title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
Green Tea ကို ဘယ်လောက်သောက်သင့်သလဲ
Green Teaဟာ ရုက္ခဗေဒအမည်Camellia sinensisလို့ဆိုတဲ့ လက်ဖက်ပင်ရဲ့ အရွက်ကနေ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ Oo Long Tea နဲ့ black tea ဆိုတာတွေလည်း လက်ဖက်ရွက်ကနေပဲ ထုတ်လုပ်ထားပြီး ပြုလုပ်တဲ့အဆင့်ပဲ ကွာခြားသွားခြင်း ဖြစ်ပါတယ်။ မြန်မာလူမျိုးများ သောက်သုံးတဲ့လက်ဖက်ရည်ကြမ်းနဲ့လည်း သဘောတရားအတူတူပဲ ဖြစ်ပါတယ်။ Green tea ကို တော့ လက်ဖက်စိမ်း လက်ဖက်ရည်လို့လည်း ညွှန်းကြပါတယ်။Green Tea သောက်ခြင်းဟာကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ အားလုံးသိပြီးကြပြီး ဖြစ်ပါတယ်။ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိခြင်း၊ ကိုလက်စထရောကို လျှော့ချပေးခြင်း၊ဆီးချိုကို ကာကွယ်ပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ဒါဆိုရင် နေ့စဉ် လက်ဖက်ရည်ကြမ်း Green Tea ကို များများသောက်နိုင်လေ၊ ပိုကောင်းလေလား။ Green Tea ကို ဘယ်လောက်သောက်သင့်သလဲ ။ဒီနေရာမှာ စဉ်းစားဖို့က ဘယ်နေရာမှာမဆိုတန်ဆေး လွန်ဘေးဆိုတဲ့သဘောတရား ရှိနေတယ်ဆိုတာပါပဲ။လက်ဖက်ရည်ကြမ်း Green Tea သောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို အတော်များများ ကြားသိဖူးကြလို့ ဒီဆောင်းပါးမှာတော့ ထပ်ပြီး မဖော်ပြတော့ပါဘူး။ Green Tea ကြောင့်ရရှိနိုင်တဲ့ ဘေးထွက်ဆိုးကျိုး အချို့ကိုပဲ ဖော်ပြပေးသွားလိုပါတယ်။Green tea မှာ ပါဝင်တဲ့ တန်နင်ဆိုတဲ့ ဓာတ်ပစ္စည်းဟာ သင့်ကိုယ်ခန္ဓာကနေ သံဓာတ်စုပ်ယူမှုကို လျော့နည်းစေပါတယ်။ တော်သင့်ရုံသောက်သုံးခြင်းဟာ ပြဿနာမရှိပေမယ့် စွဲစွဲမြဲမြဲသောက်သုံးနေသူများ အနေနဲ့ သတိချပ်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါရှိသူတွေ၊ သက်သတ်လွတ်စားသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ဓမ္မတာကာလကြုံနေသူ အမျိုးသမီးတွေ၊ ကလေးငယ်တွေဟာ green tea ကို အထူးသတိပြုသောက်သုံးသင့်ပါတယ်။သုတေသနအချို့အရ ထမင်းစားနေတုန်း လက်ဖက်ရည်ကြမ်း သောက်သုံးတာက သံဓာတ်စုပ်ယူမှုကို ၃၀-၆၀ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ သိရပါတယ်။ဒါကြောင့် သံဓာတ်အခံ အားနည်းသူများ၊သွေးအားနည်းသူများဟာ ထမင်းစားနေစဉ်မှာ လက်ဖက်ရည်ကြမ်း မသောက်သုံးသင့်ပါဘူး။ အစာစားပြီး နှစ်နာရီလောက်ခြားပြီးမှ လက်ဖက်ရည်ကြမ်း သောက်သင့်တယ်လို့ ဆိုပါတယ်။ အပြန်အလှန်ဆိုရရင် လက်ဖက်ရည်ကြမ်းသောက်ထားချိန်မှာလည်း တစ်နာရီလောက်နေပြီးမှ ထမင်းစားသင့်တယ်လို့ ဆိုပါတယ်။Greent tea မှာလည်း ကဖိန်းဓာတ်ပါဝင်တာမို့ လွန်ကဲစွာသောက်သုံးရင်စိတ်ပူပန်ခြင်း၊အိပ်မပျော်ခြင်း၊ အစာအိမ်မအီမသာဖြစ်ခြင်း၊ခေါင်းကိုက်ခြင်း စတဲ့ဝေဒနာတွေ ဖြစ်ပေါ်လာတတ်တယ်လို့ သိရပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကဖိန်းဓာတ်အများအပြား သောက်သုံးမိရင် ကလေးမှာ မွေးရာချို့ယွင်းချက် ဖြစ်ပေါ်နိုင်ခြေ၊ကလေးပျက်ကျနိုင်ခြေမြင့်စေတယ်လို့ ဆိုပါတယ်။ သုတေသနတွေအရ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ တစ်နေ့ကို ကဖိန်းဓာတ် ၃၀၀ မီလီဂရမ်အထက် မကျော်လွန်သင့်ဘူးလို့ ဆိုပါတယ်။Green tea တစ်ခွက်မှာတော့ ပျမ်းမျှအားဖြင့် ကဖိန်းဓာတ် ၂၀နဲ့ ၄၀ မီလီဂရမ်အကြား ပါဝင်တယ်လို့ သိရပါတယ်။ဖော်ပြခဲ့ပြီးတဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ လွန်ကဲစွာ သောက်သုံးမှသာ ရရှိနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်နှုန်းထားလောက်ကို သောက်သုံးသင့်သလဲဆိုတာ သိထားသင့်ပါတယ်။သုတေသနတွေအရ တစ်နေ့တာသောက်သုံးသင့်တဲ့ green tea ပမာဏကတော့ လက်ဖက်ရည်ခွက် ၃ခွက်ကနေ ၅ခွက်အထိ ဖြစ်ပါတယ်။ များသောအားဖြင့် Green tea သောက်သုံးခြင်းကြောင့် ရရှိတဲ့ အကျိုးကျေးဇူးဟာ ဆိုးကျိုးတွေထက်စာရင် အလွန်များပြားပါတယ်။ ဒါပေမယ့် ဘယ်နေရာမဆို တန်ဆေး လွန်ဘေးဆိုတဲ့ စကားရပ်ကို အမှတ်ရသင့်ပါတယ်။Green Tea ကို ဘယ်လောက်သောက်သင့်သလဲ ဆိုတာကို သိသွားပြီ ဆိုတော့ Green tea ကို သင့်တင့်မျှတစွာ သောက်သုံးခြင်းဖြင့် မိမိကျန်းမာရေးကို မြှင့်တင်ကြပါစို့။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/how-to-drink-green-tea/
ကလေးယူပြီးရင် လင်မယားကြား ဆက်ဆံရေးပြောင်းလဲသွားနိုင်လား
အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အမေးများတဲ့ ပြဿနာတွေထဲမှာ ကလေးရသွားပြီးတော့မှလင်မယားနှစ်ဦးက အရင်လို ချစ်ခင်ကြည်နူးနေတာမျိုး မရှိတော့ဘဲ အမြဲတမ်း ပူပင်စိတ်ညစ်သောက ရောက်နေရတာ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေလည်း တော်တော်များတာ သတိထားမိပါတယ်။ တကယ်တော့ကလေးယူတယ်ဆိုတာ လင်နဲ့မယား နှစ်ဦးလုံးရဲ့ ဘဝကို အနည်းနဲ့ အများတော့ လှုပ်ခတ်သွားနိုင်ပါတယ်။အဲ့တော့ ဒီမေးခွန်းရဲ့ အဖြေကို ပြောပါဆိုရင်တော့ တချို့သော အိမ်ထောင်သည်တွေအတွက် ကလေးရပြီးတဲ့နောက်မှာ ဆက်ဆံရေး အနည်းငယ်ပြောင်းလဲသွားတတ်ပါတယ်။ ဒါပေမယ့်လည်း အရမ်းတော့ စိတ်ပူစရာမလိုပါဘူး။ ဒါတွေက ဇနီးမောင်နှံအများစု ကျော်ဖြတ်ကြရမယ့် ဘဝအခက်အခဲ ခရီးလမ်းက သစ်ငုတ်တစ်ခုသာသာပါပဲ။ဒီဆောင်းပါးမှာတော့ ဘယ်လိုအကြောင်းအရာတွေကြောင့် ကလေးယူပြီးတော့မှ ဇနီးမောင်နှံဆက်ဆံရေး ပြောင်းလဲသွားတတ်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ဘယ်မိဘမဆို (အထူးသဖြင့်သားဦးသမီးဦးမွေးတဲ့ မိခင်လောင်း၊ ဖခင်လောင်းတွေ) ကိုယ့်ကလေးအတွက်ကို အမြဲတမ်း ပူပန်နေရတတ်ပါတယ်။ အဲ့တော့ ကိုယ့်ကလေးမှ ကလေး နိုးတဲ့အချိန်မှာလည်း ကလေးကိုပဲ အရိပ်တကြည့်ကြည့်၊ အိပ်နေတဲ့အချိန်မှာလည်း ကလေးအကြောင်းက ခေါင်းထဲရောက်နေတော့ အိပ်ကောင်းခြင်းမအိပ်ရနဲ့ စိုးရိမ်ပူပန်နေတဲ့အခါ ဇနီးမောင်နှံကြား အရင်လိုမဟုတ်တော့ဘဲ အနည်းငယ် နွေးထွေးမှုမရှိတော့သလို ဖြစ်စေနိုင်ပါတယ်။မွေးကင်းစကလေးတွေမှာက ပုံမှန်အိပ်ချိန်အတိအကျ မရှိသလို မနက်နဲ့ ညကိုလည်း ကွဲကွဲပြားပြား သိနားလည်သေးတာမဟုတ်ပါဘူး။ အဲ့လိုဆိုတော့ မိဘတွေအနေနဲ့ အလှည့်ကျစီ အိပ်ပြီး နိုးတဲ့သူက ကလေးကို နို့တိုက်တာ၊ သေးခံအဝတ်လဲပေးတာ၊ ကလေးဖျားနေလားဆိုပြီး ယပ်ခတ်ပေးရတာ၊ စောင့်ကြည့်ပေးရတာတွေ လုပ်ရပါတယ်။ အတူမနေရတဲ့အချိန်တွေက များလာတော့ ဆက်ဆံရေးက အရင်ကလောက်တော့ ဘယ်နွေးထွေးနိုင်ပါတော့မလဲ။ဒါကတော့ မိဘတော်တော်များများမှာ တွေ့ရတတ်ပါတယ်။ ချစ်သူဖြစ်စ၊ လက်ထပ်ပြီးကာစမှာ နှစ်ယောက်တစ်ကမ္ဘာအဖြစ်နဲ့ ကြည်နူးနေတဲ့အချိန် ကလေးတစ်ယောက်ကပါ ဝင်လာတဲ့အခါဇနီးမောင်နှံ၂ဦးလုံးရဲ့ စိတ်အာရုံ၊ ဂရုစိုက်မှုတွေဟာ ကလေးဘက်ကို မြှားဦးလှည့်သွားပါတယ်။ အရင်တုန်းကလို ဘယ်နှစ်နှစ်ပြည့်မို့ အထိမ်းအမှတ်ပွဲလေးလုပ်တာ၊ ညစာအတူစားတာ၊ ကြင်နာယုယခဲ့ရတာ၊ အမှတ်တရတွေ၊ လက်ဆောင်တွေ လုပ်ပေးတာတွေဟာလည်း ကလေးကို ပူနေရတဲ့စိတ်ကြောင့် အနည်းငယ်မေ့ပျောက်သလို ဖြစ်သွားတတ်ပါတယ်။ဇနီးမောင်နှံဆိုတာကတော့ ၂ယောက်ထဲအတူရှိတဲ့အချိန်ဆို ချစ်တင်းနှောဖို့ ကြိုးစားတတ်ကြတာ သဘာဝပါပဲ။ ကလေးကြီးလာရင်တောင် ကျောင်းသွားပို့ရတာနဲ့ ကျူရှင်ပို့ရတာနဲ့ အိမ်မှာ ၂ယောက်ထဲ လွတ်လွတ်လပ်လပ် ရှိနိုင်သေးတယ်၊ ရင်ဝယ်ပိုက်အရွယ် ဖြစ်နေတဲ့အခါ တစ်ခုခုဆိုတာနဲ့ ငိုနေတော့ မိဘတွေလည်း လိင်ကိစ္စလုပ်တော့မယ်ကြံလိုက်၊ ကလေးသွားချော့ရတာနဲ့ ပျက်သွားလိုက်ဆိုတော့ အဆင်မပြေတော့ဘူးပေါ့။ကလေးယူတယ်ဆိုတာ တစ်နည်းအားဖြင့် ကျွေးစရာပါးစပ်တစ်ပေါက် ပိုလာတယ်ဆိုတာနဲ့ အတူတူပါပဲ။ အဲ့တော့ ဖခင်လောင်းတွေမှာ အရင်ကထက် ပိုပြီးအလုပ်လုပ်ရတယ်၊ မိသားစုဝင်ငွေနဲ့ အသုံးစရိတ် ကာမိဖို့ ပိုက်ဆံပိုရှာကြရတယ်၊မိခင်လောင်းတွေမှာလည်း ကိုယ့်ကိုယ်ကိုယ်ထက် ကလေးကို ပိုပြီး ဂရုစိုက်ရတယ်၊ အိမ်အလုပ်၊ ခင်ပွန်းအတွက် ကူပေးစရာရှိတာ၊ ကလေးကို နို့တိုက်ဖို့၊ ဂရုစိုက်ဖို့ အစရှိသဖြင့် လုပ်နေရတယ်။ ဇနီးမောင်နှံနှစ်ဦးလုံးလည်း ကိုယ့်အတွက်၊ ကိုယ့်အိမ်ထောင်ဖက်အတွက် ဂရုစိုက်ဖို့ မအားတော့ဘဲ ကလေးအတွက်၊ မိသားစုအတွက် ခွဲဝေယူရတဲ့ တာဝန်တွေ ပိုများလာတဲ့အခါ အရင်ကထက် ပိုပြီး စိတ်ဖိစီးမှုတွေ ဖြစ်လာတဲ့အခါ သည်းခံနိုင်စွမ်းနည်းသွားပြီး ဒေါသဖြစ်လွယ်လာမယ်၊ စိတ်ကတောက်ကဆ ဖြစ်လာတယ်၊ တပူပူတကျက်ကျက်နဲ့ ရန်ဖြစ်လာကြတော့တာပါပဲ။ဒီလိုပြဿနာတွေက အမြဲတမ်းလိုလို ဖြစ်နေမှာလား၊ ဒါဆို ကလေးမယူရတော့ဘူးလားဆိုပြီး ပြန်မေးစရာဖြစ်လာတာပေါ့။ ကျွန်တော့်အနေနဲ့ အကြံပေးလို့ရတာကတော့။• ကလေးမမွေးခင်မှာ ကိုယ့်ရဲ့ အိမ်ထောင်ဘဝကို အပျော်ဆုံးဖြစ်အောင် နေထိုင်ပါ။•မျိုးရိုးမပြုတ်ချင်ဘူးဆိုတဲ့ အတွေးနဲ့ပဲ ကလေးမယူပါနဲ့။• ကလေးမယူခင်မှာ ကိုယ့်ရဲ့ ဝင်ငွေအတိုင်းအဆကို ပြန်တွက်ပါ။• ကိုယ့်ရဲ့ မိသားစုအခြေအနေက ၂ယောက်ကနေ ၃ယောက်အဖြစ် ရှေ့ဆက်တက်ဖို့ ခိုင်မာနေပြီလားဆိုတာ စဉ်းစားကြည့်ပါ။• ကလေးယူဖို့ စိတ်ကူးမရှိသေးရင်တားဆေးသောက်ပါ၊ ကွန်ဒုံးသုံးပြီး လိင်ဆက်ဆံပါ။• ကလေးယူတော့မယ်ဖြစ်စေ၊ မယူချင်သေးဘူးဖြစ်စေ ဆုံးဖြတ်ချက်တိုင်းဟာ ခင်ပွန်းရော ဇနီးနှစ်ဦးစလုံးက သဘောတူညီမှု ရှိရပါမယ်၊ လုံးဝသဘောမတူရင်တောင် ညှိနှိုင်းမှုတစ်ခုခု ရှိထားဖို့ လိုပါတယ်။• ကလေးယူဖို့ အရမ်းမလောပါနဲ့၊ ကလေးရတဲ့အခါကျရင် ဘယ်လိုဂရုစိုက်ပေးဖို့လိုလဲ၊ ဘာတွေ ကြိုပြီးပြင်ဆင်ထားရမလဲဆိုတာ အရင်လေ့လာပါ။• အပေါ်မှာ ပြောထားခဲ့တဲ့ ပြဿနာတွေက သားဦး သမီးဦးမွေးထားတဲ့ မေမေ ဖေဖေတွေမှာ အဖြစ်များတယ်ဆိုပေမယ့် လူတိုင်းဖြစ်မှာ မဟုတ်တဲ့အတွက် ကလေးယူဖို့ကို ကြိုတွေးပြီး ကြောက်လန့်နေစရာမလိုပါဘူး။ ဇနီးရော ခင်ပွန်းပါ ၂ဦးလုံး တက်ညီလက်ညီကြိုးစားမယ်၊ စိတ်တူကိုယ်တူ ရှိမယ်၊ အခက်အခဲမှန်သမျှ အတူကျော်ဖြတ်ဖို့ ဝန်မလေးဘူးဆိုရင်တော့ ဒီပြဿနာတွေကို အလွယ်တကူနဲ့ ကျော်လွှားသွားနိုင်မှာ အသေအချာပါပဲ။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%9a%e1%80%b0%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%9b%e1%80%84%e1%80%ba-%e1%80%9c%e1%80%84%e1%80%ba%e1%80%99%e1%80%9a%e1%80%ac%e1%80%b8%e1%80%80%e1%80%bc/
တီဘီရောဂါ
အဆုတ်တီဘီ ဆိုသည်မှာ တစ်ရှူးများကို တိုက်ခိုက် ဖျက်စီးတတ်သော ဘက်တီးရီးယားပိုး ကူးစက်မှု တစ်မျိုးဖြစ်ပါသည်။ ထို ဘက်တီးရီးယားကိုMycobacterium tuberculosis (MTB) ဟုခေါ်ပြီး လေထဲမှတစ်ဆင့် ကူးစက် ပျံ့နှံ့ပါသည်။ လူအတော်အများသည် ငုပ်နေသော အဆုတ် တီဘီရောဂါကို ခံစားရပါသည်။ လူနာ၏ကျန်းမာရေး အပေါ် မူတည်၍ အချိန်အတိုင်းအတာတစ်ခု (သီတင်းပတ် အနည်းငယ် မှ နှစ်အတန်ကြာ) ကြာပြီးနောက် တီဘီရောဂါပိုး သည် ရောဂါလက္ခဏာများကို စတင်ဖြစ်ပွားစေပါသည်။ အထူးသဖြင့် လူနာ သည် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ ကင်ဆာ သို့မဟုတ် ကင်ဆာဆေးကုထုံးခံယူနေခြင်း စသော ကိုယ်ခံအားနည်းစေသောအကြောင်းရင်းများ ရှိပါက တီဘီရောဂါသည် ပို၍လျင်မြန်စွာ ဖြစ်ပွားပါသည်။ ရောဂါသည် အဆုတ်ကို ထိခိုက် နေပြီး အရိုး၊ ပြန်ရည်ကျိတ်၊ ပင်မအာရုံကြော အဖွဲ့အစည်း၊ နှလုံး နှင့် အခြားအင်္ဂါများသို့ ပျံ့နှံ့ နိုင်ပါသည်။ကိုယ်ခံအားနည်းသောလူများတွင် ရောဂါဖြစ်ပွားရန် ကြာချိန်သည် တိုတောင်းပါသည်။ ရောဂါအဆင့်တိုးလာပြီး တီဘီသည် အလွယ်တကူ ပျံ့နှံ့ ပါသည်။ အောက်ပါလူများသည် အဆုတ်တီဘီရောဂါ ဖြစ်နိုင်ချေ မြင့်ပါ သည်။တီဘီရောဂါပိုးစဝင်ပြီး လက္ခဏာမပြသေးခင် ကြားချိန် တွင် သင်သည် ပုံမှန်ဟု ခံစားရ မည်။ လူနာအများစုသည် ဤအဆင့်တွင် ရောဂါလက္ခဏာ မပြသလို ရောဂါလည်း မပျံ့နှံ့ပါ။ ရောဂါစ ဖြစ်ပါက ရောဂါ လက္ခဏာ များ စတင်ပေါ်ပေါက်လာသည်။ ထိခိုက်သော အင်္ဂါပေါ် မူတည်၍ ရောဂါလက္ခဏာများသည် ချောင်းဆိုး ခြင်း (အနည်းဆုံး ၃ပတ်လောက်)၊ သလိပ်ထွက်ခြင်း၊ ချောင်းဆိုးရာ တွင် သွေးပါခြင်း၊ အဖျားတက်ခြင်း၊ ညဘက် ချွေးပြန်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ အစာစားချင်စိတ် နည်းခြင်း၊ မောပန်းခြင်း နှင့် အားနည်းခြင်း တို့ဖြစ်ပါသည်။ တီဘီ ရောဂါလက္ခဏာများသည် အခြား အဆုတ်နှင့် ဆိုင်သော ရောဂါများကြောင့်လည်း ဖြစ်နိုင်ပါသည်။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များ လည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန် နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။သင့်တွင် အဖျားတက်ခြင်း၊ ရှင်းမပြနိုင်အောင် ကိုယ် အလေးချိန် ကျခြင်း နှင့် ညဖက်ချွေးပြန်ခြင်း တို့ဖြစ်ပါက ဆရာဝန်နှင့် ပြသပါ။ အထူးသဖြင့် ၃ပတ်ဆက်တိုက် ချောင်းဆိုးခြင်း ရှိပါက တီဘီကြောင့် ဖြစ်နိုင်သည်။ ၎င်း သည် တီဘီ၏ ရောဂါလက္ခဏာဖြစ်သော်လည်း အခြား ရောဂါများ၏ ရောဂါလက္ခဏာလည်း ဖြစ်နိုင်ပါသည်။ ဖြစ်စေသော အကြောင်းရင်းကို အတည်ပြုနိုင်ရန် ဆရာဝန် သည် စစ်ဆေးမှု များ ပြုလုပ်ပါမည်။သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခု ရှိနေပါက ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပါ။ လူတိုင်းရဲ့ ခန္ဓါကိုယ် တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး ခြင်းသည်သင်၏အခြေအနေကောင်းမွန်ရန်အတွက်အကောင်း ဆုံး ဖြစ်ပါသည်။Mycobacterium tuberculosis (MTB) ဟူသော ဘက်တီးရီယားကြောင့် ဖြစ်စေပြီး လေထဲမှတစ်ဆင့် ပျံ့နှံ့ ပါသည်။ ချောင်းဆိုးခြင်းဖြင့် လေထဲသို့ ပျံ့နှံ့သွားသော ဘက်တီးရီးယားကို ရှူသွင်းခြင်းကြောင့် ဖြစ်ပါသည်။ခန္ဓါကိုယ်တွင်းသို့ ဝင်ရောက်ပြီးနောက် ဗိုင်းရပ်စ် သည် မလှုပ်ရှားတော့ပါ။ ထိုအချိန်ကို ရောဂါငြိမ်နေချိန် ၊ အစပျိုးရန်ကြာချိန် ဟု ခေါ် ပါသည်။ ဗိုင်းရပ်စ်သည် မထကြွသောကြောင့် ရောဂါ လက္ခဏာများ မရှိပါ။ ကူးစက်ခြင်းလည်း မရှိပါ။ စစ်ဆေးမှု ပြုလုပ်ပါက ရောဂါလက္ခဏာ မပြသော်လည်း ဗိုင်းရပ်စ် ရှိ ကြောင်း အဖြေထွက်ပါလိမ့်မည်။ ထိုအချိန်မှ စ၍သိရှိပါက တီဘီရောဂါ ဖြစ်နိုင်ချေ ကိုသိသာစွာ လျော့ချနိုင်ပါသည်။သို့သော်လည်း MTB ဗိုင်းရပ်စ် ကူးစက်သော လူ ၁၀ ယောက်တွင် ၁ယောက်သာ ရောဂါဖြစ်နိုင်ပါသည်။ ဗိုင်းရပ်စ် သည် ကိုယ်ခံအားက မတိုက်ခိုက်နိုင်သော အချိန်တွင် ခန္ဓါကိုယ်အား တိုက်ခိုက်ပါသည်။ ကိုယ်ခံအား စနစ် အားနည်းသော အချိန် ( အသက်ကြီးသူများ၊ HIV ရှိသူများ) ကို စောင့်၍ တိုက်ခိုက်ပါသည်။ ထို့ကြောင့် ရောဂါဖြစ်ရန် ကြာသောအချိန်သည် တစ်ယောက်နှင့် တစ်ယောက် ကွဲပြား ပါသည်။ ရောဂါစဖြစ်ပါက ဗိုင်းရပ်စ်သည် အဆုတ်နှင့် သွေး ကြောများ တွင်ကြီးထွားလာကာ ခန္ဓါကိုယ် အခြားနေရာများ သို့ ပြောင်းရွှေ့ပါသည်။အချို့အချက်များသည် အဆုတ်တီဘီရောဂါ ဖြစ်ပွားနိုင်မှုကို မြင့်တက်စေပါသည်။ အဓိကအချက်မှာ ကိုယ်ခံအားစနစ် နည်းခြင်း ဖြစ်ပြီး အောက်ပါတို့ ပါဝင်ပါသည်။ဖြစ်ပွားနှုန်းကို မြင့်စေသော အချက်များ သင့်မှာ မရှိခြင်းသည် သင် ရောဂါမဖြစ်နိုင်ဟု မဆိုလိုပါ။ ဤအချက်များသည် ကိုးကားချက်သာလျှင် ဖြစ်သည်။ ပိုမိုသော အချက်အလက်များ အတွက် အထူးကု ဆရာဝန်နှင့် တိုင်ပင်ပါ။ယခု ဖော်ပြ ထားသည့် အချက်အလက် များမှာ ဆေး ပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေး ချက် များ နေရာ တွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိလို သော အချက်အလက်များအတွက် သင့်၏ ဆရာဝန်နှင့် အမြဲတိုင်ပင် ဆွေးနွေးပါ။သင့်တွင်အကြောင်းရင်းမရှိဘဲ ဆက်တိုက်ချောင်းဆိုးခြင်း၊ ကိုယ်အလေးချိန်ကျခြင်း သို့မဟုတ် အဖျားတက်ခြင်း တို့ဖြစ်နေလျှင် အဆုတ်တီဘီရောဂါ ကြောင့်ဖြစ်နိုင်ပါသည်။ ဆရာဝန်သည် သင်နေထိုင်သော အလုပ်လုပ်သော နေရာနှင့် သင်ထိတွေ့ရ သောလူများ အကြောင်းကို မေးပါလိမ့်မည်။ တီဘီ ကူးစက်ခြင်း၏ ရင်းမြစ် ကို ဖော်ထုတ်ရန်အတွက် ဖြစ်သည်။ ဆရာဝန်သည် တီဘီအရေပြား စစ်ဆေးခြင်း ကို လုပ်ဆောင် ပါမည်။ ရောဂါဖြစ်ပွားမှုကို မြင့်စေသော အချက်များ (အထူးသဖြင့် HIV)၊ နိုင်ငံခြားခရီးသွားခြင်း နှင့် အပြင်ဘက် အလုပ်များ သည် ရောဂါအဖြေရှာခြင်းကို ဆုံးဖြတ် ပေးနိုင်ပါ သည်။အဆုတ်တီဘီရောဂါပိုး တွင်ပါဝင်သော ပစ္စည်း (PPD) ဖြင့် အရေပြားကို စမ်းသပ်ခြင်းကိုလည်း ပြုလုပ်နိုင်ပါသည်။ တီဘီ ဖြစ်စေသည့် ဘက်တီးရီးယားပိုးပါဝင်သော ပရိုတိန်း အနည်းငယ်ကို လက်မောင်းအောက် အရေပြားတွင်း သို့ ထိုး သွင်းခြင်း ဖြစ်သည်။ ထို့နောက် ၄၈-၇၂ နာရီအတွင်း ရောင်လာ သော အစက်နေရာကို တိုင်းတာပါသည်။ ထိုးလိုက်သော နေရာမှ ရောင်လာသော အစက် အရွယ် အစားသည် ရောဂါပိုးရှိမရှိကို ဆုံးဖြတ်ပေးပါသည်။ စစ်ဆေးမှုသည် အပေါင်းလက္ခဏာထွက်နေလျှင် သင့်မှာ တီဘီပိုးကူးစက်ခံရဖူးသည်ဟု ဆိုလိုသည်။ဆရာဝန်သည် MTB ဗိုင်းရပ်စ် ရှိသလားစစ်ရန် ဓါတ်မှန်ရိုက်ခြင်း နှင့် သလိပ်၊သွေး သို့မဟုတ် ဆီးနမူနာ ယူခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ HIV စစ်ခြင်း လည်း ပြုလုပ် နိုင်ပါသည်။အဆုတ်တီဘီရောဂါ ကို လွယ်ကူစွာ ကုသနိုင်ပါသည်။ ဆေး ၆လ သို့မဟုတ် ပိုကြာစွာ သောက်ခြင်း ပြုလုပ်ရမည်။ ကုသမှု တွင် ပဋိဇီဝဆေး နေ့စဉ် ၃-၄ ကြိမ်သောက်ရန် လည်း ပါဝင်ပါသည်။ သီတင်းပတ် အနည်းငယ်တွင် သက်သာမှု ခံစားရပါမည်။ သို့သော်လည်း ရောဂါသည် ပြန်ဆိုးလာနိုင်ပါ သည်။ ရောဂါလက္ခဏာများ ပျောက်သွားသော်လည်း ကုသမှု ကို အပြည့်ခံယူရန် အရေးကြီး ပါသည်။ ဆေးသောက်ခြင်း ကို အချိန်မပြည့်မီ ရပ်တန့်လိုက်ပါက ဘက်တီးရီးယားသည် ခန္ဓါကိုယ်ထဲတွင် ကျန်ရှိနေနိုင်ပါသည်။ တီဘီပြန်ဖြစ်သော အခါ ခန္ဓါကိုယ်၏ အခြားနေရာများသို့ ပျံ့နှံ့ ပါသည်။ သင်နှင့် အနီးကပ် ထိတွေ့ရသူများ နှင့် မိသားစု ဝင်များကိုလည်း ဆေးစစ်ကြည့်သင့်ပါသည်။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် အဆုတ်တီဘီရောဂါ ဖြစ်ခြင်း ကို ထိန်းချုပ်နိုင်ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/tuberculosis/%e1%80%90%e1%80%ae%e1%80%98%e1%80%ae%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab/
စိတ်ကျန်းမာရေးနဲ့ အသားအရေ ကျန်းမာရေးကြားက ဆက်စပ်မှု
စိတ်ကျန်းမာရေးက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခေါ်လာတတ်တယ်ဆိုတာကို အားလုံး သိထားပြီး ဖြစ်ပေမယ့် စိတ်ကျန်းမာရေးကအသားအရေ ကျန်းမာရေးအပေါ်မှာ သက်ရောက်မှု ရှိတယ်ဆိုတာကိုတော့ သိသူက ခပ်ရှားရှားပါ။  ဒါကြောင့် အခုတစ်ခေါက်မှာတော့ စိတ်ကျန်းမာရေးနဲ့ အသားအရေ ကျန်းမာရေးကြားက ဆက်စပ်မှု အကြောင်းလေး လေ့လာလိုက်ရအောင်နော်။စိတ်ကျန်းမာရေး အခြေအနေ အတိအကျ ပြောရရင် စိတ်ခံစားမှုတွေက အသားအရေ ကျန်းမာရေး အပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ အသားအရေကို ထိန်းသိမ်းနေပေမယ့်လည်း တစ်ခါတလေမှာ မထိရောက်တာမျိုး ရှိနိုင်တယ်လေ။ ဒါက စိတ်ဖိစီးမှုတွေစိုးရိမ်စိတ် များတာတွေကြောင့် ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲမှုကြောင့် ဖြစ်ရတာပါ။ဒါကြောင့်ပဲ စိတ်ဖိစီးရင်းဝက်ခြံတွေပိုဆိုးလာတာ၊ ရှိရင်းစွဲ အရေပြားပြဿနာတွေ ပိုဆိုးလာတာမျိုးပေါ့။ ဥပမာ- ပြောရရင် ဆိုရီရေးစစ်တို့ နှင်းခူတို့လိုမျိုး ကျန်းမာရေး ပြဿနာတွေပေါ့။စိတ်ကျန်းမာရေးနဲ့ အသားအရေ ကျန်းမာရေးကြားက ဆက်စပ်မှု အကြောင်းလေး လေ့လာလိုက်ရအောင်နော်။စိတ်ဖိစီးစရာတွေကို တွေ့ကြုံနေရချိန်မှာ ကိုယ်တွင်းက ကော်တီစောလို့ ခေါ်တဲ့ ဟော်မုန်း တစ်မျိုးကို ထုတ်လွှတ်ပါတယ်။ ဒီလို ထုတ်လွှတ်မှုက အနာကျက်တာကို နှေးစေသလို ဝက်ခြံ ထွက်စေတာ၊ အရေပြား ရောင်ရမ်းမှုတွေကို ပိုဆိုးတာတွေအပြင်ဆိုရီရေးစစ်နဲ့ အမျိုးမျိုးသော အရေပြား ပြဿနာတွေကို ပိုဆိုးစေနိုင်ပါတယ်။စိုးရိမ်စရာ အခိုက်အတန့်တွေ၊ စဉ်းစားရကြပ်တဲ့ အခိုက်အတန့်တွေမှာ ဆံပင်တွေကို နုတ်တတ်ကြတာမျိုးရှိသလို လက်သည်းကိုက်တာ၊ အသားကို အထူးသဖြင့်မျက်နှာ အသားအရေကို ကုတ်ဖဲ့တာမျိုး လုပ်တတ်ကြပါတယ်။ ဒီလို လုပ်တာက အရေပြားရဲ့ အပေါ်ယံက အကာအကွယ်ပေးထားတဲ့ အလွှာလေးကို ပျက်စီးစေပြီး ဝက်ခြံတွေ ရောင်ရမ်း ပိုးဝင်တာ၊ အသားအရေ ထိခိုက် ပျက်စီးတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။စိတ်ဖိစီးပြီဆိုရင်အသားအရေကို ထိန်းသိမ်းဖို့ပျက်ကွက်တာမျိုး ရှိသလို အသားအရေ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဆီကြော်စာတွေ၊ အပူအစပ်၊ ကဖင်း နဲ့ အရက်စတာတွေကို သောက်သုံး စားသုံးတာမျိုးတွေ ရှိလာပါတယ်။နောက်ပြီး အိပ်ရေးဝအောင် အိပ်ပျော်ဖို့ ခက်တာမျိုးရောပေါ့။ ဒီလိုမျိုး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အရာတွေရဲ့ ဆိုးကျိုးတွေက အရေပြားပေါ်မှာလည်း တိုက်ရိုက် သက်ရောက်တာမျိုးတွေ ရှိလာနိုင်ပါတယ်။စိတ်ဖိစီးတာက အပေါ်မှာ ပြောခဲ့သလိုပဲ ရှိရင်းစွဲ အရေပြား ပြဿနာတွေကို ပိုပြီး ပြင်းထန်တာမျိုးတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှု ဖြစ်ရင် ဝက်ခြံတစ်လုံး ထွက်လာတတ်သူတွေကတော့ ဒီအခြေအနေကို ကောင်းကောင်း နားလည်မှာပါ။ မပျော်ရွှင်မှုတွေကအသားအရေ ကြည်လင်နိုင်စွမ်းကိုပါ ထိခိုက်စေတာပါ။စိတ်ဆိုး ဒေါသထွက်လာပြီဆိုရင် မျက်မှုန်ကျုံ့မိတာမျိုး ဖြစ်တတ်ကြပါတယ်။ ဒီလိုမျိုး မျက်မှုန်ကျုံ့တာ၊ မျက်နှာမှာ အရယ်အပြုံးနည်းသွားပြီး မှုန်သုန်သုန် ဖြစ်နေတာက အရေပြားတွေကို ဆွဲကျုံ့ထားသလို ဖြစ်ပြီး အရေပြားမှာ အရေးအကြောင်းထင်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် စိတ်ဆိုး ဒေါသဖြစ်တဲ့ စိတ်အခြေအနေကြောင့် အသားအရေ ထိခိုက်တာမျိုး မဖြစ်စေဖို့ ဂရုစိုက်ပါ။စိတ်ကျန်းမာရေး အနေအထားကြောင့် အသားအရေ ထိခိုက်မှု ကင်းစေဖို့ ဆိုရင် –။နေ့စဉ်စားသုံးမှုတွေက စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ကိုရော အသားအရေ အပါအဝင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ကောင်းမွန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စား၊ အမြန်စား  အစားအစာတွေအစား အိမ်ချက် ထမင်း၊ ဟင်း၊ အသီးအရွက်၊ အသား၊ ငါး၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ၊ ရေများများသောက်တာမျိုးတွေ လုပ်ပေးပါ။စိတ်ဖိစီးမှုများနေတာမျိုး စိုးရိမ်စိတ် လွန်ကဲနေတာမျိုးတွေများ ခံစားနေရလားဆိုတာကို ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ။ စိတ်ဖိစီးမှု များနေမယ်ဆိုရင် တရားထိုင်တာမျိုး၊ အတွေး မလွန်အောင် ရပ်ပစ်တာမျိုးတွေ လုပ်ပေးလို့ ရသလို ကိုယ်လက်လှုပ်ရှားမှု လုပ်တာ၊ အိပ်ရေးဝဝ အိပ်လိုက်တာမျိုးတွေ လုပ်ပေးပါ။ဒီလို လုပ်ပေးတာက စိတ်လက်အနားရစေပြီးအရေပြားကျန်းမာရေးအပေါ်မှာလည်း သက်ရောက်မှု နည်းသွားစေမှာပါ။စိတ်ဖိစီးမှု ပြေလျော့အောင် လုပ်တာက ကိုယ်တွင်းက ဟော်မုန်းတွေကို ထိန်းညှိပေးရာ ရောက်သလိုဟော်မုန်း အပြောင်းအလဲကြောင့် ဝက်ခြံဖြစ်တာမျိုးကိုလည်း လျော့ပါးစေမှာပါ။ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ပျော်ရွှင်ခြင်း ဟော်မုန်းတွေကို ထွက်စေပြီး စိတ်ဖိစီးမှုများတာ၊ စိုးရိမ်စိတ် လွန်ကဲတာမျိုးတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေပြီး အသားအရေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် စိတ်ဖိစီးမှု ကင်းကင်းနဲ့ အသားအရေ ကျန်းမာစေဖို့ဆိုရင်တော့ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လေး လုပ်ပေးပါ။စိတ်ကျန်းမာရေး အခြေအနေက အသားအရေ ကျန်းမာရေးအပေါ်မှာ အခုလို သက်ရောက်မှုလေးတွေ ရှိနေတာကြောင့် မလိုအပ်ဘဲ စိတ်ဖိစီးတာမျိုး မဖြစ်အောင် ဂရုပြုပါ။ တစ်နေ့တာမှာ မလွှဲသာ မရှောင်သာ ကြုံတွေ့ရတဲ့ အသေးအမွှား စိတ်အနှောင့်အယှက် ဖြစ်စရာလေးတွေကြောင့် အသားအရေ လှပမှုတွေကို မထိခိုက်စေဖို့ သတိချပ်စေလိုပါတယ်။# ဝက်ခြံ မဖြစ်အောင် ကာကွယ်ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/does-mental-health-affect-skin/
ဝက်ခြံအမာရွတ်တွေ ဖြစ်စေတဲ့ အဓိက အကြောင်းရင်းက ဘာလဲ
ဝက်ခြံဆိုတာဘက်တီးရီးယားကြောင့် ဖြစ်ပွားလေ့ရှိတဲ့အရေပြားရောဂါတမျိုးဖြစ်ပြီးမျက်နှာ၊လည်ပင်း၊ကျောနဲ့ရင်ဘတ်တွေမှာအဓိက ဖြစ်လေ့ရှိပါတယ်။ ဝက်ခြံရဲ့အထင်ရှားဆုံးသောနောက်ဆက်တွဲ ပြဿနာကအမာရွတ်ကျန်ခဲ့တာဖြစ်ပြီးဒီလိုအမာရွတ်တွေကိုကုသဖို့နှစ်ပေါင်းများစွာကြာမြင့်နိုင်ပါတယ်။ ဒါကြောင့်ထိရောက်တဲ့ကုသမှုနည်းလမ်းကိုဆုံးဖြတ်နိုင်စေဖို့အတွက်ဝက်ခြံအမာရွတ်တွေဘာလို့ဖြစ်ရတာလဲဆိုတာသိရှိနားလည်ဖို့အရေးကြီးပါတယ်။အမေရိကန်အရေပြားဗေဒအဖွဲ့ကြီးရဲ့အဆိုအရဝက်ခြံပေါက်နေသူတွေရဲ့ရှစ်ဆယ်ရာခိုင်နှုန်းဟာသူတို့ရဲ့အမာရွတ်တွေကြောင့်စိတ်ဆင်းရဲနေကြရတယ်လို့ဆိုပါတယ်။ တကယ်တော့အမာရွတ်ဆိုတာကျွန်တော်တို့ခန္ဓါကိုယ်ကဝက်ခြံပျောက်အောင်တိုက်ထုတ်ပေးလိုက်တဲ့အမှတ်အသားတခု ဖြစ်ပါတယ်။ ဝက်ခြံပေါက်တာဟာလည်းအရေပြားထိခိုက်မှုတမျိုးဖြစ်တာကြောင့်နီရဲရောင်ရမ်းတဲ့အဆင့်ကျော်လွန်လို့ပျောက်ကင်းသွားပြီဆိုရင်အမာရွတ်ဖြစ်ပြီးကျန်ရစ်ခဲ့မှာပါ။ နီရဲရောင်ရမ်းတဲ့ ဖြစ်စဉ်အတွင်းအရေပြားမှာရှိတဲ့ကော်လဂျင်ဓါတ်တွေဖျက်ဆီးခံလိုက်ရပြီးအမာရွတ်တွေ၊အရေပြားချိုင့်ခွက်တွေဖြစ်ပြီးကျန်ခဲ့တာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာအရေပြားတစ်ရှူးတွေရောအရေပြားကိုထောက်ပံ့ပေးထားတဲ့အရာတွေအားလုံးပါပျက်စီးဆုံးရှုံးသွားမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင်ဝက်ခြံအမာရွတ်အများစုဟာမျက်နှာမှာပဲဖြစ်လေ့ရှိတာမို့လူနာအနေနဲ့မိမိကိုယ်ကိုယုံကြည်မှုကျဆင်းစေပါတယ်။ အသက်ကြီးလာလေလေကော်လဂျင်ဓါတ်တွေနှစ်စဉ်ပိုမိုဆုံးရှုံးလေဖြစ်တာမို့အမာရွတ်ဟာပိုပိုပြီးထင်ရှားလာမှာပဲ ဖြစ်ပါတယ်။ပုံမှန်ခပ်သေးသေးအမာရွတ်၊အမာရွတ်အထူအကြီးစားနဲ့အရုပ်ဆိုးတဲ့ကီးလွိုက်အမာရွတ်ဆိုပြီးအတွေ့ရအများဆုံးအမာရွတ်အမျိုးအစားသုံးမျိုးရှိပါတယ်။ လူတယောက်နဲ့တယောက်အမာရွတ်ဖြစ်ပေါ်ပုံကမတူညီနိုင်ပါဘူး။၁။ ပုံမှန်ခပ်သေးသေးဝက်ခြံအမာရွတ် ။ဒါဟာအဖြစ်အများဆုံးဝက်ခြံအမာရွတ်အမျိုးအစား ဖြစ်ပြီးအရေပြားမှာချိုင့်တွေဖြစ်စေတဲ့အမာရွတ်၊လေးထောင့်ပုံစံရှိတဲ့အမာရွတ်နဲ့ခပ်ထူထူလှိုင်းပုံစံရှိပြီးအသားအရေကိုမညီမညာတွန့်ခေါက်စေတဲ့အမာရွတ်ဆိုပြီးထပ်မံခွဲခြားနိုင်ပါတယ်။ အရေပြားချိုင့်ဖြစ်စေတဲ့အမာရွတ်လေးတွေဟာ၂ မီလီမီတာလောက်ပဲရှိတတ်တဲ့အတွက်သေးငယ်ပြီးခပ်နက်နက်ဖြစ်ကာအင်္ဂလိပ်အက္ခရာ V ပုံသဏ္ဍာန်ရှိပါတယ်။ အသားအရေကိုမညီမညာတွန့်ခေါက်စေတဲ့အမာရွတ်ကတော့၄-၅ မီလီမီတာလောက်ရှိတတ်တဲ့အတွက်အနည်းငယ်ပိုကြီးပြီးအင်္ဂလိပ်အက္ခရာ M ပုံသဏ္ဍာန်ရှိပါတယ်။ လေးထောင့်ပုံစံရှိတဲ့အမာရွတ်ကတော့အင်္ဂလိပ်အက္ခရာ U ပုံသဏ္ဍာန်ရှိပြီးအောက်ခြေကျယ်ပါတယ်။၂။ ကော်လဂျင်ဓါတ်မညီမျှမှု။(နည်းလွန်းတာ၊များလွန်းတာတွေ)ကြောင့်အမာရွတ်အထူအကြီးစားနဲ့အရုပ်ဆိုးတဲ့ကီးလွိုက်အမာရွတ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အမာရွတ်အထူအကြီးစားဟာအရေပြားပေါ်မှာထူထဲတဲ့ကော်လဂျင်ဖုတွေ ဖြစ်ပေါ်လာတာကြောင့်ဖြစ်ပြီးအများအားဖြင့်ပန်းရောင်ရှိပါတယ်။ အရုပ်ဆိုးတဲ့ကီးလွိုက်အမာရွတ်ကတော့ခရမ်းရောင်ပုပ်ပုပ်ဖြစ်ပြီးအမာရွတ်အထူအကြီးစားထက်အနည်းငယ်ပိုသေးပါတယ်။တကယ်လို့သင့်အနေနဲ့ဝက်ခြံတွေပေါက်နေပြီဆိုရင်စနစ်တကျစစ်ဆေးပြီးမှန်ကန်သင့်တော်တဲ့ကုသမှုတွေကိုခံယူနိုင်ဖို့အတွက်ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ သဘာဝနည်းနဲ့ကုသတာ၊ဆေးဝါးအသုံးပြုပြီးကုသတာဒါမှမဟုတ်လေဆာသုံးပြီးကုသတာစသဖြင့်ကုသနည်းအမျိုးမျိုးရှိပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%9d%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%a1%e1%80%99%e1%80%ac%e1%80%9b%e1%80%bc%e1%80%90%e1%80%b9%e1%80%b1%e1%80%90%e1%80%bc-%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%b1%e1%80%85/
Pulpitis (သွားအတွင်းသားရောင်ခြင်း )
သွားအတွင်းသားရောင်ခြင်းသည် အဖြစ်များဆုံးသော သွားနာရခြင်းအကြောင်းရင်းဖြစ်ပြီး လူငယ်များတွင် သွားဆုံးရှုံးရသည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။ သွားအတွင်းသားရောင်ခြင်းသည် သွား၏အတွင်းပိုင်း နူးညံ့သည့်အရာများနှင့် သွားအမြစ်နားပတ်ပတ်လည်တွင် ရှိသော Periradicular တစ်ရှူးများ ရောင်ရမ်းခြင်းဖြစ်ပါသည်။၎င်းသည် ရုတ်တရတ်ပြင်းထန် သို့မဟုတ် နာတာရှည်ဖြစ်နိုင်ပြီး လက္ခဏာပြသည်လည်းရှိသည်။ မပြသည်လည်းရှိ၏။ နာတာရှည်တွင် ပျောက်ကင်းနိုင်သည်လည်းရှိသလို မပျောက်ကင်းနိုင်သည်လည်း ရှိပါသည်။သွားအတွင်းသားရောင်ခြင်းသည် တစ်ခါတစ်ရံတွင် အောက်ပါအခြေအနေများနှင့် ရောထွေးနိုင်ပြီး ရောဂါအမည်တပ်မှားခြင်းမျိုးဖြစ်နိုင်ပါသည်။အမြစ်ခေါင်းတွင်ထုံးတည်ခြင်း။သွားအမြစ်ဖျားမရင့်ခြင်း – လူငယ်များတွင် များသောအားဖြင့် တွေ့ရ၏။ထိခိုက်မိခြင်း။လူနာအား ဆေးဆိုင်ရာလုပ်ငန်းစဉ်တစ်ခုခုမလုပ်ခင် ဆေးများကြိုပေးခြင်း – သွားအတွင်းသားအား ကာကွယ်ခြင်း။ဒီရောဂါသည် အလွန်အဖြစ်များ၏။ ၎င်းသည် ခံတွင်းသန့်ရှင်းမှုမရှိသောလူများနှင့် ခံတွင်း ခွဲစိတ်ထားသော လူများတွင် အဖြစ်များသည်။နာကျင်ခြင်းနှင့် မသက်မသာဖြစ်ခြင်းအပြင် သွားအတွင်းသားရောင်ခြင်းသည် သဘာ၀ အရံအတားများကိုကျော်ဖြတ်ကာ အသက်သေစေနိုင်သော နောက်ဆက်တွဲပြဿနာများဖြစ်သည့် ခေါင်းပိုင်းနှင့် လည်ပင်းပိုင်းရှိ နက်ရှိုင်းသော ကြွက်သားအဖုံးများကို ကူးစက်ပိုးဝင်ခြင်းတို့ ဖြစ်နိုင်ပါသည်။ဤရောဂါသည် အသက်အရွယ်မရွေးဖြစ်နိုင်၏။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။သွားအတွင်းသားရောင်ခြင်း၏ ပြန်ကောင်းနိုင်သည့် အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ။နာကျင်မှုပုံစံ – နာကျင်မှုသည် စူးရှပြီး ပြင်းထန်၏။ကြာချိန် – အချိန်တိုသည် (နာကျင်မှုသည် ၅-၁၀ မိနစ်သာကြာသည်) နာကျင်မှုကိုဖြစ်စေသည်အရာကို ဖယ်လိုက်ပါက မြန်မြန်သက်သာသွားသည်။နာကျင်မှုကိုဖြစ်စေသည့်အရာ – အပူ၊ အအေးနှင့် အချိုများ ရုတ်တရတ်စားမိခြင်း။ခန္ဓါကိုယ်အနေအထား – ခန္ဓါကိုယ်အနေအထား ပြောင်းလဲလိုက်ရုံဖြင့် မသက်သာပါ။ပုံမှန်အားဖြင့် ပြန်ကောင်းနိုင်သော အခြေအနေမှ အောက်ပါပြင်းထန်သောအကြောင်းများကြောင့် အခြေအနေဆိုးသွားနိုင်သည်။ပြန်မကောင်းနိုင်သော သွားအတွင်းသားရောင်ခြင်း၏ လက္ခဏာများမှာ –။နာကျင်မှုပုံစံ – တစ်ဆစ်ဆစ်ကိုက်ခြင်း။ကြာချိန် – အလိုလျောက်နာတတ်ပြီး မိနစ်မှ နာရီချီအောင် ကြာတတ်သည်။နာကျင်မှုကိုဖြစ်စေသည့်အရာ –။အစောပိုင်းတွင် နာကျင်မှုသည် အလိုအလျောက် သို့ အပူအအေး တို့ကြောင့် ဖြစ်တတ်သည်။ နောက်ပိုင်းအဆင့်တွင် နာကျင်မှုသည် ပူသောအရာကြောင့် ပေါ်လာပြီး အေးသောအရာကြောင့် သက်သာသွားသည်။ခန္ဓါကိုယ်အနေအထား – ခန္ဓါကိုယ်အနေအထားသည် နာကျင်မှုအပေါ် သက်ရောက်မှုရှိနိုင်သည်။နာသည့်နေရာနှင့် ပြန့်ခြင်း – နောက်ပိုင်းအဆင့်များတွင် Periodontal ligament ပါ ပါဝင်လာပြီး နာကျင်သည့်နေရာကို တိတိကျကျ သိလာနိုင်သည်။အချိန် – ညတွင် ပိုနာ၏။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ နာတာရှည် သွားအတွင်းသားရောင်ခြင်းတွင်နာကျင်မှုသည် ရုတ်တရတ်ပေါ်လာတတ်ခြင်း၊ သွားအားကိုင်မိလျှင် ခေါက်မိလျှင်နာခြင်း၊ ပြည်တည်ခြင်း၊ တစ်ရှူးများရောင်သောကြောင့် ရုတ်တရတ်ပြင်းထန်အခြေအနေနှင့် ခွဲမရခြင်းတို့ဖြစ်တတ်ပြီး မတူညီသောကုထုံးများသည် မတူညီသောရောဂါအမည်တပ်ခြင်းပေါ်မူတည်ကာ ကွဲပြားမည်ဖြစ်သည်။သွားအတွင်းသားရောင်ခြင်းသည် စနစ်တစ်ခုလုံးကိုထိသောရောဂါများနှင့် ဆက်စပ်မှုရှိနိုင်သည်။ ထိုရောဂါများမှာ အကြောင်းရင်းမသိပဲဖျားခြင်း၊ နှလုံးအစို့ရှင်များနှင့် လူလုပ်အဆစ်တုများတွင် ဘက်တီးရီးယားများ တွယ်ခြင်း၊ ပေါင်မပြည့်ပဲ လစောမွေးခြင်း၊ နှလုံးသွေးကြောရောဂါနှင့် ဦးနှောက်သွေးကြောရောဂါများ ဖြစ်နိုင်ချေများခြင်းတို့ ဖြစ်သည်။အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။သွားအတွင်းသားရောင်ခြင်း-။နာသောသောသွားကို တိတိကျကျမသိနိုင်ပဲ နာကျင်မှုသည် တဆစ်ဆစ်နှင့် တောက်လျှောက်နာနေနိုင်သည်။ လှဲလျောင်းလိုက်လျှင် ပိုဆိုး၏။သွားသည့် အပူ သို့ အအေးနှင့် ထိမိလျှင်ကို နာကျင်လာသည်။ နာကျင်မှုသည် စူးရှပြီး ထိုးဆွနေသလို နာသည်။ ဖြစ်နေသောသွားတွင် အရောင်ပြောင်းခြင်းမှာ သိသာသည်။နာကျင်မှုသည် ဆုတ်ဖြဲပစ်သလိုနာပြီး အချိန်ကြာလာလျှင် သင့်၌ နာတာရှည်အခြေအနေကိုခံစားနေရခြင်း ဖြစ်နိုင်သည်။ ဥပမာ – နာကျင်မှုသည် သူ့အလိုလိုဖြစ်ခြင်း သို့မဟုတ် နာကျင်မှုကိုဖြစ်စေသည့်အရာအား ဖယ်လိုက်လျှင် မိနစ်ပေါင်းများစွာကြာသည်အထိ နာခြင်း။ သေသေချာချာမကုသလျှင် သွားအမြစ်ထိပ်တစ်ဝိုက် ပြည်တည်နိုင်သည်။သွားသည် သွားဖုံးခွက်မှ ကြွတက်လာပြီး လူနာမှကိုက်မိလျှင် သေလုအောင် ခံစားရနိုင်သည်။ ၎င်းသည် ဆရာဝန်ဆီသွားကိုသွားရမည့် လက္ခဏာပင်ဖြစ်သည်။သွားအတွင်းသားရောင်ခြင်းသည် ဘက်တီးရီးယားတစ်ခုတည်းကြောင့်မဟုတ်ပဲ သွားပိုးစားခြင်းမှ သွားကိုတိုက်စားပြီး သွားအလွှာကိုဖောက်ဝင်နိုင်သည်။ ဒီလိုအခြေအနေအား ပြင်းထန်သော ရေစီးကမ်းပြိုကြောင့် ဖြစ်နိုင်သည်။ဥပမာ – ခွဲစိတ်မှုလုပ်နေစဉ်တွင် သွားအတွင်းသားများ ပေါ်လာရာမှ သို့မဟုတ် သွားချိုးခွာရာမှ သွားအတွင်းပေါ်လာရာမှ ဘက်တီးရီးယားပိုးဝင်ခြင်းဖြစ်နိုင်သလို ထိခိုက်ဒဏ်ရာများမှ သွားကျွတ်သွားခြင်းကြောင့် သို့မဟုတ် မေးရိုးကိုထိခိုက်မိခြင်းကြောင့် သွားအတွင်းသွားရှိရာအခန်းပေါ်လာပြီး ဘက်တီးရီးယား ဝင်သွားခြင်းလဲဖြစ်နိုင်သည်။သို့သော် နောက်ထပ်ဖြစ်နိုင်သောအကြောင့်တစ်ခု ရှိသေးသည်။ နောက်ပြန်ပိုးကူးစက်သောအခြေအနေများ သွားအတွင်းသားရောင်ခြင်း၏ သွေးများပြန်ရည်ကြောများမှတစ်ဆင့် ပိုးကူးကြောင်းမှတ်တမ်းများ ရှိပါသည်။သွားအတွင်းသားရောင်ခြင်းအား မကုပဲထားလျှင် သွားအတွင်းသားသေဆုံးပြီး သွားမြစ်ထိပ်အပေါက်မှတစ်ဆင့် သွားမြစ်ပတ်လည်တွင်ရှိသော တစ်ရှူးများစီသို့ ပိုးကူးစက်နိုင်ပါသည်။ရောဂါဖြစ်စေသောအကြောင်းရင်းများ –။ဘက်တီးရီးယား။အကြောင်းရင်းမသိပဲဖြစ်ခြင်း။သွားအတွင်းသားပေါ်ခြင်း။သွားထိပ်ပိုင်းကျွတ်ခြင်း။Filling Matters။သွားရှိနေသည့်သွားဖုံးခွက်။ပုံစံမမှန်သောသွားများ။ထိခိုက်မိခြင်း။သွားထိပ်ပိုင်းကျိုးပဲ့ခြင်း။သွားမြစ်ကျိုးခြင်း။သွားပွန်းခြင်း။သွားကြိတ်တတ်ခြင်း။သွားအတွင်းသားရောင်ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာသည် သွားအခေါင်းပေါက်ဖြစ်ခြင်းနှင့် ဆင်တူပါသည်။ဥပမာ –။ခံတွင်းသန့်ရှင်းမှုမလုပ်ခြင်း။သကြားများသောအစာများစားခြင်း။ပူလွန်းသောအစာများ အေးလွန်းသောအရာများ သို့ အစာစားလျှင် နှစ်လုံးပါလျှင်။သွားအတွင်းသားရောင်ခြင်းကိုဖြစ်စေသည့် အကြောင်းရင်းကိုဖြစ်စေနိုင်သည့် အန္တရာယ်ရှိသောအချက်များ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သွားအတွင်းသားရောင်ခြင်းအား အောက်ပါတို့ဖြင့် အတည်ပြုနိုင်သည်။သွားခေါက်စစ်ဆေးခြင်း။လက်နှင့်စမ်းသပ်ခြင်း။အပူအားတုန့်ပြန်နိုင်စွမ်းစစ်ခြင်း – ပုပ်နေသော သွားအတွင်းသားသည် အပူအအေးအား အပူစစ်-အအေးစစ်ရာတွင် တုန့်ပြန်မည်မဟုတ်ပါ။လျှပ်စစ်ဖြင့် သွားအတွင်းသားအားစစ်ဆေးခြင်း။ဓါတ်မှန်ရိုက်ခြင်း။ပျောက်ကင်းနိုင်သည့် သွားအတွင်းသားရောင်ခြင်းအား အမည်တပ်ရာတွင် သွားအတွင်းသားသည် ထိခိုက်စေငည့် အချက်များကို ဖယ်ထုတ်လိုက်လျှင် လုံးဝပြန်ကောင်းနိုင်မကောင်းနိုင်ပေါ်မူတည်သည်။ကုသမှု – သွားပိုးစားနေသည်များကိုဖယ်ပါ။ သင့်တော်သည့် သွားအတွင်းသားကာကွယ်မှုကို ထည့်ပါ။ ထို့နောက် အမြဲတမ်းပြန်ကောင်းမည့်နေရာများကို ချန်ပါ။ပြန်မပျောက်နိုင်သည့် သွားအတွင်းသားရောင်ခြင်းအား ကုသမှု – အမြစ်ခေါင်းကုထုံး သို့မဟုတ် သွားနှုတ်ပစ်ခြင်း။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် သွားအတွင်းသားရောင်ခြင်းကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။အလွန်ပူသော အေးသောအစာများကို ရှောင်ပါ။အစာစားပြီးတိုင်း သွားတိုက်ခြင်းဖြင့် ခံတွင်းသန့်ရှင်းမှုကို ဂရုစိုက်ပါ။ သို့သော် သွားတိုက်ဆေးကို လွှဲမှားသုံးလျှင် မလိုလားအပ်သည့် ပြဿနာများ ဖြစ်နိုင်သည်။သင့်တော်သော်ကာဗိုဟိုက်ဒြိုက်ပါသည့် ကျန်းမာရေးနှင့်ညီသော အစာများကိုစားပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/dental-conditions/pulpitis-%e1%80%9e%e1%80%bc%e1%80%ac%e1%80%b8%e1%80%a1%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%bb%e1%80%81%e1%80%84/
အသက်ရှူခြင်းကို ဘယ်လိုစီမံမလဲ
လေ့ကျင့်ခန်း အနည်းငယ်လုပ်ပြီး အသက်ရှူကျပ်နေရင်၊ မောနေရင် သင့်ဆရာဝန်ကို ပြောပြဖို့ အရေးကြီးပါတယ်။ ဒါဆို သူတို့က သင့်မှာ ဖြစ်နေတဲ့ မောပန်းခြင်းရဲ့ အကြောင်းရင်းကို ရှာဖွေပြီး မှန်ကန်တဲ့ ကုသမှုတွေ ပေးမှာ ဖြစ်ပါတယ်။ သင့်အသက်ရှူခြင်းကို ထိန်းချုပ်ဖို့အတွက် နည်းလမ်းတွေကို လေ့ကျင့်နိုင်ပါတယ်။ဒီနည်းလမ်းမှာ အဆင့်သုံးခု ရှိပါတယ်။၁) နှာခေါင်းကနေပြီး ပုံမှန်လေပမာဏကို ဖြည်းညင်းစွာ ရှူသွင်းပြီး အဆုတ်အောက်ပိုင်းကိုသာ လေဖြည့်ပါ။၂) ဖြည်းညင်းစွာ အသက်ရှူထုတ်ပါ။၃) ဒီလို ညင်သာစွာ အသက်ရှူသွင်းခြင်းကို စိတ်လျှော့ပြီး ပြုလုပ်ပါ။ အဆုတ်ရဲ့ အောက်ပိုင်းကိုသာ လေဖြည့်ဖို့ အရေးကြီးပါတယ်။ဒီနည်းဟာ တစ်နေ့လုံအတွက် အသက်ရှူဖို့ အကောင်းဆုံးဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ အသက်ရှူခြင်းကို လေ့ကျင့်ခြင်းဟာ အောက်စီဂျင် လုံလောက်စွာ သယ်ဆောင်နိုင်စေပြီး carbon dioxide ရှူထုတ်ခြင်းကို ထိန်းချုပ်ပေးပါတယ်။နှာခေါင်းကနေပြီး ပုံမှန်လေပမာဏကို ဖြည်းညင်းစွာ ရှူသွင်းပြီး အဆုတ်အောက်ပိုင်းကိုသာ လေဖြည့်ပါ။ ဖြည်းညင်းစွာ အသက်ရှူထုတ်ပါ။ ဒီနည်းလမ်းကို အစပိုင်းမှာ ဗိုက်ပေါ်လက်တစ်ဖက်တင်ပြီးရင်ဘတ်ပေါ် လက်တစ်ဖက်တင်ကာ စမ်းကြည့်သင့်ပါတယ်။အသက်ဖြည်းညင်းစွာ ရှူသွင်းချိန်မှာ အောက်ဘက်လက်ဟာ မြင့်တက်လာပြီး အပေါ်ဘက်လက်ကတော့ တစ်သမတ်တည်း ရှိမှာ ဖြစ်ပါတယ်။ ဒီလို ညင်သာစွာ အသက်ရှူသွင်းခြင်းကို စိတ်လျှော့ပြီး ပြုလုပ်ပါ။ အဆုတ်ရဲ့ အောက်ပိုင်းကိုသာ လေဖြည့်ဖို့ အရေးကြီးပါတယ်။ဒီနည်းလမ်းမှာ အဆင့်သုံးခု ရှိပါတယ်။၁) အဆုတ် အပေါ်ပိုင်းရော၊ အောက်ပိုင်းပါ လေဖြည့်ဖို့အတွက် ဖြည်းညင်း ကြာရှည်စွာ နှာခေါင်းနဲ့ အသက်ရှူသွင်းပါ။၂) အသက်ရှူ ၃ စက္ကန့်အောင့်ပါ။၃) စေ့ထားတဲ့ ပါးစပ်ကနေပြီး ဖြည်းညင်းစွာ ရှူထုတ်ပါ။ ကိုယ်ကို လျှော့ထားသင့်ပါတယ်။ဒီနည်းလမ်းကတော့ Hyperventilation ကို ထိန်းချုပ်ပေးပြီး နှလုံးခုန်ကို နှေးစေကာ နေရသက်သာစေပါတယ်။ ဒီနည်းကို ရက်သတ္တပတ်အနည်းငယ်ကြာ တစ်နေ့မှာ အကြိမ်အနည်းငယ် ပြုလုပ်ပြီး လေ့ကျင့်သင့်ပါတယ်။ ပြောင်းလဲမှုတွေ ဖြစ်ချိန်၊ စိတ်ဖိစီးမှု လျော့လိုချိန်၊ စိတ်တည်ငြိမ်လိုချိန်တွေမှာ ဒီနည်းနဲ့ အသက်ရှူနိုင်ပါတယ်။ ဒါကြောင့် ကြောက်ရွံ့ချိန်တွေမှာ စိတ်တည်ငြိမ်ဖို့ နည်းလမ်းဆိုတယ်ဆိုရင် ဒီနည်းကို ပြုလုပ်နိုင်ပါတယ်။ဒီနည်းမှာတော့ အဆင့် ခြောက်ဆင့်ရှိပါတယ်။၁) သက်တောင့်သက်သာ ဖြစ်အောင် ထိုင်ပါ။၂) အသက် ဝဝ ကို အကြာကြီးရှူပြီး ဖြည်းညင်းစွာ ရှူထုတ်ပါ။၃) မျက်လုံးတွေကို မှိတ်လိုက်ပါ။၄) ပုံမှန်အသက်ရှူခြင်းကို ၁၀ ခါပြုလုပ်ပြီး အကြိမ်တိုင်းမှာ ၁ ကနေ ၁၀ အထိရေပါ။၅) ဒီအချိန်မှာတော့ သင်ဟာ အသက်ကို သက်တောင့်သက်သာ ရှူပြီး မေးရိုး၊ နဖူး၊ ဝမ်းဗိုက် တွေမှာ ရှိတဲ့ ဖိအားကို သတိထားပါ။ ဒီဖိအားတွေ လျော့ကျနေပြီလို့အာရုံပြုပါ။၆) ၁ ပြန်ရောက်တဲ့အခါ မျက်စိကို ဖွင့်လိုက်ပါ။ဒီနည်းလမ်းကို စိတ်သက်သာအောင် ရေတွက်ခြင်းလို့ ခေါ်ပါတယ်။ သူဟာ စိတ်တည်ငြိမ်အောင် အသက်ရှူခြင်းထက် အကျိုးကျေးဇူး နှစ်ခု ပိုရှိပါတယ်။ ပထမဦးစွာ သူဟာ ပြီးဆုံးဖို့ ပိုကြာမြင့်ပါတယ်။ ၃၀ စက္ကန့်အစား ၉၀ စက္ကန့်ကြာပါတယ်။ ဒီအချိန်အတွင်းမှာ သင်ဟာ စိတ်ပူပန်နေတဲ့ အတွေးတွေကိုသာ အာရုံပြုနေမှာ ဖြစ်ပါတယ်။ကြောက်စရာ ကောင်းတဲ့အတွေးတွေကို လေးနက်စွာ အာရုံမစိုက်ပဲ ဖြတ်ကျော်နိုင်တယ်ဆိုရင် သင်ဟာ သင့်အတွေးတွေကို ပိုမို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒုတိယအနေနဲ့ ဒီနည်းလမ်းဟာ ပုံမှန်အတိုင်းအသက်ရှူနည်းနဲ့ စိတ်တည်ငြိမ်အောင် အသက်ရှူနည်းလိုပဲ စိတ်တည်ငြိမ်စေပါတယ်။ ဒါက သင်ဟာ သင့်ကိုယ်ခန္ဓါကို တည်ငြိမ်စေဖို့ စက္ကန့် ၉၀ ပေးခြင်းဖြစ်ပါတယ်။ ပြီးရင်တော့ ဒီအချိန်ကို ကျော်သွားရင် အရင်ထက်ပိုပြီး စိတ်ပူမှု နည်းပါးတာကို တွေ့ရမှာ ဖြစ်ပါတယ်။ဒီနည်းလမ်းတွေကို အသုံးပြုစဉ်မှာ အချက်နှစ်ခုကို သတိထားရမှာ ဖြစ်ပါတယ်။ ပထမတစ်ခုကတော့ ဒီအသက်ရှူနည်းတွေဟာ လောလောဆယ်ဖြစ်နေတဲ့ အတွေးတွေကိုသာ ထိန်းချုပ်နိုင်တာ ဖြစ်တာမို့ သင်ဟာ ကြောက်နေချိန်မှာ သင့်ရဲ့ အတွေးဆိုးတွေကို ပြောင်းလဲခြင်း၊ အသက်ရှူခြင်းကို ပြောင်းလဲခြင်းတွေကို ပြုလုပ်သင့်ပါတယ်။ဒုတိယအချက်ကတော့ ဒီနည်းလမ်းတွေဟာ သင်အာရုံစိုက်သလောက် အကျိုးရရှိမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းပြုလုပ်စဉ်မှာ ဘယ်အရာကိုမှ မတွေးသင့်ပါဘူး။ သင့်ရဲ့ စိတ်ပူနေတဲ့ အတွေးတွေ၊ ဒါပြီးရင် ဘာလုပ်မယ်ဆိုတာတွေ၊ ဒီနည်းကို ဘယ်လောက်ကျွမ်းနေပြီဆိုတာတွေ ကို မတွေးပဲ အထက်ဖေါ်ပြပါ အချက်တွေကို လိုက်နာသင့်ပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/%e1%80%a1%e1%80%9e%e1%80%80%e1%80%ba%e1%80%9b%e1%80%be%e1%80%b0%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%85/
အမျိုးသမီးသန့်စင်ဆေးရည်တွေကို တကယ်ရောသုံးသင့်ရဲ့လားဆိုတာနဲ့အခြား အယူအဆမှားများ ။
TV တွေ ၊ စာစောင်တွေ Facebook တွေထဲမှာမိန်းမကိုယ်သန့်စင်ဆေးရည်ကြော်ငြာ တွေ မကြာခဏ တွေ့ဖူးကြမှာပါ။ Shopping Mall တွေ သွားတိုင်း စင်ပေါ်မှာ သူတို့ကနေရာယူထားကြတာ တွေ့ရမှာပါ။မိန်းမကိုယ်အတွက် သီးသန့်ထုတ်ထားတဲ့သန့်စင်ဆေးရည်ဆိုတော့ သူတို့ကို တကယ်ရော သုံးသင့်ရဲ့လား။ အပြင်မှာတစ်ချို့လူတွေ ပြောနေကြတဲ့မိန်းမကိုယ်ဆိုတာ သူ့ဘာသာသူ သန့်ရှင်းတဲ့စနစ်ရှိတယ်။ သန့်စင်ဆေးရည်တွေကို မလိုအပ်ဘူး။ မိန်းမကိုယ်အတွက် အန္တရာယ်တောင်ဖြစ်ဦးမယ် စတဲ့ အကြောင်းတွေ ကြားဖူးကြမှာပါ။ သူတို့ပြောနေကြသလို တကယ်ပဲ မလိုအပ်ဘူးလား။ ။တကယ်တော့ ဘယ်လောက်ပဲ မိန်းမကိုယ်မှာ သဘာဝအတိုင်း သန့်ရှင်းတဲ့ စနစ်ရှိတယ်ဆိုပေမယ့် ကိုယ့်ဘက်က မိန်းမကိုယ်သန့်ရှင်းရေးနဲ့ပတ်သက်လို့ သေချာဂရုမစိုက်ဘဲနေတဲ့အခါတွေမှာ သဘာဝစနစ်ကြီးကလည်း ပြင်ပက ရောဂါပိုးတွေကို မနိုင်တော့ပါဘူး။ ဒီတော့မိန်းမကိုယ်သန့်စင်ဆေးရည်တွေ သုံးပေးဖို့ လိုအပ်ပါတယ်။ ဘယ်လို အချိန်တွေမှာ သုံးပေးဖို့လိုအပ်သလဲ ။ ။ဒါတွေကတော့ အမျိုးသမီးသန့်စင်ဆေးရည်တွေကို ဘာကြောင့်သုံးပေးဖို့လိုအပ်သလဲဆိုတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။ ဒါဆို အပြင်မှာ ပြောနေကြတဲ့ မိန်းမကိုယ်သန့်စင်ဆေးရည်နဲ့ ပတ်သက်တဲ့ အယူမှားတွေကြတော့ရော။ ဒါလေးကိုလည်းရှင်းပြပါဦးမယ်။ ။ အပြောများတဲ့ အယူမှား ၅ ချက်အကြောင်းကို ပြန်ပြီး ရှင်းပြချင်ပါတယ်။ ။၁–မိန်းမကိုယ်မှာ ခုခံအားစနစ်ပါပြီးသား။ အပြင်က ရောဂါပိုးတွေကို ကာကွယ်နိုင်တယ်။ မိန်းမကိုယ်သန့်စင်ဆေးရည်တွေ သုံးပေးဖို့ မလိုအပ်ဘူး။ ။မိန်းမကိုယ်မှာအကျိုးပြု ဘက်တီးရီးယားတွေရှိတော့ သူတို့က ပြင်ပရောဂါပိုးတွေ မဝင်အောင်တားဆီးပေးတယ်ဆိုပေမယ့် ခုခံအားနည်းတဲ့သူတွေ ဖြစ်တဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ဆီးချိုရောဂါသည်တွေနဲ့ ပဋိဇီဝပိုးသတ်ဆေးတွေ သောက်နေတဲ့သူတွေမှာကျတော့ ဒီ အကျိုးပြုဘက်တီးရီးယားတွေ အားနည်းနေတဲ့အတွက်ကြောင့် အပြင်ကရောဂါတွေ အထဲမဝင်စေဖို့မိန်းမကိုယ်သန့်စင်ဆေးရည်တွေ သုံးပြီး တားဆီးဖို့လိုပါတယ်။၂–မိန်းကိုယ်သန့်စင်ဆေးရည်က ဘက်တီးရီးယားတွေကို သုတ်သင်ပေးတဲ့ အာနိသင်ရှိတယ်ဆိုတော့ အကျိုးပြုဘက်တီးရီးယားတွေကို သေစေနိုင်လို့ မိန်းမကိုယ်ကိုတောင် ထိခိုက်စေပါသေးတယ်။ ။အမျိုးသမီးသုံးသန့်စင်ဆေးရည်တွေဟာ အပြင်က ဘက်တီးရီးယားတွေကို သန့်စင်ပေးနိုင်တယ်ဆိုတိုင်း မိန်းမကိုယ်အတွင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေကို သေစေမှာမဟုတ်တဲ့အပြင် Perbiotic လို့ခေါ်တဲ့အကျိုးပြုဘက်တီးရီးယားအာဟာရဓါတ်ေတွလည်း ပါတာကြောင့် အကျိုးပြုဘက်တီးရီးယားတွေ အတွက် ပိုတောင်ကောင်းဦးမှာပါ။၃–မိန်းမကိုယ်ဟာ နူးညံ့တဲ့အတွက် ဒီလို ပြင်းလွန်းတဲ့ ဆပ်ပြာပါတဲ့ အမျိုးသမီးသန့်စင်ဆေးရည်တွေ မသုံးသင့်ဘူး ။ဒီနေရာမှာ ပြောချင်တာက မိန်းမကိုယ်သန့်စင်ဆေးရည်နဲ့ ကိုယ်တိုက်ဆပ်ပြာတွေက မတူပါဘူး။ ကိုယ်တိုက်ဆပ်ပြာတွေမှာပါတဲ့ အက်ဆစ်ကပိုပြီးပြင်းထန်ပါတယ်။မိန်းမကိုယ်သန့်စင်ဆေးရည်တွေကျတော့ မိန်းမကိုယ် pH ပမာဏ အတိုင်း အခြေခံပြီး ထုတ်ထားတာကြောင့် နူးညံ့တဲ့မိန်းမကိုယ်အတွက် ထိခိုက်မှု တစ်စုံတရာကို ပေးမှာမဟုတ်ပါဘူး။၄–အမွှေးနံ့ပြင်းတဲ့ သန့်စင်ဆေးရည်တွေက မိန်းမကိုယ်ကို ခြောက်သွေ့စေလို့အမျိုးသမီးသန့်စင်ဆေးရည်တွေ မှာ အမွှေးနံ့တွေပါနေတဲ့အတွက် သူတို့ကို မသုံးသင့်ဘူး။ ။အမွှေးနံ့ပြင်းတဲ့ သန့်စင်ပစ္စည်းတွေကို မိန်းမကိုယ်မှာ မသုံးသင့်ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အမျိုးသမီးသုံးသန့်စင်ဆေးရည်တွေမှာပါတဲ့ အမွှေးနံ့က မပြင်းဘဲ သင်းသင်းလေးဖြစ်တဲ့အပြင် ရောဂါပိုးတွေကို သန့်စင်ပေးတဲ့အာနိသင်လည်းပါတာကြောင့်မိန်းမကိုယ်က အနံ့ဆိုးထွက်တဲ့ပြဿနာကိုတောင် သူက ရှင်းပေးဦးမှာပါ။၅–အမျိုးသမီးသန့်စင်ဆေးရည်တွေကို အိမ်သာဝင်တိုင်းသုံးပေးဖို့လိုတယ် ။ ။ဒါကျတော့ သုံးနေတဲ့ အမျိုးသမီးတွေကြားထဲမှာ ဖြစ်နေတဲ့ အယူများတဲ့အချက်တစ်ခုဖြစ်ပါတယ်။ မိန်းမကိုယ်သန့်စင်ဆေးရည်ကို သုံးပေးတာကောင်းပါတယ်။ ဒါပေမယ့် အိမ်သာဝင်တဲ့အခါတိုင်းသုံးပေးစရာတော့ မလိုပါဘူး။ တန်ဆေးလွန်ဘေးဆိုတဲ့ စကားလေးလည်းရှိတဲ့အတွက် ၂ ရက်တစ်ခါ ( ဒါမှမဟုတ် ) ၃ ရက်တစ်ခါလောက် သုံးပေးရင်ရပါပြီ ။ ။ကဲ ဒီလောက်ဆိုရင် အမျိုးသမီးသန့်စင်ဆေးရည် သုံးသင့်လား မသုံးသင့်ဘူးလားနဲ့ ကြားဖူးနေကျ အမျိုးသမီးသန့်စင်ဆေးရည်နဲ့ပတ်သက်တဲ့ အယူမှားတွေအကြောင်း ရှင်းသွားပြီလို့ထင်ပါတယ်။ ဒီတော့ မိန်းမကိုယ်သန့်ရှင်းရေးကို မပေါ့ဆဘဲ သေချာ ဂရုစိုက်ပြီး နေ့ရက်တိုင်းကို ယုံကြည်မှုရှိရှိ ဖြတ်သန်းလိုက်ကြရအောင်နော် ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/feminine-wash-myths/
တင်ပါးဆုံရိုးကျိုးခြင်း
တင်ပါးဆုံရိုးကျိုးခြင်းဟာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတစ်ခုဖြစ်ပြီး ၎င်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဟာ အသက်ကို ခြိမ်းခြောက်နိုင်တဲ့အထိ ဒုက္ခပေးတတ်ပါတယ်။ အသက်ကြီးလာလေ တင်ပါးဆုံရိုးကျိုးဖို့ အလားအလာများလေ ဖြစ်ပါတယ်။ပေါင်ရိုးရဲ့ အထက်ပိုင်းလေးပုံတစ်ပုံမှာ အရိုးကျိုးခြင်းကို တင်ပါးဆုံရိုးကျိုးခြင်းလို့ခေါ်ပြီး အရိုးကျိုးတဲ့ အတိုင်းအတာကတော့ အားသက်ရောက်မှုအပေါ် မူတည်ပါတယ်။ တင်ပါးဆုံရိုးကျိုးခြင်းဟာ သာမန်အရိုးကျိုးတဲ့ ပြဿနာသက်သက် မဟုတ်ဘဲ အသက်အရွယ်ကြီးသူတွေမှာ ကြီးမားတဲ့အခက်အခဲ ဖြစ်စေနိုင်တဲ့ အနှောင့်အယှက်တစ်ခုလို့ ဆိုနိုင်ပါတယ်။တင်ပါးဆုံရိုးကျိုးတဲ့အခါ ခွဲစိတ်ကုသမှု ခံယူရဖို့များတဲ့အပြင် ပြန်ကောင်းလာဖို့လည်း တစ်နှစ်လောက် အချိန်ယူရမှာ ဖြစ်ပေမယ့် ကာယကုထုံးအကူအညီနဲ့ ကျိုးသွားတဲ့အစိတ်အပိုင်းတွေ ပြန်လည်သန်မာလာအောင်၊ ပြန်လည်လှုပ်ရှားနိုင်အောင် ပြုလုပ်နိုင်ပါတယ်။အသက်အရွယ်ကြီးလာလေ ခန္ဓါကိုယ်က အရိုးအဆစ်တွေ အားနည်းလာလေ ဖြစ်တဲ့အတွက် တင်ပါးဆုံရိုးကျိုးနိုင်ချေ ပိုများလာမှာ ဖြစ်ပါတယ်။ ခန္ဓါကိုယ်ဟန်ချက်ထိန်းရန် ခက်ခဲခြင်း၊ အမြင်အာရုံအားနည်းခြင်း၊ အမျိုးစုံသောဆေးဝါးများ သောက်သုံးနေရခြင်း စတဲ့အချက်တွေက သက်ကြီးရွယ်အိုတွေကို ချော်ကျ၊ လဲကျစေနိုင်ပြီး တင်ပါးဆုံးရိုးကျိုးစေနိုင်ပါတယ်။တင်ပါးဆုံရိုးကျိုးနိုင်ချေကို မြင့်စေတဲ့ အခြားအကြောင်းရင်းတွေကတော့။တင်ပါးဆုံရိုးကျိုးတဲ့ လက္ခဏာတွေကတော့။အောက်ပါအကြောင်းရင်းတွေကြောင့် အသက်အရွယ်ကြီးလာတာနဲ့အမျှ တင်ပါးဆုံရိုးကျိုးနိုင်ချေ မြင့်လာရခြင်း ဖြစ်ပါတယ်။တင်ပါးဆုံရိုးကျိုးခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ။တင်ပါးဆုံရိုးကျိုးခြင်းက သင့်ကို အမှီအခိုမကင်း ဖြစ်စေသလို သင့်ရဲ့ ဘဝသက်တမ်းကိုပါ တိုတောင်းစေနိုင်ပါတယ်။ တင်ပါးဆုံရိုးကျိုးခြင်းကြောင့် အချိန်ကြာကြာ မလှုပ်ရှားဘဲ နေရာကတဆင့် အောက်ပါ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။သင့်အနေနဲ့ အရိုးအဆစ်တွေသန်မာအောင် ထိန်းသိမ်းပြီး ချော်လဲမကျအောင် အထူးသတိထားခြင်းအားဖြင့် တင်ပါးဆုံရိုးမကျိုးအောင် ကာကွယ်ဖို့ တိုက်တွန်းလိုပါတယ်။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/%e1%80%90%e1%80%84%e1%80%ba%e1%80%95%e1%80%ab%e1%80%b8%e1%80%86%e1%80%af%e1%80%b6%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba/
တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။
တကယ်မရှိတဲ့အသံတွေ၊ သူများမကြားတဲ့ အသံတွေကို ကြားနေရတာ ကိုယ်တစ်ယောက်တည်းဆိုရင် ဒါဟာ ကိုယ့်မှာ ပြဿနာ တစ်ခုခု ရှိနေတာပါ၊ ဒါကို ဆေးပညာအရAuditory hallucinationလို့ ခေါ်ပါတယ်။ ဒီလိုမဟုတ်ဘဲ အတော်များများက ကြားရတယ်။ ကြားတဲ့သူတွေကလည်းစိတ်ကျန်းမာရေးချို့တဲ့မှု မရှိတဲ့ လူကောင်းတွေပဲ ဆိုရင်တော့ ဒါဟာ ရောဂါလို့ ပြောဖို့ ခက်နေပါပြီ။ ဘာကြောင့်များ လူတွေက အသံတွေကို စွဲလမ်းပြီး ကြားနေရတာလဲ။ဒါကို Earwormsလို့ ခေါ်ပါတယ်။ အသံတစ်ခုခုကို စွဲပြီး ထပ်ကာထပ်ကာ ကြားနေရတဲ့ အခြေအနေပါ။ အများစုက သီချင်းတွေကို ပြန်ကြားတာ များပါတယ်။ တခြားအသံတွေကိုလည်း ကြားတာမျိုးလည်း ရှိပါတယ်။ ဒီလို ထပ်ကာထပ်ကာ ကြားနေရပေမယ့် အများစုက စိတ်အနှောင့်အယှက်ဖြစ်လောက်အောင် မခံစားရပါဘူး။ သုံးပုံတစ်ပုံလောက်ကပဲစိတ်ထဲမှာ စွဲနေတဲ့အတွက် စိတ်ညစ်ရတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် သူတို့မကြိုက်တဲ့ အသံတွေ၊ သီချင်းတွေ ဖြစ်နေရင် ပိုဆိုးပါတယ်။အသံတစ်ခုခုကို စွဲပြီး ကြားနေဖို့အတွက်ဆိုရင် ဦးနှောက်မှာရှိတဲ့ စိတ်ခံစားချက်ကို လက်ခံတဲ့နေရာ၊ မှတ်ဉာဏ်၊ အတွေး စတာတွေ ပါဝင်ရပါတယ်။ သင်စိတ်ထဲမှာ ပျော်နေတဲ့အချိန်မှာလည်း ပြန်ပေါ်လာနိုင်သလို (တချို့တွေ ပျော်တဲ့အချိန်မှာ သီချင်းညည်းတဲ့အခါ ကိုယ်ကြားနေကျ သီချင်းကို ညည်းသလိုမျိုး) စိတ်နဲ့ ကိုယ်နဲ့ မကပ်ဘဲ တွေးချင်ရာ တွေးနေတဲ့အချိန်မှာလည်း ဒီအသံတွေက အာရုံထဲမှာ ပြန်ပေါ်လာတတ်ပါတယ်။ခေါင်းထဲမျာ ဒီအသံနဲ့ ပတ်သက်ပြီး သိပ်တွေးလွန်းရင်လည်းဦးနှောက်က သူမှတ်ထားတဲ့ထဲကနေ အသံတွေ ပြန်ထုတ်ပေးတတ်ပါသေးတယ်။ ဒါ့ပြင် သင်က အသံတွေ၊ သီချင်းတွေကို ကြိုက်တဲ့သူ၊ ရင်းနှီးတဲ့သူဆိုရင်လည်း သူများထက် ပိုဖြစ်နိုင်ချေများပါတယ်။Earwormsက တချို့သော စိတ်ရောဂါတွေ (ဥပမာOCDလိုမျိုး စိတ်စွဲလမ်းလွန်ရောဂါ)၊ စိတ်ခံစားချက် နုနယ်သူတွေမှာ တွေ့ရတတ်တယ်ဆိုပေမယ့် ဒီလိုဖြစ်တိုင်း စိတ်ရောဂါရှိတယ်လို့ သတ်မှတ်လို့မရပါဘူး။သာမန်လူကောင်းတွေမှာလည်း ဒီလိုမျိုး အသံတွေကို စွဲလမ်းပြီး ကြားရတယ်ဆိုတာက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အထူးသဖြင့် စိတ်ဖိစီးနေတဲ့အချိန်၊ အိပ်ရေးမဝတဲ့အချိန်မျိုးမှာ ဦးနှောက်က ပင်ပန်းပြီး သတင်းအချက်အလက်တွေကို မှားထုတ်တဲ့အတွက် ဒီလိုမျိုး အသံတွေကို ပြန်ကြားနေရတတ်ပါတယ်။ပြောခဲ့သလိုပဲ။ အများစုအတွက်  ဒီအသံတွေက သိသိသာသာ ကြားနေရတာ မဟုတ်သလို စိတ်အနှောင့်အယှက်လည်း မဖြစ်ကြပါဘူး။ ရက်ပိုင်းလောက်နေရင် အလိုလို ပျောက်သွားကြပါတယ်။ ဒီလိုမဟုတ်ဘဲ ဘာလုပ်လုပ် အသံတွေကို စွဲစွဲလမ်းလမ်းကြားနေရမယ်၊ စိတ်အနှောင့်အယှက်လည်း ဖြစ်နေရတယ်ဆိုရင်တော့ ဒီနည်းလမ်းတွေကို စမ်းကြည့်ဖို့ အကြံပေးချင်ပါတယ်။လေ့လာချက်တွေအရ ပီကေဝါးတဲ့သူတွေက မဝါးတဲ့သူတွေထက် အသံတွေကြားရတာကို ခံစားရတာ ပိုသက်သာပါတယ်တဲ့။ ဒီလို စကားပြောနိုင်တဲ့ လျှာတို့၊ ခံတွင်းတို့ကို အလုပ်ပေးထားတာကို subvocalizations လုပ်တယ်လို့ ခေါ်ပါတယ်။ ဒီလို လုပ်ထားတာက ဦးနှောက်ကို အလုပ်ပေးထားတာ ဖြစ်တဲ့အတွက် အသံတွေကို မထုတ်နိုင်အောင် တားပေးထားပါတယ်။အသံကို အသံနဲ့ပဲ အာရုံလွှဲကြည့်ပါ။ တခြားသီချင်းနားထောင်တာ၊ စာသားမပါတဲ့ သံစဉ်တွေ နားထောင်တာ၊ ကဗျာရွတ်တာ၊ တူရိယာတီးတတ်ရင် တစ်ခုခုတီးတာ စသဖြင့် လုပ်ကြည့်လို့ရပါတယ်။ ဦးနှောက်ထဲမှာ ရှိပြီးသား အသံတွေကို တခြားအသံတွေနဲ့ လဲလိုက်တဲ့အခါ ကြားနေကျ အသံတွေ ပျောက်သွားနိုင်ပါတယ်။တစ်ခုခုကို အာရုံစိုက်ပြီး လုပ်နေလိုက်ပါ။ ဥပမာ နောက်အပတ်လုပ်စရာရှိတာတွေကို စဉ်းစားပြီး ချရေးနေတာမျိုး၊ ပေါင်းနှုတ်မြှောက်စား လုပ်နေတာမျိုးက ဦးနှောက်ကို အသံဘက်ကို မလှည့်နိုင်အောင် လမ်းလွှဲလိုက်တာပါပဲ။ကိုယ်မေ့ထားချင်တဲ့ ကိစ္စတွေကို ဦးနှောက်က ပြန်ပြန်ဖော်ပေးတာ သဘာဝပါပဲ။ Earwormsလည်း ဒီလိုပါပဲ။ မကြားချင်လို့ ရှောင်လေလေ၊ ကြားရလေလေ ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ လူက ပိုစိတ်ညစ်လာရော။ ဒါကြောင့် တည့်တည့်သာ ရင်ဆိုင်လိုက်ပါ။ ကြားနေရတဲ့ သီချင်းတွေ၊ အသံတွေကို ခဏခဏ နားထောင်လိုက်ပါ။ အစအဆုံး သေချာနားထောင်လိုက်ပါ။ Zeigarnik effect အရ တစ်ပိုင်းတစ်စမှတ်ဉာဏ်တွေကို အပြည့်အဝမှတ်ဉာဏ်တွေထက် ပိုမှတ်မိတာကြောင့် မကြားချင်တဲ့ သီချင်းကို သေချာနားထောင်ပြီး မှတ်သာ ထားလိုက်ပါ။ အပြည့်အဝမှတ်ထားလိုက်တဲ့အခါ ဦးနှောက်က မကြာခင်မှာပဲ မေ့ပစ်ခိုင်းပါလိမ့်မယ်။အသံတွေ ခဏခဏ ပြန်ကြားနေရတာ၊ သူများမကြားဘဲ ကိုယ်ပဲ ကြားနေရတာက စိတ်ရောဂါမဟုတ်ပါဘူး။ ဒီနည်းလမ်းတွေကို သုံးပြီး ဖြေရှင်းကြည့်ပါ။ ရက်ပိုင်းလောက်နေရင် သက်သာသွားပါလိမ့်မယ်။စိတ်ဖိစီးတာတွေ၊ ကြောက်လန့်တာတွေ မဖြစ်ပါနဲ့။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/earworms-anxiety/
ကိုကိုတွေအတွက် ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အတွင်းခံ ရွေးချယ်နည်း
အမျိုးသားတွေအနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အရေးပါလှတဲ့ အတွင်းခံဘောင်းဘီတွေကို ရွေးချယ်ဝတ်ဆင်ရာမှာ လွဲမှားနေတတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်း ၃ ချက်ရှိပါတယ်။တကယ်တော့ အမျိုးသားတွေအနေနဲ့ မှန်ကန်တဲ့ အတွင်းခံကို ရွေးချယ်ဝတ်ဆင်ဖြစ်ဖို့က အရမ်းအရေးကြီးပါတယ်။ အတွင်းခံအဝတ်အထည်ဆိုတာဟာ အဝတ်အစားတွေထဲမှာ အခြေခံအကျဆုံး အဝတ်အစားဖြစ်ပြီးတော့ ကျန်းမာရေး တစ်ကိုယ်ရေသန့်ရှင်းရေးတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့အရာလည်းဖြစ်ပါတယ်။ မှန်ကန်သင့်လျော်စွာ မဝတ်ဆင်ရင်၊ ကိုယ်နဲ့ မကိုက်ညီတာကို ဝတ်ဆင်နေမိရင် ကျန်းမာရေးသာမက လူမှုဆက်ဆံရေးမှာပါ အနှောင့်အယှက်ဖြစ်နိုင်တာမို့ပါ။ဒါ့အပြင် မသင့်လျော်၊ မကိုက်ညီ၊မသန့်ရှင်းတဲ့ အတွင်းခံမျိုးကို ဝတ်ဆင်နေမိမယ်ဆိုရင် ကိုယ့်ရဲ့ လူမမြင်အပ်တဲ့အရပ်မှာ လိင်အင်္ဂါရေယုန် (Genital Herpes) ၊ ကာလသားရောဂါ (Syphilis) ၊ ဝဲခြောက်ယားနာ (Scabies) ၊ အနီဖုဖြစ်စေတဲ့ ရောဂါပိုး (Molluscum Contagiosum) ၊လိင်တံထိပ်ဖူးရောင် ရောဂါ (Balanitis)၊ အရေပြား ဓာတ်မတည့်မှု (Contact Dermatitis) ၊ အရေပြားမှိုစွဲခြင်း (Yeast Infection) ၊ ပေါင်ခြံပွေး (Tinea Cruris) ၊ လိင်အင်္ဂါ နှင်းခူ (Genital Eczema) တို့လိုရောဂါမျိုးတွေ ဖြစ်ပွားဖို့ ဖိတ်ခေါ်နေသလိုဖြစ်သွားနိုင်ပါတယ်။အမျိုးသားဝတ်အတွင်းခံတွေက အမျိုးအစား၊ စတိုင်မျိုးစုံရှိပါတယ်။ Boxers ၊ Briefs ၊ Boxer briefs နဲ့ Trunks တို့လို လူဝတ်များတဲ့အမျိုးအစားတွေရှိသလို Midway briefs ၊ Jockstrap ၊ Thong ၊Bikini၊ String တို့လို အခြေအနေပေါ်မူတည်ပြီးဝတ်ဆင်တဲ့ အမျိုးအစားတွေလည်း ရှိပါတယ်။ အတွင်းခံရွေးချယ်ရာမှာ ဈေးနှုန်းထက် ကိုယ်နဲ့ ကိုက်ညီသင့်လျော်မှုက ပိုအရေးပါပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ ခန္တာကိုယ်ပုံစံနဲ့ ကိုက်ညီမှုရှိတဲ့ အတွင်းခံအမျိုးအစားကို ရွေးချယ်ဝတ်ဆင်တာဟာ ကျန်းမာရေးတွက်ရော သက်သောင့်သက်သာရှိတဲ့ နေထိုင်မှုပုံစံကိုရော ရရှိစေနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသားအများစုဟာ အတွင်းခံကို ကိုယ့်ရဲ့ ခန္တာကိုယ်ပုံစံနဲ့ ကိုက်ညှိရွေးချယ်ရမယ်ဆိုတာကို မသိရှိကြတာများပါတယ်။ နောက်ပြီး ကိုယ်ရွေးချယ်ဝတ်ဆင်တဲ့ အတွင်းခံဟာ လေဝင်လေထွက်ကောင်းမွန်ပြီး သက်သောင့်သက်သာရှိစေမယ့် ချည်သားအထည်မျိုးလည်းဖြစ်သင့်ပါတယ်။အတွင်းခံလို့ တွေးလိုက်တာနဲ့ ဒါဟာ ခန္တာကိုယ်ပေါ်ကအဝတ်အစားတွေအားလုံးသက်သောင့်သက်သာဖြစ်စေဖို့အတွက် အခြေခံအကျဆုံးဆိုတာကို တွေးမိကြမှာပါ။ လူမြင်ကွင်းမှာ ရှိမနေပေမယ့် အဓိကအကျဆုံး အလွှာဖြစ်ပါတယ်။ ဒါကြောင့် အရေးအကြီးဆုံးလို့ ဆိုရတာပါ။ကိုယ့်လိင်အင်္ဂါကိုလည်း မထိခိုက်စေရဘူး။ သက်သောင့်သက်သာတည်ရှိနေစေဖို့ ပံ့ပိုးပေးနိုင်ရမယ်။ဒါ့အပြင် ကျန်းမာရေးနဲ့ ကိုက်ညီဖို့အတွက်ဆိုရင် အရမ်းဈေးပေါတဲ့ အတွင်းခံမျိုးတွေကို ရှောင်ဖို့လည်းလိုအပ်ပါမယ်။ အရမ်းဈေးပေါလွန်းတာတွေက လျှော်ပါများရင် ပျော့ရိသွားတတ်လို့ပါ။နောက်ပြီး အကြံပေးလိုတဲ့ အချက်ကတော့ ကိုယ့်ခန္တာကိုယ်နဲ့ ကိုက်ညီတာမျိုးကို ရွေးချယ်ဖို့ပါပဲ။ အရင်ဆုံးကိုယ့်ရဲ့ ခန္တာကိုယ်ဟာ ဘယ်လို ပုံစံမျိုးရှိတယ်ဆိုတာကို အရင်သိထားဖို့ လိုအပ်ပါတယ်။ ကိုယ်က ဝတဲ့လူလား၊ ပိန်တဲ့သူလား၊ ခန္တာကိုယ် လေးထောင့် ဆန်ဆန်လား၊ ခါးလျားရှည်တဲ့သူလား စသဖြင့်ပေါ့။ ဒါတွေက ကိုယ့်ခန္တာကိုယ်ကို မှန်ထဲအရင်ကြည့်ပြီး ဆုံးဖြတ်လို့ရပါတယ်။ပြီးရင်တော့ အောက်မှာဖော်ပြထားသလို ကိုယ့်ခန္တာကိုယ်နဲ့ ကိုက်ညီတဲ့အမျိုးအစားမျိုးတွေကို ရွေးချယ်ပြီး ဝတ်ဆင်သင့်ပါတယ်။ခန္တာကိုယ့် ဝဖြိုးတဲ့သူတွေကတော့ Boxer နဲ့ Boxer Briefs တွေကို ရွေးချယ် ဝတ်ဆင်နိုင်ပါတယ်။ဒီလို ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကိုယ့်ခန္တာကိုယ် အနေအထားနဲ့ ကိုက်ညီတဲ့ အတွင်းခံတွေကို ရွေးချယ်ဝတ်ဆင်သွားမယ်ဆိုရင် လူမြင်မခံလိုတဲ့ ရောဂါမျိုးတွေ မဖြစ်ပွားအောင် ကာကွယ်တားဆီးနိုင်မှာဖြစ်ပြီး လူနေမှုဘဝမှာလည်း ပေါ့ပါးလွတ်လပ်တဲ့ ခံစားချက်မျိုးကို ပိုင်ဆိုင်နိုင်မှာဖြစ် ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%ad%e1%80%af%e1%80%90%e1%80%bd%e1%80%b1%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b/
သားဦးမိဘတွေ မေးနိုင်တဲ့ မေးခွန်းများ
ကလေးတစ်ယောက်ကိုမွေးဖွားရတာ ပိုပြီး ပျော်စရာ၊ ချစ်စရာကောင်းပေမယ့် စိတ်ပူစရာတွေ၊ စိုးရိမ်စရာ မေးခွန်းတွေကလည်း များပြားလှပါတယ်။ ခုမှ မိဘဖြစ်မယ့်သူတွေ မေးချင်တဲ့ မေးခွန်းတွေကလည်း ထောင်ပေါင်းများစွာ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီဆောင်းပါးကတော့ အမေးအများဆုံး မေးခွန်း ၄မျိုးကိုပဲ ဖြေပေးသွားမှာဖြစ်ပြီး ဒါလေးကို တစ်ချက်ကြည့်လိုက်တာနဲ့ ခုမှ မိခင်ဖြစ်မယ့် အမေကလည်း ကလေးကို ဂရုစိုက်နိုင်ဖို့ သေချာ ပြင်ဆင်ပေးသွားနိုင်မှာပါ။ကလေးရဲ့ ကိုယ်အလေးချိန်ကို စစ်ဆေးတာက အယုံကြည်ရဆုံး နည်းလမ်းပါပဲ။ တကယ်လို့ သင်က သင့်ကလေးရဲ့ အလေးချိန်ဟာ တစ်ပတ်ကို ၁ကီလိုကနေ ၃ကီလိုအထိတိုးလာတာ တေ့ရမယ်ဆိုရင် သူတို့ဟာ လုံလောက်တဲ့ အာဟာရတွေကို ရရှိနေတာပါပဲ။ ဖြစ်နိုင်ချေရှိတဲ့ အခြားနည်းလမ်းတစ်ခုကတော့ သင့်ကလေးအတွက် အစာကျွေးချိန်ကို စီစဉ်လိုက်တာပါ။ နို့တိုက်ချိန်ကိုပဲ ကြည့်မယ်ဆိုရင် တစ်ရက်ကို ၄ကြိမ်ကနေ ၆ကြိမ်ထိ နို့တိုက်နိုင်ပါတယ်။ သူတို့ရဲ့ဆီးအရောင်ဟာ ကြည်လင်နေတာပဲဖြစ်ဖြစ် ဖြူဖပ်ဖပ်ဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။ တကယ်လို့များ အဝါရောင် ရင့်ရင့် ဒါမှမဟုတ် အဝါရောင်သမ်းနေတာကို တွေ့မယ်ဆိုရင် သူတို့ဟာ နို့အလုံအလောက် မစို့ရလို့ပါ။ကိုယ်ဝန်ဆောင်စဉ်မှာ ကာကွယ်ဆေးထိုးလိုက်ရင်တော့ သင့်ကလေးဆီကို အချို့သော ခုခံနိုင်စွမ်းတွေ ထည့်ပေးလိုက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ သင်မဖြစ်မနေထိုးသင့်တဲ့ အရေးအကြီးဆုံး ကာကွယ်ဆေး နှစ်မျိုးရှိပါတယ်။ ဒါတွေကတော့။Flu Jab; သင်နဲ့သင့်ကလေးကို တုပ်ကွေး ဗိုင်းရပ်စ်တွေဆီကနေ ကာကွယ်ဖို့ flu jab ကို ထိုးရမှာပါ။ သင့်ရဲ့ ခုခံအားစနစ်က အားနည်းလာပြီး အထူးသဖြင့်တော့ ကိုယ်ဝန်ဆောင်စဉ်မှာ ဒီလို အဖျားအနာတွေကို ကာကွယ်နိုင်ဖို့ အားနည်းလွန်းတာကြောင့် သင့်ကိုယ်ဝန်ဘယ်အခြေအနေပဲရှိရှိ ဒီကာကွယ်ဆေးကို ထိုးကိုထိုးသင့်ပါတယ်။ကြက်ညှာချောင်းဆိုး; ကိုယ်ဝန်ဆောင်တွေတိုင်းရဲ့ တတိယ ၃လမှာ ကြက်ညှာချောင်းဆိုး ကာကွယ်ဆေးထိုးဖို့က အမျိုးသမီးတွေအတွက် အရေးကြီးလှပါတယ်။ ကာကွယ်ဆေးတွေက ဒီရောဂါကို ကာကွယ်နိုင်ဖို့ အကောင်းဆုံး နည်းလမ်းပါပဲ ။ Adult Tdap ဟာ အသက် ၁၁နှစ်နဲ့ အထက် လူတိုင်းထိုးရတဲ့ ကြက်ညှာချောင်းဆိုး ကာကွယ်ဆေးပါပဲ။ ကိုယ်ဝန်ဆောင်တွေပါ အပါအဝင်ပေါ့။မွေးဖွားပြီး သုံးပတ်ကြာတဲ့အချိန်မှာ ကလေးရဲ့ ချက်ကြိုးဖြတ်ထားတဲ့ အနာလည်း ခြောက်သွားလောက်ပြီး အနက်ရောင်ကိုပြောင်းသွားလို့ ကြွေကျသွားလောက်ပါပြီ။ ချက်ကြွေပြီးတဲ့နောက် သန့်ရှင်းနေဖို့ဆိုတာက ကလေးကို ပိုးမဝင်ဖို့အတွက် အထူးအရေးကြီးပါတယ်။ မိခင်တွေ မှတ်သားထားသင့်တဲ့ အချက် ၂ချက်ကို ဒီမှာ ဖော်ပြပေးလိုက်ပါတယ်။ချက်ကို သူ့အလိုလိုသာ ကြွေကျပါစေ။ ။မခွာလိုက်ပါနဲ့။ ခွာလိုက်တာက ကလေးကို နာကျင်စေပါတယ်။ အချိန်တစ်ခုရောက်လာရင် သင်တောင် သတိမထားလိုက်မိဘဲ ချက်ကြွေသွားမှာပါ။ကြွေသွားတဲ့နေရာကို သန့်စင်ပေးပါ။ ။မိဘအများစုဟာ ဒီချက်ကြိုးနေရာကို သန့်စင်ဆေးကြောတဲ့အခါ ဘက်တီးရီးယားတွေ သေစေဖို့ အရက်နဲ့ဆေးပါဆိုပြီး ပြောတဲ့ အကြံဉာဏ်တွေ လက်ခံရရှိတတ်ပါတယ်။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေကတော့ ရေသီးသန့်နဲ့ဆေးတာက ပိုပြီး မြန်မြန်ပျောက်ကင်းစေတယ်လို့ဆိုကြပါတယ်။ တကယ်လို့ သင့်ကလေးရဲ့ ချက်နေရာက ညစ်ပတ်ပြီး စေးကပ်ကပ်ဖြစ်နေတယ်ဆိုရင် နူးညံ့သန့်စင်တဲ့ အဝတ်စကိုသာ သုံးပြီး ချက်နေရာတစ်ဝိုက်မှာ သန့်စင်ပေးပါ။ကိုယ်ဝန်ဆောင်စဉ်မှာ အလေးချိန်တိုးလာတယ်ဆိုတာ ဗိုက်ထဲက ကလေးဟာ သူတို့ရဲ့ ဖွံ့ဖြိုးမှုအတွက် အာဟာရပြည့်ပြည့်ဝဝရရှိဖို့ အရေးကြီးလှပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လောက် အလေးချိန်တိုးလာနိုင်တယ်ဆိုတာကတော့ သင်ကိုယ်ဝန်မဆောင်မီက သင့်ရဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို မူတည် တွက်ချက်ထားတဲ့ BMI ကို အသုံးပြုလို့ တွက်ချက်ကြပါတယ်။ ဒီမှာတော့ သင်ကိုယ်ဝန်ဆောင်ချိန်မှာ ရှိသင့်တဲ့ စံပြုညွှန်းကိန်းတွေကို ဖော်ပြပေးထားပါတယ်။ကျန်းမာတဲ့ အလေးချိန် ( BMI – 18.5 မှ 24.9):၁၀ကီလို ကနေ ၁၅ကီလိုထိ အလေးချိန် တိုးလာသင့်ပါတယ်။ကိုယ်အလေးချိန်နည်းသူ ( BMI 18.5အောက် ):၁၂ကီလိုကနေ ၁၈ကီလိုထိ အလေးချိန်တိုးလာသင့်ပါတယ်။အလေးချိန်များနေသူ (BMI 25.0မှ 29.9) :၆ကီလိုမှ ၁၀ကီလိုထိ အလေးချိန်တိုးလာသင့်ပါတယ်။အဝလွန်နေသူ (BMI ≥ 30.0) :သင်ကတော့ ၄ကီလိုမှ ၈ကီလိုထိ အလေးချိန်တိုးလာသင့်ပါတယ်။အမြွှာကိုယ်ဝန်ဆောင်ခြင်း။သင်ဟာ-။– တကယ်လို့များ သင်က သင့်လျော်တဲ့အလေးချိန်ရှိနေတယ်ဆိုရင်၁၅ကီလိုမှ ၂၄ကီလို။– အလေးချိန်များတယ်ဆိုရင်၁၄ကီလိုမှ ၂၂ကီလိုထိ။– အဝလွန်နေတယ်ဆိုရင်တော့၁၀ကီလိုကနေ ၂၀ကိလိုထိ အလေးချိန်တိုးလာသင့်ပါတယ်။ခုမှ မိဘဖြစ်မယ့်သူတွေ မေးနိုင်မယ့် မေးခွန်းတွေ အများကြီးရှိနေပါသေးတယ်။ ဒါကြောင့် တကယ်လို့များ သင့်မှာ မသေချာ မရေရာဲ့ မေးခွန်းတွေရှိနေတယ်ဆိုရင် ပိုပြီးဆွေးနွေးနိုင်ဖို့အတွက် ကလေးအထူးကု ဒါမှမဟုတ် အတွေ့အကြုံရှိတဲ့ မိခင်ကို မေးမြန်းဆွေးနွေးနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%9e%e1%80%ac%e1%80%b8%e1%80%a5%e1%80%ae%e1%80%b8%e1%80%99%e1%80%ad%e1%80%98%e1%80%b1%e1%80%90%e1%80%bc-%e1%80%b1%e1%80%99%e1%80%b8%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%90%e1%80%b2/
အမျိုးသားများ လိင်အင်္ဂါနီရဲရောင်ရမ်းနေခြင်း ပြဿနာ
အကြောင်းအမျိုးမျိုးကြောင့် အမျိုးသားတွေရဲ့လိင်တံဟာ ပုံမှန်ထက်ပိုပြီး ရောင်နေတတ်ပါတယ်။ ရောင်နေတဲ့နေရာကို ထိလိုက်မိရင် နာကျင်သလို၊ ယားယံသလိုလည်း ခံစားရပြီး ဆီးသွားဖို့၊ လိင်ဆက်ဆံဖို့ အခက်အခဲဖြစ်တတ်ပါတယ်။ တစ်ခါတရံ ပုံမှန်မဟုတ်တဲ့ အရည်တွေ စိမ့်ထွက်နေတာ၊ ပုပ်သိုးသိုး အနံ့တစ်မျိုး ရနေတာ၊ အကျိတ်အလုံးတွေလည်း ဖြစ်နေနိုင်ပါတယ်။များသောအားဖြင့် လိင်တံရောင်ရမ်းခြင်းသည် ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေတဲ့အခါ ပြလာတတ်တဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ ရောင်ရမ်းတဲ့လက္ခဏာသာမက တခြားသော လက္ခဏာတွေကိုပါ တွဲပြီးတွေ့ရတတ်တာကြောင့် ကိုယ့်မှာ ဘယ်လိုကျန်းမာရေးပြဿနာတွေ ရှိနေနိုင်လဲဆိုတာ သေချာစစ်ကြည့်ဖို့တော့ လိုပါမယ်။ ဒီကျန်းမာရေးပြဿနာတွေထဲမှာ။• လိင်တံထိပ်ဖူး ရောင်ရမ်းခြင်း (Balanitis)။•ဓာတ်မတည့်ခြင်း၊ ဓာတ်ပြုပြီး ယားယံခြင်း (Allergic, Irritant Reaction)။• ဆီးပို့ပြွန်ရောင်ခြင်း (Urethritis)။• နှိုးဆွခြင်းမရှိဘဲ ကြာရှည်စွာလိင်တံထောင်မတ်ခြင်း (Priapism)။•ပီရိုးနီးရောဂါ (Peyronie’s disease)။• ထိပ်အရေပြားရောင်ရမ်းခြင်း (Posthitis)။• ထိပ်ဖူးနဲ့ ထိပ်အရေပြား ပူးတွဲရောင်ရမ်းခြင်း (Balanoposthitis)။• ထိပ်အရေပြား နောက်လှန်ဆွဲမရခြင်း (Paraphimosis)။• လိင်တံကင်ဆာ (Penile Cancer) တို့ အဓိကပါဝင်ပါတယ်။အမျိုးသားရဲ့ လိင်တံရဲ့ ထိပ်ဖူးဟာ ပုံမှန်အရောင်အတိုင်းဖြစ်မနေဘဲ နီရဲပြီး ရောင်ရမ်းနေတတ်ပါတယ်။ ထိပ်အရေပြား မဖြတ်ထားတဲ့ အမျိုးသားတွေ၊တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတဲ့ အမျိုးသားတွေမှာ ပိုအဖြစ်များတတ်ပါတယ်။ တခြားလက္ခဏာအနေနဲ့ လိင်တံထိပ်အရေပြား နီခြင်း၊ ထူပြီးမာနေခြင်း၊ ယားယံခြင်း၊ အနံ့ဆိုးထွက်ခြင်း၊ ဆီးသွားစဉ်နာကျင်ခြင်း၊ အထဲက အောင့်နေခြင်း၊ပေါင်ခြံတစ်ဝိုက် အကြောများရောင်နေခြင်း၊ ထိပ်ပတ်လည်မှာ အဖြူရောင်အရိအချွဲနဲ့ အဖတ်များကပ်နေခြင်း အစရှိတာတွေကိုပါ တွေ့ရနိုင်ပါတယ်။ကွန်ဒုံးကိုပြုလုပ်ထားတဲ့ latex ရာဘာအသား၊ ချောဆီတွေမှာ ပါဝင်တဲ့ Propylene Glycol ဓာတ်ပစ္စည်း၊ သုက်ပိုးသတ်ဆေး၊ ဆပ်ပြာ၊ Lotion တွေထဲမှာ ပါတဲ့ ဓာတ်ပစ္စည်းတွေ၊ ရေကူးကန်မှာ ပိုးသေစေဖို့ ခတ်ထားတဲ့ကလိုရင်းနဲ့ ဓာတ်မတည့်တာကြောင့် ဖြစ်ပါတယ်။ လိင်တံတစ်ဝိုက် အရေပြားနီရဲလာခြင်း၊ ယားယံခြင်း၊ အရေပြားခြောက်သွေ့ခြင်း၊ ဖုဖောင်းနေခြင်း၊ အရည်ကြည်ဖုများထွက်ခြင်း၊ အသားအရေ ပူစပ်ပူလောင်ဖြစ်ခြင်း စတဲ့လက္ခဏာတွေကိုပါ တွေ့ရနိုင်ပါတယ်။ဆီးအိမ်နဲ့လိင်တံကြားဆက်စပ်ထားပြီး ဆီးသွားဖို့အတွက် သယ်ယူပို့ဆောင်ပေးတဲ့ ဆီးပို့ပြွန်ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ဓာတ်မတည့်တဲ့ ဓာတုဗေဒပစ္စည်းနဲ့ ထိတွေ့မိခြင်း၊ မတော်တဆမှုကြောင့် ဆီးပို့ပြွန်ကို ထိခိုက်မိတဲ့အခါမှာလည်း ဖြစ်တတ်ပါတယ်။ ဆီးသွားစဉ် နာကျင်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ မကြာခဏ ဆီးသွားဖို့ စိတ်ဆန္ဒဖြစ်ပေါ်ခြင်း၊ လိင်တံထိပ်မှ အဖြူရောင်နဲ့ အဝါရောင်စပ်ကြား ပုံမှန်မဟုတ်တဲ့ အရည်များစိမ့်ထွက်တာမျိုး ဖြစ်တတ်ပါတယ်။လိင်ပိုင်းဆိုင်ရာအရ နှိုးဆွခြင်းမရှိဘဲ အချိန်နာရီကြာမြင့်စွာ လိင်တံထောင်မတ်နေခြင်း (၄နာရီနဲ့အထက်) ၊ထောင်မတ်နေစဉ်မှာ လိင်တံအတွင်းက နာကျင်နေခြင်း၊ လိင်တံကထောင်မတ်နေပြီး ထိပ်ဖူးက ပျော့နေခြင်း သို့မဟုတ် ပြည့်ဝစွာထောင်မတ်နိုင်တာမျိုး မဖြစ်ခြင်း စတဲ့ ရောဂါလက္ခဏာတွေကိုပါ တွေ့ရနိုင်ပါတယ်။လိင်တံရဲ့ အရေပြားအောက်မှာ အနည်ထိုင်နေတာ သို့မဟုတ် ကျွတ်တက်နေတဲ့အခါ လိင်တံကို ပုံမှန်အတိုင်းမဟုတ်တဲ့ ကောက်ကွေးခြင်း၊ ခုံးထနေခြင်း ဖြစ်စေပါတယ်။ များသောအားဖြင့် လိင်တံရဲ့ အောက်ဘက်နားမှာ ရောင်ရမ်းနေပြီး ကြာလာတဲ့အခါ လိင်တံအတွင်း အမာရွတ်လို ဖြစ်သွားတတ်ပါတယ်။ လိင်တံကောက်ကွေးခြင်းအပြင် အဖုအဖောင်းများဖြစ်နေခြင်း၊ ထိုးသွင်းဆက်ဆံစဉ် နာကျင်ခြင်း၊ လိင်တံကောင်းစွာ မထောင်မတ်နိုင်ခြင်းကိုပါ တွေ့ရနိုင်ပါတယ်။ထိပ်အရေပြားအောက်မှာ ရှိနေတဲ့ မှိုပိုးတွေ၊ အကျိအချွဲတွေ အရမ်းများလာတဲ့အခါ အရေပြားကို နီရဲပြီးရောင်ရမ်းစေပါတယ်။ အဓိက ရေချိုးတိုင်းထိပ်အရေပြားကို နောက်လှန်ဆွဲပြီး သန့်ရှင်းရေးမလုပ်တာ၊ ညစ်ပတ်နေတဲ့အတွင်းခံ၊ အဝတ်အစားတွေကို ဝတ်ဆင်တာ၊ ထိပ်အရေပြားဖြတ်မထားတာကြောင့် ဖြစ်တတ်ပါတယ်။ ရောင်ရမ်းခြင်းအပြင် ပုံမှန်မဟုတ်တဲ့ အရည်များစိမ့်ထွက်ခြင်း၊ အရေပြားယားယံခြင်း၊ နာကျင်ခြင်းတွေပါ တွေ့ရနိုင်ပါတယ်။ထိပ်အရေပြားရော ထိပ်ဖူး ၂မျိုးလုံး နီရဲပြီးရောင်ရမ်းနေတဲ့ အခြေအနေဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ Posthitis နဲ့ အတူတူပါပဲ။ထိပ်အရေပြားဖြတ်မထားတဲ့ အမျိုးသားတွေမှာသာ ဖြစ်တတ်ပြီး တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတာ၊ ရေချိုးတဲ့အခါ အရေပြားနောက်လှန်ပြီး မဆေးကြောတာကြောင့် အဖြူရောင်အကျိအချွဲများစွာ ကပ်နေကာ မှိုတက်ပြီး အရေပြားနောက်လှန်ဆွဲမရတော့တဲ့ အခြေအနေမျိုးကို ခေါ်ပါတယ်။ အရေပြားက ကပ်နေတဲ့အခါ လိင်ဆက်ဆံတဲ့အခါ နာကျင်ခြင်း၊ ပွန်းပဲ့ထိခိုက်ဒဏ်ရာ ဖြစ်လွယ်ခြင်း၊ ဆီးသွားပေါက်ပိတ်မိတဲ့အခါ ဆီးသွားရအဆင်မပြေခြင်း၊ ရောင်ရမ်းနေပြီး ကိုင်လိုက်တဲ့အခါ ပျော့စိစိဖြစ်နေခြင်း စတဲ့ပြဿနာတွေကိုလည်း တွေ့ရနိုင်ပါတယ်။အဖြစ်နည်းတဲ့ လိင်တံကင်ဆာရောဂါပါ။ ကင်ဆာဆဲလ်တွေဟာ လိင်တံထဲမှာ အမြစ်တွယ်နေရာကနေ ရောင်ရမ်းခြင်း၊ လိင်တံအရေပြား ထူထဲမာကျောခြင်း၊ နီရဲခြင်း၊ အဖု၊ အနာများပေါက်နေခြင်း၊ ထိပ်အရေပြားအောက်မှာ ပုပ်သိုးသိုးအနံ့ထွက်ခြင်း၊ သွေးထွက်နေခြင်း စတဲ့လက္ခဏာတွေ ပြတတ်ပါတယ်။ အသက် ၆၀နှင့်အထက် အမျိုးသားတွေ၊ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိသူ၊ ထိပ်အရေပြားနောက်လှန်ဆွဲမရသူ၊ ဆေးခြောက်၊ ဆေးရွက်ကြီးတွေကို သုံးစွဲသူ၊HPVပိုးကူးစက်ခံရသူတွေမှာ လိင်တံကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။ကျန်းမာရေးပြဿနာမရှိဘဲ နည်းနည်းပါးပါး ရောင်ရမ်းတာကိုတော့ ကိုယ့်အိမ်မှာပဲ အလွယ်တကူကုသလို့ရပါတယ်။ ရေနွေးစိမ်ကန်ထဲ ထည့်စိမ်တာ၊ သို့မဟုတ် ကိုယ့်ရဲ့လိင်တံကိုပဲ စိမ်ပေးတာ၊ ရောင်နေတဲ့နေရာတည့်တည့်ကို ရေခဲဝတ်ကပ်ပြီး အားအရမ်းမသုံးဘဲ ဖိပေးတာမျိုးလုပ်ပေးပါ။ကြိုတင်ကာကွယ်ဖို့အတွက် ကိုယ့်ရဲ့တစ်ကိုယ်ရေသန့်ရှင်းမှုကို သေချာဂရုစိုက်ပါ။ ရေချိုးတဲ့အချိန်တိုင်း လိင်တံအရေပြားကို နောက်လှန်ဆွဲချပြီး အဖတ်တွေ၊ အရိအချွဲတွေ အကုန်လုံးကို ပြောင်စင်အောင် ဆေးကြောပါ။ ပေါင်ခြံ၊ကပ္ပါယ်အိတ်တွေကိုလည်း သေချာပွတ်တိုက်ဆေးကြောပါ။ ဝတ်ပြီးသားအတွင်းခံ၊ ဘောင်းဘီတွေ ပြန်မဝတ်ပါနဲ့။ အကာအကွယ်သုံးပြီး လိင်ဆက်ဆံပါ။အမြဲတမ်းလိုလို ကိုယ့်ရဲ့လိင်တံက ရောင်နေတတ်တယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာတစ်ခုခုရှိနေနိုင်လားဆိုတာ သေချာသိရဖို့ အမျိုးသားရောဂါကုဆရာဝန်၊ ဆီးလမ်းကြောင်းအထူးကုနဲ့ ပြကြည့်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေ၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ လိင်အပျော်အပါးလိုက်စားခြင်း ရှိမရှိ မေးမြန်းစစ်ဆေးမှာ ဖြစ်ပြီး လိင်အင်္ဂါကို သေချာကြည့်ရှုစစ်ဆေးရုံနဲ့လည်း သိနိုင်ပါတယ်။ပုံမှန်မဟုတ်တဲ့ အရည်တွေစိမ့်ထွက်တာ တွေ့ရတဲ့အခါမှသာ CT Scan, MRI, X-Ray, အာထရာဆောင်းရိုက်ပြီး စစ်ဆေးဖို့ကို အကြံပေးပါလိမ့်မယ်။ ရောဂါရင်းမြစ်ကို သေချာသိရပြီဆိုမှသာ သင့်လျော်တဲ့ လိမ်းဆေး၊ သောက်ဆေးတွေကို ညွှန်းပေးမှာဖြစ်ပြီး ဆေးအညွှန်းအတိုင်း သေချာသောက်ဖို့လိုအပ်ပါတယ်။တစ်ကိုယ်ရေသန့်ရှင်းရေးဟာ ကျန်းမာရေးနဲ့ ဆက်စပ်နေတာကြောင့် ဘော်ဒါတို့လည်း ညစ်ညစ်ပတ်ပတ် ဖြစ်သလိုနေတဲ့အကျင့်ကို ခုကတည်းက ဖျောက်ထားဖို့ တိုက်တွန်းရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%a1%e1%80%84%e1%80%ba%e1%80%b9%e1%80%82/
Internet rage (သို့) အင်တာနက်လိုင်းကြောင့်ဖြစ်တဲ့ ဒေါသစိတ်
အင်တာနက်ပြတ်တောက်နေတဲ့အခါ ဒါမှမဟုတ် အင်တာနက်လိုင်း နှေးကွေးနေတဲ့အခါမျိုးမှာ ဘာကြောင့်များ စိတ်တွေတို၊ စိတ်ဆိုးဒေါသတွေ ထွက်နေမိတာပါလဲ။ ဒီလိုမျိုး တွေ့ကြုံခံစားရတာကို Internet rage လို့ ခေါ်ကြပါတယ်။သာမန်စိတ်အနှောင့်အယှက်ဖြစ်မှုဒါမှမဟုတ် စိတ်တိုစိတ်ရှုပ်တဲ့ ခံစားချက်တစ်ခုလို့ ထင်မြင်ရပေမယ့် အင်တာနက်လိုင်းကြောင့်ဖြစ်တဲ့ ဒေါသစိတ် ဟာ အင်တာနက်စွဲလမ်းမှုရဲ့ လက္ခဏာတစ်ရပ်ပါ။ သင့်အနေနဲ့ နည်းပညာကို ပုံမှန်ထက်ပိုပြီး စွဲလန်းနေတာမို့ ခုလိုစိတ်ခံစားချက်မျိုး ဖြစ်ပေါ်လာရတာဖြစ်ပါတယ်။သင့်ရဲ့ Wifi အင်တာနက်လိုင်း နှေးကွေးနေတာမျိုး၊ မိုဘိုင်းဒေတာ ပြတ်တောက်နေတာမျိုး၊ အင်တာနက်က အဝိုင်းလည်နေတာမျိုးတွေ ကြုံဆုံရချိန်တိုင်းမှာ နေမထိထိုင်မသာ ခံစားရပြီး အကြောင်းအရာ မယ်မယ်ရရမရှိပဲ စိတ်ဆိုး ဒေါသထွက်နေမိတာမျိုးပေါ့။ဒီအခြေအနေကို Daily technological annoyances လို့လည်း တချို့က ခေါ်ဆိုကြပါသေးတယ်။ လေ့လာချက်တွေအရ အင်တာနက်စွဲလန်းနေသူတွေဟာ 350-microsecond ထက်ပိုမိုနှေးကွေးတဲ့ အင်တာနက်အမြန်နှုန်းမျိုးနဲ့ ကြုံဆုံရတာနဲ့ အလိုအလျောက် စိတ်တိုဒေါသထွက်လာနိုင်ပါတယ်တဲ့။ဒီကနေ့ခေတ် လူသားတွေဟာအသက်အရွယ်အလိုက်နည်းပညာခေတ်အမျိုးမျိုးကို ဖြတ်သန်းကြီးပြင်းလာကြသူတွေပါ။ အင်တာနက်မရှိတဲ့ခေတ်၊ Dial up အင်တာနက်ခေတ်၊ Broadband ခေတ်နဲ့ ခုလို အမြန်နှုန်းမြင့် 4G 5G အင်တာနက် ခေတ်တွေအထိပါပဲ။အင်တာနက်ဆိုတာ ဘာမှန်းမသိတဲ့ခေတ်ကနေ အင်တာနက်မရှိရင် မဖြစ်တော့တဲ့ခေတ်အထိ ကြာမြင့်ချိန်က နှစ် ၃၀ ဝန်းကျင်သာ ကြာခဲ့တာကိုး။ ဒါကြောင့်လဲ ဒီကနေ့ခေတ်မှာ အသက်အရွယ်မျိုးစုံအလိုက် အင်တာနက်နဲ့ ဆက်နွယ်နေတဲ့ကျန်းမာရေးပြဿနာတွေကို အမျိုးမျိုးအဖုံဖုံကြုံဆုံနေကြရတာပါ။Internet rage ဟာလည်း ဒီလို ကျန်းမာရေးပြဿနာတွေထဲက တစ်ခုဖြစ်တဲ့အင်တာနက်စွဲလမ်းလွန်ရောဂါရဲ့ လက္ခဏာတစ်ခုပါ။ ဒါပေမယ့် စနစ်တကျ လေ့လာမှုတွေအရ အင်တာနက်ကြောင့် စိတ်ဆိုးဒေါသဖြစ်ရတဲ့ မူရင်းအကြောင်းတရားဟာ အင်တာနက်မဟုတ်ပဲ ကာယကံရှင်ရဲ့ နဂိုစိတ်အခြေအနေမှာ စိတ်ဖိစီးမှုဝေဒနာ ကြိုတင်ရှိနှင့်နေတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။အကြောင်းကတော့ အင်တာနက်လိုင်းကြောင့်ဖြစ်တဲ့ ဒေါသစိတ် လက္ခဏာရှိတဲ့သူတွေဟာ တခြားအခြေအနေတွေမှာလည်း ခုလိုမျိုးစိတ်ဆိုးဒေါသထွက်တဲ့ ခံစားချက်ဖြစ်ပေါ်တတ်တာကြောင့်ဖြစ်ပါတယ်။ လေ့လာချက်တွေအရ အဆိုပါ ၎င်းတို့ကို သူတို့အလိုရှိတဲ့အရာတွေအစား အခြားအရာတစ်ခုခုကို အစားထိုးပေးမယ်ဆိုရင် အင်တာနက် ပြတ်တောက်တာကြောင့် စိတ်ဆိုးဒေါသထွက်တဲ့ ခံစားချက်မျိုး ဖြစ်ပေါ်မှာဖြစ်ပါတယ်။အင်တာနက် စွဲလန်းမှုဟာ စိတ်ဖိစီးမှုကို ပိုမိုဆိုးရွားစေတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဒါေကြောင့် ကိုယ့်အနေနဲ့ အင်တာနက်လိုင်းတွေ မကောင်းတာ၊ ပြတ်တောက်တာတွေကြုံတိုင်းစိတ်တို ဒေါသထွက်နေမိပြီဆိုရင်မိမိကိုယ်ကို သတိထားပြီး ထိမ်းချုပ်ဖို့ လိုအပ်ပါတယ်။စိတ်ဖိစီးမှုဟာ စိတ်ခံစားချက်ကို လွန်ကဲစေပြီး ဘာမဟုတ်တဲ့အကြောင်းအရာလေးတွေကိုတောင်မှ စိတ်ဆိုးဒေါသထွက်စေ၊ အားငယ်စိတ်ပျက်စေ၊ ဝမ်းနည်းစေတဲ့အထိ တွန်းအားပေးတတ်တာကြောင့်ပါပဲ။Internet rage ကို ထိမ်းချုပ်နိုင်စေမယ့် နည်းလမ်းကောင်းတစ်ခုကတော့Digital Detoxလုပ်တာပါ။ ဒစ်ဂျစ်တယ်ထုတ်ကုန်နဲ့ နည်းပညာတွေကို ကန့်သတ်အသုံးပြုတဲ့ Digital Detox နည်းလမ်းဟာစိတ်ကျန်းမာရေးအခြေအနေကို တိုးတက်အောင် လုပ်ဆောင်ရာမှာလည်း အထောက်အကူဖြစ်စေပါတယ်။ အောက်ပါနည်းလမ်းတွေကို လိုက်နာပြီး အင်တာနက်စွဲလမ်းမှုကို လျှော့ချနိုင်ပါတယ်။အထက်ပါနည်းလမ်းတွေက အင်တာနက်ကြောင့် စိတ်ဆိုးတတ်တဲ့ အကျင့်ကို လျှော့ချပေးနိုင်မယ့် ထိရောက်တဲ့ နည်းလမ်းလေးတွေဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/the-psychology-of-internet-rage/
Dental Caries ( သွားပိုးစားခြင်း )
သွားပြဿနာတွေထဲမှာDental Caries( သွားပိုးစားခြင်း )က အဖြစ်များတဲ့ ပြဿနာပါ။ သွားပိုးစားတာကို သေချာ မကုသဘူးဆိုရင် နောက်ဆက်တွဲ သွားနဲ့ ခံတွင်းပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် သွားပိုးစားခြင်းနဲ့ ပတ်သက်ပြီး သေချာသိထားဖို့ လိုပါတယ်။သွားပိုးစားခြင်းဆိုတာ သွားမှာ အခေါင်းပေါက်များ ဖြစ်ပေါ်ခြင်းပါ။ ဘတ်တီးရီးယားပိုးများကြောင့် ဖြစ်တတ်ပြီး သွားပိုးစားခြင်းဟာ ကမ္ဘာ့အဖြစ်အများဆုံး ကျန်းမာရေးအခြေအနေတွေထဲက တစ်ခုဖြစ်ပါတယ်။ မကုသဘဲထားလိုက်ရင် ပိုးပေါက်များ ပိုကြီးလာပြီး သွားအတွင်းလွှာများအထိ ထိခိုက်သွားနိုင်ပါတယ်။သွားကိုက်ခြင်း၊ ပိုးဝင်ခြင်းနဲ့ နောက်ဆုံး သွားနှုတ်ရခြင်းထိ ဖြစ်နိုင်ပါတယ် ။အလွန်တရာကို အဖြစ်များပါတယ်။ လူတိုင်းမှာ ဖြစ်နိုင်ပြီး ကလေးငယ်များ၊ ဆယ်ကျော်သက်များနဲ့ အသက်ကြီးသူများမှာ ပိုအဖြစ်များတာကို တွေ့ရပါတယ်။သွားပိုးစားတာကို တွေ့တာနဲ့ သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။ တကယ်လို့-။ပါးစပ်တွင်း ဘတ်တီးရီးယားပိုးဝင်ခြင်းနဲ့ သကြားဓာတ်ပါတဲ့ အစားအစာတွေ အလွန်အကျွံစားခြင်းက အဓိကအချက်နှစ်ချက် ဖြစ်ပါတယ်။ပါးစပ်အတွင်းမှာ ဘတ်တီးရီးယားပိုးတွေရှိနေတာက ပုံမှန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ခံတွင်းသန့်ရှင်းရေး သေချာ မလုပ်ဘူးဆိုရင် ဒီဘတ်တီးရီးယားက အစားအသောက်အကြွင်းအကျန်၊ တံထွေးတို့နဲ့ ပေါင်းပြီး ခဲသွားပါတယ်။အစားအသောက်မှာ သကြားဓာတ်များလေ ပိုမိုစေးကပ်လေဖြစ်ပြီး ဘတ်တီးရီးယားတွေက သကြားဓာတ်များကို အက်စစ်အဖြစ် ပြောင်းလိုက်တဲ့အခါ သွားပိုးစားခြင်းဖြစ်ရပါတယ်။ အက်စစ်ဓာတ်က သွားအပြင်လွှာရှိ ကြွေလွှာများကို တိုက်စားပစ်ပြီး သွားမှာ အပေါက်များဖြစ်စေပါတယ်။သွားဆရာဝန်က သွားပိုးပေါက်များကိုစစ်ဆေးရန်-။ကုသနည်းတွေကတော့ သင့်သွားအခြေအနေပေါ်မှာ မူတည်ပါတယ်။ရေးသားသူ- Dr Aye Myat Myat Noe။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/dental-conditions/dental-caries-explained/
နာတာရှည်အဆုတ်လေပြွန်ရောင်ကျဉ်းရောဂါနဲ့ အစားအသောက်များ
နည်းစနစ်မှန်ကန်စွာ စားသုံးခြင်းသည် ကျွန်ုပ်တို့အတွက် အရေးကြီးသည်။နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါ ရှိလျှင် အောက်ပါ အစားအစာများကို ရှောင်သင့်သည်။ယေဘုယျအားဖြင့် ပြောရလျှင် နိုက်ထရိတ်ဓါတ် ပါဝင်သော အစားအစာများသည် ကျန်းမာရေးအတွက် မကောင်းပါ။ ဥရောပ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှုတခုအရ နိုက်ထရိတ်ဓါတ်သည် နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါကို ပိုဆိုးစေနိုင်သကဲ့သို့ ရောဂါကိုလည်း ပြန်လည် ထကြွလာစေသည်။ ထို့ကြောင့် ရောဂါဖြစ်နိုင်ခြေကို လျှော့ချရန် ဝက် သုံးထပ်သား၊ ဝက်ပေါင်သား၊ အသားညှပ်ပေါင်မုန့် စသည်တို့ကို ရှောင်သင့်သည်။ဆားပမာဏ ပါဝင်မှု များပြားသော အစားအသောက်များသည် ကိုယ်ခန္ဓါတွင်း ရေပမာဏကို များလာစေပြီး အဆုတ်တွင်လည်း ရေဖိအား များလာကာ အသက်ရှုရ ပိုကျပ်စေသည်။ ဆားဓါတ်အစားထိုး ပစ္စည်းများကို အသုံးပြုနိုင်သည်။ သို့သော် ၎င်းတို့သည် ပိုတက်ဆီယံဓါတ်ကို မြင့်စေနိုင်ပြီး သောက်လက်စ ဆေးများနှင့် ဓါတ်မတည့်မှုများ ဖြစ်နိုင်သည်ဟု သိပ္ပံပညာရှင်များနှင့် အစားအသောက် ကျွမ်းကျင် ပညာရှင်များက ဆိုသည်။ အထက်ပါ ပြဿနာများ မဖြစ်ရန် သဘာဝ ဆေးဖက်ဝင် အပင်များကို စားသုံးသင့်သည်။ ဆားဓါတ်အစားထိုး ပစ္စည်းများကိုလည်း ရှောင်ကျဉ်သင့်သည်။နို့နှင့် နို့ထွက် ပစ္စည်းများသည် အာဟာရ ပြည့်ဝစေသော်လည်း အဆုတ်ထဲမှ ချွဲပိုထွက်စေသည်။ နို့တွင်ပါဝင်သော casmophin သည် ချွဲပိုထွက်စေသကဲ့သို့ ပိုလည်း စေးပျစ်စေသည်ဟု သုတေသနတခုက ဆိုသည်။ နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါ ရှိသူများတွင် အသက်ရှုလမ်းကြောင်းတွင် ပျက်စီးနေသော ဆဲလ်များ ရှိသဖြင့် ချွဲများ ရှောရှုစွာ မထွက်နိုင်ပါ။ နို့သောက်လျှင် လူနာသည် ချွဲကြပ်ကာ အသက်ရှုရ ပိုခက်လာနိင်သည်။ ထို့ကြောင့် နို့နှင့် နို့ထွက်ပစ္စည်းများဖြစ်သော ဒိန်ချဉ် ရေခဲမုန့်၊ ချိစ်၊ ထောပတ် စသည်တို ကိုလည်း ရှောင်ကျဉ်သင့်သည်။ပုံမှန်အားဖြင့် ဂေါ်ဖီအနွယ်ဝင် အရွက်များသည် အမျှင်ဓါတ်များစွာ ပါဝင်သည်။ သို့သော်၎င်းတို့သည် အစာအိမ် လေပွစေကာ အဆုတ်တွင် ဖိအားသက်ရောက်မှု များစေသောကြောင့် အသက်ရှု ပိုကျပ်လာစေကာ နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါကို ပိုဆိုးလာစေသည်။ ထို့ကြောင့် ပန်းဂေါ်ဖီ၊ ပန်းစိမ်း၊ ဂေါ်ဖီထုပ်၊ မုန်လာဥဖြူ၊ မုန်ညင်းစိမ်း စသည်တို့ကို ရှောင်ကျဉ်သင့်သည်။ပုဇွန်များသည် ဖမ်းပြီးခါစတွင် လတ်ဆတ်သော်လည်း ၎င်းတို့ကို ကြာရှည်ခံစေရန် ဆာလ်ဖိုက်ဖြင့် မွမ်းမံကြသည်။ ကြာရှည်ခံ ပစ္စည်းများသည် ခန္ဓါကိုယ်အတွက် မကောင်းပါ။ အဆုတ်လေပြွန်ကျဉ်း ရောဂါ ရှိသူများတွင်လည်း ရောဂါကို ပိုဆိုးလာနိုင်သည်။ ထို့ကြောင့် ပုဇွန် အပါအဝင် ဂဏန်း၊ ဂုံးစသည့် ပင်လယ်စာများနှင့် ဓါတ်မတည့်မှုများ ရှိလျှင် ရှောင်ကျဉ်သင့်သည်။ အာလူး၊ ဘီယာ၊ ဝိုင်နှင့် တချို့သော ဆေးဝါးများတွင်လည်း ဆာလ်ဖိုက် ပါဝင်ကြောင်း သတိပြုပါ။ဆီကြော်အစားအစာများ အထူးသဖြင့် ဆီပါဝင်မှု လွန်ကဲသော အစားအစာများသည်ဂေါ်ဖီရွက်များကဲ့သို့ပင် လေပွစေသည်။ ထိုအခါ အစာအိမ်နှင့် အဆုတ်ကို ခြားထားသော ကြွက်သားအလွှာပေါ်တွင် ဖိအားသက်ရောက်ပြီး အဆုတ်တွင် ဖိအားသက်ရောက်မှု များစေသောကြောင့် အသက်ရှု ပိုကျပ်လာစေကာ နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါကို ပိုဆိုးလာစေသည်။ ထို့ကြောင့် ဆီကြော်အစားအစာများ မစားမိခင် သင့်ကျန်းမာရေးကို ပိုဆိုးစေနိုင်ကြောင်း သတိရှိပါ။ကာဗွန်ပါဝင်သော အစားအစာများသည် အစာအိမ် လေပွစေသည်။ ကဖင်းဓါတ်ပါဝင်သော၊ ချိုသော အစားအစာမျာနှင့် အရက်သေစာများသည် ကိုယ်တွင် ရေဓါတ်ခမ်းခြောက်စေကာ အဆုတ်လေပြွန်တွင်း ချွဲသလိပ်များ ရှင်းလင်းရာတွင် အဟန့်အတား ဖြစ်စေနိုင်သည်။ ချောကလက်သည်လည်း ထိုနည်းတူပင် ဖြစ်သည်။ဗိုက်တာမင် စီ ပါဝင်မှုများသော အသီးအနှံများသည် စားချဉ့်ပြန်ခြင်းကို ဖြစ်စေသည်။ လေ့လာမှုများအရ ၎င်းတို့သည် ရေရှည်တွင် လေပြွန်ကျဉ်းရောဂါ ရှိသူတို့အတွက် စားချဉ့်ပြန်ခြင်းကို ပိုဆိုးစေသည်ဟု ဆိုထားသည်။မည်သည့် အစားအစာများသည် စားချဉ့်ပြန်စေကြောင်း သင်သိပါသလား။ ထို အစားအစာများကို ရှောင်ကျဉ်နိုင်ရန် ကြိုးစားပါ။နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါ ရှိသူသည် ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်နေထိုင်မူ ပုံစံမျိုး ရှိသင့်သည်။ ထို့ကြောင့် နေ့စဉ်မှန်ကန်သော အစားအစာများကို စားသောက်ခြင်းဖြင့် သင့်ရောဂါကို အနိုင်ယူလိုက်ပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/chronic-bronchitis/%e1%80%94%e1%80%ac%e1%80%90%e1%80%ac%e1%80%9b%e1%80%be%e1%80%be%e1%80%8a%e1%80%ba%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%ba%e1%80%9c%e1%80%b1%e1%80%95%e1%80%bc%e1%80%bd%e1%80%94%e1%80%ba%e1%80%b1/
လိင်စိတ်ကြွဆေးများ အသုံးပြုပြီး လိင်ဆက်ဆံခြင်း
လိင်စိတ်ကြွဆေးများ အသုံးပြုပြီး လိင်ဆက်ဆံခြင်း ကို ChemSex လို့ ခေါ်ပါတယ်။ တစ်နည်းအားဖြင့် ကာမစိတ်ကို နိုးကြားစေတဲ့ မူးယစ်ဆေးဝါးကဲ့သို့ ဆေးတွေ၊ ဓာတုဗေဒပစ္စည်းတွေကို အသုံးပြုပြီး အချိန်ကြာမြင့်စွာလိင်ဆက်ဆံတာလို့လည်း သိကြပါတယ်။ ဒီအပြုအမူတွေကို အမျိုးသားတွေ အထူးသဖြင့် လိင်တူ သို့မဟုတ် လိင်တူလိင်ကွဲ ၂မျိုးလုံး ဆက်ဆံသော အမျိုးသားတွေ၊ နာရီ၊ ရက်ပေါင်းများစွာ လိင်စိတ်ကြွစေလိုတဲ့အခါ၊ အုပ်စုဖွဲ့ လိင်ဆက်ဆံခြင်း ပြုတဲ့အခါမျိုးမှာ လုပ်တတ်ကြပါတယ်။လိင်တူဆက်ဆံသော အမျိုးသားတွေ၊ ပုံမှန်အတိုင်း လိင်ဆက်ဆံရမှာကို မနှစ်သက်တဲ့ အမျိုးသားတွေကြားမှာ ဒီအပြုအမူဟာ သိပ်ကို ရေပန်းစားပါတယ်။ မြန်မာနိုင်ငံမှာလည်း ထိုနည်းတူပါပဲ။လူသိနည်းကြပေမယ့် ကြားဖူးနားဝရှိတတ်တာကြောင့် ဒီလို လိင်ဆက်ဆံရတာကို သဘောကျနှစ်ခြိုက်တဲ့သူတွေ ရှိသလို အပြစ်တင်ရှုံ့ချပြီး လုံးဝဆန့်ကျင်တဲ့သူတွေလည်း ရှိနေပါတယ်။ ဒီနည်းလမ်းကို အထူးသဖြင့် လိင်မှုကိစ္စအတွက် သီးသန့်ချိန်းတွေ့ကြတဲ့အခါမှာ အသုံးပြုလေ့ရှိပါတယ်။၁။ Mephedrone။သုံးစွဲသူတွေရဲ့ စိတ်ကို နိုးကြားတက်ကြွစေတယ်။ကာမဆက်ဆံလိုတဲ့ စိတ်ထွက်ပေါက်အဖြစ် အသုံးပြုလေ့ရှိပြီး သုံးစွဲလိုက်တဲ့အခါ စိတ်ထဲမှာ အတားအဆီး၊ စိတ်ဖိစီးမှုတွေ လုံးဝမခံစားရစေဘဲ လွတ်လွတ်လပ်လပ်၊ အကြမ်းပတမ်း လိင်ဆက်ဆံချင်စိတ်ကို ဖြစ်စေပါတယ်။တစ်ကိုယ်လုံးမှာ ရှိတဲ့ အာရုံကြောစနစ်ကို လှုံ့ဆော်ပေးသလို ဖြစ်သွားပြီး ကြွက်သားတွေကို ပြေလျော့စေကာ လိင်စိတ်ဆန္ဒ ပြီးမြောက်ရန် အချိန်ကို ကြာမြင့်စေတယ်၊ ကာမသုခတွေကို မြှင့်တင်ပေးတယ်၊ သက်လုံပိုကောင်းစေတယ်။၂။ GHB/ GBL။ကိုယ့်ရဲ့ စိတ်အာရုံနဲ့ ကိုယ်ခန္ဓာကြွက်သားတွေကို ပြေလျော့စေပြီး စိတ်လွတ်ကိုယ်လွတ် ဖြစ်စေတယ်။ လူတစ်ယောက်ရဲ့ စိတ်အာရုံမှာ ချုပ်တည်းထားတဲ့ အရှက်အကြောက်တွေ၊ အသိစိတ်တွေကို လျော့ကျစေပြီး လိင်ဆက်ဆံဖို့ တစ်ခုတည်းကိုသာ စိတ်အားထက်သန်စေတယ်။အရက်သေစာ၊ တခြားသော မူးယစ်ဆေးဝါးတွေနဲ့ တွဲသုံးမိရင် အသက်အန္တရာယ်ကိုပါ ထိခိုက်စေသည်အထိ ပြင်းထန်နိုင်ပါတယ်။၃။ Methamphetamine။Crystal သို့မဟုတ် ရေခဲ (Ice) အဖြစ် သိထားပြီး ဒီလိုလိင်ဆက်ဆံနေကျသူတွေ အသုံးအများဆုံးဆေးဖြစ်ပါတယ်။ သုံးစွဲသူတွေကို စိတ်အာရုံလန်းဆန်းစေပြီး ခွန်အားတက်ကြွစေတယ်။ ဆေးသုံးလိုက်တဲ့အခါ လူကို လေဟာနယ်ထဲ လွင့်မျောသွားစေပြီး စိတ်ကိုပေါ့ပါးလွတ်လပ်စေတယ်။ဒီလို လိင်စိတ်ကြွစေတဲ့ ဓာတုပစ္စည်းတွေကို အသုံးပြုပြီး လိင်ဆက်ဆံလေ့ရှိကြတဲ့သူတွေမှာ အထက်မှာ ပြောခဲ့တဲ့ ဆေးအနည်းဆုံး တစ်မျိုးစီ သုံးပြီးမှ ဆက်ဆံတတ်ကြတယ်လို့ ဆိုထားပါတယ်။ဒီဆေးတွေကို မီးရှို့ပြီး ထွက်လာတဲ့အငွေ့တွေကို ရှူရှိုက်တာ၊ ဆေးထိုးအပ်ဖြင့် အကြောထဲ ထိုးသွင်းပြီး အသုံးပြုလေ့ရှိပါတယ်။ လိင်စိတ်ကို အလွန်အမင်းတက်ကြွစေပြီး စွဲလမ်းသွားစေတယ်။ ကိုယ့်ရဲ့ ဆင်ခြင်တုံတရား၊ ထိန်းချုပ်နိုင်စွမ်းတွေကို လျော့နည်းစေတဲ့အတွက် မူးယစ်ဆေးဝါးလို့ ယူဆလို့လည်း ရပါတယ်။တခြားသော မူးယစ်ဆေးဝါးတွေနဲ့ ကွာတဲ့အချက်ကတော့ ဆေးသုံးပြီးမှ အကြောင်းရင်းမရှိဘဲ လိင်ဆက်ဆံတာမျိုး မဟုတ်ဘဲလိင်ဆက်ဆံလိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းကြောင့် ဒီဆေးတွေကို အသုံးပြုတာဖြစ်ပါတယ်။ လိုတာထက် ပိုပြီး အသုံးပြုမယ်ဆိုရင် အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်တဲ့အခြေအနေတွေလည်း ဖြစ်နိုင်ပါတယ်။အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုပြီးအသုံးများတတ်ကြပါတယ်။ အထူးသဖြင့်။စိတ်ကြွစေတဲ့ ဓာတုဗေဒပစ္စည်းတွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့အတွက် ဘေးထွက်ဆိုးကျိုးကတော့ အနည်းနဲ့ အများ ရှိနိုင်ပါတယ်။ တွေ့ရတတ်တာတွေကတော့။ဒီဆေးတွေကိုတော့ လက်ရှိ မြန်မာနိုင်ငံမှာ တရားမဝင်ဆေးတွေ အဖြစ် သတ်မှတ်ထားပြီးတော့ သုံးခြင်း မသုံးခြင်းကတော့ ကာယကံရှင်တွေရဲ့ စိတ်ဆန္ဒသဘောနဲ့သာ ဆိုင်ပါတယ်။ တတ်နိုင်ရင်တော့ ကိုယ့်ကျန်းမာရေးအတွက် အန္တရာယ်ရှိစေနိုင်တဲ့ အပြုအမူတွေကို မလုပ်တာအကောင်းဆုံးပါပဲ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/chemsex-and-risks/
စားသောက်ပုံ မူမမှန်တဲ့ စိတ်ရောဂါများ
စားသောက်ပုံ မူမမှန်တဲ့ စိတ်ရောဂါများ ………. စိတ်ခံစားချက်ကြောင့် စားသောက်နေထိုင်ပုံ ထိခိုက်ပြီး အစားအသောက် ပုံစံပြောင်းလဲတာ၊ စားသောက်ပုံ မူမမှန် တာတွေ ဖြစ်လာနိုင်ပါတယ်။ ရေရှည်မှာတော့ စိတ်ကျန်းမာရေးအပြင် ကိုယ်ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်။ ဒီပြဿနာတွေက ပိန်ခြင်းဝခြင်းကို သိပ်အလေးပေးလွန်းတဲ့ သူတွေမှာ ပိုတွေ့ရတတ်ပါတယ်။ အရွယ်မရွေး ဖြစ်တတ်ပေမယ့် လှချင်ပချင်တဲ့ မြီးကောင်ပေါက်အရွယ်တွေနဲ့ လူငယ်တွေမှာ ပိုတွေ့ရတတ်ပါတယ်။စားသောက်ပုံ မူမမှန်တဲ့ ပြဿနာက အများကြီးရှိပြီး တစ်ခုနဲ့ တစ်ခု လက္ခဏာ အနည်းငယ် ကွာခြားပါတယ်။ အတွေ့ရများတဲ့ အမျိုးအစားတွေကတော့။ဝမှာကြောက်ပြီး မစားတဲ့ ပြဿနာပါ။ လူကို ကြည့်လိုက်ရင် ရှိသင့်တာထက် တော်တော်ကြီး ပိန်နေတယ် ဆိုပေမယ့် ဝလာမှာကို အင်မတန်ကြောက်ပါတယ်။ အစားအသောက်ကို လိုတာထက် ပိုရှောင်တဲ့အတွက် နေ့စဉ်အလုပ်လုပ်ဖို့တောင် အားမရှိဘဲအာဟာရပြတ်ပြီး ကျန်းမာရေး ထိခိုက်တတ်ပါတယ်။သူကလည်းပဲ အသက်အန္တရာယ်ထိခိုက်နိုင်လောက်တဲ့ စားသောက်မှုပုံစံတွေ လုပ်လေ့ရှိပါတယ်။ သူတို့ရဲ့ ပြဿနာက အထိန်းအကွပ်မရှိဘဲ စိတ်လွတ်ကိုယ်လွတ် စားတာပါ။ မနက်ပိုင်းမှာ မစားဘူးလို့ တင်းခံထားပြီး ဆာလာလွန်းလို့ လွတ်သွားရင်တော့ တရားလွန် စားတော့တာပါပဲ။စားပြီဟေ့ ဆိုရင်လည်း ပမာဏ များများကို အချိန်တိုတိုအတွင်းမှာ စားပစ်တာပါ။ ဗိုက်ပြည့်တော့မှ နောင်တရပြီး စားထားသမျှ ကယ်လိုရီတွေ လောင်ကျွမ်းအောင် မဟုတ်တဲ့ နည်းတွေနဲ့ ဖြေရှင်းပါတော့တယ်။ ငါတော့ စားလိုက်မိပြီ။ ဝလာတော့မှာပဲဆိုတဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်တွေ၊ နောင်တတွေ ပေါ်လာပြီးလက်ထိုးအန်တာ၊ဝမ်းနှုတ်ဆေးတွေနဲ့ လျှော့ပစ်တာ၊ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်တာ စတာတွေ လုပ်မိပါတော့တယ်။Bulimia ပြဿနာရှိတဲ့ သူတွေက Anorexia သမားတွေလိုပဲ ကိုယ့်ရဲ့ ကိုယ်အလေးချိန်ကို တရားလွန် အာရုံစိုက်လွန်းပါတယ်။ တကယ်တော့ သူတို့ရဲ့ ကိုယ်အလေးချိန်က ပုံမှန် ဒါမှဟုတ် မဆိုစလောက်လေး ဝတယ်ဆိုပေမယ့် ပေါင်ချိန်စက်ပေါင်က ကိန်းဂဏန်းတွေကို အာရုံထားမိလွန်းတဲ့အတွက် ဒီပြဿနာတွေ ဖြစ်လာရတာပါ။သူကတော့ အပေါ်က နှစ်ယောက်နဲ့ နည်းနည်းကွာခြားပါတယ်။ Bulimia လိုပဲ စားမယ်ဟေ့ဆို ထိန်းမနိုင် သိမ်းမရစားပါတယ်။ ပမာဏ အများကြီးကို အချိန်တိုအတွင်း ဖြိုနိုင်ပါတယ်။ မဆာလည်း စားပါတယ်။ ဗိုက်ပြည့်သွားတာတောင် စားချင်စိတ်ရှိရင် ဆက်စားပါတယ်။စားပြီးရင်လည်း Bulimia သမားလိုပဲ နောင်တရသလို အပြစ်တင်စိတ်တွေ ဝင်လာပါတယ်။ ဒါပေမယ့် သူတို့က အပေါ်က နှစ်ယောက်လို မဟုတ်တဲ့ နည်းလမ်းတွေနဲ့ဝိတ်ချဖို့ မစဉ်းစားပါဘူး။ ဒီလို မတရားစားတာကို သူများတွေ လှောင်မှာစိုးတဲ့အတွက် ကိုယ့်ဟာကိုယ် တစ်ယောက်တည်းပဲ စားလေ့ရှိပါတယ်။ အဓိကကတော့ သူဒီလို စားတာကို သူများတွေ တွေ့ရင် ကဲ့ရဲ့မှာ စိုးတာကြောင့်ပါ။ဒီလို တရားလွန်စားတာက တစ်ပတ်ကို တစ်ခါလောက်တော့ ဖြစ်တတ်ပါတယ်။ သူတို့ရဲ့ ကိုယ်အလေးချိန်က ပုံမှန် ဒါမှမဟုတ် အဝလွန်နေတတ်ပါတယ်။မြန်မာလိုဆို စားမြုံ့ပြန်တယ်လို့ပဲ ပြောရမှာပါ။ စားပြီး သိပ်မကြာခင်မှာပဲ စားထားတာတွေက စားမြုံ့ပြန်ပြီး ပါးစပ်ထဲ ပြန်ရောက်လာတာပါ။ ထူးဆန်းတာက ဒါက ရောဂါတစ်ခုခုကြောင့် ဒါမှမဟုတ် အပေါ်မှာ ပြောခဲ့တဲ့ စားသောက်ပုံ မူမမှန်တဲ့ ရောဂါတွေကြောင့် မဟုတ်ပါဘူး။ မပျို့မအန်ပါဘဲနဲ့ သူ့အလိုလို ဖြစ်နေတာပါ။ ကိုယ်က လုပ်ယူတာလည်း မဟုတ်ပါဘူး။ စားမြုံ့ပြန်လာတဲ့ အခါကျတော့ ပြန်မျိုချမိတာလည်း ရှိသလို ထွေးထုတ်မိတာလည်း ရှိပါတယ်။ပြန်ပြီး ထွေးထုတ်မယ် ဒါမှမဟုတ် ဒီလိုဖြစ်တာကို စိတ်အနှောင့်အယှက်ဖြစ်တဲ့အတွက် အစားတွေ သိပ်မစားဘဲ နေမယ်ဆိုရင် ကြာလာတဲ့အခါ အာဟာရချို့တဲ့တာ ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာကိုမွေးစကလေးတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့တဲ့ ဝေဒနာရှင်တွေမှာ အတွေ့ရများပါတယ်။ဒါကတော့အစားချေးများတာပါ။ စားချင်စိတ်ကို မရှိတာပါ။ ဘာလို့ မရှိတာလဲဆိုတော့ အစားအစာရဲ့ အရောင်အနံ့အဆင်းအရသာကြောင့် ဖြစ်နိုင်သလို၊ စားပြီးမှ တစ်ခုခု ဖြစ်သွားမှာ (ဥပမာ သီးသွားမှာ) ကြောက်လို့ပါတဲ့။ ဝလာမှာစိုးလို့ ရှောင်တာမျိုးတော့ မဟုတ်ပါဘူး။ဒီလို ရှောင်ရင်း ရှောင်ရင်းနဲ့ တစ်နေ့တာ လိုအပ်တဲ့ အာဟာရသတ်မှတ်ချက်ကို မပြည့်မီလို့ ကလေးတွေဆို ညှပ်တာ၊ လူကြီးတွေကို အာဟာရချို့တဲ့ပြီး ကျန်းမာရေး ပြဿနာ ဖြစ်လာ နိုင်ပါတယ်။ခုလောက်ထိ ဖတ်ပြီးပြီဆို ငါ့ကိုများ ပြောနေသလားဆိုပြီး တွေးနေလောက်ပါပြီ။ လူတိုင်းမှာ ကိုယ့်ရဲ့ စားသောက်မှုပုံစံ၊ ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး စိုးရိမ်မှု ရှိကြတာ ပုံမှန်ပါ။ လိုတာထက် ပိုလာရင်သာ ကျန်းမာရေး ထိခိုက်တဲ့ အဆင့်ထိ ရောက်လာတာပါ။နောက်ပြီး ဒီဝေဒနာကို တကယ်ခံစားနေရသူတွေက သူတို့ကိုယ်သူတို့ ဆေးကုဖို့ လိုအပ်တယ်ဆိုတာ မသိကြပါဘူး။ ကိုယ့်အသိမိတ်ဆွေဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင်ဖြစ်ဖြစ် ဒီဝေဒနာတွေ ခံစားနေရတယ်လို့ သံသယရှိနေရင် အောက်ကအချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ အကြံပေးလိုပါတယ်။ဒီအချက်လေးတွေ အမြဲလိုလိုတွေ့နေရပြီဆိုရင်တော့ ပွင့်ပွင့်လင်းလင်း ပြောပြပြီး ဆရာဝန်နဲ့ ပြသဖို့ တိုက်တွန်းသင့်ပါတယ်။ဘာကြောင့်လဲဆိုတာ သေချာ မသိကြသေးပါဘူး။ ဖြစ်နိုင်တာတွေကတော့ တခြားစိတ်ရောဂါတွေလိုပဲ။မြီးကောင်ပေါက်နဲ့ လူငယ်ပိုင်း မိန်းကလေးတွေမှာ ပိုပြီး အတွေ့ရများပါတယ်။ ဒါပေမယ့် ယောကျာ်းလေးတွေမှာလည်း ဖြစ်တတ်တာကို တွေ့ရပါတယ်။ တခြားအချက်တွေကတော့။စားသောက်ပုံ မူမမှန်တာကြောင့် နောက်ဆက်တွဲပြဿနာများစွာ ကြုံရနိုင်ပြီး တချို့က အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ အချိန်ကြာကြာခံစားရလေလေ နောက်ဆက်တွဲဆိုးကျိုးတွေ ပိုဖြစ်လာလေပါပဲ။ ဥပမာ။စားသောက်ပုံ မူမမှန်တာကို စိတ်ရောဂါအထူးကုဆရာဝန်နဲ့ ကုသရပါတယ်။ ဆရာဝန်က မေးခွန်းအနည်းငယ်မေးပြီး အာဟာရချို့တဲ့သလားဆိုတာကို စမ်းသပ်စစ်ဆေးတာတွေ လုပ်ပါလိမ့်မယ်။ ကုသတဲ့ နေရာမှာ စိတ်ရောဂါဆရာဝန်နဲ့တင် မဟုတ်ဘဲ အာဟာရဆရာဝန်၊ သမားတော်တွေကပါ တွဲဖက်ကုသပေးမှာပါ။ ကုသနည်းတွေကတော့။သင့်ရဲ့ ကိုယ်အလေးချိန်က ဘယ်လိုပဲ ဖြစ်ပါစေ။ လက်ရှိအချိန်မှာတော့ ကျန်းမာရေးကို ဦးစားပေးပြီး သင့်တော်တဲ့ အစားအစာတွေကို မျှမျှတတ စားတတ်အောင် သင်ပေးမှာပါ။စိတ်ရောဂါအထူးကုနဲ့Cognitive behavioral therapy(CBT) လို့ခေါ်တဲ့ နှစ်သိမ့်ဆွေးနွေးတဲ့ နည်းလမ်းနဲ့ ကုသပေးပါတယ်။ဆေးဝါးတွေက ဒီစားသောက်ပုံ မူမမှန်တာတွေကို ပျောက်သွားစေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လူနာမှာ စိတ်ကျဝေဒနာ ခံစားနေရတယ်၊ တခြား စိတ်ရောဂါ တစ်ခုခုရှိမယ်ဆိုရင်တော့ ဆေးဝါးတွေက အကူအညီပေးနိုင်ပါလိမ့်မယ်။ဆေးရုံတက်ပြီး ကုမှ ရမယ့် လူနာတွေကတော့ အာဟာရပြတ်ပြီး ချို့တဲ့နေတဲ့ လူနာတွေပါ။ ဒီတိုင်းထားရင် အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် ဆေးရုံမှာ အနီးကပ်ပြုစုကုသပေးဖို့ လိုပါတယ်။လူနာဘက်က လိုက်နာရမှာတွေကတော့။Takeaways။စားသောက်မှု မူမမှန်တဲ့ ပြဿနာက လူငယ်တွေမှာ အတွေ့များတဲ့ ပြဿနာပါ။ အထူးသဖြင့် အမျိုးသမီးငယ်လေးတွေမှာပေါ့။ ခုပြောပြထားတဲ့ လက္ခဏာတွေ ရှိနေရင် တတ်ကျွမ်းသူနဲ့ ပြသဖို့ စီစဉ်ပါ။ အများစုက ဒီပြဿနာကို သတိမထားမိကြတဲ့အတွက်  မလိုလားအပ်တဲ့ ကျန်းမာရေး ထိခိုက်မှုတွေ၊ အာဟာရချို့တဲ့မှုတွေ ဖြစ်လာနိုင်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/eating-disorders/eating-disorders/
မိန်းမကိုယ် ကို သန့်ရှင်းကျန်းမာအောင် ဘယ်လိုထားမလဲ
တချို့နိုင်ငံတွေမှာ ရာသီလာချိန်ဆိုမိန်းကလေးတွေကို သီးခြားနေရာမှာတောင် နေစေတာတဲ့။ နီပေါတို့၊ အိန္ဒိယတို့မှာရာသီသွေးဆင်းနေတဲ့ မိန်းကလေးကို မိသားစုထဲ၊ ကိုယ့်အိမ်ထဲမှာတောင် မနေခိုင်းပါဘူး။ တကယ်တော့မိန်းမကိုယ်ဆိုတာ ရွံစရာမဟုတ်ပါဘူး။ တခြားသူတွေမှာလို၊ တခြားနေရာတွေလိုပဲခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်ပါတယ်။ သန့်သန့်ရှင်းရှင်းနေမယ်ဆို ခြေထောက်၊ လက်အရေပြားတွေထက်တောင် သန့်နေပါလိမ့်ဦးမယ်။ ဒါပေမယ့် မိန်းကလေးတွေ ကိုယ်တိုင်ကကို ညစ်ပေတဲ့ နေရာတစ်ခုဖြစ်မှာ၊ အနံ့ထွက်မှာ၊ရောဂါပိုးဝင်မှာ စိုးရိမ်မှုတွေကြောင့် အနံ့မွှေးတဲ့ ဆပ်ပြာတွေ၊ ဖျန်းဆေးတွေအပြင် ရေမွှေးတွေပါသုံးကြ၊ မကြာခဏ ဆေးကြောတတ်ကြရာက နုနယ်တဲ့ မိန်းမကိုယ်အရေပြားကို ထိခိုက်စေနိုင်ပါတယ်။မိန်းမကိုယ်ဟာ ညစ်ပေတဲ့နေရာ ဘယ်အချိန်မှာဖြစ်လာလဲဆိုရင်တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတဲ့အခါ၊အဝတ်အစားမသန့်ရှင်းတဲ့အခါ ရောဂါပိုးဝင်လာချိန်ဖြစ်ပါတယ်။ရောဂါပိုး အထူးသဖြင့်မှိုပိုးဝင်တဲ့အခါ ယားယံတာ၊ အနံ့ဆိုးထွက်တာ၊ မသန့်ရှင်းတဲ့ အဖြူဆင်းတာတွေဖြစ်လာနိုင်ပါတယ်။ အဲဒီအချိန် လိုအပ်တဲ့ကုသမှုမဟုတ်ဘဲ တခြားဆေးတွေလိမ်းတာ၊ ထည့်တာ၊ အမွှေးနံ့ပြင်းတာတွေ သုံးပစ်တာတွေ ရမ်းသမ်းလုပ်မယ်ဆို မသက်သာဘဲ ပိုတောင်ဆိုးနိုင်ပါတယ်။ မိန်းမကိုယ်ဟာ ပြင်ပအသားအရေမှ မဟုတ်ဘဲလေ။သူ့အတွက် အကောင်းဆုံးနည်းက ရိုးရှင်းပါတယ်။ဓာတုပစ္စည်းပါတဲ့အရာတွေမသုံးဘဲ အမြဲတမ်းသဘာဝကျကျ သန့်ရှင်းအောင်ထားပေးဖို့ပါပဲ။ အထူးတလည် မကြာခဏ ဆေးကြော၊ သန့်စင်နေဖို့ မလိုအပ်ပေမယ့် မိန်းမကိုယ်မှာ ရောဂါကင်းဖို့ ဒီအချက်လေးတွေတော့ အရင်ဆုံးထည့်စဉ်းစားရပါလိမ့်မယ်။လူတစ်ကိုယ်လုံးကျ မသန့်ရှင်းဘဲနဲ့ မိန်းမကိုယ်တစ်ခုတည်းကွက်ပြီး ဆေးကြောနေလို့တော့ မရနိုင်ပါဘူးနော်။ ရေမှန်မှန်ချိုး၊ သန့်သန့်ရှင်းရှင်းနေထိုင်မှ၊ အဝတ်အစားသန့်သန့် ဝတ်ဆင်မှ (အထူးသဖြင့် အတွင်းခံတွေပေါ့) တစ်ကိုယ်ရေသန့်ရှင်းရေး ရှိနိုင်မှာပါ။ အတွင်းခံမသန့်ရင်၊ လစဉ်သုံးပစ္စည်းပုံမှန်မလဲရင် ရောဂါပိုးက ကပြီးတောင် ဝင်လာပါဦးမယ်။အတွင်းခံဘောင်းဘီကို တစ်နေ့တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်တော့လဲဝတ်ရမှာပါ။ ဝတ်တဲ့အခါလည်း သက်သောင့်သက်သာရှိတဲ့အသား၊ ဒီဇိုင်းကိုရွေးချယ်သင့်ပါတယ်။ ကျပ်စည်းနေတာတွေ၊ ပူအိုက်လှောင်မယ့်အသားတွေကို ရှောင်ပါ။ မဟုတ်ရင်ချွေးတွေနဲ့ စိုစွတ်ပိတ်လှောင်ပြီး မှိုပိုးပေါက်ဖွားမှု လွယ်ကူစေနိုင်ပါတယ်။ရေချိုးတဲ့အခါ ရေချိုးဆပ်ပြာတွေနဲ့ တစ်ကိုယ်လုံးအကြိုက် သန့်စင်ရတာ သဘောကျကြပါတယ်။ တစ်ကိုယ်လုံးသန့်အောင်ဆိုပြီး ပေါင်ခြံအတွင်း မိန်းမကိုယ်နဲ့ စအိုဝအထိ ပွတ်ဆေးကြတာ တကယ်တော့ မလုပ်သင့်ပါဘူး။ ကိုယ်တိုက်ဆပ်ပြာမွှေးတွေ၊ ရေချိုးဆပ်ပြာရည်တွေမှာ မိန်းမကိုယ်မှာရှိသင့်တဲ့ pH အဆင့်ထိန်းသိမ်းတဲ့စနစ်ကို ပျက်ယွင်းစေနိုင်ပြီး မိန်းမကိုယ်မှာ အက်စစ်ဓာတ် ပိုများစေနိုင်တာကြောင့် အလိုအလျောက်သန့်ရှင်းပေး၊ ကာကွယ်ပေးတာမလုပ်နိုင်တော့ပါဘူး။ အဲဒီအချိန် ဘက်တီးရီးယားနဲ့ တခြားရောဂါပိုးတွေဝင်ဖို့ ပိုလွယ်စေပါတယ်။ဓာတုပစ္စည်း၊ အရောင်ဆိုးဆေး၊ အနံ့အတုတွေမပါဘဲ သဘာဝပစ္စည်းတွေကို အခြေခံတဲ့ အမျိုးသမီးသန့်စင်ဆေးရည်တွေကို ရွေးချယ်သုံးပါ။ အထူးသဖြင့် မိန်းမကိုယ် ရဲ့ သဘာဝကာကွယ်မှုစနစ်မှာပါဝင်တဲ့အကျိုးပြုဘက်တီးရီးယားလေးတွေအတွက် အားဖြည့်ပေးတဲ့ အမျိုးအစားဆို ပိုကောင်းပါတယ်။ နေ့စဉ်သုံးလို့ရ၊ ရက်မကြာမကြာလည်းသုံးလို့ရပေမယ့် တစ်နေ့ကို နှစ်ကြိမ်ထက်တော့ပိုမသုံးသင့်ပါဘူး။သိပ်တော့ သတိထားမိမှာမဟုတ်ပေမယ့် အာဟာရပြည့်တဲ့အစားအစာတွေ ညီမျှအောင်စားတာ၊ အရည်များများသောက်တာတွေက မိန်းမကိုယ်ကျန်းမာရေးမှာ သက်ရောက်မှုရှိနိုင်ပါတယ်။ ဥပမာ ဒိန်ချဉ်ဟာ အကျိုးပြုဘက်တီးရီးယား probioticတွေ ကြွယ်ဝလို့ မှိုပိုးဝင်ခြင်းကိုကာကွယ်ပေးနိုင်တယ်။အမျိုးသမီးသုံး padတွေကို လေးနာရီ ဒါမှမဟုတ် ရှစ်နာရီကြာတိုင်း တစ်ကြိမ်လဲပေးဖို့ ကျန်းမာရေးအဖွဲ့အစည်းတွေက အကြံပြုထားပါတယ်။ စိုစွတ်မှုတွေအကုန် စုပ်ယူထားတာဆိုတော့ ရောဂါပိုးတွေ ပေါက်ဖွားဖို့ပိုလွယ်စေနိုင်ပါတယ်။ ညအိပ်ခါနီးမှ လဲထားတာဆိုလည်း အိပ်ရာနိုးတာနဲ့ အသစ်လဲပေးသင့်ပါတယ်။အနံ့ဆိုးထွက်မှာကိုပဲ စိုးရိမ်မနေပါနဲ့။ အနံ့ဆိုးဆိုတာ ရောဂါပိုးဝင်တဲ့လက္ခဏာမို့ သန့်ရှင်းမှုကို ဂရုစိုက်ရင် အနံ့ပျောက်အောင်လို့ မွှေးကြိုင်တာတွေ စွတ်သုံးဖို့မလိုပါဘူး။ ခဏတာ မွှေးကြိုင်ဖို့အတွက်နဲ့ နောက်ဆက်တွဲဖြစ်လာမယ့် ပြဿနာတွေကို ထည့်တွေးသင့်ပါတယ်။ အမွှေးနံ့ပြင်းတဲ့ဆပ်ပြာတွေ၊ အသုံးအဆောင်ပစ္စည်းတွေကြောင့် ဓာတုပစ္စည်းတွေကြောင့် မိန်းမကိုယ်မှာခြောက်သွေ့တာ၊ ယားယံတာ၊ လောင်တာ၊ ပိုးဝင်တာတွေဖြစ်စေနိုင်တယ်။ဂျင်မ်သွားတာပဲဖြစ်ဖြစ်၊ အပြင်သွားတာပဲဖြစ်ဖြစ် ချွေးတွေစိုရွှဲနေတဲ့ အတွင်းခံအဝတ်တွေနဲ့ အကြာကြီးတော့မနေပါနဲ့။ အိမ်ပြန်ရောက်တာနဲ့ အမြန်လဲဝတ်ပါ။ ရေစိုဝတ်နဲ့ ကြာကြာနေပြီးရင်လည်း ဒီတိုင်းတော့ အခြောက်မခံလိုက်ပါနဲ့။ အပေါ်ယံအဝတ်တွေ ခြောက်လည်း အတွင်းခံမှာ အစိုဓာတ်ကျန်မှာပဲ။ လဲဖြစ်အောင်လဲပါ။သန့်စင်ခန်းသွားလို့ ရေသုံးတဲ့အခါပဲဖြစ်ဖြစ်၊ တစ်ရှူးသုံးတဲ့အခါပဲဖြစ်ဖြစ် အရှေ့ဘက်ကနေ အနောက်ဘက်ကိုပဲဆေးကြောသန့်စင်ပါ။ အနောက်ကနေ အရှေ့ကိုသန့်စင်တဲ့အခါ စအိုဘက်က အညစ်အကြေးတွေ၊ ဘက်တီးရီးယားပိုးတွေက မိန်းမကိုယ် ဒါမှမဟုတ်ဆီးလမ်းကြောင်းဆီ ရောက်လာနိုင်ပါတယ်။ဒီအချက်တွေ လိုက်နာပြီးပြီဆိုရင်တော့ မိန်းမကိုယ် ကျန်းမာရေးအတွက် စိတ်ချရသလောက်ရှိနေပါပြီ။ သန့်ရှင်းတဲ့ မိန်းမကိုယ်ကို ပိုင်ဆိုင်ထားမှ သွားလာနေထိုင်ရာမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိတဲ့မိန်းကလေးတွေဖြစ်နိုင်မှာပေါ့။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/how-to-keep-vagina-clean-and-healthy/
သွေးထဲက HIV ပိုးကောင်ရေပမာဏကို စစ်ဆေးခြင်း (HIV Viral Load)
သွေးထဲက HIV ပိုးကောင်ရေပမာဏကို စစ်ဆေးခြင်း (HIV Viral Load) အကြောင်း လေ့လာလိုက်ရအောင်နော်။သွေးထဲက HIV ပိုးကောင်ရေပမာဏကို စစ်ဆေးခြင်း (HIV Viral Load) ဆိုတာကို လေ့လာလိုက်စို့နော်။Viral Load ဆိုတာ ဘာလဲ။HIV ပိုးရှိတဲ့သူတွေမှာ သူတို့သောက်နေတဲ့ ဆေးဝါးတွေကို တုံ့ပြန်ခြင်းရှိမရှိ၊ သွေးထဲမှာ ပိုးကောင်ရေ ဘယ်လောက်ကျန်သေးလဲ၊ ရောဂါအခြေအနေ စတာတွေကို စစ်ဆေးဖို့အတွက် သွေးဖောက်ကြည့်ရပါတယ်။ ဒီလိုစစ်ဆေးခြင်းကို HIV Viral Load တစ်နည်းအားဖြင့် သွေးထဲမှာ ရှိတဲ့HIVပိုးကောင်ရေ ပမာဏကို စစ်ဆေးခြင်းလို့ ခေါ်ပါတယ်။ အဓိကကတော့ ပိုးကောင်ရေနည်းလေလေ HIV ပိုးရှိသူတွေအတွက် အခြေအနေကောင်းလေလေပါပဲ။ ဒါကြောင့်လည်း HIV ပိုးထိန်းဆေးကို သောက်ပြီး ၆လပြည့်တာနဲ့ သွေးထဲက ပိုးကောင်ရေပမာဏကို အမြဲစစ်နေဖို့ အရေးကြီးပါတယ်။CD4 ဆဲလ် ပမာဏစစ်ဆေးခြင်း။ဒါကတော့HIVပိုး ရှိတယ်လို့ စစချင်း ဆေးစစ်ချက်ထွက်လာတဲ့အခါမှာ ကိုယ့်ရဲ့ ကိုယ်ထဲမှာ ရှိတဲ့ CD4 ဆဲလ်ပမာဏ ဘယ်လောက်ရှိလဲဆိုတာကို သွေးဖောက်ပြီး စစ်ဆေးတာပဲ ဖြစ်ပါတယ်။ CD4 ဆဲလ်ဆိုတာ ကျွန်တော်တို့ ကိုယ်ခံအားစနစ်ထဲမှာ ရှိတဲ့ သွေးဖြူဆဲလ်တွေကို ပြောတာဖြစ်ပြီး ဒီဆဲလ်တွေက များလေလေကိုယ်ခံအားကောင်းလေလေ၊ တခြားရောဂါတွေ ဖြစ်ဖို့ အခွင့်အရေးနည်းသွားနိုင်ပါတယ်။ HIV ပိုးမရှိတဲ့သူတွေမှာ CD4 ဆဲလ် ပမာဏ ၅၀၀ ကနေ ၁၅၀၀ ကြား ရှိနိုင်ပြီး HIV ပိုးရှိသူတွေမှာတော့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး အဲ့ထက် နည်းသွားနိုင်ပါတယ်။ CD4 ပမာဏက ၂၀၀ အောက်ရောက်နေပြီဆိုရင်တော့ တခြားရောဂါတွေဖြစ်ဖို့ အခွင့်အရေး အရမ်းများလာနေပြီဆိုတာကို ပြနေတာပါ။အဓိကကတော့ သွေးဖောက်ထုတ်ပြီး စစ်ရမှာဖြစ်ပါတယ်။ARTဆေးသောက်ပြီး ၆လလျှင် တစ်ကြိမ် သွေးဖောက်စစ်ဖို့ လိုပါတယ်။ သွေးရဲ့ ၁ မီလီလီတာမှာ ပိုးကောင်ရေပမာဏ ဘယ်လောက်ရှိနေလဲဆိုတာကို အနုကြည့်မှန်ပြောင်းနဲ့ ဓာတ်ခွဲခန်းမှာ စစ်ဆေးရပါတယ်။ ပိုးကောင်ရေ နည်းနိုင်သမျှ နည်းနိုင်ဖို့အတွက် ART ဆေးကို နေ့တိုင်းအချိန်မှန် မပျက်မကွက်သောက်ဖို့ လိုအပ်သလို ကိုယ့်ရဲ့ ကျန်းမာရေး၊ နေထိုင်စားသောက်မှုပုံစံ၊ လိင်မှုကိစ္စတွေအားလုံးကို ဆင်ခြင်နိုင်ဖို့ အရေးကြီးပါတယ်။ကိုယ်ပြတဲ့ ဆေးခန်းပေါ် မူတည်ပါတယ်။ အဖြေထွက်ပြီဆိုတာနဲ့ ချိတ်ပိတ်စာအိတ်ထဲ သိမ်းထားမှာဖြစ်ပြီး လူနာကိုယ်တိုင် ဆေးခန်းလာပြတဲ့အချိန်မှသာ ဆရာဝန်က ဒါကို ဖောက်ပြပြီး အဖြေကို ပြောပြမှာ ဖြစ်ပါတယ်။ ပိုးကောင်ရေပမာဏက အရင်တစ်ခေါက်ကထက် နည်းလာတိုင်း ကိုယ်သောက်နေတဲ့ ဆေးက အာနိသင်ပြနေတယ်၊ ဆေးကို မှန်မှန်သောက်တယ်ဆိုတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ပိုးကောင်ရေက များနေသေးတယ်၊ မကျသွားဘူးဆိုရင်တော့ သောက်နေတဲ့ ဆေးက ကိုယ်နဲ့ ဆေးမတိုးတာဖြစ်စေ၊ ကိုယ်က ဆေးကို အချိန်မှန်သေချာမသောက်တာဖြစ်စေ၊ ဒါမှမဟုတ် တခြားလိင်မှုကိစ္စကြောင့် ပိုးအသစ်တွေ ကူးစက်ခံရတာလားဆိုတာ ပြန်ပြီး အဖြေရှာဖို့ လိုအပ်ပါတယ်။သွေးထဲမှာ လုံးဝမရှိတော့တာတော့ မဟုတ်ပါဘူး။ စက်က စစ်နိုင်တဲ့ ပမာဏအောက်ကို ရောက်သွားတာပါ။ ဒါကို Undetectable Stage လို့လည်း ခေါ်ပါတယ်။  ပိုးကောင်ရေရှာဖွေတဲ့စက်ပေါ် မူတည်ပြီး အကောင်ရေ ၂၀ အောက်၊ ၅၀ အောက်၊ ၁၀၀ အောက်ရောက်သွားတဲ့အခါ စက်က ပိုးကောင်ရေ မရှိတော့ဘူးဆိုတဲ့ အဖြေကို ပြပါတယ်။ ဒီအဆင့်မှာတော့ ကိုယ့်ဆီကနေ တခြားတစ်ယောက်ဆီကို HIV ပိုး ကူးစက်နိုင်ဖို့ အခွင့်အရေး  နည်းသွားပါတယ်။ ဒီအဆင့်ကို ဆက်လက်ထိန်းထားဖို့ARTဆေးကို ထုံးစံအချိန်အတိုင်းပဲ မပျက်မကွက်သောက်နေဖို့တော့ လိုမှာပါ။အမျိုးသားမှာ ဖြစ်စေ၊ အမျိုးသမီးမှာဖြစ်စေ၊ HIV ပိုးရှိတယ်၊ ကလေးလည်း မွေးဖို့ စဉ်းစားထားတယ်ဆိုရင်တော့ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ART ဆေးကို မပျက်မကွက်သောက်နေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်နေတဲ့ မိခင်လောင်းတွေမှာ HIV ပိုးရှိတဲ့အခါ သားဖွားမီးယပ်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ဆေးဝါးတွေ၊ ART ဆေးကို သေချာသောက်ပေးဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတာ မိခင်ရဲ့ ကိုယ်ခန္ဓာထဲမှာ သန္ဓေတည်ရတာဖြစ်တဲ့အတွက် မိခင်မှာ ပိုးရှိနေရင် ဗိုက်ထဲက သန္ဓေသားကိုပါ ကူးစက်နိုင်ခြေရှိတဲ့အတွက်ပါ။ဒီဆောင်းပါးလေးကို ဖတ်ခြင်းဖြင့် HIV ပိုးရှိနေတဲ့သူတွေအတွက် တစ်ထောင့်တစ်နေရာကနေ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ့်ရောဂါ အခြေအနေက ဘယ်လိုပဲဖြစ်နေပါစေ လိင်ဆက်ဆံတဲ့အချိန်တိုင်းကွန်ဒုံးသုံးဖို့ကို ဘယ်တော့မှ မမေ့ဖို့တော့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/testing-hiv-viral-load/
လိင်ဆက်ဆံမှု ပိုမိုပြုလုပ်ခြင်းက သင့် ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်
လိင်ဆက်ဆံမှု ပိုမိုပြုလုပ်ခြင်းက သင့် ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။ လိင်ဆက်ဆံမှု ပြုရခြင်းကို လူအများ နှစ်သက်ကြပါတယ်။ လူအများစုအတွက်လို့ ရည်ရွယ်ပြောဆိုထားပေမယ့် လိင်မှုရေးရာ စိတ်ခံစားမှုက လွန်စွာ ရှုပ်ထွေးပါတယ်။လိင်ဆက်ဆံမှု ပိုမိုပြုလုပ်ခြင်းက သင့်ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။ ဘယ်လို မြှင့်တင်ပေးသလဲဆိုတာကို ဆက်ကြည့်လိုက်နော်။တက္ကသိုလ်ကျောင်းသားများတွင် ပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ လိင်ဆက်ဆံမှု ပိုမိုများပြားသူတွေမှာ ပဋိဇီဝပစ္စည်း အေ (Immunoglobulin A) ပမာဏ မြင့်မားတာကို တွေ့ရပါတယ်။ ဒီပဋိဇီဝပစ္စည်းကို တံတွေးမှာ တွေ့ရပြီး ရောဂါပိုးများနဲ့ တုပ်ကွေးရောဂါကို တိုက်ဖျက်နိုင်ပါတယ်။ စုံတွဲများကို လေ့လာရာမှာလည်း လိင်ဆက်ဆံမှု မကြာခဏ ပြုသူများက လိင်ဆက်ဆံခြင်း နည်းသူများထက် ဒီပဋိဇီဝပစ္စည်း ပမာဏပို များပြားတယ်ဆိုတာကို တွေ့ရပါတယ်။လိင်ဆက်ဆံမှု ပြုစဉ်မှာခန္ဓာကိုယ်အတွက်  နေထိုင်ကောင်းစေတဲ့ ဒိုပါမင်း(Dopamine)နဲ့ အောက်ဆီတိုဆင်(Oxytocin) ဟော်မုန်းများ ထွက်ရှိပါတယ်။ ဒိုပါမင်းဟော်မုန်းက လိင်ဆက်ဆံမှု ပြုခြင်းနဲ့ အာဟာရပြည့်ဝစွာ စားသုံးခြင်းကြောင့် ထွက်ရှိပါတယ်။အောက်ဆီတိုဆင်ဟော်မုန်းက နေထိုင်ကောင်းစေပြီး စိတ်ပျော်ရွှင်မှု ဖြစ်စေပါတယ်။ ဒီဟော်မုန်းတွေက လိင်ဆက်ဆံနေစဉ်နဲ့ လိင်မှုကိစ္စ အထွတ်အထိပ် ရောက်စဉ်မှာ အများအပြား ထွက်ရှိပါတယ်။ စိတ်ဝင်စားဖွယ် အချက်က ဒီဟော်မုန်းတွေက လိင်ဆက်ဆံပြီးတဲ့အခါ သွေးထဲမှာ ကြာမြင့်စွာရှိမနေပါ။လေ့လာမှုတစ်ခုမှာ လိင်ဆက်ဆံခြင်းက စိတ်ကျရောဂါရဲ့ လက္ခဏာများကို လျော့ပါးစေတယ်လို့ ဖော်ပြထားပါတယ်။ လိင်ဆက်ဆံစဉ် ထွက်ရှိတဲ့ ဒိုပါမင်းနဲ့ အောက်ဆီတိုဆင်ကလည်း စိတ်ဖိစီးမှုကို ပြေပျောက်စေနိုင်တဲ့ အာနိသင်ရှိပါတယ်။သုတေသနတစ်ခုရဲ့ အဆိုအရ ခေါင်းကိုက်ဝေဒနာကို လိင်ဆက်ဆံခြင်းက သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။၂၀၁၃ ခုနှစ်က ဂျာမနီမှာ ပြုလုပ်တဲ့ လေ့လာမှုမှာ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင် ၆၀ရာခိုင်နှုန်းနဲ့ ခေါင်းအလွန်ကိုက်ဝေဒနာရှင် ၃၀ရာခိုင်နှုန်းတို့က လိင်ဆက်ဆံမှု ပြုလုပ်ပြီးတဲ့အခါ သက်သာရာရကြောင်း ဖော်ပြထားပါတယ်။ အခြားလေ့လာမှုများအရ အမျိုးသမီးများရဲ့ လိင်ဆက်ဆံမှု လမ်းကြောင်း Gspotနေရာကို လှုံ့ဆော်ပေးရင် နာကျင်မှုကို ပိုမိုခံနိုင်ရည်ရှိကြောင်းလည်း တွေ့ရှိရပါတယ်။လိင်ဆက်ဆံမှု မကြာခဏပြုသူများက လူအများရှေ့စကားပြောခြင်းနဲ့ အလုပ်ဝင်ခွင့်စာမေးပွဲတို့ကဲ့သို့ စိတ်ဖိစီးမှုများသောအခြေအနေကို ပိုမိုပြီး ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်တာကို တွေ့ရသည်။ ဒီလိုဖြစ်ရခြင်းက စိတ်တည်ငြိမ်စေတာကြောင့် ဖြစ်ပါတယ်။လိင်ဆက်ဆံမှုပြုခြင်းက အားကစားခန်းမကို သွားတာနဲ့ တူပါတယ်။ သင်ရဲ့ ပေါင်နဲ့ တင်ပါးတို့ကို လေ့ကျင့်ပေးတဲ့အပြင် မိနစ် ၃၀ အတွင်း ကယ်လိုရီ ၂၀၀ ကျော် လောင်ကျွမ်းစေနိုင်ပါတယ်။ စိတ်ဝင်စားဖွယ်အချက်က အမျိုးသမီးက အပေါ်ကနေ ဆက်ဆံမယ်ဆိုရင် ကယ်လိုရီပိုမိုလောင်ကျွမ်းစေနိုင်ပြီး အမျိုးသားနဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ မတ်တပ်ရပ်ပြီး ဆက်ဆံခြင်းက လဲလျောင်းပြီး ဆက်ဆံခြင်းထက် ကယ်လိုရီကို ပိုမိုလောင်ကျွမ်းစေနိုင်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်သလိုပဲ အချိန်ကြာကြာပြုလုပ်လေ ကယ်လိုရီပိုမိုလောင်ကျွမ်းလေဖြစ်ပါတယ်။လိင်ဆက်ဆံမှု နည်းပါးရင် နှလုံးရောဂါဖြစ်နိုင်ခြေ ရှိကြောင်း လေ့လာမှုတစ်ခုက ဖော်ပြထားပါသည်။ အထူးသဖြင့် အမျိုးသားတွေမှာ ပုံမှန်လိင်ဆက်ဆံမှုပြုသူက နှလုံးရောဂါနဲ့ ဆီးကျိတ်ကင်ဆာ ကာကွယ်နိုင်ခြင်း အာနိသင်တို့ ရှိကြောင်း အမျိုးသားကင်ဆာဌာနမှာ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုက ဆိုထားပါတယ်။၂၀၁၆ ခုနှစ်တွင် ထုတ်ဝေသော အမေရိကန်နှလုံးရောဂါဂျာနယ် တစ်ခုမှာ ၁ ပတ်တွင် အနည်းဆုံး ၂ ကြိမ် လိင်ဆက်ဆံတဲ့ အမျိုးသားတွေက တစ်လတွင် တစ်ကြိမ် လိင်ဆက်ဆံသော အမျိုးသားများထက် နှလုံးရောဂါဖြစ်နိုင်ခြေ လျော့နည်းကြောင်း ဖော်ပြထားပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/reasons-why-you-should-have-sex-and-the-advantages-to%e2%88%92health/
မိန်းမကိုယ်အနံ့ဆိုးထွက်နေရတာ ဒီအချက်တွေကြောင့်ပါနော်
ကိုယ်ကနေ အနံ့ဆိုးတွေ ထွက်နေလို့ အစည်းအဝေးမထိုင်ရဲ၊ သူငယ်ချင်းတွေနဲ့ စုစုဝေးဝေးမထိုင်ရဲဘဲ အနံ့ဆိုး တစ်ခုခုရတိုင်းလည်း ငါ့ကိုယ်ကများဖြစ်နေလားဆိုပြီး စိုးရိမ်နေတဲ့လေဒီလေးတွေများရှိလား။ အလှကြိုက်တာ အလှဆုံးဖြစ်ချင်တာကမိန်းကလေးတိုင်းရဲ့ စိတ်ကူးပါ။ ဒီလိုလှဖို့ဆိုတာကလည်း အသားလေးဖြူရင်ပြီးရောမိတ်ကပ်လှလှလေးလူးတတ်ရင်ပြီးရောလားဆိုတော့ မဟုတ်သေးဘူးနော်။ မိန်းကလေးတစ်ယောက် တကယ်လှဖို့ကအနံ့အသက်ကင်းဖို့လည်း လိုပါတယ်။ဒီတော့ဘာလုပ်မလဲ အနံ့ဆိုး ထွက်နိုင်တဲ့နေရာတွေကို သန့်ရှင်းနေအောင်ဂရုစိုက်မှာပေါ့။ခန္ဓာကိုယ်ကသန့်ရှင်းနိုင်မှတော်ကာကျမှာပါ။ ခန္ဓာကိုယ်က အနံ့ဆိုးထွက်ဖို့ အဆင်သင့်အမြဲဖြစ်နေတာပါနော်။ ဒီတော့ တစ်ကိုယ်ရေသန့်ရှင်းရေးကိုသေချာလေးဂရုစိုက်ဖို့လိုပါမယ်။တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်လိုက်ရင်ကော အနံ့ဆိုးကင်းသွားပြီလားဆိုတော့ ထိုက်သင့်သလောက်ပေါ့။ မိန်းကလေးတစ်ယောက်ကယောက်ျားလေးတွေထက် တစ်ကိုယ်ရေသန့်ရှင်းရေး ပိုဂရုစိုက်ထားဖို့လိုပါမယ်နော်။လေဒီတို့ကို အလှပျက်စေတဲ့ အချက်တစ်ခုရှိနေပါတယ်။ ဒါကတော့မိန်းမကိုယ်အနံ့ဆိုးထွက်တာ ပါ။ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေလိုပါပဲ။ မိန်းမကိုယ်ကနေလည်း အနံ့ဆိုးတွေ ထွက်နိုင်ပါတယ်နော်။ ဒါကလေဒီတိုင်း မကြုံဖူးတာ မရှိသလောက်ပါနော်။ မိန်းမကိုယ်က အနံ့ဆိုး ထွက်တာက အလှကြိုက်တဲ့လေဒီလေးတွေအဖို့တော့ အလှပျက်စေတဲ့အချက်တစ်ခုပေါ့။ မိန်းမကိုယ်က အနံ့တော့ရှိပါတယ်။ မကျန်းမာတဲ့အခါမှာတော့ အနံ့ဆိုးက ပိုဆိုးတာမျိုးဖြစ်နိုင်ပါတယ်နော်။မိန်းမကိုယ်အနံ့ဆိုးထွက်နေရတာ ကို ဖြစ်စေတဲ့ အချက်တွေတော်တော်များများရှိနေပါတယ်။ အထူးသဖြင့်ကတော့ဘက်တီးရီးယားတွေ၊ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေ၊လိင်ဆက်ဆံမှုနဲ့ အခြားသောအကြောင်းအရာတွေကြောင့် မိန်းမကိုယ်မှာ အနံ့ဆိုးတွေဖြစ်စေနိုင်ပါတယ်။ရောဂါပိုးကူးစက်ခံရတာ– မိန်းမကိုယ်မှာ ပိုးဝင်ကူးစက်တာက မနှစ်မြို့ဖွယ်အနံ့ဆိုးတွေကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုပေါ့။ မိန်းမကိုယ်မှာ ပိုးဝင်ကူးစက်တဲ့အခါ မိန်းမကိုယ်ကနေ ငါးညှီနံ့လိုမျိုး အနံ့တွေဖြစ်ပေါ်နိုင်ပါတယ်။ အခြားလက္ခဏာတွေအနေနဲ့ကတော့ မိန်းမကိုယ်မှာ ပူစပ်ပူလောင်ဖြစ်တာ။ အဖြူဆင်းသလိုမျိုးအကျိအချွဲတွေဆင်းတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေနဲ့အတူ နာကျင်တာနဲ့နေရခက်တာမျိုးတွေဖြစ်နိုင်ပါတယ်။တစ်ကိုယ်ရေသန့်ရှင်းရေးအားနည်းတာ-တစ်ကိုယ်ရေသန့်ရှင်းရေးအားနည်းတာ။ အထူးသဖြင့်ရေမှန်မှန်မချိုးတာ၊ လစဉ်သုံးပစ္စည်းကို ပုံမှန်လဲလှယ်တာမျိုးမလုပ်တာ၊ မိန်းမကိုယ်ကို ထိုက်သင့်တဲ့ သန့်ရှင်းမှုတွေမလုပ်တာကြောင့်လည်း မိန်းမကိုယ်ကနေ အနံ့ဆိုးတွေထွက်နိုင်ပါတယ်။အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာ– အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာက မိန်းမကိုယ်ထဲကို ဘက်တီးရီးယာတွေ အလုံးအရင်းနဲ့ဝင်ရောက်ဖို့ ခွင့်ပြုလိုက်ရာကျပါတယ်။ ဒါကြောင့် လိင်မဆက်ဆံခင်မှာ အကာအကွယ်သုံးပေးပါ။ ဒီလိုသုံးတာက မိန်းမကိုယ်အနံ့ဆိုးထွက်နေရတာ ကိုတင် သက်သာစေတာမဟုတ်ဘဲ။ လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်တဲ့ရောဂါတွေကိုပါ ကာကွယ်ရာရောက်ပါတယ်။ကျန်းမာရေးနဲ့မညီညွတ်တဲ့စားသောက်မှုပုံစံရှိတာ– စားလိုက်တဲ့အစားအစာတွေကြောင့်လည်း မိန်းမကိုယ်မှာ အနံ့ဆိုးတွေထွက်စေနိုင်ပါတယ်နော်။ ဒါကြောင့် မိန်းမကိုယ်အနံ့ဆိုးကင်းစေဖို့ဆိုရင် အစားအသောက်ကိုလည်းသေချာလေးသတိထားဖို့လိုပါမယ်။ မိန်းမကိုယ်မှာအကျိုးပြုဘက်တီးရီးယားအရေအတွက်တိုးစေမယ့် အစားအစာတွေကိုကို သတိထားစားသုံးပေးပါ။အတွင်းခံဘောင်းဘီကြောင့် အနံ့ဆိုးထွက်တာ– အတွင်းခံကိုရေချိုးတိုင်းလဲပေးသင့်တာပါ။ ဒါမှာ အနံ့အသက်ဆိုးကင်းမှာဖြစ်သလို အတွင်းခံသန့်ရှင်းမှုအားနည်းတာကြောင့်ဖြစ်တဲ့မိန်းမကိုယ်ယားယံတာ၊အဖြူဆင်းတာနဲ့ အခြားသောပြဿနာတွေကိုပါ ကင်းစေမှာပါ။ အတွင်းခံသန့်ရှင်းဖို့ ဂရုစိုက်သင့်သလို အတွင်းခံကိုလည်းချွေးစုပ်နိုင်တဲ့ ချည်သားအတွင်းခံစစ်စစ်ဖြစ်နေဖို့ သတိထားရပါမယ်။မိန်းမကိုယ်အနံ့ဆိုးကင်းဖို့ဆိုရင်တော့ ဒီအချက်လေးတွေကို သတိထားလုပ်ဆောင်ပေးဖို့လိုပါမယ်နော်။အခုပြောခဲ့တဲ့ အချက်လေးတွေကို ဂရုစိုက်လုပ်ဆောင်လို့နေ့ရက်တိုင်းမှာအနံ့အသက်ဆိုးကင်းလို့ လှချင်တိုင်းလှလိုက်တော့နော်လေဒီလေးတို့ရေ…….. ……………..။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/tips-to-get-rid-of-vaginal-odor/
ရာသီလာချိန် ထွက်တတ်တဲ့ အနံ့ဆိုးတွေကို အမျိုးသမီး သန့်စင်ဆေးရည်သုံးပြီး ရှောင်ရှားကြမယ် ။ ။
မိန်းကလေးတွေ အတွက် ဓမ္မတာ လာချိန်ဆိုတာ အင်မတန်မှ စိတ်ညစ်စရာ ကောင်းပြီး အလုပ်ရှုပ်တဲ့ အချိန် တစ်ခုလို့ ပြောရပါမယ်။ ဒီကြားထဲ မိန်းမကိုယ်က အနံ့ဆိုးတွေ ထွက်နေတာ၊ ဓမ္မတာကြောင့် ကိုက်ခဲနေတာတွေပါ ဖြစ်လို့ကတော့ အတော်ကိုမှ စိတ်ရှုပ်ကြရပါတယ်။ ဒါပေမယ့်လည်း တစ်လတစ်ခါ ရှောင်လွဲလို့ မရတဲ့ ဓမ္မတာဆိုတော့ ဒီလို ထွက်နေတဲ့ အနံ့အသက်ဆိုးတွေ ထပ်မထွက်အောင် တားဆီးပေးဖို့ပဲ ရှိတော့တာပေါ့ ။ ။ရာသီလာချိန် ဘာကြောင့် မိန်းမကိုယ်ကနေအနံ့ဆိုးတွေ ထွက်တာလဲ ။။မိန်းမကိုယ်မှာ ကိုယ်ပိုင် အနံ့ တစ်မျိုး ရှိတတ်တယ် ဆိုပေမယ့် ရာသီလာချိန်မှာတော့ အနံ့ ပြောင်းသွားတတ်ပါတယ်။ရာသီလာတယ် ဆိုတာ ညစ်ညမ်းတဲ့ အရာတော့ မဟုတ်ပေမယ့်အနံ့ဆိုးမထွက်အောင်၊ မလိုလားအပ်တဲ့ ရောဂါပိုးတွေ မဝင်နိုင်အောင် ရာသီလာစဉ် အချိန်အတွင်းမှာ ပုံမှန်ထက် ပိုပြီး သန့်ရှင်းမှု ရှိဖို့ အရေးကြီးပါတယ်။ရာသီလာချိန် ထွက်တတ်တဲ့ အနံ့ဆိုးတွေကို ဘာနဲ့ သန့်စင်မလဲ။ရာသီလာချိန် ထွက်တတ်တဲ့ အနံ့ဆိုးတွေကို သန့်စင်ဖို့ ဆိုရင်။ဆပ်ပြာတွေ မသုံးပါနဲ့။မိန်းမကိုယ်မှာ အကျိုးပြုဘက်တီးရီးယားတွေကိုထိန်းညှိထားတဲ့ သဘာဝ ကာကွယ်မှု စနစ် ရှိပါတယ်။ အမွှေးနံ့တွေ၊ ဓာတုပစ္စည်းတွေ ပါဝင်တဲ့ ဆပ်ပြာတွေကြောင့်အကျိုးပြုဘက်တီးရီးယားတွေကို ထိခိုက်စေနိုင်လို့ရောဂါပိုးဝင်ဖို့ လွယ်ကူစေနိုင်ပါတယ်။ ဆပ်ပြာရဲ့ အပြင်းစား အက်ဆစ်ကြောင့် မိန်းမကိုယ် အရေပြားကို ပူတာ၊ လောင်တာ၊ စပ်တာ၊ ရောင်ရမ်းတာ၊ ဓာတ်မတည့်တာတွေ ဖြစ်လာစေနိုင်တယ်။ ဒါကြောင့် မိန်းမကိုယ် သန့်ရှင်းရေး လုပ်တော့မယ်ဆို ဆပ်ပြာလုံးဝ မသုံးပါနဲ့။ဒါဆို ဘာသုံးပြီး သန့်ရှင်းရေးလုပ်ရမလဲ။။ဆပ်ပြာ မသုံးရတော့ မိန်းမကိုယ်က ရာသီလာချိန် ထွက်နေတဲ့ အနံ့ဆိုးတွေကို တားဆီးဖို့အတွက် ရေ ဒါမှမဟုတ် အမျိုးသမီး သန့်စင်ဆေးရည်တွေ သုံးနိုင်ပါတယ်။ အမျိုးသမီးသန့်စင်ဆေးရည် Feminine Wash တွေဟာ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/afraid-of-odour-during-period/
ကင်ဆာဆေးသွင်းပြီးနောက် ဝမ်းလျှောခြင်းကို ဘယ်လိုဖြေရှင်းမလဲ
ကင်ဆာဆေးသွင်းကုသပြီးနောက် လူအချို့သည် ဝမ်းသွားသည့် အကြိမ်ရေများလာကာ ဝမ်းသည်လည်း ပုံသဏ္ဍာန်မမှန် (သို့) အရည်ကျဲကျဲဖြစ်လာသည်။ ၎င်းကို ဝမ်းပျက်ဝမ်းလျောဖြစ်သည်ဟု ခေါ်သည်။ ကင်ဆာလူနာများတွင် ဖြစ်သော ဝမ်းပျက်ဝမ်းလျှောကို ကာကွယ်ကုသနိုင်မည့် နည်းလမ်းအချို့ကို ဤဆောင်းပါးတွင် ဖော်ပြလိုက်ပါသည်။ဝမ်းပျက်ဝမ်းလျှောခြင်း ဆိုသည်မှာ ဝမ်းသွားသည့် အကြိမ်ရေများခြင်း ၊ ဝမ်းပျော့ခြင်း (သို့) ဝမ်းအရည်ကျဲကျဲသွားခြင်းကို ခေါ်သည်။ ဝမ်းပျက်ဝမ်းလျှောသည် ရောဂါတစ်ခုဟု ဆိုရမည်ထက် လက္ခဏာတစ်ရပ်သာ ဖြစ်ပါသည်။ ထိုအခြေအနေသည် အခြား ရောဂါ အခံတစ်စုံတစ်ခု (သို့) ကုသမှု တစ်ခုခု (ဥပမာ။ ကင်ဆာ ဆေးသွင်းကုသခြင်း၊ ဓါတ်ရောင်ခြည်ကုသမှု ခံယူခြင်း)ကြောင့် ဖြစ်ပွားနိုင်ပါသည်။ကင်ဆာကုသမှု အမျိုးအစားများစွာသည် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်ပွားစေနိုင်ပါသည်။o ကင်ဆာဆေးသွင်းကုသခြင်း။ ။ဤကုသနည်းသည် ကင်ဆာဆဲလ်များကို သေစေရုံသာမက အူနံရံဆဲလ်များကဲ့သို့သော ကြီးထွားနှုန်းမြန်သည့် ဆဲလ်များကိုပါ သေစေနိုင်ပါသည်။ အကယ်၍ ကင်ဆာဆေးသွင်းကုသမှုသည် အူလမ်းကြောင်း နံရံရှိဆဲလ်များကို သေစေသောအခါတွင် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်ပွားစေနိုင်ပါသည်။oဓါတ်ရောင်ခြည် ကုသမှု။ ။ဝမ်းဗိုက်၊ တင်ပါးဆုံအရိုးကွင်း၊ ခါးအောက်ပိုင်းကို အဓိက ဦးတည်ပေးသော ဓါတ်ရောင်ခြည်ကုသမှုသည် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေသည်။ ၎င်းသည် ကုသမှုခံယူပြီး ရက်ပိုင်းမှ လပိုင်းအထိ ကြာနိုင်ပါသည်။o ခွဲစိတ်မှု။ ။ကင်ဆာကုသမှုအတွက် အူအစိတ်အပိုင်းအချို့ကို ခွဲစိတ်ဖြတ်တောက်လိုက်ပြီးနောက်တွင် အာဟာရနှင့် အဆီစုပ်ယူနိုင်စွမ်းပြောင်းလဲသွားကာ ဝမ်းပျက်ခြင်းကို ဖြစ်စေပါသည်။o ရိုးတွင်းခြင်ဆီ ပင်မဆဲလ် အစားထိုးကုသမှု။ ။ရိုးတွင်းခြင်ဆီ ပင်မဆဲလ် အစားထိုးကုသမှု အစိတ်အပိုင်းအနေဖြင့် ပေးရသော ကင်ဆာဆေးသွင်းကုသမှုနှင့် တစ်ကိုယ်လုံးဓါတ်ရောင်ခြည်ကုသမှုတို့သည် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်ပွားစေပါသည်။ဖြစ်နိုင်ချေရှိသော ဝမ်းပျက်ဝမ်းလျှောခြင်းစေသည့် အခြားအကြောင်းရင်းများမှာ။o စိတ်လှုပ်ရှားခြင်း (သို့) စိတ်ဖိစီးမှုများခြင်း။o အူသိမ် (သို့) အူမကြီး (သို့) တင်ပါးဆုံတွင်း အင်္ဂါအစိတ်အပိုင်းများ ခွဲစိတ်ကုသခြင်း။o ရောဂါပိုးဝင်ခြင်း။o ပဋိဇီဝပိုးသတ်ဆေး၊ မဂ္ဂနီဆီယမ် ပါဝင်သော အစာအိမ်လေဆေး၊ အမူးပြေဆေး၊ ဝမ်းပျော့ဆေးများ။o လတ်တို့စ် (lactose) ဓါတ်မတည့်ခြင်း။o အူလမ်းကြောင်း မူမမှန်ရောဂါ။o အာဟာရချို့တဲ့ခြင်း။· အရည်ကြည်များများသောက်ပါ (တစ်ရက်ကို ရေ ၈ ခွက်မှ ၁၀ ခွက်သောက်သုံးပါ)။ အကောင်းဆုံး ရွေးချယ်မှုကတော့ ရေသန့်ပဲဖြစ်သည်။· အမျှင်ဓါတ်နည်းသော အစာများ စားသုံးပေးပါ။ ဥပမာ။ ။ ငှက်ပျောသီး၊ ဆန်၊ ခေါက်ဆွဲ၊ ပေါင်မုန့်ဖြူ၊ ကြက်သား၊ ကြက်ဆင်၊ငါး။· ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝသော အစားအသောက်များကို စားသုံးပေးပါ။ ပိုတက်ဆီယမ်သည် မရှိမဖြစ်လိုအပ်သော သတ္တုဓါတ်ဖြစ်ပြီး ၎င်းသည် ဝမ်းလျှောရာမှတစ်ဆင့် ဆုံးရှုံးနိုင်သည်။ ပိုတက်ဆီယမ်ဓါတ်ပြန်ရဖို့ ငှက်ပျောသီး၊ အာလူးနှင့် တရုတ်ဆီးသီးများ စားသုံးပေးပါ။· Probiotic ဆေးသောက်ခြင်း။ ။ ဥပမာ။ ဒိန်ချဉ်နှင့် ဖြည့်စွက်စာများ။ Probiotics ဆိုသည်မှာ ခန္ဓါကိုယ်အတွက် ကောင်းကျိုးပြုသော ဘက်တီးရီးယားလေးများ (ဥပမာ။ lactobacillus ၊ bifidobacterium) ကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းဘက်တီးရီးယားလေးများသည် ပုံမှန်အစာချေဖျက်သောစနစ်ကို ပြန်လည်ရရှိစေရန် ကူညီပေးသည်။ အကယ်၍ သင်သည်ရိုးတွင်းခြင်ဆီ အစားထိုးကုသမှုခံယူထားသူ ဖြစ်လျှင် Probiotics မသောက်သုံးခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။o အဆီများသော ဆီကြော်စာများ။ ထိုအစားအစာများသည် သင့်အူလမ်းကြောင်းကို အနှောင့်အယှက်ပေးနိုင်သည်။o အသီးအရွက်နှင့် သစ်သီး အစိမ်းများ။o အရသာပြင်းသော ဟင်းခတ်အမွှေးအကြိုင်များ။o အစေ့အဆန်များ၊ စီရီယယ်လ်၊ အခွံမာသီးများ နှင့် ပြောင်းဖူးပေါက်ပေါက်။o ဂတ်စ်ပါသော အအေးနှင့် အစားအသောက်များ (ပဲ၊ ဂေါ်ဖီထုပ်၊ ဂတ်စ်ပါသော အချိုရည်များ)။o လတ်တို့စ် (Lactose) ပါသော စားသောက်ကုန်များ။ ဥပမာ။ နို့ထွက်ကုန်များ၊ ဖြည့်စွက်စာများ၊ အရက်။ လတ်တို့စ် (lacotse) ဓါတ်မတည့်ခြင်းသည် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေသည်။o ကဖင်းဓါတ်ပါသော အချိုရည် နှင့် စားသောက်ဖွယ်ရာများ၊ ပူလွန်း၊ အေးလွန်းသော အချိုရည်များကို သိပ်မစားသုံးပါနှင့်။ဆေးဖက်ဝင်အပင်များမှ ထုတ်သော ဖြည့်စွက်စာများကိုရှောင်ပါ။ (ဥပမာ။ ဂျင်ဆင်း၊ ဒေစီပန်းအနွယ်ဆေးဖက်ဝင် အပင်milk thistle၊ ငရုတ်၊ ဆေးထန်းပင် နှင့် အခြား )။သင့်တွင် အောက်ပါ လက္ခဏာများ ခံစားနေရပါက ဆရာဝန် နဲ့ ချက်ခြင်း ပြသဖို့ လိုအပ်ပါတယ်။· အဖျား ၃၈ ဒီဂရီစင်တီဂရိတ် နှင့် အထက်ဖျားခြင်း။· အလယ်အလတ်မှ အပြင်းအထန် ဗိုက်ရစ်ပြီးအောင့်ခြင်း၊ နာခြင်း၊ လေပွခြင်း။· မူးဝေခြင်း။· ဆီးအရောင်ရင့်ခြင်း။· ပါးစပ်၊ အသားအရေ ခြောက်ခြင်း။· ဝမ်းမဲမဲသွားခြင်း (သို့) ဝမ်းတွင်းသွေးပါခြင်း။· ရုတ်တရက် နှလုံးခုန်မြန်ခြင်း (သို့) နှလုံးခုန်မမှန်ခြင်း။· အကယ်၍ အစားအသောက်ပြောင်းခြင်း (သို့) ဆေးဝါးများသည် ဝမ်းပျက်ခြင်းကို မသက်သာစေလျှင် ဆရာဝန်နဲ့ ပြဖို့လိုအပ်နေပါသည်။ကင်ဆာဆေးသွင်းကုသမှု ခံယူပြီးနောက်တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းသည် သင့်အား မအီမသာဖြစ်စေပါသည်။ အထက်ပါနည်းလမ်းအချို့သည် သင့်အား ဝမ်းပျက်ဝမ်းလျှောခြင်း မှ ကာကွယ်ရန် (သို့) သက်သာစေရန် ကူညီနိုင်မည့် ရိုးရှင်းသော နည်းလမ်းများဖြစ်ပါသည်။ သို့သော် သင့်ရောဂါ အခြေအနေ နှင့် တိကျသော ကုသမှုအတွက် ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ကိုတော့ တိုက်တွန်းအားပေးလိုပါသည်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac%e1%80%b1%e1%80%86%e1%80%b8%e1%80%9e%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%bb%e1%80%95%e1%80%ae%e1%80%b8%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9/
မိန်းမကိုယ်သန့်စင်ရာမှာ ဆပ်ပြာမသုံးသင့်တဲ့ အကြောင်းအရင်း
ဒီတစ်ခေါက်မှာတော့ မိန်းမကိုယ်သန့်စင်ရာမှာ ဆပ်ပြာမသုံးသင့်တဲ့ အကြောင်းအရင်း က ဘာကြောင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် အများဆုံး သုံးကြတာက ဆပ်ပြာနော်။ အစားမစားခင်၊ အစာအစာတွေ မပြင်ခင်၊ အိမ်သာအဆင်း၊ ညစ်ပေတာတွေ ကိုင်ပြီးရင် သန့်စင်အောင် ဆိုပြီး ဆပ်ပြာသုံးပြီး ဆေးလိုက်တယ်နော်။ ဒီလို ဆေးလိုက်တာက ဘက်တီးရီးယားတွေကို သေစေနိုင်သလို အနံ့ဆိုးတွေကိုလည်း ကင်းသွားစေတယ်နော်။ လန်းဆန်းမွှေးပျံ့မှုနဲ့အတူ ယုံကြည်မှုပါ တိုးသွားစေတယ်ဟုတ်။ ဒီလိုဆိုတာနဲ့ ဆပ်ပြာကို ခန္ဓာကိုယ် အစိတ်အပိုင်း အကုန်လုံးအတွက် သုံးလို့ရပြီလို့ မထင်စေချင်ပါဘူးနော်။မြင်သာအောင် ပြောပြရရင် ဆံပင်တွေ သန့်စေဖို့ ခေါင်းလျှော်ရည်၊သွားနဲ့ခံတွင်းအတွက်က သွားတိုက်ဆေးတို့ သုံးရတယ်နော်။ ဒါဆိုရင်လေဒီလေးတို့ ကျန်းမာပျော်ရွှင်ဖို့ အရေးပါတဲ့ မိန်းမကိုယ်လေးအတွက်ကရော ဘာနဲ့ ဆေးကြောရမလဲ။ ဒါလေးများ ရှည်ရှည်ဝေးဝေး တွေးနေတယ်။ သူလည်း ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တစ်ခုပဲလေ ဆပ်ပြာနဲ့ပဲ ဆေးလိုက်ရောပေါ့လို့ မပြောနဲ့နော် လေဒီ။မိန်းမကိုယ်ကို သန့်စင်ဖို့က သူ့အတွက်သီးသန့်ထုတ်ထားတဲ့ အမျိုးသမီးသန့်စင်ဆးရည်နဲ့မှ အဆင်ပြေတော့မပေါ့။ ဒီလိုမျိုး မသုံးချင်ဘူးဆိုရင်လည်းရေသန့်သန့်လေးနဲ့သာ ဆေးကြောလိုက်ပါ။ ဆပ်ပြာနဲ့ သန့်စင်တာမျိုးတော့ မလုပ်ပါနဲ့။ ဘာလို့ ဒီလိုပြောရလဲ ဆိုတာကို ရှင်းပြမယ်နော်။မိန်းမကိုယ်က အရေပြားက အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကအရေပြားတွေနဲ့ တူတူပဲဆိုပေမယ့် ဆေးကြောသန့်စင်တဲ့အခါမှာတော့ အခြားအစိတ်အပိုင်းတွေလိုမျိုး ဆပ်ပြာသုံး သန့်စင်တာမျိုး မလုပ်သင့်ပါဘူး။ ဘာကြောင့် ဒီလိုပြောရတာလဲ ဆိုတော့ မိန်းမကိုယ်ထဲမှာ အကျိုးပြုဘက်တီးရီးယားလေးတွေရော အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေပါ ရှင်သန်နေကြလို့ပါ။ဆပ်ပြာသုံးပြီး သန့်စင်ခြင်းက အကျိုးပြုဘက်တီးရီးယားတွေကို သေစေနိုင်ပြီး မိန်းမကိုယ်မှာ အနံ့ဆိုးထွက်တာ၊အဖြူဆင်းတာ၊မိန်းမကိုယ် ခြောက်သွေ့ယားယံတာအပြင် မိန်းမကိုယ်မှာ အရေပြားထိခိုက်တာတွေကို ခံစားရစေနိုင်တာကြောင့်ပါ။ဒီလို ဆပ်ပြာသုံးလိုက်တာက ရေတိုမှာ အဆင်ပြေနိုင်ပေမယ့် ကာလရှည်မှာ ပြဿနာ ဖြစ်နိုင်ပါတယ်။ ဆပ်ပြာက မိန်းမကိုယ်ရဲ့ pH ပမာဏကို ထိခိုက်စေနိုင်ပြီး အကျိုးပြုဘက်တီးရီးယားတွေကို သေစေနိုင်တာကြောင့် မိန်းမကိုယ်ကို ပိုးဝင်ကူးစက်တာ ဖြစ်စေနိုင်သလို နေရထိုင်ရခက်တာမျိုးတွေပါ ဖြစ်စေနိုင်ပါသေးတယ်။ သန့်ချင်လွန်းတဲ့ ဆန္ဒနဲ့ ဆပ်ပြာသုံးသန့်စင်ရာက ကောင်းကျိုးထက် ဆိုးကျိုး ပိုများလာနိုင်ပါတယ်နော်။နောက်တစ်ချက်က မိန်းမကိုယ်မှာ သဘာဝသန့်စင်မှုစနစ်က ပါလာပြီးသားပါ။ ဒါကြောင့် ဆပ်ပြာထပ်သုံးဖို့ ဆိုတာက မလိုအပ်ပါဘူး။ မိန်းမကိုယ်က အနံ့ဆိုးတွေ ထွက်နေမှာ နဲ့ မိန်းမကိုယ်ပြဿနာတွေ တက်မှာစိုးတယ်ဆိုရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးကြောပေးလိုက်ပါနော်။ ဒါဆိုရင်ကို လုံလောက်နေပါပြီနော်။ရေချိုးဆပ်ပြာတွေမှာက ဓာတုပစ္စည်းတွေ ပါဝင်နေသလို အမွှေးနံ့ကလည်း ပြင်းလွန်းပါတယ်။ သဘာဝဆန်တဲ့ ဆပ်ပြာဆိုတာက ခပ်ရှားရှားပါ။ ဆပ်ပြာတွေမှာ ပါတာက သဘာဝ မဟုတ်တာတွေ များပါတယ်။ ဒီတော့ သဘာဝဆန်မှဖြစ်မယ့် မိန်းမကိုယ်လေးအတွက်က အခက်တွေ့စရာပေါ့။ နုနယ်လှတဲ့ မိန်းမကိုယ်လေးက သန့်စင်ဆေးရည် သုံးမယ်ဆိုရင်တောင် အရောင်မပါတာ၊ သဘာဝရနံ့တွေနဲ့ ထုတ်ထားတာမျိုး ဖြစ်မှ ဖြစ်မယ်ဆိုတော့ ဆပ်ပြာမသုံးဖို့က ပြောနေဖို့ မလိုအောင်ပါနော်။ဆပ်ပြာ မသုံးသင့်တာတင် မဟုတ်ဘူးနော်။အတွင်းခံကို လျှော်တဲ့အခါမှာလည်း ဆပ်ပြာ အပြင်းစားတွေ၊ အဝတ်မွှေးစေတဲ့ အရာတွေ မထည့်မိဖို့ သတိထားရပါမယ်။ ဒါတွေက မိန်းမကိုယ် အသားအရေကို ခြောက်သွေ့စေပြီး ထိခိုက်နိုင်ခြေ များစေသလို နောက်ဆက်တွဲ မလိုလားအပ်တဲ့ ပြဿနာတွေ အများကြီး ရှိစေနိုင်ပါတယ်။ဒါကြောင့်နေ့စဉ်လှုပ်ရှားသွားလာနေရင်းက။ဆပ်ပြာက မွှေးလွန်းလေလေ ပြင်းလေလေ မိန်းမကိုယ်လေးကို ထိခိုက်နိုင်ခြေ များလေလေပါနော်။ အခုကစလို့ ကိုယ့်ကိုကိုယ် ချစ်တယ်ဆိုရင် မိန်းမကိုယ်လေးကို ဆပ်ပြာနဲ့ မသန့်စင်နဲ့နော်။ စိုးရိမ်လို့ ပြောတာပါနော် လေဒီလေးတို့ရေ…………………..။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/why-you-should-avoid-soap-to-your-vagina/
သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ဆိုတာဘာလဲ
သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း။သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ဆိုတာ ဘာလဲ။သားအိမ်တွင်းထည့်သန္ဓေတားပစ္စည်းဆိုတာ သားအိမ်ထဲမှာ ကိုယ်ဝန်မရဖို့ထည့်ထားရတဲ့ အက္ခရာ T ပုံစံပစ္စည်းလေး ဖြစ်ပြီး အရွယ်အစားအားဖြင့်တော့ သားအိမ်ရဲ့၄ပုံ၁ပုံ အရွယ်လောက်သာ ရှိပါတယ်။ အမျိုးအစားအားဖြင့် ကြေးနီနဲ့ပြုလုပ်ထားတဲ့ အမျိုးအစားရယ်၊ ဟော်မုန်းပါဝင်တဲ့အမျိုးအစားရယ်လို့ရှိပါတယ်။ နှစ်မျိုးလုံးကို ဈေးကွက်ထဲမှာ လွယ်လွယ်ကူကူ ဝယ်လို့ရနိုင်ပါတယ်။ဘယ်လိုအလုပ်လုပ်တာလဲ။ကြေးနီပါဝင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းက သုက်ပိုးတွေကို မမျိုးဥဆီမရောက်အောင် တားဆီးပေးခြင်းအားဖြင့် ကိုယ်ဝန်တားပေးပါတယ်။ အဲဒီအပြင် သန္ဓေအောင်သွားခဲ့ရင်လည်း သားအိမ်ထဲမှာ သန္ဓေတည်ရခက်အောင် လုပ်နိုင်ပါတယ်။ ပရိုဂျက်စထရုန်း ပါဝင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းကတော့ သားအိမ်ခေါင်းချွဲကို ထူပျစ်စေတယ်၊ သားအိမ်အတွင်းသားနံရံတွေကို ပါးလွှာစေတယ်၊ အဲဒီအပြင် မမျိုးဥကြွေခြင်းကိုပါ တားဆီးပေးပါတယ်။ အဲဒီနည်းနဲ့ သုက်ကောင်နဲ့မမျိုးဥတွေ့ဆုံပြီး သန္ဓေအောင်ခြင်း၊ သန္ဓေတည်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ပရိုဂျက်စထရုန်း ပါဝင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းကို ရာသီလာတဲ့အခါ ကိုက်ခဲခြင်း၊ ပမာဏများများဆင်းခြင်းတို့ ကြုံတွေ့နေရတဲ့ မိန်းကလေးတွေအတွက် သွေးဆင်းနည်းအောင်လည်း အသုံးပြုလို့ ရပါတယ်။ဘယ်လောက်ထိရောက်မှုရှိလဲ။သားအိမ်တွင်းထည့်ပစ္စည်းနှစ်မျိုးလုံးက ကိုယ်ဝန်တားတဲ့နေရာမှာ အင်မတန်မှကို ထိရောက်မှုရှိပါတယ်။ ဒီပစ္စည်းကို အသုံးပြုပြီး တစ်နှစ်အတွင်း စုံတွဲ ၁၀၀ မှာ ၁ တွဲတောင် ကိုယ်ဝန်မရကြတာကို တွေ့ရပါတယ်။စထည့်တဲ့အချိန်ကတည်းက အာနိသင်ပြပြီး အချိန်အကြာကြီး ခံပါတယ်။ ကြေးနီပါတဲ့ပစ္စည်းဆို ထည့်ပြီး ၁၀နှစ်အထိ အာနိသင်ရှိသလို၊ ပရိုဂျက်စထရုန်းပါဝင်တဲ့ပစ္စည်းကတော့ အမျိုးအစားအပေါ် မူတည်ပြီး ၃နှစ်ကနေ ၅နှစ်အထိ ခံပါတယ်။ မိသားစုတစ်စု ဖန်တီးဖို့အဆင်သင့်မဖြစ်သေးတဲ့ အမျိုးသမီးတွေအတွက် အင်မတန်မှကို သင့်တော်တဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ နှစ်တွေအကြာကြီး ထည့်ထားလို့ရပြီး မထည့်ချင်တော့ဘူးဆိုတဲ့အခါမှာလည်း အချိန်မရွေး ပြန်ထုတ်လိုက်လို့ ရနိုင်ပါတယ်။လိင်ကတစ်ဆင့် ကူးစက်သော ရောဂါများအား ကာကွယ်ခြင်း။သားအိမ်တွင်းထည့်ပစ္စည်းဟာ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါများကို ကာကွယ်မပေးနိုင်ပါဘူး။ ဒါကြောင့်မို့ ပစ္စည်းထည့်ပြီးသွားပေမယ့်လည်း ရောဂါပိုးတွေ မကူးစက်အောင်လို့ လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးသုံးဖို့ လိုပါမယ်။ဆရာဝန်၊ ဆရာမက ပစ္စည်းထည့်မပေးခင်မှာ သင့်မှာ ကာလသားရောဂါလက္ခဏာတွေ ရှိမရှိ သေချာစစ်ဆေးပေးပါလိမ့်မယ်။ ပိုးရှိနေတဲ့အချိန်မှာ ပစ္စည်းထည့်လိုက်မိရင် သားအိမ်ရောင်ရမ်းတာမျိုးအထိ ဖြစ်သွားနိုင်ပါတယ်။နောက်ပြီး လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ခြင်းက ရောဂါတွေရော ကိုယ်ဝန်ကိုပါ ကာကွယ်နိုင်တဲ့ တစ်ခုတည်းသောနည်း ဖြစ်တယ်ဆိုတာကို လက်မထပ်ရသေးတဲ့ မိန်းကလေးတွေကို သိစေချင်ပါတယ်။ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများ။သားအိမ်တွင်းထည့်ပစ္စည်းရဲ့ အဖြစ်များဆုံး ဘေးထွက်ဆိုးကျိုးတွေကတော့။တခြားအဖြစ်နည်းတဲ့ ပြဿနာတွေကတော့။ပြုတ်ထွက်ခြင်းမမျှော်လင့်ဘဲ သားအိမ်ထဲကနေ ပြုတ်ထွက်လာတာမျိုး ဖြစ်တတ်ပါတယ်။ တခါတလေမှာ မိန်းကလေးက ဒါကိုမသိတာလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ချေကတော့ အင်မတန်နည်းပြီး ကလေးတစ်ခါမှ မမွေးဖူးသေးတဲ့ အမျိုးသမီးတွေမှာ ပိုလို့ဖြစ်တတ်ပါတယ်။ဒါကြောင့်မို့ ထည့်ပြီးသွားရင် ပစ္စည်းရှိနေမနေကို ပုံမှန်စစ်ဆေးကြည့်သင့်ပါတယ်။ ထည့်ပြီးတဲ့အခါ ဘယ်လိုစစ်ဆေးရမယ်ဆိုတာကို သင့်ဆရာဝန်က အသေးစိတ် ပြောပြပါလိမ့်မယ်။ တကယ်လို့ ထည့်ပြီးနောက်ပိုင်း ပုံမှန်မဟုတ်တဲ့ အရည်တွေဆင်းမယ်၊ နာကျင်ကိုက်ခဲမယ်၊ ဖျားမယ်၊ ကြိုးစက ရှည်ထွက်လာတယ်လို့ ထင်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြန်ပြသင့်ပါတယ်။ထည့်ပြီး ပထမ၃လအတွင်း ဆရာဝန်နဲ့ ပြန်ပြတာတော့ အကောင်းဆုံးပါပဲ။ ဒါဆိုရင် ဆရာဝန်အနေနဲ့ ပစ္စည်းအနေအထားမှန်မမှန်ကို ဂရုစိုက်ကြည့်ပေးနိုင်ပါမယ်။သားအိမ်ပေါက်ထွက်ခြင်းအင်မတန်မှကို အဖြစ်နည်းပြီး တစ်ထောင်မှာတစ်ယောက်တောင် တွေ့ရခဲပါတယ်။ သားအိမ်တွင်းထည့်ပစ္စည်းကို ထည့်တဲ့အခါ အတင်းတွန်းလိုက်သလို ဖြစ်သွားပြီး သားအိမ်ပေါက်သွားတတ်တာမျိုးပါ။သားအိမ်ရောင်ရမ်းသည့် ရောဂါသားအိမ်ထဲပစ္စည်းထည့်ချိန်မှာ ရောဂါပိုးဝင်သွားနိုင်ဖို့ ဖြစ်နိုင်ချေအင်မတန်နည်းပါတယ်။ အများအားဖြင့်တော့ ထည့်ပြီး ရက် ၂၀ လောက်အတွင်းမှာ ကူးစက်ခံရတာတွေ ဖြစ်ပါတယ်။ဘယ်သူတွေ အသုံးပြုသင့်လဲ။သားအိမ်တွင်းထည့်ပစ္စည်းဟာ အမျိုးသမီးတိုင်း အသုံးပြုလို့ရတဲ့ သားဆက်ခြားနည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုအခြေအနေမျိုးတွေမှာဆိုရင်တော့ မသုံးသင့်ပါဘူး။ကျွမ်းကျင်သူတွေကတော့ သားအိမ်တွင်းထည့်ပစ္စည်းကို ငယ်ရွယ်တဲ့မိန်းကလေးတွေ သုံးသင့်တဲ့နည်းတစ်ခုလို့ ပြောလာကြပါပြီ။ နှစ်ရှည်ခံတယ်၊ နေ့စဉ်လည်း ဂရုစိုက်နေစရာမလိုဘဲ ကိုယ်ဝန်တားတဲ့နေရာမှာလည်း အင်မတန်ထိရောက်လို့ပါ။နောက်ပိုင်းပေါ်တဲ့ ပစ္စည်းတွေဆိုရင် ပိုလည်းသေးငယ်လာသလို ပါဝင်တဲ့ ဟော်မုန်းပမာဏကလည်း နည်းလာပါတယ်။ အဲဒါက ကလေးတစ်ခါမှ မမွေးသေးတဲ့ အမျိုးသမီးတွေအတွက် ပိုအဆင်ပြေနိုင်ပါတယ်။ဘယ်လိုအသုံးပြုလို့ရမလဲ။ဒီပစ္စည်းက ကျွမ်းကျင်တဲ့ ဆရာဝန်၊ ဆရာမက ထည့်ပေးဖို့လိုပါမယ်။ ရာသီပေါ်နေချိန်မှာ ထည့်ရတာကတော့ အဆင်ပြေဆုံးဖြစ်ပြီး ကိုယ်ဝန်မရှိတာသေချာတယ်ဆိုရင် ဘယ်လိုအချိန်မျိုးမှာမဆို ထည့်လို့ရပါတယ်။ ကြေးနီပါဝင်တဲ့ပစ္စည်းကိုတော့ ၁၀ နှစ်တစ်ခါ လဲပေးဖို့လိုပြီး ပရိုဂျက်စထရုန်းပါဝင်တဲ့ ပစ္စည်းတွေကိုတော့ အမျိုးအစားပေါ်လိုက်ပြိး ၃နှစ်ကနေ ၅နှစ်အထိကြာအောင် အသုံးပြုနိုင်ပါတယ်။ဘယ်လောက်ကုန်ကျမလဲ။ပစ္စည်းရဲ့ အမျိုးအစား၊ ထည့်မယ့်ဆေးခန်း၊ ထည့်ပေးမယ့်ဆရာဝန် စတာတွေပေါ်မူတည်ပြီး ကုန်ကျစရိတ် သောင်းဂဏန်းကနေ သိန်းဂဏန်းထိ ရှိနိုင်ပါတယ်။ နှစ်အရှည်ကြီး ခံတဲ့နည်းလမ်းမို့ ပြန်တွက်ကြည့်မယ်ဆိုရင် အင်မတန်ကို အကုန်အကျသက်သာစေတဲ့ နည်းတစ်ခု ဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%91%e1%80%8a%e1%80%b7%e1%80%ba-%e1%80%9e%e1%80%94%e1%80%b9%e1%80%93%e1%80%b1%e1%80%90/
အသက်ရှူခြင်းကို ဘယ်လိုစီမံမလဲ
လေ့ကျင့်ခန်း အနည်းငယ်လုပ်ပြီး အသက်ရှူကျပ်နေရင်၊ မောနေရင် သင့်ဆရာဝန်ကို ပြောပြဖို့ အရေးကြီးပါတယ်။ ဒါဆို သူတို့က သင့်မှာ ဖြစ်နေတဲ့ မောပန်းခြင်းရဲ့ အကြောင်းရင်းကို ရှာဖွေပြီး မှန်ကန်တဲ့ ကုသမှုတွေ ပေးမှာ ဖြစ်ပါတယ်။ သင့်အသက်ရှူခြင်းကို ထိန်းချုပ်ဖို့အတွက် နည်းလမ်းတွေကို လေ့ကျင့်နိုင်ပါတယ်။ဒီနည်းလမ်းမှာ အဆင့်သုံးခု ရှိပါတယ်။၁) နှာခေါင်းကနေပြီး ပုံမှန်လေပမာဏကို ဖြည်းညင်းစွာ ရှူသွင်းပြီး အဆုတ်အောက်ပိုင်းကိုသာ လေဖြည့်ပါ။၂) ဖြည်းညင်းစွာ အသက်ရှူထုတ်ပါ။၃) ဒီလို ညင်သာစွာ အသက်ရှူသွင်းခြင်းကို စိတ်လျှော့ပြီး ပြုလုပ်ပါ။ အဆုတ်ရဲ့ အောက်ပိုင်းကိုသာ လေဖြည့်ဖို့ အရေးကြီးပါတယ်။ဒီနည်းဟာ တစ်နေ့လုံအတွက် အသက်ရှူဖို့ အကောင်းဆုံးဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ အသက်ရှူခြင်းကို လေ့ကျင့်ခြင်းဟာ အောက်စီဂျင် လုံလောက်စွာ သယ်ဆောင်နိုင်စေပြီး carbon dioxide ရှူထုတ်ခြင်းကို ထိန်းချုပ်ပေးပါတယ်။နှာခေါင်းကနေပြီး ပုံမှန်လေပမာဏကို ဖြည်းညင်းစွာ ရှူသွင်းပြီး အဆုတ်အောက်ပိုင်းကိုသာ လေဖြည့်ပါ။ ဖြည်းညင်းစွာ အသက်ရှူထုတ်ပါ။ ဒီနည်းလမ်းကို အစပိုင်းမှာ ဗိုက်ပေါ်လက်တစ်ဖက်တင်ပြီးရင်ဘတ်ပေါ် လက်တစ်ဖက်တင်ကာ စမ်းကြည့်သင့်ပါတယ်။ အသက်ဖြည်းညင်းစွာ ရှူသွင်းချိန်မှာ အောက်ဘက်လက်ဟာ မြင့်တက်လာပြီး အပေါ်ဘက်လက်ကတော့ တစ်သမတ်တည်း ရှိမှာ ဖြစ်ပါတယ်။ ဒီလို ညင်သာစွာ အသက်ရှူသွင်းခြင်းကို စိတ်လျှော့ပြီး ပြုလုပ်ပါ။ အဆုတ်ရဲ့ အောက်ပိုင်းကိုသာ လေဖြည့်ဖို့ အရေးကြီးပါတယ်။ဒီနည်းလမ်းမှာ အဆင့်သုံးခု ရှိပါတယ်။၁) အဆုတ် အပေါ်ပိုင်းရော၊ အောက်ပိုင်းပါ လေဖြည့်ဖို့အတွက် ဖြည်းညင်း ကြာရှည်စွာ နှာခေါင်းနဲ့ အသက်ရှူသွင်းပါ။၂) အသက်ရှူ ၃ စက္ကန့်အောင့်ပါ။၃) စေ့ထားတဲ့ ပါးစပ်ကနေပြီး ဖြည်းညင်းစွာ ရှူထုတ်ပါ။ ကိုယ်ကို လျှော့ထားသင့်ပါတယ်။ဒီနည်းလမ်းကတော့ Hyperventilation ကို ထိန်းချုပ်ပေးပြီး နှလုံးခုန်ကို နှေးစေကာ နေရသက်သာစေပါတယ်။ ဒီနည်းကို ရက်သတ္တပတ်အနည်းငယ်ကြာ တစ်နေ့မှာ အကြိမ်အနည်းငယ် ပြုလုပ်ပြီး လေ့ကျင့်သင့်ပါတယ်။ ပြောင်းလဲမှုတွေ ဖြစ်ချိန်၊ စိတ်ဖိစီးမှု လျော့လိုချိန်၊ စိတ်တည်ငြိမ်လိုချိန်တွေမှာ ဒီနည်းနဲ့ အသက်ရှူနိုင်ပါတယ်။ ဒါကြောင့် ကြောက်ရွံ့ချိန်တွေမှာ စိတ်တည်ငြိမ်ဖို့ နည်းလမ်းဆိုတယ်ဆိုရင် ဒီနည်းကို ပြုလုပ်နိုင်ပါတယ်။ဒီနည်းမှာတော့ အဆင့် ခြောက်ဆင့်ရှိပါတယ်။၁) သက်တောင့်သက်သာ ဖြစ်အောင် ထိုင်ပါ။၂) အသက် ဝဝ ကို အကြာကြီးရှူပြီး ဖြည်းညင်းစွာ ရှူထုတ်ပါ။၃) မျက်လုံးတွေကို မှိတ်လိုက်ပါ။၄) ပုံမှန်အသက်ရှူခြင်းကို ၁၀ ခါပြုလုပ်ပြီး အကြိမ်တိုင်းမှာ ၁ ကနေ ၁၀ အထိရေပါ။၅) ဒီအချိန်မှာတော့ သင်ဟာ အသက်ကို သက်တောင့်သက်သာ ရှူပြီး မေးရိုး၊ နဖူး၊ ဝမ်းဗိုက် တွေမှာ ရှိတဲ့ ဖိအားကို သတိထားပါ။ ဒီဖိအားတွေ လျော့ကျနေပြီလို့အာရုံပြုပါ။၆) ၁ ပြန်ရောက်တဲ့အခါ မျက်စိကို ဖွင့်လိုက်ပါ။ဒီနည်းလမ်းကို စိတ်သက်သာအောင် ရေတွက်ခြင်းလို့ ခေါ်ပါတယ်။ သူဟာ စိတ်တည်ငြိမ်အောင် အသက်ရှူခြင်းထက် အကျိုးကျေးဇူး နှစ်ခု ပိုရှိပါတယ်။ ပထမဦးစွာ သူဟာ ပြီးဆုံးဖို့ ပိုကြာမြင့်ပါတယ်။ ၃၀ စက္ကန့်အစား ၉၀ စက္ကန့်ကြာပါတယ်။ ဒီအချိန်အတွင်းမှာ သင်ဟာ စိတ်ပူပန်နေတဲ့ အတွေးတွေကိုသာ အာရုံပြုနေမှာ ဖြစ်ပါတယ်။ ကြောက်စရာ ကောင်းတဲ့အတွေးတွေကို လေးနက်စွာ အာရုံမစိုက်ပဲ ဖြတ်ကျော်နိုင်တယ်ဆိုရင် သင်ဟာ သင့်အတွေးတွေကို ပိုမို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒုတိယအနေနဲ့ ဒီနည်းလမ်းဟာ ပုံမှန်အတိုင်းအသက်ရှူနည်းနဲ့ စိတ်တည်ငြိမ်အောင် အသက်ရှူနည်းလိုပဲ စိတ်တည်ငြိမ်စေပါတယ်။ ဒါက သင်ဟာ သင့်ကိုယ်ခန္ဓါကို တည်ငြိမ်စေဖို့ စက္ကန့် ၉၀ ပေးခြင်းဖြစ်ပါတယ်။ ပြီးရင်တော့ ဒီအချိန်ကို ကျော်သွားရင် အရင်ထက်ပိုပြီး စိတ်ပူမှု နည်းပါးတာကို တွေ့ရမှာ ဖြစ်ပါတယ်။ဒီနည်းလမ်းတွေကို အသုံးပြုစဉ်မှာ အချက်နှစ်ခုကို သတိထားရမှာ ဖြစ်ပါတယ်။ ပထမတစ်ခုကတော့ ဒီအသက်ရှူနည်းတွေဟာ လောလောဆယ်ဖြစ်နေတဲ့ အတွေးတွေကိုသာ ထိန်းချုပ်နိုင်တာ ဖြစ်တာမို့ သင်ဟာ ကြောက်နေချိန်မှာ သင့်ရဲ့ အတွေးဆိုးတွေကို ပြောင်းလဲခြင်း၊ အသက်ရှူခြင်းကို ပြောင်းလဲခြင်းတွေကို ပြုလုပ်သင့်ပါတယ်။ ဒုတိယအချက်ကတော့ ဒီနည်းလမ်းတွေဟာ သင်အာရုံစိုက်သလောက် အကျိုးရရှိမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းပြုလုပ်စဉ်မှာ ဘယ်အရာကိုမှ မတွေးသင့်ပါဘူး။ သင့်ရဲ့ စိတ်ပူနေတဲ့ အတွေးတွေ၊ ဒါပြီးရင် ဘာလုပ်မယ်ဆိုတာတွေ၊ ဒီနည်းကို ဘယ်လောက်ကျွမ်းနေပြီဆိုတာတွေ ကို မတွေးပဲ အထက်ဖေါ်ပြပါ အချက်တွေကို လိုက်နာသင့်ပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/%e1%80%a1%e1%80%9e%e1%80%80%e1%80%b9%e1%80%9b%e1%80%bd%e1%80%b4%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%80%85/
မိန်းမကိုယ်သန့်စင်ခြင်း အမှား (၇)ခု
မိန်းကလေးတွေမှာ မလှရင်တောင် သပ်သပ်ရပ်ရပ်လေးနေတတ်တာကလည်း သူတို့လေးတွေကို ကျက်သရေတိုးစေတဲ့အချက်ပါ။ ဒီအချက်တွေအပြင် မမွှေးရင်တောင်အနံ့အသက်ဆိုးတွေကင်းနေမယ်ဆိုရင် မိန်းကလေးတစ်ယောက်က နှစ်လိုဖွယ်ကောင်းတဲ့ မိန်းကလေးတစ်ယောက်လို့ပြောလို့ရပါတယ်နော်။ ဒီတော့ လေဒီလေးအခုတွေးနေတာက ကိုယ့်ကိုကိုယ် အနံ့အသက်ဆိုး ကင်းစေဖို့လား။ ဟုတ်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးမှာ လေဒီလေးတို့ မိန်းမကိုယ်သန့်စင်ခြင်း အမှား (၇)ခု  ကို ပြောပြထားပေးတာကြောင့် ဆက်ကြည့်ရအောင်လား။လေဒီလေးတွေမှာ အနံ့အသက်ဆိုးအဓိကထွက်စေတဲ့နေရာတွေရှိပါတယ်နော်။ ဒါတွေကတော့။အနံ့အသက်ဆိုးတွေကို နှိမ်နှင်းဖို့ မဖြစ်မနေလုပ်ရမှာကတစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တာပါ။ ဒီလိုဂရုစိုက်တဲ့နေရာမှာ ခေါင်းအစခြေအဆုံး သန့်ရှင်းသပ်ရပ်နေအောင်လုပ်ရမှာဖြစ်ပြီး အရေးအကြီးဆုံး ဂရုစိုက်ပေးရမှာကတော့ မိန်းမကိုယ်သန့်ရှင်းရေးပါ။ ဒီလိုဂရုစိုက်ရာမှာ မှားယွင်းလုပ်မိတာတွေရှိနိုင်ပါတယ်။ အစဉ်အလာအရ ယုံကြည်လက်ခံလာတဲ့ မှားယွင်းတဲ့အချက်အလက်တွေရှိတယ်။အခြားအရာတွေထက် မိန်းမကိုယ်သန့်ရှင်းရေးက အမှားခံလို့မဖြစ်ပါဘူး။ ဒီနေရာမှာ တစ်ခုခုမှားယွင်းသွားရင် ပေးဆပ်ရမှာကများပါတယ်။ မိန်းမကိုယ်သန့်စင်တဲ့အခါ ဘယ်လိုအမှားမျိုးတွေလုပ်နေကြမလဲဆိုတာ ကြည့်ရအောင်။ပိုသန့်ချင်တဲ့ဇောနဲ့ အနံ့ဆိုး ကင်းချင်တဲ့ဇောနဲ့ အခုလို အမှားလေးတွေ လုပ်မိနေတယ်ဆိုရင်တော့ ဆက်မလုပ်ပါနဲ့လို့ ပြောပါရစေနာ်။(၁) မိန်းမကိုယ်ကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ဆေးကြောတာ။ဒီလိုမျိုး ပွတ်တိုက်ဆေးကြောလိုက်လို့ ပိုသန့်မသွားပါဘူးနော်။ မိန်းမကိုယ်ကို ထိခိုက်မိတာပဲ အဖတ်တင်မှာပါ။ မိန်းမကိုယ်ကို ဆေးကြောသန့်စင်တဲ့အခါ ညင်ညင်သာသာလေး ဆေးကြောပေးတာက အထိရောက်ဆုံးသန့်စင်မှုပါ။ ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်ဆေးကြောတာက မိန်းမကိုယ်အရေပြားတွေကို ပွန်းပဲ့စေပြီး ကျိန်းစပ်စပ်ဖြစ်စေနိုင်ပါတယ်နော်။(၂)ဆပ်ပြာတွေသုံးတာ။မိန်းမကိုယ်ကို သန့်စင်တဲ့အခါ အနံ့ဆိုးတွေကင်းစေဖို့ဆိုပြီ ဆပ်ပြာတွေ သုံးတာမျိုးမလုပ်ပါနဲ့။ ဒီလိုလုပ်တာက မိန်းမကိုယ် အသားအရေကို ခြောက်သွေ့စေပြီး ယားယံမှုနဲ့ အခြားသောပြဿနာတွေကို ခံစားရနိုင်ပါတယ်။ကိုယ်တိုက်ဆပ်ပြာမွှေးတွေက ခန္ဓာကိုယ်ချွေးနံ့ပျောက်ဖို့ပဲ အဆင်ပြေတာပါ။ မိန်းမကိုယ် အနံ့ဆိုးပျောက်ဖို့ သုံးမယ်ဆိုရင်တော့ အနံ့ဆိုးမပျောက်တဲ့အပြင် မိန်းမကိုယ်ကpH ပမာဏကို ထိခိုက်စေပြီး ဘက်တီးရီးယားတွေကို ပေါက်ဖွားစေနိုင်တာကြောင့် မိန်းမကိုယ်ပိုးဝင်နိုင်ပါတယ်။ဒါကြောင့် မိန်းမကိုယ်သန့်စင်တဲ့အခါ ဆပ်ပြာမသုံးပါနဲ့။ ရိုးရိုးရေနဲ့ ဆေးပါ။အမျိုးသမီးသန့်စင်ဆေးရည်လိုမျိုး မိန်းမကိုယ်သန့်စင်ဖို့ သီးသန့်ထုတ်ထားတဲ့ ပစ္စည်းတွေလည်း သုံးနိုင်ပါတယ်။(၃) အမွှေးနံ့ပြင်းတဲ့ အရာတွေကို သုံးတာ။အနံ့ဆိုးကင်းချင်ဇောနဲ့ မိန်းမကိုယ်ကို သန့်စင်ဖို့ဆိုပြီး အမွှေးနံ့ပြင်းတဲ့ အမျိုးသမီးသန့်စင်ဆေးရည်တွေကို အသုံးပြုတာကလည်း မိန်းမကိုယ်ကို ခြောက်သွေ့ယားယံစေပြီး အနံ့ဆိုးတွေကိုဖြစ်စေဖို့ အားပေးသလိုဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီး သန့်စင်ဆေးရည်အသုံးပြုမယ်ဆိုရင်လည်း အနံ့လည်း မပြင်း၊ အရောင်မပါတဲ့ Feminine Wash ကိုအသုံးပြုပေးရပါမယ်။ဆပ်ပြာမွှေးတွေ သုံးတာ၊ အတွင်းခံကို ရေမွှေးဆွတ်တာကိုလည်း မလုပ်ရပါဘူး။(၄) မိန်းမကိုယ်ကို အတွင်းပိုင်းထိ ဆေးကြောတာမျိုးမလုပ်ပါနဲ့။မိန်းမကိုယ်ကို ဆေးကြောတဲ့အခါ အပြင်ပိုင်းကိုပဲ ဆေးကြောရင် လုံလောက်ပါပြီ။ အတွင်းပိုင်းအထိ ဆေးကြောတာက မိန်းမကိုယ်ရဲ့ pH ပမာဏကို ထိခိုက်စေပြီး မိန်းမကိုယ်ကို ပိုးဝင်ကူးစက်နိုင်ခြေ ပိုများစေနိုင်ပါတယ်။ ဒါကြောင့် မိန်းမကိုယ်သန့်စင်တော့မယ်ဆိုရင် အတွင်းပိုင်းအထိ ဆေးကြောသန့်စင်တာမျိုး မလုပ်ပါနဲ့။(၅) ရေနွေးငွေ့ခံတာမျိုး မလုပ်ပါနဲ့။အချို့မိန်းကလေးတွေ လုပ်တတ်တာတစ်ခုရှိသေးတယ်။ မိန်းမကိုယ်ကို သန့်စင်နေအောင်ဆိုပြီး ရေနွေးငွေ့ခံပြီး သန့်စင်တာမျိုးပါ။ ဆေးဖက်ဝင်တယ်ဆိုတဲ့ အပင်တွေကိုတောင် ထည့်ပြုတ်ပြီး ရေနွေးငွေ့ခံတာမျိုးလုပ်ကြပါတယ်။ ဒီလိုလုပ်တာက မိန်းမကိုယ်ကအကျိုးပြုဘက်တီးရီးယားလေးတွေကိုပါ သေစေနိုင်တာကြောင့် ကောင်းဖို့ဆိုတာထက် ဆိုးဖို့ပိုများသွားပါလိမ့်မယ်။(၆) စပရေးသုံးတာ၊ အမွှေးနံ့ပါတဲ့ရေအိမ်သုံးတစ်သျှူးတွေသုံးပြီး သန့်စင်တာမျိုးမလုပ်ပါနဲ့။မိန်းမကိုယ်သန့်စင်တဲ့အခါ အနံ့အသက်ကင်းအောင်ဆိုပြီး စပရေးသုံးတာမျိုး၊ အမွှေးနံ့ပါတဲ့ ရေအိမ်သုံးတစ်သျှူးတွေ သုံးတာမျိုးမလုပ်ပါနဲ့နော်။ အနံ့ဆိုးကို ယာယီကင်းစင်သွားစေနိုင်ပေမယ့် ဒါကကာလရှည်အတွက်တော့ အဆင်မပြေနိုင်ပါဘူး။(၇)ရှေ့မှနောက်သို့ ဆေးကြောပါ။အိမ်သာသွားပြီးချိန်မှာ ရှေ့မှနောက်သို့ ဆွဲယူတဲ့ပုံစံနဲ့ဆေးကြောတာက မစင်တွေကနေ မိန်းမကိုယ်ထဲကို မဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုလုပ်ပေးတာက မိန်းမကိုယ်ထဲကို ပြင်ပကဘက်တီးရီးယားတွေမဝင်ရောက်နိုင်အောင် ဟန့်တားပေးနိုင်ပါတယ်။ကဲ အခုပြောခဲ့တာလေးတွေကို သိသွားပြီဆိုတော့ အခုကစလို့ မိန်းမကိုယ်လေးကို သေသေချာချာနည်းလမ်းမှန်မှန် သန့်စင်မယ်ဟုတ်။ နှစ်လိုဖွယ်ကောင်းတဲ့လေဒီလေးတစ်ယောက်ဖြစ်ဖို့ အခုပဲပြင်ဆင်လိုက်ပါနော်……………………………………။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/7-things-should-not-do-to-your-vagina/
သားဆက်ခြားခြင်းအကြောင်း သိကောင်းစရာများ
သားဆက်ခြားဖို့ အသုံးပြုလို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ အရေးပေါ်ကိုယ်ဝန်တားဆေး၊ ကာလတိုနည်းတွေ ဖြစ်တဲ့ နေ့စဉ်သောက်ဆေးကဒ်၊ ထိုးဆေး၊ ကာလရှည်နည်းတွေ ဖြစ်တဲ့ လက်မောင်းတွင်းထည့်ပစ္စည်း၊ သားအိမ်တွင်းထည့်ပစ္စည်း၊ နောက်ပြီး သားကြောဖြတ်ခြင်း၊ ကိုယ်ဝန်ကိုရော၊ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါများကိုပါ ကာကွယ်ပေးနိုင်တဲ့ ကွန်ဒုံးနဲ့၊ တခြား သဘာဝနည်းလမ်းတွေလည်း ရှိပါတယ်။သင့်အတွက် မှန်ကန်တဲ့ သားဆက်ခြားနည်းတစ်ခု ရွေးချယ်နိုင်ဖို့။တကယ်လို့ သင်ဟာ ကိုယ်နဲ့ သင့်တော်တဲ့ သားဆက်ခြားနည်းတစ်ခုကို ရွေးချယ်နေတယ်ဆိုရင် သင့်မှာ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရဖို့နဲ့ သင့်အဖော်နဲ့ ပွင့်လင်းစွာ တိုင်ပင်ဖို့ အရေးကြီးပါတယ်။ နည်းလမ်းတစ်ခုချင်းစီဟာ ဘယ်လိုအလုပ်လုပ်တယ်၊ ဘေးထွက်ဆိုးကျိုး ဘာတွေ ရှိတယ်၊ ဘယ်လိုအလွယ်တကူ အသုံးပြုလို့ရတယ်၊ ဘယ်လောက်ကုန်ကျနိုင်တယ် ဆိုတာတွေကို သိထားဖို့ လိုပါတယ်။ နောက်ပြီး သင့်ရဲ့ ကျန်းမာရေးအခြေအနေ၊ ဘဝနေထိုင်မှု၊ ဆက်ဆံရေး၊ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ ရနိုင်ချေနဲ့ ကိုယ်ဝန်မရဖို့ သင့်အတွက် ဘယ်လောက်အရေးကြီးတယ် ဆိုတာတွေကိုလည်း ထည့်စဉ်းစားဖို့ လိုပါတယ်။ တချို့နည်းလမ်းတွေမှာဆိုရင် တခြားနည်းတွေထက် ပိုသတိထားရမှာလေးတွေ ရှိပါတယ်။ ဥပမာ နေ့စဉ်သောက်ဆေးကတ်ကို ရွေးမယ်ဆိုရင် တစ်နေ့ကိုတစ်လုံး ဆေးသောက်ရပါမယ်။ တကယ်လို့ လက်မောင်းတွင်းထည့်ပစ္စည်းကို ရွေးမယ်ဆိုရင်တော့ ၃နှစ်ကနေ ၅နှစ်အထိ ကိုယ်ဝန်တားပေးနိုင်ပါတယ်။ အဓိကကတော့ ကိုယ့်လိုအပ်ချက်ပေါ် မူတည်ပြီး အကောင်းအဆိုးကို ချိန်ဆနိုင်ဖို့ လိုပါတယ်။ သင့်ဆရာဝန်နဲ့လည်း အသေးစိတ်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါများကို ကာကွယ်ပေးနိုင်တဲ့ သားဆက်ခြားနည်း။ကိုယ်ဝန်တားဖို့တင်မကဘဲ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကိုပါ ကာကွယ်နိုင်မှ ဘေးကင်းတဲ့ လိင်ဆက်ဆံမှု ဖြစ်မှာပါ။ ဒီအတွက် အသုံးပြုလို့ရတဲ့ သားဆက်ခြားနည်းကတော့ အကာအကွယ်နည်းပါပဲ။ အများအားဖြင့် အမျိုးသားကွန်ဒုံးတွေက အလွယ်တကူဝယ်လို့ရပြီး ပါးစပ်၊ မိန်းမကိုယ်၊ စအိုတို့နဲ့ ဆက်ဆံတဲ့အခါမှာ အသုံးပြုလို့ရပါတယ်။လက်မောင်းတွင်းထည့် ပစ္စည်း နဲ့ထိုးဆေးများ။အမျိုးသမီး ဟော်မုန်းတားဆေးများကို လက်မောင်းတွင်းထည့် ပစ္စည်း နဲ့ထိုးဆေးများအသွင်လည်း ရရှိနိုင်ပါတယ်။ ဒီနည်းလမ်းများ အထူးသဖြင့် လက်မောင်းတွင်းထည့်ပစ္စည်းဟာ သောက်ဆေးကဒ် နဲ့ကွန်ဒုံးထက်ပိုပြီး ထိရောက်ပါတယ်။ သို့သော် အခြားတားနည်းများနည်းတူ ဘေးထွက်ဆိုးကျိုးရှိနိုင်ပါတယ်။ ဒီနည်းက လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်စွမ်းမရှိပါဘူး။လက်မောင်းတွင်းထည့်ပစ္စည်း။လက်မောင်းရဲ့ အတွင်းပိုင်း အရေပြားအောက်မှာ ထည့်ရတဲ့ ဟော်မုန်းပါ သန္ဓေတားပစ္စည်းဖြစ်ပါတယ်။ ပရိုဂျက်စတင် ဟော်မုန်းပါဝင်ပြီး မမျိုးဥကြွေခြင်းကို တားဆီးပေးပါတယ်။ သားအိမ်ခေါင်းချွဲကို ပျစ်စေပြီး သုက်ကောင်တွေကို မျိုးဥဆီ ဝင်ရခက်အောင် လုပ်ပေးပါတယ်။ ရာနှုန်းပြည့်နီးပါး စိတ်ချရတဲ့ နည်းလမ်းဖြစ်ပြီး အီစထရိုဂျင် ဟော်မုန်းနဲ့ မသင့်တော်သူတွေအတွက် အဆင်ပြေပါတယ်။ သင့်ဆရာဝန်နဲ့ တိုင်ပင်ပြီး အသုံးပြုလို့ရပါတယ်။(၃)လခံထိုးဆေး။ပရိုဂျက်စတင် ဟော်မုန်းပါဝင်သော ဆေးဖြစ်ပြီး ၁၂ ပတ်ကနေ ၁၄ ပတ်အထိ ခံပါတယ်။ ဒက်ပို လို့ လူသိများပါတယ်။ စိတ်ချရတဲ့ နည်းတစ်ခု ဖြစ်သလို မမျိုးဥကြွေခြင်းကို တားဆီးပေးပြီး သားအိမ်ခေါင်းချွဲကိုလည်း ပျစ်စေပါတယ်။ ဒီနည်းက အလွန်ထိရောက်တဲ့ တားနည်းတစ်ရပ်ဖြစ်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/%e1%80%9e%e1%80%ac%e1%80%b8%e1%80%86%e1%80%80%e1%80%b9%e1%81%bf%e1%80%81%e1%80%ac%e1%80%b8%e1%81%bf%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%a1%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9/
နည်းလည်းမကောင်းသလို များပြန်လည်း မကောင်းတဲ့ အက်စထရိုဂျင်ဟော်မုန်း
လေဒီလေးတွေအတွက် အရေးပါတဲ့ဟော်မုန်းလေးတစ်ခုအကြောင်း နည်းနည်းလောက်ဆွေးနွေးချင်ပါတယ်။ ဒီဟော်မုန်းက များလည်း မကောင်းသလို နည်းလည်း မကောင်းပြန်ပါဘူး။ မရှိလို့မဖြစ်အောင် အရေးပါတဲ့ဟော်မုန်းလေးနဲ့ ပတ်သက်လို့လေဒီတိုင်း သိထားလို့ရအောင် ဒီဆောင်းပါးလေးကနေပြောပြပေးပါရစေနော်။လေဒီလေးတိုင်းအတွက်လိုအပ်တဲ့ဟော်မုန်းပါ။ မိန်းကလေးတွေဖွံ့ဖြိုးကြီးထွားဖို့အတွက် အရေးပါတဲ့ဟော်မုန်းတစ်မျိုးပါ။ အပျိုဖော်စဝင်ချိန်မှာ သားဥအိမ်က လစဉ်ရာသီလာချိန်မှာ ထုတ်ပေးပါတယ်။ရာသီစက်ဝန်းတဝက်ခန့်မှာဟော်မုန်းပမာဏကိုမြင့်တက်စေပြီး မျိုးဥတွေကိုကြွေစေနိုင်ပါတယ်။ မျိုးဥကြွေပြီးချိန်မျာဟော်မုန်းပမာဏက သိသိသာသာလျော့ကျစေနိုင်ပါတယ်။ဒီဟော်မုန်းဟာ များသောအားဖြင့်သွေးကြောတွေထဲမှာ အရည်ပုံစံနဲ့ စီးဆင်းနေပါတယ်။ ခန္ဓါကိုယ်တစ်ရှုးတွေထဲက ဆဲလ်တွေနဲ့ အပြန်အလှန်ဓါတ်ပြုပါတယ်။အက်စထရိုဂျင်ဟော်မုန်းဟာ ပရိုဂျက်စတင်ဟော်မုန်းနည်းတူ အမျိုးသမီးတွေအတွက် အရေးပါတဲ့ဟော်မုန်းတစ်မျိုးပါ။ ကိုယ်ဝန်မြဲစေဖို့နဲ့သားအိမ်ထဲမှာ မမျိုးဥတွေဖြစ်ပေါ်စေဖို့ ပရိုဂျက်စတင်ဟော်မုန်းက လုပ်ဆောင်ပေးပါတယ်။အက်စထရိုဂျင်ဟော်မုန်းအမျိုးအစားက အကြမ်းဖျင်းအားဖြင့် ၃ မျိုးရှိနေတာပါ။Estrone (E1) –အက်စထရိုဂျင်ဟော်မုန်းရဲ့ အပျော့စားပုံစံတစ်မျိုးပါ။သွေးဆုံးပြီးနောက်အမျိုးသမီးတွေမှာတွေ့ရတဲ့ဟော်မုန်းအမျိုးအစားပါ။ ခန္ဓါကိုယ်ထဲက တစ်ရှုးအများစုမှာရှိနေနိုင်ပြီး အထူးသဖြင့်ကတော့ကြွက်သားနဲ့ အဆီတစ်ရှုးတွေမှာရှိနေနိုင်ပါတယ်။ ခန္ဓါကိုယ်ကestrone ကိုestradiol အဖြစ်ပြောင်းလဲပြီးestradiol ကိုestrone အဖြစ်ပြောင်းလဲနိုင်ပါတယ်။Estradiol (E2) –အက်စထရိုဂျင်ရဲ့ အားအပြည့်ဝဆုံးသောပုံစံတစ်မျိုးပါ။ သားဥအိမ်ကနေထုတ်လုပ်တဲ့ဟော်မုန်းတစ်မျိုးပါ။ မီးယပ်ဆိုင်ရာကင်ဆာတွေကိုဖြစ်စေနိုငတဲ့ အကြောင်းရင်းခံတစ်ခုပေါ့။Estriol (E3) –အားအပျော့ဆုံး အက်စထရိုဂျင်ဟော်မုန်းတစ်မျိုးပါ။ ခန္ဓါကိုယ်ကestradiol ကို အသုံးပြုပြီးနောက်ထုတ်လွှတ်လိုက်တဲ့ စွန့်ထုတ်ပစ္စည်းတစ်မျိုးပေါ့။ ကိုယ်ဝန်ဆောင်နေချိန်မှာestriol ပမာဏ သိသိသာသာမြင့်တက်နေတာပါ။Estriol ကိုestradiol အဖြစ်ရောestrone အဖြစ်ပါမပြောင်းလဲ နိုင်ပါဘူး။လေဒီတွေရဲ့လိင်မှုဘဝနဲ့ မျိုးပွားစနစ် ကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးပါပါတယ်။ အက်စထရိုဂျင်ဟော်မုန်းကို အဓိက ထုတ်လုပ်သူတွေက အမျိုးသမီးတွေပါ။ အမျိုးသားတွေက ဒီဟော်မုန်းကို ထုတ်လုပ်ပေမယ့် အနည်းအကျဉ်းပါပဲ။ ရာသီသွေးဆင်းမှု၊ မျိုးဥကြွေမှု နဲ့ ကိုယ်ဝန်ဆောင်မှုတွေအတွက် အဓိကဇာတ်လိုက်ပါ။မျိုးပွားစနစ်ဖွံ့ဖြိုးဖို့နဲ့ အမျိုးသမီးတစ်ဦးအတွက် အရေးပါတဲ့ ရာသီသွေးပေါ်ဖို့ လုပ်ဆောင်ပေးတာပါ။အမျိုးသမီးတွေအပေါ်မှာ ဒီလိုသက်ရောက်နေပါတယ်။မျိုးဥအိမ်– မမျိုးဥတွေ ကြီးထွားဖွံ့ဖြိုးစေဖို့ လှုံ့ဆော်ပေးတယ်။မွေးလမ်းကြောင်း– နံရံတွေကိုကောင်းစွာဖွံ့ဖြိုးအောင်တည်ဆောက်ပေးတယ်။ရောဂါပိုးတွေကူးစက်ခံရမှုကနေ ကာကွယ်ပေးတယ်။ မိန်းမကိုယ်pH ပမာဏကို ထိန်းညှိပေးတယ်။သားဥပြွန်– သားဥတွေနဲ့သုက်ပိုး တွေတွေ့ရှိစေနိုင်ဖို့အတွက် သားဥပြွန်နံရံတွေကို ဖွံဖြိုးအောင်လုပ်ဆောင်ပေးတယ်။သားအိမ်– သားအိမ်အတွင်းနံရံသားကိုဖြစ်ပေါ်စေပြီးသားအိမ်ကိုသွေးစီးဆင်းရောက်ရှိမှုကောင်းစေပါတယ်။ သားအိမ်ကြွက်သားတွေ ကျန်းမာသန်စွမ်းစေဖို့ထောက်ပံ့ပေးပါတယ်။ ရာသီသွေးဆင်းချိန်မှာ သားအိမ်နံရံက ဆဲလ်သေတွေကို ဖယ်ရှားပေးသလို ကလေးမွေးဖွားချိန်မှာ သားအိမ်ညှစ်အားကောင်းအောင်လုပ်ဆောင်ပေးပြီး အချင်းကိုသွေးပို့ပေးပါတယ်။သားအိမ်ခေါင်း– သုက်ပိုးတွေ မမျိုးဥဆီရောက်ရှိမှုကို အကောင်းဆုံး ထောက်ပံ့ပေးပြီး မျိုးအောင်နိုင်စွမ်းမြင့်အောင်လုပ်ဆောင်ပေးပါတယ်။နို့ရည်ဂလင်း – ဆယ်ကျော်သက်အရွယ်မှာရင်သားဖွံ့ထွားစေဖို့ထောက်ပံ့ပေးပါတယ်။ ရင်သားထိပ်အရောင်အတွက်ရောင်ခြယ်ပစ္စည်းဖြစ်ပေါ်စေပါတယ်။ ရင်သွေးလေးအတွက် နို့ရည်ကိုဖြစ်ပေါ်စေပါတယ်။ ရင်သွေးလေးအရွယ်ရောက်သွားတဲ့အခါ နို့ရည်မထွက်တော့အောင်လည်း လုပ်ဆောင်ပေးပါတယ်။ဒါတွေတင်လားဆိုတော့ အက်စထရိုဂျင်ဟော်မုန်းက အမျိုးသား၊ အမျိုးသမီးခန္ဓါကိုယ်ဖွံ့စည်းမှုကွာခြားတဲ့အပေါ်မှာ အမျိုးသား၊ အမျိုးသမီးဆိုတဲ့ အချိုးအဆစ် ပီပြင်အောင်လည်း တာဝန်ယူထားပါတယ်။ ခန္ဓါကိုယ်ရဲ့အမွှေးအမျှင်တွေ။ အသံအနေအထာပြောင်းလဲမှုနဲ့ အရွယ်ရောက်လာလို့ပေါက်လာတဲ့ဝက်ခြံကအစ အရာအားလုံးကို ကြိုးကိုင်ထားသူပါ။အခြားဘယ်နေရာတွေမှာသက်ရောက်မှုရှိသေးလဲ။အရာရာကမျှတနေမှ အဆင်ပြေတဲ့ ဆိုတဲ့ စကားက အက်စထရိုဂျင်ဟော်မုန်းနဲ့ ပတ်သက်လာရင်လည်း မှန်ကန်တဲ့ အဆိုပါပဲ။ ကိုယ်တွင်းမှာ ဒီဟော်မုန်းပမာဏ မမျှတတော့ဘူးဆိုရင်။အမျိုးသားတွေမှာ အက်စထရိုဂျင်ဟော်မုန်းများတယ်ဆိုရင်တော့။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/female-hormonal-imbalance/%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%9c%e1%80%8a%e1%80%ba%e1%80%b8%e1%80%99%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%9c%e1%80%ad%e1%80%af-%e1%80%99%e1%80%bb%e1%80%ac/
မျက်ကွင်းတစ်ဝိုက်လိမ်းဖို့ အကောင်းဆုံး ခရင်မ် eye cream ရွေးချယ်ရာမှာ သိထားသင့်တဲ့အချက်၄ချက်
မျက်ကွင်းတစ်ဝိုက်လိမ်းဖို့ အကောင်းဆုံး ခရင်မ် eye cream ရွေးချယ်ရာမှာ သိထားသင့်တဲ့အချက်၄ချက်က ဘာတွေဖြစ်မလဲ!။သင့်အနေနဲ့မျက်နှာကိုmoisturizerလိမ်းပြီးပြီဆိုရင် မျက်ကွင်းတဝိုက်ကို ခရင်မ် သက်သက်ထပ်လိမ်းဖို့ မလိုဖူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ မျက်လုံးပတ်လည်မှာရှိတဲ့ အသားအရေဟာ အင်မတန်နူးညံ့တာမို့ သူတို့ကိုလည်း ကျန်းမာသန်စွမ်းအောင် ရေဓာတ် အနည်းငယ် ထပ်ဖြည့်ပေးဖို့ လိုပါတယ်။အခုအောက်မှာ ပြောပြမှာကတော့ မျက်လုံးတဝိုက်ကို ခရင်မ်လိမ်းပေးခြင်းအားဖြင့် ရလာနိုင်မယ့် အကျိုးကျေးဇူးတွေအပြင်မျက်ကွင်းတစ်ဝိုက်လိမ်းဖို့ အကောင်းဆုံး ခရင်မ် eye cream ရွေးချယ်ရာမှာ သိထားသင့်တဲ့အချက်လေးတွေကိုပါ ပြောပြပေးမှာ ဖြစ်ပါတယ်။ကျွန်တော်တို့ ခန္ဓာကိုယ်မှာရှိတဲ့ အရေပြားဟာ တစ်နေရာနဲ့တစ်နေရာ မတူညီပါဘူး။ မျက်လုံးပတ်ချာလည်မှာ ရှိတဲ့ အရေပြားဟာ အတော်လေးပါးတဲ့အပြင် အနားမှာရှိတဲ့ ကြွက်သားတွေဟာလည်း သေးငယ်တဲ့အတွက် မျက်ရစ်ဖောင်းတာ၊မျက်ကွင်းညိုတာ၊အရေတွန့်တာ စတဲ့ ပြဿနာတွေ အင်မတန်ဖြစ်လွယ်ပါတယ်။ဒါ့အပြင်အရေပြားကို သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးတဲ့ အဆီဂလင်းတွေဟာလည်း မျက်လုံးနားတဝိုက်မှာ နည်းနည်းပဲရှိတဲ့အတွက် မှန်ကန်ကောင်းမွန်တဲ့ eye cream ကို ရွေးချယ်အသုံးပြုခြင်းအားဖြင့် မလိုလားအပ်တဲ့အလှအပဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပြီးသားဖြစ်သွားမှာ ဖြစ်ပါတယ်။မျက်ရစ်ဖောင်းခြင်းအတွက်။မျက်လုံးတဝိုက်မှာရှိတဲ့ တစ်ရှူးတွေထဲမှာ အရည်တွေစုပုံလာတာကြောင့် မျက်ရစ်ဖောင်းလာတာဖြစ်ပါတယ်။ တစ်ခုခုနဲ့ ဓာတ်မတည့်တာ၊ sinus လို့ခေါ်တဲ့ ဦးခေါင်းခွံအတွင်းမှာရှိတဲ့ အပေါက်ကလေးတွေ ရောင်ရမ်းတာကနေလည်း ဒီအခြေအနေဖြစ်လာနိုင်သလို အိပ်ရေးပျက်ခြင်း၊အစားအသောက်အနေအထိုင်မမှန်ခြင်း၊ အရက်သောက်ခြင်း ဒါမှမဟုတ် အသက်အရွယ်ကြီးလာတာကြောင့်လည်းမျက်ရစ်ဖောင်းလာနိုင်ပါတယ်။ဒီလိုဖြစ်လာရင် ကဖင်းဓာတ် သို့မဟုတ် သခွားဓာတ်ပါတဲ့ eye cream ကို ရွေးချယ်သုံးစွဲခြင်းအားဖြင့် မျက်ရစ်ဖောင်းတာကို သက်သာစေမှာပါ။မျက်ကွင်းညိုခြင်းအတွက်။မျက်ကွင်းညိုစေတဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ မျိုးရိုးဗီဇ၊ စိတ်ဖိအားများတာ၊ဆေးလိပ်သောက်တာ၊ နေလောင်တာ၊ခန္ဓာကိုယ်မှာ အမည်းရောင်ဖြစ်စေတဲ့ ဓာတ်များတာ နဲ့ မျက်ကွင်းချိုင့်တာတွေကြောင့် မျက်ကွင်းညိုစေပါတယ်။ဗီတာမင်စီ၊ ဗီတာမင် ကေ၊ kojic acid၊ နွယ်ချို စတဲ့ အရာတွေဟာ မျက်ကွင်းညိုတာကို သက်သာပျောက်ကင်းစေသလို peptide (ပရိုတင်းဓါတ်တမျိုး) ပါတဲ့ eye cream တွေဟာလည်းမျက်တွင်းချိုင့်တာကို ကာကွယ်ပေးခြင်းအားဖြင့် မျက်ကွင်းမညိုအောင် လုပ်ပေးနိုင်ပါတယ်။မျက်လုံးတဝိုက်ကအသားအရေတောက်တောက်ပပ စိုစိုပြေပြေရှိဖို့ဆိုရင် အလင်းပြန်စေတဲ့ပစ္စည်းတွေပါဝင်တဲ့ eye creamမျိုးကို အသုံးပြုဖို့လည်း လိုအပ်ပါတယ်။အရေတွန့်ခြင်း၊ အရေးအကြောင်းပေါ်ခြင်းအတွက်။မျက်တောင်ခတ်တာ၊ မျက်စိမှိတ်ပြတာ ဒါမှမဟုတ် ပြုံးပြတာတောင်မှ မျက်လုံးနားမှာရှိတဲ့ ကြွက်သားတွေကို အသုံးပြုရပါတယ်။ ဒါတွေဟာ နိစ္စဓူဝ လုပ်နေရတဲ့ကိစ္စတွေ ဖြစ်တဲ့အပြင် မျက်လုံးနားပတ်လည်က အရေပြားကလည်း ပါးလျတဲ့အတွက် အားလုံးပေါင်းခြုံလိုက်တဲ့အခါ မျက်လုံးနားတဝိုက်မှာ အရေးအကြောင်းတွေဟာ တခြားမျက်နှာ အစိတ်အပိုင်းတွေထက် ပိုပြီးစောစောပေါ်လာပါတယ်။ဒါ့ကြောင့် အရေပြားကို အားဖြည့်ပေးပြီးအရေးအကြောင်းတွေကို သက်သာပျောက်ကင်းစေမယ့် collagen (ပရိုတင်းတစ်မျိုး)ဓာတ်ဖြည့်ဆည်းပေးနိုင်တဲ့ ပစ္စည်းမျိုး (ဥပမာ။ ။ retinol) ပါဝင်တဲ့ eye creamတွေကို ရွေးချယ်ရပါမယ်။၁။ ရေဓာတ်ဖြည့်ပေးနိုင်တဲ့ eye creamကိုရွေးချယ်ပါ။ ဘာလို့လဲဆိုတော့ အထိမခံပါးလျတဲ့မျက်လုံးတဝိုက်ကအရေပြားအတွက် အဓိကပြဿနာက ရေဓါတ်နည်းပါးခြင်းဖြစ်လို့ပါ။ ရေဓာတ်ဖြည့်ပေးနိုင်တဲ့ eye creamတွေကို သုံးခြင်းအားဖြင့် အသားအရေခြောက်သွေ့ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ မျက်ကွင်းညိုခြင်း၊အရေပြားထိခိုက်တာ စတာတွေကို လျှော့ချပေးနိုင်ပါတယ်။ဒီလို ရေဓာတ်ဖြည့်ပေးနိုင်တဲ့ eye cream တွေကို ဈေးကွက်ထဲမှာ ဈေးနှုန်းအစားစားနဲ့ ရရှိနိုင်ပါတယ်။၂။ နုနယ်တဲ့အသားအရေအတွက် ထုတ်လုပ်ထားတဲ့ eye creamတွေကို ရွေးချယ်ပါ။ eye creamဟာ မျက်လုံးနားတဝိုက်ကို အသုံးပြုရတာမို့ အသုံးပြုမယ့် ကုန်ပစ္စည်းဟာ မျက်လုံး ဒါမှမဟုတ် မျက်လုံးနားက အသားအရေကို မထိခိုက်စေဖို့ အရေးကြီးလှပါတယ်။“နုနယ်တဲ့အသားရေအတွက်” ဒါမှမဟုတ် “မျက်စိဆရာဝန်များ ထောက်ခံထားသော” စတဲ့ စာလုံးတွေဖော်ပြထားတဲ့ eye creamတွေဟာ နုနယ်လှတဲ့ သင့်မျက်လုံး နဲ့မျက်လုံးနားက အသားအရေအတွက် အဆင်ပြေစေမှာပါ။၃။ သင့်လိုအပ်ချက်နဲ့ အတိအကျကိုက်ညီတဲ့ eye creamကိုသာ ရွေးချယ်ပါ။ ဈေးကွက်ထဲမှာ eye cream အမျိုးမျိုးရှိသလို တစ်မျိုးချင်းစီရဲ့ ဦးတည်တဲ့ ရည်ရွယ်ချက်ဟာလည်းမတူညီပါဘူး။တကယ်လို့ သင်ဟာအရေတွန့်တာ ဒါမှမဟုတ် မျက်ရစ်တွဲကျတာအတွက် သုံးချင်တယ်ဆိုရင် အသားအရေကို နုပျိုစေတဲ့ဓာတ်(anti-aging)တွေ ပါဝင်တဲ့eye creamကို ရွေးရမှာဖြစ်သလို မျက်ရစ်ဖောင်းတာ သို့မဟုတ် မျက်ကွင်းညိုတာအတွက်ဆိုရင်တော့ ဒီပြဿနာတွေအတွက် ရည်ရွယ်ပြီးစီမံထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို ရွေးချယ်ရပါမယ်။တချို့သော တံဆိပ်(ကုန်ပစ္စည်းတွေ)ဟာ ပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးနိုင်တဲ့အတွက် သူတို့ကိုရွေးချယ်ရင် သင့်အတွက်ပိုပြီးလွယ်ကူစေမှာဖြစ်ပါတယ်။၄။ ပါဝင်ပစ္စည်းတွေကို အသေအချာ နားလည်အောင်ဖတ်ပါ။ မျက်လုံးနဲ့ပတ်သက်ပြီး အလှကုန်ပစ္စည်း ရွေးချယ်တဲ့အခါ ပါဝင်ပစ္စည်းတွေကို အသေအချာထည့်သွင်းစဉ်းစားတာဟာ အလေ့အကျင့်ကောင်းတခုဖြစ်ပါတယ်။ရေဓာတ်ဖြည့်တင်းပေးနိုင်တဲ့ eye creamတွေမှာ ရေဟာအဓိကပါဝင်ပစ္စည်းဖြစ်ပြီး အရည်အသွေးမြင့် eye creamအတော်များများမှာလည်း ကုန်ကြမ်းတခုအဖြစ် ရေဟာထိပ်ဆုံးကနေ ပါဝင်လေ့ရှိပါတယ်။ အလှဆီ၊ အဆီဓာတ်၊ ဗီတာမင်တွေနဲ့ shea butter လို့ခေါ်တဲ့ ထောပတ်တစ်မျိုးတို့ဟာလည်း eye cream တွေမှာ ပါဝင်လေ့ရှိတဲ့ အရေးကြီးပြီးအကျိုးရှိတဲ့ ပါဝင်ပစ္စည်းတွေဖြစ်ကြပါတယ်။သဘာဝကုန်ကြမ်းတွေဟာလည်း မျက်လုံးတဝိုက် အသားအရေပြဿနာတွေအတွက် အင်မတန်အကျိုးရှိပြီး anitoxidant လို့ခေါ်တဲ့ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးတဲ့ဓါတ်ဟာ မျက်လုံးတဝိုက်အသားအရေပြဿနာတွေကို အများကြီးကူညီဖြေရှင်းပေးပါတယ်။retinol၊ ကဖင်းဓါတ်၊ ဗီတာမင် C၊alpha-hydroxy acids(AHA)၊ copper peptides တွေပါဝင်တဲ့ eye creamတွေကျတော့ မျက်ကွင်းညိုတာကို ကာကွယ်တားဆီး သက်သာပျောက်ကင်းစေပါတယ်။အသားအရေကို အားပြန်ဖြည့်ပေးတဲ့ ညလိမ်းခရင်မ်တွေမှာဆိုရင်တော့ antioxidant တွေဖြစ်တဲ့ ဗီတာမင်A,C,E နဲ့ collagen ဓာတ်တို့ပါဝင်လေ့ရှိပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/how-to-choose-buy-eye-cream/
အသားအရေနဲ့ကျန်းမာရေး ကောင်းမွန်စေဖို့ မုန်လာဥနီစားကြစို့
မုန်လာဥနီကို အသီးအနှံတွေထဲ ရောပြီး အစိမ်းကြော်ပုံစံ၊ အသုပ်ပုံစံလည်း စားကြသလို အစိမ်းစားတဲ့သူတွေလည်း ရှိပါတယ်။ အရသာ ချိုဆိမ့်ဆိမ့်လေးနဲ့ ကြွပ်ကြွပ်လေးဖြစ်လှတဲ့ မုန်လာဥနီကို ကြိုက်တဲ့သူလည်း များပါတယ်။ ဒီလို လူကြိုက်များတဲ့ မုန်လာဥနီက မျက်စိကျန်းမာရေးတင် မဟုတ်ဘဲ အသားအရေနဲ့ ကျန်းမာရေး ကောင်းမွန်ဖို့ပါ စွမ်းဆောင်နိုင်ပါတယ်။ ဘာတွေဖြစ်မလဲ ဖတ်ကြည့်ပါဦးနော်။မုန်လာဥနီမှာ အမျှင်ဓါတ်၊ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ ဖောလစ်အက်ဆစ်၊ ပိုတက်စီယမ်၊ သံဓါတ်၊ ကော့ပါးနဲ့ မဂ္ဂနီဆီယမ်တွေ ပါဝင်ပါတယ်။ခန္ဓါကိုယ်ထဲမှာ မကောင်းတဲ့ ကိုလက်စထရော များနေခြင်းဟာ နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။ မုန်လာဥနီ ပုံမှန်စားသုံးခြင်းဟာ ကိုလက်စထရောကို ကျဆင်းစေတာကြောင့် နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။ ဆွီဒင်နိုင်ငံက သုတေသီတွေကလည်း နှလုံးကျန်းမာရေးကို သက်သာစေတဲ့ အသီးအရွက်တွေထဲမှာ မုန်လာဥနီက ထိပ်ဆုံးက ပါဝင်ကြောင်း ဆိုထားပါတယ်။မုန်လာဥနီမှာ ပိုတက်စီယမ် များများစားစား ပါဝင်ခြင်းဟာ သွေးပြန်ကြောနဲ့ သွေးလွှတ်ကြော တင်းမာမှုတွေကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကို အားကောင်းစေတဲ့အပြင် ခန္ဓါကိုယ်တလျောက် သွေးစီးဆင်းမှုကိုလည်း တိုးတက်စေပါတယ်။ ဒီလိုမျိုး သွေးလည်ပတ်မှု ကောင်းမွန်တာကြောင့် ရုတ်တရက် လေဖြန်းတာနဲ့ လေဖြတ်တာတွေ မဖြစ်စေနိုင်ပါဘူး။ခန္ဓါကိုယ် ကိုယ်ခံအားစနစ် တိုးတက်ကောင်းမွန်စေချင်တယ်ဆိုရင်တော့ မုန်လာဥနီ များများ စားဖို့ အကြံပြုပါရစေ။ မုန်လာဥနီမှာ ဘက်တီးရီးယားတွေကို ခုခံတွန်းလှန်ဓါတ်တွေ ပါဝင်တာကြောင့် ကိုယ်ခံအား မြင့်စေတာပါ။ ဒါဟာ ဗီတာမင် စီလိုပဲ ဖျားနာတာတွေ မဖြစ်ဖို့ အထောက်အကူပြုပါတယ်။ သွေးဖြူဥဆဲလ်တွေကို လှုံ့ဆော်ပေးတာကြောင့် ခန္ဓါကိုယ် ကိုယ်ခံအား တက်စေတာပါ။မုန်လာဥနီ စားသုံးခြင်းဟာ အစာခြေစနစ်ကိုလည်း ကောင်းစေပါတယ်။ ဘာလို့လဲဆိုတော့ အစာခြေလမ်းကြောင်းရဲ့ လုပ်ငန်းဆောင်တာအတွက် အထူးလိုအပ်တဲ့ အမျှင်ဓါတ်တွေ ရှိနေတာကြောင့်ပါ။ ဝမ်းချုပ်ခြင်းလို ပြဿနာတွေကိုလည်း နည်းစေတာမို့ ပုံမှန်စားသုံးပေးမယ်ဆိုရင် အူမကြီးကို ထိခိုက်စေတဲ့ ရောဂါတွေပါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။မုန်လာဥနီလေး စားသုံးပေးတာဟာ ကင်ဆာရောဂါတွေ လျော့ကျစေဖို့လည်း ကူညီပေးပါတယ်။ အထူးသဖြင့်တော့ အဆုတ်ကင်ဆာကို လျော့ကျစေတာပါ။ နေ့တိုင်း ပုံမှန် မုန်လာဥနီ စားပေးမယ်ဆိုရင် ကင်ဆာရောဂါ (၄၀%) လောက် လျှော့ကျစေနိုင်ပါတယ်။မုန်လာဥနီမှာ ဗီတာမင် စီ ပါဝင်တာကြောင့် အသားအရေ ကြည်လင်တောက်ပစေပါတယ်။ Mask အဖြစ်လည်း မျက်နှာမှာ ကပ်တာမျိုး လုပ်နိုင်ပါတယ်။ မုန်လာဥနီမှာ ဗီတာမင် အေလည်း ပါဝင်ပြီးတော့ အရေပြားပေါ်မှာ ပျက်စီးသွားတဲ့ တစ်ရှူးတွေ ပြန်လည် ဖြစ်တည်လာဖို့ အထောက်အကူ ပြုပါတယ်။ နောက်တစ်ခုကတော့ နေရောင်ခြည် အထိလွန်တာကြောင့် ဖြစ်တတ်တဲ့ အသားအရေ ပြဿနာတွေကိုလည်း လျော့ချပေးတာပါ။ ဓါတ်တိုးဆန့်ကျင်မှုတွေ ပါဝင်တာကြောင့် အရွယ်မတိုင်ခင်မှာ အိုမင်းရင့်ရော်တာတွေ မဖြစ်စေဖို့လည်း အထောက်အကူ ပြုပါတယ်။အသားအရေခြောက်သွေ့တာကြောင့် မုန်လာဥနီနဲ့ ပေါင်းတင်ချင်တယ်ဆိုရင်တော့-။မုန်လာဥနီကို လက်ဖက်စားဇွန်း နှစ်ဇွန်းစာလောက်ရလောက် ကြိတ်ချေလိုက်ပါ။ ပြီးရင် ပျားရည်၊ နွားနို့ ဒါမှမဟုတ် သံလွင်ဆီ တစ်စက် နှစ်စက်လောက်နဲ့ ရောပါ။ နောက်တော့မျက်နှာမှာ လိမ်းထားလိုက်ပါ။ ခြောက်သွားမှ ရေအေးနဲ့ မျက်နှာသစ်ပါ။ ပုံမှန်လေး ပြုလုပ်ပေးရင် စိုပြေတဲ့ အသားအရေလေး ရရှိမှာပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/55202-2/
ကလေးများကို လိမ္မာယဉ်ကျေးစေရန် သွန်သင်ခြင်း
ပါရမီများ၊ စွမ်းရည်များသည် ကလေးတစ်ယောက်တွင် မွေးရာပါဖြစ်သော်လည်းယဉ်ကျေးလိမ္မာခြင်းကတော့ မွေးရာပါမဟုတ်ပါ။ ကြမ်းတမ်းမှုများနှင့် ပြည့်နေသည့် လောကကြီးအတွင်း ကလေးများ လိမ်လိမ်မာမာ ယဉ်ယဉ်ကျေးကျေးနေစေဖို့ သွန်သင်ပေးရမှာ မိဘတို့၏ တာဝန်သာဖြစ်သည်။ယဉ်ကျေးတယ်၊ လိမ္မာတယ်ဆိုသည်မှာထမင်းစားဝိုင်းမှာ စည်းကမ်းမရှိစားတာမျိုးလောက်တင်မဟုတ်ပါ။ တစ်ယောက်၏ ခံစားချက်အပေါ် တစ်ယောက်က အလေးထားခြင်းတို့အထိပါ ပါဝင်ပါသည်။ယဉ်ကျေးလိမ္မာခြင်းသည် ဘဝနေနည်းတစ်ခု ဖြစ်သည်။ လူမှုရေးဆိုင်ရာ အခမ်းအနားတွေရှိမှ ဟန်လုပ်ရမည်မျိုးမဟုတ်ပါ။ ထို့ကြောင့် ကလေးများကို ငယ်စဉ်ကတည်းက စောနိုင်သလောက် စောစောသင်ပေးပါမှ သူတို့အတွက် အကျင့်တစ်ခုလိုဖြစ်သွားစေမည် ဖြစ်၏။ကျွမ်းကျင်သူများကကလေးများကိုစောစောစီးစီး လိမ္မာယဉ်ကျေးအောင် သင်မပေးထားလျှင် ဆိုးကျိုးများစွာ ရင်ဆိုင်ရမည်ဟု ယုံကြည်ကြ၏။ ကြီးကြီးငယ်ငယ် ဘယ်သူမှ ဆိုးသွမ်းသည့်ကလေးမျိုးကို ကြိုက်မည် မဟုတ်ပါ။ လိမ္မာယဉ်ကျေးအောင် မသွန်သင်ဘဲ ကလေးကို လောကကြီးထဲနေခိုင်းခြင်းသည် ကျောင်းကို ထမင်းဘူးမပါ လွယ်အိတ်မပါဘဲ လွှတ်လိုက်သည်နှင့် အတူတူပင်ဖြစ်သည်။ကလေးများကို လိမ္မာယဉ်ကျေးစေရန် သွန်သင်ခြင်း အကောင်အထည်ဖော်ရာမှာ အသုံးဝင်မယ့် နည်းလမ်းကောင်းများကတော့။သင့်ကလေးများကို ယဉ်ကျေးလိမ္မာ စေလိုလျှင် သင်ကိုယ်တိုင်အရင် ယဉ်ကျေးပါ။ ကလေးများကို သင်ဖို့အတွက် ပထမဆုံး နည်းလမ်းသည် သင်ကိုယ်တိုင် ကျင့်သုံးနေထိုင်ပြခြင်း ဖြစ်ပါသည်။ ထို့အတူ ရုန့်ရင်းသည့်စကားမျိုးကို ရှောင်ပါ။ ကလေးများကို မဆဲစေလိုလျှင် သင်လည်း မဆဲပါနှင့်။ မိဘအများစုသည် ကလေးရှေ့တွင် ကြမ်းတမ်းစွာ ပြောဆိုကြခြင်းဖြင့် ကလေး၏ စကားပြောပုံစံကို ဖျက်စီးပစ်တတ်ကြပါသည်။ကလေးတိုင်းသည် စကားလုံး ငါးလုံးကို ဘာမှမပြောတတ်ခင် ကတည်းက သိထားသင့်ပါသည်။ “ကျေးဇူးပြုပြီး” ၊ “ကျေးဇူးတင်ပါတယ်” ၊ “ခွင့်ပြုပါ” ၊ “ခွင့်လွှတ်ပါ” ၊ “ရပါတယ် ကျေးဇူးပါ” စသည် ငါးမျိုးကို သိထားသင့်ပါသည်။ကလေးများကို သူတို့ကိုယ်တိုင် စည်းကမ်းအသစ်များကို လေ့လာရင်း နေသားကျစေရန် အချိန်ပေးပါ။သင့်ကလေးက သိပ်ငယ်လွန်းသေးလျှင် အများကြီး မမျှော်လင့်ထားပါနှင့်ဦး။ လမ်းလျှောက်တတ်စ ကလေးက ထမင်းစားစဉ် လိုက်နာရမည့် ကျင့်ဝတ်များကို သိဦးမည်မဟုတ်ပါ။ သို့သော် ထမင်းစားပွဲတွင်တော့ သင့်ဧည့်သည်များနှင့် ခဏတာ ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံးပေးနိုင်ပါသည်။သဘောထား မပြောင်းခြင်းနှင့် ထပ်လောင်း အားဖြည့်ခြင်းများက ကလေးများကို လိမ္မာယဉ်ကျေးစေရန် သွန်သင်ရာတွင် အရေးကြီးပါသည်။ သင်ရော၊ သင့်အိမ်ထောင်ဖက်ရော၊ ကလေးအုပ်ထိန်းသူရော ကလေးကို သွန်သင်မည့်ပုံစံကို တူညီစွာ သိထားရပါမည်။ အစားစားလျှင် မဆော့ဖို့ သင်က သွန်သင်ထားပြီး နောက်တစ်ယောက်က ဆော့ခွင့်ပြုသည်ဆိုပါက ကလေးစိတ် ရှုပ်ထွေးသွားနိုင်ပါသည်။အကယ်၍ သင့်မှာ လူတစ်ယောက် သို့ လူတစ်စုနှင့် ပတ်သက်ပြီး ဘက်လိုက်မှုများရှိနေပါက ကလေးရှေ့မှာ ထုတ်မပြသည်အထိ အဆင်ပြေပါသည်။ ကလေးကို ဘက်မလိုက်တတ်ဘဲ ဆင်ခြင်တုံတရား ရှိအောင်၊ တခြားသူများကိုကိုယ်ရည်ကိုယ်သွေးကိုသာ ကြည့်ပြီး ဆုံးဖြတ်တတ်အောင်၊ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ လိင်ပိုင်းဆိုင်ရာ ခွဲခြားမှု မရှိအောင် သွန်သင်ကြရမည် ဖြစ်ပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/how-to-teach-your-child-manners/
ပိန်ဖို့ကြိုးစားနေတယ်ဆိုရင် ဒီအစားအစာတွေရှောင်စားပါ
ပိန်ဖို့အတွက် ပိန်ဆေးတွေသောက်၊ Gym တွေ ဆော့နေလား၊ ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေကို ဖယ်ရှားပစ်နိုင်ဖို့နဲ့ အဆီပိုတွေ လျှော့ကျသွားစေဖို့ဆိုတာ ကိုယ့်ရဲ့ နေထိုင်စားသောက်မှု အပေါ်မှာ အများကြီး မူတည်ပါတယ်။ ပိန်ချင်တယ်ဆိုရင်တော့ အစားအသောက်လျှော့ချရမှာဆိုတာ ဟုတ်ပါတယ်။ လျှော့တာတောင်မှ ခန္ဓာကိုယ်အလေးချိန် တက်စေတဲ့ အစားအစာတွေကို လျှော့စား၊ ရှောင်စားရမှာပါ။ ဘယ်လိုအစားအစာတွေ ရှောင်ရမလဲဆိုတာ Hellosayarwon ကနေ မျှဝေပေးမယ်နော်။ပိန်ဖို့ကြိုးစားနေတဲ့သူတိုင်း အာလူးကြော်လိုမျိုး ဆီနဲ့ကြော်ထားတဲ့ အစားအစာတွေကို ရှောင်စားရပါမယ်။ ဒီအစားအစာတွေက ကယ်လိုရီတွေ တက်စေပြီး ဝတာတွေ ဖြစ်စေနိုင်ပါတယ်။အချိုလွန်ကဲတဲ့ အချိုရည်တွေနဲ့ ဆိုဒါတွေကို မစွန့်လွှတ်နိုင်ဘူးဆိုရင်တော့ ပိန်ဖို့ မလွယ်ကူပါဘူး။ သကြားဓာတ်များတာက ကယ်လိုရီပိုတက်စေပြီး အဆီပိုတွေကို လျှော့ချမပေးနိုင်တာကြောင့် ခန္ဓာကိုယ်အလေးချိန်တိုးတာတွေ ဖြစ်လာစေနိုင်ပါတယ်။ပေါင်မုန့်စားသုံးခြင်းက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် သကြားပါဝင်မှု မြင့်မားတဲ့ ပေါင်မုန့်ဆိုရင်တော့ ခန္ဓာကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။ လေ့လာမှု တစ်ခုမှာတော့ တစ်နေ့ကို ပေါင်မုန့်(၁၂၀) ဂရမ် စားသုံးတဲ့ လူဦးရေ (၉၂၆၇) ဦးမှာ (၄၀%) လောက်က အလေးချိန်တိုးလာခြင်းနဲ့ အဝလွန်ခြင်းတွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ပိန်ဖို့ ကြိုးစားနေချိန်မှာတော့ သကြားပါတဲ့ ပေါင်မုန့်ရှောင်ပါ။သကြားလုံးတွေကတော့ ပိန်ချင်ရင် ရှောင်ရမှာပါ။ အပျင်းပြေတောင် စားလို့ မရဘူးနော်။ သကြားလုံးမှာ ပါဝင်တဲ့ အချိုဓာတ်တွေက ကယ်လိုရီတွေ များစေပြီး အာဟာရ ပေးစွမ်းနိုင်မှုကတော့ နည်းပါတယ်။ ချောကလက်နဲ့ ပြုလုပ်ထားတဲ့ သကြားလုံးမှာဆိုရင်တော့ ကယ်လိုရီ(၂၀၀) ကနေ (၃၀၀) ကြား ပါဝင်ပါတယ်။အသီးဖျော်ရည်သောက်တာက ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ ဒါပေမယ့် ပိန်ဖို့အတွက်ဆိုရင်တော့ သကြားနည်းဖို့ လိုပါတယ်။ သကြားနည်းလေး ပိုကောင်းလေပါပဲ။ ထောပတ်သီးဖျော်ရည်သောက်မယ်ဆိုရင် သကြား၊ နို့ဆီတွေ လျှော့ထည့်ပါ။ ထောပတ်သီးက ပိန်ဖို့ ကူညီပေးပေမယ့် သကြားနဲ့ နို့ဆီကတော့ ဝစေပါတယ်။ ဒါကြောင့် အသီးဖျော်ရည်သောက်မယ်ဆို သကြားလျှော့ပါ။ကွတ်ကီးနဲ့ ကိတ်မုန့်တွေလည်း ရှောင်စားပေးနိုင်ရင် အကောင်းဆုံးပါ။ ဘာလို့လဲဆိုတော့ ကွတ်ကီးတွေမှာ သကြားနဲ့ ပြုပြင်ထားပြီးသား အရသာမှုန့်တွေ ပါဝင်တာကြောင့်ပါ။ ဒါတွေဟာ trans fats အစားအစာတွေပါပဲ။ ဗိုက်ဆာတဲ့အခါမှာ ကွတ်ကီးတွေ အများကြီး စားမိနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ကယ်လိုရီတွေသာ များလာပြီး အာဟာရ နည်းနည်းပဲ ဖြစ်မှာပါ။ အချိုစားမှ ဖြစ်မယ်လို့ စိတ်ကူးရင်တော့ အမည်းရောင်ချောကလက် နည်းနည်းလောက်သာ စားပေးပါ။အရက်နဲ့ ဘီယာကလည်း ဝစေတဲ့ အရည်တစ်မျိုးပါ။ အရက် ဒါမှမဟုတ် ဘီယာ (၁) ဂရမ်မှာ (၇) ကယ်လိုရီ ပါဝင်ပါတယ်။ နည်းနည်းပဲ သောက်တာက ပြဿနာ မရှိပေမယ့် များများသောက်မယ်ဆိုရင်တော့ ကယ်လိုရီတွေကြောင့် အဆီပိုတွေ စုလာပြီး ဝတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရက် ဘီယာတွေလည်း ရှောင်ရပါမယ်။ပိန်ဖို့ ကြိုးစားနေတဲ့ ကိုကို မမတို့ရေ အပေါ်မှာ ဖော်ပြခဲ့တဲ့ အစားအသောက်လေးတွေ အတတ်နိုင်ဆုံး ရှောင်ရှားရင်း ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အလေးချိန်လေး မြန်မြန်ရရှိပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/55047-2/
ကုထုံးမလိုဘဲ သဘာဝအတိုင်း ကျားဟော်မုန်းတိုးစေမယ့် နည်းလမ်းများ
ကျားဟော်မုန်း သို့မဟုတ် တက်စတိုစတီရုန်းဟော်မုန်း (Testosterone) ဆိုတာ အမျိုးသားတွေအတွက် လိင်ပိုင်းဆိုင်ရာအရရော ကျန်းမာရေးအရပါ အထောက်အကူအများကြီးပေးနေတဲ့ ဟော်မုန်းတစ်မျိုးပါ။ အမျိုးသားတစ်ယောက်ရဲ့ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှု၊ ကြွက်သားသန်မာမှု၊ ကိုယ်ခံအားစနစ်ကောင်းစေမှု၊ လိင်စိတ်ဆန္ဒ ထက်သန်စေမှု၊လိင်အင်္ဂါထောင်မတ်နိုင်စေဖို့နဲ့ လိင်စိတ်ဆန္ဒ ပြီးမြောက်ဖို့ အဓိကကူညီပေးနိုင်ပါတယ်။ကျားဟော်မုန်းတွေကို အမျိုးသားလိင်တံအောက်မာ ရှိတဲ့ ဝှေးစေ့ ၂လုံးကနေ ထုတ်လုပ်ပေးပါတယ်။ လူပျိုဖြစ်ကာစ ဆယ်ကျော်သက်အရွယ်မှာကျားဟော်မုန်းပမာဏ အဆမတန် တိုးလာပြီး အသက် ၃၀ နောက်ပိုင်းမှာ တဖြည်းဖြည်း နည်းလာပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အသက်ကြီးနေပါစေ ကိုယ့်ရဲ့ ကျားဟော်မုန်းကို မလျော့သွားဘဲ ထိန်းထားနိုင်ဖို့ အမျိုးသားတိုင်းအတွက် အလွန်အရေးကြီးတယ်ဆိုတာ သိထားသင့်ပါတယ်။ခုဆောင်းပါးမှာတော့ အကြောင်းရင်း အမျိုးမျိုးကြောင့် ဆရာဝန်နဲ့လည်း သွားပြီးပြရမှာလည်း ရှက်တယ်၊ ကုထုံးကုသမှုလည်း မခံယူလိုဘူးဆိုတဲ့ ဘော်ဒါတွေအတွက် သဘာဝအတိုင်း ကျားဟော်မုန်းကို မြင့်တက်စေမယ့် နည်းလမ်းတွေကို ပြောပြပေးမှာဖြစ်ပါတယ်။ ဒီနည်းလမ်းတွေက ငယ်ရွယ်သန်စွမ်းနေသေးတဲ့ အမျိုးသားတွေအတွက်သာမက အသက်ကြီးပိုင်းအရွယ်တွေအတွက် အဆင်ပြေစေတဲ့အပြင် လူတိုင်းလုပ်လို့ရနိုင်တာကြောင့် အဆင်ပြေလွယ်ကူမယ်လို့ မျှော်လင့်မိပါတယ်။လေ့ကျင့်ခန်းလုပ်ခြင်းဟာ အမျိုးသားတွေရဲ့ ကိုယ်ခံအားကို ကောင်းစေတဲ့အပြင် ကျားဟော်မုန်း ထုတ်လုပ်နိုင်စွမ်းကိုလည်း မြင့်တက်စေပါတယ်။ လေ့ကျင့်ခန်းဆိုရာမှာ အလေးမခြင်း၊ ဒိုက်ထိုးခြင်း၊ အိပ်ထမတင်လုပ်ခြင်း၊ ထိုင်ထလုပ်ခြင်း၊ ရေကူးခြင်း၊ ဘောလုံး၊ ဘတ်စကတ်ဘောကစားခြင်း အစရှိတဲ့ ကိုယ်လက်လှုပ်ရှားနည်းလမ်း အကုန်လုံး ပါဝင်ပါတယ်။အလေးမခြင်းဟာ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း ရင်အုပ်ကြွက်သားတွေကို တောင့်တင်းစေရုံသာမက ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ရေတိုအတွက်ရော ရေရှည်အတွက်ပါ ကျန်းမာရေးနဲ့ ကိုယ်ခန္ဓာအလှအပကို ကောင်းစေနိုင်တာတော့ အသေအချာပါပဲ။အလွန်အကျွံစားတာမျိုး မဟုတ်ဘဲ တစ်နေ့တာ စားသုံးတဲ့ အစာအာဟာရတွေထဲမှာ ဒါတွေကို မဖြစ်မနေထည့်သွင်းစားပေးရမှာ ဖြစ်ပါတယ်။ ပရိုတင်းဓာတ် တစ်နည်းအားဖြင့် အသားဓာတ်၊ အဆီဓာတ်နဲ့ ကစီဓာတ်ဟာ ကိုယ်အလေးချိန်နဲ့ ကြွက်သားထုကို တက်စေတယ်၊ တစ်နေ့တာ ကုန်ခမ်းသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးသလို တစ်နေ့လုံး တက်ကြွလန်းဆန်းပြီး သွက်လက်နေစေဖို့ လိုအပ်တဲ့ ခွန်အားတွေကို ပေးစွမ်းနိုင်ပါတယ်။ အမျိုးသားတစ်ယောက် ခွန်အားပြည့်ဝနေတဲ့အခါ ကိုယ်ခန္ဓာရဲ့ ကျားဟော်မုန်းထုတ်လုပ်နိုင်စွမ်းဟာလည်း အလိုလိုမြှင့်တင်ပြီးသား ဖြစ်သွားပါတယ်။ အဓိက အသား၊ ငါး၊ ပဲအမျိုးမျိုး၊ ဥ၊ နွားနို့တွေကို စားပေးပါ။ တခြား ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အစေ့အဆန်တွေကိုလည်း စားပေးနိုင်ရင် အကောင်းဆုံးပါပဲ။လူရယ်လို့ဖြစ်လာရင် အကြောင်းအမျိုးမျိုးကြောင့်စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေဆိုတာ ရှိလာနိုင်တာပါပဲ။ ဒါပေမယ့်လည်း ကောင်းတဲ့အရာတစ်ခုလားဆိုတော့ လုံးဝဟုတ်မနေပါဘူး။ အထူးသဖြင့် စိတ်ဖိစီးမှုသည် အမျိုးသားတွေရဲ့ ကျားဟော်မုန်းထုတ်လုပ်နိုင်စွမ်းကို ကျဆင်းစေလို့ လိင်တံမထောင်နိုင်ခြင်း၊ လိင်စိတ်ဆန္ဒ နည်းလာခြင်း၊ ကာမသုခ အပြည့်အဝမရခြင်း အစရှိတဲ့ နောက်ဆက်တွဲ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေကိုပါ ကြုံလာရနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ ယောဂကျင့်ပါ၊လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်ပါ၊ အိပ်ချိန်မှန်အောင် ဂရုစိုက်ပါ၊ ကိစ္စတော်တော်များများကို အကောင်းဘက်ကနေ မြင်တတ်အောင် ကျင့်ကြံပါ၊ တရားထိုင်ပါ၊ စိတ်ကိုငြိမ်အောင် စုစည်းထားပါ။အပြင် နေရောင်ခြည်နဲ့ ကျွန်တော်တို့အရေပြားနဲ့ တိုက်ရိုက်ထိတွေ့တဲ့အခါ ကိုယ်ခန္ဓာက ဗီတာမင် ဒီဓာတ်ကို ရရှိပါတယ်။ ဗီတာမင်ဒီဟာ ကျားဟော်မုန်းထုတ်နိုင်စွမ်းကို မြင့်တက်စေသလို တခြားအာဟာရတွေကို ကိုယ်ခန္ဓာက ကောင်းစွာစုပ်ယူနိုင်တဲ့နေရာမှာပါ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် အိမ်ထဲမှာပဲ အောင်းမနေပါနဲ့။ မနက်ခင်းစောစောစီးစီး လမ်းထလျှောက်ပါ၊ ပြေးပါ၊ လေ့ကျင့်ခန်းများများလုပ်ပေးပါ။ ပိတ်ရက်တွေမှာလည်း ဟိုနားဒီနား လျှောက်လည်တာ၊ သူငယ်ချင်းတွေနဲ့ တွေ့တာမျိုး လုပ်ပေးပါ။ အပြင်ထွက်လိုက်တဲ့အခါ စိတ်ကို ပိုပြီးကြည်လင်စေပြီး နဂိုနောက်ကျိနေတဲ့ အတွေးတွေကို ခပ်ဝေးဝေးနှင်ထုတ်လိုက်သလို ဖြစ်စေတာကြောင့် စိတ်ကျန်းမာရေးအတွက်လည်း အကျိုးရှိတဲ့ အလေ့အကျင့်တစ်ခုပါပဲ။ သတိထားမှာတစ်ခုကတော့ အပြင်ကို ထွက်တော့မယ်ဆိုရင် နေလောင်ကာခရင်မ်ကို လိမ်းပြီး ထွက်ဖို့ မမေ့သင့်ပါဘူး။ဒါကတော့ အစားရွေးတတ်တဲ့ အမျိုးသားတွေ၊ ကျန်းမာရေးအနည်းငယ်ချူချာတာ၊ အစာအာဟာရ စုံလင်စွာမစားတတ်တာ၊ ဓာတ်မတည့်တဲ့ အစားအစာတွေ များနေတဲ့အခါ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သင့်တော်တဲ့ ဗီတာမင် ဖြည့်စွက်အားဆေးတွေကို သောက်လို့ရပါတယ်။ ဗီတာမင် ဘီနဲ့ ဇင့်ဓာတ်ကသုက်ပိုးကို ကျန်းမာစေပြီး မျိုးအောင်စေတယ်။ ဗီတာမင် အေ၊ စီ၊ အီးက ကျားဟော်မုန်းကို မြင့်တက်စေတယ်။ အမျိုးသားတစ်ယောက်အတွက် အိမ်ထောင်ရေး၊ ကာမသုခ အပြည့်အဝရစေဖို့ ကိုယ်ခန္ဓာက ဗီတာမင်နဲ့ အာဟာရပြည့်ဝနေသင့်ပါတယ်။အိပ်ရေးပျက်တာများလာတဲ့အခါ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကျဆင်းလာတယ်။ ကိုယ်အလေးချိန်ကလည်း ပုံမှန်အတိုင်း မထိန်းထားနိုင်သလို ကျားဟော်မုန်းတွေလည်း နည်းသွားတယ်။ ကိုယ်ခံအားနည်းသွားတာကြောင့် ရောဂါတွေ အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတိုင်း တစ်နေ့အိပ်ချိန်ကို ၇နာရီအနည်းဆုံး ရှိနေဖို့ အရမ်းအရေးကြီးပါတယ်။အိပ်ချိန်လို့ဆိုရာမှာ ညအိပ်ချိန်တစ်မျိုးတည်းကိုသာ ဆိုလိုခြင်းဖြစ်ပြီး နေ့နဲ့ ညမှားအိပ်နေတာ၊ ညအိပ်ရေးပျက်ထားလို့ မနက်၊ နေ့လည်မှာ ပေါင်းအိပ်လိုက်တာမျိုးကို ထည့်မတွက်ပါဘူး။ကျားဟော်မုန်းကျဆင်းခြင်းဟာ ဇရာနဲ့လိုက်ပြီး ဖြစ်တတ်တယ်ဆိုပေမယ့် ကိုယ့်ဘက်က လိုအပ်တဲ့ ကာကွယ်မှုတွေ၊ ပြင်ဆင်မှုတွေ ပြုလုပ်ပြီး ထိန်းထားလို့ ရတယ်ဆိုတာ မမေ့ပါနဲ့။ ယောက်ျားတစ်ယောက်ဆိုတာ ဘယ်အသက်အရွယ်ပဲ ရောက်ရောက် ဖွဲတစ်ဆုပ်စာနိုင်နေဖို့ လိုအပ်တယ်ဆိုတာ ပြောစရာမလိုဘဲ သိပြီးသားဖြစ်မယ်ထင်ပါတယ်။ ဒါကြောင့် ကိုယ့်ကျန်းမာရေးအတွက် မကောင်းတဲ့အကျင့်တွေ၊ မှားယွင်းနေတဲ့အရာတွေကို အခုကတည်းက ပြင်ဆင်ဖို့နဲ့ ကောင်းမွန်သော မိသားစုဘဝအနာဂတ်အတွက် ကျန်းမာရေးလိုက်စားဖို့လိုတယ်ဆိုတာ ထပ်ဆောင်းပြောရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-hormone-issues/%e1%80%80%e1%80%af%e1%80%91%e1%80%af%e1%80%b6%e1%80%b8%e1%80%99%e1%80%9c%e1%80%ad%e1%80%af%e1%80%98%e1%80%b2-%e1%80%9e%e1%80%98%e1%80%ac%e1%80%9d%e1%80%a1%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba/
နှာခေါင်းဝေဒနာများအတွက် နှာသန့်စင်ဆေးရည်ဘူး
ကမ်းစပ်မှာ ခပ်ကြမ်းကြမ်း ရေလွှာလျှောစီးဖူးတဲ့ ဘယ်သူမဆို သင့်ကို ပြောနိုင်ပါတယ်။ အေးစက်နေတဲ့ ပင်လယ်ရေတွေက သင့်အသက်ရှုလမ်းကြောင်းကတဆင့် ဝင်လာတာက တော်တော် အဆင်မပြေတာပါ။ အစပိုင်းအဆင်မပြေစဉ်မှာ ဒါက irrigation ကို ဖြစ်စေပြီး တခါတရံ clogged sinuses ကို မမျှော်လင့်ပဲ၊ မကြိုဆိုပဲ သက်သာစေပါတယ်။ ဒီလိုမျိုး ကြုံတွေ့ခဲ့တဲ့ အိန္ဒိယက လူတစ်ယောက်က nasal irrigation ရဲ့ စိတ်ပျက်ဖို့ကောင်းတဲ့ allergy ရောဂါလက္ခဏာတွေ ကို သက်သာအောင် ပြုလုပ်ဖို့ အားဖြစ်စေပါတယ်။Ansal allergy ရဲ့ အဆုံးရွားဆုံး ရောဂါလက္ခဏာတွေကတော့ အချွဲအလွန်အကြွံထက်ခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာရည်ယိုခြင်း၊ နှာခေါင်းအတွင်းပိုင်း ယားယံခြင်း နဲ့ sinuses တို့ ဖြစ်ပါတယ်။ allergy ဖြစ်တဲ့သူတချို့က chronic rhinosinusitis လို့ခေါ်တဲ့ အခြေအနေထိ ရောက်တတ်ပါတယ်။ ယားယံသော သို့မဟုတ် ပိုးကူးစက်ထားသော sinus cavities ကြောင့် အပူလောင်နေသလို တောက်လျှောက်ခံစားရတတ်ပါတယ်။လွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက Ayurveda ရဲ့ သမားတော်တွေ၊ အိန္ဒိယရိုးရာဆေးကုသမှုတွေမှာ ပူနွေးတဲ့ ဆားရေနဲ့ နှာခေါင်းပေါက်အတွင်း ဆေးပေးခြင်းဖြင့် အချွဲအပို၊ ဝတ်မှုံ၊ တခြားအမှုန်အမွှားတွေ ဖယ်ရှားခြင်း ကို စတင် အသုံးပြုခဲ့ကြပါတယ်။Nasal douche ၊ nasal lavage လို့လည်း သိကြတဲ့ nasal irrigation က ရိုးရှင်းတဲ့ ပါဝင်ပစ္စည်းတွေဖြစ်တဲ့ ဆား၊ ရေနဲ့ neti pot လို့ခေါ်တဲ့ အထူးပြုလုပ်ထားတဲ့ အိုး တို့ကို အသုံးပြုပါတယ်။ ဒီအိုးက ဆားရည်ငွေ့တွေကို နှားခေါင်းပေါက် တစ်ဖက်က ဝင်ပြီး နောက်တစ်ပေါက်က ထွက်အောင် လုပ်ဆောင်ပေးပါတယ်။ သမားတော်တွေက များသောအားဖြင့် တစ်ရက်ကို ၄ကြိမ်လောက် ပြုလုပ်ကြပါတယ်။ ပင်လယ်ရေဖြစ်စရာ မလိုပါဘူး။ဒီနည်းလမ်းကို ထောက်ခံသူတွေက ဒီနည်းလမ်းဟာ နှာပိတ်ခြင်းနဲ့ ယားယံခြင်းကို အတော်သက်သာစေတယ်လို့ ဆိုကြပါတယ်။ sinus congestion ကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာကိုလည်း လျော့ပါးစေတယ်၊ sinus infections အတွက် antibiotics တွေ အားကိုးနေရခြင်းကို လျော့ကျစေတယ်လို့လည်း ဆိုကြပါသေးတယ်။ ဒါက allergy ကြောင့်ဖြစ်တဲ့ နှာခေါင်းပူလောင်ခြင်းကို ထိန်းချုပ်ဖို့ nasal corticosteroid sprays အသုံးပြုခြင်းကို လျော့ကျစေနိုင်ပါတယ်။ အသုံးပြုသူတွေက allergy ကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားကို ခံစားရတယ်၊ ဘဝအရည်အသွေး တိုးတက်မှုတွေ သိသိသာသာ ရရှိလာတယ်လို့ တင်ပြကြပါတယ်။ဆေးဖက်ဆိုင်ရာ စမ်းသပ်မှု အများအပြားပြုလုပ်အပြီးမှာ အများစုက nasal irrigation က စိတ်ချရပြီး ဘေးမရှိပဲ ကုသနိုင်တယ် လို့ သဘောတူကြပါတယ်။ အဆိုးဆုံးအခြေအနေမှာ ပျောက်ကင်းဖို့ အချိန်ကြာမယ်၊ ဆေးသောက်တာလို တခြား ရွေးချယ်စရာတွေနဲ့ ယှဉ်ရင် ပိုပြီး အားစိုက်ထုတ်ဖို့ လိုအပ်ပါမယ်။အကောင်းဆုံးကတော့ nasal irrigation က allergy symptom အတော်များများမှာ သိသာတဲ့ တိုးတက်မှုကို ပေးစွမ်းတာပါပဲ။ ဥပမာ၊ University of California, San Diego က လေ့လာသူတွေက ဒီနည်းလမ်းသုံးတဲ့ လူနာ အယောက် ၂၀၀ကို ထပ်ပြီးလေ့လာခဲ့ကြပါတယ်။ တွေ့ရှိခဲတာကတော့ ရောဂါလက္ခဏာ ၂၃မျိုးမှ အမျိုး ၃၀လောက်မှာ ကိန်းဂဏန်းအရ သိသာတဲ့ တိုးတက်မှု၊ ဘဝနေထိုင်မှုအရည်အသွေး တိုးတက်မှုတို့ ဖြစ်ပါတယ်။အသုံးမပြုခင် သတိပေးမှု တချို့ ရှိပါတယ်။ မွေးကင်းစကလေးတွေမှာ အသုံးမပြုရပါဘူး။ ၂၀၀၉ခုနစ်က ကျင်းပတဲ့ ဆေးပညာကျွမ်းကျင်မှု အစည်းအဝေး ကောက်နုတ်ချက်အရ nasal irrigation အသုံးပြုတာများရင် sinus infection ဖြစ်နိုင်ချေများနိုင်ပါတယ်။ တခါတလေ သုံးရင်တော့ မဖြစ်နိုင်ပေမယ့် ပုံမှန်ဆိုရင်တော့ မသုံးသင့်ပါဘူး။ ဒါက နှာခေါင်းအတွင်းပိုင်းနဲ့ sinuses အတွင်းနံရံတွေက အချွဲတွေရဲ့ အကာအကွယ်အလွှာတွေကို ဖယ်ရှားနိုင်လို့ပါ။ လေ့လာထားချက်အရ ဒီသတိပေးမှုက peer-reviewed journal မှာ မထုတ်ဝေရသေးပါဘူး။နောက်ဆုံးသတိပေးမှု။irrigation solution လုပ်တဲ့အခါ ပိုးသတ်ထားတဲ့ရေကို အသုံးပြုဖို့ တော်တော် အရေးကြီးပါတယ်။ အသုံးမပြုခင် ကြိုချက်ခြင်းက သင့်တော်ပါတယ်။ naegleria fowleri လို့ခေါ်တဲ့ ကပ်ပါးပိုးမွှားတွေက ပိုးသတ်ထားတဲ့ရေ အသုံးမပြုတဲ့ neti pot အသုံးပြုသူတွေရဲ့ သေဆုံးမှု အတော်များများနဲ့ ဆက်စပ်နေပါတယ်။ sinuses ထဲရောက်တာနဲ့ ဦးနှောက်ထဲထိ ရောက်အောင် သွားတတ်ကြပါတယ်။ ရောက်ရင်တော့ မလွယ်မသွေ သေဆုံးမှုကို ကြုံတွေ့ရမှာပါ။Neti pot ဆိုတာ ရိုးရှင်းတဲ့ ကိရိယာတစ်ခုပါ။ အာလာဒင်ရဲ့ မီးခွက် အငယ်စားလိုမျိးနဲ့ ဆင်တူပါတယ်။ ပိုးသတ်ထားတဲ့ ရေနွေးနဲ့ သန့်စင်တဲ့ ဆားကို အိုးထဲမှာ ရောလိုက်ပါ။ ခေါင်းကို တစ်ဖက်ကို စောင်းပါ။ နှုတ်သီးကို ခေါင်းရဲ့ အမြင့်ပိုင်းမှာရှိတဲ့ နှာခေါင်းပေါက်မှာ ထားပါ။ saline solution က နှာခေါင်းတစ်ဖက်က ဝင်ပြီး တစ်ဖက်က ပြန်ထွက်လာပါလိမ့်မယ်။အပေါ်မှာ ဖော်ပြထားသလို ပိုးသတ်ထားတဲ့ရေ အသုံးပြုဖို့ အလွန်အရေးကြီးပါတယ်။ ပိုးသတ်ပြီးသား အသုံးပြုခြင်း သို့မဟုတ် ကြိုချက်အအေးခံပြီး သုံးခြင်းတို့ဖြင့် ပြုလုပ်နိုင်ပါတယ်။ saline solution, isotonic ( 0.9% salt; 9g sodium chloride dissolved in one liter of water ) , သို့မဟုတ် hypertonic ( 0.7% to 0.3% salt solution ) ဆိုတာ မှန်ကန်ပြီး သန့်စင်တဲ့ အိုင်အိုဒင်းမပါသော sodium chloride ပေါင်းထည့်ခြင်းပါပဲ။Kosher salt က သန့်စင်ပြီး သတ္တုဓါတ်တွေမပါတဲ့ သင့်တော်သော ပင်ရင်းဖြစ်ပါတယ်။ nasal irrigation ကို ဘုံဘိုင်ရေ၊ ပေါင်းခံရေတို့နဲ့ မပြုလုပ်သင့်ပါဘူး။ ပိုးသတ်တာက ဘေးကင်းဖို့အတွက် အရေးကြီးပါတယ်။ ဆားက non-isotonic solution အသုံးပြုတာနဲ့ ဆက်စပ်တဲ့ လောင်ကျွမ်းတဲ့ ခံစားမှုရဲ့ မသက်မသာဖြစ်တာကို ကာကွယ်ပေးပါတယ်။Isotonic solution မှာ သွေးတွင်း ပျော်ဝင်မယ့် အရာတွေရဲ့ ပါဝင်မှုနဲ့ ညီမျှတဲ့ ပျော်ဝင်ပစ္စည်းတွေ လုံလုံလောက်လောက် ပါဝင်ပါတယ်။ အံ့သြစရာ မရှိပါဘူး။ ပင်လယ်ရေဆိုတာ ဆားနဲ့ရေဖျောထားတဲ့ isotonic solution တစ်ခုပါပဲ။ ဒါပေမယ့် ဖော်ပြထားသော မလိုအပ်တဲ့ ညစ်ညမ်းမှုတွေရဲ့ အန္တရာယ်ကြောင့် မစဉ်းစားပဲ အသုံးမပြုသင့်ပါဘူး။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/%e1%80%94%e1%80%be%e1%80%ac%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%9d%e1%80%b1%e1%80%92%e1%80%94%e1%80%ac%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80/
လည်ပင်းကျီးပေါင်းတက်သူများတွင် ကုသမှုများ
သင့်ကျန်းမာရေး အခြေအနေနှင့် ပင်မကျောရိုးတွင် ဖြစ်နေသော ရောဂါ ပြင်းထန်မှုအပေါ်မူတည်ပြီး လည်ပင်းကျီးပေါင်းတက်ခြင်းကို ကုသမှုများ ကွာခြားပါသည်။ ထိုကုသမှုများ၏ ရည်ရွယ်ချက်မှာ လည်ပင်းနာကျင်မှုများကို သက်သာစေရန်နှင့် လည်ပင်းလှုပ်ရှားမှုများ ကောင်းမွန်စေရန် ဖြစ်ပါသည်။ အောက်ပါတို့သည် လည်ပင်းကျီးပေါင်းတက်သူများတွင် ကုသနိုင်သော နည်းလမ်းများဖြစ်ပါသည်။သောက်ဆေးများတွင် ဆရာဝန်ညွှန်ကြားသောဆေးများနှင့် ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်သောဆေးများ ပါဝင်ပါသည်။ibuprofen, acetaminophen, naproxen စသည့် NSAID ဆေးများ။သည် ရောင်ရမ်းမှုနှင့် နာကျင်မှုများကို သက်သာစေပါသည်။ သို့သော် NSAID ဆေးများကို ပန်းနာရင်ကျပ်ရောဂါရှိသူများ၊ သွေးတိုးသမားများနှင့် နှလုံးရောဂါရှိသူများတွင် မပေးရပါ။ထိုဆေးကို ပြင်းထန်သော နာကျင်မှုများကို သက်သာစေရန် အသုံးပြုပါသည်။ ကိုဒင်းကို NSAID ဆေးများနှင့် တွဲပြီးပေးပါသည်။ သို့သော် ကိုဒင်းဆေးတွင် ဘေးထွက်ဆိုးကျိုးများရှိပါသည်။ ဝမ်းမှန်မှန်မသွားခြင်း(ဝမ်းချုပ်ခြင်း) ဖြစ်တတ်ပါသည်။ထိုသို့မဖြစ်ရန် ရေများများသောက်ခြင်း၊ ကန်စွန်းဥ၊ ကိုက်လန် ၊ ဟင်းနုနွယ် ၊ သစ်သီးများ စသည့် အမျှင်ဓါတ်များသော အစားအစာများကို စားခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ ကိုဒင်းကို အချိန်ကာလကြာမြင့်စွာ မသုံးစွဲသင့်ပါ။ပန်းနာရင်ကျပ်ဝေဒနာသည်များနှင့် ဦးခေါင်းဒဏ်ရာရှိသူများတွင် ကိုဒင်းကို မသုံးရပါ။ထိုဆေးများသည် ကြွက်သားများကို ပြေလျော့စေပြီး ကြွက်တက်ခြင်းကို လျှော့ချပေးပါသည်။ ထိုဆေးများသည် မူးဝေခြင်း၊ ထိုင်းမှိုင်းခြင်းတို့ကို ဖြစ်စေသည့်အတွက် အရက်နှင့်တွဲသောက်ခြင်း၊ ဆေးသောက်ပြီးလျှင် ကားမောင်းခြင်းများ မပြုလုပ်ရပါ။ ထို့ပြင် အချိန်ကာလကြာမြင့်စွာ မသုံးစွဲသင့်ပါ။ထိုဆေးကို အလယ်လတ်နှင့် ပြင်းထန်သော နာကျင်မှုများခံစားနေရလျှင်၊ ခွဲစိတ်မှုများတွင်နာကျင်ခြင်းကို မခံနိုင်လျှင် အသုံးပြုပါသည်။ သို့သော် မူးယစ်ဆေးအလွဲသုံးစားလုပ်သူများသည် ထိုဆေးကို မသုံးသင့်ပါ။ထိုဆေးများသည်လည်း လည်ပင်းကျီးပေါင်းတက်ခြင်းကြောင့် လည်ပင်းနာကျင်ခြင်းကို သက်သာစေပါသည်။လည်ပင်း အရိုးထဲသို့ စတီးရွိုက်ဆေးထိုးခြင်းဖြင့် လည်ပင်းနာခြင်းနှင် အာရုံကြောများရောင်ရမ်းမှုကို သက်သာစေပါသည်။ သို့သော် ဆေးထိုးထားသောနေရာတွင် အနည်းငယ်ထုံကျဉ်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို ခံစားရနိုင်ပါသည်။အောက်ပါ စားသောက်နေထိုင်မှုပုံစံများကို ပြောင်းလဲသင့်ပါသည်။ကျီးပေါင်းတက်သူများအတွက် ပြုလုပ်သင့်သော လေ့ကျင့်ခန်းများတွင် ကြွက်သားများ သန်မာစေသော လေ့ကျင့်ခန်းများ၊ လည်ပင်းနှင့် ပခုံးများကို ဆန့်ထုတ်သောလေ့ကျင့်ခန်းများ ပါဝင်ပါသည်။ လည်ပင်းကြွက်သားများ သန်မာနေလျှင် လည်ပင်းကို အထောက်အပံ့ဖြစ်စေမည်ဖြစ်ပြီး ကျောရိုးတလျှောက်လည်း အကွေးအဆန့်ကောင်းစေမည်ဖြစ်ပါသည်။ မပြင်းထန်သော လေ့ကျင့်ခန်းများဖြစ်သည့် ရေကူးခြင်း၊ လမ်းသွက်သွက်လျှောက်ခြင်းတို့ကလည်း သင့်ကျောရိုးကို သန်မာစေပါသည်။အပူသို့မဟုတ် အအေးကပ်ခြင်း။သည်ရောင်ရမ်းမှုများကို သက်သာစေပြီး သွေးလည်ပတ်မှုကောင်းစေပါသည်။ ထိုသို့ကပ်လျှင် အရေပြားလောင်ခြင်းမဖြစ်အောင် အဝတ်တခုခု ခံထားပါ။အပ်စိုက်ကုထုံးသည် ရှေးရိုးစွဲ နာကျင်မှုကို သက်သာစေသော ကုထုံးဖြစ်ပါသည်။ အပ်ချောင်းငယ်လေးများကို ကိုယ်တွင်စိုက်ခြင်းဖြင့် အချို့သော ဓါတုပစ္စည်းများ ကိုယ်ထဲမှထွက်လာကာ ယင်းတို့သည် နာကျင်ခြင်းကို သက်သာစေပါသည်။အများစုသော လည်ပင်းကျီးပေါင်းဝေဒနာရှင်များတွင် ခွဲစိတ်ကုသခြင်းကို မခံယူကြပါ။ ခွဲစိတ်ခြင်းသည် အာရုံကြော အမြစ်များနှင့် ပင်မကျောရိုး ယိုယွင်းပျက်စီးခြင်းများဖြစ်မှသာ ရွေးချယ်သော ကုသနည်းဖြစ်ပါသည်။အောက်ပါတို့သည် ခွဲစိတ်သင့်သော အခြေအနေများဖြစ်ပါသည်။တခါတရံတွင် ခွဲစိတ်မှုများသည် နာကျင်ရခြင်းအကြောင်းများကို မဖယ်ရှားနိုင်ဘဲ ရောဂါလက္ခဏာများကိုသာ သက်သာစေနိုင်ပါသည်။ ထို့ပြင်ခွဲစိတ်ခြင်းကြောင့် နှလုံးတိုက်ခိုက်ခံရခြင်း၊ အကြောသေခြင်း၊ အနာပိုးဝင်ခြင်း၊ အာရုံကြောများပျက်စီးခြင်းစသည့်ဘေးထွက်ဆိုးကျိုးများလည်း ခံစားရစေပါသည်။အောက်ပါတို့သည် လည်ပင်းကျီးပေါင်းရောဂါအတွက် အများဆုံးအသုံးပြုသော ခွဲစိတ်မှုနည်းလမ်းများဖြစ်ပါသည်။လည်ပင်းရိုးအရှေ့ပိုင်းကို ဖြတ်ထုတ်ခြင်း။ကျွံနေသော လည်ပင်းဆစ်ကြားခံချပ်ပြားသည် အာရုံကြောပေါ်တွင် ဖိမိနေခြင်းဖြစ်သောအခါ အသုံးပြုသော ခွဲစိတ်မှုဖြစ်ပါသည်။ ကျွံနေသော ချပ်ပြားနှင့် ဘေးပတ်လည်ရှိတစ်သျူးများကို ဖယ်ထုတ်လိုက်ခြင်းဖြစ်ပါသည်။ကျွံထွက်နေသော လည်ပင်းရိုးများအားခွဲစိတ်ဖြတ်ထုတ်ခြင်း။ပင်မကျောရိုးကို ထိခိုက်သော အခြေအနေမျိုးတွင် ထိုခွဲစိတ်မှုကို အသုံးပြုပါသည်။ ပင်မကျောရိုးပေါ်တွင် ပိနေသော လည်ပင်းရိုးများအားခွဲစိတ်ဖြတ်ထုတ်ခြင်း ဖြစ်ပါသည်။လည်ပင်းရိုးကြားရှိ ကြားခံချပ်ပြားကို အစားထိုးခြင်း။ထိုခွဲစိတ်မှုသည် ပုံစံအသစ်ခွဲစိတ်မှု ဖြစ်ပါသည်။ လည်ပင်းရိုးကြားရှိ ကြားခံချပ်ပြားအဟောင်းကို ဖယ်ပြီး အသစ်ကို အစားထိုးခြင်းဖြစ်ပါသည်။အထက်ပါခွဲစိတ်မှုများအပြီး ၃ / ၄ ရက်ခန့်တွင် ဆေးရုံဆင်းနိုင်ပါသည်။ ၈ ပတ်ခန့် အကြာတွင် နာလန်ထနိုင်မည်ဖြစ်ပြီး ပုံမှန်အလုပ်များကို ပြန်လုပ်နိုင်မည်ဖြစ်ပါသည်။အချုပ်ဆိုရသော် လည်ပင်းကျီးပေါင်းတက်ခြင်းကို မခွဲစိတ်ဘဲကုသနိုင်သလို ခွဲစိတ်ကုသမှုများလည်း ရှိပါသည်။ သင့်ရောဂါအခြေအနေကို ဆရာဝန်နှင့် တိုင်ပင်ကာ စစ်ဆေးမှုများ ပြုလုပ်ပြီး အကောင်းဆုံးသော အသင့်တော်ဆုံးသော ကုသမှုများကို ရွေးချယ်လိုက်ပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%9c%e1%80%8a%e1%80%ba%e1%80%95%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bb%e1%80%ae%e1%80%b8%e1%80%95%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%80%e1%80%ba%e1%80%9e%e1%80%b0/
မိုးရာသီမှာ အဖြူဆင်းများတာ ဘာကြောင့်လဲ
မုတ်သုံမိုးနဲ့အတူ မမျှော်လင့်တဲ့အရာတွေတော်တော်များများပါလာတတ်ပါတယ်။ မုတ်သုံမိုးကြောင့် အအေးမိတုပ်ကွေးဖြစ်တာ၊ အရေပြားပြဿနာဖြစ်တာအပြင်လေဒီလေးတွေမှာ ကြုံရနိုင်တဲ့ပြဿနာတစ်ခုရှိပါသေးတယ်။ ဒါကတော့ အဖြူဆင်း တာပါ။ ဒီပြဿနာက လေဒီလေးတွေကို ယုံကြည်မှုလျော့စေတဲ့ အချက်တစ်ခုဆိုလည်း မမှားပါဘူး။ ဒီတော့ မုတ်သုံမှာ အဖြူဆင်းများတာ ခံစားရတဲ့အခါ ဘယ်လိုသက်သာအောင်လုပ်ကြမလဲဆိုတဲ့နေထိုင်စားသောက်မှုပုံစံအကြောင်းလေးဆွေးနွေးရအောင်လား။အဖြူဆင်းတာ က ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်တစ်ခုဆိုပေမယ့်မိုးရာသီမှာက ပိုအဖြစ်များပါတယ်။ အကြောင်းကတော့ မိုးရာသီမှာ မှိုပိုးကူးစက်နိုင်ခြေများတာကြောင့် မှိုကြောင့်ဖြစ်တဲ့ အဖြူဆင်းများတာ ကို ခံစားရနိုင်ခြေပိုများရတာပါ။ မိုးရာသီမှာ အဖြူဆင်းခြင်းကို အဓိကဖြစ်စေတဲ့ အကြောင်းအရင်းကတော့ အတွင်းခံဘောင်းဘီတွေက သေချာခြောက်သွေ့မှုမရှိတာကြောင့်ပါ။တွေ့ရများတဲ့ မိန်းမကိုယ် မှိုပိုးကူးစက်မှုရောဂါလက္ခဏာတွေက။မိုးတွင်းရောက်တိုင်း မှိုပိုးကူးစက်ခံရပြီး အဖြူဆင်းတာ မဟုတ်ပေမဲ့ ဒီအခြေအနေတွေရှိနေရင်တော့ ကူးစက်နိုင်ခြေ များပါတယ်။ကာကွယ်တာက အကောင်းဆုံးနည်းလမ်းပါ။ မှိုပိုးတွေဖြစ်ပေါ်မှုကြောင့် အဖြူဆင်း တာမျိုးမဖြစ်စေဖို့ဆိုရင်  တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ။မှိုပိုးဝင်တာက ဆေးကုသဖို့ လိုပါတယ်။ အပေါ်မှာပြောခဲ့တဲ့အတိုင်း မိန်းမကိုယ်ယားယံပြီး အဖြူဆင်းနေခဲ့ရင် ဆရာဝန်နဲ့ ပြသပြီး သေချာကုသဖို့ကိုလည်း အကြံပြုချင်ပါတယ်။ဒီဆောင်းပါးလေးအတိုင်း လိုက်နာလို့ မုတ်သုံရာသီမှာ အဖြူဆင်းတဲ့ပြဿနာ မခံစားရအောင် ကိုယ့်ကိုယ်ကို ဂရုစိုက်လိုက်ပါလေဒီလေးတို့ရေ……..။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/monsoon-white-discharge/
တုပ်ကွေးဆိုတာဘာလဲ
တုပ်ကွေး ဆိုတာဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးပါ။ နှစ်တိုင်းနှစ်တိုင်း လူပေါင်း ၂သိန်းခွဲကနေ ၅သိန်းအထိ ကူးစက်နေသော တုပ်ကွေးဟာ ၁၀ရာခိုင်းနှုန်းကနေ ၁၅ရာခိုင်နှုန်းလောက်အထိရှိပါတယ်။ တုပ်ကွေးဟာ ချက်ချင်းထဖြစ်ပြီး ၇ရက်ကနေ ၁၀ရက်အတွင်းမှာ ပျောက်ကင်းသွားကြတာများပါတယ်။ တုပ်ကွေးဟာ အန္တရယ်ရှိပါတယ်။ အထူးသဖြင့် ပိုအဆင့်မြင့်တဲ့ တုပ်ကွေးဗိုင်းရပ်စ်တွေနဲ့ဆို ပိုတောင် အန္တရယ်ရှိပါတယ်။ လူအများအတွက်ကတော့ တုပ်ကွေးဟာ ချက်ချင်းထဖြစ်ပြီး ၇ရက်ကနေ၁၀အတွင်းမှာ ပျောက်ကင်းသွားကြသလို လုံးဝလည်း ပြန်ကောင်းသွားတတ်ကြပါတယ်။ ဒါပေမယ့်လည်း အသက်အရွယ် အရမ်းကြီးသူတွေ၊ အရမ်းငယ်သူတွေနဲ့ ကိုယ်ခံအားကျနေသူတွေကတော့ ပိုမိုပြင်းထန်စွာခံစားလိုက် ရပြီးသေတဲ့အထိတောင် ဖြစ်သွားနိုင်ပါတယ်။တုပ်ကွေးရောဂါဟာ လွန်စွာ အဖြစ်များပြီး အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ တစ်နှစ်ကို အနည်းဆုံး တုပ်ကွေး၂ကြိမ်၃ကြိမ်ဖြစ်ဖူးပါတယ်။ ကလေးတွေကတော့ တစ်နှစ်ကို အနည်းဆုံး တစ်နှစ်ကို ၆ကြိမ်၇ကြိမ်လောက်ဖြစ်ဖူးပါတယ်။ တုပ်ကွေးရာသီဖြစ်တဲ့ ဆောင်းရာသီမှာ အဖြစ်များဆုံးပါ။ အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းအားဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။တုပ်ကွေးရောဂါရဲ့ လက္ခဏာတွေက ဘာတွေလဲ။တုပ်ကွေးရောဂါပိုးနဲ့ ထိတွေ့ပြီး ၂၄နာရီကနေ ၄၈နာရီအတွင်းမှာ လက္ခဏာပြပါလိမ့်မယ်။ များသောအားဖြင့် ၃ရက်နေ ၅ရက်အထိ ကြာမြင့်တတ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေခံစားနေရပြီဆိုရင် ဆရာဝန်ဖြင့် ပြသပေးပါ။တုပ်ကွေးလက္ခဏာတွေ ပြနေပြီး အန္တရယ်ရှိတဲ့ အခြေအနေနဲ့ နီးနေပြီဆိုရင် ဆရာဝန်ဖြင့် ပြသပေးပါ။ လက္ခဏာပြပြချင်း ဗိုင်းရပ်စ်သတ်ဆေးကို ၄၈အတွင်း သောက်ထားမယ်ဆိုရင် ဖျားနာတဲ့အချိန်ကို လျော့ချပေးနိုင်ပြီး ဆိုးဆိုးရွားရွားတွေ မဖြစ်ရအောင် ကာကွယ်ပေးပါတယ်။တုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်ရတာပါ။ ယင်းတို့ကို အမျိုးအစား အေ၊ဘီနဲ့စီဆိုပြီး ခွဲခြားနိုင်ပါတယ်။ အမျိုးအစားအေကတော့ အတွေ့အများဆုံးပါ။ ဝက်တုပ်ကွေး(H1N1)နဲ့ ကြက်ငှက်တုပ်ကွေး(H5N1, H7N9)တို့ကို ကြားဖူးလောက်မှာပါ။ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လေကိုရှုမိတဲ့အခါမှာ ယင်းပိုးဟာကိုယ်ထဲရောက်သွားပါတယ်။ တုပ်ကွေးပိုးရှိနေတဲ့ အရာဝထ္တုပစ္စည်းတွေ၊ တိရိစ္ဆာန်တွေနဲ့ ထိတွေ့မိတဲ့ အခါမှာလည်း ကူးစက်ခံရနိုင်ပါတယ်။ ရောဂါပိုးကူးစက်ခံထားရတဲ့လူ ချောင်းဆိုးလိုက်တဲ့အခါ၊နှာချီလိုက်တဲ့အခါမှာ ထွက်လာတဲ့ ရေမှုန်ရေမွှားများထဲမှာလည်း ရှိပါတယ်။ ရောဂါခံစားနေရတဲ့ တိရိစ္ဆာန်အသားတွေစားခြင်းကလည်း ကူးစက်ခံရနိုင်ပါတယ်။အချက်ပေါင်းများစွာရှိပါတယ်။ ရောဂါပိုးမွှားတွေရှိတဲ့ ပတ်ဝန်းကျင်မှာနေမယ် ဒါမှမဟုတ် ကိုယ်ခံအားနည်းနေမယ်ဆိုရင် တုပ်ကွေးအန္တရယ် မြင့်မားနိုင်ပါတယ်။ တုပ်ကွေးအန္တရယ် မြင့်တက်စေတဲ့ အချက်အချို့ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ဖော်ပြပါအကြောင်းအရာသည် ဆေးပညာအကြံဉာဏ်များအတွက် အစားထိုးမဟုတ်ပါ။ နောက်ထပ်သိရှိလိုသည်များအတွက် အမြဲတစေ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။အခြေအနေတော်တော်များများမှာတော့ တုပ်ကွေးရှိမှန်း မိမိဘာသာ သိရှိတတ်ကြပါတယ်။ အဖျားတက်တာနဲ့ ပင်ပန်းတာလိုမျိုး လက္ခဏာတွေကနေ သိရှိမှာပါ။ တုပ်ကွေး၏ပဋိပစ္စည်းစမ်းသပ်ခြင်းဖြင့်လည်း တွေ့ရှိနိုင်ပါတယ်။ ယင်းစစ်ဆေးမှုကို တုပ်ကွေးရာသီမှာ ကူးစပ်ပြန့်ပွားခြင်း ထိန်းချုပ်ဖို့ အများဆုံးအသုံးပြုတာပါ။တုပ်ကွေးစစ်ဆေးမှုမှာတော့ နှာရည်တို့ သွေးတို့ကို အသုံးပြုပါတယ်။တုပ်ကွေးကြောင့် ကိုယ်အင်္ဂါထိခိုက်မှုတစ်ခုဖြစ်တဲ့ အဆုတ်ရောင်ရောဂါရှိမရှိကို ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းဖြင့် သိရှိနိုင်ပါတယ်။ စစ်ဆေးမှုကို ဆေးရုံတင်ထားရတဲ့လူတွေ၊ ကိုယ်ခံအားကျနေတဲ့လူတွေ၊ တုပ်ကွေးကြောင့်ကိုယ်အင်္ဂါထိခိုက်ခံရဖွယ်ရှိတဲ့လူတွေအတွက် အဓိကအကြံပြုထားပါတယ်။ လူထုထဲမှာ တုပ်ကွေးတွေ့ရှိထားတယ်ဆိုရင်တော့ လူတိုင်းက တုပ်ကွေးစစ်ဆေးမှုကို ပြုလုပ်ရမှာဖြစ်ပါတယ်။လူအများစုကတော့ အိမ်မှာပဲ ပျောက်ကင်းနိုင်ကြပြီး ဆရာဝန်ပြဖို့ သိပ်မလိုပါဘူး။ အကောင်းဆုံးကုသနည်းကတော့ အနားယူခြင်းပါပဲ။ လူတော်တော်များဟာ ပဋိဇီဝဆေးတွေက တုပ်ကွေးကို ကုသပေးနိုင်တယ်လို့ နားလည်မှုလွဲနေကြပါတယ်။ ဒါပေမယ့်လည်း ယင်းဆေးတွေ သောက်သုံးခြင်းက တုပ်ကွေးကို မသက်သာစေနိုင်တဲ့အပြင် ဆေးယဉ်ပါးခြင်းဖြစ်စဉ်တွေတောင် ပေါ်ပေါက်လာနိုင်ပါတယ်။ မခံမရပ်နိုင်ဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်ကိုပြောပြီး ရောဂါလက္ခဏာသက်သာစေတဲ့ဆေးအား တောင်းဆိုနိုင်ပါတယ်။ ယင်းဆေးတွေထဲမှ အချို့က ဆေးဆိုင်များမှာ အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ ဆေးဝါးတွေဖြစ်ပါတယ်။ နာကျင်ကိုက်ခဲမှုတွေ သက်သာစေဖို့ ပါရာစီတမောနှင့် အိုင်ဗျူပရိုဖန်လိုမျိုး အက်စပရင်မဟုတ်သည့် ဆေးများ၊ လည်ပင်းနာ၊ချောင်းဆိုးသက်သာစေဖို့ ချောင်းဆိုးပျောက်ဆေးရည်များ၊ နှာခေါင်းပိတ်ခြင်းအတွက် နှာပွင့်ဆေးများပဲဖြစ်ပါတယ်။ဆေးဝါးဖြင့်မဟုတ်သော နည်းလမ်းအချို့က တုပ်ကွေးရောဂါကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။အောက်ပါတို့က တုပ်ကွေးမမိအောင်နဲ့ အခြားသူတွေကို မကူးစက်အောင် သင်လုပ်နိုင်တဲ့ အရာအချို့ပဲဖြစ်ပါတယ်။မေးစရာတွေရှိနေမယ်ဆိုရင် အကောင်းဆုံဖြေရှင်းနည်းတွေကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/%e1%80%90%e1%80%af%e1%80%95%e1%80%b9%e1%80%b1%e1%80%80%e1%80%bc%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac%e1%80%98%e1%80%ac%e1%80%9c%e1%80%b2/
ဝက်ခြံပေါက်လွယ်တဲ့ သင့်အရေပြားကို မဆွမိအောင် ဘယ်လိုကာကွယ်ရမလဲ။
သင့်တွင် ဝက်ခြံထွက်တတ်သော အသားအရေရှိပါက ဝက်ခြံကို ကုသပြီး သင့်အရေပြားကို မထိခိုက်မည့် အသားအရေ ထိန်းသိမ်းသော အလှကုန်များကို အသုံးပြုသင့်ပါသည်။ အောက်ပါတို့သည် ဝက်ခြံထွက်သော အသားအရေကို ပိုဆိုးမလာစေရန် ကူညီပေးမည့် အကြံပေးချက်များ ဖြစ်ပါသည်။လူအများစုသည် သူတို့၏ ဝက်ခြံထွက်တတ်သော အသားအရေကို ကုသရန်အတွက် ပိုက်ဆံ အမြောက်အများ ကုန်ကျခံကြသည်။သင့်အသားအရေသည် ဝက်ခြံပေါက်တတ်သော အသားအရေဖြစ်ပါက အသားအရေ ထိန်းသိမ်းသော အလှကုန်များကို သေချာစွာ ရွေးချယ်သင့်ပါသည်။ ထိုအလှကုန်များကို ဆေးဆိုင်များနှင့် ဈေးထဲရှိ အလှကုန်ဆိုင်များတွင် ဝယ်နိုင်ပါသည်။ သင့် အသားအရေနှင့် သင့်လျော်သော အလှကုန်ကို သုံးစွဲနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။ အောက်ပါတို့သည် အကြံပြုချက် တချို့ဖြစ်ပါသည်။မျက်နှာသစ်ဆေး။ပုံမှန်ဆပ်ပြာများသည် pH levels များသောကြောင့် သင့်အရေပြားကို ထိခိုက်စေပါသည်။ ထိုပစ္စည်းများသည် သင့်အရေပြားကို ထိခိုက်စေပြီး ခြောက်သွေ့စေပါသည်။ ထို့ကြောင့် ဆပ်ပြာ မပါသော၊ အရက် မပါသော ကုန်ပစ္စည်းများကို အသုံးပြုခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။တချို့ မျက်နှာသစ်ဆေး အမျိုးအစားများသည် အသားပေါ်ရှိ ဘက်တီးရီးယားများကို သေစေသည်။ ၎င်းတို့သည် သိပ်မဆိုးသော ဝက်ခြံအတွက် ကောင်းသော်လည်း ဝက်ခြံအထွက်များသော အသားအရေအတွက် မကောင်းပါ။ သင့်မျက်နှာက အရေပြားကို တစ်နေ့လျှင် အကြာကြီး၊ အကြိမ် အများကြီး သန့်ရှင်းခြင်း၊ မျက်နှာသစ်ခြင်း မပြုလုပ်သင့်ပါ။ ဤအရာသည် သင့်အသားအရေကို ထိခိုက်စေပြီး ရှိသင့်သော အဆီများကို ကုန်စေသောကြောင့် အသားအရေကို ခြောက်သွေ့စေပါသည်။ သင့်မျက်နှာကို တစ်နေ့လျှင် နှစ်ကြိမ်သာ သန့်ှရှင်းသောရေ၊ မျက်နှာသစ်ဆပ်ပြာ အပျော့စားဖြင့် သန့်ရှင်းရေး လုပ်ပါ။ ပုဝါကို အသုံးမပြုဘဲ လက်ကို အသုံးပြုပါ။ ဝက်ခြံအများကြီး ထွက်လာပြီး အမာရွတ်ကျန်ခြင်းလည်း ဖြစ်နိုင်ပါသည်။မျက်နှာကို အစိုဓါတ်ထိန်းသော အလှကုန်များ။ထိုအလှကုန်များသည် သင့်အသားအရေကို ကောင်းလာစေပါသည်။ သင့်ဝက်ခြံကို ကုသသော ဆေးများသည် အသားအရေကို ခြောက်သွေ့စေသောကြောင့် အလွယ်တကူ ထိခိုက်စေပါသည်။ သင်သည် အရေဓါတ်များသော အလှကုန်များနှင့် အဆီမပါသော အလှကုန်များကို သုံးသင့်ပါသည်။ ၎င်းတို့သည် ဘက်တီးရီးယားကို တိုက်နိုင်ပြီး ဝက်ခြံပေါက်သော အသားအရေအတွက် ရည်စူးပြီး ထုတ်ထားခြင်းဖြစ်သည်။ အဆီများသော၊ ခရင်မ်ပုံစံ၊ သို့မဟုတ် အနှစ်ပုံစံများကို ရှောင်ပါ။မိတ်ကပ်အလှကုန်များ။မိတ်ကပ်လိမ်းမည်ဆိုလျှင် အဆီမပါသော အောက်ခံမိတ်ကပ်ကို သုံးသင့်သည်။ မိတ်ကပ်အများကြီး မလိမ်းသင့်ပါ။ မိတ်ကပ်ပစ္စည်း ရွေးချယ်ရာတွင် သင့်အရေပြားကို ထိခိုက်စေပြီး ဝက်ခြံကို ပိုဆိုးစေသော အလှကုန်များကို သတိပြုပြီး ရှောင်ကြဉ်ပါ။ဝက်ခြံပေါက်သော အသားအရေတွင် အမွေးရိတ်ခြင်း။အမျိုးသား အများစုသည်လည်း ဝက်ခြံပေါက်ဖူးကြသည်။ ဝက်ခြံပေါက်သော အသားအရေကို အမွေးရိတ်လျှင် နည်းလမ်း မှားယွင်းပါက အသားကို ထိခိုက်စေနိုင်သည်။ ရေနွေးနှင့် ရေချိုးပြီးချိန်တွင် အမြှုပ် သို့မဟုတ် ဂျဲလ် တစ်ခုခု သုံးပြီး အသွားအများကြီးပါသော ရိတ်စက်ကို အသုံးပြုခြင်းသည် အကူအညီ ဖြစ်စေနိုင်သည်။နေရောင်နှင့် ခရမ်းလွန်ရောင်ခြည်။လူအများစုတွင် နေရောင်နှင့် ခရမ်းလွန် ရောင်ခြည်သည် ဝက်ခြံကို ကောင်းလာစေရန် ကူညီနိုင်သည်ဟု ထင်ကြသည်။ သို့သော် ထိုသို့ ပြုလုပ်ခြင်းသည် သင့်အသားအရေကို ထိခိုက်စေနိုင်ပြီး ဝက်ခြံကို ပိုဆိုးစေသည်။ ထို့ကြောင့် အပြင်သွားမည်ဆိုလျှင် နေရောင်ကာ လိမ်းဆေးများကို နေ့စဉ် လိမ်းပြီး အဆီမပါသော လိမ်းဆေးဖြစ်ရပါမည်။ဝက်ခြံပေါက်တတ်သော အသားအရေသည် တခြား အသားအရေထက် ပို၍ ထိခိုက်လွယ်ပါသည်။ သင့်အရေပြားကို ထိခိုက်နိုင်သော အရာများ အများကြီး ရှိပါသည်။ အသားအရေ ထိန်းသိမ်းသည့် အလှကုန်များကို မလိုလားအပ်သော ဆိုးကျိုးများ ရှောင်လွှဲရန် သေချာစွာ ရွေးချယ်သင့်ပါသည်။ သင့်အခြေအနေသည် ဆိုးရွားနေလျှင် သင့်ဆရာဝန် သို့မဟုတ် အရေပြား အထူးကုနှင့် ပြသဆွေးနွေးပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%81%80%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%b1%e1%80%95%e1%80%ab%e1%80%80%e1%80%b9%e1%80%9c%e1%80%bc%e1%80%9a%e1%80%b9%e1%80%90%e1%80%b2%e1%80%b7-%e1%80%9e%e1%80%84%e1%80%b7%e1%80%b9/
ဆိုရီရေးစစ် (Psoriasis) ကို Phototheraphy နှင့်Pulse Dye Laser ဖြင့်ကုသခြင်း
သင့်တွင် Psoriasis ရောဂါ အနုစား သို့မဟုတ် အပြင်းစားရှိနေလျင် ယင်းရောဂါသည် ရေတာရှည်ဖြစ်သည့်အတွက် သင်တတ်နိုင်သမျှ လေ့လာမှတ်သားထားရန်အရေးကြီးပါသည်။ Psoriasis ကို မည်ကဲ့သို့ သက်သာအောင်ပြုလုပ်မည်ဆိုသည့် ဗဟုသုတနှင့် ရနိုင်သောကုသမှုများအကြောင်းကို သိရှိထားရန်အရေးကြီးသည်။ Phototherapy နှင့် Pulse Dye Laser သည် psoriasis အတွက် အသုံးများသော ကုသမှုများဖြစ်သည်။Phototherapy သည် ရောဂါဖြစ်သော အရေပြားနေရာကို တိုက်ရိုက်ကုသသည်။ ultraviolet light therapy ဟုလည်းခေါ်ပြီး ခရမ်းလွန်ရောင်ခြည် A နှင့် Bတို့ကို အသုံးပြု၍ ကုသသည်။ ခရမ်းလွန်ရောင်ခြည် B သည် A ထက် ရလဒ်ကောင်းပိုရနိုင်ပါသည်။ ကုသရာတွင် အောင်မြင်မှုရစေရန် ပုံမှန်အစီအစဉ်ဖြင့် ဆေးသွင်းခြင်းဖြင့် ကုသသင့်သည်။ဤကုထုံး၏ကောင်းသောအချက်မှာ သင့်ဆရာဝန်၏ ဆေးခန်း သို့မဟုတ် ရုံးခန်းသို့ နေ့စဉ်သွားရောက်ရန်မလိုပေ။ သင့်အိမ်တွင်ပင် ဆေးကုသသောနေရာတစ်ခုလုပ်၍ ကုသနိုင်သည်။ သို့သော် သင်၏လုံခြုံစိတ်ချရမှုအတွက် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်းလိုက်နာရန် အရေးကြီးသည်။ အချို့သောလူနာများတွင် ခရမ်းလွန်ရောင်ခြည်နှင့် ကုသရာတွင် ပိုကောင်းမလာခင် ပိုဆိုးသောအခြေအနေသို့ အရင်ရောက်သွားတတ်သည်။ ခရမ်းလွန်ရောင်ခြည်ကို လိုအပ်သည်ထက် ပိုပေးမိလျင် အရေပြားများ နီရဲလာခြင်း၊ ယားယံလာခြင်းတို့ဖြစ်တတ်သည်။ ထိုသို့ဖြစ်လျှင် ပမာဏကို လျော့ချသင့်ပါသည်။phototherapy အပြင် နေရောင်ဖြင့်တိုက်ရိုက်ထိတွေ့ခြင်းဖြင့်လည်း တူညီသော အာနိသင်ကို ရရှိနိုင်ပါသည်။ သို့သော် ဖြည်းညင်းစွာစတင်ရန်အရေးကြီးသည်၊ ပြင်းထန်သောနေရောင်အောက်တွင် ငါးမိနစ်မှဆယ်မိနစ်ခန့်သာနှင့် စတင်ပြီး တဖြည်းဖြည်းနှင့် နေရောင်ထဲတွင် နေချိန်ကို တိုးနိုင်ပါသည်။ ထိုသို့ အစီအစဉ်လုပ်ခြင်းဖြင့် ပမာဏကို ထိန်းညှိနိုင်ပြီး အလွန်အကျွံမဖြစ်စေရန် သတိပြုနိုင်ပါသည်။ ထိုသို့ ကုသမှုယူနေစဉ် ရောဂါမရှိသော အရေပြားနေရာများကို နေရောင်ကာလိမ်းဆေးများလူးခြင်းဖြင့် ကာကွယ်ထားနိုင်ပါသည်။ သင့်ကိုယ်တိုင် ထိုကုသမှုကို မစတင်မီ သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါသည်။ အချို့သော psoriasis ကို ကုသသော ဆေးများသည် သင့်အရေပြားကို နေရောင်နှင့် ထိတွေ့သည့်အခါ ထိခိုက်မှုပိုများစေနိုင်သောကြောင့် ဖြစ်ပါသည်။ အသားညိုအောင် နေရောင်ခံခြင်းသည် သင့် အရေပြားကို ထိခိုက်စေပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေ၍ အရေပြားကင်ဆာဖြစ်ပွားနိုင်ချေကိုလည်း များစေပါသည်။အခြားကုထုံးတစ်ခုမှာ လေဆာကို အသုံးပြုခြင်းဖြစ်သည်။ လေဆာကုထုံးသည် လေဆာအမျိုးအစား နှစ်ခုကို အသုံးပြုသည်။ a pulsed dye laser (PDL) နှင့် an excimer laser တို့ဖြစ်သည်။ Pulsed dye lasers လေဆာသည် အဝါရောင်အလင်းကို အရေပြားသို့ တိုက်ရောက်ထိတွေ့စေပြီး အပူအဖြစ်ပြောင်းလဲစေသည်။ ထိုအပူသည် အခြား ဆဲလ်များကို မထိခိုက်စေပဲ psoriasis ကို ဖြစ်စေသော သွေးကြောအပိုများကို ဖျက်ဆီးပစ်နိုင်သည်။ ထိုကုထုံးဖြင့် ကုသနေသောလူနာများသည် သုံးပတ်တစ်ခါ ၁၅ မိနစ်မှ မိနစ် ၃၀ အကြာ ကုထုံးကို ရယူသင့်ပါသည်။သင့်ကုထုံးတွင် လေဆာပမာဏအတွက် သင့်ရောဂါအခြေအနေအရ အရေပြားအထူနှင့် အရေပြားအရောင်များပေါ်မူတည်၍ ပမာဏကွဲပြားနိုင်သဖြင့် သင့်ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ ကုသနေစဉ်အတွင် သင်၏မျက်လုံးများကို ကာကွယ်ရန် အမဲရောင် မျက်မှန်တပ်ထားရပါမည်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/psoriasis/%e1%80%86%e1%80%ad%e1%80%af%e1%80%9b%e1%80%ae%e1%80%9b%e1%80%b1%e1%80%b8%e1%80%85%e1%80%85%e1%80%ba-psoriasis-%e1%80%80%e1%80%ad%e1%80%af-phototheraphy-%e1%80%94%e1%80%be%e1%80%84%e1%80%ba/
ကလေးများတွင်ဖြစ်သော Reactive Attachment Disorder
ကလေးများကို စောင့်ရှောက်သူများက ကျွေးမွေးပြုစု ထိန်းကျောင်းသောအခါ သံယောဇဉ် ဖြစ်လာသည်။ ထိုသံ ယောဇဉ်ကြောင့်ပင် ကလေးများသည် အခြားလူများကို ဘယ်လိုယုံကြည်ရန်၊ ချစ်ခင်ရန် သိနားလည်လာသည်။ သို့သော်လည်း အချို့အခြေအနေများတွင် အရွယ်ရောက်ပြီး သူများ သည် ကလေးများအား လုံလောက်စွာ ဂရုမစိုက်ဘဲ သူတို့နှင့် ကလေးများကြားတွင် ဆက်ဆံရေး ပြဿနာများ ရှိလာမည်။ ထိုသို့ထပ်ခါထပ်ခါ ဖြစ်ပါက reactive attachment disorder (RAD) ဖြစ်လာနိုင်သည်။ ၎င်းသည် ကလေးများ၏ အနာဂတ်ဘဝတွင် အဟန့်အတား ဖြစ်လာ လိမ့်မည်။Reactive attachment disorder (RAD) ဆိုသည်မှာ ကလေးများသည် သူတို့မိဘများ သို့မဟုတ် စောင့်ရှောက်သူ များနှင့် အချိန်ကြာပြီး အဆင်ပြေသော ဆက်ဆံမှုမရှိခြင်း ဖြစ်သည်။ ရှုပ်ထွေးပြီး ပြင်းထန်သော်လည်း အဖြစ်နည်းသော အခြေအနေတစ်ခု ဖြစ်ပါသည်။ ယေဘုယျအားဖြင့် RAD သည် အသက်၅နှစ်မှစပြီး အချိန်မီ မကုသပါက တစ်သက် တာဖြစ်သော အခြေအနေတစ်ခု ဖြစ်နိုင်သည်။ RAD အမျိုး အစားနှစ်မျိုးရှိသည်။ inhibited နှင့် disinhibited ဖြစ်သည်။ဤရောဂါ၏ ပျံ့နှံ့မှုနှုန်းကို မသိရှိပါ။ ဆေးပညာတွင် တွေ့ကြုံရခဲသည်။ RAD သည် ကလေးများ၏ ၁၀ ရာခိုင်နှုန်း တွင် ဖြစ်ပွားသည်။ကလေးနှင့် စောင့်ရှောက်သူများကြားတွင် ခိုင်မြဲသော ဆက်သွယ်မှု မရှိခြင်း သို့မဟုတ် ထိုဆက်သွယ်မှု ပြတ်တောက်သွားခြင်းသည် RAD ကိုဖြစ်စေသည်။ ကလေး၏ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဆက်တိုက် လျစ်လျူရှု ထားခြင်းကြောင့်လည်း ဖြစ်ပွားနိုင်သည်။ စောင့်ရှောက်သူ များ မကြာခဏပြောင်းလဲခြင်းသည်လည်း ကလေးနှင့် သူတို့ ကို ထိန်းကျောင်းသူများကြားရှိ ဆက်သွယ်မှုကို ပြတ်တောက် စေနိုင်သည်။RAD သည် ကလေး၏ ရုပ်ပိုင်းဆိုင်ရာနှင့် ညဏ်ရည်ပိုင်း ဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သည်။ ခန္ဓါကိုယ် ကြီးထွားမှု နှေးခြင်း သို့မဟုတ် သင်ယူနိုင်စွမ်း နှေးခြင်းတို့ ဖြစ်နိုင်သည်။ သူတို့တွင် စိတ်အနှောင့်အယှက်ပေးသော အပြုအမှုများ ဖြစ်ပေါ်လာပြီး သူတို့၏ ဘဝ ဆက်ဆံရေးကို ပျက်စီးစေသည်။ စိတ်ဖိစီးခြင်းနှင့် စိတ်ဓါတ်ကျခြင်းကိုလည်း ပို၍ ခံစားရသည်။ ၎င်းတို့သည် ဆေးစွဲခြင်းကို ဖြစ်စေသည်။RAD အတွက်ကုသမှုသည် စောင့်ရှောက်သူများအပေါ် တွင် မူတည်သည်။ ကလေးနှင့် စောင့်ရှောက်သူများ၏ ဆက်ဆံရေးကို ထိခိုက်စေသော ပြဿနာကို ရှာဖွေပါ။ ကလေးနှင့် သံယောဇဉ် ဖြစ်လာစေရန် ကလေးပြုစုပျိုးထောင် ခြင်း နည်းလမ်းများကို သင်ယူနိုင်သည်။ RAD ကို ကုသရန် ဆေးဝါးမရှိသော်လည်း ကုထုံးဖြင့် ကုနိုင်သည်။ ကုထုံးတွင် ကလေးနှင့် စောင့်ရှောက်သူများသည် သူတို့၏ အတွေးများ၊ စိတ်ခံစားမှုများကို ဖော်ထုတ်နိုင်သည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/behavioral-and-developmental-disorders/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac-reactive-attachment-disorder/
မူကြိုကလေးများတွင် ပေါင်းသင်းဆက်ဆံရေး ဖွံ့ဖြိုးမှု
အသက် ၃နှစ်မှ ၅နှစ်တွင် သင်၏ကလေးသည် တစ်ကိုယ်ကောင်းဆန်မှု နည်းလာပြီး ပို၍ ဖော်ရွေသော လူ တစ်ယောက်အဖြစ် ပြောင်းလဲလာသည်။ သင့်အပေါ်တွင် မှီခိုမှု နည်းလာပြီး အခြားလူများဖြင့် ဘယ်လို ဆက်ဆံရန်၊ မျှဝေရန် စတင်သင်ယူလာသည်။ မိဘများသည် ကလေးများ ပေါင်းသင်းဆက်ဆံရေး ဖွံ့ဖြိုးလာသော အချိန်တွင် ဘာတွေ ဖြစ်သလဲကို ပို၍လေ့လာသင့်ပြီး သူတို့ကောင်းစွာ ကြီးပြင်း လာရန် ကူညီရမည်။ဤအရွယ်တွင် ကလေးများသည် တစ်ဦးနှင့်တစ်ဦး ကစားကြသည်။ အခြားကလေးများဖြင့် လှုပ်ရှားမှုများကို အမှန်တကယ် လုပ်ဆောင်သည်။ အရုပ်များ၊ ဂိမ်းများထက် ယုံတမ်းပုံပြင်များလုပ်ပြီး ကစားကြသည်။ ကလေးများသည် အရွယ်ရောက်သူများ၏ အလုပ်ကို တုပပြီးကစားကြသည်။ ဥပမာ ဈေးဝယ်ထွက်ခြင်း၊ ရဲစခန်းသို့သွားခြင်း။ ထိုလှုပ်ရှားမှု များသည် ကလေးများကို ဆွဲဆောင်သည်။ အရွယ်ရောက်ပြီး သူများ၏ လှုပ်ရှားမှုကို တုပခြင်းအားဖြင့် ကလေးများသည် တစ်ဦးကို တစ်ဦးကူညီရန်၊ ပူးပေါင်းဆောင်ရွယ်ရန်နှင့် ဂရုစိုက် ရန် သင်ယူလာသည်။ထို သရုပ်ဆောင်သော ကစားနည်းများတွင် သင့်ကလေး သည် သူတို့၏ ကိုယ်ပိုင်လိင်ကို စတင်ဖော်ထုတ်လာသည်ကို သင်တွေ့ရလိမ့်မည်။ ဥပမာ ယောက်ျားကလေးများသည် ဖခင်အနေတွင် ကစားပြီး မိန်းကလေးများသည် မိခင်နေရာ တွင် ကစားနိုင်သည်။ ထိုအရွယ်တွင် သင်၏သားသည် အဖေ၊ အကိုကြီးများနှင့် အိမ်နီးနားချင်းရှိ အခြား ယောက်ျားလေး များကို စိတ်ဝင်စားနှစ်သက်နိုင်ပြီး သင်၏ သမီးသည် အမေ၊ အမကြီးများနှင့် အခြားမိန်းကလေးများကို နှစ်သက်လိမ့်မည်။လေ့လာမှုအရ ယောက်ျားလေးများနှင့် မိန်းကလေးများ ကို ခွဲခြားပေးသော ဖွံ့ဖြိုးမှုနှင့် အပြုအမူကွာခြင်းခြင်းသည် အနည်းငယ်သာရှိသည်ဟု ဆိုသည်။ ဤအသက်အရွယ်တွင် လိင်နှင့်ဆိုင်သော စရိုက်လက္ခဏာအများစုသည် မိသားစုနှင့် လူထုမှ လွှမ်းမိုးမှုအတိုင်း ပုံပေါ်သည်။ သင့်မိသားစုတွင် အမေနှင့် အဖေသည် အိမ်၏ တာဝန်များကို တူညီစွာ ခွဲဝေ လုပ်သော်လည်း သင့်ကလေးသည် အိမ်နီးနားချင်းများ၊ သူငယ်ချင်းများ၏ မိဘများတွင် မတူညီသည်ကို သတိပြုနိုင် သည်။ ကလေးများသည် သူတို့လိင်နှင့် သင့်တော်သော သို့မဟုတ် မသင့်တော်သော အပြုအမူများကို သဘောကျခြင်း သို့မဟုတ် မနှစ်သက်ခြင်း ဖြစ်လာနိုင်သည်။ ရလဒ်အနေဖြင့် ကလေးများ၏ လိင်ပိုင်းဆိုင်ရာ လက္ခဏာကို တည်ငြိမ်မြဲမြံ စေသည်။ကျောင်းသည် သင့်ကလေး လူအများနှင့် တွေ့ကြုံရ သော ပထမဆုံးအတွေ့အကြုံ ဖြစ်သည်။ သင့်ကလေးသည် အခြားလူများဖြင့် မျှဝေခြင်း၊ ကူညီခြင်း ပြုမည်။ အထူးသဖြင့် ထိုအသက်အရွယ်အတွက် စီစဉ်ထားသော ကျောင်းရှိ လှုပ်ရှားမှုများတွင် ပါဝင်ခြင်းဖြင့် သင့်ကလေးသည် ပေါင်းသင်း ဆက်ဆံရေး တိုးတက်လာနိုင်သည်။ သင့်ကလေးသည် ကျောင်းတက်ရန် အရွယ်မရောက်သေးပါက အခြား ရွယ်တူ များဖြင့် ကစားရန် အခွင့်အရေးပေးပါ။ ဥပမာ အခြားကလေး များဖြင့် ကစားကွင်းတွင် ကစားခြင်း။ဤအရွယ်တွင် သင့်ကလေးသည် သင့်ထက် သူ၏ သူငယ်ချင်း အပေါင်းအဖော်များကို ပိုပြီးနှစ်သက် နိုင်သည်။ ၎င်းသည် ကောင်းသော လက္ခဏာတစ်ခု ဖြစ်ပြီး သင်သည် ထို ခင်မင်ရင်းနှီးမှုကို အားပေးသင့်သည်။ သင့်ကလေးသည် ဆက်ဆံရေးတွင် ဘာကမှားသည် ဘာကမှန်သည် ဟူသော စံနှုန်းများကို စတင်လေ့လာနိုင်သည်။သင့်ကလေး၏ အပြုအမူသည် ရုတ်တရက် ပြောင်းလဲ နိုင်သည်။ သူသည် တစ်စုံတစ်ခုကို တအား တောင်းဆိုခြင်း သို့မဟုတ် သင်မှ သူတစ်ခု မှားလုပ်သည်ကို ပြောသောအခါ သင့်အား ပြန်ပြောခြင်း လုပ်နိုင်သည်။ စိတ်အေးအေးထားပြီး သင့်တော်စွာ တုံ့ပြန်ပါ။ သင့်ကလေးသည် ဤအရွယ်တွင် စိတ်ပိုင်းဆိုင်ရာ အလွန် ခံစားလွယ်သောကြောင့်ဖြစ်သည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/social-development-in-preschoolers/
ဆိုရီရေးစစ် (psoariasis), နှင်းခူ (eczema), အရေပြားရောင်ရမ်းခြင်း (dermatitis) တို့ဘယ်လိုကွာခြားသလဲ
အရေပြားပေါ်အနီကွက်ပေါ်၍ ယားယံခြင်း၊ ရောင်ယမ်းခြင်း သည် လူအများစုအတွက် အဆင်မပြေဖြစ်နိုင်ပါသည်။ အဖြစ်များသော အကြောင်းရင်းများမှာ psoriasis, eczema, and dermatitis တို့ဖြစ်ကြပါသည်။ ထိုရောဂါများသည် ဘယ်ရောဂါဖြစ်နေသည်ကို ခွဲခြား ရောဂါအမည်တပ်ရန်ခက်ပါသည်။အရေပြားရောင်ယမ်းခြင်းသည် အရေပြားပေါ်တွင် ကွက်၍ ရောင်ယမ်းနေသောအခြေအနေကိုပြသော ကျယ်ဝန်းသောအသုံးအနှုန်းဖြစ်သည်။ အကယ်၍ သင့်အရေပြားကို တစ်ခုခုနှင့်ထိတွေ့မိသောအခါဖြစ်သောအခါ ထိုသို့ဖြစ်ပါက သင့်တွင်ထိတွေ့ခြင်းကြောင့် ဖြစ်သောအရေပြားရောင်ရောဂါရှိသည်ဟုပြောနိုင်သည်။ ထိုအခြေအနေကို နှစ်မျိုးခွဲနိုင်ပါသည်၊ နီရဲနာကျင်စေသောပစ္စည်းနှင့်ထိတွေ့မိခြင်းနှင့် ဓါတ်မတည့်ခြင်းတို့ဖြစ်ပါသည်။ အများစုတွင် နီရဲခြင်း၊ ယားယံသောအကွက်များထွက်ခြင်း လက္ခဏာများဖြစ်ကြသည်။Irritant contact dermatitis (ICD) သည် အဖြစ်များသော အရေပြားရောင်ယမ်းမှုဖြစ်ပြီး ဓါတုပစ္စည်းများ၊ အက်ဆစ်များ၊ ဆပ်ပြာများ၊ နှင့် ဆပ်ပြာမှုန့်များကဲ့သို့သော မတည့်သောပစ္စည်းနှင့် ထိတွေ့သည့်အခါ အရေပြားတွင် ရောင်ယမ်းလာခြင်းဖြစ်သည်။ Irritant contact dermatitis သည် သင့်တွင် အရင်က ထိုပစ္စည်းများနှင့် ထိတွေ့ခဲ့ခြင်း ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဖြစ်ပေါ်နိုင်သည်။ ICD ရှိလျင် သင့်လက်များတွင် အနီကွက်များထွက်လာပြီး ပူခြင်း၊ ယားယံခြင်း၊ နှင့် နာကျင်ခြင်းများခံစားရနိုင်သည်။ ထို့ကြောင့် မတည့်သောပစ္စည်းကို ရှောင်နိုင်အောင်ကြိုးစားရမည်။Allergic contact dermatitis (ACD) သည် အရာဝတ္တုတစ်ခုခုနှင့် ထိတွေ့သည့်အခါ ဓါတ်တုန့်ပြန်ခြင်း သို့မဟုတ် ဓါတ်မတည့်ခြင်းများဖြစ်တတ်သည်။ ဥပမာအားဖြင့် နီကယ်၊ သို့မဟုတ်အခြား သတ္ထုပစ္စည်းများ၊ နှင့် အချို့အနံ့များ၊ အချို့ဆေးများ သည် ဓါတ်မတည့်ခြင်းကိုဖြစ်စေနိုင်သည်။ လက္ခဏာအားဖြင့် ယားယံခြင်း၊ အရေပြားတွင် အနီအကွက်ထွက်ခြင်း၊ ကို ၂၄ နာရီမှ ၄၈ နာရီအတွင်း တွေ့ရှိရသည်။ မကြာခဏဖြစ်တတ်သောသူများတွင် မတည့်သော အရာဝတ္ထုနှင့် မတည့်ကြောင်းစစ်ဆေးထားသင့်သည်။နှင်းခူ ဘာကြောင့်ဖြစ်သည်ကို အတိအကျ မသိရပါ။ အများစုသောလေ့လာမှုများတွင် မျိုးရီုးဗီဇ နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်များကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။ အဖြစ်များသောအမျိုးအစားမှာ atopic dermatitis ဖြစ်ပြီး ကလေးငယ်များတွင် ဖြစ်တတ်သည်။ ကလေးအသက် ၂ နှစ်ထက်ကြီးလာသောအခါ သို့မဟုတ် အရွယ်ရောက်လာသောအခါ ပျောက်သွားတတ်သည်။ သင့်တွင် နှင်းခူရောဂါဖြစ်သောအခါ သင်၏ အရေပြားတွင် ယားတတ်သော အကွက်များပေါ်လာပြီး နီရဲရောင်ယမ်းကာ ကုတ်မိလျင် အရေပြားများအဖတ်လိုက်ကွာကျနိုင်သည်။ အနီကွက်များသည် မျက်နှာ၊ လက်မောင်းအတွင်းဘက်၊ ဒူးဆစ်အနောက်ဘက် နှင့် လက်ဖဝါး၊ ခြေဖဝါးများတွင် တွေ့တတ်သည်။နှင်းခူရောဂါကို ပိုဆိုးစေသော အချက်များကို သိပြီး ရှောင်နိုင်လျှင်ကောင်းသည်။ များသောအားဖြင့် ဖြစ်စေသောအချက်များမှာ အိမ်သန့်ရှင်းရေးလုပ်သော ပစ္စည်းများ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာ၊ ကလိုရင်း၊ သိုးမွှေး၊ နှင့် ဆေးဝါးအချို့၊ တို့ဖြစ်ကြသည်။ အချို့သော ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ဥပမာ အပူချိန်ပြောင်းလဲခြင်း၊ စိတ်ဖိစီးမှု များသည်လည်း နှင်းခူရောဂါကို ပိုဆိုးစေသည်။ နှင်းခူရှိမရှိ ပြောရခက်သောကြောင့် သိနိုင်ရန် ဆရာဝန်နှင့် ပြသပါ၊ ဆရာဝန်မှ သင့်တွင် မိသားစုရာဇဝင်ရှိမရှိ မေးမြန်းပြီး ဓါတ်မတည့်သည့် ပစ္စည်းကို စစ်ဆေးရန် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရနိုင်ပါသည်။Psoriasis သည် ရေတာရှည်ရောဂါတစ်ခုဖြစ်ပြီး ခုခံအားစနစ် အလိုလိုတုံ့ပြန်တိုက်ခိုက်သောကြောင့် ဖြစ်နိုင်သည်။ သင့်တွင် Psoriasis ရောဂါဖြစ်လျင် အရေပြားထူခြင်း၊ အနီကွက်များပေါ်ခြင်း၊နှင့် ငွေရောင်အဖတ်များကွာကျခြင်းတို့ဖြစ်နိုင်ပါသည်။ အနီကွက်များဖြစ်လျင် ယားယံခြင်း၊ နာကျင်ခြင်း နှင့် ပူခြင်းတို့ဖြစ်နိုင်သည်။ လက်မောင်းအပြင်ဘက်နှင့် ဒူးဆစ်တွင် တွေ့ရတတ်သည်။ သို့သော် ဦးခေါင်းအရေပြားနှင့် လက်သည်းတွင်လည်း ဖြစ်တတ်သည်။ ဖြစ်စေသော အကြောင်းရင်းကို မသိရပါ။ သို့သော် များစွားသော အကြောင်းရင်းများက Psoriasis ကို ပိုဆိုးစေပါသည်။ ဥပမာအားဖြင့် စိတ်ဖိစီးမှု၊ ရာသီဥတုအေးခြင်း၊ အရေပြားထိခိုက်ခြင်း၊ နှင့် အခြားသော ဆေးဝါးများကြာင့် ဖြစ်နိုင်ပါသည်။ atopic dermatitis နှင့် မတူပဲ Psoriasis သည် ကလေးငယ်များတွင် မတွေ့ရပဲ လူကြီးများတွင်သာ ဖြစ်တတ်သည်။ Psoriasis သည် အခြားသော အရေပြားရောဂါများနှင့် တူနိုင်သည့်အတွက် ရောဂါအမည်တပ်နိုင်ရန် ဆရာဝန်နှင့် ပြသတိုင်ပင်ပါ။ အချိုသော လူနာများတွင် အကောင်းဆုံးကုသမှုရရန်အတွ့က် ဆရာဝန်မှ အရေပြားမှ အသားစယူခြင်းကို ဆောင်ရွက်နိုင်ပါသည်။ထိုအရေပြားရောဂါများကို ခွဲခြားရန် သီးသန့်စစ်ဆေးသည့် နည်းလမ်းမရှိပါ။ အလွန်ဆင်တူသောကြောင့် ခွဲခြားရန်ခက်ခဲပါသည်။ ထို့ကြောင့် သင့်အရေပြားတွင် ဘာဖြစ်နေသည်ကို သိရှိရန် သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေနွေးပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/psoriasis/%e1%80%86%e1%80%ad%e1%80%af%e1%80%9b%e1%80%ae%e1%80%9b%e1%80%b1%e1%80%b8%e1%80%85%e1%80%85%e1%80%ba-psoariasis-%e1%80%94%e1%80%be%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%b0-eczema-%e1%80%a1/
အသက်ရှူလမ်းကြောင်းရောဂါအတွက် ဘာတွေသိထားသင့်သလဲ
Respiratory syncytial virus(RSV) သည် အလွယ်တကူ ကူးစက်နိုင်သော ဗိုင်းရပ်စ်ဖြစ်ပြီး ကလေး အသက် ၂ နှစ်အောက်ကလးများတွင် အသက်ရှုလမ်းကြောင်းအား ကူးစက်နိုင်ပါသည်။ ဖြစ်ရပ်တစ်ချို့တွင် RSV ကူးစက်ခြင်းမှ ပြင်းထန်သော နောက်ဆက်တွဲပြဿနာများဖြစ်သည့် လေပြွန်ရောင်ခြင်း (အဆုတ်၏ လေပြွန်ငယ်များရောင်ခြင်း) သို့မဟုတ် နမိုးနီးယားတို့ ဖြစ်တတ်ပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ပါသည်။ပုံမှန်အားဖြင့် RSV ကူးစက်ခြင်း၏လက္ခဏာများမှာ အအေးမိခြင်းကဲ့သို့ ချောင်းဆိုးခြင်း၊ နှာစေးခြင်းများလို လက္ခဏာများဖြစ်သည်။ သို့သော် အအေးမိခြင်းနှင့်မတူသည်မှာ RSVB သည် နှာခေါင်းမှလည်းချောင်း ထိုမှ အသက်ရှုလမ်းကြောင်း အောက်ပိုင်းဆီသို့ အလျင်အပြန် ပျံ့နှံ့နိုင်ပြီး အဆုတ်တစ်ရှူးများကို ရောင်ရမ်းစေနိုင်ပါသည်။RSV ကူးစက်ခံရသူအများစုသည် အအေးမိခြင်းလို ၂-၃ ရက်နှင့်မရက်ပဲ ၁၀ ထိကို ကြောက်စရာကောင်းသလိုလို ခံစားရပါသည်။ RSV ကူးစက်ခံရသော လူများတွင် အပြင်းအထန်ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်းတို့ဖြစ်တတ်ပြီး အောက်စီဂျင်လုံလောက်စွာရရန် ခက်ခဲ၏။RSV သည် ကူးစက်အလွန်လွယ်ပြီး ပိုးကူးစက်ခံရသူ ချောင်းဆိုး နှာချေရမှထွက်သော တံတွေးနှပ်မှုန်များမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ ပိုးသည် လက်နှင့် အဝတ်အစားများပေါ်တွင် ရှင်သန်နိုင်ပြီး ပိုးရှိသည့်အရာဝတ္ထုကိုကိုင်မိလျှင်လည်း ကူးစက်နိုင်ပါသည်။RSV သည် အိမ်၊ ကျောင်းနှင့် ကလေးပြုစုရေးစင်တာများမှတစ်ဆင့် အလွယ်တကူ ပျံ့နှံ့နိုင်ပါသည်။ တစ်နှစ်သားအောက်အရွယ်များတွင် အကိုအမများကျောင်းမှသယ်လာသည့် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်ပါသည်။ကလေးသည် အသက်ကိုအားစိုက်ပြီး မြန်မြန်ရှုနေရလျှင် သို့မဟုတ် ခြေထိပ်လက်ထိပ်များ နှုတ်ခမ်းများ ပြာလာလျှင် ဆေးပညာအကူအညီကို ချက်ချင်းရယူသင့်ပါသည်။အောက်ပါလက္ခဏာများကို မိဘများသတိထားမိလျှင်လည်း ဆရာဝန်ကိုခေါ်သင့်ပါသည်။ အဝါရောင်၊ အစိမ်းရောင်၊ မီးခိုးရောင်သလိပ်များထွက်ခြင်း၊ လှုပ်ရှားမှုသိပ်မရှိခြင်း၊ နို့မစို့ချင်ခြင်း သို့မဟုတ် ရေဓါတ်ခမ်းခြောက်သည့် လက္ခဏာများ။မိဘအများစုထင်ကြသည်မှာ RSV သည် ကလေးငယ်များနှင့် လမ်းလျှောက်စအရွယ်များတွင်သာ အဖြစ်များသည်ဟု ထင်ကြသည်။ ကလေးများသည် RSV ကြောင်းဖျားနာခြင်းပိုဖြစ်လွယ်သည်ဆိုသော်လည်း ဗိုင်းရပ်စ်သည် လူကြီးများကိုပါ ထိခိုက်နိုင်၏။ အထူးသဖြင့် တခြားရောဂါအခံများရှိနေလျှင် ဖြစ်နိုင်ပါသည်။အမှန်ဆိုလျှင် လူကြီးများသည် ဘဝတစ်လျှောက်လုံး ခဏခဏ RSV ပိုးကူးစက်ခံရနိုင်ပါသည်။ သို့သော် အအေးမိသလောက်သာ လက္ခဏာများပြတတ်သောကြောင့် သူတို့အတွက် သိပ်ပြဿနာမဟုတ်ပါ။ယခုလက်ရှိတွင် RSV အတွက်တိကျသော ကုသမှု မရှိသေးပါ။ မပြင်းထန်သည့်ကိစ္စများတွင် အလွယ်တကူဝယ်ယူနိုင်သောဆေးများသည် နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်းနှင့် ဖျားခြင်းတို့ကို သက်သာစေနိုင်ပါသည်။ သို့သော် လုံလောက်သည့် အာဟာရနှင့် အောက်စီဂျင်ရရှိနိုင်ရန်အတွက် ဆေးရုံတက်သင့်ပါသည်။ ထိုမှသာ မြန်မြန်ကျန်းမာပြီး ဗိုင်းရပ်စ်ကို တိုက်နိုင်မည်ဖြစ်သည်။ ဖွံဖြိုးဆဲနိုင်ငံများတွင် ၂၀၀,၀၀၀ သောကလေးများ RSV နှစ်စဉ် ကူးစက်ခံရပါသည်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/%e1%80%a1%e1%80%9e%e1%80%80%e1%80%b9%e1%80%9b%e1%80%bd%e1%80%b4%e1%80%9c%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82/
မိန်းမကိုယ်ယားယံ စေတဲ့ အကြောင်းရင်း(၈) ခု
ခံရခက်ဆုံး ဝေဒနာတွေထဲမှာမိန်းမကိုယ်ယားယံခြင်းလည်း ပါဝင်ပါတယ်။ လက်တို့၊ ခြေထောက်တို့လို အလွယ်တကူဖြေရှင်းလို့ရတဲ့ နေရာအစိတ်အပိုင်းလည်းမဟုတ်၊ ယားလို့ဆိုပြီး ကုတ်လို့ရတဲ့ နေရာလည်းမဟုတ်နဲ့ တော်တော်ခံစားရခက်မှာပါ။ ဒီလို ဝေဒနာခံစားရတယ်ဆို ရှက်တာနဲ့ပဲ ဘယ်သူ့မှမပြောရဲ၊ အကြံမတောင်းရဲ၊ ဘာလုပ်ရမှန်းမသိ ဖြစ်တတ်ပါတယ်။ယားယံပြီဆိုကတည်းက ရောဂါပိုးတစ်ခုခုဝင်တဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါ့ကြောင့် ကြိုတင်ကာကွယ်နိုင်ရင် ကာကွယ်၊ ဖြစ်လာပြီဆိုရင်တော့ ကြိတ်မှိတ်ခံပြီး ပိုဆိုးလာရတာထက် စောစောဖြေရှင်းကုသတာ ကောင်းပါတယ်။ ဒီလို ယားယံမှု ဖြစ်စေတဲ့ အကြောင်းရင်းတွေကို သိထားတယ်ဆိုရင်တော့ ကြိုတင်ကာကွယ်ဖို့ ပိုလွယ်ကူစေတာပေါ့။မိန်းမကိုယ်ကို ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိတဲ့အခါ ယားယံခြင်းကို ဖြစ်စေပါတယ်။ အဲဒီပစ္စည်းတွေက မိန်းမကိုယ်အပါအဝင် ခန္ဓာကိုယ်ရဲ့ နေရာအတော်များများကို နီမြန်း၊ ယားယံစေတဲ့ဓာတ်မတည့်တုံ့ပြန်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ Parabens ၊Methylchloroisothiazolinone ၊ Benzethonium Chloride တို့လို ဓာတုပစ္စည်းတွေကြောင့် အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ပေါင်ခြံတဝိုက် ယားယံတာနဲ့ လောင်တာလိုမျိုး မှိုပိုးဝင်တဲ့ လက္ခဏာတွေက အမျိုးအစား ၂ ဆီးချိုရောဂါရဲ့လက္ခဏာတွေ ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့သူတွေမှာ သွေးတွင်းသကြားဓာတ်က များနေတာကြောင့် မှိုပိုးတွေ ပေါက်ဖွားလွယ်တဲ့ အနေအထားကို ဖန်တီးပေးလိုက်သလို ဖြစ်စေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ ရောဂါကာကွယ်နိုင်စွမ်းကိုပါ လျော့နည်းစေပါတယ်။မိန်းကလေး တော်တော်များများမှာ ခံစားရတတ်တဲ့ ပြဿနာပါ။ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာရယ်၊ အတွင်းခံကျပ်ကျပ်တွေ ဝတ်တာရယ်ကြောင့် မိန်းမကိုယ်မှာ မှိုပိုးဝင်တာများပါတယ်။ နောက်တစ်ချက်က ပဋိဇီဝဆေးတွေ သောက်ပြီးနောက်ပိုင်း ခန္ဓာကိုယ်ထဲက ကောင်းတဲ့ဘက်တီးရီးယားတွေရော၊ မကောင်းတဲ့ဘက်တီးရီးယားတွေရော ရှင်းပစ်လိုက်တာကြောင့်ရောဂါပိုးကာကွယ်ပေးမယ့် အကျိုးပြုဘက်တီးရီးယားလေးတွေ မလုံလောက်တော့တာမျိုး ဖြစ်စေနိုင်ပါတယ်။ မှိုပိုးဝင်တဲ့ လက္ခဏာတွေကတော့ ယားယံတာ၊ လောင်တာ၊ ကပ်စေးတဲ့ အချွဲအဖြူဆင်းတာတွေ ပါဝင်ပါတယ်။မိန်းမကိုယ်မှာရှိတဲ့ သဘာဝဘက်တီးရီးယားပမာဏကို ပုံမှန်မထိန်းညှိနိုင်တဲ့အခါ မိန်းမကိုယ်ရောင်ရမ်းခြင်း (BV) ဖြစ်လာနိုင်ပါတယ်။ သူက အမြဲတော့ လက္ခဏာပြလေ့မရှိပေမယ့် အနံ့နံသော အဖြူဆင်းခြင်း၊ ယားယံခြင်း၊ အနံ့ဆိုးထွက်ခြင်းတို့ ဖြစ်လေ့ရှိပါတယ်။ အဖြူဆင်းရင် အရောင်ညစ်ညစ် ဒါမှမဟုတ် အကြည်ရောင်လည်း ဖြစ်နိုင်ပါတယ်။အတွင်းခံကျပ်ကျပ်ဝတ်ထားတော့ တစ်နေ့တာ သွားလာလှုပ်ရှားတဲ့အခါ ချွေးတွေနဲ့ပိတ်လှောင်ပြီး စိုစွတ်နေတဲ့အရေပြားမှာ ဘက်တီးရီးယားတွေ မွေးမြူထားသလိုပါပဲ။ အတွင်းခံရဲ့ပိတ်စအသားကလည်း ချွေးစုပ်ပြီး နေရသက်သာတဲ့ အမျိုးအစားဖြစ်သင့်ပါတယ်။အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကြောင့် ဒီရောဂါတွေကိုရရှိနိုင်ပြီး မိန်းမကိုယ်ကို ယားယံစေနိုင်ပါတယ်။ဒီရောဂါတွေရှိနေရင် ပုံမှန်မဟုတ်တဲ့ အနာတွေ၊ အဝါရောင်၊ အစိမ်းရောင် အရည်၊ အချွဲတွေ မိန်းမကိုယ်ကနေ ဆင်းတာ၊ ဆီးသွားရင်နာကျင်တာ စတဲ့ လက္ခဏာတွေလည်းဖြစ်နိုင်ပါတယ်။သွေးဆုံးချိန်ရောက်နေတဲ့ ဒါမှမဟုတ် သွေးဆုံးပြီး အမျိုးသမီးတွေမှာ မိန်းမကိုယ်ယားယံခြင်း ခံစားရနိုင်ခြေပိုများပါတယ်။ သွေးဆုံးချိန်အတွင်းမှာ အက်စထရိုဂျင်ဟော်မုန်းပမာဏလျော့နည်းသွားတာကြောင့် မိန်းမကိုယ်ခြောက်သွေ့ခြင်း ဖြစ်လာနိုင်ပါတယ်။ မိန်းမကိုယ်အတွင်းနံရံက အကျိအချွဲလေးတွေ ပါးသွားတာကြောင့် ခြောက်သွေ့လွန်ပြီး ယားတာ၊ စပ်တာတွေဖြစ်လာနိုင်တဲ့အတွက် ကုသမှုခံယူသင့်ပါတယ်။ခန္ဓာကိုယ်ပင်ပန်းမှုနဲ့ စိတ်ပင်ပန်းမှုတွေက မိန်းမကိုယ်ယားယံခြင်းကို ဖြစ်စေနိုင်ပေမယ့် သိပ်တော့အဖြစ်မများပါဘူး။ စိတ်ဖိစီးမှုကြောင့် ကိုယ်ခံအားကို အားနည်းစေပြီး ယားယံမှုတွေဖြစ်စေနိုင်တဲ့ ရောဂါပိုးဝင်ခြင်းတွေ ပိုအဖြစ်များစေနိုင်ပါတယ်။ဖြစ်ခဲတဲ့ အခြေအနေဆိုပေမယ့် မိန်းမကိုယ်ယားယံခြင်းက အမျိုးသမီးအင်္ဂါကင်ဆာရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်အတွင်း၊ အပြင်နှုတ်ခမ်းသားတွေ၊ မလိင်စေ့နဲ့ မိန်းမကိုယ်အဝ တို့ပါဝင်တဲ့ vulva အစိတ်အပိုင်းမှာ ကင်ဆာဖြစ်တာပါ။ ဒီကင်ဆာက လက္ခဏာပြလေ့မရှိဘဲ လက္ခဏာပေါ်လာခဲ့ရင်လည်း အဲဒီအစိတ်အပိုင်းတွေမှာ ယားယံခြင်း၊ ပုံမှန်မဟုတ်တဲ့သွေးဆင်းခြင်းနဲ့ နာကျင်ခြင်းစတာတွေ ဖြစ်စေနိုင်ပါတယ်။ Vulvar ကင်ဆာကို အစောပိုင်းအဆင့်မှာ သိရှိခဲ့ရင် ကုသပျောက်ကင်းနိုင်ပါတယ်။ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကို သိရပြီဆိုတော့ မိန်းမကိုယ်ယားယံ တာကို ဘယ်လိုကာကွယ်မလဲ၊ ဘယ်လိုသက်သာအောင်လုပ်မလဲဆိုတာ ဆက်ကြည့်ရအောင်။ဆေးကုသမှုက ဖြစ်ရတဲ့အကြောင်းရင်းကို မူတည်ပြီး သောက်ဆေး၊ လိမ်းဆေး တစ်မျိုးမျိုး ဒါမှမဟုတ် နှစ်မျိုးလုံးဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ ဆေးကိုချည်း အားမကိုးဘဲ ကိုယ်တိုင်ဂရုစိုက်လို့ရတဲ့ အချက်တွေကိုတော့ သိထားဖို့လိုပါလိမ့်မယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/vagina-itchness/
Chronic Cough (နာတာရှည်ချောင်းဆိုးခြင်း)
အရွယ်ရောက်ပြီးသူတွေမှာ ၈ပတ်နဲ့အထက်ကြာတတ်ပြီး ကလေးတွေမှာ၄ပတ်လောက်ကြာတတ်တဲ့ ချောင်းဆိုးရောဂါဖြစ်ပါတယ်။ နာတာရှည်ချောင်းဆိုးခြင်းက စိတ်အနှောင့်အယှက်ဖြစ်စေတာထက် ပိုပါတယ်။ အိပ်စက်ခြင်းကိုထိခိုက်စေုနိင်ပြိး မောပန်းစေနိုင်ပါတယ်။ ပြင်းထန်တဲ့အခြေအနေတွေမှာ အော့အန်ခြင်း၊ လစ်ဟာဟာဖြစ်ြခ်ငး၊ နဲ့နံရိုးကျိုးခြင်းကို တောင်ဖြစ်စေနိုင်ပါတယ်။ကံကောင်းတာကတော့ ဖြစ်ရတဲ့အကြောင်းရင်းကို ကုသလိုက်နုငိရင် ချောင်းဆိုးခြင်းက ပျေက်ကာင်းသွားလေ့ရှိပါတယ်။အရွယ်ရောက်ပြိးသူ ၁၀ရာနှုန်းက၂၀ရာနှုန်းမှာ တွေ့နေရပါတယ်။ အလုပ်အကိုင်နဲ့ဆက်စပ်နိုင်တာကြောင့် ေရောဂါအဖြေရှာရာမှာ အလုပ်အကိုင်ရာဇဝင်ကလည်း အရေးကြီးပါတယ်။ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။health condition ရဲ့ နာတာရှည်ချောင်းဆိုးခြင်းနဲ့အတူ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။ဒီလက္ခဏာတွေကို တွေ့ရှိခဲ့မယ်ဆိုရင် ဆေးကုသမှုချက်ချင်းခံယူသင့်ပါယတ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဖြစ်နေကျသာမန်ချောင်းဆိုးခြင်းက အဆုတ်ကနေထွက်တဲ့အရည်တွေနေမထိထိုင်မသာဖြစ်စေတဲ့ပစ္စည်းတွေကို ရှင်းထုတ်ဖို့နဲ့ ကူးစက်ပိုးတွေမှကာကွယ်နိုင်ဖို့ဖြစ်ပါတယ်။ သီတင်းပတ်များစွာချောင်းဆိုးနေပြီဆိုရင်ောတ့ ကျန်းမာရေးပြဿနာဖြစ်နိုင်ပါတယ်။ ကိစ္စအများစုမှာ အကြောင်းရင်းတစ်ခုထက်ပိုပါတယ်။ အောက်ပါတွေ့ရများတဲ့အကြောင်းရင်တွေက တစ်ခုတည်းရှိရင်သောလည်းကောင်း ပေါင်းစပ်ပြီးတော့သော်လည်းကောင်း နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။health condition ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ဆေးလိပ်သောက်ခြင်း – လတ်တလောသောက်ခြင်းသို့ သောက်လေ့ရှိခြင်းက နာတာရှည်ချောင်းဆိုးခြ်င်းကို ဖြစ်စေနိုင်ပတယ်။ ဆေးလိပ်အဆိပ်တွေကို တိုက်ရိုက်ရှူခြင်းဒါမှမဟုတ် ဆေးလိပ်သောက်နေသူထံမှ အဆိပ်များလေထဲရောက်လာသည်ကို ရှူမိခြင်း။ဓါတ်မတည့်ခြင်း – ဓတ်မတည့်တတ်တဲ့လူတွေမှာ ဓါတ်မတည့်ခြင်းကြောင့် ချောင်းဆိုးနိုင်ချေများပါတယ်။ပတ်ဝန်းကျင်ဆိုင်ရာ-အချို့လုပ်ငန်းခွင်တွေလေထုထဲမှာပါတဲ့ပစ္စည်းတွေကြောင့် ရှူမိပြီးချောင်းဆိုးခြင်းကို ဖြစ်စစနိုင်ပါတယ်။ လူနေထူထပ်တဲ့နေရာတွေနဲ့ ချက်ပြုတ်ခြင်း၊ အနွေးလှုံခြင်းအတွက် ကျောက်မီးသွေးအသုံးပြုခြင်းကလည်း ချောင်းဆိုးနိုင်ချေများပါတယ်။နာတာရှည်အဆုတ်ရောဂါ။ပန်းနာရင်ကျပ်ရောဂါ၊ လေပြွန်ပျက်စီးနေတဲ့လူနာ၊ နာတာရှည်လေပြွန်ပိတ်ဆို့ရောဂါ၊ နဲ့ အဆုတ်ကူးစက်ပိုးဝင်ဖူးခြင်းက ချောင်းဆိုးနိုင်ချေများစေပါတယ်။အမျိုးသမ်ီးများ- အမျိုးသမီးတွေမှာ ချောင်းဆိုးနိုင်ချေပိုများပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရုပ်ပိုင်းဆိုင်ရာစမ်းသပ်စစ်ဆေးခြင်း။ဆရာဝန်ဆီမှာ ကိုယ်ပူချိန်အပါအဝင် အရေးကြီးတဲ့လက္ခဏာတွေကို တိုင်းတာပေးပါလိမ့်မယ်။ မနာကျင်စေတဲ့ကလစ်သေးလေးကို သင့်လက်ချောင်းကိုညှပ်ထားခြင်းဖြင့် အောက်ဆီဂျင်ပမာဏကို စစ်ဆေးပါလိမ့်မယ်။ သင့်လည်မျိုနောက်ပိုင်ကို စစ်ဆးပြီး လိုအပ်မယ်ဆိုရင် နားကိုပါစစ်ဆေးပါလိမ့်မယ်။ အဆုတ်နဲ့နှလုံးကို နားကြပ်နဲ့နားထောင်ပြီး ခြေထောက်နဲ့အရေပြားတွေကိုလည်း စစ်ဆေးပါလိမ့်မယ်။စစ်ဆေးခြင်းများ။သင့်ဆရာဝန်က ထပ်ပြီးစစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း- လျင်မြန်လွယ်ကူစွာ ရင်ဘတ်ပုံကိုရနိုင်ပါတယ်။သွေးနမူနာ- ကူးစက်ပိုးကို တိုက်နေသလားဆိုတာ သိနိုင်ပါတယ်။ရင်ဘတ်စီတီစကန်ရိုက်ခြင်း – ရင်ဘတ်ပုံကို ပိုအရည်အသွေးပြည့်မှီစွာ ရနိုင်ပါတယ်။လည်ချောင်းကို ဂွမ်းလုံးဖြင့်သုတ်ခြင်း – ချည်လုံးကို အသုံးပြုလေ့ရှိပါတယ်။ချွဲသလိပ်နမူနာ- ချောင်းနက်ကြီးဆိုးပြီးနောက် ယူပါတယ်။အသက်ရှူတိုင်းကိရိယာ- အသက်ရှူထုတ်နိုင်တဲ့ပမာဏကို တိုင်းတာဖို့ ပလတ်စတစ်ကိရိယာထဲကို အသက်ကိုပြင်းပြင်းမြန်မြန်ရှူထုတ်ခိုင်းပါလိမ့်မယ်။Methacholine challenge test – ချောင်းဆိုးခြင်းကြောင့်ဖြစ်တဲ့ပန်းနာရင်ကျပ်မှန်းသိနိုင်ရန် ပန်းနာရင်ကျပ်အသက်ရှူစစ်ဆေးခြင်းနည်းလမ်းဖြစ်ပါတယ်။ACE inhibitor medicationဆေးသောက်နေမယ်ဆိုရင် သင့်ဆရာဝန်က ဘေးထွက်ဆိုးကျိုးချောင်းဆိုးခြင်းမရှိတဲ့ အခြားဆေးကို ပြောင်းပေးပါလိမ့်မယ်။နာတာရှည်ချောင်းဆိုးခြင်းအတွက်ဆေးတွေကတော။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် health condition ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/chronic-cough-%e1%80%94%e1%80%ac%e1%80%90%e1%80%ac%e1%80%9b%e1%80%bd%e1%80%8a%e1%80%b9%e1%80%b1%e1%80%81%e1%80%ba%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%86%e1%80%af%e1%80%ad%e1%80%b8%e1%80%bb/
အာရုံကြောကြောင့် ကြွက်သားအားနည်းခြင်းရောဂါ
Myasthenia Gravis ဆိုသည်မှာ အာရုံကြောများသည် သက်ဆိုင်ရာ ကြွက်သားများနှင့် ကောင်းစွာ ဆက်သွယ်လုပ်ဆောင် နိုင်ခြင်း မရှိဘဲ စိတ်ထိန်းကြွက်သားများ အားနည်းနေသော ရောဂါ ဖြစ်ပါသည်။ ဤရောဂါသည် အများအားဖြင့် အသက် ၄၀ အောက် အမျိုးသမီးများနှင့် အသက်၆၀ အထက် အမျိုးသားများတွင် တွေ့ရပါသည်။ကြွက်သားများကို အာရုံကြောများမှ ထိန်းချုပ်ရာတွင် အာရုံကြောများမှ neurotransmitters များကို ထုတ်လွတ်ပြီး ကြွက်သားများရှိ recepters များမှ ဖမ်းယူပါသည်။Myasthenia Gravis တွင်မူ ရောဂါရှင်၏ ကိုယ်ခံအားစနစ်မှ antibodies များ ထုတ်လွတ်ပြီး ကြွက်သားများရှိ recepters များကို ပိတ်ဆို့ခြင်း၊ ဖျက်စီးခြင်းများကို ပြုလုပ်ခြင်းကြောင့် ကြွက်သားများသည် neurotransmitters အနည်းငယ်ကို ဖမ်းယူနိုင်ပြီး ကြွက်သားများကို ထိန်းချုပ်နိုင်စွမ်း ကျဆင်းပါမည်။Myasthenia Gravis ရောဂါရှိမရှိကို သိရှိနိုင်ရန် ခက်ခဲပါသည်။ အဓိက တွေ့ရှိနိုင်သော လက္ခဏာမှာ မျက်လုံးနှင့် မျက်ခွံလှုပ်ရှားမှု့ များကို မထိန်းချုပ်နိုင်သောကြောင့် မျက်ခွံတွဲကျနေပြီး၊ အမြင်အာရုံ ပြောင်းလဲနေခြင်းများ ဖြစ်နိုင်ပါသည်။ အခြား လက္ခဏာများမှာ မျိုချရန် ခက်ခဲခြင်း၊ ဝါးရခက်ခြင်းနှင့် စကားပြောဝါးခြင်းတို့ အပြင် မျက်နှာ အမူအရာ ပြောင်းလဲရန် ခက်ခဲခြင်းတို့ ဖြစ်နိုင်ပါသည်။အချို့ လူနာများတွင် မျက်စိလှုပ်ရှားရန် ခက်ခဲသည်လောက်သာ ဖြစ် တတ်သော်လည်း အချို့လူနာများတွင်မူ ပြင်းထန်သော ကြွက်သား အားနည်းခြင်းမှသည် အသက်ရှူမဝသည် အထိဖြစ်တတ်ပါသည်။ဤလူနာများတွင် ခေါင်းကို မော့ထားရန်လည်း ခက်ခဲတတ်သလို ခြေလက်များတွင် မူမမှန် ကြွက်သားအားနည်းခြင်းလည်း ဖြစ်တတ် ပါသည်။ ထို့ကြောင့် အထက်ပါ လက္ခဏာများ ရှိနေပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး သင့်ပါသည်။ဤရောဂါကို ဆေးဝါးပေး၍ ကုသခြင်းနိုင်သလို ခွဲစိတ်ခြင်း အားဖြင့် လည်း လိုအပ်သလို ကုသမှု့ ခံယူနိုင်ပါသည်။ ဆေးဝါးပေး၍ ကုသရာတွင်။ခွဲစိတ်ကုသရာတွင်မူ Thymus glands ကို ဖယ်ထုတ်လေ့ ရှိပြီး ယင်းသို့ ဖယ်ထုတ်ခြင်းကြောင့် ကိုယ်ခံအား အပြောင်းအလဲ ဖြစ် စေပြီး ရောဂါလက္ခဏာများကို သက်သာစေပါသည်။အခြားကုသမှု့ နည်းလမ်းတစ်ခုမှာ plasampheresis ဟူသော ကုသခြင်းဖြစ်ပါသည်။ ဤကုသနည်းသည် လူနာ၏ antibody များကို သွေးသွင်းကုသခြင်းဖြင့် ဖယ်ရှားခြင်း ဖြစ်ပါသည်။ဦးစွာ သွေးလှူရှင်၏ သွေးကြောထဲသို့ immune globulin ကို ကြိုတင် သွင်းထားပြီးမှ ယင်းသွေးလှူရှင်သွေးကို အသုံးပြု ကုသခြင်း ဖြစ်ပါသည်။ထိုသို့ကုသနည်း များစွာထဲမှ လူနာနှင့် သင့်တော်သော ကုသမှု့ကို ရရှိနိုင်ရန်အတွက် ဦးနှောက်အာရုံကြော ဆရာဝန်ထံသို့ သွားပြရန် ညွှန်ကြားမည်ဖြစ်ပါသည်။ ယင်းအထူးကု ဆရာဝန်မှသာ ရောဂါ အနေအထား၊ ကြွက်သားထိခိုက်မှု့နှင့် လူနာ၏ အသက်အရွယ်၊ အခြေားသော ရောဂါများ ရှိမရှိ စသည်တို့ကို သုံးသပ်ပြီး လိုအပ်သော ကုသမှု့ကို ညွှန်ကြားမည် ဖြစ်ပါသည်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/%e1%80%a1%e1%80%ac%e1%80%b8%e1%80%9b%e1%80%b6%e1%80%af%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7-%e1%81%be%e1%80%80%e1%80%bc%e1%80%80%e1%80%b9/
လက်ချောင်းများ တောင့်တင်းသူများတွင် ပြုလုပ်သင့်သော လေ့ကျင့်ခန်း ၅ မျိုး
သင့်လက်ချောင်းများသည် အကွေးအဆန့် ပြုလုပ်နိုင်ပါသည်။ ထို့ကြောင့် လက်ချောင်းများကို အသုံးပြုပြီး စာရိုက်ခြင်း၊ အသီးများအခွံနွှာခြင်း၊ အလှဆင်ခြင်းနှင့် ပန်းခူးခြင်းကဲ့သို့သော အလုပ်များ လုပ်နိုင်ခြင်းဖြစ်ပါသည်။ ထိုလက်ချောင်းလေးများ တောင့်တင်းနေသောအခါ နေ့စဉ်အလုပ်များ ထိခိုက်လာနိုင်ပါသည်။ ထိုအခါ ကုသမှုများခံယူရန် လိုအပ်သလို ရိုးရှင်းသောလေ့ကျင့်ခန်းများက သင့်ကို အထောက် အကူဖြစ်စေပါလိမ့်မည်။ထိုလေ့ကျင့်ခန်းသည် အဆစ်များနှင့် အရွတ်များကို ဆန့်ထုတ်ပေးသော လေ့ကျင့်ခန်းဖြစ်ပါသည်။ လက်ချောင်းများကို အလွန်တရာ ဆုပ်နယ်ခြင်း မပြုရပါ။ထိုလေ့ကျင့်ခန်းကို ပြုလုပ်ရန် လက်ချောင်းများကို ဆန့်ကားထားပြီး လက်ကောက်ဝတ်နှင့် လက်ဖဝါးနှစ်ခုကို ရေပြင်ညီတွင် ပက်လက်လန်ထားပါ။ထိုလေ့ကျင့်ခန်းကို စလုပ်ရန်အတွက် လက်ချောင်းလေးများကို စုထားပြီး ဖြန့်ထားပါ။ထိုလေ့ကျင့်ခန်းကို စလုပ်ရန်အတွက် လက်မကို အပြင်ဘက်သို့ ထောင်ထားပါ။ထိုလေ့ကျင့်ခန်းသည် လက်ချောင်းလေးများ တောင့်တင်းမှုကို လျော့ကျစေပြီး လှုပ်ရှားမှုများကို ကောင်းမွန်စေပါသည်။ထိုလေ့ကျင့်ခန်းသည်လည်း လက်ချောင်းလေးများ တောင့်တင်းမှုကို လျော့ကျစေပြီး လှုပ်ရှားမှုများကို ကောင်းမွန်စေပါသည်။အချုပ်ဆိုရသော် အထက်ပါလေ့ကျင့်ခန်း ၅ မျိုးသည် လက်ချောင်းများတောင့်တင်းလျှင် အသုံးဝင်စေပါသည်။ ထိုလေ့ကျင့်ခန်းများသည် လက်ဆစ်များကို ပြေလျော့စေသည့်အပြင် လှုပ်ရှားမှုများကိုလည်း ကောင်းမွန်စေပါသည်။ သို့သော် လက်ချောင်းများတောင့်တင်းနေခြင်းသည် အရိုးများ၊ အရွတ်နှင့် တွယ်ဆက်အရွတ်များတွင် ဖြစ်သော ပြသနာများကြောင့် ဖြစ်လျှင် လေ့ကျင့်ခန်းသာမက ဆေးကုသမှုများလည်း ခံယူသင့်ပါသည်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%9c%e1%80%80%e1%80%ba%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba%e1%80%90%e1%80%84/
အလွှာခြားမလား ကမ္ဘာခြားမလား
ခေါင်းစဉ်ကိုမြင်တာနဲ့ ကျွန်တော်ဘာရေးတော့မယ်ဆိုတာ အများစုရိပ်စားမိကြမှာပါ။ မှန်ပါတယ်။ ဒီနေ့ခေတ်လူငယ်လူရွယ်အများစုကို အန္တရာယ်အပေးနိုင်ဆုံးရောဂါအုပ်စုတစ်ခုဖြစ်တဲ့လိင်ဆက်ဆံတာကနေတဆင့်ကူးစက်တဲ့ရောဂါတွေအကြောင်း ဦးတည်ပြောပြချင်လို့ ဒီခေါင်းစဉ်လေးပေးထားတာဖြစ်ပါတယ်။ လိင်ဆက်ဆံရာကနေတစ်ဆင့်ကူးစက်တဲ့ ရောဂါလို့ပြောလိုက်တာနဲ့ လူ၁၀၀ မှာ ၉၀ လောက်က အေအိုင်ဒီအက်စ်၊ အိပ်ချ်အိုင်ဗီ ဒီလိုစကားလုံးတွေကိုပဲ တန်းစဉ်းစားမိကြမှာပဲ။အမှန်ကတခြားရောဂါတွေ အများကြီးရှိပါသေးတယ်။ ဂနိုရောဂါ၊ လိင်အင်္ဂါရေယုန်ရောဂါ၊ ဆစ်ဖလစ် (ခေါ်) ကာလသားရောဂါ၊ Chlamydia စတဲ့ရောဂါတွေဆိုပြီး အများကြီးရှိပါတယ်။ ဒါပေမဲ့ မိတ်ဆွေတွေးတာလည်း မမှားပါဘူး။ အပေါ်ကရောဂါတွေထဲကမှ အိပ်ချ်အိုင်ဗီက အဆိုးဆုံး၊ အကြမ်းဆုံး လိုဖြစ်နေတော့ ထိပ်ဆုံးကဆရာကြီးကိုမှ မျက်စိထဲတန်းမြင်မိသလို ဖြစ်နေတာပေါ့။အိပ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ် လို့ပြောလိုက်ရင်လူတွေက “ကုရာနတ္တိ ဆေးမရှိ” ဆိုတဲ့စကားနဲ့ တွဲပြီးကြားဖူးကြပါတယ် (အရပ်အဆို အေကိုက်တယ်ပေါ့)။ ဒါလည်းမှန်ပါတယ်၊ ဒီရောဂါက လုံးဝပျောက်ကင်းအောင်ကုသလို့မရနိုင်ပါဘူး။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါမို့ ဗိုင်းရပ်စ်ပိုးကောင်ရေ ပွားမလာအောင်နှိမ်ထားပြီး အချိန်ဆွဲထားလို့ပဲရပါတယ်။နောက်ပြီး တစ်ခါတည်းပြောရရင် အိပ်ချ်အိုင်ဗီ ရောဂါတစ်ခုတည်း ကုလို့မရတဲ့ရောဂါမဟုတ်ပါဘူး၊ သူ့မှာလည်းအဖော်တွေရှိသေးသဗျ၊ တခြား သူ့လိုပဲ ဗိုင်းရပ်စ်ကြောင့်ကူးတဲ့ လိင်အင်္ဂါရေယုန်၊ Human Papilloma Virus(HPV)၊ ဒီလိုရောဂါတွေဆိုလည်း လုံးဝပျောက်ကင်းအောင်ကုသလို့ မရနိုင်ပါဘူး။ပြောချင်တာက အခုမှစမှာပါ။ ဒီလိုဆိုးဝါးလှတဲ့ရောဂါကြီးတွေကို ထိထိရောက်ရောက်ကာကွယ်နိုင်တဲ့ အရာလေးအကြောင်းပါ။ကွန်ဒုံး(Condom) လို့ခေါ်ပါတယ်။ အမျိုးသားအတွက်ရော အမျိုးသမီးအတွက်ပါ ထုတ်လုပ်ထားပေမဲ့ ဒီဆောင်းပါးမှာတော့ အမျိုးသားကွန်ဒုံးကိုသာ အဓိကထားရေးပါ့မယ်။ဒီကွန်ဒုံးဆိုတဲ့ အရာလေးကစွမ်းဆောင်ပေးနိုင်တာတွေ အတော်လေးများပါတယ်။ ဆိုလိုတာ သေးသေးလေးနဲ့စွမ်းတယ်ပေါ့ဗျာ! ဘာတွေစွမ်းသလဲဆိုတော့ ၃ ချက်နဲ့ပြောပြမယ်။၁ – ခုနကဆရာကြီးဖြစ်တဲ့ အိပ်ချ်အိုင်ဗီရောဂါကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တယ်။၂ – ရောဂါကို ကာကွယ်ပေးနိုင်ရုံတင်မကပဲကိုယ်ဝန်ကိုပါအတိုင်းအတာတစ်ခုထိတားပေးနိုင်တာ သူတစ်မျိုးပဲရှိပါတယ်။၃ – ဈေးလည်းသက်သာပြီး နေရာတိုင်းလိုလိုမှာရနိုင်တယ်။ကွန်ဒုံးက နည်းစနစ်ကျကျနဲ့အသုံးပြုနိုင်ရင် ၉၇ ရာခိုင်နှုန်းကျော်ထိ ရောဂါကူးစက်မှုရန်ကနေကာကွယ်ပေးနိုင်ပါတယ်။ အသုံးပြုပုံမှန်ကန်ဖို့တော့လိုတာပေါ့လေ။ ကွန်ဒုံးဘူးလေးတွေမှာ အသုံးပြုပုံကို လိုတိုရှင်းရေးပေးထားတယ်။ အကျဉ်းချုံးပြောရရင် ရက်လွန်နေတဲ့ကွန်ဒုံးမဖြစ်ရဘူး၊ ပါးစပ်၊ ကတ်ကြေးစတာတွေနဲ့ မဖောက်ရဘူး၊ လိင်အင်္ဂါထောင်မတ်တဲ့ အခါမှစွပ်ရမယ်၊ စွပ်တဲ့အခါလေမခိုရဘူး၊ ၂ ထပ်မစွပ်ရဘူး(သေချာမှာတယ်နော် ကိုယ့်လူတို့)၊ ကိစ္စဝိစ္စပြီးတာနဲ့လိင်အင်္ဂါမပျော့ခင် ပြန်ထုတ်ရမယ်။ဒီအညွှန်းတွေကို ကြိုဖတ်ထားပြီး လက်တွေ့လည်းကျင့်သုံးနိုင်အောင်ကြိုးစားကြပါ။ လိင်ဆက်ဆံခါနီး ခုတင်ပေါ်ရောက်ခါမှစာထိုင်ဖတ်နေရင် အလွဲလွဲအမှားမှားတွေဖြစ်ကုန်နိုင်တယ်လေ။ တချို့က မေးတယ်။ လိင်ဆက်ဆံတော့မှ စွပ်ရမှာလား၊ ပါးစပ်နဲ့ ဆန္ဒဖြေဖျောက်ပေးတာမျိုး(Fellatio) မှာကော စွပ်လို့ရလားလို့မေးတယ်၊ ဘယ်အဆင့်မှာမဆို စွပ်လို့ရပါတယ်။ အဓိကက စွပ်တဲ့အချိန်လိင်အင်္ဂါထောင်မတ်နေဖို့လိုတယ်။နောက်ပြီး ကွန်ဒုံးက ကိုယ်ဝန်မရအောင်လည်း ကာကွယ်နိုင်သေးတယ်ဗျ။ လိင်ဆက်ဆံပြီးရင်သုက်ပိုးတွေအမျိုးသမီးသားအိမ်ထဲမရောက်အောင် တားထားပေးသလိုဖြစ်တာကြောင့် ကိုယ်ဝန်မရအောင်လည်း အတိုင်းအတာတစ်ခုထိ တားပေးနိုင်တယ်။ ဒါပေမဲ့ ကိုယ်က မိမိဇနီးမယားနဲ့ပဲ နေတာ၊ ကိုယ်ဝန်တော့ မလိုချင်သေးဘူးဆိုရင် တခြားသားဆက်ခြားနည်းတွေက ပိုအစွမ်းထက်တာကြောင့် ပြောင်းလဲသုံးစွဲကြည့်ဖို့ အကြံပေးလိုပါတယ်။ကွန်ဒုံးတွေက ဈေးပေါတယ်၊ ထိရောက်တယ်၊ အလွယ်တကူရတယ် ၊ရောဂါအန္တရာယ်ကိုလည်းကာကွယ်ပေးနိုင်သားနဲ့ ဘာလို့ဒီရောဂါတွေဆက်ဖြစ်နေရသလဲဆိုရင် စာရေးသူအမြင်မှာတော့ တစ်ခဏတာ သာယာမှုကို မက်မောလွန်းလို့ဖြစ်ရတာလည်း အရေးကြီးတဲ့တစ်ချက်ဖြစ်မယ်ထင်ပါတယ်။ ဥပမာပြောရရင် သမီးရည်းစားအတွဲတွေမှာ တချို့ကောင်လေးတွေရှိမယ်၊ အတူနေချင်တာဘာလို့ ဒါကြီးခံရမှာလဲတို့၊ ကိုယ့်ကိုမယုံဖူးလားတို့၊ ဒါကြီးနဲ့ဆို စိတ်ကျေနပ်မှုမရဘူးတို့ စသည်ဖြင့်ပေါ့လေ (ယောင်္ကျားမာယာသဲကိုးဖြာနဲ့) ကိုယ့်ကိုပေးထားတဲ့ အကာအကွယ်ကို ဖယ်ထုတ်ပစ်ဖို့ကြိုးစားကြတယ်။ မိန်းကလေးဘက်ကလည်း နောက်ဆုံးမငြင်းဆန်နိုင်တော့ အလျှော့ပေးလိုက်ရတယ်ပေါ့။ အဲ့မှာ နောက်ဆက်တွဲပြဿနာက တပုံကြီးပါလာတယ်။တရားဝင်လက်ထပ်ယူထားတဲ့ အတွဲမဟုတ်သေးတာကြောင့် ပထမဆုံးက မလိုချင်တဲ့ ကိုယ်ဝန်ရသွားနိုင်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်လွယ်ထားရတာ မိခင်ရော ကလေးရောအတွက်မကောင်းပါဘူး။ ကောင်းကျိုးထပ်ဆိုးကျိုးတွေသာ များလှပါတယ်။ ကျောင်းတက်ပြီး ကိုယ့်ဘဝတက်လမ်းအတွက် ပညာဆက်ရှာရမဲ့ အချိန်မှာ ကလေးတစ်ယောက်နဲ့ လုံးလည်ချာလည်လိုက်နေတာကြောင့် ကိုယ့်ရဲ့တိုးတက်မှုလမ်းကြောင်းမှာ အဟန့်အတားတစ်စုံတစ်ရာဖြစ်သွားနိုင်တယ်။ ယောက်ျားလေးဖက်က တာဝန်မယူဘူးဆိုရင် ဖြစ်လာနိုင်တဲ့အခြေအနေက ဒီထပ်ဆိုးတယ်။နောက်တစ်ခုက ရောဂါ၊ အပေါ်မှာပြောခဲ့တဲ့ လိင်မှတဆင့်ကူးစက်တဲ့ရောဂါတစ်ခုခုရသွားနိုင်တယ်။ ကုသနိုင်တဲ့ကာလသားရောဂါမျိုး၊ ဂနိုရောဂါမျိုးကတော်သေးရဲ့။ ကုလို့မရတဲ့ အိပ်ချ်အိုင်ဗီလိုရောဂါမျိုးစွဲကပ်သွားခဲ့ရင်မိန်းကလေးအတွက်တော်တော်အထိနာမှာပါ။အချုပ်ပြောရရင် ဒီကွန်ဒုံးဆိုတဲ့အရာလေးက လူငယ်တွေကြုံတွေရလေ့ရှိတဲ့ လူငယ်ဘ၀နောက်ဆက်တွဲပြဿနာတွေကို တော်တော်လေးတားဆီးပေးနိုင်ပါတယ်။ အခုခေတ်က အရင်တုန်းကလိုမဟုတ်ဘဲ ဒီကွန်ဒုံးတွေကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူရရှိနေနိုင်ပါပြီ။ ဈေးကလည်း လူတိုင်းတတ်နိုင်တဲ့ဈေးနဲ့ရောင်းပေးနေတာပါ။ ဒီအလွှာလေးခြားလိုက်တာခြင်းကြောင့်  နောက်ပိုင်းကမ္ဘာခြားမယ့် ပြဿနာတွေကိုပါ ကာကွယ်ပေးနိုင်တာကြောင့် လူငယ်တွေကိုယ့်စိတ်ကို မနိုင်ရင် ကွန်ဒုံးလေးတော့ ဆောင်ထားကြပါလို့ပြောရင်းနိဂုံးချုပ်အပ်ပါတယ် ခင်ဗျာ။ရေးသားသူ – Dr. Htoo Tint Ko Ko။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/%e1%80%a1%e1%80%9c%e1%80%bd%e1%80%be%e1%80%ac%e1%80%81%e1%80%bc%e1%80%ac%e1%80%b8%e1%80%99%e1%80%9c%e1%80%ac%e1%80%b8-%e1%80%80%e1%80%99%e1%80%b9%e1%80%98%e1%80%ac%e1%80%81%e1%80%bc%e1%80%ac%e1%80%b8/
ခါးဆစ်ချော်ခြင်းကို ဖြစ်စေသော အကြောင်းများ
ခါးဆစ်ချော်ခြင်းဖြစ်လျှင် ကွေးရဆန့်ရ လှုပ်ရှားရ မလွယ်ကူခြင်းများဖြစ်စေသောကြောင့် ထိုပြသနာကို သေချာစွာ ကုသမှု ခံယူသင့်ပါသည်။ထိုသို့ ထိရောက်သော ကုသမှုများ ခံယူရန် ခါးဆစ်ချော်ခြင်းကိုဖြစ်စေသော အကြောင်းများကို သိထားရမည်ဖြစ်ပါသည်။ခါးအရိုးဆစ်များတခုနှင့် တခုကြားတွင် အနောက်ဘက်တွင် ဆက်ထားသော အဆစ်ငယ်တစ်ခုနှင့် ကြားခံချပ်ပြား တခုစီရှိကြပါသည်။ ထိုကြားခံချပ်ပြားများသည် ကျောရိုးကို မထိခိုက်အောင် ကာကွယ်ပေးပါသည်။ အနောက်ဘက်ရှိ အဆစ်လေးများက ခါးရိုးကို အနေအထားမှန်စေရန် ကူညီပေးပါသည်။ ထို့ကြောင့် ထိုနှစ်ခုပေါင်းပြီး ခါးကို အရှေ့ကုန်းခြင်း၊ အနောက်ကော့ခြင်း၊ ဘေးစောင်းခြင်းတို့ကို ပြုလုပ်နိုင်ခြင်းဖြစ်ပါသည်။အသက်ကြီးလာသည်နှင့် အမျှ ခါးအရိုးဆစ်များကြားတွင်ရှိသော ချောဆီများခမ်းခြောက်လာသည့်ကြောင့် ခါးအရိုးဆစ်များကြားရှိ ကြားခံများသည် ယခင်လောက်မကောင်းမွန်တော့သည့် အခါ အဆစ်များချော်ထွက်ခြင်း ဖြစ်လာရပါသည်။ပင်မကျောရိုးကြီးတွင် ကျောရိုးများ၏နောက်တွင် အရိုးငယ်လေးများရှိပါသည်။ ယင်းတို့ကို ကြားခံအရိုးငယ်လေးများဟုခေါ်ပြီး ယင်းတို့သည် ကျောရိုးအနောက်ရှိ အဆစ်ငယ်လေးများကို အထက်အောက်ဆက်ပေးထားသော တံတားသဖွယ် တည်ရှိပါသည်။သို့သော် ထိုကြားခံအရိုးလေးများကို သွေးလုံလောက်အောင် မရောက်ရှိသောအခါ ကျိုးပဲ့ခြင်းဖြစ်ရပါသည်။ ထိုသို့ဖြစ်ခြင်းကို ကျီးပေါင်းတက်ခြင်းဟု ခေါ်ပါသည်။ ကျီးပေါင်းတက်ခြင်းသည် ထိုကြားခံအရိုးလေးများကို ဒဏ်ဖြစ်ခြင်းများစုပေါင်းလာခြင်း၊ အချိန်ကြာလာခြင်းတို့ကြောင့်ဖြစ်ပါသည်။ ခါးအရိုးကို ဒဏ်ဖြစ်ခြင်း၊ အနည်းငယ်အက်ကွဲမှုများဖြစ်ခြင်းတို့ စုပေါင်းလာကာ ကြာလာသောအခါ ခါးအရိုးဆစ်များ အားနည်းလာပြီး နေရာချော်လာခြင်းဖြစ်ပေသည်။အထက်ပါတို့သည် အဖြစ်အများဆုံးဖြစ်ပြီး အဖြစ်နည်းသော ခါးဆစ်ချော်ခြင်း အမျိုးအစားများမှာ အောက်ပါတို့ဖြစ်ပါသည်။ကိုယ်ဝန်ဆောင်စဉ်ကတည်းက သန္ဓေသား၏ အရိုးများဖြစ်တည်မှု မူမမှန်ခြင်းကြောင့်ဖြစ်ရခြင်းဖြစ်သည်။ ကလေးသည် ထိုရောဂါလက္ခဏာများကို ဆယ်ကျော်သက်အရွယ်အထိ မခံစားရဘဲလည်း ရှိနေတတ်သည်။ထို့ပြင် ရောဂါပိုးဝင်ခြင်း၊ ခါးရိုးတွင် အကြိတ်မျာ၊ ကင်ဆာများ ဖြစ်ခြင်းကြောင့်လည်း ခါးဆစ်ချော်နိုင်ပါသည်။ခွဲစိတ်ကုသမှုများခံယူပြီးချိန်တွင် ခါးဆစ်ချော်ခြင်းများ ပိုဆိုးလာသည်မျိုးလည်း ရှိတတ်ပါသည်။အချုပ်ဆိုရသော် ခါးဆစ်ချော်ခြင်းကို ဖြစ်စေသော အကြောင်းများစွာ ရှိသည့်အနက် ခါးအရိုးဆစ်များ ပျက်စီယိုယွင်းလာခြင်းနှင့် ခါးအဆစ်အလယ်နေရာ ချော်ခြင်း တို့သည် အဖြစ်များသော အကြောင်းများ ဖြစ်ပါသည်။ အခြားအကြောင်းရင်းများမှာ မွေးရာပါအားနည်းချက်များ၊ ခါးရောဂါများနှင့် ခွဲစိတ်မှုများကြောင့်ဖြစ်ပါသည်။ ထိုအချက်အလက်များသည် သင့်ရောဂါအတွက် ကုသမှုများရွေးချယ်ရာတွင် အထောက်အကူပြုလိမ့်မည်ဟု မျှော်လင့်ပါသည်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/%e1%80%81%e1%80%ab%e1%80%b8%e1%80%86%e1%80%85%e1%80%ba%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%96%e1%80%bc%e1%80%85/
Acne (ဝက်ခြံ)
သင်ဟာ ဆယ်ကျော်သက်တစ်ယောက်နီးပါးဖြစ်နေပြီ ဆိုလျှင် သင့်မှာ ဝက်ခြံပေါက်နိုင်ချေ အလွန်များပါတယ်။ ဆယ်ကျော်သက်မရောက်ခင် အရွယ် ၁၀ ယောက်မှာ ၈ ယောက်က တခြား ဆယ်ကျော်သက်အရွယ် နှင့် လူကြီးတွေနဲ့ အတူ ဝက်ခြံရှိနိုင်ပါတယ်။ တကယ်တော့ အမေရိကန်ပြည်ထောင်စု၏ လူဦးရေ ၁၇ သန်းလောက်မှာ ဝက်ခြံရှိကြပါတယ်။ ဝက်ခြံက ကလေးတစ်ယောက်ကနေ လူကြီးတစ်ယောက်ဖြစ်လာတဲ့ သင်္ကတအနေနဲ့ လူသိများပါတယ်။သို့သော်လည်း သင့်ကိုယ်သင် မှန်ထဲကြည့်လိုက်တဲ့ အခါ မေးစေ့မှာ ဝက်ခြံကြီး ပေါက်နေတယ်ဆိုလျှင် အတော်နေရခက်ပါတယ်။ သတင်းကောင်းကတော့ ဝက်ခြံအကြောင်းလေ့လာပြီး သာမာန်နည်းလမ်း ရိုးရိုးလေးတွေ လိုက်လုပ်ရုံနဲ့ သင့်မျက်နှာ အတွက် စိုးရိမ်စရာ မလိုလောက်တော့ပါဘူး။ဝက်ခြံဆိုတာက အဖုပုံစံအမျိုးမျိုး အနေနဲ့ ပေါ်လာတဲ့ အရေပြားဆိုင်ရာ အခြေအနေတစ်ခုပါ။ ၎င်းတို့မှာ ထိပ်ဖြူ၊ ထိပ်နက်၊ အနီဖု ( pimples ) နှင့် ပြည်ဖု (pustules) လေးတွေ အနေနဲ့ ရှိနေတတ်ပါတယ်။ ဘာတွေကြောင့် ဒီအဖုလေးတွေက စိတ်ရှုပ်ထွေးစရာ ကောင်းစေရတာလဲ။ ဘာလို့လဲဆိုတော့ သင့်အရေပြားမှာ ချွေးပေါက်ဆိုတဲ့ အပေါက်သေးသေးလေးတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီအပေါက်လေးတွေမှာ သင့်အရေပြားနှင့် မွှေးညှင်းတွေကို စိုစွတ်စေတဲ့ အဆီ(sebum-ဆီးဘမ်)ထုတ်ပေးတဲ့ အဆီအိတ်လေးတွေ ပါဝင်ပါတယ်။များသောအားဖြင့် ဒီအဆီအိတ်လေးတွေက အဆီပမာဏမှန်မှန်ကန်ကန်ထုတ်ပေးပြီး ချွေးပေါက်လေးတွေလဲ ဘာမှမဖြစ် ပုံမှန်အတိုင်းပါပဲ။ တခါတရံမှာ ၎င်းချွေးပေါက်လေးတွေက အဆီများခြင်း၊ ဆဲလ်သေတွေ၊ ဘက်တီးရီးယားပိုးတွေနဲ့ ပိတ်သွားတတ်ပါတယ်။ အဲ့ဒီမှာ ဝက်ခြံဆိုတာ ဖြစ်လာတာပါပဲ။ချွေးပေါက်က အဆီများကာ ပိတ်သွားပြီး အရေပြားကနေ ကျွတ်ထွက်သွားမယ်ဆိုလျှင် ၎င်းဝက်ခြံကို ထိပ်ဖြူလို့ခေါ်ပါတယ်။ ချွေးပေါက်က အဆီများနေသော်လည်း ပွင့်နေလျှင် ထိပ်မျက်နှာပြင်က မဲနေနိုင်ပြီး ထိပ်နက်ဝက်ခြံ ဖြစ်လာနိုင်ပါတယ်။ တခါတရံချွေးပေါက်တွေရဲ့ နံရံများ ပျက်စီးပြီး အဆီ၊ ဘက်တီးရီးယားနင့် ဆဲလ်သေတွေကို အရေပြားအောက်ထဲ ဝင်လာစေပါတယ်။ ဒီလို ဝင်လာစေခြင်းက အနီဖု (pimple) ကိုဖြစ်စေပါတယ်။ အဆီများနေတဲ့ ချွေးပေါက်က အရေပြားအောက် နက်နဲတဲ့အထိ ပွင့်နေလျှင် ပိုကြီးတဲ့ရောဂါပိုးဝင်ခြင်းဖြစ်တဲ့ အရည်အိတ် (ပြည်အိတ်)တွေပါဖြစ်လာနိုင်ပါတယ်။ကလေးတော်တော်များများ နှင့် ဆယ်ကျော်သက်တွေမှာ acne vulgaris လို့ခေါ်တဲ့ ဝက်ခြံအမျိုးအစား ပေါက်ကြပါတယ်။ ၎င်းက သူတို့ရဲ့ မျက်နှာ၊ လည်ပင်း၊ ပုခုံး၊ ကြောအပေါ်ပိုင်းနှင့် ရင်ဘတ်တွေမှာ ပေါက်ကြပါတယ်။ ကလေးတွေနှင့် ဆယ်ကျော်သက်တွေက သူတို့ပျိုဖော်ဝင်ခြင်းအလိုက် ဟော်မုန်းပြောင်းလဲခြင်းကြောင့် ဝက်ခြံပေါက်ကြပါတယ်။ သင့် ခန္ဒါကိုယ် ဖွံဖြိုးလာတာနဲ့ အမျှ ၎င်းဟော်မုန်းတွေကလည်း အဆီအိတ်တွေကို အဆီပိုထုတ်စေပြီး overactive ဖြစ်လာပါမယ်။ အဆီအလွန်များတဲ့ အခါမှာ ချွေးပေါက်တွေကို ပိတ်စေပြီး ဝက်ခြံဖြစ်လာပါတော့တယ်။သင့်မိဘက ဆယ်ကျော်သက်အရွယ်တုန်းက ဝက်ခြံပေါက်ဖူးတယ်ဆိုလျှင် သင်လဲ ပေါက်နိုင်ချေများပါတယ်။ စိတ်ဖိစီးမှုက ဝက်ခြံကို ပိုဆိုးစေပါတယ်။ ကံကောင်းစွာဖြင့် အများစုကတော့ အသက်၂၀ ထဲဝင်လာလျှင် သက်သာသွားကြပါတယ်။သင်ဟာ ဝက်ခြံကို စိုးရိမ်တယ်ဆိုလျှင် အောက်ပါအချက်တွေက လိုက်နာခြင်းဖြင့် ဝက်ခြံကို ကာကွယ်နိုင်ပါတယ်။ဆေးဆိုင်တွေမှာ ဝက်ခြံပျောက်ဆေး လိမ်းဆေးတွေ ရောင်းပါတယ်။ တစ်မျိုးချင်းဆီ စမ်းသပ်ကြည့်ပြီး ဘယ်ဟာက အသင့်တော်ဆုံးလဲဆိုတာ သိနိုင်ပါတယ်။benzoyl peroxide ပါတဲ့ ထုတ်ကုန် သို့ salicylic acid ပါတဲ့ ထုတ်ကုန်တွေက ဝက်ခြံကုသတဲ့ နေရာမှာ တော်တော် အထောက်အကူပြုနိုင်ပါလိမ့်မယ်။Benzoyl peroxide က ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို စေစေနိုင်ပြီး အဖုတွေရောင်ခြင်းကိုလည်း လျှော့ချပေးပါတယ်။salicylic acid က နောက်ထပ် ဝက်ခြံတိုက်ဖြတ်ပေးတဲ့ ပါဝင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ၎င်းက အရေပြားကို ခြောက်ပြီးကွာကျစေတဲ့အတွက် အဖုတွေကို ဖယ်ရှားပြီး ဖြစ်စေပါတယ်။ဝက်ခြံပျောက်ဆေးတွေ ဝယ်သုံးတော့မယ်ဆိုလျှင် ညွှန်ကြားချက်တွေကို သေချာလိုက်နာဆောင်ရွက်ပါ။ လိုတာထက် ပိုသုံးမိလျှင် သင့်အရေပြားကို နီပြီး ခြောက်သွေ့စေနိုင်ပါတယ်။ ဆေးနှင့် တည့်မတည့်ကို အရင် အနည်းငယ်စမ်းသုံးကြည့်တာ ကောင်းပါတယ်။ နောက်တစ်ရက်မှာ မသက်သာတာနဲ့ စိတ်ဓါတ်မကျလိုက်ပါနဲ့။ ဝက်ခြံပျောင်ဆေးတွေက ရက်သတ္တပတ် သို့ လနှင့် ချီပြီး ကြာတတ်ပါတယ်။တချို့ ကလေးတွေမှာ ဝက်ခြံပေါက်ခဲကြပါတယ် – (ဖိုးကံကောင်းလေးတွေ!) သို့သော် ကလေးတော်တော်များများက ဝက်ခြံမပေါက်အောင် ကာကွယ်ကြသော်လည်း ပေါက်ကြတာပါပဲ။ ဒါဟာ လုံးဝပုံမှန်ပါပဲ။ တချို့မိန်းကလေးတွေမှာ ဆိုလျှင် မီးယပ်သွေး ပေါ်ခါနီးလျှင် ဝက်ခြံပေါက်ကြပါတယ်။ ဒါဟာ အဖြစ်များတဲ့ မီးယပ်မတိုင်မှီ ဝက်ခြံပေါက်ခြင်း ဖြစ်ပြီး ခန္ဒါကိုယ်တွင်း ဟော်မုန်း အပြောင်းအလဲကြောင့် ဖြစ်ရတာပါ။ ယောင်္ကျားလေးတွေမှာလည်း ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်နိုင်ပြီး ဆိုးရွားတဲ့ ဝက်ခြံအမျိုးအစားတွေ ပေါက်တတ်ပါတယ်။သင်ဝက်ခြံ ပေါက်ခဲ့ရင်တောင် ပိုတော့ မဆိုးချင်မှာ အမှန်ပါပဲ။ အဲ့ဒါကြောင့် သင့်ဝက်ခြံတွေကို လက်နှင့် မကိုင်မိအောင် သတိထားဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။ ဝက်ခြံဖုကို မဆိတ်၊မညှစ်၊ မဖောက်ပါနဲ့။ ဝက်ခြံကို လက်ဆော့တာကြောင့် ဝက်ခြံတွေက ရောင်လာပြီး ပေါက်ထွက်စေပါတယ်။ ပြီးတော့ လက်ကအဆီကလည်း ပိုဆိုးစေနိုင်ပါတယ်။ အဆိုးဆုံးကတော့ ဝက်ခြံကို ဆိတ်ခြင်းကြောင့် အမာရွတ်တွေ ကျန်ခဲ့မှာ ဖြစ်ပါတယ်။တချို့တွေက နေပူထဲမှာ ထိုင်နေလျှင် ဝက်ခြံပျောက်တယ်ဆိုပြီး သင့်ကို ပြောပါလိမ့်မယ်။ အဲ့ဒါ မှားနေတာပါ။ နေလောင်ခံခြင်းက ဝက်ခြံတွေကို ဖုံးကွယ်လိုက်ခြင်းကြောင့် ပျောက်သွားသယောင်ရှိပေမဲ့ လုံးဝပျောက်သွားတာမျိုးမဟုတ်ပါဘူး။ ပြီးတော့ အရမ်းနေလောင်ခံတာလဲ မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ နေလောင်တာဟာ တစ်ချိန်ကျရင် အသားရည်တွန့်ခြင်းနှင့် အရေပြားကင်ဆယတွေ ဖြစ်လာနိုင်ပါတယ်။ဝက်ခြံ အခြေအနေဆိုးရွားတဲ့ ကလေတွေက သူတို့ရဲ့ ဆရာဝန် သို့ အရေပြားအထူးကုနှင့် ပြသင့်ပါတယ်။ ဆရာဝန်တွေက သင်ဆေးဆိုင်မှာ ဝယ်လို့ရတဲ့ ဆေးထက် ပို ပြင်းတဲ့ ဆေးတွေ ပေးနိုင်ပါတယ်။ ဝက်ခြံဆေးညွှန်းတွေမှာ ဝက်ခြံဖြစ်ပေါ်မှုကို တားဆီးပေးတဲ့ သို့ အရောင်ကျစေပြီး ဘက်တီးရီးယားတွေကို သတ်ပေးတဲ့ ပဋိဇီဝဆေးတွေ ပါဝင်ပါတယ်။ဒါဆို သင့်မှာ ဝက်ခြံရှိလာခဲ့လျှင် အရေပြားကို ကောင်းမွန်စေတဲ့ နည်းလမ်းတွေ အခု သင်သိသွားလောက်ပါပြီ။ ပြီးတော့ သင်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ မှတ်ထားပါ။ သင့်ဘေးက သူငယ်ချင်းတွေကိုလည်း ကြည့်လိုက်ပါဦး။ ကလေးအများစု နှင့် ဆယ်ကျော်သက်တော်တော်များများဟာဒီဝက်ခြံပြသနာတွေမှာ အတူတကွ ပါဝင်ပတ်သက်နေတာ တွေ့ရပါလိမ့်မယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/acne-%e1%81%80%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6/
တွယ်ဆက်တစ်သျူးအလွှာရောင်ခြင်းနှင့် အရွတ်ရောင်ခြင်း
တွယ်ဆက်တစ်သျူးအလွှာရောင်ခြင်းနှင့် အရွတ်ရောင်ခြင်း တို့အကြာင်း သင်ကြားဖူးကောင်း ကြားဖူးပါလိမ့်မည်။ နှစ်မျိုးလုံးသည် ခြေဖနောင့်နာခြင်းကို ဖြစ်စေနိုင်ပါသည်။ထို့ကြောင့် သင့်ခြေဖနောင့်များ နာနေလျှင် ဘာကို စဉ်းစားမလဲ။ယခုဆောင်းပါးတွင် ထိုအခြေအနေ ၂ မျိုး၏ ကွာခြားချက်များကို ဖော်ပြထားပါသည်။တွယ်ဆက်တစ်သျူးအလွှာသည် ခြေဖဝါးနှင့် ခြေချောင်းများအထိ ဖြန့်ကျက်လျက်ရှိသော တစ်သျူးပြင် ဖြစ်ပါသည်။ ထိုတစ်သျူးလွှာသည် ခြေအခုံးကိုလည်း ထောက်ပံ့ပေးပါသည်။တွယ်ဆက်တစ်သျူးအလွှာရောင်ခြင်း၏ အဓိက လက္ခဏာမှာခြေဖဝါးများ နာခြင်းဖြစ်ပါသည်။ ခြေဖနောင့် အနားတွင် ပိုနာတတ်ပါသည်။ နာကျင်မှုသည် မနက်အိပ်ရာထချိန် လမ်းစလျှောက်ချိန်တွင် အဆိုးဆုံးဖြစ်ပါသည်။ အချိန်ကြာမြင့်စွာ လမ်းလျှောက်ခြင်း၊ ထိုင်ခြင်းတို့ ပြုလုပ်ပြီးလျှင် ပိုနာပါသည်။လေ့ကျင့်ခန်းများ ပြုလုပ်နေချိန်တွင်မူ မနာကျင်ပါ။တွယ်ဆက်တစ်သျူးအလွှာသည် ဒဏ်မဖြစ်အောင် လေးကိုင်းသဖွယ် ကာပေးသော အလွှာဖြစ်ပါသည်။ သို့သော် ထိုပေါ်သို့ ဖိအားသက်ရောက်မှုများလာသောအခါ ရောင်ရမ်းပြီး နာကျင်မှုအပြင် အောက်ပါတို့လည်း ခံစားရနိုင်ပါသည်။· လမ်းလျှောက်ပုံ မမှန်ခြင်း (လမ်းလျှောက်လျှင် ခြေဖဝါးသည် အတွင်းဖက်သို့ ခွင်နေခြင်း)။· ခြေအခုံးပိုမြင့်နေခြင်း သို့မဟုတ် ပြားနေခြင်း။· မာသော ကြမ်းပြင်များပေါ်တွင် အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း၊ ပြေးခြင်း၊ မိမိခြေထောက်နှင့် မတော်သော ရှုးဖိနပ်များစီးခြင်းတို့ကြောင့် တွယ်ဆက်တစ်သျူးအလွှာရောင်ခြင်း ဖြစ်နိုင်ပါသည်။တွယ်ဆက်တစ်သျူးအလွှာရောင်ခြင်းကို အနားယူခြင်း၊ ရေခဲကပ်ခြင်းများဖြင့် သက်သာအောင် ပြုလုပ်နိုင်ပါသည်။ ထို့ပြင် အောက်ပါ ကုထုံးများကိုလည်း ဆရာဝန်က ထောက်ခံချက်ပေးပါလိမ့်မည်။Ibuprofen , naproxen sodium စသည့်ဆေးများသည် ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းတို့ကို သက်သာစေပါသည်။လေ့ကျင့်ခန်း လုပ်ခြင်း၊ ညဘက်တွင် အစည်းများစည်းခြင်း၊ အရိုးစည်းကုသမှုများ လုပ်ခြင်းတို့သည် အရွတ်များကို အားကောင်းလာစေပြီး ခြေဖနောင့်ပေါ်တွင် ဖိအားသက်ရောက်မှုကို နည်းစေပါသည်။အထက်ပါ ကုသမှုများနှင့် အဆင်မပြေလျှင် အခြားသော နည်းများဖြင့် ကုသနိုင်ပါသည်။နာကျင်မှုသက်သာစေသော ဆေးများ ထိုးခြင်း၊ ဒဏ်ဖြစ်သော နေရာတွင် အနာကျက်စေရန် လှိုင်းဖြင့် ကုသခြင်း၊ ခွဲစိတ်ပြီး ဒဏ်ဖြစ်နေသော အရွတ်ကို အရိုးမှ ခွာချခြင်း စသည့်ကုသမှုများကို ခံယူနိုင်ပါသည်။အရွတ်ဆိုသည်မှာ အရိုးများနှင့် ကြွက်သားများကို တွယ်ဆက်ထားသော တစ်သျူးများဖြစ်ပါသည်။ အရွတ်ရောင်ခြင်းဖြင့် ခြေဖနောင့်၊ ပခုံး၊ လက်ကောက်ဝတ်နှင့် ဒူးတို့ကို ထိခိုက်စေနိုင်ပါသည်။အရွတ်ရောင်ခြင်း၏ အဓိက လက္ခဏာမှာ။· အရွတ်ရောင်သည့် နေရာတွင် နာကျင်ခြင်း။· ဖောရောင်ခြင်း။· တောင့်တင်းခြင်း၊ မလှုပ်ရှားနိုင်ခြင်း။· အားနည်းခြင်း။· အရွတ်ရောင်သည့် နေရာတွင် ပူနွေးနေခြင်း တို့ဖြစ်ပါသည်။အထက်ပါ လက္ခဏာများကြောင့် သင့်နေစဉ် အလုပ်ကို ထိခိုက်လာလျှင် ဆရာဝန်ထံ သွားပြသင့်ပါသည်။အောက်ပါ အကြောင်းများကြောင့် အရွတ်ရောင်ခြင်း ဖြစ်ရပါသည်။· လှုပ်ရှားမှုများလွန်းခြင်းကြောင့် အရွတ်များ ကို အလွန်အမင်း အသုံးပြုရသဖြင့် ဒဏ်ဖြစ်စေနိုင်ပါသည်။· ခြေဖနောင့် အတက်ထွက်ခြင်း။· အရွတ်နေရာတွင် ကယ်လ်ဆီယမ်ဓါတ်များ စုပုံလာခြင်း။· ခုန်ခြင်း၊ ပြေးခြင်း၊ ခါးလိမ်ခြင်း စသည့်အားကစားများ၊ လှုပ်ရှားမှုများ ပြုလုပ်ရခြင်း။· အဝလွန်ခြင်း။· ပြင်းထန်သော လေ့ကျင့်ခန်းများလုပ်ခြင်း၊ ပြင်ပြင်းထန်ထန် လေ့ကျင့်ခြင်း။· အလေးမခြင်း။အရွတ်ရောင်ခြင်းကို ကုသရခြင်း၏ ရည်ရွယ်ချက်မှာ နာကျင်မှုနှင့် ရောင်ရမ်းမှုများကို သက်သာစေရန် ဖြစ်ပါသည်။အောက်ပါတို့သည် ကုသမှုနည်းလမ်းများဖြစ်ပါသည်။·ဆေးများ။စသည့် အနာပျောက်ဆေးများနှင့် အရောင်ကျ လိမ်းဆေးများကို ဆရာဝန်က ညွှန်ကြားပါလိမ့်မည် ။ နာတာရှည် အရွတ်ရောင်ခြင်းများတွင် အရွတ်များ အတွင်းသို့ အရောင်ကျဆေးများ ထိုးရနိုင်ပါသည်။·ကုထုံးများ။ကြွက်သားများနှင့် အရွတ်များကို ဆန့်ထုတ်သော ၊ သန်မာစေသောလေ့ကျင့်ခန်းများက နာကျင်မှုကို သက်သာစေပါသည်။·ကိုယ်အလေးချိန် လျှော့ချခြင်း။ကိုယ်အလေးချိန် များလွန်းလျှင် အရွတ်များပေါ်သို့ ဖိအားသက်ရောက်မှုများကာ ဒဏ်ဖြစ်စေနိုင်ပါသည်။အချုပ်ဆိုရသော် တွယ်ဆက်တစ်သျူးအလွှာရောင်ခြင်းနှင့် အရွတ်ရောင်ခြင်း နှစ်မျိုးစလုံးသည် အရိုးများနှင့် ကြွက်သားများကို တွယ်ဆက်ထားသော တစ်သျူးများ တွင် ဖြစ်သော ပြသနာများ ဖြစ်ပါသည်။ သို့သော် ထိုအခြေအနေနှစ်မျိုးတွင် ကွဲပြားမှုများ ရှိနေခြင်းကြောင့် ခွဲခြားသိမြင်ပြီး ထိရောက်သော ကုသမှုများ ခံယူရန် အရေးကြီးပါသည်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/%e1%80%90%e1%80%bd%e1%80%9a%e1%80%ba%e1%80%86%e1%80%80%e1%80%ba%e1%80%90%e1%80%85%e1%80%ba%e1%80%9e%e1%80%bb%e1%80%b0%e1%80%b8%e1%80%a1%e1%80%9c%e1%80%bd%e1%80%be%e1%80%ac%e1%80%9b%e1%80%b1%e1%80%ac/
Nail Fungus (လက်သည်းမှိုစွဲခြင်း)
အရေပြားမှိုစွဲရောဂါတွေက မှိုပိုး အမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး အရေပြားယားယံခြင်းရဲ့ အဖြစ်များတဲ့ တရားခံဖြစ်ပါတယ်။မှိုတွေက သင့်ရဲ့ အရေပြား၊ အမွှေးနှင့် ခြေသည်းလက်သည်းတွေကို ဖြစ်စေတဲ့ အသားဓါတ်တစ်မျိုးဖြစ်တဲ့ keratin အသေမှာ ဝင်ရောက်ကျူးကျော်ကြီးထွားကြပါတယ်။အောက်မှာ ပြထားတာကတော့ မှိုရောဂ့ အမျိုးအစား အချို့ပဲ ဖြစ်ကြပါတယ်။Athlete’s foot (Tinea pedis)။ဒီရောဂါကတော့ နွေးပြီးချိုင့်တဲ့ အရေပြားနေရာ အထူးသဖြင့် ခြေချောင်းတွေကြားမှာ ကြီးထွားတဲ့ မှိုပိုးကြောင့် ဖြစ်ပါတယ်။ ဒီပိုးက သင့် အရေပြားကို ယားစေပြီး နီစေပါတယ်။ သင့်ရဲ့ ခြေဖဝါးကိုလည်း ခြောက်သွေ့ပြီး အရေခွံကွာစေနိုင်ပါတယ်။ အရေကြည်ဖုတွေ တောင်ဖြစ်လာနိုင်ပါတယ်။Athele’s foot ရောဂါကို သင်ဟာ ခြေဗလာနှင့် ညစ်ပတ်တဲ့ စိုထိုင်းတဲ့နေရာတွေဖြစ်တဲ့ အများသုံးရေချိုးခန်း၊ ရေကူးကန် သို့ ရေနွေးကန်တွေမှာမှာ လမ်းလျှောက်ခြင်းဖြင့် ကူးစက်နိုင်ပါတယ်။ သင့်ခြေထောက်ကို ကိုင်ပြီးလငက်ပြန်မဆေးလျှင် athlete’s foot က တခြားကိုယ်ခန္ဒါအစိတ်အပိုင်းတွေကို ပါ ပြန့်နှံ့ သွားနိုင်ပါတယ်။Nail infection ( Tinea unquium )။ခြေသည်းလက်သည်းမှိုရောဂါစွဲကပ်ခြင်းကတော့ သင့်ရဲ့ ခြေသည်းလက်သည်းတွေရဲ့ အစွန်းကနေစဖြစ်ပြီး အရင်းထိ ပြန့်နှံ့ သွားပါတယ်။ သူတို့ဟာ ဖွံ့ဖြိုးလာဖို့ အချိန်ယူရပါတယ်။ သူတို့တွေက သင့်ရဲ့ ခြေသည်းလက်သည်းတွေကို အရောင်ကျွတ်စေပြီး ကြေမွလွယ်စေနိုင်ပါတယ်။ ဘေးပတ်လည်က တစ်ရှူးတွေကလည်း တဖြည်းဖြည်းထူလာနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ သင့်ရဲ့ ခြေသည်းတွေလဲ ထူလာပြီး ရှူးဖိနပ်စီးလျှင် နာကျင်စေနိုင်ပါတယ်။ ခြေသည်းတွေက လက်သည်းတွေထက် ပို အဖြစ်များပါတယ်။သင့်မှာ Athlete’s foot ရှိနေပြီး ခြေသည်းလက်သည်းတွေကို ပြန့်သွားလျှင် ခြေသည်းလက်သည်းမှိုစွဲရောဂါဖြစ်လာနိုင်ပါတယ်။ သင့်ခြေသည်းလက်သည်းတွေက ထိခိုက်မှုတစ်ခုကြောင့် အားနည်းနေလျှင်လည်း ဒီရောဂါဖြစ်နိုင်ပါတယ်။Ringworm on the body ( Tinea corporis )။ခန္ဒါကိုယ်မှာ ရှိတဲ့ ringworm သန်ကောင်ဟာ ခန္ဒါကိုယ်၏ မည့်သည့်နေရာမှာ မဆို ဥပမာ လက်၊ ခြေထောက်နှင့် မျက်နှာတွေမှာ ကူးစက်မိလျှင် နီရဲပြီး အကွင်းပုံ အင်ပြင်များထလာစေနိုင်ပါတယ်။ Ringworm က အနီးကပ်ထိမိရာမှာ ကူးနိုင်ပါတယ်။ သင်ဟာ ringworm ကူးစက်နေတဲ့ လူ သို့ ပစ္စည်းဥပမာ အဝတ်အစား၊ အိပ်ရာခင်းနှင့် ထိတွေ့မိရာကနေ ရောဂါကူးစက်နိုင်ပါတယ်။ မွေးမြူးရေး တိရစ္ဆာန်တွေဖြစ်တဲ့ ကျွဲ၊ နှင့် သိုးတွေက ringworm ဖြစ်စေတဲ့ မှိုကို သယ်ထားနိုင်သလို အိမ်မွေးတိရာစ္ဆာန်တွေဖြစ်တဲ့ ခွေးနှင့် ကြောင်တွေကလဲ သယ်ထားနိုင်ပါတယ်။Ringworm in your groin( Tinea cruris )။ဒီရောဂါကို ‘jock itch’ လို့လဲ ခေါ်ပါတယ်။ ဘာလို့လဲ ဆိုတော့ လူငယ်အမျိုးသားတွေမှာ အဖြစ်များလို့ပါ။ ဒီရောဂါဖြစ်ရခြင်းမှာ ဝှေးစေ့နှင့် ပေါင်တို့ နီးကပ်ခြင်းကြောင့် မှိုပိုးကို ကြီးထွားစေတဲ့ အခြေအနေဖြစ်ပေးစေပါတယ်။ ကိုယ်ကြပ် အဝတ်အစားတွေ ဝတ်ဆင်တဲ့ အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။၎င်းက သင့်ရဲ့ ပေါင်ခြံ နှင့် ခြေထောက်အပေါ်ပိုင်းတွေမှာ အနီကွက်တွေထပြီး ယားစေနိုင်ပါတယ်။Ringworm on your body လိုပဲ ringworm in your groin ကလည်း အနီးကပ်ထိတွေ့စေခြင်းကြောင့် ကူးစက်နိုင်ပါတယ်။ သင့်မှာ athlete’s foot ရောဂါ ရှိနေပြီး ခြေထောက်ကို ကိုင်ပြီး လက်မဆေးပဲ ပေါင်ကြားကို ကိုင်မိလျှင်လည်း ဖြစ်နိုင်ပါတယ်။ကိုင်မိလျှင်လည်း ဖြစ်နိုင်ပါတယ်။Ringworm on your scalp ( Tinea captis )။ဒီရောဂါကို အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ သို့သော် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ ringworm သန်ကောင်က သင့်ရဲ့ ဦးရေပြားနေရာ အနှံ့မှာ ဖြစ်နိုင်သော်လည်း ပုံမှန်အားဖြင့်တော့ အကွက်လိုက်ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အပေါ်က ringworm ရောဂါတွေ ကဲ့သို့ ဦးရေပြားနီပြီး ယားပါလိမ့်မယ်။ Kerion လို့ခေါ်တဲ့ ပြည်တွေပြည့်နေတဲ့နေရာတွေလဲ ဖြစ်လာနိုင်ပါတယ်။ ဒီရောဂါပိုးဖြစ်နေစဉ်မှာ သင့်ဆံပင်တွေကျွတ်နိုင်သာ်လည်း ပုံမှန်အားဖြင့် ကုသပြီးလျှင် ပြန်ပေါက်လာနိုင်ပါတယ်။Ringworm on your scalp ကို မသန့်ရှင်းတဲ့ ဘီး သို့ ရောဂါရှိတဲ့ လူရဲ့ အဝတ်တို့ကို လဲလှယ်သုံးစွဲခြင်းဖြင့် ကူးစက်နိုင်ပါတယ်။Intertrigo။တချို့မှိုရောဂါတွေက yeast ကြောင့်ဖြစ်နိုင်ပါတယ်။ Intertrigo က သင့်အရေပြား အခေါက်ကြား ဥပမာ ကိုယ်အလေးချိန်များလိုထွက်နေတဲ့ ဗိုက်ခေါက်ကြားတွေမှာ ဖြစ်တဲ့ yeast infection ဖြစ်ပါတယ်။ Candida albicans ဆိုတဲ့ yeast အမျိုးအစားကြောင့် အဖြစ်များပါတယ်။ သင့်အရေပြားတစ်ခုနှင့် တစ်ခုကပ်ပြီး ပွတ်တိုက်မိတဲ့ နေရာမှာဖြစ်နိုင်ပြီး ပွန်းရှနိုင်ပါတယ်။ Intertrigo ဖြစ်လျှင် သင့်အရေပြားက နီပြီး သို့ ညိုပြီး စိုစွတ်တဲ့ အခါ ပြိုကွဲလာနိုင်ပါတယ်။Pityriasis versicolor ( Tinea versicolor )။ဒီရောဂါကိုတော့ Malasseazia ဆိုတဲ့ မှိုကြောင့်ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါက အဖြစ်များပြီး လူငယ်အမျိုးသားတွေမှာ ဖြစ်စေနိုင်ပါတယ်။ Pityriasis versicolor ဖြစ်လျှင် သင့် အရေပြားမှာ အရေခွံကွာ၊ ယားယံပြီး အရောင်မရှိတဲ့ အရေပြားတွေကို ကျောဘက်နှင့် ကိုယ်လုံးပေါ်မှာ တွေ့ရတတ်ပါတယ်။ ပုံမှန်အားဖြင့် ပန်းရောင် သို့ အညိုရောင်ရှိတတ်ပါတယ်။ အသားမဲတယ်ဆိုလျှင် တချိုပအရောင်တွေက ပျောက်နေနိုင်ပါတယ်။Thrush ( Candida albicans )။C.albicans တွေက သင့်ပါးစပ်၊ အစာအိမ်၊ အရေပြား နှင့် မန်းမကိုယ်တွေမှာ နေထိုင်တဲ့ အဖြစ်များတဲ့ မှိုတစ်မျိုးဖြစ်ပါတယ်။ ၎င်းက ဘာပြသနာမှတော့ မဖြစ်စေနိုင်ပါတယ်။ သို့သော် အခြေအနေပေးလျှင် ၎င်းမှိုက ပွားများလာပြီး ရောဂါလက္ခဏာတွေ ဖြစ်စေနိုင်ပါတယ်။ဒီရောဂါက သင်အောက်ပါတို့ကို ပြုလုပ်လျှင် ဖြစ်နိုင်ပါတယ်။ဒီ Thrush ရောဂါက တစ်ခါတစ်ရံ အကွက်ဖြူတွေ သို့ အရေပြားအနီကွက်တွေကဲ့သို့ တွေ့ရနိုင်ပါတယ်။ အမျိုးသမီးတွေမှာ vaginal thrush ကယားယံစေပြီး အဖြူရည်တွေ ဆင်းစေနိုင်ပါတယ်။ ပါးစပ်ထဲမှာ လည်း Thrush ဖြစ်နိုင်ပါတယ် – ကလေးတွေနှင့် သက်ကြီးရွယ်အိုတွေ ( အထူးသဖြင့် သွားတုတပ်ထားလျှင်) မှာ အဖြစ်များပါတယ်။ ပွတ်လိုက်လျှင် နီသွားတဲ့ အဖြူကွက် လေးတွေနဲ့ တူပါတယ်။ Oral thrush က အစာစားသောက်ခြင်း ခက်ခဲအောင် နာကျင်စေနိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အကောင်းဆုံးနည်းလမ်းကတော့ ဆရာဝန်ကို မေးကြည့်ခြင်း ဖြစ်ပါတယ်။ ဆရာဝန်က သင့်ရဲ့ ရောဂါလက္ခဏာတွေ မေးမြန်းပြီး စမ်းသပ်မှုတွေလဲ ပြုလုပ်နိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုလည်း မေးမြန်းနိုင်ပါတယ်။ဆရာဝန်က သင့်အရေပြား နှင့် အင်ပြင်ထတဲ့ နေရာကို ကြည့်ပြီး ရောဂါကို အတည်ပြုနိုင်ပါတယ်။ သင့်အရေပြား အစ သို့ လည်သည်း သို့ အမွှေးအနည်းငယ်ကို ယူပြီး ဓါတ်ခွဲခန်းကို စစ်ဆေးစေခြင်းဖြင့် လည်း သိနိုင်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/nail-care/nail-fungus-%e1%80%9c%e1%80%80%e1%80%b9%e1%80%9e%e1%80%8a%e1%80%b9%e1%80%b8%e1%80%99%e1%82%88%e1%80%ad%e1%80%85%e1%80%bc%e1%80%b2%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ဆယ်ကျော်သက်သမီးအား လိင်ပညာပေး ဆွေးနွေးခြင်း
ယနေ့ခေတ်အခါမှာ လူမှုကွန်ယက်များရှိ နာမည်ကြီးခေါင်းစဉ်များတွင် လိင်အကြောင်းက တစ်ခုအပါအဝင်ဖြစ်သည်ကို ကြည့်ခြင်းအားဖြင့် သင်၏သမီးသည် လိင်ပိုင်းဆိုင်ရာ အသိပညာတချို့ကို သိထားပြီးသားဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်းပဲ မိဘပြောစကားသည် သမီးဖြစ်သူအတွက် လိင်ပညာပေး ဆွေးနွေးရာတွင် အဓိကကျသည့်နေရာတွင်ရှိနေကြောင်း သိထားရန်အရေးကြီး၏။ထို့ကြောင့် ကလေးအတွက်အန္တရာယ်ကင်းစေရန် နှောင့်နှေးမနေဘဲ စပြီး ပြောဆိုသင်ကြားပေးပါ။ အောက်တွင် မိဘများ ဆယ်ကျော်သက်သမီးကို လိင်ပညာပေးရာတွင် အထောက်အကူပြုမည့် အကြံဉာဏ်များကို ဖော်ပြထားပါသည်။စပြောတော့မည့်ခဏသည် နှစ်ဦးစလုံးအတွက် ကသိကအောက်ဖြစ်နိုင်သည်။ သင်ကလဲ မပြောချင် သမီးကလဲ နားထောင်ချင်စိတ်မရှိ ဖြစ်တတ်ပါသည်။ OB/GYN သူနာပြု Janine J. Sherman အရ လိင်ပညာပေးရန် စပြောအသင့်ဆုံး အချိန်သည် သူ့အလိုလို သာမန်ဖြစ်ရိုးဖြစ်စဉ် ပုံစံမျိုးနှင့်သာ အချိန်တန်လာပါလိမ့်မည်။ ဥပမာ သင်ရော သင့်သမီးပါ ကိုယ်ဝန်ဆောင်တစ်ဦးကို မြင်လိုက်ရသည့်အချိန်မျိုး သို့မဟုတ် ဇာတ်ကားကြည့်ရင်း လိင်ကိစ္စပါလာသည်အခါမျိုး တို့ဖြစ်သည်။တခြားသော စတင်လို့ကောင်းသည့် စကားဦးများမှာ သူမ သူငယ်ချင်းတွေအကြောင်း စမေးခြင်းဖြစ်သည်။ “သူငယ်ချင်းတွေရော ရည်းစားထားကုန်ပြီလား” ဆိုတာမျိုးမေးပြီး ဒီအကြောင်းကို သူမဆက်ပြောချင်စိတ်ရှိမရှိသိရန် အမူအရာကို ကြည့်ပါ။ သူတို့နှင့်အတူ မျိုးပွားခြင်းဆိုင်ရာ စာတမ်းများကို ဖတ်တာမျိုး ကြည့်တာမျိုးလုပ်ပေးပါ။ သင်ရွေးချယ်လိုက်သည့် သင်ထောက်ကူပစ္စည်းသည် ပုံများဝေဝဆာဆာနှင့် သူတို့နားလည်လွယ်ရပါမည်။ကလေးက ဒီအကြောင်းကိုမပြောချင်ကြောင်း သိသိသာသာငြင်းနေလျှင် စိတ်ရှည်ရှည်ထားပြီး ဖြည်းဖြည်းချင်းပြောပေးသွားပါ။ အတင်းအကြပ် မပြောပါနှင့်။ အတင်းအကြပ်လုပ်လျှင် နောင်ဒီကိစ္စနှင့်ပတ်သက်၍ ပြောရန် ရှောင်သွားပါလိမ့်မည်။·လူအများထင်ကြသည်မှာ အမေကသာ အသင့်တော်ဆုံးဟု ထင်ကြပါသည်။ များသောအားဖြင့် လူများသည် ဒီလိုအထိမခံသည့် ကိစ္စရပ်များကိုဆွေးနွေးရာတွင် လိင်တူသူနှင့် ဆွေးနွေးရသည်မှာ ပိုအဆင်ပြေစေပါသည်။ သို့သော် ဖခင်များကလည်း သမီးများနှင့် နီးနီးကပ်ကပ် ဆက်ဆံရေးရှိလျှင် ပြောပေးနိုင်ပါသည်။ တချို့အိမ်ထောင်စုများတွင် အဖေ အမေ တစ်လှည့်စီ ပြောပေးကြ၏။ ထို့ကြောင့် ဘယ်သူကပြောမည်ကို သင့်မိသားစုဆက်ဆံရေးပေါ်မူတည်ပြီး ဆုံးဖြတ်ပါ။ကလေးငယ်များသည် မစဉ်းစားပဲ မေးတတ်ကြသည်။ ထို့ကြောင့် သင်သတိလက်လွတ်ဖြစ်သွားနိုင်မည့် အချိန်များ ရှိလာနိုင်ပါသည်။ ကလေးများသည် “လိင်ဆိုတာဘာလဲ” “ပါးစပ်နဲ့ဆက်ဆံတယ်ဆိုတာ ဘာလဲ” စသည့် မေးခွန်းများမေးလာနိုင်ပြီး နားလည်လွယ်မည့်အဖြေကို သင့်ဆီမှ မျှော်လင့်ထားတတ်ကြပါသည်။သင့်ကိုယ်သင် ပြန်ဖြေဖို့မပြင်ဆင်ရသေးပါက နောက်မှဖြေမည့်အကြောင်းကတိပေးကာ ထိုကတိကို တည်ပေးပါ။ အဖြေမဖြေဘဲ အသံတိတ်သွားတာမျိုးမလုပ်ပါနဲ့။ အသံတိတ်နေခြင်းက ဒီကိစ္စတွေသည် မပြောအပ်၊ မလုပ်အပ်ခြင်းဟု သူတို့ထင်သွားပြီး သင့်ကိုနောက်ထပ်မေးတော့မည်မဟုတ်ပါ။လိင်ဆက်ဆံခြင်းနှင့်ပတ်သတ်သည့် အသိပညာများကို သိထားပြီးနောက် ဆယ်ကျော်သက် မိန်းကလေးများကို သူတို့ကိုယ်သူတို့ကာကွယ်နိုင်ရန် လိင်စိတ်ခံယူမှုဆိုင်ရာ အချက်လက်များကိုပါ သိထားပေးသင့်သည်။အသက် ၁၅ နှစ်အရွယ်သမီးပျိုတစ်ယောက်သည် ကောင်းမွန်သော ရည်းစားသနာ ဆက်ဆံရေး၊ ဆိုးဝါးသော ရည်းစားသနာ ဆက်ဆံရေးတို့ကို ခွဲခြားသိနိုင်သင့်ပြီဖြစ်ပြီး ဆက်ဆံရေးကို အလွဲသုံးစားသုံးသည့်လုပ်ရပ်များဖြစ်သော မုဒိန်းမှုကိုပါ သိထားသင့်သလို သားဆက်ခြားခြင်းအကြောင်း၊ လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများကိုပါ သိထားသင့်နေပါပြီ။နောက်ဆုံးအနေနှင့် သင်က သူတို့၏အပြုအမူများအတွက် ဘောင်ကန့်သတ်ပေးပါ။ သူတို့ဘဝတွင် အမြဲပါဝင်ပတ်သက်ပေးရမည် ဖြစ်ပါသည်။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/milestones-and-development/%e1%80%86%e1%80%9a%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%9c%e1%80%b1%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%9c/
ခြေဖနောင့်နာခြင်းကို kinesiology တိပ်နဲ့ ဘယ်လိုကုသမလဲ
Plantar fasciitis လို့ဆေးပညာဝေါဟာရနဲ့ ခေါ်ဝေါ်တဲ့ ခြေဖနောင့်နာခြင်းဟာ အဖြစ်များတဲ့ ပြဿနာတခုဖြစ်ပြီး အပြေးသမားအများစုမှာ တွေ့ရတတ်ပါတယ်။ ခြေဖနောင့်နာခြင်းကို အကိုက်အခဲပျောက်ဆေး သုံးစွဲခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်း ဒါမှမဟုတ် ရေခဲကပ်ခြင်းတွေနဲ့ ကုသလို့ရနိုင်တယ်ဆိုတာ သင်သိပြီးသား ဖြစ်ပါလိမ့်မယ်။ဒါပေမယ့် kinesiology တိပ်တွေဟာလည်း ဒီပြဿနာကို ဖြေရှင်းပေးနိုင်တယ်ဆိုတာ သင်သိပါသလား။ မအံ့ဩသွားပါနဲ့။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။Plantar fasciitis ဆိုတာဟာ ခြေဖနောင့်နာခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။Plantar fascia မှာ ပြဿနာရှိခြင်းကြောင့် Plantar fasciitis ခြေဖဝါးနာခြင်း ဖြစ်ပေါ်လာရပါတယ်။ ခြေဖဝါးအောက်တလျှောက် ဖြတ်သန်းသွားပြီး ဖနောင့်နဲ့ ခြေချောင်းလေးတွေကို ဆက်သွယ်ပေးထားတဲ့ တစ်ရှုးအမျှင်တန်းခပ်ထူထူတွေကို Plantar fascia လို့ခေါ်ပါတယ်။Plantar fascia ဟာ ခြေဖဝါးကို ထောက်မကူညီပေးပါတယ်။နှစ်ပေါင်းများစွာ ဖိအားဒါဏ်တွေ ခံစားခဲ့ရခြင်း ဒါမှမဟုတ် ထိခိုက်ဒါဏ်ရာ ရရှိခြင်းတွေကြောင့် Plantar fasciitis ခြေဖနောင့်နာခြင်း ဖြစ်ပေါ်လာနိုင်ပြီး အပြေးသမားတွေ၊အဝလွန်သူတွေအပြင် မိမိနဲ့ မသင့်တော်တဲ့ ဖိနပ်တွေကို စီးလေ့ရှိသူတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ဒါ့အပြင် အသက် ၄၀နဲ့ ၆၀ကြား ပုဂ္ဂိုလ်တွေမှာလည်း ခြေဖနောင့်နာခြင်း ဖြစ်ပွားနိုင်ချေ ပိုများပါတယ်။Plantar fasciitis ဝေဒနာခံစားရပြီဆိုရင် သင့်ခြေဖနောင့်မှာ နာကျင်လာမှာဖြစ်ပြီး မနက်အိပ်ရာထလို့ လမ်းစလျှောက်ချိန် ဒါမှမဟုတ် အချိန်ကြာမြင့်စွာ ထိုင်နေ၊လဲလျောင်းနေပြီးနောက် လမ်းထလျှောက်ချိန်တွေမှာ ပိုမိုဆိုးရွားလေ့ရှိပါတယ်။Kinesiology တိပ်တွေကို ချည် ဒါမှမဟုတ် ဆေးဝါးကုသရာမှာသုံးတဲ့ အခရိုင်းလစ်တို့နဲ့ ပြုလုပ်ထားပါတယ်။Kinesiology တိပ်တွေဟာ နူးညံ့ပါးလျပေါ့ပါးပြီး အလွယ်တကူ ဆန့်နိုင်ကျုံ့နိုင်ကာ ရေစိုခံတဲ့အပြင် သင့်ရဲ့ လှုပ်ရှားမှုတွေကိုလည်း မထိခိုက်စေနိုင်ပါဘူး။ အခြားကြိုးပြားပုံစံတွေကတော့ ဆန့်နိုင်ကျုံ့နိုင်ခြင်း မရှိတဲ့အတွက် နာကျင်နေတဲ့ ကြွက်သားပတ်လည်မှာ တင်းကျပ်စွာ စည်းထားရတာကြောင့် သင့်ရဲ့ လှုပ်ရှားသွားလာမှုကို ထိန်းချုပ်ထားသလို ဖြစ်နေပါလိမ့်မယ်။Kinesiology တိပ်တွေဟာ ခြေဖနောင့်နာကျင်ခြင်းကို သက်သာစေပြီး plantar fascia ပေါ်ဖိအားတွေကို လျော့နည်းစေကာ ခြေဖဝါးကို ထောက်မပေးနိုင်တဲ့အတွက် ခြေထောက်မှာရှိတဲ့ ကြွက်သားတွေကိုလည်း သန်စွမ်းစေပါတယ်။Kinesiology တိပ်တွေဟာ သင်နဲ့ သင့်တော်ခြင်း ရှိမရှိ ဒါမှမဟုတ် Kinesiology တိပ်တွေကို အသုံးပြုသင့်မသင့်ကို သိရှိနိုင်ဖို့အတွက် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်၊ပညာရှင်တွေကို ဦးစွာ မေးမြန်းတိုင်ပင်သင့်ပါတယ်။ သင့်မှာ အချို့သော ကျန်းမာရေးပြဿနာတွေပါ ပူးတွဲပြီးရှိနေရင် ဒီပြဿနာတွေဟာ Kinesiology တိပ်နဲ့ကုသခြင်းကို နှောင့်ယှက်မှုရှိမရှိ သိနိုင်ဖို့အတွက် ဆရာဝန်ကို ကြိုတင်အသိပေးထားပါ။Kinesiology တိပ်တွေကို နှစ်ရက်ကနေ ငါးရက်အထိ အသုံးပြုနိုင်ပြီး သင့်အရေပြားနဲ့ ကောင်းကောင်းကပ်မနေတော့ရင် ခွာပစ်လိုက်သင့်ပါပြီ။kinesiology တိပ်ကို အသုံးပြုပေမယ့် နာကျင်မှုမသက်သာရင်၊ခြေဖနောင့်မှာ နီရဲပြီး သွေးခြေဥလာရင် ဆရာဝန်နဲ့ ပြသသင့်ပါပြီ။ နာကျင်မှုသက်သာဖို့အတွက် သင့်အနေနဲ့ ခွဲစိတ်မှုခံယူဖို့ လိုအပ်ကောင်းလိုအပ်မှာ ဖြစ်ပါတယ်။ခြေဖနောင့်နာခြင်းကို ထိရောက်စွာ သက်သာပျောက်ကင်းစေမယ့် ကုသမှုတခုအဖြစ် kinesiology တိပ်ကပ်ခြင်းကို ရွေးချယ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ kinesiology တိပ်တွေဟာ အသုံးပြုရလွယ်ကူပြီး နာကျင်မှုကို ကြာရှည်သက်သာစေလို့ပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%81%e1%80%bc%e1%80%b1%e1%80%96%e1%80%94%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba%e1%80%94%e1%80%ac%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af-kinesiology/
Warts (ကြွက်နို့)
Warts (ကြွက်နို့) အကြောင်းလေး ပြောပြပေးချင်ပါတယ်။ကြွက်နို့ ဆိုတာ သင့်ရဲ့အရေပြားပေါ်မှာ human papillomavirus (HPV) ကြောင့်ထွက်လာတဲ့ အဖုလေးတွေကို ခေါ်ပါတယ်။ ဒီဗိုင်းရပ်စ်တွေက သင့်ရဲ့ ခန္ဒါအနှံ့မှာ ရောဂါ မျိုးစုံဖြစ်နိုင်ပါတယ်။ သာမာန် ကြွက်နို့လေးတွေကတော့ လက်တွေ၊ လက်မောင်းတွေ နဲ့ ခြေထောက်တွေမှာ ပေါက်တတ်ပါတယ်။ သူတို့က ဂေါ်ဖီပွင့်လေးတွေနဲ့ တခ့ါတလေ တူကြပါတယ်။ Periungual ကြွက်နို့ တွေကတော့ လက်သည်းတစ်ဝိုက်မှာ ပေါက်တတ်ပါတယ်။ ထို့ပြင် ကလေးနှင့် မိန်မတွေရဲ့မျက်နှာ၊ ဒူးနှင့် တံတောင်တွေမှာ ပေါက်တတ်တဲ့ flat ကြွက်နို့ တွေက သိပ်မဖုပဲ အသားအရောင်တိုင်းရှိပါတယ်။ ထို့ပြင် လိင်အင်္ဂါတွေနှင့် စအိုနေရာတွေမှာ ပေါက်တဲ့ ကြွက်နို့တွေကတော့ လိင်ဆက်ဆံရာမှ ကူးစက်ခြင်းတွေ ဖြစ်တတ်ကြပါတယ်။ကြွက်နို့ ဟာ အဖြစ်များတဲ့ ရောဂါဖြစ်ပါတယ် အထူးသဖြင့် ၁၀ နှစ်မှ အသက် ၂၀ တွင်းလူတွေမှာ ဖြစ်တတ်ပါတယ်။ တော်တော်များများကတော့ (၆၅%လောက်) ၂ နှစ်အတွင်း ကုသမှု မလိုပဲသူ့အလိုလို ပျောက်ကင်းသွားတတ်ပါတယ်။ သို့သော်လည်း ပြန်ဖြစ်တတ်တဲ့ ရောဂါတွေ ရှိတာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး ကုသသင့်ပါတယ်။ကြွက်နို့ အများစုကတော့ သင့်ရဲ့ အရေပြားပေါ်မှာ အနေရ ခက်စေပါတယ်။ မျက်နှာနဲ့ ခေါင်းပေါ်မှာ ပေါက်လျှင် သွေးထွက်တတ်ပါတယ်။ planter ကြွက်နို့ တွေကတော့ လမ်းလျှောက်တဲ့ အခါမှာ နာကျင် ကိုက်ခဲစေပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။• သင့်အရေပြားပေါ်က ပေါက်လာတဲ့ အရာကို ကြွက်နို့ ဟုတ်မဟုတ် မသေချာလျှင်။ အသက် ၆၀ ကျော်သည်ထိ အရင်က ကြွက်နို့ တစ်ခါမှ မပေါက်ဖူးခဲ့လျှင် ဆရာဝန်ဆီသွား ပြီး ကင်ဆာဟုတ်မဟုတ် တိုင်ပင်သင့်ပါတယ်။• အိမ်မှာ ကိုယ့်ဖာသာ ဆေးဝယ်သောက်နေသော်လည်း ၂ လ ၃ လလောက်ထိ အရာမရောက် ဖြစ်နေလျှင်။• သင် ကုသမှု ခံယူနသော်လည်း ကြွက်နို့တွေက ပြန့်နှံ့လာလျှင်။• ဘက်တီးရီးယားပိုးဝင်တဲ့ လက္ခဏာတွေ ဖြစ်တဲ့နာခြင်း၊ရောင်ခြင်း နှင့် ပြည်ထွက်ခြင်းတို့ ဖြစ်လျှင်။ Chung ကြွက်နို့ တွေဟာ အရမ်းရောင်လာတဲ့ အခါ ခြေထောက်တွေကို မလှုပ်ရှားသင့်ပါဘူး။• သင့်မှာ ဆီးချို သွေးချို သို့ peripheral arterial ရောဂါ နှင့် ခြေထောက်မှာ ကြွက်နို့ပေါက်လျှင်။• သင့် လိင်အင်္ဂါ သို့ စအိုနေရာတွေမှာ ကြွက်နို့ပေါက်နေလျှင်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ကြွက်နို့ က လူတစ်ယောက်မှ တစ်ယောက်ကို ကူးစက်နိုင်ပါတယ်။ ကြွက်နို့တွေကို ကုတ်ခြင်း သို့ ဆိတ်ခြင်းတို့ကြောင့် ရောဂါပိုးတွေ ဝင်စေပါတယ်။ စိုထိုင်းတဲ့ အရေပြား သို့ ခြစ်ရာ ကုတ်ရာတွေ ရှိတဲ့ အရေပြားတွေက ကြွက်နို့ပေါက်နိုင်ချေများပါတယ်။ကြွက်နို့ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။• အသက်။ ။ ကလေးတွေနဲ့ ပျိုဖော်ဝင်စအရွယ်များ။• ကိုယ်ခံအားကျရောဂါရှိသူများ အထူးသဖြင့် HIV/AIDS ရောဂါသည်များ သို့ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသထားသူများ။• စွတ်စိုတဲ့ မျက်နှာပြင်မှာ ခြေဗလာနဲ့ လမ်းလျှောက်ခြင်း ဥပမာ ရေချိုးခန်း၊ အများသုံး အဝတ်လဲခန်း၊ သို့ ရေကူးကန်များ။• ကြွက်နို့ရှိတဲံ လူနဲ့ မျက်နှာသုတ်ပဝါ၊ မုတ်ဆိတ်ရိတ်ဓါး နှင့် တခြားတစ်ကိုယ်ရေသုံး ပစ္စည်းများ အတူတကွသုံးစွဲခြင်း။• လက်သည်း ခြေသည်းတွေကို ကိုက်ခြင်း။• ဖိနပ် အကြပ်တွေ စီးခြင်းကလည်း ခြေထောက်ကို ချွေးထွက်စေပါတယ်။အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ ကြွက်နို့ မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်တွေက သင့်အရေပြားအား စမ်းသပ်ခြင်းဖြင့် ကြွက်နို့ ဟုတ်မဟုတ် အဖြေရှာနိုင်ပါတယ်။ ရောဂါ မသေချာလျှင် ဆရာဝန်က ကြွက်နို့ ကို biopsy ယူပြီး microscope အောက်မှာ ကြည့်နိုင်ပါတယ်။ကုသမှုတွေက အမြဲတမ်းတော့ မအောင်မြင်နိုင်ပါဘူး။ ထို့ပြင် ကုသမှုကြောင့် နောက်ဆက်တွဲ အနေနဲ့ နာကျင်ခြင်း၊ ရောဂါပိုးဝင်ခြင်း နှင့် အမာရွတ်စွဲခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ကြွက်နို့က မနာဘူးဆိုလျှင် ကုသမှု မလိုအပ်ပါဘူး။ အများသုံးရေကူးကန်၊ အဝတ်လဲခန်း သို့ ရေချိုးခန်းတွေကိ သွားမယ်ဆိုလျှင် ကြွက်နို့တွေကို တစ်ခုခုနဲ့ ဖုံးကာထားသင့်ပါတယ်။ကုသမှုက သင့် ကြွက်နို့ရှိရာ နေရာပေါ်မူတည်ပါတယ်။ လက်မောင်း၊ လက်နှင့် ခြေထောက်တွေမှာ ပေါက်တတ်တဲ့ ကြွက်နို့ တွေကို တော့ ကွာကျသွားသည် အထိ ညတစ်ကြိမ် သို့ မနက်တစ်ကြမ် salicylic acid solution နဲ့ လိမ်းပေးသင့်ပါတယ်။ plantar ကြွက်နို့ တွေကို 40% salicylic acid plaster တွေနဲ့ ကုနိုင်ပြီး flat ကြွက်နို့ တွေကိုတော့ tretinoin cream သို့ 5-flurouracil သုံးပြီး အရေပြားကွာစေတဲ့ နည်းလမ်းနဲ့ ကုနိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာ ကြွက်နို့ တွေကိုတော့ ဆရာဝန်ဆီကို သင်ကိုယ်တိုင်ရော၊ သင့် အဖော်ရောပါ သွားပြသင့်ပါတယ်။ ကုသမှုကတော blistering agent နဲ့ ကုသခြင်းဖြစ်ပါတယ်။ ဒီကုထုံးနဲံ အဆင်မပြေလျှင် ဆရာဝန်က ပိုပြင်းတဲ့ ဆေးတွေဖြစ်တဲ့ imiquimod cream သို့ trichloroacetic acid တွေ ပေးပါလိမ့်မယ်။တခြားကုသနည်းတွေကတော့ ခဲခြင်း၊ ကိုယ်ခံအားစနစ်ကို လှူံဆော်ပေးတဲ့ ဆေးများကို ကြွက်နို့အားထိုးပေးခြင်း၊ ခွဲစိပ်ခြင်း၊လေဆာ သို့ လျှပ်စစ်သုံးပြီး ကြွက်နို့ကို လောင်ကျွမ်းစေခြင်းတို့ ဖြစ်ကြပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ကြွက်နို့ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• ကြွက်နို့ကို ကိုင်မိပြီးချင်းမှာ လက်ဆေးခြင်းဖြင့် ပြန့်နှံ့ခြင်းကို ရှောင်ကြဉ်ပါ။• သင့်ရဲ့ ကြွက်နို့တွေက salicylic acid solutions တွေနဲ့ မသက်သာလျှင် ဆရာဝန်ကို ပြောပြပါ။• ကြွက်နို့ကို ရက်သတ္တပတ်လောက် ကုသသော်လည်း မပျောက်တဲ့ အခါ ဆရာဝန်နဲ့ ပြပါ။ထို့ပြင် ကြွက်နို့ကို ကာကွယ်ရန် အောက်ပါတို့ကို လုပ်ဆောင်သင့်ပါတယ်။• လက်သည်း မကိုက်ပါနဲ့။ ကြွက်နို့တွေက ပျက်စီးနေတဲ့ အရေပြားတွေမှာ အဖြစ်များပါတယ်။ လက်သည်း အရေပြားတွေကိုက်ခြင်းဖြင့် ဗိုင်းရပ်စ်ပိုးတွေ ဝင်လာဖို့ တံခါးဖွင့်ပေးလိုက်သလို ဖြစ်နေပါတယ်။• ကြွက်နို့တွေကို မဆိတ်ပါနဲ့ ပျံ့တတ်ပါတယ်။• အရေပြားကို ဂရုစိုက်ပါ။ ပျံ့နှံ့ခြင်းကို ကာကွယ်နိုင်ရန် ကြွက်နို့ ရှိတဲ့ နေရာတွေမှာ ပွတ်တိုက်ခြင်း အမွှေးရိတ်ခြင်းတို့ အပြုလုပ်ပါနဲ့ ရိပ်ချင်လျှင် လျှပ်စစ် အမွှေးရိတ်စက်ကို အသုံးပြုသင့်ပါတယ်။• တစ်ကိုယ်ရည်သုံး ပစ္စည်းတွေကို လဲလှယ်သုံးစွဲ ခြင်းမပြုပါနဲ့ လူတစ်ယောက်နဲ့ တစ်ယောက်ကူးစက်နိုင်ပါတယ်။• ကြွက်နို့တွေနဲ့ တိုက်ရိုက် မထိပါစေနဲံ သင့် ကြွက်နို့တွေပါ အပါအဝင်ပေါ့။• ကြွက်နို့နဲ့ ထိမိသွားလျှင် လက်ကို သေချာ စင်ကြယ်အောင် ပြန်ဆေးပါ။• သင့်ရဲ့ ခြေထောက်တွေကို သန့်ရှင်းအောင်ထားပါ။ နေ့တိုင်း ဖိနပ်နဲ့ ခြေအိတ်တွေကို လဲပေးပါ။• Wart ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ရှိနေနိုင်တဲ့ နေရာတွေမှာ ဖိနပ်စီးပါ။ အထူးသဖြင့် ရေကူးကန် နဲ့ အားကစားရုံတွေမှာ ဖိနပ်စီးပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/infectious-skin-diseases/warts-explained/
HIV / AIDS (ခုခံအားကျဆင်းမှုကူးစက်ရောဂါ)
HIV ဆိုတာ ကမ္ဘာတလွှားက လူအတော်များများရဲ့ဘဝကို ပျက်စီးစေလျက်ရှိတဲ့ အန္တရာယ်ကြီးမားတဲ့ ရောဂါပိုးဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ သွေးနဲ့ လိင်ဆက်ဆံမှုကတဆင့်လည်း ကူးစက်လွယ်တဲ့ရောဂါဖြစ်ပါတယ်။ HIV / AIDS ရောဂါအကြောင်းကို အောက်မှာ ထပ်ဖော်ပြထားပါတယ်။HIV ဆိုတာ လူ့ခန္ဓာကိုယ်အတွင်းမှာ ရောက်ရှိလာတာနဲ့ ကျန်းမာရေးကို စတင်ပြီး ထိခိုက်ယိုယွင်းစေနိုင်တဲ့ ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ ပိုပြီးအသေးစိတ်ပြောရရင် သူ့ရဲ့ပစ်မှတ်ကကိုယ်ခံအားစနစ်ကို တိုက်ခိုက်ဖို့ဖြစ်ပါတယ်။ အဲဒီနောက်အအေးမိတာလိုမျိုး အသေးစားဝေဒနာကနေ အဖျားတက်ခြင်းလိုမျိုး ပြင်းထန်တဲ့အခြေအနေတွေအထိ ရောဂါဝေဒနာတွေကို ကိုယ်ခံအားစနစ်က တုံ့ပြန်ခုခံနိုင်စွမ်း အားနည်းသွား စေပါတယ်။ ဒီရောဂါပိုးကို အကာအကွယ်ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံခြင်းကတဆင့် ကူးစက်မှုအများဆုံးဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးမှာ HIV ပိုးရှိနေရင် သူ့ရဲ့ကလေးမှာလည်း ရောဂါကူးစက်ခံရဖို့ များပါတယ်။ AIDS ရောဂါဟာ HIV ရဲ့နောက်ဆုံးအဆင့်မှာဖြစ်လာတဲ့ရောဂါဖြစ်ပါတယ်။သင့်မှာ HIV ရှိနေတယ်လို့ သံသယရှိနေတယ်ဆိုရင် ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရောက်ပြီး ဆေးစစ်ပါ။ စစ်ဆေးမှုခံယူဖို့အချိန်ဆွဲနေလေ သင်သေရဖို့ ပိုနီးလာလေ ဖြစ်နေပါလိမ့်မယ်။သင့်မှာ HIV ကူးစက်ခံရခြင်းရှိမရှိကို သိရှိဖော်ထုတ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက HIV ဆေးစစ်မှု ခံယူဖို့ပါပဲ။ စစ်ဆေးမယ့်ဆရာဝန်တွေက သင့်ရဲ့သွေး ဒါမှမဟုတ် တံတွေးကို နမူနာယူပြီး ရောဂါကူးစက်ခံထားရတဲ့ လက္ခဏာရှိမရှိကို ရှာဖွေစစ်ဆေးမှာဖြစ်ပါတယ်။သင့်ရဲ့ရလဒ်တွေက အနှုတ်လက္ခဏာ ထွက်လာမယ်ဆိုရင် ဝမ်းသာဂုဏ်ယူလိုက်ပါတော့။ သင့်မှာ HIV မရှိပါဘူး။ နောက်တစ်မျိုးကတော့ သင့်မှာ HIV ရှိနေနိုင်တယ်လို့ ရလဒ်ကဖော်ပြနေတယ်ဆိုရင် ဒီရလဒ်ကို အတည်ပြုဖို့ သွေးထပ်စစ်ရပါမယ်။ သွေးထပ်စစ်လို့ရှိတယ်လို့အဖြေထွက်နေရင်တော့ သင်နဲ့ HIV ကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းတွေကြားမှာ ဆက်လက်စမ်းသပ်မှုနဲ့ ကုသမှုရွေးချယ်စရာတွေအကြောင်း ဆွေးနွေးကြရမှာဖြစ်ပါတယ်။လက်ရှိမှာတော့ HIV/AIDS ရှိသူ လူနာတွေအတွက် ကုသပျောက်ကင်းနိုင်မယ့် နည်းလမ်းမရှိသေးပါဘူး။ ဒါပေမယ့် ယနေ့ခေတ်ကုထုံးတွေက HIV ရှိသူတွေကို ကျန်းမာစွာနဲ့ သက်တမ်းစေ့နေနိုင်အောင် လုပ်ပေးနိုင်တာကြောင့် အတန်အသင့် ထိရောက်မှုရှိပါတယ်။သင့်မှာ HIV သို့မဟုတ် AIDS ရှိနေပြီဆိုရင် ဆေးပြားပုံစံနဲ့ ဆေးဝါးမျိုးစုံကို သောက်ဖို့လိုလာပါလိမ့်မယ်။ ပုံမှန် အားဖြင့် ဆေးဝါးတစ်မျိုးတည်းသောက်ရုံနဲ့ မလုံလောက်ဘဲ မတူညီတဲ့ဆေးတွေကို ပေါင်းသောက်ဖို့ ညွှန်ကြားခံရ နိုင်ပါတယ်။ဒါ့အပြင် သင့်မှာကျန်ရှိနေတဲ့သက်တမ်းကို ဆွဲဆန့်နိုင်ဖို့အတွက် ကျန်းမာတဲ့နေထိုင်မှုပုံစံကလည်း အရေးကြီးပါတယ်။ လက်ရှိမှာ HIV ရှိသူနဲ့အတူနေထိုင်ကြသူတွေအနေနဲ့ ကုထုံးမှာပါတဲ့ အေအာရ်တီကုသမှု (HIV ပိုးကုသဆေး)ကို ခံယူခြင်းက လိင်ဆက်ဆံဖော်ဆီကို HIV ကူးစက်ပြန့်ပွားစေနိုင်တဲ့အန္တရာယ် လျော့နည်းစေနိုင်တယ်လို့ သိရပါတယ်။ သွေးစစ်ချက်တွေက စစ်ဆေးတွေ့ရှိနိုင်စွမ်းမရှိတဲ့HIVဗိုင်းရပ်စ်ကို ဒီကုထုံးက တွေ့ရှိနိုင်စွမ်းရှိတာကြောင့် အရမ်းကိုအရေးကြီးပါတယ်။ HIVပိုးရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက သူတို့ရဲ့ ရင်သွေးတွေဆီ HIV ကူးစက်စေတာမျိုး ဖြစ်ခဲလှတယ်ဆိုပေမယ့် ဖြစ်နိုင်ခြေလည်းရှိပါတယ်။အကြောင်းကြောင်းကြောင့် ဆေးထိုးအပ်ကို မျှသုံးတဲ့သူတွေ ဒါမှမဟုတ် ကွန်ဒုံးမပါဘဲ အကာအကွယ်မဲ့လိင်ဆက်ဆံသူတွေမှာ HIV အဖြစ်များဆုံးဖြစ်ပါတယ်။HIV ကိုကြိုတင်ကာကွယ်နိုင်ဖို့ဆိုရင် လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးသုံးရမှာဖြစ်သလို ဆေးထိုးအပ်လိုမျိုး ခန္ဓါကိုယ်တွင်း ထိုးသွင်းရတဲ့အရာမျိုးတွေ၊ ဇွန်းတွေ၊အနာသုတ်ဂွမ်းစ တို့ကို တခြားသူနဲ့မျှမသုံးရပါဘူး။ လိင်နှိုးဆွမှု မစတင်မီကတည်းက သင့်ဆက်ဆံဖော်ရဲ့ကျန်းမာရေးအခြေအနေကို သိအောင်လုပ်ထားဖို့ကလည်း အရမ်းကို အရေးကြီးပါတယ်။သင့်မှာ HIVရှိနေနိုင်တယ်လို့ သံသယရှိနေပါက ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရောက်ပြီး ရောဂါရှာဖွေမှု၊ ကုသမှုနဲ့ ဆေးဝါးကုထုံးတို့ကို ခံယူပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/hiv-aids-2/
သင့်ယောနိ ပြန်လည်ကျဉ်းမြောင်းစေဖို့ ရိုးရှင်းတဲ့ လေ့ကျင့်ခန်းများ
တောင့်တင်းပြီး ကျစ်လစ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရခြင်းက အမျိုးသမီးတွေကို သက်သောင့်သက်သာနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေပါတယ်။ ခန္ဓာကိုယ်လို့ဆိုတဲ့အထဲမှာ ယောနိလဲ အပါအဝင်ပါ။ ခုတစ်ခေါက်တော့ သင့်ယောနိကို ဆရာဝန်တွေရဲ့ ကုသမှုတွေ၊ ခွဲစိတ်မှုတွေမလိုဘဲ သဘာဝအတိုင်း တင်းကျပ်စေမယ့် နည်းလမ်းကို ပြောပြပါ့မယ်။ ဒါကတော့ သင့်ယောနိ ပြန်လည်ကျဉ်းမြောင်းစေဖို့ ရိုးရှင်းတဲ့ လေ့ကျင့်ခန်းများ အကြောင်းပဲ ဖြစ်ပါတယ်။လူတွေတွေးနေတာနဲ့ ကောလဟာလတွေကို ယှဉ်ကြည့်လိုက်တဲ့အခါ ယောနိလျော့ရဲတာဟာ ချစ်တင်းနှောတာနဲ့ ပတ်သက်မှု မရှိတာ တွေ့ရပါတယ်။ ဆိုလိုတာက အကြိမ်ရေများစွာ ချစ်တင်းနှောတာက သင့်ယောနိရဲ့ ပုံစံနဲ့ အကျယ်ကို မပြောင်းလဲသွားစေပါဘူး။ ဘာကြောင့်လဲဆိုတော့ ယောနိရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ ကြွက်သားက အင်မတန်မှ အားကောင်းလို့ပါ။အဲ့တော့ ဘယ်လောက်ပဲ ချစ်တင်းနှောပါစေ ဒါမှမဟုတ် သင့်အဖော်ရဲ့ ကိုယ်ပိုင်ပစ္စည်းက ဘယ်လောက်ပဲ ကြီးပါစေ။ ဒါက ကျယ်စေတဲ့ အကြောင်းအရင်းမဟုတ်ပါဘူး။ယောနိလျော့ရဲတာက (ကျုံ့နိုင်ဆန့်နိုင်မှု ဆုံးရှုံးတာ) အကြောင်းရင်းတော်တော်များများကြောင့် ဖြစ်တတ်ပါတယ်။ ဥပမာ ခဏခဏ ကလေးမီးဖွားခြင်း၊ သွေးဆုံးခြင်း သို့မဟုတ် ခန္ဓာကိုယ်ရဲ့ သဘာဝအရ အသက်ကြီးလာခြင်း တို့ဖြစ်ပါတယ်။သင် အံ့သြမယ်ဆိုပေမယ့်လဲ ဒါအမှန်ပါ။ သဘာဝ အစားအသောက်ပုံစံက သင့်ယောနိကို တင်းကျပ်ဖို့ ကူညီနိုင်မှာပါ။ အသီးအနှံ၊ ဟင်းသီးဟင်းရွက် ခပ်များများနဲ့ မျှတတဲ့ အဟာရတွေက pelvic floor ( တင်ပါးဆုံမှာ ကပ်နေတဲ့ ဝမ်းဗိုက်အခြေ ကြွက်သားအခြေထု) ကို တောင့်တင်းစေနိုင်မှာပါ။ ဘာလို့လဲဆိုတော့ ကြွက်သားတွေပြန်လည်ကောင်းမွန်ဖို့နဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို ထိန်းနိုင်ဖို့ အာဟာရနဲ့ ဗီတာမင် အတော်များများ လိုအပ်လို့ပါပဲ။ဒါ့ပြင် သင့်အစားအသောက်ပုံစံကိုအမျိုးသမီးဟော်မုန်းဓာတ် ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ပဲနံ့သာပင်၊ နှမ်းစေ့၊ သလဲသီး၊ ပဲပိစပ်တို့နဲ့ အဲ့ကထွက်တဲ့ အစားအသောက်တွေ၊ အမျှင်တွေ၊ မုန်လာဥနီ၊ ဂျုံ၊ ဘယ်ရီသီးတွေ၊ ပန်းသီးတွေ စတဲ့ အမျိုးအစားတွေနဲ့ ပေါင်းစပ် တည်ဆောက်သင့်ပါတယ်။ထပ်ပြောရရင် ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေအပြင် တိရစ္ဆာန်ကရတဲ့ အသားဓာတ်နဲ့ ဂျုံတို့ကိုလည်း ကောင်းမွန်တဲ့ အစားအသောက်ပုံစံအတွက် စားသုံးဖို့ လိုအပ်တယ်ဆိုတာ စိတ်ထဲထည့်ထားရပါမယ်။သင့်ယောနိ ပြန်လည်ကျဉ်းမြောင်းစေဖို့ ရိုးရှင်းတဲ့ လေ့ကျင့်ခန်းများ ကတော့။ဒီလေ့ကျင့်ခန်းက သင့်ယောနိ တင်းကျပ်ဖို့ ကူညီပေးတဲ့နေရာမှာ အကျိုးသက်ရောက်မှုရှိတာ သက်သေပြပြီးသားပါ။ဒီလေ့ကျင့်ခန်းရဲ့ ပထမအဆင့်က မှန်ကန်တဲ့ ကြွက်သားတွေကို နေရာသိမှတ်ရတာပါ။ ဆီးသွားနေစဉ်မှာ ကြွက်သားကို တင်းပြီး ရုတ်တရပ်ရပ်လိုက်ပါ။ ဒီကြွက်သားက ကိုယ်လေ့ကျင့်ပေးရမယ် ကြွက်သားပါ။လေ့ကျင့်ခန်းလုပ်တဲ့အခါ ပက်လက်လှန်ပြီး ကျဉ်းစေဖို့ အဲ့ကြွက်သားကို ညှစ်ပါ။ ဒီအနေအထားအတိုင်း စက္ကန့်အနည်းငယ်နေပါ။ ပြီးရင် ထပ်လုပ်ပါ။ ရလဒ်ကောင်းရဖို့ ဘယ်အချိန်မဆို လုပ်နိုင်ပါတယ်။ ဆီးသွားချိန်မှာတော့ မလုပ်ရပါ။ တစ်ခါလုပ်ရင် ၁၀ကြိမ်နဲ့ ၁ရက် ၁-၂ကြိမ် စလုပ်ကြည့်ပါ။ ပြီးရင် တိုးသွားပါ။ဒီလေ့ကျင့်ခန်းက သင့် pelvic floor ရဲ့ ကြွက်သားတွေကို လုံးဝ အာရုံစိုက်ပြီး လေ့ကျင့်မှ ထိရောက်မှာကို သတိထားပေးပါ။ ဆိုရရင် သင့်ရဲ့ ဝမ်းဗိုက်၊ တင်၊ ပေါင်က ကြွက်သားတွေကို တစ်ချိန်တည်း ညှစ်တာ ရှောင်ကြဉ်ရပါမယ်။Kegel လေ့ကျင့်ခန်းအပြင် ထိုင်ထ ကိုလည်းစမ်းလုပ်သင့်ပါတယ်။ ထိုင်ထျလေ့ကျင့်ခန်းကို တောင့်တင်းတဲ့ ခန္ဓာကိုယ်နဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးအတွက် ယနေ့ခေတ်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာပါပြီ။ ဒါပေမယ့် အာရုံစိုက်ဖို့တော့ လိုပါမယ်။ ဘာလို့လဲဆိုတော့ လူအများစုက မမှန်မကန် ပြုလုပ်နေလို့ပါ။သင့်ခြေထောက်တွေကို တင်ပါးအကျယ်ထပ် နဲနဲပိုချဲပြီး မတ်တပ်ရပ်ပါ။ သင့်ခြေဖျားကို ၃၀ဒီဂရီလောက် အပြင်ကားပြီး အဲ့အနေအထားကို ထိန်းပါ။ ခုံမှာထိုင်သလို ထိုင်လိုက်ပါ။ ပြီးရင် သင့်ခြေဖျားတွေအပေါ် မတ်တပ်ပြန်ရပ်ပါ။ ဒါကို ထပ်ကာထပ်ကာလုပ်ပြီး ရလဒ်ကို စောင့်ကြည့်ပါ။သင်လုပ်တာ မှန် မမှန် မသေချာဘူးဆိုရင်တော့ နောက်ထပ်အကြံဉာဏ်နဲ့အကူအညီတွေအတွက်ပါ သီးသန့်ကျွမ်းကျင်ဆရာကို ငှားရမ်းဖို့ အကြံပေးလိုပါတယ်။ဆရာဝန်နဲ့ပြတာတွေ၊ ခွဲစိတ်မှုတွေ မလုပ်ခင် အထက်မှာ ဖော်ပြထားတဲ့ အိမ်တွင်းကုထုံးလေးတွေ၊ လေ့ကျင့်ခန်းတွေကို စမ်းလုပ်ကြည့်ပါ။ ဘယ်လောက် အစွမ်းထက်လဲဆိုတာ သင်အံ့သြသွားပါလိမ့်မယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/tighten-your-vagina-naturally-at-home/
ဗီတာမင် C နဲ့ ပတ်သက်ပြီး သိထားသင့်တာလေး အချို့
ဗီတာမင် C နဲ့ ပတ်သက်ပြီး သိထားသင့်တာလေး အချို့ အကြောင်း အတူတူ လေ့လာလိုက်ရအောင်နော်။ဗီတာမင် C နဲ့ပတ်သက်ပြီး သိထားသင့်တာလေး အချို့ ကတော့။ဗီတာမင် C ဆိုတာဘာလဲ ။ ။ဗီတာမင် Cဆိုတာ ရေမှာပျော်ဝင်တဲ့ ဗီတာမင် တစ်မျိုးဖြစ်ပြီး သူကို ascorbic acid လို့လည်း လူသိများကြပါတယ်။ ရေမှာပျော်ဝင်တာကြောင့် ကိုယ်ခန္ဓါက အလွယ်တကူစုပ်ယူနိုင်ပြီး ascorbic acid ကြောင့် ချဉ်တဲ့အရသာရှိတာ ဖြစ်ပါတယ်။ဗီတာမင် C လုံလောက်နေဖို့ ဘာ့ကြောင့် အရေးကြီးတာလဲ ။ကိုယ်ခန္ဓါမှာ ဗီတာမင် C ရဲ့ အခန်းကဏ္ဍ တွေ အများကြီးရှိပါတယ်။ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေက ဘာတွေလဲ၊။အားလုံးသိကြတဲ့အတိုင်း ချဉ်တဲ့ အစားအစာမှန်မျှ ဗီတာမင် C ကြွယ်ဝစွာပါပါတယ်။ ဒါပေမယ့် အရသာမချဉ်ပေမယ့် ဗီတာမင် C ကြွယ်ဝတဲ့ အခြား အစားအစာတွေလည်းရှိပါတယ်။ ဗီတာမင် C ကြွယ်ဝတဲ့ အသီးအရွက်တွေကတော့။ဗီတာမင် C ( အချဉ်) စားရင် ပိန်တယ်ဆိုတော့ စွတ်ပြီး စားတတ်ကြပါတယ်။ အဲဒီအခါ ဗိုက်အောင့် ဗိုက်နာဖြစ်ပြီးဝမ်းခဏခဏသွားတာမျိုးဖြစ်တတ်ပါတယ်။ နောက်ပြီး ဗီတာမင် C အားဆေးပြားတွေကို တစ်နေ့ 0.3 mg/dl ထက်ပိုသောက်တဲ့သူတွေလည်း ခုလိုဖြစ်တတ်ပါတယ်။ အဲ့ဒီလိုဖြစ်လာရင်တော့ ဆေးသောက်တာကို ရပ်လိုက်သင့်ပါတယ်။ သောက်တာ ရပ်ပြီး ၂ရက်၊ ၃ ရက်နေတာနဲ့ ပုံမှန် ပြန်ဖြစ်သွားပါ လိမ့်မယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/vitamin-c-2/
Vitiligo (ခရုသင်းဖြစ်ခြင်း)
ခရုသင်း ဆိုတာ အရေပြားအရောင်အဆင်းမရှိတဲ့ အရေပြားရောဂါကို ခေါ်ပါတယ်။ အရောင်ဟာ အကွက်လိုက်ပျောက်ဆုံးပြီး လက်ဖမိုးတွေ၊မျက်နှာနဲ့ ချိုင်းကြားတွေမှာဖြစ်တတ်ပါတယ်။အသက်အန္တရာယ်မရှိနိုင်သလို ကုသလို့လဲမရပါဘူး သို့သော် တချို့အရောင်တွေက မျက်နှာနဲ့ လည်ပင်းတွေမှာ ပြန်ပေါ်လာတတ်ပါတယ်။ တခါတရံ thyroid ရောဂါနှင့်လဲ ဆက်စပ်ပြီး ဖြစ်ပေါ်နိုင်ပါတယ်။ခရုသင်း က လူမျိုးဘာသာမရွေးဖြစ်နိုင်ပါတယ်။ အသားအရောင်နက်တဲ့ သူတွေမှာ ပိုသိသာပါတယ်။ အရွယ်ပေါင်းစုံ ဖြစ်နိုင်သော်လည်း တဝက်လောက်က အသက် ၂၀ အောက်တွေမှာ ဖြစ်တာ တွေ့ရပါတယ်။အရေပြားမှာ အရောင်ပျောက်ပြီး ပြားကပ် ဖြူစွပ်နေတဲ့ အကွက်ငယ်လေးတွေ ပေါ်လာပါမယ်။ အကွက်လေးတွေကို လက်နဲ့ စမ်းကြည့်လို့မရပါဘူး။ နာလည်းမနာသလို ယားလဲမယားပါ။ အရွယ်အမျိုးမျိုးရှိကြပြီး တခါတလေ တစ်လက်မလောက်ထိ ရျိကြပါတယ်။အကွက်ငယ်တွေဟာ ပုံစံအတိအကျမရှိတဲ့ အကွက်ကြီးတွေအဖြစ် ပြန့်နှံ့လာတတ်ပါတယ်။ သူတို့ဟာ တစ်နေရာတည်းကိုပဲ ခန္ဓါကိုယ်ရှေ့နောက်နှစ်ခြမ်းလုံမှာ ဖြစ်တတ်ပါတယ်။ တခါတလေ ဖြစ်တဲ့နေရာက အမွှေးတွေပါ အရောင်အဆင်းပျောက်ဆုံးတတ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်အရေပြား သို့ အမွှေး သို့ မျက်လုံးမှာ အရောင်အဆင်းပျောက်ဆုံးလာလျှင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ခရုသင်း ဟာ ကုသလို့မရပါ။ သို့သော် အရောင်ပျောက်မှုကို နှေးစေတဲ့ သို့ အရောင်ပြန်ရနိုင်အောင် ကုသမှုတွေနဲ့ ကာကွယ်လို့ရပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဖြစ်ပွားမှုအကြောင်းအရာကိုတော့ မသိရပါ။ခရုသင်း ဆိုတာမွှေးညင်းတွေရဲ့ အရောင်ကိုဖြစ်စေတဲ့ melanin ထုတ်ပေးတဲ့ melanocytes ဆဲလ်လေးတွေ အရေပြားမှာ ပျောက်ဆုံးရာကနေ ဖြစ်ပေါ်လာတာပါ။ ခရုသင်း က ကင်ဆာမဟုတ်သလို ကူးစက်နိုင်တဲ့ရောဂါလဲ မဟုတ်ပါ။ သူက မျိုးရိုးလိုက်ပြီးတော့လဲ ဖြစ်နိုင်ပါတယ်။ခရုသင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က အရေပြားကို စမ်းသပ်ပြီး အရေပြားနမူနာစ ( biopsy sample) တစ်ခုယူပြီး microscope အောက်မှာ အဏုစိပ်ကြည့်ရျုခြင်းဖြင့် ရောဂါအဖြေရျာနိုင်ပါတယ်။ ဆရာဝန်က အရေပြားအထူးကုနှင့် ပြကြည့်ရန်လည်း တိုက်တွန်းနိုင်ပါတယ်။ကုသမှုပိုင်းမှာ အလှကုန်ပစ္စည်းတွေ၊ ခရင်မ်တွေ နဲ့ အထူးပြုအလင်းပေးကုထုံးတွေလဲ ပါဝင်ပါတယ်။ အပျော့စားခရုသင်း ကတော့ ကုသမှု မလိုလောက်ပါဘူး။ အကွက်သေးသေးလေးတွေ အတွက် အလှပြင်ပစ္စည်းတွေနဲ့ မိတ်ကပ်တွေနဲ့ ကာလို့ရပါတယ်။အသားရေအသင့်အတင့်ရျိသူတွေ အတွက်ကတော့ SPF 15 နှင့် အထက်ရှိတဲ့ နေလောင်ကာတေါသုံးခြင်း သို့ နေရောင်တိုက်ရိုက်မထိအောင် ရှောင်ခြင်းဖြင့် ထိရောက်နိုင်ပါတယ်။အရေပြားကို steroid cream လဲ လိမ်းလို့ရပါတယ်။ အကောင်းဆုံးအခြေအနေရဖို့ကတော့ ၃ ၊ ၄ လ လောက်ကြာနိုင်ပါတယ်။steroid cream တွေကို မျက်ခွံ၊ချိုင်းကြား နှင့် ပေါင်ခြံတွေမှာ မလိမ်းသင့်ပါ။အထူးပြု အလင်းပေးကုထုံးမှာ psoralensလို့ခေါ်တဲ့ ဆေးတစ်မျိုးပေးပြီး နောက်က ခရမ်းလွန်ရောင်ခြည်ပေးခြင်းဖြင့် ကုပါတယ်။ psoralens ကို သောက်ဆေးအနေနဲ့လဲ သုံးလို့ရပါတယ်။ ဒီကုထုံးဟာ မျက်နှာ၊လည်ပင်း၊ကိုယ်လုံး၊လက်မောင်းနဲ့ ပေါင်တို့အတွက် အကောင်းဆုံးဖြစ်ပါတယ်။ကုရတဲ့ နေရာပါ်မူတည်ပြီး ၂၅ခါကနေ အခါ ၅၀လောက်ကုပြီးနောက်မှာအဖြေစသိရပါတယ်။ ဘေးထွက်ဆိုးကျိုးကြီးကြီးမားမားအနေနဲ့ကတော့ နေလောင်ခြင်းနှင့် အရေကြည်ဖုထခြင်းဖြစ်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ခရုသင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေတဲ့ နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• SPF 15 နှင့်အထက် နေလောင်ကာခရင်မ်ကို ခရုသင်း ဖြစ်နေတဲ့ အကွက်တွေမှာ သုံးပါ။• လက္ခဏာအသစ်တွေပေါ်လာလျှင် သင့်ဆရာဝန်ကို ဆက်သွယ်ပါ။ တချို့ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။• ဦးထုပ်၊ အင်္ကျ ီလက်ရှည်၊ဘောင်းဘီရှည် ဝတ်ပါ။• ကုသနေရင်း နီရဲလာလျှင် သို့ အရေကြည်ဖုတွေ ဆိုးရွားလာလျှင် ဆရာဝန်နဲ့ ပြပါ။မှတ်ထားရမှာက ဒီအရောင်ပြန်တင်တဲ့ကုထုံးတွေက လုံးဝအကင်း ရာသက်ပန်ပျောက်သွားအောင် မကုပေးနိင်ကြပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/vitiligo-%e1%80%81%e1%80%9b%e1%80%af%e1%80%9e%e1%80%84%e1%80%b9%e1%80%b8%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ သွားနဲ့ခံတွင်းပြဿနာများအကြောင်း
ကျန်းမာရေးနဲ့ပတ်သက်ပြီး ဗဟုသုတနည်းလွန်းတဲ့ ကျွန်တော်တို့နိုင်ငံမှာ သွားနဲ့ခံတွင်းနဲ့ပတ်သက်ပြီး ဖြစ်နေတဲ့ ကျန်းမာရေးပြဿနာတွေဆိုတာလည်း ခဏခဏကို တွေ့မြင်နေရတာပါ။ ဝေးဝေးမှာ မရှာပါနဲ့၊ ကိုယ်နဲ့ စကားပြောနေတဲ့ သူတစ်ယောက် ခံတွင်းနံ့ နံလွန်းနေတာ၊ သွားကိုကြည့်လိုက်ရင် ကွမ်းချိုး၊ သွားချေးကျောက်တွေနဲ့ ပြည့်နေတာ၊ သွားပိုးစားနေတာတွေ သတိထားမိတယ်မလား။ တချို့ဆိုရင် ကိုယ်တိုင်ကခံတွင်းနံ့ဆိုးထွက်နေတော့ မလုံမလဲဖြစ်ပြီး စကားပြောရင် ပါးစပ်အုပ်ပြောတာ၊ မပွင့်တပွင့်ပြောတာတွေ သတိထားမိမှာပါ။ ဒီလိုဖြစ်ရတယ်ဆိုတာလည်း တကယ့် သွားနဲ့ ခံတွင်းသန့်ရှင်းရေးနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ ကျန်းမာရေးဆိုင်ရာ အချက်တွေကို မသိထားတာ၊ နေထိုင်စားသောက်မှုပုံစံ မှားယွင်းတာတွေကြောင့်လို့ ဆိုရမှာပါ။ဒါဆို မြန်မာနိုင်ငံမှာ ဘယ်လို သွားနဲ့ခံတွင်းပြဿနာတွေ အဖြစ်များလဲ။အစာကို တစ်ဖက်တည်းနဲ့ ဝါးပြီး ကျန်တဲ့တစ်ဖက်ကို လုံးဝမသုံးဘဲ ပစ်ထားတာ၊ သွားကို စနစ်တကျမတိုက်တာ၊ သွားပွတ်ကြိုးမသုံးတာကြောင့် အဓိကဖြစ်ရတာပါ။ သွားရဲ့ အပေါ်ယံကြွေလွှာပေါ်ကို အစပိုင်းမှာအဝါရောင်အကျိအချွဲလေးတွေ (သွားချေး) ကပ်ငြိလာမယ်၊ အဲ့အကျိအချွဲတွေက ကြာတော့ ခြောက်သွားပြီး နည်းနည်းမာသွားမယ်။ သန့်ရှင်းရေးသေချာမလုပ်လေ၊ အညှိတက်လေ၊ မာပြီးခြောက်သွားလေဆိုတော့ တဖြည်းဖြည်းနဲ့ အဝါရောင် သွားချေးကျောက်တွေ ဖြစ်လာတာပေါ့။ခံတွင်းနံ့ဆိုးရတဲ့ အဓိကပြဿနာက သွားချေးကျောက်တွေ တက်နေလို့ပါပဲ။ သွားချေးအဆင့်မှာတော့ တစ်ရှူးနဲ့ အလွယ်တကူ သုတ်ပစ်လိုက်ရုံ၊ သွားမှန်မှန် ပြန်တိုက်ပေးရုံနဲ့ သန့်ရှင်းပေးလို့ ရပေမယ့် ကျောက်အဖြစ်ရောက်သွားတဲ့အခါကျရင်တော့ ခံတွင်းဆရာဝန်နဲ့ အမြန်သွားပြဖို့လိုလာပါပြီ။ ဆရာဝန်အနေနဲ့ ကျောက်ခြစ်စက်နဲ့ သွားချေးကျောက်တွေ အကုန်ခြစ်ထုတ်ပြီးသွားရင်တော့ ပါးစပ်ထဲ ပေါ့သွားတယ်လို့ ခံစားရသလို အနံ့ဆိုးတွေလည်း မရှိသလောက် နည်းသွားပါလိမ့်မယ်။ထမင်းစားတဲ့အချိန်ကလွဲရင် မြန်မာလူမျိုးအများစုက ကွမ်းလေးကို ဇိမ်ပြေနပြေလေး ဝါးပြီး လောကကြီးရဲ့ အလှအပကို ခံစားရတာ သိပ်ကြိုက်ကြတယ်မလား။ ကျန်းမာရေးအတွက်လည်း ဘာအကျိုးကျေးဇူးမှ မရှိတဲ့အပြင် ပိုက်ဆံအပိုကုန်ရုံသက်သက် ဝယ်စားနေကြတဲ့ ကွမ်းတွေဆိုတာလည်း သွားနဲ့ ခံတွင်းအတွက်တော့ တကယ့်အိပ်မက်ဆိုးပါပဲ။ကွမ်းစားလိုက်တဲ့အခါ သွားက အနီရောင်ပြောင်းသွားတယ်၊ ခုနောက်ပိုင်းမှာဆိုရင် အစိမ်းရောင်ထွက်တဲ့ ကွမ်းတွေပါ တွေ့နေရတယ်။ကွမ်းမှာ ပါတဲ့ ကွမ်းသီးတွေက သွားရဲ့အပေါ်ယံကြွေလွှာကို စွန်းထင်းပြီး ပျက်စီးစေတယ်။ သွားကို ပုပ်သိုးသိုး အနံ့ထွက်စေတယ်။ မြန်မာလူမျိုးတွေခံတွင်းကင်ဆာဖြစ်ရတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ ကွမ်းစားတာလည်း တစ်ခုအပါအဝင်ပါပဲ။ ဒါကြောင့် ဘယ်နေရာမှ ကောင်းကျိုးမရှိတဲ့ ကွမ်းကို စောစောစီးစီး ဖြတ်လိုက်တာ၊ အစကတည်းက လုံးဝမစားမိစေဖို့ သိထားသင့်ပါတယ်။ကလေးတွေမှာ အရမ်းအဖြစ်များတဲ့ ခံတွင်းပြဿနာတစ်ခုပါ။အချိုတွေ၊ အအေးတွေ၊ သကြားလုံးတွေ အားရပါးရစားပြီး သွားသေချာမတိုက်ဘူး။ မိဘတွေကလည်း ကိုယ့်သားသမီး ဘာစားနေလဲဆိုတာ သိပ်အလေးမထားမိဘူး၊ ကိုယ့်ကလေးပျော်ရင်ပြီးရော ဆိုပြီး စားချင်တာ စား လွှတ်ပေးလိုက်တော့ ပိုဆိုးသွားတာပေါ့။ သွားပိုးစားတဲ့ကလေးတွေမှာ သွားနှစ်ခုကြား၊ သွားဖုံး၊ သို့မဟုတ် သွားရဲ့အပေါ်ယံကြွေလွှာမှာ ပိုးစားထားသလို မည်းမည်းညစ်ညစ် ဖြစ်နေတာကို တွေ့ရမှာပါ။သွားပိုးစားပြီးနောက်မှာ သွားကလည်း ပျက်စီးဖို့လွယ်ကူသွားသလို သွားပိုးပေါက်တွေဖြစ်ပြီး စားလိုက်တဲ့အစာတွေ ညှပ်သွားနိုင်ပါတယ်။ ဒါကြောင့် အချိုတွေစားပြီးတိုင်း ပလုပ်ကျင်းပေးဖို့လိုသလို သွားကိုလည်း နေ့တိုင်းမှန်မှန်တိုက်ဖို့ အကျင့်လုပ်ထားသင့်ပါတယ်။ပူစပ်လွန်းတဲ့အစားအစာတွေ သို့မဟုတ် အေးလွန်းတာတွေကို ရုတ်တရက်စားလိုက်တဲ့အခါ သွားကျဉ်တာတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတလေက ပြဿနာမရှိပေမဲ့ အမြဲလိုလို စားနေတဲ့အခါ သွားကြွေလွှာတွေက ပျက်စီးပြီး ပါးလာတော့ ကျိုးပဲ့ဖို့ ပိုလွယ်သလို သွားကျဉ်တဲ့ဝေဒနာကလည်း ပိုဆိုးလာနိုင်ပါတယ်။အဓိကဖြစ်စေတာကတော့ သွားသေချာမတိုက်ခြင်း၊ အနံ့ပြင်းတဲ့ အစားအစာတွေ စားပြီးတိုင်း ပါးစပ်ကို ပလုတ်မကျင်းခြင်း၊ သွားမတိုက်ဘဲ အိပ်ခြင်း၊ သွားချေးကျောက်များ တက်နေခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ခံတွင်းအနံ့ဆိုးကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းကို သိရှိပြီးနောက်မှာ သေချာကုသမှုခံယူလိုက်မယ်၊ နောက်ပိုင်းမှာလည်း ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်မယ်ဆိုရင် ခံတွင်းအနံ့ဆိုးတွေက တော်တော်နည်းသွားမှာပါ။သွားချေးမှာ ရှိနေတဲ့ ဘက်တီးရီးယားပိုးမွှားတွေက သွားနဲ့ ခံတွင်းကြားမှာ ကပ်ငြိနေပြီးနောက် သွားဖုံးရောင်လာမယ်၊ သွားကြား၊ သွားဖုံးကနေ သွေးယိုစီးနေမယ်၊ သွားဖုံးရောင်နေမယ်။ အဲ့ဒီကနေ မကုသဘဲ ပစ်ထားလို့ အခြေအနေဆိုးလာတဲ့ ရေစီးကမ်းပြို (Peiodontitis) အဆင့်ထိရောက်လာပြီး သွားကိုက်သွားနာဖြစ်တာ၊ ခံတွင်းအနံ့ဆိုးတွေ၊ သွားကျိုးပဲ့တာ၊ သွားဖုံးတွေ နီရဲနေပြီး တစ်ခုခုနဲ့ ထိမိတာနဲ့ သွေးထွက်ပွန်းပဲ့လွယ်နိုင်ပါတယ်။ဒါတွေကတော့ မြန်မာနိုင်ငံမှာ လူကြီး လူငယ်မရွေး အဖြစ်များတဲ့ သွားနဲ့ခံတွင်းကျန်းမာရေးပြဿနာတွေပါပဲ။ ဒီလိုအခြေအနေထိ မရောက်အောင် ကာကွယ်ဖို့ ကိုယ့်ရဲ့ ခံတွင်းကျန်းမာရေးနဲ့ နေထိုင်စားသောက်မှုပုံစံကို သေချာဂရုစိုက်ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ အဓိကလုပ်ပေးဖို့လိုတာကတော့။• ကိုယ်နဲ့လိုက်ဖက်တဲ့သွားပွတ်တံကိုပဲ အသုံးပြုပါ။• သွားပွတ်တံရဲ့ အမွေးက အရမ်းလည်း ပျော့မနေသင့်သလို မာနေတာမျိုး မဖြစ်ရပါဘူး။• သွားကို နည်းစနစ်မှန်ကန်စွာ တိုက်ပါ။• မနက်တစ်ကြိမ် ညတစ်ကြိမ် တစ်နေ့ကို ၂ကြိမ်တိတိ သွားတိုက်ပေးရပါမယ်။• သွားတိုက်ပြီးတိုင်း ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးပါ။• လျှာခြစ်တံနဲ့ လျှာပေါ်မှာရှိနေတဲ့ အကျိအချွဲတွေကို ဖြည်းဖြည်းချင်း ခွာချပါ။•သွားပွတ်ကြိုးအသုံးပြုပြီး သွားကြားထဲမှာ ညှပ်နေတဲ့ စားကြွင်းစားကျန်တွေကို ရှင်းထုတ်ပါ။• သွားကို အရောင်စွန်းထင်းစေမယ့် အစားအစာတွေ၊ ခံတွင်းအနံ့ဆိုးဖြစ်စေတဲ့ အစားအစာတွေကိုတော့ စားပြီးတိုင်း ပလုပ်သေချာကျင်းဖို့ လိုပါတယ်။• ၆လ တစ်ကြိမ် သွားဆရာဝန်ဆီမှာ သွားပြပြီး ခံတွင်းပြဿနာရှိမရှိ စစ်ဆေးပါ။ သွားသန့်ရှင်းရေး လုပ်ပေးပါ။• ကိုယ့်မှာ ခံတွင်းပြဿနာတစ်ခုခု ရှိနေပါက ကျိတ်ပြီး မဖြေရှင်းပါနဲ့။ သွားဆရာဝန်ဆီမှာ သေချာကုသမှုခံယူပါ။ခံတွင်းကျန်းမာရေးဆိုတာ ကျွန်တော်တို့ရဲ့ စိတ်နဲ့ ခန္ဓာကိုပါ သက်ရောက်မှုရှိစေနိုင်တာကြောင့် မပေါ့ဆဖို့ ထပ်မံအကြံပေးလိုက်ချင်ပါတယ်။ Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/gum-mouth-diseases/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%99%e1%80%be%e1%80%ac-%e1%80%a1%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%99/
ကျွန်မနဲ့ သွေးထဲကနတ်ဆိုးများ
ဒီရောဂါရှိမှန်း စသိရတုန်းကဆို ဘယ်သူမှနဲ့တောင် မတွေ့ချင်တော့ပါဘူး။ ပါးစပ်ကနေ ထုတ်ပြောဖို့တောင် မရဲခဲ့တဲ့ရောဂါပေါ့။ တရှောင်ရှောင်ဖြစ်နေလို့ ဆရာက မသင်္ကာတာနဲ့ဆေးစစ်ကြည့်လိုက်တော့ သူတဲ့လား။ ကျွန်မသိတယ်။ ဒီနတ်ဆိုးက မကြာခင် ကျွန်မဆီကို ကံမကောင်းခြင်းတွေပဲ သယ်လာတော့မယ်ဆိုတာ။ဒီရောဂါက ဘယ်လောက်များ ဖုံးဖိထားနိုင်မှာမို့လို့လဲ။ မကြာခင်ဘဲ ကျွန်မ ဒီထက်ပိုဆိုးလာပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်လာတော့မယ်လေ။ လုံးပါးပါးပြီး သေရုံအပြင် ဘာရှိမှာလဲ။ ဒီပတ်ဝန်းကျင်မှာလည်း မနေချင်တော့ဘူး။ကျွန်မသိတယ်။ သူတို့ ကျွန်မကိုခွဲခြားဆက်ဆံတော့မယ်ဆိုတာကို။ ကျွန်မကို မကောင်းတဲ့ မိန်းမတစ်ယောက်လို မြင်ကြတော့မယ်ဆိုတာကို။မိသားစုနဲ့ အမျိုးသားကိုလည်း မပြောချင်ဘူး။ ကျွန်မကြောင့် သူတို့အရှက်ရမှာကို မလိုချင်ဘူးလေ။ ဒါပေမယ့် သူတို့ကို မပြောထားဘူးဆိုရင် တစ်ချိန်ချိန်မှာ ကျွန်မဆီက ပိုးတွေ သူတို့ဆီရောက်သွားနိုင်တယ်။ အထူးသဖြင့် ကျွန်မ အမျိုးသားပေါ့။ ဒါကြောင့် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ရတယ်။စစသိချင်းမှာတော့ ကျွန်မကို သနားတဲ့အကြည့်၊ စိတ်မသန့်သလို ကြည့်ကြပေမယ့် ကျွန်မကတော့ လုပ်ရမယ့် တာဝန်တစ်ခု ပေါ့ပါးသလိုပါပဲ။ အဲ့ဒီနေ့ကစပြီး ဘယ်သူနဲ့မှလည်း မတွေ့တော့ဘူး။ အခန်းထဲမှာပဲ အောင်းနေခဲ့တယ်။ထမင်းတောင် သူတို့မရှိတဲ့အချိန်မှ ထွက်စားတယ်။ အမျိုးသားနဲ့လည်း အိပ်ရာခွဲနေလိုက်တယ်။ အရာအားလုံး သီးသန့်ပေါ့။မေမေကတော့ ပြောပါတယ်။ နင် ဆေးမကုရင် သူ့အိမ်က ထွက်သွားတဲ့။ ဒီတိုင်း လုံးပါးပါးသွားမှာကိုတော့ သူမမြင်ချင်ဘူးတဲ့။ ဒီခေတ်မှာ ဒီလောက်တိုးတက်နေတာ နည်းလမ်းတစ်ခုခုတော့ ရှိမှာပါတဲ့။ အမျိုးသားကလည်း ဒီတိုင်းနေသွားလို့တော့ မရဘူး။ တစ်ခုခုတော့ လုပ်လို့ရဦးမှာပါ။ ဒီရောဂါဖြစ်တိုင်း မသေတော့တာ သူလည်း ကြားဖူးတယ်တဲ့။ဒါနဲ့ပဲ ကျွန်မဆေးကုဖို့ လက်ခံလိုက်တယ်။ အမှန်အတိုင်းပြောရင် ကျွန်မသေရမှာကြောက်တယ်။ ဒီတိုင်းလည်း လုံးပါးပါးမယ့်အတူတူ ဆေးကုကြည့်ပြီး နေလို့ရသလောက် နေသွားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ဆေးခန်းသွားတဲ့နေ့က ကျွန်မဘဝမှာ တစ်ခါမှ မတွေးဖူးတာတွေ တွေ့လိုက်ရတယ်။ ယောကျာ်းကြီးတွေရော၊ မိန်းမငယ်လေးတွေရော၊ ကလေးတွေတောင်ပါသေး။ သူတို့တွေ အားလုံး ဆေးလာထုတ်ကြတာတဲ့။ဒီလိုပဲ လာလာထုတ်နေတာ ကြာနေပြီဆိုပဲ။ သူတို့ကို ကြည့်လိုက်တော့လည်းပိုးရှိမှန်းတောင် မသိသာဘူး။ အပြင်မှာသာ တွေ့ရင် ပိုးရှိမှန်းတောင် သိမှာ မဟုတ်ဘူး။ဒီတော့မှ ကျွန်မ စိတ်ထဲမှာ လင်းခနဲ ဖြစ်သွားတာ။ ငါတစ်ယောက်တည်း ဒီလို ဖြစ်နေတာမဟုတ်ဘူး။ သူများတွေလည်း ဒီရောဂါရှိတယ်။ သူတို့တောင် နေနိုင်သေးတာ၊ ငါဘာကြောင့် မနေနိုင်ရမှာလဲဆိုပြီးတော့ပေါ့။စိတ်ထဲမှာ ဘာမှတွေးမနေတော့ပါဘူး။ သူတို့ပြောတဲ့ARTဆိုတဲ့ ဆေးကို သောက်မယ်လို့ပဲ တွေးလိုက်တယ်။ဆရာဝန်ကတော့ ပြောပါတယ်။ နေ့တိုင်းမပျက်မကွက်သောက်ရမှာနော်တဲ့။ ဒါမှ ဆေးအာနိသင် ကောင်းကောင်းရမှာတဲ့။ အိမ်ကလူတွေကိုလည်း ကျွန်မကို ကောင်းကောင်းစောင့်ရှောက်ဖို့ မှာလိုက်သေးရဲ့။ကျွန်မ အဲ့ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကို ပိုဂရုစိုက်လာတယ်။ အရင်လို အခန်းပဲ အောင်းမနေတော့ဘူး။ အစာလည်း ပုံမှန်စား၊ ဆေးလည်း ပုံမှန်သောက်တယ်။ ကိုယ့်ကိုယ်ကို လူမမာတစ်ယောက်လို သတ်မှတ်မနေတော့ဘူး။ဆေးစသောက်တုန်းကတော့ အရင်က ကြားဖူးသလို ပျို့တာ၊ အန်တာ၊ မူးတာတွေ ပြင်းပြင်းထန်ထန် ခံရမယ်လို့ ထင်ပေမယ့် ဒီလောက်လည်း မဆိုးပါဘူး။ တစ်ပတ်လောက်နေတော့ တော်တော်ကျင့်သားရသွားပါပြီ။မေမေကလည်း ဒီကြားထဲမှာ အာဟာရရှိတာတွေ ချက်ပြီး အချိန်တိုင်းကို စားခိုင်းနေတော့တာ။ အမျိုးသားကတော့ ကျွန်မကို နေ့တိုင်းဆေးသောက်ချိန်ရောက်ပြီဆိုတာနဲ့ အော်ခေါ်နေတုန်းပဲ။ကျွန်မခု အမျိုးသားနဲ့ အတူတူပြန်နေ နေပါပြီ။ ဆရာမပြောထားလို့ကွန်ဒုံးကိုတော့ သေချာ သုံးပါတယ်။လိင်က တဆင့် ကူးစက်တဲ့ ရောဂါတွေကို ကာကွယ်ချင်တာကြောင့်ရော၊ ကိုယ်ဝန်တားချင်တာရောကြောင့်ပဲ။တစ်လပြည့်တော့ ကျွန်မအပြင်ထွက်လာပြီ။ အလုပ်လုပ်ချင်တာရော၊ လူတွေကြားထဲ ပြန်သွားဖို့ လိုပြီလို့ ထင်တာရောကြောင့်ပါ။ အကြောင်းသိတဲ့သူတွေကတော့ ကျွန်မလာရင် နှာခေါင်းရှုံ့ကြတယ်။ ကျွန်မထိုင်သွားပြီးရင်အရက်ပြန်နဲ့ ဖြန်းကြတယ်။ရပ်ကွက်ထဲက ဆိုင်တွေကလည်း လူကျတဲ့အချိန်ဆို ကျွန်မကို မလာစေချင်ကြဘူး။ ကျွန်မလာရင် တခြားသူတွေ ထထပြန်သွားလို့လေ။ ပါးစပ်ကသာ ထုတ်မပြောတာ သိပ်တော့ မကြည်ကြပါဘူး။ ဒါကို သိသွားတော့ အမျိုးသားက နောက်ဆို ဘယ်သွားသွား သူလိုက်လာပါတယ်။ကျွန်မသူငယ်ချင်းတွေကလည်း ကျွန်မကို ပစ်မထားကြပါဘူး။ အရင်လို စားအတူ၊ သွားအတူပါပဲ။ အရင်လိုပဲ ကျွန်မကို လက်ကလေးကိုင်လိုက် ပုခုံးလေးဖက်လိုက်နဲ့ စနောက်နေကြတုန်းပဲ။ နေကြည့်တော့လည်း ထင်သလောက် မဆိုးပါဘူး။ ကျွန်မ သိပ်ဖယ်ကြဉ်ခံရတာမျိုး မရှိပါဘူး။၆လပြည့်လို့ ရက်ချိန်းပြန်ပြတော့ ဆေးထုတ်ရင်း ကျွန်မကို သွေးတစ်မျိုး စစ်ပေးကြတယ်။Viral loadဆိုလားပဲ။ အဖြေရတော့ ဆရာမကို ကြည့်လိုက် စာရွက်ကို ကြည့်လိုက်နဲ့ ကျွန်မစိတ်မငြိမ်တော့ပါဘူး။ အဖြေမကောင်းမှာ စိုးတယ်လေ။ဆရာမက ကျွန်မကို ပြုံးကြည့်ပြီး ‘သမီး သွေးအဖြေကောင်းတယ်နော်’တဲ့။ သမီးသွေးထဲမှာ ပိုးကောင်ရေတော်တော်နည်းသွားပြီ။ ရှာလို့မတွေ့တော့ဘူးတဲ့။’ ကျွန်မ ဒါတွေ နားမလည်ပါဘူး။ ပိုးက မရှိတော့ဘူးလား။ လုံးဝပျောက်သွားတာလားဆိုတော့ ဒီလိုလည်း မဟုတ်ဘူးတဲ့။ပိုးကောင်ရေက တော်တော်ကြီး နည်းသွားတာ။ စက်က စစ်နိုင်တဲ့ ပမာဏအောက် နည်းသွားလို့ မတွေ့တော့တာတဲ့။ ဒီအဆင့်လောက်ဆိုရင် သက်တမ်းစေ့နေနိုင်တဲ့အပြင်အေအိုင်ဒီအက်စ်ဖြစ်ဖို့ဆိုတာလည်း တော်တော်ကြီး နည်းသွားပါပြီ။ သမီးအမျိုးသားဆီကို ကူးစက်ဖို့ဆိုတာလည်း မရှိသလောက်ပဲတဲ့။ ဆေးကိုတော့ ပုံမှန်ဆက်သောက်နေဖို့ လိုတယ်နော်တဲ့။ကျွန်မ ဘာမှမကြားပါဘူး။ ကျွန်မသိတာ ပိုးကောင်ရေ မရှိသလောက် နည်းသွားပြီဆိုတာရယ်၊ သူများကို ကူးဖို့ နည်းသွားပြီဆိုတာရယ်ပါပဲ။ ကျွန်မကြောင့် ကျွန်မမိသားစု အကူးခံရမှာ သိပ်ကို ကြောက်နေခဲ့တာလေ။ဆေးကတော့ ဆက်သောက်မှာပေါ့။ ဘာလို့ မသောက်နိုင်ရမှာလဲ။HIVကို ဒီလောက်လွယ်လွယ်ကုလို့ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူးလေ။ခုဆို ဆေးသောက်တာ ၂နှစ်ရှိသွားပါပြီ။ သာမန်အိမ်ထောင်သည်တွေလိုပဲ ကျွန်မတို့ လင်မယား နေခဲ့ကြပါတယ်။ နှစ်ဦးသား ညှိနှိုင်းပြီး တားဆေးနဲ့ပဲ ကိုယ်ဝန်တားခဲ့ကြတာ။ ဆေးမှန်မှန်သောက်ခဲ့လို့ ဆေးစစ်တိုင်း ကျွန်မမှာ ပိုးကောင်ရေ ရှာမတွေ့လောက်အောင် နည်းနေတုန်းပဲ။ အမျိုးသားမှာလည်း ပိုးကူးစက်ခံရတာမျိုး မရှိပါဘူး။ကလေးယူကြမယ်လို့ ဆုံးဖြတ်တုန်းက ကျွန်မတော်တော်လန့်နေတာပါ။ ကျွန်မသောက်နေတဲ့ ဆေးတွေက ကလေးကို ထိခိုက်မှာလား၊ ကလေးမှာ ပိုးပါလာမှာလား ချီတုံချတုံ ဖြစ်နေခဲ့ပါတယ်။ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ယူခဲ့ကြလို့ ခုဆိုကိုယ်ဝန်က ၆လကျော်နေပါပြီ။ဆေးမှန်မှန်သောက်တဲ့ အတွက် ကလေးဆီကို ပိုးပါလာဖို့ဆိုတာ အင်မတန်နည်းတာမို့လို့ ကျွန်မကလေးလေးကို ကျန်းကျန်းမာမာနဲ့ မွေးနိုင်မှာပါ။အရင်လို ကျွန်မကိုယ်မှာ အရိပ်မည်းကြီး မရှိတော့ပါဘူး။ သာမန်လူလိုပဲ နေထိုင်သွားလာနေပါပြီ။ ဒီလို ဖြစ်ဖို့ ကျွန်မဘက်က ရင်းခဲ့ရတာ တစ်ခုပါပဲ။ဟုတ်ပါတယ်။ ARTကို နေ့တိုင်း ပုံမှန် မပျက်မကွက်သောက်ခဲ့ခြင်းပဲ ဆိုပါတော့။ART ဆေးပုံမှန်သောက်သုံးခြင်းဖြင့် ပိုးကောင်ရေ ထိန်းချုပ်လျှော့ချနိုင်ကြောင်းကို ပိုမိုလေ့လာရန်https://www.facebook.com/UequalsUMyanmarတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/being-hiv-positive-doesnt-mean-end-of-life/
ကျောရိုးဆစ် အကြောညပ်ခြင်း(disk syndrome)ကို physiotherapy ကုသမှုက ဘယ်လိုကူညီပေးနိုင်သလဲ
ကျောရိုးဆစ် အကြောညပ်ခြင်း(disk syndrome) ဖြစ်ပြီဆိုရင် နာကျင်ခြင်း၊လှုပ်ရှားသွားလာရ အဆင်မပြေခြင်း စတာတွေကို ခံစားလာရတော့မှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ physiotherapy ကုသမှုကို ခံယူဖို့ ဆရာဝန်တွေက ညွှန်ကြားလေ့ရှိပါတယ်။ဒါကြောင့် physiotherapy ဟာ ခါးဆစ်ကြောညပ်ခြင်းကို ကုသရာမှာ ဘယ်လိုအကျိုးဖြစ်ထွန်းစေလဲဆိုတာ သိရှိနိုင်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ရအောင်။ကျောရိုးဆစ် အကြောညပ်ခြင်း(disk syndrome)ကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာတွေက ပြင်းထန်မှုအဆင့် အမျိုးမျိုး ကွာခြားပါတယ်။ ကျောရိုးဆစ်တွေကြားမှာရှိတဲ့ အခွေလေး ပျက်စီးတာကြောင့်ဖြစ်ပေါ်လာတဲ့ ကျောရိုးဆစ် အကြောညပ်ခြင်း(disk syndrome)မှာ အောက်ပါ လက္ခဏာတွေ ခံစားရပါမယ်။· ကျော သို့မဟုတ် လည်ပင်းမှာ နာကျင်ခြင်း။· နာကျင်မှုဟာ သင့်ရဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေပါလိမ့်မယ်။ သင်အချိန်ကြာမြင့်စွာ ထိုင်နေတဲ့အခါ ဒါမှမဟုတ် မတ်တပ်ရပ်နေတဲ့အခါ၊ဇက် ဒါမှမဟုတ် ကျောကုန်းကို စောင်းတဲ့အခါ၊ကွေးတဲ့အခါ နာကျင်တာ ပိုဆိုးလာနိုင်သလို လမ်းလျှောက်တဲ့အချိန်၊ပြေးတဲ့အချိန်တွေမှာလည်း နာကျင်မှုက ပိုပြင်းထန်လာနိုင်ပါတယ်။· သင့်အနေနဲ့ အချိန်အများစုမှာ နာတာရှည် နာကျင်မှုကို ခံစားနေရမှာဖြစ်တဲ့အပြင် ရံဖန်ရံခါဆိုသလို အလွန်ပြင်းထန်တဲ့ နာကျင်မှုတွေကိုလည်း ရုတ်တရက် ခံစားရမှာဖြစ်ပြီး ဒါဟာ ရက်ပိုင်းကနေ လပိုင်းအထိ ကြာမြင့်နိုင်ပါတယ်။· သင့်ကိုယ်နေဟန်ထားကို မကြာခဏပြောင်းလဲပေးခြင်းအားဖြင့် နာကျင်မှုကို သက်သာစေပါလိမ့်မယ်။ကျောရိုးဆစ်တွေကြားမှာရှိတဲ့ အခွေလေး ကျွံခြင်းကြောင့် ဖြစ်လာတဲ့ ကျောရိုးဆစ် အကြောညပ်ခြင်း(disk syndrome)မှာ အောက်ပါ လက္ခဏာတွေ ခံစားရပါမယ်။· ကျောအောက်ခြေနားမှာ ကျောရိုးဆစ်ခွေ ကျွံခြင်းကြောင့် သင့်တင်ပါးနဲ့ ခြေထောက်တွေမှာ နာကျင်မှုကို ခံစားရမှာ ဖြစ်ပြီး လည်ပင်းကျောရိုးဆစ်ခွေကျွံမယ်ဆိုရင်တော့ ပုခုံးနဲ့ လက်တလျှောက်မှာ နာကျင်မှုကို ခံစားရလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ ပြဿနာဖြစ်နေတဲ့ ကျောရိုးဆစ်ခွေဟာ အနီးနားမှာရှိတဲ့ အာရုံကြောတွေကို ထိခိုက်စေလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောရိုးဆစ်ခွေကျွံခြင်းဟာ ခန္ဓါကိုယ်တခြမ်းတည်းကိုပဲ ထိခိုက်လေ့ရှိပါတယ်။· ခြေ၊လက် ဒါမှမဟုတ် ခြေချောင်းလေးတွေ ထုံကျဉ်ခြင်း (ခါးကျောရိုးဆစ်ခွေကျွံခြင်း)၊ ပုခုံး၊လက်၊လက်ချောင်းလေးတွေ ထုံကျဉ်ခြင်း (လည်ပင်းကျောရိုးဆစ်ခွေကျွံခြင်း)။· အားနည်းပျော့ခွေခြင်းတွေကိုလည်း ခံစားရနိုင်ပါသေးတယ်။ ဒီလိုဖြစ်လာရင် အရာဝတ္ထုတွေကို ကိုင်တွယ်ရ၊မ,ရ ခက်ခဲလာစေနိုင်ပါတယ်။ ဒါ့အပြင် လမ်းကောင်းကောင်းမလျှောက်နိုင်တော့ခြင်း၊မတ်တပ်မရပ်နိုင်ခြင်းတို့ကိုလည်း တွေ့ကြုံခံစားရလာနိုင်ပါတယ်။ကျောရိုးဆစ် အကြောညပ်ခြင်း(disk syndrome)ဟာ သင့်နေ့စဉ်လှုပ်ရှားသွားလာမှုကို ထိခိုက်စေလောက်တဲ့အထိ ပြဿနာအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ခန္ဓါကိုယ်လေ့ကျင့်လှုပ်ရှားခြင်းကုသမှု (physiotherapy) ဟာ ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။တကယ်တော့ ခန္ဓါကိုယ်လေ့ကျင့်လှုပ်ရှားခြင်းကုသမှု (physiotherapy) ဟာ ရောဂါရဲ့ ဇစ်မြစ်ကို ကုသခြင်းထက် ရောဂါလက္ခဏာတွေကို သက်သာစေနိုင်တဲ့သဘောမျိုး ဖြစ်ပါတယ်။ဥပမာ။· နာကျင်မှုတွေကို သက်သာစေခြင်း။· အာရုံကြောပေါ်မှာရှိနေတဲ့ ဖိအားတွေကို လျော့နည်းစေခြင်း။· နာကျင်အားနည်းနေတဲ့ ခန္ဓါကိုယ်နေရာတွေကို ပံ့ပိုးထောက်မပေးထားတဲ့ ကြွက်သားတွေကို ပိုမိုသန်စွမ်းစေခြင်း။· ကျောရိုးဆစ်ခွေဆီကို သွေးရောက်ရှိမှု ပိုများစေတဲ့အတွက် အဆိုပါနေရာကို အောက်စီဂျင်၊ရေနဲ့ အာဟာရဓါတ်တွေ ပိုမိုထောက်ပံ့ပေးနိုင်ကာ လျင်မြန်စွာ ပြန်လည်ကောင်းမွန်စေပါတယ်။· နေ့စဉ်လှုပ်ရှားသွားလာမှုတွေကို ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်နိုင်စေပါတယ်။ဒါပေမယ့် တကယ်လို့ သင့်ကျောရိုးမှာ အရိုးကျိုးနေရင် ဒါမှမဟုတ် ကင်ဆာဖြစ်နေရင် သင့်အနေနဲ့ physiotherapy ကုသမှုကို ခံယူနိုင်မှာ မဟုတ်ပါဘူး။ ကုသမှု ခံယူနိုင်သည့်တိုင် သိသာထင်ရှားတဲ့ အကျိုးရလာဒ်တွေ တွေ့ရဖို့ မလွယ်ပါဘူး။ဥပမာ။· အမှန်တကယ် ထိရောက်တဲ့ physiotherapy လေ့ကျင့်ကုသမှုဟာ “အားစိုက်ထုတ်စရာမလို”တဲ့ လေ့ကျင့်ခန်းနဲ့ “အားစိုက်ထုတ်”ရတဲ့ လေ့ကျင့်ခန်း နှစ်မျိုးလုံးပါဝင်သင့်ပေမယ့် သင့်အနေနဲ့ “အားစိုက်ထုတ်စရာမလို”တဲ့ လေ့ကျင့်ခန်းကိုသာ ပြုလုပ်နိုင်ခြင်း။· မှန်ကန်တဲ့ လေ့ကျင့်ကုသမှုကို မရရှိခြင်း။ သင့်ကို လေ့ကျင့်လမ်းညွှန်ပေးသူရဲ့ လမ်းညွှန်မှု မှားယွင်းနေခြင်း၊သင့်တော်တဲ့ လေ့ကျင့်ကုသမှုအစီအစဉ်မဟုတ်ခြင်း ဒါမှမဟုတ် သင့်အနေနဲ့ နားလည်မှုလွဲနေတာကြောင့် လေ့ကျင့်ခန်းလုပ်ရာမှာ မှားယွင်းနေခြင်း။ အဆိုပါ အချက်တွေကြောင့် physiotherapy ကုသလေ့ကျင့်မှု မအောင်မမြင် ဖြစ်နိုင်ပါတယ်။· လမ်းညွှန်ချက်တွေကို အတိအကျ မလိုက်နာခြင်း။ သင့်အနေနဲ့ ကျွမ်းကျင်သူတွေ ညွှန်ကြားထားသမျှကို ဂရုတစိုက်မလိုက်နာဖူးဆိုရင် မအောင်မြင်တဲ့ physiotherapy လေ့ကျင့်ကုသမှုဆီကို ဦးတည်မှာပဲ ဖြစ်ပါတယ်။· physiotherapy ကုသမှုဟာ အချိန်အတိုင်းအတာတခု ယူရမှာဖြစ်တဲ့အတွက် လုံလောက်တဲ့အချိန်မပေးဖူးဆိုရင်လည်း physiotherapy အောင်မြင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ စိတ်ရှည်ရှည်ထားပြီး တိုးတက်မှုတွေကို စောင့်ကြည့်ရပါမယ်။ ခုရေတွင်းတူး ခုရေကြည်သောက်လို့ မရဖူးဆိုတာ သတိထားရပါမယ်။ကျောရိုးဆစ်အကြောညပ်ခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုဖြစ်ပြီး physiotherapy လေ့ကျင့်ကုသမှုက ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ သင့်အနေနဲ့ လမ်းညွှန်ချက်တွေကို စနစ်တကျလိုက်နာပြီး စိတ်ရှည်ဖို့ပဲ လိုပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/orthopedic-surgery/%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%86%e1%80%85%e1%80%ba-%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%8a%e1%80%95%e1%80%ba%e1%80%81%e1%80%bc%e1%80%84/
HIVပိုး ကူးစက်မှုကို လျှော့ချနိုင်ဖို့
HIV ပိုး ကူးစက်ခံထားရပြီ ဆိုတာနဲ့ ဘဝကြီးတစ်ခုလုံး ဆုံရှုံးသွားသလို မခံစားလိုက်ပါနဲ့။ HIV ပိုး ကူးစက်ခံလိုက်ရပေမယ့်လည်း ဆေးကို သေချာ သောက်မယ်။ ဘဝနေထိုင်မှုပုံစံကို ဂရုစိုက်မယ်ဆိုရင် ကိုယ့်ဆီကနေ အခြားသူကို ကူးစက်နိုင်ခြေ လျှော့ချနိုင်မှာဖြစ်သလို ကိုယ်တိုင်လည်း ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့နေနိုင်မှာပါ။ဒီစကားလုံးကို ကြားတော့ ကြားဖူးနေပေမယ့် သေချာမသိတာမျိုး ဖြစ်နိုင်ပါတယ်။ HIV ဆိုတာက ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS) ကို ဖြစ်စေတဲ့ ရောဂါပိုးပါ။ များသောအားဖြင့်ကတော့ သုက်၊ သွေး၊ နို့ရည်ကနေတတဆင့် ကူးစက်နိုင်ပါတယ်။HIV ပိုးအဓိက ကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့။HIV ပိုးကို ကုသနိုင်မယ့် နည်းလမ်း မရှိသေးပါဘူး။ ဒါပေမယ့် မကြာသေးခင် နှစ်တွေ အတွင်းကတော့ ပိုမိုကောင်းမွန်တဲ့ ကုသနည်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆေးပညာ တိုးတက်မှုကြောင့် အခုလက်ရှိကာလမှာ HIVပိုး ကူးစက်ခံထားရသူ အများစုဟာ အခြားသူတွေလို သက်တမ်းစေ့စေ့ နေနိုင်တော့မှာ ဖြစ်ပါတယ်။HIV ပိုး ကူးစက်ခံထားရသူတွေ အနေနဲ့ Antiretroviral Therapy (ART)ဆေးဝါးကို နည်းစနစ် မှန်မှန်နဲ့ သောက်သုံးပေးမယ်ဆိုရင် သွေးထဲမှာရှိတဲ့ HIV ပိုးကို အကောင်းဆုံး ထိန်းချုပ်ပေးမှာပါ။ ကိုယ်တိုင်ကို ကျန်းမာစေမှာ ဖြစ်သလို ကိုယ့်ဆီကနေတဆင့် အခြားသူတွေဆီ ကူးစက်နိုင်ခြေကိုပါ လျှော့ချပေးနိုင်မှာပါ။ဆေးကို နေ့တိုင်း မှန်မှန်သောက်မယ်။ ပုံမှန် ဆေးစစ်မှု ခံယူမယ်ဆိုရင် ဗိုင်းရပ်စ်ကို အကောင်းဆုံး ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။  ရောဂါ ပြန့်ပွားမှုကို အကောင်းဆုံး ထိန်းချုပ်နိုင်ပြီး သက်တမ်းစေ့စေ့​ နေနိုင်စေမှာပါ။ကုသမှု မခံယူစဉ်မှာ ဖြစ်ခဲ့ဖူးတဲ့ ရောဂါတွေ၊ ကျန်းမာရေး အခြေအနေတွေကို သေချာ ပြောပြပေးထားဖို့ လိုပါမယ်။ ပြီးရင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျလိုက်နာဖို့ လိုပါမယ်။HIV ပိုးရှိနေပေမယ့်လည်း ရောဂါပိုးရှိနေပြီဆိုတာကို သိသိချင်း စောနိုင်သမျှ စောစော ART ဆေးကို သောက်မယ်။ အနည်းဆုံး ၆လမှန်မှန်သောက်ပြီးပြီဆိုရင် သွေးထဲမှာ ပိုးက မရှိသလောက်နည်းပြီး သာမန်လူလိုပဲ နေနိုင်မှာပါ။ ဆေးကို ပုံမှန်လေး ဆက်သောက်သွားမယ်ဆိုရင် အခြားသူတွေလိုပဲ သက်တမ်းစေ့စေ့ နေထိုင်နိုင်မှာဖြစ်သလို ကိုယ့်​ကြောင့် ကိုယ်ချစ်ရတဲ့ သူတွေကို ရောဂါပိုး ကူစက်ခံရမှုကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/preventing-onward-transmission-of-hiv/
မိသားစုအတွက် အကောင်းဆုံးသွားတိုက်ဆေးရွေးချယ်မယ်
သွားကောင်းမှာ အာဟာရပြည့်စွာ စားသုံးနိုင်ပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။သွားက ခန္ဓာကိုယ်အတွက်အာဟာရဖြည့်တင်းပေးတဲ့ တပ်ဖွဲ့ရဲ့ ရှေ့တန်း တိုက်စစ်ပါ။ သူကနေကြိတ်ခြေဝါးလိုက်ပြီးမှ အာဟာရစုပ်ယူတာကို နောက်တန်းတပ်ဖွဲ့တွေဖြစ်တဲ့အစာအိမ်နဲ့ အူတွေကတာဝန်ယူပါတယ်။ ဒီတော့ စားချင်တာကို အားရပါးရစားဖို့ဆိုရင် သွားကောင်းဖို့က မဖြစ်မနေလိုအပ်မှာပါ။သွားကောင်းဖို့အတွက်က လိုရင်းတိုရှင်းပြောရရင်သွားကျန်းမာရေးဂရုစိုက်ပါလို့ပြောရမှာပေါ့။ သွားနဲ့ခံတွင်းကျန်းမာရေး ဂရုစိုက်တယ်ဆိုတဲ့နေရာမှာလည်း သွားကျန်းမာရေးအတွက်။သွားကျန်းမာရေးအတွက် အရေးအပါဆုံးအချက်တစ်ခုက မနက်တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ်သွားနဲ့ခံတွင်းသန့်ရှင်းရေးလုပ်ရာမှာ အရေးပါတဲ့အရာဖြစ်တဲ့ သွားတိုက်ဆေးကို ဂရုစိုက်ဖို့ပါ။ သွားတိုက်ဆေးဆိုတိုင်း တိုက်လိုက်လို့ အဆင်မပြေပါဘူး။ သွားတိုက်ဆေးက ကောင်းမှလည်း သွားနဲ့ခံတွင်းကို ထိခိုက်မှုကနေ အကောင်းဆုံးကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီတော့ မေးစရာရှိလာနိုင်တာက သွားနဲ့ခံတွင်းကျန်းမာရေးကို အကောင်းဆုံးကာကွယ်ပေးနိုင်ဖို့သွားတိုက်ဆေးကို ဘယ်လိုရွေးရမလဲဆိုတဲ့ အချက်ပါ။သွားတိုက်ဆေးရွေးရင် စရွေးရမှာက။Gel Type လား၊  Paste Type လား။ဒီအမျိုးအစားကွာခြားမှုကပါဝင်ပစ္စည်းတွေကိုလည်း ကွာခြားသွားစေနိုင်ပါတယ်။သွားက အညစ်အကြေးတွေကိုဖယ်ရှားနိုင်တဲ့ ပစ္စည်းတွေပါရဲ့လား။သွားတိုက်ဆေးမှာ သွားကအစွန်းအထင်းတွေကိုဖယ်ရှားပေးနိုင်တဲ့ပစ္စည်းတွေ၊ သွားတွေကြားထဲကစားကြွင်းစားကျန်တွေနဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အရာတွေဖြစ်ကြတဲ့ ကယ်လ်ဆီယမ်ကာဗိုနိတ်လိုမျိုး အရာတွေပါရဲ့လားဆိုတာကို သေချာစစ်ပါ။သကြားတုပါဝင်နေလား။သွားတိုက်ဆေးတွေက အရသာအမျိုးမျိုးကွဲပြားနိုင်ပါတယ်။ ဒီလိုကွဲပြားမှုတွေထဲမှာ အရသာနဲ့အနံ့ပြည့်စုံအောင်ဆိုပြီး သကြားတုတွေဖြည့်စွက်တတ်ကြပါတယ်။ ဒီသကြားတု ပါဝင်မှုများတာက ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သကြားတုပါဝင်မှုများတာကို မရွေးမိဖို့လိုပါမယ်။ဖလိုရွိုက်ပါရဲ့လား။သွားကျန်းမာရေးအတွက် အရေးပါတဲ့ဓာတ်တစ်ခုပေါ့။ ဒါကြောင့်သွားပိုးစားတာ၊ သွားထိခိုက်တာတွေမဖြစ်စေဖို့ဆိုရင် ဖလိုရွိုက်ပါတဲ့သွားတိုက်ဆေးကို ရွေးပေးပါ။ သွားအပေါ်ယံကြွေလွှာကို ကာကွယ်ဖို့အတွက်လည်း ဖလိုရွိုက်က အရေးပါပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/how-to-choose-the-best-toothpaste-for-you/
ထိပ်ပြောင်ခြင်းကိုကာကွယ်ရန်နည်းလမ်းများ
အသက်အရွယ်ရလာသည်နှင့်အမျှ သင့်ဆံပင်၏ထူထဲမှုသည်လည်း တဖြည်းဖြည်းလျော့ပါးလာသည်။ သင့်ဆံပင်ဆံသားစပ်သည်လည်းနောက်သို့ရောက်ရောက်သွားပြီးသင်၏ဦးရေပြားသည်လည်းပါးလှပ်သောဆံပင်ကိုကျော်၍ပိုမိုမြင်လာရသည်။ ယခုဖြစ်စဉ်သည် မျိုးရိုးဗီဇပေါ်မူတည်၍ကြိုတင်သတ်မှတ်ထားပြီးဖြစ်သော်လည်းအောက်ပါနည်းလမ်းနှစ်သွယ်ကိုအသုံးပြု၍ ဆုံးရှုံးခဲ့ပြီးသောဆံပင်များကိုထပ်မံမဆုံးရှုံးတော့ရန်နှင့် ဆံပင်များထပ်မံပေါက်ရန်ကိုသာ ဖြစ်စေနိုင်ပါသည်။သင့်အနေဖြင့်သောက်ဆေးများကိုလည်းမသုံးစွဲဘဲဆံပင်ကျွတ်ခြင်းကိုလည်းကာကွယ်ချင်သည်ဆိုလျှင် မီနောက်ဆီဒေးလ်သည်သင်ရှာဖွေနေသောအဖြေဖြစ်လိမ့်မည်။ သင်၏ကျန်ရှိသောဘဝအချိန်များတွင် တစ်နေ့လျှင် ၂ ကြိမ်အသုံးပြုနိုင်ပါသည်။ အဆင်ပြေသည်မှာ ထိုဆေးသည်ဆရာဝန်ညွှန်ကြားချက်မလိုဘဲအသုံးပြုနိုင်ခြင်းဖြစ်သည်။ ထို့ပြင်ပိုမိုကောင်းမွန်သည့်အချက်မှာထိုဆေး၌ဘေးထွက်ဆိုးကျိုးမရှိသလောက်နည်းပါးခြင်းဖြစ်သည်။ ထိုဆေး၏အလုပ်လုပ်ပုံကိုတိကျရှင်းလင်းသည့် သိပ္ပံနည်းကျဖြေရှင်းချက်မရှိသေးပါ။ သို့သော် သုတေသီများကထိုဆေးသည်ဆံရင်းရှိဆံအိတ်များကို ကြီးထွားစေပြီးဆံပင်ရှင်သန်မှုကိုအားပေးသည်ဟုဆိုကြသည်။ မီနောက်ဆီဒေးလ် ကိုအသုံးပြုမည်ဟု ဆန္ဒရှိလျှင်စိတ်ရှည်ဖို့တော့လိုလိမ့်မည်။ သိသာမြင်သာသောပြောင်းလဲမှုဖြစ်ရန် အနည်းဆုံးအချိန် ၄ လခန့်ယူရမည်ဖြစ်သောကြောင့်ဖြစ်သည်။ အချို့လူများတွင် ထိုဆေးသည်ဦးရေပြားကိုယားယံစေခြင်း ၊ အဖတ်အဖတ်များကွာကျစေခြင်းမျိုးလည်းရှိနိုင်သည်ကိုတွေ့ရသည်။ ထို့ကြောင့် တုန့်ပြန်လွယ်သောအရေပြားရှိသူများသည် သတိပြု၍သုံးစွဲသင့်သည်။အကြောင်းတစ်ခုခုကြောင့် မီနောက်ဆီဒေးလ်ကိုအသုံးမပြုနိုင်သူများအတွက် ဖီနာစထရိုက်သည်သာရွေးချယ်စရာကျန်ပါသည်။ ဖီနာစထရိုက်သည် ဆံပင်ကျွတ်ခြင်းကိုဖြစ်စေသောဟော်မုန်းတစ်မျိုးဖြစ်သည့် ဒိုင်ဟိုက်ဒရိုတက်စတိုစတီရုန်း။( Dihydrotestosterone ) ဆံပင်ကျွတ်ခြင်းကိုဖြစ်စေသောဟော်မုန်းတစ်မျိုးဖြစ်သည့် ဒိုင်ဟိုက်ဒရိုတက်စတိုစတီရုန်း( Dihydrotestosterone ) ထုတ်လုပ်မှုကိုဟန့်တားခြင်းဖြင့်အလုပ်လုပ်ပါသည်။ မျိုးရိုးဗီဇအရထိပ်ပြောင်ခြင်းဖြစ်နိုင်ခြေရှိသူများတွင် ထိုဟော်မုန်းသည် ဆံပင်ရင်းရှိဆံအိတ်လေးများထဲသို့ လွယ်ကူစွာရောက်ရှိပြီးဆံရင်းအိတ်သေဆုံးအောင်ပြုလုပ်သည်။ လူအများစုတွင် ဖီနာစထရိုက် သည်ထိပ်ပြောင်ခြင်းဖြစ်စဉ်ကိုဟန့်တားနိုင်စွမ်းရှိသည်ကိုတွေ့ရသည်။ ထိုဆေးကိုသောက်သုံးသူများတွင် ဆံပင်များပြန်လည်ရှင်သန်သည်ကိုသိသာစွာသတိထားမိကြသည်။ ပိုမိုကောင်းမွန်သောရလဒ်ရရန်မီနောက်ဆီဒေးလ်နှင့်လည်းတွဲဖက်၍အသုံးပြုနိုင်ပါသည်။ သင့်အနေဖြင့် မီနောက်ဆီဒေးလ် (သို့မဟုတ်) ဖီနာစထရိုက် (သို့မဟုတ်) နှစ်မျိုးစလုံးစသဖြင့် ဆန္ဒရှိသလိုသုံးစွဲနိုင်သည်။ သို့သော် သင်ရွေးချယ်ထားသောဆေးနည်းကိုတော့ စွဲမြဲစွာသုံးစွဲဖို့လိုသည်။ ထိပ်ပြောင်ခြင်းအတွက်လုံးဝပျောက်ကင်းစေသည့်နည်းလမ်းတော့မရှိပါ။ သင်လုပ်နိုင်သောအကောင်းဆုံးနည်းလမ်းမှာသင့်ပြဿနာကိုနှေးကွေးဟန့်တားစေရန် ကိုယ်တိုင်အားထုတ်မှုပင်ဖြစ်သည်။ သင်ရွေးချယ်ထားသောကုသမှုကိုရပ်တန့်လိုက်လျှင်သင်၏ဆံပင်များပြန်လည်ကျွတ်ထွက်မည်ဖြစ်ပြီးယခင်ကထက် ပို၍မြန်မြန်ကျွတ်ထွက်ခြင်းပင် ရှိနိုင်ပါသည်။လုံလောက်သောအချိန်နှင့် အားထုတ်မှုပြုပါကသင့်ဆံပင်များ၏တိုးတက်မှုကို မြင်တွေ့ရမည်ဖြစ်သည်။ သင်၏ပင်ကိုယ်မျိုးရိုးဗီဇကဆံပင်ကျွတ်ခြင်းပြဿနာဖြစ်စေနိုင်သော်လည်းထိုအတိုင်းမဖြစ်မနေ အဆုံးသတ်ရမည်တော့မဟုတ်ပါ။ အစပိုင်းတွင် မီနောက်ဆီဒေးလ် ဆေးရည်လူးရခြင်း (သို့မဟုတ်) ဖီနာစထရိုက်ဆေးပြားများသောက်ရခြင်းကသင့်အတွက်အဆင်မပြေဖြစ်နိုင်သော်လည်းနောက်ပိုင်းတွင်အသားကျလာပြီးသင့်အနေဖြင့် မလုပ်ရမနေနိုင်ခြင်းမျိုးပင် ဖြစ်လာပါလိမ့်မည်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%91%e1%80%ad%e1%80%95%e1%80%ba%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%ac%e1%80%80%e1%80%bd/
ဂျင်းထည့်နေတဲ့ လိင်တံကြီး နည်းလမ်းများ
အမျိုးသားတွေဟာ အနည်းနဲ့ အများတော့လိင်တံကြီးဖို့၊ ရှည်ဖို့ကို စိတ်ဝင်စားကြပါတယ်။ အခုအပြင်မှာ ရေပန်းစားနေတဲ့  နည်းလမ်းတွေက အန္တရာယ်ရှိတယ်လို့ ဆရာဝန်တွေ ဝိုင်းတားလို့သာ သိပ်မလုပ်ကြတာပါ။ ဒါတောင် လုပ်လာကြပြီး ဒုက္ခရောက်လို့ ဆေးရုံရောက်လာကြသူတွေလည်း အများသားပါ။ ဂျင်းထည့်နေတဲ့ လိင်တံကြီး နည်းလမ်းများ ကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ဆောင်းပါးကို အရင်ဖတ်ပါ။အမျိုးသားတွေ လိင်တံကြီးချင်၊ ရှည်ချင်ရတဲ့အကြောင်းရင်းကတော့ ဆက်ဆံဖော်က အထင်ကြီးတာကို လိုချင်တာကြောင့်ရယ်၊ စွမ်းဆောင်နိုင်တယ်ဆိုတာ သက်သေပြချင်လို့ပဲ ဖြစ်ပါတယ်။ နောက်ပြီးအပြာကားထဲက အမျိုးသားတွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကို မလုံလို့ ကြီးချင်တာလည်း ပါတာပေါ့။၂၁ရာစုထဲမှာတော့ ဒီအတွေးအခေါ်တွေကို မေ့ထားလိုက်ပါတော့။ အတူနေတဲ့နေရာမှာလိင်တံအရွယ်အစားထက် အပေးအယူမျှမျှနဲ့ နားလည်မှုကသာ ပိုအရေးကြောင်း ပညာရှင်တွေက အခေါက်ပေါင်းများစွာ သက်သေပြပြီးပါပြီ။ အပြာကားထဲက ပုံတွေကလည်း ဒီလောက်ကြီး မဟုတ်ဘူးဆိုတာကို သူတို့ကိုယ်တိုင် ဝန်ခံထားကြပါတယ်။အထူးသဖြင့်မြီးကောင်ပေါက်လူငယ်လေးတွေကတော့ လူကြီးဖြစ်ချင်တာကို ပြချင်တာကြောင့် သူတို့ရဲ့ လိင်တံအရွယ်အစားကို ကြီးချင်ကြပါတယ်။ ဒါကြောင့် အဆွယ်ကောင်းရင် နည်းလမ်းအမှားတွေ လုပ်မိတတ်ပါတယ်။ အောက်က ပြောမယ့်ဟာတွေကတော့ ခေတ်အဆက်ဆက် ထည့်ခဲ့ကြတဲ့ ကာလသားတို့ရဲ့ ဂျင်းတွေပဲ ဖြစ်ပါတယ်။အလွယ်ပြောရင် ကွင်းတိုက်တာပါပဲ။ ဒါပေမယ့် အားတော့များတာပေါ့။ အားနဲ့ဆွဲတဲ့အခါကျတော့ ရှည်လာမယ်လို့ ယူဆတာ ဖြစ်ပါလိမ့်မယ်။ သိပ်တော့ အန္တရာယ်မရှိဘူးလို့  ထင်ရပေမယ့် ကြီးချင်ဇောနဲ့ ပွတ်တဲ့အခါ နာတာ၊ အရေပြားတွေ ပွန်းတာ၊ သွေးထွက်တာ စတာတွေ  ဖြစ်နိုင်ပါတယ်။အထူးသဖြင့်တော့ ဆေးဝါးခွင့်ပြုချက်မရတဲ့ အောက်လမ်းဆေးတွေပေါ့။ သူတို့က သွေးကြောကို ကျယ်စေပြီး လိင်တံကို ထောင်မတ်စေတာပါ။ သွေးတော်တော်များများ လိင်တံကို ရောက်သွားတဲ့အခါ ဦးနှောက်ကို သွေးအရောက်နည်းပြီး ရုတ်တရက် သွေးပေါင်ထိုးကျတာ၊ မူးလဲတာ ဖြစ်တတ်ပါတယ်။တချို့ဆေးတွေကျတော့လည်း ရက်နဲ့ ချီအောင် အကြာကြီး မာပြီး ထောင်နေတာ၊ အတူနေပြီးတာတောင် ပြန်မကျတာတွေ ဖြစ်တတ်ပါတယ်။ ဘာတွေပါလဲ မသိပေမယ့် ဒီလို သဘာဝကို ဆန့်ကျင်ပြီး အကြာကြီး ထောင်နေတာက ကျန်းမာရေးကို ထိခိုက်စေတာတော့ အမှန်ပါပဲ။လိမ်းဆေးဆိုလည်း ဒီလိုပါပဲ။ ဟိုးအရင်ကတော့ မုန်ညင်းဆီတွေ လိမ်းကြပါတယ်။ ဆီကို လက်နဲ့ ပွတ်သပ်ပြီး လိမ်းတာဖြစ်တဲ့အတွက် ပူလာပြီး သွေးတွေ များလာတာကြောင့် ကြီးလာတယ်လို့ ခံစားရတာပါ။ တကယ်တော့ ဒုံရင်းက ဒုံရင်းပါပဲ။ ခုခေတ်ဆိုရင်တော့ ဆေးတွေ ပိုပေါနေပါပြီ။ ဒါတွေက ကိုယ့်အရေပြားနဲ့ မတည့်ရင် ပြဿနာဖြစ်လာနိုင်ပါတယ်။လိင်တံနဲ့ အလေးတုံးမတာကို ပြောတာပါ။ လိင်တံက ကြွက်သားမဟုတ်တဲ့အတွက် ဒီလိုလေ့ကျင့်လို့ ရမှာတော့ မဟုတ်ပါဘူး။ အဲ့ဒါအပြင် အခန့်မသင့်ရင် လိင်တံထဲက အာရုံကြောတွေ၊ သွေးကြောတွေ ထိခိုက်တာ ဖြစ်တတ်သလိုအရေပြားပွန်းတာတွေလည်း ဖြစ်တတ်ပါတယ်။လေစုပ်စက်နဲ့ စုပ်ပြီး ကြီးအောင် ရှည်အောင် လုပ်တာပဲ ဖြစ်ပါတယ်။ တချို့ထောင်မတ်ဖို့ ခက်ခဲတဲ့သူတွေကလည်း လေ့ကျင့်တဲ့အနေနဲ့ သုံးကြပါတယ်။ ဒါပေမယ့် ဒါဟာ ခဏတာ ဖြစ်ပြီး ခဏနေရင် ပြန်ကျသွားမှာပါ။ ခဏခဏဆိုရင်တော့ အလေးမသလိုပဲ အတွင်းက အကြောတွေ ထိကုန်မှာပါ။ဒါကတော့ ထောင်ပြီးသား လိင်တံ ပြန်ကျမသွားဘဲ ကြာကြာခံအောင် ကပ္ပာယ်အိတ်နားကနေ ကွင်းစွပ်လိုက်တာပါ။ လိင်တံထဲက သွေးတွေ ပြန်ဝင်သွားမှာ စိုးလို့ပါ။ ဒါက နည်းနည်းတော့ အန္တရာယ်များပါတယ်။ ကြာလာရင် သွေးမလျှောက်တာကြောင့် လိင်တံပုပ်သွားနိုင်ပါတယ်။ကိုယ်ထဲကို foreign bodyလို့ ခေါ်တဲ့ ပြင်ပပစ္စည်းထည့်တာဖြစ်ပါတယ်။ ပြီးတော့ ဒါက ဆရာဝန်တွေ၊ ဆေးပညာရပ်ကျွမ်းကျင်သူတွေ လုပ်ပေးတာ မဟုတ်ပါဘူး။ အရွယ်ရောက်စ လူငယ်တွေ အချင်းချင်း လက်တည့်စမ်းပြီး ထိုးကြတာ ဖြစ်နဲ့အတွက် ပိုးဝင်ဖို့အန္တရာယ်များပါတယ်။ဆီလီကွန်တွေ၊ ဂေါ်လီတွေဆိုတာ အာရုံကြောမပါတဲ့အတွက် ဒါတွေထည့်လို့ ထူးပြီး ခံစားချက်တွေ ကောင်းမလာပါဘူး။ နောက်ပြီး ဒါတွေက ကြာလာရင် အမာရွတ်ဖြစ်သွားပါတယ်။မရှူနိုင် မကယ်နိုင် ဆီးလမ်းကြောင်းတွေထိပြီး ဆေးရုံကို ရောက်လာတဲ့အခါ လိင်တံတွေက ပုံပျက် ပန်းပျက်ဖြစ်နေပါပြီ။ ခွဲမယ်ဆိုရင်လည်း အနည်းဆုံး နှစ်ခေါက်လောက် ခွဲရတာပါ။ တစ်ခေါက်က အမာရွတ်တွေ ရှင်းထုတ်ဖို့၊ နောက်တစ်ခေါက်က လိင်တံ ပြန်တည်ဆောက်ဖို့။ ကံမကောင်းရင် အခေါက်ခေါက် အခါခါ ခွဲရတတ်ပါတယ်။လူနာအချင်းချင်း သတင်းမေးလို့မှ ထုတ်ပြောရမှာ ရှက်တဲ့ ရောဂါမျိုးပေါ့။ဒါကြောင့် ပြောချင်တာက သင်ထင်ထားသလို သင့်လိင်တံက မသေးပါဘူး။လိင်တံသေးလို့ အဖော် စိတ်ကျေနပ်မှု မရဘူးထင်ရင် အဖော်ကို မေးကြည့်ပါဦး။ သင်ထင်သလို ဟုတ်ချင်မှ ဟုတ်မှာပါ။ ခုမှ အရွယ်ရောက်စ ကောင်လေးတွေ အနေနဲ့လည်း လိင်တံ ကြီးခြင်း သေးခြင်းက ယောကျာ်းပီသမှုကို သတ်မှတ်တာမဟုတ်ပါဘူး။ တကယ်ကြီးတာလဲ မဟုတ်ဘဲနဲ့ ဒီလို အန္တရာယ်များတဲ့ နည်းလမ်းတွေကို လက်တည့်မစမ်းပါနဲ့။ အရှိကို အရှိအတိုင်း ကျေနပ်ပါ။ ဒါက တစ်ခုခု ပျက်စီးသွားရင် အလျော်အစားကြီးပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/do-penis-enlargement-techniques-work/
ဆယ်ကျော်သက်များစားသောက်မှုပုံစံအတွက် အချက် ၃ချက်
ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့ ကလေးတယောက်ကို အစားကျွေးရတာ ခက်ခဲပါတယ်။ သူတို့ဟာ ကိုယ်အလေးချိန်အတွက် အမြဲစိတ်ပူပန်နေတတ်ပြီး တတ်နိုင်သလောက် ကိုယ်အေလေးချိန်ကို လျှော့ချင်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီအရွယ်ဟာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများစွာ ရှိတာမို့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး သင့်တင့်မျှတတဲ့ အစားအသောက်ကို ကျွေးတာ ပိုကောင်းပါတယ်။ဆယ်ကျော်သက်အရွယ်တွေဟာ အသင့်စား သရေစာတွေကို သဘောကျတတ်ကြပါတယ်။ ကျန်းမာရေးနဲ့ညီအောင် စားတယ်ဆိုတာ အသင့်စား စားစရာအားလုံးကို ရှောင်လိုက်တာတော့ မဟုတ်ပါဘူး။ အစားမျိုးစုံကို မျှမျှတတဖြစ်အောင်စားပြီး အချိုများနဲ့အစာတွေ အမြန်စာတွေကို လျှော့ချလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အစားအစာမှာ ပါဝင်တဲ့ ပရိုတိန်းဓါတ်၊ ကစီဓါတ်၊ အဆီဓါတ် စတာတွေဟာ ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ စွမ်းအင်ရင်းမြစ်ပဲ ဖြစ်ပါတယ်။– ပရိုတိန်းဓါတ်ဟာ ကိုယ်ခန္ဓါရဲ့ ၅၀%ခန့် ရှိပါတယ်။ ဆယ်ကျော်သက်တွေအကြိုက် စားစရာတွေဖြစ်တဲ့ အမဲသား၊ ကြက်၊ ကြက်ဆင်၊ ဝက်၊ ငါး၊ ဥများနဲ့ ဒိန်ခဲတွေဟာ ပရိုတိန်းဓါတ် ကြွယ်ဝပါတယ်။– ကစီဓါတ်ဟာ ကိုယ်ခန္ဓါရဲ့ အဓိကစွမ်းအင် ရင်းမြစ် ဖြစ်ပါတယ်။ ကစီဓါတ်အားလုံးဟာ စွမ်းအင်ကို ပေးပေမယ့် အားလုံးဟာ မတူညီပါဘူး။ အာဟာရပညာရှင်များရဲ့ အကြံပြုချက်အရဆယ်ကျော်သက်များဟာ သူတို့လိုအပ်တဲ့ ကယ်လိုရီရဲ့ ၅၀-၆၀%ကို အမျိုးမျိုးသော ကစီဓါတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ပဲတောင့်၊ ပဲစေ့၊ စိမ်းစိုတဲ့ အသီးအရွက် စတာတွေကနေ ရရှိနိုင်ပါတယ်။ သကြားလုံး၊ ချိုချဉ်၊ ဆိုဒါ၊ အားဖြည့်သောက်စရာများမှလည်း ရရှိနိုင်ပါတယ်။– အဆီဓါတ်ဟာတော့ စားစရာရဲ့ ၃၀%ထက် မကျော်သင့်ပါဘူးဆယ်ကျော်သက်တွေဟာ အဆီဓါတ်ကို ရှောင်ကြပါတယ်။ တကယ်တော့ အဆီဓါတ်ဟာစွမ်းအင်နဲ့ အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေ စတာတွေရဲ့ အရေးကြီးတဲ့ ရင်းမြစ်ဖြစ်ပါတယ်။သင့်ရဲ့ကလေးဟာ မနက်စာကို မစားတဲ့အခါ မိသားစုတခုလုံး စားကြတဲ့ စားသောက်ဝိုင်းစီစဉ်ပြီး သင့်ကလေးကို မိသားစုနဲ့ ပူးပေါင်း စားသောက်လာအောင် စည်းရုံးပါ။ဆယ်ကျော်သက်များဟာ သူတို့ကြီးထွားနိုင်ဖို့ စွမ်းအင် အများအပြား လိုအပ်ပြီး နေ့လယ်ပိုင်းတွေမှာလည်း စားတတ်ကြပါတယ်။ အဲ့ဒီအချိန်တွေမှာ သင့်ရဲ့ကလေးကို ဟမ်ဘာဂါနဲ့ ကိုလာရည်အစား တခြားကျန်းမာရေးအတွက် ပိုသင့်တော်မယ့် သရေစာတွေ စားခိုင်းသင့်ပါတယ်။ သစ်သီးခြောက်တွေ၊ လတ်ဆတ်တဲ့ အသီးအနှံတွေဟာ လူကို လန်းဆန်းစေရုံမက အာဟာရလည်း ဖြစ်စေပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/milestones-and-development/%e1%80%86%e1%80%9a%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%b1%e1%80%ac%e1%80%80/
Pityriasis Rosea (တိုင်ရီရေးစစ် ရိုစီယာ)
Pityriasisrosea ဆိုတာ အဖြစ်များတဲ့ အပိန့်ထွက်တဲ့ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ၎င်းအဖုအပိန့်တွေဟာ အဝိုင်းပုံ သို့ ဘဲဥပုံတွေရှိကြပြီး အရွယ်အားဖြင့် ၂.၅ ကနေ ၅ စင်တီမီတာလောက်ထိရှိနိုင်ကြပါတယ်။၎င်းတို့ဟာ ရင်ဘတ်၊ ဝမ်းဗိုက် နှင့် ကျောကုန်းတို့မှာများသောအားဖြင့် ပေါက်တတ်ကြပါတယ်။ အရောင်ကတော့ ပုံမှန်အားဖြင့် အနှီ၊ ပန်းရောင်တွေရှိကြပြီး ပတ်ပတ်လည်မှာ အကြေးခွံလိုမျိုးရှိတတ်ကြပါတယ်။ ဒီအစက်လေးတွေဟာ ၂ ပတ်မှ ၈ ပတ်အတွင်း အမာရွတ်မကျန်ပဲ ပျောက်သွားလေ့ရှိသော်လည်း တခါတရံမှာ အကြာကြီး ရှိနေတတ်ပါတယ်။ ဒီရောဂါဟာ ကူးစက်ရောဂါတော့မဟုတ်ပါဘူး။ဒီရောဂါဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုဖြစ်ပါတယ်။ အသက် ၁၀ နှစ်ကနေ ၃၅ နှစ်ထိ ဖြစ်နိုင်ပါတယ်။ ဖြစ်ပွားနိုင်ချေတွေကို လျှော့ချခြင်းဖြင့် ဒီရောဂါကို ကာကွယ်လို့ရပါတယ်။ သိရှိလိုသည်များကို ဆရာဝန်နဲ့ ဆက်လက်ဆွေးနွေးပါ။လူနာတော်တော်များများမှာ ရောဂါလက္ခဏာတွေ မပြတတ်ပါဘူး။ သို့သော်လည်း ဒီအဖုလေးတွေက နည်းနည်းတော့ ယားတတ်ပါတယ်။ တခြားလက္ခဏာတွေကတော့ မောခြင်း၊ဖျားခြင်း၊ခေါင်းကိုက်ခြင်းနှင့် လည်ချောင်းနာခြင်းတို့ဖြစ်ကြပါတယ်။ လူနာတော်တော်များများမှာတော့။အဖုတွေပေါက်လာတာနဲ့ ထိုလက္ခဏာတွေပျောက်သွားတတ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။အဖုအပိန့်တွေက မိုးတွင်း သို့ နွေဦးပိုင်းမှာ ပေါ်လာတတ်ပါတယ်။ လက်တလောတွင် သိပ္ပံပညာရှင်တွေက ဒီအဖုပေါက်ခြင်းရဲ့ ဖြစ်ပွားမှုကို အဖြေရှာတုန်းရှိပါသေးတယ်။ ဒီရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့် အထူးသဖြင့် ရေယုန်ဗိုင်းရပ်စ် ကြောင့်ဖြစ်ဖို့များကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေ ရှိပါတယ်။ သို့သော်လည်း ဒီ ရေယုန်ဗိုင်းရပ်စ် အမျိုးအစားဟာ လိင်အင်္ဂါရေယုန် ကိုဖြစ်စေတဲ့ ဗိုင်းရပ်စ် တော့မဟုတ်ပါဘူး။ဖြစ်ပွားစေတဲ့ အရာတွေလိုပဲ pityriasisrosea ကို ဖြစ်ပွားနိုင်ချေ မြင့်စေတဲ့အရာတွေကို ကောင်းစွာနားမလည်သေးပါဘူး။ သို့သော် ကလေးတွေမှာ လူကြီးတွေထက် ပိုဖြစ်နိုင်ချေများကြောင်း သိထားပါတယ်။ သိရှိလိုသည်များကို ဆရာဝန်နဲ့ ဆက်လက်ဆွေးနွေးသင့်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်မှာရှိတဲ့ ရောဂါလက္ခဏာတွေကို ကြည့်ပြီး ဆရာဝန်က ရောဂါကို အတည်ပြုပါလိမ့်မယ်။ ဆရာဝန်က သင့်မှာ တခြားရောဂါ (ဥပမာ ကာလသားာရောဂါ) မရှိကြောင်းသေချာအောင် သွေးစစ်ခြင်းလဲ ပြုလုပ်နိုင်ပါတယ်။ ထို့အပြင် အရေပြား အသားစ စစ်ခြင်းဖြင့်လဲ ရောဂါကို အတည်ပြုနိုင်ပါတယ်။တကယ်လို့ pityriasisrosea ရဲ့ အသေးအဖွဲ ရောဂါလက္ခဏာတစ်ခုခုရှိနေလျှင် ကုသရန်မလိုပဲ ၂ ပတ် ၃ ပတ်အကြာတွင် အလိုအလျောက် ပျောက်ကင်းသွားနိုင်ပါတယ်။ တကယ် ကုသမှုလိုအပ်တဲ့ကိစ္စတွေမှာ ဆရာဝန်က အယားသက်သာအောင် hydrocortisone cream ပေးခြင်း နှင့် တခြား အရေပြားလိမ်းဆေးတွေ ပေးပါလိမ့်မယ်။ထို့အပြင် နေ့စဉ်တကိုယ်ရည် သန့်ရှင်းရေး၊ နူးညံ့စွာ ရေချိုးခြင်း၊ လံလောက်စွာနေလောင်ခံခြင်း(မနက်ခင်းပိုင်း) နှင့် တခြားအလင်းကုထုံးတွေနဲ့ အဖုအပိန့်တွေပျောက်အောင် ကူညီနိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် pityriasisrosea ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• ဆရာဝန်ညွှန်ကြားချက်များကိုလိုက်နာပါ။ ဆရာဝန်ဆုံးဖြတ်ချက်မပါပဲ မိမိသဘောနဲ့ မိမိ ဆေးဝယ်သောက်ခြင်း ဆေးဆက်မသောက်ခြင်းများ မပြုလုပ်ရပါ။• ရောဂါလက္ခဏာတွေကို ထိန်းချုပ်နိုင်မှုရှိမရှိ နှင့် သင့်ကျန်းမာရေးအခြေအနေကို သိရှိနိုင်ရန် ရက်ချိန်းခေါ်ပြီး ပြန်လည်စမ်းသပ်မှုခံယူပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/dermatitis/pityriasis-rosea-%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9b%e1%80%ae%e1%80%9b%e1%80%b1%e1%80%b8%e1%80%85%e1%80%85%e1%80%ba-%e1%80%9b%e1%80%ad%e1%80%af%e1%80%85%e1%80%ae%e1%80%9a%e1%80%ac/
ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း ရဲ့ အကောင်းအဆိုးများ
ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း ဆိုတာကို အတော်များများ ကြားဖူးကြမှာပါ။ဒီဆောင်းပါးလေးမှာတော့ သူ့ရဲ့ အကျိုးအပြစ် .. အားသာချက်နဲ့ အားနည်းချက်လေးတွေကို ပြောပြချင်ပါတယ်။ ဘယ်အရာမဆို ကောင်းခြင်းဆိုးခြင်းဆိုတာ ဒွန်တွဲနေတတ်စမြဲမို့ မိမိနဲ့ မိမိချစ်သူကို အကျိုးများစေနိုင်လား ဘယ်လိုကျန်းမာရေးပြဿနာတွေ ပေးနိုင်မလဲဆိုတာ သေချာလေ့လာကြည့်ရအောင်နော်။လိင်တံ၊ ဒါမှမဟုတ် မိန်းမကိုယ်ကို ပါးစပ်အသုံးပြုပြီး လိင်စိတ်နှိုးဆွခြင်းကို ခေါ်တာပါ။လိင်တံကို ပါးစပ်နဲ့ ဆက်ဆံပေးခြင်းကို Fellatio လို့ခေါ်ပြီး မိန်းမကိုယ်ကို ဆက်ဆံပေးခြင်းကိုတော့ Cunnilingus လို့ခေါ်ပါတယ်။ပါးစပ်နဲ့ ဆက်ဆံခြင်းဟာ ကိုယ့်အဖော်နဲ့ ရင်းနှီးချစ်ခင်မှုကို ပိုစေပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းမှာလည်း မကောင်းတဲ့အချက်များလည်း ရှိပါတယ်။ပါးစပ်နဲ့ ဆက်ဆံတာကို စိတ်ကျေနပ်မှုရဖို့ဆိုရင် ကိုယ်နဲ့ ကိုယ့်အဖော်ကြားမှာ စစ်မှန်ပြီး ရိုးသားပွင့်လင်းတဲ့ ဆက်ဆံရေးမျိုး လိုအပ်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းက လိင်မှုဘဝနဲ့ ဆက်ဆံရေးကို တိုးတက်စေပါတယ်။သုက်ရည်ထဲမှာ Cortisol လို့ခေါ်တဲ့ ဟော်မုန်းတွေ ပါဝင်ပြီး အဲဒီဟော်မုန်းက ဦးခေါင်းဆီ အောက်ဆီဂျင် ပိုရောက်အောင် လုပ်ပေးနိုင်တာမို့ စိတ်ခံစားမှုတွေ ပိုကောင်းစေတယ်၊ စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေပါတယ်။ပါးစပ်နဲ့ ဆက်ဆံနေစဉ်နဲ့ ဆန္ဒပြီးမြောက်သွားတဲ့အချိန်တွေမှာ ခန္ဓာကိုယ်ထဲမှာ Oxytoin ၊ Endorphin စတဲ့ ဟော်မုန်းတွေ ထွက်ပါတယ်။ ဒါတွေက နာကျင်မှုတွေကို လျော့နည်းသက်သာစေပါတယ်။ခုပြောခဲ့တဲ့ အကျိုးကျေးဇူးများကြောင့် ကျန်းမာရေးကို အထောက်အကူပြုသလို၊ စိတ်ကျရောဂါရှိနေရင်လည်း သက်သာစေပါတယ်။ပါးစပ်နဲ့လိင်ဆက်ဆံခြင်းရဲ့ အဓိက အားနည်းချက်တွေကတော့ ရောဂါတွေ ဖြစ်ပွားနိုင်တာပဲဖြစ်ပါတယ်။ ကူးစက်ရောဂါတချို့ဖြစ်နိုင်သလို တချို့ကင်ဆာရောဂါတွေ ဖြစ်ပွားနိုင်ခြေကိုလည်း ပိုများစေတယ်လို့ သိရပါတယ်။ မိမိလက်တွဲဖော်အပေါ် သစ္စာရှိဖို့၊ ပြင်ပမှာ အပျော်အပါးမလိုက်စားမိစေဖို့တော့ သတိထားဖို့လိုပါလိမ့်မယ်။ကဲ ဘယ်လို အားနည်းချက်တွေလည်း သေချာကြည့်လိုက်ရအောင်။ပါးစပ်နဲ့ ပုံမှန်လိင်ဆက်ဆံမှုပြုမယ်ဆိုရင် HPV ပိုး ကူးစက်ခံရနိုင်ချေပိုများပြီးလည်ချောင်းကင်ဆာဖြစ်နိုင်ချေ ပိုရှိပါတယ်။HIVပိုး၊ ရေယုန်၊ ဆစ်ဖလစ်၊ ဆီးပူညောင်းကျ၊ အသည်းရောင်အသားဝါပိုး၊ HPV ပိုးများလည်း ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းကတစ်ဆင့် ကူးစက်ခံရနိုင်ပါတယ်။ဆစ်ဖလစ်လက္ခဏာများဟာ လိင်အင်္ဂါနဲ့ စအိုတို့မှာ တွေ့ရလေ့ရှိပြီး ရှားရှားပါးပါးအနေနဲ့ နို့သီးမှာလည်း တွေ့ရတတ်ပါတယ်။ နောက်ပြီး လျှာနဲ့နှုတ်ခမ်းတို့မှလည်း တွေ့ရတတ်သလို၊ ရောဂါပိုးရှိသူရဲ့ ပါးစပ်က တစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းဟာ ကိုယ်ဝန်ရှိနေချိန်လို တချို့သောအချိန်တွေမှာတော့ စုံတွဲတွေအတွက် အကျိုးရှိပါတယ်။ ဒါပေမယ့်လည်း ကျန်းမာရေးကို ထိခိုက်စေတဲ့ အချက်တွေလည်း ရှိနေဆဲပါ။သဘာဝမဟုတ်တဲ့ ဆက်ဆံနည်းထဲမှာ ပါဝင်တဲ့အတွက် သန့်ရှင်းမှုမရှိရင် ဒါမှမဟုတ် ကူးစက်ရောဂါတစ်ခုခုဖြစ်နိုင်ခြေရှိရင် ဒါမှမဟုတ် အပေါ်မှာ ပြောခဲ့သလို ကူးစက်ရောဂါ တစ်ခုခု ရှိနေရင်တော့ မလုပ်တာ အကောင်းဆုံးပါပဲ။ဒါကြောင့် ပါးစပ်နဲ့ ဆက်ဆံခြင်း ကနေ ရောဂါပိုးတခုခု ကူးစက်ခံရတယ်ထင်ရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းပြပြီး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး အကြံပြုချက်တွေရယူနိုင်ပါတယ်။# ပါးစပ်နဲ့ လိင်ဆက်ဆံပြီးရင် သွားတိုက်ဖို့ လို၊ မလို။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/pros-and-cons-of-oral-sex/
ကျန်းမာရေးညီအစားအစာဆိုသော်လည်း ကယ်လိုရီမြင့်နေသည့်အစာ (၈) မျိုး
ကျန်းမာရေးညီအစားအစာဆိုသော်လည်း ကယ်လိုရီမြင့်နေသည့်အစာ (၈) မျိုး ကို သတိထားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။အဆီလွတ် ဒါမှမဟုတ် ဂလူတမ်လွတ်အစားအစာဆိုရုံနဲ့ ကယ်လိုရီတွေနည်းတယ်လို့ မဆိုလိုပါဘူး။ပြုပြင်စီရင်ထားတဲ့အစားအစာ၊ အားလူးကြော်နဲ့ ချိုချဉ်တွေက ကျန်းမာရေးနဲ့မညီကြောင်း လူအများစုသိပြီးသားပါ။ အာလူးကြော်နဲ့ရေခဲမုန့်တွေအစား ခွံမာသီးနဲ့သစ်သီးခြောက်စားတာက ကျန်းမာရေးနဲ့ပိုညီပါတယ်။ တစ်ချို့ကတော့ အရွက်သုပ်စားတာတို့ ဂလူတမ်လွတ်အာလူးကြော်အတွက် ပိုက်ဆံပိုပေးတာတို့ လုပ်ကြသေးတယ်။ ဒါတွေကို ကယ်လိုရီနည်းပြီး စိတ်သန့်သန့်စားရတယ်လို့ အထင်ရှိကြတယ်။ စကားပုံအတိုင်းပဲ စာအုပ်အဖုံးပဲကြည့်ပြီး မဆုံးဖြတ်လိုက်နဲ့ဦး။ ဒါကြောင့် ပိုမိုကျန်းမာအောင်ရွေးချယ်ချင်တယ်ဆိုရင်တော့ စူပါမားကတ်က ဆိုထားတဲ့အညွှန်းကြည့်ပြီး မဆုံးဖြတ်ပါနဲ့။ ဒီမှာ ကယ်လိုရီမြင့်နေမယ်လို့ ထင်မထားတဲ့ အစာ ၈ မျိုးကို ပြောပြပါမယ်။ကျန်းမာရေးညီအစားအစာဆိုသော်လည်း ကယ်လိုရီမြင့်နေသည့်အစာ (၈) မျိုး ကတော့။Smoothies။ကျန်းမာမှုကိုစွဲလမ်းသူတွေက bubble tea တွေအစား health shake တို့ Smoothies တို့ကိုရွေးချယ်ကြတယ်။ Bubble tea တွေထက် အာဟာရပိုတာမှန်ပေမယ့် Smoothies တွေက သကြားပိုပါပါတယ်။ အန္တရာယ်မရှိတဲ့ဘယ်ရီ၊ ဂရိဒိန်ချဉ်နဲ့ chia seeds တစ်ဖြူစားလောက် ရောမွှေထားတာလေးက ၅၀၀ ကယ်လိုရီလောက်ရှိနေပါပြီ။ အပိုဆောင်းအရသာတွေဖြစ်တဲ့ ခွံမာသီးထောပတ်၊ syrup၊ ခရင်မ်ပြည့်နို့၊ ရေခဲမုန့်တို့ပါလာရင်တော့ ကယ်လိုရီပမာဏက အတော်ဆိုးဝါးသွားပါတော့တယ်။Smoothies တွေကိုဝယ်မယ့်အစား ကိုယ်တိုင်လုပ်သောက်ရင်တော့ ထည့်မယ့်အမယ်တွေကို ပြင်ဆင်နိုင်သလို၊ ကယ်လိုရီကိုစီမံနိုင်ပါလိမ့်မယ်။ ဘယ်လိုတွေလဲဆိုတော့ အချိုပေါ့ထားတဲ့ ပဲနို့ ဒါမှမဟုတ်အဆီထုတ်နွားနို့သုံးနိုင်ပြီး syrup နဲ့ သကြားကိုဖယ်ထားနိုင်ပါတယ်။ထောပတ်သီး။Millennialsတွေကြားမှာ အထူးပေါ်ပြူလာဖြစ်တာက ထောပတ်သီးဆိုတာ ကျန်းမာရေးနဲ့ညီတဲ့သစ်သီးတဲ့။ ကဖေးတွေက ဒီလိုဝယ်လိုအားမြင့်လာတဲ့ ထောပတ်သီးအတွက် မီးနူးအသစ်တွေပါစီစဉ်လာကြတယ်။ အလှအပရေးရာကျွမ်းကျင်သူတွေက အာဟာရအပြည့်ပါတဲ့ ထောပတ်သီးက အသားအရေကိုအတော်လေးကောင်းမွန်စေကြောင်း ဆိုကြပြန်တယ်။တကယ့်တကယ်မှာလဲ ထောပတ်သီးက ကျန်းမာရေးနဲ့ညီပြီး မိုနိုပြည့်ဝဆီဆိုတဲ့ ကောင်းမွန်တဲ့အဆီတွေပါတယ်။ ဒါပေမယ့် ကယ်လိုရီတော့အရမ်းကိုများတာ။ USDA အစာဖွဲစည်းခြင်းဒေတာဘေ့စ်အရ ထောပတ်သီးတစ်လုံးထဲမှာ 227 ကယ်လိုရီပါနေတယ်လို့ဆိုတယ်။ ဒီလိုဆိုပြီးတော့ ထောပတ်သီးကိုရှောင်ပစ်ဖို့လဲမလိုပါဘူး။ ဒီအာဟာရအပြည့်နဲ့အသီးကို ကိုယ်စားတဲ့အခါ ချင့်ချိန်ဖို့ဂရုပြုပေးရုံပါပဲ။သစ်သီးခြောက်။ယုံရခက်ခက်ဆိုပေမယ့် ဒီလိုအသီးခြောက်လေးတွေက သင်ထင်တာထက်ပိုပြီး ကယ်လိုရီပိုများနေပါတယ်တဲ့။ ဒါက ဘာလို့လဲဆိုတော့ စပျစ်သီးခြောက်တို့ တရုတ်ဆီးသီးခြောက်တို့ဆိုရင် အခြောက်မလှန်းခင် သကြားရည်နဲ့စပရေးဖြန်းထားလို့ပါ။သင်ကိုယ်တိုင် သကြားကိုစီမံနိုင်ရင်တော့ သစ်သီးခြောက်တွေက တကယ်အာဟာရပြည့်တဲ့ အစားအစာပါပဲ။ ပြုပြင်ပြီးစားရင်တော့ သူတို့တွေက ကျန်းမာရေးနဲ့ညီတဲ့ သွားရေစာဖြစ်တယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ အမျှင်ဓါတ်တွေ၊ သံဓါတ်နဲ့ ပိုတက်စီယမ်တွေအများအပြားရနိုင်တဲ့ source ဆိုလဲ မမှားဘူး။ ဒီတော့ ဝယ်ယူတဲ့အခါ ပါဝင်ပစ္စည်းတွေကိုဖတ်ပါ။ သကြားမပါတဲ့ဟာကိုရွေးပါ။ ၂၀ ဂရမ်ပါအထုပ်လောက်ထိကို ဝယ်ယူပေါ့။ တစ်ချို့လူတွေက အထုပ်သေးသေးဝယ်ရင် နည်းနည်းပဲကိုယ်စားမိမယ်လို့ အထင်ရှိတတ်လို့ ပြောတာပါ။Balsamic vinaigrette dressing။Balsamic vinaigrette ကို ကယ်လိုရီနည်းတဲ့ အရွက်သုပ် dressing လို့ လူတွေအထင်မှားနေကြတယ်။ သံလွင်ဆီမှာ မိုနိုပြည့်ဝဆီပါတယ်ဆိုပေမယ့် ကယ်လိုရီအတော်မြင့်ပါတယ်။ တကယ့်တကယ်က Vinaigrette မှာ ရှာလကာရည်ထက် အဆီတွေကပိုများတယ်။ စံနှုန်းအရ ဒီ dressing ရဲ့ ထမင်းစားဇွန်း ၂ ဇွန်းဆိုရင် ကယ်လိုရီက 120 လောက်ရှိသွားပြီ။ ဒါက အာလူးကြော်အထုပ်သေးတစ်ထုပ်နဲ့ညီမျှနေတာပေါ့။ကျန်းမာရေးနဲ့ညီချင်ရင်တော့ dressing နည်းနည်းပဲထည့်ပေးဖို့ ဒါမှမဟုတ် dressing သပ်သပ်ပုံထားပေးဖို့ပြောပြီး ကိုယ်လိုသလောက်ထည့်နယ်လို့ရတာပေါ့။ သံပုရာသီးနည်းနည်းလောက်ညှစ်ထည့်ရင်တော့ အရသာအတွက်ရော metabolism အတွက်ပါ boost ပေးပါလိမ့်မယ်။ဂလူတမ်မပါ ရေခဲမုန့်။ဂလူတမ်ဆိုတာက နှံစားသီးနှံတွေဖြစ်တဲ့ ဘာလီ၊ ဂျုံ၊ ရိုင်းစပါးတို့မှာပါတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး တစ်ချို့လူတွေကို အူရောင်စေတတ်ပါတယ်။ “…. မပါ” ဆိုတာမြင်ရုံနဲ့တော့ ကျန်းမာရေးနဲ့ညီမယ်ဆိုပြီး အရူးလိုမတွေးပါနဲ့။ ဂလူတမ်မပါ ရေခဲမုန့်ကို သာဓကပြုပြီးကြည့်ကြည့်ပါ။ပထမဆုံးပြောချင်တာက ဂလူတမ်မပါဆိုတာ ဂလူတမ်ပရိုတင်းမပါဘူးလို့ပြောတာမဟုတ်ဘူး။ ဒုတိယတစ်ခုက ဂလူတမ်မပါဆိုပေမယ့် သကြားတော့ အများကြီးပါနေတုန်းပဲ။ ဒါကြောင့် နောက်ဂလူတမ်မပါရေခဲမုန့်စားမယ်ကြံတိုင်း တစ်ခုလောက်ပဲ ဝယ်ထားပေါ့။Granola bar။Granola bar တွေကို အကုန်အတူတူပြုလုပ်ထားတာမဟုတ်ပါဘူး။ တချို့တွေက တကယ့်ကိုပဲ ကျန်းမာညီညွှတ်တဲ့ သွားရေစားပေမယ့် အများစုမှာတော့ သကြားနဲ့ကယ်လိုရီတွေ အများကြီးပါနေပါတယ်။ စူပါမားကတ်တွေမှာ ကယ်လိုရီဆိုတာကိုချည်း ပြူးပြဲရှာမနေတော့ပဲ သကြားပါဝင်နှုန်းကိုပါ သေချာကြည့်ကြပါ။အကောင်းဆုံးကတော့ သကြားများများမထည့်ပဲ ကိုယ်တိုင်ပြုလုပ်ပြီး အကန့်အသတ်နဲ့စားသင့်တယ်လို့ပဲ ထပ်ပြောရမှာပဲ။အခွံမာသီးများ။သံသယရှိစရာမလိုတာက အခွံမာသီးတွေဆိုတာ ကျန်းမာရေးနဲ့ညီတဲ့ သွားရေစာပဲ။ အာလူးကြော်အစားထိုးပြီး စားဖို့ကောင်းတဲ့အစာမျိုးပေါ့။ အခွံမာသီးတွေမှာ အဆီတွေများတာဟုတ်ပေမယ့် အာလူးတဲ့မတူတာက သူ့မှာပါတာက အဆီကောင်းတွေ။ မိုနိုပြည့်ဝဆီနဲ့ ပိုလီပြည့်ဝဆီတွေပေါ့။ ဒါ့အပြင် အခွံမာသီးတွေမှာ ပရိုတင်းတို့ အမျှင်တို့လည်း ပေါများစွာပါသေးတယ်။ဝမ်းနည်းစွာနဲ့ပဲ အခွံမာသီးများများဝါးတာက ကျန်းမာရေးနဲ့မညီဘူး။ သူတို့မှာ ကယ်လိုရီတွေအများကြီးပါနေတယ်။ အခွံမာသီးချစ်သူအတွက် လုံးဝရှောင်ရမယ်တော့မဟုတ်ပါဘူး။ ဆီတို့သကြားတို့ထည့်လှော်ထားတာတွေအစား အစေ့အစိမ်း၊ ဆီမပါလှော်ထားတာမျိုးကို ရွေးချယ်လိုက်ခြင်းက အပိုဆောင်းကယ်လိုရီတွေကို ဖြတ်ချနိုင်မှာပါ။ကိုယ်စားတဲ့ပမာဏကို ထိန်းညှိဖို့အတွက် အထုပ်ကြီးတွေကို အထုပ်သေးသေးလေးတွေပြန်ထုပ်ပြီး ကိုယ့်စားသောက်ရမယ့်ပမာဏကိုသတ်မှတ်ထားတာအကောင်းဆုံးပါပဲ။အေးခဲဒိန်ချဉ် (froyo)။Diest လုပ်နေပြီး ရေခဲ့မုန့်ကိုချဉ်ခြင်းတက်နေတဲ့သူတွေအတွက် အေးခဲဒိန်ချဉ်က revolution လို့ကိုဆိုရမှာပဲ။ ဒါပေမယ့် အဲ့လိုဟာဆိုပြီး နှစ်ဆတိုးစားလို့ရမလားဆိုရင် မရဘူးပဲပြောရမှာ။ပုံမှန် အဆီမပါ အရသာပလိန်းနဲ့ froyo 250 ဂရမ်မှာ 300 ကယ်လိုရီပါတယ်။ ဘာ Topping မှမထည့်သေးရင်ကို သကြားက 70 ဂရမ်လောက်ပါနေပြီ။ အဆီမပါအစားအစာအများစုက ကယ်လိုရိနည်းတယ်လို့ပြောနေပေမယ့် သကြားကတော့ များနေဆဲပဲ။ အဲ့ဒီလိုပဲ oreo တို့ မီးသင်းသကြားအုပ်ကွတ်ကီးတို့ ချောကလက်ဖြူတို့ ထပ်ထည့်လိုက်ရင် ဖြစ်သွားမယ် ကယ်လိုရီကို စဉ်းစားကြည့်ကြည့်ပါ။ဒီလိုတွေပြောပေမယ့် အပေါ်မှာပြောခဲ့တဲ့တစ်ချို့အစားအစာတွေ အခွံမာသီးတို့ ထောပတ်သီးတို့က များများမစားသ၍ ရွေးချယ်ဖို့သင့်တဲ့ အကောင်းဆုံးသွားရေစာတွေ ဖြစ်နေဆဲပါပဲ။ အရာအားလုံးလိုပဲ ထိန်းညှိပေးတတ်ဖို့ပဲလိုတာပါ။ပိုကျန်းမာချင်သလား။ ဒါဆိုရင် Dietitian ရဲ့အကူအညီကိုရယူပြီး ကျန်းမာတဲ့အစားအသောက် plan တွေနဲ့ သင့်လူနေမှုဘဝကို ပြောင်းလဲလိုက်ရုံပဲ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/high-calories-healthy-food/
သင့်ကလေး မူလတန်းကျောင်းမှာ အောင်မြင်စေဖို့ နည်းလမ်း ၁၀ချက် (အပိုင်း ၁)
မိမိကလေး ကျောင်းတက်စ နှစ်တွေဟာ မိဘတွေ အနေနဲ့ သားသမီးရဲ့ ပညာရေးအခြေအနေကို သိမြင်နိုင်ပြီး အထောက်အပံ့ပေးဖို့ အရေးကြီးတဲ့အချိန်ပဲ ဖြစ်ပါတယ်။ကျောင်းဖွင့်စရက်တွေမှာမှာ သင့်ကလေးနဲ့ အတူရှိနေတာ ကောင်းပါတယ်။ ကလေးရဲ့ ဆရာ/ဆရာမတွေအကြောင်းနဲ့ သူတို့ရဲ့ မျှော်မှန်းချက်တွေကို သိရှိဖို့ ဖြစ်ပါတယ်။ ကျောင်းတာဝန်ခံတွေနဲ့လည်း တွေ့ဆုံပြီး ကျောင်းရဲ့ အစီအစဉ်တွေ၊ မူဝါဒတွေ ဆွေးနွေးနိုင်ပါတယ်။ စာသင်နှစ်တလျှောက်မှာ သင့်ကလေးရဲ့ ပညာရေး အခြေအနေကို သိရအောင် မိဘ-ဆရာ စည်းဝေးပွဲတွေ တက်သင့်ပါတယ်။ ဒါဟာ ဆရာများနဲ့ တွေ့ဆုံဆွေးနွေးပြီး သင့်ကလေးမှာ အထူး ဂရုစိုက်သင့်တဲ့ အခြေအနေရှိလား မရှိလား သိနိုင်ဖို့ အခွင့်အလမ်း ဖြစ်ပါတယ်။သင့်ကလေးကျောင်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကအစ သိထားခြင်းဟာ ကျောင်းဖွင့်ရက်တွေအကြောင်း ပြောဆိုကြရာမှာ သင့်ကလေးနဲ့ ပိုပြီး နီးစပ်နိုင်စေမှာ ဖြစ်ပါတယ်။ ကျောင်းရဲ့ ဝဘ်ဆိုက်မှာ ကျောင်းရဲ့ အချိန်ဇယားတွေ၊ ဝန်ထမ်းတွေရဲ့ အချက်အလက်နဲ့ လှုပ်ရှားမှုတွေကို ရှာဖွေဖတ်ရှုနိုင်ပြီး သင့်ကလေးနဲ့ ဆွေးနွေးနိုင်ပါတယ်။အိမ်စာများဟာ စာသင်ခန်းရဲ့ သင်ခန်းစာများကို ထပ်မံအားဖြည့်ပေးတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ကျောင်းသားတွေကို ပိုပြီး အရေးကြီးတဲ့ သင်ယူမှု စွမ်းရည်တွေကို ရရှိစေပါတယ်။ မိမိကိုယ်ကို တာဝန်ယူမှုနဲ့ လုပ်ငန်းဆိုင်ရာ ကျင့်ဝတ်တွေကို နားလည်လာစေပြီး စာသင်ခန်းပြင်ပကိစ္စတွေမှာ အကျိုးရှိစေမှာပဲ ဖြစ်ပါတယ်။ သင်ဟာ သူတို့အိမ်စာအပေါ် ဦးစားပေးအရာလို့ ရှုမြင်ကြောင်း သင့်ကလေးတွေ သိပါစေ။ ထိရောက်တဲ့ သင်ယူမှုဖြစ်စေဖို့ အာရုံလွင့်ပါးမှုတွေကို ရှောင်စေပြီး စချိန်ဆုံးချိန် သတ်မှတ်ထားပါ။ သင့်ကလေး အိမ်စာလုပ်ချိန်မှာ မေးခွန်းနားမလည်ရင် ရှင်းပြပါ။ လမ်းညွှန်မှုပေးပါ။ သူ့အတွေးကို သုံးသပ်ပေးပါ။ ဒါပေမယ့် သင့်ကလေးဖြေရမယ့်အဖြေတွေကို သင်က ဝင်ဖြေပေးတာမျိုး မလုပ်ပါနဲ့။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာဟာ သင့်ကလေးရဲ့ တနေ့တာကို စတင်ဖို့ အားအင်အပြည့် ဖြစ်စေပါတယ်။ ယေဘုယျအားဖြင့် မနက်စာ ကောင်းကောင်းစားခဲ့ရတဲ့ ကလေးတွေဟာ ပိုပြီးတက်ကြွလန်းဆန်းပြီး ကျောင်းစာကို ကောင်းကောင်းလိုက်လုပ်နိုင်ပါတယ်။ ကလေးရဲ့ အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ် ပိုပြီး ကောင်းမွန်အောင် ဆန်လုံးညို၊ အမျှင်ဓါတ်၊ ပရိုတိန်းဓါတ်များများနဲ့ သကြားနည်းနည်းကျွေးပါ။သင့်ကလေးနောက်ကျမယ်ဆိုရင် လတ်ဆတ်တဲ့ အသီးတွေ၊ အခွံမာသီး၊ ဒိန်ချဉ်၊ ပဲစေ့ထောပတ်၊ ငှက်ပျောသီး အသားညှပ်မုန့် စတာတွေ ပြင်ပေးပါ။ ကလေးများဟာ အိပ်ချိန်လည်း ပုံမှန်ရှိဖို့ အရေးကြီးပါတယ်။ ကျောင်းနေအရွယ်ကလေးတွေဟာ တနေ့မှာ အိပ်ချိန် ၁၀နာရီခန့် လိုအပ်ပါတယ်။ အိပ်စက်မှု နည်းပါးခြင်းဟာ ကလေးတွေကို သည်းမခံတတ်တဲ့ အမူအကျင့်တွေ ဖြစ်လာစေပြီး ကျောင်းမှာလည်း အာရုံစူးစိုက်မှုကို လျော့နည်း စေပါတယ်။ ကလေးတွေဟာ အချိန်မှန် အိပ်ရာဝင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကျောင်းဖွင်ပရက်တွေမှာ ဖြစ်ပါတယ်။စနစ်တကျ ကျစ်လျစ်စွာ လုပ်ကိုင်တတ်ခြင်းဟာ သင့်ကလေးကို ဘယ်အရာတွေက အရေးကြီးသလဲ၊ ဘယ်အရာတွေက အချိန်ဖြုန်းတာလဲဆိုတာ ခွဲခြား လာနိုင်စေပါတယ်။ ကျောင်းနေအရွယ်ကလေးတွေမှာ လုပ်ဆောင်ရမယ့် အချိန်ဇယားနဲ့ အိမ်စာလုပ်ဖို့ ဖိုင်တွဲ စသဖြင့် ပြင်ဆင်ထားသင်ပပါတယ်။ သင့်ကလေးကို ပြက္ခဒိန်နဲ့ ကိုယ်ပိုင်အချိန်ဇယား သုံးတတ်အောင် လေ့ကျင့်ပေးပါ။ ဦးစားပေး အစီအစဉ်အလိုက် ဘာတွေ လုပ်ရမလဲ၊ ဘာတွေ လုပ်ပြီးပြီလဲ မှတ်သားတတ်အောင် သင်ပေးပါ။ ကျောင်းစာနဲ့ အိမ်တွင်း လုပ်ဆောင်ဖွယ်ရာ များကနေ စသင်ပါ။ လူတချို့ဟာ စနစ်တကျ ကျစ်ကျစ်လစ်လစ် နေတတ်ဖို့ မွေးရာပါဗီဇ ပါလာပါတယ်။ ဒီအမူအကျင့်ကို သင်ယူလေ့ကျင့်ဖို့ဟာ မြန်မြန်စနိုင်လေ ကောင်းလေပါပဲ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-milestones/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8-%e1%80%99%e1%80%b0%e1%80%9c%e1%80%90%e1%80%94%e1%80%ba%e1%80%b8%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8/
အဆီလောင်ကျွမ်းဇုံရဲ့အမှန်တရား
အဆီလောင်ဖို့ ဖြစ်သင့်တဲ့အကောင်းဆုံးနှလုံးခုန်နှုန်းက ဘယ်လောက်ဖြစ်မလဲ။အဆီလောင်ကျွမ်းဇုံဆိုတာက သင့်ရဲ့အဆီတွေ ပိုလောင်ကျွမ်းဖို့ အမြန်ဆုံးနှလုံးခုန်နှုန်းရဲ့ ၇၀ – ၈၀ ရာခိုင်နှုန်းမှာ ထိန်းသိမ်းနေသင့်တယ်ဆိုတဲ့ သီအိုရီတစ်ခုဖြစ်ပါတယ်။ အကယ်၍ သင်ဟာ ကိုယ်အလေးချိန်ကျလိုပြီး fit ဖြစ်လိုပါက ယေဘုယျအားဖြင့် သင့်အားကစားလုပ်နှုန်းကို တိုးရမယ်လို့ ဆိုကြမှာပါ။ ဒါပေမယ့် အဆီလောင်ကျွမ်းဇုံကတော့ သိပ်မပြင်းထန်တာတွေကိုပဲ ဆော့ရမယ်လို့ ဆိုထားတယ်။ ဒီလိုဆော့ခိုင်းရတဲ့နောက်ကွယ်က အကြောင်းကဘာလဲ။ မှန်ရောမှန်ပါ့မလား။နှလုံးခုန်နှုန်းနဲ့ အဆီကျခြင်းဆက်စပ်ချက်။ကြွက်သားတွေရဲ့ လောင်စာအဖြစ် ဂလူးကို့စ်ကို သင်ခန္ဓါက လိုပါတယ်။ အဓိက လောင်စာပင်ရင်းနှစ်ခုက ဂလိုင်ကိုဂျင်နဲ့အဆီ။ ဒါတွေကိုချေဖျက်ရင် ဂလူးကို့စ်၊ ရေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဆိုပြီးရတယ်။ ဂလိုင်ကိုဂျင်တွေ အဆီတွေကို ဂလူးကို့စ်အဖြစ်ချေဖျက်ဖို့က အောက်စီဂျင်လိုတယ်။အားကစားလုပ်နေတဲ့အချိန်မှာ ခန္ဓါကိုယ်က စွမ်းအင်ပိုလိုလာမယ်။ ဒါကြောင့် ဂလိုင်ကိုဂျင်နဲ့အဆီတွေကို ကလူးကို့စ်ဖြစ်အောင် အောက်စီဂျင်များများပို့ဖို့အတွက် နှလုံးကသွေးများများညှစ်ရတော့တယ်။ကာဗိုဟိုက်ဒြိုက် ၁ ဂရမ်မှာ ၄ ကယ်လိုရီရှိပြီး အဆီ ၁ ဂရမ်မှာ ၉ ကယ်လိုရီရှိတယ်။ ဒါကြောင့် အဆီနဲ့ယှဉ်ရင် ဂလိုင်ကိုဂျင်က သိပ်သည်းမှုပိုနည်းတဲ့စွမ်းအင်သိုလှောင်ပုံစံဖြစ်လို့ ကလူးကို့စ်ဖြစ်လွယ်တယ်။ ဒီတော့ ဂလိုင်ကိုဂျင်က လေ့ကျင့်ခန်းလုပ်နေစဉ်ရမယ့် ပထမဆုံးစွမ်းအင်ရင်းမြစ်ပဲ။ ပိုပြင်းတဲ့လေ့ကျင့်ခန်းတွေက စွမ်းအင်ပိုလိုတော့ အဆီထက် ဂလိုင်ကိုဂျင်ကို အရင်သုံးတယ်။ သူကုန်မှသာ အဆီကို လာထိမှာပဲ။အဆီလောင်ကျွမ်းဇုံသီအိုရီရဲ့အမှန်တရား။အဆီလောင်ကျွမ်းဇုံသီအိုရီက ဂလိုင်ကိုဂျင်ထက် အဆီကိုပိုသုံးပြီး ဝိတ်ကျစေဖို့ရာ ထောက်ပံ့တဲ့သီအိုရီပါပဲ။ သူတို့တွေဆိုကြတာက မပြင်းထန်တဲ့လေ့ကျင့်ခန်းတွေက ပြင်းထန်တဲ့ဟာတွေထက် အဆီပိုလောင်စေတယ်။ ဘာလို့ဆိုတော့ မပြင်းထန်တဲ့အတွက် အမြန်စွမ်းအင်ရမယ့် ဂလိုင်ကိုဂျင်ကို သွားမထိတော့ဘူးလို့ ဆိုကြတယ်။ ဒါကြောင့် ဒီသီအိုရီက “အဆီလောင်ကျွမ်းဇုံ” မှာ တန့်နေနိုင်မယ့် မပြင်းထန် Cardio Workouts တွေကို ကြာကြာကစားဖို့ အားပေးထားတာပါပဲ။ဒါပေမယ့် ဒါကနည်းနည်းတော့ အယူအဆမှားနေသေးတယ်။ မပြင်းထန်အားကစားတွေမှာ အဆီလောင်တာ အမှန်ဆိုသော်လည်း အဆီလောင်နှုန်းကနှေးတယ်။ ဒီတော့ ပြင်းထန်အားကစားတွေက အဆီလောင်မှုကိုမှီဖို့ဆိုရင် အားကစားလုပ်ချိန်ပိုလိုလာတာပေါ့။ပြင်းထန်အားကစားတွေမှာ အမြန်ရစွမ်းအင် ဂလိုင်ကိုဂျင်ကို အရင်သုံးပေမယ့်လဲ ဂလိုင်ကိုဂျင်သိုးမှီးထားတာတွေကို အမြန်ကုန်စေပြီး အဆီကိုသွားထိဖို့က မြန်ပါတယ်။ ဆိုလိုတာက ပြင်းထန်အားကစားတွေရဲ့ စုစုပေါင်းကယ်လိုရီလောင်နှုန်းက အဆီ+ဂလိုင်ကိုဂျင်ဖြစ်လို့ လောင်ကျွမ်းစေရာမှာ ပိုအာနိသင်ရှိနေတယ်။ လောင်ကျွမ်းသောကယ်လိုရီစုစုပေါင်းကများရင် ဝိတ်ကျဖို့လဲမြန်မှာပဲ။Training ဇုံလေးခု။နှလုံးခုန်နှုန်းကို monitor လုပ်ရင်းကစားတာက သင့်ခန္ဓါကိုယ်ရောက်ရှိနေတဲ့ ဇုံတွေကိုသိနိုင်သလို လေ့ကျင့်ခန်းအပြင်းအထန်ပေါ်မူတည်ပြီး သင့်ခန္ဓါကိုယ်ဘယ်လိုတုန့်ပြန်သလဲဆိုတာပါ သိနိုင်ပါတယ်။ နှလုံးခုန်နှုန်းကိုကြည့်ပြီး Training ဇုံလေးခုကို တွက်ကြည့်နိုင်ပါတယ်။သွေးပူဇုံဆိုတာက နှလုံးသွေးကြောအဖွဲ့အစည်း၊ ကြွက်သားများနဲ့ အဆစ်များ လေ့ကျင့်ခန်းလုပ်ရန်အတွက် စပြင်တဲ့အချိန်ပါ။ ဒီမှာ သင်က အမြန်ဆုံးနှလုံးခုန်နှုန်းရဲ့ ၆၀ – ၇၀ % မှာ ရောက်နေပါပြီ။ ထိုအခြေအနေဟာ ဒီတိုင်းဆက်သွားရင်အချိန်အကြာကြီးလုပ်နိုင်မယ်လို့ ထင်မိတဲ့အချိန်မျိုးဖြစ်ပါတယ်။ ဒီဇုံရဲ့အလွန်ကတော့ ပြောနေခဲ့တဲ့ အဆီလောင်ကျွမ်းဇုံပါပဲ။ အမြန်ဆုံးနှလုံးခုန်နှုန်းရဲ့ ၇၀ – ၈၀ % ကို ရောက်နေမယ်။ ဒီဇုံဟာလဲ ချွေးထွက်ပြီး ပုံမှန်ထက်နည်နည်းပိုအသက်ရှုနေရပြီဆိုပေမယ့် သက်တောင့်သက်သာရှိနေဆဲပဲ။ ဒီဇုံမှာ ဂလိုင်ကိုဂျင်ထက် အဆီကိုပိုလောင်စေတယ်ဆိုသော်လည်း နောက်လာမယ့်အဆင့်တွေနဲ့စာရင် အဆီလောင်မှုမှာ အတော်နည်းနေပါသေးတယ်။နောက်တစ်ဆင့်မှာလဲ သက်တောင့်သက်သာနည်းနည်းရှိနေသေးပြီး အမြန်ဆုံးနှလုံးခုန်နှုန်းရဲ့ ၈၁ – ၉၀% ထိရောက်နေပါလိမ့်မယ်။ ဒီဇုံကို အေရိုးဗစ်ဇုံလို့ခေါ်ပြီး စကားကို တိုတိုလောက်သာ ပြောနိုင်တော့မယ်။ ဒီအချိန်မှာလောင်တဲ့ ကယ်လိုရီကတော့ အဆီထက် ဂလိုင်ကိုဂျင်ဖက်ကို ရောက်သွားပြီ။ ခြုံကြည့်ရင်တော့ ကယ်လိုရီအများအပြား လောင်နေပြီလို့ဆိုနိုင်ပါတယ်။ (ဒါ့အပြင် အေရိုးဗစ်ဇုံက နှလုံးညှစ်အားကိုပိုစေတာမို့ နှလုံးကျန်းမာရေးကောင်းစေပါတယ်။)။နောက်ဆုံးတော့ အမြန်ဆုံးနှလုံးခုန်နှုန်းရဲ့ ၉၄ – ၁၀၀% ထိရောက်ပါပြီ။ ဒီအချိန်ကို အန်အေရိုးဗစ်နယ်နိမိတ်လို့သတ်မှတ်ပါတယ်။ ပင့်သက်ရှိုက်အောင့်မောနေပြီး စကားလဲမပြောနိုင်တော့။ ပြင်းထန်တဲ့အချိန်ဖြစ်ပြီးေ တစ်မိနစ်ထက်ပိုမနေနိုင်တဲ့အဆင့်ဖြစ်တဲ့အပြင် ဂလိုင်ကိုဂျင်ကလဲ ပြန်ဖြည့်ဖို့ အလျင်မမှီနိုင်တဲ့အချိန်ပါပဲ။ အန်အေရိုးဗစ်ကာလက အဆီနဲ့အေရိုးဗစ်ဇုံကို ချဲ့ပေးပြီး ကယ်လိုရီအမြောက်အများကို သုံးစေပါတယ်။ ဒါကြောင့် ဒီကာလဟာ afterburn (ခဏတာ ဇီဝရုပ်ဖြစ်ပျက်နှုန်း မြန်သွားခြင်း) ဝင်လာတဲ့အချိန်ပါပဲ။ ဒါကို လေ့ကျင့်ခန်းလုပ်ပြီးနောက် အောက်စီဂျင်ဆက်သုံးနေခြင်းလို့လဲခေါ်တယ်။ မပြင်းထန်အားကစားတွေနဲ့ယှဉ်လိုက်တဲ့အခါမှာ ပြင်းထန်အားကစားလုပ်ပြီးတဲ့နောက် သင့်ခန္ဓါကိုယ်က ကယ်လိုရီတွေကိုပိုပြီးဆက်လောင်စေပါတယ်။ ပြင်းထန်အားကစားတွေက လေ့ကျင့်ခန်းလုပ်စဉ်ရော လုပ်ပြီးတဲ့နောက်ရောပါ ကယ်လိုရီတွေကိုလောင်နေစေတာမို့ ပိုအကျိုးများပြီး နှလုံးကိုပိုကျန်းမာစေပါတယ်။ ဒါပေမယ့်လို့ သင်က မပြင်းထန်တာကိုပဲကြိုက်တယ်ဆိုရင်တော့ တူညီတဲ့ကယ်လိုရီလောင်ကျွမ်းမှုကိုရချင်ရင် အချိန်ကိုပိုကြာကြာလုပ်ဖို့တော့ လိုပါလိမ့်မယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/%e1%80%a1%e1%80%86%e1%80%ae%e1%80%9c%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%80%e1%80%bb%e1%80%bd%e1%80%99%e1%80%ba%e1%80%b8%e1%80%87%e1%80%af%e1%80%b6%e1%80%9b%e1%80%b2%e1%80%b7%e1%80%a1%e1%80%99/
သင့်ကလေးများက သင့်ကို လှည့်ပတ်နေကျ နည်းလမ်းများ
ကလေးတွေဟာ ဆက်ဆံကိုင်တွယ်ရတာ ခက်ခဲပါတယ်။ အထူးသဖြင့် ဒီနေ့လို တိုးတက်မှုမြန်တဲ့ ခေတ်မှာ အမီမလိုက်နိုင်ပါဘူး။ သင့်ကလေးတွေဟာ ဒီအချက်ကို အခွင့်ကောင်းယူလာနိုင်ပါတယ်။ သင်နဲ့ သင့်ကလေးကြားက ဒီပြသနာကို ဟန်ချက်ညီစေဖို့ သင့်ကလေးက သင့်ကို လှည့်ပတ်နေတဲ့ နည်းလမ်းတွေကို သိထားသင့်ပါတယ်။ဆယ်ကျော်သက်ကလေးတွေ အများဆုံးလုပ်နေကြက ဂျီတိုက်ခြင်းပဲ ဖြစ်ပါတယ်။ မိဘတွေအနေနဲ့ သူတို့ကို အလျှော့ပေးလိုက်လျောလာအောင် ထပ်တလဲလဲ တောင်းဆိုတာတွေ ပြုလုပ်နိုင်ပါတယ်။စတေဆီကိုင်ဆာ ဆိုတဲ့ စာရေးဆရာဟာ မိဘတွေ အနေနဲ့လည်း တူညီတဲ့ တုံ့ပြန်ပုံမျိုး ရှိသင့်တယ်လို့ ဆိုပါတယ်။ မိဘတွေပြောသလို လုပ်နိုင်မှ သူတို့ လိုချင်တာကိုပေးနိုင်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ တူညီတဲ့ အဖြေကို ထပ်တလဲလဲ ပေးခြင်းဟာ သူတို့ ဂျီတိုက်ခြင်းကို အားပျော့သွားစေနိုင်ပါတယ်။ကလေးတွေဟာ တချို့အကြောင်းအရာတွေကို မိဘတွေသိရင် သဘောမတူမှာ စိုးပါတယ်။ ဒါကြောင့် ကလေးတွေဟာ တချို့အရာတွေကို လျှိုထားပြီး လိမ်ညာပြောဆိုတဲ့အကျင့် ရလာစေပါတယ်။ ဒီလိုနဲ့ ကလေးတွေကြီးလာတဲ့အခါ လိမ်ညာတဲ့အကျင့်ဟာ ပိုဆိုးပြီး ပိုလည်းရှုပ်ထွေးလာပါတယ်။ သင့်ကလေးတွေ တခုခုကို သေချာစီစဉ်ပြီး အသေးစိတ်ပြောလာရင် သေချာစွာ စုံစမ်းဖို့ သတိပြုပါ။ သူတို့လိမ်ညာနေသလား စူးစမ်းပြီး လိမ်ညာတဲ့အကျင့်ဟာ လက်ခံနိုင်ဖွယ် မရှိကြောင်း အခိုင်အမာပြောပါ။ကလေးများဟာ မိဘများကို တမင်စကားခွန်းတုံ့ပြန်ပြီး စကားနားနားမထောင်ဘဲ အရွဲ့တိုက်တတ်ကြပါတယ်။ ဒါဟာ သူတို့လုပ်ချင်တာ မလုပ်ရရင် တုံ့ပြန်နေကြပုံစံ ဖြစ်ပါတယ်။ ဒီအပြုအမူဟာ လက်ခံနိုင်စရာ မရှိကြောင်း ဒီအတွက် အလျှော့ပေးစရာ မရှိကြောင်း ပြောပြပါ။ သူတို့ရဲ့ ဖုန်း၊ တီဗီ အသုံးပြုခြင်း၊ သူငယ်ချင်းများနဲ့ တွေ့ဆုံခြင်း စတာတွေကို စတင်ကန့်သတ်ပါ။မိဘတွေဟာ သူတို့ကလေးတွေ နာကျင်ခံစားရမှာကို မမြင်လိုကြပါဘူး။ ဒီပျော့ကွက်ကို ကလေးတွေဟာ အခွင့်ကောင်းယူတတ်ကြပါတယ်။ စိတ်ကောက်ခြင်း၊ ဆောင့်အောင့်ခြင်း၊ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်သယောင်ဟန်ဆောင်ပြီး မိဘတွေဟာ သနားလာအောင် လုပ်ယူတတ်ကြပါတယ်။မိဘတချို့ဟာ သူတို့ကလေးတွေကို ထိန်းကျောင်းရာမှာ စိတ်မချရဘဲဘဲ စိတ်ပူနေတာကြောင့် အလုပ်ကို ကောင်းစွာ မလုပ်နိုင်ကြပါဘူး။ ဒါကိုသိတဲ့ ကလေးတွေဟာ သူတို့လိုချင်တာ မပေးရင်၊ လုပ်ချင်တာ ခွင့်မပြုရင် ဘယ်လိုမှားယွင်းကြောင်း ဆင်ခြေတွေ အများကြီး ပေးလာပါလိမ့်မယ်။ ကလေးများနဲ့ သေချာပြောဆိုပြီး သူတို့အကြောင်းပြချက်တွေကို ပြောပြခိုင်းပါ။ အလွယ်တကူ လိုက်လျောတာတော့ မလုပ်ပါနဲ့။ကလေးတွေဟာ သူတို့မိဘအချင်းချင်းပါ ရန်တိုက်ပေးပြီး မိဘတွေ တယောက်နဲ့ တယောက် မတည့်ခြင်းကနေ အခွင့်ကောင်းယူတတ်ကြပါတယ်။ တယောက်ဆီကနေ ခွင့်ပြုချက်ယူပြီး တခြားတယောက်ကို ဘာမှမပြောတာ လုပ်တတ်ပါတယ်။ ဒါဟာ မိဘတွေကြားမှာ ပဋိပက္ခ ဖြစ်စေတတ်ပါတယ်။ ဒီကိစ္စမျိုးအတွက် သင်နဲ့ သင့်အိမ်ထောင်ဖက်ကြား ကြိုတင်ဆွေးနွေး ထားရပါမယ်။ သူတို့ တခုခုလိုလာရင် မိဘတွေ အချင်းချင်း ပြောဆိုတိုင်ပင်ပြိးချိန်အထိ စောင့်ဆိုင်းခိုင်းပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/%e1%80%9e%e1%80%84%e1%80%b9%e1%82%94%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%80-%e1%80%9e%e1%80%84%e1%80%b9%e1%82%94%e1%80%80%e1%80%af%e1%80%ad-%e1%80%9c%e1%80%bd/
ခံတွင်းကျန်းမာရေးက သင်ထင်တာထက် ကိုယ်ခံအားစနစ်အပေါ် သက်ရောက်မှုရှိပါတယ်
ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပါလို့ပြောလိုက်တိုင်း သွားမပျက်စီးဖို့အတွက်ပဲလို့ ထင်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲကို အစာတွေ၊ ရေတွေ ဝင်ရောက်နိုင်မယ့်တံခါးပေါက်ဟာ ရောဂါပိုးတွေအတွက် အဓိကလမ်းကြောင်းတစ်ခုလည်းဖြစ်နေနိုင်တယ်ဆိုတာ မေ့လျော့နေကြလေရဲ့။မယုံရင် တစ်ပတ်လောက် သွားမတိုက်ဘဲ၊ ခံတွင်းသန့်ရှင်းရေးမလုပ်ဘဲ ညစ်တီးညစ်ပတ်နေကြည့်ပါ။သွားကိုက်တာဘာညာထက် ဝမ်းပျက်တာ၊ ဗိုက်အောင့်တာ အပါအဝင် တခြားအစိတ်အပိုင်းတွေမှာပြဿနာတက်လာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သန့်ရှင်းမှုမရှိလို့ပေါက်ဖွားလာတဲ့ ဘက်တီးရီးယားတွေက ခံတွင်းကနေ လည်ချောင်း၊ လည်ချောင်းကနေ အစာလမ်းကြောင်းနဲ့ အတွင်းကလီစာအစိတ်အပိုင်းတွေဆီ ခြေဆန့်သွားနိုင်လို့ပါပဲ။ ခံတွင်းနံ့ဆိုးတာကိုပဲကြည့်လေ၊ ထိန်းမနိုင်တော့တဲ့ ဘက်တီးရီးယားတွေရဲ့အကျိုးဆက်ပဲပေါ့။ကဲ…ခံတွင်းကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကျန်းမာရေး ဘယ်လိုဆက်နွှယ်နေတယ်ဆိုတာ ဆက်ပြီးကြည့်ရအောင်ပါ။ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေလိုပဲ ခံတွင်းမှာလည်းဘက်တီးရီးယားတွေအများကြီးရှိပေမယ့် အများစုက ဘေးမရှိပါဘူး။ ဒါပေမယ့် အစာလမ်းကြောင်းနဲ့ အသက်ရှုလမ်းကြောင်းဆီကို အဓိကဝင်ပေါက်ဖြစ်နေတာကြောင့် ဘက်တီးရီးယားတွေ ပုံမှန်ထက်လွန်ကဲလာတဲ့အခါ ရောဂါဖြစ်စေနိုင်ပါတယ်။ပုံမှန်အားဖြင့် ခန္ဓာကိုယ်ရဲ့ခုခံမှုနဲ့ ခံတွင်းကျန်းမာရေးဂရုစိုက်မှုတွေကြောင့် ဒီဘက်တီးရီးယားတွေကို ညီမျှအောင်ထိန်းချုပ်ထားတာပါ။ ကိုယ်က သန့်ရှင်းမှုကိုဂရုမစိုက်တဲ့အခါ ဘက်တီးရီးယားတွေကြောင့် သွားနဲ့သွားဖုံးကို ပိုးဝင်စေပြီး ရောဂါဖြစ်ပွားစေပါတယ်။ခံတွင်းကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ နောက်တစ်ချက်က ကိုယ်သောက်သုံးနေရတဲ့ဆေးဝါးတချို့ကြောင့် တံတွေးထွက်ရှိမှုနည်းစေနိုင်တယ်။တံတွေးက ခံတွင်းမှာရှိတဲ့ ဘက်တီးရီးယားတွေဆီကထွက်တဲ့ အက်စစ်ကို ဓာတ်ပြယ်စေပြီး အစားအသောက်အကြွင်းအကျန်တွေကို ဖယ်ရှားထုတ်ပေးဖို့ကူညီပေးတယ်။ ဒီလိုကူညီခြင်းအားဖြင့် ခံတွင်းက ပိုးမွှားလေးတွေ ပွားများပြီး ရောဂါအဆင့်မဖြစ်စေနိုင်အောင် ကာကွယ်ပေးတယ်။ခံတွင်းကျန်းမာရေးနဲ့ ဆက်နွှယ်နေနိုင်တဲ့ ရောဂါတချို့ က –။နှလုံးရောဂါ။ခံတွင်းရောဂါရှိတဲ့သူတွေဟာ နှလုံးရောဂါဖြစ်နိုင်တဲ့အန္တရာယ်ရှိပါတယ်။ ပိုးဝင်လို့ သွားဖုံးရောင်နေတယ်ဆိုပါစို့၊သွားဖုံးရောဂါဖြစ်စေနိုင်တဲ့ဘက်တီးရီးယားပိုးကပဲ သွေးကြောထဲကို ဝင်ရောက်သွားပြီး သွေးကြောနံရံတွေကို မာစေ၊ ပိတ်ဆို့စေတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ ဒီလိုနဲ့ သွေးလည်ပတ်မှုပြဿနာတွေ၊ နှလုံးသွေးကြောပိတ်ဆို့တာတွေဖြစ်စေပြီး နှလုံးရုတ်တရက်ရပ်ဆိုင်းခြင်းဖြစ်စေနိုင်တယ်။သွေးတိုးနဲ့လေဖြတ်ခြင်းတွေဖြစ်လာစေနိုင်တယ်။မှတ်ဉာဏ်ချို့ယွင်းခြင်းရောဂါ(Dementia)။ခံတွင်းကျန်းမာရေးမကောင်းရင် ဦးနှောက်ကိုထိခိုက်စေနိုင်တယ်။ ရောဂါပိုးကြောင့်ရောင်ရမ်းနေတဲ့ သွားဖုံးကနေ ထွက်ရှိလာတဲ့ဓာတ်ပစ္စည်းတွေက ဦးနှောက်ဆဲလ်တွေကိုသေစေပြီး မှတ်ဉာဏ်တွေကိုဆုံးရှုံးရစေနိုင်တယ်။ ခံတွင်းဘက်တီးရီးယားတွေက အာရုံကြောစနစ်ကိုပျံ့နှံ့ရောက်ရှိတဲ့အခါ ဒါမှမဟုတ် သွေးလည်ပတ်မှုထဲရောက်ရှိသွားတဲ့အခါ သွားဖုံးရောဂါကနေ မှတ်ဉာဏ်နဲ့ပတ်သက်တဲ့ Dementiaနဲ့ Alzheimer’s ရောဂါတွေဖြစ်လာစေပါတော့တယ်။အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်း။ပိုးစားနေတဲ့၊ မသန့်ရှင်းတဲ့၊ ပိုးဝင်နေတဲ့ သွားနဲ့သွားဖုံးတွေဆီက ဘက်တီးရီးယားတွေဟာ အသက်ရှူသွင်းရာကတဆင့်အဆုတ်ထဲကိုရောက်ရှိသွားနိုင်တယ်၊ သွေးလည်ပတ်မှုထဲကို ရောက်ရှိသွားနိုင်တယ်။ ဒီဘက်တီးရီးယားတွေကအသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းကိုဖြစ်စေပြီး အဆုတ်ရောင်ရောဂါ၊ ပြင်းထန်လေပြွန်ရောင်ရောဂါနဲ့ နာတာရှည်အဆုတ်ရောဂါ(COPD)တောင်ဖြစ်လာစေနိုင်တယ်။ဆီးချိုသွေးချို။ဆီးချိုရောဂါရှိသူတွေမှာပဲ သွားဖုံးပိုးဝင်ခြင်းတွေဖြစ်လွယ်စေတာမဟုတ်ပါဘူး၊ သွားဖုံးရောဂါရှိနေတဲ့သူမှာ ဆီးချိုသွေးချိုထိန်းဖို့ ပိုခက်စေတာဖြစ်ပါတယ်။ ခံတွင်းကျန်းမာရေးနဲ့ အပြန်အလှန်ဆက်နွှယ်မှုရှိနေတာပါပဲ။ ဒါ့အပြင် သွားဖုံးရောဂါကြောင့်သွေးတွင်းသကြားဓာတ်ကိုပုံမှန်ထက်ပိုမြင့်တက်စေနိုင်လို့ ခံတွင်းကျန်းမာရေးကိုပုံမှန်ဂရုမစိုက်တဲ့လူတစ်ယောက်ဟာ ဆီးချိုဖြစ်လာနိုင်တဲ့အန္တရာယ်ပိုများပါတယ်။ကျောက်ကပ်ရောဂါ။သွားဖုံးရောဂါတွေလို ရောဂါပိုးဝင်ခြင်းတွေကနေ နာတာရှည်ကျောက်ကပ်ရောဂါဖြစ်လာစေနိုင်ပါတယ်။ သွားဖုံးရောဂါရှိတဲ့သူတွေဟာ ပုံမှန်အားဖြင့် ကိုယ်ခံအားနည်းလေ့ရှိကြပြီး တခြားရောဂါတွေလည်း ကူးစက်ခံရလွယ်ပါတယ်။အဆစ်ရောင်လေးဖက်နာရောဂါ။သွားဖုံးရောဂါရှိတဲ့သူတွေဟာ အဆစ်ရောင်လေးဖက်နာရောဂါဖြစ်နိုင်ခြေ လေးဆပိုများပါတယ်။ သွားဖုံးရောင်စေတဲ့ခံတွင်းဘက်တီးရီးယားက ခန္ဓာကိုယ်အနှံ့မှာ အဆစ်တွေကို ပိုရောင်စေနိုင်သလို လေးဖက်နာရောဂါခံစားရနိုင်ခြေကိုပိုများစေနိုင်ပါတယ်။• သန့်ရှင်းရေးကိုဂရုစိုက်ပါ။သွားကို မနက်နဲ့ည တစ်နေ့နှစ်ကြိမ်၊ နှစ်မိနစ်လောက် သွားပုံမှန်တိုက်ပေးပါ။ သွားကြားတွေကို အနည်းဆုံးတစ်နေ့တစ်ကြိမ်သွားပွတ်ကြိုးနဲ့သန့်ရှင်းပေးပါ။ သွားမတိုက်ခင် သွားကြားကိုရှင်းပေးမှ အစားအစာအကြွင်းအကျန်တွေနဲ့ ဘက်တီးရီးယားတွေကိုဖယ်ရှားရပိုလွယ်စေပါတယ်။• သွားကျန်းမာရေးပုံမှန်စစ်ဆေးပါ။သွားဆရာဝန်ဆီမှာ ခြောက်လ သို့မဟုတ် တစ်နှစ်တစ်ကြိမ်လောက် သွားကျန်းမာရေးပုံမှန်စစ်ဆေးပြီး သွားကိုသန့်စင်ပေးပါ။ သွားနဲ့သွားဖုံးအခြေအနေကို ဆရာဝန်ကစစ်ဆေးပြီး လိုအပ်တဲ့ကုသစောင့်ရှောက်မှုပေးပါလိမ့်မယ်။• ကျန်းမာရေးနဲ့ညီတဲ့ အမူအကျင့်တွေကို မွေးမြူပါ။အစားအသောက်ဂရုစိုက်ဆင်ခြင်ဖို့၊ ဆေးလိပ်ဖြတ်၊ ကွမ်းဖြတ်ဖို့ အရေးကြီးပါတယ်။ ဆေးလိပ်သောက် သို့မဟုတ် ကွမ်းစားသူတွေဟာ သွားဖုံးရောဂါဖြစ်နိုင်ခြေ ၇ ဆပိုများတယ်လို့ သုတေသနတွေက ဖော်ပြကြပါတယ်။ ကုသမှုဆိုလည်း ထိရောက်မှုပိုနည်းရတယ်လို့ ဆိုပါတယ်။• လိုအပ်တဲ့အာဟာရတွေပြည့်အောင်စားပါ။ကိုယ်ခံအားစနစ်ကို အားပေးကူဖို့ အာဟာရသင့်တင့်အောင်စားသင့်ပါတယ်။ ဥပမာ ဗီတာမင် E (အစေ့အဆန်၊ အစိမ်းရောင်အသီးအရွက်တွေ)နဲ့ဗီတာမင် C(အချဉ်သီးတွေ၊ ပန်းဂေါ်ဖီစိမ်း၊အာလူး)ပါတဲ့စားစရာတွေက ခန္ဓာကိုယ်မှာပျက်စီးနေတဲ့တစ်ရှူးတွေကိုပြန်လည်ကောင်းမွန်စေပါတယ်။• ရေသောက်ပါ။ဘက်တီးရီးယားတွေနဲ့ ခံတွင်းနံ့ဆိုးကို ကာကွယ်နိုင်မယ့် အရိုးရှင်းဆုံးနည်းလမ်းကတော့ ရေသောက်ခြင်းပါပဲ။ ရေသောက်နည်းပြီး တံတွေးလုံလုံလောက်လောက် မထွက်နိုင်ရင် သွားတွေပျက်စီးပြီး ရောဂါပိုးတွေဝင်ရောက်နိုင်ပါတယ်။•ခံတွင်းသန့်ဆေးရည်သုံးပါ။ခံတွင်းသန့်စေတဲ့ ပလုတ်ကျင်းဆေးရည်ကို သုံးပေးလို့လည်းရပါတယ်။ အာလုတ်ကျင်းဆေးရည်ကလည်း ခံတွင်းကျန်းမာရေးတင်မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကိုပါ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။•ငုံဆေး– အိမ်မှတင်မဟုတ်ဘဲ၊ ရုံးပဲသွားသွားကျောင်းပဲသွားသွား အလွယ်တကူသယ်သွားလို့ရတဲ့ ခံတွင်းစောင့်ရှောက်ပေးတဲ့ အိန်ဂျယ်လ်လေးတစ်ခုရှိနေပါသေးတယ်။ ဒါကတော့ငုံဆေးပါ။ ငုံဆေးက အလွယ်တကူငုံထားရုံနဲ့ သွားနဲ့ခံတွင်းကိုကျန်းမာစေပြီး ကိုယ်ခံအားကိုပါအကောင်းဆုံးစောင့်ရှောက် ပေးနိုင်မှာပါ။ ဒီလိုနေရာမှာ ငုံဆေးဆိုတိုင်းတော့ အဆင်မပြေနိုင်ပါဘူး။ သဘာဝအဆီအနှစ်တွေကနေထုတ်ထားတဲ့ Hudson’s လိုမျိုး ငုံဆေးကမှ အဆင်ပြေစေမှာပါ။ Hudson’s ငုံဆေးက အရသာအနေနဲ့လည်း သံပုရာအရသာ၊ သံပရိုအရသာ၊ ပျားသံပုရာအရသာဆိုပြီးရှိတာကြောင့် ကိုယ်ကြိုက်တဲ့အရသာကို ရွေးလို့ရပါတယ်။ သကြားလုံးမငုံချင်ဘူးဆိုရင်လည်း ဝါးစားလို့ရတဲ့ လည်ချောင်းနာသက်သာစေတဲ့ ဂျယ်လီရှိနေပါသေးတယ်။ ကဲ…ခံတွင်းပြဿနာတွေကို အဆင်ပြေစေဖို့ အိတ်ထဲမှာ အလွယ်တကူဆောင်ထားလိုက်ရုံပါ။ကဲ….ရောဂါကင်းပြီး သန့်စင်တဲ့ခံတွင်းနံ့ကို ပိုင်ဆိုင်နိုင်စေဖို့ ဒီနေ့ကစပြီး ခံတွင်းကျန်းမာရေးကိုဂရုစိုက်လိုက်ပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/%e1%80%81%e1%80%b6%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%b1%e1%80%9b%e1%80%b8%e1%80%94%e1%80%b2%e1%82%94-%e1%80%80%e1%80%ad/
သင့်တွင်အတက်ရောဂါရှိပါက ဘယ်လိုတက်တက်ကြွကြွနေထိုင်မလဲ။
ယေဘုယျအားဖြင့်ဆိုရလျှင် လေ့ကျင့်ခန်းလုပ်ခြင်းဟာ လူတိုင်းအတွက်ကောင်းပါတယ် ။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ ကြံ့ခိုင်မှု ၊ စွမ်းအင်များနဲ့ စိတ်ဓါတ်အင်အားများကို တိုးမြှင့်ပေးပြီး စိတ်ဖိစီးမှုများကို သက်သာစေပါတယ် ။ဒါ့အပြင် အတက်ရောဂါများနဲ့တက်ခြင်းရဲ့ဆိုးကျိုးများမှသက်သာစေပြီး တစ်ကိုယ်လုံးရဲ့ကျန်းမာရေးကိုကောင်းစေပါတယ်။လေ့လာမှုတွေအရ အတက်ရောဂါရှိတဲ့သူတွေဟာ လေ့ကျင့်ခန်းလုပ်နေစဉ်မှာတက်တာကို တွေ့ရခဲပါတယ် ။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်တဲ့သူတွေဟာ ဦးနှောက်ထဲရှိ တက်စေတာကို ထိန်းချုပ်နိုင်ကြပါတယ် ။ဒါဟာ ဘာကြောင့်လဲဆိုတော့ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ EEG ပေါ်တွင် ပုံမမှ်ခြင်းများဟာသိသိသာသာလျော့နည်းလာပြီး တက်စေတာကို လျော့နည်းစေပါတယ် ။ခန္ဓါကိုယ်နှင့် စိတ်ဓါတ်ကြံ့ခိုင်မှုများဟာ တက်ခြင်းကို လျော့နည်းစေပါတယ် ။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာသင့်ကိုနေထိုင်ကောင်းစေပြီး တက်ခြင်းကိုထိန်းချုပ်ရာတွင်တိုးတက်လာစေပါတယ် ။အလားတူပင် တက်ခြင်းရဲ့ဆိုးကျိုးများဖြစ်တဲ့ကြွက်သားများနာကျင်ခြင်း ၊ အိပ်ရေးပျက်ခြင်း ၊ စိတ်ဓါတ်ကျခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုများမှလည်း သက်သာစေပါတယ် ။လေ့ကျင့်ခန်းမလုပ်ခြင်းကြောင့် ဖြစ်တတ်တဲ့ရောဂါတွေဖြစ်တဲ့ နှလုံးနှင့်သွေးလမ်းကြောင်းရောဂါများ ၊ ဆီးချိုသွေးချို နှင့် သွေးပေါင်တက်ခြင်းဟာ တက်ခြင်းကို အချိန်မရွေးပိုပြီးဆိုးဝါးစေပါတယ် ။လေ့ကျင့်ခန်းမလုပ်ခင်တွင် စဉ်းစားသင့်တဲ့စိတ်ချရစေမယ့်အချက်အချိုရြှိပါတယ် ။– လေ့ကျင့်ခန်းအသစ်တွေမလုပ်ခင်မှာသင်ဟာဆရာဝန်ကိုအရင်တိုင်ပင်သင့်ပါတယ် ။– တက်ခြင်းကိုပိုဆိုးစေတဲ့အကြောင်းအရာများကို သိရှိနားလည်၍ ထိုအရာများမှရှောင်ကျဉ်ရပါမည် ။– ညွှန်ကြားထားတဲ့အတိုင်းဆေးကိုသောက်သုံးရပါမယ် ။– ရေများများသောက်ရန်လည်းသတိရနေပါစေ ။ သကြားပါတဲ့စားစရာ ၊သောက်စရာတွေကိုလည်းစားသုံးသင့်ပါတယ် ။– သင်ဟာ မူးကနဲမိုက်ကနဲဖြစ်ခြင်း ၊ ပျို့ချင်အန်ချင်ခြင်း သို့ရေဓါတ်ခန်းခြောက်နေသလိုမျိုးခံစားရလျှင် လေ့ကျင့်ခန်းလုပ်တာကိုရပ်ရပါမယ် ။– သင့်ကိုယ်သင် ဝန်မပိစေရန် သင်လုပ်နိင်တဲ့ပမာဏကိုသိရှိရပါမယ်။– ရေနှင့်ပတ်သတ်သောအားကစားနည်းများတွင်သင်ပါဝင်လျှင်နှဖူးအကာ ၊ ဒူးအကာ နှင့် အသက်ကယ်အင်္ကျီကဲ့သို့သောအကာအကွယ်ပေးသည့်ပစ္စည်းများကို ဝတ်ဆင်ရပါမယ် ။– အားကစားလုပ်ရန် ၊ ၊ လမ်းလျှောက်ရန် အပြင်သွားတဲ့အခါ မိသားစုဝင်များ သို့ သူငယ်ချင်းများကို သတိပေးသွားရပါမယ် ။လူအများစုအတွက်အလွယ်ကူဆုံးနဲ့စိတ်အချရဆုံးကတော့ gym တစ်ခုတွင်ကစားခြင်း သို့အနှေးလမ်းလျှောက်ခြင်း ပဲဖြစ်ပါတယ် ။ ယောဂ ၊ထိုက်ကျိ လေ့ကျင့်ခန်းများဟာလည်း လုပ်ရန်ကောင်းမွန်သင့်တော်ပါတယ် ။ သင်ဒါတွေကိုစိတ်မဝင်စားဘူးဆိုရင်တော့ ရေကူးခြင်း ၊ ကြက်တောင်ရိုက်ခြင်း ၊ ဘတ်စကတ်ဘောကစားခြင်းစတဲ့အခြားအရာများကို စဉ်းစားသင့်ပါတယ် ။သို့သော်ဆိုင်ကယ်စီးခြင်း၊ မြင်းစီးခြင်း ၊ ကိုယ်ကာယအလေးကစားခြင်း ၊ စကိတ်စီးခြင်း ၊ တစ်ယောက်တည်းရေကူးခြင်း ၊ ဒိုင်ဗင်ပစ်ခြင်း ၊ အမြင့်ခုန်ခြင်း ၊လက်ဝှေ့ထိုးခြင်းတို့ပြုလုပ်ချင်ပါက ဆရာဝန်ရဲ့အကြံဉာဏ်ကိုအရင်တောင်းရပါမယ် ။အတက်ရောဂါရှိခြင်းဟာ ဒီအားကစားတွေမှာမပါဝင်နိုင်တော့တာမဟုတ်ပါဘူး ။ တက်ခြင်းဟာထိနိးချုပ်ဖို့ခက်ခဲတယ်ဆိုတာသိလာတာနဲ့အမျှ ဘာကသင့်အတွက်အသင့်တော်ဆုံးလဲဆိုတာ သင်သိလာပါလိမ့်မယ် ။ သင်လုပ်ချင်တဲ့လေ့ကျင့်ခန်းတွေအတွက်ဆရာဝန်နဲ့တိုင်ပင်ရပါမယ် ။လုံလုံလောက်လောက်စီစဉ်မှုတွေ၊ ရှောင်ရန်ဆောင်ရန်တွေကိုသိထားပြီးရင်တော့ အားကစားတော်တော်များများမှာပါဝင်နိုင်ပါပြီ ။ သင့်သူငယ်ချင်းများ သို့ မိသားစုဝင်များနှင့် အတူတူရှိနေရင်တော့ ပိုကောင်းပါလိမ့်မယ် ။ဒါပေမယ့် သင်ဟာတစ်ယောက်တည်းရှိနေရင်တော့…။–သင်တက်တတ်တဲ့အကြောင်းကို သင့်ရဲ့နည်းပြ ၊ကစားဖော်တွေကိုပြောပြထားရပါမယ် ။–သင်တက်တဲ့အခါမှာသူတို့ဘာလုပ်ရမလဲဆိုတာလည်းပြောပြထားရပါမယ် ။–သင်အပြင်သွားတဲ့အခါ လိုအပ်တဲ့ဆေးဝါးများ သို့မဟုတ် ရှေးဦးပြုစုရန်ပစ္စည်းများကိုယူဆောင်သွားရပါမယ် ။Hello Health Grouop သည် ကျန်းမာရေးဆိုင်ရာအကြံပေးခြင်း ၊ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို မပြုလုပ်ပေးပါ ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%a1%e1%80%90%e1%80%80%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%82%90%e1%80%bd%e1%80%ad%e1%80%95%e1%80%ab/
ဘာကြောင့် ပဲတီပင်ပေါက်စားသင့်တာလဲ
ပဲတီပင်ပေါက်ကို အရွက်ကြော်၊ ဟင်းချို၊ အပြင် ပဲတီချဉ်အနေနဲ့လည်း စားသုံးပါတယ်။ ပဲတီပင်ကို အမြစ်လေးတွဲလောင်းနဲ့ အရွယ်အစား ပိန်ပိန်လေး ကြိုက်တဲ့သူတွေရှိသလို ဖောင်းဖောင်းလေးမှ ကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဘယ်လိုပုံသဏ္ဍာန်ပဲဖြစ်ဖြစ် ဘယ်လိုနည်းနဲ့ပဲ ချက်ပြုတ်စားစား ပဲတီပင်ရဲ့ ခန္ဓာကိုယ်အပေါ် အကျိုးပြုတဲ့ အာဟာရဓာတ်တွေကတော့ လျှော့မသွားပါဘူး။ တကယ်တော့ ပဲတီပင်ပေါက် စားကို စားပေးဖို့ လိုပါတယ်။ Hello ဆရာဝန်ပရိသတ်တွေအတွက် ပဲတီပင်ပေါက်က ခန္ဓာကိုယ် ကျန်းမာရေးအတွက် ဘယ်လိုအာဟာရတွေ ပေးစွမ်းနိုင်သလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။ဗီတာမင် K။ကိုယ်တစ်နေ့တာ စားသုံးတဲ့ အစားအစာတွေထဲမှာ ဗီတာမင် K လုံလုံလောက်လောက် ပါဝင်ဖို့ အရေးကြီးပါတယ်။ ဗီတာမင် K ဟာ သွေးခဲတာတွေ မဖြစ်စေဖို့ အရမ်းကို အရေးပါတဲ့ ဗီတာမင် ဓာတ်တစ်မျိုးပါ။ အမျိုးသမီးတွေမှာ (၃၇) ရာခိုင်နှုန်း လိုအပ်ပြီး အမျိုးသားတွေမှာတော့ (၂၈) ရာခိုင်နှုန်း လိုပါတယ်။ ဗီတာမင် K ဓာတ်က အရိုးတွေရဲ့ သိပ်သည်းဆကိုလည်း ထိန်းထားပေးပြီး သွေးကြောထဲမှာ ရှိတဲ့ ကယ်လ်စီယမ်တွေ တည်ဆောက်ဖို့ ပရိုတင်း လိုအပ်မှုကို အထောက်အကူပြုပါတယ်။ ဒါကြောင့် နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ ရောဂါတွေ ကင်းစေပါတယ်။ ဘာလို့လဲဆိုတော့ ပဲတီပင်ပေါက် တစ်ခွက်မှာ ဗီတာမင် (၃၄) မိုက်ခရိုဂရမ် ပါဝင်တာကြောင့်ပါ။ဗီတာမင် C။ဗီတာမင် စီ ကတော့ နေထိုင်မကောင်းခြင်းတွေကို သက်သာစေနိုင်ပါတယ်။ ဗီတာမင်စီဟာ ချိတ်ဆက်တစ်ရှူးတွေကို ကောင်းမွန်စေပြီး အရေပြား၊ အရိုးနုနဲ့ ခန္ဓာကိုယ်အတွင်းပိုင်း ကလီစာတွေ ကောင်းမွန်ဖို့ အထောက်အကူ ပြုပါတယ်။ ပဲတီပင်ပေါက် တစ်ခွက်မှာ ဗီတာမင် စီ (၁၄) မီလီဂရမ် ပါဝင်ပါတယ်။ နေမကောင်းတဲ့အခါ ခန္ဓာကိုယ် အားပြည့်စေဖို့ ပဲတီပင်ပေါက် ဟင်းချို ပူပူလေး တစ်ခွက်လောက် သောက်ပေးပါ။သံဓာတ်။သံဓာတ်ကတော့ ခန္ဓာကိုယ်ကောင်းကောင်း လည်ပတ်ဖို့ အလိုအပ်ဆုံး ဓာတ်တစ်မျိုးပါပဲ။ အမျိုးသားတွေအတွက် (၈) မီလီဂရမ် လိုအပ်ပြီး အမျိုးသမီးတွေအတွက်တော့ (၁၈) မီလီဂရမ် လိုပါတယ်။ သံဓာတ်ဟာ သွေးဆီ အောက်ဆီဂျင် သယ်ဖို့နဲ့ ခန္ဓာကိုယ် ကိုယ်ခံအားကောင်းအောင် ပြုလုပ်ပေးတဲ့ ဆဲလ်တွေ တိုးတက်အောင် လုပ်ပေးနိုင်တဲ့အပြင် ဖျားနာခြင်းလည်း ကင်းစေနိုင်ပါတယ်။ဝမ်းချုပ်ခြင်း။ပဲတီပင်ပေါက်မှာ အမျှင်ဓာတ်များများ ပါဝင်တာကြောင့် အူလမ်းကြောင်းကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းတွေ ကင်းဝေးစေပါတယ်။အသည်း။ပဲတီပင်ပေါက်မှာ ပါဝင်တဲ့ lecithin ဟာ သွေးတွင်းကိုလက်စထရော မြင့်တက်ခြင်းကို လျှော့ချပေးပြီး အသည်းမှာ အဆီတွေ မရှိစေဖို့လည်း ကူညီပေးပါတယ်။ဆံပင်နဲ့ လက်သည်း။ဆံပင်နဲ့ လက်သည်းတွေ ကြွပ်ဆတ်ပြီး ကျိုးကြေလွယ်တာတွေ မဖြစ်စေဖို့အတွက် ပရိုတင်း၊ ဇင့်နဲ့ ဗီတာမင်တွေ အများကြီး လိုအပ်ပါတယ်။ ပဲတီပင်ပေါက်မှာတော့ လက်သည်းနဲ့ ဆံပင်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်တာကြောင့် မိန်းကလေးတွေ များများ စားပေးသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%98%e1%80%ac%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%95%e1%80%b2%e1%80%90%e1%80%ae%e1%80%95%e1%80%84%e1%80%ba%e1%80%95%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%85/
နို့သီးခေါင်းပတ်လည်က အမွေးအမျှင်တွေကို ဖယ်ရှားပေးမယ့် နည်းလမ်း ၃ ခု
သင့် နို့သီးခေါင်းပတ်လည်ကအမွေးအမျှင်တွေ(nipple hair) ကြောင့် ရှက်ရွံတာမျိုး ခံစားဖူးပါသလား။ ဒါဆိုရင် စိတ်မပူပါနဲ့တော့။ ခုဖော်ပြမယ့် ဆောင်းပါးက နို့သီးခေါင်းပတ်လည်က အမွေးအမျှင်တွေကို ဖယ်ရှားပေးမယ့် အကောင်းဆုံး နည်းလမ်း ၃ ခုကို ဖော်ပြသွားမှာပါ။နို့သီးခေါင်းပတ်လည်က အမွေးအမျှင်တွေကို ဖယ်ရှားပေးမယ့် နည်းလမ်းတွေကတော့။Laser Hair Removal က မည်းမှောင်သော nipple hair ရှိတဲ့သူတွေအတွက် အသင့်တော်ဆုံးပါ။ အမွေးအမျှင်တွေကို အားလုံးဖယ်ရှားမပြီးခင်မှာ ကုသမှုအချို့ကို ခံယူရပါမယ်။နို့သီးခေါင်းပတ်လည်နေရာတွေက ထိရှလွယ်တာကြောင့် လူတစ်ယောက်ဆီကိုလိုက်ပြီး တခါတလေမှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဒီအလှအပအတွက် ကုသပေးတဲ့သူဆီမှာ ထုံစေတဲ့အဆီမျိုး တောင်းလို့ရနိုင်ပါတယ်။ ဒါက သင့်ကုသမှုကို အတတ်နိုင်ဆုံး သက်သောင့်သက်သာ ဖြစ်စေမှာပါ။ကုသမှုမခံယူခင်မှာ အမွေးအမျှင်တွေကို သပ်ရပ်အောင် လုပ်ထားရပါမယ်။ နောက်တစ်နည်းအနေနဲ့ ကတ်ကြေးသုံးပြီး ရိတ်သင်ထားပါ။ နောက်ထပ်အနေနဲ့ ကုသမှု မခံယူခင်နဲ့ ခံယူပြီးနောက်မှာ ကုသမှုခံယူထားတဲ့နေရာကိုနေရောင်ခြည် တိုက်ရိုက်မထိတွေ့အောင် ဂရုစိုက်ဖို့ သတိပြုပါ။Waxing ကို အလှပြင်ဆိုင်မှာ ဖြစ်စေ၊ အိမ်မှာဖြစ်စေ လုပ်နိုင်ပါတယ်။ သင့်မှာ ရှိတဲ့ ငွေကြေး၊ လိုအပ်တဲ့ ပမာဏအပေါ် မူတည်ပြီး wax တချို့ကို အိမ်မှာ လတ်လတ်ဆတ်ဆတ် ပြုလုပ်နိုင်ပါတယ်။ ဒါမှမဟုတ် စတိုးဆိုင်က ဝယ်ယူလို့ရပါတယ်။ wax ကို သင့်အရေပြားပေါ် တိုက်ရိုက်အသုံးပြုရတဲ့အတွက် အသုံးပြုစဉ် အဲ့နေရာတဝိုက်မှာ နာကျင်မှု ခံစားရနိုင်ပါတယ်။ ဒါကြောင့် အရည်အသွေးကောင်းတဲ့ wax ကို သုံးပါ။ အသုံးမပြုခင် ပါဝင်ပစ္စည်းတွေကို သေချာ စစ်ဆေးပါ။Waxing မလုပ်ခင် scrub ကို အသုံးပြုပြီးအရေပြားဆဲလ်အသေတွေကို ဖယ်ရှားပါ။ ဒီနည်းနဲ့ သင့်နို့သီးခေါင်းကအညစ်အကြေးတွေ၊ အဆီတွေကို ဖယ်ရှားပေးပြီး waxing ကို နာကျင်မှု နည်းနည်းနဲ့ ပိုလွယ်လွယ်ပြုလုပ်နိုင်မှာပါ။Waxing လုပ်ပြီးရင် သံလွင်ဆီ၊jojoba oilတို့လို အဆီတစ်မျိုးမျိုး လိမ်းဖို့ အမှတ်ရပါ။ ဒါ့အပြင် တကယ်လို့ သင့်နို့သီးခေါင်းက ထိရှလွယ်ရင် Waxing လုပ်ပြီးနောက်မှာ အနည်းငယ်နာကျင်နိုင်ပါတယ်။ ဒါကြောင့် waxing လုပ်ပြီးရင် အပေါ်အတွင်းခံ မဝတ်ပါနဲ့။တကယ်လို့ သင့် အမွေးအမျှင်တွေက နည်းနည်းပါးပါးပဲရှိမယ်၊ သင်ကလဲ ငွေကြေးများများ မသုံးချင်ဘူးဆိုရင်တော့ tweezers က သင့်အတွက် မှန်ကန်တဲ့ ရွေးချယ်မှု တစ်ခုပါ။Tweezes မသုံးခင် ရေနွေးနွေးလေးနဲ့ ရေချိုးသင့်ပါတယ်။ ဒါက အညစ်အကြေးနဲ့ အဆီတွေကို ဖယ်ရှားပေးပါလိမ့်မယ်။ အဲ့အပူချိန်က သင့်ချွေးပေါက်တွေကို ကျယ်စေမှာပါ။ ဒါက အမွေးနှုတ်တဲ့အခါ အရမ်းနာကျင်တာ မဖြစ်စေဘဲ ပိုပြီးလွယ်ကူစေပါတယ်။ဒီနည်းလမ်းက ရိုးရှင်းပြီး အကုန်အကျ သက်သာပေမယ့် ယားယံမှု၊အဖုအပိမ့်နဲ့ ingrown hairs တို့ ဖြစ်စေနိုင်ပါတယ်။ခုဆို အပေါ်မှာ ဖော်ပြထားတဲ့ နည်းလမ်း ၃ ခုကို အသုံးပြုပြီး နို့သီးခေါင်းပတ်လည်က အမွေးအမျှင်တွေကို လွယ်လွယ်ကူကူ ဖယ်ရှားနိုင်တာ သိလောက်ပါပြီ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/best-ways-to-get-rid-of-your-nipple-hair/
အရေးပေါ်တားဆေးနဲ့ ပတ်သက်ပြီး သတင်းအမှားများ
အမျိုးသမီးတော်တော်များများက ကိုယ်ဝန်မတားတတ်ကြဘူး၊ ဘယ်နေ့မှာ နေရင် ကလေးရမရ မသိကြဘူးလို့ ပြောရင် မယုံမရှိပါနဲ့။ ရည်းစားနဲ့ အတူနေမိလို့ပဲဖြစ်ဖြစ်၊ အိမ်ထောင်ကျပြီးလို့ပဲ ဖြစ်ဖြစ် သူတို့ ကိုယ်ဝန်မရအောင် မတားတတ်ကြပါဘူး။ အတူနေခြင်း မနေခြင်းဟာ ကိုယ်ပိုင်ဆန္ဒဖြစ်သလိုမလိုချင်ဘဲ ကိုယ်ဝန်မရသွားအောင်လည်း အပြည့်အဝ တားပိုင်ခွင့်ရှိပါတယ်။ဒီနေရာမှာအရေးပေါ်တားဆေးက စကားပြောလာပါပြီ။ ခုခေတ်မှာ နည်းနည်းပါးပါး နားလည်လာကြတော့ အတူနေပြီးလို့ ကိုယ်ဝန်မလိုချင်ရင် ဆေးသောက်ရမယ်ဆိုတာလောက်တော့ နားလည်လာကြပါပြီ။ ဒီမှာ ဆေးသွားဝယ်တဲ့အခါကျတော့ ဘာအခက်အခဲတွေ ကြုံရသလဲဆိုတော့ လူကို နှိမ်သလိုလို ကြည့်တာပါပဲ။ဆေးလာဝယ်တဲ့သူတွေထဲမှာ လက်မထပ်ခင် နှစ်ဦးသဘောတူ အတူနေတာလည်း ပါမယ်။ ပုံမှန် သုံးနေကြ တားဆေးသောက်ဖို့ မေ့သွားလို့ ဒါမှမဟုတ်ကွန်ဒုံးပေါက်သွားလို့ အရေးပေါ်တားဆေး လိုတဲ့သူလည်း ပါမယ်။ ဆိုလိုတာက အရေးပေါ်တားဆေးလာဝယ်တဲ့သူကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်နေတဲ့အတွက် ဝယ်ရပြုရ အဆင်ပြေမှာ မဟုတ်ပါဘူး။အရေးပေါ်တားဆေးရဲ့ လိုရင်းက မလိုချင်တဲ့ ကိုယ်ဝန်မရအောင် တားဖို့ပါ။ ဒီလို အခက်အခဲတွေရှိနေတဲ့အပြင် ခုဆက်ပြောမယ့် သတင်းအမှားတွေကြောင့်လည်း အရေးပေါ်တားဆေးကို သုံးဖို့ အဟန့်အတား ဖြစ်လာပါတယ်။တစ်ခါက ကင်ညာနိုင်ငံမှာ လွှင့်သွားတဲ့ BBCက သတင်းတစ်ပုဒ်မှာ အရေးပေါ်တားဆေးတွေက ရေရှည်မှာမြုံတတ်တယ်။ တခြားတားဆေးတွေလိုပဲ သွေးခဲတာ၊ ကင်ဆာတွေ ဖြစ်နေနိုင်တယ်ဆိုပြီး ပါလာပါတယ်။ ပိုဆိုးတာက ဒီသတင်းက တော်တော်ပြန့်သွားတာပါ။ နဂိုတည်းကမှ တားဆေးဆို လက်တွန့်နေတဲ့ နိုင်ငံမှာ ဒီသတင်းထွက်လာတာကသားဆက်ခြား ကျန်းမာရေးတို့၊ မလိုချင်တဲ့ ကိုယ်ဝန်တားဆီးရေးတို့ကို အများကြီး ထိခိုက်စေပါတယ်။WHOကတော့ ဒါဟာ ခိုင်မာတဲ့ သတင်းမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပေမယ့် ခုထက်ထိ တချို့မှာ ဒီအစွဲတွေ ရှိနေပါသေးတယ်။ အရေးပေါ်တားဆေးတွေက ကိုယ်ဝန်မရအောင်ပဲ တားပေးတာပါ။ ကလေးမရစေတာမျိုး မဟုတ်ပါဘူး။ သူပြောသလို သွေးခဲတာတွေ၊ ကင်ဆာတွေလည်း မဖြစ်စေပါဘူး။ သားအိမ်ကိုလည်း မထိခိုက်ပါဘူး။သွေးခဲတတ်ပါတယ်ဆိုတဲ့ သမားရိုးကျတားဆေးကတ်တွေတောင် နှစ်နဲ့ချီပြီးသောက်မှ ဖြစ်တာပါ။ ပြီးတော့ ဆရာဝန်တွေကလည်း သွေးခဲနိုင်ခြေရှိတဲ့ အမျိုးသမီးတွေကို တခြားနည်းနဲ့ သားဆက်ခြားခိုင်းပါတယ်။ဒါဆို ဆရာဝန်တွေက ဘာဖြစ်လို့ အရေးပေါ်တားဆေးကို ခဏခဏ မသုံးခိုင်းတာလဲလို့ မေးစရာရှိပါတယ်။ အရေးပေါ်တားဆေးက အရေးပေါ်အခြေအနေမှာပဲ သုံးလို့ကောင်းတာပါ။ သူ့ရဲ့ သန္ဓေတားနိုင်စွမ်းက တခြား တားဆေးတွေထက် နည်းပါတယ်။ဒါကြောင့် ခဏခဏအရေးပေါ်နေရင် အဆင်မပြေပါဘူး။ ခဏခဏအရေးပေါ်နေမယ်ဆိုရင်တော့ နှစ်ရှည်ခံတဲ့ တားဆေးသုံးတာက ပိုကောင်းပါတယ်။တချို့က ကိုယ်ဝန်ရပြီးမှ ဖျက်ဆေးဆိုပြီး သောက်လာကြတယ်။ ဘာလဲဆိုတော့ အရေးပေါ်တားဆေးတွေ၊ တချို့ကလည်း ရာသီရက်ကျော်နေမှ အတူနေတုန်းက အရေးပေါ်တားဆေးသောက်လိုက်တယ်။ ခုရာသီက နောက်ကျနေတော့ မတော်တဆများ ကလေးရှိနေရင် ကလေးကို ထိခိုက်နိုင်လားဆိုပြီး လာမေးကြတယ်။အရေးပေါ်တားဆေးက ကိုယ်ဝန်မရအောင်ဘဲ တားပေးတာပါ။ ရပြီးသားကိုယ်ဝန်ကို မပျက်စေပါဘူး။ ကိုယ်ဝန်ရှိတာကို မသိဘဲ သောက်လိုက်ရင်လည်း ကလေးကို ထိခိုက်သွားတယ်ဆိုတာမျိုး လေ့လာချက်တွေ ခုထက်ထိတော့ မရှိသေးပါဘူး။အရေးပေါ်တားဆေးက သဘောက စောစောသောက်လေ အာနိသင်ထိရောက်လေပါပဲ။ သောက်ဆေးအများစုကတော့ ၃ရက်အတွင်း သောက်ရပါတယ်။ ၅ရက်အထိ သောက်လို့ရတဲ့ ဆေးတွေလည်း ရှိပါတယ်။ဒီတော့ ၃ရက်ကျော်သွားလို့လည်း စိတ်မပျက်ပါနဲ့။ ၅ရက်အထိ သောက်လို့ရတဲ့ ဆေးကို ဝယ်ရင်ဝယ် ဒါမှမဟုတ်သားအိမ်ထဲထည့်တဲ့ ပစ္စည်းကို သုံးပါ။ သူတို့တွေကတော့ ၅ရက်အထိ သုံးလို့ရသေးတာကြောင့် ၃ရက်ကျော်သွားလည်း  အားမလျှော့ပါနဲ့။အရေးပေါ်တားဆေးက သောက်ပြီးရင် ပျို့တာ၊ အန်တာ၊ ဗိုက်ထဲမအီမသာဖြစ်တာ၊ရာသီရက်နောက်ကျတာ ဖြစ်တတ်ပေမယ့် လူတိုင်းတော့ မဟုတ်ပါဘူး။ ဆေးသောက်တဲ့ လူတိုင်း ဖြစ်ကို ဖြစ်ရမယ် မဟုတ်ပါဘူး။ ပြီးတော့ ဒါက အပရိကပဲဖြစ်ပြီး မလိုချင်ဘဲ ကိုယ်ဝန်ဆောင်တာထက်စာရင် အများကြီး သက်သာပါသေးတယ်။ဒါတွေကတော့ အရေးပေါ်တားဆေးနဲ့ ပတ်သတ်တဲ့ အတွေ့ရများတဲ့ သတင်းအမှားတွေပါပဲ။ အရေးပေါ်တားဆေးနဲ့ ပတ်သက်ပြီး သတင်းအမှားများ ကြောင့် တားဆေးသောက်ရမှာ ကြောက်ရွံ့ပြီး မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ခဲ့ရင်၊ ဒီကိုယ်ဝန်ကို ဖျက်ချခဲ့ရင် ပိုပြီး အန္တရာယ်များပါတယ်။ ဒါကြောင့် သတင်းအမှားတွေကို မယုံကြပါနဲ့၊ သိချင်တာရှိရင် ဆရာဝန်တွေနဲ့ တိုင်ပင်ဖို့ အကြံပေးလိုပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/misceptions-about-emergency-pills/
Diaper Rash (အရေပြား အနီကွက်ထခြင်း)
Skin rash (အရေပြား အနီကွက်ထခြင်း)ဆိုတာ အရေပြားအရောင် သို့ အရေပြားမျက်နှာပြင်တွေ ပုံမှန်မဟုတ်ပဲ အပြောင်းအလဲ ဖြစ်တာကို ပြခြင်းဖြစ်ပါတယ်။Skin rash အမျိုးအစား အများအပြားရှိပါတယ်။ ၎င်းတို့မှာ။Skin rash ဟာ အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုဖြစ်ပါတယ်။ အရွယ်မရွေးဖြစ်တတ်ပါတယ်။ ဖြစ်ပွားနိုင်ချေတွေကို လျှော့ချခြင်းဖြင့် ကုသလို့ ရပါတယ်။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။Skin rash ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဓါတ်မတည့်ခြင်း သို့မဟုတ် မျိုးရိုးလိုက်သော ဓါတ်မတည့်ရောဂါရှိခြင်း သို့မဟုတ် ပန်းနာရင်ကျပ်ရောဂါ တို့ဟာ skin rash ကိုဖြစ်ပွားနိုင်ခြေများစေပါတယ်။ အပြင်မှာ အနေများသောသူများတွင် အဆိပ်နွယ်တွေ၊ အဆိပ်ဝက်သစ်ချပင်တွေ၊poison sumac နှင့် ပိုးကိုက်ကိုက်ခံရမှု များနိုင်တာကြောင့် skin rash ဖြစ်နိုင်ချေပိုများပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။Skin rash ကို အပေါ်ယံ အရေပြားကိုကြည့်ရုံနှင့် သိနိုင်ပါတယ်။ အရေပြားအထူးကုတွေက skin rash ရဲ့ သိပ်သည်းမှု၊အရောင်၊အရွယ်အစား နှင့် ခန္ဓါကိုယ်ပေါ်ပျံ့နှံ့ပုံတို့ကို ထည့်သွင်းစဉ်းစားပါလိမ့်မယ်။Skin Rash အများစုဟာ အရမ်းအရေးမကြီးပဲ သူ့ဘာသာ ပျောက်ကင်းနိုင်ပါသည်။ ရောဂါလက္ခဏာတွေလောက်သာ သက်သာအောင်အောင်ကုပြီး skin rash သူ့ဘာသာ ရက်အနည်းငယ်အတွင်း ပျောက်မပျောက်စောင့်ကြည့်လို့ရပါတယ်။ skin rash အရမ်းဆိုးလာပြီး တခြားရောဂါလက္ခဏာတွေပါပြလာလျှင် ဆရာဝန်နှင့် ပြသင့်ပါတယ်။ acetaminophen သို့ ibuprofen လို ဆေးတွေကတော့ skin rash ကို သက်သာစေပါတယ်။အဲ့ဒီဆေးတွေ မသောက်ခင် ဆရာဝန်နှင့် အရင်တိုင်ပင်သင့်ပြီး ဆရာဝန်ညွှန်ကြားချက် နှင့်သာ သောက်သုံးသင့်ပါတယ်။ မတိုင်ပင်ပဲ ကိုယ့်ဘာသာ ရက်ရှည်သောက်မိတယ် ဆိုလျှင် ဘေးထွက်ဆိုးကျိုး တွေ ဖြစ်လာနိုင်ပါတယ်။ ကျောက်ကပ် သို့မဟုတ် အသည်းမကောင်းတဲ့ လူနာတွေ၊ အစာအိမ်ရောဂါရှိသူ/ ဖြစ်ဖူးသူ တေကတော့ ဒီဆေးတွေကို မသောက်သင့်ပါဘူး။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Skin rash ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/diaper-rash-%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8-%e1%80%a1%e1%80%94%e1%80%ae%e1%80%80%e1%80%bc%e1%80%80%e1%80%b9%e1%80%91%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ကလေးများကို ဖျော်ရည်မတိုက်မီ သတိပြုရမည့် အချက် ၆ချက်
မိဘများဟာ ကလေးများကို မနက်စာကျွေးရာမှာ ဖျော်ရည်တမျိုးမျိုးကို မပါမဖြစ်အနေနဲ့ တိုက်ကျွေးတတ်ကြပါတယ်။ ဖျော်ရည်များဟာ အရသာရှိပြီး အလွယ်ရနိုင်အေမယ့် သတိပြုသင့်တဲ့ အချက်တွေ ရှိပါတယ်။ဖျော်ရည်တွေဟာ အသီးတခုလုံးထက်စာရင် အမျှင်ဓါတ်နည်းပါတယ်။ အိမ်မှာဖျော်တာပဲဖြစ်ဖြစ်၊ စားသောက်ဆိုင်ကနေ မှာတာဖြစ်ဖြစ် အခွံချွတ်ပြီး အမှုန်အမွှားတွေကို ဖယ်ရှားဖို့ အလွန်အကျွံ ဆေးကြောခြင်းတွေ ပါဝင်ပါတယ်။ ဒီလိုလုပ်ခြင်းကြောင့် အသီးမှာပါဝင်တဲ့ အမျှင်ဓါတ်ထက် ဖျော်ရည်မှာ ပါဝင်မှု နည်းပါးသွားပါတယ်။ ဒါ့အပြင် ဖျော်ရည်ပြုလုပ်ရာမှာ ဘက်တီးရီးယားတွေကို သေအောင် ပိုးသတ်ဖို့လိုပါတယ်။ အဲဒီအခါ အစာခြေဖို့ အားပေးတဲ့ အကျိုးပြုဘက်တီးရီးယားများကိုပါ ထိခိုက်စေပါတယ်။ ဒါ့အပြင် ပိုးသတ်ခြင်းကြောင့် ဗီတာမင်နဲ့ ဓါတ်ဆားတွေကိုပါ ပျက်စီးစေပါတယ်။ သင့်ရဲ့ကလေးဟာ အသီးကို စားမယ်ဆိုရင် အာဟာရဓါတ်၊ အမျှင်ဓါတ်တွေ အများအပြားရပြီး သကြားဓါတ်ကို နည်းပါးစွာပဲ ရမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ကလေးဟာ အသီးစားပြီး ရေသောက်တာ ပိုကောင်းပါတယ်။ဖျော်ရည်များစွာဟာ အရသာကောင်းဖို့အတွက် ဖန်တီးထားတဲ့ ဆေးသကြားအများအပြားကို ထည့်သွင်းထားကြပါတယ်။ အဲဒီဆေးသကြားများဟာ ကလေးတွေရဲ့ သွားများကို ပျက်စီးစေပါတယ်။ သွားများပျက်စီးခြင်းနဲ့ ဖျော်ရည်သောက်ခြင်းအကြားမှာ ဆက်စပ်မှုရှိကြောင်း သုတေသနတွေရှိပါတယ်။ ကလေးသွားများဟာ ၆လလောက်မှာ စတင်ထွက်လာပါတယ်။ သင့်ကလေးကို ဖျော်ရည်အများအပြားတိုက်မယ်ဆိုရင် သွားပိုးစားဖို့ အခွင့်အလမ်းများပါတယ်။ဖျော်ရည်များဟာ တခြား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားစရာတွေကို ပစ်ပယ်စေနိုင်တာကြောင့် အဝလွန်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ တခါတရံ ဝမ်းသွားခြင်းကို ဖြစ်စေပါတယ်။ သုတေသနတခုအရ ၁၀၀% အသီးဖျော်ရည်များ သောက်သုံးခြင်းနဲ့ ကိုယ်အလေးချိန်တက်ခြင်းအကြား ဆက်စပ်မှုမရှိဘူးလို့ ဆိုထားပါတယ်။ ဒါပေမယ့် သွေးတွင်းသကြားဓါတ်တက်ခြင်း၊ သွေးပေါင်ချိန် တက်ခြင်း၊ triglyceride တက်ခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။ အက်ဆစ်ဓါတ်ကဲတဲ့ အချိုဓါတ်မြင့်တက်ခြင်းဟာ သွေးလွှတ်ကြောတွေကို ရောင်ရမ်းလာစေပြီး ရောဂါရစေနိုင်ပါတယ်။ကလေးများကို ဖျော်ရည်တိုက်တဲ့အခါ ၁၀၀% အသီးဖျော်ရည်များကို ရွေးချယ်ပါ။ ခရမ်းချဉ်သီး၊ ဟင်းသီးဟင်းရွက်၊ တလဲသီး၊ စပျစ်သီး၊ ဘယ်ရီသီး၊ လိမ္မော်သီး စတဲ့အသီးဖျော်ရည်များဟာ ဗီတာမင်ကြွယ်ဝပြီး ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ကလေးများရဲ့ အစာခြေစနစ်ဟာ လူကြီးများထက် ထိခိုက်လွယ်ပါတယ်။ ဒါကြောင့် ကလေးများကို ဖျော်ရည်တိုက်မယ် ဆိုရင် သတိပြုဖို့ လိုပါတယ်။ တနှစ်အောက်ကလေးများကို မိမိဖာသာဖျော်တဲ့ ဖျော်ရည်များ မတိုက်သင့်ပါဘူး။ ပိုးမသတ်နိုင်တာကြောင့် ဘက်တီးရီးယားတွေ ဖျော်ရည်မှာ ပါဝင်မှာ စိုးရိမ်လို့ ဖြစ်ပါတယ်။ အသီးများကို သေချာစွာသန့်ရှင်းပြီး ကျွေးမွေးနိုင်ပါတယ်။ကလေးများကို ဖျော်ရည်တိုက်မယ်ဆိုရင် အောက်ပါအချက်တွေကို သတိပြုရပါမယ်။– အသီးများကို ဖျော်စက်ထဲ ထည့်လိုက်မယ့် အစား အသီးကိုပြုတ်ပြီး ပေါင်းခံရည်ကို တိုက်နိုင်ပါတယ်။– အသီးကို ရေနဲ့ဖျော်ပါ (ဆတူဖျော်ပါ)။– ကလေးများကို အဖုံးမရှိတဲ့ခွက်နဲ့ ထည့်တဲ့ ဖျော်ရည်ကို တနေ့လုံး သောက်နေစေမယ့် အစား ပုလင်း၊ ဗူးစတာနဲ့ ထည့်တိုက်ပါ။သင့်ကလေး အလွန်အကျွံသောက်တာ မဖြစ်ရအောင် အမေရိကန်ကလေးကျန်းမာရေးဌာနရဲ့ ကန့်သန်ချက်များကို လေ့လာနိုင်ပါတယ်။ အဲဒါတွေကတော့။– မွေးကင်းစမှ ၆လ။ မိခင်နို့ကလွဲလို့ တခြားဟာ မတိုက်ရပါဘူး။– ၆လမှ တနှစ်။ ဖျော်ရည်တိုက်နိုင်ပါတယ်။ သွားများမပျက်စီးအောင် ၁၁၈ မှ ၁၇၇ မီလီလီတာ ပမာဏကို ခွက်နဲ့ ထည့်တိုက်နိုင်ပါတယ်။– တနှစ်မှ ၆နှစ်။ တရက်ကို ၁၇၇မီလီလီတာ တိုက်နိုင်ပါတယ်။– ၇နှစ်နဲ့အထက်။ တရက်ကို ၃၅၅ မီလီလီတာ တိုက်နိုင်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%96%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9b%e1%80%8a%e1%80%ba%e1%80%99%e1%80%90%e1%80%ad/
သင်ခံစားနေရသော နာကျင်ခြင်းများသည် တင်ခံအာရုံကြောများကို ဖိမိသော အကြောင်း တခုတည်းကြောင့်လား
တင်ခံအာရုံကြောသည် နောက်ကျောအနောက်ဖက်မှ တဆင့် ခြေထောက်၏အနောက်ဖက်တလျှောက်ရှိနေသော အာရုံကြောဖြစ်ပါသည်။ ထိုအာရုံကြောများထိခိုက်မိ၍ဖြစ်စေ၊ ခါးအောက်ပိုင်းတွင်ဖြစ်သော ပြသနာတခုခုကြောင့် ဖိမိ၍ဖြစ်စေ သင့်တွင် မခံမရပ်နိုင်အောင်နာကျင်မှုများ ဖြစ်စေနိုင်ပါသည်။ခါးအောက်ပိုင်းတွင်ရှိသော အာရုံကြောများတွင် မည်သည့်အကြောကိုမဆိုထိခိုက်မိလျှင်တင်ခံအာရုံကြောသွားရာတလျှောက်နေရာများဖြစ်သော။နောက်ကျောအနောက်ဖက်မှ စတင်၍ ခြေထောက်၏အနောက်ဖက်တလျှောက်တွင် ထုံကျဉ်ခြင်း၊ အားနည်းခြင်း၊ နာကျင်ခြင်းများဖြစ်နိုင်ပါသည်။တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းသည် အောက်ပါလက္ခဏာများကို တခုထက်ပိုပြီး ခံစားရနိုင်ပါသည်။· တင်ပါး သို့မဟုတ် ခြေထောက်တဖက်တည်းတွင် စ၍နာကျင်လာကာ ခြေထောက်တချောင်းလုံးနှင့် ခြေဖဝါး၊ ခြေချောင်းများအထိပါ နာကျင်ခြင်း။· ခြေထောက်နာကျင်မှုသည် ကျဉ်နာခြင်း၊ မီးစနှင့် ထိုးသလိုနာခြင်း ပုံစံမျိုးဖြစ်ပါသည်။· ခြေထောက်၊ ခြေဖဝါးများ နှင့် ခြေချောင်းများထုံကျဉ်ခြင်းကြောင့် လှုပ်ရှားရခက်ခဲခြင်း။· ထိုင်နေလျှင် ပိုနာခြင်း။· မတ်တပ်ရပ်ရခက်ခဲစေအောင်ပင် စူးရှစွာနာကျင်ခြင်း။တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းသည် မခံမရပ်နိုင်အောင် ကြာရှည်စွာ နာကျင်နေခြင်းမျိုးဖြစ်ပါသည်။ခါးဆစ်များကျွံခြင်း၊ ခါးရိုးကြားရှိ ချပ်ပြားများပျက်စီးသွားခြင်း၊ ခါးအရိုးအလယ်ဆစ်နေရာ ချော်ခြင်း တို့သည် လူငယ်များတွင် Sciatica ကိုအဖြစ်များစေသော အကြောင်းမျာဖြစ်ပါသည်။ အသက် ၆၀ ကျော်လျှင်မူ အသက်ကြီးခြင်းကြောင့် ပင်မကျောရိုးအခေါင်းများကျဉ်းသွားခြင်းနှင့် အဆစ်ချော်ခြင်းများ ဖြစ်လေ့ရှိပါသည်။ထို့ကြောင့် တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်း(Sciatica) ကိုဖြစ်စေနိုင်သောအကြောင်းများကို တိကျစွာသိပြီး ကုသမှုများကို စနစ်တကျခံယူသင့်ပါသည်။အချို့သော ခြေထောက်နာကျင်ခြင်းများသည် Sciatica နှင့် ပုံစံတူသော်လည်း ဆေးပညာဖြင့် စီစစ်ပိုင်းခြားသော် Sciatica ကြောင့် မဟုတ်သော အခြေအနေများကြောင့်လည်း ဖြစ်နိုင်ကြောင်းတွေ့ရသည်။ယင်းတို့မှာ-။· အဆစ်ပြသနာများ။ခါးရိုးဆစ်များရောင်ရမ်းခြင်းကြောင့် ခြေထောက်နေရာတွင် နာကျင်ခြင်းဖြစ်နိုင်ပါသည်။ ထိုသို့သော နာကျင်မှုမျိုးသည် တင်ခံအာရုံကြောဖိမိခြင်းကြောင်းဖြစ်ခြင်း မဟုတ်သည့်အတွက် ကုသမှုပုံစံများလည်း ကွာခြားသွားစေနိုင်ပါသည်။ထိုသို့သော အခြေအနေများတွင် အဆစ်များ ရောင်ရမ်းမှုသက်သာပြီး လှုပ်ရှားမှုများကောင်းစေရန် အရောင်ကျဆေးပေးရမည်ဖြစ်ပြီး ခွဲစိတ်ရန်လည်း မလိုအပ်သော အခြေအနေဖြစ်ပါသည်။·မြှီးညှောင့်ရိုးတွင်ရှိသော ခါးဆစ်များ လုပ်ဆောင်မှုမမှန်ကန်ခြင်း။ပင်မကျောရိုး၏အောက်ဆုံး မြှီးညှောင့်ရိုးနေရာတွင်ရှိသော ခါးဆစ်များ လုပ်ဆောင်မှုမမှန်ကန်ခြင်းကြောင့် L5 နေရာတွင်ရှိသော အာရုံကြောများကို ဖိမိခြင်းကြောင့် နာကျင်မှုများဖြစ်ခြင်းဖြစ်သည်။ ယင်းနာကျင်မှုသည် တင်ခံအာရုံကြောများနာကျင်ခြင်း (Sciatica)နှင့် နာကျင်မှုပုံစံတူညီပါသည်။·ပေါင်ဘေးဖက် ကြွက်သားများနှင့် အာရုံကြောများ ထိခိုက်သော ရောဂါစု။တင်ခံအာရုံကြောများသည်Piriformis အမည်ရှိသော ပေါင်ဘေးဖက် ကြွက်သားများအောက်တွင်တည်ရှိခြင်းကြောင့် ထိုကြွက်သားများက။တင်ခံအာရုံကြောများကိုဖိမိခြင်းကြောင့် နာကျင်မှုများဖြစ်ပေါ်ခြင်းဖြစ်သည်။တင်ခံအာရုံကြောများနာကျင်ခြင်း (Sciatica)ဟူသည်မှာ ဆေးပညာအားဖြင့်ပြောရလျှင် ပင်မကျောရိုးရှိ အာရုံကြောများ ဖိမိခြင်းကြောင့်ဖြစ်သော ဝေဒနာတခုသာဖြစ်ပါသည်။ သို့သော် ထိုသို့ဖြစ်လျှင် ခြေထောက်များနာကျင်ခြင်းကို ပထမဦးစွာခံစားရသောကြောင့် Sciatica ဟုခေါ်ဝေါ်သုံးနှုန်းထားခြင်းဖြစ်ပါသည်။အချုပ်ဆိုရသော် တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းသည် အကြောင်းရင်းများစွာကြောင့်ဖြစ်နိုင်ပြီး မခံမရပ်နိုင်အောင်နာကျင်သော ဆိုးရွားပြင်းထန်သော လက္ခဏာများရှိလျှင် ခွဲစိတ်မှုများပြုလုပ်ရန် လိုအပ်ကောင်း လိုအပ်နိုင်သောကြောင့် သင့်ဝေဒနာများကို ဆရာဝန်နှင့် တိုင်ပင်ပြီး ကုသရန်လိုအပ်ပါသည်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%9e%e1%80%84%e1%80%ba%e1%80%81%e1%80%b6%e1%80%85%e1%80%ac%e1%80%b8%e1%80%94%e1%80%b1%e1%80%9b%e1%80%9e%e1%80%b1%e1%80%ac-%e1%80%94%e1%80%ac%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%81%e1%80%bc/
ကြာကြာဝါးမယ့်သွား အတွက် ထိန်းသိမ်းစောင့်ရှောက်နည်း (၆) နည်း
ခံတွင်းကျန်းမာရေးလို့ဆိုလိုက်တာနဲ့ သွားတွေဝါလား၊ဖြူလား၊သွားပိုးစားတာလား ဆိုတာပဲ ဆိုင်တာမဟုတ်ပါဘူး။ သွားဖုံးကိုလည်း မေ့မထားသင့်ပါဘူး။ သွားနဲ့သွားဖုံး အကုန်လုံးအရေးကြီးပါတယ်။ သွားတွေအားလုံးကို ခိုင်မာနေအောင်၊ ညီညာနေအောင် ထိန်းထားပေးတာ သွားဖုံးမို့လို့ပါ။ သွားနဲ့ သွားဖုံးကျန်းမာစေဖို့ မှန်ကန်တဲ့နည်းလမ်းနဲ့ ခံတွင်းကိုဂရုစိုက်တာ အကောင်းဆုံးပါပဲ။ဒါ့ကြောင့် ဒီအချက်တွေကို လုံးဝမမေ့ပါနဲ့ –။မနက်အိပ်ရာထ တစ်ကြိမ်၊ ညအိပ်ရာဝင် တစ်ကြိမ် သွားတိုက်ဖို့ မပျင်းပါနဲ့။ တစ်နေ့နှစ်ကြိမ်သွားတိုက်ဖို့ အကြံပြုကြပေမယ့် ညဘက်ကျရင် အိပ်ငိုက်လို့၊ ပျင်းလို့၊ အေးလို့၊ မေ့လို့ စတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ သွားမတိုက်ဖြစ်တတ်ကြပါဘူး။ တစ်နေ့လုံးစားထား၊ သောက်ထားတဲ့အရာတွေရဲ့အကြွင်းအကျန်တွေကနေ ခံတွင်းမှာ ဘက်တီးရီးယားတွေ မွေးထားသလိုဖြစ်နေပါလိမ့်မယ်နော်။သွားတိုက်တော့တိုက်တာပဲ။ နည်းမှားနေမယ်ဆို သွားကြွေလွှာနဲ့ သွားဖုံးတွေကို ပိုထိခိုက်စေတာပါ အဖတ်တင်သွားနိုင်ပါတယ်။ ညင်ညင်သာသာနဲ့ နှံ့စပ်အောင်တိုက်ပါ၊ စက်ဝိုင်းသဏ္ဍာန်ဝိုက်ပြီးတိုက်ပါ။ ဘေးတိုက်ကန့်လန့် မတိုက်ရပါဘူး။ သွားတိုက်တာကြမ်းရင် သွားကြွေလွှာပျက်စီးနိုင်တယ်၊ သွားဖုံးသွေးထွက်နိုင်တယ်၊ သွားကျဉ်နိုင်တယ်။သွားလည်းပုံမှန်တိုက်တယ်၊ သေချာလည်းဂရုစိုက်ပါတယ်။ ဒါပေမယ့် သုံးနေတဲ့ သွားတိုက်ဆေးက အရည်အသွေးမကောင်းရင် သွားနဲ့သွားဖုံးကို ယိုယွင်းစေနိုင်ပါတယ်။ သွားကိုဖြူဖွေးစေမယ့် သွားတိုက်ဆေးတွေအများကြီးရှိပေမယ့် အရည်အသွေးကောင်းပြီး ကိုယ့်အတွက် သင့်တော်မယ့်အမျိုးအစားကို ရွေးပါ။သွားကြားထိုးတံကို လူသုံးများကြတယ်နော်။ သွားကြားထိုးတံထက် သွားပွတ်ကြိုးကမှ တကယ်သုံးသင့်တဲ့ပစ္စည်း ဖြစ်ပါတယ်။ သွားပွတ်ကြိုးက သွားတွေကြားကပ်ကျန်နေတဲ့ အစအနတွေနဲ့သွားချေးတွေကို ဖယ်ရှားပေးနိုင်တာဖြစ်ပါတယ်။ ဒါတွေ မဖယ်ထုတ်နိုင်ရင် သွားဖုံးရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေ စုလာနိုင်ပါတယ်။နူးညံ့ပြီး တိုက်ရအဆင်ပြေတဲ့ သွားပွတ်တံကို ရွေးချယ်ဝယ်ယူကြမှာမှန်ပေမယ့် သွားပွတ်တံတစ်ချောင်းကို ၃ လထက် ပိုပြီးမသုံးသင့်ပါဘူး။ ၃ လတစ်ကြိမ် အသစ်လဲပါ။ဆေးလိပ်သောက်ခြင်းကြောင့် သွားပိုးပေါက်ဖြစ်စေနိုင်တယ်၊ ခံတွင်းအနံ့ဆိုးတွေ ထွက်လာမယ်။ ကွမ်းစားခြင်းကြောင့် သွားဖုံးရောဂါတွေဖြစ်မယ်၊ ရေစီးကမ်းပြိုလိုက်မယ်။ လျှာနဲ့ ခံတွင်းကင်ဆာတွေပါ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ဒီလိုအခြေခံကျတဲ့ အလေ့အကျင့်ကောင်းတွေကို ဂရုစိုက်ကျင့်ယူလိုက်တဲ့အခါ ဖိုးဖိုးဖွားဖွားအရွယ် ရောက်တာတောင် သွားတွေကျန်းမာလှပနေဦးမှာ မယုံမရှိပါနဲ့နော်။သွားနဲ့ခံတွင်းကျန်းမာဖို့ အမြဲဂရုစိုက်ထိန်းသိမ်းကြရအောင်လား။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%94%e1%80%b2%e1%80%b7-%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%96%e1%80%af%e1%80%b6%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac/
မိန်းမကိုယ် ခွဲစိတ်ပြုပြင်မှုအပြီး ဘယ်အချိန်မှာ လိင်ဆက်ဆံလို့ရလဲ
ဒီနေ့ခေတ်မှာ ခေတ်သစ်ဆေးပညာတွေအရ ချစ်မှုရေးရာကိစ္စတွေမှာ တိုးတက်ဖို့ နည်းလမ်းအမျိုးမျိုး ရှိလာပါပြီ။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ကို ကျဉ်းစေတဲ့ မိန်းမကိုယ်ခွဲစိတ်ပြုပြင်မှု နှင့် မိန်းမကိုယ်နှုတ်ခမ်းသားခွဲစိတ်ပြုပြင်မှု လို့ခေါ်တဲ့ မိန်းမကိုယ်ပြုပြင်သော နည်းလမ်းတွေပဲ ဖြစ်ပါတယ်။မိန်းမကိုယ်ခွဲစိတ်ပြုပြင်မှုဆိုတာ တဖြည်းဖြည်း ခံစားမှုလျော့ကျနေတဲ့ ဒါမှမဟုတ် အသက်ကြီးခြင်းနဲ့ ကလေးမွေးခြင်းကြောင့် လျော့ရဲလာတဲ့ မိန်းမကိုယ်ကို ပြန်လည်တင်းရင်းကျဉ်းမြောင်းစေသည့် မိန်းမကိုယ်ခွဲစိတ်ကုသမှု ပလတ်စတစ်ဆာဂျရီဖြစ်ပါတယ်။ တချို့ဆရာဝန်တွေက အဲဒီ နည်းလမ်းနဲ့ ချစ်သူ၂ယောက်ရဲ့ ချိုမြိန်တဲ့ အခိုက်အတန့်တွေကို ဆုံးဖြတ်ပေးနိုင်တဲ့ ခံစားမှုကို မြင့်တက်စေတယ်လို့ ဆိုပါတယ်။မိန်းမကိုယ်ဆိုတာ ကျုံ့ဆန့်နိုင်တယ်ဆိုပေမယ့် ခွဲစိတ်ပြုပြင်ပြီး ကျဉ်းအောင်ပြုလုပ်ခြင်းဟာ လိင်စိတ်တုန့်ပြန်မှုမှာ တိုးတက်စေနိုင်ဆိုတာ မသေချာသေးပါဘူး။ လိင်စိတ်ပေါ်အောင် နှိုးဆွခြင်း၊ လိင်စိတ်ပြည့်ဝခြင်းဆိုတာတွေက အတော်ရှုပ်ထွေးပါတယ်၊ ရင်းနှီးမှု၊ စိတ်ခံစားချက်၊ ပင်ကိုယ်စိတ်သဘောထားတွေမှ တယောက်ချင်းဆီက မြင့်မားတဲ့ တုန့်ပြန်မှုတွေက ချစ်မှုရေးရာရဲ့ ရသတွေပါပဲ။ ဒါ့အပြင် လိင်စိတ်ခံစားမှုဆိုတာ လွယ်လွယ်ကူကူနဲ့ နှစ်သက်ကြည်နူးမှုရနိုင်တာ မဟုတ်ပါဘူး။ ရလဒ်အနေနဲ့ နာကျင်မှုကိုလဲ ခံစားရနိုင်ပါတယ်။မိန်းမကိုယ်နှုတ်ခမ်းသားခွဲစိတ်ပြုပြင်မှု ကတော့ မိန်းမကိုယ်အဝမှာရှိတဲ့ နှုတ်ခမ်းသားကို ပြုပြင်သော ပလတ်စတစ်ဆာဂျရီပဲ ဖြစ်ပါတယ်။ သူ့ကို မိန်းမကိုယ် ပလတ်စတစ်ဆာဂျရီ နဲ့အတူ ဒါမှမဟုတ် သူ့ချင်းသက်သက် ပြုလုပ်နိုင်ပါတယ်။ မိန်းမကိုယ်အပြင်မှာရှိတဲ့ နှုတ်ခမ်းသားအကြီး ဒါမှမဟုတ် သေးငယ်ပြီးအတွင်းမှာရှိတဲ့ နှုတ်ခမ်းသားအသေး ကို ခွဲစိတ်ပြုပြင်နိုင်ပါတယ်။ ဒီနည်းလမ်းဟာ ယောနိနှုတ်ခမ်းသားရဲ့ အရွယ်အစားနဲ့ ပုံစံကို ပြောင်းလဲနိုင်ပါတယ်။ သူတို့ရဲ့ အရွယ်အစားမတူညီမှု ပြင်ဆင်နိုင်တာ၊ သေးငယ်စေတာတွေ ပြုလုပ်နိုင်ပါတယ်။မိန်းမကိုယ်ခွဲစိတ်ပြုပြင်မှု နှင့် မိန်းမကိုယ်နှုတ်ခမ်းသားခွဲစိတ်ပြုပြင်မှု မှာ ဘာကိုရွေးရမလဲ ဆိုတာသိဖို့အတွက် ပြန်လည်တည်ဆောက်ခြင်း နှင့် အလှအပရေးရာခွဲစိတ်ပြုပြင်မှုတို့ရဲ့ ကွဲပြားခြားနားမှုတွေကို နှိုင်းယှဉ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ပြန်လည်တည်ဆောက်သော ခွဲစိတ်မှုက ကိုယ်ခန္ဓါရဲ့ အသွင်သဏ္ဍာန်ကို တက်လာစေပြီး၊ အလှအပရေးရာခွဲစိတ်မှုကတော့ ကိုယ်ခန္ဓါရဲ့ အရေးပါတဲ့ အသားအရေချောမွေ့မှုကို ပြောင်းလဲပေးပါတယ်။သူတို့နှစ်ခုက တကယ်ကိုကွာခြားတာပါ။ ဘာကြောင့်လဲဆိုတော့ အမေရိကန် မီးယပ်သားဖွား ကောလိပ် (ACOG) က ဆီးမထိန်းနိုင်ခြင်းလိုမျိုး လုပ်ငန်းဆောင်တာ ပြဿနာတွေကို ဖြေရှင်းရန် ခွဲစိတ်မှုနဲ့ ရလဒ်တွေကို အကဲဖြတ်ပါတယ်။ ဒါပေမယ့် ACOG က အလှအပရေးရာမိန်းမကိုယ်ခွဲစိတ်မှု ကို သူ့ရဲ့ ဆိုးကျိုးနဲ့ လုံခြုံမှု၊ ထိရောက်မှုတို့နဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွေ ရှားပါးမှုကြောင့် သံသယရှိပြီး သတိပြုနေတုန်းပါပဲ။တချို့ မိန်းမကိုယ်ပြုပြင်နည်းလမ်းတွေက ပြန်လည်တည်ဆောက်ရေးအဖြစ် ကနဦး ဖွံ့ဖြိုးလာတာပါ။ ဥပမာအားဖြင့် အမျိုးသမီးတွေ ကလေးမွေးပြီးနောက် ပုံမှန် ချစ်တင်းနှောရန်၊ ဆီးသွားရန်၊ ရာသီလာရန် ပုံပျက်သွားတဲ့ ဒါမှမဟုတ် ပျက်စီးသွားတဲ့ မိန်းမကိုယ်ကို ပြန်လည် ခွဲစိတ်ခြင်းမျိုးကို ဆိုလိုတာပါ။မိန်းမကိုယ် နှင့် မိန်းမကိုယ် နှုတ်ခမ်းသားခွဲစိတ်ပြုပြင်မှုများ ကြောင့် အမျိုးသမီးတွေမှာ ရရှိမယ့် ရေရှည် စိတ်ကျေနပ်မှု နဲ့ ရှုပ်ထွေးမှုတွေကို မသိရှိနိုင်သေးပါဘူး။ ဒါ့အပြင် အခြားခွဲစိတ်မှုတွေရဲ့ နည်းလမ်းတွေက ဖော်ပြထားပြီး အတည်ပြုထားပြီး ဖြစ်သော်လည်း ဒီခွဲစိတ်မှုတွေက ဆေးဖက်ဆိုင်ရာဂျာနယ်တွေရဲ့ ပြန်လည်စိစစ်မှုမှာ အတည်ပြုချက်မရသေးပါဘူး။ ဒါကြောင့် သူတို့ဟာ တချို့ အချိန်တွေမှာ တရားမဝင်ဘူးလို့ ပြောနိုင်ပါတယ်။မိန်းမကိုယ်ခွဲစိတ်မှုကို ပြုလုပ်လိုတဲ့ အမျိုးသမီးတွေအတွက် အကောင်းဆုံး အကြံဉာဏ်ကတော့ မိန်းမကိုယ်နဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရတယ် ဘယ်လို အနှောက်အယှက်ဖြစ်တယ်၊ ခွဲစိတ်မှုအပေါ်ထားတဲ့ မျှော်လင့်ချက်၊ အားနည်း လျော့ရိလာတဲ့ မိန်းမကိုယ်ရဲ့ ကြွက်သားတွေအတွက် မခွဲစိတ်ပဲ လုပ်နိုင်သည့် လေ့ကျင့်ခန်း၊ လိင်စိတ်နှိုးဆွစေတဲ့အကြောင်း တို့ကို ဆရာဝန်နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။ အကြံပေးနဲ့ တွေ့ဆုံခြင်းဖြင့် လိင်ပိုင်းဆိုင်ရာ မိမိကိုယ်ကိုတန်ဖိုးထားခြင်းနဲ့ ယုံကြည်မှုရှိခြင်း ကိစ္စတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်။သင့်ကိုယ်သင် ခွဲစိတ်မှုအတွက် အသင့်ဖြစ်မဖြစ် သိနိုင်ဖို့ သင့်ခွဲစိတ်ဆရာဝန်ကို မေးရမယ့် မေးခွန်းလေးတွေကို အောက်တွင် ဖော်ပြထားပါတယ်။ကျန်းမာရေးအာမခံအများစုကတော့ မိန်းမကိုယ်ခွဲစိတ်မှု နှင့် မိန်းမကိုယ်နှုတ်ခမ်းသား ခွဲစိတ်မှု အပြင် အခြား ပလတ်စတစ်ဆာဂျရီများ အတွက် အာမခံ မပေးပါဘူး။ ဒါတွေက ကျန်းမာရေးလိုအပ်ချက်ထက်စာရင် ရွေးချယ်လို့ရတဲ့ အရာတွေဖြစ်လို့ပါ။ဘာပဲဖြစ်ဖြစ် လူတိုင်း ချစ်မှုရေးရာတွေမှာ စိတ်ကျေနပ်မှု ရသင့်ရထိုက်ပါတယ်။ ဒါကြောင့် အဆင်ပြေမယ်ထင်တာ လုပ်ပါ။ ဒါပေမယ့် ဂရုတစိုက်တော့ ရွေးချယ်ဖို့ လိုအပ်ပါမယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/%e1%80%99%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba-%e1%80%81%e1%80%bd%e1%80%b2%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%95%e1%80%bc%e1%80%af%e1%80%bc/
ကျဉ်းထဲကျပ်ထဲမှာ ကိုယ်ဝန် မရချင်သူတွေအတွက် နည်းလမ်း ၄ရပ်
ကိုယ်ဝန် ပဋိသန္ဓေ တားဆီးနိုင်တဲ့ နည်းလမ်းတွေက အမျိုးအမည်ပေါင်း များစွာ ရှိပါတယ်။ကွန်ဒုံးအသုံးပြုတာ၊သန္ဓေတားကပ်ခွာအသုံးပြုတာ၊တားဆေးအသုံးပြုတာ၊IUD(သားအိမ်တွင်းထည့် ပစ္စည်း) အသုံးပြုတာ စတာတွေပေါ့။ခုခေတ်ကြီးမှာက တိုးတက်လာတာနဲ့အမျှ လူငယ် အများစုက လိင်မှုကိစ္စတွေကို စမ်းသပ်ပြုလုပ်လာတတ်ကြပါတယ်။ ဒီလို လိင်မှု ကိစ္စတွေကို လုပ်တဲ့ အခါမှာလည်း လူငယ်အများစု ကတော့ ကွန်ဒုံးနဲ့ အရေးပေါ် သန္ဓေတားဆေးတွေကိုသာ အများဆုံး သုံးစွဲဖြစ်ကြပါတယ်။အရေးပေါ်သန္ဓေတားဆေးတွေက ပုံမှန်သောက်နေကျ တားဆေးတွေလောက် သန္ဓေတားနှုန်း မကောင်းတဲ့အတွက် ရေရှည်မသုံးစွဲသင့်ပါဘူး။ ကွန်ဒုံးအသုံးပြုတာကတော့ နည်းလမ်းကောင်းဖြစ်ပေမယ့် တစ်ခါတရံမှာ ပေါက်ပြဲတာတွေ သင့်လျော်တဲ့အမျိုးအစားကို မှန်ကန်စွာ အသုံးမပြုတာကြောင့် ကျွတ်ထွက်တာတွေဖြစ်နိုင်တာကိုလည်း မမေ့သင့်ပါဘူး။အမှတ်မထင် ကြုံဆုံလာရတဲ့ မတော်တဆမှုလေးတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘဖြစ်လာရတဲ့ လူငယ်တွေရှိလာနေသလို ကလေးယူဖို့ အဆင်သင့်မဖြစ်သေးပဲ မိဘဖြစ်လာတဲ့ အိမ်ထောင်သည်တွေလည်း ရှိလာနေပါတယ်။အခု ဒီဆောင်းပါးလေးထဲမှာတော့ အရေးပေါ်အခြေအနေတချို့ကြုံလာချိန်မှာ ကိုယ်ဝန် မရအောင် ရှောင်လွှဲနိုင်စေမယ့် နည်းလမ်း ၄ ရပ်ကို ဖော်ပြပေးသွားမှာပါ။ ဆေးသောက်ဖို့ မေ့သွားတာ၊ ကွန်ဒုံးပေါက်ပြဲတာ၊ အလွန်အမင်း မူးယစ်နေတာကြောင့်အကာအကွယ်မပါပဲ လိင်ဆက်ဆံမိသွားတာစတဲ့ ရုတ်ချည်းရင်ဆိုင်လာရတဲ့ အခြေအနေမျိုးတွေမှာ ခုဖော်ပြမယ့်နည်းလမ်းတွေက အကူအညီဖြစ်စေနိုင်ပါတယ်။ဒီနည်းက လူသိများပါတယ်။ အမျိုးသားရဲ့ သုက်ကို အပြင်မှာ ထုတ်လိုက်တဲ့အခါ ကိုယ်ဝန် ရနိုင်ခြေ နည်းပါးသွားပါတယ်။ နည်းပါးသွားတာပဲ ဖြစ်တဲ့အတွက် ရနိုင်ခြေတော့ရှိပါသေးတယ်။ အတွင်းထဲကို အနည်းငယ်လေး ဝင်သွားမယ်ဆိုရင်တောင် ရနိုင်ခြေရှိပါတယ်။ တစ်ခါတလေ precum လို့ခေါ်တဲ့ အရည်ကြည်မှာလာည်း သုက်ကောင်လေးတွေ ပါနိုင်ပါသေးတယ်။အမျိုးသားရဲ့သုက်ပိုးဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ ၅ ရက်အထိ ရှင်သန်နိုင်ပေမယ့် အပြင်ဘက်မှာတော့မ ရှင်သန်နိုင်ပါဘူး။ ဒီလိုနည်းလမ်းမျိုးဟာ ကိုယ်ဝန်ရနိုင်ခြေ နည်းပါးတာမှန်ပေမယ့် ကွန်ဒုံးအကာအကွယ်မပါပဲ ဆက်ဆံချိန်တွေမှာ အများဆုံး အသုံးပြုကြတာဖြစ်တာကြောင့် STI ကူးစက်ရောဂါတွေ ကူးစက်နိုင်ခြေရှိတာကို သတိထားသင့်ပါတယ်။ စိတ်ချရတဲ့ သားဆက်ခြားနည်း တစ်ခုလို့တော့ ယူဆလို့ မရပါဘူး။ကိုယ်ဝန်မရနိုင်တာကတော့ သေချာတဲ့ နည်းလမ်းဖြစ်ပါတယ်။ တစ်ခုရှိတာက အမျိုးသမီးတချို့က ဒီနည်းလမ်းကို မနှစ်သက်တတ်ကြပါဘူး။ တချို့ကတော့ လက်ခံကြပါတယ်။ ကိုယ်ဝန်ကို ရှောင်လွှဲပြီး လိင်လည်းဆက်ဆံချင်တယ်ဆိုရင် အသုံးပြုနိုင်တဲ့ နည်းတစ်ခုလို့ သတ်မှတ်ခံထားရပါတယ်။ဒါပေမယ့် လိင်ကတဆင့်နိုင်တဲ့ ရောဂါတွေ ဝင်လာနိုင်တာ၊ ဒဏ်ရာရပြီး သွေးထွက်နိုင်တာ စတဲ့ဘေးထွက်ဆိုးကျိုးတွေရှိတာကိုလည်း သိနားလည်ထားဖို့ လိုအပ်ပါတယ်။ နောက်ပြီး သုက်ရည်က မတော်တဆ မိန်းမကိုယ်ထဲဝင်သွားခဲ့ရင် ကိုယ်ဝန်ရနိုင်တာကိုလည်း သိထားရပါမယ်။Non-penetrative Sex လို့လည်း ခေါ်ပါတယ်။ ပြီးမြောက်အောင် မဆက်ဆံတဲ့ နည်းလမ်းမျိုးပေါ့။ တကယ်လို့ မထိန်းနိုင်လို့ အပြင်မှာ ပြီးမြောက်မယ်ဆိုရင်တော့ နံပါတ် ၁ နည်းလမ်းနဲ့ အတူတူပဲဖြစ်မှာပါ။ မထိန်းနိုင်ခဲ့ရင် နောက်ကနေ ပြဿနာတွေ တသီတသန်းကြီး ပါလာနိုင်တာကို မေ့မထားသင့်ပါဘူး။Oral Sexဟာ ကိုယ်ဝန် မရနိုင်တဲ့ လိင်ဆက်ဆံနည်း တစ်မျိုးလို့ ဆိုပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက အမျိုးသမီးတိုင်းက ဒီနည်းလမ်းကို လိုလိုလားလားရှိမှာမဟုတ်တာကိုတော့ နားလည်ထားဖို့ လိုအပ်ပါလိမ့်မယ်။ နောက်ပြီး STI ကူးစက်ရောဂါတွေက ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းကနေလည်း ကူးစက်နိုင်ပါတယ်။တစ်ခုသိထားဖို့က ဒီနည်းလမ်းတွေဟာ ကိုယ်ဝန်တားဆီးဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေမဟုတ်သလို အဘက်ဘက်က စိတ်ချရတဲ့ ပဋိသန္ဓေတားဆီးရေးနည်းလမ်းတွေကို လတ်တလော လက်လှမ်းမမီတဲ့ အခြေအနေမျိုးမှာမှ စဉ်းစားသင့်တဲ့ နည်းတွေဖြစ်တယ်ဆိုတာပါပဲ။ တတ်နိုင်ရင်တော့ ကွန်ဒုံးက အစပြုလို့ စိတ်ချရတဲ့ သန္ဓေတားနည်းလမ်းတွေကိုပဲ သုံးစေချင်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/4-ways-that-reduce-to-get-pregnant/
Molluscum Contagiosum (ငါးမျက်စိ)
Molluscum contagiosum ဆိုတာ အရေပြား အပေါ်ဆုံးအလွှာတွင် virus ပိုး ကူးစက်ခံရခြင်းကို ခေါ်ပါသည်။ ၎င်းဟာ အနီရောင် သို့ ပုလဲလုံးကဲ့သို့ အဖုလေးတွေကို ဖြစ်စေပါတယ်။ လိင်အင်္ဂါမှာ ဖြစ်တယ်ဆိုလျှင် ၎င်းအား လိင်ဆက်ဆံရာမှ ကူးစက်သည့်ရောဂါ (STD) လို့ခေါ်ပါတယ်။molluscum contagiosum က ကလေးငယ်တွေ (ယောင်္ကျားလေးတွေ) နဲ့ လူငယ်ပိုင်းတွေမှာ အတော်အသင့်လောက် အဖြစ်များပါတယ်။ လူကြီးတွေကတော့ molluscum contagiosum ကို လိင်ဆက်ဆံရာကနေ အများဆုံးကူးစက်ကြပါတယ်။ တခြားအဖြစ်များတာတွေကတော့ ကိုယ်ခံအားစနစ် ဆားနည်းနေသူတွေနဲ့ တခြားကူးစက်ရောဂါရှိသူတွေမှာ ဖြစ်ပါတယ်။Molluscum contagiosum ကူးစက်ခံရလျှင် ဖြစ်တဲ့နေရာတွေမှာ များသောအားဖြင့် မျက်နှာ၊ မျက်ခွံ၊ လက်မောင်းအောက်၊ နှင့် ပေါင်ခြံတွေမှာ အဖုသေးသေးလေးတွေ ဖြစ်လာပါတယ်။ လက်ဖဝါး၊ခြေဖဝါး နှင့် ပါးစပ်တွေမှာတော့ ပုံမှန်အားဖြင့် မပေါ်တတ်ပါဘူး။ဒီအဖုတွေဟာ ၂ – ၅ မီလီမီတာလောက်ရှိကြပြီး အလယ်မှာ အချိုင့်လေးပါရှိပါတယ်။ ပုံမှန်အားဖြင့်တော့ သင်အဲ့အနာလေးတွေကို သွားမကုတ်၊ မဖဲ့ဘူးဆိုလျှင်တော့ crops လို့ခေါ်တဲ့ virus ပြန့်နှံ့ပြီးဖြစ်လာတဲ့ အဖုအတန်းလေးတွေပေါ်လာခြင်း၊နီခြင်း၊ရောင်ခြင်းတွေ မဖြစ်တတ်ပါဘူး။Molluscum က မျက်ခွံတွေမှာပေါ်လာလျှင် ဘက်တီးရီးယားဟာ မျက်လုံးထဲဝင်နိုင်ပြီး Pink eye လက္ခဏာတွေ ဖြစ်တတ်ပါတယ်။Mollluscum contagiosum ဟာ ရက်သတ္တပတ်အတွင်း သူ့ဘာသာ ပျောက်သွားတတ်ပြီး တခါတလေလည်း လနှင့်ချီပြီး ကြာတတ်ပါတယ်။ အမာရွတ်တော့ ချန်မသွားတတ်ကြပါဘူး။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။Poxvirus ( ကြွက်နို့ပေါက်စေတဲ့ virus အမျိုးအနွယ်တူ ) ဆိုတဲ့ virus ပိုးကြောင့် ဖြစ်ပါတယ်။ virus ဟာ တိုက်ရိုက်ထိတွေ့ခြင်း၊ တခြားသူရဲ့ ရောဂါကူစက်နေတဲ့ အရေပြား သို့ ရောဂါကူးစက်နေတဲ့ အဝတ်အစား၊ အသုံးအဆောင်တို့နှင့်ထိတွေ့ခြင်းဖြင့် ပြန့်နှံ့ပါတယ်။ ဒါ့အပြင် လိင်ဆက်ဆံခြင်းဖြင့်လဲ ကူးစက်နိုင်ပါတယ်။Molluscum contagiosis ကို ကျယ်ကျယ်ပြန့်ပြန့်တွေ့ရှိရတာကတော့ ကိုယ်ခံအားစနစ်အားနည်းသူတွေနှင့် atopic dermatitis လို့ခေါ်တဲ့ အရေပြားရောဂါရှိတဲ့ ကလေးတွေမှာ ဖြစ်တတ်ပါတယ်။ ဆက်လက်သိရှိလိုသော အချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့ အမြဲတိုင်ပင် ဆွေးနွေးပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က ကျန်းမာရေးဆိုင်ရာ မေးခွန်းများ မေးခြင်း၊သွေးစစ်ခြင်းနှင့် လက်တွေ့စမ်းသပ်မှု တွေလုပ်ပြီး ရောဂါအဖြေရှာပါလိမ့်မယ်။ နောက်ဆုံးအဖြေဟာ သွေးထဲမှာ ထူးခြားတဲ့ အမွှေးထူတဲ့ သွေးဖြူဥကို ရှာတွေ့ခြင်း ဖြစ်ပါတယ်။ သွေးဘက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်ဆီသို့ လွှဲပြောင်းပါလိမ့်မယ်။ရိုးတွင်းချင်ဆီကနေ biopsy ယူပါလိမ့်မယ်။ biopsy ယူတဲ့နေရာမှာ သွေးအထူးကုဟာ အနုကြည့်မှန်ပြောင်း အောက်မှာကြည့်ရှုလေ့လာဖို့နှင့် တခြားရိုးတွင်းချင်ဆီနဲ့ဆိုင်တဲ့ စမ်းသပ်မှုတွေ ဆက်လုပ်ဖို့ ရိုးတွင်းချင်ဆီကနေ ချင်ဆီနမူနာယူပါလိမ့်မယ်။ဒီအဖုလေးတွေဟာ သူ့ဘာသာပျောက်သွားတတ်ပတယ် သို့သော် တချို့တွေမှာ တခြားလူကို ဒီ virus မကူးအောင် သို့ တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ပြန့်နှံ့မှုမရှိအောင် တခါတရံ ကုသမှုတွေ လုပ်ကြပါတယ်။ ကုထုံးတွေမှာ လေဆာမီးအသုံးပြုပြီး ခဲခြင် သို့ ခြစ်ထုတ်ခြင်းတို့ဖြင့် အဖုလေးတွေကို ဖယ်ရှားကြပါတယ်။တခါတရံမှာ ဒီကုထုံးတွေကြောင့် အမာရွတ်တွေကျန်တတ်ပါတယ်။ ထို့ကြောင့် ဆရာဝန်တွေဟာ အထူးပြုလုပ်ထားတဲ့ အရေပြားလိမ်းcream တွေနဲ့ အဖုတွေကို လိမ်းစေခြင်းဖြင့် ပျောက်စေနိုင်ပါတယ်။အဖုအသစ်တွေပေါ်လာတိုင်း ကုသမှုတွေလဲ ပြန်လုပ်ပေးရပါတယ်။ လူတွေဟာ ဒီရောဂါကူးစက်မှုကို တစ်ကြိမ်ထက်မက ခံရနိုင်ပါသေးတယ်။ ညစ်ပတ်နေတဲ့ လက်ကိုင်ပုဝါ သို့ တခြားသူရဲ့အသုံးအဆောင်တွေကို မျှဝေသုံးစွဲခြင်း သို့ ရောဂါပိုးရှိတဲ့သူတစ်ယောက်ယောက်နဲ့ နီးနီးကပ်ကပ်နေခြင်းများကို ရှောင်သင့်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် molluscum contagiosum ကို ကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့ နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• သင့်ဆရာဝန်ကညွှန်ကြားထားတဲ့တိုင်း ကုထုံးတွေကို လိုက်နာပါ။• လက္ခဏာတွေရဲ့ အခြေအနေပြောင်းလဲမှုနဲ့ ကျန်းမာရေးအခြေအနေအတွက် ရက်ချိန်းမှန်မှန်သွားပါ။• ကူးစက်တဲ့နေရာကို တခြားမပျံ့နှံ့နိုင်အောင် အဝတ်၊ပတ်တီး စည်းခြင်းဖြင့် သန့်ရှင်းအောင်ထားပါ။• အဖုတွေမပျောက်မချင်း တခြားလူနဲ့ လက်သုတ်ပုဝါမျှသုံးခြင်း မပြုရ။• အရေပြားပေါ်က အဖုတွေကို ကုတ်ပြီးတခြားနေရာလျှောက်ကိုင်တာတို့ မပြုလုပ်ပါနဲ့။ ဒီနည်းနဲ့ virus ပိုးပျံ့နှံ့နိုင်ပြီး တခြားဘက်တီးရီးယား ရောဂါကူးခြင်းတို့ဖြစ်နိုင်ပါတယ်။• တခြားသူတွေကို မကူးစက်နိုင်အောင် အများသုံး ရေကူးကန်၊ရေနွေးခန်း နှင့် ရေချိုးခန်းတွေကို အဖုတွေမပျောက်ခင် မသွားပါနဲ့။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/molluscum-contagiosum-%e1%80%84%e1%80%ab%e1%80%b8%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%85%e1%80%ad/
Burners and Stingers (အာရုံကြောညပ်ခြင်း)
ထိခိုက်မိခြင်းကြောင့် လည်ပင်းနှင့် ပုခုံးရှိ အာရုံကြောများ ဆွဲဆန့်မိခြင်း၊ ဖိမိခြင်းဖြစ်သည်။ တွန်းတွန်းတိုက်တိုက်ကစားရသည့် အားကစားနည်းများတွင် ဖြစ်လေ့ရှိပြီး ပုခုံးမှ လက်တလျှောက်လုံး စူးရှ၊ ပူလောင်သည့် နာကျင်မှုကိုခံစားရစေသည်။ လက်တလျှောက်ဓါတ်လိုက်သလို၊ လျှပ်စီးထိသလို ခံစားမှုမျိုးဖြစ်သည်။အများအားဖြင့် အာရုံကြောညပ်ခြင်းသည် ယာယီသာဖြစ်ပြီး မြန်မြန်ဆန်ဆန် ပျောက်ကင်းသက်သာသွားလေ့ ရှိသည်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အာရုံကြောညပ်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ လည်ပင်းနဲ့ ပုခုံးကြားစူးရှ၊ ပူလောင်သည့် နာကျင်မှု၊ ဓါတ်လိုက်သလို ခံစားမှုမျိုးရရှိခြင်း။လက်မောင်း၊ လက်နှင့် လက်ချောင်းများတွင် စူးရှ ပူလောင်ခြင်း၊ ထုံကျဉ်ခြင်း၊ အားနည်းခြင်း၊ ပုခုံးနှင့် လက်မောင်းတွင် ပင်အပ်ငယ်များဖြင့် ထိုးသကဲ့သို့ ခံစားရခြင်း။ဖြစ်သည့်နေရာတွင်ပူနွေးခြင်း တို့ဖြစ်ပါတယ်။ခေါင်းကိုက်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ မူးဝေခြင်း၊ အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်းတို့ဖြစ်လျှင် ဦးနှောက်ထိခိုက်သည့် လက္ခဏာဖြစ်သည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။လက်အာရုံကြောအစုအဖွဲ့ကို ထိခိုက်မိခြင်းကြောင့် ဖြစ်သည်။ ခေါင်းကို ဘေးဘက် သို့မဟုတ် အောက်ဘက်သို့ အားနှင့် အတွန်းခံရလျှင် ဖြစ်လေ့ရှိသည်။ လည်ပင်းခေါက်သည့် အချိန်တွင် အနီးအနားရှိ အာရုံကြောညပ်မိခြင်းဖြစ်သည်။အာရုံကြောညပ်ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် တွန်းတိုက်ကစားရသည့် အားကစားနည်း ကစားသူများ။နပန်းပွဲ၊ ဘောလုံးပွဲများတွင် လဲသည့်အခါ ခေါင်းနှင့်ကျလျှင် ဖြစ်လေ့ရှိသည်။ အမေရိကန်ဘောလုံးကစားနည်းတွင် ပိတ်ဆို့ကစားခြင်းသည် အာရုံကြောညပ်နိုင်ခြေ အများဆုံးကစားပုံဟု ဆိုရမည်။ ဘောလုံးနောက်တမ်းကစားသမားများ၊ တိုက်စစ်မှူးများသည် ထိုဒဏ်ရာမျိုးပိုရလေ့ရှိသည်။ကျောရိုးအခေါင်းပေါက်ကျဉ်းခြင်း။တွန်းတိုက်ကစားရသည့် အားကစားအပြင် ကျောရိုးအခေါင်းပေါက်ကျဉ်းခြင်းကလည်း အာရုံကြောညပ်နိုင်ခြေ မြင့်မားစေသည်။ ခဏခဏ အာရုံကြောညပ်တတ်သော ကစားသမားများသည် ထိုသီု့မဖြစ်သည့် ကစားသမာများထက် ကျောရိုးအခေါင်းပေါက်ကျဉ်းနေတတ်သည်။အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာအာရုံကြောညပ်ခြင်းမဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က ရောဂါလက္ခဏာများနှင့် ဒဏ်ရာရရှိခဲ့ပုံအကြောင်း မေးမြန်းဆွေးနွေးပါမည်။ ဓါတ်မှန်၊ သံလိုက်ဓါတ်မှန်နှင့် အာရုံကြောစစ်ဆေးမှုများကို အများအားဖြင့် လုပ်လေ့မရှိပါ။အောက်ပါ လက္ခဏာများရှိပါက ထပ်ဆင့်စစ်ဆေးမှုများ လုပ်ရန်လိုအပ်သည်။သုံးလေးရက်ထက်ပို၍ လက်အားနည်းနေခြင်း။လည်ပင်းနာခြင်း။လက်နှစ်ဘက်လုံးတွင် ဝေဒနာခံစားရခြင်း။အကြောညပ်ခဲ့ဖူးသည့် ရာဇဝင်ရှိခြင်း။ကစားသမားကို နောက်ထပ်မထိခိုက်မိအောင် ထားပါ။ ရောဂါလက္ခဏာများ အရှင်းပျောက်သည်အထိ အားကစားပြန်လုပ်ခွင့် မရှိပါ။ မိနစ်အနည်းငယ်မှ သုံးလေးရက်အထိ ကြာနိုင်သည်။ လက်အားနည်းနေခြင်း၊။လည်ပင်းနာခြင်းရှိနေပါက လုံးဝပြန်မကစားသင့်ပါ။အချိန်နှင့်အမျှ သက်သာလာမည်ဖြစ်သော်လည်း သုံးလေးရက်အတွင်း မသက်သာလျှင် လှုပ်ရှားမှုအားပြန်ကောင်းရန် လေ့ကျင့်ခန်း/ကုထုံးဆရာနှင့် လေ့ကျင့်ရန် လိုသည်။အာရုံကြောခဏခဏ ညပ်တတ်ပါက ဆရာဝန်မှ အားကစားလုပ်နေစဉ် ဝတ်ဆင်ရန် အထူးလည်ပင်းကော်လာ၊ သို့မဟုတ် ပုခုံးထောက်များ ပေးလိမ့်မည်။ ဥပမာ ပုံမှန်ပုခုံးထောက်၏ အောက်တွင်ဝတ်ရသော spider pad နှင့် အထက်တွင်ဝတ်ရသော cowboy collar။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့်အာရုံကြောညပ်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။လည်ပင်းနဲ့ ပုခုံးကြွက်သားများကို တတ်နိုင်သမျှ သန်မာအောင်ထားပါ။ တောင့်မထားပါနှင့်။ သိုမှသာ ထိုနေရာများကို ထိခိုက်မိလျှင် ခံနိုင်ရည်ရှိမည်။အားကစားမလုပ်ခင် လည်ပင်းကြွက်သားများကို အကြောလျှော့ပေးပါ။အကာအကွယ် ကိရိယာများ တပ်ဆင်ပါ။ ဥပမာ ယခင်က အာရုံကြောညပ်ဖူးသူဖြစ်လျှင် ဘောလုံးသမာအတွက် လည်ပင်းကော်လာ၊ အထူးပြုလုပ်ထားသော ပုခုံးထောက်များ ဝတ်ဆင်ခြင်း။နည်းစနစ်မှန်မှန် ကစားတတ်အောင် သင်ယူပါ။ ဥပမာ ဘောလုံးကစားရာတွင် ခေါင်းနှင့်စတင် မဝင်ရန်။အာရုံကြောညပ်ပြီးပါက ပြန်ကစားရန် အချိန်ယူပါ။ အားနည်းနေခြင်း၊ ထုံကျဉ်ခြင်း၊ လည်ပင်းနာခြင်းတို့ဖြစ်ပါက ဝင်မကစားပါနှင့်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/peripheral-nervous-system-disorders/burners-and-stingers-%e1%80%a1%e1%80%ac%e1%80%9b%e1%80%af%e1%80%b6%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%8a%e1%80%95%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
Sciatica (ပေါင်တန်းခြင်း၊ အကြောညပ်ခြင်း စိုင်ရာတီကာ)
Sciatica (စိုင်ရာတီကာ) ဆိုတာ အာရုံကြောတစ်ခုဟာ ထိခိုက်ခံရလျှင် (သို့) အဆွခံရလျှင် ဖြစ်တဲ့ နာကျင်ခြင်းကိုသာ ဆိုလိုတာပါ။ အာရုံကြောဆိုတာက ခန္ဓါကိုယ်ထဲမှာ အရှည်ဆုံးဖြစ်ပြီး ကျောရိုးမကြီးကနေစပြီး တင်ပါးဆုံ နှင့် ခြေထောက်အနောက်ထိ ဆက်ဆင်းသွားပါတယ်။sciatica (စိုင်ရာတီကာ) ဆိုတာက အခြားရောဂါသက်သက်မဟုတ်ဘဲ အာရုံကြောရောဂါရဲ့ လက္ခဏာတစ်ခုသာဖြစ်ပြီး ၄ ပတ် မှ ၈ ပတ်လောက်ထိ ကုပြီးလျှင် သက်သာသွားတတ်ပါတယ်။ဖြစ်တဲ့ လူနာတွေကတော့ အသက်ကြီးရွယ်အိုတွေ၊ နာတာရှည် ဆီးချိုသမားတွေ၊ နှင့် အဝလွန်တဲ့ သူတွေဖြစ်ကြပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Sciatica (စိုင်ရာတီကာ) ရောဂါလက္ခဏာတွေက ဘာတွေလဲ။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် ချက်ချင်း ဆေးရုံတက်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။အဓိကဖြစ်စေတဲ့ အကြောင်းကတော့ ထိုးထွက်နေသော ကျောရိုးဆစ်တစ်ခုက အာရုံကြောကို တိုက်ရိုက် သွားဖိမိခြင်းကြောင့် ဖြစ်ပါတယ်။ ကျောရိုးဆစ်ဆိုတာ အပြင်က အမျှင်တစ်ရှူးလွှာ အုပ်ထားသော အထဲမှာ ဂျယ်လီလို ပစ္စည်များနဲ့ပြုလုပ်ထားတဲ့ အရာဖြစ်တယ်။ သူ့တာဝန်က ကျောရိုးကို ထိခိုက်မှု မရှိအောင် လုပ်ပေးတာဖြစ်သော်လည်း တစ်ခါတလေ သူ့ကြောင့် အဆစ်ကျွံခြင်းနှင့် အာရုံကြောဖိမိခြင်းတွေ ဖြစ်တတ်ပါတယ်။တခြားဖြစ်စေတဲ့ အရာတွေကတော့။ ။ osteoarthritis (အဆစ်အမြစ်ရောင်ခြင်း) က အာရုံကြောတွေကို ရောင်စေခြင်း သို့ ထိခိုက်စေခြင်း ဖြစ်စေသော်လည်း အကျိတ်တွေ၊ ကြွက်သားတွေ၊ သွေးထွက်ခြင်း၊ ရောဂါပိုးနှင့် ထိခိုက်မှု အထူးသဖြင့် တင်ပါးဆုံရိုးကျိုးခြင်းမှ ရလာတဲ့ နောက်ဆက်တွဲတွေက တော့ အာရုံကြောကို ထိခိုက်စေတာ ရှားပါတယ်။Spinal stenosis (ခါးဆစ်ရိုး အခေါင်းပေါက်ကျဉ်းခြင်း)က အာရုံကြောကို ဖိမိနိုင်တာကြောင့် sciatica (စိုင်ရာတီကာ) ကိုဖြစ်စေပါတယ်။sciatica (စိုင်ရာတီကာ) ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အထိုင်များခြင်း။ ။ အထိုင်များတာ ကလည်း ဒီရောဂါ ကို အဖြစ်များစေပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်တွေက သင့်အား ကျန်းမာရေးဆိုင်ရာ မေးခွန်းတွေ၊ လက်တွေ့စမ်းသပ်မှုတွေ လုပ်ပြီး ရောဂါအတည်ပြုနိုင်ပါတယ်။ တခြား စမ်းသပ်မှုတွေက သိပ်မလိုအပ်သော်လည်း ကုသသော်လည်း လက္ခဏာတွေ မသက်သာလျှင် သို့ ခွဲစိပ်ဖို့ စဉ်းစားထားလျှင် ကွန်ပျူတာ ဓါတ်မှန်၊ သံလိုက်ဓါတ်မှန် နှင့် တခြားစမ်းသပ်မှုတွေ လုပ်နိုင်ပါတယ်။Sciatica (စိုင်ရာတီကာ) ကုထုံးက ဖြစ်စေတဲ့ အကြောင်းရင်း နှင့် နာကျင်ခြင်းအဆင့် ပေါ်မူတည်ပါတယ်။ တချို့အခြေအနေတွေမှာ ကုသဖို့တောင် မလိုအပ်ပါဘူး။ရောင်နေ၊ နာနေတဲ့နေရာ ကို ရေနွေးအိတ် သို့ ရေခဲ ကပ်ပါ။ ဖြစ်ဖြစ်ချင်း ၄၈ နာရီ မှ ၇၂ နာရီအတွင်း ရေခဲကပ်သင့်ပြီး နောက်ပိုင်းတွင် ရေနွေးကပ်သင့်ပါတယ်။အရောင်နဲ့အနာ သက်သာစေရန် စတီးရွိုက်မပါတဲ့ အရောင်ကျဆေးတွေကို သုံးလို့ ရပါတယ်။ ဆရာဝန်က သင့်ကို ကြွက်သားပျော့ဆေးများ၊ စတီးရွိုက်သောက်ဆေး နဲ့ခါးဆစ်ရိုးထဲ စတီးရွိုက်ထိုးခြင်း စသည်ဖြင့် ပြုလုပ်ပေးနိုင်ပါတယ်။အပြင်းအထန် နာကျင်မှုမျိုးရှိနေလျှင် ဘိန်းပါတဲ့ အကိုက်အခဲပျောက်ဆေးအပြင်းစားတွေ လိုနိုင်ပါတယ်။ ဆရာဝန်က အနာသက်သာစေရန် သင့်ကို ရေနွေးနှင့် ရေခဲကို တစ်လှည့်စီ သုံးပြီး နှိပ်နယ်ခြင်းကိုလည်း လုပ်ခိုင်းပါလိမ့်မယ်။ သို့သော်လည်း အကိုက်အခဲ ပျောက်ဆေးတော်တော်များများက ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ စတီးရွိုက် မပါတဲံ့ အရောင်ကျဆေးတွေက ဝမ်းဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ အစာအိမ်အနာပေါက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ နှင့် အကြားအာရုံထိခိုက်ခြင်း သို့ အဖုအပိန့်တွေ ထွက်စေနိုင်ပါတယ်။ဆရာဝန်က သင့်ကို အနာသက်သာစေရန် ကာယ ကုထုံး လေ့ကျင့်ခန်းတွေလည်း လုပ်ခိုင်းနိုင်ပါတယ်။တကယ်လို့ အပေါ်က ကုသမှုတွေနဲ့ မသက်သာလျှင် သို့ ပိုဆိုးလာလျှင် စိုင်ရာတစ်အာရုံကြော (sciatic nerve) ကို သွားဆွနေတဲ့ကျောရိုးဆစ် အပိုင်းအစ အကိုင်းအခက်ကို ခွဲစိပ်ပြီး ဖယ်ထုတ်ဖို့ လိုပါလိမ့်မယ်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက sciatica (စိုင်ရာတီကာ)ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် sciatica (စိုင်ရာတီကာ) ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/peripheral-nervous-system-disorders/sciatica-%e1%80%95%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%90%e1%80%94%e1%80%ba%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%81%8a-%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac/
null
null
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/alopecia-%e1%80%86%e1%80%b6%e1%80%95%e1%80%84%e1%80%b9%e1%80%80%e1%81%bd%e1%80%bc%e1%80%90%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%81%8a%e1%80%91%e1%80%ad%e1%80%95%e1%80%b9%e1%80%b1/
null
null
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/%e1%80%90%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%be%e1%80%80%e1%80%ac%e1%80%80%e1%80%bd%e1%80%9a%e1%80%ba%e1%80%95%e1%80%b1%e1%80%b8%e1%80%94%e1%80%ad%e1%80%af/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/goat-milk/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%9c%e1%80%b0%e1%80%9e%e1%80%ad%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%86%e1%80%ad%e1%80%90%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%b7%e1%80%9b%e1%80%b2%e1%80%b7/
Ocular migraine (အမြင်အာရုံနှင့်ပတ်သတ်သော ခေါင်းတစ်ခြမ်းကိုက်ရောဂါ)
အမြင်အာရုံဆိုင်ရာ လက္ခဏာများ ပါဝင်တဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ရိုးရိုးခေါင်းတခြမ်းကိုက်ရောဂါလို နာကျင်ခြင်းမျိုး ရှိချင်မှရှိပါလိမ့်မယ်။အမြင်အာရုံနှင့်ပတ်သတ်သော ခေါင်းတစ်ခြမ်းကိုက်ရောဂါဖြစ်လျှင် သင့်မျက်လုံးထဲမှာ အလင်းရောင်ပြိုးပြိုးပြက်ပက်များ၊ အကွေ့အကောက်လိုင်းများ၊ ကြယ်များကို မြင်နေပါလိမ့်မယ်။ အချို့ကလည်း ထင်ယောင်မြင်မှား ဖြစ်နေတယ်လို့ပြောကြပါတယ်။ သင့်မြင်ကွင်းရဲ့ တစ်နေရာရာကို မမြင်ရတော့တာလည်း ဖြစ်နိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်လူနာ ၅ယောက်မှာ ၁ယောက်ဟာ အမြင်အာရုံဆိုင်ရာ လက္ခဏာများခံစားနေရပါတယ်။ဒီရောဂါဟာ သင့်ရဲ့ စာရေး၊ စာဖတ်၊ ကားမောင်းစတဲ့ အလုပ်များလုပ်နိုင်စွမ်းကို ကျဆင်းစေတတ်ပါတယ်။ ရောဂါလက္ခဏာများဟာ ယာယီသာဖြစ်လို့ စိုးရိမ်စရာတော့ မရှိပါဘူး။အမြင်အာရုံနှင့်ပတ်သတ်သော ခေါင်းတစ်ခြမ်းကိုက်ရောဂါကို မြင်လွှာထိခိုက်သော ခေါင်းတခြမ်းကိုက်ရောဂါနဲ့မှားတတ်ပါတယ်။ တကယ်တော့ ဒီရောဂါနှစ်ခုဟာ မတူပါ။ မြင်လွှာထိခိုက်သော ခေါင်းတခြမ်းကိုက်ရောဂါဟာ ရှားပါးပြီး မျက်လုံးတစ်ဘက်တည်းမှာ ဖြစ်တတ်ပါတယ်။ မျက်လုံးတစ်ဘက် မမြင်ရတော့ခြင်းဟာ အရေးကြီးတဲ့ရောဂါလက္ခဏာဖြစ်လို့ အကြောင်းရင်းကိုသိဖို့ ဆေးကုသမှုခံယူသင့်ပါတယ်။ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အမြင်အာရုံထိခိုက်စေသော ခေါင်းတစ်ခြမ်းကိုက်ရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။မျက်လုံးတစ်ဘက်မှာ လျှပ်စီးလက်သလို အလင်းရောင်များမြင်ခြင်း၊ သင့်မြင်ကွင်းထဲက တစ်နေရာကို မမြင်ရတော့ခြင်း၊ မျက်လုံးတစ်ဘက် လုံးဝမမြင်ရတော့ခြင်းတို့ ဖြစ်နိုင်ပါတယ်။ အမြင်အာရုံထိခိုက်စေသော ခေါင်းတစ်ခြမ်းကိုက်ရောဂါဟာ အခြားအမျိုးအစားတွေနဲ့မတူဘဲ မျက်လုံးတစ်ဘက်ကိုသာ ထိခိုက်စေပါတယ်။ လျှပ်စီးလက်သလို အလင်းရောင်များမြင်ခြင်း၊ အမြင်အာရုံထိခိုက်ခြင်းတို့ကို မျက်လုံးတစ်ဘက်တည်းမှာဖြစ်သလား နှစ်ဘက်လုံးမှာဖြစ်သလား ခွဲခြားပြောနိုင်ရန်မလွယ်ပါ။ မျက်လုံးတစ်ဘက်စီကို တစ်လှည့်စီအုပ်ပြီး စမ်းကြည့်နိုင်ပါတယ်။ခေါင်းကိုက်ချိန်ဟာ ၄နာရီမှ ၇၂နာရီ အထိ ကြာတတ်ပါတယ်။ခေါင်းတစ်ခြမ်းတည်းကိုက်ခြင်း။အတော်အသင့်မှ အလွန်နာကျင်ခြင်း။သွေးခုန်ချက်နှင့်အညီနာခြင်း။လှုပ်ရှားသွားလာနေလျှင်ပိုဆိုးခြင်း တို့ဖြစ်တတ်ပါတယ်။အခြားလက္ခဏာများကတော့ ပျို့ခြင်း၊ အန်ခြင်း၊ အလင်းရောင်/ဆူညံသံတို့ကို မခံနိုင်ခြင်းတို့ ဖြစ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ပညာရှင်များပင် အမြင်အာရုံနှင့်ပတ်သတ်သော ခေါင်းတစ်ခြမ်းကိုက်ရောဂါဖြစ်စေသည့် အကြောင်းအရင်းကို သေချာမသိပါ။ အချို့ကလည်း မျက်လုံးအနောက်ပိုင်းမှာရှိတဲ့ မြင်လွှာရှိသွေးကြောလေးများ ကျဉ်းခြင်း၊ မြင်လွှာရှိ အာရုံကြောဆဲလ်များ ထိခိုက်ခြင်းကြောင့်လို့ ယူဆကြပါတယ်။ရှားရှားပါးပါးဒီရောဂါရှိသူ အချို့မှာ မျက်လုံးတစ်ဘက် လုံးဝကွယ်သွားနိုင်ခြေရှိပါတယ်။ ခေါင်းတခြမ်းကိုက်ရောဂါကို ကာကွယ်နိုင်တဲ့ စိတ်ကျရောဂါ/အတက်ရောဂါကုသဆေးများဟာ အမြင်အာရုံဆုံးရှုံးခြင်းကို ကာကွယ်နိုင်ခြင်းရှိ၊မရှိ မသိကြပါ။ သင့်မှာ အမြင်အာရုံနှင့်ပတ်သတ်သော ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိနေလျှင် ရောဂါအလိုလိုသက်သာသွားသည့်တိုင် ဆရာဝန်နှင့်တော့ သွားရောက်တိုင်ပင်သင့်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က ရောဂါလက္ခဏာများ အကြောင်းမေးပြီး မျက်လုံးကို စမ်းသပ်စစ်ဆေးပါမယ်။ ဒီလိုဖြစ်စေနိုင်တဲ့ အခြားအကြောင်းတွေဖြစ်တဲ့။စသည်တို့ ရှိမရှိ စစ်ဆေးပါမယ်။မိနစ်၃၀အတွင်း သက်သာသွားလေ့ရှိတဲ့အတွက် အများစုက ကုသရန် မလိုပါ။ လုပ်လက်စအလုပ်ကို ရပ်လိုက်ပြီး အမြင်အာရုံပုံမှန်ပြန်ဖြစ်သည်အထိ မျက်လုံးကို အနားပေးလိုက်ပါ။ ခေါင်းကိုက်လျှင် ဆရာဝန်ညွှန်ကြားသည့် အကိုက်အခဲပျောက်ဆေး သောက်ပါ။အမြင်အာရုံနှင့်ပတ်သတ်သော ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ကာကွယ်ကုသဖို့ အကောင်းဆုံးနည်းလမ်းရှာဖွေတဲ့ သုတေသန အနည်းငယ်သာရှိပါသေးတယ်။ သင့်ဆရာဝန်ကတော့ ဆေးတစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပိုပြီးပေးပါလိမ့်မယ်။အက်စ်ပရင်။Amitriptyline, nortriptyline စတဲ့ စိတ်ကျရောဂါအတွက် ဆေးများ။Beta blocker သွေးပေါင်ကျဆေးများ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် အမြင်အာရုံနှင့်ပတ်သတ်သော ခေါင်းတစ်ခြမ်းကိုက်ရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/ocular-migraine-%e1%80%a1%e1%80%99%e1%80%bc%e1%80%84%e1%80%ba%e1%80%a1%e1%80%ac%e1%80%9b%e1%80%af%e1%80%b6%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%95%e1%80%90%e1%80%ba%e1%80%9e%e1%80%90/
သွားကျန်းမာရေးကို အများဆုံးထိခိုက်စေသော အစားအစာ ၈ မျိုး
သင့်ကျန်းမာရေးဟာ သင်စားနေတဲ့အရာတွေပေါ် မူတည်တယ်လို့ အဆိုရှိပါတယ်။ သင့်ရဲ့သွားကျန်းမာရေးအတွက်ဆိုလည်း အလားတူပါပဲ။ သင်စားသုံးလိုက်တဲ့ အရာတွေဟာ သင့်သွားနဲ့ခံတွင်းကျန်းမာရေးအပေါ် သက်ရောက်မှု ရှိပါတယ်။ အချို့သော အစားအသောက်များဟာ သွားကျောက်တည်ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ သွားကျောက်များမှာ ဘက်တီးရီးယားတွေလည်း ကပ်ငြိနေနိုင်ပြီးသွားဖုံးရောဂါများနဲ့ သွားပျက်စီးခြင်းကို ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် အချိုဓာတ်ကဲတဲ့ အစားအသောက်တွေဟာ ဘက်တီးရီးယားတွေဆီကနေ အက်ဆစ်များထွက်လာစေပြီး သွားများရဲ့အပေါ်ယံကြွေလွှာကို ပျက်စီးစေပါတယ်။ သွားပိုးစားခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။သွားပိုးပေါက်များဟာ သွားကိုက်စေခြင်း၊ ကြိတ်ဝါးရခက်ခြင်း၊ သွားဖုံးပြည်တည်ခြင်း စတဲ့နောက်ဆက်တွဲပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။ ပုံမှန် သွားတိုက်ခြင်း၊သွားပွတ်ကြိုးသုံးခြင်း မရှိတဲ့အခါ သွားကျောက်တည်ခြင်း ပိုမိုဆိုးရွားလာပြီး ရေစီးကမ်းပြိုပြဿနာတွေပါ ဖြစ်လာစေနိုင်ပါတယ်။ အဆိုပါပြဿနာတွေကို ရှောင်ရှားနိုင်ဖို့ အစားအစာတွေကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ယခု ဆက်လက်ဖော်ပြမှာကတော့ သွားကျန်းမာရေးကို အများဆုံးဒုက္ခပေးတဲ့ အစားအစာတွေ ဖြစ်ပါတယ်။၁။ အချဉ်ဓာတ်ကဲသောချိုချဉ်များ။ချိုချဉ်သကြားလုံးများဟာ ခံတွင်းကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာကို အတော်များများ သိကြပါတယ်။ တကယ်တော့ အချဉ်ဓာတ်ကဲတဲ့ သကြားလုံးများဟာ အက်ဆစ်ဓာတ်ပါဝင်ပြီး သွားကို ပိုပြီး ဒုက္ခပေးတတ်ပါတယ်။ ဒါ့အပြင် ဝါးစားရတဲ့အတွက်ကြောင့် သွားမျက်နှာပြင်တွေပေါ်မှာ အချိန်ကြာမြင့်စွာ ကပ်ငြိနေနိုင်ပါတယ်။ အဲဒီအခါ သွားများကို ပိုမိုပျက်စီးစေပါတယ်။ ချိုတဲ့အရာတွေကို မစားရမနေနိုင်ရင်တော့ သကြားလုံးအစား ချောကလက်ကို ပြောင်းပြီး စားသုံးဖို့အကြံပြုလိုပါတယ်။ချောကလက်ဟာ လျင်မြန်စွာ ဝါးစားနိုင်တဲ့အပြင် အာလုတ်ကျင်းပြီးတော့လည်း အလွယ်တကူ သန့်စင်နိုင်ပါတယ်။၂။ပေါင်မုန့်များ။စူပါမားကတ်များမှာ ပေါင်မုန့်တန်းဖက်ရောက်ပြီး ဝယ်ဖို့စိတ်ကူးပေါက်ရင် နှစ်ခါပြန်စဉ်းစားစေချင်ပါတယ်။ အကြောင်းကတော့ ပေါင်မုန့်ကို စားချိန်မှာ သင့်ရဲ့တံတွေးများဟာ ပေါင်မုန့်က ကစီဓာတ်ကို သကြားများအဖြစ် ချေဖျက်ပေးပါတယ်။ ပေါင်မုန့်ဖတ်အကြွင်းအကျန်များဟာ သွားကြားထဲကို ရောက်သွားပြီး ကြွေလွှာတွေကို ဒုက္ခပေးပါတယ်။ ဒါကြောင့် ပေါင်မုန့်ကြိုက်တတ်သူဆိုရင်တော့ အဆင့်ဆင့်ပြုပြင်ပြီး အချိုဓာတ်တွေ ထည့်သွင်းထားတဲ့ ပေါင်မုန့်တွေကို တတ်နိုင်သလောက် ရှောင်ကြဉ်ပြီး ပေါင်မုန့်ကြမ်း၊ ပေါင်မုန့်ညိုကိုသာ ရွေးချယ်စားသုံးဖို့ အကြုံပြုလိုပါတယ်။၃။အရက်။အရက်သောက်ခြင်းဟာ အာခေါင်နဲ့ခံတွင်းကို ခြောက်သွေ့စေပါတယ်။ ခံတွင်းခြောက်သွေ့ခြင်းဟာ သွားကျန်းမာရေးကို ထိခိုက်စေပါတယ်။ သွားများပျက်စီးခြင်း၊ သွားဖုံးရောဂါဖြစ်ခြင်း၊ ခံတွင်း ရောဂါပိုးဝင်ခြင်းများကို ဦးတည်စေပါတယ်။ ဒါကြောင့် ခံတွင်းကို ရေဓာတ်ကောင်းစွာရနေအောင် ရေများများသောက်သင့်ပါတယ်။၄။ ကာဗွန်ထည့်ထားသောအချိုရည်များ။ကာဗွန်ဖြည့်ထားတဲ့ ဆိုဒါများသောက်သုံးခြင်းဟာ သွားကျောက်တွေကနေ အက်ဆစ်ဓာတ် ပိုမိုထွက်လာစေပြီး သွားကြွေလွှာကို ပျက်စီးစေပါတယ်။ ဒါ့အပြင် အဆိုပါအချိုရည်များဟာ အာခေါင်ခြောက်သွေ့စေပါတယ်။ အရောင်ရင့်တဲ့ အချိုရည်များဟာ သွားများကို အစွန်းအထင်း ဖြစ်ပေါ်စေတတ်ပါသေးတယ်။ ဒါကြောင့် အချိုရည်သောက်ပြီးရင် အနည်းငယ်ကြာရင် သွားနဲ့ခံတွင်း သန့်ရှင်းရေးပြုလုပ်ပါ။ သောက်ပြီးပြီးချင်းသွားတိုက်ရင်တော့ ပိုပျက်စီးတတ်ပါတယ်။၅။ရေခဲ။မာကြောတဲ့အရာများကို ကိုက်ဝါးခြင်းဟာ သွားရဲ့အပေါ်ယံလွှာကို ပျက်စီးစေတတ်ပါတယ်။ ကျိုးပဲ့ခြင်း၊ ယိုင်နဲ့ခြင်းလည်း ဖြစ်ပေါ်စေတတ်ပါတယ်။ ရေခဲရဲ့ အေးမြခြင်းဟာ အာရုံကြောတွေကို ထုံကျဉ်စေနိုင်ပါတယ်။ သင့်ကျန်းမာရေးအတွက် ရေခဲကို ဝါးစားခြင်း မပြုပါနဲ့။၆။ချဉ်သော အသီးများ။လိမ္မော်သီး၊ ဂရိတ်ဖရု၊ လီမွန် စတဲ့အသီးများဟာ အသီးအနေနဲ့ရော ဖျော်ရည်အနေနဲ့ပါ လူကြိုက်များကြပါတယ်။ အဆိုပါ အသီးအနှံတွေမှာ ဗီတာမင်စီ ကြွယ်ဝပါတယ်။ ဒါပေမယ့် သတိပြုရမယ့် တချက်က ဒီအသီးအနှံတွေမှာပါတဲ့ အက်ဆစ်ဓာတ်ဟာ သွားရဲ့အပေါ်ယံကြွေလွှာကို ပျက်စီးစေတတ်ပြီး သွားများကို ဆွေးမြေ့လွယ်စေပါတယ်။ အဆိုပါ အသီးအနှံတွေကို စားသုံးချင်ရင်၊ ဖျော်ရည်တွေကို သောက်သုံးချင်ရင် ထမင်းစားသောက်ချိန်နဲ့ သိပ်မကွာစေဘဲ စားသောက်ပြီးချိန်မှာလည်း ပလုတ်ကျင်းတာမျိုး ပြုလုပ်သင့်ပါတယ်။၇။အာလူးကြော်။အာလူးကြော်ဟာ အသင့်စား စားစရာအနေနဲ့ အတော်များများ စားသုံးကြပါတယ်။ သူတို့မှာပါတဲ့ ကစီဓာတ်ဟာ သွားကြားတွေရဲ့ရောက်နေပြီး သွားကျောက်တည်ခြင်းကို ဖြစ်စေတတ်ပါတယ်။ သေချာစွာ သန့်ရှင်းရေး မပြုလုပ်ရင် အက်ဆစ်ဓာတ်များပါ ထွက်ပေါ်လာတတ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ သွားပွတ်ကြိုး သုံးသင့်ပါတယ်။၈။အသီးခြောက်များ။အသီးခြောက်များဟာ သရေစာတွေထဲမှာ ကျန်းမာရေးနဲ့ ကိုက်ညီတယ်လို့ လက်ခံထားကြပါတယ်။ သကြားဓာတ်ပါတဲ့ အဆိုပါအစားအစာတွေဟာ သွားကြိုသွားကြားတွေထဲမှာ ခိုအောင်းပြီး သွားကို ဒုက္ခပေးတတ်ပါတယ်။ အသီးခြောက်တွေကို စားမယ်ဆိုရင် အချိုဓာတ်နည်းတဲ့ စားစရာတွေကို ရွေးချယ်စားသုံးပါ။…။အထက်ပါ အစားအသောက်တွေကို လေ့လာကြည့်မယ်ဆိုရင် အများစုဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရဖြစ်စေတဲ့ စားစရာတွေဖြစ်တာကို သတိပြုမိပါလိမ့်မယ်။ သွားကျန်းမာရေးအတွက်တော့ သတိထားရပါမယ်။ဒါပေမယ့် လုံးဝရှောင်ကြဉ်ရမယ်လို့ မဆိုလိုပါဘူး။ ဒီအာဟာရဓာတ်တွေကိုကိုယ်ခန္ဓာက လိုအပ်ပါသေးတယ်။ စားသုံးပြီးချိန်မှာသာ သွားနဲ့ခံတွင်းထဲမှာ အကြွင်းအကျန်တွေ ကျန်ရစ်မနေအောင် ပုံမှန် သန့်ရှင်းရေးပြုလုပ်ဖို့ကသာ အရေးကြီးပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%99%e1%80%bb%e1%80%ac%e1%80%b8/
ပေါင်မုန့်က ပေးစွမ်းနိုင်တဲ့ ကျန်းမာရေးအာနိသင်
ပေါင်မုန့်ကို ပုံစံအမျိုးမျိုး ထုတ်လုပ်တဲ့အပြင် အရသာအမျိုးမျိုး ထည့်ပြီးတော့လည်း ထုတ်လုပ်ရောင်းချကြပါတယ်။ ပေါင်မုန့်ဆိုရင် အဖြူပဲဖြစ်ဖြစ်၊ အညိုပဲ ဖြစ်ဖြစ် ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ ပုံမှန်အားဖြင့်တော့ ပေါင်မုန့်ကို မနက်စာအဖြစ် စားကြပြီး နေ့လည်ခင်း အဆာပြေအနေနဲ့လည်း စားပါတယ်။ အရသာ အမျိုးမျိုးနဲ့ စားလို့ရတဲ့ ပေါင်မုန့်ရဲ့ အကျိုးအာနိသင်တွေကို ဖတ်ကြည့်ပါဦးနော်။ပေါင်မုန့်မှာ ကာဗိုလ်ဟိုက်ဒရိတ်တွေ များများ ပါဝင်တာကြောင့် ခန္ဓါကိုယ်စွမ်းအင်တွေ ရရှိဖို့ အထောက်အကူပြုပါတယ်။ ပေါင်မုန့်ကို မနက်စာအဖြစ် စားသုံးမယ်ဆိုရင် တစ်နေ့လုံး အားပြည့်စေဖို့ ကူညီပေးမှာ ဖြစ်ပြီး လုပ်ငန်းဆောင်တာတွေကိုလည်း တိုးတက်စေပါတယ်။ ပေါင်မုန့်စားပေးမယ်ဆိုရင်တော့ ကာဗိုလ်ဟိုက်ဒရိတ် (၄၅%ကနေ ၆၅%) လောက်အထိ ရရှိနိုင်ပါတယ်။ပေါင်မုန့်ဟာ ဂျုံနဲ့ ပြုလုပ်ထားတာဖြစ်တာကြောင့် အမျှင်ဓါတ်လည်း များများ ပါဝင်ပါတယ်။ အားလုံးသိထားတဲ့အတိုင်းပဲ အမျှင်ဓါတ်ဟာ အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ ပေါင်မုန့်ကို ပျော့အောင်လုပ်ပြီး စားတာဟာ အူမကြီးဆီ ဖြတ်သွားဖို့ ပိုလွယ်ကူစေပါတယ်။ပေါင်မုန့်မှာ အမျှင်ဓါတ်ပါဝင်တာဟာ Irritable bowel syndrome ကိုလည်း ပြေလျော့စေနိုင်ပါသေးတယ်။ အစာခြေလမ်းကြောင်း(အထူးသဖြင့် အူမကြီး) မှာ ဖြစ်တတ်ပါတယ်။ အူအညစ်အကြေးတွေ စွန့်ပစ်ခြင်းမှာ ပြဿနာ မရှိအောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အမျှင်ဓါတ်ပါဝင်တဲ့ ပေါင်မုန့်( ၂၅ ဂရမ် ကနေ ၅၀ဂရမ်) စားပေးသင့်ပါတယ်။ဂျုံနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်ဟာ အစာခြေစနစ်ကို အကျိုးပြုရုံသာမက နှလုံးရောဂါ ဖြစ်ခြင်းကိုပါ လျှော့ချပေးပါတယ်။ American Journal of Clinical Nutrition ကတော့ ပေါင်မုန့်စားသုံးခြင်းဟာ နှလုံးရောဂါနဲ့ဆိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးတယ်လို့ ဆိုထားပါတယ်။ပေါင်မုန့်စားသုံးခြင်းဟာ ဦးနှောက် ပျက်စီးခြင်းကို ကာကွယ်ပေးတဲ့အပြင် ဗီတာမင် E လည်း ပါဝင်တာကြောင့် အသားအရေကိုလည်း ကောင်းမွန်စေပါတယ်။ အရေပြားကို ပျက်စီးစေတဲ့ free radicals ပါဝင်တာကို ဗီတာမင် E မှာ ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်မှုက တွန်းလှန်နိုင်ပါတယ်။လူတိုင်း လူတိုင်း မနက်မိုးလင်းပြီဆိုတာနဲ့ မှတ်စရာတွေ၊ အလုပ်တွေများပြီး ဦးနှောက်က အရမ်းကို အလုပ်လုပ်ရပါပြီ။ ဒီလိုဆိုရင်တော့ ဦးနှောက်မှတ်ဉာဏ် လုပ်ငန်းဆောင်တာတွေ တိုးတက်စေဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓါတ်တွေ လိုပါတယ်။ ဒီလိုအရာတွေကို ပေါင်မုန့်က ပေးစွမ်းနိုင်ပါတယ်။ပေါင်မုန့်မှာ အမျှင်ဓါတ်နဲ့ ဓါတ်တိုးဆန့်ကျင်မှုတွေ ပါဝင်တာဟာ ကင်ဆာရောဂါကို ကာကွယ်ပေးသလို တွန်းလှန်နိုင်စွမ်းလည်း ရှိပါတယ်။ ပေါင်မုန့်စားမယ်ဆိုရင် အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ခန္ဓါကိုယ်တစ်ခုလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်ဖို့အတွက် ဇီဝဖြစ်ပျက်မှု မှန်ကန်နေဖို့ လိုပါတယ်။ ပေါင်မုန့်မှာ ဗီတာမင် ဘီ ပါဝင်ခြင်းဟာ ဇီဝဖြစ်ပျက်မှုကို ထိန်းထားပေးနိုင်ပါတယ်။ ဗီတာမင်ဘီဟာ ဇီဝဖြစ်ပျက်မှု လုပ်ငန်းစဉ်မှာ လိုအပ်တဲ့ အင်ဇိုင်းတွေလိုမျိုး လုပ်ဆောင်နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%95%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%99%e1%80%af%e1%80%94%e1%80%b7%e1%80%ba%e1%80%80-%e1%80%95%e1%80%b1%e1%80%b8%e1%80%85%e1%80%bd%e1%80%99%e1%80%ba%e1%80%b8%e1%80%94%e1%80%ad%e1%80%af/
မျိုးဥကြွေခြင်းအကြောင်း သိကောင်းစရာများ
ဓမ္မတာကို ပထမဆုံးကြုံဖူးပြီးချိန်မှာ မိန်းကလေးအများဟာ အမျိုးသမီးများ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အတော်လေး သိသွားကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကို မှန်ကန်စွာ တွက်ဆလိုသူများအဖို့ မျိုးဥကြွေခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို မေ့ထားလို့ မရပါဘူး။ဒီဆောင်းပါးမှာ မျိုးဥကြေါခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ကို မိတ်ဆက်ပေးထားပါတယ်။ဓမ္မတာလာစဉ်မှာ သေချာစွာ သတိထားမိရင် သားအိမ်ခေါင်းမှ ထွက်တဲ့အရည်တွေ ပြောင်းလဲမှုရှိတာ သိနိုင်ပါတယ်။ အရည်များဟာ ပိုမို စေးကပ်လာပါတယ်။ ကြက်ဥအကာနဲ့ တူလာပါတယ်။ တစ်ခါတရံမှာ မတွေ့ရဘဲလည်း ရှိတတ်ပါတယ်။ သားအိမ်ခေါင်းအရည်ကြည်ကို မတွေ့ရရင် ဒါဟာ မျိုးအောင်နိုင်တဲ့အချိန် မဟုတ်နိုင်ပါဘူး။သားအိမ်ခေါင်း အရည်ကြည်ဟာ ကြက်ဥအကာနဲ့ တူနေရင်တော့ ဒါဟာ ကလေးရနိုင်ခြေ အများဆုံးအချိန်လို့ သတ်မှတ်နိုင်ပါတယ်။ ဒါဟာ အမျိုးသမီးတစ်ဦးချင်းစီရဲ့ အခြေအနေပေါ်လည်း မူတည်ပါသေးတယ်။ မျိုးဥကြွေချိန်ဟုတ်မဟုတ် သိနိုင်ဖို့ အထောက်အကူရတဲ့ အချက်လည်း ဖြစ်ပါတယ်။သားအိမ်ခေါင်းအရည်ကြည်တွေ ပိုမိုစိုရွှဲလာရင် သုက်ပိုးတွေအနေနဲ့ မျိုးဥဆီရောက်ဖို့ ပိုမိုလွယ်ကူလာပါတယ်။ သုက်ပိုးနဲ့မျိုးဥ တွေ့ဆုံနေချိန်မှာလည်း သုက်ပိုးကို အကာအကွယ် ပေးပါတယ်။သားအိမ်ခေါင်းရဲ့ စိတ်ဝင်စားဖွယ် အပြောင်းအလဲကတော့ ပိုပြီး နူးညံ့ခြင်း၊ မြင့်တက်ပြီး ကျယ်ပြန့်လာခြင်း၊ ချောမွတ်လာခြင်းပဲ ဖြစ်ပါတယ်။ မိန်းမကိုယ်လမ်းကြောင်းဟာလည်း ပိုပြီး စိုစွတ်ချောမွေ့လာပါတယ်။ ဒါဟာ လိင်မှုဆန္ဒကို ပိုပြီးထက်သန်လာစေပြီး အတူနေချိန်မှာ သာယာမှုကို ပိုပြီးဖြစ်စေပါတယ်။မျိုးဥကြွေချိန်မှာ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် အမျိုးသမီးများဟာ အနံ့ခံနိုင်ခြင်းဟာ ပိုမိုပြီး အားကောင်းလာပါတယ်။ အရင်က သိပ်မရဖူးတဲ့ အနံ့တွေရလာပြီး အမျိုးအမည် ခွဲလာနိုင်ပါတယ်။ တခြားအာရုံတွေဖြစ်တဲ့ အရသာခံနိုင်ခြင်းနဲ့ အမြင်အာရုံများလည်း မြင့်မားလာပါတယ်။ပုံမှန်အားဖြင့်တော့ အမျိုးသမီးတစ်ယောက်ဟာ မျိုးဥကြွေချိန်မှာ မျိုးဥတစ်လုံးပဲ ကြွေပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ အမျိုးသမီးတချို့ဟာ မျိုးဥနှစ်လုံး ဒါမှမဟုတ် ဒီထက်ပိုပြီး ကြွေနိုင်ပါတယ်။ အဲဒီအခါ ၂မြွှာပူး၊ ၃မြွှာပူးတွေ ရလာနိုင်ပါတယ်။ ဒီလိုအချိန်ဟာ ၂၄နာရီပဲ ကြာမြင့်တတ်ပါတယ်။ ပြီးရင်တော့ ကိုယ်ခန္ဓာရဲ့အပူချိန်ဟာ တက်လာပြီး ပရိုဂျက်စထရုန်း ဟော်မုန်းပမာဏ ပိုမိုမြင့်လာစေပြီး မျိုးဥကြွေခြင်းကို ရပ်တန့်ပေးပါတယ်။ကိုယ်ဝန်တားဆေးသောက်ပြီးတဲ့အခါ အီစထရိုဂျင်နဲ့ ပရိုဂျက်စတင်ဟော်မုန်းများဟာ မျိုးဥကို မကြွေစေဘဲ ထိန်းသိမ်းထားပါတယ်။ အရေးပေါ် ကိုယ်ဝန်တားဆေးများဟာ မျိုးဥနဲ့ သုက်ပိုးကို တွေ့ဆုံခြင်း မရှိစေဘဲ မျိုးဥကြွေခြင်းဖြစ်စဉ်အပေါ် တိုက်ရိုက်သက်ရောက်မှုဖြစ်စေပါတယ်။မျိုးဥကြွေခြင်းနဲ့ ပတ်သက်ပြီး ပိုမိုသိလိုတာရှိရင် သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုသိတဲ့ ကုသမှုမှာ ပါဝင်သူများနဲ့ ဆွေးနွေးတိုင်ပင်ပါ။ မျိုးဥကြွေချိန်ကို အတိအကျသိရမယ့် နည်းလမ်းတွေကို ပြောပြပါလိမ့်မယ်။ ကိုယ်ခန္ဓာမှ အချက်ပြမှုများပေါ် မူတည်ပြီး လိုက်ပါပြင်ဆင်ဆောင်ရွက်ခြင်းအားဖြင့် ကျန်းမာရေးကို ကောင်းမွန်စေပါလိမ့်မယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%a5%e1%80%80%e1%80%bc%e1%80%bd%e1%80%b1%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/
ဘေဘီလေးတွေကို လက်သည်းညှပ်ပေးမယ်ဆိုရင်
လူတိုင်းကျန်းမာဖို့အတွက်တစ်ကိုယ်ရေသန့်ရှင်းရေးက အရေးကြီးတယ် ဆိုတာကို ပြောစရာမလိုအောင်ကို သိထားပြီး ဖြစ်မယ်ထင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး ဆိုတဲ့ နေရာမှာလည်း ခေါင်းအစခြေအဆုံး သန့်ရှင်းဖို့ လိုပါမယ်။ ခြေသည်းလက်သည်းတွေ ကိုလည်း မေ့ထားလို့ မဖြစ်ပြန်ပါဘူး။ခြေသည်းလက်သည်းတွေ ရှည်လာတဲ့အခါ လက်သည်းတွေကြားမှာ မသန့်ရှင်းတဲ့အရာတွေ ကပ်ညှိပြီး လက်ကနေတဆင့် ပါးစပ်ထဲဝင်သွားရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ဘေဘီလေးတွေကိုလည်း ရောဂါကင်းတဲ့ ကလေးလေးတွေအဖြစ် ကြီးပြင်းလာစေဖို့အတွက် ငယ်စဉ်ကတည်းက လက်သည်းတွေကို သေချာသန့်စင်ပေးဖို့ လိုပါမယ်။လူတွေက ကိုယ့်လက်သည်းကို ကိုယ်တိုင်ညှပ်ကြတာများပါတယ်။ ကိုယ့်လက်သည်းခြေသည်းတွေကိုကိုယ်တိုင်ညှပ်တဲ့အခါ သိပ်ပြဿနာ မရှိပေမယ့် ကလေးတွေရဲ့လက်သည်းကို ညှပ်ပေးဖို့ကျတော့ မတော်တဆ ထိခိုက်သွားမှာကိုစိုးရိမ်ကြပါတယ်။ ဒါကြောင့် အခုတစ်ခေါက် ဘေဘီလေးတွေကို လက်သည်းညှပ်ပေးမယ်ဆိုရင် ဘယ်အချက်လေးတွေကို သတိထားရမလဲ ဆိုတာကို ပြောပြပေးပါရစေ။ကလေးလေးတွေရဲ့ လက်သည်းလေးတွေက အရမ်းမာနေတာမျိုးလည်း မဟုတ်သလို ငယ်သေးတဲ့အရွယ်ဆိုရင် ညစ်ပေတာတွေနဲ့ ထိတွေ့နိုင်ခြေကလည်း နည်းတယ်ဆိုပေမယ့် မတော်တဆ ကုတ်ခြစ်မိတာမျိုး ဖြစ်နိုင်တာကြောင့် လက်သည်းလေးတွေကို သေချာညှပ်ပေးထားဖို့ လိုပါမယ်။ ဘေဘီလေးတွေကို လက်သည်းညှပ်ပေးမယ်ဆိုရင်ဒီအချက်လေးတွေကို သတိထားပေးဖို့ လိုပါမယ်။လိုအပ်တဲ့ပစ္စည်းလေးတွေဖြစ်တဲ့ လက်သည်းညှပ် ဒါမှမဟုတ် ကလေးလေးတွေအတွက် အထူးထုတ်ထားတဲ့ လက်သည်းညှပ်တဲ့ ကပ်ကြေးလေး၊ တံစဉ်း၊တစ်သျှူးစလေးတွေ လိုပါမယ်။ ကိုယ်ကအနီးမှုန်တတ်တယ်ဆိုရင်တော့ မျက်မှန်တပ်ဖို့လည်း လိုပါလိမ့်မယ်။ကလေးကို လက်သည်းညှပ်တဲ့အခါ တစ်ယောက်တည်းညှပ်တာထက် တစ်ယောက်ယောက်ကို ကလေးကို ထိန်းထားပေးဖို့ အကူအညီတောင်းတာ ပိုကောင်းပါမယ်။ တစ်ယောက်က ကလေးကို ချီပြီးထိန်းထားပေးတဲ့အခါ ကလေးက ရုန်းကန်တာကြောင့် မတော်တဆ ထိခိုက်မိတာမျိုး ဖြစ်မှာကို မပူရတော့ပါဘူး။ ကူညီပေးနိုင်မယ့် သူမရှိရင်တော့ကလေးအိပ်နေတုန်းမှာ ညှပ်ပေးလို့ ရပါတယ်။ကလေးကို လက်သည်း ညှပ်တဲ့အခါ ကလေးလက်ကလေးကို လက်တစ်ဖက်နဲ့ ကိုင်ထားပြီး နောက်တစ်ဖက်နဲ့ လက်သည်းညှပ်ကို ကိုင်ပြီး ညှပ်ပေးပါ။ လက်သည်း အစွန်းထွက်နေတာမျိုးတွေ မဖြစ်စေဖို့အတွက် လက်သည်းလေးတွေကို သေသေချာချာ တိပေးရပါမယ်။ ကလေးကိုရေချိုးပြီးချိန်မှာ လက်သည်း ညှပ်ပေးတာက အကောင်းဆုံးပါ။လက်သည်း ညှပ်တဲ့အခါလက်ချောင်းလေးတွေကို တစ်ချောင်းချင်းစီ မိမိရရ ကိုင်ပြီး ညှပ်ပေးပါ။ ဒါမှ မတော်တဆ ထိခိုက်နိုင်ခြေ နည်းမှာပါ။ တကယ်လို့များ လက်သည်း ညှပ်ရင်း လက်အသားကို ထိမိတာမျိုး ဖြစ်မယ်ဆိုရင် တစ်သျှူးစလေးနဲ့ ထိမိတဲ့ နေရာကို နည်းနည်းလေး ဖိထားပေးပါ။ ခဏနေရင် သွေးတိတ်သွားပါလိမ့်မယ်၊၊။လက်သည်း အစွန်းလေးတွေကို ညှိပေးပါ။လက်သည်း အစွန်းလေးတွေနဲ့ ထိခိုက်မိပြီး ဒဏ်ရာအနာတရ ဖြစ်တာမျိုးတွေ မဖြစ်စေဖို့ လက်သည်းညှပ်ပြီးတိုင်း မမေ့တမ်း လုပ်ပေးရမှာက လက်သည်းအစွန်းလေးတွေကို တံစဉ်းလေးနဲ့ တိုက်ပြီး ညှိပေးဖို့ပါ။လက်သည်းလေးတွေတင် မဟုတ်ပါဘူး။ အခုပြောပြခဲ့တဲ့ နည်းလေးတွေ အတိုင်း ကလေးရဲ့ ခြေသည်းလေးတွေကိုလည်း ညှပ်ပေးလို့ ရပါတယ်။ ခြေသည်းညှပ်တဲ့အခါ သတိထားရမှာ တစ်ခုက အတွင်းထဲကို အတင်းဝိုက်ပြီး ညှပ်တာမျိုး မလုပ်မိဖို့ပါ။ခြေစွယ်ငုပ်တာလိုမျိုး ဖြစ်ပြီး ကလေးအနေနဲ့ နေရထိုင်ရ မအီမသာဖြစ်တာမျိုး ဖြစ်နိုင်တာကြောင့်ပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/nail-trimming-in-babies/
ကလေးငယ်များစားသောက်မှုပုံစံများအတွက် သိမှတ်ဖွယ်ရာများ
သင့်ကလေးကို ပုံစံတကျ ကျွေးဖို့ စီမံထားရင် မေးစရာတွေ ရှိလာနိုင်ပါတယ်။ နွားနို့နဲ့ ပဲနို့ ဘယ်ဟာကို ရွေးရမလဲ။ တံဆိပ်တွေက အဆင်ပြေရဲ့လား။ ဘယ်တံဆိပ်က အကောင်းဆုံးလဲ။ အောက်ပါ အချက်တွေကတော့ ကလေးငယ်များအတွက် ပုံစံတကျကျွေးရာမှာ သိသင့်တဲ့အချက်တွေ ဖြစ်ပါတယ်။တရားဝင်ခွင့်ပြုချက်များအရ ကလေးများကို ပုံစံတကျကျွေးဖို့ အဓိကအမျိုးအစား ၃ခု ရှိပါတယ်။–နွားနို့ပရိုတိန်းအခြေပြုပုံစံ။အတွေ့ရအများဆုံး ပုံစံဖြစ်ပြီး မိခင်နို့နဲ့ အများဆုံးဆင်တူပါတယ်။ ဒီအမျိုးအစားမှာသုံးတဲ့ နွားနို့ဟာ ကလေးငယ်များ အစာခြေဖျက်ရ လွယ်ကူစေဖို့နဲ့ အာဟာရဓါတ်ပိုမို ပါဝင်အောင် ပြောင်းလဲထားပါတယ်။ ကလေးငယ် အများစုဟာ နွားနို့နဲ့ အဆင်ပြေပါတယ်။ ဒါပေမယ့် သင့်ကလေးဟာ နွားနို့ဓါတ်မတည့်မှုရှိရင် တခြားပုံစံကို ရွေးချယ်သင့်ပါတယ်။–ပဲနို့အခြေခံပုံစံ။နွားနို့နဲ့ lactose မတည့်တဲ့ ကလေးငယ်များဟာ ဒီဖော်စပ်ပုံကို ရွေးချယ်နိုင်ပါတယ်။ တိရစ္ဆာန်ဆီက ပရိုတိန်းဓါတ်ကို သင့်ကလေး စားသောက်မှုမှာ မပါစေချင်ရင် ပဲနို့ဖော်စပ်ပုံဟာ အသုံးဝင်ပါတယ်။–ပရိုတိန်းအားရေဖြင့်ရောစပ်ပုံစံ။နွားနို့ရော ပဲနို့ပါ မတည့်တဲ့ ကလေးငယ်များဟာ ဒီပုံစံကို ရွေးချယ်နိုင်ပါတယ်။ ဒီပုံစံမှာ ပရိုတိန်းဓါတ်များကို ရေနဲ့ရောစပ် ဖြိုခွဲပြီး ဖော်စပ်ထားတာ ဖြစ်ပါတယ်။ နွားနို့နဲ့ ပဲနို့ကို ဓါတ်မတည့်ခြင်းဟာ သူတို့ထဲမှာ ပါဝင်တဲ့ ပရိုတိန်းတွေကို ဓါတ်မတည့်ခြင်း ဖြစ်တာမို့ ဒီအမျိုးအစားဟာ ကလေးငယ်များအတွက် ဓါတ်မတည့်ခြင်းမှ ရှောင်ရှားနိုင်တဲ့အပြင် လိုအပ်တဲ့ ပရိုတိန်းဓါတ်တွေကိုလည်း ရရှိနိုင်ပါတယ်။ဒါ့အပြင် လမစေ့မီ မွေးဖွားတဲ့ ကလေးငယ်များ၊ ရောဂါ တမျိုးမျိုးရှိတဲ့ ကလေးငယ်များအတွက် သီးသန့် ဖော်စပ်မှုပုံစံများ ရှိပါတယ်။အဲဒီကလေးငယ်များအတွက် ပိုပြီး သင့်တော်တဲ့ တခြား ဖော်စပ်မှုပု့စံတွေ ရရှိနိုင်ပြီး မိမိဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်နားလည်သူဆီက အကြံဉာဏ် ရယူနိုင်ပါတယ်။ခြောက်နှစ်အောက်ကလေးငယ်များအတွက် လူကြိုက်အများဆုံး အမျိုးအစားဖြစ်ပါတယ်။ ကလေးငယ်များအတွက် အစာခြေဖျက်ဖို့ လွယ်ကူစေပါတယ်။ ကလေးငယ်များဟာ အဖတ်စားရတဲ့အရွယ်ထိ ဒီအမျိုးအစားကို စားသုံးနိုင်ပါတယ်။ ဘယ်အမျိုးအစားရွေးချယ်ရမှန်း မသိသေးရင် နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်နိုင်ပါတယ်။ပထမအမျိုးအစားနဲ့ ယှဉ်ရင်တော့ ဒီတမျိုးဟာ အစာခြေဖျက်ရတာ ပိုခက်ပါတယ်။ ဒါကြောင့် ပထမပုံစံနဲ့ အဖတ်စားချိန်အကြားမှာ အလေ့အကျင့်ရအောင် ကျွေးနိုင်ပါတယ်။ ဒီအမျိုးအစားဟာ ကလေးငယ်တွေကို ပိုအဆာခံစေတယ်လို့ တချို့က ဆိုကြပါတယ်။ တိကျတဲ့ သက်သေအထောက်အထားတော့ မရှိပါဘူး။နွားနို့အခြေခံပုံစံနဲ့ ဆင်တူတဲ့ အာဟာရဓါတ် ပါဝင်တဲ့ ဖော်စပ်ပုံနဲ့ ထုတ်လုပ်ထားပါတယ်။ ဆိတ်နို့ဟာ ပရိုတိန်းဓါတ်ကောင်းကောင်းရစေပြီး သကြားဓါတ်ပိုနည်းပါတယ်။ ကယ်လ်ဆီယမ်ပါဝင်မှု ၁၃%၊ ဗီတာမင်ဘီ ၆ ပါဝင်မှု ၂၅% ပိုများပြီး ဗီတာမင်အေနဲ့ ပိုတက်ဆီယမ်ဓါတ်ဟာလည်း နွားနို့ထက် ပိုမိုပါဝင်ပါတယ်။ထုတ်လုပ်သူအပေါ် မူတည်ပြီး အောက်ပါအတိုင်း ကွဲပြားပါတယ်။– အမှုန့်ပုံစံ။အမှုန့်ဟာ ဈေးအသက်သာဆုံး ဖြစ်ပါတယ်။ ရေနဲ့ရောပြီး ဖျော်ရပါတယ်။– ပါဝင်နှုန်းများသော အရည်ပုံစံ။ဒီအမျိုးအစားဟာလည်း ရေနဲ့ ထပ်ရောရပါတယ်။– အသင့်စားသုံးပုံစံ။စားသု့းဖို့ အဆင်အပြေဆုံး ဖြစ်ပါတယ်။ ရေနဲ့ရောစရာ မလိုပါဘူး။ ဈေးအကြီးဆုံးလည်း ဖြစ်ပါတယ်။မဖျော်စပ်ခင်မှာ လက်ကိုသေချာစွာ ဆေးဖို့လိုအပ်ပြီး ဖျော်စပ်ဖို့၊ ထိန်းသိမ်းထားဖို့ ညွှန်ကြားချက်များအတိုင်း လိုက်နာသင့်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%99%e1%80%be%e1%80%af/
ဘရာစီယာကို ဘယ်လောက်နေရင် တစ်ခါလျှော်သင့်လဲ
ဘရာစီယာကို ဘယ်လောက်နေရင် တစ်ခါလျှော်သင့်လဲ ……. တစ်ခါဝတ်ပြီးတိုင်းလား။ တစ်ပတ်တစ်ခါလား။ ၂ပတ် ၃ပတ်နေမှလား။အမှန်တော့ ခဏခဏ လျှော်နေဖို့ သိပ်မလိုပါဘူး။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး လေ့လာကြည့်ရအောင်။ဘရာစီယာနဲ့ ပတ်သက်တဲ့ ဖြစ်နိုင်ခြေ ပြဿနာတွေ ရှိပါတယ်။ တချို့ ဘရာစီယာအမျိုးအစားတွေက  တခြားအမျိုးအစားတွေထက် ပိုဆိုးပါတယ်။ မတော်တဲ့ ဘရာစီယာဟာ ပိုပြီး ဒုက္ခပေးပါတယ်။ဒါပေမယ့် တင်းကျပ်တဲ့၊ မတော်တဲ့ ဘရာစီယာတွေထက် ပိုဆိုးတဲ့ အမျိုးအစားကတော့ ပုံဖော်ချုပ်လုပ်ထားတဲ့ ဘရာစီယာပါပဲ။ အဲဒီအမျိုးအစားတွေဟာ သတ္တု၊ ပလတ်စတစ် စတာတွေနဲ့ ပုံဖော်ထားပြီး ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။အထူးသဖြင့် ဆိုဒ်ကို သေချာ မတိုင်းတဲ့အခါ ရင်သားတွေနာတာ၊ ပုခုံးတွေ နာတာကို ခံစားရတတ်ပါတယ်။ဘရာစီယာကို ဘယ်အချိန်က နောက်ဆုံး လျှော်ခဲ့ပါသလဲ။ တစ်ပတ်လောက်ကလား။ တစ်လလောက်ကလား။ ဘရာစီယာနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Candece Etafo ကတော့ ၃ကြိမ်ဝတ်ပြီးတိုင်း လျှော်သင့်ကြောင်း၊ ဆက်တိုက်မဝတ်သင့်ကြောင်း ဆိုခဲ့ပါတယ်။ သူတို့ကို ဆန့်ပြီးသုံးရပါမယ်။ တခြား ရှူးဖိနပ်တွေ၊ အဝတ်တွေလိုပဲ တတ်နိုင်သလောက် လှည့်သုံးရပါမယ် လို့ ဆိုပါတယ်။ဘရာတစ်ထည်ကို မလျှော်ဘဲ ဝတ်ရတဲ့ ပုံမှန်အချိန်ကတော့ တစ်ပတ်၊၂ပတ်ခန့်ဖြစ်ကြောင်း အယ်ဒီတာတဦးဖြစ်သူ LV Anderson က ဆိုပါတယ်။ အမျိုးသမီးအများစုဟာ တစ်ထည်မက ဝတ်ဆင်တာကြောင့် ပုံမှန်အားဖြင့် တစ်လမှာတစ်ခါတော့ လျှော်နိုင်ကြောင်း ဆက်လက်ပြောဆိုပါတယ်။Anderson ဟာ အမျိုးသမီး ၂၀၀ ကျော်ဆီကနေ သူတို့ရဲ့ ဘရာစီယာဝတ်စားပုံ အမူအကျင့်တွေကို သိပ္ပံနည်းကျမဟုတ်တဲ့ စစ်တမ်းအနေနဲ့ ကောက်ယူခဲ့တာ ဖြစ်ပါတယ်။အမျိုးသမီး ၃ပုံ၁ပုံခန့်ဟာ ၂ပတ်ကြာတိုင်း သူတို့ ဘရာစီယာတွေကို လျှော်ကြောင်း၊ တစ်ဝက်နီးပါးခန့်ကတော့ ဒီထက်မက လျှော်ကြောင်း သိရပါတယ်။ (အားကစားဝတ်စုံကတော့ တစ်မျိုးတစ်ဘာသာဖြစ်ပါတယ်။ တစ်ကြိမ်ဆော့ကစားပြီးတိုင်း လျှော်တယ်လို့ သိရပါတယ်။)။စာဖတ်သူတွေဆီကနေ စစ်တမ်းကောက်ယူမှုတစ်ခုမှာတော့ ၃၇%ခန့်ဟာ တစ်လတစ်ကြိမ်လျှော်ပြီး ၇%ခန့်ကတော့ တစ်ခါဝတ်ပြီးတိုင်း လျှော်တယ်လို့ သိရပါတယ်။ဘရာစီယာကို လိုတာထက်ပိုပြီး မကြာခဏ လျှော်နေခြင်းဟာ ကောင်းခြင်းထက် ဆိုးခြင်းက ပိုများတယ်လို့ ဆိုပါတယ်။ လျှော်လွန်းခြင်းကြောင့် ကျုံ့နိုင်ဆန့်နိုင်မှုလျော့သွားတဲ့အခါ ရင်သားကို ထောက်ပံ့ပေးနိုင်မှု လျော့သွားတယ်လို့ ဆိုပါတယ်။ပုံသဏ္ဍာန်ပျက်သွားတဲ့အခါ အရွယ်အစား မတော်နိုင်တော့ဘူးလို့ Carolyn Forte ဆိုသူက ပြောပါတယ်။၃-၄ခါ ဝတ်ဆင်ပြီးချိန်မှာ လျှော်သင့်ပေမယ့် လှုပ်ရှားမှုပေါ်မှာလည်း မူတည်ပါတယ်။ ပူပြင်းပြီး ချွေးထွက်များရင် ဝတ်ပြီးတာနဲ့ လျှော်သင့်ပါတယ်။ နောက်တစ်ချက်က ခဏလောက်ပဲ ဝတ်လိုက်တာမျိုးဆိုရင် ဝတ်ဆင်တဲ့အကြိမ်ရေမှာ ထည့်တွက်စရာ မလိုပါဘူး။ လျှော်ဖွပ်ခြင်းကြောင့် ဆီချေးညှော်များ၊ ပိုးမွှားများ စုဝေးခြင်းကို ရှင်းလင်းပေးပါတယ်။ ဒါကြောင့် ဆီချေးညှော်တွေ ပိုထွက်တတ်ရင်တော့ ပိုလျှော်သင့်ပါတယ်။ရိုးရိုးဘရာစီယာကတော့ ခဏလောက်ဝတ်ပြီး ပြန်သိမ်းထားနိုင်ပေမယ့် အားကစားချိန်မှာ ဝတ်ဆင်တဲ့ ဘရာစီယာကတော့ ဝတ်ပြီးတာနဲ့ လျှော်သင့်ပါတယ်။ဘရာစီယာရဲ့ သဘာဝအရ ဒီနေ့ဘာဝတ်တယ် နောက်နေ့ဘာဝတ်တယ် လိုက်ကြည့်ပြောစရာ မလိုပါဘူး။ကျုံ့နိုင်ဆန့်နိုင်မှုတွေ လျော့နည်းသွားခြင်းကနေ သက်သာအောင် ဘရာအများအပြားကို အလှည့်ကျ ဝတ်သင့်ပါတယ်။ တစ်ထည်တည်းကို ၂ရက်ဆက်ဝတ်တာတော့ မကောင်းပါဘူး။ ညဘက်မှာ ချွတ်ထားလိုက်ရင် သူ့ပုံစံပြန်ရစေဖို့ အချိန်ရပါတယ်။ ၈-၉နာရီ အချိန်မရရင် နောက်တစ်ရက်လောက် ထားရပါမယ်။ဘရာစီယာများကို ပုံမပျက်စေဖို့ နူးညံ့စွာလျှော်ဖွတ်ဖို့ လိုပါတယ်။ ဘယ်လိုလျှော်ရမလဲဆိုတာကို လမ်းညွှန်အမှတ်အသားလေးတွေမှာ စစ်ဆေးရပါမယ်။စက်နဲ့ထည့်လျှော်မယ်ဆိုရင် အနူးညံ့ဆုံးကိုရွေးပြီး လျှော်ရပါမယ်။ ဆန်ကာအိတ်နဲ့ ထည့်လျှော်ရင် စက်ထဲမှာသိပ်ပြီး လိမ်ညှစ်တာ မကြုံရပါဘူး။ဆန်ကာအိတ်ဟာ ချိတ်တွေ ပြုတ်မထွက်အောင်လည်း ထိန်းသိမ်းပေးပါတယ်။ ဆပ်ပြာကိုလည်း ခပ်ပျော့ပျော့ပဲ သုံးရပါမယ်။ဒီအတိုင်းဖြန့်လှန်းတာ အကောင်းဆုံးပါပဲ။ အပူပေးပြီးခြောက်စေခြင်းဟာ ဘရာစီယာရဲ့ ပုံစံနဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို ပျက်စေပါတယ်။ ချိတ်လှမ်းရင်လည်း ရှည်ထွက်လာနိုင်ပါတယ်။ဖြန့်မလှမ်းခင် ရင်ခံခွက်တွေ တွန့်ခေါက်နေခြင်းရှိမရှိ စစ်ဆေးရပါမယ်။ ရေတွေကို ပဝါနဲ့ သုတ်တာ ကောင်းပါတယ်။ လိမ်ညှစ်တာ မလုပ်သင့်ပါ။ အားကစားဘရာစီယာတွေလည်း ဒီနည်းအတိုင်းပါပဲ။ ပုံစံတောင့်တင်းနေတယ်ထင်ရရင်တောင် တတ်နိုင်သလောက် ဂရုစိုက်ရပါမယ်။အောက်ခံအဝတ်တွေကို လက်နဲ့ပဲလျှော်သင့်တယ်ဆိုတာ မှားပါတယ်။ဘရာစီယာတွေဟာ သိပ်ပြီးဈေးမကြီးရင်၊ အရမ်းနူးညံ့မနေနရင် စက်နဲ့ပဲ လျှော်နိုင်ပါတယ်။စက်နဲ့လျှော်ရင် ရေအေးအေးမှာ နူးညံ့တဲ့ လျှော်ဖွပ်ပုံကိုပဲ ရွေးချယ်ပါ။ ဆန်ကာအိတ်နဲ့ ထည့်လျှော်ပါ။ ဒါဆိုရင် ပျက်စီးမှာ မပူရတော့ပါဘူး။ ဆပ်ပြာပျော့ပျော့သုံးပါ။သူတို့ဟာ မြန်မြန်စုတ်ပြဲသွားနိုင်ပေမယ့် ဘယ်နှကြိမ်ဝတ်ရသလဲဆိုတာပဲ အဓိကပါ။အံဆွဲထဲမှာ စီရရီထည့်ထားပါ။ တွန့်ခေါက်ထားခြင်း၊ ဖြစ်သလိုထားခြင်းဟာ ဘရာစီယာတွေကို ပျက်စီးလွယ်စေပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/how-often-you-should-wash-your-bras/