title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
သင့်ကို ပျော်ရွှင်စေမယ့် အစာ (၃) မျိုး
အစားအသောက်တွေက သင့်ခန္ဓါကိုယ် အားအင်ပြည့်ဖြိုးဖို့အတွက် မှော်ဆန်လောက်အောင် ပြုလုပ်မပေးနိုင်ပေမယ့် အစားစားလိုက်ရတဲ့အတွက် ချက်ခြင်းပျော်ရွှင်သွားတာမျိုးတော့ လုပ်နိုင်ပါတယ်။ သင်အနေနဲ့ လန်းဆန်းမှုမရှိဘူးဆိုရင် အောက်ဖော်ပြပါ အစားအသောက် (၃) မျိုး စားကြည့်ဖို့ အကြံပြုပါတယ်။အမဲရောင်ချောကလက်က အန်တီအောက်စီဒန့်တွေ အများကြီးပါဝင်တဲ့အတွက် သင့်သွေးကြောတွေကို သက်သောင့်သက်သာ ဖြစ်စေပြီး သွေးခုန်နှုန်း ကျန်းမာစေတဲ့အပြင် သွေးလည်ပတ်မှုလည်း ကောင်စေးပါတယ်။ သုတေသနတစ်ခုကတော့ စိတ်ဖိအားများတဲ့လူတွေအတွက် တနေ့ကို အမဲရောင်ချောကလက်တစ်အောင်စ (သို့) အောင်စဝက် စားရင် စိတ်ဖိအားများစေတဲ့ ဟိုမုန်းအဆင့်တွေကို လျှော့ချပေးနိုင်တယ်လို့ ဆိုထားပါတယ်။ဒီထက်ပိုပြောရရင် အမဲရောင်ချောကလက်မှာ မဂ္ဂနီဆီယံနဲ့ သတ္တုဓါတ်တွေပါတဲ့အတွက် PMS သွေးဆုံးပြီးရင် ခံစားရတတ်တဲ့ လက္ခဏာတွေဖြစ်တဲ့ မောပန်းခြင်း၊ စိတ်ကျခြင်းနဲ့ ပူပန်စိုးရိမ်နေခြင်း မဖြစ်အောင် လျှော့ချပေးပါတယ်။ အမဲရောင်ချောကလက်ထဲမှာပါတဲ့ တန်ဖိုးရှိတဲ့ သဘာဝ ပစ္စည်းလေးတစ်ခုက သင့်ကို သုခဘုံတစ်ခုရောက်နေသလိုမျိုး လှုံဆော်ပေးနိုင်ပါတယ်။မှိုက အထူးအစားအစာဖြစ်ပြီး ကိုယ့်ရဲ့စိတ်အခြေအနေကို ပြောင်းဖို့အတွက် များစွာသော အာဟာရဓါတ်တွေ ပါဝင်ပါတယ်။ မှိုက ဆီလီနီယံဓါတ်တွေ အများကြီးပါဝင်ပါတယ်။ ဒီဓါတ်ချို့တဲ့ခြင်း လက္ခဏာတွေကတော့ စိတ်ကျခြင်း၊ မောပန်းခြင်း၊ စိုးရိမ်ပူပန်ခြင်းတွေ ဖြစ်ပါတယ်။မှိုတွေမှာ လူ့ခန္ဓါကိုယ်အတွက် လိုအပ်ချက်တစ်ခုဖြစ်တဲ့ ဗီတာမင် ဒီ အပြည့်အဝ ပါဝင်ပါတယ်။ ဗီတာမင်ဒီများများ စားတာက စိတ်အခြေအနေကို ပိုကောင်းစေပါတယ်။ ဒါကြောင့် ဗီတာမင်ဒီများများ လိုအပ်ခဲ့ရင်တော့ မှိုများများစားပါ။တစ်ခါတစ်လေမှာ ကော်ဖီကြိုက်သူတွေရဲ့ အပေါ်ယံပုံသဏ္ဍန်က ခက်ထန်ပုံပေါက်နိုင်ပါတယ်။ သုတေသနသမားတွေကတော့ ကော်ဖီမှာပါတဲ့ ကဖင်းဓါတ်ပုံမှန်ရရှိနေမယ်ဆိုရင် အကောင်းမြင်စိတ်ကို တိုးပွားစေနိုင်တယ်လို့ ဆိုပါတယ်။ သုတေသနစစ်တမ်းတစ်ခုကတော့ မနက်ခင်းကော်ဖီသောက်တာက အားအင်ပြည့်ဖြိုးမှု၊ ချစ်ခင်ကြင်နာမှု၊ ပျော်ရွှင်ကျေနပ်မှုတွေနဲ့ ချိတ်ဆက်နေတယ်လို့ ပြောပါတယ်။သူငယ်ချင်းတွေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကော်ဖီအတူတူသောက်ခြင်းဖြင့် ကောင်းမွန်တဲ့ အချိန်လေးတွေပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ကော်ဖီကို အားလပ်ချိန်မှာ သောက်ခြင်းက ဆေးဆေးမှုနဲ့ ပျော်ရွှင်မှု ရနိုင်ပါတယ်။သင့်စားတဲ့ အစားအသောက်တွေက သင့်ခန္ဓါကိုယ်နဲ့ သင့်ခံစားချက်တွေအပေါ် သက်ရောက်မှု ကြီးပါတယ်။ တခါတလေမှာ စိတ်ပျော်ရွှင်ဖို့ ချက်ခြင်းလိုပါတယ်။ ဒါပေမယ့်လည်း ရေရှည်မှာတော့ အစားအသောက်တစ်မျိုးတည်း ရွေးစားတာထက် အားလုံးမျှမျှတတဖြစ်ဖို့ လိုပါတယ်။HelloHealth Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-that-can-make-you-happier/
ရာသီသွေးဆင်းတာ နည်းရင်၊ ရက်တိုရင် အန္တရာယ်ရှိလား
မိန်းကလေးတွေရဲ့တစ်သက်တာမှာ ရှောင်လွှဲမရတာက အရွယ်ရောက်တာနဲ့ ကြုံလာရတဲ့ဓမ္မတာ သွေးဆင်းခြင်းဖြစ်ပါတယ်။သွေးဆုံးချိန်အထိ လစဉ်ကြုံတွေ့နေရမယ့် ကိစ္စဖြစ်သလို အမျိုးသမီးကျန်းမာရေးမှာအရေးပါ ပါတယ်။ ရာသီလာခြင်းက အမျိုးသမီးတွေနဲ့ ခွဲခြားမရတဲ့ သဘာဝတစ်ခုမို့ လစဉ်သုံး ပစ္စည်းတွေနဲ့ မကင်းနိုင်ကြပါဘူး။ ဒါပေမယ့် လစဉ်သုံး ပစ္စည်းတောင် သုံးဖို့ မလိုလောက်အောင် ရာသီသွေး ဆင်း နည်းလွန်းတဲ့၊ ရာသီလာရက် တိုလွန်းတဲ့ အမျိုးသမီးတွေလည်း ရှိနေပါသေးတယ်။ တချို့ဆို တစ်ရက်၊ တစ်ညပဲ ရာသီလာတာ ဒါမှမဟုတ် နည်းလွန်းလို့ မသိသာတာကြောင့် လစဉ်သုံးတောင် မလိုဘဲ နေ့စဉ်သုံး အပါးစားလေးတွေနဲ့တင် အဆင်ပြေပါတယ်။ ဒီနေရာမှာ မေးစရာ ရှိနိုင်တာက ရာသီသွေးဆင်းတာ နည်းရင်၊ ရက်တိုရင် အန္တရာယ်ရှိလား ဆိုတာပေါ့။ရာသီသွေးဆင်းတာ နည်းရင်၊ ရက်တိုရင် အန္တရာယ်ရှိလား ဆိုတော့။ဒီလောက် နည်းတာ၊ ရက်တိုနေတာ ပုံမှန်ဟုတ်ပါ့မလား။ပုံမှန်လာနေကျက ဒီလောက်ပဲဆိုရင်တော့ အိုကေပါတယ်တဲ့။ ရာသီလာတိုင်း ဒီလောက်က ဒီလောက်ပဲ၊ တစ်လတစ်ကြိမ်လာနေသရွေ့တော့ဟော်မုန်းထိန်းညှိမှုက ပုံမှန်လည်ပတ်နေပြီး မျိုးပွားစနစ်ကလည်း ကျန်းမာနေတယ်လို့ ယူဆနိုင်ပါတယ်။ ဆိုလိုတာက ပုံမှန်သွေးဆင်းများနေကျလူက ရုတ်တရက် နည်းသွားတာမျိုး၊ နည်းရာကနေ နောက်တစ်လမှာ အများကြီးသွေးဆင်းတာမျိုး၊ များလိုက်နည်းလိုက် မူမမှန်သွေးဆင်းတာတွေမဟုတ်ရင် အရမ်းမစိုးရိမ်ပါနဲ့။ဒါဆို ဘာကြောင့် နည်းရတာလဲ။အများအားဖြင့်တော့ တစ်ရက်ကနေ နှစ်ရက်အထိပဲ ရာသီသွေးဆင်းတာက အက်စထရိုဂျင်ဟော်မုန်းနည်းပါးမှု ဒါမှမဟုတ်သံဓါတ်အားနည်းခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ သားအိမ်နံရံမြှေးဖြစ်တည်ဖို့ အက်စထရိုဂျင်မလုံလောက်တဲ့အခါ ရာသီသွေးနည်းတာ၊ အရောင်ဖျော့တာ၊ ရက်တိုလွန်းတာတွေဖြစ်လာတတ်ပါတယ်။အက်စထရိုဂျင်နည်းစေနိုင်တဲ့ဖြစ်နိုင်ခြေအကြောင်းရင်းတွေ အများကြီးရှိပါတယ် –။ပုံမှန်အခြေအနေဆိုတာ။မိန်းကလေးတစ်ယောက်နဲ့ တစ်ယောက် ရာသီလာတဲ့ပမာဏနဲ့ရက်အပိုင်းအခြားချင်းမတူကြပါဘူး။ ဓမ္မတာသွေးဆင်းခြင်းဟာ ၂၁ရက် ကနေ ၃၅ ရက်ခြားတစ်ကြိမ် ဖြစ်ပေါ်တတ်ပြီး တစ်ကြိမ်ကို ၂ ရက်မှ ၇ ရက်အတွင်း ကြာမြင့်တတ်ပါတယ်။ပျိုဖော်ဝင်ကာစနှစ်တွေမှာ ရာသီလာတဲ့ရက်က ရှည်ကြာတတ်ပေမယ့် အရွယ်ရောက်လာတာနဲ့အမျှ ရက်တိုလာပြီး ပုံမှန်ဖြစ်သွားလေ့ရှိပါတယ်။ရာသီစက်ဝန်းဟာ ရက်အနည်းအများ၊သွေးဆင်းတဲ့ပမာဏအနည်းအများနဲ့ လာချိန်တွေဟာ တစ်လနဲ့တစ်လ ပုံမှန်ရှိကြပါတယ်။ တချို့မှာ ရာသီသွေးဆင်း နည်းတယ်၊များတယ်၊ ကိုက်ခဲမှုခံစားရသူ၊မခံစားရသူ၊ ရက်ရှည်သူ၊ ရက်တိုသူတွေရှိတတ်ပေမယ့် တခြားလက္ခဏာတွေ မဖြစ်ခဲ့ရင် ပုံမှန်အခြေအနေအဖြစ် ယူဆလို့ရနိုင်ပါသေးတယ်။နောက်တစ်ချက်ကသန္ဓေတားဆေးသို့မဟုတ်သားအိမ်ထဲထည့်ပစ္စည်း(IUDs) တွေလိုသားဆက်ခြားနည်းလမ်းတစ်ခုခုအသုံးပြုခြင်းကြောင့်လည်း ရာသီသွေးဆင်းမှုကိုပြောင်းလဲစေနိုင်ပါတယ်။ဆရာဝန်ပြဖို့လိုတဲ့ လက္ခဏာတွေက ဘာတွေလဲ။အရေးကြီးတာက ကိုယ့်ရဲ့ရာသီစက်ဝန်းကို ပုံမှန်ဖြစ်မဖြစ် အမြဲသတိထားဆန်းစစ်ဖို့ပါ။ ဒါမှ ရုတ်တရက်ပြောင်းလဲမှုနဲ့ ကိုယ့်ရဲ့ခန္ဓါကိုယ်ကအကြောင်းရင်းခံတွေကို သိနိုင်ပြီး ဆင်ခြင်နေထိုင်နိုင်မှာဖြစ်ပါတယ်။ လိုအပ်လာရင် ဆရာဝန်ပြဖို့ မနှောင့်နှေးပါနဲ့။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/normal-menstruation/
သင့်ကလေးကျောင်းမှာ အနိုင်ကျင့်ခံနေရပြီလား
ဒီရက်ပိုင်းထဲမှာပဲ သုံးတန်းကျောင်းသားလေးကို လေးတန်းကျောင်းသားက ကျောင်းကားပေါ်မှာ အနိုင်ကျင့် ခြေထောက်နဲ့ကန်ကျောက်လို့ အနိုင်ကျင့်ခံရတဲ့ ကလေးခမျာ အင်္ကျီတွေအကုန်လုံး သွေးတွေပေပွနေတာကို လူမှုကွန်ယက်မှာ တွေ့လိုက်ရပါတယ်။ အသက်မတိမ်းမယိမ်း လူအများအပြား တစုတစည်းတည်း နေထိုင်ရတဲ့ ကျောင်း/တက္ကသိုလ်တွေဟာ အနိုင်ကျင့်ခြင်းနတ်ဆိုးရဲ့ စားကျက်ကောင်းဖြစ်နေခဲ့တာ နှစ်ပေါင်းမနည်းတော့ပါဘူး။Netflix ရဲ့ နာမည်ကျော်စီးရီး (ဝတ္ထုကို ဇာတ်လမ်းတွဲပြန်ရိုက်ထားတာ) 13 Reasons Why ဆိုရင်လည်း ကျောင်းတွင်း အနိုင်ကျင့်တဲ့အကြောင်းကို တစေ့တစောင်း တင်ပြထားတာပါ။ ဆိုလိုချင်တာက ကျောင်း/တက္ကသိုလ်တွေမှာ တဦးကိုတဦး အနိုင်ကျင့်ခြင်းဟာ နေရာဒေသမရွေး ရှိနေတယ်ဆိုတဲ့အချက်ပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ကျောင်းတွင်းအနိုင်ကျင့်ခြင်းနဲ့ ပတ်သက်လို့ သိမှတ်ဖွယ်ရာ၊ဆောင်ရန်/ရှောင်ရန်လေးတွေကို မျှဝေပေးသွားပါမယ်။အနိုင်ကျင့်ခြင်း ဆိုတာဘာလဲ။သူငယ်ချင်း အချင်းချင်း ချစ်လို့ခင်လို့ စနောက်တာနဲ့ အနိုင်ကျင့်ခြင်းကို ကွဲကွဲပြားပြား သိရပါမယ်။ တကယ်တမ်းပြောရမယ်ဆိုရင် သူငယ်ချင်းတွေအကြား တဦးနဲ့တဦးနောက်ပြောင်ကျီစယ်တယ်ဆိုတာ အင်မတန်မှ လိုအပ်တဲ့အရာတခုပါ။ ဒါဟာ သူငယ်ချင်းသံယောဇဉ်ကို ပိုမိုခိုင်မြဲစေပါတယ်။ ဒါပေမယ့် ဒီလိုနောက်ပြောင်တဲ့အခါ ခံရသူက မကြိုက်ပါဘူး။ မလုပ်နဲ့တော့လို့ တားမြစ်တဲ့အခါ ရပ်လိုက်မယ်ဆိုရင် ဒါဟာ အနိုင်ကျင့်ခြင်းဆိုတဲ့ စည်းကို ကျော်မသွားသေးပါဘူး။ အကျီစားသန် ရန်များဆိုသလို စ,တာနောက်တာ အနည်းငယ် ကြမ်းကောင်းကြမ်းသွားပါလိမ့်မယ်။ ဒါပေမယ့် လုပ်တဲ့သူအနေနဲ့ ခံရသူနစ်နာစေဖို့ မရည်ရွယ်ဘူး၊လုပ်လိုက်မိပြီးတဲ့အခါမှာလည်း ကိုယ့်အမှားကို သိပြီး တောင်းပန်တယ်။ နောက်ထပ်မလုပ်တော့ဘူး ဆိုရင် ဒါဟာ အနိုင်ကျင့်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ခံရသူ နစ်နာအောင်၊ထိခိုက်သွားအောင် (စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးကို ရည်ရွယ်ပါတယ်) တမင်ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တယ်။ ထပ်ခါတလဲလဲ လုပ်တယ်ဆိုရင်တော့ ဒါဟာ အနိုင်ကျင့်တာပါပဲ။အနိုင်ကျင့်သူအနေနဲ့ (ယေဘုယျအားဖြင့်) အနိုင်ကျင့်ခံရသူထက် ကိုယ်ကာယအားဖြင့် ပိုမိုကြံ့ခိုင်မှုရှိကောင်းရှိမယ်၊ပိုပြီးလူသိများထင်ရှားမယ် (ပေါ်ပြူလာပိုဖြစ်တယ် ဆိုပါစို့) ဒါမှမဟုတ် မိဘရဲ့ ငွေကြေး၊ဂုဏ်အရှိန်အဝါ ပိုတောင့်တင်းမယ် စတဲ့ အားသာချက်တွေ ရှိတတ်ပါတယ်။ဘယ်လိုကလေးတွေ အနိုင်ကျင့်ခံရတတ်သလဲ။ခြုံပြီးပြောရရင်တော့ အများနဲ့မတူဘဲ အနည်းငယ် ကွဲပြားနေတဲ့ကလေးတွေ (ပုံမှန်ထက် ညှက်လွန်း၊ပိန်လွန်း၊ဝလွန်းတဲ့ကလေးတွေ၊စကားထစ်တဲ့ ကလေးတွေ၊တယောက်တည်း နေတတ်တဲ့ ကလေးတွေ၊ဉာဏ်ရည်အနည်းငယ် နိမ့်ပါးတဲ့ကလေးတွေ၊ကိုယ်လက်အင်္ဂါတခုခု ချို့တဲ့နေတဲ့ ကလေးတွေ၊မိန်းမလျာ/ယောက်ျားလျာစိတ်ပေါက်နေတယ်လို့ ထင်ရတဲ့ ကလေးတွေ စသဖြင့်ပေါ့)ဟာ အနိုင်ကျင့်ခံရတဲ့ ပစ်မှတ်လေးတွေ ဖြစ်လာတတ်ပါတယ်။ဘယ်လိုနည်းတွေနဲ့ အနိုင်ကျင့်သလဲ။ကာယအားနဲ့ နှိပ်စက်မယ် (ကန်ကျောက်၊ထိုးနှက်မယ်၊ဆောင့်တွန်းမယ် စသဖြင့်)။သူမကြိုက်တဲ့ နာမည်တွေခေါ်မယ်၊(နည်းနည်းကြီးတဲ့ အတန်းတွေမှာဆိုရင်) ကွယ်ရာမှာ ကောလဟာလတွေဖြန့်မယ်၊မဟုတ်တာတွေ လျှောက်ပြောမယ်၊အသရေဖျက်မယ်။ဒီဖက်ခေတ် အင်တာနက်တွေ၊ဖုန်းတွေ ပေါလာတဲ့အခါကျတော့ လူမှုကွန်ယက်တွေ၊အင်တာနက်တွေ၊ဖုန်းတွေကတဆင့် အနိုင်ကျင့်တာတွေပါ မြင်လာရပါပြီ (ဒါကိုတော့ cyberbullying လို့ခေါ်ပါတယ်)။ရည်ရွယ်ချက်ရှိရှိနဲ့ ဝိုင်း ‘ကျဉ်’ထားခြင်း စတာတွေပဲ ဖြစ်ပါတယ်။ဘယ်လိုအချက်တွေကို သတိထားစောင့်ကြည့်ရမလဲ။အနိုင်ကျင့်ခံရတဲ့ ကလေးတွေဟာ အိမ်ကိုပြန်တိုင်လေ့ မရှိကြတာများပါတယ်။ အိမ်ကို ပြန်တိုင်ရင် ထပ်နှိပ်စက်/အနိုင်ကျင့်မယ်လို့ ခြိမ်းခြောက်ခံထားရတာ ဖြစ်နိုင်သလို မိဘကပါ ထပ်ဆူမှာကြောက်လို့၊အခြေအနေ ပိုဆိုးသွားမှာစိုးလို့ မပြောရဲတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ အောက်ပါအချက်တွေကို သတိပြုစောင့်ကြည့်သင့်ပါတယ်။တကယ်လို့ သင့်ကလေး အနိုင်ကျင့်ခံနေရပြီလို့ထင်ရင် သင့်ကလေးနဲ့ အေးအေးဆေးဆေး ဆွေးနွေးပါ။ ကျောင်းမှာ အနိုင်ကျင့်ခံနေရတဲ့ ကလေးတယောက်ယောက်ရှိသလားလို့ သွယ်ဝိုက်ပြီး မေးမြန်းတီးခေါက်ပါ။ တကယ်လို့ ရှိတယ်လို့ ဖြေခဲ့ရင် ဘယ်လိုလုပ်သင့်တယ်ထင်သလဲလို့ ဆက်မေးပါ။ ဒီလိုအခြေအနေမျိုးမှာ မိဘအများစုဟာ ‘မခံနဲ့။ ပြန်ချ၊ပြန်လုပ်’ စသဖြင့် စိတ်လိုက်မာန်ပါ ပြောဖို့တာဆူတတ်ကြပါတယ်။ ဒါပေမယ့် အဲ့ဒီလို မလုပ်ပါနဲ့။ ဒီလို ရန်ကိုရန်ချင်း တုံ့နှင်းမယ့်အစား အနိုင်ကျင့်သူကို ရပ်တန်းကရပ်ဖို့ (ရဲရဲဝံ့ဝံ့၊ယုံကြည်ချက်ရှိရှိ) ပြန်ပြောဖို့ အားပေးပါ။ ဒါမှမဟုတ် လှည့်ထွက်ပြီး ဆရာမ သို့မဟုတ် လူကြီးတယောက်ယောက်ကို အသိပေးဖို့ သင်ပေးထားပါ။သင့်ကလေး အနိုင်ကျင့်ခံနေရပြီဆိုရင် ဘယ်လိုဖြေရှင်းမလဲ။ငယ်ရွယ်စဉ်ကာလမှာ ရုပ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့ ကလေးတွေဟာ စိတ်ဒါဏ်ရာ ရသွားတတ်တဲ့အပြင် စိတ်ကျဝေဒနာခံစားရခြင်း၊ဉာဏ်ရည်ထိုင်းခြင်း စတဲ့ ပြဿနာတွေကိုပါ ခံစားရနိုင်ကာ နဂိုစိတ်ကျန်းမာရေးပြဿနာတခုခု ရှိနေပြီးသား ကလေးတွေမှာဆိုရင် (နောက်ပိုင်းမှာ) မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်တာမျိုး၊သတ်သေတာမျိုးတွေအထိ ဖြစ်လာနိုင်တဲ့အတွက် အရေးတယူ ဖြေရှင်းလုပ်ဆောင်သင့်တဲ့ ကိစ္စတခုပဲ ဖြစ်ပါတယ်။ကျောင်း/တက္ကသိုလ်တွေမှာ အနိုင်ကျင့်ခြင်းဟာ အခုမှ ရှိလာတာမဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက ရှိနေသလို နောင်လည်း ရှိနေဦးမှာပါ။ ဒါကြောင့် မိဘတယောက်အနေနဲ့ သင့်ကလေး အနိုင်ကျင့်ခံရနေကြောင်း ဘယ်လိုသိနိုင်မလဲ၊အမှန်တကယ် အနိုင်ကျင့်ခံနေရပြီဆိုရင်လည်း ဘယ်လိုဖြေရှင်းမလဲ စတဲ့အချက်တွေကို သိရှိနားလည်ထားခြင်းအားဖြင့် ဒီပြဿနာကို ထိထိရောက်ရောက်ဖြေရှင်းနိုင်မှာ ဖြစ်ပါကြောင်း မျှဝေပေးလိုက်ရပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-growth-development/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%be%e1%80%ac-%e1%80%a1%e1%80%94%e1%80%ad%e1%80%af/
နှလုံးသွေးလွှတ်ကြောရောဂါ၏ အခြားဖြစ်ပွားပုံ
နှလုံးသွေးလွှတ်ကြောရောဂါဟာ အမျိုးသားတွေရော အမျိုးသမီးတွေပါ သေဆုံးမှုများတဲ့ ရောဂါဖြစ်ပါတယ်။ နှလုံးနဲ့ပတ်သက်နေတဲ့ ပြသနာတွေထဲမှာ အတွေ့ရအများဆုံး ဖြစ်ပါတယ်။နှလုံးသွေးလွှတ်ကြောရောဂါဆိုတာ။–နှလုံးရောဂါ။– နှလုံးသွေးကြောရောဂါ။– သွေးလွှတ်ကြောအတွင်းအနည်ထိုင်၍ကျဉ်းခြင်း။– သွေးလွှတ်ကြောများကျဉ်းခြင်း။– သွေးလွှတ်ကြောများမာခြင်း။– သွေးကြောပိတ်၍ဖြစ်သော နှလုံးရောဂါ စတာတွေကို။ဆိုလိုပါတယ်။အဓိပ္ပါယ်ဖွင့်ဆိုချက်။နှလုံးသွေးလွှတ်ကြောကျဉ်းရခြင်းဟာ သွေးကြောထဲမှာ အနည်တွေစုပုံလာလို့ ဖြစ်ပါတယ်။ ဒီသွေးလွှတ်ကြောတွေဟာ နှလုံးကြွက်သားဆီကို အောက်ဆီဂျင်များတဲ့သွေးကို ပို့ပေးပါတယ်။ ဒီသွေးကြောထဲမှာ အနည်တွေစုပုံပြီး ကျဉ်းမြောင်းလာတတ်ပါတယ်။ တဖြည်းဖြည်း မာကြောလာတာ ပေါက်ထွက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ သွေးကြောကျဉ်းလာတဲ့အခါ နှလုံးဆီကို အောက်ဆီဂျင်ပို့ပေးနိုင်တာ လျော့နည်းလာပါတယ်။ သွေးကြောထဲက အနည်ဖတ်တွေပေါက်သွားရင် သေါးခဲဖြစ်ပေါ်တတ်ပါတယ်။ သွေးခဲကြီးရင် သွေးလျှောက်ခြင်းကို ပိတ်ဆို့နိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သွေးလွှတ်ကြောဟာ မာကြောပြီးကျဉ်းမြောင်းလာပါတယ်။လက္ခဏာများ။နှလုံးကြွက်သားကို အောက်ဆီဂျင်ပါတဲ့သွေးရောက်တာ နည်းသွားရင်၊ သွေးကြောပိတ်သွားရင် နှလုံးအောင့်တတ်ပါတယ်။ ရင်ဘတ်နေရာက အောင့်တာ၊ မသက်မသာဖြစ်တာမျိုး ကြုံရပါတယ်။ ရင်ခေါင်းထဲမှာ ညှစ်ဆုပ်ထားသလို ခံစားရပါတယ်။ နာကျင်မှုဟာ ပုခုံး၊ လက်မောင်း၊ လည်ပင်း၊ မေး၊ နောက်ကျောစတဲ့နေရာတွေကို ပျံ့နှံ့သွားနိုင်ပါတယ်။နှလုံးကြွက်သားကို အောက်ဆီဂျင်ပါတဲ့သွေးရောက်တာ နည်းသွားရင်၊ သွေးကြောပိတ်သွားရင် နှလုံးအောင့်တတ်ပါတယ်။ ရင်ဘတ်နေရာက အောင့်တာ၊ မသက်မသာဖြစ်တာမျိုး ကြုံရပါတယ်။ ရင်ခေါင်းထဲမှာ ညှစ်ဆုပ်ထားသလို ခံစားရပါတယ်။ နာကျင်မှုဟာ ပုခုံး၊ လက်မောင်း၊ လည်ပင်း၊ မေး၊ နောက်ကျောစတဲ့နေရာတွေကို ပျံ့နှံ့သွားနိုင်ပါတယ်။ တခါတရံမှာ အစာမကြေလို့ ဗိုက်အောင့်တာနဲ့ တူတ်ပါတယ်။နှလုံးထိခိုက်မှုဟာလည်း နှလုံးကြွက်သားမှာ အောက်ဆီဂျင်ပါတဲ့သွေး ပြတ်တောက်သွားရင် ဖြစ်တတ်ပါတယ်။ သွေးပြန်မရတော့ရင် အဲဒီနှလုံးကြွက်သားဟာ အလုပ်မလုပ်တော့ပါဘူး။ ဒါကြောင့် နှလုံးထိခိုက်မှုဟာ အရေးပေါ်ကုသရမယ့် ကျန်းမာရေးပြသနာဖြစ်ပါတယ်။နှလုံးသွေးကြောကျဉ်းခြင်းဟာ နှလုံးကြွက်သားတွေကို အားနည်းလာစေပြီး နှလုံးအလုပ်မလုပ်တော့တာ၊ နှလုံးခုန်မမှန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ နှလုံးအလုပ်မလုပ်ခြင်းဆိုတာ နှလုံးအနေနဲ့ ကိုယ်ခန္ဓါက လိုအပ်တဲ့သွေးပမာဏကို ညှစ်ထုတ်မပေးနိုင်တော့တာ ဖြစ်ပါတယ်။ နှလု့းခုန်မမှန်ခြင်းကတော့ နှလုံးခုန်တဲ့ စည်းချက်ဟာ ပုံမှန်မဖြစ်တော့တာကို ဆိုလိုပါတယ်။ရောဂါရှာဖွေခြင်း။နှလုံးအထူးကုဆရာဝန်ဟာ သင်နဲ့သင့်မိသားစုရဲ့ ကျန်းမာရေးရာဇဝင်၊ ဖြစ်ပွားနိုင်ခြေ အကြောင်းရင်း၊ လက်တွေ့စမ်းသပ်ချက်၊ ဓါတ်ခွဲခန်းရလာဒ် စတာတွေကို မူတည်ပြီး ရောဂါရှာဖွေ အတည်ပြု ပါလိမ့်မယ်။ စမ်းသပ်ချက်တခုတည်းနဲ့ နှလုံးသွေးကြောကျဉ်းကြောင်း မပြောနိုင်ပါဘူး။ သင့်မှာ ဒီရောဂါရှိနေပြီလို့ ဆရာဝန်က ယူဆတဲ့အခါ အောက်ပါ စမ်းသပ်မှုတွေကို အကြံပြုပါလိမ့်မယ်။– အီးစီဂျီ။– နှလုံးပုံရိပ်ဖော်စမ်းသပ်ခြင်း။– ဖိအားစစ်ဆေးခြင်း။– ရင်ဘတ်ဓါတ်မှန်။– သွေးစစ်ခြင်း။– နှလုံးသွေးကြောပုံရိပ်ဖော်၍ စစ်ဆေးခြင်း စတာတွေ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် နှလုံးသွေးကြောကျဉ်းခြင်း ဖြစ်ပွားနိုင်ခြေဟာ သင့်ဆီမှာ ဖြစ်ပွားနိုင်ခြေ အကြောင်းရင်း ဘယ်နှချက်ရှိလဲဆိုတာပေါ် မူတည်ပါတယ်။ နေထိုင်မှုပုံစံပြောင်းခြင်း၊ ဆေးဝါးကုသခြင်း၊ ဆေးကုသမှုလုပ်ငန်းစဉ်များ ခံယူခြင်း စတာတွေဟာ နှလုံးသွေးကြောရောဂါကိုရော တခြားဆက်စပ်နေတဲ့ ကျန်းမာရေးပြသနာတွေကိုပါ လျှော့ချပေးနိုင်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/%e1%80%94%e1%80%be%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%9c%e1%80%bd%e1%80%be%e1%80%90%e1%80%ba%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%9b%e1%80%b1%e1%80%ac/
အဖြူဆင်းတာကိုသက်သာစေမယ့် အစားအစာတွေ
မိန်းကလေးတွေအနေနဲ့ ကိုယ့်ကိုယ်ကို ကျန်းမာလှပနေစေဖို့ ဂရုစိုက်ရတဲ့ အချက်တွေက တော်တော်လေးတော့ များသားနော်။ အသားအရေ၊ ဆံသား ကနေစလို့ ခန္ဓာကိုယ် အနံ့အသက် အပြင် လစဉ်ရာသီသွေး ပုံမှန် ဆင်းဖို့ကိုရော အစစအရာရာကို ဂရုစိုက် ရပါတယ်။ ကိုယ်တိုင် ဂရုစိုက်မှလည်း ဖြစ်မှာကိုး။ ဒီလို ဂရုစိုက်ရတဲ့ အထဲမှာ အဖြူဆင်းတာလည်း ပါပါတယ်။ အဖြူဆင်းတာက ပုံမှန်လည်း ဖြစ်နိုင်သလို ရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အဖြူဆင်းတာကိုသက်သာစေမယ့် အစားအစာတွေ က ဘာတွေလဲ ဆိုတာကို ပြောပြပေးပါရစေနော်။အဖြူဆင်းတာကိုသက်သာစေမယ့် အစားအစာတွေ ကတော့။ပဲနံ့သာစေ့– အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။ ရေနွေး ပူပူထဲကို ရေစင်စင် ဆေးထားတဲ့ ပဲနံ့သာစေ့ ထည့်ပြီး နာရီဝက်လောက် စိမ်ထားပေးပါ။ ပြီးရင် အအေးခံပြီး သောက်လိုက်ပါ။ရုံးပတီသီး– အဖြူဆင်းတာကို သက်သာစေတဲ့ အသီးအနှံ တစ်မျိုးပေါ့။ ရေနွေး ဆူဆူထဲမှာ ရုံးပတီသီးကို ထည့်ပြုတ်ပြီး တို့စားလို့ ရသလို အချဉ်ရည်နဲ့ တို့စားလို့လည်း ရပါတယ်။ဒိန်ချဉ်– ဒိန်ချဉ်က အကျိုးပြုဘက်တီးရီးယားတွေ  ပေါက်ဖွားစေဖို့ အားဖြည့်ပေးပါတယ်။ ဒါ့အပြင် ဘက်တီးရီးယားကြောင့် အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။နံနံစေ့– နံနံစေ့က အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။ နံနံစေ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရေတစ်ခွက်ထဲမှာ တစ်ည စိမ်ထားပြီး နောက်နေ့ မနက် စောစော ဘာမှ မစားရသေးခင်မှာ သောက်ချလိုက်ပါ။ဇီးဖြူသီး– အဖြူဆင်းတာကို သက်သာစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ဇီးဖြူသီးကို ခပ်သေးသေးလေးတွေ လှီးပြီး နေရောင်အောက်မှာ အခြောက်ခံပေးပါ။ ခြောက်သွားပြီဆိုရင် အမှုန့်လေးတွေ ဖြစ်အောင် ကြိတ်လိုက်ပါ။ ဇီးဖြူသီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာကို ပျားရည်နဲ့ ဆတူ ရောပြီး ရေနဲ့ ရောစပ် ဖျော်သောက်ပေးလို့ ရပါတယ်။သလဲသီး– သလဲသီးက အရသာ ရှိသလို ကျန်းမာရေး အကျိုးကျေးဇူးလည်း များပါတယ်။ အမျိုးသမီးတွေ အနေနဲ့ အဖြူဆင်းတာကို သက်သာစေဖို့ သလဲသီးကို စားသုံးပေးလို့ ရပါတယ်။ သလဲသီးကို အစေ့ကိုပါ စားပေးလို့ ရပါတယ်။ပင်စိမ်း-ဆေးဖက်ဝင်တဲ့ အပင်အဖြစ် လက်ခံထားကြတာပါ။ ပင်စိမ်းရွက်ကို ရေနွေးထဲ ထည့်သောက်တာဖြစ်ဖြစ် ပျားရည်နဲ့ ရောကြိတ်ပြီးသောက်တာ ဖြစ်ဖြစ် သောက်လို့ ရပါတယ်။ အဖြူဆင်းတာကို သက်သာစေမှာပါ။မာလကာရွက် –မာလကာရွက် ကလည်း အဖြူဆင်းတာကို သက်သာစေနိုင်တဲ့ သဘာဝဆေး တစ်မျိုး ဖြစ်ပါတယ်။ချင်း– ချင်းလေးတွေကို ပါးပါးလှီးပြီး ရေနွေးဆူဆူထဲ နာရီဝက်လောက် ထည့်စိမ်ပြီး သောက်ပေးမယ်ဆိုရင် အဖြူဆင်းတာကို သက်သာစေမှာပါ။ငှက်ပျောသီး– ငှက်ပျောသီးမှာ သတ္တုဓါတ်တွေ များစွာပါဝင်သလို ရောဂါတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။နေ့တိုင်း ငှက်ပျောသီးမှည့် တစ်လုံး ဒါမှမဟုတ် ၂ လုံး စားပေးပါ။သဖန်းသီး– အဖြူဆင်းတာကို သက်သာစေနိုင်တဲ့ သဘာဝဆေး တစ်မျိုးပေါ့။ သဖန်းသီးခြောက် ၂ လုံး ၃ လုံးလောက်ကို ရေထဲမှာ တစ်ညစိမ်ထားပြီး သောက်ပေးပါ။ဒီအစားအစာတွေက အဖြူဆင်းတာကို သက်သာစေနိုင်တယ်ဆိုပေမဲ့ ပိုပြီး တိကျတဲ့ လေ့လာချက်တွေတော့ လိုပါသေးတယ်။ ဒါကြောင့် အဖြူဆင်းတာက ရောဂါတစ်ခုခုကြောင့် ဖြစ်မယ်ဆိုရင် အစားအစာကိုပဲ အားမကိုးဘဲ နီးစပ်ရာဆေးခန်းမှာ ပြသပါ။ရောဂါကြောင့် အဖြူဆင်းတဲ့အခါ။ဒါဆိုရင်တော့ မြန်မြန်လေး ကုသရပါမယ်။ မဟုတ်ရင် မိန်းမကိုယ်အတွင်းပိုင်းထိ ပိုးတွေ ပြန့်သွားနိုင်လို့ပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/best-food-to-stop-excessive-vaginal-white/
ကိုယ်ဝန်တတိယ၃လ နဲ့ Due Dateအကြောင်း
ရှေ့က ဆောင်းပါးတွေမှာ1stTrimesterနဲ့2ndtrimesterအကြောင်းရေးပြီးပြီဆိုတော့ ခုတစ်ခေါက် နောက်ဆုံး အလှည့်ကျလာသူတွေကတော့ 3rdTrimester ( ကိုယ်ဝန်တတိယ၃လ) နဲ့မီးဖွားမယ့်ရက် Due Dateတို့ အကြောင်းပဲ ဖြစ်ပါတယ်။3rdTrimester ဟာ ၂၆ ပတ်နောက်ပိုင်းကနေပြီး ကလေး မွေးဖွားတဲ့ အချိန်အထိကိုဆိုလိုတဲ့ ကာလတစ်ခုပါ။ ဒီကာလအတွင်းမှာလည်း ပြောင်းလဲမှုတွေ အများကြီးရှိနေပါတယ်။မီးဖွားဖို့အတွက် မေမေတို့ ကိုယ်ခန္ဓာက ပြင်ဆင်နေသလို လူ့လောကထဲကို ထွက်လာဖို့အတွက် ကလေးဘက်ကလည်း အများကြီးပြင်ဆင်နေတဲ့အချိန်ပါ။ဒီ ကိုယ်ဝန်တတိယ၃လ ကို ရောက်ပြီဆိုတာနဲ့ သားဖွားမီးယပ်ဆရာဝန်ဆီ ခပ်စိပ်စိပ်သွားပြဖို့ လိုနေပါပြီ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်တတိယ၃လ မှာ သင့် ဆီးတွင်းမှာပါတဲ့ ပရိုတင်းပမာဏ၊ သွေးပေါင်ချိန်၊ ကလေးနှလုံးခုန်နှုန်း၊သားအိမ်အကျယ်နဲ့ ခြေတွေလက်တွေမှာ ဖောင်ရောင်တဲ့ အဆင့်ဘယ်လောက်ရှိလဲဆိုတာကို တိုင်းတာမှာ ဖြစ်ပါတယ်။ဒါ့အပြင် ဗိုက်ထဲက ကလေး ခေါင်းနဲ့ ဖွားမှာလား၊ ဆုံပိုင်းနဲ့ ဖွားမှာလား၊ ခြေထောက်နဲ့လား၊ လက်နဲ့လားအပြင်သားအိမ်ခေါင်းအခြေအနေ ဘယ်လိုရှိလဲဆိုတာကိုလည်း ဆရာဝန်က စမ်းသပ်ပေးဦးမှာပါ။ ကိုယ်ဝန်ပတ် ၃၅ပတ်ကနေ ၃၇ ပတ်လောက်မှာ လိုအပ်ရင်မိန်းမကိုယ်ကနေ အကျိအချွဲလေးတွေကို ယူပြီး မွေးလာမယ့် ကလေးကို ဒုက္ခပေးနိုင်မယ့်Group B streptococcusဘက်တီးရီးယား ပိုးဝင်နေလားဆိုတာကို စစ်ဆေးရဦးမှာပါ။ တကယ်လို့ ပိုးဝင်နေခဲ့ရင် မီးမဖွားခင် ကြိုပြီး ဆေးကုသမှုခံယူထားမှ ကလေးဆီမှာ ဖြစ်နိုင်တဲ့ ပြဿနာတွေ နည်းသွားမှာပါ။ကိုယ်ဝန်တတိယ၃လ ကို ရောက်လာပြီဆိုရင်တော့ ခရီးဝေးမသွားဖို့ အကြံပေးချင်ပါတယ်။မီးဖွားခါနီးကျ အဆင့်သင့်ဖြစ်နေအောင် ကြိုပြင်ထားသင့်ပါတယ်။ ဆေးရုံတက်ဖို့ လိုအပ်တဲ့ ပစ္စည်းလေးတွေ စုဆောင်းထားရမယ့် အချိန်လည်း ဖြစ်ပါတယ်။ဒါ့အပြင် ကိုယ်ဝန်ကလည်း ရင့်လာပြီ ဖြစ်တာကြောင့် ရိုးရိုးမွေးမလား၊ ခွဲမွေးမလားဆိုတာကို ဆုံးဖြတ်ရမယ့် အချိန်လည်းဖြစ်ပါတယ်။ ကြိုပြီး စဉ်းစားထားမှသာ မွေးမယ့်ရက် ကပ်လာမှ အကုန်လုံး ပြင်ဆင်ပြီးသား ဖြစ်မှာပါ။ဆရာဝန်ဆီ ကိုယ်ဝန်သွားအပ်တဲ့အခါကျDue Dateက ဘယ်ရက်လဲဆိုတာကို အမြဲ တွက်ပေးလေ့ရှိပါတယ်။ ပုံမှန် ကိုယ်ဝန် တစ်ခုဟာ ၃၇ ပတ်ကနေ ၄၂ ပတ်လောက်အထိကြာတယ်ဆိုတော့ ရာသီလာတဲ့ ပထမရက်ကနေ ရေရင် နောက် ၃၇ ပတ် ( ဒါမှမဟုတ်) ၄၂ ပတ်မြောက်နေ့ကို ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်တယ်လို့ သတ်မှတ်ပြီး အဲဒီနေ့က မီးဖွားမယ့်ရက်ပါ။ လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ရာသီစက်ဝန်းက မတူညီတဲ့အတွက်ကြောင့် ခုလို ၃၇ ပတ်ကနေ ၄၂ပတ်ထိ ကြားချထားတာဖြစ်ပါတယ်။မီးဖွားမယ့်ရက်ကို ပိုပြီး တိတိကျကျ ပြောနိုင်တာက ပထမ ကိုယ်ဝန် ၃လမှာရိုက်တဲ့အာထရာဆောင်းအဖြေကထုတ်ပေးတဲ့ Due Date ပဲ ဖြစ်ပါတယ်။ ဒါတောင် တကယ်မွေးတဲ့အခါ ရက်အနည်းငယ် ကွာခြားတာ ဖြစ်နိုင်ပါသေးတယ်။ရေးသားသူ- Dr Thin Yadanar@ Frances။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/third-trimester-being-pregnant/3rd-trimester-and-due-date/
ဆရာဝန်တွေ ပြောပြောနေကြတဲ့ ကိုယ်ဝန်ပထမ၃လ ( 1st trimester) ဆိုတာ
ကိုယ်ဝန်တစ်ခုဟာ ကိုးလလွယ် ဆယ်လဖွားဆိုတာတော့ အားလုံးသိကြမှာပါ။ ပုံမှန်ကိုယ်ဝန်တစ်ခုရဲ့ ကာလဟာ အပတ်ပေါင်း ၄၀ ရှိရမယ် လနဲ့ဆိုရင်တော့ ဆယ်လလောက်ပေါ့။ ဒါပေမယ့် အပတ်ပေါင်း၄၀ ကွက်တိမဟုတ်ဘဲ သူ့ကို ၃၇ပတ် – ၄၂ ပတ်ကြားထဲ ထည့်ထားလေ့ရှိပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်က မတူဘူးလေ။ ဒီတော့ ဒီ ၃၇ – ၄၂ ပတ် ကြားထဲမှာ မွေးတဲ့ ကိုယ်ဝန်မှန်သမျှ ပုံမှန်ကိုယ်ဝန် တစ်ခုပါ။ဆေးပညာမှာ ဒီ ၁၀ လလွယ်ထားရတဲ့ ကိုယ်ဝန်ကို Trimester ( ကိုယ်ဝန် အပိုင်းအခြားကာလ) နဲ့ ပိုင်းခြားလေ့ရှိပါတယ်။ Trimester ဆိုတာ ၁၀လကြာတဲ့ ကိုယ်ဝန် တစ်ခုကို ( 1stTrimester , 2ndTrimester နဲ့ 3rdTrimester ) ဆိုပြီး ၃လစီ ခွဲထားတာကို ပြောတာပါ။ အလွယ်ပြောရရင် ကိုယ်ဝန် ပထမ ၃လ၊ ဒုတိယ ၃လ နဲ့ တတိယ ၃ လပေါ့။ကိုယ်ဝန်trimester ကာလတစ်ခုဆီမှာ အပတ်ပေါင်း ၁၂ပတ်ကနေ ၁၄ပတ် လောက်အထိရှိပြီး လပေါင်းကတော့ ၃ လစီပါ။တစ်လချင်းစီ လိုက်မကြည့်ဘဲ ဒီလို ၃ လစီခွဲလိုက်တဲ့အခါကျတော့ အများကြီးမှတ်စရာ မလိုတော့ဘဲ တစ်စုတည်းကြည့်ရလွယ်သွားတာပေါ့။ ဒါဆို ဒီ ၃လစီ စုထားတဲ့ ကိုယ်ဝန် အပိုင်းအခြားအလိုက်ဘာတွေပြောင်းလဲလာလဲ ဆိုတာကိုရော သိချင်ကြတယ်မလား။ ဆက်ကြည့်ရအောင် ။ ။ကိုယ်ဝန် တစ်ခုရဲ့ စစချင်း ရက်စွဲကို နောက်ဆုံးလာခဲ့တဲ့ရာသီစက်ဝန်းရဲ့ ပထမရက်ကနေ စမှတ်လေ့ရှိပါတယ်။ ဒီတော့ နောက်ဆုံးလာခဲ့တဲ့ရာသီစက်ဝန်းရဲ့ ပထမရက်ကနေစရေရင် ၁၃ ပတ်မြောက်တဲ့နေ့ဟာ 1stTrimester ( ကိုယ်ဝန်ပထမ၃လ) ၃လပါ။1stTrimester မှာတော့ စစချင်းကိုယ်ဝန်ရခါစဖြစ်တာကြောင့် ဗိုက်က သိသိသာသာစူထွက်လာတာမျိုးတော့ မရှိပေမယ့် ဗိုက်ထဲမှာ ကြီးထွားလာတဲ့ ကလေးကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာမှာ အခြားပြောင်းလဲမှုတွေ အများကြီးကြုံတွေ့ရမှာပါ။ ဘာတွေလဲဆိုတော့။ကိုယ်ဝန်ပထမ၃လဟာ ဗိုက်ထဲက ရင်သွေးလေး ဖွံ့ဖြိုးမှု အဓိကအကျဆုံး အချိန်လို့ပြောလို့ရပါတယ်။ ပထမ ၃ လဟာ ဗိုက်ထဲက ရင်သွေးလေးရဲ့ ကိုယ်တွင်း အစိတ်အပိုင်းအားလုံး ဖွံ့ဖြိုးတဲ့အချိန်ဖြစ်တာကြောင့် မွေးရာပါ ချို့ယွင်းချက်တွေ မရှိဖို့အတွက် ဒီ ၃ လဟာ အလွန်အရေးကြီးပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်လနုတဲ့အချိန်တည်းက ကလေးဦးနှောက်နဲ့ အာရုံကြောပြွန်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့folic acidဖြည့်စွက်အားဆေးတွေကို ဆရာဝန်တွေ သောက်ခိုင်းကြတာဖြစ်ပါတယ်။ဒါ့အပြင် ကိုယ်ဝန်စအပ်သင့်တဲ့အချိန်ကလည်း ဒီ ပထမ ၃ အတွင်းမှာပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိပြီဆိုတာနဲ့ စောစောနိုင်သမျှ စောစော ကိုယ်ဝန်စအပ်ပါ။ ကိုယ်ဝန်ရင့်တော့မှ၊ မီးဖွားခါနီး ၂ လလောက်အလိုမှ ပထမဆုံး ကိုယ်ဝန်သွားပြတာမျိုး မဟုတ်ဘဲ ကိုယ်ဝန် လနုစဉ်တည်းက ကိုယ်ဝန်ကို သွားအပ်ထားသင့်ပါတယ်။ ဒါမှ ကလေးရဲ့ ဖွံ့ဖြိုးမှုတွေ မိခင်ရဲ့ ကျန်းမာရေးတွေကို သေချာသိနိုင်မှာ ဖြစ်ပြီး တစ်စုံတစ်ရာချို့ယွင်းနေရင် အချိန်မီ ကုသနိုင်မှာ ဖြစ်ပါတယ်။မေမေတိုင်း ကြောက်ကြတဲ့ကိုယ်ဝန် ပျက်ကျခြင်းဟာလည်း ဒီ ကိုယ်ဝန်ပထမ၃ လ ( 1stTrimester ) အဖြစ်များပါတယ်။ လနုတဲ့ကာလဆိုတော့ ချော်လဲတာ၊ အထိုင်အထ မတော်တာမျိုးနဲ့တင် ကိုယ်ဝန် ပျက်ကျသွားတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ နေထိုင်မှု ပုံစံတွေကို ပြင်မယ်၊ အလေးအပင်တွေ မမဘူး၊ အရက်ဆေးလိပ်ဖြတ်မယ်၊ ကိုယ်ဝန်ဆောင် အားဆေးတွေ သောက်မယ်ဆိုရင် ကိုယ်ဝန်ပျက်ကျတာမျိုးတွေ နည်းသွားမှာပါ။ဒီ ကိုယ်ဝန်ပထမ၃ဟာ ဘယ်လောက်အရေးကြီးကြောင်း၊ ဘယ်လိုတွေ ပြောင်းလဲကြောင်း ဒီလောက်ဆို သိသွားလောက်ပြီလို့ ထင်ပါတယ်။ ဗိုက်ထဲက ရင်သွေးလေးစပြီး ရုပ်လုံးပေါ်နေတဲ့ အချိန်ဖြစ်တာကြောင့် မေမေတို့ စိတ်ပိုင်းဆိုင်ရာပိုင်းလည်း ပြင်ဆင်စရာတွေရှိပါသေးတယ်။ စိတ်ကို အတတ်နိုင်ဆုံး ပျော်အောင်ထားမယ်၊ စိတ်ဆိုး ဝမ်းနည်း ဒေါသထွက်တာတွေကို လျှော့ဖို့လည်း လိုပါတယ်။ ဒီ ကိုယ်ဝန်ပထမ၃လ က ကိုယ်ဝန်နဲ့ ပတ်သက်တာတွေက စပြီးလေ့လာသ့င့်တဲ့အချိန် ၊ မီးဖွားနည်းပုံစံတွေ၊ နို့ချိုတိုက်ကျွေးခြင်းပုံစံတွေကို စပြီး သင်ယူဖို့ အကောင်းဆုံး အချိန်လည်း ဖြစ်ပါတယ်။ ။ဆောင်းပါး တစ်ခုတည်းမှာ ရှိသမျှ Trimesters ၃ခုလုံး တစ်ပြုံတည်းရေးလိုက်ရင် စာဖတ်သူလည်း ပျင်းမယ်၊ စာရေးသူအတွက်လည်း ပြည့်ပြည့်စုံစုံ အသေးစိတ်တင်ပြခွင့် မရတာကြောင့် 2ndTrimester နဲ့ 3rdTrimester အကြောင်းကို နောက်အပုဒ်တွေမှာ ဆက်လက်စောင့်မျှော်ကြပါဦးနော် ။ ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/first-trimester-being-pregnant/first-trimester-2/
အန္တရာယ်ကင်းတဲ့အစားအစာတွေဖြစ်ဖို့ အချက် (၁၀) ချက်
အစားအသောက်ကို မှားယွင်းစွာစားသောက်ရင် အန္တရာယ်ရှိပြီး တစ်ချို့အခြေအနေတွေမှာဆို သေစေနိုင်လောက်တဲ့အထိ ပြင်းထန်ပါတယ်။ ယခုဆောင်းပါးမှာတော့ အစားအစာတွေကို ဘယ်လိုသန့်ရှင်းအောင် လုပ်မလဲဆိုတဲ့ အရာတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။လက်မှာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ အများကြီး ကပ်နေနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေက အစားမစားမီ ဒါမှမဟုတ် အစားအသောက်တွေ ပြင်ဆင်နေတဲ့အချိန်မှာ လက်ကို စင်အောင်ဆေးခိုင်းတာဖြစ်ပါတယ်။ ရေနွေးရယ် ဆပ်ပြာရယ်သုံးတာ ပိုကောင်းပါတယ်။ ရေနွေးထဲ စက္ကန့် ၂၀ လောက် စိမ်ပြီးဆေးပါ။ လက်ကိုခြောက်အောင်သေချာစွာထားပါ။ကလိုရင်း စတီးဇွန်းတစ်ဇွန်းနဲ့ ရေတစ်ဂါလံက သင်ချက်ပြုတ်မယ့် နေရာတွေကို ဆေးကြောဖို့ အကောင်းဆုံးပါ။အနည်းဆုံးတစ်ပတ်တစ်ခါတော့ သန့်ရှင်းရေးလုပ်သင့်ပါတယ်။ စားလက်စ အစာတွေကို ရေခဲသေတ္တာထဲမှာ ၄ ရက်ထက် ပိုထားပြီး မစားသင့်ပါဘူး။ ပြုထားတဲ့အသားနဲ့ အသားအစိမ်းတွေကတော့ ၁ ရက် ၂ ရက်ထက် ပိုမထားသင့်ပါဘူး။ကျွန်တော်တို့ရဲ့ လက်တွေလိုပါပဲ မီးဖိုချောင်သုံးပစ္စည်းတွေမှာလည်း ဘတ်တီးရီးယားတွေ အများကြီး ရှိနိုင်ပါတယ်။ အစာအဆိပ်သင့်တာတွေ မဖြစ်အောင် မီးဖိုချောင်သုံး ပစ္စည်းအသစ်တွေကို အသုံးမပြုခင် ပိုးသတ်ပါ။သင့်မိသားစုကျန်းမာရေးအတွက် အသီးအနှံနဲ့ အသားငါးတွေကို မချက်ခင် ရေစင်အောင်ဆေးပါ။အသားနဲ့ အသီးအရွက်တွေအတွက် လိုအပ်တဲ့ စဉ့်နှီတုံးနဲ့ ဓါး၊ ထည့်စရာတွေ သပ်သပ်စီခွဲထားပါ။လိုအပ်တဲ့အပူချိန် ရောက်တဲ့အထိ ကျက်အောင်ချက်ပါ။ အစားအသောက်တွေကျက်ဖို့ ဘတ်တီးရီးယားတွေ သေဖို့ လိုအပ်တဲ့အပူချိန်ကို သိရှိနိုင်ရန် သာမိုမီတာ အသုံးပြုပါ။ ဒါမှသင့်ကို ဘတ်တီးရီးယားအန္တရာယ်က ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။တချို့လူတွေအတွက် မီးနဲ့ ချက်မထားတာ ဒါမှမဟုတ် အစိမ်းစားတာက ပိုပြီးလတ်ဆတ် ပိုပြီးအရသာရှိတယ်လို့ ထင်နေနိုင်ပါတယ်။ ဒီလို အစိမ်းစားတာက ဘက်တီးရီးယားတွေကို စားမိသလို ဖြစ်နိုင်တဲ့အတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အစိမ်းစားတော့မယ်ဆိုရင် ဒီအန္တရာယ်တွေ သေချာစဉ်းစားပါ။အစားအသောက်တွေကို ချက်ပြုတ်တာ ပြင်ဆင်တာ ပန်းကန်ထဲထည့်တဲ့အလုပ်တွေက စိတ်ရှည်ဖို လိုပါတယ်။ အန္တရယ်ကင်းဖို့အတွက် ပိုးသတ်ဖို့လည်း လိုပါတယ်။ အစိမ်းစားတော့မယ် ဆိုရင်တော့ အန္တရာယ်အခွင့်အလမ်း ရှိနိုင်တဲ့အတွက် အခုပြောခဲ့တဲ့ အချက်(၁၀) ချက်ကို သတိရပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/%e1%80%a1%e1%82%8f%e1%81%b1%e1%80%9b%e1%80%9a%e1%80%b9%e1%80%80%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%b1/
ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ........
ကျွန်တော်တို့ရဲ့အစာခြေစနစ်ထဲမှာ သန်းပေါင်းများစွာသော ဘက်တီးရီးယားလေးတွေ မှီတင်းနေထိုင်ကြပါတယ်။ အကျိုးပြုတဲ့ ဘက်တီးရီးယားရော အကျိုးမပြုတဲ့ ဘက်တီးရီးယားရောပါ။အကျိုးပြု ဘက်တီးရီးယားလေးတွေ ကတော့ အစာခြေစနစ်ကစလို့ကိုယ်ခံအားပါ ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးတာပေါ့။အကျိုးပြု ဘက်တီးရီးယားလေးတွေ ကျန်းမာစေဖို့ဆိုရင် သူတို့ကို အာဟာရ ထောက်ပံ့ပေးဖို့ လိုပါမယ်။ ဒီလိုထောက်ပံ့ပေးတဲ့အာဟာရကိုတော့ ပရီဘိုင်အိုးတစ်(prebiotics)လို့ ခေါ်ပါတယ်။အရွယ်ရောက်ပြီးသားသူတွေမှာအကျိုးပြုဘက်တီးရီးယားတွေက လုံလောက်မှုရှိပေမယ့် ဖွံ့ဖြိုးဆဲ ကလေးတွေရဲ့ အစာခြေစနစ်ထဲမှာတော့ ဒီ အကျိုးပြု ဘက်တီးရီးယားတွေက လုံလုံလောက် မရှိသေးဘူးပေါ့။ ဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့သားသားမီးမီးတွေအကောင်းဆုံး ဖွံ့ဖြိုးစေဖို့ဆိုရင် အရေးအကြီးဆုံးက အစာခြေစနစ်ပါ။အစာခြေစနစ် ကျန်းမာစေဖို့ဆိုရင် သေချာတာက အကျိုးပြုဘက်တီးရီးယားလေးတွေ အကောင်းဆုံး ရှင်သန်နိုင်အောင် ထောက်ပံ့ပေးဖို့ပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ကလေးတွေရဲ့ အစာခြေစနစ်ထဲက အကျိုးပြုဘက်တီးရီးယားလေးတွေ ရှင်သန်စေဖို့ လိုအပ်မယ့်အာဟာရဓာတ်တစ်မျိုးဖြစ်တဲ့ အကျိုးပြုဘက်တီးရီးယား အာဟာရအကြောင်းကို ပြောပြပေးမှာပါ။ဒီစာလုံးလေးက ဘာဆိုတာကို မသိပေမယ့် ကလေးဖြည့်စွက် အာဟာရကြော်ငြာတွေ၊ ဆရာဝန်တွေရဲ့ ကလေးအာဟာရဆိုင်ရာ ညွှန်ကြား ပညာပေးချက်တွေကနေတဆင့် ကြားဖူးနေနိုင်ပါတယ်။ ဒီကြားဖူးနေကျ စကားလုံးဖြစ်တဲ့ lcFos ဆိုတာက ဘာများလဲ ……..။ကလေးဖြည့်စွက် အာဟာရ တော်တော်များများမှာ ပါဝင်နေတဲ့ lcFos ဆိုတာက အကျိုးပြုဘက်တီးရီးယား အာဟာတစ်မျိုးပါ။ LcFos ကို အရှည်ကောက်ကတော့ Long chain fructo-oligosaccharide လို့ ခေါ်ပါတယ်။ ဖွံ့ဖြိုးဆဲ ကလေးရဲ့ အစာခြေစနစ် ကျန်းမာရေးကို အားဖြည့်ပေးမယ့် ဇာတ်လိုက်လေးတစ်ခုပေါ့။သူက ကလေးတစ်ယောက်ကို ဝမ်းဗိုက်ပြဿနာကင်းပြီး အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ ထောက်ပံ့ပေးတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေကို ပြည့်ဝတဲ့ အာဟာရ ရရှိအောင် ပံ့ပိုးပေးပါတယ်။ lcFos လို့ သိကြတဲ့ (prebiotics) အကျိုးပြုဘက်တီးရီးယားအာဟာရ တစ်မျိုးကို ပြည့်ဝ လုံလောက်စွာ ကျွေးမွေးပေးမယ်ဆိုရင် ကလေးက။ဒါ့အပြင်အူနံရံတွေကို အာဟာရ စုပ်ယူမှုကောင်းစေတာက ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အာဟာရတွေကို ပြည့်ဝစွာ ရရှိစေလို့ ကိုယ်ခံအားကောင်းပြီး ရောဂါဘယကင်းလို့ဉာဏ်ရည်ဖွံ့ဖြိုးမှုကိုပါ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ကလေးရဲ့ အစာခြေစနစ်ကစလို့ ကိုယ်ခံအား စနစ်အထိ အကောင်းဆုံး ထောက်ပံ့ပေးတဲ့ lcFos ကို lcFos ဖြည့်သွင်းထားတဲ့ကလေးနို့မှုန့်တွေကရနိုင်တဲ့အပြင်။ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ…….. ဆိုတာ သိလောက်ပြီ ထင်ပါတယ်။ ဒီတော့ အစာခြေစနစ်ကျန်းမာပြီး ကောင်းမွန်တဲ့ ကိုယ်ခံအားနဲ့ဉာဏ်ရည်ထက်မြက်ပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်စေဖို့ ကလေးရဲ့ အာဟာရထဲမှာ lcFos လေး ပါဝင်အောင် ပြင်ဆင်ပေးလိုက်စို့နော် မေမေတို့ရေ………….။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/lcfos-for-child-development/
ဝက်ခြံတွေကိုကာကွယ်ပေးမယ့်အဆင့်ရှစ်ဆင့်
ဝက်ခြံတွေကိုကာကွယ်ပေးမယ့်အဆင့်ရှစ်ဆင့်။သင့်မှာ ဝက်ခြံတွေထွက်နေပြီဆိုရင် ဘယ်လောက်တောင် စိတ်အနှောင့်အယှက် ဖြစ်ရလဲဆိုတာ သင်အသိဆုံးပါ။ သာယာလှတဲ့ မနက်ခင်းလေးမှာ သင်နိုးလာမယ်၊ ငှက်ကလေးတွေကလည်း ကျီကျီကျာကျာ တေးသီလို့ သင်ကြည်နူးနေတုန်းမှာပဲ မျက်နှာကို အမှတ်မထင် စမ်းကြည့်မိလိုက်တဲ့အခါ ဝက်ခြံတွေထွက်နေတာကို သိလိုက်ရတယ်ဆိုရင်အတော်ကို စိတ်ပျက်စရာကောင်းမယ်ဆိုတာ တွေးကြည့်ဖို့တောင်မလိုပါဘူး။ဝက်ခြံတွေ မျက်နှာပေါ်ရောက်မလာခင် စောစောစီးစီး ကြိုတင်ကာကွယ်လို့ ရမယ်ဆိုရင်ကော ဘယ်လိုလဲ။ အောက်မှာ ဖော်ပြမယ့် အချက်လေးတွေကို ဂရုတစိုက် လိုက်နာမယ်ဆိုရင် ဝက်ခြံတွေကို ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။မျက်နှာသစ်ပါ။တစ်နေ့နှစ်ခါ မျက်နှာသစ်ပါ။ မိတ်ကပ်ဖျက်ဖို့လည်း မမေ့ပါနဲ့။ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်ပါ (အဆီပြန်တတ်တဲ့သူဆိုရင် ဂျယ်လ်အမျိုးအစား၊ အသားအရေခြောက်သွေ့တတ်တဲ့ သူဆိုရင် ခရင်မ်အမျိုးအစားစသဖြင့်ပေါ့)။ မျက်နှာကို စနစ်တကျ သစ်ပေးခြင်းအားဖြင့် မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်ဆို့စေမယ့် အညစ်အကြေးတွေ၊ ဂျီးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဒီနေ့ အရမ်းပင်ပန်း လာတဲ့အတွက် အိပ်ယာထဲကထပြီး မျက်နှာသစ်ဖို့ အားအင်မရှိတော့ဖူးဆိုရင်တောင် မိတ်ကပ်ဖျက်တဲ့ တစ်ရှူးလေးတွေကို အိပ်ယာဘေးဆောင်ထားပြီး အနည်းဆုံးတော့တစ်ရှူးနဲ့ ပွတ်ကာမျက်နှာပေါ်ကဂျီးတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှား ပစ်သင့်ပါတယ်။ မျက်နှာမသစ်ဘဲဒီလိုမျိုး တစ်ရှူးလေးနဲ့ပဲ ပွတ်တာက ကောင်းတဲ့အကျင့်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်အနေနဲ့ အိပ်ယာက ဘယ်လိုမှမထနိုင်တော့ဘူးဆိုရင် ဘာမှမလုပ်တာထက်စာရင်တော့ တစ်ရှူးလေးနဲ့ ပွတ်ဖော်ရတာတော်ပါသေးတယ်။ပေါင်းတင်ပစ္စည်းသုံးပါ။နွေရာသီတွေမှာ ဆိုရင်နေရောင်နဲ့ ပိုပြီးထိတွေ့ရတဲ့အတွက် သင့်အသားအရေက ပိုပြီးခြောက်သွေ့ပါလိမ့်မယ်။ ဒါ့ကြောင့် မျက်နှာပေါ်ပါးပါးသုတ်လိမ်းပြီး ပြန်ခွာပစ်ရတဲ့ပေါင်းတင်ပစ္စည်းလေးတွေကိုသုံးရင်မမှားပါဘူး။Glycolic acid နဲ့ salicylic acid တို့ပါဝင်တဲ့ ပေါင်းတင်ပစ္စည်းတွေကို ဈေးကွက်ထဲမှာ ဈေးနှုန်အစားစားနဲ့ အလွယ်တကူဝယ်ယူနိုင်တဲ့ အတွက် အိမ်မှာ ကိုယ့်ဖာသာ အလွယ်တကူ ပေါင်းတင်နိုင်ပါတယ်။ ဒီပစ္စည်းလေးတွေဟာ မျက်နှာပေါ်က မွေးညင်း ပေါက်လေးတွေကို တင်းတင်းရင်းရင်းရှိစေတဲ့ အပြင်အသားအရေကိုလည်း ဝင်းလက်တောက်ပစေပါတယ်။နေလောင်ခံ ခရင်မ်ကို နေ့စဉ်သုံးပါ။နွေရာသီတွေမှာဆိုရင် SPF များများပါတဲ့နေလောင်ခံခရင်မ်တွေက ိုအသုံးပြုရပါမယ်။ နေရောင်ခြည်ပြင်းပြင်းဟာ အသားအရေကို အင်မတန်ဒုက္ခပေးနိုင်ပြီး တကယ်လို့ သင်ဟာအပေါ်က အချက်မှာပြောခဲ့သလို ပေါင်းတင်တာ မျိုးလုပ်ထားမယ် ဆိုရင်သင့်ရဲ့ လှပချောမွတ်တောက်ပတဲ့ မျက်နှာလေးကို အလွယ်တကူ မထိခိုက်ရလေအောင် နေလောင်ခံခရင်မ်ကို ကျိန်းသေပေါက်အသုံးပြုဖို့အကြံပေးချင်ပါတယ်။အသားအရေထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေကို အချိန်မှန်မှန်အသုံးပြုပေးပါ။သင့်အရေပြားကလည်း နာရီကြည့်တတ်တယ်ဆိုရင် မအံ့ဩသွားပါနဲ့။ ထူးဆန်းကောင်းထူးဆန်းနေပေမယ့် ဒါအမှန်တရားပါ။ အရေပြားရဲ့ pH ကအချိန်နဲ့အမျှပြောင်းလဲနေပါတယ်။ နေ့ဖက်မှာဆိုရင်သင့်အရေပြားရဲ့ pH တန်ဖိုးက ၅.၃လောက်ရှိပါတယ် (ဘာလို့လဲဆိုတော့ microfloraလို့ခေါ်တဲ့ လူ့အရေပြားမှာသဘာဝအတိုင်းရှိနေတဲ့ ဘက်တီးရီးယားလေးတွေဟာနေ့အချိန်မှာအများဆုံး အလုပ်လုပ်ပါပြီး အရေပြားကလည်း နေပူဒါဏ်ကို ကာကွယ်ဖို့ အတွက် sebum လို့ခေါ်တဲ့အဆီဓါတ်တစ်မျိုးကိုထုတ်ပေးလို့ပါ)။ ဒီလိုအချိန်မျိုးမှာ နေလောင်ခံခရင်မ်ကို သုံးပေးခြင်းအားဖြင့် နေလောင်ဒါဏ်ကို ကာကွယ်ပေးရုံသာမက ခန္ဓါကိုယ်ကနေလည်း sebum တွေ အလွန်အကျွံ ထုတ်မပေးအောင် တားဆီးပေးနိုင်ပါတယ်။ ညဖက်ရောက်တဲ့အခါမှာတော့အရေပြားဆဲလ်အသစ်တွေတဖန်ပြန်ဖြစ်ပေါ်တဲ့အချိန်ဖြစ်ပြီးအရေပြားရဲ့ pH ဟာအနည်းငယ်ကျသွားကာ၄.၉လောက်ပဲရှိပါတော့တယ်။ ဒါ့ကြောင့်ညဖက်မှာအရေပြားဆဲလ်အသစ်တွေ ဖြစ်ပေါ်တာကိုအားပေးတဲ့ retinol ကိုအခြေခံတဲ့အလှကုန်ပစ္စည်းတွေကိုအသုံးပြုတာအကောင်းဆုံးပဲ ဖြစ်ပါတယ်။အစားအသောက်ကို မှန်ကန်မျှတစွာစားပါ။ ရေများများသောက်ပါ။ အစားအသောက်က အလွန်ပဲအရေးကြီးလှပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အချိုတွေအစားများတဲ့ ကောလိပ်ကျောင်းသားတွေဟာ ဝက်ခြံပိုထွက်ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ သင်အနေနဲ့ဝက်ခြံတွေ ခဏခဏထွက်လေ့ရှိတယ်ဆိုရင် အချိုတွေကိုအရမ်းမစားသင့်ပါဘူး ။ နို့ထွက်ပစ္စည်းတွေဟာလည်းဝက်ခြံထွက်စေတဲ့အတွက်သတိထားရပါမယ်။ တကယ်လို့သင်ဟာမနက်စာကို cereal အစေ့လေးတွေနဲ့နွားနို့သောက်လေ့ရှိတယ်ဆိုရင် ဗာဒံစေ့က တဆင့်ထုတ်လုပ်ထားတဲ့ နို့ကိုပြောင်းပြီး သောက်ကြည့် သင့်ပါတယ်။နောက်ထပ်အရေးကြီးတဲ့ အချက်က ကိုလာတို့လို အချိုရည်တွေသောက်မယ့်အစား သဘာဝဖျော်ရည်တွေကိုပဲ သောက်သင့်ပါတယ်။ သဘာဝဖျော်ရည်တွေဟာ အဟာရတန်ဖိုးမြင့်မားစွာပါဝင်ပြီး အယ်လ်ကာလိုင်းဓါတ်ကို အမြန်ဆုံးဖြည့်ပေးနိုင်ကာ ဈေးကွက်ထဲမှာလည်း စက္ကူဗူးလေးတွေအနေနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ ဂက်စ်ပါတဲ့အချိုရည်ဆိုရင် ဘယ်လိုအချိုရည်မျိုးကိုမဆို ရှောင်ပြီးရေကိုသာ တတ်နိုင်သမျှများများေ သာက်သင့်ပါတယ်။ဗီတာမင်အားဆေးတွေသောက်ပါ။ဗီတာမင် B3 နဲ့ကယ်လ်ဆီယမ်ဓါတ်တို့ဟာ ကျန်းမာရေးအတွက်ကော အသားအရေအတွက်ပါ အထူးအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်၊စိတ်ဖိစီးမှုတွေများလာရင် အသားအရေကို ထိခိုက်ပျက်စီးစေတဲ့ အက်စစ်ဓါတ်တွေခန္ဓါကိုယ်မှာ များပြားစုပုံလာပါတယ်။ ဗီတာမင် B3ဟာ ဗီတာမင်ဓါတ်ချို့တဲ့ခြင်းအတွက် အရမ်းအကျိုးရှိပြီး အရေပြားမှာရှိတဲ့ ဘက်တီးရီးယားတွေကိုပါထိန်းချုပ်ပေးတဲ့အတွက် ဝက်ခြံကုသရာမှာအရေးပါလှပါတယ် အသားအရေကို ကာကွယ်ပေးဖို့အရေပြားကထုတ်ပေးတဲ့ အချို့သောဓါတ်တွေအလုပ်လုပ်ဖို့အတွက်ဗီတာမင် B3လိုအပ်ပါတယ် ။ ဒါ့ကြောင့် သင့်မှာအသားအရေနဲ့ပတ်သက်တဲ့ ပြဿနာတစုံတရာရှိနေပြီဆိုရင် ဗီတာမင်Bကို ထိပ်ဆုံးမှာထားပြီး ရွေးချယ်သင့်ပါတယ်။အိပ်ယာခင်းပုံမှန်လဲပါ။အိပ်ယာခင်းတွေနဲ့ခေါင်းအုံးစွပ်၊ဖက်လုံးစွပ်တွေမှာ အရေပြားပေါ်က မွေးညင်းပေါက်တွေကို ပိတ်ဆို့စေတတ်တဲ့ အဆီတွေ ကပ်နေလေ့ရှိတဲ့အတွက် သူတို့ကိုမကြာခဏလဲလှယ်ပေးရပါမယ်။ တကယ်လို့ သင်အိပ်တဲ့အခါမှာ ပက်လက်လှန် အိပ်ပြီးဒူးအောက်မှာ ဖက်လုံး ဒါမှမဟုတ်ေ ခါင်းအုံးတစ်လုံး ထားအိပ်မယ်ဆိုရင် အိပ်နေတုန်းမှာ ဘေးဘယ်ညာကို သိပ်မစောင်းဖြစ်တော့ဘဲနိုးလာရင်လည်း ပက်လက်အနေအထားပဲ ရှိနေမှာဖြစ်တဲ့အတွက် အစွပ်တွေကိုလည်း မျက်နှာက အဆီတွေ သိပ်ပေမှာ မဟုတ်တော့ပါဘူး။စိတ်ဖိစီးမှုကိုတတ်နိုင်သမျှလျှော့ချပါ။ဒါဟာ အရမ်းအရေးကြီးပါတယ်။ စိတ်ဖိစီးမှုကိုလျှော့ချခြင်းအားဖြင့် စိတ်ဖိစီးရင် ခန္ဓါကိုယ်ကထွက်လာတတ်တဲ့ အက်စစ်တွေကိုလည်း ထိန်းချုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ အားကစားလုပ်တာ၊ တရားထိုင်တာ၊ ယောဂကျင့်တာတွေကို မိမိနှစ်သက်ရာလုပ်ပေးမယ်ဆိုရင ်စိတ်ဖိစီးမှုကို ကာကွယ်ပေးနိုင်တဲ့အတွက် စိတ်ဖိစီးမှုရဲ့နောက်ဆက်တွဲ ပြဿနာတွေကိုပါ ကြိုတင်ဖြေရှင်းပြီး ဖြစ်သွားပါပြီ။ အနည်းဆုံး ရပ်ကွက်ထဲလမ်းတစ်ပတ်လောက်တော့ ပတ်လျှောက်လိုက်ပါ။ စိတ်ဖိစီးမှုကို ရင်ဆိုင်ဖို့ဆိုရင် ခန္ဓါကိုယ်ကdopamineဆိုတဲ့ အရာလေးကိုထုတ်ပေးဖို့ အင်မတန် အရေးကြီးပြီး တရားထိုင်ခြင်းဟာ dopamine အများဆုံးထုတ်ပေးနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%9d%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6/
American Hellebore (ခရစ်စမတ်နှင်းဆီပင်)
American hellebore သည် မြန်မာလို ခရစ်စမတ်နှင်းဆီပင်ဟုခေါ်သော အပင်တစ်မျိုးဖြစ်သည်။ အဖူးနှင့် အမြစ်ကို ဆေးဖော်ရာတွင် အသုံးပြုသည်။ သမိုင်းကြောင်းအရ American hellebore ပင်သည် ရောမခေတ်တွင် အဆိပ်မြှားများပြုလုပ်ရာတွင် အသုံးပြုခဲ့သည်။ ၎င်းကို သွေးတိုးကျရန် အသုံးပြုခဲ့ကြသော်လည်း သုတေသနပြုလုပ်ထားသည်မှမရှိပေ။ဤဆေးပင်နှင့် ပတ်သတ်ပြီး လုံလောက်သော လေ့လာမှုများမရှိသော်လည်း ပိုမိုသိရှိနိုင်ရန် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် ဤအပင်သည် သွေးတိုးကျခြင်း၊ ကိုယ်တွင်းအဂါၤများသို့ သွေးစီးဆင်းမှုကောင်းစေခြင်းစသော နှလုံးသွေးကြောနှင့် ပတ်သတ်သော အာနိသင်များရှိကြောင်း လေ့လာမှုအချို့တွင် ဖော်ပြထားသည်။ ၎င်းကို ကိုယ်ဝန်ဆောင်ခြင်းကြောင့်ဖြစ်သော သွေးတိုးရောဂါကို ကုသရန် စိတ်ငြိမ်ဆေးအဖြစ်အသုံးခဲ့ကြသည်။ဤဆေးပင်သည် အဆိပ်ဖြစ်စေလွယ်သောကြောင့် အသုံးနည်းသည်။ များသောအားဖြင့် ဤဆေးပင်ကို အသုံးမပြုကြပဲ စိတ်ချရသော အခြားသော ကုသနည်းများကို သုံးကြသည်။ ဆေးပင်နှင့် ပတ်သတ်သော ပစ္စည်းများကို အေးပြီး ခြောက်သွေ့သောနေရာတွင် ထားသင့်သည်။ဆေးဘက်ဝင် အပင်များကို အသုံးပြုသည့် အခါတွင် ဓါတုဆေးဝါးများကို အသုံးပြုသည်ထက် လိုက်နာရမည့် စည်းမျဉ်းများ နည်းတတ်သည်။ ဘေးကင်းစွာ အသုံးပြုနိုင်ရန် လေ့လာမှုများကို ပိုမိုပြုလုပ်ရန်လိုသည်။ ဤဆေးပင်ကို အသုံးပြုရာတွင် အန္တရာယ်ရှိနိင်သည် ဆိုသည်ကို သတိပြုရမည်။ ပိုမိုသိရှိနိုင်ရန် သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ဤ ဆေးပင်ကို ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် အသက် ၁၂ နှစ်အောက် ကလေးများတွင် အသုံးမပြုရပါ။ အစာအိမ်နှင့် အူလမ်းကြောင်းပြသနာရှိသူများနှင့် နှလုံးရောဂါသမားများတွင် လည်း အသုံးမပြုရပါ။ဤဆေးပင်သည် အဆိပ်အတောက်ဖြစ်စေသောကြောင့် ပမာဏများခြင်းသည် အန္တရာယ်ရှိစေသည်။ သေဆုံးနိုင်ခြင်း အပြင် အောက်ပါ ဘေးထွက်ဆိုးကျိုးများလည်း ရှိသည်။• မျက်စိကွယ်ခြင်း။• နှလုံးခုန်နှေးစေခြင်း။• အသက်ရှုရခက်ခြင်း။• ပါးစပ်၊ လည်ပင်းများ ယားယံခြင်း။• ပျို့အန်ခြင်း၊ဝမ်းပျက်ခြင်း၊နှင့် အစာမျိုရခက်ခြင်း။• အာရုံကြောထိခိုက်ခြင်း၊ တက်ခြင်း၊ အကြောဆွဲခြင်း။ဆေးပင်ကိုအသုံးပြုသော လူတိုင်း ထိုဘေးထွက်ဆိုးကျိုးများရှိမည်ဟု မဆိုလိုပါ။ သို့သော် အခြားသော ဆိုးကျိုးများလည်း ရှိနေနိင်သည်။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ဤဆေးပင်သည် အခြားသော သင်အသုံးပြုနေသော ဆေးဝါးများနှင့် ဓါတ်ပြုမှုများရှိနိုင်သည်။ အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ဤဆေးပင်သည် နှလုံးကို ထိခိုက်စေနိုင်သည်။ ပိုးသတ်ဆေးအချို့သည် ဤဆေးပင်၏ အာနိသင်ကို တိုးစေသောကြောင့် တွဲဖက်အသုံးမပြုသင့်ပါ။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။ဤဆေးပင်သည် အဆိပ်အတောက်ဖြစ်စေနိုင်သည့်အတွက် အမြစ်ကို ပြုလုပ်ထားသော အမှုန့်ကို ဝ.၀၀၂ ဂရမ် မှ ဝ.၁ ဂရမ်အတွင်းသာ အသုံးပြုပါ။သို့သော် အသုံးပြုလေ့ရှိသော ဆေးပမာဏမှာ လူနာတစ်ယောက်ချင်းစီတွင် ကွာခြားနိုင်ပါသည်။ သောက်ရမည့် ပမာဏသည် လူနာ၏ အသက်၊ ကျန်းမာရေး၊ နှင့် အခြားသော အခြေအနေများတွင် မူတည်ပါသည်။ ဘယဆေးပင်များသည် အမြဲတမ်း စိတ်မချရပါ။ ထို့ကြောင့် ဆေးပင်ကျွမ်းကျင်သူ သို့မဟုတ် ဆရာဝန်နှင့် သင့်တော်သောပမာဏကို ဆွေးနွေးပါ။ဤဆေးပင်ကို အောက်ပါ ပုံစံများနှင့် ရနိုင်သည်။• အဆီအနှစ်အရည်။• ပေါင်ဒါအမှုန့်။• လိမ်းဆေးရည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/american-hellebore-%e1%80%81%e1%80%9b%e1%80%85%e1%80%b9%e1%80%85%e1%80%99%e1%80%90%e1%80%b9%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b8%e1%80%86%e1%80%ae%e1%80%95%e1%80%84%e1%80%b9/
Drug Allergy (ဆေးဓါတ်မတည့်ခြင်း)
ဆေးဓါတ်မတည့်ခြင်းဆိုတာ ဆေးတစ်မျိုးမျိုးကို ကိုယ်တွင်းရှိကိုယ်ခံအားစနစ်မှ ပုံမှန်မဟုတ်သော တုံ့ပြန်ခြင်းဖြစ်တယ်။ ဆေးဆိုင်မှဝယ်သောဆေး၊ ဆရာဝန်ညွှန်ကြားသောဆေး၊ တိုင်းရင်းဆေးစသည့် မည်သည့်ဆေးနှင့်မဆို ဓါတ်မတည့်ခြင်း ဖြစ်နိုင်ပါတယ်။ဆေးဓါတ်မတည့်ခြင်းဟာ လူတွေအပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ အဖြစ်အများဆုံးလက္ခဏာများမှာ အင်ပြင်ထွက်ခြင်း၊ နီမြန်းခြင်း သို့မဟုတ် ဖျားနာခြင်းဖြစ်တယ်။အလွန်ဆိုးရွားသော ဓါတ်မတည့်မှုများတွင် Anaphylasis ဟုခေါ်သည့် ရှော့ခ်တစ်မျိုးရခြင်းကြောင့် သွေးပေါင်ချိန် ရုတ်တရက်ထိုးကျခြင်း၊ အသက်ရှူရခက်ခြင်းတို့ဖြစ်ပြီး အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါတယ်။ ဆေးဓါတ်မတည့်ခြင်းဟာ ဆေးရဲ့ဘေးထွက်ဆိုးကျိုးမဟုတ်ပဲ ဆေးရဲ့ပမာဏများသွားခြင်းသာ ဖြစ်ပါတယ်။မည်သူမဆို ဆေးဓါတ်မတည့်ခြင်း ဖြစ်နိုင်ပါတယ်။ ကံဆိုးတာကတော့ သင်ဟာ သင်နှင့်မတည့်သည့်ဆေးကို စစ်ဆေးနိုင်တဲ့ နည်းမရှိပါ။ တော်တော်များများတွင် ဆေးတစ်မျိုးမျိုးကို သုံးပြီးမှ ဓါတ်မတည့်ခြင်းကို သိရလေ့ရှိပါတယ်။ ဒါက အသက်အရွယ်မရွေးလည်း ဖြစ်တတ်ပါတယ်။အဖြစ်များစေတဲ့ အချက်တွေကို လျှော့ချခြင်းဖြင့် ဆေးဓါတ်မတည့်မှုမှ ကာကွယ်နိုင်ပါတယ်။ ထပ်မံသိလိုသော အချက်များရှိပါက ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါတယ်။ဆေးဓါတ်မတည့်ခြင်းရဲ့ လက္ခဏာတွေက ဆေးသောက်ပြီး၁နာရီအတွင်း ဖြစ်လေ့ရှိကြတယ်။ အတွေ့ရများသော လက္ခဏာများမှာ…။တချို့သောဆေးများက လူတွေကို ဆိုးရွားသော ဓါတ်မတည့်ခြင်းကို ဖြစ်စေနိုင်တယ်။ ဆိုးရွားသော ဓါတ်ပြုမှုဖြစ်ပြီး ဆေးကုသရန်လိုအပ်သော အခြေအနေများမှာ…။ဆေးဓါတ်မတည့်ခြင်းဟာ ဆေးသောက်ပြီး ရက်ပေါင်းများစွာ သို့မဟုတ် ရက်သတ္တပတ်ကြာမှ ဖြစ်တတ်သလို ဆေးသုံးစွဲမှု ရပ်တန့်ပြီးတဲ့အချိန်အထိ ဖြစ်နေတတ်တယ်။ ဆေးဓါတ်မတည့်မှု ကြာသောအချိန်တွင် တွေ့ရသော လက္ခဏာများမှာ…။အထက်တွင်မပါသော လက္ခဏာများလည်း ရှိနိုင်ပါတယ်။ ရောဂါလက္ခဏာအကြောင်း ပြည့်စုံစွာသိလိုပါက ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါတယ်။ဆေးဓါတ်မတည့်ခြင်းဟာ အပျော့စားလက္ခဏာကနေ အသက်သေဆုံးတဲ့အထိ ပြင်းထန်သော လက္ခဏာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ အောက်တွင်ဖော်ပြထားသော အချက်များကို ခံစားရပါက ဆရာဝန်နှင့် ပြသသင့်ပါတယ်။သွေးပေါင်ကျခြင်းနှင့် အသက်ရှူရခက်ခြင်းကဲ့သို့ ပြင်းထန်သောခြေအနေတွင် အရေးပေါ်ကုသမှု ခံယူသင့်ပါတယ်။ဆေးတွင်ပါသော ဓါတုပစ္စည်းများနှင့် သင်၏ကိုယ်ခံအားတို့ ဓါတ်ပြုသောကြောင့် ဆေးဓါတ်မတည့်ခြင်း ဖြစ်ပေါ်လာတယ်။ ကိုယ်ခံအားစနစ်ဟာ ဆေးကို အန္တရာယ်ရှိသော ဓါတုပစ္စည်းနှင့် အမှတ်မှားပြီး တိုက်ခိုက်ပါတယ်။သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ပထမဆုံးအကြိမ်သုံးသော ဆေးများ၊ အစားအသောက်၊ ရေ နှင့် တချို့သောအခြေအနေအတွက် သောက်သော ဆေးများဟာ ဓါတ်မတည့်မှုကို ဖြစ်စေပါတယ်။သင့်ကိုယ်ခံအားဟာ ပထမဆုံးအကြိမ်သောက်သော ဆေးဝါးကို ဆိုးရွားစွာ ဓါတ်ပြုသောအခါ သင့်ကိုယ်တွင်းတွင် ရောဂါကာကွယ်သော ပဋိဇီဝပစ္စည်းများ ထွက်လာပြီး ဆေးဓါတ်မတည့်မှုကို ဖြစ်စေပါတယ်။မည်သည့်ဆေးမဆို ဓါတ်မတည့်မှုကို ဖြစ်စေသော်လည်း တချို့သောဆေးများဟာ ဓါတ်မတည့်မှုကို ပိုဖြစ်စေပါတယ်။ထိုဆေးများမှာ…။ဆေးတွင်ပါသော ဓါတုပစ္စည်းများနှင့် သင်၏ကိုယ်ခံအားတို့ ဓါတ်ပြုသောကြောင့် ဆေးဓါတ်မတည့်ခြင်း ဖြစ်ပေါ်လာတယ်။ ကိုယ်ခံအားစနစ်ဟာ ဆေးကို အန္တရာယ်ရှိသော ဓါတုပစ္စည်းနှင့် အမှတ်မှားပြီး တိုက်ခိုက်ပါတယ်။သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ပထမဆုံးအကြိမ်သုံးသော ဆေးများ၊ အစားအသောက်၊ ရေ နှင့် တချို့သောအခြေအနေအတွက် သောက်သော ဆေးများဟာ ဓါတ်မတည့်မှုကို ဖြစ်စေပါတယ်။ သင့်ကိုယ်ခံအားဟာ ပထမဆုံးအကြိမ်သောက်သော ဆေးဝါးကို ဆိုးရွားစွာ ဓါတ်ပြုသောအခါ သင့်ကိုယ်တွင်းတွင် ရောဂါကာကွယ်သော ပဋိဇီဝပစ္စည်းများ ထွက်လာပြီး ဆေးဓါတ်မတည့်မှုကို ဖြစ်စေပါတယ်။မည်သည့်ဆေးမဆို ဓါတ်မတည့်မှုကို ဖြစ်စေသော်လည်း တချို့သောဆေးများဟာ ဓါတ်မတည့်မှုကို ပိုဖြစ်စေပါတယ်။ ထိုဆေးများမှာ…။ဆေးဓါတ်မတည့်မှုကို ဖြစ်စေသော အကြောင်းရင်းများစွာ ရှိပါတယ်။ ယင်းတို့မှာ…။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆေးဓါတ်မတည့်ခြင်းကို အောက်ပါနည်းလမ်းများဖြင့် ရောဂါရှာဖွေ သိရှိနိုင်ပါတယ်။တခြားစစ်ဆေးနိုင်သော နည်းလမ်းများမှာ…။ဆေးဓါတ်မတည့်ခြင်းရဲ့ လက္ခဏာများကို သက်သာစေသောဆေးများ သို့မဟုတ် ဓါတ်မတည့်ခြင်းကို ဖြစ်စေတဲ့ ဆေးများကို ကုသနိုင်တဲ့ တခြားနည်းတွေကို သုံးပြီး ဆေးဓါတ်မတည့်ခြင်းကို ကုသနိုင်ပါတယ်။အောက်တွင်ဖော်ပြထားသော နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးတွေက သင့်ကို ဆေးဓါတ်မတည့်မှုမှ ကာကွယ်ပေးနိုင်ပါတယ်။သင်သိလိုသော အချက်များရှိပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး သင့်အတွက် ပိုပြီးကောင်းမွန်သော အဖြေများကို ရယူနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/other-allergies/drug-allergy-%e1%80%b1%e1%80%86%e1%80%b8%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%99%e1%80%90%e1%80%8a%e1%80%b9%e1%80%b7%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ကျောက်ကပ်မပျက်စီးအောင် ဘယ်လိုကာကွယ်မလဲ
ကျောက်ကပ်များဟာ သင့်သွေးထဲမှာ အရည်ဓာတ်တွေ ပိုနေတာမဖြစ်အောင်၊အဆိပ်အတောက်တွေ စုဝေးမနေအောင် စစ်ထုတ်သန့်စင်ပေးတဲ့တာဝန် ထမ်းဆောင်ပါတယ်။ အဆိုပါလုပ်ငန်းတွေကို မလုပ်ဆောင်နိုင်တော့တဲ့ အခြေအနေကိုတော့ကျောက်ကပ်ပျက်စီးခြင်းလို့ ခေါ်ပါတယ်။ကျောက်ကပ်ဟာ စတင်ပျက်စီးခါစမှာလက္ခဏာမပြပါဘူး။ ကြာလာရင်တော့ အောက်ပါလက္ခဏာတွေ ကြုံလာရတတ်ပါတယ်။– ဆီးနည်းခြင်း။– ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း။– အာရုံစူးစိုက်ရန်ခက်ခဲခြင်း။– ယားယံခြင်း။– ကြွက်သားများ အကြောဆွဲခြင်း၊ ကြွက်တက်ခြင်း။– ပါးစပ်အတွင်း သတ္တုအရသာရနေခြင်း။–ပျို့အန်ခြင်း။– အစားပျက်ခြင်း။– တက်ခြင်း။– ခြေကျင်းဝတ်၊ ခြေထောက်၊ ခြေဖမိုးများ ဖောရောင်ခြင်း စတာတွေ ဖြစ်ပါတယ်။ကျောက်ကပ်ပျက်စီးခြင်းမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။ သွေးတိုးရောဂါနဲ့ ဆီးချိုဟာ ကျောက်ကပ်ပျက်စီးမှုကို အများဆုံးဖြစ်စေနိုင်တာကြောင့် ယေဘုယျအားဖြင့် အဆိုပါပြဿနာတွေ မကြုံရအောင် ထိန်းသိမ်းဖို့ လိုပါတယ်။ အောက်ပါနည်းလမ်းတွေ ဖြစ်ပါတယ်။ဆီးချိုရောဂါရှိရင် နှလုံးရောဂါနဲ့ ကျောက်ကပ်ပျက်စီးခြင်း ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်ဟာ သွေးထဲက ပိုနေတဲ့သကြားဓာတ်ကို စွန့်ထုတ်နိုင်ဖို့ အလုပ်ပိုလုပ်ရလို့ ဖြစ်ပါတယ်။ကျောက်ကပ်ရဲ့ အသေးငယ်ဆုံးအစိတ်အပိုင်းဖြစ်တဲ့ နက်ဖရွန်လေးတွေကို အင်မတန်ရှုပ်ထွေးများပြားတဲ့ သွေးကြောလေးတွေနဲ့ ဝန်းရံထောက်ပံ့ထားပါတယ်။ သွေးတိုးလာရင် အဆိုပါသွေးကြောငယ်လေးတွေ ပျက်စီးသွားပြီး နက်ဖရွန်များလည်း အလုပ်ကောင်းစွာ မလုပ်နိုင်တော့ဘဲ ကျောက်ကပ်ပျက်စီးနိုင်ပါတယ်။ ဒါကြောင့် သွေးပေါင်ချိန်ကို ပုံမှန်ထိန်းသိမ်းပေးနိုင်ဖို့ လိုပါတယ်။ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်း စတာတွေဟာ ဆီးချိုရောဂါနဲ့ သွေးတိုးခြင်းကိုလည်း ဖြစ်စေတာကြောင့် ကျောက်ကပ်ကို ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာအလေးချိန်ညွှန်ကိန်း (BMI) နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန်ဖြစ်ဖို့ ထိန်းသိမ်းသင့်ပါတယ်။သကြားဓာတ်နဲ့ကိုလက်စထရောများတဲ့ အစားအစာတွေကို လျှော့ချပြီး အမျင်ဓာတ်များတဲ့ အသီးအရွက်တွေ စားသုံးသင့်ပါတယ်။ဆား (ဆိုဒီယမ်) ဟာ သွေးတိုးခြင်းကိုဖြစ်စေပါတယ်။ သွေးတိုးခြင်းဟာ ရေရှည်မှာ ကျောက်ကပ်ကို ထိခိုက်စေတာမို့ ဆားပါဝင်မှုများပြားတဲ့ အစားအစာတွေ ဥပမာ ငါးပိ၊ အသင့်စားသရေစာများ စနာတွေကို လျှော့စားသင့်ပါတယ်။ရေဓာတ်ခမ်းခြောက်ခြင်းဟာ ကျောက်ကပ်တွေဆီ သွေးအရောက်နည်းစေပြီး ကျောက်ကပ်ကို ထိခိုက်ပျက်စီးခြင်း ဖြစ်စေပါတယ်။ ဆီးကျောက်ဖြစ်စေတဲ့ သတ္တုဓာတ်များကိုလည်း အနည်ထိုင်စေပါတယ်။ မိမိအခြေအနေပေါ်မူတည်ပြီး တစ်နေ့ကို ရေ ၂လီတာကနေ ၃လီတာထိ သောက်သုံးသင့်ပါတယ်။အရက်ဟာ သွေးပေါင်ချိန်တက်စေပါတယ်။ ဒါ့အပြင် ကယ်လိုရီများပြားစေလို့ ကိုယ်အလေးချိန်လည်း တက်စေနိုင်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ပျက်စီးနိုင်ခြေနည်းအောင် အရက်ကို လျှော့သောက်သင့်ပါတယ်။ဆေးလိပ်သောက်ခြင်းဟာ သွေးကြောတွေကို ကျဉ်းမြောင်းစေပါတယ်။ ဒါကြောင့် ကျောက်ကပ်ဆီကို သွေးအရောက်နည်းစေနိုင်ပါတယ်။ ကျောက်ကပ်ရောဂါလက္ခဏာ စတင်ပြသနေသူများမှာ ဆေးလိပ်လုံး၀ မသောက်သင့်ပါဘူး။ဆေးဝါးများကို သောက်သုံးတိုင်းမှာ နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ဖို့၊ လေ့လာဖို့ လိုအပ်ပါတယ်။ ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ကျောက်ကပ်ပျက်စီးနိုင်ပါတယ်။ ဥပမာ အက်စ်ပရင်၊ အိုင်ဗျူပရိုဖင် စတဲ့ အကိုက်အခဲပျောက်ဆေးများဟာ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုများဟာ သွေးပေါင်ချိန်ကို တက်စေပြီး အစားအသောက်ပုံစံလည်း မမှန်ဘဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျန်းမာရေးအတွက် စိတ်ဖိစီးမှုကို လျှော့သင့်ပါတယ်။လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းအားဖြင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဆီးချိုနဲ့ သွေးတိုးခြင်းကို ဖြစ်နိုင်ခြေ လျော့နည်းစေတဲ့အပြင် ကိုယ်အလေးချိန်လည်း ထိန်းသိမ်းပေးနိုင်ပါတယ်။…………………………………………….။အထက်ပါနည်းလမ်းများကို ခြုံကြည့်ရင် သွေးတိုးနဲ့ ဆီးချိုကို ထိန်းသိမ်းပေးဖို့ပဲ ဖြစ်ပါတယ်။ အဆိုပါရောဂါများ ဖြစ်ပွားနေတဲ့အပြင် ကျောက်ကပ်ပျက်စီးခြင်းလက္ခဏာတွေ စတင်ပြသလာရင်တော့ ဆရာဝန်နဲ့ မဖြစ်မနေ တိုင်ပင်ကုသဖို့ လိုအပ်ပါတယ်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/ways-to-prevent-kidney-failure/
ဘေဘီလေးအတွက် အကောင်းဆုံးသော ဗီတာမင် C ပေးစွမ်းမယ့် အစားအစာလေးတွေ
ဘေဘီလေးကိုကိုယ်ခံအားကောင်းအောင်ဗီတာမင် C ပြည့်ဝစေချင်တယ်။ ဒါပေမယ့် ဆေးတွေဘာတွေလည်း မတိုက်ချင်ဘူး။ အစားကနေတဆင့်ပဲ လိုအပ်တဲ့ ဗီတာမင် C ကို ပြည့်ဝအောင် ဖြည့်ပေးချင်တယ်ဆိုတဲ့ မေမေဖေဖေတွေ ရှိကြလား။ဒါဆိုရင်တော့ ဘေဘီလေးကို ဆေးတိုက်စရာ မလိုဘဲ ဗီတာမင် C ပြည့်ဝအောင် ဘာတွေ ပြင်ဆင်ကျွေးမွေးရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်စေချင်ပါတယ်။ဘေဘီလေးကို ဗီတာမင် C ပြည့်ဝပြီး ကိုယ်ခံအား ကောင်းစေဖို့ဆိုရင်။စတော်ဘယ်ရီက ဘေဘီလေး အများစု ကြိုက်ကြတဲ့ အသီးလေးပေါ့။ ကမ္ဘာမြေပေါ်က ကျန်းမာရေးနဲ့ အညီညွတ်ဆုံးဘယ်ရီသီးလေးပါ။ စတော်ဘယ်ရီ တစ်ပန်းကန်စာက ဘေဘီလေးတစ်ယောက် တစ်နေ့တာ လိုအပ်မယ့် ဗီတာမင် C ပမာဏရဲ့ တစ်ဝက်လောက်ကို ဖြည့်ပေးနိုင်ပါတယ်။နောက်တစ်ခုက စတော်ဘယ်ရီက ဘေဘီလေးကို ကျန်းမာစေဖို့ လိုအပ်တဲ့အမျှင်ဓာတ်နဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းကိုပါ ထောက်ပံ့ပေးတာပါ။ချယ်ရီသီးက ဗီတာမင် C အကြွယ်ဝဆုံး အသီးတစ်မျိုးပါ။လိမ္မော်သီးထက် ဗီတာမင် C ပါဝင်မှု ၆၅ဆ ပိုများပါတယ်။ ဘေဘီလေးကို ဗီတာမင် C ပြည့်ဝစေချင်ရင် ချယ်ရီသီး ကျွေးပေးလို့ ရပါတယ်။လိမ္မော်သီးကဗီတာမင် C ကြွယ်ဝတယ်ဆိုတာကို လူတိုင်းနီးပါး သိထားပြီးသားပါ။ ဒါ​ကြောင့် ဘေဘီလေးကို လိမ္မော်သီး ကျွေးတာ၊ လိမ္မော်သီး ဖျော်တိုက်တာက ဗီတာမင် C ပြည့်ဝစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ဘေဘီလေးကို ဗီတာမင် C ပြည့်ဝစေမယ့် နောက်ထပ် အသီးတစ်မျိုးက သင်္ဘောသီးပါ။ သင်္ဘောသီး တစ်ပန်းကန်စာက ဘေဘီလေးတစ်နေ့တာ လိုအပ်မယ့် ဗီတာမင် C ပမာဏကို အပြည့်အဝ ပေးနိုင်ပါတယ်။ အမျှင်ဓာတ်လည်း ပါတာကြောင့်အစာခြေစနစ်ကိုလည်း ကျန်းမာစေပါတယ်။ပန်းဂေါ်ဖီစိမ်းက ဘေဘီလေးနဲ့ အသင့်တော်ဆုံး စားစရာတွေထဲက တစ်ခုပါ။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်သလို အာဟာရပြည့်ဝပြီး ဗီတာမင် C လည်း ကြွယ်ဝပါတယ်။ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။အနီရောင် ခရမ်းချဉ်သီးလေးက ဗီတာမင် C ကြွယ်ဝတဲ့ စားစရာတစ်ခုပါ။ ခရမ်းချဉ်သီးတစ်လုံးမှာ ကလေးတစ်ယောက် တစ်နေ့တာလိုအပ်မယ့် ဗီတာမင် C ပမာဏရဲက ၁၆၀ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။ကဲ…ဘေဘီလေးကို ဆေးမတိုက်ချင်ဘူး။ ဗီတာမင် C ပြည့်ဝစေချင်တယ်ဆိုရင် ဒါလေးတွေ ပြင်ဆင်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/best-sources-of-vitamin-c-for-babies/
ဘာသာစကားနှစ်မျိုး နဲ့ ကြီးပြင်းခြင်း : ဘာတွေ အယူအဆ မှားနေကြသလဲ
မိဘနှစ်ပါးရဲ့ မူလဘာသာစကားမတူညီတဲ့ အနေအထားမျိုးအပါအဝင် အမျိုးမျိုးသော အခြေအနေတွေမှာ ကလေးဟာ ဘာသာစကားနှစ်မျိုး စလုံးကို သင်ယူရင်း ကြီးပြင်းလာရတတ်ပါတယ်။ ဒီလို ကြီးပြင်းလာရတာဟာ ကောင်းသလား၊ ဆိုးသလား ဆိုတာနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေလည်း အများအပြား ရှိနေပါသေးတယ်။ ဒီလို အငြင်းပွားမှုတွေထဲမှာ မှားယွင်းစွာ လက်ခံထားကြတဲ့ အချက်အလက်လေးတွေလည်း ရှိနေပါတယ်။ အခု ဆောင်းပါးလေးမှာတော့ အဆိုပါ အယူအဆမှားတွေကို တင်ပြသွားမှာပဲ ဖြစ်ပါတယ်။ဘာသာစကားနှစ်မျိုး နဲ့ ကြီးပြင်းခြင်း : ဘာတွေ အယူအဆ မှားနေကြသလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ဒါဟာ အယူအဆအမှားတွေ အားလုံးထဲမှာ သဘာဝအကျဆုံး အယူမှားလို့ ပြောရင်တော့ရပါတယ်။ ကလေးတစ်ယောက်အနေနဲ့ မတူညီတဲ့ ဘာသာစကားနှစ်ခုနဲ့ ထိတွေ့ရင်း ကြီးပြင်းလာတဲ့အခါ ဒီဘာသာနှစ်ခုကို ရောထွေးသွားပြီး ဘယ်ဟာကိုမှ ကောင်းကောင်းတတ်မှာ မဟုတ်တော့ဘူး၊ တစ်ခုနဲ့ တစ်ခုကို ခွဲခြားနိုင်တော့မှာ မဟုတ်ဘူးလို့ မိဘအချို့က ယူဆကြပါတယ်။ ဒါဟာ မှားပါတယ်။ တကယ်တမ်းကျတော့ မွေးဖွားပြီးရက်အနည်းငယ်လောက်က စတင်လို့မွေးကင်းစကလေးငယ်အားလုံးဟာ ဘာသာစကားတွေကို ကောင်းစွာ ခွဲခြားနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။အထူးသဖြင့် ဗမာစကားနဲ့ တရုတ်စကားတို့လို လုံးဝကွဲပြားတဲ့ ဘာသာစကားမျိုးဆိုရင် ပိုလို့တောင် ခွဲခြားနိုင်ပါသေးတယ်။ တစ်ခုရှိတာက ခပ်ဆင်ဆင်တူနေတဲ့ ဘာသာစကားမျိုး (ဥပမာ ဗမာစကားနဲ့ ရခိုင်စကား)ကို မွေးကင်းစအချိန်မှာ ခွဲခြားနိုင်ဖို့ အနည်းငယ် ခက်ခဲနေသေးပေမယ့်အသက်၆လလောက် အရောက်မှာတော့ ဆင်တူရိုးမှားဘာသာစကားတွေကိုတောင် ကောင်းကောင်းကြီး ခွဲခြားနိုင်ပါပြီလို့လည်း သိရပါတယ်။ရှေးယခင်က လုပ်ခဲ့တဲ့ သုတေသနအမှားတွေကြောင့် မိဘတွေအနေနဲ့ အယူအဆမှားယွင်းပြီး ဘာသာစကားနှစ်ခုနဲ့ ထိတွေ့စေမယ့်အစား ကိုယ့်မူရင်းမြန်မာစကားကို နောက်ပို့ပြီး အင်္ဂလိပ်ဘာသာစကားကိုသာ အဓိက သင်ယူစေပါတော့တယ်။ ဒါဟာ ဝမ်းနည်းစရာပါ။ဘာသာစကားနှစ်မျိုး နဲ့ ထိတွေ့ရတဲ့ တချို့ကလေးတွေဟာ တကယ်ပဲ စကားစတင်ပြောတာ အနည်းငယ်နောက်ကျပါတယ်။ ဒါပေမယ့် ဒါဟာ ယာယီပါပဲလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ပြီးတော့ ကလေးအနည်းစုမှာသာ ဖြစ်တတ်တာပါ။ ဒါပေမယ့် မိမိရဲ့ ရင်သွေး တစ်စုံတစ်ရာ ထိခိုက်မှာ၊ စကားစတင်ပြောတဲ့ အသက်အရွယ် နှောင့်နှေးမှာကို စိုးရိမ်ပူပန်ကြတဲ့ မိဘတွေဟာ (သူတို့ ဦးစားပေးလိုတဲ့) ဘာသာစကားတစ်ခုတည်းနဲ့သာ ကလေးကို ထိတွေ့စေပါတော့တယ်။ဒါဟာလည်း အရင့်အရင်က ပြုလုပ်ခဲ့တဲ့ (မတိကျ၊ မခိုင်လုံသော) သုတေသနမှတ်တမ်းတွေရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ လတ်တလော ပြုလုပ်ထားတဲ့ သုတေသနပြု လေ့လာချက်တွေအရတော့ ဘာသာစကားနှစ်မျိုးနဲ့ ထိတွေ့ကြီးပြင်းစေခြင်းဟာ ကလေးရဲ့ ဘာသာစကားသင်ယူတတ်မြောက်မှု၊ စကားစတင်ပြောမှုကို အနှောင့်အယှက် မပြုဘူးဆိုတာ သိရှိလာရပါပြီ။မှန်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ရောထွေးတာဟာ (ဘာသာစကားနှစ်မျိုးကို သင်ယူလေ့လာနေတဲ့) ဘယ်သူမဆို ကြုံတွေ့နိုင်တဲ့ အခြေအနေဖြစ်ပြီး ဆိုးကျိုးတစုံတရာ မရှိပါဘူး။ အထူးသဖြင့် ဘာသာစကားတစ်ခုကို အခြားတစ်ခုထက်ပိုမို ကျွမ်းကျင်နေတဲ့ ကလေးတွေမှာ ဒီလိုအခြေအနေ ပေါ်ပေါက်လာတတ်ပါတယ်။သူအားနည်းတဲ့ ဘာသာစကားကို ပြောဖို့ကြိုးစားတဲ့အခါ လိုချင်တဲ့ စကားလုံးရှာမရတဲ့ အခြေအနေမျိုးမှာ ပိုမိုအားသန်တဲ့ ဘာသာစကားရဲ့ စကားလုံးတွေကို အသုံးပြုပါလိမ့်မယ်။ ဒါဟာ ယာယီဖြစ်ပြီး အားနည်းတဲ့ဘာသာစကားရဲ့ ဝေါဟာရစာလုံးတွေ ကြွယ်ဝလာတာနဲ့အမျှ ဒီအလေ့အထ ပျောက်ကွယ်သွားပါလိမ့်မယ်။ဒုတိယဘာသာစကားကို စတင်လေ့လာသင်ယူဖို့ နောက်ကျတယ် သို့မဟုတ် စောတယ်ဆိုတာမျိုး မရှိပါဘူး။ ဒီလိုမျိုး လေ့လာသင်ယူခြင်းဟာ အသက်ဆယ်နှစ်အောက်ကလေးတွေအတွက် လွယ်ကူပြီးအသက်ငါးနှစ်အောက်ကလေးတွေအတွက် ပိုလို့တောင် လွယ်ကူပါသေးတယ်။ အရွယ်ရောက်ပြီးသူ လူကြီးတွေမှာသာ ဝါယမပြင်းပြင်းစိုက်ထုတ်ရတာပါ။မွေးကင်းစအရွယ်ကစပြီး အသက်သုံးနှစ်အရွယ်ထိအချိန် (တစ်နည်းပြောရရင် ကလေးငယ်ရဲ့ မိခင်ဘာသာစကားကို စတင်သင်ယူချိန်) ဟာ ဒုတိယဘာသာစကားကို လေ့လာသင်ယူဖို့ အကောင်းဆုံး အချိန်ပဲ ဖြစ်ပါတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒီအရွယ်မှာ ကလေးဟာ သင်လွယ်တတ်လွယ် ဖြစ်တဲ့အတွက်ပါ။အသက် လေးနှစ်နဲ့ ခုနှစ်နှစ်ကြားအရွယ်ဟာလည်း ဒုတိယဘာသာစကားကို သင်ယူဖို့ ကောင်းမွန်တဲ့ နောက်ထပ် အချိန်အပိုင်းအခြားတစ်ခု ဖြစ်ပါတယ်လို့လည်း သိရပါသေးတယ်။ ဒါကြောင့် ဘာသာစကားနှစ်ခုကို အပြိုင်သင်ယူခြင်းဟာ ကလေးအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေတဲ့အပြင် စောလေပိုကောင်းလေဆိုတာကိုတောင် တွေ့မြင်နိုင်ပါတယ်။ကလေးတွေဟာ ရေမြှုပ်တုံးလေးတွေလိုပါပဲ။ ဘာသာစကားနှစ်မျိုးကို မပင်မပန်းဘဲ အလွယ်တကူ စုပ်ယူနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် ဘာသာစကားအသစ်တစ်ခုဟာ သင့်ကလေးခေါင်းထဲကို မန်မိုရီစတစ်နဲ့ ကူးလိုက်သလို ဝင်ရောက်လာမှာ မဟုတ်ပါဘူး။ အားသန်တဲ့ ပင်မဘာသာစကားကို ပုံမှန်အတိုင်း လေ့လာသွားလို့ရပေမယ့် ဒုတိယဘာသာစကားကိုပါ တွဲဖက်သင်ယူရတော့မယ်ဆိုရင် မိဘတွေဘက်ကလည်း ကလေးအတွက် သင့်တော်မှန်ကန်တဲ့ ပတ်ဝန်းကျင်ကောင်းတခု ဖန်တီးပေးဖို့လိုအပ်ပါတယ်။မြန်မာစာတန်းထိုးနဲ့ ‘မုဆိုးမလေးမဂင်္ဂါ’ဇာတ်လမ်းတွဲကို နေ့တိုင်းထိုင်ကြည့်တဲ့ သင့်ကလေးအနေနဲ့ အင်္ဂလိပ်ဘာသာစကားကို ဒုတိယဘာသာအဖြစ် အလွယ်တကူ သင်ယူနိုင်မယ်လို့တော့ မထင်ပါနဲ့။ ဒါကြောင့် လက်တွေ့ဘဝနဲ့ အမှန်တကယ် ဆက်စပ်နိုင်ပြီး စိတ်ဝင်စားဖို့လည်းကောင်း၊ အဓိပ္ပာယ်လည်းရှိတဲ့ လေ့လာသင်ယူချင်စရာ ပတ်ဝန်းကျင်ကောင်းတစ်ခုကို မိဘတွေအနေနဲ့ ဖန်တီးပေးထားသင့်ပါတယ်။မိဘနှစ်ပါးရဲ့ ပင်မဘာသာစကား မတူညီလို့ ပဲဖြစ်ဖြစ်၊မွေးဖွားရာနဲ့ ကြီးပြင်းရာ နေရာ မတူလို့ဘဲ ဖြစ်ဖြစ် ဘာသာစကား နှစ်ခုလုံးကို သင်ယူဖို့ အခြေဆိုက်လာတဲ့ ကလေးတွေနဲ့ ပတ်သက်လို့ လွဲမှားနေကြတဲ့ အယူအဆလေးတွေ အကြောင်း မျှဝေ ပေးလိုက်ရပါတယ်။ ဘာသာစကားနှစ်မျိုး နဲ့ ကြီးပြင်းခြင်းက ကလေးကို ထိခိုက်စေမှာ မဟုတ်ပါဘူး။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/myths-about-bilingual-kids/
HIV ဆေး ၏ နောက်ဆက်တွဲ ဆိုးကျိုးများ
မည်သည့်ဆေးမဆို ဘေးထွက်ဆိုးကျိုး ရှိသည်။ တချို့ဆေးများ၏ ဘေးထွက်ဆိုးကျိုးများမှာ ဆိုးရွားသော်လည်း တချို့မှာ မသိသာပေ။ HIV လူနာများ သောက်ရသောART ဆေး ( HIV ဆေး ) များ သည်လည်း ရေတို ရေရှည် ဘေးထွက်ဆိုးကျိုးများ ခံစားရစေနိုင်ပါသည်။· သွေးအားနည်းခြင်း။· ဝမ်းလျှောခြင်း။· ခေါင်းမူး၊ ခေါင်းကိုက်ခြင်း။· နုံးချိခြင်း။· ပျို့အန်ခြင်း။· ကိုယ်လက်နာကျဉ်ခြင်း။· ထုံကျဉ်ခြင်း။· အနီကွက် အနီစက်များပေါ်ခြင်း။· အဆီထုထည် ဆုံးရှုံးမှုဖြစ်ခြင်း သို့မဟုတ် အဆီစုလာခြင်း။· သွေးတွင်းအချိုဓာတ် များပြားလာခြင်း။· အရိုးပွခြင်း။· သွေးတွင်း lactic အက်စစ် များပြားလာခြင်း။· နှုတ်ခမ်းတဝိုက်နှင့် လျှာရောင်ယမ်းခြင်း။· အသည်းကို ထိခိုက်စေခြင်း။ART ဆေးများသည် ရေရှည်တွင် ဘေးထွက် ဆိုးကျိုးများ ရှိပါသည်။ တချို့မှာ ကုသနိုင်သော်လည်း တချို့မှာ နာတာရှည် ဖြစ်တတ်သည်။ ထိုသို့ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် တိုင်ပင်ပြီး သင့်လျော်သော ကုသမှုကို ခံယူရမည်။ ဖြစ်လေ့ရှိသော ဘေးထွက် ဆိုးကျိုးများမှာ အောက်ပါအတိုင်း ဖြစ်သည်။·အဆီထုထည် မညီမျှခြင်း။သင့်မျက်နှာနှင့် ခြေလက်တို့တွင် အဆီထုထည် လျော့နည်းပြီး ဝမ်းဗိုက်နှင့် ဂုတ်ပိုးတို့တွင် အဆီစုခြင်းများ ဖြစ်နိုင်သည်။ TESAMORELIN ဟော်မုန်းဆေး သောက်ခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်းတို့ဖြင့် ထိုဘေးထွက် ဆိုးကျိုးကို လျှော့ချနိုင်သည်။·အင်ဆူလင်ဟော်မုန်း အလုပ် မလုပ်တော့ခြင်း။အင်ဆူလင်ဟော်မုန်း အလုပ် မလုပ်တော့ခြင်းကြောင့် သွေးတွင်း သကြားဓာတ် မြင့်မားကာ ဆီးချို ဖြစ်စေနိုင်သည်။ ၎င်းကို လျှော့ချနိုင်ရန် စားသောက်နေထိုင်မှု မှန်ကန်ရမည်။ ဆီးချိုကျဆေး သောက်ရန်လည်း လိုအပ်သည်။·သွေးတွင်း အဆီဓါတ် မမျှတခြင်း။သွေးထဲတွင် ကိုလက်စထရောနှင့် Triglycerides (မကောင်းသော အဆီဓါတ်) များ တက်လာနိင်သည်။ ဆရာဝန် ညွှန်ကြားသော အဆီကျဆေးနှင့် အဆီနည်းသော အစားအစာများကို မှီဝဲပါ။·လက်တစ်အက်ဆစ်ဓါတ် များခြင်း။ဆဲလ်များ၏ စွန့်ပစ်ပစ္စည်းများ ဖြစ်သော Lactateinသည် လက်တစ်အက်ဆစ်ကို များစေသည်။အစားအသောက် ပျက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်းနှင့် အသည်း အလုပ် မလုပ်တော့ခြင်းတို့ ခံစားရနိုင်သည်။ ထိုသို့ဖြစ်ပေါ်ပါက ဆရာဝန်ထံ ချက်ခြင်းသွားပြပါ။ ဆရာဝန်က လိုအပ်သော စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လိမ့်မည်။(အသည်းပျက်စီးခြင်း၏ လက္ခဏာများမှာအစာအိမ်အောင့်ခြင်း၊ ဆီးအရောင် မည်းမည်း သွားခြင်း၊ အသားဝါခြင်းနှင့် ဝမ်း အရောင် ဖျော့ဖျော့ သွားခြင်းတို့ ဖြစ်သည်။)။ART ဆေးများသည် HIV ရောဂါ ကူးစက်မှုကို ပျောက်ကင်းအောင် မကုသနိုင်ပါ။ သို့သော် ဝေဒနာရှင်များ ပိုမို ကျန်းမာစွာ ရှင်သန်နေထိုင် သွားနိုင်ရန် အထောက်အကူ ပေးသကဲ့သို့ လိင်မှတဆင့် HIV ရောဂါ ကူးစက်မှုနှုန်းကိုလည်း လျော့ကျစေသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/hiv-%e1%80%b1%e1%80%86%e1%80%b8%e1%81%8f-%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9%e1%80%86%e1%80%80%e1%80%b9%e1%80%90%e1%80%bc%e1%80%b2-%e1%80%86%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%ba-2/
ကိုယ်ဝန်ဆောင်သွေးတိုး ကို ဒီလိုသက်သာအောင်လုပ်ပါ
ကိုယ်ဝန်ဆောင်ချိန်က အခြားကာလတွေလို မဟုတ်ပါဘူး။ လုံးဝကို အတိမ်းအစောင်းမခံတဲ့အချိန်ပါ။ နဂိုက သွေးတိုးရှိပြီး ကိုယ်ဝန်ဆောင်နေရရင်ပဲဖြစ်ဖြစ်၊ ကိုယ်ဝန်ဆောင်မှ သွေးတိုးလာရင်ပဲ ဖြစ်ဖြစ် ဂရုစိုက်ဖို့ လိုပါတယ်၊၊ ကိုယ်ဝန်ဆောင်သွေးတိုး ကြောင့် စိတ်မညစ်ရစေဖို့ ဒီနည်းလေးတွေကို အဆင်ပြေစေမှာပါနော်။ကိုယ်ဝန်ဆောင်သွေးတိုးဆိုတာက ကိုယ်ဝန်ဆောင်ချိန်မှာ ရှိသင့်တဲ့သွေးပေါင်ချိန်ထက်များနေတဲ့ အခြေအနေတစ်ရပ်ပါ။ ကိုယ်ဝန်ဆောင်ကာလ အပတ် ၂၀နောက်ပိုင်းမှာဖြစ်လာတဲ့ လက္ခဏာတစ်ခုပါ။ ဒီကာလကနေ ကိုယ်ဝန်မွေးဖွားတဲ့အချိန်ထိ တောက်လျှောက်ခံစားရမယ့် အခြေအနေတစ်ရပ်ပေါ့။ကိုယ်ဝန်ဆောင်ချိန်သွေးတိုးရှိနေပြီဆိုရင် သွေးပေါင်ချိန်ကြည့်တဲ့အခါ အပေါ်သွေးက ၁၄၀ mmHg ရှိနေပြီး အောက်သွေးက ၉၀ mmHg ရှိနေနိုင်ပါတယ်။ ဒီအခြေအနေက အမြဲလိုလိုဖြစ်နေမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်သွေးတိုးရှိနေပြီဆိုတာသေချာနေပါပြီ။ကိုယ်ဝန်ဆောင်သွေးတိုး က ကိုယ်ဝန်ဆောင်တိုင်းမှာဖြစ်တယ်တော့မဟုတ်ပါဘူး။ အခုပြောပြမယ့်သူတွေကတော့ ကိုယ်ဝန်ဆောင်သွေးတိုးခံစားရနိုင်ခြေမြင့်နေသူတွေပါနော်။ကိုယ်ဝန်ဆောင်သွေးတိုး ရှိတဲ့အခါ ကိုယ်ဝန်ရက်ချိန်းကို မှန်မှန်လေး ပြပြီး စောင့်ရှောက်မှု ခံယူဖို့ လိုပါတယ်၊၊ တစ်ဖက်မှာလည်း အခုလိုမျိုးနည်းလေးတွေကို အသုံးပြုပေးလို့ရပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့သွေးတိုးရောဂါကြောင့်ဘေဘီလေးရော၊ မေမေမှာပါထိခိုက်တာမျိုးမဖြစ်စေဖို့ ဒီနည်းလမ်းလေးတွေက သက်သာစေဖို့ရော ကာကွယ်တဲ့အနေနဲ့ပါ အသုံးဝင်မှာပါ။စိတ်ဖိစီးမှုကလည်း သွေးတိုးစေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဒါကြောင့် တစ်နေ့ကို မိနစ် ၃၀လောက် သီချင်းနားထောင်ပေးတာ၊ တရားထိုင်တာမျိုးတွေလုပ်ပြီး သွေးတိုးတာမျိုးမဖြစ်အောင် ကာကွယ်ပေးပါ။အာလူးကြော်တွေ၊ ကွတ်ကီးတွေလိုမျိုး တာရှည်ခံအောင်လုပ်ထားပြီး အငန်ကဲတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှရှောင်ပါ။ ဒါမှ ကိုယ်ဝန်ဆောင်ချိန်မှာသွေးတိုးဖြစ်တာကို လျော့ကျစေနိုင်မှာပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/how-to-take-care-hypertension-in-pregnancy/
ကိုယ်ဝန်လနုချိန်မှာ အစေ့အဆန်တွေစားပေးရင် မွေးလာတဲ့ကလေးဉာဏ်ပိုကောင်းနိုင်
ကိုယ်ဝန်ဆောင်မေမေတို့စားသင့်တဲ့အစားအစာတွေကို တော်တော်များများ သိထားကြပြီး ဖြစ်ပါတယ်။ ဒီတစ်ခါတော့ ကိုယ်ဝန်ဆောင်ချိန် စားသင့်တဲ့အာဟာရတစ်မျိုး အကြောင်း လေ့လာတွေ့ရှိမှု တစ်ခုကို မျှဝေပေးချင်တယ်။ ကိုယ်ဝန်လနုချိန်မှာအစေ့အဆန်တွေစားပေးရင် မွေးလာတဲ့ကလေးဉာဏ်ပိုကောင်းနိုင် တယ်လို့ သုတေသီကပြောလာပါတယ်။ကိုယ်ဝန်လနုချိန်မှာ အစေ့အဆန်တွေ စားပေးတဲ့ မိခင်တွေကနေ မွေးလာတဲ့ ကလေးတွေက မှတ်ဉာဏ်ပိုကောင်းတယ်၊ အာရုံစူးစိုက်နိုင်စွမ်း ပိုကောင်းတယ်၊ တွေးတောနိုင်စွမ်း ပိုကောင်းတယ်လို့ တွေ့ရှိရပါတယ်။ကိုယ်ဝန်ပထမသုံးလအတွင်းမှာ တစ်ပတ်ကို အစေ့အဆန်တွေ လက်သုံးဆုပ်စာ (၉၀ ဂရမ်)လောက်စားမယ်ဆို အကောင်းဆုံးပါပဲတဲ့။သစ်ကြားသီး၊ ဗာဒံစေ့၊မြေပဲ၊ ဖရုံစေ့ တို့လို အခွံမာသီးတွေနဲ့ အစေ့အဆန်တွေ မှာ ကျန်းမာရေးအတွက် အကျိုးပြု အဆီဓါတ်fatty acidsတွေပါရှိပါတယ်။ဒီသုတေသနကို Barcelona Institute for Global Health မှ ပညာရှင်တွေက မိခင် နဲ့ ကလေး အယောက် ၂၂၀၀ ကို လေ့လာခဲ့တာ ဖြစ်ပါတယ်။ပါဝင်သူ အမျိုးသမီးတွေကို စားသောက်ပုံ အလေ့အထ နဲ့ပတ်သက်ပြီး မေးခွန်းတွေ ဖြေစေခဲ့ပြီး ကလေးတွေကိုလည်း စစ်ဆေးမှုတွေ အများအပြား ပြုလုပ်ခဲ့ပါတယ်။ကလေးတွေရဲ့အသက် ၁၈ လ၊ ၅ နှစ်နဲ့ ၈ နှစ်အရွယ်တွေမှာ တွေးခေါ်နိုင်စွမ်း၊အာရုံစိုက်နိုင်စွမ်းနဲ့ မှတ်ဉာဏ်တို့ကို စစ်ဆေးခဲ့တာပါ။စစ်ဆေးမှု ရလဒ်တွေမှာတော့ ကိုယ်ဝန်လနုစဉ် အစေ့အဆန်တွေ အများဆုံး စားခဲ့တဲ့ မိခင်တွေရဲ့ ကလေးတွေက အမှတ် အမြင့်ဆုံး ဖြစ်နေတာ တွေ့ရပါတယ်။“ကိုယ်ဝန်ဆောင်ချိန် အစေ့အဆန်တွေ စားခြင်းက ကလေးရဲ့ဦးနှောက်အာရုံကြောအတွက် ရေရှည် အကျိုးကျေးဇူးကို တွေ့ရှိတာ ပထမဆုံးပါ။ အဓိကတော့ ကိုယ်ဝန်ကာလ အတွင်းမှာ ဦးနှောက်က ဖြစ်စဉ်တွေ အမျိုးစုံ လုပ်ဆောင်နေတာ ဖြစ်တယ်၊ မိခင် စားသုံးတဲ့ အာဟာရကသန္ဓေသားရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုမှာ သက်ရောက်မှု အရေးပါတယ် ဆိုတာပါပဲ။”လို့ ဦးဆောင်သုတေသီ Florence Gignac ကပြောပါတယ်။ဒီသုတေသနရဲ့ အဓိက အချက်ကတော့ အစေ့အဆန်တွေ မှာဖောလစ်အက်စစ်ပါဝင်မှု များတယ်၊ အထူးသဖြင့် omega-3 နဲ့omega-6တို့လို အကျိုးပြုအဆီဓါတ်တွေ ပါဝင်တယ် ဆိုတော့ အကျိုးကျေးဇူး ပိုကောင်းတာပါလို့ သူက ဆိုပါတယ်။ဒီဓါတ်တွေက အာရုံကြော တစ်ရှူးအတွင်း၊ အထူးသဖြင့် မှတ်ဉာဏ်နဲ့ ဆုံးဖြတ်နိုင်စွမ်း လုပ်ဆောင်ချက်တွေနဲ့ ဆိုင်တဲ့ဦးနှောက်အရှေ့ခြမ်းမှာ အကျိုးပြုတာဖြစ်ပါတယ်။သုတေသနမှာ ကိုယ်ဝန် ပထမသုံးလ နောက်ပိုင်း အစေ့အဆန်တွေ စားသုံးမှုကိုလည်း လေ့လာခဲ့ပေမယ့် အကျိုးရလဒ် နည်းတာကိုတွေ့ရပါတယ်။အစေ့အဆန်တွေ နဲ့ အခွံမာသီးတွေဟာ သွေးတိုး နဲ့ ဆီးချို အန္တရာယ် နည်းပါးစေပြီး အသက်ကြီးသူတွေမှာ စိတ်ခွန်အား လျော့ကျခြင်းကို ကာကွယ်နိုင်တယ်ဆိုတာ သိထားကြပြီးသား ဖြစ်ပါတယ်။အစေ့အဆန်တွေ က အမျှင်ဓါတ် များပါတယ်။ အရသာ မဖြည့်စွက်ထား၊ ပြုပြင်စီမံမထားတဲ့ အစေ့အဆန်တွေ က ပိုကောင်းပါတယ်။ ဒါပေမယ့် အဆီဓါတ်တော့ကြွယ်ဝတာကြောင့် ထိုက်သင့်တဲ့ ပမာဏထက် မလွန်ကဲအောင် ချင့်ချိန် စားဖို့တော့ လိုပါတယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိ ပေးပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/eating-nuts-in-the-first-trimester-boosts-babys-intelligence/
ဂျပန်ဦးနှောက်ရောင် ရောဂါနဲ့ ကြောက်စရာကောင်းတဲ့ နောက်ဆက်တွဲဆိုးကျိုး
ဂျပန်ဦးနှောက်ရောင် ရောဂါဆိုတာခြင်ကတဆင့် ကူးစက်တဲ့ ရောဂါပါ။ ခြင်ကတဆင့် ကူးစက်တဲ့ တခြားရောဂါတွေလိုပဲ မြန်မာနိုင်ငံမှာ အတွေ့ရများပါတယ်။ မတော်တဆ ကူးစက်ခံရလို့ နောက်ဆက်တွဲရောဂါဝင်ခဲ့ရင် ကုသလို့ မရဘဲ အသက်ဆုံးရှုံးနိုင်တဲ့အထိ ပြင်းထန်တဲ့ ရောဂါပါ။ ကံကောင်းတာကတော့ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ ရနေတာပါပဲ။ဂျပန်ဦးနှောက်ရောင် ရောဂါက အာရှနိုင်ငံတွေမှာ အဖြစ်များပြီး တစ်နှစ်ကို လူနာပေါင်း ၆၈ ၀၀၀လောက် ရှိတယ်လို့ ဆိုပါတယ်။ လက္ခဏာပြတာလည်း ရှားပါတယ်။ သေနှုန်းကတော့ လူ ၁၀၀မှာ အယောက် ၃၀လောက် သေဆုံး နိုင်ပါတယ်။ ဦးနှောက်ရောင်ပြီး ရာသက်ပန်ဦးနှောက်ထိခိုက်သွားနိုင်ခြေကတော့ ၃၀ကနေ ၅၀ရာခိုင်နှုန်းထိ ရှိပါတယ်တဲ့။ဂျပန်ဦးနှောက်ရောင် ရောဂါက ကျူးလက်စ် ခြင်ကိုက်ရာကနေ ကူးစက်ပါတယ်။ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ကတော့ ဖလာဗွီဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး ဒီဗိုင်းရပ်စ်က သွေးလွန်တုပ်ကွေးတို့၊ yellow feverတို့ကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ ဆင်တူပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ခြင်တွေသဘောကျတဲ့ စပါးခင်းရှိတဲ့ နေရာတွေ၊ ဝက်ခြံ၊ ဘဲခြံတို့ အနီးအနားတွေမှာ ပိုတွေ့ရတတ်ပါတယ်။ ပြောင်းလဲလာတဲ့ လူနေမှုစနစ်အရ မြို့ပေါ်မှာလည်း တွေ့လာရပါပြီ။ ရောဂါအဖြစ်ဆုံး အချိန်ကတော့ ခြင်ပေါက်ပွားမှု မိုးတွင်း (ဧပြီနဲ့ ဒီဇင်ဘာကြား)မှာ အဖြစ်များပါတယ်။ခြင်က ပိုးရှိတဲ့ ဝက်တို့၊ ဘဲတို့ကို အရင်ကိုက်ပါတယ်။ ပြီးသွားရင် လူကို ကိုက်ပါတယ်။ ဒီကနေမှဗိုင်းရပ်စ်ပိုးက ကူးစက်ပါတယ်။ပိုးရှိတဲ့ခြင်ကိုက်ခံရပြီး ၅ရက်ကနေ ၁၅ရက်လောက်ဆို လက္ခဏာစပြပါပြီ။ အများစုက မပြင်းထန်တဲ့ လက္ခဏာ ဒါမှမဟုတ် လုံးဝလက္ခဏာ မပြတာလည်း ဖြစ်နိုင်ပါတယ်။ ဖျားတာ၊ ခေါင်းကိုက်တာ စတဲ့ လက္ခဏာလောက်ပဲပြပါတယ်။ရောဂါပြင်းထန်တဲ့ သူဆိုရင်တော့ ရုတ်တရက် အဖျားတွေ တက်လာတာ၊ နုံးတာ၊ ခေါင်းကိုက်တာ၊ ပျို့အန်တာတွေ ဖြစ်လာပါတယ်။ ကလေးတွေမှာ ဆိုရင်တော့ ဗိုက်အောင့်တာ၊ အန်တာ စတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းနဲ့ ဆိုင်တဲ့ လက္ခဏာတွေ ပိုပြပါတယ်။ဒီလို လက္ခဏာတွေပြပြီး မကြာခင်မှာပဲ လူနာကဦးနှောက်ရောင်တာကြောင့် အပြုအမူပြောင်းလာတာ၊ စကားပြောလို့ မရတာ၊ ခြေလက် လှုပ်မရတာ၊ ဇက်တောင့်တာ စတဲ့ ဦးနှောက်နဲ့ အာရုံကြော လက္ခဏာတွေ ပြလာပါတယ်။ဒီလို ဦးနှောက်နဲ့ အာရုံကြော လက္ခဏာတွေ ပြလာတဲ့ လူနာဟာ မကြာခင်မှာပဲ ကယောင်ကတမ်းတွေ ပြောတာ၊ တက်တာ၊ သတိကောင်းကောင်း မရတာ၊ ကိုမာဝင်သွားတာတွေ ဖြစ်လာပါတယ်။ ကံမကောင်းရင် အသက်ပါ သေဆုံးနိုင်ပါတယ်။ WHOအဆိုအရ ဒီလိုပြင်းထန်တဲ့ လက္ခဏာတွေ ပြလာပြီဆိုရင် သေနှုန်းက ၃၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်တဲ့။အသက်ရှင်ခဲ့ရင်တောင်မှ ၂၀က ၃၀ ရာခိုင်နှုန်းလောက်က ရာသက်ပန်အသိဉာဏ်ချို့ယွင်းတာ၊ စကားမပြောနိုင်တာ၊ မလှုပ်ရှားနိုင်တာ၊ တက်တာ စတဲ့ ဆိုးကျိုးတွေကို ခံစားရပါတယ်တဲ့။ ဒါကြောင့် ဒီရောဂါဟာ သိပ်ကို ကြောက်စရာ ကောင်းပါတယ်။စိတ်မကောင်းစရာက လက်ရှိအချိန်ထိတော့ ပျောက်ကင်းအောင် ကုသလို့ရတဲ့ နည်းလမ်း မရှိသေးပါဘူး။ ခံစားရတဲ့ ဝေဒနာတွေ သက်သာအောင် (ဥပမာ တက်ရင် အတက်ကျဆေး ပေးတာမျိုး) လုပ်ပေးလို့ပဲ ရပါတယ်။သိပ်ရပါတယ်။ ခုဆိုရင် ဂျပန်ဦးနှောက်ရောင် ရောဂါကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေး ရှိနေပါပြီ။ ငယ်စဉ်တည်းက ကာကွယ်ထားတာ ပိုကောင်းတဲ့အတွက် ကလေးအသက် ၉လဆို စထိုးပေးလို့ရပါပြီ။ တစ်ခါပဲထိုးရပါတယ်။ထပ်ဆောင်းကာကွယ်ဆေး(booster dose) ထိုးချင်ရင် နောက်တစ်နှစ်၊ နှစ်နှစ်လောက်နေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိုးနိုင်ပါတယ်။ ၁၈နှစ်အထက် လူကြီးတွေဆိုရင်လည်း တစ်ခါပဲ ထိုးရပါတယ်။ ထပ်ဆောင်းကာကွယ်ဆေး (booster dose) ထိုးချင်ရင် ၅နှစ်လောက်နေမှ ထပ်ထိုးရပါတယ်။ခုဆိုရင် အစိုးရက အခမဲ့ ထိုးပေးတဲ့ အစီအစဉ်မှာ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ပါလာပါပြီ။ အသက် ၉လ တစ်ကြိမ်ထိုးဆေးပါ။ ဆေးရုံဆေးခန်းသွားဖို့ အဆင်မပြေတဲ့သူတွေ၊  ၁၈နှစ်အထက် လူကြီးတွေကတော့ ပြင်ပဆေးရုံဆေးခန်းတွေမှာ ထိုးလို့ရပါတယ်။ ထိုးမယ်ဆိုရင်တော့ အရည်အသွေးကောင်းပြီး သိမ်းဆည်းမှု စနစ်ကျတဲ့ ဆေးကိုပဲ ထိုးပေးဖို့ အကြံပြုပါရစေ။ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို ကြောက်နေသူများအဖို့တော့ မကြောက်ဖို့ အားပေးပါရစေ။ အများစုက ဆေးထိုးတဲ့ နေရာ နာနေတာ ဖြစ်တတ်ပါတယ်။ အနည်းစုက ဖျားတတ်ပါတယ်။ ဒီလောက်ပါပဲ။ကြီးကြီးမားမားဘေးထွက်ဆိုးကျိုးရယ်လို့ မရှိပါဘူး။ ဆေးနဲ့ ဓာတ်မတည့်တာ ဖြစ်ဖူးတဲ့သူ၊ ခုခံအားကျတဲ့သူကတော့ ဆေးမထိုးခင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။ကာကွယ်ဆေးထိုးတာအပြင် ခြင်ကိုက်မခံရအောင် ကာကွယ်တဲ့ နည်းလမ်းတွေ ဖြစ်တဲ့ ခြင်အောင်းနိုင်တဲ့ နေရာကို ရှင်းလင်းတာ၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်တာ၊ ခြင်ထောင်နဲ့ အိပ်တာ စတဲ့ နည်းလမ်းတွေပါ လိုက်နာမယ်ဆိုရင် ဂျပန်ဦးနှောက်ရောင် အပြင် တခြား ခြင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။ဂျပန်ဦးနှောက်ရောင် ရောဂါက ဖြစ်လာရင် နောက်ဆက်တွဲဆိုးကျိုးက သိပ်ကို ကြောက်စရာကောင်းပါတယ်။ အသက်သေဆုံးတာဖြစ်နိုင်သလို ရာသက်ပန် မသန်စွမ်း ဖြစ်သွားနိုင်ပါတယ်။ ကံကောင်းတာက ကာကွယ်လို့ ရနေတာပါပဲ။ ဒါကြောင့် ဒီအခွင့်အရေးကို ယူပြီး ကာကွယ်ဆေးတွေ စနစ်တကျထိုး၊ ခြင်ကိုက်မခံရရအောင် နေပြီးတော့ ရောဂါကို စနစ်တကျ ကာကွယ်ဖို့ အကြံပြုလိုပါတယ်။(MAT-MM-2000038)။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/neurological-diseases/japanese-b-encephalitis-vaccine/
ပြင်းထန်အစာဓါတ်မတည့်မှုအတွက် အရေးပေါ်အစီအစဉ်
အစာဓါတ်မတည့်မှုရှိသူတွေအတွက် သူတို့ရဲ့လက္ခဏာတွေဟာ အပျော့စားမသက်မသာဖြစ်မှုကနေပြီး အပြင်းစား အသက်အန္တရာယ်ပေးနိုင်သည်ထိရှိကြပါတယ်။ တစ်ခုတည်းသော နည်းလမ်းကတော့ မတည့်တဲ့အစားအစာတွေနဲ့ မတည့်နိုင်တဲ့ ဓါတ်မတည့်ပစ္စည်းတွေကိုရှောင်ဖို့ပါပဲ။ကံမကောင်းစွာနဲ့ပဲ သင်က သေချာ ရှောင်ရှားမယ်ဆိုရင်တောင် သင့်ကို ဓါတ်မတည့်မှုဖြစ်စေမယ့် အရာတစ်ခုကို သင်မသိလိုက်ဘဲ ထိတွေ့မိနိုင်ပါသေးတယ်။ မတော်တဆ ထိတွေ့မှုတွေအတွက် အရေးပေါ်အစီအစဉ်ထားရှိခြင်းက သင့်အသက်ကို ကယ်တင်နိုင်ပါလိမ့်မယ်။ပြင်းထန်တဲ့ဓါတ်မတည့်ခြင်းဟာ ချက်ချင်းကုသဖို့အရေးပေါ်လိုအပ်တဲ့ အခြေအနေပါ။ epinephrine auto injector ကို အမြဲတမ်းသင်နဲ့မကွာ ဆောင်ပါ။ တကယ်လို့သင်က ပြင်းထန်တဲ့ အစာဓါတ်မတည့်မှုရှိတယ်လို့ သတ်မှတ်ခံရရင် သင့်ဆရာဝန်က ဒီလို ဆေးမျိုးကိုပဲညွှန်းဆိုပါလိမ့်မယ်။ပြီးတော့ ဒါကို အမြဲဆောင်ထားသင့်ကြောင်းဆိုပါလိမ့်မယ။် ဒီပစ္စည်းဟာ epinephrine ပါဝင်တဲ့ ဆေးထိုးပိုက်ထည့် ပိတ်ထားတဲ့ ဆေးထိုးအပ်တစ်ချောင်းပါပဲ။ ဒီဆေးထိုးဖို့အတွက် ဆရာဝန်တွေကို အကူအညီတောင်းဖို့မလိုအပ်ပါဘူး။ဒီပစ္စည်းဟာ အများပြည်သူနဲ့ အသက်အရွယ်မရွေး အလွယ်တကူအသုံးပြုနိုင်ဖို့ ထုတ်လုပ်ထားတာပါ။ လိုအပ်လာတဲ့အချိန်တွေမှာ ဒီဆေးကို ပေါင်အပေါ်ပိုင်းကြွက်သားအပြင်ဘက်မှာထိုးလိုက်ပါ။ ဒီပစ္စည်းကို အဝတ်တွေကိုဖြတ်ပြီး အသုံးပြုနိုင်အောင်လည်း ဒီဇိုင်းထုတ်ထထားတာပါ။တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်အရ ပြင်းထန်ဓါတ်မတည့်ခြင်းအတွက် ကုသခြင်းမှာ ထိုးဆေးကို အမြန်ဆုံးထိုးပေးဖို့လည်းလိုပါတယ။် နှောင့်နှေးခြင်းဟာ ထိုသူရဲ့အခြေအနေကို ပိုပြီးဆိုးသွားစေပြီး တစ်ခါတစ်လေမှာ လက္ခဏာပြပြီး နာရီဝက်ကနေ ၁နာရီအတွင်း သေဆုံးသွားတတ်ပါတယ်။Epinephrine ဟာ ချက်ချင်းအလုပ်လုပ်တာဖြစ်ပေမယ့် တစ်ခါတလေမှာ ထပ်ခါထပ်ခါထိုးပေးဖို့ လိုအပ်ပါတယ။် 911ကိုခေါ်ဖို့ လက္ခဏာကောင်းသွားသည်ထိမစောင့်နေပါနဲ့။ ဒါဟာ အရေးပေါ်အခြေအနေပါ။အရေးပေါ်ခန်းထဲသွားပြီး မှန်ကန်တဲ့ကုသမှုခံယူဖို့ဟာ လက္ခဏာတွေ ကောင်းသွားပြီးသည့်တိုင်အောင် လိုအပ်နေပါသေးတယ်။ပြင်းထန်ဓါတ်မတည့်ခြင်းဖြစ်တယ်လို့ သတ်မှတ်ခံရပြီးရင် ပြင်းထန်ဓါတ်မတည့်ခြင်းအတွက် အရေးပေါ်လုပ်ရမည့်အစီအစဉ်ပုံစံ သို့မဟုတ် ကဒ်တောင်းပါ။ ဒီအထူးပုံစံတွေက ပြင်းထန်ဓါတ်မတည့်ခြင်းဖြစ်နေသူတွေအားလုံးအတွက် အသုံးဝင်ပါတယ။်။ဒီပုံစံတွေရဲ့ ရည်ရွယ်ချက်ကတော့ အရေးပေါ်အခြေအနေအတွက်ပြင်ဆင်ဖို့ပါ။ သူ့မှာ ပြင်းထန်ဓါတ်မတည့်ခြင်းအတွက် အချက်အလက်တွေနဲ့ သင့်ရဲ့ဓါတ်မတည့်မှုအကြောင်းတွေပါဝင်ပါတယ်။ဒါတွေက သင့်ဘေးကလူတွေကို အရေးပေါ်အခြေအနေဖြစ်လာခဲ့ရင် ဘာတွေလုပ်ရမယ်ဆိုတာ ညွှန်ပြပေးနိုင်ပါလိမ့်မယ်။နာမည်နဲ့အသက်၊ အခြားသော ဓါတ်မတည့်ခြင်းတွေ၊ ရင်ကြပ်သို့မဟုတ် သင့်အတွက် အန္တရာယ်ရှိနိုင်မယ့် အခြားအချက်တွေ၊ ပြင်းထန်ဓါတ်မတည့်ခြင်းအတွက ်လက္ခဏာတွေ၊ epinephrine ကိုဘယ်လိုသုံးရမယ်ဆိုတဲ့ လမ်းညွှန်မှုတွေ၊ သင်သယ်ဆောင်ထားတဲ့ ဆေးရဲ့အသုံးပြုပုံနဲ့ အမျိုးအစား၊ အရေးပေါ်ဆက်သွယ်ရန်အချက်အလက်၊ အလျင်အမြန်ကုသမှုခံယူဖို့ အရေးကြီးကြောင်းတွေ။သင့်ရဲ့ အရေးပေါ်အစီအစဉ်ပုံစံတွေကို ဆရာဝန်နဲ့ ဖြည့်ပြီး ပုံမှန် အဆင့်မြင့်ပေးနေဖို့လည်း လိုပါတယ်။သင်သိတဲ့သူတစ်ယောက်က ဒီလိုအဖြစ်မျိုးကြုံနေပြိဆို သင်ဘာလုပ်သင့်တယ်ဆိုတာကို သိထားဖို့က အရေးကြီးပါတယ်။ ဒါဟာ သေခြင်းနဲ့ ရှင်ခြင်းကြားက နံရံတစ်ချပ်ပါပဲ။ဖြစ်နိုင်တဲ့လက္ခဏာတွေက ဘာတွေလဲဆိုတာကို သိနိုင်ဖို့နဲ့ သင့်အနားကလူတွေကို ဒီအကြောင်းတွေ ပြန်ပြီးပညာပေးဖို့ကလည်း အရေးကြီးပါတယ်။ သင့်ရဲ့ ဓါတ်မတည့်မှုကိုဖြစ်စေတဲ့ အရာတွေအကြောင်းအသေးစိတ်ရောပေါ့။သင်နဲ့ အဆက်အသွယ်မပြတ်ရှိနေသူတွေရော သင်ရော epinephrine injection ကိုဘယ်လိုသုံးရမယ်ဆိုတာ သိကိုသိထားဖို့လိုအပ်ပါတယ်။အောက်ပါအချက်တွေကတော့ တစ်ယောက်ယောက်က ပြင်းထန်ဓါတ်မတည့်ခြင်းဖြစ်နေပြိဆို ချက်ချင်းလုပ်ဆောင်ပေးရမယ့် အဆင့်တွေပါပဲ။ဓါတ်မတည့်စေတဲ့အစာတွေကို အဝေးကို ချက်ချင်းယူသွားပါ။Auto injector ကို ချက်ချင်းထိုးပါ။ ဖြစ်နိုင်မယ်ဆိုရင်တော့ ပေါင်ကြွက်သားမှာထိုးပါ။အရေးပေါ်ချက်ချင်းခေါ်ပါ။ဆေးရုံမှာဆိုရင်တော့ resuscitation team ကို ခေါ်ပါ။Epinephrine ထိုးပြီးပြီဆိုရင် လူနာကို လှဲထားပါ။ကြပ်နေတဲ့အဝတ်အစားတွေကိုလျှော့ပေးပါ။တကယ်လို့သူတို့က အန်နေတာ ဒါမှမဟုတ် ပါးစပ်ကနေ သွေးတွေထွက်လာတာဆိုရင်တော့ ဘေးတစ်စောင်းထားပေးပါ။တကယ်လို့သင်က ပြင်းထန်ဓါတ်မတည့်တဲ့လက္ခဏာပြနေတဲ့ လူအချို့နဲ့ရှိနေတယ်ဆို အရေးကြီးတဲ့ အချက်တွေကို ပြန်ပြီးသတိပြုပါ။ဆေးမထိုးမီ ၊ ဆေးရုံကားမခေါ်မီ လက္ခဏာတွေပြန်ကောင်းလာမလား မစောင့်နေပါနဲ့။ စောင့်ဆိုင်းခြင်းက သေဆုံးခြင်းကိုခေါ်လာနိုင်ပါတယ်။Antihistamines တွေဟာ epinephrine ေနေရာမှာ ဘယ်လိုမှအစားမထိုးနိုင်တဲ့အပြင် အသက်အန္တရာယ်ဖြစ်နိုင်ချေကိုပါ တိုးမြှင့်စေပါတယ်။လက္ခဏာတွေ ကောင်းသွားခဲ့သည့်တိုင်အောင် အရေးပေါ်ကုသခြင်းက လိုအပ်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ epinephrine ထိုးပြီးတာတောင်မှ လက္ခဏာတွေ ပြန်ဖြစ်လာနိုင်ချေရှိလို့ပါပဲ။သင်ချစ်ရခင်ရသူတွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဘက်တွေအားလုံးကို သင့်ရဲ့ epinephrine auto injector ဘယ်မှာထားတယ်ဆိုတာပြောပြဖို့မမေ့ပါနဲ့။ သင့်ကား သို့မဟုတ ်စားပွဲခုံပေါ်မှာ အပိုတစ်ခုဆောင်ထားတာလည်း မမှားပါဘူး။သင်က အမြဲတမ်းတော့ ပြင်းထန်ဓါတ်မတည့်ခြင်းတွေကို ဘယ်ကာကွယ်နိုင်ပါ့မလဲ။ ဒါပေမယ့် ဖြစ်လာပြီဆိုရင် ကာကွယ်ဖို့ အပြည့်အဝပြင်ဆင်ထားတာက အရာအားလုံးကို ပြောင်းလဲသွားစေနိုင်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/food-allergies/%e1%80%bb%e1%80%95%e1%80%84%e1%80%b9%e1%80%b8%e1%80%91%e1%80%94%e1%80%b9%e1%80%a1%e1%80%85%e1%80%ac%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%99%e1%80%90%e1%80%8a%e1%80%b9%e1%80%b7%e1%80%99%e1%80%bd/
ကျောက်ကပ်အရည်အိတ်တည်ခြင်း
ကျောက်ကပ်ဆိုတာ ပဲကြီးစေ့ပုံစံရှိတဲ့ ကိုယ်တွင်းအင်္ဂါဖြစ်ပြီး လူတယောက်မှာ ကျောက်ကပ်၂လုံးစီ ရှိပါတယ်။ သူ့ရဲ့အဓိကတာဝန်ကတော့ သွေးထဲမှာပါဝင်တဲ့ အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအနေနဲ့ စွန့်ပစ်ဖို့ဖြစ်ပါတယ်။ သာမန်ကျောက်ကပ်အရည်အိတ်ဆိုတာကတော့ ကျောက်ကပ်အတွင်းနဲ့ ကျောက်ကပ်ပေါ်မှာ အရည်များဟာ လုံးဝန်းတဲ့အိတ်ကလေးတွေအနေနဲ့ စုဝေးဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ သာမန်ကျောက်ကပ်အရည်အိတ်လေးမျိုးရှိပြီး အဖြစ်အများဆုံးကတော့ ကင်ဆာမဟုတ်တဲ့ ရိုးရိုးအရည်အိတ် ဖြစ်ပါတယ်။ ကောင်းတဲ့တချက်က ကျောက်ကပ်အရည်အိတ်ဟာ ကျောက်ကပ် ပျက်စီးခြင်းနဲ့ နောက်ဆက်တွဲ ပြသနာတွေ ဖြစ်လာတာ ရှားပါတယ်။လူဥိးရေရဲ့ ၅%ခန့် အများဆုံးဖြစ်တတ်ပါတယ်။ အမျိုးသားများမှာ ဖြစ်တာများပြီး ကျောက်ကပ်ပြသနာများရဲ့ ၆၅-၇၀%ထိ ရှိပါတယ်။ အသက်ကြီးသူတွေမှာ ဖြစ်နိုင်ခြေဟာ ၂၅-၃၃%ထိ မြင့်တက်လာပါတယ်။ ဖြစ်နိုင်ခြေမြင့်တဲ့ အချက်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။ကင်ဆာမဟုတ်တဲ့ သာမန်ကျောက်ကပ် အရည်အိတ်ဟာ လက္ခဏာမပြတတ်ပါဘူး။ ဒါပေမယ့် အရည်အိတ်ကြီးလာရင်တော့ ပြသနာရှိနိုင်ပါတယ်။ တွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။တခါတရံမှာ လက္ခဏာဟာ မပြင်းထန်တာကြောင့် ကျောက်ကပ်အရည်အိတ်တည်သူများဟာ သူတို့ဘဝတလျှောက်မှာ ဒီပြသနာရှိမှန်းကိုတောင် မသိကြပါဘူး။အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။ဒီပြသနာကို အပြည့်အစုံရှင်းပြနိုင်ခြင်း မရှိသေးပါဘူး။ သီအိုရီတခုအရ ကျောက်ကပ်အရည်အိတ်များဟာ ကျော်ကပ်ရဲ့ အားနည်းတဲ့မျက်နှာပြင်မှာ ပေါ်လာပြီး အိတ်ဖြစ်လာတယ်လို့ ဆိုပါတယ်။ အဲ့ဒီအိတ်ထဲမှာ အရည်များပြည့်လာပြီး ကျောက်ကပ်အရည်အိတ်ပုံစံ ကြီးထွားလာပါတယ်။ဖြစ်နိုင်ခြေများတဲ့ အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။(ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင် အစားထိုးရန်မဟုတ်ပါ။ ပိုမိုသိလိုလျှင် ဆရာဝန်နှင့် အမြဲ ဆွေးနွေးတိုင်ပင်ပါ။)။ဆရာဝန်ဟာ ရောဂါရာဇဝင်၊ မိသားစုရာဇဝင် စတာတွေ မေးမြန်းပါလိမ့်မယ်။ အာထရာဆောင်း၊ CT၊ MRI စတဲ့ ပုံရိပ်ဖော်စစ်ဆေးခြင်းတွေ ပြုလုပ်ပြီး အရည်အိတ်ရဲ့ အရွယ်အစား၊ ပုံစံ၊ သဘောသဘာ၀ စတာတွေကို သိရအောင် လုပ်ပါလိမ့်မယ်။ ကျောက်ကပ်လုပ်ငန်းများ ပြောင်းူလဲခြင်းရှိမရှိ၊ ကျောက်ကပ်ပျက်စီးခြင်း ဖြစ်နိုင်ခြေ ရှိမရှိ သွေးစစ်ခြင်း၊ ဆီးစစ်ခြင်းများ ပြုလုပ်ပါလိမ့်မယ်။အရည်အိတ်ဟာ ဘာပြသနာမှ မပေးဘူးဆိုရင် ကုသမှုခံယူစရာ မလိုပါဘူး။ ဘယ်လိုကုသမှုတွေ လုပ်ဆောင်ရမယ်ဆိုတာ အခြေအနေ ဘယ်လောက်ဆိုးသလဲ ဆိုတာပေါ် မူတည်ပါတယ်။သိပ်မပြင်းထန်တဲ့ အခြေအနေမှာ ကျောက်ကပ် အရည်အိတ်ထဲက အရည်များကို ဖောက်ထုတ်ပါလိမ့်မယ်။ ပြီးရင် အယ်လ်ကိုဟောပါတဲ့ ပျော်ရည်ထည့်သွင်းပြီး အရည်အိတ်ထပ်မဖြစ်အောင် ကာကွယ်ပါလိမ့်မယ်။ အရည်အိတ်ပြန်ဖြစ်ခြင်း၊ ကြီးမားလွန်းခြင်း စတဲ့နောက်ဆက်တွဲ ပြသနာတွေ အတွက် အရည်များကို ဖောက်ထုတ်ဖို့ လိုသလို အိတ်ဖြစ်တဲ့ အုပင်နံရံကို ဖယ်ရှားပစ်ဖို့ ဒါမှမဟုတ် လောင်စားစေဖို့ လိုအပ်ပါတယ်။အောက်ပါအချက်အလက်တွေက အထောက်အကူ ပြုပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါပဲ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%80%80%e1%80%95%e1%80%b9%e1%80%a1%e1%80%9b%e1%80%8a%e1%80%b9%e1%80%a1%e1%80%ad%e1%80%90%e1%80%b9%e1%80%90%e1%80%8a%e1%80%b9%e1%80%bb%e1%80%81/
ပိန်ချင်လို့ Gymဆော့ မှ ကိုယ်အလေးချိန်ပိုတက်လာတဲ့ ပျိုမေတွေ
တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာမိန်းကလေးတွေသာမက ယောက်ျားလေးတွေပါ ကိုယ်ခန္ဓာ၊အလှအပနဲ့ ကျန်းမာရေးကို ဂရုစိုက်လာကြပါတယ်။ ဒါဟာ ကောင်းတဲ့ အလေ့အထ တစ်ခုပါပဲ။ ပိန်ချင်လို့ Gymဆော့ တဲ့ မိန်းကလေးတွေ ကိုယ်အလေးချိန် ချိန်ပြီးတော့မှ “ဆရာရယ် သမီး ၃ပေါင်တောင် ထပ်တက်လာတယ်” ဆိုပြီး ညည်းနေကြတာ ကြားဖူးကြမယ် ထင်ပါတယ်။ ဒါဆိုရင် သေချာလည်း ကစားပါရက်နဲ့ ဘာလို့ကိုယ်အလေးချိန်မကျဘဲ ပိုတောင် တက်လာရတာလဲ။ ပျိုမေတွေကြား အမေးများနေတဲ့ ဒီပြဿနာလေးရဲ့ တရားခံအကြောင်းရင်းတွေကို ပြောပြပေးမယ်နော်။၁။ ညစာမစားဘဲ နေခြင်း။ညစာတစ်နပ် လျှော့စားလိုက်လို့ ကိုယ်အလေးချိန် ကျသွားမှာပါဆိုပြီး ထင်ဖူးကြမှာပါ။ တကယ်တော့ ဒါဟာ မှားယွင်းတဲ့ ကိစ္စတစ်ခုပါပဲ။ ညစာကို ဘာဆို ဘာမှမစားပဲ နေလိုက်တဲ့အခါ ခန္ဓာကိုယ်ကလည်း အစာကို ပိုပြီးတောင့်တပါတယ်။ ဒီတော့ နောက်တစ်နေ့ ရောက်တဲ့အခါ မနက်စာနဲ့ နေ့လည်စာကို ပုံမှန်ထက်ပိုပြီး အတိုးချ စားလိုက်တာပါ။ကျွန်တော်တို့ စားလိုက်တဲ့ အစားအစာတွေကို ကောင်းကောင်း ချေဖျက်နိုင်မှ လိုအပ်တဲ့အာဟာရဓာတ်တွေကို ကောင်းစွာ စုပ်ယူနိုင်မယ်။ အစာကြေလွယ်စေလို့ ဝမ်းမှန်စေတယ်။ကိုလက်စထရောနဲ့ အဆီဓာတ်ကိုလည်း စုပုံသလို ဖြစ်မနေစေတော့ပါဘူး။ ဒါကြောင့် ပိန်ချင်တယ်ဆိုရင် ညစာ လုံးဝမစားပဲ နေမယ့်အစား အစာကြေလွယ်စေမယ့် အစားအစာ၊အမျှင်ဓာတ်များတဲ့ အစားအစာတွေ၊ ရင်မပြည့်စေမယ့် အစားအစာတွေကို ရွေးစားပါ။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်ကို ပိုစားပေးပါ။၂။ အစား မဆင်ခြင်ခြင်း။ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခု ရဖို့အတွက် နေ့စဉ် ကိုယ်လက်လှုပ်ရှားရုံသာမက သင့်တင့်မျှတတဲ့ အစာအာဟာရကို ရဖို့ အရေးကြီးပါတယ်။ ကိုယ်ကGymဆော့ နေပါတယ်ဆိုပြီး အဆီ၊ အငန်၊ အချိုဓာတ်များတဲ့ အစားအစာတွေ၊ အကြော်အလှော်တွေပဲ စားနေမယ်ဆိုရင်တော့ ဆော့သလောက် အကျိုးထူးမှာ မဟုတ်ပါဘူး။ဒါကြောင့် နေ့စဉ် လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။ အာဟာရမျှတဖို့အတွက် အသား၊ ငါး၊ပင်လယ်စာ၊ဟင်းသီးဟင်းရွက်၊ ပဲ၊ ဥ၊ နို့ထွက်ပစ္စည်း၊ အစေ့အဆန်တွေကို စုံလင်စွာ စားပေးပါ။ သရေစာအနေနဲ့ အချိုများတဲ့ မုန့်တွေ၊ ဖျော်ရည်တွေအစား သစ်သီးတွေကို လှီးစိတ်ပြီးဖြစ်စေ၊ ကြိတ်ပြီး ဖျော်ရည်အနေနဲ့ ဖြစ်စေ စားပေးလို့ ရပါတယ်။၃။ လေ့ကျင့်ခန်း သေချာမလုပ်ခြင်း။Gym မှာ အားရပါးရ လေ့ကျင့်ခန်းလုပ်ပြီး ချွေးထွက်မယ့်အစား ကစားလိုက်၊ နားလိုက်၊ ပတ်ဝန်းကျင်က လူတွေနဲ့ အကြာကြီး စကားပြောလိုက် လုပ်နေတာဟာ သိပ်တော့ အဆင်မပြေပါဘူး။ လူငယ်တွေဆိုရင်လည်း အားကစားလုပ်တာ နည်းနည်း၊ဖုန်းဖွင့်ပြီး ဓာတ်ပုံရိုက်တာ၊ အင်တာနက် သုံးတာနဲ့ပဲ အချိန်ကုန်နေပြီး သေချာ ထိထိရောက်ရောက် မကစားဖြစ်ပါဘူး။တချို့တွေကလည်း လေ့ကျင့်ခန်းပုံစံ တစ်မျိုးတည်းကိုပဲ အားစိုက်ပြီး လုပ်တယ်။ တခြားလေ့ကျင့်ခန်းတွေကိုသေချာမလုပ်ဘူး။ ဒီတော့ တစ်နေရာထဲမှာပဲ အဆီကွက်ပြီး ကျသွားတာ၊ လေ့ကျင့်ခန်းလုပ်ပေမယ့် ထိရောက်မှု မရှိတာဖြစ်နိုင်ပါတယ်။ဒီတော့ ပိုက်ဆံနဲ့ အချိန်တွေကို အလကားဖြုန်းလိုက်တာနဲ့ အတူတူပါပဲ။ Gym ရောက်ပြီဆိုရင် ကိုယ့်ရဲ့ ပစ္စည်းတွေကို ပေးထားတဲ့ locker တွေထဲမှာ ထည့်သိမ်းထားလိုက်ပါ။ သေချာအာရုံစိုက်ပြီး လေ့ကျင့်ခန်းကို လုပ်ပါ။ နည်းပြဆရာ ညွှန်ကြားတဲ့အတိုင်း ထိထိရောက်ရောက်လုပ်ပေးပါ။၄။ အိပ်ချိန်မမှန်ခြင်း။လူတစ်ယောက် ကျန်းမာနေစေဖို့ အိပ်ချိန်မှန်ရမယ်ဆိုတာ သိထားကြပြီး ဖြစ်ပါတယ်။ အထူးသဖြင့် Gymဆော့ သူတွေမှာဆိုရင်ကြွက်သားကို ပိုပြီး အသုံးချရတဲ့အတွက် အိပ်ချိန်ပိုပြီးတောင် လိုအပ်ပါတယ်။ အိပ်ရမယ့် အချိန်မှာမအိပ်ဘဲရုပ်ရှင်ကြည့်နေတာ၊ ညနောက်ကျတဲ့အထိ ဖုန်းသုံးနေမယ်ဆိုရင်တော့ ကိုယ်သွားမယ့် ပန်းတိုင်နဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်ပြီး ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်။ဒါကြောင့် တစ်နေ့ကို အနည်းဆုံး အိပ်ချိန် ၇နာရီခန့် ပြည့်ဝစွာ အိပ်စက်ပေးပါ။ ပိတ်ရက်တွေမှာ အိပ်ချိန် ပိုရအောင် အိပ်ပါ။ ကောင်းစွာ အနားယူပါ။ အလှအပအတွက်သာမက ကျန်းမာရေးအတွက် အိပ်ချိန်ပြည့်ဝနေဖို့ အလွန်အရေးကြီးပါတယ်။အားကစားလုပ်ခြင်း၊ ကိုယ်ကာယ လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ အကျိုးထူး အများကြီး ရှိစေပါတယ်။ ပိန်တဲ့သူတွေဆိုရင် ကိုယ်ခန္ဓာကြီးထွားသန်စွမ်းစေတယ်။ ဝနေတဲ့သူတွေအတွက်လည်း ကိုယ်အလေးချိန်ကို ကျစေပြီး ခန္ဓာကိုယ်အချိုးအစား သွယ်လျစေတယ်။Gym မှာ စနစ်တကျ ကစားခြင်းဖြင့် ကြွက်သားနဲ့ အရိုးအဆစ်ကို သန်စွမ်းကြံ့ခိုင်စေတယ်။ နှလုံးကျန်းမာရေးကို ကောင်းစေပြီး အမောခံနိုင်စေတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးလို့ ရောဂါတွေ အလွယ်တကူ ဖြစ်မလာနိုင်အောင် တားဆီးပေးနိုင်တယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကို ကောင်းစေတယ်။ဆယ်ကျော်သက်တွေ၊ နှလုံးရောဂါရှင်တွေ၊ ဆီးချို၊ သွေးတိုး ဝေဒနာသည်တွေဆိုရင် ပိုပြီးတောင် ကစားပေးသင့်ပါတယ်။ အထိုင်များတဲ့ သူတွေ၊ လှုပ်ရှားမှုနည်းတဲ့သူတွေ၊ အလုပ်အရမ်းများတဲ့သူတွေဆိုရင်လည်း ကိုယ့်ရဲ့ တစ်နေ့တာအချိန်ထဲက အနည်းငယ်လောက်ဖဲ့ပြီး သေချာ Gymဆော့ ဖို့ တိုက်တွန်းပေးချင်ပါတယ်။လူသားတိုင်း ကျန်းမာပျော်ရွှင်ပြီး သာယာလှပတဲ့ ဘဝလေးတစ်ခုကို ဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/weight-gain-despite-workout-in-ladies/
ဟင်းသီးဟင်းရွက်ကရတဲ့ အာဟာရတွေ မပျက်စီးအောင် ဘယ်လိုချက်ပြုတ်မလဲ
လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေစားသုံးခြင်းဖြင့် နာတာရှည်ရောဂါအများစုကို သက်သာပျောက်ကင်းစေနိုင်ပြီး ကျန်းမာရေးနဲ့ပတ်သက်တဲ့ တခြားကောင်းကျိုးတွေ အများကြီး ရရှိပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေ စားတဲ့အခါမှာ ပါဝင်တဲ့ အဟာရတွေအပြည့်အဝ ရရှိဖို့ အရေးကြီးပါတယ်။ အခုဖော်ပြသွားမှာကတော့ ဟင်းသီးဟင်းရွက်တွေကနေ အာဟာရအပြည့်အဝရအောင် ဘယ်လိုစားသောက်ရမလဲဆိုတာပါပဲ။လတ်ဆတ်မှလည်း ရေခဲသေတ္တာထဲမှာ အကြာကြီးခံမှာဖြစ်ပါတယ်။ဟင်းသီးဟင်းရွက်အမျိုးအစား အားလုံးအတွက် ရေခဲသေတ္တာထဲ သိမ်းဖို့ မလိုပါဘူး။ မုန်ညင်းရွက်နဲ့ တခြားအစိမ်းရောင်အရွက်ရှိတဲ့ ဟင်းရွက်တွေက အစိုဓာတ်များတဲ့အတွက် ဟင်းသီးဟင်းရွက် ထည့်တဲ့ခွက်ထဲမှာသာ သိမ်းသင့်ပါတယ်။ကြက်သွန်၊ အာလူးနဲ့ တခြားသော အမြစ်ပါတဲ့ အသီးအရွက်တွေကတော့ အေးပြီး စိုထိုင်းမှုမရှိတဲ့ နေရာတွေမှာ ထားနိုင်ပါတယ်။ အသီးအရွက်အားလုံးကို ရေခဲသေတ္တာထဲမထည့်ခင် ရေဆေးဖို့ မလိုပါဘူး။ ဥပမာအားဖြင့် မုန်လာဥလို အမြစ်ပါတဲ့ အသီးအနှံတွေက အပေါ်ယံ နည်းနည်းပါးပါး ပေးနေနိုင်ပါတယ်။ ဒါကို အနည်းငယ်ဖယ်ရှားလိုက်တာနဲ့ ဆဲလ်နံရံတွေပျက်ဆီးသွားပြီး ပိုးဝင်ဖို့ လွယ်ကူပါတယ်။အသီးအရွက်တွေက အပူချိန်အမျိုးမျိုးမှာ ရှင်သန်ပေါက်ဖွားကြတာဖြစ်တဲ့အတွက် သိမ်းတဲ့နေရာမှာလည်း အပူချိန်တွေ မတူညီကြပါဘူး။ ရာသီကုန်တွေဖြစ်တဲ့ အာလူးနဲ့ သခွားသီး၊ ပဲတွေကို ရေခဲသေတ္တာထဲမှာ သိမ်းထားရင် အညိုရောင်အစက်အပျောက်တွေ ပေါ်လာပြီး ပျော့ပြဲသွားနိုင်ပါတယ်။ကြက်သွန်နဲ့ အမြစ်ပါတဲ့ အသီးအနှံတွေကတော့ ရေခဲသေတ္တာထဲမှာ သိမ်းနိုင်ပါတယ်။ ရေခဲသေတ္တာထဲမှာ ထောပတ်သီးကို ထားရင်တော့ မမှည့်နိုင်တဲ့အတွက် အလင်းရောင်မရှိတဲ့နေရာမှာ သိမ်းဆည်းနိုင်ပါတယ်။တချို့အသီးအနှံတွေက လေသလပ်ခံဖို့ လိုပါတယ်။ မှိုတွေကိုတော့ ပလက်စတစ်အိတ်မသုံးဘဲ စက္ကူအိတ်ကို သုံးသင့်ပါတယ်။ အကယ်၍ ပလက်စတစ်အိတ်နှင့် သိမ်းခဲ့ပါက လေဝင်လေထွက်ပေါက်ဖောက်ပေးဖို့ လိုပါတယ်။အာလူးတွေကို မြန်မြန်မမှည့်ချင်ဘူးဆိုရင်တော့ အလင်းရောင်မရှိတဲ့နေရာမှာ သိမ်းပါ။ အစိုဓာတ်ရှိတဲ့နေရာဆိုရင်တော့ ချွဲပျစ်ပျစ်ကြီး ဖြစ်သွားနိုင်ပါတယ်။တချို့အသီးအနှံတွေကို သပ်သပ်သိမ်းဖို့လိုပါတယ်။ငှက်ပျောသီးကနေထွက်တဲ့ အီသလင်းဓာတ်ငွေ့က အသီးအနှံတွေ ရင့်မှည့်စေဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ အကယ်၍ သစ်သီးတွေ အလျင်အမြန် မှည့်လိုလျှင် ငှက်ပျော်သီးနဲ့ ရောသာထားလိုက်ပါ။ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲထည့်ထားလျှင် အလွယ်တကူအနံ့ပြယ်နိုင်ပြီး မြန်မြန်အသုံးပြုနိုင်ပါတယ်။ဆားက ဟင်းလျာတော်တော်များများရဲ့ အရသာကို ပိုပြီးကောင်းစေတာမှန်ပေမယ့် ဟင်းသီးဟင်းရွက်တွေ အတွက်တော့ မဟုတ်ပါဘူး။ လှီးဖြတ်ပြီးသား အသီးအရွက်တွေကို ဆားရည်နဲ့ ဆေးလိုက်တာက အထဲမှာရှိတဲ့ တန်ဖိုးရှိတဲ့ အဟာရဓာတ်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။စွပ်ပြုတ်လုပ်တာကလွဲလို့ ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်ဖို့ မီးပြင်းပြင်းမလိုအပ်ပါဘူး။ အပူချိန်မြင့်ရင် အသီးအရွက်မှာ ပါတဲ့ သတ္တုဓာတ်နဲ့ ဗီတာမင်တွေကို ဆုံးရှုံးစေပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%9f%e1%80%84%e1%80%b9%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%9f%e1%80%84%e1%80%b9%e1%80%b8%e1%80%9b%e1%80%bc%e1%80%80%e1%80%b9%e1%80%80%e1%80%9b%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%ac/
Tinea Infection (ပွေးပေါက်ခြင်း)
Tinea Infection (ပွေးပေါက်ခြင်း) အကြောင်းလေး လေ့လာလိုက်နော်။ပွေးကူးစက်ခြင်းသည် ခန္ဓါကိုယ်အနှံ့ဖြစ်ပွားနိုင်သော အရေပြားတွင် မှိုကူးစက်ခြင်း ဖြစ်ပါ သည်။ ၎င်းသည် အရေပြား (tinea corporis), ဦးရေပြား (tinea capitis), ခြေထောက် (tinea pedis, ခြေထောက်တွင်ဖြစ်သောပွေး သို့မဟုတ် သဲဝဲ), ပေါက်ခြံနေရာ (tinea cruris or jock itch) နှင့် ခြေသည်းလက်သည်း (tinea unguium) တို့တွင် ဖြစ်ပွားပါသည်။ပွေးကူးစက်ခြင်း သည် မပြင်းထန်သော်လည်း ကူးစက်နိုင်ပြီး သက်တောင့်သက်သာမရှိ ဖြစ်စေပါသည်။ ပတ်ဝန်း ကျင် ရှိလူများ မကူးစက်စေရန် ကုသမှုအမြန် ခံယူရန် လိုအပ်ပါသည်။ပွေးကူးစက်ခြင်းသည် အဖြစ်များပါသည်။တွင် မကြာခဏဖြစ်ပွားတတ်ပါသည်။ သင့်တော်သော တစ်ကိုယ်ရည် သန့်ရှင်းမှုများ ပြုလုပ်ခြင်း ဖြင့် ကူးစက်ခံရခြင်းကို ကာကွယ်နိုင်ပါသည်။ပွေးကူးစက်ခြင်း၏ ရောဂါလက္ခဏာများသည် ဖြစ်ပွားသော နေရာပေါ် မူတည်ပါသည်။ အဖြစ်များဆုံး ရောဂါလက္ခဏာမှာ ပြင်းထန်စွာ ယားယံခြင်း ဖြစ်ပြီး အရေပြားကို ခြောက်သွေ့ ခြင်းနှင့် အလွှာလိုက်ကွာခြင်း ဖြစ်စေပါသည်။ခန္ဓါကိုယ်ပေါ်တွင် ပွေးသည် အဝိုင်း သို့မဟုတ် ဘဲဥပုံ၊ အနီ သို့မဟုတ် အညိုရောင် အစုအဝေးများ အနေဖြင့် အရေပြားပေါ်တွင် စတင်ပေါ်ပေါက်လာကာ ယားယံ့ခြင်းကို ဖြစ်စေပါ သည်။ အရေပြားသည် အပေါ်ယံ အပြားလွှာများဖြစ်လာပါသည်။ အဖျားချွှန်သော အဖုအသေးများ ရှိသော အကြေးခွံထူများ ဖြစ်လာပါသည်။ အကြေးခွံထနေသော အရေပြားအချပ် များရှိနေချိန်တွင် ရောဂါသည် အခြားသူများသို့ ကူးစက်နိုင်ပါသည်။ ကုတ်ခြင်းခြစ်ခြင်း သည် ရောင်ခြင်း၊ ပြဲခြင်း နှင့်ပိုးကူးစက်ခြင်းတို့ကို ဖြစ်စေပါသည်။အရေပြားမှိုရောဂါများသည် ခြေထောက်နှင့် ကိုယ်ထည် တို့တွင် မကြာခဏဖြစ်လေ့ရှိသည်။ အရေပြား မှိုရောဂါ အမျိုးအစား များစွာရှိသည်။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များ လည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီ တွင် ရောဂါလက္ခဏာများနှင့် ပတ်သက်၍ မေးခွန်းများရှိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။နီရဲသော အကြေးခွံထသော အရေပြားကွက်များ ရှိပြီး နှစ်ပတ်ကြာသည်အထိ မသက် သာပါက ဆရာဝန်နှင့် သွားရောက်ပြသပါ။ ရောင်ရမ်းသော မီးလောင်ဖုများဖြင့် လည်း ဆက်စပ် မှုရှိပါသည်။အရေပြားမှိုကူးစက်ခြင်း ပိုမိုဆိုးရွားလာပါက ဆရာဝန်နှင့်ဆက်သွယ်ပါ။ ရောဂါကူးစက်မှု ဆိုးရွား လာခြင်းကို သိနိုင်သော လက္ခဏာများမှာ။သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေ ကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။အရေပြားမှိုကူးစက်ခြင်းသည် ပိုးကောင်များကြောင့် မဟုတ်ပါ။ အဏုကြည့်မှန်ပြောင်း ဖြင့်သာ မြင်ရသော dermatophytes (tinea) ဟုစုပေါင်းခေါ်သော မှိုများကြောင့် ဖြစ်သည်။ Malassezia furfur မှိုသည် ပေါများပြီး trichophyton, microsporum နှင့် epidermophyton တို့လည်း ရှိပါသည်။ပွေးဖြစ်စေသော မှိုသည် အလွန်သေးငယ်ပြီး အဏုကြည့်မှန်ပြောင်း အောက်တွင်သာ မြင်ရပါသည်။ ပူနွေးစိုစွတ်သော ပတ်ဝန်းကျင်တွင် ပေါက်ပါသည်။ ခန္ဓါကိုယ် တွင်း ဟော်မုန်းအပြောင်းအလဲရှိသူများတွင် ကိုယ်ခံအားစနစ် အားနည်းပြီး ပုံမှန် ထက် မှိုရောဂါ ကူးစက်နိုင်ပါသည်။ပွေးရှိသူများနှင့် ထိတွေ့ခြင်းသည် ရောဂါရစေနိုင်ပါသည်။ အောက်ပါတို့မှ ရောဂါ ကူးစက်နိုင်ပါသည်။မှိုကူးစက်ခြင်း ဖြစ်ပွားနိုင်ချေ ကိုမြင့်စေသောအကြောင်းရင်းများ များစွာ ရှိပါသည်။ ဥပမာ အားဖြင့်-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် အရေပြားစစ်ဆေးမှုများဖြင့် ရောဂါအဖြေရှာနိုင်ပါသည်။ ရောဂါအဖြေရှာခြင်း သည် ရလဒ်မရှင်းလင်းပါက အရေပြားစအနည်းငယ်ကိုယူပြီး မှိုကူးစက်မှုကို စစ်ဆေးနိုင်ပါသည်။ အရေပြားစကို အဏုကြည့်မှန်ပြောင်းအောက်တွင် ကြည့်၍စစ်ဆေးနိုင်ပါသည်။ စစ်ဆေးမှု ရလဒ် များသည် ရက်အနည်းငယ်အတွင်း ရနိုင်ပါသည်။ပွေးကူးစက်ခြင်းအတွက် ကုသမှုရွေးချယ်ခြင်းသည် သင့်အခြေအနေ ဆိုးရွားမှု နှင့် ထိခိုက် သော နေရာ ပေါ်တွင် မူတည်ပါသည်။မပြင်းထန်သောကိစ္စများအတွက် ဆရာဝန်ညွှန်ကြားမထားသော ဆေးများ (ကရင်မ်၊ အရေပြား လိမ်းဆေး သို့မဟုတ် မှိုပျောက် အမှုန့်) တို့ကို အသုံးပြုနိုင်ပါသည်။သို့သော်လည်း လူနာ သည် ဆရာဝန် ညွှန်ကြားသော မှိုပျောက် ကရင်မ်ကိုသာ အသုံးပြုသင့်ပါသည်။ ထိခိုက်သော နေရာ ပျောက်ကင်းသွားပြီး ၇ရက်ကြာသည်အထိ ဆေးလိမ်းခြင်းကို ဆက်လက် ပြုလုပ်သင့်ပါသည်။ပိုဆိုးသောကိစ္စများတွင် ဆရာဝန်သည် ထိခိုက်သော နေရာပေါ်တွင် ပွတ်လိမ်းရသော မှိုပျောက်ကရင်မ် နှင့် မှိုပျောက်သော သောက်ဆေးများကို ညွှန်ကြားနိုင်ပါသည်။ ဆရာဝန်သည် ပြင်းထန်သော ကြာရှည်သော ကူးစက်မှု များအတွက် ဆေးပေးခြင်း (griseofulvin or terbinafine) အမျိုးအစားကို သတ်မှတ်နိုင်ပါသည်။ ထိုဆေးများသောက်ရာတွင် ဆရာဝန် ညွှန်ကြား သည့်အတိုင်း ပြီးပြည့်စုံအောင် သောက်သုံးရမည်။ မသောက်ပါက ပြန်ဖြစ်နိုင်သည်။အချို့ရှားပါးသောကိစ္စများတွင် ထိုဆေးများသည် အသည်းလုပ်ငန်းပြောင်းလဲမှုများ ဖြစ်စေ ပါသည်။ ထို့ကြောင့် ဆရာဝန်သည် သင်၏အသည်းပုံမှန် အလုပ်လုပ်မှု ရှိသလား သေချာအောင် ဓါတ်ခွဲစမ်းသပ်ချက် များလုပ်ခိုင်းလိမ့်မည်။ ဆရာဝန်သည် ကုသမှု ခံယူနေစဉ်အတွင်း ဆး ပမာဏ ကို စောင့်ကြည့်နေပါမည်။မှိုပေါက်ရာ နေရာပေါ်မူတည်၍ ကုသမှုအချိန်သည်လည်း ကွဲပြားပါသည်။ ပေါင်တွင် ဖြစ်သော ပွေးသည် ကုသမှု ၂-၈ပတ်အတွင်း သက်သာလာပြီး ခြေထောက်တွင် ဖြစ်သော ပွေးသည် သက်သာရန် ကုသမှု အချိန်ပို၍ ကြာပါသည်။ ရောင်စုံပွေး ကုသမှု သည် ၁-၂ ပတ်ကြာပြီး ၁လအထိ ကြာနိုင်ပါသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကပွေးကူးစက်ခြင်း ကိုကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများသည် ပွေးကူးစက်မှု ကို ကုသရန် ကူညီနိုင် ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/infectious-skin-diseases/tinea-infection-explained/
Anaphylactic Shock (ဓါတ်မတည့်မှုကြောင့် ရှောခ့်ဖြစ်ခြင်း)
ဓါတ်မတည့်မှုကြောင့် ရှော့ခ်ရတယ်ဆိုတာ အလက်ဂျစ်ဖြစ်ခြင်း တစ်မျိုးဖြစ်ပြီး ဆိုးရွားပြင်းထန်ကာ သတိလစ်မေ့မြော၊ သေစေတဲ့ အထိဖြစ်နိုင်ပါတယ်။ အစားအသောက်၊ ဆေးဝါး၊ ပိုးမွှား၊ ပန်းဝတ်ရည်တွေနဲ့ ဓါတ်မတည့်တဲ့အခါ ဖြစ်ပါတယ်။ဓါတ်မတည့်တဲ့ပစ္စည်းတွေနဲ့ထိတွေ့မိပြီး စက္ကန့်ပိုင်း မိနစ်ပိုင်းလေးမှာပဲ ရှော့ခ်ရနိုင်ပြီး သွေးပေါင်ချိန်ကိုကျစေကာ အသက်ရှူလမ်းကြောင်းကိုလည်း ပိတ်ဆို့စေတတ်ပါတယ်။ ဓါတ်မတည့်မှုကြောင့် ရှော့ခ်ရခြင်း ( Anaphylatic shock )ရဲ့ ရောဂါလက္ခဏာတွေကတော့ သွေးခုန်နှုန်း အလွန်မြန်ပြီးအားနည်းခြင်း၊ အရေပြား အနီကွက်ထခြင်း၊ မူးဝေ အော့အန်ခြင်း တို့ဖြစ်ပါတယ်။ဓါတ်မတည့်လို့ ရှော့ခ်ရရင် အရေးပေါ်ခန်းကိုချက်ချင်းပို့ပြီး epinephrine ထိုးပေးဖို့လိုအပ်ပါတယ်။လူဦးရေရဲ့ ၂ ရာခိုင်နှုန်း လောက်ထိဖြစ်များတတ်ပါတယ်။ အသက်အရွယ်မရွေးလည်း ထိခိုက်တတ်ပါတယ်။ ဒါကိုထိန်းချုပ်ချင်ရင်တော့ သင့်အနေနဲ့ ဖြစ်စေတတ်တဲ့ အရာတွေကိုလျော့ချရမှာပါ။ ပိုသိလိုပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ယေဘုယျ လက္ခဏာတွေကတော့။• ယားခြင်း၊နီခြင်း၊ ဖျော့တော့ခြင်း စတဲ့အရေပြားလက္ခဏာများ။• ခန္ဓါကိုယ်ပူနွေးလာသော ခံစားချက်။• လည်ချောင်းမှာ တစ်ဆို့ဆို့ခံစားရခြင်း။• သွေးခုန်နှုန်း အလွန်မြန်ပြီး အားနည်းခြင်း။• မူးဝေအော့အန်ခြင်း၊ ဝမ်းလျှောခြင်း။• သတိလစ်မေ့မျောခြင်းစသည်တို့ဖြစ်ပါတယ်။အထက်ပါ စာရင်းထဲမှာ မပါဝင်တဲ့ လက္ခဏာတွေရှိနိုင်ပါတယ်။ သင့် အနေနဲ့ ရောဂါလက္ခဏာ နဲ့ ပတ်သက်ပြီး သိလိုသည်များရှိပါက သင့်ဆရာဝန်ကို မေးမြန်းတိုင်ပင်နိုင်ပါတယ်။အထက်မှာ ဖော်ပြထားသလို ပြင်းထန်တဲ့ အခြေအနေရောက်ပြီဆိုရင် အရေးပေါ် ဆေးကုသမှုခံယူသင့်ပါတယ်။epinephrine ဆေးထိုးထား လို့ သက်သာနေပြီဆိုရင်တောင်မှ လက္ခဏာတွေ ပြန်မဖြစ်အောင် သေချာစေဖို့ အရေးပေါ်ဌာနသို့ သွားပြီး ဆက်လက် စောင့်ကြည့်သင့်ပါသေးတယ်။ပြင်းထန်တဲ့ အလက်ဂျစ်၊ဓါတ်မတည့်မှုကြောင့် ရှော့ခ်ရခြင်းရဲ့ လက္ခဏာတွေရမယ်ဆိုရင် ဆရာဝန်နဲ့တွေ့ဖို့ပြင်ဆင်ရပါမယ်။ဖြစ်နိုင်တဲ့ အခြေအနေများစွာရှိပါတယ်။ ဥပမာ-။• အချို့သောဆေးတွေ (ဥပမာ ပင်နီဆလင်)။• မြေပဲ၊ အစေ့အဆံပါတဲ့ စားစရာတွေ (ဥပမာ သစ်ကြားသီး၊ သစ်စေ့၊ သစ်ချသီးနဲ့ သီဟိုဠ်စေ့) ၊ ဂျုံ (ကလေးတွေမှာဖြစ်ပါတယ်) ၊ ငါး၊ ကမာကောင်၊ နို့နဲ့ ဥအမျိုးမျိုး။• အကောင်ကိုက်ခံရတာတွေ ( ဥပမာ – ပျား၊ နကျယ်ကောင် ၊ နဂျီကောင် အကောင်စား၊ မီးပုရွက်ဆိတ်ကိုက်ခံရင် ဖြစ်နိုင်ပါတယ်။အဖြစ်နည်းတဲ့ အကြောင်းရင်းတွေကတော့-။• ပန်းဝတ်မှုန်များ။• Aspirin၊ ibuprofen၊ naproxen တို့လို ဆေးတွေနဲ့ X ray ဓါတ်မှန် ရိုက်ရာမှာသုံးတဲ့ အကြောဆေး ဆိုးဆေးတွေ။• လေ့ကျင့်ခန်း (ဥပမာ အေရိုးဗစ်၊ လေ့ကျင့်ခန်းမလုပ်ခင် အစာစားခြင်း၊ အလွန်ပူသော၊ အေးသော၊ စွတ်စိုထိုင်းမှိုင်းသော အချိန်မှာ လေ့ကျင့်ခန်းလုပ်ခြင်း)စတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ဓါတ်မတည့်မှုကြောင့် ရှောခ့် ရခြင်း ဖြစ်ပွားနိုင်ချေ ကို မြင့်မားစေသော အကြောင်းရင်းများစွာရှိပါတယ်။ ဥပမာ-။• ဓါတ်မတည့်မှုကြောင့် ရှော့ရတတ်တဲ့ ရောဂါရာဇဝင်ရှိဖူးသူ။• အလက်ဂျစ်နဲ့ ပန်းနာရင်ကျပ်ရှိသူ။• ဓါတ်မတည့်မှု မျိုးရိုးရှိခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဓါတ်မတည့်မှုကြောင့် ရှော့ရခြင်း ကိုအောက်ပါမေးခွန်းလေးတွေမေးမြန်းပြီး စစ်ဆေးနိုင်ပါတယ်။• စားထားတဲ့ အစားအစာ။• သုံးစွဲနေတဲ့ဆေးဝါးများ။• ပန်းဝတ်မှုန်တွေနဲ့ ထိမိတဲ့အခါ အရေပြားရဲ့ တုံ့ပြန်မှု အခြေအနေ။•အင်းဆက်ပိုးမွှားတစ်ကောင်ကောင် ကိုက်ခံရတဲ့ အခါ ရောဂါ လက္ခဏာဖြစ်တတ်မှုရှိမရှိစတာတွေဖြစ်ပါတယ်။သင့်ရောဂါကုသနေတဲ့ ဆရာဝန်က ဓါတ်မတည့်မှုကို စမ်းသပ်ဖို့အတွက် အရေပြားစစ်ဆေးမှုနဲ့ သွေးစစ်ဆေးမှုတွေလုပ်ဖို့ တောင်းဆိုပါလိမ့်မယ်။ သင်ကိုယ်တိုင်ကလည်း စားမိတဲ့အစားအသောက်တွေကို အတိအကျစာရင်းပေးခြင်း ဖြင့် ဘယ်အရာကသင့်ရောဂါကိုဖြစ်စေလဲဆိုတာ ရှာဖွေဖို့ကူညီပေးနိုင်ပါတယ်။အခြားဆင်တူရောဂါတွေ ဟုတ်မဟုတ်ဆိုတာ ခွဲခြားနိုင်မယ့် စစ်ဆေးမှုတွေလည်း လုပ်ရနိုင်ပါတယ်။ ဓါတ်မတည့်မှုကြောင့် ရှောခ့်ရခြင်း (anaphylactic shock)နဲ့ တူညီတဲ့ ရောဂါတွေကတော့-။• အတက်ရောဂါ စစ်ဆေးခြင်း။• ဓါတ်မတည့်မှုကြောင့်မဟုတ်ဘဲ အရေပြားလက္ခဏာများ ဖြစ်ပေါ်စေနိုင်သော အခြားရောဂါ အခြေအနေများကို စစ်ဆေးခြင်း။• ကိုယ်ခံအားစနစ်ပုံမမှန်မှုကြောင့် ဖြစ်တဲ့ Mast cell (ရောင်ရမ်းခြင်း နှင့် ဓါတ်မတည့်ခြင်းတို့တွင် ထွက်လာသော ခုခံဆဲလ်) ဆဲလ် အပွားလွန်ပြဿနာ (Mastocytosis)။• စိတ်ရောဂါ ပြဿနာများ ဥပမာ-ရုတ်တရက် အကြောက်လွန်ဝေဒနာ ( panic attack )။• နှလုံးနဲ့အဆုတ်ရောဂါစတာတွေဖြစ်ပါတယ်။အရေးပေါ်အခြေအနေမှာ ပေးနိုင်တဲ့ ကုသနည်းတွေကတော့ –။• အသက်ရှူ နိုင်ဖို့ အောက်စီဂျင်ပေးခြင်း။• အသက်ရှူ လမ်းကြောင်း ရောင်ရမ်းခြင်းကို လျော့ချဖို့နဲ့ အသက်ရှူ ကောင်းဖို့ Antihistamine နဲ့ cortisone လို ဆေးမျိုးထိုးပေးခြင်း။• အသက်ရှူ နှုန်းမှန်ဖို့ beta-agonist (ဥပမာ Albuterol ) ပေးခြင်းစတာတွေဖြစ်ပါတယ်။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/other-allergies/anaphylactic-shock-%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%99%e1%80%90%e1%80%8a%e1%80%b7%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%9b/
သဘာဝအတိုင်း ဆီးကျောက်ကြေစေဖို့
သဘာဝအတိုင်း ဆီးကျောက်ကြေစေဖို့ ဘာတွေ လုပ်ပေးရမလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။ဆီးကျောက်တည်တာက လူဆယ်ယောက်မှာ တစ်ယောက်တော့ ဖြစ်တတ်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းတွေကတော့ အများကြီးပေါ့။ အဓိကက ဆီးကျောက်တည်ပြီဆို နာတာက သိပ်ပြင်းထန်လွန်းလို့ မြန်မြန်သက်သာချင်ကြပါတယ်။ ဆေးပညာပိုင်းက ကြည့်မယ်ဆိုရင်လည်း ဆီးကျောက်က သေချာ မကုဘူး ဆိုရင်ဆီးပိုးဝင်တာ၊ကျောက်ကပ်မှာ ရေဝင်တာတွေ ဖြစ်လာတတ်လို့ သတိထားရမယ့် ဝေဒနာမျိုးပါပဲ။ဒါပေမယ့် ကံကောင်းတာက ဆီးကျောက်က သေးတယ်။ တစ်ဖက်တည်းမှာပဲ ဖြစ်တယ်။ လူနာက ထွေထွေထူးထူး ခံစားရတာလည်း မရှိဘူးဆိုရင်တော့ ခွဲဖို့ စိတ်ဖို့ မလိုတတ်ပါဘူး။ ဆီးကျောက်ကြေအောင် ဆေးတွေပေး၊ ရေများများသောက်၊ ပုံမှန်ရက်ချိန်း ခေါ်ပြီး စောင့်ကြည့်ရုံနဲ့တင် ကိစ္စက ပြီးပါတယ်။ဒီလိုလူနာတွေအတွက် တစ်ဖက်ကလည်း ဆေးကုရင်း တစ်ဖက်ကလည်း ဆီးကျောက်အမြန်သက်သာအောင် အိမ်မှာတင်လုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ပုံမှန်လုပ်နေကြ လုပ်ရိုး လုပ်စဉ်တွေ ဖြစ်လို့ တစ်ဖက်က ဆေးကုသတာကိုလည်း မထိခိုက်စေပါဘူး။ ဒါကြောင့် ဆီးကျောက်အမြန်ကြေဖို့ ဆောင်ရန် ရှောင်ရန်လေးတွေကို ပြောပြချင်ပါတယ်။သဘာဝအတိုင်း ဆီးကျောက်ကြေစေဖို့ ဆိုရင်။ဆရာဝန်တွေကလည်း ဆီးကျောက်ဖြစ်ခါစဆိုရေများများသောက်ဖို့ ပြောပါတယ်။ ဆီးကျောက်ဖြစ်ဖို့ဆို အမှုန်အမွှားတွေက အနည်ထိုင်မှ ကျောက်ဖြစ်လာမှာပါ။ ရေများများသောက် ဆီးများများသွားရင် ကျောက်တည်ဖို့ အခွင့်အလမ်းနည်းသွားမှာပါ။ ရေများများသောက် ရှူးများများပေါက်တာက ဆီးကျောက်အတွက် အကောင်းဆုံးအဖြေပါပဲ။ ဖြစ်ပြီးသားဆီးကျောက်ကိုလည်း မြန်မြန်ကြေစေသလို၊ ရှိပြီးသား ဆီးကျောက်ကိုလည်း ကြီးမလာအောင် တားဆီးပေးပါတယ်။ ဆီးကျောက်ဖြစ်မလာအောင်လည်း တားဆီးပေးနိုင်ပါတယ်။Citric acidက ချဉ်တဲ့ အသီးအနှံတွေ တော်တော်များများမှာ ပါပါတယ်။ ဥပမာ သံပုရာသီးတို့၊ သံပုရိုသီးတို့ပေါ့။ Citric acidက အဖြစ်များတဲ့ calcium oxalateကျာက် မဖြစ်အောင် နည်းလမ်းနှစ်မျိုးနဲ့ တားဆီးပေးပါတယ်။ ပထမတစ်ခုက ဆီးထဲမှာပါတဲ့ calciumကို ပေါင်းလိုက်တာကြောင့် ကျောက်တည်နိုင်ခြေ နည်းသွားပါတယ်။နောက်တစ်ခုက ဒီလို ပေါင်းလိုက်တဲ့အတွက် ရှိပြီးသားကျောက်က ပိုပြီး မကြီးလာနိုင်တော့ပါဘူး။ ဒီလို နှစ်နည်းနဲ့ တားဆီးပေးတာပါ။ ဒါကြောင့် citric acidပါတဲ့ ဂရိတ်ဖရုတို့၊ လိမ္မော်သီးတို့၊ သံပုရာသီးတို့ စားပေးနိုင်ပါတယ်။ ဒါမှမဟုတ် အရည်ပိုသောက်ဖြစ်အောင် သကြားလျှော့ပြီး ဖျော်ရည်ဖျော်သောက်တာဖြစ်ဖြစ်၊ ရေထဲကို သံပုရာသီး ညှစ်သောက်တာဖြစ်ဖြစ် လုပ်လို့ရပါတယ်။အဖြစ်အများဆုံး calcium oxalate ကျောက်မှာoxalateပါတဲ့အတွက် ဒီဓာတ်များတဲ့ အစားအစာတွေကို လျှော့စားရမှာပါ။ ဒီဓာတ်က ခန္ဓာကိုယ်က အနည်းငယ် ထုတ်သလို အသီးအရွက်တော်တော်များများမှာလည်း ပါနေပါတယ်။ ဒါကြောင့် လျှော့စားဖို့ဆိုတာ နည်းနည်းတော့ ခက်ခဲမှာပါ။ နောက်ပြီး ဒီနည်းလမ်းက ဆီးထဲမှာ oxalateများနေတဲ့ သူတွေအတွက်ပဲ အကျိုးရှိမှာပါ။ ဒါကြောင့် ဒီလို စားဖို့ လိုမလို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ချဉ်တဲ့ အသီးတွေ ဖြစ်တဲ့ သံပုရာသီးတို့ လိမ္မော်သီးတို့က ရတဲ့ဗီတာမင်စီထက် ဖြည့်စွက်စာအနေနဲ့ သောက်နေကြတဲ့ သူတွေ သတိထားရမှာပါ။ ပမာဏအများကြီး သောက်နေတဲ့သူဆို ပိုဆိုးပါတယ်။ သာမန်ချဉ်တဲ့အသီးတွေ စားနေတဲ့သူကတော့ ပြဿနာ မရှိပါဘူး။ ဗီတာမင် စီက ဆီးထဲမှာ oxalateကို များစေပါတယ်။ ဗီတာမင်စီ တချို့တစ်ဝက်ကလည်း oxalateအဖြစ် ပြောင်းနိုင်ပါသေးတယ်။ ဒါကြောင့် ဗီတာမင်စီ သောက်နေတယ်ဆို ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆက်သောက်သင့် မသောက်သင့် ဆွေးနွေးပါ။ကျောက်တည်တာကကယ်ဆီယမ်ကျောက်ဆိုတော့ တော်တော်များများက ကယ်ဆီယမ်လျှော့စားရမယ်လို့ ထင်ပါတယ်။ ဒါဟာ တကယ်တော့ မဟုတ်ပါဘူး။ ကယ်ဆီယမ်ကို လုံလုံလောက်လောက် စားမှသာ oxalateနဲ့ ပေါင်းပြီး သွေးထဲကို မစုပ်ယူနိုင်အောင် တားဆီးပေးတာပါ။ နို့၊ ချိစ်နဲ့ ဒိနိချဉ်တွေက ကယ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ ကယ်ဆီယမ်ကို လျှော့စားမှသာ သွေးထဲက ကယ်ဆီယမ်နည်းသွားတာကို ကာမိဖို့ အရိုးထဲက ကယ်ဆီယမ်ကို ဖြိုသုံးရင်း အရိုးပွတာ အရိုးကျိုးတာတွေ ဖြစ်လာမှာပါ။ ဒါကြောင့် ကယ်ဆီယမ်ကို ပုံမှန်အတိုင်းပဲ စားပေးပါ။မကြာမကြာ ဆီးကျောက်တည်တတ်တဲ့သူဆိုရင် ဆားလျှော့စားတာ အကောင်းဆုံးပါ။ ဆားက ဆီးထဲမှာ ကယ်ဆီယမ်တွေ ပါဝင်မှု များစေပါတယ်။ ဆားလို့ ပြောလိုက်ရင် အိမ်သုံးစားတင်မကဘဲ အသင့်စား အစားအစာတွေ၊ ကြာရှည်ခံအောင် လုပ်ထားတဲ့ အစားအစာတွေကိုပါ လျှော့စားဖို့ လိုပါတယ်။တော်တော်များများက မဂ္ဂနီဆီယမ်ကို လုံလောက်အောင် မစားနိုင်ကြပါဘူး။ လေ့လာချက်တွေအရ မဂ္ဂနီဆီယမ်က calcium oxalateကျောက် ဖြစ်နိုင်ခြေကို လျှော့နည်းစေတယ်လို့  ဆိုပါတယ်။ ထောပတ်သီး၊ ပဲနဲ့ တို့ဖူးတွေဟာ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေပါပဲ။ Oxalate များတဲ့ အစားအစာတွေကို စားတိုင်းမှာ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေကိုတွဲစားပေးရင် ပိုပြီး အကျိုးထူးပါသတဲ့။အသားက ဆီးထဲမှာ ကယ်ဆီယမ်ကို များစေတဲ့အပြင် ဆီးကျောက်မတည်အောင် ကာကွယ်ပေးတဲ့ citrateကို နည်းစေပါတယ်။ အသားတွေမှာ ပါတဲ့ ပရိုတိန်းကို ဖြိုခွဲလိုက်တဲ့အခါ ထွက်လာတာက purinesပါ။ ဒီဒြပ်ပေါင်းကယူရစ်အက်စစ်ကို ဖြစ်စေပါတယ်။ ယူရစ်အက်စစ်တွေ သွေးထဲမှာ များလာတဲ့အခါ ဆီးထဲမှာပါ ယူရစ်ကျောက်တွေ ဖြစ်လာမှာပါ။ ဒါကြောင့် ဆီးကျောက်တည်နေတဲ့ အချိန်အတွင်းမှာ အသားတွေ (အထူးသဖြင့် ကလီစာ)ကို လျှော့စားပါ။ဒါတွေကတော့ တစ်ဖက်ကလည်း ဆေးကုသမှု ခံယူရင်း အိမ်မှာလည်း လိုက်နာလို့ရတဲ့ နည်းလမ်းတွေပါ။ တစ်ဖက်ကလည်း ဆီးကျောက်ကြေဆေးတွေ သောက်နေပြီး တစ်ဖက်ကလည်း ဆီးကျောက် ထပ်မကြီးလာအောင် နေနိုင်မယ်ဆိုရင် မြန်မြန်ပျောက်ကင်းသွားမှာပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/urinary-track-stones/kidney-stone-remedies/
တစ်လထဲနဲ့ ရာသီသွေး ၂ ကြိမ်ပေါ်တာ ဘာဖြစ်လို့လဲ ။ ။
ရာသီ (ဓမ္မတာ) နဲ့ ပတ်သက်တဲ့အကြောင်းများစွာ ကြားဖူးကြမှာပါ။ ဒီတစ်ခေါက်တော့ တစ်လထဲနဲ့ ရာသီသွေး ၂ ကြိမ်ပေါ်တာ ဘာဖြစ်လို့လဲ ။ ။ ဆိုတာကို ပြောပြပေးချင်ပါတယ်။ရာသီသွေး ထိမ်လို့၊ရာသီ သွေးဆင်းတာ များလို့ နည်းလို့၊ ရာသီသွေးပေါ်ရင် ကိုက်ခဲလို့၊ ရာသီသွေးဆင်းတဲ့ ရက်များလို့၊ ရာသီသွေးဆင်းတဲ့ ရက်နည်းလို့ ဆိုပြီး ပြဿနာ အမျိုးမျိုးကြားဖူးကြမှာပါ။ ကြားဖူးနေကြဖြစ်တဲ့အတွက် ဒီပြဿနာတွေအကြောင်းကို အားလုံး သိပြီးနေကြလောက်ပါပြီ။ ဒီဆောင်းပါးထဲမှာတော့ဓမ္မတာနဲ့ ပတ်သက်တဲ့ အပေါ်ကပြဿနာတွေ မဟုတ်ဘဲ နောက်တစ်ခုဖြစ်တဲ့ တစ်လတည်း ရာသီ ၂ ခါလာတဲ့ အကြောင်းကို ပြောပြချင်ပါတယ်။တစ်လထဲနဲ့ ရာသီသွေး ၂ ကြိမ်ပေါ်တာ ဘာဖြစ်လို့လဲ ။ ။ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ဒီလို တစ်လတည်း ရာသီ ၂ခါလာတာ ရာသီသွေးဆင်းတဲ့ ရက်များတာနဲ့ မတူပါဘူး။ ပုံမှန်ဆို ၂၈ ရက်ရာသီစက်ဝန်းရှိတဲ့ သူက ၂၈ ရက်ကြာရင် တစ်ခါ၊ ၃၀ ရက်စက်ဝန်းရှိတဲ့ သူက ၁လ ကြာရင် တစ်ကြိမ် ရာသီ လာပါတယ်။ဒါပေမယ့် တချို့အမျိုးသမီးတွေက ၂၂ရက်တစ်ခါ ရာသီလာကြတာရှိပါတယ်၊၊ ရာသီစက်ဝန်းတိုတဲ့သူတွေပါ၊၊ ဒါကလည်း ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ၊၊ ၂၂ရက်တစ်ခါ ရာသီလာတဲ့သူတွေ ရှိသလို ၃၅ရက်လောက်နေမှ ရာသီလာတဲ့သူလည်း ရှိပါတယ်၊၊ ၂၂ရက်တစ်ခါ ရာသီလာတဲ့သူဆိုရင် တချို့လတွေမှာ ၁လတည်း ၂ခါလာမျိုး ဖြစ်တတ်ပါတယ်၊၊ လအစမှာ တစ်ခါလာပြီး လကုန်ရက်မှာ တစ်ခါလာတာမျိုးပါ၊၊။သားအိမ်အတွင်းသားနံရံထူလာတာ၊ သားအိမ်မှာအလုံးတည်တာတွေက တစ်လထဲကို ရာသီ ၂ ခါလာစေတဲ့ အဖြစ်အများဆုံး အကြောင်းအရာတွေပါ။ နောက်တစ်ခုက သားအိမ်ကင်ဆာကြောင့်လည်း ပုံမှန် မဟုတ်ဘဲ သွေးတွေ ဆင်းနိုင်တာကြောင့် ရာသီတစ်လထဲနဲ့ ၂ ခါလာတာဟာ ပေါ့ဆလို့ မရတဲ့ ပြဿနာတစ်ခုပါ။ကိုယ်ဝန်ကို တားပေးတဲ့ သန္ဓေတား ဆေးတွေ၊သန္ဓေတား ပစ္စည်းတွေဆိုတာ ဟော်မုန်း ပါဝင်တဲ့ အရာတွေ ဖြစ်တာကြောင့် သင့်ရာသီ စက်ဝန်းအပေါ်မှာ အများကြီး သက်ရောက်မှုရှိပါတယ်။ရာသီ ထိမ်သွားတာ၊ ရာသီသွေး လုံးဝကို မပေါ်တော့တာ နဲ့ တစ်လတည်း ရာသီ ၂ခါ လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဆေးဖြတ်လိုက်ရင်တောင် ဆေးအာနိသင်က လအနည်းငယ်အထိ ကျန်ရှိနေတတ်ပါသေးတယ်။ကိုယ်ဝန်ဆောင်ချိန်တွေဆို ကိုယ်တွင်း ဟော်မုန်းတွေ အပြောင်းအလဲဖြစ်တာကြောင့် ရာသီသွေးလုံးဝ ရပ်သွားပါတယ်။ ဒါပေမယ့် တချို့ ကိစ္စတွေရှိတတ်ပါတယ်။ကိုယ်ဝန်ရှိနေပြီးဟော်မုန်း အပြောင်းအလဲကြောင့် ရာသီ မရပ်ခင်လေး တစ်လထဲနဲ့ ၂ ခါလာသွားတာမျိုးတွေ ရှိတတ်ပါတယ်။ ပုံမှန်ရာသီလာတယ်ဆိုတာနဲ့ သွေးဆင်းသွားတာမျိုးပါ။ကိုယ်တွင်းက ဟော်မုန်းတွေကို ထိန်းချုပ်နေတဲ့ သိုင်းရွိုက်ဟော်မုန်းတွေ ပုံမှန်မဟုတ်တဲ့အခါ တစ်လထဲ ရာသီ ၂ ခါလာတာ။ ရာသီသွေး ဆင်းများတာမျိုးတွေ ဖြစ်တတ်ပါတယ်။သွေးဆုံးခါနီးအချိန်ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်တွင်းက ဟော်မုန်းတွေ အပြောင်းလဲဆုံး အချိန်ပါ။ ဒါကြောင့် ဟော်မုန်းတွေပေါ် မှီခိုနေရတဲ့ ရာသီစက်ဝန်းလည်း ကမောက်ကမ ဖြစ်ပြီး ရာသီသွေးဆင်းနည်းတာ၊ များတာ၊ ရာသီထိမ်တာ ၊ တစ်လထဲ ရာသီ ၂ ခါပြန်လာတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ရာသီစစလာတဲ့အပျိုဖော်ဝင်စ အချိန်မှာဆို လည်း ဟော်မုန်း အပြောင်းအလဲတွေ ဖြစ်တာကြောင့် တစ်လတည်း ရာသီ ၂ ခါလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ကိုယ်အလေးချိန်ရုတ်တရက် များလားတာ၊ ရုတ်တရက် ကျဆင်းသွားတာတွေကလည်း ဟော်မုန်း အပြောင်းအလဲကို ဖြစ်စေတာကြောင့် ရာသီသွေး တစ်လတည်း ၂ ခါလာတာကို ဖြစ်စေတတ်ပါတယ်။စိတ်ဖိစီးလွန်းတာ၊ ခရီးတွေ ဆက်တိုက်သွားနေရတာ၊ အိပ်ရေးပျက်တာ၊ လေ့ကျင့်ခန်းအလွန်အကျွံလုပ်တာတွေကြောင့် ခန္ဓာကိုယ်မှာ ဖိအားတွေ ဖြစ်လာပါတယ်။ ဒီအခါမှာ ကော်တီစောဟော်မုန်းတွေ ထွက်လာတာကြောင့် ဟော်မုန်းတွေ ကမောက်ကမဖြစ်ပြီး တစ်လထဲ ရာသီ၂ခါလာတာ ဖြစ်တတ်ပါတယ်။ဒါတွေ အားလုံးက တစ်လထဲ ရာသီ ၂ ခါ လာစေတဲ့အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ ရံဖန်ရံခါ တစ်လကို ၂ကြိမ်လာတာမျိုးက ဖြစ်တတ်ပေမယ့် လတိုင်း ၂ကြိမ်လာနေရင်တော့ ဆရာဝန်နဲ့ ပြသင့်နေပါပြီ၊၊ အကြောင်းအရင်းကို သိမှ ကုသလို့ရမှာလေနော်။ရေးသားသူ- Dr Thin Yadanar@ Frances။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/2-periods-during-a-month/
မိန်းမကိုယ်က မှိုမစွဲဘဲ ဘာလို့ ယားယံနေတာလဲ
မိန်းမကိုယ်က မှိုမစွဲဘဲ ဘာလို့ ယားယံနေတာလဲ။ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ဟာ အမြဲလိုလို စိုစွတ်နေတဲ့အတွက်မှိုစွဲခြင်း ဖြစ်လွယ်လို့ သေချာဂရုစိုက်ရပါတယ်။ ဒါဆိုရင် မှိုမစွဲဘဲယားယံတာမျိုးရော မဖြစ်နိုင်ဘူးလား… ဖြစ်နိုင်တာပေါ့။ တစ်ခါတလေ မှိုစွဲတာ တစ်မျိုးတည်းကြောင့် မဟုတ်ဘဲ တခြား အကြောင်းရင်းတွေကြောင့်လည်း မိန်းမကိုယ်က ယားယံတာမျိုးတွေ ဖြစ်နိုင်ပါတယ်။မိန်းမကိုယ် ဆိုတာ အရမ်း ထိခိုက်လွယ်၊ ဓာတ်မတည့်ဖြစ်လွယ်တဲ့ နူးညံ့တဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ အဲ့တော့ ကိုယ်သုံးနေကျ မဟုတ်တဲ့ရေချိုးဆပ်ပြာတွေ၊ အိပ်ရာခင်းအသစ်တွေ၊ ချောဆီ၊ Latex ရာဘာသားနဲ့ လုပ်ထားတဲ့ကွန်ဒုံးများ၊ အမျိုးသမီးသုံး ကွန်ဒုံးတွေ၊ အဝတ်လျှော်ဆပ်ပြာ၊အတွင်းခံဘောင်းဘီ အကျပ်တွေ ဝတ်တာ၊ အမွှေးရနံ့ ပါတဲ့ တစ်သျှူးတွေ၊ ရာသီလာစဉ် အသုံးပြုတဲ့ tampon တွေ၊ ဂွမ်းကပ်တွေနဲ့ အရေပြားဓာတ်မတည့်တာကြောင့် ယားယံနိုင်ပါတယ်။ တစ်ခါတလေ မသန့်ရှင်းတဲ့ အတွင်းခံတွေကို အချိန်အကြာကြီး ဝတ်မိတာကြောင့်လည်း ဓာတ်မတည့် ယားယံတာမျိုး ဖြစ်နိုင်ပါတယ်။များသောအားဖြင့် ကုသမှု မလိုအပ်ဘဲ သူ့ဘာသာ ပျောက်သွားတတ်ပါတယ်။ ယားယံခြင်း ဝေဒနာ သက်သာစေဖို့ ရေနွေးနဲ့ ရေချိုးပေးတာ၊ မုန့်ဖုတ်ဆိုဒါနဲ့ ရောထားတဲ့ ရေနွေးထဲ စိမ်တာမျိုး လုပ်ပေးလို့ ရပါတယ်။ဒါကတော့မိန်းမကိုယ်နဲ့ ပတ်သက်ပြီး အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။ ဝမ်းသွားပြီး အနောက်မှ အရှေ့ဘက်သို့ သန့်ရှင်းရေးလုပ်တဲ့ အခါ မစင်ထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားပိုးတွေက မိန်းမကိုယ်ထဲ ဝင်ရောက်ပြီး ရောဂါဖြစ်စေပါတယ်။တစ်ကိုယ်ရေ သန့်ရှင်းမှု၊ မှိုစွဲခြင်း၊ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကနေ မကောင်းတဲ့ ဘက်တီးရီးယားပိုး တစ်မျိုး ကူးစက်ခံရပြီး ဒီပိုးကောင်ရေက ပွားလာတဲ့အခါမှာလည်း အလွန်အမင်း ယားယံစေနိုင်ပါတယ်။အဖြစ်များတဲ့ လက္ခဏာကတော့မိန်းမကိုယ်ယားယံခြင်း၊အဖြူဆင်းခြင်း၊ မိန်းမကိုယ်ကနေ အဖြူရောင်၊ မီးခိုးရောင် သို့မဟုတ် အစိမ်းရောင် အရည်များ စိမ့်ထွက်ခြင်း၊ ငါးညှီနံ့ နံနေခြင်း၊ ဆီးသွားစဉ် ပူစပ်ပူလောင် ဖြစ်ခြင်း စတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အရေပြားပြဿနာ ဖြစ်တာကြောင့် ပဋိဇီဝပိုးသတ်ဆေးသောက်ဖို့ လိုအပ်သလို မိန်းမကိုယ် ပိုးသတ်ဆေး လိမ်းဆေး၊ ခရင်မ် တစ်မျိုးမျိုး လိမ်းပေးမှ ပျောက်မှာဖြစ်ပါတယ်။ ဆေးဆိုင်ကနေ တွေ့ရာ ပိုးသတ်ဆေး ဝယ်သောက်၊ လိမ်းတာမျိုးနဲ့ မရပါဘူး။ ဆရာဝန်ရဲ့ ဆေးစာအညွှန်းပါတဲ့ ဆေးလိမ်းမှ ပျောက်တာ ပိုမြန်နိုင်ပါတယ်။မိန်းမကိုယ် ယားယံခြင်းသာမက ပတ်လည်မှာ အဖြူရောင်အကွက်တွေ ဖြစ်နေတာဆိုရင် Lichen Sclerosus လို့ ခေါ်တဲ့ အရေပြားရောဂါ ဖြစ်နိုင်ပါတယ်။ ဘာကြောင့် ဖြစ်ရတာလဲဆိုတဲ့ အကြောင်းရင်း အတိအကျကိုတော့ ရှာမတွေ့သေးပါဘူး။ကုသခြင်း မပြုဘဲ ပစ်ထားလိုက်မယ်ဆိုရင် မိန်းမကိုယ် အရေပြား အမာရွတ် ဖြစ်ခြင်း၊ အရည်ကြည်ဖုတွေ ပေါက်တာ၊လိင်ဆက်ဆံစဉ် အလွန်အမင်း နာကျင်တာ၊ မိန်းမကိုယ် နှုတ်ခမ်းသား ကင်ဆာတွေ ဖြစ်လာနိုင်ပါတယ်။ ဆရာဝန်ဆီမှာ ဆေးတွေနဲ့ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။အသက်ကြီးလာတာနဲ့ အမျှ အမျိုးသမီးတွေရဲ့မဟော်မုန်း(Estrogen – အက်စထရိုဂျင် ဟော်မုန်း) တွေက ကျဆင်းလာပါတယ်။ မဟော်မုန်း နည်းလာခြင်းဟာ မိန်းမကိုယ် လမ်းကြောင်းကို ကျဉ်းစေပြီး ယားယံစေပြီး နေရထိုင်ရခက်စေပါတယ်။အမျိုးသမီးများ ကိုယ်ဝန်ဆောင်နေစဉ်၊မိခင်နို့တိုက်နေချိန်၊ သွေးဆုံးချိန်မှာလည်း ဟော်မုန်း အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ ဒီပြဿနာကြောင့် ဖြစ်တဲ့ ယားယံခြင်းတွေ သက်သာစေဖို့ အမျိုးသမီးရောဂါ အထူးကု OG ဆရာဝန်တွေနဲ့ သေချာ ပြသကြည့်သင့်ပါတယ်။သန်းတွေဆိုတာ အမွေးအမျှင်ရှိတဲ့ နေရာတိုင်းမှာ ကပ်တွယ်နေနိုင်တဲ့အတွက် ဦးရေပြားပေါ်က ဆံပင်တွေမှ မဟုတ်ဘဲ မိန်းမကိုယ်မှာရှိတဲ့ ဆီးခုံမွေးပေါ်မှာလည်းသန်းတွယ်နိုင်ပါတယ်။တစ်ကိုယ်ရေ သန့်ရှင်းမှုမရှိတာ၊ တခြားသူရဲ့ အဝတ်အစားတွေ ယူဝတ်တာကနေ သန်းတွယ်ပြီးမိန်းမကိုယ်ပေါ်က ဖြတ်လျှောက်တဲ့အခါ အလွန်အမင်း ယားယံစေနိုင်ပါတယ်။ ဒီအတွက် ဆေးဆိုင်ကနေ သန်း သတ်ပေးတဲ့ လိမ်းဆေးမျိုးတွေ ဝယ်လိမ်းလို့ ရသလို ဆရာဝန်နဲ့ ပြကြည့်ပြီး ဆေးညွှန်းခိုင်းလို့လည်း အဆင်ပြေပါတယ်။မိန်းမကိုယ် ယားယံခြင်းဟာ မှိုစွဲတာ တစ်ခုတည်း မဟုတ်ဘဲ တခြားအကြောင်းရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုကို အမြဲတမ်း ဂရုစိုက်ဖို့ လိုအပ်သလို ပုံမှန်မဟုတ်တဲ့ ယားယံခြင်းမျိုး ကြုံလာရပြီ ဆိုရင်လည်း အရေပြားဆရာဝန် သို့မဟုတ် အမျိုးသမီး ရောဂါကု ဆရာဝန်တွေနဲ့ အမြန်ဆုံးပြဖို့ အကြံပေးလိုက်ချင်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/reasons-vaginal-itch-happens/
ရာသီသွေးပေါ် တာနဲ့ ပတ်သက်လို့ ပျိုမေတို့ သိချင်နေတဲ့ မေးခွန်းတွေနဲ့ အဖြေတွေ
ရာသီသွေးပေါ် တယ်ဆိုတာ အရွယ်ရောက်တဲ့ အမျိုးသမီးတိုင်း ကြုံတွေ့နေရတဲ့ ကိစ္စတစ်ခုပါ။ သဘာဝအရ ရာသီသွေးပေါ် နေရပေမယ့် ကိုယ့်ဆီမှာ ဖြစ်နေတဲ့ဓမ္မတာလာခြင်းနဲ့ ပတ်သက်တဲ့ တချို့ကိစ္စတွေကို မသိတဲ့သူတွေ အများကြီးပါ။ ဒီထဲကမှ ရာသီသွေးပေါ် တာနဲ့ ပက်သက်လို့ ပျိုမေတို့ အမေးအများဆုံး မေးခွန်းတွေကို ပြန်ဖြေပေးချင်ပါတယ်။Q – ရာသီ တစ်လ ထိန်သွားရင် ဘာလုပ်ရမလဲ။ဓမ္မတာဆိုတာ တစ်လတစ်ခါ ပုံမှန်လာတတ်တယ်ဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့်ရာသီထိန်သွာတာမျိုးတွေရှိပါတယ်။ကိုယ်ဝန်က လွဲလို့ရာသီ ထိန်သွားစေတဲ့ အကြောင်းအရာတွေကတော့စိတ်ဖိစီးမှုများတာ၊ ခရီးသွားတာ၊လေ့ကျင့်ခန်းလုပ်တာများသွားရင်၊ကိုယ်အလေးချိန်ကျအောင် အတင်းဝိတ်ချနေတဲ့ အခါမျိုးတွေဆို ရာသီထိန်သွားတတ်ပါတယ်။ ဒါကြောင့် အရမ်းကြီး စိတ်မပူပါနဲ့။ တစ်လ ထိန်သွားရင် စိတ်တအားကြီး ပူစရာ မရှိပေမယ့် နှစ်လ ထိန်သွားရင်တော့ ဆရာဝန် ဆီသွားပြဖို့ လိုအပ်နေပါပြီ။Q – တမ်ပွန်တို့ လစဉ်သုံး ပစ္စည်းတို့ကမိန်းမကိုယ် ပိုးဝင်တာကို ဖြစ်စေတတ်တာလား။လစဉ်သုံး ပစ္စည်းတို့၊ တမ်ပွန်တို့ဟာမိန်းမကိုယ်ပိုးဝင်တာကိုဖြစ်စေတာ နည်းပါတယ်။ ပိုပြီး စိတ်ချချင်ရင် ရာသီလာနေချိန်သုံးတဲ့ လစဉ်သုံး ပစ္စည်းတွေကို ၆ နာရီ တစ်ခါ လဲပေးလို့ရပါတယ်။Q – ရာသီလာစဉ် သွေးဆင်းတာများတာ ပုံမှန်ပဲလား။ရာသီသွေးပေါ်တဲ့အချိန်သွေးဆင်းတဲ့ ပမာဏ အနည်းအများဟာ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ တချို့ဆို ဘောင်းဘီစွန်းရုံလောက်သာ ရာသီလာပြီး တချို့ကျတော့ တစ်နေ့ကို လစဉ်သုံးပစ္စည်း ၃ ခုလဲရလောက်တဲ့အထိ များနိုင်ပါတယ်။ တစ်နေ့လဲရတဲ့ လစဉ်သုံးပစ္စည်း ၅ ခုလောက် အပြည့်ဖြစ်နေပြီ ဆိုရင်တော့သွေးအားနည်းသွားတတ်လို့သံဓာတ်အားဖြည့်ဆေးတွေ သောက်သင့်ပါတယ်။Q -ရာသီ တစ်ခါလာရင် ဘယ်လောက်ကြာရမလဲ။ရာသီတစ်ခါလာရင် ၃ ရက်ကနေ ၅ရက်လောက်အတွင်းတော့ ပုံမှန်ကြာတတ်ပါတယ်။ အများဆုံးဆို ၈ ရက်လောက်ထိ ကြာနိုင်ပါတယ်။ ၈ရက်ထက်ကြာသွားရင်တော့ ဆရာဝန်သွားပြဖို့ လိုအပ်နေပါပြီ။Q – ရာသီလာစဉ်လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်သလား။ရာသီလာစဉ် လိင်ဆက်ဆံရင် တချို့ကကိုယ်ဝန်မရနိုင်ဘူးလို့ ထင်ကြပါတယ်။ အမှန်က ရာသီလာစဉ် လိင်ဆက်ဆံမိရင် ကိုယ်ဝန်ရနိုင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ၂၈ရက်တစ်ခါ ရာသီလာတဲ့အမျိုးသမီးက ရာသီစလာတဲ့ရက်ကနေ စရေရင် ၁၄ ရက်မြောက်လောက်မှာသားဥ ကြွေပါတယ်။ လိင်ဆက်ဆံပြီးလို့ မိန်းမကိုယ်ကနေဝင်လာတဲ့သုက်ပိုးလေးတွေက အမျိုးသမီး ခန္ဓာကိုယ်ထဲမှာ ၅-၇ ရက်လောက်ထိ အသက်ရှင်နိုင်ပါတယ်။ ရာသီရက်ရှည်လာတတ်တဲ့ ၈ရက်ရယ် သုက်ပိုးနေနိုင်တဲ့ ၇ ရက်လောက်ရယ် ပေါင်းလိုက်ရင် ၁၅ ရက်ဖြစ်သွားပြီး သားဥနဲ့ သုက်ပိုးသွားတွေ့နိုင်ပါတယ်။ ဒီလိုနဲ့ သင်ကိုယ်ဝန်ရသွားနိုင်ပါတယ်။Q –ရာသီလာတဲ့အချိန် နာကျင်ကိုက်ခဲတာကို ဘယ်လိုသက်သာအောင် လုပ်ရမလဲ။အစာအိမ်ရောဂါမရှိတဲ့သူတွေကတော့ အလွယ်တကူအကိုက်အခဲပျောက်ဆေးသောက်လိုက်လို့ ရပေမယ့်ဆေးလည်းမသောက်ချင်ဘူး၊ အစာအိမ်ထိမှာလည်း ကြောက်တတ်သူတွေကတော့ ဗိုက်ပေါ် ရေနွေးအိတ်လေး ကပ်လို့ရပါတယ်။Q – ရာသီလာချိန် ဗိုက်ကြီးက ဘာလို့ ပူဖောင်းနေရတာလဲ။ရာသီလာချိန်မှာသားအိမ်က နံရံတွေအကုန်လုံးကွာကျပေးရလို့ သားအိမ် ရောင်ရမ်းပြီး သွေးထွက်နေတဲ့အချိန်ပါ။ ဒါကြောင့် အဲ့ဒီအချိန်မှာ ဗိုက်ပူနေရတာဖြစ်ပါတယ်။ ဒါ့အပြင် ထွက်သွားတဲ့ သွေးတွေ ထွက်သွားလို့ ဆုံးရှုံးသွားတဲ့ ရေဓာတ် မခမ်းခြောက်အောင် ကိုယ်ခန္ဓာက ရေတွေ ပြန်စုပ်ယူထားတဲ့အတွက် ဗိုက်ဖောနေတတ်ပြီး လေထနေရတာဖြစ်ပါတယ်။Q – ရာသီလာချိန် ဘာကြောင့် စိတ်ခံစားလွယ်နေရတာလဲ။ရာသီလာတဲ့ အချိန်မှာ စိတ်အရမ်းတိုတာနေတာမျိုး၊ ဝမ်းနည်းလွယ်နေတာမျိုး စိတ်ဆတ်တာမျိုးတွေ ဖြစ်ဖူးကြမှာပါ။ ဒါတွေ အားလုံးကို အပြစ်တင်ချင်ရင်တော့ဟော်မုန်းအပြောင်းအလဲကိုသာ အပြစ်တင်ရမှာပါ။Q – ဒီလ ၂၈ ရက်မှာ ရာသီလာရင်နောက်လ ၂၈ရောက်တာနဲ့ ရာသီလာကိုလာရမှာလား။ဒီလထဲ ဒီနေ့စွဲမှာ ရာသီလာလို့ နောက်လထဲ အဲ့ဒီနေ့စွဲမှာပဲ ရာသီလာရမယ်ဆိုတာ မဟုတ်ပါဘူး။ ရာသီစက်ဝန်းက ဟော်မုန်းအပေါ်မှာ မူတည်နေတဲ့အတွက်စောလာတတ်သလို နောက်လည်းကျသွားတတ်ပါတယ်။ ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/faq-period/
မိန်းမကိုယ်ကဆင်းတဲ့ အရည်တွေက ပြောပြနေတဲ့ သင့်ကိုယ်ဝန်အကြောင်း ။ ။
မိန်းမကိုယ်ကဆင်းတဲ့ အရည်တွေက ပြောပြနေတဲ့ သင့်ကိုယ်ဝန်အကြောင်း ကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။မိန်းကလေးတွေရဲ့မိန်းမကိုယ်ဆိုတာ ခြောက်သွေ့နေရင် စိုးရိမ်ရပါတယ်။ သဘာဝအရ တစ်ချိန်လုံး စိုထိုင်းဆရှိတဲ့ နေရာတစ်ခုပါ။ ကျန်းမာတဲ့ မိန်းမကိုယ်တစ်ခုကနေ အရည်တွေ ပုံမှန် ဆင်းလေ့ရှိပါတယ်။အပျိုဖော်ဝင်စကနေပြီးတော့ အသက်တော်တော်ကြီးတဲ့အထိပေါ့။ အဲဒီအထဲမှာကိုယ်ဝန်ဆောင်ချိန်မှာ ဆင်းတဲ့ မိန်းမကိုယ်က အရည်တွေအကြောင်းကို ပြောပြချင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ဆို ရာသီသွေးသာ ထိမ်သွားပေမယ့် အခြား ပုံမှန်ဆင်းတတ်တဲ့ အရည်တွေရှိပါသေးတယ်။ သူတို့အကြောင်းကို လေ့လာကြည့်ရအောင် ။ ။ကိုယ်ဝန်ရဲ့ အစောပိုင်း လက္ခဏာတွေထဲမှာ မိန်းမကိုယ်ကနေ အရည်ဆင်းတာ တစ်ခု အပါအဝင်ပါ။ ပုံမှန်ဆိုရင် မိန်းမကိုယ်ကနေ အရည်များများဆင်းပြီး ဆေးပညာမှာဆို leukorrhea လို့ခေါ်တဲ့ အရည်ကြည် ( ဒါမှမဟုတ် ) အဖြူရောင်အရည်လေးတွေ ဆင်းပြီး အနံ့သက်သက်လေးရှိပါတယ်။ မိန်းမကိုယ်နဲ့ သားအိမ်ဆီ ပိုးဝင်ခြင်းကို ကာကွယ်ဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်တောက်လျှောက် မိန်းမကိုယ်ကအရည်ဆင်းတာ သာမန်ထက် ပိုများလာပါလိမ့်မယ်။မီးဖွားခါနီးဆို မိန်းမကိုယ်ကအရည်ဆင်းတာ အများဆုံးဖြစ်ပြီး ပန်းရောင် ပျစ်ချွဲချွဲ ဂျယ်လီလို အရည်လေးတွေ ဆင်းပြီဆိုရင်တော့ မီးဖွားဖို့ အသင့်ဖြစ်နေပြီလို့ ပြောချင်တာပါ။ပုံမှန် ဆင်းတတ်တယ်ဆိုတာကို သိပြီးပြီဆိုတော့ အရေးကြီးဆုံးဖြစ်တဲ့ အရောင်တွေ အကြောင်းကို လေ့လာကြည့်ရအောင် ။ ။ကိုယ်ဝန်ဆောင်ချိန်မှာမှ မဟုတ်ပါဘူး။ အပျိုဖော်ဝင်တဲ့အချိန်၊ ကိုယ်ဝန်မဆောင်ခင်အချိန်တည်းက မိန်းမကိုယ်ကနေ ဆင်းတဲ့အရည်တွေက အမျိုးသမီးတစ်ယောက်ရဲ့ ကျန်းမာရေးကို ပြောပြနိုင်တဲ့ အရာတွေပါ။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း ဒီလိုပါပဲ။ မိန်းမကိုယ်က ဆင်းတဲ့အရောင်တွေက ကိုယ်ဝန်ရဲ့ ကျန်းမာရေးကို ပြောပြနေတတ်ပါတယ်။( ၁ )အဖြူရောင် ( ဒါမှမဟုတ်) အကြည်ရောင်။မိန်းမကိုယ်ကဆင်းတဲ့ အရည်က အကြည်ရောင်လေး ဖြစ်နေပြီဆိုရင်တော့ ဒါ အပေါ်မှာ ပြောခဲ့တဲ့ leukorrhea ကိုပြောချင်တာပါ။ Leukorrhea က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ပုံမှန်ဆင်းလေ့ရှိတဲ့ အရည်တစ်မျိုးဖြစ်ပြီး အနံ့သက်သက်လေးရှိပါတယ်။ ဒါပေမယ့် ဆင်းတဲ့ ပမာဏ အနည်းအများနဲ့ အရည်ရဲ့ အပျစ်အကျဲကတော့ ဒီနေရာမှာ စကားပြောပါတယ်။အရေးအကြီးဆုံး အချိန်ကတော့ မွေးရမယ့်ရက် မနီးသေးဘဲ အရည်ဆင်း အရမ်းများလာတာ၊ တော်လျှောက် ပျစ်ပျစ်နဲ့ ဂျယ်လီလို အရည်တွေ ဆင်းနေတယ်ဆိုရင်တော့ ဆရာဝန်ဆီ သွားပြဖို့လိုနေပါပြီ။ အပေါ်မှာပြောထားတဲ့အတိုင်းဆို ဒီလို အရည်တွေ ဆင်းတာ မွေးခါနီးအခြေအနေကို ပြောချင်တာဆိုတော့နေ့မစေ့ လမစေ့ဘဲ မွေးဖို့ အခွင့်အလမ်းတွေ ပိုများနိုင်တာပေါ့။( ၂ ) အဖြူရောင်အဖတ်တွေ ။မိန်းမကိုယ်ကဆင်းတဲ့ အရည်တွေက ကျဲကျဲလေးမဟုတ်ဘဲ အဖြူဖတ်တွေ ဖြစ်နေပြီဆိုရင်တော့ ဒါ yeast infection လို့ခေါ်တဲ့ မိန်းမကိုယ် မှိုစွဲတဲ့ ပြဿနာ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်သည်မဟုတ်တဲ့ အပျိုတွေမှာတောင် ဒီလိုမိန်းမကိုယ်မှိုစွဲတဲ့ ပြဿနာဟာ အဖြစ်များတာဆိုတော့ ခုခံအားကျနေတဲ့ ကိုယ်ဝန်သည်တွေ မှာဆို ဒီပြဿနာက ပိုအဖြစ်များတာပေါ့။ကိုယ်ဝန်ဆောင်ချိန် အဖြူဖတ်တွေ ဆင်းတာများမယ်၊ ယားယံတာမျိုးတွေဖြစ်မယ်၊ လိင်ဆက်ဆံချိန် နာကျင်တာတွေကမိန်းမကိုယ်မှိုစွဲတာရဲ့ လက္ခဏာတွေပါ။( ၃ ) အစိမ်းရောင် ( ဒါမှမဟုတ် ) ဝါညစ်ညစ်အရောင်တွေ။မိန်းမကိုယ်ကနေ အစိမ်းရောင်လို အဝါရောင်လို အရည်တွေ ဆင်းလာပြီဆိုရင်တော့ ဒါဘယ်နည်းနဲ့မှ ပုံမှန်မဖြစ်နိုင်ပါဘူး။ Chlamydia( ဒါမှမဟုတ်) trichomoniasis လို့ခေါ်တဲ့လိင်ဆက်ဆံရာက တစ်ဆင့် ကူးစက်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒီပြဿနာတွေမှာတော့ မိန်းမကိုယ်အရည်ဆင်းတာအပြင် လိင်အင်္ဂါတွေ နီရဲ ရောင်ရမ်းနေတာတွေပါ ဖြစ်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန် လိင်ကနေတစ်ဆင့်ကူးစက်တဲ့ရောဂါတွေဖြစ်ခဲ့မယ်ဆိုရင်တော့ ဝင်လာတဲ့ရောဂါပိုးတွေကို ဗိုက်ထဲက ရင်သွေးလေးကို မွေးရာချို့ယွင်းချက်တွေ ရှိစေမှာ အသေအချာပါ။ကိုယ်ဝန်ပျက်ကျတာနဲ့ မျိုးပွားအင်္ဂါတွေ ထိခိုက်မိပြီး မြုံတဲ့အဆင့်တွေ အထိတောင်ရောက်သွားစေတတ်ပါတယ်။လူတချို့ထင်တတ်တာက အဝါရောင်အရည်တွေကို ဆီးမထိန်းနိုင်လို့ ထွက်ကျတယ်လို့ ထင်တတ်ကြပါတယ်။ ဆီးဆိုရင် ဆီးအနံ့ရှိရပါတယ်။ ဒါ့ကြောင့် မိန်းမကိုယ်ကဆင်းတဲ့အရည်လား ဆီးလားဆိုတာကို သေချာခွဲသိဖိုကတော့ လိုပါလိမ့်မယ်။ ။( ၄ ) မီးခိုးရောင် ။ ။ကိုယ်ဝန်ဆောင်နေတုန်း မိန်းမကိုယ်ကနေဆင်းတဲ့အရည်တွေက မီးခိုးရောင်ဖြစ်ခဲ့မယ်ဆိုရင် ဒါမိန်းမကိုယ်တွင်း ဘက်တီးရီးယားပိုးဝင်တာဖြစ်နိုင်ပါတယ်။ ဘက်တီးရီးယားပိုးဝင်ထားတဲ့ မိန်းမကိုယ်ကနေ အမျိုးသားနဲ့ အတူနေစဉ် ငါးညှီနံ့လိုမျိုး အနံ့နံတဲ့အရည်တွေ ဆင်းလာတတ်ပါတယ်။ ဒီလို မိန်းမကိုယ်ကို ဘက်တီးရီးယားပိုးဝင်တယ်ဆိုတာ ကိုယ်ဝန် ဆောင်ကာလမှာ အဖြစ်အများဆုံ့း အရာတစ်ခုပါ။( ၅ ) အညိုရောင်။မိန်းမကိုယ်ကနေ အညိုရောင်လို အရည်မျိုးတွေ ဆင်းလာပြီဆိုရင်တော့ ဒါသွေးအဟောင်းတွေ ဆင်းလာတာဖြစ်နိုင်ပါတယ်။ သန္ဓေအောင်ပြီးခါစ မျိုးဥလေး သားအိမ်နံရံကို ဖောက်တဲ့အခါမှာလည်း ဒီလို သွေးအညိုရောင်လေးတွေ ဆင်းလာတတ်တာကြောင့် အညိုရောင်အရည်တွေ ဆင်းလာပြီဆို သိပ်ပြီးတော့ စိတ်ပူစရာမရှိပါဘူး။ ဒါပေမယ့် အညိုရောင်အရင့် အရည်တွေ ဆင်းလာပြီဆိုရင်တော့ ဆရာဝန်ဆီ သွားပြဖို့လိုပါလိမ့်မယ်။( ၆ ) ပန်းရောင်။ကိုယ်ဝန်ဆောင်ချိန် ပန်းရောင်အရည်တွေမိန်းမကိုယ်ကနေဆင်းလာတယ်ဆိုတာ ပုံမှန်လည်းဖြစ်တတ်သလို ပုံမှန်မဟုတ်တဲ့ ပြဿနာတွေလည်းရှိပါတယ်။ အပေါ်မှာပြောခဲ့သလို မီးဖွားခါနီးရင် ပန်းရောင်အရည်တွေ ပုံမှန်ဆင်းတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ပျက်ကျတာနဲ့ သားအိမ်ပြင်ပ သန္ဓေတည်တဲ့ ကိစ္စတွေမှာလည်း မိန်းမကိုယ်ကနေ ပန်းရောင်အရည်တွေ ဆင်းတတ်သေးတာမို့ Due date မတိုင်ခင် ပန်းရောင်ဆင်းတယ်ဆိုရင် ဆရာဝန်ဆီ သွားပြဖို့ လိုအပ်နေပါပြီ။( ၇ ) အနီရောင် ။မိန်းမကိုယ်ကနေ အနီရောင်အရည်တွေ ဆင်းလာပြီဆိုရင် သွေးဆိုတာ သေချာတဲ့အတွက် ကိုယ်ဝန်ဆောင် မိခင်တွေ အရမ်းကို အရေးကြီးတဲ့ ကာလတစ်ခုပါ။ ကိုယ်ဝန်လနုတဲ့အချိန် ဒီလိုသွေးဆင်းတယ်ဆိုတည်းကကိုယ်ဝန်ပျက်ကျတဲ့ လက္ခဏာဖြစ်ဖို့ ၈၀ ရာခိုင်နှုန်းသေချာတတ်သလို လရင့်တဲ့အချိန် သွေးဆင်းပြီဆိုရင်တော့ နေမစေ့ဘဲ ကလေးမွေးဖို့ သေချာသလောက်ရှိတတ်ပါတယ်။ပုံမှန်ဆို ကိုယ်ဝန်ကြောင့်ပဲ မိန်းမကိုယ်ကနေ အရည်တွေ ဆင်းတာ များလာတယ်ဆိုပေမယ့် အခြား ပုံမှန် မဟုတ်တဲ့ ပြဿနာတွေ လည်းရှိသေးတာကြောင့် အထင်ရှားဆုံးနဲ့ အသိသာဆုံးဖြစ်တဲ့ မိန်းမကိုယ်ကဆင်းတဲ့ အရည်အရောင်က ပြောနေတဲ့ သင့်ကိုယ်ဝန် ကျန်းမာရေးကို မပေါ့ဆဖို့တော့ လိုပါလိမ့်မယ် ။ ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/pregnancy-and-vaginal-discharge/
နို့တိုက်မေမေတွေကြုံရတတ်တဲ့ နို့ကြောင်းပိတ်ခြင်း
မေမေတစ်ယောက်ဖြစ်ရတာ ခက်ခဲတယ်ဆိုတာကို လူတိုင်းသိပြီးဖြစ်မှာပါ။ ဒီတစ်ခေါက်တော့မေမေတို့ကြုံရနိုင်တဲ့ အခက်အခဲတွေထဲက တစ်ခုဖြစ်တဲ့ နို့ကြောင်းပိတ်တဲ့ပြဿနာအကြောင်းလေးပြောပြပေးပါရစေ။ နို့ကြောင်းပိတ်တဲ့အခါရင်သားက နာကျင်ရသလိုရင်သွေးလေးကို နို့ချိုတိုက်ရာမှာလည်း အခက်အခဲဖြစ်ရပါတယ်။ရင်သွေးလေးကို ၆ လအထိမိခင်နို့တစ်မျိုးတည်းကို တိုက်တာအကောင်းဆုံးဖြစ်မယ်ဆိုတာပြောနေစရာတောင် မလိုအောင်ပါ။မေမေတိုင်းမှာလည်း ရင်သွေးလေးကိုနို့ချိုတိုက်ကျွေးလို့ ကျန်းကျန်းမာမာကြီးပြင်းလာစေချင်တဲ့ဆန္ဒက ရင်နဲ့အပြည့်ပါ။ ဒီတော့မေမေတစ်ယောက်က ရင်သွေးလေးကို နို့ချိုတိုက်ကျွေးချင်ပေမယ့် နို့တွေခဲနေလို့ နို့ကြောင်းပိတ်ပြီးနာကျင်နေလို့ မတိုက်ရတာမျိုးတွေတွေ့ရနိုင်ပါတယ်။ ဒီအကြောင်းလေးကိုဆွေးနွေးပါရစေ။နို့ကြောင်းပိတ်ရတာက နို့တိုက်မေမေတွေမှာအဖြစ်များတဲ့ ရင်သားပြဿနာတစ်ခုပါ။ ရင်သွေးလေးကို နို့တိုက်တဲ့အခါ ကလေးရဲ့ပါးစပ်ထဲက ဘက်တီးရီးယားတွေ ကူးစက်တာကြောင့်ဖြစ်ရတာပါ။ ဒီအခြေအနေက ကလေးမွေးပြီး ၁ လကနေ ၃ လအတွင်းမှာ အဖြစ်များပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ဒီပြဿနာက ကလေးမွေးမထားတဲ့ အမျိုးသမီးတွေမှာဖြစ်နိုင်သလိုသွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာလည်းဖြစ်နိုင်ပါတယ်။ဒါပေမယ့် ဒီလိုဖြစ်တာက ကျန်းမာနေတဲ့အမျိုးသမီးတွေမှာဖြစ်ခဲပြီးဆီးချိုရောဂါရှိသူတွေ နဲ့ အခြားနာတာရှည်ရောဂါရှိသူတွေမှာ အဖြစ်များပါတယ်။ ကိုယ်ခံအားနည်းတဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်နိုင်ပါတယ်။ နို့တိုက်မေမေ ၁ယောက်ကနေ ၃ယောက်လောက်က အခုလိုပြဿနာနဲ့ရင်ဆိုင်ရနိုင်ပါတယ်။ ဒီပြဿနာကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းက ကလေးကိုနို့တိုက်တဲ့အခါ နို့တွေကျန်ခဲ့ပြီး နို့ရည်ပို့ပြွန်တွေမှာ နို့တွေခဲသွားရာကနေစလာတာပါ။ ရင်သွေးလေးမွေးထားပြီး အလုပ်တစ်ဖက်နဲ့မို့ နို့ချိုမတိုက်ကျွေးမိတဲ့မေမေတွေမှာလည်း အဖြစ်များပါတယ်။နို့ကြောင်းပိတ်တယ်ဆိုတာ တကယ်ကတော့ ရင်သားထဲမှာရှိတဲ့ အချို့နေရာက နို့ရည်ပြွန်လေးတွေပိတ်သွားတာပါ။ နို့ကြောင်းပိတ်တဲ့အခါ။ဒီလိုဖြစ်တဲ့အခါ ရင်သားကိုရေနွေးအိတ်ကပ်ပေးတာ၊ နှိပ်နယ်ပေးတာ၊ နို့တွေကို ညှစ်ထုတ်ပစ်တာတွေ လုပ်ကြည့်ပေးပါ။ ဒီလိုလိုလုပ်ပေးပေမယ့် ၂ ရက်လောက်ကြာတဲ့အထိမှ မသက်သာဘူး။ အလုပ်တွေမလုပ်နိုင်အောင်ကို ရင်သားကနာနေမယ်၊ အဖျားကမပျောက်ဘဲဖြစ်နေမယ်၊ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးသွားပြပေးဖို့ပြောပါရစေ။နို့ကြောင်းပိတ်တာကြောင့် အခုလိုအခြေအနေတွေဖြစ်လာပြီဆိုရင်တော့ ချက်ချင်းကုသမှုခံယူဖို့လိုပါမယ်။နို့ကြောင်းပိတ်တာမျိုးမဖြစ်စေဖို့ဆိုရင်တော့။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/%e1%80%94%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%99%e1%80%b1%e1%80%99%e1%80%b1%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%bc%e1%80%af%e1%80%b6%e1%80%9b%e1%80%90/
HIV အတွက် ကုထုံးများ
HIV အတွက် ကုသဆေးများသည် HIV ရောဂါရှိသော လူတိုင်းအတွက် အရေးကြီးပါသည်။ ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးများသည် လုံးဝ အရှင်းပျောက်ကင်းရန် မဟုတ်ပါ။ ကာကွယ်ရန်သာ ဖြစ်ပါသည်။ ထိုမှသာ အသက်ရှည် ကျန်းမာ၍ တခြားသူများကိုလည်း ကူးစက်မှု လျော့နည်းနိုင်မည် ဖြစ်ပါသည်။HIV ရောဂါပိုးသည် ဆေးများစွာပေါင်းစပ်၍ သောက်သောဆေး ဖြစ်ပါသည်။ ART (ဗိုင်းရပ်စ်သတ်ဆေး) ဟု ခေါ်ကြပါသည်။ ART ဆေးတွင် HIV ရောဂါပိုးအတွက် လိုအပ်သော ဆေးများ ပါဝင်ပါသည်။ ART ဆေးသည် ကုသရန် မဟုတ်ပါ။ ဗိုင်းရပ်စ်ပိုးမွှား ပမာဏကို လျော့နည်းစေပြီး အသက်ရှည် ကျန်းမာစွာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်အောင်၊ တခြားသူများသို့ ကူးစက်မှု လျော့နည်းနိုင်အောင် လုပ်ပေးခြင်း ဖြစ်ပါသည်။ထိုဆေးများသည် HIV ရောဂါပိုး တိုးပွားခြင်းမှ ကာကွယ်ပေးပါသည်။ ထိုဆေးများသည် ခန္ဓါကိုယ်ထဲမှ HIV ရောဂါပိုး ပမာဏကို လျော့နည်းစေနိုင်ပါသည်။ ထို့ကြောင့် ခန္ဓါကိုယ်ထဲရှိ ပိုးမွှားအစုပမာဏ လျော့နည်းစေပါသည်။ မိမိခန္ဓါ ကိုယ်ထဲတွင် ဗိုင်းရပ်စ်ပိုးမွှား လျော့နည်းခြင်းသည် ခန္ဓါကိုယ်က ခုခံအားစနစ်ကို တိုးမြင့်စေနိုင်ပြီး ရောဂါပိုးမွှား တိုက်ထုတ်ခြင်းကို အားပေးနိုင်ပါသည်။ ရောဂါပိုးမွှားနှင့် ကင်ဆာရောဂါ ဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်။ခန္ဓါကိုယ်ထဲတွင် ရောဂါပိုးမွှား ပမာဏကို လျော့နည်းစေခြင်းဖြင့် ဆေးသည်လည်း ရောဂါပိုးမွှားသည် တခြားသော သူများကို ကူးစက်နိုင်ခြင်းမှ တစ်နည်းတစ်ဖုံ ကူညီပေးနိုင်ပါသည်။ART ဆေးသည် HIV ရှိသော မည်သူအတွက်မဆို အသုံးဝင်ပါသည်။ ဗိုင်းရပ်စ်ပိုးမည်မျှ ပမာဏရှိသည် ဖြစ်စေ မိမိသည် မည်မျှ ကျန်းမာသည်ဖြစ်စေ HIV ရှိလျှင် ART ဆေးကို သောက်သုံးရပါသည်။ မကုသလျှင် ခုခံအားစနစ်ကို ထိခိုက်ပြီး နောက်ဆုံးတွင် ခုခံအားကျဆင်းမှု ရောဂါ (AIDS) သို့ ကူးပြောင်းနိုင်ပါသည်။-Zidovudine (Retrovir), Abacavir (Ziagen) နှင့် Emtricitibine (Emtriva) အစရှိသော ဆေးများသည် HIV ရောဂါပိုးပွှားများ ပွားရာတွင်အသုံးပြုသော အင်ဇိုင်းကို တားပေးခြင်းဖြင့် ကုသပါသည်။-Efavirenz (Sustiva), Etravirine (Intelence) နှင့် Nevirapine (Viramune) စသော ဆေးများသည် ဓါတ်ပေါင်း မတူသော အင်ဇိုင်းများကို တားမြစ်ခြင်းဖြင့် ကုသပါသည်။– ပရိုတီအေ့စ် ဓါတ်ပေါင်းများကို တားသောဆေးများ၊ ဥပမာ – Atazanavir (Reyataz), Ritonavir (Norvir) နှင့် Tipranavir (Aptivus) အစရှိသော ဆေးများသည် HIV ရောဂါပိုးရှိ ပါဝင်ပစ္စည်းတစ်မျိုးကို ထုတ်လုပ်ခြင်းမှ တားမြစ်နိုင်ပါသည်။– အဝင်ကို တားမြစ်သောဆေးများ၊ ထိုဆေးများသည် HIV ရောဂါပိုးကို ဆဲလ်အတွင်းသို့ ဝင်ခြင်းမှ တားမြစ်ပေးပါသည်။ ထိုဆေးကို နှစ်မျိုး ခွဲခြားနိုင်ပါသည်။ တစ်မျိုးမှာ CCR5 အသွင်တူ ပစ္စည်းများ (အဝင်တားဆေး) ဟုလည်း ခေါ်ပါသည်။ ဥပမာ – Maraviroc (Selzentry)၊ ထိုဆေးသည် CCR5 (CD4) ဆဲလ်မျက်နှာပြင်ပေါ်ရှိ ပရိုတင်း) နှင့် ဗိုင်းရပ်စ်ပိုးမွှားတို့ ပေါင်း၍ ဆဲလ်ထဲသို့ ရောဂါပိုး ဝင်ရောက်ခြင်းမှ ကာကွယ်ပေးပါသည်။ နောက်တစ်မျိုးမှာ ပေါင်းခြင်းကို တားသော ဆေးများ၊ ဥပမာ – Enfuvirtide (Fuzeon)၊ ထိုဆေးသည် HIV ရောဂါပိုးအစွမ်းနှင့် CD4 ဆဲလ်ထဲသို့ ရောဂါပိုးဝင်ခြင်းမှ ကာကွယ်ပေးပါသည်။HIV ရောဂါကုထုံးများသည် အများအားဖြင့် ဆေးသုံးမျိုး ပါဝင်ပါသည်။ ထိုဆေးများသည် တစ်လုံးတည်းသော ဆေးအဖြစ် ပေါင်းစပ်ပြီး သောက်သုံးကြပါသည်။ ထိုသို့ ပေါင်းစပ်ဆေးများသည် HIV ဗိုင်းရပ်စ်ပိုးမွှားများ၏ ဖြစ်ပုံ အဆင့်ဆင့်တွင် တားမြစ်ခြင်းဖြင့် ကုသပေးပါသည်။ ထိုဆေးများသည် ဗိုင်းရပ်စ်ပိုးမွှားများကို ဖိနှိပ်ခြင်းဖြင့် ကုသပေးပါသည်။AIDS ရောဂါသည် HIV ပိုးကြောင့် ဖြစ်ပါသည်။ မိမိ၏ ခုခံအားကို လျော့နည်းစေခြင်းဖြင့် ကာကွယ်မှုစနစ်ကို ထိခိုက်စေပါသည်။ HIV ရောဂါကာကွယ်ဆေးများသည် ရောဂါပိုးကို တခြားသော သူများသို့ ကူးစက်ခြင်းမှ တားဆီးနိုင်ပါသည်။ သို့သော် အမြဲတမ်း အကျိုးသက်ရောက်မှု မရှိနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်နိုင်ပါသည်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/hiv-%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%80%e1%80%af%e1%80%91%e1%80%af%e1%80%b6%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-3/
အန္တရာယ်ရှိသော ဓါတ်မတည့်မှုများ ဖြစ်ပေါ်ခြင်းမှ ကာကွယ်ရန် နည်းလမ်း (၄) သွယ်
တစ်ခါတလေမှာ သင့်ရဲ့ ခုခံအားစနစ်ဟာ ပန်းဝတ်မှုံ၊ မှို ၊ အချို့သော အစားအသောက်များ ၊ တိရိစ္ဆာန်များ၏ အရေပြားဆဲလ်အသေများ စတဲ့ လုံးဝအန္တရာယ် မရှိသော အရာတွေအပေါ်မှာ ထူးထူးဆန်းဆန်း တုံ့ပြန်နိုင်ပါတယ်။ ဒီလိုတုံ့ပြန်တဲ့ ဖြစ်စဉ်ကို ဓါတ်မတည့်မှုလို့ခေါ်ပြီး ဒီလိုဖြစ်စေတဲ့ အန္တရာယ်မရှိသော ပစ္စည်းတွေကို ဓါတ်မတည့်မှုဖြစ်စေသော ပစ္စည်းများ allergen (အလာဂျင်) လို့ ခေါ်ပါတယ်။ ဒီလိုဓါတ်မတည့်မှုတွေဟာ အသက်အန္တရာယ်ခြိမ်းခြောက်သည်အထိ ဖြစ်နိုင်ပါတယ်။ တကယ်လို့ သင့်မှာအန္တရာယ်ရှိတဲ့ ဓါတ်မတည့်မှုမျိုး ဖြစ်လေ့ရှိတယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအချို့ကို အသုံးပြုပြီး အန္တရာယ်ကင်းစွာ နေထိုင်နိုင်ပါတယ်။တကယ်လို့ သင်ဟာ အင်းဆက်ပိုးမွှားများရဲ့ အဆိပ်ကို ဓါတ်မတည့်မှု ဖြစ်လွယ်တဲ့အခါမှာ ပြင်ပ ပတ်ဝန်းကျင်တွင် လှုပ်ရှားသွားလာမှုဟာ သင်ထင်ထားတာထက်ကို ပိုပြီး အန္တရာယ်ရှိနိုင်ပါတယ်။ သင်ဟာ ဒီလိုအင်းဆက်ပိုးမွှားတွေရဲ့ အကိုက်ခံရခြင်းကနေ ရှောင်ကြဉ်နိုင်အောင် အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။အချို့သော ဆေးတွေဟာ ရုတ်တရက် ဓါတ်မတည့်မှု ဖြစ်စဉ်တွေကို ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ သင့်မှာ ဆေးနဲ့ ပတ်သက်ပြီး ဓါတ်မတည့်မှုတွေ ဖြစ်လာတဲ့အခါ သင့်ရဲ့ ဆရာဝန်ထံသို့ ဒီအကြောင်းကို အကြောင်းကြားသင့်ပါတယ်။ တကယ်လို့ သင်ဟာ ပင်နီဆလင် ဆေးကို ဓါတ်မတည့်မှု ရှိတယ်ဆိုရင် အမောက်ဆလင် ကဲ့သို့ မျိုးတူသော ပဋိဇီဝ ပိုးသတ်ဆေးဟာလည်းပဲ ဓါတ်မတည့်မှု ဖြစ်စေနိုင်တယ်ဆိုတာကို သိရပါမယ်။ တကယ်လို့ ဒီဆေးတွေရဲ့ ဓါတ်မတည့်မှုကို မရှောင်ရှားနိုင်တဲ့အခါ သင့်ရဲ့ ဆရာဝန်က သင့်ကို corticosteroid သို့မဟုတ် antihistamines ကဲ့သို့ ဆေးများကို ပေးပြီး ဓါတ်မတည့်မှု ဖြစ်စဉ်တွေကို သက်သာအောင်ပြုလုပ် ပေးနိုင်ပါတယ်။ ဓါတ်မတည့်မှု ဖြစ်စဉ်ကို ဖြစ်ပေါ်စေနိုင်တဲ့ အခြားသော ဆေးတွေကတော့ အင်ဆူလင်၊ အတက်ရောဂါ ပျောက်ဆေးနှင့် ဆာလဖာပါသော ဆေးများစတာတွေ ဖြစ်ပါတယ်။အချို့သော လူတွေမှာ အလွန်ဆိုးရွားသော ဓါတ်မတည့်မှု တွေကို ဖြစ်စေနိုင်တဲ့ ပုံမှန်အစားအသောက်များစွာ ရှိပါတယ်။ အစားအသောက်တွေထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေမှာ ဓါတ်မတည့်မှု ဖြစ်စေနိုင်တဲ့ ပစ္စည်းအချို့ ပါဝင်နေပါတယ်။ ၎င်း တို့ကတော့ နို့၊ ဥအမျိုးမျိုး၊ ပဲပိစပ်နှင့် ဂျုံစတာတွေပဲ ဖြစ်ပါတယ်။ အခြားသော အန္တရာယ်မရှိတဲ့ အစားအသောက်တွေဟာလည်းပဲ ပြင်ပမှ အညစ်အကြေးတွေ ဝင်ရောက်လာတဲ့အခါ အန္တရာယ် ရှိလာနိုင်ပါတယ်။ ဒီလို အဖြစ်မျိုးဟာ အစားအသောက်တွေကို မစားခင် ဓါတ်မတည့်တဲ့ ပစ္စည်းနဲ့ ထိတွေ့မိလိုက်တဲ့ အခါမှာ ဖြစ်တတ်ပါတယ်။ ပင်လယ်စာနဲ့ ပဲတွေဟာ မသန့်ရှင်းမှု ဖြစ်တတ်တာများပါတယ်။ တကယ်လို့ သင်ဟာ စားသောက်ဆိုင်မှာ စားနေတာဆိုရင် အစားအသောက်ရဲ့ ပါဝင်ပစ္စည်းတွေအကြောင်းကို အသေးစိတ်မေးခွန်းတွေ မေးဖို့ရာ မတွေဝေသင့်ပါဘူး။ ဒါ့အပြင် လိုအပ်ရင်လည်း အစားအစာတွေကို ပြန်လည်အစားထိုး လဲလှယ်ပေးဖို့ရာ ပြောဆိုသင့်ပါတယ်။သင့်ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကို သင့်မှာ ဓါတ်မတည့်မှု ရှိတယ်ဆိုတဲ့ အကြောင်းကို ပြောပြထားသင့်ပါတယ်။ ဒါ့အပြင် တကယ်လို့ အရေးပေါ်အခြေအနေ တစ်ခုဖြစ်လာတဲ့အခါမှာ ဘာလုပ်ပေးရမယ် ဆိုတဲ့ အကြောင်းကိုလည်း သူတို့ကို သေချာစွာပြောပြထားသင့်ပါတယ်။ သင်ဟာ အိုင်ဒီကဒ်ပါတဲ့ လက်ကောက်လေးကို ဝယ်ထားနိုင်ပြီး ၎င်းကဒ်မှာ သင့်ရဲ့ ဓါတ်မတည့်စေတဲ့ အရာတွေကို ချရေးထားပါ။ တကယ်လို့ သင်ဟာတစ်စုံတစ်ခု လုပ်ဖို့ အပြင်သွားမယ်ဆိုရင် ဒီတိုင်းမသွားပါနဲ့။ သင်နဲ့အတူ ကိုယ်တိုင်ထိုးနိုင်တဲ့ epinephrine ထိုးဆေးကိုပါ အမြဲ တမ်းယူသွားသင့်ပါတယ်။ နောက်ဆုံးပြောချင်တာကတော့ သင့်ရဲ့ဖုန်းမှာ အရေးပေါ်ဆေးကုသမှုခံယူနိုင်တဲ့ နေရာဖုန်း နံပါတ်ကို ထည့်ထားပြီး အချိန်တိုင်းမှာ ဖုန်းကို ဖွင့်ထားပေးဖို့ လိုအပ်ပါတယ်။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/other-allergies/%e1%80%a1%e1%82%8f%e1%81%b1%e1%80%9b%e1%80%ac%e1%80%9a%e1%80%b9%e1%80%9b%e1%80%bd%e1%80%ad%e1%80%b1%e1%80%9e%e1%80%ac-%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%99%e1%80%90%e1%80%8a%e1%80%b9%e1%80%b7/
မျက်နှာသစ်တာနဲ့ပတ်သက်ပြီး လွဲမှားနေတဲ့ အမှားကြီး ၁၀ချက်
မျက်နှာသစ်တာနဲ့ပတ်သက်ပြီး လွဲမှားနေတဲ့ အမှားကြီး ၁၀ချက်။၁။ မှားယွင်းတဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်မိခြင်း။မှန်ကန်တဲ့ မျက်နှာသစ်ဆေးဟာ သင့်မျက်နှာမှာရှိတဲ့ အညစ်အကြေး၊မိတ်ကပ်တွေနဲ့ ဂျီးညှော်တွေကိုပဲ လုံးဝပြောင်စင် အောင် သန့်စင်ပေးတာဖြစ်ပြီး သင့်မျက်နှာမှာ သဘာဝအတိုင်းရှိရမယ့်အဆီ ဒါမှမဟုတ် အရေပြားဆဲလ် အကောင်း တွေကို တော့ မထိခိုက်စေရပါဘူး။ အဆိုပါအာနိသင်ရှိတဲ့ ကုန်ပစ္စည်းမျိုးကိုပဲ ရွေးချယ်သင့်တဲ့အပြင် မျက်နှာသစ်ဆေးဟာ အရမ်းမပျော့ သင့်သလို(မျက်နှာကို၂ခါလောက် ဆေးပစ်ဖို့လိုတဲ့ဟာမျိုး ဒါမှမဟုတ် လုံးဝပြောင်စင်သွားအောင် ခပ်ကြမ်းကြမ်း သစ်ပစ်ဖို့ လိုတဲ့ဟာမျိုး) အရမ်းလည်း မပြင်းသင့်ပါဘူး (အရမ်းပြင်းလွန်းရင်လည်း အရေပြားကို နီရဲပျက်ဆီးစေတဲ့အပြင် ရေခြောက်သွားရင်လည်း မျက်နှာက တင်းတင်းကြီးဖြစ်ပြီး ကျန်နေခဲ့ပါလိမ့်မယ်)။၂။ မျက်နှာခဏခဏသစ်ခြင်း။ယေဘုယျအားဖြင့် တနေ့ကို တကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက် မျက်နှာသစ်တာဟာ လုံလောက်ပါတယ်။ ဒီထက် အကြိမ်ရေ ပိုများများသစ်မယ်ဆိုရင်တော့ အရေပြားကို ထိခိုက်စေတဲ့အပြင် မျက်နှာကို ပိုလို့တောင် အဆီပြန်စေပါမယ်။ အကယ်၍ သင်ဟာ ဒီနေ့မိတ်ကပ် ဒါမှမဟုတ် သနပ်ခါး မလိမ်းဖြစ်ဘူး၊နေလောင်ဒါဏ်ခံခရင်မ် (sunscreen) မလိမ်းဖြစ်ဘူး ဒါမှမဟုတ် ဒီနေ့ချွေးသိပ်မထွက်ဖူးဆိုရင် ညဘက်ကို မျက်နှာသစ်ဆေးမသုံးတော့ဘဲနဲ့ ရေခပ်နွေးနွေး လေးနဲ့ပဲ မျက်နှာသစ်ကြည့်ပါ။ အမျိုးမျိုးသော အလှကုန်ပစ္စည်းတွေ ဒါမှမဟုတ် မျက်နှာသစ်ဆေးတွေကို တခါတလေ မသုံးဘဲ အနားပေးထားခြင်းဟာ သင့်အရေပြားကို ပိုမိုကောင်းမွန်ကျန်းမာလှပစေပါလိမ့်မယ်။၃။ မျက်နှာသစ်တဲ့ရေအပူချိန်မှားယွင်းနေခြင်း။ရေနွေးပူပူက ချွေးပေါက်တွေကို ပွင့်စေပြီး ရေအေးစက်စက်က ချွေးပေါက်တွေကို ပိတ်စေတယ်ဆိုတာ ယုံတမ်း စကားပါ။ တကယ်တမ်း သိပ္ပံနည်းကျကျပြောရမယ်ဆိုရင် ချွေးပေါက်တွေကို ပွင့်အောင် ဒါမှမဟုတ် ပိတ်အောင်လုပ်ပေးဖို့ သူတို့မှာ ကြွက်သားတွေ မရှိပါဘူး။ ရေနွေးနဲ့ မျက်နှာသစ်ရင် နွေးနွေးလေးနဲ့ နေလို့ကောင်းတယ်ဆိုပေမယ့် အရေပြားမှာ ပုံမှန် ရှိသင့်တဲ့၊ အရေပြားကို အကာအကွယ်ပေးတဲ့ အဆီတွေကို အနှောင့်အယှက်ပေးတာကြောင့် အရေပြားအလွန်အမင်း ခြောက်သွေ့တာ ဒါမှမဟုတ် အဆီတွေပုံမှန်ထက် ပိုထုတ်တာတွေကို ဖြစ်စေပါတယ်။ မအေးမပူ ရေခပ်နွေးနွေးလေး ကတော့ မျက်နှာအရေပြားကို နူးညံ့ညင်သာစွာနဲ့ ထိရောက်အကျိုးရှိစွာ သစ်ဖို့ အသင့်တော်ဆုံးနဲ့ အကောင်းဆုံး ဖြစ်ပါတယ်။၄။ အလွန်အမင်းမျက်နှာ ဂျီးချွတ်ခြင်း။မျက်နှာဂျီးချွတ်တယ်ဆိုတာ မျက်နှာအရေပြားမှာရှိတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားခွာချပစ်တာဖြစ်လို့ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုသော်ငြား ဘယ်အရာမဆိုတန်ဆေးလွန်ဘေးပါ။ သကြား ဒါမှမဟုတ် သစ်သီးအရည်တွေကို သုံးပြီး ဂျီးချွတ် တာကို တပတ်မှာအများဆုံး နှစ်ခါကနေ သုံးခါအထိလုပ်နိုင်ပါတယ်။ ဒီလို ဂျီးချွတ်တဲ့နေရာမှာလည်း တာဝါစသုံးမယ့်အစား သင့်လက်ချောင်းလေးတွေကိုသာ သုံးခြင်းအားဖြင့် အရေပြားကို အလွန်အကျွံဆွဲမိတာ၊ ထိခိုက်မိတာတွေကနေ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။၅။ မျက်နှာသစ်ရာတွင် ရေကိုလုံလောက်အောင်မသုံးခြင်း။မျက်နှာကို ရေနဲ့သေသေချာချာ အချိန်ပေးပြီး မဆေးခြင်းအားဖြင့် အရေပြားပေါ်မှာ အညစ်အကြေးတွေစုပုံလာပြီး ချွေးပေါက်တွေကိုပိတ်ဆို့စေကာ အသားအရည် ခြောက်သွေ့စေပါတယ်။ ဒါ့ကြောင့် မနက်ပိုင်း အိမ်ကမထွက်ခင် အလျင်လိုနေတဲ့အချိန်မှာပဲဖြစ်ဖြစ် ညဘက်အိမ်ပြန်ရောက်လို့ အရမ်းပင်ပန်းနေတဲ့ အချိန်မှာပဲဖြစ်ဖြစ် တတ်နိုင်သမျှ အချိန်ပေးပြီး မျက်နှာကို ရေနဲ့သေသေချာချာ ဆေးသင့်ပါတယ်။ မေးစေ့၊ဆံစပ် နဲ့ နှာခေါင်းနေရာတို့ဟာ အများအားဖြင့် သေသေချာချာ မသစ်ဖြစ်တဲ့ နေရာတွေဖြစ်လို့ အဲ့ဒီနေရာတွေကိုလည်း ဂရုစိုက်ပြီး မျက်နှာသစ်ပေးသင့်ပါတယ်။၆။ အရေပြားကိုထိခိုက်စေတဲ့ ပစ္စည်းတွေပါဝင်သော မျက်နှာသစ်ဆေးများကို သုံးစွဲမိခြင်း။သင့်မျက်နှာကို သင်ကိုယ်တိုင်ဂရုစိုက်ရမှာပါ။ ဒါကြောင့်မို့ အရေပြားထိခိုက်စေတဲ့ ပစ္စည်းတွေ (ဥပမာ။ ။ အနံ့၊အရောင်တို့အတွက် သုံးတဲ့ ဓါတုပစ္စည်းတွေ၊ ကြာရှည်ခံအောင်သုံးတဲ့ ဓါတုပစ္စည်းတွေ)ပါတဲ့ မျက်နှာသစ်ဆေးတွေကို သတိထားပြီး ရှောင်ရှားရပါမယ်။ Sodium lauryl sulfate ဆိုတဲ့ ဓါတုဗေဒပစ္စည်းဟာဆိုရင်လည်း ရှောင်ရမယ့် ပါဝင်ပစ္စည်းတခုဖြစ်ပါတယ်။ သူ့ကို အညစ်အကြေးတွေဖယ်ရှားဖို့ သုံးလေ့ရှိပေမယ့် ဓါတ်မတည့်တာ၊အရေပြားထိခိုက်တာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ အဲ့ဒါကြောင့် မျက်နှာသစ်ဆေးတခု သုံးတော့မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို ဖတ်ဖို့ဘယ်တော့မှ မမေ့ပါစေနဲ့။၇။ မျက်နှာသုတ်ပုဝါနဲ့ ပွတ်ခြင်း။မျက်နှာကို တို့ပါ။ မပွတ်ပါနဲ့။ မျက်နှာသစ်ပြီး သဘက်နဲ့ အားပါးတရ ပွတ်လိုက်ရတာဟာ အရသာရှိကောင်းရှိမှာ ဖြစ်ပေမယ့် အရေပြားကို ခပ်ကြမ်းကြမ်းဆွဲဆောင့်နေသလို ဖြစ်စေတာကြောင့် အရေတွန့်စေပါတယ်။ြပီးတော့ သတိထားရမှာက တွေ့ကရာနဲ့ မျက်နှာကို လျှောက်မသုတ်ပါနဲ့(အသစ်ဖြစ်ဖြစ် အဟောင်းဖြစ်ဖြစ်)။ ကိုယ့်ရဲ့ ပြစ်မျိုးမှဲ့မထင် မျက်နှာလေးမှာ အပြစ်အနာအဆာတွေ မရှိစေချင်ဖူးဆိုရင်၊ အရေပြားပိုးမကူး စေချင်ဖူးဆိုရင် တခြားသူတွေရဲ့ မျက်နှာသုတ်ပုဝါနဲ့ အတူတူမျှ မသုံးပါနဲ့။ သင့်ရဲ့လန်းဆန်းတဲ့မျက်နှာလေးကို သုတ်ဖို့အတွက် သန့်ရှင်းနူးညံ့တဲ့ မျက်နှာသုတ်ပုဝါ ကောင်းကောင်းကို သုံးပါ။၈။ Moisturizer မသုံးခင် အချိန်ကြာကြာစောင့်ခြင်း။အစိုဓါတ်ကို အများဆုံးစုပ်ယူနိုင်ပြီး ကြာရှည်ထိန်းသိမ်းထားနိုင်ဖို့ဆိုရင် မျက်နှာသစ်ပြီး စိုထိုင်းထိုင်းလေးဖြစ်နေတုန်းမှာပဲ moisturizer ကို ချက်ချင်းလိမ်းသင့်ပါတယ်။ တခြား မျက်နှာလိမ်းတဲ့ အရည်တွေကိုလည်း ဒီလိုပဲ ချက်ချင်း လိမ်း သင့်ပါတယ်။ အဲ့လိုမှ မဟုတ်ဘဲ မျက်နှာမှာရေလုံးဝ ခြောက်တဲ့အထိ စောင့်ပြီးမှ လိမ်းမယ်ဆိုရင် ပါဝင်ပစ္စည်းတွေအနေနဲ့ အရေပြားထဲကို စိမ့်ဝင်ဖို့ခက်သွားမှာဖြစ်တဲ့အတွက် မျက်နှာဟာ စေးကပ်ကပ်ကြီးဖြစ်နေမှာပါ။၉။ ငွေကိုအလွန်အမင်းသုံးခြင်း။မျက်နှာသစ်ဖို့အတွက် ငွေကို အလွန်အကျွံ မသုံးသင့်ပါဘူး။ ရိုးရှင်းပြီး သဘာဝပစ္စည်းတွေ ပါဝင်တဲ့ မျက်နှာသစ်ဆေး ကိုသာ ရှာပြီးသုံးပါ။ ရေရှည်အတွက် အကျိုးရှိပြီး အရေပြားကိုလည်း တကယ်အထောက်အကူဖြစ်စေတဲ့ အလှကုန်တွေ (ဥပမာ။ ။ moisturizer)အတွက် သင့်ငွေကို စုထားပါ။ အလကားမဖြစ်ပါစေနဲ့။၁၀။ အဆီဓါတ်ကို ကြောက်ခြင်း။အဆီဓါတ်ဆိုတာ ချွေးပေါက်တွေကို ပိတ်ဆို့စေတဲ့ မကောင်းသောအရာလို့ လူတွေက အချိန်တော်တော်ကြာ ယူဆခဲ့ကြပါတယ်။ အခုတော့ ဒီအယူအဆဟာ ပြောင်းလဲလာပါပြီ။ ဘယ်လိုအရေပြား အမျိုးအစားပိုင်ရှင်မျိုးမဆို (အဆီပြန်တတ်သူတွေ၊ ဝက်ခြံ၊မှဲ့ခြောက်ပေါတဲ့သူတွေအပါအဝင်ပေါ့) အဆီဓါတ်ပါဝင်တဲ့ အရာတွေနဲ့မျက်နှာကို ဆေးကြောခြင်းအားဖြင့် အကျိုးရှိစေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ အဆီကို အဆီမှာပဲ ပျော်ဝင်စေတဲ့ သဘောဖြစ်ပါတယ်။ မှန်ကန်ကောင်းမွန်တဲ့ အဆီကို အသုံးပြုခြင်းအားဖြင့် ဘက်တီးရီးယားနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့အပြင် အသားအရေကိုလည်း လှပကောင်းမွန်အောင် ထိန်းသိမ်းပေးပါတယ်။ သဘာဝအပင်ကနေ ထုတ်ယူထားတဲ့ အဆီပါဝင်သော ပစ္စည်းတွေကို ရှာဖွေသုံးစွဲပါ။ ဒါမှမဟုတ် နီးစပ်ရာ ဈေးဆိုင်ကနေ လွယ်လွယ် ဝယ်လို့ရတဲ့ အရည်အသွေးကောင်းကောင်း ဗာဒံစေ့ကထုတ်တဲ့ အဆီ၊စပျစ်စေ့ကနေ ထုတ်တဲ့အဆီ သို့မဟုတ် နေကြာဆီတို့ကို ဝယ်ယူအသုံးပြုနိုင်ပါတယ် (အုန်းဆီနဲ့ သံလွင်ဆီတို့ကတော့ တချို့အတွက် အဆင်ပြေပေမယ့် မတည့်တဲ့သူတွေလည်းရှိပါတယ်)။ အသုံးပြုပုံက လွယ်ပါတယ်။ အဆီကို မျက်နှာပေါ်အသာအယာ လိမ်းပြီးနှိပ်နယ်ကာ ရေကြက်သီးနွေးထဲမှာ စိမ်ထားတဲ့ အဝတ်စနုနုလေးနဲ့ သုတ်ပေးလိုက်ရုံပါပဲ။ တခုသတိထားရမှာက အဆီအကြွင်းအကျန် တွေစုပြီး အပေါက်တွေမှာလာမပိတ်ဆို့စေဖို့အတွက် အဆီတွေကို အကုန်ပြောင်စင်အောင်တော့ အသေအချာ သုတ်ပစ်ရမှာ ဖြစ်ပါကြောင်း။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%82%8f%e1%80%bd%e1%80%ac%e1%80%9e%e1%80%85%e1%80%b9%e1%80%90%e1%80%ac%e1%80%94%e1%80%b2%e1%82%95%e1%80%95%e1%80%90%e1%80%b9%e1%80%9e%e1%80%80%e1%80%b9%e1%80%bb/
သွားနှုတ်ပြီးရင် လိုက်နာသင့်တဲ့ အချက် (၁၀) ချက်
သွားနှုတ်တယ်ဆိုတာ လူတော်တော်များများလုပ်ကြတဲ့သွားကျန်းမာရေးကိစ္စတစ်ခုဆိုပေမယ့် ခွဲစိတ်မှုတစ်မျိုးပါပဲ။ သွားနှုတ်ပြီး ၂၄ နာရီအတွင်း တံထွေးမထွေးဖို့၊ ပလုတ်မကျင်းဖို့စတဲ့ ကြိုတင်သတိပေးချက် တချို့ကိုလိုက်နာမယ်ဆိုရင်တော့ သွားနှုတ်ပြီးနောက်ပိုင်း ဆေးခန်းပြန်ပြေးဖို့ ဗျာများမနေရတော့ဘူးပေါ့။ဒီအချက်လေးတွေကလွယ်ကူပေမယ့် နေရခက်တာတွေ သက်သာစေပြီး၊ အနာမြန်မြန်ကျက်စေမယ်၊ သွားနှုတ်ပြီးနောက်ပိုင်း ရောဂါပိုးမဝင်အောင် ကာကွယ်ပေးနိုင်မယ်လေ။သွားနှုတ်ပြီးတဲ့အခါ အနာပေါ်မှာဂွမ်းစကိုဖိကိုက်ထားပါ။ အနာကသွေးတိတ်စေဖို့ဖြစ်ပါတယ်။ ဂွမ်းမှာသွေးတွေ များနေရင် နောက်တစ်ခုလဲပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ သွားနှုတ်ပြီး ၂၄ နာရီအတွင်းမှာ သွေးတိတ်လေ့ရှိ ပါတယ်။ ဒီထက်ကျော်ပြီးသွေးထွက်နေရင် ဆရာဝန်ပြန်ပြပါ။အရောင်ကျစေဖို့အတွက် ပါးအပြင်ကနေရေခဲအိတ်သို့မဟုတ် ရေအေးဝတ်နဲ့ ကပ်ပေးပါ။ သွားနှုတ်ပြီး ပထမဆုံး၂၄နာရီအတွင်း ၁၅ မိနစ်-မိနစ်၂၀လောက်ကြာအောင် ကပ်ပေးရမှာဖြစ်ပါတယ်။ သည်ကာလကျော်လွန် သွားရင်တော့ ရေခဲအိတ်ထက် အနွေးဓာတ်ပေးတာကအရောင်ပိုကျစေနိုင်ပါလိမ့်မယ်။ နောက် ၂ ရက်-၃ ရက်ကြာရင် ရေနွေးစွတ်ထားတဲ့ပုဝါတစ်ထည်ကိုရေညှစ်ပြီး ပါးမှာ ခပ်ဖွဖွကပ်ပေးနိုင်ပါတယ်။ကြမ်းပေါ်မှာတပြေးတည်း အိပ်တာက သွေးထွက်ခြင်းကို တာရှည်စေပါတယ်။ ဒါ့ကြောင့် အိပ်တဲ့အခါ ခေါင်းအုံးတစ်လုံးထပ်ဆင့်ပြီး ဦးခေါင်းကို မြှင့်ထားပေးပါ။သွားနှုတ်ပြီး ၂၄ နာရီကျော်ရင် ပိုးသတ်ဆေးနဲ့ ဖြည်းဖြည်းချင်းပလုတ်ကျင်းပါ။ပလုတ်ကျင်းတာကြမ်းရင် သွားပေါက်ထဲမှာ အနာကျက်စေတော့မယ့်သွေးခဲတွေကို ပြန်ပွင့်သွားစေနိုင်တာကြောင့် အသာအယာလုပ်ပါ။ ဆားရည်နဲ့ပလုတ်ကျင်းရင် နာကျင်မှုနဲ့ရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်။ ရေနွေးနွေး ၂၅၀ မီလီဂရမ်မှာ ဆားတစ်ဇွန်းထည့်ပြီးတစ်နေ့ကို သုံးကြိမ်လောက်ပလုတ်ကျင်းပါ။သွားနှုတ်ပြီးရက်ပိုင်းအတွင်း အစာပျော့ပျော့ သို့မဟုတ် အရည်ပဲစားတာ ပိုကောင်းပါတယ်။ ပူတင်း၊ဒိန်ချဉ်၊ စွပ်ပြုတ်ကျဲကျဲတို့ စားပေးတာ အာဟာရပြည့်နိုင်ပါတယ်။ အနာကျက်စေမယ့်သွေးခဲလေးတွေ ထွက်သွားစေနိုင်တာကြောင့် အပူမသောက်ပါနဲ့။ပဋိဇီဝဆေးဝါးတွေသောက်ဖို့ဆရာဝန်ကညွှန်ကြားထားရင် ဆေးပတ်လည်အောင်သောက်ပါ။ နာကျင်မှုနဲ့ရောင်ရမ်းမှုသက်သာစေဖို့ အကိုက်အခဲပျောက်ဆေးပေးထားမှာဖြစ်ပေမယ့် သွေးထွက်များလာရင်၊ အရမ်းနာကျင်ကိုက်ခဲလာရင်၊ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေဖြစ်လာရင် ဆရာဝန်နဲ့ပြပါ။သွားနှုတ်ထားတဲ့နောက်ပိုင်းမှာ သွားအခေါင်းပေါက်ထဲ သွေးစတင်ခဲလာပါတယ်။ ဒါမှ အနာကျက်စေမှာပါ။ ဒါ့ကြောင့် သွားနှုတ်ပြီး ၂၄ နာရီအတွင်း တံထွေးထွေးတာ၊ ပလုတ်ကျင်းတာ မလုပ်ဖို့ အရေးကြီးပါတယ်။အအေးဖြစ်ဖြစ် ရေဖြစ်ဖြစ် ပိုက်နဲ့စုပ်သောက်တဲ့အခါ သွေးခဲဖြစ်ပေါ်မှုပျက်ယွင်းစေပြီး အနာကျက်ဖို့ အနှောင့်အယှက် ဖြစ်စေနိုင်တာကြောင့် ရက်ပိုင်းလောက်အတွင်း ပိုက်နဲ့မသောက်ပါနဲ့။အားစိုက်လှုပ်ရှားရတဲ့အလုပ်တွေက သွေးထွက်များစေပါတယ်။ ရက်ပိုင်းလောက် လှုပ်လှုပ်ရှားရှား မလုပ်ပါနဲ့ အနာကျက်စေဖို့ သက်တောင့်သက်သာနားနေပါ။စုပ်ယူ၊ရှိုက်ယူရတဲ့လှုပ်ရှားမှုက သွေးခဲပျက်ယွင်းစေပြီးအနာကျက်နှေးစေတာကြောင့် ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်ရင် အဲဒီနေရာကို သွေးရောက်ရှိမှုလျော့နည်းစေတာကြောင့် အနာကျက်နှေးစေပါတယ်။ နောက်တစ်ချက်က ဆေးလိပ်သောက်ခြင်းဟာ အနာပေါ်ပိုးမွှားတွေဝင်ရောက်စေနိုင်ပါတယ်။အနာကျက်တဲ့အထိ အရက်နဲ့ဆေးလိပ်ကို ရှောင်သင့်ပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/dental-conditions/%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%94%e1%80%be%e1%80%af%e1%80%90%e1%80%ba%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%9b%e1%80%84%e1%80%ba-%e1%80%9c%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%94/
သန့်ရှင်းသောစားသောက်မှုပုံစံသည်ကျန်းမာရေးအတွက်ဦးစားပေးအရေးကြီးပုံ
ကျန်းမာရေးနှင့်ညီညွတ်အောင်စားသောက်ရန်အကြိမ်ပေါင်းများစွာကျွန်ုပ်တို့ကြားဖူးကြသည်။လူတိုင်းကပြုပြင်ထားသောအစားအစာများသည်ကျန်းမာရေးအတွက်မသင့်တော်သည်ကိုသိရှိပြီးရှောင်ရှားသင့်သည်။ သို့ဆိုလျှင် သန့်ရှင်းသောစားသောက်မှုပုံစံဆိုသည်မှာအဘယ်နည်း။အစားအစာကိုချေဖျက်ရန်ဦးဆုံးပထမကျော်ဖြတ်ရမည်မှာကျွန်ုပ်တို့၏ပါးစပ်ဖြစ်သည်။ ထို့ကြောင့်စေးကပ်သော၊ချိုသော၊သကြား ထပ်ဖြည့်ထားသောအစားအစာများသည်သွားပိုးစားခြင်းနှင့်အခြားသွားဖုံးရောဂါများကိုဖြစ်စေနိုင်သည်။ သင်သည်တစ်ခါတရံ အချိုစားချင်ပါကသဘာဝမှရသောသကြားဓါတ်ပါဝင်သည့်ချိုသောအသီးများကိုစားပေးပါ။ သန့်ရှင်းသောသွားနှင့်ခံတွင်းသည်ဈေးကြီးသောအဝတ်အစားထက်သင်၏ပုံပန်းသွင်ပြင်တစ်ခုလုံး အတွက်ပို၍အရေးပါသည်။အမျိုးသမီးများအတွက် ဆံပင်နှင့်လက်သည်းများကိုဂရုစိုက်ထိန်းသိမ်းခြင်းသည်မကြာခဏအချိန်ကုန်ခံပြုလုပ်လေ့ရှိသောကိစ္စများဖြစ်သည်။ ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများကသင့်ကိုအလှပြင်ဆိုင်သို့အသွားရ သက်သာစေသည်။ အိုမီဂါ ၃ အက်ဆစ်၊ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ၊ဗီတာမင်နှင့်သတ္ထုဓါတ်များသည်သင့်ဆံသားကိုတောက်ပြောင်စေပြီး လက်သည်းခြေသည်းများကိုကျန်းမာစေနိုင်။သည်။ ထို့ပြင်ပရိုတိန်း(ခေါ်)အသားဓါတ်များများစားပါကဆံပင်နှင့်လက်သည်းတို့ကိုကြာရှည်ခံစေသည်။– အသက်အရွယ်ရလာသော အခါနှလုံးရောဂါပိုမိုဖြစ်နိုင်လာသည်။ ထို့ကြောင့်နှလုံးရောဂါကို ကာကွယ်ရန်ကျန်းမာသောစားသောက်မှုပုံစံသည်အရေးကြီးသည်။ အသီးအနှံနှင့်ဟင်းသီးဟင်းရွက်များကိုစားသုံးခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ချေကိုလျော့ကျစေသည်။ဥပမာ- ခရမ်းချဉ်သီး၊လိမ္မော်သီးတို့တွင်ပါဝင်သောဗီတာမင်စီသည်သွေးကြောများကိုအားဖြည့်ပေးသည့်အတွက် လေဖြတ်ခြင်းနှင့်သွေးပေါင်တက်ခြင်းတို့ကိုကာကွယ်ပေးသည်။ အဆီဓါတ်များနှင့်ပတ်သက်၍ပြောရလျှင်လည်းကျန်းမာရေးအတွက်ကောင်းသောအဆီ( ဥပမာ-ငါးကြီးဆီ) တို့သည်ခံတွင်းမြိန်စေခြင်းနှင့်သွေးတွင်းကိုလက်စထရောပမာဏကိုထိန်းညှိပေးခြင်းတို့၌အရေးပါသည်။ပြုပြင်ထားသော အသင့်စားအစားအစာများသည်ပြည့်ဝဆီနှင့်ပြုပြင်ထားသောအသားဓါတ်တို့ပါဝင်သည့်အတွက် ကင်ဆာရောဂါကိုဖြစ်စေနိုင်သည်။ ထိုအစားအစာများကို ရှောင်ကြဉ်ပြီးအသီးအနှံနှင့်ဟင်းသီးဟင်းရွက်များကိုစားသုံးပေးခြင်းဖြင့်ကင်ဆာရောဂါကိုကာကွယ်နိုင်ပါသည်။ ပိုမိုကောင်းမွန်သောစိတ်အခြေအနေတွင်သင့်ကိုယ်သင်ထားပါ။အသီးအရွက်စားသုံးသူများသည် ပိုမို၍စိတ်တည်ငြိမ်ခြင်း၊စွမ်းရည်ပိုမိုပြည့်ဝခြင်းနှင့်ပျော်ရွှင်ခြင်းတို့ကိုခံစားရသည်။ နယူးဇီလန်နိုင်ငံတွင်လူငယ် ၃၀၀ ဦးကိုရက်သတ္တပတ် ၃ပတ်ကြာပြုလုပ်သောလေ့လာချက်တစ်ခုကဖော်ပြထားခြင်းဖြစ်ပါသည်။ ထို့ပြင်ဗီတာမင်။B 6 သည်လည်းကျွန်ုပ်တို့ကိုနေထိုင်ကောင်းစေသည့်ဒိုပါမင်း (Dopamine)ဟုခေါ်သောဟော်မုန်းဓါတ်ထွက်ရှိမှုကိုထိန်းညှိပေး သည်။အိုမီဂါ ၃အက်ဆစ်များသည်လည်း စိတ်မကြည်လင်ခြင်း၊စိတ်ဓါတ်ကျခြင်းတို့ကိုကုသရာတွင်အသုံးဝင်သည်။ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကသင့်ကိုပိုမိုပျော်ရွှင်စေနိုင်သည်မှာအထင်အရှားပင်ဖြစ်သည်။ ကျန်းမာရေးကောင်းမွန်ပါကလုပ်ငန်းခွင်နှင့်မိသားစုတွင်းတွင်သင်၏စွမ်းဆောင်ရည်လည်းပိုမိုကောင်းမွန်လာနိုင်သည်။ ကျန်းမာစေသောအစားအစာများသည် ရောဂါများကိုကာကွယ်နိုင်ရုံမျှမကသင်၏နေထိုင်ကောင်းခြင်းကို လည်းအထောက်အကူပြုပေးပါသည်။ ထို့ကြောင့်ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများ၏အံ့သြဖွယ်ကောင်းကျိုးများကြောင့်ကိုယ်အလေးချိန်လျှော့ချခြင်းအပြင်၎င်းတို့ကိုဦးစားပေးစားသုံးခြင်းကိုပါပြုလုပ်ပေးသင့်ပါသည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9e%e1%80%94%e1%80%b7%e1%80%ba%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%b1%e1%80%ac%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%99%e1%80%be/
Systemic Lupus Erythematosus (အရေပြားလေးဖက်နာ)
Systemich lupus erythematosus (SLE) ဆိုသည်မှာ connective tissues များကိုရောင်ရမ်းစေပြီး ကိုယ်အင်္ဂါအများအပြားကို ထိခိုက်စေသောရောဂါဖြစ်ပါသည်။ SLE သည် ခုခံအားစနစ်၌ပြဿနာရှိနေပြီး ကိုယ်ခန္ဓါအတွင်းအင်္ဂါများကို တိုက်ခိုက်သည့်အခါ ဖြစ်ပေါ်လာသောရောဂါဖြစ်သည်။အဆစ်များ၊ အရေပြား၊ အဆုတ်၊ နှလုံး၊ သွေးကြောများ၊ ကျောက်ကပ်၊ အာရုံကြောစနစ်နှင့် သွေးဆဲလ်များကို ထိခိုက်နိုင်၏။ SLE သည် သွေးကြောများကိုကျဉ်းသွားစေသည့် Raynaud ဖြစ်စဉ်ကိုဖြစ်စေနိုင်ပြီး လက်ချောင်းများ၊ ခြေချောင်းများ၊ နားရွက်များနှင့် နှာခေါင်းတို့ အရောင်ပြောင်းပြီး နာကျင်ခြင်းကိုဖြစ်ပေါ်စေသည်။SLE သည် လူ ၂၀၀၀ တွင်တစ်ယောက်နှုန်းဖြစ်နေပြီး မိန်းမများကယောက်ျားများထက် ၅ ဆပိုဖြစ်နိုင်သည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်စဉ်နှင့် ရာသီလာစဉ်တွင် ပိုဖြစ်နိုင်သည်။ အသက် ၁၅ မှ ၄၀ အတွင်း အဖြစ်များ၏။ အာဖရိကန်အမေရိကန်ကပြားနှင့် အာရှမှလူများ၊ စပိန်ပေါ်တူဂီလူမျိုးများသည် အိန္ဒိယဥရောပမျိုးနွယ်များထက် SLE ပိုဖြစ်နိုင်ပါသည်။လက္ခဏာများသည် ထိမိသောအင်္ဂါပေါ်တွင်မူတည်သည်။• မောပန်းခြင်း။• အဆစ်များနာကျင်ရောင်ရမ်းတောင့်တင်းခြင်း များသောအားဖြင့်လက်၊ လက်ကောက်ဝတ်နှင့် ဒူး။• နေထိသောနေရာတွင် အကွက်များထခြင်း များသောအားဖြင့် မျက်နှာ (ပါးနှင့်နာခေါင်း)။• Raynaud ဖြစ်စဉ်သည် လက်ချောင်းများအေးသောအရာတစ်ခုခုနှင့်ထိမိပါက အရောင်ပြောင်းပြီး အလွန်နာကျင်ခြင်းကို ဖြစ်စေသည်။• Pleurisy (အဆုတ်အမြှေးပါးရောင်ခြင်း), ၎င်းသည် အသက်ရှူလျှင်အောင့်ခြင်း၊ အသက်ရှူမဝခြင်းတို့ကို ဖြစ်စေသည်။• ထိခိုက်မိသောကျောက်ကပ်များကြောင့် သွေးတိုးခြင်း ကျောက်ကပ်ပျက်ခြင်းများဖြစ်နိုင်သည်။• SLE သည် မှတ်ဉာဏ်၊ စိတ်အခြေအနေတို့ကိုပါထိခိုက်စေပြီး ဖိစီမှုများခြင်း စိတ်ရှုပ်ထွေးခြင်းကိုပါဖြစ်စေနိုင်သည်။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။ခုခံအားနှင့်ဆိုင်သောရောဂါများစွာရှိသော်လည်း SLE က တွေ့ရများဆုံးဖြစ်သည်။ ရုတ်တရတ် အကွက်များထခြင်း၊ နာတာရှည်ဖျားခြင်း၊ ကိုယ်တွင်းအင်္ဂါများနာကျင်ပြီး မောပန်းသည့်အခါ ဆရာဝန်နှင့်ပြသပါ။အကြောင်းရင်းကို မသိရပါ။ သို့သော် မျိုးရိုးနှင့် ပါတ်ဝန်းကျင် အခြေအနေများသည် SLE ဖြစ်နိုင်ချေ မြင့်မားစေနိုင်သည်။ နေရောင်အမြဲထိတွေ့နေရသူများ၊ ဗိုင်းရပ်စ်များ ရှင်သန်သည့် ပါတ်ဝန်းကျင်တွင် နေထိုင်သူများ၊ မကြာခဏဖိစီမှုခံစားရသူများက ဖြစ်နိုင်ချေပိုများ၏။ လိင်နှင့် ဟော်မုန်းသည်လည်း ဖြစ်စေသောအကြောင်းတစ်ခုပင်။ သုတေသီအများစုက မဟော်မုန်းသည် ရောဂါဖြစ်စေသည့်အကြောင်းတစ်ခုဟု ယုံကြည်ကြသည်။SLE ဖြစ်ပွားနိုင်ချေကို မြင့်စေသော အကြောင်းရင်းများစွာ ရှိပါသည်။ ဥပမာအားဖြင့်။• လိင် : SLE သည်မိန်းမများတွင်ပိုဖြစ်သည်။• နေပူစာခဏခဏလှုံခြင်း၊ နေနှင့်အကြာကြီးထိတွေ့ခြင်း။• ရောဂါပိုးကူးခြင်း။• ဆေးများ: SLE သည် တစ်ချို့သောအတက်ကျဆေးများ၊ သွေးကျဆေးများနှင့် ပိုးသတ်ဆေးများကြောင့် ဖြစ်ပေါ်လာတတ်သည်။ ဆေးကြောင့်ဖြစ်သောလူများတွင် ဆေးရပ်လိုက်ပါက လက္ခဏာများလဲ ပျောက်သွားလေ့ရှိပါသည်။• အသက်: SLE သည် အရွယ်အားလုံးတွင် ဖြစ်နိုင်သော်လည်း များသောအားဖြင့် အသက် ၁၅ မှ ၄၀ အတွင်း တွေ့ရများ၏။ဖြစ်နိုင်ချေမြင့်မားစေသော အချက်များ သင့်၌မရှိရုံနှင့် ရောဂါမဖြစ်နိုင်တော့ဟုမဆိုလိုပါ။ ဒီအချက်များသည် ကိုးကားရန်အတွက်သာ ဖြစ်သည်။ အသေးစိတ်သိလိုပါက သင့်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် ရောဂါရာဇဝင်၊ စမ်းသပ်ခြင်း၊ ဓါတ်ခွဲစမ်းသပ်ခြင်းနှင့် ဓါတ်မှန်အဖြေတို့ ပေါင်းပြီး ရောဂါအမည်တပ်နိုင်မည်ဖြစ်သည်။ဓါတ်ခွဲစမ်းသပ်မှုများတွင် Erythrocyte sedimentation rate (ESR), complete blood cell count (CBC), antinuclear antibody (ANA) နှင့် ဆီးစစ်ခြင်းများ ပါပါသည်။ ESR သည် ရောင်ရမ်းခြင်းအား တိုင်းတာပေးသည်။ CBC သည်သွေးဆဲပမာဏနှင့် သွေးမွှားဥများကို ရေတွက်ပေးနိုင်သည်။ဆရာဝန်သည် SLE အတွက် ပိုတိကျသော anti DNA test ကို လုပ်ခိုင်းနိုင်သည်။ Rheumatolosgist (အဆစ်အမြစ်အထူးကု) နှင့်ပြသဆွေးနွေးဖို့ အကြံပြုနိုင်သည်။ကုသမှုသည် လက္ခဏာနှင့် ထိခိုက်မိသော ကိုယ်တွင်းအင်္ဂါပေါ် မူတည်ပါသည်။ Nonsteroidal anti-inflammatory drugs (NSAIDs) (အကိုက်အခဲပျောက်ဆေးများ) အား ပထမဆုံးပေးလေ့ရှိသည်။ ထပ်ဆောင်းအနေဖြင့် ဆရာဝန်သည် prednisone လို မြန်မြန်သက်သာစေသည်ကိုလည်း ပေးနိုင်သည်။ ထိုဆေးများနှင့် အဆင်မပြေလျှင် ရောဂါကို ပြုပြင်သောဆေးများက ရောဂါဆက်မတိုးစေရန်ကူညီနိုင်သည်။ ဒီဆေးများသည် hydroxychloroquine, methotrexate, azathioprine နှင့် cyclophosphamide တို့ပါဝင်သည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် SLE ကို ကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင် နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။• ဆေးလိပ်မသောက်ပါနှင့်။ ဆေးလိပ်သောက်ခြင်းသည် နှလုံးရောဖြစ်နိုင်ချေကိုမြင့်စေပြီး နှလုံး SLE ကိုဖြစ်စေပြီး နှလုံးနှင့်သွေးကြောများကိုထိနိုင်သည်။• ကျန်းမာရေးနှင့်ညီညွှတ်သည်ကိုစားသောက်ပါ။ ကျန်းမာရေးနှင့်ညီညွှတ်သည့်အစားအသောက်တွင် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ဂျုံကြမ်းများပါဝင်သင့်သည်။ တစ်ခါတစ်ရံ အစားရှောင်ရမည်ဖြစ်ပြီး အထူးသဖြင့် သွေးတိုးလျှင် ကျောက်ကပ်ထိလျှင် အစာချေလမ်းကြောင်းထိခိုက်လျှင် ရှောင်ရမည်ဖြစ်သည်။• လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ လေ့ကျင့်ခန်းသည် ရောဂါဆိုးခြင်းမှပြန်ကောင်းနိုင်ပြီး နှလုံးထိခိုက်မှုကို လျော့ချပေးနိုင်သလို စိတ်ကျရောဂါကိုကုသနိုင်ပြီး တစ်ကိုယ်လုံးနေထိုင်ကောင်းစေရန် အားပေးပါသည်။• နေထိတွေ့မှုကိုကန့်သတ်ပါ။ ခရမ်းလွန်ရောင်ခြည်သည် ရောဂါပိုဆိုးစေသောကြောင့် ဦးထုပ်၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်များ ဝတ်ဆင်ပါ။ အပြင်ထွက်လျှင် SPF အနည်းဆုံး ၅၅ ပါဝင်သော နေလှောင်ခံလိမ်းဆေးများလိမ်းပါ။• လုံလောက်စွာအနားယူပါ။ SLE ရှိသောလူများတွင် သာမာန်မောပန်းခြင်းနှင့်မတူသည့် မောပန်းမှုမျိုးကို ခံစားရ၏။ နားရုံနှင့်မပျောက်ပါ။ ထို့ကြောင့် ဘယ်အချိန်အလုပ်လျှော့လုပ်ရမည်လဲမပြောနိုင်ပါ။ ညတွင်ကောင်းကောင်းအိပ်ပါ။ နေ့ခင်းနားချိန်တွင် တရေးတမော လိုအပ်လျှင်အိပ်ပါ။• ဆရာဝန်ညွှန်ကြားသည့်အတိုင်းလုပ်ပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/systemic-lupus-erythematosus-%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%b1%e1%80%9c%e1%80%b8%e1%80%96%e1%80%80%e1%80%b9%e1%80%94%e1%80%ac/
Vesicoureteral reflux (ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း)
ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်းဆိုတာ ဆီးအိမ်ရှိဆီးများ ကျောက်ကပ်အတွင်းသို့ပြန်စီးဝင်ခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ဆီးသည် ကျောက်ကပ်မှ ဆီးပြွန် ထိုမှတစ်ဆင့် ဆိးအိတ်အတွင်းသို့ရောက်သည်။ ဆီးအိတ်နှင့် ဆီးပြွန်ကြွက်သား နှင့်အတူ ဆီးအိတ်ရှိ ဆီးဖိအားတို့က ဆီးအားနောက်သို့ပြန်မစီးရန်ကာကွယ်ပေးထားသည်။ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်းဖြစ်ပါက ဆိးအိတ်ထဲမှဆီးထဲရှိဘက်တီးရီးယားများ ကျောက်ကပ်အတွင်းသို့ရောက်မည်။ ထိုကြောင့် ကျောက်ကပ်ရောဂါပိုးဝင်ပြီး အမာရွတ်ထင်ခြင်းနှင့်ကျောက်ကပ်ပျက်စီးခြင်းတို့ဖြစ်နိုင်သည်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း။၏ရောဂါလက္ခဏာဖြစ်နိုင်သည်။ ဆီးလမ်းကြောင်းပိုးဝင်သည်ဆိုသော ကလေးသုံးပုံတစ်ပုံတွင် ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း။ရှိနေတတ်သည်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၏လက္ခဏာများမှာ ဖျားခြင်း ဆီးပေါက်ချိန်တွင် နာခြင်းသို့မဟုတ် ပူခြင်း ခဏခဏ ဆီးသွားရခြင်း နှင့် ဆီးကျန်သည်ဟုခံစားရခြင်းတို့ဖြစ်တတ်သည်။ ဖျားခြင်းသည် ကလေးငယ်များတွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့်ဖြစ်နိုင်သည်။ ထို့ကြောင့် အခြားကြောင်းရာမရှိပါက အဖျားကြီးနေသောကလေးများတွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုတွေးသင့်သည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်းနှစ်မျိုးရှိပါသည်။ပထမ ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း။သည် မွေးသည့်အချိန်တွင်ဖြစ်သည်။ ဆီးပြွန်ရှိ အဆို့မဖွံဖြိုးလာခြင်းကြောင့်ဖြစ်သည်။ အဖြစ်များဆုံးပုံစံဖြစ်သည် မွေးပြီးခဏတွင် သတိထားမိတတ်သည်။ဒုတိယ ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း။သည် ဆီးအိတ် သို့မဟုတ် ဆီးအိတ်အပေါက်ပိတ်ခြင်းကြောင့်ဆီးများကျောက်ကပ်သို့ပြန်ရောက်လာခြင်းဖြစ်သည်။ မည်သည့်အသက်အရွယ်တါင်မဆိုဖြစ်တတ်ပြီး ခွဲစိတ်ခြင်း ထိခိုက်မိခြင်း ဆီးပေါက်ပုံမမှန်ခြင်းသို့မဟုတ် အရင်ကရောဂါပိုးမှ ဆီးအိတ်ဖိအားများစေခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ ကျောရိုးအာရုကြောနှစ်ခွဖြစ်သောစသည့် အခြားမွေးရာပါချို့ယွင်းချက်ရှိကလေးများတွင်ပိုဖြစ်တတ်သည်။ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အသားဖြူသောကလးများတွင်ပိုဖြစ်တတ်သည်။မိန်းကလေးများတွင်နှစ်စပိုဖြစ်နိုင်သည်။ ချွင်းချက်မှာ မွေးရာပါ ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်းရှိသူသည် ယောကျာ်းလေးတွင်ပိုဖြစ်တတ်သည်။မွေးခါစနှင့် တစ်နှစ်ထိက်လေးငယ်များတွင် အသက်ကြီးသောကလေးများထက်ပိုဖြစ်တတ်သည်။မိသားစုမျိုးရိုး၊ပထမ ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်းသည် မိသားစုမျိုးရိုးလိုက်၍ဖြစ်တတ်သည်။ မိဘတွင်ဖြစ်ဘူးပါကကလေးတွင်ပိုဖြစ်နိုင်သည်။ညီအကိုမောင်နှမကလေးများတွင်တယောက်ဖြစ်ပါကလိုက်ဖြစ်နှုန်းများ၍ စမ်းသက်ထားသင့်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်းရှိမရှိစမ်းသက်ရာတွင်လိုအပ်နိုင်သည်။ကျောက်ကပ်နှင့် ဆီးအိမ် ကွန်ပြူတာဓါတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းဂရပ်ပုံဟုလည်းခေါ်သည်။ ကြိမ်နှုန်းများသော အသံလှိုင်းကိုသုံး၍ ကျောက်ကပ်နှင့်ဆီးအိမ်ကို ပုံရိပ်ဖော်ခြင်းဖြစ်သည်။ အာထရာဆောင်းရိုက်ခြင်းဖြင့် ပုံသဏာန်မူမမှန်မှုများအားသိနိုင်သည်။ဤနည်းလမ်းကို ကိုယ်ဝန်ဆောင်သည့်အခါကလေးကြီးထွားမှုနှုန်းကိုကြည့်သည့်အခါတွင်သုံးသည်။ ကလေးတွင်ကျောက်ကပ်ယောင်ယောင်(ပထမဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း)ရှိမရှိကိုလည်းသိနိုင်သည်။ဆီးအိမ်ဆီးပြွန်အားဓါတ်မှန်ရိုက်ခြင်း၊ ဆီးအိမ်တင်းနေချိန် နှင့် ဆီးအိမ်ဘာမှမရှိချိန်တို့တွင်ဓါတ်မှန်ရိုက်စစ်ဆေးသည်။ ကလေးမှ ဓါတ်မှန်ခုံပေါ်တွင်လှဲနေချိန် သေး၍ ကံျုနိုင်ဆန့်နိုင်သော ပြွန် အား ဆီးအိတ်ပေါက်နှင့် ဆီးအိမ်အတွင်းသို့ ထည့်သည်။ ဆိုးဆေးအား ထိုးထည့်ပြီး ကလေးဆီးအိမ်ကို ပုစံမျို့းစုံဖြင့် ဓါတ်မှန်ရိုက်သည်။ ထိုနောက် ထိုပြွန်အားပြန်ထုတ်လိုက်ပြီးကလေးအားသေးပေါက်ခိုင်းသည်။ ဆီးသွားနေချိန် ဆီးအိတ် ဆီးအိတ်ပေါက်ကောင်းစွာအလုပ်မလုပ်ကို ဓါတ်မှန်ထက်ရိုက်စစ်ဆေးသည်။ ထိုစစ်ဆေးမှုမကောင်းေးသာဆိုးကျိုးမှာ နေထိုင်ရကတိကတောက်ဖြစ်ခြင်းသို့မဟုတ် နောက်ထပ်ဆီးလမ်းကြောင်းပိုးအသစ်ထက်ဝင်ခြင်းတို့ဖြစ်နိုင်သည်။နရူးကလီးယားစစ်ဆေးခြင်း။ဤစစ်ဆေးခြင်းကို ရာဒီယိုနရူးကလိုက် ဆီးအိတ်ဓါတ်မှန်ရိုက်ခြင်းဟုခေါ်သည်။ ဆီးအိတ်နှင့်ဆီးအိတ်ပေါက်ဓါတ်မှန်ရိုက်သောနည်းပညာနှင့်တူပြီး ဆိုးဆေးအစား ရေဒီယိုသတ္ထုကြွပစ္စည်းထိုးထည့်ခြင်းသာကွာသည်။ ဆီးလမ်းကြောင်းပုံမှန်အလုပ်လုပ်ခြင်းရှိမရှိကိုသိနိုင်သည်။ ဆိုးကျိုးအနေနှင့် ဆီးသွားသည့်အချိန် ဆီးပြွန်ထည့်ချိန်တွင်ကတိကတောက်ဖြစ်တတ်သည်။ သင့်ကလေးဆီးသည် စစ်ဆေးပြီးတရက်နှစ်ရက်အထိ အနည်းငယ်ပန်းရောင်သန်းတတ်သည်။အဆင့်သတ်မှတ်ခြင်း။ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်းအား ဒီဂရီအပေါ်မူတည်၍ အဆင့်ခွဲခြားသတ်မှတ်လိမ့်မည်။ အနိမ့်ဆုံးကိစ္စတွင် ဆီးသည် ဆီးပြွန်သို့သာရောက်မည်(အဆင့်တစ်)။ ဆိုးဝါးသောကိစ္စများတွင် ကျောက်ကပ်ယောင်ခြင်း နှင့် ဆီးပြွန်လိမ်သွားခြင်း(အဆင့် ငါး)ဟုသတ်မှတ်နိုင်သည်။ကလေးအများစုတွင်ကုသမှုမလိုအပ်တတ်ပါ။ ဆီးပြွန်သည်လဲ ကလေးကြီးလာသည်နှင့်အမျှကြီးလာမည်။ အနိမ့်ဆုံးကိစ္စတွင် အသက် ငါးနှစ်ရောက်သည်နှင့်လုံးဝပျောက်သွားတတ်သည်။ကုသမှုလိုပါက ပဋ္ဋိဇီဝပိုးသတ်ဆေး ဥပမာ အမောက်စီစလင် သို့မဟုတ် ထရိုင်မီတိုပရင် ဆာဖာမီတိုဇဇော (ဥပမာ ဘတ်တရင်) ကိုပေးလေ့ရှိသည်။ ပိုးသတ်ဆေးသည် ရောဂါပိုးဝင်ခြင်းကိုကာကွယ်ပေးခြင်း ကုသပေးခြင်းနှု့် ကျောက်ကပ်ထိစေသော အမာရွတ်ထင်ခြင်းကိုလျော့ချပေးနိုင်သည်။ ကလေးမှ ပိုးသတ်ဆေးတောက်လျောက်သောက်ရန်လိုနိုင်သည် သို့မဟုတ် ဆရာဝန်မှ အခြားဆီးလမ်းကြောင်းပိုးဝင်ခြင်းလက္ခဏာရှိမရှိစောင့်ကြည့်ခိုင်းပြီးရှိမှသာ ပိုးသတ်ဆေးတိုက်ခြင်းတို့လုပ်နိုင်သည်။ ဆိးတွင် ဘက်တီးရီးယားပါမပါ ခဏခဏစစ်ဆေးရန်လိုအပ်နိုင်သည်။ပြင်းထန်သော ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်းအတွက် ခွဲစိတ်မှုလိုအပ်နိုင်သည်။ ခွဲစိတ်ဆရာဝန်သည် ဆီးပြွန်တွင် အဆို့သစ်များ ပြန်ဖန်တီးရန်လိုအပ်သည်။ပဋ္ဋိဇီဝပိုးသောက်ဆေးသောက်နေစဉ် သို့မဟုတ် မသောက်သော်လည်း ဆီးလမ်းကြောင်းပိုးဝင်သောလက္ခဏာများခဏခဏရှိနေပါက ခွဲစိတ်မုလိုအပ်နိုင်သည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။ကလေးအားအရည်များများသောက်ခိုင်းပါ(အဓိကအားဖြင့်ရေ) ရေသောက်ခြင်းဖြင့် ဆီးအား ပြင်းအာလျော့စေပြီး ဘက်တီးရီးများများအားတိုက်ထုတ်ရာတွင်ကူညီနိုင်သည်။ရှောက်အသီးဓါတ်နှင့် ကက်ဖီးဓါတ်ပါသော ဖျော်ရည်အား ကလေးရောဂါပိုးပျောက်သည်အထိရှောင်ပါ။ သူတို့သည် ဆီးအိမ်အား လှုံစွပြီး ဆီးခဏခဏသွားရန်လိုတတ်သည်။နွေးသောတာဝါသို့မဟုတ် စောင်ဖြင့်ထောက်ပံ့ပေးပါ။ တာဝါသို့မဟုတ် အခြောက်ခံစက်ဖြင့်မှုတ်ထားသောဆောင် (နွေးပါစေမပူစေပါနှင့်)အား ကလေးဗိုက်ပေါ်တွင်ထားပေးပါ။ အပူဓါတ်သည် ဆီးအိတ်နာခြင်း သို့မဟုတ် ဖိအားများစေခြင်းကိုလျော့ချနိုင်သည်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/bladder-problems/vesicoureteral-reflux-%e1%80%86%e1%80%ae%e1%80%b8%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%99%e1%80%bd%e1%80%86%e1%80%ae%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%94/
Heloma (အသားမာတက်ခြင်း)
အသားမာတက်ခြင်း ဆိုတာ အရေပြား ပေါ်ကထူထဲတဲ့ အလွှာတစ်ခုကိုခေါ်တာပါ။ အရေပြားက မတန်တဆဖိအားတစ်ခုကို အချိန်ကြာကြာ ခဏခဏခံရတဲ့အခါ ဖြစ်ပေါ်တတ်ပါတယ်။ အများအားဖြင့် သင့်ခြေနဲ့ လက်မှာဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ သေးငယ်ပေမယ့် နာကျင်မှုပေးနိုင်ပါတယ်။အသက်အရွယ်မရွေး ဖြစ်လေ့ရှိပါတယ်။ ဖြစ်ပွားနိုင်ချေ အခြေအနေတွေကို လျော့ချခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။အခြားအချက်အလက်များသိလိုပါက ဆရာဝန်နှင့်ဆွေးနွေးပါ။လက္ခဏာအများစုကတော့။• ထူထဲလာတဲ့ အရေပြားအလွှာ။• မာကျောလာတဲ့အဖုအကျိတ်။• အရေပြားအောက်မှာ နာတာတာ၊ မာကျောကျောဖြစ်နေတာ။• ခြောက်သွေ့နေတဲ့ အရေပြား စတာတွေဖြစ်ပါတယ်။စာရင်းထဲမပါဝင်တဲ့ လက္ခဏာတွေရှိနိုင်ပါတယ်။ ရောဂါလက္ခဏာနဲ့ပတ်သက်ပြီးသင့်မှာ စိုးရိမ်ပူပန်မှုတွေရှိနေပါက ဆရာဝန်နှင့်တိုင်ပင်ပါ။အသားမာနေရာက နာတာတွေ ရောင်တာတွေ ဖြစ်တယ်ဆိုရင် ပြသသင့်ပါတယ်။ တကယ်လို့ သင့်မှာဆီးချိုရှိပြီး အသားမာလည်း တက်မယ်ဆိုရင် မြန်မြန်ပြသင့်ပါတယ်။ မလိုလားအပ်တဲ့ အခြားပြသနာတွေ မပေါ်အောင်ပါ။ လူတိုင်းရဲ့ ခန္ဓါကိုယ်က မတူညီကြတာမို့ သင့်အတွက်လည်း ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံး ဖြစ်ပါတယ်။လက်တွေခြေတွေမှာ ခဏခဏထိခိုက်တဲ့ ပွတ်တိုက်မှုနဲ့ ဖိအားတွေအရမ်းတိုးလာခြင်း က အဓိကဖြစ်စေတတ်ပါတယ်။ အချို့ဖြစ်စေတတ်တဲ့ အကြောင်းရင်းတွေကတော့။• ရှူ းဖိနပ်အကျပ်တွေဟာ ခြေဖဝါးကို အလွန်ဖိထားတတ်သလို ချောင်ချောင်ဝတ်တာကလဲ ခဏခဏပွတ်မိနေစေပြီး အသားမာဖြစ်တတ်ပါတယ်။• ရှူးဖိနပ်ကိုခြေအိပ်မပါပဲဝတ်တာက ခြေဖဝါးနဲ့ ရှူ း ဖိနပ်ကို ပွတ်တိုက်မှုများစေပါတယ်။• တူရိယာတီးတာတွေ စာရေးတာမျိုးတွေလို ထပ်ခါထပ်ခါလုပ်တဲ့အရာတွေက အသားမာတက်စေပါတယ်။အချက်များစွာကြောင့် ဖြစ်နိုင်ပါတယ်။ဥပမာ။• Bunion : ခြေမအဆစ်တွေမှာ ရှိသော အဖုအဖောင်း။• Hammertoe : ခြေချောင်းလေးတွေ ကွေးကောက်စေသော ချို့ယွင်းချက်တစ်ခု။• bone spur ( အရိုး အတက်ထွက်ခြင်း ) လို ခြေထောက်မူမမှန်ခြင်း။• အကာမပါပဲ တူရိယာတွေ တီးခြင်း။• မတော်တဲ့ဖိနပ်တွေဝတ်ခြင်း စတာတွေက အသားမာတက်ခြင်းကို ပိုဖြစ်စေပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ဆရာဝန်က အသားမာကို အောက်ပါနည်းတွေနဲ့ စမ်းနိုင်ပါတယ်။ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှု။သင့်ဆရာဝန်က သင့်ခြေလက်တွေရဲ့ ပုံစံတည်ဆောက်ပုံကို ကြည့်ပြီး အသားမာဟာ အခြား အဖုတွေ ရေအိတ်တွေကြောငိဖြစ်တာလားဆိုတာ ကြည့်ပါမယ်။X- Ray ။X ray ကခြေလက်တွေရဲ့ အနီးကပ်ပုံကိုကြည့်ပြီး အသားမာဖြစ်တဲ့ အကြောင်းရင်းကို ရှာမှာပါ။အသားမာကိုလက် နဲ့ခြေထောက်တွေက ပွတ်တိုက်မှုတွေ ၊ ဖိအားတွေကို လျော့ချခြင်းဖြင့် ကုသနိုင်ပါတယ်။ သင့်လက်ကိုအကာအကွယ်ပေးတဲ့အရာတွေ ၊ ခြေအိတ်တွေ ၊ ကိုယ်နဲ့တော်တဲ့ဖိနပ်တွေ ဝတ်တာမျိုးပေါ့။အသားမာကနာတာတွေ မသက်မသာဖြစ်တာတွေ ရှိလာရင် သင့်ဆရာဝန်က အောက်ပါကုသမှုတွေ ပေးနိုင်ပါတယ်။• အသားမာပါတဲ့ အရေပြားကိုဖယ်ပစ်တာ။• အသားမာမဖြစ်အောင်တားတဲ့ဆေးတွေ ၊ ဂျယ်လ် ၊ ခရမ်တွေလိမ်း ပြီး ဖယ်ရှားခြင်း။• အသားမာဖယ်တဲ့ပလာစတာ( အလယ်မှာ salicylic အက်စစ်ပါပြီး ထူထဲတဲ့အရေပြားလွှာကို ဖယ်နိုင်ပါတယ်) သုံးခြင်း။• ရောဂါပိုးမဝင်အောင် တားတဲ့ ပိုးသတ်ဆေး လိမ်းဆေးတွေ သုံးခြင်း။• ပုံမမှန်တဲ့ ခြေထောက်တွေမှာ အရိုးအတွက် အထောက်အကူပစ္စည်းတွေသုံးပြီး အသားမာပြန်မဖြစ်အောင် ကာကွယ်ခြင်း။• ခွဲစိတ်ခြင်း( တကယ်လို့အပေါ်က ကုသနည်းတွေအဆင်မပြေရင်ပေါ့)။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/heloma-%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%80%ac%e1%80%90%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
AIDS ရောဂါရှိနေလျှင် မည်သို့ ဖြစ်မည်နည်း
AIDS ရောဂါသည် HIV ရောဂါပိုးမှ စတင်ပါသည်။ HIV ရောဂါပိုး ရှိသောသူသည် အများဆုံး ၁၀ နှစ်အထိ ရောဂါလက္ခဏာ မပြခြင်း ဖြစ်တတ်ပါသည်။ ထိုအချိန်အတွင်းမှာလည်း တခြားသူများသို့ ရောဂါပိုး ကူးစက်နိုင်ပါသည်။ ရောဂါပိုးမွှားကို ရှာမတွေ့ဘဲ ကုသမိလျှင်လည်း ဆေးကြောင့် ခုခံအား ကျဆင်းပြီး AIDS ရောဂါ ဖြစ်ပေါ်နိုင်ပါသည်။AIDS ရောဂါဆိုသည်မှာ HIV ပိုးရှိသော လူတစ်ဦးသည် ခုခံအား ကျဆင်းပြီး ကိုယ်ခန္ဓါ ထိခိုက်ကာ တခြားသော ရောဂါပိုးမွှားများ၊ အထူးသဖြင့် ကိုယ်တွင်း ခုခံအားစနစ်ကို အားနည်းစေသော ရောဂါပိုးမွှားများ ဝင်ရောက်လာခြင်းကြောင့် ဖြစ်လေ့ရှိပါသည်။ဥပမာ – အနာများ၊ အဖုသေးသေးလေးများ ဖြစ်လေ့ရှိသော ရောဂါများ၊ အလုံးအကျိတ်များ ဖြစ်ပေါ်တတ်သော ရောဂါများ၊ လျှာတွင် အဖြူကွက်များ ပေါ်လေ့ရှိသော ပိုးများ၊ တီဘီ၊ ကင်ဒီတာ ပိုးကြောင့် ဖြစ်သော လည်မျိုရောင်ခြင်းများ ဖြစ်ပါသည်။ထိုရောဂါပိုးများအတွက် တွေ့ရလေ့ရှိသော လက္ခဏာများမှာ။စသည်တို့ ဖြစ်ပါသည်။CD4 T ဆဲလ်ပမာဏ လွန်စွာကျဆင်းပြီး ဗိုင်းရပ်စ်ပိုးများ ပမာဏ အဆမတန် တိုးပွားလာပါသည်။ CD4 ပမာဏသည် သွေး ၁ ကုဗလီတာ ပမာဏတွင်၂၀၀ အောက် ကျပါက သို့မဟုတ် အဆင့် ၄ HIV ဒဏ်ကို ခံစားနေရပါက (ဥပမာ – တီဘီ ကင်ဆာနှင့် နမိုးနီးယား) ဆိုလျှင် ခုခံအားကျဆင်းမှု ရောဂါ AIDS ဖြစ်ရန် ပိုများပါသည်။ HIV မှ AIDS သို့ ပြောင်းသွားပြီဆိုလျှင် ထိုလူအဖို့ သေဆုံးရန် ရာခိုင်နှုန်းများပါသည်။ မကုသဘဲထားလျှင် ၃ နှစ်လောက်သာ အသက်ရှင်နိုင်ပါသည်။သေစေနိုင်သော ရောဂါပိုးမွှားများ တစ်ခုခု ဝင်ရောက်လာပြီဆိုလျှင်လည်း တစ်နှစ် သက်တမ်းမျှသာ ကျန်သော အဖြစ်မျိုးလည်း ကြုံရနိုင်ပါသည်။ တိုးတက်လာသော ခေတ်သစ် ဆေးဝါးများကြောင့် AIDS ရောဂါရှင်များ သက်တမ်းသည်လည်း တိုးမြင့်လာပါသည်။ HIV ရောဂါဖြစ်လျှင် ဆေးအမျိုးအစားများ စပ်၍ သောက်သုံးရပါမည်။ထိုဆေးများသည် ကိုယ်ခန္ဓါ၏ ခုခံအားစနစ်ကို တိုးမြင့်နိုင်ပါသည်။ ထိုဆေးများသည် ဈေးကြီး၍ ဘေးထွက် ဆိုးကျိုးများလည်း ရှိတတ်ပါသည်။ သို့သော် ဆရာဝန်နှင့် မတိုင်ပင်ဘဲ ဆေးမဖြတ်သင့်ပါ။ ထို့အပြင် ပေးထားသော ဆေးကို အကုန်မသောက်ဘဲ တစ်မျိုးတည်းခွဲ၍ မသောက်သုံးရပါ။CD4 T ဆဲလ်နည်းသော သူများသည် တခြားသော ရောဂါပိုးများ မဝင်လာစေရန် ဆေးသောက်သုံးသည်များလည်း ရှိပါသည်။ ထိုဆေးများကို CD4 ပမာဏ တိုးတက်လာသည်အထိ သောက်သုံးသင့်ပါသည်။AIDS ရောဂါသည် HIV ပိုးကြောင့် ဖြစ်ပါသည်။ ထိုရောဂါသည် ကိုယ်ခန္ဓါ၏ ခုခံအားစနစ်ကို လျော့နည်းစေပါသည်။ HIV ရောဂါကို သက်သာစေသော ဆေးများမှာ ကူးစက်မှုများကိုလည်း အထိုက်အလျောက် ကာကွယ်နိုင်ပါသည်။ သို့သော် အမြဲတစေ မမှန်နိုင်ပါ။ ဆရာဝန်နှင့် အသေးစိတ် တိုင်ပင်နိုင်ပါသည်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/aids-%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%9b%e1%80%bd%e1%80%ad%e1%80%b1%e1%80%94%e1%80%9c%e1%80%bd%e1%80%ba%e1%80%84%e1%80%b9-%e1%80%99%e1%80%8a%e1%80%b9%e1%80%9e%e1%80%af%e1%80%ad-3/
Dandruff (ဗောက်ထခြင်း)
ဗောက်ဆိုတာ ကြာရှည် ဦးရေပြားပေါ်မှာ ဖြစ်လေ့ရှိတဲ့ ဦးရေပြားဆဲလ်အသေလေးတွေ အချပ်လိုက်ဖြစ်နေခြင်းကို ခေါ်ပါတယ်။ သည်ဗောက်ဖတ်တွေဟာ သင့်ပခုံးပေါ်တောင် ကျလာနိုင်ပြီး တစ်ခါတစ်ရံ ခြောက်သွေ့ယားယံခြင်းကို ခံစားရနိုင်ပါတယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဗောက်ရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ မြင်လွယ်သိလွယ်ပါတယ်။ အဖြူရောင်ချောကျိကျိ အရေပြားဆဲလ်သေ အချပ်တွေဟာ သင့်ဆံပင်နဲ့ ပခုံးပေါ်မှာ တွေ့ရမှာဖြစ်ပါတယ်။ အပူလှုံခြင်းဟာအရေပြားကို ခြောက်သွေ့စေတဲ့အတွက် မိုးတွင်းနဲ့ ဆောင်းရာသီမှာ ပိုဆိုးလာနိုင်ပါတယ်။ နွေရာသီရောက်ရင် ပြန်ကောင်းလာမှာဖြစ်ပါတယ်။Cradle cap လို့ခေါ်တဲ့ အဆီဂလင်းလေးတေရောင်ပြီး ဖြစ်တဲ့ ဗောက်ရောဂါဟာ ကလေးတွေမှာ အဖြစ်များပါတယ်။ မွေးကင်းစကလေးတွေမှာ အဖြစ်များသော်လည်း အသက်၁နှစ်အောက်ကလေး တွေမှာလည်း ဖြစ်တတ်ပါတယ်။ သို့သော် အန္တရာယ်တော့မရှိနိုင်ပါဘူး။ သူ့အလိုအလျောက် ပျောက်သွားတတ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ဗောက်ရောဂါဟာ အရမ်းဆိုးရွားတဲ့ ပြသနာတော့ မဟုတ်ပါဘူး။ သို့သော် ပုံမှန်ဈေးမှာရောင်းချနေတဲ့ ခေါင်းလျှော်ရည်တွေနဲ့မှ အဆင်မပြေလျှင် (သို့) ဦးရေပြားများ နီလာ ရောင်လာလျှင် သင့်ဆရာဝန် (သို့) ဦးရေပြားကျွမ်းကျင် ပညာရှင် နှင့် ပြသသင့်ပါတယ်။ အဆီဂလင်းမှ အဆီထွက်များသောကြောင့် ဦးရေပြားရောင်ခြင်း (သို့) အခြားသောအခြေအနေတွေကလည်း ဗောက်ရောဂါနဲ့ ဆင်တူတတ်ပါတယ်။ဗောက်ရောဂါဟာ။•အဆီဂလင်းမှ အဆီအထွက်များပြီး လှုံ့ဆော်ခံရသော အရေပြားတွေမှာ ရောင်ရမ်းတဲ့အခါ ဖြစ်နိုင်ပါတယ်။ ဒါဟာ ဗောက်ရောဂါဖြစ်ရခြင်းရဲ့ အဖြစ်အများဆုံး အကြောင်းအရင်းဖြစ်ပြီး အဖြူရောင်၊ အဝါရောင်ဗောက် အချပ်တွေနဲ့ ဦးရေပြားကို နီရဲစေပြီး အဆီတွေထွက်စေပါတယ်။• ခေါင်းမလျှော်တာနဲ့ပဲ ဗောက်ဖြစ်နိုင်ပါတယ်။ အကယ်၍ သင်ဟာ ခေါင်းပုံမှန်မလျှော်ဘူးဆိုလျှင် ဦးရေပြားမှ အဆီဆဲလ်နဲ့ အရေပြားဆဲလ်တွေဟာ ဗောက်တွေကို ဖြစ်စေမှာပါ။• malassezia လို့ခေါ်တဲ့ မှိုတစ်မျိုးဟာ အရွယ်ရောက်ပြီးသူ အများစုရဲ့ ဦးရေပြားမှာ ရှိတတ်ပါတယ်။ အချို့သူတွေမှာ ၎င်းဟာ ဦးရေပြားကို လှုံ့ဆော်ပြီး အရေပြားဆဲလ်တွေကို ကြီးထွားလာအောင်လုပ်ပါတယ်။• ခြောက်သွေ့တဲ့ ဦးရေပြားမှာ ဗောက်ဖြစ်လာရင် ယေဘုယျအားဖြင့် ပိုသေးပြီး အဆီနည်းပါတယ်။ ဦးရေပြားနီမြန်း ရောင်ရမ်းခြင်းလည်း ဖြစ်တာ နည်းပါတယ်။• ဆံပင်အလှပြင် ပစ္စည်းတွေဟာ ဦးရေပြားနဲ့ ဓါတ်မတည့်တာ ဖြစ်နိုင်ပါတယ်။ ဆံပင်အလှပြင်ပစ္စည်း (သို့) ဆံပင်ဆိုးဆေးတွေမှာ ပါတဲ့ အချို့ပစ္စည်းတွေဟာ တစ်ခါတစ်ရံမှာ ဦးရေပြားနီမြန်း ယားယံပြီး ဗောက်တွေဖြစ်လာနိုင်ပါတယ်။ဗောက်ရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။• အသက်အရွယ်- ဗောက်ရောဂါဟာ သက်ကြီးကောင် ဝင်စ အရွယ်တွေမှာ စဖြစ်လေ့ရှိပြီး သက်လတ်ပိုင်းရောက်သည်ထိ ဆက်ဖြစ်နိုင်ပါတယ်။ အသက်ကြီးတဲ့ လူကြီးတွေမှာ မဖြစ်ဖူးလို့တော့ ပြောတာ မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ အချိန်အကြာကြီး ကြာသည်ထိ ဖြစ်နိုင်ပါတယ်။• ကျားဟော်မုန်း- အမျိုးသားတွေမှာ ဗောက်ရောဂါပို ဖြစ်လွယ်ပါတယ်။ ဒါဟာ ကျားဟော်မုန်းကြောင့်လို့ ယူဆနိုင်ပါတယ်။• အဆီထွက်များသော ဆံပင်နှင့် ဦးရေပြား- Malassezia လို့ခေါ်တဲ့ မှိုတစ်မျိုးဟာ သင့်ဦးရေပြားမှ အဆီတွေကို မှီခိုစားသုံးပါတယ်။ ဒါကြောင့် အဆီအထွက်များတဲ့ ဦးရေပြားနဲ့ ဆံပင်ဟာ ဗောက်ရောဂါဖြစ်ဖို့ ပိုလွယ်ပါတယ်။• Parkinson’s diseaseကဲ့သို့ အာရုံကြောနဲ့ပတ်သက်တဲ့ ရောဂါတွေဟာ အဆီထွက်များပြီး ဦးရေပြားရောင်ရမ်းခြင်းနဲ့ ဗောက်ရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ HIV ရောဂါပိုးရှိသူ (သို့) အခြားအခြေအနေတစ်ခုကြောင့် ခုခံအားကျနေသူတွေမှာလည်း ဒီလိုမျိုးဗောက်ရောဂါ ဖြစ်နိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်ဟာ သင့်ရဲ့ဆံပင်နဲ့ ဦးရေပြားကိုကြည့်ပြီး ဗောက်ရောဂါကို အလွယ်တကူ အတည်ပြုနိုင်ပါတယ်။ခေါင်းလျှော်ခြင်းဟာ ဗောက်ပျောက်စေဖို့ရာ အဓိက ကုသမှုပဲ ဖြစ်ပါတယ်။ အခြားသော ဆိုးရွားတဲ့ ဗောက်ရောဂါတွေကိုလည်း ဆရာဝန်ညွှန်ကြားပေးတဲ့ ခေါင်းလျှော်ရည်၊ steriod လိမ်းဆေးတွေ နဲ့ မှိုသတ်creamတွေ အသုံးပြုပြီး ကုသနိုင်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/dandruff-%e1%80%b1%e1%80%97%e1%80%ac%e1%80%80%e1%80%b9%e1%80%91%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ရာသီသွေးဆုံးချိန် အကြောင်း သိမှတ်ဖွယ်ရာများ
အမျိုးသမီးတွေအားလုံး အပျိုဖော်ဝင်ချိန်ကစလို့ ရာသီသွေးဆုံးချိန် ဆိုတာ ကြုံတွေ့ကြရမှာပါ။ တစ်နှစ်တိတိ ရာသီသွေးလာခြင်းမရှိတော့ရင် ရာသီကုန်သွေးကုန်ဆုံးသွားပြီလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်မှာ ဖြစ်ပွားတဲ့အသက်အရွယ်က တူလေ့မရှိပေမယ့် ၄၀ ကျော်နဲ့ ၅၀ ကျော်အရွယ်တွေမှာတော့ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်တွင်း စိတ်ပိုင်းဆိုင်ရာအပြင် ရုပ်ပိုင်းဆိုင်ရာတွေပါ ပြောင်းလဲမှုတွေဖြစ်ပေါ်လာတတ်တဲ့အတွက် အမျိုးသမီးတွေသာမက အမျိုးသားတွေကပါ သိထားသင့်ပါတယ်။ရာသီဆုံးချိန်ဝင်လာပြီဆိုရင်တော့oestrogenနဲ့progesteroneလို့ခေါ်တဲ့ မ ဟော်မုန်းတွေကို သားဥအိမ်က ထုတ်နိုင်စွမ်းကျဆင်းလာပါတယ်။ ဒီဟော်မုန်းတွေ နည်းပါးလာတဲ့အတွက် hot flash လို့ခေါ်တဲ့ ချွေးစေးပြန်ခြင်း၊ ကိုယ်အလေးချိန်တက်လာခြင်းနဲ့ မိန်းမကိုယ်ခြောက်သွေ့ယားယံလာခြင်းတို့ ဖြစ်စေပါတယ်။ မအင်္ဂါကိုလည်း ကျုံ့လာစေတဲ့အတွက် ပိုပြီးခြောက်သွေ့စေတဲ့အပြင် မအင်္ဂါတစ်ဝိုက်တစ်ရှူးတွေလည်း ရောင်ရမ်းလာစေတာကြောင့် လိင်ဆက်ဆံတဲ့အခါ မသက်မသာ ဖြစ်စေနိုင်ပါသေးတယ်။အရိုးပွရောဂါဖြစ်စေနိုင်တဲ့ ရာခိုင်နှုန်းကလည်းသွေးဆုံးချိန်မှာ မြင့်တက်လာပါတယ်၊ ဒီလိုအခက်အခဲတွေရှိတဲ့အတွက် သွေးဆုံးချိန်တွေကို ဆေးဝါးတွေကူပြီး ဖြတ်သန်းရတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါမှာမဟုတ် ဆရာဝန်နဲ့တိုက်ရိုက်ကိုယ့်ရဲ့ ရောဂါအကြောင်းကို ပြောဆိုဆွေးနွေးတာကလည်းကောင်းမွန်တဲ့နည်းလမ်းတစ်ခုပါ။၁ – ဘယ်အသက်အရွယ်မှာ ရာသီသွေးဆုံးမှာပါလဲ ?။တစ်ယောက်နဲ့တစ်ယောက်ကတော့ တူလေ့မရှိကြပါဘူး ဒါပေမယ့် ပျမ်းမျှအသက်အရွယ်ကတော့ ၅၁ နှစ်ဖြစ်ပါတယ်၊ အများစုကတော့ ၄၅ နှစ်ကနေ ၅၅ နှစ်အတွင်း သွေးဆုံးလေ့ရှိတာကတော့ သိကြပြီးဖြစ်မှာပါ။ တချို့ကတော့ ဒီ့ထက်တောင်နောက်ကျမှ သွေးဆုံးတာမျိုးလည်းရှိပါတယ်။သွေးဆုံးချိန်ဟာ မွေးကတည်းကမျိုးဗီဇအရ ဆုံးဖြတ်ပြီးဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ဒါပေမယ့် ဆေးလိပ်သောက်ခြင်းနဲ့ ကင်ဆာဆေးသွင်းခြင်းလို့အရာမျိုးတွေက ရာသီသွေးစာစောဆုံးတာမျိုး ဖြစ်စေနိုင်တာတွေလည်းရှိပါတယ်။၂ – ရာသီသွေးမဆုံးခင်အချိန်နဲ့ ဆုံးပြီးချိန်မှာ ဘာတွေကွာခြားသွားသလဲ ?။ရာသီသွေးမဆုံးခင်အချိန်တွေမှာဆိုရင်တော့ ခန္ဓာကိုယ်က သွေးဆုံးဖို့အတွက် ပြင်ဆင်တဲ့လုပ်ငန်းတွေ စတင်ပါတော့တယ်။ သားဥအိမ်က ဟော်မုန်းဓာတ်တွေထုတ်လွှတ်နှုန်းက သိသိသာသာပဲကျဆင်းလာပါတယ်။ အဲ့ဒီအတွက် သွေးဆုံးချိန်မှာလိုပဲ ချွေးစေးထွက်တာတွေခံစားလာရသလို ရာသီသွေးလာချိန် မမှန်တော့တာတွေလည်း ဖြစ်လာပါတယ်။ ဒါပေမယ့် လုံးဝမလာတော့ဘဲ ရပ်သွားတာမျိုးကတော့ ဖြစ်လာဦးမှာ မဟုတ်သေးပါဘူး။၃ – Estrogen ( အီစထရိုဂျင် ) ဟော်မုန်းကျသွားတဲ့အခါ ဘာတွေဖြစ်လာမလဲ ?။Estrogenဆိုတာကတော့ မိန်းမတစ်ယောက်ဖွံဖြိုးဖို့အတွက် လိုအပ်တဲ့ အဓိကဟော်မုန်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ရာသီသွေးဆုံးချိန်ရောက်လာပြီဆိုရင် estrogen ထုတ်လွှတ်မှုနှုန်းကကျဆင်းလာပါတယ်။ အဲ့ဒီအတွက် ၇၅ရာခိုင်နှုန်းသော မိန်းမတွေဟာ သွေးဆုံးချိန်မှာ အများဆုံးကြုံတွေ့ရတတ်တဲ့ ပြဿနာအဖြစ် hot flash လို့ခေါ်တဲ့ ရုတ်တရက်ကိုယ်ပူချိန်မြင့်တက်လာပြီး ချွေးစေးထွက်ခြင်းကို ရင်ဆိုင်ကြရပါတယ်။ နေ့ရောညမှာ ဖြစ်တတ်တဲ့အပြင် တချို့တွေမှာ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲခြင်းနဲ့ စိတ်ခံစားချက်အလွန်အကြူးအပြောင်းအလဲဖြစ်ခြင်းတို့ကိုပါ ခံစားကြရပါတယ်။၄ – Hot flash ရနေတယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ၊ ဘယ်လိုဖြတ်ကျော်ရမလဲ ?။Hot flashရှိန်းတိန်းဖိန်းတိန်းဖြစ်တဲ့အချိန်မှာဆိုရင် ခန္ဓာကိုယ်ဟာပုံမှန်ထက်ပိုပြီး ပူလာတာကိုခံစားရမှာပါ။ ဒီလို အပူချိန်ရုတ်တရက်တက်လာတဲ့အတွက် ချွေးစေးတွေထွက်လာတာတွေ နှလုံးခုန်မြန်လာတာတွေ ခေါင်းမူးလာတာတွေကို ခံစားရနိုင်ခြေရှိပါတယ်။ Hot flash ရပ်သွားတာနဲ့အေးလာတာကိုခံစားရမှာပါ။တစ်နေ့ကို ၁ကြိမ် ဒါမှမဟုတ် ကြိမ်ဖန်များစွာခံစားရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ တချို့ကနှစ်နဲ့ချီပြီး မပျောက်တာမျိုးတွေတောင်ရှိပါတယ်။ Hot flash ကို ပိုဆိုးစေတဲ့  အရာတွေကတော့။– အယ်လ်ကိုဟော ဒါမှမဟုတ် ကဖင်းဓာတ်ပါတဲ့အရည်တွေ။–ပူစပ်တဲ့အစားစာတွေ။– စိတ်ဖိစီးမှုများတာ။– ပူလွန်းတဲ့နေရာမှာ နေနေတာမျိုးတွေပဲ ဖြစ်ပါတယ်။ ဒါတွေကို ရှောင်ကြဉ်ခြင်းကလည်း hot flash ဖြစ်ခြင်းကို လျော့နည်းစေမှာပါ။ကိုယ်အလေးချိန်များခြင်းနဲ့ဆေးလိပ်သောက်ခြင်းကလည်း ပိုဆိုးစေနိုင်ပါတယ်။နောက်ထပ် hot flash ကိုသက်သာစေနိုင်တဲ့နည်းလမ်းတွေကတော့။– လေဝင်လေထွက်ကောင်းတဲ့ အဝတ်တွေဝတ်ဆင်ခြင်း၊ ပန်ကာ လေအေးပေးစက်များ တပ်ဆင်ခြင်း။– hot flash ရနေစဉ် အသက်ရှူလေ့ကျင့်ခန်းများပြုလုပ်ပေးခြင်းတို့ကလည်း သက်သာစေမှာပါ။– အခြားဆေးဝါးတွေဖြစ်တဲ့ တားဆေးနဲ့ အလားတူဆေးတွေ၊ ဟော်မုန်းဆေးဝါးတွေကလည်း သက်သာဖို့အထောက်အကူပြုမှာပါ။ ဒါပေမယ့် ဒီလိုဆေးဝါးတွေက ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ သောက်ဖို့ သင့်ပါတယ်။၅ – သွေးဆုံးခြင်းကအရိုးကျန်းမာရေးအပေါ်မှာရော ဘယ်လိုထိရောက်မှုရှိပါသလဲ ?။သွေးဆုံးပြီးနောက် oestrogen ထုတ်လှုပ်မှုကျဆင်းလာတဲ့အခါမှာ အရိုးတွင်း ကယ်လ်ဆီယမ်ပမာဏကိုလည်း ကျဆင်းလာစေပါတဲ့အတွက် အရိုးရဲ့သိပ်သည်းဆကလည်း သိသိသာသာပဲ လျော့ကျလာမှာပါ။ အဲ့ဒီအတွက် အရိုးပွရောဂါကိုဖြစ်ပွားဖို့ ရာခိုင်နူန်းတိုးတက်စေပါတယ်။ တင်ပါးဆုံရိုး၊ ခါးရိုး နဲ့အခြားသောအရိုးနေရာ အရိုးကျိုးဖို့ရာခိုင်နုန်းကလည်းပုံမှန်ထက်ပိုမြင့်တက်နေမှာပါ။အရိုးပွရောဂါကိုကာကွယ်ရင်း အရိုးကျန်းမာရေးကောင်းဖို့အတွက်။– ကယ်လဆီယမ် ကြွယ်ဝတဲ့အစားအသောက်တွေ၊ နို့ထွက်ပစ္စည်းနဲ့ အစိမ်းရင့်ရောင်အရွက်တွေကို စားသုံးပေးသင့်ပါတယ်။– လိုအပ်ရင် ဗီတာမင် D အားဆေးတွေ သောက်သုံးပေးပါ။– လေ့ကျင့်ခန်းပုံမှန်လုပ်ပါ ကိုယ်အလေးချိန်ကိုထိန်းပါ။-အရက်လျှော့သောက်ပါ။-ဆေးလိပ်ဖြတ်ပါ။၆ – ရာသီသွေးဆုံးချိန်နဲ့နှလုံးရောဂါဆက်စပ်မှုရှိပါသလား။သွေးဆုံးချိန်မှာ နှလုံးနဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်လာဖို့အတွက် အခွင့်အလမ်းတွေပိုများပါတယ်။ ဥပမာ နှလုံးတုန်တာ၊ မူးဝေတာမျိုးတွေပေါ့။ Estrogen level ကျသွားတဲ့အတွက် သွေးလွှတ်ကြောတွေရဲ့လုပ်ငန်းဆောင်တာတချို့ကို ထိခိုက်စေပါတယ်။ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊ အစားအစာမျှတစွာစားသုံးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း နဲ့ ဆေးလိပ်ရှောင်ကြဉ်ခြင်းတို့ကလည်း နှလုံးရောဂါဖြစ်လာနိုင်တာကိုလျှော့ချပေးပါတယ်။၇ – ရာသီသွေးဆုံးချိန် မှာ ကိုယ်အလေးချိန်တွေရော တက်လာမှာလား ?။သွေးဆုံးချိန်မှာ ကိုယ်တွင်းဟော်မုန်းတွေအပြောင်းအလဲရှိတာက ကိုယ်အလေးချိန်တက်လာစေတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် အသက်ကြီးလာတာကလည်း ကိုယ်အလေးချိန်တက်စေနိုင်တယ်ဆိုတာကို သတိပြုရပါမယ်။အဓိကအားဖြင့်တော့ balance diet လို့ခေါ်တဲ့ အစာကို မျှတစွာစားခြင်း၊ လေ့ကျင့်ခန်းပုံမှန် ပြုလုပ်ခြင်း၊ အခြားကျန်းမာရေးနဲ့ပတ်သက်တဲ့ အလေ့ကျင့်ကောင်းများ မွေးမြူခြင်းတို့ကလည်း ကိုယ်အလေးချိန်ထိန်းသိမ်းရာမှာ အထောက်အကူပြုပါလိမ့်မယ်။ ကိုယ်အလေးချိန် တက်လာပြီဆိုရင်တော့ နှလုံးရောဂါနဲ့ဆီးချိုရောဂါအပါအဝင် အခြားရောဂါတွေကိုဖြစ်ပွားစေဖို့ အခွင့်အရေးတွေတိုးလာစေပါတယ်။၈ – သွေးဆုံးချိန်မှာ ကိုယ့်အမေ၊ အစ်မနဲ့ ပတ်ဝန်းကျင်ကမိတ်ဆွေတွေမှာဖြစ်တဲ့ လက္ခဏာတွေအတိုင်းပဲ ကြုံတွေရမှာလား ?။မိသားစုဝင်တွေထဲမှာတောင် တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ သားဥအိမ်ရဲ့လုပ်နိုင်စွမ်းကျဆင်းမှုက တစ်ယောက်နဲ့ တစ်ယောက် အများကြီးကွာခြားနိုင်ပါတယ်။ အဲ့ဒီအတွက် ကိုယ့်အတွက်အကောင်းဆုံးဖြစ်မယ့် နည်းလမ်းနဲ့ ကိုယ်ဖြေရှင်းရပါမယ်၊ အမေအတွက် မိတ်ဆွေအတွက် တချို့နည်းလမ်းက ကောင်းပေမယ့် ကိုယ့်အတွက်တော့ အသုံးဝင်ချင်မှဝင်မှာပါ။၉ – သားအိမ်ထုတ်ထားတဲ့သူတွေမှာ သွေးဆုံးချိန်ရောက်ပြီဆိုတာ ဘယ်လိုသိနိုင်မလဲ ?။တကယ်လို့သားအိမ်ကို ခွဲစိတ်ပြီး ထုတ်ထားရတယ်ဆိုရင်တော့ hot flashes မရမခြင်း သွေးဆုံးချိန်ရောက်ပြီဆိုတာ သိရမှာမဟုတ်ပါဘူး။ သားအိမ်ရဲ့ နံရံတချို့ကို ခွဲထုတ်ထားရတဲ့သူတွေမှာလည်း ဒါမျိုးကြုံတွေရနိုင်ပါတယ်။အကယ်၍များ လက္ခဏာတွေမပြသလို ကိုယ်တိုင်လည်းမသေချာတော့ရင် သားဥအိမ်အလုပ်လုပ်နေသေးသလားဆိုတာကို သွေးစစ်ကြည့်လို့ရနိုင်ပါတယ်။ တစ်ခါထဲ estrogen ပမာဏကိုပါတိုင်းတာပြီး အရိုးပွရောဂါဖြစ်ဖို့ ရာခိုင်နှုန်းဘယ်လောက်ရှိနေသလဲဆိုတာပါ အကြမ်းဖျင်းတွက်ကြည့်လို့ရပါသေးတယ်။၁၀ – ဟော်မုန်းအစားထိုးကုသခြင်းက သွေးဆုံးခြင်းလက္ခဏာတွေကို သက်သာအောင်ပြုလုပ်ရာမှာ စိတ်ချရတဲ့နည်းလမ်းတစ်ခုဖြစ်ပါသလား ?။FDA ကအသိအမှတ်ပြုထားတဲ့ ဟော်မုန်းအစားထိုးကုထုံးတွေဟာဆိုရင် hot flashes နဲ့ အရိုးတွေပြုန်းတီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေနဲ့ hot flashes ဘယ်လောက်ပြင်းသလဲ၊ အရိုးတွေဘယ်လောက်ထိတိုက်စားခံထားရသလဲ အပေါ်မူတည်ပြီးတော့ အကျိုးအပြစ်တွေကတော့ တစ်ယောက်နဲ့တစ်ယောက်တူညီမှာမဟုတ်ပါဘူး။ဒီဟော်မုန်းကုထုံးတွေက လူတိုင်းနဲ့ကိုက်ညီမှာ မဟုတ်တဲ့အတွက် အသုံးမပြုမီမှာ ဆရာဝန်နဲ့အတူ အရင်ဆွေးနွေးသင့်ပါတယ်။၁၁ –ဟော်မုန်းကုထုံးမဟုတ်တဲ့ နည်းလမ်းတွေနဲ့ရော သွေးဆုံးခြင်းလက္ခဏာတွေကို သက်သာအောင်ပြုလုပ်လို့ရနိုင်ပါသလား ?။ဟော်မုန်းကုထုံးတွေက လူတိုင်းနဲ့မတည့်ပါဘူး။ ဟော်မုန်းကုထုံးအသုံးမပြုဘဲ သွေဆုံးချိန်လက္ခဏာတွေ သက်သာအောင်လည်း ပြုလုပ်လို့ရနိုင်ပါတယ်။ နေထိုင်မှုပုံစံတချို့ကို ပြောင်းလဲပစ်ခြင်းဟာလည်း ကောင်းမွန်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ဘယ်လိုပြောင်းလဲသင့်သလဲဆိုတော့ ..။– ကိုယ်အလေးချိန်ထိန်းညှိခြင်း။– ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း။– နေထိုင်ရာ အခန်းတွင်း အပူချိန်ကိုလျော့နည်းအောင် ပြုလုပ်ခြင်း။– လက္ခဏာတွေကိုပိုဆိုးလာအောင် လှုံဆော်မယ့် အစားအစာတွေကိုရှောင်ကြဉ်ခြင်း။– လေဝင်လေထွက်ကောင်းတဲ့ အဝတ်အထည်များဝတ်ဆင်ခြင်း တို့ပဲဖြစ်ပါတယ်။အခြားသောနည်းလမ်းတွေဖြစ်တဲ့ herbal medicine များအသုံးပြုခြင်း၊ မိမိစိတ်ပျော်ရွှင်ရာနည်းလမ်းများ (သီချင်းနားထောင်ခြင်း တရားထိုင်ခြင်း စသည်)၊ အပ်စိုက်ကုသခြင်း၊ စိတ်ကျခြင်းကိုကာကွယ်ပေးသော ဆေးဝါးအနည်းငယ်မှီဝဲခြင်းနှင့် အခြားသော သင့်လျော်တဲ့ ဆေးဝါးများသုံးစွဲပေးခြင်းတို့ကလည်း သက်သာစေနိုင်ပါတယ်။ရေးသားသူ မောင်မျိုးအောင် ( ဆေး-၁ )။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menopause/what-you-need-to-know-about-menopause/
ဘိုးဘိုးဘွားဘွားနဲ့ မြေးလေးတို့ကြား နွေးထွေးတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့
ဘိုးဘိုးဘွားဘွားတို့နဲ့ မြေးလေးတို့ဟာ ကြားမှာ မျိုးဆက်တစ်ခုခြားပါတယ်။ မျိုးဆက်အပေါ်အောက်ဖြစ်တဲ့ မိဘနဲ့ သားသမီးကြားမှာတောင် နားလည်မှုလွဲတာ၊ သူ့ခေတ်နဲ့ ကိုယ့်ခေတ် အယူအဆ မတူတာတွေ ရှိသေးတာ၊ မြေးအဘိုးတွေကြားထဲမှာရော မရှိနိုင်ဘူးလား။ဒါပေမယ့် သားအချစ်၊ မြေးအနှစ်လေ။ ဒီအခက်အခဲတွေကို ဘိုးဘိုးဘွားဘွားတို့ရဲ့ မေတ္တာ၊ မြေးလေးတွေရဲ့ အချစ်နဲ့ ကျော်လွှားနိုင်ပါတယ်။ တချို့ဘိုးဘိုးဘွားဘွားတွေက မြေးအပေါ် စည်းကမ်းတင်းကြပ်သလောက် တချို့ကလည်း အလိုလိုက်ကြပါတယ်။ ဒီလိုပါပဲ။ မြေးလေးတွေမှာလည်း လိမ္မာတဲ့ မြေးလေး ရှိသလို၊ ပြောရခက်တဲ့ ကလေးတွေလည်း ရှိနေတာပါပဲ။ဒီတော့ ဘိုးဘိုးဘွားဘွားနဲ့ မြေးလေးတို့ကြားမှာနွေးထွေးပြီး ပျော်ရွင်စရာကောင်းတဲ့ ဆက်ဆံရေးတစ်ခုဖြစ်အောင် ဘယ်လိုတည်ဆောက်ကြမလဲ။ နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။စာအုပ်ထဲက ပုံပြင်လေးတွေ အပြင် ဘိုးဘိုးဘွားဘွားတို့ ငယ်ငယ်က အကြောင်းတွေ၊ ဖေဖေမေမေတို့ ငယ်ငယ်က အကြောင်းတွေ ပြောပြပေးပါ။ မြေးလေးက သူသိတဲ့ သူတွေရဲ့ အကြောင်းတွေဆိုတော့ ပိုပြီး စိတ်ဝင်စားပါတယ်။မြေးလေးတွေနဲ့ အတူတူနေတာ ဖြစ်နိုင်သလို၊ အိမ်ခွဲနေတာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကလေးတွေနဲ့ အဆက်အသွယ်မပြတ်အောင် ဗိုက်ဘာ၊ မက်ဆင်ဂျာ၊ ဖုန်းဆက်၊ စာပို့တာတွေ လုပ်တတ်အောင် သင်ထားပါ။မျိုးဆက်တစ်ခုတည်းက ဆင်းသက်လာတဲ့သူတွေပဲမို့လို့ စိတ်ဝင်စားတာတွေလည်း တူနိုင်ပါတယ်။ တချို့ကလေးတွေဆို မိဘတွေထက်စာရင် အဘိုးအဘွားတွေနဲ့ ပိုပြီးတောင် တူကြပါသေးတယ်။ ဒါကြောင့် နှစ်ယောက်လုံး စိတ်ဝင်စားနိုင်မယ့် အရာတစ်ခုခုကို ရှာပါ။ ပန်းပင်လေးတွေ စိုက်တာဖြစ်မယ်၊ပုံဆွဲတာလေးတွေ ဖြစ်မယ် စသဖြင့်ပေါ့။မျိုးဆက်တစ်ခုခြားပေမယ့် ကလေးတွေကိုလည်း လေးစားပြရပါမယ်။ သူတို့ရှေ့မှာအမူအကျင့်ကောင်းလေးတွေလုပ်ပြတတ်ရပါမယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့လေးတွေက ကိုယ့်ကို ကြည့်ပြီး သင်ယူနေတာမို့လို့ပါ။ ဒါဟာ သူတို့ကို တစ်ချိန်မှာ လူကြီးလူကောင်းလေးတွေ ဖြစ်ဖို့ တစ်ဖက်တစ်လမ်းကနေ သင်ပေးနေတာပါပဲ။ဘိုးဘိုးဘွားဘွားနဲ့ မြေးလေးတို့က ချစ်ရမယ်၊ ရိုသေရမယ်ဆိုပေမယ့် ကြောက်နေတာမျိုးကိုတော့ မဖြစ်စေချင်ပါဘူး။ သူတို့ကြားမှာ တံတိုင်းတစ်ခုမခြားစေချင်ပါဘူး။ ဒါကြောင့် သူငယ်ချင်းလိုပေါင်းပါ။ သူငယ်ချင်းလိုပေါင်းပေမယ့် မြေးလေးတွေက အရိုအသေတန်တာမျိုးလည်း မဖြစ်ရပါဘူး။ ဒီအစွန်းနှစ်ခုကြားထဲမှာ မျှတအောင် နေသင့်ပါတယ်။ သူငယ်ချင်းလိုပေါင်းမှလည်း ကလေးတွေက သူတို့ခံစားနေရတာကို ပွင့်ပွင့်လင်းလင်း ပြောနိုင်မှာပါ။မိသားစုတွေထဲမှာ သူတို့လေးတွေ မမြင်ဖူးတဲ့သူတွေ ရှိမယ်။ အဝေးမှာနေတဲ့ သူတွေ ရှိမယ်။ သူတို့တွေအကြောင်းကို ပြောပြပါ။ သူတို့တွေဟာလည်း မိသားစုဝင်တွေထဲက တစ်ယောက်ဆိုတာကို ပြောပြပေးပါ။ဘိုးဘိုးဘွားဘွားတွေက မြေးလေးတွေကို အလိုလိုက်တတ်ကြတာ သဘာဝပါ။ ကလေးတွေက တစ်ခုခုလုပ်ချင်တယ်၊ လိုချင်တယ်ဆို မိဘတွေ မသိအောင်တောင် လုပ်ပေးချင်ကြပါတယ်။ ဒါပေမယ့် ကလေးတွေကို သိပ်အလိုမလိုက်ပါနဲ့။ ဥပမာ မုန့်ဖိုးတွေအများကြီး ပေးတာမျိုး၊ သူလိုချင်တယ်ဆိုတာနဲ့ ချက်ချင်း အလိုလိုက်ပြီး လုပ်ပေးတာမျိုးပေါ့။ ဒါက ကလေးကို စည်းကမ်းတကျနဲ့ ထိန်းသိမ်းချင်တဲ့ မိဘနဲ့တွေ့ရင် နားလည်မှုလွဲတာ စိတ်ခုစရာ လေးတွေ ဖြစ်သွားနိုင်ပါတယ်။သားကမွေးတာ ဖြစ်ဖြစ်၊ သမီးက မွေးတာဖြစ်ဖြစ်၊ မြေးကြီးဖြစ်ဖြစ်၊ မြေးငယ်ဖြစ်ဖြစ် အတူတူပါပဲ။ ဒါကြောင့် မြေးလေးတွေကို ခွဲခြားဆက်ဆံတာမျိုး မလုပ်ပါနဲ့။ မိဘနဲ့ အဆင်မပြေဘူးဆိုရင်တောင်မှ မြေးလေးတွေကို ချစ်ပေးပါ။အချစ်ခံရတဲ့ ကလေးတွေက စိတ်ဒဏ်ရာမရဘဲ ပိုပြီးကောင်းကောင်းကြီးပြင်းလာနိုင်လို့ပါ။သူတို့ခေတ်မှာ ဆော့လို့ရတာအပြင် ဘိုးဘိုးဘွားဘွားတို့ခေတ်က ဆော့ခဲ့ကြတဲ့ ကစားနည်းတွေကိုလည်း သင်ပေးပါ။ တူတူဆော့ပေးပါ။ ဒီလို တူတူဆော့ပေးတာက နှစ်ဦးကြားက သံယောဇဉ်ကို တိုးစေသလို ကလေးတွေရဲ့ screen time ကိုလည်း လျှော့ချပေးနိုင်ပါတယ်။အဓိကကဘိုးဘိုးဘွားဘွားတွေရဲ့ ကျန်းမာရေးပါ။ မြေးတွေကို ထိန်းရင်းနဲ့ မတော်တဆ ထိခိုက်တာမဖြစ်စေဖို့ သတိထားပါ။ ဆေးသောက်ဖို့၊ အစာစားဖို့ မမေ့သွားအောင် ဂရုစိုက်ပါ။ ဘိုးဘိုးဘွားဘွားတို့ ကျန်းမာမှ မြေးတွေနဲ့ အကြာကြီး တူတူနေနိုင်မှာပါ။မြေးလေးရဲ့ အကျင့်တွေ၊ သူစားတတ်တာလေးတွေ၊ သူ့မိဘက စည်းကမ်းလုပ်ထားတာတွေကို မေးမြန်းထားပါ။ ကိုယ့်ဆီရောက်မှ ကလေးတွေ အကျင့်ပျက်သွားတယ်ဆိုရင် မိဘနဲ့ စိတ်ကွက်ရပါလိမ့်မယ်။ဒါကြောင့် ဒီနည်းလမ်းလေးတွေသုံးပြီး ဘိုးဘိုးဘွားဘွားနဲ့ မြေးလေးတို့ကြားမှာ နွေးထွေးတဲ့ဆက်ဆံရေး တည်ဆောက်ကြပါလို့။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/building-a-warm-relationship-between-grandparents-and-grandkids/
သားအိမ် တစ်ရှူးနေရာမှားခြင်း
ရာသီလာတိုင်း သူများနဲ့မတူအောင် နာကျင်နေပြီလား။ ဒါမှမဟုတ် ရာသီလာတိုင်းမှာ ချုပ်ရိုးကြောင်းကသွေးထွက်တာ၊ ဝမ်းထဲမှာသွေးပါတာ စတာတွေနဲ့ တွဲဖြစ်နေပြီလား။ ဒီလိုထူးထူးဆန်းဆန်း ဝေဒနာတွေခံစားနေရပြီဆိုရင်သားအိမ် တစ်ရှူးနေရာမှားနေတာလားဆိုတာကို စဥ်းစားရမှာပါ။ ဒါက ရှားပါးတဲ့ရောဂါဖြစ်ပေမယ့် နောက်ပိုင်းကျရင်မျိုးမအောင်တဲ့ ပြဿနာတွေပေါ်လာနိုင်တာမို့လို့ သတိထားတာမမှားပါဘူး။ ဒါကို မပြောခင် ရာသီလာတဲ့အကြောင်းကို အရင်ရှင်းပြပေးပါ့မယ်။ အမျိုးသမီးတွေရဲ့ သားအိမ်နံရံမှာရှိတဲ့ ဆဲလ်တွေကအီစထရိုဂျင်၊ပရိုဂျက်စတုန်းဟော်မုန်းတွေကို တုံ့ပြန်ပါတယ်။ ဟော်မုန်းထွက်လာရင် သားအိမ်နံရံသားလေးထူလာမယ်။ ဟော်မုန်းမရှိတော့ရင် သားအိမ်နံရံလေးကွာကျမယ်။ ဒါကို ရာသီလာတယ်လို့ပြောတာပါ။ ဒီရောဂါမှာ သားအိမ်တစ်ရှူးက ဘယ်နေရာပဲရောက်နေနေ ဟော်မုန်းကို တုံ့ပြန်လို့ ဒီလိုဖြစ်လာရတာပါ။အကြောင်းရင်းကို တိတိကျကျမပြောနိုင်ပေမယ့် ဒါနဲ့ပတ်သတ်ပြီး သီအိုရီတွေ အများကြီးရှိပါတယ်။ ရာသီသွေးက အပြင်ကိုမထွက်ဘဲ နောက်ပြန်ဝင်သွားတာကြောင့်ဖြစ်တာ၊ ဝမ်းဗိုက်အတွင်းသားမှာရှိတဲ့ ဆဲလ်တွေကို ဟော်မုန်းတွေကလှုံ့ဆော်တာ၊ သန္ဓေသားဘဝမှာ ဆဲလ်တွေကို ဟော်မုန်းတွေက သားအိမ်ဆဲလ်တွေဖြစ်အောင်လှုံ့ဆော်တာကြောင့် ကြီးလာလို့သူ့နေရာသူပြန်သွားတဲ့အခါ သားအိမ်ဆဲလ်အဖြစ်ပဲနေရာမှားရောက်သွားတာ၊ သားအိမ်ခွဲစိတ်ထားတဲ့ အမာရွတ်နေရာမှာ သားအိမ်ဆဲလ်တွေ လာတွယ်တာ၊ သွေးတွေ ပြန်ရည်ကြောတွေကနေတစ်ဆင့် သားအိမ်ဆဲလ်တွေ တခြားနေရာကို ရောက်သွားတာ၊ ခုခံအားစနစ်က တခြားနေရာမှားရောက်နေတဲ့ သားအိမ်ဆဲလ်တွေကို မဖျက်ဆီးနိုင်တာစသဖြင့် သီအိုရီတွေ အများကြီးရှိပေမယ့် ဘယ်သီအိုရီကမှ အတိအကျ သက်သေမပြနိုင်ပါဘူး။Adenomyosis- သားအိမ် တစ်ရှူးတွေက သားအိမ်ကြွက်သားထဲရောက်နေတာပါ။ ဒီတစ်ရှူးတွေက ဟော်မုန်းကို ပုံမှန်တုံ့ပြန်နေတာကြောင့် ရာသီချိန်တိုင်းမှ သွေးဆင်းများတာ၊ ကိုက်ခဲတာ ပိုဆိုးတာပါ။ တချို့ကဒါကို သားအိမ်ထဲ သွေးလုံးတည်တယ်လို့လဲ ခေါ်ကြပါတယ်။Endometriosis– သားအိမ် တစ်ရှူးတွေက သားအိမ်ကလွဲပြီး တခြားနေရာရောက်သွားတာကို ပြောချင်တာပါ။ အတွေ့ရအများဆုံးနေရာတွေကတော့သားဥအိမ်(သားဥအိမ်သွေးအိတ်တည်တယ်လို့ ပြောကြပါတယ်။)၊ သားဥပြွန်၊ သားအိမ်အရွတ်၊ သားအိမ်မျက်နှာစာ၊ သားအိမ်နဲ့ ဝမ်းအိမ် ဒါမှမဟုတ် ဆီးအိမ်ကြားနေရာတွေမှာ တွေ့ရပါတယ်။ ဒါ့ပြင်ရှားရှားပါးပါး အူ၊ မစင်အိမ်၊ ဆီးအိမ်၊ မိန်းမကိုယ်၊ သားအိမ်ခေါင်း၊ ဗိုက်ခွဲထားတဲ့ အနာရွတ်စတဲ့နေရာတွေမှာလည်း တွေ့ရတတ်ပါသေးတယ်။ သားအိမ်တစ်ရှူးရဲ့ သစ္စာရှိပုံကတော့ ဘယ်နေရာပဲရောက်နေနေ ဟော်မုန်းကိုတုံ့ပြန်နေတာကြောင့် သူလည်း ဆဲလ်တွေပွားမယ်၊ ကွာကျမယ်စသဖြင့် လိုက်ဖြစ်နေတာပါ။ ဒါကြောင့်လည်း အောက်ကလက္ခဏာတွေကို ခံစားနေရမှာပါ။သူ့ရဲ့အဓိကလက္ခဏာကတော့ရာသီလာချိန်မှာ အပြင်းအထန်ကိုက်ခဲတာပါပဲ။ အမျိုးသမီးတော်တော်များများက ရာသီလာချိန်မှာ ကိုက်ခဲတတ်ပေမယ့် သူကတော့ ပိုဆိုးပါတယ်။ နာတာကလည်း ကြာလေနာလေပါပဲ။ တခြားလက္ခဏာတွေကတော့။ဒီနေရာမှာ တစ်ခုပြောချင်တာက ပိုနာလေ ရောဂါပိုဆိုးလေမဟုတ်ပါဘူး။ ရောဂါသိပ်မဆိုးပေမယ့် ပြင်းပြင်းထန်ထန် နာတာမျိုးရှိသလို၊ ရောဂါပြင်းပေမယ့် သိပ်မနာတာမျိုးလည်း ရှိပါတယ်။အလွယ်ပြောရရင် အီစထရိုဂျင်နဲ့ အကြာကြီးထိတွေ့မှုရှိရင် ဒီရောဂါပိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီရောဂါရှိတဲ့သူတွေက ကိုယ်ဝန်ဆောင်လိုက်ရင်ပဲဖြစ်ဖြစ် သွေးဆုံးသွားရင်ပဲဖြစ်ဖြစ်(ဟော်မုန်းကုသမှုမခံယူရင်) သက်သာသွားကြပါတယ်။ဒီရောဂါရဲ့ အဓိကပြဿနာက ကလေးမရတာပါ။ ရောဂါရှိသူရဲ့ ၃ပုံ၁ပုံကနေ တစ်ဝက်လောက်က ကလေးရဖို့ ခက်ခဲတတ်ကြပါတယ်။ ကိုယ်ဝန်ရဖို့အတွက်ဆိုရင် မျိုးဥလေးက သားဥအိမ်ကနေထွက် သားဥပြွန်ကိုဖြတ်ရမှာပါ။ ဒီနေရာတွေမှာ သားအိမ်တစ်ရှူးတွေနဲ့ ပိတ်နေရင် ကလေးရဖို့မလွယ်ပါဘူး။ကံကောင်းတာက ရောဂါသိပ်မဆိုးတဲ့သူတွေမှာ ကိုယ်ဝန်ဆောင်နိုင်ပြီး ပုံမှန်အတိုင်းကလေးမွေးနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေက ဒီရောဂါရှိတဲ့သူတွေကို ကလေးမြန်မြန်ယူခိုင်းတာပါ။ အကြောင်းက ကြာလာလေလေကိုယ်ဝန်ရဖို့ ခက်လေမို့ပါ။ ပြီးတော့ သိပ်မဆိုးတဲ့သူတွေမှာဆိုရင် ကိုယ်ဝန်ဆောင်လိုက်တာနဲ့ ပျောက်သွားတာမျိုးလည်းရှိပါတယ်။ တစ်နှစ်လောက် အီစထရိုဂျင်မထိတွေ့ရင် တချို့သောသားအိမ်တစ်ရှူးတွေက ကျုံ့သွားလို့ပါ။ဒီရောဂါရှိတဲ့သူတွေကသားဥအိမ်ကင်ဆာဖြစ်နိုင်ချေရှိပါတယ်။ ဒါ့ပြင် ရှားရှားပါးပါး endometriosis-associated adenocarcinoma ဆိုတဲ့ ကင်ဆာတစ်မျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ကုသနည်း။နာကျင်မှုပြင်းထန်လွန်းတဲ့အတွက် အနာသက်သာအောင် ဆေးပေးတာ၊ ဟော်မုန်းကုသမှုခံယူတာ၊ လိုအပ်ရင် ခွဲစိတ်တာတွေ လုပ်ရတတ်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းအရင်းကို အတိအ်ကျမသိတဲ့အတွက် ကာကွယ်လို့မရပါဘူး။ ရောဂါလက္ခဏာတွေကို သိထားပြီး သံသယရှိရင် စောစောစီးစီးစစ်ဆေးပြီး ကုသမှုခံယူပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%ad%e1%80%99%e1%80%ba-%e1%80%90%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%b0%e1%80%b8%e1%80%94%e1%80%b1%e1%80%9b%e1%80%ac%e1%80%99%e1%80%be%e1%80%ac%e1%80%b8/
သင့်သွားပေါ်က ဆေးလိပ်ချိုးတွေကို ဘယ်လိုဖယ်ရှားမလဲ
သင့်သွားကို ဖြူဖွေးတဲ့ အသွင်ပုံစံပျောက်စေပြီး အရောင်စွန်းထင်းစေတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ အဲဒီအကြောင်းအရာတွေထဲမှာ ဆေးလိပ်ချိုးတွေလည်း အဓိက ပါဝင်ပါတယ်။ အဓိကကတော့ နီကိုတင်းဓာတ်ကြောင့် ဖြစ်ပါတယ်။ဆေးလိပ်သောက်တာကြာလာတာနဲ့အမျှ နီကိုတင်းဓာတ်များ သင့်သွားရဲ့ အပေါ်ယံကြွေလွှာပေါ်မှာ စုပုံလာပြီး အဖြူရောင်ကနေ ညစ်နွမ်းလာရပါတယ်။တော်သေးတာကတော့ သင့်သွားပေါ်ကနီကိုတင်းတွေကို ဖယ်ရှားမယ့် နည်းလမ်းတွေဟာ ကျွမ်းကျင်သူတွေ လုပ်ဆောင်ပေးမှ ရနိုင်တဲ့နည်းလမ်းတွေရှိသလို မိမိဖာသာအိမ်တွင်းကုထုံးတွေနဲ့လည်း ဆောင်ရွက်လို့ ရနိုင်တယ်ဆိုတာပါပဲ။ သင့်သွားတွေ တဖန်ပြန်ပြီး ဖြူဝင်းလာနိုင်ပါသေးတယ်။ဟုတ်ပါတယ်။ဆေးလိပ်သောက်ခြင်းဒါမှမဟုတ် ဆေးရွက်ကြီးနဲ့ ဆက်စပ်တဲ့ ပစ္စည်းတစ်မျိုးမျိုးကို သုံးစွဲခြင်းဟာ သင့်သွားတွေရဲ့အပေါ်ယံလွှာတွေကို အစွန်းအထင်းတွေ ဖြစ်လာစေပါတယ်။ သင့်အနေနဲ့ နီကိုတင်းပါတဲ့ ဆေးလိပ်၊ ဆေးရွက်ကြီးထုတ် ပစ္စည်းတစ်ခုခုကို သုံးစွဲပြီဆိုတာနဲ့ သိပ်မကြာခင်မှာ သင့်သွားတွေ အဝါရောင်သမ်းလာပါလိမ့်မယ်။ ကြာရှည်သုံးစွဲမိသွားရင်တော့ သွားအရောင်တွေ ပိုမိုညစ်နွမ်းပြီး အညိုရောင်ပြောင်းလာပါလိမ့်မယ်။နီကိုတင်းတွေ စွန်းထင်းလာရုံက သိပ်ပြီးပြဿနာ မဟုတ်သေးပါဘူး။ နီကိုတင်းနဲ့ မကြာခဏထိတွေ့ဖန်များရင် သွားဖုံးတွေကိုပါ ထိခိုက်မှု ရှိလာနိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့အခါ ကိုယ်ခံအားဟာ ရှိသင့်တဲ့ အခြေအနေထက် ပိုမိုကျဆင်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အမေရိကန် ရောဂါထိန်းချုပ် ကာကွယ်ရေးအဖွဲ့ကြီးရဲ့ အဆိုအရ အဲဒီအခြေအနေမျိုးမှာ သွားဖုံးပိုးဝင်ခြင်းတွေ ဖြစ်လာတတ်ပါတယ်။ဆေးလိပ်မသောက်သူတွေနဲ့ နှိုင်းယှဉ်ရင် ဆေးလိပ်သောက်သူတွေဟာသွားဖုံးရောဂါဖြစ်လာနိုင်ခြေ နှစ်ဆရှိတယ်လို့ ဆိုပါတယ်။ သွားဖုံးရောဂါဖြစ်ပွားနေချိန်မှာ ဆေးလိပ်ကို မဖြတ်ရင် ကုသရခက်ခဲသွားတတ်ပါတယ်။သင့်သွားပေါ်က နီကိုတင်းအစွန်းအထင်းတွေကို ဖယ်ရှားဖို့ အောက်ပါအခြေအနေတွေပေါ် မူတည်နေပါတယ်။– အစွန်းအထင်းရဲ့ ပမာဏ။– ဘယ်လောက်သုံးစွဲချင်သလဲ။– သွားကုသမှုအတွက် အချိန်ဘယ်လောက်ပေးလေ့ရှိသလဲ။အစွန်းအထင်းပမာဏ ဆိုးရွားနေရင်တော့ ကျွမ်းကျင်သူတွေဆီကနေ ကုသမှုခံယူရမှာ ဖြစ်ပါတယ်။ အချိန်လည်း ပိုပေးရသလို ငွေကုန်ကြေးကျလည်း ရှိလာနိုင်ပါတယ်။ သိပ်ပြီး မဆိုးရွားရင်တော့အိမ်တွင်းကုထုံးတွေနဲ့ အဆင်ပြေပါတယ်။သွားတွေမှာ စွန်းထင်းမှုအခြေအနေဆိုးနေရင်၊ အိမ်တွင်းကုထုံးတွေနဲ့ အဆင်မပြေဘူးလို့ ယူဆခဲ့ရင် သွားဆရာဝန်နဲ့ ကုသမှုခံယူသင့်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ အစွန်းအထင်းများ ချေချွတ်ခြင်းအတွက် သွားဆေးခန်းသွားခြင်းက အထိရောက်ဆုံးလို့ ဆိုကြပါတယ်။ ကြိုတင် ချိန်းဆိုပြီး သွားရောက်ပြသခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။နယူးယောက်က အလှအပနဲ့ ခံတွင်းကျန်းမာရေး အတိုင်ပင်ခံ သွားဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာလာနာရိုဇင်ဘတ်က ဆေးလိပ်သောက်တဲ့ နှစ်တွေ ပိုကြာလာတာနဲ့အမျှ သွားတွေမှာရှိတဲ့ အစွန်းအထင်းတွေဟာ ပိုမိုစွဲမြဲလာပြီးသွားတိုက်ဆေး၊ သွားကြားထိုးပိုးကြိုး စတာတွေနဲ့ ဖြူလာအောင် မစွမ်းဆောင်နိုင်တော့ပါဘူး။ အစွန်းအထင်းတွေကို ပျောက်သွားဖို့ အချိန်မပေးချင်ရင် ဆေးလိပ်သောက်တာကို လျှော့ချဖို့၊ ဖြတ်တောက်ဖို့ ကြိုးစားသင့်ပါတယ် လို့ ဆိုပါတယ်။သွားပေါ်က အစွန်းအထင်းတွေကို ဖယ်ရှားဖို့ Zoom လိုမျိုး နည်းစနစ်ကို အသုံးပြုကြပါတယ်။ ဒီနည်းစနစ်မှာ ပထမဦးစွာ သွားဖြူစေတဲ့ ဂျဲလ်ကိုသုတ်လိမ်းပါတယ်။ ပြီးရင် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် အရည်နဲ့ ဆေးကြောပါတယ်။ အလင်းရောင်ပေးတဲ့အဆင့်လည်း ပါဝင်ပါတယ်။ ဒီနည်းစနစ်ကို ကျွမ်းကျင်တဲ့သူတွေကပဲ ပြုလုပ်ပေးနိုင်ပြီး ၄၅ မိနစ်ခန့် ကြာမြင့်နိုင်ပါတယ်။ ငွေကုန်ကြေးကျတော့ ရှိပါတယ်။10% carbamide peroxide ကို သွားတွေမှာ သုတ်လမ်းပြီး မိမိသွားတွေနဲ့ သင့်တော်မယ့် အစွပ်ကို ညဖက်မှာ စွပ်ထားနိုင်ပါတယ်။ ဒီနည်းစနစ်ကို အသုံးမပြုခင်မှာ သေချာလေ့လာဖို့၊ အညွှန်းစာတွေကို ဖတ်ရှုဖို့တော့ လိုပါတယ်။မုန့်ဖုတ်ဆိုဒါကို ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် အစက်အနည်းငယ်ရောပြီး သွားတိုက်ပေးခြင်းဟာလည်း နီကိုတင်းအစွန်းအထင်းတွေကို ကင်းစင်စေတတ်ပါတယ်။ မုန့်ဖုတ်ဆိုဒါပေါ်ကို ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် အစက်ချရာမှာ သွားတိုက်ဆေးနဲ့ ပုံစံတူသွားတဲ့အထိ ပြုလုပ်ပေးရပါမယ်။ ပြီးရင် သွားများပေါ်တင်ပြီး ညင်သာစွာ ပွတ်တိုက်ပေးနိုင်ပါတယ်။ ကြမ်းတမ်းစွာပွတ်တိုက်ရင်ကြွေလွှာတွေပျက်စီးတတ်တာကို သတိပြုရပါမယ်။ပုံမှန်သွားတိုက်ခြင်းကိုလည်း ဆေးလိပ်သောက်ပြီးချိန်မှာ လုပ်ဆောင်နိုင်ပါတယ်။ ဆေးလိပ်သောက်ပြီးပြီးချင်း သွားတိုက်ပေးခြင်းဟာ ဆေးလိပ်မှာပါတဲ့ ဓာတုပစ္စည်းတွေ ကြွေလွှာထဲ ရောက်မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ အာလုတ်ကျင်းတဲ့ ဆေးရည်ကို သွားလေရာဆောင်သွားနိုင်ပြီး ဆေးလိပ်သောက်ပြီးချိန်တွေမှာခံတွင်းသန့်ရှင်းရေးပြုလုပ်ပေးနိုင်ပါတယ်။ကောင်းတာကတော့ သင်ဟာ ဆေးလိပ်ကိုမဖြတ်နိုင်သေးရင် သွားဆေးခန်းကို ခြောက်လတစ်ခါလောက် သွားရောက်ပြသပြီး နီကိုတင်း အစွန်းအထင်းများ၊ သွားကျောက်များရဲ့ အခြေအနေကို စစ်ဆေးပြီး လိုအပ်သလို ကုသမှု ပြုလုပ်ပေးပါ။ ခံတွင်းသန့်ရှင်းရေး ပုံမှန်ပြုလုပ်ပေးပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%95%e1%80%b1%e1%80%ab%e1%80%ba%e1%80%80-%e1%80%86%e1%80%b1%e1%80%b8%e1%80%9c%e1%80%ad%e1%80%95%e1%80%ba%e1%80%81%e1%80%bb/
End-stage renal disease (နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါ)
နာတာရှည်ကျောက်ကပ်ရောဂါ မှနေပြီး ကျောက်ကပ်၏ပုံမှန်လုပ်ငန်းများ တဖြည်းဖြည်းချို့ယွင်း ဆိုးရွားလာခြင်းကို နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါ ဟုခေါ်သည်။ သင်၏ကျောက်ကပ်က ခန္တာကိုယ်၏လိုအပ်ချက် နှင့်အလိုက် လုပ်ငန်းမလုပ်ဆောင်နိုင်တော့ပါဘူး။ကျောက်ကပ်က အညစ်အကြေးတွေနှင့် ခန္တာကိုယ်အတွက် ပိုနေသော အရည်များကို စစ်ထုတ်ပေးပြီး ဆီးအနေနှင့်စွန့်ထုတ်ပေးပါတယ်။ကျောက်ကပ်ကစစ်ထုတ်မှုမလုပ်နိုင်တော့ဘူးဆိုရင်။အရည်တွေ၊အညစ်အကြေးတွေဟာ ခန္တာကိုယ်ထဲ။မှာ အန္တရာယ်ရှိတဲ့ ပမာဏ တစ်ခုထိစုပုံလာပါတယ်။နောက်ဆုံးအဆင့်ကျောက်ကပ်ရောဂါမှာဆိုရင် အသက်ရှင်ဖို့အတွက်ကျောက်ကပ်ဆေးခြင်းနှင့် ကျောက်ကပ်လဲလည်ခြင်းတို့ပြုလုပ်ဖို့လိုပါတယ်။ကျောက်ကပ်ဆေးခြင်းနှင့် လဲလည်ခြင်းမပြုလုပ်ဘူးဆိုရင်လည်းသင့်ရဲ့ကျန်ရှိနေတဲ့ ဘဝမှာရောဂါလက္ခဏာတွေသက်သာဖို့သင့်တော်သော ဆေးကုသမှုခံယူသင့်ပါတယ်။ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။နာတာရှည်ကျောက်ကပ်ရောဂါ ရဲ့ အစောပိုင်း။အခြေအနေမှာရောဂါ ကက္ခဏာတွေမပြတတ်ပါဘူး။နာတာရှည်ကျောက်ကပ်ရောဂါကနေပြီးတော့ နောက်ဆုံးအဆင့်ကျောက်ကပ်ရောဂါ ပြောင်းသွားတဲ့။အခါ အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေ တွေ့ရမှာပါ။ပျို့ခြင်း။အန်ခြင်း။အစားအသောက်ပျက်ခြင်း။မောပန်းနွမ်းနယ်ခြင်း။အိပ်စက်ခြင်းနှင့် ပတ်သတ်သည့်ရောဂါများရှိခြင်း။ဆီးသွားသည့်ပမာဏပြောင်းလဲသွားခြင်း။ညဏ်ရည်လျော့နည်းလာခြင်း။ကြွက်တက်ခြင်း။ခြေထောက်နှင့် ခြေချင်းဝတ်များရောင်ခြင်း။နှလုံးပတ်လည်တွင်အရည်စုသောကြောင့် ရင်ဖတ်အောင့်ခြင်း။အဆုတ်ဘေးတွင် အရည်စုသောကြောင့် အသက်ရှုကျပ်ခြင်း။သွေးတိုးခြင်း( ထိန်းထားရန်ခက်ခဲသည်။)။ရောဂါလက္ခဏာများ သည်တစ်ခါတစ်ရံ အပေါ်တွင်ဖော်ပြထားသည့်အတိုင်းအတိအကျ မဖြစ်နိုင်ပါ။ အခြားသောရောဂါများကလည်း ကျောက်ကပ်ကိုပျက်ဆီးစေသည်။ကျောက်ကပ်သည် ပျက်ဆီးသွားသောလုပ်ငန်းများကို အစားထိုးလုပ်ဆောင်ပေးနေနိုင်သော အခြေအနေတွင် ရောဂါလက္ခဏာများ မပေါ်နိုင်ပါ။ နောက်ဆုံးအဆင့် ပြန်လည် အစားထိုးမလုပ်ဆောင်နိုင်တော့မှသာလျှင် ရောဂါ လက္ခဏာများပေါ်လာသည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ကျောက်ကပ်ရောဂါ များဟာ ကျောက်ကပ်ရဲ့။စစ်ထုတ်မှုပြုလုပ်တဲ့ သေးငယ်တဲ့ ကျောက်ကပ်ဆဲလ် အဖွဲ့အစည်းတွေကို တိုက်ခိုက်ပါတယ်။ သွေးတွင်း အညစ်အကြေး စွန့်လုပ်မှုကို။ထိခိုက်လာပြီး နောက်ဆုံးအဆင့်ကျောက်ကပ်ပျက်ဆီးခြင်း။အဆင့်ကို ရောက်ရှိသွားပါတယ်။ သွေးချိုနှင့်သွေးတိုးတို့။ကြောင့်ပိုဖြစ်စေပါတယ်။ ဆီးချိုရောဂါရှိခဲ့မယ်ဆိုရင် ခန္တာကိုယ် က သကြားဓါတ်ကို မဖြိုခွဲနိုင်တဲ့အတွက် သင့်၏သွေးထဲမှာသကြားဓါတ်ပမာဏများနေမှာပါ။သကြားဓါတ်ပမာဏ များနေခြင်းကနေ သင့်ရဲ့ ကျောက်ကပ် ဆဲလ် တွေကို ပျက်ဆီးစေပါတယ်။သွေးတိုးရှိခဲ့မယ်ဆိုရင် ကျောက်ကပ်ထဲကသွေးကြောငယ်လေးတွေထဲမှာ တွန်းအား များလာပြီး ပျက်ဆီးစေပါတယ်။ ထိုသို့ပျက်ဆီး။မှုတွေကနေပြီး ကျောက်ကပ် သွေးကြောတွေရဲ့ သွေးတွင်း။အညစ်အကြေးစစ်ထုတ် မှု ကို တားဆီးပါတယ်။အခြား နောက်ဆုံးအဆင့်ကျောက်ကပ်ပျက်ဆီးစေသော အကြောင်းများမှာ။ဆီးလမ်းကြောင်း ကျောက်တည်ခြင်း ၊ ဆီးကျိတ်ကြီးခြင်း ၊။သို့ ကျောက်ကပ် ကင်ဆာ။ဆီးလမ်းကြောင်း ပြောင်းပြန်ဆီးခြင်း ကျောက်ကပ်ဆီသို့ ဆီး ပြန်ဆီးခြင်း။မွေးရာပါ ချို့ယွင်းခြင်း။ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ဆီးချို။သွေးတိုး။နောက်ဆုံးအဆင့်ကျောက်ကပ်ရောဂါ မျိုးရိုးရှိခြင်း။ကျောက်ကပ်တွင် အရည်အိတ်များပါရှိခြင်း။မျိုးရိုးလိုက်သောကျောက်ကပ်ရောဂါတစ်မျိုး (အမြင်အာရုံ။အကြားအာရုံ ချို့ယွင်းခြင်း တို့နှင့်တွဲနေတက်သည် ) ALPORT ရောဂါ။ကျောက်ကပ်ရောင်ခြင်း။ကျောက်ကပ်ပြည်တည်ခြင်း။အခြားသော မိမီဆဲလ် မိမိသတ်သော ခုခံအားအလွန်ကောင်း သော ရောဂါများ ( Lupus )။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ရဲ့ဆရာဝန် အနေနှင့် စမ်းသပ် မှုတွေနှင့်ကျောက်ကပ်လုပ်ငန်း စစ်ဆေးမှုတွေလုပ်ပါလိမ့်မယ်။ကျောက်ကပ်လုပ်ငန်းစစ်ဆေးမှုတွေဟာ။ကုသမှုများကတော့ ကျောက်ကပ်ဆေးခြင်းနှင့် လဲလှယ်ခြင်း တို့ဖြစ်ပါတယ်။ အစားအသောက် အနေအထိုင် ပြောင်းလဲခြင်းနှင့် တရားထိုင်ခြင်းတို့ က လည်းကူညီပေးနိုင်သည်။ကျောက်ကပ်ဆေးခြင်း။ကျောက်ကပ်ဆေးခြင်း နှစ်မျိုးရှိသည်။တစ်ခုမှာ သွေးတွင်းမှဆေးခြင်းဖြစ်သည်။ သွေးတွင်းမှ အညစ်အကြေးများကို ဖျော်ရည်တစ်ခုနှင့် စက်မှ စစ်ထုတ်သည်။ ထို့နောက် သန့်စင်သွားသောသွေးများကို ပြန်လည် ထည့်ပေးသည်။ တစ်ပတ်လျှင် သုံးကြိမ်လုပ်နိုင်ပြီး တစ်ခါလျှင် သုံးနာရီမှ လေးနာရီ ကြာနိုင်သည်။ဝမ်းဗိုက် အတွင်း မှဆေးခြင်းဖြစ်သည်။ ဖျော်ရည်တစ်ခုကို ဗိုက်အတွင်း ထည့်ပြီး ပိုက်နှင့်ပြန်လည် စုပ်ယူပြီးဖယ်ရှားသည် ။ သေချာသင်ကြားမှုပြုလုပ်ထားပါက အိမ်တွင် ပြုလုပ်နိုင်သည်။ သင်အိပ်နေသော အချိန်တွင် တစ်ညတာ ပြုလုပ်သည် ။ကျောက်ကပ်လဲလှယ်ခြင်း။သင်၏မကောင်းသောကျောက်ကပ်ကို ဖယ်ရှားပြီး လှုဒါန်းထားသော ကောင်းမွန်သော ကျောက်ကပ်နှင့် အစားထိုးသည်။ ကောင်းသော ကျောက်ကပ်တစ်ခြမ်းသာ လိုအပ်သောကြောင့် အသက်ရှင်နေသောသူများမှလှုဒါန်းနိုင်သည် ။ ကျောက်ကပ်တစ်ခြမ်းလှုဒါန်းပြီးပါကလည်း အခြားလူများလို ပုံမှန် ကျောက်ကပ်လုပ်ငန်းများကို လုပ်ဆောင်နိုင်သည်။ဆေးများ။သွေးတိုး ၊ဆီးချိုရှိသူများ အနေနှင့် နောက်ဆုံးအဆင့်ကျောက်ကပ် ပျက်ဆီးခြင်း မဖြစ်စေရန် ဆေးပုံမှန်သောက်ရန်လိုအပ်ပါတယ်။ ဆေးအနေနှင့် ACEI နှင့်ARB သောက်နိုင်ပါတယ်။ အချို့သော ကာကွယ်ဆေးများက နောက်ဆုံးအဆင့်ကျောက်ကပ်ရောဂါပျက်ဆီးခြင်း မှ ကာကွယ်ပေးသည်။သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။အောက်ဖော်ပြပါလူနေမှုပုံစံများနဲ့အိမ်သုံးကုထုံးများကသင့်အနေဖြင့်နောက်ဆုံးအဆင့်ကျောက်ကပ်ရောဂါကိုကုသတဲ့နေရာမှာနဲ့လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။အရည်များ စုပုံလာခြင်းဟာ ကိုယ်အလေးချိန်ကို လျင်မြန်စွာ ပြောင်းလဲလာနိုင်သည်။ ကိုယ်အလေးချိန်ပြောင်းလဲမှုကို စောင့်ကြည့် ရန်လိုသည်။ကယ်လိုရီများများစားရန်လိုအပ်သော်လည်း အသားဓါတ်ကို လျော့စားရမည်။ ဆိုဒီယမ် ၊ ပိုတက်ဆီရန်၊ နှင့် စသည်များ ကိုလျော့ စားရန်လိုအပ်သည်။ ရေကို လိုအပ်သောပမာဏသာ သောက်ပေးရန် လိုအပ်သည်။အောက်ဖော်ပြပါ ဆားဓါတ်ပါသော အစာများကို လျော့စားရန်လိုသည်။ငှက်ပျောသီး။ခရမ်းချဉ်သီး။လိမ္မော်သီး။ချောကလက်။မြေပဲထောပတ်။ဟင်းနုနွယ်။ထောပတ်သီး။ဖြည့်စွက်ဗိုက်တာမင်များ (ကယ်ဆီရယ်၊ ဗိုက်တာမင် စီ ၊ ဒီ၊နှင့် သံဓါတ်များ) စားသုံးခြင်းဟာ ကျောက်ကပ် လုပ်ငန်းကို ကောင်းစေပြီး လိုအပ်သော အဟာရများစုပ်ယူခြင်းကိုလည်းကောင်းမွန်စေသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/end-stage-renal-disease-%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%a1%e1%80%86%e1%80%84%e1%80%b9%e1%80%b7-%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%80/
ချစ်ခင်မြတ်နိုးမှုနဲ့ အလေးဂရုပြုမှုကို ဖော်ပြကြတဲ့ အခိုက်အတန့်
မိုးတွေ အကြိုက်ရွာတဲ့ မိုးရာသီပြီးလို့ မကြာခင်မှာ အဝေးရောက်နေသူတွေအားလုံး နေရပ်ကိုပြန်ပြီး မိသားစုတွေနဲ့ ဆုံတွေ့ကြရတော့မယ့် ဆီမီးထိန်ထိန်ညီးတဲ့ သီတင်းကျွတ်ကာလ ရောက်လာတော့မယ်နော်။ ကဲ … ချစ်ခင်မြတ်နိုးမှုနဲ့ အလေးဂရုပြုမှုကို ဖော်ပြကြတဲ့ အခိုက်အတန့် လေးကို ဘယ်လို အကောင်းဆုံး ဖန်တီးကြမလဲ!။မိုးလေကင်းလွတ်တဲ့ သီတင်းကျွတ်က ရာသီဥတုလေး သာယာသလို ကြည်လင်တဲ့ ညကောင်းကင်အောက်မှာ ဆီးမီးတွေထွန်းရင်းဖေဖေမေမေ ဖိုးဖိုးဖွားဖွားတို့ကို ကန်တော့ စကားတွေပြောကြ ဖိုးဖိုးဖွားဖွားတို့က မေတ္တာအပြည့်နဲ့ ပြင်ဆင်ပေးထားတဲ့ မုန့်တွေကိုစားရင်း မောင်နှမတွေ ပျော်ပျော်ပါးပါးဆုံရတဲ့ ပျော်ရွှင်မှုက အတိုင်းမသိနော်။ သီတင်းကျွတ်ဆိုတာကလည်း မြန်မာလူမျိုးတွေရဲ့ တစ်ဦးအပေါ်တစ်ဦး ချစ်ခင် အလေးဂရုပြုမှုကို ပြသတဲ့ အချိန် မဟုတ်လား။ဒီတော့ သီတင်းကျွတ်ကာလလေးကို ဘယ်လိုများ အကောင်းဆုံး အမှတ်တရတွေ ဖန်တီးပြီး ဖြတ်သန်းကြမလဲ။သားသားမီးမီးတို့ကိုရော သီတင်းကျွတ်ကာလပျော်စရာတွေကို ဘယ်လို ခံစားစေမယ် စဉ်းစားထားလဲ မေမေဖေဖေတို့ရေ။ချစ်ခင်မြတ်နိုးမှုနဲ့ အလေးဂရုပြုမှုကို ဖော်ပြကြတဲ့ အခိုက်အတန့် ဖြစ်တဲ့ သီတင်းကျွတ် ပိတ်ရက်မှာ အဝေးရောက်နေရင်တောင်မိသားစုတွေစုံနိုင်ဖို့ အိမ်ကို ပြန်လာကြတယ်။ မိဘတွေကို အလေးဂရုပြုတဲ့အနေနဲ့ ကန်တော့ကြတယ်။ မိဘတွေကလည်း ပျော်လို့ပေါ့။သီတင်းကျွတ်ဆိုတာက လူကြီးရောကလေးတွေပါ ပျော်တဲ့အချိန်ပေါ့။ သီတင်းကျွတ်က မိသားစုတွေ ဆုံကြတယ်ဆိုတာ အလေးဂရုပြုမှုကိုပြသဖို့နဲ့ ကိုယ့်ချစ်ရတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတွေကို ဂါရဝပြုဖို့ဟုတ်။ ဒီတော့ ဒီအနှစ်သာရလေးကို အကောင်းဆုံးထိန်းသိမ်းထားလို့ ရပါသေးတယ်။ ဘယ်လိုများထိန်းသိမ်းမလဲ သိချင်တယ်ဆိုရင်တော့ တူတူဖတ်ကြည့်လိုက်ရအောင်လား………။အရင်ကတော့ မိသားစုတွေက ဖိုးဖိုးဖွားဖွားတွေ အိမ်မှာဆုံလိုက်တာပဲနော်။ ခုကတော့ အနေဝေးလို့ ဖြစ်ဖြစ် သွားဖို့လာဖို့ အခက်အခဲ ရှိလို့ဖြစ်ဖြစ် လူချင်းမတွေ့နိုင်ပေမယ့် ဗီဒီယိုကောလ်ခေါ်ပြီး ဆုံလို့ရပါတယ်။ အချိန်လေးတစ်ခု သတ်မှတ်ပြီး ဖိုးဖိုးဖွားဖွားတို့ကို ဗီဒီယိုကောလ်ခေါ်လို့ သားသားမီးမီးတို့နဲ့ စကားပြောစေတာမျိုး လုပ်ပြီး ပျော်ရွှင်စရာအခိုက်အတန့်လေးတွေကို ဖန်တီးလို့ ရပါတယ်။ဗီဒီယိုကောကနေပဲ ဖိုးဖိုးဖွားဖွားတို့ကို ကန်တော့လို့ရပါတယ်။ စကားစမြည်တွေလည်း ပြောရင်းပေါ့။သီးတင်းကျွတ်မှာ မုန့်တွေ ပျော်ပျော်ပါးပါးစားကြတာကလည်း သီတင်းကျွတ်ရဲ့ ပျော်စရာတွေထဲက တစ်ခုပေါ့။ ဒီတော့ အစားအသောက်တွေကို အရင်က အလွယ်တကူ ဝယ်စားတယ်ဆိုရင်တောင် အခုကာလမှာတော့ ကိုယ်တိုင် ပြင်ဆင် ချက်ပြုတ်ပြီး သားသားမီးမီးတို့ကို ကျွေးပေးတာ အကောင်းဆုံးဖြစ်မှာပါ။ဒီတော့ ရောဂါကာကွယ်ပြီးသားလည်းဖြစ်အောင် သားသားမီးမီးတို့ကို ကိုယ်ခံအားကောင်းစေမယ့် အစားအစာတွေဖြစ်တဲ့ ကြက်သား၊ ဆယ်လ်မွန်ငါး၊ ထမင်း၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အာဟာရဖြည့်နို့၊ ပေါင်မုန့်၊ ကြက်ဥစတာတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။ ဒါဆိုရင် ကလေးလည်း ကြိုက် ကိုယ်ခံအားကောင်းစေဖို့လည်း အထောက်အကူပြုပေးနိုင်မှာပါ။ ဉာဏ်ဖွံ့ဖြိုးဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။သီတင်းကျွတ် အတွက်အလှဆင်တာ၊ အစားအသောက်ပြင်ဆင်တာတွေကို ကလေးနဲ့အတူတူပြင်ဆင်ပါ။ ဒီလို ပြင်ဆင်တာက ကလေးကို သီတင်းကျွတ်ကို ပိုမိုနားလည်စေပြီး မိဘတွေနဲ့ သူတို့လေးတွေကြားမှာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို ဖန်တီးနိုင်မှာပါ။အစားအစာတွေကို သူတို့ စိတ်ကြိုက် ပြင်ဆင်ခွင့်ပေးတာကကလေးရဲ့ အစားစားချင်စိတ်ကိုလည်း တိုးစေနိုင်ပါတယ်။ ဒီတော့ စိတ်ရောကိုယ်ပါကျန်းမာဖို့ အထောက်အကူပြုနိုင်ပြီပေါ့။ကလေးကို သားသားကို မေမေတို့က ဘယ်လို ချစ်တာ၊ သားငယ်ငယ်တုန်းက ဘယ်လိုလေးပေါ့။ ဖိုးဖိုးဖွားဖွားကလည်း သားကို ဘယ်လိုချစ်တာ၊ သမီးကို ဘယ်လို ချစ်တာ စတာမျိုးလေးတွေ ပြောပြပေးပါ။ ပျော်စရာကောင်းတာလေးတွေ ပြောပြပေးပါ။ဒီလို ပြောပြပေးတာက ကလေးက သူ့ကိုမိသားစုတွေက ချစ်တယ်လို့ ခံစားရပြီးထက်မြက်ရဲရင့်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းအရွယ်ရောက်လာမှာပါ။သီတင်းကျွတ်ပိတ်ရက်မှာ အလုပ်တွေ၊ ကပ်ရောဂါတွေကို ခဏမေ့ထားပြီး ချစ်ခင်ရတဲ့ သားသားမီးမီးပျော်စရာအချိန်တွေ ဖန်တီးပါ။ ကလေးနဲ့အတူတူ ကစားတာ ဖြစ်ဖြစ်ပေါ့။ ဒီလို ဖန်တီးတာက သားသားမီးမီးတို့ရဲ့ စိတ်ရောကိုယ်ပါ ဖွံ့ဖြိုးကျန်းမာမှုကို အထောက်အကူပြုပေးနိုင်မှာပါ။ကလေးနဲ့ အတူကစားတာက ကြီးထွားဖွံ့ အရှိန်ယူနေတဲ့ သားသားမီးမီးတို့ကိုလည်းဉာဏ်ရည်ဖွံ့ဖြိုးစေဖို့အထောက်အကူပြုသလိုရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးစေဖို့လည်း အထောက်အကူပြုပေးနိုင်ပါတယ်။ ကလေးနဲ့ အချိန်တွေကို အတူတူကုန်ဆုံးတာက ချစ်ခြင်းမေတ္တာကို ပြသပေးရာလည်း ရောက်တာကြောင့် သားသားမီးမီးတို့ကို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ပျော်ရွှင်စရာကောင်းတဲ့ သီတင်းကျွတ်ကာလလေးမှာ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တာတွေကို စားသောက်မယ်။ ရောဂါပိုးတွေ အန္တရာယ်ကနေ ကိုယ်တိုင်ကိုရော ချစ်ရတဲ့သူတွေကိုပါ အကောင်းဆုံးကာကွယ်မယ်။ ကလေးနဲ့ ပျော်ရွှင်စရာ အချိန်လေးတွေကို ဖန်တီးပြီး မိသားစုဝင်တွေကိုချစ်ခြင်းမေတ္တာတွေပြသရင်း ဘေးကင်းပြီး ပျော်စရာ သီတင်းကျွတ်အချိန်အခါလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော် …။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/thadingyut-for-family-the-moment-of-love-respect-and-care/
HIV နှင့် AIDS ကွာခြားပုံ
HIV ရောဂါသည် ခုခံအားကို ကျဆင်းစေသော ဗိုင်းရပ်စ် ရောဂါပိုးတစ်မျိုး ဖြစ်ပါသည်။ AIDS ရောဂါသည် HIV ရောဂါပိုးမှဖြစ်ခြင်း ဖြစ်ပါသည်။ AIDS သည် နောက်ဆုံးအဆင့် ဖြစ်ပါသည်။ အောက်ပါ အချက်များသည် HIV နှင့် AIDS တို့၏ မတူညီပုံကို ဖော်ပြသောအချက်များ ဖြစ်ပါသည်။HIV သည် ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါသည်။ AIDS သည် HIV ရောဂါကြောင့်ဖြစ်သော ခုခံအားကျဆင်းသော ရောဂါဖြစ်သည်။ လူသားများ၏ ခုခံအားစနစ်ကို ထိခိုက်ပါသည်။ လုပ်ဆောင်ရမည့် လုပ်ငန်ဆောင်တာများ ထိခိုက်ပါသည်။ခုခံအားကျဆင်းမှု AIDS ရောဂါသည် HIV ဗိုင်းရပ်စ် ပိုးဝင်ရောက်ပြီး ကြာလျှင် ဖြစ်လေ့ရှိပါသည်။ AIDS ရှိသော လူများသည် ခုခံအားစနစ်ကို ပျက်စီးတတ်ပါသည်။ ထို့အပြင် ရောဂါပိုးမွှားများ ဥပမာ – တီဘီရောဂါ၊ နမိုးနီးယားရောဂါ၊ ကင်ဆာနှင့် တခြားသော ရောဂါပိုးများ ဝင်ရောက်နိုင်ပါသည်။HIV သည် ဗိုင်းရပ်စ်ပိုး ဖြစ်ပါသည်။ AIDS သည် ထိုမှဖြစ်သော ရောဂါတစ်မျိုး ဖြစ်ပါသည်။ ထို့ကြောင့် AIDS မရှိဘဲ HIV ချည်းသာ ဖြစ်တတ်ပါသည်။ ခုခံအားမှာ ရောဂါပိုးမွှားကို လုံးဝ အမြစ်ပြတ် မကုသနိုင်ပါ။ သို့သော် ၁၀ နှစ်လောက်အထိ အချိန်ကြာနိုင်ပါသည်။ တိုးတက်လာသော ဆေးပညာ၏ ကျေးဇူးကြောင့် AIDS ရောဂါ ဝေဒနာရှင်များ၏ သက်တမ်းသည် ယခင်ကထက် ပို၍ ကောင်းလာကြောင်း သိရှိရပါသည်။AIDS မဖြစ်ဘဲ HIV ဖြစ်နိုင်သော်လည်း AIDS ဖြစ်သောသူများ အဖို့ HIV ဗိုင်းရပ်စ်ပိုး ရှိသည်မှာ သေချာပါသည်။ HIV ရောဂါပိုးရှိပြီး AIDS ရောဂါ မဖြစ်သော သူများလည်း ရှိပါသည်။ နောင်တွင် လုံးဝ AIDS မဖြစ်သွားသူများလည်း ရှိပါသည်။HIV သည် ဗိုင်းရပ်စ်ပိုးမွှား ဖြစ်ပါသည်။ တခြားသော ဗိုင်းရပ်စ် ပိုးမွှားများကဲ့သို့ တခြားသော သူများကိုလည်း ကူးစက်နိုင်ပါသည်။ တစ်ဦးမှတစ်ဦးသို့ ခန္ဓါကိုယ် အရည်များမှ တစ်ဆင့် ကူးစက်နိုင်ပါသည်။ AIDS ရောဂါကို တခြားသူဆီမှ တိုက်ရိုက်မကူးနိုင်ပါ။ ကူးစက်လျှင် HIV ရောဂါပိုးမှ ကူးစက်နိုင်ပါသည်။HIV ရောဂါပိုးသည် ပိုးဝင်ပြီး ၂ ပတ်မှ ၄ ပတ်အထိ တုပ်ကွေးလက္ခဏာမျိုးသာ ပေါ်ပေါက်နိုင်ပါသည်။ အချိန် အနည်းငယ်အတွင်း ပေါ်ပေါက်လျှင် ရက်တိုရောဂါဟု ခေါ်ပါသည်။ ခုခံအားစနစ်က နိုင်ပါက အောင်းချိန်အတွင်း ရောက်သွားနိုင်ပါသည်။အောင်းချိန်သည် နှစ်ရှည်ကြာနိုင်ပါသည်။ ရောဂါရှိသောသူသည် ရောဂါလက္ခဏာများ လုံးဝ မခံစားရနိုင်ပါ။ HIV မှ AIDS ရောဂါသို့ ကူးပြောင်းလျှင် AIDS ၏ ရောဂါလက္ခဏာများ ခံစားရနိုင်ပါသည်။HIV ရောဂါသည် သာမန် စစ်ဆေးချက်များနှင့်ပင် စစ်ဆေးနိုင်ပါသည်။ သို့သော် AIDS မှာ ရှုပ်ထွေးပါသည်။HIV ကူးစက်လျှင် ကိုယ်ခန္ဓါ၏ ခုခံအားစနစ်သည် တန်ပြန်ဓါတ်များ ထုတ်ပြီး ဗိုင်းရပ်စ်ပိုးမွှားများကို တိုက်ထုတ်ပါသည်။ သွေးနှင့် တံတွေး စစ်ဆေးမှုများ ပြုလုပ်ပြီး မိမိတွင် တန်ပြန်သတ္တိ မည်မျှရှိသည်ကို စမ်းသပ်နိုင်ပါသည်။ သို့သော် ထိုစစ်ဆေးမှုသည် ရောဂါပိုးဝင်ပြီး ရက်ပေါင်း အနည်းငယ် ကြာမှသာ စစ်ဆေးနိုင်ပါသည်။နောက်စစ်ဆေးမှုမှာ ဗိုင်းရပ်စ်ပိုးမွှားမှ ထုတ်သောဓါတ်ကို စစ်ဆေးခြင်း ဖြစ်ပါသည်။ ထိုစစ်ဆေးမှုမှာ ရောဂါဖြစ်ပြီး ရက်ပိုင်းအတွင်း စစ်ဆေးနိုင်ပါသည်။ ထိုစစ်ဆေးချက် နှစ်မျိုးလုံးမှာ မှန်ကန်ပြီး စစ်ဆေးရန် လွယ်ကူပါသည်။AIDS ရောဂါသည် HIV ရောဂါ၏ နောက်ဆုံးအဆင့် ဖြစ်ပါသည်။ HIV သည် AIDS ရောဂါပြောင်းလဲပါက ဖြစ်ပေါ်လာသော ဖြစ်စဉ်များ ရှိပါသည်။ ဥပမာ – ဆဲလ်အရေအတွက် ပြောင်းလဲခြင်း ဖြစ်ပါသည်။ HIV မရှိသော လူတစ်ဦးသည် CD4 ဆဲလ်အရေအတွက် 500 မှ 1200 အထိ ရှိနိုင်ပါသည်။ဆဲလ်အရေအတွက် 200 အထိ လျော့နည်းသွားလျှင် HIV မှ AIDS ပြောင်းသွားပြီဟု သိနိုင်ပါသည်။ ပြလေ့ရှိသော နောက်လက္ခဏာ တစ်မျိုးမှာ ရောဂါပိုး ဝင်ရောက်ခြင်း ဖြစ်ပါသည်။ ရောဂါပိုးများမှာ ဗိုင်းရပ်စ် မှိုရောဂါ၊ ဘက်တီးရီးယား ပိုးမွှားများကြောင့် ဖြစ်လေ့ရှိသော ရောဂါများ ဖြစ်သည့် တီဘီရောဂါများ၊ ကင်ဆာနှင့်၊ နမိုးနီးယား ရောဂါများ ပါဝင်သည်။HIV မှ AIDS ပြောင်းလဲသွားပါက မိမိနေထိုင်နိုင်သည့် သက်တမ်းသည်လည်း ကျဆင်းသွားပါသည်။ ပျက်စီးသွားသော ခုခံအားစနစ်ကို ပြန်လည်ပြင်ဆင်ရန် မလွယ်ကူပါ။ ခုခံအား ကျဆင်းခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာများ ရှိပါသည။် ဥပမာ – ရောဂါပိုး ဝင်ရောက်ခြင်း၊ ကင်ဆာများ၊ ထိုကဲ့သော အသက်ကို ထိခိုက်စေနိုင်သော ရောဂါများ ဝင်ရောက်နိုင်ပါသည်။မကုသလျှင် AIDS ရောဂါသို့ ကူးပြောင်းသွားနိုင်ပြီး ၃ နှစ်လောက်သာ အသက်ရှင်နိုင်ပါသည်။ အသက် အန္တရာယ် ဖြစ်ပေါ်စေနိုင်သော နာမကျန်းဖြစ်ပြီး မကုသလျှင် သက်တမ်းသည် ၁ နှစ်ခန့်သာ နေနိုင်ခြင်းလည်း ဖြစ်နိုင်ပါသည်။ တိုးတက်လာသော ဆေးပညာကြောင့် AIDS ရောဂါဝေဒနာရှင်များ၏ သက်တမ်းသည်လည်း တိုးမြင့်လာပါသည်။AIDS သည် HIV ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပြီး ခုခံအားစနစ်ကို ထိခိုက်ပါသည်။ HIV ရောဂါရှိသူများနှင့် ရောဂါပိုး ဝင်ရောက်ရန် ရာခိုင်နှုန်းများသော သူများကို စာနာ၍ အားပေးကူညီရပါမည်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/hiv-%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-aids-%e1%80%80%e1%80%bc%e1%80%ac%e1%80%bb%e1%80%81%e1%80%ac%e1%80%b8%e1%80%95%e1%80%af%e1%80%b6-3/
အချိုစားခြင်းကိုလျှော့ချရန်နည်းလမ်း
လူအများစုသည် အချိုကြိုက်တတ်ကြသည်။ ချိုသောအရာမှန်သမျှစွဲစွဲလမ်းလမ်းရှိကြသည်။ ချိုသောအစားအစာများသည် အရသာရှိ၍စွဲဆောင်မှုရှိသည်မှန်သော်လည်း သွားပိုးစားခြင်းကဲ့သို့ သာမန်ကျန်းမာရေးပြဿနာများမှသည် အဝလွန်ခြင်း ၊ အမျိုးအစား ၂ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါတို့အထိနာတာရှည်ရောဂါများကိုပါ ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် အချိုစားသုံးခြင်းကိုလျှော့ချရန်လိုအပ်လာပေသည်။-အကျင့်တစ်ခုကိုဖျောက်ဖျက်ရသည်မှာသိပ်တော့မလွယ်ကူလှပါ။ အချိန် ၊ အားစိုက်ထုတ်မှု ၊ စိတ်ရှည်သည်းခံမှု နှင့် အခြားသူများ၏ကူညီမှုလည်းလိုအပ်သည်။ သို့သော်လည်းကံကောင်းသည်မှာအကူအညီဖြစ်မည့်နည်းလမ်းများရှိနေခြင်းဖြစ်သည်။ဖြည်းဖြည်းလျှော့ချမှုနှင့်စတင်ပါ။-အသုံးပြုသင့်သည့်နည်းလမ်းမှာ ဖြည်းဖြည်းနှင့်မှန်မှန်နည်းလမ်းဖြစ်သည်။ အချိုကိုရုတ်တရက်ဖြတ်ပစ်ရန်မလိုပါ။ နေ့စဉ်အသုံးပြုသောသကြားဓါတ်ကိုလျှော့ချသွားရန်ဖြစ်သည်။အချိုအစားအခြားအရာများကိုရွေးချယ်ပါ။-အချိုကြိုက်သောသင်၏သွားများအတွက် သကြားလုံးနှင့် ကွတ်ကီးများစားမည့်အစားချိုသောအသီးအနှံများ ၊ ဘယ်ရီသီးများ၊ စွံပလွန်သီး ၊ စပျစ်သီးခြောက် စသည်တို့ကိုစားပါ။ ထိုအစားအစာများတွင်လည်းအချိုဓါတ်ပါသည်မှန်သော်လည်းကျန်းမာရေးအတွက်ကောင်းမွန်သည့် ဗီတာမင် ၊ အမျှင်ဓါတ် နှင့် အာဟာရဓါတ်များပါ တစ်ခါတည်းရရှိနိုင်သည်။ ထို့ပြင် အချိုစားချင်စိတ်ဖြစ်ပေါ်လာပါကသကြားမပါသောအစားအစာ။များ (သို့မဟုတ်)အခြားအချိုဓါတ်ပါအစားအစာများကိုရှာဖွေပါ။အစားအသောက်စားသည့်အမူအကျင့်တစ်ခုကျင့်သုံးပါ။-နံနက်စာ ၊ နေ့လည်စာနှင့် ညစာကိုသူ့အချိန်နှင့် သူစားပါ။ ထမင်းအနပ်များကိုသေချာစွာစားပါက ဗိုက်ဝပြီး အချိုစားချင်စိတ် မဖြစ်နိုင်ပါ။ ထို့ပြင် သားရေစာ စားခြင်းကိုလည်းရှောင်ပါ။ သို့သော် အချိုစားချင်စိတ်ကိုမထိန်းနိုင်ပါကကျန်းမာရေးနှင့် ညီညွတ်သောအဆီဓါတ်နှင့် အချိုဓါတ်ပါသောအစားအစာများ (ဥပမာ – ထောပတ် ၊ အစေ့အဆန်၊ထောပတ်သီး)တို့ကိုပါရော၍ စားသုံးပေးပါ။ ထိုသို့ပြုလုပ်ပါကဗိုက်ပြည့်ပြီး အချိန်မကြာခဏ။စာခြင်းကိုကန့်သတ်နိုင်လိမ့်မည်။အစားအစာများတွင်ပါဝင်သောပစ္စည်းများကိုဖတ်ရှုပါ။-အစားအစာတစ်ခုကို မဝယ်ယူမီ ပါဝင်သောပစ္စည်းများကို ဖတ်ရှု၍ သကြားဓါတ်ပါ၊ မပါစစ်ပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် သကြားကိုမတော်တဆစားမိခြင်းမှ ရှောင်ရှားနိုင်လိမ့်မည်။အချဉ်ဖောက်ထားသောအစားအစာများကိုစားပါ။-အချိုနှင့်တွဲဖက်၍စားသုံးပါကအချဉ်ဖောက် ထားသောအစားအစာများတွင်ပါရှိသည့် လူကိုအကျိုးပြူသော အဏုဇီဝပိုးလေးများသည်အချိုစားချင်စိတ်ကို လျှော့ချပြီးအချိုဓါတ်၏မကောင်းသော အကျိုးဆက်များကိုလည်းလျှော့နည်းစေသည်။ခရိုမီယမ်ဓါတ် ( Chromium ) ဓါတ်ပါအောင်စားပါ။-ခရိုမီယမ်ဓါတ်သည် သွေးတွင်းသကြားပမာဏကိုတည်ငြိမ်စေခြင်း ၊ သကြားဓါတ်သုံးစွဲမှုကိုတိုးတက်စေခြင်းနှင့် အချိုဓါတ်စားသုံးလိုစိတ်ကို လျှော့ချပေးခြင်းစသည့်။အာနိသင်တို့ရှိသည်။ သကြားဓါတ်ကိုသုံးစွဲစွန့်ထုတ်ရာတွင်လည်းကူညီပေးပါသည်။-ကြားဓါတ်အလွန်အမင်းစားသုံးခြင်းက လူ့ကျန်းမာရေးကိုထိခိုက်စေသည်မှာအမှန်ဖြစ်သည့်အတွက် ထိုအကျင့်ကိုဖျောက်ဖျက်မှသာကျန်းမာမည်ဖြစ်သည်။ အမူအကျင့်တစ်ခုကိုစွန့်လွှတ်ရန် မလွယ်ကူသည်မှန်သော်လည်းဆုလဒ်အနေဖြင့် စိတ်ကျေနပ်ဖွယ်အကျိုးကျေးဇူးကို ရရှိနိုင်ပါသည်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%85%e1%80%ac%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%9c%e1%80%bb%e1%80%be%e1%80%b1%e1%80%ac%e1%80%b7/
သားဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု (PCOS)
သားဥအိမ် ရေအိတ်တည်တဲ့ ရောဂါစုကို ဆေးပညာလို Polycystic ovary syndrome (PCOS) လို့ ခေါ်ပါတယ်။ ဟော်မုန်းရောဂါတစ်မျိုးပါပဲ။ ရောဂါစုလို့ ပြောတဲ့အတွက်သားဥအိမ်မှာ ရေအိတ်တည်တာအပြင် တခြားရောဂါတွေနဲ့ပါ တွဲတတ်ပါသေးတယ်။ရာသီမမှန်တာ၊အမွေးအမျှင်တွေ များတာ၊ကိုယ်ဝန်မရတာ၊ ဝက်ခြံတွေထွက်တာ စတဲ့ ပြဿနာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် တခြားသော နောက်ဆက်တွဲ ရောဂါတွေလည်း ဖြစ်နိုင်ပါသေးတယ်။ ဘယ်အမျိုးသမီးမှာမဆို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီရောဂါဟာ ဘယ်လိုရောဂါလဲ။ ကုသလို့ရလား။ အန္တရာယ်ရှိလားဆိုတာ ဆက်ကြည့်ရအောင်။ဖြစ်ရတဲ့ အကြောင်းရင်းကတော့ သေချာမသိရသေးနိုင်ဘူး။ ပြောကြတာတော့။အင်ဆူလင်ဆိုတာ ပန်ကရိယက ထုတ်ပြီး ခန္ဓာကိုယ်က သကြားတွေကို ယူသုံးစေချင်တာကြောင့် စွမ်းအင်ရအောင် လုပ်ပေးတဲ့ ဟော်မုန်းပါ။ ဆဲလ်တွေက အင်ဆူလင်ကို ခံနိုင်ရည်ရှိလာတဲ့အခါ သွေးထဲမှာ သကြားပိုများလာပြီး အင်ဆူလင် ပိုထွက်ပါတယ်။ အင်ဆူလင် ထွက်လာရင် အင်ဒရိုဂျင် (Androgen) တွေ ပိုထွက်လာပြီး သားဥကြွေဖို့ အခက်အခဲ ဖြစ်လာပါတယ်။PCOS မှာ low grade inflammation ဖြစ်တဲ့ အတွက် ရေအိတ်တည်တဲ့ သားဥအိမ်ကနေ အင်ဒရိုဂျင် ထွက်တာကြောင့် နှလုံးနဲ့ သွေးကြော ရောဂါတွေ ဖြစ်လာတာပါ။တချို့ ပညာရှင်တွေက PCOS ဖြစ်ရတာ မျိုးရိုးဗီဇကြောင့်လို့ ဆိုပါတယ်။သားဥအိမ်ကနေ အင်ဒရိုဂျင် (Androgen)  တွေ အများကြီးထွက်တာကြောင့် အမွေးထူတာ၊ ဝက်ခြံပေါက်တာ ဖြစ်လာတာပါ။လက္ခဏာတွေက ပျိုဖော်ဝင်စ ပထမဆုံး ရာသီစလာတဲ့ အချိန်မှာ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ နောက်ကျမှ လက္ခဏာ ပြတာလည်း ရှိပါတယ်။ ဥပမာ ဝလာတဲ့ အချိန်မှာပေါ့။လက္ခဏာတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူတတ်ပါဘူး။ ဒါပေမယ့် PCOS မှာ အောက်က လက္ခဏာတွေကတော့ အတွေ့ရများပါတယ်။ရာသီမမှန်တာ၊ ထိန်တာ၊ ရက်ကြာတာ စတာတွေက PCOS ရဲ့ အဓိက လက္ခဏာတွေပါပဲ။ ဥပမာပြောရရင် တစ်နှစ်ကို ရာသီ ၉ခါလောက်ပဲ လာမယ်။ ရာသီတစ်ခုနဲ့ တစ်ခုကြားလဲ ၃၅ရက်လောက် ခြားတယ်။ ရာသီလာတာလည်း များတယ်ပေါ့။အင်ဒရိုဂျင် (Androgen) ဆိုတာ အမျိုးသား ဟော်မုန်းပါ။ သူများလာတဲ့အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်မှာ အမွေးထူတာ၊ ဝက်ခြံတွေ  အများကြီးထွက်တာ၊ အမျိုးသားတွေလိုမျိုး ထိပ်ပြောင်တာ ဖြစ်တတ်ပါတယ်။သားဥအိမ်တွေက ကြီးလာပြီး မျိုးဥ ပတ်ပတ်လည်မှာ ရေအိတ်တွေ ဖြစ်လာပါတယ်။ ဒါကြောင့် သားဥအိမ်က ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့ပါဘူး။တခြား လက္ခဏာတွေကတော့။(သားဥကြွေခြင်းကိုဤနေရာတွင် တွက်ချက်နိုင်သည်။)။လူဝလေလေ နောက်ဆက်တွဲ ပိုဆိုးလေလေပါပဲ။ကုသနည်းတွေကတော့။ဟော်မုန်းညီမျှအောင်လို့ ဟော်မုန်းဆေးတွေ ပေးတာ၊ အင်ဆူလင် ပမာဏ ထိန်းနိုင်အောင် Metformin ပေးတာ၊ သားဥကြွေဆေးတွေ ပေးတာမျိုး လုပ်လို့ရပါတယ်။လိမ်းဆေးတွေ လိမ်းတာ၊ လေဆာနဲ့ ဖယ်တာတွေ လုပ်လို့ ရပါတယ်။အပေါ်က နည်းလမ်းတွေနဲ့ အဆင်မပြေဘူး ဆိုရင်တော့ သားဥပြန်ကြွေဖို့အတွက်  သားဥအိမ်ကို ခွဲစိတ်တာမျိုး လုပ်ရပါမယ်။လူနာအနေနဲ့ လုပ်နိုင်တာကတော့ ဝိတ်ချတာပါပဲ။ အစားအသောက် ဆင်ခြင်တာ၊ လေ့ကျင့်ခန်း လုပ်တာတွေနဲ့ ကိုယ်အလေးချိန်ထိန်းပါ။ အဝလွန်တာက ရောဂါရဲ့ လက္ခဏာတွေကို ပိုဆိုးစေပါတယ်။PCOS ရောဂါက အမျိုးသမီးတွေကို တော်တော် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ရာသီမမှန်တာ၊ ကလေးမရတာတွေကြောင့် စိတ်ရှုပ်ရသလို ရုပ်ပိုင်းဆိုင်ရာမှာလည်း အမွေးအမျှင်များတာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒါကြောင့် အပေါ်က လက္ခဏာတွေ ရှိနေပြီဆိုရင် ဆရာဝန်နဲ့ ပြဖို့ မမေ့ပါနဲ့။ ဆေးကုတာအပြင် ကိုယ်တိုင်ကြိုးစားပြီး ကိုယ်အလေးချိန် ထိန်းတာကလည်း ရောဂါကုသရာမှာ အထောက်အကူဖြစ်တယ်ဆိုတာကို သတိရပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pcos/what-you-need-know-about-pcos/
ခံတွင်းမြိန်စေသော နည်းလမ်းများ
သင်က ကိုယ်အလေးချိန်တက်ချင်နေပြီး စားနေသော အစားအစာကလည်း စွဲဆောင်မှု မရှိလျှင် ခံတွင်းကောင်းအောင်လုပ်ရသည်မှာ မလွယ်ကူပါ။ သို့သော်လည်း သင့်အနေဖြင့် ဟင်းလျာချက်ပြုတ်နည်းများ၊လူမှုရေး နှင့် သွင်ပြင်ပိုင်း ဆိုင်ရာနည်းလမ်းများဖြင့် သင်၏ စားချင်စိတ်ကို လှုံ့ဆော်ပေးနိုင်ပါသည်။ အောက်ပါတို့မှာ ကျန်းမာရေးနှင့် ညီညွတ်သော ခံတွင်းကောင်းစေခြင်း နည်းလမ်း ၈ ခုဖြစ်ပါသည်။ထမင်းအနပ်ကြီး ၃ ခါစားခြင်းထက် နည်းနည်းနှင့် ခဏခဏစားခြင်းက ပိုမိုစွဲဆောင်မှုရှိသည့် အတွက် ကျင့်သုံးပါ။ ထမင်းအနပ်သေးများသည် ပြင်ဆင်ရလွယ်ကူသည်။ တစ်နေ့လျှင် ၆ ကြိမ် ၇ ကြိမ် ခန့်ခွဲ၍ အာဟာရပြည့်ဝသော မြေပဲထောပတ်၊သစ်သီးခြောက်၊အစေ့အဆန်၊လတ်ဆတ်သော အသီးအနှံ၊ဒိန်ချဉ် နှင့် နွားနို့တို့ပါဝင်အောင် စားပေးပါ။ နည်းနည်း။သာစားသော်လည်း ကယ်လိုရီပြည့်ဝနိုင်ပြီး ပြည့်အင့်ခြင်းကိုလည်း မခံစားရတော့ပါ။ အစားစားချင်စိတ် လုံးဝ မရှိပါကလည်း အာဟာရဖြည့်ထားသော အချိုရည်များသောက်ပေးနိုင်သည်။ အစားအစာက အကောင်းဆုံး ဖြစ်သော်လည်း အာဟာရဖြည့်အချိုရည်များသောက်သုံး၍လည်း အာဟာရဓါတ်ကိုထိန်းထားနိုင်ပါသည်။သင့်အတွက်လိုအပ်သော ကယ်လိုရီပြည့်အောင် မစားဖြစ်ပါက ကယ်လိုရီပြည့်နှက်သော အစားအစာကို ရွေးချယ်ပါ။အများကြီးမစားမိဖို့တော့ လိုပါသည်။ အုတ်ဂျုံကို ရေနှင့် ချက်မည့်အစား နွားနို့နှင့်ချက်ပါ။ ဟင်းချိုချက်ပြုတ်ရာ၌ ဟင်းအိုးထဲသို့ နို့မှုန့် နှင့် သံလွင်ဆီ ထည့်ချက်ပါ။ ပဲမှုန့်၊နှမ်းဆီ၊ရှောက်ရည် နှင့် ကြက်သွန်ဖြူတို့ရောစပ်ထားသော အချဉ်ရည်ကိုသုံးပါ။စပျစ်သီး အစား စပျစ်သီးခြောက် နှင့် အစေ့အဆန်တို့ကို စားပေးပါ။ ထမင်းတစ်နပ်နှင့် တစ်နပ်အကြား ရေအစားအချိုရည်သောက်ပေးပါ။အစားအစာများက စိတ်ဝင်စားစရာမကောင်းလျှင် သင်ဗိုက်ဆာမည်မဟုတ်ပါ။ အစားအစာကို ပို၍ နှစ်သက်စေမည့်နည်းလမ်းကိုရှာပါ။ အစားအစာကိုကြည့်၍ စားခြင်းဖြစ်ရာ ထမင်းပန်းကန်ကို အရသာရှိအောင် နှင့် အရောင်အသွေးစုံအောင် ပြင်ဆင်ပါ။ ပန်းဂေါ်ဖီစိမ်း နှင့် အနီရောင် ငရုတ်တောင့် တို့ကို ပါစတာနှင့်တွဲဖက်၍ အရောင်လှနေပါစေ။ အစားအစာကိုအရောင်စုံအောင်စားခြင်းသည် သင့်အတွက်လိုအပ်သော အာဟာရများအားလုံးပါဝင်နေခြင်း ဖြစ်သည်ဟု ဆိုလိုပါသည်။စားနေကျ ပုံစံအစား ဟင်းလျာ အမယ်သစ် ကိုပြင်ဆင်ခြင်းက အစားအစာနှင့် ပတ်သက်၍ သင့်ကို ပိုမို စိတ်လှုပ်ရှားစေလိမ့်မည်။သင်ကြိုက်သော အစားအစာဆိုလျှင် သင်ပို၍ စားဖြစ်လိမ့်မည်။ သင်ကြိုက်သည်များကိုသာဦးစားပေး ပြင်ဆင်ထားလျှင် အစားစားဖို့ အဆင်သင့်ဖြစ်နေလိမ့်မည်။အစားကို အရင် စားပြီးမှ ရေသောက်သင့်ပါသည်။ ထိုအခါ ခံတွင်းမပျက်တော့ဘဲ မစားခင် ဗိုက်ပြည့်ခြင်းလည်း မဖြစ်တော့ပါ။ဟင်းခတ်အမယ်များ၊လတ်ဆတ်သော အရွက်များ၊ကြက်သွန်ဖြူ၊ကြက်သွန်နီ၊သံပုရာ၊အသား နှင့် နှံစားတို့သည် အစားအစာကို အနံ့အရသာနှင့် ပြည့်စုံစေသည်။ ထိုသဘာဝနည်းဖြင့်လည်း ခံတွင်းမြိန်စေနိုင်ပါသည်။ဂျင်းသည် စူးရှသော အနံ့နှင့် လန်းဆန်းစေသော အရသာရှိသည်။ ရေနွေးဆူဆူတွင် ဂျင်းကို အမှုန့်ကြိတ်၍ လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ထည့်ဖျော်ပြီး ဂျင်းလက်ဖက်ရည်ပြုလုပ်နိုင်ပါသည်။၁၀ မိနစ်ကြာပြီးလျှင် အရည်စစ်၍ သောက်သုံးနိုင်ပါသည်။အူတိုင်မပါသော မုန်ညင်းထုပ်၊ငရုတ်ကောင်း၊သစ်ကြံပိုးခေါက်၊ငရုတ်ကောင်းမှုန့် တို့ကို ဟင်းလျာများတွင် ထည့်သွင်းပါက ခံတွင်းအရသာကို ပြောင်းလဲစေနိုင်ပါသည်။တစ်ယောက်တည်း စားရသောအခါ အထီးကျန်ပြီး အစားအစာ၌ စိတ်မပါတော့ပေ။ ထို့ကြောင့် အပေါင်းအသင်းနှင့်အတူစားခြင်း၊မိသားစုနှင့်စားခြင်း၊အသင်းအဖွဲ့နှင့် စားခြင်း တို့ကို ပြုလုပ်ပေးပါ။ ထမင်းစားဝိုင်းတွင် ငြင်းခုန်စရာ ကိစ္စများကိုလည်း မဆွေးနွေးမိစေဖို့ သတိရပါ။အနည်းငယ်သော ကိုယ်လက်လှုပ်ရှားမှုပင်လျှင် ခံတွင်းကိုကောင်းစေသည်။ ကယ်လိုရီများ လောင်ကျွမ်းသွားသောအခါခန္ဓါကိုယ်ကစွမ်းအင်ကို ပိုမိုလိုအပ်လာသဖြင့် အားကစားလုပ်ပြီးလျှင် ဗိုက်ဆာမည် ဖြစ်သည်။ရောဂါတစ်ခုခုကြောင့် ဆေးဝါးများကို မှီဝဲနေရသည်ဆိုလျှင် ထိုဆေးဝါးက သင့်၏ ခံတွင်းပျက်ခြင်း တရားခံ ဖြစ်နိုင်သည်။ ထို့ကြောင့် သင့်ဆရာဝန် ၏ အကူအညီကိုရယူပါ။ ထို့ပြင် ခံတွင်း တောက်လျှောက် ပျက်နေခြင်းသည် ကင်ဆာကဲ့သို့ ရောဂါမျိုး၏ လက္ခဏာလည်း ဖြစ်နေနိုင်ပါသည်။ ထို့ကြောင့် နာတာရှည် ခံတွင်း ပျက်ခြင်း ဝေဒနာ ခံစားရပါကဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါသည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/%e1%80%81%e1%80%b6%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%94%e1%80%ba%e1%80%85%e1%80%b1%e1%80%9e%e1%80%b1%e1%80%ac-%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%9c/
ဘယ်သူတွေက ခြေဖနောင့်အရွတ် ထိခိုက်ဒဏ်ရာ ရနိုင်ချေ ရှိသလဲ။
လူအတော်များများဟာခြေထောက်နောက်ပိုင်းဖနောင့်နားမှာနာကျင်တာကိုခံစားဖူးကြပါတယ်။ အဲဒါ ခြေဖနောင့်အရွတ် (အာခီးလိစ့် အရွတ်) ရောင်ခြင်းကြောင့် ဖြစ်ပါတယ်။ ဘယ်သူတွေမှာခြေဖနောင့်အရွတ်ရောင်ရမ်းခြင်းပိုဖြစ်နိုင်သလဲ။ အောက်တွင် ဆက်လေ့လာကြည့်ကြပါစို့။ခြေဖနောင့်အရွတ်ဟာကိုယ်ခန္ဓါရဲ့ အကြီးဆုံး ကြွက်သားအရွတ်ဖြစ်ပါတယ်။ သူဟာခြေသလုံးရဲ့ ကြွက်သားနဲ့ ခြေဖနောင့်အရိုးကိုဆက်သွယ်ပေးထားပြီးပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ ခုန်ခြင်းစတဲ့နေရာတွေမှာ အသုံးဝင်ပါတယ်။ ဒီကြွက်သားအရွတ်ဟာပြေးခြင်း၊ ခုန်ခြင်းစတဲ့လှုပ်ရှားမှုရဲ့ ဖိအားဒဏ်တွေကိုခံနိုင်ပေမယ့်အလွန်အကျွံသုံးရင်၊အသက်ကြီးလို့ ယိုယွင်းလာရင် ရောင်ရမ်းလာတတ်ပါတယ်။အလွန်အကျွံသုံးခြင်း၊ ထပ်ဖန်တလဲလဲ လှုပ်ရှားခြင်းစတာတွေကို ပြုလုပ်နေရင် ခြေဖနောင့် ကြွက်သားအရွတ်တွေကိုထိခိုက်အားနည်းစေနိုင်တာကြောင့် ဒီအကျင့်တွေကို ပြင်ဆင်ရပါမယ်။အားကစားလုပ်ခြင်းဟာအကျိုးရှိပါတယ်။ ဒါပေမယ့် အားကစားလုပ်ချိန်မှာဂရုမထားရင် ဒဏ်ရာရနိုင်ချေများပါတယ်။ ဒါ့အပြင် ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ အိမ်တွင် ပန်းခြံပြုပြင်ခြင်းစတဲ့လှုပ်ရှားမှုများဟာလည်းဒဏ်ရာရနိုင်ချေကို မြင့်မားစေပါတယ်။တဖက်မှာလည်းရုပ်ပိုင်းဖွဲ့စည်းမှုဆိုင်ရာပြဿနာဟာရောဂါကိုဖြစ်စေပါတယ်။ ခြေဖဝါးပြားခြင်းဟာ ခြေဖနောင့် အရွတ်ကိုဒဏ်ပိုဖြစ်စေပါတယ်။ အလေးအပင်မခြင်း၊ ကြွက်သားတောင့်တင်းခြင်းစတာတွေဟာလည်းခြေဖနောင့်အရွတ်ကိုဒဏ်ဖြစ်စေပါတယ်။အားကစားတစ်ခုခုမလုပ်ခင် သွေးပူလှုပ်ရှားမှု အရင်လုပ်ကြတာပုံမှန်ဖြစ်ပါတယ်။ အပြေးလေ့ကျင့်ခန်းဒါမှမဟုတ် တခြားလှုပ်ရှားမှုတွေ မလုပ်ခင် သွေးပူလေ့ကျင့်ခန်းမလုပ်တာဟာခြေထောက်ကိုထိခိုက်နိုင်ခြေပိုများစေပါတယ်။ ဒါ့အပြင် ပြေးမည့် အကွာအဝေးကို တင်လိုက်တာ၊ မကြာမကြာကုန်းပေါ် တက်ပြေးတာ၊ အောက်ခံကြမ်းပြင်ကိုမြေမညီတာစတဲ့အားကစားနည်းစနစ်မှားယွင်းမှုတွေဟာခြေဖနောင့်အရွတ် (အာခီးလိစ့် အရွတ်)ကိုဒဏ်ဖြစ်နိုင်ခြေများစေပါတယ်။အသက် ၃၀ရောက်လာရင် ခြေဖနောင့် အရွတ် (အာခီးလိစ့် အရွတ်)ဆီသို့ိသွေးစီးဆင်းမှု လျော့နည်းလာပြီးထိခိုက်ဒဏ်ရာရလွယ်စေပါတယ်။ ခြေဖနောင့် အရွတ်မှာရောဂါဖြစ်တာ၊ စုတ်ပြဲတာတွေဟာအသက် ၃၀ကျော်မှာ အများဆုံ့းဖြစ်ပွားကြောင်းသိရှိထားပါတယ်။ အဲဒီအသက်အရွယ်ရောက်ရင် ဒီပြောင်းလဲမှုကိုဂရုစိုက်သင့်ပါတယ်။ကိုယ့်ခြေထောက်နဲ့ မတော်တဲ့ဖိနပ်ကိုစီးတဲ့အခါ ခြေဖနောင့် အရွတ် (အာခီးလိစ့် အရွတ်)ရောင်ရမ်းခြင်းကိုဖြစ်ပွားနိုင်ခြေရှိပါတယ်။ စုတ်ပြဲတဲ့ဖိနပ်ကိုစီးခြင်းဟာလည်းသင့်ခြေထောက်နဲ့ ဖနောင့်ကိုသက်တောင့်သက်သာမဖြစ်စေပါဘူး။အေးမြတဲ့ရာသီဥတုမှာဒဏ်ရာရနိုင်ခြေပိုများပါတယ်။ ကြွက်သား၊အရွတ်တွေနာကျင်ခြင်းဟာပူနွေးတဲ့ ရာသီဥတုထက် အေးမြတဲ့ရာသီဥတုမှာပိုဖြစ်ပါတယ်။အမျိုးသားများဟာအမျိုးသမီးများထက် ခြေဖနောင့် အရွတ်(အာခီးလိစ့် အရွတ်)ဒဏ်ရာရနိုင်ခြေပိုများတယ်လို့ သိရပါတယ်။Psoriasis အရေပြားရောဂါနဲ့ သွေးတိုးခြင်းဟာခြေဖနောင့် အရွတ် ရောင်ရမ်းနိုင်ခြေပိုများစေပါတယ်။Fluoroquinolonesလို့ခေါ်တဲ့ ပဋိဇီဝဆေးအချို့ဟာခြေဖနောင့် အရွတ် ရောင်ရမ်းခြင်း ဖြစ်ပွားနိုင်ခြေ မြင့်တက်နှုန်းနဲ့ ဆက်စပ်နေပါတယ်။ခြေဖနောင့်အရွတ် (အာခီးလိစ့်အရွတ်)ကိုထိခိုက်ခြင်းအတွက် ဖြစ်ပွားနိုင်ခြေတွေ အများကြီးရှိပါတယ်။ ဒါတွေကိုနားလည်ထားရင် ရှောင်ရှားနိုင်ပြီးဘယ်လိုကာကွယ်ရမလဲဆိုတာသိနိုင်ပါတယ်။ ခြေဖနောင့် အရွတ်ကိုထိခိုက်ခြင်းဟာဆိုးရွား ပြင်းထန်ပါတယ်။ ဒါပေမယ့် ပြန်လည်ကုသနိုင်ပါတယ်။ ဆိုးရွားစွာ ကြုံကြိုက်ရင် ဆရာဝန်နဲ့ တိုင်ပင်စေလိုပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။Translated by Thant Zin။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/%e1%80%98%e1%80%9a%e1%80%b9%e1%80%9e%e1%80%b0%e1%80%b1%e1%80%90%e1%80%bc%e1%80%80-%e1%80%b1%e1%80%bb%e1%80%81%e1%80%96%e1%80%b1%e1%80%94%e1%80%ac%e1%80%84%e1%80%b9%e1%80%b7%e1%80%a1%e1%80%9b%e1%80%bc/
ကလေးရဲ့ အနာဂတ် လှပဖို့ DHA ဘာလို့လိုတာလဲ
ကလေးကို အကောင်းဆုံးသော အရာတွေကို ပေးချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။ ဒီဆန္ဒ ပြည့်ဝဖို့ကိုလည်း မိဘတိုင်းက အကောင်အထည်ဖော်နိုင်ပါတယ်။ကလေးရဲ့ အနာဂတ် လှပဖို့ ဖန်တီးပေးနိုင်မယ့် လက်တစ်စုံကလည်း ဖေဖေမေမေတို့ ကိုယ်တိုင်ပဲဆိုတာ မမေ့စေချင်ပါဘူး။ဒီတစ်ခေါက်တော့ကိုယ်ချစ်ရတဲ့ သားသားမီးမီးတို့ရဲ့ အနာဂတ်လေးတွေ လှပစေဖို့မေမေဖေဖေတိုင်း မသိလို့မဖြစ်တဲ့ အချက်လေးတစ်ခုအကြောင်း ပြောပြပေးသွားမှာပါ။ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းစေဖို့ အာဟာရ ပြည့်အောင် ဂရုစိုက်ပါလို့ ပြောလိုက်ရင် ပရိုတင်း၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို အရင် ပြေးမြင်နိုင်ပါတယ်။ တချို့ကလည်း အားရှိဖို့လိုတယ်ဆိုတာတော့ သိပေမဲ့ ဘယ်အစိတ်အပိုင်းအတွက် ဘာအာဟာရဓာတ်ကို အဓိကလိုတယ်…ဘယ်လိုပြည့်ဝအောင် ကလေးကို ကျွေးမွေးရမယ်ဆိုတာကို တိတိကျကျမသိနေတာလည်း ဖြစ်တတ်ပါတယ်။ဒါပေမယ့် ကလေးကို ဉာဏ်ရည်ထက်မြက်စေဖို့ ပံ့ပိုးပေးနေတဲ့ အာဟာရဓာတ်လေး တစ်ခုကိုတော့ မေ့နေတတ်ကြပါတယ်။ ဒါလေးကတော့ DHA ပါ။ အခုနောက်ပိုင်းတော့ ရုပ်သံတွေကနေတဆင့် ဒီအာဟာရလေးရဲ့ နာမည်ကို ကြားဖူးလာကြမယ်ထင်ပါတယ်။DHAဆိုတာက။DHA  ဆိုတာကomega-3 fatty acidတစ်မျိုးပါ။ Docosahexaenoic acid ဆိုပြီးလည်း ခေါ်ကြပါတယ်။ ဒီအာဟာရဓာတ်လေးက ကလေးတစ်ယောက်ရဲ့ ဦးနှောက် ၈၀ ရာခိုင်နှုန်းအထိ ဖွံ့ဖြိုးနေတဲ့ အသက် ၅ နှစ် မတိုင်ခင်မှာ မဖြစ်မနေ လိုအပ်ပါတယ်။ဦးနှောက်အတွက်တင်လားဆိုတော့ မဟုတ်ပါဘူး။ ခန္ဓာကိုယ်က ဆဲလ်တိုင်းအတွက် အရေးပါတာပါ။ DHA ပြည့်ဝမှ ကလေးက ဉာဏ်ရည်ထက်မြက်မယ်။ ကျန်းမာပျော်ရွှင်မယ်။ မျက်လုံး အကောင်းဆုံးဖွံ့ဖြိုးမယ်။ သင်ယူနိုင်စွမ်းကောင်းမယ် စတဲ့ အနာဂတ်လှပအောင် တည်ဆောက်ဖို့ လိုအပ်မယ့် အခြေခံ အုတ်မြစ်တွေ ပြည့်စုံမှာပါ။သားသားမီးမီးတို့ကို ငယ်စဉ်မှာ DHA ပြည့်ဝအောင် ထောက်ပံ့ပေးတာက။သားသားမီးမီးတို့ကို DHA လုံလောက် ပြည့်ဝစွာ ရရှိပြီး ဉာဏ်ရည်ထက်မြက်စွာ ကြီးပြင်းလာစေဖို့ဆိုရင် တစ်နေ့တာမှာ DHA နဲ့ EPAတို့ကို ၂၀၀၀ မိလီဂရမ်ပါအောင် ကျွေးပေးရပါမယ်။ ဒီတော့ သားသားမီးမီးတို့အတွက်။ကလေးတစ်ယောက်ဟာ ငယ်စဉ်မှာ DHA ကို ပြည့်ဝ လုံလောက်စွာ ရရှိမယ်ဆိုရင် ဉာဏ်ရည် ထက်မြက်ပြီး ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာမှာပါ။ IQ ရောEQပါ ကောင်းစေချင်ရင်တော့ ကလေးကို ငယ်ငယ်ကတည်း DHA ပြည့်ဝအောင် စီမံပေးပြီး အအနာဂတ်လေးတွေ လှပအောင် အကောင်းဆုံး အုတ်မြစ်ချလိုက်ပါ မေမေဖေဖေတို့ရေ………………။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/why-dha-is-important-for-a-kid-future/
နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ
နှလုံးက ရှင်သန်မှုအတွက် အရေးပါတဲ့ အစိတ်အပိုင်းလေးပါ။ မနားမနေလုပ်ဆောင်နေတဲ့ အစိတ်အပိုင်းလေးပေါ့။ နှလုံးလေး ကျန်းမာမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။ နှလုံးက ရောဂါဖြစ်မှ စောင့်ရှောက်ရမှာ မဟုတ်ဘဲ မဖြစ်ခင်ကတည်းက သေချာလေး ကာကွယ်ထားတာက နည်းလမ်းကောင်းပါ။ ဒါကြောင့်နှလုံးကျန်းမာစေဖို့နေ့စဉ်ဘဝမှာ လိုက်နာရမယ့် ရိုးစင်းတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။နှလုံးကျန်းမာစေဖို့လိုက်နာသင့်တဲ့ အလေ့အထများ ကတော့ အခုပြောပြမယ့် လွယ်ကူရိုးစင်းတဲ့ နည်းလမ်းလေးတွေပါ။လေ့ကျင့်ခန်း လုပ်ပါဆိုတာက နေ့တိုင်း ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်း လုပ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ တစ်ပတ်ကို ၂ နာရီခွဲလောက်ကိုယ်လက်လှုပ်ရှားမှုရှိစေချင်တာပါ။ပြေးတာ၊လမ်းလျှောက်တာ၊gym ဆော့တာလိုမျိုး လေ့ကျင့်ခန်းတွေကိုဝင်လေထွက်လေမှန်မှန်ရှူရင်း လုပ်ရမှာပါ။ လေ့ကျင့်ခန်း စလုပ်တဲ့အခါ နိုင်သလောက်ကနေ ဖြည်းဖြည်းချင်း စလုပ်ရမှာ ဖြစ်ပါတယ်။လေ့ကျင့်ခန်းက အကျိုးမပြုကိုလက်စထရောကို လျှော့ချဖို့ ထောက်ကူပေးပါတယ်။ ဒါပေမယ့်လည်း အစားစားတဲ့အခါမှာလည်းပြည့်ဝဆီတွေကို လျှော့စားဖို့ လိုပါမယ်။သွေးတွင်းကိုလက်စထရော မြင့်တာက နှလုံးကို ထိခိုက်စေနိုင်လို့ပါ။ဒါကြောင့် တိရစ္ဆာန်ကနေ ရတဲ့ အဆီတွေကို မစားပါနဲ့။ တတ်နိုင်သမျှ လျှော့စားပါ။နေ့စဉ် စားသုံးမှုမှာ လတ်ဆတ်တဲ့ သစ်သီးတွေ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ များများ ပါဝင်အောင် စားသုံးပေးပါ။ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းသီး၊ ခရမ်းချဉ်သီး၊ ကညွတ်၊ငရုတ်ပွ၊ မုန်လာဥနီ စတာတွေကို စားပေးဖို့ လိုပါမယ်။တစ်ခါတလေမှာသွေးပေါင်ချိန်တက်နေတာက လက္ခဏာ မပြဘဲ တက်နေတာမျိုး ဖြစ်နိုင်ပါတယ်။ သွေးပေါင်ချိန် တက်တာက နှလုံးကို အတော်လေး ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် ပုံမှန် သွေးပေါင်ချိန်လေးတိုင်းပြီးအစားအသောက်ကို ထိန်းညှိတာ၊ လေ့ကျင့်ခန်း လုပ်တာ၊  လိုအပ်တဲ့ ကုသမှု ခံယူတာ၊ ဆေးသောက်တာတွေကို သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ဒါမှ နှလုံးလေးက ကျန်းမာမှာပါ။အဝလွန်တာက၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာက နှလုံးရောဂါ ဖြစ်နိုင်ခြေ များစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို ရှိသင့်တဲ့ ပုံမှန် ကိုယ်အလေးချိန် ရှိနေအောင် ထားဖို့ လိုပါမယ်။BMIကို သေချာလေး တွက်ချက်ထားတာမျိုးပေါ့။ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ပိုင်ဆိုင်ထားတာက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး သွေးပေါင်ချိန်ကိုလည်း အကောင်းဆုံး ထိန်းညှိနိုင်မှာဖြစ်လို့ နှလုံးလေးကို ကျန်းမာစေနိုင်မှာပါ။ဆီးချိုရှိသူတွေက နောက်ဆက်တွဲ နှလုံးရောဂါ ခံစားရပြီး နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေ တော်တော်လေး များပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို ပုံမှန် စစ်ဆေးပြီး ကျန်းမာတဲ့ အတိုင်းအတာထဲမှာ ရှိနေအောင် သေချာလေး ထိန်းဖို့ လိုပါမယ်။ဒါကြောင့် အစားအစာတွေကို သေချာလေး ဂရုစိုက်တာ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်တာ၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်မယ့် ကုသစစ်ဆေးမှုတွေကို ခံယူဖို့ လိုပါမယ်။ဆေးလိပ်သောက်တာက ကျန်းမာရေးကို တော်တော်လေး ထိခိုက်စေနိုင်တာပါ။ ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင် စိတ်ရောကိုယ်ပါ ကျန်းမာလာမှာ ဖြစ်သလို နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာပါ။ဒါတင်မကသေးပါဘူး။ လေဖြတ်နိုင်ခြေကို လျှော့ချနိုင်မှာ ဖြစ်သလို အဆုတ်ရောဂါတွေနဲ့ ကင်ဆာ အတော်များများ ဖြစ်နိုင်ခြေကိုလည်း ထိထိရောက်ရောက် လျှော့ချနိုင်မှာပါ။သွားကို ပုံမှန် တိုက်ပေးတာက သွားနဲ့ခံတွင်းကိုပဲ ကျန်းမာစေတာ မဟုတ်ပါဘူး။ နှလုံး ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို နှစ်ကြိမ် သွားတိုက်ပါ။ သွားပွတ်ကြိုးသုံးတာမျိုး လုပ်ပြီး ခံတွင်း သန့်ရှင်းရေးကို ဂရုစိုက်ပါ။အိပ်ရေးဝဝ အိပ်တာက နှလုံးကျန်းမာစေဖို့ အရေးပါတဲ့ အချက် တစ်ချက်ပါ။ အိပ်ရေးမဝတာက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ တစ်ညကို အိပ်ချိန် ၆ နာရီထက် နည်းသူတွေမှာ လေဖြတ်နိုင်ခြေ နဲ့ ရုတ်တရက် နှလုံးရပ်နိုင်ခြေက ပုံမှန်ထက် ၂ ဆလောက် များနေတတ်ပါတယ်။ဒါကြောင့် အိပ်ရေး ဝဝအိပ်တာကိုလည်း နှလုံး ကျန်းမာစေဖို့ လိုက်နာရမယ့် အလေ့အထလေးထဲကို ထည့်ထားဖို့ ပြောပါရစေ။ နှလုံးကျန်းမာစေဖို့ တစ်ညကို အိပ်ချိန် ၇ နာရီကနေ ၈နာရီကြား ရှိအောင် ဂရုစိုက်ပါ။အထိုင်များတာက နှလုံးကို ထိခိုက်စေသလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အထိုင်များတာက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ခံစားရစေနိုင်ပါတယ်။အထိုင်များတာက ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးနိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေကုန်မှာ ထိုင်နေတာမျိုး မလုပ်ဘဲ သင့်တင့်တဲ့ လှုပ်ရှားမှုလေးတွေ လုပ်ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/tips-for-a-healthy-heart/
Poliomyelitis (ပိုလီယိုရောဂါ)
ပိုလီယို ရောဂါ (poliomyelitis ) ဟာ ပိုလီယို ဗိုင်းရပ်စ် ကြောင့် စြဖ်တဲ့ ကူးစက်ရောဂါဖြစ်ပါတယ်။ ဗိုင်းရပ်စ်ဟာ အာရုံကြောစနစ်ကို တိုက်ခိုက်ပြီး နာကျင်ခြင်း နှင့် Motor neurons တွေကို ပျက်စီးစေကာ ကြွက်သားသေခြင်း( ခြေထောက် သို့ တခြား အစိတ်အပိုင်းတွေ လှုပ်မရခြင်း) ကိုဖြစ်စေပါတယ်။အခြေအနေဆိုးရွားလျှင် ရောဂါက ခြေထောက်တွေကို အများဆုံးထိခိုက်စေပြီး ဒိထက်ပိုဆိုးလျှင် အသက်ရှူခြင်းနှင့် မျိုချခြင်းတို့ကိုပါထိခိုက်လာနိုင်ပါတယ်။ ယနေ့အချိန်အခါမှာတော့ အစွမ်းထက်တဲ့ ကာကွယ်ဆေးတွေရဲ့ ကျေးဇူးကြောင့် ဒီရောဂါဟာ အလွန်ရှားပါးသော်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ဖြစ်နေတုန်းပဲ ဖြစ်ပါတယ်။ရောဂါလက္ခဏာအများစုကတော့ ရက်ပိုင်း သို့ ရက်သတ္တပတ်လောက်သာ ကြာတတ်ပါတယ်။ သို့သော် ပိုလီယိုက ဆိုးရွားတဲ့ လက္ခဏာတွေ ပြတတ်ပြီး ၂ လကနေ ၆ လထိတောင် ကြာတတ်နိုင်ပါတယ်။ ၎င်းကာလအပြီးမှာတော့ လူနာက အကောင်းအတိုင်းပြန်ဖြစ်သွားတတ်ပါတယ်။ဒီရောဂါ က အဖြစ်များတဲ့ ရောဂါဖြစ်ပါတယ်။၎င်းဟာ ကိုယ်ဝန်ဆောင် မိခင်တွေ ကလေးငယ်လေးတွေ နှင့် ကိုယ်ခံအားစနစ်အားနည်းသူတွေမှာ အဖြစ်များပါတယ်။ရောဂါပိုး ကူးစက်ခြင်း ၃ မျိုးရှိပါတယ်။ atypical, paralysis and not paralyzed ဆိုပြီး ရှိပါတယ်။ ပိုလီယိုက အာရုံကြောစနစ်ကို ထိခိုက်ခြင်း မရှိပဲ ရောဂါ အပျော့စားလည်း ဖြစ်နိုင်သလို ကိုယ်တစ်ပိုင်းသေသွားသည် ထိ ဆိုးရွားပြင်းထန်တဲ့ ရောဂါလည်းဖြစ်လာနိုင်ပါတယ်။ ရောဂါရှိတဲ့ လူနာအများစုမှာ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။ပိုလီယိုရောဂါ အပျော့စား၏ အဖြစ်များဆုံး ရောဂါလက္ခဏာတွေကတော့ တုပ်ကွေးကဲ့သို့လက္ခဏာကဲသို့ သို့မဟုတ် ဗိုင်းရပ်စ်ရောဂါ လက္ခဏာကဲ့သို့ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ နှင့် ဝမ်းချုပ်ခြင်း သို့ ဝမ်းလျှောခြင်း တို့ဖြစ်ကြပါတယ်။ခေါင်းကိုက်ခြင်း၊ လည်ပင်းတောင့်ခြင်း၊ နှင့် စိတ်မူမမှန်ခြင်းတို့ကိုတော့ အဖြစ်များတဲ့ လက္ခဏာလို့ မသတ်မှတ်ထားကြပါ။အဖြစ်များဆုံး လက္ခဏာတွေကတော့ ဖျားခြင်းနှင့် ခေါင်းကိုက်ခြင်း၊ လည်ပင်းတောင့်ခြင်း နှင့် ကျောတောင့်ခြင်း၊ ဝမ်းချုပ်ခြင်းနှင့် ဓါတ်မတည့်ခြင်းမျးဖြစ်ကြပါတယ်။ လူနာတွေက ကိုယ်ခန္ဓါအောက်ပိုင်းမှာ အထိအတွေ့နှင့် လှုပ်ရှားမှုတွေ ပျောက်ဆုံးသွယးတတ်ကြပါတယ်။ နောက်ပိုင်းမှာ ၂လကနေ ၆ လအတွင်း လူနာတွေက တဖြည်းဖြည်းပြန်ကောင်းလာတတ်ကြပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခု ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲ ဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ပိုလီယိုရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က သင် လှုပ်ရှားမရဖြစ်နေလား သို့ လည်ပင်းတောင့်နေလားနှင့် ကျောဘက်ရောဂါလက္ခဏာများ၊ မျိုချရခက်နေခြင်း၊ နှင့် အသက်ရှူခက်နေခြင်းများ ဝမ်းဗိုက်ရောဂါလက္ခဏာများကို ကြည့်ရှုစမ်းသပ်ပြီး ရောဂါကို အတည်ပြု အဖြေထုတ်ပါလိမ့်မယ်။ ဆရာဝန်က ကျောရိုးမမှ အရည်ကို အပ်နှင့်စုပ်ထုတ်ပြီး ထိုအရည်မှာ ရောဂါပိုးရှိမရှိလဲ စစ်ဆေးပါလိမ့်မယ်။ ဆရာဝန်က သင့်ဆီက ဝမ်းနမူနာ၊လည်ချောင်းမှ အရည်နှင့် သွေးတို့ကို ဗိုင်းရပ်သ်ပိုးစစ်ရန် ယူပါလိမ့်မယ်။ပိုလီယိုရောဂါ ကို ပျောက်အောင် ကုသနိုင်တဲ့ ဆေးမရှိပါဘူး။ ibuprofen နှင့် ၎င်းကဲ့သို့ဆေးများက အနာသက်သာအောင် ကုသနိုင်ပါလိမ့်မယ်။ ကျန်းမာရေးနှင့် ကိုယ်ခံအားကောင်းဖို့ရာ ကိုယ်ကာယ ကုထုံးတွေနဲ့ အာဟာရ ကုထုံးတေလည်းရှိပါတယ်။ သင့်ဆရာဝန်က သင်ရောဂါပိုးကူးတဲ့ အဆင့်ရောက်နေတဲ့ အချိန်မှာ နေလို့ သက်သာအောင် တခြားကုထုံးတွေလဲ ပေးနိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ပိုလီယို ရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• ကြွက်သားတွေ ကျုံ့မသွားနိုင်အောင် ကာယလေ့ကျင်ခန်းကုထုံးများကို မှန်မှန်လုပ်ပါ။• သင့်မှာ ရောဂါပိုးကူးစက်မိပြီ သို့ Polio ကူးစက်မိပြီ ဟုထင်လျှင် ဆရာဝန်နဲ့ ပြပါ။• သင့်မှာ ပိုလီယိုရောဂါဖြစ်နေပြီလို့ အတည်ပြုထားလျှင် သို့ ရောဂါလက္ခဏာတွေ ပိုဆိုးလာလျှင် ဆရာဝန်နဲ့ ပြပါ။• ရောဂါပိုးရှိတဲ့ ဒေသသို့ ခရီးမသွားခင် ကိုယ်တစ်ပိုင်းသေခြင်းအား ကာကွယ်ရန် ပိုလီယို ကာကွယ်ဆေးထိုးထားပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/poliomyelitis-%e1%80%95%e1%80%ad%e1%80%af%e1%80%9c%e1%80%ae%e1%80%9a%e1%80%ad%e1%80%af%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab/
ကလေးများရဲ့ ဆန်းစစ်ဝေဖန်နိုင်စွမ်းတိုးတက်စေဖို့
ကလေးတွေဟာ သင်လွယ်တတ်လွယ်လေးတွေပါ။ ခုခေတ်ကလေးတွေဆို လည်လိုက်တာမှ အရိပ်ပြရင် အကောင်မြင်တယ်ဆိုတာမျိုးပေါ့။ဒီလိုဉာဏ်ကောင်းတဲ့ကလေးတွေဟာ အမှားအမှန်ကို သေသေချာချာ ဆန်းစစ်ဝေဖန်နိုင်ရင်၊ လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်ရင် ပိုတောင်မကောင်းနိုင်ဘူးလား။ခေတ်ကာလရဲ့ အခြေအနေအရ ပုံစံချထားတဲ့ တွေးခေါ်မှုတွေကို သိပ်လက်မခံတော့ပါဘူး။ အကျိုးအကြောင်းမှန်မှန်နဲ့ ထိုးဖောက်နိုင်မယ့် အတွေးအခေါ်တွေ၊ မတူညီတဲ့ အတွေးအမြင်တွေကို ပိုပြီး ကြိုဆိုလာကြပါပြီ။ကလေးတွေအတွက်ဆန်းစစ်နိုင်စွမ်းဆိုတာ ဘယ်လောက်အရေးကြီးလဲ။ဆန်းစစ်ဝေဖန်နိုင်စွမ်းဆိုတာ အကျိုးသင့် အကြောင်းသင့် စဉ်းစားတတ်တာ၊ မှန်၏ မမှန်၏ ဆုံးဖြတ်နိုင်တာ၊ လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်တာပဲ ဖြစ်ပါတယ်။ ကလေးဘဝမှာ ဒါတွေလိုလို့လားလို့ မေးစရာရှိပါတယ်။ မေမေတို့ ကလေးက တစ်နေ့မှာ လူကြီးဖြစ်လာမှာပါ။ သူ့ကို ဘယ်လို လူကြီးမျိုး ဖြစ်စေချင်လဲ။ ခုတည်းက ပုံဖော်ကြည့်လို့ရပါတယ်။အများပြောတိုင်း ရောယောင်ပြီး ဟုတ်တယ်၊ မဟုတ်ဘူး ပြောစေချင်တာလား။ ဒါမှမဟုတ် အကျိုးသင့် အကြောင်းသင့် စဉ်းစားပြီး အမှားအမှန်ကို ခွဲခြားနိုင်တဲ့သူ ဖြစ်စေချင်တာလား။ တကယ်လို့မေမေတို့အဖြေက ဒုတိယတစ်ခုဆိုရင် ခုပဲ ကလေးကို ဆန်းစစ်ဝေဖန်နိုင်စွမ်းရှိသူဖြစ်အောင် သင်ကြားပေးဖို့ ပြင်ဆင်နိုင်ပါပြီ။မေမေတို့အနေနဲ့ ဒါဟာမွေးရာပါ ဗီဇတစ်ခုလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် ဒါက သင်ကြားပေးလို့ရတဲ့၊ လေ့ကျင့်ပေးလို့ရတဲ့ ပညာရပ်တစ်ခုပါပဲ။ အသက် (၂) နှစ်လောက်ဆိုရင် ကလေးက ပစ္စည်းတော်တော်များများရဲ့ နာမည်ကိုလည်း သိနေပြီ။ စကားလည်း တော်တော်များများ ပြောတတ်နေပြီ။ဦးနှောက်လည်း ကောင်းကောင်းဖွံ့ဖြိုးနေပြီဖြစ်လို့ သင်မယ်ဆို သင်ပေးလို့ ရနေပါပြီ။သင်တာကလည်း တိုက်ရိုက်သင်ပေးတာမျိုး မဟုတ်ဘဲ သူတို့နဲ့ အတူ ပူးပေါင်းပြီးလေ့ကျင့်ခန်းလေးတချို့ကို လုပ်ပေးတဲ့သဘောပါပဲ။ဟုတ်သလား၊ မဟုတ်ဘူးလား ဆိုတာထက် ဘယ်လိုထင်သလဲဆိုတဲ့ မေးခွန်းမျိုးကို မေးပေးပါ။ ဟုတ်သလား၊ မဟုတ်ဘူးလားမှာ ဟုတ်တယ်၊ မဟုတ်ဘူး အဖြေတစ်ခုကိုပဲ ရွေးရမှာဖြစ်ပြီး ဘယ်လိုထင်သလဲဆို ကလေးက သူထင်တာတွေကို အများကြီး ပြောပါလိမ့်မယ်။ သူ့ရဲ့စဉ်းစားဆင်ခြင်နိုင်စွမ်း၊ တွေးခေါ်နိုင်စွမ်းကို မူတည်ပြီး အဖြေတွေ အများကြီး ထွက်လာပါလိမ့်မယ်။ကလေးတွေက မှားပြီး ဖြေလိုက်ရင် ရယ်လိုက်တာ၊ ဆူလိုက်တာမျိုးရှောင်ပါ။ ဒါကကလေးရဲ့ တွေးခေါ်မှုကို ကန့်သတ်လိုက်သလို ဖြစ်သွားနိုင်ပါတယ်။ ကလေးတွေမှာ မှားခွင့်ရှိပါတယ်။  အမှားတွေကနေပဲ သင်ခန်းစာယူကြရတာပါ။ ဒါကြောင့် ကလေးတွေကို ပေးမှားလိုက်ပါ။ ဒါမှနောက်ပိုင်းကျရင် မေးခွန်းတွေ ဖြေဖို့ မကြောက်မှာပါ။ပုံပြင်လေးတွေ ပြောတိုင်းမှာ လူဆိုးကြီးကို ဆိုးတယ်ပဲ မပြောပါနဲ့။ ဘာကြောင့် လူဆိုးကြီး ဆိုးရတာလဲဆိုတာကိုပါ တူတူဆွေးနွေးကြည့်ပါ။ အဖြေမှန်ဆိုတာ တစ်ခုပဲ ရှိတာမဟုတ်ပါဘူး။ ကလေးကို ရှုထောင့်ပေါင်းစုံက တွေးတတ်အောင် လေ့ကျင့်ပေးပါ။ ဒါမှ ကလေးက သူတစ်ပါးကို စာနာတတ်တဲ့သူ၊ကိုယ်ချင်းစာတတ်တဲ့သူဖြစ်လာမှာပါ။စိတ်ကူးယဉ်ပြီး ပုံပြောခိုင်းတာတို့၊ ဇာတ်ကောင်လေး ဖန်တီးတာတို့ လုပ်ခိုင်းပါ။ ကလေးက တီထွင်ဖန်တီးမှုအားကောင်းလာပါလိမ့်မယ်။ ဒါ့ပြင် ကလေးက ပုံပြင်တွေ ဖန်တီးရင်း ဘယ်အရာက ဖြစ်နိုင်တယ်၊ ဘယ်အရာက မဖြစ်နိုင်ဘူးဆိုပြီး တစ်ခါတည်း ဆန်းစစ်ပြီးသား ဖြစ်ပါလိမ့်မယ်။တခြားကလေးတွေနဲ့ ဆော့ကစားတာက သူတို့အချင်းချင်းတွေ အတွေးတွေ ဖလှယ်နိုင်သလို တစ်ယောက်နဲ့ တစ်ယောက် ညှိညှိနှိုင်းနှိုင်း လုပ်တတ်စေပါတယ်။ ကလေးအချင်းချင်းဆိုတော့ ပိုပြီး လွတ်လွတ်လပ်လပ်တွေးခေါ်နိုင်တာပေါ့။ကျောင်းမှာ ဖြစ်ဖြစ်၊ အိမ်မှာ ဖြစ်ဖြစ် တစ်ခုခုပြောလိုက်ပြီဆိုရင် အလွယ်တကူလက်ခံမယ့်အစား အကျိုးသင့် အကြောင်းသင့် မေးခွန်းတွေ ပြန်မေးခိုင်းပါ။ မေးဖို့ဆိုတာ တစ်ခုခုကို သံသယရှိမှ ဖြစ်လာတာကြောင့် သူတို့လေးတွေရဲ့ ဝေဖန်နိုင်စွမ်းကို ပိုကောင်းစေပါလိမ့်မယ်။မေမေ့ကလေးက ဆန်းစစ်ဝေဖန်နိုင်စွမ်းတိုးတက်လာပြီဆိုရင် ကိစ္စရပ်တွေကို ပိုပြီးလွတ်လွတ်လပ်လပ် တွေးခေါ်နိုင်မယ်၊ အမှားအမှန်ကို ခွဲခြားနိုင်လာမယ်၊ သူများပြောတိုင်း မယုံတော့ဘဲ ဘာကြောင့်လဲလို့ မေးလာမယ်၊ သူတို့အနေနဲ့ သံသယဖြစ်လာပြီဆိုရင် မေးခွန်းပြန်ထုတ်လာမယ် စတဲ့ ကောင်းသော ပြောင်းလဲမှုတွေ တွေ့ရမှာပါ။ဝေဖန်ဆန်းစစ်နိုင်စွမ်းဆိုတာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့်။ဒီလို သင်ကြားပေးမယ်ဆိုရင်တော့ အနာဂတ်မှာ မေမေတို့ ကလေးတွေက အကောင်းအဆိုး အကြောင်းအကျိုး ဝေဖန်နိုင်တဲ့ စမတ်ကျတဲ့ လူကြီးတွေအဖြစ် ကြီးပြင်းလာမှာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/developing-critical-skills-in-kids/
Prolapsed bladder (ဆီးအိမ်ကျွံခြင်း )
ဆီးအိမ်ဆိုတာ ဆီးများသိုလှောင်သော ခန္ဓါကိုယ် ဝမ်းဗိုက်အောက်ပိုင်းရှိ အိတ်ပုံစံ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ထိုထဲတွင် ဆီးများပြည့်လာပါက ဆီသွားလိုခြင်းဆန္ဒကို ဖြစ်စေပါတယ်။ ဆီးဟာ ဆီးအိမ်မှ အပြင်ဘက်သို့ ဆီးလမ်းကြောင်းကို ဖြတ်၍ စွန့်ပစ်ပါတယ်။ အမျိုးသမီးများတွင် မိန်းမကိုယ် အရှေ့ဘက်နံရံသည် ဆီးအိမ်ကို ခိုင်ခံ့စေပါတယ်။ အသက်ကြီးလာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်း၊ သားအိမ်ထုတ်ခြင်း၊ စသည်တို့ဟာ ဆီးအိမ်နံရံကို လျော့လျဲစေလာပါတယ်။ ထိုသို့ လျော့လျဲလာပါက ဆီးအိမ် သည်မိန်းမကိုယ်ထဲသို့ ကျွံခြင်း ဖြစ်ရပါတယ်။ ထိုအခါ ဆီးသွားရခက်ခြင်း၊ နာကျင်ခြင်း၊ နှာချေ/ချောင်းဆိုး/ညှစ်ခြင်း များပြုလုပ်ပါက ဆီးထွက်ကျခြင်း တို့ကို ဖြစ်စေပါတယ်။ ထို့နောက် သားအိမ်၊အူ၊ ဝမ်းအိမ် တို့ပါ လိုက်၍ကျွံလာနိုင်ပါတယ်။ ဆီးအိမ်ကျွံခြင်းကို အဆင့် လေးဆင့်ခွဲပါတယ်။အဆင့် ၁-အသေးစား- ဆီးအိမ်၏ သေးငယ်သော တစ်စိတ်တစ်ပိုင်းသာ ကျွံခြင်း။အဆင့် ၂-အလယ်အလတ်- ဆီးအိမ်ကျွံခြင်းဟာ မိန်းမကိုယ် အဝထိရောက်လာခြင်း။အဆင့် ၃-ပြင်းထန်- ဆီးအိမ်ကျွံခြင်းဟာ ခန္ဓါကိုယ် အပြင်ဘက်သို့ ရောက်လာခြင်း။အဆင့် ၄- တစ်ခုလုံးကျွံခြင်း- ဆီးအိမ် တစ်ခုလုံးဟာ ခန္ဓါကိုယ် အပြင်ဘက်သို့ ကျွံထွက်ခြင်း။ သားအိမ်၊အူ၊ ဝမ်းအိမ် တို့ပါ လိုက်၍ကျွံလာနိုင်ပါတယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက် ၅၀ ကျော် အမျိုးသမီး ၄၀% နီးပါးတွင် တွေ့ရပြီး ၁၀% သည် ခွဲစိပ်ကုသရန်လိုသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဆီးအိမ်ကျွံခြင်း ရဲ့ ဦးဆုံးရောဂါလက္ခဏာတွေကတော့ မိန်းမကိုယ်ထဲတွင် တစ်ခုခု ဖိနေသလိုခံစားရခြင်းဖြစ်ပါတယ်။ ထို့နောက်။-ထိုင်နေရင်း ဗိုက်အောက်ဘက်နာခြင်း။-နာကျင်၍ သွေးပါသော အသားတစ်ခုခု မိန်းမကိုယ်မှ ထွက်လာခြင်း။-မိန်းမကိုယ်ထဲ တစ်ခုခု စမ်းမိခြင်း။-ဆီးသွားရ ခက်ခြင်း။-ဆီးကျန်သလို ခံစားရခြင်း။– နှာချေ/ချောင်းဆိုး/ညှစ်ခြင်း များပြုလုပ်ပါက ဆီးထွက်ကျခြင်း။-ဆီးလမ်းကြောင်း မကြာခဏ ပိုးဝင်ခြင်း။-လိင်ဆက်ဆံစဉ် နာကျင်ခြင်း။-လိင်ဆက်ဆံစဉ် ဆီးထွက်ကျခြင်း။-ခါးနာခြင်း။-အဆင့် ၁ သာရှိသေးပါက မည်သည့်လက္ခဏာမှ မခံစားရခြင်း။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဆီးအိမ်ကျွံခြင်း ဖြစ်ပွားမှုအကြောင်းရင်းများမှာ ဆီးအိမ်၊ ဆီးလမ်းကြောင်း၊ သားအိမ်၊ ဝမ်းအိမ် တို့ကိုထောက်ပံ့ပေးသော ကြွက်သားများနှင့် အရွတ်များ အားပျော့လာခြင်း ကြောင့်ဖြစ်သည်။-ကိုယ်ဝန်ဆောင်ခြင်း နှင့် မီးဖွားခြင်းဟာ အဓိကအကြောင်းရင်းဖြစ်သည်။ ထိုသို့ဖြင့် မိန်းမကိုယ်ဝန်းကျင် ကြွက်သားများပါ ဖိအားဒါဏ်ကြောင့် အားပျော့ကာ ဆီးအိမ်ကျွံခြင်း ဖြစ်ပွားပါတယ်။-အသက်ကြီးခြင်းဖြင့် လည်းကြွက်သားများ အားနည်းလာပါတယ်။-သွေးဆုံးခြင်း- အမျိုးသမီး ဟော်မုန်း estrogen သည် မိန်းမကိုယ်ဝန်းကျင် ကြွက်သားများကို ခိုင်ခံ့စေပါတယ်။ သွေးဆုံးပါက ထိုဟော်မုန်း မထွက်တော့ပါ။-ဝမ်းဗိုက်အောက်ပိုင်း ခွဲစိပ်ဖူးခြင်း- ဥပမာ သားအိမ်ထုတ်ခြင်း။ဆီးအိမ်ကျွံခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။-နာတာရှည် အဆုတ်ရောဂါရှိခြင်း။-အဝလွန်ခြင်း။-ဝမ်းချုပ်ခြင်း။-အလေးအပင်များ မ ရခြင်း၊ ပြင်းထန်စွာ ညှစ်ခြင်း၊။အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့ ဆီးအိမ်ကျွံခြင်း မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အမျိုသမီး လိင်အင်္ဂါဝန်းကျင်ကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန် လိုပါတယ်။ မိန်းမကိုယ်မှ ဆီးအိမ် ကျလာခြင်းကို ဆရာဝန်မှ အတည်ပြုပေးနိုင်ပါတယ်။ မသိသာသော အခြေအနေမျိုးတွင် ဆရာဝန်က voiding cystourethrogram ကိုသုံးနိုင်ပါတယ်။ ဆိုလိုသည်မှာ ဆီးသွားနေရင်း ဓါတ်မှန်အတွဲလိုက်ရိုက်ခြင်း ပဲဖြစ်ပါတယ်။ ထိုသို့ဖြင့် ဆီးအိမ်ပုံသဏ္ဍာန် နှင့် ဆီးအိမ်ကျွံခြင်းဖြစ်ရတဲ့ အကြောင်းရင်းကို သိနိုင်မယ်ဖြစ်ပါတယ်။အခြားရောဂါများ ဖြစ်မနေရန် ဝမ်းဗိုက် ဓါတ်မှန်ကိုလည်း ရိုက်နိုင်ပါတယ်။ အတည်ပြုပြီးပါက ဆရာဝန်သည် အာရုံကြောများနှင့် ကြွက်သားများ၊ ဆီးသွားအားတို့ကို စမ်းသပ်ကာ သင့်တော်သော ကုသမှုကို ဆုံးဖြတ်ပေးပါလိမ့်မည်။Urodynamics or video urodynamics ဟူသော စမ်းသပ်မှုသည် ဆီအိမ်အတွင်းရှိ ဖိအားနှင့် ပမာဏ ဆက်နွယ်မှုကို တိုင်းတာပြီး EKG of the bladder ဟုလည်းခေါ်ပါတယ်။ ဆီးလမ်းကြောင်းအထူးကုအတွက် ဆုံးဖြတ်ချက်ချရန် အထောက်အကူ ပြုပါတယ်။Cystoscopy(ဆီးအိမ်အတွင်းသို့ မှန်ပြောင်းနှင့် ကြည့်ခြင်း) ကိုလည်း သင့်တော် သော ကုသမှုကို ရွေးချယ်ရန်ပြုလုပ်လေ့ ရှိပါတယ်။ ပြင်ပလူနာဌာနတွင် ပြုလုပ်နိုင်ပြီး ဆီးလမ်းကြောင်းအထူးကုက TV ဖန်သားပြင်ကို သုံးပြီး စမ်းသပ်နိုင်ပါတယ်။ ဒီနည်းဟာ ဆိုးကျိုးနည်းပြီး လူအတော်များများ ပြုလုပ်နိုင်ပါတယ်။ဆီးအိမ်ကျွံခြင်း အဆင့်ဟာ နာကျင်ခြင်းကို မဖြစ်စေသောကြောင့် ကုသမှုမလိုအပ်သေးပေ။ သို့သော်အလေးအပင် မ ခြင်း၊ညှစ်ခြင်း တို့မပြုလုပ်ပါရန် ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ပြင်းထန်သော အခြေအနေဖြစ်ပါက ဆရာဝန်က အခြားအချက်များကို ထည့်သွင်းစဉ်းစားပါလိမ့်မယ် ဥပမာ အသက်အရွယ်၊ ကျန်းမာရေး၊ သင့်တော်သော ကုသမှု နှင့် ရောဂါ၏ ပြင်းထန်မှုများ။ကုသနည်းများ။ခွဲစိပ်မှု မလိုသော ကုသနည်းများ။Pessary ကွင်းထည့်ခြင်း- Pessary ကွင်းကို မိန်းမကိုယ်တွင်းထည့်ကာ ဆီးအိမ်ကျွံကျမလာအောင် ထိန်းထားခြင်း ဖြစ်သည်။ ပိုးမဝင်အောင် ထိုကွင်းများကို ပုံမှန် ထုတ်ဆေးကြောခြင်းများ ပြုလုပ်နိုင်ပါတယ်။ အချို့ ကွင်းများဟာ မိမိကိုယ်တိုင် ထုတ်ဆေးကြောနိုင်အောင် ပြုလုပ်ထားကြပါတယ်။ဆရာဝန်ကတော့ မည်သည့် အမျိုးအစား မဆို ထုတ်ပေးနိုင်ပါတယ်။ မိန်းမကိုယ်နံရံ တိုက်စားခြင်း၊ ပိုးဝင်ခြင်း မဖြစ်အောင် ထိုကွင်းများကို estrogen ခရင်မ် နှင့် တွဲသုံးနိုင်ပါတယ်။ အချို့သူများအတွက် ကွင်းဟာ မကြာခဏ ကျွံထွက်လာတတ်ပါတယ်။Estrogen ပြန်ဖြည့်ခြင်း- ထိုဟော်မုန်းကို ပြန်ဖြည့်ခြင်းဖြင့် မိန်းမကိုယ်ဝန်းကျင် ကြွက်သားများ ခိုင်ခံ့စေပါတယ်။ခွဲစိပ်ခြင်း။ပြင်းထန်အဆင့် ဖြစ်ပါက ခွဲစိပ်ဖို့ လိုအပ်ပါတယ်။ မိန်းမကိုယ်ကို ဖြတ်သန်း၍ ခွဲစိပ်ခြင်းကိုပြုလုပ်ပါတယ်။ ကျွံသော ဆီအိမ်ကို ပြန်ထိန်းပြီး နေရာတကျပြန်ထားကာ နံရံကို ခိုင်ခံ့အောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။ခွဲစိပ်နည်းကို မူတည်ပြီး မေ့ဆေး၊ ထုံဆေး၊ နေရာတစ်ဝိုက်သာ ထုံအောင်ထိုးခြင်း စသဖြင့် ကွာခြားပါတယ်။ အသေးစားခွဲစိပ်ခြင်းများတွင် ခွဲစိပ်ပြီး သည့်နေ့ပင် အိမ်ပြန်နိုင်ပါတယ်။ဆီးအိမ်ကျွံခြင်းကို ပြန်ခိုင်ခံ့ရန်သုံးသော ကိရိယာ မျိုးစုံရှိပါတယ်။စကာပြားကို သုံး၍ ပြုပြင်ခြင်းဟာ ကောင်းကျိုးနည်းကြောင်း ပြောကြပါတယ်။ သို့သော် အချို့နေရာများတွင် သုံးဖို့သင့်တော်ပါတယ်။ဆရာဝန်က ပြုလုပ်မည့် နည်းလမ်း၏ အားသာချက်၊ အားနည်းချက်များ နှင့် ပြုလုပ်မည့်နည်းလမ်းကို မပြုလုပ်ခင် ရှင်းပြသင့်ပါတယ်။ခွဲစိပ်ပြီး ခြောက်ပတ်ကြာသော် ပုံမှန် လှုပ်ရှားမှု ပြုလုပ်နိုင်ပါတယ်။ သို့သော် တတ်နိုင်သလောက် ပြင်းထန်သော လှုပ်ရှားမှုများကို ရှောင်သင့်ပါတယ်။အခြားကုသနည်းများ။Physical therapy။-လျှပ်စစ်ဖြင့် လှုံ့ဆော်ခြင်း- ဆရာဝန်ဟာ probe ကို မိန်းမကိုယ်အတွင်းရှိ ကြွက်သားပေါ်တင်ကာ ထို probe နှင့် ဆက်ထားသော ကိရိယာမှ သေးငယ်သောလျှပ်စစ်များ လွှတ်ခြင်းဖြင့် ကြွက်သားများကို ကျုံ့စေသည်။ ထိုသို့ဖြင့် ကြွက်သားများ ခိုင်ခံ့စေသည်။ အလားတူ ခန္ဓါကိုယ် အပြင်ဘက်ရှိ pudendal အာရုံကြောကိုလည်း ထိုသို့ လှုံ့ဆော်မှု ပေးနိုင်ပါတယ်။ထိုသိုဖြင့် ဆီးမထိန်းနိုင်ခြင်းကို လည်းကုသပေးပါတယ်။Biofeedback- အာရုံခံ ကိရိယာလေးကို သုံးကာ မိန်းမကိုယ်ထဲရှိ ကြွက်သားမျာ လှုပ်ရှားမှုကို စစ်ဆေးခြင်းဖြစ်သည်။ ကြွက်သားများ ခိုင်ခံ့စေရန် လေ့ကျင့်ခန်းများ လုပ်နိုင်ပါတယ်။ ထိုသို့ဖြင့် ရောဂါလက္ခဏာများ သက်သာလာစေနိုင်ပါတယ်။ ထို sensor သည် လေ့ကျင့်ခန်းလုပ်စဉ် မိန်းမကိုယ် ကြွက်သားများ ကျုံ့ခြင်းကို စစ်ဆေးနိုင်ပါတယ်။ ထိုသို့ဖြင့် မည်သည့် လေ့ကျင့်ခန်းနှင့် သင့်တော်မည်ကို ဆရာဝန်က ခန့်မှန်းသိနိုင်ပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဆီးအိမ်ကျွံခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဆီးအိမ်ကျွံခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။-အလေးအပင် မ ခြင်းကို ရှောင်ခြင်း။-ညှစ်ခြင်းကို ရှောင်ခြင်း။-Kegel လေ့ကျင့်ခန်းများ-မိန်းမကိုယ်ဝန်းကျင် ကြွက်သားများကို ခိုင်ခံ့စေပါတယ်။ အသေးစားနှင့်အလယ်အလတ် ဆီးအိမ်ကျွံခြင်း တို့ကို ကုသရာမှာ သို့မဟုတ် အခြားကုသနည်းများကို ဖြည့်စွက်ရာမှာ သုံးပါတယ်။ဆီးအိမ်ကျွံခြင်း ကိုကာကွယ်ရန် အမျှင်ပါသော အစာများစားခြင်း၊ ရေများများသောက်ခြင်းတို့ဖြင့် ဝမ်းချုပ်ခြင်းကို ရှောင်နိုင်ပါတယ်။ ကြာရှည်စွာ ဝမ်းချုပ်ပါက ကုသမှုခံယူသင့်ပါတယ်။အဝလွန်ခြင်းဟာလည်း ဆီးအိမ်ကျွံခြင်းကို အားပေးပါတယ်။ ကိုယ်အလေးချိန်ကို ပုံမှန်တွင် ထိန်းထားသင့်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/bladder-problems/prolapsed-bladder-%e1%80%86%e1%80%ae%e1%80%b8%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%80%e1%80%bc%e1%80%ba%e1%80%b6%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
Basal Ganglia Disease (ဦးနှောက်ရှိ ဘေဆယ်ဂန်ဂလီယွန် ရောဂါ)
Basal ganglia သည် ဦနှောက်အတွင်းမှ ဖွဲ့စည်းတည်ဆောက်ထားသောအစိတ်အပိုင်းများစုပေါင်းထားသောအုပ်စုတစ်ခုဖြစ်ပါသည်။ Basal ganglia ရောဂါသည် ထိုအုပ်စု က မလိုလားအပ်သောလှုပ်ရှားမှုများကိုဖိနှိပ်ရန်နှင့် ကိုယ်ခန္ဓါအပေါ်ပိုင်းလှုပ်ရှားမှုများကိုထိန်းချုပ်ရန် ဆုံးရှုံးသောအခါ ဖြစ်ပွားသောရုပ်ပိုင်းဆိုင်ရာဆောင်ရွက်မှု ပျက်ပြားခြင်း ဖြစ်ပါသည်။လှုပ်ရှားမှုပျက်ပြားခြင်းသည် basal ganglia နှင့်အသက်ဆိုင်ဆုံးဖြစ်သော်လည်းသုတေသနပြုလုပ်မှုများ က basal ganglia ရောဂါသည် စွဲလန်းခြင်းရောဂါ (obsessive compulsive disorder) နှင့် ရုပ်ပိုင်းဆိုင်ရာအသံပိုင်းဆိုင်ရာထစ်ခြင်း (Tourette syndrome) တို့ကို ဖြစ်စေနိုင်သည်ဟု ပြသပါသည်။ ဤရောဂါသည် အသက်အရွယ်မရွေး ဖြစ်ပွားသော်လည်းအသက်ကြီးသောသူများတွင် ပို၍ဖြစ်ပွားပါသည်။သို့သော် အန္တရာယ် ရှိသောအချက်များကိုလျော့ချခြင်းအားဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက် အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။Basal ganglia ထိခိုက်ခြင်းသည် စကားပြောခြင်းလူပ်ရှားခြင်း နှင့် ကိုယ်နေကိုယ်ထားတို့ကိုထိန်းချုပ်သော ပြဿနာများကိုဖြစ်စေပါသည်။ဤရောဂါလက္ခဏာများကိုပေါင်းပြီး Parkinsonism ဟုခေါ်ပါသည်။Basal ganglia ချို့ယွင်းချက်ရှိသောသူများသည် လှုပ်ရှားမှုများစတင်ရန် ရပ်တန့်ရန် ထိန်းထားရန် အခက်အခဲရှိပါသည်။ ဦးနှောက်၏ ထိခိုက်ခံရသောနေရာပေါ်မူတည်၍ မှတ်ညဏ် သို့မဟုတ် အခြားတွေးခေါ်ခြင်းနှင့် ဆိုင်သောလုပ်ငန်းများကိုထိခိုက်စေပါသည်။ယေဘုယျအားဖြင့် ရောဂါလက္ခဏာများသည် ကွဲပြား၍ အောက်ပါတို့ ပါဝင်ပါသည်။စောစီးစွာရောဂါအဖြေရှာခြင်းနှင့် ကုသခြင်းသည် အခြေအနေပို၍ဆိုးရွှားခြင်းကိုရပ်တန့် ပေးပြီးနောက်ထပ်အရေးပေါ်အခြေအနေဖြစ်ခြင်းကိုကာကွယ်နိုင်ပါသည်။ ထို့ကြောင့် ဤပြင်းထန် သောအခြေအနေကိုကာကွယ်ရန် ဆရာဝန်နှင့် အချိန်မီ ပြသပါ။သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါကသို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။ဦးနှောက်ကိုဒဏ်ရာရစေသောအချက်များသည် basal ganglia ကိုထိခိုက်စေပါသည်။ ထိုအချက်များမှာ။ဤတွေ့ရှိချက်များ၏ အဓိကအကြောင်းရင်းသည် စိတ်ကစဉ့်ကလျားဖြစ်ရောဂါကိုကုသသောဆေးများ ကြာရှည်စွာအသုံးပြုခြင်းကြောင့် ဖြစ်သည်။အောက်ပါအချက်များရှိပါကbasal ganglia ရောဂါ ဖြစ်ပွားနိုင်မှုကို မြှင့်တက်စေပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်ကသင့်တွင် ဤရောဂါရှိသည်ဟုသံသယရှိပါကရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများ နှင့် အချို့ ဆေးစစ်ခြင်းများကိုဆရာဝန်ညွှန်ကြားသည့်အတိုင်းလုပ်ဆောင်ပါ။ ဆရာဝန်သည် သင်၏ ဆေးမှတ်တမ်းကိုလည်းမေးမြန်းပါလိမ့်မည်။ ဆရာဝန်ညွှန်ကြားသောအသုံးများသောစမ်းသပ်မှု အချို့မှာ –။ဖြစ်စေသောအကြောင်းရင်းကိုမူတည်၍ ဆရာဝန်သည် ကုသမှုများကိုပေးလိမ့်မည်။ ကုသမှု သည် ဆေးပေးခြင်းသို့မဟုတ် ခွဲစိတ်ကုသခြင်း ဖြစ်နိုင်သည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကbasal ganglia ရောဂါကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ပါ အကျိုးရှိသောနည်းလမ်းများသည် ရောဂါကာကွယ်ရန် ကူညီပေးနိုင်ပါသည်။အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/basal-ganglia-disease-%e1%80%a5%e1%80%ae%e1%80%b8%e1%80%b1%e1%82%8f%e1%80%bd%e1%80%ac%e1%80%80%e1%80%b9%e1%80%9b%e1%80%bd%e1%80%ad-%e1%80%b1%e1%80%98%e1%80%86%e1%80%9a%e1%80%b9%e1%80%82%e1%80%94/
သားဆက်ခြားတဲ့ကိစ္စမှာ အမျိုးသားတွေ ဘယ်လိုပါဝင်ကြမလဲ
သားဆက်ခြားတဲ့ကိစ္စမှာ အမျိုးသားတွေ ဘယ်လိုပါဝင်ကြမလဲ …… ရုတ်တရက်ကြည့်လိုက်ရင် သားဆက်ခြားတဲ့ကိစ္စဟာ အမျိုးသမီးတွေနဲ့ပဲ သက်ဆိုင်တယ်လို့ ထင်ချင်စရာပါ။ တကယ်တမ်း ကြည့်လိုက်ရင်လည်း အင်မတန် စိတ်ချရတဲ့ သားဆက်ခြားနည်း အများစုက အမျိုးသမီးတွေပဲ အသုံးပြုရတာဖြစ်သလို၊ ကိုယ်ဝန်ဆောင်၊ ကလေးမွေးရတာကလည်း အမျိုးသမီးတွေပါပဲ။ ဒါပေမယ့် အမျိုးသားတွေအနေနဲ့လည်း ဒီကိစ္စမှာ ပါဝင်ပေးဖို့ သိပ်ကိုလိုအပ်တဲ့အကြောင်း ပြောပြလိုပါတယ်။သားဆက်ခြားတဲ့ကိစ္စမှာ အမျိုးသားတွေ ဘယ်လိုပါဝင်ကြမလဲ ဆိုတော့။၁။ အမျိုးသား ပါဝင်ပေးရမယ့် သားဆက်ခြားနည်းတွေ။သားဆက်ခြားနည်း အများစုက အမျိုးသမီးတွေပဲ သုံးလို့ရတာ ဆိုပေမယ့် အမျိုးသားဘက်က သုံးလို့ရတဲ့ သားဆက်ခြားနည်းတချို့လည်း ရှိပါတယ်။ အထူးသဖြင့် ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းတွေဆို အသားအရေ ပြောင်းသွားမှာ၊ ကိုယ်အလေးချိန် တက်မှာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်တော့ တချို့ သတို့သမီးလောင်းတွေက မသုံးချင်ကြဘူး။ အလှအပပျက်မယ်ပေါ့လေ။ ဒီလိုအခါမှာ အမျိုးသားတွေအနေနဲ့ အသုံးပြုလို့ရတဲ့ သားဆက်ခြားနည်းတွေ ရှိပါတယ်။ အမျိုးသမီးသုံး နည်းတွေလောက်တော့ ထိရောက်မှု မကောင်းပေမယ့် ထည့်စဉ်းစားလို့တော့ ရပါတယ်။ကွန်ဒုံးဆိုရင် အမျိုးသားသုံး၊ အမျိုးသမီးသုံးရယ်လို့ ရှိပေမယ့် လွယ်လွယ်ကူကူ ဝယ်လို့ရနေတာက အမျိုးသားသုံး ကွန်ဒုံးတွေပါ။ ဒီနည်းလမ်းက ကိုယ်ဝန်မရအောင် တားဆီးပေးသလို၊ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးတွေ ကူးစက်မခံရအောင်လည်း ကာကွယ်ပေးပါတယ်။ ဘေးထွက်ဆိုးကျိုးလည်း မရှိတာကြောင့် အသုံးပြုသင့်တဲ့ ခေတ်ပေါ် သားဆက်ခြားနည်း တစ်ခု ဖြစ်ပါတယ်။ တကယ်လို့ အမျိုးသမီးတစ်ယောက်ဟာ ဒီနည်းလမ်းကို အသုံးပြုချင်တယ်ဆိုရင်တော့ အမျိုးသားရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်ပါတယ်။ သုက်ရည် အပြင်စွန့်ထုတ်တဲ့နည်းလမ်းလို၊ ရက်ရှောင်နည်းလိုမျိုးတွေမှာလည်း အမျိုးသားတွေက အရေးပါတဲ့နေရာကနေ ပါဝင်ပါတယ်။၂။ အမျိုးသမီးအပေါ် လေးစားမှုပေးဖို့။အမျိုးသမီးတွေပဲ အသုံးပြုဖို့လိုတဲ့ နည်းလမ်းတွေနဲ့ပတ်သက်လာရင်လည်း အမျိုးသားတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါတာပါပဲ။ ဟိုတစ်လောကဆို အမျိုးသမီးတစ်ယောက် လာတိုင်ပင်တယ်။ ကလေးပျက်ကျသွားတာ ၂လပဲ ရှိသေးတာကို ကိုယ်ဝန်ထပ်ယူနေတာ မရသေးလို့တဲ့။ ကျွန်တော့်မှာ အသည်းအသန် ပြောရတယ်။ ကလေးပျက်ကျပြီးရင် အနည်းဆုံး ၆ လကတော့ ကိုယ်ဝန်မဖြစ်မနေ တားရတယ်။ မဟုတ်ရင် ကလေးအတွက်ရော မိခင်အတွက်ပါ အန္တရာယ်များတယ် ဆိုတော့ သူက ပြန်ဖြေတယ်။ ကျွန်မယောကျာ်းက အတင်းပြောနေလို့ ဆရာရေ တဲ့။အမျိုးသားကို အမျိုးသမီးထက်စာရင် တန်ဖိုးပိုထားတတ်တဲ့ မြန်မာ့အသိုင်းအဝိုင်းမှာ ဒါဟာ သိပ်အရေးကြီးပါတယ်။ ဘယ်တော့ကလေးယူမယ်၊ ဘယ်လိုသားဆက်ခြားနည်းကို ရွေးချယ်မယ် ဆိုတဲ့ အမျိုးသမီးရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို အမျိုးသားဘက်က လေးစားပေးဖို့ လိုပါမယ်။ မိန်းကလေး မပါသေးလို့၊ ယောကျာ်းလေး မပါသေးလို့ဆိုပြီး မပါမချင်း မွေးခိုင်းနေတာမျိုးတွေ၊ ကိုယ့်မိန်းမကို ကလေးမွေးတဲ့စက်လို သဘောထားနေတာမျိုးတွေ မလုပ်သင့်ပါဘူး။ တစ်နည်းအားဖြင့် ပြောရရင် ဒါဟာ ကိုယ့်အမျိုးသမီးကို ပါရမီဖြည့်ပေးခြင်းတစ်မျိုးပါပဲ။၃။ အမျိုးသမီးကို အားပေးနှစ်သိမ့်ဖို့။သားဆက်ခြားနည်းတွေ သုံးတဲ့အခါ ဘေးထွက်ဆိုးကျိုး ခံစားရတာမျိုးတွေ အနည်းအပါး ရှိတတ်ပါတယ်။ ဒီအခါမှာ အမျိုးသားရဲ့ အားပေးစကားတွေ၊ နှစ်သိမ့်မှုတွေဟာ ဆရာဝန်၊ ဆရာမတွေရဲ့ ဆွေးနွေးမှုနဲ့ထပ်တူပဲ ခံစားနေရသူ အမျိုးသမီးကို စိတ်ပိုင်းဆိုင်ရာအရ လုံခြုံမှုရှိစေပါတယ်။ ဒီအတွက် (ဆေးခန်းသွားရင် အမျိုးသမီးနဲ့အတူ လိုက်သွားပြီး) သားဆက်ခြားနည်းလမ်းတစ်ခုချင်းစီရဲ့ ဘေးထွက်ဆိုးကျိုးတွေအကြောင်းကို လေ့လာထားတာ၊ မေးမြန်းထားတာ၊ ကိုယ့်အမျိုးသမီးနဲ့ဆို ဘယ်နည်းလမ်းက အသင့်တော်ဆုံးဖြစ်မယ်လို့ ဝိုင်းဝန်းအကြံပေးတာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး ဆေးခန်းကို လိုက်မလာ၊ ဒီအကြောင်းတွေကို မလေ့လာထားတဲ့အခါ ဘာဆိုဘာမှမသိဘူး။ ဒီတော့ အမျိုးသမီးက နည်းနည်းလေး ဘေးထွက်ဆိုးကျိုး ခံစားလိုက်ရတာနဲ့ မင်း ဒါတွေမသုံးနဲ့တော့၊ ရောဂါဖြစ်မယ်ဆိုပြီး ပြောရော။ အဲဒီတော့ အမျိုးသမီးအနေနဲ့လည်း ဒါတွေကို ဆက်သုံးဖို့ မဝံ့ရဲတော့ဘူး။ ဒီအခါ မလိုချင်ဘဲ ကိုယ်ဝန်တွေရရရော။ ဒါကြောင့်မို့ အမျိုးသားရဲ့ ပူးပေါင်းပါဝင်ပေးမှု သိပ်အရေးကြီးတယ် ပြောရတာပါ။၄။ မိသားစုစီမံကိန်းအတွက် ကူညီပါဝင်ပေးဖို့။အမျိုးသမီး ရွေးချယ်ထားတဲ့သားဆက်ခြားနည်းလမ်းကို မှန်မှန်ကန်ကန်နဲ့ အသုံးပြုနိုင်အောင်လို့လည်း အမျိုးသားတစ်ယောက်အနေနဲ့ ကူညီပေးလို့ရပါတယ်။ နေ့စဉ်သောက်ဆေးကဒ် သောက်နေတယ်ဆို ဆေးသောက်ဖို့ မမေ့အောင် သတိပေးတာမျိုး၊ (ညအိပ်ခါနီးတိုင်း ဖန်ခွက်လေးနဲ့ ရေထည့်လာမယ်၊ ဆေးကဒ်လေးလည်း ယူလာမယ်၊ ပြီးရင် ကိုယ်တိုင်ကိုယ်ကျ အမျိုးသမီးကို ဆေးတိုက်မယ်၊ ဒါမျိုး ရိုမန်တစ်ဆန်ဆန်လေးတွေလည်း လုပ်နိုင်ပါတယ်)၊ (၃)လတစ်ကြိမ် ဆေးထိုးနေတယ်ဆိုလည်း (၃)လပြည့်တဲ့နေ့မှာ ဆေးခန်းသွားဖို့ သတိပေးတာ၊ ကလေးကျောင်းကြိုကျောင်းပို့ ကိစ္စတွေနဲ့ တိုက်နေရင်လည်း ဝိုင်းကူပေးတာမျိုး၊ နောက်ပြီးသားအိမ်ထဲပစ္စည်း ထည့်တယ်ဆိုရင် ပုံမှန်ဆို ဒီပစ္စည်းက အတူနေတဲ့အခါမှာ အနှောင့်အယှက် မဖြစ်စေပါဘူး။ ဒါပေမယ့် ထည့်ပြီးနောက်ပိုင်း ကာလတစ်ခုကြာလာတဲ့အခါ ဒီပစ္စည်းကို အတူနေတိုင်း ခံစားမိနေတယ်ဆိုရင် နေရာမကျတော့လို့လား၊ ထွက်ကျလာတာလား စသဖြင့် ပြောပြပြီး ဆေးခန်းပြဖို့ အကြံပေးတာမျိုးတွေ လုပ်လို့ရနိုင်ပါတယ်။တကယ်တော့ မိသားစုတစ်စုရဲ့ ယောကျာ်းနဲ့ မိန်းမဆိုတာ တောင်ပံတစ်စုံနဲ့ တူပါတယ်။ တစ်ဖက်က ဘယ်လောက်ပဲ သန်စွမ်းနေပါစေ၊ တစ်ဖက်က ကျိုးနေတယ်ဆိုရင် ဘယ်လိုခရီးကိုမှ နှင်နိုင်မယ် မဟုတ်ပါဘူး။ ဒါကြောင့် တောင်ပံနှစ်ဖက် တစ်ဖက်ကိုတစ်ဖက် အပြန်အလှန်လေးစားရင်း ပါရမီဖြည့်ပေးရင်းနဲ့ ဘဝခရီးကို အတူဖြတ်သန်းနိုင်ကြဖို့ လိုပါတယ်။အောင်မြင်တဲ့ ယောကျာ်းတစ်ယောက်ရဲ့ နောက်ကွယ်မှာ သိပ်တော်တဲ့ မိန်းမတစ်ယောက် ရှိနေတတ်တယ် ဆိုတဲ့စကားလိုပါပဲ၊ အောင်မြင်တဲ့ မိန်းမတစ်ယောက်ရဲ့ နောက်ကွယ်မှာလည်း သိပ်တော်တဲ့ ယောကျာ်းတစ်ယောက် ရှိနေတတ်ပါတယ်။ ဒါကြောင့်မို့ အမျိုးသားတွေအနေနဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို တည်ဆောက်ဖို့အတွက် တကယ့်ကို အခြေခံအကျဆုံးလို့ ပြောလိုရတဲ့ မိသားစုစီမံကိန်း ကိစ္စမှာ တက်တက်ကြွကြွ ပါဝင်ပြီး ကိုယ့်လက်တွဲဖော်ကို အကောင်းဆုံး ပါရမီဖြည့်ပေးလိုက်ပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/how-to-involve-men-in-contraceptive-methods/
“သတို့သမီးလောင်းတွေ ရွေးချယ်လို့ရတဲ့ သားဆက်ခြားနည်းများ”
~ မင်္ဂလာခန်းမကြီးထဲ ~ ဒီမင်္ဂလာခန်းမကြီးထဲ ~ တို့နှစ်ဦးလက်တွေတွဲ ခိုင်မြဲသောအချစ်တွေ သက်သေထူမယ် ~။တစ်သက်မှာ တစ်မင်္ဂလာ ဆိုတဲ့အတိုင်းပဲ ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုမှာတော့ အိမ်ထောင်ရေးဆိုတာကို သိပ်တန်ဖိုးထားကြတယ်။ လွယ်လွယ်မတည်ဆောက်တတ်ကြသလို၊ လွယ်လွယ်နဲ့လည်း အိမ်ထောင်တစ်ခုကို အဆုံးသတ်လေ့ မရှိပါဘူး။ ဒါကြောင့် ချစ်သူနှစ်ဦး ဘဝတစ်ခုကို အတူဖြတ်သန်းဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် အဲဒီလက်ထပ်မင်္ဂလာပွဲလေးကို တစ်သက်လုံးအမှတ်တရ ဖြစ်နေအောင် စီစဉ်ကြတယ်။ Pre-wedding photo ကို စိတ်ကူးဆန်းဆန်းနဲ့ လှလှလေးတွေ ရိုက်မယ်၊ မင်္ဂလာဧည့်ခံပွဲကို ခမ်းခမ်းနားနား လုပ်မယ်၊ လက်မှတ်ထိုးတဲ့ အခမ်းအနားကို ဘယ်လိုအစီအစဉ်နဲ့ ဘယ်နေရာမှာ လုပ်မယ်၊ ဒီလိုမျိုး စိတ်ကူးကောင်းရင် ကောင်းသလို၊ တတ်နိုင်ရင် တတ်နိုင်သလို အမှတ်တရလေးတွေ ဖန်တီးကြတယ်။အဲဒီလိုတွေ လက်ထပ်ပွဲနဲ့ပတ်သက်ပြီး စီစဉ်နေကြတဲ့တစ်ပြိုင်တည်းမှာ နောင်တစ်ချိန်ရလာမယ့် မိသားစုလေးအတွက်လည်း စီမံကိန်းချထားဖို့ လိုတယ်။ လက်ထပ်ပြီး ဘယ်နှနှစ်နေရင် ကလေးယူမယ်၊ ဘယ်နှယောက်ယူမယ်၊ ဘယ်လိုပြုစုပျိုးထောင်မယ် စသဖြင့်ပေါ့။ဒီဘက်ခေတ်မှာ မိန်းကလေးတွေဟာ အိမ်ထောင်ကျပြီးရင် အလုပ်ထွက်၊ အိမ်မှုကိစ္စလုပ်၊ ကလေးမွေး ဆိုတဲ့ပုံစံက သိပ်ရှားသွားပြီ။ အလုပ်တွေလုပ်ကြမယ်၊ ကျောင်းတွေဆက်တက်မယ်၊ ပညာတွေသင်မယ်၊ ဒီလိုဖြစ်လာပြီ။ အဲဒီအခါ ကိုယ်မလိုချင်သေးတဲ့အချိန်မှာ၊ ကလေးယူဖို့ အဆင်သင့်မဖြစ်သေးတဲ့အချိန်မှာ ကိုယ်ဝန်ရသွားရင် အခက်အခဲဖြစ်နိုင်တယ်။ကျောင်းဆက်တက်ရဦးမယ်၊ အလုပ်တွေလုပ်ရဦးမယ်၊ စီးပွားရှာရဦးမယ်၊ ဒီလိုအချိန်မှာ မလိုချင်သေးဘဲနဲ့ ကိုယ်ဝန်မရအောင် ဘယ်လိုတားထားကြမလဲ၊ ဘယ်လိုနည်းလမ်းတွေ ရှိသလဲ၊ သူတို့ရဲ့ အားသာချက်၊ အားနည်းချက်တွေက ဘာတွေလဲ ပြောပြပေးသွားပါမယ်။အဲ့ဒီလို သတို့သမီးလောင်းတစ်ယောက် အသုံးပြုလို့ရတဲ့ သားဆက်ခြားနည်း (၅)မျိုး ရှိပါတယ်။ ကွန်ဒုံး၊ နေ့စဉ်သောက်ဆေးကဒ်၊ ထိုးဆေး၊ လက်မောင်းတွင်းထည့်ပစ္စည်းနဲ့ သားအိမ်တွင်းထည့်ပစ္စည်းတွေပါ၊၊။အရင်တုန်းကတော့ သားအိမ်တွင်းထည့်ပစ္စည်းကို ကလေးတစ်ခါမှ မမွေးဖူးသေးရင် သုံးဖို့ အဆင်မပြေဘူးလို့ဆိုကြပါတယ်။ ကလေးမမွေးဖူးသေးတော့ သားအိမ်ခေါင်းက ကျဉ်းနေတတ်တာမို့ ထည့်ရခက်တတ်တယ်ပေါ့။ နောက်ပြီး ထည့်ရင်းနဲ့ မတော်တဆပိုးဝင်သွားရင် ကလေးမရနိုင်တော့တာမျိုးလည်း ဖြစ်တတ်တယ်။ ဒါပေမယ့် နောက်ပိုင်းပေါ်လာတဲ့ ပစ္စည်းတွေက တော်တော်လေးကိုမှ အရွယ်အစားသေးတယ်။ ထည့်ရလွယ်တယ်။ ကလေးမွေးဖူးထားစရာ မလိုတော့ဘူး။ ထည့်ရင်းနဲ့ ပိုးဝင်တယ်ဆိုတာကလည်း စိတ်ချရတဲ့ ဆေးရုံဆေးခန်းတွေမှာဆို မဖြစ်ဘူး။ ဒါကြောင့် ဒီနည်းကိုလည်း သုံးမယ်ဆို သုံးလို့ရတယ်ဆိုတာလေး သိစေချင်ပါတယ်။ ဒါပေမယ့် လက်ထပ်ပြီးစမှာ ဒီပစ္စည်းသုံးတဲ့သူက အင်မတန်နည်းတာမို့ ဒီဆောင်းပါးမှာတော့ ခဏချန်ထားလိုက်မယ်။ အဲဒီလိုပဲ သုတ်ရည်အပြင်ထုတ်တဲ့နည်း၊ ရက်ရှောင်တဲ့နည်းတို့လို သဘာဝနည်းလမ်းတွေကလည်း ဘေးထွက်ဆိုးကျိုးမရှိဘူး ဆိုပေမယ့် အမှားအယွင်းများတယ်၊ မှားလို့ရှိရင် ကိုယ်ဝန်ရသွားနိုင်တယ်။ ဒါကြောင့် အသုံးအများဆုံး (၄)နည်းကိုပဲ ရေးလိုက်ပါမယ်။အားသာချက်။• ဟော်မုန်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ (ဥပမာ ခေါင်းမူးတာ၊ ဇက်ကြောတက်တာ၊ ခန္ဓာကိုယ်အလေးချိန်ပြောင်းတာ) မခံစားရဘူး။• ဘယ်သူမဆို အသုံးပြုလို့ ရတယ်၊ မတည့်တဲ့သူဆိုတာ မရှိဘူး။ (ရှားရှားပါးပါး Latex allergy ရှိသူကလွဲရင်)။• ဝယ်ရတာလည်း အရမ်းလွယ်တယ်။• ဆရာဝန်၊ ဆရာမအပေါ် မှီခိုနေစရာ မလိုဘူး၊ ကိုယ့်ဟာကိုယ် သုံးနေရုံပဲ။• သူ့ရဲ့ အဓိကအားသာချက်ကတော့ ကိုယ်ဝန်အပြင် လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ မရအောင်ပါ ကာကွယ်ပေးတယ်။အားနည်းချက်။• အတူနေတိုင်းမှာ အသုံးပြုရမယ်၊ အသုံးပြုနည်းမှန်ရမယ်၊ အမျိုးသားရဲ့ ပူးပေါင်းပါဝင်မှု လိုတယ်၊ သူသုံးမှရမယ်။ (အမျိုးသားအများစုက အိမ်ထောင်ကျစ မင်္ဂလာဦးညမှာ ဒါကိုသုံးဖို့အတွက် စိတ်အားထက်သန်မှု မရှိလှတာကိုတော့ သတိထားမိတယ်)။• နောက်ပြီး ဆက်ပြောမယ့်သားဆက်ခြားနည်းတွေနဲ့ယှဉ်ရင် သူက ထိရောက်မှုနည်းတယ်။ ဘာလို့ဆိုတော့ အသုံးပြုသူအပေါ် မူတည်တယ်၊ မှန်မှန်ကန်ကန်နဲ့ သုံးတတ်ဖို့ လိုတယ်။အားသာချက်။• ဒီဆေးသောက်ဖို့အတွက် ပထမဆုံးအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ဖို့တော့ လိုပါမယ်၊၊ ဘေးထွက်ဆိုးကျိုးတွေအကြောင်း၊ သောက်ပုံသောက်နည်း၊ ကိုယ်နဲ့သင့်တော်မှုရှိမရှိ မေးမြန်းပြီး ဆရာဝန်က သောက်ဖို့သင့်တယ်ဆိုမှ ရွေးချယ်အသုံးပြုသင့်လို့ပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဆရာဝန်၊ ဆရာမအပေါ် မှီခိုနေစရာ မလိုဘူး။ ကိုယ့်ဟာကိုယ် ဝယ်ပြီး သောက်နေရုံပဲ၊ ကိုယ်အိမ်ထောင်သည်မှန်း လူမသိစေချင်ဘူး၊ ဆေးခန်းသွားပြီး ဆရာဝန်နဲ့ ပြရ၊ ပြောရတာမျိုး မလုပ်ချင်ဘူးဆို ဒီနည်းလမ်းက အဆင်ပြေတယ်။• တစ်လတစ်ခါလည်း သွေးပေါ်မယ်။• သွေးပေါ်ရင်လည်း ပုံမှန်ထက်စာရင် ပမာဏနည်းတာမို့ သွေးအားနည်းတာကိုလည်း သက်သာစေတယ်။• ကလေးလိုချင်ပြီဆိုလည်း ဆေးသောက်ရပ်လိုက်တာနဲ့ ကိုယ်ဝန်ရနိုင်တယ်။အားနည်းချက်။• နေ့စဉ်သောက်ဆေးကတ် ဖြစ်တဲ့အတွက် တစ်နေ့တစ်လုံး မှန်မှန်သောက်ဖို့ လိုတာပဲ။ မနက် ည သောက်ချင်သလို သောက်လို့လည်း မရဘူး။ အတိအကျကြီး မဟုတ်တောင် ပုံမှန်လေးဖြစ်ဖို့တော့ လိုတယ်။ ဒီတော့ ဒီနည်းလမ်းကို ရွေးမယ်ဆို ဆေးကို နေ့တိုင်းမှန်မှန်သောက်နိုင်ဖို့ လိုတယ်၊ မေ့ခဲ့ရင်ရော ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း သိထားဖို့ လိုတယ်။အားသာချက်။• သူ့ရဲ့ အားသာချက်ကတော့ သုံးလမှတစ်ခါ ထိုးရတာ ဖြစ်တဲ့အတွက် အလုပ်ရှုပ်သက်သာတယ်။• နောက်ပြီး ဆေးထိုးပြီးရင် များသောအားဖြင့် သွေးမပေါ်တတ်တော့ သွေးပေါ်တာကို အလုပ်ရှုပ်တယ်လို့ ခံစားရတဲ့ အမျိုးသမီးတွေအတွက် ပိုအဆင်ပြေတယ်။အားနည်းချက်။• ဆေးထိုးပေးမယ့် ဆရာဝန်အပေါ် မှီခိုနေရတယ်၊၊ တစ်နေရာရာများ အလုပ်သွားလုပ်မယ်ဆို ဆေးထိုးပေးမယ့် ဆရာဝန်ကို အရင်ရှာရမယ်။• ရာသီမပေါ်တတ်တာကလည်း ရာသီပေါ်မှကြိုက်တယ် ဆိုတဲ့ အမျိုးသမီးတွေအတွက်ကျ အဆင်မပြေပြန်ဘူး။• အဓိကအရေးကြီးဆုံး သိထားရမယ့် အားနည်းချက်တော့ သူက ဆေးထိုးရပ်ရပ်ချင်း ကိုယ်ဝန်ပြန်မရနိုင်တာပဲ။ လအနည်းငယ်လောက် စောင့်ရတတ်တယ်။ ဒါကြောင့် ကလေးယူမယ်ဆို မြန်မြန်ရမှ ဆိုတဲ့ စုံတွဲမျိုး (ဥပမာ နိုင်ငံခြားသွား အလုပ်လုပ်တော့မယ့်သူတွေ) ဆိုရင်တော့ ဒီနည်းလမ်းကို သတိထားသုံးစွဲသင့်တယ်။အားသာချက်။• သူက သုံးလခံဆေးနဲ့ ယေဘုယျအားဖြင့် ဆင်တူတယ်ဆိုပေမယ့် ကွာခြားချက်(၃)ခုရှိတယ်။ သွေးတိုးရှိလည်း ထည့်လို့ရတယ် (သုံးလခံထိုးဆေးက သွေးပေါင် ၁၆၀-၁၁၀ အထက်ဆို သုံးလို့ မရပါ)။ နှစ်ရှည်ခံသွားတယ်၊ ၃နှစ်ခံ၊ ၄နှစ်ခံ၊ ၅နှစ်ခံထိ ရှိတယ်၊ ဒီတော့ ပိုပြီးအလုပ်ရှုပ်သက်သာတယ်။ နောက်ဆုံးတစ်ခုကတော့ ကလေးလိုချင်ပြီဆို ပစ္စည်းပြန်ထုတ်လိုက်တာနဲ့ ချက်ချင်းပြန်ရနိုင်တယ်။ ဒါကြောင့် လက်ထပ်ပြီး ၃ ၄ ၅နှစ်နေမှ ကလေးယူမယ့်သူတွေဆို အသုံးပြုလို့ သင့်တော်တယ်။အားနည်းချက်။• နောက်ဆုံးပေါ်နည်းပညာလိုဖြစ်နေတာ့ ထည့်ပေး၊ ပြန်ထုတ်ပေးမယ့် ဆရာဝန်လိုတယ်၊ အဲဒီလိုလုပ်ပေးနိုင်တဲ့ ဆေးခန်းတစ်ခုကို သွားရလိမ့်မယ်။ ခုဆိုရင်တော့ အစိုးရဆေးရုံတွေမှာလည်း ထည့်လို့ရနေပြီ။ ကုန်ကျစရိတ်ကတော့ ဆရာဝန်နဲ့ ဆေးရုံဆေးခန်းအနေအထားပေါ် မူတည်ပြီး သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ ပေးရနိုင်တယ်။ ထုံဆေးပေးပြီး ပစ္စည်းကို လက်မောင်းအရေပြားအောက် ထည့်လိုက်တာပါပဲ။ ခွဲစိတ်မှုကြီး လုပ်တာမျိုး မဟုတ်တဲ့အတွက် ကြောက်စရာတော့ မလိုပါဘူး။ဒါတွေကတော့ ရွေးချယ်လို့ရတဲ့ နည်းလမ်းတွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို စဉ်းစားရလွယ်အောင် ယှဉ်ပြောပြပေးလိုက်တာပါ။ တစ်ယောက်နဲ့တစ်ယောက် ကလေးယူဖို့ စီစဉ်ထားတာတွေ၊ ကိုယ့်ဘဝနဲ့ပတ်သက်ပြီး ရည်မှန်းထားတာတွေ မတူကြသလို၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံချင်းလည်း မတူကြတာမို့ သူ ဒါနဲ့အဆင်ပြေလို့ ကိုယ်လည်း လိုက်သုံးမယ် လုပ်စရာ မလိုပါဘူး။ ဘယ်နည်းလမ်းမှလည်း စင်းလုံးချော မဟုတ်ဘူး၊ အားသာချက်၊ အားနည်းချက်ကိုယ်စီနဲ့ပါပဲ။ ဒါကြောင့် ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်မယ့် နည်းလမ်းကို ကိုယ်တိုင်စဉ်းစားရွေးချယ်ပြီး အသုံးပြုကြဖို့ တိုက်တွန်းလိုပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/contraceptive-tips-for-lady/
ကျောက်ကပ်တခုတည်းရှိခြင်း
လူတယောက်မှာ ကျောက်ကပ်တခုသာ ပါရှိခြင်း ဒါမှမဟုတ် အလုပ်လုပ်တဲ့ ကျောက်ကပ် တခုသာရှိခြင်းကို ဆိုလိုပါတယ်။ အဓိကအကြောင်းအရင်း ၃မျိုး ရှိပါတယ်။ယေဘုယျအားဖြင့် ကျောက်ကပ်တခုပဲ ရှိသူများဟာ ကျန်းမာပြီး သက်တမ်းစေ့နေနိုင်ပါတယ်။ ဒါပေမယ့် တချို့မှာတော့ ကျောက်ကပ်ရောဂါ ပိုဖြစ်တတ်ပါတယ်။ကျောက်ကပ်တခုတည်းနဲ့ မွေးလာတာဖြစ်ဖြစ်၊ အလုပ်လုပ်တဲ့ ကျောက်ကပ်တခုသာ ရှိတာပဲဖြစ်ဖြစ် ဒီအခြေအနေမှာ အကျုံးဝင်ပါတယ်။ ကျောက်ကပ်မှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်ကြီးထွားခြင်းများ ဖြစ်ခဲ့ရင် ကျောက်ကပ်၂ခုစလုံးနဲ့ မွေးဖွားလာပေမယ့် တခုက အလုပ်မလုပ်တတ်ပါဘူး။ ရောဂါအတွက်၊ ဒါမှမဟုတ် လှူဒါန်းဖို့ ရည်ရွယ်ချက်နဲ့ ကျောက်ကပ်ကို ခွဲစိတ်ဖယ်ထုတ်ရင် ဆီးပြွန်ကိုပါ ဖယ်ထုတ်ပါတယ်။ကျောက်ကပ်တခုတည်းရှိသူများဟာ အောက်ပါလက္ခဏာများ ရှိမရှိ ပုံမှန်စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။ဆီးအတွင်းအယ်လ်ဗျူမင်ပါဝင်မှုစစ်ဆေးခြင်း။ဆီးအတွင်းမှာ အယ်လ်ဗျူမင်လို့ခေါ်တဲ့ ပရိုတိန်းဓါတ် ပမာဏ မြင့်တက်ခြင်းရှိမရှိ စစ်ဆေးခြင်း ဖြစ်ပါတယ်။ အယ်လ်ဗျူမင်ဆိုတာ မြှေုပ်လိုပဲ ကိုယ်ခန္ဓါထဲက အရည်ပိုတွေကို သွေးထဲကို ဆွဲယူပေးပါတယ်။ ပြီးရင် ကျောက်ကပ်ကနေ ဖယ်ရှားပါတယ်။ အယ်လ်ဗျူမင်ဟာ ဆီးထဲရောက်သွားရင် ကိုယ်ခန္ဓါထဲက အရည်ပိုတွေကို စုပ်ယူနိုင်စွမ်း မရှိတော့ပါဘူး။ ဆီးအတွင်း အယ်လ်ဗျူမင်မြင့်တက်ခြင်းဟာ ဘာလက္ခဏာမှ မပြပေမယ့် ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ဆီးစစ်တံဖြင့် အယ်ဗျူမင်စစ်ဆေးခြင်း။အယ်လ်ဗျူမင်စစ်ဆေးတဲ့ ဆီးစစ်တံများနဲ့ သွေးအတွင်း အယ်လ်ဗျူမင်ရှိမရှိ စစ်ဆေးနိုင်ပါတယ်။ ဆီးနမူနာထဲမှာ ရယူပြီး စစ်ဆေးနိုင်ပါတယ်။ စစ်ဆေးလိုတဲ့အခါ ဆီးခံခွက်ကို ဆေးရုံဆေးခန်းက ဖြစ်ဖြစ်၊ ဆေးရုံကဖြစ်ဖြစ် ရနိုင်ပါတယ်။ ဆေးရုံဆေးခန်းမှာဖြစ်ဖြစ်၊ ဓါတ်ခွဲခန်းကို ပို့ပြီးဖြစ်ဖြစ် စစ်ဆေးပါလိမ့်မယ်။ စစ်ဆေးတဲ့အခါမှာ ဓါတုဗေဒနည်းအရ လုပ်ထားတဲ့ ဆီးစစ်တုတ်ချောင်းကို ဆီးထဲထည့်စစ်ဆေးပါလိမ့်မယ်။ ဆီးထဲမှာ ပရိုတိန်းရှိရင် ဆီးစစ်တံမှာ အရောင်ပြောင်း သွားပါတယ်။အယ်လ်ဗျူမင်နှင့် ခရီရက်တနင်း စစ်ဆေးခြင်း။ဆီးအတွင်း အယ်လ်ဗျူမင်ပါဝင်မှုကို ပိုသေချာအောင် စစ်ဆေးနိုင်ပါတယ်။ တကြိမ်စာ ဆီးနမူနာ ဒါမှမဟုတ် ၂၄နာရီခံယူထားတဲ့ဆီးကို ဓါတ်ခွဲခန်းကို ပို့ပြီးစစ်ဆေးနိုင်ပါတယ်။ တကြိမ်စာဆီးနမူနာမှာ အယ်လ်ဗျူမင်နဲ့ ခရီရက်တနင်းကိုပါ တိုင်းတာပါတယ်။ ခရီရက်တနင်းဆိုတာ ကြွက်သားတွေ ဖြိုခွဲရာကနေ စွန့်ထုတ်တဲ့ အညစ်အကြေးပါတယ်။ အဲဒီ၂မျိုးကို အချိုးချပြီး ရလဒ်ထုတ်ပါတယ်။ အယ်လ်ဗျူမင်-ခရီရက်တနင်းအချိုးဟာ တစ်ဂရမ်မှာ ၃၀မီလီဂရမ်အထက်ရှိရင် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ပါတယ်။ကျောက်ကပ်စစ်ထုတ်နှုန်းစစ်ဆေးခြင်း။သွေးဖောက်ပြီး ဓါတ်ခွဲခန်းကို ပို့ပြီး စစ်ဆေးပါတယ်။ တမိနစ်မှာ ကျောက်ကပ်ကနေ သွေးဘယ်လောက် စစ်ထုတ်သလဲဆိုတာ စစ်ဆေးခြင်း ဖြစ်ပါတယ်။ ဒါကို ဂလိုမာရူလာစစ်ထုတ်နှုန်း (eGFR) လို့ ခေါ်ပါတယ်။ စစ်ဆေးမှုရဲ့ အဖြေများဟာ အောက်ပါအတိုင်း ဖြစ်နိုင်ပါတယ်။သွေးပေါင်ချိန်ကိုစောင့်ကြည့်ခြင်း။သွေးပေါင်ချိန်ဆိုတာ နှလုံးကနေ သွေးများကို ညှစ်ထုတ်လိုက်ချိန်မှာ သွေးကြောနံရံတွေကို ဝင်တိုးတဲ့အားပဲ ဖြစ်ပါတယ်။ အဲဒီသွေးကြောတွေမှာ သွေးလွှတ်ကြောတွေ ပါဝင်ပါတယ်။ သွေးပေါင်ချိန် မြင့်တက်ခြင်းဆိုတာကို သွေးတိုးခြင်းလို့လည်းခေါ်ပြီး သွေးကြောနံရံတွေအပေါ် သွေးများကနေ သက်ရောက်တဲ့ ဖိအားမြင့်တက်ခြင်းကို ခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ သွေးပေါင်ချိန်ကိုဖော်ပြရာမှာ မျဉ်းစောင်းခံပြီး ရေးသားလေ့ရှိပါတယ်။ ဥပမာ ၁၂၀/၈၀ ဆိုတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ပထမနံပါတ်ကို အပေါ်သွေးလို့ခေါ်ပြီး နှလုံးညှစ်လိုက်ချိန်မှာ သွေးကြောတွေထဲကို သွေးများဝင်တိုးလာတဲ့ ဖိအားပဲ ဖြစ်ပါတယ်။ ဒုတိယနံပါတ်ကိုတော့ အောက်သွေးလို့ခေါ်ပြီး နှလုံးခုန်ခြင်း တချက်နဲ့တချက်အကြား ရပ်နားလိုက်တဲ့အချိန်မှာ ရှိတဲ့ သွေးများရဲ့ဖိအားကို ဆိုလိုပါတယ်။လူတယောက်ရဲ့ သွေးပေါင်ချိန်ဟာ ၁၂၀/၈၀အောက်မှာ ရှိနေရင် ပုံမှန်လို့ သတ်မှတ်ပါတယ်။ အပေါ်သွေး ၁၂၀မှ၁၃၉ (သို့) အောက်သွေး ၈၀မှ၈၉ရှိနေရင်တော့ သွေးတိုးဖြစ်ချင်တဲ့ အနေအထားလို့ သတ်မှတ်ပါတယ်။ အပေါ်သွေး ၁၄၀နဲ့အထက်၊ အောက်သွေး ၉၀နဲ့အထက်ဆိုရင်တော့ သွေးတိုးရှိတယ်လို့ သတ်မှတ်ပါတယ်။ သွေးတိုးရောဂါလို့ အတည်ပြုဖို့အတွက် သွေးပေါင်ချိန်တိုင်းတာခြင်းများ များစွာပြုလုပ်ရပြီး ဆေးရုံဆေးခန်းကို အကြိမအ်များစာ သွားရောက်ရပါတယ်။ သွေးပေါင်ချိန်ဟာ အမြဲတမ်း ၁၄၀/၉၀အထက်ရှိနေရင် သွေးတိုးလို့ သတ်မှတ်ပါတယ်။ ဆေးခန်းတွေမှာ သွေးပေါင်ချိန်ကို သွေးပေါင်ချိန်တိုင်းကိရိယာနဲ့ စစ်ဆေးပါတယ်။ မိမိသွေးပေါင်ချိန်ကို အိမ်မှာပဲစစ်ဆေးနိုင်အောင် ဝယ်ယူထားနိုင်ပါတယ်။သွေးပေါင်ချိန်မြင့်တက်ခြင်းဟာ ကျောက်ကပ်ရဲ့ သွေးကြောတွေကို ပျက်စီးစေပြီး ကျောက်ကပ်ရဲ့ အလုပ်လုပ်ဆောင်နိုင်စွမ်းကို ကျဆင်းစေပါတယ်။ ကျောက်ကပ်ပျက်စိးလာရင် ဆားနဲ့အရည်ပိုတွေကို ဖယ်ထုတ်နိုင်စွမ်းကျဆင်းလာပြီး သွေးပေါင်ချိန်ကို ပိုမိုမြင့်တက်စေပါတယ်။ အဲဒီလိုနဲ့ပဲ ရောဂါသံသရာ လည်နေပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%80%80%e1%80%95%e1%80%b9%e1%80%90%e1%80%81%e1%80%af%e1%80%90%e1%80%8a%e1%80%b9%e1%80%b8%e1%80%9b%e1%80%bd%e1%80%ad%e1%80%bb%e1%80%81%e1%80%84/
အဖြစ်များသော ခံတွင်းပြဿနာများနှင့် ငုံဆေး၏ အသုံးဝင်မှု
လူတစ်ယောက်အတွက် ခံတွင်းကလည်းအရေးပါပါတယ်။ ခံတွင်းတစ်ခုက လူတစ်ယောက် ကျန်းမာရေးအတွက် အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။ စကားပုံတောင်ရှိသေးတယ်မလား။ လူဟာ သူစားတဲ့အတိုင်း ဖြစ်လာတာပဲဆိုတာလေ။ စကားပြောဆက်သွယ်ဖို့လည်း ဒီခံတွင်း၊ အစားအသောက်တွေ ကြိတ်ချေမျိုချဖို့လည်း ဒီခံတွင်းဆိုတော့ ဒီခံတွင်းကို ဂရုတစိုက်ထိန်းသိမ်းဖို့ အရမ်းလိုအပ်ပါတယ်။နေ့စဉ်နဲ့အမျှ ခန္ဓါကိုယ်မှာ အာဟာရပြည့်နေအောင် ရှေ့တန်းကနေ တာဝန်ယူပေးနေတဲ့ ခံတွင်းမှာ အခုလိုပြဿနာလေးတွေဖြစ်နိုင်ပါတယ်။အပေါ်မှာပြောခဲ့တဲ့ ခံတွင်းပြဿနာလေးတွေက နားထောင်တော့သာ ဘာမှမဟုတ်သလိုနော်။ တကယ်တမ်းခံစားရတဲ့အခါကျ ခံစားရတော်တော်လေး ခက်ပါတယ်။ပြဿနာတိုင်းမှာ အဖြေရှိတယ်ဆိုတဲ့စကားကြားဖူးကြမှာပါ။ အခုလည်းဒီလိုပါပဲ ခံတွင်းပြဿနာတွေကို အထိရောက်ဆုံးဖြေရှင်းပေးနိုင်မယ့်နည်းလမ်းရှိပါတယ်။ ခံတွင်းခြောက်နေတယ်။ ခံတွင်းနံ့ဆိုးနေတယ်ဆိုတဲ့သူတွေအနေနဲ့ရေသောက်မယ်၊ ခံတွင်းကျန်းမာရေးကိုဂရုစိုက်မယ်ဆိုရင်တော်တော်လေးအဆင်ပြေသွားမှာပါ။ ပါးစပ်ထဲမှာအနာပေါက်တာ၊ သွားကိုက်တာ၊ သွားဖုံးရောင်တာ၊ လျှာမှာအနာပေါက်တာတွေအတွက်ကတော့ ဆားရည်နဲ့ပလုတ်ကျင်းပေးရင်ကို အဆင်ပြေပါတယ်။ ဒါဆိုချောင်းဆိုးတာအတွက်ရောဆိုတော့ ရေနွေးဆူဆူထဲမှာ ချင်း(ဂျင်း) နဲ့ကွမ်းရွက်ကိုရောစိမ်ပြီးသောက်ပေးလို့ရပါတယ်။ခံတွင်းကျန်းမာရေးကို ဂရုစိုက်နိုင်မယ့် နောက်ထပ်နည်းလမ်းတစ်ခုကတော့ သကြားလုံးငုံဆေးငုံတာပါ။ ဒီနေရာမှာ သကြားအရမ်းများပြီး ကျန်းမာရေးအတွက် အထောက်အကူမပြုတဲ့ သကြားလုံးတွေကိုငုံတာမျိုးမဟုတ်ဘဲ သဘာဝပစ္စည်းတွေကနေ ထုတ်လုပ်ထားတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ငုံဆေးသကြားလုံးဖြစ်ဖို့လိုအပ်ပါတယ်။လက်ရှိပြည်တွင်းဈေးကွက်မှာ ခံတွင်းပြဿနာအမျိုးမျိုးကိုပြေလည်စေဖို့အတွက် လည်ချောင်းနာတာကိုသက်သာစေပြီး ခံတွင်းထဲက ဘက်တီးရီးယားတွေကို အကောင်းဆုံးတိုက်ထုတ်ပေးနိုင်တဲ့ ပရုပ်အေး၊ အသက်ရှုလမ်းကြောင်းကိုကျန်းမာစေပြီး ကိုယ်ခံအားကောင်းစေတဲ့ ယူကလစ်ဆီ၊ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ပျားရည်၊ ကိုယ်ခံအားကောင်းစေတဲ့ ဗီတာမင် C တွေကြွယ်ဝစွာပါဝင်နေတဲ့Hudson’sအမှတ်တံဆိပ် ငုံဆေးကို ဝယ်ယူနိုင်ပါတယ်။ အရသာလည်း အမျိုးမျိုးနဲ့ရရှိနိုင်ပါလိမ့်မယ်။ မြင်တွေ့နေကျ သကြားဓါတ်များတဲ့ သကြားလုံးမျိုးမဟုတ်ဘဲ ခံတွင်းကျန်းမာရေးအတွက် အကျိုးအများကြီးရှိတဲ့ သဘာဝအဆီအနှစ်တွေနဲ့ ဖန်တီးထားတာဖြစ်ခြင်းက ခံတွင်းပြဿနာအမျိုးမျိုးကို ပြေလည်နိုင်စေပါလိမ့်မယ်။ခံတွင်းပြဿနာကင်းတဲ့ ပျော်ရွှင်စရာနေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း…….။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/oral-health-conditions/
သွေးတိုးခြင်းနှင့် သင့်ကျောက်ကပ်ရောဂါ
သွေးတိုးခြင်းကြောင့် ကျောက်ကပ်ထဲက သွေးကြောတွေ ပျက်စီးစေပြီး သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ကျဆင်းစေပါတယ်။ သွေးစီးဆင်းတဲ့ ဖိအားမြင့်တက်လာရင် သွေးကြောတွေ ကျယ်လာတဲ့အခါ လွယ်ကူစွာ စီးဆင်းနိုင်ပါတယ်။ တဖြည်းဖြည်းနဲ့ သွေးကြောများ ကျယ်ပြန့်လွန်းလာရင် အမာရွတ်များဖြစ်လာပြီး အားနည်းလာပါတယ်။ ကျောက်ကပ်မှာရှိတဲ့ သွေးကြောတွေလည်း အပါအဝင်ဖြစ်ပါတယ်။ကျောက်ကပ်သွေးကြောများ ပျက်စီးသွားရင် ကိုယ်ခန္ဓါကနေ အညစ်အကြေားများနဲ့ အရည်ပိုများကို ဖယ်ထုတ်ခြင်း ရပ်တန့်သွားနိုင်ပါတယ်။ သွေးကြောထဲမှာရှိတဲ့ အရည်ပိုတွေကြောင့် သွေးပေါင်ချိန်တဖြည်းဖြည်းမြင့်တက်လာကာ သံသရာလည်စေပါတယ်။လူအများစုမှာ သွေးတိုးခြင်းဟာ လက္ခဏာ သိပ်မပြတတ်ပါဘူး။ တခါတရံ ခေါင်းကိုက်နိုင်ပါတယ်။ကျောက်ကပ်ရောဂါဟာလည်း စတင်ခါစမှာ လက္ခဏာ မပြတတ်ပါဘူး။ ကေျာက်ကပ်များကနေ အရည်ပိုများနဲ့ ဆားများကို စွန့်မထုတ်နိုင်ရင် ဖောရောင်ခြင်း ဖြစ်နိုင်ပါတယ်။ ခြေထောက်၊ ခြေဖမိုး၊ ခြေကျင်းဝတ်၊ တခါတရံ လက်နဲ့ မျက်နှာမှာ ဖောရောင်တတ်ပါတယ်။ ကျောက်ကပ်ရောဂါ ပိုဆိုးလာရင် အောက်ပါအခြေအနေတွေ တွေ့ရပါတယ်။– အစားအသောက်ပျက်ခြင်း။– ပျို့အန်ခြင်း။– အိပ်ငိုက်ခြင်း၊ ပင်ပန်းခြင်း။– အာရုံစိုက်ရန်ခက်ခဲခြင်း။– အိပ်မပျော်ခြင်း။– ဆီးသွားများခြင်း၊ နည်းခြင်း။– တကိုယ်လုံးယားခြင်း၊ ထုံခြင်း။– အသားအရေခြောက်ခြင်း။– ခေါင်းကိုက်ခြင်း။– ကိုယ်အလေးချိန်ကျခြင်း။– အသားအရေမည်းခြင်း။– ကြွက်တက်ခြင်း။– အသက်ရှူခက်ခြင်း။– ရင်ဘတ်အောင့်ခြင်း။ဆရာဝန်၊ သူနာပြုများဟာ သွေးပေါင်မကြာခဏချိန်ပြီး စစ်ဆေးပါလိမ့်မယ်။ အပေါ်သွေးဟာ ၁၄၀ အထက်၊ အောက်သွေးဟာ ၉၀အထက် အမြဲတမ်းရှိနေရင် သွေးတိုးရှိတယ်လို့ သတ်မှတ်ပါတယ်။ ဆရာဝန်၊ သူနာပြုများက သွေးပေါင်ချိန်စက်နဲ့ သွေးတိုးခြင်း ရှိမရှိ စစ်ဆေးပါလိမ့်မယ်။ လူနာများကိုယ်တိုင်လည်း သွေးပေါင်ချိန်စက်ကို ကိုယ်တိုင်ဝယ်ပြီး အိမ်မှာတင် စစ်ဆေးနိုင်ပါတယ်။ကျောက်ကပ်ရောဂါအတွက် ဆီးနဲ့သွေးကို စစ်ဆေးပါလိမ့်မယ်။ဆီးစစ်ခြင်း။အယ်လ်ဗျူမင်စစ်ဆေးတဲ့ တုတ်ချောင်းများရှိပါတယ်။ ဆီးနမူနာထဲမှာ ထည့်သွင်းစစ်ဆေးပြီး အယ်ဗျူမင်ရှိမရှိ စစ်ဆေးနိုင်ပါတယ်။ အယ်လ်ဗျူမင်ဆိုတာ သွေးထဲမှာရှိတဲ့ ပရိုတိန်းဖြစ်ပြီး ကျေက်ကပ်များ ပျက်စီးရင် ဆီးထဲရောက်နိုင်ပါတယ်။ စစ်ဆေးလိုတဲ့အခါ ဆီးခံခွက်ကို ဆေးရုံဆေးခန်းက ဖြစ်ဖြစ်၊ ဆေးရုံကဖြစ်ဖြစ် ရနိုင်ပါတယ်။ ဆေးရုံဆေးခန်းမှာဖြစ်ဖြစ်၊ ဓါတ်ခွဲခန်းကို ပို့ပြီးဖြစ်ဖြစ် စစ်ဆေးပါလိမ့်မယ်။ စစ်ဆေးတဲ့အခါမှာ ဓါတုဗေဒနည်းအရ လုပ်ထားတဲ့ ဆီးစစ်တုတ်ချောင်းကို ဆီးထဲထည့်စစ်ဆေးပါလိမ့်မယ်။ ဆီးထဲမှာ ပရိုတိန်းရှိရင် ဆီးစစ်တံမှာ အရောင်ပြောင်း သွားပါတယ်။ဆီးအတွင်းက အယ်လ်ဗျူမင်နဲ့ ခရီရက်တနင်းအချိုးကို စစ်ဆေးနိုင်ပါတယ်။ အယ်လ်ဗျူမင်ကိုရော ခရီရက်တနင်းကိုပါ တိုင်းတာပါတယ်။ ပြီးရင် အချိုးချကြည့်ပါတယ်။ ခရီရက်တနင်းဆိုတာ သွေးထဲကနေ စွန့်ထုတ်တဲ့ အညစ်အကြေးဓါတ်ဖြစ်ပြီး ကျောက်ကပ်ကနေ ဆီးထဲကို စွန့်ထုတ်ပါတယ်။ အယ်လ်ဗျူမင်-ခရီရက်တနင်းအချိုးဟာ တစ်ဂရမ်မှာ ၃၀မီလီဂရမ်အထက်ရှိရင် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ပါတယ်။သွေးစစ်ခြင်း။သွေးစစ်ခြင်းအနေနဲ့ သွေးဖောက်ပြီး ဓါတ်ခွဲခန်းကို ပို့ပြီး စစ်ဆေးပါတယ်။ တမိနစ်မှာ ကျောက်ကပ်ကနေ သွေးဘယ်လောက် စစ်ထုတ်သလဲဆိုတာ စစ်ဆေးခြင်း ဖြစ်ပါတယ်။ ဒါကို ဂလိုမာရူလာစစ်ထုတ်နှုန်း (eGFR) လို့ ခေါ်ပါတယ်။ စစ်ဆေးမုရဲ့ အဖြေများဟာ အောက်ပါအတိုင်း ဖြစ်နိုင်ပါတယ်။– eGFR ၆၀နှင့်အထက် ။ ပုံမှန်။– eGFR ၆၀အောက်။ ကျောက်ကပ်ရောဂါ။– eGFR ၁၅နှင့်အောက်။ ကျောက်ကပ်ပျက်ခြင်း။အကောင်းဆုံးနည်းလမ်းကတော့ သွေးပေါင်ချိန် မတက်အောင် ဂရုစိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဆေးဝါးကုသခြင်းများနဲ့ နေထိုင်မှုပုံစံပြောင်းလဲခြင်းတွေ ပါဝင်ပါတယ်။ အောက်ပါအချက်တွေ ဖြစ်ပါတယ်။– ကျန်းမာရေးနှင့်ညီညွတ်အောင် စားသောက်ခြင်း။– ကာယလှုပ်ရှားခြင်း။– ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း။– ဆေးလိပ်ဖြတ်ခြင်း။– စိတ်ဖိစီးမှုကို လျှော့ချခြင်း။ကျောက်ကပ်ရောဂါဖြစ်စေရတဲ့ တခြားအကြောင်းတွေ ရှိနေပေမယ့် သွေးတိုးခြင်းကြောင့် ကျောက်ကပ် ပျက်စီးရတာတော့ အသေအချာပဲ ဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါရှိသူများဟာ သွေးပေါင်ချိန်ကို ၁၄၀/၉၀အောက်မှာ ထိန်းထားသင့်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%94%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%9e%e1%80%84%e1%80%b9%e1%80%b7/
အိုမီဂါ ၃ ကြွယ်ဝသော အစားအစာများ
အိုမီဂါ ၃သည်ဦးနှောက်ကျန်းမာရေးနှင့် ပတ်သက်သောသုတေသနအရထိပ်ဆုံးမှာရှိသောအရာပင်ဖြစ်ပါတယ်။ လေ့လာချက်တွေအရသင့်ဦးနှောက်အလေးချိန်ရဲ့ ၈%ဟာ အိုမီဂါ ၃နဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ သူ့ရဲ့ကောင်းကျိုးကိုရနိုင်ဖို့ ဘယ်အစားအစာတွေနဲ့ ဘယ်လောက်စားသုံးရမလဲဆိုတာသိရှိဖို့လိုအပ်ပါတယ်။အိုမီဂါ ၃ဟာ ဦးနှောက်ဆဲလ်အသစ်ဖြစ်ပွားမှုကိုအားပေးပါတယ်။ စိတ်ရောဂါတွေဖြစ်တဲ့ စိတ်ကျရောဂါ၊ အမေ့လွန်ရောဂါတွေကိုကုသနိုင်ပြီးတော့ သင့်စိတ်နဲ့ မှတ်ဉာဏ်ကိုတိုးတက်စေပါတယ်။ သို့သော်လည်းအရွယ်ရောက်ပြီးသားလူတွေမှာအိုမီဂါ ၃ လုံလောက်စွာမရရှိမှုတွေ ကြုံတွေ့နိုင်တယ်လို့ ယုံကြည်ရပါတယ်။ ၎င်းဟာ နှလုံးရောဂါ၊ ကင်ဆာ၊ အဆစ်ရောင်ရောဂါနဲ့ အခြားနာတာရှည်ရောဂါတွေနဲ့ ဆက်စပ်မှုရှိပါတယ်။အိုမီဂါ ၃ကို အပင်နဲ့ တိရစ္ဆာန်တွေက ပြုလုပ်ရရှိတဲ့ အရာတွေမှာတွေ့ရပါတယ်။ Flax အစေ့၊ Flax အစေ့ဆီ၊ chia စေ့၊ မြေပဲ၊ ပဲပုပ်တို့ဟာအိုမီဂါ ၃ ကြွယ်ဝစွာပါဝင်ပါတယ်။ သို့သော်လည်းအခြားဟင်းသီးဟင်းရွက်ဆီတွေဖြစ်တဲ့ canola ဆီ၊ ပဲဆီနဲ့ နေကြာဆီတွေမှာအိုမီဂါ ၆ အဓိကပါဝင်ပါတယ်။ အိုမီဂါ ၆ဟာလည်း ကောင်းမွန်တဲ့အဆီတစ်မျိုးဖြစ်ပါတယ်။ သို့သော်လည်းအိုမီဂါ ၃နဲ့နှိုင်းယှဉ်ရင် သူ့ကို ၃:၁ လောက်သာစားသုံးသင့်ပါတယ်။ အိုမီဂါ ၆ အများအပြားစားသုံးခြင်းဟာနာတာရှည် ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။အိုမီဂါ ၃ ကိုအဓိကအားဖြင့် ပင်လယ်သမုဒ္ဒရာထဲကဖမ်းမိတဲ့ရေငန်ငါးတွေ (ဆယ်မွန်ငါး၊ ဟဲလိဗတ်ငါး၊ ငါးသေတ္တာ၊ မက်ကရယ်ငါးနဲ့ ငါးသလောက်)တွေမှာအကြွယ်ဝဆုံးတွေ့ရပါတယ်။ ဒီနေ့ဈေးကွက်မှာတော့ ရေငန်ငါးလို့ လေဘယ်တပ်ထားပေမယ့် မိမိခြံမှာမွေးမြူထားတဲ့ ငါးပေါင်းမြောက်များစွာရှိပါတယ်။ ထို ခြံထွက်ငါးတွေဟာပိုးသတ်ဆေးတွေနဲ့ အထိအတွေ့ရှိပြီးတော့ အိုမီဂါ ၃အစား အိုမီဂါ ၆ ပိုမိုပါဝင်ပါတယ်။ ဒါပေမယ့်လည်းဆရာဝန်တွေကတော့ ဘေးထွက်ဆိုးကျိုးထက် ကောင်းကျိုးပိုရှိတဲ့အတွက်ငါးကိုတစ်ပတ်အနည်းဆုံး နှစ်ကြိမ်ကနေသုံးကြိမ်စားသုံးဖို့ တိုက်တွန်းထားပါတယ်။နိဂုံးချုပ်ရရင် နေ့စဉ်ပုံှမှန်အစားအသောက်ကနေအိုမီဂါ ၃လုံလောက်စွာ ရရှိနိုင်ခြေမရှိကြောင်းကိုအိုမီဂါ ၃ မလုံလောက်သောရောဂါများကသက်သေပြနေပါတယ်။ အများလက်ခံထားတဲ့ အိုမီဂါ ၃ဖြည့်စွက်စာကတော့ ငါးကြီးဆီဖြစ်ပါတယ်။ ငါးကြီးဆီဟာလည်း ADHD ရောဂါ လက္ခဏာတွေနဲ့၊ စိုးရိမ်မှု၊ စိတ်ကျရောဂါ၊ မှတ်ဉာဏ်အားနည်းခြင်းနဲ့ စိတ်အတက်အကျမြန်သောရောဂါတွေကိုလျော့ကျစေနိုင်ပါတယ်။ ငါးကြီးဆီဟာလေဖြတ်ခြင်းနဲ့ အသက်ကြီးတဲ့ လူတွေမှာတွေ့ရတတ်တဲ့ စိတ်ရောဂါတွေကိုကာကွယ်ပေးနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%ad%e1%80%af%e1%80%99%e1%80%ae%e1%80%82%e1%80%ab-%e1%81%83-%e1%80%80%e1%80%bc%e1%80%bd%e1%80%9a%e1%80%ba%e1%80%9d%e1%80%9e%e1%80%b1%e1%80%ac-%e1%80%a1%e1%80%85%e1%80%ac%e1%80%b8/
ဆီးကျောက်အမျိုးအစား ဘယ်နှမျိုး ရှိသလဲ။
ဆီးကျောက်တည်တာက အဖြစ်နည်းတဲ့ ရောဂါတော့ မဟုတ်ပါဘူး။ သာမန်လူတောင်ခါးနာပြီဆိုရင် ဆီးကျောက်တည်တာများလားလို့အရင်စဉ်းစားမိကြတာဆိုတော့လေ။ နောက်ပြီး ဆီးကျောက်တည်တဲ့ ဝေဒနာက ခံရခက်တာဆိုတော့ စောစောသိကြပါတယ်။ ဒီဆောင်းပါးမှတော့ ဆီးကျောက်အမျိုးအစား ဘယ်နှမျိုးရှိလဲ။ ဘယ်လိုအပြုအမူအနေအထိုင်တွေကြောင့် ဆီးကျောက်တည်ရတာလဲဆိုတာ ပြောပြပေးမှာပါ။ ဒါမှ ကြိုတင်ဆင်ခြင်လို့ရမှာပေါ့။ဆီးကျောက်အမျိုးအစားကို အကြမ်းဖျင်း ကယ်ဆီယမ်ကျောက်၊ စတူးဗိုက်ကျောက်၊ ယူရစ်အက်စစ်ကျောက်နဲ့ စစ်စတင်းကျောက်ဆိုပြီး ခွဲထားလို့ရပါတယ်။ဆီးကျောက်က ဘာအမျိုးအစားပဲ ဖြစ်ဖြစ် တူညီတာတစ်ခုက ဆီးလမ်းကြောင်းမှာ ခုနက ဓာတ်သတ္တုအမှုန်တွေ များလာပြီး အနှစ်ကျလို့ ကျောက်တည်တာပါပဲ။Calcium oxalate stone – အဖြစ်အများဆုံး ဆီးကျောက်အမျိုးအစားပါ။ အသည်းကနေလည်း ထုတ်ပေးသလို အသီးအရွက်တွေ၊ အစေ့အဆန်တွေ၊ ချောကလက်၊ လက်ဖက်ခြောက် စတာတွေမှာလည်း အများကြီးပါပါတယ်။ နောက်ပြီး calcium ဒါမှမဟုတ်oxalateကို များစေတဲ့ အကြောင်းတွေကတော့ဗီတာမင် ဒီတွေ အလွန်အကျွံသောက်တာ၊ အူလမ်းကြောင်း ဖြတ်ဆက် လုပ်ထားတာ၊ တချို့သော ဇီဝကမ္မရောဂါတွေကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်သောက်တဲ့ ရေက ထုံးဓာတ်များနေရင်လည်း ကျောက်တည်တတ်ပါသေးတယ်။(ဒီနေရာမှာ ပြောစရာ ရှိတာက အပေါ်က ပြောခဲ့တဲ့ အသီးအရွက်တွေ၊ အစေ့အဆန်တွေ၊ လက်ဖက်တွေဆိုတာ လူတိုင်းစားနေတာပဲ။ လူတိုင်းမှာ မဖြစ်ဘူးဆိုတာက ရေများများသောက်ပြီး ဆီးပုံမှန်သွားပေးလို့ပါ။ ဒါကြောင့် အနည်အနှစ်မကျတော့ဘဲ ဆီးကျောက်မတည်တာပါ။ )။Calcium phosphate stone – ဒါကတော့ renal tubular acidosis လို့ ခေါ်တဲ့ ရောဂါတစ်မျိုးမျိုးကြောင့်ကျောက်ကပ်က အက်စစ်ဓာတ်ကို ကောင်းကောင်း မထိန်းချုပ်နိုင်တဲ့ အခြေအနေနဲ့ တချို့သော အတက်ကျဆေး၊ Migraines ခေါင်းတစ်ခြမ်းကိုက် ကုသဆေးတွေကြောင့် ဖြစ်တတ်ပါတယ်။သူ့ကိုတော့ ခဏခဏဆီးလမ်းကြောင်း ပိုးဝင်တတ်သူတွေမှာ တွေ့ရပါတယ်။ ဆီးပိုးဝင်စေတဲ့ ဘက်တီးရီးယားက အမိုးနီးယားတွေ ထုတ်တာကြောင့် ကျောက်တည်လာတာပါ။ ဒီကျောက်က အရွယ်အစား ကြီးလွယ်ပါတယ်။ဒါကတော့ ဆီးကျောက်အမျိုးအစားနဲ့ ဖြစ်စေတဲ့ အကြောင်းရင်းတွေပေါ့။ ဒါပေမယ့် ဆီးကျောက်ဆိုတာ အကြောင်းရင်း တစ်ချက်ရှိရုံထဲ ဖြစ်တာမှ မဟုတ်တာ။ ဒါဆို လူတိုင်း ဖြစ်ကုန်မှာပေါ့။ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းရင်းတွေ လူတစ်ယောက်မှာ တစ်ချက်မက ပိုလာတဲ့အခါ ဆီးကျောက်တည်လာတာပါ။ ဒါကြောင့် တခြား အချက်တွေကိုပါ သိထားသင့်ပါတယ်။ဒါကတော့ ဆီးကျောက်တည်စေတဲ့ အကြောင်းတွေပါပဲ။ တခြား သေးသေးဖွဲဖွဲ အကြောင်းတွေလည်း ရှိပါသေးတယ်။ တစ်ချက်တည်း ရှိရင် ဖြစ်နိုင်ခြေ နည်းပေမယ့် အချက်တွေ များလာလေလေ ဖြစ်နိုင်ခြေများလာလေလေပါပဲ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/urinary-track-stones/types-of-urinary-stones/
သားအိမ်အသားလုံး တည်ခြင်း
ပတ်ဝန်းကျင်မှာ ဘယ်သူကတော့ဖြင့် သားအိမ်မှာ အသားလုံးတည်လို့ သားအိမ်ထုတ်လိုက်ရတယ်။ ဘယ်သူကတော့ အသားလုံးရှိလို့ ဆေးရုံတက်နေတယ်ဆိုတာမျိုး ကြားဖူးပါသလား။ ပတ်ဝန်းကျင်မှာ ဒါမျိုးမကြာခဏကြားဖူးတယ်ဆိုရင် ဒီရောဂါအဖြစ်များတယ်ပဲဆိုရမှာပေါ့။ ဒါကဘာရောဂါလဲ။ သားအိမ်အသားလုံး တည်တဲ့ရောဂါပါ။ ဒါက ဘာကြောင့် ဖြစ်တာလဲ။ သူများတွေဖြစ်ရင် ကိုယ်ရောဖြစ်လာမှာလား။ ဆက်ကြည့်ကြည့်ရအောင်။ပြောတဲ့အတိုင်းပဲ အသားလုံးကြီးပါ။ စာဆန်ဆန်ပြောရရင်တော့ သားအိမ်ကြွက်သားတွေ ပွားပြီး အလုံးတည်လာတာပေါ့။ မျက်စိနဲ့မမြင်နိုင်တဲ့ အလုံးသေးသေးလေးတွေရှိသလို ရင်ခေါင်းထိတက်ဆောင့်နိုင်တဲ့ အလုံးကြီးတွေလည်း ရှိပါတယ်။ သားအိမ်ထဲမှာဖြစ်နိုင်သလို သားအိမ်ပြင်ပမှာလည်း အညှာလေးနဲ့ တွယ်နေတတ်ပါတယ်။ တစ်လုံးတည်းလည်း ဖြစ်နိုင်သလို အများကြီးလည်းဖြစ်နိုင်ပါတယ်။ကင်ဆာမဟုတ်ပါဘူး။ သာမန်အလုံးပါ။ ကင်ဆာပြောင်းနိုင်လားဆိုတော့ ပြောင်းနိုင်ခြေက လူ၁၀၀၀မှာ ၁ယောက်တောင်မရှိပါဘူး။ ဒါကြောင့် ဖြစ်ခဲတယ်လို့ပဲ ပြောရမှာပါ။သားအိမ်မှာ အသားလုံးရှိတဲ့သူ တော်တော်များများက ဘာလက္ခဏာမှ သိပ်မခံစားရပါဘူး။ ဒါက အလုံးသေးတာကြောင့်လည်း ဖြစ်နိုင်သလို အလုံးရှိတဲ့နေရာနဲ့လည်း ဆိုင်ပါတယ်။ ရောဂါလက္ခဏာတွေက အလုံးရှိတဲ့နေရာ၊ အရွယ်အစားနဲ့ ဘယ်နှစ်လုံးလဲဆိုတာပေါ် မူတည်ပါသေးတယ်။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့။အကြောင်းရင်းအတိအကျကိုတော့ မသိရသေးပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းတွေကတော့။လူတိုင်းဖြစ်နိုင်ပေမယ့် ပိုဖြစ်နိုင်တဲ့ သူတွေကတော့။ကာကွယ်တဲ့ နည်းလမ်းတွေက လုံးဝမဖြစ်အောင် မတားနိုင်ပါဘူး။ ကိုယ်အလေးချိန်ထိန်းတာ၊ အသီးအရွက်တွေ ပိုစားတာက ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/uterine-fibroids/facts-about-uterine-fibroids/
Subarachnoid Hemorrhage (ဦးနှောက်သွေးယိုခြင်းနှင့် သွေတိုးရောဂါ အရေးပေါ်အခြေအနေများ)
သွေးတိုးခြင်းဆိုင်ရာ အရေးပေါ်အခြေအနေတွေက ဘာတွေလဲ။သွေးပေါင်ချိန်တက်ခြင်းက နာတာရှည်ရောဂါဖြစ်ပြီး နှစ်တွေကြာလာတာနဲ့အမျှ သွေးကြောတွေနှင့် အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်စေလာနိုင်ပါတယ်။တချို့အခြေအနေတွေမှာ သွေးတိုးခြင်းလျှင်မြန်စွာဖြစ်ပေါ်လာပြီး ဆိုးဆိုးရွားရွားဖြစ်ကာ သွေးတိုးခြင်းအရေးပေါ်အခြေအနေဖြစ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေတွေမှာ နာမကျန်းမှုတွေနှင့် သေဆုံးမှုတွေကို လျှော့ချဖို့အတွက် ကိုယ်အင်္ဂါပိုင်းစွမ်းရည်တွေနှင့် သွေးပေါင်တွေကို အစောပိုင်းတွေ့ရှိသုံ့သပ်ခြင်းဟာ သင့်တော်တဲ့ စီမံဆောင်ရွက်မှုပြုရန်အတွက် အလွန်အရေးကြီးပါတယ်။ထိန်းချုပ်မရနိုင်တဲ့ သွေးတိုးခြင်းအခြေအနေရဲ့ နောက်ဆက်တွဲတွေက ဆိုးရွားနိုင်ပြီး အောက်ပါနှလုံးသွေးကြောဆိုင်ရာ ပြသနာတွေကို ဖြစ်ပေါ်စေပါတယ်။အရေးပေါ်သွေးတိုးခြင်းဟာ ရုတ်တရက် ဆိုးရွားစွာဖြစ်လာနိုင်ပြီး သူ့နောက်မှာ ကျောက်ကပ်ပျက်စီးခြင်း အပါအဝင် တခြားသော မျက်လုံးပိုင်းဆိုင်ရာ ပြသနာများ၊ သွေးယိုခြင်းများ၊ လေရုတ်တရက်ဖြတ်ခြင်း သို့ ဦးနှောက်သွေးယိုခြင်း၊ ရုတ်တရက် နှလုံးပုပ်ခြင်းရောဂါ၊ သွေးကြောမကြီးပေါက်ထွက်ခြင်းနှင့် ကိုယ်ဝန်ဆိပ်တက်ခြင်း တို့လည်း ဆက်ဖြစ်နိုင်ပါတယ်။Hypertensive encephalopathy က ဦးနှောက်ရောင်ခြင်းနှင့် vascular integrity မရှိခြင်းကို ပြပါတယ်။ မကုပဲထားလျှင် အတက်ရောဂါနှင့် ကိုမာဖြစ်တဲ့ထိ ဖြစ်နိုင်ပါတယ်။Aortic dissection ကတော့ အပေါ်သွေး ဆိုးရွားစွာ တိုးခြင်းနှင့် ပတ်သက်နေပြီး နာမကျန်းမှုနှင့် သေဆုံးမှုကိုလျှော့ချနိုင်ရန် အရေးပေါ်သွေးပေါင်ချိန်လျှော့ချခြင်းနှင့် type A dissection ကို အရေးပေါ်ခွဲစိပ်ပေးရန် လိုအပ်ပါတယ်။Hypertensive encephalopathy က ဦးနှောက်ရောင်ခြင်းနှင့် vascular integrity မရှိခြင်းကို ပြပါတယ်။ မကုပဲထားလျှင် အတက်ရောဂါနှင့် ကိုမာဖြစ်တဲ့ထိ ဖြစ်နိုင်ပါတယ်။Aortic dissection ကတော့ အပေါ်သွေး ဆိုးရွားစွာ တိုးခြင်းနှင့် ပတ်သက်နေပြီး နာမကျန်းမှုနှင့် သေဆုံးမှုကိုလျှော့ချနိုင်ရန် အရေးပေါ်သွေးပေါင်ချိန်လျှော့ချခြင်းနှင့် type A dissection ကို အရေးပေါ်ခွဲစိပ်ပေးရန် လိုအပ်ပါတယ်။သွေးတိုးအရေးပေါ်အခြေအနေအတွက် ဆေးတွေက ဘာတွေလဲ။ဒီအခြေအနေဟာ အသက်ဆုံးရှူံးနိုင်တာကြောင့် သွေးတိုးအရေးပေါ်အတွက် ဆေးတွေကို သွေးပေါင်ကျရန် အလွန်အရေးကြီးတဲ့အတွက် အကြောတွင်းသွင်းပြီး ပေးရပါတယ်။ အရေးပေါ်ဆိုပေမယ့်လည်း သတိထားပြီးလျှော့ချရမှာ ဖြစ်ပါတယ်။ သို့သော် သွေးအလွန်အကျွံထိုးကျသွားခြင်းကလည်း ischemic complications တွေဖြစ်တဲ့ လေဖြတ်ခြင်း၊နှလုံးပုပ်ခြင်း၊ သို့ မျက်စိကန်းခြင်းတွေဖြစ်လာနိုင်တဲ့အတွက်လဲ အန္တရာယ်များပါတယ်။ ထို့ကြောင့် ဆိုးရွားစွာ သွေးတိုးနေသော်လည်း လက္ခဏာမပြတဲ့သူတွေအတွက်ကတော့ သွေးကျဆေးကို သောက်ဆေးအနေဖြင့်သာ ပေးပြီးဖြည်းဖြည်းခြင်း လျှော့ချလို့ရပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ပုံမှန်အားဖြင့် သွေးတိုးအရေးပေါ်အခြေအနေမှာ သုံးတဲ့ဆေးတွေက သွေးကြောချဲ့ဆေးတွေဖြစ်တဲ့အတွက် သွေးကြောတွေကို ကျယ်စေခြင်းဖြင့် သွေးပေါင်လျှော့ချပေးပါတယ်။ အောက်ပါတိုမှာ တချို့သော ရောဂါအခြေအနေတွေနှင့် ၎င်းတို့အတွက်ဆေးတွေပဲဖြစ်ပါတယ်။Acute aortic dissection:။Acute pulmonary edema။Acute coronary syndrome။Acute sympathetic crisis။Acute renal failure။Hypertensive encephalopathy။Subarachnoid hemorrhage။Intracranial hemorrhage။Acute postoperative hypertension။အကယ်၍သင့်မှာ အပေါ်သွေး ၁၈၀ သို့ ပိုမြင့်နေလျှင် သို့ အောက်သွေး ၁၁၀ သို့ ပိုမြင့်နေပြီး အင်္ဂါအစိတ်အပိုင်းတစ်ခုပျက်စီးတဲ့ လက္ခဏာ(ရင်ဘတ်အောင့်ခြင်း၊အသက်ရှူကြပ်ခြင်း၊ခါးနာခြင်း၊ထုံခြင်း/အားနည်းခြင်း)အမြင်အားနည်းခြင်း၊စကားပြောရခက်ခြင်း) တွေဖြစ်နေလျှင် သွေးပေါင်ပြန်အကျကို စောင့်မနေပဲ အရေးပေါ်ဆေးကုသမှုခံယူသင့်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/subarachnoid-hemorrhage-%e1%80%a6%e1%80%b8%e1%80%94%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%9a%e1%80%ad%e1%80%af%e1%80%81%e1%80%bc%e1%80%84/
HIV နှင့် မူးယစ်ဆေး
၂၀၁၄ ခုနှစ် ကမ္ဘာ့ကျန်းမာရေး မှတ်တမ်းများအရ လူ ၃၆.၉ သန်းသည် HIV ရာဂါပိုး ရှိနေပါသည်။ AIDS ရောဂါသည် HIV ရောဂါပိုးကြောင့် ဖြစ်ပါသည်။ ဆေးအလွဲသုံးစား လုပ်ခြင်းသည်လည်း HIV ရောဂါ ဖြစ်ပွားခြင်း၏ အကြောင်းအရင်း တစ်ခုဖြစ်သည်။မူးယစ်ဆေး အလွဲသုံးခြင်းသည် ဆေးထိုးမှားခြင်းထက် ပို၍ ကူးစက်နိုင်ခြေများပါသည်။ အဘယ်ကြောင့်ဆိုသော် ဆေးသုံးခြင်းဖြင့် ရောဂါကူးစက်နိုင်ခြေရှိသော ကာမစပ်ယှက်မှု၊ တခြားသူများနှင့် အတူတကွ ဆေးသုံးခြင်းဖြင့် လူတစ်ဦးမှ တစ်ဦးကို HIV ရောဂါပိုး ကူးစက်နိုင်ပါသည်။ရောဂါပိုးရှိသော သွေးသည်။ထို့ကြောင့် ဆေးထိုးအပ် အသုံးပြုမည် ဆိုပါက ယုံကြည်စိတ်ချရသော နေရာမှ ယူရပါမည်။ဆေးထိုးအပ်ကိုမျှ၍ အယောင်ကျဆေး၊ ဟော်မုန်းဆေး၊ ဆီလီကွန်များ သုံးရာတွင် အသုံးပြုလျှင် ရောဂါပိုး ကူးစက်နိုင်ခြေ ပို၍များပြားပါသည်။ထို့အပြင် ဆေးအလွဲသုံးစား လုပ်ခြင်း၊ ဆေးစွဲခြင်းများသည်လည်း ရောဂါ အခြေအနေကို ပို၍ ဆိုးရွားစေပါသည်။ အာရုံကြောနှင့် ပတ်သက်သော ရောဂါများ၊ မွေးရာပါ ရောဂါများ ဖြစ်ပေါ်တတ်ပါသည်။ အရက်သောက်ခြင်းနှင့် တခြား ခုခံအားတိုး ဆေးများသည် ရောဂါအခြေအနေကို ပို၍ ဆိုးရွားစေပါသည်။ဆေးစွဲခြင်းသည် ရောဂါပိုး မဖြစ်ပွားရန် ကာကွယ်နိုင်ပါသည်။ ဆေးဖြတ်လိုက်လျှင် ရောဂါပိုး ပျံ့ပွားမှုနှင့် တခြားသော အခြေအနေများကို ထိန်းနိုင်ပါသည်။အရက်ကို လွန်ကျွံစွာ သောက်သုံးလျှင်၊ အနည်းအကျဉ်း သောက်သုံးသည့် တိုင်အောင် ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်ပါသည်။ ဆေးသုံးသောကြောင့် အသိဉာဏ်ကင်းမဲ့ပြီး ကွန်ဒုံး မသုံးဘဲ ကာမစပ်ယှက်ခြင်းကြောင့် HIV ရောဂါပိုးများ ပို၍ ကူးစက်နိုင်ပါသည်။ကိုကင်း သုံးစွဲသူများသည် အင်အားပြည့်ဝသလို ခံစားရနိုင်ပါသည်။ ထိုကဲ့သို့ ခံစားမှုမျိုးကို ကြိုက်သောကြောင့် အငမ်းမရ တောင်းဆိုလာကြသည်။ ထိုသို့ အလွဲသုံးစား ပြုလုပ်မှုကြောင့် ရောဂါပိုး ပို၍ ဝင်နိုင်သကဲ့သို့ မိမိ၏ အမူအကျင့်များလည်း ပြောင်းလဲသွားနိုင်ပါသည်။ ဥပမာ -လိင်ဆက်ဆံဖော် များပြားခြင်း၊ အမြဲတစေ ကွန်ဒုံး မသုံးခြင်း၊ ကာမစိတ် လွန်ကဲခြင်းတို့ ဖြစ်ပါသည်။မက်သာဖက်တမင်းသည်လည်း လိင်ဆက်ဆံဖော် များပြားခြင်း၊ ကာမစိတ် လွန်ကဲခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ ထိုဆေးသည် စွဲတတ်ပါသည်။ နောက်ပိုင်းတွင် အကြောထဲထည့်၍ သုံးစွဲလာကြပါသည်။ ထို့အပြင် ထိုဆေးသည် အမျိုးသား လိင်အင်္ဂါ၊ စအိုနှင့် ယောနိရှိ အရေပြားကို ခြောက်သွေ့စေပါသည်။ထိုသို့ ခြောက်သွေ့ခြင်းကြောင့် လိင်ဆက်ဆံလျှင် လိင်အင်္ဂါများ ပေါက်ပြဲနိုင်ပြီး ရောဂါပိုးဝင်ရန် ပို၍ အခွင့်အလမ်း များပါသည်။ မိန်းမလျှာများနှင့် နှစ်ဖက်ချွန် အမျိုးသားများသည် စိတ်ကြွဆေးများသုံး၍ စအိုသို့ လိင်ဆက်ဆံမှု ပြုလုပ်သောကြောင့် ထိုနေရာမှ ရောဂါပိုး ဝင်နိုင်ပါသည်။နိုက်တရိတ် ရှူဆေးများသည်လည်း ကြာကြာရှူပါက လိင်စိတ် တက်ကြွခြင်း၊ တရားမဝင် ဆေးသုံးစွဲခြင်း၊ အမျိုးသားချင်း လိင်ဆက်ဆံခြင်း၊ တခြား အမျိုးသမီးများနှင့် ဆက်ဆံခြင်းတို့နှင့် ပတ်သက်၍လည်း ရောဂါများ ဝင်နိုင်ပါသည်။ ဥပမာ – ကာမစိတ် လှုံ့ဆော်ခြင်း၊ စအိုပတ်လည်ရှိ ကြွက်သားကို ဖြေလျော့ပေးခြင်းဖြင့် ကာကွယ်မှုကင်းသော ကာမစပ်ယှက်မှု ပိုများစေပါသည်။ကလပ်ဆေးဟု ခေါ်သော Ecstasy, ketamine, GHB နှင့် poppers သည်လည်း သုံးလျှင် မိမိတို့၏ ဆင်ခြင်တုံ တရားကို လျော့နည်းစေပြီး ကာမစပ်ယှက်ခြင်း၊ တားမြစ်ဆေးများ သုံးခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းများသည် HIV ရောဂါပိုး ဖြစ်ပွားမှုကို ပို၍မြင့်မားစေပါသည်။ မိမိတွင် ထိုရောဂါရှိလျှင်လည်း တခြားသော သူများကို ကူးစက်နိုင်ခြေများပါသည်။နိုင်ထရိတ် ရှူဆေး သုံးခြင်းသည်လည်း HIV ရောဂါဖြစ်ပွားနိုင်ခြေ များပြားနိုင်ပါသည်။ ထိုဆေးသည် စအိုပတ်လည်ရှိ ကြွက်သားများကို လျော့ကျစေသည့် အတွက် စအိုတွင်း လိင်ဆက်ဆံသည့် အချိန်တွင် အသုံးပြုကြပါသည်။ ကာမစိတ် လှုံ့ဆော်ခြင်း စအိုပတ်လည်ရှိ ကြွက်သားကို ဖြေလျော့ပေးခြင်းဖြင့် ကာကွယ်မှုကင်းသော ကာမစပ်ယှက်မှု ပိုများစေပါသည်။HIV ရောဂါပိုးရှိသူသည် ကိုယ်ခံအား ကျဆင်းနိုင်ပါသည်။ အကောင်းဆုံး ကာကွယ်နည်းမှာ ဆေးပုံမှန် သောက်သုံး၍ ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်သုံးရန် ဖြစ်ပါသည်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/hiv-%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%99%e1%80%b0%e1%80%b8%e1%80%9a%e1%80%85%e1%80%ba%e1%80%86%e1%80%b1%e1%80%b8-2/
Meningitis (ဦးနှောက်အမြှေးရောင်ရောဂါ)
PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/meningitis-%e1%80%a5%e1%80%ae%e1%80%b8%e1%80%b1%e1%80%94%e1%80%bd%e1%80%ac%e1%80%80%e1%80%b9%e1%80%a1%e1%80%b1%e1%80%bb%e1%80%99%e1%80%bd%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9__trashed/
အဆစ်တွေ ကျန်းမာသန်စွမ်းအောင် ဘယ်လိုလုပ်ရမလဲ။
သင့်မှာ အဆစ်နဲ့ ဆိုင်တဲ့ရောဂါ ပြဿနာတွေဖြစ်လာတဲ့ အခါ သင်ကြိုက်နှစ်သက်တဲ့ ကိုယ်လက်လှုပ်ရှားမှု အားကစားတွေကို မလုပ်ဆောင်နိုင်တော့ပဲ ကန့်သတ်ခြင်း ခံနေရသလို ဖြစ်လာနိုင်ပါတယ်။ သင့်ရဲ့ အဆစ်တွေဟာ တောင့်တင်းပြီး အလွန်နာကျင်တဲ့ ဝေဒနာ ခံစားရလာနိုင်ပါတယ်။ သင့်ရဲ့အဆစ်တွေ ကျန်းမာ သန်စွမ်းဖို့အတွက် နှင့် ထိခိုက်ဒဏ်ရာ ရရှိခြင်းမှ ရှောင်ရှားနိုင်ရန် သင်ပြုလုပ်ရမယ့် အရာများစွာ ရှိပါတယ်။ အဆစ်တွေကျန်းမာ သန်စွမ်းလာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို လေ့လာ ကြည့်ကြရအောင်။အဆစ်တစ်ခုဆိုတာ အရိုးနှစ်ခုအတူတကွ ဆက်သွယ်ထားတဲ့နေရာကို ခေါ်ပါတယ်။ သင့်ရဲ့ ဒူးခေါင်း၊ တင်ပါးနှင့် ပုခုံးတွေမှာ အဆစ်တွေရှိပါတယ်။ အရွတ်တွေ၊ ကြွက်သားတွေနှင့် အရိုးနုတွေဟာ အတူတကွ အရိုးမှာလာပြီး တွယ်ထားကာ သင့် အရိုးတွေရဲ့ လှုပ်ရှားသွားလာမှုကို ပိုပြီး ချောမွေ့အောင် ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ သင့်ရဲ့ အဆစ်တွေမှာ ဒဏ်ရာ ရပါက လှုပ်ရှားမှုတွေလည်း ခက်ခဲလာနိုင်ပါတယ်။ အဆစ်တွေဒဏ်ရာ ရရှိခြင်းဟာ ဘယ်သူမှာမဆို ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် ကိုယ်လက်လှုပ်ရှားမှုများစွာဟာ အဆစ်တွေ ထိခိုက်မှု အန္တရာယ်ကို မြင့်မားစေနိုင်ပါတယ်။ သင်ဟာ အသက်ကြီးလာလေလေ အရိုးနုတွေဟာလည်း စပြီးပျက်စီးလွယ်လာကာ ကြမ်းတမ်းလာပါတယ်။ ဒီလိုအရိုးနုတွေ ပျက်စီးခြင်း အချိန်ကြာလာတဲ့ အခါမှာ အရိုးအဆစ်ရောင်ရမ်းခြင်းဆိုတာ ဖြစ်လာပါတယ်။သင့်ရဲ့ အဆစ်တွေ ကျန်းမာ သန်စွမ်းဖို့ရာ ကူညီပေးနိုင်မယ့် နည်းလမ်းအချို့ကို အောက်မှာ ဖော်ပြပေးထားပါ။သင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းဟာ စကိတ်စီးခြင်း ကဲ့သို့ထပ်ခါတလဲလဲ လှုပ်ရှားပြုမူရတဲ့ အားကစားတွေ သို့မဟုတ် အထိအခိုက်များသော အားကစားဖြစ်တဲ့ ဘောလုံးကန်ခြင်းကဲ့သို့သော အားကစားကို ပြုလုပ်တဲ့ အခါမှာ သင်ဟာလည်း ပါဝင်ချင်တယ် ဆိုရင်တော့ အကာအကွယ် အခုအခံ (ဥပမာ-ဒူးစွပ်) တွေကို ဝတ်ဆင်သုံးစွဲပြီး သင့်ကို ထိခိုက်မှု မဖြစ်စေအောင် အရင်လုပ်ဖို့ စဉ်းစားသင့်ပါတယ်။ သင့်ရဲ့ အဆစ်တွေကို ကာကွယ်ပေးနိုင်အောင် ကူညီပေးမယ့် အကာအကွယ်ပစ္စည်းတွေ ဝတ်ဆင်ခြင်း၊ ဒူးကာကဲ့သို့သော အကာအကွယ် ပစ္စည်းတွေ ဝတ်ဆင်ခြင်းဖြင့် သင့်ကို အကူအညီဖြစ်စေနိုင်ပါတယ်။ကျွမ်းကျင် အားကစားသမား အတော်များများနဲ့ဆရာဝန်များက လေ့ကျင့်ခန်း မလုပ်ခင် သွေးပူလေ့ကျင့်ခန်းကိုမလုပ်ပဲ ကျော်ပစ်ခြင်း မပြု ဖို့ရာ သတိပေးလေ့ရှိပါတယ်။ လေ့ကျင့်ခန်း မလုပ်ခင် သင့်ရဲ့ ခန္ဓါကိုယ်ကို သွေးပူလေ့ကျင့်ခန်း လုပ်ပေးခြင်းဟာ လှုပ်ရှားမှုတွေကို ပိုပြီး ချောမွေ့စေရန် အတွက်ဖြစ်ပါတယ်။ လေ့ကျင့်ခန်း မလုပ်ခင် ၅မိနစ် ကနေ ၁၀ မိနစ် လောက် ပုံမှန် သွေးပူလေ့ကျင့်ခန်းကို လုပ်ပေးဖို့ရာ အချိန်ယူသင့်ပါတယ်။တစ်နေ့လုံး အချိန်အကြာကြီး ထိုင်ခြင်း သို့မဟုတ် မတ်တပ်ရပ်ခြင်းအားဖြင့် သင့်ရဲ့ ခြေထောက် အရိုးအဆစ်တွေကို အန္တရာယ် ပေးနိုင်ပါတယ်။ အချိန်အကြာကြီးထိုင်ခြင်း သို့မဟုတ် မတ်တပ်ရပ်ခြင်းအားဖြင့် သင့်ရဲ့ အဆစ်တွေဟာ နေရာတစ်နေရာတည်းမှာပဲ ပုံသေကြီးနေရသလို ဖြစ်သွားပါတယ်။ အချိန်အကြာကြီး ထိုင်ခြင်းအားဖြင့် သင့်ရဲ့ ကျောရိုးနှင့် တင်ပါးဆုံရိုးတွေကို ဖိအားအလွန်ပေးပါလိမ့်မယ်။ အချိန်အကြာကြီး မတ်တပ်ရပ်နေစဉ်မှာတော့ သင့်ရဲ့ တင်ပါးဆုံရိုးတွေ၊ ဒူးခေါင်းရိုးတွေ၊ ခြေချင်းဝတ်နှင့် ခြေထောက်အဆစ်တွေမှာ ထိခိုက်လာပါလိမ့်မယ်။ ဒီလိုလုပ်ခြင်းဟာ သင့်ရဲ့ အဆစ်တွေမှာ ရှိတဲ့ ပုံမှန်ချောဆီပြန်ဖြည့်တဲ့ ဖြစ်စဉ် နှင့် အဆစ်များ ဒဏ်ရာရလျော့နည်းစေတဲ့ ဖြစ်စဉ်တွေကို လျော့ချပစ်လိုက်ကာ ၎င်းတို့ကို ပျက်စီး ထိခိုက်သွားစေနိုင်ပါတယ်။ကျန်းမာရေးနှင့် ညီညွတ်တဲ့ ကိုယ်အလေးချိန်မှာ ရှိနေခြင်းဟာ သင့်ကို ပိုကြည့်ကောင်းလာစေရုံသာမကပဲ သင့်ရဲ့ အဆစ်တွေမှာရှိတဲ့ ဖိအား ကိုလည်း လျော့ကျစေပါတယ်။ သင့်ရဲ့ ကိုယ်အလေးချိန်ဟာ တစ် ကီလိုဂရမ် တိုးလာတိုင်း တိုးလာတိုင်းမှာ သင့်ရဲ့ အဆစ်တွေပေါ်မှာလည်း ဖိအားတွေ ပိုမိုတိုးလာတယ်ဆိုတာကို သိရပါမယ်။ တကယ်လို့ သင်ဟာ အဝလွန်နေသူ ဆိုရင် ကိုယ်အလေးချိန် လျှော့ချပစ်လိုက်ခြင်းဟာ သင့်ရဲ့ အဆစ်နာကျင်ခြင်း ဝေဒနာတွေကို လျော့ကျသက်သာစေပြီး ပိုပြီး လှုပ်ရှားရတာ လွယ်ကူလာပါလိမ့်မယ်။ သင့်ရဲ့ ကိုယ်အလေးချိန်ဟာ တစ် ကီလိုဂရမ် လျော့ကျသွားတိုင်းမှာ ဒူးခေါင်းရဲ့ အရိုးအဆစ်ရောင်ရမ်းခြင်း အန္တရာယ်ဟာလည်း ၅၀ ရာခိုင်နှုန်းလောက် လျော့ကျသွားစေနိုင်တယ်လို့ သုသေတန တွေ့ရှိချက်များက ဖော်ပြပါတယ်။သင့်ရဲ့ အဆစ်တွေကျန်းမာ သန်စွမ်းခြင်း မြှင့်တင်ဖို့ရာအတွက် ကယ်လ်စီယမ်ဓါတ်နှင့် ဗီတာမင်ဒီဓါတ် ဟာလည်း အရေးကြီးတဲ့ အခန်းကနေပါဝင်တယ်ဆိုတာကိုလည်း မမေ့ပါနဲ့။ သတ္တုဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေဟာ သင့်ရဲ့အရိုးတွေပိုပြီး ကျန်းမာသန်စွမ်းစေပြီး အရိုးပါးခြင်း၊ အရိုးပွခြင်း အန္တရာယ်မှ လျှော့ချပေးတယ်ဆိုတာကို သိရပါမယ်။ အဆိုပါသတ္တု ဓါတ်တွေကို ရရှိဖို့ရာ မခက်ခဲပါဘူး။ သင်ဟာ ကယ်လ်ဆီယမ်ဓါတ်နှင့် ဗီတာမင်ဒီ ဓါတ်တွေကို နို့ထွက်ပစ္စည်း၊ ဒိန်ချဉ်၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လံ၊ ငါးအမျိုးမျိုး၊ ဆော်လမွန်ငါး၊ သဖန်းသီး စတာတွေကနေ ရနိုင်ပါတယ်။ သင်ဟာ ဆရာဝန်ထံမှ ညွှန်ကြားချက်နဲ့ ကယ်လ်စီယမ်ဓါတ်ပါသော အားဖြည့်ဆေးတွေကိုလည်း ရနိုင်ပါတယ်။လတ်ဆတ်တဲ့ အသီးအရွက်တွေနဲ့ အသီးအနှံတွေကို စားသုံးပေးပါ။ ၎င်းတို့ကို သင့်ရဲ့ နေ့စဉ် အစားအသောက်တွေမှာ ထည့်စားသောက်ပေးခြင်း အားဖြင့် အာဟာရဓါတ် အမျိုးမျိုးကို သင့်ခန္ဓါကိုယ်က စုပ်ယူနိုင်အောင် လုပ်ပေးတဲ့အကောင်းဆုံးသော နည်းလမ်းဖြစ်ပါတယ်။ သင်စားမယ့် အစားအသောက်တွေထဲမှာ တရုတ်နံနံ ၊မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်းအရွက်များ၊ ငရုတ်ပွကို ပါးပါးလှီး၍ စားခြင်းနှင့် ဖရဲသီးစိတ်များကို သင့်ရဲ့ အစားအသောက်တွေထဲမှာ ထည့်သွင်း၍စားနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/%e1%80%a1%e1%80%86%e1%80%85%e1%80%ba%e1%80%90%e1%80%bd%e1%80%b1-%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9e%e1%80%94%e1%80%ba%e1%80%85%e1%80%bd%e1%80%99%e1%80%ba%e1%80%b8/
အစားမလျှော့ဘဲကိုယ်အလေးချိန်လျှော့ချရန်နည်းလမ်းများ
– အချို့လူများအတွက်ကိုယ်အလေးချိန်လျှော့ချရန်အစား လျှော့စားခြင်းသည်နားထောင်ရသလောက်မလွယ်ကူပါ။ ပီဇာနှင့် ဒိန်ခဲသွပ်ထားသောဘာဂါတို့ကိုမစားမိအောင်လုပ်ဖို့ အတော်ခက်သည်။သို့သော်လည်းထိုသူတို့သည်သူတို့၏ခါးကိုခပ်ဝဝခပ်တုတ်တုတ် လည်းမဖြစ်လိုကြပါ။ သို့ဆိုလျှင်စားမကောင်းသော၊ခံတွင်း မလိုက်သောအစားအစာများကိုမစားရဘဲအခြားနည်းလမ်းများ ရှိပါသေးသလား။ အောက်ပါအချက်(၁၀) ချက်ကိုလေ့လာကြည့်ပါ။(၁) နံနက်စာစားဖို့မမေ့ပါနှင့်။– လူအတော်များများသည်နံနက်စာမစားဘဲနေခြင်းက ကိုယ်အလေးချိန်လျော့ချဖို့အတွက်ကောင်းသည်ဟုထင်နေတတ် ကြသည်။ မနက်စောစောတွင်အလုပ်မီဖို့ပြေးလွှားသွားရတတ်ကြရာအရေးပါသောနံနက်စာကိုစားဖို့မေ့နေတတ်ကြသည်။ သို့သော်လည်းလေ့လာချက်များ၏အဆိုအရနံနက်စာကိုမစားဘဲနေလိုက်သည့်အတွက်နောက်ထပ်စားရမည့် ထမင်းအနပ်များကိုပမာဏများပြားစွာပိုမိုစားဖြစ်စေနိုင်သည်ဟု ဆိုပါသည်။ သို့ဆိုလျှင်သင်၏ဝဖိုင့်သောခါးကိုလျော့ရန်လွယ်ကူပါ တော့မည်လား။(၂) အစာကိုဖြည်းဖြည်းစားပါ။– ကျွန်ုပ်တို့၏ဦးနှောက်ကအချက်အလက်များစုစည်းရန်အချိန်လိုအပ်သကဲ့သို့အစာချေခြင်းသည်လည်းထိုနည်းတူဖြစ်သည်။ ထို့ကြောင့်မြန်၂စားလေဗိုက်ပြည့်ဖို့ခက်လေ ဖြစ်သည်။ ထို့ကြောင့်ပိုမိုစားဖြစ်သွားသည်။ သုတေသီ ၂၃ဦးတို့၏မကြာသေးခင်ကသုံးသပ်ချက်အရ အစားစောစောစားပြီးတတ်သူများသည်ဖြည်းဖြည်းမှန်မှန်စားသူများထက်ကိုယ် အလေးချိန်ပိုများနေတတ်သည်ဟုဖြစ်သည်။ ထိုကြောင့်။ဖြည်းဖြည်းစားပါ။ သင့်ဦးနှောက်ကသင်ဗိုက်ဝပြီဖြစ်ကြောင်း သိရှိပြီးနောက်ထပ်မစားမိအောင်သတိပေးပါလိမ့်မည်။(၃) ညဘက်တွင်မီးဖိုချောင်နှင့်ဝေးဝေးနေပါ။– လူအများစုကညဘက်အစားစားလျှင်ကိုယ်အလေးချိန်မြင့်တက် နိုင်သည်ဟုယုံကြည်ကြသည်။ သင်ယုံသည်ဖြစ်စေ၊မယုံသည်ဖြစ်စေ လေးနပ်မြောက်(သို့မဟုတ်)ငါးနပ်မြောက်ညဘက်အစားစားခြင်းကသင်လိုချင်နေသည့်ကိုယ်အလေးချိန်လျော့ချရေးကိုမကူညီနိုင်သည့်အပြင်ပိုမိုသာအလေးချိန်တိုးစေမည်ဖြစ်ပါသည်။(၄) ကျန်းမာရေးနှင့်မညီညွတ်သောအရာများကိုအနည်းငယ်သာစားပါ။– ကျန်းမာရေးနှင့်မညီညွတ်သည်များကိုအနည်းငယ်သားစားသုံးသင့်သည်။ သို့သော်ထိုအစားအစာများသည်အရသာပိုမိုရှိ၍စွဲဆောင်မှုပိုကောင်းသည့်အတွက် သင်မည်သို့ပြုလုပ်မည်နည်း။ ပန်းကန်သေးသေးဖြင့်သာစားပါ။ ထိုအစားအစာများကိုပန်းကန်ထဲသို့အနည်းငယ်သာထည့်ပါ။ အကယ်၍သင်ကပန်းကန်ပြားကြီးကြီးနှင့်စားပါကသင့်ဦးနှောက်ကထိုအစားအစာများကိုနည်းနည်းသာစားရသေးသည်ဟုထင်မှတ်ပြီးအများကြီးစားမိ သွားတတ်သည်။(၅) ရေများများသောက်ပါ။– ရေသောက်ခြင်းကဗိုက်ခဏပြည့်စေသဖြင့်အစာမစားမီ ရေသောက်ပါ။ ထိုအခါအဆာပြေသွားသဖြင့်နည်းနည်းသာစားမိတော့မည်။ ရေအစားဆိုဒါနှင့်အခြား ကယ်လိုရီဓါတ်ပေးသောအချိုရည်များလည်းသောက်ပေးနိုင်ပါသည်။(၆) အစားစားစဉ်အာရုံစိုက်ပါ။– အစားစားစဉ်တီဗီကြည့်ခြင်းနှင့် ဂိမ်းဆော့ခြင်းဖြင့်သင့်ကိုယ်သင်များများစားမိလိုက်သည်ဟု မထင်လိုက်သည့်အတွက်အများကြီးစားမိတတ်သည်။ ဂိမ်းနှင့်ရုပ်ရှင်များသည်အဓိကဖျော်ဖြေရေးလုပ်ငန်းများဖြစ်ပြီးစိတ်လှုပ်ရှားရသည့်နေရာများစွာပါဝင်တတ်ရာသင်စားနေသောအစားအစာမှအခြားကိုအာရုံဆွဲဆောင်သွားရန်မခက်ခဲတတ်ပါ။(၇) ကောင်းစွာအိပ်စက်ပါ။– သိပ္ပံနည်းကျအဆိုအရအအိပ်အနေနည်းခြင်းသည် အစားကိုပိုမိုစားစေသည်ဟုဖြစ်သည်။ အိပ်ရေးပျက်ပါကဗိုက်ဆာပြီးကျန်းမာရေးနှင့်မညီညွတ်သည်များကို ပိုမိုစားချင်စိတ်ဖြစ်စေတတ်သည်။(၈) စိတ်ဖိစီးမှုကိုလျော့ချပါ။– စိတ်ဖိစီးမှုဖြစ်သောအခါအခြားအရေးမပါသောအရာများကို စိတ်ထဲဂရုမပြုမသိဘဲရှိတတ်သည်။ စိတ်ဖိစီးမှုကပုံမှန်အိပ်စက်ခြင်းကိုလည်းနှောင့်ယှက်တတ်ပါသည်။ ထိုအခါမလိုအပ်ဘဲနေ့ရှိသရွေ့အစားများများစားခြင်းမျိုးဖြစ်တတ်သည်။(၉) ပရိုတိန်းဓါတ်ကိုရှောင်ရန်မလိုအပ်ပါ။– ပရိုတိန်း(ခေါ်)အသားဓါတ်သည်သင့်ကိုဗိုက်ပြည့်စေသည့်အတွက်ကယ်လိုရီအနည်းငယ်သာထပ်စားမိတော့သည်။ ကြက်ဥ၊ငါး၊ကြက်သားတို့သည် အရသာရှိပြီးသင့်အစားအစာထဲတွင်ထည့်သွင်းစားသုံးခြင်းဖြင့်ကိုယ်အလေးချိန်လျှော့ချခြင်းအပေါ် အကျိုးသက်ရောက်မှုရှိပါသည်။(၁၀) အချိုရည်များကိုရှောင်ပါ။– သကြားဓါတ်နှင့်အချိုရည်သောက်သုံးခြင်းသည် ကယ်လိုရီကိုရရှိစေသည်။ သို့သော် သင့်ဦးနှောက်ကထိုအချိုရည်များမှရရှိသော ကယ်လိုရီကို အစားအစာကဲ့သို့ထည့်မတွက်သည့်အတွက်ဗိုက်ပြည့်သည်ဟုမခံစားရဘဲလိုအပ်သောကယ်လိုရီပမာဏထက်ပိုမိုစားမိတတ်ပြီး သင့်ခါးကိုပိုမိုဝစေပါသည်။ ထို့ပြင်သကြားဓါတ်အများအပြား စားသုံးခြင်းသည်သင့်ဦးနှောက်အတွက် မကောင်းပါ။– အားလုံးကိုခြုံ၍ကြည့်လျှင်အသီးအရွက်ကိုသာစားရန်မလိုဘဲကိုယ်အလေးချိန်လျှော့ချရန်အခြားနည်းလမ်းများစွာရှိပါသေးသည်။ သင်ပုံမှန်စားနေကျအတိုင်း ပင်စားသုံးရန်လိုအပ်ပြီးသင်ကြိုက်နှစ်သက်သောအစားအစာများကိုရှောင်ရန်လည်းမလိုအပ်ဘဲဉာဏ်ရှိသလိုကျင့်သုံးရန်သာဖြစ်ပါသည်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%99%e1%80%b1%e1%80%9c%e1%80%ba%e1%80%bd%e1%80%ac%e1%80%b7%e1%80%98%e1%80%b2%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%a1%e1%80%b1%e1%80%9c%e1%80%b8/
ပဲနို့ ကနေရမယ့် အကျိုးကျေးဇူး (၅) ချက်
ပဲနို့ က ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပြီး သောက်တော့သောက်နေကြတာပဲ၊ ဒါပေမယ့် ဗီတာမင်တွေပါတယ်ဆိုတာကလွဲလို့ ဘာအတွက်ကောင်းတာလဲဆိုတာ သိပ်မသိကြပါဘူး။ ပဲပိစပ်ကနေရတဲ့ ပဲနို့ဟာ ပရိုတင်းဓာတ်ကြွယ်ဝပြီး နွားနို့အစားထိုး သောက်သုံးလို့လည်း ရပါတယ်။ပဲနို့မှာ ပရိုတင်း၊ ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော်စဖရပ်စ်နဲ့ ပိုတက်စီယမ်၊ ဆိုဒီယမ်နဲ့ ဇင့်ဓာတ်တွေ ပါဝင်ပါတယ်။ အမျှင်ဓာတ်တွေအပြင် folate၊ thiamin၊ riboflavin၊ niacin ၊ ဗီတာမင် B6၊ ဗီတာမင်B12၊ ဗီတာမင် E၊ ဗီတာမင် K တို့ပါဝင်ပါသေးတယ်။ပဲနို့ရဲ့ပရိုတင်းဓာတ်ဟာ ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အရေးပါပါတယ်။ ပရိုတင်းဆိုတာနှလုံးရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်စွမ်းရှိတဲ့ amino acids တွေနဲ့ဖွဲ့စည်းထားပါတယ်။ amino acids နဲ့ isoflavones ပါဝင်မှုကြောင့်မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကို လျော့ကျစေပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးသွေးကြောကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ပဲနို့မှာပါတဲ့ Isoflavones ကြောင့်ပဲ သွေးဆုံးတဲ့ အရွယ်အမျိုးသမီးတွေမှာ အက်စထရိုဂျင်ဟော်မုန်းပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေအနေနဲ့ ပဲနို့သောက်သုံးခြင်းအားဖြင့် အက်စထရိုဂျင် လျော့နည်းမှုနဲ့ သွေးဆုံးကိုင်ဝေဒနာတွေကို ကာကွယ်နိုင်ပါလိမ့်မယ်။ပဲနို့က သွေးဆုံးပြီး အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ အရိုးပွခြင်းကို သက်သာစေတဲ့ ဆေးတစ်ခွက်ပါ။ အရိုးကြွပ်ဆတ်ခြင်းနဲ့ ကယ်လ်စီယမ်ဆုံးရှုံးခြင်းတို့ကြောင့် ဒီအန္တရာယ်ကို များစေတာပါ။ အသားကရတဲ့ ပရိုတင်းက ပဲနို့ပရိုတင်းထက် ဆီးအတွင်း ကယ်လ်စီယမ် စွန့်ထုတ်မှုပိုများတယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။ အရိုးသိပ်သည်းမှုကို အားဖြည့်ပေးပြီး အရိုးကျိုးအက်မှုအန္တရာယ်ကို လျော့နည်းစေပါတယ်။ပဲနို့က ရင်သားကင်ဆာ ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။ ဒါတင်မကဘဲ ပဲနို့ များများသောက်တဲ့ အမျိုးသားတွေဆိုရင်ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကိုပါ လျော့နည်းစေတယ်လို့သိရပါတယ်။ပဲနို့ isoflavones ရဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက နာတာရှည်ရောဂါတွေအတွက် အကျိုးထူးပါတယ်တဲ့။ ဓာတ်တိုးခြင်းကို လျော့ကျစေပြီး ထိခိုက်မှုနည်းစေတဲ့အတွက် အသည်းထိခိုက်မှုကို ကာကွယ်နိုင်ပါတယ်။ပဲနို့က အဝလွန်ခြင်းကို ကာကွယ်ပေးသလို ဝနေတဲ့ အမျိုးသား၊ အမျိုးသမီးတွေမှာလည်း ခါးပတ်လည်အဆီကျစေဖို့ အထောက်အကူပြုတယ်လို့ သိရပါတယ်။အပင်ထွက်အာဟာရ phytonutrients တွေပါဝင်မှုများတဲ့ ပဲနို့ဟာ နာတာရှည်ရောဂါရှိသူတွေ၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့ ကလေးတွေအတွက် အထူးအကျိုးကျေးဇူးပေးတဲ့အာဟာရ တစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် သတိထားသင့်တဲ့အချက်က ဈေးကွက်မှာ လူကြိုက်များတဲ့ အသင့်သောက် ပဲနို့တွေကိုတော့ အချိုပါဝင်မှုပမာဏကို ချင့်ချိန်သောက်သုံးသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%95%e1%80%b2%e1%82%8f%e1%80%ad%e1%80%af%e1%82%94%e1%80%80%e1%80%b1%e1%80%94%e1%80%9b%e1%80%99%e1%80%9a%e1%80%b9%e1%80%b7-%e1%80%a1%e1%80%80%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%b1%e1%80%80/
ဖြစ်ချင်တာက ရိုမန်တစ်၊ ဖြစ်လာတာက ယားနာ၊ မဖြစ်စေဖို့
ချစ်သူများနေ့ရောက်ပြီဆိုရင် ချစ်သူစုံတွဲတွေအကြား ချောကလက်လေးတွေ အပြန်အလှန်လက်ဆောင်ပေးကြတာဟာ လူငယ်လူရွယ် စုံတွဲတွေအကြား ရေပန်းစားတဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။ချောကလက်ခဲလေးရယ်၊ဝိုင်လေးတစ်ပုလင်းရယ်ဆို ဘယ်လောက်တောင်များ ရိုမန်တစ်ဆန်လိုက်မလဲနော်။ ဟိုးထား ဆရာ။ ဒီလို ရိုမန်းတစ်ဆန်တာက ချစ်စရာကောင်းတယ်ဆိုပေမယ့် တစ်ဖက်မှာလည်း ကျန်းမာရေး ဆိုးကျိုးတွေ ရှိနေပါတယ်နော်။ဗြိတိန်ဆေးသိပ္ပံပညာရှင်တွေရဲ့ နောက်ဆုံး လေ့လာဆန်းစစ်ချက်တွေအရ ချောကလက်နဲ့ ဝိုင်အရက်ကို တွဲဖက်စားသောက်တာကYeast Infection (မိန်းမကိုယ် ကူးစက်မှို ရောဂါ)ဖြစ်နိုင်ချေအရမ်းများပါတယ်တဲ့။ဗယ်လင်တိုင်းဒေးကာလမှာချောကလက်နဲ့ ဝိုင်ကို လက်ဆောင်အဖြစ်ပေးပြီး သာယာငြိမ့်ညောင်းတဲ့ တေးသံစဉ်လေးတွေနဲ့ ဖြတ်သန်းကြတာမျိုးဟာ အနောက်တိုင်းနဲ့ အာရှအရှေ့ဖျားတိုင်းပြည်တွေမှာ ပိုမိုခေတ်စားပါတယ်။ ခုနောက်ပိုင်းမှာတော့ ပြည်တွင်းမှာလည်း ခုလို အလေ့အထလေးတွေ ရှိလာနေပါပြီ။ဗြိတိန်က ဆရာဝန်တွေကတော့ ဒီလို တွဲဖက်စားသုံးမှုမျိုး မပြုလုပ်ဖို့ တားမြစ်ကြပါတယ်။ ခုလို ချောကလက်နဲ့ ဝိုင် ဒါမှမဟုတ် သကြားဓာတ်ပါဝင်မှုများတဲ့ အဖျော်ယမကာတွေ တွဲဖက် မှီဝဲတာဟာဟိုမုန်းမတည်ငြိမ်မှုကိုဖြစ်စေနိုင်ပြီး သကြားဓာတ်တွေကို မချေဖျက်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးကို ဖြစ်ပေါ်စေနိုင်တယ်လို့ သူတို့က ဆိုပါတယ်။ဒီလိုအခြေအနေမျိုးမှာ အစာခြေစနစ်ဟာ အဆိုပါသကြားဓာတ်တွေကို အပြီးတိုင် မခြေဖျက်ပဲ ဆီးအိမ်ထဲကို စုပြုံပို့ချမှာဖြစ်ပါတယ်။ တကယ်လို့Antibioticsတစ်မျိုးမျိုးကို မှီဝဲနေရသူတွေသာ ဒီလိုကြုံတွေ့ခဲ့ရမယ်ဆိုရင် မိန်းမကိုယ်အတွင်းမှာ မှက္ခရုစွဲတာလိုမျိုး ပြဿနာတစ်ချို့ကြုံရနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးလိင်အင်္ဂါအဝမှာ မှိုစွဲတဲ့ ယားနာတစ်မျိုးဖြစ်တဲ့ Yeast Infection ကတော့ ဖြစ်နိုင်ချေအများဆုံးပါပဲ။Yeast Infection ရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။ ပုံမှန်ကျန်းမာတဲ့ မိန်းမတွေရဲ့ အင်္ဂါမှာတောင်မှ ဘက်တီးရီးယားနဲ့ မှိုတွေရှိတတ်ပါတယ်။ မှိုတွေ ပုံမှန်ထက် ပိုပွားများလာတဲ့အခါမျိုးမှာ မိန်းမကိုယ်မှာ ရောင်ရမ်းတာ၊ ကသိကအောင့် ဖြစ်တာ၊ အလွန်အမင်း ယားယံတာတွေ ဖြစ်စေပါတယ်။ ဒါကို Yeast Infection လို့ ခေါ်ပါတယ်။ ဒီရောဂါကိုလိင်မှတဆင့်ကူးစက်တဲ့ရောဂါ (STI)စာရင်းမှာ ထည့်သွင်းထားခြင်းမရှိပေမယ့် အမျိုးသားတွေကတော့ သူတို့ရဲ့ လိင်ဆက်ဆံဖော် အမျိုးသမီးတွေဆီကနေတဆင့် ကူးစက်ခံရနိုင်ပါတယ်။အမျိုးသမီးတစ်ယောက်အနေနဲ့ Yeast Infection ရောဂါ ကိုယ့်မှာရှိနေပြီဆိုရင် မိန်းမကိုယ် တစ်ဝိုက်ရောင်ရမ်းခြင်း၊ မိန်းမကိုယ် ယားယံခြင်း၊ ဆီးသွားစဉ်နဲ့လိင်ဆက်ဆံစဉ်ပူခြင်း၊ နာကျင်ခြင်း၊ မိန်းမကိုယ်တွင် အနီကွက်များထွက်ခြင်းနဲ့ မိန်းမကိုယ် မှ ဖြူညစ်ညစ်အရောင် အဖတ်များထွက်ခြင်းစတဲ့ လက္ခဏာတွေပြသလေ့ရှိပါတယ်။ချောကလက်နဲ့ ဝိုင်အတွဲအဖက်အပြင် ဒီရောဂါကို ဖြစ်စေနိုင်တဲ့ တခြားအကြောင်းအရင်းတွေလည်း ရှိပါသေးတယ်။ ပဋိဇီဝဆေးများ သုံးစွဲနေရခြင်း၊ ဆီးချိုသွေးချိုရောဂါရှိခြင်း၊ကိုယ်ဝန်ဆောင်ချိန်ကိုယ်ခံအားနည်းခြင်း၊ အချို အလွန်အကျွံစားခြင်း၊ ရာသီလာခါနီး ဟော်မုန်းဓါတ်အပြောင်းအလဲဖြစ်ခြင်း၊ စိတ်ဖိအားများခြင်းနဲ့ အိပ်ရေးပျက်ခြင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဒီရောဂါဟာ သာမန်အခြေအနေမှာ ကုသရလွယ်ကူတဲ့ ရောဂါတစ်မျိုးဖြစ်ပြီးတော့ မှိုကိုနှိမ်နင်းနိုင်မယ့် လိမ်းဆေးခရင်မ်၊ လိမ်းဆေးအဆီ၊ သောက်ဆေး၊မိန်းမကိုယ်အတွင်းထည့်ရမည့်ဆေးပြား တခုခုကို ဆရာဝန်ညွှန်ကြားချက်နဲ့ အသုံးပြုနိုင်ပါတယ်။ဒါပေမယ့်လည်း သာမန်ထက်ပိုမိုဆိုးရွားတဲ့ အခြေအနေမျိုးတွေလည်း ဖြစ်နိုင်ပါသေးတယ်။ မကြာခနဖြစ်တာ၊ ကိုယ်ခံအားစနစ် အားနည်းတာနဲ့HIV ပိုးရှိတာတွေကြောင့် ပိုမိုရှုပ်ထွေးပြင်းထန်တဲ့ Yeast Infection မျိုးတွေဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် Yeast Infection မဖြစ်စေဖို့ အထူးသတိထားဖို့ လိုအပ်ပါတယ်။ကဲ ဒီဗယ်လင်တိုင်းမှာ အထာကျကျနဲ့ရိုမန်တစ် ဆန်ဆန်ချစ်သူများနေ့လေးဖြတ်သန်းကြမယ်လို့ ဆုံးဖြတ်ထားတယ်ဆိုရင် ချောကလက်နဲ့ ဝိုင်ကို တွဲဖက် မှီဝဲဖို့ မစဉ်းစားကြနဲ့နော်။ ကိုယ့်ရဲ့ ချစ်ရသူကို ပျော်ရွှင်ရုံတင်မက ကျန်းမာအောင်ပါ ဂရုတစိုက် ချစ်ပြတာက စမတ်ကျတဲ့ ချစ်သူစုံတွဲတွေရဲ့ နည်းလမ်းဖြစ်ပါတယ်။ ပျော်ရွှင်စရာတွေ ဖန်တီးပေးမယ့် ဗယ်လင်တိုင်းဒေးကြောင့် စိတ်ညစ်စရာတွေ မဖြစ်စေဖို့ သတိထားစေချင်ပါတယ်။ ပျော်ရွှင်ဖွယ် ချစ်သူများနေ့ဖြစ်ပါစေနော်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%90%e1%80%ac%e1%80%80-%e1%80%9b%e1%80%ad%e1%80%af%e1%80%99%e1%80%94%e1%80%ba%e1%80%90%e1%80%85%e1%80%ba%e1%81%8a-%e1%80%96/
သင့်ခံတွင်းကျန်းမာရေးအတွက် စိတ်ချရတဲ့ ငုံဆေးသကြားလုံး
သကြားလုံးလို့ကြားတာနဲ့ သွားပိုးစားမယ်၊ချောင်းဆိုးမယ်လို့ သိထားကြတယ်။ ဒါပေမယ့်ချောင်းဆိုးသက်သာစေတဲ့အပြင်လည်ချောင်းနဲ့ ခံတွင်းကျန်းမာရေးအတွက် ကာကွယ်မှုပေးတဲ့ သကြားလုံးတွေ ရှိတယ်ဆိုတာ သင်သိပါသလား။ ဘယ်လိုပါဝင်ပစ္စည်းတွေနဲ့ စီမံဖန်တီးထားလို့ချောင်းဆိုးကိုပါသက်သာစေလဲဆိုတာသိချင်လာပြီမဟုတ်လား။ငုံဆေးသကြားလုံးဆိုတာ လည်ချောင်းနဲ့ပတ်သက်တဲ့ပြဿနာတွေကို အမြန်ဖြေရှင်းနိုင်အောင် အိတ်ကပ်ထဲဆောင်ထားလို့ရတဲ့ဆေးသကြားလုံးတွေပါ။ ဥပမာ အစည်းအဝေးမှာ လည်ချောင်းသလိပ်ကပ်နေလို့ ကိုယ့်ရဲ့တင်ပြချက်ကိုကောင်းကောင်းမပြောနိုင်တာမျိုး မဖြစ်ရအောင် သူကဖြေရှင်းပေးနိုင်ပါတယ်။ လည်ချောင်းနာနေတာ၊ လည်ချောင်းယားတာတွေဆိုလည်း ငုံဆေးလေးတော့ အားကိုးရတာပဲလေ။ခံတွင်းမှာ ငုံထားလိုက်ရုံနဲ့ သူ့ရဲ့ပါဝင်ပစ္စည်းတွေက တံတွေးဂလင်းတွေကိုနှိုးဆွပြီး လည်ချောင်းနံရံတွေကိုဆေးနဲ့ပျံ့နှံ့စေတယ်၊ လည်ချောင်းနာ၊လည်ချောင်းယားသက်သာစေတယ်။ ဒီလိုငုံဆေးတွေကို အာနိသင်ပေးနိုင်တဲ့ ပါဝင်ပစ္စည်းတွေက ဘာများလဲ ။ယူကလစ်ဆီ (Eucalyptus Oil)။ယူကလစ်ဆီကိုအအေးမိ၊ လည်ချောင်းနာ၊ချောင်းဆိုးဝေဒနာတွေအတွက်ရောဂါပိုးကိုသေစေတဲ့ဆေးအဖြစ်အသုံးပြုကြပါတယ်။ သုတေသနတွေမှာလည်း ယူကလစ်ဆီရဲ့အာနိသင်တွေအကြောင်းဖော်ပြခဲ့ကြပါတယ်။ အမျိုးအစားကွဲအမျိုးမျိုးရှိပေမယ့် အားလုံးက အတိုင်းအတာတစ်ခုအထိဘက်တီးရီးယားနှိမ်နင်းနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။ပရုပ်အေး (Menthol)။ပရုပ်အေးကိုဆေးဝါးတွေထဲ အသုံးပြုပုံအမျိုးမျိုးရှိပါတယ်။ ပရုပ်အေးက ချောင်းဆိုးသက်သာစေတယ်၊ သွားဖုံးရောင်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို နှိမ်နင်းပေးတယ်၊ ခံတွင်းအနာတွေမဖြစ်အောင်ကာကွယ်ပေးတယ်၊ နှုတ်ခမ်းနဲ့သွားဖုံးတွေထိခိုက်မှုကိုကာကွယ်တယ်၊ လည်ချောင်းနာသက်သာစေတယ်ဆိုတာတွေက ခံတွင်းကျန်းမာရေးအတွက် ပရုပ်အေးရဲ့အစွမ်းသတ္တိတွေပါ။ဒါ့ကြောင့်သူ့ကို ငုံဆေးနဲ့ ဖျန်းဆေးတွေလိုချောင်းဆိုးသက်သာစေမယ့်ဆေးတွေမှာ ထည့်သွင်းအသုံးပြုတာဖြစ်ပါတယ်။ပျားရည်။ပျားရည်က ချိုတယ်ဆိုပေမယ့်ချောင်းဆိုးစေတဲ့အချိုမဟုတ်ပါဘူး။ ဘက်တီးရီးယားသေစေနိုင်တဲ့ပျားရည်ရဲ့အာနိသင်ကြောင့် လည်ချောင်းယားတာ၊ချောင်းဆိုးတာ၊ လည်ချောင်းနာတာတွေအတွက် အသုံးဝင်တဲ့ဆေးတစ်လက်ဖြစ်ပါတယ်။သံပရာ၊သံပရို။သံပရာသီးနဲ့ သံပရိုသီးတွေဟာ လည်ချောင်းတွင်း ချွဲသလိပ်တွေကပ်ငြိပြီး သလိပ်ကပ်တာ၊ ချွဲကျပ်တာ၊ လည်ချောင်းနာတာတွေကို သက်သာစေပါတယ်။ လည်ချောင်းထဲရှင်းလင်းသွားစေတာက အဓိကပေါ့။ သံပရိုသီးနဲ့ပျားရည်ကိုရေနွေးနဲ့ဖျော်သောက်ရင်ချောင်းဆိုးချွဲကျပ်ရော၊ လည်ချောင်းနာပါ သက်သာစေနိုင်ပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/gum-mouth-diseases/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%81%e1%80%b6%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%b1%e1%80%9b%e1%80%b8%e1%80%a1/
အသင့်စားခေါက်ဆွဲ များကိုပိုမိုအာဟာရပြည့်ဝအောင်ပြုလုပ်နည်းများ
အသင့်စားခေါက်ဆွဲ (သို့မဟုတ်) ခေါက်ဆွဲခြောက်ထုပ်များသည် ကောလိပ်ကျောင်းသားများ၊ မိမိဝမ်းမိမိ ကျောင်းနေရသောကျောင်းသားများနှင့် တစ်နေကုန်အလုပ်လုပ်ပြီး အစားအစာချက်ပြုတ်ရန် အချိန်မရှိသူများအတွက် အရသာရှိသော အဓိကအစားအစာဖြစ်လာသည်။ခေါက်ဆွဲခြောက်တွေရဲ့ အားသာချက်ကလည်း စားသောက်ဖို့ ပြင်ဆင်ချိန် အလွန်တိုတောင်းခြင်း၊ အလွန်လွယ်ကူစွာ ပြလုပ်စားသုံးနိုင်ခြင်းတို့ဖြစ်ခြင်းကြောင့် တဖြည်းဖြည်းနှင့် အသင့်စားခေါက်ဆွဲတွေအပေါ် လူတွေရဲ့ မှီခိုမှု၊ အားကိုးမှု ပိုမို များပြားလာခဲ့ခြင်းဖြစ်ပါသည်။တာရှည်ခံအောင် ပြုလုပ်ထားရသည် ဖြစ်၍ အချို့သော ပါဝင်ပစ္စည်းများမှာ လူတွေအတွက် ကျန်းမာရေးကို အနည်းနဲ့အများတော့ ထိခိုက်စေနိုင်သည်ဖြစ်သော်လည်း လူအတော်များများ ဂရုထားကြခြင်း မရှိကြပါ။ ထို့အပြင် ဗိုက်ပြည့်ရုံ အဆာပြေရုံသာ အဆင်ပြေ၍ လူတစ်ယောက်အတွက် နေ့စဉ်လိုအပ်သော အာဟာရပမာဏကို ၎င်းအသင့်စားခေါက်ဆွဲခြောက်ထုပ်များက ဖြည့်တင်းပေးနိုင်မည်လည်း မဟုတ်ပါ။သို့သော်လည်း အသင့်စားခေါက်ဆွဲတွင် ပါဝင်သည့်အာဟာရဆိုင်ရာအချက်အလက်များကို သင်လေ့လာဖူးပါသလား။ အသင့်စားခေါက်ဆွဲတွင် ပါဝင်သောဆားသည် ခန္ဓာကိုယ်အတွက် လိုအပ်သောပမာဏထက်ပိုသည်။ ဆားနှင့်ပြည့်ဝဆီတို့ပါဝင်နေပြီး အမျှင်ဓာတ်မပါရှိပါ။ထို့ကြောင့် ကျန်းမာရေးနှင့်ညီညွတ်အောင်မည်သို့ပြုလုပ်မည်နည်း။ သင့်တွင် အသင့်စားခေါက်ဆွဲသာစားဖို့ရှိပါက အောက်ပါ လွယ်ကူသော နည်းလမ်းကောင်းများက သင့်ကို ပိုမို အာဟာရပြည့်ဝစေပြီး ကျန်းမာရေးနှင့် ညီညွတ်စေဖို့ ကူညီပေးနိုင်ပါလိမ့်မည်။ဆက်လက် လေ့လာ ကြည့်ပြီး လိုက်နာကြပါစို့။အသင့်စားခေါက်ဆွဲထုပ်တွင် ပါရှိသည့်အထုပ်ကလေးများကို မဖြစ်မနေသုံးရန်မလိုပါ။ ထိုအထုပ်များထဲတွင် ခန္ဓာကိုယ်က လိုအပ်သောပမာဏထက်ပိုသော ဆားများပါဝင်နေသည်။ ထိုအထုပ်လေးများကို မသုံးဘဲ ချက်စရာမလိုသော နှမ်းဆီ၊ပဲပိစပ်ဆော့စ်နှင့်ငါးတို့စရာတို့ကိုအသုံးပြုပါ။ သင် ရွေးချယ်သောဟင်းခပ်အစားအစာ၏ ဆားပါဝင်မှုကိုတော့အမြဲသတိပြုပါ။သင့်ခေါက်ဆွဲပန်းကန်ကို အရောင်စုံအောင်ပြုလုပ်ပါ။ ဟင်းသီးဟင်းရွက်များကိုခြောက်အောင် ပြုလုပ်ထားသောအမှုန့်ထုပ်လေးများကိုမသုံးဘဲ လတ်ဆတ်သောဟင်းသီးဟင်းရွက်များ(ဥပမာ- မှို၊ဟင်းနုနွယ်၊မုန်လာဥနီ၊ပင်စိမ်း၊ငရုတ်သီးနှင့်တရုတ်နံနံ)ကိုအသုံးပြုပါ။ထို ဟင်းသီးဟင်းရွက်များသည် သင့်ခန္ဓာကိုယ်အတွက် လိုအပ်သောအာဟာရဓာတ်များဖြစ်သည့်ပိုတက်ဆီယမ်၊ အမျှင်ဓာတ်၊ဗီတာမင်အေနှင့် ဗီတာမင်စီတို့ကိုပေးစွမ်းနိုင်သည်။သင်၏ခေါက်ဆွဲကို အာဟာရနှင့်ပိုမိုပြည့်စုံစေရန် ကြက်ဥဖောက်ထည့်ခြင်း၊ ကြက်ဥမွှေကြော်ရောထည့်ခြင်း၊ ကြက်ဥကိုရေကြော်လုပ်ခြင်း၊ ကြက်ဥကြော်ထဲ ရေထည့်စားခြင်းတို့လည်းပြုလုပ်နိုင်သည်။ကြက်ဥမကြိုက်ပါက ဝက်သားကိုအဆီမပါအသားချည်း ပါးပါးလှီးထည့်ခြင်း၊ ကြက်သားနှင့် အမဲသားထည့်စားခြင်းတို့လည်းလုပ်ပေးနိုင်သည်။ အနံ့အရသာနှင့် ပြည့်စုံစေရန် ရာသီပေါ်အသားတစ်မျိုးမျိုးကို ဆီနည်းနည်းနှင့် မွှေးအောင်ဆီသတ်ပြီးခေါက်ဆွဲထဲထည့်စား၍လည်းရသည်။အသင့်စားခေါက်ဆွဲ ပြုတ်ပူပူကိုမစားချင်ပါက ခေါက်ဆွဲမွှေကြော်လုပ်စား၍ လည်းရသည်။ ခေါက်ဆွဲကိုရေဆူဆူတွင် တစ်မျှင်ချင်းစီဖြစ်ပြီး နူးညံ့သွားသည်အထိပြုတ်ပါ။ ထို့နောက် ဟင်းသီးဟင်းရွက်ဆီကို အသုံးပြု၍ ဒယ်အိုးကို မီးအပူပေးပြီး ခေါက်ဆွဲမွှေကြော်လုပ်ပါ။ထို့နောက်အသီးအရွက်များကိုနုတ်နုတ်စင်း၍ထည့်ပါ။ အသားလွှာနှင့်တိုဖူးတို့လည်းထည့်ပေး၍ရသည်။ နောက်ဆုံးတွင် ဆားနှင့်ငရုတ်ကောင်းအနည်းငယ်ထည့်ပြီး အနည်းငယ်စပ်အောင်ပြုလုပ်ပါ။ ပဲပိစပ်ဆော့စ်၊နှင့်ငရုတ်ရည် ပျစ်ပျစ်တို့ကိုလည်းအသုံးပြုနိုင်သည်။သင်ချက်ပြုတ်သောခေါက်ဆွဲဟင်းလျာထဲသို့ထည့်လိုက်သော ဆားနှင့်သကြားပမာဏကိုတော့အမြဲသတိပြုပေးပါ။အာဟာရပြည့်ဝမှ ကျန်းမာပျော်ရွှင်တဲ့ ဘဝကို လျှောက်လှမ်းနိုင်မှာဖြစ်လို့ တတ်နိုင်သမျှတော့ နေ့စဉ်အစားအသောက်တွေမှာ ကစီဓာတ်၊ အမျှင်ဓာတ်၊ အသားဓာတ်၊ ဗီတာမင် နှင့် သတ္ထုဓာတ်၊ နို့ ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ ၊ အစေ့ အဆန် စသည်ဖြင့် စုံလင်အောင် စားပေးဖို့လိုပါတယ်။ဒါပေမဲ့ အပေါ်မှာဆိုခဲ့သလို တချို့အခြေအနေတွေမှာတော့ အသင့်စား ခေါက်ဆွဲတွေက ကျွန်တော်တို့အတွက် အားကိုးစရာ အစားအသောက်တစ်ခုအဖြစ် ဆက်တည်ရှိနေဦးမှာပါပဲ။ဒီတော့ ခေါက်ဆွဲခြောက်ထုပ် တွေ စားနေရပေမဲ့လည်း အထက်မှာ ပြောပြခဲ့တဲ့ နည်းလမ်းလေးတွေသုံးပြီး တတ်နိုင်သမျှ အာဟာရပြည့်ဝ စုံလင်အောင် ဖြည့်တင်းပေးမယ်ဆိုရင် အကောင်းဆုံးပါလို့ တိုက်တွန်းလိုက်ပါရစေနော်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/how-to-add-more-nutrients-to-instant-noodles/
မဟော်မုန်း အစားထိုးကုသခြင်းရဲ့ ကောင်းကျိုးနဲ့ ပြစ်ချက်များ
အက်စရိုဂျင်ဟော်မုန်း (Estrogen) တစ်နည်းအားဖြင့်မဟော်မုန်းတွေကို အမျိုးသမီးတွေမှာ အများဆုံးတွေ့ရပြီး အမျိုးသားတွေမှာလည်း ပမာဏတစ်ခုထိ တွေ့ရနိုင်ပါတယ်။ အမျိုးသမီးတွေအတွက် မဟော်မုန်းရဲ့ လုပ်ဆောင်ချက်တွေကတော့ မျိုးပွားစနစ်၊အရိုးနဲ့ အရေပြားကျန်းမာစေဖို့၊ လိင်မှုကိစ္စ၊ အမျိုးသမီးများ ရာသီစက်ဝန်းကို ပုံမှန်လည်ပတ်စေဖို့ပဲ ဖြစ်ပါတယ်။ပုံမှန်အားဖြင့် မိန်းကလေးတွေမှာအပျိုဖော်ဝင်ကာစမှ အသက် ၄၀ မတိုင်ခင်အထိကာလသည် မဟော်မုန်းထုတ်လုပ်မှုနှုန်း အမြင့်ဆုံးကာလအဖြစ် သတ်မှတ်ထားပြီး အဲ့နောက်ပိုင်းမှသာ ကိုယ်ခန္ဓာက ဟော်မုန်းထုတ်လုပ်တဲ့ နှုန်းကျဆင်းလာကာ မဟော်မုန်းချို့တဲ့တဲ့ အခြေအနေကို ရောက်ရှိပါတယ်။•မိန်းမကိုယ်မှ စိုစွတ်မှုနည်းသွားပြီး ခြောက်သွေ့လာခြင်း။• လိင်ဆက်ဆံစဉ် အလွန်အမင်း နာကျင်ခြင်း။• ရာသီလာချိန် ပုံမှန်မဟုတ်ခြင်း သို့မဟုတ် ရာသီထိန်သွားခြင်း။• စိတ်ခံစားချက် အပြောင်းအလဲမြန်ခြင်း။•ဆီးလမ်းကြောင်း ကျဉ်းသွားပြီးနောက် ပိုးဝင်ရန်လွယ်ကူသွားခြင်း။• ရုတ်တရက် အချမ်းတက်ခြင်း။• ရင်သားက ပျော့တွဲလာခြင်း။• ခေါင်းကိုက်ဝေဒနာ ပိုပြင်းထန်လာခြင်း။• စိတ်ဓာတ်ကျခြင်း။• အာရုံစူးစိုက်၍မရခြင်း။• မောပန်းပြီး အားမရှိခြင်း။• အရိုးအဆစ်များ ကျိုးပဲ့ပျက်စီးရန် လွယ်ကူလာခြင်း၊ အရိုးအားနည်းခြင်း စတဲ့လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မဟော်မုန်းနည်းနေပြီလို့ သံသယရှိတဲ့ အမျိုးသမီးတိုင်း ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြီး ဟော်မုန်းပမာဏကို စစ်ဆေးကြည့်သင့်ပါတယ်။ ကိုယ့်မှာတွေ့ရတဲ့ ရောဂါလက္ခဏာတွေနဲ့ သွေးစစ်ချက်အဖြေပေါ် မူတည်ပြီး အက်စရိုဂျင်ဟော်မုန်း အစားထိုးကုထုံး ကုသမှုခံယူသင့်၊ မသင့်ဆိုတာကို ဆရာဝန်က ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ ဒီကုထုံးဟာဆိုရင် အသက်အရွယ်ကြီးရင့်လာခြင်းရဲ့နောက် သွေးမဆုံးခင်၊သွေးဆုံးပြီး အမျိုးသမီးတွေသာမက အရွယ်ငယ်သေးတဲ့ ပျိုမေလေးတို့အတွက်ပါ အဆင်ပြေစေနိုင်ပါတယ်။မဟော်မုန်းအစားထိုးကုထုံးမှာဆိုရင် လူနာရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး အက်စရိုဂျင်အစားထိုး သောက်ဆေး၊ လိမ်းဆေး၊ မိန်းမကိုယ်တွင်း ထည့်ဆေး၊ ထိုးဆေးတွေကို ပေးသွားမှာဖြစ်ပြီး တစ်နှစ်မှ နှစ်နှစ် သို့မဟုတ် နှစ်ရှည်လများစွာ ကုသမှုခံယူသင့်ပါတယ်။ ဒီလိုကုသမှုခံယူခြင်းဖြင့် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့။အမျိုးသမီးတိုင်း မဖြစ်မနေကြုံတွေ့ကြရမယ့် ပြဿနာတွေထဲမှာ သွေးဆုံးခြင်းသည်လည်း တစ်ခုအပါအဝင်ပါပဲ။ ဒီလိုအချိန်ကာလမှာ ရုပ်ခန္ဓာရော၊ စိတ်ကျန်းမာရေးမှာပါ ရိုက်ခတ်မှုများစွာ ကြုံရနိုင်ပြီး မဟော်မုန်းထုတ်လုပ်နှုန်းလည်း အရင်ကထက် အဆပေါင်းများစွာ လျော့ကျသွားနိုင်ပါတယ်။ ဒီလိုသွေးဆုံးနေချိန်မှာ ချမ်းတုန်ခြင်း၊ မိန်းမကိုယ် ခြောက်သွေ့ခြင်း၊အိပ်မပျော်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း၊ ခံတွင်းပျက်ခြင်း၊ တစ်ကိုယ်လုံးမှာ ရှိတဲ့ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း စတဲ့ဝေဒနာတွေကို ပြင်းထန်စွာခံစားရနိုင်ပါတယ်။ မဟော်မုန်းအစားထိုးကုသမှုခံယူခြင်းဖြင့် ကိုယ်ခန္ဓာက အက်စထရိုဂျင်ဟော်မုန်းကို ပုံမှန်အတိုင်းဖြစ်အောင် ထိန်းထားနိုင်မှာဖြစ်လို့ သွေးဆုံးနေချိန် ခံစားရတဲ့ ဝေဒနာတွေကို အတိုင်းအတာတစ်ခုထိ သက်သာသွားစေနိုင်ပါတယ်။အက်စရိုဂျင်ဟော်မုန်းတွေ ကျဆင်းလာတာနဲ့အမျှ မိန်းမကိုယ်ဟာ သဘာဝအတိုင်း အရည်စိမ့်ထွက်မှုအားနည်းသွားပြီး ခြောက်သွေ့ကွဲအက်လာမယ်။ ဆီးမထိန်းနိုင်တာ၊မိန်းမကိုယ်ကျဉ်းမြောင်းလာတာ၊ pH မျှခြေ ပျက်ယွင်းတာ၊ အနံ့ဆိုးတွေထွက်တာ၊ အရေပြားပြဿနာတွေနဲ့ အလွန်အမင်းယားယံခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ မိန်းမကိုယ်တွင်း တစ်ရှူးဆဲလ်များ ရောင်ရမ်းခြင်း စတဲ့ ပြဿနာတွေကို တွေ့ရတတ်ပါတယ်။ ဒါကြောင့် အက်စရိုဂျင်ဟော်မုန်းတွေကို ပမာဏတစ်ခုထိ ရောက်အောင် ပြန်ထိန်းခြင်းဖြင့် ဒီပြဿနာတွေကို ဖြေရှင်းပြီးသားဖြစ်မှာပါ။မိန်းကလေးတွေမှာ မဟော်မုန်းကို အဓိကထုတ်လုပ်ပေးနေတာကတော့ မမျိုးဥအိမ်လို့ခေါ်တဲ့ Ovary ပဲဖြစ်ပါတယ်။ ဒီတော့ မွေးရာပါချို့ယွင်းချက်ကြောင့်ဖြစ်စေ၊ အကြောင်းတစ်ခုခုကြောင့် မမျိုးဥအိမ်က ထိခိုက်မိပြီး ပုံမှန်လိုအလုပ်မလုပ်နိုင်တော့တဲ့အခါ မဟော်မုန်းကျဆင်းလာတတ်တာ သဘာဝပါပဲ။ ဆရာဝန်အနေနဲ့ ဒီအချက်ကို အတည်ပြုလိုက်နိုင်ပြီဆိုတာနဲ့ မမျိုးဥအိမ်ကို ခွဲစိတ်ဖယ်ထုတ်ပြီးမှ မဟော်မုန်းမအစားထိုးကုထုံးကို စတင်မှာဖြစ်ပါတယ်။ ချို့ယွင်းနေတဲ့ မမျိုးဥအိမ်ကို ဖယ်ရှားပြီး၊ ဟော်မုန်းကိုလည်း ပြန်အစားထိုးလိုက်ပြီဆိုတာနဲ့ ကိုယ်ခန္ဓာက ပုံမှန်အတိုင်း ဟော်မုန်းတွေကို ပြန်လည်ထုတ်လုပ်နိုင်တော့မှာပါ။အမျိုးသမီးအများစု တွေ့ရတတ်တဲ့ ကျန်းမာရေးပြဿနာထဲမှာ အရိုးပါးရောဂါလည်း တစ်ခုအပါအဝင်ပါပဲ။ အရိုးကျန်းမာရေးနဲ့ အက်စထရိုဂျင်ဟော်မုန်းသည် ဆက်စပ်မှုရှိနေတဲ့အတွက် ဟော်မုန်းချို့တဲ့လာတာနဲ့အမျှ အရိုးက အားနည်းလာပြီး ကျိုးပဲ့ထိခိုက်ဖို့ ပိုလွယ်သလို ရေရှည်မှာလည်း အရိုးပါးရောဂါအထိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဟော်မုန်းအစားထိုးကုထုံးနဲ့ စောစောကုသမှုခံယူလေ ကိုယ့်ရဲ့အရိုးကျန်းမာရေးအတွက်လည်း အကျိုးရှိစေနိုင်ပါတယ်။ကောင်းကျိုးတွေကို ပြောပြပြီးသွားပြီဆိုရင်တော့ ဘေးထွက်ဆိုးကျိုးတွေအနေနဲ့။• သွေးခဲခြင်း၊ သွေးပိတ်ခြင်း။• ရင်သားကင်ဆာဖြစ်နိုင်ခြေ မြင့်တက်စေခြင်း။• ကိုယ်ဝန်ဆောင်နေတဲ့အမျိုးသမီးတွေမှာ ကလေးစောမွေးနိုင်ခြင်း၊ မွေးလာတဲ့ ကလေးမှာ ချို့ယွင်းချက်ရှိနိုင်ခြင်း၊ ကိုယ်ဝန်ပျက်ကျနိုင်ခြင်း။• ရင်သားထဲက တစ်ရှူးဆဲလ်များ ထူလာခြင်း အစရှိတဲ့ ပြဿနာတွေကို တွေ့ရနိုင်ပါတယ်။ဒါကြောင့် မဟော်မုန်းအစားထိုးကုသခြင်း မခံယူခင်မှာ ဆရာဝန်နဲ့ သေချာတိုင်ပင်ထားဖို့ လိုပါတယ်။ ကိုယ့်ရဲ့ အခြေအနေက ရေတိုကုသရမှာလား၊ ရေရှည်ကုသရမှာလား၊ ကုသမှုခံယူပြီးနောက်မှာရော ကလေးထပ်ယူဖို့ စဉ်းစားထားသေးလား၊ ရင်သားကင်ဆာနဲ့ပတ်သက်ပြီး မိဘမျိုးရိုးမှာ ရှိခဲ့ဖူူးလား၊ တကယ်ရော ကုသမှုခံယူဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာ သေချာစဉ်းစားထားဖို့ အရေးကြီးပါတယ်။ အကယ်လို့ ကုသမှုမခံယူဘဲ သဘာဝအတိုင်းပဲ ပြန်ထိန်းမယ်ဆိုရင် နေထိုင်စားသောက်မှုပုံစံတွေ၊ သောက်ထားသင့်တဲ့ အားဆေးတွေကိုလည်း ဆရာဝန်နဲ့ စောစောစီးစီး တိုင်ပင်ပြီး လိုက်နာလို့လည်း ရပါတယ်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/female-hormonal-imbalance/%e1%80%99%e1%80%9f%e1%80%b1%e1%80%ac%e1%80%ba%e1%80%99%e1%80%af%e1%80%94%e1%80%ba%e1%80%b8-%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%af%e1%80%9e%e1%80%81/
အေးခဲထားသောအစားအစာများကိုစားသင့်သောအကြောင်းအချက် ၅ခု
လူအများစု၏စိတ်တွင် အေးခဲထားသောအစားအစာများသည် လတ်ဆတ်သောအစားအစာများလောက် မကောင်းဟုထင်နေတတ်သည်။ ထိုသို့ဖြစ်ရခြင်းမှာအေးခဲထားသောအစားအစာများသည် ကြာရှည်ခံထားရသည့်အတွက် အာဟာရတန်ဖိုးနည်းပါးသည်ဟုယုံကြည်နေခြင်းကြောင့်ဖြစ်သည်။ထို့ပြင် အာဟာရဓါတ်များ လုံးဝမပါတော့ဟုလည်းထင်တတ်ကြသည်။ အမှန်တော့ ထိုသည်မဟုတ်ပါ။ အေးခဲထားသောအစားအစာများကိုစားသုံးခြင်းဖြင့်လည်းအကျိုးကျေးဇူးများစွာရရှိနိုင်ပါသည်။အေးခဲထားသောအစားအစာများကိုမူလကအာဟာရဓါတ်ပြည့်ဝ၍ အရသာအကောင်းဆုံးသောရင့်မှည့်ချိန်တွင် ရယူစုဆောင်းခူးဆွတ်ရသည်။ ထို့နောက်လယ်ကွင်းပြင်ထဲတွင် အေးခဲအောင်ထားရသည်။ ထို့ကြောင့်အခြားလတ်ဆတ်သောအသီးများနှင့် ကယ်လိုရီပါဝင်မှု ၊ အာဟာရတန်ဖိုးနှင့် ကျန်းမာရေးညီညွတ်မှုအတူတူပင်ဖြစ်သည်။ ငါးများဆိုလျှင် တစ်နေ့တည်းအတူတူဖမ်းမိတာချင်းတူလျှင်တောင် အေးခဲထားသောငါးကပို၍လတ်ဆတ်နေတတ်သည်။အလုပ်တာဝန်များဖြင့်မအားလပ်နိုင်သူတို့အဖို့ အစားအစာပြင်ဆင်ချက်ပြုတ်ရန် အချိန်များစွာမပေးနိုင်ကြပေ။ အိမ်ရှင်မတို့အတွက် ဟင်းလျာများကိုခုတ်ထစ်၍ ငရုတ်ကောင်းနှင့်နယ်ရခြင်းမျိုးသည် အချိန်ကုန်လူပန်းဖြစ်စေတတ်သည်။ ထိုအခြေအနေမျိုးတွင် အေးခဲထားသောအစားအစာများကအတော်အဆင်ပြေသည်။ ကျန်းမာရေးနှင့်ညီညွတ်အောင်ထုတ်ပိုးထားပြီးအသင့်စားသုံးရန်ပြင်ဆင်ထားသောကြောင့်ဖြစ်ပါသည်။အေးခဲထားသောအစားအစာများသည် စားသုံးသူ၏လိုအပ်ချက်အပေါ်မူတည်ပြီးအရည်အသွေးပြည့်မီ အောင်ပြင်ဆင်ထားခြင်းဖြစ်ရာအနည်းငယ်စားပြီးမှမကုန်လျှင် ကျန်တာကိုရေခဲသေတ္တာထဲထည့်၍နောက်တစ်ကြိမ်ပြန်လည်စားသုံး၍ရသည်။သို့သော်လတ်လတ်ဆတ်ဆတ်ရသောအစားအစာများကတော့သင့်တော်သောအချိန်တွင် စား၍မကုန်လျှင် စွန့်ပစ်ရမည်ဖြစ်သည်။ ထိုအခြေအနေနှစ်ရပ်တွင်အေးခဲထားသောအစားအစာများကလေလွင့်စွန့်ပစ်ရခြင်းမျိုးမရှိသည့်အတွက် အကုန်အကျများစွာသက်သာစေသည်။လူအများစုကအေးခဲထားသောအစားအစာများသည် လတ်ဆတ်သောအစားအစာများလောက် အရသာမရှိဟုထင်တတ်ကြသည်။ သို့သော်လည်းကိုယ်ချင်းစာတရားနှင့် ပေါင်းစပ်ဖန်တီးပါကအေးခဲထားသောအစားအစာများကိုအသုံးပြု၍အရသာရှိသောဟင်းလျာအမယ်များစွာချက်ပြုတ်နိုင်ပါသည်။အေးခဲထားသောအစားအစာများသည် အသုံးပြုရလွယ်ကူအဆင်ပြေသော်လည်းစိတ်ချရသောနည်းလမ်းဖြင့် အသုံးပြုရန်လိုပါသည်။အခန်းအပူချိန်သည် ၂၀ မှ ၂၂ ဒီဂရီဆဲလ်ဆီးယပ်စ် ကြားရှိတတ်သဖြင့် ဘတ်တီးရီးယားပိုးမွှားများပေါက်ဖွားရှင်သန်နိုင်သည်။ အေးခဲထားသောအစားအစာများကိုအခန်းအပူချိန်နှင့် ကြာရှည်စွာထိတွေ့မိပါကစားသုံးရန်အန္တရာယ်ရှိနိုင်သည်။အေးခဲထားသောအစားအစာများကိုအရည်ပျော်အောင်လုပ်ရန် အလွယ်ကူအလျင်မြန်ဆုံးမှာရေခဲသေတ္တာထဲထည့်ခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် အခန်းအပူချိန်တွင်ထားခြင်းထက် များစွာအချိန်ယူရသော်လည်းဘတ်တီးရီးယားပိုးများပေါက်ဖွားမှုကိုမူဟန့်တားပေးသည်။ ထို့ပြင် ရေခဲသေတ္တာထဲထည့်၍ အရည်ပျော်အောင်လုပ်ထားသောအစားအစာသည် ပြန်၍အေးခဲအောင် လုပ်ရာတွင်လည်းပိုမိုလွယ်ကူသည်။အေးခဲထားသောအစားအစာများကိုစားသုံးတော့မည်ဆိုလျှင် ရေအေးထဲတွင်စိမ်၍အသုံးပြုနိုင်သည်။ သို့သော် ဂရုပြုရမည့်အချက်မှာအစားအစာကိုလုံခြုံစွာထုပ်ပိုးရန်ဖြစ်သည်။ထိုမှသာအစားအစာကိုရေထဲသို့ စိမ်၍ရေဝသောအခါ အပြင်သို့ယိုစိမ့်မှုမရှိစေရန်ဖြစ်သည်။ စိမ်ထားသောရေသည် အခန်းအပူချိန်ကိုရောက်လျှင် ရေကိုအသစ်လဲပေးရမည်။ ထို့ပြင်ရေအေးထဲထည့်၍ အရည်ပျော်အောင်လုပ်ထားသောအစားအစာသည် ပြန်လည်အေးခဲအောင် လုပ်၍မရတော့ပါ။အေးသောအစားအစာကိုချက်ချင်းစားလိုလျှင် ပူနွေးသောရေကအကောင်းဆုံးဖြစ်သည်။ အသင့်တော်ဆုံးအပူချိန်မှာ ၆၀ ဒီဂရီဆဲဆီးယပ်စ် ဖြစ်သည်။ ယခုနည်းသည် ပါးပါးလှီးထားသောအစားအစာများအတွက် အကောင်းဆုံးဖြစ်သည်။လှီးဖြတ်ထားသောအစားအစာအစိတ်အပိုင်းကကြီးလျှင် ရေခဲသေတ္တာကိုသာသုံးပါ။ ရေအေးဖြင့်လုပ်သောနည်းကဲ့သို့ပင် ရေပူနှင့် အရည်ပျော်ထားပြီးသောအစားအစာကို ပြန်လည်အေးခဲအောင်လုပ်၍မရတော့ပါ။အေးသောအစားအစာကို မြန်မြန်စားလိုလျှင် မိုက်ကရိုဝေ့ဗ်မီးဖို ကိုလည်းအသုံးပြုနိုင်သည်။ သတိထားရမည့်အချက်မှာအစားအစာကိုထုပ်ပိုးထားသော။ပလတ်စတစ်ကိုဖယ်ရှားပြီးမှသာမီးဖိုထဲသို့ထည့်ရမည့်အချက်ဖြစ်သည်။ဟင်းသီးဟင်းရွက်များကိုမူအရည်ပျော်အောင်မလုပ်ရဘဲတိုက်ရိုက်ဆူပွက်အောင်ချက်ပြုတ်နိုင်သည်။ အရည်ပျော်အောင်လုပ်ခြင်းသည် ပါဝင်သောအာဟာရဓါတ်များကို ဆုံးရှံုးစေနိုင်သောကြောင့်ဖြစ်သည်။အေးခဲထားသောအစားအစာများသည်လည်းတန်ဖိုးကိုယ်စီရှိသည် ဖြစ်ရာယခုပင်စားသုံး၍ သင်နှင့်သင့်မိသားစုအတွက် အကျိုးကျေးဇူးများရယူလိုက်ပါ။ သတိပြုရမည့်အချက်မှာအရည်ပျော်အောင်လုပ်သည့်နည်းကိုမှန်ကန်စွာသုံးစွဲတတ်ဖို့ဖြစ်ပါသည်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%b1%e1%80%b8%e1%80%81%e1%80%b2%e1%80%91%e1%80%ac%e1%80%b8%e1%80%9e%e1%80%b1%e1%80%ac%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%99%e1%80%bb%e1%80%ac%e1%80%b8/
Carpal Tunnel Syndrome (လက်ကောက်ဝတ်ရှိ အာရုံကြော ဖိမိသောရောဂါ)
Carpal Tunnel Syndrome(CTS)ဆိုသည်မှာလက်ကောက်ဝတ်နှင့် လက်ကိုထိခိုက်သောရောဂါ တစ်ခုဖြစ်ပါသည်။ Median nerve ဆိုသည်မှာ carpel tunnelဟုခေါ်သော လက်ကောက်ဝတ်တွင်းမှ လမ်းကြောင်းတစ်ခုကိှုဖြတ်သွားကာလက်နှင့် လက်ကောက်ဝတ် ၏ လှုပ်ရှားမှု နှင့် ထိတွေ့ခံစားမှုကိုထိန်းချုပ်ထားသောအာရုံကြော ဖြစ်သည်။၎င်း သည် carpel tunnel ထဲတွင် တည်ရှိသည်။ CTS သည် လက် နှင့် လက်ကောက်ဝတ် တွင် ထုံခြင်း၊ ကျဉ်ခြင်းနှင့် စူးရှစွာထူးဖောက်သကဲ့သို့ နာကျင်ခြင်းတို့ကို ဖြစ်စေသည်။CTS သည် စာရေးသားရသူများ၊ ငွေစာရင်းကိုင်သူများ၊ သားသတ်သမားများနှင့် သန့်ရှင်းရေးလုပ်သားကဲ့သို့သောအချို့အလုပ်အကိုင်များတွင် အဖြစ်များပါသည်။အန္တရာယ်ဖြစ်စေ နိုင်သောအချက်များကိုလျော့ချခြင်းအားဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။CTS ၏ တွေ့ရများသောရောဂါလက္ခဏာများမှာနာကျင်ခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ ထုံခြင်း၊ လက်ကောက်ဝတ်၊ လက် နှင့် လက်ချောင်းများတွင် ဆုပ်ကိုင်နိုင်မှု အားနည်းခြင်း (တစ်စုံတစ်ခု ပြုတ်ကျရန် ဖြစ်နိုင်ခြေများခြင်း) တို့ဖြစ်ပါသည်။ရောဂါလက္ခဏာများသည်လက်ကိုလှုပ်ခါသောအခါ သို့မဟုတ် လက်ဖြင့်အားစိုက်၍ ကိုင်သောအခါ ပိုဆိုးပါသည်။ အချို့လူများတွင် လက်မောင်းအပေါ်ဘက် နှင့် ပုခုံးတွင်ပါ မသက်မသာမှုများခံစားရပါသည်။ ရောဂါလက္ခဏာများသည် ညဘက် တွင် ပိုဆိုးလာပြီးအိပ်စက်ခြင်းကိုအနှောင့်အယှက် ပေးပါသည်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေပါကသို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ အထူးသဖြင့် သင်၏ နေ့စဉ် လုပ်ငန်းကိုထိခိုက်စေလာသောအခါတွင် ဖြစ်သည်။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။CTS ဖြစ်ပွားသူများတွင် carpel tunnel ဟုခေါ်သော လက်ကောက်ဝတ်တွင်းလမ်းကြောင်း သည် လက်ကောက်ဝတ်၏ရောင်ရမ်းမှု ကြောင့် ကျဉ်းမြောင်းသွားပါသည်။ သေးငယ်သွားသောcarpel tunnel သည် သူ့အတွင်းတွင်ရှိသောmedian nerve အာရုံကြောကိုဖိညစ် ပြီးနာကျင်ခြင်း နှင့် အခြားရောဂါလက္ခဏာများကို ဖြစ်စေပါသည်။စာရိုက်ခြင်း၊ စာရေးခြင်း နှင့် ကွန်ပြူတာမောက်စ် ကိုင်ခြင်းကဲ့သို့သောတစ်နည်းလမ်းထဲဖြင့် လက် နှင့် လက်ကောက်ဝတ်ကိုထပ်ကာထပ်ကာလှုပ်ရှားခြင်းတို့သည် CTS ကို ဖြစ်စေပါသည်။ဟော်မုန်းပြောင်းလဲခြင်းကြောင့် ကိုယ်ဝန်ဆောင် မိခင် များတွင် လည်း CTS ရနိုင်ပါသည်။ ပြင်းထန်စွာဖျားနာခြင်း၊ အရိုးနှင့် ကြွက်သားရောဂါများ၊ လည်ပင်းသိုင်းရွိုက်ဖွံဖြိုးမှုနည်းခြင်း (hypothyroidism) နှင့် ဆီးချို တို့သည်လည်း CTS ဖြစ်စေမှု ကို မြင့်တက်စေပါသည်။Carpal Tunnel Syndrome ကိုဖြစ်ပွားနိုင်ချေမြင့်စေသည့် အကြောင်းရင်းများများစွာရှိပါသည်။ ဥပမာ-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါအဖြေရှာခြင်း။ယခုဖော်ပြထားသည့်အချက်အလက်များမှာဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက် များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိလိုသောအချက်အလက် များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။Carpel Tunnel Syndrome (CTS)ဟုတ်မဟုတ်ကိုဘယ်လိုအဖြေရှာအတည်ပြုသလဲ။ဆရာဝန်သည် လက်ကောက်ဝတ်အားစစ်ဆေးပါသည်။ ရောဂါလက္ခဏာများပေါ်လာရန် median nerve အပေါ်မှကိုင်၍ ကွေးကာအချိန်အနည်းငယ် စောင့်ပါ။ လက်ကောက်ဝတ် ၏ အာရုံကြောနှင့်ကြွက်သားများအားစမ်းသပ်သောအထူးစမ်းသပ်မှု(EMG)ဖြင့်လည်း စမ်းသပ်နိုင်သည်။ကုသမှုတွင် အဆင့်နှစ်ဆင့် ပါဝင်ပါသည်။ ပထမတစ်ခုမှာနေထိုင်မှု ပုံစံပြောင်းလဲခြင်း ဖြစ်ပါသည်။ CTS ဖြစ်စေသောအရာများပြုလုပ်ခြင်းကိုရပ်တန်ရမည်ဖြစ်သည်။ အလုပ်ကိစ္စ ဖြစ်နေပါကပြောင်းလဲရန် ခက်ခဲပါသည်။ အလုပ်ရှင်နှင့် ဆွေးနွေးကြည့်ပါ။တစ်ခါတစ်ရံတွင် လက်ကောက်ဝတ်အားစာရိုက်ရာတွင် အဆင်ပြေအောင် ကူညီပေးသောလက်ကောက်ဝတ် အပတ် များအသုံးပြုခြင်းသည်လည်းသက်သာရန် ကူညီပေးနိုင်ပါသည်။ ပညာရှင်များကလည်းမတူညီသောနည်းလမ်းများစွာ ဖြင့် သက်သာစေရန် အကြံပြုနိုင်ပါသည်။ဒုတိယတစ်ခုမှာmedian nerve အပေါ်မှ ဖိအားကိုဖယ်ရှားပစ်ခြင်း ဖြစ်ပါသည်။ ဆေးများ၊ လက်ကောက်ဝတ်အားပတ်တီးစည်းခြင်း နှင့် ခွဲစိတ်ကုသခြင်းတို့ကိုလည်းအသုံးပြုနိုင်ပါသည်။ လက်ကောက်ဝတ်အားပတ်တီးစီးခြင်းသည် ညဘက်တွင် အကောင်းဆုံးဖြစ်သည်။သို့သော် အချို့လူများသည် နေ့ဘက်တွင်လည်း ပြုလုပ်ကြပါသည်။ ဆေးများသည် အရောင်ကျစေခြင်း ဖြင့် ခဏတာသက်သာမှုကိုပေးပါသည်။ လက်ကောက်ဝတ်အတွင်းသို့ ဆေးထိုးသွင်း၍ ကြာကြာသက်သာမှု ရရန် ပြုလုပ်နိုင်ပါသည်။အခြားကုသမှုများသည် သက်ရောက်မှု မရှိပါက nerve အတွက် နေရာပိုရအောင် ခွဲစိတ်ကုသမှု ပြုလုပ်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ခွဲစိတ်ကုသမှု ပြုလုပ်ခြင်းသည် လျင်မြန်စွာသက်သာပျောက်ကင်းစေပါသည်။ ခွဲစိတ်ကုသမှု ပြုလုပ် ပြီးနောက် ပြန်လည် ကောင်းမွန်စေရန်နှင့် ရောဂါလက္ခဏာအသစ်များမပေါ်စေရန် အနည်းဆုံး ၆ ပတ်အထိလက်ကောက်ဝတ်အားအနားပေးပါ။လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကCarpal Tunnel Syndrome (CTS)ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါလူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများသည်CTSကိုကုသသောနေရာတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/carpal-tunnel-syndrome-%e1%80%9c%e1%80%80%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9d%e1%80%90%e1%80%ba%e1%80%9b%e1%80%be%e1%80%ad-%e1%80%a1%e1%80%ac%e1%80%9b%e1%80%af%e1%80%b6/
ရဲရင့်တဲ့ကလေး တစ်ယောက်ဖြစ်လာအောင်ဘယ်လိုပြုစုပျိုးထောင်ကြမလဲ
မိဘတိုင်းကတော့ ကိုယ့်ရဲ့ကလေး ရဲရင့်နေတာ သတ္တိရှိနေတာ လူပုံအလယ်မှာ အကြောက်အရွံ့ကင်းကင်းနဲ့ ရပ်တည်နေတာကို မြင်ချင်ကြတာချည်းပါပဲ။ ဒါပေမယ့် ဒီလိုရဲရင့်တဲ့ကလေး တစ်ဦးဖြစ်လာဖို့ဆိုရင် မှန်ကန်စွာ လမ်းညွှန်သင်ကြား ပြုစုပျိုးထောင်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ဒီလိုပြုစုပျိုးထောင်ရာမှာလည်း အစွန်းနှစ်ဖက်လွတ်အောင် ပျိုးထောင်နိုင်ဖို့က သိပ်ကို အရေးကြီးပါတယ်။ အရာရာမှာ ကိုယ့်အားကိုယ်ကိုးလိုစိတ်ပျောက်ပြီး မိဘတွေကိုချည်း အားကိုးနေတာမျိုး မ ဖြစ်စေဖို့ လိုအပ်သလို လူအမြင်မတင့်တယ်စရာအမူအကျင့်တွေပြုမူမိတဲ့အထိ ဆိုးသွမ်းသွားအောင် အလိုလိုက်မိတာမျိုးလည်း မဖြစ်စေဖို့ လိုအပ်ပါတယ်။ကလေးတစ်ယောက်ကို ရဲရဲရင့်ရင့် သတ္တိရှိရှိ ကြီးပြင်းလာအောင် ပြုစုပျိုးထောင်ဖို့ဆိုရင် သူ့ကိုသင်ကြားပေးရမှာတွေ၊ ကိုယ်တိုင်စံပြအနေနဲ့ပြုမူပြရမှာတွေ၊ သဘာဝအတိုင်း နားလည်သဘောပေါက်အောင် လမ်းညွှန်ပြသရမှာတွေ အများကြီးပါပဲ။ဒါကြောင့်လည်း ကိုယ့်ကလေး ရဲရင့်ထက်မြက်လာစေဖို့အကောင်းဆုံးပြုစုပျိုးထောင်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာကျင့်ကြံကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။စကားတစ်ခွန်းရှိပါတယ်။ “သင့်ကလေး ရဲရင့်စေချင်ရင် သင်ကိုယ်တိုင် ရဲရင့်ပါ” ဆိုတာပါပဲ။ ကိုယ်တိုင်က သရဲကြောက်ပြနေရင် ကလေးလည်း သရဲကြောက်တာ မထူးဆန်းပါဘူး။ ရဲရင့်တဲ့ကလေး တစ်ယောက်ဖြစ်လာအောင် ပြုစုပျိုးထောင်ချင်တယ်ဆိုရင် သင်ကိုယ်တိုင်ရဲရင့်ထက်မြက်ဖို့ လိုအပ်ပါလိမ့်မယ်။ ကိုယ့်ရင်သွေးရဲ့ ရှေ့မှာ ကိုယ်တိုင်က စံပြရဲရင့်သူဖြစ်နေရင်ကလေးလည်း လေးစားအားကျပြီး အတုယူလာပါလိမ့်မယ်။စိန်ခေါ်နိုင်စွမ်းနဲ့ဂုဏ်သိက္ခာကိုနားလည်ပါစေ။လူတိုင်းက ကလေးကို ကာကွယ်လို စိတ်ရှိကြပါတယ်။ သဘာဝတုံ့ပြန်မှုတစ်မျိုးလို့ဆိုရမှာပါ။ ကိုယ်က ကိုယ့်ကလေးကို ကာကွယ်ပေးချင်သလို ကိုယ့်ကလေးအရွယ်ရောက်လာချိန်မှာလည်း သူတို့ရဲ့ မျိုးဆက်တွေကို ကာကွယ်ပေးမှာ အသေအချာပါပဲ။ ဒီနေရာမှာ အရေးကြီးတာက စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်မလဲ၊ ဘယ်လိုဂုဏ်သိက္ခာရှိရှိ ရင်ဆိုင်မလဲဆိုတာကို ကိုယ်က သင်ကြားပေးလိုက်နိုင်ဖို့ပါ။ ကလေးတွေ အကြောက်တရားကင်းစင်ပြီး စိတ်ခေါ်မှုတွေကို တရားမျှတတဲ့နည်းလမ်းနဲ့ ကျော်ဖြတ်လိုစိတ်ရှိလာအောင် လမ်းညွှန်ပေးပါ။ လူအများရှေ့မှာ ရဲရင့်စွာ ပြောဆိုရဲတာမျိုး၊ အားကစားပြိုင်ပွဲတွေကို တက်ကြွစွာ ဝင်ပြိုင်တာမျိုးအလေ့အထတွေရှိလာအောင် ကူညီပေးပါ။ခံယူချက်ရှိလာအောင်သင်ကြားပေးပါ။ရဲရင့်လိုက်ပါလို့ ပါးစပ်က ထိုင်ပြောနေရုံနဲ့ ရဲရင့်တဲ့ကလေး တစ်ယောက် အဖြစ်ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ဘာကြောင့်ဆိုတဲ့ ခံယူချက်ကို သိနားလည်အောင် ရှင်းပြနိုင်ဖို့ လိုအပ်ပါတယ်။ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းတွေ၊ဗဟုသုတတွေ၊ စံနှုန်းတွေကို သိနားလည်စေပြီး မှန်ကန်တဲ့အရာတွေအတွက် မကောင်းမှုကို ဘာကြောင့်ရှက်ရွံ့သင့်တယ်၊ ကောင်းမွန်တာတွေအတွက် ဘာကြောင့်ရဲရင့်စွာရပ်တည်သင့်တယ် ဆိုတာတွေကို သဘောပေါက်အောင် ကိုယ်တိုင်ပြုစုသင်ကြားပေးရပါမယ်။လက်တွေ့ဘဝထဲကသူရဲကောင်းတွေကိုဥပမာပေးပါ။တိုင်းပြည်ရဲ့ သူရဲကောင်းကြီးတွေ၊ ရဲရင့်ခဲ့သူတွေ၊ လူအများအကြိုးကို သယ်ပိုးထမ်းရွက်သူတွေအကြောင်းကို ပြောပြရှင်းပြ လေ့လာစေပြီး ကလေးကို ပျိုးထောင်ပေးပါ။ ငယ်စဉ်ကတည်းက ဒီလိုပုဂ္ဂိုလ်ကြီးတွေနဲ့ နီးစပ်လာခဲ့မယ်ဆိုရင် သူ့ရဲ့ ကိုယ်ပိုင်ရဲရင့်မှု စံနှုန်းတစ်ခုကို ကလေးမှာ တဖြည်းဖြည်းချင်းပေါက်ဖွားလာပါလိမ့်မယ်။အင်အားဖြစ်အောင်ခွန်အားပေးပါ။ကလေးက ကြောက်တတ်တယ်ဆိုရင် သူ့ကို အားပေးရမယ်၊ သူ့ရဲ့ ရဲရင့်မှုတွေ သတ္တိတွေ ပေါ်ထွက်လာအောင် တဖြည်းဖြည်းချင်း ပျိုးထောင်ယူရမယ်။ မကြောက်ရဘူးဆိုပြီးအော်ဟစ်မာန်မဲဆုံးမနေတာက ကလေးကို စိတ်ဒဏ်ရာတွေသာ ပိုဖြစ်စေလိမ့်မယ်။ ကလေး သတ္တိရှိလာစေဖို့ ကိုယ်က အားအင်တွေ ပေးနေရမှာပါ။ သူ စိုးရိမ်ကြောင်ရွံ့နေတဲ့အရာတွေက ကြောက်စရာမဟုတ်ဘူးဆိုတာကို နားလည်သွားအောင် ပြုလုပ်ပေးရမှာပါ။ တစ်ခုရှိတာက ကလေးကို နောက်ကွယ်ကနေ အားအင်ပေးရမယ်ဆိုတာနဲ့ပဲ “ကကြီးက အစ အ အဆုံး” နေရာတကာနောက်ကနေ လိုက်လုပ်ပေးနေတာမျိုး လုပ်ခိုင်းတယ်လို့ မယူဆစေလိုပါဘူး။ စိတ်ဓာတ်ခွန်အား ရှိလာအောင် လမ်းပြရမှာပါ။ခိုင်မာအားကောင်းတဲ့အယူအဆမျိုးရှိလာအောင်ပံ့ပိုးပါ။ကလေးတစ်ဦးကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ဘဝခရီးလမ်းမှာ လှမ်းလျှောက်နိုင်စေဖို့ဆိုရင် ငယ်စဉ်ကတည်းက ယုံကြည်မှုခိုင်မာအားကောင်းနေဖို့ လိုအပ်ပါတယ်။ ငယ်ရွယ်စဉ်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ကြားပေးတာက ကလေးကို ဘဝတစ်သက်တာမှာ သတ္တိအပြည့်နဲ့ ဖြတ်သန်းနိုင်အောင် ကူညီရာရောက်ပါတယ်။ရဲရင့်မှုနဲ့မိုက်ရူးရဲမှုကိုနားလည်ပါစေ။အရမ်းအရေးကြီးတဲ့အချက်ပါ။ ဘယ်ဟာက ရဲရင့်တာ၊ ဘယ်အရာက မိုက်ရူးရဲတာ မကောင်းတဲ့အရာဆိုတာကို နားလည်စေဖို့လည်း အရေးကြီးပါတယ်။ နေရာတကာ လက်ရဲဇက်ရဲနဲ့ ဝင်လုပ်နေတိုင်း သတ္တိရှိတာမဟုတ်ပါဘူး။ သတ္တိရှိခြင်းဟာ လုပ်သင့်လုပ်ထိုက်တာကို မှန်ကန်စွာ ရင်ဆိုင်အကောင်အထည်ဖော်နိုင်စွမ်းပါ။ ကြမ်းတမ်းတာ၊ ရိုင်းတာ၊ မိုက်ရူးရဲဆန်တာတွေက သတ္တိနဲ့ဆန့်ကျင်ဘက်ဆိုတာကို သိနားလည်ပါစေ။ ကိုယ့်ကလေး မကြောက်တတ်အောင်ဆိုပြီး စည်းလွတ်ဘောင်လွတ် နေချင်သလိုနေဖို့ ခွင့်ပြုတာမျိုးက မှန်ကန်တဲ့နည်းလမ်းမဟုတ်ဘူးဆိုတာကို သိနားလည်စေချင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/ways-to-teach-your-children-to-be-brave/
စိတ်ဖိစီးလို့ သွေးတက် တာလား၊ သွေးတိုးလို့ သွေးတက်တာလား။
ဒီနှစ်ခုက ခဏခဏ မှားတတ်ပြီး တစ်ခုနဲ့ တစ်ခုကလည်း ဆက်စပ်နေတာမျိုး ရှိတော့ လူနာကို ရှင်းပြရ အတော်ခက်ပါတယ်။စိတ်ဖိစီးတာကြောင့် နဂိုသွေးမတိုးတဲ့သူကသွေးတက်နိုင်သလို၊သွေးတိုးလို့လည်း သွေးတက်နိုင်ပါတယ်။ ဒီနှစ်ခုဘာကွာသလဲ။ ဘယ်လိုကုသနိုင်သလဲဆိုတာ ပြောပြပေးပါ့မယ်။အရင်က သွေးတိုးရှိကောင်း ရှိမယ် ဒါမှမဟုတ် သွေးတိုးမရှိတဲ့ လူတစ်ယောက်က စိတ်ဖိစီးတဲ့အခါ သွေးတက်တတ်ပါတယ်။ ဖြစ်ပုံက စိတ်ဖိစီးတဲ့အခါ ကိုယ်ထဲကကော်တီစောလိုမျိုး သွေးတိုးစေတဲ့ ဟော်မုန်းတွေ ထွက်လာပါတယ်။ ဒီဟော်မုန်းတွေက သွေးကြောတွေကို ကျဉ်းစေတာကြောင့်သွေးဖိအားများလာပါတယ်။ သွေးတိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒီဟော်မုန်းတွေထွက်လာတဲ့အခါ သွေးတိုးပါတယ်။နောက်တစ်ခုက စိတ်ဖိစီးမှုက ခန္ဓာကိုယ်ရဲ့တစ်ခုလုံးကို ထိခိုက်နိုင်ပါတယ်။ ကြွက်သားတွေ တောင့်တင်းနေတာကြောင့်ဇက်ကြောတွေတက်၊ ခေါင်းတွေကိုက်ပါတယ်။ ဒီလိုနဲ့ လူနာက ခေါင်းတွေထိုးနေတယ်။ သွေးတိုးနေသလား မသိဘူးဆိုပြီးသွေးပေါင်ချိန်ကြည့်ပါတယ်။ ချိန်ကြည့်တော့လည်း တက်နေပါတယ်။တကယ်က စိတ်ဖိစီးတော့ ခေါင်းကိုက်တယ်၊ သွေးတိုးတယ်။ ဒါကြောင့် သွေးတိုးတယ်လို့ ထင်ရတာပါ။ တကယ်သွေးတိုးတာ မဟုတ်ပါဘူး။ ဘယ်မှာ သိသာလဲဆိုတော့ စိတ်တွေ တည်ငြိမ်သွားလို့ ပြန်ချိန်ကြည့်ရင် သွေးပေါင်ချိန်ပုံမှန်အတိုင်း ဖြစ်တာကို တွေ့ရမှာပါ။သွေးတိုးအခံရှိတဲ့သူက ပိုဆိုးပါတယ်။ သူတို့ စိတ်ဖိစီးရင်လည်း သွေးတက်ပါတယ်။ ပုံမှန် ၁၃၀၊ ၁၄၀ လောက်မှာ ထိန်းထားတဲ့သူတွေက စိတ်ဖိစီးလာတဲ့အခါ ၁၆၀၊ ၁၈၀လောက်ထိ  တက်လာပါတယ်။ ဒီလောက်ထိ တက်တော့ လူနာက လန့်၊ လန့်တော့ ပိုတိုးနဲ့ လုံးလည်ချာလည် လိုက်နေတတ်ပါတယ်။စိတ်ဖိစီးလို့ သွေးတိုးတာက ခဏတဖြုတ်ပါ။ စိတ်ငြိမ်သွားရင် ပုံမှန်ပြန်ဖြစ်သွားပါတယ်။ ဒါပေမယ့် နဂိုသွေးတိုးအခံမရှိတဲ့သူက သူ့ကိုယ်သူ သွေးတိုးတယ်ထင်ပြီး ဆေးတွေ ဝယ်သောက်ပါတယ်။ မလိုဘဲ ဆေးတွေသောက်တော့ အလဟဿဖြစ်ကုန်တာပေါ့။ ပြီးတော့ ဆေးမြီးတိုလေးတွေ သုံးပြီး သူ့ကိုယ်သူ သွေးတိုးပျောက်သွားပြီလို့ ထင်တတ်ပါတယ်။တကယ်က သွေးတိုးရှိမရှိကို တစ်ခါတည်း တိုင်းလို့မရပါဘူး။ ဒီလို စိတ်ဖိစီးတဲ့အချိန်မှာ တိုင်းတဲ့ သွေးပေါင်ချိန်က အတည်ယူလို့ မရဘူးလို့လည်း ဆေးပညာရှင်တွေက အတိအလင်း ပြောကြားထားပါတယ်။ သွေးတိုးသေချာရင် ဆေးတွေနဲ့ ထိန်းချုပ်ရမှာပါ။ အသက်ကြီးလို့ ဖြစ်တဲ့ သွေးတိုးရောဂါက ပျောက်သွားတယ်ဆိုတာ ရှားပါတယ်။နောက်တစ်ခုက သွေးတိုးအခံရှိတဲ့သူတွေပါ။ သူတို့ကလည်း စိတ်ဖိစီးလို့ သွေးတက်ရင် ၁၆၀၊ ၁၈၀ ထိ တက်တတ်တော့ လန့်ဖြန့်ပြီး ဆေးတွေ သောက်တတ်ကြပါတယ်။ ပုံမှန် သွေးတိုးကျဆေး တစ်နေ့ တစ်လုံး သောက်ခိုင်းရင် တစ်နေ့တည်း ၂လုံး၊ ၃လုံးတွေ သောက်မိတတ်ပါတယ်။ တကယ်က လူနာတွေ  အိမ်မှာသောက်တဲ့ သွေးကျဆေး၊ သွေးထိန်းဆေးတွေက သွေးဖိအားကို ဖြည်းဖြည်းချင်း ချပေးတာပါ။ ၂၄နာရီခံတဲ့ဆေး၊ ၁၂နာရီခံတဲ့ဆေး ရှိတဲ့အတွက် တစ်နေ့ကို ၁ကြိမ်၊ ၂ကြိမ်ပဲ သောက်ရတာပါ။ဒီလို သွေးကျဆေးတွေ စုပြုံသောက်ပစ်တဲ့အခါကျတော့ လတ်တလောမှာတော့ သွေးကမကျသွားပေမယ့် တကယ် ဆေးစွမ်းပြတဲ့အချိန်မှာ သွေးပေါင်တွေ ထိုးကျသွားတတ်ပါတယ်။ ဒီလိုဆိုရင် ဦးနှောက်နဲ့ ကျောက်ကပ် သွေးမရောက်ဘဲ ပျက်စီးတတ်တာကြောင့် ကောင်းကျိုးထက် ဆိုးကျိုးပဲ ပိုများကပါတယ်။ ဒါကြောင့် ဒီလိုအချိန်မျိုးမှာသွေးကျဆေးတွေကို ထပ်ခါထပ်ခါသောက်တာ၊ သွေးမြန်မြန်ကျအောင်လုပ်တာကို ရှောင်သင့်ပါတယ်။သာမန်လူတွေမှာ စိတ်ဖိစီးလို့ ခဏလောက် သွေးတိုးတာက အန္တရာယ်မရှိလှပါဘူး။ ဒါပေမယ့် နေ့စဉ်ရက်ဆက် စိတ်ဖိစီးလို့ သွေးတွေ မတရားတိုးနေမယ်ဆိုရင်တော့ သွေးတိုးရောဂါလိုပဲ ဦးနှောက်၊ ကျောက်ကပ်နဲ့ နှလုံးထိခိုက်တတ်ပါတယ်။သာမန်အားဖြင့်တော့ ဒီနှစ်ခုက ခွဲရခက်ပါတယ်။ ဆရာဝန်နဲ့ သေချာစမ်းသပ်ပြီးမှပဲ သိနိုင်တာကြောင့် သွေးတက်နေတယ်ဆိုရင်တောင် ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေ မသောက်ဖို့ အကြံပြုချင်ပါတယ်။ နောက်တစ်ခုက သွေးတိုးက ခေါင်းကိုက်ခဲပါတယ်။ သွေးတိုး ၂၀၀လောက်နဲ့ လူကောင်းလို သွားလာနေတဲ့သူ၊ ခေါင်းတစ်ချက် မထိုးတဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့်လည်းsilent killerလို့ ခေါ်တာပါ။ဒါပေမယ့် ကိုယ်သွေးပေါင်ချိန်ကြည့်လိုက်တာ သွေးတွေ  တက်နေတယ်။ ဒီလက္ခဏာတွေလည်း ရှိတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပါ။ဒီလက္ခဏာတွေပါ ရှိနေရင် စိတ်ဖိစီးမှုကြောင့်ပဲ တိုးတိုး၊ သွေးတိုးလို့ပဲ ဖြစ်ဖြစ် ဆေးခန်းပြသင့်ပါတယ်။စိတ်ဖိစီးမှုကလည်း ရောဂါတစ်ခုဖြစ်ပြီး ရေရှည်မှာ ဒီလိုပဲ သွေးတွေ ဆက်တိုက်တက်နေဦးမယ်ဆိုရင် ကျန်းမာရေး ထိခိုက်လာမှာပါ။ တကယ်သွေးတက်တာဆိုရင်လည်း ဆရာဝန်နဲ့ ပြပြီး ကုသလိုက်တာက နောက်ထပ် ဆက်ပြီး မတက်အောင် တားဆီးနိုင်မှာပါ။စိတ်ဖိစီးမှု သွေးတက်တယ်ဆိုရင် စိတ်ဖိစီးမှုကို လျှော့ချဖို့က အဓိကပါပဲ။ ဒါကို ရှင်းနိုင်ရင် နောက်က သွေးတိုးက တဖြည်းဖြည်း ပြန်ကျသွားမှာပါ။ စိတ်ဖိစီးမှု သက်သာစေဖို့။ပိုပြီး အရေးကြီးတာက သွေးတိုးပြီဆိုပြီး လန့်မသွားပါနဲ့။ လန့်လေလေ သွေးတိုးလေဆိုတာ သတိထားပါ။ ဆေးတွေလည်း လျှောက်မသောက်ပါနဲ့။ သွေးပေါင်ချိန်ကို ကိုယ့်သဘောနဲ့ ကိုယ် အမြန်မချပါနဲ့။ ဒါသိပ်အရေးကြီးပါတယ်။ အခန့်မသင့်ရင် အန္တရာယ်ဖြစ်သွားနိုင်လို့ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/anxiety-related-hypertension/
သားဥအိမ်အရည်အိတ် တည်ခြင်း
အမျိုးသမီးတော်တော်များများဟာ သားဥအိမ်အရည်အိတ် တည်တာဖြစ်ဖူးကြပါတယ်။ အလုံးသေးလို့ ဘာလက္ခဏာမှမပြတာ၊ သူ့အလိုလိုပျောက်သွားတာ‌ကြောင့် မသိလိုက်တာများပါတယ်။ သားဥအိမ်အရည်အိတ် တည်တာ မပြောခင်သားဥအိမ်ဆိုတာကိုအရင်ပြောပြပေးပါ့မယ်။သားဥအိမ်က သားအိမ်ရဲ့ တစ်ဖက်တစ်ချက်မှာ တစ်လုံးစီရှိပါတယ်။ရာသီလာဖို့ကူညီပေးသလိုအီစထရိုဂျင်နဲ့ပရိုဂျက်စတုန်းဟော်မုန်းတွေထုတ်ပေးပါတယ်။ သားဥအိမ်က၂လုံးရှိတဲ့အတွက် အရည်အိတ်ကလည်း ၁ဖက် ဒါမှမဟုတ် တစ်ချိန်တည်းမှာ ၂ဖက်ဖြစ်တတ်ပါတယ်။အများအားဖြင့်တော့ရာသီစက်ဝန်းကြောင့် အရည်အိတ် တည်တာများပါတယ်။ ဒါကို functional cystလို့ခေါ်ပါတယ်။ သူက အန္တရာယ်မပေးတတ်ပါဘူး။ ၂လ ၃လလောက်နေရင် အလိုလိုပျောက်သွားတတ်ပါတယ်။ တခြားအမျိုးအစားတွေကတော့။PCOSလို့ခေါ်တဲ့ သားဥအိမ်အရည်အိတ်ရောဂါစုဆိုတာလည်း ရှိပါတယ်။ သူကတော့ ရှုပ်ထွေးတဲ့ ရောဂါဖြစ်တာကြောင့် သက်သက်ပြောပြပါ့မယ်။ ဒီဆောင်းပါးမှာတော့ တခြားအန္တရာယ်မရှိတဲ့ အရည်အိတ်တွေကိုပဲ ဖော်ပြပေးသွားမှာပါ။များသောအားဖြင့် ဘာလက္ခဏာမှ မပြတတ်ပါဘူး။ နည်းနည်းကြီးလာရင်တော့။အရည်အိတ်တွေက သေးရင် ပြဿနာမရှိပါဘူး။ အများစုကတော့ သူ့အလိုလိုပျောက်သွားတတ်ပါတယ်။ အရွယ်အစားပိုကြီးလာရင်တော့ အရည်အိတ်ပေါက်ထွက်တာ၊ အညှာကနေ လိမ်ပြီး သွေးမလျှောက်တော့တာ(Torsion)ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့။အများစုက ဆေးစစ်ရင်းနဲ့ သိသွားကြတာ များပါတယ်။ အရွယ်အစား၊ အထဲမှာပါတဲ့ ပစ္စည်း (ဥပမာ အရည်လား၊ ခဲနေတာလား၊ တစ်ရှူးတွေ ရှိနေလား) ပေါ်မူတည်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ထပ်လုပ်သွားမှာပါ။ ကုသမှုကလည်း ဒီအဖြေတွေပေါ် မူတည်ပြီး ဆုံးဖြတ်မှာပါ။စစ်ဆေးတတ်တဲ့ နည်းလမ်းတွေကတော့။ကိုယ်ဝန်ရှိနေတယ်ဆိုရင် သားဥအိမ်မှာရှိတဲ့ အရည်အိတ်က corpus luteum cyst ဖြစ်နိုင်ပါတယ်။ ဒါက အန္တရာယ်မရှိပါဘူး။အယ်ထွာဆောင်းရိုက်တာက အရည်အိတ်က ဘယ်မှာရှိတာလဲ။ ဘယ်အရွယ်လဲ။ အထဲမှာ ဘာပါလဲဆိုတာကို သိနိုင်ပါတယ်။ဒါကတော့ ခွဲစိတ်မှု အသေးစားလုပ်ရပါတယ်။ ဝမ်းဗိုက်ကနေ အပေါက်ငယ်ဖောက်ပြီး အရည်အိတ်ကို တစ်ခါတည်းထုတ်ပြီး အသားစပို့ စစ်ဆေးတာပါ။ မေ့ဆေးလိုပါတယ်။သွေးထဲက ပရိုတင်းတစ်မျိးကို စစ်တာပဲ ဖြစ်ပါတယ်။ ဒါက သားဥအိမ်ကင်ဆာရှိတဲ့ အမျိုးသမီးတွေမှာ တက်နေနိုင်ပါတယ်။ အရည်အိတ်မဟုတ်ဘဲ ခဲနေရင်၊ သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေလည်း များတယ်ဆိုရင် ဒါကို စစ်ရနိုင်ပါတယ်။မတော်တဆ CA 125 များနေရင်လည်း လန့်မသွားပါနဲ့။ ဒါက သားဥအိမ်ကင်ဆာအပြင် ကင်ဆာမဟုတ်တဲ့ သားအိမ်တစ်ရှူးနေရာမှားတာ၊ သားအိမ်အသားလုံးနဲ့ မျိုးပွားအင်္ဂါတွေ ပိုးဝင်တဲ့အခါမှာလည်း တက်နေနိုင်လို့ပါ။အရည်အိတ်တော့ရှိတယ်။ အလုံးသေးတယ်။ ဘာလက္ခဏာမှလည်းမရှိဘူးဆိုရင် ပုံမှန်ရက်ချိန်းပြသပြီးစောင့်ကြည့်နိုင်ပါတယ်။ အများစုကဒီအတိုင်းပျောက်သွားတတ်လို့ပါ။တားဆေးတွေက ထပ်မဖြစ်အောင်ပဲ ကာကွယ်နိုင်ပါတယ်။ ရှိပြီးသားအရည်အိတ်ကို မပျောက်စေပါဘူး။အရည်အိတ်အမျိုးအစားပေါ်မူတည်ပြီး လိုအပ်ရင် ခွဲစိတ်တာမျိုးလည်းလုပ်ရနိုင်ပါတယ်။ အသေးစိတ်ကို ဆရာဝန်နဲ့ တိုင်ပင်ပါ။အရည်အိတ်အများစုကသူ့အလိုလိုပျောက်ပြီး ကင်ဆာလည်းမဖြစ်ပါဘူး။ တချို့သော အရည်အိတ်အမျိုးအစားတွေက ကင်ဆာပြောင်းနိုင်ပေမယ့် ရှားပါတယ်။တစ်ခါတစ်လေ ကိုယ်ဝန်အပ်ရင်း ဆေးစစ်ကြည့်တော့မှ အရည်အိတ်တည်နေတာမျိုးလည်း တွေ့ရတတ်ပါတယ်။ များသောအားဖြင့်တော့ ဒါတွေက ချက်ချင်းခွဲစိတ်စရာမလိုပါဘူး။ ကင်ဆာပြောင်းတယ်လို့ ယူဆရင်၊ အလုံးကြီးလာလို့ပေါက်ထွက်တာ၊ အညှာလိမ်တာတို့ဖြစ်ရင်၊ အလုံးအရွယ်အစားကြောင့် ကိုယ်ဝန်ကိုထိခိုက်နိုင်ရင်တော့ ခွဲစိတ်ရတတ်ပါတယ်။ အများအားဖြင့် အန္တရာယ်မရှိတာ များပါတယ်။သားဥအိတ်မှာ အရည်အိတ်မတည်အောင် ကာကွယ်လို့ရတဲ့ နည်းရယ်လို့ မရှိသေးပါဘူး။ အရည်အိတ်အများစုကလည်း ကျန်းမာရေးစစ်ဆေးရင်း၊ တခြားရောဂါကုသရင်းနဲ့ မတော်တဆတွေ့မိတာများပါတယ်။ ဒါပေမယ့် ရာသီလာချိန်မှာ တစ်ခုခုထူးခြားတာ ခံစားရရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး စစ်ဆေးကြည့်နိုင်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pcos/what-you-need-to-know-about-ovarian-cysts/
“ဇန်” နှင့် သတိနှင့်နှိုင်းယှဉ်သောအစာစားခြင်း
လူတိုင်းလူတိုင်းသည် “ဇန်” ဆိုသောစကားလုံးကိုကြားဖူးနိုင်သော်လည်းအဓိပ္ပါယ်အတိအကျကိုသိချင်မှသိလိမ့်မည်။ ထို့အတူအစားစားခြင်းသည် ပုံမှန်လုပ်နေကျအလုပ်ဖြစ်သော်လည်းသတိရှိသောအစားစားခြင်းကိုလည်းသိချင်မှသိလိမ့်မည်။ သင်သိချင်နေသည့်ထိုအချက်တို့ကိုယခုဆောင်းပါးတွင် ဖတ်ရှုရမည်။“ဇန်” ဆိုသည်မှာ။“ဇန်“ (Zen) ကိုအတိအကျအဓိပ္ပါယ်သတ်မှတ်၍ရှင်းပြရန် အတော်ခက်ပါသည်။ ရှင်းလင်းစွာပြောရလျှင် ဇန် ဆိုသည်မှာစိတ်အခြေအနေတစ်ခုဖြစ်ပြီး ထိုအချိန်တွင်ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသောအရာအားလုံးကိုလျစ်လျူရှုလျက် အကြောင်းအရာ တစ်ခုတည်းတွင်သာစိတ်က စူးစိုက်တည်ရှိနေမည်ဖြစ်သည်။ဇန် အကြောင်းပြောခြင်းသည် စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုကိုပြောပြခြင်းပင်ဖြစ်သည်။ ဇန်သည် ခန္ဓါကိုယ်စိတ်ဝိညာဉ်မှလာသော အတွင်းစွမ်းအားကိုဗဟိုပြုထားသည်။ ဇန်ကိုသေချာစွာ လေ့ကျင့်မှုပြုပါကကိုယ်ခန္ဓါအတွက် ကောင်းကျိုးများရရှိနိုင်ပါသည်။သတိနှင့်ယှဉ်သောအစားစားခြင်းဆိုသည်မှာ။သတိနှင့်ယှဉ်သောအစားစားခြင်းသည် “ဇန်” (သို့မဟုတ်) ယောဂကျင့်စဉ် (သို့မဟုတ်) ဗုဒ္ဓ၏ယဉ်ကျေးမှုနှင့် နီးကပ်စွာဆက်နွယ်နေသော ၊ နက်ရှိုင်းစွာပတ်သတ်သောအစားစားသည့်မူဝါဒ ဖြစ်သည်။ သတိနှင့် ယှဉ်၍စားခြင်းသည် သူတစ်ပါးအတွက် တွေးတောစာနာမှုနှင့် အစားစားခြင်းဖြစ်ပါသည်။ တစ်နည်းဆိုရလျှင် မိမိဘာစားနေသည်ကိုသတိမမူဘဲသတိလက်လွတ် ၊ သတိချွတ်ချော်၍စားသုံးခြင်းမှရှောင်ရှားခြင်းလည်းဖြစ်သည်။ ထို့ပြင် သင်စားသုံးသောအစားအစာကို သတိကပ်အာရုံဝင်စားခြင်းနှင့် အစားစားစဉ်ဖြစ်ပေါ်နေသောစိတ်အခြေအနေကိုလည်း စူးစိုက်သိခြင်းတို့ပါဝင်သည်။ ထိုနည်းဖြင့်အစားစားသောအခါ သင့်အနေဖြင့် –။သတိနှင့်ယှဉ်သောအစားစားခြင်း၏အကျိုးကျေးဇူးများ။သတိနှင့်ယှဉ်သောအစားစားခြင်းကိုစတင်ရန်နည်းလမ်းများ။ထိုအလေ့အကျင့်ကိုစတင်ရန် Thich Nhat Hanhရေးသားသော Mindful Eating and Mindful Life စာအုပ်မှ ကျင့်စဉ် (၇) မျိုးမှာအောက်ပါတို့ဖြစ်သည်။(၁) အစားမစားမီအစားနှင့်ပတ်သတ်သောသင်၏ခံယူချက်ကိုပြသပါ။ သင်ကိုးကွယ်ယုံကြည်ရာအလိုက် ဆုတောင်းမေတ္တာပို့ခြင်းမျိုးပြုလုပ်နိုင်သည်။(၂)အာရုံ (၆)ပါးစလုံး ( အဆင်း ၊ အသံ ၊ အနံ့ ၊ အရသာ ၊ အထိအတွေ့ ၊ ခံစားမှု ) တို့ကိုဝင်စားပါ။(၃)အနည်းငယ်သာယူငင်စားသုံးပါ။(၄)သေးငယ်သောစားဖွယ်ကိုသာယူ၍ စားသုံးပြီးကျေညက်အောင်ဝါးစားပါ။(၅)အစားက်ုဖြည်းဖြည်းမှန်မှန်စားပါ။ လွန်ကဲစွာမစားမိအောင်ဂရုပြုပါ။(၆)ထမင်းကိုသူ့အချိန်နှင့်သူစားပါ။ အဆာမလွန်အောင်ဂရုစိုက်ပါ။(၇)သင့်ကျန်းမာရေးနှင့်မှီတင်းနေထိုင်ရာကမ္ဘာမြေကြီးအတွက် အပင်မှရသောအစားအစာများကိုသာရွေးချယ်ပါ။ဇန်ကျင့်စဉ်သည် လူတစ်ဦး၏ခန္ဓါကိုယ်နှင့် စိတ်ကျန်းမာရေးကိုအမှန်တကယ် တိုးတက်ကောင်းမွန်စေနိုင်သည်။ သတိနှင့်ယှဉ်သောအစားစားခြင်းသည်လည်းထိုနည်းတူစွာပင် လိုက်နာကျင့်သုံးသင့်သော စံပြုဖွယ်အစားစားမှုပုံစံဖြစ်ပါသည်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%87%e1%80%94%e1%80%ba-%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%9e%e1%80%90%e1%80%ad%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%94%e1%80%be%e1%80%ad%e1%80%af%e1%80%84/
ယူကလစ်အဆီ(Eucalyptus Oil) နဲ့ Acacia Gum တို့က ကျန်းမာရေးအတွက် ဘာတွေစွမ်းသလဲ
ယူကလစ်ဆိုတာ တကယ်ကိုအသုံးဝင်တဲ့အပင်တစ်မျိုးပါ။ သူ့ရဲ့အရွက်တွေကို အခြောက်ခံ၊ကြိတ်ချေပြီးရလာတဲ့အဆီကိုဆေးဖက်ဝင်အဆီအဖြစ် အသုံးပြုကြတယ်။ ယူကလစ်ပင်ကရတဲ့အဆီကကျန်းမာရေးအတွက် ဘယ်လိုတွေအကျိုးကျေးဇူးရှိနေလို့များလဲ။ယူကလစ်ပင်ကရတဲ့အဆီကို ချောင်းဆိုးဝေဒနာသက်သာစေတဲ့ဆေးဖက်ဝင်ပစ္စည်းအဖြစ် ဟိုးအရင်တည်းကသုံးခဲ့ကြသလို ကနေ့ခေတ်ချောင်းဆိုးပျောက်ဆေးတွေမှာလည်း ပါဝင်ပစ္စည်းအဖြစ်ထည့်သွင်းလာကြပါတယ်။ လူသုံးများတဲ့နည်းကတော့ ဒီအဆီကို ရင်ဘတ်နဲ့လည်ပင်းမှာ ပွတ်လူးပေးရင်အအေးမိ၊တုပ်ကွေးကြောင့်ဖြစ်တဲ့ ချောင်းဆိုးဝေဒနာကို သက်သာစေနိုင်ပါတယ်။ချောင်းတဟွတ်ဟွတ်နဲ့ ဆိုးရတာတောင်မောနေပြီ၊ ချွဲသလိပ်တွေက ကျပ်နေတုန်းပဲလား။ ယူကလစ်အဆီက ချောင်းဆိုးသက်သာစေရုံမကဘဲ ရင်ဘတ်ထဲကျပ်နေတဲ့ချွဲတွေကိုလည်း ချောင်စေပါတယ်။ ယူကလစ်အဆီအသုံးပြုပြီး ရေနွေးငွေ့ရှုတာ၊ ရင်ဘတ်မှာ လူးတာ စတဲ့နည်းတွေကို သုံးကြပါတယ်။ပန်းနာရင်ကျပ်နဲ့ထိပ်ကပ်နာတို့လို အသက်ရှုလမ်းကြောင်းရောဂါတွေအတွက်ဆို ယူကလစ်ဆီနဲ့ရေနွေးငွေ့ရှုတာက အတော်လေးအထောက်အကူဖြစ်စေပါတယ်။ ဒီအဆီက ချွဲသလိပ်ကပ်နေတဲ့အမြှေးပါးနံရံတွေကို အာနိသင်သက်ရောက်မှုရှိတဲ့အတွက် ချွဲသလိပ်တွေပျော်စေပြီး ချောင်းဆိုးတဲ့အခါ ခတ်ထုတ်ရလွယ်စေပါတယ်။ခံတွင်းနံ့ဆိုးနေတဲ့သူတွေအတွက် ပူရှိန်းတွေကပဲ အသုံးဝင်နေတာမဟုတ်ပါဘူး။ ယူကလစ်အဆီက ဘက်တီးရီးယားနှိမ်နင်းတဲ့အာနိသင်ရှိလို့ ခံတွင်းနံ့ဆိုးတွေဖြစ်စေတဲ့ပိုးမွှားတွေကို ရှင်းလင်းပေးနိုင်ပါတယ်။ ဒါ့ကြောင့် ယူကလစ်အဆီကိုသွားတိုက်ဆေးနဲ့ ခံတွင်းသန့်ဆေးရည်တချို့မှာထည့်သွင်းထုတ်လုပ်လာကြသလို ငုံဆေးသကြားလုံးတွေ၊ ဂျယ်လီပုံစံငုံဆေးတွေမှာလည်း ပါဝင်ပစ္စည်းအဖြစ်အသုံးပြုကြပါတယ်။ယူကလစ်အဆီက သွားပိုးစားခြင်း၊ သွားပျက်စီးခြင်းဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို ခုခံတိုက်ဖျက်ပေးပြီး သွားနဲ့သွားဖုံးကျန်းမာရေးကို ကာကွယ်ပေးပါတယ်။နောက်ထပ်အကျိုးကျေးဇူးတွေကတော့ခြင်အပါအဝင်အင်းဆက်ပိုးမွှားတွေပြေးစေတဲ့အစွမ်းသတ္တိရှိတယ်၊သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်တယ်၊ အဆစ်နာသက်သာစေတယ်စတာတွေ ရှိပါသေးတယ်။Acacia gum ဆိုတာက အကေးရှားပင်ရဲ့အစေးကနေ ထုတ်ယူထားတာဖြစ်ပါတယ်။ အကေးရှားပင်အစေးရဲ့ဆေးဖက်ဝင်အာနိသင်တွေကြောင့် မုန့်ဖုတ်ပါဝင်ပစ္စည်းတွေ၊ ဆေးဝါးတွေမှာ ထည့်သွင်းအသုံးပြုကြတာတွေ့ရပါတယ်။ ဘာတွေစွမ်းလဲ ကြည့်ရအောင် –။ဘက်တီးရီးယားတွေကို နှိမ်နင်းပေးပြီး ခံတွင်းကျန်းမာရေးကိုထိန်းသိမ်းပေးနိုင်စွမ်းရှိတဲ့အတွက် Acacia gum ကို ဂျယ်လီ၊ ပီကေတွေမှာ ထည့်သွင်းထုတ်လုပ်ကြပါတယ်။ ဥပမာ Hudson ကထုတ်လုပ်တဲ့ Hudson’s Hard Boil( ငုံဆေးသကြားလုံး) နဲ့ Hudson’s Jujube (ဂျယ်လီပုံစံသကြားလုံး) တို့ဆိုရင် ဆေးဖက်ဝင် Eucalyptus Oil နဲ့ Acacia gum နှစ်မျိုးလုံး ပါဝင်လို့သွားထိခိုက်မှုမရှိစေနိုင်တဲ့အပြင် ဘက်တီးရီးယားတွေပါကာကွယ်နှိမ်နင်းပေးနိုင်တဲ့ ဆေးသကြားလုံးနဲ့ဂျယ်လီတွေဖြစ်ပါတယ်။လည်ချောင်းနာသက်သာစေတဲ့ ငုံဆေးတွေ၊ ဆေးရည်တွေမှာ Acacia gum ပါဝင်လေ့ရှိတာ ဒီအာနိသင်ကြောင့်ပါပဲ။ လည်ချောင်းထဲရှင်းပြီး နေလို့ကောင်းသွားစေတာ၊ လည်ချောင်းယားသက်သာစေတာ၊ ချွဲသလိပ်တွေ ပျော်စေတာတွေက Eucalyptus Oil နဲ့ Acacia gum တို့ရဲ့ အစွမ်းအာနိသင်တွေပဲဖြစ်ပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/eucalyptus-oil-%e1%80%94%e1%80%b2%e1%82%94-acacia-gum-%e1%80%90%e1%80%ad%e1%80%af%e1%82%94%e1%80%80-%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%b1%e1%80%9b%e1%80%b8%e1%80%a1/
သွေးဆုံးပြီး မှသွေးပြန်ဆင်းရင်
သွေးဆုံးပြီး တဲ့အမျိုးသမီးတစ်ဦးဟာ သွေးပြန်ဆင်းစရာအကြောင်းကို မရှိပါဘူး။ ဒီနေရာမှာသွေးဆုံးတယ်ဆိုတာက တစ်နှစ်တိတိရာသီမလာတာကို ဆိုလိုတာပါ။ အသက်ကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ အသက်၄၀နဲ့ ၅၀ကြားမှာ သွေးဆုံးတာ များပါတယ်။ သွေးဆုံးပြီးတဲ့နောက်သွေးပြန်ဆင်းတာက တစ်ခုခု ဖြစ်နေတယ်ဆိုတာကို ပြောချင်တာပါ။ ပေါ့လို့မရပါဘူး။အရေးကြီးပါတယ်။ သဘာဝအတိုင်းဆင်းတာထက်စာရင် ရောဂါတစ်ခုခုကြောင့်ဖြစ်ဖို့များပါတယ်။ ဒါကြောင့်။သားအိမ် ဒါမှမဟုတ် သားအိမ်ခေါင်းမှာ အသားပိုတွယ်တာပါ။ ကင်ဆာမဟုတ်ပါဘူး။ သွေးစွန်းရုံကနေ အများကြီးဆင်းတာ၊ အတူနေပြီးသွေးဆင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။သားအိမ်နံရံအထူအပါးကိုအီစထရိုဂျင်နဲ့ပရိုဂျက်စတုန်းက ထိန်းပေးပါတယ်။ သွေးဆုံးပြီးတဲ့နောက်မှာ ဒီဟော်မုန်းတွေ နည်းသွားတဲ့အတွက် သွေးဆင်းတတ်ပါတယ်။တချို့သူတွေမှာ သွေးဆုံးပြီးရင် အီစထရိုဂျင်က ပရိုဂျက်စတုန်းထက် များနေတဲ့အခြေအနေမျိူးမှာ သားအိမ်နံရံထူတတ်ပါတယ်။ တစ်ခါတစ်လေ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေအဖြစ်ပြောင်းသွားတတ်ပါတယ်။ ဒါက ကြာလာရင်ကင်ဆာပြောင်းနိုင်တဲ့အတွက် စောစောကုရပါမယ်။ တချို့ကကျတော့သွေးဆုံးကိုင်လက္ခဏာတွေ သက်သာဖို့ ဟော်မုန်းဆေးသောက်တဲ့အခါ အီစထရိုဂျင်တစ်မျိုးပဲ သောက်တဲ့အတွက် သားအိမ်နံရံထူလာပါတယ်။အီစထရိုဂျင်ကြောင့် မိန်းမကိုယ်တစ်ရှူးတွေ ကျန်းမာတာပါ။ သွေးဆုံးပြီးတဲ့အခါ ဟော်မုန်းနည်းသွားတာကြောင့် မိန်းမကိုယ်တစ်ရှူးပါးလာတာ၊ ခြောက်သွေ့တာ၊ ရောင်ရမ်းတာတွေ ဖြစ်တတ်ပါတယ်။ အတူနေပြီးရင် သွေးဆင်းတာမျိုးလည်း ဖြစ်တတ်ပါတယ်။သွေးဆုံးပြီး သွေးပြန်ဆင်းတာကသားအိမ်ကင်ဆာရဲ့ အဓိကလက္ခဏာပါ။ တစ်ခါတစ်လေ မိန်းမကိုယ်နဲ့သားအိမ်ခေါင်းကင်ဆာရဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။ကလိုက်မိုင်းဒီးယား (Chlamydia)နဲ့ဆီးပူညောင်းကျရောဂါတွေက အတူနေပြီးရင် သွေးဆင်းတာကို ဖြစ်စေပါတယ်။လိင်အင်္ဂါရေယုန်အနာကနေလည်း သွေးထွက်တာမျိုး ဖြစ်တတ်ပါတယ်။ဟော်မုန်းဆေးတွေ၊သွေးကျဲဆေးတွေ စွဲသောက်နေတဲ့သူတွေမှာလည်း သွေးဆင်းတတ်ပါတယ်။သွေးဆင်းတာအပြင် ဖြစ်တဲ့အကြောင်းရင်းကိုလိုက်ပြီး။​ဆိုးကျိုးကြီးကြီးမားမားတော့ မရှိပါဘူး။ သွေးဆင်းတာများရင် သွေးအားနည်းတာ၊ မူးဝေတာ၊ ဖြူဖျော့တာ၊ ရင်တုန်တာမျိုး ဖြစ်တတ်ပါတယ်။ဖြစ်ရတဲ့အကြောင်းရင်းပေါ်မူတည်ပြီး ကုသနည်းတွေမတူကြပါဘူး။အသားပိုကို ခွဲစိတ်ထုတ်ပစ်ရမှာပါ။အီစထရိုဂျင်ပါတဲ့ မိန်းမကိုယ်လိမ်းဆေးတွေ၊ ကွင်းစွပ်တွေ သုံးရပါမယ်။အခြေအနေပေါ်မူတည်ပြီး စောင့်ကြည့်တာ၊ ဟော်မုန်းဆေးတွေပေးတာ၊ ခွဲစိတ်တာတွေ လုပ်လို့ရပါတယ်။ခွဲစိတ်တာတွေ၊ ရောင်ခြည်ပြတာတွေ၊ ဆေးသွင်းတာတွေ လုပ်ရပါမယ်။သွေးဆုံးပြီး သွေးပြန်ဆင်းတာက ရိုးရိုးရောဂါဖြစ်နိုင်သလို ကင်ဆာလို ရောဂါကြီးလည်း ဖြစ်နိုင်ပါတယ်။ သွေးဆင်းတာကို မကာကွယ်နိုင်ပေမယ့်လည်း စောစောသိရင် စောစောကုသမှုခံယူနိုင်ပါတယ်။ ကင်ဆာလိုရောဂါမျိုးတောင် စောစောသိရင် ကုလို့ရပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menopause/postmenopausal-bleeding/
သွားချေးကျောက်တွေကို သန့်ရှင်းရေးလုပ်ဖို့ လိုအပ်နေပြီလား
သွားချေးကျောက်ဆိုတာ ကျွန်တော်တို့သွားတွေရဲ့ အပေါ်ယံကြွေလွှာနဲ့ သွားကြားထဲက အစာတွေ ကပ်ငြိနေလောက်တဲ့ ကြားနေရာ၊ သွားဖုံးပေါ်မှာ ဖြစ်တည်လာတတ်ပါတယ်။ အစပိုင်းမှာ အဝါရောင် အရိအချွဲတွေက သွားပေါ်မှာ ကပ်နေပြီး တစ်သျှူးစနဲ့ သုတ်လိုက်တဲ့အခါမျိုးမှာ အလွယ်တကူကပ်ပါလာတတ်ပါတယ်။ နောက်ပိုင်း အရိအချွဲတွေက များလာပြီး ခြောက်သွားတဲ့အခါ ကျောက်ပုံစံ မာမာအခဲတွေ ဖြစ်လာတာပါ။ အရိအချွဲပုံစံနဲ့ဖြစ်စေ၊ ကျောက်အခဲပုံစံနဲ့ဖြစ်စေ သွားချေးတွေဟာ တခြားလူတွေ သည်းမခံနိုင်လောက်အောင် ဆိုးရွားတဲ့ ခံတွင်းအနံ့ဆိုးဖြစ်စေတဲ့ အဓိကတရားခံပါပဲ။ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကတော့ အများကြီးပါပဲ။ အဲ့ထဲက အဖြစ်အများဆုံး တရားခံအကြောင်းရင်းတွေကတော့။၁။ အရိအချွဲအနေနဲ့ သွားပေါ်မှာ ကပ်ငြိနေတဲ့အခါ ဖယ်ရှားလို့ အလွယ်ကူဆုံးပါပဲ။ အစာစားပြီးတဲ့ အချိန်နည်းနည်း ကြာသွားတဲ့အခါမျိုးမှာ တစ်သျှူးအသန့်နဲ့ သွားနဲ့ သွားဖုံးအပေါ်ကို ဖြည်းဖြည်းချင်း ပွတ်ဆွဲပြီး သုတ်လိုက်တာနဲ့ ကပ်ပါလာတ်တပါတယ်။၂။ အရိအချွဲလို အခြေအနေမျိုးမှာဆိုရင် သွားတိုက်တဲ့အခါ ဖလိုရိုဒ် (Fluoride) ပါတဲ့သွားတိုက်ဆေးကိုမှ ဆားနည်းနည်းဖြူးပြီး နည်းမှန်လမ်းမှန်နဲ့ သွားတိုက်ပေးတာပါပဲ။ ဆားက ဘက်တီးရီးယားပိုးတွေကို သေစေတဲ့အပြင် သွားနဲ့ သွားဖုံးကို ထိခိုက်ခြင်းမဖြစ်စေဘဲ မကောင်းတဲ့အရိအချွဲတွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။၃။ လျှာကိုလည်း မေ့ထားလို့မဖြစ်ပါဘူး။ လျှာပေါ်မှာလည်း အရိအချွဲတွေဆိုတာ ကပ်နေနိုင်တဲ့အတွက် သွားတိုက်ပြီးတဲ့အခါတိုင်းမှာ လျှာခြစ်တံနဲ့ ခြစ်ချဖို့ လိုပါတယ်။၄။ အစာစားပြီးတိုင်းမှာ သွားပွတ်ကြိုး (Dental Floss) အသုံးပြုပေးပါ။ သူကသွားပွတ်တံရဲ့ အမွေးအမျှင်တွေ အလွယ်တကူသန့်ရှင်းလို့မရနိုင်တဲ့ ချောင်ကြိုချောင်ကြားနေရာတွေမှာ ကျန်နေတဲ့ အစာဟောင်းတွေကို ဖယ်ရှားပေးနိုင်တဲ့အတွက် ခံတွင်းသန့်ရှင်းရေးအတွက် မရှိမဖြစ် အသုံးဝင်တဲ့ အရာဖြစ်ပါတယ်။၅။ ကျောက်အနေနဲ့ ဖြစ်လာပြီဆိုရင်တော့ သွားနဲ့ ခံတွင်းဆရာဝန်နဲ့ သေချာသွားပြပြီး သွားချေးကျောက်တွေကို ခြစ်ထုတ်ဖို့ နည်းလမ်းတစ်ခုတည်းသာ ကျန်ပါတော့တယ်။ ဒီကျောက်တွေက သွားကို ဖုံးလွှမ်းသွားတဲ့အခါ သွားတိုက်ရင်လည်း ကျောက်တွေကိုပါ တိုက်နေတာဖြစ်တဲ့အတွက် ကောင်းစွာမသန့်ရှင်းနိုင်တော့ဘူး။ အဲ့တော့ ခံတွင်းထဲမှာ ဘက်တီးရီးယားပိုးတွေ ပွားသထက် ပွားလာပြီး အနံ့ဆိုးတွေ ထွက်လာဖို့ပဲ ကျန်တော့တာပါ။ကျောက်ခြစ်တာကတော့ သွားနဲ့ ခံတွင်းသန့်ရှင်းရေးရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်တာကြောင့် အရမ်းကြီးကြောက်စရာ မလိုပါဘူး။ သွားကျောက်ခြစ်တဲ့နေရာမှာ အသုံးပြုတဲ့ စက်ကိရိယာ (Drill) နဲ့ ကျောက်တွေကို ဖြည်းဖြည်းချင်းတိုက်စားပေးသွားမှာပါ။ သွေးတော့ နည်းနည်းထွက်နိုင်ပါတယ်။ ဒီကျောက်ခြစ်တဲ့ လုပ်ငန်းပြီးသွားတဲ့အခါ ကိုယ့်သွားက အရမ်းကို ပေါ့ပါးသွားပြီး အနံ့အသက်တွေလည်း မရှိသလောက် နည်းသွားပါလိမ့်မယ်။၆။ သွားနဲ့ ခံတွင်းဆေးခန်းကို ၆လတစ်ကြိမ်လောက် ပြပြီး ကိုယ့်သွားတွေ ပုံမှန်အလုပ်လုပ်နေလား၊ သန့်ရှင်းရေးလုပ်ဖို့လိုအပ်နေပြီလားဆိုတာ မှန်မှန်စစ်ဆေးသင့်ပါတယ်။ခံတွင်းကျန်းမာရေးသည် လူတစ်ယောက်ရဲ့ စိတ်နဲ့ ခန္ဓါကျန်းမာရေးကို ကောင်းကောင်းသက်ရောက်မှုရှိနိုင်တာကြောင့် မပေါ့ဆဖို့ ထပ်မံအကြံပေးလိုက်ချင်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/dental-conditions/%e1%80%9e%e1%80%bc%e1%80%ac%e1%80%b8%e1%80%b1%e1%80%81%e1%80%ba%e1%80%b8%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%80%b1%e1%80%90%e1%80%bc%e1%80%80%e1%80%ad%e1%80%af-%e1%80%9e%e1%80%94/
ကလေးငယ်လေးတွေမှာ ကြီးထွားမှုနဲ့အတူ ဖြစ်လာတဲ့အရေပြားပြောင်းလဲမှုတွေအကြောင်း
အရေပြားက လူတိုင်းရဲ့ရှင်သန်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတဲ့ အင်္ဂါအစိတ်အပိုင်းပါ။မြင်သာအောင်ပြောပြရမယ်ဆိုရင် ခန္ဓါကိုယ်ရဲ့ အပေါ်ယံအရေပြားက ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေကို ကာကွယ်မှုပေးထားပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး၊ အရေပြားကပြင်ပက ဓါတ်မတည့်တဲ့အရာတွေကို ထိတွေ့မိတဲ့အခါမျိုးမှာ အချက်ပြပေးတဲ့ အရာတစ်ခုအနေနဲ့ တာဝန်ယူထားသလိုပြင်ပက ရာသီဥတုအခြေအနေတွေကိုလည်း ခံစားအချက်ပြပေးပါသေးတယ်။ဒီလိုမျိုးအရေးပါတဲ့ အရေပြားက ခန္ဓါကိုယ်ကြီးထွားလာတာနဲ့ အမျှပြောင်းလဲလာပါတယ်။ အသက်အရွယ်အလိုက်အရေပြားပြောင်းလဲလာတဲ့အခါ ကိုက်ညီမယ့်အရေပြားစောင့်ရှောက်မှုကိုလုပ်ဆောင်ဖို့ကလည်းမေ့ထားလို့မရပါဘူး။ လူကြီးတွေက ကိုယ်တိုင်အရေပြားထိန်းသိမ်းစောင့်ရှောက်နိုင်တာကြောင့် အရေးမကြီးပေမယ့်လို့ ငယ်ရွယ်လွန်းတဲ့ ကလေးငယ်လေးတွေကိုတော့ လူကြီးမိဘတွေကသေချာဂရုစိုက်ပေးဖို့လိုပါမယ်။အရေပြားကို အလွှာ ၃ ခုနဲ့ဖွဲ့စည်းထားတာပါ။အရေပြားရဲ့ အပေါ်ဆုံးအလွှာပါ။ ခန္ဓါကိုယ်ရဲ့ရေဓါတ်မဆုံးရှုံးအောင်ကာကွယ်ပေးသလို skin toneတွေကိုလည်းဖန်တီးပေးပါတယ်။အရေပြားရဲ့ အပေါ်ဆုံးလွှာ epidermis ရဲ့အောက်ဘက်မှာရှိတဲ့ အလွှာပါ။ ဒီအရေပြားအလွှာမှာ တွယ်ဆက်တစ်ရှုးတွေ၊မွှေးညှင်းအိတ်လေးတွေနဲ့ချွေးဂလင်းတွေပါဝင်ပါတယ်။အရေပြားအတွင်းဆုံးအလွှာပါ။ အရေပြားရဲ့ အနက်ရှိုင်းဆုံး တစ်ရှုးအလွှာတစ်ခုလည်းဖြစ်ပါတယ်။ အဆီတွေ၊ တွယ်ဆက်တစ်ရှုးတွေနဲ့ ဖွဲ့စည်းထားတဲ့ အလွှာတစ်ခုပါ။အရေပြားက လူ့သက်တမ်းတလျှောက်မှာ အသက်အရွယ်အလိုက် တဖြည်းဖြည်းချင်းပြောင်းလဲလာပါတယ်။မွေးကင်းစအရွယ်မှာတော့ အသားအရေက အရမ်းကိုနူးညံ့ပြီး ထိခိုက်ခံနိုင်စွမ်းကလည်းတော်ေ်တာ်လေးနည်းပါသေးတယ်။ ဆယ်ကျော်သက်အရွယ်လောက်ရောက်လာပြီဆိုရင်တော့ ဝက်ခြံထွက်တာလိုမျိုး အရေပြားပြဿနာတွေဖြစ်လာပါတယ်။ အသက်အရွယ်အိုမင်းလာတဲ့အခါမှာတော့ အရေပြားတွန့်တာနဲ့ အရေအကြောင်းတွေဖြစ်လာပါတော့တယ်။ အသားအရေကျန်းမာနေစေဖို့က အသက်အရွယ်အလိုက်သင့်တော်တဲ့ အရေပြားထိန်းသိမ်းစောင့်ရှောက်မှုတွေလုပ်ဆောင်ပေးဖို့ပဲဖြစ်ပါတယ်။မွေးကင်းစကလေးအသားအရေ။ကလေးငယ်လေးတွေရဲ့ အသားအရေက လူကြီးတွေရဲ့ အသားအရေထက် ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက်အထိ ပိုမိုပါးလွှာပါတယ်။ အရေပြားအလွှာ ၃ ခုစီရှိတာချင်းအတူတူဆိုပေမယ့် အရေပြားအလွှာတစ်ခုချင်းစီက လူကြီးတွေရဲ့ အရေပြားအလွှာတွေထက် ပိုပါးလွှာပါတယ်။ ထိခိုက်မှုကို ခံနိုင်စွမ်းလည်းနည်းပါတယ်။ကလေးငယ်လေးတွေရဲ့ အပေါ်ယံအရေပြားကတော်တော်လေးပါးလွှာပြီး ဆဲလ်တွေရဲ့ ဖွ့ဲစည်းမှုကလည်း ကျစ်ကျစ်လစ်လစ် သိပ်မရှိလှပါဘူး။ အဆီဂလင်းနဲ့ချွေးဂလင်းတွေကလည်းသေချာမဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် ကလေးငယ်တွေရဲ့ အရေပြားက –။လမ်းလျှောက်တတ်စ ကလေးငယ်အသားအရေ။အသက် ၄ နှစ်လောက်ရောက်လာတဲ့အခါကလေးရဲ့ အသားအရေ၊ဆံသား၊ခြေသည်းလက်သည်းနဲ့ဂလင်းတွေကတော်တော်လေး ဖွံ့ဖြိုးလာပြီဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်ထိလည်း ကလေးရဲ့ အသားအရေက ပါးလွှာနေဆဲပါ။ ခရမ်းလွန်ရောင်ခြည်ဒဏ်ကိုလည်း သိပ်မခံနိုင်သေးပါဘူး။ အသက် ၁၂ နှစ်လောက်ရောက်မှ ကလေးရဲ့ အသားအရေက လူကြီးတွေရဲ့ အသားအရေနီးပါး ဖွံ့ဖြိုးလာတာဖြစ် ပါတယ်။ဆယ်ကျော်သက်အရွယ်။ဒီအရွယ်မှာတော့ဟော်မုန်းပြောင်းလဲတာမျိုးတွေ ဖြစ်ပေါ်လာပြီပဲဖြစ်ပါတယ်။ မျက်နှာ၊ ပခုံး၊ ရင်ဘတ်နဲ့နောက်ကျောတွေမှာ စတင်ပြီးပြောင်းလဲမှုတွေဖြစ်လာပြီဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အရေပြားက အဆီထုတ်လုပ်မှုပိုများလာပြီး ဝက်ခြံဖြစ်တာမျိုးတွေလည်းဖြစ်လာနိုင်ပါတယ်။ ဒီလိုမျိုးဝက်ခြံဖြစ်တာက အရွယ်ရောက်လာတာနဲ့အမျှ သက်သာသွားတတ်ပေမယ့် မိန်းကလေးတွေမှာတော့ ဝက်ခြံထွက်တာက သက်လတ်ပိုင်းအထိတောင်မပျောက်တာမျိုးလည်းရှိနိုင်ပါတယ်။အသားအရေစောင့်ရှောက်မှုကိုမွေးကတည်းကနေ အသက်အရွယ်ရလာတဲ့အထိ တသမတ်တည်းလုပ်လို့မရပါဘူး။ အသက်အရွယ်အလိုက်ပြောင်းလဲလုပ်ဆောင်ပေးဖို့လိုပါမယ်။ ကလေးတွေကို ငယ်စဉ်မှာ သူတို့လေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ရေချိုးဆပ်ပြာနဲ့ချိုးပေးတာ၊ Baby Oil လူးပေးတာ၊ Baby Lotion လူးပေးတာတွေလုပ်ပေးရင်လုံလောက်ပြီလို့ဆိုလို့ရပါမယ်။ ဒါပေမယ့် ကလေးက အရွယ်နည်းနည်းရလာတဲ့အခါမှာတော့ သူတို့လေးတွေနဲ့အသားအရေဖွံ့ဖြိုးလာမှုနဲ့ လိုက်ဖက်မယ့် skin careတွေကိုပြောင်းလဲအသုံးပြုပေးဖို့လိုမှာဖြစ်ပါတယ်။ ဥပမာနေရောင်ထဲထွက်ဆော့တတ်ပြီဆိုရင်နေလောင်ကာခရင်မ်လူးပေးတာ၊ အစိုဓါတ်ထိန်းခရင်မ်လူးပေးတာမျိုးပေါ့။ အသားအရေထိန်းသိမ်းတဲ့အခါမှာ အရေကြီးဆုံးအချက်က အသားအရေမခြောက်သွေ့အောင် ဂရုစိုက်ဖို့ပါ။ အသားအရေ မခြောက်သွေ့အောင်ဂရုစိုက်တာ အရွယ်သုံးပါးစလုံးအတွက် အရေးပါတာပါ။နောက်တစ်ခုက ကလေးတွေမှာဖြစ်နိုင်တဲ့အရေပြားပြဿနာတွေပါ။ ကလေးတွေရဲ့အရေပြားက အစိုဓါတ်ရှိနေမယ်ဆိုရင်တော့ အရေပြားခြောက်သွေ့တာ၊ အရေပြားအဖတ်လန်တာ၊ အရေပြားကွဲရှတာတွေကနေတဆင့် ပိုးဝင်တာ နဲ့ နှင်းခူလိုမျိုး အရေပြားပြဿနာတွေကနေ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ကလေးက အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်မျိုးဖြစ်နေမယ်ဆိုရင်လည်း ကလေးကို အဆီပြန်စေနိုင်တဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေ အသုံးမပြုပေးမိအောင် သတိထားဖို့လိုပါမယ်။ အဆီပြန်တတ်တဲ့ ကလေးငယ်တွေမှာ ဝက်ခြံဖြစ်နိုင်ခြေများတာကြောင့်ပါ။ ငယ်ရွယ်စဉ်အရွယ်ကတည်းက ကလေးငယ်လေးတွေရဲ့ အသားအရေကိုသေချာဂရုစိုက်ပေးမှသာ အသားအရေကျန်းမာလှပတဲ့ ကလေးလေးတွေအဖြစ် ကြီးပြင်းလာမှာဖြစ်ပါတယ်။ရေချိုးဆပ်ပြာ အပြင်းစားတွေမသုံးပါနဲ့။ရေချိုးဆပ်ပြာ အပြင်းစားတွေနဲ့ ani-baterial ဆပ်ပြာတွေက ကလေးအသားအရေပေါ်က အဆီတွေကိုဖယ်ရှားလိုက်သလိုဖြစ်တဲ့အပြင် အသားအရေကိုခြောက်သွေ့စေနိုင်တာကြောင့်ပါ။ရေအကြာကြီးမချိုးပေးပါနဲ့။ရေပူနဲ့ ချိုးပေးတာ၊ရေအကြာကြီးချိုးပေးတာတွေက ကလေးအရေပြားပေါ်က အဆီဓါတ်တွေကိုကုန်ခမ်းစေပြီး အသားအရေကိုအစိုဓါတ်မရှိဖြစ်စေနိုင်တာကြောင့် ကလေးကိုရေခပ်နွေးနွေးလေးနဲ့ အချိန်နည်းနည်းလောက်ပဲချိုးပေးပါ။ဘယ်လိုစောင့်ရှောက်ပေးမလဲ။ကလေးအတွက် အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေရွေးချယ်တဲ့အခါ အရင်ဆုံး ကလေးအသားအရေနဲ့ ကိုက်ညီမှုရှိ၊မရှိကို စမ်းသပ်သင့်ပါတယ်။ ကလေးက တုံ့ပြန်လွယ်တဲ့ အသားအရေပိုင်ရှင်မျိုးဖြစ်မယ်ဆိုရင်တော့ အသားအရေကို အစိုဓါတ်ထိန်းပေးဖို့လိုပါမယ်။ဘယ်လိုကာကွယ်ပေးမလဲ။ကလေးငယ်လေးတွေရဲ့ အသားအရေကိုလည်း ခရမ်းလွန်ရောင်ခြည်ကနေ ကာကွယ်ပေးဖို့လိုပါမယ်။ ကလေးတွေရဲ့ အသားအရေက ခရမ်းလွန်ကို ခံနိုင်ရည်တော်တော်လေးနည်းပါသေးတယ်။ ငယ်စဉ်ကတည်းက ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့ပါများရင် အရွယ်ရောက်လာတဲ့အခါ ကလေးငယ်မှာ အရေပြားကင်ဆာလိုမျိုး အရေပြားပြဿနာတော်တော်များများကိုခံစားရနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/skin-diseases-in-children/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%bb%e1%80%ac-%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%91%e1%80%bd/
Guillain Barre Syndrome (ကြွက်သားအားနည်းပျော့ခွေသော ရောဂါစု)
Guillainbarre syndromeဆိုသည်မှာရှားပါးသောရောဂါတစ်မျိုးဖြစ်ပါသည်။ Guillainbarre syndrome သည်ပင်မမဟုတ်သည့် ဘေးပတ်လည်အာရုံကြောအဖွဲ့အစည်း၏ အစိတ်အပိုင်းများကိုတိုက်ခိုက်သောကိုယ်ခံအားစနစ်ကြောင့် ဖြစ်ပါသည်။ဤရောဂါသည် သေချာမကုသပါကအာရုံကြောများကိုရောင်ရမ်းစေပြီး ကြွက်သားများအားလျော့ခြင်း နှင့် အကြောသေခြင်းတို့ကို ဖြစ်နိုင်ပါသည်။ခန္ဓါကိုယ်ကြွက်သားများအားနည်းခြင်း၊ ယားယံခြင်းတို့ပါဝင်သည့် ရောဂါလက္ခဏာများသည် လျင်မြန်စွာပေါ်ပေါက်လာပြီး ခန္ဓါကိုယ်အပေါ်ပိုင်းသို့မဟုတ် လက်မောင်များဘက်ဆီသို့ ပျံ့နှံ့သွားပါသည်။ အဖြစ်များသည့် ရောဂါလက္ခဏာများမှာ။အထက်တွင်ဖော်ပြမထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။အောက်ပါတို့တွေ့ရှိရပါကသင်၏ ဆရာဝန်နှင့် ဆက်သွယ်ပါ။ လက်နှင့်ခြေတွင် ယားယံခြင်းများခံစားရပြီးအခြားနေရာများသို့ ပျံ့နှံ့ သွားသည်ဟုခံစားရပါသည်။ ကြွက်သားများအားနည်းခြင်း နှင့် အသက်ရှူရခက်ခဲခြင်းစသောရောဂါလက္ခဏာများတွေ့ရှိရပါကဆရာဝန် နှင့် ပြသပါ။ဤရောဂါသည် အလျင်အမြန်ဆေးရုံတင်ရန် လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ရောဂါလက္ခဏာများသည် လျင်မြန်စွာ ပြင်းထန် လာနိုင်သောကြောင့် ဖြစ်သည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။ဖြစ်ပွားရသည့် တိကျသောအကြောင်းရင်းကိုမသိရှိကြသေးပါ။ ဤရောဂါသည် အသက်ရှူ လမ်းကြောင်း နှင့် အစာခြေလမ်းကြောင်းတို့တွင် ရောဂါကူးစက်မှု ဖြစ်ပွားပြီးရက်အနည်းငယ် (သီတင်းပတ် အနည်းငယ်) တွင် ဖြစ်ပွားတတ်ပါသည်။ တစ်ခါတစ်ရံခွဲစိတ်မှုပြုလုပ်ခြင်း နှင့် ဆေးထိုးခြင်းတို့သည် ဤရောဂါကို ဖြစ်စေနိုင်ပါသည်။Guillainbarresyndromeကိုဖြစ်ပွားနိုင်ချေမြင့်စေသည့် အကြောင်းရင်းများများစွာရှိပါသည်။ ဥပမာ-။ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများမရှိခြင်းသည် သင့်အားရောဂါမရနိုင်ဟုမဆိုလိုပေ။ ဤအချက်များသည် ကိုးကားချက်များသာလျှင်ဖြစ်သည်။ ပိုမိုများပြားသောအချက်အလက် များအတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် ဆေးမှတ်တမ်းနှင့် ဆေးပညာဆိုင်ရာစစ်ဆေးစမ်းသပ်မှု များအပေါ် မူတည်၍ ရောဂါ အဖြေရှာ နိုင်ပါသည်။ အခြားရောဂါများနှင့် ခွဲခြားရန် စမ်းသပ်မှုအချို့လုပ်ရန် လိုအပ်ပါသည်။ ၎င်းတို့မှာ electromechanical meter (EMG), lumbar puncture tube (ကျောရိုးအရည်ယူရန်)၊အသက်ရှူစမ်းသပ်မှုများ နှင့် သွေးစမ်းသပ်မှုများပါဝင်ပါသည်။Guillainbarre syndromeကုသမှုများသည် အဓိကအားဖြင့် နောက်ဆက်တွဲဖြစ်ပေါ်သည့် ဆိုးကျိုးများကိုကာကွယ်ပေး ပြီးရောဂါ လက္ခဏာများကိုလျော့ချကာရောဂါကိုကျော်လွှားစေရန် ဖြစ်ပါသည်။ ရောဂါအစပိုင်းတွင် ဆရာဝန်များသည် သွေးရည်ကြည်မှ ပဋိပစ္စည်းများကိုခွဲထွက်သော immunoglobulin အများအပြားကိုပေးသောကုသမှုများကိုအသုံးပြုကြပါသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကGuillainbarre syndromeကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါလူနေမှုပုံစံများနဲ့အိမ်သုံးကုထုံးများသည်Guillainbarresyndromeကိုကုသသောနေရာတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/guillain-barre-syndrome-%e1%80%80%e1%80%bc%e1%80%bd%e1%80%80%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%95%e1%80%bb%e1%80%b1%e1%80%ac/
Cerebral Palsy (ဦးနှောက်အကြောသေရောဂါ)
ဦးနှောက်အကြောသေရောဂါဆိုသည်မှာ ကြွက်သားများနှင့် အာရုံကြောများကိုထိခိုက်စေသောအခြေအနေအုပ်စု ဖြစ်ပါသည်။ မျိုးမျိုးဆက်ခံခြင်းကြောင့် မဟုတ်သော်လည်းငယ်ရွယ်သောအချိန်တွင် စတင်ဖြစ်ပွားပါသည်။ ဦးနှောက်အကြောသေရောဂါ (CP) ၃ မျိုးမှာ spastic (အဖြစ်အများဆုံး ). Atetoid နှင့် ataxic တို့ဖြစ်ပါသည်။ဦးနှောက်အကြောသေရောဂါ သည် ပိုးဆိုးမလာသောတစ်သက်တာဖြစ်သောရောဂါ ဖြစ်ပါသည်။ ဦးနှောက်အကြောသေရောဂါ ဖြစ်သောကလေးအများစုသည် ပုံမှန်သက်တမ်း ဖြင့် နေနိုင်ပါသည်။အချို့လူများသည် ထိခိုက်မှုသိပ်မပြင်းထန်ခြင်းကြောင့်ပုံမှန်ဘဝနီးပါးဖြင့် နေထိုင်နိုင်ပါသည်။ အချို့မှာဆိုးရွှားစွာမသန်မစွမ်း ဖြစ်ပါသည်။ လူအများစုသည် ရုပ်ပိုင်းဆိုင်ရာဆိုးရွှားစွာမသန်မစွမ်း ဖြစ်သွားသော်လည်းပုံမှန် ဉာဏ်ရည်ရှိကြပါသည်။ဦးနှောက်အကြောသေရောဂါ၏ အဖြစ်များသောရောဂါလက္ခဏာများမှာလက်နှင့် ခြေထောက် များပုံမမှန် လှုပ်ရှားခြင်း၊ ကလေးငယ်များ နို့တိုက်ရန် အဆင်မပြေခြင်း၊ ငယ်ရွယ်စဉ်တွင် ကြွက်သားများပျောခြင်း၊ လမ်းလျှောက်တတ်ရန်နှင့် စကားပြောတက်ရန် ကြာခြင်း၊ ကိုယ်နေဟန်ထားပုံမမှန်ုခြင်း၊ ကြွက်သားများအကြောဆွဲခြင်း၊ ခန္ဓါကိုယ်တောင့်တင်းခြင်း ၊ အာရုံနှင့် ရုပ်ပိုင်ဆိုင်ရာလှုပ်ရှားမှုကိုညီညွတ်အောင် ဆောင်ရွက်မှု ညံ့ဖျင်းခြင်း နှင့် မျက်စိစွေခြင်းတို့ဖြစ်ပါသည်။ဦးနှောက်အကြောသေရောဂါ သည် မပြင်းထန်သောအခြေအနေမှ ပြင်းထန်သောအခြေအနေအထိ ဖြစ်တတ်ပါသည်။Spastic CP ဖြစ်သောကလေးများတွင် ကြွက်သားတောင့်တင်းမှု များရှိပြီးအထူးသဖြင့် ခြေထောက်၊ လက်မောင်း နှင့် ကျောတို့တွင် တောင့်တင်းသောလှုပ်ရှားမှုများ ဖြစ်စေပါသည်။Athetoid CP သည်ခန္ဓါကိုယ် တစ်ခုလုံးကိုထိခိုက်ပါသည်။ ထို့ကြောင့် ကလေးများသည် ကိုယ်ဟန်ချက်ထိန်းခြင်း နှင့် စိတ်အာရုံနှင့်လှုပ်ရှားမှု ညီညွှတ်အောင်လုပ်ခြင်းတို့တွင် ပြဿနာများရှိပါသည်။ သူတို့တွင် နှေးကွေးသောမထိန်းချုပ်နိုင်သောလှုပ်ရှားမှု များရှိပါသည်။ ကြွက်သားတောင့်တင်းမှုလည်းအားနည်းသောကြောင့် မတ်မတ်ထိုင်ရန်နှင့် လမ်းလျှောက်ရန် အခက်အခဲများရှိပါသည်။ရောနှောနေသောဦးနှောက်အကြောသေရောဂါ ၏ ရောဂါလက္ခဏာများမှ ထိုအမျိုးအစား နှစ်ခုကိုပေါင်းစပ်ထားခြင်း ဖြစ်သည်။တစ်ခါတစ်ရံဦးနှောက်အကြောသေရောဂါ ရှိသောကလေးများတွင် စာသင်ခြင်း၊ ကြားခြင်း မြင်ခြင်းတွင် အခက်အခဲများရှိပါသည်။ ညဏ်ရည် မမှီခြင်းလည်းရှိတက်ပါသည်။အထက်တွင်ဖော်ပြမထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍သင့်ဆီတွင်ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။စောစီးစွာရောဂါအဖြေရှာခြင်းသည် ရောဂါ လက္ခဏာများအားကာကွယ်နိုင်ပြီးရောဂါကိုပို၍ ထိန်းချုပ်နိုင်ပါသည်။ သင်၏ ကလေးတွင် အထက်မှာဖော်ပြမထားသောရောဂါလက္ခဏာများရှိပါကသို့မဟုတ် ကြွက်သားလုပ်ဆောင်မှု နှင့် အာရုံနှင့်လှုပ်ရှားမှု ညီညွတ်အောင် လုပ်ဆောင်မှု တွင် ပြဿနာများရှိပါကဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ဖြစ်စေသောအကြောင်းရင်းမှာဦးနှောက်၏ ကြွက်သားများကိုထိန်းချုပ်နိုင်သောအစိတ်အပိုင်းတွင် ဒဏ်ရာရသောကြောင့် ဖြစ်သည်။ cerebral ဆိုသည်မှာဦးနှောက် နှင့် သက်ဆိုင်သည်ကိုဆိုလိုပါသည်။palsy ဆိုသည်မှာ ကြွက်သားများအသုံးပြုရာတွင် အားနည်းမှု ဖြစ်သည်။ cerebral palsy (ဦးနှောက်အကြောသေရောဂါ) ၏ ဖြစ်စေသောအကြောင်းရင်းများမှာ-။ဦးနှောက်အကြောသေရောဂါကိုဖြစ်ပွားနိုင်ချေ ကိုမြင့်စေသောအကြောင်းရင်းများများစွာရှိပါသည်။ ဥပမာအားဖြင့်-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါအဖြေရှာခြင်း။ယခုဖော်ပြထားသည့်အချက်အလက်များမှာဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက် များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိလိုသောအချက်အလက် များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။ဦးနှောက်အကြောသေရောဂါဟုတ်မဟုတ် ဘယ်လိုအဖြေရှာအတည်ပြုမလဲ။ဆရာဝန်သည် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုကို ပြုလုပ်ပြီးသင့်ကလေး၏ လှုပ်ရှားမှုများကိုသေချာစစ်ဆေးပါလိမ့်မည်။ ဆရာဝန်သည် ရောဂါကိုအတည်ပြုရန် ဦးနှောက်အား CT,MRIရိုက်ခြင်း၊ ultrasound နှင့် အာရုံကြောလျှပ်ကူးခြင်းစသောစစ်ဆေးမှုများလုပ်ခိုင်းပါလိမ့်မည်။ဦးနှောက်အကြောသေရောဂါသည် ကုသ၍ မပျောက်ပါ။ သို့သော် ရောဂါလက္ခဏာများနှင့် မသန်မစွမ်းဖြစ်ခြင်းများကိုရုပ်ပိုင်းဆိုင်ရာကုထုံး (PT) ၊ လုပ်ငန်းဆိုင်ရာကုထုံး (OT) ၊ စိတ်ပိုင်းဆိုင်ရာအကြံညဏ်ပေးခြင်း နှင့် ခွဲစိတ်ကုသခြင်းတို့ဖြင့် ကူညီနိုင်ပါသည်။PT သည်ကလေးငယ်များအား ကြွက်သားများပိုပိုသန်မာလာစေရန် နှင့် လမ်းလျှောက်ခြင်း၊ ထိုင်ခြင်း၊ ဟန်ချက်ထိန်းခြင်းစသည်တို့ လုပ်ကိုင်နိုင်ရန် ကူညီပေးပါသည်။သိုင်းကြိုးများဂျာပ်စည်းရာတွင် သုံးသောဂျာပ် စသောအသုံးအဆောင်များသည်လည်းအကူအညီပေးနိုင်ပါသည်။ OT လုပ်ခြင်းဖြင့် ကလေးငယ်များသည် အဝတ်ဝတ်ခြင်း၊ အစာစားခြင်း၊ စာရေးခြင်းစသည်တို့ အတွက် လိုအပ်သောသေသပ်သော ကျွမ်းကျင်မှုများတိုးတက်ပါသည်။ စကားပြောခြင်း နှင့် ဘာသာစကားကုထုံးသည် ကလေးများကိုစကားပြောကျွမ်းကျင်မှု တွင် ကူညီပေးပါသည်။ ကလေးငယ်များကိုအထူးသင်ကြားခြင်းများ နှင့် ဆက်စပ်သောဝန်ဆောင်မှုများ ဖြင့် အကူအညီပေးပါသည်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/cerebral-palsy-%e1%80%a5%e1%80%ae%e1%80%b8%e1%80%b1%e1%82%8f%e1%80%bd%e1%80%ac%e1%80%80%e1%80%b9%e1%80%a1%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%b1%e1%80%9e%e1%80%b1%e1%80%9b%e1%80%ac%e1%80%82/
သင့်သွားလေးတွေဝါလာတာ ဒီအချက်တွေကြောင့်ဆိုတာ သတိထားမိလား
ရုပ်ရှင်တွေထဲမှာ မင်းသား၊ မင်းသမီးတွေရဲ့ သွားကိုကြည့်လိုက်ရင် ဖြူဖွေးနေတာပဲ၊ မှန်ကြည့်တဲ့အချိန်ကျတော့ ကိုယ့်သွားက ဘာလို့ဝါနေတာလဲလို့ တွေးမိဖူးလား။ တကယ်တော့ ကိုယ်ထင်မထားမိတဲ့ နေထိုင်စားသောက်မှုပုံစံ၊ ခံတွင်းသန့်ရှင်းရေးနည်းစနစ်တွေကြောင့် ကိုယ့်သွားက နဂိုဝါတဲ့သူဆိုရင်တောင် အဝါညစ်ရောင် နောက်ကျိကျိ ဖြစ်လာနိုင်တယ်နော်။သွားဝါတာက ဒီနေရာမှာပဲ ရပ်သွားတာမဟုတ်ပါဘူး။ သူ့အနောက်မှာသွားဖုံးကြွေလွှာပျက်စီးတာ၊ သွားအရောင်မှိန်တာ၊ သွားပိုးစားတာ၊ ခံတွင်းကနေ ချဉ်စော်နံလာတာ၊ သွားချေးတက်ပြီး အဝါရောင်သွားချေးကျောက်တွေဖြစ်လာတာ၊ ခံတွင်းကင်ဆာ စတဲ့ ပြဿနာတွေ တောက်လျှောက်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီသွားဝါတဲ့ကိစ္စကို ပေါ့သေးသေးတော့ မမှတ်ယူသင့်ပါဘူး။အသားအရောင်လိုပါပဲ။ တချို့က မျိုးရိုးလိုက်ပြီး မွေးကတည်းက သွားက အဝါရောင်ဘက်သမ်းနေတဲ့ သူတွေလည်း ရှိပါတယ်။ ကိုယ့်သွားက နဂိုက ဘာအရောင်ပဲဖြစ်နေပါစေ ခုပြောပြပေးမယ့်အရာတွေကတော့ သွားအရောင်ကို နဂိုထက် ပိုနောက်ကျသွားစေနိုင်ပါတယ်။ ဒီအချက်တွေကတော့။မနက်တစ်ကြိမ် ညတစ်ကြိမ် တိုက်ရမယ့်သွားကို အချိန်မှန်မှန်မတိုက်ဘဲ ဖြစ်သလိုတိုက်တာ၊ မနက်အိပ်ရာနိုးရင် သွားမတိုက်ဘဲ ပစ်ထားလိုက်တဲ့အခါ တစ်ညလုံး သွားမှာကပ်ငြိနေတဲ့ အနံ့အသက်တွေ၊ ပိုးမွှားတွေက ပိုမိုပျံ့နှံ့ပြီး သွားကို အရောင်မှိန်ကာ အနံ့ဆိုးထွက်လာစေဖို့ ဖန်တီးပေးပါတယ်။သွားတိုက်ရင် ပြီးရောဆိုပြီး နည်းစနစ်မှန်နဲ့ သေချာမတိုက်တာ၊ မြန်မြန်သွားတိုက်တာ၊ သွားကြားထဲမှာ ကပ်ငြိနေနိုင်တဲ့ စားကြွင်းစားကျန်တွေကို သွားပွတ်တံနဲ့ သေချာမပွတ်တိုက်တာတွေဟာလည်း သွားကို ဝါလာစေနိုင်ပါတယ်။သွားနဲ့ ခံတွင်းအတွက် အဆိုးဆုံးရန်သူကတော့ဆေးလိပ်၊ အရက်၊ ကွမ်းပါပဲ။ ဆေးလိပ်ကပါတဲ့ နီကိုတင်းဓာတ်တွေက သွားကို ဝါစေရုံသာမက မည်းညစ်ပြီး အနံ့ဆိုးဖြစ်စေတယ်။ အရက်သည်လည်း ထိုနည်းတူပါပဲ။ ကွမ်းကတော့ အဆိုးဆုံးပေါ့။ သွားချိုးတက်စေပြီး သွားကို နီရဲစေတယ်၊ ပုပ်စော်နံစေပြီး ခံတွင်းချဉ်စေတယ်။ အပေါ်ယံကြွေလွှာက တဖြည်းဖြည်းပျက်စီးသွားပြီး သွားကိုဆွေးမြေ့သွားစေပါတယ်။ကိုယ်နေ့တိုင်းစားနေတဲ့ အစားအစာတွေ၊ ဖျော်ရည်၊ အအေးတွေကလည်း သွားကိုဝါစေနိုင်တယ်ဆိုတာ သတိထားမိရဲ့လား။ အစားအစာတွေမှာ နဂိုပါဝင်နေတဲ့ အရောင်တွေ၊ တချို့သောပါဝင်ပစ္စည်းတွေ၊ ဟင်းချက်တဲ့အခါ သုံးတဲ့ ဟင်းခတ်မှုန့်တွေ၊ ဆိုဒါ၊ကဖင်းဓာတ်ပါတဲ့ အအေးတွေဟာ သွားကို ဝါသွားစေနိုင်ပါတယ်နော်။ သွားကို မြန်မြန်ဝါစေနိုင်တဲ့အရာတွေကတော့။လုံးဝမစားသင့်တာတော့ မဟုတ်ပေမဲ့ ဒါတွေစားပြီးရင် ရေများများသောက်ဖို့၊ ပါးစပ်ကို သေချာပလုတ်ကျင်းဖို့တော့ သတိထားသင့်တယ်နော်။ပဋိဇီဝဆေးတချို့မှာ ပါဝင်တဲ့ tetracycline ဓာတ်၊ doxycycline ဓာတ်တွေဟာ ငယ်သေးတဲ့ ကလေးတွေရဲ့ သွားတွေကို အရောင်မှိန်စေပါတယ်။ သွေးတိုးကျစေတဲ့ဆေးတွေ၊ စိတ်ငြိမ်ဆေးတချို့ဟာလည်း သွားကို နဂိုထက် ပိုဝါစေနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ ဆေးသောက်လို့ သွားဝါတာဆိုရင်တော့ ကိုယ့်သဘောနဲ့ ကိုယ်ဆေးမရပ်ပစ်ဘဲ ဆရာဝန်ကို သေချာတိုင်ပင်ပြီး ဆေးပြောင်းသောက်တာ၊ ဆေးပမာဏ လျှော့သောက်တာမျိုး လုပ်ပေးလို့ရပါတယ်။ဘယ်လိုအချက်တွေက သွားကိုပိုပြီးဝါစေနိုင်လဲဆိုတာ သိပြီးပြီဆိုတော့ ရှောင်ကြဉ်ဖို့ကတော့ ကိုယ့်တာဝန်ဖြစ်သွားပြီနော်။ သွားနဲ့ ခံတွင်းဆေးခန်းကို ၆လ သို့မဟုတ် တစ်နှစ်တစ်ကြိမ်လောက် ပုံမှန်ပြသပြီး သန့်ရှင်းရေးလုပ်ပေးဖို့ မမေ့နဲ့ဦးနော်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/dental-conditions/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%9e%e1%80%bc%e1%80%ac%e1%80%b8%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%9d%e1%80%ab%e1%80%9c%e1%80%ac%e1%80%90%e1%80%ac-%e1%80%92%e1%80%ae/
ညစ်ပေတဲ့အရာတွေနဲ့ ကစားမိရာကနေ ကလေးမှာဖြစ်လာတဲ့ အရေပြားပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ
ကလေးဆိုတာမျိုးကတော့ အမြဲလိုလိုဆော့ကြမှာပါပဲ။ ဒါပေမယ့်ဆော့တဲ့နေရာမှာ မသန့်ရှင်းတဲ့အရာတွေနဲ့ဆော့မိတဲ့အခါ ကလေးရဲ့အရေပြားမှာပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ကလေးကိုဆော့တဲ့အခါ ဘာတွေနဲ့တော့ဆော့လို့ရတယ်။ ဘာတွေနဲ့ဆော့လို့မရဘူးလို့တော့ပြောပြဖို့က မလွယ်သလို ကလေးကစားနေတာကို တစ်ချိန်လုံးလိုက်ကြည့်နေဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးငယ်တွေ ညစ်ပေတဲ့အရာတွေနဲ့ဆော့လို့ဖြစ်လာတဲ့ အရေပြားပြဿနာတွေကို ဘယ်လိုပျောက်ကင်းအောင်စောင့်ရှောက်မှုပေးရမလဲဆိုတာကို သိထားဖို့လိုအပ်မယ်ထင်ပါတယ်။ ကလေးတွေမှာဖြစ်တတ်တဲ့ အရေပြားပြဿနာတွေကို ဘယ်လိုကုသစောင့်ရှောက်မှုပေးရမလဲဆိုတာကို အခုဆောင်းပါးလေးထဲမှာပြောပြပေးချင်ပါတယ်။နှင်းခူ။ကလေးငယ်လေးတွေမှာဖြစ်တတ်တဲ့ အရေပြားပြဿနာတွေထဲက တစ်ခုပါ။ မျိုးရိုးရှိတဲ့ကလေးငယ်တွေမှာ ပိုဖြစ်နိုင်ပါတယ်။ ညစ်ပေတဲ့အရာတွေနဲ့ထိတွေ့တာ၊ အသားအရေကိုသေချာမထိန်းသိမ်းတာကြောင့် အသားအရေခြောက်သွေ့တာကနေတဆင့် အရေပြားမှာ နှင်းခူဖြစ်နိုင်ပါတယ်။ နှင်းခူဖြစ်တဲ့အခါ အရေပြားက နီမြန်းယားယံပြီး အရေခွံလန်တာမျိုးတွေဖြစ်နိုင်ပါတယ်။ပွေး။ပွေးက ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ပြဿနာတစ်ခုပါ။ပွေးက အရေပြားမှာ မှိုပိုးဝင်တာကြောင့်ဖြစ်ရတာဖြစ်ပါတယ်။ သန့်ရှင်းမှုမရှိတဲ့ ပတ်ဝန်းကျင်အနေအထားတွေနဲ့ ထိတွေ့မိတဲ့အခါ ကလေးအရေပြားမှာ မှိုပိုးကူးစက်ခံရပြီး အရေပြားမှာ အနီရောင်အကွက်တွေဖြစ်လာတာမျိုးပါ။ပွေးပျောက်ချင်တယ်ဆိုရင်တော့ ကလေးအရေပြားကို မှိုသေစေနိုင်တဲ့ဆေးတစ်မျိုးမျိုးလူးပေးရပါမယ်။ဝဲ။ဝဲကလည်း ကူးစက်တတ်တဲ့ အရေပြားပြဿနာတော့မဟုတ်ပါဘူး။ အရေပြားပေါ်မှာ ဝဲဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားလေးတွေကပ်ညှိရာကနေဖြစ်လာတဲ့ အရေပြားအနာတစ်မျိုးပါ။ သဲတွေ၊ရွှံ့တွေနဲ့ကစားပြီးသေချာစင်ကြယ်အောင် မဆေးကြောတဲ့အခါ ဝဲဖြစ်စေတဲ့ ဘက်တီးရီးယားတွေက အရေပြားအပေါ်ယံလွှာမှာ ကပ်ညှိပါလာပြီး ဥတွေဥချရာကနေ အရေပြားအနာတစ်မျိုးဖြစ်တဲ့ ဝဲတွေဖြစ်လာရတာဖြစ်ပါတယ်။ဝဲဖြစ်တဲ့အခါ ဝဲပျောက်စေတဲ့ဆေးတွေလူးပေးလို့ရသလို ကလေးကငယ်သေးတာကြောင့်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ လူးပေးရမှာကို စိုးရိမ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူရပါမယ်။ကြွက်နို့။ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတစ်မျိုးပါ။ တစ်ဦးဆီကနေ တစ်ဦးဆီကို ကူးစက်နိုင်သလို ခန္ဓါကိုယ် အစိတ်အပိုင်း တစ်ခုဆီကနေတစ်ခုဆီကိုလည်း ကူးစက်နိုင်ပါတယ်။ ကြွက်နို့ကခြေဖဝါးနဲ့ လက်ချောင်းလေးတွေမှာ အသားမာတက်သလို ဖုလေးတွေဖြစ်တာ များပါတယ်။ ကြွက်နို့ဖြစ်တဲ့အခါ လှီးထုတ်တာမျိုး ကုတ်ဖဲ့တာမျိုးတွေမလုပ်ပါနဲ့။ အရေပြားမှာ ကြည့်ရဆိုးတဲ့ အမာရွတ်တွေဖြစ်လာနိုင် တာကြောင့်ပါ။ ကြွက်နို့ကို တတ်သိနားလည်သူတွေနဲ့ပြသပြီး ဖယ်ရှားပစ်ရပါမယ်။ ဒီလိုဖယ်ရှားတဲ့နေရာမှာလည်း အချိန်ပေးပြီး စိတ်ရှည်ရှည်နဲ့လုပ်ရမှာဖြစ်ပါတယ်။အနာပိုးဝင်နိုင်တယ်။တကယ်လို့များ ကလေးမှာ ထိခိုက်ရှနာတစ်ခုခု ဒါမှမဟုတ် ပွန်းပဲ့ထားတဲ့ ဒဏ်ရာတွေရှိနေရက်နဲ့ အနာကိုသေချါဖုံးအုပ်ထားတာမျိုး မရှိဘဲ ညစ်ပေတာတွေနဲ့ဆော့မယ်ဆိုရင် အနာကိုပိုးဝင်တာမျိုးဖြစ်လာနိုင်ပါတယ်။ အနာက ကျက်ဖို့ကြာနေမယ်၊ပြည်တည်မယ်၊ နာတဝိုက်ကနွေးနေမယ်ဆိုရင်တော့ ကလေးအနာမှာ ပိုးဝင်နေတာဖြစ်နိုင်ပါတယ်။ တစ်ခါတလေ ဖျားတာမျိုးတောင်ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးတွေဖြစ်နေမယ်ဆိုရင်တော့ ကလေးကို နီးစပ်ရာဆေးခန်းကို အမြန်ဆုံးခေါ်သွားရပါမယ်။သဲဝဲစားခြင်း။ကလေးငယ်လေးတွေအနေနဲ့ မိုးရာသီလိုမျိုး ရာသီဥတုအနေအထားမှာ ရွှံ့တွေ၊ဗွက်တွေနဲ့ကစားတာ၊ မိုးရေကြောင့် ဗွက်ထနေတဲ့နေရာတွေထဲမှာဆော့တဲ့အခါမျိုးမှာလည်းခြေထောက်မှာ သဲဝဲစားတာမျိုးတွေဖြစ်နိုင်ပါတယ်။ ကလေးကညစ်ပေတာတွေနဲ့ဆော့ပြီးတဲ့အခါခြေထောက်တွေကို သန့်အောင်ဆေးကြောပြီးခြောက်သွေ့အောင်ထားပေးရပါမယ်။ခြေထောက်မှာသဲဝဲစားတာမျိုး ဖြစ်မယ်ဆိုရင် ကလေးကို သဲဝဲသက်သာစေတဲ့ဆေးတွေလူးပေးဖို့လိုပါမယ်။ဖေဖေမေမေတို့အနေနဲ့ အခုဖော်ပြခဲ့တဲ့ နည်းလမ်းလေးတွေအတိုင်း သားသားမီးမီးလေးတွေကို ဂရုစိုက်ပေးပြီး အရေပြားပြဿနာကင်းစင်တဲ့ သားသားမီးမီးလေးတွေအဖြစ် ပျိုးထောင်နိုင်ကြပါစေကြောင်း။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/skin-diseases-in-children/%e1%80%8a%e1%80%85%e1%80%ba%e1%80%95%e1%80%b1%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%9b%e1%80%ac%e1%80%90%e1%80%bd%e1%80%b1%e1%80%94%e1%80%b2%e1%80%b7-%e1%80%80%e1%80%85%e1%80%ac%e1%80%b8%e1%80%99/
မျိုးရိုးလိုက်သော အရိုးမဖွံ့ဖြိုးသည့် ရောဂါ Achondroplasia ဆိုတာဘာလဲ။
Achondroplasia (အရိုးမဖွံ့ဖြိုးသောရောဂါ)ဆိုတာ မျိုးရိုးဗီဇချို့ယွင်းလို့ ဖြစ်ပွားတဲ့ အရိုးများဖွံ့ဖြိုးမှုမရှိတဲ့ ပြသနာဖြစ်ပါတယ်။ အဲဒီဗီဇချို့ယွင်းမှုဟာ dwarfism ခေါ် ကိုယ်ခန္ဓါ အချိုးအစားမညီဘဲအရပ်ပု၊ သေးငယ်တဲ့ရောဂါကိုအဓိက ဖြစ်စေပါတယ်။ ဒီပြဿနာဖြစ်ရင် လူနာရဲ့ အရိုးနုများဟာကိုယ်ခန္ဓါရဲ့ ပုံပန်းသဏ္ဍာန်ကိုပုံမှန်ဖြစ်အောင် ဖော်ဆောင်နိုင်ခြင်းမရှိတော့ပါဘူး။ Achondroplasia(အရိုးမဖွံ့ဖြိုးသောရောဂါ) ဖြစ်နိုင်ခြေမှာရောဂါရှိသူများဟာအရပ်ပုကြပါတယ်။ ယောက်ျားလေးဆိုရင် ၁၃၁ စင်တီမီတာ၊ မိန်းကလေးဆိုရင် ၁၂၄ စင်တီမီတာရှိပါတယ်။ Achondroplasia (အရိုးမဖွံ့ဖြိုးသောရောဂါ) ဟာမိဘတွေဆီကနေသားသမီးတွေဆီဆက်ခံနိုင်ပေမယ့် အများစု (၈၀ရာခိုင်နှုန်း)ဟာဗီဇပြောင်းလဲမှု အသစ်ကြောင့် ဖြစ်ပွားပါတယ်။Achondroplasia(အရိုးမဖွံ့ဖြိုးသောရောဂါ) ဟာအတွေ့များပါတယ်။ ယောက်ျားလေးတွေထက် မိန်းကလေးတွေမှာပိုဖြစ်တတ်ပါတယ်။ ဘယ်အသက်အရွယ်မဆို ဖြစ်ပွားတတ်ပါတယ်။ ဖြစ်ပွားနိုင်ခြေများတဲ့ အချက်တွေကိုလျှော့ချနိုင်ပါတယ်။ အချက်အလက်တွေ ပိုသိနိုင်အောင် ဆရာဝန်နဲ့ ဆွေးနွေးပါ။Achondroplasia(အရိုးမဖွံ့ဖြိုးသောရောဂါ) ရဲ့ အတွေ့များတဲ့ လက္ခဏာတွေကတော့။Achondroplasia(အရိုးမဖွံ့ဖြိုးသောရောဂါ) နှင့် ပတ်သက်နေသောအခြားကျန်းမာရေးအခြေအနေများမှာ။ဒီစာရင်းမှာမပါတဲ့ တခြားလက္ခဏာတွေလည်းရှိနိုင်ပါတယ်။ ဒီလက္ခဏာတွေနဲ့ ပတ်သက်ပြီးစိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။အောက်ပါ အခြေအနေတစ်ခုခုရှိရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။Achondroplasia(အရိုးမဖွံ့ဖြိုးသောရောဂါ) ဟာ FGFR3 လို့ ခေါ်တဲ့ မျိုးရိုးဗီဇ ချို့ယွင်းရင် ဖြစ်တတ်ပါတယ်။ အဲဒီဗီဇဟာသန္ဓေသားဖွံ့ဖြိုးချိန်မှာအရိုးနုတွေကိုအရိုးအဖြစ် ပြောင်းလဲပေးပါတယ်။Achondroplasia (အရိုးမဖွံ့ဖြိုးသောရောဂါ) ဖြစ်ပွားနိုင်ခြေကို မြင့်စေတဲ့ အကြောင်းတွေကတော့။(ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာအကြံပြုချက်များနေရာတွင် အစားထိုးရန်မဟုတ်ပါ။ အချက်အလက် ပိုသိလိုလျှင် ဆရာဝန်နှင့်အမြဲဆွေးနွေးတိုင်ပင်ပါ။)။Achondroplasiaကိုရောဂါရှာဖွေမှု ဘယ်လိုလုပ်မလဲ။Achondroplasia(အရိုးမဖွံ့ဖြိုးသောရောဂါ) ကို ကိုယ်ဝန်ဆောင်ချိန်မှာ၊ ကလေးမီးဖွားပြီးချိန်မှာစစ်ဆေးနိုင်ပါတယ်။Achondroplasia(အရိုးမဖွံ့ဖြိုးသောရောဂါ) အတွက် တိကျတဲ့ ကုသမှု မရှိပါဘူး။ သူနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲပြသနာတစ်ခုခု ဖြစ်မှသာအချိန်နဲ့ တပြေးညီကုသခြင်း ဖြစ်ပါတယ်။ ဥပမာ-။Achondroplasiaကုသရေးမှာဘယ်လိုနေထိုင်မှုပုံစံပြောင်းလဲခြင်းတွေနဲ့ အိမ်တွင်းကုထုံးတွေကအထောက်အကူပေးပါသလဲ။အောက်ပါ နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေဟာAchondroplasia(အရိုးမဖွံ့ဖြိုးသောရောဂါ) ကုသရာမှာအထောက်အကူပြုပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခြင်းဟာအကောင်းဆုံးဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9b%e1%80%af%e1%80%ad%e1%80%b8%e1%80%9c%e1%80%af%e1%80%ad%e1%80%80%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac-%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8/
ကိုယ်ဝန်ဒုတိယ၃လ ( 2nd trimester ) အကြောင်း သိထားသင့်သမျှ
အရင်ဆောင်းပါးမှာကိုယ်ဝန် ပထမ ၃လ( 1stTrimester) အကြောင်းပြောပြပြီးပြီဆိုတော့ ဒီနေ့ကိုယ်ဝန်ဒုတိယ၃လ( 2ndtrimester ) အကြောင်း ပြောပြပေးတော့မှာပါ။ကိုယ်ဝန်ဒုတိယ၃လကတော့ ကိုယ်ဝန် လပတ် ၁၃ပတ်ကနေ ၂၇ ပတ်အထိကိုပြောတာပါ။ လနဲ့ဆိုရင်တော့ ၃လမြောက်ကနေ ၆ လလောက်အထိပေ့ါ။ပထမ ၃ လတုန်းက ရုတ်ချည်း ပြောင်းလဲမှုတွေကြုံတွေလိုက်ရပြီဆိုတော့ ဒီ ဒုတိယ ၃ ဟာကိုယ်ဝန်ဆောင်မေမေတို့ ကိုယ်ဝန်နဲ့ အသားကျပြီး သက်တောင့်သက်တာရှိတဲ့ ကာလတစ်ခုပါ။ အရင် 1stTrimester တုန်းက ခံစားခဲ့ရတဲ့ မသက်မသာဖြစ်မှုတွေ၊ ဝေဒနာတွေအားလုံး ဒီ 2ndtrimester မှာ တဖြည်းဖြည်း ပျောက်သွားမှာပါ။ နေ့လည်ဆို အားတွေ အပြည့်ရှိနေပြီး ညရောက်တာနဲ့ တန်းအိပ်ပျော်လောက်အောင် အရာအားလုံးက အဆင်ပြေနေမှာပါ။ဒါပေမယ့်လည်း အရင်ခံစားနေရတဲ့ ဝေဒနာတွေ ပျောက်သွားပေမယ့် ဝေဒနာ အသစ်လေးတွေ စပြီး မိတ်ဆက်လာတဲ့အချိန်ဆိုလည်း မမှားပါဘူး။ ခြေထောက်တွေ ညောင်းမယ်၊ရင်ပူမယ်၊ အစားတွေ ပိုစားကောင်းလာပြီးကိုယ်အလေးချိန်တွေလည်း တက်လာမယ်။ ဒါ့ကြောင့် ဒီ ဒုတိယ ကိုယ်ဝန် ၃ လမှာ လမ်းလျှောက်ပေးတာ၊ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာ၊ စားကောင်းပေမယ့် အာဟာရရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တာတွေ ဦးစားပေးစားတာမျိုး လုပ်ပေးသင့်ပါတယ်။ ဒ့ါအပြင်ခါးကိုက်တာ၊ ခြေထောက်တွေ မှာ သွေးကြောတွေ ထုံးနေတာနဲ့ နှာပိတ်တာတွေကလည်း ကိုယ်ဝန် ဒုတိယ ၃လရဲ့ အသိသာဆုံး လက္ခဏာတွေပါ။ကိုယ်ဝန် ၃ ကျော်လာပြီဆိုတော့ ဗိုက်ကလေးကလည်း သိသာစပြုလာပြီပေါ့နော်။ ဗိုက်ထဲကရင်သွေးလေးနေရာရအောင် သားအိမ်ကလည်း လိုက်ပြီး ကြီးလာရပြီမလား။ ဒါ့ကြောင့် ဒီ ကိုယ်ဝန် ဒုတိယ ၃လမှာ ချောင်ချိတဲ့ အဝတ်အစားတွေ ၊ သက်သောင့်သက်သာရှိတဲ့ အဝတ်အစားတွေ စဝတ်ဖို့လိုလာပါပြီ။ ပြီးတော့ ဒီ 2ndtrimester မှာပဲ ဗိုက်ထဲက ကလေး ပထမဆုံး လှုပ်တာကို မေမေတို့ စသိရမှာပါ။ကိုယ်ဝန်ဒုတိယ၃လမှာ ကလေးရဲ့ နှလုံး အဆုတ်၊ ကျောက်ကပ်နဲ့ ဦးနှောက် တို့ စပြီး အလုပ်လုပ်လာပါပြီ။ကိုယ်ဝန် အပ်ထားတဲ့ သူတွေ အဖို့တော့ ဒုတိယ ကိုယ်ဝန် ၃ လဟာ စမ်းသပ် စစ်ဆေးတာတွေ စပြီး လုပ်လို့ရတဲ့ ကာလတစ်ခုပါ။ ဒုတိယ ၃လအတွင်း ဆရာဝန်ဆီ ကိုယ်ဝန် သွားအပ်တဲ့ အခါမှာလည်း သင့်ရဲ့ ကျန်းမာရေး၊ မျိုးရိုးရဲ့ ကျန်းမာရေး အခြေအနေတွေအကြောင်းကို ဆရာဝန်ကို ပြောပြပါ။အာထရာဆောင်းရိုက်လို့ရတဲ့ ကာလဟာ ကိုယ်ဝန် ၁၈ပတ်ကနေ စတာဖြစ်တာကြောင့် ဒီ ဒုတိယ ၃ လမှာ သင့်ဗိုက်ထဲက သားသားလေးလား မီးမီးလေးလားဆိုတာကို စပြီး ခွဲခြားသိလို့ရပါပြီ။ ဖွံ့ဖြိုးလာတဲ့ ကလေးရဲ့ အစိတ်အပိုင်းတွေ ပုံမှန် ဟုတ်မဟုတ်ကိုလည်း ဒီ အာထရာဆောင်းကနေ သိနိုင်သေးတဲ့အတွက် ကိုယ်ဝန် ဒုတိယ ၃လ ဟာလည်း ပေါ့သေးသေးတော့မဟုတ်တဲ့ ကာလတစ်ခုပါ။ပထမကိုယ်ဝန် ၃ လမှာတော့ သားပျက်သားလျှောမယ့် ကိစ္စဟာ ကြောက်စရာ အကောင်းဆုံး ဆိုပေမယ့် ဒီ ဒုတိယ ကိုယ်ဝန် ၃လမှာတော့ကိုယ်ဝန်ကြောင့် တက်လာတဲ့ ဆီးချိုဟာ ကြောက်စရာ တစ်ခုပါ။ ကိုယ်ဝန်ပတ် ၂၆ပတ် – ၂၈ ပတ် လောက်မှာ ဒီ ကိုယ်ဝန်ကြောင့်တက်လာတဲ့ ဆီးချိုကို စပြီး စမ်းသပ်သိရှိနိုင်ပါတယ်။ကိုယ်ဝ န်ကြောင့် တက်လာတဲ့ဆီးချိုဆိုတာ အရင်တုန်းက တစ်ခါမှ ဆီးချိုလည်းဖြစ်ဖူးတာမျိုး မဟုတ်ဘဲနဲ့ ကိုယ်ဝန်ရတော့မှ ဆီးချိုတက်လာပြီး မီးဖွားပြီးတာနဲ့ ပြန်ပျောက်သွားတာကို ပြောတာပါ။ တစ်ချို့မှာတော့ မီးဖွားပြီး နောက်ပိုင်းလည်း ပြန်ပျောက်မသွားတတ်ဘဲ တစ်သက်လုံး ဆက်ရှိသွားတတ်ပါတယ်။ ဒီ ကိုယ်ဝန်ကြောင့် တက်လာတဲ့ ဆီးချိုကို မထိန်းဘူးဆိုရင်တော့ မွေးလာတဲ့ကလေး ပေါင်များတာ၊ ကလေးကြီးတာ၊မီးဖွားရခက်တာ ၊နေ့မစေ့ လမေစ့ မွေးတာနဲ့ ကိုယ်ဝန်ဆိပ်တက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီ ဆီးချိုကို ထိန်းဖို့ အရေးကြီးပါတယ်။အချုပ်ပြောရမယ်ဆိုရင်တော့ ကိုယ်ဝန်ပထမ ၃လ လည်း အရေးကြီးသလို ကိုယ်ဝန် ဒုတိယ ၃လ ဟာလည်း အရေးကြီးပါတယ်။ ဒါ့ကြောင့် ဒီ ကိုယ်ဝန် ဒုတိယ ၃လမှာလည်း မပေါ့ဆဘဲ ကိုယ်ဝန် ကို သေချာ အပ်ထားဖို့ အရေးကြီးပါတယ်။ ဒါမှ ဖြစ်နေတဲ့ ပြဿာနတွေ အားလုံးကို ခြေရာခံမိပြီး အချိန်မီ ကုသနိုင်လိုက်ရင် ကလေးရော အမေရော နှစ်ဦးစလုံး ကျန်းမာတဲ့ ပျော်စရာကောင်းတဲ့ ကိုယ်ဝန်သည် ဘဝကို ပိုင်ဆိုင်နိုင်မှာနော်။နောက်ဆုံး အပိုင်း ကိုယ်ဝန် တတိယ ၃လ ( 3rdTrimester ) အကြောင်းကိုလည်း ဆက်ပြီး အားပေးကြပါဦးနော် ။ ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/second-trimester-being-pregnant/second-trimester/
လက်မထပ်ခင် ဘယ်နှရက် ကြိုတင်ပြီး ကိုယ်ဝန်တားသင့်သလဲ
ချစ်သူသက်တမ်းမှာ တစ်ယောက်ကိုတစ်ယောက် လေ့လာပြီးလို့ နှစ်ယောက်အတူတူ ဘဝတစ်ခုကို တည်ဆောက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ပြင်ရဆင်ရမှာတွေ အများကြီးဖြစ်လာပါတယ်။ ဘဝနဲ့ပတ်သက်လို့လည်း အစီအစဉ်တွေ ချရတော့မယ်။ အဲဒီထဲမှာ မပါမဖြစ် ပါရမှာတစ်ခုကတော့ မိသားစုစီမံကိန်းဆွဲတာပါပဲ။ တို့နှစ်ယောက် ကလေးဘယ်တော့ယူမယ်၊ ဘယ်နှယောက် ယူမယ်၊ တစ်ယောက်နဲ့တစ်ယောက်ကြား ဘယ်လိုနည်းလမ်းတွေသုံးပြီး တားထားမယ် စသဖြင့် စဉ်းစားကြရပါတယ်။ အဲဒီအခါ သတို့သမီးလောင်းတွေ အမေးများဆုံး မေးခွန်းတစ်ခုကတော့ လက်မထပ်ခင် ဘယ်နှရက် ကြိုတင်ပြီးကိုယ်ဝန်တားသင့်သလဲ ဆိုတာပါပဲ။ဘာလို့ဆိုတော့ ဒီဆေးတွေ အာနိသင်ပြဖို့က တစ်ပတ်စောင့်ရတတ်တယ်လို့ သိထားကြတာကိုး။ တချို့ကတော့လည်း ချက်ချင်းအာနိသင်ပြတယ်လို့ သိထားကြပြန်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ အဲဒီအကြောင်းလေး အရင်ဆုံးရှင်းပြလိုပါတယ်။ဒီနေရာမှာ ပွင့်ပွင့်လင်းလင်း ပြောပြချင်တာတစ်ခုက တချို့စုံတွဲတွေဟာ လက်ထပ်တဲ့နေ့မှပဲ လင်မယားအရာမြောက်တယ် ဆိုပေမယ့် တချို့ကျတော့ ယူတော့မှာပဲလေ ဆိုပြီး အတူနေထားနှင့်တာမျိုး ရှိတယ်။သိပ်ကိုခေတ်ဆန်လွန်းတဲ့သူတွေကတော့ရည်းစားဘဝမှာကို ပုံမှန်လို အတူနေကြတာပေါ့။ သူတို့ဆိုရင်လည်း အိမ်ထောင်တော့မရှိပေမယ့် ပုံမှန်ဆက်ဆံမှုရှိနေတာမို့ အိမ်ထောင်သည်လိုပဲသားဆက်ခြားနည်း တစ်ခုခုတော့ သုံးဖို့လိုပါတယ်။အရေးပေါ် ကိုယ်ဝန်တားဆေးဟာ တစ်ကြိမ်တစ်ခါ မတော်တဆ ဖြစ်သွားတဲ့အခါမှာသာ သောက်သင့်တာ ဖြစ်ပြီး ဒီဆေးရဲ့ ထိရောက်မှုဟာ ကျန်တဲ့ကိုယ်ဝန်တားနည်းတွေနဲ့ ယှဉ်လိုက်ရင် နည်းတာမို့လို့ အတူနေပြီးတိုင်းသာ သောက်နေမယ်ဆိုရင် တစ်ကြိမ်မဟုတ်တစ်ကြိမ် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ဒါကြောင့် လက်မထပ်ခင် ဘယ်နှရက် ကြိုတင်ပြီး ကိုယ်ဝန်တားသင့်သလဲ ဆိုတာထက် အတူတူမနေခင် ဘယ်နှရက်ကြိုတင်ပြီး ကိုယ်ဝန်တားထားရင် စိတ်ချရမလဲ၊ ဒီနည်းတွေ အာနိသင်ပြဖို့ ဘယ်လောက်စောင့်ရမလဲ ဆိုတာကို ပြောပြချင်တာပါ။အကြမ်းအားဖြင့် ကလေးတစ်ခါမှ မမွေးဖူးသေးတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ပုံမှန်အသုံးပြုလို့ ရတဲ့ သားဆက်ခြားနည်း (၅)နည်းရှိပါတယ်။ ကွန်ဒုံး၊ နေ့စဉ်သောက်ဆေးကဒ်၊ ထိုးဆေး၊လက်မောင်းတွင်းထည့်ပစ္စည်းနဲ့သားအိမ်တွင်းထည့်ပစ္စည်းတွေပါ။အဲဒီ (၅)နည်းထဲမှာ ကွန်ဒုံးက အတူနေပြီဆိုမှ အသုံးပြုရင်ရပါတယ်။ မှားတတ်တာလေးတွေ ပြောရရင်ကွန်ဒုံးက အတူစနေကတည်းက သုံးရမယ်။ ပြီးခါနီးမှ စွပ်လို့မရဘူး။ ဒီနည်းက ကိုယ်ဝန်တင်မကဘဲ ရောဂါတွေ မကူးစက်အောင်ပါ ကာကွယ်ပေးတယ်။သို့သော် အမျိုးသားသုံးကွန်ဒုံးတွေသာ ဝယ်ရလွယ်တာမို့ အမျိုးသားရဲ့ ပူးပေါင်းပါဝင်မှု အရေးကြီးတယ်။ သူသုံးချင်ဖို့ သုံးတတ်ဖို့ လိုတယ်ပေါ့။ နောက်တစ်နည်း၊ သားအိမ်ထဲပစ္စည်းထည့်တာကလည်း ဟော်မုန်းမပါဘူး။ ဒီတော့ ထည့်လိုက်တာနဲ့ ချက်ချင်းအာနိသင်ပြတယ်။ဘယ်လောက်တောင်လဲဆို အရေးပေါ် ကိုယ်ဝန်တားတဲ့ အနေနဲ့တောင် လိင်ဆက်ဆံမိပြီး ၅ ရက်အတွင်း ထည့်လို့ရသေးတယ်။ ဒီနည်းက အိမ်ထောင်ခုမှကျစ အမျိုးသမီးတွေတော့ သိပ်သုံးလေ့မရှိဘူး။ အရင်ကတော့ ကလေးမမွေးဖူးသေးရင် ထည့်ရခက်တာမို့ မထည့်ပေးကြပေမယ့် နောက်ပိုင်းမှာ အင်မတန်သေးငယ်တဲ့ ပစ္စည်းတွေ ပေါ်လာတာမို့ ထည့်မယ်ဆိုလည်း ထည့်လို့ရပါတယ်။ကျန်တဲ့ (၃)နည်းကတော့ ဘယ်နှရက်ကြိုသုံးရမလဲဆိုတာဟာ မိန်းကလေးရဲ့ရာသီလာတဲ့ရက်ပေါ် မူတည်ပါတယ်။နေ့စဉ် သောက်ဆေးကဒ်က ရာသီစပေါ်ပြီး (၅)ရက်အတွင်း (ရာသီပြီးတဲ့ရက် မဟုတ်ပါ၊ စပေါ်တဲ့ရက်ပါ) သောက်ရင် ချက်ချင်းအာနိသင်ပြပါတယ်။ ထိုးဆေးနဲ့ လက်မောင်းတွင်းထည့်ပစ္စည်းက ရာသီစပေါ်ပြီး (၇)ရက်အတွင်း သုံးရင် ချက်ချင်းအာနိသင်ပြပါတယ်။ ဒါကြောင့် အဲဒီရက်တွေအတွင်းမှာ စသုံးမယ်ဆိုရင် ဘယ်နှရက်မှ ကြိုလုပ်စရာ မလိုပါဘူး။ နက်ဖြန်မင်္ဂလာဆောင်ဆိုရင် ဒီနေ့ ဆေးကဒ်စသောက်လို့ ရပါတယ်။ ထိုးဆေးထိုးလို့ ရပါတယ်။အကယ်၍များ ရာသီစပေါ်ပြီး (၅)ရက်နောက်ပိုင်းမှ ဆေးကဒ်ကို စသောက်မယ်၊ (၇)ရက်နောက်ပိုင်းမှ ထိုးဆေးထိုးမယ် ဒါမှမဟုတ် လက်မောင်းထဲပစ္စည်းထည့်မယ်ဆိုရင်ေတာ့ အာနိသင် ချက်ချင်းမပြတော့ဘူး။ (၇)ရက်စောင့်ရမယ်။ ဒီတော့ အမျိုးသားနဲ့ (၇)ရက်ရှောင်၊ ရှောင်ဖို့အဆင်မပြေရင် ကွန်ဒုံးသုံးဖို့ လိုလာပါပြီ။အိမ်ထောင်သက်ကြာနေသူတွေကို အမျိုးသားနဲ့ (၇)ရက်ရှောင်ပါ လို့ပြောလိုက်ရတာ လွယ်ပေမဲ့ ခုမှလက်ထပ်မယ့် မောင်နှံတွေအနေနဲ့ကျ အဆင်မပြေနိုင်ပါဘူး။ ကွန်ဒုံးသုံးရင်တော့ ရနိုင်ပေမယ့် အမျိုးသားကများ အမှတ်တရ မင်္ဂလာဦးညမှာ ဒါမျိုးတွေ မသုံးချင်ဘူးဆို အခက်တွေ့နိုင်ပါတယ်။ဒါကြောင့် အဲဒီလိုအနေအထားမျိုးမှာ ရှိနေမယ်ဆိုရင်တော့ လက်မထပ်ခင် (၇)ရက်ကြိုတင်ပြီး သားဆက်ခြားနည်း တစ်ခုခုကို ကြိုတင်အသုံးပြုထားဖို့ လိုပါလိမ့်မယ်။ ဒါမှ မင်္ဂလာဦးညအတွက် အကာအကွယ်ရပြီးသား ဖြစ်နေမှာပါ။ပိုနားလည်သွားအောင် ဥပမာပေးပါ့မယ်။ကိုယ် ရာသီစပေါ်တဲ့ရက် (ထပ်ပြောပါရစေ၊ ပြီးတဲ့ရက် မဟုတ်ပါ၊ စပေါ်တဲ့ရက်ပါ) က ဒီဇင်ဘာ (၄)ရက်နေ့။ လက်ထပ်မယ့်နေ့က ဒီဇင်ဘာ (၉)ရက်နေ့ ဆိုပါစို့။ ဒါဆို ဒီနေ့ ဒီဇင်ဘာ (၇)ရက်နေ့လောက်မှာ ဆေးကဒ်စသောက်လိုက်ပါ။ ရာသီစပေါ်ပြီး (၅)ရက်အတွင်းမှာ စသောက်တာ ဖြစ်တဲ့အတွက် ချက်ချင်းအာနိသင်ပြပါတယ်။ (၇)ရက်ရှောင်စရာ မလိုသလို ကွန်ဒုံးလည်း သုံးစရာ မလိုပါဘူး။ကိုယ် ရာသီစပေါ်တဲ့ရက်က ဒီဇင်ဘာ (၄)ရက်နေ့။ လက်ထပ်မယ့်နေ့က ဒီဇင်ဘာ (၁၇)ရက်နေ့။ အဲဒါဆို (၁၆)ရက်နေ့ကျမှ ဆေးကဒ်စသောက်ခဲ့မယ်ဆိုရင် ရာသီစပေါ်တဲ့ရက်ကတွက်ရင် (၅)ရက်ကျော်နေပြီ ဖြစ်တဲ့အတွက် ချက်ချင်းအာနိသင်မပြတော့ဘူး။(၇)ရက်ရှောင်ရလိမ့်မယ်၊ အနည်းဆုံးတော့ ကွန်ဒုံးသုံးရတော့မယ်။ ဒါကြောင့် ဒီလိုအနေအထားမှာဆို လက်မထပ်ခင်တစ်ပတ်အလို ဒီဇင်ဘာ (၁၀)ရက်နေ့ကတည်းက ဆေးစသောက်ထားမှ အဆင်ပြေပါလိမ့်မယ်။ဒီလောက်ဆို နားလည်ကြမယ် မျှော်လင့်ပါတယ်။ အနှစ်ချုပ်ပြန်ပြောရရင် ဟော်မုန်းပါတဲ့ နည်းတွေကို ဘယ်နှရက် ကြိုသုံးရမယ် ဆိုတာက ရာသီလာတဲ့ရက်ပေါ် မူတည်ပါတယ်။ရာသီစလာပြီး (၅)ရက်အတွင်း ဆေးစသောက်မယ်၊ (၇)ရက်အတွင်း ဆေးထိုးမယ်၊ လက်မောင်းထဲ ပစ္စည်းထည့်မယ်ဆိုရင် ချက်ချင်းအာနိသင်ပြတဲ့အတွက် တစ်ရက်ကြိုအသုံးပြုမယ်ဆို ရပါပြီ။အဲဒီအချိန်ကာလနောက်ပိုင်းမှာမှ ကိုယ့်မင်္ဂလာပွဲက လုပ်မယ်ဆိုရင်တော့ မင်္ဂလာပွဲမတိုင်မီ တစ်ပတ်အလိုမှာကတည်းက ကြိုတင်အသုံးပြုထားဖို့ လိုပါလိမ့်မယ်။ ပိုပြီး ပြည့်စုံအောင် ပြောရရင်တော့ မင်္ဂလာပွဲကလည်း သေချာနေပြီဆို မင်္ဂလာပွဲမတိုင်မီ လအနည်းငယ် ကြိုသုံးထားဖို့တောင် တချို့ဆရာဝန်တွေက အကြံပေးပါတယ်။ဘာလို့ဆိုတော့ ဟော်မုန်းပါတဲ့နည်းတွေသုံးရင် ဟော်မုန်းရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ခေါင်းမူးတာ၊ ပျို့အန်တာ၊ နောက် ရာသီမမှန်တာတွေ ဖြစ်တတ်တယ်။ အဲဒီတော့ မင်္ဂလာဆောင်ခါနီးမှ ကပ်သုံးလိုက်ရင် ဒါတွေကြုံရတဲ့အခါ ဟန်းနီးမွန်းထွက်တော့ အနှောင့်အယှက်ဖြစ်မယ်။ အေးဆေးမပျော်ရဘူးပေါ့။လအနည်းငယ်ကတည်းက ကြိုသုံးထားရင်တော့ အသားကျနေလိမ့်မှာမို့ ဒီလိုဘေးထွက်ဆိုးကျိုး ခံစားရတာတွေ အထိုက်အလိုက် နည်းကောင်းနည်းနိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/precontraception-guide/
အရိုးအဆစ်တွေ ဘာကြောင့်နာသလဲ
အရိုးအဆစ်နာခြင်းဟာ တွေ့ရများတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အကြောင်းရင်းများစွာကြောင့် ဖြစ်ပွားနိုင်ပါတယ်။ အောက်ပါ အခြေအနေတွေကြောင့် ဖြစ်တတ်ပါတယ်။ ကဲ ….. အရိုးအဆစ်တွေ ဘာကြောင့်နာသလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ကြည့်လိုက်နော်။အရိုးအဆစ်တွေ ဘာကြောင့်နာသလဲ ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။၁။ Osteoarthritis ရောဂါ ပိုမိုဆိုးရွားလာခြင်း။အသက်အရွယ်ကြီးသူတွေမှာ အရိုးအဆစ်နာခြင်းဟာOsteoarthritis(အသက်ကြီးချိန် ဒဏ်ကြောင့်အရိုးနုပျက်စီးကာ အရိုးအဆစ်ရောင်သောရောဂါ) ပိုမိုဆိုးရွားလာတဲ့ လက္ခဏာတစ်ရပ် အနေနဲ့ ပြတတ်ပါတယ်။ အဆစ်တစ်ခု ဒါမှမဟုတ် တစ်ခုထက် ပိုပြီး နာနေနိုင်ပါတယ်။ ဒီရောဂါဟာ အဆစ်နေရာက အရိုးကို ဖုံးအုပ်ကာကွယ်ထားတဲ့ အလွှာကို ပျက်စီးစေပြီး တစ်ရှူးများကို ရောင်ရမ်းစေတာကြောင့် နာကျင်တောင့်တင်းတဲ့ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ တခါတရံမှာ အသက်ငယ်သူတွေပါ ဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်အလေးချိန်များသူတွေနဲ့ ယခင်က အဆစ်မှာ ဆိုးဆိုးရွားရွား ဒဏ်ရာရဖူးသူတွေမှာ ဖြစ်တတ်ပါတယ်။၂။ အဆစ်ကို ဖုံးထားသော အလွှာ ရောင်ရမ်းခြင်း။မကြာသေးမီက အဆစ်မှာ ထိခိုက်ထားဖူးရင် ရုတ်တရက် ပြန်နာလာတာမျိုး ကြုံရနိုင်ပါတယ်။ ဒါဟာအဆစ်နဲ့ကြွက်သားအရွတ်ကို ဖုံးအုပ်ထားတဲ့ အလွှာပါးလေးဟာ ရောင်ရမ်းလာတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကို synovitisလို့ ခေါ်ပါတယ်။ နီရဲပြီး ရောင်ရမ်းနိုင်ပါတယ်။၃။ ဂေါက်ရောဂါ။အဆစ်ရဲ့ အရေပြားဟာ ပူပြီး နီရဲနာကျင်ခြင်းဟာ မကြာခဏ ဖြစ်နေတတ်ရင်ဂေါက်ရောဂါဒါမှမဟုတ် ဂေါက်နဲ့ ဆင်တူတဲ့ ရောဂါကြောင့် ဖြစ်ပါတယ်။ ဒီရောဂါဟာ ယူရစ်အက်ဆစ်တွေ (uric acid) စုပုံလာရင် ဖြစ်တတ်ပါတယ်။ ယူရစ်အက်ဆစ်ကို ကျောက်ကပ်က သေချာစွာ မစွန့်ထုတ်နိုင်ရင် စုပုံလာတတ်ပါတယ်။ အရမ်းများလာရင် အဆစ်ထဲမှာ ပုံဆောင်ခဲအသွင်နဲ့ ဖွဲ့စည်းသွားပါတယ်။ ဒီပုံဆောင်ခဲတွေဟာအဆစ်ကို ရောင်ရမ်းစေပြီး ဆိုးဆိုးရွားရွား နာကျင်စေပါတယ်။ အဆစ်ကို လှုပ်ရှားဖို့တောင် ခက်ခဲပြီး ခပ်ငွေ့ငွေ့ ဖျားတတ်ပါတယ်။ဒီရောဂါဟာ ခြေမကို ပထမဆုံး ထိခိုက်ပါတယ်။ ဂေါက်ရောဂါဖြစ်ကြောင်း မှန်ကန်စွာ အတည်ပြုနိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှ နောက်ပိုင်းနာကျင်ခြင်း၊ မသန်စွမ်းခြင်းကိစ္စတွေအတွက် ကြိုတင်ကုသနိုင်မှာ ဖြစ်ပါတယ်။ဂေါက်ရောဂါနဲ့ ဆင်တူတဲ့ရောဂါမှာတော့ ကယ်လ်စီယမ် ပုံဆောင်ခဲများအဖြစ် အဆစ်တဝိုက်မှာ ဖြစ်ပေါ်ပါတယ်။ ဂေါက်ရောဂါနဲ့ မတူတာက သူဟာ ဒူးခေါင်းမှာအရင် စဖြစ်ပါတယ်။၄။ ဒူးခေါင်းနောက်ဘက် အရိုးနုကိုထိခိုက်ခြင်း။လှေကား အတက်အဆင်း လုပ်စဉ်ဒူးခေါင်းနာတာ ဆိုးလာရင် ခုံညင်းရိုး ထိခိုက်ပျက်စီးတဲ့ ရောဂါ ဖြစ်နိုင်ပါတယ်။ သူ့ဆီမှာတော့ နီခြင်းပူခြင်း မရှိပါဘူး။အကြောင်းရင်းကို သေချာမသိရပေမယ့် ဒူးခေါင်းကို အလွန်အကျွံ သုံးခြင်းနဲ့ ဆက်စပ်နေပါတယ်။ဒီရောဂါကို မိမိဖာသာရေခဲအိတ် ကပ်ခြင်း၊ အရောင်ကျဆေး သောက်ခြင်း၊ အနားယူခြင်း စတာတွေနဲ့ ကုသနိုင်ပါတယ်။၅။ အဆစ်အတွင်း သွေးယိုခြင်း။ဒူးဆစ်မှာ မကြာသေးမီက ဒဏ်ရာရဖူးရင် (ဥပမာအရွတ်စုတ်ပြဲခြင်း၊ ဒူးခေါင်းကျိုးခြင်း) အဆစ်ထဲကိုသွေးယိုနိုင်ပါတယ်။ warfarin လိုသွေးကျဲဆေးသောက်နေတဲ့သူတွေမှာပိုဖြစ်နိုင်ပါတယ်။ သူ့လက္ခဏာတွေကတော့ ဒဏ်ရာရပြီးနောက်ပိုင်း ဒူးခေါင်းရောင်ရမ်းခြင်း၊ နွေးခြင်း၊ တောင့်တင်းခြင်း၊ သွေးခြည်ဥခြင်းစတာတွေ ဖြစ်ပါတယ်။၆။ တွေ့ရနည်းတတ်သောအကြောင်းများ။အဆစ် ရုတ်တရက်နာခြင်းသည် အောက်ပါအချက်တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ရှားရှားပါးပါးတွေ့ရတတ်တာတွေကတော့။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/causes-of-joint-pain/
လက်ထိခိုက်ဒဏ်ရာတွေအကြောင်း သိကောင်းစရာ
သင့်ကိုယ်ခန္ဓါရဲ့ အရိုးပေါင်း ၂၀၆ ချောင်းမှာ လက်မောင်းရိုး ၁ချောင်း၊ လက်ဖျံရိုး ၂ချောင်းနဲ့ လက်ကို ဖွဲ့စည်းထားပါတယ်။ သင့်လက်မှာ ကြွက်သား၊ အဆစ်၊ ကြွက်သားအရွတ်နဲ့ တခြားတစ်သျှူးတွေ ပါဝင်ပါတယ်။ အဲဒီ အစိတ်အပိုင်းတခုခုဟာ အားကစား၊ လဲကျခြင်း၊ မတော်တဆထိခိုက်မှု စတဲ့အရာတွေကြောင့် ဒဏ်ရာရတတ်ပါတယ်။ ဒဏ်ရာအမျီုးအစားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။တချို့ အာရုံကြောပြသနာများ၊ အဆစ်ရောင်ခြင်းနဲ့ ကင်ဆာများဟာ လက်တချောင်းလုံးကို ထိခိုက်နိုင်ပြီး နာကျင်မှု၊ ကြွက်သားတောင့်တင်းခြင်း၊ ရောင်ရမ်းခြင်း၊ လှုပ်ရှားရခက်ခြင်း စတာတွေကို ဖြစ်ပေါ်စေပါတယ်။ လက်မောင်း၊ လက်၊ လက်ကောက်ဝတ်၊ တံတောင်ဆစ်၊ ပခုံး စတဲ့ သီးသန့်နေရာတွေမှာလည်း ထိခိုက်ဒဏ်ရာ ဖြစ်တတ်ပါတယ်။ဘယ်လိုလက္ခဏာတွေလဲဆိုတာ ဖြစ်တဲ့အပေါ် မူတည်ပါတယ်။ အတွေ့အများဆုံးကတော့ နာကျင်မှုပဲ ဖြစ်ပါတယ်။ တခြားလက္ခဏာတွေကတော့ –။တချို့ ထိခိုက်ဒဏ်ရာတွေဟာ အောက်ပါပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။သာမန်ထိခိုက်တာမျိုးက များပါတယ်။ နေ့စဉ် ထိခိုက်မှုတွေ၊ အသုံးများခြင်းတွေ၊ ဒဏ်ရာတွေက ဖြစ်စေပါတယ်။ များသောအားဖြင့် –။သင့်ကလေးတွေဟာ ဆော့ကစားရာမှဖြစ်စေ၊ မတော်တဆ လဲကျခြင်းမှ ဖြစ်စေ လက်ဒဏ်ရာရနိုင်ပါတယ်။ အနီးကပ် လှုပ်ရှားရတဲ့ အားကစားတွေ (ဥပမာ နပန်း၊ ဘောလုံး)၊ အရှိန်များများသုံးရတဲ့ ကစားနည်းတွေ (စက်ဘီး၊ စကိတ်စီးခြင်း၊ နှင်းလျှောစီးခြင်း၊ ရေလွှာလျှောစီးခြင်း) စတာတွေဟာ ထိခိုက်မှု ဖြစ်နိုင်ခြေ များပါတယ်။ လက်ဖျံ၊ လက်ကောက်ဝတ်၊ လက်နဲ့ လက်ချောင်းများဟာ မကြာခဏ ဆိုသလို ထိခိုက်နိုင်ပါတယ်။ အရိုးဆစ်နားကို ထိခိုက်မိခြင်းကြောင့် ကြီးထွားစေတဲ့နေရာကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။အသက်ကြီးသူများဟာ ထိခိုက်နိုင်ခြေပိုများပြီး အရိုးလည်း ကျိုးနိုင်ပါတယ်။ အဲ့ဒီအရွယ်မှာ ကြွက်သားထုထည် နည်းပြီး အရိုးပွတတ်လို့ ဖြစ်ပါတယ်။ အမြင်အာရုံနဲ့ ကိုယ်နေဟန်ထား ဟန်ချက်ညီမှုမှာလည်း ပြသနာ ရှိတာမို့ မတော်တဆထိခိုက်မှု များတတ်ပါတယ်။။အရိုးကျိုးတယ်လို့ သံသယရှိရင် ရှေးဦးပြုစုခြင်းအနေနဲ့။သင့်လက်ကို ကျောက်ပတ်တီးဖြစ်ဖြစ်၊ လက်စည်းဖြစ်ဖြစ် သုံးမယ်ဆိုရင် ဆရာဝန်ဟာ ဘာ်လိုဂရုစိုက်ရမယ်ဆိုတာ ပြောပြပါလိမ့်မယ်။ မထိခိုက်တဲ့လက်ကို တတ်နိုင်သလောက် များများသုံးပေးပါ။ ကြွက်သားကို အလေ့အကျင့်ဖြစ်နေအောင် ဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။Translated by thant zin။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/%e1%80%9c%e1%80%80%e1%80%b9%e1%80%91%e1%80%ad%e1%80%81%e1%80%af%e1%80%ad%e1%80%80%e1%80%b9%e1%80%92%e1%80%8f%e1%80%b9%e1%80%9b%e1%80%ac%e1%80%b1%e1%80%90%e1%80%bc%e1%80%a1%e1%80%b1%e1%81%be%e1%80%80/
လွယ်လည်းလွယ် အကုန်အကျလည်းမရှိတဲ့နည်းနဲ့ နှလုံးကျန်းမာရေး စစ်ဆေးကြည့်ရအောင်
နှလုံးရောဂါဟာ တစ်နှစ်ကို ၁၈ သန်းလောက်အသက်ဆုံးရှုံးအောင်အန္တရာယ်ပေးနေတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံး ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါမဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ အလွန်ပဲအရေးကြီးလှပါတယ်။ဒီရောဂါ တွယ်ကပ်လာပြီဆိုရင် တခြားဆက်နွယ်ရောဂါတွေပါတွယ်ငြိလာနိုင်တာမို့ အလွန် အန္တရာယ်များတဲ့ရောဂါတစ်ခုပါ။ အကြမ်းဖျဉ်းအားဖြင့် ကိုယ်ရဲ့ နှလုံး ကျန်းမာခြင်းရှိ၊ မရှိသိထားမယ်ဆိုရင် ရောဂါကာကွယ်ရေးမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။နှလုံးရောဂါကို ကြိုတင်စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေအမျိုးမျိုးရှိထားပေမယ့် အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး နည်းလမ်းကတော့ stair-climbing test လို့ခေါ်တဲ့ လှေကားတက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ကိုယ့်ရဲ့နှလုံး ကျန်းမာရေးကို အလွယ်ကူဆုံးသိနိုင်စေမယ့်နည်းလမ်းကအထပ်မြင့်အဆောက်အအုံတစ်ခုရဲ့ လေးလွှာအထိကို ခြေလျင်တက်ကြည့်တာပါပဲ။ စပိန်နိုင်ငံမှာ ပြုလုပ်ထားတဲ့ သုတေသနရလဒ်အရ အထပ် ၄ ထပ်စာလှေကားကို အတက်အဆင်းလုပ်ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ နှလုံး အခြေအနေ ဘယ်အနေအထားရှိလဲဆိုတာကို အမြန်ဆုံးသိနိုင်စေလိမ့်မယ်လို့ဆိုပါတယ်။ဒါက ပုံမှန်မဟုတ်တဲ့စမ်းသပ်မှုနည်းလမ်းတစ်ခုဖြစ်ပြီး ဒီနည်းကို လေ့ကျင့်ခန်းတစ်ခုလို အသုံးချနေစရာတော့ မလိုဘူးလို့လည်းဆိုထားပါတယ်။ ဒီနည်းလမ်းဟာ လမ်းလျှောက်ပြီးဈေးသွားတာလိုမျိုး ပုံမှန်နေ့စဉ်ဘဝမှာ လုပ်ဖြစ်နေတာတွေကို အသုံးချပြီး ကိုယ့် နှလုံး ကျန်းမာရေးကို လေ့လာစမ်းသပ်နိုင်ဖို့ နည်းလမ်းတစ်မျိုးသာဖြစ်ပါတယ်။Stair-climbing test နည်းလမ်းဟာ လွယ်ကူရိုးရှင်းပြီး ထိရောက်မှု ရှိတယ်လို့ European Society of Cardiology က လည်း ထောက်ခံချက်ပေးထားပါတယ်။ဒီစမ်းသပ်မှုပြုလုပ်ကြတဲ့အခါ တကယ်လို့ သင်က တစ်မိနစ်အတွင်း ၄ လွှာကိုအရောက်တက်နိုင်တယ်ဆိုရင် သင့်နှလုံးက ပုံမှန်ကျန်းမာနေပါတယ်တဲ့။ တကယ်လို့ တစ်မိနစ် ဒါမှမဟုတ် တစ်မိနစ်ခွဲထက် ကျော်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်နှီးနှောဖို့ လိုအပ်တဲ့ အခြေအနေလို့ဆိုပါတယ်။ခုလိုမျိုး လှေကား ၄ ထပ်စာ (အနည်းဆုံး ခြေလှမ်း ၆၀) ကို တက်ရောက်ရာမှာ ပြေးလွှားပြီးတက်တာမျိုးမဟုတ်ပဲ ခြေလှမ်းမြန်မြန်နဲ့ တက်ရမှာဖြစ်ပြီး ၄ လွှာကိုတက်ရောက်ချိန်မှာ ကိုယ့်ရဲ့ပင်ပန်းနွမ်းနယ်နေမှု၊သက်လုံ၊ဒူးရဲ့ ခံနိုင်အားနဲ့ နှလုံးခုန်နှုန်းအခြေအနေတွေက ဆိုးရွားလွန်းမနေဘူးဆိုရင် သင်ကျန်းမာတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒီလို ပြုလုပ်တာကို metabolic equivalents (METs) တိုင်းတာခြင်းလို့ဆိုပါတယ်။၄ လွှာကို ၄၅ စက္ကန့်အတွင်း တက်လှမ်းနိုင်သူတွေဟာ MET ၉/၁၀ ရမှတ်ရရှိမှာဖြစ်ပါတယ်။ အလွန်ကျန်းမာတယ်ဆိုတဲ့ သဘောပါ။ ဒါ့အပြင် အဆိုပါ MET ရမှတ် ၁၀ ရရှိသူတွေဟာ တစ်နှစ်အတွင်း သေဆုံးနိုင်ခြေ ၁% သာရှိမှာဖြစ်ပြီးတော့ ရှေ့လာမယ့် ၁၀ နှစ်အတွင်း သေဆုံးနိုင်ခြေကတော့ ၁၀% သာရှိနေမှာဖြစ်ပါတယ်။၁ မိနစ်ခွဲဝန်းကျင်ကြာမြင့်သူတွေကတော့ MET ၈ မှတ်သာရရှိမှာဖြစ်ပြီးတော့ တစ်နှစ်အတွင်း သေဆုံးနိုင်ခြေ ၂ ကနေ ၄% အထိရှိပါတယ်။ ၁၀ နှစ်အတွင်း သေဆုံးနိုင်ခြေကတော့ ၃၀% ပါတဲ့။ ဒါပေမယ့် လေ့လာချက်အရ စမ်းသပ်ခံသူတွေရဲ့ ၅၈% လောက်ဟာ ၁ မိနစ်ခွဲနဲ့အထက် ကြာမြင့်ခဲ့ကြပြီး ဆရာဝန်ပြရမယ့် အခြေအနေမျိုးကို ပိုင်ဆိုင်ထားကြသူတွေ ဖြစ်ခဲ့ကြပါတယ်။Stair-climbing test စမ်းသပ်ချက်က ကိုယ့်မှာ ဘယ်လို နှလုံးဆိုင်ရာ ကျန်းမာရေးပြဿနာရှိတယ်ဆိုတာကို ဖော်ပြပေးနိုင်မှာမဟုတ်ပေမယ့် ကိုယ့်နှလုံး သာမာန်အတိုင်း ကျန်းမာခြင်းရှိမရှိကိုတော့ ကောင်းကောင်းပြောပြနိုင်မယ့် နည်းလမ်းဖြစ်တာမို့ ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ရတာဖြစ်ပါတယ်။နှလုံးရောဂါဟာ ဒီကနေ့ခေတ်မှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပေမယ့်ကာကွယ်တားဆီးလို့ရနိုင်တဲ့ ရောဂါတစ်ခုလည်းဖြစ်ပါတယ်။ ကိုယ့်နှလုံးကျန်းမာရေးအခြေအနေကို သိထားတယ်ဆိုရင် ကာကွယ်မှုတွေ ကုသမှုတွေ ကြိုတင်ပြုလုပ်နိုင်မယ်မဟုတ်လား။တကယ်တမ်းအားဖြင့် လူတွေမှာ နှလုံးရောဂါစွဲကပ်စေရတဲ့ အဓိကအချက်ကစားသောက်နေထိုင်မှုပိုင်းမှာ အကျင့်ဆိုးတွေရှိနေတာကြောင့်ပါ။ အဝလွန်တာတွေ၊ အရက်သေစာနဲ့ ဆေးလိပ်အလွန်အကျွံသောက်သုံးတာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအသောက်တွေကို အလွန်အကျုးမှီဝဲတာတွေကြောင့် နှလုံးနဲ့သက်ဆိုင်တဲ့ ဝေဒနာတွေ စွဲကပ်နိုင်ပါတယ်။ ဒါကြောင့် ဒီအချက်တွေကို ရှောင်ကျဉ်ဖို့လည်း တိုက်တွန်းအကြံပေးလိုက်ရပါတယ်။ကဲ … အလွယ်ကူဆုံး နည်းလမ်းနဲ့ နှလုံးကျန်းမာရေး စစ်ဆေးကြည့်ရအောင် လား …………..။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/how-fast-can-you-climb-4-flights-of-stairs-it-may-reveal-your-heart-health/
ကိုယ့်အိမ်မှာပဲခြေသည်းလက်သည်းကိုအလှဆုံးပုံဖော်နိုင်ဖို့အဆင့်၇ဆင့်
ကိုယ့်အိမ်မှာပဲခြေသည်းလက်သည်းကိုအလှဆုံးပုံဖော်နိုင်ဖို့အဆင့်၇ဆင့်။ဆိုင်မှာခြေသည်းလက်သည်းညှပ်ရတာပုံဖော်ရတာဟာအလှအပအတွက်အရေးကြီးသလိုပျော်ဖို့လည်းကောင်းပါတယ်။ ဒါပေမယ့်ဆိုင်သွားဖို့အချိန်ဒါမှမဟုတ်ပိုက်ဆံကသင့်ဆီမှာအမြဲတမ်းရှိချင်မှရှိနေမှာပါ။ ဒီလိုအခြေအနေမျိုးနဲ့ရင်ဆိုင်ရပြီဆိုရင်သင့်ဆီမှာပစ္စည်းကိရိယာလေးတွေစုံစုံလင်လင်ရှိရုံနဲ့ဆိုင်သွားစရာမလိုဘဲကိုယ့်ဖာသာအိမ်မှာခြေသည်းလက်သည်းအလှဆင်နိုင်ပါပြီ။လိုအပ်တဲ့ပစ္စည်းကိရိယာလေးတွေက။အဆင့်၁။ ။ အရင်ဆိုးထားတဲ့ လက်သည်းဆိုးဆေးတွေကို အရင်ဖျက်ပါ။ပထမဆုံးအဆင့်အနေနဲ့acetoneမပါဝင်တဲ့လက်သည်းဖျက်ဆေးကိုသုံးပြီးလက်သည်းဆိုးဆေးအဟောင်းတွေကိုဖယ်ရှားပစ်ပါ(acetoneကအရမ်းပြင်းပါတယ်)။ ပြီးရင်လက်သည်းညှပ်နဲ့ပုံဖော်ကိရိယာလေး(nail file) ကို သုံးပြီး လက်သည်းကို လိုချင်တဲ့ပုံစံနဲ့ အရှည်ဖြစ်အောင်ပုံဖော်ပါ။ ဒီနေရာမှာ ပြောစရာရှိတာက သင့်ရဲ့နူးညံ့လှတဲ့ လက်သည်းလေးတွေကို အကောင်းဆုံးပုံဖော်နိုင်ဖို့နဲ့ အောက်ကခံထားတဲ့ ဘုတ်ပြားကိုမထိခိုက်စေဖို့ ဖန်နဲ့လုပ်ထားတဲ့ပုံဖော်ကိရိယာကို သုံးသင့်ပါတယ်။ အဲ့ဒီနောက်မှာဖော့တုံးလေးတွေကိုသုံးပြီး လက်သည်းခွံလေးတွေကို ပြောင်ချောသွားအောင် လုပ်ပေးရပါမယ်။ ပိုပြီးတောက်ပြောင်စေဖို့အတွက် ပိုနူးညံ့ညီညာတဲ့ ဖော့တုံးလေးကိုသုံးပြီးထပ်လုပ်နိုင်ပါတယ်။အဆင့်၂။ ။ ခြေ၊လက်တွေကိုရေထဲမှာစိမ်ပြီးဂျီးချွတ်ပါ။လက်တွေကိုရေထဲမှာ၂မိနစ်၃မိနစ်လောက် ၊ခြေထောက်ဆိုရင် ၅မိနစ်လောက်စိမ်ထားပါ။ အခုဆိုရင် ဂျီးချွတ်ချိန်ရောက်ပါပြီ။ အိမ်မှာအလွယ်တကူရနိုင်တဲ့ သကြားစားပွဲတင်ဇွန်း တစ်ဇွန်းစာကို ကလေးတွေကိုယ်လိမ်းတဲ့ baby oil gel စားပွဲတင်ဇွန်းတဇွန်းနဲ့ ရောသမပြီး ခြောက်သွေ့နေတဲ့ ဆဲလ်အသေတွေကို တိုက်ချွတ်ဖယ်ရှားပစ်ပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် အနံ့လေးလည်းမွှေးသွားတဲ့အပြင် အရေပြားဟာ ပိုးသားလေးလိုနူးညံ့တောက်ပသွားမှာပါ။ ပြီးရင်တော့ ရေပြန်ဆေးပြီး ခြောက်အောင်သုတ်ရပါမယ်။အဆင့်၃။ ။ လက်သည်းခြေသည်း အောက်ခြေက အရေပြားပါးပါးလေးတွေကို (ခြေပန်းကုံး၊လက်ပန်းကုံးလို့လည်းခေါ်တယ်) ဂရုစိုက်ပါ။အဲ့ဒီအရေပြားပါးပါးလေးတွေကို အဆီအနည်းငယ် ပွတ်ပေးခြင်းအားဖြင့် နူညံ့လာအောင်လုပ်ပါ။ အခုဆိုရင် ခြေပန်းကုံး၊ လက်ပန်းကုံးလေးတွေဟာနူးညံ့အိစက်နေပါပြီ။ ဒီအချိန်မှာပိုပြီးလှပသွားစေဖို့အတွက်တုတ်ချောင်းလေးတွေ(orangewood stick) နဲ့အသာအယာလိုက်ဖိပေးရပါမယ်။ လက်သည်းခွံအောက်က အညစ်အကြေးလေးတွေကို ဖယ်ထုတ်ဖို့လည်း ဒီတုတ်ချောင်းလေးတွေကို သုံးနိုင်ပါတယ်။ ကဲအခု တကယ်ပျော်ဖို့ကောင်းတဲ့အပိုင်းကို ရောက်လာပါပြီ။ မာဆတ် လုပ်ကြမယ် ။ နှိပ်နယ်ကြမယ်လေ။ ဗီတာမင်များများပါတဲ့ moisturizer တစ်မျိုးမျိုးကိုယူပြီး အောက်ခြေအရေပြားလေး တွေပေါ်ကို အသာအယာ သုတ်ပေးပါ။ လက်တင်မကဖူးနော် ဖနောင့်တို့ ၊ခြေဖဝါးတို့ ၊ခြေပန်းကုံး တို့ကို လည်းနှိပ်နယ် ပေးဖို့မမေ့စေနဲ့ဦး။ ဟုတ်ပြီ။ နောက်တဆင့်ကိုမတက်ခင် acetone မပါတဲ့ လက်သည်း ဖျက်ဆေးလေးနဲ့ ခုနက လက်ပန်းကုံးလေးတွေမှာ သုတ်ထားတဲ့ အဆီလေးတွေနဲ့ moisturizer တွေကို ပြန်လိုက်ဖျက်ပေးပါ။ လက်သည်းဆိုးဆေး ကြာကြာခံဖို့အဓိကသော့ချက်က သန့်ရှင်းနေတဲ့ လက်သည်းလေးတွေ ဆိုတာလည်း မမေ့နဲ့ဦးနော်။အဆင့်၄။ ။ အောက်ခံဆေးဆိုးဖို့ မမေ့စေနဲ့။လက်သည်းခွံ မျက်နှာပြင်လေး ပိုပြီးညီညီညာညာရှိဖို့အတွက် အောက်ခံဆေး အရင်ဆိုးပေးဖို့မမေ့နဲ့နော်။ ပါးပါးလေး တစ်လွှာဆိုးရင်လုံလောက်ပါတယ်။အဆင့်၅။ ။ ကြိုက်ရာအရောင်ရွေးပြီး လက်သည်းဆိုးပေတော့။လက်သည်းဆိုးတဲ့အခါ ခပ်ပါးပါးနှစ်လွှာဆွဲပါ။ တစ်လွှာဆွဲပြီး ခြောက်ပြီဆိုတော့မှ နောက်တစ်လွှာထပ်ဆွဲပါ။ ဆိုင်က တကယ့်ကျွမ်းကျင်သူတွေလုပ်သလို လုပ်ဖို့ဆိုရင် (ဒါကအရေးအကြီးဆုံးပဲ ဟုတ်တယ်မလား) လက်သည်းဆိုးဆေးကို ဆွဲတဲ့အခါလက်သည်း အလည်ခေါင်တည့်တည့်မှာ အပေါ်ကနေအောက်ကို အရင်ဆွဲချပါ ။ ပြီးတော့မှ ဘေးဘယ်ညာနှစ်ဖက်ကိုလည်း ခုနကလိုထပ်ပြီးဆွဲချရပါမယ်။ အဓိကအချက်က လက်သည်းဆိုးဆေးဆိုးတဲ့အခါ အလွှာလေးတွေကို တတ်နိုင်သမျှ ပါးပါးလေးဆွဲရပါမယ်။ ဒီလိုပါးပါးလေးဆွဲခြင်းအားဖြင့် ကြာကြာလည်းခံသလို မြန်မြန်လည်းခြောက်စေပါတယ်။အဆင့်၆။ ။ အရောင်တင်ပါ။အပေါ်လွှာတစ်ဆင့်ထပ်တင်တာဟာအရောင်ပိုတောက်ပအောင်လုပ်တယ်ဆိုတာထက်ပိုပါတယ်။ အပေါ်လွှာထပ်တင်လိုက်တဲ့အတွက်အောက်ကဆိုးခဲ့တဲ့အလွှာမှာနည်းနည်းမသေမသပ်မညီမညာတာမျိုးတွေရှိခဲ့ရင်လည်း ပြန်ညှိပြီးသားဖြစ်သွားလို့အဆင်ပြေလှပါတယ်။ အပေါ်လွှာအတွက်တော့တစ်ထပ်ဆွဲရင်ရပါပြီ။ နောက်ရက်တွေမှာလည်းအပေါ်လွှာလေးထပ်ထပ်တင်ပေးမယ်ဆိုရင်သင့်လက်သည်းနီ၊ခြေသည်းနီလေးက တစ်ပတ်တာလုံးသစ်လွင်လှပနေမှာပါ။အဆင့်၇။ ။ စိတ်အေးအေးထားပြီးနှပ်နေပါ။ ဘာကိုမှလျှောက်မကိုင်ပါနဲ့။ကဲလက်သည်းခြေသည်းတွေ အလှဆင်လို့တော့ပြီးပြီ။ အခုလုပ်ရမှာက ဘာမှမလုပ်ဖို့ပါပဲ။ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဖို့ ပြီးပြည့်စုံစွာ အဆုံးသတ်ဖို့ဆိုရင် လက်သည်းကိုခြောက်အောင် လုပ်ပေးတဲ့ အရည်လေးတွေကို လက်သည်းပေါ် သုံးလေးစက်လောက်ချပေးပါ။ ဒါက လုပ်ကိုလုပ်ရမယ်ရယ်တော့ မဟုတ်ပါဖူး။ သင့်သဘောပါ။ ဒါပေမယ့် ဒီလို အစက်လေးတွေချပေးလိုက်ရင် လက်သည်းက ခါတိုင်းထက် ပိုပြီးမြန်မြန်ခြောက်သွားမှာ ကတော့ အသေအချာပါပဲ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/nail-care/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b7%e1%80%ba%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%be%e1%80%ac%e1%80%95%e1%80%b2%e1%80%81%e1%80%bc%e1%80%b1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8/
ကလေးအသားအရေနဲ့ ပတ်သက်ပြီး ဘာတွေများသိထားသင့်လဲ
အသစ်စက်စက်မိဘဖြစ်လာသူတွေအနေနဲ့ သားသမီးကို အစစအရာရာသေချာဂရုစိုက်ပေးဖို့ လိုပါမယ်။ ဒီလိုဂရုစိုက်ပေးတယ်ဆိုတဲ့နေရာမှာလည်း အဝတ်အစား အသုံးအဆောင်တွေကိုပါ ဂရုစိုက်ပေးရမှာပါ။ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းရွေးချယ်တဲ့အခါမျိုးမှာလည်း ကလေးအသားအရေကို ထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ မပါဝင်တာမျိုးကို ရွေးချယ်မိဖို့လိုပါတယ်။ ဒီလိုဆိုတော့ ကလေးအသားအရေနဲ့ ပတ်သက်ပြီး သိထားသင့်တာတွေ ရှိတာပေါ့။မွေးကင်းစကလေးငယ်ရဲ့ အသားအရေက အရမ်းကိုနူးညံ့ပြီး ထိခိုက်ခံနိုင်ရည်ကလည်း တော်တော်လေးနည်းပါတယ်။ မိဘတွေအနေနဲ့လည်း ကလေးငယ်အသားအရေကို ထိခိုက်မှာကို တော်တော်စိုးရိမ်တတ်ကြတာက အဆန်းတော့မဟုတ်ပါဘူး။ ကလေးတွေရဲ့ အသားအရေက အရမ်းကို ထိခိုက်လွယ်တာကြောင့် သေချာဂရုမစိုက်ပေးရင်တော့ အရေပြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဖေဖေမေမေတို့ သိထားဖို့လိုမယ့် ကလေးအရေပြားနဲ့ ပတ်သက်တဲ့အကြောင်းအရာလေးတွေကို အခုဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။မွေးကင်းစကနေ တစ်နှစ်လောက်အတွင်းမှာ ကလေးငယ်ရဲ့ အသားအရေက ဖွံ့ဖြိုးနေဆဲဖြစ်တာကြောင့် အရေပြားပေါ်မှာ မိတ်လိုမျိုး အဖုပိမ့်တွေ၊ အသားအရေမညီညာတာနဲ့ အရေပြားပေါ်မှာ အနီရောင်အကွက်လေးတွေဖြစ်ပေါ်တာက ပုံမှန်လို့ပဲပြောရပါမယ်။ ကလေးအသက်တစ်နှစ်မပြည့်ခင်အထိ အရေပြားအပေါ်ယံလွှာက အပြည့်အဝမဖွံ့ဖြိုးသေးပါဘူး။မွေးကင်းစကလေးငယ်တွေရဲ့ အရေပြားဟာ အရွယ်ရောက်တဲ့ကလေးငယ်တွေရဲ့ အရေပြားထက် ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက်အထိ ပိုပြီးပါးလွှာသလို အရေပြားခြောက်သွေ့တာနဲ့ ဓာတ်မတည့်တာကို ခံနိုင်ရည်ကလည်း တော်တော်လေးနည်းပါသေးတယ်။ ဥပမာ ကလေးငယ်တွေက သေးခံကနေတဆင့် ဆီးတွေနဲ့ အညစ်အကြေးတွေနဲ့ ထိတွေ့မိတာမျိုးဖြစ်နိုင်တာကြောင့် အရေပြားဓာတ်မတည့်တာမျိုးခံစားရနိုင်ခြေက တော်တော်ကိုများပါတယ်။ရေချိုးပေးတဲ့အခါ။မိဘတွေက ကိုယ့်ရင်သွေးကို သန့်သန့်ရှင်းရှင်းလေးဖြစ်စေချင်တာကြောင့် နေ့တိုင်းလိုလိုရေချိုးပေးချင်ပါလိမ့်မယ်။ ကလေးငယ်လေးတွေက လူကြီးတွေလို လှုပ်ရှားမှုမရှိသလိုချွေးလည်း သိပ်မထွက်ကြတာကြောင့် နေ့တိုင်းရေချိုးပေးဖို့တော့မလိုပါဘူး။ ကလေးကိုတစ်ပတ် ၃ကြိမ်လောက်ရေချိုးပေးရင်ကိုရပါပြီ။ကလေးကိုရေချိုးပေးတဲ့အခါမှာလည်း လူကြီးတွေအတွက်ထုတ်ထားတဲ့ ဆပ်ပြာမျိုးနဲ့မချိုးပေးဘဲ ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာတုံး ဒါမှမဟုတ် ဆပ်ပြာရည်ကိုသုံးပြီး ချိုးပေးရပါမယ်။ ရေချိုးပေးတဲ့အခါမှာလည်း ရေပူထက် ရေခပ်နွေးနွေးလေးနဲ့ ချိုးပေးတာက ကလေးအသားအရေအတွက်ရော ကျန်းမာရေးအတွက်ပါကောင်းမွန်စေမှာဖြစ်ပါတယ်။ကလေးကို ရေချိုးဆပ်ပြာအသစ်တွေကို အရင်မစမ်းကြည့်ဘဲ မသုံးပေးပါနဲ့။ နောက်တစ်ချက်က ဘက်တီးရီးယားသေစေနိုင်တဲ့ဆိုတဲ့ ဆပ်ပြာတွေပါ။ ဒီဆပ်ပြာတွေက အရမ်းပြင်းတာကြောင့် ကလေးငယ်ရဲ့ အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ ကလေးကို ရေချိုးပေးပြီးတဲ့ အခါမှာလည်း တဘက်စနုနုလေးကို သုံးပြီးရေသုတ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးအရေပြားမှာ မလိုအပ်ဘဲ ထိခိုက်ပွန်းပဲ့တာမျိုးကနေ ကာကွယ်ပြီးသားဖြစ်မှာပါ။ပေါင်ဒါလိမ်းပေးတဲ့အခါ။ကလေးအတွက်ပေါင်ဒါရွေးချယ်တဲ့အခါမှာလည်း တော်တော်လေးသတိထားဖို့ လိုပါမယ်။ အဓိကသတိထားရမှာက ကလေးတွေအတွက်သီးသန့်ထုတ်ထားတဲ့ ပေါင်ဒါဖြစ်ဖို့ပါ။ပေါင်ဒါရွေးချယ်တဲ့အခါ အနံ့ပြင်းတာနဲ့ ကလေးအရေပြားကို ဓာတ်မတည့်မှုတွေဖြစ်စေနိုင်တဲ့အရာတွေ အသုံးပြုထားတာကို ရှောင်ကြဉ်ဖို့လိုပါမယ်။ကလေးသေးခံ ရွေးချယ်တဲ့အခါ။ကလေးသေးခံက ကလေးကို သန့်ရှင်းနေစေဖို့အတွက် တော်တော့်ကို အသုံးဝင်ပါတယ်။ ဒါပေမယ့်ကလေးသေးခံအချို့က ကလေးအရေပြားကို ထိခိုက်စေပြီး ပိုးဝင်ကူးစက်တာမျိုးဖြစ်စေနိုင်ပါတယ်။ သေးခံက စိုနေတာကို မလဲဘဲအကြာကြီးထားမိမယ်ဆိုရင် ကလေးအရေပြားမှာ သေးခံလောင်တာလိုမျိုး အရေပြားပြဿနာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးသေးခံကို မကြာမကြာလဲပေးဖို့လိုပါမယ်။တကယ်လို့များ ကလေးသေးခံဝတ်ထားတဲ့နေရာတွေမှာ အရေပြားပွန်းပဲ့တာမျိုးတွေဖြစ်နေမယ်ဆိုရင် အခြားသေးခံအမျိုးအစားကို ပြောင်းလဲဝယ်ယူဖို့လုပ်ပါ။ ကလေးကိုသေးခံအစိုကြီးနဲ့ အကြာကြီးထားမိတာမျိုး မဖြစ်အောင်သတိပြုဖို့ လိုသလို သေးခံလဲပေးတဲ့အခါတိုင်းမှာလည်း Baby wipes ကိုသုံးပြီး သန့်ရှင်းပေးဖို့လိုပါမယ်။ သေးခံကို အရမ်းတင်းတင်းကျပ်ကျပ်ကြီး မဝတ်ပေးမိဖို့လည်း သတိပြုပါ။မွေးကင်းစကလေးငယ်လေးတွေမှာ မိတ်လိုမျိုးအဖုအပိမ့်လေးတွေထွက်တတ်တယ်။မွေးကင်းစကလေးငယ်တော်တော်များများရဲ့ အရေပြားမှာ မိတ်လိုမျိုး အဖုအပိမ့်လေးတွေဖြစ်တတ်ပါတယ်။ အချို့ကလေးတွေမှာ အဖြူရောင်အဖုလေးတွေနဲ့ ဝက်ခြံလိုမျိုး အဖုလေးတွေဖြစ်တတ်ပါတယ်။ ဒါတွေက အရမ်းစိုးရိမ်ဖို့မလိုပါဘူး။ အချိန်အတိုင်းအတာတစ်ခုရောက်တဲ့အခါ အလိုလိုသက်သာပျောက်ကင်းသွားတတ်ပါတယ်။ကလေးတစ်ယောက်နဲ့ တစ်ယောက်မှာပျောက်ကင်းသက်သာသွားတဲ့ အချိန်အပိုင်းအခြား ကွာခြားတာမျိုးတော့ရှိနိုင်ပါတယ်။ ဒီအရေပြားပြဿနာတွေက အချိန်တော်တော်ကြာတဲ့အထိမပျောက်ကင်းဘဲ ပိုဆိုးလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့ လိုပါလိမ့်မယ်။တစ်ခါတလေ ကလေးအရေပြားမှာဖြစ်တဲ့ အဖုအပိမ့်တွေ၊ အနီစက်တွေက ကလေးတွေမှာဖြစ်တတ်တဲ့ ခြေ၊ လက်၊ ပါးစပ်ရောဂါ၊ရေကျောက်ပေါက်တာ၊ ဝက်သက်၊သွေးလွန်တုပ်ကွေးနဲ့ ဦးနှောက်ပိုးဝင်တဲ့ရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာတွေဖြစ်နေတတ်ပါတယ်။ အခုလိုမျိုး လက္ခဏာတွေဖြစ်လာရင် ဆရာဝန်နဲ့ သွားရောက်ပြသပေးပါ။အရေပြားမှာ အဖုအပိမ့်ဖြစ်တာက ဓာတ်မတည့်တဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ကလေးအရေပြားမှာ အနီရောင်အဖုအပိမ့်တွေ ထွက်တာကခြင်ကိုက်တာကြောင့်ဖြစ်နိုင်သလို မိတ်ထွက်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒီလို အရေပြားပြဿနာတွေကြောင့်လည်း အရေပြားမှာ ယားယံတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အစားအစာဓာတ်မတည့်တာ၊ ပိုးမွှားတွေ ကိုက်ခံရတဲ့အခါမျိုးမှာလည်း အရေပြားမှာ အနီရောင်အဖုအပိမ့်တွေထွက်နိုင်ပါတယ်။နှင်းခူဖြစ်ချင်တဲ့အခါမျိုးမှာလည်း အရေပြားမှာ နီမြန်းယားယံတာမျိုးတွေဖြစ်နိုင်ပါတယ်။အရေပြား အဖတ်လန်တာမျိုးဖြစ်နိုင်ပါတယ်။ကလေးငယ်ရဲ့ အသားအရေက အစိုဓာတ်ကို ထိန်းသိမ်းနိုင်စွမ်းနည်းတာကြောင့် အရေပြားခြောက်သွေ့ အဖတ်လန်တာမျိုးတွေခံစားရနိုင်ပါတယ်။ မိခင်ဝမ်းထဲကနေမွေးဖွားလာပြီး ၂ ရက်ကနေ ၃ ရက်အတွင်းမှာ ပြင်ပလေနဲ့ ထိတွေ့မှုကြောင့် ကလေးမှာ အရေပြားအဖတ်လန်တာလေးတွေ စတင်ဖြစ်လာနိုင်ပါတယ်။ ဒါကလည်း ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတစ်ရပ်ပါ။အသားအရေ ခြောက်သွေ့နိုင်ပါတယ်။ကလေးအရေပြားက ခြောက်သွေ့လွယ်ပါတယ်။ ဒီလိုခြောက်သွေ့တဲ့အခါ ကလေးအရေပြားမှာ အစိုဓာတ်ပြည့်ဝပြီး နူးညံ့ချောမွေ့စေဖို့အတွက်ကလေးသုံး moisturizerလိုမျိုး အစိုဓာတ်ထိန်းပေးနိုင်မယ့် တစ်မျိုးမျိုးလူးပေးလို့ရပါတယ်။ကလေးအရေပြားမခြောက်သွေ့အောင်လုပ်လို့ရတဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ကလေးကို ရေခဏခဏချိုးပေးတာမျိုး မလုပ်ဖို့ပါ။ ကလေးကို ရေခဏခဏချိုးပေးတဲ့အခါ အရေပြားပေါ်က အစိုဓာတ်နဲ့ အာဟာရဓာတ်တွေ ဆုံးရှုံးစေနိုင်ပါတယ်။ ရေချိုးပေးတဲ့အခါမှာလည်း ကလေးတွေအတွက် ထုတ်ထားတဲ့ ဆပ်ပြာကို ရွေးချယ်ပေးဖို့ မမေ့ပါနဲ့။ ကလေးကငယ်သေးရင် ရေသန့်သန့်လေးနဲ့ ချိုးပေးရင်တောင် ရပါပြီ။ကလေးအဝတ်တွေကို လျှော်ဖွတ်တဲ့ ဆပ်ပြာမှုန့်တွေကို ဂရုစိုက်ရွေးချယ်ပါ။ကလေးအဝတ်တွေကို လျှော်ဖွတ်ဖို့ ဆပ်ပြာမှုန့်ရွေးချယ်တဲ့အခါမျိုးမှာလည်း အရမ်းမပြင်းဘဲ၊ ဆိုးဆေးတွေ၊ အစွန်းချွတ်ဆေးတွေလိုမျိုး ဓာတုပစ္စည်းတွေမပါဝင်တာမျိုးကို ရွေးချယ်ဖို့လိုပါမယ်။ ကလေးတွေရဲ့ အရေပြားက နူးညံ့တာကြောင့် ဆပ်ပြာမှုန့်တွေ အများကြီးသုံးပြီး အဝတ်အစားတွေကို လျှော်တာမျိုးလည်းမလုပ်ပါနဲ့။ တကယ်လို့ ဆပ်ပြာမှုန့်ကြောင့် ကလေးအရေပြားမှာ ဓာတ်မတည့်တာမျိုးတွေ ဖြစ်လာမယ်ဆိုရင် ဆက်မသုံးဖို့လိုပါမယ်။မွေးကင်းစကလေးငယ်တွေရဲ့ အသားအရေက အရမ်းကို နူးညံ့ထိခိုက်လွယ်သလို ကိုယ်ခံအားစနစ်ကလည်း ထိခိုက်လွယ်ပါတယ်။ ဒါကြောင့် မေမေတွေအနေနဲ့ ကလေးအသားအရေကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားဖို့လိုပါမယ်။ကလေးကို မွေးစကနေ ၆ လအတွင်း နေရောင်နဲ့ တိုက်ရိုက်မထိတွေ့အောင် ထားရပါမယ်။ အပြင်သွားတဲ့အခါ ကလေးကို အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေ ဝတ်ဆင်ပေးတာ ဦးထုပ်ဆောင်းပေးတာမျိုးတွေ လုပ်ပေးဖို့ လိုပါမယ်။ကလေးကို ထားရှိမယ့် ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပေးပါ။ကလေးမှာ မိတ်ထွက်နေရင် ချည်သားအပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ပေးပါ။ ကလေးရှိတဲ့နေရာကို အေးမြအောင် လုပ်ပေးပါ။ကလေးအတွက် အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေ ရွေးချယ်တဲ့အခါ ဆိုးဆေး၊ အနံ့၊ တာရှည်ခံဆေးလိုမျိုး အရေပြားကိုထိခိုက်စေနိုင်တဲ့ အရာတွေကို သတိထားကြည့်ဖို့လိုပါမယ်။အခုလောက်ဆိုရင် ဖေဖေမေမေတွေအနေနဲ့ ကိုယ့်ရင်သွေးလေးတွေကို အရေပြားပြဿနာကင်းတဲ့ ရင်သွေးတွေအဖြစ်ပျိုးထောင်ပေးဖို့ အဆင်ပြေလောက်မယ်ထင်ပါတယ်။ ကျန်းမာတဲ့ ကလေးငယ်တွေအဖြစ် ပျိုးထောင်နိုင်ကြပါစေကြောင်း။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/what-you-should-know-about-baby-skin/
ရေမြွာရည်ပိုးဝင်ကူးစက်ခြင်း
ကိုယ်ဝန်ဆောင်ချိန်က မိခင်ရော ကလေးပါ ကျန်းမာဖို့ လိုတာကြောင့် ပေါ့ပေါ့ဆဆ နေလို့ မဖြစ်ပါဘူး။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်မေမေတို့ သိထားဖို့ လိုမယ့်ရေမြွာရည်ကို ပိုးဝင်ကူးစက်တဲ့ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ကဲ …. ရေမြွာရည်ပိုးဝင်ကူးစက်ခြင်း ဆိုတာ ဘာလဲ ဆိုတာကို ကြည့်လိုက်ရအောင်နော်။ရေမြွာ ဆိုတာက အရည်တွေနဲ့ ပြည့်နေတဲ့ အိတ်လေးပါ။ ရေမြွာအိတ်ကလေးကဘေဘီလေးအတွက် အိမ်ကလေးပေါ့။ ဘေဘီလေးရဲ့ ရှင်သန်ကြီးထွားမှုကို ထောက်ပံ့ပေးနေတဲ့ စနစ်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တဲ့ ရေမြွာရည်တွေက သားအိမ်ထဲကသန္ဓေသားလေးကို ဖုံးလွှမ်းပေးထားပါတယ်။ ရေမြွာအိတ်ဟာ တစ်ခါတလေမှာ အရည် နည်းလွန်းတာတွေ၊ များလွန်းတာတွေ ဖြစ်တတ်ပြီး ဒါတွေကအချင်းကို ပိုးဝင်စေပါတယ်။ရေမြွာရည်ပိုးဝင်ကူးစက်ခြင်း ဆိုတာက သန္ဓေသား၊ ချက်ကြိုး၊ အချင်းတို့ကို ကာကွယ်ပေးထားတဲ့ ရေမြွာအိတ်ရဲ့ အမြှေးပါး ဒါမှမဟုတ် အရည်ထဲကို ဝင်ရောက် ကူးစက်တာပါ။ ဒီ ကူးစက်မှုက မိခင်ရော ကလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ များသောအားဖြင့်မိန်းမကိုယ်ကနေတဆင့် ဘက်တီးရီးယားတွေ ကူးစက်တာကြောင့် ဖြစ်ရတာပါ။E. coliဒါမှမဟုတ် B streptococci အမျိုးအစားဘက်တီးရီးယားတွေကူးစက်ခံရတာကြောင့် ဖြစ်တာပါ။ ကိုယ်ဝန်ဆောင်ကာလ ၃၅ ပတ်လောက်မှာ စစ်ဆေး သိရှိ နိုင်ပါတယ်။ဘယ်လောက်ထိ အဖြစ်များလဲ။ကိုယ်ဝန်ဆောင် အမျိုးသမီး ၅ ဦးမှာ ၂ ဦးလောက် ရေမြွာရည် ပိုးဝင်ကူးစက်တာကို ခံစားကြရပါတယ်။ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ။ဘယ်လို လက္ခဏာတွေ တွေ့ရနိုင်လဲ။ရေမြွာ ပိုးဝင်ကူးစက်တဲ့အခါ အခုလို လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ဘယ်လို ကုသမလဲ။ဆရာဝန်က ရောဂါပိုး ကူးစက်ခံထားရတယ်လို့ တွေ့ရှိရတဲ့အခါ ပိုးသတ်ဆေး ပေးပါလိမ့်မယ်။ တစ်ခါတလေမှာတော့ ကလေးကို ခွဲမွေးလိုက်တာမျိုး လုပ်တဲ့ ကုထုံးလည်း ရှိပါတယ်။ တကယ်လို့ ကလေးမှာပါ ရောဂါပိုး ကူးစက်ခံထားရင်တော့ ကလေးကိုပါ ပိုးသတ်ဆေးတိုက်ပေးမှာ ဖြစ်ပါတယ်။နောက်ဆက်တွဲဘာတွေဖြစ်နိုင်လဲ။တကယ်လို့ ပိုးဝင်ကူးစက်မှုက ပြင်းထန်မယ်၊ မကုသဘဲ ထားမယ်ဆိုရင် နောက်ဆက်တွဲ ရောဂါတွေ ခံစားရနိုင်ပါတယ်။ဘေဘီလေးမှာ ဘာတွေဖြစ်နိုင်မလဲ။ဘေဘီလေးမှာကတော့ ပိုးဝင်ကူးစက်ခံရတဲ့အခါ။ဒါကြောင့် ကိုယ်ဝန်ဆောင် မေမေအနေနဲ့ ကိုယ်တိုင်ရော ဘေဘီလေးပါ ကျန်းမာနေစေဖို့ ဒီအချက်လေးကိုလည်း သတိထားဖို့ လိုပါမယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/chorioamnionitis/
ကင်ဆာရောဂါကို စောစောသိရတာ ကောင်းသလား
WHO ရဲ့ ၂၀၂၀ စာရင်းတွေအရ အာရှတိုက်တစ်ခုတည်းမှာ ကင်ဆာရောဂါကို ခံစားနေရတဲ့ လူနာ ၉.၅ မီလီယမ် ရှိပါသတဲ့။ ဒါက ကမ္ဘာမှာ ရှိရှိသမျှသောကင်ဆာလူနာတွေရဲ့ တစ်ဝက်နီးနီး ရှိပါတယ်။ ဒီထဲမှာ ၅ မီလီယမ်လောက်က ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊အူမကြီးကင်ဆာ၊ခံတွင်းကင်ဆာတွေဖြစ်ပြီး ပိုပြီး စိတ်မကောင်းစရာက ဒီကင်ဆာတွေက စောစောသိရင် ကုသလို့ရတဲ့ ကင်ဆာတွေ ဖြစ်နေတာပါပဲ။ကင်ဆာရောဂါက အသေအပျောက်များတယ်ဆိုပေမယ့် တစ်ဖက်မှာလည်း တိုးတက်လာတဲ့ ဆေးပညာကြောင့် ကြိုတင်စစ်ဆေးတာ၊ရောဂါရှာဖွေတာတွေကို တိတိကျကျ လုပ်လာနိုင်တာကြောင့် လူနာတွေရဲ့အသက်ရှင်နှုန်းလည်း များလာပါတယ်။ ကင်ဆာရောဂါတွေကိုသာ စောစောသိမယ်ဆိုရင် ဆေးကုရတဲ့ စရိတ်စကလည်း သက်သာပြီး ကုသရတာလည်း ပိုလွယ်ပါတယ်။ဒါကြောင့် ကင်ဆာရောဂါကို စောစောသိရှိဖို့က လူနာတွေရဲ့ အသက်ရှင်နှုန်းနဲ့ နာလန်ထနှုန်းပေါ် အများကြီးသက်ရောက်မှု ရှိနေပါတယ်။ စောစောသိတဲ့လူနာရဲ့ အသက်ရှင်နှုန်းက နောက်ကျမှ သိတဲ့ လူနာရဲ့ ရှင်နှုန်းထက် အများကြီး ကွာနေတာကို တွေ့လာရပါတယ်။ကင်ဆာရောဂါကို စောစောသိနိုင်ဖို့Screeningလို့ခေါ်တဲ့ ကြိုတင်စစ်ဆေးတာတွေ လုပ်နိုင်ပါတယ်။ လက္ခဏာတွေ မပြခင်၊ ကင်ဆာဆဲလ်တွေ တခြားကို မပြန့်ခင်မှာ Screening လုပ်ပြီး စောစောစီးစီး သိရှိလိုက်တာက ကုသမှုကို အများကြီး အထောက်အကူပြုပါတယ်။အပြင်ပန်းမှာ ဘာလက္ခဏာမှမခံစားရဘဲ လူကောင်းပုံစံ ဖြစ်နေပေမယ့်လည်း ပုံမှန်ဆေးစစ်ဖို့တော့ လိုပါတယ်။  အထူးသဖြင့် အောက်ပါအချက်တွေ ရှိနေရင် ဘာလက္ခဏာမှ မပြလည်း စစ်ရမှာပါ။ကင်ဆာရောဂါတွေ တော်တော်များများက မျိုးရိုးလိုက်တတ်ပါတယ်။ မိသားစုထဲက တစ်ယောက်ယောက်မှာ ကင်ဆာတစ်မျိုးမျိုး ဖြစ်ဖူးတယ်ဆိုရင် ကိုယ့်မှာလည်း ဖြစ်နိုင်ခြေများပါတယ်။ ဒါကြောင့် ဖြစ်လာခဲ့ရင် စောစောသိအောင် ပုံမှန်စစ်ဆေးဖို့ လိုပါတယ်။အသက်ကြီးလာတာ၊ နဂိုရောဂါအခံတွေ ရှိနေတာ၊ ဆေးလိပ်၊ အရက်သောက်တတ်တာ စတဲ့ အချက်တွေကလည်း ကင်ဆာရောဂါကို ကြိုတင်စစ်ဆေးဖို့ လိုတယ်လို့ ပြောနေတဲ့ အချက်တွေပါပဲ။ဥပမာ အမျိုးသမီးတွေက အသက် ၄၀ကျော်လာပြီဆိုရင်ရင်သားဓာတ်မှန်ရိုက်သင့်ပါပြီ။ ၄၅- ၅၅နှစ်ကြားဆိုရင် တစ်နှစ်တစ်ခါလောက် ရိုက်သင့်ပြီး ၅၅နှစ်နဲ့ အထက်ဆိုရင်တော့ ၂နှစ်တစ်ခါရိုက်သင့်ပါတယ်။ ဒါက မျိုးရိုးရှိရှိ၊ မရှိရှိ၊ လက္ခဏာ ပြပြ မပြပြ ပုံမှန်လုပ်ရမယ့် စစ်ဆေးမှုပဲ ဖြစ်ပါတယ်။ဒါ့ပြင် ၂၁နဲ့ ၆၅နှစ်ကြား အမျိုးသမီးတွေ ဆိုရင်လည်း ၃နှစ် ဒါမှမဟုတ် ၅နှစ်တစ်ခါလောက်သားအိမ်ခေါင်းကင်ဆာစစ်ဆေးဖို့ အချွဲယူတာ လုပ်သင့်ပါတယ်။နောက်ပြီးအဆုတ်ကင်ဆာဖြစ်နိုင်ခြေများသူတွေ  (အသက် ၅၅-၇၄နှစ်ကြား လက်ရှိ ဒါမှမဟုတ် အရင်က ဆေးလိပ်သောက်ဖူးတာ၊ လွန်ခဲ့တဲ့ ၁၅နှစ်က ဆေးလိက်ဖြတ်ထားတာ) ကလည်း ကွန်ပျူတာဓာတ်မှန်ရိုက်ပြီး အဆုတ်ကို ပုံမှန်စစ်ဆေးသင့်ပါတယ်။စောစောသိရင် ကုသမှု စရိတ်သိသိသာသာ သက်သာပါတယ်။ WHO အဆိုအရ ကင်ဆာရောဂါကို စောစောစီးစီး သိမယ်၊ စောစောကုမယ်ဆိုရင် ကုရတာလည်း ပိုလွယ်ပြီး စျေးလည်းသက်သာပါတယ်တဲ့။စျေးသက်သာရုံပဲလားဆိုတော့ မြန်မြန်နာလန်ထနိုင်ခြေများလို့ အရင်လို အလုပ်ပြန်လုပ်နိုင်ပြီး ငွေလည်း ပြန်ရှာနိုင်ပြီး မိသားစုကိုလည်း ဆက်လက်ထောက်ပံ့နိုင်ပါတယ်တဲ့။ ဒါကြောင့် စောစောသိမယ်ဆိုရင် အိမ်ရောင်း၊ ခြံပေါင်ပြီး ဆေးကုရတဲ့ အဖြစ်က လွတ်ကင်းမှာပါ။ကင်ဆာက ကမ္ဘာပေါ်မှာ အသေအပျောက်အများဆုံးရောဂါတွေထဲက တစ်ခုဆိုပေမယ့် စောစောသိလို့ ကုသမယ်ဆိုရင် အသက်ရှင်နှုန်းက သိသိသာသာ တက်လာပါတယ်။အိန္ဒိယမှာ လုပ်တဲ့ လေ့လာချက်မှာဆိုရင် သားအိမ်ခေါင်းကင်ဆာ ခံစားနေရတဲ့ အမျိုးသမီးတွေကို လေ့လာကြည့်တဲ့အခါ အဆင့် (၁) အခြေအနေမှာ ကုတဲ့သူရဲ့ ၇၈%က ၅နှစ်ကျော်အောင် နေနိုင်ပြီး အဆင့် (၄) မှ ကုသသူတွေရဲ့ ၉%လောက်ကပဲ ၅နှစ်ကျော်အောင် နေနိုင်ကြပါတယ်။(ကင်ဆာမှာ အသက်ရှင်နှုန်းကို 5 years survival rate နဲ့ ဖော်ပြလေ့ရှိပါတယ်။ ၅နှစ်ပဲ အသက်ရှင်တယ်လို့ ဆိုလိုခြင်း မဟုတ်ပါ။)။ကင်ဆာတွေကို ကြိုတင်စစ်ဆေးတယ် screeningလုပ်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကလည်း ဒါပါပဲ။ စောစောသိ၊ စောစောကုပြီး အသက်ရှည်ရှည် နေစေချင်လို့ပါ။ နောက်ကျမှသိလို့ အကုနောက်ကျရင် အသက်ရှင်နှုန်းလည်း နည်းသလို၊ ကုသရတဲ့ စရိတ်စကလည်း ပိုကုန်လာပါတယ်။ ပိုပြီး ခက်ခဲတဲ့ ကုထုံးတွေနဲ့လည်း ကုသရပါတယ်။ကင်ဆာရောဂါကို စောစောသိ၊ စောစောကုတာက အသက်ရှည်စေချင်ရုံတင် မဟုတ်ပါဘူး။ Quality of life လို့ခေါ်တဲ့ သက်သောင့်သက်သာ နေရတဲ့ ဘဝလည်း ဖြစ်စေပါတယ်။ အသက်တော့ ရှိနေပါရဲ့။ အိပ်ရာပေါ်မှာ အကြာကြီး လှဲနေရတယ်။ နာကျင်မှုတွေ  ခံစားနေရတယ်။ သူများကို အားကိုးပြီး နေနေရတယ်ဆိုရင် နေပျော်မှာ မဟုတ်ပါဘူး။ စောစောကုသမှု ခံယူတာက ဒီပြဿနာတွေကိုလည်း လျော့နည်းစေပါတယ်။ကင်ဆာတွေကို ကြိုတင်စစ်ဆေးဖို့ ပြောရင် လူနာတွေဆီက ပြန်ကြားရတာက ဖြစ်ခါမှ ဖြစ်ရော၊ မစစ်ချင်ဘူး။ စစ်လိုက်မှ တွေ့နေဦးမယ် ဆိုတာပါ။ မတွေ့ရင် ပိုကောင်းပေမယ့် တွေ့လာတော့လည်း စောစောကုလို့ဖို့ အခွင့်အရေးရတယ်လို့ပဲ မှတ်ပါတယ်။ ကင်ဆာဆိုတာက ကြာလေပွားလေ၊ ဆိုးလေမို့လို့ ဒီတိုင်း ငုတ်တုတ် ခံမလား ဒါမှမဟုတ် စောစောကုပြီး ပုံမှန်ဘဝကို မြန်မြန်ပြန်သွားမလားဆိုတာကို လူနာတွေအနေနဲ့ ရွေးချယ်နိုင်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/benefits-of-early-cancer-detection/