title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
Tennis Elbow (တံတောင်ဆစ် ကြွက်သား၊ အရွတ်ထိခိုက် နာကျင်ခြင်း)
Teniis elbow ဆိုတာက တံတောင်ဆစ်မှာ ရှိတဲ့ ကြွက်သားနဲ့ အရွတ်ေတွေ ထိခိုက်မိတဲ့ အခါမှာ ဖြစ်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ တံတောင်ဆစ်မှာ humerus, တံတောင်ရိုး နှင့် အရိုးလည်ခြင်းဖြင့် ခေါင်းတစ်ခု ပါဝင်ပါတယ်။ တံတောင်မှာထွက်နေတဲ့ အရိုးက humerus ရဲ့ ခေါင်းကို ပတ်ပေးထားပါတယ်။ humerus ရိုးကိုဆက်ပေးထားတဲ့ ကြွက်သားနဲ့ အရွတ်တွေက ဒီအပိုင်းကနေ ထိုးထွက်နေပါတယ်။ ဒီတည်ဆောက်ပုံရဲ့ ကျေးဇူးကြောင့်သာ လက်က ကွေးနိုင် ဆန့်နိုင်နေခြင်း ဖြစ်ပါတယ်။ Sore muscles elbow when the tendon is cut or connect with relaxation. တံတောင်ဆစ်နာတာ နှစ်မျိုးရှိပါတယ်။• Pain tennis elbow။ ။ တံတောင်ရဲ့ အပြင်ဘက်ပိုင်းထိခိုက်ခြင်း။ ဒီအမျိုးအစားက ကုသရလွယ်ပါတယ်။• Pain in the elbow in golfers။ ။ တံတောင် အတွင်းဘက်ခြမ်းကို ထိပါတယ်။ဒီရောဂါက ပုံမှန်လေ့ကျင့်ခန်းလုပ်သူများ သို့ ပြင်းထန်စွာ လုပ်သူများ အထူးသဖြင့် ညာဘက် တံတောင်လှုပ်ရှားမှုများတဲ့ တင်းနစ်ရိုက်ခြင်း နှင့် ဂေါက်ရိုက်ခြင်းတို့မှာ အဖြစ်များပါတယ်။ အသက် ၃၀ နှင့် ၅၀ ကြားလူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဆက်လက်သိလိုသည်များကို ဆရာဝန်နဲ့ ဆွေးနွေးပါ။ဖြစ်တဲ့ တံတောင်ပုံစံပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေ အမျိုးမျိုးဖြစ်နိုင်ပါတယ်။Tennis elbow။အရွတ်ရောင်တာနဲ့ ဆင်တူတဲ့ ရောဂါလက္ခဏာတွေဖြစ်တတ်ပါတယ်။ သို့သော် အကြီးမားဆုံးသော ကွဲပြားပုံကတော့ တံတောင်အတွင်းမှာ တစ်ရှူးဆဲလ်တွေ ရောင်နေခြင်းပဲခြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့။• လှုပ်ရှားလျှင် သို့ ထိမိလျှင် ထူးခြားတဲ့ လက်မောင်းနာခြင်း နှင့် ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရခြင်းဖြစ်ပါတယ်။• တံတောင်မှ လက်မောင်းသို့ ရွေ့နေတဲ့ ပူခြင်းကို ခံစားရခြင်း။• နာကျင်မှုဟာ ဆက်တိုက်ဖြစ်နေပြီး နားနေချိန်မှာတောင် နာနေခြင်း။• ကိုင်ခြင်း နှင့် မတင်ခြင်း၊စုပ်ကိုင်ခြင်း သို့ ရိုးရှင်းတဲ့ စာရေးခြင်း သွားတိုက်ခြင်းတို့ လုပ်ဆောင်ရန် ခက်ခဲနေခြင်း သို့ အားပျော့နေခြင်း။Elbow pain in golfers။လက်ဖြန် သို့ တံတောင် အတွင်းပိုင်းမှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။• တံတောင် တောင့်တင်းခြင်း။• လက်ကောင်ဝတ် သို့ လက်မောင်းအားပျော့ခြင်း။• လက်ချောင်းများ (အထူးသဖြင့် လက်သာကြွယ် နှင့် လက်သန်း) ထုံခြင်း သို့ ကျင်ခြင်း။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ tennis elbow ရဲ့နာကျင်မှူ အဖြေကို သိပြီဆိုလျှင် လက်ပြန်ကောင်းသည်ထိ လှုပ်ရှားမှုတွေကို ရှောင်သင့်ပါတယ်။ နားတဲ့အချိန်မှာတောင် တံတောင်နာနေခြင်း နှင့် လက်အားနည်းနေတယ်ဆိုလျှင် ဆရာဝန်နဲ့ ပြပါ။ ညွှန်ကြားချက်မပါပဲလဲ ရေခဲကပ်ခြင်း နှင့် အကိုက်အခဲပျောက်ဆေးတွေ သုံးနိုင်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဖြစ်တဲ့ တံတောင်ပုံစံ မတူခြင်းကြောင့် ဖြစ်ပွားစေတဲ့ အကြောင်းအရာတွေလဲ မတူနိုင်ပါဘူး။• Tennis elbow pain။ ။ အလုပ်လုပ်တဲ့အခါမှာ သို့ အားကစားလုပ်တဲ့အခါမှာ လက်မောင်းအသုံးများခြင်း။ အလွန်လေးတဲ့ အရာတွေမလျှင်လည်း ဖြစ်တတ်ပါတယ်။• Pain in the elbow in the golfers။ ။ လက်ကောက်ဝတ်အသုံးများလျှင် ဖြစ်တတ်ပါတယ်။ ထို့ပြင် တခြားလှုပ်ရှားမှုတွေ ဖြစ်တဲ့ အလေးမခြင်း၊ ပစ်ခြင်း၊ polish တိုက်ခြင်း( သို့ တခြား အားကစားပစ္စည်းများ)ကလည်း တံတောင်နာခြင်းဖြစ်ပေါ်စေပါတယ်။ဘယ်အရာတွေက Tennis elbow ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။Tennis elbow ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။• လက်သမားဆရာများ၊ စက်ရုံလုပ်သားများ၊ ဂီတအနုပညာရှင်များ၊ ငွေကိုင်များ၊ ပိုက်ပြင်သမားများ သိုံ တခြားလကတစ်ဖက်တည်းကို အကြိမ်ကြိမ်အသုံးပြုနေရတဲ့ အသက်မွေးဝမ်းကြောင်းများ။• အားကစားပိုင်းဆိုင်ရာ မတော်တဆမှုများ။အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ Tennis elbow မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က သင့်ပုခုံး၊ လက်မောင်းနှင့် လက်ကောက်ဝတ်တွေကို လက်တွေ့စမ်းသပ်မှုများ နှင့် ရောဂါလက္ခဏာတွေ မေးမြန်းခြင်းဖြင့် အဖြေရှာနိုင်ပါတယ်။ ထို့ပြင် တခြားစမ်းသပ်မှုတွေ သို့ ဓါတ်မှန်ရိုက်ခြင်းတို့ဖြင့်လဲ တခြားအလားတူလက္ခဏာများ ဖြစ်နိုင်ချေရှိတဲ့ အဆစ်ရောင်ရောဂါ၊ လည်ပင်းရိုးရောဂါများ၊ အာရုံကြောရောဂါများ နှင့် pinched nerves တွေကို ဖယ်ထုတ်နိုင်ပါတယ်။ ဆရာဝန်က သင့်အရွတ်ကို သံလိုက်ဓါတ်မှန်ရီုက်ဖို့လဲ မှာကြားနိုင်ပါတယ်။ကုသနည်းတွေကတော့ အရောင်ကျဆေးပေးခြင်း နှင့် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများလုပ်ခြင်းဖြင့် ပုံမှန် လှုပ်ရျားမှုကို ပြန်ရနိုင်ပါတယ်။ ဆရာဝန်က သင့်နာကျင်မှုအတွက် အရောင်ကျသောက်ဆေးတွေ ပေးပါလိမ့်မယ်။ ဆက်ပြီးနာကျင်နေလျှင် တံတောင်ထဲသို့ အရောင်ကျဆေးတိုက်ရိုက်ထိုးသွင်းခြင်းများ ပြုလုပ်နိုင်ပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Tennis elbow ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Tennis elbow ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• ဆရာဝန် အကြံပေးချက်အတိုင်း နာကျင်စေတဲ့ လှုပ်ရှားမှုတွေကို ၁ ပတ်မှ ၂ ပတ်လောက်ထိ ရပ်ထားပါ။• ရေခဲကပ်ပါ။ သို့သော် တံတောင်ပေါ်မှာ တိုက်ရိုက် မကပ်ပါနဲ့။• တံတောင်ကို ကျုံ့နိုင်ဆန့်နိုင်တဲ့ ပတ်တီးပတ်ပေးထားခြင်းဖြင့် နွေးစေပြီး ပိုပြီး ကွေးနိုင်ဆန့်နိုင်အောင် အထောက်အကူပေးပါတယ်။• ဆရာဝန်ညွှန်ကြားတဲ့အတိုင်း collective cell physiotherapy လုပ်ပါ။• နာကျင်မှုက ဆေးကုသနေစဉ် ပြန်ဖြစ်လျှင် သို့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်တဲ့ ဖျားခြင်း သို့ အင်ပြင်တွေ ထလာလျှင် ဆရာဝန်ကို ချက်ချင်းခေါ်ပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/tennis-elbow-%e1%80%90%e1%80%b6%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%86%e1%80%85%e1%80%ba-%e1%80%80%e1%80%bc%e1%80%bd%e1%80%80%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%81%8a-%e1%80%a1/
ကင်ဆာကုထုံး ရွေးချယ်တဲ့အခါ စဉ်းစားသင့်တဲ့ အချက်များ
ကင်ဆာကုထုံး တွေက အမျိုးမျိုးရှိပြီး လူနာတစ်ယောက်နဲ့ တစ်ယောက် ကုသရပုံခြင်းလည်း မတူပါဘူး။ကင်ဆာချင်းတူရင်တောင် ရောဂါအခြေအနေချင်း မတူရင် ကုရတဲ့ ကုထုံးတွေ ကွဲပြားနိုင်ပါတယ်။ ကင်ဆာကုထုံးတွေ ရွေးချယ်တဲ့အခါ ဆရာဝန် ဒါမှမဟုတ် လူနာတစ်ယောက်တည်းက ဦးဆောင်ပြီး ဆုံးဖြတ်သွားတာထက် နှစ်ဦးနှစ်ဖက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာက ကုသမှုကို ပိုပြီး အကျိုးရှိစေပါတယ်။ကင်ဆာတွေက အချိန်ကြာလေ ပြန့်လေဆိုပေမယ့် ကုမယ်ဆိုရင်တော့ အချိန်ယူပြီး စိတ်ရှည်ရှည် စဉ်းစားသင့်ပါတယ်။ ဆရာဝန်ရွေးတာ၊ဆေးရုံရွေးတာ၊ ကုထုံးရွေးတာစတာတွေကိုတော့ အချိန်လေးပေး၊ သေချာစုံစမ်းပြီးမှ ဆုံးဖြတ်စေချင်ပါတယ်။ကုထုံးတွေကို ရွေးချယ်ရတဲ့အခါ ဘယ်သူ့ဆုံးဖြတ်ချက်က အတည်လဲဆိုတာက ကြိုစဉ်းစားထားပါ။ တကယ်ဆို အသက်ပြည့်ပြီး လူနာက ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချတာ အကောင်းဆုံးပါ။ ဒီလိုမဟုတ်ဘဲ အမေကို မေးဦးမယ်၊ ဦးလေးကို စောင့်ပါဦး၊ ရွာက ဘုန်းဘုန်းပြောတဲ့အတိုင်းပဲဆိုရင် ကုမယ် မကုဘူးနဲ့ ဗျာများရပါတယ်။ ရှင်းပြပေးတဲ့ ဆရာဝန်လည်း ကြာတော့ စိတ်မရှည်တော့ပါဘူး။နောက်တစ်ခုက ဆရာကောင်းသလို စီစဉ်ပါ ဆိုပြီး ဆရာဝန်လက်ထဲ ဝကွက် အပ်လို့ မရပါဘူး။ ဆရာဝန်တွေက ကုထုံးတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုး၊ သင့်တော်တာကိုပဲ လမ်းညွှန်ပေးလို့ရပါတယ်။ လူနာအစား ဆုံးဖြတ်ချက်ချပေးလို့ မရပါဘူး။ကိုယ့်မှာ ဖြစ်နေတာ ဘာကင်ဆာလဲ။ ဘယ်အဆင့်ရောက်ပြီလဲ။ ကုရင်အသက်ရှင်နှုန်းဘယ်လောက်လဲ။ ဘယ်လိုတွေ ကုလို့ရလဲ စသဖြင့် ရောဂါနဲ့ ပတ်သက်ပြီး တိတိကျကျသိအောင် ကြိုးစားပါ။ ကုပေးနေတဲ့ ဆရာဝန်ကို မေးမြန်းပါ။ အင်တာနက်ကနေ ရှာမယ်ဆိုလည်း စိတ်ချရတဲ့ ဝဘ်ဆိုက်ကနေပဲ ရှာပါ။ကင်ဆာတိုင်းက တစ်ခါတည်း ပျောက်အောင် ကုလို့ရတာမျိုး မဟုတ်ပါဘူး။ နုသေးရင် ပျောက်အောင် ကုဖို့ ရည်ရွယ်လို့ရပေမယ့်တခြားနေရာကို ပြန့်နေတဲ့ ကင်ဆာဆိုရင်တော့ လူနာကို ဝေဒနာသက်သာအောင်ပဲ လုပ်ပေးလို့ရတော့မှာပါ။ ဒါကြောင့် ကိုယ့်ကင်ဆာက ဘာအတွက်ကုတာလဲဆိုတာကို သိဖို့ လိုပါတယ်။ တော်ကြာ ကုသာကုနေရတာ ပျောက်လည်း မပျောက်ဘူးဆိုတာတွေ ဖြစ်လာနိုင်ပါတယ်။ကင်ဆာမှာ အခြေခံအားဖြင့်တော့ ခွဲစိတ်နည်း၊ရောင်ခြည်ပြနည်း၊ဆေးသွင်းနည်းရယ်ဆိုပြီး ရှိပါတယ်။ ဒါ့ပြင် အဆင့်မြင့်ကုထုံးတွေ ဖြစ်တဲ့ ဟော်မုန်းကုထုံးတွေ၊ ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့ ကုထုံးတွေ၊ ခုခံအား ကုထုံးတွေ ဆိုပြီး ရှိပါတယ်။ကိုယ့်ကင်ဆာက ဘယ်နည်းလမ်းတွေ သုံးပြီး ဘယ်လိုကုမှာလည်း ဆိုတာကို သိထားသင့်ပါတယ်။ ဥပမာ ခွဲပြီးမှ ဆေးသွင်းပြီး ကျန်တဲ့ ကင်ဆာဆဲလ်တွေကို ရှင်းမှာလား။ ရောင်ခြည်ပြပြီး အကျိတ်သေးတော့မှ ခွဲမှာလား စတာတွေကိုလည်း သိထားသင့်ပါတယ်။ကင်ဆာကုထုံး တွေက တခြားကုသနည်းတွေလိုပဲဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ ကုထုံးက ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရနိုင်တယ်ဆိုတာ ကြိုသိထားရင် လူနာအတွက် စိတ်ပိုင်းဆိုင်ရာမှာ ကြိုပြီးပြင်ဆင်ထားလို့ရပါတယ်။ကင်ဆာကုထုံး တွေက cycleနဲ့ သွားတဲ့အတွက် ဘယ်လောက်ကြာမှာလဲ။ ဘယ်လောက်တစ်ခါ လာပြဖို့လိုသလဲဆိုတာ သိထားသင့်ပါတယ်။ ဒီအချက်က ဆေးရုံရွေးတဲ့နေရာမှာ အများကြီး အထောက်အကူပြုပါတယ်။အထူးသဖြင့် မြန်မာနိုင်ငံက လူနာတွေအတွက်ပါ။ တစ်လတစ်ခါလောက် မြို့ကိုလာပြီး ဆေးလာသွင်းရတာက လူနာအတွက် စရိတ်လည်းများသလို အလုပ်လည်း ရှုပ်ပါတယ်။ ဒီတော့ တစ်လတစ်ခါ မြို့တက်လာမယ့်အစား ကိုယ့်နယ်မှာပဲ ရှိတဲ့ ကင်ဆာအထူးကုဆရာဝန်နဲ့ ပြတာက လူနာအတွက် ပိုသက်သာပါတယ်။ဒါကတော့ အတိအကျပြောလို့မရပါဘူး။ ခန့်မှန်းခြေလောက်ပဲ သိနိုင်ပါတယ်။ အကြမ်းအားဖြင့်တော့ ကင်ဆာနုစဉ်မှာ ကုတဲ့သူတွေက အဆင့်များလာတဲ့အချိန်မှာ ကုတဲ့သူတွေထက် ပိုပြီးသက်သာပါတယ်။ တကယ်လို့ ကိုယ်ကကျန်းမာရေးအာမခံထားထားတယ်ဆိုရင်လည်း ဘယ်လောက်သက်သာခွင့်ရမလဲဆိုတာကို ကုမ္ပဏီကို မေးမြန်းနိုင်ပါတယ်။ကင်ဆာကုထုံးတွေ ခံယူမယ်ဆိုရင် တတ်နိုင်သလောက် ကိုယ့်ရောဂါ၊ ကုထုံးတွေအကြောင်းကို လေ့လာထားသင့်ပါတယ်။ များများသိလေလေ မလိုအပ်ဘဲ ကြောက်ရွံ့တာတွေနည်းပြီး တကယ်လိုအပ်တာတွေကို ပြင်ဆင်နိုင်မှာပါ။ သိချင်တာ၊ မရှင်းတာတွေ ရှိရင်လည်း ဆရာဝန်ကို မေးမြန်းဖို့ လိုပါတယ်။ လိုရင်းကတော့ မိမိရောဂါနဲ့ ကုထုံးကြားမှာ မျက်ခြေမပြတ်စောင့်ကြည့်နေဖို့ပါပဲ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/things-to-consider-in-choosing-cancer-treatment/
သွားထိန်း တပ်ထားတယ်ဆိုရင် ဒါတွေ ရှောင်စားပါ။ ။
သွားတွေမညီလို့၊ သွားကျဲနေလို့၊ သွားခေါနေလို့ဆိုပြီး ကိုယ့်သွားကိုယ် စိတ်တိုင်းမကျတဲ့သူတွေ အများကြီးရှိမှာပါ။ ဒီလို စိတ်တိုင်းမကျတဲ့သူတွေအတွက် သွားထိန်း ကသာ တစ်ခုတည်းသော ဖြေရှင်းပေးနိုင်တဲ့ အရာပါ။ မညီတဲ့သွားတွေကို ပြန်ညှိပေးမယ်၊ ကျဲနေတဲ့သွားတွေကို ပြန်စိပေးမယ် ခေါနေတဲ့သွားတွေကို ပြန်ဝင်အောင် လုပ်ပေး နိင်တာ သွားထိန်းလို့ခေါ်တဲ့ ( braces) တွေပါပဲ။သွားတိုက်တာ၊ စိတ်ရှည်ရမယ်ဆိုတာတွေက သိပြီးပြီးဆိုတော့ ဒီနေ့ဆောင်းပါးထဲမှာ သွားထိန်းတပ်ထားရင် ရှောင်ရမယ့် အစားအစာတွေ အကြောင်းပြောပြချင်ပါတယ်။အစားအစာရှောင်ရမယ့်သူတွေထဲမှာ ချွတ်ရတပ်ရလွယ်တဲ့ ပလစ်စတစ်သွားထိန်း ( Invisalign plastic aligners ) သမားတွေထက် ဝါယားကြိုးနဲ့ သွားထိန်း တပ်တဲ့သူတွေက ပိုအရေးကြီးပါတယ်။ ဖြုတ်လို့မရတဲ့ ဝါယာကြိုးတွေတပ်ထားတော့ သန့်ရှင်းရေးလုပ်ရတာပိုခက်တယ်လေ။ ဒီတော့ အစားအသောက်လေး ဆင်ခြင်ဖို့လိုတာပေါ့ ။ ဘာတွေ ရှောင်ရမလဲ။( ၁ )ပီကေ– သွားထိန်းမှာ ကပ်သွားရင် ပြန်ခွာဖို့ အတော်ခက်ပါလိမ့်မယ်။( ၂ ) တော်ဖီ – မကျည်း တော်ဖီ၊ ဇီးတော်ဖီ၊သကြားလုံး စတဲ့ မာတဲ့အရာတွေက သွားထိန်းကို နေရာလွဲစေသလို ပြုတ်လည်းပြုတ်သွားစေနိုင်ပါတယ်။( ၃ ) အသီးအနှံ –ပန်းသီး ၊မုန်လာဥစတာတွေကို အသီးလိုက် ကိုက်မစားသင့်ပါဘူး။ အတုံးလေးတွေ တုံးပြီးလှီးပြီးမှ စားပါ။( ၄ ) ပေါင်မုန့်၊ ပီဇာ၊ ကိတ်ခြောက်စတဲ့ သွားကြားကပ်စေတဲ့ အစားအစာတွေရှောင်ပါ။( ၅ )အစေ့အဆံတွေ – မာကြောတဲ့ အစေ့အဆံတွေ၊ အရိုးတွေနဲ့ရေခဲတုံးတွေကို ရှောင်ပါ။( ၆ )သွားပိုးစားစေပြီး သွားထိန်း ပေါ်မှာ စွန်းထင်ကျန်စေနိုင်တဲ့ အချိုများတဲ့ အစားအသောက်တွေ၊ အချဉ်များတဲ့ အစားအသောက်တွေကို ရှောင်ပါ။(၇ ) အသား –အမဲသားတို့၊ ကြက်သားတို့လိုမျိုး စားပြီး သွားကြားညပ်တဲ့ အသားတွေ အများကြီး မစားပါနဲ့။( ၈ ) ပြောင်းဖူးပေါက်ပေါက်တို့၊ ပြောင်းဖူးကို ဒီတိုင်းကိုက်စားလိုက်တာတို့ကိုရှောင်ပါ။( ၉ )ကြက်ရိုးကိုက်တာတို့၊ ဆိတ်ရိုးစွတ်ပြုတ်စာပြီး ဆိတ်ရိုးကိုက်တာတို့ ခဏရှောင်ထားပါ။ တောင်ပံစားချင်ရင်တောင်မှ အသားလေးဖဲ့ပြီးမှ တောင်ပံကို ကိုက်ပါ။ အရိုးညက်သွားရင် ပြန်ထုတ်ရတာ ခက်ပါလိမ့်မယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/cosmetic-dentistry/food-to-avoid-when-you-have-braces/
ခံတွင်းကျန်းမာရေး ထိန်းသိမ်းနည်း ၈ မျိုး
သင့်ပါးစပ်ထဲရှိ ဘက်တီးရီးယားသန်းပေါင်းများစွာသည် ရောင်ရမ်းစေသည့်အပြင် အခြားကိုယ်အင်္ဂါများကို ထိခိုက်မှုရှိနိုင်သည်။ ဆွီဒင်ပညာရှင်၏လေ့လာချက်အရ ကျွမ်းကျင်သူများက သွားချေးများသောသူသည် သန့်ရှင်းသောသွားရှိသူထက် မုန့်ချိုအိတ်ကင်ဆာပို၍ဖြစ်နိုင်သည်ဟု ဖော်ပြထားသည်။ ထို့ပြင် ဖင်လန်နိုင်ငံမှလေ့လာမှုအရ သိပ္ပံပညာရှင်များက သွားချိုးရှိသည့်နိုင်ငံသားများသည် နှလုံးရောဂါဖြစ်နိုင်ချေ ၂ ဆပိုများသည်ဟု ဖော်ပြထားသည်။ ထိုကြောင့် သင့်ပါးစပ်မှစ၍ တစ်ကိုယ်လုံးကျန်းမာရေးကို ထိန်းသိမ်းသင့်သည်။သွား၊လျှာနှင့် ပါးစောင်အတွင်းသားများကိုတိုက်ပါ။သွားကြားရှိချေးများ၊ အစာများဖယ်ရှားရန် သွားတိုက်ခြင်းသည် လွယ်ကူလျင်မြန်ဆုံးနည်းဖြစ်သည်။ သွားချေးနည်းသည်ဆိုသည်မှာ သင့်ပါးစပ်ထဲတွင် ဘက်တီးရီးယားနည်းလာသည်ဟု ဆိုလိုခြင်းဖြစ်သည်။ သို့ရာတွင် သွားကိုဂရုစိုက်ရုံနှင့် မလုံလောက်ပေ။ ပါးစပ်၏အခြားနေရာဖြစ်သည့် လျှာနှင့် ပါးစောင်မျာကိုလည်း အာရုံစိုက်ရမည်။သွားပွတ်ကြိုးသုံးခြင်း။သွားပွတ်ကြိုးဖြင့် သွားကြားမှန်မှန်သန့်ရှင်းပေးခြင်းက ပို၍ကောင်းသည်။ အဓိကမှာ သွားနှင့်သွားပွတ်ကြိုး ကိုက်နေရမည်ဖြစ်သည်။ သင့်တွင်ကြမ်းတမ်းသောသွားပေါက်များရှိပါက ဖယောင်းပါသည့် သွားပွတ်ကြိုးကိုသုံးနိုင်သည်။ သင့်သွားတွေကျဲနေပါက အမွေးပါသည့်သွားပွတ်ကြိုး သုံးနိုင်သည်။ ပုံမှန်သွားဖြစ်လျှင် ဖယောင်းမပါသည့် သွားပွတ်ကြိုးသုံးပေးနိုင်သည်။ဖလိုရိုဒ်ပါသည့် သွားတိုက်ဆေးနှင့် ပလုပ်ကျင်းဆေးသုံးပေးပါ။ဖလိုရိုဒ်သည် သဘာဝသတ္တုဓါတ်ဖြစ်ပြီး သွားကိုသန်မာစေကာ အက်စစ်ဓါတ်မှလည်း ကာကွယ်ပေးသည်။ သွားတိုက်ဆေးနှင့် ပလုပ်ကျင်းဆေး ရွေးချယ်ရာတွင် သင့်တော်သော ဖလိုရိုဒ်ပါဝင်သည့်ထုတ်ကုန်များကို ရှာဖွေသင့်သည်။သကြားပါသည့်အစာနှင့်သောက်စရာများရှောင်ကြဉ်ပါ။အချိုအများအပြားစားခြင်းသည် တံထွေး၏ pHကိုကျစေကာ သွားချေးတွေအား သွားကိုပျော်ဝင်တိုက်စားစေသည့် အက်စစ်အဖြစ်ပြောင်းလိုက်သည်။ ထို့ကြောင့် အချိုများသည့်အစာဖြစ်သည့် သကြားလုံး၊ သရေစာများကို အလွန်အကျွံမစားသင့်ပါ။ သို့သော်သင်သည် အချိုအလွန်ကြိုက်ပါက အဓိကအစာအနည်းငယ်စားပြီးမှ အချိုမုန့်များကို စားသင့်ပါသည်။ ဤသို့လုပ်ခြင်းဖြင့် အချိုစွဲလန်းခြင်းကိုကူညီတားဆီးရာရောက်ပါသည်။မှန်ကန်သောပီကေဝါးပေးပါ။ပီကေတိုင်းသည် မကောင်းပါ။ အချို့မှာ သကြားနှင့်ပြည့်ကာ သွားပျက်စီးစေနိုင်သည်။ ပုံမှန်အမျိုးအစားထက် xylitolပါသည့် ပီကေကိုဝါးပေးသင့်သည်။ Xylitolသည် သွားဆွေးခြင်းကို ဖြစ်စေသည့် ဘက်တီးရီးယားများစွာကို လျှော့ချပေးနိုင်သည်။ သို့မှသာ ပါးစပ်ထဲတွင် ပိုးမွှားများ မစုဝေးနိုင်မည်ဖြစ်သည်။အဓိကနေရာများကိုထိမိပါစေ။သွားတိုက်သည့်အခါ ပုံမှန်အရွယ်သွားတိုက်တံသည် အဓိကနေရာဖြစ်သည့် အောက်ဖက်ရှေ့သွား၏ အနောက်ဖက်များ၊ အပေါ်ဖက်အံသွား၏ အပြင်ဖက်များကိုတိုက်ရန်ခက်ခဲပါသည်။ ကောင်းမွန်သောရလဒ်ရရန် ခေါင်းသေးသည့် သွားတိုက်တံကိုရွေးရမည်။ ဤအရွယ်သည် သွားပေါ်တွင်ရွေ့လျားရန်နှင့် အရက်ချိုးများဖယ်ရှားရန် ထောင့်တိုင်းကို ထိနိုင်သည့်အတွက် သင့်တော်ပါသည်။သောက်စရာများကို အမျှော်အမြင်ရှိရှိ ရွေးချယ်ပါ။အက်စစ်ဓါတ်၊ ဆိုဒါပါသည့် သောက်စရာများ၊ အားဖြည့်အချိုရည်များသည် တိုက်စားတတ်သည်။ အလုပ်လုပ်ပြီးလျှင် အားဖြည့်အချိုရည်သောက်ပြီးေ ရသောက်ခြင်းဖြင့် သွားမှအက်စစ်ဓါတ်များကိုဆေးကြောပါ။ သင့်စိတ်ကိုနိုးကြားရန် ကဖိန်းဓါတ်လိုအပ်ပါက အားဖြည့်အချိုရည်အစား ပုံမှန်ဘလက်(ခ်)ကော်ဖီကိုသောက်ပါ။ အကြောင်းမှာေ ကာ်ဖီကတိုက်စားမှုနည်းသောကြောင့်ဖြစ်သည်။ဝိုင်နှင့်ချိစ့်ကိုတွဲပါ။ဝိုင်သည်အက်စစ်ပါသော အဖျော်ယမကာတစ်မျိုးဖြစ်ပြီး သွားကိုနည်းနည်းချင်းစီ စားသွားနိုင်သည်။ ဤသို့မဖြစ်ရန် ဝိုင်နှင့်ချိစ့်တစ်ကိုက်စာကို တွဲသုံးနိုင်သည်။ ချိစ့်သည် ပါးစပ်ထဲရှိ အက်စစ်ဓါတ်ကို ဓါတ်ပြယ်စေခြင်းကြောင့်ဖြစ်သည်။ဤလွယ်ကူသောနည်းလမ်းများသည် သင့်သွားကို သန့်ရှင်းကာကျန်းမာအောင် ထိန်းသိမ်းနိုင်စွမ်းကို ပို၍မြှင့်တင်ပေးသည်။ စိတ်ရှည်ခြင်းနှင့် မှန်မှန်ပြုလုပ်ပေးခြင်းသည် သင့်သွားသာမက ခန္ဓါကိုယ်တစ်ခုလုံးကို ကာကွယ်ခြင်းတွင် အရေးအကြီးဆုံးဖြစ်သည်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/%e1%80%81%e1%80%b6%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8-%e1%80%91%e1%80%ad%e1%80%94%e1%80%ba%e1%80%b8/
သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းက ရာသီ စက်ဝန်းအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ ။ ။
သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း အကြောင်း ကြားဖူးတဲ့သူရှိသလို ၊ အဲဒီ ပစ္စည်းလေးကို ကိုယ်တိုင် အသုံးပြုနေတဲ့ သူတွေလည်း ရှိကြမယ်လို့ထင်ပါတယ်။သန္ဓေတားပစ္စည်းအကုန်လုံးနီးပါးဟာ ကိုယ်ဝန်ကို တားဆီးပေးနိုင်ကြသလို ပုံမှန် လာနေတဲ့ရာသီစက်ဝန်းကို ကမောက်ကမဖြစ်စေတတ်တယ်ဆိုတာလည်း အားလုံးသိကြမှာပါ။ ဒီဆောင်းပါးလေးထဲမှာ သသားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းက ရာသီ စက်ဝန်းအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ ဆိုတဲ့ အကြောင်း ပြောပြပေးတော့မှာပါ။IUCD ဆိုတာသားအိမ်တွင်းကို ထည့်ထားရတဲ့ သန္ဓေတားပစ္စည်းလေးဖြစ်ပြီး ဆရာဝန်ထည့်ပေးမှရတဲ့ သန္ဓေတားပစ္စည်းလေးပါ။သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းက ရာသီ စက်ဝန်းအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ ဆိုတော့။ဟော်မုန်းပါတဲ့ IUCD။ဒါတွေကို ကြည့်ခြင်းအားဖြင့် ဟော်မုန်းပါတဲ့ IUCD တွေဟာ ရာသီစက်ဝန်းကို နှောင့်ယှက်နိုင်တယ်ဆိုတာ သိသာပါတယ်။ လူတစ်ယောက်ချင်းစီ ပေါ်မူတည်ပြီး ကွဲပြားသွားတာပါ။Copper IUCD။IUCD တွေကို ရာသီလာနေတဲ့ အချိန် ထည့်လို့ရလား ။ ။ရာသီလာနေတဲ့အချိန် သင်ကတော့ IUCD ကို မထည့်ချင်ပေမယ့် ဆရာဝန်တော်တော်များများက IUCD ကို ရာသီလာနေတဲ့အချိန် ထည့်ပေးတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့။ဟော်မုန်းပါတဲ့ IUCD တွေက ရာသီလာနေစဉ် ထည့်ရင် ကိုယ်ဝန်ကို တန်းပြီး ကာကွယ်ပေးပါတယ်။ အခြားရက်တွေမှာထည့်မယ်ဆိုရင်တော့ IUCD ရဲ့ အာနိသင်ရဖို့အတွက် ၇ရက်စောင့်ရမှာ ဖြစ်လို့ အတူနေတာကို ၇ရက် ရှောင်ရပါမယ်။ မရှောင်နိုင်ရင်တော့ ကွန်ဒုံးသုံးပါ။Copper IUCD ကျတော့ ရာသီစက်ဝန်းအပေါ်မှီခိုတာမျိုး မရှိဘဲ ထည့်လိုက်ပြီဆိုတာနဲ့ ကိုယ်ဝန်ကို တန်းပြီး တားဆီးပေးပါတယ်။ အကာအကွယ် မသုံးဘဲ အတူတူ ၅ ရက်လောက်နေပြီးမှ Copper IUCD ထည့်မယ်ဆိုရင်တောင် သူက ကိုယ်ဝန်ကို တားဆီးပေးပါသေးတယ်။နောက်တစ်ခု အရေးကြီးတာက တစ်လတစ်ခါ ရာသီလာတိုင်း IUCD သူ့နေရာ အတည်တကျမှာ ရှိနေလား မရှိတော့ဘူးလားဆိုတာကို အဖြေပေးတဲ ကြိုးလေးကို စစ်ပေးဖို့ပါ။ ကြိုးကို မစမ်းမိတော့ဘူးဆိုရင် ဆရာဝန်ဆီ ချက်ချင်းသွားပါ။ ဘာကြောင့်လဲဆိုတော့ IUCD ဟာ ရာသီသွေးနဲ့ အတူ ကိုယ်ခန္ဓါ အပြင်ဘက်ကိုထွက်သွားတာဖြစ်နိုင်သလို ဗိုက်ထဲပေါက်ပြီး ရောက်သွားတာမျိုးလဲ ဖြစ်တတ်လို့ပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/iucd/
ကလေး ကို နူးညံ့ချောမွတ်တဲ့အသားအရေ ပိုင်ဆိုင်စေဖို့ ဘာတွေလုပ်ပေးမလဲ
လူကြီးတွေမှာတောင် အသားအရေလေးက နူးညံ့နေတာပဲ၊ ကလေးလေးကျနေတာပဲလို့ ပြောတတ်ကြတယ်။ ကလေး တွေရဲ့အသားအရေက နူးညံ့တာအမှန်ပါပဲ။ ဒါပေမယ့် အဲဒီအတိုင်းဆက်ပြီး အပြစ်အနာအဆာကင်းပြီး ချောမွတ်နေဖို့၊ အသားအရေလှဖို့ကတော့ ဖေဖေမေမေတို့ရဲ့တာဝန်ပါပဲ။ကလေးလေးတွေကို အာဟာရဓါတ်ပြည့်ဝအောင်ကျွေးမွေးဖို့ စဉ်းစားရသလို သူတို့ရဲ့အရေပြားကျန်းမာရေးအတွက် လိုအပ်တဲ့ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ပေးရပါမယ်။ ဒီအချက်လေးတွေအတိုင်း လုပ်ပေးမယ်ဆိုရင် အသားအရေနူးညံ့စိုပြေတဲ့ သားသားမီးမီးလေးတွေဖြစ်လာမှာပါ။ကလေးတွေက ပေါက်ကရသရေစာတွေ၊မုန့်တွေ မက်မောပြီး အစားအသောက်ကိုကြေးထူတတ်ကြပါတယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ညီတဲ့အစာတွေကိုဆိုရင်ပေါ့။ကွေကာအုပ်နဲ့ သစ်သီးတွေ မကြာခဏကျွေးခြင်းအားဖြင့် အာဟာရပိုပြည့်ဝစေမှာပါ။ အသီးအနှံတွေက ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝပြီး free radical တွေကြောင့်ဖြစ်တဲ့ ထိခိုက်မှုကို ဟန့်တားပေးနိုင်ပါတယ်။ အရေပြားထိခိုက်ပျက်စီးမှုနဲ့ အသားအရောင်မညီခြင်းကို ထိန်းချုပ်ကုသနိုင်စွမ်းရှိလို့ ကလေးရဲ့အသားအရေအတွက် အကျိုးကျေးဇူးများပါတယ်။ဘယ်သူမဆို ရေကို ထိုက်သင့်တဲ့ပမာဏအထိ သောက်သုံးသင့်သလို ကလေးငယ်တွေကိုလည်းရေတိုက်မနည်းပါစေနဲ့။ ခန္ဓါကိုယ်မှာရေဓါတ်ပြည့်ဝနေမှ ခန္ဓါကိုယ်ကအဆိပ်အတောက်တွေမှန်သမျှ ရေနဲ့အတူစွန့်ထုတ်ပြီး အသားအရေကြည်လင်၊သန့်စင်လာစေမှာပါ။ခရမ်းချဉ်သီးဟာ ချေးချွတ်နိုင်တဲ့သဘာဝအာနိသင်ရှိပါတယ်။ ခရမ်းချဉ်သီးအနှစ်နဲ့ဒိန်ချဉ်ကို ရောပြီး (အုတ်ဂျုံပါထည့်ရင်ပိုကောင်းပါတယ်) ရလာတဲ့ အနှစ်ကိုရေမချိုးခင် ကလေးကို လူးပေးပါ။ ခဏနေရေချိုးပေးပါ။အုန်းဆီက ကလေး ရဲ့အသားအရေကို နှိပ်နယ်ပေးဖို့အကောင်းဆုံးပါဝင်ပစ္စည်းပါ။ အုန်းဆီနဲ့နှိပ်နယ်ပေးခြင်းဖြင့် ကလေးရဲ့အသားအရေ စိုပြေလှပလာစေမယ့်အပြင် ကြွက်သားလေးတွေ ကြံ့ခိုင်သန်မာလာစေဖို့အထောက်အကူဖြစ်စေပါတယ်။milk cream နဲ့ ဂလစ်ဆရင်းအလှဆီကိုရောပြီး ကလေးကိုလိမ်းပေးရင် အသားအရေဖြူစင်ကြည်လင်လာစေပါလိမ့်မယ်။ကလေးတွေအတွက် သုံးမယ့်အသားအရေထိန်းပစ္စည်းတွေကိုရွေးချယ်မယ်ဆိုရင် အမွှေးနံ့မပါတဲ့၊မျက်စိမစပ်စေတဲ့ ရှန်ပူတွေ၊ရေချိုးဆပ်ပြာတွေနဲ့ လိုးရှင်းတွေကကောင်းပါတယ်။ သုံးတဲ့အခါတိုင်းလည်း ကလေးမှာဓါတ်တည့်ခြင်းရှိမရှိ စောင့်ကြည့်သင့်ပါတယ်။ကလေးရဲ့အသားအရေမှာ အစိုဓါတ်ထိန်းပေးဖို့လည်း အရေးကြီးပါတယ်။ ဒါ့ကြောင့် လိုးရှင်းတွေ၊baby oilတွေ လိမ်းပေးသင့်တာပါ။ ကလေးအတွက် ရေမွှေးနံ့ပါတဲ့ဆပ်ပြာတွေ၊ ဘက်တီးရီးယားသေစေတဲ့ဆပ်ပြာတွေ မသုံးသင့်ပါဘူး။ နုနယ်တဲ့အသားအရေအတွက် ပြင်းလွန်းပါလိမ့်မယ်။ ကလေးအတွက်က ကလေးရေချိုးဆပ်ပြာတွေသာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8-%e1%80%80%e1%80%ad%e1%80%af-%e1%80%94%e1%80%b0%e1%80%b8%e1%80%8a%e1%80%b6%e1%80%b7%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%99/
မွေးရာပါ နှလုံးရောဂါ ရှိတဲ့ ကလေးကို အာဟာရပြည့်ဝစေဖို့
မွေးကတည်းကကျန်းမာရေး ပြဿနာတစ်ခုခု ပါလာတဲ့ကလေးငယ်လေးတွေဟာ အခြား ကလးငယ်လေးတွေနဲ့ မတူပါဘူး။အစားအစာကစလို့ နေထိုင်မှု အထိ အသေးစိတ် ဂရုစိုက်ပေးနိုင်မှ ကျန်းမာစွာနဲ့ အရွယ်ရောက် ကြီးပြင်းလာမှာပါ။ ဒီ တစ်ခေါက်တော့မွေးရာပါ နှလုံးရောဂါပါလာတဲ့ ကလေးလေးတွေကို ကျန်းမာနေစေဖို့အတွက်အာဟာရ ပြည့်အောင်ဘယ်လို ကျွေးရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။မွေးရာပါနှလုံးရောဂါရှိတဲ့ ကလေးလေးတွေက အခြားကျန်းမာတဲ့ ကလေးတွေထက် ကြီးထွားမှု နှေးပါတယ်။ ဥပမာ ပြောပြရရင်။ကလေးမှာ မွေးရာပါရောဂါပါလာတဲ့အခါ မိဘတွေအနေနဲ့ ကလေးကိုကျန်းမာအောင်ဘာကျွေးရပါ့မလဲဆိုတာကို အမြဲလို စိတ်ပူနေကြပါတယ်။ မွေးရာပါ နှလုံးရောဂါ ရှိတဲ့ဘေဘီလေးကို အာဟာရပြည့်ဝအောင် အခုလိုလေး ကျွေးပေးဖို့ လိုပါမယ်။ဘေဘီလေးက အသက် ၆ လ အရွယ်ဆိုရင် အာဟာရ ပြည့်ဝစေဖို့ဆိုရင်။ကလေးက အစာမာ စစားတတ်ပြီဆိုရင် ကလေးကို ကျန်းမာနေစေဖို့အတွက် အစားအစာကို အာဟာရပြည့်စေဖို့အတွက် အမြဲမပြတ် ဂရုစိုက်ဖို့ လိုပါမယ်။ကလေးက မွေးရာပါ နှလုံးရောဂါကို ခံစားနေရတဲ့အတွက်ဇီဝကမ္မဖြစ်စဉ်က ပုံမှန်ထက် မြန်နေနိုင်ပါတယ်။ကယ်လ်လိုရီ လောင်ကျွမ်းမှုကလည်း ပိုမြန်နေနိုင်ပါတယ်။ ဒါကြောင့် ကယ်လ်လိုရီ လိုအပ်ချက် ပြည့်မီစေဖို့အတွက် ကယ်လ်လိုရီ ပါဝင်မှု များတဲ့ အစားအစာတွေကို ပြင်ဆင်ပေးပါ။ဒီအစားအစာတွေကို ပုံမှန် ပြင်ဆင်ပေးတာက ကလေးက မွေးရာပါ နှလုံးရောဂါကို ခံစားနေရပေမယ့်လည်း ကျန်းမာနေစေမှာပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/congenital-heart-disease/diet-for-child-with-chd/
သွေးတိုးရောဂါ (Hypertension)
သွေးတိုးရောဂါ (Hypertension) လို့ ဆိုလိုက်ရင် လူအများစုက သေနိုင်လောက်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပါဘူး။ အသက်အန္တရာယ် မစိုးရိမ်ရတဲ့ အပယိကရောဂါ လိုမျိုး သဘောထား တတ်ကြပါတယ်။ တကယ်ကတော့ သွေးတိုးက အသက်အန္တရာယ်ကို ထိခိုက်စေသည်အထိ ပြင်းထန်ပါတယ်။သွေးတိုးခြင်းဟာ နှလုံးကို ထိခိုက်ပျက်စီးစေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ လူပေါင်း တစ်ဘီလျံခန့်ကို ဒုက္ခပေးနေတဲ့ ရောဂါလည်း ဖြစ်ပါတယ်။ ထိရောက်စွာ မကုသခဲ့ရင် နှလုံးရောဂါ၊ လေဖြတ်ခြင်း စတဲ့အခြေအနေတွေ တွေ့ကြုံနိုင်ပါတယ်။သွေးတိုးရောဂါ (သွေးပေါင်တက်ခြင်း) ဆိုတာ အပေါ်သွေး သွေးပေါင်ချိန် ၁၄၀ နဲ့ထက်၊ အောက်သွေး ၉၀ နဲ့ အထက် (သွေးပေါင်ချိန် ၁၄၀/ ၉၀ mmHg) အထက် ဖြစ်နေတဲ့ အချိန်မှာ တွေ့ရတဲ့ နှလုံးသွေးကြောဆိုင်ရာ အခြေအနေတစ်ရပ်ပါ။ ကျန်းမာတဲ့ သွေးပေါင်ချိန် ဆိုတာက သွေးပေါင်ချိန် တိုင်းတဲ့အခါ ၁၂၀/၈၀ mmHg အောက်ရှိရမှာပါ။သွေးတိုးရောဂါ (Hypertension) ဆိုတာက ခန္ဓာကိုယ်တွင်းက သွေးတွေကို ပုံမှန်ထက် ညှစ်ထုတ်ဖို့ခက်ခဲတဲ့အနေအထားမျိုးပါ။နှလုံးက သွေးတွေကို ညှစ်ထုတ်ပေးနိုင်စွမ်းကျသွားတယ်ဆိုတဲ့ သဘောပါ။ ဒီလိုအခြေအနေမျိုးမှာ။သွေးတိုးရောဂါ ဖြစ်ရတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရသေးပါဘူး။ သွေးတိုးရောဂါဟာ ပတ်ဝန်းကျင်ရဲ့သက်ရောက်မှုကြောင့် ဖြစ်နိုင်သလို မျိုးရီုးဗီဇကြောင့်လည်း(မူလအစသွေးတိုးရောဂါ)ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်ရောဂါ ဒါမှမဟုတ် ဟော်မုန်း စနစ် မူမမှန်တာတွေကြောင့် (တဆင့်ခံ သွေးတိုးရောဂါ) ဖြစ်နိုင်ပါတယ်။ မူလအစ သွေးတိုးရောဂါကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ ဆေးလိပ်သောက်တာ၊ မျိုးရိုး၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ၊ အငန်ကဲတဲ့ အစားအစားတွေ စားတာ၊ အရက် အလွန်အကျွံ သောက်တာတွေကြောင့်ပါ။ စိတ်ဖိစီးမှု များတာကြောင့်လည်း သွေးတိုးနိုင်ပါတယ်။ဒီအချက်တွေအပြင်။အချိန်ကြာမြင့်စွာ သွေးတိုးရောဂါ ခံစားရတာက သွေးကြောနံရံတွေကို ပျက်စီးစေနိုင်ပြီး သွေးကြောတွေထဲမှာအနယ်တွေစုပုံတာမျိုး ဖြစ်စေနိုင်ပါတယ်။ သွေးတိုးတာက နှလုံးကို သွေးညှစ်ထုတ်ရာမှာ ခက်ခဲစေပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းရောက်ရှိမှု နည်းစေပြီး လေဖြတ်တာ၊ နှလုံးထိခိုက်ပျက်စီးတာတွေကို ဖြစ်စေနိုင်ပါတယ်။နေ့စဉ်စားသောက်မှုနဲ့ နေထိုင်မှုပုံစံကိုပြောင်းလဲတာ၊ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကို ပုံမှန်သောက်သုံးတာက သွေးတိုးကိုသက်သာစေပြီး သွေးပေါင်ချိန်ကို ကျန်းမာတဲ့ အနေအထားမှာ ထိန်းထားနိုင်စေဖို့ ထောက်ကူပေးမှာပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/all-about-hypertension/
ကလေးငယ်တွေကို Baby Lotion အသုံးပြုပေးတာကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူး ၈ ခု
အသားအရေထိန်းသိမ်းတာကို အရွယ်မရွေးလုပ်သင့်ပါတယ်။ အသားအရေကလူတစ်ယောက်ရဲ့ သွင်ပြင်ကိုတော်တော်လေး သက်ရောက်မှုရှိစေနိုင်တဲ့အရာပါ။ လူကြီးတွေက အသားအရေကို ကိုယ်တိုင်စောင့်ရှောက်နိုင်တယ်ဆိုပေမယ့်ဘေဘီလေးတွေကိုတော့မေမေတို့ကစောင့်ရှောက်ပေးရမှာဖြစ်ပါတယ်။ ကလေးတွေရဲ့ အသားအရေက လူကြီးတွေအသားအရေထက်တုံ့ပြန်လွယ်တာကြောင့်ပိုပြီးဂရုစိုက်ပေးဖို့လိုပါမယ်။ အရမ်းဂရုစိုက်ပေးရလို့အလုပ်ရှုပ်မယ်လို့တော့မထင်ပါနဲ့။ လွယ်လွယ်ကူကူနဲ့ ကလေးအသားအရေကိုထိန်းသိမ်းပေးနိုင်မယ့်နည်းကိုပြောပြပေးပါ့မယ်။ ဒါကတော့ ကလေးငယ်ကို Baby Lotionလူးပေးတာပါပဲ။ Baby Lotionက နူးညံ့ပါးလွှာပြီးထိခိုက်လွယ်တဲ့ကလေးငယ်လေးတွေရဲ့ အသားအရေကို အစိုဓါတ်ထိန်းပေးပြီး အရေပြားခြောက်သွေ့မှုကြောင့်ဖြစ်တဲ့ပြဿနာတွေ မဖြစ်လာအောင်လည်း ကာကွယ်ပေးပါလိမ့်မယ်။ကလေးငယ်တွေကို Baby Lotionအသုံးပြုပေးတာကနေ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။Baby Lotionတွေက ကလေးငယ်တွေရဲ့ အသားအရေကိုခြောက်သွေ့ကြမ်းတမ်းတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ အသားအရေခြောက်သွေ့တာက ကလေးတွေမှာဖြစ်တတ်တဲ့အရေပြားပြဿနာတွေရဲ့အကြောင်းရင်းခံဖြစ်တာကြောင့် အရေပြားမခြောက်သွေ့အောင်ကာကွယ်ပေးဖို့ကလည်း မိဘတွေအနေနဲ့မေ့ထားလို့မရတဲ့အကြောင်းအရင်းတစ်ရပ်ပါ။ ကလေးအရေပြားခြောက်သွေ့မှုမဖြစ်အောင်ကာကွယ်ပေးချင်တယ်ဆိုရင်တော့ ကလေးကိုBaby Lotionလေးပုံမှန်လူးပေးပါ။ကလေးငယ်လေးတွေဟာ ငယ်စဉ်အရွယ်မှာခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့မှုများမယ်ဆိုရင် အသက်ကြီးလာတဲ့အခါအရေပြားကင်ဆာဖြစ်နိုင်ခြေတော်တော်လေးများလာပါတယ်။ ကလေးငယ်လေးတွေရဲ့ အသစ်စက်စက်အရေပြားကနေရောင်ဒဏ်ကိုကာကွယ်နိုင်စွမ်းတော်တော်လေးနည်းပါတယ်။ ကလေးတွေကိုမွေးကင်းစကနေ ၆လအထိ ခရမ်းလွန်ရောင်ခြည်နဲ့မထိတွေ့မိအောင်သတိထားပေးရပါမယ်။ အသက်အရွယ်ကြီးလာတဲ့အခါမှာလည်း ကလေးတွေကို မနက် ၁၀ နာရီကနေ ညနေ ၃ နာရီတွင်းနေရောင်နဲ့ပေးမထိသင့်ပါဘူး။ ကလေးငယ်ဟာ အပြင်ထွက်မှမဟုတ်ဘဲ အိမ်ထဲမှာနေရင်းနဲ့လည်းနေလောင်တာမျိုးဖြစ်နိုင်တာကြောင့် ကလေးကိုနေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်မယ့် ခရင်မ်တစ်မျိုးမျိုးလူးပေးသင့်ပါတယ်။ကလေးငယ်ကို ကျန်းမာလှပတဲ့အသားအရေပိုင်ဆိုင်စေချင်တဲ့မေမေတွေအနေနဲ့မေ့မထားသင့်တဲ့အချက်က ကလေးအသားအရေကိုလုံလောက်တဲ့ အစိုဓါတ်ရရှိအောင်လုပ်ပေးဖို့ပါ။ ကလေးကိုရေချိုးပေးပြီးရင်ပဲဖြစ်ဖြစ် အပြင်ခေါ်သွားခါနီးပဲဖြစ်ဖြစ် အသားအရေမှာ အစိုဓါတ်ရရှိစေဖို့ Baby Lotion လူးပေးပါ။ ကလေးငယ်ကို တစ်နေ့နှစ်ကြိမ် Baby Lotion လူးပေးတာက အသားအရေအတွက် လုံလောက်တဲ့အစိုဓါတ်ရရှိစေမှာဖြစ်ပါတယ်။သေးခံလောင်တာကြောင့် အရေပြားပွန်းပဲ့နေတဲ့နေရာတွေကိုလည်း Baby Lotion ခပ်ပါးပါးလေးလူးပေးလို့ရပါတယ်။သေးခံလောင်တာကြောင့်အရေပြားပွန်းတာနဲ့အဝတ်အစားတင်းကျပ်တာကြောင့် ကလေးအရေပြားမှာ ပွန်းပဲ့တာမျိုးတွေကိုလည်း Baby Lotionလူးပေးရင်သက်သာပါတယ်။လာဗင်ဒါဆီထည့်သွင်းထုတ်လုပ်ထားတဲ့ Baby Lotionက ပိုးမွှားကိုက်တာကြောင့်ဖြစ်တဲ့ အရေပြားနီမြန်းရောင်ရမ်းတာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။ခြင်နဲ့အခြားအင်းဆက်တွေကိုက်တာကြောင့်ဖြစ်တဲ့ အရေပြားရောင်ရမ်းမှုတွေကိုလည်း Baby Lotionလူးပေးရင်သက်သာစေမှာပါ။ဆောင်းရာသီမှာဖြစ်တဲ့ အရေပြားခြောက်သွေ့တာ၊ အဖတ်လန်တာတွေမဖြစ်စေဖို့ ကလေးငယ်ကို Baby Lotionလူးပေးလို့ရပါတယ်။ Baby Lotionက ကလေးအသားအရေခြောက်သွေ့တာမျိုးမဖြစ်အောင်ကာကွယ်ပေးသလို အသားအရေကိုလည်း ကြည်လင်စေမှာဖြစ်ပါတယ်။ကလေးလေးတွေက စားရင်းသောက်ရင်း ၊သွားကြိတ်ရင်းနဲ့ သွားရည်တွေကျနေတတ်ပါတယ်။ ကလေးက ငယ်လွန်းတဲ့အခါသွားရည်တွေကို သုတ်ပစ်ရမယ်ဆိုတာကိုလည်း နားမလည်သေးပါဘူး။ လူကြီးတွေက အချိန်မီမသုတ်ပေးနိုင်တဲ့အခါ ကလေးငယ်တွေမှာ သွားရည်ကြောင့် အရေပြားပြဿနာဖြစ်လာနိုင်ပါတယ်။ ဒီလိုပြဿနာတွေမဖြစ်စေဖို့က ကလေးငယ်ကို သွားရည်တွေသတိထားပြီးသန့်စင်ပေး ဖို့လိုသလို ကလေးအသားအရေနဲ့လိုက်ဖက်မယ့် Baby Lotionတစ်မျိုးမျိုးကိုလူးပေးလို့ရပါတယ်။Baby Lotionလူးတဲ့ကလေးငယ်တွေက အရေပြားခြောက်သွေ့မှုကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေခံစားရမှုကနေကင်းဝေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Baby Lotionက ကလေးအသားအရေအတွက် လိုအပ်တဲ့အာဟာရဓါတ်တွေကိုဖြည့်ပေးနိုင်တာကြောင့် အသားအရေကို ကျန်းမာစေတဲ့အပြင် နူးညံ့ချောမွေ့မှုကိုပါရရှိစေနိုင်မှာဖြစ်ပါတယ်။ကလေးငယ်ကိုရေချိုးပြီးချိန်တစ်ကြိမ် အိပ်ယာမဝင်ခင်တစ်ကြိမ်လောက် Baby Lotionလူးပေးမယ်ဆိုရင် အရေပြားဓါတ်မတည့်တာမျိုးတွေ၊အရေပြားခြောက်သွေ့တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ကလေးကို တစ်နေ့ နှစ်ကြိမ်ထက်ပိုပြီးတော့လည်း Baby Lotionလူးပေးလို့ရပါတယ်။အခုလောက်ဆိုရင် Baby Lotionလူးပေးတာကကလေးအသားအရေအတွက် ဘယ်လိုအကျိုးရှိလဲဆိုတာကို သိလောက်မယ်ထင်ပါတယ်။ ရင်သွေးလေးတွေကို ကျန်းမာလှပတဲ့ အသားအရေပိုင်ဆိုင်စေလို့တဲ့ မိဘတွေအနေနဲ့လည်းဘေဘီလေးတွေကို Baby Lotionလူးပေးပြီး အရေပြားပြဿနာကင်းဝေးတဲ့ ကလေးငယ်လေးတွေအဖြစ် ပျိုးထောင်နိုင်ကြပါစေကြောင်း။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/benefits-baby-lotion-for-baby/
ကင်ဆာကုသမှု နဲ့ ပတ်သက်ပြီး အထင်လွဲနေတဲ့ အချက်များ
ကင်ဆာရောဂါခံစားရတဲ့အခါ လူအများစုက ကုသမှု မခံလိုကြပါဘူး။ အကြောင်းက ကင်ဆာဆိုတာနဲ့ သေဆုံးနိုင်တယ်၊ လပိုင်းလောက်ပဲ ခံတော့မယ်လို့ ယူဆထားကြလို့ပါ။ နောက်တစ်ခုကတော့ ကင်ဆာကုသမှု တွေကို ကြောက်လို့ပါ။ကင်ဆာကုထုံးခံယူသူတွေက ဆံပင်တွေ ကျွတ်တာ၊ အစားမဝင်တဲ့ ပိန်သွားတာတွေကို တွေ့မြင်ထားဖူးတဲ့အတွက်  ကုသမှ ပိုဆိုးသွားမလား။ ဒီတိုင်းလေး သက်သောင့်သက်သာ ထွက်သွားလိုက်တာက ပိုကောင်းမလားလို့ ခံစားမိလို့ပါ။ဒီအကြောင်းတွေကြောင့် အများစုက ကင်ဆာရောဂါခံစားရရင်တောင့် ကုသမှု ခံယူဖို့ နှောင့်နှေးကြတာပါ။ ဒီလိုနဲ့ပဲ ကင်ဆာရောဂါကို စောစောသိရင်တောင် ကုသရမှာ ကြောက်နေတာနဲ့ပဲ အချိန်တွေ နောက်ကျကုန်ပါတယ်။ ကင်ဆာရောဂါ ကုထုံးတွေနဲ့ ပတ်သက်ပြီး ဘာတွေ မှားသိထားကြလဲဆိုတာကို စစ်ဆေးကြည့်ရအောင်။ကင်ဆာကုသမယ်ဆိုတိုင်း အမြဲဆေးရုံမှာ နေရမှာတော့ မဟုတ်ပါဘူး။ ခွဲစိတ်တဲ့အခါလောက်ပဲ ဆေးရုံတက်ရမှာပါ။ ကျန်တဲ့ဆေးသွင်းတာ၊ရောင်ခြည်ပြတာတွေကိုတော့ ဆေးရုံရက်ချိန်းပြသလိုပဲ လာပြရင် ရပါပြီ။ လိုအပ်မှ ဆေးရုံတက်ရတာပါ။အချိန်အများစုကို အိမ်မှာ သက်သောင့်သက်သာနေလို့ရပါတယ်။ ကင်ဆာကုထုံးခံယူနေရင်းနဲ့လည်း အလုပ်လုပ်လို့ရပါတယ်။ လူနာကလည်း လုပ်နိုင်တယ်။ အလုပ်ကလည်း ကုထုံးကို အနှောင့်အယှက်မဖြစ်ဘူးဆိုရင် ဆက်လုပ်လို့ရပါတယ်။ဆိုလိုတာက လူနာတစ်ယောက်လို အမြဲတရှောင်ရှောင် နေစရာ မလိုပါဘူး။ နေ့စဉ်အလုပ်တွေ လုပ်သွားရင်းနဲ့ပဲ ကင်ဆာကုထုံးကို ခံယူနိုင်ပါတယ်။အထူးသဖြင့်တော့ရင်သားအကျိတ်တွေမှာ ကင်ဆာဟုတ်မဟုတ် သိရအောင် အပ်နဲ့ အသားစယူပြီး စစ်ဆေးရတတ်ပါတယ်။ ဒီလို စစ်ဆေးတာက ကင်ဆာဆဲလ်တွေကို ပြန့်စေတယ်လို့ မှားသိထားကြပါတယ်။ခုချိန်ထိတော့ ဒီလိုမျိုးအသားစယူတာကြောင့် ကင်ဆာဆဲလ်တွေပြန့်တယ်ဆိုတဲ့ တိကျတဲ့ အချက်အလက်မရှိသေးပါဘူး။တချို့စိတ်ထဲမှာ ကင်ဆာကျိတ်ကို ခွဲလိုက်ကာမှ အထဲက ဆဲလ်တွေ ပြန့်သွားမလား။ ဒါကြောင့်  သူနဲ့ ဝေးတဲ့ တခြားအင်္ဂါရပ်တွေ (အသည်းတို့၊ အဆုတ်တို့)ကို ပြန့်သွားတာလားလို့ ထင်တတ်ပါတယ်။ ဒါကလည်း အသားစယူသလိုပဲ တိကျတဲ့ သက်သေပြချက်မရှိပါဘူး။ ဒီလိုထင်ရတာက ကင်ဆာခွဲစိတ်ပြီးခါစမှာ လူနာက နေလို့မကောင်းတဲ့ လက္ခဏာတွေ ခံစားရလို့ပါ။ခွဲစိတ်ပြီး ကင်ဆာကျိတ်ကို ဖယ်တာက လက်တွေ့ကျတဲ့ ကုသမှုပါ။ ဒါကို မှားပြီးကင်ဆာပြန့်မှာစိုးလို့ မခွဲဘဲနေမယ်ဆိုရင် နောက်ပိုင်းမှာ ကင်ဆာတွေ ပြန့်၊ အဆင့်တွေ တက်ပြီး ခွဲရပိုခက်လာပါလိမ့်မယ်။ဘာကင်ဆာ ညာကင်ဆာတွေအတွက် ဒီအရွက် ပြုတ်သောက်၊ ဟိုအရွက်သုပ်စားဆိုတာတွေကို မကြာခဏကြားဖူးမှာပါ။ ဒါဆေးမြီးတိုတွေပါ။ ဒီနေရာမှာ တိုင်းရင်းဆေးနဲ့ ဆေးမြီးတိုနဲ့ကို ခွဲမြင်တတ်ဖို့ လိုပါတယ်။ တိုင်းရင်းဆေးဆိုတာ အနောက်တိုင်းဆေးတွေလိုပဲ စည်းကမ်းသတ်မှတ်ချက်တွေ၊ ဆေးပမာဏတွေ၊ ပေးရ မပေးရတဲ့ ဆေးတွေ အတိအကျရှိပါတယ်။ဆေးမြီးတိုကတော့ ဒီလို မဟုတ်ပါဘူး။ ဘာအရွက်ကို စားလိုက်ဆိုတာပဲ ပါပြီး ဘယ်သူကတော့ စားသင့်တယ်၊ မစားသင့်ဘူး။ တစ်ခါစားရင် ဘယ်လောက်ပမာဏနဲ့ ဘယ်နှရက်ကြာအောင်  စားသင့်တယ်ဆိုတာတွေ မပါပါဘူး။ သဘာဝအရွက်တွေကို စားခိုင်းတိုင်း တိုင်းရင်းဆေးလို့ မထင်သင့်ပါဘူး။ သဘာဝအရွက်တွေ ဆိုပေမယ့် ဓာတုနည်းအရ အဆိပ်အတောက်တွေ မဖယ်ထားရင် ကြာကြာစားတဲ့အခါ ခန္ဓာကိုယ်ကို ဝန်ပိပါတယ်။ဒီလို အရွက်တွေ၊ အခေါက်တွေကို ပြုတ်သောက်ပြီး အဆိပ်အတောက်တွေကြောင့်ကျောက်ကပ်ထိတဲ့အခါ ဆက်ပြီး ဆေးသွင်းလို့ မရတာတွေ၊ ကုသဖို့ ပိုခက်သွားတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် တိုင်းရင်းဆေးနဲ့ပဲ ကုကု၊ အနောက်တိုင်းဆေးနဲ့ပဲ ကုကု တတ်ကျွမ်းသူနဲ့ပဲ ကုဖို့ အကြံပြုလိုပါတယ်။ကင်ဆာဆဲလ်တွေရဲ့ လက္ခဏာတစ်ခုက အပွားများတာပါ။ ခန္ဓာကိုယ်မှာ ရှိတဲ့ တခြားဆဲလ်တွေမှာလည်း ဒီလိုအပွားများတဲ့ ဆဲလ်တွေ ရှိပါတယ်။ ဥပမာ အရေပြားဆဲလ်တွေ၊ အူလမ်းကြောင်းက ဆဲလ်တွေ၊ ဆံပင်တွေပါ။ သူတို့ရဲ့ သဘာဝကိုက ပွားလိုက်၊ ပျက်လိုက် ဖြစ်နေရပါတယ်။ကင်ဆာကုထုံးအတွက် ဆေးသွင်းတဲ့အခါ ဆေးတွေက ခန္ဓာကိုယ်က အပွားများတဲ့ ဆဲလ်တွေမှန်သမျှကို တိုက်ခိုက်ပါတယ်။ ဒါကြောင့် ကင်ဆာဆဲလ်တွေအပြင် ဆဲလ်အကောင်းတွေပါ ထိခိုက်ပြီး အရေပြားမှာ အနာတွေ ဖြစ်တာ၊ ဝမ်းလျှောတာ၊ ဆံပင်တွေ ကျွတ်တာ ဖြစ်တာပါ။ နောက်ပိုင်းမှာတော့ ဆေးပညာတွေ တိုးတက်လာတာကြောင့် ကင်ဆာဆဲလ်တွေကိုပဲ ပစ်မှတ်ထားတိုက်ခိုက်တဲ့Targeted therapyဆိုတာတွေ ပေါ်လာတဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေက ဒီလောက် မပြင်းထန်တော့ပါဘူး။ကင်ဆာလူနာတစ်ယောက် ဆေးကုသဖို့ ဆုံးဖြတ်လိုက်တယ်ဆိုရင် ဆရာဝန်တွေအနေနဲ့ ဝမ်းသာရပါတယ်။ ဘာကြောင့်လဲဆိုတော့ အများစုက ကင်ဆာဆိုတာနဲ့ သေနိုင်တယ်၊ ကုမရဘူးဆိုပြီး အလွယ်တကူ လက်လျော့သွားကြလို့ပါ။ ဒီလိုမျိုး လက်လျော့ချင်ရတဲ့အထဲမှာ သတင်းမှား၊ အသိမှားတွေကြောင့် ကင်ဆာကို ကုဖို့ ပိုကြောက်သွားရင် လူနာအတွက် ပိုနစ်နာပါတယ်။ တချို့ဆို အလွယ်ကုလို့ရနိုင်တဲ့ ရောဂါနုတဲ့အဆင့်မှာပဲ ရှိသေးလို့ပါ။ဒါကြောင့် ကင်ဆာရောဂါနဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်၊ ကုထုံးတွေနဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် သူများပြောတိုင်း မယုံဘဲ စိတ်ချရတဲ့နေရာတွေကနေ လေ့လာဖို့၊ တတ်ကျွမ်းသူတွေကို မေးမြန်းဖို့ လိုပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/myths-debunking-for-cancer-treatment/
ရာသီသွေးမမှန်တာ ဒီအချက်တွေကြောင့်ပါ
အရွယ်ရောက်တဲ့ လေဒီလေးတွေအတွက် အရေးကြီးတဲ့ အချက် တစ်ခု ရှိပါတယ်။ ဒါကတော့ရာသီသွေးပုံမှန်ဆင်းဖို့ပါ။ ဒါမှ ခန္ဓာကိုယ်က ကျန်းမာလှပမှာပါ။ တစ်ခါတလေမှာ ရာသီသွေးက ပုံမှန်မဟုတ်တာမျိုး ခံစားရနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကိုယ့်အနေနဲ့ စိတ်ပူမိတာမျိုး ရှိနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာကို အဖြေရှာနိုင်စေဖို့ ဒီဆောင်းပါးလေးက အကူအညီပေးနိုင်မှာပါ။အမျိုးသမီး အများစုဟာ လစဉ် ၄ ရက် ကနေ ၇ရက်တာ လောက်အထိ ရာသီသွေး ဆင်းတတ်ကြပါတယ်။ ၂၈ ရက်တိုင်းမှာ ရာသီသွေး ပေါ်လေ့ရှိကြပါတယ်။ ပုံမှန်အားဖြင့် ရာသီပေါ်ချိန် တစ်ခု နဲ့ တစ်ခုကြားမှာ ၂၁ ရက် ဒါမှမဟုတ် ၃၅ ရက်ခန့် ခြားတတ်ပါတယ်။ ပုံမှန် ရာသီစက်ဝန်းက ၂၈ ရက်ကြာ တစ်ခါ ဖြစ်ပြီးစောခဲ့ရင်လည်း ၇ ရက် နောက်ကျရင်လည်း ၇ ရက်လောက် ပါပဲ။ဒီလို အခြေအနေမျိုးတွေ ဖြစ်မယ်ဆိုရင်တော့ ရာသီသွေး မမှန်ဘူးလို့ ဆိုရပါမယ်။ရာသီသွေး မမှန်တဲ့အခါ ဘာအကြောင်းကြောင့်များလဲ ဆိုပြီး စဉ်းစားရတာ တော်တော်လေး ခေါင်းခြောက်စရာပါ။ တကယ်တော့ ရာသီသွေးမမှန်တာ ဒီအချက်တွေကြောင့်ပါ။ ကိုယ်တိုင်ရော ဘယ်အချက်နဲ့ တိုက်ဆိုက်နေလဲ ဆန်းစစ်ကြည့်လိုက် ရအောင်နော်။ဒီအချက်တွေကြောင့် ရာသီသွေးမမှန်တာကို ခံစားရမယ်ဆိုရင် သေချာလေး စောင့်ကြည့်ပြီး လိုအပ်မယ်ဆိုရင် ကျန်းမာရေး စောင့်ရှောက်မှု ရယူဖို့ အကြံပြုချင်ပါတယ်။၁လ၊ ၂လလောက် ရာသီမမှန်တာမျိုးက ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ၂လထက်ပိုပြီး ပုံမှန်မဟုတ်တဲ့ ‌ရာသီသွေးဆင်းတာမျိုး ဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။သွေးဆုံးတာမျိုး ဖြစ်မယ်ဆိုရင်တော့ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူပြီး အနေအထိုင် အစားအသောက် ဂရုစိုက်ဖို့ လိုပါမယ်။ (PCOS) မမျိုးဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု နဲ့ သားအိမ်နံရံထူတာတွေအတွက်လည်း ကျန်းမာရေး စောင့်ရှောက်မှု ခံယူဖို့ လိုပါမယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/possible-causes-for-irregular-periods/
သန္ဓေတားဆေးရဲ့တခြားကျန်းမာရေးအကျိုးကျေးဇူးများ
သန္ဓေတားဆေးတွေက ကိုယ်ဝန်မရအောင်တားပေးနိုင်တယ်လို့ သိထားကြပြီးဖြစ်ပါတယ်။ ထိုးဆေးနဲ့သောက်ဆေးရှိကြတဲ့အထဲမှာသောက်ဆေးတွေက တခြားကျန်းမာရေးအကျိုးကျေးဇူးတွေရှိနေနိုင်သေးတယ်ဆိုတာ သင်သိရဲ့လား။ ကဲ …. သန္ဓေတားဆေးရဲ့တခြားကျန်းမာရေးအကျိုးကျေးဇူးများ အကြောင်းကို လေ့လာလိုက်ရအောင်နော်။သန္ဓေတားခြင်းထက် ကုသရေးလိုမျိုး တခြားအကြောင်းရင်းတွေအတွက်လည်း သန္ဓေတားဆေးတွေကို အသုံးပြုကြပါတယ်။ဒါဆို စိတ်ချလုံခြုံရတဲ့လိင်ဆက်ဆံမှုအတွက် အပြင် သန္ဓေတားဆေးကို ဘာလို့သောက်ကြတာလဲ။အဓိကအားဖြင့် အက်စထရိုဂျင်နဲ့ ပရိုတက်စတင်ဟော်မုန်းတွေပါဝင်တဲ့ နှစ်မျိုးစပ်သောက်ဆေးနဲ့ ဟော်မုန်းတစ်မျိုးတည်းပါတဲ့ ပရိုဂျက်စတင်သီးသန့်သောက်ဆေး ဆိုပြီးသန္ဓေတားဆေးအမျိုးအစားနှစ်မျိုးရှိပါတယ်။ သန္ဓေတားဆေးတွေက အမျိုးသမီးရဲ့သားဥအိမ်ကနေ မမျိုးဥထွက်မလာအောင် တားဆီးပေးတာဖြစ်ပြီး သားအိမ်နံရံကအကျိအချွဲတွေကို ထူစေတဲ့နည်းနဲ့ ကိုယ်ဝန်မရအောင် ကာကွယ်ပေးပါတယ်။ဓမ္မတာလာချိန်နာကျင်ကိုက်ခဲမှုသက်သာစေဖို့ ဆရာဝန်ဆေးညွှန်းပေးတာရှိသလို ရာသီသွေးပေါ်ချိန်မှန်စေဖို့လည်းသုံးကြပါတယ်။ တားဆေးမှာ တခြားကျန်းမာရေးအကျိုးကျေးဇူးတွေရှိနေလို့ပါ။ပေါင်းစပ်သန္ဓေတားဆေးနဲ့ ပရိုဂျက်စတင်သန္ဓေတားဆေးနှစ်မျိုးလုံးက ရာသီလာစဉ်နာကျင်ကိုက်ခဲမှုတွေကိုလျော့ပါးစေပြီးသွေးဆင်းများခြင်းကို ထိန်းပေးနိုင်သလိုသားအိမ်ပြင်ပသန္ဓေတည်ခြင်း(ectopic pregnancy)ဖြစ်နိုင်ခြေလျော့နည်းစေပါတယ်။ ဒါ့အပြင် –။သန္ဓေတားဆေးတွေကိုရောဂါအခြေအနေအတော်များများကိုကုသရာမှာအသုံးပြုကြပါတယ် –။(၁) Polycystic Ovary Syndrome(မျိုးဥအိမ်အတွင်းအရည်အိတ်တည်ခြင်း )ဟာ ဓမ္မတာမမှန်ခြင်း၊ဝက်ခြံထွက်ခြင်းနဲ့ အမွေးအမျှင်တွေပိုထွက်လာခြင်းတို့ကိုဖြစ်စေတဲ့ဟော်မုန်းမညီမျှမှုဖြစ်ပါတယ်။ ရာသီလာချိန်မမှန်တဲ့မိန်းကလေးတွေ(အရမ်းနည်းတာ၊ လုံးဝမလာတာ)အတွက် ရာသီမှန်စေဖို့ ဟော်မုန်းပမာဏကို လျော့နည်းအောင် သန္ဓေတားဆေးတွေက စွမ်းဆောင်ပေးပါတယ်။ဟော်မုန်းတွေက ပုံမှန်ပမာဏရှိနေတယ်ဆိုရင် ဝက်ခြံနဲ့အမွေးအမျှင်ထွက်ခြင်းတို့ သက်သာသွားစေနိုင်ပါတယ်။(၂) Endometriosis(သားအိမ်တွင်းတစ်ရှူးများသားအိမ်ပြင်ပရောက်ခြင်း) – ဒီအခြေအနေရှိနေတဲ့ အမျိုးသမီးအများစုဟာ ရာသီလာချိန်မှာ ကိုက်ခဲမှု၊ ခါးအောက်ပိုင်းကိုက်ခြင်းကိုခံစားရတတ်ပါတယ်။ Endometriosis ကိုကုသရာမှာသန္ဓေတားဆေးတွေကိုဆေးညွှန်းပေးလေ့ရှိပြီး တားဆေးက ဓမ္မတာမလာအောင်ယာယီတားဆီးပေးထားပါတယ်။Endometriosis ရှိတဲ့ မိန်းကလေးငယ်တွေဟာ ရာသီလာရင် နာကျင်ကိုက်ခဲမှုကိုခံစားရနိုင်တာကြောင့် ရာသီသွေးမဆင်းအောင်တားဆီးတာကဝေဒနာကို သက်သာစေနိုင်ပါလိမ့်မယ်။(၃)ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraines)-သန္ဓေတားဆေးကဟော်မုန်းပြောင်းလဲမှုကြောင့်ဖြစ်လာတဲ့ ရာသီလာချိန်ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။(၄) ကိုယ်အလေးချိန်ကျဆင်းခြင်း၊စိတ်ဖိစီးခြင်း၊ကိုယ်လက်လှုပ်ရှားမှုလွန်ကဲခြင်းကြောင့် ရာသီထိန်ခြင်း (amenorrhea) –ရာသီစက်ဝန်းမှန်စေဖို့ အက်စထရိုဂျင်ပြန်ဖြည့်ပေးနိုင်မယ့် သန္ဓေတားဆေးတွေကို ဆရာဝန်က ညွှန်းပေးနိုင်ပါတယ်။ အရိုးကျန်းမာရေးအတွက် အက်စထရိုဂျင်ပုံမှန်ပမာဏရှိဖို့နဲ့ သင့်တင့်တဲ့ ကိုယ်အလေးချိန်ရှိဖို့အရေးကြီးပါတယ်။ ကိုယ်အလေးချိန်ကျဆင်းမှု ဒါမှမဟုတ် စားသောက်ပုံမူမမှန်ခြင်းတို့ကြောင့် ရာသီထိန်ခဲ့ရင် ပုံမှန်ကိုယ်အလေးချိန်ပြန်ရအောင် ကုသစောင့်ရှောက်မှုခံယူတာအကောင်းဆုံးပါပဲ။(၅) Menstrual Cramps –ရာသီလာချိန်ကိုက်ခဲမှု ပြင်းထန်တဲ့အခါ ဆေးညွှန်းမလိုတဲ့ဆေးဝါးတွေလောက်နဲ့ မသက်သာခဲ့ရင် သန္ဓေတားဆေးတွေက အထောက်အကူပေးနိုင်ပါတယ်။ တားဆေးတွေက မျိုးဥကြွေခြင်းကိုတားဆီးပေးပြီးသွေးဆင်းနည်းစေပါတယ်။dysmenorrheaလို့ခေါ်တဲ့ဒီအခြေအနေကြောင့်ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုကို ဒီဆေးတွေကသက်သာလျော့ပါးစေပါတယ်။(၆) ရာသီမလာခင်ခံစားရတဲ့လက္ခဏာများ(PMS)–စိတ်အပြောင်းအလဲမြန်ခြင်း၊ရင်သားနာကျင်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ဗိုက်ပူလာခြင်း၊ ဝက်ခြံထွက်ခြင်းတို့လို PMS လက္ခဏာတွေက မိန်းကလေးတစ်ယောက်ရာသီမလာခင် ၂ ပတ်လောက်အလိုမှာဖြစ်လေ့ရှိပါတယ်။ မျိုးဥကြွေခြင်းကိုတားဆီးပေးပြီးဟော်မုန်းပမာဏကို ထိန်းညှိပေးဖို့သန္ဓေတားဆေးတွေကို ညွှန်းပေးကြပါတယ်။ သန္ဓေတားသောက်ဆေးတွေကို ဆက်တိုက်ပေးပြီးနောက် ဒီလက္ခဏာတွေသက်သာလာနိုင်ပါတယ်။(၇) Primary Ovarian Insufficiency (POI)– ဓါတ်ကင်ကုထုံး၊ ဓါတုကုထုံး သို့မဟုတ် မျိုးဗီဇရောဂါတစ်ခုခုကြောင့် မျိုးဥအိမ်က အက်စထရိုဂျင်အလုံအလောက်မထုတ်ပေးနိုင်တဲ့ ဒီအခြေအနေမှာ သန္ဓေတားဆေးတွေက အကျိုးပြုပေးနိုင်ပါတယ်။ ဒီကုသမှုရဲ့ ရည်ရွယ်ချက်က ရာသီစက်ဝန်းပုံမှန်ပြန်ဖြစ်ဖို့နဲ့ အရိုးကျန်းမာရေးထိန်းသိမ်းဖို့အတွက်ဖြစ်ပါတယ်။(၈) ရာသီသွေးဆင်းများခြင်း– ရာသီလာချိန်သွေးဆင်းတဲ့ပမာဏများနေရင်၊ ရက်ပိုကြာနေရင် သန္ဓေတားဆေးတွေက သက်သာစေနိုင်ပါတယ်။ တချို့မိန်းကလေးတွေမှာသွေးဆင်းတာအရမ်းများပြီးသွေးအားနည်းတဲ့အခြေအနေဖြစ်စေနိုင်ပါတယ်။ ဒီဆေးတွေက ရာသီသွေးဆင်းနည်းစေတာကြောင့်သွေးအားနည်းခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။(၉) ဝက်ခြံဖြစ်ခြင်း– ပုံမှန်ဆေးဝါးတွေနဲ့ကုသလို့မရတဲ့ ဝက်ခြံ အကြီးအသေးအားလုံးကို သန္ဓေတားဆေးတွေနဲ့ကုသနိုင်ပါတယ်။ သန္ဓေတားဆေးမှာပါတဲ့ဟော်မုန်းတွေက ဝက်ခြံဖြစ်ခြင်းကိုတားဆီးပေးနိုင်ပါတယ်။ ဒါပေမယ့် အာနိသင်ထိရောက်ဖို့က လနဲ့ချီပြီး ကြာတတ်တာကြောင့် စိတ်ရှည်ဖို့တော့လိုပါတယ်။ရောဂါအကြောင်းရင်းကြောင့် သန္ဓေတားဆေးတွေကိုသောက်နေရတယ်ဆိုရင် ဘာအကျိုးကျေးဇူးတွေရှိနိင်လဲ။သန္ဓေတားဆေးတွေကို ရောဂါကုသရေးအတွက်သောက်သုံးနေတယ်ဆိုရင်တောင် ကိုယ်ဝန်မရအောင်လည်း အကာအကွယ်ဖြစ်စေပါတယ်။ ဒါပေမယ့် တားဆေးတွေက လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေကို မကာကွယ်ပေးနိုင်ပါဘူး။ ဒါ့ကြောင့် ကိုယ့်အဖော်မှာရောဂါရှိမရှိကို မသိတဲ့အခြေအနေဆိုရင် လိင်ဆက်ဆံချိန်မှာ ကွန်ဒုံးသုံးတာကောင်းပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/%e1%80%9e%e1%80%94%e1%80%b9%e1%80%93%e1%80%b1%e1%80%90%e1%80%ac%e1%80%b8%e1%80%86%e1%80%b1%e1%80%b8%e1%80%9b%e1%80%b2%e1%80%b7-%e1%80%90%e1%80%81%e1%80%bc%e1%80%ac%e1%80%b8%e1%80%80%e1%80%bb%e1%80%94/
အနံ့အသက်ဆိုးတွေကင်းဝေးဖို့ Prebiotics ပါဝင်တဲ့ မိန်းမကိုယ်သန့်စင်ဆေးရည်
မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပျက်ပြားစေတဲ့အချက်တစ်ခုရှိတယ်နော်။ ဒါကတော့ ခန္ဓါကိုယ်က အနံ့အသက်ဆိုးတွေထွက်နေမှာကိုပါ။ အရှက်အကြောက်ကြီးတတ်တဲ့ မိန်းကလေးတစ်ယောက်အဖို့ ဒီကိစ္စကလည်းတော်တော်လေးတော့စိတ်ညစ်စရာနော်။ မနက်အလုပ်သွားရင်း ခန္ဓါကိုယ်ကအနံ့အသက်ဆိုးထွက်နေတယ်။ ဘာမှလည်းလုပ်လို့မရတစ်နေ့တာလုံးကို ဒီတိုင်းကျော်ဖြတ်ရမယ်ဆိုရင်ပြီးရောပဲနော်။ လူဆိုတာက အနံ့အသက်ဆိုးကင်းဖို့မဖြစ်နိုင်ပေမယ့် ဘယ်သူကမှာတော့ အနံ့ဆိုးမထွက်နေချင်ပါဘူး။အမျိုးသမီးတွေအနေနဲ့ အနံ့အသက်တွေကင်းစင်စေဖို့မှာ အရေးတကြီးလုပ်ရမှာကတော့ တစ်ကိုယ်ရေသန့်ရှင်းရေးပါ။ ခေါင်းအစ ခြေအဆုံးတစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရမယ်ဆိုတာ အမျိုးသမီးတွေ သိပြီးသားပါနော်။ ဒီမှာ နောက်ထပ်အထူးပြုပြီး သေချာပြောချင်တာကတော့ မိန်းမကိုယ် သန့်စင်ခြင်းကိစ္စပါ။ အပြင်ပန်းပဲ လှပကျော့ရှင်းနေလို့မရဘူးနော်။ မိန်းမတွေမှာအရေးကြီးဆုံးဖြစ်တဲ့မိန်းမကိုယ်လေးကို အနံ့အသက်ဆိုးတွေကင်းဝေးပြီး ကျန်းမာသန့်ရှင်းနေစေဖို့ ဂရုစိုက်ရဦးမှာပေါ့။ ဒါမှပဲ စိတ်လုံလုံခြုံခြုံအနံ့အသက်ကင်းကင်းနဲ့ နေ့ရက်တိုင်းကို ကျော်ဖြတ်နိုင်မှာပါ။လေဒီတို့ရဲ့ မိန်းမကိုယ်ကဘက်တီးရီးယားတွေနဲ့ပြည့်နေတာပါ။ ဘက်တီးရီးယားက အကျိုးပြုဘက်တီးရီးယားရော အကျိုးမပြုတဲ့ဘက်တီးရီးယားရောပေါ့။ ဒီဘက်တီးရီးယားအရေအတွက်မှာ အကျိုးပြုဘက်တီးရီးယားဖြစ်တဲ့Lactobacillusဘက်တီးရီးယားတွေ များနေဖို့လိုပါမယ်။ ဒါမှ မလိုလားအပ်တဲ့ ဘက်တီးရီးယားပေါက်ဖွားမှုတွေကင်းပြီး မိန်းမကိုယ်မှာ မှိုစွဲတာ၊ ယားယံတာနဲ့ အနံ့အသက်ဆိုးဖြစ်တာ၊အဖြူဆင်းတာတွေကင်းစေမှာပါ။ အခုပြောခဲ့တဲ့ လက္ခဏာတွေကင်းမှလည်း အနံ့အသက်ဆိုးကင်းစေမှာပါ။အကျိုးပြုဘက်တီးရီးယားအရေအတွက်များနေမှလည်းဆီးလမ်းကြောင်းပိုးဝင်တာ၊သားအိမ်ကင်ဆာနဲ့ လိင်ကတစ်ဆင့်ရောဂါတွေ ကူးစက်တာမျိုးကင်းဝေးမှာပါ။ရောဂါတွေကိုကာကွယ်ပေးပြီး ကျန်းမာတဲ့ မိန်းမကိုယ်လေးဖြစ်စေဖို့ လေဒီတွေအနေနဲ့ အကျိုးပြုဘက်တီးရီးယားတွေ မျှတနေအောင် မိန်းမကိုယ်သန့်ရှင်းရေးကိုဂရုစိုက်ရပါမယ်။ အနံ့အသက်မထွက်အောင်၊ မယားယံအောင်၊ ဆီးလမ်းကြောင်းပိုးမဝင်အောင် ကာကွယ်ပေးတာတွေအပြင် မိန်းမကိုယ်သန့်ရှင်းရေးကို ဂရုစိုက်တာကကိုယ်ဝန်ရရှိစေဖို့ အထောက်အကူပြုပေးနိုင်သလို မျိုးအောင်နိုင်စွမ်းကိုလည်းတိုးတက်စေနိုင်ပါသေးတယ်နော်။ဒါကတော့ရှင်းပါတယ်။ အပေါ်မှာပြောခဲ့တဲ့အတိုင်း အကျိုးပြုဘက်တီးရီးယားလေးတွေကျန်းမာစွာရှင်သန်ဖို့ ဂရုစိုက်ရုံပေါ့။ ဂရုစိုက်တယ်ဆိုတော့ ဘယ်လိုဂရုစိုက်ရမလဲဆိုတဲ့ နည်းလမ်းကလိုလာပါပြီနော်။ ဒါဆိုရင်တော့ တူတူဆက်ဆွေးနွေးရအောင်လေနော်။အနံ့အသက်ဆိုးကင်းချင်တယ်ဆိုတဲ့ ဆန္ဒနဲ့ ခန္ဓါကိုယ်အနံ့အသက်ဆိုးတွေကို ဖယ်ရှားပေးတဲ့ ဆပ်ပြာတွေကိုသုံးပြီး မိန်းမကိုယ်ကို သန့်စင်တာမျိုးမလုပ်ပါနဲ့။ ဆပ်ပြာမှာပါတဲ့ ဓါတုပစ္စည်းတွေက အနံ့အသက်ဆိုးကိုယာယီပဲ ကာကွယ်ပေးနိုင်ပြီး မိန်းမကိုယ်ကိုခြောက်သွေ့စေတာ၊ ယားယံစေတာမျိုးတွေဖြစ်စေနိုင်ပါတယ်။အတွင်းခံရွေးတဲ့အခါမှာလည်းချွေးစုပ်ပြီးလေဝင်လေထွက်ကောင်းတဲ့ ချည်သားအတွင်းခံကိုရွေးချယ်ဝတ်ဆင်ရပါမယ်။ ဒါမှ ဘက်တီးရီးယားပေါက်ဖွားတာကို ကာကွယ်ရာရောက်ပြီး အနံ့ဆိုးတွေကို ကင်းစင်စေမှာပါ။လေဒီတွေမှာရှိတတ်တဲ့ အလှအပအယူအဆအမှားတစ်ခုရှိပါတယ်။ ဒါကတော့ ခန္ဓါကိုယ် ထင်းပြီး လှအောင်ဆိုပြီး အဝတ်အစားတွေကို ခပ်ကျပ်ကျပ်ဝတ်တာပါပဲ။ ဒါက လေဝင်လေထွက်မကောင်းတာကိုဖြစ်စေပြီးနောက်ဆက်တွဲအနေနဲ့ အနံ့အသက်ဆိုးတွေကိုဖြစ်စေတာ့တာပါပဲ။အနံ့အသက်ပြဿနာကင်းတဲ့ လေဒီလေးဖြစ်ဖို့ဆိုရင်တော့ ဆပ်ပြာ၊ Paraben နဲ့ အရောင်ပါဝင်မှုကင်းစင်ပြီး အကျိုးပြုဘက်တီးရီးယားတွေအတွက် အစာအာဟာရတစ်မျိုးဖြစ်တဲ့ Prebiotics ပါဝင်နေတဲ့ အမျိုးသမီးသန့်စင်ဆေးရည်ကို အသုံးပြုပေးဖို့လိုပါမယ်။ကဲ တစ်နေ့တာကို အနံ့အသက်ဆိုးကင်းတဲ့ လေဒီလေးတစ်ယောက်အနေနဲ့ဖြတ်သန်းဖို့အသင့်ဖြစ်ပြီလား…..။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/are-probiotics-good-for-your-vagina/
Knee Pain (ဒူးနာခြင်း)
ဒူးနာခြင်း ဆိုသည်မှာ ခုံညင်းရိုးအောက် သို့ မဟုတ် ဒူးခေါင်း အရိုးဆစ်ကြား နာသော ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ ဒူးနာခြင်းသည် ဒူးခေါင်းရိုး၊ ခုံညင်းရိုး၊ အရွတ် နဲ့ အရိုးနု တစ်နေရာရာတွင် ထိခိုက်ချို့ယွင်းခြင်းမှ အစပြုနိုင်ပါသည်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ရောဂါအကြောင်းရင်းကို ရှာဖွေကုသနိုင်သောအခါ ရောဂါ အလိုအလျောက် ပျောက်သွားသည်က များသည်။ အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း အသက်ကြီးသူများတွင် အဖြစ်များသည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်း အားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန့်နဲတိုင်ပင် ဆွေးနွေးသင့် ပါတယ်။နာသောနေရာသည် ရောဂါဖြစ်နိုင်ချေအများဆုံး အကြောင်းရင်းကို ညွှန်ပြနိုင်သည်။ ထို့ကြောင့် ဘယ်နေရာမှာနာလဲဆိုတာ သိဖို့အရေးကြီးပါသည်။နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ တစ်ခါတစ်ရံ လှုပ်ရှားမှုတွင် ကလစ် ၊ကလစ် အသံထွက်ခြင်း တို့သည် အဖြစ်များသော လက္ခဏာများဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဒူးဆစ်ညပ်၍ ထိုင်မရ၊ ထမရ အခြေအနေမျိုးလည်း ကြုံရတတ်သည်။ ထိုအကြောင်းရင်းမှာ ပြဲသွားသော အရွတ်အပိုင်းအစသည် ဒူးဆစ်ကြားထဲဝင်သွား၍ ဒူးခေါင်းကွေးခြင်း ဆန့်တန်းခြင်းကို တားဆီးလိုက်လို့ ဖြစ်ပါတယ်။သင့်မှာ အောက်ဖော်ပြပါ အချက်အလက်တွေထဲက တစ်ခုခု ရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ် သင့်ပါတယ်။• တစ်ဦးတည်းနေသူဖြစ်ပြီး ရောဂါလက္ခဏာ မသက်သာလျှင်။• ရုပ်ပိုင်းဆိုင်ရာကုသမှုနဲ့ ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းများလုပ်သော်လည်း မသက် သာဘဲ ပိုဆိုးလာလျှင်။• ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးကို ခံစားနေရလျှင်။• ဒူးခေါင်းရိုး ပုံပျက်လာလျှင်။• အဖျားတက်ပြီး ဒူးခေါင်းတစ်ဝိုက် နီရဲပြီး ပူလာလျှင် သို့မဟုတ် ရောင်ရမ်းလာလျှင်။• နာနေသော ဒူးခေါင်း အောက်ဖက် ခြေသလုံးကြွက်သား နာကျင်၊ ရောင်ရမ်း၊ ထုံကျဉ် လာလျှင်။• ဒူးဆစ်ညပ်ပြီး လှုပ်ရှားလိုက်တိုင်း နာကျင်မှုနဲ့အတူ ကလစ် ကလစ် အသံထွက်လာလျှင်။အကြောင်းရင်းများတွင် ဒူးဆစ်လည်ခြင်း၊ လိမ်ခြင်း သို့မဟုတ် အရွတ်ပြဲခြင်း၊ ဒူးစွပ်အဖုံးရိုးရောင် ခြင်း နဲ့ ဒူးဆစ်တစ်ခုလုံး ရောင်ခြင်း တို့ပါဝင်ပါတယ် ။ အဖြစ်များသော အကြောင်းရင်းများက တော့အောက်ပါအတိုင်းဖြစ်ပါတယ်။• အဆစ်လွဲခြင်း။• ဒူးရှေ့ခြမ်းရောင်ခြင်း (ခုံညင်းရိုး ရောင်ခြင်း)။• အရိုးနု ထိခိုက်မိခြင်း။• အဆစ်ရောင်ခြင်း (Osteoarthritis)။• အရွတ်ရောင်ခြင်း။• အရိုးအဆစ်တွင်းရှိ အိတ်များရောင်ခြင်း (Bursitis) (ဒူးထောက်၍ ကြမ်းတိုက်ရများသော အိမ်အကူများတွင် အဖြစ်များ၍ အိမ်အကူတွင်ဖြစ်လေ့ ရှိသော ဒူးရောဂါ Housemaid’s knee ဟုပင်ခေါ်လေ့ရှိသည်)။• အဆစ်တွင်း သွေးယိုစီးခြင်း။• Osgood-Schlatter’s Disease။• ဂေါက်ရောဂါ။• အရိုးဆစ်တွင်း ပိုးဝင်ခြင်း။ဒူးနာခြင်း ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ ဥပမာအားဖြင့်။• အလွန်အမင်း ဝ ခြင်း။• ဇီဝကမ္မဖြစ်စဉ်များနဲ့ ပြင်ပမှ သက်ရောက်မှုများ။• ကြွက်သားလှုပ်ရှားမှု နည်းပါးခြင်း။• တချို့သော အားကစားနည်းများ။• ယခင် ထိခိုက်ဒဏ်ရာ ဖြစ်ဖူးခြင်း။ယခု ဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ၏ အကြံပေးချက်များ နေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသော အချက်အလက်များအတွက် သင့်ရဲ့ ဆရာဝန် နဲ့အမြဲတိုင်ပင်ဆွေးနွေးပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က ရောဂါရာဇဝင် နဲ့ စမ်းသပ်မှုများ ပြုလုပ်၍ အတည်ပြုပါတယ်။ ဒူးဆစ် ဓါတ်မှန်ရိုက်ခြင်း နဲ့ လိုအပ်ရင် သွေးစစ်မှုများကိုလည်း ပြုလုပ်နိုင်ပါတယ် ။ တကယ်လို့ ဒူးခေါင်းဆစ်တွင်း အရည်ဖုံးနေ လျှင် (Knee effusion) ဆရာဝန်က ဒူးဆစ်အတွင်းမှ အရည်ကို အပ် နဲ့ စုပ်ထုတ်ပေးပါလိမ့်မယ်။ စုပ်ထုတ်ထားသော အရည်ကို ဓါတ်ခွဲခန်းသို့ပို့၍ စစ်ဆေးပါတယ်။အရေးကြီးဆုံးမှာ ရောဂါဖြစ်ခြင်း အကြောင်းရင်းကို ရှာရပါမယ် ။ အထူးသဖြင့်မကြာသေးခင်က အပြင်းအထန် လမ်းလျှောက် လှုပ်ရှားသွားလာခြင်း များ ပြုလုပ်မိသေးလား ဆိုတာကို သတိထား ရပါ မယ်။ အားကစားသမား အများစုသည် ဘေးတိုက်လှုပ်ရှားမှုများ ပြုရလေ့ရှိသောကြောင့် ဒီဝေဒနာကို ခံစားရသည် များသည်။ထိုလှုပ်ရှားမှုများကို နှစ်ပတ်မှ ခြောက်ပတ် နားလိုက်သောအခါ ရောဂါလက္ခဏာများ တဖြည်းဖြည်း သက်သာသွားပါတယ် ။ ဆရာဝန်ဆေးစာမလိုအပ်သော ibuprofen နဲ့ Naproxen ကဲ့သို့သော အရောင်ကျဆေးများ (NSAID) သည် ရောင်ရမ်းခြင်း နဲ့နာကျင်ခြင်းကို သက်သာစေပါတယ်။ထိုဆေး များသည် အစာအိမ်ရောင်တတ်၍ အစာနဲ့တွဲပြီးမှ သောက်သုံးသင့်ပါတယ် ။ ထိုဆေးမသောက်မီ အစာအိမ်အနာ နဲ့အစာအိမ်သွေးကြောပေါက်ဖူးသူများသည် ဆရာဝန် နဲ့ အရင်တိုင်ပင်သင့်ပါတယ်။ခုံညင်းရိုးနာခြင်းကို သက်သာရန် ရုပ်ပိုင်းဆိုင်ရာ ကုသမှုများပြုလုပ်၍ ပေါင်ရှေ့ဖက်ရှိ Quadricep ကြွက်သားများ၊ ပေါင်နောက်ဖက်ရှိ Hamstring ကြွက်သားများ ၊ ခြေသလုံးကြွက်သားများ သန်မာလာအောင်လေ့ကျင့်ရပါတယ်။အရွတ်လည်ခြင်း လိမ်ခြင်းသည် အချိန်တစ်ခုအထိ အနားယူ လိုက်လျှင် သက်သာလာပါတယ်။ အရွတ်ပြဲခြင်းအတွက်မူ လှုပ်ရှားမှုကို ထိန်းချုပ်ခြင်းနဲ့ ပိုမိုပြင်းထန်ထိရောက်သော ကုသနည်းများလိုအပ်ပါတယ်။ ကုသမှုများခံယူနေသော်လည်း ဒူးနာခြင်းမှာ မသက်သာဘဲ ပိုမိုဆိုးရွားလာလျှင် ခွဲစိတ်ဆရာဝန်သည် ထိခိုက်ပျက်စီးမှုများကို ပြုပြင်ရန် ခွဲစိတ်မှုလုပ်ဖို့အကြံပေးပါလိမ့်မယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ ကုထုံးများက သင့်အနေနဲ့ ဒူးနာခြင်းကို ကုသတဲ့ နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာမှာ အကူအညီပေးနိုင်ပါတယ်။• ညွှန်ကြားထားသော ဆေးများကို မှန်မှန်ကန်ကန် သောက်သုံးပါ။• နာကျင်ခြင်းကို ဖြစ်စေသော လှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ။• လှုပ်ရှားမှုများကို ဖြည်းညင်းစွာ ပြန်လည်စတင်ပါ။ နာကျင်စေသော လှုပ်ရှားမှုများကို သတိ ထား၍ ပြုလုပ်ပါ။အကယ်၍ သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက် သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/knee-pain-%e1%80%92%e1%80%b0%e1%80%b8%e1%80%94%e1%80%ac%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
မိန်းမကိုယ်ကျန်းမာရေးအတွက် အဓိကကျတဲ့ အတွင်းခံ အကြောင်းသိသင့်တဲ့ အချက်(၈)ချက်
မိန်းကလေးတစ်ယောက်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့ မိန်းမကိုယ်ကျန်းမာရေးဆိုတာ လုံးဝကို ဂရုစိုက်သင့်တဲ့ အရာတစ်ခုပါ။မိန်းမကိုယ်ပိုးဝင်တာ၊ယားယံပြီး အနံ့ဆိုးထွက်တာတွေကနေ ကာကွယ်ဖို့အတွက် သန့်စင်ပေးရုံတင်နဲ့တင် မပြီးသေးပါဘူး။ မိန်းမကိုယ်နဲ့ အနီးကပ်ဆုံးဖြစ်တဲ့ အတွင်းခံ သန့်ရှင်းနေဖို့လည်း လိုပါသေးတယ်။ ဒီတော့ မိန်းမကိုယ် ကျန်းမာရေးအတွက် ဘယ်လို အတွင်းခံမျိုးက အသင့်တော်ဆုံးလဲ။ မိန်းမကိုယ်ကျန်းမာရေးအတွက် အဓိကကျတဲ့ အတွင်းခံ အကြောင်းသိသင့်တဲ့ အချက်တွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။မိန်းမကိုယ်ကျန်းမာရေးအတွက် အဓိကကျတဲ့ အတွင်းခံ အကြောင်းသိသင့်တဲ့ အချက်တွေကတော့။( ၁ ) ချည်သားအတွင်းခံကို ဝတ်ဆင်ပါ ။ ။အခြားကိုယ်ခန္ဓာ အစိတ်အပိုင်းတွေလိုပဲ မိန်းမကိုယ်ကလည်း အောက်ဆီဂျင်ရရှိဖို့ လိုအပ်တာကြောင့် လေဝင်လေထွက်ကောင်းတဲ့ချည်သားအတွင်းခံကို ဝတ်ဆင်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် နူးညံ့ပြီး ထိခိုက်လွယ်တဲ့ မိန်းမကိုယ် အရေပြားကို ကာကွယ်ပေးနိုင်ရုံမက ပူအိုက်လို့ ထွက်တဲ့ချွေးတွေကို ချည်သားအတွင်းခံက စုပ်ယူပေးဦးမှာပါ။( ၂ ) အတွင်းခံကို တစ်နေ့တစ်ခါ လဲဝတ်ပါ။ ။ကျန်းမာတဲ့ မိန်းမကိုယ်ဆို စိုစွတ်ပြီး အနံ့မနံတဲ့အချွဲလေးတွေ ဆင်းတတ်တာကြောင့် တစ်နေ့တာဝတ်ဆင်တဲ့အတွင်းခံမှာ ပေနေတတ်ပါတယ်။ ဒါကို တစ်နေ့တစ်ထည် မလဲဘဲ ပြန်ဝတ်တဲ့အခါမှာ မိန်းမကိုယ် ပိုးဝင်ဖို့ အခွင့်အလမ်း ပိုများသွားနိုင်ပါတယ်။( ၃ ) အိပ်ရာဝင်ချိန် အတွင်းခံ ဝတ်မအိပ်တာ အကောင်းဆုံးပါ။ ။မိန်းမကိုယ်နဲ့ ပက်သက်ပြီး ဘာပြဿနာမှမရှိတဲ့သူဆိုရင်တော့ အတွင်းခံဝတ်အိပ်တာ ပြဿာနာမရှိပေမယ့် မိန်းမကိုယ်မှိုစွဲပြီးယားတတ်တဲ့သူတွေအတွက်တော့ အတွင်းခံချွတ်ပြီး ဝတ်အိပ်တာ ပိုကောင်းပါလိမ့်မယ်။ ဒါမှ မိန်းမကိုယ်လည်း အောက်ဆီဂျင်ရပြီး ဖြစ်နေတဲ့ ယားယံခြင်းနဲ့ မှိုပြဿနာတွေလည်း ဖြေရှင်းပြီးသားဖြစ်မှာပါ။( ၄ ) လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာလည်း ကိုယ်နဲ့တစ်သားတည်းကျတဲ့ အတွင်းခံဝတ်ထားသင့်ပါတယ်။လေ့ကျင့်ခန်းလုပ်တဲ့အချိန်ဆိုတာ သာမန်ထသွားထလာ အချိန်နဲ့ မတူပါဘူး။ ထွက်လာတဲ့ချွေးတွေကို စုပ်ယူဖို့နဲ့ လေ့ကျင့်ခန်းလုပ်တဲ့ ဘောင်းဘီကြား သက်သောင့်သက်သာရှိစေဖို့အတွက် အတွင်းခံဝတ်ပေးဖို့လိုပါတယ်။ အတွင်းခံဆိုတဲ့နေရာမှာလည်း ကိုယ်နဲ့ တစ်သားတည်းဖြစ်နေတဲ့အရွယ်အစားကို ရွေးချယ်ဝတ်ဆင်ဖို့က အရေးအကြီးဆုံးပါ။( ၅ ) အတွင်းခံ ကို သေချာလျှော်ပါ။အဝတ်လျှော်စက်ထဲကို အတွင်းခံတွေ ပစ်ထည့်လိုက်ပြီး လျှော်မယ့်အစား ကိုယ်တိုင်လက်နဲ့ သန့်စင်အောင် လျှော်ဖွပ်ဖို့လိုအပ်ပါတယ်။ လျှော်တဲ့နေရာမှာလည်း အပြင်းစားဆပ်ပြာတွေအစား ဓာတ်မတည့်ခြင်းဖြစ်တာတွေ နည်းတဲ့ ဆပ်ပြာမှုန့်ကို သုံးပြီး လျှော်ဖွပ်ဖို့လည်း မမေ့သင့်ပါဘူး။( ၆ ) လျှော်ပြီးသား အတွင်းခံကို သေချာနေလှန်း မီးပူတိုက်ပါ။လျှော်ပြီးသား အတွင်းခံတွေကို သူများတွေ မြင်မှာစိုးလို့ အထဲမှာပဲ သိမ်းပြီး လှန်းထားမယ့်အစား နေနဲ့ တိုက်ရိုက်ပေးတွေ့ပြီး ပိုးသေအောင် လုပ်သင့်ပါတယ်။ နေလှန်းပြီး ခြောက်သွားလို့ မီးပူ တိုက်တဲ့အခါမှာလည်း အတွင်းသားကို လှန်ပြီး မီးပူ တိုက်ပေးဖို့ မမေ့ပါနဲ့။ ။( ၇ ) တစ်နှစ် တစ်ခါ အတွင်းခံ အသစ်တွေ ဝယ်ဝတ်ပါ။ ။ဘယ်လောက်ပဲ ကပ်စီးနှဲတဲ့သူ ဖြစ်ပါစေ တစ်နှစ် တစ်ခါလောက် အတွင်းခံတွေ အသစ်တွေ ဝယ်ပြီး အဟောင်းတွေကို စွန့်ပစ်လိုက်ဖို့တော့လိုပါလိမ့်မယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/8-facts-for-panties/
နှလုံးသွေးကြော ရောဂါများ
နှလုံးက တစ်ကိုယ်လုံးကို သွေးတွေ ညှစ်ပေးနေတဲ့ မိခင်ဌာနကြီး ဆိုပေမယ့် သူကိုယ်တိုင်လည်း ဒီလို ညှစ်ထုတ်နိုင်ဖို့ သွေးလိုအပ်ပါတယ်။ ဒီသွေးတွေကိုတော့ နှလုံးသွေးကြောမကြီးတွေက ထောက်ပံ့ပေးထားတာပဲ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်နှလုံးသွေးကြောတွေ ပိတ်ခဲ့၊ ကျဉ်းခဲ့ရင် နှလုံးက သွေးမရတော့ဘဲ သွေးငတ်ပြီး ကြွက်သားတွေပုပ်၊နှလုံးပျက်စီးပြီး အသက်သေဆုံးနိုင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ဒီလို နှလုံးသွေးကြော ပိတ်လို့၊ ကျဉ်းလို့ ဖြစ်လာတဲ့ ရောဂါတွေကိုCoronary artery diseaseလို့ ခေါ်ပါတယ်။နှလုံးသွေးကြော ရောဂါများ အကြောင်း အတူတူ လေ့လာလိုက်ရအောင်နော်။နှလုံးသွေးကြော ဘာကြောင့် ပိတ်ရတာလဲ။သာမန်ကျန်းမာတဲ့ သူရဲ့ နှလုံးသွေးကြောက သန့်ပြီး ချောနေပါတယ်။ ဒါကြောင့် သွေးတွေက သွေးကြောတစ်လျှောက် ကောင်းကောင်း စီးဆင်းနိုင်ပါတယ်။ အသက်ကြီးလာလေလေ သွေးကြောထဲမှာ အဆီတွေ စုပုံလာပါတယ်။ ရေပိုက်တွေ သုံးတာကြာလာရင် ချေးကိုက်လာသလိုပေါ့။ ဒီလိုအဆီဖတ်လေး သွေးကြောနံရံမှာ လာကပ်တဲ့အခါ သွေးထဲက အညစ်အကြေးတွေ၊ ဆဲလ်တွေ၊ ကယ်လ်ဆီယမ်တွေကပါ အပြင်ကနေ လာဝိုင်းလာပါတယ်။  မြင်အောင် ပြောရရင် ဆေးဘဲဥများလိုပေါ့။ အထဲမှာ ခပ်ပျော့ပျော့ အပြင်မှာ မာခဲခဲလေးပါ။မတော်တဆများ အပြင်က အကာလေးပွင့်သွားပြီး အထဲက အဆီတွေ ထွက်လာရင် သွေးဥမွှားက သွေးကြောပေါက်သွားတယ်ထင်ပြီး ပေါက်သွားတဲ့နေရာကို လာကပ်ပါတယ်။ ဒီတော့ သွေးကြောက ပိုကျဉ်းလာပါတယ်။ တစ်ခါ သွေးကြောနံရံကလည်း သူ့ကိုယ်သူ ဒဏ်ဖြစ်သွားပြီထင်လို့ သွေးကြောကြွက်သားတွေကို ကောက်ညှစ်ပြီး ကျဉ်းပစ်လိုက်ပါတယ်။ ဒီလိုနဲ့ နှလုံးသွေးကြာက ကျဉ်းသထက် ကျဉ်းလာပြီး နောက်ဆုံး နှလုံးကြွက်သားတွေဆီ သွေးမပို့နိုင်တော့ပါဘူး။သွေးမပို့တဲ့အခါကျတော့ နှလုံးကြွက်သားက သူလိုအပ်တဲ့ အာဟာရတွေ၊ အောက်ဆီဂျင်တွေ မရတော့ပါဘူး။ ဒါကြောင့် ဆဲလ်တွေသေပြီး ကြွက်သားတွေ တဖြည်းဖြည်း ပုပ်လာပါတယ်။ ဒါကြောင့် အပြင်က လူက ရင်ဘတ်အောင့်တယ်ဆိုတဲ့ ဝေဒနာကို ခံစားရပါတော့တယ်။ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ။-ရင်ဘတ်အောင့်တာ (ရင်ဘတ်ကို တစ်ခုခုနဲ့ ဖိထားသလိုမျိုးအောင့်တာပါ၊ ဘယ်နေရာက အောင့်ပါတယ်လို့ တိတိကျကျ မပြောနိုင်ပါဘူး။ မေးကြောတွေ၊ လက်တွေအထိ လိုက်အောင့်တတ်ပါတယ်။)။-ခေါင်းမူးပြီး နေလို့မကောင်းတာ။-လက်မောင်းတွေပါ ကိုက်လာတာ။-မောလာတာ။-ချွေးစေးတွေ ပြန်လာတာ။-ပျို့အန်တာ စတာတွေ ဖြစ်တတ်ပါတယ်။ဒါပေမယ့် လူတိုင်းက ဒီလက္ခဏာတွေ မပြပါဘူး။ ဆီးချိုရှိတဲ့သူ၊ အသက်ကြီးလွန်းတဲ့ သူတွေမှာဆို ဘာလက္ခဏာမှ မခံစားနေရဘဲ နှလုံးသွေးကြောပိတ်နေတာမျိုး ရှိနေတတ်ပါတယ်။ Silent ischaemiaလို့ ခေါ်ပါတယ်။ဘယ်သူတွေမှာ ဖြစ်တတ်သလဲ။နှလုံးသွေးကြော ကျဉ်းမှန်း ဘယ်လိုသိနိုင်မလဲ။တချို့ကျတော့လည်း ဘာလက္ခဏာမှမပြဘဲ သာမန် ဆေးစစ်ရင်းက သိလာတာတွေလည်း ရှိပါတယ်။ ကျဉ်းပေမယ့် သိပ်မပြင်းထန်လို့ လက္ခဏာ တိတိပပ မပြတာမျိုးပေါ့။ ဒါပေမယ့် အပေါ်က လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ဆေးရုံကို ချက်ချင်းသွားပါလို့ အကြံပြုပါရစေ။ စောစောကုသမှု ခံယူလေ နှလုံးပျက်စီးတာ နည်းလေပါပဲ။ အရေးပေါ်အခြေအနေဖြစ်တဲ့အတွက် အချိန်က စကားပြောပါတယ်။ဆေးရုံရောက်ပြီဆိုရင်တော့ လိုအပ်တဲ့ ရောဂါရာဇဝင်မေးမြန်းတာတွေ၊ စစ်ဆေးတာတွေ လုပ်မှာပါ။ ပြီးရင် ပိုသေချာအောင် ဆေးစစ်ချက်တွေ လုပ်ရပါမယ်။ ဥပမာ။ဒါတွေအကုန်လုံး စစ်ဖို့ လိုချင်မှ လိုမှာပါ။ လူနာအခြေအနေပေါ်လိုက်ပြီး လိုအပ်တာပဲ စစ်သွားမှာပါ။နှလုံးသွေးကြောရောဂါတွေကို ဘယ်လိုကုသနိုင်သလဲ။ကုသနည်းတွေကတော့ လူနာအခြေအနေပေါ် မူတည်ပါတယ်။ ဥပမာ လူနာက heart attackနဲ့ လာတယ်ဆိုရင် အရင်ဆုံး ပိတ်နေတဲ့ သွေးခဲကို ဖျော်ချရပါတယ်။ အရေးပေါ် အခြေအနေကို ကျော်လွန်သွားမှ ကျန်တဲ့ ကုသမှုတွေကို ဆက်လုပ်ရပါတယ်။ ကုသမှုတွေကတော့။ဆေးဝါးတွေကတော့ သွေးကျဲဆေး၊ သွေးတွင်း အဆီကျဆေး၊ သွေးကြောကျယ်ဆေး၊ သွေးကျဆေး၊ နှလုံးဆေး စသဖြင့် လူနာပေါ် မူတည်ပြီး လိုအပ်တာတွေ ပေးသွားမှာပါ။သွေးကြော ဘယ်နှချောင်း ကျဉ်းနေလို့ ခွဲရမယ်၊ စတန့်ထည့်ရမယ်ဆိုတာတွေ ကြားဖူးမှာပါ။ ဟုတ်ပါတယ်။ ကျဉ်းနေတဲ့ သွေးကြောကို စတန့်လေးထည့်ပြီး ပြန်ချဲ့လို့ ရသလို သွေးကြောက ပိတ်နေလို့ နောက်တစ်လမ်းကနေ သွေးကြောဆက်ပေးတာမျိုးလည်း လုပ်လို့ရပါတယ်။ဒီနေရာမှာ နှစ်ခုရှိပါတယ်။ ကိုယ်အစိုးမရတဲ့အရာ ဥပမာ အသက်ကြီးလာတာ၊ အမျိုးသားဖြစ်ခြင်း၊ အမျိုးသမီးဖြစ်ခြင်း၊ မိသားစုမျိုးရိုးရှိခြင်း ဒါတွေကတော့ ကိုယ်တတ်နိုင်တဲ့ ကိစ္စတွေ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်လုပ်နိုင်တဲ့အရာ ဆေးလိပ်သောက်တာ၊ အဝလွန်တာ ဒါတွေကတော့ ကိုယ်ပြုပြင်လို့ရတယ်လေ။ ဒါကြောင့် ကိုယ်ပြင်လို့ရတာလေးတွေကို လိုက်ပြင်ရင်း ဖြစ်နိုင်ခြေကို လျှော့ချသွားပါလို့ အကြံပြုချင်ပါတယ်။ ဥပမာ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/coronary-artery-disease/coronary-artery-disease-explained/
အစားစားချိန်မှန် ဖို့လိုအပ်ရတဲ့ အကြောင်းအရင်း
လူတစ်ယောက်ကျန်းမာနေစေဖို့အဓိကလိုအပ်တဲ့အရာ ၃ ခုရှိပါတယ်။ ဒါကတော့အစာအာဟာရ၊ သန့်စင်တဲ့လေနဲ့ သန့်ရှင်းတဲ့သောက်သုံးရေတို့ပါ။ ဒီလိုဆိုတာနဲ့ ဒီအချက် ၃ ခုပြည့်ရင်ပြီးရောလို့ဆိုပြီးလုပ်လို့လည်းမဖြစ်ပြန်ပါဘူး။ အရာရာကို ချိန်သားကိုက်လုပ်နိုင်မှခန္ဓါကိုယ်က ကျန်းမာတော့မပေါ့။ ဒီတစ်ခေါက်တော့ ခပ်ပေါ့ပေါ့လေးလို့တွေးနေကြတဲ့ အစားစားချိန်မမှန်တဲ့အချက်လေး နည်းနည်းလောက်ဆွေးနွေးချင်ပါတယ်။အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ကတော့ တစ်နေ့ကို ၃ နပ်ကလုံလောက်တဲ့အာဟာရကိုဖြည့်တင်းပေးနိုင်ပါတယ်။ ဒါပေမယ့် အစားတွေ အများကြီးမစားနိုင်သေးတဲ့ ကလေးလေးတွေအတွက်တော့ တစ်နေ့ကို ၅ နပ်လောက်အထိ နည်းနည်းချင်းစီနဲ့စားဖို့လိုမှာပါ။ ဒီအချက်က ကလေးတွေနဲ့ပဲ သက်ဆိုင်တယ်တော့မဟုတ်ပါဘူး။ ဖေဖေမေမေ ဖိုးဖိုးဖွားဖွား တွေအတွက်လည်း အကျုံးဝင်ပါတယ်။ လူကြီးတွေက အသက်အရွယ်ရလာတဲ့အခါ အစားတွေကို တစ်ခါတည်းအများကြီး မစားနိုင်ကြတော့ပါဘူး။ ဒီအချိန်မှ လိုအပ်တဲ့ အာဟာရပြည့်မီစေဖို့က နည်းနည်းချင်းနဲ့ အကြိမ်ရေများများစားရတာပါ။ ဒီလို အကြိမ်ရေတွေ ဘယ်လောက်ကွာကွာ လိုက်နာရမယ့် အစားစားချိန်မှန်ရမယ်ဆိုတဲ့ အချက်ကတော့ အားလုံးနဲ့ အကျုံးဝင်သက်ဆိုင်နေဆဲပါ။မနက်စာ။တစ်နေ့တာအတွက် အရေးကြီးဆုံး အစားတစ်နပ်ပေါ့။တစ်နေ့တာလှုပ်ရှားမှုအတွက် လိုအပ်တဲ့ ခွန်အားတွေကို ဖြည့်တင်းပေးမယ့် စားသောက်မှုပေါ့။ ဒီတော့ မနက်စာကို ပြည့်ဝမျှတအောင်စားဖို့လိုအပ်ပါတယ်။ မနက်စာကို အိပ်ရာကနေ နိုးပြီး နာရီဝက်အတွင်းမှာ စားတာအကောင်းဆုံးပါ။ တကယ်လို့ အိပ်ရာနိုးနိုးချင်းမစားဖြစ်သေးဘူးဆိုရင် မနက် ၉ နာရီမကျော်ခင် စားဖြစ်အောင်စားပါ။ အများကြီးမဟုတ်ရင်တောင် အလုပ်လုပ်ရင်း မုန့်နည်းနည်းလောက်စားပေးတာ၊နို့တစ်ခွက်လောက် သောက်ပေးတာမျိုးလုပ်ပေးပါ။ မနက်စာကို မအားလို့၊ အလုပ်များလို့ဆိုပြီး မစားတာမျိုးမလုပ်ပါနဲ့။နေ့လည်စာ။မနက်စာကနေဖြည့်တင်းပေးထားတဲ့ အင်အားလေးကုန်ခါနီးမှာ ထပ်ဖြည့်ပေးရမယ့် အစာပေါ့။ နေ့လည်စာကိုလည်း မစားချင်လို့ ၊လုပ်လက်စလေးတွေကို လက်စဖြတ်လိုက်ချင်လို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ မစားတဲ့အခါမျိုးတွေရှိ နေလား။ ဒါကကျန်းမာရေးအတွက် မကောင်းပါဘူးနော်။ နေ့လည်စာကလည်း အများကြီး မဟုတ်ရင်တောင် ထိုက်သင့်သလောက်တော့ စားပေးဖို့လိုမှာပါ။ နေ့လည်စာကို နေ့ခင်း ၁၂ ခွဲကနေ ၂ နာရီအတွင်း စားပေးတာအကောင်း ဆုံးပါ။ အလုပ်များလွန်းလို့ နောက်အကျဆုံးဖြစ်မယ်ဆိုရင်တောင် မွန်းလွဲပိုင်း ၄ နာရီထက် နောက်မကျသင့်ပါဘူး။ နေ့လည်စာနောက်ကျလေလေ ညနေစာ စားချိန်နောက်ကျပြီးအိပ်စက်မှုကို ထိခိုက်စေလေလေပါ။ နောက်တစ်ချက်က နေ့လည်စာကို မနက်စာနဲ့ ၄ နာရီ အကွာမှာစားပေးသင့်ပါတယ်။ညနေစာ။တစ်နေကုန်ပင်ပန်းသမျှအတွက် ကုန်ခမ်းသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးမယ့် အာဟာရပါ။ ညနေစာကို ညနေခင်း ၆ နာရီက နေ ၈ နာရီအတွင်းစားတာက အကောင်းဆုံးပါ။ အနောက်ကျဆုံးဖြစ်မယ်ဆိုရင်တောင် ည ၁၀ နာရီ မကျော်သင့်ပါဘူး။ အကြောင်းကတော့ ညစာစားချိန်နောက်ကျတာကအစာခြေစနစ်ကို ဝန်ပိစေပြီး အိပ်စက်မှုမှာ အနှောင့်အယှက်ဖြစ်စေတဲ့အပြင် အချိန်ကြာလာတဲ့အခါ ခန္ဓါကိုယ်မှာရောဂါတွေပါ ဝင်လာနိုင်တာကြောင့်ပါ။ ညစာစားပြီးချိန်နဲ့ ၃ နာရီခွာပြီးမှ အိပ်ရာဝင်တာက အကောင်းဆုံးဖြစ်မှာပါ။အစားစားချိန်မမှန်ရင် ဘာတွေဖြစ်နိုင်လဲ။အစားစားချိန်မမှန်တာက ဘာမှမဖြစ်လောက်ပါဘူး။ စားနေတာပဲလေလို့ တွေးစရာရှိပေမယ့် ရေရှည်မှာတော့ မကောင်းပါဘူး။ အစားစားချိန်မမှန်တာကြောင့် ခန္ဓါကိုယ်မှာ အသေးစားထိခိုက်မှုတွေရော ကြီးကြီးမားမားထိခိုက်မှုတွေပါရှိလာနိုင်ပါတယ်။အစားတစ်ခုနဲ့တစ်ခုကြားမှာ အနည်းဆုံး ၃ နာရီခြားပြီးစားပေးတာက အစာခြေစနစ်အတွက်ရော ခန္ဓါကိုယ်ကျန်းမာဖို့ အတွက်ပါ ထောက်ပံ့ပေးနိုင်မှာပါ။ ဒါကြောင့် ရောဂါကင်းစင်ပြီး အင်အားပြည့်ဝလန်းဆန်းတဲ့ ခန္ဓါကိုယ်ကိုပိုင်ဆိုင်နိုင်စေဖို့ တစ်နေ့တာရဲ့ စားစရာတွေကို အချိန်မလွန်စေဘဲ သတိထားကြပါနော်…. Hello ဆရာဝန်ပရိသတ်ကြီးရေ…………။Hello Health Groupသည် ဆေးပညာ အကြံပေးချက်များ ၊ ရောဂါရှာဖွေမှုများ ၊ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/meal-time-health-effect/
ဝိတ်ချနေတဲ့သူတွေ အုန်းစိမ်းရည်သောက်လို့ရတယ်နော်
ဝိတ်ချမယ်ဆို အစားလျှော့ Diet Planတွေ မျိုးစုံလုပ်ကြပါတယ်။ ထမင်းမစားတော့ဘဲ အသီးအရွက်ပဲစားတာမျိုး၊ အသီးဖျော်ရည်တွေသောက်တာမျိုး၊ Detox waterတွေသောက်တာမျိုး စုံလို့ပါပဲ။ အဓိကကတော့ ကယ်လိုရီလျှော့၊ အချိုလျှော့ဖို့ဆိုတော့ ဘယ်နည်းသုံးသုံး အစားကရှောင်ရပြီပေါ့။ဒီလို ကိုယ်စားချင်တာတွေအငတ်ခံနေရချိန်မှာ အထောက်အကူပေးနိုင်တဲ့သောက်စရာလေးတစ်ခုရှိတယ်။ အုန်းစိမ်းရည်ပါ။ အမျှင်ဓာတ်ပါဝင်မှုများတော့ ဗိုက်ဆာနေချိန်တောင့်ခံနိုင်အောင် အားဖြည့်ပေးနိုင်တယ်၊ ကယ်လိုရီနဲ့အဆီနည်းတော့ အဆင်လည်းပြေတယ်။ တစ်နေ့ နှစ်ခွက်သုံးခွက်သောက်လို့ရတယ်။ တစ်ခုပဲသတိထားရမှာက သူ့မှာ ပိုတက်စီယမ်နဲ့ သကြားဓာတ်ပါဝင်မှုလည်း မနည်းတဲ့အချက်ပါ။ ဒီနှစ်မျိုးက လွန်ကဲသွားရင်ဘေးဖြစ်စေနိုင်လို့ အလွန်အကျွံတော့ လှိမ့်မသောက်ပါနဲ့။ဝိတ်ချနေတဲ့အချိန်မှာ ကျန်းမာရေးနဲ့ညီတဲ့ သရေစာနဲ့သောက်စရာကိုရွေးချယ်တာက အရေးကြီးပါတယ်။ အုန်းစိမ်းရည်က ကယ်လိုရီများများမတက်စေဘဲ လိုအပ်တဲ့အာဟာရဓာတ်တွေကိုရရှိစေနိုင်ပါတယ်။ အုန်းစိမ်းရည်တစ်ခွက်မှာ ၄၄ ကနေ ၄၆ ကယ်လိုရီလောက်ရှိပါတယ်။ ၁၁၇ ကယ်လိုရီလောက်ရှိနိုင်တဲ့ လိမ္မော်ရည်တစ်ခွက်နဲ့ယှဉ်ရင် အုန်းစိမ်းက ကယ်လိုရီအတော်လျှော့ဖို့ကူညီနိုင်တာပေါ့။ သဘာဝအသီးအနှံတွေနဲ့ ဝိတ်ချနည်းသုံးမယ်ဆိုရင်တော့ ပိုအကျမြန်စေမယ့် အုန်းစိမ်းကိုမမေ့ပါနဲ့။အမျှင်ဓာတ်က အဆာခံတယ်ဆိုတာ သိထားပြီးသားပါ။ လတ်လတ်ဆတ်ဆတ်ခွဲထုတ်လိုက်တဲ့ အုန်းစိမ်းရည်တစ်ခွက်မှာ အမျှင်ဓာတ် ၂.၆ ဂရမ်လောက်ပါဝင်ပါတယ်။ သူ့ကိုသောက်ပြီး အစားသိပ်မစားတော့တာ အမျှင်ဓာတ်ကြောင့်ပါ။ အသင့်သောက်ဖို့ထုတ်လုပ်ထားတဲ့ ရယ်ဒီမိတ်တွေမှာတော့ ဒီအာနိသင်မရနိုင်ပါဘူး။အုန်းသီးအရင့်နဲ့မတူဘဲ အုန်းစိမ်းမှာ အဆီပါဝင်မှုနည်းပါတယ်။ အုန်းစိမ်းရည်တစ်ခွက်မှာ အဆီဓာတ်က ဝ.၄၈ ဂရမ်ပဲ ပါပါတယ်။ ဒါ့ကြောင့် အုန်းသီးရဲ့အဆီနဲ့ ကယ်လိုရီကိုစိတ်ပူနေသူတွေအနေနဲ့ စိတ်ချလက်ချသောက်လို့ရပါတယ်။လေ့ကျင့်ခန်းတွေလုပ်ပြီး အဆီကျကျစ်လျစ်ဖို့ ကြိုးစားချိန်မှာရေကိုပဲအဓိကထားသောက်တာကောင်းပါတယ်။ ဒါပေမယ့် လိုအပ်လာတဲ့အခါရေဓာတ်ဖြည့်အချိုရည်တွေ၊ ဓာတ်ဆားဖြည့်အချိုရည်တွေအားကိုးကြပါတယ်။ မူးမှာလဲမှာ စိုးတာကိုး။ ဒီအချိန်မှာ အဲဒီအချိုရည်တွေအစား အုန်းစိမ်းရည်ကို အစားထိုးလို့ရပါတယ်။ အုန်းစိမ်းကရေဓာတ်အမြန်ဖြည့်တင်းပေးနိုင်ပြီး ဆုံးရှုံးထားတဲ့ဓာတ်ဆားဓာတ်ကိုပြန်လည်အားဖြည့်ပေးနိုင်ပါတယ်။အုန်းစိမ်းရည်ကကောင်းကျိုးတွေအများကြီးရှိတာမှန်ပေမယ့် မမေ့သင့်တာတစ်ခုက သူဟာ ကာဗိုဟိုက်ဒရိတ်လုံးဝကင်းစင်၊ သကြားဓာတ်လုံးဝမပါတာမျိုးမဟုတ်ဘူးဆိုတာပါပဲ။ တခြားသောက်စရာတွေထက် ကယ်လိုရီ၊သကြားနဲ့ ကာဗိုဟိုက်ဒရိတ်တွေနည်းပေမယ့် အချိန်တိုင်း အလွန်အကျွံမသောက်ဖို့တော့ သတိပေးချင်ပါတယ်။သောက်ပါ သို့သော် ချင့်ချိန်ပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/%e1%80%9d%e1%80%ad%e1%80%90%e1%80%ba%e1%80%81%e1%80%bb%e1%80%94%e1%80%b1%e1%80%90%e1%80%b2%e1%80%b7%e1%80%9e%e1%80%b0%e1%80%90%e1%80%bd%e1%80%b1-%e1%80%a1%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%85/
ကင်ဆာကို ဘယ်လို အဆင့် သတ်မှတ်ကြသလဲ။
ကင်ဆာအဆင့်ဆိုတာက လူတစ်ဦးမှာ ခံစားနေရတဲ့ ကင်ဆာ အမျိုးအစားကို ရည်ညွှန်းပါတယ်။ ကင်ဆာကို ဘယ်လို အဆင့် သတ်မှတ်ကြသလဲ။ ကင်ဆာအဆင့်ကို ဘယ်လို သတ်မှတ်လဲဆိုတော့ ကင်ဆာကျိတ် အရွယ်အစား၊ ကင်ဆာက ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေကို ပြန့်နှံ့နေပြီလား ဆိုတဲ့အပေါ်ကို မူတည်ပြီး သတ်မှတ်တာပါ။ကင်ဆာ အဆင့်သတ်မှတ်တာတွေက ကင်ဆာ အမျိုးအစားပေါ်မှာလိုက်ပြီး ကွာခြားနိုင်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ ကင်ဆာအဆင့်တွေကြားက ကွာခြားချက်လေးတွေကို ပြောပြပေးသွားချင်ပါတယ်။ကင်ဆာရောဂါ တစ်မျိုးမျိုး ဖြစ်လာပြီဆိုရင် အရင်ဆုံး လုပ်ဆောင်ရတာ တစ်ခုက ကင်ဆာအဆင့်ကို သတ်မှတ်တာပါ။ ဒီလို သတ်မှတ်တာက ဆရာဝန်တွေကို ကင်ဆာ အခြေအနေကို သတ်မှတ်ရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ဆရာဝန်တွေက ကင်ဆာ အဆင့်သတ်မှတ်ချက်ကို အသုံးချပြီး ကင်ဆာကျိတ် အရွယ်အစား နဲ့ဘယ်အစိတ်အပိုင်းတွေကို ပြန့်နေပြီလဲဆိုတာကို ဖော်ပြကြပါတယ်။ ကင်ဆာ အဆင့် သတ်မှတ်ချက်က။အမေရိကန် ကင်ဆာ ကုသရေး အဖွဲ့အစည်းကတော့ ကင်ဆာ အဆင့်သတ်မှတ်ချက်က အတော်လေး အရေးပါပါတယ်။ ကင်ဆာ အစောပိုင်းအဆင့်မှာဆိုရင်။နောက်ပိုင်းအဆင့်ရောက်လာပြီဆိုရင်တော့ တုံ့ပြန်မှု ကောင်းပြီး ရလဒ် ကောင်းစေဖို့အတွက်။ကင်ဆာရောဂါတွေက အမျိုးမျိုးရှိပါတယ်။ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ တို့ကစလို့ ဆီးကျိတ်ကင်ဆာ၊ခံတွင်းကင်ဆာ၊အသည်းကင်ဆာတွေအထိ အမျိုးအစား အမျိုးမျိုး ရှိပါတယ်။ကင်ဆာရောဂါတိုင်းကို အဆင့် ၄ ဆင့် ခွဲပြီး သတ်မှတ်ကြပါတယ်။ အစောပိုင်း အဆင့်ကနေ အပြင်းထန်ဆုံး အဆင့် ဆိုပြီးတော့ပေါ့။ အဆင့် သတ်မှတ်ချက်မှာ ဂဏန်းတန်ဖိုးတွေ ကြီးလာလေလေ ကင်ဆာက ပြင်းထန် လေလေ ဖြစ်ပြီး အသက်ရှင်နိုင်ခြေကလည်း နည်းလေလေပါ။ကျွမ်းကျင်သူတွေရဲ့ ကင်ဆာအဆင့် သတ်မှတ်မှု အသုံးအနှုန်းတွေကိုလည်း ဗဟုသုတ ရအောင် ဖော်ပြပေးလိုက်ပါတယ်။နောက်ထပ်ပြောပြချင်တဲ့ အချက်တစ်ရပ်ကတော့ ကင်ဆာအားလုံးမှာ အဆင့်သတ်မှတ်ချက်တွေ မရှိပါဘူး။ သွေးကင်ဆာကို အဆင့် သတ်မှတ်လို့ မရပါဘူး။ ဦးနှောက်ကင်ဆာလိုမျိုး အချို့ကင်ဆာတွေမှာတော့ ရောဂါအခြေအနေကို ဆန်းစစ်နိုင်တဲ့ ကိုယ်ပိုင်စနစ်တွေ ရှိနေပါတယ်။ကုထုံးကလည်း အခြေအနေကို လိုက်ပြီး ကွာခြားနိုင်ပါတယ်။ များသော အားဖြင့်ကတော့ ကင်ဆာဆဲလ်တွေကို ဖယ်ရှားတာ အနီးတဝိုက်က တစ်ရှူးတွေကို ဖယ်ရှားတာကို အများဆုံး လုပ်ကြပါတယ်။ ဒီအဆင့်မှာ ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထား တိုက်ဖျက်တဲ့ ကုသမှုမျိုး မလိုပါဘူး။ကင်ဆာအဆင့် ၀ မှာ ရှင်သန်နိုင်ခြေက အခြား အဆင့်တွေထက် ပိုများပါတယ်။ကင်ဆာ အမျိုးအစားကို လိုက်ပြီးတော့ ကွာခြားတာမျိုးတော့ ရှိနိုင်ပါတယ်။ ဥပမာ ပြောပြရရင် ရင်သားကင်ဆာ အဆင့် 0 က ရှင်သန်နိုင်ခြေ ၉၉ ရာခိုင်နှုန်း အထိ ရှိပါတယ်။အဆင့် ၁ က ကင်ဆာ အစောပိုင်း အဆင့် တစ်ဆင့်ပါ။ ကင်ဆာကျိတ် စဖြစ်နေပါပြီ။ ဒါပေမယ့် ကင်ဆာဆဲလ်တွေက အနီးတဝိုက်က တစ်ရှူးတွေနဲ့ ပြန်ရည်ကျိတ်တွေဆီကို ပြန့်သွားတာမျိုးတော့ မရှိသေးပါဘူး။ကင်ဆာ အဆင့် ၁ အတွက် ကုထုံးမှာ ကင်ဆာဆဲလ်တွေကို ခွဲစိတ် ကုသတာ၊ ဓာတ်ရောင်ခြည် ကုထုံးနဲ့ ကုသတာတွေ ရှိပါတယ်။ ကင်ဆာ အမျိုးအစားပေါ်လိုက်ပြီး ကုထုံးကတော့ ကွာခြားနိုင်ပါတယ်။ကင်ဆာ အဆင့် ၁ က ကင်ဆာ အစောပိုင်း အဆင့်တစ်ရပ်ပါ။ အခြား ကင်ဆာ အဆင့်တွေထက် ရှင်သန်နိုင်ခြေ တော်တော်လေး များပါတယ်။ကင်ဆာ အဆင့် ၂ ဆိုတာက ကင်ဆာကျိတ်က နည်းနည်းလေး ကြီးလာပါပြီ။ အနီးတဝိုက်က တစ်ရှူးတွေဆီ ပြန့်နေပါပြီ။ကင်ဆာ အမျိုးအစား၊ အသက်အရွယ် နဲ့ အခြား ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေအပေါ်မူတည်ပြီး ကုထုံးတွေ ကွာခြားနိုင်ပါတယ်။ အဆင့် ၂ မှာ ကုထုံးအနေနဲ့ ကင်ဆာကျိတ်တွေကို ခွဲစိတ်ဖယ်ရှား ကုသတာ၊ ဓာတ်ရောင်ခြည် ကုထုံးနဲ့ ကုသတာတွေ ရှိပါတယ်။ကင်ဆာ အဆင့် ၂ ကလည်း ကုသလို့ ရသလို ရှင်သန်နိုင်ခြေ များတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် ဒီ ရှင်သန်နိုင်ခြေကအသက်အရွယ်၊ ကျန်းမာရေး အခြေအနေတွေအပေါ်မှာ အများကြီး မူတည်နေပါတယ်။ကင်ဆာ အဆင့် ၃ မှာ ကင်ဆာကျိတ်ကတော့ ဖြစ်နေပါပြီ။ ဒီအခြေအနေမှာ ကင်ဆာကျိတ်က သိပ်မကြီးတာမျိုး ဖြစ်နိုင်သလို အဆင့် ၁ နဲ့ အဆင့် ၂ ထက် အကျိတ်က ပိုကြီးနေပြီး အနီးတဝိုက်က တစ်ရှူးတွေဆီ ပြန့်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအဆင့်မှာ တစ်ခါတလေ ပြန်ရည်ကျိတ်တွေ အနီးတဝိုက်ထိပါ ကင်ဆာဆဲလ်တွေ ပြန့်နေတာမျိုး ဖြစ်နိုင်ပါတယ်။တိတိကျကျ သိရှိနိုင်ဖို့ကတော့ ကင်ဆာအမျိုးအစားနဲ့ လူနာပေါ်မှာ လိုက်ပြီး ကွာခြားနိုင်ပါတယ်။ကုထုံးကတော့ အဆင့် ၁ နဲ့ ၂ ထက်ပိုပြင်းထန်နိုင်ပါတယ်။ ကင်ဆာဖြစ်တဲ့နေရာကို လိုက်ပြီး ကုထုံးတွေ ကွာခြားနိုင်ပါတယ်။ကင်ဆာအဆင့် ၃ မှာ ရှင်သန်နိုင်ခြေက ကင်ဆာအဆင့် ၁ နဲ့ ၂ ထက် ပိုနည်းပါတယ်။ ရှင်သန်နိုင်ခြေက လူနာရဲ့ အသက်အရွယ်၊ ကျန်းမာရေး အခြေအနေ အားလုံးအပေါ်မူတည်နေပါတယ်။ကင်ဆာအဆင့် ၄ က ကင်ဆာရဲ့ အပြင်းထန်ဆုံး အဆင့်ပါ။ ဆရာဝန်က ကင်ဆာအဆင့် ၄ လို့ သိရှိချိန်မှာ ကင်ဆာကျိတ်က တော်တော်လေး ကြီးနေပါပြီ။ ကင်ဆာဆဲလ်တွေက ခန္ဓာကိုယ်က အခြား အစိတ်အပိုင်းတွေဆီကို ပြန့်နေပါပြီ။ဒီအဆင့်မှာတော့ ဆရာဝန်က ပြင်းထန်တဲ့ ကုထုံးတွေနဲ့ ကုသဖို့ အကြံပြုပါလိမ့်မယ်။ ဒီအခြေအနေမှာ ကုထုံးပေးရတာက ကင်ဆာ ပြန့်တဲ့နှုန်းကို နှေးသွားစေဖို့နဲ့ ကင်ဆာ ပြန့်ပွားမှုကို ရပ်တန့်ဖို့ပါ။ လူနာကို သက်တောင့်သက်သာ ရှိစေဖို့ပါ။ကုထုံးက ကင်ဆာအမျိုးအစားပေါ်မှာလိုက်ပြီး ကွာခြားသွားနိုင်ပါတယ်။ ဒီအဆင့်မှာတော့။-Radiation therapy (ဓာတ်ရောင်ခြည်နဲ့ ကုသခြင်း)။-ခွဲစိတ်ကုသမှု။-Chemotherapy (ဆေးသွင်းကုသခြင်း)။-ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထား တိုက်ဖျက်တဲ့ ဆေးသွင်းကုထုံးတွေ အပါအဝင် ကုထုံး များစွာကို အသုံးပြုပြီး ကုသပေးမှာ ဖြစ်ပါတယ်။ကင်ဆာ အဆင့် ၄ မှာ အသက်ရှင်နိုင်ခြေက တော်တော်လေး နည်းသွားပါပြီ။ ဒီအဆင့်မှာ ရှင်သန်နိုင်ခြေက လူနာရဲ့ အသက်အရွယ်၊ ကျန်းမာရေး အခြေအနေတို့အပါအဝင် အလုံးစုံသော အချက်အလက်တွေနဲ့ သက်ဆိုင်နေပါတယ်။ကင်ဆာတိုင်းကို အပေါ်မှာ ပြောခဲ့တဲ့ အဆင့်တွေလိုမျိုး တထစ်ချ ဆုံးဖြတ်လို့ မရပါဘူး။ အကြောင်းကတော့ ကင်ဆာတိုင်းက အကျိတ်တွေ ဖြစ်တာ မဟုတ်သလို ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို ပြန့်တာမျိုး မဟုတ်ပါဘူး။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/what-are-the-stages-of-cancer/
အစာခြေစနစ် ကို ပိုကောင်းမွန်စေတဲ့ စားသောက်နေထိုင်မှုပုံစံ
လူတစ်ယောက် ကျန်းမာဖို့၊ ကြီးထွားဖွံ့ဖြိုးဖို့အစာခြေစနစ်က ကောင်းစွာ အလုပ်လုပ်နေဖို့ လိုပါတယ်။ ဒီလို ကိုယ်ခန္ဓာအတွက် အကျိုးပြုတဲ့ လုပ်ငန်းဆောင်တာတွေထဲမှာ အစာခြေစနစ်ကိုလည်း ချန်ထားခဲ့လို့ မဖြစ်ပါဘူးနော်။ ကျွန်တော်တို့ ကိုယ်ခန္ဓာက အစာကောင်းစွာချေဖျက်နိုင်မှ ကိုယ်စားလိုက်တဲ့ အစာတွေဆီကနေအာဟာရတွေ ပြည့်ဝစွာ စုပ်ယူနိုင်မယ်။ ဝမ်းမှန်ပြီး ကိုယ်တွင်းအင်္ဂါတွေ ပုံမှန်အလုပ်လုပ်နိုင်မယ်။ အားအင်တွေ ပြည့်ဖြိုးပြီး တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေမှာပါ။ခုခေတ်မှာ ကျန်းမာရေးကို အလေးထားလာကြပေမယ့်အစာခြေစနစ်နဲ့ ပတ်သက်ပြီး လူတော်တော်များများက ဂရုစိုက်ဖို့ မေ့နေကြတုန်းပါပဲ။ အစာစားချိန်မမှန်တာ၊ ညနောက်ကျမှ အစာစားတာ၊ အာဟာရမဖြစ်တာတွေ စားလွန်းတဲ့အခါ တကယ်တမ်းဒုက္ခရောက်မှာက ကိုယ်တိုင်ပါပဲ။ ဒါကြောင့် ဒီနေ့မှာတော့ ဆေးဝါးမလို၊ ကုသမှုမလိုအပ်ဘဲ သဘာဝအတိုင်း ကိုယ့်ရဲ့ အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ နည်းလမ်းကောင်းတွေကို ပြောပြပေးချင်ပါတယ်။ဒါကတော့ အရိုးရှင်းဆုံးပါပဲ။ လူတစ်ယောက်က ကျန်းမာဖို့ဆိုရင် သူ့ခန္ဓာကိုယ်က နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ဝစွာ ရရှိမှဖြစ်မှာပါ။ ကိုယ်က အာဟာရဖြစ်တာတွေ မစားဘဲအသင့်စားအစားအစာတွေ၊ ဆီတွေနဲ့ ကြော်ထားတဲ့ fast food တွေ၊ အချိုမုန့်တွေ စတာတွေကို စားမယ်ဆိုရင်တော့ ဗိုက်ပြည့်ရုံသက်သက်ပဲ ဖြစ်သွားမှာပါ။ ဒါ့အပြင် ဒီအစားအစာတွေကို ချေဖျက်ပေးမယ့် သင့်ရဲ့ ကိုယ်တွင်းအင်္ဂါတွေကလည်း ကြိုက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နေ့စဉ် အာဟာရရှိတာတွေပဲ များများစားပေးပါ။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲ၊ အစေ့အဆန်၊ နို့ထွက်ပစ္စည်း အစရှိသဖြင့် ပြည့်စုံစွာ စားပေးပါ။အစာခြေစနစ် အတွက် အကျိုးပြုအာဟာရတွေထဲမှာအမျှင်ဓာတ်က ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဘာကြောင့် ပြောရတာလဲဆိုတော့ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေက အစာကြေဖို့ မြန်တယ်၊ အစာအိမ်က ချေဖျက်ပေးရတာလည်း လွယ်ကူတယ်။ အာဟာရဓာတ်တွေကို လျင်မြန်စွာ စုပ်ယူပေးနိုင်တယ်။ ဒါ့အပြင် အမျှင်ဓာတ်စာတွေကို များများစားပေးရင် ဝမ်းချောင်တယ်၊ သွေးဝမ်းသွားတာမျိုး မဖြစ်စေဘူး၊ အစာအိမ်မှာ ဖြစ်တတ်တဲ့ အနာတွေ၊ အူမကြီးနံရံမှာ ဖြစ်တတ်တဲ့ အိတ်ကလေးတွေ၊လိပ်ခေါင်းရောဂါတွေကို မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်နော်။ အမျှင်ဓါတ်ကို ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ စပါး၊ ဂျုံတွေကနေ ရရှိနိုင်ပါတယ်။ဟင်းချက်တဲ့အခါ ဆီကို အသုံးပြုရတဲ့ နေရာတွေ တော်တော်များပါတယ်။ ဒီတော့ ချက်ပြုတ်တော့မယ်ဆိုရင် ကျန်းမာရေးအတွက် ဘေးဥပါဒ်မဖြစ်စေတဲ့ မပြည့်ဝဆီ (ဥပမာ – ဟင်းသီးဟင်းရွက်ဆီ၊ သံလွင်ဆီ၊ ပဲဆီ) တွေနဲ့ပဲ ချက်တာ ပိုကောင်းပါတယ်။ ဒါ့အပြင် ထောပတ်သီးက ရတဲ့ အဆီအနှစ်၊ ငါးနဲ့ ပင်လယ်စာမှ ရရှိတဲ့အိုမီဂါ– ၃ အဆီအနှစ်တွေဟာလည်း ကျန်းမာရေးအတွက် ကောင်းတဲ့အပြင် အစာခြေစနစ်ကိုလည်း အထောက်အကူပေးနိုင်တဲ့ အာဟာရဓါတ်များစွာ ပါဝင်ပါတယ်။ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်တဲ့အခါ အစာအိမ်က အစာချေဖျက်ဖို့ ပိုအားစိုက်ရတဲ့အပြင်ဝမ်းချုပ်တာ၊ သွေးဝမ်းတွေ သွားတာအထိ ဖြစ်နိုင်တယ်နော်။ ပူတဲ့ ရာသီဥတု၊ နေရာဒေသမှာ နေတဲ့သူတွေဆိုရင် ပိုပြီးတောင် ချွေးထွက်လွယ်လို့ ရေဓာတ်ဆုံးရှုံးဖို့ ပိုလွယ်ကူတာပေါ့။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ရေ ၂လီတာခန့် မဖြစ်မနေ သောက်ပေးသင့်ပါတယ်။ အရည်ရွှမ်းတဲ့ အသီးအနှံတွေကိုလည်း နည်းနည်းစီ စားပေးရင် ရေဓာတ်ကို ဖြည့်ပေးနိုင်တဲ့အပြင် အာဟာရဓာတ်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။လူတိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့်စိတ်ဖိစီးမှုဆိုတာ ရှိတတ်ကြပါတယ်။ ဒီလိုစိတ်ဖိစီးမှုကို ဂရုမစိုက်ဘဲ ပစ်ထားလိုက်ရင် စိတ်နဲ့ ခန္ဓာကျန်းမာရေးက ပိုပြီးဆိုးလာဖို့ပဲ ရှိတာပေါ့။ စိတ်ဖိစီးမှုဖြစ်နေတဲ့ အချိန် ကိုယ်ခန္ဓာက ထွက်လာတဲ့ ဟော်မုန်းတွေဟာ ကိုယ်တွင်းအင်္ဂါတွေကို အားလျော့စေရုံသာမက အစာခြေစနစ် ကိုပါ သွားပြီး သက်ရောက်မှုဖြစ်စေတယ်။ အစာအိမ်မှာ ဖြစ်တဲ့အနာတွေ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ ဝမ်းချုပ်တာတွေဟာလည်း စိတ်ဖိစီးမှုနဲ့ သက်ဆိုင်နေပါတယ်။ ဒါ့အပြင် လူက စိတ်ဖိစီးမှုနဲ့ ပိနေတဲ့အချိန် အစာအိမ်က အစာချေဖျက်ဖို့ကို နှောင့်နှေးသွားနိုင်တယ်နော်။ အဲ့ဒီတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ဖိစီးနေတယ်လို့ ခံစားရတယ်ဆိုရင် လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာ၊ လမ်းလျှောက်တာ၊ ပြေးတာ၊ ကိုယ်စိတ်ပျော်မယ့် ကိစ္စတစ်ခုခု လုပ်လိုက်တာ အကောင်းဆုံးပါပဲ။ကလေးဘဝတည်းက အစာစားပြီဆိုရင် သေချာကျေညက်အောင် ဝါးပါလို့ မိဘတွေ ခဏခဏ ဆုံးမတာ မှတ်မိကြမှာပါ။ အစာကျေညက်အောင် ဝါးတယ်ဆိုတာ တကယ်တော့ အစာအိမ်က အစာကောင်းစွာ ချေဖျက်ပေးနိုင်ဖို့ကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးတာပါပဲ။ အစာဝါးနေတဲ့အချိန် ပါးစပ်ထဲက ထွက်လာတဲ့တံတွေးတွေဟာ အစာထဲမှာ ရှိနေတဲ့ ကစီဓာတ်နဲ့ အဆီဓာတ်ကို ဖြိုဖျက်ပေးလို့ အစာကြေမြန်တယ်။ လည်ချောင်းထဲ ဝင်သွားတဲ့အစာတွေက မာမာကြီး မဟုတ်တော့ အစာအိမ်အတွက်လည်း သိပ်ပြီး အားစိုက်အလုပ်လုပ်ဖို့ မလိုတော့ဘူးပေါ့။ဒီခေတ်ကြီးထဲမှာ လူတိုင်းက လှုပ်လှုပ်ရှားရှားမရှိတော့ဘဲ ငြိမ်ငြိမ်လေးထိုင်ပြီးတော့ ဖုန်းသုံး၊ တီဗီကြည့်၊ အလုပ်လုပ်တာပဲ တွေ့နေရပါတယ်။ မကောင်းတဲ့ ဘက်ကနေ ကြည့်မယ်ဆိုရင်တော့ ရေရှည်မှာ အစာခြေစနစ်သာမက ကျန်းမာရေးကို ထိခိုက်လာနိုင်တယ်ဆိုတာပါပဲ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ အစာခြေစနစ်ကို မြှင့်တင်ပေးနိုင်တယ်၊ ဝမ်းချုပ်တာကို ကာကွယ်ပေးနိုင်တယ်။ ဒါကြောင့် တစ်နေ့ကို နာရီဝက်လောက်ဖြစ်ဖြစ် ကိုယ်လက်လေ့ကျင့်ခန်းလေး လုပ်ပြီး လှုပ်လှုပ်ရှားရှားနေပေးပါ။ မနက်ပိုင်းမှာ ၁၀ မိနစ်လောက် လမ်းလျှောက်တာ၊ ပြေးတာမျိုးလုပ်ပေးပါ။ကျန်းမာရေးကောင်းဖို့အတွက် ဂရုစိုက်တော့မယ်ဆိုရင် နေထိုင်စားသောက်မှုပုံစံကို အကောင်းဘက်သို့ ပြောင်းလဲခြင်းဟာ အလွန်အရေးကြီးပါတယ်။ အစာခြေစနစ် အားကောင်းလာပြီး ကျန်းမာရေးကလည်း အရင်ကထက် ပိုပြီးကောင်းလာဖို့ ခုပြောပြခဲ့တဲ့ အချက်လေးတွေကို သေချာဂရုစိုက်ပြီး လုပ်ကြည့်သင့်တယ်လို့ အကြံပေးလိုက်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%85%e1%80%ac%e1%80%81%e1%80%bc%e1%80%b1%e1%80%85%e1%80%94%e1%80%85%e1%80%ba%e1%80%80%e1%80%ad%e1%80%af-%e1%80%95%e1%80%ad%e1%80%af%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9e%e1%80%84%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac%e1%80%80%e1%80%b9%e1%80%96%e1%80%b0%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%86%e1%80%af%e1%80%ad%e1%80%92%e1%80%ab%e1%80%a1%e1%80%b1%e1%81%be/
ထိခိုက်လွယ်သော သွားများ
သင့်မှာ ထိခိုက်လွယ်သော သွားတွေရှိနေခဲ့ရင် သွားတိုက်ခြင်း၊ သွားကြားထိုးခြင်း၊ စားသောက်ခြင်း စတဲ့ လုပ်ငန်းဆောင်တာလေးတွေကတောင်မှ သွားမှာယာယီ စူးရှနာကျင်တဲ့ခံစားမှုမျိုးကို ပေးစွမ်းနိုင်ပါတယ်။ ဒီပြဿနာဟာ သွားကြွေလွှာပျက်စီးခြင်း ၊သွားပိုးပေါက်ရှိခြင်း ၊သွားပဲ့ခြင်း၊ လတ်တလော သွားဖာထားခြင်း သို့မဟုတ် အခြားသွားကျန်းမာရေးဆိုင်ရာလုပ်ဆောင်ချက် (ဥပမာ သွားချေးချွတ်ခြင်း) တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေလည်းဖြစ်နိုင်ပါတယ်။ထိခိုက်လွယ်သော သွားများမှာ ရောဂါလက္ခဏာတွေအများကြီးရှိပါတယ်။ ခံတွင်းနာကျင်မှုနဲ့ သက်တောင့်သက်သာမရှိမှုတွေအပါအဝင်ပေါ့။ ဒါတွေက သင့်သွားဟာ အချို၊ အချဉ် သို့မဟုတ် အက်ဆစ်ပါဝင်တဲ့စားစရာ (ချိုချဉ်လုံး သို့မဟုတ် ရှောက်သီး စတဲ့ စားစရာတွေ) အပူဓါတ် နဲ့ အအေးဓါတ် တွေ(ရေခဲမုန့်၊ လေအေးကိုရှူသွင်းခြင်း သို့မဟုတ် ကော်ဖီပူပူ အစရှိသဖြင့်) စတာတွေနဲ့ ထိတွေ့မိတာကြောင့် ဖြစ်ရတာပါ။အသိများတဲ့ မှားယွင်းတဲ့အယူအဆတွေကတော့ ဒီပြဿနာဟာ သင်က အပူ၊အအေး၊အချို သို့မဟုတ် အချဉ်စတဲ့စားစရာတွေကိုစားမိတဲ့အခါမှ နာကျင်စေတယ်ဆိုတဲ့ အယူအဆပါပဲ။ ဒါပေမယ့် သွားက အအေးကိုမခံနိုင်ဘူးဆိုရင် လေအေးကိုရှူသွင်းလိုက်တဲ့အခါတို့ ရေခဲပါတဲ့အအေးတွေသောက်မိတဲ့အခါတို့မှာ သွားအခြေအနေက သက်တောင့်သက်သာရှိမှာမဟုတ်ပါဘူး။သွားတွေထိခိုက်မခံနိုင်တာဟာ ဖိအား သို့မဟုတ် ထိလိုက်တဲ့အခါတွေမှာ ပိုပြီးသိသာပါတယ်။ အချို့တွေမှာတော့ သွားတိုက်ခြင်း သို့မဟုတ် သွားကြားထိုးခြင်းတွေမှာတောင် ထိခိုက်မခံနိုင်တာကိုတွေ့ရပါတယ်။အရေးကြီးတာကတော့ ကိစ္စအတော်များများမှာ ထိခိုက်မခံတဲ့သွားတွေဟာ ရေစီးကမ်းပြိုလိုက်ခြင်းကြောင့်ဖြစ်နိုင်သလို ရေစီးကမ်းပြိုလိုက်ခြင်းကိုလည်းတွဲပြီးဖြစ်စေနိုင်တယ်ဆိုတာကို မှတ်သားထားဖို့ပါပဲ။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ရဲ့ ထိခိုက်လွယ်သော သွားတွေကို သင်ကိုယ်တိုင်ကုသနေတာ ရက်သတ္တပတ်အနည်းငယ်ကြာပြီးတာတောင်မှ တိုးတက်မှုမရှိလာဘူး ပြန်ကောင်းမလာဘူးဆိုရင် သွားဆရာဝန်ဆီ သွားသင့်ပါပြီ။အထိမခံနိုင်တဲ့သွားတွေကိုကာကွယ်ဖို့အတွက် ညမှာတစ်ကြိမ် နဲ့ နေ့ဘက်မှာ အနည်းဆုံးတစ်ကြိမ် ဖလိုရွိုက်သွားတိုက်ဆေးနဲ့ သွားတိုက်ပေးသင့်ပါတယ်။ ထိခိုက်လွယ်သော သွားအမျိုးအစားအတွက် အထူးထုတ်ထားတဲ့ သွားတိုက်ဆေးကိုသုံးတာက ပိုပြီးသင့်လျော်ပါတယ်။ အမွေးနုတဲ့ သို့မဟုတ် အလယ်အလတ်နူးညံ့တဲ့ အမွေးတွေပါတဲ့သွားတိုက်ဆေးနဲ့ စက်ဝိုင်းငယ်ပုံလှုပ်ရှားမှုနဲ့ သွားတိုက်သင့်ပါတယ်။ ဘေးတိုက် တိုက်ခြင်းကိုရှောင်ပါ။• ၂လ ၊၃လကြာတိုင်းမှာ သွားပွတ်တံလဲပေးပါ။ ဒါမှမဟုတ် သွားပွတ်တံ ပုံပျက်လာပြီဆိုရင် လဲပေးပါ။• သကြားပါတဲ့စားစရာတွေ၊ အမြှုပ်ပြီး အက်ဆစ်ဓါတ်ပါတဲ့သောက်စရာတွေ မကြာခဏစားသောက်ခြင်း မလုပ်ပါနဲ့။ အစာစားချိန်မှာပဲ ဒီအရာတွေကို စားဖို့ ကြိုးစားကြည့်ပါ။• သွားကြိတ်တတ်တယ်ဆိုရင် သွားဆရာဝန်ကိုး သွားအကူအံကပ် ညဘက်တပ်အိပ်သင့်သလားဆိုတာ မေးကြည့်ပါ။• သွားတွေကိုအရောင်ချွတ်ဖို့စဉ်းစားနေတယ်ဆိုရင် မလုပ်ခင်မှာ ဆရာဝန်နဲ့ ဆွေးနွေးပါ။• ဆရာဝန်အကြံပြုတဲ့အတိုင်း ရက်ချိန်းပုံမှန်သွားပြပါ။သတင်းကောင်းကတော့ ဒီရောဂါကို ထိန်းချုပ်နိုင်တဲ့နည်းလမ်းတွေအများကြီးရှိတာပါပဲ။• သွားပုံမှန်တိုက်ပြီး သွားကြားပုံမှန်ထိုးပေးနိုင်ပါတယ်။ စနစ်ကျ မှန်ကန်တဲ့ သွားတိုက်နည်းနဲ့ သွားကြားထိုးနည်းတွေကိုအသုံးပြုမှသာ သွားနဲ့ခံတွင်းရဲ့နေရာအစိတ်အပိုင်းအားလုံးကို သေချာသန့်စင်ပေးနိုင်မှာဖြစ်ပါတယ်။• အမွေးနုတဲ့ သွားပွတ်တံကိုအသုံးပြုပါ။ သွားဖုံးအနားတွေကို ညင်သာနူးညံ့စွာနဲ့ ဂရုတစိုက် တိုက်ပေးမှသာ သွားဖုံးတစ်သျှူးတွေကို မဖယ်ရှားမိမှာပါ။• ထိခိုက်လွယ်တဲ့သွားများအတွက်ထုတ်ထားတဲ့သွားတိုက်ဆေးကိုအသုံးပြုပါ။ တံဆိပ်အမျိုးမျိုးနဲ့ရနိုင်ပါတယ်။ ပုံမှန်အသုံးပြုတာက သွားတွေကို ပိုပြီးတော့ခံနိုင်ရည်ရှိလာစေမှာပါ။ သင့်အတွက်ဘယ်တံဆိပ်ကအကောင်းဆုံးဖြစ်မယ်ဆိုတာကိုသိဖို့ တံဆိပ်အများကြီးကိုသုံးကြည့်ဖို့လိုပါတယ်။ အိပ်ရာမဝင်ခင် သွားတိုက်ဆေးကို သွားအမြစ်ပေါ်နေတဲ့နေရာမှာ လက်ချောင်းသို့မဟုတ် ဂွမ်းတံကိုအသုံးပြုပြီး အလွှာတစ်ခုလုပ်ပေးပါ။ ဖလိုရွိုက်ပါဝင်တဲ့သွားတိုက်ဆေးကိုသာသုံးပါ။ သွားကျောက်တည်ခြင်းကို ထိန်းချုပ်ပေးတဲ့သွားတိုက်ဆေးကိုမသုံးပါနဲ့။• ဘာကိုစားရမယ်ဆိုတာ သတိထားပါ။ အက်ဆစ်ဓါတ်မြင့်မားစွာပါဝင်တဲ့စားစရာသောက်စရာတွေကို ရှောင်ပါ။• ဖလိုရွိုက်ပါဝင်တဲ့ သွားဘက်ဆိုင်ရာ အသုံးအဆောင် တွေကိုသုံးပါ။ ဖလိုရွိုက်ပါတဲ့ ခံတွင်းသန့်စင်ဆေးရည်ကိုသုံးတာက ထိခိုက်မခံနိုင်ခြင်းကို လျော့နည်းစေပါတယ်။ အိမ်မှာသုံးလို့အဆင်ပြေမယ့် ပစ္စည်းတွေအကြောင်း သွားဆရာဝန်ကိုမေးပါ။• သွားမကြိတ်ပါနဲ့။ ညဘက်ကို သွားအကူအံကပ် သုံးပါ။• ၆လတစ်ကြိမ်သွားဆရာဝန်ဆီသွားပါ။ (သို့မဟုတ် သင့်အခြေအနေပေါ်မူတည်ပြီး မကြာမကြာသွားပါ)။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/dental-conditions/%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%9c%e1%80%bd%e1%80%9a%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac-%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8/
Osteoarthritis အရိုးအဆစ်ရောင်ရောဂါအကြောင်း သိကောင်းစရာ
Osteoarthritis အရိုးအဆစ်ရောင်ရမ်းခြင်းဆိုတာအဆစ်ရောင်ခြင်းရဲ့ တွေ့ရအများဆုံးပုံစံတခုဖြစ်ပြီးလူသားသန်းပေါင်းများစွာ ကြုံတွေ့နေရပါတယ်။ အရိုးရဲ့အနားသတ်မှာဖုံးအုပ် ပေးထားတဲ့ အရိုးနုလေးတွေဟာအချိန်ကြာလာတာနဲ့ အမျှ ပျက်စီးလာရင် ဖြစ်ပွားတတ်ပါတယ်။အရိုးအဆစ်ရောင်ရမ်းခြင်းဟာသင့်ခန္ဓါကိုယ်ရဲ့ ဘယ်အရိုးအဆစ်မှာမဆို ဖြစ်ပွားနိုင်ပေမယ့် လက်၊ ဒူး၊ ပေါင်ရင်း၊ ကျောရိုးစတဲ့အရိုးဆစ်တွေမှာအများဆုံး ဖြစ်ပွားတတ်ပါတယ်။ အရိုးအဆစ်ရောင်ရမ်းခြင်းဟာဆိုးရွားလာတတ်ပြီးနောက်ဆုံးကုသဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် တက်ကြွက်စွာ လှုပ်ရှားနေထိုင်ပြီးကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကိုထိန်းကာတခြားကုသခြင်းတွေကိုပါ ခံယူရင် ရောဂါဆိုးရွားလာမှုကိုထိန်းထားနိုင်ပါတယ်။ နာကင်ျမှုကိုသက်သာစေနိုင်ပြီးအဆစ်ကိုလည်းကောင်းစွာလှုပ်ရှား နိုင်စေပါတယ်။ဒီရောဂါဟာအဆစ်တွေရဲ့ အရိုးအဆုံးသတ်မှာအခုအခံသဖွယ် ကာကွယ်ပေးတဲ့ အရိုးနုလေးတွေပျက်စီးလာရင် ဖြစ်တတ်ပါတယ်။ အရိုးနုဆိုတာခိုင်မာပြီးချောမွတ်တဲ့ တစ်သျှူးအမျိုးအစားဖြစ်ပြီးအဆစ်တွေရဲ့ လှုပ်ရှားမှုကိုချောမွေ့စေပါတယ်။ အရိုးအဆစ်ရောင်ရမ်းလာရင် အဲ့ဒီအရိုးနုမျက်နှာပြင်များဟာ ကြမ်းတမ်းလာပါတယ်။ အရိုးနုများ လုံးဝပျက်စီးသွားတဲ့ အခါမှာတော့ အဆစ်တွေမှာအရိုးအချင်းချင်းပဲပွတ်တိုက် နေပါတော့တယ်။ဒီရောဂါလက္ခဏာတွေဟာအချိန်နဲ့ အမျှ တဖြည်းဖြည်းဆိုးရွားလာတတ်ပါတယ်။အရိုးဆစ်နာခြင်း၊ တောင့်တင်းခြင်းတွေ ရက်သတ္တပတ် အနည်းငယ်ထိရှိနေမယ်ဆိုရင် ဆရာဝန်ပြသင့်ပါတယ်။အရိုးအဆစ်ရောင်ရမ်းခြင်းဆိုတာအချိန်ကြာလာတာနဲ့အတူပိုပြီးဆိုးရွားလာတတ်ပါတယ်။ အဆစ်အမြစ်နာခြင်း၊ တောင့်တင်းခြင်းတွေ ဆိုးရွားတာမို့ နေ့စဉ်လှုပ်ရှားမှုတွေကိုဒုက္ခပေးပါတယ်။ တချို့လူများဟာအလုပ်မလုပ်နိုင်တော့ပါဘူး။ အရိုးအဆစ်နာကျင်ခြင်းအရမ်းဆိုးရွားရင်တော့ အဆစ်အစားထိုးကုဖို့ ဆရာဝန်က အကြံပြုပါလိမ့်မယ်။ရုပ်ပိုင်းဆိုင်ရာစစ်ဆေးချိန်မှာ ဆရာဝန်ဟာ ဖြစ်နေတဲ့ အရိုးအဆစ်ကိုသေချာစမ်းသပ်ပါလိမ့်မယ်။ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ နီရဲခြင်းတွေ ရှိမရှိနဲ့ ဘယ်လောက်ထိ လှုပ်ရှားနိုင်လဲဆိုတာစမ်းသပ်ပါလိမ့်မယ်။ သင့်ဆရာဝန်ဟာ ပုံရိပ်ဖော်စစ်ဆေးဖို့၊ ဓါတ်ခွဲစစ်ဆေးမှုတွေလုပ်ဖို့ အကြံပြုပါလိမ့်မယ်။ရောဂါရှိနေတဲ့ အရိုးဆစ်ကို။အရိုးအဆစ်ရောင်ရမ်းခြင်းကို လုံးဝပျောက်ကင်းအောင် ကုသဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် နာကျင်မှုကိုသက်သာစေပြီး လှုပ်ရှားမှုကောင်းအောင် ကုသနိုင်ပါတယ်။အရိုးအဆစ်ရောင်ရမ်းခြင်းလက္ခဏာတွေကိုတချို့ဆေးဝါးတွေနဲ့ သက်သာစေနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်းဟာအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဆရာဝန်ဟာ အောက်ပါကုထုံးတွေ ညွှန်နိုင်ပါတယ်။ပုံမှန်ကုသခြင်းများနဲ့ မပျောက်ရင် အောက်ပါနည်းတွေ သုံးနိုင်ပါတယ်။အောက်ပါနည်းတွေ ဆောင်ရွက်နိုင်ပါတယ်။လေ့ကျင့်ခန်း။လေ့ကျင့်ခန်းလုပ်ခြင်းဟာသင့်အရိုးဆစ်အနီးတဝိုက်က ကြွက်သားတွေကိုပိုသန်မာပြီးခံနိုင်ရည် ရှိစေပါတယ်။ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းစတာတွေ လုပ်ပေးနိုင်ပါတယ်။ကိုယ်အလေးချိန်လျှော့ချခြင်း။အဝလွန်ခြင်းဟာဒူးဆစ်၊ ပေါင်ဆစ် စတဲ့ အဆစ်အမြစ်တွေအပေါ် ပိုပြီးဖိအားသက်ရောက်စေပါတယ်။အပူအအေးပေးခြင်း။၂မျိုးလုံးဟာနာကျင်မှုကိုသက်သာစေပါတယ်။ အပူဓါတ်ဟာတောင့်တင်းမှုကိုသက်သာစေပြီး၊ အအေးဓါတ်ဟာ ကြွက်သားအကြောဆွဲခြင်း၊ နာကျင်ခြင်းတွေကိုသက်သာစေပါတယ်။ဆေးလိမ်းခြင်း။ဆေးဆိုင်တွေကနေအကိုက်အခဲပျောက်ဆေးခရင်မ်နဲ့ အဆီတွေ လိမ်းခြင်းဟာအရိုးအဆစ်နာခြင်းကိုသက်သာစေပါတယ်။အကူပစ္စည်းသုံးခြင်း။ အကူပစ္စည်းကိရိယာများသုံးခြင်းဟာသင့်တနေ့တာလုပ်ဆောင်မှုတွေကိုအဆင်ပြေချောမွေ့စေပြီးနာကျင်မှုကိုသက်သာစေပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/osteoarthritis-%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%a1%e1%80%86%e1%80%85%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%a1/
ရှင်သန်မှု လက္ခဏာ နှလုံးလေးရဲ့အကြောင်း
သက်ရှိတွေ ရှင်သန်နေလားဆိုတာကို ဆန်းစစ်ကြည့်လို့ရတဲ့အင်္ဂါအစိတ်အပိုင်းလေးတစ်ခုရှိပါတယ်။ ဒါကတော့ သင့်ရဲ့ ရင်ဘတ် ဘယ်ဘက်ခြမ်းထဲမှာရှိတဲ့ တဒုတ်ဒုတ်နဲ့ စည်းချက်မှန်မှန် ခုန်နေတဲ့နှလုံးလေးပါ။နှလုံးက မှန်မှန်ခုန်နေဖို့လိုသလိုစည်းချက်မှန်နေဖို့လည်း လိုပါမယ်။ ဒါမှ ခန္ဓာကိုယ်အနှံ့ကို သွေးတွေ၊အောက်ဆီဂျင်တွေရောက်ရှိအောင် ပို့ဆောင်ပေးနိုင်မှာပါ။ ဒီလိုမှပဲခန္ဓာကိုယ်က ကျန်းမာတော့မှာပေါ့။နှလုံးလေးက သင့်ရဲ့ လက်သီးဆုပ်အရွယ်လောက်ပဲ ရှိတဲ့ ကိုယ်တွင်းအင်္ဂါလေးပါ။ ရင်ဘတ်ရဲ့ အရှေ့ဘက် အလယ်နားလေးမှာရှိပြီး ရင်ညွန့်ရိုးရဲ့ ဘယ်ဘက် အနောက်နားလေးမှာ ရှိပါတယ်။နှလုံးက ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး သွေးတွေကို ညှစ်ထုတ်ပေးပြီးခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေ အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် လိုအပ်တဲ့ အောက်ဆီဂျင် နဲ့ အာဟာရဓာတ်တွေကို ပေးပို့ပါတယ်။နှလုံးရဲ့ ဘယ်ဘက်နဲ့ ညဘက်ကို ခြားထားတဲ့ ကြွက်သားနံရံ ရှိပါတယ်။ တစ်ဘက်စီမှာ သွေးလွှတ်ခန်း၊ သွေးပြန်ခန်းလို့ ခေါ်တဲ့ အခန်းလေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။နှလုံးမှာ ပါဝင်နေတဲ့ အခန်းလေး (၄) ခန်းကတော့။နှလုံး ညာဘက်ခြမ်းက ခန္ဓာကိုယ်အနှံ့ကနေ ပြန်စီးလာတဲ့ သွေးတွေကို စုဆောင်းပေးပါတယ်။ နှလုံး ညာဘက်ခြမ်းကို ဝင်လာတဲ့ သွေးတွေကအောက်ဆီဂျင် ပါဝင်မှုနည်းနေပါတယ်။အကြောင်းကတော့ ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းတွေနဲ့ တစ်ရှူးတွေဆီကို ဖြတ်စီးလာတဲ့ အတွက် အောက်ဆီဂျင်တွေကို ထောက်ပံ့ပေးခဲ့ရတာကြောင့် အောက်ဆီဂျင်နည်းနေတာပါ။နှလုံးထဲကို သွေးတွေရောက်လာတဲ့အခါ နှလုံးက သွေးတွေကိုအဆုတ်စီ ညှစ်ထုတ်လိုပ်ပါတယ်။ ဒီလို ညှစ်ထုတ်ပြီး အောက်ဆီဂျင်တွေ ပိုမိုရရှိအောင် လုပ်ဆောင်လိုက်ပါတယ်။အောက်ဆီဂျင်တွေကို ရရှိပြီဆိုတာနဲ့ သွေးတွေက နှလုံး ဘယ်ဘက်ခြမ်းဆီကို တိုက်ရိုက်ရောက်ရှိသွားပြီး နှလုံးကသွေးကို ညှစ်ထုတ်လိုက်တဲ့အခါခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေဆီ ပြန်လည် စီးဆင်းသွားပါတယ်။နှလုံးရဲ့ ဘယ်ဘက်ခြမ်းမှာ ရှိတဲ့သွေးလွှတ်ခန်းက ညာဘက်ခြမ်းမှာရှိတဲ့ သွေးလွှတ်ခန်းထက် ပိုကြီးသလို နံရံကလည်း ပိုထူပါတယ်။ အကြောင်းကတော့ နှလုံး ဘယ်ဘက် သွေးလွှတ်ခန်းက ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ တစ်ရှူးတွေဆီကို အောက်ဆီဂျင် ပြည့်ဝတဲ့ သွေးတွေ ပြန်လည်ပို့ဆောင်ပေးတာကြောင့်ပါ။နှလုံးဘယ်ဘက်ခြမ်း သွေးပြန်ခန်းက နှလုံးညာဘက်ခြမ်း သွေးပြန်ခန်းထက် ပိုပြီး ဖိအားကောင်းပါတယ်။ သွေးတွေကို လားရာ မှန်မှန် စီးဆင်းနိုင်စေဖို့ လုပ်ဆောင်ပေးသလိုနှလုံးအဆို့ရှင်လေးတွေကလည်း နှလုံး သွေးလွှတ်ခန်း၊ သွေးပြန်ခန်းတွေဆီကို သွေးတွေ ဝင်ထွက်စီးဆင်းမှု မှန်အောင် လုပ်ဆောင်ပေးပါတယ်။ဒါလေးကတော့ ရင်ဘတ် ဘယ်ဘက်ခြမ်းမှာ နေရာယူထားတဲ့ စည်းချက် မှန်မှန်ခုန်နေတဲ့နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေပါပဲ။ ရှင်သန်မှု လက္ခဏာ နှလုံးလေးရဲ့အကြောင်း သိသွားပြီဟုတ်။နှလုံးလေး ကျန်းမာစေဖို့နေထိုင်စားသောက်မှုတွေကို သေချာဂရုစိုက်ဖို့လိုသလို ပုံမှန် စစ်​ဆေးမှုတွေ လုပ်ဆောင်ဖို့ လိုပါမယ်။ အရက်၊ ဆေးလိပ်၊ ကဖင်း စတာတွေကိုလည်း အလွန်အကျွံ မသုံးစွဲမိစေဖို့ လိုပါမယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/what-is-heart-health/
ကင်ဆာရောဂါတွေ ကို ဘယ်လိုစစ်ဆေးသိရှိနိုင်သလဲ။
WHO အဆိုအရကင်ဆာရောဂါက အသေအပျောက်အများဆုံး ရောဂါတွေထဲမှာ ဒုတိယလိုက်ပါတယ်။ ၂၀၁၈ ဒေတာတွေအရဆိုရင် လူပေါင်း ၉.၆ မီလီယမ်လောက်က ကင်ဆာရောဂါခံစားနေရပါတယ်။ ကင်ဆာရောဂါတွေ ကို စောစောသာ စစ်ဆေးနိုင်မယ်ဆိုရင် အချိန်မီကုသမှု ခံယူနိုင်မှာ ဖြစ်ပါတယ်။ပုံမှန်အားဖြင့် ခန္ဓာကိုယ်ထဲမှာ ဆဲလ်တွေ ပွားလာပြီးပြီဆိုရင် ပျက်စီးရပါတယ်။ ဆဲလ်အဟောင်းတွေ ပျက်လိုက်၊ ဆဲလ်အသစ်တွေ ဖြစ်လိုက်နဲ့ ခန္ဓာကိုယ်ထဲမှာ သံသရာလည်နေတာပါ။ ဒါက ပုံမှန်ဖြစ်စဉ်ပါ။ ကင်ဆာဆိုတာကတော့ ဆဲလ်တွေ မတရားပွားလာတာကို ဆိုလိုတာပါ။ ခန္ဓာကိုယ်မှာ ကင်ဆာပေါင်း အမျိုး ၁၀၀လောက် ဖြစ်နိုင်ပါတယ်။ဆဲလ်တွေ ပွားလွန်းတဲ့အခါမှာ ခန္ဓာကိုယ်မှာအကျိတ်အနေနဲ့ စမ်းမိတတ်ပါတယ်။ ဒီအကျိတ်တွေက သာမန်အကျိတ်လည်း ဖြစ်နိုင်သလို ကင်ဆာကျိတ်လည်း ဖြစ်နိုင်ပါတယ်။ အမြဲတမ်းတော့ အကျိတ်အနေနဲ့ ရှိနေတာ မဟုတ်ပါဘူး။ ဥပမာ သွေးကင်ဆာဆိုရင် အကျိတ်မဟုတ်တဲ့ ကင်ဆာပါ။ကင်ဆာဖြစ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ ပြောလို့မရသေးပါဘူး။ ဒါပေမယ့် ကင်ဆာဖြစ်နိုင်ခြေကို များစေတဲ့ အမူအကျင့်တွေ၊ ပတ်ဝန်းကျင်အခြေအနေတွေကိုတော့ သိထားကြပါတယ်။ ဒီအချက်တွေရှိတိုင်း ကင်ဆာဖြစ်မယ်လို့ ပြောလို့မရပေမယ့် အချက်တွေများလာရင်တော့ ကင်ဆာဖြစ်နိုင်ခြေတွေ များလာမှာပဲ ဖြစ်ပါတယ်။ဒီထဲက တချို့အချက်တွေက ပြုပြင်လို့ မရပေမယ့် တချို့အချက်တွေကတော့ ရှောင်လို့ရပါတယ်။ ဒီအချက်တွေကတော့။ကင်ဆာရောဂါခံစားနေရတဲ့သူတွေက ရောဂါနုစဉ်မှာ လက္ခဏာ မပြတတ်ပါဘူး။ လက္ခဏာပြတဲ့အချိန်ဆိုရင် ကင်ဆာက အဆင့်တစ်ခုရောက်နေပါပြီ။ ဒါကြောင့် ကင်ဆာရောဂါကို လက္ခဏာမပြခင်တည်းက စောစောစီးစီး သိဖို့လိုပါတယ်။ စောစောသိလို့ စောစောကုနိုင်ရင် အသက်ရှင်နှုန်း ပိုများတာကြောင့်ပါ။American Cancer Society အရ ကင်ဆာကို စစ်ဆေးတဲ့အခါ အသုံးများတဲ့ နည်းလမ်း ၃ခု ရှိပါတယ်။၁။ ပုံရိပ်ဖော်စက်။ကင်ဆာဆဲလ်တွေကို X-ray၊ အသံလှိုင်း၊ ရေဒီယိုသတ္တိကြွ အမှုန်၊ သံလိုက်ဓာတ် စတာတွေနဲ့ ပုံရိပ်ဖော်တာပဲ ဖြစ်ပါတယ်။ ပုံရိပ်ကို ကြည့်ပြီး ရိုးရိုးအကျိတ်လား၊ ကင်ဆာကျိတ်လား အကြမ်းဖျင်း ခွဲခြားနိုင်ပါတယ်။ပုံရိပ်ဖော်စက်တွေက ကင်ဆာကျိတ်တွေရဲ့ အရွယ်အစား၊ နေရာ၊ တခြားနေရာကို ပြန့်မပြန့် စတဲ့ အချက်တွေကို စစ်ဆေးပေးနိုင်ပါတယ်။ ကင်ဆာကုသနေစဉ်မှာလည်း သက်သာသလား၊ ပိုဆိုးလာသလားဆိုတာကို ပုံရိပ်ဖော်စက်တွေနဲ့ စစ်ဆေးနိုင်ပါတယ်။အသုံးများတဲ့ ပုံရိပ်ဖော် နည်းလမ်းတွေကတော့။ပုံရိပ်ဖော် နည်းပညာတွေမှာ တစ်ခုချင်းစီက အားသာချက်၊ အားနည်းချက် ကိုယ်စီရှိတဲ့အတွက် ကိုယ့်ရောဂါရဲ့ လိုအပ်ချက်အလိုက် သင့်တော်တာနဲ့ စစ်ဆေးသင့်ပါတယ်။၂။ မှန်ပြောင်းကြည့်ခြင်း။မှန်ပြောင်းကြည့်တယ်ဆိုတာက ခန္ဓာကိုယ်ထဲကို ပြွန်လိုမျိုး ပိုက်လေးထည့်ပြီး အထဲထဲကို တိုက်ရိုက်ကြည့်ရှုတာပဲ ဖြစ်ပါတယ်။ အသုံးများတဲ့ မှန်ပြောင်းကြည့်နည်းတွေကတော့။၃။ အသားစယူ စစ်ဆေးခြင်း။အသားစယူ စစ်ဆေးတယ်ဆိုတာ ကင်ဆာလို့ သံသယရှိတဲ့နေရာကနေ သေးငယ်တဲ့ အသားစလေးကို ယူပြီး ဆဲလ်တွေကို စစ်ဆေးတာပဲ ဖြစ်ပါတယ်။ အင်မတန်တိကျပြီး ကင်ဆာအတွက် စံထားရလောက်တဲ့ စစ်ဆေးနည်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကင်ဆာစစ်ဆေးတဲ့အခါ တခြားနည်းလမ်းတွေနဲ့အတူ အသားစယူတာကိုပါ ထည့်သွင်းလုပ်ဆောင်လေ့ရှိပါတယ်။အသုံးများတဲ့ အသားစယူ စစ်ဆေးနည်းတွေကတော့။ဒါက အခြေခံကျတဲ့ ကင်ဆာစစ်ဆေးနည်းတွေပဲ ဖြစ်ပါတယ်။ ဒါ့ပြင် တခြားလိုအပ်တဲ့ သွေးစစ်ဆေးမှုတွေလည်း ရှိနိုင်ပါတယ်။ ကင်ဆာရောဂါတွေ ကို စစ်ဆေးတဲ့အခါမှာ ဒီနည်းလမ်း ၃ခုလုံး လိုချင်မှ လိုမှာပါ။ မိမိရဲ့ ရောဂါအခြေအနေကို လိုက်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/how-is-cancer-diagnosed/
သွားကျန်းမာရေးဆိုင်ရာ ရှိုးဂရင်း ရောဂါစု
Sjőgrens syndrome ဆိုတာ ခုခံအားစနစ် ကမောက်ကမဖြစ်သွားတဲ့ ဖြစ်ရပ်ပါ။ ဒီအခြေအနေကို အဖြစ်များတဲ့ လက္ခဏာတွေဖြစ်တဲ့ မျက်လုံးခြောက်ခြင်းနဲ့ ခံတွင်းခြောက်ခြင်း ၂မျိုးနဲ့ အတည်ပြုလေ့ရှိပါတယ်။ဒီရောဂါဟာ များသောအားဖြင့် အခြားခုခံအားစနစ်ပြဿနာတွေနဲ့တွဲပြီးဖြစ်လေ့ရှိပါတယ်။ သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာစတဲ့ ရောဂါတွေနဲ့တွဲပြီးဖြစ်လေ့ရှိတာပါ။ ဒီရောဂါဖြစ်ရင်င် မျက်လုံးနဲ့ ပါးစပ်ထဲမှာရှိတဲ့ အကျိအချွဲတွေထုတ်ပေးနိုင်တဲ့ အမြှေးပါးနဲ့ အစိုဓါတ် စတဲ့ ဂလင်းတွေဟာ ဦးဆုံးရောဂါသက်ရောက်မှုဒဏ်ခံရတာပါ။ ရလဒ်ကတော့ မျက်ရည်နဲ့ တံတွေးထုတ်လုပ်မှုနည်းသွားတာပါပဲ။သင်ဟာဘယ်အသက်အရွယ်ပဲရောက်ရောက်ဒီရောဂါဖြစ်နိုင်ပေမယ့် အများဆုံးကတော့ ဒီရောဂါဖြစ်တဲ့အချိန်မှာ အသက်၄၀အထက်မှာရှိနေကြတာပါ။ ဒီအခြေအနေကို အမျိုးသမီးတွေမှာပိုပြီးတွေ့ရများပါတယ်။ ကုသမှုတွေကတော့ ရောဂါလက္ခဏာတွေ သက်သာသွားစေဖို့ပဲ ဖြစ်ပါတယ်။ဒီရောဂါရဲ့အဓိက လက္ခဏာ၂ခုကတော့။• မျက်လုံးခြောက်တာ။ သင့်မျက်လုံးတွေပူနေတာ၊ယားနေတာ သို့မဟုတ် မျက်လုံးထဲသဲဝင်သွားသလို ခံစားမှုမျိုးရနေနိုင်ပါတယ်။• ခံတွင်းခြောက်ခြင်း။ သင့်ပါးစပ်ဟာ ဂွမ်းတွေနဲ့ပြည့်နေသလိုခံစားရနေနိုင်ပြီး မြိုချရတာတွေစကားပြောရတာတွေခက်ခဲစေနိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ဒီရောဂါရဲ့ လက္ခဏာရပ်တွေဟာ မိမိကိုယ်ကိုဂရုစိုက်ခြင်းအတိုင်းအတာပေါ်မူတည်ပြီး ကောင်းလာလေ့ရှိပါတယ်။ ခံတွင်းခြောက်ခြင်းကိုသက်သာစေဖို့အတွက်။• ခန္ဓါကိုယ်ထဲ အရည်ဝင်တဲ့ပမာဏကိုမြှင့်တင်ပါ။ အရည်တွေများများသောက်ပါ။ အထူးသဖြင့်ရေပေါ့။ ဒါက ခံတွင်းခြောက်ခြင်းကို သက်သာစေမှာပါ။• တံတွေးထွက်စေဖို့ လှုံ့ဆော်ပါ။ သကြားမပါတဲ့ ပီကေ သို့မဟုတ် ချိုချဉ်အမာတွေက တံတွေးထွက်နှုန်းမြင့်လာစေပါတယ်။ ဒီရောဂါဟာ သင့်သွားမှာအပေါက်တွေဖြစ်လာနိုင်ခြေကိုတိုးစေတာကြောင့် အချိုစားခြင်းကို အကန့်အသတ်ထားပါ။ အထူးသဖြင့်အစာစားချိန်တွေကြားမှာပေါ့။ ရေထဲမှာ သံပုရာရည်ခပ်ထားတာကလည်း တံတွေးထွက်ခြင်းကို လှုံ့ဆော်ပေးနိုင်ပါတယ်။• လူလုပ်တံတွေးအတုကိုစမ်းသုံးကြည့်ပါ။ တံတွေးအစားထိုးပစ္စည်းတွေဟာ ရိုးရိုးရေထက်ပိုပြီးအလုပ်ဖြစ်ပါတယ်။ သူတို့မှာက ပါးစပ်တွင်းမှာ အစိုဓါတ်ကိုကြာကြာထိန်းပေးထားနိုင်မယ့် ချောဆီေတွေပါဝင်တယ်လေ။ ဒီပစ္စည်းတွေဟာ ဖျန်းဆေး အနေနဲ့ဖြစ်စေ ဆေးလုံး၊ဆေးတောင့်၊ဆေးပြားစတဲ့ပုံစံတွေအနေနဲ့ဖြစ်စေ လာလေ့ရှိပါတယ်။• နှာခေါင်းဖျန်းဆေးကိုသုံးပါ။ ဒီပစ္စည်းက အစိုဓါတ်ပေးနိုင်ပြီး နှာခေါင်းလမ်းကြောင်းကိုရှင်းလင်းစေတာကြောင့် နှာခေါင်းနဲ့ လွတ်လွတ်လပ်လပ်အသက်ရှူလို့ရစေနိုင်ပါတယ်။ ခြောက်သွေ့ပြီးကြပ်နေတဲ့နှာခေါင်းတွေကတော့ ပါးစပ်နဲ့အသက်ရှူခြင်းကို ပိုပြီးဖြစ်စေမှာပါ။ဒီရောဂါကို ကာကွယ်နိုင်တဲ့နည်းလမ်းမရှိသေးပါဘူး။ ဒါပေမယ့် ဒီရောဂါဖြစ်နေပြီး ခံတွင်းခြောက်ခြင်းတွေဖြစ်လာပြီဆိုရင် သင့်သွားမှာအပေါက်တွေဖြစ်လာနိုင်ခြေနဲ့ သွားတွေကိုဆုံးရှုံးရနိုင်ခြေ ပိုများသွားပါပြီ။ အောက်ပါသတိပေးချက်တွေကတော့ အဆိုပါပြဿနာတွေကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။• အစာစားပြီးတိုင်းသွားတိုက်ပြီးသွားကြားထိုးပါ။• သွားဆေးခန်းကိုပုံမှန်သွားပါ။ အနည်းဆုံး ၆လတစ်ခါသွားပါ။• နေ့စဉ်နေ့တိုင်း ဆေးပါဝင်တဲ့ဖလိုရွိုက်ကုသမှုနဲ့ ပိုးသတ်ဆေးပါဝင်သော ခံတွင်းသန့်စင်ဆေးရည်ကိုအသုံးပြုပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/%e1%80%9e%e1%80%bc%e1%80%ac%e1%80%b8%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%b1%e1%80%9b%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%9b%e1%80%ac-%e1%80%9b/
ကလေးက စကားနားမထောင်တဲ့အခါ ထိန်းသိမ်းဆုံးမနိုင်မယ့် နည်းလမ်း ၈ ခု
ကလေးဆိုတာ ဆိုးနွဲ့ချင်တဲ့အရွယ်၊ အလိုမကျရင် ငိုယိုဂျီကျတတ်တဲ့အရွယ်လေးတွေဖြစ်လို့ စကားမတတ်ခင်ကတည်းက အမူအရာနဲ့ စိတ်ကောက်ကြ၊ ငိုယိုဆန္ဒပြတတ်ကြပါတယ်။ မွေးကင်းစအရွယ်မှာ ချစ်စရာအမူအရာလေးတွေဖြစ်ခဲ့တဲ့ အပြုအမူတွေဟာ သိတတ်နားလည်လာတဲ့တစ်နှစ်၊နှစ်နှစ်ကျော်တဲ့အရွယ်မှာတော့ စည်းကမ်းတကျ ထိန်းသိမ်းသွန်သင်သင့်လာပါပြီ။ ကလေးရဲ့ကိုယ်ခန္ဓါဖွံ့ဖြိုးကြီးထွားလာတာအပြင် ဉာဏ်ရည်နဲ့ အသိပညာ၊ ယဉ်ကျေးလိမ္မာမှုတွေပါ ဖွံ့ဖြိုးလာဖို့ကိုပါ ဂရုစိုက်ပေးရမှာဖေဖေမေမေတို့ရဲ့တာဝန်ပါ။ပွဲအခမ်းအနားတွေသွားတာမျိုး လူကြားထဲ သွားလာတဲ့အခါပြောမရတားမရဖြစ်ခဲ့ရင် အခက်ကြုံရမှာဆိုတာထက် ကလေးရဲ့အမူအကျင့်လေး မှန်ကန်မှ၊ မိဘကိုယုံကြည်မှုရှိမှ သူ့ရဲ့အနာဂတ်အတွက် ကိုယ်က လမ်းပြလို့ရမှာပေါ့။ မဟုတ်ရင် တဆိတ်ရှိခြေဆောင့်ငိုယိုတောင်းဆိုလိုက်ရင် ရမှာပဲ လို့ ကလေးရဲ့မှတ်ဉာဏ်မှာ အတွေးမဝင်စေချင်ပါ။စကားနားမထောင်တဲ့ ကလေးတစ်ယောက်ကို ထိန်းသိမ်းဖို့ဆိုတာ အစတည်းကတတ်ကြတဲ့အရာတော့ မဟုတ်ပါဘူး။ သားသမီးရှိလာတဲ့အခါမှ အတွေ့အကြုံကသင်ပေးသွားတာပါ။ ဒါပေမယ့် ကလေးကိုထိန်းတဲ့နေရာမှာ အမျိုးမျိုးရှိပါတယ်။ တချို့က အလိုလိုက်တယ်၊ တချို့က အကြမ်းနည်းနဲ့စည်းကမ်းပေးတယ်၊ တချို့က ဉာဏ်ရှိရှိနဲ့ ကလေးကိုစည်းရုံးပြီးသွန်သင်ထိန်းသိမ်းပါတယ်။ ဘာနည်းပဲသုံးသုံး ကလေးငြိမ်သွားဖို့၊ ကိုယ့်စကားနားထောင်ဖို့ချည်းပဲ အဓိကထားလို့မရပါဘူး။ ဥပမာ ကလေးကငိုယိုပြီးချော့မရတဲ့အချိန် “အခုတိတ်နော်..မတိတ်ရင် အရိုက်ခံရမယ်”ဆိုပြီး ကလေးကိုခပ်ကြမ်းကြမ်းဆက်ဆံတာမျိုးက ခဏတာတော့ ကလေးကလန့်ပြီးတိတ်သွားမှာပေမယ့်ရေရှည်အတွက်အဆင်မပြေနိုင်ပါဘူး။ မိဘလုပ်သူကိုကြောက်စိတ်ဝင်သွားပြီး ဆက်ဆံရေးမှာ ထိခိုက်လာတာ၊ ဒါမှမဟုတ် နောက်ပိုင်းမကြိုက်တဲ့အပြုအမူတွေ ခိုးလုပ်တတ်လာတာ၊ အရွဲ့တိုက်လာတာတွေဖြစ်လာနိုင်ပါတယ်။ဒါ့ကြောင့် စကားနားမထောင်တဲ့ကလေးလေးတွေကို ဘယ်လိုထိန်းကြမလဲဆိုတာ အခက်ကြုံနေတဲ့ မိဘတွေအတွက် ဒီအချက်လေးတွေက အထောက်အကူပေးပါလိမ့်မယ်။(၁) အခြေအနေကို ထိန်းညှိပါ။စာလုပ်ခိုင်းရင် မလုပ်ချင်တဲ့ ကလေးကို အိမ်စာလုပ်ခိုင်းနေတဲ့အချိန်မှာဆိုရင် ဖုန်း၊တက်ဘလက်နဲ့ ကစားစရာအရုပ်တွေလိုမျိုး အာရုံပျံ့လွင့်စေနိုင်တဲ့အရာတွေကို ဖယ်ထားတာ၊ သရေစာမုန့်လေးတွေလုပ်ပေးတာ၊ ကလေးကိုစာလုပ်ဖို့နေရာတစ်ခုစီစဉ်ပေးထားတာမျိုး လုပ်ပေးနိုင်ပါတယ်။(၂)နူးနူးညံ့ညံ့ဆက်ဆံပြီး ချဉ်းကပ်ပါ။ကလေးက ချော့မရ၊ထိန်းမရ အော်ဟစ်၊ငိုယိုနေတာဆိုရင် သူ့အသံကိုအုပ်အောင်တော့ မငိုဖို့ အသံကျယ်ကျယ်အရင်စပြောပါ။ပြီးမှ အသံကိုလျှော့ပြီး ကလေးကိုချော့ပြောပါ။ ကလေးက ဆူခံရမယ်ထင်ထားရာက ရုတ်တရက်စိတ်ဝင်စားပြီး ငိုသံတိုးလာပါလိမ့်မယ်။ ဥပမာ – သားသား ဒီလိုအော်ငိုနေတာ မရှက်ဘူးလား။ ဟိုနားက မမတွေက ကြည့်နေတယ်။ ကြည့်ပါဦး ဆိုတာမျိုး။ ဆူညံပြင်းထန်နေတဲ့အခြေအနေတွေကိုအေးဆေးသွားစေဖို့က သင်ရော၊ကလေးပါ တည်ငြိမ်စေဖို့ အရေးကြီးပါတယ်။(၃) ဘာကိုလိုချင်တာလဲ၊ဘာကိုဖြစ်ချင်တာလဲသေချာသိအောင်လုပ်ပါ။ကလေးက ဘာကိုဖြစ်ချင်တာလဲဆိုတာ ကလေးနဲ့မိဘကြားသေချာသိအောင်လုပ်ပါ။ ကလေးရဲ့အနားမှာအေးအေးဆေးဆေးထိုင်ပြီးချော့မေးကြည့်ပါ။ ကလေးက ဘာကိုဖြစ်ချင်နေတာလဲ၊ ဘာကြောင့် ကန့်လန့်လုပ်နေတာလဲသေချာမသိတဲ့အခါ ကလေးကိုစည်းရုံးဖို့ ကိုင်တွယ်ဖြေရှင်းရခက်စေပါတယ်။(၄) အချိန်ခဏပေးပါ။ဖြစ်နိုင်ရင် ငိုနေ၊ ဂျီကျနေတဲ့ကလေးကို သူ့ကိုယ်သူထိန်းသိမ်းဖို့ အချိန်နည်းနည်းပေးလိုက်ပါ။ တစ်ကနေ တစ်ဆယ်အထိရေမယ်၊ တိတ်နော်၊မတိတ်ရင် ကစားကွင်းမပို့တော့ဘူး (သို့မဟုတ် သူတောင်းဆိုနေတဲ့အရာတစ်ခုခုကိုမလုပ်ပေးတော့ဘူး)လို့ သတိပေးပြီး ခဏစောင့်ပေးပါ။(၅) ဖြစ်နေတဲ့အခြေအနေ၊ အကြောင်းအရာတွေထည့်တွေးပါ။ကလေးက ဗိုက်ဆာနေတာလား၊ ပင်ပန်းနေလို့လား၊ စိတ်ပူပန်နေတာလား စတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်ဝန်းကျင်ဆိုင်ရာအကြောင်းအရာတွေကို ထည့်စဉ်းစားပါ။ ဒီအချက်တွေကြောင့်ပဲ ကလေးရဲ့အပြုအမူတွေကိုထိန်းချုပ်ဖို့ ခက်ခဲစေနိုင်လို့ပါ။ တစ်ခုခုကြောင့် စိတ်အလိုမကျဖြစ်နေတဲ့ကလေးကို သင့်စကားနားထောင်စေဖို့ သူဖြစ်နေတဲ့အကြောင်းအရာကိုမူတည်ပြီး သင်ထိန်းဖို့နည်းလမ်းရှာရမှာပါ။(၆) ကလေးကိုရွေးချယ်စရာပေးပါ။ကလေးလေးတွေ သိတတ်နားလည်လာတာနဲ့အမျှ ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်တတ်အောင် ကျင့်ပေးသင့်ပါတယ်။ ဥပမာ စကားနားထောင်မှာလား၊ နားမထောင်ရင် အပြင်သွားတဲ့အခါ မလိုက်ရဘူးနော် ဆိုပြီး တစ်ခုခုကိုရွေးချယ်ခိုင်းပါ။ ကိုယ်တိုင်ဆုံးဖြတ်ခွင့်လည်းရသလို ကိုယ်လုပ်လိုက်တဲ့ရလဒ်ကို ကိုယ်ခံစားရတယ်ဆိုတာ နားလည်စေပါတယ်။(၇) အကျိုးဆက်ကိုနားလည်အောင် ရှင်းပြပါ။ရိုးရိုးပြောပြနေလို့ လိုက်နာမှာမဟုတ်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေအတွက် ဒါလုပ်ရင် ဒါဖြစ်မယ်ဆိုတဲ့ အကျိုးဆက်တွေအကြောင်း ကလေးနားလည်အောင်ထည့်ရှင်းပြလိုက်ပါ။ တကယ့်အမှန်လည်းဖြစ်ရမယ်(ကလေးမလုပ်ရဲတော့အောင်ဆိုပြီး လိမ်ညာ၊ဖြဲခြောက်တာမျိုးမလုပ်သင့်ပါ)၊ ပညာပေး၊သွန်သင်ဆုံးမရာလည်းရောက်မယ့် အကျိုးဆက်တွေဖြစ်ရပါမယ်။(၈)မိဘချင်းလည်းသဘောတူညီချက်ယူထားရမယ်။မိခင်နဲ့ဖခင် နှစ်ဦးစလုံးက ကလေးကိုဆုံးမရာမှာ တိုင်တိုင်ပင်ပင်နဲ့ အကောင်းဆုံးနည်းလမ်းသုံးပြီးဖြေရှင်းရမှာပါ။ ဘယ်လိုစည်းကမ်းတွေသတ်မှတ်မလဲဆိုတာ အချင်းချင်းညှိထားသင့်ပါတယ်။ အဖေက ဆုံးမ၊ အမေက ချော့ပြီးအလိုလိုက်တာမျိုး တစ်ယောက်တစ်မျိုးဖြစ်နေခဲ့ရင် ကလေးကို ဘယ်လိုမှထိန်းမရတော့ပါဘူး။ ညှိညှိနှိုင်းနှိုင်းနဲ့ သွန်သင်ဆုံးမပါ။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/behavioral-and-developmental-disorders/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%86%e1%80%ad%e1%80%af%e1%80%b8%e1%80%9c%e1%80%ac%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81%e1%80%ab-%e1%80%91/
အမျိုးသမီးသန့်စင်ဆေးရည်နဲ့ ဆပ်ပြာဘာကွာခြားလဲ။ ဘယ်ဟာကိုအသုံးပြုသင့်လဲ ။ ။
မိန်းကလေးတစ်ယောက်အတွက် ပြီးပြည့်စုံတဲ့အလှတရားဆိုတာ အပေါ်ယံအရေပြားအလှနဲ့တင် မပြီးပါဘူး။ အရေးကြီးတဲ့ မိန်းမကိုယ်တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိဖို့လည်းလိုပါတယ်။ အပေါ်ပိုင်းကတော့မိတ်ကပ်တွေနဲ့ မှုန်နေအောင် ခြယ်သထားပေမယ့် အတွင်းပိုင်းမိန်းမကိုယ်ကအနံ့ဆိုး တွေထွက်နေမယ်၊ ယားယံနေမယ်ဆိုရင် စိတ်ထဲ ကသိကအောက်နဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိ ဖြစ်တတ်တာကြောင့်မိန်းမကိုယ်သန့်ရှင်းရေးအတွက် အချိန်ပေးဖို့လည်းလိုပါတယ်။ ။မိန်းမကိုယ်သန့်ရှင်းရေးကို ဂရုမစိုက်ဘဲပေါ့ဆမိလိုက်တဲ့အခါ။ဒီတော့ အမျိုးသမီးတို့အတွက် အရေးကြီးဆုံးဖြစ်တဲ့မိန်းမကိုယ်သန့်ရှင်းရေးက အရေးကြီးလာတာပေါ့။ ။ဒီလိုမိန်းမကိုယ်သန့်ရှင်းရေးလုပ်တဲ့နေရာမှာ ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ရွေးချယ်စရာ နှစ်မျိုးရှိတဲ့ အတွက် နှိုင်းယှဉ်စရာလေးတွေ ပေါ်လာပါပြီ။ နှစ်ခုလုံးတော့ အညစ်အကြေးတွေကို သန့်စင်ပေးမှာ ကျိန်းသေတာပေမယ့် မိန်းမကိုယ်ကို သန့်စင်ပေးတဲ့နေရာမှာ ကိုယ်တိုက်ဆပ်ပြာနဲ့ အမျိုးသမီး သန့်စင်ဆေးရည် Feminine Wash ဘယ်လိုကွာခြားလဲ ။ ဘယ်တစ်ခုကို ပိုသုံးသင့်လဲ။ ။ဒီတော့ အနူးညံ့ဆုံး အစိတ်အပိုင်းဖြစ်တဲ့ မိန်းမကိုယ်ကို အက်ဆစ်အပြင်းစားတွေပါတဲ့ ကိုယ်တိုက်ဆပ်ပြာနဲ့ သန့်စင်ပေးမယ့်အစား အမျိုးသမ်းသန့်စင်ဆေးရည်ကိုသာ အသုံးပြုသင့်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/feminine-wash-vs-soap/
နှလုံးရောဂါနှင့် ဆီကြော်အစားအစာ များ
နှလုံးရောဂါရှိရင် အစားအသောက်အနေအထိုင် ဆင်ခြင်ဖို့ လိုအပ်တယ်လို့ အမြဲပြောတတ်ကြတယ်။ တကယ်လည်း နှလုံးရောဂါရှိနေပြီဆိုရင် သင်နေ့စဉ် မှီဝဲစားသုံးတဲ့ အစားအသောက်တွေဟာ သိပ်အရေးကြီးလာမှာပါ။ ဥပမာပြောရရင် နှလုံးရောဂါရှိနေလျက်နဲ့ ဆီကြော်အစားအစာ တွေ စားသုံးတာက မသင့်လျော်ဘူးဆိုတဲ့ ကိစ္စမျိုးပေါ့။ဆီများများ နိုင်နိုင်နဲ့ ကြော်လှော်ထားတဲ့ ဆီကြော်အစားအစာ တွေဟာ နှလုံးဝေဒနာသည်တွေအတွက် မသင့်လျော်ပါဘူး။ ဘာလို့ဆိုတော့ အဲဒါတွေက သင့်ရောဂါပေါ်မှာ သက်ရောက်မှု ရှိနေလို့ပါပဲ။ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအသောက်တွေကို မှီဝဲမှသာကိုလက်စထရောကို ကျစေပြီး သင့်ကို အကျိုးရှိစေပါလိမ့်မယ်။ဆီကြော်အစားအစာတွေကတော့ ဒီလိုမဟုတ်ဘဲ နှလုံးရောဂါကို ပိုတိုးစေမယ့် ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ယူဆောင်လာမယ့်အရာတွေပါ။ Fast-food တွေကနေစလို့ နေ့တိုင်းနေအိမ်မှာ ချက်ပြုတ်စားသောက်နေတာတွေအထိ အားလုံးမှာ အဆီတွေ အရမ်းသုံးနေမိမယ်ဆိုရင် သင့်နှလုံးကျန်းမာရေးက ဆိုးရွားလာတော့မှာပါ။ကြက်ကြော်တို့၊ အာလူးကြော်တို့လိုFast-foodတွေသာမက နေအိမ်မှာ ကြော်လှော်စားကြတဲ့ ဆီကြော်စာတွေကလည်း နှလုံးရောဂါသည်တွေကို ဘေးထွက်ဆိုးကျိုးတွေပေးနိုင်ပါတယ်။ ဒါကြောင့် နှလုံးဝေဒနာသည်တွေကို ဆီကြော်အစားအစာ တွေ မစားဖို့ တိုက်တွန်းနေကြတာပါ။လူတစ်ယောက်ဟာ တစ်ပတ်မှာ ဆီကြော်အစားအစာ ၄ အောင်စ (၁၁၄ ဂရမ်) ထက်ပိုစားမယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေ ဒါမှမဟုတ် ရှိနှင့်ပြီးသားဆိုရင် ပိုဆိုးနိုင်ခြေ ၃၇% အထိ မြင့်တက်လာမှာဖြစ်ပါတယ်။စားသုံးမှုပမာဏ မြင့်မားလေလေ ကိုလက်စထေရာတွေ ပိုပိုများလာလေလေဖြစ်ပြီးတော့ နှလုံးနဲ့ ဆက်စပ်ဝေဒနာတွေဖြစ်ကြတဲ့လေဖြတ်တာ၊ နှလုံးပျက်စီးတာ၊နှလုံးဖောက်ပြန်တာနဲ့ နှလုံးသွေးကြောကျဉ်းတာလိုမျိုး ပြဿနာတွေ ပိုပိုဖြစ်လာအောင် တွန်းအားပေးမှာပါ။အထူးသဖြင့် ပြုပြင်အေးခဲထားတဲ့ အသားတွေ၊သကြားတွေ၊ ကာဘိုဟိုက်ဒြိတ်များတဲ့ အစားအစာတွေ၊ ပင်လယ်စာတွေနဲ့ အစေ့အဆံတွေကို ဆီအမြောက်အများနဲ့ ကြော်လှော်ချက်ပြုတ်စားသောက်မယ်ဆိုရင် နှလုံရောဂါသာမက အမျိုးအစား-၂ ဆီးချိုဖြစ်နိုင်ခြေပါ မြင့်တက်လာမှာပါ။အစားအသောက်တွေကို ဆီနဲ့ကြော်လိုက်တာကြောင့်ဖြစ်လာတဲ့ အစားအစာအတွင်းက Lipoprotein ပမာဏလျော့ပါးမှုဟာ အဆိုပါအစားအစာကို ကျန်းမာရေးနဲ့ မညီညွတ်မှုဖြစ်စေပြီး မကောင်းတဲ့ ကိုလက်စထေရာတွေ၊ကယ်လိုရီတွေပိုမြင့်သွားစေပါတယ်။ ဒီအချက်က လူကို ထိခိုက်စေတဲ့အချက်လို့ ဆိုရပါမယ်။ဒီအချက်တွေကြောင့် ခန္ဓာကိုယ်ကြီးဟာ ပိုမိုထိခိုက်ရပြီး သွေးတိုး၊ ဆီးချို၊ အဝလွန်ခြင်းနဲ့နှလုံးသွေးကြောဆိုင်ရာပြဿနာတွေကိုပါ ဆက်လက်ရင်ဆိုင်ရတော့တာပါပဲ။ အဆိုပါအချက်အလက်တွေကို လူပေါင်း ၆ သိန်းနီးပါးပါဝင်တဲ့ ကမ္ဘာတစ်ဝှမ်းက လေ့လာချက် ၁၇ ခုက တစ်ညီတစ်ညွတ်တည်း ညွှန်ပြနေတာမို့ ခိုင်မာလှတဲ့ သက်သေအထောက်အထားလို့ မှတ်ယူရမှာပါ။အဆီဓာတ် (Cholesterol) ဆိုတာက သင့်ခန္ဓာကိုယ်က ဆဲလ်အသစ်တွေထုတ်တာ၊ ဟော်မုန်းတွေထုတ်တာ၊ အာရုံကြောတွေ တည်ဆောက်တဲ့နေရာတွေမှာ အကူညီပေးပါတယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ အဆီဓာတ် (Cholesterol) ကို များသောအားဖြင့် အသည်းကနေထုတ်ပါတယ်။ပုံမှန်အားဖြင့် ကိုလက်စထရောတွေဟာ သွေးကြောတွေထဲမှာ လှည့်ပတ်သွားလာနေတတ်ပြီး သိပ်သည်းဆနည်းတဲ့အဆီဓာတ် (LDL) ဒါမှမဟုတ် မကောင်းတဲ့အဆီဓာတ်တွေကသာ သွေးကြောတွေရဲ့ နံရံတွေမှာ ကပ်နေပြီး လူကို ဒုက္ခပေးတတ်တာပါ။ပြင်ပအစားအစာတွေကနေ ဝင်လာတဲ့ ကိုလက်စထရောတွေမှာLDLပါဝင်မှုပိုများတာမို့ သွေးကြောတွေထဲ အဆီတွေစုခဲပြီး နှလုံးကျန်းမာရေးကို ထိခိုက်စေတာဖြစ်ပါတယ်။ တကယ်လို့ သင့်ခန္ဓာကိုယ်ထဲမှာ ကိုလက်စထရောတွေ အများကြီးစုနေပြီဆိုရင်တော့ နှလုံးရောဂါရဖို့ အခွင့်အလမ်းတွေတအား များသွားပြီဆိုပါတော့။လေ့လာချက်အရဆိုရင် အဆီနဲ့ကြော်လှော်ထားတဲ့ အစားအစာတွေကို ၄ အောင်စအောက် လျှော့စားသူတွေတွေနဲ့ ၄ အောင်စအထက် မှီဝဲသူတွေအကြားမှာ ကွာခြားချက်တွေကတော့ ဆီကြော်အစားအစာ လျှော့စားသူတွေဟာ မလျှော့သူတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၂၈%၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေဖြစ်နိုင်ခြေ ၂၈% နဲ့ နှလုံးပျက်စီးနိုင်ခြေ ၃၇% အထိ လျော့ပါးသွားတယ်ဆိုတာပါပဲ။ဒါ့အပြင် လေဖြတ်နိုင်ခြေ ၃%၊ နှလုံးဖောက်နိုင်ခြေ ၁၂% နဲ့ တခြား နှလုံးဆိုင်ရာရောဂါတွေဖြစ်နိုင်ခြေနည်း ၂% ကျဆင်းသွားမှာပါ။ ဘာကြောင့် အဆီကြော်စာတွေကို လျှော့စားသင့်တယ်ဆိုတာကို ဒီလောက်ဆို သဘောပေါက်ကြမယ်ထင်ပါတယ်။လူတိုင်းက အစားအစာကို မျှမျှတတ စားသုံးမှသာ ကျန်းမာရေးအတွက် ကောင်းမွန်မှာ ဖြစ်ပါတယ်။ နှလုံးရောဂါကို ကာကွယ်ဖို့ဆိုရင်လည်း ဒီလိုပါပဲ။ နေထိုင်ပုံတွေအပြင် နေ့စဉ်နေ့တိုင်းစားသောက်နေတဲ့ အစားအစာတွေကို စားသောက်ပုံလည်း မှန်ကန်ဖို့ လိုအပ်မှာပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/atherosclerosis/heart-disease-risk-associated-with-eating-fried-foods/
သင့်ကလေးကို မဖြစ်မနေ ပြောပြထားရမယ့် အချက်(၇)ချက်
သက်ငယ်မုဒိမ်းမှုတွေဟာ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ အင်မတန်မှကို အတွေ့ရများနေတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ဆင်းရဲပြီး ပညာမတတ်၊ လူနေမှုအဆင့်အတန်း နိမ့်ကျတဲ့အသိုင်းအဝိုင်းမှာ ဒီပြဿနာတွေ ဖြစ်နိုင်ချေ ပိုများပေမယ့် ဘယ်ကလေးမဆို ကြုံတွေ့ရနိုင်ပါတယ်။ လက်ရှိအရွယ်ရောက်ပြီးသား အမျိုးသား၊ အမျိုးသမီးတွေနဲ့ စကားပြောကြည့်တဲ့အခါ အဓမ္မပြုကျင့်မှုလောက်ထိ မဟုတ်တောင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ပုံစံတစ်မျိုးမျိုးနဲ့ ငယ်စဉ်အခါက ကြုံတွေ့ခဲ့ကြရဖူးတာကို အံ့အားသင့်ဖွယ် သတိထားမိခဲ့ပါတယ်။ကလေးတွေဟာ လူကြီးထက်စာရင် အသိပညာနည်းပါတယ်။ ခွန်အားနည်းပါတယ်။ ဒီအတွက် ကလေးကို အလွယ်တကူ အနိုင်ကျင့်လို့ ရတယ်။ အကြမ်းဖက်လို့ ရတယ်။ ဒါက လူကြီးနဲ့ ကလေးကြားက ကွာခြားချက်တွေ။ ကလေးတစ်ယောက်ကို တွေ့တဲ့အခါ ကိုယ်ကျင့်သိက္ခါ ကောင်းသူက ဒီကွာခြားချက်ကို အလွဲသုံးစား မလုပ်ဘူး။ ကလေးကို စောင့်ရှောက်ပေးမယ်။ ကာကွယ်ပေးမယ်။ ဒီလို ကိုယ်ကျင့်သိက္ခါ မကောင်းသူကတော့ ကလေးတစ်ယောက်ကို တွေ့တဲ့အခါ အနိုင်ကျင့်စရာလို့ မြင်မယ်။ အကြမ်းဖက်စော်ကားမယ်။ ဘာလို့ဆိုတော့ ကလေးပဲ၊ ငါဘာလုပ်လဲ သိမှာမှမဟုတ်တာလို့ တွေးတာကိုး။ ဒါကြောင့်မို့ ကလေးတွေကို သိအောင် ပြောပြထားရမယ်။ ဒါမှ ဒီလိုလုပ်တာဟာ သူတို့ကို မကောင်းတဲ့အပြုအမူတစ်ခု လုပ်နေတာပါလား ဆိုတာ သိလိမ့်မယ်။ဒါမှ လက်မခံဘဲ ငြင်းဆန်နိုင်လိမ့်မယ်။ ဒီအတွက် ကလေးတွေကို ဘာတွေ သင်ပေးထားဖို့ လိုမလဲ။၁။ ရင်သား၊ တင်ပါးနဲ့ လိင်အင်္ဂါ စတဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေဟာ သီးသန့်ဆန်တဲ့ Private parts တွေ ဖြစ်တာကြောင့် ဘယ်သူပဲဖြစ်ဖြစ် အဲဒီနေရာတွေကို လာကိုင်ရင် လုံးဝလက်သင့်မခံဖို့ မှာထားပါ။အဖေနှင့်အမေကလွဲပြီး ဘယ်သူကမှ အဲဒီအစိတ်အပိုင်းတွေကို အဝတ်မပါဘဲ မမြင်သင့်ကြောင်း ပြောပြပါ။ ကလေးတချို့ဟာ ဒီလိုကိစ္စတွေ ကြုံရတဲ့အခါမှာ ဘာလုပ်လို့ လုပ်လိုက်မှန်းတောင် မသိကြပါဘူး။ အကြောင်းကတော့ လူကြီးတွေက ပြောပြမထားကြလို့ပါ။၂။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူတို့ရဲ့ အဲဒီအစိတ်အပိုင်းတွေကို ဓါတ်ပုံရိုက်ခွင့် မရှိကြောင်းလည်း ပြောထားပါ။ကမ္ဘာမှာဆိုရင် ကလေးသူငယ်နဲ့ လိင်ဆက်ဆံရတာကို တပ်မက်တဲ့သူတွေဆီ အဲဒီဓါတ်ပုံတွေ ရောင်းချတာမျိုးက လိင်လုပ်ငန်းတစ်ခုအနေနဲ့ တွင်တွင်ကျယ်ကျယ်ကို ရှိပါတယ်။၃။ အဲဒီလိုပဲ တစ်ဦးတစ်ယောက်ကနေ သူ့ရဲ့ အဲဒီလိုအစိတ်အပိုင်းတွေကို ကိုင်ကြည့်ဖို့ ကလေးကို ပြောလာရင်လည်း လက်သင့်မခံဖို့ ပြောထားပါ။ဘာလို့ဆိုတော့ ကျူးလွန်သူတွေဟာ ကလေးကို အဲဒီလိုကိုင်ကြည့်ခိုင်းခြင်းဖြင့် အဓမ္မပြုကျင့်မှုကို စတင်တတ်ကြလို့ပါပဲ။၄။ ဖြစ်သမျှအကြောင်း အကုန်အစင်ကို မိဘကို ထုတ်ဖော်ပြောခြင်းကသာ သူတို့အတွက် ဘေးကင်းမှာဖြစ်ကြောင်း ကလေးကို အသိပေးထားပါ။လူကြီးကို ပြန်ပြောရင် သတ်ပစ်မယ်၊ ဒုက္ခပေးမယ်ဆိုပြီး ကျူးလွန်သူတွေဟာ ကလေးတွေကို ခြိမ်းခြောက်ထားတတ်ကြလို့ ဖြစ်ပါတယ်။၅။ မူမမှန်တဲ့ အခြေအနေတွေ ဖြစ်လာရင်၊ ဒါမှမဟုတ် ဖြစ်နေတယ်လို့ ခံစားရရင် ချက်ချင်းရှောင်ထွက်ဖို့ အသိပေးပါ။လူကြီးမိဘဆီ လျှို့ဝှက်ဆက်သွယ်နိုင်အောင်လည်း သင်ပေးထားပါ။ (ကလေးနဲ့မိဘသာ သိတဲ့ဆက်သွယ်မှုမျိုး ဥပမာ သီချင်းတစ်ပုဒ်ဆိုလိုက်တာ၊ ထူးခြားသောအသံတခုခု ပြုတာ) တအားရုန်းကန် အော်ဟစ်ပြန်ရင်လည်း ကလေးကို တခုခု အန္တရာယ်ပေးလိုက်မှာ စိုးရိမ်ရပြန်ပါတယ်။ ဒါကိုလည်း သတိထားစေချင်တယ်။၆။ ကလေးဆီမှာ လျှို့ဝှက်ထားတာ ဘာတစ်ခုမှ ရှိမနေစေဖို့ မှာထားပါ။ နည်းနည်းကြီးတဲ့ ကလေးက ကလေးအချင်းချင်း ပြုလုပ်တာမျိုးရှိနိုင်ပြီး၊ နင် ငါနဲ့ကစားရတာ ပျော်ရင် ဒီကိစ္စကို လျှို့ဝှက်ထားကြေး ဆိုတာမျိုးနဲ့ ကလေးကို မှာထားတတ်ကြတယ်။၇။ အခုသင်ပေးခဲ့သမျှတွေအားလုံးဟာ သူစိမ်းများနဲ့သာ သက်ဆိုင်တာမဟုတ်ဘဲ မိသားစုဝင်များ၊ ဆွေမျိုးများ၊ ရင်းနှီးသူများနဲ့ ကလေးအချင်းချင်းမှာပါ အဲဒီလိုပြုမူမှုများ ရှိလာရင် လူကြီးမိဘကို အသိပေးဖို့လိုမှာဖြစ်ကြောင်း အသိပေးထားပါ။အမေရိကန်နိုင်ငံမှာ လုပ်ထားတဲ့ စစ်တမ်းအရ ကလေးသူငယ်အဓမ္မပြုကျင့်မှုတွေမှာ သူစိမ်းပြုကျင့်တာက ၇ ရာခိုင်နှုန်းသာ ရှိပြီး ကျန် ၉၃ ရာခိုင်နှုန်းမှာတော့ ရင်းနှီးသူတွေရဲ့ ပြုကျင့်ခြင်းကို ခံခဲ့ကြရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း စစ်တမ်းရယ်လို့ ခိုင်ခိုင်မာမာ မရှိသေးပေမယ့် လတ်တလော တွေ့ရှိချက်တွေအရ ရင်းနှီးသူများကသာ ပြုကျင့်နေကြတာ များပါတယ်။ ဒါကြောင့်မို့ ကလေးမိဘတွေ၊ အုပ်ထိန်းသူတွေအနေနဲ့ ကိုယ့်ကလေးကို ဒီလို အသိပညာတွေ ပေးထားခြင်းဖြင့် ကလေးတွေအတွက် မှန်ကန်တဲ့ ကာကွယ်ပေးမှုတွေ လုပ်ထားကြဖို့ လိုပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%99%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%99%e1%80%94%e1%80%b1-%e1%80%95%e1%80%bc%e1%80%b1/
အဲကွန်းအေးအေးလေး ဖွင့်ထားမှ အိပ်ပျော်တယ်ဆိုရင်တော့
အိပ်စက်တဲ့အခါအေးမြတဲ့ ပတ်ဝန်းကျင်လေးမှာမှ ပိုပြီး အိပ်ပျော်တာက ဖြစ်တတ်တဲ့ အကြောင်းတရား တစ်ခုပါ။ နွေညတွေမှာဆိုရင် အဲကွန်းအေးအေးလေး ဖွင့်ပြီး အိပ်မှ အိပ်ပျော်ကြသူတွေကလည်း အများသားပါ။ ဒီလိုနဲ့ နွေညတွေမှရယ် မဟုတ်ဘဲ အမြဲလိုလို အဲကွန်းအေးအေးလေး ဖွင့်ထားမှ အိပ်ပျော်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုပါမယ်။အိပ်ပျော်စေဖို့အဲကွန်းဖွင့်တယ်ဆိုတဲ့နေရာမှာ တစ်ချိန်လုံး အေးစက်နေအောင် ဖွင့်ထားတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အဲကွန်းအေးအေးနဲ့ အချိန်တိုင်း အိပ်စက်မှုက ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။အဲကွန်းအေးအေးလေး ဖွင့်ထားမှ အိပ်ပျော်တယ်ဆိုရင်တော့ ငွေကုန်ကြေးကျ များတဲ့အပြင် အခုလိုကျန်းမာရေး ပြဿနာတွေခံစားရနိုင်ပါတယ်။အေးတဲ့အခါ အသားတွေ ယားတဲ့ ပြဿနာပါ။ တော်တော်များများ ယူဆထားကြတာက ဒီကျန်းမာရေး ပြဿနာကို သက်ကြီးရွယ်အိုတွေပဲ ခံစားရတယ်လို့ပေါ့။ တကယ်ကတော့ ပတ်ဝန်းကျင် အနေအထား အရမ်းအေးလာရင် အရေပြားမှာ နီရဲရောင်ရမ်းပြီး ယားယံတဲ့ အခြေအနေ တစ်ရပ်ဖြစ်တဲ့ Cold urticariaကို လူငယ်တွေရော ခံစားရနိုင်ပါတယ်။ အရမ်းအေးတဲ့ ရာသီဥတုနဲ့ ထိတွေ့မိချိန်မှာလည်း ခံစားရနိုင်ပါတယ်။အိပ်စက်နေချိန်မှာ ပတ်ဝန်းကျင် အရမ်းအေးနေပြီး  ခန္ဓာကိုယ်က လှုပ်ရှားမှု မရှိတဲ့အနေအထားဆိုရင် အရေပြားကို အအေးဒဏ်ကြောင့် ရောင်ရမ်းနီမြန်းပြီး ယားယံစေနိုင်ပါတယ်။ ဒီအခြေအနေက တော်တော်လေး သက်သောင့်သက်သာ မရှိတာမျိုး ခံစားရနိုင်ပြီး အဆိုးဆုံး အနေနဲ့ အသက်ရှူရ ခက်ခဲစေနိုင်ပါတယ်။အရမ်းအေးတဲ့ ပတ်ဝန်းကျင် အနေအထားမှာအိပ်ပျော်သွားတာက ကြွက်သားတွေကို နာကျင်ကိုက်ခဲစေနိုင်ပါတယ်။ ဒါကြောင့်ပဲ တစ်ညလုံး အဲကွန်းဖွင့်ပြီး  အိပ်လို့ နိုးထလာချိန်မှာ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲတာကို ခံစားရတာပါ။အဆစ်တွေထဲက နာကျင်တာကို ခံစားရနိုင်သလို အဆစ်တွေ တောင့်တင်းနေတာကို ခံစားရနိုင်ပါတယ်။အဲကွန်းအေးအေးနဲ့တစ်ညလုံး အိပ်တဲ့အခါလှုပ်ရှားမှု မရှိတာ၊ အအေးဓာတ်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာက ခြေထောက်ဆီကို သွေးစီးဆင်းရောက်ရှိမှု နည်းစေတာကြောင့် ခြေဖျားတွေ ထုံပြီး အေးတာကို ခံစားရနိုင်ပါတယ်။ ခြေထောက်တွေက ရောင်ရမ်းပြီး ထုံနေပါတယ်။ ခြေထောက်က တင်းတင်းကြပ်ကြပ်ကြီး ခံစားရနိုင်ပါတယ်။ အရမ်းပြင်းထန်မယ်ဆိုရင်တော့ ခြေထောက်မှာ အရည်ကြည်ဖုတွေ ဖြစ်ပြီး ပိုးဝင်ကူးစက်တာတွေအထိ ခံစားရနိုင်ပါတယ်။အဲကွန်းကို တစ်ချိန်လုံးဖွင့်ပြီး အိပ်တာက ခန္ဓာကိုယ် အပူချိန်ကို အန္တရာယ်ရှိစေတဲ့ အနေအထားအထိ ကျဆင်းစေနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ပုံမှန် အပူချိန်က 37°C ရှိရမှာဖြစ်ပြီး ဒီထက် ၂ ဒီဂရီလောက် ကျဆင်းသွားမယ်ဆိုရင် ကိုယ်အပူချိန် ကျဆင်းနေတာပါ။ သိုင်းရွိုက်ကျန်းမာရေး ပြဿနာ ရှိသူတွေ၊ ဆီးချိုရောဂါ ရှိသူတွေမှာ ကိုယ်အပူချိန် ကျဆင်းနိုင်ခြေ များသလို အရက်နဲ့ ဆေးဝါးတွေကို အလွဲသုံးသူတွေမှာလည်း ကိုယ်အပူချိန် ကျဆင်းနိုင်ခြေ များပါတယ်။အရမ်းအေးတဲ့ ပတ်ဝန်းကျင် အနေအထားက ခန္ဓာကိုယ်မှာ ရှိတဲ့ သွေးကြောတွေကို ရောင်ရမ်းစေနိုင်ပါတယ်။ ဒီလို ရောင်ရမ်းမှုက အရေပြားမှာ ရောင်ရမ်းတာ ယားယံတာတွေကို ဖြစ်စေနိုင်သလို ပြင်းထန်မယ်ဆိုရင်တော့ အရေပြားပေါ်မှာ အရည်ကြည်ဖုတွေ ထတာမျိုး အထိ ခံစားရနိုင်ပါတယ်။ ဒီအခြေအနေကို ဦးခေါင်း၊ ခြေထောက် နဲ့ လက်တွေမှာ တွေ့ရများပါတယ်။အေးမြတဲ့ ပတ်ဝန်းကျင်ကကောင်းကောင်းအိပ်ပျော်စေတယ်ဆိုပေမယ့် အရမ်းအေးတာက ခန္ဓာကိုယ်ရဲ့ သွေးစီးဆင်းမှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး အအေးဓာတ် လွန်ကဲတာက ကိုယ်တွင်းရေဓာတ်ဆုံးရှုံးမှုကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။ဒါပေမယ့် ဒီပြဿနာတွေက အေးတိုင်း ခံစားရတာလားဆိုတော့ မဟုတ်ပါဘူး။ အပူချိန် ၁၀ဒီဂရီအောက်ရှိနေတဲ့ အခန်းမှာ ကြာကြာအိပ်မှသာ ခံစားရနိုင်တာပါ။ လူတစ်ယောက်နဲ့ တစ်ယောက်ကတော့ မတူနိုင်ပါဘူး။ ဒီတော့ အေးအေးလေးမှ အိပ်တတ်တယ်ဆိုရင်လည်း အခန်းအပူချိန်ကို သတိထားပါ။ ဒီလို ကျန်းမာရေးပြဿနာတွေ ခံစားရတယ်ဆိုရင် နောက်ရက်ကျ အပူချိန်ကို ပြန်တင်ပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ မပူလွန်း မအေးလွန်းတဲ့ အပူချိန်က အကောင်းဆုံးပဲ ဖြစ်ပါတယ်။https://youtu.be/2JeJNEzjtN0။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/sleep-too-cold-health-risks/
အမျိုးသမီးတွေမှာ ကျားဟော်မုန်း ပိုများတဲ့အခါ ဘာဖြစ်နိုင်လဲ
လူတိုင်းမှာ ကျားဟော်မုန်း (Testosterone သို့မဟုတ် Androgen) နဲ့ မ ဟော်မုန်း (Estrogen) ဆိုပြီး ရှိပါတယ်။ အမျိုးသားတွေမှာတော့ ကျားဟော်မုန်းပိုများပြီး အမျိုးသမီးတွေမှာ မ ဟော်မုန်း ပိုများတာက ကိုယ်ခန္ဓာရဲ့ သဘာဝပါ။ ဒီလိုမဟုတ်ဘဲ ဟော်မုန်းမျှခြေ ပျက်ယွင်းတာ ဥပမာ – အမျိုးသမီးတွေမှာကျားဟော်မုန်းပိုများတဲ့အခါ ဆိုရင် ကျန်းမာရေးနဲ့ ကိုယ်ခန္ဓာကို ထိခိုက်လာတော့မှာပေါ့။ ဒီနေ့ဆောင်းပါးလေးမှာ မ ဟော်မုန်းထက် ကျားဟော်မုန်း ပိုများနေတဲ့ အမျိုးသမီးတွေမှာ ဘယ်လိုပြဿနာတွေ ဖြစ်နိုင်လဲ၊ ဘယ်လိုကုသဖြေရှင်းမလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ကိုယ်ခန္ဓာကို ကြီးထွားဖွံ့ဖြိုးစေတယ်။ကြွက်သားတွေကို သန်စွမ်းစေတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ကျန်းမာစေတယ်။ အမျိုးသမီးတွေမှာဆိုရင် မျိုးပွားတစ်ရှူးတွေကို ပြုပြင်ပေးတယ်။ အရိုးအဆစ်တွေကို သန်မာစေပြီးအရိုးပါးရောဂါ နဲ့ အရိုးပွရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။ စိတ်ပိုင်းဆိုင်ရာကိုလည်း ကျန်းမာစေနိုင်ပါတယ်။အသက်                  ပမာဏ (ng/dl)။၁၀နှစ် – ၁၁နှစ်       < ၇ – ၄၄ ng/dl။၁၂နှစ် – ၁၆နှစ်      < ၇ – ၇၅ ng/dl။၁၇နှစ် – ၁၈နှစ်    ၂၀ – ၇၅ ng/dl။၁၉နှစ်နဲ့ အထက်   ၈ – ၆၀ ng/dl။အသက်                  ပမာဏ (ng/dl)။၁၀နှစ် – ၁၁နှစ်       < ၇ – ၁၃၀ ng/dl။၁၂နှစ် – ၁၃နှစ်       < ၇ – ၈၀၀ ng/dl။၁၄နှစ်                   < ၇ – ၁၂၀၀ ng/dl။၁၅နှစ် – ၁၆နှစ်      ၁၀၀ – ၁၂၀၀ ng/dl။၁၇နှစ် – ၁၈နှစ်       ၃၀၀ – ၁၂၀၀ ng/dl။၁၉နှစ်နဲ့အထက်     ၂၄၀ – ၉၅၀ ng/dl။ဟော်မုန်းတွေဟာအပျိုဖော်ဝင်ကာစ ဆယ်ကျော်သက်အရွယ်မှာ စတင်မြင့်တက်လာပြီး အသက် ၂၀နောက်ပိုင်းမှာ ဖြည်းဖြည်းချင်းစီ ကျသွားတတ်ပါတယ်။ အမျိုးသမီးတွေမှာတော့ မ ဟော်မုန်းထက် ကျားဟော်မုန်းက ပိုများနေပြီဆိုရင် ကျန်းမာရေးနဲ့ လိင်မှုဆက်ဆံရေးမှာလည်း ထိခိုက်လာနိုင်ပါတယ်။ အမျိုးသမီးတွေမှာ ကျားဟော်မုန်း ပိုများတဲ့အခါ ဘာတွေဖြစ်နိုင်လဲ ဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။တချို့သော ရောဂါတွေနဲ့ ဟော်မုန်းမျှခြေ ပုံမှန်မဟုတ်တဲ့ ရောဂါတွေကြောင့် အမျိုးသမီးတွေမှာ မ ဟော်မုန်းထက် ကျားဟော်မုန်းက ပိုများလာတတ်ပါတယ်။ အဖြစ်များစေတဲ့ အကြောင်းရင်းတွေကတော့။၁။ အမွေးထူရောဂါ (Hirsutism)။အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ဟော်မုန်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပါတယ်။ မျိုးရိုးဗီဇကြောင့် မဟုတ်ဘဲ ကျားဟော်မုန်း များလွန်းနေတဲ့အတွက် ကျောကုန်း၊ မျက်နှာနဲ့ ရင်သားပေါ်မှာ အမွေးအမျှင်တွေ ထူထဲစွာ ပေါက်နေတာပါ။၂။ သားဥအိမ် ရေအိတ်တည်တဲ့ ရောဂါစု (Polycystic Ovary Syndrome)။ဒီရောဂါရှိတဲ့ အမျိုးသမီးတွေမှာ ရာသီပုံမှန်မလာတာ ဒါမှမဟုတ် လာရင်လည်း ရက်ကြာလွန်းတာ၊ ကိုယ်ခန္ဓာမှာ အမွေးတွေ ထူလာတာ၊သားဥအိမ်မှာ အရည်အိတ်တွေ များလာတာတွေ ဖြစ်နိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မျိုးမအောင်တာ၊ ကိုယ်ဝန်ပျက်ကျတာ၊ အမျိုးအစား ၂ ဆီးချိုရောဂါတွေအပြင် အဝလွန်တာ၊ သားအိမ်ကင်ဆာရောဂါ (Endometrial Cancer) ပါ ဖြစ်လာနိုင်ပါတယ်။၃။ မွေးရာပါ အဒရီနယ်ဂလင်း ထူခြင်း (Congenital Adrenal Hyperplasia)။ဒီရောဂါဟာ အမျိုးသမီးတွေရဲ့ ကျောက်ကပ်နားမှာ ရှိတဲ့ အဒရီနယ်ဂလင်း (Adrenal Glands) တွေနဲ့ ကိုယ်ခန္ဓာရဲ့ ဟော်မုန်းထုတ်လုပ်နိုင်စွမ်းအပေါ် တိုက်ရိုက်သက်ရောက်မှု ဖြစ်စေပါတယ်။ အမျိုးသမီးတွေမှာ မျိုးမအောင်ခြင်း၊ ကြွက်သားတောင့်တင်းခြင်း၊ ဆီးခုံမွေးညှင်း စောစီးစွာ ထွက်လာခြင်း၊ ဆင်ဝက်ခြံတွေ ထွက်လာခြင်း အစရှိတဲ့ လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။အထက်မှာ ပြောပြခဲ့တဲ့ လက္ခဏာတွေကို တွေ့ရပြီဆိုရင် ဆရာဝန်နဲ့ သေချာပြသကြည့်ဖို့ လိုပါတယ်။ ဆရာဝန်အနေနဲ့ ကိုယ်ခန္ဓာပေါ်က အမွေးအမျှင်၊ ဝက်ခြံအခြေအနေအပြင် တခြားသော လက္ခဏာတွေ ရှိမရှိကို အရင်စစ်ဆေးမှာပါ။ ပြီးသွားမှ သွေးအနည်းငယ်ထုတ်ယူပြီး သွေးထဲမှာ ရှိတဲ့ ကျားဟော်မုန်း ပမာဏကို ဓာတ်ခွဲခန်းမှာ လေ့လာစစ်ဆေးကြည့်မှာဖြစ်ပါတယ်။ပုံမှန်အားဖြင့်တော့ ကျားဟော်မုန်းတွေဟာ မနက်ခင်းပိုင်းမှာ အမြင့်ဆုံး အခြေအနေ ရောက်နေတဲ့အတွက် မနက်ပိုင်းမှာ သွေးစစ်သင့်ပါတယ်။ စစ်ဆေးနေစဉ်မှာ စမ်းသပ်မှုအဖြေကို ကမောက်ကမ ဖြစ်စေတဲ့ ဆေးဝါး၊ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ အဖြေထွက်လာတဲ့အချိန်မှ ကိုယ့်ရဲ့ ရောဂါအခြေအနေပေါ် မူတည်ပြီး ကုသမှု စတင်ခံယူဖို့ အကြံပေးပါလိမ့်မယ်။ကုသနေစဉ်နဲ့ ပျောက်ကင်းသက်သာသွားပြီးတဲ့အခါမှာလည်း ကိုယ့်ရဲ့ နေ့စဉ်စားသောက်နေထိုင်မှုပုံစံကို ပြင်ဖို့ လိုပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို များများစားပေးပါ။ လေ့ကျင့်ခန်းကို မှန်မှန်လုပ်ပါ။ ကိုယ်အလေးချိန်ကို လျှော့ချပါ။ ညဘက်တွေမှာ ကောင်းစွာ အိပ်စက်အနားယူပါ။ စိတ်ဖိစီးမှုကို လျှော့ချဖို့လည်း အရေးကြီးပါတယ်။အများစုက ထိန်းချုပ်လို့ရတဲ့ ရောဂါဖြစ်တဲ့အတွက် ကိုယ့်မှာ လက္ခဏာတွေ စတင်တွေ့ရတာနဲ့ အမြန်ဆုံး ဆရာဝန်နဲ့ ပြသသင့်တယ်နော်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/female-hormonal-imbalance/effects-of-male-hormones-on-females/
ကျန်းမာပျော်ရွှင်သော ရင်နှစ်သည်းချာလေးတွေ ဖြစ်စေဖို့
ကလေးလေးတစ်ယောက် ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာမှုက သူတို့ရဲ့လေးတွေရဲ့ အနာဂတ်ဘဝအောင်မြင်မှုအပေါ်မှာပါ အများကြီးသက်ရောက်မှု ရှိနေပါတယ်။ ငယ်ရွယ်စဉ်ကတည်းကနေ ကြီးပြင်းလာတဲ့တလျှောက် ဂရုစိုက်မှုကို ခံစားလာရတဲ့ ကလေးငယ်တွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ပိုများတတ်ကြပါတယ်။ မိဘတွေဟာ သားသမီးတွေရဲ့ လက်ဦးဆရာပါပဲ။ မိဘတွေရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုက ကျန်းမာပျော်ရွှင်တဲ့ ရင်နှစ်သည်းချာလေးတွေ ဖြစ်စေဖို့ အရေးပါပါတယ်။ မိမိတို့ရဲ့ ရင်နှစ်သည်းချာလေးတွေကို ကျန်းမာပျော်ရွှင်တဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာအောင် မိဘတွေအနေနဲ့ ဘယ်လိုမျိုးလေးတွေလုပ်ပေးရမလဲဆိုတာကို အောက်မှာ ပြည့်ပြည့်စုံစုံ ပြောပြပေးမယ်နော်။ကလေးလေးတွေကို ကျန်းကျန်းမာမာပျော်ရွှင်ရွှင် ကြီးပြင်းလာစေချင်တယ်ဆိုရင်တော့ အခုပြောပြမယ့်နည်းလမ်းလေးတွေကို စမ်းသပ်ကြည့်သင့်ပါတယ်။ကလေးလေးတွေက မိဘတွေရဲ့ ဂရုစိုက်မှုကို လိုအပ်ကြပါတယ်။ ဒါကို မိဘတိုင်းက သိကြပေမယ့် ကလေးကို ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတာကိုသေသေချာချာမသိကြပါဘူး။ ကလေးတွေကို ဂရုစိုက်တယ်ဆိုတဲ့နေရာမှာလည်း မှန်ကန်တဲ့ဂရုစိုက်မှုဖြစ်ဖို့က လိုပါသေးတယ်။မွေးစအရွယ်ကလေးတွေက မိဘတွေကို တွယ်တာပါတယ်။ ဒါကြောင့် သူတို့လေးတွေ ဆာနေလား၊ အိပ်ငိုက်နေလားဆိုတာကို ဂရုစိုက်စောင့်ကြည့်ပြီး လိုအပ်တာလေးတွေ လုပ်ပေးပါ။ ကလေးငိုရင် ချီပါ၊ ချော့ပါ။ ကလေးငိုတိုင်း ချီရင် လက်ကြိုက်သွားမယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့က သူတို့ကို ဂရုစိုက်တဲ့သူကို တွယ်တာတာပါ။ကလေးလေးတွေက မိဘတွေ ပြောတာကို နားမလည်သေးပေမယ့် သူတို့လေးတွေက ခံစားတတ်ပါတယ်။ မိဘတွေက သူတို့ကို ပြုံးပြတာ၊ ချီပွေ့ထားတာ၊ ဂရုစိုက်တာတွေကို ခံစားတတ်ပါတယ်။ ဒါကြောင့် သူတို့ကို ကြည့်ပြီး စကားပြောပေးပါ။ မြှူပေးပါ။ဒီလိုမျိုး သိရှိအောင်လုပ်ပေးတာက ကလေးတွေကိုကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့အတွက် လိုအပ်တဲ့အချက်တစ်ခုပါ။ မွေးချင်းတွေများလေလေ မိဘတွေအနေနဲ့ ကလေးတစ်ယောက်ချင်းစီကို ဂရုစိုက်ပေးနိုင်စွမ်းက နည်းလာလေလေပါပဲ။ ဒါကြောင့် ကလေးကို သူဟာ အရေးပါတဲ့သူဆိုတာကိုသိအောင်လုပ်ပေးဖို့လိုပါမယ်။ကလေးကို လိုလေသေးမရှိဂရုမစိုက်နိုင်ရင်တောင်မှ ကိုယ့်အနေနဲ့ သူ့ကိုတန်ဖိုးထားတယ်၊ ချစ်တယ်ဆိုတာကို သိရှိအောင် လုပ်ပေးပါ။ ကလေးတွေကို မျှမျှတတ ဂရုစိုက်မိစေဖို့ သတိထားပါ။လသားကလေးတွေရဲ့ သူငယ်ချင်းတွေက သူတို့နဲ့ ရွယ်တူကလေးတွေလည်း ဖြစ်နိုင်သလို ကလေးကြီးတွေ၊ လူကြီးတွေလည်း ဖြစ်နိုင်ပါတယ်။ ကလေးနဲ့ ထိတွေ့ဆက်ဆံတဲ့သူများလေလေ သူတို့ရဲ့ ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်လေလေပါ။ လသားကလေးတွေကို ဖုန်းပြတာတွေ လုပ်မယ့်အစား လူများများက သူနဲ့ စကားပြောပေးတာမျိုး လုပ်သင့်ပါတယ်။လသားအရွယ်ကလေးတွေက အာဟာရပြည့်ပြည့်ဝဝ ရဖို့ လိုပါတယ်။ ကလေးကို ၆လအထိ တတ်နိုင်သမျှ မိခင်နို့တစ်မျိုးတည်းတိုက်ပါ။ ဖြည့်စွက်စာကျွေးရမယ့်အရွယ်မှာ ဖြည့်စွက်စာကျွေးပါ။ ဖြည့်စွက်စာကျွေးတဲ့အခါမှာလည်း ကလေးကြီးထွားဖွံ့ဖြိုးဖို့၊ ကျန်းမာဖို့ လိုအပ်တဲ့ အာဟာရတွေ ပါဝင်အောင် ကျွေးပေးပါ။ ကလေးကို လတိုင်း ရှိသင့်တဲ့ ကိုယ်အလေးချိန် ရှိစေဖို့ သတိပြုပါ။လသားအရွယ်ကလေးတွေက ကိုယ်ခံအားဖွံ့ဖြိုးစအရွယ်တွေ ဖြစ်လို့ ရောဂါပိုးတွေ ဝင်လွယ်ပါတယ်။ ဒါကြောင့် အသက်အလိုက် ထိုးရမယ့် ကာကွယ်ဆေးတွေကို စုံစုံလင်လင် ထိုးထားပေးပါ။ ကျန်းမာတဲ့ ကလေးဖြစ်ဖို့ဆိုရင် ရောဂါပိုးတွေရန်က ကာကွယ်ထားရမှာပါ။မိမိရင်သွေးလေးတွေကို ပျော်ရွှင်ကျန်းမာတဲ့ ကလေးငယ်လေးတွေအဖြစ် ကြီးပြင်းလာစေချင်တာက မိဘတိုင်းရဲ့ အဖြစ်ချင်ဆုံးဆန္ဒပါ။ ဒါပေမယ့် ကလေးတစ်ယောက်ကို ပျော်ရွှင်ကျန်းမာတဲ့ကလေးတွေအဖြစ် ကြီးပြင်းအရွယ်ရောက်လာဖို့ဆိုတာက မလွယ်ကူတဲ့ တာဝန်တစ်ရပ်ပါပဲ။ဒါပေမယ့် ခုပြောခဲ့တဲ့ အချက်လေးတွေကို လိုက်လုပ်ကြည့်မယ်ဆိုရင် ကလေးလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးပျင်းလာစေဖို့ အထောက်အကူ ဖြစ်မှာပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/how-to-nurture-happy-babies/
null
null
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%81%80%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%80%e1%80%af%e1%80%9e%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
အုန်းသီးဖတ်လေးတွေ စားခြင်းကြောင့်ရနိုင်တဲ့အကျိုးကျေးဇူးများ ။ ။
ဒီလို ပူပြင်းတဲ့ေနွရာသီလမ်းမပေါ်မှာအုန်းရည်ေရာင်းတဲ့ လှည်းလေးတွေ အများကြီးတွေ့ရတတ်တယ်နော်။ ကိုယ်ဝယ်မှ အုန်းသီးကို ခုတ်ပေးပြီး အရည်ထုတ် အဖတ်လေးပါ ရောင်းပေးတယ်လေ။ နွေလိုမျိုး ပူပြင်းတဲ့ ရာသီဥတုမှအုန်းစိမ်းရည်ေလး သောက်လိုက်ရရင် အမောကိုပြေလို့။ ပြီးတော့ ခြစ်ထားတဲ့ အုန်းသီးဖတ် နုနုလေးတွေကို ထန်းလျက်လေးနဲ့ ရောစားလိုက်လို့က ဘာပြောကောင်းမလဲ။ အရသာကိုရှိလို့။ ဒီဆောင်းပါးထဲမှာ စားလို့လည်း အရသာရှိ၊ ထုတ်ထုတ် ထုတ်ထုတ် နဲ့ ဝါးလို့လည်းကောင်းတဲ့ အုန်းသီးဖတ်လေးတွေ စားခြင်းကြောင့် ရနိုင်တဲ့ကောင်းကျိုးတွေ ပြောပြပေးတော့မှာပါ။အုန်းသီးဖတ် တစ်ခွက်မှာ ပါတဲ့ ကယ်လိုရီ ၂၈၃ ပမာဏက ြပည့်ဝဆီတွေက ရတာပါ။ အခြား အသီးတွေက ပြည့်ဝဆီ နည်းနည်းပဲ ပါပေမယ့် အုန်းသီးဖတ်တစ်ခွက်မှာတော့ ပြည့်ဝဆီ ၂၃.၈ ဂရမ်တောင်ပါပါတယ်။ ဒါပေမယ့် အုန်းသီးမှာပါတဲ့ ပြည့်ဝဆီတွေက medium chain fatty acid တွေ ဖြစ်တာကြောင့် အခြား ပြည့်ဝဆီတွေလိုမျိုး သွေးတွင်းကိုလက်စရောများခြင်းကို မဖြစ်စေပါဘူး။အုန်းသီးဖတ်လေးတွေ ညှစ်လိုက်လို့ရလာတဲ့ အုန်းဆီက သွေးပေါင်ချိန်ကို တက်စေခြင်း၊ဗိုက်အဆီကျစေခြင်း၊ ေသွးတွင်းကိုလက်စရောပမာဏကို ကျစေခြင်းနဲ့ သွေးတွင်းသကြားကို ထိန်းညှိပေးခြင်းစတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။အုန်းသီးမှာပါတဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက မကောင်းတဲ့ ဓါတုပစ္စည်းတွေကို ဆန့်ကျင်ပေးမယ့်အပြင် ရောင်ရမ်းခြင်းကိုလည်း လျော့ကျစေပြီး ခုခံအားကိုလည်း ကောင်းစေပါတယ်။အုန်းသီးဖတ်တစ်ခွက်မှာ အမျှင်ဓါတ် ၇.၂ ဂရမ်တောင်ပါတာကြောင့် အုန်းသီးဖတ် တစ်ခွက်လောက်စားလိုက်တာနဲ့တင် တစ်နေ့တာအတွက်လိုအပ်တဲ့ အမျှင်ဓါတ် ၂၀ ရာခိုင်နှုန်း ရပြီးသားဖြစ်မှာပါ။ အမျှင်ဓါတ်ကြောင့် အူလမ်းကြောင်းလှုပ်ရှားမှု အားကောင်းသလိုဝမ်းချုပ်ခြင်းကနေလည်း တားဆီးပေးပါတယ်။ ဗိုက်လည်း ပြည့်လွယ်စေတာကြောင့် ဝိတ်ချနေတဲ့သူတွေ အားထားသင့်တဲ့ အစားအသောက်တစ်ခုပါ.။အုန်းသီးဖတ်တစ်ခွက်မှာပါတဲ့ Manganeseသတ္တုဓါတ်က အမျိုးသမီးတစ်ယောက်တစ်နေ့ လိုအပ်တဲ့ ပမာဏရဲ့ ၆၇ ရာခိုင်နှုန်းကို ပေးပြီး အမျိုးသမီးတစ်ယောက်လိုအပ်တဲ့ Manganese သတ္တုဓါတ်ပမာဏ ရဲ့ ၅၂ ရာခိုင်နှုန်းကိုပေးပါတယ်။ ပါဝင်တဲ့ Manganese သတ္တုဓါတ် အစွမ်းကြောင့်သွေးတွင်းသကြားဓါတ်ပမာဏ ထိန်းညှိပေးမယ့်အပြင် အဆီနဲ့ ပရိုတင်းတို့ကို ချေဖျက်ရလွယ်ကူစေပါတယ်။ ဒါ့အပြင် Manganese သတ္တုဓါတ် က ကိုယ်တွင်းက နေသံဓါတ်၊ ဗီတာမင် b1 နဲ့ဗီတာမင် Eစုပ်ယူမှုနဲ့ အသုံးပြူမှုကို အားကောင်းစေပါတယ်။အုန်းသီးဖတ်လေးတွေမှာ ကိုယ်တွင်း ဓါတ်ဆားဓါတ်ထိန်းညှိပေးတဲ့နေရာ၊နှလုံးပုံမှန် အလုပ်တဲ့နေရာနဲ့ကြွက်သားတွေ ကြီးထွားတဲ့နေရာမှာ အရေးကြီးတဲ့ ၁၄ ရာခိုင်နှုန်းပါပြီး သွေးနီဥလေးတွေ ထုတ်လုပ်တဲ့နေရာမှာ အဓိကကျတဲ့ copper ၃၉ ရာခိုင်နှုန်းပါပါတယ်။ကဲ ဒီလောက်တောင် အကျိုးရှိလှတဲ့ အုန်းသီးဖတ်လေးတွေ ကြိုက်တဲ့သူတွေ ကတော့ ဒါက သတင်းကောင်းပဲဗျို့ ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။.။.။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/coconut-meat/
ကင်ဆာရောဂါ တွေကို ဘယ်လိုကုသနိုင်သလဲ။
ကင်ဆာရောဂါ တစ်ခုခုခံစားနေရတယ်လို့ အဖြေထွက်လာရင် လူနာက စိတ်ဓာတ်အကြီးအကျယ် ကျသွားတတ်ပါတယ်။ သူသိထားတာက ကင်ဆာဆိုတာ ကုသလို့ မရဘူးဆိုပြီးတော့ပါ။ ဒါက အကုန်မှန်တာတော့ မဟုတ်ပါဘူး။ ကင်ဆာက အပြီးပျောက်အောင် ကုသလို့ မရတာ မှန်ပေမယ့် သက်တမ်းစေ့ မနေနိုင်တာတော့ မဟုတ်ပါဘူး။ကင်ဆာရောဂါက ဘာနဲ့ တူသလဲဆိုတော့ သွေးတိုးတို့၊ ဆီးချိုတို့လို နာတာရှည်ရောဂါတွေနဲ့ တူပါတယ်။ ဒီရောဂါတွေကလည်း ကုလို့ မပျောက်ပါဘူး။ ဒါပေမယ့် လူနာတွေက ဆေးတွေသောက်တယ်။ ရက်ချိန်းတွေ မှန်မှန်ပြပြီး နောက်ဆက်တွဲရောဂါတွေ မဖြစ်အောင် ကာကွယ်ကြပါတယ်။ကင်ဆာကလည်း ဒီသဘောပါပဲ။ ကုသလို့ မပျောက်ဘူး။ ပိုဆိုးရင် ပြန်ပြန်ဖြစ်တယ်ဆိုပေမယ့် ဒါက စိတ်ဓာတ်ကျစရာ မဟုတ်ပါဘူး။ သွေးတိုးတို့ ဆီးချိုတို့လိုပဲကင်ဆာကုထုံးကို သေချာခံယူမယ်။ ရက်ချိန်းမှန်မှန်ပြန်ပြပြီး ရောဂါအခြေအနေကို စောင့်ကြည့်မယ်ဆိုရင် သက်တမ်းစေ့နေနိုင်မှာပါ။ဒါဆိုရင် ကင်ဆာရောဂါကို ဘယ်လိုကုသနေလဲဆိုတာကို သိဖို့ လိုလာပါပြီ။အများစု သိဖူး၊ မြင်ဖူးတာက ကင်ဆာကို ခွဲစိတ်တာ၊ ဆေးသွင်းတာ၊ ရောင်ခြည်ပြတာရယ်ဆိုပြီး ၃မျိုးပါ။ ဆေးပညာတွေ တိုးတက်လာတာနဲ့အမျှ ဒီ၃မျိုးအပြင် တခြားပိုကောင်းတဲ့ နည်းလမ်းတွေလည်း ရှိလာပါပြီ။ခွဲစိတ်တဲ့ နည်းကကင်ဆာကျိတ်ကို ဖယ်တာ၊ အရွယ်အစားသေးအောင် ခွဲပြီး နောက်ကနေ တခြားကုထုံးတွေနဲ့ ဆက်ကုတာ ရှိသလို နောက်ဆုံးအဆင့် ဖြစ်ပေမယ့် အကျိတ်ရဲ့ ဖိအားကြောင့် လူနာက ဝေဒနာတွေ ခံစားနေရတယ်ဆိုရင်လည်း သက်သာအောင် ခွဲစိတ်ရလေ့ရှိပါတယ်။ခွဲနည်းကတော့ အခြေအနေပေါ် မူတည်ပြီး မြင်နေကြအတိုင်း ဓားနဲ့ ခွဲကြောင်းပေးပြီး ခွဲတာ ရှိသလို laproscopic လို့ခေါ်တဲ့ အပေါက်သေးသေးလေးတွေ ဖောက်ပြီး ခွဲတာလည်း ရှိပါတယ်။အရင်က ဓာတ်ကင်တယ်လို့ လူသိများပါတယ်။ တကယ် ကင်တာ မဟုတ်ဘဲ ကင်ဆာဆဲလ်တွေကို ရောင်ခြည်နဲ့ ဖျက်ဆီးတာ ဖြစ်တဲ့အတွက် ရောင်ခြည်ပြတယ်လို့ပဲ နောက်ပိုင်းမှာ ပြောကြပါတယ်။ ကင်ဆာရောဂါအတွက် ပြတဲ့ ရောင်ခြည်က သာမန်ဓာတ်မှန်ရိုက်တာထက် အနည်းငယ် အားပိုပြင်းပါတယ်။ ဒါမှလည်း ကင်ဆာဆဲလ်တွေကို ဖျက်ဆီးနိုင်မှာပါ။တစ်ခါတည်းနဲ့ မပြီးဘဲ အသုတ်တွေ ခွဲပြီး ပြရတတ်ပါတယ်။ ရောင်ခြည်ပြတာကို တခြားကင်ဆာကုထုံးတွေနဲ့ တွဲပြီး ကုသနိုင်ပါတယ်။ ဥပမာ ကင်ဆာကျိတ်ကို သေးအောင်  ခွဲပြီးမှ ရောင်ခြည်ပြတာ ဒါမှမဟုတ်  ခွဲတဲ့အခါမှာ သွေးထွက်နည်းအောင် ရောင်ခြည်နဲ့ ကင်ဆာကျိတ်ကို သေးအောင် လုပ်ပြီးမှ ခွဲတာမျိုး စသဖြင့် အမျိုးမျိုးရှိပါတယ်။ဆေးသွင်းတာကလည်း တခြားကုထုံးတွေလိုပဲ ကင်ဆာဆဲလ်တွေ ပျက်စီးအောင်၊ အပွားနှေးလာအောင် လုပ်ပေးနိုင်ပါတယ်။ ဆေးသွင်းတယ်ဆိုပေမယ့် အကြောဆေးအပြင် သောက်ဆေး၊ အသားဆေး၊ အရေပြားအောက်ထဲ ထည့်တဲ့ဆေး၊ ကျောရိုးဆစ်၊ ဝမ်းခေါင်း စတဲ့နေရာတွေကို သွင်းတာ စသဖြင့် အမျိုးမျိုးရှိပါတယ်။ဆေးသွင်းတာကိုလည်း တခြားကုထုံးတွေဖြစ်တဲ့ ခွဲစိတ်တာ၊ ရောင်ခြည်ပြတာတွေနဲ့ တွဲပြီး ကုသရနိုင်ပါတယ်။ ဒီလိုပေါင်းစပ်ကုသတာက ကင်ဆာဆဲလ်တွေကို ပိုပြီး ပျက်စီးစေပါတယ်။ အကြွင်းအကျန်နည်းစေပါတယ်။ကင်ဆာရောဂါကို အပေါ်က နည်းလမ်းနဲ့ ကုသတာက အစွမ်းထက်တယ်ဆိုပေမယ့် ကင်ဆာဆဲလ်တွေအပြင် သာမန်ဆဲလ်တွေပါ ထိခိုက်လာပါတယ်။ ဒါကြောင့် လူနာကဝမ်းလျှောတာ၊ ဆံပင်တွေ ကျွတ်တာ ခံစားရတာပါ။ ကင်ဆာဆဲလ်တွေလည်း ပျက်စီးသလို သာမန်ဆဲလ်တွေလည်း ပျက်စီးပါတယ်။ဒီလိုနဲ့ ကင်ဆာဆဲလ်တွေကို အဓိကထားပြီး ရွေးချယ်တိုက်ခိုက်တဲ့ ကုထုံးတွေ ပေါ်ထွက်လာပါတယ်။Immunotherapyလို့ခေါ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားက ရောဂါပိုးတွေကို တိုက်သလို ကင်ဆာဆဲလ်တွေကိုလည်း တိုက်နိုင်ပါတယ်။ ဒါပေမယ့် ကင်ဆာဆြလ်တွေက ဗိုင်းရပ်စ်တွေကို ဗီဇပြောင်းတာ၊ သာမန်ဆဲလ်တွေနဲ့ ရောနေတာတွေကြောင့် ခုခံအားက တိုက်ဖို့ မလွယ်ပါဘူး။ဒါကြောင့် ပြင်ပကနေ ခုခံအားကုထုံးကို ပေးပြီး တိုက်ခိုက်စေတာပဲ ဖြစ်ပါတယ်။ ဆေးသွင်းကုသသလိုပဲ ကုသရတာ ဖြစ်ပါတယ်။Targeted therapyလို့ခေါ်ပါတယ်။ ကင်ဆာဆဲလ်တွေကို ကြီးထွားစေ၊ ပွားစေတဲ့ ပရိုတင်းတွေကို ဦးတည်ပြီး တိုက်ခိုက်ပါတယ်။ ဒါ့ပြင် ခုခံအားဆဲလ်တွေက ကင်ဆာဆဲလ်တွေကို တိုက်ခိုက်နိုင်အောင်လည်း ကူညီပေးပါတယ်။ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ စတာတွေမှာ ကင်ဆာဆဲလ်တွေ ကြီးထွားဖို့ ဟော်မုန်းတွေ မထုတ်အောင်လည်း တားဆီးပေးလို့ ကင်ဆာဆဲလ်တွေ အကြီးနှေး၊ အပွားနှေးစေပါတယ်။ရင်သားကင်ဆာလိုမျိုး ကင်ဆာတွေက အီစထရိုဂျင်နဲ့ ထိတွေ့မှုများတဲ့အခါ ပိုပြီး ကြီးထွားတတ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ ဟော်မုန်းကိုသာ တားလိုက်နိုင်မယ်ဆိုရင် ကင်ဆာကျိတ်က ဆက်ပြီး မကြီးနိုင်တော့ပါဘူး။ ဒါကိုHormonal therapyလို့ခေါ်ပါတယ်။ဟော်မုန်းကုထုံးကို ဆေးသွင်းပြီး ပေးလို့ရသလို ခွဲစိတ်လို့လည်း ရပါတယ်။ ဥပမာ ဟော်မုန်းထုတ်ပေးတဲ့ သားဥအိမ်တို့၊ ဝှေးစေ့တို့ကို ထုတ်ပစ်လိုက်တာကလည်း ဟော်မုန်းကုထုံး တစ်မျိုးပဲ ဖြစ်ပါတယ်။ဆေးပညာတွေ တိုးတက်လာတာနဲ့အမျှ ကင်ဆာရောဂါက ကြောက်စရာ မဟုတ်တော့ပါဘူး။ ကင်ဆာကျိတ်ကို ထိထိရောက်ရောက် ဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေ ရှိနေပါပြီ။ ကင်ဆာကုထုံးကြောင့် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်စရာ မလိုတော့ပါဘူး။ နောက်ဆုံးပေါ်ကုထုံးတွေလည်း ကင်ဆာဆဲလ်တွေကို ဦးတည်ပြီး တိုက်ခိုက်တဲ့အတွက်  ဆိုးကျိုးတွေ နည်းလာပါပြီ။ ကုသနည်းတွေ အဆင့်မြင့်လာတာနဲ့အမျှ လူနာတွေ အသက်ရှည်ရှည်နေရဖို့ ပိုပြီးမျှော်လင့်လာနိုင်ပါပြီ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/different-types-of-cancer-treatment/
null
null
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/tips-for-choose-feminine-wash/
null
null
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/common-daily-mistakes-women-make/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%97%e1%80%ae%e1%80%90%e1%80%ac%e1%80%99%e1%80%84%e1%80%bb-%e1%80%a1%e1%80%b1-%e1%80%99%e1%80%bc%e1%80%ac%e1%80%b8%e1%80%99%e1%80%bc%e1%80%ac%e1%80%b8%e1%80%9b%e1%80%9b%e1%80%be%e1%80%ad%e1%80%b1/
မြန်မာနိုင်ငံက ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေ
အရေပြားပြဿနာက အရွယ်သုံးပါးလုံး ရှောင်လွဲလို့ မရတဲ့ ပြဿနာပါ။ ဒါပေမယ့် အချို့ အရေပြားပြဿနာတွေက လူကြီးတွေထက် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ အခုတစ်ခေါက်ကတော့ မြန်မာနိုင်ငံက ကလေးတွေမှာ အဖြစ်များတဲ့ အရေပြား ပြဿနာလေးတွေအကြောင်း ပြောပြပေးချင်ပါ။မြန်မာနိုင်ငံက ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေက။အရေပြားပြဿနာ ဖြစ်တဲ့အခါ ဘာဖြစ်တာလဲ ဆိုတာကိုသေချာသိမှ ကုသမှုလုပ်ဖို့လည်း ပိုမိုလွယ်ကူမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးအရေပြားမှာဖြစ်တဲ့လက္ခဏာလေးတွေက ဘယ်အရေပြားပြဿနာလည်းဆိုတာ သေသေချာချာ သိနိုင်ဖို့  ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေ က ဘာတွေလဲ ဆိုတာကို ဆက်ကြည့်လိုက်ကြမယ်နော်။ပွေး။ဘက်တီးရီးယားတွေ၊ ပိုးမွှားတွေကြောင့် ဖြစ်တာ မဟုတ်ပါဘူး။ ဆဲလ်သေတွေ၊ ဆံသားတွေနဲ့ လက်သည်းခြေသည်းတစ်ရှုးတွေမှာ ရှင်သန်နေတဲ့ မှိုပိုးတွေကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ စဖြစ်ခါစမှာ အရေပြားမှာ နီရဲပြီး အဖတ်လေးတွေ လန်နေတာကို တွေ့ရနိုင်ပါတယ်။အဲ့သည့်ကနေမှတဆင့် ယားယံတဲ့အနီရောင် အဝိုင်းလေး ဖြစ်လာမှာ ဖြစ်ပါတယ်။ ပွေးက အရေပြားချင်း ထိတွေ့မှုကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ တိရစ္ဆာန်တွေနဲ့ ထိတွေ့မှုကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ တဘက်တွေနဲ့ အခြားပစ္စည်းတွေ အတူတူသုံးတာ ကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ရေကျောက် (Chickenpox)။ယနေ့ခေတ်မှာတော့ ရေကျောက်က ကာကွယ်ဆေး ရှိနေပြီဖြစ်တာကြောင့် ကလေးတွေမှာ သိပ်တော့ မဖြစ်တော့ပါဘူး။ ရေကျောက်က တော်တော်လေးကို ကူးစက်လွယ်တဲ့ အရေပြားပြဿနာ တစ်မျိုးပါ။ ခန္ဓာကိုယ်အနှံ့မှာ အနီရောင် အစက်အပြောက်လေးတွေ ဖြစ်တာပါ။ ယားလည်းယားပါတယ်။အနာတွေက ရည်ကြည်ဖုလေးတွေ ဖြစ်ပြီးနောက်ပိုင်းမှာ ပေါက်ထွက်သွားပါလိမ့်မယ်။ ပြီးရင်တော့ အရေပြားပေါ်မှာ အသားမာ တက်သလိုမျိုး ဖြစ်ကျန်နေတတ်ပါတယ်။ ရေကျောက်ကတော်တော်လေးကိုပြင်းထန်တာမျိုးဖြစ်နိုင်တာကြောင့် ကလေးတွေကို ငယ်စဉ်ကတည်းက ရေကျောက်ကာကွယ်ဆေးထိုးပေးထားတာအကောင်းဆုံးဖြစ်မှာပါ။ကြွက်နို့ (Warts)။ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့အရေပြားပြဿနာတစ်ခုပါ။ အန္တရာယ်မရှိသလို နာကျင်တာမျိုးလည်းမရှိပါဘူး။ ကြွက်နို့က တစ်ယောက်ဆီကနေတစ်ယောက်ဆီကိုအလွယ်တကူကူးစက်နိုင်ပါတယ်။ဗိုင်းရပ်စ်ရှိနေသူ ကိုင်တွယ်ထိတွေ့ထားတဲ့ အရာဝတ္ထုတွေနဲ့ ထိတွေ့မိတာကနေတဆင့်လည်းကူးစက်နိုင်ပါတယ်။ လက်ချောင်းတွေနဲ့ လက်တွေမှာအဖြစ်များပါတယ်။ကြွက်နို့တွေ မပြန့်အောင် ကြွက်နို့ကို ကြွက်နို့ကပ်ဖို့ ထုတ်ထားတဲ့ ပလာစတာနဲ့ ကပ်ထားပေးပါ။ အချို့ ကြွက်နို့တွေက သူ့အလိုလို ကြွေကျသွားတတ်ပါတယ်။နှင်းခူ (Eczema)။နှင်းခူ ဖြစ်နေတဲ့ ကလေးငယ်တွေမှာ အရေပြားဓါတ်မတည့်တာနဲ့ ပန်းနာရင်ကျပ်လိုမျိုး ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာကိုတော့သေသေချာချာ မသိရပါဘူး။တုံ့ပြန်လွယ်တဲ့ကိုယ်ခံအားစနစ်ပိုင်ရှင်ကလေးငယ်တွေမှာ နှင်းခူဖြစ်လွယ်ပါတယ်။ ကလေးအရေပြားမှာခြောက်သွေ့ယားယံပြီး အနီရောင် အဖုအပိမ့်ထွက်တာမျိုးတွေဖြစ်နိုင်ပါတယ်။အင်ပျဉ် (Hives)။အရေပြားယားယံမှုကနေစဖြစ်တာပါ။aspirin နဲ့penicillin လိုမျိုးဆေးတွေက အင်ပျဉ်တွေကိုသက်သာစေနိုင်ပါတယ်။ အစားအသောက်တွေကြောင့်လည်း အရေပြားမှာ အင်ပျဉ်တွေဖြစ်နိုင်ပါတယ်။ အရေပြားမှာအစင်းရာတွေထင်တာက အင်ပျဉ်ရဲ့ အစပျိုးလက္ခဏာပါ။ အင်ပျဉ်ကပြင်းထန်တဲ့ရောဂါတွေရဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ အသက်ရှုရခက်တာ၊ မျက်နှာမှာရောင်ရမ်းတာမျိုးတွေဖြစ်နိုင်ပါတယ်။ဝဲ။ဝဲက Sarcoptes scabiei ပိုးကြောင့်ဖြစ်ရတဲ့ အရေပြားပြဿနာ တစ်ခုပါ။ မကုသဘဲ ထားမယ်ဆိုရင် အဆိုပါ ပိုးမွှားတွေက အရေပြားပေါ်မှာ လအတော်ကြာရှင်သန်နေနိုင်ပါတယ်။ အရေပြားပေါ်မှာ ယားယံမှုတွေဖြစ်စေပြီး အနီရောင်အဖုအပိမ့်တွေ ဖြစ်စေတာ ဖြစ်ပါတယ်။အရေပြားနဲ့ တိုက်ရိုက်ထိတွေ့မှု ကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ ပိုးကူးခံထားရတဲ့ အဝတ်တွေ၊ အိပ်ရာခင်းတွေနဲ့ ထိတွေ့မိ တာကြောင့်လည်း ဝဲကူးစက်နိုင်ပါတယ်။ ညစ်ပေတဲ့အရာတွေနဲ့ ဆော့မိတာကြောင့်လည်း အရေပြားမှာ ဝဲဖြစ်နိုင်ပါတယ်။သေးခံလောင်ခြင်း (Diaper Rash)။သေးခံလောင်တာကလည်း ကလေး တော်တော်များများ ဖြစ်တတ်တဲ့ အရေပြားပြဿနာ တစ်ခုပါ။ သေးခံလောင်တာကို တစ်ခါတလေမှာ အရေပြားမှာ မှိုပိုးကူးစက်တာကြောင့် ဖြစ်တဲ့ အရေပြားပြဿနာလို့ မှားယွင်းယူဆတာမျိုးလည်း ရှိပါတယ်။သေးခံဝတ်ထားတဲ့နေရာမှာ အရေပြား ရောင်ရမ်းနေတာမျိုး တွေ့ရနိုင်ပါတယ်။ ကလေးကို ညစ်ပေနေတဲ့ သေးခံ အကြာကြီး ဝတ်ထားပေးမိတာကြောင့် သေးခံလောင်တာ ဖြစ်ရတာပါ။အရေပြားမှာ ဖြစ်နိုင်တဲ့ ရောဂါတွေ များပေမယ့် အရေပြားကို ထိန်းသိမ်းပေးတဲ့ နည်းလမ်းကတော့ သိပ်အများကြီး မရှိပါဘူး။အခုလောက်ဆို သားသားမီးမီးတွေ အရေပြားမှာ တစ်ခုခု ထူးခြားနေတာမျိုး ဖြစ်ရင် ဖေဖေမေမေတို့ အနေနဲ့ ဘာဖြစ်နေတာလဲ ဆိုတာကို ဆုံးဖြတ်ဖို့ လွယ်သွားလောက်မယ် ထင်ပါတယ်။ ကလေးများ အားလုံး အနာရောဂါ ကင်းကြပါစေ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/skin-diseases-in-children/about-skin-diseases-in-children/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/%e1%80%a1%e1%80%86%e1%80%ae%e1%80%81%e1%80%bb-diet-%e1%80%94%e1%80%b2%e1%80%b7%e1%80%95%e1%80%90%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%95%e1%80%bc%e1%80%ae%e1%80%b8-%e1%80%99%e1%80%be%e1%80%ac/
null
null
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%9d%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%b6%e1%80%90%e1%80%bd%e1%80%b1%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%80%e1%80%84%e1%80%ba%e1%80%b8%e1%80%85%e1%80%bc%e1%80%b1/
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/%e1%80%81%e1%80%af%e1%80%81%e1%80%b6%e1%80%a1%e1%80%ac%e1%80%b8%e1%80%80%e1%80%bc%e1%80%86%e1%80%bc%e1%80%84%e1%80%bb%e1%80%b8%e1%80%99%e1%80%be%e1%80%af%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab-3/
ဆောင်းရာသီမှာ နှလုံးရောဂါသည်တွေ ဘယ်လိုနေထိုင်ကြမလဲ
ဆောင်းရာသီကို ချဉ်းနင်းဝင်ရောက်လာခဲ့ပါပြီ။ အေးမြတဲ့ ဆောင်းရာသီကို ကြုံဆုံရတဲ့ အခါမျိုးမှာ ကျန်းမာရေးပြဿနာတွေကလည်း နောက်ဆက်တွဲ အနေနဲ့ ပါလာတတ်ပါတယ်။ နှလုံးရောဂါသည်တွေ အတွက်ဆိုရင်တော့ ဒီကာလမျိုးမှာHeart Attackက ဒုက္ခအပေးဆုံးလို့ ဆိုရပါမယ်။လေ့လာချက်တွေအရဆိုရင်နှလုံးရောဂါကြောင့် ဖြစ်လာတဲ့ Heart Attack နဲ့ လေဖြတ်တာတွေဟာ ဆောင်းရာသီမှာ ဖြစ်နိုင်ခြေ အတော်လေး များတယ်လို့ ဆိုပါတယ်။ ရင်ဘတ်အောင့်တာနဲ့ အအေးဒဏ်ကြောင့် နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေလည်း ဖြစ်နိုင်ပါတယ်။နောက်ထပ် တစ်ချက်ကတော့ ဆောင်းရာသီမှာ ကြုံရတတ်တဲ့ လေအေးတွေကြောင့်ခန္ဓာကိုယ်အပူချိန်ကျဆင်းပြီး နှလုံး ထိခိုက်နိုင်တာ ပါပဲ။ ခန္ဓာကိုယ် အပူချိန် ၉၅ ဒီဂရီဆဲလ်စီးယပ်စ်ထက် လျော့ပါးအောင် တိုက်ခတ်လာတတ်တဲ့လေအေးတွေဟာ နှလုံးရောဂါသည်တွေ အတွက်တော့ အန္တရာယ် တစ်ခုပါပဲ။လက်ရှိအချိန်အထိတော့ ဆောင်းဦးကို ဝင်လာပြီ ဖြစ်ပေမယ့် ခုကာလက အရမ်းတော့ မအေးသေးပါဘူး။ ဒါပေမယ့် ဒီနှစ်လည်း ယမန်နှစ်တုန်းကလိုမျိုးအအေးလှိုင်းဖြတ်ဖို့ ရှိနေတာမို့ သတိထားရမယ့် အခြေအနေ ပါပဲ။ကျွမ်းကျင်သူတွေကတော့ ဆောင်းရာသီမှာ နှလုံးရောဂါသည်တွေ အနေနဲ့ Lifestyle ပြောင်းလဲဖို့ အဓိကထား စဉ်းစားသင့်တယ်လို့ဆိုပါတယ်။ အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာ နေထိုင်မှုပိုင်းဆိုင်ရာတွေကို ပြောင်းလဲနိုင်ဖို့ လိုအပ်နေတာပါ။ဒါပေမယ့် နှလုံးရောဂါသည်တွေ ဆိုတာက တခြားလူတွေနဲ့ မတူပါဘူး။ လေ့ကျင့်ခန်းလုပ်ပါလို့ ပြောပေမယ့်လည်း လေ့ကျင့်ခန်းတိုင်းက သူတို့နဲ့အဆင်မပြေနိုင်သလို အရမ်းပင်ပင်ပန်းပန်း ကိုယ်လက်လှုပ်ရှားတာမျိုးတွေကလည်း သူတို့အတွက် မကောင်းလှပါဘူး။ဒါကြောင့် နှလုံး ဝေဒနာသည်တွေ အနေနဲ့ အေးမြတဲ့ဆောင်းရာသီမျိုးကို ရင်ဆိုင်ရပြီဆိုရင် အောက်ပါအချက်တွေကို လိုက်နာပြီး နေထိုင်ဖို့ လမ်းညွှန်ထားကြပါတယ်။ဒါ့အပြင် အောက်ပါအချက်တွေကိုလည်း ရှောင်ကျဉ်နိုင်ဖို့ အထူးသတိထားဖို့ လိုအပ်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/avoiding-winter-heart-attacks/
အမှတ်တမဲ့လုပ်မိနေတဲ့ ကျောက်ကပ်ထိခိုက်စေနိုင်တဲ့ အမူအကျင့်များ
ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုစီက သူ့နေရာနဲ့သူ အရေးပါကြတာချည်းပါပဲ။ ခန္ဓါကိုယ်တစ်ခုလုံးကကောင်းမွန်စွာလည်ပတ်လုပ်ဆောင်နေမှ ကျန်းမာပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်နိုင်မှာပါ။ ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတွေကို ထိခိုက်စေတဲ့ အပြုအမူတွေရှိနေသလို တစ်ခါတလေမှာအစားအသောက်တွေကြာင့် လည်းခန္ဓါကိုယ်မှာထိခိုက်တာတွေရှိနေပါတယ်။ အခုတစ်ခေါက်တော့ ဘာရယ်မဟုတ်ဘဲထင်ပြီး လုပ်မိနေတဲ့ အပြုအမူတွေကြောင့် ကျန်းမာပျော်ရွှင်တဲ့ဘဝလေးပိုင်ဆိုင်ဖို့အတွက်ရာမှာ အရေးပါတဲ့ကျောက်ကပ်ကို ထိခိုက်မိစေတဲ့ အပြုအမူလေးတွေအကြောင်းပြောပြပေးမယ်နော်။ဆီးသွားချင်တာကိုအောင့်ထားတာ– ဆီးသွားချင်တဲ့အခါ အလုပ်မအားလို့။ လုပ်လက်စလေးပြီးပြတ်သွားအောင်လုပ်ချင်လို့၊ ပျင်းလို့၊ အပြင်ရောက်နေလို့ဆိုတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ဆီးအောင့်ထားတတ်ကြမယ်ထင်ပါတယ်။ ဒီလိုအပြုအမူရှိတယ်ဆိုရင်ပြင်ဆင်လိုက်ပါ။ ဒီအပြုအမူက ဘာမှမဟုတ်ဘူးထင်ရပေမယ့် ဆီးအိမ်ထဲမှာ ဆီးတွေအကြာကြီးရှိနေတာကဘက်တီးရီးယားတွေကို အလွယ်တကူပေါက်ဖွားစေနိုင်ပြီးကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ဆားအများကြီးစားမိတာ-မြန်မာလူမျိုးတွေဆိုရင်တော့ဆားတင်မဟုတ်ပါဘူး။ ငံပြာရည်၊ငါးပိ၊ငါးခြောက်တွေကိုပါရှောင်ဖို့လိုပါမယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို အငန်ဓါတ် ၅.၈ ဂရမ်ပဲစားသုံးပေးသင့်တာပါ။ အစားအစာတွေထဲမှာ အငန်ဓါတ်ဓါတ်အရမ်းများတာကကျောက်ကပ်ကို ထိခိုက်စေနိုင်တာကြောင့် အငန်လျှော့စားပါ။အသားတွေအများကြီးမစားပါနဲ့–အသားတွေအရမ်းစားတဲ့အခါ ခန္ဓါကိုယ်မှာပရိုတင်းတွေများလာတာကြောင့်ကျောက်ကပ်ကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အနီရောင်အသားတွေလျော့စားပါ။ ပရိုတင်းအရမ်းများတာတွေမစားပါနဲ့။ကဖင်းဓါတ်အလွန်အကျွံစားသုံးတာ –တစ်ခါတလေအိပ်ရေးပျက်လို့ဖြစ်ဖြစ်၊ အာရုံမလန်းလို့ဖြစ်ဖြစ်ကော်ဖီသောက်တာ၊ လက်ဖက်ရည်သောက်တာနဲ့ ကဖင်းပါဝင်နေတဲ့အားဖြည့်အချိုရည်တွေသာက်သုံးတာမျိုးရှိနိုင်ပါတယ်။ တစ်ခွက်လောက်ကပြဿနာမဖြစ်ပေမယ့် ၃ ခွက်ထက်ကျော်ပြီးသောက်မယ်ဆိုရင်တော့ ကဖင်းဓါတ်ကအလွန်အကျွံပမာဏဖြစ်နေပါပြီ။ရေသောက်နည်းတာ– ကျောက်ကပ်က လုပ်ငန်းဆောင်တာတွေကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ဆိုရင်ရေဓါတ်ြပည့်ဝနေဖို့က မဖြစ်မနေလိုအပ်မှာပါ။ တကယ်လို့ရေသောက်ပျင်းမယ်။ ရေသောက်နည်းမယ်ဆိုရင်သွေးထဲမှာ အဆိပ်တွေစုလာပြီးကျောက်ကပ်က စွန့်ထုတ်စစ်ထုတ်နိုင်မှုကျဆင်းသွားမှာပါ။ ဒါကြောင့် တစ်နေ့ကိုရေ ၁၂ ခွက်လောက်သောက်ပေးပါ။ရေလုံလောက်အောင်သောက်၊မသောက်ကိုသေသေချာချာသိရှိနိုင်မှာက ဆီးရဲ့ အရောင်ပါ။ ဆီးသွားတဲ့အခါ ဆီးက ဝါနေမယ်ဆိုရင်တော့ရေသောက်နည်းနေပါပြီ။ကျောက်ကပ်က မနိုင်ဝန်ထမ်းနေရပြီဆိုတာကိုလည်း သတိပြုပါ။ကူးစက်ရောဂါကိုသေချာကုသမှုမခံယူတာ–ဖျားနာတာ၊တုပ်ကွေးဖြစ်တာလိုမျိုး ကူးစက်ရောဂါတွေခံစားရရင်သေချာကုသမှုခံယူပါ။ ဒီရောဂါတွေကိုသေချာမကုသရင် ရလာမယ့်နောက်ဆက်တွဲပြဿနာကကျောက်ကပ်ကို ထိခိုက်စေပါလိမ့်မယ်။ ဖျားနာတာ၊တုပ်ကွေးဖြစ်တာတွေခံစားရချိန်မှာပြည့်ပြည့်ဝဝအနားယူဖို့ကိုလည်း မမေ့ပါသင့်ပါဘူး။ လုံလောက်တဲ့အနားယူမှုက ခန္ဓါကိုယ်ကိုပြန်လည်ကျန်းမာလာအောင် အားဖြည့်ပေးပါလိမ့်မယ်။အကိုက်အခဲပျောက်ဆေးတွေကို မလိုအပ်ပဲသောက်တာ –ဆေးက လိုအပ်ချိန်မှာသောက်ရင်ကောင်းပေမယ့် မလိုအပ်ဘဲသောက်ရင်တော့ကောင်းတာထက် ဆိုးတာပဲဖြစ်လာမှာပါ။ ဒါကြောင့် အကိုက်အခဲပျောက်ဆေးတွေကို တကယ်လိုအပ်မှသောက်ပါ။ မလိုအပ်ဘဲသောက်သုံးမိရင် ခန္ဓါကိုယ်မှာထိခိုက်မှုတွေဖြစ်လာပါလိမ့်မယ်။အရက်အလွန်အကျွံသောက်သုံးတာ– အရက်မှာပါတဲ့ အဆိပ်အတောက်ကအသည်းကိုတင်ပျက်စီးစေတာမဟုတ်ပါဘူး။ကျောက်ကပ်ကိုပါ ထိခိုက်ပျက်စိးစေနိုင်ပါတယ်။ ဒါကြောင့် အရက်ကို အလွန်အကျွံသောက်သုံးမှုမလုပ်ပါနဲ့။ဆေးလိပ်သောက်သုံးခြင်း–ဆေးလိပ်သောက်သုံးမှုက အချိန်ကြာလာနဲ့အမျှသွေးကြောတွေကိုတောင့်တင်း ကျဉ်းမြောင်းလာစေပြီး ခန္ဓါကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေဆီသွေးစီးဆင်းရောက်ရှိမှုကို နည်းသွားစေပါတယ်။ ဒီလိုမျိုးသွေးပို့လွှတ်ရောက်ရှိမှုနည်းသွားတဲ့ အစိတ်အပိုင်းထဲမှာကျောက်ကပ်လည်းပါပါတယ်။သွေးစီးဆင်းရောက်ရှိမှုနည်းသွားတဲ့အခါကျောက်ကပ်ကအလုပ်ကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။ကိုယ်လက်လှုပ်ရှားမှုနည်းတာ –ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်တာကကျောက်ကပ်တွေကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ရပ်ပါ။ ကိုယ်လက်လှုပ်ရှားမှုဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေပုံမှန်လုပ်ဆောင်ပေးတာကကျောက်ကပ်မှာ ကျောက်တည်နိုင်ခြေကို ၃၁ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တာကကျောက်ကပ်ကျန်းမာစေဖို့ အထောက်အကူဖြစ်စေမှာပါ။အိပ်ရေးပျက်ခံတာများတာ– လူတော်တော်များများက အိပ်ရေးဝဝအိပ်ဖို့လိုတယ်ဆိုတာကိုမေ့ထားတတ်ကြပါတယ်။ အခုလိုမျိုးတိုးတက်လာတဲ့ ခေတ်မှာ ဖုန်းသုံးတာ၊ ဂိမ်းဆော့တာတွေလုပ်ဆောင်ရင်း အိပ်ချိန်တွေက တဖြည်းဖြည်းနောက်ကျလာခဲ့ပါပြီ။ ဒါကြောင့်တစ်နေ့ကို အိပ်ချိန် အနည်းဆုံး ၆ နာရီကနေ ၈ နာရီထားပေးပါ။ လူတစ်ယောက်က လုံလောက်စွာအိပ်စက်မှုမရတဲ့အခါ ဇီဝတွင်းဖြစ်စဉ်က ထိခိုက်လာပြီး ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ပျက်စီးလာပါလိမ့်မယ်။လိုအပ်တဲ့ဆေးဝါးကုသမှုခံယူခြင်းမရှိတာ –သွေးတိုးရောဂါခံစားနေရတာ၊အမျိုးအစား -၂ ဆီးချိုရောဂါခံစားနေရတာတွေရှိမယ်ဆိုရင် လိုအပ်တဲ့ဆေးဝါးကုသမှုတွေကို ခံယူပါလို့ပြောပါရစေ။ ဒီဝေဒနာတွေခံစားနေရပြီး လိုအပ်တဲ့ဆေးဝါးကုသမှုကို ခံယူတာမျိုးမလုပ်ဘဲနေမယ်ဆိုရင်နောက်ဆက်တွဲအနေနဲ့ ခံစားရမယ့်ပြဿနာကကျောက်ကပ်ထိခိုက်တာပါ။သွေးပေါင်ချိန်ကို ထိန်းညှိတာမျိုးမရှိတာ–သွေးတိုးတာကကျောက်ကပ်ကို ပျက်စီးစေနိုင်တဲ့ အဓိကအကြောင်းအရင်းတစ်ခုပါ။ ဒါကြောင့်နေ့စဉ်သွေးပေါင်ချိန်ကိုတိုင်းတာပြီး အရမ်းများနေရင် အစားအသောက်ဆင်ခြင်ပြီးသွေးပေါင်ချိန်ကျအောင်လုပ်ဆောင်တာမျိုးလုပ်ဆောင်ဖို့လိုပါမယ်။သွေးပေါင်ချိန်ကို ပုံမှန် အပေါ်သွေး ၁၄၀အောက်သွေး ၉၀ဖြစ်အောင်ထိန်းထားပေးပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/%e1%80%a1%e1%80%99%e1%80%bd%e1%80%90%e1%80%b9%e1%80%90%e1%80%99%e1%80%b2%e1%80%b7%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%99%e1%80%ad%e1%80%b1%e1%80%94%e1%80%90%e1%80%b2%e1%80%b7-%e1%80%b1%e1%80%80/
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/facts-to-know-about-emergency-contraception/
နှလုံးသွေးကြောကျဉ်းရောဂါ သေချာဂရုစိုက်ပါ။
နှလုံးက ရှင်သန်မှုရဲ့ လက္ခဏာတစ်ခုနော်။နှလုံးခုန်သံစည်းချက်မှန်မှန်လေးက ရှင်သန်နေတယ်ဆိုတာကို အသိပေးနေတယ်။ ဒီနှလုံးလေး ခုန်နေစေဖို့ ထောက်ပံ့ပေးထားတာက နှလုံးသွေးကြောတွေလေ။နှလုံးသွေးကြောတွေက နှလုံးဆီကို သွေးတွေ၊အောက်ဆီဂျင်တွေ နဲ့အာဟာရဓာတ်တွေ ပို့ဆောင်ပေးတယ်။ သူတို့လေးတွေ ကျန်းမာနေမှ နှလုံးကျန်းမာမယ်။ ခန္ဓာကိုယ်လည်း ကျန်းမာမယ်လေ။ဒီထောက်ပံ့ပေးနေတဲ့ သွေးကြောလေးတွေထဲမှာ အဆီတွေ စုပုံလာတဲ့အခါ သွေးကြောလေးတွေက နှလုံးဆီကို သွေးစီးဆင်းနိုင်မှု ကျဆင်းလာတယ်။ ဒီလို သွေးစီးဆင်းရောက်ရှိမှုနည်းလာတဲ့အခါရင်ဘတ်အောင့်တာ၊ အသက်ရှူတာ ပြတ်တောင်းပြတ်တောင်း ဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီလိုသွေးကြောလေးတွေ ပိတ်ဆို့လာတဲ့အခြေအနေကို နှလုံး သွေးကြောကျဉ်းတယ်လို့ ခေါ်တာပါ။အခုနောက်ပိုင်းကာလတွေမှာ အစားအသောက်နဲ့ နေထိုင်မှု ပုံစံတွေကြောင့် သွေးတွင်းကိုလက်စထရောများရာကနေတဆင့် နှလုံးသွေးကြောကျဉ်းရောဂါက အဖြစ်များလာပါတယ်။ ဒီရောဂါက ဆယ်စုနှစ်နဲ့ကြာအောင် အစပျိုးတတ်ပါတယ်။သွေးကြောတွေထဲမှာ အဆီတွေ အရမ်းများလာပြီး သွေးကြောတွေကို ကျဉ်းလာတာကြောင့် ရင်ဘတ်အောင့်တာ၊ အသက်ရှူရခက်တာ နဲ့ သွေးကြောကအတော်လေး ပိတ်ဆို့သွားချိန်မှာရုတ်တရက် နှလုံးရပ်တာတွေဖြစ်မှ သိတာများပါတယ်။နှလုံးသွေးကြောကျဉ်းရောဂါက အဖြစ်များတဲ့ နှလုံးရောဂါ တစ်မျိုးပါ။ သွေးကြောနံရံတွေမှာ အဆီတွေစုပုံရာက နှလုံးကို ထောက်ပံ့ပေးနေတဲ့ ပင်မ သွေးကြောပိတ်ဆို့သွားတဲ့ အနေအထားပေါ့။ နှလုံးသွေးကြောကျဉ်းလာတဲ့အခါ ရောဂါပြင်းထန်မှုအလိုက် အခုလို လက္ခဏာတွေခံစားရနိုင်ပါတယ်။နှလုံးသွေးကြောကျဉ်းရောဂါ ခံစားရတဲ့အခါ အမြန်ဆုံးကုသမှု ခံယူပေးဖို့လိုပါမယ်။ ကုသမှု ခံယူတဲ့အခါ ခံစားနေရတဲ့ရောဂါအခြေအနေကို လိုက်ပြီး သင့်တော်တဲ့ ကုသမှုကို ခံယူဖို့လိုပါမယ်။ နှလုံးသွေးကြောကျဉ်းရောဂါကို ကုသရာမှာ နေထိုင်မှုပုံစံကို ပြောင်းလဲဖို့က အတော်လေး အဓိကကျပါတယ်။ဒါကြောင့် နှလုံးသွေးကြောကျဉ်းရောဂါကို သက်သာစေဖို့ နဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖို့အတွက်။ဒီလို ဂရုစိုက်နေထိုင်တာက နှလုံးသွေးကျဉ်းရောဂါကို သက်သာစေမှာဖြစ်သလို နောက်ဆက်တွဲ နှလုံးကျန်းမာရေး ပြဿနာတွေကိုပါ ကာကွယ်ရာရောက်ပါတယ်။အပေါ်က ပြောခဲ့တဲ့နည်းလမ်းတွေနဲ့ ကုသဖို့ အဆင်မပြေဘူး။ ရောဂါအနေအထားက ပြင်းထန်မယ်ဆိုရင်တော့ နှလုံးသွေးကြောထဲမှာ သွေးစီးဆင်းမှု ကောင်းစေဖို့အတွက် ခွဲစိတ်မှု လုပ်ဖို့လိုပါမယ်။ ခွဲစိတ်တဲ့အခါ။ကုသနည်းတွေ အများကြီးရှိတဲ့အတွက် ကိုယ်နဲ့ သင့်တော်မယ့် နည်းလမ်းကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ရွေးချယ်နိုင်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/coronary-artery-disease/coronary-artery-disease/
အိပ်ရေးပျက်ရင် ဖျားမှာလား
အိပ်ရေးပျက်ရင် ဖျားမှာလား ဒါမှမဟုတ် မဖျားလောက်ပါဘူးလို့ ယူဆနေတုန်းလား။ ဒါဆိုရင်တော့ ဒီယူဆချက်ကို ပြင်ဆင်ဖို့ လိုနေပါပြီ။ ညဘက်တွေကို ညဉ့်နက်မှ အိပ်တာ၊ အိပ်ရေးပျက်ခံတာက ဒီနေ့ခေတ် လူတိုင်းနဲ့ မကင်းကွာနိုင်တဲ့ အရာတစ်ခုပါ။ ညဘက်တွေမှာ ရောဂါတစ်ရပ်ရပ်ကြောင့် အိပ်မရတာမျိုး တင်မဟုတ်ဘဲ ဆိုရှယ်မီဒီယာတွေ သုံးတာ၊ ညဆိုင်းလုပ်တာတွေကြောင့် အိပ်ရေးပျက်တာ ရှိသလို ညဘက်တွေမှာအိပ်မပျော်လို့မအိပ်ရတာ၊ ဂိမ်းဆော့ရင်း ရုပ်ရှင်ကြည့်ရင်း ညနက်သွားတာတွေကြောင့် အိပ်မပျော်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။ဒါပေမယ့် ဘယ်လို အကြောင်းကြောင့် မအိပ်တာဘဲ ဖြစ်ဖြစ် အိပ်ရေးပျက်မယ်ဆိုရင်တော့ အိပ်ရေးပျက်တာ များရင်များသလောက် ဖျားနာနိုင်ခြေကလည်း မြင့်တက်လာမှာပါ။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။အိပ်စက်မှုက ကိုယ်ခံအားနဲ့ ဆက်စပ်နေပါတယ်။ အကြောင်းကတော့ အိပ်စက်နေချိန်မှာ ကိုယ်ခံအားစနစ်က cytokines လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးကို ထုတ်လုပ်ပေးပါတယ်။ ဒီပရိုတင်းက ခန္ဓာကိုယ်က ကူးစက်ရောဂါတွေကို ခုခံနိုင်ဖို့နဲ့ ရောင်ရမ်းမှုတွေကို တုံ့ပြန်ဖို့ လုပ်ဆောင်ပေးပါတယ်။ပုံမှန်ဆိုရင် ဒီcytokines တွေက ဖျားမှ၊ ထိခိုက်ဒဏ်ရာရမှ ထွက်တာ ဖြစ်ပါတယ်။ ထွက်လာပြီးတော့ ရောင်ရမ်းမှုတွေကို တုံ့ပြန်တာ၊ ရောဂါပိုး‌တွေကို တိုက်ထုတ်ဖို့ ကူညီပေးတာ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ အိပ်နေချိန်မှာ လူက ဘာမှမဖြစ်နဲ့ဘဲကို cytokines တွေက ထွက်‌နေပါတယ်။ ဒီလိုထွက်ရတာက ကိုယ်ခံအားကို ပိုပြီးသန်မာစေဖို့ပါတဲ့။ထွက်လာတဲ့ cytokines တွေက ခုခံအားကိုသန်မာစေဖို့ဆိုရင် လူက အိပ်ချိန်မှန်ဖို့ လိုပါတယ်။ Cytokines တွေက အိပ်ရမယ့်အချိန်ရောက်ရင် အိပ်ပျော်ပျော် မပျော်ပျော် ထွက်လာပါတယ်။ ဒီပရိုတင်းက နိုးနေချိန်မှာ ထွက်ရင် ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေ ဖြစ်စေနိုင်တာကြောင့် အိပ်နေချိန်မှာ ထွက်ခိုင်းတာပါ။ အိပ်ချိန်မှာ  မအိပ်ဘူးဆိုရင် နိုးနေချိန်မှာ ထွက်သလို ဖြစ်ပြီး ကိုယ်ခံအားကို ပြောင်းပြန်အကျိုးသက်ရောက်နိုင်ပါတယ်။ ဆိုလိုတာက ကိုယ်ခံအား ထိခိုက်နိုင်ပါတယ်။ကိုယ်ခံအားကောင်းပြီး ဖျားနာမှု ကင်းစေဖို့ဆိုရင် တစ်ညတာကို အိပ်ချိန် အနည်းဆုံး ၆ နာရီ ကနေ ၇ နာရီအထိ ရှိဖို့ လိုပါမယ်။ အိပ်ရေးပျက်တာက နာကျင်မှုတွေကိုရော ရောင်ရမ်းမှုတွေကိုပါ ပိုမိုပြင်းထန်စေပါတယ်။နာတာရှည် ကျန်းမာရေးပြဿနာ ရှိသူတွေမှာလည်းအိပ်ရေးပျက်တာက ကိုယ်ခံအားကို ထိခိုက်စေပြီး ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဖျားနာမှု ကင်းပြီး ကိုယ်ခံအား ကောင်းလို့ ကျန်းမာစေဖို့ဆိုရင် ညဘက်တွေမှာ အိပ်ရေးဝဝ အိပ်ဖို့ လိုပါမယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/lack-of-sleep-can-make-you-sick/
null
null
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/%e1%80%81%e1%80%b6%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%94%e1%80%b6%e1%82%94%e1%80%86%e1%80%ad%e1%80%af%e1%80%b8-%e1%80%9e%e1%80%80%e1%80%b9%e1%80%9e%e1%80%ac%e1%80%b1%e1%80%85%e1%80%96/
ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလား။
ဘယ်ကင်ဆာအမျိုးအစားကိုမှ ကာကွယ်လို့ မရပေမယ့် ကင်ဆာဖြစ်နိုင်ခြေကိုတော့ လျှော့ချလို့ ရနိုင်ပါတယ်။ ဘယ်လို လျှော့ချလို့ ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် နည်းလမ်း တစ်ရပ်ကတော့ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာပါ။ နေ့စဉ်ဘဝမှာ တက်တက်ကြွကြွ နေတာ၊ ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို ကင်ဆာဖြစ်နေသူတွေမှာ ကုထုံး ခံယူနေစဉ်မှာလည်း ကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိစေနိုင်ပါတယ်။နေ့စဉ် ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးတာက ကောင်းကျိုး အများကြီး ရှိပါတယ်။ ကြီးမားတဲ့ ရလဒ် တစ်ရပ်ကတော့ လေ့ကျင့်ခန်း ပုံမှန် လုပ်တာက ကာကွယ်လို့ မရတဲ့ ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်တာပါ။ လေ့လာမှုတွေအရလေ့ကျင့်ခန်း ပိုလုပ်နိုင်လေလေ အမျိုးမျိုးသော ကင်ဆာတွေ ဖြစ်နိုင်ခြေကို လျှော့ချနိုင်လေလေပါ။ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် လုပ်ဆောင်ပေးတာကရင်သားကင်ဆာ၊ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ သားအိမ်ကင်ဆာ၊ ပန်ကရိယ ကင်ဆာတွေအပါအဝင် ကင်ဆာ အများစု ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။နေ့စဉ် ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ရုပ်ပိုင်းဆိုင်ရာကို ကျန်းမာစေနိုင်သလို ကိုယ်တွင်းကဟော်မုန်း ထုတ်လုပ်မှုတွေကို ထိန်းညှိပေးတာ၊ ခန္ဓာကိုယ်ကိုဇီဝကမ္မဖြစ်စဉ်ကို တိုးတက် ကောင်းမွန်စေနိုင်တာကြောင့် ကင်ဆာဖြစ်နိုင်ခြေကို အတိုင်းအတာ တစ်ခုလောက်အထိတော့ လျှော့ချပေးနိုင်ပါတယ်။အဓိကကတော့ ဟော်မုန်းပမာဏကို ထိန်းချုပ်ပေးတာပါပဲ။ အခုနောက်ပိုင်းမှာ ကင်ဆာ ဖြစ်ပွားမှု မြင့်တက်လာတာကအထိုင်များပြီး လှုပ်ရှားမှု နည်းတဲ့ နေထိုင်မှု ပုံစံတွေနဲ့ သဘာဝအတိုင်း မဟုတ်ဘဲ ပြုပြင်ထားတဲ့ အစားအစာတွေကို စားသောက်တာကြောင့်လည်း ကင်ဆာဖြစ်နိုင်ခြေတွေက တိုးလာရတာပါ။ တစ်နေ့တာမှာ ထိတွေ့မိနေတဲ့ဓာတ်တိုးပစ္စည်းတွေကလည်း တစ်နေ့ထက် တစ်နေ့ ပိုများလာတာလည်း ပါပါတယ်။လေ့ကျင့်ခန်း ပုံမှန် လုပ်တာက သင့်တင့်တဲ့ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တဲ့အတွက် အဝလွန်တာရဲ့ နောက်ဆက်တွဲ အနေနဲ့ ဖြစ်လာတဲ့ကင်ဆာရောဂါတွေ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။နေ့စဉ် ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြီး သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်မယ်ဆိုရင် အဖြစ်အများဆုံး ကင်ဆာ နှစ်မျိုးဖြစ်တဲ့ ရင်သားကင်ဆာ နဲ့ အူမကြီး ကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာ ဖြစ်သလို ကုသရ ခက်ခဲတဲ့ ကင်ဆာရောဂါတွေ ဖြစ်ကြတဲ့ ပန်ကရိယကင်ဆာ၊ အစာရေမျိုကင်ဆာ၊ သည်းခြေအိတ် ကင်ဆာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ကိုယ်လက်လေ့ကျင့်ခန်းပုံမှန် လုပ်ဆောင်ပေးတာက ကိုယ်တွင်း ဟော်မုန်းကို အကောင်းဆုံး ထိန်းညှိပေးတဲ့အတွက် ဟော်မုန်း မညီမျှမှုကြောင့် ခံစားရတဲ့ ရင်သားကင်ဆာ၊သားအိမ်ကင်ဆာလိုမျိုး ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ကိုယ်ခံအားကို ကောင်းမွန်စေတာကြောင့်လည်း ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တာပါ။အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး အူမကြီးကို ကျန်းမာစေနိုင်တာကြောင့် အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတွေ အရကတော့ နေ့စဉ် ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက အစာရေမျို ကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ သွေးကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ဦးခေါင်းနဲ့ လည်ပင်း ကင်ဆာ၊အစာဟောင်းအိမ် ကင်ဆာ၊ ဆီးအိတ်ကင်ဆာ၊ အဆုတ်ကင်ဆာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိရပါတယ်။ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့အတွက် အရွယ်ရောက်ပြီးသူ တစ်ယောက် တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ လောက် သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ဖို့ လိုပါတယ်။ကိုယ်လက်လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်ဆောင်မယ်ဆိုရင်တော့ တစ်ပတ်ကို ၇၅ မိနစ် လုပ်ဆောင်ဖို့ လိုပါမယ်။ လေ့ကျင့်ခန်းကို စလုပ်စမှာတော့ နည်းနည်းချင်းနဲ့ ပေါ့ပေါ့ပါးပါး ဖြစ်တဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ရပါတယ်။ကလေးတွေအနေနဲ့ကတော့ ပြေးလွှားကစားတာအပါအဝင် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းကို တစ်နေ့ကို ၁ နာရီနဲ့ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ဆောင်ပေးရပါမယ်။ ဒါမှ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မှာပါ။ကင်ဆာ ကာကွယ်ဖို့ကိုယ်လက်လေ့ကျင့်ခန်းတွေကို လုပ်ဆောင်တော့မယ်ဆိုရင် အခုလို လေ့ကျင့်ခန်းလေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချဖို့အတွက် ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ဆောင်လို့ ရသလို ကင်ဆာကုထုံး ထိရောက်မှု ရှိစေဖို့အတွက်လည်း လေ့ကျင့်ခန်းတွေ လုပ်ပေးလို့ ရပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/can-exercises-reduce-cancer-risks/
ကွမ်းယာ ကြောင့် ခံတွင်းကင်ဆာ ဖြစ်နိုင်သလား
၂၀၁၇ ဒေတာတွေအရ ကမ္ဘာပေါ်မှာကွမ်းယာစားတဲ့သူသန်း၆၀၀ ရှိပါတယ်။ အာရှကတော့ အများဆုံးပေါ့။ ကွမ်းယာ စားတာက ခံတွင်း၊ လည်ချောင်းနဲ့အစာရေမျိုပြွန်ကင်ဆာတွေကို ဖြစ်စေနိုင်ပါတယ်။ ရှေးတုန်းတည်းက စားခဲ့တဲ့ ကွမ်းယာက ဘယ်လိုကြောင့်များ ကင်ဆာဖြစ်စေနိုင်ပါလိမ့်။မြန်မာနိုင်ငံအနေနဲ့ ပြောရရင် ကွမ်းယာ က ယဉ်ကျေးမှု တစ်ခုလို ဖြစ်နေပါတယ်။ ရှေးက အလှူတွေ မင်္ဂဆောင်တွေဆို ကွမ်းကမ်းကြသလို အမှုအခင်းတွေ ဖြစ်ရင်လည်း လက်ဖတ်ထုပ်၊ ကွမ်းထုပ်နဲ့ ကျေအေးလေ့ရှိပါတယ်။ အဘိုးအဘွားရှိတဲ့ အိမ်တွေဆို ကွမ်းအစ်လေးနဲ့ ကွမ်းညှပ်လေးနဲ့ ဆောင်ထားတတ်ကြပါတယ်။ဒီလို နှစ်အတော်ကြာ ဘိုးစဉ်ဘောင်ဆက် စားခဲ့ကြတဲ့ ကွမ်းကခံတွင်းကင်ဆာဖြစ်စေတယ်ဆိုတာ ဟုတ်ပါ့မလား။ကွမ်းယာက စိတ်ကို တက်ကြွစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ ကမ္ဘာပေါ်မှာစိတ်တက်ကြွစေတဲ့ ပစ္စည်းတွေထဲမှာ ဆေးလိပ်၊ အရက်နဲ့ ကဖင်းပါတဲ့ သောက်စရာတွေ ပြီးရင် နံပါတ် ၄နေရာမှာ ရှိနေပါတယ်။ ဒါ့ပြင် စိတ်ကြည်စေပြီး အိပ်ငိုက်တာတွေ ပြေစေတဲ့အတွက်လည်း စားကြပါတယ်။ အဆာခံပြီး အစာကြေလွယ်စေတဲ့ ဂုဏ်သတ္တိလည်း ရှိပါတယ်။ဒါကကောင်းတဲ့အချက်တွေပါ။ မကောင်းတဲ့အချက်ကတော့ စွဲတတ်ပါတယ်။ ပိုဆိုးတာကကင်ဆာဖြစ်စေတာပါပဲ။ကွမ်းယာ မှာ အခြေခံအားဖြင့်တော့ကွမ်းရွက်ရယ်၊ ထုံးရယ်၊ကွမ်းသီးရယ်ပါပါတယ်။ တခြားဆေးတွေကတော့ ကိုယ်နှစ်သက်သလို ထည့်ကြပါတယ်။WHOက ကွမ်းသီးကို ကင်ဆာဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။ နောက်ပိုင်း လေ့လာချက်တွေမှာလည်း ကွမ်းယာစားတာက ခံတွင်းကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတဲ့ အချက်အလက်တွေ တွေ့လာရပါပြီ။ ကွမ်းသီးမှာ alkaloids (Arecoline, Arecaidine)နဲ့ polyphenolတွေ ပါဝင်ပြီး ဒါတွေက ကင်ဆာဖြစ်စေပါတယ်။ဒါ့ပြင် ကွမ်းရွက်စိုက်ပျိုးတဲ့နေရာမှာ ပိုးသတ်ဆေးတွေ တရားလွန်သုံးမယ်။ သေချာမသန့်စင်ဘဲနဲ့ စားမယ်ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ ထုံးကလည်း ပေါက်စေတဲ့အတွက် ကွမ်းယာကြောင့် ခံတွင်းက ဆဲလ်တွေ အနာဖြစ်တဲ့အခါ ကောင်းကောင်းမကျက်ဘဲ ထပ်ခါထပ်ခါ ပြန်ဖြစ်ဖို့ လှုံ့ဆော်နေသလို ဖြစ်တတ်ပါတယ်။အရင်ကနဲ့ မတူတာကတော့ နှပ်ဆေးတွေ အများကြီး သုံးလာကြတာပါပဲ။ အမျိုးအစားအများကြီး ရှိနေတဲ့အပြင် ဓာတုပစ္စည်းတွေလည်း ပါဝင်မှု များတာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းတွေ ပါနေမလားဆိုတာ မသိနိုင်ပါဘူး။ကွမ်းယာကြောင့် ခံတွင်းမှာ lichenoid lesionsလို့ ခေါ်တဲ့ အမြှေးပါးပျက်စီးတာတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့်တော့ကွမ်းသွေးငုံတတ်တဲ့ ပါးစောင်မှာပါ။ ဒါကြောင့် ကင်ဆာဖြစ်ပြီဆို ပါးစောင်မှာ ဖြစ်ကြတာများပါတယ်။ နှစ်တွေအကြာကြီး ကွမ်းစားတဲ့သူတွေဆိုoral submucous fibrosis (OSF)လို့ခေါ်တဲ့ အမြှေးပါးတွေ ပျက်စီးရုံသာမက အမာရွတ်ဖြစ်တဲ့အဆင့်အထိ ရောက်သွားပါတယ်။ဆေးလိပ်ပါသောက်မယ်ဆိုရင်leukoplakiaလို့ ခေါ်တဲ့ ပါးစောင်မှာ အဖြူအဖတ်တွေပါ ထွက်လာပါတယ်။ OSFရော leukoplakiaရောက ကင်ဆာအကြိုအဆင့်တွေပါ။ ဒီကနေမှ တကယ့်ခံတွင်းကင်ဆာ ဖြစ်လာနိုင်ပါတယ်။ ကွမ်းယာ စားတဲ့သူတွေက ဆေးလိပ်နဲ့ အရက်လည်း သောက်မယ်ဆိုရင် ဖြစ်နိုင်ခြေက ပိုများလာမှာပါ။ဒါကြောင့်  ကွမ်းကိုလည်း အရက်တွေ၊ ဆေးလိပ်တွေလိုပဲ ဖြတ်ဖို့ လိုပါတယ်။ မဖြတ်နိုင်သေးရင်တောင် လျှော့စားဖို့ လိုပါတယ်။ စွဲတတ်တယ်ဆိုပေမယ့် ကြိုးစားပြီး ဖြတ်ဖို့ အကြံပြုချင်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/head-neck-cancer/betel-chewing-and-oral-cancer/
အေးမြတဲ့အခန်းလေးကပေးတဲ့ အိပ်စက်မှုဆိုင်ရာ အကျိုးကျေးဇူးများ
အခန်း အေးအေးလူလူလေးထဲမှာ အိပ်ရတာက မြန်မြန်အိပ်ပျော်စေတယ်ဆိုတာကိုတော့ အားလုံး သိထားပြီး ဖြစ်မှာပါ။ နွေလယ်ပူမှာဆိုရင် ညဘက်မှာ အခန်းက အေးနေမှ ကောင်းကောင်း အိပ်ပျော်မှာပါ။ ဒါကြောင့်ပဲ နွေပူပူမှာပန်ကာဖွင့်အိပ်သူက အိပ်၊အဲကွန်းဖွင့် အိပ်သူကအိပ်ကြတာပေါ့။ ဒီတစ်ခေါက်တော့ ညဘက်တွေမှာ အေးမြတဲ့အခန်းလေးကပေးတဲ့ အိပ်စက်မှုဆိုင်ရာ အကျိုးကျေးဇူးများ အကြောင်းကို ပြောပြပေးချင်ပါတယ်။နေဝင်ပြီး ညဘက်ရောက်လာလေလေ ခန္ဓာကိုယ် အပူချိန်က အလိုလို လျော့ကျလာလေပါ။ ဒါက ဘာကို ဖော်ပြသလဲဆိုရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်က တဖြည်းဖြည်း နှေးလာပြီးအနားယူအိပ်စက်ဖို့အသင့်ပြင်နေကြတဲ့ သဘောပါ။ ဒီတော့ အိပ်ခန်းကို အေးမြနေအောင် ထားတာက ခန္ဓာကိုယ်ရဲ့ အိပ်စက်ဖို့ ပြင်ဆင်တဲ့ သဘာဝ ဖြစ်စဉ်ကို အားဖြည့်ပေးရာ ရောက်ပါတယ်။တကယ်လို့ အိပ်စက်မယ့်အချိန်မှာ အခန်းက အရမ်းပူနေမယ်ဆိုရင် ဒီဖြစ်စဉ်တွေက ကမောက်ကမဖြစ်သွားမှာ ဖြစ်ပြီး ကောင်းကောင်း အိပ်ပျော်ဖို့ ခက်မှာပါ။အေးမြတဲ့အခန်းလေးကပေးတဲ့ အိပ်စက်မှုဆိုင်ရာ အကျိုးကျေးဇူးများ ကတော့။ညဘက်မှာ အိပ်ပျော်စေဖို့ခန္ဓာကိုယ်က ဇီဝကမ္မဖြစ်စဉ်တွေရဲ့ အရှိန်ကိုလျှော့ချရင်း အိပ်ပျော်စေဖို့ လုပ်ဆောင်ပေးပါတယ်။ ဒီလိုအချိန်မှာ ကိုယ်အိပ်စက်မယ့် အခန်းက ပူနေမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ အပူချိန် ကမောက်ကမဖြစ်ပြီး ကောင်းကောင်း အိပ်ပျော်ဖို့ ခက်မှာပါ။ ဒါကြောင့် ညဘက်မှာ ကောင်းကောင်း အိပ်ပျော်ချင်တယ်ဆိုရင်တော့ ညဘက် အိပ်မယ့်အခန်းလေးကို ခပ်အေးအေးလေးဖြစ်နေအောင် ဂရုစိုက်ပေးပါ။ညလယ်တွေမှာ ချွေးစေးတွေပြန်ရင်း နိုးထလာတဲ့ကြောင့် အိပ်ရေးဝဝ အိပ်မပျော်တာမျိုး ကြုံဖူးမှာပါ။ ဒီလို ကြုံရတာက ခန္ဓာကိုယ် အပူချိန် နဲ့ အခန်းအပူချိန် မမျှတတာကြောင့်ပါ။ ဒါကြောင့် ညဘက်တွေမှာအိပ်ရေးဝဝ အိပ်ပျော်ချင်တယ်ဆိုရင် အခန်းလေးကို အေးမြနေအောင် ဂရုစိုက်ဖို့ လိုပါမယ်။အေးမြနေတဲ့ အခန်းလေးက ခန္ဓာကိုယ်ရဲ့ မယ်လ်လာတိုနင် ဟော်မုန်း ထွက်ရှိမှုကို လှုံ့ဆော်ပေးပြီး အိပ်ရေးဝဝ အိပ်ပျော်နိုင်စေဖို့ ထောက်ကူပေးမှာပါ။အပေါ်မှာ ပြောခဲ့သလို အေးမြနေတဲ့ အခန်းလေးက ခန္ဓာကိုယ်ကို မယ်လ်လာတိုနင် ဟော်မုန်း ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပြီး ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးပါတယ်။ တချို့လေ့လာချက်တွေမှာ မယ်လ်လာတိုနင် ဟော်မုန်းက အိုမင်းတာကို နှေးကွေးစေတယ်လို့ ဖော်ပြထားပါတယ်။ အသက်ကြီးလာလေလေ မယ်လ်လာတိုနင်ပမာဏ နည်းလာလေလေ ဆိုပေမယ့်ပေါ့လေ။ အခြား ကျန်းမာရေး အကျိုးကျေးဇူး အနေနဲ့ကတော့ လေဒီလေးတွေမှာ ရာသီသွေး မှန်စေပါတယ်။အေးမြတဲ့ အခန်းထဲမှာအိပ်စက်ခြင်းက ကိုယ်အလေးချိန် ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အေးမြတဲ့ ပတ်ဝန်းကျင်က ကိုယ်တွင်းက ကယ်လ်လိုရီတွေကို လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ညဘက်မှာ အေးမြတဲ့ အခန်းထဲမှာ အိပ်စက်ပေးတာက ကိုယ်တွင်းက ကယ်လ်လိုရီတွေကို လောင်ကျွမ်းစေပြီး အင်ဆူလင် တုံ့ပြန်မှု ကောင်းစေပါတယ်။ ဒီအခြေအနေက အမျိုးအစား (၂) ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါဆင်မကသေးပါဘူး။ ညဘက်မှာ အေးမြတဲ့ အခန်းထဲမှာ အိပ်စက်တာက အယ်လ်ဇိုင်းမားရောဂါ မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။စိတ်ဖိစီးတဲ့နေ့တွေမှာ ဦးနှောက်က အလုပ်တွေ အလွန်လုပ်တာကြောင့် ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်။ စိတ်ဖိစီးတာက ကိုယ်အပူချိန်ကို တက်စေနိုင်ပါတယ်။ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းကတော့ အေးမြမြ အခန်းလေးထဲမှာ အိပ်စက်တာပါ။ ဒါကြောင့်အိပ်မပျော်တာမျိုး ဖြစ်မယ်ဆိုရင် အခန်းအပူချိန်လေးကို အေးမြအောင် ထားဖို့ မမေ့ပါနဲ့။ညဘက်တွေမှာ အေးမြတဲ့ အခန်းထဲမှာ အိပ်စက်တာက ကောင်းကောင်း အိပ်ပျော်စေပြီး စိတ်ခံစားမှု ကောင်းစေပါတယ်။ ဒါကြောင့် ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်ပြီး စိတ်ခံစားမှု ကောင်းစေဖို့ဆိုရင် ညဘက်မှာ အိပ်ခန်းလေးက အေးမြနေအောင် ဂရုစိုက်ပါ။အိပ်ရေးဝလေလေ ဦးနှောက်တွင်းမှာစိတ်ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေထွက်ရှိလေလေ ဖြစ်စေတာကြောင့် စိတ်ခံစားမှု ကောင်းစေမှာ သေချာပါတယ်။အိပ်ရေးဝဝ မအိပ်ရတာက စိတ်ဖိစီးမှုကို ဖြစ်စေပါတယ်။ ဒါကြောင့်စိတ်ဖိစီးမှုကင်းချင်တယ်။ စိတ်ခံစားမှု ကောင်းချင်တယ်ဆိုရင် ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေဖို့ အိပ်ခန်းလေးကို ညဘက်တွေမှာ အေးမြနေအောင် ဂရုစိုက်ပေးပါ။ကဲ ….. အေးမြတဲ့အခန်းလေးကပေးတဲ့ အိပ်စက်မှုဆိုင်ရာ အကျိုးကျေးဇူးများ အကြောင်း သိလောက်ပြီ ထင်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/benefits-of-sleeping-in-a-cool-room/
null
null
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/how-specific-is-wrist-bp-cuff/
ပြင်းထန်သွားဖုံးပိုးဝင်ရောင်ရမ်းခြင်း
Trench Mouthဆိုတာ ပြင်းထန်စွာ သွားဖုံးရောင်ခြင်းတစ်မျိုးဖြစ်ပြီး နာကျင်စေခြင်း၊ ပိုးဝင်ခြင်း၊ သွားဖုံးသွေးထွက်ခြင်းနဲ့ အဖုအကြိတ်ပေါက်ခြင်း စတာတွေဖြစ်စေနိုင်ပါတယ်။ ဒီရောဂါကတော့ ဒီနေ့ခေတ်ရဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဖြစ်တာရှားသွားပါပြီ။ အာဟာရလုံလောက်မှုမရှိဘဲ ဆင်းရဲတဲ့ လူနေထိုင်မှုဘဝတွေရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာအဖြစ်များပါတယ်။Necrotizing Ulcerative gingivitis (NUG) လို့သိကြတဲ့ ပြင်းထန်တဲ့သွားဖုံးရောင်နာဟာ သူ့ရဲ့ဒီနာမည်ပြောင်ကို ရလာခဲ့တဲ့အကြောင်းရင်းလည်းရှိပါတယ်။ ပထမကမ္ဘာစစ်တုန်းက ကတုတ်ကျင်း (trench) ထဲပိတ်မိနေတဲ့ စစ်သားတွေဟာ သူတို့သွားတွေကို သေချာဂရုမစိုက်တာကြောင့် ဒီရောဂါပြန့်ပွားခဲ့ရာက ဒီနာမည်ရလာခဲ့တာပါ။ ဒီရောဂါကတော့ အချင်းချင်းထိတွေ့ကိုင်တွယ်ရာကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါမျိုးမဟုတ်ပါဘူး။Trench Mouth ရဲ့ ရောဂါလက္ခဏာတွေထဲမှာ။• ပြင်းထန်တဲ့သွားဖုံးနာကျင်မှု။• အနည်းငယ်ဖိမိတာတောင်မှ သွားဖုံးကသွေးထွက်ခြင်း။• နီရဲနေတဲ့ သို့မဟုတ် ရောင်ရမ်းနေတဲ့ သွားဖုံး။• စားတဲ့အခါ သို့မဟုတ် မြိုချတဲ့အခါ နာကျင်နေခြင်း။• သွားဖုံးပေါ်မှာမီးခိုးရောင်အလွှာရှိခြင်း။• သွားကြားတွေနဲ့ သွားဖုံးပေါ်မှာ အနာရှိခြင်း။• အရသာခံစားမှု မှားယွင်းနေခြင်း။• ခံတွင်းနံ့ဆိုးခြင်း။• ဖျားနာခြင်း နဲ့ အားနည်းခြင်း (နုံးချိနေခြင်း)။• ခေါင်း၊လည်ပင်းသို့မဟုတ် မေးရိုးပတ်ဝန်းကျင်မှာရှိတဲ့ ပြန်ရည်ကျိတ် တွေရောင်ရမ်းနေခြင်း။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ဒီရောဂါရဲ့ လက္ခဏာတွေဟာ လျင်မြန်စွာဖြစ်ပေါ်လာတာပါ။ သင့်မှာလက္ခဏာတစ်ခုခုဖြစ်လာပြီဆိုရင် ဖြစ်နိုင်သမျှအမြန်ဆုံးဆရာဝန်နဲ့ ပြပါ။ တစ်ခါတလေမှာ ဒီရောဂါနဲ့ဆိုင်တဲ့လက္ခဏာတွေထက် သွားဖုံးပြဿနာတွေရဲ့လက္ခဏာတွေ -ဥပမာ-သွားဖုံးရောင်ခြင်းပုံစံတစ်မျိုး သို့မဟုတ် ရေစီးကမ်းပြိုလိုက်ခြင်းတို့လို ရောဂါလက္ခဏာတွေဖြစ်ပေါ်တတ်ပါတယ်။သွားဖုံးရောဂါလက္ခဏာအားလုံးဟာ ပြင်းထန်နိုင်ပြီး အများစုကတော့ ကုသမှုမလုပ်ရင် ပိုပြီးဆိုးလာနိုင်ပါတယ်။ မြန်မြန်ဂရုစိုက်လေ သွားဖုံးအခြေအနေပြန်ကောင်းလာဖို့အခွင့်အရေး ပိုများလေပါပဲ။ ဒါက သွားတွေကျွတ်သွားခြင်းကိုလည်း ကာကွယ်နိုင်ပြီး အရိုးတွေနဲ့အခြားတစ်သျှူးတွေ ပျက်စီးခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။ဒီရောဂါဖြစ်နေပြီဆိုရင် ပြင်းထန်စွာနာကျင်တတ်ပါတယ်။ ကိုယ့်ကိုကိုယ်ဂရုစိုက်နိုင်ဖို့နဲ့ ကုသတဲ့နေရာမှာ အောင်မြင်နိုင်ဖို့ အောက်ပါအချက်တွေက ကူညီပေးနိုင်ပါတယ်။• ဆေးလိပ်သောက်ခြင်း သို့မဟုတ် အခြားဆေးရွက်ကြီးပါဝင်တဲ့ပစ္စည်းတွေကိုအသုံးပြုခြင်း ရှောင်ကြဉ်ပါ။• ညွှန်ကြားထားတဲ့အတိုင်း နာကျင်မှုကိုသက်သာစေတဲ့ဆေးသောက်ပါ။• ကုသခါစရက်အနည်းငယ်မှာ နာကျင်မှုကိုလျှော့ချနိုင်ဖို့အတွက် ညွှန်ကြားထားတဲ့အတိုင်း အရည်သာသောက်ပါ။• စပ်ပြီးအလွန်ပူတဲ့အစာမျိုးကိုရှောင်ပါ။ ဒါတွေက သွားဖုံးနာတာကို ပိုဆိုးစေပါတယ်။• ရေဓါတ်ပြည့်နေဖို့အတွက် ရေများများသောက်ပါ။• ကာဗွန်ပါဝင်တဲ့သောက်စရာ သို့မဟုတ် အရက်သောက်ခြင်း ရှောင်ကြဉ်ပါ။• ဆရာဝန်ချိန်းတဲ့အချိန်တိုင်း သွားပါ။• ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေလျော့ကျစေဖို့ များများအနားယူပါ။• အာဟာရတိုးတက်ဖို့ ကျန်းမာရေးနဲ့ညီညွတ်တာတွေကိုစားပါ။ကျန်းမာရေးအတွက်ကောင်းတဲ့အလေ့အထကောင်းတွေဟာ ဒီရောဂါဖြစ်လာနိုင်ခြေကို လျှော့ချပေးပါတယ်။ အထူးသဖြင့်။• ခံတွင်းကောင်းမွန်စွာသန့်ရှင်းနိုင်ဖို့ လေ့ကျင့်ပါ။ တစ်ရက်ကိုအနည်းဆုံး၂ကြိမ် သို့မဟုတ် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သွားတိုက်ပြီး သွားကြားထိုးပါ။ ဆေးခန်းမှာ ခံတွင်းနဲ့သွားသန့်ရှင်းရေး ပုံမှန်သွားလုပ်ပါ။ ပိုးသတ်ဆေးပါတဲ့ ခံတွင်းသန့်ဆေးရည်တွေကလည်း အကူအညီဖြစ်ပါတယ်။ အချို့လေ့လာချက်တွေမှာ လျှပ်စစ်သွားတိုက်တံဟာ ရိုးရိုးသွားပွတ်တံတွေထက် ပိုပြီးအကျိုးသက်ရောက်မှုရှိတယ်လို့ ဖော်ပြထားပါတယ်။• ဆေးလိပ်မသောက်ပါနဲ့ သို့မဟုတ် အခြားဆေးရွက်ကြီးပါတဲ့ ပစ္စည်းတွေကို မသုံးစွဲပါနဲ့။ ဆေးရွက်ကြီးတွေဟာ Trench mouth (ပြင်းထန်သွားဖုံး ပိုးဝင်ရောင်ရမ်းခြင်း) ဖြစ်နိုင်ချေများတဲ့အချက်တွေထဲမှာ ထိပ်ဆုံးကဦးဆောင်နေပါတယ်။• ကျန်းမာရေးနဲ့ညီညွတ်အောင်စားပါ။ အသီးအနှံနဲ့ဟင်းသီးဟင်းရွက်တွေများများစားပါ။ ပြုပြင်ထားတဲ့ အစေ့အနှံတွေထက် သဘာဝအစေ့အနှံတွေကိုရွေးချယ်ပါ။ ငါး နဲ့ပဲတွေလို ပရိုတိန်းပါတဲ့ ကျန်းမာစေတဲ့အရာတွေကိုစားပါ။ အဆီနည်းနို့ထွက်ပစ္စည်းတွေကို ရွေးချယ်ပါ။• စိတ်ဖိစီးမှုတွေကိုလျှော့ချပါ။ စိတ်ဖိစီးမှုတွေဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေနိုင်တာကြောင့် ဒါကိုထိန်းချုပ်နိုင်ဖို့ကြိုးစားတာက သင့်အတွက်အရာအားလုံးအဆင်ပြေစေဖို့ မရှိမဖြစ် အရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ အနားယူခြင်းနည်းလမ်းတွေ၊ ယောဂနဲ့ ဝါသနာပါရာကို လုပ်ခြင်း စတာတွေဟာ စိတ်ဖိစီးမှုတွေကိုကျော်လွှားစေနိုင်မယ့် ကျန်းမာရေးနဲ့ညီတဲ့ နည်းလမ်းတွေပါပဲ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/gum-mouth-diseases/%e1%80%95%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%91%e1%80%94%e1%80%ba%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%96%e1%80%af%e1%80%b6%e1%80%b8%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%9d%e1%80%84/
null
null
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%96%e1%80%bc%e1%80%b0%e1%80%85%e1%80%84%e1%80%ba%e1%80%85%e1%80%b1%e1%80%99%e1%80%9a%e1%80%b7%e1%80%ba-%e1%80%a1%e1%80%9c%e1%80%bd/
နှင်းဆီ (Rose) ရဲ့ကျန်းမာရေးအရ အသုံးဝင်ပုံများ
နှင်းဆီပန်းက ကျန်းမာရေးကိုအထောက်အကူဖြစ်စေလိမ့်မယ်၊လို့ တစ်ခါလေးတောင်မစဉ်းမိခဲ့ပါဘူး။ ဒါပေမယ့်နှင်းဆီပန်းရဲ့ အဆီအနှစ်တွေကရှေးယခင်ခေတ်ကာလတွေကတည်းက ကိုယ်ခန္ဓါ၊ စိတ်နဲ့အရေပြားတို့အတွက်ကောင်းကျိုးပြုတာတွေအများအပြားရှိခဲ့တာဖြစ်ပါတယ်။ နှင်းဆီပန်းကို အလှအပအတွက်အသုံးပြုနိုင်တယ်လို့တော်တော်များများသိပြီးဖြစ်ပေမယ့် နှင်းဆီပန်းရဲ့ပွင့်ချပ်လေးတွေက လိင်မှုဘဝကို အားဖြည့်ပေးသလို စိတ်ဖိစီးမှုတွေကို တိုက်ဖျက်ပေးနိုင်တဲ့အပြင် ကိုယ်အလေးချိန်ကိုလည်းကျဆင်းစေနိုင်တယ်ဆိုတာကိုတော့သိပ်မသိကြသေးပါဘူး။နှင်းဆီကမျိုးစိတ်ပေါင်း ၁၀၀ကျော်ရှိပြီး အရောင်အသွေးအမျိုးမျိုးရှိပါတယ်။ နှင်းဆီပင်ဟာ အာရှမျိုးရင်းပင်ဖြစ်ပြီးနောက်ပိုင်းမှာမှ မြောက်အမေရိက၊ ဥရောပ နဲ့မြောက်အာဖရိကတို့လိုမျိုး ကမ္ဘာ့နိုင်ငံတော်တော်များများမှာရှင်သန်ပေါက်ရာက်လာတာဖြစ်ပါတယ်။ကိုယ်အလေးချိန်ကျစေနိုင်ခြင်း –နှင်းဆီပန်းရဲ့ ပွင့်ချပ်ထဲမှာပါတဲ့ဒြပ်ပေါင်းတွေက ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုကိုလည်း တိုးတက်စေနိုင်စွမ်းရှိပါတယ်။ နှင်းဆီပွင့်ချပ်လက်တစ်ဆုပ်စာလောက်ကိုစားသုံးပေးမယ် ဆိုရင် စိတ်ကျေနပ်မှုရရှိစေပြီး အဆာခံနိုင်စေမှာဖြစ်တာကြောင့် သဘာဝအတိုင်းကိုယ်အလေးချိန်လျှော့ချစေနိုင်မယ့်နည်းတစ်ရပ်ပါ။သဘာဝ ကာမအားတိုးဆေးတစ်ရပ် –နှင်းဆီပန်းဟာ အချစ်သင်္ကေတတစ်ရပ်ဖြစ်ရုံသာမက သဘာဝကာမအားတိုးဆေးတစ်ရပ်လည်းဖြစ်ပါတယ်။ နှင်းဆီရဲ့ပွင့်ချပ်တွေက လိင်စိတ်တက်ကြွလာအောင်လှုံ့ဆော်ရာမှာတော်တော်လေးထိရောက်ပါတယ်။ နှင်းဆီပွင့်ချပ်တွေက နှလုံးခုန်သံကို စည်းချက်မျန်အောင်ထိန်းညှိပေးနိုင်သလို စိတ်ခံစားမှုနဲ့အာရုံကြောစနစ်တွေကိုကောင်းမွန်စေပါတယ်။စိတ်ဖိစီးမှုနဲ့စိတ်ဓါတ်ကျမှုတွေကိုပြေလျော့စေခြင်း –ပင်ပန်းနွမ်းလျတာနဲ့စိတ်ဖိစီးမှုများတာကြောင့် အိပ်မပျော်တာနဲ့စိတ်ဂနာမငြိမ်တာတွေဖြစ်စေပြီး အဆိုပါအကျိုးဆက်တွေကြောင့် စိတ်ဆိုးလွယ်တာနဲ့ အမျိုးသမ်းတွေမျာ လိင်စိတ်ကုန်ခမ်းတာမျိုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ နှင်းဆီပွင့်ချပ်တွေနဲ့ ပွင့်ချပ်တွေရဲ့ အဆီက အဆိုပါ လက္ခဏာတွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။Paraíba-Caixa တက္ကသိုလ်Physiology and Pathology/LTF ဌာနက လုပ်ဆောင်ခဲ့တဲ့လေ့လာမှုတစ်ရပ်မှာ နှင်းဆီပန်းရဲ့အဆီက စိတ်ငြိမ်စေနိုင်စွမ်းရှိတယ်။ လို့တွေ့ရှိခဲ့ပါတယ်။လိပ်ခေါင်း လက္ခဏာတွေကို သက်သာအောင်အထောက်အပံ့ပေးနိုင်ခြင်း –နှင်းဆီပွင့်ချပ်တွေက လိပ်ခေါင်းကိုကုသနိုင်တဲ့ သဘာဝဆေးတစ်မျိုးပါ။ နှင်းဆီပန်းမှာ အမျှင်ဓါတ်နဲ့ရေဓါတ်ကြွယ်ဝစွာပါဝင်သလို ခန္ဓါကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်းအားဖြင့် အစာကြေညက်အောင်ထောက်ပံ့ပေးပါတယ်။ နှင်းဆီရဲ့ အဆိုပါအစွမ်းတွေက လိပ်ခေါင်းကြောင့်သွေးကျတာကို သက်သာစေသလို နာကျင်မှုကိုလည်းလျော့ပါးစေပါတယ်။ဝက်ခြံပျောက်စေနိုင်ခြင်း –ဝက်ခြံတွေအများကြီးထွက်နေရင် နှင်းဆီပန်းကို သဘာဝဝက်ခြံပျောက်ဆေးတစ်ရပ်အနေနဲ့အသုံးပြုနိုင်ပါတယ်။rosewater ကိုလည်း ဝက်ခြံပျောက်အောင်အသုံးပြုနိုင်ပါတယ်။ အစိုဓါတ်ကိုထိန်းပေးပြီး နှင်းဆီပွင့်ချပ်မှာပါတဲ့ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့အစွမ်းက ဝက်ခြံတွေကို ညှိုးခြောက်သွားအောင်လုပ်ဆောင်ပေးပါတယ်။ ပိုးမွှားတွေကိုသေစေနိုင်တဲ့phenyl ethanol ပါရှိမှုကြောင့်rosewater ကဝက်ခြံတွေကိုထိထိရောက်ရောက်နှိမ်နှင်းပေးနိုင်ပါတယ်။နှုတ်ခမ်းကိုအရောင်တက်စေနိုင်ခြင်း –နှုတ်ခမ်းကိုအရောင်တက်စေဖို့အတွက် နှင်းဆီပန်းကိုအသုံးပြုပေးနိုင်ပါတယ်။ နှင်းဆီပန်းက နှုတ်ခမ်းကိုပန်းရောင်သွေးသန်းစေရုံသာမက နူးညံ့စေပါတယ်။ အရေပြားကိုလည်း အစိုဓါတ်ထိန်းပေးပြီး ဝင်းလက်တောက်ပစေပါတယ်။ နှင်းဆီပန်းက နှုတ်းခမ်းပေါ်ကဆဲလ်သေတွေကိုဖယ်ရှားပေးပြီး နှုတ်ခမ်းသားကိုပြည့်စေနိုင်ပါတယ်။နှလုံးရောဂါနဲ့ အိတ်ခ်ျအိုင်ဗွီရောဂါတွေအပေါ်မှာ ထိရောက်တဲ့အကျိုးသက်ရောက်မှုရှိခြင်း –နှင်းဆီပန်းမှာပါတဲ့ cyanidin-3-O-β-glucoside လို့ခေါ်တဲ့ဒြပ်ပေါင်းအသစ်တစ်မျိုးက နှလုံးစွမ်းဆောင်ရည်တွေတိုးတက်အောင်ထိထိရောက်ရောက်လုပ်ဆောင်ပေးနိုင်စွမ်း ရှိပါတယ်။ နှင်းဆီပန်းမှာပါဝင်တဲ့ အခြားဒြပ်ပေါင်းဖြစ်တဲ့Kaempferolဒြပ်ပေါင်းက အိတ်အိုင်ဗွီရောဂါကူးစက်ခံထားရတဲ့ ဆဲလ်တွေကို တိုက်ဖျက်နိုင်စွမ်းရှိတယ်၊လို့ဆိုပါတယ်။နှင်းဆီရေနွေးကြမ်းက ကူးစက်ရောဂါတွေကို ကုသနိုင်ခြင်း –နှင်းဆီပွင့်ချပ်တွေနဲ့လုပ်ထားရေနွေးကြမ်းက အသည်းကနေ သည်းခြေရည် ထွက်အောင်လှုံ့ဆော်ပေးနိုင်ပြီး သည်းခြေအိတ်ကိုလည်း သန့်စင်အောင်အထောက်အကူပြုပေးပါတယ်။လေပြွန်နဲ့ပတ်သက်တဲ့ ကူးစက်ရောဂါလက္ခဏာတွေကိုလျော့ကျစေနိုင်သလို လည်ချောင်းနာတာကိုလည်းသက်သာစေပါတယ်။နှင်းဆီပေါင်းခံရည်က ဝမ်းချုပ်တာကိုသက်သာစေခြင်း –နှင်းဆီပေါင်းခံရည်က ဝမ်းချုပ်တာကို သက်သာစေသလိုသွေးကိုလည်းသန့်စေပါတယ်။ စိတ်ခံစားမှုကိုလည်းကောင်းမွန်အောင်လုပ်ဆောင်ပေးပါတယ်။ရေကျောက်နဲ့ဝက်သက်ရောဂါတွေကုသရာမှာလည်း နှင်းဆီပေါင်းခံရည်ကို အသုံးပြုနိုင်ပါတယ်။ အသေးစားဖျားနာမှုတွေအတွက် နှင်းဆီပေါင်းခံရည်ကိုအသုံးပြုနိုင်ပါတယ်။နှင်းဆီရေနွေးကြမ်းက ဝမ်းချုပ်တာကိုသက်သာစေခြင်း –နှင်းဆီပွင့်ချပ်၊ အရွက်၊ နှင်းဆီပွင့်ခံရွက်တွေနဲ့လုပ်ထားတဲ့ရေနွေးကြမ်းက အဖျားကိုကျစေနိုင်ပါတယ်။ အဆိုပါရေနွေးကြမ်းက ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလိုအရေပြားပေါ်က နီမြန်းမှုတွေကိုလည်းလျော့ကျစေနိုင်ပါတယ်။ နှင်းဆီပန်းရေနွေးကြမ်းမှာပါတဲ့ ဖလေဗာနွိုက်က ကိုယ်ခံအားစနစ်တိုးတက်ကောင်းမွန်အောင် အထောက်အပံ့ပေးပါတယ်။ နှာစေးတာနဲ့ချွဲကြပ်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။သတိပြုဖွယ်ရာများ။-နှင်းဆီပန်းရေနွေးကြမ်းကို ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေမသောက်သင့်ပါဘူး။-ဆီးချို (သို့)သွေးအားနည်းရောဂါရှိသူတွေအနေနဲ့ နှင်းဆီရေနွေးကြမ်းမသောက်သင့်ပါဘူး။-ဆေးဝါးတွေမှီဝဲနေရတယ်ဆိုရင်လည်းဆေးဝါးတွေနဲ့ ဓါတ်ပြုတာမျိုးဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ဆွေးနွေးပြီးမှသာသောက်သုံးသင့်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/health-benefits-of-rose/
အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါရှိသူတွေ သတိထားရမယ့် စားသောက်မှုပုံစံ
အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ ဆိုတာကို အရင်က တော်တော်များများက သတိမထားမိပါဘူး။ များသောအားဖြင့် သိလိုက်ကြတာက အိပ်ရင် ဟောက်တတ်တယ်လို့ပဲပေါ့။ တကယ်တော့ အိပ်ရင်း ဟောက်နေရင်းက ရုတ်တရက် ခဏတာ အသက်ရှူ ပိတ်သွားတာမျိုးရှိပါတယ်။ ဒီအခြေအနေကို အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါလို့ ခေါ်တာပါ။အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကအဝလွန်သူတွေမှာ အဖြစ်များသလိုကျန်းမာရေးပြဿနာတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါတွေတင်လားဆိုတော့ မဟုတ်သေးပါဘူး။ စားလိုက်တဲ့ အစားအစာတွေကလည်း အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ အပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ဒီတစ်ခေါက်တော့ အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါရှိသူတွေ သတိထားရမယ့် စားသောက်မှုပုံစံ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ဝတဲ့ လူတိုင်းမှာ အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ မဖြစ်ပေမဲ့ အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါဖြစ်တဲ့သူ အများစုက အဝလွန်တဲ့သူတွေပါ။ ဒါကြောင့် အလွယ်ပြောရရင် အဝမလွန်အောင်  အစားအသောက်ကို သတိထား၊ ဝစေမဲ့ အစားအစာတွေကို ရှောင်လို့ ပြောချင်တာပါပဲ။သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေက အာဟာရတွေ ကြွယ်ဝသလို အမျှင်ဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အမျှင်ဓာတ်တွေက အဆာခံနိုင်စေပြီး အလွန်အကျွံ မစားမိအောင် ကာကွယ်ပေးနိုင်ပါတယ်။ အဝမလွန်အောင်လည်း ကာကွယ်ပြီးသား ဖြစ်ပါတယ်။ဗီတာမင် D၊ ပရိုတင်း၊ ကယ်လ်ဆီယမ်တို့ ကြွယ်ဝစွာပါဝင်နေတဲ့ အဆီထုတ်ထားတဲ့ နို့ ဒါမှမဟုတ် အဆီပါဝင်မှု နည်းတဲ့ နို့ထွက်ပစ္စည်းတွေက အဆာခံနိုင်စေပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရအောင် ထိန်းညှိပေးသလို အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ မဖြစ်အောင် ကာကွယ်ပေးပြီး ကိုယ်အလေးချိန် ထိန်းညှိခြင်းအားဖြင့် သက်သာလာစေဖို့လည်း ထောက်ကူပေးပါတယ်။အဝလွန်တာကို အကြောင်းအရင်း တစ်ချက်က ပြည့်ဝဆီတွေပါ။ တိရစ္ဆာန်ကနေ ရတဲ့ အဆီတွေပေါ့။ ဒါကြောင့် စားသုံးဆီ ရွေးတဲ့အခါ အပင်ကနေ အခြေခံပြီး ထုတ်ထားတဲ့မပြည့်ဝဆီတွေကို ရွေးချယ်ဖို့ လိုပါမယ်။ ဥပမာ – နေကြာဆီ၊ သံလွင်ဆီ၊ နှမ်းကြတ်စေ့ဆီ၊ ကာနိုလာဆီ၊ ပဲပိစပ်ဆီ စတာတွေပါ။နှံစားသီးနှံတွေကလည်း သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေလိုပါပဲ အမျှင်ဓာတ် ကြွယ်ဝသလို အာဟာရလည်း ကြွယ်ဝပါတယ်။ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဆာခံနိုင်စေပြီး အလွန်အကျွံ စားမိတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါကြောင့် ဂျုံကြမ်းပေါင်မုန့်၊ အုတ်ဂျုံ၊ ဆန်လုံးညို စတာတွေကို စားသုံးပေးပါ။အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါရှိသူတွေ အနေနဲ့ နေ့စဉ် စားသုံးမှုမှာ ဒါတွေ မပါအောင် ဂရုစိုက် စားသုံးဖို့ လိုပါမယ်။ငှက်ပျောသီးက ကျန်တဲ့အချိန်မှာ စားလို့ရပါတယ်။ အိပ်ခါနီးမှာတော့ စားတာရှောင်သင့်ပါတယ်။ အထူးသဖြင့် အမှည့်လွန်တဲ့ အသီးတွေပါ။ လည်ချောင်းထဲမှာ အချွဲဖြစ်စေတာကြောင့် အိမ်နေတုန်း ဟောက်နိုင်ခြေရှိပါတယ်။အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေက စားသင့်တယ်ဆိုပေမယ့် အဆီများတဲ့ နို့ထွက်ပစ္စည်းတွေကိုတော့ ရှောင်ဖို့ လိုပါမယ်။ အကြောင်းအရင်းကတော့ ရှင်းပါတယ်။ အဆီများတာက အဝလွန်စေနိုင်ပြီး အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ ဖြစ်နိုင်ခြေ တိုးစေသလို ပိုဆိုးနိုင်ခြေလည်း များစေပါတယ်။အဆီများတဲ့ အသားတွေ အထူးသဖြင့် အမဲသား၊ ဝက်သားတွေက အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ ကို ပိုဆိုးစေနိုင်ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ကြက်သားကို ကြော်စားတာ၊ ငါးကို ကြော်စားတာကလည်း အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ ကို ပိုဆိုးစေနိုင်ပါတယ်။ အဓိကကတော့ အဆီများတဲ့ အစားအစာတွေကို ရှောင်ဖို့ပါပဲ။သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်နဲ့ လုပ်ထားတဲ့ အစားအစာတွေမှာ သကြား ပါဝင်မှုကလည်း များပါတယ်။ ဒီလို အချိုပါဝင်မှု များတာက အဝလွန်စေနိုင်ပြီး အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ ဖြစ်နိုင်ခြေ များစေသလို အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ပေါင်မုန့်အဖြူလိုမျိုး အစားအစာတွေကို လျှော့စားပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-apnea/diet-for-for-sleep-apnea/
နာကျင်မှုကို သာယာကြသူများ (Sadomasochism)
“Fifty Shades of Grey” ဆိုတာ သိကြမယ်ထင်ပါတယ်။ စာရေးဆရာမ E.L.James ရဲ့ အလွန်ရောင်းအားကောင်းတဲ့ စာအုပ်ဖြစ်ခဲ့ပြီး Fifty Shades of Grey, Fifty Shades Darker နဲ့ Fifty Shades Freed ဆိုပြီး စာအုပ် ၃ အုပ်ရှိပါတယ်။ ရုပ်ရှင်ဇာတ်ကားအဖြစ်လည်းပြန်လည်အသက်သွင်းထားပြီး မကြာခင်မှာနောက်ဆုံး ၃ ကားမြောက်ဖြစ်တဲ့ Fifty Shades Freedတောင် ထွက်လာတော့မှာဖြစ်ပါတယ်။ ဒီစာအုပ်ဖတ်ရင်ပဲဖြစ်ဖြစ် ရုပ်ရှင်ကြည့်ရင်ပဲဖြစ်ဖြစ် ပရိသတ်တွေ ခံစားရမှာတွေကတော့ “လွှမ်းမိုးမှု နဲ့ နာကျင်မှုကို သာယာတဲ့ လိင်ဆက်ဆံခြင်း” ဆိုတဲ့ မျက်စိကို အဝတ်နဲ့အုပ်ပြီး ခုတင်တိုင်တွေမှာ လက်တွေကို ကြိုးတုပ်တာတွေ၊ ကြာပွတ်နဲ့ ရိုက်တာ၊ ကိုယ်ပေါ်ကို ဖယောင်းစက်တွေ ချတာအပြင် တခြားပိုမိုပြင်းထန်တာတွေလည်း ရှိပါသေးတယ်။ အသေးစိတ်တွေကိုတော့ စာအုပ်နဲ့ ရုပ်ရှင်တွေထဲမှာ ပါပါတယ်။ အသက် ၁၈ နှစ်အောက်တွေ သို့မဟုတ် မိသားစုနဲ့ အတူ ကြည့်ရှုရန်တော့ မသင့်တော်ပါဘူး။ ဒီထဲမှာပြထားတဲ့ နာကျင်မှုကို သာယာကြသူများ (Sadomasochism) အကြောင်းလေး ပြောပြပေးချင်ပါတယ်။ဒီဆောင်းပါးမှာတော့ Fifty shades of Grey ထဲကလို နာကျင်မှုတွေကိုသာယာတဲ့လိင်ဆက်ဆံခြင်းဆိုတာဘာလဲဆိုတဲ့အကြောင်း တင်ပြမှာဖြစ်ပါတယ်။နာကျင်မှုကို သာယာကြသူများ (Sadomasochism) ဆိုတာ လိင်ဆက်ဆံစဉ် မိမိကိုယ်ကို သို့မဟုတ် မိမိအဖော်အား နာကျင်စေခြင်း၊လွှမ်းမိုးခြင်းမှ ရရှိသော စိတ်ခံစားမှုအား သာယာခြင်း၊ ကြိုက်နှစ်သက်ခြင်းကို ဆိုလိုပါသည်။ဖြစ်စေတဲ့ အကြောင်းအရာရယ်လို့တော့ တိတိကျကျမရှိပါဘူး။ သူ့ဖာသာသူဖြစ်လာနိုင်သလို၊ တချို့ကလည်း မျိုးရိုးလိုက်တာဖြစ်နိုင်တယ်လို့လေ့လာမှုအချို့အရသိရှိရပါတယ်။စိတ်ရောဂါအထူးကုပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်တွေအရဆိုရင် ဒီလို သာယာမှုမျိုးကို ပညာတတ်အသိုင်းအဝိုင်းတွေ၊ လူကုံထံ အဆင့်အတန်းမြင့်တဲ့ သူတွေမှာတွေ့ရများပါတယ်။Charles Moser, Ph.D., M.D., of the Institute for Advanced Study of Human Sexuality in San Francisco(ဆန်ဖရန်ဆစ်စကိုက လူသားလိင်မှုဆိုင်ရာအဆင့်မြင့်လေ့လာရေး တက္ကသိုလ်မှ ပညာရှင် ချားလိစ်မိုဆာ) ဆိုသူက ဒီလိုလူတွေ ဘာလို့ ကြိုးတုပ်ခံချင်ကြရလဲ သို့မဟုတ် ကြာပွတ်တွေနဲ့အရိုက်ခံချင်ကြရလဲဆိုတာကိုလေ့လာကြည့်တဲ့ အခါမှာ အံ့အားသင့်ဖွယ် ကွဲပြားခြားနားကြတာကိုတွေ့ရှိခဲ့ရပါတယ်။သူ့ရဲ့လေ့လာမှုတွေထဲမှာ ဂျိမ်း ဆိုတဲ့ အမျိုးသားတစ်ဦးရဲ့ ဝန်ခံချက်အရ သူဟာ ဒါကို ကလေးဘဝတည်းက စွဲလမ်းစိတ်ရှိနေခဲ့ကြောင်းသိရှိရပါတယ်။ ဂျိမ်းဟာ ငယ်စဉ်က စစ်တိုက်တမ်းကစားတိုင်း သုံ့ပန်းအဖြစ် အမြဲတမ်း ကြိုးတုပ်ပြီး အဖမ်းခံချင်ခဲ့ပါတယ်။ သူ့ကိုယ်သူ စိတ်ရောဂါတစ်ခုဖြစ်နေသလားဆိုပြီးကြောက်ရွံ့နေခဲ့ပါသေးတယ်။ သို့သော် အရွယ်ရောက်လာတဲ့အခါမှာတော့ ဒီလိုဖြစ်နေတာကို ဂုဏ်ယူလို့ပင်နေပါတော့တယ်။ ဂျိမ်းဟာ အာရုံစူးစိုက်တယ်၊ ဉာဏ်ရည်ထက်မြက်တယ်၊ အလုပ်မှာလည်း သြဇာအာဏာရှိပြီးသူတစ်ပါးအပေါ်မှာလည်း လွှမ်းမိုးနိုင်တဲ့ မန်နေဂျာတစ်ယောက်ဖြစ်နေပါပြီ။ သို့သော် သူဟာ S & M ( Sadomasochism ) လိင်ကစားနည်းထဲရောက်သွားတဲ့အခါ မူးယစ်ဆေးသုံးစွဲထားသူကဲ့သို့ ယစ်မူးမျောလွင့်နေပါတော့တယ်။ သူ့ကို တုပ်ထားတဲ့ ကြိုးတွေ ပိုပြီးတင်းကြပ်လေ၊ နာကျင်မှုတွေ ထပ်ပေးလေ သူဟာပိုမို တည်ငြိမ်လာပြီး သူ့သခင်မ အလိုကျလိုက်နာမယ့် အစေခံတစ်ယောက်လိုဖြစ်သွားပါတော့တယ်။ ဂျိမ်းပြောလေ့ရှိတယ့် စကားကတော့ “တချို့လူတွေက လွတ်မြောက်ဖို့အတွက် ချုပ်နှောင်ခံလိုကြတယ်” ဆိုပြီးဖြစ်ပါတယ်။ရာစုနှစ်ပေါင်းများစွာ ဒီလိုမျိုး သာယာတတ်တဲ့သူတွေကိုစိတ်ရောဂါဝေဒနာခံစားနေသူတွေ အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ များသောအားဖြင့်က ငယ်ရွယ်စဉ်က အနိုင်ကျင့်ခံရသူတွေ၊ မိဘက ရိုက်နှက်အပြစ်ပေးခံရတဲ့သူတွေမှာ ဖြစ်လာဖို့အလားအလာပိုရှိပါတယ်။ သို့သော် S&Mက သူ့ဖာသာဖြစ်လာတာတွေလည်းရှိလာပြီး ၁၉၈၀ ခုနှစ်ပိုင်းလောက်မှာတော့ အမေရိကန် စိတ်ရောဂါပညာရှင် အဖွဲ့အစည်းမှ S & M (နာကျင်မှုကို သာယာတဲ့ လိင်ဆက်ဆံခြင်း) ကို စိတ်ရောဂါ မဟုတ်ကြောင်းဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ၁၉၇၃ တုန်းက လိင်တူဆက်ဆံသူတွေကို စိတ်ရောဂါမဟုတ်ကြောင်းလက်ခံပေးလိုက်သလိုမျိုး သဘာဝလွန်လိင်ဆက်ဆံမှုပြုသူတွေအတွက် ကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်စေခဲ့ပါတယ်။ ဘာဖြစ်လို့ ဒီလိုဆုံးဖြတ်လိုက်တာလဲဆိုရင် ကျွမ်းကျင်ပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်တွေအရ ၎င်းသာယာမှုဟာ ပုံမှန်အခြေအနေတစ်ခုဖြစ်ရုံမက ကောင်းကျိုးလဲရှိကြောင်းတွေရှိရပါတယ်။ ပုံမှန်သဘာဝအတိုင်းလိင်ဆက်ဆံသူတွေမှာ မရနိုင်တဲ့ လိင်နှင့် စိတ်ခံစားမှုစွမ်းအင်အသစ်တွေရရှိနိုင်တယ်လို့ နားလည်သဘောပေါက်လာကြပါတယ်။Roy Baumeister, Ph.D., a social psychologist at Case Western Reserve University ( လူမှုဆက်ဆံရေး စိတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ ရိုင်းဘောမိုင်စတာ) ရဲ့ပြောကြားချက်အရ “ဒါဟာ လိင်ဆက်ဆံမှုသက်သက်တစ်ခုတည်း မဟုတ်ပါဘူး။ ဒါဟာ အလုံးစုံပြီးပြည့်စုံတဲ့ စိတ်ထွက်ပေါက်တစ်ခုလည်းဖြစ်နိုင်ပါတယ်” လို့ဆိုပါတယ်။S & Mတွေဟာ လိင်ဆက်ဆံမှုပြုတဲ့အခါမှာ တစ်ဦးပေါ်တစ်ဦး လွှမ်းမိုးနိုင်မှုစွမ်းအားတွေ ဖလှယ်ကြတာဖြစ်ပါတယ်။ နာကျင်အောင်ပြုလုပ်တဲ့ အခါမှာလည်း အနာခံလိုသူရဲ့ ခံနိုင်မှုအတိုင်းအတာထက်လွန်ပြီး ပြုလုပ်ခြင်း သို့မဟုတ်ရောဂါပိုးဝင်နိုင်လောက်တဲ့အနာဖြစ်အောင် ပြုလုပ်ခြင်းတွေ မလုပ်ကြပါဘူး။ တစ်ဦး နဲ့ တစ်ဦးသဘောတူညီချက်တွေထားရှိပြီးတော့မှာ ဒီလိင်ကစားနည်းကို ကစားရပါတယ်လို့မြောက်အမေရိကတစ်လျှောက်က S&M workshop သင်တန်းကျောင်းတွေမှာ သင်ကြားပေးနေတဲ့ S&M ပညာရှုင် လီလီဖိုင်းရဲ့ပြောကြားချက်အရ သိရှိရပါတယ်။ပြဿနာရှိတာကတော့ Sexual Sadism ( လိင်ဆက်ဆံရာတွင် ရက်စက်ခြင်း၊ညှင်းပန်းနှိပ်စက်ခြင်းကို သာယာခြင်း) နဲ့ S&M ကို မှားတတ်ကြပါတယ်။ Sadism ဟာ S&M လို သဘောတူညီမှုယူထားခြင်းမျိုးမဟုတ်ပဲ စိတ်မပါတဲ့လူတစ်ယောက်အပေါ်မှာ အဓမ္မညှင်းပန်းနှိပ်စက်ခြင်း၊ အနိုင်ကျင့်ခြင်းကို သာယာယစ်မူးခြင်းဖြစ်ပါတယ်။ Sadism ကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အထိဖြစ်နိုင်ပါတယ်။S&M ဟာရောဂါတစ်ခုမဟုတ်တဲ့အတွက်ပျောက်ကင်းစေတဲ့ဆေးရယ်လို့တော့ မရှိပါဘူး။ သို့သော် တခြားရောဂါတွေနဲ့တော့ တွဲဖက်ပြီးရှိနိုင်ပါတယ်။ ဥပမာ လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါ၊နှလုံးရောဂါ၊သွေးတိုး၊ဆီးချို စတာတွေကိုတော့ ကုသဖို့လိုအပ်ပါတယ်။အချုပ်အားဖြင့်ဆိုရသော် S&M ဟာ လိင်ဆက်ဆံတာကိုတောင် ရှက်စရာလို့ မှတ်ယူထားတဲ့ ကျွန်တော်တို့ လူမျိုးတွေမှာတော့တွေ့ရခဲနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာတစ်လွှားမှာရှိတယ့် ဟိုတယ်ခန်းတွေ၊ မိုတယ်တွေ၊ လူနေအိမ်တွေထဲက အိပ်ရာခန်းတွေထက်မှာတော့ သရုပ်ဆောင်လိုတဲ့ဇာတ်ကောင်တွေအတိုင်း ဝတ်ဆင်ထားတဲ့သူတွေ၊ပျော်ပျော်ကြီး ကြိုးတုပ်ခံပြီး အပြစ်ပေးခံဖို့ အသင့်ဖြစ်နေသူတွေ၊ ကြာပွတ်သံတွေတရွှမ်းရွှမ်းနဲ့အော်ဟစ်သံတွေ၊ရယ်မောသံတွေကတော့ ဆက်လက်ပြီး ကြားနေရဦးမှာပါပဲ။ သူတို့ပြောသလိုပဲ “ဒါဟာ လိင်ဆက်ဆံရုံသက်သက်တစ်ခုတည်း မဟုတ်တော့ပါဘူး။ပြီးပြည့်စုံတဲ့ စိတ်ထွက်ပေါက်တစ်ခုပါ” တဲ့။ကျွန်တော်တို့ လူသားတွေက စိတ်ဝင်စားဖို့တော့ကောင်းသားဗျ…နော်။ ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/sadomasochism/
သွားကျန်းမာရေး - ဦးခေါင်းခွံနဲ့ မေးရိုးကို ဆက်ပေးထားသော မေးရိုးဆစ်မူမမှန်ပြဿနာ
Temporomandibular Joints လို့ခေါ်တဲ့ TMJတွေဟာ သင့်ပါးစပ်ကို ဖွင့်လို့ပိတ်လို့ရအောင်လုပ်ပေးတဲ့ မေးရိုးဆစ် (ဦးခေါင်းခွံနဲ့မေးရိုးကို ဆက်ပေးထားသောအဆစ်) နဲ့ကြွက်သားတွေပါ။ ခေါင်းရဲ့တစ်ဖက်တစ်ချက်စီမှာရှိပြီး သင်ဝါးတဲ့အချိန်၊ စကားပြောချိန် သို့မဟုတ် မြိုချတဲ့အချိန်တွေမှာ TMJက တစ်ပြိုင်နက်အလုပ်လုပ်ပေးပြီး သူ့မှာ ကြွက်သားတွေ၊ အရွတ်တွေနဲ့ မေးရိုးတွေပါဝင်ပါတယ်။ သူတို့တွေဟာ အောက်မေးရိုး (mandible)ကိုထိန်းချုပ်ပြီး ရှေ့ကို၊နောက်ကိုနဲ့ဘေးတိုက်တွေရွေ့လျားစေပါတယ်။TMJတစ်ခုချင်းစီရဲ့ အံခွက်(socket)နဲ့ ဂုံညင်းကြားမှာ (ball) ချပ်ပြား(disc)လေးတစ်ခုစီရှိပါတ်ယ။ ဒီdisc လေးက မေးကိုအကျယ်ကြီးဖွင့်နိုင်ဖို့ နဲ့ ရွေ့လျားနိုင်ဖို့ သက်ရောက်လာတဲ့ ဝန်တွေကို ခံပေးပါတယ်။ ကြွက်သားတွေ၊ အရွတ်တွေ၊ discs တွေနဲ့ အရိုးတွေရဲ့ ရှုပ်ထွေးတဲ့စနစ်တွေနဲ့ ပုံမှန်စနစ်တကျအလုပ်လုပ်နေတာကိုတားဆီးလိုက်တဲ့ ဘယ်ပြဿနာမဆို နာကျင်စေတဲ့ TMJ မူမမှန်ပြဿနာကိုဖြစ်စေနိုင်ပါတယ်။TMJ disorder ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။• မေးရိုးနာကျင်မှု။• နားပတ်ဝန်းကျင်နဲ့ အတွင်းမှာ နာကျင်မှု။• ဝါးရာမှာခက်ခဲခြင်း သို့မဟုတ် အဆင်မပြေခြင်း။• မျက်နှာ နာကျင်မှု။• အဆစ်တွေကို မလှုပ်ရှားနိုင်ခြင်း၊ ကြပ်နေစေခြင်း၊ ဒီလိုဖြစ်ခြင်းဟာ ပါးစပ်ဖွင့်ရာပိတ်ရာမှာ ခက်ခဲစေနိုင်ပါတယ်။TMJ disorder (မေးရိုးဆစ် မူမမှန်ပြဿနာ) ဟာ သင့်ပါးစပ်ကိုဖွင့်တဲ့အချိန်သို့မဟုတ် ဝါးတဲ့အချိန်တွေမှာ ကလစ်ကလစ်အသံ သို့မဟုတ် မနှစ်မြို့ဖွယ်အသံ ကိုထွက်ပေါ်စေပါတယ်။ ဒါပေမယ့် သင့်မေးရိုးလှုပ်ရှားမှုနဲ့ဆက်စပ်တဲ့ နာကျင်မှုတွေနဲ့ လှုပ်ရှားနိုင်စွမ်းတွေမှာ ခက်ခဲမှုမရှိခဲ့ဘူးဆိုရင် TMJ disorder (မေးရိုးဆစ် မူမမှန်ပြဿနာ) အတွက် ကုသမှုတွေကိုခံယူစရာမလိုလောက်ပါဘူး။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ကာလရှည်ကြာ မေးရိုးမှာနာကျင်မှုနဲ့ တင်းကြပ်နေမှုကိုခံစားနေရရင် သို့မဟုတ် မေးရိုးကိုအပြည့်အဝဖွင့်လို့ပိတ်လို့မရခဲ့ရင်တော့ ဆေးကုသဖို့ပြင်ဆင်ပါ။ ဆရာဝန်၊ သွားဆရာဝန် သို့မဟုတ် TMJ (မေးရိုးဆစ်)အထူးပြုကျွမ်းကျင်ပညာရှင် က ဖြစ်နိုင်တဲ့အကြောင်းရင်းတွေနဲ့ ဖြေရှင်းကုသနိုင်တဲ့နည်းလမ်းတွေကို တိုင်ပင်ဆွေးနွေးပေးနိုင်ပါလိမ့်မယ်။ဖိအားပေးခြင်းနဲ့ဆက်စပ်တဲ့အလေ့အထတွေကိုရှောင်ကြဉ်ပါ။ ဥပမာ အံကြိတ်ခြင်း၊ သွားကြိတ်ခြင်းနဲ့ ခဲတံဝါးခြင်း စတဲ့အလေ့အထတွေကိုရှောင်ကြဉ်ခြင်းက နာကျင်တဲ့အကြိမ်အရေအတွက်ကိုလျှော့ချပေးနိုင်ပါလိမ့်မယ်။ အောက်ပါအချက်တွေကလည်း ဒီရောဂါရဲ့လက္ခဏာတွေကို လျော့နည်းသွားစေနိုင်ပါတယ်။• မေးရိုးကြွက်သားတွေကို အလွန်အကျွံအသုံးပြုခြင်းကိုရှောင်ကြဉ်ပါ။ ပျော့ပျောင်းတဲ့အစာစားပါ။ အစာကိုသေးသေးလေးဖြစ်အောင်ဖြတ်ပြီးမှစားပါ။ စေးကပ်ပြီး အဝါးခံတဲ့စားစရာတွေကို လုံးဝရှောင်ကြဉ်ပါ။ ပီကေမဝါးပါနဲ့။• ဆွဲဆန့်ခြင်း(Stretching) နှိပ်ခြင်းစတာတွေလုပ်ပါ။ ဆရာဝန်၊ သွားဆရာဝန် က မေးရိုးကြွက်သားတွေကို ဆန့်ပြီးသန်မာလာစေဖို့ လေ့ကျင့်ခန်းတွေဘယ်လိုလုပ်ပေးရမယ်ဆိုတာနဲ့ ကြွက်သားတွေကို သင်ကိုယ်တိုင် ဘယ်လိုနှိပ်ပေးရမလဲဆိုတာကို ပြပေးပါလိမ့်မယ်။• အပူဖြစ်စေ၊ အအေးဖြစ်စေ။ နွေးထွေးစိုစွတ်တဲ့အပူချိန်ရှိတဲ့အရာ သို့မဟုတ် ရေခဲကို မျက်နှာဘေးမှာကပ်ပေးခြင်းက နာကျင်မှုတွေကိုသက်သာစေပါတယ်။မေးရိုးနာကျင်မှုကို ကာကွယ်ဖို့အတွက်။• မေးရိုးနာကျင်မှုကို မကြာခဏအကြိမ်ကြိမ်ခံစားနေရတယ်ဆိုရင် ပီကေဝါးခြင်း သို့မဟုတ် ခဲတံ၊လက်သည်း အစရှိတဲ့ပစ္စည်းတွေကိုကိုက်ခြင်းကိုရှောင်ကြဉ်ပါ။ မာကြောတဲ့အစားအစာ သို့မဟုတ် အဝါးခံတဲ့အစားအစာတွေကို စားခြင်းမှရှောင်ကြဉ်ပါ။ သမ်းတဲ့အခါ အောက်မေးရိုးကို လက်နဲ့ထောက်ပံ့ပေးပါ။• ညဘက်မှာသွားကြိတ်တတ်တယ်ဆိုရင် သွားဆရာဝန်နဲ့ပြပါ။ သို့မဟုတ် သင်အံကြိတ်တာကို ကိုယ်ကိုယ်တိုင် ပြန်သိအောင်လုပ်ပါ။ သွားဆရာဝန်ကတော့ သင့်အတွက် splint (အံစွပ်) လေးလုပ်ပေးနိုင်ပါလိမ့်မယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/%e1%80%9e%e1%80%bc%e1%80%ac%e1%80%b8%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%b1%e1%80%9b%e1%80%b8-%e1%80%a5%e1%80%ae%e1%80%b8%e1%80%b1%e1%80%81%e1%80%ab%e1%80%84/
သင့်ကလေးရဲ့ဖျားနာမှုကို ဘာကဖြစ်နေစေတာလဲ
ကလေးကိုယ်ပူလာလျှင် သင်အနည်းနှင့်အများ စိုးရိမ်ပူပန်မိမည်မှာ အသေချာပင်။ တကယ်တော့ အရမ်းဆိုးဝါးနိုင်မည်ဟုလည်း မထင်ရပါ။ ဖျားခြင်းသည် အဖြစ်များပြီး မကြာခဏဆိုသလို ကုသမှုမခံယူပဲ အလိုလိုပျောက်ကင်းတတ်ပါသည်။အဖျားကိုယ်၌ကလည်း ရောဂါမဟုတ်တာကြောင့် ထိခိုက်ပျက်စီးမှုလဲ မဖြစ်စေပါ။ တစ်ခါတစ်ရံ ကလေးမှ ရောဂါပိုးကို ကာကွယ်နေသည့်လက္ခဏာဖြစ်သောကြောင့် ကိုယ်ပူခြင်းကို အကောင်းမြင်နိုင်ပါသည်။ ကိုယ်ပူတိုင်း ကုသရန်မလိုပါ။ဘယ်လိုပင်ဖြစ်ပါစေ ကိုယ်ပူခြင်းသည် ကလေးကို စိတ်ညစ်စေနိုင်ပြီး ရေဓါတ်ခမ်းခြောက်ခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။ စိတ်ကိုငြိမ်ငြိမ်ထားကာ ကိုယ်ပူကျစမည့်နည်းလမ်းများကို လိုက်နာပေးပါ။ဖျားခြင်းသည် ဟိုက်ပိုသာလမတ်မှ ကိုယ်အပူချိန်ကို ထိန်းညှိရန်ကြိုးစားနေသည့် အခြေအနေဖြစ်သည်။ (ဟိုက်ပိုသာလမတ်သည် ရေဆာခြင်း ဗိုက်ဆာခြင်းကိုလည်း ထိန်းချုပ်ပေးသည်) ၎င်းသည် သင့်လျော်မည့်ကိုယ်အပူချိန်ကို သိသည်။ ထိန်းညှိနိုင်မည့် အချက်ပြများကိုလည်း ခန္ဓါကိုယ်ဆီလွှတ်ပေး၏။ပုံမှန်မဟုတ်သည့်အခြေအနေများ ဖြစ်လာလျှင် ဟိုက်ပိုသာလမတ်သည် ရောဂါဖြစ်စေသော ဘက်တီးရီးယားများ ဗိုင်းရပ်စ်များ အသက်ရှင်ဖို့ခက်ခဲစေရန် အပူချိန်ပြောင်းလဲဖို့ လိုလာသည်။တစ်ချိုသိပ္ပံပညာရှင်များက ခန္ဓါကိုယ်အပူချိန် မြင့်တက်လာသည့်အခါ ခန္ဓါကိုယ်ကို ပိုသန်စွမ်းစေမည့် အင်ဇိုင်းများကို လှုံ့စော်ပေးပြီး အလုပ်ပိုတွင်စေသည်ဟု ယုံကြည်ကြသည်။ ကလေးတွင် ကိုယ်အပူချိန်တက်မတက်သိရန် အလွယ်ကူဆုံး အမြန်ဆုံးနည်းသည် သာမိုမီတာနှင့်တိုင်းလိုက်ရုံပင်။ကိုယ်ပူချိန်တက်ခြင်းအများစုသည် ပိုးဝင်ခြင်း သို့မဟုတ် တခြားသော ဖျားနာခြင်းများကြောင့် ဖြစ်ရ၏။ ကိုယ်အပူချိန်တက်စေသော အဖြစ်များသည့်အခြေအနေများမှာ။သင့်ကလေး၌အောက်ပါတို့ဖြစ်လျှင် ကလေးအထူးကုနှင့် ပြပါ။ဆေးခန်းသွားပြသင့်သည့် တခြားသောလက္ခဏာများ။ကလေးသည်ကိုယ်ပူနေသော်လည်း ကောင်းမွန်နေလျှင် ဆိုလိုသည်မှာ ကစားမြဲကစားပြီး သတိလည်းကောင်းကောင်းရှိနေလျှင် အပြင်းအထန်ဖျားနေခြင်း မဖြစ်နိုင်ပါ။တစ်ခါတစ်ရံ ကလေးများ၌ ကိုယ်အပူချိန်မြင့်ခြင်းက တခြားပြင်းထန်သည့် ရောဂါတစ်ခုခုမှ လက္ခဏာဖြစ်နေနိုင်ပါသည်။ဖြစ်နိုင်သည့် ပြင်းထန်ဘက်တီးရီးယားရောဂါများမှာ –။ပြင်းထန်သည့်ရောဂါများနှင့် ဆက်စပ်နေသည့် ကိုယ်ပူခြင်းသည် အတော်ရှားသည်ကိုသတိပြုပါ။ကလေးများနှင့် လသားများတွင်ဖြစ်သော ပြင်းထန်သည့်ရောဂါများအား သတိပြုခြင်းတွင် ဆက်လက်ဖတ်ရှု့ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9b%e1%80%b2%e1%82%95%e1%80%96%e1%80%ba%e1%80%ac%e1%80%b8%e1%80%94%e1%80%ac%e1%80%99%e1%82%88%e1%80%80%e1%80%ad%e1%80%af/
Tamarind (မန်ကျည်းသီး)
Tamarind (မန်ကျည်းသီး) က ကျန်းမာရေးကို ဘယ်လိုတွေများ ထောက်ကူပေးလဲ ဆိုတာကို ကိုယ်တိုင် လေ့လာလိုက်ပါ။Tamarind (မန်ကျည်းသီး) က အပူပိုင်းဒေသမှာပေါက်ရောက်တဲ့ အသီးတစ်မျိုးပါ။ မန်ကျည်းသီးကိုကမ္ဘာတလွှားက ဟင်းပွဲတွေမှာ အသုံးပြုကြသလို မန်ကျည်းသီးမှာဆေးဖက်ဝင်တဲ့ အာနိသင်တွေလည်းရှိပါတယ်။ မန်းကျည်းသီးကကျန်းမာရေးအတွက်ဘယ်လောက်ထိအကျိုးပြုသလဲဆိုတာနဲ့ ဘယ်လိုအသုံးပြုနိုင်သလဲဆိုတာတွေကို မျှဝေပေးလိုက်ပါတယ်။မန်ကျည်းက သစ်မာပင်မျိုးဖြစ်ပါတယ်။အာဖရိက မျိုးရင်းအပင်ဖြစ်ပြီး အိန္ဒိယ၊ပါကစ္စတန်၊မြန်မာနိုင်ငံနဲ့ အပူပိုင်းဒေသတော်တော်များများမှာပေါက်ရောက်ပါတယ်။မန်ကျည်းပင်မှာ ပဲတောင့်လိုမျိုး မန်ကျည်းတောင့်တွေသီးပါတယ်။ အသီးရဲ့အတွင်းပိုင်းမှာအမျှင်ဓါတ်ပါဝင်တဲ့အသားတွေက အစေ့ကိုငုံထားပါတယ်။မန်ကျည်းသီးစိမ်းရဲ့ အတွင်းသားက စိမ်းပြီး ချဉ်ပါတယ်။ မှည့်သွားတဲ့အခါမှာတော့ အရည်ရွှမ်းတဲ့အသားဖြစ်လာပြီး အနှစ်လိုမျိုးဖြစ်လာကာ ချိုချိုချဉ်ချဉ် အရသာရှိပါတယ်။Tamarind (မန်ကျည်းသီး) က ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့။မန်ကျည်းသီးက အမျှင်ဓါတ်ကြွယ်ဝတဲ့ အသီးဖြစ်တာကြောင့် ဝမ်းမှန်စေပြီးအစာအိမ်နဲ့အူလမ်းကြောင်းကို သန့်စင်စေပါတယ်။ မန်ကျည်းသီးက အသည်း၊အူမကြီးနဲ့အခြားအစာခြေအင်္ဂါအစိတ်အပိုင်းတွေကို ကျန်းမာစေပါတယ်။မန်ကျည်းသီးကိုနေ့စဉ်စားသုံးပေးမယ်ဆိုရင်အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေမှာဖြစ်ပါတယ်။မန်ကျည်းသီးမှာ သံဓါတ်ကြွယ်ဝစွာပါဝင်ပြီးသွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။မန်ကျည်းသီးကနေ့စဉ်စားသုံးနေတဲ့သံဓါတ် ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကိုထောက်ပံ့ပေးပါတယ်။သံဓါတ်ကသွေးနီဥဆဲလ်တွေကို တိုးစေပါတယ်။ ဆဲလ်တွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီကိုအောက်ဆီဂျင်ထောက်ပံ့ပေးမှုကိုလည်း အထောက်အကူပေးပါတယ်။အသက်အရွယ်ရလာတာနဲ့အမျှ သိမြင်မှုလုပ်ငန်းစဉ်တွေကောင်းမွန်စေဖို့ သဘာဝအစားအစာတွေအပေါ်မှီခိုလာကြရပါတယ်။ အာရုံကြောစနစ်ကို တိုးမြှင့်ပေးတဲ့အစားအစာတွေထဲမှာမန်ကျည်းသီးလည်းပါဝင်ပါတယ်။မန်ကျည်းသီးမှာ အာရုံကြောရဲ့လုပ်ငန်းစဉ်တွေနဲ့ မှတ်ဉာဏ်ကိုတိုးတက်စေတဲ့ သီရာမင် (ဗီတာမင် B6) ကြွယ်ဝစွာပါဝင်ပါတယ်။အရသာရှိလှတဲ့ မန်ကျည်းသီးကသွေးတွင်း အချိုဓါတ်ကိုထိန်းညှိတာနဲ့စောင့်ကြည့်တာတွေကို အထောက်အကူပြုပါတယ်။ မန်ကျည်းသီးက သကြားဓါတ်နဲ့အဆီဓါတ်တွေ ဖွဲ့စည်းမှုကိုဖြစ်ပေါ်စေနိုင်တဲ့ ကာဗိုဟိုက်ဒရိတ်စုပ်ယူမှုကိုနှေးကွေးစေနိုင်သလို အင်ဆူလင်ပမာဏကိုလည်းတိုးစေနိုင်ပါတယ်။ ဆီးချိုဝေဒနာရှင်တွေအနေနဲ့ မန်ကျည်းသီးစားသုံးပေးနိုင်ပါတယ်။မန်ကျည်းသီးမှာ ဆဲလ်တွေနဲ့ကိုယ်တွင်းအင်္ဂါတွေကိုပြင်ပကဓါတုပစ္စည်းတွေကြောင့်ထိခိုက်မှုမရှိအောင်ကာကွယ်ပေးပြီးရောဂါတွေအန္တရာယ်ကနေကာကွယ်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင် စီတို့ကြွယ်ဝစွာပါဝင်ပါတယ်။ မန်ကျည်းသီးမှာရောင်ရမ်းမှုကို တိုက်ဖျက်နိုင်တဲ့အစွမ်းရှိသလို၊ ဘက်တီးရီးယားတွေကိုတိုက်ဖျက်နိုင်တဲ့အစွမ်း၊ရောဂါကာကွယ်နိုင်တဲ့ အစွမ်းတွေလည်းရှိပါတယ်။ ကိုယ်ခံအားစနစ်တိုးတက်အောင်လည်းအထောက်အကူပြုပါတယ်။မန်ကျည်းသီးမှာ ခန္ဓါကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တွေ၊နေ့စဉ်လိုအပ်တဲ့အမျှင်ဓါတ်နဲ့ဗီတာမင် စီတို့ကြွယ်ဝစွာပါဝင်တာကြောင့်သွေးသန့်အောင်လုပ်ဆောင်ပေးပါတယ်။ မန်ကျည်းသီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်နေတာကြောင့်free radicalsတွေကိုတိုက်ဖျက်ပေးပြီးသွေးသန့်စေပါတယ်။မန်ကျည်းသီး ကနှလုံးကိုလည်းကောင်းမွန်စေပါတယ်။မန်ကျည်းသီးက ကိုလက်စထရောကို ထိထိရောက်ရောက်ထိန်းညှိပေးနိုင်ပါတယ်။ ခန္ဓါကိုယ်အတွက် အကျိုးမပြုတဲ့ ကိုလက်စရော (LDL) ကိုကျဆင်းစေပြီး အကျိုးပြုကိုလက်စထရော (HDL) ကိုတိုးတက်အောင်လုပ်ဆောင်ပေးပါတယ်။ ပိုတက်ဆီယမ်ကြွယ်ဝစွာ ပါဝင်တာကြောင့်သွေးပေါင်ချိန်ကိုထိန်းညှိပေးပါတယ်။ဗီတာမင် စီကြွယ်ဝမှုကလည်းနှလုံးသွေးကြောစနစ်အပေါ်မှာ ဖိအားသက်ရောက်မှုတွေကိုလျော့ကျစေပါတယ်။မန်ကျည်းသီးမှာ ဗီတာမင် စီ၊ဗီတာမင်အေနဲ့အခြား ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် အရေပြားရောင်ရမ်းတာနဲ့ ဝက်ခြံတွေကို သက်သာစေပါတယ်။မန်ကျည်းသီးက ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်လေ့ဖြစ်ထရှိတဲ့ မအီမသာဖြစ်တာ၊ဝမ်းချုပ်တာနဲ့ (morning sickness) ကိုယ်ဝန်ဆောင်ချိန်မနက်ခင်းပျို့အန်ခြင်းလိုမျိုးဝေဒနာတွေကိုသက်သာစေပါတယ်။ မန်ကျည်းသီးက အမျှင်ဓါတ်ကြွယ်ဝပြီး အစားစားချင်စိတ်ကိုဖြစ်ပေါ်စေတဲ့အပြင် သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုကိုလည်းလှုံ့ဆော်ပေးပါတယ်။ မန်ကျည်းသီးက ဝမ်းတွင်းအေးစေတဲ့အာနိသင်ရှိပါတယ်။ မန်ကျည်းသီးကို ဆား၊ငရုတ်ကောင်းတို့နဲ့ရောစပ်စားသုံးပေးမယ်ဆိုရင် မအီမသာဖြစ်တာကိုသက်သာစေပါတယ်။မစားသုံးခင်မှာဆရာဝန်နဲ့အရင်တိုင်ပင်ပါ။အကောင်းအဆိုးဒွန်တွဲနေတယ်ဆိုတဲ့စကားအတိုင်း မန်ကျည်းသီးကကျန်းမာရေးကို အထောက်အကူပြုတာရှိသလို ဆိုးကျိုးသက်ရောက်တာမျိုးတွေလည်းရှိပါတယ်။ သတိပြုနိုင်စေဖို့ဖော်ပြပေးလိုက်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/tamarind-explained/
တစ်နေ့တာမှာ စွမ်းဆောင်ရည် ကောင်းစေဖို့ ဒါတွေစားပေးပါ
မနက်အလုပ်သွားတုန်းကတော့ ဘာတွေတော့ပြီးအောင်လုပ်မယ်။ ဘယ်အလုပ်လေးကို လက်စသတ်မယ်။ ဒီနေ့တော့ပြီးမှာပါလို့ တွက်ထားပေမယ့် ထင်ထားသလောက်ခန္ဓာကိုယ်က မလုပ်လိုက်နိုင်ဘူး။ စိတ်သွားတိုင်း ကိုယ်မပါဘူးဖြစ်နေတယ်။ အလုပ်လုပ်နိုင်စွမ်းတွေကျနေလို့ စိတ်ညစ်နေလား။ ဒါဆိုရင်တော့ စွမ်းဆောင်ရည် တွေတိုးလာစေဖို့ ဒီအစားအစာလေးတွေစားပေးပါနော်။အလုပ်ခွင်မှာ တက်ကြွလန်းဆန်းပြီး အလုပ်တွေကို အကောင်းဆုံးလုပ်နိုင်တဲ့ လုပ်ဆောင်နိုင်မှုစွမ်းရည်ပိုင်ဆိုင်သူ တစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ ဒီအစားအစာလေးတွေကို စားသုံးပေးပါလို့ပြောပါရစေနော်။ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပေါ့။ လန်းဆန်းကျန်းမာနေစေဖို့ရောဦးနှောက်စွမ်းဆောင်ရည် ကောင်းမွန်စေဖို့ပါ အထောက်အကူပြုပေးပါတယ်။ ဒါကြောင့် အလုပ်စားပွဲမှာ ရေကို ဘူးနဲ့ထည့်ထားပြီး သောက်ပါ။ ရေသောက်တာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အလေ့အထတစ်ခုပါ။ ရေဓာတ်မပြည့်ဝမှုကလည်း လုပ်ဆောင်နိုင်မှုစွမ်းရည်ကို ကျဆင်းစေတဲ့အချက်တစ်ခုပါနော်။ အလုပ်လုပ်နေရင်း မိနစ် ၂၀ ဒါမှမဟုတ် နာရီဝက် တစ်ခါလောက်ရေသောက်ပေးပါ။မနက်ခင်းမှာ နိုးနိုးချင်း လက်ဖက်စိမ်းရေနွေးကြမ်းလေး တစ်ခွက်လောက် သောက်လိုက်တာက တစ်နေ့တာလုံးမှာ လန်းဆန်းနေစေပြီး လုပ်ဆောင်နိုင်မှုစွမ်းရည်ကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်းမှာပါတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက မှတ်ဉာဏ်ကောင်းမွန်စေနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေစေဖို့ အထောက်အပံ့ပေးပါတယ်။အလုပ်ခွင်ထဲမှာ စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်စေဖို့ စားပေးသင့်တဲ့ နောက်တစ်ခုကတော့ ထောပတ်သီးပါ။ ထောပတ်သီးမှာပါတဲ့ oleic acidက သွေးတွင်းကိုလက်စထရောကို ကျစေလို့ ခန္ဓာကိုယ်အနှံက အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းမွန်အောင် လုပ်ဆောင်ပေးပါတယ်။ ဦးနှောက်ဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းမွန်စေပါတယ်။ထောပတ်သီးမှာပါတဲ့အမျှင်ဓာတ်နဲ့ အဆီဓာတ်က အာရုံစူးစိုက်မှုကောင်းစေလို့ လုပ်ငန်းတာဝန်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ အထောက်အကူပြုပေးမှာပါ။အယ်လ်မွန်နဲ့ သစ်ကြားသီးတို့လိုမျိုး အခွံမာသီးတွေက မှတ်ဉာဏ်၊ သင်ယူနိုင်စွမ်းနဲ့ အာရုံစူးစိုက်နိုင်စွမ်းကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဗီတာမင် E ပါဝင်နေတာကြောင့် သိမြင်မှုဆိုင်ရာ စွမ်းဆောင်ရည်တွေကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။စိတ်ဓာတ်ကျတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် အလုပ်ခွင်မှာ အလုပ်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ဆိုရင် အခွံမာသီးတွေကိုလည်းမေ့မထားဖို့ပြောပါရစေနော်။ဟင်းနုနွယ်၊ ကိုက်လန်တို့လိုမျိုး အစိမ်းရောင်ရှိတဲ့ အရွက်တွေက ဖောလိတ်၊ ဗီတာမင် B12 နဲ့ B6 တို့ပါဝင်နေတာကြောင့် မှတ်ဉာဏ်၊ အာရုံစူးစိုက်နိုင်စွမ်းတို့ကို ကောင်းမွန်စေသလို ဦးနှောက်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ အာရုံလွင့်တာမျိုးမရှိဘဲ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်မှာပါ။ဆာဒင်း၊ဆယ်လ်မွန်၊ မက်ကာရယ်တို့လိုမျိုး အဆီများတဲ့ ပင်လယ်ငါးတွေက Omega-3 fatty acid ကြွယ်ဝစွာပါဝင်နေတာကြောင့် စိတ်ပိုင်းဆိုင်ရာကို ကျန်းမာစေနိုင်ပါတယ်။ မှတ်ဉာဏ်ကောင်းစေသလို အာရုံစူးစိုက်နိုင်စွမ်းကို ကောင်းစေတာကြောင့် တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်ချင်တယ်ဆိုရင် တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက် ပင်လယ်ငါးစားပေးပါ။မှတ်ဉာဏ်ကောင်းစေသလို ဦးနှောက်ထဲကို သွေးစီးဆင်းရောက်ရှိမှုကောင်းစေတဲ့ အစားအစာတစ်ခုပါ။ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် စိတ်ခံစားမှုကောင်းစေသလို ခန္ဓာကိုယ်ကိုလည်း ကျန်းမာစေနိုင်မှာပါ။ ဒါကြောင့် စိတ်လက်တက်ကြွစွာနဲ့ အလုပ်လုပ်နိုင်ချင်ရင် တစ်နေ့ကို ချောကလက် နည်းနည်းစီလောက် စားပေးပါ။Omega-3 fatty acid နဲ့ ကိုလင်းဓာတ်တွေ ပါဝင်နေတာကြောင့် မှတ်ဉာဏ်ကောင်းစေနိုင်သလို ဦးနှောက်ကို ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် မနက်စာကို ကြက်ဥပါအောင်စားသုံးလို့ တစ်နေ့ကို အကောင်းဆုံးဖြစ်အောင် ဖန်တီးလိုက်ပါ။တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်ချင်တယ်ဆိုရင် ဒီအစားအစာတွေကိုရှောင်မှရပါမယ်နော်။မာဂျရင်း– အဆီပါဝင်မှုများတာကြောင့် အစာခြေစနစ်ကို ထိခိုက်စေသလို ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ချိစ်-ပြည့်ဝဆီတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ကို ထိုင်းမှိုင်းလေးလံစေနိုင်ပါတယ်။ ဒါကြောင့် ချိစ်က လန်းဆန်းတက်ကြွမှုအားနည်းသွားစေနိုင်တဲ့ အစားအေသာက်တစ်ခုဆိုတာ သတိရပါ။မာကျူရီများတဲ့ ငါးတွေ –ငါးက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမယ့် မာကျူရီများနေရင်တော့ မကောင်းပါဘူး။ မာကျူရီမျာတဲ့ အစားအသောက်တွေက စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ်များတာ၊ ညဘက် အိပ်မပျော်တာတွေကိုဖြစ်စေနိုင်ပါတယ်။အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေ –ကျန်းမာရေးအတွက် လုံးဝမကောင်းတဲ့ အရာတစ်ခုပေါ့။ အသည်းကို ဝန်ပိစေလို့ ခန္ဓာကိုယ်ကို စွမ်းဆောင်ရည် ကျဆင်းစေမှာပါ။ ကြိုက်တယ်ဆိုရင်တောင် တစ်ပတ်ကို ၃ ခွက်ကနေ ၅ခွက်ထက်ပိုမသောက်သင့်ပါဘူး။အသင့်စား သရေစာတွေ– အာလူးကြော် နဲ့ အခြားသော အဆာပြေစားစရာ သရေစာတွေမှာ ဖန်တီးထားတဲ့ အနံ့အရသာတွေ ပါဝင်နေသလို တာရှည်ခံဆေးတွေလည်း ပါဝင်နေပါတယ်။ ဒီဓာတုပစ္စည်းတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်သလို လုပ်ဆောင်နိုင်မှု စွမ်းဆောင်ရည် ကိုပါ ထိခိုက်စေနိုင်တာပါနော်။ ဒါကြောင့်ဖြစ်နိုင်ရင် မစားပါနဲ့။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-for-increase-productivity/
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%80%e1%80%bc/
null
null
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/tips-to-good-sleep-for-elderly/
ညစဉ် အိပ်ချိန် ၆ နာရီထက် မနည်းစေဖို့ သတိပြုပါ!
အိပ်ရေးမဝတာ၊ ပြည့်ဝလုံလောက်တဲ့ အိပ်ချိန် မရှိတာက နောက်တစ်နေ့မှာ အတော်လေး ပင်ပန်းစေပြီး အလုပ်တွေထဲမှာ အာရုံစိုက်ဖို့ ခက်ပါတယ်။ အိပ်ရေးမဝတာက တစ်ရက်တလေဆိုရင် မသိသာပေမယ့် နေ့စဉ်ရက်ဆက် ဖြစ်လာမယ်။ အချိန်ကာလအတိုင်းအတာ တော်တော်လေး ကြာလာမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။သွေးတိုး၊ အမျိုးအစား ၂ဆီးချို၊ နှလုံးရောဂါနဲ့ လေဖြတ်ဖူးတဲ့ လူလတ်ပိုင်းတွေက တစ်ညတာမှာ အိပ်ချိန် ၆နာရီထက် နည်းနေမယ်ဆိုရင် ကင်ဆာရောဂါနဲ့ အရွယ်မတိုင်ခင် သေဆုံးတာတွေကို ခံစားရနိုင်တယ်လို့လေ့လာမှု တစ်ရပ်အရသိရပါတယ်။အထူးသဖြင့် သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ အခံရှိသူတွေမှာ တစ်ညကို အိပ်ချိန် ၆ နာရီထက် နည်းနေမယ်ဆိုရင် ညစဉ် အိပ်ချိန် ၆ နာရီနဲ့ အထက်ရှိသူတွေထက် နှလုံးရောဂါ နဲ့ လေဖြတ်တာကြောင့် သေဆုံးနိုင်ခြေက ၂ ဆလောက်ပိုများနေပါတယ်။နှလုံးရောဂါရှိသူတွေ နဲ့ လေဖြတ်ဖူးသူတွေ အနေနဲ့လည်း တစ်ညတာကို အိပ်ချိန် ၆ နာရီထက် နည်းနေမယ်ဆိုရင်ကင်ဆာရောဂါကြောင့် သေဆုံးနိုင်ခြေက ပုံမှန်ထက် ပိုများနေပါတယ်လို့ နှစ် ၃၀ကြာ လုပ်ဆောင်ခဲ့တဲ့ လေ့လာမှု တစ်ရပ်ရဲ့ ရလဒ်တွေအရ သိရပါတယ်။ပုံမှန်ရှိသင့်တဲ့ အိပ်စက်ချိန် ရှိတာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိတာတွေက လူတော်တော်များများကို ကျန်းမာရေးအန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ပြည့်ဝတဲ့အိပ်စက်ချိန်ရှိတာက ကျန်းမာစေပြီး ရောဂါကင်းစေဖို့ ထောက်ကူပေးနိုင်သလို အရွယ်မတိုင်ခင် သေဆုံးတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေနိုင်သလိုအပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေလည်း ကင်းစေမှာပါ။ညစဉ် အိပ်ချိန် ၆ နာရီထက် မနည်းစေဖို့ သတိပြုပါ! ဒီလိုပြောရတာက မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှု တစ်ရပ်ကြောင့်ပါ။ ဒီလေ့လာမှုအတွင်း အရွယ်ရောက်ပြီးသူ ၁၆၀၀ ကို အုပ်စု ၂ စုခွဲပြီး လေ့လာခဲ့တာပါ။တစ်အုပ်စုမှာ သွေးတိုးရောဂါ နဲ့အမျိုးအစား -၂ ဆီးချိုရှိသူတွေ ပါဝင်ပြီး အခြား အုပ်စု တစ်စုမှာတော့ နှလုံးရောဂါ ရှိသူတွေ နဲ့ လေဖြတ်ဖူးသူတွေ ပါဝင်နေပါတယ်။လေ့လာမှုမှာ ပါဝင်သူတွေရဲ့ အိပ်စက်ချိန်တွေနဲ့ ကျန်းမာရေးအခြေအနေကို ဆယ်စုနှစ် ၃ ခုကြာ လေ့လာစောင့်ကြည့်ခဲ့ပါတယ်။ ၂၀၁၆မှာတော့ ဒီလေ့လာမှုမှာ ပါဝင်ခဲ့သူတွေထဲက ၅၁၂ယောက် ဆုံးပါးခဲ့ပါတယ်။ ၃ပုံ ၁ပုံက နှလုံးရောဂါ ဒါမှမဟုတ်  လေဖြတ်တာကြောင့် ဖြစ်ပြီး ၄ပုံ ၁ပုံကတော့ ကင်ဆာရောဂါကြောင့်ပဲ ဖြစ်ပါတယ်။လေ့လာမှုမှာ ဦးဆောင်သူ ပါမောက္ခ Julio Fernandez-Mendozaက အိပ်ချိန်နည်းရင် ဒီရောဂါတွေ ဖြစ်နိုင်တယ်ဆိုတော့ အိပ်ချိန်များအောင် ဆေးကုသမှု ခံယူလိုက်ရင် ဒီရောဂါဖြစ်နိုင်ခြေတွေ နည်းသွားမလားဆိုတာကတော့ ဆက်လက်လေ့လာရဦးမယ်လို့ ဆိုပါတယ်။နောက်ထပ် တွေ့ရှိခဲ့တာ တစ်ခုကတော့ တစ်ညကို အိပ်ချိန် ၆ နာရီထက် နည်းတဲ့ သူတွေမှာအူမကြီးကင်ဆာဖြစ်နိုင်ခြေက ပုံမှန်ထက် ၅၀ ရာခိုင်နှုန်း ပိုများနေတာပါ။ အိပ်ချိန် ၆ နာရီ ပြည့်တယ်ဆိုရင်တောင် ပြည့်ပြည့်ဝဝ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာမျိုး ဖြစ်ဖို့ လိုပါမယ်။တချို့လေ့လာချက်တွေမှာ ညဘက်တွေမှာ အိပ်ချိန်နည်းတာက အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ နဲ့ အခြားသော ကင်ဆာရောဂါတွေ ခံစားရနိုင်ခြေကို တိုးစေတယ်လို့ ဆိုပါတယ်။ ဘယ်လိုဆက်စပ်နေသလဲဆိုတာ အတိအကျ မပြောနိုင်ကြပေမယ့် နောက်ပိုင်း လေ့လာချက်တော်တော်များများမှာ အိပ်ချိန်နဲ့ ကင်ဆာအကြားက ဆက်နွယ်မှုတွေကို ပိုတွေ့လာရပါပြီ။အိပ်ရေးပျက်တာ များတာ၊ ပြည့်ဝတဲ့ အိပ်စက်ချိန် မရှိတာတွေကအဝလွန်တာ၊ ဆီးချို နဲ့ နှလုံးရောဂါတွေကို ဖြစ်စေနိုင်သလို ဖန်တီးနိုင်စွမ်း ကျစေပြီး အာရုံစူးစိုက်မှု ထိခိုက်တာတွေကို ခံစားရနိုင်ပါတယ်။အိပ်ချိန် ပြည့်ဝတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီးကိုယ်ခံအား ကောင်းစေဖို့ထောက်ကူပေးသလို နာတာရှည်ရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ဒါကြောင့် ကျန်းမာပြီးရောဂါကင်းစေဖို့အတွက် ညဘက် အိပ်ချိန်ကို ၆ နာရီ ထက်မနည်းစေဖို့ ဂရုစိုက်ပြီး ပြည့်ဝတဲ့ အိပ်စက်မှုဖြစ်စေဖို့လည်း ဂရုပြုကြဖို့ အကြံပြုပါရစေ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/sleeping-less-than-6-hours-may-raise-risk-of-cancer/
HIV ရောဂါသည်များအတွက် လေ့ကျင့်ခန်း နည်းလမ်းများ
မိမိသည် ယခင်က တစ်ခါမျှ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သူ မဟုတ်လျှင် ရောဂါအကြောင်းသိပြီးမှ ပြုလုပ်သူများအဖို့ အနည်းငယ် ခက်ခဲပါလိမ့်မည်။ အောက်ဖော်ပြပါ အချက်များ လိုက်နာခြင်းဖြင့် အနည်းငယ် သက်သာစေနိုင်ပါသည်။ပထမအဆင့်တွင် အိပ်ရာထရန် ခက်ခဲပါလိမ့်သည်။ ထို့ကြောင့် လေ့ကျင့်ခန်းလုပ်ရန် သေချာပြီဆိုလျှင် နှိုးစက်နှစ်လုံးကို အိပ်ရာနှင့် ဝေးဝေးထားပါ။ ပထမတစ်ခုမှာ မိနစ်အနည်းငယ် ထပ်၍ နေလို့ရသည်ဟု အချက်ပေးသည်ဖြစ်ပြီး ဒုတိယ တစ်လုံးမှာ ထရန် အချက်ပေးခြင်း ဖြစ်ပါသည်။လေ့ကျင့်ခန်းလုပ်လျှင် ရေကို လုံလောက်စွာ သောက်သုံးခြင်းသည် အရေးကြီးသောအချက် ဖြစ်ပါသည်။ လက်ဖက်ရည်၊ ကော်ဖီ၊ ကိုလာ၊ ချောကလက်၊ အရက်သောက်သုံးခြင်း တို့သည် ကိုယ်ခန္ဓါအတွက် မကောင်း ဆိုသောအချက်ကို သိထားသင့်ပါသည်။ လေ့ကျင့်ခန်း မလုပ်မီ ထမင်း၊ ဟင်း မစားပါနှင့်။ သရေစာကို အနည်းငယ် လက်ခံနိုင်ပါသည်။လေ့ကျင့်ခန်း မလုပ်မီ တစ်နာရီအလိုတွင် စားထားရပါမည်။ ထိုမှသာ လေ့ကျင့်ခန်း လုပ်လျှင် အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ ပန်းသီး၊ မြေပဲယိုစသည့် သရေစာများ လေ့ကျင့်ခန်း မလုပ်မီ စားထားပါက အင်အားကို ဖြစ်စေနိုင်ပါသည်။အာဟာရမျှတစွာ စားသုံးခြင်းသည် အလွန် အရေးကြီးပါသည်။ လေ့ကျင့်ခန်း များများလုပ်ပြီး အစားပုံမှန် စားခြင်းဖြင့် ကိုယ်အလေးချိန် ကျဆင်းအောင် ပြုလုပ်ပေးပါသည်။ ညအိပ်ရာ မဝင်ခင် နံနက်စာအတွက် ကြိုတင်ပြင်ဆင်ထားပြီး နံနက်ကျမှ မိုက်ခရိုဝေ့ဗ်နှင့် နွှေး၍ စားသုံးနိုင်ပါသည်။ထိုသို့ ပြုလုပ်ခြင်းဖြင့် လေ့ကျင့်ခန်း ပြုလုပ်မှုကို ပို၍ထိရောက်နိုင်ပါသည်။ လေ့ကျင့်ခန်း ပြုလုပ်ပြီးလျှင်လည်း နံနက်စာကောင်းကောင်း စားခြင်းသည်လည်း ကောင်းမွန်သော လုပ်ဆောင်ချက် ဖြစ်ပါသည်။မိမိနှစ်သက်ရာ အလုပ်ကို ရွေးချယ်ပါ။ ယောဂ၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ တခြားသော ကျန်းမာရေး လိုက်စားမှု တစ်ခုခု ပြုလုပ်ခြင်းသည်လည်း မိမိ၏ ရည်မှန်းချက် ဖြစ်ပေါ်နိုင်ပါသည်။ ခဏအနားယူပြီး လမ်းလျှောက်ပါ။ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းကို ရှေးဦးစွာ ပြုလုပ်ပြီး တစ်ဖြည်းဖြည်း တိုးမြှင့်ခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်နိုင်ပါသည်။မိမိ၏ သက်လုံကောင်းလျှင် ပြိုင်ပွဲများပင် ပါဝင်နိုင်ပါသည်။ ပြိုင်ပွဲဝင်ခြင်းသည် တခြားသော အားကစားသမားများ၊ နည်းပြများကို HIV ရောဂါပိုး မကူးစက်နိုင်ပါ။လေ့ကျင့်ခန်း အသင့်အတင့် ပြုလုပ်ခြင်းသည်လည်း ခန္ဓါကိုယ်အတွက် ကောင်းပြီး ကျန်းမာရေးကိုလည်း တိုးမြှင့်ပေးပါသည်။ အစပိုင်းတွင် ဖြည်းဖြည်းမှန်မှန် လုပ်ပြီး အချိန်ဇယားတစ်ခု ချထားပါ။ အလွန်အကျွံ ပြုလုပ်ခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်။တစ်နေ့ အနည်းဆုံး ၂၀ မိနစ်ပြုလုပ်ပြီး တစ်ပတ်တွင် အနည်းဆုံး ၃ ကြိမ် ပြုလုပ်ပါ။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ကြီးမားသော ပြောင်းလဲမှု ဖြစ်ပေါ်လာနိုင်ပါသည်။ မိမိ၏ ခွန်အားနှင့် အားအင် တိုးမြင့်လာလျှင် ၄၅ မိနစ်မှ ၁ နာရီကြာ တစ်ပတ်သုံးကြိမ်မှ လေးကြိမ်အထိ လေ့ကျင့်ခန်း ပြုလုပ်နှုန်း တိုးမြှင့်ပါ။လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည်လည်း ကုသမှုတစ်ခု ဖြစ်ပါသည်။ ခုခံအားကိုလည်း တိုးမြင့်စေပါသည်။ တခြား ဆေးများထက်ပင် ပို၍ ထိရောက်နိုင်ပါသည်။ အကောင်းမြင်စိတ်ကိုလည်း တိုးမြှင့်နိုင်ပါသည်။ ထို့ကြောင့် လေ့ကျင့်ခန်းလုပ်ရန် အစီအစဉ် ဆွဲထားသင့်ပါသည်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/hiv-%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%9e%e1%80%8a%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%9c%e1%80%b1%e1%80%b7%e1%80%80-2/
အအိပ်များတာ မကောင်းပါ
လူတစ်ယောက် ကျန်းမာပျော်ရွှင်နေစေဖို့နဲ့ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက်ပြည့်ဝတဲ့ အိပ်စက်ချိန်ရှိဖို့ လိုပါမယ်။ ပြည့်ဝတဲ့ အိပ်စက်ချိန် ဆိုတဲ့နေရာမှာ ရှိသင့်တဲ့ အိပ်ချိန်ထက် ပိုများနေတာမျိုး မဟုတ်သလို လျော့နည်းနေတာမျိုး မဟုတ်ဖို့လည်း လိုပါတယ်။ ဒီလို ပြောရတာက အိပ်ရေးပျက်တာကတင် ကျန်းမာရေးကို ထိခိုက်စေတာ မဟုတ်ဘဲ အအိပ်များတာကလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့်ပါ။ ဒီတစ်ခေါက်တော့ အအိပ်များတာ ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်လဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။လူတော်တော်များများ သိထားသလို အိပ်ရေးပျက်တာကပဲ ကျန်းမာရေးကို ထိခိုက်စေတာ မဟုတ်ပါဘူး။အိပ်ချိန်များတာကလည်း အိပ်ရေးပျက်တာလိုပဲ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် တော်တော်များများက ဒါကို အမှုမဲ့ အမှတ်မဲ့ ဖြစ်နေတတ်ကြပါတယ်။ဘာကြောင့်များ အအိပ်များတာ မကောင်းပါ လို့ ပြောရသလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။အိပ်ရေးပျက်တာက ကျန်းမာရေးအတွက် မကောင်းဘူးဆိုတော့ အများကြီးအိပ်တာက ကျန်းမာရေးအတွက် ကောင်းမယ်လို့ မထင်လိုက်ပါနဲ့။ အအိပ်များတာကလည်း အခုလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။လူတစ်ယောက် နဲ့ တစ်ယောက် အိပ်စက်ချိန် လိုအပ်တဲ့ ပမာဏ ကွာခြားနိုင်ပါတယ်။ ပျမ်းမျှအားဖြင့်တော့ ကျန်းမာတဲ့ အရွယ်ရောက်ပြီးသူတွေဟာ တစ်နေ့ကို အိပ်ချိန် ၇ နာရီ ကနေ ၉ နာရီအထိ လိုအပ်ပါတယ်။ ဒါက ညဘက်မှာ တစ်ဆက်တည်း အိပ်တဲ့ အိပ်ချိန်ကို ဆိုလိုတာပါ။လူတစ်ယောက်အတွက် တစ်ညတာမှာ တစ်ဆက်တည်း အိပ်ချိန် ၈ နာရီ ကနေ ၉  နာရီဝန်းကျင် အိပ်ချိန်ရှိနေမယ်ဆိုရင် ကျန်းမာဖို့အတွက် ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိထားတယ်လို့ ဆိုရမှာပါ။တကယ်လို့ ညဘက် အိပ်စက်ချိန်က  ၉ နာရီ အထက်မှာ ရှိနေမယ်။ နေ့ခင်းနေ့လယ်တွေမှာလည်း အိပ်စက်တာမျိုး ရှိမယ်ဆိုရင် အအိပ်များနေတာပါ။တစ်ခါတလေမှာ အအိပ်များတာ၊ ရှိသင့်တဲ့ အိပ်ချိန်ထက် ပိုပြီး အိပ်စက်တာက ကျန်းမာရေးပြဿနာ ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ကျန်းမာရေးပြဿနာ တစ်ခုခု ရှိနေတာကြောင့် ပြည့်ဝတဲ့ အိပ်စက်ချိန်ကို မရတာမျိုး ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ အိပ်စက်မှုဆိုင်ရာ ပြဿနာတစ်ခု ဖြစ်တဲ့ အိပ်၊ ဟောက်၊ အသက်ရှူပိတ်ရောဂါကို ခံစားနေရမယ်ဆိုရင်လည်း ညဘက်တွေမှာ အိပ်နေပေမယ့် ပြည့်ဝတဲ့ အိပ်စက်မှုကို မရတာကြောင့် အိပ်ချိန် ၈ နာရီ ပြည့်ပေမယ့်လည်း ပင်ပန်းနေတာ၊ အိပ်ရေးမဝတာကြောင့် ခဏခဏ အိပ်စက်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။အိပ်စက်မှုကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကတော့ အများကြီးပါ။ဒါတွေအပြင် အိပ်စက်မှုကို ထိခိုက်စေနိုင်ပြီး အိပ်စက်ချိန်ကို ပိုမို လိုအပ်စေတဲ့ အကြောင်းအရင်းတွေက။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/oversleep-and-health/
နှလုံးပြဿနာရှိနေပြီဆိုတာပြသနေသည့် လက္ခဏာများ
လှုပ်ရှားမှုမရှိတဲ့ လူမှုဘဝနေထိုင်ပုံဟာ နှလုံးရောဂါရရှိနိုင်တဲ့ အဓိကကျတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။ World Heart Federation က လေ့ကျင့်ခန်း မလုပ်ခြင်းဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေကို ၅၀% တိုးမြှင့်ပေးတယ်လို့ ဆိုပါတယ်။ အခြားနှလုံးရောဂါ ဖြစ်စေတဲ့အချက်တွေကတော့။ဒီအချက်တွေကို လျှော့ချခြင်းဟာ နှလုံးရပ်ခြင်းနဲ့ လေဖြတ်ခြင်းကို လျှော့ချပေးပြီး နှလုံးခွဲစိတ်မှု အပါအဝင် ကျန်းမာရေး လုပ်ဆောင်မှုတွေကို လျှော့ချပေးမှာ ဖြစ်ပါတယ်။ လှုပ်လှုပ်ရှားရှားနေထိုင်ခြင်းဟာ နှလုံးရောဂါဖြစ်နှုန်းကို လျော့ကျစေဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ပုံမှန် လေ့ကျင့်ခန်း (လမ်းလျှောက်ခြင်း)ဟာ နှလုံးကျန်းမာရေးအတွက် အလွန်အကျိုးရှိတယ်လို့ သက်သေပြပြီး ဖြစ်ပါတယ်။ ဒါဟာ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်စေတဲ့ အချက်ဖြစ်တဲ့ ကိုယ်အလေးချိန်နဲ့ သွေးဖိအားကိုပါ လျှော့ချပေးပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ခြင်းဟာလည်း တခါတရံမှာ နှလုံးရပ်နှုန်းကို တိုးမြှင့်ပေးနိုင်ပါတယ်။ အထူးသဖြင့် နှလုံးရောဂါ ရှိပြီး သူတို့ရဲ့ လှုပ်ရှားမှုကို သေချာ မစောင့်ကြည့်တဲ့ လူမျိုးမှာ ဖြစ်တတ်ပါတယ်။လေ့ကျင့်ခန်းတွေဟာ နှလုံးရောဂါ ကာကွယ်ဖို့အတွက် အရေးပါပါတယ်။ လူအများစုအတွက်လည်း လုံခြုံစိတ်ချရပါတယ်။ ဒါပေမယ့် သင့်မှာ အောက်ပါအခြေအနေတွေရှိရင်တော့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်သင့်ပါတယ်။လေ့ကျင့်ခန်းမလုပ်ခင် သေချာစစ်ဆေးထားတဲ့ နှလုံးရောဂါ ရှိသူတွေဟာ လေ့ကျင့်ခန်းကို လုံခြုံစိတ်ချစွာ လုပ်နိုင်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းဟာ နှလုံးရောဂါ ရှိသူအကုန်လုံးနဲ့တော့ မသင့်လျော်ပါဘူး။ လေ့ကျင့်ခန်းကို အခုမှစလုပ်မယ်ဆိုရင် စစချင်းမှာ ဆိုးကျိုးတွေကို ကာကွယ်သင့်ပါတယ်။ လေ့ကျင့်ခန်းစလုပ်တော့မယ်ဆိုရင် သင့်ဆရာဝန်ကို ပြောပြထားသင့်ပါတယ်။ ကျန်းမာရေး စောင့်ကြည့်မှုတွေအောက်မှာ လေ့ကျင့်ခန်းလုပ်ဖို့ လိုကောင်းလိုအပ်နိုင်ပါတယ်။ဒီကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရင်တောင်မှ သင်လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြုံတွေ့လာရမယ့် ပြဿနာတွေကို သင့်ဆရာဝန်က ကြိုတင်ခန့်မှန်းနိုင်ဖို့ ခဲယဉ်းပါတယ်။ လုံခြုံစိတ်ချရဖို့ အန္တရာယ်ရှိတဲ့ အကျိုးဆက်တွေဖြစ်လာနိုင်တဲ့ လက္ခဏာတွေကို ရင်းနှီးအောင် လုပ်ထားပါ။ ဒီလိုလုပ်ခြင်းအားဖြင့် သင့်အသက်ကို ကယ်တင်နိုင်ပါလိမ့်မယ်။သင် အရင်တုံးက နှလုံးရပ်ခြင်း ဖြစ်ဖူးရင်တောင်မှ နောက်တစ်ခေါက်ဖြစ်ခြင်းမှာ ရောဂါလက္ခဏာတွေက လုံးဝကွဲပြားခြားနားနိုင်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တစ်ခုခုနဲ့ ကြုံတွေ့ခဲ့ရင် ကျန်းမာရေး ကုသမှုယူပါ။ရင်ဘတ်အတွင်း နေထိုင်မကောင်းဖြစ်ခြင်း။လူအတော်များများဟာ နှလုံးရပ်ရင် ရုတ်တရက် ပြင်းထန်တဲ့ ရင်ဘတ်အောင့်ခြင်း ဖြစ်တတ်ပါတယ်။ အချို့နှလုံးရပ်ခြင်းတွေကတော့ ဒီပုံစံနဲ့ စနိုင်ပါတယ်။ ဒါပေမယ့် အတော်များများကတော့ ရင်ဘတ်ထဲ နေထိုင်မကောင်းဖြစ်ခြင်း၊ ဖိအားများခြင်း၊ ညှစ်ထားအသလိုခံစားရပြီး ရင်ဘတ်အလယ် တည့်တည့်မှာ ပြည့်တင်းနေခြင်းတွေနဲ့ စတင်တတ်ပါတယ်။ နာကျင်မှုဟာ အနည်းငယ်သာဖြစ်ပြီး ခဏနေတာနဲ့ ပျောက်သွားတတ်တာကြောင့် ဘာဖြစ်သွားတယ်ဆိုတာ ပြောရခက်ပါတယ်။ ဒီလက္ခဏာတွေ မိနစ်အနည်းငယ်ထက်ပိုပြီး ကြာနေခဲ့မယ်ဆိုရင် လေ့ကျင့်ခန်း လုပ်တာကိုရပ်ပြီး ကျန်းမာရေး ကုသမှုကို ယူသင့်ပါတယ်။မောခြင်း။ပုံမှန်မဟုတ်တဲ့ မောခြင်းနဲ့အတူ ရင်ဘတ်ထဲ နေလို့မကောင်းခြင်းဟာလည်း နှလုံးရပ်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာ တစ်ခုဖြစ်တတ်ပါတယ်။ ဒီလက္ခဏာတွေဟာ ရင်ဘတ်ထဲ နေလို့မကောင်း မဖြစ်ခင် (သို့) မဖြစ်ပဲတောင်မှ ဖြစ်နိုင်ပါတယ်။ခေါင်းမူးခြင်း (သို့) ရီတီတီဖြစ်ခြင်း။ကိုယ်ခန္ဓါ လှုပ်ရှားမှုဟာ အထူးသဖြင့် သင်လုပ်နေကျ မဟုတ်ရင် ပင်ပန်းစေနိုင်သော်လည်း လေ့ကျင့်ခန်းလုပ်နေစဉ်မှာ ခေါင်းမူးတာမျိုး ရီတီတီဖြစ်တာမျိုး ဘယ်တော့မှ မရှိသင့်ပါဘူး။ ဒါကို သတိပေးလက္ခဏာအဖြစ်ယူဆပြီး လေ့ကျင့်ခန်းလုပ်နေတာကို ရပ်လိုက်သင့်ပါတယ်။နှလုံးခုန်သံ မူမမှန်မှုများ။နှလုံးခုန်သံ မြန်နေတာ၊ ကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြားနေရတာတွေဟာ နှလုံးရောဂါ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်တာတွေ ဖြစ်လာခဲ့ရင် ကျန်းမာရေး ကုသမှု ယူသင့်ပါတယ်။ကိုယ်ခန္ဓါရဲ့ အခြားနေရာတွေမှာ နေထိုင်မကောင်းမှုတွေ ကြုံတွေ့ရခြင်း။နှလုံးရောဂါတွေဟာ သင့်ရင်ဘတ်အပြင် အခြားနေရာတွေမှာပါ နေထိုင်မကောင်းမှုတွေဖြစ်စေတတ်ပါတယ်။ လက္ခဏာတွေကတော့ နေထိုင်မကောင်းခြင်း၊ လက်မောင်း၊ ကျော၊ လည်ပင်း၊ မေးရိုး၊ အစာအိမ် တွေမှာ နာကျင်ခြင်း (သို့) တစ်ခုခု ဖိထားသလို ခံစားရခြင်းတွေပဲဖြစ်ပါတယ်။ တစ်နေရာကနေ နေထိုင်မကောင်းခြင်းတွေဟာ အခြားတစ်နေရာကို ပြန့်သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ (ဥပမာ ရင်ဘတ်ကနေ မေးရိုး (သို့) လည်ပင်း ကနေပုခုံး၊ လက်မောင်း၊ နောက်ကျောသို့)။ပုံမှန်မဟုတ်တဲ့ ချွေးထွက်ခြင်း။လေ့ကျင့်ခန်းလုပ်ရင် ချွေးထွက်တာဟာ ပုံမှန်ဖြစ်ပေမယ့် ပျို့လာပြီး အေးတဲ့ ချွေးထွက်ခြင်းဟာတော့ ပြဿနာ ဖြစ်နိုင်ပါတယ်။ လူအချို့ဟာ နှလုံးတစ်ခုခု မဖြစ်မီ စိတ်ထင့်ခြင်းတို့၊ ဖြစ်လာမယ့် ကြမ္မာဆိုးကို ကြိုတင်ခံစားမိခြင်းတို့ ဖြစ်တတ်ပါတယ်။နှလုံးရောဂါနဲ့ ပတ်သက်လာရင် အချိန်က အရေးကြီးပါတယ်။ အချိန်တစ်မိနစ်မှ မဖြုန်းတီးပဲ အမြန်ခေါ်သင့်ပါတယ်။မိနစ်အနည်းငယ် (အများဆုံး ငါးမိနစ်) အတွင်း အရေးပေါ် ကျန်းမာရေးအကူအညီယူသင့်ပါတယ်။ သင့်နှလုံးဟာ နှလုံးရပ်တဲ့ ဖြစ်စဉ်အတွင်းမှာ လုံးဝ ရပ်သွားနိုင်ပါတယ်။ အရေးပေါ်က သူတွေဟာ နှလုံးကို ပြန်ခုန်အောင် လုပ်ဖို့အတွက် ဗဟုသုတရော ကိရိယာပါ ရှိကြပါတယ်။နှလုံးရပ်တဲ့ လက္ခဏာတွေ ရှိလာပြီဆိုရင် အရေးပေါ်ကိုလဲ ခေါ်လို့မရခဲ့ရင် တစ်ယောက်ယောက်ကို ဆေးရုံကို ကားမောင်းခိုင်းသင့်ပါတယ်။ တစ်ခြားရွေးချယ်စရာ မရှိမချင်း ကိုယ်တိုင် ကားမမောင်းသင့်ပါဘူး။အရေးပေါ်ကို ရောက်ပြီဆိုရင်တော့ အောက်ဖေါ်ပြပါ မေးခွန်းတွေကို ဖြေဆိုဖို့ ပြင်ဆင်သင့်ပါတယ်။ဒီမေးခွန်းတွေကို အတတ်နိုင်ဆုံးဖြေခြင်းဟာ ကျန်းမာရေးဝန်ထမ်းတွေကို သင့်ကိုအကောင်းဆုံးကုသမှုပေးဖို့နဲ့ အသက်ကယ်တင်ဖို့ အထောက်အကူ ဖြစ်ပါတယ်။နှစ်စဉ် နှစ်တိုင်းမှာ နှလုံးရောဂါနဲ့ လူခြောက်သိန်းလောက် သေဆုံးနေပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းဟာ ဒီကိန်းဂဏန်းတွေကို လျှော့ချဖို့ နည်းတစ်နည်း ဖြစ်ပေမယ့် သူ့ကိုလည်း ဂရုတစိုက်ပြုလုပ်သင့်ပါတယ်။ နှလုံးထိန်းချုပ်စက်တပ်ထားပြီး နှလုံးခုန်နှုန်းကို စောင့်ကြည့်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေစဉ်မှာလည်း နှလုံးရပ်ခြင်းရဲ့ လက္ခဏာတွေကို နားလည်မှတ်သားသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%bb%e1%80%95%e1%82%86%e1%80%94%e1%80%ac%e1%80%9b%e1%80%bd%e1%80%ad%e1%80%b1%e1%80%94%e1%80%bb%e1%80%95%e1%80%ae%e1%80%86%e1%80%ad%e1%80%af/
ကလေးအနိုင်ကျင့်ခြင်း လက္ခဏာများ
Child abuse ဟာ အသက် ၁၈ နှစ်အောက် ကလေးတွေကို အနိုင်ကျင့်ခြင်း ဖြစ်ပါတယ်။ Child abuse ဟာ မသိသာတာကြောင့် လျစ်လျူရှုခြင်း၊ ကလေးကို ဂရုမစိုက်မိခြင်းတွေ ဖြစ်နိုင်ပါတယ်။ဒ့ါပြင် အနိုင်ကျင့်ခံရတဲ့ကလေးတွေဟာ သူတို့ကို ဘာဖြစ်နေတယ်ဆိုတာကို အခြားသူတွေကို ပြောနိုင်ခြင်း မရှိပါဘူး။ အချို့ကလေးတွေဟာ အနိုင်ကျင့်ခြင်း အကြောင်းကို နားမလည်ကြပါဘူး။ လူကြီးသတိမထားမိရင် ကလေးတွေဟာ အကူအညီကင်းမဲ့တတ်ကြပါတယ်။ဒါကြောင့် မိဘတွေက Child abuse အကြောင်းကို သေချာစွာ နားလည်ဖို့လိုအပ်ပြီး သူ့လက္ခဏာတွေနဲ့ ကလေးကို ဘယ်လိုထောက်ပံ့ပေးရမလဲဆိုတာပါ သိရှိဖို့ လိုအပ်ပါတယ်။Child abuse ဟာ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ ထိခိုက်အောင်လုပ်ခြင်း ထက်ပိုပါတယ်။ ကြမ်းတမ်းစွာ ဆက်ဆံခြင်းကြောင့် ဖြစ်တဲ့ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်းကိုသာ တွေးမိတတ်ကြပါတယ်။ဒါပေမယ့် Child abuse တွေအားလုံးက သိသာခြင်း မရှိပါဘူး။ ကလေးတွေရဲ့ လိုအပ်ချက်တွေကို လျစ်လျူရှုခြင်း၊ သူတို့ကို စောင့်ကြည့်မှုမရှိခြင်း၊ အန္တရာယ်ရှိတဲ့ အခြေအနေတွေ ဖြစ်ခြင်း၊ ကလေးကို တန်ဖိုးမဲ့သလို ခံစားစေခြင်း ဒီအရာတွေ အကုန်လုံးဟာ Child abuse ပဲဖြစ်ပါတယ်။Child abuse အမျိုးအစားပေါ် မူတည်မှုမရှိပဲ ရလဒ်ကတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်းပဲဖြစ်ပါတယ်။ ကလေးငယ်ဟာ ပုံစံအမျိုးမျိုးနဲ့ အကြမ်းဖက်ခံရနိုင်ပြီး တစ်ခါတစ်ရံမှာ တစ်ချိန်တည်းမှာ ဖြစ်ပွားနိုင်ပါတယ်။Child abuse ဟာ မိသားစု၊ စာသင်ခန်းအတွင်းမှာ ဖြစ်နိုင်ပါတယ်။ အကြမ်းဖက်ခံရတဲ့ ကလေးတွေဟာ အထူးသဖြင့် အကြမ်းဖက်သူက မိဘ၊ ဆွေမျိုး၊ သူငယ်ချင်း ဖြစ်နေခဲ့ရင် ဝန်ခံနိုင်ဖို့ ခက်ခဲပါတယ်။Child abuse ဖြစ်နေကြောင်း သတိပေးလက္ခဏာတွေကတော့။ဒါ့ပြင် လက္ခဏာတွေဟာ အကြမ်းဖက်မှု အမျိုးအစားပေါ် မူတည်ပါတယ်။ကိုယ်ခန္ဓါအကြမ်းဖက်မှုဟာ ကလေးတွေကို မရည်ရွယ်ပဲ (သို့) တမင်တကာ ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါဟာ မသင့်လျော်တဲ့ စည်းကမ်း၊ အပြစ်ပေးမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ ကလေးငယ်ကို ခါးပတ်နဲ့ ရိုက်ခြင်း။ ဒီလို ကိုယ်ခန္ဓါပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ ကလေးတွေဟာ အောက်ပါလက္ခဏာတွေ ရှိနိုင်ပါတယ်။ကလေးတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ သားကောင်မှာ အပြစ်တင်ခြင်းတွေ၊ ရှက်ရွံ့ခြင်းတွေ ရှိနေတာကြောင့် ရှုပ်ထွေးပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အလုံအလောက် အစီရင်ခံခြင်း မတွေ့ရပါဘူး။လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ ထိတွေ့စရာ မလိုပါဘူး။ ကလေးကို လူကြီး ပစ္စည်းတွေ၊ လိင်ပိုင်းဆိုင်ရာ အခြေအနေတွေ ပြသခြင်းဟာလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း မည်ပါတယ်။စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းမှာ ပြင်ပလက္ခဏာ မရှိပါဘူး။ အမာရွတ်ထင်ကျန်ခြင်း၊ အညိုအမဲစွဲခြင်းတွေ မရှိပါဘူး။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းဟာ ကလေးရဲ့ စိတ်ကျန်းမာရေး လူမှုရေး ဖွံ့ဖြိုးမှုတွေကို ထိခိုက်စေပြီး ဘဝတစ်သက်တာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ကလေးကို လျစ်လျူရှုခြင်းဟာ ပြနိုင်ဖို့ ခက်ခဲပါတယ်။ ကလေးကို လျစ်လျူရှုခြင်းဟာ ကလေးငယ်အတွက် လိုအပ်တဲ့အရာတွေကို ပေးဖို့ ပျက်ကွက်ခြင်း ဖြစ်ပါတယ်။ မိဘတွေ၊လူကြီးတွေဟာ မသန်စွမ်းမှု၊ စိတ်ကျခြင်း၊ ပြင်းထန်တဲ့ ဒဏ်ရာရရှိခြင်းတွေကြောင့် ကလေးကို မစောင့်ရှောက်နိုင်ခြင်းပဲဖြစ်ပါတယ်။တခါတရံမှာ ဆေးစွဲနေသူ လူကြီးတွေဟာ ကလေးကို စောင့်ရှောက်နိုင်ခြင်းမရှိပဲ ကလေးငယ် လုံခြုံစိတ်ချရဖို့လည်း ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ခြင်း မရှိပါဘူး။တခါတရံမှာ ကလေးအကြမ်းဖက်မှုဟာ မိဘတွေ၊ ဆရာမတွေမှာလည်း ဖြစ်နိုင်ပါတယ်။တကယ်လို့ ဒီလက္ခဏာတွေကို သင့်ကလေးမှာ၊ အခြားကလေးမှာ တွေ့ခဲ့ရင် အခြားသူတွေ၊ ဆရာဝန်၊ ရဲတွေကို အမြန်ဆုံးအကူအညီတောင်းသင့်ပါတယ်။ကျန်းမာရေး စောင့်ရှောက်သူတွေဟာ သံသယဖြစ်ဖွယ်ရှိတဲ့ ကလေးအကြမ်းဖက်မှုတွေအားလုံးကို သက်ဆိုင်ရာ နိုင်ငံ၊ မြို့တော် တာဝန်ခံတွေကို အစီရင်ခံဖို့ လိုအပ်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%ba%e1%80%a1%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%80%e1%80%bb%e1%80%84%e1%80%b7%e1%80%ba%e1%80%81%e1%80%bc/
null
null
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/how-to-reduce-blood-pressure-due-to-stress/
Gonorrhoea (ဆီးပူညောင်းကျ(ဂနို)ရောဂါ)
ဆီးပူညောင်းကျ(ဂနို)ရောဂါသည် လိင်မှတဆင့်ကူးစက်သောရောဂါဖြစ်ပြီး Nisseria gonorrhea/ gonnococous ဘက်တီးရီးယားကြောင့်ဖြစ်ရသည်။ ထိုရောဂါသည် အောက်ပါနည်းလမ်းများဖြင့် လွယ်ကူစွာကူးစက်နိုင်သည်။ဆီးပူညောင်းကျ(ဂနို)ရောဂါ သည် အလွန်အတွေ့ရများပါသောလက္ခဏာဖြစ်ပြီး အမျိုးသားများတွင် ပိုဖြစ်သည်။ ပိုမိုတိကျစွာသိရှိရန် ဆရာဝန်နှင့် တိုင်ပင်ပါ။အတွေ့ရများသော ရောဂါလက္ခဏာများမှာ။အထက်တွင်မဖော်ပြထားသော လက္ခဏာများကျန်နေနိုင်ပါသေးသည်။ ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။အောက်ပါ လက္ခဏာများရှိလာလျှင် ဆရာဝန်နှင့် ပြသင့်သည်။အထက်တွင်မဖော်ပြထားသော လက္ခဏာများကျန်နေနိုင်ပါသေးသည်။ ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။ဆီးပူညောင်းကျ(ဂနို)ရောဂါသည် လိင်မှတဆင့်ကူးစက်သောရောဂါဖြစ်ပြီး Nisseria gonorrhea/ gonnococous ဘက်တီးရီးယားကြောင့်ဖြစ်ရသည်။ ထိုရောဂါသည် အောက်ပါနည်းလမ်းများဖြင့် လွယ်ကူစွာကူးစက်နိုင်သည်။ဆီးပူညောင်းကျ(ဂနို)ရောဂါကို ဖြစ်နိုင်ချေများစေသောအချက်များစွာရှိသည့်အနက်အရေးကြီးဆုံးအချက်မှာ အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံခြင်းဖြစ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆီးပူညောင်းကျ(ဂနို)ရောဂါကို ပုံမှန်အားဖြင့် ပိုးသတ်ဆေး ထိုးဆေး သို့မဟုတ် စားဆေး ဖြင့် တကြိမ် ထိုး/စားခြင်းဖြင့် ကုသနိုင်သည်။ထိုသိုကကုသပြီး ၁-၂ပတ်အကြာတွင် သင့်ရောဂါ အခြေအနေကို သိရှိရန် ဆရာဝန်ထံရက်ချိန်းလာပြရန်လိုပါသည်။အောက်ပါ တို့ကို လိုက်နာခြင်းဖြင့် ဂနိုရောဂါဖြစ်ပွားမှုနှုန်းကို လျှော့ချနိုင်ပါသည်။သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/gonorrhea/gonorrhoea-%e1%80%86%e1%80%ae%e1%80%b8%e1%80%95%e1%80%b0%e1%80%b1%e1%80%8a%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ba%e1%80%82%e1%80%94%e1%80%ad%e1%80%af%e1%80%b1%e1%80%9b%e1%80%ac%e1%80%82/
ကလေးငယ်တွေ ရေချိုးရတာနဲ့ခေါင်းလျှော်ရတာကို ပျော်သွားစေမယ့် အချက် ၁၀ ချက်
ဘေဘီပေါက်စလေးတော်တော်များများကရေဆော့ရတာကို ကြိုက်ပေမယ့်ရေချိုးရတာကိုတော့ သိပ်မကြိုက်တတ်ကြပါဘူး။ အချို့ကလေးတွေဆိုရင်ရေချိုးဖို့ ပျင်းတာမျိုးတောင်ရှိပါတယ်။ ခေါင်းလျှော်ဖို့ကတော့ ကလေးတိုင်းကြောက်တဲ့ ကိစ္စတစ်ခုလို့တောင်ပြောလို့ရမယ်ထင်ပါတယ်။ ဒီလိုရေချိုးဖို့မကြိုက်၊ ခေါင်းလျှော်ရမှာကိုကြောက်တတ်တဲ့ ကလေးလေးတွေကိုရေချိုးခေါင်းလျှော်ရတာပျော်အောင်လုပ်ပေးဖို့က လည်း မိဘတွေရဲ့တာဝန်တွေထဲကတစ်ခုပါပဲ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ရေချိုးရမှာကိုကြောက်တတ်တဲ့ ကလေးငယ်တွေခေါင်းလျှော်တိုင်း ငိုတဲ့ကလေးလေးတွေကို ဘယ်လိုမျိုး ရေချိုးခေါင်းလျှော်ပေးရင် အဆင်ပြေမလဲဆိုတဲ့ နည်းလမ်းလေးတွေကိုပြောပြပေးချင်ပါတယ်။ကလေးအများစုကရေချိုးတဲ့အခါ သူတို့ မျက်လုံးတွေထဲကိုရေဝင်တာကိုကြောက်ကြတာပါ။ ဒါကြောင့်ကလေးကိုရေချိုးပေးတဲ့အခါ မျက်လုံးထဲရေဝင်တာမျိုးမဖြစ်စေဖို့အတွက်ရေချိုးပေးနေတဲ့အနီးမှာ တဘက်အခြောက်တစ်ထည်ကိုယူထားပေးရပါမယ်။ မျက်လုံးကိုရေဝင်တဲ့အခါ အလွယ်တကူသုတ်ပေးနိုင်စေဖို့ပါ။ရေချိုးကန်ထဲကို အရုပ်ယူခွင့်ပေးလိုက်ပါ။ကလေးအများစုက သူတို့အရုပ်လေးတွေနဲ့အတူရေချိုးရတာကိုနှစ်သက်ကြပါတယ်။ ကိုယ်က သူကိုရေချိုးပေးသလို သူက သူ့အရုပ်လေးကိုရေချိုးပေးတာမျိုးလုပ်နေခွင့်ပေးလိုက်ပါ။ ဒီလိုလုပ်ပေးတာက ကလေးကိုရေချိုးပေးရလွယ်ကူစေမှာ အသေအချာပါပဲ။ရေချိုးကန်ထဲမှာ အမြှုပ်လေးတွေဖြစ်အောင်လုပ်ပေးပါ။ဆပ်ပြာပူဖောင်းလေးတွေနဲ့ မဆော့ချင်တဲ့ ကလေးဆိုတာက ခပ်ရှားရှားပါ။ ကလေးကိုရေမချိုးပေးခင်မှာရေချိုးကန်ထဲမှာ ဆပ်ပြာမြှုပ်လေးတွေဖျော်ပေးထားလိုက်ပါ။ ကလေးက ဆပ်ပြာမြှုပ်လေတွေကိုမြင်တဲ့အခါရေချိုးရမှာကို စိုးရိမ်နေတဲ့ စိတ်တွေက ဆပ်ပြာမြှုပ်တွေ ဆီကိုအာရုံရောက်သွားတာကြောင့်မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါလိမ့်မယ်။ရေချိုးကန်ထဲမှာ အရောင်လေးတွေထည့်ဖော်ျပေးပါ။ကလေးငယ်ကိုရေချိုးပေးမယ့်ရေချိုးကန်ထဲမှာ အရောင်လှလှလေးတွေဖြစ်နေအောင် အစားအစာဆိုးဆေး နည်းနည်းထည့်ထားပေးလိုက်ပါ။ ကလေးက အရောင်လှလှလေးဖြစ်နေတဲ့ရေကိုမြင်တဲ့အခါရေချိုးချင်တာ ဒါမှမဟုတ်ရေကစားချင်တဲ့စိတ်မျိုးဖြစ်လာပါလိမ့်မယ်။ ဒီနည်းကလည်း ကလေးငယ်လေးတွေကိုရေချိုးပျော်အောင်လုပ်တဲ့နေရာမှာ အသုံးဝင်နိုင်ပါတယ်။ကလေးကို သက်တောင့်သက်သာဖြစ်အောင်ထားပေးပါ။ကလေးကိုရေချိုးပေးတဲ့အခါ ကလေးကို သက်တောင့်သက်သာရှိအောင်လုပ်ပေးဖို့ကလည်းမေ့မထားသင့်တဲ့အချက်ပါပဲ။ရေရဲ့အပူချိန်ကစလို့ရေအတိမ်အနက်အထိအဆုံး အားလုံးကို အဆင်ပြေပြေဖြစ်အောင်လုပ်ပေးဖို့လိုပါမယ်။ရေအေးတာက ကလေးငယ်ကို ချမ်းတုန်တာတွေဖြစ်လာစေနိုင်တယ်ဆိုပေမယ့် ကလေးအများစုကရေအေးအေးလေးနဲ့ချိုးရတာကို နှစ်သက်ကြပါတယ်။ အသက် ၆ လအောက် ကလေးငယ်တွေကိုရေချိုးပေးမယ်ဆိုရင်တော့ သူတို့ကို ချိုးပေးမယ့်ရေဇလုံထဲကိုရေ ၃ လက်မထက်ပိုမထည့်ပါနဲ့။ ကလေးက ထိုင်တတ်တဲ့အရွယ်လောက်ရောက်ပြီဆိုရင်လည်း ကလေးခါးမြှုပ်ရုံလောက်ပဲရေကိုထည့်ရပါမယ်။ကလေးနဲ့ရေအတူတူချိုးပေးပါ။ကလေးငယ်လေးတွေက သူတို့တစ်ယောက်တည်းရေချိုးရတာထက် မိဘတွေနဲ့အတူတူရေချိုးရတာကို နှစ်သက်ကြပါတယ်။ ကိုယ့်ရဲ့ရင်သွေးလေးကရေချိုးပေးရခက်နေမယ်ဆိုရင် အချိန်ပေးပြီး ကလေးနဲ့အတူတူရေချိုးတာမျိုးလုပ်ပေးပါ။ ဒီနည်းကလည်းရေချိုးပေးရခက်တဲ့ ကလေးတွေကိုရေချိုးပေးတဲ့နေရာမှာ အသုံးဝင်ပါလိမ့်မယ်။ကလေးငယ်အများစုကခေါင်းလျှော်ရတာကိုကြောက်တတ်ကြပါတယ်။ တကယ်ကခေါင်းလျှော်တဲ့အခါ မျက်စိစပ်တာ၊ မျက်လုံးကိုအကြာကြီးမှိတ်ထားရတာနဲ့ ခေါင်းလျှော်တဲ့အခါရေမွှန်းတာတွေကိုကြောက်ကြတာပါ။ခေါင်းလျှော်ရမှာကိုကြောက်တဲ့ ကလေးငယ်လေးတွေကိုခေါင်းဘယ်လိုလျှော်ပေးရမလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။ကလေးဆံသားနဲ့လိုက်ဖက်မယ့်ခေါင်းလျှော်ရည်ကိုရွေးချယ်ပါ။ကလေးအတွက် အသုံးပြုပေးနေတဲ့ခေါင်းလျှော်က အရမ်းပြင်းတာမျိုးမဖြစ်အောင်ဂရုစိုက်ရပါမယ်။ အရမ်းပျစ်ပြီး အနံ့အရမ်းပြင်းတဲ့ခေါင်းလျှော်ရည်မျိုးကို ကလေးအတွက် အသုံးမပြုပါနဲ့။ ကလေးကိုလျှော်ပေးတဲ့ခေါင်းလျှော်ရည်က မျက်စိစပ်တာမျိုး မဖြစ်စေတာသေချာဖို့လည်းလိုပါမယ်။ရေချိုးခန်းမှာ မှန်ထားပေးပါ။ကလေးအများစုက သူတို့ရေချိုးနေတာ၊ခေါင်းလျှော်နေတာတွေကိုမှန်မှာမြင်နေရတာကို သဘောကျတတ်ကြပါတယ်။ ဒါကြောင့်ရေချိုးခန်းထဲမှာ မှန်ထားပေးပြီးခေါင်းလျှော်ပေးတဲ့အခါ ကလေးကိုမှန်ထဲက သူ့ပုံရိပ်ကိုမြင်အောင်လုပ်ပေးလိုက်ပါ။ခဏခဏခေါင်းမလျှော်ပေးပါနဲ့။ကလေးလေးတွေကို နေ့တိုင်းခေါင်းလျှော်ပေးဖို့ မလိုပါဘူး။ တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက်ခေါင်းလျှော်ပေးတာနဲ့တင်တော်တော်လေးကိုလုံလောက်နေပါပြီ။ ခဏခဏခေါင်းလျှော်ပေးတာက ကလေးကျန်းမာရေးအတွက်လည်း မကောင်းသလို ကလေးကိုလည်းခေါင်းလျှော်ရမှာကြောက်သွားစေနိုင်ပါတယ်။Vaseline သုံးပေးပါ။ခေါင်းလျှော်ရမှာကိုကြောက်တဲ့ ကလေးငယ်တွေကို Vaseline သုံးပေးလို့ရပါတယ်။ခေါင်းလျှော်မပေးခင်မှာ ကလေးရဲ့ နဖူးမှာ Vaseline သုံးပေးလို့ရပါတယ်။ နဖူးမှာ Vaseline သုံးလိုက်တဲ့အခါ မျက်လုံးထဲကိုရေမဝင်အောင် ကာကွယ်ပြီးသားဖြစ်သွားပါတယ်။ကလေးကို မာန်မဲတာမျိုးမလုပ်ပါနဲ့။ကလေးကိုခေါင်းလျှော်ပေးတဲ့အခါ ကလေးကကြောက်လန့်ပြီးငိုတာမျိုးဖြစ်ခဲ့ရင် မာန်မဲတာမျိုး ဆူငေါက်တာမျိုးမလုပ်ပါနဲ့။ ကလေးကခေါင်းလျှော်ဖို့ကို ပိုကြောက်သွားနိုင်ပါတယ်။ ကလေးကိုခေါင်းပေါ်ကနေရေအဆက်မပြတ်လောင်းတာမျိုး မလုပ်မိဖို့လည်း သတိရပါ။ ကလေးကိုခေါင်းလျှော်ပေးနေချိန်မှာ စကားပြောပေးပါ။ပျော်စရာကောင်းတဲ့အကြောင်းလေးတွေပြောပြပေးနေပါ။ ဒီလိုလုပ်ပေးတာက ကလေးကိုအာရုံပြောင်းပေးရာရောက်ပါတယ်။အခုပြောသလိုလေးတွေလုပ်ပေးတာအပြင် ကလေးကိုရေချိုးရင်း ပုံပြောပြတာ၊ အာလောက်လောက်ကစားပေးတာ၊ သီးချင်းဆိုပြတာ၊ နှိပ်နယ်ပေးတာမျိုးတွေလုပ်ပေးလို့ရပါသေးတယ်။ ကလေးကိုခေါင်းလျှော်ပေးတဲ့အခါမှာလည်း ခေါင်းပေါ်ကနေ ရေခွက်လိုက်လောင်းချမယ့်အစားရေပန်းကိုသုံးပြီးခေါင်းလျှော်ပေးတာမျိုးလုပ်ပေးကြည့်ပါ။ ဒါကလည်း အဆင်ပြေစေမယ့်နည်းလမ်းတွေပါပဲ။ရေချိုးရမှာခေါင်းလျှော်ရမှာကြောက်တဲ့ သားသားမီးမီးလေးတွေကို အခုဖော်ပြခဲ့တဲ့ နည်းလေးတွေသုံးပြီး ဒီနေ့ပဲရေချိုးခေါင်းလျှော်ပေးကြည့်လိုက်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%90%e1%80%bd%e1%80%b1-%e1%80%9b%e1%80%b1%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%90%e1%80%ac%e1%80%94%e1%80%b2/
အက်စထရိုဂျင်ဟော်မုန်းနည်းတယ် ဘာစားရမလဲ
လူတစ်ယောက်ကျန်းမာတက်ကြွနေတယ်ဆိုတာ ကိုယ်တွင်းမှာဟော်မုန်းတွေညီမျှနေလို့ပါ။ ကိုယ်တွင်းဟော်မုန်းတွေညီမျှနေစေဖို့ အစားအသောက်နဲ့ သက်ဆိုင်သလိုတစ်နေ့တာလှုပ်ရှားနေထိုင်တဲ့ လူနေမှုပုံစံနဲ့လည်း ဆိုင်ပါတယ်။ စိတ်ဓါတ်ကျနေမယ်၊ ပင်ပန်းနွမ်းနယ်နေမယ်၊ စိုးရိမ်စိတ်များနေမယ်၊ အသားအရေတွေခြောက်နေမယ်ဆိုရင်တော့ခန္ဓါကိုယ်ထဲမှာအက်စထရိုဂျင်ဟော်မုန်းနည်းနေပါပြီ။ကိုယ်တွင်းမှာ အက်စထရိုဂျင်ဟော်မုန်းနည်းနေပြီဆိုရင် အခုလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်။ခန္ဓါကိုယ်မှာ အက်စထရိုဂျင်နည်းနေတာကိုအစားအသောက်နဲ့ထိန်းညှိလို့ရပါတယ်။ အက်စထရိုဂျင်နည်းတဲ့လက္ခဏာတွေတွေ့နေရပြီဆိုရင်နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ဒီအစားအစာလေးတွေ ပါအောင်စားပေးပါ။ဝိုင်အနီရောင်။ဝိုင်အနီလိုမျိုးphytoestrogenဒြပ်ပေါင်းကြွယ်ဝတဲ့ အစားအစာတွေသောက်စရာတွေကို နည်းနည်းလောက်သောက်ပေးတာက နှလုံးသွေးကြောဆိုင်ရာရောဂါတွေနဲ့ရင်သားကင်ဆြာဖစ်နိုင်ခြေကိုလျော့နည်းစေနိုင်ပါတယ်။ တစ်ပတ်ကို တစ်ကြိမ်လောက် ဝိုင်အနီတစ်ခွက်လောက်သောက်ပေးပါ။ ဝိုင်မကြိုက်ဘူးဆိုရင်လည်း အနီရောင် စပျစ်သီး၊ ခရင်မ်ဘယ်ရီ၊ ဘလူးဘယ်ရီသီးတို့စားပေးလို့ရပါတယ်။သစ်သီးတွေ။လတ်လတ်ဆတ်ဆတ် သစ်သီးတွေစားလို့ရသလို သစ်သီးခြောက်တွေလည်းစားပေးလို့ရပါတယ်။ သစ်သီးမှာပါတဲ့အမျှင်ဓါတ်နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ဗီတာမင် စီအပါအဝင် ဗီတာမင်တွေကသွေးလည်ပတ်မှုကောင်းစေပြီး ခန္ဓါကိုယ်ကိုရောဂါတွေကနေကာကွယ်ပေးပါ။ တရုတ်ဇီးသီး၊ မက်မွန်သီး၊ စပျစ်သီးအနီ၊ လိမ္မော်သီ၊း ဘလူးဘယ်ရီသီး၊ စတော်ဘယ်ရီသီးတို့မှာphytoestrogenဒြပ်ပေါင်းကြွယ်ဝစွာပါဝင်နေပါတယ်။အခွံမာသီးတွေ။အခွံမာသီးတွေကို အဆာပြေစားလို့ရသလို မနက်စာစားတဲ့အခါမှာ ထည့်စားလို့လည်းရပါတယ်။ ပရိုတင်း၊ အမျှင်ဓါတ်၊phytoestrogenဒြပ်ပေါင်းတို့ကြွယ်ဝစွာပါဝင်တာကြောင့် အက်စထရိုဂျင်ဟော်မုန်းပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။မြေပဲ၊သစ်ကြားသီး၊ သစ်အယ်သီးတို့ကို စားပေးလို့ရပါတယ်။နှမ်းကြတ်စေ့။အမျှင်ဓါတ်ကြွယ်ဝသလိုphytoestrogenဒြပ်ပေါင်းကြွယ်ဝတာကြောင့် အက်စထရိုဂျင်ဟော်မုန်းနည်းသူတွေအတွက် သင့်တော်ပါတယ်။သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီးအစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။omega-3 fatty acidsကြွယ်ဝစွာပါဝင်တာကြောင့်လေဒီလေးတို့အတွက် အထူးသင့်တော်ပါတယ်။ပဲပိစပ်။ပရိုတင်း နဲ့ ကျန်းမာရေးအတွက် ညီညွတ်တဲ့ အဆီကြွယ်ဝစွာပါဝင်နေပါတယ်။သွေးဆုံးချိန်မှာဖြစ်တဲ့ အရေပြားတွေ ပူစပ်ပူလောင်ဖြစ်တာ၊ ညဘက်အိပ်ရင်ချွေးစေးတွေထွက်တာ၊အသားအရေခြောက်သွေ့တာအပါအဝင် အက်စထရိုဂျင်ဟော်မုန်းနည်းတာကြောင့်ဖြစ်နိုင်တဲ့ လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ဒါကြောင့်ခန္ဓါကိုယ်မှာ အက်စထရိုဂျင်ဟော်မုန်းပမာဏညီမျှနေစေဖို့နေ့စဉ်စားသုံးတဲ့အစားအစားတွေထဲမှာ အခုပြောပြခဲ့တာတွေ ပါဝင်အောင်စားသုံးပြီး အက်စထရိုဂျင်ပမာဏကိုမြှင့်တင်လိုက်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/estrogen-rich-foods/
တားဆေးဖြတ်ပြီးရင် ကလေးရဖို့ ခက်သွားနိုင်တယ်ဆိုတာ တကယ်လား
ပဋိသန္ဓေတားဆေးတွေနဲ့ပတ်သက်ပြီး ပြောကြဆိုကြတဲ့ အရပ်စကားတွေက အများကြီးပါ။ ဒီအထဲကမှ အန်တီကြီးတွေ ပြောလေ့အရှိဆုံးစကားကတော့ တားဆေး တွေကို ကာလတခုကြာအောင်သောက်ပြီး ဖြတ်လိုက်တဲ့အခါ နောင်တချိန်မှာ ကလေးရဖို့ ခက်သွားနိုင်တယ်ဆိုတာပါပဲ။တားဆေးဖြတ်ပြီးရင်ကလေးရဖို့ ခက်သွားနိုင်တယ်ဆိုတာ တကယ်လား ဆိုတော့ ဒါဟာ အင်မတန် ဒွိဟပွားစရာ စကားပါ။ ဒီအဆို မှန်၊မမှန် သိရအောင် ဆောင်းပါးလေးကို ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး။ဒီဆေးတွေဟာဟော်မုန်းဆေးတွေဖြစ်ပြီး ကိုယ်ဝန်ရှိလာခြင်းမှ ကာကွယ်ဖို့အတွက် နေ့စဉ်ပုံမှန် သောက်ပေးရကာ မှန်ကန်စွာ သုံးစွဲမယ်ဆိုရင် ၉၉.၉% အထိ အာနိသင်ထိရောက်ပါတယ်။သားဥအိမ်ကနေ ကြွေကျလာတဲ့မမျိုးဥလေးဟာ အဖိုရဲ့သုက်ကောင်တကောင်နဲ့ပေါင်းပြီး သန္ဓေသားဖြစ်လာမယ့် ဆဲလ်လုံးလေး အဖြစ်သားအိမ်မှာသွားရောက်ကပ်တွယ်ကာ ကလေးလေးအဖြစ် တဖြည်းဖြည်း ကြီးထွားဖွံ့ဖြိုးလာပါတယ်။သားဥအိမ်ကနေမမျိုးဥကြွေကျတာကို သားဥကြွေခြင်းလို့ ခေါ်ပြီး ဒီဖြစ်စဉ်ကိုအမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟော်မုန်းတွေက ထိန်းချုပ်ပေးပါတယ်။ တားဆေးတွေထဲမှာ estrogen နဲ့ progestin ဟော်မုန်း အနည်းငယ်စီ ပါဝင်ပြီး ခန္ဓာကိုယ်ရဲ့ သဘာဝဟော်မုန်းသံသရာဖြစ်စဉ်ကို ဆန့်ကျင်ပေးခြင်းအားဖြင့် ကိုယ်ဝန်ရှိမလာအောင် ကာကွယ်ပေးပါတယ်။ဟော်မုန်းပါဝင်တဲ့ ပဋိသန္ဓေတားဆေးတွေကို သုံးစွဲခြင်းအားဖြင့် သားဥကြွေတာကို ကာကွယ်ပေးတဲ့အပြင် သားအိမ်ခေါင်းအတွင်းမှာရှိတဲ့ အကျိအချွဲတွေရဲ့ ပုံစံသဘာဝကိုလည်း ပြောင်းလဲစေတာမို့ သုက်ကောင်တွေအနေနဲ့ သားအိမ်ခေါင်းကို ဖြတ်သန်းဝင်ရောက်ပြီး မမျိုးဥတွေနဲ့ ထိတွေ့မျိုးအောင်ဖို့ အခွင့်အလမ်းကို နည်းသွားစေပါတယ်။ ဒါတင်မကသေးပါဖူး။ အဆိုပါတားဆေးတွေဟာ သားအိမ်ရဲ့ အတွင်းသားနံရံတွေကိုလည်း ပြောင်းလဲပစ်လိုက်တာမို့ မျိုးအောင်ပြီးသားဥဟာလည်း လာပြီးမကပ်တွယ်နိုင်တော့ပါဘူး။မခက်ခဲပါဖူး။ ပဋိသန္ဓေတားဆေးတွေဟာ မျိုးအောင်နိုင်စွမ်းကို မထိခိုက်စေဖူးဆိုတာကို သုတေသန၊ လေ့လာမှုအများအပြားက သက်သေပြပြီး ဖြစ်ပါတယ်။ အဆိုပါ တားဆေးတွေမှာ ပါဝင်တဲ့ ဟော်မုန်းတွေကို ခန္ဓာကိုယ်က လျင်မြန်စွာ ရှင်းလင်းပစ်နိုင်ပါတယ်။ဒါကြောင့် တားဆေး တွေကို တနေ့တခါပုံမှန်သောက်ပေးရတာ ဖြစ်ပါတယ်။ ဟော်မုန်းတွေ သင့်ခန္ဓာကိုယ်ထဲက လုံးဝပျောက်ကွယ်သွားပြီဆိုရင် နှစ်ရက်လောက်အတွင်းမှာပဲ မမျိုးဥကြီးထွားဖွံ့ဖြိုးတဲ့ ပုံမှန်ဖြစ်စဉ် ပြန်လည်ဖြစ်ပေါ်လာမှာ ဖြစ်ပြီး နှစ်ပတ်ကနေ ခြောက်ပတ်လောက်အတွင်းမှာပဲ သားဥကြွေခြင်း ဖြစ်ပေါ်လာမှာပါ။ဒါပေမယ့် သင့်အနေနဲ့ တားဆေး သုံးစွဲခဲ့တဲ့ ကာလကြာမြင့်ခဲ့တယ်ဆိုရင် (ဆိုပါစို့ တစ်နှစ်ကျော်လောက်ပေါ့) သင့်ခန္ဓာကိုယ်အနေနဲ့ပုံမှန်ဇီဝကမ္မဖြစ်စဉ်တွေပြန်လည်ဖြစ်ပေါ်ဖို့အတွက် သုံးလလောက် အချိန်ပေးရမှာ ဖြစ်ပါတယ်။တားဆေးကို နှစ်ပေါင်းများစွာ သုံးစွဲခဲ့တဲ့ အမျိုးသမီးတယောက်အနေနဲ့ ကလေးယူချင်တဲ့အတွက် တားဆေး သောက်တာ ရပ်လိုက်မယ်ဆိုရင်တော့ သူမရဲ့ မျိုးအောင်နိုင်စွမ်း (ကလေးရနိုင်စွမ်း)ဟာ ပုံမှန်ထက် နည်းကောင်းနည်းသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်ရတာဟာ သူမအသက်ကြီးလာတာကြောင့်ဖြစ်ပြီး တားဆေးတွေကြောင့် မဟုတ်ပါဖူး။တားဆေး သောက်ဆေးတွေဟာ စိတ်အချရဆုံးနဲ့ ထိရောက်မှု အရှိဆုံး သားဆက်ခြားနည်းလမ်းအဖြစ် ယူဆထားကြပါတယ်။ တားဆေးတွေကြောင့် နောင်တချိန်မှာ ကလေးမရတော့တာ (မြုံတာ)ကို ဖြစ်စေနိုင်တယ်လို့ ပြောတာတွေဟာ လွဲမှားတဲ့ အယူအဆတွေပဲ ဖြစ်ပါတယ်။တားဆေး သုံးစွဲတာရပ်လိုက်ပြီး ချက်ချင်းဆိုသလို ကလေးရနိုင်မှာဖြစ်ပြီး သားဥကြွေခြင်း ဖြစ်စဉ် ပုံမှန် ပြန်ဖြစ်ဖို့တော့ အချိန်အနည်းငယ် ယူရမှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီနည်းလမ်းဟာ လုံးဝ(လုံးဝ) စိတ်ချရပါတယ်။ သင့်အနေနဲ့ ကျန်းမာသန်စွမ်း ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေကို ရရှိနိုင်ဦးမှာပဲ ဖြစ်ပါကြောင်း။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/truths-and-myths-about-birth-control-pills/
ကလေးတွေမှာ အဖြစ်များတဲ့ စိတ်ရောဂါတွေက ဘာတွေလဲ
လူကြီးတွေလိုမျိုးပဲ ကလေးတွေဟာလည်း သူတို့ရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ လူကြီးတွေမှာလိုပဲ ကလေးတွေမှာ စိတ်ရောဂါလက္ခဏာတွေဟာ တိကျမှုမရှိတာကြောင့် ရောဂါရှိကြောင်း သိရှိဖို့ ခက်ခဲပါတယ်။ကလေးတွေမှာ အဖြစ်များတဲ့ စိတ်ရောဂါအတော်များများဟာ မွေးရာပါဖြစ်ပါတယ်။ မိဘတွေက ကလေးမှာ ဖြစ်နိုင်တဲ့ စိတ်ရောဂါတွေ၊ လက္ခဏာတွေနဲ့ ကာကွယ်ခြင်းတွေကို နားလည်ပြီး ကလေးတွေကို သဘာဝအတိုင်း ကြီးထွားလာအောင် ကာကွယ်ပေးသင့်ပါတယ်။ဒီရောဂါဟာ လူကြီးတွေမှာ အဖြစ်များပေမယ့် ကလေးတွေမှာ လက္ခဏာတူညီခြင်းမရှိပါဘူး။ တကယ်လို့ သင့်ကလေးက အချို့အရာတွေ၊ အဖြစ်အပျက်တွေကို ကြောက်ရွံ့၊ စိုးရိမ်မှုနဲ့ တုန့်ပြန်တယ်ဆိုရင်၊ ငိုရင်၊ အာခေါင်ခြစ်အော်ရင် ဒါဟာ စိတ်ရောဂါ လက္ခဏာ တစ်မျိုးမျိုး ဖြစ်နိုင်ပါတယ်။တခါတရံမှာ ပြင်းထန်တဲ့ အခြေအနေတွေမှာ စိတ်လှုပ်ရှားခြင်းရဲ့ လက္ခဏာတွေ ဖြစ်တဲ့ နှလုံးခုန်မြန်ခြင်း၊ ချွေးထွက်ခြင်းတွေကိုလည်း စိတ်ပူရောဂါရှိတဲ့ ကလေးတွေမှာ တွေ့နိုင်ပါတယ်။ADHD ခံစားနေရတဲ့ ကလေးတွေဟာ အာရုံစူးစိုက်မှု ပြဿနာတွေ ရှိပါတယ်။ သူတို့ဟာ အချို့အခြေအနေတွေကြောင့် လွယ်ကူစွာ ပျင်းရိကာ စိတ်ရှုပ်နိုင်ပါတယ်။ ဒါကြောင့် ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိပဲ တစ်ချိန်လုံးလှုပ်နေကြပါတယ်။ဒီပြဿနာဟာ ကလေးတွေမှာ အဖြစ်များတဲ့ စိတ်အခြေအနေ တစ်ခုဖြစ်ပါတယ်။ သူတို့ဟာ စားဖို့ ခက်ခဲပြီးတော့ စားချင်စိတ်မရှိကြပါဘူး။ များသောအားဖြင့် အစားအသောက်တွေနဲ့ ပတ်သက်တဲ့ သူတို့မှာ ပြင်းထန်တဲ့ ခံစားချက်တွေရှိနိုင်ပါတယ်။ဒီရောဂါတွေကတော့ ကလေးရဲ့ အချက်အလက်တွေကို သိုလှောင်ခြင်း၊ သိမ်းဆည်းခြင်းကို ထိခိုက်နိုင်ပါတယ်။ ဒီပြဿနာရှိတဲ့ ကလေးတွေဟာ သူတို့ရဲ့ အပြောအဆို၊ အတွေးတွေကို လှစ်ဟပြမှု ပြဿနာတွေ ရှိပါတယ်။ ကလေးတွေ ဦးနှောက်ထဲမှာ အခြားအရာအသစ်တွေကို သင်ယူဖို့ ခက်ခဲပါတယ်။ဒီပြဿနာရှိတဲ့ ကလေးတွေဟာ အိမ်သာကို မကြာခဏ သွားလေ့ရှိပါတယ်။ သူတို့ဟာ ဆီးသွားခြင်းကို မထိန်းနိုင်ကြပဲ ကလေးတွေမှာ ဆီးသွားများခြင်း၊ အိပ်ရာပေါ် ဆီးသွားခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ဒီရောဂါတွေဟာ စိတ်နဲ့ ခံစားချက်နဲ့ ဆက်စပ်မှုရှိပါတယ်။ ဒီရောဂါဟာ ကလေးတွေကို လွယ်ကူစွာ စိတ်ပြောင်းလဲစေနိုင်ပြီး ခံစားချက်တွေကို မထိန်းချုပ်နိုင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ Affective disorders တွေ မှာစိတ်ကျခြင်းနဲ့ ဝမ်းနည်းခြင်း၊ စိတ်တက်လိုက်ကျလိုက်ဖြစ်ခြင်း အစရှိတဲ့ လက္ခဏာတွေပါဝင်ပါတယ်။Pervasive behaviour disorders ဟာ ကလေးတွေကို တွေးတောမှု အနှောင့်အယှက်ပေးပြီး သူတို့ပတ်ဝန်းကျင်ကမ္ဘာကို နားလည်နိုင်မှု သိလိုမှုမှာ အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ အခြေခံ ကျွမ်းကျင်မှုတွေ ဖြစ်တဲ့ လူမှု ဆက်ဆံရေး၊ စိတ်ကူးယဉ်ခြင်း အစရှိတာတွေ ဖွံ့ဖြိုးမှုမှာလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။စိတ်ကစဉ့်ကလျားရောဂါဟာ ကလေး တွေးတောခြင်း၊ ပြုမူခြင်း၊ တွေးခြင်း၊ အမှန်ကို လက်ခံခြင်း၊ အခြားကလေးတွေနဲ့ ယှဉ်ကြည့်တဲ့အခါမှာ နိမ့်ကျနေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ စိတ်ကစဉ့်ကလျားရောဂါ ရှိတဲ့ ကလေးတွေဟာ ပတ်ဝန်းကျင်၊ ကျောင်း၊ ဆက်ဆံရေးတွေမှာ အဆင်မပြေဖြစ်နိုင်ပါတယ်။ဒီရောဂါရှိတဲ့ ကလေးငယ်တွေဟာ ရုတ်တရက် အဓိပ္ပာယ်မရှိတဲ့ လှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်နေခြင်း၊ အသံတစ်မျိုးမျိုးကို ထပ်ခါထပ်ခါ ရွတ်နေခြင်း၊ ဥပမာ မျက်တောင်ခတ်ခြင်း၊ နှာခေါင်းရှုံ့ခြင်းတွေကို ထိန်းချုပ်မရနိုင်ပဲ မကြာမကြာလုပ်နေခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒီရောဂါဟာ အန္တရာယ်မရှိပဲ ခဏတာသာ ဖြစ်ပေမယ့် ကလေးရဲ့ နေ့စဉ်ဘဝနဲ့ ဆက်ဆံမှုတွေမှာ ထိခိုက်မှုရှိနိုင်ပါတယ်။ဒီရောဂါက ကလေးတွေဟာ စည်းကမ်းလိုက်နာမှုမရှိပဲ ကျောင်း၊ သူငယ်ချင်း၊ မိသားစုမှာတောင်မှ ဖျက်စီးလိုစိတ်ရှိကြပါတယ်။အထက်ပါ ရောဂါတွေဟာ ကလေးတွေမှာ အလွန်အဖြစ်များပေမယ့် သူတို့ကို ဆရာဝန်နဲ့ ပြသပြီး မှန်ကန်စွာကုသနိုင်ပါတယ်။ ကလေးကို ဂရုစိုက်ခြင်းဟာ ကလေးရဲ့ အပြုအမူပုံမမှန်မှုတွေကို စောစီးစွာ သိနိုင်စေပါတယ်။စိတ်ရောဂါကို ဘယ်အရာက ဖြစ်စေတယ်ဆိုတဲ့ တိကျတဲ့ အကြောင်းရင်းမရှိပါဘူး။ သူဟာ များသောအားဖြင့် စိတ်ရောဂါဖြစ်စေတဲ့ အချက်တွေဖြစ်တဲ့ မျိုးရိုးဗီဇ၊ ဇီဝဗေဒ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရခြင်း၊ ပတ်ဝန်းကျင်ကြောင့် စိတ်ဖိစီးခြင်း စတဲ့ အချက်တွေ ပေါင်းစပ်ဖြစ်ပေါ်ခြင်း ဖြစ်ပါတယ်။စိတ်ရောဂါဖြစ်စေတဲ့ တိကျတဲ့ အကြောင်းရင်းတော့ မရှိပါဘူး။ အချိန်အတော်မျာများမှာ စိတ်ရောဂါတွေဟာ အချိန်ကြာလာတာနဲ့ အမျှ ဖြစ်လာတတ်ပါတယ်။ သူတို့ဟာ ဖြစ်စေတဲ့ အချက်တွေ ပေါင်းစပ်ဖြစ်ပေါ်တာဖြစ်ပါတယ်။ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး (သို့) စိတ်ရောဂါဖြစ်ပေါ်စေတဲ့ အခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးခြင်းကလည်း စိတ်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ဆရာဝန်အချို့နဲ့ စိတ်ရောဂါကု ဆရာဝန်တွေက စိတ်ရောဂါဟာ စိတ်ခံစားမှု၊ တွေးတောခြင်း၊ အပြုအမူတွေကို ထိန်းချုပ်တဲ့ နေရာကို သက်ရောက်မှုရှိတဲ့ ဦးနှောက်ဓာတုပစ္စည်း (သို့) တည်ဆောက်ပုံ ချို့ယွင်းမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ကလေးတွေမှာ စိတ်ရောဂါဖြစ်စေတဲ့ အဓိက အုပ်စုသုံးခုရှိပါတယ်။တစ်ဦးချင်း၊ မိသားစု၊ ကျောင်း နဲ့ ပတ်ဝန်းကျင်။တစ်ဦးချင်းစီ။မိသားစု။ကျောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ။စိတ်ရောဂါရဲ့ သတိပေးလက္ခဏာတွေကတော့။လူကြီးတွေလိုပဲ ကလေးတွေမှာ စိတ်ရောဂါကို သိရှိစေဖို့အတွက် လက္ခဏာတွေအပေါ် အခြေခံပါတယ်။ ဒါပေမယ့် ကလေးတွေမှာ စိတ်ရောဂါကို သိရှိနိုင်ဖို့ဟာ အလွန်ခက်ခဲပါတယ်။ ရှက်ခြင်း၊ စိတ်ပူခြင်း၊ ထူးဆန်းသော စားသောက်ပုံများ၊ ဒေါသကြီးခြင်း အစရှိတဲ့ ပုံမှန်ကလေးကြီးထွားမှုရဲ့ အစိတ်အပိုင်း အဖြစ်အပျက်တွေဟာ စိတ်ရောဂါလက္ခဏာ ဖြစ်နိုင်ပါတယ်။အပြုအမူတွေဟာ မကြာခဏ ဖြစ်လာတဲ့အခါ၊ အချိန်အကြာကြီး ဖြစ်တဲ့အခါ၊ ထူးဆန်းတဲ့အသက်မှာ ဖြစ်တဲ့အခါ ကလေး၊ မိသားစုရဲ့ ဘဝကို ဖျက်ဆီးလာတဲ့အခါမှာ ဒါတွေဟာ စိတ်ရောဂါလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။တကယ်လို့ လက္ခဏာတွေ ရှိနေသေးရင် ဆရာဝန်က ရောဂါရာဇဝင်မေးမြန်းပြီး စစ်ဆေးမှုပြုလုပ်နိုင်ပါယတ်။ စိတ်ရောဂါကို သိရှိဖို့အတွက် ဓာတ်ခွဲခန်းစစ်ဆေးမှုမလုပ်နိုင်ပေမယ့် ဆရာဝန်က စစ်ဆေးမှုအမျိုးမျိုးဖြစ်တဲ့ neuroimaging နဲ့ သွေးစစ်ဆေးမှုတွေကို ရောဂါ၊ ဆေးတွေရဲ့ ဆိုးကျိုးတွေကြောင့် မဟုတ်ကြောင်းသိစေဖို့ စစ်ဆေးနိုင်ပါတယ်။တကယ်လို့ ရောဂါရှာမတွေ့ဘူဆိုရင်တော့ စိတ်ရောဂါဆရာဝန် (သို့) ကျွမ်းကျင်သူထံကို သွားပြရမှာ ဖြစ်ပါတယ်။ သူတို့ဟာ ကလေးရဲ့ စိတ်ကျန်းမာရေးအခြေအနေကို စမ်းစစ်ဖို့ လေ့ကျင့်ထားကြသူတွေ ဖြစ်ပါတယ်။ဆရာဝန်က ကလေးရဲ့ လက္ခဏာတွေနဲ့ ကလေးရဲ့ စိတ်ဓာတ်၊ အပြုအမူတွေကို စစ်ဆေးပြီး ရောဂါအမည်တပ်နိုင်ပါတယ်။ ဆရာဝန်က ကလေး မိဘ၊ ဆရာမ၊ အခြားကလေးတွေရဲ့ အစီရင်ခံချက်တွေပေါ်မူတည်ပြီး ဆုံးဖြတ်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေဟာ သူတို့ရဲ့ ပြဿနာကို ရှင်းပြနိုင်ခြင်းမရှိပဲ လက္ခဏာတွေကိုနားလည်နိုင်ခြင်းလည်း မရှိပါဘူး။ဆရာဝန်က လက္ခဏာတွေကို စစ်ဆေးပြီး တိကျတဲ့ စိတ်ရောဂါတစ်ခုကို အမည်တပ်မှာဖြစ်ပါတယ်။အခြားရောဂါတွေလိုပဲ စိတ်ရောဂါကိုလည်း ကုသနိုင်ပါတယ်။ ကုသမှုတွေမှာတော့ ဆေး၊ စိတ်ပိုင်းဆိုင်ရာနဲ့ creative ကုသမှုတွေပါဝင်ပါတယ်။ ကျွမ်းကျင်သူတွေက ကလေးငယ်တွေရဲ့ အခြေအနေအတွက် ဘယ်ကုသမှုက အကောင်းဆုံးလဲဆိုတာ ဆုံးဖြတ်ပေးပါလိမ့်မယ်။အခုအချိန်မှာတော့ ကလေးငယ်တွေအတွက် ကုသမှုများစွာ ရှိနေပြီး ဆေးကုသမှုကတော့ လူကြီးတွေမှာနဲ့ အတူတူပဲဖြစ်ကာ ဆေးပမာဏသာ ကွာခြားပါတယ်။ အတွေ့အများဆုံးကုသမှုတွေကတော့။တကယ်လို့ သင်က သင့်ကလေးမှာ အချိန်အတော်ကြာ ဒီလက္ခဏာတွေကို တွေ့နေပြီဆိုရင် ဒါဟာ စိတ်ရောဂါဖြစ်နိုင်ပါတယ်။ စိတ်ရောဂါဟာ ကြောက်စရာမဟုတ်ပဲ ကုသနိုင်တဲ့ ကုသနည်းတွေ ရှိပါတယ်။ဒီလက္ခဏာတွေ ပျောက်သွားအောင် စောင့်မယ့်အစား ဆရာဝန် (သို့) ကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%a1%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%b2-2/
အရက် နဲ့ ဆေးလိပ်က သွေးတိုးစေသလား
သွေးတိုးခြင်းကို အမြဲတမ်းတော့ မကာကွယ်နိုင်ပေမယ့် ဆေးလိပ်ဖြတ်ခြင်းနဲ့ အရက်ကို အသင့်အတင့်သာ သောက်သုံးခြင်းဟာ သွေးပေါင် ကျဆင်းစေပါတယ်။ဆေးလိပ်နဲ့ အရက်သောက်တဲ့သူတွေဟာ သူတို့ရဲ့ နှလုံးသွေးကြော ကျန်းမာရေးကို စိတ်ပူသင့်ပါတယ်။ ဒီအကျင့်နှစ်ခုလုံးဟာ သွေးတိုးခြင်း စေပြီးတော့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ပါတယ်။ဆေးလိပ်နဲ့ အရက်က သွေးတိုးစေခြင်းကို လူသိများပါတယ်။ နှစ်ခုလုံးဟာ သွေးဖိအားနဲ့ နှလုံးသွေးကြောတွေပေါ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ ဒါကြောင့် သင့်မှာ သွေးတိုးရှိနေရင် (သို့) သွေးတိုးရှိစေတဲ့ အချက်တွေ ရှိနေမယ်ဆိုရင် သင်ထိန်းချုပ်နိုင်တဲ့ အချက်တွေကို ထိန်းချုပ်သင့်ပါတယ်။ဆေးလိပ်သောက်ခြင်းဟာ သွေးဖိအားကို ရုတ်တရက် တက်လာစေပြီးတော့ အပေါ်သွေးပေါင်ကို ၄ mmHG တက်စေပါတယ်။ ဆေးလိပ်မှာပါတဲ့ နီကိုတင်းဟာ အာရုံကြောစနစ်ကို ဓါတုပစ္စည်းတွေ ထုတ်လွှတ်စေပါတယ်။ ဒီဓါတုပစ္စည်းတွေဟာ သွေးကြောကျဉ်းခြင်းကို ဖြစ်ပေါ်စေပြီး သွေးပေါင်တက်စေပါတယ်။ဆေးလိပ်ဟာ သွေးကြောတွေကို အချိန်ကြာမြင့်စွာ ထိခိုက်စေပြီးတော့ သွေးပေါင်တက်ခြင်းအပြင် လေဖြတ်ခြင်း၊ နှလုံးရောဂါနဲ့ နှလုံးရပ်ခြင်းတို့ ကိုလည်း ပိုမို ဖြစ်စေနိုင်ပါတယ်။ သွေးတိုးနဲ့ ဆေးလိပ်သောက်ခြင်း ပေါင်းစပ်ခြင်းဟာ သင့်ကို သွေးတိုးရှိတဲ့ ဆေးလိပ်မသောက်သူတွေနဲ့ ယှဉ်ရင် နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်းနဲ့ နှလုံးသွေးကြောကျဉ်းခြင်းတွေ ပိုမိုဖြစ်စေနိုင်ပါတယ်။သွေးပေါင်ကို ပုံမှန်ဖြစ်စေပြီး ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးဖို့ အရက်ကို အနေတော်သောက်သုံးခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါဟာ အမျိုးသမီးတွေမှာ တစ်နေ့ကို တစ်ခွက်ထက်ပိုပြီး မသောက်သင့်ပဲ အမျိုးသားတွေမှာ တစ်နေ့ကို နှစ်ခွက်ထက်ပိုပြီး မသောက်သင့်ဘူးလို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ အရက်ကို လျှော့လိုက်ရင် သွေးပေါင်ကို ၃ mmHg ကျစေနိုင်တယ်လို့ သုတေသန တွေက ပြောပါတယ်။အောက်ဖေါ်ပြပါ အချက်တွေကတော့ ဆေးလိပ်သောက်ခြင်းကို ရပ်တန့်ဖို့နဲ့ အရက်ပမာဏကို ကန့်သတ်ဖို့အတွက် အကြံဉာဏ်တွေ ဖြစ်ပါတယ်။• ရပ်ဖို့ကို ကတိပြုပါ။ ဆေးလိပ်ဖြတ်ဖို့ သင့်ကိုယ်သင် (သို့) လိုအပ်ရင် သက်သေတစ်ယောက်ပါ ခေါ်ယူပြီး နေ့ရက်သတ်မှတ်ပြီး စာချုပ်မှာ လက်မှတ်ထိုးပါ။ ဆေးလိပ်နဲ့ ပတ်သက်တဲ့ပစ္စည်းတွေ ဖြစ်တဲ့ ဆေးလိပ်၊ မီးခြစ်၊ ပြာခွက် အစရှိတာတွေကို အကုန်လွှတ်ပစ်ပါ။ သင့်ဆရာဝန်နဲ့ တိုင်ပင်ပြီး နီကိုတင်းကပ်ခွာ (သို့) ပီကေ ကို အသုံးပြုပါ။• ပြန်စသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အစာစားပြီး တီဗွီကြည့်နေချိန် (သို့) ဖုန်းပြောနေတုံးမှာ အရမ်းဆေးလိပ်သောက်ချင်လာတာကို သတိထားမိပါသလား။ ဒါဆို သင့်ကိုယ်သင် အလုပ်တွေ ရှုပ်အောင် လုပ်နေပြီး ပြန်စသောက်ခြင်းကို ရှောင်သင့်ပါတယ်။ အစာစားပြီးရင် တီဗွီကြည့်မယ့်အစား လမ်းလျှောက်ပါ။ ဘားကိုသွားမယ့်အစား ကော်ဖီဆိုင်မှာ ကော်ဖီသွားသောက်တာမျိုး ပြုလုပ်သင့်ပါတယ်။• သင့်အချိန်တွေကို အပြည့်အဝ အသုံးချပါ။ ဆေးလိပ်နဲ့ အရက်မှာ စိတ်မရှိတော့အောင်လို့ ရုပ်ရှင်သွားကြည့်ပါ၊ ဈေးဝယ်ထွက်ပါ၊ လျှောက်လည်ပါ၊ ပြီးတော့ သင့်အချိန်တွေကို အကျိုးရှိအောင်သုံးပြီး သင့်ကို ပျော်ရွှင်ကျေနပ်မှုတွေ ပေးမယ့် ဝါသနာအသစ်တစ်ခုကို စတင်လိုက်စားပါ။• အရက်ကို အနည်းငယ်သာ သောက်သုံးပါ။ ဆိုဖာပေါ်မှာ ကြွက်သားကြော်အပြည့်နဲ့ ဝိုင်တစ်ခွက်ကို ထိုင်သောက်နေမယ့်အစား တစ်နေ့ကို အရက်တစ်ခွက် (အမျိုးသားဆိုရင် နှစ်ခွက်) သာ သောက်သုံးပါ။ အရက်တစ်ခွက်မှာ ပါတဲ့ ပမာဏတွေကို သိရှိပါစေ။ ဝိုင်ခွက်တစ်ခွက်ဟာ ၅ အောင်စပါပြီး ဘီယာတစ်ခွက်ကတော့ ၁၂ အောင်စပါပါတယ်။ အရက်တစ်ခွက်ကတော့ ၁.၅ အောင်စ ရှိပါတယ်။• စွဲနေတဲ့ လက္ခဏာတွေကို သတိပြုမိပါစေ။ အရက်ကို အတိုင်းအထွာနဲ့ သောက်ဖို့ ခက်ခဲနေတယ်ဆိုရင် ပြင်ပ အကူအညီကိုယူပါ။ သင့်ရဲ့ အလုပ်၊ ကျောင်း၊ ဆက်ဆံမှုတွေကို အရက်က ထိခိုက်လာပြီဆိုရင်တော့ ပညာရှင်ပိုင်းဆိုင်ရာ အကူအညီယူဖို့ အချိန်ကျပါပြီ။ အချင်းချင်းအပြန်အလှန်ကူညီတဲ့ အုပ်စုတွေက အကျိုးရှိပါတယ်။ တကယ်လို့သင်ဟာ အရက်အလွန်အကျွံသောက်သူဆိုရင် ဆေးလိပ်ဖြတ်တဲ့ အစီအစဉ် နဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေဟာ သင့်အတွက် လိုအပ်နိုင်ပါတယ်။သွေးပေါင်တက်ခြင်းကို အချိန်တိုင်းတော့ ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သွေးပေါင်တက်ခြင်းကို ဖြစ်စေတဲ့ ဆေးလိပ်နဲ့ အရက်တွေကိုတော့ ထိန်းချုပ်နိုင်မှာပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e1%80%a1%e1%80%9b%e1%80%80%e1%80%b9-%e1%80%94%e1%80%b2%e1%82%94-%e1%80%b1%e1%80%86%e1%80%b8%e1%80%9c%e1%80%ad%e1%80%95%e1%80%b9%e1%80%80-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%90%e1%80%ad/
ဆီးချိုဆေး အမျိုးအစားများ နဲ့ အလုပ်လုပ်ပုံများ
ဆီးချိုဆေး လို့ ပြောလိုက်ရင် အများစုက အင်ဆူလင်တို့၊ မက်ဖော်မင်တို့ကိုတော့ ရင်းရင်းနှီးနှီး ကြားဖူးကြမှာပါ။ တကယ်တမ်းမှာ ဆီးချိုဆေးတွေက အများကြီး ရှိပါတယ်။ အမျိုးအစား ၁ ဆီးချိုရောဂါဆိုရင်တော့ အင်ဆူလင်နဲ့ပဲ ကုသပေမဲ့ အမျိုးအစား ၂ဆိုရင်တော့ အင်ဆူလင်အပြင် တခြားသောက်ဆေးတွေ၊ ထိုးဆေးတွေနဲ့ပါ ထိန်းလို့ ရပါတယ်။ ကိုယ်သောက်နေတဲ့ ဆေးက ဘာလဲ၊ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ဆက်ပြီး လေ့လာကြည့်ရအောင်။ဆီးချိုဆေးတွေက အများကြီး ရှိပါတယ်။ ဒီထဲကနေမှ အသုံးများတဲ့ ဆေးတွေအကြောင်းကိုပဲ အဓိကထားပြီး ရှင်းပြပေးသွားမှာပါ။ ခုပြောမဲ့ ဆေးတွေကအမျိုးအစား ၂ ဆီးချိုရောဂါလူနာတွေကို ကုသတဲ့အခါ အသုံးပြုတဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။(၁) Biguanides။မက်ဖော်မင်ဆိုတဲ့ ဆေးအမျိုးအစားပါ။သူက အသည်းကနေ သကြားဓာတ်တွေ ထုတ်လုပ်တာကို ထိန်းပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ကနေ အင်ဆူလင်တုံ့ပြန်မှုကိုလည်း ကောင်းစေပါတယ်။အားသာချက်က အမျိုးအစား ၂ဆီးချိုလူနာတော်တော်များများမှာ အသုံးပြုနိုင်သလို စျေးလည်း သက်သာပါတယ်။ ကိုယ်အလေးချိန်ကိုလည်း နည်းနည်းပါးပါး ကျစေပါတယ်။ဘေးထွက်ဆိုးကျိုးအနေနဲ့ စ‌သောက်သောက်ချင်းမှာ ပျို့တာ၊ ဗိုက်အောင့်တာ၊ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။ အစာနဲ့ သောက်ရင် ပိုကောင်းပါတယ်။ကျောက်ကပ်နဲ့ အသည်းမကောင်းသူတွေမှာတော့ ရှားရှားပါးပါးlactic acidosisဆိုတဲ့ သွေးတွင်း အက်စစ်ဓာတ်လွန်ကဲတာ ဖြစ်တတ်ပါတယ်။(၂) Sulfonylureas။Gliclazide, Glimepiride, Glipizide တို့ဆိုတာ Sulfonylureas အမျိုးအစား ဆေးတွေပဲ ဖြစ်ပါတယ်။သူက ပန်ကရိယကနေ အင်ဆူလင် ထွက်အောင် လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။သူကလည်း မက်ဖော်မင်လိုပဲ စျေးသက်သာပြီး အသုံးများတဲ့ ဆေးဖြစ်ပါတယ်။ အင်ဆူလင် ထွက်စေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိထိရောက်ရောက် လျှော့ချပေးနိုင်ပါတယ်။ဘေးထွက်ဆိုးကျိုးကတော့သွေးတွင်းသကြားဓာတ် ထိုးကျတတ်ပါတယ်။ ဒါကြောင့် ဆေးသောက်ပြီး ခဏနေတာနဲ့ အစာစားဖို့ လိုပါတယ်။ ကိုယ်အလေးချိန်တက်တတ်ပါတယ်။ အရေပြားမှာ အနီစက်တွေ ထွက်တတ်ပါတယ်။ ဆေးသောက်ရင်း အရက်သောက်မယ်ဆိုရင် ပျို့အန်တတ်ပါတယ်။(၃) Thiazolidinediones (TZDs)။ဒီအမျိုးအစားမှာ Rosiglitazoneနဲ့ Pioglitazone ဆေးတွေ ပါဝင်ပါတယ်။မက်ဖော်မင်လိုပဲ အသည်းကနေ သကြားဓာတ်ထုတ်တာကို တားပေးပါတယ်။ ဆဲလ်တွေကနေအင်ဆူလင် တုံ့ပြန်မှုကို ကောင်းစေပါတယ်။အားသာချက်က HDLလို့ခေါ်တဲ့ ကောင်းတဲ့ ကိုလက်စထရောကို အနည်းငယ်များစေတာပဲ ဖြစ်ပါတယ်။ဘေးထွက်ဆိုးကျိုးအနေနဲ့ ဝလာတာ၊ ဖောတာ၊ အရိုးကျိုးနိုင်ခြေ များတာ၊ နှလုံးညှစ်အားကျနိုင်ခြေတွေ များတတ်ပါတယ်။ ဒါကြောင့် နဂိုတည်းက နှလုံးမကောင်းတဲ့သူတွေ၊ အသည်းမကောင်းတဲ့သူတွေကို မပေးပါဘူး။ ဆေးကြောင့် ဖောလာတဲ့အခါ ပိုဆိုးနိုင်လို့ပါ။Pioglitazoneက ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ခြေ များစေတယ်လို့လည်း ပြောကြပါတယ်။(၄) Sodium-glucose cotransporter 2 (SGLT2) inhibitors။Canagliflozin, Dapagliflozin, Empagliflozin တို့ ပါဝင်ပါတယ်။ဒီဆေးတွေက ပိုလျှံနေတဲ့ ‌သွေးထဲက သကြားဓာတ်တွေကို ကျောက်ကပ်ကနေ စွန့်ထုတ်နိုင်အောင် ကူညီပေးပါတယ်။အားသာချက်အနေနဲ့ ကိုယ်အလေးချိန်ကို ကျစေပြီး သွေးပေါင်ချိန်ကိုလည်း ကျစေနိုင်ပါတယ်။ဘေးထွက်ဆိုးကျိုးကနေ ဆီးထဲမှာ သကြားဓာတ်များတဲ့အတွက်ဆီးပိုးဝင်တာ၊ မျိုးပွားအင်္ဂါတွေမှာ မှိုစွဲတာတွေ ဖြစ်တတ်ပါတယ်။(၅) Dipeptidyl peptidase 4 (DPP-4) inhibitors။Sitagliptin, Linagliptin စတဲ့ ‌ဆေးတွေက DPP-4 inhibitors အုပ်စုဝင်တွေပါ။သွေးတွင်းသကြားဓာတ်တက်လာတဲ့အခါ အင်ဆူလင်ထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ အသည်းကနေ ဂလူးကို့စ်ထုတ်တာကိုလည်း လျော့နည်းစေပါတယ်။အားသာချက်က ဆေးကြောင့် ကိုယ်အလေးချိန်  မတက်စေပါဘူး။ သွေးတွင်းသကြားဓာတ် ထိုးကျသွားတာမျိုးလည်း မဖြစ်စေပါဘူး။ အစာစားပြီးချိန်မှာ ပြည့်အင့်တဲ့ ခံစားချက်ကို ရစေတာကြောင့် များများမစားမိတော့ပါဘူး။ဘေးထွက်ဆိုးကျိုးအနေနဲ့ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း ပိုးဝင်တာ (ဥပမာ လည်ချောင်းနာ၊ နှာစေး၊ ချောင်းဆိုး)၊ ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။(၆) Meglitinides။Repaglinide, Nateglinide စတဲ့ ဆေးတွေ ပါဝင်ပါတယ်။ပန်ကရိယကနေ  အင်ဆူလင်ထွက်အောင် လှုံ့‌ဆော်ပေးပါတယ်။မြန်မြန်အာနိသင်ပြတာကြောင့် အစာမစားခင် နာရီဝက်အလိုမှာ ဆေးသောက်ပြီး ခဏနေတာနဲ့ အစာစားသင့်ပါတယ်။ အစာမစားနိုင်သေးရင် ဆေးမသောက်သင့်သေးပါ။ဘေးထွက်ဆိုးကျိုးကတော့ သွေးတွင်းသကြားဓာတ်ထိုးကျတတ်ပါတယ်။ ဒါကြောင့် အစာနဲ့ ကပ်ပြီး သောက်ခိုင်းတာပါ။ ကိုယ်အလေးချိန်လည်း တက်စေနိုင်ပါတယ်။(၇) Alpha-glucosidase inhibitors။Acarboseတို့ Miglitolတို့ ပါဝင်ပါတယ်။စားလိုက်တဲ့ ကစီဓာတ်တွေနဲ့ သကြားဓာတ်တွေရဲ့ ဖြိုခွဲမှုကို နှေးစေတဲ့ နည်းနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတာ ဖြစ်ပါတယ်။အားသာချက်က ကိုယ်အလေးချိန်မတက်စေပါဘူး။ သွေးတွင်းသကြားဓာတ်ကိုလည်း မထိုးကျစေပါဘူး။ ဒါပေမဲ့ တခြားဆီးချိုဆေးတွေ ဖြစ်တဲ့ အင်ဆူလင်တို့၊ sulfonylureaတို့နဲ့ တွဲသုံးရင်တော့ သတိထားဖို့ လိုပါတယ်။ဘေးထွက်ဆိုးကျိုးအနေနဲ့လေပွတာ၊ ဗိုက်အောင့်တာ၊ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။အမျိုးအစား ၂ဆီးချိုလူနာတွေမှာ အင်ဆူလင်အပြင် တခြားထိုးဆေးတွေလည်း ရှိပါတယ်။ အင်ဆူလင်လောက်တော့ အသုံးမများပေမဲ့ သုံးတော့ သုံးကြပါတယ်။(၁) Glucagon-like peptide 1 (GLP-1) receptor agonists။ဒီအုပ်စုမှာ Dulaglutide, Exenatide,Liraglutideစတဲ့ အရေပြားအောက်ထိုးဆေးတွေ ပါဝင်ပါတယ်။ ဆေးပေါ် မူတည်ပြီး တစ်ရက် နှစ်ကြိမ်ထိုးတာ၊ တစ်ပတ် တစ်ကြိမ်ထိုးတာ စသဖြင့် အမျိုးမျိုးရှိပါတယ်။သူတို့က သွေးတွင်းသကြားဓာတ်တက်လာချိန်မှာ အင်ဆူလင်ထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။ မက်ဖော်မင်၊ sulfonylurea၊ အင်ဆူလင် စတာတွေနဲ့လည်း တွဲသုံးကြပါတယ်။အားသာချက်က ဗိုက်ဆာတာကို သက်သာစေပြီး ကိုယ်အလေးချိန်ကို ကျစေပါတယ်။ နှလုံးရောဂါရှိသူတွေနဲ့ ကျောက်ကပ်မကောင်းသူတွေမှာ အကျိုးရှိစေတယ်ဆိုတဲ့ လေ့လာချက်တွေလည်း ရှိနေပါတယ်။ဘေးထွက်ဆိုးကျိုးကတော့ ပျို့အန်တာ၊ ဝမ်းလျှောတာ၊ ဗိုက်အောင့်တာ၊ ပန်ကရိယရောင်တာတွေ ဖြစ်တတ်ပါတယ်။(၂) Amylin mimetics။Pramlintide ဆိုတဲ့ ထိုးဆေး ဖြစ်ပါတယ်။သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ပြီး အင်ဆူလင်နဲ့အတူ တွဲသုံးလို့ ရပါတယ်။ အစားအစာတွေကို အစာအိမ်ကနေ အူထဲရောက်တာ နှေးစေတဲ့အတွက် သွေးတွင်းသကြားဓာတ်ကို ခပ်မြန်မြန်မတက်အောင် ထိန်းပေးနိုင်ပါတယ်။အားသာချက်က ဗိုက်ခဏခဏ မဆာစေပါဘူး။ ဒါကြောင့် ကိုယ်အလေးချိန်ကို အနည်းငယ်ကျစေပါတယ်။ဘေးထွက်ဆိုးကျိုးကတော့ သွေးတွင်းသကြားဓာတ် ထိုးကျစေတာ၊ ပျို့တာ၊ ဗိုက်အောင့်တာတွေ ဖြစ်တတ်ပါတယ်။အင်ဆူလင်တွေကတော့အမျိုးအစား ၁ ဆီးချိုရောဂါမှာရော အမျိုးအစား ၂ ဆီးချိုရောဂါမှာပါ အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် အမျိုးအစား ၁ ဆီးချိုရောဂါအတွက်တော့ အင်ဆူလင်က မရှိမဖြစ်ပါပဲ။အင်ဆူလင်ကို အာနိသင်စပြတဲ့အချိန်နဲ့ ဘယ်လောက်ကြာကြာခံလဲပေါ်မူတည်ပြီး အကြမ်းအားဖြင့် ၅မျိုး ခွဲနိုင်ပါတယ်။(၁) Rapid-acting insulin (ခပ်မြန်မြန်အာနိသင်ပြတဲ့အင်ဆူလင်)။နာမည်အတိုင်းပဲ ထိုးပြီး ၂မိနစ်ခွဲကနေ မိနစ် ၂၀လောက်ဆို အာနိသင်ပြပါတယ်။ ထိုးပြီး ၁နာရီကနေ  ၃နာရီအတွင်းမှာ အာနိသင်အမြင့်ဆုံးရပြီး ၅နာရီလောက်ထိ ခံပါတယ်။အစာစားပြီးလို့ ထိုးလိုက်တာနဲ့ သိပ်မကြာခင်မှာပဲ အာနိသင်ပြပါတယ်။ ဒါကြောင့် စားပြီးတာနဲ့ ဆေးထိုးဖို့ လိုပါတယ်။ ခန္ဓာကိုယ်ရဲ့ အင်ဆူလင်နဲ့ ပုံစံတူတဲ့အတွက် သွေးတွင်းသကြားထိုးကျနိုင်ခြေ နည်းပါတယ်။Insulin aspart, insulin lisproနဲ့ insulin glulisine တို့က rapid-acting insulinတွေပဲ ဖြစ်ပါတယ်။(၂) Short-acting insulin (အာနိသင်ခဏပဲ ပြတဲ့ အင်ဆူလင်)။သူကအပေါ်က rapid-acting insulinနဲ့ ယှဉ်ရင် အာနိသင်ပြတာ နှေးပါတယ်။ ထိုးပြီး နာရီဝက်လောက်နေမှ အာနိသင်ပြတာကြောင့် အစာမစားခင်  နာရီဝက်အလိုမှာ ထိုးသင့်ပါတယ်။ ထိုးပြီး ၂-၅နာရီအတွင်းမှာ အာနိသင်အမြင့်ဆုံးရောက်ပြီး ၆-၈နာရီလောက် ခံပါတယ်။(၃) Intermediate-acting insulin (အလယ်အလတ် အာနိသင်ခံတဲ့ အင်ဆူလင်)။ဆေးထိုးပြီး ၁နာရီ၊ ၁နာရီခွဲလောက်ဆို အာနိသင်စပါပြီ။ ၄-၁၂နာရီမှာ အာနိသင်အမြင့်ဆုံးကို ရောက်ပြီး နေ့ဝက်လောက် ခံပါတယ်။(၄) Long-acting insulin (အာနိသင်ကြာကြာခံတဲ့ အင်ဆူလင်)။Glargine အင်ဆူလင်က long-acting insulin အမျိုးအစားပါ။၂နာရီလောက်နေရင် အာနိသင်စပြပြီး တစ်ရက်လောက် ခံပါတယ်။ ဒါကြောင့် ဒီအင်ဆူလင်ကို ညအိပ်ခါနီးအချိန်မှာ ထိုးကြတာ ဖြစ်ပါတယ်။(၅) အင်ဆူလင်အရော။အင်ဆူလင်အရောဆိုတာကတော့ အပေါ်မှာ ပြောခဲ့တဲ့ အင်ဆူလင်တွေကို ရောပြီး တစ်မျိုးတည်းအနေနဲ့ ထုတ်ထားတာ ဖြစ်ပါတယ်။ အင်ဆူလင်အနောက်လို့ လူနာတွေ အလွယ်ခေါ်ကြပါတယ်။  ဥပမာ။စသဖြင့် အမျိုးမျိုးရှိပါတယ်။အင်ဆူလင်က ဘေးထွက်ဆိုးကျိုးအနေနဲ့ သွေးတွင်းသကြားဓာတ်ကျတတ်တာ၊ ကိုယ်အလေးချိန်တက်တာတွေ ဖြစ်တတ်ပါတယ်။အင်ဆူလင်မှာ ဆေးထိုးအပ်နဲ့ စုပ်ပြီး ထိုးရတာ ရှိသလို တစ်ခါတည်း တန်းထိုးလို့ရတဲ့ အမျိုးအစားလည်း ရှိပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/types-of-diabetes-medications/
null
null
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%94%e1%80%ba%e1%80%b8%e1%80%9b%e1%80%be%e1%80%ad%e1%80%9b%e1%80%84%e1%80%ba-%e1%80%9c%e1%80%af/
ကရဝေးရွက် (Bay leaf)
ကရဝေးရွက်ဆိုတာက အမြဲစိမ်းအပင်တစ်မျိုးကနေရရှိတဲ့ အနံ့မွှေးကြိုင်တဲ့ မြေထဲပင်လယ်ဒေသမျိုးရင်းပင် တစ်မျိုးဖြစ်ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးများသလို အမွှေးနံ့သာအဖြစ်နဲ့ ထည့်သွင်းအသုံးပြုတာမျိုးလည်း ရှိပါတယ်။ကရဝေးရွက်ရဲ့ အရသာက အနံ့စူးရှပြီး ခါးသက်သက် အရသာ ရှိပါတယ်။ ကရဝေးရွက်ရဲ့ အနံ့နဲ့အရသာကသစ်ကြံပိုးခေါက်ရဲ့ အနံ့အရသာနဲ့ခပ်ဆင်ဆင်တူပေမယ့် ကရဝေးရွက်ရဲ့ အနံ့အရသာက သစ်ကြံပိုးခေါက်လောက်တော့ မပြင်းပါဘူး။ ကရဝေးရွက်ကို အစိမ်းဖြစ်ဖြစ်၊ အခြောက်ခံပြီးဖြစ်ဖြစ် အမှုန့်အနေနဲ့ပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။ ကရဝေးရွက်ရဲ့ အဆီက ဆေးဖက်ဝင်ပြီး အသေးစားဖျားနာမှုတွေကို ကုသဖို့အတွက် အသုံးပြုနိုင်ပါတယ်။ကရဝေးရွက်က ခါးသက်သက်အရသာရှိတာကြောင့် ဟင်းပွဲတွေထဲမှာပဲဟင်းခတ်အမွှေးအကြိုင်အနေနဲ့ ထည့်သွင်းစားသုံးပါတယ်။ ကရဝေးရွက်ကို ဟင်းပွဲတွေထဲမှာထည့်သွင်းစားသုံးနိုင်တဲ့အပြင် ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကို သေစေနိုင်တဲ့ အစွမ်းအာနိသင်၊ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တဲ့ အစွမ်းအာနိသင်၊ ဆီးရွှင်စေနိုင်တာနဲ့သွေးတိတ်စေနိုင်တဲ့ အစွမ်းသတ္တိတွေကြောင့်လည်း လူသိများပါတယ်။ကရဝေးရွက်မှာ အပင်ကနေရရှိတဲ့ ဓာတ်ပေါင်းတွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွ ာပါဝင်တာကြောင့် ကိုယ်ခန္ဓာအတွက် အကျိုးပြုပါတယ်။ ကရဝေးရွက်ကနေရရှိနိုင်တဲ့ကျန်းမာရေး အကျိုးကျေးဇူးလေးတွေနဲ့ သတိပြုစရာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ကရဝေးရွက်ကအမျိုးအစား – ၂ ဆီးချိုရောဂါကို ကုသရာမှာထိရောက်တဲ့အစွမ်းရှိပါတယ်။ ကရဝေးရွက်က သွေးတွင်းသကြားဓါတ်၊ ကိုလက်စထရောနဲ့triglyceride ပမာဏတွေကို ကျဆင်းစေနိုင်ပါတယ်။ ကရဝေးရွက်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက ခန္ဓာကိုယ်ရဲ့ အင်ဆူလင်ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို ပိုမိုထိရောက်စေနိုင်တာကြောင့်သွေးတွင်းသကြားဓါတ်ကိုကျဆင်းစေပြီး နှလုံးရဲ့လုပ်ဆောင်မှုကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ အမျိုးအစား – ၂ ဆီးချိုဝေဒနာရှင်တွေနဲ့ အင်ဆူလင်အစွမ်းသတ္တိကို သိရှိခံစားမှု လျော့ကျလာခြင်း (insulin resistance) လက္ခဏာတွေ ခံစားနေရသူတွေ စားသုံးပေးဖို့ သင့်တော်ပါတယ်။ကရဝေးရွက်က အစာကြေချက်မှုကိုကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်သလို ရင်ပူတာနဲ့လေပွတာလိုမျိုး အစာချေစနစ်မှာဖြစ်ပေါ်တဲ့ဝေဒနာတွေကိုသက်သာစေနိုင်ပါတယ်။ ကရဝေးရွက်က ဝမ်းချုပ်တာ၊ အစာအိမ်အချဉ်ပေါက်တာနဲ့ အူမကြီးဆိုင်ရာဝေဒနာတွေကိုလည်း သက်သာစေပါတယ်။ ကရဝေးရွက်မှာပါတဲ့ အင်ဇိုင်းတွေက ပရိုတင်းဓာတ်တွေကိုဖြိုခွင်းပေးနိုင်ပါတယ်။ ကရဝေးရွက်က အစာစားချင်စိတ်ဖြစ်အောင်လှုံ့ဆော်ပေးနိုင်တာကြောင့် အဖျားရောဂါတွေကနေသက်သာစေပါတယ်။ကရဝေးရွက်မှပါတဲ့ အင်အားပြည့်ဝတဲ့phytonutrient ကရုတ်တရက်နှလုံးရပ်တာနဲ့လေဖြတ်တာလိုမျိုး နှလုံးသွေးကြောဆိုင်ရာရောဂါတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။ ကရဝေးရွက်မှာ နှလုံးကျန်းမာရေးကိုကောင်းမွန်စေပြီး နှလုံးရဲ့လုပ်ဆောင်မှုတွေကို တိုးတက်စေတဲ့rutin၊ salicylates၊ caffeic အက်ဆစ် နဲ့ phytonutrientတွေလိုမျိုး ကျန်းမာရေးအတွက် အဖိုးတန်တဲ့ ဓာတ်ပေါင်းတွေပါဝင်နေပါတယ်။ စိတ်ဖိစီးတတ်သူတွေနဲ့နှလုံးရောဂါရှိသူတွေအတွက်သင့်တော်ပါတယ်။ကရဝေးရွက်မှာအအေးမိတာ၊တုပ်ကွေးနဲ့ကူးစက်ရောဂါလက္ခဏာတွေကိုတိုက်ထုတ်နိုင်တဲ့အစွမ်းအာနိသင်ရှိပါတယ်။ချောင်းဆိုးတာနဲ့အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေအတွက်လည်း အထူးသင့်တော်ပါတယ်။ အဖျားကျစေနိုင်တဲ့ အစွမ်းလည်းရှိပါတယ်။ကရဝေးရွက်ကရောင်ရမ်းနာကျင်မှုတွေကို သက်သာစေနိုင်တဲ့အစွမ်းရှိတာကြောင့် အဆစ်လွဲခြင်း၊ကြွက်သားတွေတောင့်တင်းခြင်း၊အဆစ်အမြစ်တွေရောင်ရမ်းခြင်း၊ဒူလာရောဂါတွေကိုသက်သာစေနိုင်သလို နာကျင်ကိုက်ခဲမှုတွေကို သက်သာလျော့ပါးစေပါတယ်။သွေးလည်ပတ်မှုကိုတိုးတက်ကောင်းမွန်စေပြီး စိတ်ခံစားမှုကိုကောင်းမွန်စေပါတယ်။ အဆစ်အမြစ်တွေနာကျင်ရောင်ရမ်းမှုအတွက်လည်း အသုံးပြုနိုင်ပါတယ်။ခေါင်းကိုက်တာကိုလည်းသက်သာစေနိုင်စွမ်းရှိပါတယ်။ကရဝေးရွက်မှာ ကင်ဆာရောဂါတွေကို ခုခံတိုက်ဖျက်ပေးနိုင်စွမ်းကိုထောက်ပံ့ပေးတဲ့ chemo-protectiveအစွမ်းသတ္တိတွေရှိတဲ့ caffeic အက်ဆစ်၊ quercetin၊ euganol နဲ့ catechin တို့ပါဝင်ပါတယ်။ ကရဝေးရွက်မှာ သားအိမ်ခေါင်းကင်ဆာဆဲလ်တွေပြန့်ပွားမှုကို ထိန်းချုပ်ဟန့်တားနိုင်စွမ်းရှိတဲ့parthenolide လို့ခေါ်တဲ့phytonutrient ပါဝင်နေပါတယ်။ကရဝေးရွက်မှာ ဖောလစ်အက်ဆစ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်ဝန်မဆောင်ခင် ၃ လအလိုနဲ့ ကိုယ်ဝန်ဆောင်ကာလ ၃ လအတွင်းမှာ စားသုံးပေးမယ်ဆိုရင် သန္ဓေသားအတွက် လိုအပ်တဲ့ဖောလစ်အက်ဆစ်တွေကို ထောက်ပံ့ပေးပြီး ကလေးငယ်မှာ မွေးရာပါ ချို့ယွင်းချက် မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကရဝေးရွက်မှာ သန္ဓေအောင်စေနိုင်တဲ့အစွမ်း ရှိပါတယ်။ကရဝေးရွက်က ရာသီသွေးကို ပုံမှန်ဆင်းစေပါတယ်။ အဖြူဆင်းတာကိုလည်း သက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။အိပ်ရာဝင်ခါနီး ကရဝေးရွက်စားသုံးပေးမယ်ဆိုရင်ကောင်းကောင်းအိပ်ပျော်စေမှာဖြစ်ပါတယ်။နှခေါင်းသွေးလျှံရင် ကရဝေးရွက် အစို (သို့) အရွက်ခြောက် သန့်သန့်ကိုခြေပြီးရှုပေးပါကသွေးတိတ်စေမှာဖြစ်ပါတယ်။ကရဝေးရွက် အမှုန့်နဲ့ သွားတိုက်ပေးမယ်ဆိုရင် သွားတွေ ဖြူဝင်းလာစေမှာ ဖြစ်ပါတယ်။ကရဝေးရွက်မှာ lauric အက်ဆစ် ပါဝင်တာကြောင့် အင်းဆက်ပိုးမွှားတွေကို သေစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ပိုးမွှား အကိုက်ခံရတာမျိုးတွေအတွက် ကရဝေးရွက်ကို ခြေပြီး ဆီအနည်းငယ်နဲ့ ရောထားတဲ့အနှစ်ကို အသုံးပြုပေးလို့ ရပါတယ်။ကျောက်ကပ်မှာ ပိုးကူးစက်တာနဲ့ ကျောက်ကပ် ကျောက်တည်တာတွေအတွက်လည်း ကရဝေးရွက်ကို အသုံးပြုပေးလို့ရပါတယ်။ ကရဝေးရွက်ကို ရေနွေးနဲ့ပြုတ်သောက်တာက ကျောက်ကပ်ကျောက်တည်တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ကရဝေးရွက်မှာ ဗီတာမင်၊ သတ္တုဓါတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အရေပြားအတွက် အကျိုးပြူပါတယ်။ အရေပြားကျန်းမာရေးအတွက် ကရဝေးရွက်ရဲ့ အသုံးဝင်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။ကရဝေးရွက်က အရေပြားဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ အရေးအကြောင်းတွေ ဖြစ်ပေါ်တာ၊ အရေပြားပေါ်မှာ အနီအကွက်တွေ ဖြစ်တာကို သက်သာစေနိုင်ပါတယ်။ အရေပြားရောဂါတွေအတွက် ကရဝေးရွက်ကို ရေနွေးထဲ ထည့်ပြုတ်ပြီး အငွေ့ကို ခံပေးနိုင်ပါတယ်။ကရဝေးရွက်မှာ အနာတွေကို ကျက်စေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ပိုးမွှားနဲ့အဆိပ်ရှိတဲ့ အကောင်တွေ ကိုက်ခံရတဲ့ အနာတွေအတွက် အသုံးပြုနိုင်သလို ပြတ်ရှဒဏ်ရာတွေနဲ့ အနာဆွေးတွေအတွက်လည်း အသုံးပြုလို့ ရပါတယ်။ ကရဝေးရွက်ရဲ့ အင်းဆက်တွေနဲ့ မှိုပိုးတွေကို သေစေနိုင်တဲ့ အစွမ်းအာနိသင်က အရေပြားကူးစက်ရောဂါတွေကို သက်သာစေပါတယ်။ကရဝေးရွက်ရဲ့ အာဟာရဓာတ်တွေက ဆံသာကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ ဆံသားအတွက် ကရဝေးရွက်ရဲ့ အကျိုးသက်ရောက်မှုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ခေါင်းလျှော်ပြီးတဲ့အခါ ကရဝေးရွက်ပြုတ်ရည် ခပ်နွေးနွေးလေးကို ဦးရေပြားအထိ ရောက်အောင် ဆေးချပေးတာက ဗောက်ထတာကို သက်သာစေပါတယ်။ ဆံပင်ကျွတ်တာကိုလည်း သက်သာစေမှာ ဖြစ်ပါတယ်။ ကရဝေးရွက် အဆီကတော့ ဆံသားနဲ့ဦးရေအတွက် မသင့်တော်ပါဘူး။ ပြုတ်ရည်ကိုပဲ သုံးပေးသင့်ပါတယ်။ခေါင်းမှာ သန်းတွယ်နေရင် ကရဝေးရွက်တွေကို ခြေပြီး ရေနွေးနဲ့ ပြုတ်လိုက်ပါ။ ဆံပင်အရင်းနားအထိ ရောက်အောင် လောင်းချပေးပါ။ ၃ နာရီကနေ ၄ နာရီလောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။ ခေါင်းပေါ်က သန်းတွေ လျော့သွားစေမှာ ဖြစ်ပါတယ်။ကရဝေးရွက်မှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကရဝေးရွက်မှာ copper ၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ သံဓာတ်၊ ဆီလီယမ်နဲ့ မဂ္ဂနိတွေလိုမျိုး ဗီတာမင်တွေ ကြွယ်ဝစွာ ပါရှိပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/bay-leaf-health-benefits/
ရာသီသွေးဆင်းတဲ့ရက် မြန်မြန်ပြီးအောင် လုပ်လို့ရပါသလား ။ ။
မိန်းကလေးတွေ အတွက် တစ်လတစ်ခါဓမ္မတာလာချိန် ဆိုတာ ရှောင်လွဲလို့ မရတဲ့ ကိစ္စ တစ်ခုပါ။ ခရီးသွားခါနီး၊ စာမေးပွဲ ဖြေခါနီးစတဲ့ အရေးကြီး ကိစ္စရှိတဲ့ အချိန် ဒီဓမ္မတာလာခဲ့ရင် တကယ်ကို စိတ်ရှုပ်ရပါတယ်။ ဒီတော့ ရာသီသွေးဆင်းတဲ့ရက် မြန်မြန်ပြီးအောင် လုပ်လို့ရပါသလား ဆိုပြီး သိချင်နေကြပါတယ်။ရာသီသွေးဆင်းတဲ့ရက် ကို မြန်မြန်ပြီးအောင် လုပ်လို့ရတဲ့ နည်းတွေ ရှိပါတယ်။ လူတိုင်းအတွက် အလုပ်ဖြစ်မှာတော့ မဟုတ်ပေမယ့် တချို့လူတွေမှာတော့ ဒီလို ရာသီရက်တွေကို တိုအောင် လုပ်လို့ ရတတ်ပါတယ်။ ဘယ်လိုမျိုးလဲ ဆိုတာ ဆက်ကြည့်ရအောင်။နောက် ၃ ရက်လောက်ဆို စာမေးပွဲ ဖြေရတော့မယ်။ ရာသီက ဒီနေ့မှ စလာနေတယ်။ တိုက်တော့မှာပဲ ဆိုပြီး စိတ်ညစ်နေပါသလား။ ရာသီသွေးဆင်းတဲ့ရက်ကို တိုသွားအောင် လုပ်လို့ရတဲ့ သဘာဝနည်းလမ်း တချို့ ရှိပါတယ်။။ရာသီလာနေတဲ့ အချိန် တစ်ကိုယ်ရည်အာသာ ဖြေပြီးနောက်၊ လိင်ဆက်ဆံပြီးနောက် ကာမစိတ် အထွတ်အထိပ်ရောက်တဲ့ အချိန်ဆို သားအိမ်ကို ညှစ်လိုက်သလို ဖြစ်တာကြောင့်ရာသီသွေးများများ ပိုဆင်းတယ်လို့ ဆိုပါတယ်။ ဒီလို များများ ပိုဆင်းလိုက်တာကြောင့် ရာသီသွေးဆင်းတဲ့ရက်လည်း တိုသွားပါတယ်။လေ့ကျင့်ခန်းလုပ်တဲ့အချိန် ကြွက်သားတွေ လှုပ်ရှားရတာကြောင့် သားအိမ်ကို အားပြုသလို ဖြစ်သွားပြီး ရာသီသွေး ဆင်းများစေလို့ ရာသီသွေးဆင်းတဲ့ရက် တိုသွားတတ်ပါတယ်။တခြားအချိန်တွေဆို ပြဿနာမရှိပေမယ့် မြန်မြန်ပြီးချင်တဲ့ လတွေဆို တမ်ပွန် သုံးတဲ့အခါကျ ဆင်းတဲ့သွေးတွေကို လမ်းကြောင်း ပိတ်ထားသလို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် သွေးတွေ ဆင်းသင့်သလောက် မဆင်းဘဲ ရာသီလာချိန် ကြာနေတတ်ပါတယ်။စတီးရွိုက်မပါတဲ့ အကိုက်အခဲပျောက်ဆေးတွေ ဖြစ်တဲ့ aspirin, naproxen, နဲ့ ibuprofen တို့ဟာ ဓမ္မတာကြောင့် ကိုက်ခဲတာတွေကိုလည်း သက်သာစေနိုင်သလို ရာသီသွေးဆင်းတဲ့ ရက်ကိုလည်း တိုစေတတ်ပါတယ်၊၊။ဟော်မုန်းတွေ ထည့်ထားတဲ့သန္ဓေတားဆေးတွေ ဟာ သင့်ရာသီစက်ဝန်း အပေါ် သက်ရောက်မှု ရှိတာကြောင့် ရာသီသွေး ဆင်းတဲ့ရက်ကို တိုစေတတ်သလို ရာသီစက်ဝန်း တစ်လ နဲ့ တစ်လကိုလည်း မှန်စေတတ်ပါတယ်။အချုပ်အနေနဲ့ ပြောရရင် ရာသီသွေးဆင်းတဲ့ရက်ကို မြန်မြန် ပြီးအောင် လုပ်တယ်ဆိုတာ သဘာဝနည်း အတိုင်းနဲ့ ဆိုရင် ပြဿနာ မရှိတတ်တဲ့ ကိစ္စတစ်ခုပါ။ အများစုထင်ကြသလို သွေးကျန်တာတွေ၊ ချုပ်တာတွေ ဖြစ်မှာမဟုတ်ပါဘူး။တကယ်လို့ ကိုယ့်ရဲ့ ရာသီရက်က တစ်ခါလာရင် အရမ်း ကြာတယ်၊ သွေးဆင်းတာလည်း များတယ် ၊ ရာသီကြောင့် မခံမရပ်နိုင်အောင် ကိုက်ခဲနေခဲ့တယ် ဆိုရင်တော့ ဆရာဝန်ဆီ သွားပြီး တိုင်ပင်ကြည့်တာသာ အကောင်းဆုံးပါ။ကဲ … ရာသီသွေးဆင်းတဲ့ရက်က အရေးကြီးတဲ့ ရက်တစ်ခုခုနဲ့ တိုက်ဆိုင်နေတာကြောင့် ရာသီသွေးဆင်းရက်ကို တိုချင်တယ်ဆိုရင် ဒီနည်းလမ်းတွေက အဆင်ပြေမယ့် နည်းလမ်းလေးကို အသုံးပြုကြည့်ပါ။ရေးသားသူ− Dr Thin Yadanar @Frances။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/shorten-period/
ကလေးထိန်းရမယ့် တာဝန်က အကြီးဆုံးကလေးမှာ မရှိနေပါဘူး။
အခုတစ်ခေါက်တော့မေမေဖေဖေတို့ လုပ်မိနေတဲ့ အမှားလေး တစ်ခု အကြောင်းပြောပြချင်ပါတယ်။ ဒါကတော့ ကလေးတစ်ယောက် သူ့ကိုယ်သူ တာဝန်ယူနိုင်လောက်တဲ့အရွယ် ၆ နှစ် ၇ နှစ်လောက် ရောက်လာပြီဆိုရင် သူ့နောက်ကမွေးထားတဲ့ သူ့ရဲ့မောင်လေး၊ ညီမလေးတွေကို ထိန်းခိုင်းတာပါ။ အချို့ဆို ၄ နှစ်လောက်ကလေးကို ၂ နှစ်အရွယ်ကလေးကို ထိန်းခိုင်းတာမျိုးတောင် ရှိပါတယ်။ တကယ်ကတော့ အကြီးဆုံးအနေနဲ့ မွေးဖွားလာတာက ကလေးတွေကု ထိန်းဖို့ မဟုတ်ပါဘူး။ ရှေ့ဆောင်လမ်းပြကောင်းဖြစ်ဖို့ပါ။ ဒါကြောင့် ပြောချင်တာက ကလေးထိန်းရမယ့် တာဝန်က အကြီးဆုံးကလေးမှာ မရှိနေပါဘူး။ ဒီလိုပြောရတဲ့ အကြောင်းအရင်ကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။မေမေ မအားလို့နော်၊ ညီမလေးကို ကြည့်လိုက်ဦး၊ မောင်လေးကို ထိန်းပါဦးဆိုတာက တစ်ခါတလေ အပေါ့အပါးသွားချင်နေတဲ့အခါမျိုး လူမရှိလို့ဆိုရင် ကိစ္စ မဟုတ်ပေမယ့် တစ်နေ့တာမှာ ကလေးကို မဖြစ်မနေ ထိန်းခိုင်းတာကတော့ မဖြစ်သင့်ပါဘူး။ ဒါက ကိုယ်တော့ အားသွားတယ်။ အချိန်ပို ထွက်သွားတယ်ဆိုပေမယ့်ကလေးမှာတော့ ထိခိုက်တာတွေ အများကြီးပါ။ သူတို့လေးတွေရဲ့ ကြားကဆက်ဆံရေးကိုလည်း ထိခိုက်စေနိုင်ပါသေးတယ်။အကြီးဆုံးကလေးတစ်ယောက်မှာလည်း ကလေးဆိုပေမယ့် သူတာဝန်တွေ ရှိသလို သူလုပ်ချင်တဲ့အရာလေးတွေလည်း ရှိနိုင်ပါတယ်။ ဥပမာ ကလေးက ၄ နှစ်ဆိုရင် သူ့အနေနဲ့မူကြိုတက်ရမယ်။ စာဖတ်ရမယ်။ ပြန်လာရင် အိမ်စာလုပ်ရမယ်။ဒါတွေပြီးရင် ကိုယ့်အမြင် သူအားပြီဆိုပေမယ့် သူ့မှာ ရွယ်တူတွေနဲ့ ကစားချင်တာ၊ သူကြိုက်တဲ့ကာတွန်းကားတွေ ကြည့်ချင်တာ၊ အပန်းဖြေတဲ့ အရာလေးတွေလုပ်ချင်တာ ရှိမှာပါ။ဒီအချိန်မှာ ကိုယ်ကကလေးထိန်းခိုင်းလိုက်တယ်။ သူ့အချိန်ကို ပေးလိုက်ရတော့ သူ့မှာ လှုပ်ရှားရမယ့်အချိန် ကစားရမယ့်အချိန် နည်းသွားပြီးကြီးထွားဖွံ့ဖြိုးဖို့ အဟန့်အတား ဖြစ်သွားတာမျိုးရှိလာနိုင်ပါတယ်။ကလေးကိုအတင်းအကျပ်ကလေးထိန်းခိုင်းတဲ့အခါ သူ့အနေနဲ့ အငယ်အပေါ်မှာ အပြစ်မြင်လာနိုင်ပါတယ်။ ငါ့မှာ သူ့ကြောင့် မကစားရဘူး။ ကာတွန်းကားလည်း မကြည့်ရဘူး။နောက်ပြီး ကလေးက ငိုလို့ လူကြီးမိဘတွေက ကလေးကို ဘာလုပ်လိုက်လဲ။ သေချာမထိန်းဘူးလားဆိုတဲ့ စကားတွေက သူ့ကြောင့် ငါအဆူခံရတာဆိုပြီး အငယ်လေးကို အမုန်းပွားလာနိုင်ပါတယ်။ နောက်ဆုံး တစ်ယောက်တစ်ချက် ထုရိုက်တာမျိုး၊အော်ဟစ် ရန်ဖြစ်တာတွေ အထိဖြစ်လာပြီးမောင်နှမ ချစ်ခြင်းသံယောဇဉ်ကိုပါ ထိခိုက်လာနိုင်ပါတယ်။ဒီထက်မက ပိုဆိုးလာရင်တော့ ကလေးကစိတ်ပိုင်းဆိုင်ရာထိခိုက်တာ၊ ကျောင်းပညာရေးမှာအာရုံစိုက်မှုနည်းလာတာ၊ မိဘနဲ့ကြားမှာ ဆက်ဆံရေး ပြဿနာလေးတွေ ရှိလာတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ဒီတော့မောင်နှမတွေကိုချစ်ချစ်ခင်ခင်ကြီးပြင်းစေချင်တယ်ဆိုရင် အကြီးက အငယ်ကို ပြန်ထိန်းရမယ်ဆိုတဲ့ ရှေးရိုးကို ပယ်လိုက်ပါ။ ကလေးတွေကို အချင်းချင်း အတူတူ ပေးကစားလို့ ရပါတယ်။ ထိန်းတော့ မထိန်းခိုင်းပါနဲ့။အကြီးဆုံးအနေနဲ့ မွေးဖွားလာတာကရှေ့ဆောင်လမ်းပြကောင်းဖြစ်ဖို့သာ ဖြစ်ပြီး ကလေးထိန်းဖို့ မဟုတ်ပါဘူး။ဒီတော့ အကြီးဆုံး ကလေးတွေကို ရှေ့ဆောင် လမ်းပြကောင်းဖြစ်အောင်ပဲ ပျိုးထောင်ပါ။ ကလေးထိန်းခိုင်းရင်းရုပ်ပိုင်း စိတ်ပိုင်း ကြီးထွားဖွံ့ဖြိုးမှုကို မထိခိုက်ပါစေနဲ့။ အကြီးဆုံးတွေလည်းကလေးဘဝရဲ့ပျော်ရွှင်မှုကို ပြည့်ဝစွာ ခံစားခွင့်ရှိပါတယ် မေမေတို့ရေ……..။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-milestones/why-your-older-kids-shouldnt-babysit-their-siblings/
HIV ရောဂါမှန်း သိရပြီးချိန်၏ စိတ်အခြေအနေ
HIV ရောဂါမှန်း သိရချိန်တွင် ဘဝတွင် စိတ်အဆင်းရဲဆုံး အခြေအနေနှင့် ကြုံတွေ့ရနိုင်ပါသည်။ ကိုယ်ခန္ဓါ ပြောင်းလဲမှုများ အပြင် မိမိပတ်ဝန်းကျင်၊ မိသားစု၊ သူငယ်ချင်းများနှင့် ဆက်ဆံရေးလည်း ပြောင်းလဲနိုင်ပါသည်။ ထိုသို့သော စိတ်ဖိစီးမှုများသည် မိမိ၏ ဘဝတက်လမ်းကို ထိခိုက်နိုင်ပါသည်။ထိုကြောင့် မည်သို့ ခံစားရပုံနှင့် ဘယ်လို ကျော်ဖြတ်ရမလဲ ဟူသော အခြေအနေများကို သိထားသင့်ပါသည်။ကြောက်ခြင်းသည် လူတိုင်း HIV ရောဂါမှန်း သိရပြီးချိန်တွင် ခံစားရသော ပုံမှန်ခံစားမှုမျိုး ဖြစ်ပါသည်။ အစပိုင်းတွင် ခံစားရသည်များမှာ မိမိ၏ သူငယ်ချင်း၊ မိသားစုများက မိမိကို အထင်သေးမည်၊ ပယ်မည် စသည်ဖြင့် တွေးတောနေခြင်းကြောင့် ဖြစ်သည်ဟု HIV/AIDS စိတ်ကျန်းမာရေးဌာနက ပြောကြားသည်။ကြောက်ခြင်းသည်လည်း ကြာရှည်စွာ ကုသရမည့် အချက်မျိုး ဖြစ်သည်။ ထိုမှတစ်ဆင့် တခြားသော ဖျားနာမှုများ ဖြစ်ပေါ်ပြီး သက်တမ်း တိုစေနိုင်သောကြောင့် ဖြစ်ပါသည်။စိတ်ကို အေးအေးထားပြီး ဆရာဝန်နှင့် ထိုသို့သော အခြေအနေကို မည်သို့ ကျော်ဖြတ်မည့်ပုံကို တိုင်ပင်ပါ။ ရောဂါကို ထိန်းချုပ်မည့် နည်းလမ်း မတိုးလာအောင် ကာကွယ်မည့် နည်းလမ်းများကို ဆွေးနွေးပါ။ မိမိ၏ မိသားစု၊ ရင်းနှီးသော သူငယ်ချင်းများနှင့် အထူးသဖြင့် မိမိ၏ လက်တွဲဖော်ကို အကူအညီတောင်းခံပါ။ ထိုသို့ မိမိတို့ကို နားလည်ပေးနိုင်သော သူများနှင့် အတူတကွ နေခြင်းသည် မိမိ၏ စိုးရိမ်စိတ်များကို လျော့ပါးစေပါသည်။HIV ရောဂါရှိသူများသည် မိမိတွင် အပြစ်ရှိသည်ဟု ခံစားရခြင်းနှင့် ရှက်ရွံ့ခြင်းကို ခံစားရတတ်ပါသည်။ စစချင်း သိရချိန်တွင် မိမိသည် မိမိကို ချစ်ခင်သူများက စွန့်ပစ်သွားမည်ဟု ထင်ကြပါသည်။ မိမိသည် အသုံးမကျသူဟုလည်း ထင်နေတတ်ပါသည်။သိထားရမည်မှာ HIV ရောဂါသည် အသည်းရောဂါ၊ ကင်ဆာရောဂါများ ကဲ့သို့ပင် ဖြစ်သည်ဟု သိထားရပါမည်။ ဘယ်လို ကာကွယ်ရမည်ကို သိလျှင် မကူးစက်နိုင်ပါ။ အချိန်ပေးပြီး တခြားသူများကို ရှင်းပြပါ။ တခြားသော လူမှုရေး အဖွဲ့အစည်းများ ဝင်၍လည်း အကူအညီ ရယူနိုင်ပါသည်။ တခြားသူများနှင့် စကားပြောရန် ဝန်မလေးပါနှင့်။ တခြားသူများမှာ ကြောက်၍ မိမိကို ပို၍ ရှောင်နေပါလိမ့်မည်။ရောဂါဖြစ်သည်ဟု စသိရသည့် အချိန်တွင် အကူအညီမဲ့ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ တစ်ယောက်တည်း နေသော HIV ရောဂါရှင်များသည် တခြားသော အစုအဖွဲ့တည်းတွင် နေသော လူများထက်ပို၍ အထီးကျန်တတ်ပါသည်။စိတ်ရောဂါပညာရှင် ပါမောက္ခ တစ်ဖနီ မက်ခ်ဒေါင်ဝဲလ်က AIDS စောင့်ရှောက်ရေးဆိုသော စာတမ်းကို တင်ပြဖူးပါသည်။ HIV ရောဂါ ဝေဒနာရှင်များသည် ပုံမှန်ထက် ၂ ဆ ပိုမို၍ စိတ်ဓါတ်ကျလွယ်ကြောင်း သိရှိရပါသည်။ HIV ရောဂါ ဝေဒနာရှင်များနှင့် အတူနေထိုင်သော သူများသည် တခြားသူများနှင့် ဆက်သွယ်ပေးပြီး ကုသမှုကို ခံယူစေပါသည်။တစ်နေ့လုံး အိမ်ထဲတွင် မနေပါနှင့်။ အပြင်ထွက်ပြီး လုပ်နိုင်သမျှ အားကစားကို လုပ်ပါ။ မနက်ခင်းစောစော လေ့ကျင့်ခန်းလုပ်ခြင်း၊ အိမ်အလုပ် လုပ်ခြင်း၊ အားကစားတစ်ခုခု လုပ်ခြင်းသည်လည်း စိတ်၏ အခြေအနေကို တိုးမြှင့်ပေးပါသည်။ လူတိုင်းသည် HIV ရောဂါ ဖြစ်နေသူများကို စာနာပါသည်။ ဘဝကို အဓိပ္ပါယ် ရှိရှိလည်း ဖြတ်သန်းရအောင် ကူညီပေးပါသည်။HIV သို့မဟုတ် AIDS ရောဂါ ရှိသူများသည် စိတ်ဖိစီးမှုနှင့် စိတ်ဓါတ်ကျ ရောဂါများ ဖြစ်လေ့ရှိကြပါသည်။ ထို့ကြောင့် သိထားရမည်မှာ စိတ်ရောဂါများသည် ရောဂါစသိချိန်၊ လက္ခဏာများ ပေါ်ချိန်နှင့် ဆေးရုံတက်ချိန်များတွင် ဖြစ်လေ့ရှိကြောင်း သိရပါမည်။ထိုဖြစ်ရပ်မျိုးတွင် မိမိ၏ဆွေမျိုးများ အထူးသဖြင့် မိမိ ချစ်ရသောသူများ အနားမှာရှိနေလျှင် အကောင်းဆုံး ဖြစ်ပါသည်။ အထူးသဖြင့် မိသားစုမှာ အခက်အခဲများ ကျော်လွှားရန် အကောင်းဆုံး အထောက်အပံ့ ဖြစ်ပါသည်။ယခုအခါ HIV ရောဂါကို ကုသနည်းများနှင့် ကာကွယ်နည်းများကို ရှာဖွေပြီး ဖြစ်ပါသည။်။ထို့ကြောင့် ရောဂါဝေဒနာရှင်များအတွက် မျှော်လင့်ချက် မမဲ့တော့ပါ။ အကောင်းဘက်က တွေးတောပါ။ ကျန်းမာစွာ နေထိုင်ပါ။ ဘာပဲဖြစ်ဖြစ် မိမိ ပတ်ဝန်းကျင်တွင် လူများက၊ အထူးသဖြင့် မိသားစုက မိမိကို အမြဲထောက်ခံနေပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/hiv-%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%b8-%e1%80%9e%e1%80%ad%e1%80%9b%e1%81%bf%e1%80%95%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%94-2/
သစ်တိုသီး ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး (၇) ချက်
သစ်တိုသီး ဆိုရင် သစ်တိုသီးငပိချက်ပဲ ပြေးမြင်ကြမှာပဲ။ ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက်လည်း ဖြစ်တယ်။ ဒါ့ထက်ပိုပြီး ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူး တွေအများကြီးရှိတယ်ဆိုတာရော သိကြပြီးပြီလား။သစ်တိုသီးမှာဗီတာမင် ဘီနဲ့ စီ ကြွယ်ဝလို့ ဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကိုမြှင့်တင်ပေးပြီးကိုယ်ခံအားစနစ်ကိုကောင်းစေတယ်။ ကာဗိုဟိုက်ဒရိတ်၊အမျှင်ဓာတ်နဲ့သံဓာတ်၊ဖော့စဖရပ်စ်တို့လည်း ထိုက်သင့်သလောက်ပါဝင်တယ်။ သစ်တိုသီးကို အိန္ဒိယ၊ ထိုင်း၊ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ အစိမ်းပဲဖြစ်ဖြစ်၊ ချက်ပြုတ်ပြီးပဲဖြစ်ဖြစ် နှစ်ခြိုက်စွာစားသုံးကြပါတယ်။ အရေးကြီးတာက အစေ့ကို ဖယ်ဖို့ပါပဲ။ သူက အတွင်းသားကို အဓိကစားသုံးရတဲ့အသီးဖြစ်ပါတယ်။(၁) ကြွက်သားနဲ့ အာရုံကြော ကျန်းမာစေတယ်။သစ်တိုသီးမှာပိုတက်စီယမ်ပါဝင်မှုများလို့ ကြွက်သားနဲ့ အာရုံကြောစနစ်အတွက် အရမ်းကိုကောင်းပါတယ်။ ပိုတက်စီယမ်က ကြွက်သားနဲ့အာရုံကြောစနစ်ရဲ့လုပ်ဆောင်ချက်တွေကို အထောက်အကူပေးပြီး နှလုံးသွေးကြောကျန်းမာရေးကို လည်း အားပေးပါတယ်။(၂)သွေးတွင်းသကြားဓာတ်ကို ထိန်းတယ်။သူ့မှာ သကြားဓာတ်ပါဝင်မှုနည်းပါးပြီး အမျှင်ဓာတ်ပါဝင်မှု မြင့်မားလို့ ဆီးချိုဝေဒနာ ဖိစီးနေတဲ့သူတွေအတွက် သင့်တော်ပါတယ်။ အမျှင်ဓာတ်က အစာချေဖျက်မှုစနစ်ကို နှေးစေတဲ့အတွက်သွေးတွင်းသကြားဓာတ် မြင့်တက်မှုကို ကာကွယ်ပေးပါတယ်။(၃) ကင်ဆာ ကာကွယ်တယ်။သစ်တိုသီးမှာပါတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကင်ဆာဆဲလ်တွေ ဖြစ်ပေါ်မှုကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကင်ဆာဖြစ်လာနိုင်တဲ့ အကျိတ်တွေကိုပါလျော့နည်းစေ၊ သေးသွားစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။(၄) သွားကျန်းမာ စေတယ်။ပန်းသီးလိုမျိုးပဲ သစ်တိုသီးကို ကိုက်ပြီးဝါးစားတာက တံတွေးပိုထွက်အောင် တံတွေးဂလင်းတွေကို နှိုးဆွပေးပြီး ခံတွင်းဘက်တီးရီးယားအရေအတွက်ကို လျော့နည်းစေပါတယ်။(၅) ကိုလက်စထရော ကျစေတယ်။Pectin ဆိုတဲ့ အမျှင်ဓာတ်နဲ့ အကျိုးပြုကိုလက်စထရောတွေ ပါဝင်လို့ မကောင်းတဲ့ကိုလက်စထရောတွေကို သွေးထဲမရောက်အောင် ကာကွယ်ပေးပါတယ်။ မကောင်းတဲ့ ကိုလက်စထရောတွေများနေရင်သွေးတိုး၊ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါတွေကိုဖြစ်လာစေနိုင်တယ်။(၆) ဝမ်းလျှောတာ၊ဝမ်းချုပ်တာ ကုသနိုင်တယ်။သစ်တိုသီး မှာ ပါဝင်တဲ့ အမျှင်ဓာတ်တွေက ဝမ်းမှန်စေဖို့ အထောက်အကူပေးပါတယ်။ အမျှင်ဓာတ်တွေက အူလမ်းကြောင်းနဲ့ အစာခြေစနစ်ကို လုပ်ဆောင်ချက် ချောမွေ့အောင် ကူညီပေးနိုင်တဲ့ဓာတ်တွေဖြစ်ပါတယ်။(၇) အရိုးကျန်းမာစေတယ်။ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရပ်စ်ပါဝင်မှုကြောင့် အရိုးနဲ့ သွားရဲ့သိပ်သည်းဆ ထုထည်ကို ထိန်းသိမ်းပေးတဲ့အတွက်အရိုးပွခြင်းနဲ့ သွားကြွေလွှာပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ဆေးဖက်ဝင်တာတွေ သိရပြီဆိုတော့ ဈေးမှာ သစ်တိုသီး တွေ့တာနဲ့ ချက်စားလိုက်တော့နော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%9e%e1%80%85%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%9e%e1%80%ae%e1%80%b8%e1%80%9b%e1%80%b2%e1%80%b7-%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8/
သင့်ကို နှလုံးရောဂါစွဲကပ်စေမယ့် အကျင့်ဆိုးများ
နှလုံးရောဂါဟာ ဒီကနေ့ခေတ်မှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပေမယ့် ကာကွယ်တားဆီးလို့ရနိုင်တဲ့ ရောဂါတစ်ခုလည်းဖြစ်ပါတယ်။ လူတွေမှာ နှလုံးရောဂါ စွဲကပ် စေရတဲ့ အဓိကအချက်က စားသောက်နေထိုင်မှုပိုင်းမှာ အကျင့်ဆိုးတွေရှိနေတာကြောင့်ပါ။ သင့်ကို နှလုံးရောဂါစွဲကပ်စေမယ့် အကျင့်ဆိုးများ က ဘာတွေများ ဖြစ်မလဲ။အဝလွန်တာတွေ၊အရက်သေစာနဲ့ဆေးလိပ်အလွန်အကျွံသောက်သုံးတာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအသောက်တွေကို အလွန်အကျုးမှီဝဲတာတွေကြောင့် နှလုံးနဲ့သက်ဆိုင်တဲ့ ဝေဒနာတွေ စွဲကပ်နိုင်ပါတယ်။နှလုံးရောဂါဟာ တစ်နှစ်ကို ၁၈ သန်းလောက် အသက်ဆုံးရှုံးအောင် အန္တရာယ်ပေးနေတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံး ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါမဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ အလွန်ပဲအရေးကြီးလှပါတယ်။သင်နှလုံးရောဂါ မစွဲကပ်ချင်ဘူးဆိုရင် အောက်ပါ အလေ့အကျင့်ဆိုးတွေကို ဖယ်ရှားဖို့၊ ရပ်တန့်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ဒီလိုအကျင့်ဆိုးတွေကို ပြင်ဆင်နိုင်မှ သင့်ရဲ့နှလုံးဟာ ကျန်းမာပြီး သင်ကိုယ်တိုင်လည်း အသက်ရှည်ရှည်နေထိုင်နိုင်မှာဖြစ်ပါတယ်။ ဒါတွေကို မလိုက်နာဘူးဆိုရင်တော့ သင့်ရဲ့နှလုံးဟာ ထိခိုက်ပျက်စီးလာနိုင်ပါတယ်။တကယ်လို့ သာမာန်အခြေအနေမှာ နှလုံးရောဂါဝေဒနာ စွဲကပ်လာနိုင်တဲ့ နမိတ်လက္ခဏာတွေကို ကြိုတင်သိရှိထားမယ်ဆိုရင် နှလုံးရောဂါအဆင့်ကို မရောက်ရှိခင်မှာ တားဆီးထားနိုင်ဖို့ အခွင့်အလမ်းသာမှာဖြစ်ပါတယ်။အောက်ပါ လက္ခဏာတွေပြသလာပြီဆိုရင် သင်နှလုံးရောဂါဖြစ်ပွားဖို့ နီးစပ်လာပြီဆိုတဲ့ နိမိတ်လက္ခဏာတွေဖြစ်ပါတယ်။သင့်ကို နှလုံးရောဂါစွဲကပ်စေမယ့် အကျင့်ဆိုးများ ထဲက ဘယ်နှခုလောက်များ ရှိနေပါသလဲ။ အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်တဲ့ နှလုံးရောဂါကို ကာကွယ်ဖို့ အကျင့်ဆိုးတွေကို ဖယ်ရှားရပ်တန့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလိုရပ်တန့်ခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပြီး သင့်ကို ကျန်းမာတဲ့ဘဝတစ်ခုကို ပေးစွမ်းနိုင်ပါလိမ့်မယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/bad-heart-habits/
နှလုံးရောဂါ အကြောင်း
နှလုံးရောဂါဆိုတာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်စစ်တမ်းတွေအရဆိုရင် လူ ၁ သိန်းမှာ ၂၁၉.၄ ဦးနှုန်းအသက်ဆုံးပါးစေတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး လူသေနှုန်းမြင့်မားတဲ့ ရောဂါတွေထဲမှာ နံပါတ် ၁ ဖြစ်ပါတယ်။နှလုံးရောဂါဆိုတာက နှလုံးနဲ့သက်ဆိုင်တဲ့ရောဂါအမြောက်အများကို စုဝေးခေါ်ဆိုတာဖြစ်ပါတယ်။ နှလုံးရောဂါဟာ အမျိုးအစားအမျိုးမျိုးရှိသလို ကျား/မ မရွေး၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ခြေ မြင့်မားလှတဲ့ရောဂါအုပ်စု တစ်ခုပါ။များသောအားဖြင့်နှလုံးရောဂါရဲ့ လက္ခဏာတွေက အချိန်အတန်ကြာမှ သိသိသာသာပြသလာတတ်တာပြီး ကနဦးအခြေအနေတွေမှာ တိတ်တိတ်ကလေး တွယ်ငြိနေတတ်ပါတယ်။ ဒါကြောင့်လည်း ပိုပြီးသတိထားဖို့လိုအပ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးကြတာဖြစ်ပါတယ်။နှလုံးရောဂါလို့ ခြုံပြီးပြောဆိုကြပေမယ့် တကယ်တမ်းမှာတော့ နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါတွေက အမျိုးအစား အမျိုးမျိုးရှိပါတယ်။ ဒါတွေကို စုစည်းပြီး နှလုံးဆိုင်ရာ ပြဿနာများ (Cardiovascular Problems) လို့ ခေါ်ဆိုကြပါတယ်။နှလုံးရောဂါဆိုတဲ့ ခေါင်းစဉ်အောက်မှာ အောက်ပါ အဓိက ရောဂါအမျိုးအစားတွေ အသီးသီးရှိနေကြပါတယ်။ဒီထဲမှာမှ အောက်ပါ အမျိုးအစားတွေမှာ နောက်ထပ် မျိုးကွဲရောဂါတွေ ဆက်ပြီးရှိနေပါသေးတယ်။အထက်မှာဖော်ပြခဲ့တဲ့ရောဂါတွေအကုန်လုံးဟာ နှလုံးနဲ့ဆက်နွယ်နေတဲ့ ရောဂါအမျိုးအစားတွေဖြစ်ကြပါတယ်။နှလုံးရောဂါရဲ့ ထူးခြားချက်က ရောဂါအမျိုးအစား စုံလင်သလို ရောဂါလက္ခဏာတွေလည်း ကွဲကြတာပါပဲ။ နှလုံးရောဂါရဲ့ ရောဂါလက္ခဏာတွေဟာ တစ်ခုနဲ့တစ်ခု နီးစပ်ပေမယ့် သိသိသာသာကွဲထွက်နေတာတွေကများပါတယ်။ ဒါကြောင့် ရောဂါအလိုက် လက္ခဏာတွေကို ခွဲခြားဖော်ပြပေးပါမယ်။Arrhythmias ဟာ နှလုံးစည်းချက် ပုံမှန်မဖြစ်တော့တဲ့ ရောဂါဖြစ်ပါတယ်။ စည်းချက် မြန်တာ၊ နှေးတာ အပေါ် မူတည်ပြီး အတန်ငယ်ကွဲပြားနိုင်ပေမယ့် အဓိက လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။Atherosclerosis ဖြစ်တဲ့အခါ ခြေဖျားလက်ဖျားတွေဆီ သွေးလျှောက်တာနည်းသွားတတ်ပါတယ်။ ဒီအချက်တင်မကပါဘူး။ အောက်ပါအချက်တွေကလည်း နှလုံးသွေးကြောကျဉ်းလက္ခဏတွေဖြစ်ပါတယ်။Congenital heart defects လို့ ခေါ်တဲ့ မွေးရာပါနှလုံးရောဂါရဲ့ လက္ခဏာတွေကတော့ မွေးကင်စအချိန်မှာရော အရွယ်ရောက်လာချိန်မှာပါ ပြသတတ်ပါတယ်။ တစ်ချို့သော အခြေအနေတွေမှာ ရောဂါကို ရှာဖွေဖော်ထုတ်ဖို့ ခက်ခဲတတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့။CAD ဖြစ်ရတဲ့အကြောင်းအရင်းက နှလုံးနဲ့ အဆုတ်ထဲကို အောက်ဆီဂျင်ပြည့်ဝတဲ့ သွေးစီးဝင်မှုအားနည်းတာကြောင့်ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းပါပဲ။Cardiomyopathy က နှလုံးကြွက်သားတွေ တောင့်တင်းတာ (သို့) လိုအပ်တာထက်ပိုပြီး ကြီးထွားလာတာ (သို့) အားနည်းတာတွေကြောင့်ဖြစ်ရတာပါ။ အဓိက ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။နှလုံးပိုးဝင်တာကို Endocarditis ဒါမှမဟုတ် Myocarditis လို့လည်း ခေါ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။နှလုံးရောဂါလက္ခဏာတွေအကြောင်း ပြောရမှာ ထူးခြားချက်တစ်ခုကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ အတန်ငယ်ကွဲပြားတဲ့ လက္ခဏာတွေပြသနိုင်တယ်ဆိုတဲ့အချက်ပါပဲ။ ပြီးတော့ အမျိုးသားတွေထက်လည်း အမျိုးသမီးတွေက နှလုံးရောဂါပိုဖြစ်တတ်ပါတယ်။အမျိုးသမီးတွေကHeart Attackပိုဖြစ်တတ်ပြီးတော့ ရင်ဘတ်အောင့်တာနဲ့ ရင်တုန်တာက အဖြစ်များတဲ့ လက္ခဏာတွေပါ။ ဒါပေမယ့် ပူပင်သောကများတာ၊ အိပ်စက်ရခက်တာ၊ အကြောင်းပြချက်မယ်မယ်ရရမရှိပဲ မောပန်းနွမ်းနယ်နေတတ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် စိတ်ဓာတ်ကျတာ၊ သွေးဆုံးတာတွေလည်း ခံစားရတယ်လို့ဆိုပါတယ်။ဒါ့အပြင် အမျိုးသမီးတွေ နှလုံးရောဂါဝေဒနာတစ်မျိုးမျိုးခံစားရချိန်မှာ ကြုံရတတ်တဲ့ တခြားသော ရောဂါလက္ခဏာတွေကတော့။နှလုံးရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ နှလုံးရောဂါဖြစ်ပွားမှုဟာ နေထိုင်စားသောက်မှုနဲ့ တိုက်ရိုက်ဆက်စပ်နေတတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်စွာ နေထိုင်စားသောက်လေ့မရှိသူတွေမှာ ဖြစ်နိုင်ခြေပိုမိုမြင့်မားတတ်ပါတယ်။ဒါပေမယ့် အထက်ပါအချက်တွေကြောင့်ချည်းတော့ နှလုံးရောဂါဖြစ်စေနိုင်တာမဟုတ်ပါဘူး။ နှလုံးရောဂါကိုဖြစ်စေတဲ့ တခြားအကြောင်းအရင်းအများအပြားရှိနေပါသေးတယ်။ ရောဂါအမျိုးအစားအလိုက် နောက်ခံအကြောင်းတရားတွေ ကွာခြားနေတာမျိုးပါ။နှလုံးခုန်နှုန်းမမှန်ခြင်းက အဓိက အကြောင်းတရားဖြစ်ပေမယ့် ဆီးချို၊ သွေးတိုး၊ ပြင်းထန်တဲ့ဆေးဝါးတွေမှီဝဲနေရာတာ၊ အယ်လ်ကိုဟောနဲ့ ကဖိန်းဓာတ်ကို အလွန်အကျွံမှီဝဲလွန်းတာ၊ အရက်နဲ့ မူးယစ်ဆေး စွဲလမ်းနေတာ၊ စိတ်ဖိစီးမှုများနေတာ၊ ပူပင်သောကများတာ၊ နှလုံးထိခိုက်ထားတာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါနဲ့ မွေးရာပါနှလုံးရောဂါရှိနေရင်လည်း Arrhythmia ဖြစ်နိုင်ပါတယ်။ဒီရောဂါကတော့ မွေးကတည်းက ပါရှိလာတာပါ။ အလိုလိုသက်သာသွားတတ်သလို တဖြည်းဖြည်း ပိုမိုကြီးထွားလာတတ်တာလည်း ရှိပါတယ်။ စောလျှင်စွာကုသနိုင်ဖို့ လိုအပ်တဲ့ ရောဂါတစ်မျိုးပါ။ ဒီလိုဖြစ်ရစေတဲ့အကြောင်းအရင်းကတော့ ရင်သွေးငယ်ရဲ့ Chromosomes အရေအတွက်ကြောင့်ဖြစ်ပါတယ်။ဒီရောဂါကတော့ ရောဂါမျိုးကွဲများသလို ဖြစ်ပွားစေတဲ့အခြေအနေတွေလည်း မတူညီကြပါဘူး။ဘာကြောင့်ဖြစ်တယ်ဆိုတာကို တိကျစွာ သိရှိရခြင်းမရှိသေးပါဘူး။ အဖြစ်များတဲ့ နှလုံးကြွက်သားရောဂါတစ်မျိုးဖြစ်ပြီး နှလုံးကို အားနည်းသွားစေတဲ့ရောဂါပါ။ မူးယစ်ဆေးဝါးသုံးတ၊ ပိုးဝင်တာ၊ Heart Attack ဖြစ်တာ၊ နှလုံးသွေးစီးဆင်းမှုကို မထိမ်းချုပ်နိုင်တာတွေနဲ့ ဆက်နွယ်နေနိုင်ပါတယ်။ကြွက်သားတွေ မာတောင့်သွားတဲ့ ဒီရောဂါက မျိုးရိုးလိုက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ အားကစားသမားတွေမှာလည်း တွေ့ရတတ်ပါတယ်။နှလုံးနံရံတွေတောင့်တင်းပြီး ရှုံ့သွားတဲ့ရောဂါပါ။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို သေချာမသိရသေးပေမယ့် ကြွက်သားတွေ ဒဏ်ဖြစ်တာ၊ Amyloidosis ဆိုတဲ့ ပုံမှန်မဟုတ်တဲ့ ပရိုတိန်းတွေများလာတာကြောင့်ဖြစ်တတ်ပါတယ်။ဘက်တီးရီးယားတွေ၊ ကပ်ပါးပိုးတွေ၊ ဗိုင်းရပ်စ်တွေ နှလုံးကိုကပ်ညှိတာကြောင့်ဖြစ် နှလုံးပိုးဝင်ခြင်း ဝေဒနာဖြစ်တတ်ပါတယ်။ဒါ့အပြင် တခြားသော နှလုံးရောဂါကို ဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့ ပြင်ပအခြေအနေတွေကြောင့် ပါပဲ။ နှလုံးရောဂါဖြစ်ပွားသူတွေရဲ့ ၄၇% ဟာ ထိန်းချုပ်ကာကွယ်လို့ရတဲ့ ပြင်ပရောဂါတွေနဲ့ အခြေအနေတွေကြောင့် နှလုံးရောဂါဖြစ်ရတာပါ။ဒီပြဿနာတွေကတော့။ဒါပေမယ့် ထိန်းချုပ်လို့မရနိုင်တဲ့ အခြေအနေတွေလည်း ရှိပါတယ်။ ဒါတွေကတော့။နှလုံးရောဂါ ရှိ၊ မရှိသိနိုင်စေတဲ့ နည်းလမ်းတွေ အမျိုးမျိုးအဖုံဖုံရှိပါတယ်။ ရောဂါလက္ခဏာတွေကနေတဆင့် သိရှိနိုင်သလို ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး ဆေးဝါး၊ နည်းပညာစတာတွေနဲ့လည်း စမ်းသပ်စစ်ဆေးလို့ရပါတယ်။နှလုံးရောဂါက အဖြစ်များပြီး သေဆုံးနှုန်းများတဲ့ ရောဂါဖြစ်ပေမယ့် ကုသနိုင်တဲ့ရောဂါ အမျိုးအစားထဲမှာပါဝင်ပါတယ်။ရောဂါဖြစ်ပွားချိန်မှာ အဓိက ကုသနည်း ၃ မျိုးနဲ့ ကုစားနိုင်ပါတယ်။မျိုးရိုးလိုက်တာနဲ့ မွေးရာပါမဟုတ်ဘူးဆိုရင် နှလုံးရောဂါဟာ ကာကွယ်တားဆီးလို့ရတဲ့ ရောဂါအမျိုးအစားဖြစ်ပါတယ်။ ဒီလိုကာကွယ်ဖို့ဆိုရင် ကျန်းမာစွာနေထိုင်စားသောက်ခြင်းက အဓိကကျတဲ့နည်းလမ်းဖြစ်ပါတယ်။ဒါ့အပြင်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/about-hear-disease/
ညဘက်အချိန် ကိုယ်အလေးချိန်လျှော့ခြင်း နည်းလမ်းများ
လူအများစုသည်တစ်နေကုန်လုပ်ငန်းခွင်ဝင်ရသဖြင့်လေ့ကျင့်ခန်းပြုလုပ်ရန်အချိန်မရှိတတ်ကြပေ။ ကျွန်ုပ်တို့တွင်ညပိုင်းသာ အားလပ်သဖြင့်ထိုအချိန်တွင်အားကစားခန်းမလည်းပိတ်သွားပြီဖြစ်သည်။ တစ်နေ့ပြီးတစ်နေ့ကိုယ်အလေးချိန်တက်လာသည်ကိုသာထိုင်ကြည့်နေရသည်။ ထိုအချင်းအရာသည်အမျိုးသမီးများကိုအလွန်စိတ်မကောင်းဖြစ်စေသည်။ ကံကောင်း သည်မှာဤဆောင်းပါးတွင်ညဘက်၌။ကိုယ်အလေးချိန်လျှော့ချနိုင်သည့်အံ့သြဖွယ်နည်းလမ်းများကို ဖော်ပြထားခြင်းဖြစ်သည်။ဆားပါဝင်မှုနည်းသောညစာကိုစားပါ။အငန်များသော/ဆားများသောညစာစားပြီးလျှင်နောက်နေ့ မနက်အိပ်ယာထလျှင်ရင်ပြည့်ရင်ကယ်ဖြစ်တတ်သည်။ အစာချေ လမ်းကြောင်းတွင်ဆားဓါတ်ရှိနေပြီးဆားကရေကိုဆွဲထားသဖြင့် ကိုယ်အလေးချိန်မြင့်တက်မည်မှာအထူးပြောစရာပင်မလိုပေ။ ထို့ကြောင့်ရေနွေးနွေးဖြင့်ချက်ခြင်း၊ဟင်းသီးဟင်းရွက်များကိုရေလုံပြုတ်စားခြင်းစသောပေါ့ပါးလွယ်ကူ၍သင် ကိုယ်တိုင်ချက်ပြုတ်နိုင်သောညစာကိုသာစားသင့် ပါသည်။ညအခါတွင်အားကစားလုပ်ပါ။လေ့ကျင့်ခန်းလုပ်၍ချွေးထွက်သောအခါ ကိုယ်အလေးချိန်လျော့ကျနိုင်ကြောင်းကျွန်ုပ်တို့အားလုံးသိပြီးဖြစ်သည်။ ယခင်ကညဘက်လေ့ကျင့်ခန်းပြုလုပ်ပါက အိပ်ပျော်ရန်ခက်ခဲသည်ဟုထင်ခဲ့သော်လည်းအမှန်မှာထိုသို့မဟုတ်ပါ။ အမေရိကန်အမျိုးသားအိပ်စက်ခြင်းဆိုင်ရာဖောင်ဒေးရှင်းကသုတေသနတစ်ခုတွင်ညဘက်၌လှုပ်လှုပ်ရှားရှား နေသူကထိုသို့မနေသူထက်ပိုမိုကောင်းမွန်စွာအိပ်ပျော်သည်ဟုဆိုပါသည်။ အဘယ်ကြောင့်ဆိုသော်ထိုသို့ပြုလုပ်ခြင်းဖြင့်။သင်တစ်နေကုန်စိတ်ဖိစီးခဲ့သမျှပြေလျော့သွားခြင်း၊။အားကစားလုပ်ပြီးပင်ပန်းသောကြောင့် နှစ်ခြိုက်စွာအိပ်ပျော်နိုင်ခြင်းဖြစ်ပါသည်။သင့်နေ့လည်စာကိုပြင်ဆင်ပါ။နောက်တစ်နေ့နေ့လည်စာအတွက်ညကတည်းကပြင်ဆင်ပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့်ကယ်လိုရီများစွာကိုသုံးစွဲပြီးသားဖြစ်သွားသည်။ ထို့ပြင်အိမ်တွင်ချက်ပြုတ်သောအစားအစာများသည်စားသောက်ဆိုင်မှအစားအစာများနှင့်ယှဉ်ပါကကယ်လိုရီတစ်ဝက်ခန့်သာရှိပါသည်။ ထို့အစားအစာများနှင့်ယှဉ်ပါကကယ်လိုရီတစ်ဝက်ခန့်သာရှိပါသည်။ ထိုရီ တစ်ဝက်ခန့်သာရှိပါသည်။ ထို့ကြောင့်တစ်ချက်ခုတ်လျှင်နှစ်ချက်။ပြတ်နိုင်သည်ဟုဆိုချင်ပါသည်။ရေများများသောက်ပါ။ရေများများသောက်ခြင်း၏အကျိုးကျေးဇူးကိုလူတိုင်းသိသည်။ ရေသောက်ခြင်းသည်ကိုယ်အလေးချိန်လျော့ချရာ၌ကူညီပေးသည့်အပြင်အရေပြားကိုလည်းကောင်းမွန် လှပစေသည်။ သို့သော်လည်းညဘက်ခဏခဏဆီးထမသွားရန်မအိပ်ခင် တစ်နာရီအလို လောက်ထိသာရေသောက်ပေးပါ။အိပ်ခန်းကိုအလင်းရောင်မှောင်မှောင်သာထားပါ။လူတစ်ဦးကလုံးဝမှောင်နေသောနေရာကိုရောက်လျှင်ခန္ဓါကိုယ်က မယ်လယ်တိုနင်ဟုခေါ်သောဟော်မုန်းကိုထုတ်ပေးသည်။ ထိုဟော်။မုန်းသည်ကယ်လိုရီ လောင်ကျွမ်းမှုကိုအားပေးသည်။ ထို့ကြောင့်ကိုယ်အလေးချိန်မြန်မြန်လျှော့ချနိုင်ရန်သင့်အိပ်ခန်းကိုမှောင်နိုင်သမျှမှောင်ပါစေ။အေးမြသောအိပ်ခန်းတွင်အိပ်ပါ။အေးသောပတ်ဝန်းကျင်တွင်ခန္ဓါကိုယ်ကိုနွေးထွေးရန်စွမ်းအင်ပိုမို သုံးစွဲရသည်။ ထိုအခါကယ်လိုရီကိုလောင်ကျွမ်းစေပြီးကိုယ်အလေးချိန်ကိုလျော့ကျစေသည်။ကိုယ်အလေးချိန်လျော့ချခြင်းသည် “မဖြစ်နိုင်သောစစ်ဆင်ရေး” ဟုပြော၍မရတော့ပါ။ အဆင်ပြေသည့်အချက်မှာညဘက်တွင်ပင်ကိုယ်အလေးချိန်လျော့ကျနိုင်ခြင်း ဖြစ်သည်။ အထက်ပါအချက်များကိုလိုက်နာခြင်းဖြင့်လာမည့် ပျော်ပွဲစားရာသီအတွက် သင်၏သွယ်လျသောခန္ဓါကိုယ်ကအဆင်သင့်ဖြစ်နေနိုင်ပါပြီ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/%e1%80%8a%e1%80%98%e1%80%80%e1%80%ba%e1%80%a1%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%a1%e1%80%9c%e1%80%b1%e1%80%b8%e1%80%81%e1%80%bb%e1%80%ad/
အယ်လ်ကိုဟောနဲ့ နှလုံးရောဂါ - တန်ဆေးနဲ့ လွန်ဘေး
အယ်လ်ကိုဟောနဲ့ နှလုံးရောဂါ – တန်ဆေးနဲ့ လွန်ဘေး …… အရက်သောက်သုံးတာဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ခြုံငုံပြောတတ်ကြတယ်။ ဒါပေမယ့် မသောက်ဘူးလားဆိုရင် လူအများစုကတော့ မှီဝဲတတ်ကြတာပါပဲ။ တန်ဆေး လွန်ဘေး ဆိုသလိုပဲအယ်လ်ကိုဟောဟာ ခန္ဓာကိုယ်ကို အကျိုးပြုတာတွေရော ဆိုးကျိုးဖြစ်စေတာတွေရော ၂ မျိုးစလုံးပေးစွမ်းနိုင်တာတော့ အမှန်ပါ။ အထူးသဖြင့် နှလုံးကိုပေါ့။သုတေသနပြုချက်တစ်ချို့ရဲ့ အဆိုအရဆိုရင် အယ်လ်ကိုဟောကို နည်းမှန်လမ်းမှန်မှီဝဲရင် ဆိုးကျိုးမဖြစ်စေပဲ ကောင်းကျိုးတောင် ဖြစ်စေနိုင်ပါတယ်တဲ့။ တန်ရုံသင့်ရုံ မှီဝဲမယ်ဆိုရင်ပေါ့။ ဒါပေမယ့် လွန်ရင်တော့ ဘေးဖြစ်မယ်ဆိုတာကိုလဲ မမေ့နဲ့နော်။အရက်သေစာဆိုတာက များလေ ကျန်းမာရေးကိုထိခိုက်စေဆိုတဲ့ အရာမျိုးပါ။ ဒါပေမယ့် ထုတ်ကုန်အမည်တွေကသဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတာမို့အာဟာရဓာတ်တွေနဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အရာတွေပါဝင်နေတာကိုလည်း ငြင်းဆိုလို့မရပြန်ပါဘူး။ဒါကြောင့် အယ်လ်ကိုဟော ကို မှန်ကန်စွာ မှီဝဲရင် ကျန်းမာစေတယ်လို့ တချို့ကဆိုကြတာပါ။ နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေဖို့ မှီဝဲမယ်ဆိုရင်တော့ နည်းနာတွေရှိပါတယ်။အယ်လ်ကိုဟော ကို နေ့တိုင်းလည်း မှီဝဲလို့မရပါဘူး။ တစ်ပတ်မှာ ၄ ရက်ထက်မပိုဖို့ လိုအပ်ပါတယ်။ တန်ရုံသင့်ရုံဆိုတာ ဘယ်လိုပမာဏမျိုးတုန်း။ဘီယာ၁၂ အောင်စ (သံဘူးတစ်ဘူးစာ) ၊ဝိုင်၅ အောင်စ (ပုံမှန်ဝိုင်ခွက် တစ်ဝက်) ၊ အရက် ၁.၅ အောင်စ (ဝ.၀၄၅ လီတာ) ထက် မပိုတဲ့ ပမာဏမျိုးကို ကျန်းမာရေးကို မထိခိုက်စေနိုင်တဲ့ ပမာဏလို့ သတ်မှတ်ပါတယ်။ဒီလိုမှန်ကန်တဲ့နည်းလမ်းနဲ့ မှီဝဲမယ်ဆိုရင်။ဒီအချက်တွေအပြင် ကိုယ်တိုင်ကလည်း ကျန်းမာရေးကောင်းမွန်ဖို့ရည်ရွယ်ပြီး အာဟာရပြည့်ဝစွာ မှီဝဲစားသောက်တာ၊ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်တာတွေကိုပါ တွဲဖက်ပြုလုပ်ပေးမယ်ဆိုရင် သင့်နှလုံးကို ပိုပြီးကျန်းမာစေမှာသေချာပါတယ်။နည်းမှန်လမ်းမှန် မှီဝဲထားတဲ့ အယ်ကိုဟော ကလည်း သင့်နှလုံးကို ထိခိုက်စေမှာမဟုတ်သလို တစ်ဖက်တစ်လမ်းကတောင် ကူညီနိုင်ဦးမှာပါ။ဒါပေမယ့်လည်း ကိုယ်တိုင်က ကျန်းမာရေးကိုလည်း ဂရုမစိုက်၊ အရက်သေစာကိုလည်း နည်းမှန်လမ်းမှန် မမှီဝဲဘူးဆိုရင် သင့်နှလုံးကို ထိခိုက်ပျက်စီးစေမှာဖြစ်ပါတယ်။ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုလို့ ဆိုရပါမယ်။အရက်ကို သင့်လျော်ရုံပမာဏထက်ပိုပြီး များပြားစွာမှီဝဲမိမယ်ဆိုရင် နှလုံးကြွက်သားတွေကို ထိခိုက်စေမှာဖြစ်သလို သွေးဖိအားကိုလည်း ပိုပြီးမြင့်တက်စောမို့ အချိန်ကြာမြင့်လာတာနဲ့အမျှ နှလုံးရောဂါဖြစ်နိုင်ခြေ ပိုမိုမြင့်မားလာမှာဖြစ်ပါတယ်။ဥပမာပြောရရင် ၂ နာရီအတွင်း အရက် ၄ ခွက်နဲ့အထက် မှီဝဲမိမယ်ဆိုရင်နှလုံးစည်းချက်မမှန်ရောဂါ (Arrhythmias)ဖြစ်နိုင်ခြေ အရမ်းမြင့်မားသွားမှာပါ။ တစ်ပတ်လုံးတော့ မသောက်ဘူး။သောက်ဖြစ်တဲ့နေ့ကျမှ စုသောက်ပစ်မယ်ဆိုတဲ့ နည်းလမ်းမျိုးကလည်း နည်းမှန်လမ်းမှန်မဟုတ်ဘူးလို့ ဆိုချင်တာပါ။အရက်ကို လိုအပ်တာထက် ပိုမှီဝဲရင် နှလုံးကို ထိခိုက်စေနိုင်တဲ့ အချက် ၄ ချက် ရှိပါတယ်။ ဒါတွေကတော့။ဒါကြောင့် အရက်သေစာမှီဝဲခြင်းကို တတ်နိုင်သမျှ ရှောင်ရှားတာက အကောင်းဆုံးနည်းလမ်းဖြစ်ပြီးတော့ ကြိုက်လို့ နှစ်သက်လို့ မှီဝဲမယ်ဆိုရင်လည်း နည်းမှန်လမ်းမှန်နဲ့ စနစ်တကျမှီဝဲဖို့ တိုက်တွန်းပါရစေ။ အကောင်းဆုံးကတော့ ရှောင်ကျဉ်တာပါပဲ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/heart-disease-and-alcohol/
တစ်ချိန်လုံးဗိုက်ဆာနေသူလေးတွေရှိလား
ခုနကပဲထမင်းစားလိုက်တယ်နော်။ ခု..ဆာလာပြန်ပြီ။ တစ်ခုခုစားချင်သလိုပဲဆိုပြီးဖြစ်နေတဲ့ဘော်ဘော်လေးတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးဖတ်ကြည့်နော်။လူတစ်ယောက်ဟာ တစ်နေ့ကိုမနက်စာ၊နေ့လယ်စာ၊ညစာအပြင်တစ်ချိန်လုံးတသွတ်သွတ်စားနေတာမျိုးဆိုရင် ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ရပ်လို့ဆိုရပါမယ်။ဝိတ်ချနေတာ။ခန္ဓါကိုယ်မှာ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်များနေတာကြောင့် အစားလျော့နေတာမျိုးဖြစ်တဲ့အခါမှာလည်းခန္ဓါကိုယ်က လုံလောက်တဲ့ အာဟာရဓါတ်တွေကို မရရှိတာကြောင့် ဆာလောင်တာမျိုးဖြစ်နိုင်ပါတယ်။အချိုအများကြီးစားမိတာ။အချိုအစားများတာကလည်း လူတစ်ယောက်ရဲ့ စားချင်စိတ်ကိုတိုးစေနိုင်ပါတယ်။အချိုဓါတ်များတဲ့ အစားအစာတွေက ခန္ဓါကိုယ်တွင်းမှာghrelinဟော်မုန်းထွက်ရှိမှုကိုတိုးစေနိုင်ပြီး ခဏခစဗိုက်ဆာတယ်လို့ ခံစားရစေပါတယ်။ပရိုတင်းစားတာနည်းနေတာ။စားလိုက်တဲ့အစားအစာတွေထဲမှာ ပရိုတင်းပါဝင်မှုနည်းတာကလည်း ခဏခဏဗိုက်ဆာစေရတဲ့ အချက်တစ်ခုပါ။ မနက်စာကနေစလို့ ညစာအထိစားသုံးတဲ့ အစားအစာတွေထဲမှာ ပရိုတင်းလုံလောက်စွာပါရှိနေမယ်ဆိုရင် ကိုယ်အလေးချိန်တက်တာမျိုးမဖြစ်နိုင်သလို ခဏခဏဆာလောင်မှုကနေလည်း ကင်းဝေးမှာပါ။ အရွယ်ရောက်ပြီးသားအမျိုးသားတစ်ယောက်အနေနဲ့ တစ်နေ့ကို ပရိုတင်းပမာဏ ၅၆ ဂရမ်၊ အမျိုးသမီးတစ်ယောက်အနေနဲ့ တစ်နေ့ကို ပရိုတင်းပမာဏ ၄၆ ဂရမ်လိုအပ်ပါတယ်။ရေဓါတ်မပြည့်ဝခြင်း။ရေဓါတ်မပြည့်တာကလည်း ခဏခဏဗိုက်ဆာစေနိုင်ပါတယ်နော်။ မနက်စာမစားခင် နာရီဝက်အလိုမှာ ရေ ဝ.၅ လီတာ၊နေ့လယ်စာမစားခင် နာရီဝက်အလိုမှာရေ ဝ.၅ လီတာ၊ ညနေစာမစားခင်နာရီဝက်အလိုမှာ ရေ ဝ.၅ လီတာသောက်ပေးမယ်ဆိုရင် ခဏခဏဆာတာမျိုးမရှိဘဲ ဗိုက်ပြည့်နေတယ်၊လို့ခံစားရစေမှာပါ။ ဒီလိုမျိုးပုံမှန်လုပ်ပေးမယ်ဆိုရင် စားချင်စိတ်ခဏခဏမဖြစ်ဘဲ ခန္ဓါကိုယ်ကို ကျစ်လျစ်စေမှာပါ။အိပ်ရေးပျက်တာ။ခဏခဏဆာရတာက အိပ်စက်ချိန်မပြည့်ဝတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ အိပ်ရေးပျက်တဲ့အခါ ကိုယ်တွင်း ကဟော်မုန်းပမာဏတွေ မမျှတတော့ဘဲ စားချင်စိတ်ကို တိုးစေနိုင်ပါတယ်။ အိပ်ရေးပျက်တာကြောင့် ခဏခဏစားမိတာကနေတဆင့် အဝလွန်လာနိုင်ပါတယ်။ အိပ်ရေးပျက်တာက အချိန်ကြာလာရင်ဆီးချိုရောဂြါဖစ်တဲ့ အထိဆိုးရွားနိုင်ပါတယ်။အငန်ကဲတာတွေစားတာ။အငန်အစားများတာက ဗိုက်ခဏခဏဆာစေနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ တစ်နေ့တာမှာ အငန်ဓါတ် ၂၃၀၀ မီလီဂရမ်ပဲစားသင့်ပါတယ်။ ဒီပမာဏထက်ပိုစားမယ်ဆိုရင် အစားစားချင်စိတ်ပိုဖြစ်ပေးစေနိုင်သလိုရေရှည်မှာနှလုံးထိခိုက်လာနိုင်စေပါတယ်။စိတ်ဖိစီးမှုများနေတာ။စိတ်ဖိစီးမှုကလည်း အစားစားချင်စိတ်ပေါ်မှာ သက်ရောက်မှုရှိနေပါတယ်။ စိတ်ဖိစီးမှုများနေတာကghrelinဟော်မုန်းထွက်ရှိမှုတိုးစေပြီး တစ်ချိန်လုံးဆာနေစေနိုင်ပါတယ်။အရက်သောက်သုံးတာ။အရက် နဲ့ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေက ဗိုက်ခဏခဏဆာစေနိုင်ပါတယ်။ သင်က အယ်လ်ကိုဟောကြိုက်တတ်သူဆိုရင်တော့ ဗိုက်ခဏခဏဆာနေရတာက အယ်လ်ကိုဟောရဲ့ သက်ရောက်မှုတစ်ခုပါ။ဗိုက်ခဏခဏဆာနေပြီဆိုရင် ဒီအချက်လေးတွေထဲကတစ်ချက်ချက်ကြောင့်ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်မဟုတ်ဘဲ ခဏခဏဆာနေပြီဆိုရင် ဒီအချက်တွေထဲက ဘယ်တစ်ချက်ကြောင့်လဲဆိုတာ ကိုယ်တိုင်ဆန်းစစ်ကြည့်ပါလို့ပြောပါရစေ……………။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/why-am-i-always-hungry/
ကလေးတွေ စားသောက်မှုပုံစံ မှန်စေဖို့အတွက် လိုက်နာသင့်တဲ့ အချက်လေးတွေ
တကယ်လို့ သင်ဟာ အလုပ်လုပ်နေရတဲ့ မေမေဆိုရင် သင့်ကလေးရဲ့ စားသောက်မှုပုံစံနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေမှာ အမှန်ပါပဲ။ ကလေးထိန်းနဲ့ ထားခဲ့တာပဲဖြစ်ဖြစ်၊နေ့ကလေးထိန်းကျောင်း ပို့တာပဲဖြစ်ဖြစ် သင့်ကလေး စားသောက်မှုပုံစံမှန်စေဖို့နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုသာ စားသုံးစေဖို့အတွက် စီမံထားသင့်ပါတယ်။တကယ်လို့ သင့်ကလေးဟာ အစာချေရည်ဆန်တက်ခြင်းကြောင့် ရင်ပူတဲ့ရောဂါ (gastroesophageal reflux disease (GERD)) ခံစားနေရရင် စားသောက်မှုပုံစံမမှန်ခြင်းဟာ ရောဂါအခြေအနေကို ပိုဆိုးစေတာမို့ ငယ်ရွယ်စဉ်အချိန်ကတည်းက အစားအသောက်နဲ့ ပတ်သက်တဲ့ အလေ့အကျင့်ကောင်းတွေ ပျိုးထောင်ပေးထားဖို့ အင်မတန် အရေးကြီးပါတယ်။ရင်ပူခြင်း နဲ့ အက်ဆစ်ရည်ဆန်တက်ခြင်း၊အဝလွန်ခြင်းတို့ မဖြစ်ပေါ်စေဖို့အတွက် ကလေးကို ကူညီပေးရပါမယ်။ ကလေးတွေ စားသောက်မှုပုံစံ မှန်စေဖို့အတွက် လိုက်နာသင့်တဲ့ အချက်လေးတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။အခြားသော ကလေးတွေလိုပဲ သင့်ကလေးဟာလည်း အစားအသောက်ကို အာရုံလာချင်မှ လာပါလိမ့်မယ်။ ကလေးတွေ အနေနဲ့ တနေရာတည်းမှာ အကြာကြီးထိုင်နေဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ သူတို့လေးတွေဟာ ပြေးလွှားဆော့ကစားဖို့သာ စိတ်ထဲရှိကြတာပါ။အစားအသောက်ဆိုတာ ဘဝရဲ့ ပျော်စရာ အရာတွေထဲက တခုဆိုတာကို ကလေးတွေ သိသင့်ပါတယ်။ ဒါကြောင့် ပျော်ရွှင်တဲ့ ထမင်းစားချိန်လေးတွေကို ဖန်တီးဖို့အတွက် မိသားစုလက်စုံထမင်းစားဖို့ လိုပါတယ်။ မိသားစု စုံညီထမင်းစားချိန်ဟာ အတူတကွ ပြောကြဆိုကြ စားသောက်ကြဖို့ဆိုတာကို သူတို့လေးတွေ နားလည်ပါစေ။ကလေးတွေဒီနေ့ တွေ့ခဲ့မြင်ခဲ့ရတာတွေ၊ကျောင်းမှာ ကြုံခဲ့ရတာတွေကို ပြန်ပြောပြဖို့အတွက် သူတို့ကို အားပေးပါ။ မိသားစုအတော်များများဟာ အလုပ်တွေကိုယ်စီ ရှုပ်နေကြတာမို့ ထမင်းစားချိန်ဆိုရင် တီဗီရှေ့ရောက်တဲ့သူကရောက်၊ဖုန်းလေးရှေ့ချပြီး စားတဲ့သူကစားနဲ့ တကွဲတပြားစီ ဖြစ်နေတတ်ကြပါတယ်။သင့်ကလေးရဲ့ လူမှုဆက်ဆံရေးစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် မိသားစုလက်စုံထမင်းစားချိန်တွေဟာ အရေးကြီးပါတယ်။ ကလေးအနေနဲ့ သိထားသင့်တဲ့ အခြေခံထမင်းစားပွဲ အမူအကျင့်လေးတွေကို သင်ပေးတာကောင်းပေမယ့် အရမ်းကြီးတော့ စည်းကမ်းမတင်းကြပ်သင့်ပါဘူး။ ဒီလို တင်းကြပ်လိုက်မယ်ဆိုရင် ကလေးတွေအနေနဲ့ အစာစားဖို့ကို မပျော်တော့ဘဲ စိတ်ညစ်သွား၊မုန်းသွားပါလိမ့်မယ်။ကလေးထိန်းကပဲဖြစ်ဖြစ်၊နေ့ကလေးထိန်းကျောင်းက ဆရာမကပဲ ဖြစ်ဖြစ် ကလေးမစားချင်တာကို ဇွန်းနဲ့အတင်းခွံ့ကျွေးနေတာကို သင်ခဏခဏ တွေ့ဖူးမှာပါ။ ဒါဟာ မကောင်းတဲ့ အလေ့အထတခုပါ။ဒီလို အတင်းအကြပ်ကျွေးခြင်းအားဖြင့် ကလေးဟာ သူဗိုက်ဝပြီလား၊မဝသေးဖူးလားဆိုတာကို ခွဲခြားသိနိုင်စွမ်းမရှိတော့တဲ့အတွက် ရင်ပူတဲ့ဝေဒနာခံစားရပြီး GERD ရောဂါဖြစ်နိုင်ချေ ပိုများလာပါလိမ့်မယ်။ ကလေးဟာ သင့်ခန္ဓါကိုယ်လောက် မကြီးသေးဖူးဆိုတာကို သတိချပ်ပြီး သူနဲ့ သင့်တော်မယ့် အစားအသောက်ပမာဏကိုပဲ ကျွေးပါ။ ကလေးတွေရဲ့ အစာအိမ်ဟာ သေးငယ်ပြီး ကယ်လိုရီလိုအပ်မှုဟာလည်း လူကြီးတွေလောက် မများပါဘူး။ဒါကြောင့် ကလေးကို အတင်းအကြပ် အစာမကျွေးပါနဲ့။ ဒီလို ကျွေးရင် ကောင်းကျိုးမဖြစ်တဲ့အပြင် ပိုလို့သာ ဆိုးစေပါလိမ့်မယ်။ အစားအသောက်ကို တခါတလေ ကုန်အောင် မစားနိုင်တာဟာ ပြဿနာမဟုတ်ဖူးဆိုတာ သူတို့လေးတွေ သိပါစေ။အစားအသောက် အလွန်အကျွံကျွေးမယ်ဆိုရင် ရင်ပူတာနဲ့ GERD ရောဂါဖြစ်နိုင်ချေ များလာတဲ့အပြင် ဖြစ်ပြီးသားကလေးမှာဆိုရင်လည်း ရောဂါလက္ခဏာတွေကို ပိုဆိုးလာစေပါလိမ့်မယ်။ အက်ဆစ်ဓါတ်ပါတဲ့ အစားအစာ (အချဉ်)တွေကို ရှောင်ရှားရမှာဖြစ်ပြီး အစာကို ပမာဏနည်းနည်းနဲ့ ခဏခဏကျွေးရမှာ ဖြစ်ပါတယ်။ကလေးတွေဟာ ကျောင်းကပြန်လာတဲ့အခါ ဗိုက်ဆာလာလေ့ရှိပါတယ်။ ညစာ စားတာနောက်ကျလေ့ရှိတဲ့ မိသားစုမျိုးဆိုရင် ကလေးတွေ ကျောင်းပြန်လာချိန်မှာ အစာပြေသွားရည်စာလေးတွေ ကျွေးသင့်ပါတယ် (ပန်းသီး၊ဒိန်ချဉ်၊ငှက်ပျောသီး စတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သွားရည်စာလေးတွေပေါ့)။အစားအသောက်နဲ့ ပတ်သက်လို့ တင်းကြပ်တဲ့ စည်းကမ်းတွေကို ချမှတ်ထားမယ့်အစား ကလေးရဲ့ ကျန်းမာရေးအတွက် ဆိုးကျိုးပေးနိုင်မယ့် အစားအစာတွေ မဟုတ်သရွေ့ သူလေးစိတ်ကြိုက်စားပါစေ။ ကလေးငယ် မစားဖူးသေးတဲ့ အစားအစာ အသစ်အဆန်းတွေကို မိတ်ဆက်ပေးနိုင်ပါတယ်။ဒါပေမယ့် အတင်းအကြပ် မစားခိုင်းပါနဲ့။ သူတို့လေးတွေ စိတ်ကြိုက်လုပ်ခွင့်ပေးထားခြင်းဟာ အစားအသောက်တွေကို ပိုမိုချစ်ခင်နှစ်သက်တတ်လာစေပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုလည်း ကိုယ်တိုင်တွေ့ရှိ ရွေးချယ်တတ်လာပါလိမ့်မယ်။ အစားအစာလေးတွေဟာ စိတ်ဝင်စားစရာကောင်းတယ်လို့ထင်ရင် ကလေးတွေက ပိုစားတတ်တာကြောင့် အရောင်အသွေးစုံလင်ပြီး ချစ်စရာကောင်း၊လှပတဲ့ အစားအသောက်လေးတွေကို စီမံပေးပါ။ပုံစံလေးတွေကို လှတပတဖြစ်အောင် လုပ်ပေးထားနိုင်သလို ပန်းကန်ထဲမှာလည်း စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ပေးထားနိုင်ပါတယ်။ လက်နဲ့ ကိုင်တွယ်စားသောက်ရမယ့် အစားအစာလေးတွေကိုလည်း ပြင်ဆင်ပေးပါ။ အစားအစာတွေကို လက်နဲ့ကိုင်တွယ်စားသောက်ရတာဟာ သူတို့လေးတွေအတွက် ပိုပျော်စရာ ကောင်းပါတယ်။သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေဟာ ကလေးတွေအမြင်မှာ ပျင်းဖို့ကောင်းတာမို့ ဒီလိုအစာမျိုးတွေကို ကျွေးရခက်ပါလိမ့်မယ်။ ဟင်းသီးဟင်းရွက်တွေကို လိုတာထက်ပိုပြီး ချက်ပြုတ်ရင် ပျော့ပြဲသွားတတ်တာမို့ ကလေးတွေအနေနဲ့ ပိုပြီး မစားချင်ဖြစ်တတ်ပါတယ်။သစ်သီးဆိုရင်လည်း အညိုရောင်သမ်းတဲ့ အသီးတွေကို ကလေးစားဖို့ သွားမပေးပါနဲ့။ ကလေးတွေ မျက်စိထဲမှာ အညိုရောင်ဟာ စားချင်စိတ်ဖြစ်စေတဲ့ အရောင်မဟုတ်တဲ့အတွက် သစ်သီးဆိုတာဟာ ညိုညိုမည်းမည်းနဲ့ အရောင်မလှဘဲ စားဖို့လည်း မကောင်းတဲ့ အရာတခုလို့ စိတ်ထဲစွဲသွားပါလိမ့်မယ်။စားသောက်ပြီးလို့ အချိုပွဲ ကျွေးတဲ့အခါမှာလည်း ဒါဟာ သူတို့လေးတွေ ထမင်းကုန်အောင်စားလို့ ဆုချတာမဟုတ်ဘဲ အချိုပွဲဆိုတာဟာ ထမင်းစားခြင်းရဲ့ တစိတ်တပိုင်း အစီအစဉ်တခုမျှသာ ဖြစ်တယ်ဆိုတာကို နားလည်ပါစေ။ ဒီလိုမှမဟုတ်ရင် ကလေးတွေစိတ်ထဲမှာ ထမင်းစားတာဟာ ကောင်းတဲ့အရာတခု မဟုတ်ဖူးလို့ ထင်မြင်သွားစေပြီး အချိုပွဲမှမကျွေးရင် ထမင်းမစားတော့တာမျိုး ဖြစ်သွားနိုင်ပါတယ်။သင့်အနေနဲ့ သတိထားမိချင်မှ ထားမိမှာ ဖြစ်ပေမယ့် သင်သိထားဖို့က သင့်ကို ကလေးက စောင့်ကြည့်နေတယ်ဆိုတာပါပဲ။ ကလေးတွေဟာ လူကြီးတွေ လုပ်သမျှကို လိုက်ပြီး အတုခိုးလေ့ရှိပါတယ်။ ဒါကြောင့် ဖေဖေ၊မေမေနဲ့ ကလေးထိန်းနံနီတို့ဟာ ကလေးအတွက် စံပြဖြစ်ရပါမယ်။ဆိုလိုတာက သင်တို့ကိုယ်တိုင်လည်း ကျန်းမာရေးနဲ့ ကိုက်ညီဆီလျော်တဲ့ စားသောက်နည်းပုံစံအတိုင်း စားသုံးရမယ်ဆိုတာပါပဲ။ သင်ဈေးသွားတဲ့အခါ ကလေးကို ခေါ်သွားပြီး ဘယ်လို အစားအစာနဲ့ ဟင်းသီးဟင်းရွက်တွေဟာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာကို သင်ကြားပေးရပါမယ်။ သူတို့လေးတွေ စားချင်တာကိုလည်း ဝယ်ခိုင်းနိုင်ပါတယ်။ဒီလိုမျိုး သူတို့စိတ်ကြိုက်ဝယ်ခိုင်းခြင်းအားဖြင့် အိမ်ရောက်လို့ ချက်ပြုတ်ပြီးတဲ့အခါ မစားချင်ဖူးလို့ ငြင်းလို့မရတော့ပါဘူး။ သင်မလုပ်ချင်တာတခုကို တခြားသူက အတင်းလုပ်ခိုင်းတာမျိုး မကြိုက်ဖူးဆိုရင် သင့်ကလေးတွေလည်း ဒီလိုပဲ ဆိုတာကို မမေ့ပါနဲ့။ ကလေးပြုစုပျိုးထောင်တာဟာ အနုပညာတခုဖြစ်ပြီး ပုံသေနည်းမရှိပါဘူး။တကယ်လို့ သင့်ကလေးဟာ အစားအသောက်အရမ်းကြေးများတယ်ဆိုရင် တခြားမိဘတွေနဲ့ ဆက်သွယ်ပြီး အကြံဉာဏ်တောင်းတာမျိုး ဒါမှမဟုတ် အာဟာရပညာရှင်ထံ သွားရောက်ဆွေးနွေးပြီး နည်းလမ်းတောင်းခံတာမျိုးတွေကို ပြုလုပ်နိုင်ပါတယ်။မှန်ကန်တဲ့ စားသောက်မှုပုံစံကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ရင်ပူခြင်းနဲ့ GERD ရောဂါကိုသာမက အဝလွန်ခြင်းကိုပါ ကာကွယ်တားဆီးပေးနိုင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1-%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%95%e1%80%af%e1%80%b6%e1%80%85/
နှလုံးနဲ့ ဦးနှောက်ကျန်းမာရေးဟာ ဘယ်လိုဆက်စပ်နေပါသလဲ
သင့်နှလုံးအတွက် အထောက်အကူပြုတဲ့ အရာတွေဟာ သင့်ဦးနှောက်ကိုလည်း အထောက်အကူပြုပါတယ်။ သင့်နှလုံးကို ကျန်းမာစေတဲ့ လူနေမှုဘဝပုံစံဟာ ဦးနှောက်အကျိတ်ဖြစ်ပွားနှုန်းကို လျှော့ချပေးနိုင်ပြီး အသက်ကြီးလာတာနဲ့အမျှ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုတွေမှာ ကြီးမားတဲ့ ကွာခြားချက် ဖြစ်လာမှာ ဖြစ်ပါတယ်။တကယ်တော့ လေ့ကျင့်ခန်းအများကြီး လုပ်ခြင်း၊ ကျန်းမာတဲ့အစာတွေ စားခြင်းနဲ့ သင့်နှလုံးကို သန်မာစေတဲ့ အပြုအမူတွေ ပြုလုပ်ခြင်းဟာ သင်တွေးခေါ်ပုံ၊ လုပ်ကိုင်ပုံနဲ့ မှတ်ဉာဏ်တွေပေါ်မှာ ကြီးမားတဲ့အကျိုးသက်ရောက်မှု ရှိပါတယ်။လူတွေရဲ့နှလုံးဟာ ခန္ဓါကိုယ်မှာ အရေးအကြီးဆုံး ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ အင်္ဂါဖြစ်ပါတယ်။ သူဟာ ခန္ဓါကိုယ် အနှံအပြားကို ရောက်ရှိစေမယ့်သွေးတွေကို ညှစ်ထုတ်ဖို့ ပြင်းထန်စွာ ကြိုးစားရပါတယ်။ ယေဘုယျအားဖြင့်ဆိုရင် နားနေတဲ့သူတွေမှာ နှလုံးဟာ တစ်မိနစ်ကို အကြိမ် ၇၀ ခုန်နိုင်ပြီး လေ့ကျင့်ခန်းလုပ်ချိန် (သို့) စိတ်လှုပ်ရှားချိန်တို့မှာ ပိုမို ခုန်နိုင်ပါတယ်။ နှလုံးတစ်ခါ ခုန်လိုက်တိုင်းမှာ ခန္ဓါကိုယ်အနှံ့ကို သွေးတွေညှစ်ထုတ်ပေးပါတယ်။ နှလုံး ဘယ်ဘက်အခန်းကနေညှစ်ထုတ်လိုက်ပြီး ပိုမိုသေးငယ်လာတဲ့ သွေးကြောတွေကတစ်ဆင့် အသေးငယ်ဆုံးသော သွေးကြောမျှင်လေးတွေဆီကို ရောက်ရှိလာပါတယ်။ ခန္ဓါကိုယ်က အောက်ဆီဂျင်နဲ့ အာဟာရကို သွေးတွေဆီက ယူပြီးတာနဲ့ တစ်ပြိုင်နက် သူတို့ဟာ သွေးပြန်ကြောတွေတစ်ဆင့် နှလုံးရဲ့ ညာဖက်အခန်းဆီကို ပြန်ရောက်လာပါတယ်။ အပြန်ခရီးမှာ သွေးတွေဟာ အသည်းကို ဖြတ်သန်းလာပြီး မလိုအပ်တဲ့ အရာတွေကို စွန့်ထုတ်ပစ်ပါတယ်။ ဒီ အာဟာရတွေ စုဆောင်းမှုနဲ့ စွန့်ပစ်ပစ္စည်းတွေ စွန့်ထုတ်ပစ်တဲ့ ဖြစ်စဉ်ဟာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ သန့်စင်ပြီး ကျန်းမာတဲ့ သွေးလည်ပတ်မှုဟာ သင့်နှလုံးကို ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ မရှိမဖြစ် လိုအပ်လို့ ဖြစ်ပါတယ်။ဦးနှောက်ဟာ ကိုယ်ခန္ဓါရဲ့ အရှုပ်ထွေးဆုံးနဲ့ အထူးဆန်းဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။ သူဟာ သင့်ရဲ့ ဉာဏ်နဲ့ ပြုလုပ်ရတဲ့ အလုပ်တွေဖြစ်တဲ့ အတွေးတွေ၊ စကားပြောနိုင်စွမ်းတွေနဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်ရုံသာမက တခြားခန္ဓါကိုယ် အစိတ်အပိုင်းတွေရဲ့ စိတ်ထိန်းချုပ်မှု မပါပဲ အလိုအလျောက်ပြုလုပ်ရတဲ့ လုပ်ငန်းတွေကိုလည်း ထိန်းချုပ်ပါတယ်။ သူ့ရဲ့ အဓိက ထိန်းချုပ်မှုကြောင့် ဦးနှောက်ဟာ ပတ်ဝန်းကျင်မှာ ပြောင်းလဲမှု ရှိရင် ခန္ဓါကိုယ်ရဲ့ လှုပ်ရှားမှုတွေကို အလျင်အမြန် ပြောင်းလဲ ပေးပါတယ်။ နှလုံးလိုမျိုးပဲ ဦးနှောက်ဟာလည်း ကျန်းမာတဲ့ သွေး ထောက်ပံ့မှု လိုအပ်ပါတယ်။ သူ့အတွက် လိုအပ်တဲ့ သွေးတွေကို လည်ပင်းရဲ့ တစ်ဖက်တစ်ချက်ကနေ ဖြာဆင်းသွားပြီး နှလုံးကို ဆက်သွယ်တဲ့ ကြီးမားတဲ့ သွေးကြော နှစ်ခုကနေ ရရှိပါတယ်။ ထိုသွေးကြောတွေကနေ ဦးနှောက်အတွင်းသွေးကြောများ (cerebral arteries) အဖြစ် ဖြာဆင်းသွားပြီး အာဟာရ ကြွယ်ဝတဲ့ သွေးတွေကို နှလုံးကနေ ဦးနှောက်နေရာအနှံ့ကို ပို့ဆောင်ပေးပါတယ်။ ဒါ့ကြောင့် လူတစ်ယောက်ဟာ ထိုသွေးကြောနှစ်ခုရဲ့ တစ်နေရာရာမှာ ပိတ်ဆို့မှု ရှိနေခဲ့ရင် ဦးနှောက်ရော နှလုံးရောနဲ့ပါသက်ဆိုင်တဲ့ လေဖြတ်ခြင်းဆိုတဲ့ အခြေအနေတစ်ခုကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။သုတေသီတွေဟာ လူမျိုးစု အမျိုးစုံပါဝင်တဲ့ လူကြီးတွေကို လေ့လာခဲ့ကြရာမှာ လေ့လာချက်အစမှာ နှလုံးဆိုင်ရာ ကျန်းမာတဲ့ အချက်အလက်ပိုရှိသူတွေဟာ ဦးနှောက် လုပ်ဆောင်နိုင်တဲ့ နှုန်း ပိုမြင့်မားပြီး ခြောက်နှစ်အကြာမှာ ဦးနှောက်ချို့ယွင်းနိုင်စွမ်းလည်း နည်းပါးကြတယ်လို့ ဆိုပါတယ်။သုတေသီတွေဟာ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%94%e1%80%b2%e1%82%94-%e1%80%a5%e1%80%ae%e1%80%b8%e1%80%b1%e1%82%8f%e1%80%bd%e1%80%ac%e1%80%80%e1%80%b9%e1%80%80%e1%80%ba%e1%80%94%e1%80%b9/
အသင့်တော်ဆုံး သားဆက်ခြားနည်း ရွေးချယ်မယ်
အဆင်သင့် မဖြစ်သေးခင်မှာ ကိုယ်ဝန် မရရှိစေဖို့အတွက် သန္ဓေတားနည်း အမျိုးမျိုးကို အသုံးပြုပြီး သန္ဓေတားလို့ ရပါတယ်။ သန္ဓေတားခြင်းက မိသားစုစီမံကိန်းချခြင်းနဲ့ မိသားစုတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစစအရာရာအဆင်ပြေနေဖို့အတွက် အထူးအရေးကြီးပါတယ်။ သန္ဓေတားနည်းတွေမှာ ကွန်ဒုံး၊ IUD သားအိမ်တွင်းထည့်ပစ္စည်း၊ လက်မောင်းအောက်ထည့်တဲ့ပိုက်၊ ထိုးဆေး၊ သန္ဓေတားသောက်ဆေးတွေ၊ ရက်ရှောင်နည်း၊ အမျိုးသား သားကြောဖြတ်ခြင်း နဲ့ အမျိုးသမီးသားကြောဖြတ်တဲ့ နည်းလမ်းတွေ အပါအဝင် နည်းလမ်းအမျိုးမျိုးကို သုံးပြီး သန္ဓေတားလို့ ရပါတယ်။ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ ကိုယ်စီရှိတဲ့ သန္ဓေတားနည်းပေါင်း များစွာရှိတဲ့အတွက် ကိုယ့်လိုအပ်ချက်တွေနဲ့ကိုက်ညီတာကို ရှာဖွေရတာဟာ မလွယ်ကူပါဘူး။ ဒါဟာ ဘာကြောင့် သားဖွားမီးယပ်ဆရာဝန်တွေ အကြံပြုတဲ့ဆေးကိုပဲ သုံးဖို့ ပိုလွယ်ကူရိုးရှင်းရသလဲ ဆိုတာရဲ့ အဓိကအဖြေပါပဲ။အမျိုးသမီးတွေက နေထိုင်မှုပုံစံနဲ့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံခြင်း မတူညီကြတာကြောင့် တစ်ဦးနဲ့ တစ်ဦး သင့်တော်တဲ့ သားဆက်ခြားနည်းချင်းလည်းကွဲပြားနိုင်ပါတယ်။ အောက်ဖော်ပြပါတွေကတော့ သင်သိထားသင့်တဲ့ ဈေးကွက်မှာ ဝယ်ယူရရှိနိုင်တဲ့ ထင်ရှားတဲ့ သန္ဓေတားနည်းအမျိုးအစားတွေဖြစ်ပါတယ်။ ဒါတွေကိုသိထားခြင်းဖြင့် သင့်အတွက် ရွေးချယ်ရ ပိုလွယ်ကူမှာပါ။ ဘယ်တစ်ခုက ကိုယ့်အတွက် အသင့်တော်ဆုံးလဲ ဆိုတာကို ဒီထက်ပိုပြီး သိနိုင်ဖို့အတွက်ကတော့ ဆရာဝန်နဲ့ ဆက်လက်တိုင်ပင်တာ အကောင်းဆုံး ဖြစ်မှာပါ။အသင့်တော်ဆုံး သားဆက်ခြားနည်း ရွေးချယ်မယ် ဆိုတာက ဘယ်လိုလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။Latex ဒါမှမဟုတ် ပလပ်စတစ်နဲ့ လုပ်ထားတဲ့ အလွှာလေးဖြစ်ပြီးတော့ လိင်တံတစ်လျှောက်မှာ ဆန့်ထုတ်ပြီး သုံးစွဲရတာဖြစ်ပါတယ်။ ကွန်ဒုံးကိုတော့ သုက်ပိုးနဲ့ လိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါပိုးတွေကို ကာကွယ်ဖို့ အသုံးပြုပါတယ်။ အမျိုးသားသုံး ကွန်ဒုံးဟာ ၈၂ရာခိုင်နှုန်း ထိရောက်မှု ရှိပြီးတော့ အမျိုးသမီးသုံး ကွန်ဒုံးကတော့ ၇၆ရာခိုင်နှုန်း ထိရောက်မှု ရှိပါတယ်။ကွန်ဒုံးက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါများ (STD) ကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ ကွန်ဒုံးက STD ကို ကာကွယ်ပေးနိုင်တဲ့အကောင်းဆုံးသောနည်းလမ်းဆိုပေမယ့် အပြည့်အဝကာကွယ်မပေးနိုင်ဘူးဆိုတာတော့သတိရပါ။ ကွန်ဒုံးက အသုံးပြုတာမမှန်ဘူးဆို ပေါက်ထွက်တာတွေဖြစ်နိုင်ပါတယ်။ကွန်ဒုံးနဲ့ ဓာတ်မတည့်တဲ့ တုံ့ပြန်မှုတွေလည်း ဖြစ်နိုင်ပါတယ်။ ကွန်ဒုံးသုံးစွဲတဲ့ခါမှာလည်း မိမိနှင့်သင့်တော်အဆင်ပြေမှုရှိစေမယ့် ကွန်ဒုံးမျိုးကိုရွေးချယ်မိစေဖို့က အင်မတန်မှ အရေးပါလှပါတယ်။ ဈေးကွက်ထဲမှာ ကွန်ဒုံးတွေကို အရောင်အမျိုးမျိုး၊ အနံ့အစုံစုံနဲ့ရှိနေပြီး အလွယ်တကူဝယ်ယူရရှိနိုင်နေပြီ ဖြစ်တယ်ဆိုပေမယ့် ကိုယ်စိတ်တိုင်းကျဖြစ်တာကို ဝယ်ယူမိဖို့တော့ လိုအပ်မယ်ထင်ပါတယ်။ပေါင်းစပ်ကိုယ်ဝန်တားဆေးတွေမှာ estrogen နဲ့ progestin ဟော်မုန်းတွေ ပါဝင်ပါတယ်။ ဆေးပြား အသေးကတော့ progestin ပဲ ပါဝင်ပါတယ်။ ကိုယ်ဝန်တားဆေးတွေဟာ သားဥကြွေခြင်းကို တားမြစ်ပြီးတော့ သားအိမ်ခေါင်းက အကျိအချွဲတွေကို ထူစေခြင်းအားဖြင့် သုက်ပိုးကို မျိုးဥဆီ မရောက်ရှိအောင် တားမြစ်ပါတယ်။ ကိုယ်ဝန်တားဆေးတွေဟာ ကိုယ်ဝန်ရရှိမှုကနေ ၉၁ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ပါတယ်။သန္ဓေတားဆေးတွေကို ဆေးဆိုင်တော်တော်များများမှာ အလွယ်တကူဝယ်ယူလို့ရရှိနိုင်သလို သန္ဓေတားဆေးတွေကလည်း အမျိုးအစားအမျိုးမျိုးရှိနေပါတယ်။ သန္ဓေတားဆေးသောက်ဆေးတွေရဲ့ အားသာချက်ကတော့ ဆေးမှန်မှန်သောက်နေသမျှကာလပတ်လုံး ကိုယ်ဝန်မရအောင် တားဆီးပေးနိုင်တာပါပဲ။ဆေးကို မသောက်ဘဲရပ်လိုက်တဲ့အချိန်မှာလည်း ကိုယ်ဝန်ရရှိစေပါတယ်။ အချိန်အကြာကြီးစောင့်နေရတာမျိုးလည်း မရှိပါဘူး။သန္ဓေတားထိုးဆေးကို ၃ လတစ်ကြိမ် ဆရာဝန်ဆီမှာသွားထိုးရမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကိုယ်တိုင်ထိုးလို့ရတဲ့ တားဆေးတွေလည်း ရှိနေပါပြီ။ မီးယပ်သားဖွားဆရာဝန်က Progestin ဟော်မုန်းပါဝင်တဲ့ ထိုးဆေးကို လက်မောင်း ဒါမှမဟုတ် တင်ပါးမှာ ထိုးပေးမှာဖြစ်ပါတယ်။ ဒီဆေးဟာ သားဥကြွေခြင်းကို တားမြစ်ပြီး သားအိမ်ခေါင်းအကျိအချွဲတွေကို ထူစေခြင်းအားဖြင့် သုက်ပိုးလှုပ်ရှားမှုကို တားမြစ်ပါတယ်။ ဆေးကို ရက်အတိအကျနဲ့ အချိန်မှန်မှန်ထိုးပေးမယ်ဆိုရင် သန္ဓေတား ထိုးဆေးကလည်း မမျှော်လင့်ဘဲကိုယ်ဝန်ရသွားတာမျိုးကို ၉၉ ရာခိုင်နှုန်းအထိကာကွယ်ပေးနိုင်ပါတယ်။ဆေးနေ့တိုင်းသောက်ဖို့အတွက် အာရုံမစိုက်မိနိုင်လောက်အောင် အလုပ်များတဲ့ အိမ်ထောင်ရှင်မတွေအတွက် ဒီထိုးဆေးက တော်တော်လေးအဆင်ပြေပါတယ်။ သန္ဓေတားထိုးဆေးတွေကို ဆေးရုံတွေနဲ့ ဆေးခန်းအများစုမှာ လွယ်လင့်တကူထိုးလို့လည်း ရနေပါပြီ။ဒီထိုးဆေးက ရာသီသွေးစက်ဝန်းအပေါ် သက်ရောက်နိုင်ပါတယ်။ ရာသီသွေးလုံးဝမဆင်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ရာသီသွေးဆင်းများတဲ့ အမျိုးသမီးတွေအတွက်တော့ တော်တော်လေးအဆင်ပြေစေမယ့် နည်းတစ်မျိုးပါ။ ဒါပေမယ့် ထိုးဆေးက အချို့မှာ မအီမသာဖြစ်တာ၊ ခေါင်းကိုက်တာ၊ စိတ်ဓာတ်ကျတာမျိုးတွေခံစားရနိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေမှာ ဘေးထွက်ဆိုးကျိုးတွေက ပိုမိုပြင်းထန်လေ့ ရှိပါတယ်။ဆေးရပ်လိုက်ပေမယ့် တစ်နှစ်လောက်ကြာတဲ့အထိ ကလေးရဖို့ နှောင့်နှေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မြုံသွားတာတော့ မဟုတ်ပါဘူး။ သန္ဓေတားထိုးဆေးက အရိုးသိပ်သည်းဆကို လျော့နည်းသွားစေပြီး အရိုးပွရောဂါကို ဖြစ်စေနိုင်တယ်လို့ လေ့လာမှုတွေအရလည်း သိရပါတယ်။ ဒီနည်းလမ်းက ဆေးထိုးရပ်ပြီး အချိန်အတိုင်းအတာတစ်ခုထိ ကလေးမရနိုင်တာကြောင့် သန္ဓေတားနည်းရပ်ပြီး ချက်ချင်းကိုယ်ဝန်ရချင်သူတွေအတွက် သင့်တော်မှုမရှိပါဘူး။[embed-health-tool-ovulation]။သားအိမ်တွင်းထည့်ပစ္စည်း IUDဆိုတာက သေးငယ်တဲ့ ပလပ်စတစ်ပစ္စည်းလေးတစ်ခုဖြစ်ပါတယ်။ သားအိမ်တွင်းထည့် ပစ္စည်းမှာ ဟော်မုန်းပါတာနဲ့ မပါတာ (ကြေးနီ) ဆိုပြီး နှစ်မျိုး ရှိပါတယ်။ဟော်မုန်းပါတဲ့ သားအိမ်တွင်းထည့် ပစ္စည်းတွေက levonorgestrel ဟော်မုန်းကို ထုတ်ပေးပြီး သားဥကြွေခြင်းကို တားမြစ်ပါတယ်။သားအိမ်တွင်းထည့်ပစ္စည်းရဲ့ ထိရောက်မှုက ၉၉ရာခိုင်နှုန်းကျော်ရှိတာကြောင့် ကိုယ်ဝန် မလိုချင်သေးတဲ့သူတွေအတွက် အလွန် စိတ်ချရပါတယ်။သားအိမ်တွင်းထည့်ပစ္စည်းထည့်တဲ့ အခါ တတ်သိနားလည်တဲ့ ဆရာဝန်နဲ့သွားရောက်ပြသပြီးထည့်ရမှာပါ။ သားအိမ်တွင်းထည့် ပစ္စည်းကို ၅ နှစ်ကနေ ၁၀ နှစ်လောက်အထိထည့်ထားလို့ ရပါတယ်။ သားအိမ်တွင်းထည့်ပစ္စည်း ထည့်ထားမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေက ၁ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ဘေးထွက်ဆိုးကျိုးအနေနဲ့ ကြေးနီပါတဲ့ ပစ္စည်းတွေက ရာသီလာစဉ်မှာ သားအိမ်ကြွက်သားတွေ ပုံမှန်ထက်နာကျင်တာမျိုးတွေ၊ သွေးဆင်းများတာမျိုးတွေ ရှိနိုင်ပါတယ်။ဟော်မုန်းပါတဲ့သားအိမ်တွင်းထည့်ပစ္စည်းက ရာသီစက်ဝန်းရပ်တန့်သွားတာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီဆိုးကျိုးတွေဟာ အလွယ်တကူဖြေရှင်းလို့ရပါတယ်။သားဖွားမီးယပ်ဆရာဝန်က လက်မောင်းနေရာကို ထုံဆေးပေးပြီး မီးခြစ်တံအရွယ်အစား ရှိတဲ့ ပျော့ပျောင်းတဲ့ ပစ္စည်းကို လက်မောင်းရဲ့ အရေပြားအောက်ကို ထည့်သွင်းပေးပါတယ်။ လက်မောင်းထဲ ထည့်သွင်းသော ပစ္စည်းဟာ ကိုယ်ဝန်ရရှိမှုကို ၉၉ ရာခိုင်နှုန်းထက်ပိုမို ကာကွယ်ပေးပြီး သုံးနှစ်၊ ငါးနှစ်အထိ အသုံးပြုနိုင်ပါတယ်။ထိရောက်တဲ့ သန္ဓေတားနည်းတွေထဲက တစ်ခုပါ။ ဒါပေမယ့် စရိတ်စကတော့ အနည်းငယ်များပါတယ်။ ဒါပေမယ့်  တစ်ခါထည့်ထားပြီးရင်တော့ ပြန်မထုတ်ခင်အချိန်အထိ အာနိသင်ရှိနေပြီး ကိုယ်ဝန်မရရှိအောင် တားဆီးပေးပါတယ်။ရာသီစက်ဝန်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အသေးစားဘေးထွက်ဆိုးကျိုးတွေအနေနဲ့ ဝက်ခြံထွက်တာ၊ ရင်သားနာကျင်တာနဲ့ ကိုယ်အလေးချိန်တက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။လက်မောင်းထဲထည့်တဲ့ပစ္စည်းက ကလေးနို့တိုက်နေစဉ်ကာလအတွင်းမှာလည်း အသုံးပြုနိုင်ပြီး ဆေးလိပ်သောက်သုံးသူတွေ၊ ဆီးချိုဝေဒနာရှင်တွေပါ စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။ ဖယ်ထုတ်လိုက်ပြီးတာနဲ့ အချိန်တိုအတွင်းမှာ ကိုယ်ဝန်ဆောင် ပြန်ဆောင်နိုင်စေပါတယ်။သန္ဓေတားတဲ့ နည်းလမ်းတွေ အများကြီးရှိတဲ့ထဲကမှ အသုံးများဆုံး နည်းလမ်းတွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။ အမျိုးသား သုံးရော အမျိုးသမီးသုံးရော ရှိတဲ့အပြင် တချို့ နည်းလမ်းတွေက လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးပါတယ်။ သန္ဓေတား နည်းလမ်းတွေက လူတိုင်းနဲ့ သင့်တော်တာမျိုး မဟုတ်တဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ရွေးချယ်ဖို့ အကြံပြုလိုပါတယ်။
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/contraception-methods/
null
null
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/orthopedic-surgery/%e1%80%81%e1%80%bc%e1%80%b1%e1%80%99%e1%80%a1%e1%80%86%e1%80%85%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%99%e1%80%ba%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
null
null
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/didnt-know-were-bad-for-your-vagina/
null
null
heart-health
heart-health
https://hellosayarwon.com/heart-health/heart-infections/carditis/
HIV ရောဂါဖြစ်မှန်း သိပြီး၍ နေထိုင်မှုနှင့် အစားအသောက်ပုံစံ ပြောင်းလဲခြင်း
HIV ဟု သိလိုက်ပြီး သကာလ မိမိ၏ဘဝသည်လည်း ပြောင်းလဲသွားပါသည်။ ပို၍ ခက်ခဲလာပါလိမ့်မည်။ သို့သော် ကောင်းသောဘက်ကို ပြောင်းလဲမည်ဆိုလျှင် ကျန်းမာရေးကို အထောက်အကူပြုပြီး စိတ်လှုပ်ရှားဖွယ် ဖြစ်နိုင်ပါသည်။အောက်ဖော်ပြပါ အချက်များမှာ ကျန်းမာသော နေထိုင်မှုဘဝ ရရှိစေရန်အချက်များ ဖြစ်ပါသည်။ယခင်က မှတ်တမ်း မထားဖူးပါက ယခုပြုလုပ်ကြည့်ပါ။ ဆရာဝန်များနှင့် တိုင်ပင်၍ ပြုလုပ်ကြည့်ပါ။ ဆရာဝန်ပြောသမျှ မိမိမေးချင်သော မေးခွန်းများကို ချရေးထားပါ။ ဆေး စသောက်လျှင်လည်း မှတ်တမ်းထားပါ။ ဘေးထွက်ဆိုးကျိုး လက္ခဏာများ ခံစားရလျှင်လည်း ချရေးထားပါ။ ဆရာဝန်က သွေးထဲတွင်ရှိသော CD4 ပမာဏနှင့် ရောဂါပိုးပမာဏကို စစ်ခိုင်းပါကလည်း အဖြေများကို မှတ်တမ်းထားပါ။ မှတ်ထားသည်မှာ များလေလေ ကျန်းမာရေးအတွက် ကောင်းလေလေ ဖြစ်ပါသည်။မိမိ၏သူငယ်ချင်း၊ မိတ်ဆွေများနှင့် သူငယ်ချင်းများကို ရောဂါအကြောင်း ပြောပြထားပါ။ မိမိရောဂါ ဖြစ်ချိန် အခက်အခဲ ဖြစ်ချိန်များတွင် ကူညီကျော်ဖြတ်ပေးနိုင်ပါသည်။တစ်ယောက်တည်း ကျိတ်မှိတ်ခံခြင်းသည် စိတ်ဓါတ်ကျရောဂါ ခံစားရနိုင်ပါသည်။ အသင်းအဖွဲ့တစ်ခုခုကို ပါဝင်ထားခြင်း ဖြင့်လည်း မိမိနှင့် ဘဝတူများကိုလည်း သိရှိရပြီး စိတ်သက်သာရာ ရစေပါသည်။ဆေးသည် တစ်ခုတည်းသော ကုထုံးမဟုတ်ပါ။ မိမိခန္ဓါကိုယ်ကို သေချာစွာ ဂရုစိုက်လျှင်၊ ကျန်းမာရေး လိုက်စားလျှင် HIV ကြောင့် ဖြစ်သော တခြားသော နောက်ဆက်တွဲ ပြဿနာများ၊ ဥပမာ – အဝလွန်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်းနှင့် ကင်ဆာရောဂါ ကိုပါ ကာကွယ်နိုင်မည် ဖြစ်ပါသည်။ညီညွတ်မျှတသော အစားအစာများ၊ အသီးအရွက်များ၊ အစေ့အဆံများ၊ ပရိုတင်းများသော အသားများကို စားသုံးရပါမည်။ အစားအသောက်ကောင်းသည် အကောင်းဆုံး ဆေးတစ်မျိုး ဖြစ်ပါသည်။ ခန္ဓါ၏ ခုခံအားစနစ်ကို တိုးမြင့်ပေးပြီး အားအင်များ ပြည့်ဝစေပါသည်။ တခြားသော ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါသည်။အစားအစာနှင့်အတူ လေ့ကျင့်ခန်းလည်း ပြုလုပ်ရပါမည်။ ဆရာဝန်နှင့် တိုင်ပင်ပြီး အကောင်းဆုံး နည်းလမ်းကို ရွေးချယ်ရပါမည်။ အစပိုင်းတွင် လေ့ကျင့်ခန်း အပျော့စားများ ပြုလုပ်၍ နောက်ပိုင်းတွင် တဖြည်းဖြည်း တိုးမြှင့်ရပါမည်။ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ခြင်း၊ ယောဂပြုလုပ်ခြင်းတို့သည် အကောင်းဆုံးဖြစ်ပါသည်။ ထိုလေ့ကျင့်ခန်းများ ပြုလုပ်၍ ကိုယ်အလေးချိန် ထိန်းနိုင်ပါသည်။ထို့အပြင် မိမိစိတ်ကို အမြဲ အကောင်းတွေးထားပါ။ မကောင်းဘက်ကို မတွေးပါနှင့်။ မကောင်းသော အတွေးသည် လေ့ကျင့်ခန်း လုပ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားသုံးခြင်း စသည့် ကောင်းသော အလေ့အကျင့်များကို ပျက်စီးစေပါသည်။တစ်သက်လုံး ကုသမှုတစ်မျိုးတည်း ဖြစ်သွားရမည် မဟုတ်ပါ။ ကုသနေစဉ် အချိန်အတွင်း ပြောင်းလဲမှုများ ပြုလုပ်ရနိုင်ပါသည်။ဆေးပြောင်းလဲသင့်သည့် အချိန်များမှာ ဆေးယဉ်ပါးသွားခြင်း၊ ဆေးစုပ်အား လျော့နည်းခြင်း၊ ဆေးသောက်သုံးချိန် မမှန်ခြင်းနှင့် တခြားသော ဆေးများနှင့် ပူးပေါင်းရန် မသင့်ခြင်းတို့ ဖြစ်ပါသည်။မိမိလက်ရှိ သောက်နေသော ဆေးသည် မတိုးတော့သည်ဟု ခံစားရလျှင်၊ ဘေးထွက်ဆိုးကျိုးများ ခံစားရလျှင် ဆရာဝန်နှင့် တိုင်ပင်ပါ။ ဆေးကုသမှု ခံယူနေစဉ်အတွင်း ဖြစ်နိုင်ခြေရှိသော ကုသမှုမျိုးစုံကို ကြိုးစားသင့်ပါသည်။HIV ရောဂါဟု သိရသည့် တိုင်အောင် ပုံမှန်ဘဝကို လျှောက်လှမ်းနိုင်ပါသည်။ မိမိရောဂါအတွက် ကြောက်နေရန် မလိုပါ။ သတ္တိရှိပါ။ အကောင်းမြင်ပါ။ ထိုမှသာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်မည် ဖြစ်ပါသည်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/hiv-%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%99%e1%80%be%e1%80%94%e1%80%ba%e1%80%b8-%e1%80%9e%e1%80%ad%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%81%8d-2/
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/condom-break-during-intercourse/
အရိုးအဆစ်ပြဿနာများအကြောင်း သိကောင်းစရာများ
အရိုးအဆစ်တွေမှာ ကြမ်းတမ်းတဲ့ လုပ်ငန်းတာဝန်တွေ ရှိပါတယ်။ သူတို့ဟာကိုယ်အလေးချိန်ကိုထမ်းထားရတဲ့အပြင် အမျိုးမျိုးသော လှုပ်ရှားမှုများကိုလုပ်ဆောင်ပေးရပါတယ်။ အဆစ်တွေဟာပုံမှန် ပျက်စီးတာအပြင် တစ်ခါတရံမှာအလွန်အကျွံ သုံးခြင်းကြောင့် ဒဏ်ဖြစ်တာ၊ ပိုးဝင်တာ၊ ကိုယ်ခံအားစနစ်ကမှားယွင်းတိုက်ခိုက်ခြင်းကိုခံရတာ၊ အသက်ကြီးရင့်လာလို့ ပျက်စီးလာတာစတာတွေ ကြုံတွေ့ရပါတယ်။ အရိုးအဆစ်တွေမှာ ကြုံရတတ်တဲ့ ပြဿနာတွေကိုဆက်လက်ဖော်ပြပါ့မယ်။အဆစ်လွဲခြင်းဆိုတာလဲကျခြင်းကြောင့်ဖြစ်စေ၊ တခြားအကြောင်းကြောင့်ဖြစ်စေ အရိုး၂ခုဆက်နေတဲ့နေရာ လွဲချော်သွားခြင်း ဖြစ်ပါတယ်။ ပခုံးဆစ်၊ ဒူးဆစ်၊ တံတောင်ဆစ်၊ လက်ဆစ်နဲ့ မေးရိုးစတာတွေမှာ ဖြစ်တတ်ပါတယ်။ အဆစ်လွဲတဲ့အခါ အဆစ်နေရာမှာပုံပျက်ခြင်းဖြစ်ပေါ်ပြီး လှုပ်ရှားမှုများမလုပ်နိုင်တော့ဘဲနာကျင်ခြင်း၊ ရောင်ရမ်းခြင်းတွေ ဖြစ်နိုင်ပါတယ်။အဆစ်နဲ့ဆက်စပ်နေတဲ့ တစ်သျှူးများ၊ အရွတ်များ၊ ကြွက်သားအရွတ်များအလွန်အကျွံဆွဲဆန့်ခြင်း၊ စုတ်ပြဲခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ အဆစ် လွဲသွားခြင်းတော့ မရှိပါဘူး။ များသောအားဖြင့် လက်ကောက်ဝတ်၊ ခြေကျင်းဝတ်တို့ကို အားနဲ့ဆွဲလိမ် သလိုဖြစ်ရင် ဖြစ်နိုင်ပါတယ်။ ဥပမာခြေခေါက်လဲရင် ဘေးဘက်ကအရွတ်ကိုအားနဲ့ဆွဲဆန့်သလိုဖြစ်ပြီးဒဏ်ဖြစ်နိုင်ပါတယ်။ ထိခိုက်ဒဏ်ရာများကြောင့် တစ်သျှူးများဟာသူတို့တွဲဆက်တဲ့နေရာကနေ ပြုတ်သွားနိုင်ပါတယ်။ဒဏ်ဖြစ်နေတဲ့ အဆစ်ဟာနာကျင်ရောင်ရမ်းပြီးအပြည့်အ၀ မလှုပ်ရှားနိုင်ဖြစ်ရပါတယ်။ ဒီအတွက် ချက်ချင်းလုပ်နိုင်တဲ့ကုသမှုကတော့ အနားယူဖို့ပါပဲ။ ဒီထက်ဆိုးရင် ဆေးရုံဆေးခန်းသွားဖို့ လိုပါတယ်။ အဆစ်ကိုတခဏဖြစ်ဖြစ် မလှုပ်မရှားဘဲထားလိုက်ရင် အရိုးကိုပြန်လည် ဖွဲ့စည်းပြီးအရွတ်တွေကိုအားပျော့သွားစေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာအဆစ်တွေကိုသန်မာစေပါတယ်။အဆစ်ကိုအသုံးပြုပါများရင်၊ ဖိအားသက်ရောက်ရင် အဆစ်ကြားမှာရှိတဲ့ အရည်အိတ်ကလေးတွေ ရောင်နိုင်ပါတယ်။ ခြေဖနောင့်ရိုးနဲ့ ခြေဖနောင့်ကြွက်သားအရွတ်ကြားကအရည်အိတ်ဟာဖနောင့်ကိုအားပြုသုံးတာများရင် ရောင်လာတတ်ပါတယ်။ တင်းနစ်ရိုက်တာများရင် တံတောင်ဆစ်ရိုး (အိုလီခရေနွန်အရိုး)ရဲ့ အရည်အိတ် ရောင်လာတတ်ပါတယ်။ အဲဒီအခါ အနားယူဖို့လိုပါတယ်။ ဆေးကုသမှုလည်းခံယူသင့်ပါတယ်။အဆစ်ရောင်ခြင်းဟာရောင်ရမ်းနာကျင်ခြင်းကို ဖြစ်စေပါတယ်။ အမေရိကန်မှာလူပေါင်း သန်း၅၀ကို အဆစ်ရောင်ခြင်းအမျိုးပေါင်း ၁၀၀ခန့်က ဒုက္ခပေးနေပါတယ်။ တခြားရောဂါတွေရဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံးအကြောင်းကိုတော့ အောက်မှာဆက်ပြောထားပါတယ်။ကိုယ်ခံအားကမိမိကိုယ်ကိုပြန်တိုက်လို့ ဖြစ်ပါားပြီးနာကျင်ပြီးခံစားရအပြင်းဆုံးအဆစ်ရောင်ခြင်း ဖြစ်ပါတယ်။ အဆစ်ကိုဖုံးထားတဲ့ အလွှာဟာရောင်ရမ်းပြီးထူလာပါတယ်။ အဆစ်ရဲ့ အရွတ်တွေကိုထိခိုက်ပြီးဖိုင်ဘာတစ်သျှူးတွေ ဝင်ရောက်လာတဲ့အခါ အဆစ်ဟာ လှုပ်ရှားရခက်လာပါတယ်။ တချိန်တည်းမှာပဲအဆစ်နေရာကအရိုးတွေဟာကျီးပေါင်းဖြစ်နိုင်ပါတယ်။ ဒီပြဿနာဟာအလွန်ဆိုးရွားပြီးခွဲစိတ်ကုသမှု ခံယူရတတ်ပါတယ်။ဒီပြဿနာဟာအဆစ်များစွာကိုဖြစ်ဖြစ်၊ အနည်းငယ်ကို ဖြစ်ဖြစ် ထိခိုက်တတ်ပါတယ်။ တခါတရံမောပန်း နွမ်းနယ်ခြင်း၊ ကြွက်သားသိမ်ခြင်း၊ သွေးအားနည်းခြင်း၊ အရိုးပွခြင်း၊ အရေပြားမျက်စိအဆုတ် သွေးကြောနှင့် နှလုံးတွင် ပြောင်းလဲမှုများ ဖြစ်ခြင်းစတာတွေ ကြုံတွေ့ရပါတယ်။ လူကြီးတွေမှာ ဖြစ်တာများပြီးလူငယ်တွေမှာလည်း ဖြစ်တတ်ပါတယ်။ဒီပြဿနာဟာအသက်အရွယ်ကြီးရင့်လာလို့ ချို့ယွင်းခြင်း ဖြစ်ပြီးအဆစ်ရောင်ခြင်းပုံစံမျိုးပဲ ဖြစ်ပါတယ်။ များသောအားဖြင့် အသက်ကြီးလာတဲ့အတွက် ဖြစ်ပွားပေမယ့် မျိုးရိုးဗီဇရှိလို့ အသက်၃၀လောက်မှာ ဖြစ်တတ်တာလည်းရှိပါတယ်။ ဒီလိုဖြစ်လာရင် အဆစ်နေရာကနာလာတတ်ပြီးသာမန်နာကျင်မှုထက် ပိုပြီးပြင်းထန်ပါတယ်။ ဖြစ်ပွားတဲ့ အရိုးအဆစ်နေရာဟာပုံပျက်လာပါတယ်။ ဥပမာလက်ချောင်းလေးများဟာကွေးကောက်လာပြီးဒူးဆစ်ဟာရောင်ကိုင်းလာပါတယ်။အရိုးအဆစ်ရောင်တဲ့အခါ အရိုးနုလေးတွေဟာပျက်စီးလာပြီး ကြမ်းတမ်းလာတတ်ပါတယ်။ အဆစ်တွေရောင်လာပြီး လှုပ်ရှားမှု အကန့်အသတ် ရှိလာပါတယ်။ဥပမာလက်ချောင်းလေးတွေဟာဂစ်တာတီးစဉ်မှာဖြစ်ဖြစ်၊ ဖိနပ်ကြိုးချည်စဉ်မှဖြစ်ဖြစ် အကြောကပ်သလို ဖြစ်သွားနိုင်ပါတယ်။ အရိုးအဆစ်ရောင်ခြင်းဟာ ဘဝတသက်တာမှာ အများဆုံးအသုံးပြုခဲ့တဲ့ အဆစ်တွေ (လက်ချောင်းများ၊ ပေါင်ဆစ်၊ ဒူးဆစ်၊ ခါးရိုးဆစ်) ကိုထိခိုက်တတ်ပါတယ်။စတီးရွိုက်မဟုတ်သောအရောင်ကျဆေးများဟာ ဒီဝေဒနာကို သက်သာစေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် တောင့်တင်းနေတဲ့ အဆစ်တွေကိုပျော့ပြောင်းစေပါတယ်။ နာကျင်တာကိုသက်သာအောင် ဆောင်းတွင်းမှာ လက်အိတ်ဝတ် ပေးသလိုမျိုးရိုးရှင်းတဲ့နည်းတွေကိုလည်းသုံးနိုင်ပါတယ်။ဂေါက်ရောဂါဟာမွေးဖွားစဉ်မှာကိုယ်ခန္ဓါကိုတည်ဆောက်တဲ့ အင်ဇိုင်းတမျိုး ချို့ယွင်းတဲ့အတွက် ဖြစ်ပွားနိုင်ပါတယ်။ ဒီရောဂါမှာယူရစ်အက်ဆစ်ဟာပုံဆောင်ခဲတွေအနေနဲ့ အဆစ်တွေမှာ (ခြေမအဆစ်တွင် အများဆုံး) စုပုံလာတတ်ပါတယ်။ တချိန်တုန်းကအစားအသောက်တွေ အလျှံအပယ်စားလို့ ဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။ ဂေါက်ရောဂါနဲ့ ဆင်တူတဲ့ ပြဿနာမှာတော့ ခြားနားတဲ့ပုံဆောင်ခဲတွေဟာဒူးဆစ်နဲ့ လက်ကောက်ဝတ်မှာ စုပုံလာတတ်ပါတယ်။Lyme ရောဂါဟာဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပြီးမွှားကိုက်ခြင်းကြောင့် ကူးစက်တတ်ပါတယ်။ အဆစ်တွေမှာရောင်ရမ်းခြင်းဟာပေါ်လိုက်ပျောက်လိုက် ဖြစ်ပွားတတ်ပါတယ်။ အနီပြင်ထခြင်း၊ မောပန်းခြင်း၊ တုတ်ကွေးမိသကဲ့သို့ ကိုက်ခဲခြင်း၊ နာကျင်ခြင်းတွေ စဖြစ်လာပြီးတဲ့နောက် အဆစ်ရောင်လာတတ်ပါတယ်။ Lyme အဆစ်ရောင်ခြင်းကိုအမေရိကန်၊ ကွန်နတ်တီကပ် ပြည်နယ်၊ Lyme မြို့ကအမျိုးသမီးတစ်ဦးဟာသူ့အိမ်နီးနားချင်းကလေးငယ်တွေမှာအဆစ်ရောင် ရောဂါတွေ ဖြစ်ပွားနေတာကိုသတိပြုမိရာကစတင်တွေ့ရှိခဲ့ပါတယ်။ သူမသတိပြုမိတာကိုယေးလ်တက္ကသိုလ် အဆစ်အမြစ်ရောဂါ ပါရဂူကိုအသိပေးရာမှတဆင့် ဒီရောဂါဟာမွှားကိုက်ခြင်းကြောင့် ဘက်တီးရီးယားကူးစက်တဲ့ ရောဂါလို့ သိလာရပါတယ်။ Lyme ရောဂါ စစဖြစ်ခြင်းမှာ ပဋိဇီဝဆေးပေးခြင်းဟာ နောက်ထပ်ဖြစ်လာနိုင်တဲ့ အဆစ်ရောင်ခြင်းကိုကာကွယ်နိုင်ပါတယ်။အဆစ်ရောင်ခြင်းကို ဖြစ်စေတဲ့ တခြားဘက်တီးရီးယားတွေလည်းရှိပါသေးတယ်။ အဲ့ဒါတွေကတော့ Staphylococcus နဲ့ Streptococcus မျိုးစိတ်များ၊ Neisseria gonorrhoeae (လိင်မှတဆင့်ကူးစက်သောဆီးပူညောင်းကျရောဂါကို ဖြစ်ပွားစေသည့်ပိုး) နဲ့ Mycobacterium (တီဘီရောဂါပိုး) တို့ ဖြစ်ကြပါတယ်။ အဆစ်ရောင်ခြင်းဟာအေအိုင်ဒီအက်စ်ရောဂါနဲ့လည်းဆက်စပ်နေပါတယ်။ ကိုယ်ခံအားကျဆင်းခြင်းဟာအဆစ်ရောင်ခြင်းကို ဖြစ်ပေါ်စေတဲ့ ရောဂါပိုးတွေကို ဝင်ရောက်စေနိုင်လို့ ဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။Translated by Thant Zin။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/%e1%80%a1%e1%80%9b%e1%80%af%e1%80%ad%e1%80%b8%e1%80%a1%e1%80%86%e1%80%85%e1%80%b9%e1%80%bb%e1%80%95%e1%82%86%e1%80%94%e1%80%ac%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%81%be%e1%80%80/
ကင်ဆာ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ
ကမ္ဘာတလွှားမှာကင်ဆာဖြစ်ပွားနှုန်းက ဆက်လက်မြင့်တက်လာနေပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းကင်ဆာရောဂါကြောင့် သေဆုံးသူဦးရေ ၉.၆ သန်းရှိလာခဲ့ပြီး ကင်ဆာက ဒုတိယ သေဆုံးမှု အများဆုံး ရောဂါတစ်ရပ် ဖြစ်လာပါတယ်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) ကတော့ ၂၀၁၈ ခုနှစ်အတွင်း ကင်ဆာရောဂါ ခံစားနေသူ ၁၄၁၀၂၁ ဦးရှိခဲ့တယ်လို့ စာရင်း ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်းအာရှဒေသမှာ ကင်ဆာ ရောဂါဖြစ်ပွားမှုဟာ ၉.၅ သန်းကျော် ရှိလာခဲ့ပါတယ်။ယနေ့ခေတ်မှာ ကင်ဆာရောဂါဟာ အကြီးမားဆုံးသောကျန်းမာရေးပြဿနာကြီးတစ်ရပ် ဖြစ်လာနေပါတယ်။ လူတိုင်းလူတိုင်း ဟာ ကင်ဆာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရေးအကြီးဆုံးက  ကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ ကို လူတိုင်းလိုလို သိရှိထားဖို့ပါ။ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေက ပုံမှန် ကြီးထွားကွဲပွားနေပါတယ်။ ကင်ဆာဆိုတာကို ဆေးပညာရပ် စကားရပ်နဲ့ အဓိပ္ပါယ် ဖွင့်ဆိုရမယ်ဆိုရင် ခန္ဓာကိုယ်က ဆဲလ်တွေ ထိန်းချုပ်မရတဲ့ အနေအထား တစ်ရပ်နဲ့ ကြီးထွားကွဲပွားတာကို ဆိုလို တာပါ။ ဆဲလ်တွေ အလွန်အမင်း ထုတ်လုပ်တာမျိုးပေါ့။ ဆဲလ်တွေ အလွန်အမင်း ထုတ်လုပ်ဖြစ်ပေါ်မှုကနေ စုမိပြီးအကျိတ်တွေဖြစ်လာပါတယ်။ အကျိတ်တွေက အစောပိုင်းမှာ ကင်ဆာ မဟုတ်တဲ့ ရိုးရိုးအကျိတ်လည်းရှိသလို ကင်ဆာဖြစ်လာတာမျိုးလည်း ရှိပါတယ်။ကင်ဆာက အမျိုးအစား ၁၀၀ ကျော်ရှိပြီး ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းမှာ ဖြစ်နိုင်ပါတယ်။ကင်ဆာဆဲလ်တွေက ခန္ဓာကိုယ်က ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဆီ ပြန့်နှံ့သွားနိုင်ပါတယ်။ အကျိတ်တွေ မဖြစ်တဲ့ ကင်ဆာတွေလည်း ရှိပါတယ်။ ဥပမာသွေးကင်ဆာလိုမျိုးပါ။ကင်ဆာဖြစ်စေနိုင်တဲ့ အဓိကကျတဲ့ အကြောင်းအရင်းတွေ ရှိပါတယ်။ ဒီအကြောင်းအရာတွေက ကင်ဆာဖြစ်နိုင်ခြေ အပေါ်ကို တိုက်ရိုက်ကြီး သက်ရောက်နေတာ မဟုတ်ပေမယ့် ဒီဖြစ်နိုင်ခြေ ၁ ခု ဒါမှမဟုတ် ၁ ခုထက်ပိုတဲ့ အခြေအနေတွေ ရှိနေမယ်ဆိုရင် ကင်ဆာကို အရမ်း ပြင်းထန်တဲ့ အခြေအနေမှ သိရတာမျိုး မဖြစ်စေဖို့နဲ့ စောစောသိရှိကုသနိုင်ဖို့အတွက် ပုံမှန် စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ လိုပါမယ်။ကင်ဆာက အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။အသက်အရွယ် ကြီးရင့်သူတွေမှာတော့ ကင်ဆာဖြစ်နိုင်ခြေက ပိုများနေပါတယ်။ ကင်ဆာ အများစုက အသက်ရလာလေလေ​ ဖြစ်နိုင်ခြေ များလာလေလေပါ။ဘဝနေထိုင်မှုပုံစံတွေဖြစ်တဲ့ဆေးလိပ်သောက်တာ၊ အဆီများတဲ့ အစားအစာတွေ စားတာ၊ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ရှိတဲ့ လုပ်ငန်းခွင်မှာ လုပ်ကိုင်ရတာတွေကြောင့်လည်း အသက်အရွယ် ကြီးရင့်သူတွေမှာ ကင်ဆာ ဖြစ်နိုင်ခြေ ပိုများနေတာပါ။ ကင်ဆာဖြစ်ပွားနေတဲ့ ကလေးအများစုကတော့ ငယ်စဉ်မှာ ကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ ဘ​ဝနေထိုင်မှု ပုံစံနဲ့ အချိန်ကြာမြင့်စွာ ထိတွေ့မိခဲ့တာကြောင့်ပါ။အဝလွန်တဲ့သူတွေမှာလည်း ကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။ အကြောင်းကတော့ အဝလွန်တဲ့အခါ ဝမ်းဗိုက်တွင်းပိုင်းက အဆီတွေကြောင့် ရောင်ရမ်းမှု ဖြစ်တာ ဒါမှမဟုတ် ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တဝိုက်မှာ အဆီတွေဖြစ်တာကြောင့် ရောင်ရမ်းတာတွေ ဖြစ်တာကြောင့်ပါ။ရောင်ရမ်းမှုက ပန်ကရိကနေ အင်ဆူလင် များစွာ ထွက်ရှိအောင် လှုံ့ဆော်သလို အဆီဆဲလ် အပိုတွေက အက်စထရိုဂျင်တွေကို ပိုဖြစ်စေနိုင်ပါတယ်။ အင်ဆူလင် များတာ အက်စထရိုဂျင် များတာတွေက ဆဲလ်တွေကို ပုံမှန်ထက် ကွဲပွားစေပြီး ကင်ဆာဆံလ်တွေ ဖြစ်ပေါ်လာစေပါတယ်။မိသားစု မျိုးရိုးစဉ်ဆက်မှာ ကင်ဆာရောဂါတွေ ခံစားရဖူးတဲ့ ရာဇဝင်ရှိတာကလည်း ကင်ဆာဖြစ်နိုင်ခြေ များစေတဲ့ အကြောင်းအရင်းပါ။ ကင်ဆာက မျိုးရိုးမှာ တစ်ကြိမ် ဖြစ်ဖူးမယ်ဆိုရင်ကို ပုံစံမတူတဲ့ ကင်ဆာတွေကို ခံစားရနိုင်ပါတယ်။ဒီလို ကင်ဆာ ခံစားရတာက မျိုးဗီဇ ပြောင်းလဲမှုကြောင့်လားဆိုတာကို သေသေချာချာ မသိရသေးသလို မိသားစုဝင်တွေ နေထိုင်ရာ ဝန်းကျင်မှာရှိတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုကြောင့်လား။ ဒီအချက်တွေ စုမိသွားတာကြောင့်လား။ ရိုးရှင်းတဲ့ တိုက်ဆိုင်မှုလားဆိုတာကိုတော့ အခုထိ မသိရသေးပါဘူး။ကိုယ်ခံအားက ခန္ဓာကိုယ်ကို ကူးစက်ရောဂါတွေနဲ့ ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားစနစ် ပြောင်းလဲသွားတဲ့အခါ ခန္ဓာကိုယ်က ရောဂါတွေကို ခုခံဖို့ အားနည်းသွားပါတယ်။ကိုယ်ခံအားကို ချထားတဲ့ ဆေးဝါးတွေ၊ ခုခံအားကျဆင်းတဲ့ ရောဂါ ခံစားနေရသူတွေမှာ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကို တိုက်ထုတ်နိုင်စွမ်း မရှိတာကြောင့် ကင်ဆာ ဖြစ်လာရတာပါ။ မျိုးဗီဇ မူမမှန်မှုကလည်း ကိုယ်ခံအားကို ပြောင်းလဲစေပြီးWiskott-Aldrich syndrome နဲ့ Beckwith-Wiedemann syndrome တွေကို ခံစားရစေနိုင်ပါတယ်။အချို့သော ဗိုင်းရပ်စ်တွေနဲ့ ထိတွေ့မှုတွေကလည်း ကလေးအရွယ်မှာ ခံစားရနိုင်တဲ့Hodgkinပြန်ရည်ကြော သွေးကင်ဆာ နဲ့non-Hodgkinသွေးကင်ဆာတွေ ခံစားရနိုင်ခြေ မြင့်စေပါတယ်။ ဒါတွေအပြင်Epstein-Barrဗိုင်းရပ်စ် နဲ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို ဖြစ်စေနိုင်တဲ့ HIV ဗိုင်းရပ်စ်နဲ့ ထိတွေ့မိတာကြောင့်လည်း ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်စေနိုင်ပါတယ်။ဆဲလ်တွေရဲ့ ကြီးထွားကွဲပွားမှု ပြောင်းလဲတဲ့အခါ ကင်ဆာ ဖြစ်လာပါတယ်။ ကင်ဆာဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုက ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေနဲ့ ထိတွေ့တာကြောင့်ပါ။ ဒီလို ထိတွေ့တာက DNA (မျိုးဗီဇဆဲလ်တွေ) ကို ပျက်စီးစေပြီး ဆဲလ်ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါတွေကို ပတ်ဝန်းကျင်ကcarcinogens တွေလို့ခေါ်ပါတယ်။အငြင်းပွားစရာကောင်းတဲ့ အများစု ယုံကြည်ထားတဲ့ အကြောင်းအရင်းက ဆဲလ်ဖုန်းတွေက ထွက်တဲ့ အလင်းရောင် နဲ့ စွမ်းအင်တွေက ကင်ဆာ မဖြစ်စေနိုင်လောက်ပါဘူး။ ပြင်းအားများတဲ့ ဓာတ်ရောင်ခြည်တွေ ဥပမာradon၊ x-rays၊ gamma rays၊ alpha particles၊ beta particles နဲ့ neutrons တွေက DNA (မျိုးဗီဇဆဲလ်တွေ) ကို ပျက်စီးစေနိုင်ပြီး ကင်ဆာဖြစ်စေနိုင်တယ်ဆိုတာပါ။radon ဒါမှမဟုတ် နျူကလီးယား စက်ရုံတွေမှာ အဆိုပါရောင်ခြည်တွေက ကျောက်တုံးတွေ မြေဆီလွှာတွေကို ထွင်းဖောက်ပြီး လူတွေကို ထိတွေ့မှုကြောင့် ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ကဲ ….. ကိုယ်တိုင်မှာရော ကင်ဆာ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ ထဲက ဘယ်နှချက်လောက်နဲ့များ တိုက်ဆိုင်နေပါသလဲ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/key-factors-that-contribute-to-cancer/
ကိုယ်ဝန်လည်း မရှိ နို့တိုက်နေတာလည်း မဟုတ်ဘဲနဲ့ သားမြတ်ကနေ အရည်တွေ ဘာကြောင့် ထွက်နေရတာလဲ ။ ။
ကိုယ်က ကလေးအမေတစ်ယောက်လည်း မဟုတ်ဘဲနဲ့ နို့သီးခေါင်းကို ညှစ်လိုက်တဲ့အခါတိုင်း အထဲကနေ အရည်လိုမျိုး အဆီလိုမျိုး အဖတ်လေးတွေထွက်လာရင် လန့်သွားတတ်ကြတာထုံးစံပါ။ရင်သားကင်ဆာနဲ့ များဆက်စပ်နေလို့လားပေါ့။ အဲလိုနို့သီးခေါင်းထဲကနေ အဆီလိုမျိုး အဖတ်လေးတွေ ထွက်လာတတ်တိုင်း စိတ်ပူရလား။ ပုံမှန်ဆိုရင်ရော ဒီလိုပဲ ထွက်တတ်လား ။ ။ရင်သားကင်ဆာနဲ့များ ဆက်စပ်မှုရှိလား ။ပုံမှန် – ညှစ်လိုက်တဲ့အချိန်တိုင်းမှာ နှစ်ဖက်လုံးက အရည်တူညီစွာထွက်လာရပါမယ်။ ထွက်လာတဲ့အရည်ကလည်း အကြည်ရောင်၊ အဝါရောင် အပြင် အဆီလိုမျိုး ပျစ်ပျစ်လေးတွေလည်းထွက်လာနိုင်ပါတယ်။ရင်သားမှာ နာကျင်တာ၊ ရောင်ရမ်းနေတာမျိုးလည်း ရှိမနေပါဘူး။ပုံမှန်မဟုတ်သော – ညှစ်လိုက်တဲ့အချိန်မှာ တစ်ဖက်တည်းက ပဲ အရည်တွေထွက်နေပြီး အခြားတစ်ဖက်က ထွက်ချင်မှ ထွက်မှာပါ။ ဒါ့အပြင်ရင်သားမှာ အလုံးစမ်းမိတာဖြစ်ဖြစ်၊ရင်သားရောင်ပြီး နာနေတာဖြစ်ဖြစ်၊ နှစ်ဖက် အရွယ်အစားမတူတော့တာမျိုးတွေဖြစ်လာခဲ့ရင် ပုံမှန် မဟုတ်ဘူးလို့ ယူဆလို့ရပါတယ်။ထွက်လာတဲ့အရည်အရောင်ကိုကြည့်ပြီးတော့ ပုံမှန်နဲ့ ပုံမှန် မဟုတ်တာကို ခွဲခြားဖို့က ခက်ပါတယ်။ နှစ်ခုလုံးမှာ ထွက်နိုင်တဲ့ အရောင်တွေက အကြည်ရော၊ အဝါရောင်ရော၊ အစိမ်းရောင်ရောဖြစ်နေနိုင်လို့ပါ။ ထွက်လာတဲ့အရည်က သွေးဆိုရင်တော့ ပုံမှန် မဖြစ်နိုင်တာလုံးဝကို သေချာနေပါပြီ။ကိုယ်ဝန်ဆောင်– ကိုယ့်ရင်သွေးလေးကိုနို့ချိုတိုက်ကျွေးဖို့ ကိုယ်ဝန်ဆောင်တွေမှာ နို့ရည်တွေထွက်လာရတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ နို့တိုက်တာရပ်လိုက်ရင်တောင် နို့တွေဆက်ပြီး စီးကျနေတာဖြစ်နိုင်ပါသေးတယ်။တစ်ခုခုနှင့်ထိမိခြင်း – သင့်ရင်သားကို လှုံ့ဆော်မှုပေးတဲ့အခါ အထူးသဖြင့် ညှစ်လိုက်တဲ့အခါမျိုးမှာ အရည်တွေထွက်လေ့ရှိပါတယ်။ ဒါက ပုံမှန်ပါ။ အတွင်းခံ ကြပ်ကြပ်တွေဝတ်တဲ့အခါ ၊လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါမျိုးမှာလည်း ရင်သားကို ထိမိသလိုဖြစ်လို့ အရည်တွေ ထွက်လာနိုင်ပါတယ်။ရင်သားကနေ အရည်ထွက်တိုင်း ကင်ဆာ ဟုတ်ချင်မှ ဟုတ်မှာပါ။ကင်ဆာမဟုတ်ဘဲ အခြား ဆေးကုသမှုခံယူဖို့လိုအပ်တဲ့ ရင်သားကျန်းမာရေး ပြဿနာတွေ ကြောင့်လည်းဖြစ်နိုင်ပါတယ်။ဖြစ်နိုင်တဲ့ အကြောင်းအရာတွေကတော့။ရင်သားမှာ Fibrocystic breast changes တွေဖြစ်လာတာ-Fibrocystic breast changes ဆိုတာ ပုံမှန် အဆီပြင်နဲ့ ဖွဲ့စည်းထားတဲ့ရင်သားမှာ fibrous တစ်ရှူးတွေ ဆဲလ်တွေ ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒီလိုနဲ့ ရင်သားမှာ အကျိတ်လေးတွေ စမ်းမိတာ ဖြစ်ပါတယ်။ ဒီလို အလုံးတွေ စမ်းမိတိုင်းကင်ဆာဖြစ်နေဆိုတာ တော့ မဟုတ်ပါဘူး။ အလုံးက နေရာရွေ့လို့ရမယ်၊ မာခဲနေတာမျိုးလည်း မဟုတ်ဘူးဆိုရင် ကင်ဆာ မဖြစ်နိုင်ပါဘူး။Galactorrhea –Galactorrhea ဆိုတာနို့တိုက်ကျွေးခြင်း မရှိဘဲနဲ့လည်း ရင်သားကနေ နို့ရည်တွေ ထွက်နေတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီ ဖြစ်စဉ်ဟာ ရောဂါတစ်ခု မဟုတ်ပါဘူး။ Galactorrhea ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ် ။ သူတို့တွေကတော့။ရင်သားပိုးဝင်ခြင်း– ရင်သားကနေထွက်လာတဲ့ အရည်တွေထဲမှာ ပြည်တွေပါ ပါနေပြီဆိုရင်တော့ ဒါရင်သားပိုးဝင်တာဖြစ်နိုင်ပါတယ်။ ပြည်တွေနဲ့အတူ ရင်သားက ရောင်ရမ်းနာကျင်နေမယ်ဆိုရင်တော့ ဒါရင်သားမှာ ပိုးဝင်ပြီးအနာဖြစ်နေတာ ဖြစ်နိုင်ပါတယ်။ နို့တိုက်နေတဲမိခင်ရော အပျိုတွေမှာရော ဖြစ်တတ်ပါတယ်။Mammary duct ectasia –ပုံမှန် မဟုတ်တဲ့ ရင်သားကနေ အရည်ထွက်ခြင်းကို ဖြစ်စေတဲ့ ဒုတိယ အဖြစ်အများဆုံး အကြောင်းအရင်းပါ။ သွေးဆုံးခါနီးတဲ့ အမျိုးသမီးတွေ မှာ အဖြစ်များပြီး နို့ချောင်းတွေ ပိတ်ရာကနေ ပိုးတွေဝင်ပြီး အစိမ်းရောင် အရည်တွေ ထွက်လာတတ်ပါတယ်။Intraductal papilloma –ကင်ဆာကြောင့် မဟုတ်ဘဲ ရင်သားမှာ နို့ချောင်းတွေ ပွားလာတာဖြစ်ပါတယ်။ ပွားတာများပြီး ရောင်ရမ်းလာတဲ့ နို့ချောင်းတွေကနေ သွေးလိုမျိုး အရည်တွေကို ထွက်စေပါတယ်။ရင်သားကနေ အရည်တွေထွက်တဲ့ ပြဿနာ အများစုဟာ ကင်ဆာ ကြောင့် မဟုတ်တဲ့ အကြောင်းအရာတွေ များပါတယ်။ ဒါပေမယ့် အရည်လည်းထွက်တယ်၊ ရင်သားမှာ မာခဲခဲ အကျိတ်လေးလည်း စမ်းမိတယ်၊ နေရာရွေ့လို့လည်း မရဘူး၊ရင်သားဓာတ်မှန်ရိုက်ကြည့်တဲ့အခါမှာလည်း ပုံမှန် မဟုတ်တဲ့ ဆဲလ်တွေကို တွေ့ရပြီဆိုရင်တော့ ဒီထွက်တဲ့ အရည်တွေဟာ ရင်သားကင်ဆာကြောင့် ဖြစ်နိုင်ပါတယ်။ဒီလို နို့သီးခေါင်းကနေ အရည်တွေထွက်လာတိုင်း စိတ်ပူရမယ်လို့တော့ မဆိုလိုပါဘူး။ အကောင်းဆုံးကတော့ ဒီလို ပုံမှန် မဟုတ်တာတွေ ဖြစ်လာပြီ၊ စိုးရိမ်စိတ်တွေလည်း များလာပြီ ဆိုတာနဲ့ ဆရာဝန်ဆီ သွားပြတာသာ အကောင်းဆုံးပါ။ ဖြစ်ရတဲ့ အကြောင်းအရင်းကို စောစောသိသွားတော့ အချိန်မီ ကုသမှုခံယူလိုက်ရင် ပိုပြီး ဆိုးဝါးတဲ့ အခြေအနေမျိုးတွေ မကြုံတွေ့ရတော့ဘူးပေါ့။ ရင်သားကင်ဆာဆိုတာလည်း ဆေးကုသမှု အချိန်မီ ခံယူရင် လုံးဝကို ကုသလို့ ပျောက်ကင်းတဲ့ ကင်ဆာတစ်ခုထဲမှာ ပါတယ်နော် ။ ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/nipple-discharge/
သားဆက်ခြားဖို့အတွက် စဉ်းစားစရာအဆင့်ဆင့်
သားဆက်ခြားတဲ့ကိစ္စဟာ အိမ်ထောင်သည်တိုင်းအတွက် အင်မတန်မှကို အရေးကြီးတဲ့ လုပ်ဆောင်မှု ဖြစ်ပါတယ်။ မိခင်ကျန်းမာရေး၊ ကလေးကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ အကျိုးကျေးဇူးတွေအများကြီးပဲ ရှိတာမို့ ဒါကို စုံတွဲတော်တော်များများက အလေးထား လုပ်ဆောင်လာကြပါတယ်။ ပူပူနွေးနွေး မင်္ဂလာဆောင်ပြီးသွားရင် စုံတွဲတစ်တွဲအနေနဲ့ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် ဘဝတစ်ခုကို ဖြတ်သန်းမယ်၊ မျှော်မှန်းထားတဲ့ အခြေအနေတစ်ခုရောက်အောင် သွားကြမယ် ဆိုတဲ့အခါ အဆင်သင့်မဖြစ်သေးဘဲ ကလေးမရသွားအောင် ကြိုတင်ပြင်ဆင်လာကြတယ်။အဲဒီအခါ အမျိုးသမီးတွေ မေးလေ့ရှိတဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ ကျွန်မနဲ့ အသင့်တော်ဆုံး သားဆက်ခြားနည်းက ဘာဖြစ်မလဲ ဆိုတာပါပဲ။ တစ်ခါမှကလည်း မသုံးဖူး၊ အရွယ်တွေက ငယ်သေးတော့ ဒီဆေးတွေ သုံးလို့ ဝလာပြီး မလှတော့မှာကလည်း စိုးသေးတယ်၊ ဒီကြားထဲမှာ တခြားအမျိုးသမီးကြီးတွေရဲ့ စကားကလည်း တစ်စွန်းတစ်စ ကြားထားလေတော့ ပိုပြီး ဝေခွဲရခက်နေတတ်ပါတယ်။တကယ်တော့ ဘယ်နည်းလမ်းနဲ့ သင့်တော်တယ်ဆိုတာ ဘယ်သူကမှ ဆုံးဖြတ်ပေးလို့ မရပါဘူး။ အမျိုးသမီးတွေကိုယ်တိုင်ပဲ ဆုံးဖြတ်ရတာပါ။ ဒီလိုရွေးချယ်ဆုံးဖြတ်နိုင်ဖို့ကိုသာ ကျွန်တော်တို့ ဆရာဝန်တွေက ကူညီပေးရတာဖြစ်ပါတယ်။ဒါကြောင့် အဲဒီလို မိသားစုစီမံကိန်းဆွဲတော့မယ်၊ သားဆက်ခြားဖို့အတွက် ပြင်ဆင်တော့မယ်ဆိုရင် စဉ်းစားသင့်တာတွေကို အဆင့်လိုက် ရေးသွားပါမယ်။သားဆက်ခြားနည်းတွေမှာ ကာလတိုနည်းနဲ့ ကာလရှည်နည်းရယ်လို့ ရှိတယ်။ လပိုင်းလောက်၊ နှစ်အနည်းငယ်လောက်ပဲ တားထားမယ်ဆို ကွန်ဒုံး၊ ဆေးကတ်နဲ့ ထိုးဆေးတွေ သုံးလို့ရတယ်။ နှစ်ရှည်တားထားချင်တာဆို သားအိမ်ထဲထည့်တာ၊ လက်မောင်းထဲထည့်တာတွေ လုပ်လို့ရတယ်။ အရင်ကတော့ သားအိမ်ထဲထည့်တာက ကလေးတစ်ခါမှ မမွေးဖူးသေးရင် ထည့်လို့မရဘူး ပြောကြပေမယ့် ခုနောက်ပိုင်းမှာ ထည့်လို့ဖြစ်နိုင်တယ်လို့ ပြောလာကြတာမို့ သုံးမယ်ဆို အသုံးပြုနိုင်ပါတယ်။ကာလတိုနည်းထဲမှာလည်း ဟော်မုန်းပါတာနဲ့ မပါတာရှိသလို၊ ကာလရှည်နည်းတွေထဲမှာလည်း ရှိပါတယ်။ ဘာကွာမလဲဆိုတော့ ဟော်မုန်းပါတဲ့နည်းတွေသုံးရင် ဟော်မုန်းရဲ့ ဘေးထွက်ဆိုကျိုးတွေကို ခံစားရတာမျိုး ရှိနိုင်တယ်။ ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်တာ၊ အသားအရည်ပြောင်းသွားတာ၊ ခေါင်းမူးတာ၊ ပျို့အန်တာတွေ ဖြစ်တတ်တယ်။ ဒီနေရာမှာ တစ်ခု သိစေချင်တာက ဒါတွေဖြစ်ကိုဖြစ်မယ်လို့တော့ မဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး၊ တချို့ဖြစ်တယ်၊ တချို့မဖြစ်ဘူး။ နောက်ပြီး ဝလာတာဆိုတာကလည်း ဒီနည်းတွေကြောင့် ဝတာက နည်းနည်းပဲ၊ အဓိကက အသက်အရွယ်နဲ့ နေထိုင်မှုပုံစံကြောင့်သာ ဝလာတာဖြစ်တယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ အစားရှောင်မယ်၊ လေ့ကျင့်ခန်းများများ လုပ်မယ်ဆိုရင် ဝမလာအောင် ထိန်းထားလို့ရမယ်။ ကာလတိုနည်းဖြစ်တဲ့ ကွန်ဒုံးနဲ့ ကာလရှည်နည်းထဲက တစ်ခုဖြစ်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းတို့က ဟော်မုန်းမပါတာမို့ ဒီလိုဘေးထွက်ဆိုးကျိုးတွေ မခံစားချင်ဘူးဆိုရင် ရွေးချယ်လို့ရတယ်။သားဆက်ခြားနည်းတစ်ခုကို ရွေးတော့မယ်ဆို အဓိက စဉ်းစားရမှာက ဒီနှစ်ခုပါပဲ။ ဘယ်နှနှစ်တားချင်တာလဲ၊ ဟော်မုန်းပါတာဆို အဆင်ပြေမလား။ ဒီလောက်ဆို တော်တော်လေးလည်း စဉ်းစားရလွယ်လာပြီ။ ပြီးတော့မှ အသေးစိတ် ထပ်စဉ်းစားရမှာတချို့ကို ဆက်ရေးပါမယ်။ကွန်ဒုံးနဲ့ သားအိမ်တွင်းထည့်ပစ္စည်းကတော့ ရာသီပုံမှန်ပေါ်တယ်။ နေ့စဉ်သောက်ဆေးကတ်ကလည်း နောက်ဆုံးတန်း အားဆေးလုံးတွေ သောက်နေပြီဆိုရင် သွေးဆင်းလာတတ်တယ်။ ၃လခံထိုးဆေးနဲ့ လက်မောင်းတွင်းထည့်ပစ္စည်းကတော့ ရာသီမပေါ်တာများတယ်။ အဲ့လိုမပေါ်လို့လည်း ဘာရောဂါမှတော့ မဖြစ်ဘူး။ သူ့ရဲ့ အာနိသင်ကြောင့် ဖြစ်တာပဲ။ ဒီအခါ တချို့အမျိုးသမီးတွေက အလုပ်ရှုပ်တောင် သက်သာသေးတယ် ဆိုပြီး သဘောကျပေမယ့် တချို့အမျိုးသမီးတွေကတော့ ရာသီမပေါ်ရင် မနေတတ်ဘူး၊ မိန်းမမဆန်သလို ခံစားရတယ်လို့ ထင်တတ်ကြတယ်။ ဒီလိုဆိုရင်တော့ ရာသီမပေါ်တတ်တဲ့နည်းတွေကို အသုံးပြုဖို့ အဆင်ပြေနိုင် မပြေနိုင် သေချာစဉ်းစားသင့်တယ်။သားဆက်ခြားနည်းတွေ အားလုံးထဲမှာ ၃ လခံထိုးဆေးမှာပဲရှိတဲ့ ထူးခြားချက်တစ်ခုက အာနိသင်ကျန်တတ်တာပါပဲ။ ဆိုလိုတာက ဆေးထိုးရပ်လိုက်ပေမယ့် ကလေးချက်ချင်း ပြန်မရတတ်ဘူး။ လုံးမဝမရနိုင်တော့တာ မဟုတ်ပေမယ့် လအနည်းငယ်စောင့်ရတတ်တယ်။ ပြီးတဲ့အခါ ကိုယ်ဝန်ပြန်ရလာလိမ့်မယ်။ ဒါပေမယ့်လည်း ကိုယ်ဝန်လိုချင်ရင် ချက်ချင်းရမှဖြစ်မယ် ဆိုတဲ့ စုံတွဲမျိုးတွေအတွက်တော့ ဒါကို သေချာစဉ်းစားရမယ်။ အထူးသဖြင့်၊ ကလေးရပြီးသားစုံတွဲဆို ပြဿနာမရှိပေမယ့် ကလေးတစ်ခါမှ မမွေးဖူးသေးရင်တော့ ပိုလို့ သတိထားရပါလိမ့်မယ်။ဒါက နေ့စဉ်သောက်ဆေးကတ်ကို ရွေးတော့မယ်ဆို ကိုယ့်ကိုယ်ကိုယ် မဖြစ်မနေ မေးသင့်တဲ့မေးခွန်းပါ။ နေ့စဉ်နေ့တိုင်း အချိန်မှန်ဆေးသောက်ဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ ဒါကြောင့်မို့ ကိုယ်ဟာ ဒီလိုသောက်နိုင်တဲ့ အခြေအနေရှိလား စဉ်းစားပါ။ နောက်ပြီး ဆေးသောက်ဖို့ မေ့ခဲ့ရင် ဘယ်လိုလုပ်ရမယ်ဆိုတာကိုလည်း သိအောင် လုပ်ထားစေချင်ပါတယ်။ ဒီဆေးကတ် သောက်နေတဲ့ အမျိုးသမီးအများစုဟာ သောက်သာသောက်နေကြတယ်၊ မေ့ခဲ့ရင် ဘယ်လိုလုပ်ရမလဲဆိုတာကို မှန်မှန်ကန်ကန် သိမနေကြပါဘူး။သားဆက်ခြားတဲ့ကိစ္စဟာ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဆိုပေမယ့် ကွန်ဒုံးလို နည်းလမ်းမျိုးကျ အမျိုးသားရဲ့ပူးပေါင်းပါဝင်မှု လိုအပ်ပါတယ်။ သားအိမ်ထဲထည့်တာဆိုလည်း အမျိုးသားက သဘောမကျဘူး ဆိုတာတွေ ရှိတတ်တာမို့ သူနဲ့တိုင်ပင်ပြီးမှ ရွေးချယ်တာ ပိုအဆင်ပြေပါတယ်။ ဆေးခန်းသွားတဲ့အခါ ဆရာဝန်နဲ့ ဆွေးနွေးရင် သူ့ကိုပါ တစ်ပါတည်း ခေါ်သွားတာမျိုး လုပ်နိုင်ပါတယ်။ဥပမာ တီဘီဆေးသောက်နေတဲ့အချိန်ဆို ဟော်မုန်းပါတဲ့နည်းတွေ သုံးလို့မရဘူး။ သုံးရင် အာနိသင်ကျတတ်လို့ ကိုယ်ဝန်ရသွားတာမျိုး ဖြစ်တတ်တယ်။ နောက်ပြီး လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ၊ သားအိမ်အနေအထား အဆင်မပြေတာတွေ ရှိနိုင်ရင်လည်း ဆရာဝန်နဲ့ စစ်ဆေးပြီး စိတ်ချရမှ သားအိမ်ထဲထည့်တာမျိုး လုပ်သင့်တယ်။ ဒီလိုမျိုး ဘယ်ဆေးက မတည့်ဘူး၊ ဘယ်ရောဂါနဲ့ဆို အဆင်မပြေဘူးဆိုတာတွေကတော့ သာမန်လူတစ်ယောက်အနေနဲ့ မသိနိုင်တာမို့ ဆရာဝန်ကိုသာ သေချာပြောပြရမှာဖြစ်ပါတယ်။ ဒါမှ သူက အကောင်းဆုံးအကြံဉာဏ်တွေ ပေးနိုင်မှာပါ။ခုပြောခဲ့တဲ့အချက်တွေကတော့ သားဆက်ခြားနည်းတစ်ခု သုံးတော့မယ်ဆိုရင် ကိုယ်နဲ့ဘယ်နည်းလမ်းနဲ့က သင့်တော်သလဲဆိုတာကို ရွေးချယ်နိုင်ဖို့အတွက် အဆင့်ဆင့်စဉ်းစားသင့်တာလေးတွေ ဖြစ်ပါတယ်။ ဒီအပေါ် အခြေခံ၊ ဆရာဝန်ဆရာမက ပြောပြတဲ့ အချက်တွေနဲ့ ပေါင်းစပ်ပြီး ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်မယ့် သားဆက်ခြားနည်းကို ရွေးချယ်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/%e1%80%9e%e1%80%ac%e1%80%b8%e1%80%86%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%ac%e1%80%b8%e1%80%96%e1%80%ad%e1%80%af%e1%80%b7%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%85%e1%80%89%e1%80%ba/