပေးနိုင်တဲ့ အရာဆိုရင် ရေက အဓိကပါဝင်ပစ္စည်းဖြစ်နေရပါမယ်။အဆင့်မီတဲ့ eye cream အများစုမှာရေက ပထမဆုံး ပါဝင်ပစ္စည်းအနေနဲ့ ရှိတတ်ပါတယ်။ Glycerin, shea butter , oils တွေနဲ့ ဗီတာမင်တွေကလည်း eye creams တွေမှာ ပါလေ့ရှိသလို ပိုပြီးတော့ အသုံးဝင်စေပါတယ်။သဘာဝပစ္စည်းတွေပါဝင်တာကလည်း ထိခိုက်လွယ်တတ်တဲ့ မျက်လုံးတစ်ဝိုက် အရေပြားကို အသုံးပြုတဲ့နေရာမှာ တကယ်ကောင်းပါတယ်။ antioxidants တွေကတော့ မျက်လုံးတစ်ဝိုက်မှာဖြစ်တတ်တဲ့ ပြဿနာ တော်တော်များများကို ဖြေရှင်းပေးနိုင်ပါတယ်။အသားအရေတင်းရင်းစေတဲ့ eye-cream တွေမှာ retinol, alpha-hydroxy acid (AHA), copper peptides, caffeine သို့မဟုတ် ဗီတာမင် C တို့ ပါဝင်တတ်ပါတယ်။ Vitamin K, glycolic acid နဲ့ Kojic acid တွေဟာမျက်ကွင်းညိုခြင်းကို ထိရောက်စွာ သက်သာစေပါတယ်။Restorative night cream တွေမှာတော့ Vitamin A, C သို့မဟုတ် E သို့မဟုတ် Collagen တွေပါဝင်တတ်ပါတယ်။ရေးသားသူ- Wathun Myat Chel။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/how-to-choose-best-eye-cream/
မိန်းမကိုယ်လေးနဲ့ပတ်သက်လို့ သိထားသင့်တာလေးအချို့
မိန်းကလေးတစ်ယောက်ကိုယ့်ကိုကိုယ် ကျန်းမာတက်ကြွတဲ့မိန်းကလေးတစ်ယောက်ဖြစ်အောင်စောင့်ရှောက်ဖို့ဆိုရင် သိထားဖို့လိုမယ့်အချက်တစ်ခုရှိပါတယ်နော်။ ဒါကခန္ဓါကိုယ်ကိုတင် ကျန်းမာအောင်စောင့်ရှောက်ရမှာ မဟုတ်ဘဲ မိန်းကလေးတစ်ယောက်အတွက်အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့မိန်းမကိုယ်လေးကိုလည်းဂရုစိုက်ဖို့လိုပါမယ်နော်။မိန်းမကိုယ်လေးက လစဉ်ရာသီသွေးဆင်းဖို့အတွက်၊ ဆီးသွားဖို့အတွက်၊ ကာမဂုဏ်ခံစားဖို့အတွက် နဲ့မျိုးဆက်ပွားဖို့အတွက်ပါတာဝန်ထမ်းဆောင်ပေးရရှာပါတယ်နော်။ ဒါကြောင့် သူလေးကျန်းမာမှလေဒီလေးတို့ ကျန်းမာတော့မှာပေါ့။ သူသာမကျန်းမာရင်နေရထိုင်ရခက်တာ၊အနံ့အသက်ဆိုးဖြစ်တာအပြင် နှစ်ဦးကြားဆက်ဆံရေးတွေမှာပါ အဆင်မပြေတာတွေဖြစ်လာနိုင်ပါတယ်နော်။ရေရှည်မှာစိတ်ဖိစီးမှုများလာပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုကျဆင်းတာတွေတောင်ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာကင်းဖို့ကတော့ လွယ်ပါတယ်။ မိန်းမကိုယ်လေးကျန်းမာအောင် ဘယ်လိုစောင့်ရှောက်ပေးရမလဲဆိုတာကို သိထားရင်ကိုရပြီလေနော်။မိန်မကိုယ်လေးက လုပ်ဆောင်ပေးရတဲ့လုပ်ငန်းတွေများတာကြောင့် ထိခိုက်နိုင်ခြေကလည်းများပါတယ်။အကာအကွယ်မဲ့လိင်ဆက်ဆံတာ– အကာအကွယ်မဲ့လိင်ဆက်ဆံတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါတွေ ကူးစက်ခံရနိုင်ပါတယ်နော်။အဝတ်အစားခပ်ကျပ်ကျပ်ဝတ်တာ– အဝတ်အစားခပ်ကျပ်ကျပ်ဝတ်တာက မိန်းမကိုယ်ကိုလေဝင်လေထွက်မကောင်းစေဘဲ အနံ့အသက်ဆိုးထွက်တာ အပြင် မိန်းမကိုယ်မှိုစွဲတာတွေကိုဖြစ်စေနိုင်ပါတယ်။ချည်သားမဟုတ်တဲ့အတွင်းခံဝတ်ဆင်တာ– အတွင်းခံရွေးချယ်တဲ့အခါမှာလည်းချွေးစုပ်ပြီး နေရတာသက်တောင့်သက်သာဖြစ်တဲ့ချည်သားအတွင်းခံတွေကိုပဲဝတ်ဆင်ပေးပါ။ နိုင်လွန်သားပါတဲ့ အတွင်းခံတွေကအနံ့အသက်ဆိုးကိုဖြစ်စေသလို မိန်းမကိုယ်ယားယံမှုကိုပါဖြစ်စေနိုင်ပါတယ်။အနံ့ပြင်းတဲ့ရေအိမ်သုံးတစ်သျှူးတွေအသုံးပြုတာ– တစ်သျှူးမွှေးမွှေးလေးကို သဘောကျတယ်ဆိုရင်တောင်မှာအပေါ့အပါးသွားပြီးတဲ့အခါမျိုးမှာတော့ အနံ့မပါတဲ့ တစ်သျှူးကိုပဲ အသုံးပြုပေးပါ။စက်ဘီးစီးတာ–စက်ဘီးစီးတာ၊မြင်းစီးတာလိုမျိုး ကိစ္စတွေကို အချိန်ကြာမြင့်စွာလုပ်မိတဲ့အခါမျိုးမှာလည်းမိန်းမကိုယ်ယားယံတာမျိုးဖြစ်နိုင်ပါတယ်။ေသောက်သုံးနေရတဲ့ ဆေးဝါးကြောင့် ဟော်မုန်းပြောင်းလဲမှုဖြစ်တာ– အချို့သောဆေးဝါးတွေကို သောက်သုံးလိုက်တဲ့အခါ ကိုယ်တွင်းမှာအက်စထရိုဂျင်ဟော်မုန်းနည်းလာတဲ့အခါမျိုးမှာလည်းဟော်မုန်းအပြောင်းအလဲကြောင့် မိန်းမကိုယ်ယားယံမှုဖြစ်နိုင်ပါတယ်။အဝတ်အစားသန့်ရှင်းမှုမရှိတာ– အထူးသဖြင့်တော့ အတွင်းခံပေါ့။ မိုးရာသီလိုရာသီမျိုးမှာ အတွင်းခံတွေကသေချာမခြောက်တဲ့အခါ မှိုပိုးဝင်ပြီး အဖြူဆင်းတာလိုမျိုးပြဿနာခံစားရနိုင်ပါတယ်။နောက်ထပ်ကြုံရနိုင်တာတစ်ခုက အတွင်းခံကပြုတ်ကျတာမျိုး မသန့်တဲ့အရာတစ်ခုခုနပြ ထိထားတာမျိုးကို မသိဘဲ ဝတ်ဆင်မိတာကြောင့် ဘက်တီးရီးယားတွေ ဝင်ရောက်ကူးစက်ပြီးအဖြူဆင်းတာအပြင် မိန်းမကိုယ်ယားယံတာလိုမျိုးပြဿနာတွေခံစားရနိုင်ပါတယ်နော်။တစ်ကိုယ်ရေသန့်ရှင်းရေးအားနည်းတာ– တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတာကလည်း မိန်းမကိုယ်ကျန်းမာရေးကို သွယ်ဝိုက်တဲ့နည်းနဲ့ ထိခိုက်စေနိုင်ပါတယ်နော်။အခုပြောခဲ့တဲ့အချက်လေးတွေကို လိုက်နာလုပ်ဆောင်လို့ ကိုယ့်ကိုကိုယ်ပြည့်ပြည့်ဝဝကျန်းမာတဲ့လေဒီလေးတစ်ယောက်ဖြစ်အောင်ပျိုးထောင်လိုက်ပါနော်။ ဘယ်လိုလဲ။ အဆင်သင့်ဖြစ်ပြီလား…………………….။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/is-my-vagina-norma/
အမျိုးသမီးများတွင်ဖြစ်ပွားသောနှလုံးရောဂါ၏လက္ခဏာများ
နှလုံးရောဂါသည် အမျိုးသမီးများသေဆုံးရခြင်း၏အဓိကအကြောင်းတစ်ရပ်ဖြစ်ပါသည်။ ရုတ်တရက်နှလုံးဖောက်ခြင်းရောဂါလက္ခဏာများသည် တစ်ခုနှင့်တစ်ခုကွာခြားနိုင်ပြီးအမျိုးသမီးများတွင်ခံစားရသော ရောဂါလက္ခဏာများသည်လည်းပုံမှန်ဖော်ပြနေကျ ရင်ဘတ်အောင့်ခြင်းမှကွာခြားမှုရှိနိုင်သည်။ထို့ကြောင့်အမျိုးသမီးများအနေဖြင့် ထိုရောဂါလက္ခဏာများကိုသတိပြုနားလည်ဖို့အရေးကြီးပါသည်။ ထို့ပြင်နှလုံးရုတ်တရတ်ဖောက်ခြင်း၏ရောဂါလက္ခဏာများကိုလည်း သတိပြုဆင်ခြင်တတ်ဖို့ အရေးကြီးပါသည်။( နှလုံးရုတ်တရက်ဖောက်ခြင်း၏ အတွေ့ရအများဆုံးရောဂါလက္ခဏာဖြစ်သော်လည်းအမြဲတမ်းတွေ့နိုင်မည်ဟုမပြောနိုင်ပါ )။-ရင်ဘတ်အောင့်ခြင်းသည် လက်မောင်း ၊ လည်ပင်း ၊ မေးရိုး ၊ ဝမ်းဗိုက် နှင့် ကျောကုန်းတို့ကိုလည်း ပြန့်သွားတတ်သည်။ ထိုနေရာတစ်နေရာတည်း (သို့မဟုတ်) နေရာအများကြီးတွင်လည်းအောင့်ခြင်းကိုခံစားရနိုင်သည်။အချို့သူများတွင် နာကျင်ခြင်းအောင့်ခြင်းသည် ပြင်းထန်တတ်သော်လည်း တချို့တွင်မအီမသာဖြစ်ခြင်းလောက်သာရှိတတ်သည်။-နေထိုင်မကောင်းဖြစ်ခြင်း ၊ ချွေးထွက်ခြင်း ၊ခေါင်းမူးခြင်း၊ ရင်ဘတ်အောင့်ခြင်း ၊ ရင်ဘတ်တင်းကြပ်ကြပ်ဖြစ်ခြင်းနှင့် တွဲဖက်၍တွေ့ရတတ်သည်။-အစာမကြေဖြစ်သကဲ့သို့ခံစားရခြင်း ၊ ရင်ပြည့်ရင်ကယ်ဖြစ်၍အန်ခြင်း။-ရင်ဘတ်အောင့်ခြင်း၊ရင်ဘတ်ထဲတွင် တင်းကြပ်ကြပ်ဖြစ်ခြင်းတို့ ခံစားရသောအခါ နေမကောင်းဖြစ်ခြင်း၊ မအီမသာဖြစ်ခြင်း ၊မောပန်းနွမ်းနယ်နေခြင်း။-ထိုလက္ခဏာများသည် သိသာထင်ရှားသော ဆွဲညှစ်ထားသကဲ့သို့ ရင်ဘတ်အောင့်ခြင်းမျိုးသိသိသာသာ မခံစားရဘဲ မသိလိုက်မသိဘာသာ ဖြစ်ခြင်းမျိုးလည်းကြုံရတတ်ပါသည်။တစ်ခါတစ်ရံတွင် ရောဂါဖြစ်သူ အမျိုးသမီးက ရင်ဘတ်အောင့်ခြင်းကို ရင်ဘတ်ထဲတွင် ဖိထားသကဲ့သို့ခံစားရခြင်၊း ရင်ဘတ်ထဲတွင်တင်းကြပ်ကြပ် ဆို့တို့တို့ဖြစ်ခြင်းဟုလည်းဖော်ပြတတ်သည်ကိုတွေ့ရသည်။ထိုသို့ဖြစ်ရခြင်းမှာ သွေးကြောများပိတ်သော နေရာသည် သွေးကြောမကြီးများထဲတွင်သာမက သွေးကြောငယ်လေးများထဲတွင်ပါ ဖြစ်ပွားတတ်သောကြောင့် ဖြစ်ပါသည်။ နှလုံးကို သွေးထောက်ပံ့နေသော သွေးကြောငယ်လေးများတွင် ထိုရောဂါဖြစ်ပွားပါက နှလုံးသွေးကြောများတွင် ဖြစ်သောရောဂါ (သို့မဟုတ်) နှလုံးသွေးကြောကျဉ်းရောဂါဟုခေါ်ပါသည်။အမျိုးသမီးများတွင် ဖြစ်ပွားတတ်သော နှလုံးသွေးကြောကျဉ်းရောဂါလက္ခဏာများသည် တစ်ခါတစ်ရံတွင် နားနေချိန်တွင်လည်းခံစားရတတ်ပြီး အိပ်ပျော်နေစဉ်မှာတွင်ပင် ခံစားရခြင်းမျိုးလည်းကြုံရတတ်ပါသည်။ထို့ပြင် အမျိုးသမီးများတွင် စိတ်ဖိစီးတင်းကြပ်စရာကိစ္စများ ၊ စိတ်ဖိစီးမှုများရှိပါကလည်း နှလုံးရုတ်တရက် အမောဖောက်ခြင်း လက္ခဏာများကို ခံစားရစေနိုင်ပါသည်။-နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေကို မြင့်တက်စေသောယေဘူယျအချက်အလက်များ ဥပမာ – သွေးပေါင်တက်ခြင်း ၊ သွေးတွင်းအဆီဓါတ်များခြင်း ၊ အဝလွန်ခြင်းတို့သည် အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးစလုံးကို ဖြစ်စေနိုင်သော်လည်း အမျိုးသမီးများတွင်မူ နှလုံးရောဂါဖြစ်နိုင်ချေကို မြင့်တက်စေနိုင်သောအခြား အချက်အလက်များလည်း ရှိနေပါသေးသည်။ ဥပမာအားဖြင့်-။-ဆီးချိုသွေးချိုရောဂါ။-စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျခြင်း။-ဆေးလိပ်သောက်ခြင်း။-ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း။-မီးယပ်သွေးဆုံးဖြစ်ခြင်း။-ကိုယ်ဝန်ဆောင်ခြင်းရဲ့ နောက်ဆက်တွဲဖြစ်စဉ်များနဲ့။-Broken Heart Syndromeလို့ ခေါ်တဲ့ နှလုံးရောဂါစုတွေပဲ ဖြစ်ပါတယ်။-ထိုသို့မဟုတ်ပါ။ အသက်အရွယ်မရွေးအမျိုးသမီးများတွင် ထိုရောဂါသည် စိုးရိမ်ရသောပူပန်စရာတစ်ခုအနေနှင့် စဉ်းစားတတ်ဖို့လိုပါသည်။ အထူးသဖြင့်အသက် ၆၅ နှစ်အောက် အမျိုးသမီးများသည် မိသားစုထဲတွင် နှလုံးရောဂါဖြစ်ပွားတတ်သော ရောဂါရာဇဝင်ရှိပါက နှလုံးရောဂါဖြစ်နိုင်ချေရှိသည့်အတွက် အထက်ဖော်ပြပါလက္ခဏာများကို သတိပြုဆင်ခြင်ဖို့ လိုအပ်ပါသည်။-အမျိုးသမီးများသည် နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချရန် နေထိုင်စားသောက်မှုဆိုင်ရာပြုပြင်ပြောင်းလဲခြင်းများဖြင့် ပြုလုပ်နိုင်ပါသည်။-ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းခြင်း၊။-ဆေးလိပ်ဖြတ်ခြင်း (သို့မဟုတ်) ဆေးလိပ်လုံးဝမသောက်ခြင်း၊။-ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်း၊။-ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်မှုပုံစံဖြင့် စားသောက်ခြင်း၊ (သစ်သီးနှင့်ဟင်းသီးဟင်းရွက်များကိုများများစားသုံးခြင်း ၊ အဆီမပါသော သို့မဟုတ် အဆီနည်းသော နို့ထွက်ပစ္စည်းများကို သောက်သုံးခြင်းနှင့် အဆီမပါသောအသားကိုစားသုံးခြင်း )။-ပြည့်ဝဆီများ၊ ထပ်မံထည့်သွင်းထားသော သကြားများနှင့် ငန်သော၊ ဆားပါဝင်မှုများသည့် အစားအစာများကို ရှောင်ကြဉ်ခြင်းတို့ဖြစ်ပါသည်။-ယေဘူယျအားဖြင့် အမျိုးသမီးများသည် အရေးပေါ်ဌာနများသို့ ရောက်ရှိလာသောအခါ နှလုံးရောဂါကြောင့် နှလုံးမှာ ထိခိုက်ပျက်စီးပြီး ဖြစ်နေတတ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် နှလုံးရောဂါ၏ လက္ခဏာများသည် တစ်ခါတစ်ရံ လွယ်ကူစွာ စမ်းသပ်တွေ့ရှိမရဘဲ ဖြစ်တတ်သဖြင့် အမျိုးသမီးများအနေဖြင့် သူတို့၏ ရောဂါလက္ခဏာများကို သတိမပြုမိခြင်းကြောင့်လည်းဖြစ်နိုင်ပါသည်။ထိုကြောင့် သင့်အနေဖြင့် အထက်ပါရောဂါလက္ခဏာများ သို့မဟုတ် နှလုံးရောဂါ၊ နှလုံးရုတ်တရက်ဖောက်ခြင်းဖြစ်သည်ဟု သင်တွေးထင်ပါကအရေးပေါ်ဆေးကုသမှု အကူအညီရယူရန် ချက်ချင်းဖုန်းခေါ်ဆိုဖို့ လိုအပ်ပါသည်။ရောဂါလက္ခဏာခံစားနေရချိန်တွင် သင်တစ်ယောက်တည်းရှိနေချိန်မှလွဲ၍ ဆေးရုံသို့ သင်ကိုယ်တိုင်ကားမောင်း၍ မလာသင့်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%bb%e1%80%96%e1%80%85%e1%80%b9/
ရာသီလာချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ
ရာသီသွေးဆင်းတာက စိတ်အနှောင့်အယှက်ကောင်းပေမယ့် မလာရင်လည်း အဆင်မပြေပြန်ဘူးနော်။ နောက်ထပ်သတိထားရမှာတစ်ခုက ရာသီလာချိန်မှာ စားရမယ့်အစားအစာတွေနဲ့ မစားသင့်တာတွေပါနော်။ အစားအစာက လူနဲ့တည့်တယ်ဆိုပေမယ့် ရာသီလာချိန်မှာ အချို့အစားအစာတွေက နေရထိုင်ရပိုခက်စေနိုင်ပါတယ်နော်။ ကဲ ဒီတော့ရာသီလာချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါနော်။ရာသီလာချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ ဆိုတော့။ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အစားအစာတွေထဲက တစ်ခုပေါ့။Omega-3 fatty acidsပါဝင်နေတာကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေတာကြောင့် နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေပြီး ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်ရာသီလာချိန်မှာ နာကျင်မှုလျော့ပါးသက်သာစေချင်ရင် ဆယ်လ်မွန်ငါးစားပေးပါ။စားရတာလွယ်ပြီး ရာသီလာစဉ်နာကျင်ကိုက်ခဲတာ၊ ပင်ပန်းနွမ်းနယ်တာကို သက်သာစေနိုင်ပါတယ်။အမျှင်ဓာတ်ပါဝင်မှုကြောင့် ရာသီလာစဉ်ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။ ကြွက်သားတွေကိုပြေလျော့စေပြီးစိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပါတယ်။အချိုနည်းတဲ့ အနက်ရောင်ချောကလက်က ရာသီလာချိန်မှာ စိတ်ခံစားမှုကောင်းစေသလို နာကျင်ကိုက်ခဲမှုကိုပါ သက်သာစေနိုင်တာပါနော်။ ရာသီလာချိန်မှာ အနက်ရောင်ချောကလက် နည်နည်းလောက်စားပေးလို့ရပါတယ်။အမျှင်ဓာတ်နဲ့ သံဓာတ်ပါဝင်မှုကြောင့် ရာသီလာချိန်မှာ သွေးဆင်းတာကြောင့် သံဓာတ်ဆုံးရှုံးတာကို သက်သာစေနိုင်ပါတယ်။ လေပွတာကိုလည်း သက်သာစေနိုင်ပြီး ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်နေစေပါတယ်။ဖရဲသီးမှာပါတဲ့ သဘာဝအချိုဓာတ်က ရာသီလာချိန်မှာ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့အင်အားတွေကိုဖြည့်ပေးပါတယ်။ ဗီတာမင် ကြွယ်ဝစွာပါဝင်တာကြောင့်လေပွတာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ရေဓာတ်ပြည့်ဝတာကြောင့် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးပြီး ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။ စိတ်ခံစားမှုကိုလည်း ကောင်းစေနိုင်ပါတယ်။ကျန်းမာရေးနဲ့အညီညွတ်ဆုံး အစားအစာတစ်မျိုးပေါ့။ ကြက်ဥအနှစ်မှာ သံဓာတ်ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ပျော်ဝင်နိုင်တဲ့ အဆီ၊ ဗီတာမင်နဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့ Fatty Acid နဲ့ ပရိုတင်းတို့ ပါဝင်နေတာကြောင့် ရာသီလာချိန်မှာ ခန္ဓာကိုယ်ကို အားအင်ပြည့်နေစေမှာ အသေအချာပါ။ ကြက်ဥကို မကျက်တကျက်လေးပြုတ်ပြီး စားပေးပါနော်။အချိုကဲတဲ့ အချိုရည်တွေ၊ ဆိုဒါလိုမျိုးသောက်စရာတွေက ရာသီလာစဉ်မှာ နာကျင်ကိုက်ခဲမှုကို ပိုဆိုးစေနိုင်ပါတယ်။ ခန္ဓာကိုယ်ကို လိုအပ်တဲ့ ရေဓာတ်ရရှိစေမှုမှာ အဟန့်အတားဖြစ်စေတာကြောင့် ရာသီလာနေချိန်မှာ အချိုရည်တွေမသောက်ပါနဲ့။အငန်ဓာတ် ပါဝင်မှုကြောင့် ဗိုက်ထဲမှာ မအီမသာဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ အငန်ကဲတဲ့ အစားအစာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေကို မစားဖို့ ပြောပါရစေနာ်။အဆီများတဲ့ အစားအစာတွေက ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို ပိုဆိုးစေနိုင်ပါတယ်။ ပြောချင်တာကတော့ ရာသီလာချိန်မှာ သက်သောင့်သက်သာ ဖြစ်နေစေဖို့ အဆီများတဲ့ အစားအစာတွေကိုရှောင်ပေးပါနော်။ကိုယ်တွင်း သံဓာတ် စုပ်ယူမှုကို ထိခိုက်စေနိုင်တာကြောင့် ရာသီလာချိန်မှာ လက်ဖက်ရည်၊ ကော်ဖီတွေကို ကြိုက်တယ်ဆိုရင်တောင် မသောက်ပါနဲ့။ လက်ဖက်သုပ်လေးလည်း ရှောင်ပါနော်။အစပ်များတဲ့ အစားအစာတွေက လေပွတာ၊ ဝမ်းခေါင်းပူတာမျိုးတွေကို ဖြစ်စေနိုင်သလို ရာသီလာချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အစပ်တွေ မစားဖို့လည်း ပြောပါရစေနော်။ကဲ…. ရာသီလာချိန်မှာ ခန္ဓာကိုယ်ကို ဝေဒနာ ခံစားရ သက်သာစေဖို့ သေချာလေး ဂရုစိုက်လိုက်ရအောင်နော်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/food-to-take-and-avoid-during-periods/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-enoki-mushroom/
အမျိုးသားများ ကျန်းမာသော သုက်ရည် ရှိ၊ မရှိ သိနိုင်သော လက္ခဏာ ၆ ရပ်
သင့်ရဲ့လိင်ဆက်ဆံသူမှာ ကျန်းမာတဲ့ သုက်ရည်ရှိပါသလား။ ဒါဟာ အမျိုးသမီးတိုင်းရဲ့ စိတ်ထဲမှာ ရှိနေတဲ့ မေးခွန်းပဲဖြစ်ပါလိမ့်မယ်။ သုက်ပိုးရဲ့ အရည်အသွေးကို စစ်ဆေးကြည့်နိုင်တဲ့ ရိုးရှင်းတဲ့နည်းလမ်းမရှိပါဘူး။ အကောင်းဆုံးကတော့ ဆရာဝန်ကို သွားပြသင့်ပြီး စစ်ကြည့်တာပါပဲ။ အောက်ဖော်ပြပါ အချက်အလက်တွေကတော့ သင့်ကိုအမျိုးသားများ ကျန်းမာသော သုက်ရည် ရှိ၊ မရှိ ခန့်မှန်းဖို့အတွက် ကူညီပေးပါလိမ့်မယ်။အမျိုးသားများ ကျန်းမာသော သုက်ရည် ရှိ၊ မရှိ ခန့်မှန်းနိုင်သော လက္ခဏာ ၆ ရပ် ကတော့။၁။ သူဟာ ငါးကြိုက်ပါတယ်။ငါးဟာ သူ့အကြိုက်ဆုံး အစားအစာဖြစ်တယ်ဆိုရင် သူ့သုက်ပိုး အရည်အသွေးဟာ မြင့်မားဖို့ ရာခိုင်နှုန်းများတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ ဟားဗတ်တက္ကသိုလ်က လေ့လာမှုတစ်ခုအရ ငါးအလွန်စားတဲ့ အမျိုးသားတွေဟာ မစားသူတွေထက်စာရင် သုက်ပိုးပါဝင်နှုန်း ၆၅ ရာခိုင်နှုန်း ပိုများကြတယ်လို့ ဆိုပါတယ်။ တကယ်လို့ သင့်ချစ်သူဟာ ငါးကြိုက်တယ်ဆိုရင်တော့ သူ့သုက်ရည်ဟာ အရည်အသွေးမြင့်မားနိုင်ပါတယ်။၂။ သူဟာ အသင့်စားအသားတွေကို အစားနည်းပါတယ်။သူဟာ အသင့်စားအသားတွေကို သိပ်မစားဘူးဆိုရင် ကောင်းမွန်တဲ့ သုက်ရည်ရှိဖို့ အခွင့်အရေး များပြားပြီး ဒါအတွက် သုတေသန တစ်ခုလည်း ရှိပါတယ်။ ဟားဗတ်တက္ကသိုလ် ရဲ့ သုတေသန တစ်ခုအရ တာရှည်ခံအသားတွေကို အစားဆုံးသူတွေဟာ မစားတဲ့သူတွေနဲ့ ယှဉ်ရင် ပုံမှန်သဏ္ဍာန်ရှိတဲ့ သုက်ပိုး အရေအတွက် နည်းပါးတယ်လို့ ဆိုပါတယ်။၃။ သူ့မှာ တွဲကျနေတဲ့ ဗိုက်မရှိပါ။နယ်သာလန် က သုတေသီတွေက ခါး လက်မ ၄၀နဲ့ အထက်ရှိတဲ့ အမျိုးသားတွေဟာ သုက်ပိုးအရည်အတွက် နည်းပြီး ပုံမှန်အတိုင်း လှုပ်ရှားနိုင်တဲ့ သုက်ပိုးပမာဏလည်း နည်းပါးတယ်လို့ ဆိုပါတယ်။ သုတေသီတွေက ကိုယ်ခန္ဓာ အလယ်ပိုင်းမှာ ဒီလောက် ကိုယ်အလေးချိန်အများကြီး သယ်ဆောင်ထားရခြင်းဟာ သုက်ပိုး ထုတ်လုပ်မှုနဲ့ အရည်အသွေးကို လျော့ကျစေတယ်လို့ ဆိုပါတယ်။၄။ တင်းကျပ်တဲ့ အောက်ခံဘောင်းဘီတွေကို မဝတ်ဘူး။အမျိုးသားတစ်ယောက်ဟာ အရည်အသွေးကောင်းတဲ့ သုက်ပိုးတွေကို လိုချင်တယ်ဆိုရင် သူ့ရဲ့ ကပ္ပာယ်အိတ် အပူချိန်က အရေးကြီးပါတယ်။ ချောင်ချောင်ချိချိရှိတဲ့အောက်ခံဘောင်းဘီတွေဟာ ကျပ်တာတွေထက်စာရင် ကပ္ပာယ်အိတ် အပူချိန်ကို လျော့ကျစေပါတယ်။အင်္ဂလန်က လေ့လာမှုတစ်ခုက ဘောင်းဘီအပွ ဝတ်သူတွေဟာ အကျပ်ဝတ်သူတွေထက် အရည်အသွေးမကောင်းတဲ့ သုက်ရည်ထုတ်လုပ်မှုပိုနည်းစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူဝတ်တဲ့ အတွင်းခံဘောင်းဘီတွေဟာ လည်း အရေးကြီးပါတယ်။၅။ အားကစားရုံဟာ သူအကြိုက်ဆုံး နေရာပါပဲ။သင့်ချစ်သူဟာ လေ့ကျင့်ခန်းလုပ်သူဆိုရင် သူ့မှာ အရည်အသွေးကောင်းတဲ့ သုက်ရည် ရှိနေနိုင်ပါတယ်။ ဟားဗတ်က သုတေသီတွေက အလယ်အလတ် (သို့) အပြင်းအထန် တစ်ပတ်ကို ၁၅ နာရီထက်ပိုပြီး လေ့ကျင့်ခန်းပြုလုပ်သူတွေဟာ လုံးဝ လေ့ကျင့်ခန်း မလုပ်သူတွေနဲ့ စာရင် သုက်ပိုးပမာဏဟာ ၇၃ ရာခိုင်နှုန်း ပိုမိုမြင့်မားတယ်လို့ ဆိုပါတယ်။၆။ သူဟာ ကြည့်လို့မကောင်းပါဘူး။ယောက်ျားပီသတဲ့ ရုပ်ရည်ဟာ ခါးအောက်ပိုင်းအလုပ်တွေအတွက် မကောင်းပါဘူးလို့ လေ့လာမှု အသစ်တစ်ခုက ဆိုပါတယ်။ စပိန် နဲ့ ပြင်သစ် သုသေတီတွေက လူအများလိုချင်တဲ့ ရုပ်ရည် ရှိသူတွေဟာ ပုံမှန် မိန်းမဆန်တဲ့ ရုပ်ရည် ရှိသူတွေထက် သုက်ရည် အရည်အသွေးပိုမို နိမ့်ပါးတယ်လို့ ဆိုပါတယ်။ဖြစ်နိုင်ခြေတစ်ခုကတော့ tradeoff hypothesis လို့ ခေါ်တဲ့ သီအိုရီတစ်ခုဖြစ်ပါတယ်။ အရှင်းလင်းဆုံးပြောရမယ်ဆိုရင် မျိုးပွားနိုင်တဲ့ အရင်းအမြစ်အတွက် အမျိုးသားတွေမှာ သတ်မှတ်ထားပြီးသား စွမ်းအင်ပမာဏ ရှိပါတယ်။ ဒီစွမ်းအင်ဟာ မတူညီတဲ့ အစိတ်အပိုင်းတွေဆီကို ခွဲဝေပေးရပါတယ်။အမျိုးသားတစ်ယောက်ဟာ သုက်ရည် ထွက်ရှိမှုပေါ်မှာ အရင်းအမြစ်တွေ ပိုသုံးနေခဲ့တယ်ဆိုရင် သူဟာလိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည် ရှိဖို့ အခွင့်အလမ်းနည်းပါးပါတယ်လို့ Jukka Kekäläinen က ဆိုပါတယ်။ဆောင်းပါးအစမှာ ပြောခဲ့တဲ့အတိုင်း ဒါက ခန့်မှန်းရုံပဲ ဖြစ်ပြီး ကိုယ့်သုက်ရည်အကြောင်း သိချင်ရင်တော့ ဓာတ်ခွဲခန်းမှာ စစ်ဆေးတာက အကောင်းဆုံးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/signs-your-man-has-got-healthy-semen/
မေမေဗိုက်တို့ ချောင်းဆိုးလာတဲ့အခါ
ကိုယ်ဝန်စရှိလာတည်းက မေမေတို့ရဲ့ ကိုယ်ခံအားစနစ်က ပြောင်းလဲလာလေ့ ရှိပါတယ်။ ဒီလို ပြောင်းလဲလာတာကြောင့်ပဲ မေမေဗိုက်တို့မှာ အအေးမိ၊ ချောင်းဆိုးဝေဒနာတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဒီဝေဒနာတွေက အကြာကြီးတော့ မဟုတ်ပါဘူး။ နောက်ထပ်သတင်းကောင်း တစ်ခုက မေမေတို့ နေမကောင်းဖြစ်လို့ ပင်ပန်းနွမ်းလျနေရင်တောင်အအေးမိ၊ ချောင်းဆိုး လက္ခဏာတွေက ဗိုက်ထဲက ဘေဘီအတွက် အန္တရာယ် မရှိနိုင်ပါဘူးတဲ့။ ဆရာဝန်ပြပြီး ထိုက်သင့်တဲ့ ကုသစောင့်ရှောက်မှုကို ခံယူဖို့တော့ လိုတာပေါ့လေ။ ဒီတစ်ခေါက်တော့ မေမေဗိုက်တို့ ချောင်းဆိုးလာတဲ့အခါ ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ကိုယ်ဝန်ဆောင်ကာလမှာအအေးမိတာ ဖျားနာ၊ ချောင်းဆိုးတာတွေ ဖြစ်လာရင် သူများတွေလို ဆေးအလွယ်သောက်လို့ မရတာ မမေ့ပါနဲ့နော်။ နောက်ပြန်သက်သာတယ်ပဲထား နေမကောင်းလိုက်တာနဲ့ လူကအားနည်းသွားပြီဆိုတော့ ကလေးအတွက် အာဟာရတွေ အလုံအလောက် ဘယ်ပေးနိုင်တော့မလဲ။ ကိုယ့်ဘေဘီလေးအတွက် စဉ်းစားပြီးတော့ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပေးပါ။ဒါတွေကြိုတင်ကာကွယ်ဖို့ အကောင်းဆုံးနည်းက။မေမေဗိုက်တို့ ချောင်းဆိုးလာတဲ့အခါ ဘယ်လို သက်သာအောင် လုပ်ရမလဲ ဆိုတော့။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/home-remedies-for-cough-during-pregnancy/
အမျိုးသမီးများ အထူးစားသုံးပေးသင့်တဲ့ အစားအသောက်များ
ကျန်းမာရေးနဲ့ လျော်ညီတဲ့ အာဟာရဓါတ်တွေ လုံလုံလောက်လောက်စားသုံးပေးဖို့ ဆိုတာ လူတိုင်း အတွက် အရေးကြီးပါတယ်။ ဒီအထဲမှာမှ တစ်ချို့သော အစားအစာတွေက အမျိုးသမီးတွေရဲ့ အရိုးကြွပ်ဆပ်ခြင်းကို တားဆီးပေးခြင်း၊ သန္ဓေသားအတွက်ကောင်းမွန်ခြင်းနဲ့ ရင်သားကင်ဆာကို တားဆီးပေးနိုင်ကြပါတယ်။ ဒီလို အမျိုးသမီးတွေ အတွက် အထူးသင့်တော်တဲ့အာဟာရတွေ စားသုံးပေးမယ်ဆိုရင် အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို အသက်အရွယ်ရလာချိန်အထိတောင် အထူးကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။(၁) ကိုက်လန်။ကိုက်လန်ဆိုတာ ကမ္ဘာ့ကျန်းမာရေး အကောင်းဆုံး အသီးအနှံလို့တောင်ပြောလို့ရပါတယ်။ ကိုက်လန်မှာပါတဲ့ အာဟာရတွေက အမျိုးသမီးတွေရဲ့ အရေပြား၊ ဆံပင်နဲ့ အရိုးတွေကို သန်စွမ်းစေနိုင်ပါတယ်။ ဒါ့အပြင် ကိုက်လန်မှာ အမျှင်ဓါတ်တွေ ပါဝင်တဲ့ အတွက်လည်း အစာခြေ စနစ်အတွက်ကောင်းမွန်ပြီး နှလုံးသွေးကြော ကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ဒါ့အပြင် ကိုက်လန်မှာ ဗီတာမင် K ၊ ကယ်လ်ဆီယမ် နဲ့ ဗီတာမင် D တို့ပါဝင်ပြီး ကိုက်လန်ဟင်းတစ်ပွဲမှာ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင် A နဲ့ C တို့ ပါဝင်နေပါတယ်။(၂) ကညွတ်တစ်မျိုး။ (Asparagus)။Asparagus ကညွတ်တွေဟာ ဗီတာမင် K ကြွယ်ဝစွာပါဝင်တဲ့ အသီးအနှံဖြစ်ပြီး ဗီတာမင် K ကို သွေးခဲစေတဲ့ ဗီတာမင်လို့ လည်း လူသိများပါတယ်။ ဗီတာမင် K ဟာ သွေးခဲစေခြင်းဖြင့် အလွန်အကျွံသွေးထွက်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ လေ့လာချက် အများစုအရ ဗီတာမင် K ဟာ အရိုးကျန်းမာရေးကိုလည်း ကောင်းမွန်ပြီး အရိုးကျိုးအက်နှုန်းကိုလည်း နည်းပါးစေပါတယ်။ ဒါ့အပြင် ဗီတာမင် K ဟာ သွေးလွှတ်ကြောများ မာကြောလာခြင်းကိုလည်း ကာကွယ်ပေးပြီး သန္ဓေတည်ရာမှာ ဖြစ်ပေါ်တဲ့ ချို့ယွင်းချက်များကိုလည်း ကာကွယ်ပေးပါတယ်။(၃) ပဲသီးတောင့်များ။ပဲများဟာ အမဲသားတွေနဲ့ ယှဉ်ရင် ကုန်ကျစရိတ်နည်းပါးပြီး အဆီမပါဝင်ဘဲ ပရိုတင်းပမာဏများတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် ပဲများဟာ အမျှင်ဓါတ်လည်း ကြွယ်ဝပြီး သွေးဖိအား၊ သွေးထဲ သကြားပမာဏနဲ့ နှလုံးခုန်နှုန်းကိုလည်း နည်းပါးစေနိုင်ပါတယ်။ ဒါ့ကြောင့် ပဲများဟာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ နှလုံးရောဂါကို အကောင်းဆုံး ကာကွယ်နိုင်တဲ့ အစားအစာတစ်မျိုးလည်း ဖြစ်ပါတယ်။(၄) Edamame (ပဲသီးတောင့်)။Edamame ဆိုတာ မရင့်သေးတဲ့ ပဲသီးတောင့်တွေကို ပြုတ်ပြီး ဆားနဲ့ ဆားသုံးကြတဲ့ အစားအစား ဖြစ်ပါတယ်။ ဒီအစားအစာတွေဟာ စေးကပ်တဲ့ ပရိုတင်းမပါဝင်ဘဲ ကယ်လိုရီနည်းပါးပြီး ကိုလက်စထရော လည်း လုံးဝမပါဝင်ပါဘူး။ edamame တွေဟာ ပရိုတင်းဓါတ်၊ အိုင်ယွန်းဓါတ်နဲ့ ကယ်လ်ဆီယမ်ဓါတ် ကြွယ်ဝတဲ့ အစားအစာဖြစ်ပြီး သက်သက်လွတ်သမားများအတွက် အဓိက ပရိုတင်းရစေနိုင်မယ့် အစားအစာတစ်မျိုး လည်း ဖြစ်ပါတယ်။ ဒါ့အပြင် အထူးခြားဆုံးကတော့ ဒီပဲတောင့်စေ့တွေမှာ အီစထရိုဂျင် ဟော်မုန်းနဲ့ တူတဲ့ Isoflavones ဟော်မုန်းလည်း ပါဝင်ပြီး ဒီ အီစထရိုဂျင်နဲ့ တူတဲ့ Isoflavones က ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ သွေးဆုံးချိန်မှာဆိုရင် Isoflavones က သွေးဆုံးချိန် အပူဓါတ်ခံစားရခြင်းကို သက်သာစေနိုင်ပါတယ်။(၅) ရှောက်ချိုသီး။ရှောက်ချိုသီး (grapefruit) ဟာ ၁၈ ရာစုခန့်မှာ pomelo လို့ခေါ်တဲ့ ရှောက်မျိုးနွယ်ဝင် အသီးကြီးတစ်မျိုးနဲ့ လိမ္မော်သီးတို့ မျိုးစပ်ဖောက်ခဲ့ရာမှ ဖြစ်ပေါ်ခဲ့တဲ့ အသီးတစ်မျိုး ဖြစ်ပြီး စပျစ်သီးလို မျိုး အပြွတ်အခိုင်လိုက် သီးတတ်တဲ့ သစ်သီးတစ်မျိုး ဖြစ်တာကြောင့် grapefruit လို့နာမည်ပေးထားကြတာ ဖြစ်ပါတယ်။ grapefruit တွေမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် အသားအရေကို ကြည်လင်စေပြီး ရောဂါများစွာကို ကာကွယ်ပေးနိုင်တဲ့ အပြင်။ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေနိုင်ပါတယ်။ ဒါ့အပြင် လိမ္မော်သီးနဲ့ grapefruit မှာ ပါဝင်တဲ့ Flavonoids လို့ခေါ်တဲ့ ရောင်ခြယ်ဒြပ်ပေါင်းတွေ စားသုံးခြင်းဖြင့် လေဖြတ်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ grapefruit ပမာဏများများ စားသုံးတဲ့ သူတွေဟာ မစားသုံးသူတွေထက် ကင်ဆာဖြစ်နိုင်ခြေ ၁၉ ရာခိုင်နှုန်းအထိ နည်းပါးပါတယ်။ ဒါပေမဲ့ ရှောက်ချိုသီးတွေက ဆေးဝါးတော်တော်များများနဲ့ ဓါတ်မတည့်တဲ့ အတွက် စားသုံးမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ။စားသုံးသင့်ပါတယ်။(၆) ဘယ်ရီသီးတွေနဲ့ ချယ်ရီသီးများ။ချယ်ရီသီးနဲ့ ဘယ်ရီသီးတွေဟာ Flavonoids လို့ခေါ်တဲ့ ရောင်ခြယ်ဒြပ်ပေါင်းတွေနဲ့ antioxidant တို့ပါဝင်တဲ့အတွက် ဆဲလ်တွေ ပျက်ဆီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် C တွေပါဝင်တဲ့ အတွက် အရေပြားနူးညံ့ချောမွတ်စေနိုင်ပါတယ်။(၇) သင်္ဘောသီး။သင်္ဘောသီးတွေမှာ beta carotene လို့ခေါ်တဲ့ antioxidant အပြင် ခရမ်းချဉ်သီးနဲ့ ဖရဲသီးတွေမှာပါဝင်တဲ့ lycopene အနီရောင်ခြယ် antioxidant လည်း ပါဝင်ပါတယ်။ lycopene ဟာ သားအိမ်ခေါင်းကင်ဆာနဲ့ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျှော့ကျစေနိုင်ပြီး ကိုလက်စထရောနဲ့ သွေးဖိအားပမာဏကိုလည်း ထိန်းသိမ်းပေးထားနိုင်တဲ့အတွက် နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။(၈) ဒိန်ချဉ်။အသက် ၅၀ ကျော်တဲ့ အမျိုးသမီးတွေဟာ ငယ်စဉ်ကထက် ကယ်ဆီယမ် ဓါတ်ပိုလိုအပ်ပါတယ်။ ဒိန်ချဉ် ၈ အောင်စ စားသုံးပေးခြင်းဖြင့် တစ်နေ့တာ လိုအပ်တဲ့ ကယ်လ်ဆီယမ် ပမာဏ သုံးပုံ တစ်ပုံကို ပေးနိုင်ပါတယ်။ ဒိန်ချဉ် ၈ အောင်စ မှာ ပရိုတင်း ၉ ဂရမ်ပါဝင်ပြီး ကယ်ဆီယမ် vitamin B-2၊ vitamin B-12၊ ပိုတက်ဆီယမ်နဲ့ မက်ဂနီဆီယမ်တို့ ပါဝင်ပါတယ်။ ဒါ့အပြင် ဒိန်ချဉ်တွေမှာပါဝင်တဲ့ “probiotics” ဘတ်တီးရီးယားတွေဟာ အစာခြေ လမ်းကြောင်းမှာ။ပါဝင်တဲ့ ဘတ်တီးရီးယားတွေနဲ့ အတူတူ ဖြစ်ပြီး ဒီဘတ်တီးရီးယားတွေက ကိုယ်ခံအားစနစ်နဲ့ အစာခြေလမ်းကြောင်း ကျန်းမာရေးအတွက ်ကောင်းမွန်တဲ့ ဘတ်တီးရီးယားတွေ လည်း ဖြစ်ပါတယ်။(၉) ငါးသေတ္တာ ငါး (Sardines)။ငါးသေတ္တာ ငါး (Sardines) တွေဟာ fatty acid ၊ vitamin D နဲ့ ကယ်လဆီယမ် ဓါတ်တွေ ပါဝင်ပြီးomega-3 အဆီဓါတ်က အမျိုးသမီးတွေရဲ့ နို့ရည် အရည်အသွေးကို ကောင်းမွန်စေပါတယ်။ ငါးသေတ္တာ ငါးတွေကို ကိုယ်ဝန်ဆောင်တဲ့ အချိန်စားသုံးမယ်ဆိုရင် သန္ဓေသားအတွက်လည်း ကောင်းမွန်ပါတယ်။ ငါးသေတ္တာ ငါးတွေမှာ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မက်ဂနီဆီယမ်၊ ဖော့စ်စဖော်ရပ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ် နဲ့ ဇင့်ဓါတ်တို့ ပါဝင်ပြီး။ဗီတာမင်တွေ အနေနဲ့ vitamin B1၊ vitamin B2 ၊ vitamin B6 ၊ vitamin A၊ vitamin D၊ vitamin E နဲ့ vitamin K တို့ ပါဝင်ပြီး ဒီ အက်ဆစ်တွေနဲ့ ဗီတာမင်ဓါတ်တွေက ရောဂါတားဆီးရာမှာ အရေးပါပြီး ခန္ဓါကိုယ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။ ငါးသေတ္တာ ငါး ကို စားသုံးမယ်ဆိုရင် နှလုံးရောဂါများ၊ ကင်ဆာရောဂါအချို့နဲ့အသက်ကြီးလာတဲ့ အချိန် အမြင်အာရုံဝေဝါးလာခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။(၁၀)နှမ်းကြပ်စေ့( ဗီသွာလျှော်စေ့)။နှမ်းကြပ်စေ့တွေမှာ ဖိုင်ဘာမျှင်တွေ အပြင် lignans လိုခေါ်တဲ့ အီစထရိုဂျင်ကဲ့သို့တူတဲ့ အပင် ဒြပ်ပေါင်းတစ်မျိုးပါဝင်ပါတယ်။ ဒီ lignans တွေဟာ အီစထရိုဂျင်နဲ့တူပေမဲ့ ဂုဏ်သတ္တိအားနည်းတဲ့ အပင်ဓါတ်ပေါင်းတွေဖြစ်ပြီး သင့်မှာ အီစထရိုဂျင် ပမာဏများနေမယ်ဆိုရင် ဒီ lignans တွေက ခန္ဓါကိုယ်တွင်းက အီစထရိုဂျင်တွေနဲ့ သွားပေါင်းကာ အီစထရိုဂျင် လုပ်ဆောင်မှုကို အားပျော့စေပါတယ်။ ဒါ့ကြောင့် ဟော်မုန်းနဲ့ ဆက်နွယ်နေတဲ့ ကင်ဆာတွေ ဖြစ်တဲ့ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ မျိုးဥအိမ် ကင်ဆာနဲ့ ပရော့စတိတ် ကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။ နှမ်းကြပ်စေ့တွေဟာ လူတွေ စားသုံးတဲ့ အစားအစာတွေထဲမှာ lignans ပါဝင်မှု အများဆုံး အစားအစားဖြစ်ပြီး သူ့နဲ့ အတူညီဆုံး နှမ်းစေ့တွေထက် ၇ ဆခန့်။ပိုပြီး ပါဝင်ပါတယ်။(၁၁) သစ်ကြားသီး။သစ်ကြားသီးတွေမှာ fatty acids တွေပါဝင်ပြီး နေ့စဉ်စားသုံးပေးနိုင်မယ်ဆိုရင် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ သစ်ကြားသီးတွေဟာ ခန္ဓါကိုယ်တွင်း ကိုလက်စထရောပမာဏကို လျှော့ချပေးနိုင်ပြီး ဇီဝတွင်းဖြစ်ပျက်မှုကို ပိုကောင်းမွန်လာနိုင်စေခြင်း၊ ဆီးချိုရောဂါကို ထိန်းချုပ်ပေးနိုင်ခြင်းနဲ့ ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပါတယ်။ ဒါ့အပြင် သစ်ကြားသီးတွေဟာ ရောင်ရမ်းခြင်းကိုလည်း လျော့ကျစေနိုင်ပါတယ်။(၁၂) ထောပတ်သီး။ဒီအသီးဟာ အမျိုးသမီးတွေရဲ့ ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အစားအစာထဲမှာ ပါဝင်လာတာကိုတော့ အမျိုးသမီး တော်တော်များများ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ထောပတ်သီးတွေဟာ ဗိုက်တွင်း အဆီတွေကိုလျှော့ချပေးနိုင်ပြီး မျက်လုံးနဲ့ အရေပြားကို လည်း ကာကွယ်ပေးနိုင်ပါတယ်။ ထောပတ်သီးဟာ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ ကိုလက်စထရော။ပမာဏကို နည်းပါးစေနိုင်ပြီး ကျန်းမာရေး အတွက်ကောင်းမွန်တဲ့ ကိုလက်စထရော ပမာဏကို တိုးမြှင့်ပေးနိုင်ပါတယ်။ ထောပတ်သီးဟာ အာဟာရတန်ဖိုး မြင့်မားတဲ့ အသီး တစ်ခုလည်း ဖြစ်ပြီး ဗီတာမင် အမျိုး ၂၀ ကျော် ( Vitamin K၊ Folate (ဖောလစ် အက်ဆစ်) ၊ Vitamin C၊ Potassium၊ Vitamin B5၊ Vitamin B6၊ Vitamin E) ပါဝင်ပါတယ်။(၁၃) ကန်ဇွန်းဥ။ကန်ဇွန်းဥမှာတော့ ကြေးနီဓါတ်၊ အမျှင်ဓါတ်၊ ပိုတက်ဆီယမ်နဲ့ သံဓါတ်တို့ အဓိက ပါဝင်တဲ့ ဥတစ်မျိုးပါ။ ဒါ့အပြင် ကန်ဇွန်းဥ မှာ beta carotene လို့ခေါ်တဲ့ ဗီတာမင် A ရဲ့ အရင်းအမြစ်တစ်မျိုး ဖြစ်တဲ့ antioxidant တစ်မျိုးပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့ချို့တိုက်ကျွေးချိန်မှာ စားသုံးမယ်ဆိုရင် ရင်သွေးရဲ့ အဆုတ်အားကို ကောင်းမွန်စေပါတယ်။(၁၄) အမဲအသည်း။အမဲအသည်းဟာလည်း ဖောလစ်အက်ဆစ်ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတစ်မျိုး ဖြစ်ပြီး အသီးအနှံတွေ ထက် အာဟာရ ဓါတ်ကြွယ်ဝစွာပါဝင်တဲ့အစားအစာ ဖြစ်ပါတယ်။ အမဲအသည်းဟာ အာဟာရဓါတ်ကြွယ်ဝတဲ့ အစားအစာဖြစ်ပြီး ၃ အောင်စမှာ အာဟာရဓါတ် ၁၇ ဂရမ်ပေးနိုင်ပါတယ်။ အမဲအသည်းမှာ သံဓါတ်၊ ဗီတာမင် A ၊ B vitamins၊ phosphorous၊ magnesium နဲ့ vitamin B12 တို့ ပါဝင်ပြီး အသီးအနှံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပါဝင်မှု အတိုင်းအတာက ပိုများပါတယ်။(၁၅) အမဲသား။အမဲသားတွေမှာ သံဓါတ် အစုံအလင်ပါဝင်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ အသက် ၁၈ နှစ်ကျော်လာပြီဆိုတာနဲ့ အမျိုးသားတွေထက် သံဓါတ်ပိုလိုအပ်ပါတယ်။ အမဲသားဟာ သံဓါတ်ကြွယ်ဝစွာပါဝင်တဲ့ အပြင် Zinc ဓါတ်နဲ့ ဗီတာမင် B တို့လည်းပါဝင်ပါတယ်။ ဒါပေမဲ့ အနီရောင်အသားတွေကို အလွန်အကျွံစားမယ်ဆိုရင်တော့ သားအိမ်မှာ အမျှင်ကြောင့် ဖြစ်တဲ့ အကျိတ်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အမဲသား စားမယ်ဆိုရင်တော့ တစ်နေ့ကို ၅ အောင်စကနေ ၆ အောင်စကြားသာ စားသုံးသင့်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/foods-for-women/
Lice (သန်း)
Lice (သန်း) ဆိုတာက ထွေထွေထူးထူး ပြောစရာ မလိုအောင် အားလုံး လိုလို သိထားပြီး ဖြစ်မှာပါ။Lice (သန်း) များသည် သွေးထဲတွင် ရှိသော သေးငယ် သော အတောင် မရှိသော ကပ်ပါးကောင် များ ဖြစ်ပါသည်။ သန်းများ သည် ခန္ဓါကိုယ် သို့မဟုတ် အဝတ်များ ပေါ်တွင် လွယ်ကူစွာ ပျံ့နှံ့ပြီး အရေပြား နီ၍ ရောင်ရမ်း နာကျင်ခြင်း ကို ဖြစ်စေ ပါသည်။ သန်းများကို အမျိုးအစား ၃မျိုး ခွဲခြားထားပါ သည်။သန်းကူးစက်ခြင်း သည် အလွန် အဖြစ် များပါသည်။သန်းများသည် ကလေးများအား ပို၍ ထိခိုက်စေပါသည်။ အန္တရာယ် ဖြစ်စေနိုင်သော အချက်များကို လျော့ချခြင်းဖြင့် ရောဂါကို ထိန်းချုပ် နိုင်ပါသည်။ ပိုမိုသော အချက် အလက် များအတွက် ဆရာဝန် နှင့် တိုင်ပင်ပါ။သန်းကူးစက်ခြင်း၏ အဖြစ်များသော ရောဂါလက္ခဏာများမှာ။အထက်တွင် ဖော်ပြ မထား သော အခြားလက္ခဏာ များ လည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။ထုံးစံအရ ဆေးပါဝင်သော ခေါင်းလျှော်ရည်များ စသော အိမ်သုံး ကုသမှုများနှင့် မိမိကိုယ်ကို ဂရုစိုက်ခြင်း ဖြင့် သန်းများ ကို ဖယ်ရှားနိုင်ပါသည်။သို့သော်လည်း အောက်ပါတို့ဖြစ်ပါက ဆရာဝန်နှင့် ပြသပါ။သန်းကူးစက်ခြင်း၏ အဓိကဖြစ်စေသော အကြောင်းရင်းမှာ ကူးစက်ခံရသူ နှင့် ထိတွေ့ခြင်း ကြောင့်ဖြစ်သည်။ သန်းဥများ သည် ၁ပတ်-၂ပတ် အတွင်း အကောင်ပေါက် ပါသည်။ သန်းများ သည် အောက်ပါတို့ဖြင့် ပျံ့နှံ့ပါသည်။သန်းကူးစက်ခြင်း ဖြစ်ပွားနိုင်ခြေကို မြင့်စေသော အချက် များမှာ။ယခု ဖော်ပြထားသည့် အချက်အလက် များမှာ ဆေးပညာ ဆိုင်ရာ ကျွမ်းကျင်သူ၏ အကြံပေး ချက် များနေရာ တွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိလိုသော အချက်အလက် များအတွက် သင့်၏ ဆရာဝန်နှင့် အမြဲတိုင်ပင် ဆွေးနွေးပါ။သန်းကူးစက်ခြင်းဟုတ်မဟုတ် ဘယ်လိုအဖြေရှာ အတည်ပြုမလဲ။ဆရာဝန်သည် သင်၏ ဆေးမှတ်တမ်းနှင့် ဆေးစစ်ခြင်း ကို ကြည့်ရှုပါမည်။ ဦးရေပြားအား မှန်ဘီလူးဖြင့် အထူး ဂရုစိုက်၍ ကြည့်ပါလိမ့် မည်။ ဆရာဝန် သည် သင့်ခန္ဓါကိုယ်အနှံ့ သန်းဥ များကို ရှာဖွေ စစ်ဆေးပါလိမ့်မည်။သန်းကူးစက်ခြင်းကို ဘယ်လိုကုသမလဲ။သင်သည် ဆေးပါသော ခရင်မ်၊ လိုးရှင်း နှင့် ခေါင်းလျှော် ရည် တို့ကို အသုံးပြု၍ ကုသနိုင်ပါသည်။ အမျိုး အစား အချို့မှာ permethrin (Nix၊ Elimite)၊ pyrethrins (Rin၊ R and C၊ A-200) နှင့် lindane (Kwell) တို့ဖြစ်ပါသည်။ ပုံမှန် ကုသမှုသည် ၇ရက် ကြာပါသည်။ သန်း ပြန်ထပါက ထပ်မံ ကုရန် လိုအပ်ပါသည်။သင်သည် ဦးရေပြားမှ သန်းများ ဖယ်ရန် အထူးပြုလုပ် ထားသော ဘီး သို့မဟုတ် မွေးညှပ်ကို အသုံးပြုနိုင်ပါသည်။ သေချာ မြင်နိုင်ရန် မှန်ဘီလူးဖြင့် ကြည့်ပါ။ သင်၏ မျက်တောင် မွေးတွင် သန်းနှင့် သန်းဥ ရှိသလားဆိုတာ စစ်ဆေးပါ။သန်းဥများကို အဝတ် အစား၊ သန့်ရှင်းရေး ပစ္စည်းများ၊ အိပ်ယာခင်းများ နှင့် ပရိဘောက များမှ လုံးဝဖယ်ရှား နိုင် အောင် လုပ်ပါ။ သင်၏ အိပ်ယာခင်း၊ အဝတ်၊ နှင့် ပရိဘောဂ များကို ပိုးသတ်ဆေး ပါသော ရေနွေးပူဖြင့် ဆေးခြင်းဖြင့် သန်း ဖယ်ရှားနိုင်ပါသည်။လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် သန်းကူးစက်ခြင်း ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် သန်းကူးစက်ခြင်းကို ထိန်းချုပ်နိုင်ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/lice-explained/
သက်သက်လွတ်သမားများအတွက် ကျန်းမာစေမယ့် စားသောက်နည်း (၁၀) မျိုး
လူတစ်ယောက်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပြည့်ဝဖို့ စားသောက်ရတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ သတ်သတ်လွတ်သမားတွေအတွက် ဒီလို အာဟာရတော့ ပြည့်ဝအောင် စားဖို့ကတော့ ပိုပြီး ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် အခုဖော်ပြသွားမှာကတော့ ကျန်းမာတဲ့ သတ်သတ်လွတ်သမားဖြစ်ဖို့ အကြံပြုချက် (၁၀) ချက်ပဲ ဖြစ်ပါတယ်။သတ်သတ်လွတ်သမားတွေအတွက် အသားဓါတ်က ပဲအမျိုးမျိုး၊ တိုဖူး၊ အစေ့အဆံတွေစားခြင်းဖြင့် ရနိုင်ပါတယ်။ နို့ထွက်ပစ္စည်းတွေ စားတဲ့ သတ်သတ်လွတ်သမားတွေအတွက်တော့ နို့နဲ့ဥ တွေကနေ အသားဓါတ်ကို ရရှိပါတယ်။ကယ်ဆီယံဓါတ်က ခန္ဓါကိုယ်ကြီးထွားမှုနဲ့ အရိုးတွေရဲ့ ဖွံ့ဖြိုးမှုအတွက် အခြေခံကျပြီး အရေးကြီးတဲ့ဓါတ်တစ်မျိုးဖြစ်ပါတယ်။ ပဲနို့၊ တိုဖူး၊ အစိမ်းရင့်ရောင်အရွက်များ၊ လိမ္မော်ရည်နဲ့ အခြားသော နို့ထွက်ပစ္စည်းတွေမှာလည်း ကယ်ဆီယံဓါတ် ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတွေ စားခြင်းဖြင့် ကယ်ဆီယံဓါတ်ကို ရရှိစေပါတယ်။အသားစားသူတွေစားတဲ့ အမယ်တွေကသာ အရသာရှိတဲ့အရာတွေ မဟုတ်ပါဘူး။ အခုခေတ်မှာတော့ ကျန်းမားရေးအတွက် သတ်သတ်လွတ်သမားတွေ တဖြည်းဖြည်းများလာပါပြီ။ ဒါကြောင့် အစားအသောက်အသစ်တွေ စားဖို့ တွန့်ဆုတ်မနေပါနဲ့။အသားငါးတွေ ကင်စားရတဲ့ အသားကင်ပွဲတွေကတော့ သက်သက်လွတ်သမားတွေအတွက်တော့ စားစရာမရှိဘဲ အထီးကျန်နေနိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေ ပန်းစိမ်းကင်နဲ့ တခြားအရသာရှိတဲ့ အသီးအရွက်အသုတ်တွေ စားနိုင်ပါသေးတယ်။အသီးအရွက်တွေနဲ့သာ ပြုလုပ်ထားတဲ့ အစားအသောက်တွေက အမြင်အရရော တစ်ခါတစ်လေ အရသာ အရပါ အသားငါးတွေ ထက်ပိုကောင်းပါတယ်။ ဒါကြောင့် စားကြည့်ဖို့ ကြိုးစားပါ။စားသောက်ဆိုင်အများစုမှာ သက်သက်လွတ်သမားတွေအတွက် ရွေးချယ်စရာ အမယ်တွေရှိပါတယ်။ ဒါကြောင့် စားပွဲထိုးကို သေချာမေးမြန်းပါ။ အစားအသောက်မှာ အသားငါးက ထုတ်တဲ့အဆီတွေနဲ့ အရသာမှုန့်တွေ မပါအောင် သက်သက်လွတ်စားသောက်ဆိုင်ကို ရွေးချယ်နိုင်ပါတယ်။အဆာပြေကို သစ်ကြားသီးနဲ့ မြေပဲကဲ့သို့သော အစေ့အဆံတွေကို စားနိုင်ပါတယ်။ အစေ့အဆံတွေမှာက အိုမီဂါ ၃ ဓါတ်နဲ့ အကျိုးရှိတဲ့အဆီ (fatty acid) တွေ ပါဝင်ပါတယ်။ မည်သို့ပင်ဖြစ်စေ မပြင်ဆင်ဘဲ အစိမ်းစားတာက ဆိုဒီယမ်၊ ဆီ သို့မဟုတ် သကြား ပါဝင်မှု ပိုများပါတယ်။ကိုယ်နဲ့ ကိုက်ညီမယ့်အစားအသောက်ကို ရွေးဖို့ခက်နေတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ ကျန်းမာရေးအတွက် ထောက်ကူပေးနိုင်တဲ့ မိုဘိုင်းဆော့ဝဲလ်ကို ဖုန်းထဲမှာ သွင်းထားပါ။သက်သက်လွတ်သမားတွေက အသားငါးမစားတဲ့အတွက် ဘီတာမင်ဘီ ၁၂ ချို့တဲ့နိုင်ပါတယ်။ ဒါကြောင့် ဘီ ၁၂ ဆေးသောက်တာသော်လည်းကောင်း အသင့်လုပ်ထားတဲ့ နှံစားပြောင်း ဒါမှမဟုတ် နို့ထွက်ပစ္စည်းတွေ စားတာသော်လည်းကောင်း လုပ်နိုင်ပါတယ်။ခုဖော်ပြခဲ့တဲ့ အချက်တွေကတော့ သင့်တစ်နေ့တာ လှုပ်ရှားမှုတွေနဲ့ ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေဖို့ လုံလောက်မျှတတဲ့ အစားအသောက်တွေ စားဖို့ အကူအညီပေးနိုင်ပါလိမ့်မယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/%e1%80%9e%e1%80%80%e1%80%b9%e1%80%9e%e1%80%80%e1%80%b9%e1%80%9c%e1%80%bc%e1%80%90%e1%80%b9%e1%80%9e%e1%80%99%e1%80%ac%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%90%e1%80%bc%e1%80%80/
မွေးလမ်းကြောင်း စွန့်ပစ်အရည် ရဲ့အရောင်များက ပြောနေတဲ့ သင့်ရဲ့ ကျန်းမာရေး
မွေးလမ်းကြောင်း စွန့်ပစ်အရည် (Vaginal discharge) တွေဟာ အမျိုးသမီးမျိုးပွားအင်္ဂါစနစ်ထဲကသန့်ရှင်းရေးပိုင်းကို တာဝန်ယူထားတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ မွေးလမ်းကြောင်း (vagina) နဲ့သားအိမ်ခေါင်းထဲက ဂလင်းတွေ စစ်ထုတ်တဲ့ အရည်တွေဟာ ဆဲလ်အသေတွေနဲ့ဘက်တီးရီးယားတွေကို အပြင်ထုတ်ပေးပြီး မွေးလမ်းကြောင်း သန့်ရှင်းရေးနဲ့ ကူးစက်ရောဂါတွေကို ကာကွယ်ပေးနေတာ ဖြစ်ပါတယ်။ မွေးလမ်းကြောင်း စွန့်ပစ်အရည်ဆင်းခြင်းဟာ အမျိုးသမီး တော်တော်များများမှာ ပုံမှန်ဖြစ်တတ်တဲ့ အရာတစ်ခုပါ။ ဓမ္မတာ စက်ဝန်းလာတဲ့ အချိန်ပေါ် မူတည်ပြီး မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေရဲ့ အနံ့နဲ့ အရောင်တွေဟာ ပြောင်းလဲနိုင်ပါတယ်။ မျိုးဥကြွေချိန်၊ နို့ချိုတိုက်ကျွေးချိန်နဲ့ လိင်ပိုင်းဆိုင်ရာ စိတ်တက်ကြွမှု ဖြစ်တဲ့အချိန်တွေမှာ မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေဟာ ပိုများနိုင်ပြီး ကိုယ်ဝန်ဆောင်ခြင်းနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးပေါ်မူတည်ပြီး မွေးလမ်းကြောင်း စွန့်ပစ်ပစ္စည်းတွေရဲ့ အနံ့အသက်က ပြောင်းလဲနိုင်ပါတယ်။ ဒီလို သာမန်ပြောင်းလဲမှု တွေလောက်က ဘာမှ စိုးရိမ်စရာမရှိပါဘူး။ ဒါပေမဲ့ မွေးလမ်းကြောင်း စွန့်ပစ်ပစ္စည်းတွေရဲ့ အရောင်နဲ့ အနံ့တွေက သာမန်ထက်ထူးထူးခြားခြားပြောင်းလဲသွားမယ်၊ တခြားသော ဝေဒနာတွေပါ ခံစားလာရမယ်ဆိုရင်တော့ ကူးစက်ရောဂါ တစ်မျိုးမျိုး ခံစားနေရတာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်သင့်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ Hello ဆရာဝန်အမျိုးသမီးပရိတ်သတ်တွေအတွက် မွေးလမ်းကြောင်း စွန့်ပစ်အရည်များရဲ့ အရောင်တွေက ပြောပြနေတဲ့ ကျန်းမာရေး အခြေအနေတွေ အကြောင်းကို ဖော်ပြပေးသွားမှာပါ။၁။ အနီရောင်နဲ့ အညိုရောင်။ဓမ္မတာ လာနေချိန်မှာ အနီရောင်နဲ့ အညိုရောင် မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေထွက်ရှိတယ်ဆိုတာ ပုံမှန်ပါပဲ။ အရောင်အနေနဲ့တော့ အနီရောင်တောက်တောက်ကနေ အညိုရောင် အထိ ပြောင်းလဲနေနိုင်ပါတယ်။ ဒါပေမဲ့ဓမ္မတာ လာနေတဲ့အချိန်သာမကဘဲ လတစ်လလုံး ဒီလို အရောင် စွန့်ပစ်အရည်တွေ ဆင်းနေတယ်ဆိုရင်တော့ ကူးစက်ရောဂါ ခံစားနေရတယ်ဆိုတာကိုပြနေတာ ဖြစ်ပါတယ်။ ဒီလို အနီရောင်နဲ့ အညိုရောင် စွန့်ပစ်အရည်တွေ ဆင်းနေရခြင်းဟာဓမ္မတာပုံမမှန်ခြင်းကြောင့် ဖြစ်ပါတယ်။ တချို့သော အမျိုးသမီးတွေကျတော့ ဓမ္မတာ ပုံမမှန်ခြင်း၊သန္ဓေတားနည်းတွေနဲ့ဟော်မုန်းပြောင်းလဲခြင်းကြောင့် ဒီလို မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေရဲ့ အရောင်ပြောင်းလဲရတာပါ။၂။ နို့နှစ်ရောင်နဲ့ အဖြူရောင်။ဥခွံရောင်နဲ့ နို့နှစ်ရောင် လို့ အဖြူရောင် စွန့်ပစ်အရည်တွေ ဆင်းခြင်းကလည်း ပုံမှန်သာ ဖြစ်ပါတယ်။ဒီလို အဖြူရောင် စွန့်ပစ်အရည်တွေ ဆင်းရခြင်းရဲ့ အကြောင်းရင်းကတော့ မွေးလမ်းကြောင်း သဘာဝ ချောဆီအဖြစ် ထုတ်လုပ်ပေးခြင်းသာဖြစ်ပါတယ်။ဒီလို စွန့်ပစ်အရည်တွေဟာ မွေးလမ်းကြောင်း တစ်ရှူးကျန်းမာစေဖို့နဲ့လိင်ဆက်ဆံချိန်ပွတ်တိုက်မှု နည်းပါးအောင် ပြုလုပ်ပေးတာ ဖြစ်ပါတယ်။၃။ အဝါရောင်ဖျော့နဲ့ အစိမ်းနုရောင်။အဝါရောင်ဖျော့နဲ့ အစိမ်းရောင် မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေ ဆင်းခြင်းကလည်း ပုံမှန်သာ ဖြစ်ပါတယ်။ ဒီလို စွန့်ပစ်အရည်တွေ ဆင်းရခြင်းရဲ့ အဓိက အကြောင်းရင်းက အစားအစာနဲ့ တစ်ခြားသော ဖြည့်စွက်စာတွေကြောင့် ပြောင်းရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတည်းမဟုတ်ဘဲ အကြိမ်ရေများစွာ ဖြစ်လာပြီဆိုရင်တော့ ကူးစက်ရောဂါ ဖြစ်နေနိုင်တာကြောင့် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။၄။ ပန်းရောင်ရင့် မွေးလမ်းကြောင်း စွန့်ပစ်အရည်။အနီရောင်ဖျော့ကနေ ပန်းရောင်ရင့် မွေးလမ်းကြောင်း စွန့်ပစ်အရည် တွေ ဆင်းခြင်းက ဓမ္မတာ စက်ဝန်းရဲ့ အစ ကို ညွှန်ပြနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ပုံမှန် ဓမ္မတာ စက်ဝန်း အစ လာရမယ့် အချိန်မဟုတ်ဘဲ တခြား အချိန်တွေမှာပါဆင်းနေတယ်ဆိုရင်တော့ ပြင်းထန်တဲ့ ရောဂါတစ်မျိုးကြောင့် ဖြစ်ပါတယ်။ ဖြစ်ပွားရတဲ့ အကြောင်းရင်းကတော့ လိင်ဆက်ဆံခြင်းကြောင့်ဖြစ်ပြီး လိင်ဆက်ဆံပြီး ချိန် သွေးအနည်းငယ်ထွက်ရင် မွေးလမ်းကြောင်း စွန့်ပစ်အရည်ကို ပန်းရောင် ဖြစ်စေနိုင်ပါတယ်။၅။ မွေးလမ်းကြောင်း စွန့်ပစ်အရည် အကြည်ရောင်။မွေးလမ်းကြောင်း စွန့်ပစ်အရည် အကြည်ရောင်ကနေ အဖြူရောင် အထိ ဆင်းခြင်းဟာ သာမန်အားဖြင့် ပုံမှန် ဖြစ်စဉ်တစ်ခုသာ ဖြစ်ပါတယ်။ မွေးလမ်းကြောင်းဟာ သူ့ဘာသာ သန့်ရှင်းရေး လုပ်နိုင်တဲ့ အင်္ဂါတစ်မျိုး ဖြစ်ပြီး ဒီလို မွေးလမ်းကြောင်း စွန့်ပစ်အရည် အကြည်ရောင် ဆင်းခြင်းဟာ ကျန်းမာတဲ့ ခန္ဓာကိုယ်က သန့်ရှင်းရေး လုပ်နေတဲ့ ဖြစ်စဉ်သာ ဖြစ်ပါတယ်။ ဓမ္မတာ စက်ဝန်းရဲ့ ၁၄ ရက်ကာလလောက်အရောက်မှာတော့ မျိုးဥကြွေပြီး သားအိမ်ခေါင်း အကျိအချွဲတွေ ထုတ်လုပ်တဲ့အတွက် မွေးလမ်းကြောင်း စွန့်ပစ်အရည် အကြည်ရောင်ဆင်းနိုင်ပါတယ်။ကိုယ်ဝန်ဆောင်တဲ့အခါမှာလည်း ဟော်မုန်းတွေ ပြောင်းလဲနိုင်တဲ့အတွက် မွေးလမ်းကြောင်း စွန့်ပစ်အရည်အကြည်ရောင်ဆင်းနိုင်ပြီး ပမာဏ ပိုများလာနိုင်ပါတယ်။ လိင်စိတ်ထကြွတဲ့အချိန်မှာလည်း မွေးလမ်းကြောင်းအတွင်းက သွေးကြောတွေဟာ ပြန့်ကားလာနိုင်ပြီး အရည်တွေက သွေးကြောတွင်းမှ ဖြတ်သန်းလာကာ ရေကဲ့သို့ ကြည်လင်တဲ့။မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေကို ဆင်းစေနိုင်ပါတယ်။ ဒါက ပုံမှန်ဖြစ်စဉ်တစ်ရပ်ပါပဲ။၆။ မီးခိုးရောင်၊ ခဲရောင် မွေးလမ်းကြောင်း စွန့်ပစ်အရည်။မွေးလမ်းကြောင်း စွန့်ပစ်အရည်အဖြူရောင်ကနေ မီးခိုးရောင် ပြောင်းသွားမယ်ဆိုရင် ဆရာဝန် (သို့မဟုတ်) သားဖွားမီးယပ် ဆရာဝန် (OB/GYN) ထံ အမြန်ဆုံးသွားရောင်ပြသသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မွေးလမ်းကြောင်း စွန့်ပစ်အရည် မီးခိုးရောင်ဆင်းရခြင်းဟာ bacterial vaginosis (BV) လို့ခေါ်တဲ့ မွေးလမ်းကြောင်း ဘက်တီးရီးယား ကူးစက်ရောဂါ ဖြစ်နေနိုင်တဲ့ အတွက်ကြောင့်ပါ။ ဒီရောဂါဟာ အမျိုးသမီးတွေမှာ အင်မတန် အဖြစ်များပြီးပြီး ဘက်တီးရီးယား တိုက်ဖျက်လိမ်းဆေးတွေနဲ့ ပဋိဇီဝဆေးတွေ သောက်သုံးလိုက်ရင်တော့ ပျောက်ကင်းသွားတတ်ပါတယ်။မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေ အရောင်ပြောင်းတယ်ဆိုတာ ခန္ဓာကိုယ်က ကောင်းကောင်း အလုပ်လုပ်နေသေးတဲ့ အဓိပ္ပာယ်ပါ။ ဒါပေမဲ့ ဒီလို မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေ အရောင်ပြောင်းတဲ့အပြင် အောက်ပါ ဝေဒနာတွေကိုပါ ပူးတွဲခံစားနေရမယ်ဆိုရင်တော့ ကျန်းမာရေး ပြဿနာ ဖြစ်နေကြောင်းကို ပြနေတာ ဖြစ်ပါတယ်။ ဒါကြောင့် မွေးလမ်းကြောင်း စွန့်ပစ်အရည်အရောင်ပြောင်းခြင်းနဲ့ အတူ အောက်ပါ ဝေဒနာတွေဖြစ်လာပြီဆိုရင် ဆရာဝန်ထံ သွားရောက် ပြသသင့်ပါတယ်။ ဝေဒနာတွေကတော့-။မွေးလမ်းကြောင်း စွန့်ပစ်အရည်အရောင်ပြောင်းခြင်းနဲ့ အတူအထက်ပါ ဝေဒနာတွေက ပြနေနိုင်တဲ့ကျန်းမာရေး အခြေအနေတွေကတော့။၁။ မွေးလမ်းကြောင်း စွန့်ပစ်အရည် အကြည်ရောင်ဆိုရင် ဟော်မုန်း မညီမျှမှုကို ပြနေတာ ဖြစ်ပါတယ်။၂။ မွေးလမ်းကြောင်း စွန့်ပစ်အရည် အဖြူရောင်ဆင်းတာနဲ့ အတူ အထက်ပါ ဝေဒနာတွေကိုပါ ခံစားနေရမယ်ဆိုရင်တော့ မှိုကူးစက်ရောဂါ နဲ့ ဘတ်တီးရီးယား ကူးစက်ရောဂါ (bacterial vaginosis (BV)) ခံစားနေရတာကိုပြနေတာပါ။၃။ အဝါရောင်ဖျော့နဲ့ အစိမ်းနုရောင် မွေးလမ်းကြောင်း စွန့်ပစ်အရည် ဆင်းတာနဲ့ အတူ အထက်ပါ ဝေဒနာတွေကိုပါ ခံစားနေရမယ်ဆိုရင်တော့ ဆီးပူညောင်းကျ (gonorrhea) နဲ့ Chlamydia trachomatis ဆိုတဲ့ ဘတ်တီးရီးယားကြောင့် ဖြစ်ရတဲ့ လိင်မှတဆင့် ကူးစက်တဲ့ Chlamydia ရောဂါ၊ Trichomonas vaginalis လို့ခေါ်တဲ့ ကပ်ပါး ပိုရိုတိုဇွန် ကောင်ကြောင့် ဖြစ်ရတဲ့ လိင်မှတစ်ဆင့်တဲ့ ကူးစက်တဲ့ Trichomoniasis ကူးစက်ရောဂါ နဲ့ Desquamative Inflammatory Vaginitisလို့ခေါ်တဲ့ မွေးလမ်းကြောင်း အနားသတ်တွေ ရောင်ကိုင်းလာတဲ့ ဝေဒနာ ခံစားနေရတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။၄။ အနီရောင် မွေးလမ်းကြောင်း စွန့်ပစ်အရည် ဆင်းတာနဲ့ အတူ အထက်ပါ ဝေဒနာတွေကိုပါ ခံစားနေရမယ်ဆိုရင်တော့ မွေးလမ်းကြောင်း ကူးစက်ရောဂါ၊သားအိမ်ခေါင်းနဲ့သားအိမ်ကင်ဆာခံစားနေရတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။၅။ မွေးလမ်းကြောင်း စွန့်ပစ်အရည်ပန်းရောင်နဲ့ အတူ အထက်ပါ ဝေဒနာတွေခံစားနေရမယ်ဆိုရင်တော့ သားအိမ်ခေါင်းနဲ့ ဆိုင်တဲ့ ဝေဒနာခံစားနေရတာကို ပြနေတာပါ။၆။ မီးခိုးရောင် မွေးလမ်းကြောင်း စွန့်ပစ်အရည်နဲ့ အထက်ပါ ဝေဒနာတွေပါ ဖြစ်နေမယ်ဆိုရင် ဘက်တီးရီးယား ကူးစက်ရောဂါ (bacterial vaginosis (BV)) ခံစားနေရတာကိုပြနေတာပါ။မွေးလမ်းကြောင်း စွန့်ပစ်အရည်ဆင်းခြင်းဆိုတာ သူ့ချည်းသက်သက်ဆိုရင် သာမန်အချိန်မှာ မွေးလမ်းကြောင်းက သန့်ရှင်းရေး၊ ကူးစက်ရောဂါတွေကို ဖယ်ရှားခြင်းနဲ့ ချောဆီ အဖြစ်ဆောင်ရွက်ပေးဖို့ လုပ်ဆောင်တဲ့ အရာ တစ်မျိုးပါ။ ခန္ဓာကိုယ် ရဲ့ လိုအပ်ချက်အရ မွေးလမ်းကြောင်း စွန့်ပစ်အရည်အရောင်ပြောင်းလဲနိုင်ပါတယ်။ဥပမာပြောရမယ်ဆိုရင် လိင်ဆက်ဆံချိန် မွေးလမ်းကြောင်း စွန့်ပစ်အရည်ဆင်းခြင်းဟာ လိင်ဆက်ဆံရာမှာ ချောဆီအဖြစ် ဆောင်ရွက်ပေးဖို့နဲ့ မျိုးဥကြွေချိန် မွေးလမ်းကြောင်း စွန့်ပစ်အရည် ပျစ်လာခြင်းက သုတ်ကောင်တွေ မျိုးဥဆီသို့ သွားရာလမ်းမှာ လွယ်ကူစေဖို့ အတွက် လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ မွေးလမ်းကြောင်း စွန့်ပစ်အရည်ရောင်နဲ့ ပမာဏဟာ လူတစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ဒါပေမဲ့ မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေက ရုတ်တရက် အရောင်ပြောင်းသွားမယ်၊ ဆက်တိုက်ဖြစ်လာမယ်၊ ပမာဏပိုများလာမယ်၊ အနံ့အသက်ပြောင်းလာမယ်၊ အထက်မှာဖော်ပြခဲ့တဲ့ဝေဒနာတွေ ဖြစ်တဲ့ မွေးလမ်းကြောင်းယားယံခြင်းနဲ့ ဆီးခုံဧရိယာ တစ်ဝိုက် နာကျင်ခြင်း စတာတွေနဲ့ အတူပူးတွဲ ဖြစ်လာမယ်ဆိုရင်တော့ ရောဂါတစ်ခုဖြစ်နေတာကို ပြနေနိုင်တာ ဖြစ်တဲ့အတွက် ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/color-guide-to-vaginal-discharge/
သင့်အသားအရေအတွက် သဘာဝပစ္စည်းနဲ့ထုတ်လုပ်ထားတာကိုပဲ ရွေးချယ်ခြင်းရဲ့ ကောင်းကျိုးများ
လူ့ခန္ဓါကိုယ်မှာအသားအရေက အရေးအကြီးဆုံးထဲကတစ်ခုအဖြစ်ပါဝင်တယ်။ရောဂါပိုးတွေမဝင်ရောက်အောင် ပထမဆုံး ကာကွယ်တားဆီးပေးတဲ့ ခံတပ်တစ်ခုအပြင် လှပခြင်းရဲ့အကြောင်းရင်းခံလည်းဖြစ်ပါတယ်။ လှပပြီးကျန်းမာတဲ့အရေပြားလေးကို ပိုင်ဆိုင်ထားရင် မြင်သူတကာငေးကြည့်လောက်တယ်မဟုတ်လား။ကျန်းမာလှပတဲ့အသားအရေကိုပိုင်ဆိုင်နိုင်ဖို့ဆိုရင်အရေပြားထိန်းသိမ်းမှုအလှကုန်တွေ ရွေးချယ်မှုကအရေးပါတယ်။ ခုနောက်ပိုင်းမှာက ပစ္စည်းမျိုးစုံထွက်နေတယ်။ တံဆိပ်မျိုးစုံတင်သွင်းနေကြတယ်။ ရွေးချယ်စရာတွေအများကြီးထဲက ဘာလို့ သဘာဝအသားရေထိန်းသိမ်းမှုပစ္စည်းတွေကိုပဲ ရွေးချယ်သင့်လဲဆိုတာ အကြောင်းပြချက်တွေအများကြီးရှိပါတယ်။ အထူးသဖြင့် အသားအရေကြမ်းတမ်းပျက်စီးနေတဲ့သူတွေ၊ ဝက်ခြံနဲ့ အဆီဖုတွေအစရှိတဲ့ အရေပြားပြဿနာကို ခံစားနေရသူတွေအတွက် ဒီဒဏ်ရာတွေပျောက်ကင်းဖို့နဲ့ နောက်ထပ်မဆိုးလာစေဖို့ သဘာဝပစ္စည်းတွေကို ရွေးချယ်အသုံးပြုဖို့က အရမ်းအရေးကြီးပါတယ်။သဘာဝမဟုတ်တဲ့ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့အလှကုန်တွေရဲ့ ပြဿနာ။လှစေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးကြောင့်လေးဆိုတဲ့ စကားပုံကို ကြားဖူးကြမယ်ထင်ပါတယ်။ တစ်ခါတလေမှာ လှပချင်လို့ အသားရေထိန်းသိမ်းမှုပစ္စည်းတွေကို သုံးပေမယ့် သဘာဝထွက်ပစ္စည်းတွေကိုပဲ အသုံးပြုထားတာမဟုတ်တော့ အရေပြားအတွက်ဓါတ်မတည့်တာ၊ ဓါတုပစ္စည်းလောင်တာ၊ဝက်ခြံတွေပိုထွက်လာတာစသဖြင့် ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့်တော့ အသားရေထိန်းသိမ်းမှုပစ္စည်းတော်တော်များများမှာ ပါဝင်နေတဲ့ phthalates နဲ့ parabens တို့ကခန္ဓါကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်စေပြီး ကင်ဆာဖြစ်စေနိုင်ပါတယ်။ အဲဒီလိုအလှကုန်ပစ္စည်းတွေနဲ့ ထိမိတာများလေကင်ဆြာဖစ်နိုင်ခြေ မြင့်မားလာလေပါပဲ။ သဘာဝထွက်ပစ္စည်းတွေနဲ့ဖော်စပ်ထုတ်လုပ်ထားတဲ့ အသားရေထိန်းသိမ်းမှုပစ္စည်းတွေကို အသုံးပြုခြင်းကသာ ဒီပြဿနာတွေကင်းရှင်းနိုင်မှာပါ။သဘာဝအလှကုန်တွေရဲ့ အဓိကအားသာချက်။အရေပြားထိန်းသိမ်းမှုပစ္စည်းတွေကို ရွေးချယ်ရင် ဘာတွေကြည့်ရမလဲ။ဒါတွေကိုသတိထားကြည့်ပါ။ဘာအမျိုးအစားကို ရွေးချယ်မလဲ။ဈေးကွက်ထဲမှာက သဘာဝအလှကုန်လို့ ပြောထားတဲ့ အသားရေထိန်းသိမ်းမှုပစ္စည်းတွေ မျိုးစုံရှိပါတယ်။ ကိုယ့်အသားအရေနဲ့ အသင့်တော်ဆုံးဖြစ်တာကိုရွေးချယ်ဖို့တော့ လိုအပ်ပါမယ်။၁။ အသားအရေကျန်းမာရေးအတွက် အာဟာရဓါတ်တွေကြွယ်ဝစွာပါဝင်နေတဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းဖြစ်ဖို့လိုပါမယ်။၂။ သဘာဝထွက်ပစ္စည်းတွေနဲ့ပဲ ပြုလုပ်ထားတယ်ဆိုတဲ့ တရားဝင်အသိအမှတ်ပြုခံထားရတာမျိုးဖြစ်ရပါမယ်။၃။ တစ်ရာရာခိုင်နှုန်း သဘာဝထွက်ပစ္စည်းတွေနဲ့သာ ပြုလုပ်ထားပြီး တခြားဓါတုပစ္စည်းနဲ့ ကြာရှည်ခံတဲ့ပစ္စည်းတွေလုံးဝမပါဘူးဆိုတာသေချာရပါမယ်။၄။ ပူလောင်စေတဲ့ပစ္စည်းတွေမပါဝင်ဘဲ အေးမြတဲ့ပစ္စည်းတွေသာ ပါဝင်နေတာမျိုးဖြစ်ရပါမယ်။Rosehip Oil။Rosehip oil ဆိုတာက Rosehip အစေ့ကနေ ထုတ်ယူထားတဲ့ အဆီဖြစ်ပါတယ်။ ဒီအစေ့က ချီလီနိုင်ငံမှာ အများဆုံး အလေ့ကျပေါက်တဲ့ နှင်းဆီမျိုးစိတ်တစ်ခုဖြစ်တဲ့ rosa canina အမျိုးအစားကနေ ရရှိတာဖြစ်ပါတယ်။ဒီအဆီမှာ အသားအရေအတွက်ကောင်းကျိုးများစေတဲ့ဗီတာမင်တွေ၊ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အကျိုးပြုအက်ဆစ်အဆီဓါတ်တွေပြည့်ဝစွာပါဝင်နေပြီးရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်တာနဲ့ ရောင်ရမ်းမှုတွေကိုလျှော့ချပေးနိုင်တဲ့ အာနိသင်တွေပါဝင်ပါတယ်။Rosehip Oil က အသားအရေအလှအပအတွက် အဓိကကောင်းကျိုး (၉)မျိုးပေးနိုင်ပါတယ်။၁။ ဝက်ခြံကြောင့်ဖြစ်တဲ့ရောင်ရမ်းမှုတွေကို လျော့ကျစေတယ်။၂။အမာရွတ်နဲ့အရေးအကြောင်းတွေကို ပျောက်ကင်းစေတယ်။၃။နေရောင်ခြည်ကြောင့်အသားအရေပျက်စီးတာကို ကာကွယ်ပေးတယ်။၄။ မှဲ့ခြောက်တွေ တင်းတိပ်တွေနဲ့ အရေပြားအရောင်ရင့်လာတဲ့ အစက်အပြောက်တွေကို လျှော့ချပေးတယ်။၅။ချွေးပေါက်တွေကိုပွင့်စေပြီး အသားအရေကိုတောက်ပစေတယ်။၆။ အရေပြားတင်းအားကို လှုံ့ဆော်ပေးတယ်။၇။ အစိုဓါတ်ဖြည့်ပေးတယ်။၈။အစိုဓါတ်ထိန်းပေးတယ်။၉။ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။Rosehip Oil ကိုသုံးပြီး အသားရေဘယ်လိုထိန်းသိမ်းမလဲ။၁။ ဆေးကြောသန့်စင်ပါ။မျက်နှာနဲ့အရေပြားတွေမှာ အဆီနဲ့ဖုန်မှုန့်တွေ၊လေထုညစ်ညမ်းမှုနဲ့ ဓါတုပစ္စည်းတွေနဲ့ ထိပြီး ညစ်ပေနေတာကို သန့်ရှင်းသွားအောင် ဆေးကြောသန့်စင်ပါ။၂။ အသားအရေကိုအာဟာရဓါတ်ဖြည့်ပါ။ကျန်းမာလှပတဲ့အသားအရေကိုပိုင်ဆိုင်နိုင်ဖို့အတွက် အသားအရေကို အာဟာရဓါတ်ဖြည့်တင်းဖို့လိုအပ်ပါတယ်။ Rosehip Oil ကိုအသုံးပြုပြီး အသားအရေကိုအာဟာရဓါတ် ဖြည့်တင်းနိုင်ပါတယ်။၃။ အစိုဓါတ်ထိန်းပါ။အရေပြားရဲ့ တင်းအား၊ နူးညံ့ချောမွေ့မှုနဲ့ အသားခြောက်ပြီး ယားယံနီရဲတာတွေမဖြစ်အောင် အရေပြားကို အစိုဓါတ်ထိန်းဖို့လိုအပ်ပါတယ်။Roship Oil ကိုအသုံးပြုမယ်ဆိုရင် အစိုဓါတ်လည်းထိန်းပြီးသားဖြစ်မယ်။ အသားအရေလည်း ပိုမိုချောမွေ့ကျန်းမာပါလိမ့်မယ်။၄။Night creamလိမ်းပါ။လူတော်တော်များများက ညဘက်လိမ်းတဲ့ ညလိမ်းခရင်မ်ရဲ့အခန်းကဏ္ဍကို သိပ်သဘောမပေါက်ကြဘူး။ တစ်ညလုံးအိပ်တဲ့အခါ လူးထားတဲ့ညလိမ်းခရင်မ်က အသားအရေထဲကို နက်ရှိုင်းစွာဝင်ရောက်ပြီး အရေပြားအသစ်ပြန်လည်ဖြစ်ပေါ်မှုနဲ့ နူးညံ့ချောမွေ့နေစေဖို့ လုပ်ဆောင်ပေးရပါတယ်။သဘာဝထွက် ပစ္စည်းတွေနဲ့ပဲ အသားအရေကိုထိန်းသိမ်းတာက ရေတိုရော ရေရှည်မှာပါ ကောင်းကျိုးများတယ်။ ဘေးထွက်ဆိုးကျိုးမရှိသလောက်နည်းပါတယ်။ ဒါကြောင့် အသားအရေထိန်းသိမ်းဖို့ ပစ္စည်းကိုရွေးချယ်မယ်ဆိုရင် သဘာဝထွက်ပစ္စည်း တစ်ရာရာခိုင်နှုန်းနဲ့ ပြုလုပ်ထားတဲ့ Rosehip Oil ထုတ်ကုန်တွေကို အသုံးပြုခြင်းက အကောင်းဆုံးဖြစ်နိုင်ပါလိမ့်မယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%9e%e1%80%98%e1%80%ac%e1%80%9d%e1%80%95%e1%80%85/
ဓါတ်မတည့်ခြင်းအား ရှောင်ကြဉ်ရန် ချက်ခြင်း၊ မီးဖုတ်ခြင်းနည်းလမ်းများ
တကယ်လို့ သင့်ရဲ့ မိသားစုဝင်တစ်ယောက်မှာ အစာနဲ့ဓါတ်မတည့်မှုတွေရှိနေတယ်ဆိုရင် သင်ဘာတွေဝယ်လာပြီးချက်ပြုတ်မှာလဲဆိုတာကို ဂရုစိုက်သင့်ပါတယ်။ ဒါတွေက ဓါတ်မတည့်စေတဲ့ပစ္စည်းကို တစ်စုံတစ်ယောက်က မစားမိအောင် ကာကွယ်တဲ့နေရာမှာ အသုံးဝင်ပါတယ်။ဒီမှာတော့ သင့်မိသားစုရဲ့အနှစ်သက်ဆုံးအစားအစာတွေထဲမှာထည့်ရမယ့် အစာဓါတ်မတည့်ခြင်းအဖြစ်တတ်ဆုံး ၃မျိုးအစားသုံးရမယ့် နည်းလမ်းလေးတွေကို ပြောပြသွားမှာပါ။ ဒီ ၃မျိုးကတော့ ဂျုံ၊ နို့နဲ့ ကြက်ဥတွေပါ။မုန့်ဖုတ်တဲ့နေရာမှာတော့ ဂျုံမှုန့်အတွက် အစားထိုးသုံးစရာ အခြားလူလုပ် ဂျုံမှုန့်တွေ အများကြီးရှိပါတယ်။ ဘယ်အရာက သင့်အတွက် အသင့်လျော်ဆုံးဖြစ်မယ်ဆိုတာကို သိချင်ကောင်း သိချင်နေမှာပါ။ ဒီမှာတော့ အစားထိုးသုံးစရာအချို့ကို ဖော်ပြပေးထားပါတယ်။ပေါင်မုန့်၊ rolls, muffins, brownies စတာတွေအတွက် သင့်ဓါတ်မတည့်မှုက ဂျုံဖြစ်ပြီး(wheat) gluten မဟုတ်ခဲ့ဘူးဆိုရင်တော့ ဘာလီမှုန့်ကို သုံးနိုင်ပါတယ်။ဘီယာသုံးမယ့်အစား ပန်းသီးဖျော်ရည် သို့မဟုတ် ဝိုင်ကိုသုံးပါ။ပန်ကိတ်နဲ့ ဝေဖာတွေအတွက်ဆိုရင် အုတ်ဂျုံ၊ ဆန်ဂျုံနဲ့ ဘာလီဂျုံကိုသုံးပါ။ပါစတာခေါက်ဆွဲအတွက်ဆိုရင်တော့ အနှံတွေဖြစ်တဲ့ ပြောင်း၊ quinoa၊ အာလူး၊ ဆန်နဲ့ပဲတွေကနေ လုပ်ထားတဲ့ အစားထိုး wheat-free ပါစတာကို သုံးပါ။ ဒါတွေကို စတိုးဆိုင်တွေမှာ အလွယ်တကူရနိုင်ပါတယ်။ဂျုံမှုန့်တစ်ခွက်အတွက် အစားထိုးသုံးစရာကတော့။– အာလူးခြစ် ၃/၄ခွက်။– ဆန်မှုန့် ၇/၈ခွက်။– Ground rolled oat ၁-၁/၃ခွက်။ပဲပိစပ်၊ အုန်းသီး၊ ဆန်၊ အာလူး၊ အုတ်ဂျုံ၊ ဗာဒံ၊ သီဟိုဠ်၊ hazelnut၊ hemp, flax ၊ နေကြာနဲ့ macadamia စတာတွေကပြုလုပ်ထားတဲ့ နို့အစားထိုးသုံးစရာပစ္စည်းတွေကို ကြော်ငြာတွေမှာ အမြောက်အများတွေ့ရပါတယ်။ အစားထိုးရမယ့် ပမာဏကလည်း နွားနို့တစ်ခွက်ဆို အထက်ပါ နို့တွေလည်း ်တစ်ခွက်ထည့်ရတာပါပဲ။နွားနို့နဲ့ဓါတ်မတည့်သူဖြစ်ပေမယ့် ဆိတ်နို့ကလည်း အန္တရာယ်ကင်းတယ်လို့ သတ်မှတ်နိုင်ပါတယ်။အစားထိုးပစ္စည်းအချို့ကတော့။Rice milk။ပဲနို့ (တံဆိပ်မှာ နို့ကိုအခြေခံထားတဲ့ပစ္စည်းတွေ ပါ၊မပါသေချာကြည့်ပါ။)။ဗာဒံနို့။အုတ်ဂျုံနို့။အသီးဖျော်ရည်(လုပ်မယ့်အရာအမျိုးအစားပေါ်မူတည်ပါတယ်။ ဥပမာ ပေါင်မုန့်နဲ့ Muffinsတွေအတွက်)။Broth( ဟင်းသီးဟင်းရွက်၊ အမဲသား သို့မဟုတ် ကြက်သား) အာလူးထောင်း သို့မဟုတ် casseroles တွေလို အရာတွေအတွက်။Sauces တွေနဲ့ မုန့်ဖုတ်တဲ့လုပ်ငန်းစဉ်တွေမှာ ကြက်ဥအနှစ်က အခြားအရာတွေကို သေချာ နှံ့စပ်အောင်ရောမွှေတဲ့အခါ ချောမွေ့စေဖို့ တာဝန်ယူသလို အကာကလည်း သူ့မှာပါဝင်တဲ့ မြင့်မားတဲ့ ပရိုတိန်းဓါတ်တွေကြောင့် စေးကပ်နေဖို့ တာဝန်ယူပါတယ်။ဒီမှာတော့ အစားထိုးသုံးဖို့ ပစ္စည်းအနည်းငယ်ကို ဖော်ပြပေးထားပါတယ်။ကြော်ငြာထဲက ကြက်ဥအစားထိုးပစ္စည်းတွေကိုအာလူးထောင်းနဲ့ tapiocaတွေနဲ့လုပ်တယ်ဆို သုံးလို့ရပါတယ်။ ထုတ်လုပ်သူရဲ့ လမ်းညွှန်မှုအတိုင်းလိုက်နာဖို့ အရေးကြီးပါတယ်။ပန်းသီးဆော့စ်ကလည်း ကြက်ဥအနှစ်လိုပဲ အလုပ်လုပ်ပေးနိုင်ပါတယ်။ သူ့မှာလည်း သဘာဝအတိုင်းချောမွေ့စေတဲ့ စွမ်းအင်ရှိပါတယ်။ (ကြက်ဥတစ်လုံးစာအတွက် ပန်းသီးဆော့စ် ခွက် ၄ပုံ၁ပုံ)။စပျစ်သီးခြောက်အရည် ခွက် ၄ပုံ၁ပုံ သို့မဟုတ် ကြိတ်ချေထားတဲ့ ငှက်ပျောသီး။ဆီ စားပွဲဇွန်းတစ်ဇွန်း + ဆား စားပွဲဇွန်း နှစ်ဇွန်း + မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၂ဇွန်း။တိုဟူးပျော့ ခွက် ၄ပုံ၁ပုံ(သုံးစဉ်မှာပဲဖြစ်ဖြစ် electric mixer နဲ့ပဲဖြစ်ဖြစ်ချေပါ)။ကြက်ဥတစ်လုံး= agar powder စားပွဲဇွန်းတစ်ဇွန်းကို ကြက်သီးနွေးရေ စားပွဲဇွန်း တစ်ဇွန်းထဲမှာ ပျော်ဝင်စေပြီး ရေထည့်၊ ခေါက် ၊ အအေးခံ ပြီးထပ်ခေါက် တာနဲ့ ညီပါတယ်။အစားအသောက်နဲ့ဓါတ်မတည့်ခြင်းကို တတ်နိုင်သလောက် သေချာ စစ်ဆေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါနဲ့ပဲ သင်က သင့်မိသားစုတွေ၊ ကလေးတွေ နဲ့ သင့်ကိုယ်သင်အတွက်တောင် မတော်တဆ ဓါတ်မတည့်မှုဖြစ်ခြင်းတွေကနေ ကာကွယ်နိုင်ပါတယ်။ဘယ်ဓါတ်မတည့်မှုမျိုးမဆို ဖြစ်နိုင်တဲ့ လူတွေအတွက် ချက်တဲ့အခါမှာ အစားထိုးပစ္စည်းတွေကို သုံးဖို့မမေ့ပါနဲ့။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/other-allergies/%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%99%e1%80%90%e1%80%8a%e1%80%b9%e1%80%b7%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%b1%e1%80%9b%e1%80%bd%e1%80%ac%e1%80%84/
အဆီပြန်တဲ့အသားအရေ ပိုင်ရှင်တွေပြုလုပ်မိနိုင်တဲ့ အဆိုးရွားဆုံး အချက်၄ချက်
အဆီပြန်တဲ့အသားအရေ ပိုင်ရှင်တွေပြုလုပ်မိနိုင်တဲ့ အဆိုးရွားဆုံး အချက်၄ချက်။အဆီပြန်တဲ့ အသားအရေပိုင်ရှင်ဖြစ်ရတာ မလွယ်ပါဘူး။ မျက်နှာကို တစ်ရှူးနဲ့တချိန်လုံး သုတ်ပေးနေဖို့လိုပြီး ဓာတ်ပုံထဲမှာ ဆိုလည်း သင့်မျက်နှာက ဝင်းပြောင်ပြောင်ကြီးဖြစ်နေမယ့်အပြင် မျက်နှာသစ်ပြီးသွားရင်လည်း ဘယ်လောက်မှမကြာဖူး အဆီတွေနဲ့ စေးကပ်ကပ်ဖြစ်လာပြန်ဦးမှာပါ။ ဒါပေမဲ့ မပူပါနဲ့၊ အောက်မှာဖော်ပြထားတဲ့ (လူအများမှားယွင်းတတ်သော) အချက်တွေကို ရှောင်ကြဉ်ခြင်းအားဖြင့် သင့်ရဲ့ အဆီပြန်တဲ့ ပြဿနာကို အတိုင်းအတာတစ်ခုအထိ ကူညီဖြေရှင်း ပေးနိုင်မှာပါ။အသားအရေခြောက်ကပ်လွန်းအောင်လုပ်ခြင်း။အဆီပြန်တတ်တဲ့သူတွေဟာ သူတို့ရဲ့အသားအရေကို အမြဲတမ်းလိုလို အရမ်းခြောက်ကပ်နေအောင် ထားလေ့ ရှိကြပါတယ်။ အယ်လ်ကိုဟောပါတဲ့ ပစ္စည်းတွေကို သုံးစွဲပြီး မျက်နှာကို လုံးဝပြောင်ရှင်းနေအောင် လုပ်ထား တတ်ကြပါတယ်။ သင့်မျက်နှာက အဆီတွေကို လုံးဝဖယ်ရှားပစ်လိုက်တဲ့အခါ ခဏတာအတွက်တော့ ကောင်းသွားတယ် ထင်ရပေမယ့် တကယ်တမ်းကျတော့ ပြဿနာကို ပိုလို့တောင်ဆိုးစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ရုတ်တရက် ခြောက်သွေ့သွားတဲ့ သင့်အသားအရေကို အစိုဓာတ်ပြန်ပေးဖို့အတွက် ခန္ဓာကိုယ်က အဆီတွေကို ပိုလို့တောင် တိုးပြီး ထုတ်လာတော့ မှာမို့ပါ။Moisturizer တွေကို အလွန်အကျွံ သုံးစွဲခြင်း။အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေ ပြုလုပ်တတ်တဲ့ နောက်ထပ်အမှားတစ်ခုက မှားယွင်းတဲ့ ဒါမှမဟုတ် အစိုဓာတ်များများပါတဲ့ moisturizer တွေကို သုံးလေ့ရှိတာဖြစ်ပါတယ်။ မျက်နှာသစ်ပြီး ဆယ်မိနစ်လောက်အထိကတော့ မျက်နှာအသားအရေဟာ တင်းတင်းလေးနဲ့ ခြောက်ခြောက်လေး ဖြစ်နေတာကို လူတိုင်းခံစားရမှာပါ။ ဒီလို အနေအထားမျိုးကို လိုချင်တဲ့အတွက် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေဟာ moisturizer တွေကို လိုတာထပ်ပိုပြီး အလွန်အမင်း သုံးကြပါတော့တယ်။ မိနစ်၂၀လောက်ကြာပြီးတဲ့အခါမှာ အဆီဂလင်းတွေကနေ အဆီတွေကို အရေပြားပေါ် စစ်ထုတ် ပေးလေ့ရှိပါတယ်။ ဒါကြောင့်မို့ moisturizerသုံးဖို့ တကယ်လိုမလိုကို သင့်အနေနဲ့ မိနစ်၂၀ သို့မဟုတ် ၃၀ လောက်အထိ စောင့်ကြည့် သင့်ပါတယ်။မှားယွင်းတဲ့ မျက်နှာသစ်ဆေး အသုံးပြုမိခြင်း။သင်ဟာအဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်ဆိုရင် ခပ်ပြစ်ပြစ်ဖြစ်နေတဲ့ ဒါမှမဟုတ် အဆီအခြေခံထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆေးတွေကို ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်သင့်ပါတယ်။ အမြှုပ် အခြေခံထုတ်လုပ်ထားတဲ့ မျက်နှာသစ် ဆေးတွေကတော့ အဆီပြန်တတ်သူတွေအတွက် အသင့်တော်ဆုံးပါ။ ဘာလို့လဲဆိုတော့ ပါဝင်ပစ္စည်းတွေဟာ မျက်နှာ အဆီပြန်မှုကို ဖယ်ရှားပစ်လိုက်ပေမယ့် လုံးဝမခြောက်ကပ်သွားစေလို့ ဖြစ်ပါတယ်။မှားယွင်းတဲ့ ပါဝင်ပစ္စည်းတွေကို အသုံးပြုခြင်း။Glycolic acid လို အဆီဓာတ်ပါဝင်တဲ့ ပစ္စည်းမျိုးကို သုံးမယ့်အစား salicylic acid ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကိုသာ အသုံးပြုသင့်ပါတယ်။ Salicylic acid ဟာ အဆီဂလင်းရှိတဲ့နေရာဖြစ်တဲ့ မွေးညင်းလေးတွေရဲ့ ဟိုးအောက်ဆုံး အခြေမှာရှိတဲ့ အိတ်ကလေးတွေအထိ စိမ့်ဝင်ရောက် ရှိနိုင်စွမ်းရှိတဲ့အတွက် အဆီကိုဖယ်ရှားပစ်ရာမှာ အသုံးဝင်လှပါတယ်။ ဒီအတွက်ကြောင့် အဆီတွေဟာ အရေပြားအပေါ်ယံလွှာကို ရောက်လာမယ့် အစား သူ့ကို တကယ်လိုအပ်တဲ့ နေရာတွေဆီကိုသာ ရောက်ရှိသွားပါတော့တယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%86%e1%80%ae%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b-%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%b9/
မိန်းမကိုယ်ကျန်းမာရေးကို သက်ရောက်မှုရှိနေတဲ့ အချက် (၈) ချက်
ကျန်းမာရေးနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောရမှာ၊ မေးရမှာ ရှက်ရွံ့ကြတဲ့အထဲမှာမိန်းမကိုယ်ကျန်းမာရေးလည်းပါဝင်ပါတယ်။ မိန်းကလေးတွေအတွက် အရေးပါတဲ့အခန်းကဏ္ဍဖြစ်တဲ့အတွက် သူနဲ့ပတ်သက်တဲ့ကျန်းမာရေးဗဟုသုတတွေကိုလည်းသိထားသင့်တာပေါ့။ မမြင်ကွယ်ရာ ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့် သူ့မှာပြဿနာတစ်ခုခုရှိနေရင်စိတ်ဖိစီးတာတွေ၊ အိမ်ထောင်ဘက်နဲ့အဆင်မပြေတာတွေ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းလာတာတွေ စတဲ့ တခြားကိစ္စတွေမှာပါ ထိခိုက်လာစေနိုင်တာကိုး။ ဒီတစ်ခေါက်တော့ လေဒီလေးတွေ မေးဖို့ ရှက်ကြတဲ့ မိန်းမကိုယ်ကျန်းမာရေးကို သက်ရောက်မှုရှိနေတဲ့ အချက် လေးတွေအကြောင်း ပြောပြပေးသွားပါမယ်။မိန်းမကိုယ်ကျန်းမာရေးကို သက်ရောက်မှုရှိနေတဲ့ အချက် တွေက ဘာတွေများလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ မိန်းမကိုယ်နဲ့သားအိမ်ဟာ မိန်းကလေးတွေမှာပဲရှိတဲ့ ထူးခြားတဲ့လက်ဆောင်ပါ။ ဒီအစိတ်အပိုင်းတွေကြောင့်ပဲ အမေမွေးလို့ လူတွေဖြစ်လာတာမဟုတ်လား။ မိန်းမကိုယ်ကို အမျိုးသမီးအင်္ဂါရဲ့အပြင်ဘက် ယောနိဝကနေသားအိမ်ခေါင်းဆီကို တွယ်ဆက်ထားတဲ့မွေးလမ်းကြောင်းလို့လည်း ခေါ်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ဘဝမှာ အရေးပါတဲ့အစိတ်အပိုင်းဖြစ်နေတဲ့ မိန်းမကိုယ်ရဲ့ကျန်းမာရေးကို ဘယ်အချက်တွေက သက်ရောက်မှုရှိနိုင်လဲဆိုတာ ဆက်လေ့လာကြည့်ကြမယ်။(၅) အမွှေးနံ့ပြင်းတဲ့တစ်ကိုယ်ရေသုံးပစ္စည်း။အနံ့ဆိုးကင်းပြီး အမြဲမွှေးကြိုင်နေစေဖို့ အမွှေးနံ့ပြင်းတဲ့ဆပ်ပြာတွေတိုက်၊ ဖျန်းဆေးတွေ၊ အတွင်းပိုင်းဆေးကြောတဲ့ဆေးရည်တွေသုံးတာက မိန်းမကိုယ်ကို ထိခိုက်စေနိုင်တာသေချာပါတယ်။ မိန်းမကိုယ်ကိုခြောက်သွေ့ယားယံတာ၊ သဘာဝကာကွယ်မှုစနစ်ကိုထိန်းညှိပေးတဲ့အကျိုးပြုဘက်တီးရီးယားတွေလျော့နည်းတာ၊ရောဂါပိုးဝင်လွယ်တာတွေဖြစ်လာစေနိုင်တယ်။ နဂိုကမှ မိန်းမကိုယ်ကျန်းမာရေးမှာပြဿနာရှိနေရင်လည်း ပိုဆိုးစေနိုင်ပါတယ်။(၆) ကိုယ်ဝန်ဆောင်ခြင်းနဲ့ ကလေးမီးဖွားခြင်း။ကိုယ်ဝန်ဆောင်ရပြီဆို ကလေးမွေးတဲ့အထိ ရာသီသွေးမဆင်းတော့ဘူးမလား။ အဲဒီကာလအတွင်းမှာအဖြူဆင်းတာပိုများတတ်ပါတယ်။ ကလေးမွေးတဲ့အခါလည်း မိန်းမကိုယ်စုတ်ပြဲခြင်းလည်းဖြစ်ရတယ်(ရိုးရိုးမွေးရင်)၊ တစ်ခါတလေလိုအပ်လာရင်ဆရာဝန်တွေက episiotomy လို့ခေါ်တဲ့ မိန်းမကိုယ်အဝကို ခွဲစိတ်ချဲ့ပေးတာလည်း လုပ်ပေးပါတယ်။ ကလေးမွေးပြီးတဲ့နောက်ပိုင်းမှာ မိန်းမကိုယ်ရဲ့ကြွက်သားကျုံ့ဆန့်နိုင်စွမ်းကလည်း အားလျော့သွားနိုင်ပါတယ်။(၇)ဆီးချိုသွေးချို။မှိုပိုးဝင်ခြင်း ခဏခဏဖြစ်နေတာက အမျိုးသမီးတွေမှာ ဆီးချိုသွေးချိုဖြစ်နေကြောင်း ကနဦးလက္ခဏာဖြစ်နေနိုင်ပါတယ်။သွေးတွင်းသကြားဓါတ်ပမာဏမြင့်တက်နေတဲ့အခါ အထူးသဖြင့် မိန်းမကိုယ်တစ်ရှူးတွေအတွင်းမှာ မှိုပိုးတွေပေါက်ဖွားရှင်သန်ရာတစ်ခုဖန်တီးသလိုဖြစ်စေနိုင်ပါတယ်။ ဆီးချိုမထိန်းနိုင်တဲ့ အမျိုးသမီးတွေမှာ မှိုပိုးဝင်ခြင်း အမြဲလိုလိုဖြစ်နေလို့ အတော်ဒုက္ခရောက်ရပါတယ်။(၈)ဟော်မုန်းပမာဏ။မိန်းကလေးတွေမှာရှိတဲ့ဟော်မုန်းပမာဏအပြောင်းအလဲတွေက မိန်းမကိုယ်ကို ထိခိုက်စေနိုင်တယ်။ ဥပမာ သွေးဆုံးပြီးနောက်ပိုင်း ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့ကာလတွေမှာ အက်စထရိုဂျင်ဟော်မုန်းထုတ်လုပ်မှုကျဆင်းသွားနိုင်တယ်။ အက်စထရိုဂျင်လျော့ကျမှုက မိန်းမကိုယ်မြှေးနံရံကို ပါးစေပြီးမွေးလမ်းကြောင်းကိုခြောက်သွေ့စေနိုင်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/factors-contribute-vagina-health/
ဓါတ်မတည့်မှုဖြစ်စေသော အရာများကို တိုက်ထုတ်ခြင်း
နှစ်စဉ်နှစ်တိုင်း နွေဦးရာသီ (ဖေဖော်ဝါရီလ) တွင် လေထဲတွင် ဝတ်မှုန်များပြန့်နှံ့မှုများ စတင်လာပြီး ဓါတ်မတည့်မှုများစတင်ဖြစ်လာကြောင်းတွေ့ရသည်။မြက်ပင်၊ ပေါင်းပင်နှင့် အခြားသော သစ်ပင်များရှိ ဝတ်မှုန်များသည် နွေဦးနှင့်နွေရာသီတွေ ကြွေကျပြီး လေထဲတွင်ပြန့်နေတတ်ကြသည်။ ၎င်းတို့ကို ရှုမိသောအခါ ကိုယ်ခံအားစနစ်မှ ဓါတ်မတည့်သော တုန်ပြန်မှုကို ပြုခြင်းဖြစ်သည်။ထိုသို့ဓါတ်မတည့်ခြင်းကို Hay fever ဟုလည်းခေါ်သည်။ အခြားသော ဓါတ်မတည့်မှုများမှာ ဖုန်မှုန့်နှင့် တိရိစ္ဆာန်များမှ မျက်စိနှင့် မမြင်ရသော ပိုးကောင်ငယ်လေးများနှင့် ဓါတ်မတည့်ခြင်းဖြစ်သည်။နွေဦးရာသီ တွင်လေထဲတွင်ပြန့်နေသော သန်းနှင့်ချီသောဝတ်မှုန်များသည် နှာခေါင်းထဲမှတဆင့် အသက်ရှုလမ်းကြောင်းနှင့် အဆုတ်ထဲသို့ရောက်ရှိပြီး ဓါတ်မတည့်မှုများစတင်လာရသည်။ထို့ကြောင့် အထူးသဖြင့် ဝတ်မှုန်များချိန်ဖြစ်သော လေတိုက်သောနေ့များနှင့် မနကစောစောအချိန်များ တွင်အိမ်ထဲတွင်နေသင့်သည်။ အပြင်ထွက်ရမည်ဆိုပါက သင့်မျက်လုံးကိုကာကွယ်ရန် မျက်မှန်တပ်ဆင်ပါ။မြက်ရိတ်ခြင်း ၊ ပေါင်းသင်ခြင်း နှင့်ပန်းခြံထဲတွင် အလုပ်လုပ်ရလျှင် နှာခေါင်းစည်းများတပ်ဆင်ထားပါ။ အခြားသော ကာကွယ်သည့်နည်းလမ်းများကို သိရှိရန် သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။ဆေးလိပ်သောက်ခြင်းသည် သင့်ဓါတ်မတည့်မှု လက္ခဏာများကိုပိုဆိုးစေသည်။ ထို့ကြောင့် သင်နှင့် သင့်ပတ်ဝန်းကျင်အနီးရှိသူများ ဆေးလိပ်သောက်နေပါက ချက်ချင်းပင်ဆေးလိပ်ဖြတ်ရန် လိုအပ်ပါသည်။သင်သည် နှာစေးခြင်း၊ နှာချေခြင်းတိုကမဖြစ်မီ ဆေးကို ကြိုသောက်ထားခြင်းဖြင့် ဆိုးရွားသော အခြေအနေများမှ ကာကွယ်နိုင်သည်။ သို့သော် ထိုသို့ဆေးသောက်ထားသော်လည်း ဓါတ်မတည့်သောရာသီမတိုင်မီ ၁ပတ်ခန့်တွင် အနည်းငယ်မျှ နှာချေခြင်းဖြစ်နိုင်ပါသေးသည်။အချို့သော ဆေးဖက်ဝင်အပင်များက ဓါတ်မတည့်မှုလက္ခဏာများကို သက်သာစေသည်။ ဆေးဖက်ဝင် ခံျုနွယ်ပင်များသည် ကောင်းကျိုးရှိသည်ဟုဆိုသော်လည်း လေ့လာမှုများလိုသေးသည်။ ကညာကဝေပင်နှင့် တရုတ်ဆေးပင်တို့ကို ပေါင်းစပ်ထားသော ဘီမင် တရုတ်ရိုးရာတိုင်းရင်ဆေးကို တနေ့လျှင် ၅ကြိမ် နှင့် ၁၂ပတ်တိတိသောက်ပါက ဓါတ်မတည့်မှုများ လျော့နည်းနိုင်သည်ဟုဆိုသည်။သို့သော်ထို ဘီ်မင်တရုတ်ဘယဆေးသည် ထပ်တရာပန်းဝါ၊ပေါင်းပင်များနှင့် ဓါတ်မတည့်သူများတွင် မသောက်သုံးသင့်ကြောင်းနှင့် ဆီးချိုရောဂါရှိသူများတွင် အကျိုးမရှိကြောင်းတွေ့ရသည်။ ဆေးဖက်ဝင်အပင်များသည် ကောင်းကျိုးများရှိနိုင်သော်လည်း တိကျသော လေ့လာမှုများမရှိသေးသောကြောင့် ရေရှည်သောက်သုံးပါက ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ကြောင်းသတိပြုပါ။ရိုးရှင်သော နည်းလမ်းသည်လည်း သင့်ကို သက်သာစေသော အကြောင်းများထဲမှ တခုဖြစ်သည်။ ဝတ်မှုန်များနှင့် ထိတွေ့မှုကိုလျှော့ချရန် သင့်အိမ်တံခါးများကိုပိတ်ထားပါ။ ပန်ကာ အစားလေအေးပေးစက်ကို သုံးခြင်းက ပြင်ပမှလေများကို အထဲသို့ဝင်မလာနိုင်အောင်ကူညီပေးသည်။သင့် ဖိနပ်များကို အိမ်ပြင်တွင်ချွတ်ပါ။ ဓါတ်မတည့်မှုမှန်သမျှကို အိမ်ထဲတွင်မရှိအောင်ထားခြင်းသည် အကောင်းဆုံးဖြစ်သည်။ သင့်အိမ်လာသော ဧည့်သည်များကိုလည်း ထိုနည်းတူလုပ်ဆောင်စေသင့်သည်။ဖုန်မှုန့်များနှင့် ထိတွေ့မှုကိုလျော့နည်းစေရန် ဖုန်မှုန့်များကပ်နေနိုင်သည့် သင်နှင့်နေ့စဉ်ထိတွေ့နေရသော အိပ်ယာ၊ မွေ့ယာနှင့် အိမ်တွင်းပရိဘောဂများကို သန့်ရှင်းအောင်ထားပါ။ သန့်ရှင်းရေးပြုလုပ်ရာတွင် နှာခေါင်းစည်းကို အသုံးပြုပါ။အချုပ်ဆိုရသော် ဓါတ်မတည့်မှုများကိုလျော့နည်းစေရန် ဆေးသောက်ရုံနှင့် မလုံလောက်ပါ။ သင့်အိမ်နှင့် ပတ်ဝန်းကျင်ကို လည်းဂရုစိုက်သင့်သည်။ လေပူပေးစက် လေအေးပေးစက်များတွင် ဖုန်မထအောင် သန့်ရှင်းထားရန်လည်းလိုအပ်သည်။အဆိုပါ ပတ်ဝန်းကျင်ရှိ ဓါတ်မတည့်စေသော အရာများနှင့် ဆေးလိပ်နှင့် မီးခိုးငွေ့များသည် သင့်အတွက် ဓါတ်မတည့်မှုများကိုဖြစ်စေသော ကြောင့် ထိုအရာများနှင့် အတတ်နိုင်ဆုံးရှောင်ကျဉ်ရန်ကြိုးစားသင့်သည်။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/other-allergies/%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%99%e1%80%90%e1%80%8a%e1%80%b9%e1%80%b7%e1%80%99%e1%82%88%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%b1%e1%80%85%e1%80%b1%e1%80%9e%e1%80%ac-%e1%80%a1%e1%80%9b/
မပေါ့ဆသင့်တဲ့ ကိုယ်ဝန်ဆောင်သွေးတိုး
ကိုယ်ဝန်ဆောင်ချိန်က ခန္ဓါကိုယ်မှာရောဂါတွေအလွယ်တကူဝင်ရောက်လာနိုင်တဲ့ အချိန်တစ်ခုပါပဲ။ ဒီလို ကိုယ်ဝန်ဆောင်ချိန်မှာ အနေအထိုင်အစားအသောက်ကိုသေချာဂရုမစိုက်ဘူးဆိုရင်မေမေရောဘေဘီလေးကိုပါထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်မေမေတိုင်း သတိထားသင့်တဲ့ ကိုယ်ဝန်ဆောင်သွေးတိုးကိစ္စလေးကိုပြောပြပေးပါရစေနော်။သွေးတိုးဆိုတာကသွေးကြောနံရံတွေအပေါ်မှာ သက်ရောက်နေတဲ့သွေးဖိအားပုံမှန်ထက်များနေတဲ့ အခြေအနေပါ။ နှလုံးကသွေးကြောတွေဆီကိုသွေးကို ညှစ်ထုတ်ပေးပြီးသွေးကြောတွေကသွေးတွေကို ခန္ဓါကိုယ်အနှံ့ကို သယ်ပို့ပေးပါတယ်။သွေးတိုးဖြစ်တဲ့အခါမှာတော့သွေးကြောတွေထဲမှာရှိနေတဲ့ ဖိအားတွေက ပုံမှန်ထက်ပိုများနေတဲ့ အခြေအနေတစ်ရပ်ဖြစ်ပေါ်နေတာပါ။Chronic hypertension with superimposed preeclampsia– ကိုယ်ဝန်မဆောင်ခင်ကတည်းကသွေးတိုးရှိပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာသွေးတိုးရောဂါ ပိုဆိုးလာတဲ့အခြေအနေ။ကိုယ်ဝန်ဆောင်သွေးတိုး – ကိုယ်ဝန်ဆောင်ကာလ အပတ် ၂၀နောက်ပိုင်းမှာမှသွေးပေါင်ချိန်မြင့်တက်လာတဲ့ အခြေအနေမျိုးဖြစ်ပြီး အရင်ကသွေးတိုးလက္ခဏာတစ်စုံတရာ ခံစားရဖူးခြင်းမရှိတဲ့ အခြေအနေ။ကိုယ်ဝန်သွေးဆိပ်တက်ခြင်း– ကိုယ်ဝန်ဆောင်နောက်ပိုင်းကာလမှာ ခံစားရတဲ့ အခြေအနေတစ်ခုပါ။သွေးတိုးတာရဲ့နောက်ဆက်တွဲအနေနဲ့ခံစားရတာပါ။သွေးထဲမှာ ပရိုတင်းများနေတာ။ခြေလက်တွေဖောရောင်နေတာမျိုးဖြစ်နိုင်ပါတယ်။ခန္ဓါကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေကို ထိခိုက်မိစေနိုင်ပြီး မိခင်ရော ကလေးကို ပါထိခိုက်စေနိုင်တဲ့အခြေအနေဆိုပြီး အမျိုးမျိုးကွဲပြားပါသေးတယ်။အမျိုးသမီးတိုင်း ကိုယ်ဝန်ဆောင်သွေးတိုးမခံစားရနိုင်ပေမယ့် ကိုယ်ဝန်ဆောင်အများစုက ကိုယ်ဝန်ဆောင်သွေးတိုးခံစားရနိုင်ပါတယ်။ အခုပြောပြမယ့်မေမေတွေကတော့ ကိုယ်ဝန်ဆောင်သွေးတိုး ခံစားရနိုင်ခြေပိုများသူတွေပေါ့။ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့သွေးတိုးရောဂါကြောင့်ဘေဘီလေးရော၊မေမေမှာပါထိခိုက်တာမျိုးမဖြစ်စေဖို့ ဒီနည်းလမ်းလေးတွေက သက်သာစေဖို့ရော ကာကွယ်တဲ့အနေနဲ့ပါ အသုံးဝင်မှာပါ။ဆားလျှော့စားပါ။ငှက်ပျောသီးစားပေးပါ။စိတ်ဖိစီးမှုလျှော့ပါ။စိတ်ဖိစီးမှုကလည်းသွေးတိုးစေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဒါကြောင့် တစ်နေ့ကို မိနစ် ၃၀လောက် သီချင်းနားထောင်ပေးတာ၊ တရားထိုင်တာမျိုးတွေလုပ်ပြီးသွေးတိုးတာမျိုးမဖြစ်အောင် ကာကွယ်ပေးပါ။ကဖင်းရှောင်ပါ။သရေစာတွေရှောင်ပါ။အာလူးကြော်တွေ၊ကွတ်ကီးတွေလိုမျိုး တာရှည်ခံအောင်လုပ်ထားပြီး အငန်ကဲတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှရှောင်ပါ။ ဒါမှ ကိုယ်ဝန်ဆောင်ချိန်မှာသွေးတိုးဖြစ်တာကိုလျော့ကျစေနိုင်မှာပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/gestational-hypertension/
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%80%e1%80%ad%e1%80%85%e1%80%b9%e1%80%85%e1%80%99%e1%80%be%e1%80%ac-%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%bb%e1%80%b1/
အန္တရာယ်ကင်းကင်းနဲ့ ဘေဘီလေးကိုရေချိုးပေးနိုင်မယ့် နည်းလမ်းများ
ကလေးလေးကိုရေချိုးပေးဖို့ ဘယ်လိုချိုးပေးရမှန်းမသိဘူးဖြစ်နေလား။ရေချိုးတာကတစ်ကိုယ်ရေသန့်ရှင်းရေးအတွက် မဖြစ်မနေလိုအပ်တဲ့အရာတစ်ခုဖြစ်တာကြောင့် အရွယ်မရွေးရေချိုးဖို့လိုပါမယ်။ အရွယ်ရောက်နေသူအတွက်ကတော့ရေချိုးတာက ခက်ခဲရှုပ်ထွေးမှုတစ်ခုမဟုတ်သလို အန္တရာယ်များတဲ့ ကိစ္စတစ်ခုလည်းမဟုတ်ဘူးလေ။ ကလေးငယ်ငယ်လေးတွေကိုအန္တရာယ်ကင်းကင်းနဲ့ရေချိုးပေးဖို့ကတော့ မိဘတိုင်းအတွက် အရေးကြီးတဲ့ကိစ္စတစ်ခုပေါ့။ရေချိုးပေးတဲ့အခါ ရင်သွေးလေးကို ထိခိုက်တာတွေ အန္တရာယ်ဖြစ်တဲ့အနေအထားတွေမဖြစ်စေဖို့အတွက် မဖြစ်မနေသတိထားရမယ့်အချက်လေးတွေရှိနေပါတယ်။ ဘာတွေများဖြစ်မလဲ……..။ရေချိုးတဲ့အချိန်ဟာမိဘနဲ့သားသမီးကြားကသံယောဇဉ်ကြိုးကို အခိုင်မာဆုံးရစ်နှောင်ပေးနိုင်တဲ့ အချိန်ဖြစ်တာကြောင့် ကလေးကိုရေချိုးချိန်ဟာ အန္တရာယ်ကင်းပြီးပျော်စရာကောင်းတဲ့အချိန်ဖြစ်အောင်ဖန်တီးပေးလိုက်ပါ။ကလေးငယ်လေးကိုဘေးကင်းကင်းနဲ့ရေချိုးပေးဖို့ဆိုရင် ဒီပစ္စည်းလေးတွေလိုအပ်နိုင်ပါတယ်။ကလေးကိုရေချိုးပေးတဲ့အခါ တစ်ယောက်တည်းထားခဲ့တာမျိုးမလုပ်ပါနဲ့– ကလေးကိုရေချိုးပေးတဲ့အခါရေချိုးပေးနေရင်းဖုန်းလာလို့ဖြစ်ဖြစ် တစ်ခုခုလိုလို့ဖြစ်ဖြစ် ကလေးကိုတစ်ယောက်တည်းထားခဲ့တာမျိုးမလုပ်ပါနဲ့။ မတော်တဆဖြစ်တာမျိုးတွေဖြစ်လာနိုင်တာကြောင့်ပါ။ ကလေးကိုရေမချိုးခင်ကတည်းက လိုအပ်မှာတွေကို တစ်ခါတည်း ယူထားပါ။ ဧည့်သည်လာနေရင်တောင် တံခါးဖွင့်ပေးဖို့ဆိုရင် ကလေးကိုပါကောက်ပွေ့ခေါ်သွားလိုက်ပါ။ရေရဲ့အပူချိန်ကို စစ်ဆေးပါ –ကလေးတွေက အချမ်းမခံနိုင်ကြပါဘူး။ ဒါကြောင့်ရေချိုးခန်းထဲဝင်တဲ့အခါရေကအရမ်းအေးနေလားဆိုတာကို အရင်ဆန်းစစ်ပါ။ရေအရမ်းအေးနေရင် ကလေးအတွက်အဆင်ပြေလောက်မယ့် အပူချိန်ဖြစ်အောင်ရေနွေးနဲ့စပ်ပြီးချိုးတာမျိုးလုပ်ပေးပါ။ရေအတိမ်အနက်ကိုသေချာဆန်းစစ်ပါ-ရေချိုးကန်ထဲကိုရေဖြည့်တဲ့အခါ အရမ်းအပြည့်ကြီးဖြည့်တာမျိုးမလုပ်ပါနဲ့။ ကလေးရဲ့ဗိုက်နားလောက်အထိပဲရေကိုဖြည့်ပေးပါ။ရေကို ၂ လက်မကနေ ၄ လက်မအထိထည့်ပေးတာက အဆင်အပြေဆုံးဖြစ်မှာပါ။ကလေးရဲ့ရေချိုးကန်ကို အဆင်ပြေဆုံးဖြစ်အောင် ပြင်ဆင်ပေးပါ– ကလေးကိုရေချိုးကန်ထဲမှာ ချော်တာမျိုး မတော်တဆပြုတ်ကျတာမျိုး မဖြစ်စေဖို့အတွက် ကလေးရဲ့ရေချိုးကန်ကိုသေချာသန့်စင်ဖို့လိုသလိုရေချိုးကန်ထဲမှာရေချိုးရင်း တင်လို့ရတဲ့အခင်းလိုမျိုးအရာ၊ ကလေးရဲ့ဦးခေါင်းကို မတော်တဆထိခိုက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်မယ့်ရေမြှုပ်အစွပ်တွေ နဲ့ ကလေးကိုရေချိုးချိန်မှာပျော်ရွှင်စေမယ့် အရုပ်လေးတွေကိုပြင်ဆင်ပေးလိုက်ပါ။ကလေးအသားအရေအမျိုးအစားနဲ့လိုက်ဖက်မယ့်ဆပ်ပြာကိုရွေးချယ်ပါ– ကလေးကိုရေချိုးပေးတဲ့အခါ ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာဖြစ်ဖို့ လိုသလို ကလေးရဲ့ အသားအရေအမျိုးအစားနဲ့လိုက်ဖက်တဲ့ ဆပ်ပြာဖြစ်ဖို့ကလည်းမေ့ထားလို့မရပါဘူး။ ကလေးအသားအရေနဲ့လိုက်ဖက်မယ့် Baby Soap ကိုရွေးချယ်ပေးတာက ကလေးကိုအသားအရေခြောက်သွေ့တာကို ကင်းဝေးစေပြီးအရေပြားြပဿနာတွေကနေကင်းဝေးစေမှာပါ။ ဆပ်ပြာရွေးတဲ့အခါ ဆပ်ပြာရည်ကအဆင်ပြေဆုံးပါ။ကလေးကို ဆပ်ပြာမြှုပ်တွေနဲ့ရေမချိုးပေးပါနဲ့– ကလေးကိုရေချိုးပေးတဲ့အခါ ကာတွန်းကားဆန်ဆန်လေး၊ စိတ်ကူးယဉ်ဆန်ဆန်လေးဖြစ်အေင်ဆိုပြီး ဆပ်ပြာအမြှုပ်တွေနဲ့ချိုးပေးတာမျိုးမလုပ်ပါနဲ့။ ဆပ်ပြာမြှုပ်တွေက ကလေးအတွက်အင်မပြေပါဘူး။ဆီးလမ်းကြောင်းပိုးဝင်ကူးစက်တာမျိုးတွေကိုဖြစ်စေနိုင်တာကြောင့်ပါ။နောက်ထပ်သတိထားရမှာတွေက ကလေးကိုရေအကြာကြီးမချိုးပေးမိဖို့နဲ့။ရေချိုးပြီးတာနဲ့ ကလေးကို တဘက်စနုနုလေးနဲ့ ချက်ချင်းထွေးပွေ့ရေသုတ်ပေးပါ။ ကလေးကို ချမ်းတုန်နေတဲ့အထိရေပေးချိုးတာမျိုးမလုပ်ပါနဲ့။ ကလေးကိုရေချိုးပေးနေတဲ့အခါ လက်တစ်ဖက်နဲ့ တစ်ချိန်လုံးထိန်းထားပေးပါ။ ကလေးကဟန်ချက်မနိုင်သေးတာကြောင့်ချော်လဲထိခိုက်တာမျိုးတွေဖြစ်မလာစေဖို့ပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/tips-for-safe-baby-bath-time/
သွေးအတွင်း ယူရီးယားဓာတ်မြင့်တက်ခြင်း
ကျောက်ကပ်များဟာ ကိုယ်ခန္ဓာထဲက အဆိပ်အတောက်ဓာတ်တချို့နဲ့ မလိုအပ်တဲ့အညစ်အကြေးတွေကို ဆီးအနေနဲ့ ပြန်လည်စွန့်ထုတ်ပေးပါတယ်။ ဥပမာပေးရရင် ခရီအက်တနင်းနဲ့ ယူရီးယားတို့ ဖြစ်ပါတယ်။ယူရီးယားဟာ ဆီးထဲမှာ အဓိကပါဝင်တဲ့ ပစ္စည်းတမျိုးပဲ ဖြစ်ပါတယ်။ကျောက်ကပ်အနေနဲ့ သွေးထဲက အညစ်အကြေးတွေကို ပုံမှန်စစ်ထုတ်နိုင်ခြင်း မလုပ်နိုင်တော့တဲ့အခါ သွေးထဲမှာ ယူရီးယားဓာတ်တွေ မြင့်တက်လာပါတယ်။ သွေးအတွင်း ယူရီးယားမြင့်တက်တဲ့ အခြေအနေကို မကုသဘဲထားရင်၊ ဆိုးရွားပြင်းထန်လာရင် အသက်အန္တရာယ်ထိ ကြုံနိုင်ပါတယ်။ သွေးအတွင်း ယူရီးယားမြင့်တက်ခြင်းဟာကျောက်ကပ်ပျက်စီးခြင်းရဲ့ အဓိကလက္ခဏာလည်း ဖြစ်ပါတယ်။နာတာရှည်ကျောက်ကပ်ရောဂါအစပိုင်းမှာ ဘာလက္ခဏာမှ သတိမထားမိကြပါဘူး။ ဒါပေမယ့် သွေးအတွင်း ယူရီးယားမြင့်တက်ခြင်း စလာရင်တော့ ကျောက်ကပ်တွေ ထိခိုက်ပျက်စီးလာပါတယ်။ အောက်ပါလက္ခဏာတွေ ကြုံလာရပါတယ်။– အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း။– ခြေထောက်ကြွက်သားများ နာကျင်ခြင်း၊ ကြွက်တက်ခြင်း။–အစားပျက်ခြင်း။– ခေါင်းကိုက်ခြင်း။– ပျို့အန်ခြင်း။– အာရုံစူးစိုက်ရန်ခက်ခဲခြင်း စတာတွေ ဖြစ်ပါတယ်။သွေးအတွင်းယူရီးယားမြင့်တက်ရခြင်းဟာ ကျောက်ကပ်အနေနဲ့ ပြင်းထန်စွာ ထိခိုက်ပျက်စီးထားတာကြောင့် ဖြစ်ပါတယ်။ အဓိကအားဖြင့် နာတာရှည်ကျောက်ကပ်ရောဂါကြောင့် ဖြစ်ပါတယ်။ ကျောက်ကပ်များဟာ သွေးထဲကနေ အညစ်အကြေးများကို စစ်ထုတ်နိုင်ခြင်းမရှိတော့ပါဘူး။ ဒီလိုနဲ့ အညစ်အကြေးများဟာ သွေးထဲကတဆင့် ကိုယ်ခန္ဓာတခုလုံးကို လှည့်ပတ်သွားလာပြီးအသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိ ဒုက္ခပေးလာပါတယ်။အဓိကအကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။–သွေးပေါင်ချိန်တက်ခြင်း။– ကျောက်ကပ်အတွင်း အရည်အိတ်များစွာဖြစ်ပေါ်ခြင်း။– ဆီးချို။– ကျောက်ကပ်အတွင်း စစ်ထုတ်ပေးသည့်ယူနစ်များ ရောင်ရမ်းခြင်း။– ကျောက်ကပ်အတွင်း ဆီးစွန့်ပြွန်လေးများ ရောင်ရမ်းခြင်း။–ဆီးကျိတ်ရောင်ခြင်း။– ကင်ဆာရောဂါအချို့။– ဆီးကျောက်ကြောင့် အချိန်အတန်ကြာဆီးလမ်းကြောင်းကို ပိတ်ဆို့နေစေခြင်း။– ကျောက်ကပ်အတွင်း ရောဂါပိုး မကြာခဏဝင်ရောက်ခြင်း။သွေးအတွင်း ယူရီးယားမြင့်တက်နေတဲ့အခြေအနေမှာ ကျောက်ကပ်ဟာ အတော်လေး ထိခိုက်ထားပြီ ဖြစ်ပါတယ်။ အဓိက ကုသမုှကတော့ ကျောက်ကပ်ဆေးခြင်း (dialysis) ဖြစ်ပါတယ်။ ကျောက်ကပ်အနေနဲ့ သန့်စင်ခြင်းမလုပ်နိုငတော့တဲ့ အညစ်အကြေးတွေကို စက်အကူအညီနဲ့ ဆေးကြောခြင်း ဖြစ်ပါတယ်။ နောက်ထပ်နည်းလမ်းတခုကတော့ ကျောက်ကပ်အစားထိုးလဲလှယ်ခြင်း ဖြစ်ပါတယ်။ကျောက်ကပ်ရောဂါ စတင်ဖြစ်ပွားရင် ပုံမှန်စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။ ဆိုဒီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်ဆီယမ် များပြားတဲ့ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားသောက်ပြီး ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးရပါမယ်။ကျောက်ကပ်ထိခိုက်နိုင်တဲ့ အခြေအနေတွေကို ကာကွယ်ရပါမယ်။ ကာကွယ်ရမယ့် နည်းလမ်းတွေကတော့။– ဆီးချိုထိန်းခြင်း။– သွေးပေါင်ချိန်ထိန်းခြင်း။– နှလုံးနှင့်သွေးကြောများ ကျန်းမာရေးကို ထိန်းသိမ်းခြင်း။– ဆေးလိပ်ဖြတ်ခြင်း။– အဝမလွန်စေရန် အစားသောက်ထိန်းပြီး လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း စတာတွေ ဖြစ်ပါတယ်။အကောင်းဆုံးကတော့ ကျောက်ကပ်ရောဂါတမျိုးမျိုးကို သံသယရှိရင် ဆရာဝန်နဲ့ ပြသပြီး လိုအပ်ရင် ကုသမှု ပုံမှန်ခံယူဖို့ ဖြစ်ပါတယ်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/uremia/
ခုခံအားကျဆင်းမှုရောဂါ ဘယ်လိုကူးစက်လဲ
HIV ရောဂါပိုးသည် ခန္ဓါကိုယ်ရှိ အရည်များမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ ဥပမာ – သွေး၊ သုတ်ရည်၊ သုတ်မလွှတ်ခင် ထွက်သော အရည်၊ စအိုမှ အရည်၊ ယောနိမှ အရည်နှင့် နို့ရည်တို့ ဖြစ်ပါသည်။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို အတူတကွ သုံးစွဲခြင်း တို့သည် ရောဂါပိုး ကူးစက်နိုင်သော အခြေအနေများ ဖြစ်ပါသည်။အောက်ဖော်ပြပါ အချက်များရှိလျှင် ရောဂါပိုး ကူးစက်နိုင်ခြေများပါသည်။ပါးစပ်နှင့် လိင်ဆက်ဆံခြင်းသည် ကူးစက်နိုင်ခြေ နည်းပါးပါသည်။ သို့သော် ပါးစပ်ထဲသို့ ရောဂါရှိသူ၏ သွေး၊ သုတ်ရည်နှင့် တခြား အရည်များ ဝင်လျှင် ရောဂါဖြစ်နိုင်ပါသည်။ လိင်ဆက်ဆံရေး လမ်းကြောင်းတွင် အနာများရှိလျှင် ကူးစက်နိုင်ပါသည်။ပါးစပ်တွင် အနာရှိခြင်း၊ သွားဖုံး သွေးယိုခြင်း၊ လိင်အင်္ဂါ အနာဖြစ်ခြင်း ကာလသားရောဂါ ရှိခြင်းသည် ပါးစပ်နှင့် လိင်ဆက်ဆံသော်လည်း ကူးစက်နိုင်ပါသည်။ဆေးအလွဲသုံးစားလုပ်ခြင်း၊ ဆေးသုံးခြင်းသည် တိုက်ရိုက် မသက်ဆိုင်သော်လည်း ဆေးထိုးခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆေးစားခြင်း၊ ဆေးရှူခြင်းများသည်လည်း ရောဂါဖြစ်ပွားမှုနှုန်းကို မြင့်တက်နိုင်ပါသည်။ ထို အခြင်းအရာများသည် လိင်ဆက်ဆံခြင်းကို အားပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုနှုန်း များပြားနိုင်ပါသည်။ ဆေးထိုးအပ်ကို မျှ၍သုံးခြင်း တခြားသော ထိုးဆေးများကို သုံးခြင်းသည် HIV ရောဂါ ဖြစ်ပွားမှု ပို၍ များပြားစေပါသည်။ထို့အပြင် လူတစ်ဦး၏ ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပါသည်။ ခုခံအား ကျဆင်းခြင်းကြောင့် ရောဂါပိုး ပြန့်ပွားမှုကို ပို၍ မြန်ဆန်စေပါသည်။ ဆေးတိုးမှုနှုန်းကို လျော့ကျစေပါသည်။တက်တူးထိုးခြင်း၊ အပေါက်ဖောက်ခြင်းသည်လည်း မသန့်ရှင်းသော အပ်ကို အသုံးပြုပါက ရောဂါပိုး ကူးစက်နိုင်ပါသည်။သွေး၊ သုတ်ရည်၊ မိန်မကိုယ်အင်္ဂါ အရည်၊ အနာများမှလည်း ကူးနိုင်ပါသည်။မိခင်မှလည်း ကူးစက်နိုင်ပါသည်။ ရောဂါပိုးရှိသော မိခင်မှ မွေးသော ကလေးများသည်လည်း ရောဂါပိုး ကူးစက်နိုင်ပါသည်။အသက် ၁၃ နှစ်အောက် ကလေးများသည် မိခင်များမှ ရောဂါပိုးကူးခြင်း ဖြစ်ပါသည်။ခုခံအားကျဆင်းခြင်းရောဂါ AIDS သည် HIV ရောဂါပိုးမှ ကူးစက်တတ်ပါသည်။ ဆေးသုံးလျှင်၊ အကာအကွယ် မပါဘဲ ကာမ ဆက်ဆံလျှင်၊ ပိုးရှိသော မိခင်မှတစ်ဆင့် ကလေးကို ကူးနိုင်ပါသည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/%e1%80%81%e1%80%af%e1%80%81%e1%80%b6%e1%80%a1%e1%80%ac%e1%80%b8%e1%80%80%e1%80%bc%e1%80%86%e1%80%bc%e1%80%84%e1%80%bb%e1%80%b8%e1%80%99%e1%80%be%e1%80%af%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab-2/
ကလေးတွေမှာ ဖြစ်တဲ့သွေးလွန်တုပ်ကွေးရောဂါ
သွေးလွန်တုပ်ကွေးရောဂါကို အများစုကတော့ အပူပိုင်းဒေသနေရာများမှာ တွေ့ရလေ့ရှိပါတယ်။ ဒီလိုနေရာတွေကို ခရီးသွားလာနေတဲ့ ဧည့်သည်တွေကတော့ အဲ့လိုဒေသက ဒေသခံလူတွေလိုပဲ သွေးလွန်တုပ်ကွေးရောဂါဖြစ်နိုင်ဖို့ အန္တရာယ်ညီတူညီမျှရှိပါတယ်။ အဲ့လိုနေရာတွေကတော့ အရှေ့တောင်အာရှ၊ အိန္ဒိယ,အမေရိက အလယ်ပိုင်းနဲ့ တောင်ပိုင်း၊ ကာရေဘီယန်၊ အာဖရိက၊ ပစိဖိတ်ကျွန်းစွယ်များ တို့ဖြစ်ပါတယ်။သွေးလွန်တုပ်ကွေးရောဂါကို ဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုးလေးမျိုးရှိပါတယ်။ ဒီဗိုင်းရပ်စ်တွေကို ပုံစံတူခြင်းအမျိုးအစားနှစ်မျိုး က သယ်ဆောင်ပြီး ရောဂါဖြစ်စေပါတယ်။ အဲ့ခြင်အမျိုးအစားနာမည်များကတော့ Aedes aegypti and Aedes albopictus တို့ဖြစ်ပါတယ်။ တစ်ခြားခြင်အမျိုးအစားတွေကို ညပိုင်းမှာ ကိုက်လေ့မရှိပဲ ဒီ ခြင်အမျိုးအစားနှစ်မျိုးက မနက်စောစောပိုင်းနဲ့ နေမဝင်ခင် ညနေစောင်းတို့မှာကိုက်လေ့ရှိပါတယ်။အခြေအနေတော်တော်များများမှာတော့ သွေးလွန်တုပ်ကွေးရောဂါရှိတဲ့ကလေးတွေက အောက်ပါ လက္ခဏာတွေ တစ်ခုသို့မဟုတ် အဲ့ထက်ပိုပြီး ဖော်ပြနိုင်ပါတယ်။သွေးလွန်တုပ်ကွေးရောဂါဟာ များသောအားဖြင့် ခြင်ကိုက်ပြီး ၄-၇ရက်အကြာမှာဖြစ်တတ်ပြီး ၇ရက်၁၀ရက်လောက်ကြာတတ်ပါတယ်။ နောက်ဆက်တွဲပြသနာများ မရှိပါက ကလေးတွေမှာကတော့ လုံးဝပြန်ကောင်းတတ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါကလူတစ်ယောက်ကနေတစ်ယောက်ကို မကူးစက်ပါဘူး။ ခြင်တွေကသာ ဗိုင်းရပ်စ်ပိုးများကို တစ်ယောက်ကနေတစ်ယောက်ဆီကို သယ်ဆောင်ပြီးကူးစက်စေပါတယ်။သွေးလွန်တုပ်ကွေးရောဂါကတော့ တအားမဆိုးပါက သေနိုင်ချေ မရှိပါဘူး။ သို့သော်လည်းကလေးတွေမှာ ကျန်းမာရေးမကောင်းတဲ့အခံရှိထားရင် အရင်ဖြစ်ထားတာတွေရှိပါက ပြင်းထန်တဲ့သွေးလွန်တုပ်ကွေးရောဂါရဲ့ အန္တရာယ်တွေ နောက်ဆက်တွဲတွေကို ပိုပြီး ခံစားရနိုင်ပါတယ်။ ပြင်းထန်တဲ့ သွေးလွန်တုပ်ကွေးရောဂါကတော့ အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ထို့ကြောင့် သင့်ကလေးမှာ ပြင်းထန်တဲ့သွေးလွန်တုပ်ကွေးရဲ့လက္ခဏာတွေတွေ့ရှိပါက အနီးဆုံးဆေးရုံ၊ ဆေးပေးခန်းကို အမြန်ဆုံးခေါ်သွားပါ။ပြင်းထန်တဲ့သွေးလွန်တုပ်ကွေးရဲ့ လက္ခဏာတွေကတော့ ပြင်းထန်စွာဗိုက်နာခြင်း၊ သွေးထွက်လွန်ခြင်း၊ အသက်ရှုခြင်းဆိုင်ရာပြသနာများ ဖြစ်တဲ့ အသက်ရှုခက်ခဲခြင်း၊ သတိလစ်ခြင်းတို့ဖြစ်ပါတယ်။တားဆီးကာကွယ်ခြင်း။သိပ္ပံ ပညာရှင်များကတော့ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးကို လုပ်ကြည့်နေကြဆဲဖြစ်ပါတယ်။ သင့်ကလေးတွေကို သွေးလွန်တုပ်ကွေးအန္တရာယ်ကနေ လျှော့ချဖို့အတွက်ကတော့ ခြင်ကိုက်ခြင်းကနေ နည်းနိုင်သမျှနည်းအောင် လျှော့ချဖို့ ကတော့အကောင်းဆုံးပါပဲ။ အောက်ပါ နည်းလမ်းတွေကတော့ ကာကွယ်လို့ရမယ့်နည်းလေးတွေဖြစ်ပါတယ်။ကုသမှုများ။သွေးလွန်တုပ်ကွေးရောဂါဆိုတာက ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်သောကြောင့်သင့်ကလေးကို ပိုးသတ်ဆေးပေးခြင်းက ပြသနာကို ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ ကျန်းမာရေးစောင့်ရှောက်တာတွေပေးတာအပြင် သင်က သင့်ကလေးနေမြန်မြန်ကောင်းနိုင်ဖို့အတွက်-။တစ်ချို့အခြေအနေတွေမှာတော့ နာကျင်မှုဒဏ်ကို မခံနိုင်ပါက ကလေးတွေကို အဖျားကျအောင် အနာသက်သာစေဖို့ အနာသက်သာဆေးလေးတွေပေးလို့ရပါတယ်။သို့သော်လည်း သွေးထွက်ခြင်းဖြစ်မှာစိုးလို့ aspirin ,ibuprofen အသုံးပြုမှုကိုတော့ တားမြစ်ထားပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%90%e1%80%b2%e1%80%b7%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%9c/
အသားအရေကို ပုံမှန်သန့်စင်ပေးဖြစ်ရဲ့လား
အလှအပဆိုတာ လူတိုင်း မငြင်းဆန်နိုင်တဲ့အရာပါ။ ဒီလိုလှပမှုကို Grade တင်ပေးနိုင်တဲ့အရာတစ်ခုရှိတယ်နော်။လေဒီလေးတော်တော်များများ ဒီအချက်ကို သိပြီးဖြစ်မှာပါ။ အသားလေးက ကြည်လင်နေရင် ဘယ်လိုလေးနေနေလှတယ်ဆိုတာကိုလေ။ မျက်နှာလေးသစ်ပြီး ဘာမှမလိမ်းရင်တောင် ကြည်လင်တဲ့အသားအရေလေးကြောင့် ချစ်စရာကောင်းတဲ့သွင်ပြင်ကို ပိုင်ဆိုင်နေဦးမှာ အသေအချာပါ။ကြည်လင်လှပတဲ့အသားအရေလေးနဲ့  ကြည့်လို့ကောင်းသူတစ်ယောက်ဖြစ်ချင်ရင်တော့ ဒီဆောင်းပါးလေးဖတ်ကြည့်လိုက်ပါ။အသားအရေကို ပုံမှန်သန့်စင်ပေးဖြစ်ရဲ့လား လို့ မေးရတာက အသားအရေကို ပုံမှန် သန့်စင်ပေးတာက အသားအရေကြည်လင်ချင်သူတိုင်း လိုက်နာရမယ့် အခြေခံ အချက်တစ်ခု ဖြစ်နေလို့ပါ။အသားအရေလှပမှုက ဆုတောင်းရုံနဲ့ပြည့်ဝသွားတဲ့အရာမဟုတ်ပါဘူး။ ကိုယ်တိုင်ဂရုစိုက်ရပါတယ်။ နေ့တိုင်းမှာ စိတ်ရှည်လက်ရှည်နဲ့ဂရုစိုက်ပေးနိုင်မှ အသားအရေကလည်း တစ်နေ့ထက်တစ်နေ့ လှလာမှာပါ။ အသားအရေကောင်းနေတာက ဆုတောင်းကောင်းခဲ့လို့မဟုတ်ပါဘူး။ သေချာဂရုစိုက်တတ်မှုကြောင့်ပါ။မြို့ပြရဲ့လေထုညစ်ညမ်းစေတဲ့အရာတွေကလည်းအသားအရေကို ထိခိုက်စေနိုင်တယ်နော်။ ပြင်ပကနေရောင်ခြည်၊ တိုက်ခတ်လာတဲ့လေ၊ ဖုန်မှုန့်အညစ်အကြေးတွေနဲ့ ထိတွေ့ရာကနေ အသားအရေမှာ နေလောင်တာ၊ ဝက်ခြံနဲ့ ဓာတ်မတည့်မှုတွေဖြစ်လာတတ်တယ်လေ။ ထိခိုက်လွယ်၊ တုံ့ပြန်လွယ် အသားအရေပိုင်ရှင်သာဆို ပိုထိခိုက်ရနိုင်တာပေါ့။အလုပ်သဘောလိုအပ်ချက်ကြောင့်ဖြစ်ဖြစ်၊ အမြင်တင့်တယ်စေဖို့ဖြစ်ဖြစ်မျက်နှာကိုလှလှလေး လိမ်းခြယ်တတ်တယ်ဆိုရင် အသားအရေကို တစ်နေ့တာကိစ္စတွေပြီးလို့ အိမ်ပြန်ရောက်ချိန်မှာ သေချာသန့်စင်ဖို့က မေ့ထားလို့မရပါဘူး။ အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှုရဲ့ အဓိကအရေးကြီးဆုံးအဆင့်က မျက်နှာသန့်စင်ဖို့ပါပဲ။ နေဒဏ်၊ လေဒဏ်၊ ညစ်ညမ်းမှုဒဏ်တွေနဲ့ မိတ်ကပ်၊ အလှကုန်တွေကို တစ်နေ့လုံး ထိတွေ့ထားရတာလေ။ အရည်အသွေးကောင်းတဲ့ မျက်နှာသန့်စင်ပစ္စည်းနဲ့ သေချာသန့်စင်လိုက်မှသာ ပင်ပန်းအားကုန်နေတဲ့ မျက်နှာ အသားအရေလေးက လန်းဆန်းသွားပြီး နောက်တစ်နေ့မှာ ကြည်လင်လှပနေပါလိမ့်မယ်။ညစ်ညမ်းမှုတွေချွေးပေါက်တွေနဲ့ မျက်နှာအရေပြားပေါ်မှာရှိနေမယ်။ ဒါကို မသန့်စင်ဘဲ အိပ်ရာဝင်မိမယ်ဆိုရင်တော့ အသားအရေက ထိခိုက်လာမှာ အထွေအထူးပြောနေစရာမလိုအောင်ပါ။ အသားအရေက ညဘက်မှာ အာဟာရကို စုပ်ယူပြီး အသစ်ပြန်လည်ပြုပြင်နိုင်စွမ်းအမြင့်ဆုံးပါ။ ဒီအချိန်မှာ အသားအရေကို သေချာလေးသန့်စင်ပေးမယ် လိုအပ်တဲ့အသားအရေထိန်းသိမ်းမှုလေး တွေလုပ်ထားပေးမယ်ဆိုရင် အသားအရေကလန်းဆန်း​ကြည်လင်လို့ ကြည့်လိုက်တိုင်းလှပနေမှာပါ။မျက်နှာကို သန့်စင်ရမယ်ဆိုလို့ အိမ်ရောက်တဲ့အခါ မျက်နှာကို ဆပ်ပြာနဲ့သစ်လိုက်တယ်လေ။ ဒါဆိုရပြီလားဆိုတော့ မရသေးပါဘူး။ ဒါဆိုမျက်နှာသစ်ဆပ်ပြာနဲ့သစ်ရမှာကို ပြောတာလားဆိုတော့။ မမှန်သေးပြန်ဘူးပဲပြောပါရစေနော်။ မျက်နှာကို သန့်စင်တဲ့အခါ ဆပ်ပြာနဲ့သန့်စင်ရုံ၊ မျက်နှာသစ်ဆပ်ပြာနဲ့သန့်စင်လိုက်ရုံနဲ့ အရေပြားအတွင်းပိုင်းထဲက အညစ်အကြေးတွေ သန့်စင်သွားလားဆိုတော့ မဟုတ်ဘူးလေ။အရေပြားအတွင်းပိုင်းနဲ့ ချွေးပေါက်ထဲက အညစ်အကြေးတွေကို အထိရောက်ဆုံးသန့်စင်နိုင်စေဖို့အတွက်Micellar Waterရှိပါတယ်။Micellar Water ဆိုတာက အဆီနဲ့အညစ်အကြေးတွေ၊ မိတ်ကပ်တွေကို သန့်စင်ပေးတဲ့ မော်လီကျူးလေးတွေ(micelles)နဲ့ပါဝင်တဲ့ မျက်နှာသန့်စင်ရည်ပါ။ သာမန်ကြည့်ရင်တော့ ရေလိုပဲဖြစ်နေပေမယ့် အလွန်သေးငယ်တဲ့ micelles လေးတွေက မော်လီကျူးလေးတွေဖြစ်ပြီး micellar water ဆိုတာကတော့ အဲဒီ micelles လေးတွေကို နူးညံ့တဲ့ရေထဲမှာ ထည့်ထားတာဖြစ်ပါတယ်။ မျက်စိနဲ့မမြင်ရတဲ့ အညစ်အကြေးတွေ ကိုပါ သန့်စင်ပေးနိုင်ပါတယ်။မျက်နှာသစ်ခြင်းကိုမှကြိုက်နှစ်သက်တဲ့ သူ​တွေအတွက်လည်း Double cleansing အ​နေနဲ့ Facial form ​တွေထပ်မံအသုံးပြုနိုင်ပါတယ်။ ဆပ်ပြာမပါ၀င်တဲ့ မျက်နှာသစ်အမျိုးစား​တွေ​ရွေးချယ်အသုံးပြုခြင်းဖြင့် အ​​ရေပြား​ခြောက်​သွေ့ခြင်းကို ကာကွယ်ပြီးသားဖြစ်ပါတယ်။မျက်နှာကိုသန့်စင်ပြီးရင်တော့ တိုနာလေးလိမ်းမယ်ပြီးရင် အစိုဓာတ်ထိန်းခရင်မ်လေး ဒါမှမဟုတ်ညလိမ်းခရင်မ်တစ်မျိုးမျိုးလူးပေးဖို့ပါ။ ဒီအဆင့်လေးတွေကို သေချာလုပ်ပေးမယ်ဆိုရင် အသားအရေကအညစ်အကြေးကင်းစင်ပြီး မနက်နိုးလာတဲ့အခါ ကြည်ကြည်လင်လင်နဲ့ လှပနေမှာပါ။ဒီနေရာမှာအကြံပေးချင်တာက အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေ ရွေးချယ်တဲ့အခါ အသားအရေကိုမထိခိုက်စေဖို့အတွက် အကောင်းဆုံးဦးစားပေးထားတဲ့ အမှတ်တံဆိပ်ကို ရွေးချယ်သင့်ပါတယ်။ ဥပမာ Micellar နည်းပညာမှာ ပထမဆုံးထုတ်လုပ်ခဲ့တဲ့Biodermaရဲ့ Sensibio H2O Micellar Water ကို အရင်ဆုံးရွေးကြည့်ရအောင်။ သူက မိတ်ကပ်တွေကို ရာနှုန်းပြည့်နီးပါးသန့်စင်ပေးနိုင်တယ်၊ မျက်စိနဲ့မမြင်နိုင်တဲ့ ဓာတ်ပစ္စည်းတွေနဲ့ ဖုန်အညစ်အကြေးတွေအထိ ဖယ်ရှားပေးနိုင်တဲ့ မျက်နှာသန့်စင်ရည်ပါ။ ဇီဝဗေဒနည်းအရ သန့်စင်ထားတဲ့ရေကို အသုံးပြုထားတာကလည်း သူ့ရဲ့ထူးခြားမှုထဲမှာပါဝင်ပါတယ်။ ဒါ့အပြင် –။ဂွမ်းစလေးပေါ်မှာ စွတ်ပြီးမျက်နှာတစ်ပြင်လုံး မျက်လုံး၊နှုတ်ခမ်းပါ မကျန်သန့်စင်ပေးလို့ရပါတယ်။ရေဓာတ်ပါဖြည့်ပေးနိုင်တာကြောင့် အသားအရေကစိုစိုအိအိလေးနဲ့ သန့်စင်လန်းဆန်းမှုကို အပြည့်အဝ ရရှိနိုင်မှာပါ။ ဓာတ်မတည့်ဖြစ်မှာလည်း ပူစရာမလိုသလို အရေပြားဆရာဝန်တွေဆီကနေ ထောက်ခံချက်ရထားတာဖြစ်လို့ အသားအရေအတွက် စိတ်ချလို့ရတဲ့ ကိုယ်ရံတော်လေးပေါ့။မျက်နှာသစ်ရမှစိတ်​ကျေနပ်မှုရမယ် ဆိုတဲ့သူ​တွေအတွက်လည်း Double cleansing အ​နေနဲ့BiodermaSensibio Gel Moussant ​လေးနဲ့ ထပ်မံအသုံးပြုနိုင်ပါတယ် ဆပ်ပြာမပါ၀င်တဲ့ Gel မျက်နှာသစ်အမျိုးစားဖြစ်လို့ မိမိဟာ ဆပ်ပြာနဲ့ ဓါတ်တည့်သူ၊ အသား​ရေ​ခြောက်​သွေတတ်သူ​တွေပါအသုံးပြုဖို့သင့်​တော်ပါတယ်။အညစ်အကြေးတွေ၊ နေ့စဉ်ထိတွေ့နေရတဲ့ ညစ်ညမ်းမှုတွေကြောင့် အသားအရေထိခိုက်မှု ကင်းချင်တယ်ဆိုရင် အသားအရေထိန်းသိမ်းမှုမှာ အရေးကြီးဆုံးဖြစ်တဲ့ သန့်စင်တဲ့အဆင့်ကို သေချာဂရုစိုက်ပေးလိုက်ရအောင်နော်။ အသားအရေကို အကောင်းဆုံး အားဖြည့်ပေးနိုင်တဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းလေးတွေနဲ့ပေါ့။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/do-you-clean-skin-regularly/
ကျောက်ကပ်ပြဿနာတွေ ကင်းစေဖို့ ဘာတွေစားရမလဲ
ကမ္ဘာတစ်ဝန်းမှာ ကျောက်ကပ်ရောဂါခံစားရတဲ့သူ (၁၀%)လောက် ရှိနေပါတယ်။ ကျောက်ကပ်က သေးတယ်ဆိုပေမယ့် သူထမ်းဆောင်ရတဲ့ လုပ်ငန်းဆောင်တာတွေကတော့ များပါတယ်။ အဆိပ်အတောက်တွေ စစ်ထုတ်ပေးခြင်း၊ ဟော်မုန်းများ ထုတ်ပေးခြင်း၊ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အရည် ပမာဏတွေကို ထိန်းညှိပေးရခြင်း၊ ဆီးစစ်ထုတ်ပေးရခြင်း စတဲ့တာဝန်တွေ လုပ်ဆောင်ပါတယ်။ ဆီးချိုရှိခြင်းနဲ့ သွေးဖိအားများခြင်းတွေဟာ ကျောက်ကပ်ပျက်စီး ထိခိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်းတွေကြောင့်လည်း ကျောက်ကပ်ပျက်စီးနိုင်ပါတယ်။ သွေးဖိအား အတက်အကျနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းမထားဘူးဆိုရင်တော့ ကျောက်ကပ်ထဲမှာ သွေးကြောပျက်စီးခြင်းတွေဖြစ်ပြီး အမြင်အာရုံနဲ့ဆိုင်တဲ့ လုပ်ငန်းဆောင်တာ စွမ်းဆောင်ရည်ကို လျှော့ကျစေပါတယ်။ကျောက်ကပ်က ပုံမှန်အလုပ်မလုပ်ဘူးဆိုရင် စွန့်ပစ်ပစ္စည်းတွေ သွေးထဲမှာ ကျန်ရှိနေတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ပြဿနာတွေ ကင်းဝေးနေစေဖို့အတွက် စားသုံးပေးရမယ့် အစားအစာတွေ ရှိပါတယ်။ပန်းဂေါ်ဖီမှာ အာဟာရဓာတ်တွေ များစွာ ပါဝင်ပါတယ်။ အဲဒါတွေကတော့ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ဘီနဲ့ ဖောလိတ်တို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ပန်းဂေါ်ဖီမှာ အမျှင်ဓာတ်တွေလည်း အများကြီး ပါဝင်ပါသေးတယ်။ ဒီအာဟာရဓာတ်တွေဟာ ကျောက်ကပ်ကို ကာကွယ်ပေးပြီး ရောဂါမဖြစ်အောင် တားဆီးပေးပါတယ်။ ပန်းဂေါ်ဖီမှာ ဆိုဒီယမ်နည်းနည်းပဲ ပါဝင်တာကြောင့် ကျောက်ကပ်ကျန်းမာရေးအတွက် အဆင်ပြေပါတယ်။ဘယ်ရီသီးမှာ အာဟာရတွေများစွာ ပါဝင်ပြီး အဓိကကတော့ ဓာတ်တိုးဆန့်ကျင်မှုတွေ များများ ပါဝင်တာပါ။ ဘယ်ရီသီးမှာ နှလုံးရောဂါ၊ ကင်ဆာတချို့နဲ့ကျောက်ကပ်ရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့ anthocyanins လိုမျိုး ဓာတ်တိုးဆန့်ကျင်မှုတွေ အများကြီးပါဝင်ပါတယ်။ ဒီအစားအစာက ကျောက်ကပ်အတွက် အထူးကောင်းမွန်တဲ့ အစားအစာပါပဲ။ကြက်ဥအနှစ်မှာ အာဟာရဓာတ်များစွာ ပါဝင်တဲ့အပြင် ဖော့စဖော့ရပ်လည်း များများ ပါဝင်ပါတယ်။ တကယ်တော့ ကျောက်ကပ်သမားတွေဟာ ဖော့စဖော့ရပ် ပမာဏကို လျှော့စားပေးဖို့ လိုပါတယ်။ ဒါကြောင့် အနှစ်ထက် အကာကို ပိုစားသင့်ပါတယ်။ ကြက်ဥအကာဟာ ကျောက်ကပ်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်ကိုပေးစွမ်းနိုင်ပါတယ်။ကျောက်ကပ်ပြဿနာတွေ ကင်းဖို့ဆိုရင်တော့ ဆိုဒီယမ် ပမာဏ(ဆား)ကို လျှော့စားရပါမယ်။ ကြက်သွန်ဖြူဟာ ဆားအရသာကို ပေးနိုင်ပြီး ဆိုဒီယမ်တော့ နည်းပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူမှာ ဗီတာမင်စီလည်း ပါဝင်သေးတာမို့ ကျောက်ကပ်ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ကျောက်ကပ်ကျန်းမာရေး ကောင်းမွန်စေချင်တယ်ဆိုရင်တော့ ဆိုဒီယမ်နည်းတဲ့ အစားအစာတွေကို စားပေးရပါမယ်။ omega 3 fatty acid ပါဝင်တဲ့ ငါးတွေမှာ ဆိုဒီယမ် ပါဝင်မှု နည်းပါတယ်။ နှလုံးရောဂါကို တိုက်ထုတ်နိုင်တဲ့အပြင် မကောင်းတဲ့ ကိုလက်စထရောကိုပါ ကျဆင်းစေတာကြောင့် ကျောက်ကပ်ထိခိုက်မှုတွေ မဖြစ်စေပါဘူး။ ဒါကြောင့် ငါးများများ စားပေးပါ။ကျောက်ကပ်ပြဿနာရှိတဲ့သူတွေဟာ ရေများများသောက်ပေးဖို့လိုတယ်ဆိုတာ လူတိုင်းသိထားပြီးသားဖြစ်မှာပါ။ သန့်ရှင်းတဲ့ရေဟာ ကျောက်ကပ်ရဲ့ အဆိပ်အတောက်တွေကို ချေဖျက်ပေးနိုင်ပြီး အကြွင်းအကျန်မရှိ စစ်ထုတ်ပေးနိုင်ပါတယ်။ဆိုဒီယမ်ကို အဓိကတွေ့ရတာကတော့ ဆားပါ။ ပျက်စီးနေတဲ့ကျောက်ကပ်ဟာ ပိုလျံနေတဲ့ ဆိုဒီယမ် ပမာဏကို မစစ်ထုတ်နိုင်ပါဘူး။ ဒီလိုဆိုရင် သွေးထဲမှာ ဆိုဒီယမ်တွေ များလာပြီး ကျန်းမာရေးမကောင်းတာတွေ ကြုံရနိုင်ပါတယ်။ တစ်နေ့ကို ဆိုဒီယမ် ပမာဏ (၂၀၀၀) မီလီဂရမ်ထက် ပိုပြီးမစားသင့်ပါဘူး။သွေးဖိအားမြင့်တက်တာက ကျောက်ကပ်ပျက်စီးမှုကို ဦးတည်စေပါတယ်။ ပိုတက်စီယမ်များတဲ့ အစားအစာတွေကို အလွန်အကျွံစားမယ်ဆိုရင်တော့ ကျောက်ကပ်ထိနိုင်ပါတယ်။အစားအစာတော်တော်များများမှာ သတ္တုဓာတ်တစ်မျိုးအဖြစ်ပါဝင်တဲ့ ဖော့စဖော့ရပ်တွေ ပိုလျံနေမယ်ဆိုရင်ကျောက်ကပ်က မစစ်ထုတ်နိုင်ပါဘူး။ ဒီလို များပြားတဲ့ပမာဏဟာ ခန္ဓာကိုယ် ကျန်းမာရေးကောင်းမွန်နေမှုကို ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်ကျောက်ကပ်ကောင်းမွန်စေချင်တယ်ဆိုရင် ဆိုဒီယမ်၊ ဖော့စဖော့ရပ်၊ ပိုတက်စီယမ် များတဲ့ အစားအစာတွေကို ရှောင်ဖို့လိုအပ်ပြီး အပေါ်မှာဖော်ပြခဲ့တဲ့ အစားအစာလေးတွေ စားပေးပါနော်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%80%80%e1%80%95%e1%80%b9%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%bc%e1%80%94%e1%80%b9%e1%80%b1%e1%80%94%e1%80%96/
ကစီဓါတ်နဲ့ အမျှင်ဓါတ်အကြောင်း သင်သိပါသလား
ကစီဓါတ်နဲ့ အမျှင်ဓါတ်ဆိုတာ လူတိုင်းကြားဖူးနေကြ အာဟာရဓါတ်တွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီဓါတ်တွေက လူခန္ဓါကိုယ်အပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိသလဲဆိုတာကိုတော့ လူအနည်းငယ်သာ မှန်မှန်ကန်ကန်သိကြပါတယ်။ကစီဓါတ်ဆိုတာ သကြားဓါတ်တစ်မျိုး၊ နှစ်မျိုး ဒါမှမဟုတ် မြောက်များစွာပါဝင်တဲ့ အစာအုပ်စုပါ။ ရိုးရှင်းတဲ့သကြားဓါတ်နဲ့ ကာဗွန်ဟိုက်ဒြိတ် ပါဝင်ပါတယ်။ သကြားဓါတ်တစ်မျိုးတည်းပါရင် ချိုတဲ့အရသာရှိပြီး ကာဗွန်ဟိုက်ဒြိတ်အရောကတော့ ကစီဓါတ်အရသာရှိပါတယ်။နို့၊ အသီးဖျော်ရည်၊ ပျားရည်၊ အိမ်သုံးသကြား ဒါမှမဟုတ် သစ်သီးတွေကနေ ရိုးရိုးသကြားဓါတ်ရရှိနိုင်ပြီး ကာဗွန်ဟိုက်ဒြိတ်အရောကိုတော့ ပြောင်း၊နှံ နဲ့ ကစီဓါတ်ကြွယ်ဝတဲ့ အသီးအရွက်တွေကနေ ရနိုင်ပါတယ်။လူတွေအစားစားပြီးတာနဲ့၊ ချေဖျက်နိုင်တဲ့ ရိုးရိုးသကြားတွေက ဂလူးကိုစ့်အဖြစ် ပြောင်းလဲသွားပြီး သွေးတွင်းအချိုဓါတ်ကို မြင့်တက်စေပါတယ်။ အလားတူပဲ အင်ဆူလင်လု့ိခေါ်တဲ့ ဟိုမုန်းတစ်မျိုးထွက်လာပြီး ဒီသကြားဓါတ်ဘယ်လောက်ကို သိမ်းထားမယ် ဘယ်လောက်ကို နေ့စဉ်လှုပ်ရှားမှုတွေအတွက် အသုံးပြုမယ်ဆိုပြီး ဆုံးဖြတ်ပါတယ်။အသုံးပြုပြီး ပိုနေတဲ့ ဂလူးကိုစ့်တွေကတော့ ကလိုက်ကိုဂျင်အဖြစ်နဲ့ အသည်း၊ ကြွက်သားတွေမှ သိလှောင်ထားပါတယ်။ ပိုနေတာများလာရင်တော ဒါတွေက အဆီဖြစ်လာပါတယ်။ဒါကြောင့် သကြားနဲ့ ကစီဓါတ်စားတာများရင် ကိုယ်အလေးချိန်တိုးလာတာဖြစ်ပါတယ်။ သကြားဓါတ်က အမျိုးသားအတွက် ၂၅ ဂရမ်နဲ့ အမျိုးသမီးအတွက် ၃၈ ဂရမ်သာ လိုပါတယ်။အမျှင်ဓါတ်ဆိုတာက ကာဗိုဟိုက်ဒြိတ် ဒြပ်ပေါင်းတစ်မျိုးဖြစ်ပြီး လူ့ခန္ဓါကိုယ်က အဲဒီကာဗိုဟိုဒြိတ်ကို ဘယ်အင်ဇိုင်းနဲ့မှ မချေဖျက်နိုင်ပါဘူး။ရေမှာ ပျော်ဝင်တဲ့ အမျှင်ဓါတ်နဲ့ ရေမှာ မပျော်ဝင်တဲ့ အမျှင်ဓါတ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ရေမှာ မပျော်ဝင်တဲ့ အမျှင်ဓါတ်တွေကို ကောက်ပဲသီးနှံများ၊ ပဲခြောက်များ၊ ဆန်လုံးညို၊ သစ်သီးအခွံနဲ့ အစေ့များ၊ ဟင်းသီးဟင်းရွက်များမှ ရရှိပါတယ်။ ရေမှာပျော်ဝင်တဲ့ အမျှင်ဓါတ်တွေကိုတော့ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ပဲသီး ပဲခြောက်များနှင့် မြင်းစားဂျုံ (oats) တို့မှ ရရှိပါတယ်။အမျှင်ဓါတ် နှစ်မျိုးလုံးက ခန္ဓါကိုယ်အတွက် ကောင်းကျိုး တစ်မျိုးစီ ပေးပါတယ်။ ရေမှာ မပျော်တဲ့ အမျှင်ဓါတ်က ဝမ်းချုပ်ခြင်းကို သက်သာစေပြီး အူကျွံနိုင်တဲ့ အန္တရာယ်ကိုလည်း လျော့ကျစေပါတယ်။ရေမှာ ပျော်ဝင်တဲ့ အမျှင်ဓါတ်ကလည်း ဝမ်းသွားတဲ့အခါ လွယ်ကူစေပြီး သွေးတွင်း ကိုလက်စထရောနဲ့ သကြားဓါတ်တွေကို လျှော့ချပေးပါတယ်။တစ်နေ့ကို ၁၀၀၀ ကယ်လိုရီလောက် စားတိုင်း အမျှင်ဓါတ် ၁၄ ဂရမ် အနည်းဆုံး စားသင့်ပါတယ်။ တနည်းပြောရရင် တစ်နေ့ကို အမျိုးသားများအတွက် ၃၈ ဂရမ်၊ အမျိုးသမီးများအတွက် ၂၅ ဂရမ် စားသင့်ပါတယ်။ စားတဲ့အထဲမှာ ရေမှာပျော်ဝင်စေတဲ့ အမျှင်ဓါတ် ၅ – ၁၀ ဂရမ် အနည်းဆုံး ပါဝင်စေသင့်ပါတယ်။ကျန်းမာရေးအတွက် ကာဗွန်ဟိုက်ဒြိတ်နဲ့ အမျှင်ဓါတ်တွေအကြောင်း နားလည်ထားဖို့ လိုပါတယ်။ ဒီထက်ပိုပြောရရင်တော့ ကျန်းမာတဲ့ စားသောက်နေထိုင်မှုစနစ်တစ်ခုက သင့်ကို သင်မသောက်ချင်တဲ့ ဆေးတွေနဲ့ ဝေးဝေးနေစေနိုင်မှာလည်း ဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%80%e1%80%85%e1%80%ae%e1%80%93%e1%80%ab%e1%80%90%e1%80%ba%e1%80%94%e1%80%b2%e1%80%b7-%e1%80%a1%e1%80%99%e1%80%bb%e1%80%be%e1%80%84%e1%80%ba%e1%80%93%e1%80%ab%e1%80%90%e1%80%ba%e1%80%a1%e1%80%b1/
null
null
allergies
allergies
https://hellosayarwon.com/allergies/other-allergies/seasonal-allergies-%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%99%e1%80%90%e1%80%8a%e1%80%b7%e1%80%ba/
ဆီးမထိန်းနိုင်ခြင်း
ဆီးမထိန်းနိုင်ခြင်း ဆိုသည်မှာ လူတစ်ဦးသည် မိမိ ဆီးလမ်းကြောင်းမှ ဆီးထွက်ကျနေသည်ကို မသိခြင်း၊ ဆီးသွားချင် စိတ်မဖြစ်နေဘဲ ဆီးထွက်ကျခြင်းကို ခေါ်ပါသည်။ ဤကဲ့သို့ ဖြစ်ရခြင်းမှာ ဆီးသွားခြင်းကို ထိန်းချုပ်ပေးသော ရှုံ့ကြွက်သား အားနည်းခြင်း သို့မဟုတ် အလုပ်မလုပ်ခြင်းကြောင့် ဖြစ်ပါသည်။ ယင်းဆီးမထိန်းနိုင်သော ပြဿနာသည် လူအများ သတိပြုမိသည်ထက် ပိုသောပြဿနာ တစ်ရပ်ပင် ဖြစ်ပါသည်။အဓိက ရောဂါလက္ခဏာမှာ စိတ်ထိန်းချုပ်မှု မပါဘဲ ဆီးသွားနေခြင်း ဖြစ်ပါသည်။ ထိုသို့ ဆီးမထိန်းနိုင်ခြင်းကို အောက်ပါ အတိုင်း ခွဲခြားနိုင်ပါသည်။ဖိအားများကြောင့် ဆီးမထိန်းနိုင်ခြင်း။အတွေ့ရ အများဆုံး ပုံစံဖြစ်ပြီး အများအားဖြင့် ကလေးမွေးပြီး အမျိုးသမီးများနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အတွေ့ရများပါသည်။ ဖိအားဟုဆိုရာတွင် စိတ်ဖိစီးမှုကြောင့် ဖြစ်ရခြင်းထက် ဆီးအိမ်နှင့် ဆီးစွန်မှုကို ထိန်းချုပ်သော ကြွက်သားများကို ဖိအားသက်ရောက်စေသော အောက်ပါ အကြောင်းရင်းများကြောင့် ဖြစ်ရလေ့ ရှိပါသည်။အာရုံကြော ထိန်းချုပ်မှု လွန်ကဲခြင်းကြောင့် ဆီးမထိန်းနိုင်ခြင်း။ဒုတိယ အဖြစ်အများဆုံး ပုံစံဖြစ်ပါသည်။ အခြေအနေ တစ်ခုခုမှ လှုံ့ဆော်မှု ဖြစ်လာသောအခါ (ဆီးသွားရန် အဆင်မပြေသော အခြေအနေတွင်) ဆီးထွက်ကျပြီး ဆီးရပ်သွားရန် ထိန်းချုပ်၍ မရသော ဆီးမထိန်းနိုင်သော ရောဂါဖြစ်ပါသည်။ ဆီးသွားချင်စိတ် ဖြစ်ပေါ်လာသည်နှင့် ဆီးသွားနေခြင်းကို လုံး၀ ထိန်းချုပ်နိုင်မည် မဟုတ်ဘဲ တောက်လျောက် သွားနေမည်ဖြစ်ပါသည်။ လှုံ့ဆော်သော အခြေအနေများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။လျှံထွက်ခြင်းကြောင့် ဆီးမထိန်းနိုင်ခြင်း။ဆီးကျိတ်ရောဂါ ရှိနေသော အမျိုးသားများ၊ ဆီးအိမ်ထိခိုက် ဒဏ်ရာရဖူးသူများနှင့် ဆီးစွန့်ပြွန် ပိတ်ဆို့နေသူများတွင် တွေ့ရှိရတတ်သော ဆီးမထိန်းနိုင်ခြင်း အမျိုးအစား ဖြစ်ပါသည်။ ဆီးကျိတ်ကြီးနေသော အမျိုးသားများ တွင်လည်း ဆီးအိမ်ဝတွင် ပိတ်ထားသောကြောင့်လည်း ဖြစ်တတ်ပါသည်။ကိုယ်ခန္ဓာ အတွင်းမှ ထုတ်သောဆီးများကို ဆီးအိမ်မှ မထိန်းထား နိုင်ခြင်း၊ ဆီးအိမ်အတွင်း ဆီးများအားလုံး ကုန်စင်အောင် မစွန့်ထုတ် နိုင်ခြင်းများကြောင့် ဆီးမထိန်းနိုင်ခြင်း/ ဆီးမအောင့်နိုင်ခြင်း ဖြစ်ပါသည်။ ဤဆီးမထိန်းနိုင်ခြင်း အမျိုးအစားတွင်မူ ဆီးခဏခဏ သွားချင်သော ပြဿနာရှိတတ်ပြီး အချို့လူနာများတွင်မူ တစ်ချိန်လုံး ဆီးတစ်စက်စက် ထွက်နေသော ပြဿနာပါ တွဲဖြစ်နေတတ်ပါသည်။အရောပုံစံ။ဤအမျိုးအစားတွင်မူ ဖိအားများကြောင့် ဆီးမထိန်းနိုင်ခြင်းနှင့် အာရုံကြော ထိန်းချုပ်မှု လွန်ကဲခြင်းကြောင့် ဆီးမထိန်းနိုင်ခြင်း နှစ်မျိုးလုံး တစ်ပြိုင်တည်း ဖြစ်နေခြင်း ဖြစ်ပါသည်။ဆီးလွှတ်စောသော ဆီးမထိန်းနိုင်ခြင်း။လူနာသည် ဆီးသွားချင်လာလျှင် အိမ်သာသို့ မရောက်မီ ဆီးထွက်ကျခြင်း သို့မဟုတ် နေရာတွင်ပင် ဆီးထွက်ကျခြင်း ဖြစ်ပါသည်။ အဓိက ဖြစ်စေသော အကြောင်းများမှာ။ဤအမျိုးအစားသည် အသက်ကြီးသူများတွင် အဖြစ်များသဖြင့် လူအိုရုံများတွင် အဓိက တွေ့ရသော ပြဿနာဖြစ်ပါသည်။လုံးဝဆီးမထိန်းနိုင်ခြင်း။တစ်ချိန်လုံး ဆီးစိမ့်ထွက်နေခြင်း သို့မဟုတ် အချိန်ခြားပြီး (ထိန်းချုပ်မဲ့စွာ) ဆီးပမာဏများစွာ သွားနေခြင်း ဖြစ်ပါသည်။ မွေးရာပါ ဆီးလမ်းကြောင်းစနစ် ပုံမမှန်သော ပြဿနာ၊ ခါးရိုးမကြီး သို့မဟုတ် ဆီးလမ်းကြောင်း ထိခိုက်မိထားသူများ၊ (အမျိုးသမီးများတွင်) ဆီးအိမ်နှင့် မွေးလမ်းကြောင်း အပေါက်ဖြစ်ပြီး ဆက်နေသူများတွင် တွေ့ရတတ်ပါသည်။အောက်ဖော်ပြပါ အကြောင်းအရာများသည် ဆီးမထိန်းနိုင်ခြင်းနှင့် ဆက်စပ်နေပါသည်။အဝလွန်ခြင်း။အဝလွန်သူများတွင် ဆီးအိမ်ပေါ်သို့ ဖိအားသက်ရောက်မှုများခြင်းနှင့် ကြွက်သားများ အားနည်းခြင်းတို့ကြောင့် နှာချေခြင်းနှင့် ချောင်းဆိုးခြင်းများတွင် ဆီးမထိန်းနိုင်ခြင်း ဖြစ်တတ်ပါသည်။ဆေးလိပ်သောက်ခြင်း။ပုံမှန် ဆေးလိပ်သောက်တတ်သူ များတွင် နာတာရှည် ချောင်းဆိုးရောဂါ ဖြစ်တတ်သဖြင့် ဆီးမထိန်းနိုင်ခြင်း ဖြစ်တတ်ပါသည်။လိင်။အမျိုးသမီးများ (အထူးသဖြင့် ကလေးရိုးရိုး မွေးထားသူများ) သည် အမျိုးသားများနှင့် ယှဉ်ပါက ဖိအားကြောင့် ဆီးမထိန်းနိုင်ခြင်း ပိုဖြစ်တတ်ပါသည်။အသက်ကြီးခြင်း။အသက်ကြီးသူများတွင် ကြွက်သားများ အားနည်းခြင်းကြောင့် ဆီးမထိန်းနိုင် ဖြစ်တတ်ပါသည်။အချို့သော ရောဂါအခြေအနေများ။ဆီးချိုလူနာများ၊ ကျောက်ကပ် ရောဂါသည်များ၊ ကျောရိုးမ အာရုံကြော ထိခိုက်ထားသူများ၊ ဦးနှောက်အာရုံကြောဆိုင်ရာ လူနာများ (ဥပမာ။ လေဖြတ်ပြီးနောက် အာရုံကြော အလုပ်မလုပ်သူများ) တွင်လည်း ဆီးမထိန်းနိုင်ခြင်း ဖြစ်နိုင်ပါသည်။ဆီးကျိတ်ရောဂါ။ဆီးကျိတ်ခွဲစိတ်ထားသူများ၊ ဓာတ်ကင်ထားသူများ တွင်လည်း ဖြစ်နိုင်ပါသည်။ဆီးမထိန်းနိုင်ခြင်း အမျိုးအစားအလိုက် ဖြစ်တတ်သော အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ဖိအားကြောင့် ဆီးမထိန်းနိုင်ခြင်း။အာရုံကြော ထိန်းချုပ်မှု လွန်ကဲခြင်းကြောင့် ဆီးမထိန်းနိုင်ခြင်း။ဆီးလွှတ်စောသော ဆီးမထိန်းနိုင်ခြင်း။ဆီးလမ်းကြောင်း ပိတ်ဆို့ခြင်းကို ဖြစ်စေသော အောက်ပါ အကြောင်းရင်းများ။လုံဝဆီးမထိန်းနိုင်ခြင်း။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/urinary-incontinence/urinary-incontinence-2/
သင့်အတွက် အလက်ဂျစ် ဖြစ်နိုင်သော အံ့သြစရာ ၉ မျိုး
ထူးဆန်းနေပုံရသော်လည်း အောက်ပါ ၉ မျိုးသည် တစ်စုံတစ်ယောက်အတွက် အလက်ဂျစ် ဖြစ်စေသည့် တကယ့် အကြောင်းရင်းများပင် ဖြစ်သည်။၁။ တွားသွားသတ္တဝါများ။ခွေးများ၊ ကြောင်များ သို့မဟုတ် တခြားသော အမွှေးပွသည့် တိရိစ္ဆာန်များကြောင့် အလက်ဂျစ် ဖြစ်တတ်ကြောင်းမှာ ထူးဆန်းသည် မဟုတ်ပါ။ သို့သော် အလက်ဂျစ် ဖြစ်ရခြင်း၏ နောက်ကွယ်၌ တွားသွားသတ္တဝါများလည်း ပါနေပါသည်။ သင်၏ ကိုယ်ခံအားစနစ်သည် တွားသွားသတ္တဝါများ၏ အရေပြားတွင်ပါသော နည်းပါးသည့် ပရိုတင်းကိုပင် ဆိုးဝါးကြောင်းကို ခံစားမိနိုင်သည်။ ထို့ကြောင့် ထိမိပြီဆိုပါက မျက်လုံး ယားယံခြင်း၊ နှာစေးခြင်း သို့မဟုတ် ပန်းနာရင်ကျပ် ကဲ့သို့သော အလက်ဂျစ် လက္ခဏာများ ဖြစ်လာစေနိုင်သည်။၂။ လေ့ကျင့်ခန်းလုပ်ခြင်း။လေ့ကျင့်ခန်းကြောင့်ဖြစ်သည့် ဓါတ်မတည့် ဖြစ်စဉ်နှင့် လေ့ကျင့်ခန်းကြောင်း ပန်းနာရင်ကျပ်ကို ခွဲခြားရန် ခက်နိုင်သည်။ သို့သော် လေ့ကျင့်ခန်းကြောင့် ဖြစ်သည့် ဓါတ်မတည့်မှု ဖြစ်စဉ်သည် အလက်ဂျစ် ထခြင်းတစ်မျိုး ဖြစ်ပြီး လေ့ကျင့်ခန်း မလုပ်ခင် သင်စားလိုက်သည့် အစာကြောင့် ဖြစ်နိုင်သည်။ အစာကြောင့်ချည်း သက်သက် အလက်ဂျစ် ဖြစ်တတ်သော လူများနှင့်စာလျှင် လေ့ကျင့်ခန်း လုပ်ခြင်းကြောင့် ဓါတ်မတည့်မှု ဖြစ်တတ်သော သူများတွင် လေ့ကျင့်ခန်း မလုပ်ခင်အထိ ဘာလက္ခဏာမှ မပြတတ်ပါ။ လေ့ကျင့်ခန်း စလုပ်သည်နှင့် အရေပြားနှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ လက္ခဏာများသည် ဘယ်ကနေမှန်းမသိ ပေါ်လာတတ်သည်။ ဤကဲ့သို့သော အခြေအနေမျိုးကို ပုံမှန်အားဖြင့် ပင်လယ်စာ၊ တရုတ်နံနံကြီးနှင့် ချိစ်တို့ကြောင့် ဖြစ်တတ်ပါသည်။ ထို့ကြောင့် သင်စားမည့်အရာကို သေချာဂရုစိုက်ပါ။၃။ ပန်ကိတ်။အားလပ်ရက်များတွင် လုပ်စားတတ်သည့် ပန်ကိတ်ကို ပန်ကိတ်လုပ်သည့် အစာပလာ တစ်ခုခုမှ မတည့်တာ ပါလာမှသာလျှင် မစားဘဲနေပါ။ ဘယ်လိုပဲဖြစ်ပါစေ ပန်ကိတ်ကိုယ်တိုင်ကတော့ အလက်ဂျစ် မဖြစ်စေပါ။ “ပန်ကိတ်ရောဂါ (Pancake Syndrome)” ဟုခေါ်သည့် ဖြစ်စဉ်သည် ပန်ကိတ် အသင့်လုပ် အမှုန့်များနှင့်။တခြားပါဝင်ပစ္စည်းများ ထည့်ထားသည့် သေတ္တာများတွင် ရှိတတ်သော ဖုန်မှုန့်များကြောင့် ဖြစ်တတ်ခြင်း ဖြစ်ပါသည်။၄။ ကွန်ဒုံးများ။ရာဘာ (Latex) ကို အလက်ဂျစ် ဖြစ်တတ်သူများ ကွန်ဒုံးကို သတိထားပါ။ ကွန်ဒုံးအား Latex များနှင့် ပြုလုပ်ထားခြင်း ဖြစ်သည်။၅။ ချွေး။ပူနွေးစွတ်စိုသည့် အခြေအနေသည် သင့်ကို ချွေးအတော် ထွက်စေနိုင်ပြီး သင်သည်လည်း သင့်ချွေးကြောင့် အလက်ဂျစ် ဖြစ်နိုင်ပါသည်။ ထိုအလက်ဂျစ်မျိုးအား cholinergic urticaria ဟု ခေါ်ပြီး ဘယ်ကမှန်းမသိ ပေါ်လာတတ်တာမျိုး ဖြစ်သည်။ လက္ခဏာများသည် အဖုသေးလေးများ ထခြင်းကနေ သိသာစွာ ယားယံခြင်းအထိ ဖြစ်နိုင်သော်လည်း ၎င်းတို့သည် သင်ချွေးတိတ်ပြီး အေးသွားသည်နှင့် အမြန်ပျောက်သွားပါလိမ့်မည်။၆။ သိုးမွှေးချည်။သိုးမွှေးသည် သူ့သဘာဝအရကို ယားယံစေနိုင်သည်။ ဘယ်လိုပင် ဖြစ်ပါစေ၊ သိုးမွှေးချည် ထုတ်ပေးသည့် သိုးများမှ ထုတ်သော ဖယောင်းသည်လည်း သိုးမွှေးချည် အလက်ဂျစ် ရှိသူများအတွက် အလက်ဂျစ် ရှိနေနိုင်ပါသည်။၇။ လက်ဝတ်ရတနာ။လက်ဝတ်ရတနာများကို ချစ်တတ်သည့် လူများအကြားတွင် ဖြစ်တတ်သော အလက်ဂျစ်သည် အရေပြား အလက်ဂျီပင် ဖြစ်ပြီး ဈေးပေါသည့်ပစ္စည်းများမှ ဖြစ်ခြင်းပင်ဖြစ်သည်။ အရည်အသွေး နိမ့်သော လက်ဝတ် ရတနာများတွင် နီကယ်ပါတတ်ပြီး ဝတ်ဆင်လိုက်ပါက အရေပြားကို ယားပြီး နီလာစေတတ်ပါသည်။၈။ အရက်။အရက်တွင် ဆာလ်ဖိုက်များ ပါတတ်ပြီး ၎င်းသည် ပန်းနာရင်ကျပ် ရှိသူများတွင် ရောဂါထအောင် လှုံ့ဆော်နိုင်သည်။ ပန်နားရင်ကျပ် လက္ခဏာများဖြစ်သော နှာရည်ကျခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ တရွှီးရွှီး မြည်ခြင်းတို့သည် အရက်ပါသော အရည်များကို သောက်ပြီးပြီးချင်း ပေါ်လာတတ်၏။၉။ ဝတ်မှုန်ကူးထားသည့် အသီးများ။ဝတ်မှုန်ကူးထားသည့် အသီးများအား တစ်ကိုက်လောက် ကိုက်မိလျှင် ပါးစပ် သို့မဟုတ် နှုတ်ခမ်းတွင် ယားယံလာပါက အလက်ဂျစ် ဖြစ်တတ်သည့် သင့်အတွက် ထိုအသီးများကိုသာ အပြစ်တင်လိုက်ပါ။ ထို့အတူ သစ်ပင်မှ ဝတ်မှုန်များအား အလက်ဂျစ် ရှိသူများသည်လည်း ထိုဝတ်မှုန်ကူးထားသည့် သစ်သီး အလက်ဂျီနှင့် တူညီသော အလက်ဂျီမျိုး ရှိမည်ဖြစ်သည်။သင့်၌ အလက်ဂျီ ရှိတတ်ပါက သင်ထိတွေ့နေရသည်များကို ဂရုပြုပါ။ အကယ်၍ အလက်ဂျီ တအားဆိုးလျှင် သို့မဟုတ် အလက်ဂျီကို ဖြစ်စေသည့် အကြောင်းရင်းကို ရှာမရလျှင် ဆရာဝန်ဆီမှ ဆေးပညာ အကူအညီနှင့် အကြံဉာဏ်များ ရယူပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/other-allergies/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%a1%e1%80%9c%e1%80%80%e1%80%b9%e1%80%82%e1%80%ba%e1%80%85%e1%80%b9-%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%82%8f/
ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်လေးတွေ ပိုင်ဆိုင်နိုင်စေဖို့
ယောက်ျားတို့ဘုန်း လက်ရုံး။ မိန်းမတို့ဘုန်း ဆံထုံး ဆိုတဲ့စကားကြားဖူးကြမှာပါ။ ပိတုန်းရောင်ဆံသားလေးတွေက လေဒီလေးတွေကို စွဲဆောင်မှုတိုးစေမယ့်အလှအပလျှို့ဝှက်ချက်တစ်ရပ်ပါ။ ဆံပင်က ဒုတိယမျက်နှာဆိုတော့ ဆံသားလှပဖို့က မဖြစ်မနေ လိုအပ်ပြီပေါ့။ ဆံသား လှပဖို့ဆိုတာကလည်း ဒီအတိုင်းဖြစ်လာမယ့်အရာမဟုတ်တော့ သေချာလေးဂရုစိုက်ပေးဖို့တော့ လိုတာပေါ့။ ဘယ်လိုများ ဂရုစိုက်ရမှာလဲခေါင်းလျှော်တယ်။ အဆီတစ်ခုခုလူးပေးတယ်ဆိုရင် လုံလောက်ပြီမဟုတ်လားဆိုရင်တော့ ဒီဆောင်ပါးလေးကို ဖတ်ကြည့်နေဖို့ လိုပြီလို့ပြောပါရစေနော်။ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်လေးတွေ ပိုင်ဆိုင်စေဖို့ဆိုရင် ဒီအချက်လေးတွေကို ပုံမှန်လုပ်ဆောင်ပေးဖို့လိုပါမယ်။ဆံပင်ကို နေ့စဉ်ဖြီးပေးတာက ဆံသားကျန်းမာစေပြီးဦးရေပြားကို သွေးလည်ပတ်မှု ကောင်းစေပါတယ်။ ခေါင်းလျှော်ပြီးစ ဆံပင်မခြောက်ခင်မှာ ခေါင်းဖြီးတာက ဆံသားတွေကို ပြတ်စေပြီး ဆံသားကျန်းမာသန်စွမ်းမှုကိုအားနည်းစေပါတယ်။ ခေါင်းမလျှော်ခင် နာရွဝက်လောက်မှာ ဦးရေပြားကိုရော ဆံသားကိုပါ သဘာဝအဆီတွေဖြစ်တဲ့ သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီလူးပေးပြီး နှိပ်နယ်ပေးပါ။ ဒီလိုလုပ်ပေးတာက ခေါင်းလျှော်ပြီးချိန်မှာ ဆံသားကို ချောမွေ့စေပြီး ပုံကျစေမှာပါ။ဆံပင်ရှည်မှ မဟုတ်ပါဘူး။ ဆံပင်တိုရင်လည်း ဆံသားကျန်းမာစေဖို့ Conditioner သုံးပေးပါ။ ဒီလိုလုပ်ပေးတာက ဆံသားကို တောက်ပြောင်စေပြီး လိုအပ်တဲ့အာဟာရကို ဖြည့်ပေးနိုင်ပါတယ်။ ဆံသားခြောက်သွေ့ကျိုးပျက်တာ။ ဆံပင်ဖွာတာတွေ မဖြစ်အောင် ကာကွယ်ပေးမှာပါ။ ဦးရေပြားကို အာဟာရဖြည့်ပေးပြီး ဦးရေပြားခြောက်သွေ့မှုကင်းစေမှာပါ။ဆံသားကို ရေဓာတ်ပြည့်ဝပြီး ချောမွေ့နေစေဖို့အတွက် ဆံပင်ကို အနည်းဆုံးတစ်ပတ်တစ်ကြိမ် ပေါင်းတင်ပေးပါ။ ဆံပင်ကိုပေါင်းတင်တဲ့အခါမှာလည်း ခဏလေးနဲ့ ပြန်လျှော်ချလိုက်တာမျိုးမလုပ်ပါနဲ့။ သတ်မှတ်ထားတဲ့အချိန်ပြည့်အောင်ထားပါ။ ဒါမှ ဆံသားက လိုအပ်တဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်မှာလေ။ခေါင်းလျှော်တဲ့အခါလက်ချောင်းလေးတွေသုံးလို့ ဦးရေပြားကိုနှိပ်နယ်ပေးပါ။ ဒီလိုလုပ်ပေးတာက ခံစားမှုကောင်းစေပြီး ဦးရေပြားမှာ သွေးလည်ပတ်မှုကောင်းစေနိုင်ပါတယ်။ ဦးရေပြားကို ထိခိုက်ပျက်စီးစေမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။ အားလေးနည်းနည်းသုံးပြီး နှိပ်နယ်ပေးပါ။Sulfate ပါတဲ့ Shampoo တွေက ဆံသားရဲ့ သဘာဝအစိုဓာတ်ကို ဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့်ခေါင်းလျှော်ရည်ရွေးတဲ့အခါ Sulfate မပါတဲ့ Shampooကိုရွေးပါ။ ဒါက ဆံသားအစိုဓာတ်ကို ထိန်းပြီးသားဖြစ်ပါတယ်။အစားအသောက်ကလည်း ဆံသားပေါ်ထိုက်သင့်သလောက် အကျိုးသက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ဆံသားကျန်းမာစေဖို့အတွက် ငါး၊ အသား၊ ဥအမျိုးမျိုး နဲ့ ပဲအမျိုးမျိုးကို စားသုံးပေးပါ။ ဒါတွေအပြင် ဗီတာမင် C နဲ့ ဗီတာမင် E ကြွယ်ဝတဲ့ ဘယ်ရီသီးတွေ၊ ဟင်းနုနွယ် နဲ့ ထောပတ်သီးတို့ကို စားသုံးပေးပါ။စိတ်ဖိစီးမှုက ဆံသားကျန်းမာ သန်စွမ်းမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်ဝင်သက်ထွက်သက်မှတ်လို့ စိတ်ဖိစီးမှုတွေကိုဖြေလျှော့ပြီး ဆံသားကျန်းမာရေးကို ဂရုစိုက်ပါ။ဆံသားကို ရေနွေးနဲ့လျှော်တာက ဆံသားကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ဆံသားနဲ့ ဦးရေပြားကျန်းမာစေဖို့ ခေါင်းလျှော်တဲ့အခါ ရေအေးနဲ့ပဲလျှော်ပါ။ ရေအေးနဲ့ခေါင်းလျှော်တာက ဆံသားအမြစ်တွေကို ကျန်းမာစေပြီး ဆံသားကိုတောက်ပြောင်ကျန်းမာစေနိုင်ပါတယ်။အသားအရေကိုပဲ နေရောင်ကနေ ကာကွယ်ဖို့လိုတာမဟုတ်ပါဘူး။ ဆံသားကိုလည်းနေရောင်နဲ့တိုက်ရိုက်ထိတွေ့မှုကနေ ကာကွယ်ပေးဖို့လိုသလို ပတ်ဝန်းကျင်မှာရှိနေတဲ့ ညစ်ညမ်းတဲ့အရာတွေကနေ ကာကွယ်ပေးဖို့လိုပါမယ်။ နောက်တစ်ခုက ဆံသားကို အပူပေးတဲ့ ပစ္စည်းတွေသုံးပြီး ပုံသွင်းတာမျိုး ခဏခဏမလုပ်စေချင်ပါဘူး။ ဆံသားကို အပူပေးပစ္စည်းတွေသုံးပြီး ပုံမသွင်းခင်မှာ ဆံသားထိန်းသိမ်းပေးတဲ့ အဆီတစ်မျိုးမျိုးလိမ်းပေးဖို့ မမေ့ပါနဲ့။နေ့တိုင်းရေချိုးသလို ဆံပင်ကိုလည်း တစ်ပတ်ကို အနည်းဆုံး ၂ ကြိမ်လောက်တော့ ခေါင်းလျှော်ပေးပါ။ ဒီလိုလုပ်ပေးတာကတစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အရေးပါသလိုဆံသားကျန်းမာရေးကိုလည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ခေါင်းလျှော်ပြီးချိန်တိုင်းမှာ ဆံသားအာဟာရပြည့်နေစေဖို့ဖြစ်ဖြစ် ပုံကျလှပစေဖို့ဖြစ်ဖြစ် Hair Coat သုံးဖို့လိုပါမယ်။ ဆံသားအမျိုးအစားနဲ့ လိုက်ဖက်မှာကိုရွေးချယ်ပေးပါ။ဆံပင်ပုံစံ ခဏခဏပြောင်းဖို့မဟုတ်ပါဘူး။ ဆံပင်ကို နည်းနည်းလောက် အဖျားလေးတွေ တိပေးရင်ကို ဆံသားကျန်းမာရေးကို အကောင်းဆုံးထိန်းသိမ်းပြီးသားဖြစ်ပါတယ်။ ဒါကြောင့် တစ်လတစ်ခါလောက် ဆံသားလေးတွေ တိပေးပါ။ခေါင်းအုံးသုံးတဲ့အခါ ပိုးသားခေါင်းအုံးက ဆံသားထိခိုက်ပျက်စီးမှု နည်းစေပါတယ်။ ဒါကြောင့် ညအိပ်တဲ့အခါ ပိုးသားခေါင်းအုံးလေးနဲ့ အိပ်ပြီး ဆံသားထိန်းသိမ်းပေးပါ။ကဲ …လေတိုက်တိုင်းလှလှပပလွှင့်မျောနေမယ့် ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်လေးတွေ ကို ပိုင်ဆိုင်ဖို့ အသင့်ပဲလား …. လေဒီ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/healthy-hair-habits/
ကယ်လိုရီကို ဘယ်လို ရှောင်ရှားမလဲ
ကယ်လိုရီတဖြည်းဖြည်းတက်လာတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိတောင် မထားမိလိုက်တဲ့အချိန်၊ ပုံမှန်အတိုင်းပဲ နေနေတဲ့အချိန်မျိုးမှာ တစ်ပေါင်ပြီးတစ်ပေါင် ကိုယ်အလေးချိန်တိုးလာတာ ဖြစ်ပါတယ်။ သင်စားနေကျ ကျန်းမာတဲ့ အစားအသောက်တွေကနေ ကယ်လိုရီတွေက တိမ်မြုပ်ခိုအောင်းနေတာဖြစ်ပြီး ကြာလာတဲ့အခါမှာ ကယ်လိုရီအစုအဝေး ဖြစ်လာပါတယ်။ အောက်ဖော်ပြပါအချက်တွေကတော့ ကယ်လိုရီတဖြည်းဖြည်းမတိုးစေဖို့ အကြံပြုချက်တွေပဲ ဖြစ်ပါတယ်။သုတေသန စစ်တမ်းတွေမှာတော့ လူတွေက ပန်းကန်ကြီးကြီးနဲ့ စားမိရင်တယ်ဆိုရင် ကျန်းမာရေးနဲ့ ညီတာပဲဖြစ်ဖြစ် မညီတာပဲ ဖြစ်ဖြစ် အများကြီး ထည့်စားတတ်မိကြပါတယ်။ ပန်းကန်ပြားအကြီးထဲမှာ အပြည့်ကြီးထည့်မယ် အားလုံးပြောင်အောင်စားမယ်။ တကယ်တော့ အနေတော်ပန်းကန်ပြားလေးနဲ့ ထည့်စားတာက ကယ်လိုရီကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။သင်က ပါတီသွားဖို့ရှိတယ်။ ဟိုမှာရှိတဲ့ ကျန်းမာရေးနဲ့ မညီတဲ့ အစားအသောက်တွေ မစားမိဖို့ဆိုရင် မသွားခင်မှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆာပြေလေး စားသွားနိုင်ပါတယ်။ ဒီလိုလုပ်တာက သင့်ခန္ဓါကိုယ်မှာရှိတဲ့ သကြားဓါတ်ကိုလည်း တည်ငြိမ်စေပါတယ်။ထမင်းမစားခင် ဟင်းချိုသောက်ခြင်းက ဗိုက်ပြည့်မြန်တဲ့အတွက် ကယ်လိုရီများတဲ့အစာတွေ အများကြီး မစားနိုင်အောင် တားဆီးပေးပါတယ်။ ကိုယ်ကြိုက်တဲ့အရာတွေထည့်ချက်နိုင်ဖို့ ကိုယ်တိုင်ချက်တဲ့ ဟင်းချိုသောက်ဖို့ အကြံပြုပါတယ်။ရေက သင့်ခန္ဓါကိုယ်ရဲ့ ဖြစ်စဉ်တွေကို ထိထိရောက်ရောက်ကူညီပေးနိုင်ပါတယ်။ ရေက ရာနှုန်းပြည့် ကယ်လိုရီကင်းစင်တဲ့ သဘာဝပစ္စည်းဖြစ်ပါတယ်။ အစားမစားခင် ရေသောက်တာက ဗိုက်ပြည့်နေသလို ခံစားရတဲ့အတွက် ကယ်လိုရီတွေ အများကြီး ထပ်မစားမိတော့ပါဘူး။သင့်က အစားကျူးသူတစ်ယောက်မဟုတ်ရင်တောင်မှ အစားအစာတွေ သင့်မျက်လုံးနားမှာ အမြဲတမ်းတွေ့နေရရင် စားဖို့ စိတ်ကူးရနေနိုင်ပါတယ်။ ဒါကြောင့် အစားအသောက်တွေကို မျက်လုံးနဲ့ လွယ်လွယ်မြင်နိုင်တဲ့နေရာမှာ မထားသင့်ပါဘူး။ဝိတ်ချတဲ့ ဆိုဒါ အပါအဝင် ဆိုဒါသောက်တာက ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဆိုဒါသောက်ခြင်းက သင့်ကို အချိုဓါတ်ပိုစားစေပါတယ်။ဖြည်းဖြည်းစားပါ။သင့်အစာအိမ်က ပြည့်နေပြီဆိုတာ ဦးနှောက်က သိဖို့ အချိန်တစ်ခုလိုပါတယ်။ လူတော်တော်များများက အစာတွေအများကြီးစားပြီး ၁၅ – ၂၀ မိနစ် နေမှ ဗိုက်ပြည့်တယ်လို့ ခံစားရပါတယ်။ ဒီလိုဖြစ်တာက အစားကို မြန်မြန်စားလိုက်လို့ ခန္ဓါကိုယ်က ပြည့်ကြောင်းပြသတဲ့ အချက်ဖို့ နောက်ကျနေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖြည်းဖြည်းစားခြင်းက ကယ်လိုရီတွေရာဂဏန်းလောက်ကို လောင်ကျွမ်းဖို့ လွယ်ကူပါတယ်။ရှောင်လွှဲလို့မရနိုင်တဲ့ အခြေအနေမျိုး ရှိပေမယ့် ဖြစ်နိုင်ရင်တော့ သေချာစီစဉ်ပြီးမှ စားပါ။ ဆိုင်တွေမှာ ကြုံသလိုစားလိုက်မယ်ဆိုရင် မလိုအပ်တဲ့ ကယ်လိုရီတွေ ရလာနိုင်လို့ဖြစ်ပါတယ်။ဒီအချက်တွေကတော့ ကယ်လိုရီတဖြည်းဖြည်းချင်းတက်ခြင်းကနေ ကာကွယ်ဖို့ အချက်တွေပဲ ဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/%e1%80%80%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%80%9b%e1%80%ae%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af-%e1%80%b1%e1%80%9b%e1%80%bd%e1%80%ac%e1%80%84/
HIV အတွက် ကုထုံးများ
HIV အတွက် ကုသဆေးများသည် HIV ရောဂါရှိသော လူတိုင်းအတွက် အရေးကြီးပါသည်။ ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးများသည် လုံးဝ အရှင်းပျောက်ကင်းရန် မဟုတ်ပါ။ ကာကွယ်ရန်သာ ဖြစ်ပါသည်။ ထိုမှသာ အသက်ရှည် ကျန်းမာ၍ တခြားသူများကိုလည်း ကူးစက်မှု လျော့နည်းနိုင်မည် ဖြစ်ပါသည်။HIV ရောဂါပိုးသည် ဆေးများစွာပေါင်းစပ်၍ သောက်သောဆေး ဖြစ်ပါသည်။ ART (ဗိုင်းရပ်စ်သတ်ဆေး) ဟု ခေါ်ကြပါသည်။ ART ဆေးတွင် HIV ရောဂါပိုးအတွက် လိုအပ်သော ဆေးများ ပါဝင်ပါသည်။ ART ဆေးသည် ကုသရန် မဟုတ်ပါ။ဗိုင်းရပ်စ်ပိုးမွှား ပမာဏကို လျော့နည်းစေပြီး အသက်ရှည် ကျန်းမာစွာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်အောင်၊ တခြားသူများသို့ ကူးစက်မှု လျော့နည်းနိုင်အောင် လုပ်ပေးခြင်း ဖြစ်ပါသည်။ထိုဆေးများသည် HIV ရောဂါပိုး တိုးပွားခြင်းမှ ကာကွယ်ပေးပါသည်။ ထိုဆေးများသည် ခန္ဓါကိုယ်ထဲမှ HIV ရောဂါပိုး ပမာဏကို လျော့နည်းစေနိုင်ပါသည်။ ထို့ကြောင့် ခန္ဓါကိုယ်ထဲရှိ ပိုးမွှားအစုပမာဏ လျော့နည်းစေပါသည်။မိမိခန္ဓါ ကိုယ်ထဲတွင် ဗိုင်းရပ်စ်ပိုးမွှား လျော့နည်းခြင်းသည် ခန္ဓါကိုယ်က ခုခံအားစနစ်ကို တိုးမြင့်စေနိုင်ပြီး ရောဂါပိုးမွှား တိုက်ထုတ်ခြင်းကို အားပေးနိုင်ပါသည်။ ရောဂါပိုးမွှားနှင့် ကင်ဆာရောဂါ ဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်။ခန္ဓါကိုယ်ထဲတွင် ရောဂါပိုးမွှား ပမာဏကို လျော့နည်းစေခြင်းဖြင့် ဆေးသည်လည်း ရောဂါပိုးမွှားသည် တခြားသော သူများကို ကူးစက်နိုင်ခြင်းမှ တစ်နည်းတစ်ဖုံ ကူညီပေးနိုင်ပါသည်။ART ဆေးသည် HIV ရှိသော မည်သူအတွက်မဆို အသုံးဝင်ပါသည်။ ဗိုင်းရပ်စ်ပိုးမည်မျှ ပမာဏရှိသည် ဖြစ်စေ မိမိသည် မည်မျှ ကျန်းမာသည်ဖြစ်စေ HIV ရှိလျှင် ART ဆေးကို သောက်သုံးရပါသည်။ မကုသလျှင် ခုခံအားစနစ်ကို ထိခိုက်ပြီး နောက်ဆုံးတွင် ခုခံအားကျဆင်းမှု ရောဂါ (AIDS) သို့ ကူးပြောင်းနိုင်ပါသည်။HIV ရောဂါကုထုံးတွင် အသုံးပြုသော အဓိကဆေးများမှာ-။-Zidovudine (Retrovir), Abacavir (Ziagen) နှင့် Emtricitibine (Emtriva) အစရှိသော ဆေးများသည် HIV ရောဂါပိုးပွှားများ ပွားရာတွင်အသုံးပြုသော အင်ဇိုင်းကို တားပေးခြင်းဖြင့် ကုသပါသည်။-Efavirenz (Sustiva), Etravirine (Intelence) နှင့် Nevirapine (Viramune) စသော ဆေးများသည် ဓါတ်ပေါင်း မတူသော အင်ဇိုင်းများကို တားမြစ်ခြင်းဖြင့် ကုသပါသည်။– ပရိုတီအေ့စ် ဓါတ်ပေါင်းများကို တားသောဆေးများ၊ ဥပမာ – Atazanavir (Reyataz), Ritonavir (Norvir) နှင့် Tipranavir (Aptivus) အစရှိသော ဆေးများသည် HIV ရောဂါပိုးရှိ ပါဝင်ပစ္စည်းတစ်မျိုးကို ထုတ်လုပ်ခြင်းမှ တားမြစ်နိုင်ပါသည်။– အဝင်ကို တားမြစ်သောဆေးများ၊ ထိုဆေးများသည် HIV ရောဂါပိုးကို ဆဲလ်အတွင်းသို့ ဝင်ခြင်းမှ တားမြစ်ပေးပါသည်။ ထိုဆေးကို နှစ်မျိုး ခွဲခြားနိုင်ပါသည်။ တစ်မျိုးမှာ CCR5 အသွင်တူ ပစ္စည်းများ (အဝင်တားဆေး) ဟုလည်း ခေါ်ပါသည်။ ဥပမာ – Maraviroc (Selzentry)၊ ထိုဆေးသည် CCR5 (CD4) ဆဲလ်မျက်နှာပြင်ပေါ်ရှိ ပရိုတင်း) နှင့် ဗိုင်းရပ်စ်ပိုးမွှားတို့ ပေါင်း၍ ဆဲလ်ထဲသို့ ရောဂါပိုး ဝင်ရောက်ခြင်းမှ ကာကွယ်ပေးပါသည်။နောက်တစ်မျိုးမှာ ပေါင်းခြင်းကို တားသော ဆေးများ၊ ဥပမာ – Enfuvirtide (Fuzeon)၊ ထိုဆေးသည် HIV ရောဂါပိုးအစွမ်းနှင့် CD4 ဆဲလ်ထဲသို့ ရောဂါပိုးဝင်ခြင်းမှ ကာကွယ်ပေးပါသည်။HIV ရောဂါကုထုံးများသည် အများအားဖြင့် ဆေးသုံးမျိုး ပါဝင်ပါသည်။ ထိုဆေးများသည် တစ်လုံးတည်းသော ဆေးအဖြစ် ပေါင်းစပ်ပြီး သောက်သုံးကြပါသည်။ ထိုသို့ ပေါင်းစပ်ဆေးများသည် HIV ဗိုင်းရပ်စ်ပိုးမွှားများ၏ ဖြစ်ပုံ အဆင့်ဆင့်တွင် တားမြစ်ခြင်းဖြင့် ကုသပေးပါသည်။ ထိုဆေးများသည် ဗိုင်းရပ်စ်ပိုးမွှားများကို ဖိနှိပ်ခြင်းဖြင့် ကုသပေးပါသည်။AIDS ရောဂါသည် HIV ပိုးကြောင့် ဖြစ်ပါသည်။ မိမိ၏ ခုခံအားကို လျော့နည်းစေခြင်းဖြင့် ကာကွယ်မှုစနစ်ကို ထိခိုက်စေပါသည်။ HIV ရောဂါကာကွယ်ဆေးများသည် ရောဂါပိုးကို တခြားသော သူများသို့ ကူးစက်ခြင်းမှ တားဆီးနိုင်ပါသည်။ သို့သော် အမြဲတမ်း အကျိုးသက်ရောက်မှု မရှိနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်နိုင်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/hiv-%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%80%e1%80%af%e1%80%91%e1%80%af%e1%80%b6%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-2/
နာတာရှည် ကျောက်ကပ်ရောဂါနှင့် သတိပြုဖွယ်ရာများ
“အဖေ မောလို့ညက ဆေးရုံတင်လိုက်ရတယ်။ ကျောက်ကပ်ဖြစ်နေတာလို့ပြောတယ်။ ဆီးချိုလည်းရှိနေတယ်တဲ့။”။“နဂိုကတည်းကတော့မျက်နှာအမ်းအမ်းဖြစ်နေတာ ကြာပြီ။ အခုမှစစ်မိတာ”။“ဆီးချိုဖြစ်နေတာကြာပြီ။ ကျောက်ကပ်ဖြစ်တာ ခုမှသိတာ။ ဆရာဝန်ကပြောတာတော့ ဆီးချိုသေချာမထိန်းလို့တဲ့။ တချို့ပြောတာ ဆီးချိုဆေးတွေကလည်း ကျောက်ကပ်ဖြစ်စေတာတဲ့။ ဘယ်ဟာမှန်လဲမသိဘူး”။“ကျောက်ကပ်ဖြစ်နေတယ်ပြောတယ်။ ဘာကျွေးရမလဲ ဆရာ”။ကျောက်ကပ်နှင့်ပတ်သက်ပြီး လူနာနှင့်လူနာရှင်များ ပြောနေကျ အသံများဖြစ်သည်။နာတာရှည်ကျောက်ကပ်ရောဂါသည်ကမ္ဘာနှင့်တစ်လွှား အဖြစ်များလာသော ရောဂါဖြစ်သည်။ ကျောက်ကပ်ရောဂါ အမျိုးမျိုးရှိသည်။ ကျောက်ကပ်ရောင်ခြင်း၊ ရုတ်တရက်ကျောက်ကပ်ထိခိုက်ခြင်း၊ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ခြင်း စသဖြင့်မျိုးစုံရှိသည်။ ထိုရောဂါများအထဲတွင် နာတာရှည်ကျောက်ကပ်ရောဂါဖြစ်သွားပြီးဆိုလျှင်ကျောက်ကပ်အနေအထားကို ပုံမှန်ပြန်ရောက်ရန်မလွယ်ကူပေ။ ပိုမဆိုးလာအောင်ထိန်းခြင်း၊ ကျောက်ကပ်ထိခိုက်၍ ဖြစ်လာသော လက္ခဏာများကိုလိုက်ပြီး ကုသခြင်းများကိုလုပ်ဆောင်သင့်သည်။နာတာရှည်ကျောက်ကပ်ရောဂါဖြစ်စေသော အကြောင်းရင်းများတွင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ကျောက်ကပ်ရောင်ခြင်း၊ လေးဖက်နာရောဂါတချို့၊ ဆေးဝါးတချို့၊ ဆီးလမ်းကြောင်းပိုးမကြာခဏဝင်ခြင်း၊ဆီးကျောက်တည်ခြင်းနှင့်တခြားအကြောင်းများကြောင့်ဆီးလမ်းကြောင်းပိတ်ခြင်း စသည်တို့ပါဝင်ပါသည်။နာတာရှည် ကျောက်ကပ်ရောဂါ၏ လက္ခဏာများ။နာတာရှည်ကျောက်ကပ်ရောဂါသည် စဖြစ်ကာစတွင် ရောဂါလက္ခဏာ မပြတတ်သေးပေ။ ရောဂါရင့်လာချိန်မှ ညဘက်ဆီးသွားများခြင်း၊ သွေးအားနည်းခြင်း၊ မောပန်းခြင်း၊ မျက်ခွံမို့ခြင်း၊ မျက်နှာနှင့် ကိုယ်လက်များဖောရောင်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ကြို့ထိုးခြင်း၊ ခန္ဓာကိုယ်နှင့် အရေပြားများယားယံခြင်း စသည်တို့ဆက်လက်ဖြစ်ပေါ်လာတတ်သည်။ ဆီးဆိပ်အရမ်းများလာချိန်တွင်တက်ခြင်း၊ သတိလစ်ခြင်းများအထိဖြစ်ပေါ်တတ်ပါသည်။ နာတာရှည်ကျောက်ကပ်ရောဂါ၏ နောက်ဆက်တွဲအနေဖြင့် နှလုံးထိခိုက်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊သွေးအားနည်းခြင်း၊ သွေးထွက်လွယ်ခြင်း၊ အရိုးများထိခိုက်လာပြီး အရိုးပွခြင်းများဖြစ်လာခြင်း၊သွေးတိုးလာခြင်း၊ ဦးနှောက်နှင့်အာရုံကြောများထိခိုက်ခြင်း၊ ဟော်မုန်းများပုံမှန်မဟုတ်ခြင်းကြောင့် အမျိုးသမီးများတွင်ဓမ္မတာမမှန်ခြင်း၊ အမျိုးသားများတွင် ပန်းသေခြင်း စသည်များဆက်လက်ဖြစ်ပေါ်လာတတ်ပါသည်။နာတာရှည် ကျောက်ကပ်ရောဂါဖြစ်ပွားမှန်း မည်သို့သိနိုင်မည်နည်း။နာတာရှည်ကျောက်ကပ်ရောဂါသည် အထက်ပါလက္ခဏာများဖြစ်ပေါ်လာခြင်း မရှိသေးခင်ကပင် စတင်ဖြစ်ပွားနေနိုင်ပါသည်။ ထို့ကြောင့် နာတာရှည်ကျောက်ကပ်ရောဂါဖြစ်စေနိုင်သောအကြောင်းရင်းရှိသူများ အနေဖြင့်သွေးစစ်ခြင်း၊ ဆီးစစ်ခြင်းတို့ဖြင့်သာ စောလျင်စွာ သိရှိနိုင်မည်ဖြစ်သည်။ အထက်ပါ လက္ခဏာ များ ရှိလာလျှင်လည်း မြန်မြန်ဆန်ဆန်သွေးစစ်ဆီးစစ်စစ်ဆေးခြင်းများ လုပ်ဆောင်ရန်လိုအပ်ပါသည်။ဆီးချိုဆေး မက်ဖော်မင်(Metformin) သည် ကျောက်ကပ်ထိစေပါသလား။ဆီးချိုရောဂါ ထိန်းသိမ်းရာတွင်မက်ဖော်မင်သည် အလွန်အသုံးဝင်သောဆေးဖြစ်သည်။လူအများ မှားမှတ်ထားသလို မက်ဖော်မင်သည်ကျောက်ကပ်ထိစေနိုင်သော ဆေးမဟုတ်ပါချေ။ ဆီးချိုကိုသေချာမထိန်းမှသာ ကျောက်ကပ်ထိခိုက်သည်ဖြစ်သည်။ တစ်ခုတော့ရှိသည်မှာ ကျောက်ကပ်ထိခိုက်မှုပြင်းထန်လာသည့်အချိန်တွင်တော့ မက်ဖော်မင်ဆေးနှင့် မသင့်တော်တော့သောကြောင့် ရပ်ဆိုင်းထားရန်လိုအပ်ပါသည်။ နာတာရှည် ကျောက်ကပ်ရောဂါဖြစ်လာပြီ ဆိုလျှင် အထက်တွင်ဖော်ပြခဲ့သလို နာတာရှည်ကျောက်ကပ်ရောဂါ စတင်ဖြစ်ပွားလာပြီဆိုလျှင် ကျောက်ကပ်အနေအထားသည် မူရင်းအနေအထားသို့ ပြန်လည်ရောက်ရှိရန် ခက်ခဲသွားပြီဖြစ်သည်။ ပိုမိုမဆိုးသွားရန်သာ ထိန်းသိမ်းခြင်းသာ အဓိက လုပ်ဆောင်နိုင်သည်။နာတာရှည်ကျောက်ကပ်ရောဂါရှိသူများ အနေဖြင့်ဖြစ်စေသော အကြောင်းရင်း ရောဂါများကိုစနစ်တကျ ကုသရန်လိုအပ်ပါသည်။ သွေးတိုး ဆီးချို ရှိသူများအနေဖြင့် ကျွမ်းကျင်သော ဆရာဝန်နှင့်စနစ်တကျ တိုင်ပင်ပြီး ရောဂါကို သေချာထိန်းရန်လိုအပ်ပါသည်။ ကျောက်ကပ်ရောဂါကို ကျွမ်းကျင်သော ကျောက်ကပ်အထူးကုဆရာဝန်ကြီးများနှင့် စနစ်တကျပြသရပါမည်။ ဆရာဝန်ညွှန်ကြားချက်နှင့်အညီ ဆေးဝါးများကိုစနစ်တကျ သုံးစွဲရပါမည်။ ကျောက်ကပ်ထိခိုက်ခြင်းကို ပိုဆိုးစေနိုင်သော အကိုက်အခဲပျောက်ဆေးများကို ရှောင်ကြဉ်ရပါမည်။တခြားဆေးဝါးများတွင်လည်း ကျောက်ကပ်ထိခိုက်စေသည်များပါဝင်နေနိုင်ရာ မည်သည့်ဆေးဝါးများကိုမဆို ဆရာဝန်ညွှန်ကြားချက်ပါမှသာ သောက်သုံးသင့်ပါသည်။ မြန်မာဆေးများ တိုင်းရင်ဆေးများသည်လည်း အခန့်မသင့်လျှင်ကျောက်ကပ်ထိခိုက်စေနိုင်ပါသည်။ကျောက်ကပ်ရောဂါရှင်များအနေဖြင့် တစ်နေ့တာ သောက်သုံးရမည့် ရေနှင့် အရည်ပမာဏကိုလည်း စနစ်တကျ တွက်ဆ သောက်သုံးရပါမည်။ ရှေ့တစ်နေ့တာ ၂၄ နာရီအတွင်း ထွက်သော ဆီးပမာဏနှင့် ယနေ့သောက်ရမည့် ရေနှင့်အရည်စုစုပေါင်းပမာဏကို ညှိနှိုင်းသောက်သုံးရပါမည်။ ထိုမှသာ ကိုယ်ခန္ဓာဖောရောင်ခြင်း၊ မောလာခြင်းများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ ကိုယ်ခန္ဓာဖောရောင်ခြင်းများဖြစ်နေသောအချိန်မျိုးတွင် ပိုမိုသတိထားသောက်သုံးရပါမည်။ သောက်သုံးရမည့် အရည်အတိအကျသည် လူနာ၏ လတ်တလော အခြေအနေပေါ်မူတည်၍ ဆရာဝန်မှအသေးစိတ်ညွှန်ကြားပါလိမ့်မည်။အငန်ဓာတ်(ဆိုဒီယမ်)၊ ပိုတက်ဆီယမ်ဓာတ်များသည်လည်း ကျောက်ကပ်သမားများအတွက် သတိထားစားသုံးရမည့်အရာများဖြစ်ပါသည်။ ငန်သော အစားအစာများ၊ အချိုမှုန့်များ၊ ငါးပိငါးခြောက်များသည် ဆိုဒီယမ်ဓာတ်များသော အစားအစာများဖြစ်သည်။ အသီးများ၊ ရယ်ဒီမိတ်ဖော်မြူလာအချို့သည် ပိုတက်ဆီယမ်များသော အစားအစာများဖြစ်သည်။ စားသင့်သည့်အတိအကျသည် သွေးတွင်း ဆိုဒီယမ်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်အနေအထားပေါ် ညှိနှိုင်းစားသောက်ရမည်ဖြစ်ရာ ဆရာဝန်နှင့်တိုင်ပင်စားသောက်သင့်သည်။ ရယ်ဒီမိတ်ဖော်မြူလာ တစ်ခုသုံးစွဲတော့မည်ဆိုလျှင်လည်း လူနာနှင့်သင့်မသင့် ကျောက်ကပ်ဆရာဝန်ကိုတိုင်ပင်ပြီးမှသုံးစွဲသင့်သည်။အသားဓာတ်သည်လည်း ကျောက်ကပ်သမားများ အများကြီး မစားသင့်သော ဓာတ်တစ်မျိုးဖြစ်သည်။ သွေးတွင်း ကျောက်ကပ်ဆိပ်အနေအထားပေါ်မူတည်ပြီး ညှိနှိုင်းစားသောက်ရပါမည်။ ကျောက်ကပ်ဆိပ်များ အလွန်များပြားလာသည့် အဆင့်ရောက်လျှင်ကျောက်ကပ်ဆေးရခြင်း၊ ကျောက်ကပ်လဲရခြင်းများ လုပ်ဆောင်ရသည်အထိ ဖြစ်လာတတ်သည်။ ကျောက်ကပ်ဆေးခြင်းသည် စတင်လုပ်ဆောင်ရပြီဆိုလျှင် ပုံမှန်ဆက်တိုက်လုပ်ဆောင်ရန်အရေးကြီးပေသည်။ကျောက်ကပ်ဆေးခြင်းသည် အပတ်စဉ်တစ်ပတ်လျှင်တစ်ကြိမ်မှ ပိုလိုလာပြီဆိုလျှင် သုံးကြိမ်အထိ လုပ်ဆောင်ရသည်များရှိသည်။ ယခုနောက်ပိုင်း ကျောက်ကပ်ဆေးစင်တာများကို အစိုးရဆေးရုံများတွင်ရော ပုဂ္ဂလိကဆေးခန်းများ၊ ပရဟိတဆေးခန်းများတွင်ပါ အရင်ကထက်များစွာ ပိုမိုဖွင့်လှစ်လာနိုင်ပြီး အခမဲ့လုပ်ပေးနိုင်သော စင်တာများ ပေါ်လာပြီဖြစ်သော်လည်း လူနာများ၏ လိုအပ်ချက်ပြည့်မီခြင်းတော့မရှိသေးပေ။အခကြေးငွေနှင့်လုပ်ဆောင်ရပါက တစ်ခါလုပ်လျှင် ၅ သောင်းဝန်းကျင်ခန့်အထိ ကုန်ကျစရိတ်ရှိရာ ရေရှည်လုပ်ဆောင်နိုင်ရန်မှာ ကုန်ကျစရိတ်မြင့်မားသည်ဟု ဆိုရမည်ဖြစ်သည်။ ကျောက်ကပ်လဲမည်ဆိုလျှင်လည်း သိန်းရာနှင့်ချီ၍ ကုန်ကျနိုင်ရာ လူနာ အများစုအတွက်လွယ်ကူသော ကုသမှုသော မဟုတ်ပါချေ။ထိုကြောင့်လည်း ကျောက်ကပ်မဖြစ်မနေဆေးရ၊ လဲရသည့်အဖြစ်သို့ မရောက်အောင်တတ်နိုင်သမျှထိန်းထားနိုင်ရန် ဆေးဝါးဖြင့်ကုသခြင်းအပြင် အစားအသောက်သေချာထိန်းသိမ်းခြင်း၊ ရှောင်ကြဉ်ရမည်တို့ကို ရှောင်ကြဉ်ခြင်းများကိုစနစ်တကျ လုပ်ဆောင်သင့်ပါသည်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/%e1%80%94%e1%80%ac%e1%80%90%e1%80%ac%e1%80%9b%e1%80%bd%e1%80%8a%e1%80%b9-%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%80%80%e1%80%95%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab/
ဆောင်းအေးချိန်မှာ ကြုံရတဲ့ အသားခြောက်ပြဿနာ ဘယ်လိုဖြေရှင်းမလဲ....
ဆောင်းလေးအေးလာပြီနော်။ အသားတွေကလည်း ခြောက်ကပ်နေပါပြီ။အသားတွေခြောက်လို့ ယားတဲ့အထိတောင်ဖြစ်နေပြီ။ ဆောင်းအေးတာကိုတော့ ကြိုက်ပါရဲ့။ ဒါပေမယ့် အသားတွေ ခြောက်လို့ ဆိုပြီး အရမ်းလည်းစိတ်ညစ်မနေပါနဲ့။ စာဖတ်ပရိသတ်ကြီးရဲ့ အခက်အခဲတိုင်းကို ဖြေရှင်းပေးမယ့် Helloဆရာဝန် ရှိတယ်လေ။ အခုလည်း ဆောင်းအေးလို့ အသားတွေခြောက်နေတဲ့ ပရိသတ်ကြီးအတွက် နည်လမ်းကောင်းလေးတွေ ပြောပြပေးမယ်နော်။ဆောင်းအေးလို့ အသားတွေခြောက်နေပြီလား…………. ဒါဆို ဆောင်းအေးချိန်မှာ ကြုံရတဲ့ အသားခြောက်ပြဿနာ ဘယ်လိုဖြေရှင်းမလဲ…. ဆိုတာကို အဖြေထုတ်ပေးပါမယ်။အသားတွေခြောက်နေတာကို သိသိသာသာသက်သာစေမယ့်အိမ်တွင်းကုထုံးလေးတွေကို တူတူဆက်ကြည့်လိုက်ရအောင်လား။ နည်းလမ်းတွေကတော့ အမျိုးမျိုးပါပဲ။ ဒီနည်းလမ်းတွေထဲမှာ အဆင်ပြေဆုံးဖြစ်မယ့် နည်းလမ်းကို ကိုယ်တိုင်စိတ်ကြိုက်ရွေးလိုက်တော့နော်။နေကြာဆီက အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။ အစိုဓာတ်ထိန်းခရင်မ်အနေနဲ့ လူးပေးလို့ရပါတယ်။ အသားအရေကိုရေဓာတ်ဖြည့်ပေးသလိုအသားအရေပျက်စီးမှုမရှိအောင်လည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။အသားခြောက်တာကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါ သုံးလို့ရပါတယ်။ခေါင်းအစ ခြေအဆုံးအလှတရားအတွက် အကောင်းဆုံးတာဝန်ယူပေးနိုင်တဲ့ သဘာဝအဆီတစ်မျိုးပါ။ သံလွင်ဆီ အသားအရေကိုရေဓာတ်ဖြည့်ပေးနိုင်ပြီး အသားအရေထိခိုက်မှုမရှိအောင် အကောင်းဆုံးကာကွယ်ပေးပါတယ်။အစိုဓာတ်ထိန်းခရင်မ်အစားထိုးစားသုံးပေးလို့ရပါတယ်။ ဆောင်းအအေးဒဏ်ကြောင့် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းသားလေးကိုပါရေဓာတ်ဖြည့်ပေးနိုင်သေးတယ်နော်။အသားအရေခြောက်သွေ့မှုအတွက် စိတ်ချလက်ချအားကိုးလို့ရတဲ့ သဘာဝအဆီတစ်မျိုးပါ။ ခြောက်သွေ့နေတဲ့အရေပြားပေါ်ကို ပွတ်လိမ်းပေးရုံပါ။ အရေပြားကိုရေဓာတ်ဖြည့်ပေးပြီး အအေးဒဏ်ကြောင့် အသားအရေထိခိုက်မှုမရှိအောင်ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ အသားအရေချောမွေ့စေဖို့လည်း အုန်းဆီလေးက အားကိုးလို့ရပါတယ်။အုတ်ဂျုံမှာ အသားခြောက်တာကို သက်သာစေနိုင်တဲ့ သဘာဝအာနိသင်ရှိပါတယ်။ အုတ်ဂျုံက အသားခြောက်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်။  အုတ်ဂျုံက အသားခြောက်တာကအတွက်တင်မဟုတ်ပါဘူး။ အင်ပျဉ်ထတာ။အရေပြားမှာဖြစ်တဲ့ နာကျင်ရောင်ရမ်းတာလိုမျိုး ပြဿနာတွေအတွက်လည်း အမှန်တကယ်ကို အသုံးတည့်ပါတယ်။ ဒါ​ကြောင့် အသားခြောက်တာကင်းချင်တယ်ဆိုရင် ရေနွေးထဲကို အုတ်ဂျုံထည့်စိမ်ပြီး ရလာတဲ့အရည်ကို အအေးခံပြီး ချိုးပေးပါ။နို့ကလည်း အသားခြောက်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ နို့ကို အရေပြားပေါ်မှာလိမ်းတာထက် သောက်ပေးတာက အသားအရေခြောက်သွေ့မှုကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ဒါကြောင့်ဆောင်းတွင်းမှာ အသားခြောက်တာကင်းချင်တယ်ဆိုရင် နေ့စဉ်နို့တစ်ခွက်လောက် ပုံမှန်သောက်ပေးပါ။ပျားရည်ကအရေပြားပြဿနာအမျိုးမျိုးကို သက်သာစေနိုင်တယ်ဆိုတာ အထွေအထူးပြောစရာတောင်မလိုပါဘူး။ အသားခြောက်တာအတွက်တင်မဟုတ်ပါဘူး ပျားရည်ကို အနာကျက်စေဖို့အတွက်လည်း ပျားရည်ကို အသုံးပြုပေးလို့ရပါတယ်။ ပျားရည်ကအရေပြားကို အစိုဓာတ်ထိန်းပေးတယ်။ အနာကျက်စေတယ်။နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်တယ်ဆိုတဲ့အချက်တွေနဲ့တင် ပျားရည်ကို အသုံးပြုပေးလို့ရနေပါပြီနော်။ ပျားရည်ကို အသားခြောက်နေတဲ့နေရာမှာ တိုက်ရိုက်လူးပေးလို့ရပါတယ်။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ရုံပါ။အသားအရေကို အစိုဓာတ်ထိန်းဖို့အတွက် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက Petroleum jelly ကို အသုံးပြုခဲ့ကြတာပါ။ Petroleum jelly ကို အသက်ကြီးရင့်တာကြောင့်ဖြစ်တဲ့ အသားခြောက်တာကိုသက်သာစေဖို့အတွက် အသုံးပြုလေ့ရှိကြပါတယ်။ဆောင်းအအေးဒဏ်ကြောင့် အသားခြောက်ရင်လည်း Petroleum jelly ကိုအသုံးပြုပေးလို့ရပါတယ်။ရှားစောင်းလက်ပပ်ကလည်း အသားခြောက်တာကို သက်သာစေနိုင်စွမ်းရှိပါတယ်။ အရေပြားပြဿနာအမျိုးမျိုးအတွက်လည်း ရှားစောင်းလက်ပပ်ကို အသုံးပြုပေးလို့ရပါတယ်။ အသားခြောက်နေတဲ့အခါ ညအိပ်ရာမဝင်ခင် အသားခြောက်နေတဲ့ နေရာကို ရှားစောင်းလက်ပပ်လိမ်းပြီး တစ်ညလုံးအိပ်လိုက်ပါ။အသားအရေကို စုပ်ယူရေဓာတ်ဖြည့်ခွင့်ပေးလိုက်တဲ့ သဘောပါပဲ။ကဲ… ဆောင်းအေးချိန်မှာ ကြုံရတဲ့ အသားခြောက်ပြဿနာ ဘယ်လိုဖြေရှင်းမလဲ…. ဆိုတာကို သိဆောင်းအေးတာကိုပဲခံစားနော်. အသားခြောက်တာကြောင့် စိတ်ညစ် ခံမနေနဲ့တော့…………………..။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/home-remedies-for-dry-skin/
HIV နှင့် AIDS ကွာခြားပုံ
HIV ရောဂါပိုးသည် ခုခံအားကို ကျဆင်းစေသော ဗိုင်းရပ်စ် ရောဂါပိုးတစ်မျိုး ဖြစ်ပါသည်။ AIDS ရောဂါသည် HIV ရောဂါပိုးမှဖြစ်ခြင်း ဖြစ်ပါသည်။ AIDS သည် နောက်ဆုံးအဆင့် ဖြစ်ပါသည်။ အောက်ပါ အချက်များသည် HIV နှင့် AIDS ကွာခြားပုံ အကြောင်းကို ဖော်ပြသောအချက်များ ဖြစ်ပါသည်။HIV သည် ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါသည်။ AIDS သည် HIV ရောဂါကြောင့်ဖြစ်သော ခုခံအားကျဆင်းသော ရောဂါဖြစ်သည်။ လူသားများ၏ခုခံအားစနစ်ကို ထိခိုက်ပါသည်။ ခုခံအားစနစ်က လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများကို ထိခိုက်စေပါသည်။ခုခံအားကျဆင်းမှု AIDS ရောဂါသည် HIV ဗိုင်းရပ်စ် ပိုးဝင်ရောက်ပြီး နှစ်ပေါင်းများစွာ ကြာသောအခါ ဖြစ်လေ့ရှိပါသည်။ AIDS ရှိသော လူများသည် ခုခံအားစနစ် ပျက်စီးနေတတ်ပါသည်။ ထို့ကြောင့် ရောဂါပိုးမွှားများ (ဥပမာ –တီဘီရောဂါ၊ နမိုးနီးယားရောဂါ၊ ကင်ဆာနှင့် တခြားသော ရောဂါပိုးများ) ဝင်ရောက်နိုင်ပါသည်။HIV သည် ဗိုင်းရပ်စ်ပိုး ဖြစ်ပါသည်။ AIDS သည် ထိုမှဖြစ်သော ရောဂါတစ်မျိုး ဖြစ်ပါသည်။ ထို့ကြောင့် AIDS အဆင့်မရောက်ခင် လူနာမှာ HIV ချည်းသာ ဖြစ်တတ်ပါသည်။ ခုခံအားက HIVပိုးကို လုံးဝ အမြစ်ပြတ် မတိုက်ထုတ်နိုင်ပါ။ HIV ပိုးရှိသော လူနာသည် AIDSအဆင့်ရောက်ရန် ၁၀ နှစ်လောက် အချိန်ကြာနိုင်ပါသည်။ တိုးတက်လာသော ဆေးပညာ၏ ကျေးဇူးကြောင့် AIDS ရောဂါ ဝေဒနာရှင်များ၏ သက်တမ်းသည် ယခင်ကထက် ပို၍ ကောင်းလာကြောင်း သိရှိရပါသည်။AIDS မဖြစ်ဘဲ HIV ဖြစ်နိုင်သော်လည်း AIDS ဖြစ်သောသူများအဖို့ HIV ဗိုင်းရပ်စ်ပိုး ရှိသည်မှာ သေချာပါသည်။ HIV ဗိုင်းရပ်စ်ပိုး ရှိပြီး AIDS ရောဂါ မဖြစ်သော သူများလည်း ရှိပါသည်။ ဆေးသေချာ သောက်ခြင်းကြောင့် HIVပိုး ရှိသော်လည်း  AIDS မဖြစ်သွားသူများလည်း ရှိပါသည်။HIV သည် ဗိုင်းရပ်စ်ပိုးမွှား ဖြစ်သောကြောင့် တခြားသော ဗိုင်းရပ်စ် ပိုးမွှားများကဲ့သို့ အခြားသူများကိုလည်း ကူးစက်နိုင်ပါသည်။ တစ်ဦးမှ တစ်ဦးသို့ခန္ဓာကိုယ် အရည်များမှတဆင့်ကူးစက်နိုင်ပါသည်။ AIDS ရောဂါကို တခြားသူဆီမှ တိုက်ရိုက်မကူးနိုင်ပါ။ ကူးစက်လျှင် HIV ရောဂါပိုးမှ ကူးစက်နိုင်ပါသည်။HIV ရောဂါပိုးသည် ပိုးဝင်ပြီး ၂ ပတ်မှ ၄ ပတ်အထိ တုပ်ကွေးလက္ခဏာမျိုးသာ ပေါ်ပေါက်နိုင်ပါသည်။ အချိန် အနည်းငယ်အတွင်း ပေါ်ပေါက်လျှင် ရက်တိုရောဂါဟု ခေါ်ပါသည်။ ထိုအချိန်တွင် ခုခံအားစနစ်က တိုက်ထုတ်နေတာကြောင့် အောင်းချိန်အတွင်း ရောက်သွားနိုင်ပါသည်။အောင်းချိန်သည် နှစ်ရှည်ကြာနိုင်ပါသည်။ ရောဂါပိုး ရှိနေပေမဲ့ ရောဂါလက္ခဏာများ လုံးဝ မခံစားရနိုင်ပါ။ HIV မှ AIDS ရောဂါသို့ ကူးပြောင်းလျှင်မူ AIDS ၏ ရောဂါလက္ခဏာများ ခံစားရနိုင်ပါသည်။HIV ရောဂါသည် သာမန် စစ်ဆေးချက်များနှင့်ပင် စစ်ဆေးနိုင်ပါသည်။ သို့သော် AIDS မှာ ရှုပ်ထွေးပါသည်။HIV ကူးစက်လျှင် ကိုယ်ခန္ဓာ၏ ခုခံအားစနစ်သည် တန်ပြန်ဓာတ်များ ထုတ်ပြီး ဗိုင်းရပ်စ်ပိုးမွှားများကို တိုက်ထုတ်ပါသည်။ သွေးနှင့် တံတွေး စစ်ဆေးမှုများ ပြုလုပ်ပြီး မိမိတွင် တန်ပြန်သတ္တိ မည်မျှရှိသည်ကို စမ်းသပ်နိုင်ပါသည်။ သို့သော် ထိုစစ်ဆေးမှုသည် ရောဂါပိုးဝင်ပြီး ရက်ပေါင်း အနည်းငယ် ကြာမှသာ စစ်ဆေးနိုင်ပါသည်။နောက်စစ်ဆေးမှုမှာ ဗိုင်းရပ်စ်ပိုးမွှားမှ ထုတ်သောဓာတ်ကို စစ်ဆေးခြင်း ဖြစ်ပါသည်။ ထိုစစ်ဆေးမှုမှာ ရောဂါဖြစ်ပြီး ရက်ပိုင်းအတွင်း စစ်ဆေးနိုင်ပါသည်။ ထိုစစ်ဆေးချက် နှစ်မျိုးလုံးမှာ မှန်ကန်ပြီး စစ်ဆေးရန် လွယ်ကူပါသည်။AIDS ရောဂါသည် HIV ရောဂါ၏ နောက်ဆုံးအဆင့် ဖြစ်ပါသည်။ HIV သည်AIDS ရောဂါပြောင်းလဲပါက ဖြစ်ပေါ်လာသော ဖြစ်စဉ်များ ရှိပါသည်။ ဥပမာ – ဆဲလ်အရေအတွက် ပြောင်းလဲခြင်း ဖြစ်ပါသည်။ HIV မရှိသော လူတစ်ဦးသည် CD4 ဆဲလ်အရေအတွက် 500 မှ 1200 အထိ ရှိနိုင်ပါသည်။ဆဲလ်အရေအတွက် 200 အထိ လျော့နည်းသွားလျှင် HIV မှ AIDS ပြောင်းသွားပြီဟု သိနိုင်ပါသည်။ ပြလေ့ရှိသော နောက်လက္ခဏာ တစ်မျိုးမှာ ရောဂါပိုး ဝင်ရောက်ခြင်း ဖြစ်ပါသည်။ ရောဂါပိုးများမှာ ဗိုင်းရပ်စ်၊ မှိုရောဂါ၊ ဘက်တီးရီးယား ပိုးမွှားများကြောင့် ဖြစ်လေ့ရှိသော ရောဂါများ ဖြစ်သည့် တီဘီရောဂါများ၊ ကင်ဆာနှင့် နမိုးနီးယား ရောဂါများ ပါဝင်သည်။HIV မှ AIDS ပြောင်းလဲသွားပါက မိမိနေထိုင်နိုင်သည့် သက်တမ်းသည်လည်း ကျဆင်းသွားပါသည်။ ပျက်စီးသွားသော ခုခံအားစနစ်ကို ပြန်လည်ပြင်ဆင်ရန် မလွယ်ကူပါ။ ခုခံအား ကျဆင်းခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာများ ရှိပါသည်။ဥပမာ – ရောဂါပိုး ဝင်ရောက်ခြင်း၊ ကင်ဆာများကဲ့သို့သော အသက်ကို ထိခိုက်စေနိုင်သော ရောဂါများ ဝင်ရောက်နိုင်ပါသည်။မကုသလျှင်AIDS ရောဂါသို့ကူးပြောင်းသွားနိုင်ပြီး ၃ နှစ်လောက်သာ အသက်ရှင်နိုင်ပါသည်။ အသက် အန္တရာယ် ဖြစ်ပေါ်စေနိုင်သော နာမကျန်းဖြစ်ပြီး မကုသလျှင် သက်တမ်းသည် ၁ နှစ်ခန့်သာ နေနိုင်ခြင်းလည်း ဖြစ်နိုင်ပါသည်။ တိုးတက်လာသော ဆေးပညာကြောင့် AIDS ရောဂါဝေဒနာရှင်များ၏ သက်တမ်းသည်လည်း တိုးမြင့်လာပါသည်။AIDS သည် HIV ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပြီး ခုခံအားစနစ်ကို ထိခိုက်ပါသည်။HIV ရောဂါပိုးရှိသူများနှင့် ရောဂါပိုး ဝင်ရောက်ရန် ရာခိုင်နှုန်းများသော သူများကို စာနာ၍ အားပေးကူညီရပါမည်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/difference-between-hiv-and-aids/
Vaginal pH ဆိုတာ မိန်းကလေးတွေအတွက် ဘာလို့အရေးကြီးတာလဲ
မိန်းကလေးတွေမှာပဲ ပိုင်ဆိုင်တဲ့ မိန်းမကိုယ်ဆိုတာ ဆန်းကြယ်တဲ့ဖွဲ့စည်းမှုတစ်ခုပါပဲ။ခန္ဓါကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးအတွက်လည်း အရေးပါတယ်၊ လူသားတစ်ယောက်ဖြစ်လာဖို့လည်း အစပျိုးပေးတဲ့နေရာအစိတ်အပိုင်းဖြစ်တယ်၊ သူ့ရဲ့သန့်ရှင်းမှုအတွက်လည်း ကာကွယ်စောင့်ရှောက်ပေးမယ့် သဘာဝစနစ်လည်းပါရှိပြီးသားဖြစ်ပါတယ်။ ပိုထူးဆန်းတာက မိန်းမကိုယ်ကနေထွက်ရှိတဲ့ အရည်(ရာသီသွေးမဟုတ်တဲ့)တွေက သူ့အလိုလိုဆေးကြောသန့်စင်ပေးပြီးရောဂါပိုးတွေကိုဖယ်ရှားပေးတယ်၊ ကျန်းမာတဲ့ pH အဆင့်ကိုထိန်းညှိထားနိုင်ရင်အကျိုးပြုဘက်တီးရီးယားလေးတွေအလုံအလောက်ရှင်သန်နိုင်ပြီးရောဂါပိုးတွေကိုခုခံကာကွယ်ပေးနိုင်တယ်။အများစုသိထားကြတာကမိန်းမကိုယ်အပါအဝင် ခန္ဓါကိုယ်အောက်ပိုင်းအစိတ်အပိုင်းတွေက မသန့်ရှင်းဘူး၊ ညစ်ပတ်တယ်လို့။ အဲဒီတော့ သန့်အောင်၊အနံ့အသက်မထွက်အောင် ဆိုပြီး ဆပ်ပြာမွှေးတွေ၊ရေချိုးဆပ်ပြာတွေနဲ့သေချာဆေးကြောကြတာပေါ့။ ဒီနေရာမှာပဲ မိန်းမကိုယ်ကို အလိုအလျောက် စောင့်ရှောက်ပေးမယ့် သဘာဝ pH စနစ်က ပျက်ယွင်းသွားပါတော့တယ်။Vaginal pHဆိုတာ ဘာလဲ။pH ဆိုတာ အရည်နဲ့ဒြပ်ဝတ္ထုတွေမှာ အက်စစ် (သို့) အယ်လကာလီပါဝင်မှုကို ဖော်ပြတဲ့ အတိုင်းအတာအမှတ်စနစ်တစ်ခုပါ။ ဒီအတိုင်းအတာမှာဆိုရင် ၀ ကနေ ၁၄ အထိရှိပြီး pH 7 အောက် အမှတ်တွေက အက်စစ်ပိုများနေတာကို ပြတယ်၊ pH 7 အထက် အမှတ်တွေက အယ်ကာလီ ပိုများမှုကိုပြနေတာပါ။မိန်းမကိုယ်အတွက် ဘာတွေသက်ရောက်မှုရှိနိုင်တာလဲ။မိန်းမကိုယ်ရဲ့ pH ဟာ အနည်းဆုံး ၃.၅ ကနေ ၄.၅ အတွင်း ရှိဖို့လိုအပ်ပါတယ်။ တစ်ခါတရံ မိန်းမကိုယ် အနံ့အသက် ပြောင်းလဲခြင်း၊ ပုံမှန် မဟုတ်တဲ့ အမျိုးသမီး အင်္ဂါမှ သွေးဆင်းခြင်းတို့ကို ကြုံနေရပြီဆိုရင်မိန်းမကိုယ်ရဲ့ pH မညီမမျှ ဖြစ်နေတယ်၊ မှိုပိုးလို ရောဂါပိုးတွေဝင်နေပြီဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒါ့ကြောင့် မိန်းမကိုယ်မှာ ကျန်းမာနေသလား၊ရောဂါရှိနေသလားဆိုတာpH ထိန်းညှိမှုအပေါ်လည်း မူတည်နေပါတယ်။pHအဆင့် ဘယ်လောက်ရှိရင် အကောင်းဆုံးလဲ။မိန်းမကိုယ်မှာ ထိန်းထားသင့်တဲ့ pH အဆင့်က ပုံမှန်အားဖြင့် ၄.၅ အောက်မှာရှိတာအကောင်းဆုံးပါ။ ဒါပေမယ့်သွေးဆုံးပြီးအမျိုးသမီးတွေမှာတော့pH က ၅ လောက်ထိ ရှိနေနိုင်ပါတယ်။ လိင်ဆက်ဆံပြီးတဲ့အချိန်၊ ရာသီလာတဲ့အချိန်၊ ကလေးမွေးပြီးချိန် ဒါမှမဟုတ် သားဥကြွေချိန်ဆို မိန်းမကိုယ်မှာpH က ပိုမြင့်နေတတ်တာတော့ သဘာဝပါ။အဝတ်အစားနဲ့အတွင်းခံတွေလား။မှန်ပါတယ်။ အဝတ်အစားသိပ်တင်းကျပ်နေတာ၊ အတွင်းခံက ကျပ်ကပ်လွန်းနေတာတွေကြောင့် မိန်းမကိုယ်အတွင်းက အကျိုးပြုဘက်တီးရီးယားလေးတွေအရေအတွက်ကိုလျော့နည်းစေနိုင်ပြီးpH အတိုင်းအတာကိုပြောင်းလဲစေနိုင်ပါတယ်။ ပိတ်လှောင်စိုစွတ်မှုကြောင့် မိန်းမကိုယ်ကို ဘက်တီးရီးယားရောဂါပိုးတွေပွားများရာအသိုက်တစ်ခုဖြစ်သွားစေနိုင်ပါတယ်။ဘက်တီးရီးယားကြောင့် မိန်းမကိုယ်ရောင်ရမ်းခြင်း။Bacterial vaginosis လို့ခေါ်တဲ့ဒီပြဿနာဟာ မိန်းမကိုယ်အတွင်းမှာ သဘာဝအလျောက် ရှိနေတဲ့ဘက်တီးရီးယားပမာဏလွန်ကဲတဲ့အခါဖြစ်လာတတ်တာပါ။ အကျိုးပြုဘက်တီးရီးယားပမာဏကို ညီမျှအောင်မထိန်းညှိနိုင်တဲ့သဘောပေါ့။ ဒါဆိုရင် မိန်းမကိုယ်pH ကို ပိုမြင့်လာစေနိုင်ပါတယ်။Bacterial vaginosisဖြစ်တဲ့သူတွေမှာ ယားယံခြင်း၊လောင်ခြင်း၊ နာကျင်ခြင်းတို့ခံစားရနိုင်ပြီး ဆီးသွားရင်ပူမယ်၊ အဖြူဆင်းတာတွေဖြစ်နိုင်တယ်။မိန်းမကိုယ်အတွင်းပိုင်းကိုဆေးကြောခြင်း။ဗီနီဂါတို့၊ မုန့်ဖုတ်ဆိုဒါတို့ပါတဲ့ဆေးရည်တွေသုံးပြိး မိန်းမကိုယ်အတွင်းပိုင်းကိုဆေးကြောတာ၊ သန့်စင်တာ၊ ဆပ်ပြာတွေနဲ့အတွင်းထိဆေးကြောတာတွေမလုပ်သင့်ပါဘူး။ မိန်းမကိုယ်အနံ့အသက်ကင်းအောင်လို့ဆိုပြီး သုံးကြပေမယ့် သူတို့ကြောင့် ပိုတောင်ဆိုးနိုင်ပါတယ်။ သူတို့တွေက မိန်းမကိုယ်အတွင်းက သဘာဝအကျိုးပြုဘက်တီးရီးယားလေးတွေကိုပါရှင်းထုတ်ပစ်တာကြောင့်vaginal pH ထိန်းညှိမှုကို ပျက်ယွင်းစေတယ်၊ရောဂါပိုးဝင်ခြင်းကိုဖြစ်လွယ်စေနိုင်ပါတယ်။သွေးဆုံးခြင်း။သွေးဆုံးချိန်မှာ အမျိုးသမီးတွေဟာvaginal pH အဆင့်ပိုမြင့်လေ့ရှိပြီး ပျမ်းမျှအားဖြင့်၅.၃လောက်ရှိနိုင်ပါတယ်။သွေးဆုံးချိန် အက်စထရိုဂျင်ပမာဏလျော့နည်းမှုကြောင့်vaginal pH အတိုင်းအတာကို သက်ရောက်မှုရှိနိုင်တာဖြစ်ပါတယ်။မိန်းမကိုယ် ရောဂါပိုးဝင်ခြင်း။မှိုပိုးအပါအဝင် တခြားကပ်ပါးရောဂါပိုးတွေ မိန်းမကိုယ်ကို ကူးစက်ရောက်ရှိလာရင်လည်းvaginal pH ကိုထိခိုက်စေနိုင်ပါတယ်။ပဋိဇီဝပိုးသတ်ဆေး။ပဋိဇီဝပိုးသတ်ဆေးတွေသောက်သုံးတဲ့အခါ သူတို့က အကျိုးပြုဘက်တီးရီးယားတွေကိုပါ ရှင်းလင်းပစ်လိုက်နိုင်တာကြောင့် မိန်းမကိုယ်ရဲ့သဘာဝကာကွယ်မှုစနစ်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒီဆေးတွေသောက်ရတာများတဲ့သူတွေမှာvaginal pH ကို ဘယ်လိုမှပုံမှန်ထိန်းညှိနိုင်မှာမဟုတ်ပါဘူး။မိန်းမကိုယ်pHကိုမထိန်းညှိနိုင်တဲ့အခါ ဘယ်လိုသိနိုင်မလဲ။မိန်းမကိုယ်မှာရှိသင့်တဲ့pH အဆင့်ကို မထိန်းညှိနိုင်တဲ့အခါ ရောဂါပိုးဝင်ပြီး ဒီလက္ခဏာတွေဖြစ်လာနိုင်ပါတယ် –။မိန်းမကိုယ်pHထိန်းညှိမှုကို မထိခိုက်အောင် ဘယ်လိုကာကွယ်မလဲ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/importance-of-vaginal-ph/
ရောဂါကင်းစင်ပြီး ကျန်းမာပျော်ရွှင်စွာ ရှင်သန်ပါစေ။
ဘေဘီလေးတွေက ဖူးပွင့်လာမယ့် ပန်းကလေးတွေဆိုရင် ဖေဖေမေမေတို့က ဥယျာဉ်မှူးတွေပါ။ ဥယျာဉ်မှူးတွေရဲ့ တာဝန်က ပန်းကလေးတွေ လှပစွာဖူးပွင့်နိုင်စေဖို့ဆိုရင် ဖေဖေမေမေတို့တာဝန်က ဘေဘီလေးတွေ ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ပေါ့။ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ဆိုရာမှာ ဘေဘီလေးက ရောဂါကင်းဖို့ရော၊စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့ရော၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးသန်စွမ်းဖို့ပါ လိုပါမယ်။ ဒီလို အဖက်ဖက်က ပြည့်စုံဖို့ အာဟာရပြည့်ဝရေး၊ ကျန်းမာတဲ့ နေထိုင်မှုပုံစံ၊ ချစ်ခင်အလေးစိုက်မှု နဲ့ လုံလောက်တဲ့ကာကွယ်ဆေးထိုးနှံမှုဆိုတဲ့ အချက်တွေအားလုံးကို သေချာ ဂရုတစိုက် လုပ်ဆောင်ဖို့လိုမှာပါ။ကာကွယ်ဆေးထိုးတာက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အရေးပါတဲ့ ကျန်းမာရေး စောင့်ရှောက်မှုပါ။ ကာကွယ်ဆေး ပြည့်ဝစွာ ထိုးနှံမှုက နှစ်စဉ် ကလေးငယ် သန်းပေါင်းများစွာကို ရောဂါတွေဘေးကနေ ကာကွယ်ပေးနေတာပါ။ကာကွယ်ဆေးက ရောဂါတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးရာမှာ ထိရောက်စွာ အားဖြည့်ပေးပါတယ်။ ကလေးတွေကို ရောဂါကင်းစင်ပြီး ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာစေပါတယ်။ ကာကွယ်ဆေးထိုးထားတာက ကလေးကို ရောဂါပိုးတွေ ကူးစက်ခံစားရနိုင်တဲ့အန္တရာယ်ကို လျှော့ချလိုက်တာပါပဲ။ကာကွယ်ဆေးက ရောဂါတွေကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်ပေးတဲ့အရာပါ။ ကာကွယ်ဆေးကြောင့် နှစ်စဉ်တုပ်ကွေး၊ဝက်သက်၊ မေးခိုင်ရောဂါပိုး၊ ဆုံဆို့နာ၊ကြက်ညှာချောင်းဆိုးလိုမျိုး ရောဂါတွေကြောင့် ထိခိုက်ရမယ့် ကလေးငယ် အသက်ပေါင်း ၂ သန်းကနေ ၃သန်းအထိကို ကာကွယ်နိုင်နေတာပါ။ ဒီတော့ ကာကွယ်ဆေးထိုးဖို့ အရေးကြီးလား။ မကြီးဘူးလားဆိုတာ တွေးသာကြည့်ပေတော့။ကာကွယ်ဆေးဆိုတာက သေဆုံးသွားပြီဖြစ်တဲ့ ဒါမှမဟုတ် အားပျော့သွားပြီဖြစ်တဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် အနည်းငယ်ကို ဓာတ်ခွဲခန်းမှာ စမ်းသပ်ထားတဲ့ ပရိုတင်းနဲ့ ပေါင်းစပ်ပြီး ထိရောက်ဘေးကင်းအောင် ထုတ်ထားတဲ့အရာပါ။ဒီဖော်စပ်မှုကို ခန္ဓာကိုယ်ထဲ ထည့်ပေးလိုက်တဲ့အခါ ကိုယ်ခံအားက တုံ့ပြန်ပေးပြီး ပြင်ပက ဝင်လာမယ့် အလားတူ ရောဂါပိုးတွေကိုလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်စေဖို့ အသင့်ပြင်ထားပေးတဲ့အရာကို ကာကွယ်ဆေးလို့ ခေါ်တာပါ။ antibodiesလို့ ခေါ်တဲ့ ပဋိပစ္စည်း ထွက်လာအောင် လုပ်လိုက်တဲ့ သဘောပေါ့။ကာကွယ်ဆေးက ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးသလို ရောဂါဒဏ်ကို ဆိုးဆိုးရွားရွား မခံရစေဖို့ အားဖြည့်ပေးပါသေးတယ်။ နုနယ်တဲ့ကလေးတွေအတွက် မဖြစ်မနေ လိုအပ်မယ့်အရာပေါ့။ကာကွယ်ဆေးထိုးနှံတာက လွယ်ကူပြီး စရိတ်စကသက်သာသော ရောဂါကာကွယ်နည်းပါ။ ထိရောက်တဲ့ ကာကွယ်နည်းဆိုလည်း မမှားပါဘူး။ကာကွယ်ဆေးတွေက ထိရောက်တဲ့ ကာကွယ်နည်းဖြစ်သလို သေချာစမ်းသပ်ထားတဲ့ ဆေးဝါးတွေပါ။ အမျိုးအစားအလိုက် ထိရောက်နိုင်စွမ်းတွေတော့ ကွာခြားနိုင်တာပေါ့။ကာကွယ်ဆေးက ပြင်းထန်တဲ့ ရောဂါတွေရန်ကနေ ကာကွယ်ပေးတယ်။ ဝက်သက်၊ ကြက်ညှာချောင်းဆိုးလိုမျိုး ကူးစက်နိုင်တဲ့ရောဂါတွေ ကူးစက်မှုအန္တရာယ်ကနေ ကာကွယ်ပေးတယ်။ပိုလီယို၊ရေကျောက်လိုမျိုးရောဂါတွေကို ကမ္ဘာ့နိုင်ငံ အတော်များများမှာ အမြစ်ဖြတ် သုတ်သင်ပေးခဲ့တယ်လေ။ကလေးကိုကာကွယ်ဆေးထိုးနှံပေးတယ်ဆိုတာက ကာကွယ်ဆေးထိုးလိုက်တယ်ဆိုတာထက်ပိုတဲ့ အခုလို အဓိပ္ပါယ်တွေ သက်ရောက်နေတာပါ။ ကာကွယ်ဆေးထိုးတာက။ကလေးကို ကောင်းမွန်စွာ ရှင်သန်ခွင့်ပေးလိုက်တာပေါ့။ ကာကွယ်ဆေးမထိုးနှံမိတာကြောင့် သေဆုံးရတဲ့ ကလေးငယ်တွေ၊ မသန်စွမ်းဖြစ်ရတဲ့ ကလေးငယ်တွေအများကြီးပါ။ ကာကွယ်ဆေးရဲ့ ကျေးဇူးကြောင့်ပဲ ကလေးတွေ ပိုလီယိုရောဂါ ကင်းစင်လာကြတာလေ။ကာကွယ်ဆေးဆိုတဲ့အရာက တတ်ကျွမ်းတဲ့ သုတေသီတွေ ကိုယ်တိုင် အထပ်ထပ် စမ်းသပ်စစ်ဆေးမှုတွေ လုပ်ထားတဲ့ ဆေးဝါးပါ။ ဒါကြောင့် ကာကွယ်ဆေးက အန္တရာယ်နည်းပြီး ထိရောက်မှု ရှိပါတယ်။မပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ဓာတ်မတည့်တာမျိုးတော့ ဖြစ်နိုင်တာပေါ့။ ဒါကလည်း ကလေးတိုင်းဖြစ်မယ်လို့ မဆိုလိုပါဘူး။ ဖြစ်ခဲပါတယ်။  ကာကွယ်ဆေးအမျိုးအစားပေါ်လည်း မူတည်ပါသေးတယ်။ကာကွယ်ဆေး ထိုးပေးတာက ကလေးကို ကောင်းမွန်စွာ ရှင်သန်နိုင်ပါစေဆိုတဲ့ အဓိပ္ပါယ်ပါ။ ကလေးကို ကူးစက်နိုင်တဲ့ရောဂါတွေ၊ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ ရန်ကနေ ကာကွယ်ပေးတာပါ။ကာကွယ်ဆေးထိုးတာက ကလေးကို ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်လိုက်တာဖြစ်တဲ့အတွက် ကလေးက နာမကျန်းဖြစ်တာ ကင်းလို့ မိသားစုရဲ့အချိန်တွေ၊ ငွေတွေ အလဟဿ မဖြစ်တော့ဘူးပေါ့။ကာကွယ်ဆေးက ပြင်းထန်တဲ့ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးတာ ဖြစ်တာကြောင့် ကလေးကို ငယ်စဉ်ကတည်းက ကာကွယ်ဆေးထိုးပေးထားမယ်ဆိုရင် ရောဂါကင်းစင်ပြီး ကျန်းမာသန်စွမ်းတဲ့ အနာဂတ်မျိုးဆက်သစ်လေးတွေ အဖြစ် ကြီးပြင်းလာစေမှာပါ။အချို့သော ကာကွယ်ဆေးတွေက တစ်ကြိမ်ထိုးရုံနဲ့ လုံလောက်ပေမယ့် အချို့ကာကွယ်ဆေးတွေကတော့ နှစ်အလိုက် ကာလအလိုက် ထပ်ဆောင်းကာကွယ်ဆေးတွေ ထိုးနှံဖို့တော့ လိုပါမယ်။ဘေဘီလေးတွေကို ရောဂါကင်းပြီး ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာစေဖို့ မွေးစကနေစပြီး အသက် ၁၀ နှစ်အတွင်း။ကျန်းမာသန်စွမ်းတဲ့ ဘေဘီလေးတွေအဖြစ် ကြီးပြင်းအရွယ်ရောက်လာစေဖို့ ကာကွယ်ဆေးတွေကို မပျက်မကွက်ထိုးနှံကြဖို့ တိုက်တွန်းလိုက်ပါရစေ။MAT-MM-2000039။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/vaccines/vaccines-and-immunization/
AIDS ရောဂါရှိနေလျှင် မည်သို့ ဖြစ်မည်နည်း
AIDS ရောဂါရှိနေလျှင် မည်သို့ ဖြစ်မည်နည်း ဆိုတာက ဗဟုသုတ အနေနဲ့ လေ့လာလိုက်ပါ။AIDS ရောဂါသည် HIV ရောဂါပိုးမှ စတင်ပါသည်။ HIV ရောဂါပိုး ရှိသောသူသည် အများဆုံး ၁၀ နှစ်အထိ ရောဂါလက္ခဏာ မပြခြင်း ဖြစ်တတ်ပါသည်။ ထိုအချိန်အတွင်းမှာလည်း တခြားသူများသို့ ရောဂါပိုး ကူးစက်နိုင်ပါသည်။ ရောဂါပိုးမွှားကို ရှာမတွေ့ဘဲ ကုသမိလျှင်လည်း ဆေးကြောင့် ခုခံအား ကျဆင်းပြီး AIDS ရောဂါ ဖြစ်ပေါ်နိုင်ပါသည်။AIDS ရောဂါရှိနေလျှင် မည်သို့ ဖြစ်မည်နည်း ဆိုတော့ AIDS ရောဂါ ဆိုသည်မှာHIV ပိုးရှိသော လူတစ်ဦးသည် ခုခံအား ကျဆင်းပြီး ကိုယ်ခန္ဓါ ထိခိုက်ကာ တခြားသော ရောဂါပိုးမွှားများ၊ အထူးသဖြင့် ကိုယ်တွင်း ခုခံအားစနစ်ကို အားနည်းစေသော ရောဂါပိုးမွှားများ ဝင်ရောက်လာခြင်းကြောင့် ဖြစ်လေ့ရှိပါသည်။ဥပမာ – အနာများ၊ အဖုသေးသေးလေးများ ဖြစ်လေ့ရှိသော ရောဂါများ၊ အလုံးအကျိတ်များ ဖြစ်ပေါ်တတ်သော ရောဂါများ၊ လျှာတွင် အဖြူကွက်များ ပေါ်လေ့ရှိသော ပိုးများ၊ တီဘီ၊ ကင်ဒီတာ ပိုးကြောင့် ဖြစ်သော လည်မျိုရောင်ခြင်းများ ဖြစ်ပါသည်။ထိုရောဂါပိုးများအတွက် တွေ့ရလေ့ရှိသော လက္ခဏာများမှာ-။CD4 T ဆဲလ်ပမာဏ လွန်စွာကျဆင်းပြီး ဗိုင်းရပ်စ်ပိုးများ ပမာဏ အဆမတန် တိုးပွားလာပါသည်။ CD4 ပမာဏသည် သွေး ၁ ကုဗလီတာ ပမာဏတွင်၂၀၀ အောက် ကျပါက သို့မဟုတ် အဆင့် ၄ HIV ဒဏ်ကို ခံစားနေရပါက (ဥပမာ – တီဘီ ကင်ဆာနှင့် နမိုးနီးယား) ဆိုလျှင် ခုခံအားကျဆင်းမှု ရောဂါ AIDS ဖြစ်ရန် ပိုများပါသည်။HIV မှAIDS သို့ပြောင်းသွားပြီဆိုလျှင် ထိုလူအဖို့ သေဆုံးရန် ရာခိုင်နှုန်းများပါသည်။ မကုသဘဲထားလျှင် ၃ နှစ်လောက်သာ အသက်ရှင်နိုင်ပါသည်။ သေစေနိုင်သော ရောဂါပိုးမွှားများ တစ်ခုခု ဝင်ရောက်လာပြီဆိုလျှင်လည်း တစ်နှစ် သက်တမ်းမျှသာ ကျန်သော အဖြစ်မျိုးလည်း ကြုံရနိုင်ပါသည်။တိုးတက်လာသော ခေတ်သစ် ဆေးဝါးများကြောင့် AIDS ရောဂါရှင်များ သက်တမ်းသည်လည်း တိုးမြင့်လာပါသည်။ HIV ရောဂါဖြစ်လျှင် ဆေးအမျိုးအစားများ စပ်၍ သောက်သုံးရပါမည်။ထိုဆေးများသည် ကိုယ်ခန္ဓါ၏ ခုခံအားစနစ်ကို တိုးမြင့်နိုင်ပါသည်။ ထိုဆေးများသည် ဈေးကြီး၍ ဘေးထွက် ဆိုးကျိုးများလည်း ရှိတတ်ပါသည်။ သို့သော် ဆရာဝန်နှင့် မတိုင်ပင်ဘဲ ဆေးမဖြတ်သင့်ပါ။ ထို့အပြင် ပေးထားသော ဆေးကို အကုန်မသောက်ဘဲ တစ်မျိုးတည်းခွဲ၍ မသောက်သုံးရပါ။ CD4 T ဆဲလ်နည်းသော သူများသည် တခြားသော ရောဂါပိုးများ မဝင်လာစေရန် ဆေးသောက်သုံးသည်များလည်း ရှိပါသည်။ ထိုဆေးများကို CD4 ပမာဏ တိုးတက်လာသည်အထိ သောက်သုံးသင့်ပါသည်။AIDS ရောဂါသည် HIV ပိုးကြောင့် ဖြစ်ပါသည်။ ထိုရောဂါသည် ကိုယ်ခန္ဓါ၏ ခုခံအားစနစ်ကို လျော့နည်းစေပါသည်။ HIV ရောဂါကို သက်သာစေသော ဆေးများမှာ ကူးစက်မှုများကိုလည်း အထိုက်အလျောက် ကာကွယ်နိုင်ပါသည်။ သို့သော် အမြဲတစေ မမှန်နိုင်ပါ။ ဆရာဝန်နှင့် အသေးစိတ် တိုင်ပင်နိုင်ပါသည်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/understanding-aids-hiv-symptoms/
Flax (နှမ်းကြတ်ပင် )
Flaxseed ကို အစာအိမ်အူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေဖြစ်တဲ့ ဝမ်းဆက်တိုက်ချုပ်ခြင်း၊ ဝမ်းသွားဆေး အသုံးများသောကြောင့် အူပျက်စီးခြင်း၊ ဝမ်းလျှောခြင်း၊ အူမကြီး နံရံရောင်ခြင်း၊ IBS၊ အူမကြီးနံရံမှာ အနာများရှိခြင်း၊ အစာအိမ်နံရံ ရောင်ခြင်းနဲ့ အူသိမ်ရောင်ခြင်းတို့မှာ အသုံးပြုကြပါတယ်။Flaxseed ကို နှလုံးနဲ့ သွေးကြောရောဂါတွေဖြစ်တဲ့ ကော်လက်စထရောများခြင်း၊ သွေးကြောခဲခြင်း၊ သွေးတိုးခြင်းနဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေမှာလဲ အသုံးပြုကြပါတယ်။Flaxseed ကို ဝက်ခြံအတွက်၊ ADHD ရောဂါ၊ SLE ရောဂါသည်တွေမှာ တွေ့ရတတ်တဲ့ ကျောက်ကပ်ရောဂါ၊ သွေးဆုံးတဲ့ လက္ခဏာတွေနဲ့ ရင်သားနာကျင်မှုတွေမှာ အသုံးများပါတယ်။ သူ့ကို ဆီးချို၊ အဝလွန်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ HIV၊ စိတ်ကျရောဂါ၊ ဆီးအိမ် ပိုးဝင်ခြင်း၊ ငှက်ဖျားနဲ့ အဆစ်ရောင်ရောဂါတွေမှာလည်း အသုံးပြုကြပါတယ်။လည်ချောင်းနာခြင်းနဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း အတွက်လည်း သုံးကြပါတယ်။လူအချို့က အရိုးပွရောဂါ ကာကွယ်ဖို့နဲ့ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာတို့ကို ကာကွယ်ဖို့ အသုံးပြုပါတယ်။Flaxseed ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဒါပေမယ့် အချို့လေ့လာမှုတွေက ကင်ဆာကာကွယ်နိုင်တဲ့ အာနိသင်ဟာ Equol လို့ခေါ်တဲ့ Flaxseed မှာ ပါဝင်တဲ့ ပစ္စည်းတစ်မျိုးကြောင့် ဖြစ်နိုင်တယ်လို့ ဆိုကြပါယတ်။Flaxseed ဟာ အမျှင်ဓါတ်ကြွယ်ဝပြီး omega 3 fatty acid ပါဝင်ပါတယ်။ Flaxseed ပါဝင်တဲ့ အမျှင်ဓါတ်ဟာ အဓိကအားဖြင့် အစေ့ခွံမှာ ပါဝင်တာဖြစ်ါတယ်။ အစာမစားခင် စားသုံးပေးခြင်းဟာ ဆာလောင်မှုကို ထိန်းပေးနိုင်ပါတယ်။Fatty acid တွေ ပျက်စီးခြင်းကို ကာကွယ်ဖု့ိ ရေခဲသေတ္တာထဲ ထည့်ထားသင့်ပါတယ်။Flaxseed အစိမ်းတွေဟာ လုံခြုံစိတ်ချရမှု မရှိပါဘူး။ သူတို့ဟာ အဆိပ်သင့်နိုင်ပါတယ်။ဓါတ်မတည့်ခြင်းနဲ့ ဆေးများခြင်း လက္ခဏာတွေကို စောင့်ကြည့်သင့်ပြီး ဖြစ်လာခဲ့ရင် Flaxseed သုံးစွဲခြင်းကို ရပ်တန့်ကာ အခြားကုသမှု ယူသင့်ပါတယ်။Flaxseed ဟာ သွေးသကြားပမာဏကို ကျစေပြီး ဆီးချိုဆေးအချို့ရဲ့ အာနိသင်ကို တိုးတက်စေပါတယ်။ သင့်မှာ ဆီးချိုရောဂါရှိပြီး Flaxseed စားသုံးနေတယ်ဆိုရင် သင့်သကြားပမာဏကို သေချာ စောင့်ကြည့်သင့်ပါတယ်။Flaxseed ဟာ estrogen လိုမျိုး အစွမ်းရှိတာကြောင့် ဟော်မုန်းကြောင့်ဖြစ်စေတဲ့ အချို့အခြေအနေတွေကို ပိုမိုဆိုးရွားစေပါတယ်။ ဒီအခြေအနေတွေကတော့ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ သားအိမ်ရောင်ခြင်းနဲ့ သားအိမ်အလုံးတည်ခြင်းတို့ပဲဖြစ်ပါတယ်။Flaxseed ဟာ အောက်သွေးကို ကျစေပါတယ်။ Flaxseed ဟာ သွေးပေါင်ကျနေတဲ့ လူတွေမှာလည်း သွေးပေါင်ကို ထပ်ကျစေနိုင်ပါတယ်။ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ကလေးငယ်တွေမှာ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးနို့တိုက်မိခင်တွေမှာ Flaxseed ကို အသုံးမပြုသင့်ပါဘူး။Flaxseed ကို အူပိတ်နေသူတွေ၊ ရေဓါတ်ခန်းခြောက်သူတွေ၊ ဓါတ်မတည့်မှု ရှိတတ်သူတွေမှာ အသုံးမပြုသင့်ပါဘူး။ အနာအုံဆေးကို ပွင့်အာနေတဲ့ အနာတွေအတွက် အသုံးမပြုသင့်ပါဘူး။Flaxseed ဟာသွေးခဲခြင်းကို ဖြစ်စေနိုင်ပါတယ်။ သင့်မှာ သွေးရောဂါ ရှိရင် အသုံးမပြုသင့်ပါဘူး။အောက်ပါ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။• ပျို့အန်ခြင်း၊ အစာစားချင်စိတ် မရှိခြင်း၊ ဝမ်းလျှောခြင်း၊ လေတက်ခြင်း။• အူပိတ်ခြင်း။• ဓါတ်မတည့်ခြင်း။• အားနည်းခြင်း၊ မောခြင်း၊ အသက်ရှူမြန်ခြင်း၊ အကြောသေခြင်း၊ တက်ခြင်း။လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။အောက်ပါ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။• ပျို့အန်ခြင်း၊ အစာစားချင်စိတ် မရှိခြင်း၊ ဝမ်းလျှောခြင်း၊ လေတက်ခြင်း။• အူပိတ်ခြင်း။• ဓါတ်မတည့်ခြင်း။• အားနည်းခြင်း၊ မောခြင်း၊ အသက်ရှူမြန်ခြင်း၊ အကြောသေခြင်း၊ တက်ခြင်း။လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။ဆီးချို အမျိုးအစားနှစ်အတွက်: 600 mg တစ်နေ့သုံးကြိမ်,။ကော်လက်စထရောများခြင်း: Flaxseed ပါတဲ့ ပေါင်မုန့်၊ ကိတ်မုန့် (40-50 grams flaxseed)။SLE လူနာတွေမှာ ကျောက်ကပ် လုပ်ငန်းဆောင်တာ တိုးတက်ဖို့အတွက်: စီရီရယ်၊ ခရမ်းချဉ်သီး၊ လိမ္မော်ရည်တို့နဲ့ အတူ 15 grams of ground flaxseed တစ်နေ့နှစ်ကြိမ်။သွေးဆုံးလက္ခဏာတွေကို သက်သာစေရန်: 40 grams ကြိတ်ထားတဲ့ Flaxseed ပါဝင်တဲ့ ပေါင်မုန့် ကို နေ့စဉ် စားသင့်ပါတယ်။Flaxseed ကို သောက်သုံးရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။Flaxseed ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။• ဆေးတောင့်။• အဆီ။• အမှုန့်။• Softgel capsules။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/flax-%e1%82%8f%e1%80%bd%e1%80%99%e1%80%b9%e1%80%b8%e1%81%be%e1%80%80%e1%80%90%e1%80%b9%e1%80%95%e1%80%84%e1%80%b9/
ကွန်ဒုံးကို ဘယ်လိုသိမ်းရပါ့
ကြင်သူနှစ်ဦးအကြား ချစ်ခရီးကလည်း နှင်ချင်၊ ကိုယ်ဝန်ကလည်း မရချင်သေးဘူးဆိုရင် အရင်ဆုံး စဉ်းစားမိမှာက ကွန်ဒုံး သုံးဖို့ဖြစ်ပါလိမ့်မယ်။ကွန်ဒုံးတွေက ကိုယ်ဝန်ရတာတွေနဲ့ STIs လို့ခေါ်တဲ့ လိင်ကနေဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ၉၈% လောက် တားဆီးပေးနိုင်ပါတယ်။ကွန်ဒုံးတွေဟာသုတ်ရည်နဲ့ တခြားခန္ဓာကိုယ်က အရည်တွေကိုအမျိုးသမီးလိင်အင်္ဂါ၊စအိုနဲ့ ပါးစပ်တွေဆီ မရောက်အောင် အတားအဆီးတစ်ခုအဖြစ် လုပ်ဆောင်ပေးတဲ့အရာတစ်ခု ဖြစ်ပါတယ်။အမျိုးသားတွေအတွက်ရော၊ အမျိုးသမီးတွေအတွက်ရော ကွန်ဒုံးတွေအမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုလို့မရပါဘူး။ နှစ်ခုလုံးတစ်ပြိုင်နက်တည်း အသုံးပြုမယ်ဆိုရင် နှစ်ခုက သွားကပ်နေပြီး တခြားတစ်ခုကို နေရာကနေ လွဲအောင်လုပ်လိုက်တာမျိုး၊ ပြဲစေတာမျိုး ဖြစ်စေနိုင်ပါတယ်။တန်ဖိုးလည်း သိပ်မကြီးကြတဲ့ ကွန်ဒုံးတွေကို အလွယ်တကူ ဝယ်ယူလို့ရနိုင်တာကြောင့် တချို့က ကြိုတင်ဝယ်ယူ ဆောင်ထားတတ်ကြသလို တချို့ကတော့လည်း အလိုရှိမှ လက်လှမ်းမှီရာကနေ ဝယ်ယူပြီး အသုံးပြုတတ်ကြပါတယ်။ကွန်ဒုံးကို ကြိုတင်ဝယ်ယူ ဆောင်ထားရင်တော့ ကိုယ်စိတ်ပါတဲ့အချိန် ထပြီး သွားလို့ရတယ်မဟုတ်လား။ ဒီတော့ ကြိုတင်ဆောင်ထားတာက မမှားတဲ့ နည်းလမ်းတစ်ခုပါ။ဒါပေမယ့် ကွန်ဒုံးကြီးတော့ ဝယ်လိုက်ပြီထားတော့။ ဒီပစ္စည်းဆိုတာမျိုးက သူခိုးရွှေရ တပြပြလုပ်နေလို့ကလည်း မရပြန်ဘူး။ လူအမြင်မတော်ဘူးလို့ အများစုက ယူဆထားကြတာကိုး။ ဒါပေမယ့်လည်း လိုအပ်တော့ ကြုံရင်ဆုံရင် ဝယ်မိတာမျိုးကလည်း ရှိနိုင်တယ်။ဒီတော့ ဝယ်ထားပြီးရင် ဘယ်လိုထိန်းသိမ်းမလဲ၊ ဘယ်လိုသိမ်းဆည်းမလဲဆိုတဲ့ နည်းနာက လိုအပ်လာပါပြီ။ ကဲ … ကွန်ဒုံးလေးတွေကို ဘယ်လိုသိမ်းကြမလဲ။ အောက်ကနည်းလမ်းတွေကို လိုက်နာပြီး သိမ်းဆည်းနိုင်ပါတယ်။ကွန်ဒုံးတစ်ခု ဘယ်လောက်အသုံးဝင်လဲဆိုတာ သင် နည်းလမ်းမှန်မှန် ဘယ်လောက်အသုံးပြုနိုင်လဲဆိုတဲ့ အပေါ် မူတည်ပါတယ်။ ယောက်ျားလေးက ကွန်ဒုံးသုံးမယ်ဆိုရင်တောင် မိန်းကလေးဖြစ်သူ ကိုယ်ဝန်ရနိုင်ချေတွေ ရှိပါသေးတယ်။စစ်တမ်းများအရ အဖော်ဖြစ်သူ အမျိုးသားများက ကွန်ဒုံးကို မှန်ကန်စွာ သုံးလျက်နဲ့တောင် အမျိုးသမီး အယောက် ၁၀၀ မှာ ၂ ယောက်ကတော့ ကိုယ်ဝန်ရကြပါတယ်။ အမျိုးသားဖြစ်သူက ကွန်ဒုံးကို မှန်မှန်ကန်ကန် အသုံးမပြုဘူးဆိုရင်တော့ အမျိုးသမီး အယောက် ၁၀၀ မှာ ၁၈ ယောက်အထိက ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။ဒါကြောင့် ကွန်ဒုံးကို သေချာသိမ်းဆည်းရုံတင်မက မှန်မှန်ကန်ကန်လည်း အသုံးပြုဖို့ လိုအပ်လှပါတယ်။ ဒါဆိုရင် ကွန်ဒုံးကို ဘယ်လိုမှန်မှန်ကန်ကန် အသုံးပြုမလဲ။ အောက်မှာ လေ့လာကြည့်ပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/the-best-and-worst-places-of-storing-condoms/
သင့်ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တခုခု ရှိနေပြီလား
မိဘတိုင်းဟာ ကိုယ့်သားသမီးကို ဒီကမ္ဘာပေါ်မှာ အချောဆုံး၊အလှဆုံး၊အတော်ဆုံး၊အထက်မြက်ဆုံး ဖြစ်စေချင်ကြတာ သဘာဝပါ။ ကိုယ့်ဗိုက်ထဲက ရင်သွေးလေး ထွက်လာပြီဆိုတာနဲ့ ကိုယ်လက်အင်္ဂါစုံရဲ့လား၊တခြားပြဿနာ ဘာများရှိနေသလဲ စတဲ့ ပူပန်စိုးရိမ်မှုလေးတွေ ရှိကြစမြဲပါပဲ။ တကယ်လို့ ရင်သွေးလေးမှာ တခုခု ချွတ်ချော်ယွင်းမှားနေပြီဆိုရင် ခေါင်းမိုးကြိုးပစ်ခံလိုက်ရသလို မိုက်ခနဲ၊ဒိန်းခနဲ ဖြစ်သွားတတ်ပါတယ်။ ဒါဟာ သဘာဝပါ။ ဒါပေမယ့် ဒီလိုပြဿနာနဲ့ ရင်ဆိုင်နေရတာ သင်တယောက်တည်း မဟုတ်ပါဘူး။ ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေး ဗဟိုဋ္ဌာန (စီဒီစီ)ရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်ပြည်ထောင်စုလို နိုင်ငံမှာတောင် နှစ်စဉ်ကလေးပေါင်း ၁၂၀၀၀၀ ဟာ မွေးရာပါချို့ယွင်းချက်တမျိုးမျိုးနဲ့ မွေးဖွားလာတယ်လို့ သိရပါတယ်။ ဒါကြောင့် သင်နဲ့ သင့်ရင်သွေးလေးကို ကူညီပေးနိုင်မယ့် နည်းလမ်းတွေ၊ကျွမ်းကျင်သူလူပုဂ္ဂိုလ်တွေဟာ သင့်လက်တကမ်းမှာပဲ ရှိနေတယ်ဆိုတာကို သိထားဖို့ အထူးအရေးကြီးပါတယ်။မွေးရာပါ ချို့ယွင်းချက်ဆိုတာ ဘာလဲ။မိခင်ဝမ်းထဲက ကျွတ်ပြီဟေ့ဆိုတဲ့အချိန်မှာပဲ ကလေးနဲ့ အတူတကွ ပါရှိလာတဲ့ မူမမှန်အရာလေးတွေကို မွေးရာပါချို့ယွင်းချက်လို့ ခေါ်ပါတယ်။ မွေးရာပါ ချို့ယွင်းချက် အမျိုးမျိုးရှိသလို ပြင်းထန်မှုအနေအထားအရလည်း အစားစား ရှိနေပါတယ်။ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ၊မွေးရာပါ နှလုံးရောဂါ၊ခြေလက်အင်္ဂါမစုံတာ အစရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေရှိသလို ကလေးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊အသိဉာဏ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို အနှောင့်အယှက်ပေးတဲ့ ချို့ယွင်းချက်တွေလည်း ရှိနေပါတယ် (ဥပမာ Down syndrome၊ မွေးရာပါ နားမကြားခြင်း စသည်)။ အချို့သော ချို့ယွင်းချက်တွေဟာ မျိုးရိုးလိုက်တဲ့အတွက် မိဘရဲ့ မျိုးဗီဇကနေ ကလေးဆီ လက်ဆင့်ကမ်းတာမျိုးရှိသလို ပတ်ဝန်းကျင်အခြေအနေတွေကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ် (ဥပမာ ကိုယ်ဝန်ဆောင်ကာလမှာ မိခင်အနေနဲ့ အချို့သော ဆေးဝါးတွေကို သုံးစွဲခြင်း၊ဓါတ်ရောင်ခြည်နဲ့ ထိတွေ့ခြင်း စသည်)။ ဒါပေမယ့် ပြဿနာရဲ့ ဇစ်မြစ်ကို မသိရတဲ့ အခြေအနေတွေလည်း ဒုနဲ့ဒေးပါ။ဒီလို အခြေအနေကို ဘယ်လိုရင်ဆိုင်မလဲ။၁။ အခြေအနေမှန်ကို လက်ခံပါ၊တိုင်ပင်ဆွေးနွေးပါ။ကိုယ့်ရင်သွေးလေးမှာ ဒီလိုမျိုး မွေးရာပါ ချို့ယွင်းချက်လေးတွေ ပါလာပြီဆိုရင် ဘယ်မိဘမဆို တုန်လှုပ်သွား၊ဝမ်းနည်းသွားကြမှာ အမှန်ပါပဲ။ ဒီလောက် လူတွေအများကြီးထဲမှာ ငါ့ရင်သွေးကိုမှ ဒီလို လာဖြစ်ရလေခြင်းရယ်လို့ ယူကျုံးမရ၊ဝမ်းနည်းစိတ်ပျက် ဒေါသထွက်မိကြမှာပါ။ ဒါပေမယ့် ဒီလို ခံစားနေရုံနဲ့လည်း ပြဿနာက ပြေလည်သွားမှာ မဟုတ်တဲ့အတွက် လက်ရှိအနေအထားကို လက်ခံနိုင်ဖို့ ကြိုးစားရပါမယ်။ သင့်အိမ်ထောင်ဖက် သို့မဟုတ် မိသားစုဝင်တွေနဲ့ တိုင်ပင်ဆွေးနွေးပါ။ နှစ်သိမ့်မှု၊အကြံဉာဏ်စတာတွေကို ရယူပါ။ လိုအပ်လာရင် နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ သွားရောက်ဆွေးနွေးပြီး အကြံဉာဏ်ရယူပါ။ ကိုယ်နဲ့ ဘဝတူ မိဘတွေနဲ့ တွေ့ဆုံပြီး စကားပြောပါ။ အကြံဉာဏ်ကောင်းတွေ ရယူပါ။ ကမ္ဘာပေါ်မှာ သင်နဲ့ သင့်ရင်သွေးလေးနှစ်ဦးပဲ ဒီလိုပြဿနာနဲ့ ရင်ဆိုင်ရတာ မဟုတ်ဘူးဆိုတာ သဘောပေါက်လာပါလိမ့်မယ်။၂။ ရင်သွေးလေးဟာ ဘုရားကပေးတဲ့ ဆုလာဘ်ပါ။ကလေးအတွက် စိတ်မကောင်းဝမ်းနည်းဖြစ်ရ၊သောကပွေရပေမယ့် ဒီရင်သွေးလေးဟာ သင့်အတွက် ဘုရားကပေးတဲ့ ဆုလာဘ်ပါ။ ရင်သွေးလေးကို ချစ်ပါ၊ယုယပါ။ တတ်နိုင်သမျှ အကောင်းဆုံး ပံ့ပိုးပေးပါ။(တခြားပုံမှန်ကလေးတွေလို မဟုတ်သည့်တိုင်) အရွယ်ရောက်လာတာနဲ့အမျှ တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်ကြီးထွားလာတာကို ပီတိဖြစ်ပါ။ ဒီပီတိတွေ၊အပျော်တွေကို သင့်မိသားစုဝင်တွေ၊မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အတူ မျှဝေပါ။၃။ အကူအညီရယူပါ၊အချက်အလက်တွေကို စုဆောင်းလေ့လာပါ။ဒီခေတ်မှာ သတင်းအရင်းအမြစ်တွေကို နေရာစုံက အလွယ်တကူ ရယူလာနိုင်ပါပြီ။ စာအုပ်စာပေနဲ့ အွန်လိုင်းမီဒီယာတွေကို အကျိုးရှိရှိ အသုံးချခြင်းအားဖြင့် သင့်ရင်သွေးအတွက် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်မယ့် နည်းလမ်းတွေကို သိရှိလာမှာပဲ ဖြစ်ပါတယ်။ တတ်ကျွမ်းနားလည်သူတွေ၊ဆရာဝန်တွေနဲ့လည်း ဆွေးနွေးတိုင်ပင်ပြီး အထိရောက်ဆုံး အကြံဉာဏ်တွေကို ရယူပါ။ တကယ်လို့ ဆရာဝန်တဦးပြောတဲ့ နည်းလမ်း၊အကြံဉာဏ်တွေဟာ လုပ်ကြည့်လို့ အကျိုးမရှိဘူး၊အရာမထင်ဘူး ဒါမှမဟုတ် သေသေချာချာ မဖြေပေးဘူးလို့ ယူဆရင် နောက်ထပ်ဆရာဝန်တဦးနဲ့ တိုင်ပင်ဖို့ မတွန့်ဆုတ်ပါနဲ့။ မွေးရာပါ ချို့ယွင်းချက်ရှိနေတဲ့ ကလေးတွေကို ပြုစုပျိုးထောင်ခဲ့ရတဲ့ ဘဝတူမိဘတွေဆီကလည်း အကြံဉာဏ်၊အားပေးမှုတွေကို ရယူပါ။ ထူးခြားစွာ အကျိုးရှိပါလိမ့်မယ်။၄။ အခြေအနေကို တစထက်တစ တိုးတက်လာအောင် ကြိုးစားပါ။သင့်ကလေးရဲ့ ပကတိအခြေအနေကို လက်ခံရမယ်ဆိုပေမယ့် သူလေးရဲ့ ဘဝသက်တမ်းတလျှောက်မှာ (တတ်နိုင်သမျှ)အကောင်းဆုံး ရှင်သန်နေထိုင်သွားနိုင်ဖို့ကိုလည်း သင့်အနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားအားထုတ်ရပါမယ်။ အချို့သော မွေးရာပါချို့ယွင်းချက်တွေက ဘာမှပြုပြင်ပြောင်းလဲလို့ မရတော့ဘူးဆိုပေမယ့် အချို့သော ချို့ယွင်းချက်တွေကိုတော့ (လုံးဝပျောက်ကင်းသွားအောင် မဟုတ်ပေမယ့်) အတိုင်းအတာတခုထိ တိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်တဲ့ အခြေအနေတွေ ရှိနေပါတယ်။ သင့်အနေနဲ့ အချိန်၊ငွေနဲ့ လူအား စတဲ့ ရင်းနှီးမှုတွေကိုတော့ ပြုလုပ်ပေးရမှာပေါ့။ ဆေးသိပ္ပံပညာဟာ အရှိန်အဟုန်နဲ့ ပြောင်းလဲတိုးတက်နေတာ ဖြစ်တဲ့အတွက် သင့်ကလေးအတွက် ကုသမှုနည်းလမ်းတခုမဟုတ်တခု ရှာဖွေတွေ့ရှိနိုင်မှာပါ။ အကယ်၍ အခြေအနေပေးရင် ပြည်ပထွက်ပြီး ကုသတာမျိုးကိုလည်း ပြုလုပ်နိုင်ပါတယ်။ အချို့သော မွေးရာပါ ချို့ယွင်းချက်တွေဟာ ငယ်ရွယ်စဉ်အချိန်မှာ အကောင်းဆုံး ကုသပေးနိုင်ရင် လူကောင်းပကတိနီးနီး ပြန်ကောင်းလာနိုင်တာမျိုးရှိတဲ့အတွက် အချိန်မဆိုင်းဘဲ ပြုလုပ်သင့်ပါတယ်။ခွဲစိတ်ကုသဖို့ လိုအပ်တဲ့ အခြေအနေမျိုးဆိုရင်လည်း နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ကောင်းကျိုးဆိုးပြစ်တွေကို သုံးသပ်ကာ အမြန်ဆုံး လုပ်ဆောင်သင့်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%be%e1%80%ac-%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%9b%e1%80%ac%e1%80%95%e1%80%ab-%e1%80%81%e1%80%bb%e1%80%ad/
ရာသီလာချိန်မှာ လေဒီတို့ခံစားရနိုင်တဲ့ ပြဿနာတွေ
ကြည့်ရတာ မလန်းမဆန်းနဲ့။နေမကောင်းတာလား။ မဟုတ်ဘူး။ ကြည့်ရတာ ပင်ပန်းနေသလိုပဲနော်။ ဟုတ်တယ်။ လစဉ်ကြုံနေကျ ကိစ္စလေး ဖြစ်နေလို့ပါ။ ဒီအချိန်မှာလေဒီလေးတွေက ရာသီသွေး ဆင်းနေတာကိုပဲ ခံစားရတာ မဟုတ်ဘဲ အခြား ပြဿနာတွေကို ပါခံစားနေရတာပါ။ ဒါကြောင့် လေဒီ တော်တော်များများက ဒီအခိုက်အတန့်လေးမှာ နေရတာ ပင်ပန်းနေသလို ဖြစ်နေရတာပါ။ ဒီတစ်ခေါက်တော့ လေဒီလေးတွေရာသီလာချိန်မှာ ခံစားရနိုင်တဲ့ ဝေဒနာလေးတွေအကြောင်း ပြောပြပေးပါရစေနော်။ ရာသီလာချိန်မှာ လေဒီတို့ခံစားရနိုင်တဲ့ ပြဿနာတွေ အကြောင်း အတူတူ ကြည့်လိုက်ရအောင်နော်။ရာသီလာချိန်မှာ လေဒီတို့ခံစားရနိုင်တဲ့ ပြဿနာတွေ ကတော့။ခန္ဓါကိုယ် တစ်ခုလုံးက ကိုင်ရိုက်ထားသလို နာနေမယ်။ နေရတာ ပင်ပန်းနုံးချိနေမယ်။ အန်ချင်သလိုလို ဖြစ်နေမယ်။ ခေါင်းထဲက မူးသလိုလို ဖြစ်နေမယ်။ ဝမ်းသွားမယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ဒီလို ဖြစ်ရတာက ရာသီလာချိန်မှာဟော်မုန်းတွေထွက်ရှိလာတာကြောင့်ပါ။ ဒီ ဟော်မုန်းတွေကသွေးကြောထဲကို ရောက်ရှိတာကြောင့် အခုလို ဖြစ်ရတာပါ။ရာသီလာချိန်မှာ လေဒီလေးတို့ အနေနဲ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း ကနေ ၄ ဇွန်းလောက် အထိ ဆုံးရှုံးနိုင်ပါတယ်။ သွေး အများကြီး ဆင်းတာ၊သွေးခဲတွေဆင်းတာက ပုံမှန်ပါပဲ။ အများကြီး မဟုတ်ဘူးဆိုရင်တော့ စိုးရိမ်စရာ မလိုပါဘူး။ လေဒီ အချို့က သွေးခဲတွေ ဆင်းတာ၊ သွေး အများကြီး ဆင်းတာမျိုး ဆိုရင် စိုးရိမ်တတ်ကြပါတယ်။သားအိမ်တွင်းက သွေးတွေ ခန္ဓါကိုယ် ပြင်ပကို စီးဆင်းရောက်ရှိ ရတာ ဖြစ်တာကြောင့်ကြွက်သားတွေတင်းတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဗိုက်အောက်ဘက်နားက အောင့်တာမျိုး ခံစားရနိုင်ပါတယ်။ ရာသီမလာစဉ် ကတည်းက စအောင့်တတ်ကြသလို ရာသီလာနေစဉ် တလျှောက်လုံးလည်း အောင့်နိုင်ပါတယ်နော်။ရာသီလာချိန်မှာ ကိုယ်တွင်းက ဟော်မုန်းတွေ မညီမျှတာမျိုး ဖြစ်နိုင်ပါတယ်။ဟော်မုန်းအတက်အကျကို လိုက်ပြီး စိတ်ခံစားမှုက ပြောင်းလဲနိုင်တာကြောင့်ပါ။ ဒါကြောင့် စိတ်တိုစိတ်ဆတ်လွယ်တယ် ဆိုတာကလည်း လေဒီလေးတွေ ရာသီလာချိန်မှာ ခံစားရနိုင်တဲ့ အခြေအနေ တစ်ခုပါ။ စိတ်ဓါတ်ကျတာမျိုးတောင် ဖြစ်နိုင်ပါတယ်နော်။ရာသီလာစဉ်မှာ ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ ပေါင်တွေ ကိုက်ခဲတာ၊ ခြေသလုံးနဲ့ ခါး ထဲက နာကျင်တာ၊ ခြေလက်တွေ ကိုက်ခဲတာ၊ ဆီးစပ် ကိုက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ရာသီသွေး ဆင်းဖို့အတွက် သားအိမ် အကျုံအဆန့် လုပ်ရတာကြောင့် နာကျင်ကိုက်ခဲရတာပါ။ အရမ်း မပြင်းထန်ဘူး ဆိုရင်တော့ နားနားနေနေ နေပေးရင် သက်သွားမှာပါ။ အရမ်း ပြင်းထန်ရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ပါ။ရာသီလာချိန်မှာ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ လေပွတာတွေ ခံစားရတာက ပုံမှန်ပါ။ ရာသီစက်ဝန်းကြောင့် ဟော်မုန်းအပြောင်းအလဲတွေဖြစ်ပြီး အူလမ်းကြောင်း လှုပ်ရှားမှုအပေါ် သက်ရောက်မှု ရှိတာကြောင့် ဒီလိုခံစားရတာပါ။ ရာသီလာပြီးရင် သက်သာသွားနိုင်တာကြောင့် စိုးရိမ်စရာတော့ မလိုပါဘူး။ရာသီလာချိန်မှာ ဒီပြဿနာတွေက ခံစားရတာက ပုံမှန်ပဲမို့ လေဒီလေးတို့ကို အရမ်းကြီး မစိုးရိမ်ကြဖို့ ပြောပါရစေနော်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%9c%e1%80%ac%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%9c%e1%80%b1%e1%80%92%e1%80%ae%e1%80%90%e1%80%ad%e1%80%af%e1%80%b7/
ဆယ်ကျော်သက်တွေ သုံးတတ်တဲ့ မူးယစ်ဆေးမဟုတ်သော မူးယစ်ဆေးများ
ဆယ်ကျော်သက်ဆိုတာ အင်မတန် လက်တည့်စမ်းတတ်ကြသူတွေပါ။ ဆေးလိပ်၊အရက်က စလို့ မူးယစ်ဆေးဝါးအထိလည်း အဖော်ကောင်းရင်ကောင်းသလို စမ်းတတ်ကြပါတယ်။ ဒီအရွယ်လေးတွေဖို့ မူးယစ်ဆေးဝါးအများစုဟာ ဈေးကြီးသလို လက်လှမ်းလည်း သိပ်မမှီတတ်ကြပါဘူး။ ဒါပေမယ့် မဟုတ်တဲ့နေရာမှာဆို ဉာဏ်ကောင်းလေ့ရှိကြတဲ့ ‘တလွဲဆံပင်ကောင်းတတ်သူ’တို့ ထုံးစံအတိုင်း မူးယစ်ဆေးမဟုတ်သော မူးယစ်ဆေးတွေကို အတတ်စမ်းကြပါတော့တယ်။ ဘယ်လိုမျိုးပါလိမ့်လို့ တွေးမနေပါနဲ့။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။(၁) ချောင်းဆိုးပျောက်ဆေးရည်။နှစ်နှစ်သားကလေးတောင် ပိုက်ဆံပါရင် ဆေးဆိုင်မှာ သွားဝယ်လို့ရတဲ့ ချောင်းဆိုးပျောက်ဆေးပုလင်း အိမ်မှာရှိနေတာကို ဘယ်မိဘမှ အထူးတလည် ဂရုစိုက်မိမယ် မထင်ပါဘူး။ ဒါပေမယ့် ဒီချောင်းဆိုးပျောက်ဆေးရည်တွေကို ပမာဏများများသောက်သုံးရင် သင့်စိတ်နဲ့အာရုံကို ပြောင်းလဲစေတတ်တဲ့အပြင် ခန္ဓာကိုယ်အပြင်ကို သင့်စိတ်ဝိညာဉ်လွင့်မျောသွားသလို ခံစားရပါလိမ့်မယ်။ ချောင်းဆိုးပျောက်ဆေးရည်ဟာ စွဲတတ်ပါတယ်။ အလွန်အကျွံသောက်သုံးရင် (အထူးသဖြင့် အရက်နဲ့ တွဲစပ်သောက်သုံးရင်) သင့်နှလုံးခုန်နှုန်းနဲ့ အသက်ရှူနှုန်းကို နှေးသွားစေတဲ့အတွက် သေတတ်ပါတယ်။(၂) ကော်ရှူခြင်း။ဒါဟာ နာမည်ကြီးပြဿနာတစ်ခုပါ။ ဆင်းရဲနွမ်းပါးပြီး မိဘအုပ်ထိန်းမှုအားနည်းတဲ့ ကလေးတွေ အများဆုံးအသုံးပြုလေ့ရှိပါတယ်။ စက်ဘီးကျွတ်ဖာရာမှာ သုံးတဲ့ကော်၊ ပိုက်ဆက်ကော် စတာတွေကို ရှူရှိုက်တာပါ။ ဒီလိုရှူရှိုက်ခြင်းအားဖြင့် မူးယစ်ဆေးသုံးစွဲသကဲ့သို့ ကောင်းမွန်သော ခံစားမှုကို ရရှိစေတယ်လို့ ဆိုပါတယ်။ ဓာတ်ဆီ၊ ဒီဇယ်စတာတွေကိုလည်း ရှူရှိုက်တတ်ကြပါသေးတယ်။ ကော်ရှူခြင်းဟာ စွဲတတ်ပြီး တစ်ခါရှူရုံနဲ့တင် ဦးနှောက်ကို ထိခိုက်နိုင်ကာ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီလို ရှူလိုက်တဲ့အငွေ့တွေဟာ သင့်နှလုံးကို ထိခိုက်စေရုံသာမက အသက်ရှူလမ်းကြောင်းကိုလည်း ပိတ်ဆို့စေနိုင်လို့ပဲ ဖြစ်ပါတယ်။(၃) နိုက်ထရိုက်။ရှူဆေးဘူးယောင်ယောင်၊ ဘာယောင်ယောင်နဲ့ လူငယ်တွေ သုံးတတ်ကြတဲ့ ဆေးတစ်မျိုးပါ။ ဒီဆေးကို poppers သို့မဟုတ် snappers လို့လည်း ခေါ်တတ်ကြပါသေးတယ်။ ဒီကနေ့ခေတ်စားနေတဲ့ EDM ပွဲတွေမှာ တွေ့ရတတ်ပါတယ်။ နိုက်ထရိုက်ဟာ သွေးကြောတွေကို ကျယ်စေတာမို့ လိင်မှုကိစ္စခံစားမှုကို ပိုကောင်းစေတယ်လို့ ဆိုပါတယ်။ သူဟာလည်း စွဲတတ်တဲ့အပြင် ပထမတစ်ကြိမ်နဲ့တင် မပြန်လမ်းကို မြန်းရတာမျိုးလည်း ရှိတတ်ပါသေးတယ်။ ဒါ့အပြင် ဒီဆေးရဲ့ကောင်းမှုကြောင့် အသိသတိတွေလွတ်နေ (ကောင်းနေ)တတ်တဲ့အတွက် အကာအကွယ်မဲ့ လိင်ဆက်ဆံဖို့ အခွင့်အလမ်းပိုများကာ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကိုလည်း ပိုမိုကူးစက်စေနိုင်ပါတယ်။(၄) မသောက်ဘဲ မူးတဲ့အရက်။ဒီဟာကတော့ နည်းနည်းဆန်းပါတယ်။ စပ်စုချင်၊စူးစမ်းချင်တဲ့ ဆယ်ကျော်သက် (ကျား/မ နှစ်မျိုးလုံး)တွေဟာ အရက်ကို ပါးစပ်က မသောက်ဘဲ မူးအောင်လုပ်ဖို့ ကြံဆကြပါတယ်။ ဘယ်လိုလုပ်သလဲဆိုတော့ အမျိုးသမီးလစဉ်သုံးပစ္စည်းအတောင့် (tampon)ကို ဗော့ဒ်ကာအရက်ထဲ ထည့်စိမ်လိုက်ပါတယ်။ ပြီးတဲ့အခါ အဲ့ဒီ tampon ကို မိန်းမကိုယ်ထဲ/စအိုထဲ ထည့်ကြပါတယ်။ ဒါဟာ တကယ်အလုပ်ဖြစ်မဖြစ် မသိရပေမယ့် နူးညံ့တဲ့ မိန်းမကိုယ်အတွင်းသားတွေနဲ့ စအိုအတွင်းသားတွေကိုတော့ ရောင်ရမ်းထိခိုက်စေပါတယ်။ အဆိုပါ နေရာတွေဟာ အရက်ကို သွေးကြောထဲသို့ လျင်မြန်စွာ စုပ်ယူနိုင်တဲ့အတွက် alcohol poisoning လို့ခေါ်တဲ့ အရက်အဆိပ်သင့်ခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလိုဖြစ်ရင် သေတတ်ပါတယ်။(၅) အမူးအမော်ပြေဆေးတွေ။ခရီးသွားတဲ့အခါ မူးတတ်မော်တတ်သူတွေအတွက် သောက်ဆေးလေးတွေ ရှိသလို ဒီဆေးတွေကိုလည်း လူတိုင်းအလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ ဒါပေမယ့် သူတို့ကို ပမာဏအများအပြား သောက်သုံးမယ်ဆိုရင်တော့ ‘ကောင်း’တဲ့ ခံစားချက်ကို ရရှိစေတဲ့အတွက် လူငယ်တွေ တလွဲသုံးကြပြန်ပါတယ်။ ဒီလို အလွန်အကျွံသုံးစွဲတဲ့အခါ ကြမ်းတမ်းတဲ့ ကိုယ်အမူအရာတွေကို ဖြစ်ပေါ်လာစေသလို လက်တွေ့နဲ့ကင်းကွာတဲ့ ခံစားချက်တွေလည်း ပေါ်ပေါက်လာတတ်ပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်များထိုင်းမှိုင်းခြင်း၊ စကားပီသစွာ မပြောနိုင်တော့ခြင်း၊ ဆီးမထိန်းနိုင်ခြင်း စတဲ့ ပြဿနာတွေနဲ့ပါ ရင်ဆိုင်လာရနိုင်ပါတယ်။ ဆေးပြားဘယ်လောက်သောက်ရင် ‘ကောင်း’တဲ့ ခံစားချက်ဖြစ်စေမယ်၊ဘယ်လောက်ဆိုရင်တော့ အသက်အန္တရာယ်ရှိနိုင်တယ်ဆိုတာကို ကွဲကွဲပြားပြား မသိရသေးပါဘူး။(၆) လက်သန့်စင်ဆေးရည်ဂျဲလ်။လူငယ်တွေဟာ ရီဝေဝေမူးယစ်တဲ့၊ ‘ကောင်း’တဲ့ ခံစားချက်ကို ရရှိစေနိုင်ဖို့အတွက် လက်သန့်စင်ဆေးရည်ဂျဲလ် (hand gel)ကိုတောင် သောက်တတ်ကြပါတယ်။ ဒီလိုသောက်ခြင်းအားဖြင့် အယ်လ်ကိုဟောအဆိပ်သင့်ခြင်း၊ တက်ခြင်း၊ သတိလစ်မေ့မျောခြင်းတို့သာမက အသက်အန္တရာယ်ထိ ရှိနိုင်ပါတယ်။ လူငယ်တွေဟာ ဒီ hand gel တွေမှာ အယ်လ်ကိုဟောပမာဏ ၆၀ – ၉၅ % ထိ ပါရှိတယ်ဆိုတာကို မသိကြပါဘူး (ဗော့ဒ်ကာအရက်မှာ အယ်လ်ကိုဟော ၄၀ %၊ဘီယာမှာ ၄ – ၆ % ပါဝင်ပါတယ်)။ ဒါဟာလည်း သေတတ်တဲ့ အပြုအမူတစ်ခုပဲ ဖြစ်ပါတယ်။လူငယ်သဘာဝ စူးစမ်းတာကောင်းပါတယ်။ ဒီလို စူးစမ်းမှုတွေကပဲ ကျွန်တော်တို့ကမ္ဘာကြီးကို ပိုမိုလှပကောင်းမွန်စေခဲ့တာပါ။ ဒါပေမယ့် တလွဲဆံပင်ကောင်းပြီး မဟုတ်တရုတ်တွေ လက်တည့်စမ်းမိရင်တော့ အလျော်အစားက ကြီးမားလှပါတယ်။ ဒါကြောင့် သင်ကိုယ်တိုင် လူငယ်ဆိုရင်လည်း အဆိုပါ အရာတွေကို မစမ်းသပ်ကြည့်ဖို့နဲ့ မိဘတစ်ဦးဆိုရင်လည်း သင့်သားသမီးရဲ့ အရိပ်အခြည်ကို အကဲခတ်သိရှိစေနိုင်ဖို့ရည်ရွယ်ပြီး မျှဝေပေးလိုက်ရပါတယ်။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/adolescence-health/%e1%80%86%e1%80%9a%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%90%e1%80%bd%e1%80%b1-%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%90%e1%80%90%e1%80%ba%e1%80%90/