title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
Myasthenia Gravis (ကြွက်သားပျော့ခွေ အာရုံကြောရောဂါ)
Myaesthenia gravis ဆိုတာ ခုခံအားစနစ်က မိမိကိုယ်ကို ပြန်လည် တိုက်ခိုက်တဲ့ အာရုံကြောကြွက်သား ရောဂါတစ်ခုပဲဖြစ်တယ်။ မျက်လုံး၊ မျက်နှာ၊ လည်ချောင်း၊ လက်နဲ့ ခြေထောက်တွေရဲ့ ကြွက်သားတွေကို အားယုတ်လျော့သွားစေတယ်။ ရောဂါစဖြစ်တဲ့ ပထမ ၃ နှစ်အတွင်းမှာ ကြွက်သားအားလျော့မှု အများဆုံးဖြစ်ပြီးတော့ အဲဒီနောက်ပိုင်းမှာတော့ ဆိုးဝါးမှုဟာ တဖြည်းဖြည်း နှေးကွေးလာပါတယ်။လူတိုင်း ဒီရောဂါဖြစ်နိုင်ပါတယ်။ သို့သော်ငြားလည်း အမျိုးသမီးတွေမှာ အသက် ၄၀ မတိုင်ခင် အဖြစ်များပြီး အမျိုးသားတွေမှာ အသက် ၅၀ နောက်ပိုင်းမှာ အဖြစ်များတယ်။ ဖြစ်ပွားနိုင်ချေများကို လျော့ချခြင်းဖြင့်စီမံနိုင်တယ်။ အချက်လက်များကို ထပ်မံသိရှိ ဖို့ အတွက် ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်တယ်။Myaesthenia gravis ရောဂါလက္ခဏာတွေက ဘာတွေလဲ။ရောဂါလက္ခဏာတွေအများကြီးရှိပါတယ်။ ဥပမာ –။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အသက်ရှုကြပ်လာလျှင် (သို့) လက္ခဏာများ ပိုပြီး ဆိုးလာလျှင် ဆရာဝန်နှင့် ပြသ သင့်ပါသည်။ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဖြစ်စေတဲ့ အကြောင်းရင်း တိတိကျကျမရှိသော်လည်း ခုခံအားစနစ်ပြန်တိုက်တဲ့ ရောဂါ လည်ပင်းနားရှိ သိုင်းမတ် အကျိတ်နဲ့ ဆက်စပ်မှုရှိတယ်လို့ သုတေသနပြုသူတွေက ယူဆကြပါတယ်။ မျိုးရိုးဗီဇ ကြောင့်လည်း Myasethenia gravis ဖြစ်နိုင်ပါတယ်။Myasthenia gravis ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ Myaesthenia gravis မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်တွေက လက်တွေ့စမ်းသပ်မှုများ အဆုတ်၊ အာရုံကြောနဲ့ ကြွက်သားအားနည်းမှုတွေကို စစ်ဆေးခြင်းဖြင့် အဖြေရှာနိုင်ပါတယ်။ ဒါ့အပြင် electromyography၊ ကြွက်သားခွန်အားစမ်းသပ်ခြင်း၊ သွေးစစ်ခြင်း၊ ကွန်ပျူတာဓါတ်မှန် ရိုက်ခြင်းများလည်း ထပ်လုပ်နိုင်ပါတယ်။ကုသခြင်းကြောင့် သင့်ရောဂါလက္ခဏာများကို မခံစားရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဆေးညွန်းတွေမှာ Neostigmine pyridostigmine, prednisolone, azathioprine, cyclosporine or mycophenolate mofetil တို့ပါဝင်ပါတယ်။ Myaesthenia gravis ကြောင့် အသက်ရှုရခက်ခဲလာလျှင် ဆေးရုံမှာ အသက်ရှုစက်အကူအညီနဲ့ နေသင့်ပါတယ်။ တခြားကုထုံးတွေအနေနဲ့ သွေးရည်ကြည်လဲလည်ခြင်းနှင့် ရောဂါကို ခုခံတိုက်ဖျက်ပေးသည့် ဓါတ် (immunoglobulin) ဆေးသွင်းခြင်းတို့ လုပ်လို့ရပါသေးတယ်။ သွေးရည်ကြည် လဲခြင်းဆိုသည်မှာ လူ့သွေးထဲက Myesthenia ပဋ္ဋိပစ္စည်း ပါတဲ့ အရည်ကို myasthenia ပဋ္ဋိပစ္စည်း ကင်းစင်တဲ့ သွေးရည်ကြည်နဲ့ လဲလှယ်ခြင်းဖြစ်ပါတယ်။ရောဂါကို ခုခံတိုက်ဖျက်ပေးသည့်ဓါတ် (Immunoglobulin) ဆေးသွင်းခြင်းဆိုသည်မှာသွေးကြောထဲကို အသုံးဝင်တဲ့ ခုခံတိုက်ခိုက်ပေးတဲ့ဓါတ်ပစ္စည်း(antibodies) တွေကို တိုက်ရိုက်သွင်းပေးခြင်းဖြစ်ပါတယ်။အကယ်လို့ Myasthenia gravis ကိုဖြစ်စေတဲ့ သိုင်းမတ်အကျိတ် ရှိနေခဲ့မယ်ဆိုရင် ဆရာဝန်က thymectomy လို့ခေါ်တဲ သိုင်းမတ်ဂလင်း ကို ခွဲစိတ်ခြင်းလုပ်နိုင်ပါတယ်။ အကယ်လို့ သင့်မှာ အမြင်အာရုံနဲ့ ပတ်သက်ပြီး ပြသနာတစ်ခုခုရှိနေလျှင် ဆရာဝန်က သင့်ကို မျက်မှန်တပ်ဖို့ အကြံပြုပါလိမ့်မယ်။ မျက်လုံးကြွက်သားတွေကို လဲ ခွဲစိတ်ကုသနိုင်ပါတယ်။ ထို့အပြင် လေ့ကျင့်ခန်းတွေလုပ်ခြင်းဖြင့်လဲ သင့်ရဲ့ ကြွက်သားတွေကို သန်မာစေပါတယ်။ ဒါဟာ သင့်ရဲ့အသက်ရှူခြင်းဆိုင်ရာကြွက်သားတွေမှာ ပိုပြီး အထောက်အကူပြုပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Myaesthenia gravis ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/myasthenia-gravis-%e1%80%80%e1%80%bc%e1%80%bd%e1%80%80%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%b7%e1%80%81%e1%80%bd%e1%80%b1-%e1%80%a1%e1%80%ac%e1%80%9b-2/
ပန်းရောင်နှုတ်ခမ်း ဖြစ်စေမယ့် သဘာဝဆေးနည်း (၈) မျိုး
ပန်းရောင်နှုတ်ခမ်း လေးရဲ့ နူးညံ့ပျော့ပြောင်းမှုဟာ ဆွဲဆောင်မှုအားကောင်းတဲ့ မျက်နှာအစိတ်အပိုင်းတစ်ခုပါ။အထူးသဖြင့်မိန်းကလေးတွေနဲ့ အမျိုးသမီးတွေအတွက်ပေါ့။အမျိုးသမီးအများစုဟာ ခြောက်သွေ့ မှိုင်းညစ်ပြီး အလှပျက်စေတဲ့နှုတ်ခမ်းတွေကိုပိုင်ဆိုင်ထားကြဆဲပါ။ ဒီလိုနှုတ်ခမ်းတွေက ကြည့်ရတာရော ခံစားရတာပါ မကောင်းလှပါဘူး။ဒါပေမယ့် နှုတ်ခမ်းသားလေးတွေအရောင်ပြန်စိုလာဖို့နဲ့ ပြန်ပြီးတောက်ပလာဖို့ နည်းလမ်းအမျိုးမျိုးကို သုံးနိုင်ပါတယ်။ သင့်နှုတ်ခမ်းလေးတွေ နူးညံ့ပြီး ပန်းရောင်သန်းလာစေဖို့ လွယ်ကူတဲ့နည်းလမ်း၈မျိုးကိုဖော်ပြပေးထားပါတယ်။ပျားရည်နဲ့သံပုရာအရောဟာ နှုတ်ခမ်းအတွက် ဗီတာမင်ပြန်ဖြည့်ပေးတဲ့ကုသမှုတွေထဲကအကောင်းဆုံးတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ ဒါက နှုတ်ခမ်းကိုသန့်စင်ပေးနိုင်တဲ့အပြင် နက်ရှိုင်းစွာရေဓါတ်ဖြည့်ပေးနိုင်ပြီး နှုတ်ခမ်းကို နူးညံ့သန့်စင်ပြီးပန်းရောင်ဖြစ်အောင်လုပ်ပေးနိုင်ပါတယ်။ပျားရည်-သံပုရာအရောကိုရဖို့ ခွက်တစ်လုံးထဲကို ၂မျိုးလုံးဆတူထည့်ပြီး မွှေပါ။ ရလာတဲ့အရောကို နှုတ်ခမ်းပေါ်လိမ်းပြီး ၁နာရီခန့်ထားပါ။ ပြီးရင်တော့ နှုတ်ခမ်းကို ရေနဲ့ဆေးကြောပါ။ ရလဒ်အနေနဲ့ နှုတ်ခမ်းက ပိုပြီးချောမွေ့ပြီး ပန်းရောင်သန်းလာမှာပါ။ဒီကုသမှုက နှုတ်ခမ်းနေလောင်ထားတာကိုပါ ပျောက်ကွယ်သွားစေနိုင်ပါတယ်။ ပန်းရောင်နှုတ်ခမ်း လေးအဖြစ် အမြန်ဆုံးသိသာလာစေဖို့ တစ်ရက်ကို အကြိမ်ပေါင်းများစွာပြုလုပ်နိုင်ပါတယ်။ခြောက်သွေ့ခြင်းဟာ နှုတ်ခမ်းတွေမဲနေတယ်လို့မြင်ရစေတာကြောင့် ကျွန်မတို့နှုတ်ခမ်းတွေအတွက်တော့ အကြီးဆုံးရန်သူတစ်ယောက်ပါပဲ။ ဒါကိုတော့ glycerinအနည်းငယ်နဲ့ ဂွမ်းကိုသုံးပြီးဖယ်ရှားနိုင်ပါတယ်။ ဂွမ်းကို glycerinထဲနှစ်ပြီး နှုတ်ခမ်းပေါ်မှာ အိပ်ရာမဝင်ခင်လိမ်းပါ။ညအချိန်မှာ glycerin ကနှုတ်ခမ်းကိုအာဟာရဓါတ်ဖြည့်ပေးပါလိမ့်မယ်။ နံနက်မှာတော့ လှပပြီးအရောင်ဖျော့သွားတဲ့ နှုတ်ခမ်းလေးနဲ့ သင်နိုးလာရပါလိမ့်မယ်။Beetroot ဟာကျန်းမာရေးအတွက်ကောင်းတာကိုအားလုံးသိကြပေမယ့် မှန်ကန်တဲ့အသုံးပြုပုံကိုသိဖို့လည်းအရေးကြီးပါသေးတယ်။ လှီးထားတဲ့ အနီရောင်beetroot အလွှာနဲ့ နှုတ်ခမ်းကို နှိပ်နယ်ပေးတာကလည်းကောင်းပါတယ်။ ဒါကတော့ နှုတ်ခမ်းနေလောင်ထားတာတွေကိုဖျောက်ပစ်တဲ့နေရာမှာ အရမ်းကိုထိရောက်ပါလိမ့်မယ်။ဒါ့အပြင် beetroot ရဲ့အရောင်ကလည်း နှုတ်ခမ်းအရောင်ကိုပိုပြိးဖျော့လာစေနိုင်ပါတယ်။ တခြားအရာတစ်ခုခုလုပ်နေရင်းနဲ့လည်း နှုတ်ခမ်းကို beetroot နဲ့ နှိပ်ပေးနေနိုင်တယ်လေ။သခွားသီးက အသားအရည်အတွက်ပဲအံ့သြစရာကောင်းတာမဟုတ်ပါဘူး။ နှုတ်ခမ်းတွေအတွက်လည်းတကယ်ကို ပြည့်စုံလွန်းပါတယ်။ နှုတ်ခမ်းညိုမဲခြင်းကို ဖျောက်ဖို့အတွက် အထိရောက်ဆုံးနည်းလမ်းကတော့ သခွားရည်ကို နှုတ်ခမ်းပေါ်လိမ်းပေးတာပါပဲ။ ဒါဟာလည်း ပန်းရောင်နှုတ်ခမ်း လေးဖြစ်ဖို့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းလို့ ပြောလို့ရပါတယ်။နှုတ်ခမ်းပေါ်မှာရှိတဲ့ဆဲလ်သေတွေက သင့်နှုတ်ခမ်းကို ဆွဲဆောင်မှုမရှိအောင်လုပ်နေတဲ့ အကြောင်းရင်းတွေထဲကတစ်ခုပါပဲ။ ဒါကြောင့် ဒါတွေကိုဖယ်ရှားဖို့အတွက် သွားပွတ်တံကိုအသုံးပြုနိုင်ပါတယ်။ သွားပွတ်တံအစိုကိုသုံးပြီး နှုတ်ခမ်းပေါ်မှာ စက်ဝိုင်းပုံလေး ညင်ညင်သာသာပွတ်ပေးပါ။ခပ်ကြမ်းကြမ်းလုပ်လိုက်ရင် နှုတ်ခမ်းကိုနာကျင်စေမှာဖြစ်တာကြောင့် နူးနူးညံ့ညံ့သာလုပ်ပါ။ ဒီလိုနည်းနဲ့ နှုတ်ခမ်းကိုနှိပ်နယ်ပေးတာက ဆဲလ်သေတွေကိုဖယ်ရှားပစ်ပြိး နှုတ်ခမ်းဆီ သွေးစီးဆင်းမှုကိုလှုံ့ဆော်ပေးနိုင်တာကြောင့် နှုတ်ခမ်းတွေ နူးညံ့ပြီး ပန်းရောင်သန်းလာစေပါတယ်။ပျားရည်နဲ့ သကြားခဲ သကြားမှုန် တွေကိုရောပြီး နှုတ်ခမ်းချေးချွတ်ဖို့အတွက် scrub ပြုလုပ်ပါ။ ရလာတဲ့အရောနဲ့ နှုတ်ခမ်းကို နှိပ်နယ်ပေးတာက ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်ပြီး နှုတ်ခမ်းကိုလည်းအစိုဓါတ်ဖြည့်ပေးနိုင်ပါတယ်။ ရလဒ်ကတော့ သင့်နှုတ်ခမ်းက ပန်းရောင်ပိုသန်းလာတာပဲပေါ့။တလည်းသီးမှာ အံသြဖို့ကောင်းတဲ့ ကျန်းမာရေးအတွက်ကောင်းကျိုးတွေရှိသလို သူ့ရဲ့အစေ့တွေကလည်း နှုတ်ခမ်းအတွက် ကောင်းပါတယ်။ သလဲစေ့အနည်းငယ်ကိုယူပြီးခြေလိုက်ပါ။ နို့အေးအနည်းငယ်နဲ့ရောပြီး အနှစ်ရအောင်လုပ်ပါ။ဒီလိုမှော်ဆန်တဲ့အနှစ်လေးကို နှုတ်ခမ်းပေါ်လိမ်းပြီးခြောက်သွားတဲ့အခါ ရေဆေးချလိုက်ပါ။ ပုံမှန်လုပ်သွေားပေးခြင်းအားဖြင့် ၂ပတ်အတွင်းမှာ သင့်နှုတ်ခမ်းလေးတွေဟာ သဘာဝအတိုင်း ပန်းရောင်နှုတ်ခမ်း လေး ဖြစ်လာတာကို တွေ့ရမှာပါ။နနွင်းဟာ ဟင်းချက်တဲ့နေရာမှာသာလိုအပ်တာမဟုတ်ဘဲ သဘာဝအတိုင်းအသားအရည်ထိန်းသိမ်းတဲ့နေရာမှာလည်း အဓိကကျတဲ့ ပစ္စည်းတစ်မျိုးပါ။ နနွင်းအနည်းငယ်ယူပြီး နို့နဲ့ရောကာ အနှစ်ပြုလုပ်ပါ။ ဒီအရောကို နှုတ်ခမ်းပေါ်မှာခြောက်အောင်ထားပြီး ရေဆေးချလိုက်တဲ့အခါမှာ ပန်းနုရောင် နှုတ်ခမ်းလေးကို သင်ပိုင်ဆိုင်နိုင်ပါပြီ။ရေများများသောက်ပါ။ ဆေးလိပ်သောက်ခြင်းဟာ သင့်ရဲ့ နှုတ်ခမ်းတွေအတွက် အကြီးမားဆုံးရန်သူဖြစ်ပြီး နှုတ်ခမ်းတွေကို ညိုမဲစေပြီးအသက်မဲ့သွားအောင်လုပ်နိုင်တယ်ဆိုတာ သတိရပါ။ကျန်းမာရေးအတွက်ရှောင်ရုံသာမကဘဲ နှုတ်ခမ်းအလှအပအတွက်ပါရှောင်ကြဉ်လိုက်ပါ။ လှပတဲ့ ပန်းရောင်နှုတ်ခမ်း တွေကို ပိုင်ဆိုင်နိုင်ဖို့ ဒီအချက်တွေက ကူညီပေးနိုင်လိမ့်မယ်လို့ အာမခံရဲပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/pink-lips-%e1%80%95%e1%80%94%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%94%e1%80%be%e1%80%af%e1%80%90%e1%80%ba%e1%80%81%e1%80%99%e1%80%ba%e1%80%b8/
ကလေးများတွင် အသက်ရှူမွန်းကြပ်ခြင်း။ အဖြစ်များသော အကြောင်းရင်းများ
ဆေးပညာအရ အောက်စီဂျင်မရခြင်းဟုခေါ်သော အသက်ရှူ မွန်းကြပ်ခြင်း ဆိုသည်မှာ ခန္ဓါကိုယ်တွင် အောက်စီ ဂျင်ပမာဏ အလွန်နည်းပါးသွားခြင်း ကြောင့်ဖြစ်သော သေစေ နိုင်သော အခြေအနေတစ်ခု ဖြစ်သည်။ ကမ္ဘာတစ်ဝန်း အသက် ၆နှစ်အောက်ကလေး များတွင် သေစေနိုင်သော အကြောင်းရင်းကြီးတစ်ခု ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ ကလေးများကို အသက်ရှူမွန်းကြပ်ခြင်းမှ ဘယ်လိုကာကွယ် သင့်သလဲ။ ထိုကဲ့သို့ သေဆုံးတော့မည့် အခြေအနေရောက် နေသော လူတစ်ယောက်ကို တွေ့ပါက ဘာလုပ်သင့်သလဲ။အသက်ရှူ မွန်းကြပ်ခြင်းသည် ကမ္ဘာတစ်ဝန်း မွေးကင်းစ ကလေးငယ်များနှင့် လေးဖက်သွားကလေးများတွင် သေစေ နိုင်သော အဓိကအကြောင်းရင်းတစ်ခု ဖြစ်သည်။ သုတေသန များအရ အသက်ရှုမွန်းကြပ်ပြီး သေဆုံးခြင်း အများစုသည် မွေးကင်းစ တစ်နှစ်သားများတွင် ဖြစ်ပွားပြီး အသက် ၉-၁၁ လတွင် ဖြစ်ပွားမှု အများဆုံးဖြစ်သည်။ သို့သော်လည်း ဖြစ်နိုင် ချေသည် အသက် ၆နှစ်အထိ များဆဲဖြစ်သည်။ (သူတို့၏ အသက်ရှုလမ်းကြောင်းနှင့် အသက်ရှုသည့်စနစ် မပြည့်စုံ မချင်း )။အဖြစ်များသော အသက်ရှုမွန်းကြပ်ခြင်း ပုံစံများမှာ ဆို့နင်ခြင်း၊ လည်ပင်းညစ်ခြင်းနှင့် အသက်ရှုပိတ်အောင် လုပ်ခြင်းတို့ ဖြစ်သည်။ သင်၏ ကလေး အတွက် ဂရုစိုက် စောင့်ကြည့်သင့်သော အဖြစ်အများဆုံး အသက်ရှုမွန်းကြပ် ခြင်း အန္တရာယ်များကို အောက်ပါ ဖော်ပြထားသည်။ခေါင်းအုံးနှင့်စောင်များသည် သင်နှင့် သင့်ကြင်ဖော် အတွက် သက်တောင့်သက်သာရှိသော အိပ်စက်မှုကို ဖန်တီး ပေးနိုင်သည်။ သို့သော် ၎င်းတို့သည် သင့်ကလေးအတွက် အသံတိတ် လူသတ်သမားများဖြစ်သည်။ အသက် ၂နှစ် အောက်ကလေးသည် အသက်ရှုလမ်းကြောင်းပိတ်ပါက ကိုယ်အနေအထား ပြောင်းရန်၊ ဦးခေါင်းကို မြှောက်ရန် ကောင်းစွာ မဖွံ့ဖြိုးသေးပါ။ ၎င်းကိုသတိပြုရန် အရေးကြီး သည်။ ထို့ကြောင့် သူတို့မျက်နှာကို ဖုံးအုပ်နိုင်သော မည်သည့်အရာကိုမဆို ဖယ်ရှားပစ်ရမည်။တူတူပုန်းတမ်း ကစားခြင်းကို မနှစ်သက်သောသူ မရှိနိုင် ပါ။ အထူးသဖြင့် အသုံးမပြုတော့သော ရေခဲသေတ္တာ ၊ ကားနောက်ခန်း သို့မဟုတ် သေတ္တာ စသော ပုန်းခိုရန် နေရာကောင်းတစ်ခုကို သင်တွေ့သောအခါ ဖြစ်သည်။ သို့သော်လည်း သင့်ကလေးကို ထိုနေရာများသို့ မသွားရန် သင်ကြားပေးရန် အရေးကြီးသည်။ နောက်ပိုင်းတွင် ပြန်ထွက် ရန် မလွယ်ကူကြောင်း၊ တံခါးပိတ်လိုက်ပြီးပါက အသက်ရှူရန် အောက်စီဂျင် မလုံလောက်နိုင်ကြောင်း သင်ကြားပြောဆိုပါ။ကစားစရာများသည် သင့်ကလေးကို အလွန်လှုပ်ရှား တက်ကြွနေခြင်း၊ အိမ်ပတ်ဝန်းကျင်တွင် ပြေးလွှားအော်ဟစ် နေခြင်းမှ ထိန်းသိမ်းရန် ကောင်းမွန်သော နည်းလမ်း တစ်ခု ဖြစ်သည်။ သို့သော်လည်း သေးငယ်သော ဖြုတ်တပ်၍ ရသော အရုပ်များသည် အသက်ရှူမွန်းကြပ်ခြင်းကို ဖြစ်စေ နိုင်သည်။ ကြိုးအရှည်ပါသော သို့မဟုတ် ကြယ်သီးများ ပါသော အရုပ်များသည် ကလေးငယ်များတွင် လည်မျိုညစ် မိခြင်း သို့မဟုတ် ဆို့နင်ခြင်းကို ဖြစ်စေနိုင်သည်။သေးငယ် လုံးဝန်း၍ မာသော အစာများ ဥပမာ- စပျစ်သီး၊ အခွံမာသီး၊ အစေ့များနှင့် ချိုချဉ်အမာများသည် အစာရေမြို တွင် ပိတ်ဆို့နိုင်ချေ မြင့်ပါသည်။ကြိုးများ၊ ဖဲကြိုးများပါသော အဝတ်အစားများသည် ကလေး လည်ပင်းကို ညစ်နိုင်သည်။ရော်ဘာပူဖေါင်း၊ ကြယ်သီး၊ ပုလင်းအဖုံး၊ လီဂို အရုပ် ဆက် အတုံးများ၊ ဘတ်တရီနှင့် အခြား မစားကောင်းသော အရာအမျိုးမျိုးသည် အစာရေမြိုတွင် ဆို့နင်ပြီး သေစေ နိုင်သည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/respiratory-diseases/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%a1%e1%80%9e%e1%80%80%e1%80%ba%e1%80%9b%e1%80%be%e1%80%b0%e1%80%99%e1%80%bd%e1%80%94/
Myxedema coma (အသားဖောရောင်ပြီး သတိလစ်ခြင်း)
အသားဖောရောင်ပြီး သတိလစ်တယ်ဆိုတာ သွေးထဲမှာ လည်ပင်းအကျိတ်ဟော်မုန်းတွေ ကာလအတန်ကြာ အလွန်အမင်း ချို့တဲ့တာကြောင့် ဦးနှောက်ပုံမှန်အလုပ်မလုပ်တော့တာ ဖြစ်ပါတယ်။ အသားဖောရောင်ပြီး သတိလစ်တာကို လည်ပင်းအကျိတ်ဟော်မုန်းချို့တဲ့ခြင်းရဲ့ အသက်အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးအဖြစ် သတ်မှတ်ကြပြီးတော့ လည်ပင်းအကျိတ်ရောဂါရဲ့ အရေးကြီးတဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။အသားဖောရောင်ပြီး သတိလစ်ခြင်းက အဖြစ်မများပေမဲ့ အသက်အရွယ်ကြီးသူတွေနဲ့ အမျိုးသမီးတွေမှာတော့ ဖြစ်လေ့ရှိပါတယ်။ အပူချိန်နည်းတဲ့ ဆောင်းရာသီတွေမှာ ပိုအဖြစ်များလေ့ရှိပါတယ်။ အသားဖောရောင်ပြီး သတိလစ်ခြင်းက အသက်အန္တရာယ်ဆုံးရှူံးတဲ့အထိပါ ဆိုးရွားနိုင်ပါတယ်။ ကံကောင်းတာကတော့ ဒီလိုဖြစ်ဖို့အခွင့်အလမ်းနည်းပါးတာပဲ ဖြစ်ပါတယ်။ဒီလို အသားဖောရောင်ပြီး သတိလစ်တာက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမဖြစ်အောင်ဆိုရင် အန္တရာယ်ရှိတဲ့ အချက်တွေကို လျှော့ချရပါမယ်။ ထပ်မံသိရှိလိုတဲ့ အချက်တွေကို ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပေးပါ။အသားဖောရောင်ပြီး သတိလစ်ခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။-အားနည်းခြင်း။-အာရုံထွေပြားခြင်း။-ချမ်းခြင်း။-ခန္ဓါကိုယ်အပူချိန်ကျဆင်းခြင်း။-ဖောရောင်ခြင်း။-အသက်ရှူရခက်ခဲခြင်း တို့ဖြစ်ပါတယ်။ဒီလိုအခြေအနေရှိသူတွေဟာ သတိလစ်လုနီးပါး သို့ သတိလစ်နေကြပြီး လူကောင်းအတိုင်း မလုပ်ဆောင်နိုင်ကြပါဘူး။သူတို့တွေကို အရေးပေါ်ကုသမှူပေးဖို့ လိုအပ်ပါတယ်။အပေါ်မှာ မဖော်ပြထားသေးတဲ့ ရောဂါလက္ခဏာတွေ ရှိပါသေးတယ်။ ထိုရောဂါလက္ခဏာတစ်ခုခုအကြောင်း သိချင်ရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပေးပါ။လည်ပင်းအကျိတ်ဟော်မုန်းချို့တဲ့နေတဲ့သူတွေမှာ အဖျားရှိလာရင် အပြုအမူပြောင်းလဲလာတာတွေ မောတာ လက်တွေ ခြေထောက်တွေမှာ ဖောရောင်လာတာတွေ ရှိလာရင် အရေးပေါ်ဌာနကို ချက်ချင်းပို့ရပါမယ်။တကယ်လို့ သင့်မှာ လည်ပင်းအကျိတ်ဟော်မုန်းချို့တဲ့တဲ့ ရောဂါရှိတယ်ဆိုရင် အောက်ဖော်ပြပါ အချက်တွေက သင့်ကို အသားဖောရောင်ပြီး သတိလစ်စေနိုင်ပါတယ်။-ရောဂါကူးစက်မှူတွေ အထူးသဖြင့် အဆုတ်နဲ့ ဆီးလမ်းကြောင်းရောဂါတွေ။-နှလုံးပုံမှန်အလုပ်မလုပ်တော့ခြင်း။-လေဖြတ်ခြင်း။-ထိခိုက်ဒဏ်ရာရခြင်း။-ခွဲစိတ်ခြင်း။-ဖီနိုသိုင်ရာဇင်း အမီရိုဒရုန်း လစ်သီယမ် လို စိတ်ရောဂါဆေးတွေနဲ့ စိတ်ငြိမ်ဆေးတွေ။-အိုင်အိုဒိုက် ကို ကြာရှည်အသုံးပြုခြင်း။-လည်ပင်းအကျိတ်ရောဂါဆေးတွေကို ညွှန်ကြားတဲ့ အတိုင်း မသောက်ရင် အသားဖောရောင်ပြီး သတိလစ်ခြင်း ဖြစ်နိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သွေးထဲမှာ ရှိတဲ့ သွေးဆဲလ်အရေအတွက်၊ လျှပ်သိုပစ္စည်းတွေ၊ သကြားဓါတ်နဲ့ လည်ပင်းအကျိတ်ဟော်မုန်းပမာဏတွေကို စစ်ဆေးရပါမယ်။ အသည်းနဲ့ အဒရီနယ်ဂလင်းတွေ ကောင်းကောင်းအလုပ် လုပ်မလုပ်လည်း စစ်ဆေးရပါမယ်။သွေးထဲက အောက်ဆီဂျင် နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏတွေ စစ်ဆေးရမယ့် အပြင် နှလုံးအီးစီဂျီလည်း ဆွဲရပါမယ်။တခြားစစ်ဆေးမှူတွေကိုတော့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လုပ်ရပါမယ်။လူနာကို အသက်ရှူခိုင်းပြီး ခန္ဓါကိုယ်အပူချိန်ကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင် လုပ်ပေးရမယ်။ ရောဂါမပျောက်မချင်း ပိုးသတ်ဆေးတွေ တိုက်ရပါမယ်။အသားဖောရောင်ပြီး သတိလစ်တဲ့ လူနာတွေကို ဟော်မုန်းအစားထိုးကုသနည်းကတော့ အငြင်းပွားဖွယ် ဖြစ်နေတုန်းပါပဲ။ မတူညီတဲ့ ကုသနည်းတွေကို အသုံးပြုနေကြပါတယ်။ အူလမ်းကြောင်းတွေက သေချာ မစုပ်နိုင်တာကြောင့် ယေဘုယျအနေနဲ့ အရင်ဆုံး သွေးကြောထဲကို ဟော်မုန်းအစားထိုးသွင်းပေးတယ်။အသားဖောရောင်မှူမရှိတဲ့ လည်ပင်းအကျိတ်ဟော်မုန်း နည်းတာကိုတော့ တီဖိုး (လည်ပင်းအကျိတ်ဟော်မုန်း) အစားထိုးကုသပါတယ်။ အသားဖောရောင်ပြီး သတိလစ်တာကို ကုသနည်းက သက်သက်ပါ။ လည်ပင်းအကျိတ်ကနေ တီဖိုးအပြင် တီသရီး (လည်ပင်းအကျိတ်ဟော်မုန်း)ကိုလည်း ထုတ်ပေးပြီးတော့ တီသရီးက တီဖိုးထက် ဇီဝဖြစ်စဉ်တွေကို ပိုမိုဆောင်ရွက်ပါတယ်။ ကျန်းမာတဲ့သူတွေရဲ့ သွေးထဲမှာဆိုရင် တီဖိုးကနေ တီသရီးကို ပြောင်းလဲသွားတယ်။ အသားဖောရောင်ပြီး သတိလစ်နေတဲ့ သူတွေမှာတော့ ဒီလို ပြောင်းလဲမှူ မရှိပါဖူး။ အဲ့ဒါကြောင့် ဆရာဝန်တွေက ဒီလိုလူနာတွေကို တီသရီးနဲ့ အရင်ကုပြီးမှ တီဖိုးနဲ့ ကုကြပါတယ်။ တီဖိုးနဲ့ကုသတာက လအနည်းငယ် ကြာနိုင်တာကြောင့် ဒီဟော်မုန်းနှစ်ခုနဲ့ ကုသနည်းက တပြိုင်နက် ဖြစ်သွားတတ်ကြတယ်။ နှလုံးခုန်မမှန်တာမျိုး နှလုံးကို ဒဏ်ဖြစ်တာမျိုး မဖြစ်အောင်သေချာဂရုစိုက်ရပါမယ်။ လည်ပင်းအကျိတ်ဟော်မုန်းတွေကို မြန်မြန် အစားထိုးလိုက်ရင် ဒီလိုတွေ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။သိပ်မပြင်းထန်တဲ့ လည်ပင်းအကျိတ်မညီမျှမှူတွေကို ရိုးရိုးဆရာဝန်နဲ့ပဲ ပြသပြီး အသားဖောရောင်သတိလစ်တာ ဖြစ်ခဲ့မယ်ဆိုရင်တော့ ကုသနည်းက ရှူပ်ထွေးပြီး အရေးကြီးတာကြောင့် ကျွမ်းကျင်ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ဒီလို မဖြစ်အောင် အစကတည်းက ကြိုတင် ကာကွယ်ရပါမယ်။ လည်ပင်းအကျိတ်ဟော်မုန်းနည်းတဲ့ရောဂါရှိသူတွေက ဆရာဝန်ဆီ ပုံမှန် သွားပြပြီးတော့ အစားထိုးကုသနေတဲ့ ဟော်မုန်းပမာဏက သူတို့အတွက် သင့်တော်မှူ ရှိမရှိ စစ်ဆေးပေးရပါမယ်။စိုးရိမ်ရမဲ့ ရောဂါလက္ခဏာတွေ ရှိနေပေမယ့် လည်ပင်းအကျိတ်ဟော်မုန်းနည်းတဲ့ရောဂါ ဖြစ်မဖြစ် မစစ်ဆေးရသေးရင် ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး လည်ပင်းအကျိတ်ဟော်မုန်းမမျှတမှူ ရှိမရှိ စစ်ဆေးသင့်ပါတယ်။သိချင်တာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/myxedema-coma-%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%96%e1%80%b1%e1%80%ac%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%ae%e1%80%b8-%e1%80%9e%e1%80%90%e1%80%ad%e1%80%9c/
ကိုယ်ဝန်ဆောင်တွေကို ဒီအိမ်အလုပ်တွေ ပေးမလုပ်ပါနဲ့။
ကိုယ်ဝန်ဆောင်ချိန်ဆိုတာ အစစအရာရာ သတိထားရတာပါ။ အထူးသဖြင့်လနုချိန်မှာပေါ့။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ တခြား အပြင်အလုပ်မလုပ်ရဘူး ဆိုရင်တောင်အိမ်အလုပ်တော့ လုပ်တတ်ကြပါတယ်။ အရင်ကလုပ်နေကြမို့လို့ရော၊ လှုပ်လှုပ်ရှားရှားနေဖြစ်အောင် လုပ်မယ်ဆိုပြီးတော့ရောပေါ့။ ဒီလိုလုပ်မယ်ဆိုရင်တောင် အိမ်အလုပ်တိုင်းကို လုပ်လို့ မရပါဘူး။ တချို့အလုပ်တွေက ဗိုက်ထဲကို ကလေးကို ထိခိုက်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေကို အောက်ကအလုပ်တွေကို ပေးမလုပ်ပါနဲ့။အိမ်မှာ သုံးတဲ့အစွန်းချွတ်ဆေးတွေ၊ လေသန့်အောင် ဖြန်းတဲ့ စပရေးတွေ၊ ကြမ်းတိုက်ဆေးတွေ စတာတွေဟာ ဓာတုပစ္စည်းတွေ အပြည့်ပါ။ ဒါတွေကို မေမေတွေ ကိုင်မိရင် အရေပြားမှာဓာတ်မတည့်တာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အမျိုးသမီးတွေရဲ့ အရေပြားက အရင်ကထက် ထိလွယ်ရှလွယ်ပါတယ်။ ဒါကြောင့် တတ်နိုင်ရင် သဘာဝပစ္စည်းတွေပဲ သုံးပါ။ သဘာဝပစ္စည်းဆိုရင်တောင် ခွင့်ပြုချက်ရပြီးသားတွေပဲ သုံးပါ။နောက်တစ်ချက်က တချို့သော ဓာတုပစ္စည်းတွေက ရှူမိရင် ကလေးဆီရောက်ပြီးမွေးရာပါချို့ယွင်းချက်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ မသုံးပါနဲ့။ တံမြက်စည်းလှည်းတာ၊ ကြမ်းတိုက်တာ၊ ခါးကုန်းပြီး လုပ်ရမှာတွေကို ရှောင်ပါ။ ဒါတွေက အခန့်မသင့်ရင် ပေါင်နောက်က အကြောတွေ ရောင်တတ်ပါတယ်။သင်ရဲ့ ချစ်လှစွာသော ညောင်ညောင်လေးက သင့်အတွက် အန္တရာယ်များတဲ့Toxoplasma gondiiကပ်ပါးပိုးကို သယ်ထားနိုင်ပါတယ်။ သူတို့ရဲ့ မစင်မှာပါတဲ့ကပ်ပါးပိုးက ကိုယ်ဝန်ပျက်စေတာ၊ မွေးရာပါချို့ယွင်းချက် ပါတာမျိုးဖြစ်စေပါတယ်။ ဒါကြောင့် တတ်နိုင်သမျှကြောင်ချေးကျုံးတာ မလုပ်ပါနဲ့။ ကြောင်နဲ့တော့ ဆော့လို့ရပါတယ်။ ကြောင်ကိုင်ပြီးတိုင်း လက်ဆေးပါ။ဒါကြောင့် တတ်နိုင်သမျှ ကြောင်ရဲ့ မစင်ပုံးကို သူများကိုပဲ သန့်ရှင်းရေး လုပ်ခိုင်းပါ။ ကိုယ်ခွဲမရှိလို့ ကိုယ့်ဟာကိုယ် လုပ်ရမယ်ဆိုရင် လက်အိတ်ဝတ်ပြီး သန့်ရှင်းရေး လုပ်ပါ။ ပြီးရင် လက်ကို သေချာဆေးပါ။ ကြောင်ကိုလည်း တခြားကြောင်ရိုင်းတွေနဲ့ မတွေ့ပါစေနဲ့။ ပိုပြီး စိတ်ချချင်ရင် ကြောင်ကို အစာခြောက်ပဲ ကျွေးပါ။ အသားစိမ်းတွေ၊ မကျက်တကျက်တွေ မကျွေးပါနဲ့။ ကိုယ်ဝန်ရှိချိန်မှာ အပြင်က ကြောင်တွေ၊ ကြောင်ရိုင်းတွေ ခေါ်မမွေးပါနဲ့။ရေချိုးခန်းမှာ သုံးတဲ့ သန့်ရှင်းရေးပစ္စည်းတွေက ဓာတုပစ္စည်းတွေပါတဲ့အတွက် ရှူမိရင် မိခင်ကိုရော၊ ကလေးကိုရော ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် သန့်ရှင်းရေး လုပ်မယ်ဆိုရင် ဓာတုပစ္စည်းနည်းတာကိုပဲ သုံးပါ။ နောက်တစ်ခုက ရေချိုးခန်းကို သန့်ရှင်းရေးလုပ်နေရင်းမတော်တဆ ချော်လဲပြီး ထိခိုက်ဒဏ်ရာ ရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရှိချိန်မှာတော့ တတ်နိုင်ရင် ရေချိုးခန်းကို သန့်ရှင်းရေး မလုပ်ပါနဲ့။ မတတ်သာလို့ သန့်ရှင်းရေး လုပ်ရမယ်ဆိုရင် ဓာတုပစ္စည်းတွေ ဖျော်တဲ့အခါ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ဖျော်ပါ။ သတိထားပြီး သန့်ရှင်းရေး လုပ်ပါ။ရေချိုးခန်းသုံး ပစ္စည်းတွေလိုပါပဲ။ အဝတ်လျှော်ရင်လည်း ဓာတုပစ္စည်းနည်းတာကိုပဲ သုံးပါ။ အကောင်းဆုံးကတော့ အဝတ်လျှော်တဲ့အလုပ်မှာ ဝင်မပါတာပဲ။ အဝတ်လျှော် ဆပ်ပြာမှုန့်တွေက အနံ့ပြင်းတဲ့အပြင် တချို့တွေဆို သာမန်လူကိုင်တာတောင် ဆပ်ပြာစားပါတယ်။ ဒါ့ပြင် အဝတ်လျှော်ဖို့ ပုံးကို မ လိုက်တဲ့အချိန်၊ ခါးကုန်းလိုက်တဲ့အချိန်ကျရင်ခါးနာတာ၊ ပေါင်က အကြောတွေ နာတာမျိုး ဖြစ်တတ်ပါတယ်။ နောက်တချို့ဆို အကြာကြီး ဆောင့်ကြောင့်ထိုင်ပြီး အဝတ်ကို အားရပါးရ  လျှော်တတ်ပါတယ်။ ဒါကလည်းနေ့မစေ့ လမစေ့မွေးတာ၊ သွေးတိုးတာတွေ ဖြစ်တတ်ပါတယ်။အရင်လို ဘာပစ္စည်းပဲ ဖြစ်ဖြစ် တွေ့တာနဲ့ ဆတ်ခနဲကောက် မ ဖို့ စိတ်မကူးပါနဲ့။ ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ကလေးက ပိုကြီးလာပြီး ဝိတ်ပိုတက်လာမယ်။ ခါးက အနောက်ကို ပိုကော့လာပါတယ်။ ဒါကြောင့် ကိုယ်ဝန်ကြီးသက်သက်နဲ့ကို ခါးမှာ ဒဏ်ဖြစ်ပြီးသားပါ။ ဒါကို အလေးအပင်တွေ မ နေမယ်ဆိုရင် ပိုဆိုးမှာပါ။ တချို့အမျိုးသမီးတွေမှာဆိုရင် အလေးအပင် မ ပြီးမှ ဗိုက်ထဲမှာ ဆစ်ခနဲနာလာတာမျိုးတွေတောင် ဖြစ်နိုင်ပါတယ်။ဒီအလုပ်တွေက သာမန်လူတွေတောင် သတိကြီးကြီးထားပြီး လုပ်ရတဲ့ အလုပ်ပါ။ ခုံပေါ်က ပြုတ်ကျမှာ၊ ဟန်ချက်မထိန်းနိုင်ဘဲ ပြုတ်ကျမှာ စတဲ့ ပြဿနာတွေ ရှိပါတယ်။ တစ်နေ့ တခြား ဖောင်းလာတဲ့ ဗိုက်နဲ့ နာနေတဲ့ ခါးကြောင့် ကိုယ့်ကိုယ်ကိုထိန်းဖို့ဆိုတာ တော်တော်ခက်ပါတယ်။ ဒါကြောင့် ဒီအလုပ်က လုပ်မယ့်သူမရှိဘူးဆိုရင်တောင် ပစ်ထားလိုက်ရမယ့်အလုပ်ပါ။ဒါတွေကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ ရှောင်ရမယ့် အိမ်အလုပ်တွေပါ။ ကိုယ်ဝန်ဆောင်တွေက အိမ်အလုပ်တွေ မလုပ်ဘဲ နေရမှာ မဟုတ်ပါဘူး။ တတ်နိုင်တဲ့၊ အန္တရာယ်မရှိတဲ့ ပေါ့ပေါ့ပါးပါး အလုပ်တွေဆိုရင် လုပ်လို့ရပါတယ်။ ဒါပေမယ့် ခုပြောခဲ့တာတွေကတော့ အန္တရာယ်များလွန်းတာကြောင့် ရှောင်ဖို့ အကြံပေးလိုပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/houseworks-that-pregnant-women-should-avoid/
အိမ်ထောင်သက်တမ်း ကြာလာလေ၊ လိင်မှုဘဝ ရိုးအီလာလေ ဖြစ်နေပြီလား
အခုတစ်လောအိမ်ထောင်ဖက်တွေ၊ အတူနေ ချစ်သူစုံတွေ မကြာခဏ ရင်ဖွင့်တိုင်ပင်ကြလို့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရေးလိုက်ရတာပါ။ သူတို့ရဲ့ အဓိက ပြဿနာကချစ်သူ၊ အိမ်ထောင်သက်တမ်း ကြာလာလို့ ချစ်ရသူကလိင်ဆက်ဆံရမှာကို စိတ်မပါတော့သလို၊ ပျင်းနေသလိုကြီး ဖြစ်နေတဲ့ ပြဿနာပါ။ အိမ်ထောင်သက်တမ်း ကြာလာလေ၊ လိင်မှုဘဝ ရိုးအီလာလေ ဖြစ်တတ်ပေမဲ့ ဒါက ရှင်းလို့ မရတာတော့ မဟုတ်ပါဘူး။တကယ်တော့ လူတော်တော်များများမှာလိင်စိတ်ကို လုံးဝခံစားလို့ မရနိုင်တဲ့အချိန်တွေ အများကြီး ရှိပါတယ်။ မွေးကတည်းကလိင်စိတ်ကို ခံစားလို့မရတဲ့ Asexual တွေကို ဆိုလိုခြင်း မဟုတ်ပါဘူး။ လူရယ်လို့ ဖြစ်လာရင် နေ့စဉ်အလုပ်ခွင်၊ မိသားစုရေးရာ၊ လူမှုရေးရာ အဖြာဖြာကနေ စိတ်ဖိစီးမှု ပေါင်းစုံ ဝင်ပါတယ်။ စိတ်ဖိစီးမှုဆိုတာ လူတွေရဲ့ လိင်စိတ်ကို လုံးဝ ငြိမ်ကျသွားစေလောက်တဲ့အထိ ဒုက္ခပေးနိုင်တဲ့ အရာပါ။အိမ်ထောင်သက် ကြာလာတဲ့ စုံတွဲတွေမှာ မိသားစု စားဝတ်နေရေး၊ စရိတ်တွေ၊သားသမီးအတွက် နောင်ရေး ပူပန်ရတာတွေ၊ ခင်ပွန်းသည်က ရုံးမှာ ပူလောင်ရတယ်၊ ဇနီးသည်က အိမ်မှာ ပူလောင်ရတယ်၊ နှစ်ယောက်သား ဆုံပြန်တော့လည်း အပူတွေ စုမိသလိုဖြစ်ပြီး မအေးချမ်းတော့လိင်မှုကိစ္စဆိုတာ ငြိမ်းသွားသလို ဖြစ်သွားတတ်တာပေါ့။ ဒါပေမယ့် ဒါတွေအားလုံးက အခိုက်အတန့်ပါပဲ။တကယ်တော့ မလိုပါဘူးဗျ။ အပေါ်မှာ ပြောထားတဲ့ ပြဿနာတွေက လူတိုင်း ကြုံတွေ့နေရတဲ့ ပြဿနာဆိုပေမယ့် အမြဲတမ်းလိင်ဆက်ဆံချင်စိတ် ပျောက်သွားရလောက်တဲ့အထိ သက်ရောက်မှုတော့ မရှိနိုင်ပါဘူး။ အထူးသဖြင့်အိမ်ထောင်၊ ချစ်သူ သက်တမ်းကြာလာတဲ့အခါ လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် ကိုယ့်အဖော်က ဘာကြိုက်တတ်လဲ၊ ဘာမကြိုက်တတ်ဘူးလဲ၊ ဘယ်လိုအနေအထားမျိုးက သူ့အတွက် အဆင်ပြေမလဲဆိုတာကို ထပ်ပြီး ညှိနှိုင်းနေစရာမလိုဘဲ သိနေတဲ့အတွက် ရိုးသွားစရာ၊ အခက်တွေ့စရာလည်း အကြောင်းမရှိသလို ပိုပြီးတောင် အသစ်အဆန်းလေးတွေ ဖန်တီးနိုင်တဲ့အတွက် စိတ်လှုပ်ရှားစရာတောင် ကောင်းနေနိုင်ပါတယ်။၁။ အရင်ဆုံး သိထားဖို့ လိုအပ်တာက ကိုယ့်အိမ်ထောင်ဖက်၊ ချစ်သူမှာစိတ်ပိုင်းဆိုင်ရာပြဿနာ တစ်ခုခု ရှိနေနိုင်လားဆိုတာပါ။ လူတွေကစိတ်ဖိစီးလာရင် လိင်ဆက်ဆံဖို့ကို စိတ်မပါတော့တဲ့အတွက် ဒီကိစ္စကို အရင်ဆုံး ဖြေရှင်းဖို့ လိုပါတယ်။ ဘာတွေခံစားနေရလဲဆိုတာ သိမှ သူတို့ ခံစားနေရတဲ့၊ ကြုံတွေ့နေရတဲ့ ပြဿနာတွေအတွက် ကိုယ့်ဘက်က ဘယ်လို အားပေးလို့ ရမလဲ၊နှစ်သိမ့်ပေးလို့ ရမလဲ၊ ဝေဒနာတွေကို ဝေမျှပေးလို့ ရမလဲဆိုတာကို ကိုယ်က စဉ်းစားလို့ ရမှာပါ။၂။ ကိုယ့်ဘက်က လိုအပ်တာ၊ လစ်ဟာခဲ့တာများ ရှိသလား ပြန်တွေးကြည့်ပါ။ တစ်ခါတလေ လူတွေက ကိုယ့်စိတ်ထဲမှာ ဖြစ်နေတာကို ဖွင့်ဟမပြောဘဲ မျိုသိပ်ထားတတ်ပါတယ်။ မျိုသိပ်တယ်ဆိုတာ မေ့ပစ်လိုက်တာ မဟုတ်ပါဘူး၊ အနာကို သဲနဲ့ ဖုံးထားလိုက်တာပါ။ နောက်ပြဿနာ တစ်ခု ဖြစ်လာပြီဆိုတာနဲ့ ဖုံးထားတဲ့ အရာတွေကို ဆထပ်တိုးပြီး ခံစားရာကနေစိတ်ဒဏ်ရာလို ဖြစ်သွားနိုင်ပါတယ်။အိမ်ထောင်ဖက်တွေမှာလည်း ဒီလိုပါပဲ။ တစ်ခါတလေ အလုပ်မအားလို့ ကိုယ်ချစ်ရသူကို ဂရုမစိုက်ဘဲ ပစ်ထားတာ၊ မေးထူးခေါ်ပြောလောက်ပဲ လုပ်ပြီး အရင်လို ကြင်ကြင်နာနာ စကားတွေ မပြောတော့တာ၊ ကိုယ့်ရဲ့ တစ်နေ့တာ ကြိုးစားအားထုတ်မှုကို အသိအမှတ် မပြုခံရတာ (ခင်ပွန်းအတွက်သာမက ဇနီးအတွက်ပါ သက်ဆိုင်ပါသည်) စတဲ့အချက်တွေကို အစပိုင်းမှာ သည်းခံလာနိုင်ရင်တောင် ကြာလာရင် ဒီအချက်တွေက ကိုယ့်ရဲ့ လိင်မှုဘဝကိုပါ ထိခိုက်စေနိုင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။၃။ အခုပြောပြမယ့် အချက်တွေကတော့ အတူနေစုံတွဲတွေနဲ့ ပိုပြီး သက်ဆိုင်မယ်ထင်ပါတယ်။ ကျွန်တော်တို့ လူတစ်ယောက်ကို စချစ်ကြိုက်ပြီးနောက်ပိုင်းမှာလက်ထပ်ခြင်း မပြုခင် အတူနေပြီး တစ်ယောက်နဲ့ တစ်ယောက် ရေရှည်ပေါင်းသင်းဆက်ဆံလို့ ဖြစ်မဖြစ် လေ့လာညှိနှိုင်းရပါတယ်။ ဒီလိုအချိန်မျိုးမှာ စုံတွဲသက်တမ်း ကြာလာလို့ အချစ်တွေ ကျန်နေသေးတာမျိုး မဟုတ်ဘဲ အချိန်အကြာကြီး တွဲထားခဲ့လို့ မပြတ်ချင်တော့ဘဲ လက်ကျန် သံယောဇဉ်တွေနဲ့ ဆက်နေကြတာမျိုးတွေလည်း ရှိပါတယ်။ တကယ့် လက်တွေ့ဘဝမှာကို အဲဒီလို စုံတွဲတွေ မရေမတွက်နိုင်အောင် များတာကို တွေ့ရပါတယ်။၄။ တချို့စုံတွဲတွေကျတော့လည်း အတူနေရတာ ကြာလာတော့ အပေါ်မှာပြောခဲ့သလိုချစ်ခြင်းတွေ ပေါ့သွားပြီး ပုံမှန်အတူနေတဲ့ သူငယ်ချင်း၊ မိသားစုပုံစံတွေလို ဖြစ်လာတဲ့အတွက် လိင်ဆက်ဆံဖို့ကို သိပ်ပြီးတော့ အာရုံစိုက်တာမျိုး မရှိတော့ပါဘူး။ ပြောရမယ်ဆိုရင်လိင်ဆက်ဆံချင်စိတ် ဖြစ်လာခဲ့ရင်တောင် ဒီလူနဲ့ မဟုတ်ဘဲ တခြားတစ်ယောက်နဲ့ ပြောင်းပြီး ဆက်ဆံချင်စိတ် ဖြစ်လာတာမျိုးပါ။၁။ လိင်ဆက်ဆံဖို့အတွက် အတင်းအကျပ်တိုက်တွန်းနေတာထက် အနုနည်း သုံးပြီး ပြန်ချဉ်းကပ်ပါ။ ပြောချင်တာကတော့ စစချင်း ချစ်ကြိုက်ကာစက ကိုယ့်ကို ပြန်ကြိုက်ဖို့ အတင်းလိုက်ရောခဲ့သလို ပုံစံမျိုးပေါ့။၂။ လက်ဆောင် ဝယ်ပေးတာ၊ စကားလေးတွေ ပြောတာ၊ အတူလျှောက်လည်တာ၊ခရီးအတူသွားတာ အစရှိသဖြင့် ချစ်သူ၊ အိမ်ထောင်ဖက် နှစ်ဦးတည်းသာ အတူလုပ်လို့ရမယ့် အရာတွေ များများ လုပ်ပေးပါ။၃။ ကိုယ့်အပေါ် အမြဲကောင်းပေးတဲ့ ဒီလိုချစ်ရသူကို ပိုင်ဆိုင်ရတဲ့အတွက် အမြဲ ချီးကျူးစကား ဆိုပေးပါ။မေတ္တာထားပါ။ တန်ဖိုးထားပါ။ ကိုယ့်ရဲ့ မေတ္တာကို တစ်ဖက်လူသိအောင်လို့လည်း အပြောနဲ့ရော အလုပ်နဲ့ပါ သက်သေပြပါ။၄။ ဘယ်လောက်ပဲအလုပ်များနေပါစေ၊ ကိုယ်ချစ်ရသူအတွက် အချိန်ပေးဖို့ မမေ့ပါနဲ့။၅။ ညဘက်တွေမှာ ဘာမှမပြောမဆိုနဲ့ ကိုယ့်ဘာသာ အရင်အိပ်ချလိုက်တာမျိုး မလုပ်ပါနဲ့။၆။ ကိုယ့်ချစ်ရသူအပေါ် အပြစ်တင်တာ၊ အပြစ်မြင်တာ၊ လိုအပ်ချက်တွေကို ဖိနှိမ်ပြီး ပြောဆိုတာ၊ အားနည်းချက်ကို လိုက်ထောက်တာမျိုးတွေက အိမ်ထောင်၊ စုံတွဲသက်တမ်းကို မြန်မြန်တိုစေနိုင်ပါတယ်။သေးသေးလေးဆိုပြီး ဂရုမစိုက်ဘဲ ပစ်ထားတာမျိုးတော့ လုံးဝမလုပ်ပါနဲ့။ “အမှိုက်စ ပြဿာဒ် မီးလောင်” ဆိုသလိုပါပဲ၊ ကိုယ် လျစ်လျူရှု၊ မေ့လျော့ထားခဲ့တဲ့ အသေးအမွှားကိစ္စလေးတွေက တစ်ချိန်မှာ ကိုယ့်ရဲ့ အိမ်ထောင်ရေးနဲ့ ချစ်ရသူကိုပါ သွားပြီး ထိခိုက်စေနိုင်တယ်ဆိုတာကို အမြဲတမ်း သတိရပေးပါ။ ချစ်ရသူကို တန်ဖိုးထားပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/keep-sex-life-healthy/
မုဒိမ်းမှုနဲ့ ပတ်သက်လို့ လူသိနည်းနေသေးတဲ့ ဖြစ်ရပ်တချို့
မုဒိမ်းမှုတစ်နည်းအားဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊အဓမ္မပြုကျင့်ခံရမှုနဲ့ ပတ်သက်လို့ လူတွေကြားထဲမှာ မှားယွင်းစွာ သိထားတဲ့ အချက်တွေ အများကြီး ရှိနေပါသေးတယ်။ ဒီလိုလိင်အကြမ်းဖက်မှုတွေကို နိုင်နင်းစွာ ကိုင်တွယ်နိုင်တဲ့ တရားဥပဒေ မရှိတာ၊ လူတွေရဲ့ ထိန်းချုပ်မှု၊ အသိစိတ် ကင်းမဲ့တာ စတဲ့အချက်တွေကြောင့်လည်း ခုချိန်ထိ ကမ္ဘာမှာ ထိန်းချုပ်မရတဲ့ အဖြစ်အများဆုံး ပြစ်မှုတွေထဲမှာမုဒိမ်းမှုဟာ ထိပ်ဆုံးမှာ ရှိနေရခြင်းပဲ ဖြစ်ပါတယ်။ဒီဆောင်းပါးမှာတော့ အထူးသဖြင့် ကျွန်တော်တို့ မြန်မာလူမျိုးတွေ မုဒိမ်းမှုနဲ့ ပတ်သက်ပြီး မှားယွင်းစွာ သိထားတဲ့ အချက်တွေအကြောင်းကို ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။ပြန်လည် စစ်တမ်းကောက်ယူလိုက်တဲ့အခါ မုဒိမ်းမှု ကျူးလွန်သူတွေရဲ့ ၁၀ ရာခိုင်နှုန်းခန့်သာ သူစိမ်းတွေ ဖြစ်ကြပြီး ကျန်တဲ့ ပြစ်မှုကျူးလွန်သူတွေဟာ မိသားစုဝင်၊သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ အိမ်နီးနားချင်း၊ ကိုယ့်ချစ်သူ သို့မဟုတ် လမ်းခွဲပြတ်ဆဲထားပြီးသူတွေ ဖြစ်ကြပါတယ်။ အံ့သြစရာပေါ့နော်။ ဒီလိုလူမျိုးတွေဟာ မုဒိမ်းမှုသားကောင်တွေရဲ့ တစ်နေ့တာ အချိန်ဇယား၊ ဘယ်နေရာကို ဘယ်အချိန်မှာ သွားတတ်လဲ၊ ဘယ်လမ်းကြောင်းက ပြန်တတ်လဲ ဆိုတာတွေကို သိထားကြပြီး ရင်းနှီးနေသူဖြစ်တဲ့အတွက် ကိုယ့်ကို မုဒိမ်းကျင့်မယ့်သူလို့ ဘယ်သူကမှ မထင်မှတ်တော့ဘဲ ပြစ်မှုကျူးလွန်ဖို့ ပိုပြီးလွယ်ကူသွားတာပါပဲ။ဒီနေရာမှာ ယောက်ျား၊ မိန်းမ အစရှိသဖြင့်လိင်ခွဲခြားသတ်မှတ်ခြင်း မရှိဘဲ လူသားအဖြစ်နဲ့သာ ဖော်ပြပါတယ်။ အဲ့တော့ မုဒိမ်းမှုကို ယောက်ျားတွေသာမက မိန်းမ၊ လူကြီး၊ လူငယ် အကုန်လုံး ကျူးလွန်နိုင်ခြေ ရှိတယ်လို့ပဲ ဆိုရမှာပါ။လူငယ်ဆိုတဲ့ နေရာမှာ အသက် ၁၈ မပြည့်သေးတဲ့ ကလေး၊ဆယ်ကျော်သက်အရွယ်တွေလည်း ပါဝင်ပါတယ်။ များသောအားဖြင့် သူတို့ထက် အသက်ငယ်တဲ့ ကလေးတွေ၊ အသက်အရွယ် မတိမ်းမယိမ်းဖြစ်တဲ့ လူငယ်၊ လူလတ်ပိုင်းတွေဟာ မုဒိမ်းမှုကျူးလွန်သူရဲ့ သားကောင်တွေ ဖြစ်သွားနိုင်ပါတယ်။တစ်ခါတစ်လေ လူတွေဟာ အရမ်းကြောက်သွားတဲ့အချိန်မှာ ကြောက်မိကြောက်ရာ တုံ့ပြန်မှု ပြုလုပ်တတ်တာမျိုး ရှိသလို ဘာမှမလုပ်မိဘဲ ငြိမ်သက်သွားတာမျိုးလည်း ရှိပါတယ်။ မုဒိမ်းမှုလိုမျိုး အခြေအနေမျိုးမှာ ကျူးလွန်ခံရသူအနေနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတဲ့ အခြေအနေမျိုးပါ ကြုံလာရတတ်တာကြောင့် မလွဲသာ မရှောင်သာ ငြိမ်နေရခြင်းကို တချို့လူတွေက နှစ်ဦးသဘောတူ ဆက်ဆံတဲ့ အခြေအနေအဖြစ်လည်း မြင်တတ်ကြပါတယ်။ အထူးသဖြင့် အသက်အန္တရာယ် ခြိမ်းခြောက်ထားခံရတယ်ဆိုရင် ပြင်းဆန်ဖို့ ခဲယဉ်းပါလိမ့်မယ်။ တကယ်တော့ ပြန်လည် တုံ့ပြန်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တစ်ဖက်သားလူ သဘောတူညီမှု မရဘဲလိင်ဆက်ဆံခြင်းဟာ အဓမ္မ ပြုကျင့်တာနဲ့ အတူတူပါပဲ။ဒါကတော့ ရှေးခေတ်အယူဝါဒနဲ့ တစ်ဖက်ပိတ် အမြင်ကို လက်ကိုင်ထားကြတဲ့ ရှေးရိုးစွဲဝါဒီသမားတွေမှာ အရမ်း အတွေ့များတဲ့ ကိစ္စပါ။ ပြစ်မှုကျူးလွန်သူကို အပြစ်တင်မယ့် အစား ကျူးလွန်ခံရသူ (များသောအားဖြင့်အမျိုးသမီး) တွေရဲ့ ဝတ်စားဆင်ယင်ပုံကို အပြစ်တင်တတ်ကြပါတယ်။ မြန်မာပြည်မှာဆို ပိုဆိုးပါတယ်။ စကပ်အတို၊ ဘောင်းဘီအတို၊ ရင်ဟိုက်တွေ ဝတ်လို့ မုဒိမ်းကျင့်ခံရတာနေမှာပေါ့၊ နည်းတောင် နည်းသေးတယ်ဆိုပြီး ပြစ်မှုကျူးလွန်ခံရသူကိုအပြစ်တင်(Victim Blaming) တတ်ကြတာပါ။ ဒီနေရာမှာ မြန်မာအဝတ်အစားတွေ လုံခြုံစွာ ဝတ်ဆင်နေတဲ့သူတွေလည်း အဓမ္မ ပြုကျင့်ခံရနိုင်တယ်ဆိုတာ မမေ့လိုက်ပါနဲ့။ လူတိုင်းမှာ တဏှာစိတ်ဆိုတာ ရှိပါတယ်။ ကိုယ့်ရဲ့ တဏှာစိတ်ကို ကိုယ့်ရဲ့ အသိစိတ်၊ ကိုယ်ကျင့်တရားနဲ့ ထိန်းချုပ်နိုင်ရမှာပါ။ အဲ့လို မထိန်းချုပ်နိုင်လို့ ပြစ်မှုကျူးလွန်မိတယ်ဆိုရင်တော့ ကိုယ့်အမှားပါပဲ။ ဘေးလူတွေအနေနဲ့လည်း မဆီမဆိုင် ပြုကျင့်ခံရသူရဲ့ ဝတ်စားဆင်ယင်ပုံကို လက်ညှိုးထိုးသရော်နေစရာ အကြောင်းမရှိပါဘူး။ လောကကြီးကို အမြင်ကျယ်ကျယ် ကြည့်တတ်ဖို့ ကြိုးစားပါ။ယောက်ျားပဲ၊အရက်သောက်တာများပြီး မူးလို့ မှားသွားတာပါဆိုတဲ့ အကြောင်းပြချက်မျိုးဟာ မုဒိမ်းမှုကနေ ကင်းလွတ်စေတဲ့ အကြောင်းပြချက် လုံးဝ မဖြစ်နိုင်ပါဘူး။ ရဲဆေးတင်ချင်လို့ အရက်သောက် ဆိုတဲ့ စကား ကြားဖူးကြမယ်ထင်ပါတယ်။ နဂို လူတစ်ယောက်ရဲ့ စိတ်အခံမှာကိုကအဓမ္မပြုကျင့်ချင်တဲ့စိတ် ရှိတာကြောင့် အရက်သောက်တဲ့အခါမှာ ဒီစိတ်ရိုင်းတွေက ထကြွသောင်းကျန်းလာပြီး မုဒိမ်းမှု ဖြစ်စေဖို့ တွန်းအားပေးလိုက်တာနဲ့ အတူတူပါပဲ။အရက်တင် မကပါဘူး၊ မူးယစ်ဆေး၊စိတ်ဖိစီးမှု၊ စိတ်ကျန်းမာရေး အကြောင်းပြချက်တွေဟာလည်း မုဒိမ်းမှုကျူးလွန်စေဖို့ ခိုင်လုံတဲ့ တွန်းအားပေး အကြောင်းပြချက်အဖြစ် သတ်မှတ်လို့ မရပါဘူး။ အဓမ္မ ကျူးလွန်သူတွေမှာ နဂိုစိတ်အခံက ရှိနေပြီးသား ဖြစ်နေလို့ပါ။တရားဥပဒေ အရ လက်ထပ်ထိမ်းမြားပြီးတဲ့ တိုင်အောင်၊ တရားဝင်ချစ်သူတွေ ဖြစ်နေတဲ့တိုင်အောင် တစ်ဖက် ကာယကံရှင်ကလိင်ဆက်ဆံဖို့ သဘောမတူဘူး၊ အဆင်သင့် မဖြစ်ဘူးလို့ ပြောထားတယ်ဆိုရင် ဒီသဘောထားကို လေးစားလက်ခံဖို့ လိုပါတယ်။ အဲ့လိုမှ မဟုတ်ဘဲ အိမ်ထောင်ဖက်၊ ချစ်သူဖြစ်လို့ ကိုယ်စိတ်အလိုရှိတိုင်းလိင်ဆက်ဆံလို့ ရတယ်ထင်နေရင်တော့ ဒါဟာ လိင်အကြမ်းဖက်မှု၊ မုဒိမ်းမှု မြောက်တယ်ဆိုတာ တစ်ဆက်တည်း သိထားအောင် ပြောပြပေးချင်ပါတယ်။ဒါကတော့ လုံးဝကို မှားယွင်းနေတဲ့ အချက်ကြီးပါ။ အပေါ်မှာ ပြောထားခဲ့သလိုပဲ၊ ကျူးလွန်သူ ဖြစ်စေ၊ ကျူးလွန်ခံရသူဖြစ်စေ လိင်၊ လိင်စိတ်ခံယူမှု၊ အသက်အရွယ်၊ ရာထူး စတာတွေနဲ့ တိုင်းတာနှိုင်းယှဉ်လို့ မရပါဘူး။ ယောက်ျားတွေ ဖြစ်နေလို့လိင်စိတ်က အမြဲတမ်း ရှိနေတဲ့အတွက် တစ်ဖက် မိန်းကလေးက အဓမ္မ ပြုကျင့်လာခဲ့ရင်တောင် ကျေကျေနပ်နပ် ခံယူရမယ်ဆိုတဲ့ တစ်ဖက်စွန်းရောက် စွဲကိုင်နေသူများမှာသာ ဝင်နေတတ်တဲ့ အတွေးအခေါ်မျိုးပါ။ဒီဆောင်းပါးမှာတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှုနဲ့ ပတ်သက်ပြီး လူတော်တော်များများ ထင်မှတ်မှားတတ်ကြတဲ့ အချက်တွေကို အကြောင်းရင်းနဲ့ တကွ ပြောပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် အမြဲတမ်း ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေတတ်တဲ့ အရာတွေကို လျစ်လျူမရှုပါနဲ့။ လူတိုင်းကိုလည်း အယုံမလွယ်ပါနဲ့။ ဘယ်ပဲ သွားသွား ကိုယ့်အသက်အန္တရာယ်က ကာကွယ်ပေးနိုင်မယ့် ပစ္စည်းတွေကို ကိုယ်နဲ့ မကွာ ဆောင်ထားပါ။အထူးသဖြင့် ကျူးလွန်ခံရသူတွေမှာ ပြစ်မှုအခင်း ဖြစ်ပွားပြီးတာနဲ့ သက်ဆိုင်ရာ ရဲစခန်းကို သွားရောက်တိုင်ကြားပါ။ သို့မဟုတ် ဆေးရုံမှာ သွားရောက်ပြီး ဆရာဝန်နဲ့ အရေးပေါ် ပြသပါ။ ကျူးလွန်သူရဲ့ ပုံပန်းသဏ္ဍာန်ကို ပြောပြပြီး အမှုဖွင့်ဖို့ ကြိုးစားပါ။ တခြားသူတွေ ကိုယ့်အပေါ် ဘယ်လိုထင်မြင်နေမလဲ ဆိုတဲ့ အတွေးတွေကို ခဏမေ့ထားပါ။ အဓိက ကိုယ်သာ အရေးကြီးပါတယ်။ ကိုယ့်မှာ ခံစားလိုက်ရတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအတွက် တရားမျှတမှုကို သက်ဆိုင်ရာက စီမံဖန်တီးပေးဖို့ အစွမ်းကုန်ကြိုးစားမှာပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/more-stis-stds/facts-to-know-about-rape/
တက်တတ်သောသူတို့အတွက် ဘဝနေထိုင်နည်းများ
သင့်ရဲ့နေထိုင်မှုကို ပြုပြင်ပြောင်းလဲပြီး အတက်ရောဂါ ဝက်ရူးပြန်တာကို ထိန်းချုပ်ခြင်းက စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်ပါတယ်။ အောက်ပါအချက်တွေနဲ့ သင့်ရောဂါကို ကူညီနိုင်ပါလိမ့်မယ်။သင်ဆရာဝန်နဲ့ မမကြာမကြာ သွူားရောက်ပြသပြီးတော့ :။တက်ခြင်းက ဆေးတစ်ခွက်နှစ်ခွက်လောက်မသောက်ပဲနေမိရုံနဲ့ ဆိုးလာနိုင်ပါတယ်။ ဒါကြောင့် ဆေးကိုသောက်နေတဲ့ သူမြင်သာတဲ့ နေရာမှာထားပါ။ ညွှန်ကြားတဲ့ အတိုင်းသောက်ပါ။ သင့်ရောဂါကုသပေးသူကို မပြောပဲနဲ့ ဆေးကိုရပ်လိုက်တာမျိုး မလုပ်ပါနဲ့။အိပ်ရေး မဝတာဟာ ထိန်းချုပ်မှုရှိပြီးသားလူနာတွေတောင် တက်ခြင်းဖြစ်စေနိုင်ပါတယ်။ အချိန်ဇယားနဲ့ အပြည့်အဝအနားယူပါ။ တုညီတဲ့အချိန်တွေမှာ အိပ်တာ အိပ်ယာထတာဟာ အိပရေးဝစေနိုင်ပါတယ်။ အရမ်း နိုးကြားနေအောင်လုပ်တဲ အာရုံစိုက်ရတဲ့ အပြုအမူတွေ ဥပမာ တီဗွီ ကြည့်တာ ဂိမ်းဆော့တာ အားကစားလုပ်တာတွေကို မအိပ်ခင်မှာမလုပ်သင့်ပါဘူး။အရက်သောက်တာဟာ ဆေးအာနိသင်ကို ထိခိုက်စေနိုင်ပါတယ်။ သုတေသနတွေအရ အရက်အလွန်အကျွံသောက်တာဟာ တက်ခြင်းကို လှုံ့ဆော်တာ စဖြစ်စေတာရောဖြစ်နိုင်ပါတယ်။စိတ်ဖိစီးမှုဟာ အဓိကပြသနာဖြစ်တဲ့ အတွက် ထိန်းချုပ်နိင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် နေ့စဉ် တရားထိုင်ခြင်း နဲ့ ယောဂကျင့်တာဟာ သင့်ကို ကူညီနိငင်ပါလိမ့်မယ်။တက်တဲ့သူတွေဟာ အလင်းဒဏ်ကို sensitive ဖြစ်ကြပါတယ်။ တီဗွီ , ဂိမ်းနဲ့ ဓါတ်မီးကအလင်းတွေတောင်မှ တက်တာကို ဖြစ်စေနိုင်ပါတယ်။ တကယ်လို့လူနာက TV ကြည့်မယ်ဆိုရင် ကျွမ်းကျင်သူရဲ့ အကြံလိုအပ်ပါတယ်။ အဆိုအရ အခန်းတစ်ခုလုံးလင်းနေဖို့လိုပြီး ကြည့်သူဟာ TV နဲ့ ရှစ်ပေအကွာမှာရှိရပါမယ်။နေ့စဉ်လေ့ကျင့်ခန်းတွေဟာ သင့်ကိုရွှင်လန်းစေပြီး သင့်တင့်တဲ ကိုယ်အလေးချိန်ရစေကာ စိတ်ကျေနပ်မှုလည်းပေးနိုင်ပါတယ်။ ဆရာဝန်တွေက chiropractic therapy, နှိပ်နယ်တာနဲ့ cranial sacral therapy တွေလုပ်ခိုင်းပြီး ရေကူး, hiking, တောင်တက်တာ, အခြားကစားနည်းတွေကို အန္တရာယ်မဖြစ်စေဖို့အတွက်ရှောင်ခိုင်းပါတယ်။လူနာတွေအတွက်အချို့သတ်မှတ်ချက်တွေရှိပါတယ်။ အချို့တွေမှာ antiepileptic drugs (AEDs) တွေက calcium, magnesium, and sodium ပမာဏတွေက်ု နှောင့်ယှက်နိုင်ပါတယ်။vit D လိုအရိုးတွေအတွက်အရေးကြီးတဲ့အရာကလည်း antiepileptic drugs (AEDs) ကြေုင့် ကျနိုင်ပါတယ်။ ဆရာဝန်နဲ့ ဗီတာမင် သတ္ထုဓါတ် ပမာဏကို စစ်ဆေးမှုလုပ်ပါ။တက်ခြင်း ဝက်ရူးပြန်ခြင်းခံစားရတဲ့လူနာတွေကူညီပေးတဲ့ အဖွဲ့ကို သင်ရှာဖွေနိုင်ပါတယ်။ ဒါမှမဟုတ် သင့်ကို စိတ်ပိုင်းရုပ်ပိုင်း ကူညီပေးတဲ့ အဖွဲ့တွေကိုလည်း ရှာဖွေနိုင်ပါတယ်။Hello Health Group သည် ကျန်းမာရေးအကြံပြုချက်များ, ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများ လုပ်ဆောင်မည်မဟုတ်ပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/%e1%80%90%e1%80%80%e1%80%b9%e1%80%90%e1%80%90%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac%e1%80%9e%e1%80%b0%e1%80%90%e1%80%ad%e1%80%af%e1%82%94%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%98%e1%80%9d/
အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဘာအကြောင်းကြောင့်မှ အနှောင့်နှေးမခံပါနဲ့
မမျှော်လင့်ထားဘဲအိမ်ထောင်ကျသွားတယ်၊ ကလေးရသွားတယ်၊ ဘာမှ ပြင်ဆင်မှု မရှိချိန်မှာ ဒီလိုတွေ ဖြစ်လာတော့ စီစဉ်ထားတဲ့ Life Goal တွေ၊ Career Goal တွေ အကုန်လုံး သဲထဲရေသွန်…။ခဏလေးပါ။ ပြောပြချင်လို့။ အိမ်‌ထောင်ပြုပြီးသွားတာနဲ့ ဘဝကြီးက တက်လမ်းတွေ မရှိတော့တဲ့ခေတ်က ကုန်ခဲ့တာ ကြာပါပြီ။ ကလေးတစ်ယောက် ရတာနဲ့ စီးပွားရေးနဲ့ မိသားစုရေးကြားထဲမှာ လှောင်ပိတ်နေရတယ်ဆိုတာ Family Planning ကို သေချာ မသုံးဖြစ်ခဲ့လို့ပါ။အိမ်ထောင်မပြုရသေးတဲ့သူတွေ ဆိုရင် အိမ်ထောင်ကို ဘယ်အချိန်မှာ ပြုမယ်၊ အိမ်ထောင်ကျပြီးသူတွေဆိုရင်လည်း အိမ်ထောင်မပြုခင်ကတည်းက ကိုယ်က ဘယ်အချိန်မှာ ကလေးယူမယ်၊ ကလေးကို ဘယ်နှယောက်ယူမယ် ဆိုတာတွေ အားလုံးကို ကြိုတင်တွေးထားနိုင်မှ တန်ကာကျတဲ့ ခေတ်ကြီးပါ။အမှတ်တမဲ့ နေရင်း ကလေးရလို့ ယူလိုက်ရတယ်၊ ဘာမှ စီစဉ်ထားတာ မရှိဘူးဆို ကိုယ်တိုင်လည်း ကသီလင်တ နိုင်သလို ကလေးအတွက်လည်း ဒုက္ခများပါတယ်။ ဒါကြောင့် အိမ်ထောင်မပြုခင်မှာဖြစ်စေ၊ ကလေးတစ်ယောက်နဲ့ တစ်ယောက်ကြား ခြားချင်တဲ့အချိန်မှာ ဖြစ်စေသားဆက်ခြားနည်းတွေကို သေချာ စနစ်တကျ လေ့လာထားဖို့ အရေးကြီးလာပါပြီ။အိမ်ထောင်ပြုဖို့ ကြံစည်နေတဲ့သူတွေအတွက်ပဲ အရေးကြီးတာ မဟုတ်ဘူးနော်။ အပျိုဖော်၊လူပျိုဖော်ဝင်လာကတည်းက ဒီနည်းလမ်းတွေကို သိထားသင့်ပါတယ်။ ဒါမှသာ မတော်တဆ ကိုယ်ဝန်ရသွားတာ၊ ဖျက်ချလို့ လူပါ အန္တရာယ် ဖြစ်ရတာ၊ ကပ်ပြီး ကလေးရလို့ မနိုင်မနင်းတွေ ဖြစ်ရတာ၊ စတဲ့ မတော်တဆပေါင်းများစွာကို ကာကွယ်နိုင်မှာပါ။ဒါဆိုရင် သားဆက်ခြားနည်းတွေနဲ့ ပတ်သက်ပြီး ဘာတွေ သိထားဖို့လိုလဲဆိုရင်။အမှန်တော့ ဒီနည်းလမ်းတွေ အားလုံးထဲမှာ ကွန်ဒုံးသုံးတာက လူကို ထိခိုက်မှု အနည်းဆုံး၊ အထိရောက်ဆုံး၊ အလွယ်ဆုံး ဖြစ်ပေမဲ့ အလွှာပါးကြောင့် ကမ္ဘာခြားတယ်ဆိုပြီး ကွန်ဒုံးကို အဖက်မလုပ်တာတွေ ရှိနေပါတယ်။ ဒီမှာတင် ဘာမှ မသုံးဘဲ အတူနေ၊ ပြီးရင် ကိုယ်ဝန်ရ၊ မဖြစ်တဲ့အဆုံး အိမ်ထောင်ကျ၊ ကလေးရ ဆိုတဲ့ အဖြစ်တွေ ဖြစ်လာတော့တာပါပဲ။ထပ်ပြောပါမယ်။ အပျိုဘဝတုန်းက လုပ်ချင်လျက်နဲ့ မလုပ်လိုက်ရတာတွေကို အိမ်ထောင်သည် ဘဝရောက်လို့၊ အမေဖြစ်သွားလို့ ဆက်ပြီး မလုပ်ရဘူးလို့ မတွေးပါနဲ့။ အိပ်မက်တွေက မျက်စိရှေ့မှာပါ။မိသားစုရှေ့ရေးကို သေချာ စီစဉ်ပြီး စနစ်တကျ ပလန်ချသွားမယ်ဆိုရင်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ မဝေးပါဘူး။“Your Life, Your Choice” သင့်ဘဝ သင့်ရွေးချယ်မှုပါပဲ။အိပ်မက်ကို အကောင်အထည်ဖော်ကြတဲ့သူတွေတိုင်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာ ဓမ္မတာပါ။ ဒါကို မမျှော်လင့်ဘဲ ရလာတဲ့ ကလေးငယ်ကြောင့်ဆိုပြီး လက်လျှော့ပြီး ထိုင်မနေပါနဲ့။ ကိုယ့် အနာဂတ်ကို ကိုယ်ပိုင်ပါတယ်။ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ အိပ်မက်ရှိရာ ပန်းတိုင်ကို လမ်းဖောက်နိုင်ပါစေ။Wathun Myat Chel။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%80%99%e1%80%80%e1%80%ba%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%a1%e1%80%91%e1%80%8a/
Multiple Sclerosis (မိုင်လင်အလွှာပျက်သောရောဂါ)
နယူရုန်းဆိုတာ အာရုံကြောစနစ်တွင်ပါသော ဆဲလ်ဖြစ်ပြီး စဉ်းစားခြင်း၊ မြင်ခြင်း၊ ကြားခြင်း၊ စကားပြောခြင်း၊ ခံစားခြင်းနဲ့ လှုပ်ရှားခြင်းတို့ကို ထိန်းချုပ်ထားပါတယ်။ နယူရုန်းတခုတွင် ဆဲလ်ခန္ဓာကိုယ်နှင့် အိတ်ဇွန် (axon)တစ်ခုပါဝင်ပါတယ်။ များသောအားဖြင့် အိတ်ဇွန်ကို မိုင်လင်လို့ ခေါ်တဲ့ အဆီအလွှာလေးနဲ့ ဖုံးအုပ်ထားပါတယ်။ မိုင်လင်က အချက်ပြမှုများအား အာရုံကြောတစ်လျှောက်ပို့ပေးပါတယ်။မိုင်လင်အလွှာပျက်သောရောဂါသည် တဖြည်းဖြည်းချင်းဆိုးလာသောရောဂါဖြစ်ပြီး ဦးနှောက်နဲ့ ကျောရိုးအာရုံကြောကို ထိခိုက်စေတတ်ပါတယ်။ မိုင်လင်အလွှာပျက်သောရောဂါတွင် မိုင်လင်များပျက်စီးခြင်း သို့မဟုတ် ရောင်ရမ်းခြင်းဖြစ်ပြီး အာရုံကြော အချက်ပြမှုကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒါကြောင့် အာရုံကြောအမျှင်များပျက်စီးခြင်းနဲ့ အခြားလက္ခဏာများပေါ်လာစေပါတယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အေးသောရာသီတွင် ရောဂါပိုဆိုးတတ်ပါတယ်။ရောဂါလက္ခဏာတွေက ဖြစ်လိုက် ပျောက်လိုက်ပါပဲ။ ရောဂါလက္ခဏာကဦးနှောက်နှင့် အာရုံကြောထိခိုက်မှု ဘယ်လောက်ထိခိုက်သလဲ၊ ဘယ်နေရာမှာ ဖြစ်တာလဲ စတာတွေအပေါ် မူတညပါတယ်။ ဦးနှောက်ထိမိသောရောဂါလက္ခဏာများမှာ။များသောအားဖြင့် တခြားရောဂါတစ်ခုခု သို့မဟုတ် ရောဂါပိုးဝင်ခြင်းကြောင့် ဝမ်းတွင်းအမြှေးပါးရောင်ခြင်းမှ စဖြစ်လာပါတယ်။ ဥပမာ။ဒါ့ပြင်။မိုင်လင်အလွှာပျက်သောရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ရောဂါကို အတည်ပြုနိုင်သော တိကျတဲ့ စမ်းသပ်ချက် မရှိပါ။ သို့သော်သံလိုက်ဓာတ်မှန်ရိုက်ခြင်းဖြင့် ရောင်နေသော သို့မဟုတ် ပျက်စီးနေသော မိုင်လင်အလွှာကို တွေ့နိုင်ပါတယ်။ ကျောရိုးဆစ်ကြားမှ အရည်ကို ယူပြီး စစ်ဆေးခြင်း နည်းလမ်းလည်း ရှိပါသည်။ ဒီနည်းနဲ့ လက္ခဏာာတူ တခြားရောဂါကြောင့်လား၊ မိုင်လင်အလွှာပျက်သော ရောဂါကြောင့်လားဆိုတာ သိနိုင်ပါတယ်။မိုင်လင်အလွှာပျက်သောရောဂါသည် အမြစ်ပျက် ကုသလို့မရနိုင်သော်လည်း ရောဂါလက္ခဏာများသက်သာနိုင်ရန်နဲ့ ရောဂါပိုမဆိုးစေရန် ကုသမှုများပြုလုပ်နိုင်ပါတယ်။ ရောဂါနဲ့ ရောဂါနောက်ဆက်တွဲများ (ဥပမာ ကြွက်သားများ တောင့်တင်းနေခြင်း၊ အားနည်းခြင်း၊ နာခြင်း၊ မှတ်ဉာဏ်နဲ့ ဆိုင်သောပြဿနာများ၊ ဆီးနဲ့ ဝမ်းပြဿနာများ)အား ကုသနိုင်သည်။စတီးရွိုက်သည် ရောဂါလက္ခဏာသက်သာရန် အဓိကကုသမှုဖြစ်သည်။ ဆေးများ (အင်တာဖရွန် ဘီတာဝမ်းအေနဲ့ ဝမ်းဘီ၊ ဂလာတီရာမာ) သည် ရောဂါပိုဆိုးခြင်းနဲ့ ပြန်ဖြစ်ခြင်းအားသက်သာစေသည်။ဒါ့ပြင် လုံလောက်သောအနားယူခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ကိုယ်ခန္ဓာအလေးချိန်ထိန်းခြင်းတို့သည်လည်း အရေးပါသည်။မိုင်လင်အလွှာပျက်သောရောဂါက အပြီးပျောက်အောင် ကုသလို့ မရပေမယ့် ပိုဆိုးမလာအောင် ဆေးဝါးတွေ၊ နေထိုင်မှု ပုံစံပြောင်းလဲတာတွေနဲ့ ထိန်းချုပ်လို့ ရပါတယ်။ ဒါကြောင့် စိတ်ဓာတ်မကျဘဲ စောစောစီးစီးကုသမှုခံယူဖို့ အကြံပေးလိုပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/multiple-sclerosis/multiple-sclerosis/
စိတ်ချရတယ်ဆိုပြီး မီးနီဖြတ် မလို့လား။ ခဏလေး နေပါဦး
ရာသီလာနေတုန်း လိင်ဆက်ဆံရင် ကိုယ်ဝန်မရဘူးတဲ့။ ကျိန်းသေပြီလား။ ဒီစကားကို ယုံစားမိလို့ ဒုက္ခရောက်ခဲ့ကြသူတွေ ရေတွက်လို့မှ မကုန်နိုင်။ ဘာကြောင့်လဲဆိုတော့ မီးနီဖြတ် ရင်ကိုယ်ဝန်ရနိုင်ခြေနည်းတယ်ဆိုပေမဲ့ လုံးဝမရနိုင်တာမျိုးတော့ မဟုတ်ဘူးလေ။ ဒါဖြင့် မီးနီဖြတ်လိုက်ရင် ကိုယ်ဝန်ရနိုင်ခြေ ဘယ်လောက်များသတဲ့လဲ။ယေဘုယျအားဖြင့် အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ဝန်ရနိုင်ခြေဟာမမျိုးဥကြွေချိန်စက်ဝန်းပေါ်မူတည်ပါတယ်။ များသောအားဖြင့် အမျိုးသမီးတွေရဲ့ ဓမ္မတာစက်ဝန်းဟာ ၂၉ရက် ရှိတတ်ပြီး ရက် ၂၀ ကနေ ၃၅ ထိလည်း ရှိတတ်ပါတယ်။ ဒီထက်ကြာတာတောင် ရှိပါသေးတယ်။ယေဘုယျအားဖြင့်တော့ နောက်ရာသီလာမယ့်ရက်မတိုင်ခင် ၁၄ရက်အလိုမှာ မမျိုးဥကြွေတတ်ပါတယ်။ကျန်းမာသန်စွမ်းတဲ့ သုက်ပိုးဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ၇၂ နာရီ နေနိုင်တာမို့ ဒီသုက်ပိုးဟာ မမျိုးဥကြွေတာနဲ့ တွေ့သွားလိုက်မယ်ဆိုရင် ကိုယ်ဝန်ရဖို့ ရာနှုန်းတစ်ခု ရှိသွားပါပြီ။နောက်တစ်ခါ တချို့အမျိုးသမီးတွေက မမျိုးဥကြွေချိန်မှာလည်း သွေးနည်းနည်းဆင်းတတ်ပါတယ်။ ဒါကို ရာသီလာတာနဲ့မှားပြီး  ပျော်ပျော်ကြီး မီးနီဖြတ်မယ်ဟေ့ ဆိုရင်လည်း အနှီးလေး ပြင်ထားဖို့တော့ မမေ့နဲ့ပေါ့။ဆိုတော့ကာသွေးစဆင်းပြီးတစ်ရက်ကနေ နောက်နှစ်ရက်လောက်အတွင်း လိင်ဆက်ဆံမိရင် ကိုယ်ဝန်ရနိုင်ခြေဟာ နည်းတယ်ဆိုပေမဲ့ စိတ်ချလို့ မရတဲ့ အနေအထားပါ။ နောက်ရောက်လေလေ ကိုယ်ဝန်ရနိုင်ခြေ ပိုများလေလေပါပဲ။အထူးသဖြင့် ရာသီစက်ဝန်းတိုတဲ့ အမျိုးသမီးတွေ၊ တစ်နည်းအားဖြင့် ရက် ၂၀တစ်ခါလောက် ရာသီလာတတ်တဲ့ အမျိုးသမီးတွေဆိုရင် ရာသီလာပြီး ၆ရက်လောက်ဆို သားဥကြွေပါပြီ။ ရာသီစက်ဝန်းတိုတဲ့အပြင် ရာသီရက်ပါ ရှည်တယ်ဆိုရင် (ဥပမာ တစ်ခါလာ ၅ရက်လောက်ကြာတယ်ဆိုရင်) ရာသီလာပြီးတာနဲ့ သားဥကြွေချိန်ရောက်နေပါပြီ။ ဒါကြောင့် ရှေ့ရက်မှာ ရာသီလာပေမယ့် အတူနေထားရင် ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။နေ့ရက်တိုင်းဟာ စိတ်မချရပါဘူး။ ဒီလို ဆေးပညာတွေ ခေတ်ရှေ့ပြေးနေတဲ့ ကာလကြီးမှာသားဆက်ခြားနည်းပေါင်းစုံ ရှိပါတယ်။ သုံးပါ။ နောက်ဆုံး ဘေးထွက်ဆိုးကျိုးတွေ ဖြစ်မှာစိုးလို့ ဟော်မုန်းဆေးတွေ မသောက်ချင်ဘူး၊ မထိုးချင်ဘူး၊ဟော်မုန်းကပ်ခွာတွေ မသုံးချင်ဘူး၊IUDမထည့်ချင်ဘူးဆိုရင် အလွယ်ဆုံးနဲ့ အန္တရာယ်အကင်းဆုံးနည်းဖြစ်တဲ့ကွန်ဒုံးသုံးပါ။ ကော့ပါး IUD သုံးပါ။ဘယ်အရာမဆို ကာကွယ်ခြင်းက ကုသခြင်းထက် ကောင်းပါတယ်။ အချိန်လွန်မှ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်ပြီး အသက် (၁) ချောင်းကနေ (၂) ချောင်းဆုံးရှုံးရမယ့် လုပ်ရပ်တွေ မလုပ်မိသေးခင်၊ ဘာမှ အဆင်သင့်မဖြစ်သေးတဲ့ ဘဝထဲ နောက်ထပ် အသက်တစ်ချောင်းကို ခေါ်ပြီး ဒုက္ခမပေးမိသေးခင်၊ စိတ်ဒဏ်ရာတွေ မပေးမိသေးခင် ကာကွယ်ထားတာ အကောင်းဆုံးနည်းလမ်းပါပဲ။Wathun Myat Chal။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/intercourse-during-periods/
အတက်ရောဂါ အတွက် အရေးကြီး ကာကွယ်ကုသမှုများ
အတက်ရောဂါဆိုတာ ဦးနှောက်ရဲ့ ပုံမှန်လုပ်ဆောင်မှု ပျက်စီးတဲ့အခါ ဖြစ်တတ်တဲ့ ဦးနှောက်မူမမှန် လက္ခဏာရပ်ဖြစ်ပါတယ်။ ဒီရောဂါဟာ လူတစ်ယောက်ကို လဲကျစေ, ကတုန်ကယင်ဖြစ်စေပြီး လက်ရှိဘာဖြစ်နေလဲဆိုတာ မသိနိုင်လောက်အောင် အာရုံကို ပျက်ယွင်းစေပါတယ်။အောက်ပါတွေကတော့ အတက်ရောဂါ အတွက် အရေးကြီး ကာကွယ်ကုသမှုများ ဖြစ်ပါတယါ။အောက်ပါ နည်းလမ်းများအားဖြင့်တားဆီးနိုင်ပါတယ်။– ကိုယ်ဝန်နှင့်ကလေးမွေးဖွားချိန်မှာ တက်ခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် သင်နှင့်ကလေး ကျန်းကျန်းမာမာ ဖြစ်စေဖို့ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုလမ်းညွှန်ချက်တွေ အတိုင်းလိုက်နာရန်အရေးကြီးပါတယ်။– ဦးနှောက်ဒဏ်ရာဟာ အတက်ရောဂါအဖြစ် အများဆုံးအကြောင်းဖြစ်ပါတယ်။ အားကစားလုပ်နေစဉ် သို့မဟုတ် ကားမောင်းနေစဉ်ဦးနှောက်ဒဏ်ရာရခြင်းကို တားဆီးဖို့အတွက် ခမောက်သို့မဟုတ်လုံခြုံပစ္စည်းကိရိယာများဝတ်ဆင်ပါ။သွေးတိုးခြင်းနှင့် ကူးစက်ရောဂါတွေကလည်း အတက်ရောဂါဖြစ်ဖို့ ဦးနှောက်အပေါ်သက်ရောက်မှုရှိနိုင်ပါတယ်။ ထိုကဲ့သို့သောပုံမမှန်မှုတွေက်ု သေချာအောင်ကုသပါ။– အတက်ရောဂါဟာ လေဖြတ်ခြင်းနှင့်နှလုံးရောဂါ၏ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ပါတယ်။ ရောဂါကို ကာကွယ်တားဆီးဖို့တတ်နိုင်သမျှလေဖြတ်ခြင်းနှင့်နှလုံးရောဂါ၏အခွင့်အလမ်းတွေကိုလျှော့ချဖို့ကြိုးစားပါ။– ကာကွယ်ဆေးထိုးခြင်းဖြင့်လည်း ဒီရောဂါကို တားဆီးနိုင်ပါတယ်။-သင်ရဲ့ လက်ကိုဆေးကြောခြင်းနှင့်အစားအစာသန့်ရှင်းအောင် ပြင်ဆင်ထားရန်လိုပါတယ်။ကုသမှု များစွာရှိသော်လည်း, အသုံးအများဆုံးမှာ။ဆေးဝါးများ။သင့်မှာ အတက်ရောဂါရှိရင် သင်၏ဆရာဝန်ကဦးနှောက်ထဲမှာ ရောဂါပြန့်ပွားမှု ကန့်သတ်ရန် Anti – seizure ဆေးဝါးများသတ်မှတ်ပေးပါလိမ့်မယ်။ လုနာအများစုကတော့ ဆေးရဲ့ ရောဂါပေါ်သက်ရောက်မှုကို တွေ့ကြပါတယ်။ခွဲစိတ်ခြင်း။ခွဲစိတ်ကုသတယ်ဆိုတာ သင်၏အသက်အန္တရာယ်ဖြစ်စေနိုင်သည့်အလားအလာရှိသော ဦးနှောက်ဧရိယာများကို အတက်ရောဂါပြန့်ခြင်းအတွက် လိုအပ်နိုင်ပါတယ်။ တစ်ခါတစ်ရံ ဆေးဝါးများနှင့် ရောဂါထိန်းချုပ်မှု ပိုမိုလွယ်ကူစေရန်ခွဲစိတ်မှု အသေးစားတွေ လုပ်ကြပါတယ်။အခြား သောကုသမှုများ။– ဆေးဝါးများနှင့်ခွဲစိတ်မှုတွေက အလုပ်မလုပ် လျှင်, သင့်အနေနဲ့ အာရုံကြောနှိုးဆွနည်း , ketogenic အစားအစာစားခြင်းလို အခြားရွေးချယ်စရာတွေ သုံးနိင်ပါတယ်။ကိုယ်တိုင်ဂရုစိုက်ဖို့က အတက်ရောဂါကို စီမံခန့်ခွဲဖို့အရမ်းအရေးကြီးပါတယ်။–ဆေးသောက်ပါ။–သင့်မှာ မေးခွန်းမေးစရာ ရှိသည့်အခါသင့်ဆရာဝန်သို့မဟုတ်သူနာပြုနှင့် ဆွေးနွေးပါ။–မတက်မီက ဘာလုပ်နေခဲ့တယ် အတက်ရောဂါရပ်သွားအောင် ဘာလုပ်လိုက်တယ်ဆိုတဲ့။record သို့မဟုတ်ဒိုင်ယာရီထားပါ။–အိပ်ရေးဝအောင်အိပ်ပါ။–စိတ်ဖိစီးမှုရှောင်ကြဉ်ပါ။–တက်ကြွအောင်နေပါ။– ဝက်ရူးပြန် အတက်ရောဂါရှိသူတွေဟာ မရှိသူတွေ လုပ်နေကြ အလုပ်တွေကို လုပ်နိုင်ပါတယ်။– မည်သူမဆိုဝက်ရူးပြန်ရောဂါဖွံ့ဖြိုးနိုင်ပါတယ်။အသက် 65 ကျော်လူတွေမှာ ပထမဦးဆုံးအကြိမ်စတင်အတက်ရောဂါဖြစ်နိုင်ချေဟာ ကလေးတွေနဲ့ တူတူပါပဲ။ သက်ကြီးရွယ်အိုများအတွက် ဝက်ရူးပြန်မှုဟာလေဖြတ်ခြင်းနှင့်နှလုံးရောဂါများကဲ့သို့အခြားကျန်းမာရေးပြဿနာများရဲ့ အကျိုးဆက် ဖြစ်ပါတယ်။– ဒီရောဂါဟာ နာတာရှည်ဆေးဘက်ဆိုင်ရာပြဿနာပါ။ လူအချို့ အောင်မြင်စွာကုသနေကြပေမယ့်ကုသမှုက လူတိုင်း အတွက်အလုပ်မလုပ်ပါဘူး။– seizure ကြောင့် သေဆုံးနိုင်ပါတယ်။ ဝက်ရူးပြန်ရောဂါကြောင့် သေတာ မကြာခဏ မဖြစ်ပျက်ပါဘူး။ ဝက်ရူးပြန်ရောဂါဟာအလွန်ဆိုးသော်လည်း seizure ကြောင့် သေဆုံးနိုင်ပါတယ်။– ဝက်ရူးပြန်ရောဂါဟာ ကူးစက်တတ်တဲ့ ရောဂါမဟုတ်ပါ။ သင့်အနေနဲ့ အခြားတစ်ယောက်ဆီက အတက်ရောဂါ မကူးနိုင်ပါ။သင် ရောဂါဖြစ်စဉ်အတွင်းသင်၏လျှာမျိုကျသွားတာမျိုးတွေ မဖြစ်နိုင်ပါဘူး။ ဒါဟာရုပ်ပိုင်းဆိုင်ရာအရ မဖြစ်နိုင်ပါဘူး။Hello Health Group သည် ကျန်းမာရေးအကြံပေးမှု, စမ်းသပ်မှုနှင့် ကုသမှုတို့ လုပ်ဆောင်မည်မဟုတ်ပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/%e1%80%a1%e1%80%90%e1%80%80%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab-%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%a1%e1%80%b1%e1%80%9b%e1%80%b8%e1%81%be%e1%80%80%e1%80%ae%e1%80%b8/
သင့်ဦးနှောက် ဘယ်လိုအလုပ်လုပ်သလဲ
ဦးနှောက်ဟာ သင့်ကိုယ်ခန္ဓါမှာ အရှုပ်ထွေးဆုံး အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ အဲဒီမှာ သင့်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ဗဟုသုတတွေ ပါဝင်နေပါတယ်။ သင့်ကို ခံစားမှုတွေ၊ ထိန်းချုပ်မှုတွေ၊ အပြုအမူတွေ လုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။ဦးနှောက်ဆိုတာ ဘယ်သူမှ ရှင်းရှင်းလင်းလင်း မသိရတဲ့ ဆန်းကြယ်တဲ့အရာတခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆောင်းပါးကို ဖတ်မိရင်တော့ သူဘယ်လို အလုပ်လုပ်တယ် ဆိုတာ အကြမ်းဖျင်း နားလည်နိုင်ပါတယ်။ဦးနှောက်ဟာ စက်တခုနဲ့ တူပါတယ်။ သင်စကားပြောနိုင်အောင်၊ သင်ဘာမြင်နေတယ် ဘာတွေးနေတယ်ဆိုတာကို နားလည်အောင် ကူညီပေးတဲ့ အစိတ်အပိုင်းများစွာ ရှိပါတယ်။ အောက်ပါအစိတ်အပိုင်းတွေဟာ လူသိအများဆုံး နေရာတွေဖြစ်ပါတယ်။ဒီအစိတ်အပိုင်းဟာ အန္တရာယ်နဲ့ ရင်ဆိုင်ရချိန်မှာ သင့်ကို သတိပေးပါတယ်။ သင့်ကို ထိခိုက်စေမယ့် အရာတွေကို (ဥပမာ မီးဖိုအပူ) ကြောက်ရွံ့တဲ့ ခံစားမှု ရုတ်တရက် ဖြစ်ပေါ်အောင် လုပ်ပေးပါတယ်။ တချို့အရာတွေကို မကြောက်ရွံ့အောင် (ကြွက်၊ ပိုးဟပ်) သင့်ကို သင်ကြားပေးပါတယ်။ဦးနှောက်ရဲ့ ရှေ့ပိုင်းအလွှာဟာ သင့်ကို ဆုံးဖြတ်ချက်တွေ၊ အကြံဉာဏ်တွေထွက်အောင်၊ ပြသနာတွေကို ဖြေရှင်းနိုင်အောင် ကူညီပေးပါတယ်။ တခါတလေ ဖိစိးမှုရှိတဲ့ ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ amygdala ကိုပါ ထိန်းချုပ်နိုင်အောင် အကူအညီပေးပါတယ်။ယာယီမှတ်ဉာဏ်သိုမှီးနိုင်အောင် အကူအညီ ပေးတဲ့အပြင် ကြာမြင့်ပြီဖြစ်တဲ့ မှတ်သားမှု တွေကိုပါ ပြန်လည်မှတ်မိစေပါတယ်။ဒီနေရမှာ တာဝန်များစွာ ရှိပါတယ်။ သူတို့ဟာ အရာတချို့ကို အာရုံစိုက်ရတဲ့အခါ (ဥပမာ လုပ်ငန်းတာဝန်တခုခု၊ စာမေးပွဲ) စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို စုစည်းထိန်းချုပ်နိုင်အောင် အကူအညီပေးပါတယ်။ အမှားတွေကို သိစေပါတယ်။ စိတ်စေ့ဆော်မှုကို ဖြစ်စေပါတယ်။သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း စတဲ့ အလိုအလျောက်လုပ်ငန်းတွေကိုပါ အကူအညီပေးပါတယ်။ဒီနေရာဟာ မှတ်ဉာဏ်အသစ်တွေကို ဖန်တီးပေးပါတယ်။ အဲဒီနေရာထိခိုက်ရင် ယခင်က မှတ်ဉာဏ်အဟောင်းတွေ၊ စွမ်းရည်တွေကိုပဲ မှတ်မိနေတတ်ပါတယ်။ အကြောင်းအရာအသစ်တွေကို မမှတ်မိပါဘူး။ဦးနှောက်မှာ အစိတ်အပိုင်းများရှိပြီး လုပ်ငန်းတာဝန်အလိုက် စုစည်းလုပ်ဆောင်ပါတယ်။ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေကတော့ ဦးနှောက်ရှေ့ပိုင်း၊ အလယ်ပိုင်းနဲ့ ဦးနှောက် အနောက်ပိုင်းဆိုပြီး ခွဲခြားနိုင်ပါတယ်။အရှေ့ပိုင်းကို prosencephalon လို့လည်း ခေါ်ပြီး ရှေ့အကျဆုံးအပိုင်းမှာ ဦးနှောက်ကြီး (Cerebrum) ပါဝင်ပါတယ်။ ဦးနှောက်ကြီးဟာ အကြီးဆုံး အပေါ်ပိုင်း အကျဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ သင်ဦးနှောက် အကြောင်း စဉ်းစားလိုက်တာနဲ့ မြင်ယောင်လာတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။မှတ်ဉာဏ်တွေ သိုမှီးနိုင်အောင်၊ စီမံချက်တွေ ချမှတ်နိုင်အောင်၊ မိတ်ဆွေတွေကို မှတ်မိအောင် ကူညီပါတယ်။ သင့်ဝန်းကျင်က အရာတွေကိုလည်း တွေးတော ပုံဖော်နိုင်ပါတယ်။ဦးနှောက်ကြီးကို အပေါ်ပိုင်းကနေ အမြောင်းနဲ့ ၂ပိုင်းခွဲနိုင်ပါတယ်။ ဘယ်ဘက်အပိုင်းဟာ ခန္ဓါကိုယ်ညာပိုင်းကို ထိန်းချုပ်ပြီး ညာဘက်အပိုင်းဟာ ခန္ဓါကိုယ်ဘယ်ဘက်အပိုင်းကို ထိန်းချုပ်ပါတယ်။ဦးနှောက်ကြီးရဲ့ ဘယ်ဘက်ပိုင်းဟာ စကားလုံးတွေကို ဖန်တီးရာနေရာဖြစ်ပြီး ညာဘက်ပိုင်းကတော့ တွေးတောဆင်ခြင်တဲ့ စွမ်းရည်ကို ဖြစ်ပေါ်စေတဲ့ အပိုင်း (ဥပမာ စာဖတ်ခြင်း၊ သင်္ချာတွက်ခြင်း) လို့ သိကြပါတယ်။အလယ်ပိုင်းမှာ အလိုအလျောက် လှပ်ရှားမှုတွေ (ဥပမာ မီးဖိုခလုတ်ဖွင့်တာ၊ ခဲတံသုံးပြီး ပုံဆွဲတာ၊ မျက်လုံး ရွေ့လျားတာ စတာတွေ ပါဝင်ပါတယ်။ကျောရိုးမကြီးအာရုံကြော အပေါ်ပိုင်း၊ ဦးနှောက်ပင်စည်နဲ့ ဦးနှောက်ငယ်တို့ ပါဝင်ပါတယ်။ အသက်ရှင်မှုဆိုင်ရာ ထိန်းချုပ်တဲ့ လုပ်ငန်းတွေ (သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ ကိုယ်အပူချိန်၊ အသက်ရှူနှုန်း) စတာတွေ ပါဝင်ပါတယ်။အလိုအလျောက် လေ့ကျင့်သင်ယူတဲ့ လုပ်ငန်းတွေ ဥပမာ ကြက်တောင်ရိုက်ခြင်း၊ စန္ဒယားတီးခြင်း စတာတွေအတွက် အကူအညီပေးပါတယ်။ဦးနှောက်တခြမ်းစီမှာ မတူညီတဲ့ တာဝန်ပေါင်းများစွာ ပါတဲ့ အပိုင်း၄ပိုင်း ရှိပါတယ်။အရှေ့ပိုင်းများ။ဦးနှောက်တခြမ်းစီမှာ အရှေ့ပိုင်းတခုစီ ရှိပါတယ်။ ဒီအပိုင်းတွေဟာ နဖူးနောက်တည့်တည့်မှာ ရှိပါတယ်။ တွေးတောခြင်း၊ စီမံချက်ချခြင်း၊ အနာဂတ်ကို စဉ်းစားခြင်း၊ ပြသနာမျးကို ဖြေရှင်းခြင်း၊ လှုပ်ရှားမှုကို ထိန်းချုပ်ခြင်း စတာတွေ ပါဝင်ပါတယ်။ ယာယီမှတ်ဉာဏ်ကို အသုံးပြုပါတယ်။မိုတာဧရိယာဟာ သိစိတ်နဲ့ထိန်းချုပ်တဲ့ လှုပ်ရှားမှုတွေ ဥပမာ ဓါးသုံးခြင်း၊ မီးဖွင့်ခြင်း စတာတွေနဲ့ အဓိက အလုပ်လုပ်ပါတယ်။ ဘရိုကာဧရိယာကတော့ သင့်အတွေးတွေကို စကားလုံးအနေနဲ့ ပြောနိုင်အောင် အကူအညီပေးပါတယ်။ဘေးဘက်အပေါ်ပိုင်းများ။ဘေးဘက်အပိုင်းတွေဟာ အရှေ့ပိုင်းတွေရဲ့ နောက်မှာ တည်ရှိပါတယ်။ အာရုံခံနေရာလို့ ခေါ်ပြီး သင်စားတဲ့ အစာရဲ့ အရသာ အထိအတွေ့၊ အပူချိန်၊ ခြေလက်တွေရဲ့ ထိမိခံစားမှု စတာတွေကို သိစေတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။နောက်ဘက်အပိုင်းများ။ဦးနှောက်ရဲ့ အနောက်ပိုင်းမှာရှိပါတယ်။ သင် ပုံရိပ်တခုခုကို မြင်ရတဲ့အခါ ဘာကိုဆိုလိုတယ်ဆိုတာ နားလည်စေပါတယ်။ သင်မြင်ရတဲ့ပုံနဲ့ မှတ်ဉာဏ်ထဲကပုံကိုလည်း ဆက်စပ်မိစေပါတယ်။ဘေးဘက်အောက်အပိုင်းများ။ဘေးအပေါ်ပိုင်းနဲ့ အရှေ့ပိုင်းရဲ့ အောက်ဘက်မှာရှိပါတယ်။ မှတ်ဉာဏ်တွေ အလုပ်လုပ်ခြင်း၊ အရသာခံခြင်း၊ အသံ အနံ့ အထိအတွေ့ စတာတွေကို ခံစားနိုင်ခြင်း စတာတွေကို လုပ်ဆောင်ပေးပါတယ်။ဦးနှောက်မှာ အများအလုပ်လုပ်တဲ့ ဆဲလ်တွေဟာ အာရုံကြောဆဲလ်တွေ ဖြစ်ပါတယ်။ အာရုံကြောဆဲလ်တွေကို ဖြတ်သန်းသွားတဲ့ အချက်ပြမှုတွေကို ခံစားမှု၊ အပြုအမူ၊ လှုပ်ရှားမှု၊ အတွေးအခေါ်၊ အာရုံခံစားမှု၊ မှတ်ဉာဏ် စတာတွေအဖြစ် ပြောင်းလဲပေးပါတယ်။အာရုံကြောဆဲလ်ကို အစိတ်အပိုင်း ၃ခုနဲ့ ဖွဲ့စည်းထားပါတယ်။–ဆဲလ်ခန္ဓါကိုယ်။ ဆဲလ်ကို ရှင်သန် အလုပ်လုပ်နိုင်အောင် ထိန်းချုပ်ပေးပါတယ်။–အခက်အလက်များ။ ဆဲလ်ခန္ဓါကိုယ်ရဲ့ အကိုင်းအခက်များသဖွယ်ဖြစ်ပါတယ်။ အာရုံကြောတွေက အချက်ပြမှုတွေကို လက်ခံရယူပါတယ်။–အေဇွန်။ ဆဲလ်ခန္ဓါကိုယ်ကို ဖြတ်သွားတဲ့ အချက်အလက်တွေကို တခြား အာရုံကြောဆဲလ်တွေ၊ ကြွက်သားဆဲလ်တွေ၊ နှလုံးဆဲလ်တွေ၊ အသည်းဆဲလ်တွေနဲ့ တခြားဆဲလ်တွေဆီ လက်ဆင့်ကမ်းပေးပါတယ်။ သူသယ်ပို့ပေးရတဲ့ အချက်အလက်နေရာကို လိုက်ပြီး အေဇွန်တွေဟာ အတိုအရှည် ကွဲပြားပါတယ်။အာရုံကြောဆဲလ်ဟာ အချက်ပြမှုတခုကို လက်ခံပြီးတဲ့အခါ သူ့ရဲ့ အကိုင်းအခက်တွေကတဆင့် အာရုံကြောဆဲလ်ရဲ့ ခန္ဓါကိုယ်ကို လက်ဆင့်ကမ်းပေးပြီး အေဇွန်တွေဆီ ရောက်စေပါတယ်။ အေဇွန်တွေရဲ့ အဆုံးမှာ ကြားခံနယ်လေးတွေ ရှိပါတယ်။သူတို့ဆီ အချက်အလက်တွေရောက်လာတဲ့အခါ လျှပ်ကူး ပစ္စည်းတွေကို ထုတ်လွှတ်ပေးပါတယ်။ သူတို့တွေဟာ အနီးဆုံးဆဲလ်တွေရဲ့ လက်ခံတဲ့ အစိတ်အပိုင်းတွေဆီ ရောက်သွားစေပါတယ်။ ရောက်သွားတဲ့အခါ အဲဒီဖြစ်စဉ်ဟာ အလားတူ ပြန်လည်စတင်ပါတယ်။အဆုံးသတ်မှာ လျှပ်ကူးပစ္စည်းတွေဟာ အချက်ပြမှုတွေကို တခြား အသည်းဆဲလ်တွေ၊ အရေပြားဆဲလ်တွေဆီကို ရောက်သွားစေပါတယ်။–Serotonin။ monoamine လျှပ်ကူးအမျိုးအစား ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာနဲ့ အိပ်စက်ခြင်းကို ထိန်းချုပ်ပေးပါတယ်။ သွေးကြောတွေကို ညှစ်ထုတ်ပေးပြီး ခန္ဓါကိုယ်အပူချိန်ကိုလည်း ထိန်းချုပ်ပေးပါတယ်။–Dopamone။ လှုပ်ရှားမှု၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို ထိန်းချုပ်ပေးပါတယ်။–Gamma-aminobutyric acid။ကြွက်သားများ လှုပ်ရှားမှုနဲ့ အရာဝတ္တုများ မြင်ရချိန်မှာ ထိန်းချုပ်ပေးပါတယ်။–Glutamate။အချက်အလက် လက်ဆင့်ကမ်းရာမှာ အတွေ့ရအများဆုံး အာရုံကြော လျှပ်ကူးပစ္စည်းဖြစ်ပါတယ်။ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အဓိကကျပြီး အာရုံကြောဆဲလ် တွေကြားထဲ လျှပ်စစ်စီးဆင်းမှုကို တိုးတက်ကောင်းမွန်စေပါတယ်။ဦးနှောက်ဟာ ကိုယ်ခန္ဓါရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ သင့်ရဲ့စိတ်နဲ့ ကိုယ်ခန္ဓါကို ထိန်းချုပ်ပေးပါတယ်။ အချက်ပြမှုတွေ ထုတ်လွှတ်ပေးပါတယ်။ဒီအချက်အလက်တွေဟာ ကိုယ်ခန္ဓါရဲ့ အစိတ်အပိုင်းအနှံ့ကို ရောက်သွားပြီး သင့်ရဲ့ လူပီသမှုအတွက် အရေးပါတဲ့အရာတွေ အပြုအမူတွေကို လုပ်ဆောင်နိုင်စေပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%a6%e1%80%b8%e1%80%94%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%a1%e1%80%9c%e1%80%af/
ဝက်ခြံတွေကို မသိသာအောင်ဘယ်လိုလုပ်မလဲ။
ဝက်ခြံတွေအတွက် စိတ်ညစ်နေစရာမလိုပါဘူး။ ဝက်ခြံအများစုဟာ OTC ဆေး(ဆေးစာမလိုဘဲ အပြင်မှာဝယ်လို့ရတဲ့ဆေး)တွေ သို့မဟုတ် ဆရာဝန် ညွှန်ကြားချက်အရသောက်ရတဲ့ဆေးတွေနဲ့ ပျောက်ကင်းသွားနိုင်သလို သူ့အလိုလို လည်းပျောက်ကင်းသွားနိုင်ပါတယ်။အဲ့ဒီအချိန်မှာ ဘုဒစ်တွေဖြစ်နေတဲ့မျက်နှာကို မသိသာအောင် အချို့အရာလေးတွေကိုလုပ်ကြည့်ပါ။ အဆီပြန်တဲ့အသားအရည်အတွက်ထုတ်ထားပြီး သင့်အသားအရောင်နဲ့ ကိုက်ညီတဲ့ မိတ်ကပ်ပစ္စည်းအနည်းငယ်ကိုသုံးပါ။ ဝက်ခြံတွေကင်းစပြုလာတဲ့အချိန်မှာ ဒါတွေကိုသေချာအသုံးပြုခြင်းက ဝက်ခြံတွေကို ဖုံးကွယ်ထားပေးနိုင်ပါတယ်။အဆီမပါဝင်တဲ့ moisturizer အနည်းငယ်ကို လက်ချောင်းထိပ်လေးတွေပေါ်တင်ပြီး သင့်မျက်နှာပေါ်လိမ်းပေးပါ။ ဒါက ဝက်ခြံပျောက်ကင်းစေတဲ့ပစ္စည်းတွေကြောင့်ဖြစ်တဲ့ အသားခြောက်ခြင်းကို သက်သာစေပါတယ်။ မျက်နှာသစ်ပြီးတိုင်း Moisturizer တစ်ရက် ၂ကြိမ်သုံးပေးခြင်းက သင့်အသားအရည်ကို ကြည့်ရတာချောမွေ့လင်းလက်နေစေပါတယ်။ ဒါက ဝက်ခြံတွေကို မသိသာအောင်လုပ်ပေးနိုင်ပါတယ်။Concealer ပဲစေ့ခန့်ညှစ်ယူပြီး လက်ချောင်းထိပ်လေးတွေနဲ့ ဝက်ခြံတွေပေါ်မှာ တစ်ချက်ချင်းစီပုတ်ပေးပါ။ စုတ်တံအသေးလေးနဲ့ ဝက်ခြံတစ်လုံးစီပေါ်မှာ concealer တွေ ပြန့်သွားအောင်လုပ်ပါ။ သင့်အောက်ခံမိတ်ကပ်အရောင်ထက် တစ်ဆင့်လျော့ပြီး အဆီမပါတဲ့concealer cream ကိုသုံးပါ။ concealer အနည်းငယ်ကို နှာခေါင်းဘေးတစ်ဖက်တစ်ချက်စီမှ လိမ်းပေးပါက အသားအရောင်မညီတာတွေ အရိပ်တွေကိုဖုံးပေးတာတွေလုပ်ပေးနိုင်ပါတယ်လို့ မိတ်ကပ်ပညာရှင် Patty Bunch ကပြောထားပါတယ်။ရေကိုအခြေခံထားတဲ့ အရည် သို့မဟုတ် ခရင်မ် အောက်ခံမိတ်ကပ် ကိုသုံးခြင်းက အသားမညီတာကို ညီစေပြီး မျက်နှာပေါ်က ကြည့်ရဆိုးနေတဲ့အရာတွေကို ဖုံးကွယ်ပေးပါတယ်။ အမွှေးများပြီး ပြားတဲ့ brush ကိုသုံးကာ စက်ဝိုင်းပုံ လိမ်းပေးပါ။ အသားရောင်နဲ့လိုက်ဖက်ပြိး ချွေးပေါက်တွေကို လျော့နည်းစေတဲ့ အောက်ခံမိတ်ကပ် ကိုရွေးချယ်ပေးတာက ပိုပေ့ါပါးစေပါတယ်။အမွှေးများပြီး ခပ်ပြားပြားပုံသဏ္ဍာန်ရှိတဲ့ brush ခပ်ကြီးကြီးကို translucent powder ထဲနှစ်ပေးပြီး ပေါင်ဒါအပိုတွေလွင့်သွားအောင် ခါပေးပါ။ loose powder ကို မျက်နှာပေါ်မှာ T-Zoneကနေစပြီး နဖူးစပ်နဲ့ မေးစေ့တွေဆီ စက်ဝိုင်းပုံလှည့်ပြီး ညင်သာစွာလိမ်းပေးပါ။ titanium dioxide, iron oxide နဲ့ mica တို့လို နီရဲနေတာကိုလျှော့ချပေးပြီး အဆီကိုစုပ်ယူပေးကာ မျက်နှာပေါ်ကအမာရွတ်တွေကိုဖုံးပေးနိုင်တဲ့ ပစ္စည်းတွေကိုရှာဖွေပါ။မျက်နှာကိုထိကိုင်နေခြင်းကိုရှောင်ကြဉ်ပါ။ အထူးသဖြင့် သင်ဖုံးကွယ်ထားတဲ့ အပြစ်အနာအဆာတွေကိုပေါ့။ ဒါက အနာထဲ ဘက်တီးရီးယားတွေဝင်ရောက်သွားစေနိုင်ပြီး သင်ကြိုးစားကုသနေတာကိုလည်း အကျိုးသက်ရောက်စေနိုင်ပါတယ်။လိုအပ်မဲ့ပစ္စည်းများ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%81%80%e1%80%80%e1%80%b9%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%b1%e1%80%90%e1%80%bc%e1%80%80%e1%80%ad%e1%80%af-%e1%80%99%e1%80%9e%e1%80%ad%e1%80%9e%e1%80%ac%e1%80%b1%e1%80%a1%e1%80%ac%e1%80%84/
Boxer's fracture (လက်ဝှေ့သမားအရိုးကျိုးခြင်း)
လက်ဝှေ့သမားအရိုးကျိုးခြင်း လက်သီးဆုပ်ဖြစ်အောင်လုပ်ပေးတဲ့ လက်က အရိုးလေးတွေကျိုးသွားခြင်းကို ဆိုလိုတာပါ။ ဆရာဝန်အချို့ကတော့ လက်ဝှေ့သမားဆိုတာထက် နပန်းသမားလို့ သုံးနှုန်းတာကို ပိုပြီး သဘောကျကျတယ်။ ဘာလို့လဲဆိုတာ လက်ဝှေ့သမားတွေက ဒီလိုမျိုး အရိုးကျိုးတာမျိုးနည်းပါတယ်။ တက်သစ်စနပန်းသမားတွေဟာ မိမိလက်ကို မထိခိုက်စေပဲ လက်သီးထိုးနည်းကို ကောင်းကောင်းကျင့်ထားသင့်ပါတယ်။လက်ဖဝါးရိုးတွေဟာ လက်ချောင်းရိုးတွေနဲ့ လက်ကောက်ဝတ်အရိုးတွေကို ဆက်သွယ်ပေးထားပါတယ်။ လက်ဖဝါးရိုး ၅ ခု ရှိပြီးတော့ တစ်ခုချင်းစီက လက်ချောင်းတစ်ချောင်းချင်းစီကို လက်ကောက်ဝတ်နဲ့ ချိတ်ဆက်ပေးထားပါတယ်။ လက်ဖဝါးရိုးတစ်ခုစီမှာ အခြေ၊ အတံ၊ လည်တိုင်နဲ့ ခေါင်းဆိုပြီး အစိတ်အပိုင်းတွေပါဝင်ပါတယ်။လက်ဝှေ့သမားအရိုးကျိုးခြင်းမှာ လက်ဖဝါးရိုး လည်တိုင်ကျိုးသွားခြင်းပဲဖြစ်ပါတယ်။ မူလကတော့ လက်သန်းရဲ့ လက်ဖဝါးရိုးကျိုးတာကိုဖော်ပြတဲ့အနေနဲ့ ဝေါဟာရကိုသုံးခဲ့ပါတယ်။ ရွေ့မရတဲ့ အရာတွေကို ထိုးတဲ့အခါမှာလည်း အတော်လည်း အဖြစ်များတာကြောင့်ပါ။ လက်သကြွယ်မှာလည်း အဖြစ်များပါတယ်။ လက်သန်းရယ် လက်သကြွယ်ရယ်ကို နံပါတ် ၅ နဲ့ နံပါတ် ၄ လက်ဖဝါးရိုးတွေကို ဆရာဝန်တွေက သတ်မှတ်ထားပါတယ်။ တစ်ချို့ဆရာဝန်တွေကတော့ လက်ဝှေ့သမားအရိုးကျိုးခြင်း ဆိုတာမှာ နံပါတ် ၂ နဲ့ နံပါတ် ၃ လက်ဖဝါးရိုးတွေလည်း ပါဝင်တယ်လို့ဆိုထားပါတယ်။ နံပါတ် ၂ ဆိုတာကတော့ လက်ညိုးနဲ့ လက်ကောက်ဝတ်ကိုဆက်ထားတဲ့ လက်ဖဝါးရိုးဖြစ်ပြီး နံပါတ် ၃ ဆိုတာကတော့ လက်ခလယ်နဲ့ လက်ကောက်ဝတ်ကို ဆက်ထားတဲ့ လက်ဖဝါးရိုးပဲဖြစ်ပါတယ်။နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။လက်ဝှေ့သမားအရိုးကျိုးခြင်း ရဲ့လက္ခဏာတွေက အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ ပုံမှန်ဖြစ်နေကျလက္ခဏာတွေကတော့ ကျိုးသွားတဲ့ လက်ဖဝါးရိုးရဲ့ အလည်တည့်တည့်မှာ နာကျင်ခြင်းနဲ့ ထိမရအောင် နာခြင်းတို့ပဲဖြစ်ပါတယ်။ လက်ချောင်းနဲ့ လက်ကို လှုပ်လိုက်ရင် ပိုနာတယ်ဆိုတာကိုလည်း ခံစားရမှာပါ။အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။အထက်တွင်ဖော်ပြထားသော လက္ခဏာတွေရှိမယ်ဆိုရင် ဒါမှမဟုတ် မေးချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နှင့်တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံချင်းမတူညီကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။လက်ဝှေ့သမားအရိုးကျိုးခြင်းဆိုတဲ့ အတိုင်းပဲ တစ်ခုခုကို လက်သီးဆုပ်နဲ့ ထိုးရကာနေဖြစ်ပွားခြင်းဖြစ်ပါတယ်။ထိုအချက်အလက်များနဲ့ ပတ်သတ်ပြီး သိချင်သည်များရှိပါက ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်မှ လက်ဖြင့်စမ်းသပ်ခြင်းနှင့် X ray ဓါတ်မှန်ရိုက်ခြင်းတို့ဟာ လက်ဝှေ့သမားအရိုးကျိုးခြင်းရောဂါကို ရှာဖွေအတည်ပြုနိုင်ဖို့ မရှိမဖြစ်လုပ်ရပါမယ်။ X ray ရိုက်ရဖို့ အားပေးတဲ့ အချက်တွေကတော့ သင့်မှာ အရင်က ဒီလိုမျိုးကျိုးနိုင်တဲ့ လှုပ်ရှားမှုတွေရှိခဲ့လျှင်၊ လက်ပုံစံမမှန်ခဲ့လျှင်၊ လက်ဖဝါးတစ်နေရာထဲမှာ ကွက်ပြီး နာနေခဲ့လျှင်၊ လက်ဖောင်းနေခဲ့ရင်၊ အရောင်ပြောင်းလာခဲ့လျှင်၊ အကောင်းပကတိပုံစံအတိုင်း လက်၊လက်ကောက်ဝတ်နှင့် လက်ချောင်များ မလှုပ်နိုင်ခဲ့လျှင်၊ ထုံနေခဲ့လျှင်၊ ထိခိုက်မိသောလက်နှင့် လက်အကောင်းတို့ရဲ့အပူချိန်ကွာခြားနေခဲ့လျှင်၊ တစ်စုံတစ်ဦးရဲ့ ပါးစပ်ကိုထိုးမိရာက သွားနှင့်ခြစ်မိပြီး ပြဲရှခဲ့လျှင် ဓါတ်မှန်ရိုက်ဖို့လိုပါလိမ့်မယ်။နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ကုသမှုကိုတော့ ဆရာဝန်မတွေ့မီရှေးဦးကုသခြင်းနှင့် ဆရာဝန်မှ လက်ဝှေ့သမားအရိုးကျိုးခြင်းလို့ ရောဂါတွေရှိပြီးနောက်ပိုင်း ကုသခြင်းဆိုပြီး အဓိက ၂ ပိုင်းခွဲထားပါတယ်။ဆေးပညာကုသနည်းများ။လက်ဝှေ့သမားအရိုးကျိုးခြင်းကိုတွေ့ပြီဆိုရင်တော့ ပဏာမအနေနဲ့ အနာကောင်းကောင်းကျက်စေဖို့ ငြိမ်အောင်ထားခြင်းနဲ့ အရိုးကျိုးခြင်းကြောင့် နာကျင်မှုကို သက်သာစေခြင်းတို့ကို ပြုလုပ်ရပါမယ်။ကျိုးနေတဲ့အရိုးကို ငြိမ်အောင်ထိန်းဖို့ အတွက် ဒဏ်ရာရတဲ့ နေရာရဲ့ အပေါ်နဲ့ အောက်အရိုးဆစ်တွေကို ကျောက်ပတ်တီးစည်းပေးရပါမယ်။ လက်ဝှေ့သမားအရိုးကျိုးခြင်းမှာတော့ သီးသန့်ကျောက်ပတ်တီးပုံစံစည်းပေးရပါမယ်။ ပုံစံတစ်မျိုးမှာတော့ ကျောက်ပတ်တီးက လက်ချောင်းထိပ်ကိုဖော်ထားပြီး လက်ချောင်းကနေ လက်ဖျံထိကို စည်းပေးရပါမယ်။ လက်သန်း လက်ဝှေ့သမားအရိုးကျိုးခြင်းအတွက် နောက်ထပ်အသုံးဝင်တဲ့ ပုံစံကတော့ လက်သန်းနဲ့ လက်သန်းကြွယ်ကို ပူးပြီးချည်ကပ်လိုက်တဲ့ ပုံစံပဲဖြစ်ပါတယ်။ သင့်ဆရာဝန်က သင်နဲ့ အသင့်တော်ဆုံး ကျောက်ပတ်တီးစည်းတဲ့ပုံကို ဆုံးဖြတ်ပေးပါလိမ့်မယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းတွေနဲ့ အိမ်တွင်းဆေးနည်းတွေက လက်ဝှေ့သမားအရိုးကျိုးခြင်း ကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။အကောင်းဆုံးရှောင်နိုင်မဲ့နည်းကတော့လက်ဝှေ့သမားအရိုးကျိုးခြင်း ကိုဖြစ်စေနိုင်မဲ့ အခြေအနေတွေကိုရှောင်ပါ။ လက်ဝှေ့သမားအရိုးကျိုးခြင်းဆိုတာကတော့ အများအားဖြင့် လက်သီးထိုးတဲ့အချိန်တွေမှာဖြစ်တတ်ပြီးတော့ မာကျောတဲ့အရာတွေကို ဒေါသနဲ့ စိတ်လွတ်ပြီး ထိုးမိတဲ့အချိန်တွေမှာပိုဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေတွေကိုရှောင်လိုက်ရင်တော့ ကျိုးနိုင်ခြေသိသိသာသာကိုနည်းသွားပါမယ်။ ဒါ့အပြင် အသက်ကြီးလာလို့ အရိုးအားနည်းသွားပြီးကျိုးတယ်ဆိုတာကလည်း ဖြစ်ခဲပါတယ်။ အရိုးတွေသန်မာနေစေဖို့ ပုံမှန်လေ့ကျင့်ခန်းလုပ်၊ ကယ်ဆီရန် ဓါတ်ဖြည့်စာတွေစားသုံးပြီး နို့ထွက်ပစ္စည်းတွေကို လုံလောက်အောင် စားသုံးရပါမယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။သိချင်တာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/boxers-fracture-%e1%80%9c%e1%80%80%e1%80%ba%e1%80%9d%e1%80%be%e1%80%b1%e1%80%b7%e1%80%9e%e1%80%99%e1%80%ac%e1%80%b8%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%bb%e1%80%ad%e1%80%af/
Skier's thumb (စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်း)
စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်း ဆိုတာဘာလဲ။လက်မရှိအရိုးများကို ချိတ်ဆက်ပေးထားသော တစ်ရှုးအပျော့အား ထိခိုက်ဒဏ်ရာရခြင်းကိုဆိုလိုသည်။ ဆေးပညာအရ ထိုတစ်ရှူးပျော့အား အရွတ်ပြားဟုခေါ်သည်။ ပြင်းထန်ပါက အရွတ်ပြားသည် လုံးဝစုတ်ပြဲသွားပြီး ခွဲစိတ်ပြုပြင်ရသည်အထိဖြစ်သွားနိုင်သည်။ ထိုအရွတ်ပြား၏ ခိုင်မာမှုသည်အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရွတ်ပြားသည် လက်မ၏ ဆုပ်ကိုင်ခြင်းတာဝန်ကို ထမ်းဆောင်သည့်အတွက် ဖြစ်သည်။စကိတ်စီးရင်းရသောဒဏ်ရာများကြောင့် အများအားဖြင့်ဖြစ်ပွားသည်။8-10% သော စကိတ်စီးရင်းဖြစ်ပွားသည့် မတော်တဆမှုများတွင် တွေ့ရှိရသည်။ ဖြစ်နိုင်ချေများကို လျှော့ချပြီး ကာကွယ်နိုင်သည်။ ပိုမိုသိရှိလိုပါက ဆရာဝန်နှင့်တွေ့ဆုံမေးမြန်းပါ။မည်သည့်လက္ခဏာရပ်များတွေ့ရသနည်း။အဖြစ်များသောလက္ခဏာများမှာ။အထက်ပါလက္ခဏာရပ်များအပြင် အခြားရှိနိုင်သေးသည်။ စိုးရိမ်ရပါက ဆရာဝန်နှင့် တွေ့ဆုံပြသပါ။အထက်ပါ လက္ခဏာရပ်များဖြစ်ပွားပါက ဆရာဝန်ပြသသင့်ပါသည်။ လူတစ်ဦးနှင့်တစ်ဦးတွင် ဖြစ်ပွားမှုမတူညီ၍ ဆရာဝန်နှင့်ပြသခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်းသည် စကိတ်စီးရာမှ မတော်တဆဖြစ်ပွားမှုများကြောင့် အများဆုံးဖြစ်သည်။ စကိတ်စီးရင်း ဆန့်ထားသောလက်သည် ပြုတ်ကျသောအခါ စကိတ်တံ၏ဝင်ရိုးမှ လက်ဖဝါးအတွင်းသို့လက်မအရွတ်အားထိခိုက်စုတ်ပြဲစေနိုင်သည့် အားတခုကို ဖန်တီးပေးသည်။ ဆန့်ထားသောလက်ဗလာသည် ပြုတ်ကျသောအခါ ထိုကဲ့သို့သော တူညီသောအားတခုကို မဖန်တီးပေးပါ။ သို့သော် နှင်းခဲထဲသို့လက်မသည်အရှိန်နှင့်ဆောင့်မိသောအခါတွင် အရွတ်အားထိခိုက်နိုင်သည်။ အဖြစ်မများသော လက်မအရွတ်ထိခိုက်နိုင်သည့် နောက်ထပ် အကြောင်းအရင်းတခုမှာ ကားသမား၏ လက်မများသာ စတီရာယင်အပေါ်သို့ ဆုပ်ကိုင်ထားသောအခါ ကားမတော်တဆမှုဖြစ်ခြင်းဖြစ်သည်။ လက်မအား အနောက်သို့ကော့လန်သွားစေသော(သို့) ဘေးဘက်သို့သွေဖယ်သွားစေသော မည်သည့် ထိခိုက်မှုမျိုးမဆို စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်းမျိုးဖြစ်ပွားနိုင်ပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်မှ လက်အားဖြတ်ပစ်ရနိုင်သော အခြေအနေများရှိမရှိ ကို အရင် စစ်ဆေးသေချာစေပြီးမှ လက်မအားအသေးစိတ်စစ်ဆေးတတ်သည်။ မည်ကဲ့သို့စတင်ဖြစ်ပွားသည်ကို မေးမြန်းတတ်ပြီး အောက်ပါမေးခွန်းများကို လည်းမေးတတ်သည်။ထို့နောက် ဖြစ်ပွားခဲ့သောရောဂါရာဇဝင်များကို မေးမြန်းတတ်သည်။ အောက်ပါအတိုင်းဖြစ်သည်။ထို့နောက် ထိတွေ့ကြည့်ရှူစမ်းသပ်ခြင်းကို ဆရာဝန်မှ လုပ်ဆောင်မည်ဖြစ်သည်။ အောက်ပါစစ်ဆေးမှုများလည်းပါဝင်သည်။လက်၏အခြားသောနေရာများ လက်ကောက်ဝတ်၊လက်ဖျံ၊တထောင်ဆစ်နှင့်ပခုံးတို့တွင်လည်း ထိခိုက်မှုရှိမရှိစစ်ဆေးခြင်း။ဆေးကုသမှု။စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်းရှိကြောင်း ဆရာဝန်မှ အတည်ပြုဆုံးဖြတ်ပါက လက်အရိုးကျွမ်းကျင်ခွဲစိတ်ဆရာဝန်များထံသို့လွှဲပေးခြင်းမှာ နောက်အဆင့်တခုဖြစ်သည်။ ထိုခွဲစိတ်ဆရာဝန်များက ပြန်လည်စစ်ဆေးရန်လိုမလိုဆုံးဖြတ်ပေးသည်။ ထို့နောက်သင့်တော်သော ခွဲစိတ်ခြင်းနှင့် ဆေးဖြင့်သာကုသခြင်းတို့၏ နည်းလမ်းများကို ဆွေးနွေးပေးလိမ့်မည်။ ပုံမှန်အားဖြင့် အနည်းငယ်သာလက်မအရွတ်ပြားအားထိခိုက်ပါက တည်ငြိမ်နေအောင်ကျပ်စည်းထားခြင်းဖြင့်သာကုသတတ်ပြီး အရွတ်ပြားတခုလုံးပြဲထွက်သွားပါက ခွဲစိတ်ပြုပြင်ရန်လိုအပ်တတ်သည်။ခွဲစိတ်ကုသမှု။ခွဲစိတ်ရန်ရွေးချယ်ခဲ့ပါက အရွတ်ပြားအား ခွဲစိတ်ကာ စမ်းသပ်လေ့လာခြင်းနှင့် ပြုပြင်ခွဲစိတ်ကုသခြင်းတို့ကို လုပ်ဆောင်ရပါသည်။ ကုသမှုပြီးဆုံးချိန်တွင် လက်မ အား အသေးစားကျောက်ပတ်တီးကိုင်ထားခြင်းအားဖြင့် အရွတ်ပြားပြန်လည်ကောင်းမွန်သည်အထိ လက်မကို ငြိမ်အောင်ထိန်းထားသည်။ မည်မျှကြာရှည်စွာ ကျောက်ပတ်တီးနှင့်နေရမည်မှာ အရိုးဆရာဝန်များ၏ညွှန်ကြားချက်အပေါ်တွင်မူတည်ပြီး ယခုအခါ တွင်ကား ခွဲစိတ်ပြီးသောအခါ ညင်သာစွာ လှုပ်ရှားမှုပြုလုပ်ရန်လည်း ဆရာဝန်များမှ တိုက်တွန်းတတ်ကြောင်း သိရသည်။ စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်းနှင့်အတူ လက်မအရိုးကျိုးပါက အထူးပြုပြင်စီမံထားသော ကျောက်ပတ်တီးဖြင့်လက်မအားငြိမ်အောင်ထိန်းထားရတတ်သည်။ အရိုး၏အပိုင်းအစတခုကျိုးပျက်သွားခဲ့ပါက ခွဲစိတ်၍လက်မအရိုးအား ငြိမ်အောင်ပြုလုပ်ရန်လည်း လိုအပ်တတ်သည်။ရေခဲအုံထားသင့်ပါသည်။ ရေခဲနှင့်အရေပြားအား တိုက်ရိုက်ထိတွေ့မှုမပြုရ။အနာသက်သာသည်အထိ ရေခဲအုံပေးနိုင်သည်။(ဆရာဝန်အား ရေခဲအုံသင့် မအုံသင့် မေးမြန်းသင့်ပါသည်။)။ခြင်းအားဖြင့်လည်း အကူအညီပေးနိုင်ပါသည်။ထောက်ခံချက်ရရှိထားရန်ဖြစ်သည်။ကျန်ရှိသော သိကောင်းစရာများအား ဆရာဝန်များနှင့် တိုင်ပင်ခြင်းသည်သာအကောင်းဆုံးဖြစ်သည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/skiers-thumb-%e1%80%85%e1%80%80%e1%80%ad%e1%80%90%e1%80%ba%e1%80%85%e1%80%ae%e1%80%b8%e1%80%9e%e1%80%b0%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%96%e1%80%bc/
null
null
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/myotonia-congenita-%e1%80%b1%e1%80%99%e1%80%bc%e1%80%b8%e1%80%9b%e1%80%ac%e1%80%95%e1%80%ab%e1%81%be%e1%80%80%e1%80%bc%e1%80%80%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3/
သင့်ကို အံအားသင့်စေမယ့် ဝက်ခြံထွက်ရခြင်း အကြောင်းရင်းအချို့ကို ယခုပဲကြည့်လိုက်ပါ
ဝက်ခြံတွေက တကယ်စိတ်ညစ်စရာပါ။ ဒါပေမယ့် သင့်ခန္ဓါကိုယ်တွင်းမှာ မတူညီတဲ့ဟော်မုန်းတွေကို တုံ့ပြန်တတ်တဲ့ မျိုးရိုးဗီဇတွေနဲ့အတူ သင်နေ့စဉ်လုပ်နေကျ လုပ်ငန်းဆောင်တာတွေကလည်း ဝက်ခြံထွက်စေနိုင်တာ သို့မဟုတ် ဝက်ခြံပေါက်နေရင်တောင် ပိုဆိုးစေတာမျိုးကို ဖြစ်စေနိုင်ပါတယ်။အချို့သော အံ့အားသင့်ဖွယ်ကောင်းတဲ့ အဓိကအချက်တွေကို အောက်မှာဖော်ပြထားပါတယ။် ကဲ ဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်လေးတို့ ကြည့်လိုက်ရအောင်။ဝက်ခြံတွေထွက်လာရခြင်းရဲ့ အဖြစ်အများဆုံးအကြောင်းရင်းတွေကို နားလည်ထားရမှာက ပထမဆုံးနဲ့ အရေးအကြီးဆုံးအချက်ဖြစ်ပြီး ဒီလိုနားလည်တာကပဲ ဝက်ခြံတွေကို ရင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။ နိုင်ငံတကာလေ့လာသူများရဲ့ သုံးသပ်ချက်အရ ဝက်ခြံဖြစ်ရခြင်းအကြောင်းရင်းတွေထဲက အဖြစ်အများဆုံးအကြောင်းရင်း ၁၁ချက် ကို ဖော်ပြထားပေးပါတယ်။ဒါကတော့ အတော်အံ့သြဖို့ကောင်းပါတယ်။ ဒါပေမယ့် သင့်မျက်နှာကို တစ်နေ့လုံးအဆက်မပြတ် ထိနေကိုင်နေခြင်းက ခန္ဓါကိုယ်တစ်ခုလုံးမှာ အညစ်ပတ်ဆုံး ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်သွားစေနိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့အများစု သတိမမူဘဲ လုပ်မိတတ်ကြတဲ့ အရာတစ်ခုဖြစ်ပြီး မေးစေ့နဲ့ မေးရိုးတွေမှာ ဝက်ခြံတွေပေါက်လာရခြင်းရဲ့ အဖြစ်အများဆုံးအကြောင်းရင်းပါပဲ။ နေ့ခင်းပိုင်းတွေမှာ မျက်နှာကို အမြဲတမ်းမကိုင်နေမိအောင် သတိထားနေကြည့်ပါ။ လက်ကိုင်ဖုန်းတွေကိုလည်း မကြာခဏသန့်ရှင်းရေးလုပ်ပါ။ (နားကြပ်တပ်ပြောတာက ပိုကောင်းပါတယ်။ ) သင့်လက်ကိုင်ဖုန်းကို ကိုင်ပြီး ဖုန်းပြောတဲ့အခါ မျက်နှာနဲ့ထိနေတာကလည်း ဘက်တီးရီးယားတွေကိုပြန့်ပွားစေပြီး ပါးပေါ်မှာ ဝက်ခြံတွေပေါက်လာစေနိုင်ပါတယ်။မေးစေ့၊ မေးရိုးနဲ့ လည်ပင်းစတဲ့အစိတ်အပိုင်းတွေမှာ ဝက်ခြံတွေပိုတိုးပြီးပေါက်လာတယ်ဆိုရင် သင့်ခန္ဓါကိုယ်က လက်ခံနိုင်တဲ့အတိုင်းအတာထက်ပိုတဲ့ နို့နဲ့သကြားတွေကို သင်စားသုံးနေတာကို ပြတာပါ။ သင့်အသားအရေဟာ သင့်ခန္ဓါကိုယ်က မလိုလားတဲ့ပစ္စည်းတွေကိုထုတ်တဲ့ အညစ်အကြေးစွန့်စနစ်အဖြစ်လည်း အလုပ်လုပ်ပေးတာမို့ သင့်မှာ နို့ထွက်ပစ္စည်းတွေနဲ့ သကြားတွေအလွန်အကျွံရှိနေခဲ့ရင် သဘာဝအတိုင်းချေဖျက်ဖို့ခက်ခဲတာကြောင့် မျက်နှာအောက်ပိုင်းမှာ အဆီဝက်ခြံဖုတွေအဖြစ်ထွက်လာရပါတော့တယ်။စိတ်ဖိစီးမှုဆိုတာ အသားအရေရဲ့ အခြေအနေကို ပိုမိုဆိုးရွားလာစေကြောင်းကို ဆေးပညာဆိုင်ရာလေ့လာမှုတွေမှာ သက်သေပြထားပြိးသားပါ။ ဒါကြောင့် စိတ်ဖိစီးမှုများနေတဲ့ကာလတွေမှာ ပုံမှန် ဝက်ခြံပုန်းတွေနဲ့ ဆားဝက်ခြံတွေပေါက်တာထက် ဝက်ခြံတွေ ပိုပြီးရောင်ရမ်းလာတာ နဲ့ ဝက်ခြံပြည်ဖုတွေပိုထွက်လာတာကို တွေ့ကြုံ ခံစားကြရမှာပါ။ စိတ်ဖိစီးမှုတွေနဲ့ ဝက်ခြံတွေအကြောင်းပြောကြတဲ့အခါမှာ သိသင့်တာကတော့ အများအားဖြင့် စိတ်ဖိစီးမှုတွေဟာ ဝက်ခြံပေါက်စေတာမဟုတ်ပါဘူး။ ဝက်ခြံတွေကို ပိုဆိုးလာစေပြီး ပိုထင်ရှားလာတာလောက်ပဲ ဖြစ်စေတာပါ။ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ ရိုးရှင်းတဲ့ အသက်ရှူနည်းစနစ်တွေ၊ နေ့ခင်းပိုင်းအနားယူတာ သို့မဟုတ် ယောဂကျင့်တာ သို့မဟုတ် တရားထိုင်တာ စတာတွေကို စမ်းလုပ်ကြည့်သင့်ပါတယ်။ ဝက်ခြံတွေကို ထိန်းချုပ်နိုင်ဖို့ ဆေးသောက်ခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်း သို့မဟုတ် အနားယူခြင်းတွေလုပ်ခြင်းစတာတွေပြုလုပ်ခြင်း သင့်အတွက်ရော သင့်အသားအရေအတွက်ပါ သိပ်ကိုအရေးကြီးပါတယ်။အရေပြားပေါ်ကအဆီတွေဟာ ဘက်တီးရီးယားတွေစုစည်းရာနေရာတစ်ခုဖြစ်ပြီး ဘက်တီးရီးယားတွေက ဝက်ခြံတွေကိုဖြစ်ပေါ်စေပါတယ်။ မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်းသာမက တစ်နေ့လုံးစာ အဆီ ၊ ဖုန်မှုန့်တွေနဲ့ အညစ်အကြေးတွေ ပေါင်းစုခြင်းကလည်း ဝက်ခြံအသစ်တွေထွက်လာစေတဲ့ အကြောင်းရင်းတွေပါပဲ။ သင့်မျက်နှာကို စနစ်တကျဘယ်လိုဆေးကြောသန့်စင်ရမလဲဆိုတာ အောက်မှာဖော်ပြထားပေးပါတယ်။သင့်လက်ကိုဆေးလိုက်ပြီး မျက်နှာသစ်ဆေးအနည်းငယ်ကို လက်ဖဝါးထဲထည့်လိုက်ပါ။ မျက်နှာပေါ်မှာ စက်ဝိုင်းပုံအတိုင်းနူးညံ့ညင်သာစွာ လိမ်းပေးပါ။ ပြီးနောက် ဇလုံပေါ်ခေါင်းငုံ့ချပြီး မျက်နှာသစ်ဆေးတွေ ပြောင်စင်သွားအောင် ကြက်သီးနွေးရေကို မျက်နှာပေါ် ၈ကြိမ်မှ ၁၀ကြိမ်ထိ ပက်ပြီးဆေးပေးပါ။ ခြောက်သွားသည်ထိ တဘက်နဲ့ ပုတ်ပေးပါ။ မျက်နှာသစ်ဆေးကို တဘက်ထဲထည့်ပြီး မျက်နှာကို ပွတ်ဆေးခြင်းမျိုးကို လုံးဝမလုပ်ပါနဲ့။ ဒါက သင့်အသားအရေကို ထိခိုက်ပျက်စီးစေနိုင်တဲ့အပြင် အပြည့်အဝသန့်စင်မပေးနိုင်ဘဲ အခြေအနေကို ပိုပြီးဆိုးရွားစေပါတယ်။သင့်အသားအရည်ပေါ်မှာ ပစ္စည်းအသစ်တွေသုံးတဲ့အခါ တစ်ခါတလေ ဝက်ခြံဖုတွေပေါက်စပြုတတ်ပါတယ်။ အထူးသဖြင့် သင်သုံးလိုက်တဲ့ပစ္စည်းဟာ သာမန်ထက်ပိုပြီး ချေးချွတ်ပေးနိုင်တဲ့အခါမျိုးမှာပေါ့။ ဒီလိုမျိုး ၂ပတ်ထက်ပိုပြီးဖြစ်လာပြီဆိုရင်တော့ ဒီပစ္စည်းဟာသင်နဲ့မကိုက်ညီတာဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ပါဝင်ပစ္စည်းတွေထဲမှာ ဝက်ခြံပေါက်စေနိုင်တဲ့အရာတွေပါနေတာလည်း ဖြစ်နိုင်ပါတယ်။အမျိုးသမီး အများစုဟာမျိုးဥကြွေချိန်တွေဖြစ်တဲ့ လစဉ်ရာသီစက်ဝန်းနဲ့ ရာသီစက်ဝန်းအလယ်တို့မှာ ဟော်မုန်းပြောင်းလဲမှု လျင်မြန်လွန်းခြင်းကြောင့် ဝက်ခြံပိုထွက်တတ်ပါတယ်။ ဒါဟာ ပုံမှန်ဖြစ်ပေမယ့် စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ တကယ်လို့သင်ဟာ ရာသီစက်ဝန်းမတိုင်ခင် ၁ပတ်လောက်နဲ့ ရာသီစက်ဝန်းအပြီး၂ပတ်လောက်ထိ ဝက်ခြံတွေပိုဆိုးတတ်တဲ့အမျိုးသမီးဆိုရင် Yasmin ကဲ့သို့သော အီစထရိုဂျင် ပါသောဆေး ကို ဟော်မုန်းညီညွတ်မျှတဖို့အတွက် သုံးစွဲသင့်ပါတယ်။ ကျွန်တော်တွေ့သမျှထဲမှာတော့ အမျိုးသမီးတွေ အသားအရေကြည်လင်စေဖို့အတွက် အဆိုပါဆေးသုံးစွဲခြင်းဟာ အလွယ်ကူဆုံးနဲ့ အမြန်ဆုံးနည်းလမ်းပါပဲ။ (Progesterone အဓိက ပါဝင်သော ဆေးကတော့ သင့်အသားအရေကို ပိုဆိုးစေမှာဖြစ်လို့ မသုံးစွဲပါနဲ့)။ဟော်မုန်းတွေကို ဓါတု ဆက်သွယ်ပေးသူ တွေလို့တောင် တင်စားပြောဆိုလို့ရပါတယ်။ သူတို့တွေကို ခန္ဓါကိုယ်က ဖန်တီးပေးထားပြီး ဇီဝဖြစ်စဉ်(metabolism)မှစ၍ စိတ်ခံစားမှုနဲ့ မျိုးပွားစက်ဝန်းတွေရောက်သည့်တိုင် ဆဲလ်တွေကြီးထွားမှုလာမှုအထိ အရာအားလုံးကို နည်းလမ်းတကျမှန်ကန်အောင် ပြုလုပ်ပေးစေပါတယ်။ ဟော်မုန်းပြောင်းလဲမှုတွေ လျင်မြန်လွန်းရင် ဝလာတာ၊စိတ်ဓါတ်ကျတာ၊ အိပ်မပျော်တာနဲ့ သက်ကြီးဝက်ခြံပေါက်လာတာတွေ ဖြစ်တတ်ပါတယ်။လေယာဉ်ပျံရဲ့ အခန်းတွေမှာ ရေငွေ့အင်မတန်နည်းတာကြောင့် အသားအရည်ကို အလွန်အမင်းရေဓါတ်ခမ်းခြောက်စေပါတယ်။ ခြောက်သွေ့တဲ့လေဟာ အစိုဓါတ်ကို ရနိုင်တဲ့နေရာကရှာယူတတ်ပါတယ်။ ဆိုလိုတာက သင့်အသားအရေမှာရှိတဲ့ အစိုဓါတ်ကို သူကလုယူသွားမှာပါ။ ရေဓါတ်ခမ်းခြောက်တဲ့ဆဲလ်တွေစုပုံလာပြီး အရေပြားအောက်က အဆီတွေကိုစုထားကာ ဝက်ခြံတွေ ဖြစ်လာစေပါတော့တယ်။ဥတုပြောင်းတဲ့အချိန်ကာလတွေမှာ ရာသီဥတုဟာ ဒီနေ့နွေးနေပြီး နောက်ရက်မှာအေးနေတာမျိုးဖြစ်တတ်ပါတယ်။ ဒါက အသားအရေရဲ့ ဇီဝဖြစ်စဉ်ကိုရှုပ်ထွေးစေနိုင်ပြီး ဇီဝကမ္မ မညီမျှခြင်းနဲ့ ဝက်ခြံပေါက်လွယ်ခြင်းတို့ကိုဖြစ်စေပါတယ်။ တကယ်လို့ လေက ပုံမှန်ထက် ခြောက်သွေ့နေခဲ့မယ်ဆိုရင် အသားအရေခြောက်သွေ့အက်ကွဲခြင်းကိုအထိရောက်ဆုံး သက်သာစေနိုင်တဲ့ ခရင်မ်ပုံစံ အစိုဓါတ်ထိန်း လိမ်းဆေးကိုသုံးပေးပါ။ တကယ်လို့ လေကအေးနေမယ် သို့မဟုတ် လေကြမ်းတိုက်တယ်ဆိုရင် အသားအရေကိုကာကွယ်ပေးနိုင်တဲ့ အရည် ကိုသုံးပါ။ တကယ်လို့ လေက ပူနေပြီး ရေငွေ့အနည်းငယ်သာပါမယ်ဆိုရင် ထိရောက်သော သဘာဝပစ္စည်းကိုအခြေခံထုတ်ထားတဲ့ နေရောင်ကာလိမ်းဆေးသုံးပါ။ဆေးတွေကတော့ ခန္ဓါကိုယ်ကို နည်းအမျိုးမျိုးနဲ့ထိခိုက်စေတာချည်းပါပဲ။ ဒါပေမယ့် ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင် ဆေးကုသခြင်းနဲ့ ဆေးဝါးသုံးစွဲခြင်းဟာ အာရုံကြောစနစ်ကို ဖိစီးနိုင်ပြီး ဒါက ဟော်မုန်း(adrenals) တွေကို ပိုပြီးမြှင့်တက်စေနိုင်ပါတယ်။ ဒီဖြစ်ရပ်က သွယ်ဆက်တစ်ရှူး တွေရဲ့ ပျက်စီးမှုကို အားပေးပြီး အသားအရည်လျော့တွဲခြင်းနဲ့ ပိုပြီးအားနည်းလာခြင်းတွေကိုဖြစ်စေပြီး ဝက်ခြံထွက်ခြင်းကို ပိုပြီး ဖြစ်စေနိုင်ပါတယ်။ဒါကတော့ ဝက်ခြံဖြစ်ရခြင်းတွေရဲ့ အဖြစ်အများဆုံးအကြောင်းရင်းဖြစ်ပြီး လူတွေဂရုစိုက်မှုအနည်းဆုံး အကြောင်းအရာလည်း ဖြစ်နေပါတယ်။ မိတ်ကပ်မဖျက်ဘဲ အိပ်မိတာတွေ၊ ညစ်ပတ်နေတဲ့ မိတ်ကပ်စုတ်တံတွေ သုံးတာတွေ၊ မျက်နှာကို ခဏခဏကိုင်မိတာတွေ ဒါမှမဟုတ် ညစ်ပတ်နေတဲ့လက်ကိုင်ဖုန်းတစ်ချိန်လုံးကိုင်ပြီး ဖုန်းပြောနေတာတွေ လုပ်မိတဲ့အချိန်တိုင်းမှာ ဝက်ခြံထွက်လာတာတွေဟာ တကယ်တိုက်ဆိုင်လွန်းပါတယ်။အရမ်းကိုဆန်းကြယ်တာပါလား !။ဒါကြောင့် သင့်အတွက်အကောင်းဆုံးနည်းလမ်းကတော့ လေ့ကျင့်ခန်းပုံမှန်လုပ်တာ ၊ တရားထိုင်တာ၊ သင့်ရဲ့ ပြည့်ကျပ်နေတဲ့ အချိန်ဇယားတွေထဲက သင့်ကိုယ်သင်ဂရုစိုက်ဖို့အချိန်ယူတာ စတဲ့နည်းလမ်းတွေပါပဲ။ ဒါတွေပြုလုပ်ခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေတာကြောင့် ခန္ဓါကိုယ်က သင့်အသားအရေ ကိုထိခိုက်နိုင်မယ့် ဟော်မုန်းတွေကို ဆက်မထုတ်တော့ဘူးပေါ့။ရေးသားသူ- Wuthun Myat Chal။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%b6%e1%80%a1%e1%80%ac%e1%80%b8%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%b1%e1%80%85%e1%80%99%e1%80%9a%e1%80%b9%e1%80%b7/
ကိုယ့်ကိုယ်ကိုယ်ရော အဆီချဖို့လိုတယ်လို့ ထင်နေပြီလား
ဒီဘတ်ခေတ်မှာ မိန်းကလေးတွေ တော်တော်များများ ဘာလို့အဆီချဖို့ အပြင်းအထန်ကြိုးစားနေကြတာလဲ။ အဓိကကတော့ လှချင်လို့ပဲပေါ့။ ပိန်မှလှမယ်လို့ ထင်နေတဲ့ လူပတ်ဝန်းကျင်ရဲ့ ထင်မြင်ယူဆချက်တွေဟာ သူတို့တွေရဲ့ စိတ်အာရုံကို လွှမ်းမိုးသွားတဲ့အခါ ငါဝနေရင် မလှတော့ဘူးဆိုတဲ့အားငယ်စိတ်ေတွ ဝင်လာတတ်တာ သဘာဝပါပဲ။ အဲ့တော့ ဒီနေ့ဆောင်းပါးမှာ သင် အဆီချဖို့ လိုအပ်လား၊ မလိုအပ်ဘူးလားဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။ကိုယ်အလေးချိန် လူတစ်ယောက် ဝတယ်၊ မဝဘူး၊ ကျန်းမာတဲ့ကိုယ်အလေးချိန်ရှိလားဆိုတာကို Body Mass Index – BMI နဲ့ တွက်ဆလို့ ရပါတယ်။ ဥပမာအားဖြင့်။ကျန်းမာသော ကိုယ်အလေးချိန် = ၁၂၁ – ၁၆၃ ပေါင်၊ BMI ၁၈.၅ – ၂၄.၉။ကိုယ်အလေးချိန် များနေရင် = ၁၆၄ – ၁၉၅ ပေါင်၊ BMI ၂၅ – ၂၉.၉။အဝလွန်နေရင် = ၁၉၆ ပေါင်နဲ့အထက်၊ BMI ၃၀နဲ့ အထက်လို့ သတ်မှတ်ပြီး။ကျန်းမာသော ကိုယ်အလေးချိန် = ၁၀၈ – ၁၄၄ ပေါင်၊ BMI ၁၈.၅ – ၂၄.၉။ကိုယ်အလေးချိန်များနေရင် = ၁၄၅ – ၁၇၃ ပေါင်၊ BMI ၂၅ – ၂၉.၉။အဝလွန်ေနရင် = ၁၇၄ ပေါင်နဲ့အထက်၊ BMI ၃၀ နဲ့ အထက်လို့ သတ်မှတ်လို့ ရပါတယ်။အဆီချတယ်ဆိုတာ တကယ်တော့ အလှအပရေးရာအတွက်သာမက ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ကိုယ်ခန္ဓါကြွက်သားထုကို ပိုမိုကောင်းမွန်သော ပြောင်းလဲခြင်းတွေ ဖြစ်စေဖို့ တစ်နေ့တာ နေထိုင်စားသောက်တဲ့ပုံစံကို ပြင်ဆင်တာဖြစ်ပါတယ်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ သတ်မှတ်ထားတဲ့ ကျန်းမာသောကိုယ်အလေးချိန်ထက် များနေပြီဆိုရင်အဆီချဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အဝလွန်တဲ့အခြေအနေမှာတော့ ပိုပြီးတောင် ကိုယ့်ရဲ့ခန္ဓါကိုယ်ကို ဂရုစိုက်ဖို့ လိုအပ်နေပါပြီ။ကိုယ်ထဲမှာ အဆီပိုတွေများပြီး အဝလွန်နေပြီဆိုရင်ဆီးချိုရောဂါ၊ သွေးတိုးရောဂါတွေ၊ နှလုံးသွေးကြောကျဉ်းရောဂါတွေအပြင် ကင်ဆာရောဂါတွေအထိပါ ဖြစ်နိုင်ခြေ များလာနိုင်တယ်နော်။ ဒါကြောင့် အလှအပတစ်ခုတည်းကို မကြည့်ဘဲ ကိုယ်တိုင်က အသက်ရှည်ရှည်နဲ့ ရောဂါဘယကင်းဝေးပြီး သက်တမ်းစေ့နေထိုင်လိုတယ်ဆိုရင်တော့ အဆီချမယ်၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခု ရောက်အောင် ထိန်းရပါမယ်။လူတော်တော်များများ ထင်ထားကြတာက အဆီချDietလုပ်တယ်ဆိုတာ ညစာမစားရဘူး၊ အစားတွေ လျှော့စားရမယ်၊ ကိုယ်စားချင်တာ မစားရဘူး၊ စိတ်ညစ်စရာကြီး အစရှိသဖြင့်ပေါ့။ တကယ်တော့ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းဖို့ဆိုတာ ကိုယ်က နေ့စဉ်လိုအပ်တဲ့ အာဟာရပမာဏကို ပြည့်ဝစွာ ရရမယ်။ နေထိုင်စားသောက်မှုပုံစံကို ဂရုစိုက်မယ်။ အမြဲတမ်း ငြိမ်ငြိမ်သက်သက်မနေဘဲ အားကစားလုပ်မယ်၊ လေ့ကျင့်ခန်းလုပ်မယ်၊ လှုပ်လှုပ်ရှားရှားလေးနေမယ်၊ ပြီးရင် အိပ်ချိန်ကို မှန်အောင် လုပ်ရမယ်။ ရုတ်တရက်ကြည့်လိုက်ရင် အရမ်းအလုပ်ရှုပ်တယ်လို့ ထင်ရပေမယ့် ကျင့်သားရသွားတဲ့အခါ အရင်ကထက် ပိုကြည့်ကောင်းလာမယ်၊ ကိုယ်ခန္ဓါအချိုးအစား သွယ်လျလာမယ်၊ ပိုပြီး ကျန်းမာသွက်လက်ပြီး နေ့စဉ်နေ့တိုင်း တက်တက်ကြွကြွ ဖြစ်နေတဲ့ ရလဒ်ကောင်းကို ပိုင်ဆိုင်ရတဲ့အခါ ဒါတွေအားလုံးက တန်တယ်လို့ သင်ယူဆမိမှာပါ။ကိုယ်တွင်းက မကောင်းတဲ့ အဆီပိုတွေချဖို့ စောတယ်၊ နောက်ကျတယ်လို့ မရှိပါဘူး။ ကိုယ့်မှာ လုပ်ချင်စိတ်သာရှိရင် ဒီနေ့ချက်ချင်း စတင်ပြောင်းလဲလို့ ရပါတယ်။ အဓိကကတော့ လုပ်နေရင်းနဲ့ ပျင်းပြီး တစ်ဝက်တစ်ပျက်နဲ့ မရပ်ပစ်လိုက်ဖို့ပါပဲ။ အရင်ဆုံး ဘယ်ကနေ စမလဲဆိုရင်။၁။ ကိုယ့်ကိုယ်ကိုယ် လုပ်နိုင်ရမယ်လို့ စိန်ခေါ်ခြင်းဖြင့် စတင်လိုက်ပါ။၂။ အဆီတက်တဲ့ အစားအစာတွေ၊ကယ်လိုရီများလွန်းတာတွေကို ရှောင်ပါ။ မရှောင်နိုင်သေးရင် လျှော့စားပါ။၃။ အလုပ်မှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် အငြိမ်ထိုင်မနေပါနဲ့။ အိမ်အလုပ်နည်းနည်းပါးပါး ကူပေးပါ။၄။ မနက်ပိုင်းမှာ လမ်းလျှောက်ပါ။ ပြေးပါ။ စက်ဘီးစီးပါ။၅။ အချိန်ပေးနိုင်ရင်Gymမှာ နည်းပြဆရာနဲ့ စနစ်တကျ လေ့ကျင့်ပါ။ ကိုယ်လိုချင်တဲ့ ပုံစံကို အတိအကျပြောပြီး သူပြောတဲ့ စားသောက်နေထိုင်မှုပုံစံအတိုင်း ကျင့်ကြည့်ပါ။၆။ ကျန်းမာရေးကို ဂရုစိုက်ပါ။၇။ ညဘက်အိပ်ချိန်ကို ပြည့်ဝစွာ အိပ်စက်အနားယူပါ။၈။ ညအိပ်ချိန်နဲ့ အနည်းဆုံး ၃နာရီလောက်ခွာပြီး ညစာကို နောက်ဆုံးစားပါ။ကဲ ဘာအကြောင်းကြောင်းပဲဖြစ်ဖြစ် အဆီချတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ အပေါ်မှာပြထားတဲ့ နည်းလမ်းတွေကို သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ နေထိုင်စားသောက်မှုပုံစံဆိုတာ တစ်ခဏတာအတွက် မဟုတ်ဘဲ တစ်ဘဝစာ အလှအပနဲ့ ကျန်းမာရေးရာအတွက် ပြောင်းလဲတာဖြစ်တာကြောင့် ခဏလေးလုပ်ပြီး နားလိုက်တာမျိုးတော့ မလုပ်စေချင်ပါဘူးနော်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b7%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac-%e1%80%a1%e1%80%86%e1%80%ae/
Knee meniscus tear (ဒူးအရွတ်ပြားပြဲခြင်း)
ဒူးတွင် အဖြစ်များသော ထိခိုက်ဒဏ်ရာတခုဖြစ်သည်။ ဒူးအရွတ်ပြားဆိုသည်မှာ အင်္ဂလိပ်အက္ခရာ C ပုံစံရှိပြီး ဒူးအရိုးအားငြိမ်အောင် ခုထားပေးသည့် ရာဘာကဲ့သို့သော အရွတ်ပြားတခုဖြစ်သည်။ ဒူးတစ်ဘက်စီတွင် အပြင်ဘက်အစွန်းရှိ အရွတ်ပြားတခုနှင့် အတွင်းဆုံးအစွန်းရှိ အရွတ်ပြားတခု ပေါင်းသော် နှစ်ခု ရှိသည်။ ထိုအရွတ်ပြားများသည် ဒူးတလျှောက်ရှိကိုယ်အလေးအချိန်ကို ထိန်းညှိပေးခြင်းအားဖြင့် ဒူးအားငြိမ်အောင်ထိန်းထားပေးသည်။ ထိုအရွတ်ပြားများစုတ်ပြဲသွားပါက ဒူးသည် ပုံမှန်အတိုင်းမလုပ်ဆောင်နိုင်တော့ပေ။အဖြစ်များလေ့ရှိသည်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။ ဖြစ်နိုင်ချေများသော အရာများကို ရှောင်ကြည်၍ ကာကွယ်နိုင်သည်။ ဘော်စတွန်ရှိ ကလေးဆေးရုံတစ်ရုံ၏လေ့လာချက်အရ 500,000 ထက်များသော ဒူးရွတ်ပြဲမှုများသည် အမေရိကန်နိုင်ငံတွင် နှစ်စဉ်ဖြစ်ပွားနေကြောင်းသိရှိရသည်။ ပိုမိုသိရှိလိုပါက ဆရာဝန်နှင့်တိုင်ပင်ပြသပါ။ဒူးပြဲပါက ဒူးအားလှုပ်ရှားသောအခါ အသံတအိအိမြည်သံကိုလည်း ကြားရနိုင်ပါသည်။ထို့ပြင်။စသည်ဖြင့် ခံစားရနိုင်ပါသည်။ချောင်ချိ၍ချော်ထွက်နေသော ဒူး၏ အာရုံ ခံစားမှုအချို့ကိုလည်းတွေ့ကြုံခံစားရနိုင်ပါသည်။အထက်ပါလက္ခဏာများအပြင် အခြားရှိနိုင်သေး၍ စိုးရိမ်ရပါက ဆရာဝန်နှင့် ပြသသင့်ပါသည်။ဒူးအားတခုခုထိခိုက်ပြီးမှ အထက်ပါလက္ခဏာရပ်များတွေ့ရှိရသည်ဖြစ်စေ အထက်ပါလက္ခဏာရပ်များသည် ရက်အနည်းငယ်အထိ မပျောက်သေးပဲကျန်ရှိနေသည်ဖြစ်စေ ဆရာဝန်အား ဆက်သွယ်ပြသသင့်ပါသည်။ ဒူးခိုင်ခြင်းနှင့် ဒူးအားဆန့်ပြီး ပြန်ကွေး၍မရခြင်းများဖြစ်ပွားပါကလည်း ဆရာဝန်အား ချက်ချင်းဆက်သွယ်သင့်ပါသည်။ဒူးအရွတ်သည် ပြင်းထန်သောလှည့်အား များမှ ဖြစ်ပေါ်လာသည့် တိုက်ရိုက်ဖိအား များဖြစ်စေသည့် လှုပ်ရှားမှုများတွင် ပြဲသွားတတ်သည်။ ရုတ်တရက်ဒူးအား မထိန်းမိပဲလှည့်မိခြင်း၊အားဖြင့်ဆောင့်၍ ဆောင့်ကြောင့်ထိုင်မိခြင်း (သို့) လေးပင်သောပစ္စည်းများမခြင်းတို့ကြောင့်ဖြစ်ပွားစေတတ်သည်။ အားကစားသမားအများစုတွင် ဖြစ်နိုင်ချေများသည်။ရုတ်တရက်လှည့်ခြင်း၊ရပ်ခြင်း ၊ အရှိန်သတ်ခြင်းတို့ပြုလုပ်ရသည့် အားကစားများတွင်ဖြစ်နိုင်ချေအလွန်များပြီး ထိုအားကစားအချို့ကိုပြောရလျှင်။ဘော်စတွန်ကလေးဆေးရုံ၏လေ့လာချက်အရ ကလေးများသည် ငယ်ငယ်ရွယ်ရွယ်နှင့် အားကစားပေါင်းစုံပြုလုပ်သောအခါ ဖြစ်နိုင်ချေများနေကြောင်းတွေ့ရှိရသည်။ အထူးသဖြင့်။အားကစားတခုကို အားစိုက်ခွန်စိုက်ပြုလုပ်သောအခါ ကလေးတင်မက လူကြီးအရွယ်များမှာပါ။ဖြစ်နိုင်ချေများနေကြောင်းတွေ့ရှိရသည်။ အသက်အရွယ်ကြီးလာလေလေ ဒူးအရွတ်ပြားများသည် လျော့ရဲအားနည်းလာသောကြောင့် ထိုကဲ့သို့အရွတ်ပြားလျော့ရဲနေပါက ဆောင့်ကြောင့်ထိုင်ခြင်း နှင့် သာမာန်ကခုန်ခြင်းတို့ကပင် အရွတ်ပြားများကို ပြဲစေနိုင်သည်။ အရိုးနှင့်အဆစ်အမြစ်ရောင်ရောဂါများရှိပါကလည်း ဒူးရွတ်ပြဲခြင်းဖြစ်နိုင်ချေမှာ ပိုမိုများပြားနေကြောင်းတွေ့ရှိရသည်။ ထိခိုက်ဒဏ်ရာနှင့် အသက်အရွယ်ကြီးရင့်ခြင်းတို့ကြောင့် အဆစ်အမြစ်များရောင်ခြင်း၊တောင့်ခြင်းနှင့် ကိုက်ခြင်းများဖြစ်ပွားခြင်းကို ဆိုလိုသည်။ အသက်အရွယ်ကြီးရင့်သူများတွင် ဒူးရွတ်ပြဲပါကထိုအရွတ်သည် သုံးမရလောက်အောင် ပျက်စီးသွားနိုင်ခြင်းမှာ ပိုမိုအားနည်းလျော့ရဲသော အရွတ်အရိုးနုပြားများကြောင့်ဖြစ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါရာဇဝင်အားဆရာဝန်မှ မေးမြန်းပြီးနောက် မည်မျှလှုပ်ရှားနိုင်သေးကြောင်း ဒူးအားစမ်းသပ်စစ်ဆေးမည့်အပြင် အရွတ်ပြားရှိရာနေရာကိုလည်းသေချာကြည့်ရှူတတ်သည်။ထို့နောက် မက်မာရေး စမ်းသပ်မှုကို လုပ်ဆောင်တတ်သည်။ ထိုစမ်းသပ်မှုမှာ ဒူးအားကွေးပြီး ပြန်ဆန့်စေကာ လှည့်ကြည့်ခြင်းဖြစ်သည်။ အကယ်၍အရွတ်ပြားပြဲနေပါက တအိအိအသံမြည်တတ်သည်။ဒူးအားဓါတ်မှန်ရိုက်ခြင်း – ဒူးရွတ်ပြဲနေခြင်းကို မမြင်တွေ့နိုင်သော်လည်း အခြားသောဒူးနာခြင်းများရှိမရှိကို သေချာစေရန်အသုံးဝင်သည်။ဒူးအားသံလိုက်ဓါတ်မှန်ရိုက်ခြင်း – အရိုးနုများနှင့် အရွတ်ပြားများတွင် ထိခိုက်ဒဏ်ရာနှင့် ပြဲနေမှုရှိမရှိကို ကြည့်ရှူနိုင်သည်။ သံလိုက်ဓါတ်မှန်ကို အသုံးပြုခြင်းဖြင့် အရွတ်ပြားပြဲခြင်းရှိမရှိကို သိရှိနိုင်သော်လည်း 2008ခုနှစ်ရှိ ထိခိုက်ဒဏ်ရာများအကြောင်း လေ့လာမှုတခုအရ သံလိုက်ဓါတ်မှန်သည် ယခုကဲ့သို့ဒူးရွတ်ပြဲခြင်းကို စစ်ဆေးရာတွင် 77ရာခိုင်နှုန်းသာတိကျသေချာကြောင်းတွေ့ရသည်။ သံလိုက်ဓါတ်မှန်တွင် အသက်ကြီးသောအခါဖြစ်ပွားသော ပြောင်းလဲမှုများနှင့် အရွတ်ပြဲသောအခါ ဖြစ်သောပြောင်းလဲမှုတို့သည် ခွဲရခက်လောက်အောင်တူညီနေတတ်၍ ဆရာဝန်မှ အရွတ်ပြဲနေသည်ဟုလည်းကောင်း အရွတ်ပြဲခြင်းမရှိဟုလည်းကော်း မှားယွင်းစွာ ကောက်ချက်ချနိုင်သည်။ သို့သော် အချို့သောသူများတွင် သံလိုက်ဓါတ်မှန်မှ တိကျသော အဖြေမှန်ထုတ်ပေးနိုင်ပါက။ဒူးဆစ်အတွင်းသို့မှန်ပြောင်းကြည့်ရန်မလိုအပ်တော့ပေ။အယ်ထရာဆောင်းရိုက်ခြင်း – အယ်ထရာဆောင်းရိုက်ခြင်းဖြင့် ဒူးဆစ်ရှိ အရိုးနုပြားများ လျော့ရဲနေခြင်းရှိမရှိကို သိနိုင်သည်။အထက်ပါစမ်းသပ်နည်းများဖြင့် ဒူးရွတ်ပြဲနေကြောင်း သိရှိရန်မလုံလောက်သည်ဖြစ်စေ ခွဲစိတ်ရမည်ဖြစ်စေ ဆရာဝန်မှ ဒူးဆစ်တခုလုံးအား မှန်ပြောင်းကြည့်ရန်ညွှန်ကြားတတ်သည်။ဒူးဆစ်နားတွင် ဓါးရာပေး၍ ပျော့ပျောင်းပါးလွှာသော ဖိုက်ဘာအော့်တစ် မှန်ပြောင်းလေးအားဒူးဆစ်အတွင်းသို့ထည့်သွင်းကာ ကြည့်ရှူခြင်းဖြစ်သည်။ အလင်းရောင်အနည်းငယ်ပေးနိုင်သည့်အပြင် ကင်မရာကဲ့သို့ဆောင်ရွက်ပြီး အချို့သောခွဲစိတ်ပစ္စည်းများကိုလည်းမှန်ပြောင်းအတွင်းထည့်သွင်းနိုင်သည်။ ခွဲစိတ်ခြင်းဖြစ်စေ ၊ စမ်းသပ်ကြည့်ရှူရန်ဖြစ်စေ မှန်ပြောင်းကြည့်ပြီးပါက ထိုနေ့တွင်ပဲ အိမ်ပြန်နားနေနိုင်သည်။ကုသမှုသည် များပြားလှသော အကြောင်းအရင်းများ ဥပမာ ဒူးပြဲမှု၏ ပြင်းထန်မှုနှင့် ပုံစံအမျိုးအစားပေါ်တွင်မူတည်သည်။ အသက်အရွယ်နှင့် မိမိ၏အနေအထိုင်ကလည်း ကုသမှုအပေါ်သက်ရောက်မှုရှိသည်။ကုသမှုများမှာ။ရှေးဦးစွာ။အိုင်ဘူပရိုဖန် နှင့် အက်စ်ပရင်ကဲ့သို့သော အရောင်ကျစေသည့် ဆေးများကိုလည်း။သောက်သုံးခြင်းဖြင့် ရောင်ရမ်းမှုကို သက်သာအောင်ပြုလုပ်နိုင်သည်။နာကျင်နေသည့် ဒူးဘက်သို့အားစိုက်ခြင်း၊အလေးမခြင်းနှင့် မှီခြင်းများမပြုလုပ်သင့်ပါ။အားကစားပုံမှန်ပြုလုပ်ခြင်းဖြင့်လည်း အရွတ်ပြားများ သန်မာအောင် ဆောင်ရွက်ကာ ထိခိုက်ဒဏ်ရာကြောင့် ဖြစ်သော ဒူးရွတ်ပြဲမှုကို ကာကွယ်နိုင်သည်။အားကစားပြုလုပ်ရာတွင်ဒူးစွပ်ဝတ်ဆင်ခြင်းနှင့်အခြားသော အကာအကွယ်များပြုလုပ်ခြင်းဖြင့် ထိခိုက်ဒဏ်ရာမှတဆင့် ဒူးရွတ်ပြဲခြင်းဖြစ်နိုင်ချေကို လျှော့ချနိုင်သည်။ကျန်ရှိသော သိကောင်းစရာများအား ဆရာဝန်များနှင့် တိုင်ပင်ခြင်းသည်သာအကောင်းဆုံးဖြစ်သည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/knee-meniscus-tear-%e1%80%92%e1%80%b0%e1%80%b8%e1%80%a1%e1%80%9b%e1%80%bd%e1%80%90%e1%80%ba%e1%80%95%e1%80%bc%e1%80%ac%e1%80%b8%e1%80%95%e1%80%bc%e1%80%b2%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
အမျိုးသမီးခန္ဓါဗေဒဆိုင်ရာသိထားရမယ့်အချက်များ
မျိုးပွားမှုတာဝန်ကိုဆောင်ရွက်ရတာကြောင့်အမျိုးသမီးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ကအမျိုးသားတွေနဲ့ မတူကွဲပြားနေပါတယ်။ အမျိုးသမီးတွေရဲ့ ပြင်ပမျိုးပွားဖွဲ့စည်းမှုမှာ အပိုင်း ၂ ပိုင်းပါဝင်ပါတယ်၊ခန္ဓါကိုယ်တွင်းထဲကိုသုတ်ကောင်တွေဝင်ရောက်စေနိုင်ဖို့လုပ်ဆောင်ပေးတဲ့အပိုင်းနဲ့ ကိုယ်တွင်းမျိုးပွားအင်္ဂါအစိတ်အပိုင်းကို ကူးစက်ရောဂါပိုးတွေမဝင်ရောက်နိုင်အောင်ကာကွယ်တဲ့အပိုင်းပဲဖြစ်ပါတယ်။သားဥအိမ်တွေဟာ အယ်မွန်လ်သီးအရွယ်အစားလောက်သာရှိတဲ့ သေးငယ်တဲ့ဂလင်းတွေဖြစ်ကြပါတယ်။သားအိမ်ရဲ့အထက်ပိုင်းဘေးတစ်ဖက်တစ်ချက်စီတင်ပါးဆုံအတွင်းပိုင်းမှာရှိတာဖြစ်ပါတယ်။ သားဥအိမ်တွေဟာ မမျိုးဥ လို့ခေါ်တဲ့ estrogen နဲ့ progesterone တို့လိုမျိုး လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေကိုထုတ်လုပ်ပေးပါတယ်။ သားဥတွေကို အမျိုးသမီးတစ်ဦးရဲ့ ငယ်စဉ်ကနေစလို့အပျိုဖော်ဝင်ပြီးတဲ့နောက် အရွယ်ရောက်တဲ့အချိန် အထိတဖြည်းဖြည်းချင်းဖြစ်ပေါ်လာတဲ့ oocyte ဆဲလ်တွေကနေဖြစ်ပေါ်စေတာဖြစ်ပါတယ်။ လစဉ်သားဥကြွေချိန်တိုင်း မှာအရွယ်ရောက်ပြီးဖြစ်တဲ့ သားဥတွေကိုထုတ်လွှတ်ပေးပါတယ်။ သားဥတွေဟာ သားအိမ်ဆီကိုမရောက်ခင်မှာ သားဥပြွန်ကိုဖြတ်သန်းလာတာဖြစ်ပါတယ်။သားဥပြွန်ဆိုတာက သားဥအိမ်ရဲ့အစွန်းပိုင်း သားအိမ်အထက်ပိုင်း ဘယ်ဘက်နဲပညာဘက်အစွန်းတွေမှာရှိနေတဲ့ ကြွက်သားပြွန်အစုံလိုက်ကိုဆိုလိုတာဖြစ်ပါတယ်။ သားဥပြွန်ဟာထိပ်မှာရှိတဲ့ကတော့ပုံ နဲ့အခေါင်းပေါက်ပုံစံရှိတဲ့ infundibulum အရောက်မှာအဆုံးသတ်သွားပြီးဒီအစိတ်အပိုင်းကို လက်ချောင်းလေးတွေနဲ့သဏ္ဍာန်တူတဲ့ fimbriae ဆိုတဲ့အင်္ဂါအစိတ်အပိုင်းနဲ့ဖုံးအုပ်ထားပါတယ်။ fimbriae ကသားဥအိမ်အပြင်ဘက်မှာရှိနေပြီး ထုတ်လွှတ်လိုက်တဲ့ မျိုးဥတွေကို infundibulum ထဲရောက်ရှိအောင်လုပ်ဆောင်ပေးခြင်းဖြင့် သားဥတွေကိုသားအိမ်ဆီကိုရောက်ရှိစေ ပါတယ်။ သားဥပြွန်အတွင်းပိုင်းမှာ သားဥတွေကိုသားအိမ်ဆီကိုသယ်ပို့ရာမှာ လွယ်ကူချောမွေ့စေအောင် လုပ်ဆောင်ပေးတဲ့ cilia တွေနဲ့ပြွန်နံရံကြွက်သားတွေကိုကာကွယ်ထားပါတယ်။သားအိမ်ဆိုတာကဆီးအိတ်ရဲ့အထက်ပိုင်းနဲ့အရှေ့ဘက်ခြမ်းမှာတည်ရှိတဲ့ မက်မွန်သီးပုံသဏ္ဍန်ကြွက်သား အခေါင်းပေါက်တစ်ခုပဲဖြစ်ပါတယ်။ အထက်ပိုင်းအစွန်းနားမှာ သားဥပြွန်နှစ်ခုနဲ့ချိတ်ဆက်ထားပြီး အဆုံးမှာ သားအိမ်လမ်းကြောင်းနဲ့ဆက်စပ်ထားပါတယ်။ သားအိမ်ကကိုယ်ဝန်ဆောင်ကာလအတွင်းသန္ဓေသားကြီးထွားဖွံ့ဖြိုး မှုကိုအထောက်အပံ့အကာအကွယ်ပေးပါတယ်။ သားအိမ်အတွင်းနံရံဖြစ်တဲ့ endometriumလို့သိကြတဲ့ အစိတ်အပိုင်းက သန္ဓေသားအစောပိုင်းဖွ့ဲဖြိုးမှုကို အထောက်အကူပြုပေးပါတယ်။ သားအိမ်ကြွက်သားတွေက ကလေးမွေးဖွားချိန်မှာကလေးကိုမွေးလမ်းကြောင်းကနေတဆင့် အပြင်ကိုရောက်ရှိစေဖို့ကြွက်သားတွေကိုကျုံ့ပေး ပါတယ်။သားအိမ်လမ်းကြောင်းက ကျုံ့နိုင်ဆန့်နိုင်တဲ့ သားအိမ်ခေါင်းနဲ့ခန္ဓါကိုယ်ပြင်ပအစိတ်အပိုင်းကိုဆက်သွယ်ပေး ထားတဲ့ ကြွက်သားပြွန်တစ်ခုဖြစ်ပါတယ်။ သားအိမ်လမ်းကြောင်းဟာ သားအိမ်ရဲ့ အနောက်ဘက်စွန်းနဲ့ဆီးအိတ် အရှေ့ဘက်စွန်းကြားမှာတည်ရှိတာဖြစ်ပါတယ်။ သားအိမ်လမ်းကြောင်း လိင်ဆက်ဆံတဲ့အခါ သားအိမ်နဲ့ သားဥပြွန် ထဲကိုသုတ်ပိုးတွေသယ်ဆောင်ပေးပါတယ်။ ကလေးမွေးဖွားတဲ့အခါမှာလည်း မွေးလမ်းကြောင်းတစ်ခုအနေနဲ့ ကလေးကိုမွေးဖွားပေးပါတယ်။ရာသီသွေးဆင်းချိန်မှာလည်း ရာသီသွေးတွေကို သားအိမ်လမ်းကြောင်းကနေတဆင့် စီးဆင်းစေပါတယ်။ယောနိဝဆိုတာက အမျိုးသမီးအင်္ဂါအစပ်ဖြစ်ပါတယ်။ ယောနိဝမှာ သားအိမ်လမ်းကြောင်းရဲ့ပြင်ပအစွန်းပိုင်းဖြစ်ပြီး mons pubis၊ labia majora,၊labia minoraနဲ့ clitoris တို့ပါဝင်ပါတယ်။ The mons pubis ဒါမှမဟုတ် pubic mound ဆိုတာကအရေပြားနဲ့ pubic အရိုးကြားမှာ ကူရှင်သဖွယ်လုပ်ဆောင်ပေးထားတဲ့ တစ်သျှူးအလွှာပါး တစ်ခုဖြစ်ပါတယ်။ mons pubis အတွင်းပိုင်းမှာ labia majora လို့ခေါ်တဲ့ ဘယ်နဲ့ညာကိုခွဲဖြာသွားတဲ့အစိတ်အပိုင်း တစ်ရပ်ပါဝင်ပါတယ်။ mons pubis နဲ့ labia majora တို့ကိုဆီးခုံမွေးတွေနဲ့ဖုံးအုပ်ထားပါတယ်။ labia majora ထဲမှာ အရွယ်အစားသေးငယ်ပြီးအမွှေးအမျှင်တွေမရှိတဲ့ labia minora လို့ခေါ်တဲ့အရေပြားအပိုင်းလေးတစ်ခုရှိပါတယ်။ labia minora ရဲ့အပေါ်အစွန်းနားလေးမှာ clitoris လို့သိကြတဲ့ တောင့်တင်းတဲ့တစ်သျှူးလေးတစ်ခုရှိပါတယ်။ရင်သားတွေဟာအမျိုးသမီးတွေရဲ့ခန္ဒါကိုယ်မှာရှိတဲ့နို့ရည်ဂလင်းတွေပါဝင်နေတဲ့ အထူးကိုယ်အင်္ဂါအစိတ်အပိုင်း တွေပဲဖြစ်ပါတယ်။ ရင်သားနှစ်ခုဟာ ရင်ဘတ်ရဲ့ ဘယ်နဲ့ညာတစ်ဖက်တစ်ချက်စီမှာတည်ရှိပြီး သားမြတ်အလယ် နေရာတွေမှာနို့ရည်ထုတ်လွှတ်ပေးတဲ့ နို့သီးခေါင်းလေးတွေရှိနေပါတယ်။ နို့သီးခေါင်းဘေးပတ်ပတ်လည်မှာရှိတဲ့ ထူထဲပြီးအရောင်နက်မှောင်တဲ့ အရေပြားတွေက နို့သီးခေါင်းတွေကို ကလေးငယ်နို့ချိုစို့တဲ့အခါကာကွယ်ပေးထားတဲ့ တစ်သျှူးတွေပဲ ဖြစ်ပါတယ်။ နို့ရည်ဂလင်းတွေဟာအထူး sudoriferous ဂလင်းတွေဖြစ်ကြပြီး ကိုယ်ဝန်ဆောင် ကာလအတွင်းမှာလှုပ်ရှားသက်ဝင်လာပြီး နို့ချိုတိုက်ကျွေးဖို့လိုအပ်တဲ့အချိန်အတိုင်းအတာတစ်ခုအထိ ရင်သားတစ်ဖက်စီမှာရှိတဲ့ နို့ရည်ဂလင်း ၁၅ ခုကနေ အခု ၂၀ လောက်က နို့ရည်တွေကိုထုတ်လွှတ်ပေးပါတယ်။ နောက်ထပ်ခန္ဓါကိုယ်ဆိုင်ရာအချက်အလက်တွေကိုရှာဖွေဖော်ထုတ်ကြည့်ဖို့ရှက်မနေပါနဲ့ ဒီလိုလုပ်ဆောင်မှုက ခန္ဓါကိုယ်ရဲ့ကျန်းမာမှုကိုထိန်းသိမ်းဖို့အတွက်တိတိကျကျသိရှိနိုင်အောင်အထောက်အကူပေးပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/female-rep-system-health/
အသားစားရတာ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် ကာနီဗိုး Diet
ကိုယ့်အသိတွေမှာ အသားအရမ်းကြိုက်တဲ့သူရှိလား၊ ဒါမှမဟုတ် ကိုယ်တိုင်ကရောအသားမှ အသားပဲ စားချင်တဲ့သူတွေထဲမှာပါလား။ ဒါဆို ခုပြောပြပေးမယ့်ဆောင်းပါးကို သင်စိတ်ဝင်စားမိမှာပါ။ ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ ကာနီဗိုး Diet (Carnivore Diet) ရဲ့ အကျိုးကျေးဇူးတွေ၊ ဆောင်ရန်၊ ရှောင်ရန်နဲ့ သိထားသင့်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။အသားနဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေကိုပဲ စားပေးရတာဖြစ်ပြီး တခြားအစားအစာမှန်သမျှ လုံးဝရှောင်ရတဲ့ dietဖြစ်ပါတယ်။ ဒီနည်းလမ်းက ကိုယ်အလေးချိန်ကို ကျစေပြီးကြွက်သားတက်မြန်စေတယ်။ စိတ်ခံစားချက်ကို တည်ငြိမ်စေပြီး သွေးတွင်းသကြားဓာတ်ကို ပုံမှန်လည်ပတ်စေတယ်လို့ ဆိုကြပါတယ်။ တခြားအစားအစာကနေ ကိုယ်ခန္ဓာအတွက် မကောင်းတဲ့ ကာဗိုဟိုက်ဒြိတ်တွေကို ရှောင်ဖို့နဲ့ ကြွက်သားထု အလျင်အမြန်တက်စေဖို့ ရည်ရွယ်ချက်နဲ့ ကာနီဗိုး Diet ကို တီထွင်ခဲ့ကြတာ ဖြစ်ပါတယ်။ဒါပေမယ့် လေ့လာတွေ့ရှိချက်အရ ဒီနည်းလမ်းဟာ ရေတိုအတွက်သာ အဆင်ပြေပြီး ရေရှည်လုပ်မယ်ဆိုရင်တော့ တခြားအစားအစာကနေ အာဟာရဓာတ်တွေ ရတာနည်းသွားနိုင်တဲ့အပြင် ကိုယ်ခန္ဓာအတွက် ဆိုးကျိုးပိုဖြစ်စေနိုင်တယ်လို့ တွေ့ရှိရပါတယ်။အမဲသား၊ ကြက်သား၊ဝက်သား၊ သိုးသား၊ ကြက်ဆင်သား၊ တိရစ္ဆာန်တွေရဲ့ ကိုယ်တွင်းကလီစာတွေ၊ ဂဏန်း၊ ပုစွန်၊ ဆော်လ်မွန်ငါး၊ ဆာဒင်းငါး၊ ချိစ်၊ ထောပတ်၊ ရိုးတွင်းခြင်ဆီ၊ ဥအမျိုးမျိုး၊ နို့သကြားဓါတ်နည်းတဲ့ ဒိန်ချဉ်၊နွားနို့တွေကို နေ့စဉ် များများစားပေးရမှာဖြစ်ပါတယ်။ အရည်အနေနဲ့ ရေနဲ့ကြက်စွပ်ပြုတ်ကိုသာ အဓိကသောက်ပေးရမှာဖြစ်ပါတယ်။ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အစေ့အဆန်တွေ၊ အခွံမာသီး၊ ပဲအမျိုးမျိုး၊ ဂျုံတွေ၊ အချိုများတဲ့ မုန့်တွေကို လုံးဝရှောင်ဖို့ လိုပါတယ်။ နို့သကြားဓာတ်များတဲ့ နွားနို့၊ ဒိန်ချဉ်တွေ၊ ဆန်၊ ပေါင်မုန့်၊ အရက်၊ ဘီယာ၊ သကြား၊ ကော်ဖီ၊ လက်ဖက်ရည်၊ သစ်သီးဖျော်ရည်တွေအကုန် ရှောင်ရမှာပါ။၁။ အသားကလွဲပြီး ကျန်တဲ့ အစားအစာတွေကို လုံးဝရှောင်ဖို့လိုတဲ့ ဒီ Diet မှာလည်း သူ့ဟာနဲ့သူတော့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဥပမာအချိုများတဲ့ အစားအစာတွေ၊ ကိတ်မုန့်၊ သကြားလုံး၊ ဘီစကွတ်၊ ကွတ်ကီး၊ ဆိုဒါအအေးတွေ၊ ဖျော်ရည်တွေကို လုံးဝရှောင်လိုက်ရတဲ့အတွက် နာတာရှည်ရောဂါ (ဥပမာ ဆီးချိုရောဂါ) ဖြစ်နိုင်ခြေ နည်းသွားပါတယ်။၂။ ပရိုတင်းကို အခြေခံပြီး စားသုံးတဲ့ Diet ဖြစ်တာမို့ မလိုအပ်တဲ့ ကစီဓာတ်တွေကို ဖယ်ထုတ်ပေးတယ်။ကိုယ်အလေးချိန်ကို ကျစေပြီး ကြွက်သားတက်မြန်ချင်တဲ့ အမျိုးသားတွေအတွက် တော်တော်လေး အဆင်ပြေပါတယ်။၃။ အသားတွေဟာ ဗိုက်ကို ပြည့်ဝစေတဲ့အတွက် တစ်ခါစားပြီးတာနဲ့ ထပ်စားဖို့ အချိန်အနည်းငယ် ယူရပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကျချင်တဲ့သူတွေအနေနဲ့ အဆင်ပြေပါတယ်။ ဒါ့အပြင် ပရိုတင်းဓာတ်ဟာ ကိုယ်ခန္ဓာကြွက်သားထုကို တက်စေတယ်။၁။ အသားနဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေဟာ အဆီဓာတ်နဲ့ကိုလက်စထရောပါဝင်မှုများလွန်တာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေတယ်။ ဆိုဒီယမ်ပါဝင်မှုများခြင်းဟာ သွေးတိုးအပြင် ကျောက်ကပ်နဲ့ တခြားကိုယ်တွင်းအင်္ဂါမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။၂။ အသားကလွဲပြီး ကျန်တဲ့အစားအစာတွေကို ရှောင်ရတာဖြစ်တဲ့အတွက် ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ တခြားဗီတာမင်နဲ့ အာဟာရဓာတ်တွေ နည်းသွားပါတယ်။ ဒီအတွက် ဖြည့်စွက်အားဆေးကို သောက်ပေးလို့ရတယ်ဆိုပေမယ့် ကိုယ်ခန္ဓာက အစားအစာကရတဲ့ အာဟာရကို ပိုပြီးစုပ်ယူရတာ လွယ်ကူတာမို့ ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။၃။ အသားတွေမှာအမျှင်ဓာတ်အလွန်နည်းတဲ့အတွက် အစာအိမ်က ပိုပြီးအလုပ်လုပ်ရပါတယ်။ ဒီအခါ အစာချေဖျက်တာ နှေးလာမယ်။ ဝမ်းချုပ်တာ၊ အစာဟောင်းတွေ အများကြီးကျန်နေတာဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ အသားကို သေချာကျက်အောင် မချက်ထားတဲ့အခါ သူ့ဆီက ဘက်တီးရီးယားပိုးတွေက အစာအိမ်ထဲကို ရောက်သွားပြီး အစာအိမ်ရောင်တာ၊ အူမကြီးကင်ဆာတွေပါ ဖြစ်လာနိုင်ပါတယ်။၄။ နဂိုကျောက်ကပ်မကောင်းတဲ့ သူတွေ၊ ကျန်းမာရေးအခြေအနေအရ ပရိုတင်းဓာတ်ကို သတ်မှတ်ပြီး စားဖို့ လိုအပ်တဲ့သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးငယ်တွေအတွက် ဒီ Diet ဟာ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ဒီ Diet ဟာ ကိုယ်နေ့စဉ်စားသုံးတဲ့ အစားအစာကို သေချာရွေးချယ်စားဖို့ လိုတဲ့အပြင် အသားနဲ့ နို့သကြားဓာတ်နည်းတဲ့ နို့ထွက်ပစ္စည်းတွေ၊ တိရစ္ဆာန်ထွက်ပစ္စည်းတွေကိုသာ အဓိကစားပေးရမှာဖြစ်ပြီး ကျန်တဲ့ အစားအစာမှန်သမျှ ရှောင်ဖို့ လိုအပ်ပါတယ်။ ကိုယ်အလေးချိန်ကျဖို့၊ ကြွက်သားတက်ဖို့အတွက် အဓိက ရည်ရွယ်ထားတာဖြစ်ပေမယ့် ရေရှည်အတွက်တော့ ကျန်းမာရေးအတွက် ဆိုးကျိုးပိုများစေနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/what-is-carnivore-diet/
သကြားဆိုတာ သင့်ကလေးကိုအငြိမ်မနေစေတာ ဟုတ်ပါသလား
ကလေးများကို ကောင်းကောင်းမွန်မွန်ပြုမူစေချင်သည့်အခါ သင့်စကားနားထောင်စေချင်သည့်အခါ ချိုချဉ်၊ သကြားနှင့်လုပ်သည်များကို မပေးပါနှင့်။ လူတိုင်းလိုလို ထိုသို့ပြောကြပါသည်။ ရာစုနှစ်များစွာကြာသည်အထိ သကြားသည် ကလေးများတွင် အငြိမ်နေခြင်း ဆူပူသောင်းကျန်းခြင်းနှင့် ဆက်စပ်ကြောင်း ယုံကြည်ခဲ့ကြသည်။အကျိုးအပြစ်ဆက်စပ်မှုကို တိတိကျကျလေ့လာပြီးနောက် ထိုယုံကြည်မှုသည် အချက်အလက်တစ်ခုအနေနှင့်ဖြစ်လာပါသည်။ အံ့သြစရာကောင်းသည်က မကြာသေမီကလုပ်ထားသော သုတေသနများတွင်တော့ ၎င်းနှင့်ဆန့်ကျင်ဖက်ကို သက်သေပြထားနိုင်ခဲ့ပါသည်။– လမ်းလျှောက်တတ်စအရွယ်များတွင် သကြားနှင့် အငြိမ်မနေခြင်း ဆက်စပ်မှုရှိကြောင်းကို ၁၉၇၃ ခုတွင် ဓာတ်မတည့်မှုကျွမ်းကျင်သူ Benjamin Feingold, M.D သည် Feingold diet (ဖြည့်စွက်ပစ္စည်းကင်းသည့် အစာ) အကြောင်း တင်ပြခဲ့သည်။ ထိုမှတ်တမ်းသည် သူ၏ယခင်သုတေသနဖြစ်သော ဖြည့်စွက်ဓာတုပစ္စည်းများနှင့် ကလေးများ၏ အငြိမ်မနေမှုအပေါ် ဆက်စပ်ချက်ပေါ် အခြေခံထားခြင်းဖြစ်သည်။ Feingold diet ဆိုသည်မှာ အရသာတု၊ တာရှည်ခံဆေးနှင့် အရောင်ဆိုးဆေး စသည့် ဖြည့်စွက်ပစ္စည်းများကို ဖယ်ထုတ်ထားသည့်အစာ ဖြစ်သောကြောင့် သကြားသည် လူသိများသည့် ဖြည့်စွက်ပစ္စည်း ဖြစ်လာခဲ့ပါသည်။– ကျွမ်းကျင်သူများက ထိုသိုဖြစ်ရသည်မှာ ကလေးများသည် ပါတီများ ပျော်ပွဲရွှင်ပွဲများတွင် ပိုအငြိမ်မနေတတ်ကြကြောင်း၊ ထိုနေရာမျိုးများတွင် သကြားသည် အဓိက ဆွဲဆောင်မှုလိုဖြစ်လာကြောင်း၊ မိဘများကလည်း ထိုအချက်ကိုသတိထားမိပြီး ကလေးများ အငြိမ်မနေခြင်းနှင့် သကြားလုပ်မုန့်များစားသုံးခြင်း ဆက်စပ်နေသည်ကို ယူဆကြောင်းဖြစ်မည်ဟု ယုံကြည်ကြ၏။– သကြားကြောင့်ဖြစ်ရသည့်သီအိုရီကို လူသိများသော်လည်း လမ်းလျှောက်စအရွယ်များ အငြိမ်မနေခြင်းနှင့် သကြားစားခြင်းကြား ဆက်စပ်မှုကို ထောက်ခံနိုင်မည့် သက်သေမရှိပါ။– Abnormal Child Psychology ဂျာနယ်တွင် ၁၉၉၄ ခုနှစ်၌ ဒေါက်တာ Mark Wolrach ဖော်ပြခဲ့သည့် သုတေသနတွင် မူကြိုအရွယ် ကလေးအုပ်စုနှစ်စု တစ်စုခွဲပြီးလေ့လာခဲ့သည်။ တစ်စုတွင် ပုံမှန်ကလေးများပါပြီး နောက်တစ်စုတွင် သကြားကြောင့် အငြိမ်မနေဖြစ်ရသည်ဟု တင်ပြထားသောကလေးများ ပါဝင်ပြီး ထိုအုပ်စုနှစ်စုကို ဆူးခရိုစ်၊ အက်စ်ပါတိမ်း သို့မဟုတ် ဆက်ချာရင် (နောက်နှစ်ခုမှာ ကလေးများ၏ အပြုအမူနှင့်မသက်ဆိုင်ကြောင်း ယူဆထားပါသည်။) ပါသည့် အချိုရည်များကို တိုက်ကျွေးလိုက်သည်။အငြိမ်မနေမှုကိုစစ်ဆေးသည့် နောက်ပိုင်းစစ်ဆေးမှုများတွင် သိသာလောက်သည့် ပြောင်းလဲမှုများ ဖြစ်မလာသလို အုပ်စုနှစ်ခုကို စီမံညွှန်ကြားပုံမတူသည်များလည်း ရှိခဲ့ပါသည်။ ထိုကဲ့သိုသော် စမ်းသပ်မှုမျိုးကို ရေးလ်ဆေးတက္ကသိုလ်မှ ဒေါက်တာ Shaywitz က ပြုလုပ်ခဲ့ပြီး အက်စ်ပါတိမ်း အမြင့်ဆုံးပမာဏပေးသော်လည်း တူညီသည့်ရလဒ်သာရခဲ့ကြောင်း တင်ပြထားပါသည်။– စိတ်ဝင်စားစရာကောင်းသည်မှာ ဒေါက်တာ Wolrach ၏ လေ့လာမှုဖြစ်သည်။ ၃၅ ယောက်သော မိခင်များက သူတို့၏သားသမီးများ သကြားစားပြီးနောက် အငြိမ်မနေမှုများ ဖြစ်လာကြောင်း သူ့ကိုတင်ပြခဲ့သည်။ သို့သော် အမှန်တွင် တစ်ဦးမဟုတ် တစ်ဦးတွင် အက်စ်ပါတိမ်း သို့မဟုတ် ဆက်ချာရင်ကိုသာ ပေးထားခြင်းဖြစ်ပါသည်။ အမှန်တွင် ယခုလို ပစ္စည်းအတုနှင့်စမ်းသပ်ခြင်းက လူ့စိတ်ကြောင့် ဖြစ်လာရကြောင်းကို ပိုပြီးပြသနိုင်ခဲ့ပါသည်။ “လူတွေသာ သကြားစားလို့ ကလေးတွေ အငြိမ်မနေဖြစ်ရတယ်လို့ ယုံကြည်ထားရင် အဲ့လိုပဲမြင်နေမှာပါ” ဟု ဒေါက်တာ Wolrach က ပြောကြားခဲ့ပါသည်။သကြားက အငြိမ်မနေမဖြစ်တတ်သော်လည်း သွားပိုးစားခြင်း၊ အဝလွန်ခြင်းနှင့် ဆီးချိုရောဂါတို့လို အန္တရာယ်များ ဖြစ်နိုင်ပါသည်။ ထို့အပြင် တခြားသော အပြုအမူဆိုင်ရာ ပြဿနာများဖြစ်သော အာရုံစိုက်မရခြင်း သကြားကြောင့်အင်ဆူလင်ကိုများစေရာမှ စိတ်ဓာတ်ကျမှု ပိုဖြစ်လာခြင်းတို့နှင့်လည်း ဆက်နွယ်နေပါသည်။ တစ်နည်းမဟုတ် တစ်နည်းနှင့် သကြားကို ရွေးချယ်သုံးသင့်သလို သင်ရောသင်ကလေးစားမည့် အစာများမှပါ ကန့်သတ်သုံးစွဲရန် လိုအပ်ပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%9e%e1%80%80%e1%80%bc%e1%80%ac%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac-%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%a1/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-for-uterus/
ဘယ်အသက်အရွယ်အထိ လိင်ဆက်ဆံမှာလဲ
ဘယ်အသက်အရွယ်အထိလိင်ဆက်ဆံမယ်လို့ တွေးဖူးသလား။ ဘယ်အချိန်ဆိုရင် ရပ်လိုက်မယ်၊ ဘယ်အရွယ်အထိ ဆက်ပြီး လိင်ဆက်ဆံနေဦးမယ်ဆိုတာမျိုးပေါ့။“အသက်ကြီးမှ နှာဘူးထနေပြန်ပြီ” လို့ ဘယ်သူမှ အပြောအဆို မခံချင်ကြသလို၊ အသက်ကြီးရင့်လာချိန်မှာ လိင်စိတ်ရှိနေသေးတာကို အပြစ်တစ်ခုလို ခံယူလာတတ်ကြတာကလည်း လူ့ သဘာဝပါပဲ။သိပ္ပံနည်းကျ လေ့လာချက်တွေအရဆိုရင် ဘယ်အရွယ်အထိပဲလိင်ဆက်ဆံရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးမရှိထားပါဘူး။ ဒါပေမယ့် ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကတော့ ကန့်သတ်မှုတွေ ပြုလုပ်ထားပါတယ်။လိင်မှုကိစ္စဆိုတာ ငယ်ရွယ်တက်ကြွမှုတွေ၊ ခွန်အားပြည့်ဝမှုတွေ အိမ်ထောင်သားမွေးအမှုကိစ္စတွေနဲ့ ဆက်စပ်နေတဲ့ ကိစ္စတစ်ခုလို့ တံဆိပ်ကပ်ခြင်းခံထားရတယ်မဟုတ်လား။ အသက်ကြီးလာရင် လိင်စိတ်ကုန်ခမ်းသွားလိမ့်မယ်လို့ လူတိုင်းက လွယ်လွယ်တွေးထားကြတယ်။တကယ်ဟုတ်ပါ့မလား …။အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် အသက်အရွယ်ကြီးရင့်လာချိန်မှာ လိင်မှုကိစ္စအတွက် ဆန္ဒအာသီသ နည်းလာတတ်တာ သဘာဝပါပဲ။ ဒါပေမယ့် နည်းပါးသွားတာဟာ ပျောက်ဆုံးသွားတာမဟုတ်ကြောင်း နားလည်ထားဖို့တော့ လိုအပ်ပါတယ်။Kinsey Institute က ပါမောက္ခ စတက်ဖနီ ဆန်းဒါးစ်ရဲ့ အဆိုကို ကိုးကားရမယ်ဆိုရင် “လိင်မဆက်ဆံဖြစ်တာပဲရှိတာ။ လိင်ဆက်ဆံချင်စိတ် ကုန်သွားတာ မဟုတ်ဘူး” ဆိုတာမျိုးပေါ့။လေ့လာချက်တွေအရဆိုရင် အမျိုးသားတွေဟာ အသက် ၆၀-၇၀ ဝန်းကျင်ရောက်လာတဲ့အထိ လိင်စိတ်ဆန္ဒ လုံလုံလောက်လောက် ကျန်ရှိနေတတ်ပါသေးတယ်တဲ့။လောကဓံ၊ စိတ်ဖိစီးမှု၊ အရက်သေစာ၊ မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ ကွမ်းယာကြောင့်ဖြစ်လာတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေသာ မရှိဘူးဆိုရင် လိင်စိတ်ဆန္ဒလျော့ပါးမှုဟာ နည်းနည်းစီသာ လျော့ပါးနေမှာဖြစ်ပါတယ်။အမျိုးသမီးတွေကတော့သွေးဆုံးပြီးချိန်မှာ လိင်စိတ်လျော့ပါးသွားလေ့ရှိပါတယ်။ ဒါပေမယ့်လည်း အထက်မှာပြောခဲ့သလိုပဲ လုံးဝပျောက်ဆုံးသွားတာမျိုးမဟုတ်ပါဘူး။မေးခွန်းကို ပြန်ဆက်ရရင် ဘယ်အချိန်အထိ လိင်ဆက်ဆံမှာလဲ၊ ၅၀ ကျော်အထိလား ၇၀ ကျော်အထိလား ၉၀ ကျော်အထိလား။လူတစ်ယောက်က လုံလောက်တဲ့ ကျန်းမာသန်စွမ်းမှုမျိုးရှိနေပြီး စိတ်ဆန္ဒလည်း ရှိနေသေးတယ်ဆိုရင် ဘယ်အသက်အရွယ်မဆို လိင်ဆက်ဆံလို့ရနိုင်ပါတယ်။ လိင်ဆက်ဆံတယ်ဆိုတာက စိတ်အားထက်သန်မှု၊ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်၊ အခွင့်အလမ်းနဲ့ လိုအင်ဆန္ဒတွေ ပေါင်းစပ်လုပ်ဆောင်ရတာမို့ ဒါတေအားလုံး ပြည့်စုံနေဖို့တော့ လိုတာပေါ့။National Social Life, Health, and Aging Project (NSHAP) နဲ့ National Council on the Aging (NCOA) တို့လို အဖွဲ့အစည်းတွေက အမေရိကမှာ ပြုလုပ်တဲ့ သုတေသနတွေအရဆိုရင် အသက် ၅၀ နဲ့အထက် အရွယ်ရှိတဲ့ လူကြီးတွေထဲက အမျိုးသား ၇၈% နဲ့ အမျိုးသမီး ၄၁% ဟာ လိင်ဆက်ဆံတဲ့ အလေ့အထရှိနေကြဆဲပါတယ်တဲ့။တစ်ဦးထက်ပိုတဲ့ လိင်ဆက်ဆံဖော်ရှိနေတဲ့သူကလည်း အမျိုးသား ၃% နဲ့ အမျိုးသမီး ၁% လောက်အထိ ရှိကြတယ်လို့ဆိုပါတယ်။ပါးစပ်နဲ့လိင်ဆက်ဆံတာ (Oral Sex)မျိုးကို ပြုလုပ်သူကတော့ အမျိုးသားထဲမှာ ၂၈% နဲ့ အမျိုးသမီး ၃၆% လောက်ရှိပါသတဲ့။အသက် ၇၅-၈၅ နှစ်ကြားအရွယ်လူကြီးတွေထဲကမှ အမျိုးသား ၃၈% နဲ့ အမျိုးသမီး ၁၇%ဟာ အနည်းဆုံး တစ်နှစ်မှာ တစ်ကြိမ်တော့ လိင်ဆက်ဆံနေကြဆဲလို့ သုတေသနပြုချက်မှာ ဖော်ပြထားပါတယ်။ဒါပေမယ့် သူတို့ရဲ့ လိင်မှုကိစ္စတွေက ပြီးမြောက်တဲ့အဆင့်အထိရောက်တာမျိုးကတော့ ဖြစ်နိုင်ခြေနည်းပါးလှပြီး နမ်းရှုံ့တာ၊ ဖက်လှဲတကင်းနေတာ၊ လိင်အာသာဖြေတဲ့ အခြေအနေမျိုးတွေသာ ပိုများပါတယ်။ အမျိုးသား ၂၈% နဲ့ အမျိုးသမီး ၁၆% လောက်က တစ်နှစ်မှာ အနည်းဆုံးတစ်ကြိမ်တော့အာသာဖြေကြလေ့ရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။ထူးခြားတာကတော့ အသက်အရွယ်မျိုးစုံသော အမျိုးသားတွေက ဘယ်အသက်အရွယ်မှာမဆို လိင်စိတ်ဆန္ဒရှိနေဆဲဖြစ်တယ်လို့ တညီတညွတ်တည်း ဆန္ဒပြုခဲ့ကြတာပါပဲ။အမျိုးသားတွေဟာ ဘယ်အသက်အရွယ်ရောက်ရောက် ကျန်းမာနေမယ်ဆိုရင် စိတ်ဆန္ဒပြင်းပြနေတတ်တယ်ဆိုတဲ့ သဘောဖြစ်နိုင်ပါတယ်။လိင်စိတ်ဆန္ဒက လူတိုင်း အသက်အရွယ်တိုင်းမှာ ရှိနေတတ်ပါတယ်။ အလုံးစုံ ပျောက်ကွယ်သွားဖို့ကတော့ ခက်ခဲလှတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် ဒီအကြောင်းအရာမျိုးက ဖွင့်ဟပြောဆိုဖို့ ခက်ခဲလှတဲ့ ကိစ္စလည်းဖြစ်ပါတယ်။အမေရိကန်လိုတိုင်းပြည်မျိုးမှာတောင်မှ သက်ကြီးရွယ်အိုတွေ လိင်မှုကိစ္စ စိတ်ဝင်စားမှုပြသရင် လှောင်ပြောင်မှုတွေ၊ ကဲ့ရဲ့ရှုံ့ချတာတွေ ပြုလုပ်တတ်ကြပါတယ်။ ဒါပေမယ့်လည်း သွေးသားက ဖြစ်ပေါ်လာတဲ့ စိတ်ဆန္ဒကိုတော့ ထိမ်းချုပ်ရခက်လှတယ်မဟုတ်လား။ပုံမှန်အားဖြင့်ဆိုရင် အသက်အရွယ်ကြီးရင့်လာချိန်မှာ လိင်စိတ်ဆန္ဒက တဖြည်းဖြည်းချင်း လျော့ပါးလာမှာပါ။ ဒါပေမယ့် လုံးဝပျောက်ကွယ်သွားဖို့တော့ ခက်ခဲပါရဲ့။ဒါကြောင့် ကိုယ့်မှာ ဒီလိုစိတ်မျိုးဖြစ်ပေါ်လာခဲ့ရင် တစ်ခုခုလွဲချော်နေတယ်လို့ မရှုမြင်ဖို့ လိုအပ်ပါတယ်။ ဒါက သဘာဝပဲမို့ပါ။ ကိုယ်ကျန်းမာသန်စွမ်းနေဆဲဆိုတဲ့ အဓိပ္ပာယ်မျိုးလည်း ဖြစ်နိုင်တယ်မဟုတ်လား။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/attitudes-about-sexuality-and-aging/
ကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေမယ့် သဘာဝ နည်းလမ်းများ
အိပ်မပျော်တာကကိုယ်ဝန်ဆောင်မိခင်တိုင်း ခံစားရလေ့ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ဖြစ်လေ့ရှိတယ်ဆိုပေမယ့်လည်း ဒီကျန်းမာရေး ပြဿနာကို မကုသဘဲ ထားလို့ မဖြစ်ပြန်ပါဘူး။ ကာလရှည်ကြာ အိပ်မပျော်တာက ကိုယ်ဝန်ဆောင် မေမေတွေကိုစိတ်ဓာတ်ကျတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာကို ဆေးဝါးမလိုဘဲ အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းလေး ပြောပြပေးပါရစေ။ ကဲ … ကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေမယ့် သဘာဝ နည်းလမ်းများ အကြောင်း လေ့လာလိုက်ရအောင်နော်။ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ပျော်အောင်ဆိုပြီး အိပ်ဆေး မသောက်သင့်ပါဘူး။ ကိုယ်ဝန်ဆောင် မေမေ အိပ်ဆေးသောက်တဲ့အခါ။ကိုယ်ဝန်ဆောင် မေမေ အနေနဲ့ ညဘက်တွေ အိပ်မပျော်ဘူး ဖြစ်နေတယ်ဆိုရင် ဒီနည်းလမ်းလေးတွေကို စမ်းသပ်ကြည့်သင့်ပါတယ်။ ကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေမယ့် သဘာဝ နည်းလမ်းများ ကတော့ –။ကိုယ်ဝန်ဆောင်မေမေတွေ အိပ်စက်မယ့် အိပ်ခန်းက လေဝင်လေထွက် ကောင်းဖို့ လိုပါမယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် မေမေရဲ့ အိပ်ခန်းမှာလေအေးပေးစက်ဖွင့်ထားတာမျိုး မလုပ်ပါနဲ့။ပန်ကာဖွင့်ပေးလို့တော့ ရပါတယ်။ လေဝင်လေထွက်ကောင်းတာက မေမေ့ကို အိပ်ပျော်စေသလို ဗိုက်ထဲက ဘေဘီလေးရဲ့ ကြီးထွားမှုကိုလည်း မြန်စေပါတယ်။ညဘက်အိပ်တဲ့အခါ လေဝင်လေထွက် ကောင်းပြီး ချွေးစုပ်တဲ့ ချည်သား ပွပွချောင်ချောင်လေး ဝတ် အိပ်ပေးပါ။ ဒါက မေမေ့ကို ကောင်းကောင်း အိပ်ပျော်စေဖို့ အကောင်းဆုံး အကူအညီပေးနိုင်မှာပါ။အိပ်ရာမဝင်ခင်မှာ အပူချိန် ၃၅ ဒီဂရီဆဲစီးရပ်စ် ကနေ ၃၈ ဒီဂရီဆဲစီးရပ်စ် အတွင်းရှိတဲ့ ရေနွေးနွေးလေးထဲမှာ ခြေထောက်စိမ်တာ၊ ရေချိုးတာမျိုး လုပ်ပေးတာက စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီးကြွက်သားတွေကို ပြေလျော့စေသလိုစိတ်ခံစားမှုကောင်းစေလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာပါ။အယ်လ်ကိုဟော သောက်တာက အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဆီးခဏခဏသွားစေတာကြောင့်လည်း အိပ်ရေးပျက်စေနိုင်ပါတယ်။ ဒါ​ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာစေဖို့ အယ်လ်ကိုဟော လုံးဝ မသောက်ပါနဲ့။ကိုယ်ဝန်ဆောင်ချိန် လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်သင့်ပါဘူး။ လေ့ကျင့်ခန်း လုပ်တာက ကိုယ်ဝန်ဆောင် မေမေကို အင်အားကုန်ခမ်းစေနိုင်သလိုအိပ်စက်မှုကိုပါ အနှောင့်အယှက် ဖြစ်စေပါတယ်။အိပ်ရာမဝင်ခင် မိနစ် ၃၀ အလိုလောက်မှာ နွားနို့ ပူပူလေး တစ်ခွက် သောက်ပါ။ နွားနို့ သောက်တာက ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့အာဟာရဓာတ်တွေကို ပြည့်ဝစေနိုင်သလို ဗိုက်ထဲက ဘေဘီလေးကိုလည်း ကျန်းမာစေဖို့ ညဘက်တိုင်းမှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်စေမှာပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ခပ်ဖွဖွလေး အနှိပ်ခံတာက ကြွက်သားတွေကို ပြေလျော့စေပြီး  သက်တောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အနှိပ်ခံတာက စိတ်ခံစားမှု ကောင်းစေပြီး ညဘက်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်စေပါတယ်။ညအိပ်ရာမဝင်ခင်မှာ စိတ်ပျော်ရွှင်ခဲ့ရတဲ့ အခိုက်အတန့်တွေ၊ ပျော်စရာ အဖြစ်အပျက်တွေကို ပြန်တွေးတောပါ။ ဒါကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/home-remedies-for-pregnancy-insominia/
ဓမ္မတာ နောက်ကျရခြင်းရဲ့ အကြောင်းရင်းများ
အကယ်၍ အမျိုးသမီးတစ်ယောက်ကဓမ္မတာပုံမှန်လာနေပြီး ရုတ်တရက် ဓမ္မတာနောက်ကျနေတဲ့အခါမှာ မမျှော်လင့်ထားတဲ့ကိုယ်ဝန်ကြောင့် နောက်ကျနေတာလာဆိုပြီး စိတ်ရှုပ်တတ်ကြပါတယ်။ ဒါပေမဲ့ ဓမ္မတာနောက်ကျရခြင်းအကြောင်းရင်းတွေ အများကြီး ရှိပြီးသန္ဓေတားဆေးသောက်တာကစလို့ စိတ်ဖိစီးမှုလို အကြောင်းရင်းတွေကြောင့်လည်း ဓမ္မတာ နောက်ကျနိုင်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ Hello Sayarwon ပရိတ်သတ်တွေအတွက် ဓမ္မတာ နောက်ကျရခြင်းရဲ့ အကြောင်းရင်းများ ကို ဖော်ပြပေးလိုက်ပါတယ်။ဓမ္မတာ နောက်ကျရခြင်းရဲ့ အကြောင်းရင်းများ ကတော့။၁။ စိတ်ဖိစီးမှု များနေခြင်း။စိတ်ဖိစီးမှုက ဓမ္မတာ စက်ဝန်းပေါ်ကို သက်ရောက်နိုင်ပါတယ်။ အထူးသဖြင့် အချိန်ကြာမြင့်စွာ စိတ်ဖိစီးနေမယ်ဆိုရင် အမျိုးသမီးတစ်ယောက်အနေနဲ့ ဓမ္မတာ ပိုတိုလာနိုင်သလို၊ ပိုရှည်လာနိုင်တဲ့အပြင် ဓမ္မတာ မလာတော့သည်အထိ ဖြစ်စေနိုင်ပါတယ်။ တချို့သောအမျိုးသမီးတွေမှာဆိုရင် စိတ်ဖိစီးနေတဲ့အချိန် ဓမ္မတာလာချိန် ဗိုက်နာခြင်းတွေကို ကြုံရလေ့ ရှိပါတယ်။ဒါကြောင့် ဒီလို ဓမ္မတာနောက်ကျနေမယ်ဆိုရင် စိတ်ဖိစီးစေတဲ့အကြောင်းရင်းတွေကို တတ်နိုင်သလောက်ရှောင်ပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်တာ၊ ပုံမှန်အိပ်စက်တာတွေက စိတ်ဖိစီးခြင်းကို ပျောက်စေနိုင်ပြီး ဓမ္မတာကို ပုံမှန်အတိုင်း ဖြစ်စေနိုင်ပါတယ်။ အကယ်၍ အမျိုးသမီးတစ်ယောက်အနေနဲ့ ရေရှည် စိတ်ဖိစီးမှု ခံနေရရင် ဆရာဝန်ထံပြသပြီး ကုသမှု ခံယူသင့်ပါတယ်။၂။ သွေးမဆုံးခင် အကြိုကာလ။သွေးမဆုံးခင်ကာလအစောပိုင်းတွေမှာ ဖြစ်တတ်တဲ့ အကြိုကာလ (Perimenopause) မှာ ခန္ဓာကိုယ်က အီစထရိုဂျင်ဟော်မုန်းထုတ်လုပ်မှု နည်းလာတဲ့ အချိန်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီအချိန်ဟာ အမျိုးသမီးတစ်ယောက် အသက် ၄၀ အပိုင်းအခြားကာလမှာ ဖြစ်တတ်ပေမယ့် တစ်ခါတစ်ရံမှာ အသက် ၃၀ နားတစ်ဝိုက်မှာလည်း ဖြစ်ပါတယ်။သွေးမဆုံးခင် အကြိုကာလ (Perimenopause) ဟာ ပုံမှန်အားဖြင့် ၄ နှစ်ခန့် ကြာတတ်ပေမယ့် တချို့အမျိုးသမီးတွေမှာတော့ လအနည်းငယ်ခန့်ကြာတတ်ပြီး တချို့တွေမှာတော့ ၁၀ နှစ်အထိ ကြာတတ်ပါတယ်။ သွေးမဆုံးခင် အကြိုကာလ (Perimenopause) ဟာ အမျိုးသမီးတစ်ယောက် ၁၂ လတိတိ ဓမ္မတာ မလာတော့တဲ့ သွေးဆုံးချိန်ရောက်ရင် ပြီးဆုံးသွားပြီလို့ သတ်မှတ်လို့ရပါတယ်။Perimenopause မှာ အီစထရိုဂျင် ထုတ်လုပ်မှုက တဖြည်းဖြည်း နည်းလာတာကြောင့် အမျိုးသမီးတစ်ယောက်ရဲ့ ဓမ္မတာ စက်ဝန်းက ပြောင်းလဲနိုင်ပြီး ဒီအချိန်မှာ ဓမ္မတာ မမှန်တော့တာမျိုး၊ ဓမ္မတာမလာတော့တာမျိုး ဖြစ်နိုင်ပါတယ်။၃။ ကိုယ်အလေးချိန်လျော့လာခြင်း။သိသိသာသာ ပိန်ကျသွားတာမျိုး၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်း ကစားလိုက်တာမျိုးက အမျိုးသမီးတစ်ယောက်ရဲ့ ဓမ္မတာကို ပျောက်ကွယ်စေနိုင်ပါတယ်။ သာမန်ရှိနေတဲ့ ကိုယ်အလေးချိန်ထက်ပိန်နေတာမျိုး ဒါမှမဟုတ် ခန္ဓာကိုယ် အဆီ ပမာဏက နည်းပါးနေတာမျိုးက မျိုးပွားဟော်မုန်း ထုတ်လုပ်မှုကို ပြောင်းလဲပစ်နိုင်ပြီး မျိုးဥကြွေခြင်းနဲ့ ဓမ္မတာ မလာစေနိုင်တော့တဲ့ ပမာဏ အထိ နည်းစေနိုင်ပါတယ်။ ဒါ့ကြောင့် ပိန်နေတဲ့ အမျိုးသမီးတွေအနေနဲ့ ဓမ္မတာ တစ်ခါ မလာတော့မျိုး၊ လပေါင်းများစွာ ဓမ္မတာ မလာတော့တာမျိုးကြုံရမယ်ဆိုရင် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေ လုံလောက်စွာရရှိဖို့ အတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။၄။ အဝလွန်နေခြင်း။ခန္ဓာကိုယ်အလေးချိန်နည်းနေသလိုပဲ အဝလွန်ခြင်းက အမျိုးသမီးတစ်ယောက်ရဲ့ ဓမ္မတာ စက်ဝန်းအပေါ် သက်ရောက်မှု ရှိပါတယ်။ အဝလွန်ခြင်းနဲ့ ဓမ္မတာ မလာတော့ခြင်းက အမျိုးသမီးတစ်ယောက်မှာ သားဥအိမ်တွင်း အရည်အိတ်တွေ ဖြစ်ပေါ်နေတဲ့ ဝေဒနာ (polycystic ovary syndrome (PCOS)) ဖြစ်နေတယ်ဆိုတဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီလို ဖြစ်နေရင် အမျိုးသမီးတစ်ယောက်အနေနဲ့ ဆရာဝန်ထံ ပြသကြည့်ဖို့ အရေးကြီးပါတယ်။သားဥအိမ်တွင်း အရည်အိတ်တွေ ဖြစ်ပေါ်နေတဲ့ ဝေဒနာ (polycystic ovary syndrome (PCOS)) ဆိုတာ မျိုးပွားနိုင်တဲ့ အရွယ် အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ဟော်မုန်းမူမမှန်တဲ့ဝေဒနာ တစ်မျိုးပါ။ ဒီဝေဒနာရှိနေတဲ့အမျိုးသမီးတွေမှာ ဓမ္မတာ ပုံမမှန်ခြင်း၊ ဓမ္မတာ ကာလကြာခြင်းနဲ့ အမျိုးသားဟော်မုန်း (အန်ဒရိုဂျင်) များနေခြင်းတို့ ဖြစ်နိုင်ပြီး သားဥအိမ်မှာလည်း အရည်အိတ်လေးများ ပေါက်လာကာ ပုံမှန် မျိုးဥ မကြွေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ဒါကြောင့် ဒီလို အခြေအနေမျိုးရှိရင်တော့ သွေးစစ်ဆေးခြင်း (ဒါမှမဟုတ်) ultrasound စစ်ဆေးမှု ခံယူပြီး သားဥအိမ်မှာ ဘာမှ ဖြစ်မနေတာကို သေချာအောင်စစ်ဆေးသင့်ပါတယ်။၅။ သန္ဓေတားနည်းများ။ဟော်မုန်းပါတဲ့ သန္ဓေတားနည်းတွေက အမျိုးသမီးတစ်ယောက်ရဲ့ ဓမ္မတာကို မလာတော့သည်အထိ ဖြစ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဟော်မုန်း သန္ဓေတားဆေးတွေဟာ အီစထရိုဂျင်နဲ့ ပရိုဂျက်စရုန်းကို ပေါင်းစပ်ပြီး အချိန်တစ်ခုအထိ သောက်သုံးပြီးမှ ဟော်မုန်းမပါတဲ့ ဆေးကို ၇ ရက်သောက်သုံးရတာ ဖြစ်ပါတယ်။ ဒီလို ဟော်မုန်းမပါတဲ့ ဆေးတွေသောက်သုံးတဲ့အချိန်မှာ ဓမ္မတာလာပါတယ်။ တစ်ခါတစ်ရံမှာ ဒီဟော်မုန်း ၂ မျိုးက သားအိမ်ရဲ့ အနားသပ်တွေကို အရမ်းပါးစေတဲ့ အတွက် ဓမ္မတာ မလာတော့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို ဟော်မုန်းပါတဲ့ သန္ဓေတားနည်းတွေ ဖြစ်တဲ့ သန္ဓေတားဆေးတွေ၊ သန္ဓေတားအချပ်တွေ၊ ထိုးဆေးတွေနဲ့ ခန္ဓာကိုယ်အတွင်းထည့် ပစ္စည်းတွေကြောင့် ဓမ္မတာ မလာတော့တာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်စဉ်မျိုးဟာ အန္တရာယ်မရှိပေမယ့် အမျိုးသမီးတစ်ယောက်အနေနဲ့ သန္ဓေတားဆေး ရွေးချယ်တဲ့အချိန်မှာ ဖြစ်လာနိုင်တာတွေကို ဆရာဝန်ထံမေးမြန်းထားသင့်ပါတယ်။၆။ တခြား ဟော်မုန်း အခြေအနေ။တချို့သော ဟော်မုန်းတွေ ဖြစ်တဲ့ ပရိုလက်တင် (prolactin) နဲ့ သိုင်းရွိုက် ဟော်မုန်းတွေကြောင့် ဓမ္မတာ မလာတော့တာမျိုး ဖြစ်နိုင်ပါတယ်။ပရိုလက်တင် (prolactin) ဟော်မုန်းကတော့ ပီကျူထရီဂလင်းက ထုတ်လုပ်တဲ့ ဟော်မုန်း ဖြစ်ပြီး မိခင်နို့ရည်ထုတ်လုပ်တဲ့အခန်း ကဏ္ဍမှာ အရေးပါပါတယ်။ ဒါ့အပြင် ဒီဟော်မုန်းဟာ တခြား ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေဖြစ်တဲ့ မျိုးပွားစနစ်နဲ့ ကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်ချက်တွေအတွက်လည်း အရေးပါပါတယ်။သိုင်းရွိုက် ဟော်မုန်းတွေဆိုတာကတော့ လည်ပင်းရဲ့ အရှေ့ခြမ်းမှာတည်ရှိတဲ့ သိုင်းရွိုက်ဂလင်း မှထုတ်လုပ်တဲ့ ဟော်မုန်းတွေဖြစ်ပါတယ်။ သိုင်းရွိုက် ဟော်မုန်းတွေထဲမှာ အရေးပါဆုံး ဟော်မုန်း ၂ မျိုးကတော့ thyroxine (T4) နဲ့ triiodothyronine (T3) ဖြစ်ပြီး ဆဲလ်တွေအတွင်းက ဓာတုဖြစ်စဉ်တွေနဲ့ ဆဲလ်တွေ ကြီးထွားခြင်းကို ထိန်းချုပ်ပါတယ်။ဒီလို ဟော်မုန်းတွေ ပမာဏ မညီတဲ့အခါ ဓမ္မတာ ကွယ်ခြင်း၊ နောက်ကျခြင်း ကို ဖြစ်စေနိုင်ပါတယ်။ ဟော်မုန်းပမာဏ မညီမျှခြင်းကို သွေးစစ်ခြင်းဖြင့် သိရှိနိုင်ပါတယ်။ ဘာကြောင့် ဒီလို ဟော်မုန်းတွေ မညီမမျှဖြစ်နေတာလဲဆိုတာကိုတော့ ဆရာဝန်ထံမှာ စစ်ဆေးဖို့လိုပါတယ်။ တစ်ခါတစ်ရံမှာ ဟော်မုန်းတွေ မညီမျှဖြစ်ခြင်းက ဦးနှောက်အကျိတ်ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် များသောအားဖြင့် မှန်ကန်တဲ့ကုသမှု ခံယူခြင်းဖြင့် ဓမ္မတာက ပုံမှန်ပြန်ဖြစ်နိုင်ပါတယ်။၇။ သားဥအိမ်တွင်း အရည်အိတ်တွေ ဖြစ်ပေါ်နေတဲ့ ဝေဒနာ (polycystic ovary syndrome (PCOS))။သားဥအိမ်တွင်း အရည်အိတ်တွေ ဖြစ်ပေါ်နေတဲ့ ဝေဒနာ (polycystic ovary syndrome (PCOS)) ဟာ အမျိုးသမီးတွေရဲ့ မျိုးဥအိမ်အပေါ် သက်ရောက်မှုရှိပြီး ဒီမျိုးဥအိမ်ဟာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်းကို ထုတ်လုပ်တာ ဖြစ်ပါတယ်။ ဒီဟော်မုန်း ၂ မျိုးက ဓမ္မတာ စက်ဝန်းကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်း၂ မျိုးပါ။ ဒီဝေဒနာဟာ မျိုးပွားနိုင်တဲ့အရွယ် အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ဟော်မုန်း ပုံမမှန်တဲ့ဝေဒနာ ဖြစ်ပါတယ်။ဒီဝေဒနာ ဖြစ်ရင် ခံစားရတဲ့ ဖြစ်စဉ်တွေက အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်မတူဘဲ ဟော်မုန်း ပုံမမှန်ခြင်း၊ သားဥအိမ်မှာ အရည်အိတ်များဖြစ်ခြင်း၊ ဝက်ခြံပေါက်ခြင်း၊ ခန္ဓာကိုယ်နဲ့ မျက်နှာမှာ အမွေးများလာခြင်း၊ အမျိုးသားတွေလို ထိပ်ပြောင်လာခြင်းနဲ့ အဝလွန်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ဒီဝေဒနာဖြစ်ရင် ဓမ္မတာတွေ ပုံမမှန်ဖြစ်လာပြီး တစ်ခါတစ်ရံ ဓမ္မတာ မလာတော့သည်အထိ ဖြစ်နိုင်ပါတယ်။ဒါ့ကြောင့် ဒီလို ဝေဒနာရှိနေတယ်လို့ သံသယရှိနေတဲ့ အမျိုးသမီးတွေအနေနဲ့ ဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။ အကယ်၍ မကုသခဲ့ဘူးဆိုရင် မျိုးပွားနိုင်တဲ့အချိန် ဓမ္မတာ မလာခြင်းက သားအိမ် အနားသတ်လိုင်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။၈။ ကိုယ်ဝန်ရှိနေခြင်း။ဓမ္မတာ မလာတော့ခြင်းရဲ့ ဖြစ်နိုင်ခြေ အများဆုံးကတော့ ကိုယ်ဝန်ကြောင့် ဖြစ်ပါတယ်။ ကိုယ်ဝန်ဟာ သန္ဓေတားနည်းတွေကို ပုံမှန်သုံးနေရင်တောင် ရနိုင်ပါသေးတယ်။ ဒါကြောင့် လိင်ဆက်ဆံမှု ပုံမှန်ရှိပြီး ဓမ္မတာ နောက်ကျနေတဲ့ အမျိုးသမီးတွေအနေနဲ့ အိမ်မှာ စစ်လို့ရတဲ့ ကိုယ်ဝန်စစ်ကိရိယာနဲ့ ကိုယ်ဝန်ရှိမရှိ စစ်ဆေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၀၀ ရာခိုင်နှုန်း အပြည့် ထိရောက်တဲ့သန္ဓေတားနည်း မရှိလို့ပါ။ အကယ်၍ ကိုယ်ဝန်စစ်ဆေးတဲ့အချိန် ကိုယ်ဝန်မရှိဘဲ ဓမ္မတာလည်း မလာသေးတဲ့ အမျိုးသမီးတွေအနေနဲ့ကတော့ ဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။အမျိုးသမီးတစ်ယောက်အနေနဲ့ ဓမ္မတာနောက်ကျတာကို စိုးရိမ်နေတယ်ဆိုရင် သူမရဲ့ ဓမ္မတာ လာတဲ့အချိန်၊ ပြီးတဲ့အချိန်နဲ့ တခြားသော ခံစားရတဲ့ ဝေဒနာတွေကိုရေးသား ထားသင့်ပါတယ်။ ဒါမှ ဆရာဝန်သွားရောက်ပြသတဲ့အခါမှာ ဆရာဝန်အနေနဲ့ စစ်ဆေးမှုကို ပိုမြန်မြန်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဓမ္မတာ လာတဲ့အချိန်နဲ့ ဆုံးတဲ့အချိန်ကိုလည်း သေချာမှတ်ထားသင့်ပါတယ်။တစ်ခါတစ်ရံမှာ ဓမ္မတာနောက်ကျတာ စိုးရိမ်စရာမလိုပေမယ့် လပေါင်းများစွာ ဓမ္မတာ မလာခြင်း၊ ကိုယ်ဝန်စစ်တဲ့အခါ ကိုယ်ဝန် ရှိနေခြင်း၊ အထက်မှာရေးခဲ့တဲ့ PCOS ဝေဒနာတွေကိုခံစားနေရခြင်း၊ ကိုယ်အလေးချိန်တိုးလာခြင်း၊ (ဒါမှမဟုတ်) ကိုယ်အလေးချိန်နည်းလာခြင်း၊ အလွန်အကျွံ စိတ်ဖိစီးနေတာတွေကိုခံစားရမယ်ဆိုရင်တော့ ကုသမှု ခံယူသင့်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/reasons-of-late-periods/
ကလေးအသားအရေကို ဂရုစိုက်ပေးနိုင်မည့် နည်းလမ်းများ
သင့်ကလေးငယ်၏အသားအရေသည် အလွန်နူးညံ့ ချောမွတ်နေလျှင် မနမ်းပဲနေနိုင်မည်မဟုတ်ပါ။ သို့သော် ထိုအတိုင်းထိန်းထားဖို့ကတော့ ခက်ပါ၏။ တခြားအင်္ဂါများနှင့်မတူ အရေပြား၏ ဖွံဖြိုးရန်လိုသည့်ချိန်သည် မိခင်ဝမ်းထဲ၌ ၉ လလုံးလုံး ဖြစ်သည်။ ကလေးအများစုတွင် အမေဖြစ်သူ၏ ဟော်မုန်းများကြောင့် မွေးကင်းစဝက်ခြံလေးများ ပေါက်တတ်သည်။ ငယ်ရွယ်ပြီးအထိမခံသည့် ကလေးအသားရေကို ထိန်းသိမ်းပေးဖို့ရာ အချိန်နှင့် လူအားတော့ လိုပါလိမ့်မည်။မွေးကင်းစဝက်ခြံများကို ဘာမှလုပ်ပေးရန်မလိုပါ။ သင်အကောင်းဆုံးလုပ်ပေးနိုင်သည်မှာ သန့်သန့်ရှင်းရှင်း ခြောက်ခြောက်သွေ့သွေ့ထားပေးပါ။ ညှစ်ပစ်ချင်စိတ်ကို ထိန်းပါ။ မဟုတ်လျှင် ကလေးကြီးလာသည်အထိ အမာရွတ် ထင်သွားနိုင်ပါသည်။ ဝက်ခြံဖုများက သူ့အလိုလိုပျောက်သွားပါလိမ့်မည်။ သို့သော် ပျောက်မသွားပဲ ယားယံခြင်း မသက်မသာဖြစ်ခြင်းတို့နှင့်အတူ ပိုဆိုးလာပါက ဆရာဝန်ဆီ အကြံဉာဏ်တောင်းပါ။ ညှင်းခူလို တခြားအရေပြားရောဂါလည်းူ ဖြစ်နေနိုင်ပါသည်။စိတ်ချရသည်တော့မဟုတ်ပါ။ ကလေးများအတွက် အသားအရေနှင့် ဆံသားထိန်းသိမ်းပစ္စည်းများတွင်လည်း ထိခိုက်စေသည့်ပစ္စည်းများ ပါဝင်ပါသည်။ တစ်ချို့ကလေးငယ်များအတွက် ထိုထုတ်ကုန်များမှာ ဘာမှမဖြစ်သောလည်း တစ်ချို့တွင်တော့ အရေပြားထိခိုက်ခြင်းမျာဒ ဖြစ်စေပါသည်။ထို့အပြင် ဖြည့်စွက်ပစ္စည်းများဖြစ်သော parabens နှင့် phthalates – dibutyl phthalate (DBP), dimethylphthalate (DMP) နှင့် diethyl phthalate (DEP) တို့သည်လည်း စိတ်ပူစရာကောင်းသည့် ဓါတုပစ္စည်းများ ဖြစ်သည်။ သိပ္ပံနည်းကျ လေ့လာမှုများအရ ထိုပစ္စည်းများနှင့် ထိတွေ့ရခြင်းသည် လူသားများတွင် ဟော်မုန်းပြောင်းလဲမှုကို ဖြစ်ပွားစေပြီး ကြီးထွားဖွံဖြိုးမှုဆိုင်ရာ ပြဿနာများ ဖြစ်ပွားနိုင်ပါသည်။၎င်းပစ္စည်းများကို လေ့လာရာတွင် တိရိစ္ဆာန်များနှင့်သာ လေ့လာရသည်ဆိုသော်လည်း လူတွင်အန္တရာယ်ကင်းကောင်း သက်သေပြထားနိုင်သည် မဟုတ်ပါ။အန္တရာယ်ဖြစ်လာနိုင်သည့် ပစ္စည်းများကို မသုံးချင်ဘူးဆိုပါက အောက်ပါအကြံပြုချက်များကို ဖတ်ကြည့်ပါ။ရိုးရှင်းမှုသည် အကောင်းဆုံးဖြစ်သည်။ ကုန်ပစ္စည်းမှ ပါဝင်ပစ္စည်းများ အလွန်များနေပြီး ထိုပစ္စည်းများကို အသံတောင်မထွက်ဘူးဆိုလျှင် ပိုရိုးရှင်းသည့် ထုတ်ကုန်ကိုသာ အသုံးပြုပါ။ ပါဝင်ပစ္စည်းနည်းသော ထုတ်ကုန်ကိုသုံးခြင်းသည် ကလေးနှင့် အန္တရာယ်ရှိပစ္စည်း ထိတွေ့မှုကို လျော့ချပေးနိုင်ပါသည်။Hello Health Group သည် ဆေးပညာနဲ့ဆိုင်သော အကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းများ မလုပ်ဆောင်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/skin-diseases-in-children/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%9b%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%80%82%e1%80%9b%e1%80%af%e1%80%85%e1%80%ad%e1%80%af%e1%80%80%e1%80%ba/
Early menopause (အချိန်မတိုင်ခင်သွေးဆုံးခြင်း)
သွေးဆုံးခြင်းဆိုတာ ရာသီသွေးမပေါ်တော့တဲ့အချိန်ကို ခေါ်တာပါ။ ဆေးပညာမှာ ၁၂လဆက်တိုက် ရာသီမလာခြင်းလို့ အဓိပါယ်ဖွင့်ပါတယ်။မိန်းမအများစုက အသက်၄၅နဲ့၅၅လောက်မှာ သွေးဆုံးခြင်းစတင်ပါတယ်။ တချို့မိန်းမတွေက မျိုးရိုးဗီဇ၊ နာမကျန်ခြင်းနဲ့ ဆေးကုသမှုတွေကြောင့် အသက်၄၀မတိုင်ခင် သွေးဆုံးကြပါတယ်။ ထိုအရွယ်မတိုင်ခင် သွေးဆုံးခြင်း (သဘာဝအတိုင်း သို့မဟုတ် အကြောင်းအရင်းတစ်ခုခုကြောင့်ဖြစ်ခြင်း)ကို အချိန်မတိုင်ခင်သွေးဆုံးခြင်းလို့ခေါ်ပါတယ်။အချိန်မတိုင်ခင်သွေးဆုံးခြင်းက အဖြစ်မများပါဘူး။ အသက်၁၅နှင့်၂၉ကြားမိန်းကလေး အယောက်၁၀၀၀မှာ ၁ယောက်နှုန်နဲ့ အသက်၃၀နှင့်၃၉ကြားမိန်းမ အယောက်၁၀၀မှာ ၁ယောက်နှုန်းဖြင့် ဖြစ်ပွားလျက်ရှိပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အချိန်မတိုင်ခင်သွေးဆုံးခြင်းခံစားရတဲ့မိန်းမတွေဟာ သဘာဝအတိုင်း သွေးဆုံးတဲ့မိန်းမတွေနဲ့ တူညီတဲ့လက္ခဏာတွေရှိကြပါတယ်။သွေးဆုံးခြင်းဖြစ်တဲ့အခါ ရာသီသွေးမမှန်တာတွေဖြစ်ပေါ်လာပါတယ်။ ရာသီလုံးဝမလာတော့တဲ့အချိန်ထိ နှစ်နဲ့ချီပြီး ကြိုတင်ဖြစ်ပွားလာနိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အသက်၄၀အောက်ဖြစ်ပြီး အောက်ပါတို့ကိုခံစားနေရပါက အချိန်မတိုင်ခင်သွေးဆုံးခြင်းလာဆိုတာကို သိရှိဖို့ ဆရာဝန်ဖြင့် ပြသရပါမယ်။သင့်ဆီမှာ သို့မဟတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။အချိန်မတိုင်ခင်သွေးဆုံးခြင်းရဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်လေ အကြောင်းအရင်းကို ဆုံးဖြတ်လို့မရပါဘူး။မျိုးရိုးဗီဇ။အချိန်မတိုင်ခင်သွေးဆုံးခြင်းအတွက် ဆေးပညာပိုင်းဆိုင်ရာ အကြောင်းပြချက်တိတိကျကျမရှိဘူးဆိုရင် မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်ပါတယ်။ သွေးဆုံးတဲ့အချိန်က မျိုးရိုးဗီဇနဲ့ သက်ဆိုင်ပါတယ်။ သင့်အမေရဲ့ သွေးဆုံးတဲ့အချိန်ကို သိရှိခြင်းက သင်ဘယ်အချိန်မှာ သွေးဆုံးမှာနဲ့ ပတ်သက်ပြီး သဲလွန်စပေးနိုင်ပါတယ်။ အမေမှာ သွေးဆုံးတာစောမယ်ဆိုရင် သင်လည်းစောနိုင်ပါတယ်။ ဒါပေမယ့်လည်း မျိုးရိုးဗီဇက တစ်ဝက်လောက် မှန်ပါတယ်။လူနေမှုဘဝပုံစံ။တချို့လူနေမှုဘဝပုံစံတွေက သွေးဆုံးတဲ့အချိန်အပေါ်မှာ သက်ရောက်မှုရှိကြပါတယ်။ ဆေးလိပ်သောက်ခြင်းမှာ သွေးမြန်မြန်ဆုံးစေသော အီစထရိုဂျင်ဆန့်ကျင် ဂုဏ်သတ္တိရှိပါတယ်။ ၂၀၁၂မှာ ပြုလုပ်ခဲ့သော လေ့လာမှုတွေအရ ဆေးလိပ်သမားတွေက စောပြီး သွေးဆုံးတတ်ကြပါတယ်။ မေးရိုးဆေးခန်းရဲ့အဆိုအရ ဆေးလိပ်သောက်တဲ့မိန်းမတွေက ဆေးလိပ်မသောက်တဲ့မိန်းမတွေထက် ၁နှစ်/၂နှစ်လောက်စောပြီး သွေးဆုံးကြပါတယ်။ ကိုယ်အလေးချိန်၊အရပ်အမြင့်အချိုး (BMI) ကလည်း အချိန်မတိုင်ခင်သွေးဆုံးခြင်းအပေါ်မှာ သက်ရောက်ပါတယ်။ အဆီတစ်ရှုးတွေထဲမှာ အီစထရိုဂျင်ကို သိုလှောင်ထားပါတယ်။ ပိန်လွန်းတဲ့မိန်းမတွေမှာ အီစထရိုဂျင်နည်းပြီး မြန်မြန်ကုန်တတ်ကြပါတယ်။ တချို့လေ့လာမှုအတွေအရ သတ်သတ်လွတ်သမားတွေ၊ လေ့ကျင့်ခန်းမလုပ်သူတွေ၊ နေရောင်ခြည်နဲ့ မထိတွေ့သူတွေဆိုရင် သွေးဆုံးခြင်းစောကြတယ်လို့ သိရပါတယ်။ခရိုမိုစုမ်း ချို့ယွင်းခြင်း။ခရိုမိုစုမ်းချို့ယွင်းမှုအချို့က စောစောသွေးဆုံးစေပါတယ်။ ဥပမာ တာနားစင်ဒရုန်း (မိုနိုစိုမီ အိတ်ခ်ျ၊ လိင်အင်္ဂါမဖွံ့ဖြိုးခြင်း)က ခရိုမိုစုမ်းချို့ယွင်းမှုတစ်မျိုးပါ။ တားနား စင်ဒရုန်းမိန်းမ အများစုက ပုံမှန်အလုပ်မလုပ်တဲ့ မျိုးဥအိမ်တွေ ရှိကြပါတယ်။ ယင်းအကြောင်းအရင်းကြောင့် အချိန်မတိုင်ခင်သွေးဆုံးကြပါတယ်။အခြားခရိုမိုစုမ်းချို့ယွင်းမှုတွေကလည်း အချိန်မတိုင်ခင်သွေးဆုံးခြင်းကို ဖြစ်စေနိုင်ပါတယ်။ တားနားစင်ဒရုန်းအမျိုးခွဲတစ်ခုဖြစ်တဲ့ လိင်အင်္ဂါသီးသန့်မဖွံ့ဖြိုးခြင်းပါဝင်တယ်။ ထိုအခြေအနေတွေမှာ မမျိုးဥအိမ်က အလုပ်မလုပ်ပါဘူး။ ရာသီလာအောင်၊ အပြင်လိင်ပန်းအင်္ဂါပုံသဏ္ဍန်တွေ ဖွံ့ဖြိုးလာအောင် ဟော်မုန်းအစားထိုးကုသခြင်း (HRT) ကို များသောအားဖြင့် မြှီးကောင်ပေါက်အရွယ်မှာ အသုံးပြုနိုင်ပါတယ်။ထရိုင်စိုမီ ၁၃နဲ့ ၁၈ဆိုတာ ၁၃ခုမြောက်နဲ့ ၁၈ခုမြောက် ခရိုမိုစုမ်းအတွဲတွေမှာ ခရိုမိုစုမ်းပါဝင်နေတာကို ခေါ်တာပါ။ ထိုအခြေအနေက စောစောရာသီလာခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မြုံခြင်းအပြင် အခြားသော ကိုယ်ခန္ဓါ မဖွံ့ဖြိုးမှု ပြဿနာတွေ ရှိကြပါတယ်။မိမိပဋိပစ္စည်းများမှမိမိကိုပြန်လည်တိုက်ခိုက်သောရောဂါများ။အချိန်မတိုင်ခင်သွေးဆုံးခြင်းက သိုင်းရွိုက်ရောဂါနဲ့ လေးဖက်နာရောဂါတို့လိုမျိုး ပဋိပစ္စည်းပြန်လည်တိုက်ခိုက်သောရောဂါတွေရဲ့ လက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။ ထိုရောဂါမျိုးမှာ ခန္ဓါကိုယ်က ပဋိပစ္စည်းတွေက ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုကို ကျူးကျောက်သူတွေလို့ ထင်မှတ်ပြီး တိုက်ခိုက်ကြတာပါ။ ထိုရောဂါအချို့ကြောင့်ဖြစ်တဲ့ ရောင်ရမ်းခြင်းတွေက မမျိုးဥအိမ်ကို ထိခိုက်နိုင်ပါတယ်။ မမျိုးဥအိမ်အလုပ်လုပ်မှု ရပ်ဆိုင်းသွားတဲ့အခါ သွေးဆုံးခြင်းစတင်ပါတယ်။ဝက်ရူးပြန်ခြင်း။ဝက်ရူးပြန်ခြင်းဆိုတာ ဦးနှောက်ကနေ အရင်းပြုသော အတက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဝက်ရူးပြန်ရောဂါသည် အမျိုးသမီးအများစုက အချိန်မတိုင်ခင် မျိုးဥအိမ်အလုပ်မလုပ်ခြင်းကို ကြုံတွေ့ရနိုင်ခြေများပါတယ်။ ၂၀၀၁တုန်းက ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ လေ့လာခဲ့တဲ့ ဝက်ရူးပြန်မိန်းမတွေရဲ့ ၁၄ရာခိုင်နှုန်းက အချိန်မတိုင်ခင်သွေးဆုံးခြင်းကို ခံစားကြရပါတယ်။ ပုံမှန်လူတွေထဲမှာတော့ ၁ရာခိုင်နှုန်းပဲ ခံစားကြရတာပါ။အချိန်မတိုင်ခင်သွေးဆုံးခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် အောက်ပါတို့ပါ။ခွဲစိတ်ခြင်း သို့မဟုတ် ဆေးဝါးကုသမှုတို့ကြောင့် အချိန်မတိုင်ခင်သွေးဆုံးခြင်းဖြစ်ပွားနိုင်ခြေရှိသူတွေက ကင်ဆာနဲ့ မမျိုးပွားအင်္ဂါတို့ကို ခွဲစိတ်ရန်လိုအပ်သော အခြားကျန်းမာရေးအခြေအနေရှိနေတဲ့သူတွေဖြစ်ပါတယ်။နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။အချိန်မတိုင်ခင်သွေးဆုံးခြင်းကို အဖြေရှာအတည်ပြုဖို့ ကိုယ်ဝန်နဲ့ သိုင်းရွိုက်ရောဂါလိုမျိုး အခြားရောဂါတွေကို ဖယ်ထုတ်စဉ်းစားရန်အတွက် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများပြုလုပ်ပြီး သွေးစစ်ဖို့ သွေးဖောက်ပါလိမ့်မယ်။ အီစထရာဒိုင်အော ပမာဏကိုလည်း တိုင်းခိုင်းနိုင်ပါတယ်။ ယင်းက အီစထရိုဂျင်အမျိုးအစားတစ်ခုဖြစ်ပြီး မမျိုးဥအိမ်စွမ်းရည်ကျလာမှုကို ညွှန်ပြနိုင်ပါတယ်။ အီစထရာဒိုင်အော ပမာဏ ၃၀အောက်ရောက်ပြီဆိုရင် သင်သွေးဆုံးပါပြီ။ ဒါပေမယ့်လည်း အချိန်မတိုင်ခင်သွေးဆုံးခြင်းအတွက် အရေးကြီးဆုံးက မမျိုးဥလှုံ့ဆော်ဟော်မုန်း (FSH)ကို သိနိုင်သော သွေးစစ်မှုပါပဲ။ မမျိုးဥအိမ်က အီစထရိုဂျင်ထုတ်လုပ်မှုကို လျော့ချလိုက်တဲ့အခါမှာ FSH ပမာဏတက်လာပါတယ်။ FSH ပမာဏ 40 mlU/ml အထက် ရောက်နေပြီဆိုရင် သင်သွေးဆုံးဖို့များနေပါပြီ။အချိန်မတိုင်ခင်သွေးဆုံးခြင်းက များသောအားဖြင့် ကုသဖို့ မလိုအပ်ပါဘူး။ သွေးဆုံးပြီးဆိုတာနဲ့ ပြန်ရာသီလာအောင် လုပ်လို့မရတော့ပါဘူး။ ဒါပေမယ့်လည်း သွေးဆုံးခြင်းနဲ့ ပတ်သက်နေမယ့် ရောဂါလက္ခဏာတွေ၊ ယင်းကြောင့်ဖြစ်လာမယ့် ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေ ရှိပါတယ်။ ကုသမှုနည်းလမ်းတွေက ခန္ဓါကိုယ်ပြောင်းလဲမှုနဲ့ လူနေမှုဘဝပြောင်းလဲမှုတွေကို ရင်ဆိုင်စေနိုင်ပါတယ်။အချိန်မတိုင်ခင်သွေးဆုံးခြင်းခံစားရပြီး မြုံသွားတဲ့မိန်းမတွေဟာ ဘာတွေလုပ်သင့်တယ်ဆိုတာနဲ့ ပတ်သတ်ပြီး မျိုးပွားမှုဆိုင်ရာဆရာဝန်တွေနဲ့ ဆွေးနွေးသင့်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အချိန်မတိုင်ခင်သွေးဆုံးခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menopause/early-menopause-%e1%80%a1%e1%80%81%e1%80%ba%e1%80%ad%e1%80%94%e1%80%b9%e1%80%99%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%81%e1%80%84%e1%80%b9%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%86/
ဗိုက်အဆီအန္တရာယ် သတိပြုရန်
ဒီနေ့ခေတ်မှာ လူတိုင်းလိုလိုကြည့်လိုက်ရင် ဗိုက်ခေါက်ထူထူလေးတွေရှိကြတယ်နော်။ အထိုင်များလို့ထူတဲ့ဗိုက်ခေါက်၊ အစားများလို့ထူတဲ့ဗိုက်ခေါက်၊ ဘီယာကြောင့်ထူလာတဲ့ဗိုက်ခေါက်ဆိုပြီး အစုံပါပဲ။တော်တော်များများထင်ထားတာက ဗိုက်ခေါက်ထူလာရင် ကြည့်ရရုပ်ဆိုးတယ်၊လို့ပဲထင်ထားကြတာပါ။ တကယ်တော့ ဗိုက်ခေါက်ထူလာတာကြည့်ရဆိုးတာနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းသွားတယ်ဆိုတာထက်ကို ပိုပါတယ်။ခန္ဓာကိုယ်မှာ အဆီများတဲ့အခါ ဝတ်ရတာအဆင်မပြေသလို လှုပ်ရှားရတာလည်း ပင်ပန်းတယ်လို့ခံစားရပါတယ်။ ခန္ဓာကိုယ်မှာ အဆီများလာတာကကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ ဗိုက်မှာ အဆီများလာတာက ဘာတွေကြောင့်လဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆုံးအောင်ဖတ်ကြည့်လိုက်ပါနော်။ဝမ်းဗိုက်နေရာမှာ အဆီထူလာတဲ့အခါ ဝမ်းဗိုက်အပေါ်ဘက်ကြွက်သားအောက်ဘက်မှာ အဆီစုတာမျိုးဖြစ်နိုင်သလို ဝမ်းဗိုက်ကြွက်သားအတွင်းဘက်ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေနားမှာ အဆီစုတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲအဆီစုစုနှစ်ခုစလုံးကတော့ မကောင်းပါဘူး။ ဝမ်းဗိုက်မှာ အဆီစုတာ အချိန်ကြာလာတာနဲ့အမျှနောက်ဆက်တွဲရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။ပုံမှန်လူတစ်ယောက်အနေနဲ့ ရှိသင့်တဲ့ ခါးဆိုဒ်ထက်ပိုများနေတာက စိုးရိမ်ဖို့ကောင်းပါတယ်။တကယ်လို့ သင့်အနေနဲ့ နဂိုကထက်ခါးဆိုဒ်ပိုတိုးလာတယ်၊ ဒါပေမယ့် ရှိသင့်တဲ့BMIထက်မကျော်သေးဘူးဆိုရင်တောင်မှကိုယ်အလေးချိန်တက်လာတာ၊ ဗိုက်အဆီတက်လာတာကို သတိပြုပြီး အစားအသောက်ကိုဆင်ခြင်တာ ဒါမှမဟုတ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာမျိုးကို လုပ်ပေးဖို့လိုပါမယ်။ဗိုက်အဆီတက်လာကို သေချာထိန်းသိမ်းတာမျိုးမရှိဘဲ ဆက်စားနေမယ်၊အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံကို မပြောင်းလဲဘဲ ဆက်လုပ်နေမယ်ဆိုရင်တော့ အခုလိုမျိုး ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။နှလုံးရောဂါ-လေ့လာမှုတွေအရ ဗိုက်မှာအဆီရှိသူတွေဟာအဝလွန်နေသည်ဖြစ်စေ၊ အဝမလွန်သည်ဖြစ်စေ အခြားသူတွေထက် နှလုံးသွေးကြောဆိုင်ရာရောဂါတွေပိုမိုခံစားရနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။အမျိုးအစား – ၂ ဆီးချို– ဗိုက်မှာ အဆီရှိသူတွေကအင်ဆူလင်မတိုးခြင်းကို ပိုမိုခံစားရနိုင်ပြီး အမျိုးအစား – ၂ ဆီးချိုရောဂါခံစားရနိုင်ခြေ ပိုများနေပါတယ်။သွေးတိုးရောဂါ– ဗိုက်အဆီရှိသူတွေက အခြားသူတွေထက်သွေးတိုးနိုင်ခြေပိုများနေသလိုသွေးတွင်းသကြားဓာတ်မြင့်တက်နိုင်ခြေလည်းပိုများနေပါတယ်။ နောက်တစ်ချက်ကတော့သွေးတွင်းကိုလက်စထရောများတာပါ။ကင်ဆာ– ဗိုက်အဆီစုမှုကရင်သားကင်ဆာ၊ကျောက်ကပ်ကင်ဆာ၊အူမကြီးကင်ဆာ၊ သရက်ရွက်ကင်ဆာနဲ့ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေတွေကို တိုးစေနိုင်ပါတယ်။မှတ်ဉာဏ်ချို့ယွင်းခြင်း– အဆီတွေများလာတာက ဦးနှောက်ကို ထိခိုက်စေနိုင်ပြီး အရွယ်ရလာတဲ့အခါ မှတ်ဉာဏ်ချို့ယွင်းတာလိုမျိုးဝေဒနာတွေကို ခံစားရနိုင်ခြေ ပုံမှန်ထက်ပိုများလာနိုင်ပါတယ်။စိတ်ဓာတ်ကျခြင်း-လေ့လာမှုတွေအရ ဝမ်းဗိုက်မှာ အဆီတွေများလာတာက စိတ်ဓာတ်ကျတာ ဒါမှမဟုတ် စိတ်ဓာတ်ကျဝေဒနာခံစားရနိုင်ခြေရှိတဲ့ လက္ခဏာတွေခံစားရတာမျိုးကိုဖြစ်စေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။အဆစ်ရောင်နာ– အဆစ်ရောင်နာကို ခံစားရနိုင်ခြေများတဲ့ သူတွေ ဝမ်းဗိုက်မှာ အဆီရှိနေသူတွေပါ။ ဝမ်းဗိုက်မှာ အဆီစုတာက အဆစ်ရောင်နာတင်မဟုတ်ဘဲ လေးဖက်နာဝေဒနာလိုမျိုး ရောဂါတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ဗိုက်ပူလို့ ကြိုက်သူမပေါပါဘူးနော်။ ရောဂါတွေဖြစ်နိုင်ခြေပဲ ပိုများတာပါ။ ဒါကြောင့် စိတ်အလိုမလိုက်ဘဲ ကျန်းမာအောင်နေထိုင်စားသောက်ပြီး ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လုပ်ဆောင်ပါ။ အိပ်ရေးဝဝအိပ်လို့ စိတ်ဖိစီးမှုကင်းတဲ့ ဘဝနေထိုင်မှုပုံစံကိုပျိုးထောင်ရင်း ဗိုက်ခေါက်လေးအဆီမတက်အောင်ထိန်းသိမ်းလိုက်ပါနော်……..။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/%e1%80%97%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%a1%e1%80%86%e1%80%ae%e1%80%a1%e1%80%94%e1%80%b9%e1%80%90%e1%80%9b%e1%80%ac%e1%80%9a%e1%80%ba-%e1%80%9e%e1%80%90%e1%80%ad%e1%80%95%e1%80%bc%e1%80%af/
ကိုယ်ဝန်ပျက်ကျ ထားတဲ့သူကို ဘယ်လိုဂရုစိုက်မလဲ။
ကိုယ်ဝန်ပျက်ကျတာက လနုလေလေ ပိုဖြစ်နိုင်လေလေပါ။ အများစုက ကိုယ်ဝန်ပတ်၂၀မတိုင်ခင်မှာ ပျက်ကျကြတာ များပါတယ်။ ကိုယ်ဝန်ပျက်ကျတဲ့ အကြောင်းရင်းက အများကြီးရှိပါတယ်။ ဘာကြောင့်ပဲ ပျက်ပျက်ပါ။ ကိုယ်ဝန်ပျက်သွားတဲ့ မိခင်ဟာ ဒီအချိန်မှာ ကိုယ်ရော စိတ်ပါ ပင်ပန်းနေမှာပါ။ သူတင်မကပါဘူး။ သူ့အမျိုးသားရော၊ သူ့မိသားစုပါ ခံစားနေရမှာပါ။ သိပ်ပြီးမျှော်လင့်ထားတဲ့ ကိုယ်ဝန်၊သားဦးကိုယ်ဝန်ဆို ပိုဆိုးပါတယ်။ ဒါကြောင့် ကိုယ်ဝန်ပျက်ပြီးတဲ့ နောက်ပိုင်းမှာ စိတ်ရော ကိုယ်ပါ အားပေးနေဖို့ လိုပါတယ်။ ဒီတော့ ကိုယ်ဝန်ပျက်ကျ ထားတဲ့သူကို ဘယ်လိုဂရုစိုက်မလဲ။ကိုယ်ဝန်ပျက်ကျ ထားတဲ့သူကို ဘယ်လိုဂရုစိုက်မလဲ။ ဆိုတော့ အရင်ဆုံး ရုပ်ပိုင်းဆိုင်ရာကစပြောရအောင်။ ကိုယ်ဝန်ပျက်ထားတဲ့ အမျိုးသမီးဟာ ကလေးမွေးထားတဲ့ အမျိုးသမီးလိုပါပဲ။ သူ့အတွက် ကိုယ်ဝန်ပျက်ပြီးစ အချိန်ဟာမီးတွင်းကာလပါပဲ။ ကိုယ်ဝန်ပျက်တာ ဘယ်နှပတ်မှာ ပျက်တာလဲ၊ နောက်ဆက်တွဲ ဘာပြဿနာတွေ ရှိလဲအပေါ်မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် နာလန်ထတာ ကွာနိုင်ပါတယ်။ အဓိက ဂရုစိုက်ရမယ့် အချက်တွေကတော့။ကိုယ်ဝန်ပျက်ပြီးရင် ကိုယ်လက်  မအီမသာဖြစ်တာ၊သွေးဆင်းတာက ၂ပတ်အထိကြာတတ်ပါတယ်။-သွေးဆင်းတာအတွက် padsပဲ သုံးပါ။Tamponမသုံးပါနဲ့။-နာကျင်ကိုက်ခဲတာတွေအတွက် ပါရာစီတမော သောက်နိုင်ပါတယ်။-သွေးဆင်းမရပ်မချင်း အမျိုးသားနဲ့အတူနေတာ၊ ရေကူးတာမျိုး မလုပ်ပါနဲ့။သတိထားရမယ့်အချက်တွေကတော့။တခြားပြောင်းလဲမှုများ။ကိုယ်ဝန်ပျက်ကျပြီးတဲ့ အမျိုးသမီးတွေရဲ့ စိတ်ခံစားမှုက ဒီလိုပါ။ရုတ်တရက်ဆို ကြောင်ပြီး လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒါက ငါ့မှာ လာမဖြစ်သင့်ဘူးဆိုပြီး အဖြစ်မှန်ကို လက်ခံဖို့ ခဲယဉ်းပါတယ်။ဒီအဆင့်မှာတော့ ဒေါသတွေ ထွက်ပြီး ကိုယ့်ကိုယ်ကိုဖြစ်ဖြစ်၊ ခင်ပွန်း၊ ဆရာဝန်၊ မိသားစုဝင်ကို ဖြစ်ဖြစ် ရမယ်ရှာတတ်ပါတယ်။ဒီလိုသောင်းကျန်းနေရာကနေ တဖြည်းဖြည်းနဲ့ စိတ်ဓာတ်ကျပြီး အချိန်တိုင်း ငိုပဲ ငိုနေမယ်။ ဘာမှလည်း မလုပ်ချင်ဘူး။ ဘယ်သူနဲ့မှလည်း မတွေ့ချင်ဘူး။ နောက်ထပ် ကလေးထပ်မရနိုင်လောက်ဘူးဆိုပြီး စိတ်ထိခိုက်ဝမ်းနည်းနေမှာပါ။ဒီလိုကနေ အချိန်ကြာလာတဲ့အခါ တဖြည်းဖြည်းချင်း လက်ခံသွားတယ်။ မေ့သွားတာ မဟုတ်ပါဘူး။ အရှိကို အရှိအတိုင်း လက်ခံပြီး လုပ်နေကြအလုပ်တွေကို ဆက်လုပ်နိုင်သွားတာပါ။ဒါကစိတ်ထိခိုက်မှုတစ်ခုခုနဲ့ ကြုံရရင် ခံစားရတဲ့ အဆင့်တွေပါ။ အချိန်တန်ရင် ပျောက်သွားတယ်ဆိုပေမယ့် အချိန်မတိုင်ခင်မှာတော့ သူတော်တော်ခံစားရမှာမို့လို့ မိသားစုဝင်တွေရဲ့ အားပေးမှုက အရေးကြီးပါတယ်။ကိုယ်ဝန်ပျက်ကျပြီး မကြာခင်မှာ ကိုယ်ဝန်ဆောင်ဖို့ ကိုယ့်ကိုယ်ကို ဖိအားမပေးပါနဲ့။ သူနဲ့ ဆန့်ကျင်ဘက် ကိုယ်ဝန်ပျက်ကျထားတာကြောင့် ကိုယ်ဝန်ထပ်မရနိုင်တော့ဘူးလို့လည်း မတွေးပါနဲ့။ ကိုယ်ဝန်ပျက်ပြီးလည်း နောက်ထပ် ကျန်းမာတဲ့ နေ့စေ့လစေ့ကိုယ်ဝန်ပြန်ရနိုင်ပါတယ်။ ကိုယ်ဝန်မရခင် စပ်ကြားမှာ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/how-to-take-care-of-misscarriage-women/
ဓမ္မတာချိန် ချစ်တင်းနှောရန် သင့်၊ မသင့်
ဓမ္မတာလာချိန် မှာလိင်ဆက်ဆံခြင်းမပြုလုပ်သင့်ဘူး ဆိုတဲ့ သက်သေအထောက်အထား ယနေ့အချိန်ထိ မရှိသေးပါဘူး။ တချို့စုံတွဲတွေက ကြောက်တတ်ကြသလို တချို့ကတော့ဓမ္မတာလာချိန်ကာမဆက်ဆံခြင်းဟာ စိတ်ကျေနပ်မှုကို ပိုမိုပေးစွမ်းနိုင်တယ်လို့  ထင်ကြပါတယ်။လစဉ်ဓမ္မတာလာချိန်မှာ ချစ်တင်းနှောတာဟာ ကလေးမရနိုင်ဘူးလို့တော့ ယောင်လို့တောင် မထင်လိုက်ပါနဲ့။ ကိုယ်ဝန်ရနိုင်ပါသေးတယ်။ လိင်ကတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကူးစက်နိုင်မှုနှုန်းဟာလည်း တခြားအချိန်တွေနဲ့ အတူတူပါပဲနော်။ရာသီလာချိန်ဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်မှာဇီဝကမ္မဖြစ်ပျက်မှုတွေများတာကြောင့် ဖိုမ ဆက်ဆံတဲ့အခါမှာ ကောင်းတာတွေရှိပါတယ်။ကိုက်ခဲမှုသက်သာခြင်း။ဓမ္မတာလာတယ်ဆိုတာသားဥအိမ်က ဥကြွေပြီး သားအိမ်နံရံတွေကွာကျတာပါ။ သားအိမ်နံရံ ကွာကျဖို့ရန်အတွက် သားအိမ်ကြွက်သားဟာ ညှစ်ရပါတယ်။ ဒါကြောင့် နာကျင်ရတာပါ။ လိင်ဆက်ဆံ လိုက်လို့ ဆန္ဒပြီးမြောက်ခြင်း (Orgasm)ဟာ နာကျင်ကိုက်ခဲမှုတွေကို ဖြေဖျောက်ပေးနိုင်တယ်လို့ အမျိုးသမီးအများစုက ဖြေထားကြပါတယ်။ ဆန္ဒပြီးမြောက်ချိန်မှာ သားအိမ်ကြွက်သားက ညှစ်ပြီးဖြေလျော့လိုက်တဲ့အတွက် ကြွက်သားတင်းမာမှုတွေ ပျောက်သွားလို့ပါ။ ဒါ့အပြင် လိင်ဆက်ဆံတဲ့အချိန်မှာ ခန္ဓာကိုယ်က ထွက်လာတဲ့ ‘endorphins’ ဆိုတဲ့ ဟော်မုန်းဟာ နာကျင်မှုတွေကို ပြေလျော့သက်သာ စေပါတယ်။ဓမ္မတာလာချိန်တိုတောင်းခြင်း။လိင်ဆက်ဆံမှုဆန္ဒပြီးမြောက်ခြင်း (Orgasm) ဖြစ်ပေါ်နေချိန်မှာ သားအိမ်ကြွက်သားဟာ အကြိမ်ရေများစွာ ညှစ်ရပါတယ်။ ဒီလို ညှစ်ခြင်းကြောင့် သားအိမ်ထဲက ပစ္စည်းတွေ (သားအိမ်နံရံ၊ မမျိုးဥအပိုင်းအစနဲ့ အကျိအချွဲတွေ) ကို အမြန်ဆုံးကုန်သွားစေရန် အားပေးပါတယ်။ ဒါကြောင့် ရာသီလာတဲ့ရက် တိုသွားခြင်းပါ။ခေါင်းကိုက်သက်သာခြင်း။ချစ်တင်းနှောချိန် လှုပ်ရှားမှုတွေဟာ ခေါင်းကိုက်ဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ပါ တယ်။ ‘endorphins’ ဟော်မုန်းထွက်လာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ချောဆီအနေနဲ့ဆောင်ရွက်ပေးနိုင်ခြင်း။စုံတွဲတွေချစ်တင်းမနှောခင်မှာ အမျိုးသမီးဘက်ကမနာကျင်ရအောင်၊ အစစအရာရာ အဆင်ပြေ ချောမွေ့အောင် ရှေ့ပြေးဆောင်ရွက်မှု (Foreplay) လိုအပ်ပါတယ်။ ဒါဟာ မိန်းမကိုယ်မှာ သဘာဝ အတိုင်း အချွဲတွေထွက်လာဖို့ပါ။ ဒီအချွဲရည်တွေဟာ ဓမ္မတာဆက်ဆံရာမှာ ပိုမိုလွယ်ကူစေပါတယ်။ ကြွက်သားတွေပြဲထွက်မှုကိုလည်း  ကာကွယ်ပေးနိုင်ပါတယ်။ ဓမ္မတာလာချိန်မှာတော့ သွေးဆင်းနေတဲ့အတွက် မိန်းမကိုယ်ဟာ ခြောက်သွေ့မနေဘဲ ချောဆီအနေနဲ့ ရှိနေနိုင်ပါတယ်။သတိထားစဉ်းစားစရာများ။ဓမ္မတာလာချိန်မှာလည်း ကိုယ်ဝန်ရနိုင်ပါတယ်။ ဥကြွေပြီးပြီဆိုပေမယ့် သုက်ပိုးဟာလည်း မွေးလမ်းကြောင်းထဲမှာ (၅)ရက်လောက် နေနိုင်တာကြောင့်ပါ။ကလေးမလိုချင်သေးရင်တော့သန္ဓေတားထားတာအကောင်းဆုံးပါပဲ။ဓမ္မတာလာချိန်ရော သာမန်အချိန်တွေမှာပါ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းဟာ လိင်မှ တစ်ဆင့်ကူးစက်တဲ့ရောဂါတွေ ဖြစ်ပေါ်လာစေနိုင်တာမို့ ကာကွယ်ချင်ရင်တော့ ကွန်ဒုံးသုံးခြင်းဟာ အကောင်းဆုံးနည်းလမ်းဖြစ်မှာပါ။ Tampons (ရာသီလာချိန် မိန်းမကိုယ်ထဲထည့်သွင်း အသုံးပြုသော အတောင့်) ကိုတော့ လိင်ဆက်ဆံမှု မပြုလုပ်ခင် ဖယ်ရှားပါ။Tampons ကို မေ့လျော့ပြီး မဖယ်ရှားပါက မိန်းမကိုယ်အတွင်းထဲထိ ပိုမိုဝင်ရောက်သွား နိုင်ပြီး ဘက်တီးရီးယားပိုးမွှား ဝင်ရောက်နိုင်ပါတယ်။ မဖယ်မိလိုက်ဘဲ အတွင်းနက်နက်ထိ ဝင်ရောက်သွားပြီ ဆိုရင်တော့ ဆရာဝန်ဆီ သွားရောက်ဖယ်ရှားသင့်ပါတယ်။ကြိုတင်ပြင်ဆင်ပါ။ဓမ္မတာလာချိန်မှာ လိင်ဆက်ဆံမှုကို မရှောင်လွှဲနိုင်လောက်ဖူးလို့ ထင်ရင်တော့ အစကတည်းက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပါ။ပမာဏနည်းတဲ့နေ့တွေမှာစဉ်းစားပါ။(၃)ရက်မြောက်နေ့ကနေ (၅)ရက်မြောက်နေ့အထိဟာ ပမာဏနည်းသွားတတ်ပြီမို့ ဒီလိုနေ့ တွေမှာ လိင်ဆက်ဆံမှု ပြုနိုင်ပါတယ်။သွေးဆင်းမှုကို နည်းစေပါတယ်။‘Menstrual Cup’ ဓမ္မတာလာချိန် မိန်းမကိုယ်ထဲထည့်ရတဲ့ ခွက်မျိုးကိုအသုံးပြုနိုင်ပါတယ်။Tampon တွေ Sanitary pad တွေထက် ပိုကောင်းပါတယ်။ ‘Menstrual cup’ ဟာ သားအိမ်ကသွေးတွေကို စုဆောင်းထားတဲ့အတွက် မိန်းမကိုယ်ဟာ သန့်ရှင်းနေမှာပါ။ပြန်လည်အသုံးပြုနိုင်တဲ့ ‘Menstrual Cup’တွေကို လိင်ဆက်ဆံပြီးတာနဲ့ ထုတ်ယူပြီး ပြန်လည်သန့်စင်အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် အချို့ အမျိုးသမီးတွေဟာ ဒီနည်းလမ်းကို မကြိုက်ကြပါဘူး။မိန်းမကိုယ်လမ်းကြောင်းထဲ ပြည့်နှက်နေတယ်လို့ ခံစားရပြီး ပိုနာလို့ပါတဲ့။ Menstrual cup ဟာ ကိုယ်ဝန်ကို မတားဆီးပေးနိုင်တာကိုလည်း သတိ ချပ်စေချင်ပါတယ်။တဘက်တစ်ရှူးတို့ကိုတော့အရန်သင့်အနားမှာဆောင်ထားပါ။လိင်ဆက်ဆံမှုမပြုလုပ်ခင်မှာ အိပ်ရာခင်းတွေ၊ ခေါင်းအုံးတွေ စွန်းထင်းပေကျံမှုမရှိစေရန် Towels ခင်းထားနိုင်ပါတယ်။ Tissue ကတော့ လိင်ဆက်ဆံမှုအပြီးမှာ သန့်စင်ဖို့ပါ။ ရေနဲ့ သန့်စင်ရင်တော့ ပိုကောင်းပါတယ်။အနေအထားဟာသင့်တော်ပါစေ။ဓမ္မတာလာချိန်မှာ အမျိုးသမီးကိုလဲလျောင်းတဲ့ အနေအထားနဲ့ ဆက်ဆံစေတာ အကောင်းဆုံးပါ။သွေးဆင်းမှုကို နည်းပါးစေလို့ပါ။ သားအိမ်ခေါင်းဟာ ပို၍အောက်ရောက်ပြီး ထိလွယ်ရှလွယ်တာကိုလည်း သတိထားပါ။ နာကျင်မှုရှိလာရင်တော့ ပါတနာကို ပြောပါ။ ညင်ညင်သာသာဆက်ဆံပါစေ။ရေချိုးရင်းဆက်ဆံမှုပြုလုပ်နိုင်ပါတယ်။(Shower Sex)။ရေပန်းအောက်က ချစ်တင်းနှောခြင်းဟာ သွေးဆင်းတာကို အလိုလိုသန့်စင်စေနိုင်ပြီး ပေကျံမှုတွေကို လျော့ချပေးနိုင်ပါတယ်။ရှေ့ပြေးလှုံ့ဆော်မှုတွေကိုပြန်စဉ်းစားပါ။သာမန်အချိန်တွေအတွက် Foreplay ဟာ ကောင်းပေမယ့် ဓမ္မတာလာနေချိန်မှာတော့ ညစ်ပတ်ပေရေ စေနိုင်တာမို့ တခြားနည်းလမ်းတွေကို စဉ်းစားကြည့်ပေးပါ။Oral Sex– ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းကို အမျိုးသမီးဘက်မှသာ ပြုလုပ်ပေးသင့်ပါတယ်။ Menstrual cup ထည့်ထားရင်တော့ အမျိုးသားဘက်မှလည်း ပြုလုပ်နိုင်ပါ တယ်။ အခြားနိုင်ငံတွေမှာတော့ ‘Dental Dans’ လို့ခေါ်တဲ့ သွားဆရာဝန်တွေ သွားနှုတ်ရာ၊ သွားခံတွင်းဆိုင်ရာပြုလုပ်ချက်တွေမှာ အသုံးပြုကြတဲ့ ရာဘာစကို သုံးစွဲနိုင်ပါတယ်။ Dental Dams ကို လိင်ဆက်ဆံ မှုမှာ ပါးစပ်နဲ့ မိန်းမကိုယ်(သို့) စအိုအကြား တစ်ဆင့်ခံအသုံးပြုနိုင်ပါတယ်။ ပေကျံမှုတွေကို ကာကွယ်ပေး နိုင်တဲ့အပြင် လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါပိုးတွေကိုလည်း အတော်အသင့် ကာကွယ်ပေးနိုင်ပါသေး တယ်။ဓမ္မတာလာချိန် ဆက်ဆံမှုပြုလုပ်ရမှာကို ကြိုက်တဲ့သူရှိသလို မကြိုက်သူလည်း ရှိမှာပါပဲ။ ဒါကြောင့် ပါတနာ နဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ထားပါ။ ဘာသာတရားတွေ၊ နိုင်ငံနဲ့လူမျိုးရေး အလေ့အထအချို့မှာလည်း ဒါကို လက်မခံထားတာတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် နှစ်ဦးနှစ်ဖက်ရဲ့ ခံစားမှုတွေ ယုံကြည်မှုတွေကို အလေးထားခြင်းသာ အကောင်းဆုံးပါ။ မိမိရဲ့ပါတနာနဲ့အတူ စိုးရိမ်မှုတွေ၊ ဘယ်လိုခံယူထားသလဲဆိုတာတွေနဲ့ သဘောထားတွေကို အရင်ဆုံးမေးမြန်းသင့်ပါတယ်။ အကောင်းနဲ့ အဆိုးဟာ ဒွန်တွဲနေတဲ့အလျောက် မိမိတို့ချစ်သူစုံတွဲ အချင်းချင်းညှိနှိုင်းတိုင်ပင်ပြီး အကောင်းဆုံးဖြတ်သန်း လိုက်ပါ။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/living-together-during-period/
ဆိတ်နို့နဲ့ နွားနို့ ဘာတွေကွာခြားလဲ။
လူတော်တော်များများကခန္ဓါကိုယ်ကျန်းမာအောင် နို့သောက်ပါလို့ပြောလိုက်ရင် နွားနို့ သောက်ရမယ်ဆိုတဲ့ စိတ်ကူးက အရင်ဖြစ်လာတာပါ။ တကယ်တော့ ခန္ဓါကိုယ်မှာ အားပြည့်အောင် သောက်သုံးလို့ရတဲ့နို့ကနွားနို့တစ်မျိုးတည်းရှိတာမဟုတ်ပါဘူး။ဆိတ်နို့လည်းရှိပါတယ်။ ဆိတ်နို့ကလည်းခန္ဓါကိုယ်အတွက် အာဟာရကိုဖြည့်တင်းပေးနိုင်ပါတယ်။ ဆိတ်နို့မှာ သဘာဝအာဟာရဓါတ်တွေ နွားနို့ထက် ပိုမိုပါဝင်ပါတယ်။ ရှေးလူကြီးတွေ ပြောပြချက်အရ ဆိတ်နို့က နွားနို့ထက် ပိုပြီးအာဟာရဓါတ်တွေပိုကြွယ်ဝတယ် ပိုအားရှိတယ်လို့ ပြောကြပါတယ်။ဆိတ်နို့ ဆိုတာက ဆိတ်ကနေရတဲ့ နို့အမျိုးအစားတစ်မျိုးပေါ့။ ဆိတ်နို့မှာ ကယ်လ်ဆီယမ်၊ဖော့စဖရပ်စ်၊ riboflavin တို့လိုမျိုး ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေပါဝင်နေပါတယ်။နှလုံးကျန်းမာစေနိုင်တဲ့Fatty Acidပါဝင်နေပါတယ်။ ကလေးလေးတွေကနေစလို့ လူကြီးတွေအထိသောက်လို့ရပါတယ်။ ခြုံပြီးပြောပြရရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သောက်စရာနို့တစ်မျိုးပါ။ဆိတ်နို့နဲ့ နွားနို့ က ပုံမှန်အားဖြင့်ကတော့ အတူတူပဲလို့ထင်စရာရှိပါတယ်။ နို့အမျိုးအစားဆိုတာချင်းတူပေမယ့် အာဟာရဂုဏ်သတ္တိကစလို့ ခန္ဓါကိုယ်ပေါ်မှာ ဓါတ်ပြုပုံချင်းပါကွာခြားနိုင်ပါတယ်။ ဘယ်လိုတွေကွာခြားလဲ သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကနေဆက်ရှင်းပြပါရစေ။ဆိတ်နို့က နွားနို့ထက် ပရိုတင်းပါဝင်မှုများတယ်– ပရိုတင်းလိုအပ်ချက်မြင့်တဲ့ ကလေးငယ်တွေနဲ့ လူကြီးမိဘတွေအတွက် အထူးသင့်တော်ပါတယ်။ဆိတ်နို့ ပရိုတင်းက အစာကြေလွယ်တယ်-ဆိတ်နို့ပရိုတင်းက ကလေးငယ်တွေရဲ့ ဝမ်းဗိုက်ထဲမှာ လွယ်ကူစွာချေဖျက်နိုင်လို့ ကလေးတွေအတွက်အစာမကြေတာ ဗိုက်အောင့်ဗိုက်နာတို့ မရှိတာတွေ မဖြစ်စေပါဘူး။ဓါတ်မတည့်မှုဖြစ်နိုင်ခြေနည်းတယ်– နွားနို့က ဓါတ်မတည့်မှုဖြစ်နိုင်ခြေများပေမယ့် ဆိတ်နို့ကတော့ ဓါတ်မတည့်မှုဖြစ်နိုင်ခြေတော်တော်လေးနည်းပါတယ်။ ဆိတ်နို့ကို တိုက်ကျွေးခြင်းအားဖြင့်ဓါတ်မတည့်ဖြစ်ခြင်းကို လျော့နည်းစေပါတယ်။lactose (နို့သကြားဓါတ်) ပါဝင်မှုနည်းတယ်– ဆိတ်နို့က နွားနို့ထက် lactose (နို့သကြားဓါတ်) ပါဝင်မှုနည်းတာကြောင့် အစာခြေစနစ်က ချေဖျက်ရာမှာ အလွယ်တကူချေဖျက်နိုင်ပါတယ်။ကိုယ်ခံအားကောင်းစေနိုင်တယ်– MCT oil လို့ခေါ်တဲ့ အရည်အသွေးမြင့်အဆီတွေ အများကြီး ပါဝင်လို့ သဘာဝအာဟာရဓါတ်တွေကို ပိုမိုစုပ်ယူနိုင်ပြီး အလွယ်တကူ ချေဖျက်စုပ်ယူနိုင်တာကြောင့် ကလေးတွေရဲ့ ဝမ်းဗိုက်ကို သက်တောင့်သက်တာရှိစေပြီး ဝမ်းေပျော့ပျော့ သွားစေနိုင်ပါတယ်။ ကိုယ်ခံစွမ်းအားကို အကောင်းဆုံးမြှင့်တင်ပေးနိုင်ပါတယ်။အသားအရေကိုကျန်းမာစေနိုင်တယ်– နို့တွေက အသားအရေကိုကျန်းမာစေနိုင်တယ်ဆိုတာကတော့သိထားပြီးဖြစ်မှာပါ။ နွားနို့နဲ့မတူတာ ဆိတ်နို့က ဗီတာမင် A (ဗီတာမင် အေ) ကြွယ်ဝစွာပါဝင်တာကြောင့် ဝက်ခြံတွေကို တိုက်ဖျက်ပေးပြီး အသားအရေကို ကြည်လင်စေသလို ကျန်းမာစေနိုင်ပါတယ်။ ဆိတ်နို့မှာပါတဲ့ Latic Acid ကအရေပြားပေါ်ကဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စေပါတယ်။ဆိတ်နို့ရဲ့ အားသာချက်တွေကတော့။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/differences-between-cow-milk-goat-milk/
စူပါဟီးရိုးတွေဆိုတာ ကောင်လေးတွေအတွက် ဆိုးဝါးတဲ့စံပြတွေများဖြစ်နေမလား
စူပါဟီးရိုးများသည် ကျွန်တော်တို့၏ ယနေ့ခေတ်ယဉ်ကျေးမှုတွင် အထင်ကရဖြစ်လာပြီး ကလေးများ အထူးသဖြင့် ယောက်ျားလေးများအပေါ် လွှမ်းမိုးလျက်ရှိသည်။ စူပါဟီးရိုးများသည် ကလေးများ၏ ဖန်တီးနိုင်စွမ်းကို လှုံစော်ရာတွင် အကူအညီရနိုင်သလို အရေးကြီးသည့် စံပြပုဂ္ဂိုလ်များနေရာမှလည်း ပါဝင်နေပါသည်။သို့သော် စူပါဟီးရိုးဇာတ်လမ်းများကို အလွန်အကျွံနှစ်သက်သည့် ကလေးများတွင်တော့ အန္တရာယ်ရှိလာနိုင်ပါသည်။ လက်တွေ့မကျသော သို့မဟုတ် အန္တရာယ်ရှိသော အပြုအမူများ လုပ်မလာပဲ ရိုးရိုးကြိုက်နှစ်သက်ရုံလောက်သာဆိုလျှင် ကိစ္စမရှိပါ။တီဗီအစီအစဉ်များ ဇာတ်ကားများတွင် ခဏခဏပါတတ်သော Batman တို့ Hulk တို့လို စူပါဟီးရိုး ဇာတ်ကောင်များရော၊ လူပျင်းဇာတ်ကောင်များပါ ကလေးများအတွက် မကောင်းသည့်စံပြပုဂ္ဂိုလ်များ ဖြစ်လာနိုင်၏။စူပါဟီးရိုးအဖြစ်သရုပ်ဆောင်သူသည် လူအများအပေါ် လွမ်းမိုးနိုင်သည့် အစွမ်း၊ အမျိုးသမီးများအပေါ် ခေါင်းပုံဖြတ်တာမျိုး၊ သူတို့၏ ချမ်းသာမှုကို ကြွားဝါတတ်တာမျိုး၊ အရွဲ့တိုက် အထက်စီးပုံစံတွေကနေတစ်ဆင့် သူတို့၏ကျားဆန်မှုကို ဖော်ပြတတ်သည်။ တစ်ခြားတစ်ဖက်တွင် အကြမ်းဖက်မှုကို လူမှုရေးရာတရားမျှတမှုဆိုပြီး အကြောင်းပြကာ အပျင်းထူသည့်ဇာတ်ကောင်ပုံစံမျိုးပါဝင်တတ်သည်။စူပါဟီးရိုးများသည် ကလေးများအတွက် လူမှုရေးရာအပြုအမူတွေ ကောင်းမွန်လာစေရန်အတွက် အထောက်အကူပြုနိုင်မည့်သူများ ဖြစ်နိုင်ပါသည်။ သို့သော် ကလေးများ၌ စူပါဟီးရိုးများ၏ နောက်ခံဇာတ်ကြောင်းနှင့် ကာရိုက်တာများကို နာလည်းနိုင်စွမ်း မရှိပါ။ ထိုကဲ့သို့ ရှုပ်ထွေးလွန်းသည်များကြောင့်လည်း ကောင်လေးများသည် ဟီးရိုးများ၏ ကောင်းမွန်သည့်အပြုအမူများကို အတုခိုးမိချင်မှ ခိုးပါလိမ့်မည်။ကလေးများအတွက် စူပါးဟီးရိုးများကို စံပြထားခြင်းက ပြဿနာဖြစ်လာနိုင်ပါသည်။ ဖြစ်ရပ်အတော်များများတွင် စူပါဟီးရိုးဝတ်စုံဝတ်ထားသော ကလေးများသည် မဖြစ်နိုင်သည့်စွမ်းအားများကို ရနိုင်မည်ဟု မျှော်လင့်သောကြောင့် ပြင်းထန်သည်ဒဏ်ရာများ ရရှိတတ်ကြောင်း တွေ့ရပါသည်။ ကလေးများ ထိခိုက်မိမှာကြောက်၍ စူပါဟီးရိုးလုပ်တိုင်း ကစားခြင်းကို တားမြစ်မည့်အစား အန္တရာယ်မဖြစ်အောင် ဘယ်လိုကစားသင့်ကြောင်း ပြသပေးပြီး စောင့်ကြည့်ပေးတာ ပိုကောင်းပါသည်။ပုံစံခွက်ထဲရိုက်သွင်းတာမျိုးတွေကို ထောက်ပြခြင်းဖြင့် အကူအညီရနိုင်ပါသည်။ သင်က ကလေးများကို ဘယ်ဟာတွေက ပုံစံခွက်ထဲရိုက်သွင်းနေကြောင်း၊ ထိုအကြောင်းတွေကို ဘယ်လိုရိုက်သွင်းမခံရအောင် နေရမည့်အကြောင်း ပြောပြရမည်။ ကောင်လေးများကို လက်တွေ့လောကကလူတွေ ကလေးတွေ လုပ်သင့်သည်များကို သတိပေးရမည်။မိသားစုတွင်းနှင့် လူထုအတွင်းရှိ ကောင်းမွန်စွာ စံနမူနာထားထိုက်သူကို ပြညွှန်ရမည်။ ထိုမှသာ ကလေးများက ဇာတ်ကာထဲမှသရုပ်နှင့် လက်တွေသရုပ်ကို ကွဲခြားနိုင်မည်ဖြစ်သည်။စူပါဟီးရိုးများသည် ကလေးများအတွက် စိတ်ကူးယဉ်လို့ကောင်းသလို အကောင်းအဆိုးခွဲခြားရန် သင်ယူနိုင်မည့်နည်းလမ်းကောင်းများလည်း ဖြစ်နိုင်ပါသည်။ သင်ကလည်း လက်တွေ့လောကက အတုယူထိုက်သည့် ဟီးရိုးများအကြောင်းကို ပြောပြသင့်သည်။ဥပမာ ဗိုလ်ချုပ်အောင်ဆန်းလိုပုဂ္ဂိုလ်များအကြောင်း ကလေးများနှင့် ဆွေးနွေးနိုင်ပါသည်။ ဒီစံနမူပုဂ္ဂိုလ်များမှ လက်တွေ့လောက၌ သတ္တိရှိရှိလုပ်ကိုင်ကြပုံအကြောင်းကို ကလေးနားလည်အောင် သင်လုပ်ပေးနိုင်ပါလိမ့်မည်။ဇာတ်လမ်းထဲမှ စူပါဟီးရိုးများကို ပညာရေးဆိုင်ရာနယ်ပယ်တွင်လည်း အကျိုးရှိရှိ အသုံးချနိုင်သည့် ဇာတ်ကောင်များ ဖြစ်နိုင်ပါသည်။ ဥပမာ ပင့်ကူလူသားဇာတ်ကောင်သည် ကလေးများ အင်းဆက်လောကကို ပိုစိတ်ဝင်စားလာစေနိုင်ပါသည်။သင့်ကလေးက စူပါလူသားစွမ်းရည်များနှင့် လက်တွေ့လူသားစွမ်းရည်များကို ခွဲခြားသိပါစေ။ စူပါဟီးရိုးဝတ်စုံများဝတ်လိုက်ရုံနှင့် စွမ်းရည်များ ရမလာသည်ကို သေချာသိပါစေ။ ထို့အပြင် တစ်ချို့ဝတ်စုံများ၌ ဖော့များ အခုအခံများပါတတ်သောကြောင့် ဝတ်လိုက်လျှင် တစ်မူထူးခြားနိုင်သည်။ကလေးကလည်း စူပါဟီးရိုးဝတ်စုံကြောင့် စိတ်ကြွလာပြီး ထိခိုက်ဒဏ်ရာ ရရှိနိုင်ပါသည်။ စူပါဟီးရိုးဝတ်စုံများကို ဝယ်ပေးဖို့စဉ်းစားပါက အသက်အရွယ်နှင့်လိုက်မည့်ဝတ်စုံကိုသာ ရွေးပြီးဝယ်ယူပေးရပါမည်။Hello Health Group သည် ဆေးပညာနဲ့ဆိုင်သော အကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းများ မလုပ်ဆောင်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-milestones/%e1%80%85%e1%80%b0%e1%80%95%e1%80%ab%e1%80%9f%e1%80%ae%e1%80%b8%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac-%e1%80%80%e1%80%b1%e1%80%ac/
ပန်းဂေါ်ဖီစိမ်းရဲ့ ကျန်းမာရေး အကျိုးအာနိသင်များ
ခုနောက်ပိုင်းမှာ ပန်းဂေါ်ဖီစိမ်းကို တော်တော်များများလေး စားသုံးလာကြသလို ဈေးထဲမှာလည်း ခပ်များများ တွေ့ရနိုင်ပါတယ်။ အစိမ်းရောင် ပန်းဂေါ်ဖီဟာ အဖြူရောင် ပန်းဂေါ်ဖီလိုပဲ ပုံသဏ္ဍာန်ဆင်တူပြီး အစိမ်းရောင် ပန်းဂေါ်ဖီကတော့ နည်းနည်းလေး ပိုသေးပါတယ်။ အစားအစာတော်တော်များများဟာ ပန်းဂေါ်ဖီစိမ်းကို ထည့်ချက်ကြပြီး ကျန်းမာရေးအတွက်လည်း အထူးသင့်တော်ပါတယ်။ ခန္ဓါကိုယ်ကျန်းမာရေးအတွက် ပန်းဂေါ်ဖီစိမ်းက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးအာနိသင်တွေကို ဖော်ပြလိုက်ပါတယ်။ကင်ဆာရောဂါ။ပန်းဂေါ်ဖီစိမ်းဟာ ကင်ဆာရောဂါတွေကို သက်သာစေပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ estrogen ပါဝင်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေကို တိုက်ထုတ်ပေးပါတယ်။ သုတေသီတွေက ပန်းဂေါ်ဖီစိမ်းဟာ ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာ ဖြစ်စေနိုင်မှုကို လျှော့ချပေးနိုင်တယ်လို့ ဆိုထားပါတယ်။ကိုလက်စထရော။ပန်းဂေါ်ဖီစိမ်းဟာ တခြားအစားအစာတွေလိုပဲ ပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ပါဝင်တာကြောင့် ကိုလက်စထရောတွေကို လျှော့ကျစေပါတယ်။ အမျှင်ဓါတ်တွေကြောင့် အစာခြေလမ်းကြောင်း ကောင်းမွန်ဖို့ကိုလည်း စွမ်းဆောင်ပေးနိုင်ပါတယ်။ Institute of Food Research ကတော့ ပန်းဂေါ်ဖီစိမ်းဟာ မကောင်းတဲ့ကိုလက်စထရောတွေကို (၆) ရာခိုင်နှုန်း လျှော့ကျစေတယ်လို့ ဆိုထားပါတယ်။ရောင်ရမ်းခြင်းကို သက်သာစေခြင်း။ပန်းဂေါ်ဖီစိမ်းမှာ အိုမီဂါ ၃ ပါဝင်တာကြောင့် ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။ ဒါ့အပြင် အဆစ်ရောဂါ ရှိသူတွေခံစားနေရတဲ့ အဆစ်ကိုက်ခဲခြင်းကိုလည်း လျှော့နည်းစေပါတယ်။အရိုးကျန်းမာရေး။ပန်းဂေါ်ဖီစိမ်းမှာ ကယ်လ်စီယမ်နဲ့ ဗီတာမင် ကေ နှစ်မျိုးလုံး လုံလုံလောက်လောက် ပါဝင်တာကြောင့် အရိုးပွရောဂါတွေ မဖြစ်စေဘဲ အရိုးကျန်းမာရေးကောင်းဖို့ ထိန်းသိမ်းပေးပါတယ်။ ပန်းဂေါ်ဖီစိမ်းကို နေ့တိုင်းချက်စားတဲ့ ဟင်းလျာတွေထဲမှာ ထည့်စားပေးပါ။နှလုံးကျန်းမာရေး။နှလုံးရောဂါအခံရှိသူတွေအနေနဲ့ ပန်းဂေါ်ဖီစိမ်း စားပေးဖို့ လိုပါတယ်။ ပန်းဂေါ်ဖီစိမ်းထဲမှာ ITCs ထဲက တစ်ခုဖြစ်တဲ့ Sulforaphane ပါဝင်တာမို့ သွေးတွင်းသကြားဓါတ်ကြောင့် သွေးကြောအနားသတ်တွေ ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ အမျှင်ဓါတ်၊ fatty acid နဲ့ ဗီတာမင်တွေလည်း ပါဝင်သေးတာကြောင့် ခန္ဓါကိုယ်အတွင်း သွေးဖိအားကိုလည်း ထိန်းထားပေးပါတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက် မသင့်တော်တဲ့ ကိုလက်စထရောတွေကို လျှော့ကျစေတာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။အသားအရေ။အသားအရေ ကောင်းမွန်ခြင်းဆိုတာကလည်း ကျန်းမာရေးနဲ့ သက်ဆိုင်ပါတယ်နော်။ ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင်စီ၊ ဇင့်လိုမျိုးပဲ ဓါတ်တိုးဆန့်ကျင်မှုတွေ များများ ပါဝင်တာကြောင့် အသားအရေ ကြည်လင်တောက်ပစေပါတယ်။ အသားအရေ နီမြန်းခြင်းတွေ မဖြစ်ဖို့အတွက်လည်း ပန်းဂေါ်ဖီစိမ်းမှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်က စွမ်းဆောင်ပေးနိုင်ပါသေးတယ်။ပန်းဂေါ်ဖီစိမ်းရဲ့ အကျိုးကျေးဇူးတွေ သိရပြီဆိုတော့ များများစားပေးနော်။ ဒါမှ ကျန်းမာရေး ကောင်းမွန်လာမှာဖြစ်ပြီး စိတ်သွားတိုင်း ကိုယ်ပါနိုင်မှာနော်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%95%e1%80%94%e1%80%ba%e1%80%b8%e1%80%82%e1%80%b1%e1%80%ab%e1%80%ba%e1%80%96%e1%80%ae%e1%80%85%e1%80%ad%e1%80%99%e1%80%ba%e1%80%b8%e1%80%9b%e1%80%b2%e1%80%b7-%e1%80%80%e1%80%bb%e1%80%94%e1%80%ba/
Marie Antoinette syndrome (Marie Antoinette syndrome)
Marie Antoinette syndrome ဆိုတာက ဆံပင်တွေ ရုတ်တရတ်ဖြူသွားတဲ့အခြေအနေ (canities) ကို ရည်ညွှန်းပါတယ်။ ဒီနာမည်က ပြင်သစ်ဘုရင်မကြီး Marie Antoinette ရဲ့ပုံပြင်ကနေ ဖြစ်လာတာပါ။ သူမကို ၁၇၉၃ ခုနှစ်မှာ ကွပ်မျက်ခဲ့စဉ်က ရုတ်တရတ်ကြီး ဆံပင်ဖြူတွေပြောင်းသွားတယ်လို့ ဆိုကြပါတယ်။ အသက်ကြီးလို့ ဆံပင်ဖြူတာက သဘာဝပါ။ အသက်ကြီးလာတဲ့အခါ ဆံပင်အရောင်ကို ဖြစ်စေတဲ့ မယ်လနင်ရောင်ခြယ်ပစ္စည်းတွေ စနည်းလာပါတယ်။ ဒါပေမယ့် သည်ရောဂါကတော့ အသက်နဲ့မဆိုင်ဘူး။ alopecia areata ဆိုတဲ့ ရုတ်တရတ်ဆံပင်ကျွတ်တဲ့အခြေအနေနဲ့ ဆက်စပ်နေပါတယ်။ (ပုံပြင်ကမှန်မမှန်မသိရပေမယ့် Marie Antoinette ကွပ်မျက်ခံရတုန်းကအရွယ်က ၃၈ နှစ်ပဲရှိပါသေးတယ်။)။Marie Antoinette syndrome က အဖြစ်နည်းပါတယ်။ နာမည်မကြီးတဲ့ Marie Antoinette အပြင် သမိုင်းတစ်လျှောက်က နာမည်ကြီးပုဂ္ဂိုလ်တွေမှာ ရုတ်တရတ်ဆံပင်အရောင်ပြောင်းတဲ့ကိစ္စတွေ ရှိခဲ့ဖူးပါတယ်။ လူသိများတဲ့ ၁၅၃၅ ခုနှစ်မှာ ကွပ်မျက်ခံရတဲ့ သောမတ်စ်မိုးဆိုရင်လည်း မသေခင်မှာ ဆံပင်တွေရုတ်တရတ်ဖြူကုန်တယ်လို့ ဆိုပါတယ်။အရေပြားရောဂါမှတ်တမ်းတွေမှာ ဒုတိယကမ္ဘာစစ်တုန်းက ဗုံးဒဏ်ကနေလွတ်လာတဲ့ လူတွေအတော်များများမှာ ဆံပင်တွေရုတ်တရတ် ဖြူလာတာကို မျက်မြင်တွေ့ရသူတွေအကြောင်း ပါရှိပါတယ်။ နောက် ဆံပင်အရောင်ပြောင်းတာကို စာပေနဲ့ သိပ္ပံဝတ္ထုတွေမှာ ခံစားချက်တွေဖိနှိပ်မျိုသိပ် နေရသူတွေမှာဖြစ်လေ့ရှိကြောင်း ထည့်ရေးကြတာကို တွေ့ရပါတယ်။ အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။Marie Antoinette syndrome ရဲ့ အဓိကလက္ခဏာကတော့ canities (အရောင်ရှိတဲ့ဆံပင်ကျွတ်ခြင်း) ဖြစ်ပါတယ်။အပေါ်မှာပြောထားတဲ့လက္ခဏာတွေထဲမှာ မပါသေးတဲ့တခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ တစ်ကယ်လို့များ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခု ရှိနေနိုင်လားဆိုပြီး စိုးရိမ်နေရင်တော့ ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။အသက်ကြီးလို့ ဆံပင်ဖြူတာက ကျန်းမာရေးပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆံပင်ကျွတ်တာ၊ ချပ်လိုက်ကွာတာ၊ အကွက်ထတာတို့လို့ လက္ခဏာတွေပါတွဲနေရင်တော့ ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေတယ်ဆိုလျှင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုပါလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။Marie Antoinette syndrome ဖြစ်ရတဲ့အကြောင်းကို ကိုယ်ခံအားကပြန်တိုက်တဲ့ရောဂါလို့ တွေးထားကြပါတယ်။ ဒီအခြေအနေက ခန္ဓါကိုယ်က ကိုယ့်ရဲ့ဆဲလ်ကို ကိုယ်ပြန်တိုက်တာမျိုးဖြစ်ပါတယ်။ Marie Antoinette syndrome မှာတော့ ခန္ဓါကိုယ်က ပုံမှန်ဆံပင်အရောင်ထွက်ခြင်းကို တားလိုက်ပါတယ်။ ရလဒ်အနေနဲ့ ဆံပင်တော့ဆက်ရှည်လာပေမယ့် အရောင်ကတော့ အဖြူ သို့မဟုတ် မီးခိုး ဖြစ်သွားတော့တာပဲ။ဒီရောဂါနဲ့မှားနိုင်တဲ့ အရွယ်မတိုင်မီ ဆံပင်ဖြူရတဲ့ အကြောင်းရင်းတွေအများကြီးရှိပါသေးတယ်။ အောက်ပါအခြေအနေတွေကို စဉ်းစားကြည့်ပါ။Alopecia areata– အကွက်လိုက်ထိပ်ပြောင်တဲ့ သတိထားစရာအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ Alopecia areata ရဲ့လက္ခဏာတွေက အောက်ခံရောင်ရမ်းမှုတစ်ခုကြောင့်လို့ စဉ်းစားရပါတယ်။ ဒါကြောင့် ဆံပင်အမြစ်တွေကို ဆံပင်ထပ်မရှည်အောင် လုပ်ပစ်လိုက်ပါတယ်။ ရှိနေတဲ့ဆံပင်တွေလည်း ကျွတ်ကုန်ပါတယ်။ ကိုယ့်မှာ နဂိုကဆံပင်ဖြူစပေါက်နေပြီဆိုရင်တော့ ဒီအခြေအနေကြောင့်ဖြစ်တဲ့ ထိပ်ပြောင်တာက ဆံပင်အရောင်ကို ပိုပြီးဖြူလာစေပါတယ်။ ဒါကြောင့် ထင်ရတာထက်ကို ဆံပင်တွေဖြူနေတယ်လို့ မြင်ရစေပါတယ်။ ကုသမှုယူရင်တော့ ဆံပင်အသစ် ပေါက်လာတဲ့အခါမှာ ဖြူနေတာကို ဖုံးပေးပါလိမ့်မယ်။ ဒါပေမယ့် တဖြည်းဖြည်းဖြူလာနေတာကိုတော့ တားနိုင်မှာမဟုတ်ပါဘူး။မျိုးဗီဇ –အရွယ်မတိုင်မီ ဆံဖြူတတ်တဲ့မျိုးရိုးရှိပါက သင့်မှာလည်းဖြစ်နိုင်ချေများပါတယ်။ Mayo Clinic အရ IRF4 လို့ခေါ်တဲ့ ဗီဇတစ်မျိုးက အဓိကကျတယ်လို့ ဆိုပါတယ်။ ဆံပင်ဖြူရတဲ့မျိုးဗီဇလွှမ်းမိုးတဲ့အခါ ဆံပင်အရောင်ပြန်ပြောင်းဖို့က စိန်ခေါ်မှုတစ်ခု ဖြစ်သွားပါတယ်။ဟော်မုန်းပြောင်းခြင်း –သိုင်းရွိုက်ရောဂါ၊ သွေးဆုံးခြင်းနဲ့ တက်စ်တိုစတီရုမ်းလယ်ဗယ်ကျခြင်းတို့ ပါဝင်ပါတယ်။ ဆရာဝန်က ဟော်မုန်းလယ်ဗယ်တွေ ညီမျှနေအောင် နောက်ပိုင်းမှာ ဆံပင်မဖြူရန် ကာကွယ်ရအောင် ဆေးတွေပေးပါလိမ့်မယ်။သဘာဝအရမည်းမှောင်သောဆံပင် –ဆံပင် မည်းနက်သူရောဖျော့သူရောက ဆံပင်ဖြူလွယ်ပါတယ်။ ဒါပေမယ့် သင့်မှာ မည်းနက်တဲ့ဆံပင်ရှိရင် ဆံပင်ဖြူတာက သူများထက်ပိုသိသာပါတယ်။ ဒီလိုဖြစ်ရပ်တွေမှာ ပြုပြင်ဖို့ခက်ပေမယ့် ဆံပင်ဆေးဆိုးလိုက်တာဆိုတာမျိုးနဲ့ စီမံနိုင်ပါတယ်။ Nemours ဖောင်ဒေးရှင်းအဆိုအရ ဆံပင်ဖြူဖို့ ၁၀ စုနှစ်တစ်ခု ကြာပါတယ်။ ချက်ချင်းဖြစ်တာမျိုး မဟုတ်ပါဘူး။အာဟာရချို့တဲ့ခြင်း– ဗီတာမင် B12 ချို့တဲ့တာက အဓိကပါပဲ။ အာဟာရနဲ့ဆက်စပ်တဲ့ ဆံဖြူတာမျိုးကိုတော့ လိုနေတာစားပေးရုံနဲ့ ပြုပြင်နိုင်ပါတယ်။ ဒီလိုချို့တဲ့တာတွေကိုသိဖို့ သွေးစစ်တာမျိုးက အကူအညီပေးပါလိမ့်မယ်။ ဆရာဝန်အပြင် အာဟာရပညာရှင်နဲ့ပါ တွဲကုဖို့ လိုကောင်းလိုပါလိမ့်မယ်။သမင်ဖြူစွဲခြင်း –သည်ကိုယ်ခံအားက ပြန်တိုက်တဲ့ရောဂါက အရေပြားမှာ ရောင်ခြယ်ပစ္စည်းတွေကိုဆုံးရှုံးစေပြီး အဖြူကွက်တွေ ပေါ်လာတဲ့ရောဂါဖြစ်ပါတယ်။ ဒီကနေ ဆံပင်တွေမှာရှိတဲ့ ရောင်ခြယ်ပစ္စည်းတွေအထိ ပျံ့လာပြီး ဆံပင်တွေပါဖြူလာနိုင်ပါတယ်။ သမင်ဖြူက အထူးသဖြင့်ကလေးတွေ ကုရက်ခက်တယ်။ ကော်တီကိုစတီးရွိုက်၊ ခွဲစိတ်ခြင်းနဲ့ အလင်းကုထုံး စတာတွေနဲ့ကုသရပါတယ်။ ကုသမှုတွေကနေ ရောင်ခြယ်ပစ္စည်းဖျက်တာကိုတားနိုင်တဲ့အခါ ဆံပင်ဖြူတွေနည်းလာတာကို သတိပြုမိပါလိမ့်မယ်။သိလိုသောအချက်အလက်များရှိပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်တွေမှာ အစားထိုးရန် မသင့်တော်ပါဘူး။ ဆက်လက်သိရှိလိုတဲ့ အချက်အလက်တွေအတွက် သင့်ဆရာဝန်နဲ့သာ အမြဲတိုင်ပင်ဆွေးနွေးပါ။သိလိုသောအချက်အလက်များရှိပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။အခုချိန်ထိတော့ ဆံပင်အရောင်ကို ပြန်ပြောင်းနိုင်စေမယ့် ထိရောက်တဲ့ကုထုံးမျိုး မရှိသေးပါဘူး။ ရုတ်တရတ်ဆံပင်ဖြူလာလို့ ရှက်ရွံ့စိတ်ဖြစ်နေပါက ဆေးဆိုးပြီးနေရုံသာရှိပါတယ်။တစ်ကယ်လို့သင့်ဆီမှာ မေးချင်တာတွေရှိနေတယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ရာအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာဆိုင်ရာ အကြံပေးခြင်း၊ ရောဂါအမည်တပ်ခြင်း သို့မဟုတ် ကုသမှုပေးခြင်းများကို ဆောင်ရွက်မပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/marie-antoinette-syndrome-marie-antoinette-syndrome/
လိင်တံ သေးတဲ့အမျိုးသားများ သိထားသင့်တဲ့ လိင်မှုရေးရာအဖြာဖြာ
ငယ်ပါက သေးလိုက်တာဆိုပြီး အမြဲ ညည်းညူနေတတ်တဲ့ အမျိုးသားတွေ အများအပြားရှိပါတယ်။ တကယ်တမ်းလိင်ဆက်ဆံရေးမှာ လိင်အင်္ဂါ အရွယ်အစားထက် စွမ်းဆောင်ရည်ဟာ ပိုပြီး အရေးကြီးပါတယ်။စွမ်းဆောင်ရည်ကောင်းမှ၊ သက်လုံကောင်းမှသာ ကိုယ့်ဆက်ဆံဖော်အတွက် အကောင်းဆုံးသောကာမသုခကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အရွယ်အစား သေးလိုက်တာဆိုပြီး စိတ်ညစ်နေမယ့်အစား ကိုယ့်ပစ္စည်းကို ဘယ်လို အကောင်းဆုံး အသုံးချမလဲ။ ဘယ်လို Position အနေအထားမျိုးနဲ့ ဆက်ဆံတာ ထိရောက်လဲ စတဲ့လိင်ပညာပေး ဗဟုသုတတွေကို ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ ကဲ ….. လိင်တံ သေးတဲ့အမျိုးသားများ သိထားသင့်တဲ့ လိင်မှုရေးရာအဖြာဖြာကို ကြည့်လိုက်ကြရအောင်လား။လိင်တံ သေးတဲ့အမျိုးသားများ သိထားသင့်တဲ့ အရာတွေက။သမားရိုးကြီး ဘာမှမလုပ်ဘဲ ထိုးသွင်းဆက်ဆံတာမျိုးက အရင်ခေတ်မှာ ကျန်ခဲ့ပါပြီနော်။ ဒီလို အပြုအမူတွေက ကိုယ်ပဲ ကောင်းပြီး ဆက်ဆံဖော်အတွက် ဘယ်လိုကာမသုခမှ မခံစားရဘဲ ဖြစ်သွားတတ်ပါတယ်။ ဒီအတွက် နှိုးဆွတာကနေ စလို့ ဆက်ဆံတဲ့ ပုံစံအနေအထားထိပါ သေချာသိထားသင့်ပါတယ်။အမျိုးသား အများစုက နှိုးဆွရာမှာကို အရမ်းပျင်းသလို လုပ်လည်း မလုပ်ချင်ကြပါဘူး။ ဒီလိုမျိုး နှိုးဆွခြင်းဟာ ကိုယ်တိုင်ရော၊ ကိုယ့်ဆက်ဆံဖော်အတွက်ပါ ပိုမိုကောင်းမွန်တဲ့ကာမသုခကို ပေးစွမ်းနိုင်သလို အထိအတွေ့ရဲ့ ခံစားချက်ကြောင့် ဆက်ဆံဖော်အနေနဲ့လည်း ထိုးသွင်းဆက်ဆံရာမှာ ပိုပြီး သက်သောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။အထူးသဖြင့်လိင်တံအရွယ်အစား သေးတဲ့ အမျိုးသားတွေဆိုရင် နှိုးဆွတာမျိုး အရင်လုပ်ပေးခြင်းက ကိုယ့်ရဲ့ ဆက်ဆံဖော်ကို လိင်မှုကိစ္စမှာ ပိုပြီး စိတ်ကျေနပ်အားရမှုရှိအောင် ပံ့ပိုးပေးတာနဲ့ အတူတူပါပဲ။ နှိုးဆွပေးတဲ့ နေရာမှာ။ကျွန်တော်တို့ မြန်မာလူမျိုး အများစုကတော့လိင်အင်္ဂါကို ပါးစပ်နဲ့ ထိတွေ့ရမှာ အရမ်းရွံတတ်ကြပါတယ်။ တကယ်တော့ ထိုးသွင်းဆက်ဆံခြင်း မပြုခင် ကိုယ့်ဆက်ဆံဖော်ကို လိင်စိတ် ထကြွစေဖို့ အကောင်းဆုံး နှိုးဆွပေးနိုင်တဲ့ အရာတွေထဲမှာ ပါးစပ်နဲ့ လျှာလည်း ပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့။မိန်းမကိုယ်မှာ သဘာဝချောဆီအလိုအလျောက် ထွက်တာရယ်၊ အမျိုးသားရဲ့ လိင်အင်္ဂါ အရွယ်အစားက သေးနေတဲ့ အချက် နှစ်ချက်ကြောင့် ချောဆီ အများကြီး သုံးပေးဖို့တော့ မလိုပါဘူး။ ဒါပေမယ့် အစပိုင်းမှာ အဝင်အထွက် ချောစေမယ့် ရေအခြေပြု ချောဆီ နည်းနည်း စွတ်ပြီးမှ စတင်ရင် ပိုကောင်းမှာပါ။ မိန်းမကိုယ် မဟုတ်ဘဲစအိုကို ထိုးသွင်းဆက်ဆံမှာဆိုရင်တော့ ချောဆီ နည်းနည်းပိုသုံးဖို့ လိုပါမယ်။ သေးငယ်တဲ့ ငယ်ပါကိုမှ ကိုယ့်ဆက်ဆံဖော် စိတ်တိုင်းကျစေမယ့် ဆက်ဆံပုံ အနေအထားတွေဆိုရင်။ဒီနည်းလမ်းတွေဟာ လိင်အင်္ဂါအရွယ်အစား သေးနေတဲ့ အမျိုးသားများ ကိုယ့်ဆက်ဆံဖော်ကို ပိုပြီး ထိရောက်စွာ ကာမသုခ ပေးစွမ်းနိုင်စေမယ့် အနေအထားတွေပဲ ဖြစ်ပါတယ်။လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် အဓိက သိထားဖို့ လိုအပ်တာက တစ်ဦးနဲ့ တစ်ဦး အပေးအယူ မျှဖို့နဲ့ ကိုယ်ကောင်းရော ပြီးရောဆိုတဲ့ တစ်ကိုယ်ကောင်းဆန် စိတ်ဓာတ်မျိုးတွေ ဖယ်ရှားဖို့ပါ။ အထူးသဖြင့် အမျိုးသားတွေအနေနဲ့ လိင်အင်္ဂါ သေးခြင်းဟာ ရှက်စရာကိစ္စ တစ်ခုလို့ ခံယူမထားသင့်ပါဘူး။ အရွယ်အစားထက် စွမ်းဆောင်ရည်၊ သက်လုံ၊ ထောင်မတ်နိုင်စွမ်း စတဲ့ အရည်အချင်းတွေသည်သာ အရေးကြီးတယ်ဆိုတာ အမြဲတမ်း မှတ်ထားပေးပါ။ ဒါကြောင့် အန္တရာယ်များတဲ့ ဆီလီကွန်ထိုးတာ၊ ဂေါ်လီထည့်တာတွေ မလုပ်ပါနဲ့။ နောက်ပြီး ကူးစက်ရောဂါတွေနဲ့ ကိုယ်ဝန်တွေ တားနိုင်ဖို့ ကွန်ဒုံးသုံးဖို့လည်း မမေ့ပါနဲ့။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/small-penis-sex/
Cerebral Circulatory Disorders (ဦးနှောက်နှင့်သွေးကြောဆိုင်ရာ ရောဂါများ )
ဦးနှောက်သွေးကြောဆိုသည်မှာ သင့်ဦးနှောက်အတွင်း စီးဆင်းနေသောသွေးကို ဆိုလိုသည်။ ကျန်းမာသော ဦးနှောက်လုပ်ငန်းစဉ် လုပ်နိုင်ရန်အတွက် သွေးစီးဆင်းမှုကောင်းရန် လိုအပ်ပါသည်။လှည့်ပတ်နေသောသွေးများသည် သင့်ဦးနှောက်အား လိုအပ်သည့် လုပ်ငန်းစဉ်များကိုလုပ်နိုင်ရန် အောက်စီဂျင်နှင့် အာဟာရများကို ထောက်ပံ့ပေး၏။ သွေးသည် ဦးနှောက်ဆီသို့ အောက်စီဂျင်နှင့် ဂလူးကို့စ်ကို ထောက်ပံ့ပေး၏။ ဦးနှောက်သည့် သင့်ခန္ဓါကိုယ်အလေးချိန်၏ အပိုင်းသေးသေးလောက်သာ ရှိသော်လည်း လုပ်ငန်းလုပ်ဖို့ရာ စွမ်းအင်အများကြီးလို၏။ အရီဇိုးနားတက္ကသိုလ်ရှိ ဒေးဗစ်ဓါတ်ခွဲခန်းအရ နှလုံးသွေးပန့်နှုန်း၏ ၁၅ %သည် ဦးနှောက်၏ အောက်စီဂျင်နှင့် ဂလူးကို့စ်လိုအပ်ချက်ကို ထောက်ပံ့ရသည်ဟုဆိုသည်။တခြားနည်းဖြင့်ပြောရလျှင် ၎င်းကျန်းမာနေစေရန် သွေးအမြောက်အများလိုအပ်ခြင်း ဖြစ်သည်။ထို့ကြောင့် ဦးနှောက်၏ဇီဝရုပ်ဖြစ်ပျက်ဖို့ရာ လိုအပ်သည့်ပမာဏကို မထောက်ပံ့နိုင်တော့အောင် သွေးစီးဆင်းမှု မလုံလောက်သည့်အခါမျိုးရှိတတ်သည်။ထိုအခြေအနေသည် အောက်စီဂျင်ထောက်ပံ့မှု မလုံလောက်ဖြစ်စေပြီး ဦးနှောက် Hypoxia ရနိုင်သည်။ ထိုကနေမှ ဦးနှောက်တစ်ရှူးများ သေခြင်း (cerebral infarction) သို့မဟုတ် တစ်ရှူးသေခြင်းကြောင့်ဖြစ်သော လေဖြတ်ခြင်းကို ဖြစ်စေနိုင်ပါသည်။ဒါကို သိပ္ပံပညာရှင်များက ဦးနှောက်နှင့်သွေးကြောဆိုင်ရာ ရောဂါများဟု ခေါ်ပါသည်။ဒီရောဂါသည် အရွယ်မရွေး လိင်မရွေး ဖြစ်ပွားနိုင်သည်။ အထူးသဖြင့် အသက်ငါးဆယ်ကျော်သော အမျိုးသမီးများတွင် အဖြစ်များသည်။သို့သော် ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ဦးနှောက်သွေးစီးဆင်းမှုအား တစ်ချို့အချက်များမှ ဖျက်စီးသည့်အခါ အောက်စီဂျင်နှင့် ဂလူးကို့စ်အား ဦးနှောက်မှ ကောင်းကောင်းမရတော့ပေ။ နောက်ဆက်တွဲအနေဖြင့် ၎င်းသည် ဦးနှောက်ထိခိုက်မှုကိုဖြစ်စေပြီး အာရုံကြောဆိုင်ရာ ပြဿနာများကို ဖြစ်ပွားစေနိုင်ပါသည်။ ဦးနှောက်သွေးစီးဆင်းမှု မလုပ်လောက်သည်နှင့် ဆက်စပ်မှုရှိသော အခြေအနေတစ်ချို့မှာ အောက်ပါတို့ဖြစ်သည်။ဦးခေါင်းသွေးလွှတ်ကြောအတွင်း၌ သွေးခဲပိတ်သွားလျှင် လေဖြတ်ခြင်း ဖြစ်ပေါ်နိုင်သည်။ ရလဒ်အနေဖြင့် ထိုသွေးကြောထောက်ပံ့သည့် ဧရိယာတွင် ဦးနှောက်တစ်ရှူးများ သေသွားနိုင်သည်။ တစ်ရှူးသေသည့်အခါ ၎င်းဦးနှောက်အပိုင်းမှ ထိန်းချုပ်နေသော လုပ်ငန်းများ ပျက်သွားမည်ဖြစ်သည်။ ဥပမာအားဖြင့် စကားပြောနိုင်စွမ်း၊ လှုပ်ရှားမှုနှင့် မှတ်ဉာဏ်တို့ကို ထိခိုက်စေနိုင်ပါသည်။ဦးနှောက်တစ်နေရာတွင် အောက်စီဂျင်မလောက်လျှင် ဦးနှောက်အောက်စီဂျင်မလောက်ခြင်း (Cerebral Hypoxia) ရနိုင်သည်။ ၎င်းအခြေအနေသည်သွေးစီးဆင်းမှုကောင်းနေလျှင်သော်မှသွေးထဲတွင်အောက်စီဂျင်လုံလုံလောက်လောက်မပါဝင်သည့်အခါတွင်လည်းဖြစ်တတ်ပါသည်။ဦးနှောက်အောက်စီဂျင်မလောက်သည့် အကြောင်းများမှာ-။ရေနစ်ခြင်း။သီးခြင်း။အသက်ရှူမွန်းခြင်း။မြင့်သောနေရာများတွင်နေခြင်း။အဆုတ်ရောဂါများ။သွေးအားနည်းခြင်း။ဦးနှောက်သွေးယိုခြင်းသည် ဦးခေါင်းအတွင်း သွေးယိုခြင်းကို ဆိုလိုသည်။ ၎င်းသည် သွေးလွှတ်ကြောနံရံများအားနည်းခြင်း သို့မဟုတ် ပေါက်ကွဲခြင်းကြောင့် ဖြစ်ရသည်။ ထိုသို့ဖြစ်ပါက သွေးများကို ဦးခေါင်းတွင်းသို့ စီးဆင်းစေနိုင်သည်။ ထိုအခါတွင် ဦးခေါင်းခွံအတွင်း ဖိအားများလာပြီး သတိမေ့သွားနိုင်ပါသည်။ဦးနှောက်သွေးယိုခြင်း ဖြစ်စေနိုင်သော တခြားအကြောင်းများမှာ ပုံမှန်မဟုတ်ပဲ ဖြစ်ပေါ်နေသော သွေးကြောများ၊ သွေးယိုစီးသော ရောဂါများနှင့် ခေါင်းထိခိုက်ခြင်းတို့ ပါဝင်ပါသည်။ ဦးနှောက်သွေးယိုခြင်းသည် ဦးနှောက်ထိခိုက်ခြင်းနှင့် သေခြင်းကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ဆေးပညာအရ အရေးပေါ်အခြေအနေဖြစ်သည်။Edema (ဖောင်းကြွခြင်း)ဆိုသည်မှာ ရေဆန်သော အရည်များ စုစည်းခြင်းကြောင့် ဖောင်းလာခြင်းတစ်မျိုး ဖြစ်ပါသည်။ ဦးနှောက်ဖောင်းကြွခြင်းသည် ဦးခေါင်းခွံအတွင်း အရည်များ များလာခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။ဦးနှောက်သွေးစီးဆင်းမှုအား နှောက်ယှက်မှုရှိလျှင် ဒါမျိုးဖြစ်တတ်ပါသည်။ ဦးနှောက်ဖောင်းကြွခြင်းသည် ဦးနှောက်ကို ဖိအားပေးနိုင်သည်။ နောက်ဆုံးတွင် အချိန်မှီမကုသပါက ဦးနှောက်ဖိမိပြီး ပျက်စီးနိုင်ပါသည်။စောလျှင်စွာသိရှိခြင်းနှင့် ကုသမှုသည် ဒီလိုအခြေအနေများ ပိုဆိုးလာခြင်းနှင့် နောက်ထပ်ဖြစ်နိုင်သော အရေးပေါ်အခြေအနေများကို ကာကွယ်နိုင်ပါသည်။ ထို့ကြောင့် ပြင်းထန်သော အခြေအနေများ မဖြစ်ပေါ်လာစေရန် ဆရာဝန်နှင့် တတ်နိုင်သလောက် မြန်မြန် တိုင်ပင်ဆွေးနွေးပါ။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဦးနှောက်နှင့်သွေးကြောဆိုင်ရာ ရောဂါများသည် တခြားသော ရောဂါများ သို့မဟုတ် ပုံမှန်မဟုတ်မှုများနှင့် ဆက်စပ်မှုရှိပါသည်။ Sickle cell anemia, သွေးကြောဖိမိခြင်း၊ နှလုံးသွေးလွှတ်ခန်းခုန်နှုန်းမြန်ခြင်း၊ သွေးကြောများတွင် ချပ်ပြားများ တည်ခြင်း၊ သွေးခဲများတည်ခြင်း၊ နှလုံးဖောက်ခြင်းကြောင့် သွေးပေါင်ထိုးကျသွားခြင်း၊ မွေးရာပါ နှလုံးမကောင်းခြင်း စသည်တို့ရှိသောလူများသည် ကျန်းမာသောသူများနှင့်ယှဉ်လျှင် ဤရောဂါကို ပိုပြီးဖြစ်နိုင်ချေ အလွန်များသည်။၎င်းသည် ဦးနှောက်နှင့်သွေးကြောဆိုင်ရာ ရောဂါများကို ဖြစ်စေနိုင်ပြီး ပုံမှန်မဟုတ်သည့် သွေးနီဥ ပုံစံဆန်းများနှင့် ဆက်နွှယ်ပါသည်။ တံစဉ်းပုံစံ သွေးဆဲလ်များသည် ပုံမှန်ဆဲလ်များထက် သွေးပိုခဲစေနိုင်ပြီး ဦးနှောက်သွေးစီးဆင်းမှုကို ဟန့်တားစေနိုင်ပါသည်။၎င်းသည် ဦးနှောက်ဆီသို့ အောက်စီဂျင်ပို့သော သွေးကြောများကို ပိတ်ခြင်းအားဖြင့် ဦးနှောက်နှင့်သွေးကြောဆိုင်ရာ ရောဂါများကို ဖြစ်စေနိုင်သည်။ ကင်ဆာအကျိတ်များသည် သွေးကြောဖိစေနိုင်သော အကြောင်းရင်းများထဲမှ တစ်ခြု့ဖစ်သည်။၎င်းသည် နှလုံးခုန်မမှန်ခြင်းကိုဆိုလိုပြီး နှလုံးကိုလုံးဝရပ်သွားစေနိုင်ကာ အောက်စီဂျင်စီးဆင်းမှု ရပ်တန့်သွားစေနိုင်ပါသည်။ ထို့အပြင် နှလုံးခုန် မမှန်ခြင်းသည် သွေးခဲများကိုဖြစ်ပေါ်စေရာမှ အင်္ဂါများ အောက်စီဂျင် ပြတ်လပ်ခြင်းကို ဖြစ်စေနိုင်သည်။၎င်းသည် သွေးမလုံလောက်ခြင်းကို ဖြစ်စေနိုင်ပါသည်။ ချပ်ပြာစုပုံမှု နည်းလျှင်တောင်မှ သွေးကြောကျဉ်းမှုကို ဖြစ်စေနိုင်ပြီး သွေးခဲမှုကို ပိုပိုဖြစ်စေနိုင်ပါသည်။ သွေးခဲကြီးများသည်လဲ သွေးစီးဆင်းမှုအား ပိတ်ဆို့ခြင်း ဖြစ်စေနိုင်သည်။၎င်းသည် နှလုံးဖောက်ခြင်းနှင့် သွေးပေါင်ကျခြင်းကြား ဆက်စပ်မှုကြောင့် ဦးနှောက်နှင့်သွေးကြောဆိုင်ရာ ရောဂါများဖြစ်စေခြင်းဖြစ်သည်။ သွေပေါင်အလွန်ကျခြင်းသည် တစ်ရှူးများဆီသို့ လုံလောက်သောအောက်စီဂျင် ရောက်မည်မဟုတ်ပါ။နှလုံးဖောက်ခြင်းအား မကုသလျှင် သွေးစီးမှုကိုကျသွားစေပြီး သွေးခဲများဖြစ်ပေါ်လာနိုင်ကာ ဦးနှောက်နှင့် တခြားအရေးကြီးသည့် အင်္ဂါများကို သွေးမလျှောက်ပဲနေပါလိမ့်မည်။ ဆေးလွန်ခြင်းနှင့် ဆေးဝါးဓါတ်ပြုမှုများမှ သွေးပေါင်ထိုးကျခြင်းလဲ ဖြစ်စေနိုင်ပါသည်။ထို့ကြောင့် ဦးနှောက်နှင့်သွေးကြောဆိုင်ရာ ရောဂါများသည် နှလုံးဖောက်ခြင်းအပြင် တခြားအကြောင်းများမှလဲ ဖြစ်စေနိုင်ပါသည်။မသင့်လျော်သောသွေးကြော ဖြစ်ပေါ်မှုနှင့် ဆက်နွှယ်မှုများကြောင့် သွေးမလုံလောက်ခြင်းကို ဖြစ်စေနိုင်သည်။ မွေးရာပါနှလုံးချို့ယွင်းသူများသည် သွေးခဲဖြစ်ပေါ်ဖို့ အလွန်လွယ်ကူနိုင်သည်။ဦးနှောက်နှင့်သွေးကြောဆိုင်ရာ ရောဂါများများသည် အသက်အရွယ်မရွေး ဖြစ်နိုင်သည်ကို သတိပြုပါ။ အောက်ပါတို့ရှိလျှင် သင့်၌ အန္တရာယ်ပိုများနေပြီ ဖြစ်သည်။သွေးတိုးခြင်း။သွေးတွင်းအဆီများခြင်း။နှလုံးရောဂါရှိခြင်း။သွေးကြောကျဉ်းရောဂါရှိခြင်း။နှလုံးရောဂါ မိသားစုရာဇဝင်ရှိလျှင်။ဆီးချိုရှိလျှင်။အဝလွန်လျှင်။ဆေးလိပ်သောက်ခြင်း။အရက်သောက်ခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်၌ ထိုအခြေအနေရှိနေကြောင်း သံသယရှိပါက ဆရာဝန်သည် စမ်းသပ်မှုပြုလုပ်ပြီး ကျန်းမာရေးရာဇဝင်တို့ကိုမေးပါလိမ့်မည်။ စစ်ဆေးမှုတစ်ချို့ကိုလဲ လုပ်ရမည်ဖြစ်ကြောင့် လမ်းညွှန်နိုင်သည်။ တစ်ချို့ စစ်ဆေးနေကျ စစ်ဆေးမှုများတွင် သွေးစစ်ခြင်း သို့ ဓါတ်မှန်တို့ကဲ့သို့ ပုံရိပ်ဖော်စစ်ဆေးများပါဝင်ပါသည်။Alteplase (tpa) သည် ဦးနှောင်သွေးမလောက်ခြင်းကြောင့်ဖြစ်သည့် လေဖြတ်ခြင်းအတွက် အသုံးဝင်သော ဆေးဖြစ်သည်။ ၃နာရီအတွင်းပေးနိုင်ပါက tpa နှင့်ကုသမှုသည် ဆေးတု (Placebo) များနှင့် ကုသသည်ထက် ပိုကောင်းသောအခြေအနေ ရနိုင်ချေ ပိုများပါသည်။ဦးနှောက်နှင့်သွေးကြောဆိုင်ရာ ရောဂါများ၏ ရလဒ်သည် နောက်ပိုင်းတွင် အထောက်အပံ့ကုသမှု အရည်အသွေးပေါ်တွင် မူတည်ပါသည်။ စနစ်တစ်ခုလုံးဆိုင်ရာ သွေးဖိအားအား ထိန်ထားနိုင်မှ ဦးနှောက်သွေးစီးဆင်းမှုအား ပြန်ကောင်းစေနိုင်ပါသည်။ ထို့အတူ အောက်စီဂျင်မဝခြင်း (hypoxia) နှင့် hypercapnia တို့ကိုလဲ ရှောင်ကျဉ်သင့်သည်။အတက်ရောဂါသည် ထိခိုက်မှုကို ပိုများစေသည်။ သင့်တော်သော် အတက်ကျဆေးများကို ပေးသင့်ပြီး အတက်ရောဂါ ဖြစ်လာပါက ကုသမှုပို ပြင်းပြင်းထန်ထန် ဆောင်ရွက်ရမည်ဖြစ်သည်။ သွေးတွင်သကြားဓါတ်များခြင်းကိုလဲ ရှောင်ကြဉ်ရပါမည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကဦးနှောက်နှင့်သွေးကြောဆိုင်ရာ ရောဂါများ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။နှလုံးသွေးကြောကျဉ်းခြင်းနှင့် လေဖြတ်ခြင်းအား လျော့ချနိုင်ရန်နှင့် ဦးနှောက်နှင့်သွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ရန် အောက်ပါတို့ကို လိုက်နာသင့်သည်။ဆေးလိပ်ဖြတ်ပါ။လေ့ကျင့်ခန်းလုပ်ပါ။သွေးတိုးနှင့် ဆီးချိုကို ကုသပါ။ကျန်းမာရေးနှင့် ညီညွှတ်သော အစားအစာများ – သစ်သီး၊ ဟင်းသီးဟင်းရွက်နှင့် ဂျုံကြမ်း။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/cerebral-circulatory-disorders-%e1%80%a5%e1%80%ae%e1%80%b8%e1%80%b1%e1%82%8f%e1%80%bd%e1%80%ac%e1%80%80%e1%80%b9%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8/
ကိုယ်ဝန်ဆောင်ချိန် ဒွိဟဖြစ်ရသော ကိစ္စရပ်အချို့
ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးများအတွက်တော့ စိတ်လှုပ်ရှားစရာအခြေအနေဖြစ်ပါတယ်။ ဖိတ်ဖိစီးမှုတွေ၊ ကြောက်ရွံ့မှုတွေ ပေါ်လာတတ်ပါတယ်။ ကိစ္စရပ် တစ်ခုခုပြုမယ်ကြံတိုင်း ကိုယ်ဝန်အတွက် အဆင်ပြေပါ့မလား စဉ်းစားလာတတ်ကြပါတယ်။အောက်ဖော်ပြပါ အကြောင်းအရာများကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ စဉ်းစားဆုံးဖြတ်ရာမှာ တွေဝေစေတတ်တဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။စစ်တမ်းများအရ ကိုယ်ဝန်ဆောင်အမျိုးသမီးအချို့ဟာ မိမိမှာကိုယ်ဝန်ရှိကြောင်း သိလိုက်ရပေမယ့် မသေချာမှာစိုးတာကြောင့် မိမိခင်ပွန်းကိုဖြစ်စေ၊ ရင်းနှီးကျွမ်းဝင်သူများကိုဖြစ်စေ မပြောသေးဘဲ ချီတုံချတုံ ဖြစ်နေတတ်ပါတယ်။ ကိုယ်ဝန်ရှိတယ်ပြောပြီးမှ ပျက်ကျသွားတာမျိုး ကြုံရမှာလည်း စိုးကြပါတယ်။ ကိုယ်ဝန်ပျက်ကျခြင်းအများစုဟာ ၁၂ပတ်တာကာလအတွင်းမှာ ဖြစ်တတ်ပါတယ်။ စိုးရိမ်စိတ်များနေရင် အဆိုပါကာလလွန်မှ ပြောနိုင်ပါတယ်။ ဒီကိစ္စကို လျှို့ဝှက်ချက်အနေနဲ့ ထိန်းထားဖို့တော့ ခက်ပါတယ်။ ကိုယ်ဝန် ၈ ပတ်မြောက်မှာအာထရာဆောင်းရိုက်ကြည့်ပြီး ကလေးရဲ့နှလုံးခုန်ခြင်းကို တွေ့ရရင်တော့ ပျက်ကျနိုင်ခြေ ၂ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီအခြေအနေမျိုးမှာ ယုံကြည်ချက်ရှိရှိ ဖွင့်ပြောနိုင်ပါတယ်။နေ့စဉ် ကာဘိုဟိုက်ဒရိတ်၊ ပရိုတိန်း၊ အဆီဓာတ် စတာတွေကို မျှတအောင် စားသုံးသင့်ပါတယ်။ အစားအစာတွေကို သန့်ရှင်းစွာ ချက်ပြုတ်စားသုံးရပါမယ်။ အစိမ်းစားတာ၊ မကျက်တကျက်စားသုံးတာမျိုးတွေ ရှောင်ကြဉ်ရပါမယ်။ အသားစိမ်းပါတဲ့ ဆူရှီ၊ သေချာစွာ မချက်ပြုတ်ထားတဲ့ အမဲသား၊ ဝက်သား၊ ကြက်သား၊ ပိုးမသတ်ထားတဲ့ နွားနို့နဲ့ ဒိန်ခဲ၊ မကျက်တကျက်ပြုတ်ထားတဲ့ ကြက်ဥ၊ သေချာစွာ ဆေးကြောထားခြင်းမရှိတဲ့ အသိးအနှံ ဟင်းသီးဟင်းရွက် စတာတွေကို ရှောင်ကြဉ်ရပါမယ်။ဒီနေရာမှာ အမျိုးမျိုးကွဲပြားကြပါတယ်။ သောက်လို့ရပေမယ့် ရှောင်နိုင်ရင်ပိုကောင်းပါတယ်။ ကဖိန်းဟာ အာရုံကြောလှုံ့ဆော်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ သွေးပေါင်ချိန်ကို တက်စေနိုင်ပြီး နှလုံးခုန်နှုန်းလည်း မြန်ဆန်စေပါတယ်။ ဒါ့အပြင် ကဖိန်းဟာ ရေဓာတ်ခမ်းခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကဖိန်းဟာ အချင်းမှတဆင့် ကလေးဆီရောက်သွားနိုင်ပါတယ်။ ဒါကြောင့် မသောက်ရင်တော့ အကောင်းဆုံးပါပဲ။ သောက်သုံးမယ်ဆိုရင်လည်း တစ်နေ့တာမှာ ၁၀၀ မှ ၂၀၀ မီလီလီဂရမ်ထိ သောက်သုံးနိုင်တယ်လို့ သိရပါတယ်။ ဒါဟာ ကော်ဖီခွက်ငယ်တစ်ခွက်စာ ပမာဏနဲ့ ညီပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ အရက်ကို လုံး၀ မသောက်သင့်ပါဘူး။ အထူးသဖြင့် ပထမသုံးလပတ်အတွင်း ဖြစ်ပါတယ်။ ကိုယ်ဝန်နဲ့ သန္ဓေသားအပေါ် ထိခိုက်မှု ရှိနိုင်ပါတယ်။ ဆေးပညာအရ Fetal Alcohol Syndrome လို့ခေါ်တဲ့ ရောဂါလက္ခဏာစု ဖြစ်နိုင်ပြီး ကလေးရဲ့ ဦးနှောက်ပိုင်းဆိုင်ရာနဲ့ ကြီးထွားမှုပိုင်းဆိုင်ရာမှာ ဆိုးဆိုးရွားရွား ထိခိုက်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်မယ်၊ ကိုယ်လက်ကိုက်ခဲမယ်ဆိုရင်တောင် အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးသင့်ရဲ့လားလို့ စဉ်းစားလာတတ်ကြပါတယ်။ ဒီနေရာမှာ ရိုးရိုးပါရာစီတမောလို အကိုက်အခဲပျောက်ဆေးတွေကို တစ်ခါသောက်ရင် တပြားစာ (၅၀၀ မီလီဂရမ်) သောက်သုံးနိုင်ပါတယ်။ အခြေအနေပေါ်မူတည်ပြီး ၃-၄ ကြိမ်ထိ သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် ဘယ်ဆေးဝါးမဆို ဘေးကင်းစိတ်ချစွာ သုံးစွဲနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပြသတာ အကောင်းဆုံးပါပဲ။ကိုယ်ဝန်ဆောင်ကာလအတွင်း ရေနွေးစိမ်ခြင်း၊ ချွေးထုတ်ခန်းဝင်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အထူးသဖြင့် ပထမသုံးလတာ ကာလအတွင်း ဖြစ်ပါတယ်။ အပူချိန်များရင် ကလေးမှာ အာရုံကြောမကြီး ချို့ယွင်းတဲ့ပြဿနာ ရှိနိုင်ပါတယ်။ ကိုယ်လက်ကိုက်ခဲနေချိန်မှာတော့ အတန်အသင့်လောက်ပဲနွေးတဲ့ ရေနွေးနဲ့ ရေချိုးခြင်း၊ ရေစိမ်ခြင်း ပြုနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ တိရစ္ဆာန်များကို ကိုင်တွယ်ခြင်း၊ သူတို့ရဲ့နေရာထိုင်ခင်းများကို ကိုယ်တိုင် သန့်ရှင်းရေးလုပ်ခြင်းများ မပြုသင့်ပါဘူး။ ရောဂါပိုးဝင်ရောက်နိုင်ခြေ ရှိပါတယ်။ မလွှဲသာလို့ ခွေးကြောင်များကို ကိုင်မိရင်ဖြစ်စေ၊ မြေကြီးများကို ကိုင်တွယ်မိရင်ဖြစ်စေ လက်ကိုဆပ်ပြာနဲ့ သေချာစွာ ဆေးကြောသင့်ပါတယ်။ကိုယ်ဝန်ဆောင်အားဆေးဆိုတာ ကိုယ်ဝန်ဆောင်လိုတဲ့၊ ကိုယ်ဝန်ဆောင်နေတဲ့ အမျိုးသမီးများနဲ့ ရရှိလာမယ့်ကလေးအတွက် အကျိုးပြုစေမယ့် ဗီတာမင်တွေပဲ ဖြစ်ပါတယ်။ တကယ်တော့ ကိုယ်ဝန်ဆောင်အားဆေးများဟာ ကိုယ်ဝန်ရဖို့ ကြိုးစားနေချိန်ကတည်းက သောက်နိုင်ပါတယ်။ တရားဝင်ထုတ်လုပ်ဖြန့်ချိတဲ့ ဆေးဝါးဟုတ်မဟုတ်ကိုတော့ နားလည်တတ်ကျွမ်းသူတွေဆီမှာ မေးမြန်းသင့်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/pregnancy-concerns-tips/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%98%e1%80%b0%e1%80%b1%e1%80%96%e1%80%b8%e1%80%85%e1%80%ac%e1%80%b8%e1%80%9b%e1%80%90%e1%80%ac-%e1%81%be%e1%80%80%e1%80%ad%e1%80%b3%e1%80%80%e1%80%b9%e1%80%90%e1%80%9a%e1%80%b9%e1%80%86%e1%80%ad/
အိပ်ဟောက်တတ်တဲ့ကလေးတွေမှာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေရှိလာနိုင်ပါတယ်
အိပ်ဟောက်ခြင်းဟာ လူတိုင်းမှာဖြစ်နိုင်တဲ့ အခြေအနေတစ်ခုပါပဲ။ အမျိုးသားတွေနဲ့ အဝလွန်တဲ့သူတွေမှာ တွေ့ရတာများပေမယ့်လည်းပေါ့လေ။ သာမန်အားဖြင့်တော့ ဟောက်ခြင်းဟာ ပြင်းထန်တဲ့ အခြေအနေတစ်ခုမဟုတ်ဘဲ သင်နဲ့အတူအိပ်စက်သူကိုသာ အများဆုံးအနှောက်အယှက်ပေးနိုင်တာပါ။ ဒါပေမဲ့ သင်က ဟောက်တာကို အကျင့်ဖြစ်နေတဲ့သူတစ်ယောက်ဆိုရင် သင့်အနားမှာရှိသူတွေရဲ့ အိပ်စက်ခြင်းကို အနှောက်အယှက်ပေးနိုင်တဲ့အပြင် သင့်ကိုလည်း အိပ်စက်ရာမှာ အနှောက်အယှက်ဖြစ်စေပါတယ်။ အိပ်ဟောက်ခြင်းဟာ အရွယ်ရလာလေ ပိုဆိုးလေပါပဲ။ညဘက်မှာကောင်းကောင်းအိပ်ပျော်စေဖို့အတွက် အိပ်ဟောက်တတ်သူတွေအဖို့ တစ်ခါတလေမှာ ဆေးဝါးအကူအညီတွေ လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။အကျယ်ကြီးအိပ်ဟောက်တတ်တဲ့ မူကြိုအရွယ်ကလေးတွေမှာ အပြုအမူဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ချေ ပိုမြင့်ပါတယ်။ ဘယ်လိုအပြုအမူတွေလဲဆိုခဲ့ရင် တက်ကြွလွန်နေတာမျိုး၊ အာရုံစိုက်နိုင်စွမ်းပြဿနာတွေနဲ့ စိတ်ဓါတ်ကျခြင်းတွေပါ။ကလေးအထူးကုတွေက လေ့လာမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ဒီလေ့လာမှုမှာဆိုရင် အသက် ၂နှစ်မှ ၃နှစ်ကြား ကလေးငယ် ၂၄၉ယောက်ထဲက ၉%ဟာ တစ်ပတ်မှာ ၂ကြိမ်လောက် ဒါမှမဟုတ် ဒီထက်ပိုပြီး အကျယ်ကြီး ဟောက်တတ်ကြပါတယ်။ ဒီကလေးတွေထဲကမှ ၃နှစ်အရွယ် ဟောက်တတ်တဲ့ကလေးတွေဟာ အခြားသော ၂နှစ်နဲ့ ၃နှစ်ကြား ကလေးငယ်တွေ (ဟောက်သည်ဖြစ်စေ၊ မဟောက်သည်ဖြစ်စေ) နဲ့စာရင် အပြုအမူဆိုင်ရာ ပြဿနာတွေ ဖြစ်လွယ်တာကို တွေ့ရပါတယ်။မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးတွေကို ဟောက်ခြင်းကနေဝေးကွာစေပြီး သူ့ကြောင့်ဖြစ်နိုင်တဲ့ အပြုအမူဆိုင်ရာ မကောင်းချက်တွေကိုလည်း ရှောင်လွှဲစေနိုင်ပါတယ်။ ဒီသက်ရောက်မှုတွေဟာ အသက် ၂နှစ်မှ ၃နှစ်ကြားကလေးတွေမှာ တွေ့ရသလို ဒီထက်ပိုကြီးတဲ့ကလေးတွေမှာလည်း တွေ့ရနိုင်ပါတယ်။ ဒါဟာ မိဘတွေ ဒါမှမဟုတ် ကလေးအထူးကုတွေ အာရုံထားမိတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။လေ့လာသူတွေဟာ အသက်၂နှစ်နဲ့ ၃နှစ်မှာ ဟောက်ခြင်းက အပြုအမူဆိုင်ရာ ပြဿနာတွေနဲ့ ဘယ်လိုဆက်စပ်နေတယ်ဆိုတာလည်း သေချာမသိကြသေးပါဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ အိပ်ရေးမဝခြင်းဟာ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နိုင်ပါတယ်။ အချို့သော အိပ်ဟောက်ခြင်းတွေဟာ ပုံမှန်ပါပဲ။ ဥပမာ ကလေးအအေးမိနေတဲ့ အခါမျိုးတွေမှာပေါ့။ ဒါပေမဲ့ သင်စိတ်ပူနေတယ်ဆိုရင်တော့ ကလေးအထူးကုနဲ့ တိုင်ပင်ကြည့်ပါ။သားဦးမိခင်တွေဟာ မိခင်နို့ကိုပဲ ကြာနိုင်သမျှကြာအောင် တိုက်ကျွေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ အိပ်ဟောက်ခြင်းကိုခုခံနိုင်တဲ့ ကောင်းကျိုးတွေ သက်ရောက်စေနိုင်လို့ပါ။ဆင်းရဲတဲ့ မိသားစုကကလေးတွေနဲ့ မိခင်နို့ကို ကာလတိုပဲ တိုက်ကျွေးခံရတဲ့ကလေးတွေဟာ အိပ်ဟောက်သူတွေဖြစ်လာနိုင်ဖို့ ရာနှုန်းများပါတယ်။မိဘတွေဟာကလေးတွေ အိပ်ဟောက်တာကို လျစ်လျူရှုမထားသင့်ပါဘူးလို့ဆိုပါတယ်။ တကယ်လို့ သင့်ကလေးက အိပ်ဟောက်နေရင် သင်က ပိုပြီးလေ့လာရမှာပါ။ ကလေးက အိပ်ဟောက်ပြီဆိုတာနဲ့ သင့်မိသားစုထဲကလူတွေအားလုံးဆီက အကူအညီတွေ လိုက်တောင်းနေလို့မရပါဘူး။ ကလေးအထူးကုရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာရမှာပါ။ကျွမ်းကျင်သူတွေဟာ အိပ်ဟောက်ခြင်းနဲ့ အပြုအမူပြဿနာတွေကြားမှာ ဆက်သွယ်ချက်တစ်ခုရှိကိုရှိတယ်လို့ ယူဆပါတယ်။ အိပ်ဟောက်တာကိုပဲ အကျင့်ဖြစ်နေတဲ့ကလေးတွေမှာ အပြုအမူဆိုင်ရာပြဿနာတွေ ဖြစ်နိုင်ချေ ပိုများပါတယ်။ ဒါပေမဲ့ ဒါဟာ ဟောက်တတ်တဲ့ကလေးတွေအားလုံးဒီလိုပြဿနာတွေရှိတတ်တယ်၊ ဒါမှမဟုတ် အပြုအမူဆိုင်ရာ ပြဿနာတွေရှိတဲ့ကလေးတွေဟာ အိပ်ဟောက်သူတွေဖြစ်တယ်လို့ ဆိုလို့မရပါဘူး။ဒါပေမဲ့ ကလေးတွေအတွက်တော့ အိပ်ဟောက်တယ်ဆိုတာ ပုံမှန်မဟုတ်ပါဘူး။ အချို့ကလေးတွေဟာ သူတို့ရဲ့ tonsils တေကို ဖယ်ရှားပစ်ဖို့ ခွဲစိတ်ကုသမှုလုပ်စရာ လိုတတ်ပါတယ်။ ဒီလို အိပ်ဟောက်ခြင်းဟာ ပုံမှန်ပဲလား ဒါမှမဟုတ် အိပ်ဟောက်ခြင်းနဲ့ အပြုအမူဆိုင်ရာ ပြဿနာတွေကို တိုးတက်လာစေဖို့အတွက်နဲ့ ပတ်သက်ပြီး စစ်ဆေးမှုလုပ်ဖို့လိုပါတယ်။ဒါဟာ ဆိုးရွားတဲ့ စက်ဝန်းတစ်ခုလည်းဖြစ်နေနိုင်ပါတယ်။ ကောင်းကောင်းအိပ်မရတဲ့ကလေးတွေဟာ ပင်ပန်းပြီး ဒေါသထွက်လွယ်ကာ ကောင်းကောင်းလည်း မစားကြပါဘူး။ ဟောက်တဲ့အသံဟာ လေပြွန်ရဲ့ တစ်စိတ်တစ်ပိုင်းကို ပိတ်ဆို့ခံထားရတယ်လို့ ဆိုလိုနေတာဖြစ်ပြီး ဒါဟာ ဓါတ်တိုးမှုနည်းပါးစေပြီး အနားယူမရတဲ့ အိပ်စက်ခြင်းကိုပဲ ဖြစ်ပေါ်စေတာပါ။တကယ်လို့ဒါဟာ ရာသီကြောင့်ဖြစ်ရတာ ဒါမှမဟုတ် အအေးမိလို့ဖြစ်ရတာဆိုရင်တော့ ကြီးကျယ်တဲ့ ကိစ္စတစ်ခုမဟုတ်တော့ပါဘူး။ ဒါပေမဲ့ ဟောက်ခြင်းက ပြင်းထန်ပြီး အိပ်စက်ရာမှာ ပြဿနာတွေဖြစ်လာနိုင်ပြီဆိုရင်တော့ စမ်းသပ်စစ်ဆေးမှု လုပ်သင့်ပါပြီ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/behavioral-and-developmental-disorders/%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%80%9f%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%90%e1%80%90%e1%80%ba%e1%80%90%e1%80%b2%e1%80%b7%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1/
ဟော်မုန်းမပါတဲ့ သားဆက်ခြားနည်း များ
အိမ်ထောင်ကျလို့သားဆက်ခြားနည်းသုံးတော့မယ်ဆိုရင် ခုခေတ်မှာက အမျိုးအစားအစုံ ရှိပါတယ်။ အမျိုးသား သုံးလား။ အမျိုးသမီးသုံးလား။ သောက်ဆေးလား၊ ထိုးဆေးလား၊သားအိမ်ထဲထည့်မှာလား၊လက်မောင်းအောက်ထဲ ထည့်မှာလား စသဖြင့် အမျိုးအစား စုံပါတယ်။ သားဆက်ခြားနည်းက နှစ်ယောက်လုံးအတွက် ရှိပေမယ့် တကယ်တမ်း အမျိုးသမီးတွေကပဲ သုံးတာများပါတယ်။ သူတို့သုံးတဲ့ထဲမှာ အများစုကဟော်မုန်းနဲ့ သားဆက်ခြားတဲ့ နည်းက ပိုများပါတယ်။ဒါပေမယ့် တချို့သော အမျိုးသမီးတွေက ဟော်မုန်းပါတာတွေကို သိပ်မကြိုက်ကြပါဘူး။ ရာသီပုံမှန်မလာလို့၊ ဝလာလို့၊ အသားအရည်တွေ ညစ်လာလို့ စတဲ့ အကြောင်းပြချက် မျိုးစုံနဲ့ပါ။ တစ်ဆက်တည်းမှာပဲ သူတို့တွေ မေးကြတာက ဟော်မုန်းမပါတဲ့ သားဆက်ခြား နည်းလမ်းတွေ မရှိဘူးလား ဆိုတာပါပဲ။ သိပ်ရှိတာပေါ့။ ဟော်မုန်းမပါဘဲလည်း သားဆက်ခြားလို့ ရတာပေါ့။ ဒါတွေက ဘာနည်းလမ်းတွေလဲ ဆိုတာကို ဆက်ကြည့်ရအောင်။ဟော်မုန်း မပါတဲ့ သားဆက်ခြားနည်းများတွေက မျိုးအောင်နိုင်တဲ့ မမျိုးဥနဲ့ သုက်ကောင်ကို မတွေ့နိုင်အောင် လမ်းပိတ်ထားတဲ့ နည်းလမ်းကို အသုံးပြုတာပါ။ဆီလီကွန်ခွက်ပုံစံလေး ဖြစ်ပြီး အမျိုးသမီးရဲ့ မိန်းမကိုယ်မှာ စွပ်ထားရတာပါ။ ဒါမှသုက်ရည်တွေ မိန်းမကိုယ်ထဲ မဝင်မှာပါ။ စစချင်း ထည့်မယ်ဆိုရင်တော့ ဆရာဝန်ဆီမှာ အရင်သွားသင်သင့်ပါတယ်။မှန်မှန်ကန်ကန်သုံးမယ်၊သုက်ပိုးသတ်ဆေးနဲ့ ရောသုံးမယ်ဆိုရင် တစ်နှစ်ကို ကိုယ်ဝန်ရနိုင်ချေက ၆ရာခိုင်နှုန်းပဲ ရှိပါတယ်။သူ့ရဲ့ အားသာချက်က အတူနေခါနီးမှ ထည့်လိုက်ရုံပါပဲ။ နောက်ပြီး ပြန်သုံးလို့ရပါတယ်။ ၁နှစ်ထိ အထားခံပါတယ်။ ကလေးလိုချင်ရင် မသုံးဘဲနေတာနဲ့ ကလေးရပါတယ်။ မကောင်းတဲ့အချက်က လိင်က တစ်ဆင့် ကူးစက်တဲ့ ရောဂါကို မကာကွယ်ပေးနိုင်ပါဘူး။ ဆီးပိုးလည်း ဝင်လွယ်ပါတယ်။ အတူနေပြီး ၈နာရီကြာတဲ့အထိ မိန်းမကိုယ်ကနေ မထုတ်ရပါဘူး။ဦးထုပ်အသေးစားလေးနဲ့ တူပါတယ်။ ဆီလီကွန်နဲ့ လုပ်ထားတာပါ။ သားအိမ်ခေါင်းမှာ သွားစွပ်ရမှာပါ။ ဒါမှ သုက်ကောင် မဝင်နိုင်မှာပါ။ Diaphragm လိုမျိုးပဲ ပထမတစ်ခေါက်တော့ ဆရာဝန်ဆီမှာ သွားသင်ပါ။ ပိုပြီး ထိရောက်ဖို့ သုက်ပိုးသတ်ဆေးနဲ့ တွဲသုံးပါ။သူ့ကိုတော့ သိပ်မညွှန်းချင်ပါဘူး။ ဘာလို့လဲဆိုတော့ သေသေချာချာ ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်ဘူးဆိုရင် ကိုယ်ဝန်ရနိုင်ချေက တစ်နှစ်ကို ၂၀ ရာခိုင်နှုန်းပါ။ကောင်းတဲ့အချက်က မသုံးတော့ရင် ကိုယ်ဝန်တန်းရနိုင်ပါတယ်။ မကောင်းတဲ့အချက်က အတူနေပြီးရင် ၄၈ကြာတဲ့အထိ မိန်းမကိုယ်ထဲမှာ ထားထား ရမှာပါ။ တစ်ပတ်ကို ၃ခါထက် အတူနေတယ်။ မျိုးပွားအင်္ဂါပိုးဝင်ဖူးတယ်ဆိုရင် မသုံးသင့်ပါဘူး။ နောက်ပြီး လိင်က တစ်ဆင့် ကူးစက်တဲ့ ရောဂါကို မကာကွယ်ပေးနိုင်ပါဘူး။ ဆီးပိုးလည်း ဝင်လွယ်ပါတယ်။ရေမြုပ်တုံးလေးနဲ့ တူပါတယ်။ အလုပ်လုပ်ပုံကတော့ အပေါ်က နှစ်ခုလိုပါပဲ။ ကွာတဲ့အချက်က သူ့မှာ သုက်ပိုးသတ်ဆေး ပါလာပြီးသား ဖြစ်လို့ ထပ်ထည့်စရာ မလိုပါဘူး။သူက အရင်က ကလေး တစ်ခါမှ မမွေးဖူးဘူး။ သုံးပုံသုံးနည်းလည်း မှန်တဲ့ အမျိုးသမီးတွေမှာ ဆိုရင် ၉၁ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။ ကလေးလည်း မွေးဖူးတယ်။ သုံးနည်းလည်း လွဲနေတယ်ဆိုရင်တော့ ကာကွယ်နိုင်စွမ်းက ၇၆ ရာခိုင်နှုန်းအထိ ကျသွားပါတယ်။သူ့အသားက မိန်းမကိုယ်က အသားလိုပဲ နူးညံ့ပါတယ်။ တစ်ခါသုံးရင် ၂၄နာရီထိ ထည့်ထားလို့ ရတာကြောင့် ကြိုက်သလောက် အတူနေနိုင်ပါတယ်။ မသုံးတော့တာနဲ့ ကိုယ်ဝန်ပြန်ရပါတယ်။ မကောင်းတဲ့အချက်က လိင်က တစ်ဆင့် ကူးစက်တဲ့ ရောဂါကို မကာကွယ်ပေးနိုင်ပါဘူး။T ပုံစံလေး ဖြစ်ပြီး  ဟော်မုန်း လုံးဝမပါပါဘူး။ ကော့ပါးနဲ့ လုပ်ထားတာ ဖြစ်လို့ သုက်ကောင်တွေကို သေစေတဲ့အပြင် သုတ်ကောင်တွေ မမျိုးဥဆီ မသွားနိုင်အောင်လည်း ကာကွယ်ပေးပါတယ်။ မတော်တဆ မျိုးအောင်သွားရင်တောင်မှ သားအိမ်နံရံမှာ မတွယ်နိုင်အောင် တားဆီးပေးပါတယ်။ဟော်မုန်း မပါတဲ့ နည်းလမ်းတွေထဲမှာ ဒါက အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ ကော့ပါးတွေက ဟော်မုန်းပါတာတွေလောက်တော့ မစွမ်းပေမယ့် သူကလည်း ကလေး မရအောင် ၉၉ ရာခိုင်နှုန်းလောက် ကာကွယ်ပေးပါတယ်။ကောင်းတဲ့အချက်က သူက ၁၀နှစ်အထိ ခံပါတယ်။ ဆိုလိုတာက ၁၀နှစ်နေမှ လဲရင် ရပါတယ်။ ဒါဟာ သက်တမ်း အကြာဆုံးပါပဲ။ နောက်ပြီးအရေးပေါ်သန္ဓေတားဆေးအနေနဲ့လည်း သုံးလို့ရပါတယ်။ အကာမကွယ်မဲ့ အတူနေတာ ၅ရက်အတွင်းဆို ဒါကို သုံးလို့ရပါတယ်။ ကိုယ်ဝန်လိုချင်ရင် ဆရာဝန်ဆီမှာ သွားထုတ်ရုံပါပဲ။ မကောင်းတဲ့အချက်က လိင်က တစ်ဆင့် ကူးစက်တဲ့ ရောဂါကို မကာကွယ်ပေးနိုင်ပါဘူး။ တချို့သူတွေမှာ ရာသီကြားဖောက် သွေးဆင်းတာ၊ ရာသီလာချိန် ကိုက်ခဲတာမျိုးတွေ ရှိတတ်ပါတယ်။အမျိုးသား သုံးရော၊ အမျိုးသမီးသုံးရော ရှိပါတယ်။အမျိုးသားသုံးက စနစ်တကျ သုံးတတ်ရင် ၉၈ ရာခိုင်နှုန်းအထိ သန္ဓေတားနိုင်စွမ်းရှိပါတယ်။ စနစ်တကျ ဆိုတာက လိင်အင်္ဂါချင်း မထိမီ ကွန်ဒုံး စွပ်ပြီးသား ဖြစ်ရပါမယ်။ အတူနေချိန်မှာကွန်ဒုံး ပြဲတာ၊ မိန်းမကိုယ်ထဲမှာ ကျန်တာမျိုး မရှိရပါဘူး။အမျိုးသမီးသုံးကလည်း အမျိုးသားသုံးတွေလို ပုံစံတူပါပဲ။ စစချင်း မသုံးတတ်ရင် ဆရာဝန်ဆီမှာ တစ်ခေါက်သွားသင်ပါ။ ဒါပေမယ့် သူက စနစ်တကျ သုံးတတ်ရင်တောင် တစ်နှစ်ကို အမျိုးသမီး ၅ယောက်မှာ တစ်ယောက်လောက် ကိုယ်ဝန်ရတတ်ပါတယ်။ကောင်းတဲ့အချက်က ကိုယ်ဝန်အပြင် လိင်က တစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ (HIV) ကို ကာကွယ်ပေးပါတယ်။ အလွယ်တကူ ဝယ်လို့ရပါတယ်။ ရော်ဘာနဲ့ ဓာတ်မတည့်တာအပြင် ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပါဘူး။ပြီးပြည့်စုံတဲ့ သားဆက်ခြားနည်းဆိုတာ မရှိပါဘူး။ ဟော်မုန်းပါတာ ဖြစ်ဖြစ်၊ မပါတာ ဖြစ်ဖြစ် ကောင်းကျိုး ဆိုးကျိုး ကိုယ်စီရှိပါတယ်။ ကိုယ်လိုချင်တဲ့ သားဆက်ခြားနည်းလမ်း၊ ကိုယ်ရွေးချယ်ထားတဲ့ သားဆက်ခြား နည်းလမ်းက ကိုယ်နဲ့ အဆင်ပြေနိုင်လားဆိုတာ ဆရာဝန်နဲ့ ဆွေးနွေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/%e1%80%9f%e1%80%b1%e1%80%ac%e1%80%ba%e1%80%99%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%95%e1%80%ab-%e1%80%90%e1%80%b2%e1%80%b7-%e1%80%9e%e1%80%ac%e1%80%b8%e1%80%86%e1%80%80%e1%80%ba%e1%80%81/
Stuttering (စကားထစ်ခြင်း)
Stuttering ဟာ အသံ၊ စကားလုံးတွေ ထပ်ခါထပ်ခါ ပြောခြင်း ဖြစ်ပြီး ပုံမှန်အတိုင်းမပြောနိုင်တဲ့ စကားထစ်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလို စကားပြော ထစ်အမှုတွေဟာ ရုန်းကန်နေရတဲ့ အခြေအနေတွေဖြစ်တဲ့ မျက်တောင် အမြန်ခတ်ခြင်း၊ နှုတ်ခမ်းတုန်ခြင်းတွေနဲ့ ဆက်စပ်နေပါတယ်။ စကားထစ်ခြင်းဟာ အခြားသူတွေနဲ့ ဆက်ဆံရေးမှာ အနှောင့်အယှက်ဖြစ်စေပြီး လူတစ်ယောက်ရဲ့ ဘဝအရည်အသွေးကို နိမ့်ကျစေပါတယ်။စကားထစ်သူတွေဟာ ဘာကိုပြောရမလဲဆိုတာ သိပေမယ့် ပြောဖို့ခက်ခဲနေတာ ဖြစ်ပါတယ်။ ဥပမာ သူတို့ဟာ စကားလုံး၊ စကားပိုင်းတစ်ခုကို ကြာရှည်စွာ ပြောခြင်း၊ ထပ်ခါထပ်ခါပြောခြင်းတွေ ပြုလုပ်နိုင်ပေမယ့် အချို့ စကားလုံးတွေကို အသံမထွက်နိုင်ပါဘူး။စကားထစ်ခြင်းဟာ ကလေးငယ်တွေမှာ စကားပြောမှုသင်ယူစဉ် အဖြစ်များပါတယ်။ ကလေးငယ်တွေမှာ သူတို့ပြောချင်တဲ့အရာကို လိုက်ပြောနိုင်တဲ့ ဘာသာစကားစွမ်းဆောင်ရည် တိုးတက်မှုမရှိရင် စကားထစ်နိုင်ပါတယ်။ ကလေးငယ် အများစုဟာ ဒီလိုဖွံ့ဖြိုးစဉ် စကားထစ်ခြင်းကို ဖြစ်တတ်ကြပါတယ်။တခါတရံ စကားထစ်ခြင်းဟာ အသက်ကြီးလာသည်အထိ ရှိတတ်ပါတယ်။ ဒီလိုစကားထစ်ခြင်းမျိုးဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားခြင်းနဲ့ အခြားလူတွေနဲ့ ဆက်သွယ်ခြင်းတွေမှာ အနှောင့်အယှက်ဖြစ်စေပါတယ်။Stuttering ဟာအသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Stuttering ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။· စကားတစ်လုံး၊ တစ်ကြောင်း၊ တစ်ပိုင်းကို စတင်ပြောနိုင်ဖို့ ခက်ခဲခြင်း။· စကားလုံးတစ်လုံးပြောစဉ် ကြာရှည်ခြင်း။· စကားလုံး၊ စကားသံတစ်ခုကို ထပ်ခါထပ်ခါ ပြောခြင်း။· အချို့စကားသံတွေကို မထွက်နိုင်ခြင်း၊ စကားလုံးပြောနေစဉ် ရပ်ခြင်း။· နောက်တစ်လုံးပြောဖို့ အခက်အခဲဖြစ်စဉ်မှာ စကားလုံးအပိုတွေ ထည့်ပြောခြင်း။· ဖိစီးမှု၊ တင်းကျပ်မှု အပိုဖြစ်ခြင်း (သို့) စကားလုံးတစ်လုံးပြောဖို့ မျက်နှာ၊ ကိုယ်ခန္ဓါအပေါ်ပိုင်း လှုပ်ရှားခြင်း။· စကားပြောစဉ် စိတ်လှုပ်ရှားခြင်း။· ထိရောက်စွာ ဆက်သွယ်နိုင်တဲ့ စွမ်းရည် ကန့်သတ်မှု ရှိခြင်း။စကားထစ်ခြင်းရဲ့ ခက်ခဲမှုတွေဟာ အောက်ပါအချက်တွေကို ဖြစ်စေနိုင်ပါတယ်။· မျက်လုံးမြန်မြန်ခတ်ခြင်း။· နှုတ်ခမ်း၊ မေးရိုး တုန်ခြင်း။· ခေါင်းတစ်ဆတ်ဆတ်လှုပ်ခြင်း။· လက်သီးဆုပ်ခြင်း။စိတ်လှုပ်ရှားရင်၊ ပင်ပန်းရင်၊ စိတ်ဖိစီးရင် (သို့) သတိထားနေရင်၊ လေနေရင် စကားထစ်ခြင်း ပိုဆိုးနိုင်ပါတယ်။ အုပ်စုတစ်စုရှေ့မှာ စကားပြောခြင်း၊ ဖုန်းပြောခြင်းတွေဟာ စကားထစ်သူတွေအတွက် ခက်ခဲစေပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။· ခြောက်လထက်ပိုကြာခြင်း။· အခြား စကားပြော (သို့) ဘာသာစကားဆိုင်ရာ ပြဿနာ ရှိခြင်း။· မကြာခဏ ဖြစ်လာပြီး အသက်ကြီးချိန်အထိ ရှိခြင်း။· ကြွက်သားကျုံ့ခြင်း၊ စကားပြောစဉ် ရုန်းကနေနေရခြင်း။· ကျောင်း၊ အလုပ်၊ လူမှုရေး ဆက်ဆံမှုတွေကို ထိခိုက်ခြင်း။· စိတ်ပူခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ ကြောက်ခြင်း၊ စကားပြောခြင်း လိုအပ်တဲ့ အခြေအနေတွေကို ရှောင်ကျဉ်ခြင်း။· ကြီးမှ စဖြစ်လာခြင်း။သုတေသီတွေက ဆက်တိုက် စကားထစ်ခြင်းရဲ့ အခြေခံအချက်ကို လေ့လာနေကြဆဲဖြစ်ပါတယ်။ အချက်အလက်များစွာ ပါဝင်နိုင်ပါတယ်။ စကားထစ်ခြင်းရဲ့ ဖြစ်နိုင်တဲ့ အချက်တွေကတော့။Stuttering ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။စကားပြောဆိုမှု ကျွမ်းကျင်ပညာရှင်ဟာ ကလေးငယ်ကို အသံထွက် စာဖတ်စေပြီး စကားထစ်ခြင်းကို အတည်ပြုနိုင်ပါတယ်။ ကျွမ်းကျင်သူက ကလေးပြောနေပုံကို ဗီဒီယိုရိုက်ထားခြင်း၊ အသံသွင်းထားခြင်း တွေပြုလုပ်ပြီး ကလေးရဲ့ စကားပြောဆိုတဲ့ ပုံစံကို စစ်ဆေးနိုင်ပါတယ်။သင့်ကလေးဟာ ကိုယ်ခန္ဓါ စစ်ဆေးမှုလိုအပ်ပြီး အခြားကျန်းမာရေး ပြဿနာတွေကိုဖြစ်တဲ့ အသံပြဿနာတွေကို ဖယ်ထုတ်ဖို့ အတွက် စစ်ဆေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။တကယ်လို့ သင်ဟာ အသက်ကြီးသူဖြစ်ပြီး စတင်စကားထစ်လာတယ်ဆိုရင်တော့ ဆရာဝန်ကို ပြသသင့်ပါတယ်။ အသက်ကြီးမှ စကားထစ်လာသူတွေဟာ များသောအားဖြင့် ထိခိုက်မိခြင်း၊ ရောဂါ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ ရောဂါသိရှိစေဖို့ ဆရာဝန်က ကိုယ်ခန္ဓါစစ်ဆေးမှုကို ပြုလုပ်ပြီး မေးခွန်းအနည်းငယ်မေးကာ သင်ပြောတာကို နားထောင်မှာ ဖြစ်ပါတယ်။စကားထစ်ခြင်းကို ကုသမှုကတော့ မိဘတွေအတွက် နှစ်သိမ့်ဆွေးနွေးခြင်းနဲ့ ကလေးငယ်အတွက် စကားပြောကုထုံးတွေပဲဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ကလေးငယ်ကို တတ်နိုင်သမျှ ဖြောင့်ဖြောင့်တန်းတန်း စကားပြောနိုင်စေဖို့ပဲဖြစ်ပါတယ်။မတူညီတဲ့ ပြဿနာတွေ၊ လိုအပ်ချက်တွေကြောင့် နည်းလမ်းတစ်ခု (သို့) နည်းလမ်းတွေကို ပေါင်းစပ်အသုံးပြုခြင်းဟာ လူတစ်ယောက်အတွက် အကျိုးရှိပေမယ့် အခြားတစ်ယောက်အတွက် အကျိုးမရှိခြင်းမျိုး ဖြစ်နိုင်ပါတယ်။ ကုသနည်းတွေကတော့။• Controlled fluency: ဒီကုထုံးကတော့ စကားပြောခြင်းကို နှေးကွေးစေပြီး စကားထစ်တဲ့အချိန်မှာ သတိထားစေတဲ့ နည်းပဲဖြစ်ပါတယ်။ စကားကို ဒီကုထုံးစတင်စဉ်မှာ ဖြည်းညင်းစွာပြောပြီး အချိန်ကြာလာတာနဲ့ အမျှ သဘာဝကျတဲ့ စကားပြောပုံကို ပြောလာနိုင်မှာ ဖြစ်ပါတယ်။• စက်ပစ္စည်းများ : စက်ပစ္စည်းများ အတော်များများရရှိနိုင်ပါတယ်။ Delayed audio feeback ဟာ စကားနှေးကွေးစွာပြောဖို့ လိုအပ်ခြင်း (သို့) ပြောတဲ့ စကားတွေဟာ စက်ကိုဖြတ်ပြီး ပုံပျက်စေမှာဖြစ်ပါတယ်။ အခြားနည်းလမ်းတစ်ခုကတော့ သင်အခြားသူတွေနဲ့ ပုံမှန်အတိုင်းစကားပြောနေသလိုမျိုး ဖြစ်စေမယ့် စက်ဖြစ်ပါတယ်။ အချို့စကားပြောစက်တွေဟာ နေ့စဉ် လှုပ်ရှားမှု ပြုလုပ်နေစဉ်မှာ အသုံးပြုနိုင်ပါတယ်။• Cognitive behavioral therapy: ဒီလို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးတဲ့ နည်းလမ်းဟာ စကားထစ်ခြင်းကို ပိုဆိုးစေတဲ့ အရာတွေကို သိရှိစေပြီး တွေးတောပုံကို ပြောင်းလဲဖို့ ကူညီပေးနိုင်ပါတယ်။ ဒါဟာ သင့်ကို စကားထစ်ခြင်းကို ပိုဆိုစေတဲ့ အခံရှိတဲ့ စိတ်ဖိစီးမှု၊ စိတ်ပူခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု လျော့ကျခြင်းတွေကို သက်သာစေပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Stuttering ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/stuttering-%e1%80%85%e1%80%80%e1%80%ac%e1%80%b8%e1%80%91%e1%80%85%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ဆယ်ကျော်သက်အရွယ်ဝက်ခြံပေါက်ခြင်း၊ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားတွေ့ရမလဲ
အပျိုဖော်၊ လူပျိုဖော်ဝင်ရင် ဆယ်ကျော်သက် အတော်များများဟာ ဝက်ခြံပေါက်ခြင်းကို ခံစားရကြပါတယ်။ ဆယ်ကျော်သက်အရွယ်ကျော်လွန် သွားတာနဲ့ အမျှ ဝက်ခြံတွေဟာ သဘာဝအတိုင်း ပျောက်သွားကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဝက်ခြံပေါက်ခြင်းဟာ အလွန်ဆိုးဝါးပြီး ဆေးကုသဖို့ လိုအပ်တဲ့ အခြေအနေမျိုးတွေ ရှိနိုင်ပါတယ်။ဆယ်ကျော်သက်တွေဟာ လူပျိုဖော်၊ အပျိုဖော်ဝင်ချိန်တွေမှာ အဆီထွက်ခြင်း ပိုမိုများပြားလာပြီး ချွေးပေါက်တွေ ပိတ်နိုင်ပါတယ်။ အဆီဟာ ဟော်မုန်းနဲ့ လူပျိုဖော်ဝင်ချိန်မှာ တိုးလာတဲ့ ဟော်မုန်း androgens တွေကြောင့် ပိုထွက်တာ ဖြစ်ပါတယ်။ဝက်ခြံတွေကို မျက်နှာ၊ နောက်ကျော၊ လည်ပင်း၊ ပုခုံးတွေမှာ အတွေ့များတတ်ပြီး အမျိုးအစားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။Whiteheads– သူတို့ဟာ အဆီတွေ ချွေးပေါက်အတွင်း ဖြစ်ပေါ်လာလို့ ဖြစ်တာဖြစ်ပြီး အရေပြား တစ်ထပ်နဲ့ ကာကွယ်ထားပါတယ်။Blackheads– သူတို့ဟာ ချွေးပေါက်အတွင်း အဆီစုပြုံလို့ ဖြစ်လာတဲ့ အမဲရောင်အဖုလေးတွေ ဖြစ်ပြီး မွေးညင်းပေါက်တွေကနေ တိုးထွက်လာနိုင်ပါတယ်။ အမဲရောင်ဟာ မသန့်စင်တဲ့အရာတွေ အောက်စီဂျင်နဲ့ ဓါတ်ပြုခြင်းကြောင့် ဖြစ်လာတာ ဖြစ်ပါတယ်။Papules, pustules or nodules– သူတို့ဟာ အနီရောင်ဖြစ်ပြီး ရောင်ရမ်းနာကျင်ကာ မာတတ်ပါတယ်။ သူတို့ဟာ မွေးညင်းပေါက်မှာ ရှိတဲ့တစ်ရှူးတွေ ရောင်ခြင်း (သို့) ရောဂါပိုးဝင်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ြပည်တည်အိတ်– ပြည်တွေပြည့်နေပြီး အရေပြားနက်တဲ့ နေရာမှာ တည်ရှိတတ်ပါတယ်။ဆယ်ကျော်သက်အရွယ် ပေါက်တဲ့ ဝက်ခြံတွေဟာ ဆယ်ကျော်သက်အရွယ်ကျော်လွန်သွားရင် လျော့ပါးသွားတတ်ပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့သူတွေမှာတော့ ကျွမ်းကျင်သူတွေနဲ့ ဆေးကုသဖို့ လိုအပ်ပါတယ်။ဆယ်ကျော်သက်အရွယ် ပေါက်တဲ့ ဝက်ခြံကို ကုသဖို့ နည်းမျိုးစုံ ရှိပါတယ်။ပထမဦးစွာ လူနာတွေဟာ benzoyl peroxide ကို စမ်းသပ်ကြည့်နိုင်ပါတယ်။ ဒီအရာဝတ္ထုဟာ ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်ပြီး ချွေးပေါက်ပိတ်ခြင်းကို ကာကွယ်ပေးပါတယ်။ သူ့ကို မျက်နှာသစ်ဆေး၊ ခရင်မ်၊ ဂျယ် အနေနဲ့ ရရှိနိုင်ပါတယ်။ ပျော့တဲ့ထုတ်ကုန်ကို အရင်သုံးသင့်ပါတယ်။ သူက အစွမ်းထက်နိုင်ပြီး အရေပြားယားယံမှု ဖြစ်စေခြင်း နည်းပါးပါတယ်။နောက်တစ်နည်းကတော့ salicylic acid ပါတဲ့ ထုတ်ကုန်တွေကို သုံးစွဲခြင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် အခြေအနေက မသက်သာရင် ဆယ်ကျော်သက်တွေဟာ ဆရာဝန်တွေကို သွားတွေ့သင့်ပါတယ်။ဆရာဝန်တွေက အောက်ဖေါ်ပြပါ ကုသမှုတွေကို အကြံပေးနိုင်ပါတယ်။တခါတလေမှာ ဆရာဝန်တွေဟာ လူတစ်ဦးစီပေါ်ကို မူတည်ပြီး ကုသနည်းများစွာကို ပေါင်းစပ်ကုသနိုင်ပါတယ်။ဆေးကုသမှုအပြင် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ကိုယ်လက် လှုပ်ရှားမှုပုံမှန် ပြုလုပ်ခြင်းတွေဟာ ဝက်ခြံကို လျော့ကျစေနိုင်ပါတယ်။ ဒီနည်းနှစ်မျိုးကို ပေါင်းသုံးခြင်းဟာ အရေပြားလှပစေပြီး ယုံကြည်မှုကို တက်စေပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%86%e1%80%9a%e1%80%b9%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%b9%e1%80%9e%e1%80%80%e1%80%b9%e1%80%a1%e1%80%9b%e1%80%bc%e1%80%9a%e1%80%b9%e1%81%80%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6/
ဝက်ခြံ အမာရွတ် တွေ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
ဝက်ခြံအမာရွတ် များ မဖြစ်အောင် ကာကွယ်နိုင်မည့် နည်းလမ်းများကို ပြောပြလိုပါသည်။လူတိုင်းအတွက် ဝက်ခြံသည် စိုးရိမ်ပူပန်ရသော ကိစ္စရပ်ဖြစ်ပါသည်။ ဝက်ခြံပျောက်သွားသည့်တိုင်အောင် ဝက်ခြံထက်ပျောက်ကင်းရန် ပိုကြာသော အမာရွတ်ကျန်ခဲ့နိုင်ပါသည်။ ဝက်ခြံအမာရွတ်မည်သို့ဖြစ်ပေါ် နိုင်သလဲ သိထားခြင်းအားဖြင့် ကာကွယ်ခြင်းများပြုလုပ်နိုင်ပါသည်။လူတိုင်းသိထားသည်မှာ ချွေးပေါက်ပိတ်လျှင် ဝက်ခြံဖြစ်ပေါ်နိုင်ပါသည်။ ချွေးပေါက်ပိတ်လျှင် အဆီ အညစ်အကြေး ဘက်တီးရီးယား ပိုးမွှားများ ပေါက်ပွား၍ ရောင်ရမ်းခြင်းများဖြစ်ပေါ်နိုင်ပါသည်။ဝက်ခြံကို မကိုင်ရ သူ့ဟာသူ ပျောက်ကင်းသည်အထိ စောင့်ရမည်ဟု ပြောကြသည်။ သို့သော် အရေပြားဆရာဝန် အချို့သည် ထိုအဆိုကို မှားယွင်းသည်ဟု ဆိုကြသည်။ ကုသမှုမယူလျှင် အဆီဝက်ခြံ ကဲ့သို့သော ဝက်ခြံ အချို့သည် အမည်းစက်နှင့် အမာရွတ်များကျန်ခဲ့နိုင်ပါသည်။ဝက်ခြံများကို မှားယွင်းစွာညှစ်မိလျှင် အမာရွတ်ကျန်ခဲ့နိုင်ပါသည်။ ရောင်ရမ်းမှုများလေလေအမာရွတ်ဖြစ်နိုင်ချေများလေလေ ဖြစ်ပါသည်။ သို့သော်ဆားဝက်ခြံနှင့် အဆီဖုများသည် အမာရွတ်မဖြစ်ပေါ်နိုင်ပါ။ထို့ကြောင့် မကြာမကြာ အရေပြားဆရာဝန်ထံသို့သွား၍ ဝက်ခြံကုသမှုခံယူရပါမည်။ ကာကွယ်မှုယူထားရပါမည်။ဝက်ခြံကိုညှစ်ထုတ်ပြီးပါက အမာရွတ်ကျန်နိုင်ပါသည်။ တစ်ခါတစ်ရံ အမာရွတ်များခုံးတက်လာပါက အသားတက်သော အမာရွတ်မျိုးဖြစ်ပေါ်နိုင်ပါသည်။ သို့သော် ရှားပါသည်။ အများစုသော အမာရွတ်များသည် ချိုင့်ဝင်လေ့ရှိပါသည်။ တစ်ရှုးများပျက်စီးဆုံးရှုံးပြီး ချိုင့်ဝင်၍အပေါက်ငယ်လေးများဖြစ်ပေါ်နိုင်ပါသည်။အကောင်းဆုံးမှာ ကာကွယ်သောနည်းလမ်း ဖြစ်ပါသည်။ အပြောထက် အလုပ်က ပို၍ပင် လွယ်ကူပါသည်။ အဘယ်ကြောင့်ဆိုသော် ဝက်ခြံဖြစ်စေနိုင်သော အကြောင်းအချက်မျိုးစုံရှိပါသည်။ ဥပမာ ဟော်မုန်းပြောင်းလဲခြင်းဘက်တီးရီးယားပိုးမွားများ နှင့်စိတ်ဖိစီးမှုတို့ဖြစ်ပါသည်။တစ်ကိုယ်ရည်သန့်ရှင်းမှု၊ အသားရေထိန်းသိမ်းခြင်း ပြုလုပ်ခြင်းဖြင့် ဝက်ခြံဖြစ်ပွားမှုမှကာကွယ်နိုင်ပါသည်။ ဝက်ခြံဖြစ်ပေါ်လာလျှင် ကိုယ်တိုင်ညှစ်ထုတ်ခြင်းမပြုပဲဆရာဝန်နှင့်တိုင်ပင်ပါ။ ဆိုးရွားသော အခြေအနေများတွင် ဆေးဝါးများသုံးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ဝက်ခြံထုတ်ပြီးလျှင် အရေပြား အနည်းငယ် လန်တတ်ပါသည်။ မခွာ၊ မဆိတ်ရပါ။ ရောဂါပိုးမွှားများ သာပို၍ ပေါက်ပွားစေနိုင်သောကြောင့် ဖြစ်ပါသည်။ အရေပြားအရောင်လည်း ပြောင်းလဲသွားစေနိုင်ပါသည်။အပြင်ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်၍သုံးစွဲနိုင်သော အလှကုန်များရှိသော်လည်းအကျိုးသက်ရောက်မှု သိပ်မရှိပါ။ အကောင်းဆုံးမှာ အရေပြားဆရာဝန် နှင့်ပြ၍ အသင့်တော်ဆုံး ကုသမှုမျိုးကို ခံယူပါ။သေချာစွာဂရုစိုက်မှုပြုလုပ်သည့်တိုင် ဝက်ခြံအမာရွတ် ဖြစ်နိုင်ပါသေးသည်။ ဆရာဝန် နှင့် သေချာတိုင်ပင်သင့်ပါသည်။အရေပြားကုသမှုခံယူခြင်း နှင့် အရေပြားအစားထိုးကုသခြင်းများဖြင့် အမာရွတ်များ၊ အရောင်ပြောင်းသွားသော နေရာများကို အစားထိုးကုသနိုင်ပါသည်။အချုပ်ဆိုရသော် ဝက်ခြံဖြစ်ပြီးမှ အမာရွတ်မကျန်စေရေး ကြိုးစားသည်ထက် ဝက်ခြံမပေါက်စေဖို့ ကနဦး အစကတည်းက ကြိုတင် ကာကွယ်ခြင်း က ပိုမိုကောင်းမွန်ပါသည်။ထို့ကြောင့် ဝက်ခြံ ဖြစ်ပွားခြင်း အတွက် အခြေခံအကျဆုံး အချက်ဖြစ်သော တစ်ကိုယ်ရည် သန့်ရှင်းမှုဆိုင်ရာ အချက်များဖြစ်သည့် မျက်နှာ သန့်စင်ခြင်း၊ လက်သန့်ရှင်းခြင်း၊ မျက်နှာကို လက်နှင့် တတ်နိုင်သမျှ ကိုင်တွယ်ထိတွေ့မှု မပြုခြင်း စသည့်အချက်များကို အမြဲ သတိထားဆင်ခြင်ရန် လိုအပ်ပါမည်။ထို့ပြင် ဝက်ခြံဖြစ်ပွားမှုလွယ်စေမည့် အစားအသောက်များကို တတ်နိုင်သမျှ ဆင်ခြင်ရှောင်ရှားခြင်း၊ စိတ်ဖိစီးမှု လျှော့ချခြင်း၊ အိပ်ရေးဝအောင် အိပ်ခြင်း .. စသည်တို့ကို လိုက်နာပေးခြင်းဖြင့် ဝက်ခြံ ပြဿနာကို ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။ထိုမှတစ်ဆင့် ဝက်ခြံ အမာရွတ် ကိုလည်း ကြိုတင်ကာကွယ်ပြီးသားဖြစ်ပါမည် ဟု အသိပေး တိုက်တွန်းလိုက်ရပါသည်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/acne-scar-prevention/
ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများ
ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများ အကြောင်း ပြောပြပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း အမျိုးသမီးတွေက လိင်ကတဆင့်ကူးစက်နိုင်သောရောဂါများ ဖြစ်နိုင်ခြေရှိပါတယ်။ ပိုဆိုးတာက ကိုယ်ဝန်ဆောင်ချိန်မှာဆိုရင် ဒီရောဂါပိုးတွေက မိခင်ရော ကလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ တချို့ရောဂါတွေဆို ကလေးဆီကိုရောက်သွားပြီး ကလေးမှာပါ ဆက်ပြီး ကူးစေတာ ရှိပါတယ်။ ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများ ကြောင့် ကိုယ်ဝန်ပျက်တာ၊ လမစေ့ဘဲမွေးတာ၊ ကလေးအသေမွေးတာတွေ ဖြစ်နိုင်သလို ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေလည်း ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ကိုယ်ဝန်ဆောင်  မိခင်အနေနဲ့ ဒီလိုကူးစက်ရောဂါတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်လဲဆိုတာ သိထားသင့်ပါတယ်။ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများ ကတော့။HIVက ကလေးဆီကို ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်နဲ့ နို့တိုက်ချိန်တွေမှာ ကူးစက်နိုင်ပါတယ်။ တိုးတက်လာတဲ့ ဒီခေတ်ကြီးမှာတော့ ဆေးဝါးတွေလည်း ရှိနေပြီဖြစ်လို့ ကံကောင်းတယ်လို့ ဆိုရမှာပါပဲ။ မိခင်မှာ HIV ပိုးရှိပေမယ့် ရင်သွေးကို မကူးစက်အောင်၊ ကူးစက်နှုန်း နည်းပါးအောင် သောက်လို့ရတဲ့ ဆေးတွေရှိနေပါပြီ။ ဒါကြောင့် မိခင်မှာ HIV ပိုးရှိနေမယ်ဆိုရင် ကိုယ်ဝန်ယူဖို့ စပြင်ဆင်တည်းက ဆရာဝန်နဲ့ သေချာတိုင်ပင်ထားသင့်ပါတယ်။ရေယုန်ရောဂါဟာ ကိုယ်ဝန်ဆောင်စဉ်မှာတော့ ပြဿနာမရှိနိုင်ပေမဲ့ မျိုးပွားအင်္ဂါမှာ စုဝေးပေါက်ရောက်နေတဲ့ ရေယုန်ရောဂါ အနာတွေကတစ်ဆင့် မီးဖွားစဉ်မှာ ကလေးကို ကူးစက်သွားနိုင်ပါတယ်။ ဒါကြောင့် ရေယုန်ပေါက်နေတယ်ဆိုရင် အမြန်ဆုံးကုသမှုခံယူသင့်ပါတယ်။ဆီးပူညောင်းကျရောဂါဟာလည်း အဖြစ်များတဲ့ လိင်မှ တဆင့်ကူးစက်တဲ့ ရောဂါပါပဲ။ ကိုယ်ဝန်ဆောင်မိခင်မှာ ဆီးပူညောင်းကျ ရောဂါရှိတဲ့အခါ မိန်းမကိုယ်က ပုံမှန်မဟုတ်တဲ့  အဖြူဆင်းခြင်း၊ ဆီးကျင်ခြင်း၊ ဗိုက်နာခြင်း စတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတလေလည်း လက္ခဏာမပြတတ်ပါဘူး/ဆီးပူညောင်းကျရောဂါက မကုသဘူးဆိုရင် ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ဘဲ ကလေးမွေးဖွားခြင်း စတာတွေ ကြုံရတတ်ပါတယ်။Chlamydia ​ရောဂါကြောင့် နေ့မစေ့လမစေ့မွေးခြင်း၊ ပေါင်မပြည့်ခြင်း၊ ရေမြွာရည်စောပေါက်ခြင်းတို့ ဖြစ်တတ်ပါတယ်။ မွေးဖွားချိန်မှာလည်း ကူးစက်နိုင်ပါတယ်။ ကလမိုင်းဒီးယားရောဂါပိုး ကူးစက်ခံရသူ မွေးကင်းစကလေးလေးက မျက်လုံးမှာ ရောဂါပိုးဝင်ခြင်းနဲ့ နမိုးနီးယား အဆုတ်ရောင်ရောဂါကို ခံစားရနိုင်ချေရှိပါတယ်။ကိုယ်ဝန်ဆောင်စဉ် ကာလသားရောဂါကူးစက်ခံရတာကို မကုသဘူးဆိုရင် နေ့မစေ့လမစေ့မွေးခြင်း၊ အသေမွေးခြင်း၊ တစ်ခါတရံ မွေးမွေးပြီးချင်း ကလေးသေခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ ကလေးထံကူးနိုင်ပြီး မွေးလာတဲ့ကလေးကို သေချာမကုသရင်လည်း ကလေးရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေနိုင်ပါတယ်။အသည်းရောင်အသားဝါဘီပိုးရှိတဲ့ မိခင်က မွေးလာတဲ့ ကလေးကို ကာကွယ်ဆေးတွေ သေချာမထိုးပေးဘူးဆိုရင် ၄၀%က ရောဂါပိုး ကူးစက်ခံရနိုင်ပါတယ်။ ဒီကလေးတွေထဲက ၄ယောက်မှာ ၁ယောက်က နာတာရှည် အသည်းရောဂါဖြစ်လာပြီး အသည်းပျက်စီးတတ်ပါတယ်။ ဒါကြောင့် အသည်းရောင်အသားဝါဘီပိုး ရှိတဲ့ မိခင်က မွေးလာတဲ့ ကလေးကို မွေးပြီးပြီးချင်း ၁၂နာရီအတွင်း အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးနဲ့ Immunoglobulin ဆိုပြီး ၂မျိုးထိုးပေးဖို့ လိုပါတယ်။ဒီရောဂါခံစားရပါက မိန်းမကိုယ်ကနေ စိမ်းဝါရောင်အရည်တွေ ဆင်းပြီးလိင်ဆက်ဆံတဲ့အခါနဲ့ ဆီးသွားတဲ့အခါ နာကျင်ခြင်းတွေ ခံစားရတတ်ပါတယ်။ နေ့မစေ့လမစေ့ဘဲ ကလေး မွေးဖွားတတ်ပါတယ်။မီးဖွားနေစဉ်မှာ ကူးစက်တတ်ပေမဲ့ ကူးစက်ဖို့ရာခိုင်နှုန်းတော့ နည်းပါးပါတယ်။လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေက ကိုယ်ဝန်ကို အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ကိုယ်ဝန်စအပ်တည်းက လိုအပ်တဲ့ ဆေးစစ်မှုတွေ ကုသမှုတွေ လုပ်ပေးပါတယ်။ ဒါကြောင့် ကိုယ်ဝန်စောစောအပ်ကြပါ။ လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေက လက္ခဏာမပြတတ်တာကြောင့် ဘာမှမခံစားရပေမယ့် ကိုယ့်မှာ လိင်ကတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေ ရှိနေမယ်လို့ သံသယရှိတယ်ဆိုရင်လည်း ဆရာဝန်ကို ပြောပြသင့်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးတွေသောက်တဲ့အခါ သတိထားရတယ်ဆိုပေမယ့် လိင်ကတဆင့်ကူးစက်ရောဂါတွေကိုတော့ ကုသနိုင်ပါသေးတယ်။ တချို့ရောဂါတွေကို အပြီးပြတ်အောင် ကုသနိုင်ပါတယ်။ ဥပမာ− ဆီးပူညောင်းကျ၊ ကာလသားရောဂါလိုမျိုး ဘက်တီးရီးယားကူးစက်ရောဂါတွေ။ HIVတို့ အသည်းရောင် အသားဝါ ဘီပိုးတို့ကိုတော့ ကလေးကိုကူးမသွားအောင် ထိန်းချုပ်လို့ပဲ ရပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာလည်း အတူနေလို့ ရပါတယ်။ ရောဂါမကူးစက်ဖို့ဆိုရင်တော့။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/pregnancy-sexually-transmitted-diseases/
ဆံပင်ကျွတ်သက်သာစေမယ့်အစားအစာ ၇ မျိုး
လှပသန်စွမ်းတဲ့ ဆံကေသာပိုင်ဆိုင်ရဖို့က အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ ဆန္ဒရှိတဲ့အရာပါ။ ဒါပေမယ့် ဆံပင်ကျွတ်ခြင်းနဲ့ဆံသားပျက်စီးခြင်းက အခုတလော အရမ်းအဖြစ်များနေကြတဲ့ ကိစ္စဖြစ်လာပါတယ်။ အသက်ကတဖြည်းဖြည်းကြီးလာတာကြောင့် အရွယ်လေးရလာတာနဲ့အမျှ ဆံပင်တွေ နည်းလာတာက ပုံမှန်ပါပဲ။ ဒါပေမယ့် အသက်ငယ်ရွယ်စဉ်မှာတည်းက ဆံပင်တွေစနည်းလာပြီဆိုရင်တော့ ပြဿနာတစ်ခုခုရှိနေတဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ်။သင်သိမှာတော့မဟုတ်ပေမယ့် ဆံကေသာနဲ့ပတ်သက်တဲ့ ဆေးနည်းကို သင်စားသောက်နေတဲ့အာဟာရဓါတ်စာတွေထဲမှာ တွေ့ရှိနိုင်ပါတယ်။ ဟုတ်ပါတယ်။ ဆံပင်ဆိုတာ ရှင်သန်ကြီးထွားမှုမြန်တဲ့ တစ်ရှူးတစ်မျိုးဖြစ်ပြီး ကိုယ်စားလိုက်တဲ့အစားအစာ ကိုမူတည်ပြီး သင့်ရဲ့ဆံသားမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်စားမယ့်အရာတွေကို ရွေးချယ်ဆုံးဖြတ်ပြီး ဆံပင်သန်စွမ်းမှု၊ တောက်ပြောင်ချောမွေ့မှုနဲ့ ဆံပင်ကျန်းမာရေးအလုံးစုံကို တိုးတက်အောင်လုပ်ဆောင်နိုင်ပါတယ်။ ဆံပင်ကျွတ်သက်သာ စေဖို့က သင်စားမယ့် အစားအစာတွေမှာ အရေးပါတဲ့အာဟာရဓါတ်တွေ ညီညွတ်မျှတစွာ ပေါင်းစပ်ပါဝင်နေဖို့လိုပါတယ်။ အရေးကြီးဆုံးအာဟာရကတော့ ပရိုတင်းဓါတ်ဖြစ်ပါတယ်။ ပရိုတင်းက ဆံပင်ရဲ့အဓိကအခြေဖြစ်တဲ့အတွက် အရေးကြီးဆုံးနဲ့ မရှိမဖြစ်အာဟာရ ဖြစ်ပြီး ဇင့်၊ ဆာလဖာ၊ ဖက်တီးအက်စစ်၊ သံဓါတ်နဲ့ ကာဗိုဟိုက်ဒရိတ်ဒြပ်ပေါင်းတို့လည်း အရေးပါပါတယ်။သင့်ရဲ့ဆံကေသာသန်စွမ်းမှုကို မြှင့်တင်ပေးနိုင်ပြီး ဆံပင်ကျွတ်ခြင်းကို ဖြေရှင်းပေးနိုင်မယ့် အစားအစာတချို့ရှိပါတယ်။ သင်ရဲ့နေ့စဉ်စားသောက်ပုံအာဟာရတွေထဲမှာအောက်ပါအစားအစာတွေကို ထည့်သွင်းစားသုံးပါ။ သင့်ရဲ့ ဆံပင်နဲ့ပတ်သက်တဲ့ပြဿနာကို ၎င်းတို့က ကူညီဖြေရှင်းပေးပါလိမ့်မယ်။(၁) ဗာဒံစေ့။လေ့လာတွေ့ရှိချက်တွေအရ လူအတော်များများဟာ ဗာဒံစေ့မှာကြွယ်ဝစွာပါရှိတတ်တဲ့ ဗီတာမင် B6၊ သံဓါတ်နဲ့ဇင့် တို့အားနည်းတာကြောင့် ဆံပင်ကျွတ်ခြင်းနဲ့ ရင်ဆိုင်နေရတာတွေ့ရပါတယ်။ ဗီတာမင် E က ဆံပင်နှစ်ခွဖြစ်ခြင်းကို ကာကွယ်ပေးပြီး ဆံကေသာသန်စွမ်းမှုကို မြှင့်တင်ပေးပါတယ်။ သံဓါတ်က ခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီ အောက်ဆီဂျင်နဲ့အာဟာရ ဓါတ်ပို့ဆောင်ပေးရာမှာ လိုအပ်တဲ့ ဟီမိုဂလိုဘင် ထွက်ရှိမှုကိုအားပေးပါတယ်။ ဒါ့အပြင် ဇင့်ကလည်း ဆံသားကျန်းမာဖို့ ကူညီထောက်ပံ့ပေးပြီး ဦးရေပြားမှာရှိတဲ့အဆီအိတ်လေးတွေကို လုပ်ဆောင်ချက်မှန်ကန်အောင် ထိန်းညှိပေးပါတယ်။(၂) ဥအမျိုးမျိုး၊ ငါး နဲ့ ကြက်သား။ဥအမျိုးမျိုးဟာ ဆံသားကျန်းမာရေးအတွက် ကောင်းတဲ့အစားအစာတွေစာရင်းမှာ ဘက်စုံအသုံးဝင်ဆုံး စားဖွယ်တစ်မျိုးဖြစ်ပါတယ်။ ဥတွေဟာ ပရိုတင်းဓါတ်အကြွယ်ဝဆုံး အရင်းအမြစ်တွေဆိုတာ မယုံမရှိပါနဲ့။ ဥမှာပါတဲ့ပရိုတင်းကို အရည်အသွေးအကောင်းဆုံး ပရိုတင်းအဖြစ် ယူဆကြသလို ဆံပင်သန်စွမ်းခြင်းနဲ့ ဆံပင်ပေါက်ခြင်းအတွက် အကောင်းဆုံးဖြစ် ပါတယ်။ ဒါတွေအပြင် ကြက်ဥမှာ ဆံပင်ကျွတ်ခြင်းကိုကာကွယ်ပြီး ဦးရေပြားကျန်းမာရေးကို တိုးတက်စေနိုင်တဲ့ ဘိုင်အိုတင်း နဲ့ ဗီတာမင် B ကြွယ်ဝလွန်းပါတယ်။ ဥတွေမှာ ဆံပင်အမြစ်ကို အောက်ဆီဂျင်ပို့ပေးတဲ့ သံဓါတ်လည်း ကြွယ်ဝပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက် ကြက်ဥပါတဲ့ မနက်စာစားပေးခြင်းဖြင့် ပိုထူ၊ ပိုသန်စွမ်းတဲ့ ဆံကေသာပိုင်ရှင် ဖြစ်ဖို့ ဝေးတော့မှာ မဟုတ်ပါဘူး။(၃) ပဲအမျိုးမျိုး။သတ်သတ်လွတ်စားသူတွေအတွက်တော့ ဆံသားထိန်းသိမ်းရေးအတွက် လိုအပ်တဲ့အာဟာရ ဓါတ်တွေအလုံအလောက်ရနိုင်ဖို့ ခက်ခဲပါတယ်။ ပဲအမျိုးမျိုးမှာ ဗီတာမင် E နဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေ အများအပြားပါဝင်ပါတယ်။ ဗီတာမင် E ကြွယ်ဝတဲ့ ပဲအမျိုးအစားတွေလည်း အများကြီးရှိပါတယ်။(၄) ဒိန်ချဉ်။ဆံသားထိန်းသိမ်းရေးအတွက် ဒိန်ချဉ်ကို ရှေးပဝေသဏီတည်းက အသုံးပြုခဲ့ကြပါတယ်။ ၎င်းမှာ ဦးရေပြားဆီ သွေးလည်ပတ်မှုကောင်းမွန်စေပြီး ဆံပင်ပေါက်ခြင်းကိုအားပေးတဲ့ ဗီတာမင် B5 ကြွယ်ဝပါတယ်။ ဒိန်ချဉ်က ဆံပင်ပါးတာ၊ ဆံပင်ခြောက်သွေ့တာလိုမျိုး ဆံပင်ပြဿနာ အမျိုးမျိုးကို ကုသပေးနိုင်ပါတယ်။ သူ့မှာ လက်တစ်အက်စစ်လည်း ကြွယ်ဝတာကြောင့် ပျက်စီးနေတဲ့ဆံသားကို ကုသပေးပြီး ဗောက်ပျောက်အောင်ပါ စွမ်းဆောင်နိုင်ပါတယ်။(၅) ဒေါက်ခွရွက်။စိမ်းစိုစိုနဲ့ ဒေါက်ခွရွက်ဟာ ဆံပင်သန်စွမ်းမှုအတွက် လိုအပ်တဲ့ ဗီတာမင် B,C,နဲ့ E ၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ သံဓါတ်၊မဂ္ဂနီဆီယမ်နဲ့ အိုမီဂါ 3 ဖက်တီးအက်စစ်တို့ ပါဝင်တဲ့အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ ဒီလိုအစွမ်းသတ္တိတွေပါဝင်တဲ့ ဒေါက်ခွဟာ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အထူးစပါယ်ရှယ်အစားအစာတစ်ခုဖြစ်နေခဲ့တာပါ။ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အစိမ်းရောင်ရှိတဲ့တခြားဟင်းသီးဟင်းရွက်တွေကတော့ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်နဲ့ ကိုက်လန် တို့ပါဝင်ပါတယ်။(၆) မုန်လာဥနီ။မုန်လာဥနီဟာ မျက်စိအတွက်ကောင်းသလို ဆံပင်ကျွတ်ခြင်းအတွက် ထိန်းသိမ်းရေးမှာ အသုံးဝင်ပါတယ်။ မုန်လာဥနီမှာ ဆံပင်သန်စွမ်းဖို့အရေးပါတဲ့ အာဟာရ ဘီတာကယ်ရိုတင်းဓါတ် လုံလောက်စွာပါရှိပါတယ်။ သူ့မှာပါတဲ့ ဗီတာမင် A ကလည်း ဦးရေပြားအတွက် ကောင်းတဲ့ သဘာဝအဆီထုတ်လုပ်ပေးဖို့ အထောက်အကူပြုပါတယ်။(၇) ဖရုံစေ့နဲ့ နေကြာစေ့။ဖရုံစေ့ကို ဆံပင်ကျွတ်ခြင်းအတွက် ကယ်တင်မယ့် အကောင်းဆုံးစူပါအစားအစာတွေထဲက တစ်ခုအဖြစ်လက်ခံထားကြပါတယ်။ ဒါ့ကြောင့် သန်စွမ်းလှပတဲ့ ဆံကေသာရရှိနိုင်ဖို့ဆိုရင် သူ့ကို နေ့စဉ်စားသောက်တဲံအာဟာရထဲ ထည့်သင့်ပါတယ်။ ဖရုံစေ့မှာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် E၊ ဗီတာမင် B တွေ၊ သံဓါတ်၊ ပိုတက်စီယမ်၊ ဘိုင်အိုတင်း၊ ဆီလီနီယမ်၊ ဇင့်နဲ့ ပရိုတင်း တို့ကြွယ်ဝစွာပါဝင်ပါတယ်။ ဖရုံစေ့တွေမှာ ဆံပင်သန်စွမ်း ထူထဲ၊နက်မှောင်တောက်ပလာစေနိုင် တဲ့ အိုမီဂါ 6 ဖက်တီးအက်စစ်တွေ အများအပြားပါရှိပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%86%e1%80%b6%e1%80%95%e1%80%84%e1%80%ba%e1%80%80%e1%80%bb%e1%80%bd%e1%80%90%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%9e%e1%80%ac%e1%80%85%e1%80%b1%e1%80%99%e1%80%9a%e1%80%b7%e1%80%ba%e1%80%a1/
Thoracic strain (ရင်ဘတ်နှင့်ကျောလယ်ရှိ ကြွက်သားများဒဏ်ဖြစ်ခြင်း)
ရင်ဘတ်နှင့်ကျောလယ်ရှိ ကြွက်သားများဒဏ်ဖြစ်ခြင်းဆိုတာဘာလဲ။ကျောရိုးမကြီး၏အလယ်ပိုင်းရှိ ကျောရိုးုများရှိရာနေရာနှင့်ကျောလယ်ပိုင်းတို့ကို ပေါင်း၍ ရင်ဘတ်ပိုင်းဟုခေါ်သည်။ တနည်းအားဖြင့်ဆိုရသော် လည်ပင်းအောက်ခြေမှ စ၍ နံရိုးခွေများ၏အောက်ခြေအထိကိုဆိုလိုသည်။ ဒဏ်ဖြစ်သည်ဆိုသည်မှာ ကြွက်သားများသည် လွန်စွာ ကျုံ့ခြင်း (သို့)အလုပ်လုပ်ရခြင်း တို့ကြောင့် ပုံမှန်ကဲ့သို့ဆောင်ရွက်မှုအားနည်းသွားခြင်း (သို့) ပြဲသွားခြင်း ဖြစ်သည်။ကျောရိုးမ၏ အလယ် ရင်ဘတ်ပိုင်းနေရာများတွင် အဖြစ်များသည်။ ထပ်မံသိရှိလိုပါက ဆရာဝန်အား ဆက်သွယ်မေးမြန်းပါ။အဓိက လက္ခဏာမှာ နာကျင်ခြင်းသာဖြစ်သည်။ အထူးသဖြင့် လှုပ်ရှားမှုပြုပါက ဥပမာ-လေ့ကျင့်ခန်းလုပ်နေစဉ် ပို၍နာတတ်သည်။အထက်ပါ လက္ခဏာအပြင်အခြားရှိနိုင်သေးသည်။ စိုးရိမ်စရာရှိပါက ဆရာဝန်အား ဆက်သွယ်ပြသပါ။အထက်ပါ လက္ခဏာရပ်များဖြစ်ပွားပါက ဆရာဝန်ပြသသင့်ပါသည်။ လူတစ်ဦးနှင့်တစ်ဦးတွင် ဖြစ်ပွားမှုမတူညီ၍ ဆရာဝန်နှင့်ပြသခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ဖြစ်ရသောအကြောင်းအရင်းများမှာ ကွဲပြားသည်။ ကြွက်သားနှင့်အရွတ်များ ပြဲထွက်မသွားပါက သိပ်မပြင်းထန်တတ်သော်လည်း ပြဲထွက်သွားလောက်အောင် ဒဏ်ဖြစ်ပါက ပြင်းထန်တတ်သည်။ ဒဏ်ရာမှာ သိပ်မပြင်းထန်ပါက ကြွက်သားလျော့ရဲမှုလည်း နည်းသည်။ တခါတရံတွင်ထို ကြွက်သားများတွယ်ကပ်နေသည့် အရိုးများပါ ကျိုးတတ်သော်လည်း ရှားပါးသည်။ အရိုးပေါ်သို့တိုက်ရိုက်ထိခိုက်မိသည်ဖြစ်စေ အသက်အရွယ်ကြီးရင့်ခြင်းနှင့် အရိုးပျော့ရောဂါကြောင့် အရိုးများမခိုင်မာခြင်းကြောင့်ဖြစ်စေ ဖြစ်တတ်သည်။ အလွန့်အလွန်အားစိုက်၍ကြွက်သားများအားအနားမပေးခြင်း လှုပ်ရှားမှုများတွင် အနေအထားမမှန်ခြင်းတို့ကြောင့် ကာလကြာရှည်စွာ ကြွက်သားများ ဒဏ်ဖြစ်တတ်သည်။ အဝလွန်ခြင်းမှာလည်း နောက်ကျောသို့ဒဏ်ဖြစ်စေရန် အလားအလာများစေသည်။ ချက်ချင်းပေါ်ပေါက်လာသည့် ကြွက်သားဒဏ်များမှာ ထိခိုက်ဒဏ်ရာရခြင်း (သို့) အားကစားမလုပ်ခင် သွေးပူလေ့ကျင့်ခန်းမလုပ်ခြင်းတို့ကြောင့်ဖြစ်သည်။ ရင်ဘတ်ပိုင်းကြွက်သားများဒဏ်ဖြစ်ခြင်း၏ သိသာထင်ရှားသည့် အကြောင်းအရင်းကားမရှိပေ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်မှ ရောဂါရာဇဝင်နှင့် ကြည့်ရှူကိုင်တွယ်စစ်ဆေးမှုများပြုလုပ်လိမ့်မည်။ စဖြစ်သောအချိန်၊ဖြစ်သွားစေသည့် လှုပ်ရှား မှုများနှင့် ပိုဆိုးစေသောအကြောင်းအရင်း၊သက်သာစေသောအကြောင်းအရင်းများကို လည်းမေးမြန်းစစ်ဆေးခြင်းခံရတတ်သည်။ ဒဏ်ဖြစ်နေသည်ဟုသံသယရှိသည့် နေရာများကိုတွေ့ထိဖိကပ်၍ နာကျင်မှုနှင့် ရောင်ရမ်းနေခြင်းရှိမရှိ စမ်းသပ်တတ်သည်။ အချို့သောလှုပ်ရှားမှုများကိုလည်း ပုံမှန်အတိုင်း မည်မျှဆောင်ရွက်နိုင်ခြင်းရှိမရှိကိုသိရှိစေရန် ထိုလှုပ်ရှားမှုများကို ဆရာဝန်မှ စစ်ဆေးအကဲဖြတ်ခြင်းနှင့် ပို၍နာစေသော လှုပ်ရှားမှုများနှင့် သက်သာစေသောလှုပ်ရှားမှုများကိုပါ လေ့လာတတ်သည်။ သံလိုက်ဓါတ်မှန်ရိုက်ခြင်းဖြင့် အခြားနာကျင်စေသောအကြောင်းအရင်းများ၊နှင့် အရိုးကျိုးခြင်း (သို့) ကျောရိုးဆစ်ပြားများထိခိုက်မှုရှိမရှိကိုလည်းစစ်ဆေးရသည်။ ကြွက်သားရွေ့လျားဓါတ်မှန် (သို့)အကြောလေ့လာမှုများကို ညွှန်ကြားထားသော ကုသမှုများ မှ မသက်သာမပျောက်ကင်းစေပါက ပြုလုပ်ရတတ်သည်။ကာယပိုင်းဆိုင်ရာကုသမှုများ သည် ပျောက်ကင်းစေရန် အထောက်အကူပြုပါသည်။ ဆရာဝန်မှ မိမိအား ပြုလုပ်ရန် လေ့ကျင့်ခန်းများပေးခြင်းနှင့် ကာယကုသကျွမ်းကျင်ဆေးပညာရှင်များအား အနာသက်သာလာသောအခါ လွှဲပေးတတ်သည်။ သက်သာပျောက်ကင်းသွားပါကလည်း ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြုလုပ်ရသည့် သင့်တော်သော လေ့ကျင့်ခန်းများ နှင့်အလုပ်အကိုင်များကိုပြုလုပ်သင့်ပါသည်။ အားကစားမကစားမီ သွေးပူလုပ်ကျင့်ခန်းလုပ်ခြင်းနှင့် ကစားအပြီး အကြောဖြေလျှော့ခြင်းတို့ကလည်း အလွန်အထောက်အကူပြုပါသည်။ အလွယ်တကူဝယ်ယူရရှိနိုင်သည့် အနာသက်သာဆေးများကိုလည်း ဆရာဝန်အားမေးမြန်း၍အသုံးပြုနိုင်ပါသည်။ အကယ်၍ ယခုကဲ့သို့ရင်ဘတ်ပိုင်းတွင် ဒဏ်ဖြစ်ခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်ပါက သင့်တင့်လျောက်ပတ်သော ကုသမှုနှင့် အနားပေးခြင်းတို့မှ နာတာရှည်ဒဏ်မဖြစ်သွားအောင်ကာကွယ်ပေးနိုင်ပါသည်။ အရွတ်များပြဲထွက်သွားပါက သက်သာပျောက်ကင်း၍အကောင်းအတိုင်းပြန်ဖြစ်ရန်မှာ အရိုးကျိုးပြီးပြန်ဆက်သည့်အချိန်ပမာဏနှင့်တူညီသလောက်ရှိသည်။ သိပ်မပြင်းထန်သော ကြွက်သား ဒဏ်များအတွက်ကား ပျောက်ကင်းရန် တစ်ပတ်မျှသာကြာတတ်ပြီး ပြဲထွက်သွားသော ကြွက်သားများနှင့် အရွတ်များကား သက်သာပျောက်ကင်းရန် 6 ပတ်မှ တစ်လအထိကြာမြင့်နိုင်ပါသည်။များလည်းပြုလုပ်ပေးနိုင်သည်။. ရေခဲကို ပလပ်စတစ်အိတ်ထဲသို့ထည့်ပါ။. သဘက်စောင်ပါးပါး(သို့) တာဝါစောင်တခုကို ဖြစ်ပွားသည့် အရေပြားနှင့် အိတ်ကြား။တွင်ထားရှိပါ။. 15-20 မိနစ်ခန့်ထား၍ တနေ့လျှင်3-4 ကြိမ်လောက် ဖြစ်ပွားပြီး။ပထမနှစ်ရက်အတွက် ပြုလုပ်ပေးပါ။ညွှန်ကြားသည့်အတိုင်းသောက်သုံးပါ။သွားရောက်ကုသမှုခံယူပါ။ကျန်ရှိသော သိကောင်းစရာများအား ဆရာဝန်များနှင့် တိုင်ပင်ခြင်းသည်သာအကောင်းဆုံးဖြစ်သည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/thoracic-strain-%e1%80%9b%e1%80%84%e1%80%ba%e1%80%98%e1%80%90%e1%80%ba%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%9c%e1%80%9a%e1%80%ba%e1%80%9b%e1%80%be/
RV uterus ဆိုတာ
Retroverted (RV) ဆိုတာက သားအိမ်က ပုံမှန်အခြေအနေမဟုတ်ဘဲ နောက်လန်နေတာပါ။သားအိမ်က ရှိသင့်တဲ့ပုံစံအတိုင်းတည့်တည့်ရှိမနေဘဲ နောက်ကို နည်းနည်းကွေးနေတာမျိုးပါ။ ဒီအချက်ကို ပုံမှန်အတိုင်းတော့ မသိနိုင်ပါဘူး။ အမျိုးသမီး ၅ ဦးမှာ ၁ ဦးနှုန်းလောက် RV ကိုခံစားနေရတာပါ။ RV utreus (သားအိမ်နောက်လန်တယ်) ဆိုတာကသားအိမ်အဝကနေ အတွင်ပိုင်းထဲကို ဆက်သွားတဲ့ လမ်းကြောင်းက အောက်ဘက်ဆီကို ဦးတည်နေတာပါ။ အမျိုးသမီးတိုင်းမှာ မွေးလမ်းကြောင်းအဆုံးမှာ သားအိမ်ဝရှိနေပြီး သားအိမ်ဝနဲ့ တစ်ဆက်တည်းမှာ သားအိမ်ရှိနေပါတယ်။ ဒီလမ်းကြောင်းတွေက ပုံမှန်ဆိုရင် တဖြောင့်တည်းရှိနေတတ်တာဖြစ်ပြီး RV (သားအိမ်နောက်လန်ခြင်း) ခံစားနေရသူတွေမှာတော့ သားအိမ်ခေါင်းပိုင်းက သားအိမ်နဲ့ တဖြောင့်တည်းဖြစ်မနေဘဲ ထောင့်ချိုးပုံစံမျိုးရှိနေတာပါ။ဒီအခြေအနေက လေဒီတို့ရဲ့ကလေးရနိုင်ခြေအပေါ်မှာ သက်ရောက်မှုမရှိပါဘူး။ သားအိမ်ကပုံမှန်ရှိသင့်တဲ့ အနေအထားမျိုးမှာ မဟုတ်ဘူးဆိုပေမယ့် မျိုးအောင်နိုင်စွမ်းနဲ့ကိုယ်ဝန်ဆောင်နိုင်မှုတို့အပေါ်မှာ သက်ရောက်မှုလုံးဝမရှိပါဘူး။သားအိမ်အနေအထားက ပုံမှန်အခြေအနေမှာ မရှိတာကြောင့်လိင်ဆက်ဆံတဲ့အခါနာကျင်တာမျိုးကိုခံစားရနိုင်ပါတယ်။ လိင်ဆက်ဆံတဲ့အနေအထားကို ပြောင်းလဲပေးမှုက ဒီနာကျင်တာကို သက်သာစေမှာပါ။RV (သားအိမ်နောက်လန်ခြင်း) ကိုသက်သာစေဖို့အတွက် လေ့ကျင့်ခန်းတွေလုပ်ပေးလို့ရသလို ခွဲစိတ်ကုသမှုခံယူလို့လည်းရပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/rv-uterus-%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac/
ပဲစောင်းလျားသီး ကို မကြာမကြာစားသုံးသင့်တဲ့ အကြောင်းရင်း (၈) ခု
ပဲစောင်းလျားသီး ကို မြန်မာ့ထမင်းဝိုင်းမှာ ဟင်းချိုထဲ ခတ်ထားတာ ဒါမှမဟုတ် အတို့အမြှုပ်အဖြစ် တွေ့ရလေ့ရှိပါတယ်။ ပဲစောင်းလျားသီးနုနုလေးတွေကို ရေနွေးဖျော၊ ပါးပါးလှီးပြီးသံပရာသီးလေး၊ ပုဇွန်ခြောက်လေးနဲ့ သုပ်စားတာကလည်း လက်ဖက်သုပ်လိုပဲ ရေနွေးကြမ်းနဲ့ လိုက်ဖက်တဲ့ မြန်မာ့သရေစာ လက်သုပ်တစ်မျိုးဖြစ်ပါတယ်။ ထမင်းဝိုင်းမှာ ငါးပိရည်နဲ့ အသီးအရွက်တို့စရာပါဝင်စေတာ၊ သရေစာစားချိန်မှာ အသီးအရွက်တစ်မျိုးမျိုးကို သုပ်စားတာတွေဟာ နေ့စဉ်အစားအသောက်တွေထဲမှာ အသီးအရွက်တွေကို အမြဲပါဝင်စေဖို့ ရည်ရွယ်ခဲ့ပုံရတဲ့ ချစ်စရာမြန်မာဓလေ့ပါ။ပဲစောင်းလျားသီးဆိုတာ ဈေးမှာ အမြဲရှိပေမယ့် အမြဲဝယ်မစားဖြစ်တဲ့အထဲမှာလည်း ပါဝင်ပါတယ်။ တစ်ခါတလေမှ စားဖြစ်တတ်တယ်ပေါ့။ တခုတ်တရဝယ်စားတာမျိုး သိပ်မရှိတတ်ကြပါဘူး။ ဒါပေမယ့် သူ့ရဲ့ အကျိုးကျေးဇူးလေးတွေကို သိလိုက်ရရင် အမြဲမဟုတ်တောင် မကြာမကြာစားမိတော့မှာပဲ။(၁) အရွယ်တင်နုပျိုစေတယ်။ပဲစောင်းလျားသီး မှာဗီတာမင် Cနဲ့ဗီတာမင် Aကြွယ်ဝပါတယ်။ ဒီဗီတာမင်နှစ်မျိုးလုံးကဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအဖြစ် လုပ်ဆောင်ပေးတဲ့အပြင် အရေးအကြောင်းတွေလိုမျိုး အရွယ်မတိုင်မီ ရင့်ရော်ခြင်းလက္ခဏာတွေကို ကာကွယ်ပေးနိုင်ပါတယ်။(၂)အသားအရေတင်းရင်းစေတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်မှုများနေမှတော့ အသားအရေတင်းရင်းပြီး နုပျိုမှာ မလွဲပါဘူး။(၃)ကယ်လိုရီနည်းတယ်။ပဲစောင်းလျားသီး ၁၀၀ ဂရမ်မှာ ၄၉ ကယ်လိုရီပဲ ပါဝင်တယ်ဆိုတော့ ဝိတ်ချချင်တဲ့သူတွေအတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲ။ ပဲစောင်းလျားသီးဟင်းချို၊ ပဲစောင်းလျားသီးသုပ်၊ ပဲစောင်းလျားသီးချက် အကုန်သာတွယ်ပေတော့။(၄) ဗီတာမင် C ကြွယ်ဝတယ်။အသီးက လုံးဝမချဉ်ပေမယ့် ဗီတာမင် C ပါဝင်မှုက များတာကြောင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။ သွေးကြောတွေရဲ့ ကျုံ့ဆန့်နိုင်စွမ်းကို ကောင်းစေပြီး ကင်ဆာရောဂါတချို့ကနေ ကာကွယ်ပေးတဲ့ ကောင်းကျိုးတွေလည်း ရှိပါတယ်။ပဲစောင်းလျားသီး မှာသံဓာတ်၊ မဂ္ဂနိစ်၊ ကယ်လ်စီယမ်၊ ဖော့စဖရပ်စ်တို့လို အရေးပါတဲ့ သတ္တုဓာတ်တွေ အများအပြားပါဝင်ပါတယ်။ ဗီတာမင် A ၊ B ၊ E တွေလည်း ပါဝင်မှုများပါတယ်။(၆)ဖောလိတ်ဓာတ်ကြွယ်ဝတယ်။ဖောလိတ်က ဒီအင်န်အေနဲ့ ဆဲလ်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ အမျိုးသမီးတွေမှာဆိုရင် ကိုယ်ဝန်ရကာစနဲ့ ကိုယ်ဝန်ဆောင်ချိန်အတွင်း အစာအာဟာရကနေဖောလိတ်ဓာတ်ရရှိမှု လုံလောက်အောင် အထောက်အကူပေးနိုင်ပါတယ်။(၇)ပရိုတင်းကြွယ်ဝတယ်။ပရိုတင်းပါဝင်မှုကို ကြည့်မယ်ဆိုရင် ပဲပိစပ်နဲ့အတူတူပါပဲ။ တခြားပဲတွေလိုပဲ ပဲစောင်းလျားသီးအစေ့ရဲ့ပရိုတင်းပမာဏဟာ ပြောင်းဖူးနဲ့ တွဲဖက်လိုက်ရင် နွားနို့ကို မီနိုင်ပါတယ်တဲ့။(၈) ကယ်လ်စီယမ် ကြွယ်ဝတယ်။ကယ်လ်စီယမ် ပါဝင်မှု မြင့်မားလို့ အရိုးတွေကို သန်မာစေပြီး နေမကောင်းဖြစ်နေသူတွေ၊ အားနည်းနေသူတွေကို ခွန်အားတိုးစေပါတယ်။အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသလို အစားအသောက်တွေကို ဉာဏ်ရှိသလို အသုံးချရင်း ကိုယ့်ကျန်းမာရေးကို စောင့်ရှောက်သင့်ပါတယ်။ အားဆေးတွေချည်း အားမကိုးဘဲ သဘာဝအသီးအရွက်တွေကနေ အာဟာရဓာတ်တွေ တိုက်ရိုက်ရယူလိုက်ပါ။ ဘေးထွက်ဆိုးကျိုးနဲ့ တာရှည်ခံပစ္စည်းတွေ ကင်းစင်စေပါလိမ့်မယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%95%e1%80%b2%e1%80%85%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9c%e1%80%bb%e1%80%ac%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%99%e1%80%80%e1%80%bc%e1%80%ac/
ဆေးဖက်ဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင် ရှမ်းနံနံ
ရှမ်းနံနံ သာပြောရတယ်၊ ရှမ်းတွေပဲစားကြတဲ့ ဟင်းခတ်မဟုတ်ပါဘူး။ မွန်ဟင်းတွေမှာလည်း ပါတယ်၊ ရခိုင်ဟင်းတွေမှာလည်း ပါတယ်၊ မြန်မာဟင်းတွေမှာလည်း ပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားက နေရာဒေသအမျိုးမျိုးရဲ့ဒေသအစားအစာတွေမှာ ပါဝင်လေ့ရှိပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများတယ်ဆိုပေမယ့် ကျိုက်ထီးရိုးတောင်ပေါ်မှာ စားခဲ့ရတဲ့ မုန့်ဟင်းခါးမှာ ရှမ်းနံနံ တွေ နိုင်းချင်းထည့်စားကြတာ တွေ့ဖူးတယ်။ ရှမ်းနံနံ က အစိမ်းပဲစားစား၊ ဟင်းထဲပဲ ခတ်ခတ် အညှီပျောက်တယ်၊ ဟင်းအနံ့ကို ပိုမွှေးစေတယ်လေ။အစကတော့ မြန်မာမှာပဲ သုံးကြတယ် ထင်နေတာ။ သူ့နာမည်က ရှမ်းနံနံဆိုတာကိုး။ ဒါပေမယ့် သူ့အကြောင်း ရှာကြည့်လိုက်တော့မှ မက္ကဆီကိုနဲ့ တောင်အမေရိကမှာရော၊ ကာရေးဘီးယား၊ လက်တင်အမေရိကတို့မှာပါ အသုံးများတာ သိလိုက်ရတယ်။ ဆေးဖက်ဝင်လို့ ဆေးတွေတောင် ထုတ်တာနော်။ သွေးတိုးကျတယ်၊ အစာကြေတယ် စတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့် အရှေ့တောင်အာရှမှာဆို မြန်မာအပြင် အိန္ဒိယ၊ ကိုရီးယား၊ ဗီယက်နမ်နဲ့ ထိုင်းမှာလည်း စားသုံးကြပါတယ်။ ထိုင်းဟင်းလျာတွေမှာဆိုနံနံပင်အမြစ်၊ ရှမ်းနံနံ အမြစ်တွေထောင်းထည့်တော့ မွှေးနေရော။ သူတို့တွေဆီမှာ ဘယ်ရောဂါတွေအတွက် သုံးကြလဲဆိုတော့ –။အရွက်မှာတင်မဟုတ်ဘဲ အမြစ်မှာပါ အာဟာရဓာတ်ပြည့်စုံနေတဲ့ ရှမ်းနံနံဟာသံဓာတ်၊ riboflavin၊ carotene၊ ဗီတာမင် A၊ C နဲ့ ဗီတာမင် B1 ၊ B2 တို့ ပါဝင်နေတာ ဖြစ်ပါတယ်။ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်တွေ ပါဝင်တာလည်း မနည်းတဲ့အတွက် သက်သတ်လွတ်သမားတွေအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ ခံတွင်းပျက်နေသူတွေအတွက်လည်း အစာစားချင်စိတ်ဖြစ်အောင် နှိုးဆွပေးနိုင်ပါတယ်။ဈေးမှာပေါတော့ ဝယ်ရလည်းလွယ်တယ်၊ အိမ်မှာစိုက်ချင်လည်း အရွက်ကိုသုံးပြီး ကျန်တဲ့အမြစ်လေးတွေ ရှိတဲ့ပန်းအိုးထဲထည့်စိုက်ထားလိုက်ရုံပဲ။ လိုမှ ခူးစားလို့ရတာပေါ့။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-spirit-weed-or-culantro/
ကလေးကို အိမ်သာသွားတတ်အောင် ဘယ်လိုလေ့ကျင့်ပေးမလဲ
ကလေးကသေးခံ(diaper)လေးဝတ်စရာမလိုတော့ဘဲ ရှူးရှူးတည်လို့ရတဲ့၊ နားလည်တဲ့အရွယ်ရောက်နေပြီဆိုရင် စနစ်တကျစည်းကမ်းစပေးလို့ရနေပါပြီ။ လမ်းလျှောက်တတ်ခါစအရွယ်၊ အသက် ၁၈ လကနေ ၂၄ လအတွင်း ဆို အိမ်သာသွားတတ်အောင် ခွက်နဲ့အကျင့်လုပ်ပေးရတော့မှာပါ။ ဒါပေမယ့် သိပ်လောစရာတော့မလိုပါဘူး။ ကလေးကိုစည်းကမ်းပေးတာ သိပ်စောလွန်းသွားရင် သင်ရပိုကြာနိုင်တဲ့အပြင် ကလေးလည်းပင်ပန်းပါတယ်။ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုက အသင့်ဖြစ်မဖြစ် အရင်ဆုံးကြည့်ရမှာပါ။ အပြုအမူပိုင်းလေးတွေ သင်လို့ရနေပြီဆိုရင်တော့ စလိုက်ပါတော့။ ခွက်လေးနဲ့ အင်အင်းပါတတ်အောင် အကျင့်လုပ်ပေးတာက ကလေးရဲ့တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်ရော၊ ကျန်းမာရေးအတွက်ပါကောင်းပါတယ်။ တချို့ကလေးတွေဆို အိမ်ထဲပတ်ပြေးဆော့ကစားရင်း အင်အင်းတွေ တစစီပြန့်ကျဲကုန်တာပဲ။ ဒီလိုမဖြစ်ရအောင် တဖြည်းဖြည်းချင်း ကျင့်ယူပေးရင် မိဘလည်းသက်သာတာကြောင့် အသုံးဝင်မယ့်အချက်လေးတွေအကြံပြုလိုက်ပါတယ်။ကလေးအများစုက အသက် ၂ နှစ်နဲ့ ၃ နှစ်အတွင်းမှာ သင်လို့၊ စည်းကမ်းပေးလို့ရတာသေချာပါတယ်။ တချို့ကျတော့ ဉာဏ်ရည်ဖွံ့ဖြိုးမှုမြန်ဆန်တာကြောင့် လူကြီးတွေပြောသမျှ လုပ်သမျှ ငယ်ကတည်းက နားလည်နေတတ်ပါတယ်။ ဒါ့ကြောင့် မှန်ကန်တဲ့အသက်အရွယ်အပိုင်းအခြားဆိုတာက ကလေးရဲ့ဖွံ့ဖြိုးမှုကိုအဓိကမူတည်နေတာကြောင့် ကိုယ့်ကလေးရဲ့အခြေအနေကိုသာ ဂရုစိုက်ဆုံးဖြတ်သင့်ပါတယ်။သေးခံဝတ်ဖို့မလိုတော့ဘူးဆိုတာကို ကလေးရဲ့အပြုအမူတွေကဖော်ပြနေမှာပါ။ ကလေးက –။ကလေးကို အလေ့အကျင့်စမသင်ခင်မှာ ကိုယ့်ကလေးရဲ့အပြုအမူ၊စိတ်နေစိတ်ထားနဲ့ ပင်ကိုယ်စရိုက်ကို ထည့်စဉ်းစားသင့်ပါတယ်။ တစ်ခုခုသင်ပေးရင် ကလေးကစိတ်ရှုပ်တတ်လား၊ လိုက်သင်ယူလေ့ရှိလား၊ သင်ရလွယ်လား ဆိုတာတွေကို သိထားရပါမယ်။ အထာသိမှ သင်ပေးဖို့ အလွယ်ဆုံးနည်းလမ်းကိုရွေးနိုင်မှာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/potty-training/
မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ
နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင်ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင်။သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို စုံစုံလင်လင် ယူသွားပါ။ ကိုယ်နဲ့ မရင်းနှီးတဲ့နေရာမှာ ဆေးဝါးတွေ ရှာရခက်နေရင် ဒုက္ခဖြစ်နိုင်ပါတယ်။ခရီးသွားမယ့်ရက်တွေအပြင်မိုးရေစိုမှာကိုပါ ထည့်တွေးပြီး အဝတ်အစားတွေ ပိုထည့်ပါ။  နွေးနွေးထွေးထွေး ဖြစ်စေမယ့် အဝတ်အစားတွေအပြင် မိုးကာ၊ ဦးထုပ်၊ ထီး စတာတွေပါ ထည့်သွားဖို့ လိုပါတယ်။ခရီးသွားတုန်း ဝမ်းပျက်ဝမ်းလျှော မဖြစ်စေဖို့ တတ်နိုင်သမျှ လမ်းဘေးစာတွေ၊ ကိုယ်စားနေကျ မဟုတ်တဲ့ အစားအစာတွေကို ရှောင်ပါ။ အသီးအနှံတွေ စားမယ်ဆိုရင်လည်း ရေသေချာဆေးပြီး အပြင်ခွံကို ခွာပြီးမှ စားပါ။အထူးသဖြင့် Camping,Trekkingသွားတဲ့အခါ အင်းဆက်ဒဏ်တွေ မခံရစေဖို့ လိုအပ်တဲ့ လိမ်းဆေး၊ လူးဆေးတွေ အစုံထည့်သွားသင့်ပါတယ်။မိုးရေတစိုစိုနဲ့ဆိုအရေပြားရောဂါတွေ ဖြစ်လွယ်တာကြောင့် တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပါ။ ခရီးသွားနေတဲ့တလျှောက် နေ့စဉ်ရေချိုးပါ။ မကြာခဏ လက်ဆေးပါ။ ရေမရှိနိုင်တဲ့နေရာတွေ သွားတဲ့အခါ ရေမလိုလက်သန့်‌ဆေးရည် ဆောင်ထားပါ။ အစာမစားခင်နဲ့ အိမ်သာက ထွက်လာတိုင်း လက်ဆေးပါ။ အပြင်က ပြန်လာတိုင်း မိုးရေစိုနေတဲ့ ခြေထောက်တွေကို ဆေးကြောပါ။သွားရင်းလာရင်း စားစရာမရှိတဲ့နေရာရောက်တဲ့အခါ အဆာပြေစားနိုင်ဖို့ ပေါ့ပေါ့ပါးပါး မုန့်တွေနဲ့ ရေသန့်၊ ဓာတ်ဆားအားဖြည့်ဖျော်ရည်တွေ ဆောင်ထားပါ။ မိုးရာသီဆိုပေမယ့် Trekking သွားတဲ့အချိန်၊ တောင်တက်တဲ့အချိန်၊ ခြေလျင်လည်ပတ်တဲ့အချိန်မှာဆိုရင် ချွေးထွက်ပြီးရေနဲ့ ဓာတ်ဆား ဆုံးရှုံးတတ်တော့ ဓာတ်ဆားအားဖြည့်ဖျော်ရည်တွေ ဆောင်ထားတာ ပိုပြီးသင့်တော်ပါတယ်။မိုးရာသီမှာ ခရီးသွားတဲ့အခါ မိုးရေစိုမှာမှန်ပေမယ့်မိုးရေနဲ့ အကြာကြီးထိတွေ့တဲ့အခါ ခန္ဓာကိုယ် အပူချိန်ကျပြီး ကိုယ်ခံအား ထိခိုက်တာကြောင့် ဖျားနာလွယ်ပါတယ်။ ဒါကြောင့် မိုးရေထဲ အကြာကြီး မနေသင့်သလို မိုးမိပြီဆိုရင်လည်း မြန်မြန်ခြောက်အောင် သုတ်ပြီး နွေးနွေးထွေးထွေး နေသင့်ပါတယ်။ခရီးသွားတဲ့အခါ ကိုယ့်ရဲ့ ပုံမှန် Scheduleကနေ လွတ်နေနိုင်ပေမယ့် အိပ်ချိန် စားချိန်တော့ မှန်အောင် ဂရုစိုက်သင့်ပါတယ်။ အိပ်ရေးဝဝအိပ်ပြီး အာာဟာရပြည့်အောင် စားမှ ခရီးစဉ်တလျှောက် ကျန်းကျန်းမာမာနဲ့ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။မိုးရာသီမှာခရီးသွားရတာက အေး‌အေးလူလူရှိပြီး ရှုခင်းတွေကလည်း လှပပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း မိုးရာသီမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာလေးတွေ ရှိတတ်တော့ ဒီအချက်တွေကို  ကြိုတင်ပြင်ဆင်သွားမယ်ဆိုရင် ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်မှာပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/health-tips-for-monsoon-trip/
အမျိုးသမီးသန့်စင်ဆေးရည်နဲ့ ရိုးရိုးဆပ်ပြာ ဘာတွေကွာခြားလဲ
လှလိုက်တာ အရုပ်လေးကျနေတာပဲ၊ အားကျလိုက်တာနော်၊ဘော်ဒီရှိတ်လည်း မိုက်တယ်၊အသားအရေလေးကို ကြည့်ပါဦး၊ ချစ်စရာလေး ဝတ်တတ်လိုက်တာ စတဲ့စကားတွေက ခပ်လန်းလန်းကောင်မလေးတွေကိုမြင်ရင်လေဒီတို့အချင်းချင်းပြောလေ့ရှိတဲ့ အားကျစကားတွေပါ။ ပြီးပြည့်စုံတဲ့အလှတရားကိုပိုင်ဆိုင်နိုင်ဖို့ကမိန်းကလေးတွေရဲ့စိတ်မှာ အဖြစ်ချင်ဆုံး အိပ်မက်ပါပဲ။ဒါဆို အပေါ်ယံလှရုံနဲ့ပြည့်စုံပြီလား တွေးကြည့်ပါနော်။ တချို့မိန်းကလေးတွေက မိတ်ကပ်လောက်နဲ့ပဲ အလှကိုဖန်တီးတာမဟုတ်ဘူးဆိုတာ သတိရသင့်ပါတယ်။အသားအရေကို ဂရုစိုက်တယ်၊ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဦးစားပေးတယ်။တစ်ကိုယ်ရေသန့်ရှင်းရေးဆိုတာ ရေမှန်မှန်ချိုးပြီး skin careကောင်းကောင်းသုံးရုံနဲ့လည်းမပြည့်စုံပါဘူး။ မိန်းကလေးတွေကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်တစ်ခုဖြစ်တဲ့ မိန်းမကိုယ်သန့်ရှင်းရေးကိုမေ့ထားလု့ိမရပါဘူး။ မိန်းကလေးရောဂါလို့ခေါ်ကြတဲ့ရောဂါအမျိုးမျိုးက ဘယ်ကအရင်းခံလာတယ်ထင်လို့လဲ။မိန်းမကိုယ်သန့်ရှင်းရေးမရှိရင် ဒါမှမဟုတ်ရောဂါပိုးဝင်ရင် အသားအရေကအစပျက်စီးပြီး ဘယ်လိုလှပနေနိုင်တော့မလဲ။ ကိုယ့်ဆီက အနံဆိုးထွက်နေတာ၊မှိုပိုးဝင်တာတွြေဖစ်နေရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကမရှိနိုင်တော့ဘူးလေ။အဖြူဆင်းတယ်ဆိုတိုင်းရောဂါပိုးဝင်တာမဟုတ်ပေမယ့် အနံ့ဆိုးထွက်နေရင်တော့ရောဂါပိုးဝင်တာဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်မှာ ယားယံတာ၊ နီရဲလာတာ၊ အနာဖြစ်လာတာဆိုရင်တော့ မိန်းမကိုယ်သန့်ရှင်းရေးကို ဂရုစိုက်ဖို့လိုတဲ့အပြင် ဆရာဝန်ပါပြသင့်နေပြီဖြစ်ပါတယ်။သန့်ရှင်းရမယ်ဆိုလို့ရေချိုးတိုင်းဆေးကြောဖို့စဉ်းစားကြမှာပါ။ရေချိုးဆပ်ပြာနဲ့ မိန်းမကိုယ်ကိုပါဆေးကြောသန့်စင်လိုက်ရင်ပြီးတာပဲလို့မတွေးလိုက်ပါနဲ့။ အမျိုးသမီးတွေရဲ့နုနယ်တဲ့မိန်းမကိုယ်လေးတွေအတွက် ထိခိုက်မှုမရှိအောင် အထူးထုတ်လုပ်ထားတဲ့ အမျိုးသမီးသန့်စင်ဆေးရည်တွေရှိပါတယ်။ နေ့စဉ်သုံးအတွက်ကိုပဲ အမြှုပ်ပုံစံနဲ့ အရည်ပုံစံ နှစ်မျိုးရှိတဲ့အပြင် ရာသီလာချိန်မှာ ဘက်တီးရီးယားကာကွယ်နိုင်မယ့် Feminine Wash လည်းရှိတယ်။ မိန်းမကိုယ်အတွက် ထိခိုက်မှုမရှိ၊ အနံ့ဆိုးတွေပျောက်စေမယ်၊ရောဂါပိုးတွေကာကွယ်ပေးတဲ့အစွမ်းက Feminine Washတွေမှာပဲရှိပါတယ်။ဆပ်ပြာတွေက အမွှေးနံ့တွေနဲ့ ဓါတုပစ္စည်းအပြင်းစားတွေပါဝင်တတ်လို့ မိန်းမကိုယ်အတွက် မသုံးတာကောင်းပါတယ်။ရေချိုးဆပ်ပြာဆိုတာ တနေကုန်မွှေးပျံ့လန်းဆန်းနေဖို့အပြင် အသားဖြူစေမယ့် ဓါတ်ပစ္စည်းတွေတောင် ပါဝင်နိုင်ပါတယ်။နောက်တစ်ချက်က မိန်းမကိုယ်မှာ ထိန်းသိမ်းသင့်တဲ့ pH အဆင့်ကို သက်ရောက်မှုရှိစေနိုင်တာပဲဖြစ်ပါတယ်။ ရှိသင့်တဲ့ pH အဆင့်မဟုတ်ဘဲ ထိန်းညှိမှုစနစ် ကမောက်ကမဖြစ်ခဲ့ရင် မှိုပိုးဝင်တာလိုမျိုး မကောင်းတဲ့ရလဒ်တွေဖြစ်လာစေနိုင်ပါတယ်။ကိုယ်တိုက်ဆပ်ပြာနဲ့ရေချိုးဆပ်ပြာရည်အများစုမှာ ပါဝင်တဲ့ ဓါတုပစ္စည်းတွေဆိုတာလည်း တည့်တဲ့သူ ရှိသလို မတည့်သူရှိနိုင်ပါတယ်။ ဓါတ်မတည့်လွယ်ဖြစ်တတ်တဲ့ မိန်းမကိုယ်အတွက်က ပိုသတိထားရပါမယ်။ အစကဘာမှမဖြစ်ဘဲ သန့်စေချင်လို့ ဆပ်ပြာသုံးတော့မှ ယားလာတာ၊ အလာ့ဂျစ်ဖြစ်တာတွေက မဖြစ်သင့်တဲ့ရလဒ်တွေပါ။ဓါတုပစ္စည်းပါဝင်မှုများရင် ရှိသမျှ ဘက်တီးရီးယားတွေအကုန်ပြောင်စင်သွားစေနိုင်တာကြောင့်အကျိုးပြုဘက်တီးရီးယားလေးတွေပါ ဆုံးရှုံးရနိုင်ပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေက ရှိသင့်တဲ့ပမာဏမှာရှိနေမှရောဂါပိုးမွှားတွေကို ကာကွယ်နိုင်တဲ့ သဘာဝစနစ်ကို ထိန်းသိမ်းနိုင်မှာပါ။ ရှိသင့်တဲ့ pHအဆင့်နဲ့ အကျိုးပြုဘက်တီးရီးယားအနေအထား ပျက်ယွင်းသွားရင်ရောဂါပိုးတွေဝင်လာမယ်၊ရောင်ရမ်းတာ၊ယားယံတာတွြေဖစ်လာမယ်။ဒါ့ကြောင့် ခြောက်သွေ့ယားယံတာမရှိဘဲ အစိုဓါတ်ကိုထိန်းပေးပြီး အကျိုးပြုဘက်တီးရီးယားတွေရှင်သန်မှုကိုထောက်ကူပေးတဲ့ prebiotics ပါဝင်တဲ့ Feminine Wash ကိုပဲရွေးချယ်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/dif-f-w-and-s/
မောင်နှမအချင်းချင်း ယှဉ်ပြိုင်ခြင်းကို ဘာတွေက ဖြစ်စေသလဲ
ကလေး ၂ယောက်နှင့်အထက် ရှိခြင်းသည် သင့် ကလေးများအား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက် ခြင်း တိုးတက်စေခြင်း၊ ဘဝတွင် အရင်းနှီးဆုံး သူငယ်ချင်း များ ရရှိခြင်း စသော အကျိုးကျေးဇူးများ ပေးနိုင်သည်။ သို့သော် လည်း မှားယွင်းသော ပြုစုထိန်းကျောင်းမှုများ ကြောင့် မောင်နှမ အချင်းချင်း ယှဉ်ပြိုင်ခြင်း ဟူသော ကွဲပြားသော ရလဒ် ဖြစ်နိုင်သည်။မောင်နှမအချင်းချင်း ယှဉ်ပြိုင်ခြင်းဆိုသည်မှာ မိသားစု တစ်ခုအတွင်းရှိ ညီအစ်ကို မောင်နှမများ အချင်းချင်း မနာလို ခြင်း၊ ပြိုင်ဆိုင်ခြင်း၊ ရန်ဖြစ်ခြင်းတို့ ဖြစ်သည်။ ပြဿနာသည် ဒုတိယကလေး မွေးဖွားပြီးနောက် မည်သည့်အချိန်တွင်မဆို စတင်နိုင်သည်။ ညီအစ်ကိုများ၊ ညီအစ်မများ အားလုံးသည် ကလေးဘဝ၏ တစ်ချိန်ချိန်တွင် မောင်နှမအချင်းချင်း ယှဉ်ပြိုင်ခြင်းကို ကြုံတွေ့ရမည် ဖြစ်သည်။ အချို့သည် အရွယ်ရောက်သည့်တိုင်အောင် ရန်ငြိုးများကို သယ်သွား ကြသည်။ မောင်နှမ အချင်းချင်း ယှဉ်ပြိုင်ခြင်းသည် ညီအစ်ကို များ၊ ညီအစ်မများကြားတွင် မုန်းတီးခြင်းကို ဖြစ်စေနိုင်သည်။ကလေးများသည် မွေးကင်းစကလေးတစ်ယောက် ရောက်ရှိလာခြင်းကို ကြောက်ရွံ့နိုင်သည်။ အသစ်ရောက်လာ သော မိသားစုဝင်ကြောင့် သူတို့နှင့် သူတို့မိဘများ၏ ဆက်ဆံ ရေး အားနည်းလာပြီး သူတို့ကို အရင်ကလို မချစ်နိုင်တော့ မည်ကို ကြောက်ရွံ့ကြသည်။ကလေးများသည် အတူရှိချိန်၊ အာရုံစိုက်မှုနှင့် တုံ့ပြန်မှု များ မျှတစွာ မရရှိပါဟု ခံစားရနိုင်သည်။ သူတို့မိဘများသည် သူတို့ထက် အခြား ကလေးများကို ပို၍မျက်နှာလိုက်သည်ဟု ခံစားရနိုင်သည်။ မနာလိုခြင်းသည် မောင်နှမများကြားတွင် ရုပ်သွင်ပြင် သို့မဟုတ် ပညာရေး သို့မဟုတ် လူမှုဆက်ဆံရေး အောင်မြင်မှုများ မတူခြင်းမှလည်း ပေါ်ပေါက်လာနိုင်သည်။ကလေးများသည် အထူးသဖြင့် သူတို့၏ မောင်နှမများ အပေါ်တွင် ပမာမခန့်ပြုခြင်း မနာခံခြင်း ပြုနိုင်သည်။ သူတို့ သည် ခြားနားကြောင်းသက်သေပြရန် နှင့် အာရုံစိုက်မှု လိုချင် သောကြောင့် ဖြစ်သည်။သင့်ကလေးတစ်ဦးစီ၏ ပင်ကိုစရိုက်နှင့် အလိုက်သင့် ပြောင်းလဲနိုင်ခြင်းသည် သူတို့မောင်နှမများနှင့် ဆက်ဆံရေး ကို ဆုံးဖြတ်ရာတွင် အရေးပါသော အခန်းမှပါဝင်သည်။ ဥပမာ သူတို့သည် တဇောက်ကန်းနိုင်ပါက ဆူညံပြီး အေးဆေးနေသော ကလေးသည် သူတို့၏ မကောင်းသော စိတ်အခြေအနေကို ဖြစ်စေနိုင်သည်။ သူတို့သည် အာရုံစိုက် ခံလို၍ တွယ်ကပ်ပြီး မရမနေခိုင်းတတ်ပါက ထိုကဲ့သို့စိတ်မျိုး ရှိသော မောင်နှမ ရှိခြင်းသည် ရန်ခဏခဏ ဖြစ်နိုင်သည်။အသက်အရွယ်ကွာခြင်းသည် သင့်ကလေးများ တစ်ဦးနှင့် တစ်ဦး ဘယ်လောက်တည့်သလဲအပေါ်တွင် အရေးပါသည်။ အသက်အရွယ် အလွန်ကွာပါက တစ်ဦးနှင့်တစ်ဦး မနာလို ခြင်း ဖြစ်နိုင်ချေ နည်းသည်။ အသက်ကွာခြားချက် နည်းသော မောင်နှမများသည် စိတ်ဝင်စားမှုနှင့် ပင်ကိုစရိုက် ပို၍ တူကြ သည်။မိဘများသည် သူတို့ပြဿနာများကို ဘယ်လိုဖြေရှင်း သလဲသည် သူတို့ကလေးများ အလားတူပြုမူသည့်အပေါ်တွင် များစွာ သက်ရောက်မှုရှိသည်။ မိဘများ၏ ဆက်ဆံရေး သို့မဟုတ် မိသားစုဝင်များ ဆက်ဆံရေးသည် ကြွပ်ဆတ်ပြီး ပျက်စီးလွယ်ပါက သူတို့ကလေးများသည် မိသားစု ဆက်ဆံ ရေးမှာ ထိုသို့ပင်ဖြစ်သည်ဟု လွဲမှားစွာ ထင်နိုင်သည်။ ထို ဆက်ဆံရေးများမှာ အရေးမပါဟု ထင်သွားနိုင်သည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%99%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%94%e1%80%be%e1%80%99%e1%80%a1%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%b8-%e1%80%9a%e1%80%be%e1%80%a5/
သင့်ကလေးဟာ အစာမာစားဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာများ
ကလေးပေါက်စနတွေကို ကျွေးမွေးပြုစုရတာဟာ စိန်ခေါ်မှုကြီးတစ်ခုပါပဲ။ သူတို့ရဲ့ အာဟာရလိုအပ်ချက်တွေဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတာမဟုတ်ပါလား။ သင့်ကလေးမှာတွေ့ရတဲ့ ပြောင်းလဲမှုသေးသေးလေးတွေကအစ သင်အမြဲမပြတ် ဂရုစိုက်နေဖို့လိုပြီး သင်ပြင်ဆင်ထားတဲ့စားစရာဟာ သူတို့အတွက် အာဟာရပြည့်မပြည့်ဆိုတာအပြင် သူတို့အသက်အရွယ်အပိုင်းအခြားအလိုက်သင့်လျော်မှုရှိမရှိ ဆိုတာကိုပါ ဂရုစိုက်နေဖို့လိုပါတယ်။တကယ်လို့များသင်က သင့်ကလေးကို ဘယ်အချိန်မှာအစာမာ စကျွေးရမယ်မှန်းမသိဘူးဖြစ်နေရင် ဒီဆောင်းပါးကိုဖတ်ကြည့်ပါ။ ဒီဆောင်းပါးဟာ သင့်ကလေးဟာ အစာမာတွေအတွက် အဆင်သင့်ဖြစ်မဖြစ်ဆိုတာကို သင်ဆုံးဖြတ်တဲ့အခါ ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။အစာမာတွေကိုတော့ ကလေးအသက် ၄လကနေ ၆လအတွင်းမှာ စပြီးကျွေးနိုင်ပါတယ်။ ဒီအရှေ့မှာတော့ နို့မှုန့်၊ နို့ဘူးနဲ့ မိခင်နို့တွေဟာ သူတို့လိုအပ်တဲ့ အာဟာရဓါတ်တွေနဲ့ ကယ်လိုရီတွေကို လုံလုံလောက်လောက် ဖြည့်တင်းပေးနိုင်ပါတယ်။ မွေးပြီးစ လအနည်းငယ်မှာတော့ သင့်ကလေးရဲ့ အစာခြေစနစ်ဟာ မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် အစာမာပဲဖြစ်စေ၊ အခြားမည်သည့်အစာမျိုးဖြစ်စေ လုံးဝ (လုံးဝ)မကျွေးသင့်ပါဘူး။ဒါ့အပြင် American Academy of Pediatrics ရဲ့ အဆိုအရ အစာမာတွေကို သင့်ကလေးအသက် ၆လပြည့်ပြီးတဲ့အခါမှသာ စကျွေးသင့်တယ်လို့ ဆိုပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ဒီအရွယ်မရောက်သေးခင်ထက်စောပြီး အစာမာတွေကျွေးချင်တယ်ဆိုရင်တော့ အောက်ပါလက္ခဏာတွေ သင့်ကလေးမှာရှိနေသလားဆိုတာကို အရင်ကြည့်ပါ။– ခေါင်းလှုပ်ရှားမှုကို သိသိသာသာထိန်းချုပ်လာနိုင်ခြင်း။ ။သင့်ကလေးဟာ သူ့ခေါင်းကို ထောင်မတ်နေအောင်ထိန်းထားနိုင်တာမျိုး၊ ငြိမ်နေအောင်ထိန်းထားနိုင်တာမျိုးကို လူကြီးတွေရဲ့အကူအညီမပါဘဲ လုပ်ကိုလုပ်နိုင်နေရပါမယ်။– လျှာထိုးတာ ရပ်ရပါလိမ့်မယ်။တကယ်လို့ကလေးက အစာတွေကို ပါးစပ်အပြင်ဘက်ရောက်အောင် လျှာနဲ့ အလိုအလျောက် ထိုးထုတ်နေတယ်၊ ထွေးထုတ်နေတယ်ဆိုရင်တော့ အစာမာတွေ ဆက်မကျွေးပါနဲ့။– လူကြီးတွေရဲ့အကူအညီမပါဘဲ ငြိမ်ငြိမ်သက်သက် ထိုင်နိုင်နေရပါမယ်။မှန်ကန်စွာဝါးဖို့နဲ့ မြိုချဖို့အတွက် ကလေးဟာ တည့်တည့်မတ်မတ်နဲ့ ငြိမ်ငြိမ်သက်သက် ထိုင်နိုင်ရပါလိမ့်မယ်။– ဝါးခြင်း။ ။ကလေးကြီးလာတာနဲ့အမျှ ပါးစပ်နဲ့လျှာကလည်း အချိုးညီညီ ဖွံ့ဖြိုးလာတာပါ။ ဒါကြောင့် အစာမာတွေစားတော့မယ်ဆိုရင် ကလေးဟာ အစာတွေကို ပါးစပ်နောက်ကို ဘယ်လိုပို့ရမယ်ဆိုတာနဲ့ ဘယ်လိုမြိုချရမယ်ဆိုတာကို သိထားဖို့လိုအပ်ပါတယ်။ ကလေးဟာ အစာမာတွေကို ဝါးတာ ကျင့်သားရလာပြီဆိုရင်တော့ အရင်ကထက် သွားရည်ကျတာ သိသိသာသာလျော့နည်းလာတာကို သင်သတိထားမိမှာပါ။– သိသိသာသာ အလေးချိန်တိုးလာတာ။ ။မွေးစကလေးအများစုဟာ သူတို့ရဲ့မွေးကာစအလေးချိန်ရဲ့ ၂ဆဖြစ်လာတဲ့အချိန် (၁၅ပေါင်လောက်) နဲ့ အနည်းဆုံး အသက်၄လပြည့်ပြီးတဲ့နောက် (၄လအထက်)မှာ အစာမာတွေ စပြီးစားနိုင်လာပါတယ်။– အစာစားချင်စိတ်များလာခြင်း။ ။သင့်ကလေးဟာ ပိုပိုပြီးစားနိုင်လာတာကိုတွေ့ရပါလိမ့်မယ်။ သင်က တစ်ရက်ကို ၈ကြိမ်ကနေ ၁၀ကြိမ်ထိ မိခင်နို့တိုက်နေတာတွေ၊ နို့ဘူးတိုက်တာတွေလုပ်နေပေမယ့်လည်း ကလေးက ထပ်ပြီးတောင့်တနေတုန်းဆိုရင်ပေါ့။– သင်ဘာစားနေတယ်ဆိုတာကို သိချင်မှုများလာရင် (စပ်စုနေရင်)။ ။သင်ဘာစားနေတာဆိုတာကို ကလေးက လိုက်ကြည့်နေတာမျိုး စားစရာတွေဆီ လက်လှမ်းတာမျိုးနဲ့ စားစရာကိုင်မိသွားရင် ပါးစပ်ထဲထည့်လိုက်တာမျိုးတွေ လုပ်နေတာကို သင်သတိထားမိပါလိမ့်မယ်။သင့်ကလေးကို အစာမာဘယ်တော့စကျွေးသင့်သလဲဆိုတာဟာ သင်နဲ့သင့်ကလေးရဲ့လိုအပ်ချက်တွေပေါ်မူတည်ပါတယ်။ တကယ်လို့များ သင့်ကလေးက အရသာသစ်တွေကို တောင့်တနေပေမယ့် သူ့အသက်က အစာမာစားရမယ့်အရွယ်မရောက်နေသေးဘူးဆိုရင် ဆရာဝန်ဆီဆက်သွယ်လို့ အကြံဉာဏ်တောင်းကြည့်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%9f%e1%80%ac-%e1%80%a1%e1%80%85%e1%80%ac%e1%80%99%e1%80%ac%e1%80%85%e1%80%ac%e1%80%b8%e1%80%96%e1%80%ad%e1%80%af%e1%80%b7/
null
null
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/temporomandibular-joint-syndrome-tmj-%e1%80%b1%e1%80%99%e1%80%b8%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%86%e1%80%85%e1%80%b9%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%9b%e1%80%ac%e1%80%bb/
ခံတွင်းအနံ့ဆိုးမဖြစ်အောင် ကာကွယ်နည်း
ခံတွင်းထဲမှာဘက်တီးရီးယားတွေပေါက်ဖွားမှုကြောင့် ခံတွင်းနံ့ဆိုးတွေဖြစ်ရတာပါ။သွားနဲ့ခံတွင်းပြဿနာရှိရင်လည်း ခံတွင်းနံ့ဆိုးတတ် ပါတယ်။ ဒါ့အပြင် ဒီအချက်တွေကြောင့်လည်း ခံတွင်းနံ့ဆိုးဖြစ်ရတာပါ။ခံတွင်းခြောက်တာ-ရေသောက်နည်းတာကြောင့် ခံတွင်းခြောက်ပြီး ခံတွင်းနံ့ဆိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်ရေလုံလောက်အောင်သောက်သုံးပေးပါ။ခံတွင်းသန့်ရှင်းရေးအားနည်းတာ– ခံတွင်း သန့်ရှင်းရေးက မဖြစ်မနေလုပ်ဆောင်သင့်တဲ့ အချက်တစ်ခုပါ။ တစ်နေ့ကို မနက်တစ်ကြိမ် ညအိပ်ရာဝင်ခါနီးတစ်ကြိမ်သွားတိုက်ပေးဖို့မမေ့ပါနဲ့။ ခံတွင်းသန့်ရှင်းမှု အားနည်းတဲ့အခါ သွားနဲ့သွားဖုံးမှာ ပိုးဝင်ကူးစက်ပြီးရောဂါတွေဖြစ်နိုင်ပါတယ်။ ရောဂါတွေဖြစ်လာတဲ့အခါ ခံတွင်းနံ့ဆိုးပါတယ်။အနံ့ပြင်းတဲ့ အစားအစာတွေ– စားသုံးတဲ့ အစားအစာတွေထဲမှာကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဒညင်းသီးတို့လိုမျိုး အနံ့ပြင်းတဲ့အစားအစာတွေက ခံတွင်းနံ့ကို ဆိုးစေနိုင်ပါတယ်။ခံတွင်းအနံ့ဆိုးမဖြစ်အောင် ကာကွယ်နည်း ကတော့။သွားကို တစ်နေ့နှစ်ကြိမ်တိုက်ပေးပါ– သွားကို မနက်အိပ်ရာထချိန်မှာ တစ်ကြိမ်၊ ညဘက်မအိပ်ခင်မှာ တစ်ကြိမ် ပုံမှန်တိုက်ပေးမယ်ဆိုရင် ခံတွင်းနံ့ဆိုးမဖြစ်အောင်ကာကွယ်ရုံသာမက သွားနဲ့ခံတွင်းရောဂါတွေကိုပါ ကာကွယ်နိုင်မှာပါ။ရေဓာတ်ပြည့်ဝအောင်လုပ်ဆောင်ပါ– ခံတွင်းခြောက်တဲ့အခါ ဘက်တီးရီးယားတွေ အလွယ်တကူပေါက်ဖွားပြီး ခံတွင်းနံ့ဆိုးစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်လုံလောက်တဲ့ရေပမာဏ သောက်သုံးပေးပါ။ ရေဓာတ်ရအောင်ဆိုပြီးကဖင်းပါတဲ့သောက်စရာတွေ၊အယ်လ်ကိုဟောပါတဲ့သောက်စရာ၊ ကိုလာနဲ့သစ်သီးဖျော်ရည်တွေနဲ့ Sports Drinksတွေကို မသောက်သုံးသင့်ပါဘူး။ ခံတွင်းနံ့ကင်းစေဖို့ရေနဲ့ရေနွေးကြမ်းတို့ကိုပဲသောက်သုံးပေးပါ။သွားပွတ်ကြိုး သုံးပေးပါ– သွားပွတ်ကြိုးအသုံးပြုမှုက ခံတွင်းကျန်းမာဖို့အတွက် လုပ်ဆောင်သင့်တဲ့အရာတစ်ခုပါ။ ဒီလိုလုပ်ပေးခြင်းက သွားတစ်ခုနဲ့တစ်ခုကြားက စားကြွင်းစားကျန်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် သွားပျက်စီးတာကို ကာကွယ်ပြီးသားဖြစ်သွားသလို ခံတွင်းနံ့ဆိုးကို ကာကွယ်နိုင်မှာပါ။ပုံမှန်သွားစစ်ဆေးမှုလုပ်ပေးပါ– သွားနဲ့ခံတွင်းရောဂါတွေရှိ၊ မရှိ ပုံမှန် ၆ လတစ်ကြိမ်စစ်ဆေးမှုလုပ်ပေးပါ။ ဒီလိုလုပ်ပေးတဲ့အခါ သွား၊သွားဖုံး နဲ့ ခံတွင်းရောဂါတွေကိုကာကွယ်ပြီးသားဖြစ်မှာပါ။သကြားမပါတဲ့ ပီကေ၊ ပူရှိန်းဝါးပေးပါ– သကြားမပါတဲ့ ပီကေ၊ ပူရှိန်းတွေကရေလိုပါပဲ။ တံထွေးကို ပိုထွက်စေနိုင်တာကြောင့် ခံတွင်းထဲမှာဘက်တီးရီးယားတွေ မပေါက်ဖွားအောင်ကာကွယ်ပေးနိုင်ပါတယ်။ ခံတွင်းနံ့ဆိုးမဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့ အချက်တစ်ခုဖြစ်တာကြောင့် ပီကေဝါးပေးတာမျိုး၊ ပူရှိန်းစားပေးတာမျိုးလုပ်ပေးပါ။ဗီတာမင် Dကြွယ်ဝတာတွေစားပေးပါ–ဗီတာမင် Dကခံတွင်းထဲမှာ ဘက်တီးရီးယားတွေ မပေါက်ဖွားအောင်ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် D ပါဝင်တဲ့ အစားအစာတွေကိုနေ့စဉ်စားသုံးပေးပါ။ မနက်ခင်းနေရောင်ခြည်ကနေလည်း ဗီတာမင် D ကိုရရှိနိုင်ပါတယ်။အမျှင်ဓါတ်ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးပါ– လတ်ဆတ်ပြီးအမျှင်ဓာတ်ကြွယ်ဝတဲ့သစ်သီးတွေ၊ဟင်းသီးဟင်းရွက်တွေက သွားကို သန့်စင်စေနိုင်သလို ခံတွင်းအန့ဆိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ အမျှင်ဓါတ်များတဲ့ အစားအစာတွေက အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေနိုင်ပြီးကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ဆေးလိပ်နဲ့ဆေးရွက်ကြီးကိုရှောင်ပါ–ဆေးလိပ်သောက်တာ၊ဆေးရွက်ကြီးသုံးစွဲတာတွေက ခံတွင်းနံ့ဆိုးကိုဖြစ်စေနိုင်ပါတယ်။ဆေးလိပ်သောက်တဲ့သူတွေက အခြားသူတွေထက်ခံတွင်းနံ့ပိုဆိုးတတ်ပါတယ်။ ဒါကြောင့် ခံတွင်းနံ့မဆိုးအောင်ကာကွယ်ချင်တယ်ဆိုရင် အကောင်းဆုံးသောနည်းလမ်းကဆေးလိပ်ဖြတ်လိုက်ပါ။လျှာကို သန့်ရှင်းဖို့ မမေ့ပါနဲ့– သွားတိုက်တဲ့အခါ လျှာကိုရောသန့်ရှင်းမိရဲ့လား။ သွားတွေပဲတိုက် ပလုတ်ကျင်းလိုက်တာလား။ ဒါဆိုရင်တော့ ဒီနေ့ကစပြီး သွားတိုက်တိုင်း လျှာကိုပါ သန့်စင်ဖို့ မမေ့ပါနဲ့။ လျှာကို သန့်စင်ပေးတာက ခံတွင်းနံ့ဆိုးကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ၇၅ ရာခိုင်နှုန်းအထိ ဖယ်ရှားနိုင်ပါတယ်။ခံတွင်းသန့်ဆေးရည်ဆောင်ထားပါ– အနံ့ဆိုးတွေကို ခဏလောက်တော့ အုပ်ပေးနိုင်မှာပါ။ အထူးသဖြင့် လူကြားသူကြားထဲ သွားရတဲ့အချိန်မျိုးတွေ၊ နီးနီးကပ်ကပ် စကားပြောဖို့ လိုတဲ့အချိန်တွေမှာဆိုရင် ဒီနည်းက အဆင်ပြေနိုင်ပါတယ်။အခုပြောခဲ့တဲ့နည်းလေးတွေအတိုင်းလုပ်ဆောင်ကြည့်ပြီး ခံတွင်းနံ့ဆိုးကင်းတဲ့နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း……။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/bad-breath-prevention-tips/
အမျိုးသားများအတွက် လွယ်ကူတဲ့ အရေပြားထိန်းသိမ်းနည်းများ
အမျိုးသားတွေရဲ့ အရေပြားထိန်းသိမ်းစောင့်ရှောက်မှုက ရိုးရှင်းပြီး သမာရိုးကျဖြစ်ကာ လွယ်ကူသင့်ပါတယ်။ အမျိုးသားတွေအနေနဲ့ အရေပြားထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ အမျိုးသမီးတွေလိုမျိုး အဆင့်ဆင့်လိမ်းခြယ်မှု တွေမလိုအပ်သလို ခရင်မ်တွေကိုလည်း အထူကြီးလိမ်းစရာ မလိုအပ်ပါဘူး။ ဒါပေမယ့် အရိုးသားဆုံးပြောပြရမယ်ဆိုရင်တော့ အရမ်းကြည့်ရဆိုးနေတာမျိုးမဖြစ်စေဘဲ သပ်သပ်ရပ်ရပ်နဲ့ကြည့်ကောင်းစေဖို့အတွက် အချိန်နည်းနည်းလောက်ပေးပြီး အရေပြားကို ထိန်းသိမ်းပေးသင့်ပါတယ်။ တန်ဖိုးကြီးအလှကုန်ပစ္စည်းတွေ ဝယ်ယူသုံးစွဲဖို့ မလိုအပ်ပါဘူး။ သဘာဝကနေရရှိတဲ့ ပစ္စည်းတွေနဲ့တင် အရေပြားထိန်းသိမ်းစောင့်ရှောက်မှု လုပ်ဖို့လုံလောက်ပါတယ်။ ကျွမ်းကျင်သူ တွေရဲ့ကျန်းမာ၊ သန့်စင်ပြီး အစိုဓါတ်ထိန်းသိမ်းနည်း အကြံပြုချက်တွေကို တစ်ချက်လောက်ကြည့်လိုက်ကြရအောင်ပါ။၁။ အရေပြားကိုသန့်စင်ပေးပါ။အမျိုးသားများစုဟာ နေ့အချိန်မှာ အရေပြားအချို့နေရာတွေမှာ အဆီပြန်လေ့ရှိပါတယ်။ အေးတဲ့ရာသီဥတုမှာတောင် အဆီပြန်လေ့ရှိပါတယ်။ အဆီပြန်လွန်းတဲ့အခါ အရေပြားစေးကပ်ပြီး ချွေးပေါက်ပိတ်တာမျိုးတွေကိုဖြစ်ပေါ်စေတဲ့အပြင် သင်တုန်းဓါးနဲ့ အမွေးမျှင်တွေကိုရိတ်တဲ့အခါ ချောချောမွေ့မွေ့ မဖြစ်စေပါဘူး။ ဒါကြောင့်မုတ်ဆိတ်မရိတ်ခင်မှာ ချွေးပေါက်တွေအဆီနဲ့ပိတ်မနေအောင် မျက်နှာသစ်ဆပ်ပြာ၊ ရေတို့နဲ့ မျက်နှာကို အရင်ဆုံး သန့်စင်ပေးပါ။၂။ မုတ်ဆိတ်ရိတ်ဖို့အသင့်ပြင်ပါ။သင်တုန်းဓါးနဲ့မျက်နှာပေါ်ကအမွေးမျှင်တွေကို မရိတ်ခင်မှာ မျက်နှာကို ရေနွေးနွေးလေးနဲ့ပက်ဖျန်းပေးသင့်ပါ တယ်။ ဒီလိုလုပ်ဆောင်လိုက်တာက မျက်နှာပေါ်က ချွေးပေါက်လေးတွေကို ပွင့်စေပါတယ်။ အထက်ပါအဆင့်တွေကို လုပ်ဆောင်ပြီးပြီဆိုရင်တော့ မုတ်ဆိတ်ရိတ်ရာမှာသုံးတဲ့ ခရင်ခ်ကိုဖြစ်ဖြစ် ဂျယ်လ်တစ်မျိုးမျိုးဖြစ်ဖြစ် ညင်ညင်သာသာလိမ်းပေးပါ။ ဒီလိုပြုလုပ်ခြင်းက မျက်နှာကိုအစိုဓါတ်ရရှိပြီး နူးညံ့နွေးထွေးမှုကို ထိန်းပေးပါတယ်။ အရေပြားကနူးညံ့လေလေ မုတ်ဆိတ်ရိတ်ရတာ ပိုပြီးအဆင်ပြေလေလေပဲဖြစ်ပါတယ်။၃။ မုတ်ဆိတ်ကောင်းကောင်းရိတ်လို့ရစေဖို့ လုပ်ဆောင်ရမယ့် နည်းလမ်းများ။နောက်ထပ်မုတ်ဆိတ်ရိတ်ရာမှာအသုံးပြုလို့ရမယ့် ရိုးရှင်းတဲ့နည်းလမ်းကတော့ ရေချိုးရင်း မုတ်ဆိတ်ရိတ်တာပဲဖြစ်ပါတယ်။ ရေချိုးရင်းမုတ်ဆိတ်ရိတ်တာက အချိန်သက်သာစေသလို အစိုဓါတ်ကိုလည်းထိန်းသိမ်းပေးပါတယ်။ ချွေးပေါက်တွေကိုလည်းပွင့်စေရုံသာမက အမွေးမျှင်တွေကို နူးညံ့စေသလိုရိတ်ရတာလည်း ပိုမိုလွယ်ကူအဆင်ပြေ စေပါတယ်။၄။ အမွှေးမျှင်တွေကို မွှေးညှင်းပေါက်နဲ့ လားရာ ဆန့်ကျင်ဘက်ကိုရိတ်တာမျိုးမလုပ်ပါနဲ့။မျက်နှာပေါ်က အမွေးမျှင်တွေကို မွှေးညှင်းပေါက်တွေနဲ့ဦးတည်ရာ ဆန့်ကျင်ပြီးရိတ်တာက အကောင်းဆုံးသောနည်းလမ်း တစ်ခုမဟုတ်ပါဘူး။ ဒီလိုမျိုးနည်းနဲံ အမွေးမျှင်တွေကိုရိတ်တာက အရေပြားကို စပ်ဖျဉ်းဖျဉ်းဖြစ်စေသလို မုတ်ဆိတ်မွေးတွေကိုလည်းပျက်စီးစေပါတယ်။ အရေပြားကို အထိအခိုက်နည်းစေမယ့်မုတ်ဆိတ်ရိတ်နည်းတစ်ခုကတော့ မွှေးညှင်းပေါက်တွေရဲ့လားရာအတိုင်းရိတ်ပေးတာပဲဖြစ်ပါတယ်။၅။ မှန်ကန်တဲ့မုတ်ဆိတ်ရိတ်ဓါးကိုရွေးချယ်ပါ။အသွားတစ်ခု (သို့) အသွားနှစ်ခုနဲ့ မုတ်ဆိတ်ရိတ်ဓါးကို ရွေးနိုင်ပါတယ်။ အချိန်တိုအတွင်းမှာ မုတ်ဆိတ်ရိတ်ပြီးချင်တယ်ဆိုရင်တော့ အသွား ၃ ခု ဒါမှမဟုတ် ၅ ခုပါတဲ့မုတ်ဆိတ်ရိတ်ဓါးကိုအသုံးပြုသင့်ပါတယ်။ သိထားသင့်တဲ့ အရေးကြီးဆုံးအချက်ကတော့ သင့်အနေနဲ့ ကိုယ်အသုံးပြုနေတဲ့ မုတ်ဆိတ်ရိတ်ဓါးကိုနှစ်ခြိုက်သဘောကျသင့်သလို မုတ်ဆိတ်ရိတ်ဓါးသုံးတဲ့အခါမှာလည်း အားအများကြီးမသုံးမိဖို့ အရေးကြီးပါတယ်။ မုတ်ဆိတ်ရိတ်တဲ့အခါ အားထည့်ပြီးရိတ်မယ်ဆိုရင် အရေပြားကို စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်သလို ကြည့်ရဆိုးတဲ့ ပြတ်ရှဒဏ်ရာတွေလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။၆. အချိန်ယူပြီးလုပ်ဆောင်ပါ။သင်တုန်းဓါးနဲ့မုတ်ဆိတ်ရိတ်ခရင်မ်တွေကို အလောတကြီးအသုံးပြုခြင်းက အရေပြားကိုထိခိုက်ပျက်စီးစေနိုင်သလို ထိရှလွယ်စေပါတယ်။ မနက်ခင်းအစမှာ မုတ်ဆိတ်ရိတ်ဖို့အချိန်အလုံအလောက်ယူပါ။ ရေချိုးနေစဉ် မုတ်ဆိတ်ရိတ်ဖို့ အချိန်အနည်းငယ်ပေးပါ။ မုတ်ဆိတ်ရိတ်ခရင်မ်ကိုအသုံးပြုပြီးမှမုတ်ဆိတ်ရိတ်ပေးပါ။၇။ နေ့ရောညပါ အစိုဓါတ်ထိန်းခရင်မ် အသုံးပြုပေးပါ။အစိုဓါတ်ထိန်းခရင်မ် (သို့) လိုးရှင်းတစ်မျိုးမျိုးကို နေ့ရောညပါ အရေပြားကိုလိမ်းပေးပြီး အစိုဓါတ်ကို ထိန်းသိမ်းပေးပါက မုတ်ဆိတ်ရိတ်တဲ့အခါ ပိုမိုချောမွေ့လွယ်ကူစွာရိတ်နိုင်မှာဖြစ်ပါတယ်။ အစိုဓါတ် ထိန်းထား တာကြောင့် အရေးပြားမှာထိရှတာတွေမဖြစ်အောင်ကူညီပေးသလို စပ်ဖျဉ်းဖျဉ်းမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဗီတာမင် အီး၊ shea သစ်ပင်မှရတဲ့အဆီထောပတ် (သို့) အဆီတစ်မျိုးမျိုးကို အသုံးပြုပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%9c%e1%80%bd%e1%80%9a%e1%80%ba/
ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်တွေ ပျောက်စေမယ့် အစားအစာများ
ဝက်ခြံအမာရွတ်တွေအတွက် စားသောက်သင့်သောအစားအစာများ။ချောမွတ်တဲ့အသားအရည်တွေကိုအမြန်ဆုံးပြန်လည်ပိုင်ဆိုင်စေဖို့ ဝက်ခြံအမာရွတ်တွေကိုကုသပေးဖို့လိုအပ်ပါတယ်။ ဒီအမာရွတ်တွေကို သဘာဝနည်းလမ်းနဲ့ကုသမယ်ဆိုရင်တော့ အသားအရည်ကိုပြန်လည်ကောင်းမွန်စေပြီး အာဟာရတွေပါဝင်တဲ့ စားစရာအမျိုးမျိုးကိုစားပေးရမှာပါ။ အမြန်ဆုံးပြန်ကောင်းလာဖို့အတွက်ဆိုရင်တော့ အစားအစာတွေကိုအစီအစဉ်တကျ ညီညီမျှမျှစားသောက်ရမှာပါ။Zinc (ဇင့်)။အသားအရည်ကျန်းမာရေးအတွက်အရေးကြီးတဲ့လိုအပ်ချက်တစ်ခုဖြစ်တဲ့ ဇင့်ကမရှိမဖြစ်အရေးပါပါတယ်။ သူကဒဏ်ရာတွေကို ကုသတဲ့နေရာမှာအထောက်အကူပြုပေးနိုင်ပါတယ်။ ပရိုတိန်းမြင့်မားစွာပါဝင်တဲ့စားစရာတွေဖြစ်တဲ့ အမဲသား၊ ဝက်သား ၊ ငါး၊ နွားပေါက်သား၊ သိုးသားနဲ့ ကြက်သား ၊ကြက်ဥစသည်တွေမှာဇင့် ဓါတ်မြောက်များစွာပါဝင်ပါတယ်။ zinc ဓါတ်ကိုပိုပြီးရရှိစားသောက်နိုင်ဖို့အတွက် အနီရောင်အသားတွေကိုများများစားပေးပါ။ မြေပဲနဲ့ မြေပဲထောပတ်တွေမှာလဲဇင့် ဓါတ်တွေပါဝင်ပါတယ်။ ပဲအမျိုးမျိုးမှာလဲလုံလောက်တဲ့ဇင့် ဓါတ်တွေရှိပါတယ်။ ကုလားပဲ၊ ပဲနီလေး၊ ထောပတ်ပဲ၊ black beanနဲ့ ပဲလိပ်ပြာစတဲ့ပဲတွေမှာဇင့်တွေအလုံအလောက်ပါဝင်ပါတယ်။ ပဲဟင်းကတော့ တကယ်ကိုဇင့်ဓါတ်ကြွယ်ဝတဲ့ဟင်းပါ။ ပဲငါးပိနဲ့ အခြားပဲအမျိုးမျိုးမှာလည်းဇင့်ဓါတ်တွေပါဝင်ပါတယ်။ ပဲပုပ်(soy)ကိုအခြေခံထားတဲ့စားစရာတွေဖြစ်တဲ့ တိုဟူး၊ မီဆို ၊ tempeh ၊ soy cheese နဲ့ meatless entrée ကိုလည်းသင်စားသုံးနိုင်ပါတယ်။ ဒါမှမဟုတ် သင်သောက်နေကျအရာတွေနေရာမှာ soy ပရိုတိန်းတစ်မျိုးမျိုးကိုအစားထိုးသောက်ကြည့်ပါ။ အခြားအစပ်အရသာရှိတဲ့ပစ္စည်းတွေ ဥပမာoregano, ပင်စိမ်း, ချင်း, နံနံပင် ၊ ဇီရာစတဲ့အရာတွေမှာလည်းလိုအပ်တဲ့ အာဟာရတွေ ပါဝင်ပါတယ်။Omega-3 ပါဝင်သောအရာများ။Omega-3 fatty acid ငါးကြီးဆီဟာ ဝက်ခြံအမာရွတ်တွေကိုကုသပေးနိုင်ပါတယ်။ ဒီOmega-3 fatty acid မှာဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါဝင်တာကြောင့် ရောင်ရမ်းခြင်းကိုလျှော့ချပေးပြီးအရေပြားကိုပျော့ပျောင်းနူးညံ့စေပါတယ။် နှလုံးကျန်းမာစေတဲ့အစာတွေလို့သိကြတဲ့ အရာတွေကိုစားပေးခြင်းကနေ Omega-3 fatty acid ကိုရရှိနိုင်ပါတယ်။ ဆူးတောင်ပါငါးမျိုးတွေဖြစ်တဲ့ ဆယ်လ်မွန်၊ ဆာဒင်း၊ herring၊ anchovies၊ trout၊ mackerel နဲ့ albacore tuna စတဲ့ငါးတွေမှာအာဟာရဓါတ်ပြည့်စုံကြွယ်ဝစွာ ပါဝင်ပါတယ်။အာဟာရဓါတ်ပြည့်ဝစွာပါဝင်တဲ့အခြားစားစရာတွေကတော့ ဗာဒံသီး၊ သစ်ချသီး၊ pistachios နဲ့ butternutsတွေဖြစ်ပါတယ်။ ဆီကြိတ်လို့ရတဲ့အစေ့တွေဖြစ်တဲ့ ဝါစေ့၊ နေကြာစေ့၊ ဟင်းသီးဟင်းရွက်တွေ၊ သံလွင်သီးနဲ့ မြေပဲအမျိုးအစားတွေဟာအာဟာရပြည့်ဝစွာပါဝင်တဲ့ အရင်းအမြစ်တွေဖြစ်နေပါသေးတယ်။ အနှံတွေမှာလည်း Omega-3 fatty acid ပြည့်စုံလုံလောက်စွာပါဝင်နေနိုင်ပါတယ်။ ဒီအမျိုးအစားထဲမှာတော့ အုတ်ဂျုံ၊ ဘာလီ၊ လုံးတီးဂျုံ၊ ဂျုံနု၊ အုတ်ဂျုံနု၊ ဆန်လုံးညို၊ triticale နဲ့ quinoa တို့ပါဝင်ပါတယ်။ ဒီလိုအနှံတွေကိုအမှုန့်အဖြစ်ပြုလုပ်ထားတဲ့ထုတ်ကုန်တွေကိုရွေးချယ် အသုံးပြုခြင်းကသင့်ဝက်ခြံအမာရွတ်တွေကုသတဲ့နေရာမှာ အသုံးဝင်ပါတယ်။Vitamin A (ဗီတာမင် အေ)ပါဝင်သော ပစ္စည်းများ။Vitamin A က သင့်ခန္ဓါကိုယ်ထဲမှာဓါတ်တိုးဆန့်ကျင်ခြင်းကို ပါဝင်လုပ်ဆောင်တာမို့ သူကလည်းမရှိမဖြစ်တဲ့ ဗီတာမင် တစ်မျိုးပါ။ ဒီဗီတာမင်ကအရေပြားကျန်းမာရေးအတွက်အရးကြီးပါတယ်။ အသည်း၊ကျောက်ကပ်၊အနီရောင်အသား၊ ဥတွေနဲ့ နို့ထွက်ပစ္စည်းတွေထဲမှာ vitamin A ကိုတွေ့နိုင်ပါတယ်။ ဒီအစားအစာတွေထဲမှာကအဆီတွေနဲ့ ကိုလက်စထရောတွေအများကြီးပါတာတစ်ခုကတော့ သတိထားစရာပါ။ အဆီနဲ့ ကိုလက်စထရောမပါဝင်တဲ့အရာတွေနဲ့အရောင်တောက်ပတဲ့အပင်ထွက်ပစ္စည်းတွေကိုစားသုံးခြင်းကနေလည်းVitamin A ကိုရယူနိုင်ပါတယ်။ ဒီထဲမှာကန်စွန်းဥ၊ ရွှေဖရုံသီး၊ ဥနီ၊ broccoli ၊ ဟင်းနုနွယ်နဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေပါဝင်ပါတယ်။ ဘင်္ဂလားဆီးသီး၊ သခွားမွှေး၊ ပန်းရောင်ကျွဲကောသီးစတဲ့အသီးအနှံတွေကိုစားပေးခြင်းအားဖြင့်လည်းသင့်အသားအရေကောင်းမွန်စေမယ့် ဗီတာမင်တွေကိုရရှိနိုင်မှာပါ။ ဆေးဘဲဥ၊ နို့၊ ရေခဲမှုန့်၊ ဒိန်ချဉ်နဲ့ ချိစ် စတဲ့ အဆီနည်းနို့ထွက်ပစ္စည်းတွေကိုလည်းသင်ရွေးချယ်နိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%81%80%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%b6%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%99/
သားဥအိမ်အတွင်း ရေအိတ်တည် ခြင်းအတွက် ကုသမှုများ
သားဥအိမ်အတွင်း ရေအိတ်တည် တယ်ဆိုတာ ဘာလဲ။ ဘာကြောင့်ဖြစ်တာလဲ။ ရောဂါလက္ခဏာတွေနဲ့ ကုသမှုတွေက ဘာတွေလဲ။ ခုဆောင်းပါးမှာ ဒါနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပေးသွားမှာပါ။Ovarian cystsဆိုတာ အရည်ကြည်ဖုလိုမျိုး အရည်တွေပြည့်နေတဲ့ အိတ်ကို ဆိုလိုတာပါ။ Ovrarian cysts တွေကို သားအိမ်ရဲ့ တစ်ဖက်တစ်ချက်မှာရှိတဲ့ ဗာဒံစေ့နဲ့တူတဲ့ သားဥအိမ်တွေမှာ တွေ့ရတတ်ပါတယ်။Ovarian cysts တွေ အများစုက လူနာရဲ့ နေ့စဉ်လှုပ်ရှားမှုနဲ့ လူနေမှုပုံစံတွေကို ထိခိုက်စေတာမျိုး မရှိပါဘူး။ အန္တရာယ်လည်း မပေးပါဘူး။ တချို့လူတွေမှာ ဘယ်ကုသမှု၊ ဆေးတွေရဲ့ အကူအညီမလိုဘဲ ပျောက်ကင်းတတ်ပါတယ်။ တချို့တွေမှာတော့ ovarian cysts ဟာ ကလေးရဖို့ခက်တာနဲ့ ဆက်စပ်နိုင်ပါတယ်။ဒီနေရာမှာ သိထားရမှာက Polycystic ovary syndromeလို့ ခေါ်တဲ့ PCOS သားဥအိမ်အရည်အိတ်တည်ခြင်း ရောဂါစုက သားဥအိမ်အတွင်း ရေအိတ်တည်ခြင်း ရောဂါတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။Ovarian cysts ကုသမှုတွေဟာ သူ့ရဲ့ အမျိုးအစား၊ အရွယ်အစား၊ လူနာရဲ့ အသက်၊ ယေဘုယျ ကျန်းမာရေးအခြေအနေ၊ သူရဲ့ အနာဂတ်အတွက်ကိုယ်ဝန်ဆောင်မှုအစီအစဉ်၊ ခံစားရတဲ့ ရောဂါလက္ခဏာတွေ စတဲ့ အချက်အလက်အမျိုးမျိုးအပေါ် မူတည်နိုင်ပါတယ်။တကယ်လို့ သင့်မှာ ovarian cysts ရှိတယ်လို့ သံသယဖြစ်တယ်ဆိုရင် သင့်တော်တဲ့ ကုသမှုနဲ့ ဆေးဘက်ဆိုင်ရာ အကြံဉာဏ်တွေ ရရှိဖို့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသပါ။ စောစောသိလေ သင့်အတွက် ကုသရ သက်သာလေပါပဲ။သင့်အတွက် အကောင်းဆုံး အကြံပြုလိုတာကတော့ တစ်နှစ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လောက် သင့်ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးပါ။ ဒါမှကျန်းမာရေးကောင်းမကောင်း၊ ပုံမှန်အလုပ်လုပ်မလုပ် သိနိုင်မှာပါ။ရောဂါလက္ခဏာမခံစားရတဲ့ အမျိုးသမီးငယ်လေးတွေကိုတော့ ဒီ ovarian cysts တွေ သူ့ဘာသာပျောက်လား မပျောက်လား ဆိုတာ သိဖို့ ၂လ ၃လလောက် စောင့်ကြည့်ဖို့ အကြံပေးတတ်ပါတယ်။အများစုမှာ ovarian cysts တွေက သူ့ဘာသာ ပျောက်ကွယ်သွားတတ် ကြပါတယ်။ ပြောလိုတာက ဒါအတွက် ဘယ်လို ဆေး၊ ကုသမှုတွေကိုမှ မလိုအပ်ပါဘူး။တခြားတစ်ဖက်မှာတော့ တချို့ ovarian cysts တွေက သူ့ဘာသာ မပျောက်သွားပါဘူး။ အဲ့လို ovarian cysts တွေကို သေးငယ်သွားစေဖို့ဟော်မုန်းဆေး၊ တခြားသောက်ဆေး စတာတွေကို ညွှန်ပါတယ်။တချို့အခြေအနေမှာ ovarian cysts တွေက ဆေးသောက်လို့ မသက်သာတာမျိုး ရှိတတ်ပါတယ်။ စောင့်ကြည့်ပေမယ့်လည်း အလိုလို ပျောက်သွားတာမျိုး မရှိပါဘူး။ တော်တော်လည်း အရွယ်အစား ကြီးလာတယ်ဆိုရင်တော့ ခွဲစိတ်ဖို့ လိုအပ်လာနိုင်ပါတယ်။ဒီလို ovarian cysts တွေကတော့ သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး နေ့စဉ် ဘဝကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ ovarian cysts ရဲ့ ရောဂါလက္ခဏာတွေ သတိထားမိတာ သို့မဟုတ် ရှိတယ်လို့ သံသယရှိတယ် ဆိုရင်တော့ဆေးဘက်ဆိုင်ရာ အကြံဉာဏ်၊ လမ်းညွှန်မှု၊ ကုသမှုတွေ အတွက် ဆရာဝန်ဆီကို မဆိုင်းမတွ သွားရောက်ဖို့ လိုပါတယ်။ရေးသားသူ-Wuthun Myat Chal။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pcos/treatment-options-for-ovariann-cysts-in-general/
ဗိုက်ခေါက်လေး တွေရှိလာလို့ စိတ်ညစ်နေရပြီလား
လူလည်းသိပ်မဝပါဘဲ ဗိုက်ခေါက်လေး ပဲထွက်နေတာအလှအပနဲ့ ပတ်သက်ပြီး ပျိုမေတို့ အကြောက်ဆုံး အရာပါ။ ဗိုက်အဆီ မရှိဘဲ ချပ်ရပ်နေတဲ့ ကိုယ်အချိုးအစားကို မိန်းကလေးတိုင်း လိုချင်ပါတယ်။ ပိန်တဲ့သူပဲဖြစ်ဖြစ်၊ ပြည့်ပြည့်ဖောင်းဖောင်းလေးတွ ဖြစ်ဖြစ် ဗိုက်လေးချပ်အောင်တော့ ကြိုးစားကြဖို့ အကြံပေးချင်ပါတယ်။ဗိုက်အဆီဆိုတာ အလှအပအတွက်တင်မက လူ့ကျန်းမာရေးကိုပါ ဒုက္ခပေးမယ့် ရောဂါ အမျိုးမျိုး ယူဆောင်လာနိုင်လို့ပါ။ဗိုက်ခေါက်လေး ကြောင့် စိတ်ညစ်နေရတဲ့ပျိုမေတို့အတွက် အကောင်းဆုံးအကြံဉာဏ်ကတော့ –။အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေ၊ ဂျုံကြမ်း၊ အစေ့အဆန်တွေ၊ ပဲတောင့်ရှည်တို့လို အမျှင်ဓာတ် များတာတွေ စားပေးလို့ ရတယ်။ အမျှင်ဓာတ်တွေက အဆာခံပြီး ခဏခဏ မစားဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ဗိုက်အဆီ ဆိုတာ ဗိုက်ခေါက်သက်သက်တင် မဟုတ်ပါဘူး။ အသည်း၊ ပန်ကရိယ နဲ့ ကျောက်ကပ် အပါအဝင် အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါတွေ အနားတဝိုက်မှာ ရှိနေတာမို့ အန္တရာယ် များတဲ့ အဆီတွေ ဖြစ်ပါတယ်။တစ်နေရာ သွားမယ်ဆို နီးနီးလေးကို ကားလေး စီးမယ်၊ ဆိုက်ကား စီးမယ်နဲ့ သက်သောင့်သက်သာ သွားလာရဖို့ စဉ်းစားတာမျိုး ရှောင်ပါ။ လမ်းလျှောက်လို့ ရရင် လမ်းလျှောက် လိုက်ပါ။ လှေကားနဲ့ တက်နိုင်ရင် တက်လိုက်ပါ။ ခန္ဓာကိုယ်ကို သနားပြီး သက်သာအောင် နေတာမျိုး မလုပ်တာ ကောင်းပါတယ်။ ဒါမှ အဆီတွေ လောင်ကျွမ်းစေမှာပါ။အဆီများတဲ့ အစားအစာတွေကို သတိထား ချင့်ချိန်ပါ။ ကိုယ်စားမယ့် အစားအသောက်တွေမှာကယ်လိုရီနဲ့အဆီဓာတ် ပမာဏဘယ်လောက်ပါလဲ တွက်ချက်ပါ။ အဆီချင်းတူရင်တောာင် မပြည့်ဝဆီပါတဲ့ အစေ့အဆန်၊ အသီးအရွက်နဲ့ ငါးတွေက နေရတဲ့ အကျိုးပြု အဆီတွေကို ဦးစားပေးပါ။ကိုယ်က လေ့ကျင့်ခန်း ပုံမှန်မလုပ်နိုင်ဘူးဆိုရင်တောင် အထိုင်မများပါစေနဲ့။ လှုပ်လှုပ်ရှားရှားနေပါ။ ဆက်တိုက်မထိုင်ဘဲ မကြာခဏ ထပြီး လမ်းလျှောက်ပေးပါ။ရေများများသောက်ပါ ဒါမှမဟုတ် ခုခေတ်စားနေတဲ့Detox waterဆိုတာတွေလည်း သောက်လို့ရပါတယ်။ သူတို့တွေက တိုက်ရိုက်အဆီကျစေတယ်ဆိုတာထက် ဗိုက်ပြည့်သွားတော့ အစားအလွန်အကျွံ မစားဖြစ်တော့ဘူးပေါ့။ ဒါနဲ့အတူ အစားဆင်ခြင်တာနဲ့ ကိုယ်လက်လှုပ်ရှားမှု တွေတော့ တွဲရမှာပါ။ဂျင်မ်သွားတာ၊ယောဂ ကစားတာတွေ မလုပ်နိုင်ရင်တောင် ဖုန်းထဲမှာ workout ဗီဒီယိုလေးတွေ ကြည့်ပြီး အိမ်မှာ လေ့ကျင့်ခန်း နည်းနည်းလုပ်လို့ ရပါတယ်။ ကိုယ်နိုင်သလောက် စလုပ်ပါ။ အရေးကြီးတာက နည်းလမ်းမှန်မှန်နဲ့ ပုံမှန်လုပ်ဖြစ်ဖို့ပါ။အိပ်စက်ချိန်မှာ ကိုယ်တွင်းက ဟော်မုန်းတွေကို ထိန်းညှိပေးတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို မှန်ကန်စေပါတယ်။ အိပ်ရေးမဝတဲ့အခါ၊ နောက်ကျမှ အိပ်တဲ့အခါ ဟော်မုန်းတွေ ကမောက်ကမ ဖြစ်စေတာကြောင့် ဗိုက်ပူတာ၊ အဝလွန်တာ ဖြစ်စေပါလိမ့်မယ်။ဒီအချက်တွေ အတိုင်း လုပ်မယ်ဆို ဗိုက်ခေါက် ဆိုတာ ဘယ်ရှာရမှန်း သိမှာ မဟုတ်ပါဘူး။ အလှကြိုက်တဲ့ ပျိုမေတို့ ဗိုက်အဆီကင်းတဲ့ ဘော်ဒီရှိတ်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေနော်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/are-u-depress-due-to-belly-fat/
ခန္ဓာကိုယ်မှာ ရေနဲ့ဓာတ်ဆားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာများ
ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ပုံမှန်အလုပ်လုပ်ဖို့ဆိုရင် ရေနဲ့ ဓာတ်ဆားဓာတ်တွေ မျှတနေဖို့ လိုပါတယ်။ ဓာတ်ဆားဓာတ်တွေကmicronutrientsတွေဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ဖို့အတွက် အရေးပါလှပါတယ်။ အထူးသဖြင့် ဆိုဒီယမ်၊ ပိုတက်ဆီယမ် စတာတွေက ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို ထိန်းချုပ်ထားတဲ့ ဓာတ်ဆားဓာတ်တွေပါ။ ဒီဓာတ်ဆားဓာတ်တွေက လိုလို့လည်း မရသလို များသွားလို့လည်း မရပါဘူး။ ပုံမှန်အတိုင်းပဲ ရှိနေရပါမယ်။ ရေဓာတ်ကလည်း ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်မှာရေနဲ့ဓာတ်ဆားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာများကို ပြောပြပေးပါမယ်။ဆိုဒီယမ်၊ ပိုတက်ဆီယမ်လိုမျိုး ဓာတ်ဆားဓာတ်တွေက ခန္ဓာကိုယ်မှာ နေ့တိုင်း အချိန်တိုင်း ဖြစ်ပေါ်နေတဲ့ ဇီဝဖြစ်စဉ်တွေအတွက် အရေးကြီးပါတယ်။ ဓာတ်ဆားဓာတ်တွေက သွေးအပါအဝင် ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအရည်တွေမှာ ပျော်ဝင်နေပြီး သူတို့ရဲ့ သက်ဆိုင်ရာ အလုပ်တွေကို လုပ်နေကြတာပါ။ဒီဓာတ်ဆားဓာတ်လေးတွေက ဘာတွေ လုပ်ပေးနေသလဲဆိုတော့။ဒီလိုအရေးကြီးတဲ့ အလုပ်တွေ လုပ်နေရတာကြောင့် ဓာတ်ဆားဓာတ် နည်းတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကမောက်ကမတွေ ဖြစ်ကုန်တာ ဖြစ်ပါတယ်။ရေဓာတ်ဆိုရင်လည်း ခန္ဓာကိုယ်က သွေးထုထည်နဲ့ ကိုယ်တွင်းအရည်တွေ မျှတနေစေဖို့၊ ဇီဝဖြစ်စဉ်တွေ မှန်ကန်နေစေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ရေနဲ့ ဓာတ်ဆားဓာတ်တွေ နည်းရတဲ့ အကြောင်းရင်းတွေကတော့ အများကြီး ရှိပါတယ်။ စားသောက်နေထိုင်ပုံကြောင့်လည်း ဖြစ်နိုင်သလို ရောဂါတွေ၊ သောက်လက်စဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ။ဒါမှမဟုတ်။ရေနဲ့ ဓာတ်ဆားဓာတ် နည်းနေကြောင်း ပြသနေတဲ့ လက္ခဏာတွေက သာမန်နေထိုင်မကောင်းဖြစ်တဲ့ လက္ခဏာတွေနဲ့ ဆင်တူတာကြောင့် နည်းလို့ နည်းမှန်း သတိမထားမိတတ်ကြပါဘူး။ အဖြစ်များတဲ့ လက္ခဏာတွေကတော့။ကြွက်တက်တယ်ဆိုတာက ပိုတက်ဆီယမ်လိုမျိုး ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ ဖြစ်တတ်ပါတယ်။ ဒီဓာတ်ဆားဓာတ်တွေက ကြွက်သားတွေ ကျုံ့ဆန့်ဖို့အတွက် လိုအပ်တာကြောင့် မကြာခဏ ကြွက်တက်တာက ဒီဓာတ်တွေ ချို့တဲ့လို့ ဖြစ်နိုင်ပါတယ်။ခဏခဏခေါင်းကိုက်တတ်ပြီး ပျောက်ဖို့လည်း ကြာနေတယ်ဆိုရင် ရေနဲ့ ဓာတ်ဆားဓာတ်နည်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆိုဒီယမ်၊ ပိုတက်ဆီယမ်က ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအရည်တွေ မျှတနေအောင် ထိန်းသိမ်းပေးတာကြောင့် ဒီဓာတ်တွေ နည်းနေရင် သွေးလည်ပတ်မှုကို ထိခိုက်ပြီး ခေါင်းကိုက်တတ်ပါတယ်။မေ့တတ်တာ၊ အာရုံစူးစိုက်မရတာ၊ အားမရှိသလို ခံစားနေရတာက ဓာတ်ဆားဓာတ်တွေ ချို့တဲ့နေတာ၊ ရေဓာတ်နည်းနေတာစတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဓာတ်ဆားဓာတ်တွေက ဦးနှောက်တွင်းက ဆဲလ်တွေ ချိတ်ဆက်မှု၊ သတင်းပို့မှုတွေအတွက် လိုအပ်တာကြောင့် ဓာတ်ဆားဓာတ်နည်းနေရင် နေလို့ ကောင်းမှာ မဟုတ်ပါဘူး။အူလမ်းကြောင်းပြဿနာတွေဖြစ်တဲ့ ဝမ်းချုပ်တာ ဒါမှမဟုတ် ဝမ်းလျှောတာတွေကလည်း ရေနဲ့ ဓာတ်ဆားနည်းနေတယ်ဆိုတဲ့ လက္ခဏာတစ်ခုပါ။ ဥပမာ ဆိုဒီယမ်ဆိုရင် အူလမ်းကြောင်းအတွင်း အရည်စုပ်ယူမှုကို ထိန်းချုပ်ထားတာကြောင့် ဒီဓာတ်တွေ မမျှတရင် ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ ဖြစ်တတ်ပါတယ်။ ရေသောက်နည်းရင်လည်း ဝမ်းချုပ်တတ်ပါတယ်။ပိုတက်ဆီယမ်၊ ဆိုဒီယမ်နဲ့ တခြားဓာတ်ဆားဓာတ်တွေက နှလုံးခုန်တဲ့ လျှပ်စီးကြောင်းတွေကို ထိန်းညှိထားတာကြောင့် ဒီဓာတ်တွေ နည်းနေရင်ရင်တုန်တာ (အဆိုးဆုံးအခြေအနေမှာ နှလုံးရပ်တဲ့အထိ) ဖြစ်သွားနိုင်ပါတယ်။ဓာတ်ဆားဓာတ် နည်းနေတာကို မဖြည့်ခင်မှာ သိထားရမယ့် အချက်နှစ်ခုရှိပါတယ်။ပထမ တစ်ခုက ရေနဲ့ဓာတ်ဆားဓာတ် နည်းနေကြောင်း ပြသတဲ့ လက္ခဏာက တခြားသော ရောဂါတွေမှာလည်း တွေ့ရတတ်တာကြောင့် တကယ်ပဲ ရေနဲ့ဓာတ်ဆားဓာတ် နည်းလို့လား၊ တခြားရောဂါကြောင့်လားဆိုတာ သိဖို့ ဆရာဝန်နဲ့ အရင်ပြသဖို့ လိုပါတယ်။ဒုတိယ တစ်ခုက‌တော့ ရေနဲ့ဓာတ်ဆားဓာတ်နည်းတာကြောင့် ဒီလက္ခဏာတွေ ခံစားရတာ သေချာရင် နည်းစေတဲ့ အကြောင်းအရင်းကို ရှာဖွေကုသရပါမယ်။ ဥပမာ ကျောက်ကပ်မကောင်းလို့လား၊ သောက်လက်စ ဆေးတွေကြောင့်လား စသဖြင့်။ဒါတွေ ပြီးလို့ ရေနဲ့ဓာတ်ဆားဓာတ်နည်းတာ သေချာပြီ၊ ရောဂါ ကြီးကြီးမားမား မရှိဘူး။ ကိုယ့်ရဲ့ နေထိုင်စားသောက်ပုံတွေ၊ ရာသီဥတုကြောင့် ချွေးထွက်များလို့ ဖြစ်နေတာဆိုရင်တော့ အောက်ပါတို့ကို လိုက်လုပ်နိုင်ပါတယ်။နာမည်အတိုင်းပဲ ရေရော ဓာတ်ဆားဓာတ်တွေ ပါနေတာ ဖြစ်လို့ နည်းနေတဲ့ ဓာတ်ဆားတွေကို ပြန်ပြည့်စေမှာပါ။ ဓာတ်ဆားအပြင် ရေဓာတ်နဲ့ ဂလူးကို့စ်တွေပါ ပါဝင်တာကြောင့် ရေဓာတ်လည်းပြည့်၊ အားအင်လည်းရ၊ လိုနေတဲ့ ဓာတ်ဆားဓာတ်တွေလည်း ဖြည့်ပြီးသား ဖြစ်သွားပါတယ်။အသီးအရွက်တွေ၊ အသီးအနှံတွေက အရည်ရွှမ်းပြီး ဓာတ်ဆားဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်လို့ နေ့စဉ်ပါဝင်အောင် စားပေးဖို့ လိုပါတယ်။ ဥပမာ အုန်းရည်၊ ငှက်ပျောသီး၊ ထောပတ်သီး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက် စတာတွေက ပိုတက်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ဆားက အလွန်အကျွံ စားရင် သွေးတိုးတတ်တာ၊ တခြားကျန်းမာရေးပြဿနာတွေ ဖြစ်တတ်တာ မှန်ပေမယ့်ဆိုဒီယမ်က ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တာကြောင့် ကျန်းမာနေတဲ့ လူတစ်ယောက်က သင့်တင့်တဲ့ ပမာဏတော့ စားပေးသင့်ပါတယ်။ရေနဲ့ ဓာတ်ဆားဓာတ်တွေက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ များလို့လည်း မဖြစ်သလို နည်းလို့လည်း မဖြစ်တာကြောင့် ဒီနည်းလမ်းတွေနဲ့ ရေနဲ့ ဓာတ်ဆားဓာတ်တွေ ဖြည့်တင်းဖို့ အကြံပြုချင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/signs-that-your-body-needs-electrolytes/
တက်တူး မထိုးခင်မှာ သင်သိထားသင့်တဲ့ အကြောင်းအရာများ
လူတွေဟာ သူတို့ဘဝမှာ ရင်ဆိုင်ကြုံတွေ့ လာရတဲ့ ဘဝမှတ်တိုင်တွေနဲ့ စိတ်ခံစားမှုတွေကို သက်သေထူရန် သူတို့ရဲ့ခန္ဓါကိုယ်မှာ တက်တူးတွေကို ထိုးကြပါတယ်။ တက်တူးထိုးခြင်းဟာ နာကျင်စေတဲ့ အပြင်ရှုပ်ထွေးပြီး သေချာဂရုစိုက်ဖို့လည်း လိုအပ်ပါတယ်။ တစ်ဖက်က ပြောရမယ်ဆိုရင်လည်း တက်တူးထိုးပြီးတဲ့ အခါမှာ လူအများဟာ ၎င်းကို ပြန်ဖျက်ချင်ကြပါတယ်။ သို့သော် မှန်မှန်ကန်ကန် ဖျက်ဖို့ရာ နည်းလမ်းတွေအကြောင်းကို မစဉ်းစားကြပါဘူး။ ယခုဖော်ပြမယ့် ဆောင်းပါးဟာ တက်တူးအမျိုးအစားနှင့် တက်တူး တွေ အကြောင်းအပြင် ၎င်းကို ဖယ်ရှားဖို့ရာ အန္တရာယ်ကင်းတဲ့ နည်းလမ်းတွေကို နားလည်စေရန် ပြောပြမှာ ဖြစ်ပါတယ်။ တက်တူး မထိုးခင်မှာ သင်သိထားသင့်တဲ့ အကြောင်းအရာများ က ဘာတွေများလဲ လေ့လာလိုက်ရအောင်နော်။တက်တူး မထိုးခင်မှာ သင်သိထားသင့်တဲ့ အကြောင်းအရာများ ကတော့ –။တက်တူးထိုးပြီးလို့ ၁ နာရီ နှင့် ၃ နာရီ ကြားမှာ ပတ်တီးစည်းပေးထားခြင်း သို့မဟုတ် အုပ်ပေးထားခြင်း ကိုပြုလုပ်ပေးရပါမယ်။ ဒီပတ်တီးဟာ သင့်ရဲ့ လတ်လတ်ဆတ်ဆတ်ပဲ ရှိသေးတဲ့ တက်တူးရဲ့ မှင်တွေနဲ့ သွေးတွေကို စုပ်ပါလိမ့်မယ်။ တက်တူး အမျိုးအစား တစ်ခုချင်း ပေါ် မူတည်ပြီး အုပ်ထားပေးရတဲ့ အချိန်ဟာလည်း အမျိုးမျိုး ကြာနိုင်ပါတယ်။ထိုးထားတဲ့ တက်တူးကို သန့်စင် စေဖို့ရာအတွက် ပိုးမဝင်စေအောင် ၎င်းကို တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ ဘတ်တီးရီးယားပိုး ကာကွယ်ပေးသော အနံ့မပါသည့် ဆပ်ပြာနဲ့ အကြိမ်ကြိမ် ဆေးကြောပေးသင့်ပါတယ်။ တက်တူး အနာမကျက်မခြင်း ဒီအလေ့အထကို ဆက်လက် ထိန်းသိမ်းပြီး ပြုလုပ်သင့်ပါတယ်။ တကယ်လို့ သင်ဟာ လက်မဆေးရသေးဘူးဆိုရင် တက်တူးကို မထိဖို့ရာ သတိရပါ။တက်တူးကို ဒီလိုဆေးကြော သန့်စင်ပြီးတဲ့ အခါမှာ အဆီတစ်ခုကို လိမ်းပေးခြင်းအားဖြင့်ရေဓါတ်ပြည့်ဝနေအောင် လုပ်ပါ။ ဒီလိုပြုလုပ်ခြင်းကို ပထမပိုင်း ရက်အနည်းငယ်အတွင်းမှာပဲ ပြုလုပ်ပေးသင့်ပါတယ်။ သို့သော် တက်တူးအနာ အမြန်ကျက် စေဖို့ရာအတွက် ပါးပါးလေးပဲ လိမ်းပေးသင့်ပါတယ်။ အဆီတွေ အများကြီးလိမ်းပေးခြင်း အားဖြင့် ၎င်းဟာ အနာကျက်ခြင်းကို နှေးစေနိုင်ပါတယ်။ဒီလို အဆီလိမ်းပြီး ရက်အတော်အကြာပြီးတဲ့ အခါမှာ လိုးရှင်းကို လိမ်းပေးသင့်ပါတယ်။တက်တူးကိုလည်း လွတ်လွတ်လပ်လပ် ထားပေးဖို့ရာ အရမ်းကြပ်သော အဝတ်အစားတွေကို မဝတ်ပါနဲ့။ တက်တူးထိုးထားတဲ့ အရုပ်ပေါ်မှာ ခေါင်းအုံးပြီး အိပ်စက်ခြင်းမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ တက်တူးကို အဝတ်အစားတွေနဲ့ ပွတ်တိုက်မယ်ဆိုရင်လည်း တက်တူးအရုပ်မှ မှင်ပျံ့ခြင်း သို့မဟုတ် တက်တူး ပုံပျက်သွားခြင်း ဖြစ်နိုင်ပါတယ်။တက်တူးဒဏ်ရာကျက်နေတဲ့ အချိန်အတောအတွင်းမှာ ရေကူးခြင်း၊ ရေစိမ်ချိုးခြင်း သို့မဟုတ် ချွေးအလွန်ထွက်စေသော ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်း စတာတွေကို ရှောင်ကြဉ်ရပါမယ်။ ဒါ့အပြင် တက်တူးထိုးပြီး ပထမ ၂ပတ်အတွင်းမှာ နေရောင်နှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ရပါမယ်။ တကယ်လို့သာ ဒီလိုတွေ လုပ်ခဲ့မယ်ဆိုရင် တက်တူးကို ပျက်စီးစေနိုင်ပြီး အနာကျက်တဲ့ ဖြစ်စဉ်ကိုလည်း နှေးသွားစေပါတယ်။ရေချိုးတော့မယ်ဆိုရင် ရေဟာအရမ်းမပူစေဖို့နဲ့ အချိန်အကြာကြီး မချိုးမိစေဖို့ရာ အရေးကြီးပါတယ်။တက်တူးကို ဖောက်ခြင်း၊ ထိုးခြင်း သို့မဟုတ် ကုတ်ခြင်း မပြုလုပ်ရပါဘူး။ ဒီလိုလုပ်မယ်ဆိုရင် တက်တူးကို ပျက်စီးစေနိုင်ပြီး အရောင်ကိုထိခိုက်စေပါတယ်။တက်တူးဟာ ဒဏ်ရာ လုံး၀ ကျက်ပြီးတဲ့ နောက်မှာနေရောင်ထဲသို့မထွက်ခင်နေလောင်ခံခရင်မ်ကို လိမ်းပေးရပါမယ်။တက်တူးရှိနေတဲ့ အသားအရေကို အမြဲတမ်း အစိုဓါတ် ထိန်းပေးထားရပါမယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သင့်ရဲ့ တက်တူးအရောင်မှိန်သွားခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။တက်တူးတစ်ခုကို ဖယ်ရှားဖို့ရာအတွက် အန္တရာယ်အကင်းဆုံး နည်းလမ်းကတော့ ကျွမ်းကျင်တဲ့တက်တူးဖယ်ရှားတဲ့ ပညာရှင်နှင့် ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ အိမ်သုံးကုထုံးတွေဟာ အန္တရာယ်လုံးဝ မကင်းပါဘူး။သင်ဟာ တကယ်လို့ တက်တူးကို ဖယ်ရှားချင်တဲ့ အခါမှာ နည်းလမ်းအများကြီး စဉ်းစားလို့ရပါတယ်။တက်တူးဖယ်ရှားတဲ့ အခါမှာ အသုံးအများဆုံး နည်းလမ်းကတော့ လေဆာသုံးပြီး ဖျက်ခြင်းပဲ ဖြစ်ပါတယ်။ လေဆာ သုံးပြီးဖျက်ခြင်း အပြင် cryotherapy (အေးခဲကုသခြင်း) ၊ chemical peels လို့ခေါ်တဲ့ ဓါတုပစ္စည်းဖြင့် ချေးချွတ်ပစ်လိုက်ခြင်း၊ ခွဲစိတ်ကုသခြင်း သို့မဟုတ် dermabrasion (ကိရိယာသုံးပြီး အပေါ်ယံအလွှာ ဖယ်ရှားခြင်း) စသဖြင့် အခြားသော နည်းလမ်းများလည်း ရှိပါတယ်။နာမည်ကြီးပြီး ယုံကြည်စိတ်ချရတဲ့ ကျွမ်းကျင် ပညာရှင်ကို တက်တူးဖျက်ခြင်း ပြုလုပ်ရန် ရွေးချယ် သင့်ပါတယ်။သင့်ရဲ့ တက်တူးဖျက်ဖို့အတွက် အဆင်ပြေမယ့် နည်းလမ်းကို ရွေးချယ်ပါ။ဒီနည်းလမ်းဟာ ပမာဏများတဲ့ အလင်းတန်းစုကြီးကို အသုံးပြုပြီး တက်တူး ဖျက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီအလင်းတန်းစုကြီးဟာ အရေပြားအရောင်နှင့် နှိုင်းယှဉ်ကြည့်ပြီး မှင်တွေကို ရှာဖွေပါတယ်။ အဲ့နောက်မှာ ဒီမှင်တွေကို အစိတ်အပိုင်းသေးသေးလေးတွေဖြစ်အောင် ဖြိုခွဲပစ်လိုက်ပြီး ခန္ဓါကိုယ်က စုပ်ယူသွားအောင် ပြုလုပ်ပါတယ်။ဒီနည်းလမ်းမှာဆိုရင် အရေပြားကို ထုံစေတဲ့ဆေးတွေ ပေးဖို့လိုအပ်ပြီး တက်တူးအောက်မှာ ရှိတဲ့ အရေပြားအလွှာကို ပေါ်လာအောင် တိုက်စားပစ်လိုက်ပါတယ်။ ဒီနည်းအားဖြင့် မှင်တွေဟာလည်း ပျက်သွားပါတယ်။ မှင်တွေကို ဖယ်ရှားပစ်လိုက်ပါတယ်။တကယ်လို့တက်တူးဟာ အရမ်းမကြီးဘူးဆိုရင် ၎င်းကို လုံးဝ ဖယ်ရှားပစ်လိုက်ဖို့အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ တက်တူးထိုးတဲ့ အရေပြားကို ဖြတ်တောက်ပစ်လိုက်ပြီး အနာကို ပြန်ချုပ်လိုက်ပါတယ်။၎င်းနည်းလမ်းဟာ တက်တူးကို ချေးချွတ်စားပစ်လိုက်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းကိုcryotherapyနည်းလမ်းနှင့် ယှဉ်တွဲပြီး သုံးခြင်းဟာ လေဆာနည်းလမ်းသုံးခြင်းလောက်တော့ အကျိုးသက်ရောက်မှု မကောင်းပါဘူး။ ဘာကြောင့်လဲ ဆိုတော့ လေဆာနည်းက တက်တူးတစ်ခုလုံးကို ဖယ်ရှားပေးနိုင်တဲ့အတွက် ဖြစ်ပါတယ်။အနာမကျက် သေးတဲ့တက်တူးအသစ်တစ်ခုကို ဂရုစိုက်ဖို့ရာ အမှန်တကယ်ကို အရေးကြီးပါတယ်။ ဒီလိုပါပဲ တက်တူးကို ဖယ်ရှားတဲ့ အခါမှာလည်း အန္တရာယ်ကင်းတဲ့ နည်းလမ်းတွေကို သုံးပြီး ဖယ်ရှားရမှာဖြစ်ပါတယ်။ ဒါကြောင့် တက်တူးမထိုးခင်မှာ နှစ်ကြိမ် နှစ်ခါ ပြန်လည် စဉ်းစားဆုံးဖြတ် သင့်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/essential-tips-for-tattoo/
မိတ်ကပ် ပရိုင်မာကို ဘယ်လို မှန်မှန်ကန်ကန် လိမ်းကြမလဲ
မိတ်ကပ် ပရိုင်မာ ကို ဘယ်လို မှန်မှန်ကန်ကန် လိမ်းကြမလဲ ….. နှုတ်ခမ်းနီနဲ့ အိုင်းလိုင်နာတို့လိုမျိုးပဲ မိတ်ကပ် ပရိုင်မာဟာ အမျိုးသမီးတွေ လှပမှုရဲ့ လျှို့ဝှက်ချက် တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ပရိုင်မာနဲ့ သူ့ရဲ့ မှော်ဆန်တဲ့ အချက်တွေအကြောင်းကို မသိတဲ့သူ အများအပြားရှိနေပါသေးတယ်။ဒီဆောင်းပါးမှာတော့ ပရိုင်မာကို ပညာရှင်တစ်ယောက်လိုမျိုး ဘယ်လိုလိမ်းခြယ်ရမလဲဆိုတာကို ဖေါ်ပြသွားမှာဖြစ်ပါတယ်။မိတ်ကပ် ပရိုင်မာဟာ မျက်နှာမိတ်ကပ်အောက်ခံအဖြစ် အသုံးပြုပြီးတော့ အဆီထွက်ခြင်းကို ကာကွယ်ပေးကာ အောက်ခံမိတ်ကပ်ကို ချောမွေ့ပြီး အချိန်အကြာကြီးခံစေပါတယ်။ ပရိုင်မာ လိမ်းပေးခြင်းအားဖြင့် အောက်ခံမိတ်ကပ်နဲ့moisturizerတို့မှာ ကပ်စရာ အလွှာတစ်ခု ရှိသွားတာကြောင့် တစ်နေကုန်ခံပါတယ်။ဒါ့ပြင် ပရိုင်မာဟာ အရေးအကြောင်းတွေ၊ ချွေးပေါက်တွေ၊ဝက်ခြံအမာရွတ်တွေကို ဖုံးကွယ်နိုင်ပြီးတော့ ပြီးပြည့်စုံတဲ့ မျက်နှာ အရေပြား အလှကို ပေးစွမ်းနိုင်ပါတယ်။မိတ်ကပ် ပရိုင်မာကို အခုအခါ ခရင်ပုံစံ၊ ဂျယ်ပုံစံနဲ့ ပေါင်ဒါပုံစံနဲ့ပါ ရရှိနိုင်ပါတယ်။ ပရိုင်မာကို ဆီလီကွန်ကို အခြေခံထားတဲ့ ပေါ်လီမာတွေနဲ့ တီထွင်ထားပြီး ချောမွေ့တဲ့ အရေပြားဖြစ်အောင် ပြုလုပ်ပေးပါတယ်။ဒါ့ကြောင့်အဆီဖုတွေရှိတဲ့ သူတွေ (သို့) အခြား အရေပြားရောဂါရှိသူတွေဟာ ပရိုင်မာ မသုံးစွဲခင် ကျွမ်းကျင်သူနဲ့ တိုင်ပင်သင့်ပါတယ်။မိတ်ကပ် ပရိုင်မာကို ဘယ်လို မှန်မှန်ကန်ကန် လိမ်းကြမလဲ ဆိုတော့ အောက်ဖေါ်ပြပါအချက်တွေကတော့ ပရိုင်မာကို ပြီးပြည့်စုံတဲ့ မိတ်ကပ်လိမ်းခြယ်မှုတစ်ခုမှာ ဘယ်လိုအသုံးပြုမလဲဆိုတာပဲ ဖြစ်ပါတယ်။လိုအပ်တဲ့ ပစ္စည်းတွေကတော့။အဆင့် ၁– မျက်နှာကို မျက်နှာသန့်စင်တဲ့ အရာနဲ့ သစ်ပေးပြီး သဘက်တစ်ခုနဲ့ ခြောက်သွေ့အောင် ပြုလုပ်ပါ။အဆင့် ၂– အလှဆီကို မျက်နှာပေါ် လိမ်းပေးပါ။ အသားထဲစိမ့်ဝင်သွားစေဖို့ မိနစ်ကြာရှည်စွာ စောင့်ပေးပါ။အဆင့် ၃– ပရိုင်မာကို လက်ချောင်း (သို့) တို့ဖတ်ကို အသုံးပြုပြီး လိမ်းပေးပါ။ မျက်ခွံမှအပ တစ်မျက်နှာလုံးကို လိမ်းပေးပါ။ ပရိုင်မာဟာ မျက်ခွံတွေကို သွားမဆွအောင် ထုတ်လုပ်ထားပါတယ်။ ပရိုင်မာ အသားထဲ စိမ့်ဝင်သွားတဲ့အထိ နှစ်မိနစ်ကနေ သုံးမိနစ်အထိ စောင့်ပါ။အဆင့်၄– အောက်ခံမိတ်ကပ်နဲ့ ပေါင်ဒါလိမ်းပါ။အဆင့် ၅– အခြား လုပ်စရာ ရှိသည်များ (အိုင်းလိုင်နာ၊နှုတ်ခမ်းနီ) ကို ပြုလုပ်ပါ။ပရိုင်မာကို လုံးဝခြောက်သွေ့ပြီး အသားထဲ စိမ့်ဝင်သွားဖို့ အချိန်ပေးသင့်ပါတယ်။မိတ်ကပ်ပရိုင်မာဟာ မိတ်ကပ်လိမ်းသူတွေအတွက် မရှိမဖြစ် အရာတစ်ခုပဲဖြစ်ပါတယ်။ ပရိုင်မာကို လိမ်းခြင်းကြောင့် မိတ်ကပ်ကျွမ်းကျင်မှုကို နောက်တစ်ဆင့် တက်သွားသလို ဖြစ်စေနိုင်ပါတယ်။ စစ်မှန်တဲ့ မိတ်ကပ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်အောင်လို့ အထက်ဖေါ်ပြပါ အချက်တွေကို လိုက်နာသင့်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%99%e1%80%ad%e1%80%90%e1%80%b9%e1%80%80%e1%80%95%e1%80%b9-%e1%80%95%e1%80%9b%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%99%e1%80%ac-%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%b9/
Cerebral Aneurysm (ဦးနှောက်အတွင်းရှိသွေးကြော ဖောင်းလာခြင်း။)
Cerebral aneurysm ဆိုတာ ဦးနှောက်အတွင်းရှိ သွေးကြောတွေထဲမှာ ဖောင်းလာတာ၊ ပူဖောင်းကဲ့သို့ ဖြစ်လာခြင်းကို ခေါ်ပါတယ်။ အကိုင်းမှာ တွဲလောင်းကျနေတဲ့ ဘယ်ရိသီးနဲ့ တစ်ခါတစ်လေ တူနိုင်ပါတယ်။ဦးခေါင်းသွေးကြော ဖောင်းလာခြင်း မှ သွေးယိုစိမ့်နိုင်ခြင်း(သို့) သွေးကြော ပေါက်ထွက်ခြင်းတွေ ဖြစ်နိုင်ပြီး ဦးနှောက်အထဲကို သွေးယိုတာတွေ ဖြစ်နိုင်ပါတယ်။ဦးနှောက်သွေးကြော ပေါက်ခြင်းဟာ ဦးနှောက်နဲ့ ဦးနှောက်ကို ကာထားပေးတဲ့ ပါးလွှာတဲ့ တစ်ရှုးကြားရှိနေရာ မှာ ဖြစ်တတ်ပါတယ်။ဦးနှောက်သွေးကြောဖောင်းလာခြင်းဟာ အသက်ကို အန္တရာယ်ပေးနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဖောင်းလာတဲ့ သွေးကြောတွေ ပေါက်ကွဲသွားရင်တော့ လေဖြတ်ခြင်း၊ ဦးနှောက်ပျက်စီးခြင်း စတဲ့ အရေးပေါ် အခြေအနေ တွေ ဖြစ်လာနိုင်ရူံမက ချက်ချင်း မကုသပါက သေဆုံးခြင်းပါ ဖြစ်လာနိုင်ပါတယ်။ဦးနှောက်သွေးကြောဖောင်းလာခြင်း ဖြစ်တိုင်း သွေးကြော မပေါက်ထွက်နိုင်ပါဘူး။USA နိုင်ငံမှာ ဦးနှောက်သွေးကြောဖောင်းလာခြင်းသာဖြစ်ပြီး သွေးကြော မပေါက်တဲ့ လူပေါင်း ၆ သန်းလောက်ရှိပါတယ်။ ခန့်မှန်းချက်အရ လူတစ်ယောက်ရဲ့ သက်တမ်းမှာ ဦးနှောက်သွေးကြောဖောင်းလာခြင်း စုစုပေါင်းရဲ့ ၅၀% မှ ၈၀%လောက်ဟာ ဘယ်တော့မှ သွေးကြောပေါက်ထွက်လေ့မရှိပါဘူး။တစ်နှစ်မှာ USA နိုင်ငံရဲ့ လူပေါင်း ၃၀၀၀၀ လောက်သာ ဦးနှောက်သွေးကြော ဖောင်းရာမှ သွေးကြောပေါက်ထွက်တဲ့ အထိဖြစ်တာကို တွေ့ကြုံ ရခဲ့ပါတယ်။ သွေးကြောပေါက်ထွက်ခြင်းအထိ ဖြစ်တာ အားလုံးရဲ့ ၄၀ % လောက်ဟာ သေနိုင်ပါတယ်။ဒါပေမယ့်လည်း ဒီ ဦးနှောက်သွေးကြောဖောင်းလာခြင်းဖြစ်ဖို့ အားပေးနေတဲ့ ချက်တွေကို လျော့နည်းစေခြင်းအားဖြင့် ဒီရောဂါကိုထိန်းချုပ်နိုင်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ အချက်အလက်တွေအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင် သင့်ပါတယ်။ဦးနှောက်သွေးကြောဖောင်းခြင်းရဲ့ အဆင့်အပေါ်မူတည်ပြီး ရောဂါ လက္ခဏာတွေက အတော်အတန်ကွာ ခြားပါတယ်။သွေးကြောပေါက်ထွက်ခြင်းရဲ့ အရေးကြီးဆုံး ရောဂါ လက္ခဏာကတော့ ရုတ်တရက် ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုခေါင်းကိုက်ခြင်းကို လူနာအနေနဲ့ ခံစားဖူးသမျှ အဆိုးရွားဆုံးခေါင်းကိုက်တာ အဖြစ် ဖော်ပြတတ်ကြပါတယ်။ဦးနှောက်သွေးကြော ပေါက်ခြင်းရဲ့ အဖြစ်များတဲ့ ရောဂါ လက္ခဏာတွေကတော့။အချို့သောဦးနှောက်သွေးကြောဖောင်းခြင်းတွေမှာ အဲဒီဖောင်းလာတဲ့ သွေးကြောတွေကနေ သွေးအနည်းငယ်ယိုစိမ့်လာတတ်ပါတယ်။ အဲလို သွေးယိုခြင်းက အောက်ပါ အခြေအနေတွေကို ဖြစ်စေနိုင်ပါတယ်။ဦးနှောက် သွေးကြောပေါက်ထွက်မသွားတဲ့ အခြေအနေမှာ အထူးသဖြင့် သွေးကြောဖောင်းခြင်းက သေးနေရင်ရောဂါ လက္ခဏာ မပြတာဖြစ်နိုင်ပါတယ်။ ကြီးရင်တော့ ဦးနှောက် တစ်ရှုးတွေ၊ အာရုံကြောတွေကို ဖိမိပြီး အောက်ပါအခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။တကယ်လို့ သင့်မှာ အထက်ဖော်ပြပါ ရောဂါ လက္ခဏာ ရှိနေရင်(သို့) သိလိုတဲ့ အချက်တွေရှိနေရင် ဆရာဝန်နဲ့ တွေ့ဆုံသင့်ပါတယ်။ လူတွေရဲ့ ခန္ဓါကိုယ်ဟာ တစ်ဦးနဲ့ တစ်ဦးတုံ့ပြန်မှုချင်း မတူပါဘူး။ ဒါကြောင့် သင့်အခြေအနေအတွက် ဘယ်ဟာက အကောင်းဆုံးလဲဆိုတာကို သေချာသိနိုင်ဖို့ ဆရာဝန်နဲ့ အမြဲတမ်းဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါပဲ။ဦးနှောက်သွေးကြော ဖောင်းလာခြင်းဟာ သွေးလွှတ်ကြောနံရံတွေ ပါးလာတာကြောင့် ဖြစ်လာနိုင်ပါတယ်။ သွေးလွှတ်ကြောတွေရဲ့ ခွဲဖြာထွက်နေတဲ့နေရာတွေမှာ ဦးနှောက်သွေးကြော ဖောင်းလာခြင်း ဖြစ်တတ်ပါတယ်။ဘာကြောင့်လည်းဆိုတော့ အဲဒီနေရာတွေက ပိုပြီးအားနည်းတဲ့နေနရာတွေမို့ပါ။ ဦးနှောက်သွေးကြော ဖောင်းလာခြင်းဟာ ဦးနှောက်ရဲ့ နေရာတိုင်းမှာ ဖြစ်နိုင်ပေမယ့် ဦးနှောက်အောက်ခြေပိုင်းမှာ ရှိတဲ့ သွေးလွှတ်ကြောတွေမှာ အဖြစ်များပါတယ်။အမေရိကန် ကျန်းမာရေး အဖွဲ့အစည်းရဲ့ ဂျာနယ်ရဲ့ လေ့လာချက်တစ်ခုအရ အောက်ပါ အကြောင်းအချက်တွေဟာ ရှိနေပြီးသား ဖောင်းနေတဲ့သွေးကြောတွေကို ပေါက်ကွဲစေနိုင်ပါတယ် လို့ပါဝင်ခဲ့ပါတယ်။တစ်ချို့သော ဦးနှောက်သွေးကြော ဖောင်းလာခြင်းတွေဟာ လူတစ်ယောက်ရဲ့ သက်တမ်းတစ်လျှောက်ဖြစ်ပေါ်လာတာမျိုး ရှိပြီး၊ တစ်ချို့က မျိုးရိုး ဗီဇ အရ၊ တစ်ချို့က ဦးနှောက် ထိခိုက်ဒဏ်ရာကြောင့် ဖြစ်လာတတ်ကြပါတယ်။ဒီရောဂါကို ဖြစ်အောင် အားပေးနေတဲ့ အချို့အဖြစ်များတဲ့ အချက်တွေရှိပါတယ်။ အဲဒါတွေကတော့။မိသားစုထဲမှာ ဦးနှောက်သွေးကြော ဖောင်းလာခြင်းဖြစ်ဖူးတဲ့သူတွေ ဟာ မိသားစုမှာ မဖြစ်ဖူးတဲ့သူတွေ ထက် ဖြစ်နိုင်ချေပိုများပါတယ်။အရင် က ဒီရောဂါဖြစ်ဖူးတဲ့သူဆိုရင် ပိုပြီးဖြစ်နိုင်ပါတယ်။အမျိုးသမီး တွေဟာ အမျိုးသားတွေထက် ဦးနှောက်သွေးကြော ဖောင်းလာခြင်း(သို့) ဦးနှောက်အမြှေးပါးကြားတွင် သွေးယိုခြင်း ဖြစ်နိုင်ချေ ပိုများပါတယ်။အာဖရိကန်၊ အမေရိကန်တွေဟာ လူဖြူတွေထက်ဦးနှောက် အမြှေးပါးကြားတွင်သွေးယိုခြင်း ပို ဖြစ်နိုင်ပါတယ်။ဦးနှောက်အမြှေးပါးကြားမှာသွေးယိုတာဟာ သွေးပေါင်ချိန်များ၊ သွေးတိုးဖြစ်ဖူးတဲ့သူတွေမှာ ပို ဖြစ်နိုင်ပါတယ်။သွေးပေါင်ချိန်မြင့်ခြင်း အပါအဝင် ဆေးလိပ်သောက်ခြင်းကလည်း ဦးနှောက်သွေးကြောဖောင်းရာမှ ပေါက်ထွက်ဖို့ အခွင့်အရေးပိုများစေနိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ဆရာဝန်က သင့်မှာဦးနှောက်သွေးကြောဖောင်းခြင်းရောဂါ ရှိနေတယ်လို့ ထင်ပါက အောက်ပါ စစ်ဆေးချက်တွေကို လုပ်ဆောင်ဖို့ လိုအပ်နိုင်ပါတယ်။စီတီရိုက်တာဟာ ဦးနှောက်အတွင်းဘယ်နေရာမှာ သွေးယိုနေတယ်ဆိုတာ သိဖို့ ကူညီပေးနိုင်ပါတယ်။ တစ်ခါတစ်လေမှာ ဆရာဝန်က ဦးနှောက်သွေးကြောဖောင်းခြင်းမှ ပေါက်ထွက်ခြင်းနဲ့ ဦးနှောက်အမြှေးပါးကြားသွေးယိုခြင်း ဖြစ်နေတယ်လို့ သံသယ ရှိပါက lumber puncture (ကျောရိုးရှိ ရိုးတွင်းခြင်ဆီထုတ်ယူခြင်း)ဖောက်ရနိုင်ပါတယ်။CTA ဟာ သွေးကြောလေးတွေကို စစ်ဆေးတဲ့နေရာမှာ စီတီ ရိုက်ခြင်းထက် ပိုတိကျ တဲ့ နည်းလမ်းဖြစ်ပါတယ်။ CTA ဟာ စီတီရိုက်ခြင်းရယ်၊ အထူးပြု ကွန်ပြူတာ နည်းလမ်းတွေရယ်၊ကို ပေါင်းစပ်ထားပြီး ဆိုးဆေးတစ်မျိုး ကို သွေးကြောထဲထိုးထည့်ပြီး သွေးကြောလေးတွေရဲ့ ပုံရိပ်ကို မြင်နိုင်ဖို့ အသုံးပြုနိုင်ပါတယ်။MRA ဟာ CTA နဲ့ တူပြီး သံလိုက်ဓါတ်နဲ့ အသံလှိုင်းစွမ်းအင်ကို အသုံးပြုပြီး သွေးကြောလေးတွေရဲ့ ပုံရိပ်ကို ရိုက်ယူတာဖြစ်ပါတယ်။ CTA မှာလိုပဲ သွေးကြောလေးတွေရဲ့ ပုံရိပ် ကိုပိုရှင်းရှင်းလင်းလင်းမြင်နိုင်အောင် ဆိုးဆေးတစ်မျိုး ကို သွေးကြောထဲထိုးထည့်ပြီး အသုံးပြုနိုင်ပါတယ်။ဒီ ဓါတ်မှန် စစ်ဆေးချက်မှာတော့ ပေါင်ခြံနဲ့ လက်မောင်းမှာ ရှိတဲ့ သွေးကြောတွေထဲကို catheter လို့ခေါ်တဲ့ ပြွန်သေးသေးလေးထည့်ပြီး ဦးနှောက်ဆီရောက်အောင် သွေးကြောတွေထဲက နေ အပေါ်တက်သွားပါမယ်။ ပြီးတဲ့ အခါမှာ ဦးနှောက်သွေးကြောထဲကို ဆိုးဆေးတစ်ခု ထိုးတည့်ပါမယ်။အပေါ်မှာ ဖော်ပြထားတဲ စစ်ဆေးချက်တွေမှာ လိုပဲ ဆိုးဆေးဟာ သွေးကြောလေးတွေမှာရှိတဲ့ပြသနာတွေ( ဦးနှောက်သွေးကြော ဖောင်းခြင်းအပါအဝင်) ကို ဓါတ်မှန်မှာ မြင်အောင်ကူညီပေးနိုင်ပါတယ်။ ဒီစစ်ဆေးချက်ဟာ အခြားဟာတွေထက်ပိုပြီး ခန္ဓါကိုယ်။အတွင်းဖောက်ထွင်းရပြီး ပိုပြီးထိခိုက်နိုင်ချေများပေမယ့် သေးငယ်တဲ့ သွေးကြောဖောင်းတာလေးတွေကို မြင်နိုင်ဖို့ဆိုရင်တော့အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ဦးနှောက်သွေးကြော ဖောင်းတာ အတွက်ကုသမှုတွေကတော့ အရွယ်အစား၊ တည်နေရာ၊ ပြင်းထန်မှု နဲ့ သွေးကြောပေါက်ထွက်ခြင်းရှိနေ၊မနေ (သို့) သွေးယိုခြင်းရှိ၊ မရှိ အပေါ်မူတည်ပါတယ်။သေးငယ်တဲ့ (၁၀ မီလီ မီတာ အောက်သေးတဲ့) သွေးကြောဖောင်းခြင်းတွေဟာ ပေါက်ထွက်ဖို့ ဖြစ်နိုင်ချေနည်းပါတယ်။ ဒီဦးနှောက်သွေးကြော ဖောင်းလာခြင်းကို ခွဲစိတ်ကုသဖို့ကလည်း တစ်ခါတစ်လေ အန္တရာယ်များတဲ့ အတွက် ဆရာဝန်က ခွဲစိတ်မှုမလုပ်ဘဲ သင့်အခြေအနေကို ဆက်လက်စောင့်ကြည့်နေနိုင်ပါတယ်။တကယ်လို့ ဦးနှောက်သွေးကြော ဖောင်းခြင်းက ကြီးနေရင်၊ (သို့) နာခြင်း(သို့) အခြား ရောဂါ လက္ခဏာတွေ ရှိနေရင်၊ (သို့) အရင်က သင့်မှာ ဦးနှောက်သွေးကြော ဖောင်းခြင်းမှ သွေးကြောပေါက်ထွက်ခဲ့ဖူးရင် တော့ ဆရာဝန်က ခွဲစိတ်ကုသမှုလုပ်နိုင်ပါတယ်။ဦးနှောက်သွေးကြော ဖောင်းခြင်းကို ထိန်းချုပ်ပေးနိုင်မယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေက ဘာတွေလဲ?။အောက်ပါ အကြံပြုချက်တွေကို လိုက်နာခြင်းအားဖြင့်ရောဂါ ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။သင့်မှာ မေးစရာမေးခွန်းတွေ ရှိနေပါက ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးပြီး သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေကိုရှာဖွေ နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/cerebral-aneurysm-%e1%80%a6%e1%80%b8%e1%80%94%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%be%e1%80%ad%e1%80%9e%e1%80%b1/
Anaphylactoid Purpura (ဆိုးရွားတဲ့ဓါတ်မတည့်မှုကြောင့် အင်ပျဉ်ထခြင်း)
ဟေးနော့ရှော်လိန်းအင်ပျဉ်ထခြင်းဆိုတာ ရှားပါးတဲ့ ပြသနာတခုဖြစ်ပြီး အရေပြား၊ အဆစ်များ၊ အူများနဲ့ ကျောက်ကပ်များထဲက သွေးကြောငယ်များ သွေးယိုခြင်းနဲ့ ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ သွေးကြောရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေတဲ့ အခြေအနေတွေ အများကြီးရှိပါတယ်။ သွေးကြောရောင်ခြင်း ပုံစံတမျိုးစီမှာ သွေးကြောတွေရဲ့ ထူးခြားတဲ့ ဝိသေသတွေ ပါဝင်ပါတယ်။ဟေးနော့ရှော်လိန်းအင်ပျဉ်ထခြင်းရဲ့ အဓိကပုံစံဟာ ခရမ်းရောင်အပျဉ်တွေဟာ ခြေထောက်နဲ့ တင်ပါးတွေမှာ ဖြစ်ပေါ်ခြင်း ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ဝမ်းဗိုက်အောင့်ခြင်း၊ အဆစ်အမြစ်ကိုက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ရှားရှားပါးပါး ကျောက်ကပ်ထိခိုက်တာ ဖြစ်နိုင်ပါတယ်။ဒီပြသနာဟာ လေးပတ်ကနေ ၆ပတ်ထိကြာရင် ပျောက်သွားနိုင်ပါတယ်။ တခါတရံ ပြန်ဖြစ်တတ်ပါတယ်။ ရေရှည် အကျိုးဆက်တွေတော့ မရှိတတ်ပါဘူး။ ကျောက်ကပ်၊ အူ စတဲ့ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ရင် ကုသမှုတွေ လိုအပ်ပြီး နောက်ဆက်တွဲပြသနာတွေကို ကာကွယ်ဖို့ ပုံမှန် ပြန်လည်ပြသဖို့ လိုအပ်ပါတယ်။ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက် ပိုဖြစ်တတ်ပါတယ်။ ကလေးတွေမှာ ကျား/မအချိုးဟာ ၁.၅-၂ း ၁ ရှိပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာတော့ ကျား/မအချိုးဟာ ၁း၁ ဖြစ်ပါတယ်။ဟေးနော့ရှော်လိန်းအင်ပျဉ်ဟာ ဘယ်သူမှာမဆို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အသက် ၂နှစ်နဲ့၆နှစ်ကြား ကလေးတွေမှာ တွေ့ရအများဆုံး ဖြစ်ပါတယ်။ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။အဓိကလက္ခဏာ ၄မျိုး ရှိပါတယ်။အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။ကိုယ်ခန္ဓါရဲ့ သွေးကြောလေးတွေ ရောင်ရမ်းပြီး အရေပြား၊ ဝမ်းဗိုက်နဲ့ ကျောက်ကပ်တွေမှာ သွေးယိုနိုင်ပါတယ်။ ဒါပေမယ့် ဒီကနဦး ရောင်ရမ်းခြင်းတွေဟာ ဘာကြောင့်လဲဆိုတာ သေချာမသိပါဘူး။ ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်မှု ဖြစ်နိုင်ပါတယ်။ လည်ချောင်း၊ အသက်ရှူလမ်းကြောင်း၊ အဆုတ် စတာတွေမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။တယော်ကကနေ တယောက်ကို မကူးစက်သလို မိသားစုအတွင်းလည်း မျိုးရိုးမလိုက်ပါဘူး။အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။စစ်ဆေးချက်တမျိုးတည်းနဲ့တော့ ဟေးနော့ရှော်လိန်းပြသနာကို အဖြေမထုတ်နိုင်ပါဘူး။ ဒါပေမယ့် တခြားရောဂါတွေကို ဖယ်ထုတ်ပြီး ဒီရောဂါ ဖြစ်နိုင်ခြေရှိကြောင်း အတည်ပြုနိုင်ပါတယ်။အသားစစစ်ဆေးခြင်း။အရေပြားအစအနည်းငယ်ယူပြီး အနုကြည့်မှန်ပြောင်းအောက်မှာ စစ်ဆေးပါတယ်။ ဆိုးရွားတဲ့ ကျောက်ကပ်ပြသနာရှိရင် ကျောက်ကပ်အသားစယူပြီး စစ်ဆေးပါတယ်။ပုံရိပ်ဖော်စစ်ဆေးခြင်း။ဝမ်းဗိုက်နာခြင်းရဲ့ တခြားအကြောင်းအရာတွေကို ဖယ်ထုတ်နိုင်ဖို့နဲ့ ဖြစ်နိုင်ခြေပြသနာတွေကို စစ်ဆေးဖို့ အာထရာဆောင်း ရိုက်နိုင်ပါတယ်။တလအတွင်း ပျောက်နိုင်ပြီး ဝေဒနာတွေ မကျန်ခဲ့ပါဘူး။အိပ်ရာမှာအနားယူခြင်း၊ အရည်ဓါတ်များများ သောက်ခြင်း၊ မိမိဖာသာ ဝယ်ယူသောက်သုံးနိုင်တဲ့ ဆေးဝါးများ သုံးစွဲခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။ဆေးဝါးများ။ပရနီစလုံးလို ကော်တီကိုစတီးရွိုက်ဆေးတွေကို သုံးစွဲရာမှာ အငြင်းပွားစရာတွေ ရှိပါတယ်။ ဆိုးရွားတဲ့ အစာအိမ်အူလမ်းကြောင်းတွေကို ကုသဖို့ အများဆုံး သုံးပါတယ်။ခွဲစိတ်ခြင်း။အူလမ်းကြောင်းခေါက်ခြင်း၊ ပေါက်ခြင်း စတာတွေမှာ ခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ဆိုးရွားတဲ့ဓါတ်မတည့်မှုကြောင့် အင်ပျဉ်ထခြင်းအတွက် အထောက်အကူ ပြုသလဲ။အောက်ပါအချက်တွေက အထောက်အကူ ပြုပါတယ်။ဒီပြသနာရှိသူတွေကို သက်တောင့်သက်သာဖြစ်အောင် ပြုလုပ်ပေးရပါတယ်။ အိပ်ရာထက် အနားယူခြင်း၊ အရည်များများပေးခြင်း၊ ဆေးဝါးများသောက်သုံးခြင်း ပြုလုပ်နိုင်ပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/other-allergies/anaphylactoid-purpura-%e1%80%86%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%bd%e1%80%ac%e1%80%b8%e1%80%90%e1%80%b2%e1%80%b7%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%99%e1%80%90%e1%80%8a%e1%80%ba/
သင် မနက်စာ မစားဘဲနေနေပြီလား။ ဒါဆို ဒီရောဂါတွေ ပိုဖြစ်နိုင်တယ်နော်။ ။
မနက်စာကို ရှင်ဘုရင်လို စားသင့်တယ်ဆိုတဲ့ စကားလေး သင်ကြားဖူးမှာပါ။ ဒါပေမယ့်ပိန်ချင်လို့ အစားလျှော့တယ်၊ ရုံးသွား ကျောင်းသွားရမယ်ဆိုပြီး မအားလို့ မနက်စာကို မစားဖြစ်ကြတဲ့ သူတွေ အများကြီးပါ။ တကယ်တော့ မနက်စာဆိုတာ သင်တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ အားအင်တွေကို ဖြည့်စွမ်းပေးနိုင်တဲ့ တစ်ခုတည်းသော အရာပါ။ မနက်စာကို အလွတ်ခံလိုက်ရင် တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ အားအင်တွေလည်း ဆုံးရှုံးမယ့်အပြင် မနက်စာ မစားခြင်းက တစ်ခြား ကျန်းမာရေးအပေါ်မှာ သက်ရောက်တဲ့ မကောင်းတဲ့အချက်တွေ လည်း ရှိပါသေးတယ်။ ။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။မနက်စာကို မစားဘဲနေလိုက်တာကြောင့် ကိုယ့်ကိုယ်ခန္ဓာရဲ့ စားသောက်မှု ပုံစံ စည်းချက် မူမမှန်တော့မယ့်အပြင် ဦးနှောက်နဲ့ ကြွက်သားတို့ အလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့သွေးတွင်းသကြားဓာတ်လည်း နည်းနေမှာဖြစ်ပါတယ်။ ဒီလိုနဲ့ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမဖြစ်ပြီး လိုအပ်တဲ့ သကြားဓာတ်တွေ အတွက်ရော၊ မနက်စာအငတ်ခံထားလို့ သင့်ကိုသင်လည်း သနားပြီး နေ့လည်စာကို ပိုစားဖြစ်နေပါလိမ့်မယ် ။လေ့လာချက်တွေ အရတော့ မနက်စာစားတဲ့သူတွေဟာ မစားတဲ့သူတွေထက်ပိုပိန်နေတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်စားတဲ့ မနက်စာထဲပါတဲ့ပရိုတင်းနဲ့အမျှင်ဓာတ်တွေက သင့်ကို တစ်နေ့လုံး ဆာလောင်ခြင်း ကင်းစေမှာဖြစ်ပါတယ်။ ဒါကြောင့် မနက်စာလေး အလွတ်ခံလိုက်ရင် ငါတော့ပိန်သွားမှာပဲဆိုတဲ့ အတွေးဟာ မှားနေပါတယ်။ညဘက် အိပ်တဲ့အချိန်ရယ် မနက်စာမစားတဲ့အချိန်ရယ် ပေါင်းလိုက်လို့ ၁၂ နာရီကျော်သွားပြီဆိုရင် သ့င့်ကိုယ်ခန္ဓာအတွင်းက အစာကို တောင့်တနေပါလိမ့်မယ်။ ဒါကို မနက်စာ အလွတ်ခံလိုက်မယ်ဆိုရင် ကိုယ်တွင်းဖိစီးမှုတွေတက်လာပြီးဟော်မုန်းတွေလည်း အပြောင်းအလဲဖြစ်လာပါတယ်။ ဒီလိုနဲ့နှလုံးက ကြွက်သားတွေလည်း အလုပ်ပိုလုပ်ရလို့ မနက်စာ မစားတဲ့သူတွေဟာနှလုံးရောဂါဖြစ်နိုင်ချေပိုများပါတယ်။မနက်စာမစားဘဲနေတာ ကြာလာတော့ ကိုယ်တွင်းသကြားဓာတ်တွေလည်း ကမောက်ကမ ဖြစ်ကုန်တဲ့အပြင် နေ့ခင်းဘက် ကိုယ်အများကြီးစားလိုက်တဲ့အခါ ဝင်လာတဲ့ သကြားဓာတ် အလုံးအရင်းကိုအင်ဆူလင်က မထိန်းနိုင်တော့ဆီးချို အမျိုးအစား ၂ဖြစ်နိုင်ချေ အလားအလာပိုများသွားပါပြီ။အိပ်ပြီးပြန်ထလာတဲ့အချိန်ဆို ပထမဆုံး အလုပ်လုပ်ရတာ ဦးနှောက်ပါပဲ။ သူ အလုပ်တွေ အများကြီးလုပ်နိုင်ဖို့အတွက် သွေးတွင်းသကြားဓာတ်တွေ အလုံအလောက်ရှိနေမှ ရမှာပါ။ ဒါကို ကိုယ်က မနက်စာမစားဘဲနေလိုက်တဲ့အခါ သွေးတွင်းသကြားဓတ်တွေ ကမောက်ကမဖြစ်ပြီး ဦးနှောက် အတွက်လိုအပ်တဲ့ အာဟာရတွေ မရနိုင်တော့လို့ မနက်စာ မစားတာကြာလာရင် သင့်ဦးနှောက်မှတ်ဉာဏ်ပိုင်းမှာရော၊ အာရုံစူးစိုက်မှု အပိုင်းမှာရော ကျဆင်းလာမှာပါ။တစ်နေ့တာ အတွက် လိုအပ်တဲ့ အားအင်တွေကို အပြည့်အဝပေးနိုင်တာ မနက်စာပါ။ ဒါကို မစားဘဲနေလိုက်တဲ့အခါကျ တစ်နေ့လုံး အားမရှိသလိုခံစားနေရပြီး နုန်းနေပါလိမ့်မယ်။ မနက်စာ မစားထားတော့ ဗိုက်ထဲလည်း ဟာတာတာဖြစ်နေပြီး အချိန်ရှိတိုင်းဗိုက်ဆာသလို ဖြစ်နေတော့မှာပါ။မနက်စာမစားတဲ့လူတွေ မှာ cortisol လို့ ခေါ်တဲ့စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတစ်မျိုးပိုထွက်ပါတယ်။ ဒီလိုနဲ့ မနက်စာမစားလေလေ cortisol ပိုထွက်လေလေဖြစ်ပြီး စိတ်ဖိစီးမှုလည်း များလေလေပါပဲ ။ကဲ ဒီတော့ မနက်စာ စားဖြစ်ဆိုတာ သိပ်ကို အရေးကြီးကြောင်း သိသွားလောက်ကြပါပြီ။ မစားတာကြာလေလေ ကျန်းမာရေးကို ထိခိုက်ဖို့ အလားအလာများလေလေဆိုတဲ့အတွက် နေ့တစ်နေ့ရဲ့ ပထမဦးဆုံး မနက်စာကို ရှင်ဘုရင်လို စားလိုက်ကြရအောင်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/breakfast-eating/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/pork/
အမျိုးသမီးများ နဲ့ ဗီတာမင် D
တစ်ခါတလေမှာ နေရောင်လေးနည်းနည်းလောက် ထိတွေ့တာကလည်း ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်ပါတယ်နော်။ မနက်ခင်းနေရောင် ခပ်နွေးနွေးလေးအောက်မှာ စက်ဘီးနင်းတာဖြစ်ဖြစ်၊ လမ်းလျှောက်တာဖြစ်ဖြစ်လုပ်ပေးတာက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ကို ရရှိစေနိုင်ပါတယ်။ ဗီတာမင် D က လေဒီတို့ ကျန်းမာဖို့အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ကဲ …. အမျိုးသမီးများ နဲ့ ဗီတာမင် D အကြောင်း လေ့လာလိုက်ရအောင်နော်။ကာလရှည်ကြာသိလာခဲ့တဲ့ အသိတစ်ခုက ဗီတာမင် D က အရိုးတွေကို သန်မာစေတယ်ဆိုတာပါ။ ငယ်စဉ်အရွယ်ကတည်းကနေ တောက်လျှောက်ကြားလာခဲ့တာက အရိုး နဲ့ သွားတွေ ကြံ့ခိုင်သန်စွမ်းစေဖို့အတွက် ဗီတာမင် D ပါတဲ့နို့တွေကို သောက်ဖို့ပြောကြတာပါ။ဒါပေမယ့် မကြာသေးခင်ကပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ရပ်မှာတော့ ဗီတာမင် D ကနှလုံးရောဂါ၊ ကင်ဆာ၊ နာကျင်ရောင်ရမ်းမှုဝေဒနာတွေ နဲ့ နာတာရှည်ရောဂါတော်တော်များများကို ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒီဆောင်းပါးလေးထဲမှာ အဓိကပြောချင်တာကတော့ ဗီတာမင် D က လေဒီတို့အတွက်တော်တော်လေးအထောက်အကူပြုပေးတယ်ဆိုတာကိုပါ။ဗီတာမင် D နည်းလာတဲ့အခါ အရိုးတွေမှာ ထိခိုက်တာတွေတော်တော်များပါတယ်။နောက်တစ်ချက်က အမျိုးသမီးတွေမှာ ဗီတာမင် D နည်းတဲ့အခါ ဟော်မုန်းမမျှတတာမျိုးတွေ ခံစားရနိုင်ပါတယ်။ တကယ်တော့ ဗီတာမင် D က ဘေဘီကနေစလို့ ဘိုးဘိုးဘွားဘွားတွေအထိလိုအပ်တဲ့ ဗီတာမင်တစ်မျိုးပါ။ ခန္ဓာကိုယ်ကို စွမ်းအားတိုးစေသလို ဦးနှောက်ရဲ့ လုပ်ဆောင်ရည်ကို ကောင်းမွန်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတို့အတွက်လည်း လိုအပ်တဲ့ ဗီတာမင် တစ်မျိုးပါ။ဗီတာမင် Dက မျိုးဥတွေရဲ့ အရည်အသွေးကို ကောင်းမွန်စေပြီး ‌သန္ဓေအောင်နိုင်စွမ်းကို တိုးစေပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေချိန်မှာ ဗီတာမင် D ပြည့်ဝအောင်  ဖြည့်စွက်ထားမယ်ဆိုရင် ကလေးရဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။ခန္ဓာကိုယ်မှာ ဗီတာမင် D ပြည့်ဝမှ အရိုးနဲ့ သွားတွေကြံ့ခိုင်စေဖို့အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်မှာပါ။ တကယ်လို့ ခန္ဓာကိုယ်က ကယ်လ်ဆီယမ်ကို မစုပ်ယူနိုင်ဘူးဆိုရင်အရိုးပွတာ၊ အရိုးပါးတာနဲ့ အရိုးကျိုးလွယ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် သန္ဓေသားအရိုးတွေ ကောင်းစွာဖွံ့ဖြိုးစေဖို့ ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ ဗီတာမင် D ပြည့်ဝနေဖို့ လိုအပ်သလို ကလေးတွေ၊ သက်ကြီးရွယ်အိုတွေလည်း ဗီတာမင် D ပြည့်ဝနေဖို့လိုအပ်ပါမယ်။ဗီတာမင် D ကပြင်ပရောဂါတွေကို ခုခံတိုက်ထုတ်ပေးတဲ့ ကိုယ်ခံအားစနစ်ကို ကျန်းမာနေစေဖို့ အားဖြည့်ကူညီပေးပါတယ်။ ဒါကြောင့်ဖျားနာမှုနဲ့ရောဂါပိုးတွေအန္တရာယ်ကနေ ကင်းဝေးချင်တယ်ဆိုရင်တော့ နေ့စဉ် ဗီတာမင် D ရရှိအောင်လုပ်ဆောင်ဖို့ လိုပါမယ်။Polycystic Ovarian Syndrome ဆိုတာက သားဥအိမ်မှာ အရည်အိတ်တည်တဲ့ ရောဂါစုပါ။ တွေ့ရများတဲ့ လက္ခဏာတွေ အနေနဲ့ကတော့ ကိုယ်အလေးချိန် တက်လာတာ၊ ဝက်ခြံတွေထွက်တာ နဲ့ သန္ဓေမအောင်တာမျိုးအဖြစ်များပါတယ်။ ဒီရောဂါဖြစ်တဲ့ အမျိုးသမီးတွေရဲ့ ကိုယ်တွင်းမှာ အန်ဒရိုဂျင်များနေတတ်ပါတယ်။ဗီတာမင် Dက အန်ဒရိုဂျင်ပမာဏကို ထိန်းညှိပေးတဲ့အတွက်PCOSလက္ခဏာတွေကို သက်သာစေပါတယ်။ ဒါ့ပြင် သန္ဓေမအောင်တဲ့ ပြဿနာကိုလည်း ကူညီပေးနိုင်ပါတယ်။ကဲ …… လေဒီတို့ရေ ဒီလောက်တောင် အကျိုးများတဲ့ ဗီတာမင် D ကို မနက်ခင်း နေရောင်နွေးနွေး အောက်မှာ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ရင်း ရယူလိုက်ပါနော်……။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/lady-and-vitamin-d/
မူကြိုကလေးများတွင် ပေါင်းသင်းဆက်ဆံရေး ဖွံ့ဖြိုးမှု
အသက် ၃နှစ်မှ ၅နှစ်တွင် သင်၏ကလေးသည် တစ်ကိုယ်ကောင်းဆန်မှု နည်းလာပြီး ပို၍ ဖော်ရွေသော လူ တစ်ယောက်အဖြစ် ပြောင်းလဲလာသည်။ သင့်အပေါ်တွင် မှီခိုမှု နည်းလာပြီး အခြားလူများဖြင့် ဘယ်လို ဆက်ဆံရန်၊ မျှဝေရန် စတင်သင်ယူလာသည်။ မိဘများသည် ကလေးများ ပေါင်းသင်းဆက်ဆံရေး ဖွံ့ဖြိုးလာသော အချိန်တွင် ဘာတွေ ဖြစ်သလဲကို ပို၍လေ့လာသင့်ပြီး သူတို့ကောင်းစွာ ကြီးပြင်း လာရန် ကူညီရမည်။ဤအရွယ်တွင် ကလေးများသည် တစ်ဦးနှင့်တစ်ဦး ကစားကြသည်။ အခြားကလေးများဖြင့် လှုပ်ရှားမှုများကို အမှန်တကယ် လုပ်ဆောင်သည်။ အရုပ်များ၊ ဂိမ်းများထက် ယုံတမ်းပုံပြင်များလုပ်ပြီး ကစားကြသည်။ ကလေးများသည် အရွယ်ရောက်သူများ၏ အလုပ်ကို တုပပြီးကစားကြသည်။ ဥပမာ ဈေးဝယ်ထွက်ခြင်း၊ ရဲစခန်းသို့သွားခြင်း။ ထိုလှုပ်ရှားမှု များသည် ကလေးများကို ဆွဲဆောင်သည်။ အရွယ်ရောက်ပြီး သူများ၏ လှုပ်ရှားမှုကို တုပခြင်းအားဖြင့် ကလေးများသည် တစ်ဦးကို တစ်ဦးကူညီရန်၊ ပူးပေါင်းဆောင်ရွယ်ရန်နှင့် ဂရုစိုက် ရန် သင်ယူလာသည်။ထို သရုပ်ဆောင်သော ကစားနည်းများတွင် သင့်ကလေး သည် သူတို့၏ ကိုယ်ပိုင်လိင်ကို စတင်ဖော်ထုတ်လာသည်ကို သင်တွေ့ရလိမ့်မည်။ ဥပမာ ယောက်ျားကလေးများသည် ဖခင်အနေတွင် ကစားပြီး မိန်းကလေးများသည် မိခင်နေရာ တွင် ကစားနိုင်သည်။ ထိုအရွယ်တွင် သင်၏သားသည် အဖေ၊ အကိုကြီးများနှင့် အိမ်နီးနားချင်းရှိ အခြား ယောက်ျားလေး များကို စိတ်ဝင်စားနှစ်သက်နိုင်ပြီး သင်၏ သမီးသည် အမေ၊ အမကြီးများနှင့် အခြားမိန်းကလေးများကို နှစ်သက်လိမ့်မည်။လေ့လာမှုအရ ယောက်ျားလေးများနှင့် မိန်းကလေးများ ကို ခွဲခြားပေးသော ဖွံ့ဖြိုးမှုနှင့် အပြုအမူကွာခြင်းခြင်းသည် အနည်းငယ်သာရှိသည်ဟု ဆိုသည်။ ဤအသက်အရွယ်တွင် လိင်နှင့်ဆိုင်သော စရိုက်လက္ခဏာအများစုသည် မိသားစုနှင့် လူထုမှ လွှမ်းမိုးမှုအတိုင်း ပုံပေါ်သည်။ သင့်မိသားစုတွင် အမေနှင့် အဖေသည် အိမ်၏ တာဝန်များကို တူညီစွာ ခွဲဝေ လုပ်သော်လည်း သင့်ကလေးသည် အိမ်နီးနားချင်းများ၊ သူငယ်ချင်းများ၏ မိဘများတွင် မတူညီသည်ကို သတိပြုနိုင် သည်။ကလေးများသည် သူတို့လိင်နှင့် သင့်တော်သော သို့မဟုတ် မသင့်တော်သော အပြုအမူများကို သဘောကျခြင်း သို့မဟုတ် မနှစ်သက်ခြင်း ဖြစ်လာနိုင်သည်။ ရလဒ်အနေဖြင့် ကလေးများ၏ လိင်ပိုင်းဆိုင်ရာ လက္ခဏာကို တည်ငြိမ်မြဲမြံ စေသည်။ကျောင်းသည် သင့်ကလေး လူအများနှင့် တွေ့ကြုံရ သော ပထမဆုံးအတွေ့အကြုံ ဖြစ်သည်။ သင့်ကလေးသည် အခြားလူများဖြင့် မျှဝေခြင်း၊ ကူညီခြင်း ပြုမည်။ အထူးသဖြင့် ထိုအသက်အရွယ်အတွက် စီစဉ်ထားသော ကျောင်းရှိ လှုပ်ရှားမှုများတွင် ပါဝင်ခြင်းဖြင့် သင့်ကလေးသည် ပေါင်းသင်း ဆက်ဆံရေး တိုးတက်လာနိုင်သည်။ သင့်ကလေးသည် ကျောင်းတက်ရန် အရွယ်မရောက်သေးပါက အခြား ရွယ်တူ များဖြင့် ကစားရန် အခွင့်အရေးပေးပါ။ ဥပမာ အခြားကလေး များဖြင့် ကစားကွင်းတွင် ကစားခြင်း။ဤအရွယ်တွင် သင့်ကလေးသည် သင့်ထက် သူ၏ သူငယ်ချင်း အပေါင်းအဖော်များကို ပိုပြီးနှစ်သက် နိုင်သည်။ ၎င်းသည် ကောင်းသော လက္ခဏာတစ်ခု ဖြစ်ပြီး သင်သည် ထို ခင်မင်ရင်းနှီးမှုကို အားပေးသင့်သည်။ သင့်ကလေးသည် ဆက်ဆံရေးတွင် ဘာကမှားသည် ဘာကမှန်သည် ဟူသော စံနှုန်းများကို စတင်လေ့လာနိုင်သည်။သင့်ကလေး၏ အပြုအမူသည် ရုတ်တရက် ပြောင်းလဲ နိုင်သည်။ သူသည် တစ်စုံတစ်ခုကို တအား တောင်းဆိုခြင်း သို့မဟုတ် သင်မှ သူတစ်ခု မှားလုပ်သည်ကို ပြောသောအခါ သင့်အား ပြန်ပြောခြင်း လုပ်နိုင်သည်။ စိတ်အေးအေးထားပြီး သင့်တော်စွာ တုံ့ပြန်ပါ။ သင့်ကလေးသည် ဤအရွယ်တွင် စိတ်ပိုင်းဆိုင်ရာ အလွန် ခံစားလွယ်သောကြောင့်ဖြစ်သည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/social-development-in-preschoolers-2/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/egg-white/
သွားနှင့်ခံတွင်းကျန်းမာရေးအတွက် အလေ့အကျင့်ကောင်းများ
သွားများပေါ်အောင် ပြုံးရယ်ဖူးပါသလား။ သင့်သွားအလှဟာ လူမှုရေးအတွက် အရေးပါတဲ့ အပြုံးကို ထောက်ပံ့ကူညီပါတယ်။ တခုတော့ ရှိပါတယ်။ သင့်ရဲ့သွားနဲ့ခံတွင်းကျန်းမာရေးဟာ ကောင်းမွန်နေဖို့တော့ လိုပါတယ်။ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် ဘယ်လိုအချက်တွေကို သတိပြုရမလဲ ဆိုတာပါပဲ။ အောက်ပါအချက်အလက်များကို ကျင့်သုံးခြင်းဖြင့် သင့်ရဲ့သွားနဲ့ခံတွင်း ကျန်းမာရေးကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။၁။ ညအိပ်ရာမဝင်မီသွားတိုက်ပါ။တနေ့ကို သွားနှစ်ကြိမ်တိုက်ဖို့ဆိုတာ ရိုးရှင်းတဲ့ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် အတော်များများက လျစ်လျူရှုနေကြပါတယ်။ အထူးသဖြင့် ညဖက်သွားတိုက်ဖို့ မေ့လျော့နေကြပါတယ်။ တနေ့တာ စားသောက်ခဲ့တဲ့အစားအသောက်တွေဟာ သွားနဲ့သွားဖုံးဝန်းကျင်မှာ ပိုးမွှားတွေပေါက်ပွားခြင်း၊ ကျောက်တည်ခြင်းမဖြစ်အောင် အိပ်ရာမဝင်ခင် သွားတိုက်သင့်ပါတယ်။၂။ သွားတိုက်ပုံမှန်အောင် ဂရုပြုပါ။သွားတိုက်ပုံတိုက်နည်းပုံမကျရင် မတိုက်ဘဲနေခြင်းနဲ့ သိပ်မထူးလှပါဘူး။ စနစ်ကျတဲ့ သွားတိုက်ခြင်းဆိုတာ သွားတွေကို အပေါ်အောက်တလှည့်၊ ဘေးတိုက်တလှည့် နေရာစုံအောင် တိုက်ပေးခြင်းပါပဲ။ ချောင်ကြိုချောင်ကြားမကျန် တိုက်ပေးရပါမယ်။ နေရာမစုံဘဲ ကြွင်းကျန်တာတွေ ရှိနေရင်သွားကျောက်များဖြစ်သွားပြီး သွားနဲ့ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။၃။လျှာကိုလည်း မေ့မထားပါနဲ့။သွားကျောက်လိုမျိုး အဖတ်တွေဟာ လျှာပေါ်မှာလည်း ဖြစ်လာနိုင်ပါတယ်။ အဲဒီအခါ ခံတွင်းအနံ့ဆိုးရုံသာမက ခံတွင်းကျန်းမာရေးကိုလည်း ထိခိုက်လာစေပါတယ်။ ဒါကြောင့် သွားတိုက်ချိန်တိုင်းမှာ လျှာကိုလည်းသွားပွတ်တံနဲ့ ညင်သာစွာ တိုက်ပေးပါ။၄။ဖလိုရိုဒ်ပါတဲ့ သွားတိုက်ဆေးကိုသုံးပါ။သွားတိုက်ဆေးများကို ရွေးချယ်ရာမှာ သွားများကို ဖြူဝင်းစေဖို့၊ အနံ့မွှေးဖို့ထက် သတိပြုသင့်တဲ့အရာ ရှိပါတယ်။ အဲဒါကတော့ ဖလိုရိုဒ်ပါတဲ့ သွားတိုက်ဆေးကို ရွေးချယ်ဖို့ပါပဲ။ ဖလိုရိုဒ်ဓာတ်ဟာ သွားများဆွေးမြည့်ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ သွားများကို ရောဂါပိုးတွေ ဝင်ရောက်တိုက်ခိုက်ခြင်းကနေ ကာကွယ်ပေးပါတယ်။၅။သွားပွတ်ကြိုးသုံးပါ။သွားမှန်မှန်တိုက်သူများဟာ သွားပွတ်ကြိုးကို မေ့ထားတတ်ကြပါတယ်။ အမှန်တော့ ပုံမှန်သွားတိုက်ခြင်းနဲ့ သန့်ရှင်းရေး မလုပ်နိုင်တဲ့ သွားကြိုသွားကြားတွေကို သွားပွတ်ကြိုးနဲ့ သန့်ရှင်းပေးနိုင်ပါတယ်။ အနည်းဆုံး တနေ့တကြိမ်ခန့် သွားပွတ်ကြိုးနဲ့ သန့်ရှင်းရေးပြုလုပ်သင့်ပါတယ်။ သွားပွတ်ကြိုးသုံးခြင်းဟာ ကလေးတွေနဲ့ အဆစ်အမြစ်ညောင်းကိုက်တတ်တဲ့ သက်ကြီးရွယ်အိုတွေအတွက် အခက်အခဲရှိနိုင်ပါတယ်။ ဆေးဆိုင်တွေမှာ အားလုံးအတွက် အဆင်ပြေစေမယ့် အသင့်သုံးသွားပွတ်ကြိုးပုံစံတွေ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။၆။ခံတွင်းသန့်ဆေးရည်သုံးပါ။ခံတွင်းသန့်ဆေးရည်ဟာ သွားနဲ့ခံတွင်းကျန်းမာရေးအတွက် အထူးသင့်တော်ပါတယ်။ ပါးစပ်အတွင်း အက်ဆစ်ဓာတ်ကို လျော့ကျစေပြီး သွားတိုက်ဖို့ လက်လှမ်းမမီတဲ့နေရာတွေကိုလည်း သန့်ရှင်းပေးနိုင်ပါတယ်။ သွားကျောက်တွေဖြစ်ပေါ်ခြင်းကနေ ကာကါယ်ပေးနိုင်ပါတယ်။၇။ရေများများသောက်ပါ။ရေဟာ ခံတွင်းကျန်းမာရေးအပြင် အလုံးစုံကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ရေကို တနေ့မှာ အနည်းဆုံး ၂လီတာခန့် သောက်သုံးသင့်ပါတယ်။ ရေသောက်ခြင်းအားဖြင့် စေးကပ်ပြီး အက်ဆစ်ဓာတ်ကဲတဲ့ အစားအစာတွေ သွားနဲ့သွားဖုံးတွေမှာ ကပ်ငြိခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။၈။ ကြွပ်ရွသောအစားအစာများ၊ အသီးအနှံများ စားပေးပါ။လတ်ဆတ်ပြီး ကြွပ်ရွတဲ့ အစားအသောက်များဟာ သွားကျန်းမာရေးအတွက် သင့်တော်ပါတယ်။ အသီးအနှံများဟာအမျှင်ဓာတ်များပြီး ခံတွင်းကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ကအထူးသဖြင့် ကလေးငယ်တွေကို မာကြောတဲ့၊ ပျော့ပြဲစေးကပ်တဲ့ အစားအသောက်တွေ သိပ်မကျွေးသင့်ပါဘူး။၉။အချိုလျှော့စားပါ။သကြားဓာတ်ကဲတဲ့ အစားအသောက်တွေဟာ ပါးစပ်အတွင်းမှာ အက်ဆစ်ဓာတ်ဖြစ်ပေါ်မှုကို မြင့်တက်စေပါတယ်။ အဲဒီအခါ သွားရဲ့အပေါ်ယံကြွေလွှာတွေကို တိုက်စားသွားနိုင်ပါတယ်။ သွားပိုးစားခြင်း၊ သွားအခေါင်းပေါက်ဖြစ်ပေါ်ခြင်းတွေ ဖြစ်စေပါတယ်။ အက်ဆစ်ဓာတ်ကဲတဲ့ အစားအစာတွေ၊ကော်ဖီ၊ လက်ဖက်ရည် စတာတွေဟာ သွားရဲ့အပေါ်ယံကြွေလွှာကို ပျက်စီးစေတတ်ပါတယ်။၁၀။ သွားဆေးခန်းမှန်မှန်ပြပါ။သင့်သွားနဲ့ခံတွင်း ကျန်းမာရေးအခြေအနေကို သိရအောင် ခြောက်လတခါလောက် သွားဆေးခန်းပြသပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။ အများစုဟာသွားနာသွားကိုက်မှ သွားဆေးခန်းကို သတိရတတ်ကြပါတယ်။ အမှန်တော့ သွားနဲ့ခံတွင်းမှာ သိသာတဲ့ ရောဂါလက္ခဏာမရှိတောင် ခြောက်လမှာတကြိမ် သွားကျန်းမာရေးကို စစ်ဆေးသင့်ပါတယ်။ အနည်းဆုံး သွားကျောက်ခြစ်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း ခံယူသင့်ပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%81%e1%80%b6%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99/
လက်သည်းပန်းကုံးတွေကို ဂရုစိုက်ခြင်း
လက်သည်းညှပ်ခြင်း ပြုလုပ်မယ်ဆိုရင် လူတွေဟာ ပန်းကုန်းတွေကိုပါ ညှပ်လိုက်ကြပါတယ်။ ဒါပေမယ့် သူဟာ လက်သည်းခြေသည်းတွေရဲ့ ကျန်းမာစွာ ကြီးထွားလာနိုင်မှုကို ကာကွယ်ပေးတာကြောင့် အရေးကြီးပါတယ်။ တကယ်တော့ ပန်းကုန်းဆိုတာ အရေပြားတစ်မျိုးပဲဖြစ်ပါတယ်။ သူဟာ အရေပြားကို ရောဂါပိုးဝင်ခြင်းကနေ ကာကွယ်ပေးမယ့် ပါးလွှာတဲ့ အလွှာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် လက်သည်းပန်းကုန်းတွေကို သေချာစွာ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ သူတို့ကို သေချာစွာ ကာကွယ်ပေးဖို့ အောက်ဖေါ်ပြပါ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ပန်းကုန်းတွေကို ချန်ထားပါ။အရေပြား ဆရာဝန်တွေက လက်သည်းပန်းကုန်းတွေကို ညှပ်ပစ်ခြင်းဟာ လက်သည်းကျန်းမာရေးအတွက် မကောင်းဘူးလို့ ဆိုပါတယ်။ ပန်းကုန်းတွေဟာ လက်သည်းနဲ့ eponychium ကြားက နေရာကို ပိတ်ထားပေးပြီး သူ့ကို ဖယ်ရှားလိုက်ခြင်းဟာ ရောဂါပိုးဝင်ခြင်းနဲ့ ယားယံခြင်းတွေကို ပိုဖြစ်စေနိုင်ပါတယ်။ လက်သည်းပန်းပန်ုးတွေကို ညှပ်လိုက်ခြင်းဟာ အခြားလက်သည်းပြဿနာတွေဖြစ်တဲ့ အဖြူရောင်အကြောင်းများ၊ အဖြူရောင်အကွက်များကို ဖြစ်ပေါ်စေနိုင်ပါတယ်။လိမ္မော်ရောင်အတံတွေကို အသုံးပြုပါ။လက်သည်းပန်းကုန်းကို ညှပ်ခြင်းကို ရှောင်ရှားခြင်းသာမက သစ်သားနဲ့လုပ်ထားတဲ့ လိမ္မော်ရောင်အတံတွေကို အသုံးပြုသင့်ပါတယ်။ ဒီတုတ်ချောင်းတွေနဲ့ပန်းကုန်းတွေကို ဖိပေးခြင်းဟာ လက်သည်းကို အရှည်မြန်စေပါတယ်။လက်သည်းပန်းကုန်းတွေကို ညှပ်လိုက်တဲ့သူတွေက ဒီလိုလုပ်ခြင်းကို ရပ်လိုက်ရင် ပန်းကုန်းတွေဟာ လက်သည်းကို ရုပ်ဆိုးစေပြီး ပိုမိုကြီးထွားလာလိမ့်မယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေက ဒါဟာ မဟုတ်ပဲ ကြီးထွားနှုန်းကိယု ဘယ်အရာကမှ ပြောင်းလဲအောင် မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သူတို့ညှပ်ချင်တဲ့အချိန်တိုင်းမှာ လက်သည်းပန်းကုန်းတွေ ညှပ်ခြင်းကို ရပ်တန့်သင့်ပါတယ်။အစိုဓါတ်ထိန်းသိမ်းပါ။လက်သည်းပန်းကုန်းဟာ အရေပြား အစိတ်အပိုင်းတစ်ခုဖြစ်တာမို့ သူဟာ အစိုဓါတ်ထိန်းထားဖို့ လိုအပ်ပါတယ်။ အဆီတွေနဲ့ ခရင်မ်တွေဟာ အကောင်းဆုံး ဖြစ်ပါတယ်။ တကယ်လို့ ဒီထုတ်ကုန်တွေကို နေ့အချိန်မှာ အသုံးပြုဖို့ အဆင်မပြေဘူးဆိုရင် လိုးရှင်းကို သုံးနိုင်ပါတယ်။ လက်သည်းအလှဆင်တဲ့နေရာမှာ hot wax treatment ပြုလုပ်ခြင်းဟာလည်း လက်သည်းအတွက်ရော၊ ပန်းကုန်းတွေအတွက်ပါ အကျိုးရှိပါတယ်။ပြင်းထန်စွာ လက်သည်းညှပ်ခြင်းမှ ရောင်ကျဉ်ပါ။ကြမ်းတမ်းစွာ လက်သည်းညှပ်ခြင်းဟာ အရေပြား ကူးစက်ရောဂါပိုး တစ်မျိုးဖြစ်တဲ့ paronychia ကို ဖြစ်စေနိုင်ပါတယ်။ သူ့ရောဂါလက္ခဏာတွေကတော့ လက်သည်းပတ်လည်မှာ နီခြင်းနဲ့ နာခြင်းတွေပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို ကုသဖို့ ပိုးသတ်ဆေး လိုအပ်နိုင်ပါတယ်။လက်သည်းမကိုက်ပါနဲ့။ပါးစပ်ဟာ သင်ထင်သလို သန့်ရှင်းမှု မရှိပါဘူး။ ဒါ့ပြင် တံတွေဟာအရေပြားကို ပျက်စီးစေတဲ့ အင်ဇိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ပျက်စီးနေတဲ့ အရေပြားကတစ်ဆင့် ရောဂါပိုးတွေဟာ ပါးစပ်ထဲဝင်ပြီး ရောဂါ ဖြစ်ပွားနိုင်ပါတယ်။သင့်လက်ကို ခြောက်သွေ့စေတဲ့ အရာတွေကို ရှောင်ကျဉ်ပါ။လက်ဆေးခြင်း (သို့) သန့်ရှင်းရေး လုပ်ခြင်းတွေ ပြုလုပ်နေရင် လက်သည်းနဲ့ ပန်းကုန်းမှာရှိတဲ့အဆီတွေကို ဆေးကြောပစ်လိုက်တာကြောင့် လက်သည်းတွေဟာ ခြောက်သွေ့လာပါလိမ့်မယ်။ ဒါ့ပြင် acetone formula ပါတဲ့ လက်သည်းဖျက်ဆေးတွေ အသုံးပြုခြင်းဟာ လက်သည်းနဲ့ပန်းကုန်းတွေကို ခြောက်သွေ့စေပါတယ်။ ဒါတွေအတွက် ဖြေရှင်းနည်းကတော့ အိမ်အလုပ်တွေ လုပ်နေစဉ် လက်အိတ်ဝတ်ဆင်ဖို့နဲ့ acetone မပါတဲ့ လက်သည်းဖျက်ဆေးတွေကို ရွေးချယ်သုံးစွဲဖို့ပဲဖြစ်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/nail-care/%e1%80%9c%e1%80%80%e1%80%ba%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%95%e1%80%94%e1%80%ba%e1%80%b8%e1%80%80%e1%80%af%e1%80%b6%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%80%82/
သားအိမ်ကျတဲ့ပြဿနာကို ကုသလို့ရလား ။ ။
မိန်းမကိုယ်ဝမှာ တစ်ဆို့ဆို့ကြီးနဲ့၊ နေရထိုင်ရခက် အောင့်တောင့်တောင့်နဲ့ ဖြစ်နေလို့ ဆရာဝန်ဆီ ပြေးတဲ့အခါသားအိမ်ကျနေပြီဆိုတဲ့ ဝေဒနာ ကိုယ့်မှာ ခံစားနေရပြီ ဆိုတဲ့ အဖြေထွက်လာပြီ ဆိုရင် လန့်သွားတတ်ကြတာ အမျိုးသမီးတိုင်းပါ။ ဗိုက်ထဲမှာ ရှိရမယ့် သားအိမ်ကြီးက ဘာ့ကြောင့် မိန်းမကိုယ် အပြင်ဘက်ကို ထွက်ကျလာတာလဲ။ ဘယ်လို ကုသကြမလဲ။ သားအိမ်ကျတဲ့ပြဿနာကို ကုသလို့ရလား ။ ဆိုတာတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။သားအိမ်ကျတဲ့ပြဿနာကို ကုသလို့ရလားဆိုတဲ့ အဖြေလေးကို ဆက်ကြည့်လိုက်ရအောင်နော်။သားအိမ်ကျတဲ့ ပြဿနာ ဘာ့ကြောင့် ဖြစ်ရတာလဲ။အဓိက ကတော့သားအိမ်ကို ထိန်းထားတဲ့ တင်ပဆုံ ကြွက်သားတွေနဲ့ အရွတ်တွေ အားလျော့သွားတာကြောင့် ဖြစ်ရတာပါ။ ဒီတော့ ဒီ ကြွက်သားနဲ့ အရွက်တွေကို အားလျော့စေတဲ့ ပြဿနာတွေဖြစ်တဲ့။ဒီလို အကြောင်းအရင်းတွေထဲက တစ်ခုခုကိုယ့်မှာ ရှိခဲ့လို့ သားအိမ်ကျတဲ့ ပြဿနာရှိပြီဆိုရင် ဘယ်လိုကုသကြမလဲ။သားအိမ်ကျတဲ့ ပြဿနာကို ကုသမှုဟာ သားအိမ်ကျတဲ့ အဆင့် ဆိုးရွားမှုတွေပေါ် မူတည်ပါတယ်။Pessary –ရာဘာကွင်းစွတ်ခြင်း ။ ကျနေတဲ့ သားအိမ်နဲ့ တစ်ရှူး အပိုင်းအစတွေကို ထိန်းဖို့ သားအိမ် ရာဘာကွင်း စွတ်တာကတော့ သားအိမ်ကျတဲ့သူတိုင်းကို ကုသနေကျနည်း တစ်ခုပါ။ခွဲစိတ်မှု– တချို့ ပြင်းထန်တဲ့သားအိမ်ကျတဲ့ ပြဿနာတွေမှာဆို ခွဲစိတ်မှု လုပ်ဖို့ လိုအပ်ပါတယ်။ဒီလို ခွဲစိတ်ကုသတာ အပြင် ကိုယ့်ဘက်က ပြောင်းလဲဖို့ လိုအပ်တဲ့ လူနေမှု ပုံစံတွေ ရှိပါသေးတယ်။ ဒါတွေကတော့။ရေးသားသူ – Dr. Thinl Yadanar။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/uterine-proplase/
ခံတွင်းအနာ ပျောက်ကင်းအောင်ဘယ်လိုကုသမလဲ။
ခံတွင်းအနာအများစုဟာ ၁၀ရက် ၁၄ရက်အတွင်း သူ့ဘာသာအနာကျက်သွားတဲ့အတွက် သီးသန့်ကုသစရာမလိုပါ။ ဒါပေမယ့် ခံတွင်းအနာဆိုးဆိုးရွားရွားနှင့် အရမ်းနာကျင်နေပြီး နေ့စဉ်လုပ်ငန်းဆောင်တာများ (ဥပမာ- အစားစားသောက်ခြင်း) ကိုအနှောင့်အယှက်ပြုပြီဆိုရင်တော့ ကုသမှုခံယူရမှာဖြစ်ပါတယ်။ အကယ်၍ခံတွင်းအနာဟာ ရောဂါအခံတစ်ခုခုကြောင့် ဖြစ်တယ်လို့ထင်ရင်တော့အထူးကုဆရာဝန်ဆီမှာ ဆက်လက်ကုသမှုခံယူရမှာ ဖြစ်ပါတယ်။ကိုယ်တိုင်ပြုလုပ်နိုင်သော နည်းလမ်းများ။ခံတွင်းအနာလေးရှိရုံမျှရှိတယ်ဆိုရင် မြန်မြန်ဆန်ဆန်ကျက်စေဖို့ သင်ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အဆင့်တွေရှိပါတယ်။• သွားတိုက်တဲ့အခါသွားပွတ်တံအပျော့စားကို အသုံးပြုပါ။• ခံတွင်းအနာမကျက်မချင်း မာကြောပြီး အပူအစပ်များသော၊ အက်စစ်ပမာဏများသော အစားအသောက်များကို ရှောင်ကြဉ်ပါ။ ကြေညက်စွာ ဝါးရလွယ်သော အစားအစာ ပျော့ပျော့လေးများကိုသာ စားသုံးပါ။• သင့်ကို စိတ်ကျေနပ်ဖွယ်၊ စိတ်အပန်းဖြေဖွယ်ပေးနိုင်သော အားကစားများ (ဥပမာ-ယောဂ၊ တရားထိုင် (သို့) လေ့ကျင့် ခန်းပြုလုပ်ခြင်း) များနှင့် စိတ်ဖိစီးမှုကို လျှော့ချပါ။• စိတ်ဖိစီးမှုလျော့ကျစေရန် စိတ်သက်သာရစေသော နည်းလမ်းများကို ရှာဖွေဖတ်ရှုပါ။ချွန်ထက်သောသွား (သို့) ချွန်ထက်သော စားကြွင်းစားကျန်များကြောင့် ခံတွင်းအနာဖြစ်ခဲ့ရင် ၎င်းအရာများကို ဖယ်ရှားနိုင်ရင် ပါးစောင်အတွင်းကျန်ရှိနေခဲ့သည့် ခံတွင်းအနာဟာ သူ့အလိုလို သဘာဝအလျောက် သက်သာပျောက်ကင်း သွားစေနိုင်ပါတယ်။ ဒီလိုဖယ်ရှားဖို့ရင် သင့်ရဲ့သွားဆရာဝန်ထံသွားရောက်ပြီး ကုသမှုခံယူပါ။ဆေးကုသမှု ခံယူခြင်း။လိုအပ်ရင် သင်ခံစားနေရတဲ့ ရောဂါလက္ခဏာများ ပျောက်ကင်းသက်သာစေဖို့အတွက် သင့်ရဲ့ဆရာဝန် (သို့) သွားဆရာ ဝန်ထံမှာ ကုသမှုခံယူပါ။သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ဆီမှာ တိုင်ပင်မေးမြန်းပြီး ဆေးကုသမှုမှတ်တမ်းမပါဘဲ သင့် အတွက် အကောင်းဆုံးဖြစ်စေမယ့် အချို့သော ခံတွင်းအနာပျောက်ဆေးများကို ဝယ်ယူလို့ရပါတယ်။ အချို့သောကုသမှုများဟာ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နေသူများ၊ နို့တိုက်မိခင်များနှင့် ကိုယ်ဝန်လိုချင်သူများအတွက် မသင့်လျော်ပါ။ ခံတွင်းအနာပျောက်ကင်းစေတဲ့ အဓိကကုသမှုနည်းလမ်းများဟာ အတိုင်းအတာတစ်ခုအထိသာ ဖြစ်ပါ တယ်။ ယခုတစ်ကြိမ် ပျောက်ကင်းသွားစေနိုင်ပေမယ့်လည်း နောက်တစ်ကြိမ် ထပ်မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်စွမ်းမရှိပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/how-to-treat-apthous-ulcer/
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%80%81%e1%80%bb%e1%80%ba%e1%80%a1%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%97%e1%80%ae-%e1%80%80%e1%80%b0%e1%80%b8%e1%80%85%e1%80%80%e1%80%ba%e1%80%99%e1%80%be/
ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားသင့်သော အစားအစာများ
ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတို့ဘဝမှာ အလွန်အရေးပါတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ဘယ်လိုအစားအစာတွေကို ရှောင်ရှားသင့်တယ်ဆိုတာလည်း သိထားဖို့် လိုပါတယ်။ ယခုဖော်ပြမယ့် အကြောင်းအရာတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို အစားအသောက်တွေကို ရှောင်ကြဉ်သင့်သလဲ ဆိုတာပါပဲ။ကိုယ်ဝန်ဆောင်ချိန်မှာရှောင်ရှားသင့်သော အစားအစာများ ကတော့။၁။မာကျူရီပါဝင်နှုန်းများတဲ့ ငါးများ။မာကျူရီ (ပြဒါး)ဟာ အဆိပ်ဓာတ်ရှိတဲ့အရာ ဖြစ်ပါတယ်။ ထိတွေ့မှုရှိရင် အန္တရာယ် အနည်းနဲ့ အများ ရှိနိုင်ပါတယ်။ မာကျူရီတွေကို မသန့်စင်တဲ့ ရေဆိုးတွေမှာ အများဆုံး တွေ့နိုင်ပါတယ်။ ပမာဏများများ ထိတွေ့ရင် အာရုံကြောစနစ်နဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ကလေးတွေမှာဆိုရင် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ ကြုံနိုင်ပါတယ်။ ပင်လယ်ရေတွေ ညစ်ညမ်းကုန်တဲ့အခါပင်လယ်နေရေသတ္တဝါတွေမှာလည်း မာကျူရီတွေ စုပုံလာနိုင်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ မာကျူရီဓာတ် ပါဝင်ကူးစက်နေတဲ့ ငါးတွေကို စားသုံးမှုလျှော့ချသင့်ပါတယ်။ မာကျူရီပါဝင်နှုန်းမြင့်မားနိုင်တဲ့ ငါးတွေကတော့။• ငါးမန်း။• ဓားရှည်နှုတ်သီးငါး။• မက်ကာရယ်ငါး။• တူနာငါး (အထူးသဖြင့် albacore tuna) စတာတွေ ဖြစ်ပါတယ်။၂။ ကောင်းစွာချက်ပြုတ်မထားတဲ့ ငါးများ။သားစိမ်းငါးစိမ်းများ၊ ကမာကောင်များကို စားသုံးခြင်းဟာ ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုးပေါင်းစုံ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးဝင်ပြီး အစာအဆိပ်သင့်ဖြစ်ခြင်းကြောင့် မိခင်ဖြစ်သူအနေနဲ့ ရေဓာတ်ခမ်းခြောက် အားနည်းခြင်း ဖြစ်တတ်ပါတယ်။သန္ဓေသားကိုပါ ကူးစက်မိရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ဘက်တီးရီးယားပိုးအများစုဟာ မြေကြီး၊ ရေနဲ့ အပင်တွေမှာ ကပ်ငြိနေနိုင်ပါတယ်။ ငါးတွေကို မီးခိုးကြပ်တိုက်တာဖြစ်ဖြစ်၊ အခြောက်လှမ်းတာဖြစ်ဖြစ် ပြုလုပ်တဲ့အခါ ကူးစက်နိုင်ပါတယ်။ဘက်တီးရီးယားပိုးကပ်ငြိပြီး ကောင်းစွာချက်ပြုတ်ထားခြင်း မရှိတဲ့ ငါးတွေကို စားသုံးရာကတဆင့် ရောဂါရနိုင်ပါတယ်။ အဲဒီအခါ လမစေ့ဘဲမွေးခြင်း၊ ကလေးပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ မကျက်တကျက်ငါးများ၊ ကမာကောင်များ၊ အစားအသောက်များကို မစားသုံးသင့်ပါဘူး။ ဆူရှီအစိမ်းများလည်း အပါအဝင်ဖြစ်ပါတယ်။၃။ ကောင်းစွာမချက်ထားတဲ့အသားစိမ်းများ၊ပြုပြင်ထားတဲ့ အသားများ။အဆိုပါအသားများကို စားသုံးခြင်းဟာ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးများ ဆိုးရွားစွာ ကူးစက်ခံရခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။ Toxoplasma, E. coli, Listeria နဲ့ Salmonella စတဲ့ ဘက်တီးရီးယားပိုးတွေဟာ သန္ဓေသားကို ဆိုးရွားစွာ ထိခိုက်နိုင်စေပါတယ်။ ဉာဏ်ရည်ဉာဏ်သွေးချို့ယွင်းခြင်း၊ မျက်စိကွယ်ခြင်း၊ အတက်ရောဂါဖြစ်ခြင်း စတာတွေ ကြုံတွေ့နိုင်ပါတယ်။ဘယ်အသားကိုမဆို ကောင်းစွာချက်ပြုတ်ခြင်း မရှိဘဲ မစားသုံးသင့်ပါဘူး။ ကြက်ဥအစိမ်း စားတာကိုလည်း ရှောင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ တစိတ်တပိုင်းပြုပြင်ထားတဲ့ အသားတွေကို စားသောက်တော့မယ်ဆိုရင် ပြန်လည်အပူပေးချက်ပြုပြီးမှသာ စားသုံးသင့်ပါတယ်။၄။ကလီစာများ။ကလီစာများဟာလည်း အာဟာရပြည့်ဝတဲ့ အစားအစာဖြစ်ပါတယ်။ သံဓာတ်၊ ဗီတာမင် B12၊ ဗီတာမင် A နဲ့ ကြေးနီဓာတ်တွေ ပါဝင်ပါတယ်။ ဒါဟာ မိခင်လောင်းအတွက်ရော ကလေးအတွက်ပါ အားဖြစ်စေပါတယ်။ဒါပေမယ့် တိရစ္ဆာန်အသည်းကရတဲ့ ဗီတာမင် A ကို ကိုယ်ဝန်ဆောင်ချိန်မှာ အများအပြား စားသုံးခြင်းမပြုဖို့ တိုက်တွန်းထားပါတယ်။ ဗီတာမင် A အဆိပ်သင့်ခြင်း၊ ကြေးနီဓာတ် ပုံမှန်ထက် မြင့်တက်ခြင်း စတာတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီအခါ မွေးရာပါကိုယ်အင်္ဂါ အစိတ်အပိုင်း ချို့တဲ့ခြင်း၊ အသည်းအဆိပ်တက်ခြင်း စတာတွေ ဖြစ်ပေါ်တတ်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ ကလီစာများကို တပတ်တကြိမ်ထက် ပိုမစားသင့်ပါဘူး။၅။ ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်။နို့နဲ့ နို့ထွက်ပစ္စည်းတွေက ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ရစေလို့ စားသင့်ပါတယ်။ ဒါပေမယ့် ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်တွေမှာ Listeriaဆိုတဲ့ ဘက်တီးရီးယား ပိုးပါတတ်ပါတယ်။ ဒီပိုးက ဗိုက်ထဲက သန္ဓေသားကို ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ပါတယ်။ နို့မှာတင်မကဘဲ အပြင်က ဝယ်လာတဲ့ ရယ်ဒီမိတ် ဘူးနဲ့ သစ်သီးဖျော်ရည်တွေမှာလည်း ပါတတ်တာကြောင့် ပိုးသတ်ထားတာကိုပဲ သောက်သင့်ပါတယ်။၆။ အသီးအရွက်အစိမ်း။မြန်မာနိုင်ငံမှာ အသီးအရွက်တွေကို တို့စရာအနေနဲ့ အစိမ်းစားတတ်ကြပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားသင့်ပါတယ်။ သေချာမဆေးထားဘူးဆိုရင် ပိုးတွေ ကပ်ပါလာနိုင်ပြီး ကိုယ်ဝန်ဆောင်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသီးအရွက်တွေ စားမယ်ဆို သေချာဆေးပြီး ကျက်အောင် ချက်စားပါ။ အသီးအနှံတွေဆိုရင်လည်း ရေသေချာဆေးပြီး အပြင်အခွံကို ခွာပြီးမှ စားပေးပါ။၇။ကဖိန်း။ကဖိန်းက အာရုံကြောစနစ်ကို ကောင်းစွာလှုံ့ဆော်ပေးနိုင်တဲ့ အရာဖြစ်ပြီး ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်၊ ကိုကိုး စတာတွေမှာ တွေ့ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်များအနေနဲ့ တနေ့ကို ကဖိန်း ၂၀၀ မီလီဂရမ်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။ ဒါဟာ ကော်ဖီ ၂-၃ခွက်စာနဲ့ ညီမျှပါတယ်။ကဖိန်းဟာ အချင်းကနေတဆင့် သန္ဓေသားဆီ ရောက်နိုင်ပါတယ်။ သန္ဓေသားမှာ ကဖိန်းဓာတ်ကို ချေဖျက်ဖို့ အဓိကအင်ဇိုင်းမရှိသေးတာကြောင့် ပမာဏများစွာ စုပုံလာနိုင်ပါတယ်။ ကဖိန်းဓာတ်များလွန်းရင် သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ကိုယ်အလေးချိန်လျော့နည်းစွာနဲ့ မွေးတာမျိုး တွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ကြီးပြင်းလာတဲ့အခါ အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်လာနိုင်ခြေ ရှိပါတယ်။၈။အယ်လ်ကိုဟော။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ အရက်ကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ပမာဏနည်းပါးရင်တောင် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်စေပါတယ်။ နှလုံးပိုင်းဆိုင်ရာ ချို့ယွင်းခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထိခိုက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။၉။ အဆင့်ဆင့်ပြုပြင်ထားသောအသင့်စားသရေစာများ။ကိုယ်ဝန်ဆောင်ချိန်ဟာ မိခင်အတွက်ရော ကလေးအတွက်ပါ အင်အားလိုအပ်တဲ့ အချိန်ဖြစ်ပါတယ်။ ပရိုတိန်း၊ ဖောလိတ်၊ သံဓာတ် စတာတွေ လိုအပ်ပါတယ်။ အဆိုပါ အာဟာရဓာတ်တွေကို ပြည့်ဝအောင် စားသုံးဖို့ လိုအပ်ပေမယ့် ကယ်လိုရီကိုတော့ နှစ်ဆပိုစားစရာ မလိုပါဘူး။ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရဓာတ်ပြည့်ဝဖို့ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုသာ စားသုံးသင့်ပြီး စားကောင်းအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေကို မစားသင့်ပါဘူး။ အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေမှာ အာဟာရဓာတ်နည်းပြီး ကယ်လိုရီ၊ သကြားနဲ့ ဆီသာ ပိုမိုပါဝင်လာပါတယ်။ ဒါကြောင့် အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေ မြင့်စေပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/key-nutrients-from-prenatal-vitamin/
ဆန်ဆေးရည် ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ
လူအတော်များများက သူတို့ ထမင်းချက်တဲ့အခါ သုံးတဲ့ ဆန်ဆေးရည်ကို လွှင့်ပစ်တတ်ကြပါတယ်။ ဒါဟာ တကယ်တော့ ဆန်ဆေးရည် ကပေးတဲ့ အလှအပနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေကို ဖြုန်းတီးပစ်နေတာနဲ့ အတူတူပါပဲ။ဆန်ဆေးရည်မှာ အရေပြားနဲ့ ဆံပင်အတွက် အကျိုးရှိတဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ဆန်ဆေးရည်ကို နှစ်ပေါင်းများစွာ ကတည်းက အရှေ့ပိုင်း ယဉ်ကျေးမှုတွေမှာ အသိအမှတ် ပြုနေကြပါတယ်။ အရှေ့တိုင်းသူတွေ အသားအရေ လှပတာ အံ့သြစရာမရှိပါဘူး။ အတိတ်ကာလတုန်းက အရှေ့တောင်အာရှ နိုင်ငံတွေမှာ အမျိုးသမီးတွေဟာ သူတို့ရဲ့ မျက်နှာ နဲ့ ဆံပင်အတွက် ဆန်ဆေးရည်ကို အသုံးပြုကြပြီးဆန်ဆေးရည်နဲ့တောင် ရေစိမ်ချိုးလေ့ ရှိကြပါတယ်။ ဆန်ဆေးရေထဲမှာ Ferulic acid လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ ဓာတ်တစ်မျိုး ပါဝင်ပြီး နုနယ်ပျိုမြစ်ပြီး လင်းလက်တောက်ပတဲ့ အသားအရေကို ထိန်းသိမ်းပေးပါတယ်။ဂွမ်းလုံးလေးနဲ့ ဆန်ဆေးရည် ထဲကို နှစ်ပြီး မျက်နှာပေါ်ကနေ ပြန်သုတ်ပေးခြင်းအားဖြင့် မျက်နှာကို သန့်ရှင်းရေး ပြုလုပ်ဖို့ အသုံးပြုနိုင်ပါတယ်။ ဒါဟာ အားထည့်စရာမလိုဘဲ ရိုးရှင်းလွယ်ကူပြီး နှစ်မိနစ်လောက်ပဲ ကြာမှာ ဖြစ်ပါတယ်။ သင်လုပ်ရမှာကတော့ အရေပြားပေါ် ခြောက်သွားချိန်ကို စိတ်ရှည်လက်ရှည် စောင့်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ အာဟာရဓာတ်တွေ အရေပြားထဲကို သေသေချာချာ ဝင်သွားမှာ ဖြစ်ပါတယ်။တကယ်လို့ သင်ဟာ မိတ်ကပ် အများကြီး သုံးတတ်တဲ့သူဆိုရင် သင့်အသားအရေကို ၁၀၀% သန့်ရှင်းစေဖို့ မျက်နှာသစ်ပြီးတဲ့နောက်မှာ ချွေးပေါက်တွေကို သန့်စင်ပေးတဲ့ အရာတစ်ခုခုကို သုံးသင့်ပါတယ်။ ဆန်ဆေးရည်ကို သန့်ရှင်းရေး လုပ်ပြီးရင်လည်း တိုနာအဖြစ် သုံးနိုင်ပါသေးတယ်။ ဆန်ဆေးရည်ဟာ သွေးလည်ပတ်မှု ကောင်းစေတာကြောင့် သင့်မျက်နှာကို ကြည်လင်စေပြီး သင့်ရဲ့ ချွေးပေါက်တွေကို ကျဉ်းစေလို့ သင့်အသားအရေကို တင်းရင်းစေပါတယ်။ဆန်ဆေးရည်ဟာ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ နေရာမှာ နာမည်ကျော်ပါတယ်။ ဒါ့ကြောင့် သူဟာ ဝက်ခြံကို ပျောက်ကင်းမှုကို မြန်ဆန်စေပါတယ်။ ဝက်ခြံပေါ်မှာ လိမ်းလိုက်တဲ့အခါ ဝက်ခြံ အမြောက်အများ ထွက်ခြင်းကြောင့်ဖြစ်တတ်တဲ့ အနီကွက် ဖြစ်မှုကို သက်သာစေတဲ့၊ အဆီထွက် သက်သာစေတဲ့ အရည်အဖြစ် အလုပ်လုပ်ပါတယ်။သင့်ဆံပင်ကို တောက်ပသန်စွမ်းဖို့အတွက် ဆန်ဆေးရည်နဲ့ ခေါင်းလျှော်တာကို စမ်းသပ်ကြည့်သင့်ပါတယ်။ တကယ်လို့ သင့်ဆံပင်ဟာ အာဟာရ ပိုမိုလိုအပ်ခဲ့ရင် ဆန်ဆေးရည်ထဲကို essential oils အနည်းငယ် ထည့်ပါ။ သင့်ဦးရေပြားကို နူးညံ့စွာ နှိပ်နယ်ပြီး ဆံပင်ပေါ်မှာ ခဏထားပြီးတော့ ရေသန့်သန့်နဲ့ ပြန်လည်ဆေးကြောပါ။ ဆန်ဆေးရည်မှာ ပါဝင်တဲ့ inositol ဟာ သင့်ဆံပင်ရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ ဂုဏ်သတ္တိကို အားပေးပြီး ပွတ်တိုက်ခြင်းကို သက်သာစေပါတယ်။ဆန်ဆေးရည် နဲ့ မိမိကိုယ်ကို ပြုလုပ်နိုင်တဲ့ အရာကို အကောင်းဆုံးပြုလုပ်ဖို့အတွက် သင့်မှာ ဆန်နဲ့ ရေပဲလိုအပ်ပါတယ်။ ဆန်ဆေးရည်ကို လေလုံတဲ့ ခွက်တစ်ခုထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ တစ်ပတ်ကြာအောင် သိမ်းဆည်းထားပြီး အသုံးပြုနိုင်ပါတယ်။ရေးသားသူ- Dr Phyu Mon Latt။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/health-benefits-of-rice-water/
ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားသင့်သော အစားအစာများ
ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတို့ဘဝမှာ အလွန်အရေးပါတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ဘယ်လိုအစားအစာတွေကို ရှောင်ရှားသင့်တယ်ဆိုတာလည်း သိထားဖို့် လိုပါတယ်။ ယခုဖော်ပြမယ့် အကြောင်းအရာတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို အစားအသောက်တွေကို ရှောင်ကြဉ်သင့်သလဲ ဆိုတာပါပဲ။ကိုယ်ဝန်ဆောင်ချိန်မှာရှောင်ရှားသင့်သော အစားအစာများ ကတော့။၁။မာကျူရီပါဝင်နှုန်းများတဲ့ ငါးများ။မာကျူရီ (ပြဒါး)ဟာ အဆိပ်ဓာတ်ရှိတဲ့အရာ ဖြစ်ပါတယ်။ ထိတွေ့မှုရှိရင် အန္တရာယ် အနည်းနဲ့ အများ ရှိနိုင်ပါတယ်။ မာကျူရီတွေကို မသန့်စင်တဲ့ ရေဆိုးတွေမှာ အများဆုံး တွေ့နိုင်ပါတယ်။ ပမာဏများများ ထိတွေ့ရင် အာရုံကြောစနစ်နဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ကလေးတွေမှာဆိုရင် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ ကြုံနိုင်ပါတယ်။ ပင်လယ်ရေတွေ ညစ်ညမ်းကုန်တဲ့အခါပင်လယ်နေရေသတ္တဝါတွေမှာလည်း မာကျူရီတွေ စုပုံလာနိုင်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ မာကျူရီဓာတ် ပါဝင်ကူးစက်နေတဲ့ ငါးတွေကို စားသုံးမှုလျှော့ချသင့်ပါတယ်။ မာကျူရီပါဝင်နှုန်းမြင့်မားနိုင်တဲ့ ငါးတွေကတော့။• ငါးမန်း။• ဓားရှည်နှုတ်သီးငါး။• မက်ကာရယ်ငါး။• တူနာငါး (အထူးသဖြင့် albacore tuna) စတာတွေ ဖြစ်ပါတယ်။၂။ ကောင်းစွာချက်ပြုတ်မထားတဲ့ ငါးများ။သားစိမ်းငါးစိမ်းများ၊ ကမာကောင်များကို စားသုံးခြင်းဟာ ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုးပေါင်းစုံ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးဝင်ပြီး အစာအဆိပ်သင့်ဖြစ်ခြင်းကြောင့် မိခင်ဖြစ်သူအနေနဲ့ ရေဓာတ်ခမ်းခြောက် အားနည်းခြင်း ဖြစ်တတ်ပါတယ်။သန္ဓေသားကိုပါ ကူးစက်မိရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ဘက်တီးရီးယားပိုးအများစုဟာ မြေကြီး၊ ရေနဲ့ အပင်တွေမှာ ကပ်ငြိနေနိုင်ပါတယ်။ ငါးတွေကို မီးခိုးကြပ်တိုက်တာဖြစ်ဖြစ်၊ အခြောက်လှမ်းတာဖြစ်ဖြစ် ပြုလုပ်တဲ့အခါ ကူးစက်နိုင်ပါတယ်။ဘက်တီးရီးယားပိုးကပ်ငြိပြီး ကောင်းစွာချက်ပြုတ်ထားခြင်း မရှိတဲ့ ငါးတွေကို စားသုံးရာကတဆင့် ရောဂါရနိုင်ပါတယ်။ အဲဒီအခါ လမစေ့ဘဲမွေးခြင်း၊ ကလေးပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ မကျက်တကျက်ငါးများ၊ ကမာကောင်များ၊ အစားအသောက်များကို မစားသုံးသင့်ပါဘူး။ ဆူရှီအစိမ်းများလည်း အပါအဝင်ဖြစ်ပါတယ်။၃။ ကောင်းစွာမချက်ထားတဲ့အသားစိမ်းများ၊ပြုပြင်ထားတဲ့ အသားများ။အဆိုပါအသားများကို စားသုံးခြင်းဟာ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးများ ဆိုးရွားစွာ ကူးစက်ခံရခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။ Toxoplasma, E. coli, Listeria နဲ့ Salmonella စတဲ့ ဘက်တီးရီးယားပိုးတွေဟာ သန္ဓေသားကို ဆိုးရွားစွာ ထိခိုက်နိုင်စေပါတယ်။ ဉာဏ်ရည်ဉာဏ်သွေးချို့ယွင်းခြင်း၊ မျက်စိကွယ်ခြင်း၊ အတက်ရောဂါဖြစ်ခြင်း စတာတွေ ကြုံတွေ့နိုင်ပါတယ်။ဘယ်အသားကိုမဆို ကောင်းစွာချက်ပြုတ်ခြင်း မရှိဘဲ မစားသုံးသင့်ပါဘူး။ ကြက်ဥအစိမ်း စားတာကိုလည်း ရှောင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ တစိတ်တပိုင်းပြုပြင်ထားတဲ့ အသားတွေကို စားသောက်တော့မယ်ဆိုရင် ပြန်လည်အပူပေးချက်ပြုပြီးမှသာ စားသုံးသင့်ပါတယ်။၄။ကလီစာများ။ကလီစာများဟာလည်း အာဟာရပြည့်ဝတဲ့ အစားအစာဖြစ်ပါတယ်။ သံဓာတ်၊ ဗီတာမင် B12၊ ဗီတာမင် A နဲ့ ကြေးနီဓာတ်တွေ ပါဝင်ပါတယ်။ ဒါဟာ မိခင်လောင်းအတွက်ရော ကလေးအတွက်ပါ အားဖြစ်စေပါတယ်။ဒါပေမယ့် တိရစ္ဆာန်အသည်းကရတဲ့ ဗီတာမင် A ကို ကိုယ်ဝန်ဆောင်ချိန်မှာ အများအပြား စားသုံးခြင်းမပြုဖို့ တိုက်တွန်းထားပါတယ်။ ဗီတာမင် A အဆိပ်သင့်ခြင်း၊ ကြေးနီဓာတ် ပုံမှန်ထက် မြင့်တက်ခြင်း စတာတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီအခါ မွေးရာပါကိုယ်အင်္ဂါ အစိတ်အပိုင်း ချို့တဲ့ခြင်း၊ အသည်းအဆိပ်တက်ခြင်း စတာတွေ ဖြစ်ပေါ်တတ်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ ကလီစာများကို တပတ်တကြိမ်ထက် ပိုမစားသင့်ပါဘူး။၅။ ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်။နို့နဲ့ နို့ထွက်ပစ္စည်းတွေက ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ရစေလို့ စားသင့်ပါတယ်။ ဒါပေမယ့် ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်တွေမှာ Listeriaဆိုတဲ့ ဘက်တီးရီးယား ပိုးပါတတ်ပါတယ်။ ဒီပိုးက ဗိုက်ထဲက သန္ဓေသားကို ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ပါတယ်။ နို့မှာတင်မကဘဲ အပြင်က ဝယ်လာတဲ့ ရယ်ဒီမိတ် ဘူးနဲ့ သစ်သီးဖျော်ရည်တွေမှာလည်း ပါတတ်တာကြောင့် ပိုးသတ်ထားတာကိုပဲ သောက်သင့်ပါတယ်။၆။ အသီးအရွက်အစိမ်း။မြန်မာနိုင်ငံမှာ အသီးအရွက်တွေကို တို့စရာအနေနဲ့ အစိမ်းစားတတ်ကြပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားသင့်ပါတယ်။ သေချာမဆေးထားဘူးဆိုရင် ပိုးတွေ ကပ်ပါလာနိုင်ပြီး ကိုယ်ဝန်ဆောင်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသီးအရွက်တွေ စားမယ်ဆို သေချာဆေးပြီး ကျက်အောင် ချက်စားပါ။ အသီးအနှံတွေဆိုရင်လည်း ရေသေချာဆေးပြီး အပြင်အခွံကို ခွာပြီးမှ စားပေးပါ။၇။ကဖိန်း။ကဖိန်းက အာရုံကြောစနစ်ကို ကောင်းစွာလှုံ့ဆော်ပေးနိုင်တဲ့ အရာဖြစ်ပြီး ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်၊ ကိုကိုး စတာတွေမှာ တွေ့ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်များအနေနဲ့ တနေ့ကို ကဖိန်း ၂၀၀ မီလီဂရမ်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။ ဒါဟာ ကော်ဖီ ၂-၃ခွက်စာနဲ့ ညီမျှပါတယ်။ကဖိန်းဟာ အချင်းကနေတဆင့် သန္ဓေသားဆီ ရောက်နိုင်ပါတယ်။ သန္ဓေသားမှာ ကဖိန်းဓာတ်ကို ချေဖျက်ဖို့ အဓိကအင်ဇိုင်းမရှိသေးတာကြောင့် ပမာဏများစွာ စုပုံလာနိုင်ပါတယ်။ ကဖိန်းဓာတ်များလွန်းရင် သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ကိုယ်အလေးချိန်လျော့နည်းစွာနဲ့ မွေးတာမျိုး တွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ကြီးပြင်းလာတဲ့အခါ အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်လာနိုင်ခြေ ရှိပါတယ်။၈။အယ်လ်ကိုဟော။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ အရက်ကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ပမာဏနည်းပါးရင်တောင် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်စေပါတယ်။ နှလုံးပိုင်းဆိုင်ရာ ချို့ယွင်းခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထိခိုက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။၉။ အဆင့်ဆင့်ပြုပြင်ထားသောအသင့်စားသရေစာများ။ကိုယ်ဝန်ဆောင်ချိန်ဟာ မိခင်အတွက်ရော ကလေးအတွက်ပါ အင်အားလိုအပ်တဲ့ အချိန်ဖြစ်ပါတယ်။ ပရိုတိန်း၊ ဖောလိတ်၊ သံဓာတ် စတာတွေ လိုအပ်ပါတယ်။ အဆိုပါ အာဟာရဓာတ်တွေကို ပြည့်ဝအောင် စားသုံးဖို့ လိုအပ်ပေမယ့် ကယ်လိုရီကိုတော့ နှစ်ဆပိုစားစရာ မလိုပါဘူး။ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရဓာတ်ပြည့်ဝဖို့ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုသာ စားသုံးသင့်ပြီး စားကောင်းအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေကို မစားသင့်ပါဘူး။ အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေမှာ အာဟာရဓာတ်နည်းပြီး ကယ်လိုရီ၊ သကြားနဲ့ ဆီသာ ပိုမိုပါဝင်လာပါတယ်။ ဒါကြောင့် အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေ မြင့်စေပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/can-i-take-sleeping-pills-when-im-pregnant/
သင်က သင့်ကလေးအပေါ် စည်းကမ်းအရမ်းတင်းကြပ်လွန်းနေခြင်းရဲ့ လက္ခဏာများ
သင်က သင့်ကလေးအပေါ် စည်းကမ်းကြပ်လွန်းနေတယ်ဆိုတာကို ညွှန်ပြနေတဲ့ လက္ခဏာအချို့နဲ့ သင်ဘာလုပ်သင့်တယ်ဆိုတဲ့ အကြံဉာဏ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။တကယ်လို့သင်က စည်းကမ်းတွေအများကြီးထားထားမယ်ဆိုရင်တော့ သင်ဟာ အတော်ကို ခက်ထန်တဲ့ မိဘတစ်ယောက်ဖြစ်နေပါပြီ။ အဲ့ဒီလိုလုပ်မယ့်အစား စည်းကမ်းကို နည်းနည်းလျှော့လိုက်ပြီး ဒါကိုပဲ တိတိကျကျလိုက်နာခိုင်းလိုက်ပါ။တကယ်လို့များ သင်က “ ငါမင်းကို အိမ်အပြင်ကို ကိုင်ပေါက်မှာနော်”လို့များ ပြောခဲ့ရင် ဒါအလုပ်ဖြစ်မှာမဟုတ်ပါဘူး။ တကယ်လို့ကလေးကများ ဟုတ်ကဲ့ လို့ပြန်ဖြေလိုက်ရင် သင်လုပ်နိုင်တာတစ်ခုက ဘာမှမလုပ်တော့ရုံပါပဲ။ သင်လုပ်လိုက်တဲ့အပြုအမူဟာ အရာမရောက်တဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး သင့်ကလေးကို ဆိုးဆိုးရွားရွား ပြုမူတတ်အောင် သင်ပေးလိုက်တာပါပဲ။ တစ်ခုခုကို မပြောလိုက်ခင်မှာပဲ ဖြစ်လာနိုင်မယ့် အကျိုးဆက်တွေကို သေသေချာချာ စဉ်းစားသင့်ပါတယ်။သင်က သင့်ကလေးကို အမြဲတမ်းချစ်နေမှာပေမယ့် ဒီလိုလေးတွေ လုပ်ဖို့ကိုတော့ မျှော်လင့်မိတယ်ဆိုတဲ့သဘောမျိုးရောက်အောင်ပြောပြပါ။ “ မင်းဒီလိုမလုပ်ဘူးဆိုရင်တော့ ဘာမှဖြစ်ထွန်းလာမှာမဟုတ်ဘူး။ အမှိုက်သာသာပဲ” ဆိုတာမျိုး မပြောပါနဲ့။ ဒီလိုများပြောမိပြီဆိုရင် သင်က သူတို့ကို နာကျင်စေတာပါပဲ။သင်ဘယ်လိုပြောလိုက်တယ်ဆိုတာတင်မက ဘာပြောလိုက်တာလဲ ဆိုတာကလည်း အရေးကြီးပါတယ်။ သင့်လေသံက သာမန်ပဲပေမယ့် သင့်စကားလုံးတွေက ပြင်းထန်နေခဲ့ရင်? ဒီလိုအချိန်အများစုမှာကတော့ ဘယ်လိုပြောလိုက်တယ်ဆိုတာထက် ပြောလိုက်တဲ့စကားလုံးတွေက ပိုပြီးအရေးကြီးပါတယ်။တကယ်လို့များ သင့်ကလေးက သူဘာတွေဖြစ်နေတယ်ဆိုတာ သင့်ကို ပြောခဲတယ်ဆိုရင် ဒါဟာ သင်က သူတို့အပေါ် ခက်ထန်နေတယ်ဆိုတဲ့ လက္ခဏာပါပဲ။ သင့်ကလေးကို သင်ဘာဖြစ်စေချင်တယ်ဆိုတာ ၊ ဘာလုပ်စေချင်တယ်ဆိုတာ ပြောပြနိုင်သေးပေမယ့် သင့်ကလေးတွေကတော့ သင့်အပေါ် ပွင့်လင်းမှုမရှိတော့ဘဲ သူတို့ခံစားနေရတဲ့ ဒေါသတွေ၊ စိတ်ဓါတ်ကျဆင်းမှုတွေကို ပြောပြတော့မှာမဟုတ်ပါဘူး။တကယ်လို့သင်က ကလေးတွေနဲ့ပတ်သက်လာရင် အမြဲတမ်း စည်းကမ်းချက်တွေပဲပြောနေတာမျိုး၊ အခြားကလေးတွေရှေ့မှာ သူတို့ကို မာန်မဲနေတာမျိုး၊ တန်ဖိုးဖြတ်လိုက်တာမျိုး နဲ့ သူတို့ကို ကျဉ်းထဲကြပ်ထဲရောက်စေတဲ့ ဖြေရခက်တဲ့မေးခွန်းတွေ မေးနေမယ်ဆိုရင် သင့်ကလေးက သူ့သူငယ်ချင်းတွေကို နောင်ဘယ်တော့မှ ခေါ်လာတော့မှာ မဟုတ်ပါဘူး။နည်းပညာခေတ်ကြီးမှာ (Facebook တွေ Twitter တွေ အသုံးကြမ်းကြတဲ့ခေတ်ကြီးမှာ ) ကလေးတွေကလည်း တစ်ခါတလေမှာ သူတို့ပြောပြတာလေးတွေကို နားထောင်ပေးဖို့ မျှော်လင့်တတ်ကြပါတယ်။ မိဘတွေဟာလည်း ကလေးတွေရဲ့ အမြင်ကို နားထောင်ဖို့ တစ်ရက်ကို အနည်းဆုံးတစ်ကြိမ်တော့ ခွင့်ပေးသင့်ပါတယ်။ သူတို့ပြောသမျှကို သင်လက်ခံပေးလိုက်ရမယ်၊ သူတို့ပြောသလိုလုပ်ရမယ် စသဖြင့်လုပ်ပေးနေဖို့တော့ မလိုအပ်ပါဘူး။ ဒါပေမဲ့ သူတို့ကိုတော့ ပြောခွင့်ပေးလိုက်ပါ။သင်က တစ်ခုခုကို အားပေးအားမြှောက်မလုပ်ချင်တာမျိုး သင်မကြိုက်တာမျိုး ရှိကောင်းရှိနေပါလိမ့်မယ်။ ဒါပေမဲ့ ဒါကြီးကို လုံးဝမလုပ်နဲ့လို့ တားမြစ်သင့်တယ်လို့ မဆိုလိုပါဘူး။ ဒီလိုအကြောင်းပြချက်တွေကြောင့် မင်းကိုတော့ ဖေဖေက ဒါလေးကို မလုပ်စေချင်ဘူးဆိုတာမျိုး ပြောပြနိုင်ပါတယ်။ ဒါပေမဲ့သူတို့က ဒါကို မဖြစ်မနေကိုလုပ်မယ်ဆိုရင်တော့ သင်လုပ်နိုင်သမျှ အကောင်းဆုံးနည်းလမ်းဟာ သူတို့ကို မျက်ခြေမပြတ် ဂရုတစိုက် စောင့်ကြည့်ဖို့ပါပဲ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%9e%e1%80%84%e1%80%ba%e1%80%80-%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%a1%e1%80%95%e1%80%b1%e1%80%ab%e1%80%ba-%e1%80%85%e1%80%8a%e1%80%ba%e1%80%b8%e1%80%80/
ကလေးများ TV ကြည့်ခြင်း ၊ ဖုန်း သို့ ကွန်ပြူတာသုံးခြင်းများကို ဖိအားမပေးပဲ လျှော့ကျစေခြင်း
ယနေ့ခေတ်ကလေးများသည် ကျွန်တော်တို့တုန်းကလို ကျောင်း ၊ သူငယ်ချင်းများ နှင့် ပြဿနာများရင်ဆိုင်နေရသော်လည်း သူတို့တွင် ပြဿနာတစ်ခုပါထပ်တိုးလာပါတယ် ။ အဲ့ဒါကတော့သူတို့ဟာ ဖုန်းတွေ၊ကွန်ပြူတာတွေ၊ ဗီဒီယိုဂိမ်းတွေနားကနေ တစ်ဖဝါးမှမခွာနိုင်ဖြစ်နေခြင်းပဲဖြစ်ပါတယ် ။ ဒါတွေဟာ ကလေးရဲ့စာကြည့်ချိန်နဲ့ ပြင်ပလောကကြီးမှာပျော်မွေ့ဖို့အချိန်တွေကို လျော့စေပါတယ် ။မိဘများဟာ မိမိတို့ရဲ့ကလေးများ တီဗီကြည့်ခြင်း ၊ ဖုန်းသုံးခြင်း၊ ဂိမ်းဆော့ခြင်း တို့မှလျော့နည်းစေရန် အောက်ပါ ဖိအားပေးခြင်းမရှိတဲ့နည်းလမ်းများကို စမ်းသပ်ကြည့်သင့်ပါတယ် ။သင့်ရဲ့ကလေးတွေဟာ သင်လုပ်နေတာတွေကို အမြဲတမ်းသတိထားကြည့်မနေပေမယ့် သင်ဟာတာ့သူတို့ရဲ့စံပြပုဂ္ဂုလ်ဖြစ်နေတုန်းပါပဲ။ ဒါကြောင့် မိမိကိုယ်တိုင် ကားမောင်းရင်းစာပို့နေတာတို့ ၊ တီဗီကြည့်တာတို့ ၊ ထမင်းစားစဉ် ဖုန်းတစ်လုံးနဲ့စားနေတာတွေကို မပြုပြင်ပဲ ကလေးကို တီဗီကြည့်တာတွေ၊ ဂိမ်းဆော့တာတွေလျှော့ခိုင်းဖို့မဖြစ်နိုင်ပါဘူး ။အီလတ်ထရောနစ်ပစ္စည်းများအသုံးမပြုပဲနေခြင်းဟာ မဖြစ်နိုင်သော်လည်း သင့်ရဲ့ကလေ အချိန်ဘယ်လောက်သုံးနေတယ်ဆိုတာကို မိမိတို့စောင့်ကြည့်နေတယ်ဆိုတာကိုတော့ သူတို့သိဖို့အရေးကြီးပါတယ် ။ အခြေအနေအရ ကျွန်ုပ်တို့ဟာညင်ညင်သာသာအသိပေးပြီးရပ်ခိုင်းဖို့လိုပါတယ်။ ဥပမာ – “သားရေ ၊ သမီးရေ.. အချိန်တော်တော်ကြာကြာဖုန်းသုံးပြီးသွားပြီဆိုတော့ ခုအဲ့ဒါကိုရပ်ပြီး အခြားတစ်ခုပြောင်းလုပ်ရအောင် ” စသဖြင့် အသိပေးသင့်ပါတယ် ။ကလေးတော်တော်များများဟာ ဆယ်ကျော်သက်အရွယ်မှာ အားကစားတွေမလုပ်ကြပါဘူး ။ ဒါကြောင့် ကျွန်ုပ်တို့ဟာ သူတို့စိတ်ဝင်စားတဲ့အားကစားများကိုခွင့်ပြုမည်ဆိုလျှင် ထိုအားကစားတွင်ထူးချွန်အောင်လုပ်ဖို့အားပေးသင့်ပါတယ် ။ သူတို့ရွေးချယ်တဲ့အားကစားများဆီလိုက်လံပို့ဆောင်ပေးခြင်းဖြင့် ကျွန်ုပ်တို့ရဲ့အားပေးမှုကို ပြသသင့်ပါတယ် ။ အားကစားများအတူတူလုပ်ရန် အချိန်ဇယားများကိုပါ ကျွန်ုပ်တို့စီစဉ်ပေးနိုင်ပါတယ် ။ဆုပေး ဒဏ်ပေးစနစ်ပါတဲ့ စည်းမျဉ်များကို သင့်ကလေးနဲ့အတူစာရင်းပြုလုပ်ရပါမယ် ။ စည်းမျဉ်အချို့ကတော့အောက်ပါအတိုင်းဖြစ်ပါတယ်…။– အိမ်မှာဖြစ်စေ ၊ စားသောက်ဆိုင်တွင်ဖြစ်စေထမင်းစားနေစဉ် စာပို့ခြင်း ၊ စာရိုက်ခြင်း မလုပ်ရ ။– ထမင်းစားနေစဉ် ဖုန်းမသုံးရ ။– ပုံမှန်လုပ်ရမည့်အလုပ်များ ၊ အိမ်စာများပြီးမှသာ ဖုန်းသို့ တက်ဘလတ်ကိုသုံးရမည် ။– ညပိုင်းသတ်မှတ်ထားသောအချိန်တွင် ဗီဒီယိုဂိမ်းဆော့ခြင်းမလုပ်ရ ။– ကွန်ပြူတာကို အများသုံးနိုင်တဲ့နေရာတွင်သာထားရမည် ။– အိပ်ခန်းတွင် TV မထားရ ။ရိုးရှင်းတဲ့စည်းကမ်းများထုတ်ခြင်းဟာ စည်းကမ်းလိုက်နာချင်ယောင်ဆောင်တဲ့ ဆယ်ကျော်သက်အရွယ်အကြီးပိုင်းများနဲ့ဆိုအဆင်မပြေနိုင်ပါဘူး ။ ဒါကြောင့် သူတို့ကို ဖုန်းများများသုံးလေ ၊ ဂိမ်းတွေများများလေ ၊ သူတို့ရဲ့အာကစားတွေနဲ့ပတ်ဝန်းကျင်လုပ်ငန်းဆောင်တာများတွင်မပါဝင်နိင်လေဖြစ်တဲအပြင် ကိုယ်အလေးချိန်ပါတိုးလာနိုင်ကြောင်း ရှင်းပြသင့်ပါတယ် ။သူတို့ကို ဖုန်းသုံးခြင်း ၊ ဂိမ်းဆော့ခြင်းရဲ့ဆိုးကျိုးတွေအကြောင်းရေးထားတဲ့စာအုပ်တွေ၊ဆောင်းပါးတွေကိုပေးဖတ်စေခြင်းဖြင့် သင့်ရဲ့စည်းကမ်းတွေဟာတရားမျှတတယ်ဆိုတာ သူတို့နားလည်လာပါလိမ့်မယ် ။Hello health group သည် ကျန်းမာရေးဆိုင်ရာအကြံပေးခြင်း ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို မပြုလုပ်ပေးပါ ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-tv-%e1%80%80%e1%80%bc%e1%80%8a%e1%80%b7%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-%e1%81%8a-%e1%80%96%e1%80%af/
မွေးလာမယ့် ရင်သွေးငယ်မှာ နှလုံးပြဿနာရှိ၊ မရှိ အက်ကိုးနည်းပညာဖြင့် ရှာဖွေခြင်း (Fetal Echocardiogram)
မိခင်ကိုယ်ထဲကဖွံ့ဖြိုးဆဲရင်သွေးငယ်မှာ နှလုံးပြဿနာရှိမရှိ ရှာဖွေပေးတဲ့ နှလုံးအက်ကိုးနည်းပညာအကြောင်း ပြောပြသွားပါ့မယ်။မွေးရာပါရောဂါတွေထဲမှာမွေးရာပါနှလုံးဖွံ့ဖြိုးတဲ့ ပုံစံမမှန်လို့ဖြစ်တဲ့ နှလုံးပြဿနာလည်းအဖြစ်များပါတယ်။ ကလေးငယ်ရဲ့ နှလုံးအစိတ်အပိုင်းက မိခင်ကိုယ်ဝန်လွယ်ထားတဲ့အချိန်မှာတည်းက စပြီးဖွဲ့စည်းပါတယ်။ စစချင်းမှာတော့ နှလုံးဟာ ပြွန်လိုလို၊ ပိုက်လိုလို ရှည်မျောမျောပုံစံ ဖြစ်ပါတယ်။ နောက်မှဖြည်းဖြည်းချင်းပုံစံ ပြောင်းလာပြီး နှလုံးသွေးလွှတ်ခန်း၊သွေးပြန်ခန်းတွေ၊ နှလုံးအဆို့ရှင်တွေ ဖြစ်သွားတဲ့အထိ ပုံဖော်သွားတာပဲ ဖြစ်ပါတယ်။ ပုံဖော်တဲ့နေရာမှာ မှန်မှန်ကန်ကန်မဖြစ်ဘဲ တစ်ခုခုလွဲမှားသွားတာနဲ့ နှလုံးအခန်းတွေတည်ဆောက်ပုံ မှားယွင်းတာ၊အဆို့ရှင်တွေကောင်းကောင်းမပွင့်တာတွေ ဖြစ်ကုန်ပါတယ်။ ဒီလိုဖွဲ့စည်းပုံမမှန်တော့ရင် မွေးရာပါ နှလုံးရောဂါခံစားရမှာပဲ ဖြစ်ပါတယ်။ဘာ့ကြောင့် တချို့ကလေးတွေမှာ မွေးရာပါနှလုံးပြဿနာရှိပြီး တချို့ကဘာလို့မဖြစ်ရသလဲဆိုတာကိုတော့ အခုထိရှာဖွေနေတုန်းပါ။ ဒါပေမဲ့ မိခင် ဒါမှမဟုတ် မိသားစုထဲမှာ မွေးရာပါနှလုံးပြဿနာရှိသူပါဝင်ရင်ကလေးငယ်မှာ နှလုံးပြဿနာ ပိုဖြစ်နိုင်တယ်လို့တော့ ယေဘုယျအားဖြင့်ယူဆထားကြပါတယ်။မွေးရာပါနှလုံးပြဿနာလို့ ဆိုတိုင်းလည်း တအားကြီး စိတ်ပူစရာတော့ မလိုအပ်ပါဘူး။ အခြေအနေအရမ်းဆိုးပြီး အသက်အန္တရာယ်စိုးရိမ်ရရင် ခွဲစိတ်ကုသမှုလုပ်ပြီး ကုသဖို့လိုအပ်ပေမဲ့ သူ့အလိုလိုပြန်ကောင်းသွားနိုင်တဲ့ နှလုံးပြဿနာတွေလည်းရှိပါတယ်။မွေးလာမယ့် ကလေးမှာ နှလုံးပြဿနာရှိမရှိ ကြိုတင်ရှာဖွေပေးနိုင်တဲ့ နည်းပညာတွေလည်းရှိနေပါပြီ။ ကလေးနှလုံး ဖွဲ့စည်းပုံမှာ ပြဿနာရှိမရှိကို နှလုံးအက်ကိုးရိုက်ပြီး ရှာဖွေပေးနိုင်ပါတယ်။ အက်ကိုးရိုက်ခြင်းက တကယ်တော့ အဆင့်မြင့် အယ်လ်ထရာဆောင်း နည်းပညာတစ်ခုပါပဲ။ ဘာနာကျင်မှုမှ မခံစားရဘဲ သက်သောင့်သက်သာလုပ်နိုင်ပြီး မိခင်နဲ့ကလေးအတွက်လည်း ဘေးထွက်ဆိုးကျိုးမရှိပါဘူး။ အက်ကိုးရိုက်တဲ့အခါမှာ Transducer လို့ခေါ်တဲ့ ကြိမ်နှုန်းမြင့်အသံလှိုင်း ထုတ်ပေးတဲ့ ကိရိယာလေးကို မိခင်ဗိုက်ပေါ်ထောက်ပြီး ရိုက်ကူးပါတယ်။ Transducer က ထုတ်လွှင့်လိုက်တဲ့ အသံလှိုင်းတွေက ကလေးရဲ့ ကိုယ်တွင်းကလီစာတွေကို ပုံဖော်ပေးပါတယ်။ ဒီပုံရိပ်တွေကို ကြည့်ပြီး ကလေးရဲ့နှလုံးတည်ဆောက်ပုံမှာ ပြဿနာရှိမရှိ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ နှလုံးအက်ကိုးကနေ နှလုံးတည်ဆောက်ပုံတင်မကဘဲ နှလုံးသွေးစီးဆင်းမှုကိုပါ ကြည့်ရှုနိုင်ပါတယ်။ကိုယ်ဝန်ဆောင်တိုင်းမဟုတ်ပေမဲ့ ဒီလိုအခြေအနေတွေရှိနေရင်တော့ ရိုက်ကူးသင့်ပါတယ်။– မွေးချင်းမောင်နှမ (ဒါမှမဟုတ်) မိဘ တစ်ယောက်ယောက်မှာ မွေးရာပါနှလုံးရောဂါရှိနေခဲ့ရင်။–မျိုးရိုးလိုက်တဲ့ရောဂါတစ်ခုခု ခံစားနေရသူဖြစ်ရင်။– မွေးလာမဲ့ကလေးမှာ ဗီဇချို့ယွင်းမှုကြောင့်ဖြစ်တဲ့ ရောဂါတစ်ခုခုရှိနေခဲ့ရင် (ဥပမာ-ဒေါင်းရောဂါလက္ခဏာစု)။– မွေးရာပါ နှလုံးရောဂါဖြစ်စေတဲ့ ဆေးတစ်မျိုးမျိုးကို မိခင်ဖြစ်သူက သောက်သုံးနေခဲ့ရင်။– ကိုယ်ဝန်မဆောင်ခင်ကတည်းက မိခင်မှာ ဆီးချိုရောဂါ ဒါမှမဟုတ် ကိုယ်တွင်းခုခံအားနဲ့ဆိုင်တဲ့ရောဂါ တစ်ခုခုရှိသူဖြစ်နေခဲ့ရင်။– ကိုယ်ဝန်ဆောင်မိခင်မှာ ကူးစက်ရောဂါတစ်ခုခု ရှိနေခဲ့ရင် (ဥပမာ-ဂျာမန်ဝက်သက်ရောဂါ)။– ပုံမှန်ဗိုက်အပ်တဲ့အချိန်မှာ ကလေးအခြေအနေနဲ့ပတ်သက်ပြီး မသင်္ကာစရာတစ်ခုခု စမ်းသပ်တွေ့ရှိရင်။–ကလေးနှလုံးခုန်သံက ပုံမှန်ဖြစ်မနေဘူးဆိုရင်။စတဲ့အခြေအနေတွေဖြစ်ပါတယ်။ဘာမှထွေထွေထူးထူးလုပ်စရာမလိုပါဘူး။ အစားအသောက်ကို ပုံမှန်အတိုင်း စားသောက်နိုင်ပြီး အယ်ထရာဆောင်း မရိုက်ခင်မှာလို ဆီးတင်းစရာလည်း မလိုအပ်ပါဘူး။ ဒါပေမဲ့ နှလုံးအက်ကိုးရိုက်မယ့် နေ့မှာတော့ ဗိုက်ကို လိုးရှင်းတွေ၊ ပေါင်ဒါမှုန့်တွေ မလိမ်းထားရင်ပိုကောင်းပါတယ်။ရေးသားသူ – Dr.Htoo Tint။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%9c%e1%80%ac%e1%80%99%e1%80%9a%e1%80%b7%e1%80%ba-%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%99%e1%80%be/
ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ ကြက်စွပ်ပြုတ်
ကလေးတွေဖျားနာပြီဆိုရင် လူကြီးတွေ အရင်ဆုံးတိုက်ဖို့ သတိရမိတာ ဆန်ပြုတ်နဲ့ ကြက်စွပ်ပြုတ် ပါပဲ။ကြက်သားကို အချိန်အကြာကြီး နူးနေအောင် ပြုတ်ပြီး ရလာတဲ့ အရည်ပူပူလေးဟာ အအေးမိတုပ်ကွေးအတွက်တော့ တကယ့် ဆေးစာတစ်လက်ပါပဲ။အစာကြေလွယ်စေတယ်။ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးနိုင်တယ်။ အလွယ်တကူ ပြင်ဆင်ချက်ပြုတ်လို့ ရတယ်။ ရှေးယခင် နှစ်ပေါင်းများစွာကတည်းကနေ ယနေ့ခေတ်အထိ လူအများစုက ကြက်စွပ်ပြုတ်ကို အာဟာရဖြစ် ဆေးစာလို့ သတ်မှတ်ထားကြပါတယ်။ဒါဆိုရင် ကြက်စွပ်ပြုတ်က အဖျားပျောက်ဆေး သက်သက်ပဲလား။ သူ့မှာရော တခြား ကိုယ်ခန္ဓာအတွက် အထူးကောင်းမွန်တဲ့ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေမလဲ။ ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ဖြစ်စေနိုင်လဲဆိုတာ ပြောပြပေးမယ်နော်။၁။ အူလမ်းကြောင်း ရှင်းပေးတယ်။ အစာကြေစေတယ်။ကျန်းမာတဲ့ ခန္ဓာကိုယ်အတွက် အစာချေဖျက်ပေးနေတဲ့ အူလမ်းကြောင်း ကျန်းမာဖို့ အလွန်အရေးကြီးပါတယ်။ ကိုယ်စားလိုက်တဲ့ မသန့်ရှင်းတဲ့ အစားအစာတွေ၊ အာဟာရမဖြစ်စေတဲ့ အရာတွေ၊ အဆိပ်အတောက်တွေဟာ အူလမ်းကြောင်းမှာ လာစုမိနေပြီး အချိန်ကြာလာတဲ့အခါ ဒဏ်ဖြစ်စေပါတယ်။ ကြက်စွပ်ပြုတ် ဟာ အူလမ်းကြောင်းကို သန့်စင်ပေးပြီး ကျန်းမာစေတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေလည်း အများအပြားပါဝင်တယ်။ ဝါးစရာမလိုတဲ့အတွက် အစာကြေလွယ်စေနိုင်ပါတယ်။ဝမ်းနဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။၂။ အရိုးအဆစ်နာကျင်တာကို သက်သာစေတယ်။ကြက်စွပ်ပြုတ် မှာ ပါဝင်တဲ့ glycosaminoglycans လို့ ခေါ်တဲ့ (ဂလူကိုစမင်းလို့ လူသိများတဲ့) ဓာတ်ပေါင်း တစ်မျိုးဟာအရိုးအဆစ်တွေနာကျင်ပြီး ရောင်ရမ်းတာကို သက်သာစေပြီး ပြုပြင်ပေးနိုင်တယ်။ကော်လဂျင်ဓာတ်တွေထုတ်လွှတ်တဲ့ နေရာမှာလည်း အထောက်အကူပေးနိုင်တယ်။ ဒါကြောင့် အသက်အရွယ်မရွေး အရိုးအဆစ်ကျန်းမာရေးအတွက် ကြက်စွပ်ပြုတ်ဟာ ဆေးစာ တစ်လက်ပါပဲ။၃။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်။ကြက်စွပ်ပြုတ် မှာ ပါဝင်တဲ့ အာဟာရဓာတ်ပေါင်းအများစုဟာ ကိုယ်ခံအားစနစ်နဲ့အစာခြေစနစ်ကို မြှင့်တင်ပေးနိုင်လို့ ကိုယ်ခန္ဓာထဲ ရောဂါတွေ အလွယ်တကူ မဝင်လာနိုင်အောင် တားဆီးပေးနိုင်တယ်။ ကိုယ်တွင်းမှာ ရှိနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး အဆီပိုတွေကို ကျစေနိုင်ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ကောင်းစွာ အလုပ်လုပ်စေဖို့ အထောက်အကူပေးနိုင်ပြီး ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။၄။ အလှအပလိုက်စားသူတွေမှာလည်း အကျိုးထူးများစွာ ဖြစ်စေတယ်။ကြက်စွပ်ပြုတ်ဟာ အသားအရေ၊ ဆံသား၊ဦးရေပြားနဲ့ ခြေသည်း၊ လက်သည်းတွေကို အံ့သြဖွယ်ကောင်းလောက်အောင် ကျန်းမာစိုပြေလှပစေနိုင်တာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ကြက်စွပ်ပြုတ်မှာ အဓိကပါဝင်တဲ့ ကော်လဂျင် – collagen ဓာတ်ဟာ အသားအရေကို ဝင်းမွတ်တောက်ပစေတယ်။ ဦးရေပြားကို ကျန်းမာစေပြီး အားဖြစ်စေနိုင်တယ်။အနာကျက်မြန်စေလို့ အလှအပကို ဂရုစိုက်သူတွေ၊ ဆီးချိုရောဂါရှင်တွေ၊ အားကစားလိုက်စားသူတွေအတွက် အကောင်းဆုံး အာဟာရအစားအစာတစ်မျိုး ဖြစ်ပါတယ်။၅။ အရိုးကြီးထွားသန်စွမ်းစေတယ်။ကြက်စွပ်ပြုတ် မှာ ကိုယ်ခန္ဓာကြီးထွားစေဖို့ အသားဓာတ်တွေ၊ အရိုးသန်မာစေဖို့ ကယ်လ်စီယမ်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်နဲ့ ဖော့စဖရပ်စ်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ဟင်းသီးဟင်းရွက်တွေလို မဟုတ်ဘဲ အရိုး၊ အသားတွေကို ဆူပွက်နေတဲ့ ရေထဲ ထည့်ပြုတ်လိုက်တဲ့အခါ နဂိုရှိပြီးသား အာဟာရဓာတ်တွေကို အရည်တွေက စုပ်ယူသွားနိုင်ပါတယ်။ ဒါကြောင့် အသားကို စားရသလိုပဲ ကျန်းမာရေးအတွက် ကောင်းမွန်စေပြီး အာဟာရလည်း ရှိစေတာပါ။၆။ အအေးမိတုပ်ကွေး၊ ဖျားနာဝေဒနာကိုလည်း အမြန်ဆုံးသက်သာစေတယ်။ကြက်စွပ်ပြုတ်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေဟာ ကိုယ်ခံအားကို မြှင့်တင်ပေးလို့အအေးမိဖျားနာတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ နှာစေးနှာပိတ်ဖြစ်တာ၊ ကိုယ်လက်ကိုက်ခဲတာကို သက်သာစေပြီး ရောဂါကို အမြန်ဆုံး သက်သာပျောက်ကင်းစေဖို့ ကူညီပေးနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/chicken-broth-nutrition/
Encephalomalacia (ဦးနှောက်တစ်ရှူးပျော့ရောဂါ)
Encephalomalacia ဟာ ရောင်ခြင်း၊ သွေးထွက်ခြင်းတွေကြောင့် ဦးနှောက်တစ်ရှူး နေရာကွက်ပြီး ပျော့သွားခြင်းပဲဖြစ်ပါတယ်။ ပျော့သွားခြင်းဟာ ဦးနှောက် အစိတ်အပိုင်းတစ်ခုခု (သို့) ဒီထက်ပိုများနိုင်ပါတယ်။ ရှားပါးတဲ့ အခြေအနေတွေမှာတော့ ဦးနှောက် ပျက်စီးခြင်းဟာ ဦးနှောက်အတွင်းမှာရှိတဲ့ အရာတွေ အတော်များများကြောင့် ဖြစ်နိုင်ပါတယ်။သူဟာ ကိုယ်အင်္ဂါ အခြားအစိတ်အပိုင်းတွေကိုလည်းထိခိုက်နိုင်ပြီး frontal lobe, occipital lobe, parietal lobe နဲ့ temporal lobe တွေမှာလည်း တစ်ရှူးတွေကို ပျက်စီးစေနိုင်ပါတယ်။ ဒီရောဂါဟာ ထိခိုက်တဲ့ ဦးနှောက်အစိတ်အပိုင်း တစ်ခုခုကို လုံးဝရပ်တန့်သွားခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ လူကြီးတွေရော ကလေးတွေမှာပါ ဖြစ်နိုင်ပြီး မိခင်ဝမ်းအတွင်းမှာရှိစဉ်တည်းက ဖြစ်နိုင်ပါတယ်။ ဒီရောဂါကို ဦးနှောက်ပျော့ခြင်းလို့ ခေါ်ပါတယ်။ဦးနှောက် အစိတ်အပိုင်း ထိခိုက်မှုကြောင့် ဖြစ်တာဖြစ်လို့ သူ့ကို အမျိုးအစား နှစ်မျိုး ခွဲခြားထားပါတယ်။• Leukoencephalomalacia (the white matter ပျက်စီးခြင်း)။• Polioencephalomalacia (the gray matter ပျက်စီးခြင်း)။ဒီရောဂါဟာ အရောင်နဲ့ ပျက်စီးမှုအဆင့်ပေါ်မူတည်ပြီး သုံးမျိုးခွဲခြားနိုင်ပါတယ်။Encephalomalacia ဟာအမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Encephalomalacia (ဦးနှောက်တစ်ရှူးပျော့ရောဂါ)ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။Encephalomalacia ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။တခါတရံမှာ ဦးနှောက်အရွယ်အစား ပြောင်းလဲမှုကို ဖြစ်ပေါ်စေပြီး ဦးနှောက်ရဲ့ pliability ပြောင်းလဲမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ရောဂါကိုစောစီးစွာ သိရှိပြီး ကုသခြင်းဟာ ရောဂါပိုဆိုးလာခြင်းနဲ့ အခြားအရေးပေါ် အခြေအနေဖြစ်ခြင်းတွေကနေ ကာကွယ်ပေးနိုင်တာကြောင့် ဒီလိုအခြေအနေကို ကာကွယ်ဖို့ ဆရာဝန်နဲ့ စကားပြောသင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ရောဂါ အမျိုးမျိုးနဲ့ ကျန်းမာရေးအခြေအနေ အမျိုးမျိုးဟာ ဦးနှောက်ပျက်စီးမှုကို ပိုဆိုးစေပါတယ်။ ဒီရောဂါဟာ တခါတရံ လေဖြတ်ခြင်း (သို့) ဦးနှောက် အတွင်းသွေးယိုစေတဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဦးနှောက် ပျော့ခြင်း ဟာ သွေးပုံမှန်အတိုင်းမဟုတ်ပဲ စုပြုံနေတဲ့ အစိတ်အပိုင်းမှာ တွေ့ရတတ်ပါတယ်။အချို့ အခြေအနေတွေမှာ ဦးနှောက်ရဲ့ အစိတ်အပိုင်း အချို့ဟာ သွေးလုံလောက်စွာ မရရှိခြင်းကြောင့် ပျော့သွားတတ်ပါတယ်။ သွေးစီးဆင်းမှု အနှောင့်အယှက်ဖြစ်ခြင်းဟာ အောက်ပါအချက်တွေကြောင့် ဖြစ်ပါတယ်။ဦးနှောက်ရဲ့ အစိတ်အပိုင်း အချို့ဟာ astrocytes တွေပါတဲ့ အမာရွတ်တွေ ဦးနှောက်ဆဲလ်တွေကို အစားထိုးခြင်း ဖြစ်စေတဲ့ လေဖြတ်ခြင်းကြောင့် သေသွားကြပါတယ်။ ဒီအမာ ရွတ်တစ်ရှူးဟာ ကျုံ့သွားပြီး ဦးနှောက်အတွင်းမှာ encephalomalacia ကိုဖြစ်စေပါတယ်။သိပ္ပံပညာရှင် အတော်များများက ဒီအခြေအနေဟာ ဦးနှောက်ကို ထိခိုက်ဒဏ်ရာရလို့ ဖြစ်ပွားတယ်လို့ ထင်ကြပါတယ်။ တုံးတဲ့အရာ၊ ထိုးထွင်း ဝင်ရောက်စေတဲ့ အရာတွေနဲ့ ထိခိုက်မိခြင်းဟာ ဦးနှောက်ပျော့ခြင်းကို ဖြစ်စေနိုင်ပါတယ်။ဦးခေါင်းထိခိုက်မိခြင်းဟာ ခေါင်းကို မာကျောတဲ့ အရာတစ်ခုခုနဲ့ ရိုက်မိခြင်းကြောင့် ဖြစ်နိုင်သလို ထိုးထွင်းတဲ့ ဒဏ်ရာဖြစ်တဲ့ ချွန်ထက်တဲ့ အရာတွေနဲ့ ထိုးမိခြင်းကြောင့်လည်း ဖြစ်နိုပါတယ်။ ဦးနှောက်တစ်ရှူးတွေဟာ ခွဲစိတ်နေစဉ် ဒဏ်ရာကြောင့် ရောင်ရမ်းခြင်း ဖြစ်နိုင်ပါတယ်။ဆရာဝန်တွေက Encephalomalacia ကို အဖြေရှာဖို့ နည်းလမ်းမျိုးစုံကို အသုံးပြုကြပါတယ်။ တကယ်လို့ သင့်ဆရာဝန်က သင့်မှာ ဒီအခြေအနေရှိတယ်လို့ ယူဆတယ်ဆိုရင် ပထမအချက်က သင့်ကိုယ်ခန္ဓါကို စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ ပြီးရင်တော့ ရောဂါရှာဖွေဖို့ အခြားစစ်ဆေးမှုတွေ ပြုလုပ်ခြင်းတွေ လုပ်နိုင်ပါတယ်။ပျက်စီးနေတဲ့ ဦးနှောက်တစ်ရှူးတွေကို ပြန်အလုပ်လုပ်အောင် လုပ်ဖို့ မဖြစ်နိုင်တာကြောင့် ဒီရောဂါကို ကုသဖို့ နည်းလမ်း မရှိပါဘူး။ သုတေသီတွေက ပျက်စီးနေတဲ့ ဦးနှောက် တစ်စိတ်တစ်ပိုင်းရဲ့ လုပ်ငန်းဆောင်တာတွေကို ပြန်ကောင်းအောင်လုပ်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေရဆဲဖြစ်ပါတယ်။ကုသမှုတွေမှာတော့ ဦးနှောက်ပျော့စေတဲ့ အချက်တွေကို သေချာကုသခြင်းပဲ ဖြစ်ပါတယ်။အလွန်ပြင်းထန်တဲ့ အခြေအနေတွေမှာ ပျက်စီးနေတဲ့ ဦးနှောက်ကို ခွဲစိတ်မှုနဲ့ ဖယ်ထုတ်နိုင်ပါတယ်။ ဒါပေမယ့် ဦးနှောက်ရဲ့ မာကျောမှုဟာ ပျော့နေတဲ့ အစိတ်အပိုင်းကို ဖယ်ထုတ်လိုက်တာကြောင့် ပြောင်းလဲမှုရှိပါတယ်။ ဒီလိုလုပ်အပြီး အာရုံခံစားမှုတွေ ပုံမှန် ပြန်ဖြစ်နိုင်မဖြစ်နိုင် မသေချာပါဘူး။ကျွမ်းကျင်သူတွေက ဒီရောဂါကိုကုသဖို့အတွက် stem cell therapy ရဲ့ အသုံးဝင်မှုတွေကို ရှာဖွေစစ်ဆေးနေကြပါတယ်။ဒီရောဂါကို ကြိုတင်ကာကွယ်လို့ မရနိုင်ပါဘူး။ ခေါင်းကို ဒဏ်ရာမရအောင်သာ ဂရုစိုက်သင့်ပါတယ်။ ကျန်းမာစွာ စားသောက်ခြင်း၊ ဗီတာမင် အီးပါတဲ့ အစားအသောက်တွေစားခြင်းဟာ ဒီလို ဦးနှောက်ပျက်စီးမှု အမျိုးအစားဖြစ်နှုန်းကို လျှော့ချပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/encephalomalacia-%e1%80%a5%e1%80%ae%e1%80%b8%e1%80%b1%e1%80%94%e1%80%bd%e1%80%ac%e1%80%80%e1%80%b9%e1%80%90%e1%80%85%e1%80%b9%e1%80%9b%e1%80%bd%e1%80%b4%e1%80%b8%e1%80%b1%e1%80%95%e1%80%ba%e1%80%ac/
အရေပြား ခြောက်သွေ့အက်ကွဲခြင်းကို ကုသခြင်း
ရာသီဥတုဟာ လူသားတွေရဲ့ ကျန်းမာရေးကို ပြဿနာများစွာ ဖြစ်ပေါ်စေပါတယ်။ အအေးမိခြင်း၊ တုပ်ကွေးဖြစ်ခြင်း သို့မဟုတ် ရာသီအလိုက် ဓါတ်မတည့်မှုများ ဖြစ်ပွားခြင်း စတာတွေအပြင် အရေပြားများ ခြောက်သွေ့ အက်ကွဲခြင်းဟာလည်း ရာသီဥတုနှင့် သက်ဆိုင်တဲ့ ကျန်းမာရေး ဆိုင်ရာ ပြဿနာများထဲမှ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေ ဖြစ်လာတဲ့ အခါမှာ နာကျင်မှု အပျော့စားကနေ ပြင်းထန်တဲ့ နာကျင်မှုအထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ၎င်းကို ဘယ်လို အန္တရာယ်ကင်းစွာ ထိထိရောက်ရောက် ကုသနိုင်မလဲ ဆိုတာက အမှန်တကယ်ကို လိုအပ်နေပါတယ်။အရေပြားဟာ အစိုဓါတ် ပြတ်တောက်သွားတဲ့ အခါ အရေပြားခြောက်သွေ့ အက်ကွဲခြင်းကို ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီအခြေအနေဟာ များသောအားဖြင့် ဖြေဖဝါးနှင့် လက်တွေမှာ ဖြစ်လေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေရာတွေဟာ အဆီဂလင်းတွေ မရှိတဲ့အတွက်ကြောင့် စိုစွတ်မှု ထိန်းထားနိုင်စွမ်း မရှိပါဘူး။ ဒါ့အပြင် အရေပြားခြောက်သွေ့ အက်ကွဲခြင်းကို ဖြစ်ပေါ်စေတဲ့ အခြားအကြောင်းအရင်းတွေလည်း ရှိပါတယ်။ ၎င်းတို့ကတော့-။• ရေပူအချိုးများသူများ၊။• နှင်းခူနဲ့ psoriasis ဟုခေါ်သော အရေပြားပြဿနာ ရှိသူများ၊။• ဆီးချို သို့မဟုတ် လည်ပင်းရှိသိုင်းရွိက်ဂလန်း ပြဿနာကဲ့သို့ ရောဂါရှိသူများ၊။• အစိုဓါတ်ထိန်းသိမ်းနိုင်စွမ်းမပါသော ရေချိုးဆပ်ပြာ သို့မဟုတ် ရေချိုးဆပ်ပြာဆီ အသုံးများသူ များ၊။• ရာသီဥတုအေးခြင်း။• ပုံမှန်အားဖြင့် လေအေးပေးစက်အောက်တွင် အနေများသူများ။• အသက်ကြီးလာခြင်း စတာတွေကြောင့် အသားအရေရဲ့ စိုစွတ်မှုပမာဏ လျော့ကျလာစေပါတယ်။အရေပြားခြောက်သွေ့ အက်ကွဲတဲ့အခါ ဘယ်လို ပြဿနာတွေကို ခံစားရလေ့ရှိသလဲ။အရေပြားခြောက်သွေ့ အက်ကွဲလာတဲ့အခါ ဆိုးရွားသော နာကျင်မှုကို မခံစားရခင်မှာ အောက်ပါလက္ခဏာ အချို့ကို ဖော်ပြလေ့ရှိပါတယ်။ ၎င်းတို့ကတော့။• ယားယံခြင်း။• နီရဲခြင်း။• အရေပြားတွင် အကွက်များ ဖြစ်ပေါ်ခြင်း။• အရေပြား၌ အက်ကွဲရာများ ဖြစ်ပေါ်လာခြင်း စတာတွေပဲ ဖြစ်ပါတယ်။ကုသမှု မခံယူခင်မှာအောက်ပါ ပစ္စည်းတွေကို ပြင်ဆင်ထားသင့်ပါတယ်။ ၎င်းတို့ကတော့။• လိုးရှင်း သို့မဟုတ် အဆီပျစ်ပျစ် သို့မဟုတ် ဟင်းရွက်ဆီ။• နူးညံ့သော ချည်ဖြင့် ပြုလုပ်ထားသည့် ခြေအိတ်များ။• နူးညံ့သော တဘက်။• ဘတ်တီးရီးယားပိုး တိုက်ခိုက်နိုင်သော ရေချိုးဆပ်ပြာအဆီ သို့မဟုတ် ဆပ်ပြာတုံး။• သံပယိုသီး၊ရှောက်သီး။• ချေးတွန်းကျောက် စတာတွေပဲ ဖြစ်ပါတယ်။အဆင့် (၁) ။ အရေပြားဆဲလ်အသေတွေနဲ့ အသားမာနေရာတွေကို ချေးတွန်းကျောက်နှင့် တိုက်ချွတ်ကာ ဖယ်ရှားပစ်ပါ။ တကယ်လို့ သင်ဟာနာကျင်မှု ဝေဒနာခံစားလာရပြီဆိုရင်တော့ ရပ်လိုက်ပါ။အဆင့်(၂) ။ အရေပြားခြောက်သွေ့ အက်ကွဲနေတဲ့ နေရာတွေကို အမြဲတမ်း ပုံမှန် အစိုဓါတ် ပေးနေရပါမယ်။ ပထမဦးစွာ အဆီပျစ်ပျစ် သို့မဟုတ် လိုးရှင်း သို့မဟုတ် ဟင်းရွက်ဆီကို သုတ်လိမ်းပေးပြီး ခြေအိတ်ဝတ်လိုက်ပါ။ ၎င်းနေရာကို သန့်ရှင်းတဲ့ တစ်စုံတစ်ခု နှင့် အုပ်လိုက်ပါ။ ၎င်းကိုနေ့တိုင်းပြုလုပ်ပြီး ပိုပြီးကောင်းမွန်တဲ့ ရလဒ်တွေကို စောင့်ကြည့်ပါ။အဆင့်(၃)။ ခြောက်သွေ့ အက်ကွဲနေတဲ့ နေရာတွေကို ဘတ်တီးရီးယားပိုး ကာကွယ်တဲ့ ဆပ်ပြာကိုသုံးပြီး ဆေးကြောပါ။ ဆေးကြောပြီးတဲ့နောက်မှာ နူးညံ့ပြီး သန့်ရှင်းတဲ့ တဘက်နှင့် ခြောက်သွေ့အောင် သုတ်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ပိုပြီးနာကျင်စေတဲ့ ပိုးဝင်ခြင်းမျိုးမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။အဆင့်(၄)။ ဒီခြောက်သွေ့ အက်ကွဲနေတဲ့ အရေပြား နေရာတွေကို ရှောက်ရည်၊ သံပရာရည်နဲ့ စိုစွတ်သွားအောင် ပြုလုပ်ပြီး အရေပြားကို နူးညံ့အောင် ပြုလုပ်ပါ။ သင်တစ်ခါလုပ်တိုင်း လုပ်တိုင်းမှာ ၁၀မိနစ်လောက်ကြာအောင် လုပ်ပေးခြင်းအားဖြင့် ရလဒ်ကောင်းတွေ ရရှိစေပါတယ်။အဆင့် (၅)။ ရေဓါတ်ပြည့်ဝနေအောင် ရေများများသောက်ပေးပါ။ ကော်ဖီ သို့မဟုတ် အရက်တွေဟာ အသားအရေ ခြောက်သွေ့ စေပြီး ပိုပြီးဆိုးစေနိုင်တဲ့ အတွက်ရှောင်ကြဉ်ရပါမယ်။သတိပြုရန် အချက်များ။တကယ်လို့ အခြေအနေ ပိုကောင်းမလာပဲ သင်ယခုကဲ့သို့ ပြုလုပ်နေတာတောင်မှ ပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်ရဲ့ အကူအညီကို ရယူပါ။ဒီလို အသားခြောက်သွေ့ အက်ကွဲခြင်းမျိုးမဖြစ်အောင် ဘယ်လို ကာကွယ်သင့်သလဲ။ဒီအခြေနေကို ကာကွယ်ရန်အတွက် နည်းလမ်း အချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ်။ဒီလိုအသားအရေ ခြောက်သွေ့မှုကို ထိန်းချုပ်စီမံရန်အတွက် တိကျသေချာတဲ့ ဆေးဝါးကုသမှုကို ခံယူဖို့ရာ ဆရာဝန် နှင့်တိုင်ပင်သင့်ပါတယ်။အရေပြားခြောက်သွေ့ အက်ကွဲနေတဲ့ နေရာတွေကို ကုတ်ခြင်း သို့မဟုတ် ပွတ်တိုက်ခြင်းမျိုး မပြုလုပ်သင့်ပါဘူး။ တကယ်လို့ ယားယံခဲ့မယ်ဆိုရင် ၎င်းနေရာတွေကို ရေခဲဝတ် ကပ်ပေးခြင်း သို့မဟုတ် ရေအေးဝတ်ဖြင့် ဖိကပ်ပေးခြင်း စတဲ့ အေးမြတဲ့နည်းလမ်းတွေကိုပဲ သုံးပေးသင့်ပါတယ်။သင့်ရဲ့ အသားအရေကို ခြောက်သွေ့ပျက်စီးစေတဲ့ လုပ်ဆောင်ခြင်းတွေဖြစ်တဲ့ ရေပူစိမ်ချိုးခြင်း သို့မဟုတ် အသားအရေကိုခြောက်သွေ့ ပျက်စီးစေတဲ့ ပစ္စည်းတွေကို အသုံးပြုခြင်း ဥပမာ အနံ့စူးသော ဆပ်ပြာတွေကို သုံးခြင်း စတာတွေကနေ ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။အသားအရေကိုပွတ်တိုက်ပြီး တဘက်ဖြင့် သုတ်ပေးခြင်းထက်စာရင် ဖွဖွလေးသာ သုတ်ပေးပါ။ချွေးထုတ်ခန်း သွားခြင်း သို့မဟုတ် ရေနွေးဖြင့် စိမ်ချိုးခြင်း နှင့် ရေပူဖြင့် ရေချိုးခြင်း စတာတွေကို ရှောင်ကြဉ်ရပါမယ်။ ရေကြက်သီးနွေးဖြင့်သာ ချိုးပေးဖို့ အကြံပေးပါတယ်။ရေချိုးပြီးတဲ့ အခါမှာလည်း အသားအရေကို အစိုဓါတ်ပြန်ဖြည့်ပေးပါ။ချောင်ချိ၍ သက်သောင့်သက်သာရှိသော ဖိနပ်ကိုသာဝတ်ဆင်ပါ။အရက်နှင့် ကဖင်းဓါတ်ပါသော အစားအသောက်များကို ရှောင်ကြဉ်ပါ။ဒီလိုအရေပြားခြောက်သွေ့ အက်ကွဲခြင်းဟာ ယားယံခြင်း၊ ပူလောင်မှု ခံစားရခြင်း စတဲ့လက္ခဏာတွေကို လမ်းလျှောက်တဲ့ အခါမှာ ခံစားရနိုင်ပြီး သက်သောင့်သက်သာ မရှိနိုင်ပါဘူး။ ဒါ့အပြင် တစ်ခါတစ်လေမှာ သွေးတောင် ထွက်တတ် ပါတယ်။ ဒါကြောင့် ကျန်းမာပြီး အပြစ်အနာအဆာကင်းတဲ့ အသားအရေကို ပိုင်ဆိုင်ရရှိဖို့ရာ အထက်ပါ လမ်းညွှန်ချက်များကို လိုက်နာသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9b%e1%80%b1%e1%80%95%e1%80%bc%e1%80%ac%e1%80%b8-%e1%80%81%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9e%e1%80%bd%e1%80%b1%e1%80%b7%e1%80%a1%e1%80%80%e1%80%ba%e1%80%80%e1%80%b2/
null
null
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/exercises-for-rv-uterus/
null
null
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/how-snacks-influence-kids-habits/
ပျိုမေတို့ မေးရမှာ ရှက်နေတတ်တဲ့ မမျိုးပွားအင်္ဂါ အကြောင်း တစေ့တစောင်း ။ ။
မမျိုးပွားအင်္ဂါ ဆိုတာ အင်မတန်မှ အလုပ်များတဲ့ စနစ်ကြီးတစ်ခုပါ။ ကိုယ့်ဆီမှာ ရှိနေတဲ့ မမျိုးပွားအင်္ဂါမှာ ဘာတွေပါလဲ၊ သူတို့က ဘာတွေလုပ်ပေးလဲ ဆိုတာကို လေဒီတို့ သိလည်းသိချင်တယ် မေးရမှာလည်း ရှက်နေတတ်ကြပါတယ်။ ဒါတွေကို ခုပြောပြပေးတော့မှာဖြစ်လို့ တိုးတိုးတိတ်တိတ် တစ်ယောက်တည်းဖတ်ကြည့်ကြနော်။ ။မမျိုးပွားအင်္ဂါမှာ အတွင်းပိုင်းနဲ့ အပြင်ပိုင်းဆိုပြီး ၂ ပိုင်းရှိပါတယ်။ အပြင်ပိုင်းက ဘာတွေလဲ။ အတွင်းပိုင်းက ဘာတွေလဲဆက်ကြည့်ရအောင်။အပြင်မှာရှိတဲ့ တစ်ခြား မျိုးပွားအင်္ဂါတွေကို ဖုံးအုပ်ထားပေးပြီး ကာကွယ်ပေးထားပါတယ်။ အပြင်ပိုင်း နှုတ်ခမ်းသားဟာ ထူနေတတ်ပြီး အဆီဂလင်းတွေ၊ ချွေးဂလင်းတွေနဲ့ သူ့ကို ဖွဲ့စည်းထားပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာ အပြင်ပိုင်း မအင်္ဂါနှုတ်ခမ်းသားကို အမွေးတွေက ဖုံးလွှမ်းသွားပါတယ်။အပြင်ပိုင်း နှုတ်ခမ်းသားထက်စာရင် သေးနေတတ်ပြီး ၂ လက်မလောက်သာ အရွယ်အစားရှိပါတယ်။ အတွင်းနှုတ်ခမ်းသားဆိုတဲ့အတိုင်း အပြင်နှုတ်ခမ်းသားအထဲမှာ သူ့ကိုတွေ့ရတတ်ပြီး အမျိုးသမီးတို့ရဲ့ Vagina (မိန်းမကိုယ် ) နဲ့ urethra (ဆီးသွားပေါက်) ကို ဖုံးထားပေးတဲ့ အရမ်းနူးညံ့တဲ့နေရာတစ်ခုပါ။မိန်းမကိုယ် အပေါက်ဝ တစ်ဘက်တစ်ချက်စီမှာ ရှိနေတတ်ပြီး အကျိအချွဲတွေကို ထုတ်ပေးတဲ့ ဂလင်းတစ်ခုဖြစ်ပါတယ်။ ပိုးဝင်တာပဲဖြစ်ဖြစ်၊ အချွဲအထုတ်များရင် ဖြစ်ဖြစ် ရောင်နေပြီး အရွယ်ကြီးနေတတ်ပါတယ်။မအင်္ဂါအတွင်းနှုတ်ခမ်းသား နှစ်ခုဆုံရာနေရာမှာ မအင်္ဂါစေ့ရှိနေပါတယ်။ သေးငယ်ပြီး အာရုံခံစားလွယ်တဲ့ အသားပိုလေးတစ်ခုဖြစ်ပြီး အမျိုးသမီးတို့အတွက် လိင်ကိစ္စခံစားမှု အထွတ်အထိပ်ရောက်အောင် စွမ်းဆောင်ပေးနိုင်တဲ့ အရာလေးပါ။မိန်းမကိုယ်ဆိုတာ ပြွန်ပုံစံရှိတဲ့ အပေါက်တစ်ခုဖြစ်ပြီးသားအိမ်ခေါင်းနဲ့ အတွင်းပိုင်း မအင်္ဂါနှုတ်ခမ်းသားကို ဆက်ထားပေးပါတယ်။ လိင်ဆက်ဆံတဲ့အခါ အမျိုးသားရဲ့ လိင်တံကို လက်ခံပေးရာနေရာဖြစ်ပြီး ကလေးမွေးရင်လည်း သူ့ကိုဖြတ်ပြီး ကလေးက ဆင်းရတာပါ။ဒါ့အပြင် မိန်းမကိုယ် စိုစွတ်နေဖို့အတွက် အချွဲတွေကိုထုတ်ပေးရတဲ့ အပြင် မိန်းမကိုယ်အတွင်းပိုင်း ပိုးဝင်တာ အဖြစ်အများဆုံးနေရာတစ်ခုပါ။ ။သားအိမ်ခေါင်းလို့ လူသိများတဲ့ Cervix လေးဟာ ကလေးမီးဖွားတဲ့အခါ ၁၀ စင်တီမီလာလောက်အထိ အပေါက်ပွင့်ပေးရပါတယ်။ သူပွင့်မှ ကလေးလည်း မွေးလမ်းကြောင်းထဲ ဆင်းနိုင်မှာပါ။ အဖြစ်အများဆုံး ကင်ဆာတွေထဲမှာ သားအိမ်ခေါင်း ကင်ဆာကလည်း တစ်ခု အပါအဝင်ဖြစ်လို့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကြိုထိုးထားဖို့ လေဒီတို့ မမေ့သင့်ပါဘူး။သားအိမ်ခေါင်းကနေ အပေါ်ကို ဆက်တက်သွားရင် သစ်တော်သီး ပုံစံ ခပ်ကျယ်ကျယ်အိမ်တစ်ခုတွေ့ရပါလိမ့်မယ်။ သူကတော့ သန္ဓေအောင်ပြီးတဲ့ မျိုးဥတို့ အခြေချရာ သားအိမ်ပါ။ မေမေတို့ ဗိုက်ထဲက ရင်သွေးတိုင်းရဲ့ အိမ်ဆိုလည်း မမှားပါဘူး။သားအိမ်ရဲ့ တစ်ဘက်တစ်ချက်စီမှာ သားဥအိမ် ဘယ်တစ်လုံး ညာတစ်လုံး ဆိုပြီး နှစ်လုံးရှိနေပါတယ်။ သေးငယ်တဲ့ ဘဲဥ ပုံစံရှိတဲ့ သားဥအိမ်လေးဟာ မဟော်မုန်းနဲ့ သားဥတွေကို ထုတ်ပေးတဲ့ နေရာတစ်ခုပါ။သားဥပြွန်ကတော့ သားဥအိမ်နဲ့ သားအိမ်နဲ့ကို ဆက်ထားပေးတဲ့ ပြွန်ပုံစံ လက်တံနှစ်ခုပါ။ သားဥအိမ်ကနေ ကြွေကျလာတဲ့ သားဥနဲ့ သုက်ပိုးကောင်လေးတို့ တွေ့ဆုံရာ နေရာဖြစ်ပြီး သန္ဓေအောင်သွားတဲ့ မျိုးဥကို သားအိမ်ထဲဆင်းအောင် ပြွန်မှာရှိတဲ့ အမွှေးမျှင်လေးတွေက ယက်ချ ပေးရပါတယ်။တစ်လတစ်ခါ သားဥကြွေလေ့ရှိပြီး သုက်ပိုးကောင်နဲ့တွေ့ရင် အဆင်သင့်ဖြစ်နေဖို့အတွက် သားအိမ်က ပြင်ဆင်ထားလေ့ရှိပါတယ်။ ကာမစပ်ယှက်ထားတာ မရှိဘူး၊ သုက်ပိုးနဲ့ သားဥလေးလည်း မတွေ့ဘူးဆိုရင် နောက်လအတွက် ပြန် အသစ်ဖြစ်အောင် သားအိမ်က သူပြင်ဆင်ထားတာတွေကို ဖြိုချရပါတယ်။ ဒီလိုနဲ့ အမျိုးသမီးတွေမှာ တစ်လတစ်ခါဓမ္မတာလာတယ်ဆိုတာ ဖြစ်လာရတာပါ ။ ။သန္ဓေအောင်သွားရင်တော့ အောင်သွားတဲ့ မျိုးဥလေးဟာ သားအိမ်မှာ ကပ်တွယ်ပြီး တဖြည်းဖြည်းကြီးထွားလာရပါတယ်။ ကလေးကြီးလာတာနဲ့ အမျှ ကလေးအတွက်လိုအပ်တဲ့ အာဟာရတွေရအောင် အချင်းဆိုတာ ပေါ်လာပြီးရေမွှာရေတွေလည်း များလာရပါတယ်။ မွေးဖွားခါနီးရင် သားအိမ်ခေါင်းလည်း တဖြည်းဖြည်းပွင့်လာရပြီးမွေးလမ်းကြောင်းကနေ ကလေးဆင်းလာရပါတယ်။ ကလေးမွေးဖွားဖို့အတွက် တင်ပဆုံခွင်လည်း ကျယ်လာရပါတယ်။ အမေရဲ့ ညှစ်အားနဲ့ ကလေးခေါင်းတွန်းအား၊ မွေးလမ်းကြောင်းချဲ့တာတွေပေါ်မူတည်ပြီး သင့်တို့ရင်သွေးလေးတွေ လူ့လောကကို ရောက်ရှိလာကြတာပါ။ ။ရေးသားသူ− Dr Thin Yadanar @ Frances။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/female-reproductive-organ/
အမျိုးသမီးတွေဘာကြောင့် မိန်းမကိုယ်မှာ မကြာခဏပိုးဝင်တာလဲ
မိန်းကလေးတိုင်း လိုလိုက မွေးရာပါ အလှကြိုက် ကြသူတွေပါ။လှပမှုဆိုတဲ့ နေရာမှာလည်း ပြီးပြည့်စုံတဲ့လှပမှု ဖြစ်ဖို့ လိုအပ်ပါမယ်။ ဒီလို ပြီးပြည့်စုံတဲ့ လှပမှုဖြစ်ဖို့ဆိုရင် ခေါင်းအစခြေအဆုံးတစ်ကိုယ်လုံးကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ ဒီလို ဂရုစိုက်တဲ့အခါမှာ မေ့မထားသင့်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခု ရှိပါသေးတယ်။ ဒါကတော့မိန်းမကိုယ်ပါ။အမျိုးသမီးတွေရဲ့ ကျန်းမာလှပမှု အတွက် အရေးပါတဲ့ နေရာကနေ ပါဝင်နေတာပါ။ မိန်းမကိုယ်မှာ ပိုးဝင်ကူးစက်တာက ကျန်းမာရေးရော လှပမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။တစ်ခါတစ်ရံမှာ မိန်းမကိုယ်ကနေအဖြူဆင်းတာ၊မိန်းမကိုယ် ယားယံတာနဲ့ ပူစပ်ပူလောင် ဖြစ်တာမျိုးတွေ ခံစားရနိုင် ပါတယ်။ ဒီလို ဖြစ်တာကမိန်းမကိုယ်ရောင်ရမ်းတာကြောင့် ခံစားရတဲ့လက္ခဏာတွေပါ။ မိန်းမကိုယ်မှာ ပိုးဝင်ကူးစက်တာက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ မိန်းမကိုယ် ဆိုင်ရာ ရောဂါတွေပါ။ ဒီလိုလက္ခဏာတွေ ခံစားရတဲ့အခါ မိန်းမကိုယ်က အနံ့ဆိုး ထွက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလို ဖြစ်တဲ့အခါ ပြီးပြည့်စုံတဲ့ လှပမှု မရနိုင်တော့ပါဘူး။ ဒီတော့ပြီးပြည့်စုံတဲ့ လှပမှုကို ပိုင်ဆိုင်ချင်တဲ့လေဒီတွေအနေနဲ့ မိန်းမကိုယ် ကျန်းမာဖို့ကိုလည်းမေ့ထားလို့ မဖြစ်ပါဘူး။ဒီတော့ မိန်းမကိုယ် ကျန်းမာအောင် ဘာလုပ်ရမလဲလို့ မေးစရာရှိလာမှာပါ။ အဓိကကတော့ မိန်းမကိုယ် ပိုးဝင်ကူးစက်တာမျိုး မဖြစ်အောင် ကာကွယ်ဖို့ပါ။ ကာကွယ်ဖို့ဆိုရင် အရင်ဆုံး သိထားဖို့လိုမှာက ရောဂါဖြစ်စေနိုင်တဲ့ အနေအထားတွေနဲ့ အကြောင်းအရင်းတွေ ကိုပါ။ ဒီတော့ မိန်းမကိုယ် အနံ့ဆိုး ဖြစ်စေတဲ့အကြောင်းအရင်းဖြစ်တဲ့ ပိုးဝင်ကူးစက်မှု အကြောင်းလေးတွေကို ဖော်ပြပေးပါရစေနော်။မိန်းမကိုယ်မှာအကျိုးပြုဘက်တီးရီးယားတွေရော အကျိုးမပြု ဘက်တီးရီးယားတွေရော ရှိနေတတ် ပါတယ်။ အကျိုးပြု ဘက်တီးရီးယား အရေအတွက် များနေတဲ့အခါ သိပ်ပြဿနာ မရှိလှပေမယ့် အကျိုးမပြု ဘက်တီးရီးယား အရေအတွက် များလာတဲ့အခါမှာတော့ မိန်းမကိုယ်မှာ ပိုးဝင်ကူးစက်တာတွေ ခံစားရနိုင်ပါတယ်။ ဒီအခြေအနေတွေကြောင့် မိန်းမကိုယ်မှာ ဘက်တီးရီးယားတွေ ဖြစ်ပေါ်ကူးစက် ခံရနိုင်ပါတယ်။သင့်အနေနဲ့ ဒီ အချက်လေးတွေကို သတိထား ဆင်ခြင်မယ် ဆိုရင်တော့ မိန်းမကိုယ် ခဏခဏ ပိုးဝင်ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာပါ။ ဒါကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပြီး ပြီးပြည့်စုံတဲ့လှပမှုကို ပိုင်ဆိုင်တဲ့ လေဒီလေးအဖြစ်နဲ့နေ့ရက်တိုင်းကို ယုံကြည်မှု ရှိရှိ ဖြတ်သန်းလိုက်ပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/vaginitis/why-women-get-frequent-vaginal-infections/
Anaphylaxis (ပြင်းထန်သောဓါတ်မတည့်မှု)
Anaphylaxis (ပြင်းထန်သောဓါတ်မတည့်မှု) အကြောင်းလေး လေ့လာလိုက်ရအောင်နော်။Anaphylaxis (ပြင်းထန်သောဓါတ်မတည့်မှု) ဆိုတာ ဓါတ်မတည့်မှု တစ်မျိုးဖြစ်ပြီး အသက်အန္တရာယ်ပင်ထိခိုက်နိုင်ပါတယ်။ သင်နဲ့ဓါတ်မတည့်သောအရာ ဥပမာ- မြေပဲ၊ ပျားအဆိပ် တို့ကို မိနစ်ပိုင်း သို့ စက္ကန့်ပိုင်းလောက်ထိမိရုံနဲ့တင် ဓါတ်မတည့်မှုဖြစ်နိုင်တယ်။ပြင်းထန်သောဓါတ်မတည့်မှု ရှိသူတွေဟာ နောက်ထပ်နောက်ထပ် တုံ့ပြန်မှုတွေရနိုင်ခြေများပါတယ်။ ပထမတုံ့ပြန်မှုက အားနည်းသည်ဆိုစေကာမူ နောက်ထပ်တုံ့ပြန်မှုတွေက ပိုပြီးပြင်းထန်လာနိုင်ပါတယ်။ ပြင်းထန်ဓါတ်မတည့်ခြင်းရပါက ချက်ခြင်းအရေးပေါ်ဌာနသို့သွားသင့်ပြီး ပြင်းထန်ဓါတ်မတည့်ခြင်းဟာ မကုသပါက အသက်ရှူရပ်ကာ နှလုံးရပ်သည်ထိဖြစ်နိုင်ပါတယ်။ပြင်းထန်ဓါတ်မတည့်မှုကိုနားလည်ထားပြီး ထိုသို့ဓါတ်မတည့်ခြင်းကို ဖြစ်စေနိုင်တဲ့ အရာတွေကိုသိထားခြင်းက သင့်အခြေအနေကို ဘယ်လိုထိန်းသိမ်းရမလဲသိအောင် ကူညီပေးနိုင်ပါလိမ့်မယ်။အလွန်ကိုဖြစ်တတ်ပြီး အရွယ်မရွေးဖြစ်နိုင်တယ်။ ဓါတ်မတည့်ခြင်းဖြစ်စေသော အခြေအနေများကိုရှောင်ခြင်းဖြင့် ထိန်းချုပ်နိုင်ပါလိမ့်မယ်။ အသေးစိတ်အချက်တွေအတွက်တော့ ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။ဖော်ပြသောလက္ခဏာတွေအပြင် နောက်ထပ်ရှိနိုင်သေးတာကြောင့် ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။တကယ်လို့အထက်ပါဖော်ပြထားတဲ့ လက္ခဏာတွေကြုံရတယ်၊ ဒါမှမဟုတ် သိလိုသည်များရှိတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးဖြစ်ဖို့အတွက် ဆရာဝန်နဲ့တိုင်ပင်တာ သင့်လျော်ပါလိမ့်မယ်။ပဋိပစ္စည်းဆိုတာ သင့်ခန္ဓါကိုယ်ကို ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်တို့လို ပြင်ပအရာတွေဆီမှ ကာကွယ်ပေးတဲ့အကာအကွယ်တွေဖြစ်တယ်။ ဒါပေမယ့် တချို့လူတွေရဲ့ကိုယ်ခံအားစနစ်က တချို့အရာတွေကိုလိုတာထက်ပိုပြီး ပြင်းပြင်းထန်ထန်တုံ့ပြန်ရာမှဓါတ်မတည့်ခြင်းတွေဖြစ်လာရတယ် (မြေပဲ၊ ပျားတုပ်ရာမှအဆိပ်)။ ပုံမှန်အားဖြင့်တော့ ဓါတ်မတည့်ခြင်း တုံ့ပြန်မှုတွေက အသက်အန္တရာယ်မထိခိုက်တတ်ပါဘူး။ ဒါပေမယ့် ပြင်းထန်တဲ့ ဓါတ်မတည့်မှုရှိတဲ့လူတွေကတော့ Anaphylaxis (ပြင်းထန်သောဓါတ်မတည့်မှု) တွေဖြစ်သွားနိုင်ပါတယ်။ ထိုသို့ ပြင်းထန်တဲ့ဓါတ်မတည့်ခြင်းတွေဖြစ်ပေါ်နေချိန်မှာ သင့်ခန္ဓါကိုယ်မှာ ကယ်မီကမ်ပစ္စည်းအများအပြား ထွက်လာပြီး ရှော့ရခြင်း၊ သွေးပေါင်ရုတ်တရတ်ကျခြင်း၊ အသက်ရှူလမ်းကြောင်းကျဉ်းခြင်း၊ ပုံမှန်အသက်ရှူခြင်းကိုပိတ်ဆိုးခြင်းတို့ကို ဖြစ်စေပါလိမ့်မယ်။ပြင်းထန်ဓါတ်မတည့်မှုဖြစ်စေနိုင်တာတွေက-။တခြားအဖြစ်နည်းတဲ့အကြောင်းတွေကတော့-။လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ပြင်းထန်ဓါတ်မတည့်ခြင်းတွေက အဖြစ်နည်းသလို တစ်ယောက်နဲ့တစ်ယောက်လည်းမတူပါဘူး။ လူတချို့မှာ ဖွဖွပြေးခြင်းလိုမျိုး အေရိုးဗစ်လေ့ကျင့်ခန်းတွေက ထိုသို့ပြင်းထန်ဓါတ်မတည့်မှုမျိုးဖြစ်စေတတ်ပေမယ့် တချို့မှာကျ လမ်းလျှောက်ခြင်းလို သိပ်မပြင်းတဲ့လေ့ကျင့်ခန်းမျိုးကတောင် ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင် တစ်ခုခုစားခြင်း သို့ ပူလွန်း၊ အေးလွန်း၊ စိုထိုင်းလွန်းသော ရာသီဥတုတွင် လေ့ကျင့်ခန်းလုပ်မှုတွေကြောင့်ဖြစ်တတ်တယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်တဲ့အခါ မည်သည်တို့ကိုသတိထားသင့်တယ်ဆိုတာ သင့်ဆရာဝန်နဲ့တိုင်ပင်ပါ။ဘာကြောင့်ပြင်းထန်ဓါတ်မတည့်ရသည်မသိရင်တော့ အကြောင်းသိရဖို့အတွက် ဆရာဝန်မှစစ်ဆေးမှုတွေလုပ်ပါလိမ့်မယ်။ တခါတလေအကြောင်းမသိတာတွေလည်းဖြစ်နိုင်တယ်။ အကြောင်းမဲ့ပြင်းထန်ဓါတ်မတည့်ခြင်းလို့ခေါ်ကြတယ်။ဓါတ်မတည့်ခြင်းများ ရင်ကြပ်ခြင်းများရှိပါကလည်း ပြင်းထန်ဓါတ်မတည့်ခြင်းဖြစ်နိုင်ချေများပါတယ်။ဒီအချက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေအတွက် အစားထိုးမဟုတ်တာကြောင့် အမြဲတမ်း ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့မမေ့ပါနဲ့။ဆရာဝန်ကခံစားရတဲ့ ဓါတ်မတည့်ခြင်းရဲ့လက္ခဏာတွေ၊ အရင်ကခံစားခဲ့ဖူးတဲ့ ဓါတ်မတည့်ခြင်းတွေအကြောင်းမေးမြန်းပါလိမ့်မယ်။ အရေပြားစစ်ဆေးမှုတွေ၊ သွေးစစ်ဆေးမှုတွေလည်း လုပ်ပါလိမ့်မယ်။သင့်လက္ခဏာတွေဖြစ်စေနိုင်တဲ့ တခြားအချက်တွေလည်း ထည့်သွင်းစဉ်းစားပါလိမ့်မယ်။နှလုံး၊ အဆုတ်ဆိုင်ရာပြဿနာများ။ပြင်းထန်ဓါတ်မတည့်ခြင်း မှာ အသက်ရှူရပ်ခြင်း သို့ နှလုံးခုန်ရပ်သွားပါက အရေးပေါ်ကုသသူများမှ CPR နည်း (အရေးပေါ်အသက်ကယ်နည်း)လုပ်ဖို့လိုပါလိမ့်မယ်။ ကုသမှုတွေကတော့-။သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရအောင် ဆရာဝန်နဲ့တိုင်ပင်ပါ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/other-allergies/anaphylaxis/
Bursitis (အရိုးအဆစ်ရှိ အရည်အိတ်ရောင်ခြင်း)
အရည်အိတ်ရောင်ခြင်း ဆိုသည်မှာ ချောဆီဟု ခေါ် သော အရည်များဖြည့်ထားသော အိတ်များ ရောင်ခြင်း၊ နီရဲ ခြင်းကို ခေါ်ပါသည်။ ချောဆီသည် ပုခုံး၊ တံတောင်ဆစ်၊ တင်ပါးဆုံ၊ ဒူးခေါင်းနှင့် ခြေထောက် ဝန်းကျင်တွင် အများအား ဖြင့် ရှိပါသည်။ ချောဆီသည် အရိုးနှင့် ကြွက် သား၊ အရွတ်၊ အရေပြားစသော ဝန်းကျင်ရှိ အင်္ဂါများကြား တွင် ကြားခံအဖြစ် ဆောင်ရွက်ပေးကာ တစ်ခုနှင့် တစ်ခု လွယ်ကူစွာ လှုပ်ရှားနိုင်စေပါသည်။ အရည်အိတ်ရောင်ခြင်း သည် အရိုးအဆစ်များ မကြာခဏလှုပ်ရှားသောကြောင့် ဖြစ်ပွားပါသည်။ ဖြစ်စေသော အကြောင်းရင်းကို မရပ်တန့် နိုင်ပါက ရောဂါသည် ကုသမှုအပြီး ပြန်ဖြစ်နိုင်ပါသည်။လူတိုင်းသည် အရည်အိတ်ရောင်ခြင်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း အသက်ကြီးသူများတွင် ပို၍ ဖြစ်နိုင်ပါ သည်။ အထူးသဖြင့် ပန်းချီဆရာ၊ ဥယျာဉ်မှူး၊ တေးဂီတ ပညာရှင် စသော အလုပ်တစ်ခုကို အကြိမ်များစွာ ထပ်လုပ် ရသော သူများတွင် ပို၍ ဖြစ်နိုင်ပါသည်။အရည်အိတ်ရောင်ခြင်း ၏ ရောဂါလက္ခဏာများသည် ရိုးရှင်းပြီး သတိပြုရ လွယ်ပါသည်။ အောက်ပါတို့ ပါဝင် ပါသည်။အရည်အိတ်ရောင်ခြင်းသည် ပြင်းထန်သော ရောဂါ တစ်ခု မဟုတ်ပါ။ သို့သော် ကောင်းစွာ မကုသပါက ဆိုးရွား လာနိုင်ပါသည်။ အောက်ပါတို့ ဖြစ်ပွားပါက ဆရာဝန်နှင့် ချက်ချင်း ဆက်သွယ်ပါ။အရိုးအဆစ်များတွင် ပြင်းထန်စွာ တိုက်ရိုက် ဒဏ်ရာ ရခြင်းသည် အရည်အိတ်ရောင်ခြင်းကို ဖြစ်စေသော အကြောင်းရင်းတစ်ခုဖြစ်သည်။ အဆစ်ဒဏ်ရာရခြင်းသည် အားကစား လုပ်ရာတွင် လေးလံသော ပစ္စည်းများ မရာ တွင် သို့မဟုတ် ခြေလက်များ ပို၍အသုံးပြုရသော အလုပ် များ( ကြမ်းတိုက်ခြင်း ကဲ့သို့) တွင် ဖြစ်နိုင်ပါသည်။ လေးဖက်နာရောဂါ၊ ဒူလာရောဂါ၊ သိုင်းရွိုက်ရောဂါ နှင့် ဆီးချိုသွေးချို စသော ရောဂါများသည်လည်း အရည်အိတ် ရောင်ခြင်းကို ဖြစ်စေပါသည်။အောက်ပါအချက်တို့ရှိပါက အရည်အိတ်ရောင်ခြင်း ပို၍ ဖြစ်နိုင်ပါသည်။အန္တရာယ်ရှိသောအချက်များမရှိခြင်းသည် ရောဂါမရနိုင် ဟု မဆိုလိုပါ။ ဤအချက်များသည် ကိုးကားချက်သာလျှင် ဖြစ်ပါသည်။ ပိုမိုသော အချက်အလက်များ ရရှိရန် အထူးကု ပါရဂူ နှင့် တိုင်ပင်ဆွေးနွေး သင့်ပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် ဆေးမှတ်တမ်း နှင့် စစ်ဆေးမှုအပေါ် မူ တည်၍ အရည်အိတ်ရောင်ခြင်းကို အတည်ပြုနိုင်ပါသည်။ ဆရာဝန်သည် အောက်ပါ ရောဂါအဖြေရှာခြင်း နည်းလမ်း များကို အသုံးပြုနိုင်ပါသည်။အရည်အိတ်ရောင်ခြင်း၏ ကုသမှု အချို့မှာ။ရောဂါသည် ကုသအပြီး ၆-၁၂ပတ်ကြာသည်အထိ မပျောက်ပါက ထိခိုက်မှုများကို ပြုပြင်ရန် နှင့် ချောဆီအိတ် တွင် ဖိအားနည်းစေရန် ခွဲစိတ်ကုသခြင်းကို ပြုလုပ်နိုင် သည်။ရုပ်ပိုင်းဆိုင်ရာကုထုံးဆရာဝန်၊ အလုပ်အကိုင်ပိုင်း ဆိုင်ရာ ကုထုံးဆရာဝန် နှင့် အားကစားနည်းပြ များသည် အရေအိတ်ရောင်ခြင်းကို ထိခိုက်မှုနည်းစေပြီး ပုံမှန် လုပ်ငန်း ဆောင်တာများကို ပြန်လည်လုပ်ကိုင်နိုင်စေရန် ကူညီပေးနိုင်ပါသည်။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် အရည်အိတ်ရောင်ခြင်း ကို ထိန်းချုပ်နိုင် ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/bursitis-%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%a1%e1%80%86%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%ad-%e1%80%a1%e1%80%9b%e1%80%8a%e1%80%ba%e1%80%a1%e1%80%ad%e1%80%90%e1%80%ba-2/
အာရုံကြောအားနည်းခြင်းမဖြစ်အောင် ကာကွယ်နိုင်မယ့်သဘာဝနည်းလမ်း ၉ ခု
အခု တစ်ခေါက်မှာတော့ အာရုံကြောအားနည်းခြင်းမဖြစ်အောင် ကာကွယ်နိုင်မယ့်သဘာဝနည်းလမ်း တွေအကြောင်း ပြောပြပေးချင်ပါတယ်။လူ့ခန္ဓါကိုယ်မှာအာရုံကြောစနစ်က အရေးကြီးဆုံးနဲ့ အရှုပ်ထွေးဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။ ခန္ဓါကိုယ်ရဲ့ အတွင်းပိုင်းနဲ့ အပြင်ပိုင်းစေ့ဆော်မှုတွေကို တုံ့ပြန်ပြီး အမျိုးမျိုးသောစိတ်ခံစားမှုတွေနဲ့ လုပ်ဆောင်ချက်တွေဖြစ်လာစေဖို့ အာရုံကြောစနစ်ရဲ့တာဝန်ဖြစ်ပါတယ်။အသက်ရှူခြင်းကအစ ခန္ဓါကိုယ်လှုပ်ရှားမှုတွေ၊ အစာချေဖျက်မှု၊စိတ်ခံစားချက်တုံ့ပြန်မှုတွေအထိ ထိန်းချုပ်ပေးတဲ့ လုပ်ဆောင်ချက်လည်းရှိပါတယ်။ ဒါ့ကြောင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝအတွက် အာရုံကြောစနစ်အားကောင်းနေဖို့ အရေးကြီးပါတယ်။အာရုံကြောအားနည်းခြင်းမဖြစ်အောင် ကာကွယ်နိုင်မယ့်သဘာဝနည်းလမ်း တွေကတော့ –။(၁) အကျိုးပြုအစာအာဟာရတွေကို စားပါ။အာရုံကြောစနစ်က ဗီတာမင်နဲ့သတ္ထုဓါတ်အပါအဝင် အကျိုးပြုအစာအာဟာရတွေလိုအပ်ပါတယ်။(၂) Omega-3 Fatty Acids အိုမီဂါ ၃ အဆီအက်ဆစ်။Omega-3 fatty acids ဟာ အာရုံကြောစနစ်ရဲ့ဖွံ့ဖြိုးမှုနဲ့ လုပ်ဆောင်ချက်အတွက် အရေးပါပါတယ်။ Omega-3 fatty acids ကို လွယ်လွယ်နဲ့ ရရှိနိုင်မယ့်နည်းလမ်းနှစ်ခုရှိပါတယ် –။(၃) အာရုံကြောမကြီးကတဆင့် အာဟာရထောက်ပံ့ပေးခြင်း။ဦးနှောက်၊အာရုံကြောနဲ့ကျောရိုးမကြီး တို့ကို မိုင်ယာလင်(myelin) လို့ခေါ်တဲ့ အဆီအလွှာနဲ့ဖုံးအုပ်ထားပါတယ်။ ဒါ့ကြောင့် မိုင်ယာလင်ချို့ယွင်း ပျက်စီးရင် အာရုံကြောလုပ်ဆောင်ချက်ချို့ယွင်းမှုခံစားရနိုင်ပြီးကြွက်သားအားနည်းခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊နာတာရှည်နာကျင်ကိုက်ခဲမှုဝေဒနာတွေ ဖြစ်စေနိုင်ပါတယ်။ အာရုံကြောမကြီးကတဆင့် အာရုံကြောစနစ်ကို အာဟာရထောက်ပံ့နိုင်ဖို့ အကျိုးပြုအဆီဓါတ်တွေ၊ ဗီတာမင် D နဲ့ ဗီတာမင် B 12 တို့ကိုလုံလောက်တဲ့ ပမာဏအထိရှိဖို့ လိုအပ်ပါတယ်။ ဒီဓါတ်တွေအားလုံးက အာရုံကြောစနစ် ကျန်းမာရေးအတွက် အာရုံကြောမိုင်ယာလင်အလွှာကို ထိန်းသိမ်းနိုင်ဖို့မရှိမဖြစ်လိုအပ်တဲ့အရာတွေ ဖြစ်ပါတယ်။(၄) အသက် ဝဝရှူပါ။အသက်ဝအောင် ရှူရှိုက်ခြင်းက လွယ်ကူပေမယ့် စိတ်ဖိစီးမှုကိုလျော့ကျစေပြီး ပြေလျော့စေတဲ့အတွက် အာရုံကြောအားနည်းခြင်းအတွက် ထိရောက်တဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။(၅) ခြေဗလာနဲ့ လမ်းလျှောက်ကြည့်ပါ။မြက်ခင်းပြင်ပေါ်မှာ၊ သဲသောင်ပြင်မှာ စတဲ့ သဘာဝပတ်ဝန်းကျင်တွေမှာ ခြေဗလာနဲ့လမ်းလျှောက်ခြင်းက အာရုံကြောစနစ်အတွက် ကောင်းပါတယ်။ တစ်နေ့ကို နာရီဝက်လောက် ခြေဗလာနဲ့လမ်းလျှောက်ပေးရင် စိတ်လန်းဆန်းစေပြီး အာရုံကြောအတွက်ကောင်းပါတယ်။၂၀၁၂ ခုနှစ်က သုတေသနတစ်ခုအရ ခြေဗလာနဲ့လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက နှလုံးခုန်နှုန်း အပြောင်းအလဲများခြင်း၊ရောင်ရမ်းခြင်း၊သွေးပျစ်ခြင်းတို့မှာရလဒ်ကောင်းစေပြီး အိပ်ပျော်စေ၊စိတ်ဖိစီးမှုလျော့ကျစေပြီးအာရုံကြောစနစ်ကိုအလိုအလျောက်ထိန်းညှိနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။(၆) ယောဂနှင့်တရားထိုင်ခြင်း။အာရုံကြောစနစ်အတွက် သဘာဝနည်းလမ်းအဖြစ် ယောဂနဲ့ တရားထိုင်ခြင်းကိုလည်း အိမ်မှာလုပ်လို့ရပါတယ်။ ယောဂမှာ ကိုယ်နေဟန်ထားလေ့ကျင့်မှု၊ တရားထိုင်ခြင်းနဲ့ အသက်ရှူလေ့ကျင့်ခန်းဆိုတဲ့ အပိုင်းသုံးပိုင်းရှိပြီး ပင်မအာရုံကြောစနစ်ကို ကောင်းမွန်စေဖို့အထောက်အကူပေးပါတယ်။ ယောဂလေ့ကျင့်ခန်းက ကိုယ်ခံအားစနစ်ကိုအကူအညီပေးပြီး cortisol ပမာဏကိုလျော့နည်းစေတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။(၇) နေရောင်ခြည်ခံယူခြင်း။ဒါဟာ အိမ်မှာနေရင်းလုပ်ဆောင်ကြည့်လို့ရတဲ့ အလွယ်ဆုံးနည်းတစ်ခုဖြစ်ပါတယ်။ နေရောင်ခြည်ဟာ ခန္ဓါကိုယ်ရဲ့ အလုံးစုံကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် D အဓိကအရင်းအမြစ်ဖြစ်ပြီး အာရုံကြောစနစ် လုပ်ဆောင်ချက်တွေမှာအရေးပါပါတယ်။(၈) စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။စိတ်ဖိစီးမှုဟာ အာရုံကြောစနစ်ယိုယွင်းလာစေတဲ့ အကြောင်းရင်းတွေထဲအပါအဝင်ဖြစ်ပါတယ်။ ဒါ့ကြောင့် အာရုံကြောစနစ်ကောင်းမွန်ရေးအတွက် သင့်ရဲ့စိတ်ဖိစီးမှုတွေကို ကြိုးစားဖြေလျှော့သင့်ပါတယ်။ အောက်ပါနည်းလမ်းတွေကို လုပ်ဆောင်ကြည့်နိုင်ပါတယ်။(၉) ရေကုထုံး။အပူချိန်အမျိုးမျိုးနဲ့ထားရှိထားတဲ့ရေတွေဟာ အာရုံကြောစနစ်ကိုထိန်းညှိရာမှာ အကျိုးပြုတယ်လို့ လေ့လာမှု တချို့က ဖော်ပြကြပါတယ်။ ကုသနည်းတချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/ways-on-how-to-strengthen-nervous-system-health-naturally/
null
null
health
health
https://hellosayarwon.com/health/general-health-knowledge/health-impacts-after-earthquake/
ဆံပင်ပြန်လည်ပေါက်ရာတွင် ဘာတွေဖြစ်ပါသလဲ။
လူတိုင်းဆံပင်ပြန်ပေါက်ရာတွင် မတူကြသည်ကိုသိထားပြီးဖြစ်ကြပါလိမ့်မည်။ ဆံပင်ပြန်ပေါက်ခြင်းအဆင့်ဆင့်သည် ပြီးပြည့်စုံရန် ပျမ်းမျှအားဖြင့် ၄လမှ၆လခန့် ကြာမြင့်ပါသည်။ ထို့ကြောင့် စိတ်ရှည်ရန် အရေးကြီးပါသည်။ ထိုအချိန်တွင် နူးညံ့သိမ်မွေ့သောပြောင်းလဲမှုများကိုသတိပြုမိပါလိမ့်မည်။ဤဆောင်းပါးတွင် သင်သိလိုသောဆံပင်ပြန်ပေါက်ပုံအဆင့်ဆင့်ကိုဖေါ်ပြထားပါသည်။အကယ်၍ သင်သည် ဆံပင်ကျွတ်ခြင်းကိုခံစားနေရပါကဤအရာသည် ပုံမှန်သဘောသာဖြစ်၍ ဆံပင်၏ ပုံမှန်ကြီးထွားပုံသံသရာတွင် ပါဝင်သောအရာသာဖြစ်ပါသည်။ ဆံပင်သည် အဆင့်ဆင့်ပြန်ပေါက်ခြင်းဖြစ်ပြီးရှည်စွာပေါက်လာပြီးနောက် တဖန်ပြန်ကျွတ်ပြန်ပါသည် ထိုနောက် မပြောင်းလဲသောကာလတခုရှိပါသည်။ ဆံပင်ကြီးထွားခြင်းတွင် အနာဂင်(anagen)၊ ကတာဂင်(catagen)နှင့် တီလိုဂင်(telogen)ဟူသောအဆင့် ၃ဆင့်ရှိပါသည်။ဆံပင်ကြီးထွားလာပုံကိုနားလည်လာအောင် အထက်ပါအဆင့်၃ဆင့် ဖြစ်ပျက်ပုံကိုစမ်းစစ်ကြည့်ပါစို့။(၁)အနာဂင်အဆင့်။အနာဂင်အဆင့်သည် ဆံပင်၏ ပွားများတက်ကြွသောအဆင့်ဖြစ်ပါသည်။ ဆံပင်အမြစ်ရှိ ကလပ်စည်းများသည် လျှင်မြန်စွာပွားများလျက် ရှိပါသည်။ ဆံပင်အသစ်သည် မပွားတော့သည့် သို့မဟုတ် အနာဂင်အဆင့်တွင် မရှိတော့သည့် ဆံပင်စုကိုအပေါ်သို့တွန်းထိုး၍ အပြင်သို့ ထွက်လာပါသည်။ ဤအဆင့်တွင် ဆံပင်သည် ၂၈ရက်တွင် ၁စင်တီမီတာခန့် ရှည်လာပါသည်။ ဦးရေရှိ ဆံပင်သည် ဤပွားများသောအဆင့်တွင် ၂နှစ်မှ ၆နှစ်ထိနေလေ့ရှိပါသည်။လူတချို့တွင် ဤကလပ်စည်းပွားများသောအဆင့်သည် တိုတောင်း၍ ဆံပင်သည် အတိုင်းအတာတခုထိရှည်ပြီးနောက် ဆက်မရှည်ဘဲရပ်နေတတ်ပါသည်။ တနည်းဆိုရသော် ဆံပင်ရှည်သူများတွင် ပွားများသောအဆင့် ရှည်ပါသည်။ လက်၊ ခြေထောက်၊ မျက်ခုံးမွေး နှင့် မျက်တောင်များတွင် ရက်၃၀မှ ၄၅ရက်ခန့်ရှိသည့် အလွန်တိုတောင်းသောပွားများသောအဆင့် ရှိပါသည်။ဤအချက်ကြောင့်ပင် ထိုခြေ၊ လက်၊ မျက်ခုံး၊မျက်တောင်ရှိအမွှေးများသည် ဦးခေါင်းရှိဆံပင်များထင် တိုနေရခြင်းဖြစ်ပါသည်။(၂) ကတာဂင်အဆင့်။ကတာဂင်အဆင့်သည် အကူးအပြောင်း ကြားကာလတခုဖြစ်ပြီးမည်သည့်အချိန်မှာမဆိုဆံပင်၏ ၃ရာခိုင်နှုန်းသည် ဤအဆင့်တွင်ရှိပါသည်။ဤကြားကာလသည် ပွားများခြင်း၏အဆုံးဇြစ်ပြီးအနာဂင်အဆင့်တွင် ကြီးထွားလာသောဆံပင်များ ကျွတ်ရန်ပြင်ဆင်နေချိန်ဖြစ်ပါသည်။(၃) တီလိုဂင်အဆင့်။နောက်ဆုံးတွင် ဆံပင်သည် ကြီးထွားမှု ရပ်နားသောအဆင့်သို့ ရောက်လာပါသည်။ များသောအားဖြင့် ဆံပင်အားလုံး၏ ၆ မှ ၈ ရာခိုင်နှုန်းသည် ဤအဆင့်တွင် ရှိပါသည်။ တီလိုဂင်အဆင့်သည် ဦးခေါင်းပေါ်မှ ဆံပင်များအတွက်ရက်ပေါင်း၁၀၀ခန့် ကြာပြီးမျက်ခုံးမျက်တောင် ခြေ နှင့်လက်များတွင်ရှိအမွှေးများအတွက်မူပိုမိုရှည်ကြာပါသည်။ ဤအဆင့်တွင် တီလိုဂင်ဆံပင်များ သင်သည် ဆံပင်တချောင်းကို ဆွဲနှုတ်ကြည့်ပါက အရင်း၌ ခြောက်သွေ့၍ မာနေသော အဖြူရောင်အခဲကို သတိပြုမိပါလိမ့်မည်။ ပုံမှန်အားဖြင့် နေ့စဉ် ၂၅ မှ ၁၀၀ တီလိုဂင်ဆံပင်များ ကျွတ်လေ့ရှိပါသည်။ ဤငြိမ်နေသောအဆင့်သည် ၂လမှ၃လခန့်ကြာပြီး နောက်ပွားများသောအဆင့်ဖြစ်သည့် အနာဂင်သို့ ပြန်ရောက်ရှိပါသည်။သန်စွမ်းသောဆံပင်သည် ပွားများသောအနာဂင်ဆံပင်နှင့် ကျွတ်သောတီလိုဂင်ဆံပင်များအချိုးညီမျှတနေရသည်မှာ သဘာဝဖြစ်ပါသည်။ ဤပွားများခြင်းစက်ဝိုင်း မမှန်ကန်ပါကဆံပင်များသည် တီလိုဂင်အဆင့်သို့ လျှင်မြန်စွာရောက်ရှိပြီး ပြန်ပေါက်သည်ထက် ကျွတ်သည်ကများမည်ဖြစ်ပါသည်။ ဤအဆင့်များကိုသိရှိနားလည်ခြင်းဖြင့် သင်၏ဆံပင်ကိုကောင်းမွန်စွာဂရုစိုက်တတ်သည့်အပြင် ဆံပင်နှင့်ပတ်သက်၍ ဖြစ်ပေါ်နိုင်သောပြသနာများကိုလည်းနားလည်သိရှိနိုင်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%86%e1%80%b6%e1%80%95%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%94%e1%80%ba%e1%80%9c%e1%80%8a%e1%80%ba%e1%80%95%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%9b%e1%80%ac%e1%80%90%e1%80%bd%e1%80%84/
အမျိုးသမီးများတွင် လိင်စိတ်ဆန္ဒ ပြန်ရအောင် ဘယ်လိုလုပ်မလဲ
အမျိုးသမီးများမှာရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကြောင့် လိင်စိတ်ဆန္ဒဟာ အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲလာတတ်ပါတယ်။ တကယ်လို့ သင်က လိင်စိတ်ဆန္ဒ လျော့နည်းလာတာကို သတိထားမိရင် အဲဒီ အခြေအနေကို ပြောင်းလဲဖို့ လုပ်ဆောင်နိုင်တာတွေ ရှိပါတယ်။ သင့်မှာ သာယာကျေနပ်ဖွယ် လိင်မှုကိစ္စ ရှိရင် ပိုပြီး နေပျော်လာနိုင်တာကြောင့် လိင်စိတ်ဆန္ဒ ပျောက်ဆုံးနေတဲ့ အမျိုးသမီးများတွင် လိင်စိတ်ဆန္ဒ ပြန်ရအောင် ဘယ်လိုလုပ်မလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။လိင်ဆက်ဆံလိုစိတ်ရှိခြင်းဆိုတာ လူတစ်ယောက်ရဲ့ ကျန်းမာခြင်း မကျန်းမာခြင်းကို ထင်ဟပ်နေပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး လိင်နဲ့ဆိုင်တဲ့ပြဿနာကတော့ လိင်စိတ်ကျဆင်းခြင်း (သို့) လိင်ဆက်ဆံလိုစိတ် မရှိခြင်းဖြစ်ပါတယ်။ဥပမာသွေးဆုံးကိုင်တဲ့အခါ သင့်ကိုယ်ထဲက အီစထရိုဂျင် (Estrogen)နဲ့ ပရိုဂျက်စတိုဂျင် (Progesterone) ဟော်မုန်းတွေကို ကျစေတဲ့အတွက် သင့်လိင်စိတ်ကို ကျဆင်းစေနိုင်တယ်။ သင့်ကိုယ်ထဲရှိ ဟော်မုန်းတွေ လျော့နည်းသွားသောအခါ သင့်မိန်းမကိုယ် ခြောက်သွေ့ပြီး လိင်ဆက်ဆံလိုစိတ်မရှိ ဖြစ်တတ်ပါတယ်။ ဒါ့ပြင် တချို့သော ရိုးရာယုံကြည်မှုတွေအရ သွေးဆုံးတာဟာ လိင်ကိစ္စရဲ့ နောက်ဆုံး အခြေအနေလို့ ယူဆကြတယ်။သင့်ကျန်းမာရေး၊ သွေးဆုံးကိုင်ခြင်း၊ အသက်အရွယ်၊ ခန္ဓာကိုယ်ပြောင်းလဲခြင်းတို့က လိင်စိတ်ကို ကျဆင်းစေတယ်ဆိုပေမယ့် လုံးဝရပ်တန့်စေမှာတော့ မဟုတ်ပါဘူး။ သင့်ရဲ့ လိင်စိတ်ဆန္ဒကိုပြန်လည် ရရှိအောင် လွယ်ကူရိုးရှင်းတဲ့နည်းတွေသုံးနိုင်ပါတယ်။အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒပြန်ရအောင် လုပ်ပေးနိုင်တဲ့အချက်တွေများစွာရှိပါတယ်။ အရင်ဆုံးတော့ ကိုယ်လိင်စိတ်နည်းနေရတာက တကယ်ကို စိတ်မပါတာလား ဒါမှမဟုတ် ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေ တစ်ရပ်ရပ်က တားဆီးနေတာလားဆိုတာကို သိဖို့ လိုပါတယ်။ဥပမာ ကိုယ်က စိတ်ရှိပေမယ့် ခါးနာနေလို့ ဒါမှမဟုတ် အတူနေတိုင်းမှာ မိန်းမကိုယ်က နာနေလို့ လိင်ဆက်ဆံဖို့ စိတ်မပါတော့တာဆိုရင် ဒီကျန်းမာရေးပြဿနာကို ဖြေရှင်းလိုက်တာနဲ့ ပြေလည်သွားမှာပါ။ ဒီလိုမဟုတ်ဘဲ စိတ်ကို မရှိတာဆိုရင်တော့ အောက်က နည်းလမ်းတွေကို အသုံးပြုကြည့်ပါ။သင့်မိန်းမကိုယ် ခြောက်သွေ့တာအတွက် ချောဆီအသုံးပြု ပြီးလိင်ဆက်ဆံလို့ ရပါတယ်။ ဒါ့ပြင် ချောဆီအသုံးပြုခြင်းက သင်လိင်ဆက်ဆံရာမှာ ပိုပြီး သက်သောင့်သက်သာ ဖြစ်စေဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။လိင်စိတ်နည်းနေတဲ့ အမျိုးသမီးတွေအတွက် တန်းပြီး လိင်ဆက်ဆံလိုက်တာထက် နူးနပ်ဖို့က အခရာပါ။Foreplayအတွက် အချိန်ပိုယူတာ၊ သူနှစ်သက်တဲ့ အနေအထားနဲ့ လှုံ့ဆော်ပေးတာက လိင်စိတ်ကို ပြန်လည်တက်ကြွစေမှာပါ။လေ့ကျင့်ခန်း လုပ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းမျှခြေကို ထိန်းပေးလို့ လိင်စိတ်ဖြစ်စေတဲ့ ဟော်မုန်းတွေ ပြန်ငြိမ်လာပါလိမ့်မယ်။ ဘောနပ်စ်အနေနဲ့ လေ့ကျင့်ခန်း လုပ်တာက ခန္ဓာကိုယ်ကို လှပစေလို့ ကိုယ့်ကိုယ်ကို အတူနေဖို့ ယုံကြည်ချက် ရှိလာပါလိမ့်မယ်။ပုံမှန်အတူနေနေကျ ပုံစံမျိုးထက် တစ်ခါမှ မနေဖူးတဲ့ပုံစံကို စမ်းကြည့်ပါ။ တစ်ခါ‌တလေ ကိုယ်မနေဖူးတဲ့ ပုံစံက ကိုယ့်ကို ပိုကောင်းတဲ့ ခံစားချက်မျိုး၊ အသစ်အသစ်သော ခံစားချက်မျိုးတွေ ပေးနိုင်ပါတယ်။ကိုယ်က ဘယ်လိုအနေအထားကို ကြိုက်တယ်၊ ဘယ်လိုဆိုရင်တော့ လိင်စိတ်ခံစားမှု ပိုကောင်းတယ်ဆိုတာ ကိုယ့်အဖော်ကို ပြောဖို့ မရှက်ပါနဲ့။ ကိုယ်ဖြစ်သလို မနေရတဲ့အခါ၊ လိင်စိတ်ဆန္ဒ မပြည့်ဝတဲ့အခါမျိုးဆို ကိုယ့်ရဲ့ လိင်စိတ်ဆန္ဒက တဖြည်းဖြည်းနဲ့ ပျောက်သွားနိုင်ပါတယ်။လှရမယ်၊ ချောရမယ်၊ အပြစ်အနာအဆာ ကင်းရမယ် မဟုတ်ပေမယ့် ကိုယ့်ကိုယ်ကို ပြင်ပြင်ဆင်ဆင် နေပါ။ ဒီခေတ်မှာ ကိုယ့်ကိုယ်ကို လှအောင် လုပ်နိုင်တဲ့ နည်းတွေ အများကြီး ရှိနေပြီမလား။ အသက်ဘယ်လောက်ပဲ ဖြစ်နေပါစေ။ ကိုယ့်ကိုယ်ကို နုပျိုအောင် လုပ်လို့ ရနေပြီလေ။အမျိုးသမီးတွေ လိင်စိတ်ဆန္ဒ နည်းလာရတဲ့ အကြောင်းရင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတော့တာကြောင့်လည်း ပါပါတယ်။ ဝနေလို့၊ မတင်းရင်းတော့လို့၊ မည်းနေလို့ စသဖြင့် တွေးမနေဘဲ ကိုယ့်ကိုယ်ကို ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပြင်ပြင်ဆင်ဆင်နေပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် နေပါ။နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုများတာ၊ အလုပ်ရှုပ်တာ၊ အိပ်ရေးပျက်တာ၊ အစားအသောက်ပျက်တာတွေက လိင်စိတ်ဆန္ဒတွေကို သတ်ပစ်လိုက်သလိုပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကို အချိန်ပေးဖို့၊ အနားယူဖို့ မမေ့ပါနဲ့။ကိုယ်စီ အလုပ်တွေများတဲ့အခါ၊ သားရေးသမီးရေးတွေနဲ့ အချင်းချင်း အချိန်ပေးဖို့ မေ့တဲ့အခါ အချင်းချင်း မသိလိုက်ဘဲ အနေဝေးသွားတတ်ပါတယ်။ ဒီတော့ စိတ်ဆန္ဒတွေလည်း အေးသွားနိုင်တာပေါ့။ ဒီတော့ စိတ်လွတ်ကိုယ်လွတ် ခရီးထွက်ပါ။ နှစ်ယောက်တည်း ညစာစားတာ၊ အချိန်ဖြုန်းတာတွေ လုပ်ကြည့်ပါ။ Honey moon ပြန်ထွက်တာ၊ လက်မထပ်ခင်အချိန်တွေကို ပြန်သွားကြည့်ပါ။အမျိုးသမီးတွေမှာ လိင်စိတ်ဆန္ဒနည်းတာက ဖြစ်တတ်တဲ့ ကိစ္စဆိုပေမယ့် ရှင်းလို့ မရတာတော့ မဟုတ်ပါဘူး။ ကိုယ့်အဖော်နဲ့အတူ ကြိုးစားကြည့်ရင် မကြာခင်မှာ ပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဘဝကို ပြန်ရနိုင်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/firing-up-sexual-desire/
ကျန်းမာနှစ်လိုဖွယ်ကောင်းတဲ့ မိန်းမကိုယ်လေး ဖြစ်အောင် ဘယ်လိုထိန်းသိမ်းမလဲ
အမျိုးသမီးများအနေနဲ့ များသောအားဖြင့်ကိုယ်ခန္ဓာရဲ့ အလွယ်တကူ မြင်တွေ့နိုင်တဲ့ အစိတ်အပိုင်းတွေကို ပိုပြီးအလေးထားတတ်ပြီး တတ်နိုင်သမျှ သန့်ရှင်း ကျန်းမာအောင် ထားတတ်ကြပါတယ်။ ဒါပေမယ့် ရင်းနှီးပြီး မေ့နေတတ်တဲ့ အရာရှိပါတယ်။ အဲ့ဒါကတော့မိန်းမကိုယ်ပါပဲ။ကျန်းမာသန့်ရှင်းတဲ့ မိန်းမကိုယ် အဖြစ် ထိန်းသိမ်းခြင်းကိစ္စကို လျှော့မတွက်သင့်ပါဘူး။ မိန်းမကိုယ်ကို ကျေနပ်ဖွယ်ကောင်းအောင်၊ ကျန်းမာအောင် ထိန်းသိမ်းနိုင်မယ့် နည်းတွေကို သတိပြုသင့်ပါတယ်။ ကျန်းမာနှစ်လိုဖွယ်ကောင်းတဲ့ မိန်းမကိုယ်လေး ဖြစ်အောင် ဘယ်လိုထိန်းသိမ်းမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ကျန်းမာနှစ်လိုဖွယ်ကောင်းတဲ့ မိန်းမကိုယ်လေး ဖြစ်အောင် ဘယ်လိုထိန်းသိမ်းမလဲ ဆိုတော့။အမျိုးသမီးတွေမှာ အထိခိုက်အလွယ်ဆုံး နေရာတခုကတော့ မိန်းမကိုယ် ပါပဲ။ ဒီအစိတ်အပိုင်းဟာ pH ပမာဏကို ဟန်ချက်ညီအောင် တိတိကျကျ ထိန်းသိမ်းပေးပါတယ်။ ဒါကြောင့် ပွတ်တိုက် ဆေးကြောခြင်းကို မလုပ်သင့်ပါဘူး။ဆေးကြောချင်တယ်ဆိုရင် ရိုးရိုးရေ ဒါမှမဟုတ်  မိန်းမကိုယ်သန့်စင်ဆေးရည်ကိုရေနွေးနွေးသုံးပြီး ဆေးကြောသင့်ပါတယ်။ကိုယ်တိုက်ဆပ်ပြာတွေက ယေဘုယျအားဖြင့် pH ပမာဏ 8 ရှိတာမို့ မိန်းမကိုယ်အတွက် သုံးတဲ့အခါ pH မျှခြေ ပျက်သွားပြီး ယားယံခြင်း၊ အနံ့ထွက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ဒိန်ချဉ်နဲ့ သဘာ၀probiotics(အကျိုးပြုပိုးမွှားများ) ကြွယ်ဝတဲ့ အစားအစာများ စားသုံးခြင်းဟာ မိန်းမကိုယ် အတွက် အထောက်အပံ့ ဖြစ်စေပါတယ်။ သူ့ဆီမှာ လိုအပ်တဲ့ အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်ပါတယ်။ အဲဒီအစားအစာတွေ စားသုံးခြင်းအားဖြင့် pH ပမာဏကို သဘာဝနည်းအားဖြင့် ထိန်းသိမ်းထားနိုင်ပါတယ်။ အကောင်းဆုံးကတော့ အချိုလျှော့ထားတဲ့ သဘာဝဒိန်ချဉ်ကို တနေ့တခွက် သောက်သုံးပေးဖို့ပါပဲ။ဒါဟာ မိန်းမကိုယ် ကျန်းမာရေးကို အထောက်အကူပြုစေတဲ့အပြင် ရောဂါပိုးကူးစက်ခြင်း၊ ရောဂါပိုး ပေါက်ပွားခြင်း စတာတွေကို ဟန့်တားပေးနိုင်ပါတယ်။ သကြားများတဲ့ အမျိုးအစား မဟုတ်ဖို့တော့ လိုပါတယ်။သကြားဓါတ်များခြင်းဟာ ရောဂါပိုးကူးစက်ခြင်းကို ပိုမြင့်မားစေလို့ ဖြစ်ပါတယ်။တင်းကြပ်တဲ့ အဝတ်အစားတွေ၊ ပေါ်လီအက်စတာ နဲ့ လုပ်ထားတဲ့ အဝတ်အစားတွေက မိန်းမကိုယ်ကို လေကောင်းလေသန့်ရခြင်းကနေ ဟန့်တားပါတယ်။ ဒါ့အပြင် အပူဓာတ်၊ စိုစွတ်မှု၊ ပွတ်တိုက်မှု စတာတွေကြောင့် မိန်းမကိုယ် အပြင်ပိုင်းကို ထိခိုက်စေနိုင်ပါတယ်။မိန်းကလေးအများစုက အချိန်ပြည့်နီးပါး အတွင်းခံ ဝတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ဘီကီနီလိုင်း တလျှောက် မထိခိုက်ရအောင် ပြောင်းလဲဝတ်ဆင် သင့်ပါတယ်။ ယားယံခြင်း၊ ပိုးဝင်ခြင်းတွေ မဖြစ်အောင် သင့်တော်တဲ့ ဆိုဒ်ဝတ်ဆင်ပြီး အတွင်းခံကို ချည်ထည်လို သဘာဝပစ္စည်းနဲ့ လုပ်ထားတာပဲ ဝတ်သင့်ပါတယ်။မိန်းမကိုယ် ကျန်းမာရေးကိစ္စမှာ ကွန်ဒုံးကို မေ့ထားလို့ မရပါဘူး။ မလိုလားတဲ့ကိုယ်ဝန်နဲ့လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေကို တားဆီးရုံသာမက မိန်းမကိုယ်ထဲ ကူးစက်ပိုးဝင်နိုင်ခြေကို လျှော့ချပေးပါတယ်။တစ်ယောက်ယောက်နဲ့ အတူနေစဉ်မှာ သူတို့ရဲ့ဘက်တီးရီယားနဲ့ မိန်းမကိုယ်ရဲ့ ဘက်တီးရီးယားဟာ ရောနှောသွားပါတယ်။ မိန်းမကိုယ်ဟာ အထိအခိုက်လွယ်တာမို့ ရောဂါဖြစ်တာ၊ ဆီးလမ်းကြောင်း ပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။ ကွန်ဒုံးသုံးမယ်ဆိုရင် ဒီကိစ္စတွေကို ကာကွယ်ပေးနိုင်ပါတယ်။သန္ဓေတားခြင်းသာမက သင့်ကျန်းမာရေးအတွက်ပါ ဒီနည်းလမ်းကို ရွေးချယ်နိုင်ပါတယ်။အမျိုးသားနဲ့ အတူမနေခင်နဲ့ နေပြီးချိန်တွေမှာ ဆီးသွားသင့်ပါတယ်။ ဆီးသွားခြင်းကြောင့် မိန်းမကိုယ်မှတဆင့်ဆီးလမ်းကြောင်းကို ရောဂါပိုး ဝင်ရောက်ပြီး ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ဖြစ်ပွားရတာကို ဟန့်တားနိုင်ပါတယ်။ဘက်တီးရီးယားတွေ မပြန့်ပွားအောင် ကိစ္စမတိုင်မီနဲ့ ကိစ္စပြီးချိန်မှာ လက်ကိုဆေးကြောဖို့လည်း သတိရပါ။မိန်းမကိုယ်ကို သန့်ရှင်းကျန်းမာအောင် ထိန်းသိမ်းခြင်းဟာခန္ဓာကိုယ်ရဲ့ တခြား အစိတ်အပိုင်းတွေကို စိုပြေအောင် ထိန်းသိမ်းသလိုပဲ အရေးကြီးလှပါတယ်။ သင့်မိန်းမကိုယ်မှာ အပြောင်းအလဲ တစ်ခုခုဖြစ်ပြီလို့ သတိပြုမိရင် ဆရာဝန်နဲ့ တတ်နိုင်သမျှ မြန်မြန်ပြပါ။ကျန်းမာနှစ်လိုဖွယ်ကောင်းတဲ့ မိန်းမကိုယ်လေး ဖြစ်ဖို့ ဒီနည်းလမ်းလေးတွေကို အသုံးပြုကြည့်လို့ ရပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/tips-to-keep-your-vagina-healthy/
Hip labral tear (တင်ပဆုံရိုး အရွတ် စုတ်ပြဲခြင်း)
တင်ပဆုံရိုး အရွတ် စုတ်ပြဲခြင်းဆိုတာ ဘာလဲ၊။တင်ပဆုံရိုးရှိအရွတ်သည် တင်ပဆုံရိုးအဆစ် လှုပ်ရှားမှုတွင် ပေါင်ထိပ်ရိုးနှင့်အတူ ပါဝင်သည်။ ထို့အပြင် တင်ပဆုံရိုးလှုပ်ရှားမှုတွင် ထိုအရွတ်သည် ရာဘာကဲ့သို့ ကြားခံတစ်ခုအနေဖြင့်၊ ပေါင်ထိပ်ရိုးကို ပေါင်ဆစ်ရိုးတွင် လုံခြံစိတ်ချရစွာနှင့် အဆင်ပြေချောမွေ့စွာလှုပ်ရှားသွားလာနိုင်ရန် ကူညီပေးပါသည်။တင်ပဆုံရိုးအရွတ်စုတ်ပြဲခြင်းသည် အားကစားသမားများတွင် အလွန်အဖြစ်များပါတယ်။ နီးစပ်ရာဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။အများစုသော ထိုကဲ့သို့အရွတ်စုတ်ပြဲခြင်းတို့သည် ရောဂါလက္ခဏာ မပြတတ်ပဲရှိတတ်လေသည်။တခါတရံမှသာ အောက်ပါအခြေအနေများထဲမှတချို့ လက္ခဏာများကို သင်ခံစားရတတ်ပါသည်။ထိုသို့သော လက္ခဏာများ မဖြစ်ပေါ်ပဲ သတိမပြုမိသော အခါများလည်း ရှိတတ်သေးသည်။ သို့သော် ထိုသို့သော ရောဂါလက္ခဏာများ အခြေအနေများ ခံစားရပါက နီးစပ်ရာဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ကြည့်သင့်သည်။အထက်ဖော်ပြပါ လက္ခဏာ သို့မဟုတ် အခြေအနေများကြုံတွေ့ခံစားရပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လူတိုင်းသည် ရောဂါလက္ခဏာ ဖြစ်ပေါ်ချိန်ခြင်း မတူညီတတ်သောကြောင့် အကောင်းဆုံးအချိန်တွင် ဆရာဝန်နှင့် ပြသသင့်ပါသည်။ဟော်ကီကစားသမားများ၊ ဘောလုံးကစားသမားများ၊ ဂေါက်ရိုက်ကစားသမားများ စသော အားကစားသမားများက ဒီလို အရွတ်စုတ်ပြဲခြင်းကို ပိုမိုဖြစ်ပွားစေနိုင်ချေရှိပါသည်။ မွေးရာပါ ပေါင်ထိပ်ရိုးနဲ့ အကြောအရွတ်များ ဖွဲ့စည်းပုံမမှန်သူများမှာလည်း ထိုသို့ အခြေအနေများ ဖြစ်ပွားနိုင်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်နှင့် စမ်းသပ် စစ်ဆေးသောအခါ ဆရာဝန်မှ သင့်ခြေထောက် အထူးသဖြင့် ပေါင်ဆစ်ရိုးအား လှုပ်ရှားမှုပုံစံမျိုးစုံဖြင့် နာကြင်ခြင်းရှိမရှိနှင့် ပေါင်ဆစ်ရိုးလှုပ်ရှားနိုင်မှုအတိုင်းအတာကို စစ်ဆေးကြည့်ပါလိမ့်မည်။ သင်လမ်းလျှောက်ခိုင်းချင်မှ လျှောက်ခိုင်းပေလိမ့်မည်။ပုံရိပ်ဖော်စက်ကိရိယာများဖြင့် ရောဂါရှာဖွေခြင်း။တင်ပဆုံရိုးအရွတ်စုတ်ပြဲခြင်းသည် ယင်းလက္ခဏာတစ်ခုတည်းအတွက် ရောဂါကိုသိရှိနိုင်ခြင်းမှာ နည်းပါးလှသည်။ အများစုမှာ ရေရှည်ထိခိုက်ခဲ့သော ဒဏ်ရာများကြောင့် ဖြစ်တတ်ပေသည်။ အရိုးအဆစ်များအား တိကျစွာ မြင်ရနိုင်သော ဓါတ်မှန်ရိုက်ခြင်းဖြင့် အရိုးကျိုးခြင်းနှင့် ပုံမှန်မဟုတ်သော အရိုးအဆစ်ပြသနာများအား သိရှိနိုင်သည်။ MRI ခေါ် သံလိုက်ဓါတ်အသုံးပြုသော ပုံရိပ်ဖော်စက်ဖြင့် သင့်ပေါင်အဆစ်ရိုးအနီးရှိ ကြွက်သားများကိုပါ ပိုမို ထင်ရှားစွာ သိမြင်နိုင်သည်။ ဓါတ်ရောင်ခြည်ဆေးရည်တမျိုးအား ပေါင်ဆစ်ရိုးအတွင်းသို့ ဆေးထိုးပြီး ဓါတ်မှန်ရိုက်ခြင်းဖြင့်လည်း သင်ဧ။်ပေါင်အဆစ်ရိုး အရွတ်ပြဲခြင်းအား ပိုမိုပြတ်သားစွာ သိမြင်နိုင်သည်။ထုံဆေးထိုးထည့်ခြင်း။ပေါင်ဆစ်ရိုးမှ နာကြင်ခြင်းသည်ပေါင်တွင်းအဆစ်အရိုးပြသနာကြောင့် မဟုတ်ပဲ ပေါင်ဆစ်ရိုးမဟုတ်သော နေရာမှ ပြဿနာများကြောင့်လည်း ဖြစ်ပေါ်တတ်ပေသည်။ ဆရာဝန်မှ သင့် အရိုးအဆစ်အတွင်းသို့ ထုံဆေးထိုးခြင်းအား အကြံပြုနိုင်သည်။ ထိုသို့ဆေးထိုးမှသာ နာကြင်ခြင်းသက်သာလျှင် သင့်ပေါင်ဆစ်နေရာတွင် နာကြင်မှုဝေဒနာသည် တင်ပဆုံရိုးအတွင်းမှ ပြသနာကြောင့် ဖြစ်ပေသည်။ကုသမှုသည် သင့်ရောဂါလက္ခဏာ အခြေအနေနှင့် ဆိုးရွားမှုတို့အပေါ်မူတည်သည်။ တချို့မှာ ရက်သတ္တပတ်အနည်းငယ်အတွင်းပင် ပျောက်ကင်းသွားတတ်ကြသော်လည်း တချို့မှာ စုတ်ပြဲသွားသော အရွတ်အား ခွဲစိတ်ကုသမှုများ လိုအပ်တတ်ကြလေသည်။သောက်ဆေးများဖြင့် ကုသခြင်း။အကိုက်အခဲပျောက်ဆေးများသောက်ခြင်းဖြင့် အဆစ်ယောင်ယမ်းခြင်းနှင့် နာကြင်မှုဝေဒနာကိုသက်သာစေသည်။ အဆစ်အတွင်းသို့ cortisteroids ထိုးခြင်းဖြင့်လည်း နာကြင်ခြင်းအား ယာယီသက်သာစေသည်။ကုသမှုများ။ကိုယ်ကာယလေ့ကျင့်ခန်းကုသမှုများဖြင့်လည်း ပေါင်ဆစ်ရိုးလှုပ်ရှားနိုင်မှုအတိုင်းအတာကို တိုးတက်လာစေသည်။ ကိုယ်ကာယကုသမှုတတ်ကျွမ်းသူများနှင့် တိုင်ပင်ပြီး သင့်ပေါင်အရိုးအဆစ်လှုပ်ရှားမှု၊တွင် ဆောင်ရန် ရှောင်ရန်များကို ဆွေးနွေးတိုင်ပင်ကြည့်နိုင်သည်။ခွဲစိတ်ကုသခြင်းနှင့် အခြားကုသနည်းများ။စောင့်ကြည့်ကုသခြင်းဖြင့် မသက်သာလျှင် မှန်ပြောင်းကင်မရာနှင့် ခွဲစိတ်ကိရိယာများအသုံးပြုပြီး ခွဲစိတ်ကုသရန် ဆရာဝန်မှ ညွှန်ကြားနိုင်သည်။ ရောဂါအခြေအနေ ၊ ရောဂါဖြစ်ပွားရသော အချက်အလက်များပေါ်မူတည်ပြီး စုတ်ပြဲသွားသော အရွတ်အား ဖယ်ထုတ်ခြင်း၊ အရွတ်အား ခွဲစိတ်ခြင်းတို့ဖြင့်က ုသနိုင်သည်။တင်ပဆုံရိုး အရွတ်စုတ်ပြဲခြင်းအား ကြိုတင်ကာကွယ်နိုင်မည့်လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းတွေကဘာတွေလဲ။သိချင်တာတွေရှိလျှင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်နိုင်ပါသည်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/hip-labral-tear-%e1%80%90%e1%80%84%e1%80%ba%e1%80%95%e1%80%86%e1%80%af%e1%80%b6%e1%80%9b%e1%80%ad%e1%80%af%e1%80%b8-%e1%80%a1%e1%80%9b%e1%80%bd%e1%80%90%e1%80%ba-%e1%80%85%e1%80%af%e1%80%90%e1%80%ba/
သွားကျဉ်ခြင်း၏အဓိကအကြောင်းအရင်းများ
အကယ်၍ သင်သည် အေးသောအစားအစာများ စားခြင်းကို ရှောင်နေရလျှင် (သို့) အပူနှင့်ထိတွေ့ပါ က သင်၏သွားသည် နာကျင်မှုကို ခံစားနေရပြီဆို လျှင် သွားကျဉ်နေပြီဟု ပြောလို့ရပါသည်။ သင်၏ သွားကျန်းမာရေးအတွက် သိသင့်သော သွားကျဉ် ခြင်း အကြောင်းအရာများနှင့် ကုသနည်းများကို အောက်တွင်ဖော်ပြထားပါသည်။သွားတိုက်ခြင်းအလေ့အကျင့်။သွားကို အားအရမ်းသုံးပြီးတိုက်ခြင်း၊ သွားပွတ်တံအမာနှင့် တိုက်ခြင်းသည် သွား၏အပေါ်ယံကြွေလွှာကို ပျက်စီး စေပြီး သွားကျဉ်ခြင်းကို ဖြစ်ပေါ်စေပါသည်။ ထို့ ကြောင့် အအေး၊ အပူနှင့် အက်စစ်ဓါတ်ပါသော အစားအစာများကို စားသုံးသောအခါ သွားကျဉ်တာ ကို ခံစားရခြင်းဖြစ်ပါသည်။ ထိုအကြောင်းအရာအ တွက် ဖြေရှင်းနည်းကတော့ သွားပွတ်တံအပျော့နှင့် နည်းလမ်းတကျသွားတိုက်ခြင်းက ကောင်းမွန်သော နည်းလမ်း ဖြစ်ပါသည်။သွားဖြူစေသော သွားတိုက်ဆေးသုံးခြင်း။သွားဖြူစေသော သွားတိုက်ဆေးများသည် သွားကို ထိခိုက်စေနိုင်ပါသည်။ ကျွန်ုပ်တို့အများစုသည် သွားဖြူစေသော အာနိသင် ပါသည့် သွားတိုက်ဆေးများကို ပို၍ ကြိုက်နှစ်သက်သောကြောင့် ပစ္စည်းထုတ်လုပ်သူ များသည် သွားဖြူစေသောဓါတုပစ္စည်း များကို သွားတိုက် ဆေးတွင် ထည့်သွင်းအသုံးပြုကြသည်။ ၎င်းဓါတု ပစ္စည်းများသည် သွားဖြူစေသော်လည်း အပေါ်ယံ ကြွှေလွှာအတွက် မကောင်းပါ။ ထို့ကြောင့် သင့်သွား လုံခြုံစိတ်ချဖို့အတွက် သွားတိုက်ဆေး၊သွားပွတ်တံရှိ အညွှန်းစာများ ကို သေချာဖတ်ဖို့လိုပါသည်။အက်စစ်ပါသော အစားအစာများ လွန်ကဲစွာစားခြင်း။အက်စစ်ပါသော အစားအစာများ (သံပရာသီး၊ လိမ္မော်သီး၊ ရှာလကာရည်)များသည် သွား၏အပေါ်ယံ ကြွေလွှာအတွက် မကောင်းသောကြောင့် စားသုံးပါ က သွားကျဉ်ခြင်းကို ဖြစ်စေပါသည်။ ထို့ကြောင့် သင်ဟာ သွားကျဉ်တတ်သည်ဆိုလျှင် အက်စစ်ပါ သောအစားအစာများကို ရှောင်ကြဉ်သင့်ပြီး သွား ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။သင်ဟာ သွားနှင့်ပတ်သက်ပြီး ကုသမှုခံယူဖူးသလား။သွားနှုတ်ခြင်း၊ သွားတုစွပ်ခြင်းတို့ ပြုလုပ်ပြီး သောအခါမျိုးတွင် သွားအနည်းငယ်ကျဉ်တတ်သည် မှာ ပုံမှန်ဖြစ်ပါသည်။ သို့သော်လည်း သွားကျဉ်ခြင်း သည် အချိန်ကာလတစ်ခုအထိ မပျောက်ကင်းဘူးဆို လျှင် သွားဆရာဝန်နှင့် ပြသသင့်ပါသည်။သင်ဟာ သွားကြိတ်တတ်သူတစ်ယောက်ဆိုလျှင်။တကယ်တော့ သွားကြိတ်ခြင်းသည် မကောင်းသော အလေ့အကျင့်ဖြစ်သောကြောင့် သွားဆရာဝန်နှင့် ကုသသောသူများလည်း ရှိပါသည်။ သွား၏ကြွေလွှာ သည် ခန္ဓါကိုယ်တွင် အသန်မာဆုံးအရာဝတ္ထု ဖြစ် လျှင်တောင်မှ သွားကြိတ်ခြင်းဟာ ကြွေလွှာကို ပျက် စီးစေပါသည်။ သွားကြိတ်ခြင်းဟာ သွားရှိ ဒန်တင် တစ်ရှူး (dentin tissue)တွေကို ပေါ်စေပြီး သွား၏အာရုံကြောကို ထိခိုက် စေနိုင်ပါသည်။ ထို့ကြောင့် သွားကြိတ်ခြင်း အလေ့ အထကို ရပ်အောင် မည်သို့ပြုလုပ်သင့်သည်ကို သွားဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့် အတွက် သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/dental-conditions/%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%80%e1%80%bb%e1%80%89%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%81%8f%e1%80%a1%e1%80%93%e1%80%ad%e1%80%80%e1%80%a1%e1%80%80%e1%80%bc%e1%80%b1/
သွားများကို ပျက်စီးစေနိုင်သော အကြောင်းအရာ ၁၀ ချက်
နေ့စဉ်ပုံမှန်ပြုလုပ်နေကျဖြစ်သော အရာအချို့ဟာသင့်ရဲ့သွားများကို ပျက်စီးယိုယွင်းစေနိုင်ပါတယ်။ဒီလိုမဖြစ်စေဖို့ ဘယ်လိုအကြောင်းအရာ၊ အမူအကျင့်တွေကို ရှောင်ကြဉ်သင့်သလဲဆိုတဲ့ အချက်အလက်များကိုဖော်ပြပေးမှာဖြစ်ပါတယ်။• ရေခဲကိုဝါးစားခြင်း။ရာသီဥတုအရမ်းပူပြင်းနေတဲ့အချိန်မှာ ရေခဲဝါးစားခြင်းဟာ လွန်စွာစွဲမက်စရာကောင်းပြီး နေသာထိုင်သာရှိလှပါတယ်။ ဒါပေမယ့် ကြာလာတဲ့အခါ သင့်ရဲ့သွားတွေကို ဆိုးဆိုးရွားရွားထိခိုက်စေပြီး အက်ကွဲစေတဲ့ အထိဖြစ်စေနိုင်ပါတယ်။• သွားစွပ် (Mouth guard) မပါဘဲကြမ်းတမ်းသော အားကစားများအပြင်းအထန်ကစားခြင်း (ဥပမာ- လက်ဝှေ့ထိုးခြင်း)၊ သွားမရှိတဲ့ အပြုံးကိုမပိုင်ဆိုင်လိုရင် ပြင်းထန်တဲ့အားကစားလုပ်တိုင်း သွားစွပ်ကိုအမြဲတပ်ဆင်ပါ။• နို့ဘူးသောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။ ညစဉ်ညတိုင်း နို့ဘူးစုပ်သောက်ခြင်းဟာသွားများကိုပုံပန်းပျက်စေပါတယ်။• ပါးစပ်တွင် အပေါက်ဖောက်ပြီး အလှတန်ဆာဆင်ခြင်းကို ရှောင်ကြဉ်ပါ။ ပါးစပ်ကိုအပေါက်ဖောက်ပြီး အလှတန်ဆာဆင်သူများဟာ ယခုအခါ ပေါများလာပါတယ်။ ဒါပေမယ့် ဒီလိုဖောက်ခြင်းဟာ ကူးစက်ရောဂါဖြစ်ပွားခြင်း၊ သွားများအထိမခံနိုင်အောင်ဖြစ်ခြင်းနှင့် သွားဖုံးထိခိုက်ခြင်းတို့ ဖြစ်ပွားစေနိုင်ပါတယ်။• စေးကပ်သောဂျယ်လီများ ၊ ကပ်စေးနှဲများစားသုံးခြင်းကိုလျှော့ချပါ။ အများစုသောလူများဟာ ထိုအစားအစာများကို လွန်စွာနှစ်ခြိုက်ကြပါတယ်။ ဒါပေမယ့် အလွန်အကျွံစားသုံးခြင်းဟာ သင့်သွေးတွင်းသကြားဓါတ်ပမာဏကို မြင့်တက်စေသည့်အပြင် သွားများကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။• ပစ္စည်းများ (အထုပ်များ) ဖောက်ဖွင့်ရန် သွားနှင့်ဆွဲဖြဲခြင်းကို ရှောင်ကြဉ်ပါ။ ကပ်ကြေးကိုလိုက်ရှာနေမယ့်အစား ဖော်ပြပါအမူအကျင့်ကို ပြုလုပ်ခြင်းဟာ အချိန်ကုန်သက်သာတဲ့အတွက်ကြောင့် လူအတော်များများအလွယ်တကူပြုလုပ်လေ့ရှိပါတယ်။• အဆက်မပြတ် မရပ်မနားစားသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အချို့သူများဟာ အစားအသောက်ကိုလွန်စွာ နှစ်ခြိုက်ကြပါတယ်။ ဒါပေမယ့် တစ်ခုခုကို တရစပ်ဝါးနေခြင်း (သို့) သောက်ဖွယ်ရာများကို မရပ်မနားသောက်ခြင်းဟာ သွားသက်တမ်းကို လျော့ကျစေပြီး အလွယ်တကူထိခိုက်ပျက်စီးစေနိုင်ပါတယ်။• ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်ပါ။ စီးကရက်(သို့) ဆေးရွက်ကြီးသောက်ခြင်းဟာ သင့်ကျန်းမာရေးအထူးသဖြင့် အဆုတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ရုံသာမက သင့်သွားများကိုပါ ပျက်စီးစေပါတယ်။ နောက်မကျသေးခင် ဆေးလိပ်သောက်ဖြတ်ပါ။• ကော်ဖီသောက်ခြင်းကိုလျှော့ချပါ။ အချို့သောသူများဟာ ကော်ဖီကိုမသောက်ရရင် မနေနိုင်တဲ့သူများ ဖြစ်ပါတယ်။ ကော်ဖီထဲမှာပါတဲ့ ကဖင်းဓါတ်ဟာ လူကိုနိုးကြားစေပြီး အာရုံစူးစိုက်မှုအားကောင်းစေတဲ့အတွက် အလုပ်များတဲ့သူတွေမှာ မရှိမဖြစ်သောက်သုံးတဲ့ အလေ့အကျင့်ဖြစ်ပေါ်လာပါတယ်။ ဒါပေမယ့် ကဖင်းဓါတ်ဟာခံတွင်း တံတွေးထုတ်လုပ်ကို အနှောင့်အယှက်ဖြစ်စေပြီး ခံတွင်းခြောက်စေတဲ့အတွက် သွားများကိုထိခိုက်စေနိုင်ပါတယ်။ ကြာရှည်သောက်သုံးခြင်းဟာ သွားပိုးစားခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။• သစ်သီးဖျော်ရည်များကို သတိထားပါ။ သစ်သီးဖျော်ရည်များတွင် ဗီတာမင် အေ၊ ဗီတာမင်စီ နှင့် သက်စောင့်ဓါတ် အမြောက်အမြားပါဝင်ပေမယ့်လည်း လွန်ကျွံစွာသောက်သုံးရင် သွားပိုးစားစေနိုင်ပါတယ်။ သစ်သီးတွေထဲမှာပါတဲ့ သဘာဝသကြားဓါတ်ဟာ သွားများကိုပျက်စီးစေနိုင်ပါတယ်။နေ့စဉ်လုပ်ဆောင်နေကျ ရိုးစင်းပြီး အန္တရာယ်မပေးနိုင်တဲ့ အချို့သောအကြောင်းအရာများဟာ ကြာရှည်စွာလုပ်ဆောင်လာရင် သင့်သွားများကို ယိုယွင်းပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် သင့်သွားများကျန်းမာကြံ့ခိုင်ပြီး ကြာရှည်စွာအသုံးပြုနိုင်ရန် ဖော်ပြပါ အကြောင်းအရာ (၁၀) မျိုးကိုသတိထားရှောင်ကြဉ်ရမှာဖြစ်ပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/dental-conditions/%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%95%e1%80%bb%e1%80%80%e1%80%ba%e1%80%85%e1%80%ae%e1%80%b8%e1%80%85%e1%80%b1%e1%80%94%e1%80%ad/