title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ဘီယာဗိုက် မြန်မြန်ကျဖို့ လမ်းလျှောက်မလား၊ ပြေးမလား
အသက်ကြီးကြီး ဗိုက်ပူပူနဲ့အမျိုးသားတွေကိုဘီယာဗိုက်ဆိုပြီး နောက်ပြောင်ခေါ်ဝေါ်ကြတာ ကြားဖူးကြမယ်ထင်ပါတယ်။ အဓိကကတော့ ဗိုက်နဲ့ ခါးမှာ အဆီတွေစုမိပြီး ဗိုက်ပူပြီး ဖောရောင်သလို ဖြစ်နေတာပါ။ဘီယာဗိုက် ဆိုတဲ့ နာမည်ပြောင်လိုပါပဲ၊ ဘီယာ၊အရက်သောက်တာ များတာကြောင့်လည်း ဖြစ်နိုင်သလိုအဆီစားတာ များသူတွေ၊ အစာအာဟာရ မမျှတသူတွေ၊အထိုင်များပြီး လှုပ်ရှားမှု နည်းသူတွေ၊အဝလွန်သူတွေ၊ လေ့ကျင့်ခန်း မလုပ်တဲ့သူတွေမှာ ဗိုက်အဆီဖုံးနိုင်ပါတယ်။ ဝတဲ့သူတွေသာမက ပိန်တဲ့သူတွေမှာလည်း ဘီယာဗိုက် ဖြစ်နိုင်ပါတယ်။သွေးထဲမှာ မလိုအပ်တဲ့ ကိုလက်စထရော၊ကယ်လိုရီနဲ့ အဆီတွေ စုမိပြီး ကြာလာတဲ့အခါ အဝလွန်ရောဂါနဲ့ နောက်ဆက်တွဲ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်အဆီဖုံးတာအပြင် ကင်ဆာရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးရှုထောင့်ကနေပြီး ဗိုက်အဆီ မြန်မြန်ကျစေဖို့ ဘယ်လို လေ့ကျင့်ခန်းက သင့်လျော်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။မဖြစ်မနေ ပြင်သင့်တာကတော့ နေ့စဉ် စားသောက်နေထိုင်တဲ့ ပုံစံပါပဲ။ ဝမ်းဗိုက်မှာ အဆီစုနေတာဟာ အလွန်ကြည့်ရဆိုးစေတဲ့အပြင် ကျန်းမာရေးအတွက်လည်း ရေရှည်မှာ ဒုက္ခများစွာ ဖြစ်စေနိုင်ပါတယ်။ပုံမှန်လူတစ်ယောက်ဟာ နေ့စဉ် မိနစ် ၃၀ ခန့်လမ်းလျှောက်ြခင်း သို့မဟုတ် ၁၅ မိနစ်ခန့် ပြေးခြင်းဖြင့်လေ့ကျင့်ခန်းလုပ်ပေးလို့ ရပေမယ့် ဝမ်းဗိုက်မှာ အဆီစုနေတဲ့သူတွေကတော့ အဆီကျစေဖို့ အချိန်ယူရမှာ ဖြစ်တဲ့အပြင် ကိုယ်လက်လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ဖို့ လိုအပ်ပါတယ်။လမ်းကြာကြာလျှောက်ခြင်းထက် ပြေးလိုက်တဲ့အခါ အားအင် ပိုမိုစိုက်ထုတ်ရတဲ့အတွက် ခန္ဓါကိုယ်က ကယ်လိုရီနဲ့ အဆီတွေကို ပိုမိုလောင်ကျွမ်းစေနိုင်တာကြောင့် ဝမ်းဗိုက်အဆီဖုံးနေသူတွေအတွက် အသင့်လျော်ဆုံး လေ့ကျင့်ခန်းပါပဲ။ကိုယ်က အလုပ်ခွင်မှာ အထိုင်များတယ်ဆိုရင် မကြာခဏ ထသွား ထလာ လုပ်ပေးပါ။ မနက်ခင်း လေကောင်းလေသန့်ကို ရှူရှိုက်ရင်း အပြေးလေ့ကျင့်ပါ။ ပြေးနေစဉ်မှာ သွေးထဲမှာ ရှိတဲ့ အဆီတွေကို လောင်ကျွမ်းစေတဲ့ ဟော်မုန်းတွေ အများအပြား ထွက်ရှိလာပါတယ်။ ဒီအခါမှာ ဇီဝကမ္မ ဖြစ်စဉ်ပြောင်းလဲမှုဟာ ပိုမိုကောင်းမွန်လာပြီး အစာကြေစေတယ်၊ အဆီကျစေတယ်၊ သွေးလည်ပတ်မှုကိုလည်း ကောင်းစေတယ်၊ နှလုံးခုန်နှုန်းကိုလည်း မြန်စေပြီး ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။ကိုယ်က အချိန်သိပ်မပေးနိုင်တဲ့သူဆိုရင်တော့ မနက်ခင်း စောစောထပြီး ပုံမှန်အပြေးေလ့ကျင့်ပါ။ မပြေးခင်မှာ ၁၀ မိနစ်ခန့် ခပ်သွက်သွက် လမ်းလျှောက်ပေးပါ။ ပြီးမှ စတင်ပြေးပါ။ ပြေးတဲ့အခါမှာလည်း အသက်ကို ပုံမှန်ရှူရှိုက်ဖို့ အရေးကြီးပါတယ်။ အမောခံနိုင်ဖို့နဲ့ သက်လုံကောင်းစေဖို့၊ အဆီပိုတွေ အမြန်ကျစေဖို့ အနည်းငယ် အရှိန်ထည့်ပြီး ပြေးကြည့်ပါ။ အစပိုင်းမှာတော့ မောနေမှာဖြစ်ပေမယ့် နောက်ပိုင်း ကျင့်သားရသွားတဲ့အခါ အဆင်ပြေသွားပါလိမ့်မယ်။အချိန်ပိုပေးနိုင်မယ်ဆိုရင်တော့ ကြွက်သားကို အားစိုက်ထုတ်ရတဲ့ရေကူးလေ့ကျင့်တာ၊ အားကစားလုပ်တာ၊ Gym မှာ စနစ်တကျ အလေးမတာ၊ ဝမ်းဗိုက်လေ့ကျင့်ခန်း လုပ်တာတွေ ပြုလုပ်ပေးနိုင်ပါတယ်။ ထိုင်ထ လုပ်တာ၊ အိပ်ထမတင် လုပ်တာ၊ ဒိုက်ထိုးတာ ပုံမှန် လုပ်ပေးနိုင်ရင်လည်း ကိုယ်တွင်း အဆီပိုတွေကို လျင်မြန်စွာ ကျစေပြီး ကြွက်သားထုကို ပြန်လည်တည်ဆောက်ပေးနိုင်ပါတယ်။အဆီနဲ့ ကယ်လိုရီတွေ အများအပြား စုနေတာကြောင့် လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ နေ့စဉ် ပုံမှန်လုပ်သွားဖို့နဲ့ စိတ်ရှည်ဖို့ အရေးကြီးပါတယ်။ မောတယ်ဆိုပြီး နောက်နေ့တွေမှာ နားလိုက်တာမျိုး၊ ဖြည်းဖြည်းလေးပဲ ပြေးတာမျိုး လုပ်တာဟာ ထိရောက်မှု အလွန်နည်းပါတယ်။လေ့ကျင့်ခန်းကိုလည်း လုပ်ပါ။ အစားကိုလည်း ဆင်ခြင်ပါ။အမျှင်ဓါတ်များတဲ့ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ များများစားပေးပါ။ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ ပရိုတင်းဓါတ်တွေ ပါဝင်တဲ့ အသား၊ ငါး၊ ပဲ၊ ဥ၊ နို့ထွက်ပစ္စည်းတွေ စားပေးပါ။ အစားအစာချက်ပြုတ်ရာမှာ ဆီ၊ ဆား၊ သကြား လျှော့ထည့်ပါ။သကြားပါဝင်မှု များတဲ့ အအေးတွေ၊ မုန့်ပဲသရေစာတွေအစား သစ်သီးဝလံတွေကိုသာ စားသုံးပေးပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/losing-belly-fat-fast/
အရိုးဖွဲ့စည်းမှုတစ်ခုရဲ့မပါမဖြစ် အရွတ်တွဲ( Ligaments) နဲ့ အရွတ်( tendon ) ဘာကွာခြားလဲ ။ ။
ကိုယ်ခန္ဓါတစ်ခုရဲ့အရိုးဖွဲ့စည်းမှုစနစ်လို့ဆိုလိုက်တာနဲ့အရွတ်တွဲနဲ့ အရွတ်ကို ချန်ခဲ့လို့မရပါဘူး။ အရွတ်တွဲ ( Ligaments) ဆိုတာ အရိုးအချင်းချင်းဆက်ပေးတာဖြစ်ပြီး အရွတ် ( tendon ) ကတော့အရိုးနဲ့ ကြွက်သားကိုဆက်ပေးတဲ့ အရာဖြစ်ပါတယ်။ သူတို့နှစ်ခုလုံးကို fibrous connective tissue လို့ခေါ်တဲ့ ကော်လာဂျင်အလွှာထူထူကြီးတွေနဲ့ သိပ်သည်းစွာ ဖွဲ့စည်းထားတာပါ။collagenous tissues တွေရဲ့ ကျုံ့နိုင်ဆန့်နိုင်အားက ကောင်းနေပေမယ့် အရွတ်တွေအပေါ် ပြင်းထန်တဲ့ ထိခိုက်မှုတစ်ခုခု ရှိခဲ့မယ်ဆိုရင်တော့ အရွတ်ပြဲတာ၊ အရွတ်စုတ်တာလိုမျိုး ဒဏ်တွေ ဖြစ်သွားနိုင်ပါတယ်။အရွတ်တွဲတွေဆိုတာအရိုးတစ်ခုနဲ့ တစ်ခုကြားက အဆစ်ထဲမှာ အရိုးတွေကိုဆက်ပေးထားတဲ့ အရွတ်တွဲဖြစ်ပါတယ်။ ဒါ့ကြောင့် အရွတ်တွဲကျန်းမာနေမှ အဆစ်အမြစ်တွေ လှုပ်ရှားရတာ လွယ်ကူချောမွေ့မှာပါ။ အဆစ်တွေကို အားပြုသုံးတဲ့ အပေါ်မှာ မူတည်ပြီးအရွတ်တွဲတွေရဲ့ ပုံသဏ္ဍန်နဲ့ အရွယ်အစားတွေ ကွဲပြားသွားပါတယ်။အရွတ်ဆိုတာ ကြွက်သားနဲ့ အရိုးကြားကို ဆက်သွယ်ပေးထားတဲ့အရာတစ်ခုပါ။ သူ့ရဲ့တာဝန်ကတော့ ကြွက်သားက ထုတ်လိုက်တဲ့ အင်အားကို အရိုးဆီကို လွှဲပြောင်းပေးရတဲ့ တာဝန်ဖြစ်ပါတယ်။ အရှင်းဆုံးပြောရရင် အရိုးတွေရဲ့ လှုပ်ရှားနိုင်အား တာဝန်ယူရတဲ့ အရွတ်ပါ။ကိုယ်ခန္ဓါပေါ်က အရာတွေအားလုံး မနိုင်ဝန်ထမ်းရတဲ့အခါမှာ ဒဏ်ဖြစ်တတ်တာ သဘာဝပါ။ ဒီလိုပဲ အရွတ်တွဲတို့ အရွတ်တို့ဟာ တစ်ရှူးဆဲလ်တွေနဲ့ ဖွဲ့စည်းထားတာကြောင့် သူတို့အားနဲ့ မမျှတဲ့အရာတွေ လုပ်ဆောင်ရတဲ့အခါ ဒဏ်ရာရပြီး စုတ်ပြဲလေ့ရှိပါတယ်။အရွတ်တွဲ စုတ်ပြဲခြင်း –အရွတ်တွဲစုတ်ပြဲတဲ့ ဒဏ်ရာဟာခြေကျင်းဝတ်နဲ့ လက်ကောက်ဝတ်မှာ အများဆုံး ဖြစ်တတ်ပါတယ်။ ခြေချော်ပြီးခေါက်လဲတာတို့၊ အလေးအပင်မလိုက်တဲ့အခါ ဒဏ်ဖြစ်သွားတာမျိုးပါ။ ဒီလိုအရွတ်တွဲစုတ်ပြဲသွားတဲ့အခါ အနာပြန်ကျက်ဖို့အတွက် အဆင့် ၃ ဆင့် ရှိပါတယ်။အရွတ်စုတ်ပြဲခြင်း– အပေါ်မှာပြောခဲ့တဲ့ အတိုင်းပါပဲ။ အရွတ်ဟာ သူမနိုင်တဲ့ဝန်ကို ထမ်းရတဲ့အခါ စုတ်ပြဲတဲ့ ဒဏ်ရာတွေရတတ်ပါတယ်။ ဒီလို အရွတ်စုတ်ပြဲတဲ့ ဒဏ်ရာဟာ ရုတ်တရက်ကြီးဖြစ်လာနိုင်သလို တဖြည်းဖြည်းနဲ့ ဒဏ်ပိပြီးမှ စုတ်ပြဲတာမျိုးလည်းဖြစ်နိုင်ပါတယ်။ အရွတ်တွဲလိုပဲ အရွတ်ကလည်း စုတ်ပြဲတဲ့ ဒဏ်ရာပြန်ကျက်ဖို့အတွက် အဆင့် ၃ ဆင့်လိုပါတယ်။ဒါတွေကတော့ အရိုးနဲ့ ကြွက်သားဖွဲ့စည်းမှု ရဲ့ အရေးပါတဲ့ အစိတ်အပိုင်း ၂ ခုဖြစ်တဲ့ အရွတ်တွဲ နဲ့ အရွတ်အကြောင်း သေချာရှင်းပြထားတာပဲဖြစ်ပါတယ်။ ပုံမှန်ဆိုရင်သူတို့ရဲ့ အရေးပါပုံကို မသိပေမယ့် သူတို့ဒဏ်ဖြစ်တဲ့အခါကျ တော့ လမ်းလျှောက်တာ၊ လှုပ်ရပြုရတာ အင်မတန်မှ အခက်တွေ့ပါတယ်။ ဒါ့ကြောင့် အရိုးနဲ့အဆစ်တွေရဲ့ လှုပ်ရှားမှုချောမွေ့အောင် ပြုလုပ်ပေးတဲ့ အရွတ်နဲ့ အရွတ်တွဲတို့ရဲ့ ကျန်းမာရေးကို သေချာစောင့်ရှောက်ဖို့ အရေးကြီးတာပါ ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/tendon-and-ligaments/
ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားသင့်သော အစားအစာများ
ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတို့ဘဝမှာ အလွန်အရေးပါတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ဘယ်လိုအစားအစာတွေကို ရှောင်ရှားသင့်တယ်ဆိုတာလည်း သိထားဖို့် လိုပါတယ်။ ယခုဖော်ပြမယ့် အကြောင်းအရာတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို အစားအသောက်တွေကို ရှောင်ကြဉ်သင့်သလဲ ဆိုတာပါပဲ။ကိုယ်ဝန်ဆောင်ချိန်မှာရှောင်ရှားသင့်သော အစားအစာများ ကတော့။၁။မာကျူရီပါဝင်နှုန်းများတဲ့ ငါးများ။မာကျူရီ (ပြဒါး)ဟာ အဆိပ်ဓာတ်ရှိတဲ့အရာ ဖြစ်ပါတယ်။ ထိတွေ့မှုရှိရင် အန္တရာယ် အနည်းနဲ့ အများ ရှိနိုင်ပါတယ်။ မာကျူရီတွေကို မသန့်စင်တဲ့ ရေဆိုးတွေမှာ အများဆုံး တွေ့နိုင်ပါတယ်။ ပမာဏများများ ထိတွေ့ရင် အာရုံကြောစနစ်နဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ကလေးတွေမှာဆိုရင် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ ကြုံနိုင်ပါတယ်။ ပင်လယ်ရေတွေ ညစ်ညမ်းကုန်တဲ့အခါပင်လယ်နေရေသတ္တဝါတွေမှာလည်း မာကျူရီတွေ စုပုံလာနိုင်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ မာကျူရီဓာတ် ပါဝင်ကူးစက်နေတဲ့ ငါးတွေကို စားသုံးမှုလျှော့ချသင့်ပါတယ်။ မာကျူရီပါဝင်နှုန်းမြင့်မားနိုင်တဲ့ ငါးတွေကတော့။• ငါးမန်း။• ဓားရှည်နှုတ်သီးငါး။• မက်ကာရယ်ငါး။• တူနာငါး (အထူးသဖြင့် albacore tuna) စတာတွေ ဖြစ်ပါတယ်။၂။ ကောင်းစွာချက်ပြုတ်မထားတဲ့ ငါးများ။သားစိမ်းငါးစိမ်းများ၊ ကမာကောင်များကို စားသုံးခြင်းဟာ ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုးပေါင်းစုံ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးဝင်ပြီး အစာအဆိပ်သင့်ဖြစ်ခြင်းကြောင့် မိခင်ဖြစ်သူအနေနဲ့ ရေဓာတ်ခမ်းခြောက် အားနည်းခြင်း ဖြစ်တတ်ပါတယ်။သန္ဓေသားကိုပါ ကူးစက်မိရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ဘက်တီးရီးယားပိုးအများစုဟာ မြေကြီး၊ ရေနဲ့ အပင်တွေမှာ ကပ်ငြိနေနိုင်ပါတယ်။ ငါးတွေကို မီးခိုးကြပ်တိုက်တာဖြစ်ဖြစ်၊ အခြောက်လှမ်းတာဖြစ်ဖြစ် ပြုလုပ်တဲ့အခါ ကူးစက်နိုင်ပါတယ်။ဘက်တီးရီးယားပိုးကပ်ငြိပြီး ကောင်းစွာချက်ပြုတ်ထားခြင်း မရှိတဲ့ ငါးတွေကို စားသုံးရာကတဆင့် ရောဂါရနိုင်ပါတယ်။ အဲဒီအခါ လမစေ့ဘဲမွေးခြင်း၊ ကလေးပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ မကျက်တကျက်ငါးများ၊ ကမာကောင်များ၊ အစားအသောက်များကို မစားသုံးသင့်ပါဘူး။ ဆူရှီအစိမ်းများလည်း အပါအဝင်ဖြစ်ပါတယ်။၃။ ကောင်းစွာမချက်ထားတဲ့အသားစိမ်းများ၊ပြုပြင်ထားတဲ့ အသားများ။အဆိုပါအသားများကို စားသုံးခြင်းဟာ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးများ ဆိုးရွားစွာ ကူးစက်ခံရခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။ Toxoplasma, E. coli, Listeria နဲ့ Salmonella စတဲ့ ဘက်တီးရီးယားပိုးတွေဟာ သန္ဓေသားကို ဆိုးရွားစွာ ထိခိုက်နိုင်စေပါတယ်။ ဉာဏ်ရည်ဉာဏ်သွေးချို့ယွင်းခြင်း၊ မျက်စိကွယ်ခြင်း၊ အတက်ရောဂါဖြစ်ခြင်း စတာတွေ ကြုံတွေ့နိုင်ပါတယ်။ဘယ်အသားကိုမဆို ကောင်းစွာချက်ပြုတ်ခြင်း မရှိဘဲ မစားသုံးသင့်ပါဘူး။ ကြက်ဥအစိမ်း စားတာကိုလည်း ရှောင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ တစိတ်တပိုင်းပြုပြင်ထားတဲ့ အသားတွေကို စားသောက်တော့မယ်ဆိုရင် ပြန်လည်အပူပေးချက်ပြုပြီးမှသာ စားသုံးသင့်ပါတယ်။၄။ကလီစာများ။ကလီစာများဟာလည်း အာဟာရပြည့်ဝတဲ့ အစားအစာဖြစ်ပါတယ်။ သံဓာတ်၊ ဗီတာမင် B12၊ ဗီတာမင် A နဲ့ ကြေးနီဓာတ်တွေ ပါဝင်ပါတယ်။ ဒါဟာ မိခင်လောင်းအတွက်ရော ကလေးအတွက်ပါ အားဖြစ်စေပါတယ်။ဒါပေမယ့် တိရစ္ဆာန်အသည်းကရတဲ့ ဗီတာမင် A ကို ကိုယ်ဝန်ဆောင်ချိန်မှာ အများအပြား စားသုံးခြင်းမပြုဖို့ တိုက်တွန်းထားပါတယ်။ ဗီတာမင် A အဆိပ်သင့်ခြင်း၊ ကြေးနီဓာတ် ပုံမှန်ထက် မြင့်တက်ခြင်း စတာတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီအခါ မွေးရာပါကိုယ်အင်္ဂါ အစိတ်အပိုင်း ချို့တဲ့ခြင်း၊ အသည်းအဆိပ်တက်ခြင်း စတာတွေ ဖြစ်ပေါ်တတ်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ ကလီစာများကို တပတ်တကြိမ်ထက် ပိုမစားသင့်ပါဘူး။၅။ ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်။နို့နဲ့ နို့ထွက်ပစ္စည်းတွေက ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ရစေလို့ စားသင့်ပါတယ်။ ဒါပေမယ့် ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်တွေမှာ Listeriaဆိုတဲ့ ဘက်တီးရီးယား ပိုးပါတတ်ပါတယ်။ ဒီပိုးက ဗိုက်ထဲက သန္ဓေသားကို ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ပါတယ်။ နို့မှာတင်မကဘဲ အပြင်က ဝယ်လာတဲ့ ရယ်ဒီမိတ် ဘူးနဲ့ သစ်သီးဖျော်ရည်တွေမှာလည်း ပါတတ်တာကြောင့် ပိုးသတ်ထားတာကိုပဲ သောက်သင့်ပါတယ်။၆။ အသီးအရွက်အစိမ်း။မြန်မာနိုင်ငံမှာ အသီးအရွက်တွေကို တို့စရာအနေနဲ့ အစိမ်းစားတတ်ကြပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားသင့်ပါတယ်။ သေချာမဆေးထားဘူးဆိုရင် ပိုးတွေ ကပ်ပါလာနိုင်ပြီး ကိုယ်ဝန်ဆောင်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသီးအရွက်တွေ စားမယ်ဆို သေချာဆေးပြီး ကျက်အောင် ချက်စားပါ။ အသီးအနှံတွေဆိုရင်လည်း ရေသေချာဆေးပြီး အပြင်အခွံကို ခွာပြီးမှ စားပေးပါ။၇။ကဖိန်း။ကဖိန်းက အာရုံကြောစနစ်ကို ကောင်းစွာလှုံ့ဆော်ပေးနိုင်တဲ့ အရာဖြစ်ပြီး ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်၊ ကိုကိုး စတာတွေမှာ တွေ့ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်များအနေနဲ့ တနေ့ကို ကဖိန်း ၂၀၀ မီလီဂရမ်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။ ဒါဟာ ကော်ဖီ ၂-၃ခွက်စာနဲ့ ညီမျှပါတယ်။ကဖိန်းဟာ အချင်းကနေတဆင့် သန္ဓေသားဆီ ရောက်နိုင်ပါတယ်။ သန္ဓေသားမှာ ကဖိန်းဓာတ်ကို ချေဖျက်ဖို့ အဓိကအင်ဇိုင်းမရှိသေးတာကြောင့် ပမာဏများစွာ စုပုံလာနိုင်ပါတယ်။ ကဖိန်းဓာတ်များလွန်းရင် သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ကိုယ်အလေးချိန်လျော့နည်းစွာနဲ့ မွေးတာမျိုး တွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ကြီးပြင်းလာတဲ့အခါ အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်လာနိုင်ခြေ ရှိပါတယ်။၈။အယ်လ်ကိုဟော။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ အရက်ကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ပမာဏနည်းပါးရင်တောင် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်စေပါတယ်။ နှလုံးပိုင်းဆိုင်ရာ ချို့ယွင်းခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထိခိုက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။၉။ အဆင့်ဆင့်ပြုပြင်ထားသောအသင့်စားသရေစာများ။ကိုယ်ဝန်ဆောင်ချိန်ဟာ မိခင်အတွက်ရော ကလေးအတွက်ပါ အင်အားလိုအပ်တဲ့ အချိန်ဖြစ်ပါတယ်။ ပရိုတိန်း၊ ဖောလိတ်၊ သံဓာတ် စတာတွေ လိုအပ်ပါတယ်။ အဆိုပါ အာဟာရဓာတ်တွေကို ပြည့်ဝအောင် စားသုံးဖို့ လိုအပ်ပေမယ့် ကယ်လိုရီကိုတော့ နှစ်ဆပိုစားစရာ မလိုပါဘူး။ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရဓာတ်ပြည့်ဝဖို့ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုသာ စားသုံးသင့်ပြီး စားကောင်းအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေကို မစားသင့်ပါဘူး။ အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေမှာ အာဟာရဓာတ်နည်းပြီး ကယ်လိုရီ၊ သကြားနဲ့ ဆီသာ ပိုမိုပါဝင်လာပါတယ်။ ဒါကြောင့် အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေ မြင့်စေပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/worst-drink-for-pregnant-mom/
null
null
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/probiotic-may-help-prevent-recurrences-of-bacterial-vaginosis/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/okra-benefits/
null
null
allergies
allergies
https://hellosayarwon.com/allergies/other-allergies/%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%99%e1%80%90%e1%80%8a%e1%80%b9%e1%80%b7%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8-%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%a1%e1%80%85/
မျက်နှာပေါ်က အဆီပိုတွေကြောင့်စိတ်ညစ်နေသလား
မျက်နှာကို ကြွက်သားပေါင်း ၅၂ ခုနဲ့ ဖွဲ့စည်းထားတာပါ။ မျက်နှာပြင်ပေါ်ကကြွက်သားတွေကခန္ဓာကိုယ်အခြားအစိတ်အပိုင်းက ကြွက်သားတွေလိုပါပဲ။ အဆီပို ကင်းပြီး ကျန်းမာစေဖို့အတွက် လေ့ကျင့်ခန်း လုပ်ပေးဖို့ လိုအပ်ပါမယ်။တကယ်လို့ မျက်နှာကြွက်သားတွေကို လေ့ကျင့်ခန်း မလုပ်ဘဲ ထားမယ်ဆိုရင် လျော့ရဲရဲဖြစ်နေပြီး အဆီပိုတွေနဲ့ ကြည့်ရဆိုးနေမှာပါ။ မျက်နှာကို လေ့ကျင့်ခန်း လုပ်ပေးတာက အဆီပိုတွေတင် ဖယ်ရှားပေးတာမဟုတ်ဘဲအရေးအကြောင်းတွေကင်းပြီး တင်းရင်းလှပနေစေမှာ အသေအချာပါ။မျက်နှာအဆီပိုတွေကျစေမယ့် လေ့ကျင့်ခန်းကို အတူတူလုပ်ကြည့်ကြရအောင်။ဒီလေ့ကျင့်ခန်းမှာ ခေါင်းကို အပေါ်ကိုမော့နိုင်သမျှ မော့ရမှာပါ။မျက်လုံးက မျက်နှာကြတ်ကိုမြင်ရတဲ့အထိခေါင်းကို အပေါ်ကို ဖြည်းဖြည်းချင်း မော့ရမှာပါ။ ပြီးရင်တော့ အောက်နှုတ်ခမ်းကို အပေါ်နှုတ်ခမ်းကို အုပ်သွားတဲ့အထိ ထော်ပေးရမှာပါ။ ဒါမှ မေးစေ့ကို အပေါ်ဘက်ကို ဆွဲတင်သလို ဖြစ်မှာပါ။တစ်ခါလုပ်ရင် ၁၀ စက္ကန့်ကြာနဲ့ ၁၀ ကြိမ် လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက မေးနှစ်ထပ် ဖြစ်နေတာနဲ့ အဆီကြောင့်လည်ပင်းမပေါ်ဘဲ ပျောက်နေတာကို သက်သာစေမှာပါ။ငယ်ငယ်က ကစားဖူးတယ်ဟုတ်။ လေဖောင်းတာမျိုးလေ။ လေကို ပါးတစ်ဖက်မှာ ၅ စက္ကန့်ကြာအောင် ဖောင်းပေးရပါမယ်။ တစ်ဖက်ပြီး တစ်ဖက်လုပ်ပေးရမှာပါ။ ပြီးရင်တော့ လေကို ပြန်ထုတ်တဲ့အခါပါးစပ်ကို ကျယ်ကျယ်ဟပြီး ထုတ်ပေးပါ။ ဒီလိုလုပ်ပေးတာက ပါးက အဆီပိုတွေကို ဖယ်ရှားပေးနိုင်မှာပါ။ ပါးသားတွေကိုလည်း ကျစ်လျစ်စေနိုင်ပါတယ်။ပါးတွေကို အတွင်းဘက်ဆီကို ခပ်တင်းတင်း စုပ်သွင်းပြီး နှုတ်ခမ်းကို ငါးပါးစပ်ပုံစံ ဖြစ်အောင် လုပ်ရမှာပါ။ တစ်ခါလုပ်ရင် ၅ စက္ကန့်နှုန်းနဲ့ ၁၀ ကြိမ် လုပ်ပေးရပါမယ်။ ပါးက အဆီပိုတွေကို ဖယ်ရှားနိုင်မှာပါ။မှန်ထဲကိုကြည့်ပြီး မျက်လုံးအောက်ဘက်က ကြွက်သားတွေကို လက်ညှိုးတွေသုံးလို့ ဘေးဘက်ကို အသာအယာ ဆွဲဆန့်ပေးပါ။ ဒီလိုဆွဲဆန့်ချိန်မှာ မျက်လုံးကို မှိတ်ပါ။ ဒီလိုလုပ်ပေးတာက မျက်လုံးအောက်ဘက်က အဆီပိုတွေကို ဖယ်ရှားပေးနိုင်မှာပါ။ မျက်လုံးတဝိုက်သွေးစီးဆင်းမှုကောင်းမွန်စေပြီး မျက်ကွင်းညိုတာကိုပါ သက်သာစေနိုင်ပါတယ်။အစားစားပြီးတိုင်း ရေငုံလို့ ပလုတ်ကျင်းတာကို ၂ မိနစ်ကြာ လုပ်ပေးပါ။ ဒီလိုလုပ်တာက သွားနဲ့ခံတွင်း ကျန်းမာစေသလို ပါးက အဆီပိုတွေကိုပါ ဖယ်ရှားနိုင်ပါတယ်။ဒါကလည်း မျက်နှာပေါ်က အဆီပိုတွေ ဖယ်ရှားဖို့နဲ့ မျက်နှာကြွက်သားတွေ သန်မာစေဖို့ လုပ်သင့်တဲ့ လေ့ကျင့်ခန်း တစ်ခုပါ။ရယ်မောတာက မျက်နှာကြွက်သားတွေအတွက် ကောင်းမွန်တဲ့ လေ့ကျင့်ခန်း တစ်ရပ်ပါ။ ရယ်မောလေလေ မျက်နှာကြွက်သားတွေမှာ သွေးစီးဆင်းရောက်ရှိမှု ကောင်းမွန်လေလေဖြစ်ပြီး မျက်နှာကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။ အဆီပိုတွေကိုလည်း အကောင်းဆုံး ဖယ်ရှားနိုင်မှာပါ။နေ့တိုင်း မိနစ် ၂၀ ကြာ ပီကေဝါးပေးမယ် ဆိုရင်မျက်နှာရဲ့ မေးစေ့နဲ့ ပါးနှစ်ဖက်က အဆီပိုတွေကို ဖယ်ရှားဖို့ အထောက်အပံ့ဖြစ်စေမှာပါ။ ဒါကြောင့် မျက်နှာပေါ်က အဆီပိုတွေကို ဖယ်ရှားမယ်ဆိုရင် ပီကေဝါးတာကလည်း မေ့ထားလို့မဖြစ်တဲ့ မျက်နှာလေ့ကျင့်ခန်းလေးတစ်ခုပေါ့။အခုပြောခဲ့တဲ့လေ့ကျင့်ခန်းတွေကို လုပ်ကြည့်ပြီး မျက်နှာပေါ်က အဆီပိုတွေကို ဖယ်ရှားနိုင်ကြပါစေကြောင်း……။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/effective-tips-to-lose-fat-in-face/
ညှင်း ဖြစ်နေပြီလား..........
အနာအဆာကင်းတဲ့အရေပြားလေးက ဆွဲဆောင်မှုတိုးစေတဲ့အချက်တစ်ခုပါ။ အရေပြား ကျန်းမာတာက လူတစ်ယောက်ရဲ့သွင်ပြင်အပေါ်မှာ အများကြီးသက်ရောက်နေတဲ့ အချက်တစ်ခုပေါ့။ ဒီတစ်ခေါက်တော့ လူတော်တော်များများမှာဖြစ်တတ်တဲ့အရေပြားပြဿနာတစ်ခုဖြစ်တဲ့ညှင်းအကြောင်း ပြောပြပေး ချင်ပါတယ်။ညှင်းဆိုတာက အရေပြားမှာမှိုစွဲတဲ့ ရောဂါတစ်မျိုးပါ။ ညှင်းဖြစ်စေတဲ့မှိုပိုးက အရေပြားပေါ်မှာ ရှိနေတတ်တဲ့Malasseziaမှိုပိုး အမျိုးအစားပါ။ ပုံမှန်အားဖြင့်ကတော့ အရေပြားပေါ်မှာ သာမန်မျက်လုံးနဲ့ မမြင်ရတဲ့ မှိုပိုးနဲ့ဘက်တီးရီးယားပေါင်း သန်းပေါင်းများစွာရှိနေပါတယ်။  သူတို့က သင့်ကိုယ်တွင်းကိုကူးစက်ရောဂါပိုးတွေ ဝင်ရောက်တာမျိုးမရှိအောင် ကာကွယ်ပေးရင်း အရေပြားပေါ်မှာ အသိုက်ဖွဲ့လို့နေနေတတ်ကြတာပါ။ သူတို့တွေရှိနေလိုပလည်း အချို အန္တရာယ်များတဲ့ ရောဂါပိုးတွေက ကိုယ်တွင်းကို ဝင်ရောက်မလာတာပေါ့။အရေပြားဆဲလ်တွေနဲ့ သူတို့လေးတွေက အချင်းချင်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အနေနဲ့ နေထိုင်ရှင်သန်နေကြတာပါ။ပုံမှန် အခြေအနေအတိုင်း ရှင်သန်နေတာက ပြဿနာမရှိပေမယ့် ဒီမှိုပိုးအရေအတွက်က ထိန်းမရနိုင်တဲ့အထိ ပေါက်ဖွားလာမယ်ဆိုရင်တော့ အရေပြား ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီးအသားအရောင်ပြောင်းတာမျိုး ဖြစ်လာစေနိုင်ပါတယ်။Malasseziaမှိုပိုးတွေ အဆမတန် ပေါက်ဖွားလာမှုက အရေပြားပေါ်မှာ အရောင်ရင့်ရင့် အကွက်တွေ၊ အရောင်ခပ်ဖျော့ဖျော့ အကွက်တွေဖြစ်လာစေနိုင်ပါတယ်။ ဒီလိုအရေပြားပေါ်မှာ အကွက်တွေဖြစ်လာတာကို ညှင်း လို့ခေါ်တာပါ။ညှင်း ဖြစ်စေတဲ့ မှိုပိုးက အရေပြားပေါ်မှာ သဘာဝအတိုင်း ပေါက်ဖွားတတ်တာကြောင့် တစ်ဦးကနေတစ်ဦးကို မကူးစက်နိုင်ပါဘူး။ ညှင်းက ဘယ်အသားအရောင်မျိုးမှာ မဆိုဖြစ်နိုင်ပြီးဆယ်ကျော်သက်တွေနဲ့ လူငယ်တွေမှာ အဖြစ်များပါတယ်။အရေပြားမှာ ညှင်း ဖြစ်စေတဲ့ မှိုပိုးတွေ အဆမတန် ပေါက်ဖွားလာတဲ့အခါ အသားအရောင်ပြောင်းတာမျိုးဖြစ်နိုင်သလို အရေပြားမှာ အသားအရောင်မညီတဲ့ အစက်အပြောက်တွေဖြစ်တာ၊ အကွက်တွေဖြစ်တာမျိုး ဖြစ်နိုင်ပါတယ်။ အရေပြားမှာ ညှင်းဖြစ်နေပြီဆိုရင်။ဒီအကွက်လေးတွေက ရာသီဥတု အေးလာတဲ့အခါ ပျောက်သွားတတ်ပြီး ရာသီဥတု အခြေအနေကပူနွေးစိုစွတ်တဲ့အခါမှာ ပိုဆိုးလာတတ်ပါတယ်။ ညှင်းဖြစ်တဲ့အခါ အရေပြားက ခြောက်သွေ့တာ၊ အဖက်လေးတွေလန်တာ၊ ယားယံတာ၊နာကျင်တာတွေခံစားရနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ခံစားရပုံခြင်း ကွာခြားတာမျိုးတော့ရှိပါတယ်။ညှင်းကလည်း ရောဂါတစ်မျိုးဖြစ်တာကြောင့် မဖြစ်အောင် ကာကွယ်လို့ရပါတယ်။ ဘယ်လိုကာကွယ်ရမလဲဆိုတော့။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%99%e1%80%ae%e1%80%9c%e1%80%90%e1%80%b9%e1%80%85%e1%80%b9%e1%80%99%e1%80%ac-%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%af%e1%80%9e%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%90%e1%80%b2/
null
null
parenting
parenting
https://hellosayarwon.com/parenting/child-health/respiratory-diseases/asthma-and-cough-in-child/
null
null
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/%e1%80%98%e1%80%b0%e1%80%94%e1%80%ae%e1%80%9a%e1%80%bd%e1%80%94%e1%80%ba/
null
null
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%9d%e1%80%80%e1%80%b9%e1%81%bf%e1%80%81%e1%80%b6%e1%80%b1%e1%80%95%e1%80%ab%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%95/
ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားသင့်သော အစားအစာများ
ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတို့ဘဝမှာ အလွန်အရေးပါတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ဘယ်လိုအစားအစာတွေကို ရှောင်ရှားသင့်တယ်ဆိုတာလည်း သိထားဖို့် လိုပါတယ်။ ယခုဖော်ပြမယ့် အကြောင်းအရာတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို အစားအသောက်တွေကို ရှောင်ကြဉ်သင့်သလဲ ဆိုတာပါပဲ။ကိုယ်ဝန်ဆောင်ချိန်မှာရှောင်ရှားသင့်သော အစားအစာများ ကတော့။၁။မာကျူရီပါဝင်နှုန်းများတဲ့ ငါးများ။မာကျူရီ (ပြဒါး)ဟာ အဆိပ်ဓာတ်ရှိတဲ့အရာ ဖြစ်ပါတယ်။ ထိတွေ့မှုရှိရင် အန္တရာယ် အနည်းနဲ့ အများ ရှိနိုင်ပါတယ်။ မာကျူရီတွေကို မသန့်စင်တဲ့ ရေဆိုးတွေမှာ အများဆုံး တွေ့နိုင်ပါတယ်။ ပမာဏများများ ထိတွေ့ရင် အာရုံကြောစနစ်နဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ကလေးတွေမှာဆိုရင် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ ကြုံနိုင်ပါတယ်။ ပင်လယ်ရေတွေ ညစ်ညမ်းကုန်တဲ့အခါပင်လယ်နေရေသတ္တဝါတွေမှာလည်း မာကျူရီတွေ စုပုံလာနိုင်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ မာကျူရီဓာတ် ပါဝင်ကူးစက်နေတဲ့ ငါးတွေကို စားသုံးမှုလျှော့ချသင့်ပါတယ်။ မာကျူရီပါဝင်နှုန်းမြင့်မားနိုင်တဲ့ ငါးတွေကတော့။• ငါးမန်း။• ဓားရှည်နှုတ်သီးငါး။• မက်ကာရယ်ငါး။• တူနာငါး (အထူးသဖြင့် albacore tuna) စတာတွေ ဖြစ်ပါတယ်။၂။ ကောင်းစွာချက်ပြုတ်မထားတဲ့ ငါးများ။သားစိမ်းငါးစိမ်းများ၊ ကမာကောင်များကို စားသုံးခြင်းဟာ ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုးပေါင်းစုံ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးဝင်ပြီး အစာအဆိပ်သင့်ဖြစ်ခြင်းကြောင့် မိခင်ဖြစ်သူအနေနဲ့ ရေဓာတ်ခမ်းခြောက် အားနည်းခြင်း ဖြစ်တတ်ပါတယ်။သန္ဓေသားကိုပါ ကူးစက်မိရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ဘက်တီးရီးယားပိုးအများစုဟာ မြေကြီး၊ ရေနဲ့ အပင်တွေမှာ ကပ်ငြိနေနိုင်ပါတယ်။ ငါးတွေကို မီးခိုးကြပ်တိုက်တာဖြစ်ဖြစ်၊ အခြောက်လှမ်းတာဖြစ်ဖြစ် ပြုလုပ်တဲ့အခါ ကူးစက်နိုင်ပါတယ်။ဘက်တီးရီးယားပိုးကပ်ငြိပြီး ကောင်းစွာချက်ပြုတ်ထားခြင်း မရှိတဲ့ ငါးတွေကို စားသုံးရာကတဆင့် ရောဂါရနိုင်ပါတယ်။ အဲဒီအခါ လမစေ့ဘဲမွေးခြင်း၊ ကလေးပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ မကျက်တကျက်ငါးများ၊ ကမာကောင်များ၊ အစားအသောက်များကို မစားသုံးသင့်ပါဘူး။ ဆူရှီအစိမ်းများလည်း အပါအဝင်ဖြစ်ပါတယ်။၃။ ကောင်းစွာမချက်ထားတဲ့အသားစိမ်းများ၊ပြုပြင်ထားတဲ့ အသားများ။အဆိုပါအသားများကို စားသုံးခြင်းဟာ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးများ ဆိုးရွားစွာ ကူးစက်ခံရခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။ Toxoplasma, E. coli, Listeria နဲ့ Salmonella စတဲ့ ဘက်တီးရီးယားပိုးတွေဟာ သန္ဓေသားကို ဆိုးရွားစွာ ထိခိုက်နိုင်စေပါတယ်။ ဉာဏ်ရည်ဉာဏ်သွေးချို့ယွင်းခြင်း၊ မျက်စိကွယ်ခြင်း၊ အတက်ရောဂါဖြစ်ခြင်း စတာတွေ ကြုံတွေ့နိုင်ပါတယ်။ဘယ်အသားကိုမဆို ကောင်းစွာချက်ပြုတ်ခြင်း မရှိဘဲ မစားသုံးသင့်ပါဘူး။ ကြက်ဥအစိမ်း စားတာကိုလည်း ရှောင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ တစိတ်တပိုင်းပြုပြင်ထားတဲ့ အသားတွေကို စားသောက်တော့မယ်ဆိုရင် ပြန်လည်အပူပေးချက်ပြုပြီးမှသာ စားသုံးသင့်ပါတယ်။၄။ကလီစာများ။ကလီစာများဟာလည်း အာဟာရပြည့်ဝတဲ့ အစားအစာဖြစ်ပါတယ်။ သံဓာတ်၊ ဗီတာမင် B12၊ ဗီတာမင် A နဲ့ ကြေးနီဓာတ်တွေ ပါဝင်ပါတယ်။ ဒါဟာ မိခင်လောင်းအတွက်ရော ကလေးအတွက်ပါ အားဖြစ်စေပါတယ်။ဒါပေမယ့် တိရစ္ဆာန်အသည်းကရတဲ့ ဗီတာမင် A ကို ကိုယ်ဝန်ဆောင်ချိန်မှာ အများအပြား စားသုံးခြင်းမပြုဖို့ တိုက်တွန်းထားပါတယ်။ ဗီတာမင် A အဆိပ်သင့်ခြင်း၊ ကြေးနီဓာတ် ပုံမှန်ထက် မြင့်တက်ခြင်း စတာတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီအခါ မွေးရာပါကိုယ်အင်္ဂါ အစိတ်အပိုင်း ချို့တဲ့ခြင်း၊ အသည်းအဆိပ်တက်ခြင်း စတာတွေ ဖြစ်ပေါ်တတ်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ ကလီစာများကို တပတ်တကြိမ်ထက် ပိုမစားသင့်ပါဘူး။၅။ ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်။နို့နဲ့ နို့ထွက်ပစ္စည်းတွေက ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ရစေလို့ စားသင့်ပါတယ်။ ဒါပေမယ့် ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်တွေမှာ Listeriaဆိုတဲ့ ဘက်တီးရီးယား ပိုးပါတတ်ပါတယ်။ ဒီပိုးက ဗိုက်ထဲက သန္ဓေသားကို ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ပါတယ်။ နို့မှာတင်မကဘဲ အပြင်က ဝယ်လာတဲ့ ရယ်ဒီမိတ် ဘူးနဲ့ သစ်သီးဖျော်ရည်တွေမှာလည်း ပါတတ်တာကြောင့် ပိုးသတ်ထားတာကိုပဲ သောက်သင့်ပါတယ်။၆။ အသီးအရွက်အစိမ်း။မြန်မာနိုင်ငံမှာ အသီးအရွက်တွေကို တို့စရာအနေနဲ့ အစိမ်းစားတတ်ကြပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားသင့်ပါတယ်။ သေချာမဆေးထားဘူးဆိုရင် ပိုးတွေ ကပ်ပါလာနိုင်ပြီး ကိုယ်ဝန်ဆောင်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသီးအရွက်တွေ စားမယ်ဆို သေချာဆေးပြီး ကျက်အောင် ချက်စားပါ။ အသီးအနှံတွေဆိုရင်လည်း ရေသေချာဆေးပြီး အပြင်အခွံကို ခွာပြီးမှ စားပေးပါ။၇။ကဖိန်း။ကဖိန်းက အာရုံကြောစနစ်ကို ကောင်းစွာလှုံ့ဆော်ပေးနိုင်တဲ့ အရာဖြစ်ပြီး ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်၊ ကိုကိုး စတာတွေမှာ တွေ့ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်များအနေနဲ့ တနေ့ကို ကဖိန်း ၂၀၀ မီလီဂရမ်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။ ဒါဟာ ကော်ဖီ ၂-၃ခွက်စာနဲ့ ညီမျှပါတယ်။ကဖိန်းဟာ အချင်းကနေတဆင့် သန္ဓေသားဆီ ရောက်နိုင်ပါတယ်။ သန္ဓေသားမှာ ကဖိန်းဓာတ်ကို ချေဖျက်ဖို့ အဓိကအင်ဇိုင်းမရှိသေးတာကြောင့် ပမာဏများစွာ စုပုံလာနိုင်ပါတယ်။ ကဖိန်းဓာတ်များလွန်းရင် သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ကိုယ်အလေးချိန်လျော့နည်းစွာနဲ့ မွေးတာမျိုး တွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ကြီးပြင်းလာတဲ့အခါ အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်လာနိုင်ခြေ ရှိပါတယ်။၈။အယ်လ်ကိုဟော။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ အရက်ကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ပမာဏနည်းပါးရင်တောင် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်စေပါတယ်။ နှလုံးပိုင်းဆိုင်ရာ ချို့ယွင်းခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထိခိုက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။၉။ အဆင့်ဆင့်ပြုပြင်ထားသောအသင့်စားသရေစာများ။ကိုယ်ဝန်ဆောင်ချိန်ဟာ မိခင်အတွက်ရော ကလေးအတွက်ပါ အင်အားလိုအပ်တဲ့ အချိန်ဖြစ်ပါတယ်။ ပရိုတိန်း၊ ဖောလိတ်၊ သံဓာတ် စတာတွေ လိုအပ်ပါတယ်။ အဆိုပါ အာဟာရဓာတ်တွေကို ပြည့်ဝအောင် စားသုံးဖို့ လိုအပ်ပေမယ့် ကယ်လိုရီကိုတော့ နှစ်ဆပိုစားစရာ မလိုပါဘူး။ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရဓာတ်ပြည့်ဝဖို့ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုသာ စားသုံးသင့်ပြီး စားကောင်းအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေကို မစားသင့်ပါဘူး။ အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေမှာ အာဟာရဓာတ်နည်းပြီး ကယ်လိုရီ၊ သကြားနဲ့ ဆီသာ ပိုမိုပါဝင်လာပါတယ်။ ဒါကြောင့် အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေ မြင့်စေပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/pregnancy-mom-can-eat-papaya/
ကိုယ့်ကလေးလေးကို ထိုင်ကွင်းပေးသုံးသင့်သေးရဲ့လား
နှစ်စဉ်နှစ်တိုင်းကလေးထောင်ပေါင်းများစွာဟာ ထိုင်ကွင်းသုံးခြင်းရဲ့နောက်ဆက်တွဲဖြစ်တဲ့ လှေကားပေါ်ကနေပြုတ်ကျပြီး အရေးပေါ်ဌာနကိုရောက်လာကြပါတယ်။ထိုင်ကွင်းလို့ခေါ်တဲ့ baby walker တွေထဲဝင်နေရတာဟာ ကလေးတွေအတွက် ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ လုံခြုံရေးအကာအကွယ်တွေယူယူ ဆယ်စုနှစ်တွေအတွင်းမှာ ထိုင်ကွင်းတွေနဲ့ ဆက်စပ်တဲ့ ထိခိုက်ဒဏ်ရာအရေအတွက်ဟာ တစ်ချိန်လုံးမြင့်တက်နေတဲ့အတွက် အမေရိကန်နိုင်ငံမှာ ထိုင်ကွင်းအသုံးပြုမှုကို လုံးဝတားမြစ်ထားပါတယ်။ ၁၉၉၀ ကနေ ၂၀၁၄ အတွင်း အသက်ဆယ့်ငါးလအောက် ကလေးပေါင်း နှစ်သိန်းသုံးသောင်းကျော် (၂၃၀၆၇၆)ယောက်ဟာ ထိုင်ကွင်းတွေကြောင့်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ကလေးတွေအများစုဟာ ခေါင်းနဲ့လည်ပင်းမှာ ထိခိုက်ဒဏ်ရာရခဲ့ကြတာဖြစ်ပြီး ၇၅ ရာခိုင်နှုန်းဟာ လှေကားပေါ်က ပြုတ်ကျခဲ့တာဖြစ်ပါတယ်။ထိုင်ကွင်းဆိုတာ ဘီးပါတဲ့ ထိုင်ခုံတွေဖြစ်ပြီးခြေထောက်ချထားဖို့ အပေါက်လဲပါပါတယ်။ အဓိကအားဖြင့် အသက်ငါးလကနေ ဆယ့်ငါးလအတွင်း လမ်းမလျှောက်တတ်သေးတဲ့ ကလေးတွေကို သူတို့ဖာသာသူတို့ သွားနိုင်အောင် ကူညီပေးတဲ့ ပစ္စည်းတစ်ခုပါ။ ဝဝတုတ်တုတ်ခြေထောက်ကလေးတွေကို ကန်ပြီး အခန်းတစ်ခုထဲမှာ လျှောက်သွားနေတဲ့ကလေးလေးတစ်ယောက်ကို ကြည့်ရတာပျော်စရာ ကောင်းနိုင်ပါတယ်။ ဒါ့အပြင်မိဘတွေအနေနဲ့ တခြားအလုပ်များနေချိန်မှာ ကလေးသူဖာသာနေအောင် ခဏထားထားလို့လဲရစေပါတယ်။ ဒါပေမယ့် တစ်ပြိုင်နက်တည်းမှာပဲကလေးဟာ နေရာတော်တော်များများကို သူ့ဖာသာသွားပြီး ပစ္စည်းတွေကို ဝင်တိုက်မိနိုင်သလို လှေကားအစွန်းကနေလဲ လိမ့်ကျနိုင်ပါတယ်။ကြွက်သားနာကျင် ဖူးရောင်ဒဏ်ရာ၊ဦးနှောက်ခဏတာလှုပ်ခတ်ခြင်း နဲ့ ခေါင်းအတွင်းပိုင်းထိခိုက်ဒဏ်ရာအပြင်ပြတ်ရှဒဏ်ရာတွေရတတ်ပါတယ်။ တချို့ကလေးတွေကတော့ဦးခေါင်းခွံကွဲအက်ခြင်းနဲ့ ဦးနှောက်ကိုထိခိုက်မိခြင်းလို ပိုပြင်းထန်တဲ့ ဒဏ်ရာတွေရကြပါတယ်။ ဒီလိုဆို မိဘတွေအနေနဲ့ လှေကားထိပ်ကိုပိတ်ပြီး အန္တရာယ်ကင်းအောင်လုပ်လို့မရဘူးလား၊ လှေကားမရှိတဲ့ တစ်ထပ်အိမ်တွေမှာဆိုရင်ရော အန္တရာယ်မကင်းဘူးလားဆိုရင် မကင်းပါဘူး။ ဘာလို့လဲဆိုတော့ ထိုင်ကွင်းတွေရဲ့ ဒုတိယအဖြစ်အများဆုံးအကြောင်းအရင်းက ကလေးဟာ ဘာနဲ့မှမတိုက်မိဘဲနဲ့လဲ ထိုင်ကွင်းထဲကနေပြုတ်ကျတာမို့လို့ပါပဲ။ နောက်တစ်ခုက ပုံမှန်ထက်ပိုပြီး သွားလာရလွယ်ကူနေတဲ့အတွက် အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကို ထိမိကိုင်မိရာကနေလဲ ဒုက္ခတွေ့တတ်ပါတယ်။ ဥပမာ ရေနွေးအိုးအပူကိုကိုင်မိလို့အပူလောင်တာ၊ ရေနွေးပူဖိတ်ကျတာမျိုး၊ ကြွေချီးချွတ်ဆေးရည်လိုဟာမျိုးကိုသောက်မိတာမျိုး။လေ့လာသူတွေက “ ထိုင်ကွင်းသုံးလိုက်တဲ့အခါ ကလေးတွေအနေနဲ့ ပုံမှန်ဆိုရောက်ဖို့သိပ်မလွယ်တဲ့ အန္တရာယ်များတဲ့ ပစ္စည်းတွေနဲ့ ထိတွေ့ဖို့အလွန်နီးစပ်သွားတယ်” လို့ဆိုပါတယ်။ အမေရိကန်ကလေးကျန်းမာရေးအကယ်ဒမီက ဖော်ပြချက်အရ အမေရိကန်နိုင်ငံမှာ ၁၉၇၃ ကနေ ၁၉၉၈ အတွင်း ထိုင်ကွင်းသုံးခြင်းကြောင့် ထိခိုက်ဒဏ်ရာရပြီး သေဆုံးတဲ့ ကလေးအရေအတွက်ဟာ ၃၄ ယောက်ရှိခဲ့တယ်လို့ဆိုပါတယ်။ ၁၉၉၀ ပတ်ဝန်းကျင်ရောက်လာတဲ့အခါမှာတော့ ထိုင်ကွင်းရဲ့အန္တရာယ်ကို လူတွေသတိပြုမိလာပြီး လှုပ်ရှားတက်ကြွသူတချို့က ဒီပစ္စည်းကို ဈေးကွက်မှာရောင်းခွင့်ပိတ်ပစ်ဖို့ စတင်တောင်းဆိုလာကြပါတယ်။၁၉၉၆ရောက်တဲ့အခါ ထိုင်ကွင်းတွေရဲ့ လုံခြုံစိတ်ချရမှုကို တိုးမြှင့်တဲ့အနေနဲ့ တံခါးပေါက်ထက် ထိုင်ကွင်းအရွယ်အစားပိုကြီးရမယ်၊ ဒါ့အပြင် အရှိန်ထိန်းဖို့ ဘရိတ်ကိုလည်းထည့်သွင်းရမယ်လို့ ကြေညာခဲ့ပါတယ်။ အကျိူးဆက်အနေနဲ့ ထိုင်ကွင်းကြောင့်ထိခိုက်ဒဏ်ရာရမှုဟာ ၁၉၉၃ နဲ့ ၂၀၀၃ ကြားမှာ ၈၅% လောက်ကျသွားပါတယ်။ ကျသွားတယ်ဆိုပေမယ့် ထောင်ပေါင်းများစွာသောကလေးတွေဟာ ထိုင်ကွင်းကြောင့် ဒဏ်ရာတွေရနေတုန်းပါပဲ။၂၀၀၄ နဲ့ ၂၀၀၈ ကြားမှာတော့ အမေရိကန်နိုင်ငံမှာ ကလေးရှစ်ယောက်ဟာ ထိုင်ကွင်းကြောင့် ရရှိတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ပါတယ်။ ဒါပေမယ့် ခုချိန်ထိ နိုင်ငံတော်တော်များများမှာ ထိုင်ကွင်းတွေကို ရောင်းချနေဆဲဖြစ်သလို ပစ္စည်းတွေဟာ လုံခြုံစိတ်ချရမှုစည်းမျဉ်းတွေကိုလဲ လိုက်နာပြီးထုတ်ထားကြတာတွေမဟုတ်ပါဘူး။ “သတိပေးစာတွေဘယ်လောက်ပဲကပ်ကပ်၊ မိဘတွေကို ဘယ်လောက်ပဲ ပညာပေးပေး၊ တော်တော်များများဟာ ထိုင်ကွင်းတွေကို ကလေးတွေကိုဝယ်ယူသုံးစွဲနေဆဲပါပဲ” လို့ CPSC ရဲ့ စာရေးသူက ဆိုပါတယ်။ ထိုင်ကွင်းတွေဟာ အန္တရာယ်ရှိရုံမျှမက ကောင်းကျိုးကိုလဲ ယူဆောင်မပေးနိုင်ပါဘူး။ အမေရိကန်နိုင်ငံမှာတော့ ထိုင်ကွင်းတွေရောင်းချခွင့်ကို လုံးဝပိတ်ပင်လိုက်ပါပြီ။ ဒါကြောင့် သင့်ကလေးငယ်အတွက် ထိုင်ကွင်းအသုံးမပြုခြင်းဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုသာဖြစ်တဲ့အကြောင်း တင်ပြပေးလိုက်ရပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/baby-walkers-risks/
null
null
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/health-benefits-of-swimming/
null
null
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-milestones/tips-to-support-childrens-online-learning/
အမျိုးသမီးများ အီစထရိုဂျင် နည်းလာလျှင်
အီစထရိုဂျင်ဟာ အမျိုးသမီးများအတွက် အဓိကကျတဲ့ ဟော်မုန်းဖြစ်ပါတယ်။ အမျိုးသမီးများ ငယ်စဉ်ဘဝကနေ အရွယ်ရောက်ပြီး အသက်ကြီးလာတဲ့အထိ အမျိုးသမီးဘဝကို ထိန်းကျောင်းမောင်းနှင်ပေးတဲ့ ဟော်မုန်းဆိုရင် မမှားပါဘူး။ အပျိုဖော်ဝင်ပြီး အမျိုးသမီးလက္ခဏာများ ဖွံ့ဖြိုးလာဖို့၊ ကိုယ်ဝန်ဆောင်နိုင်ဖို့၊ အရိုးများနဲ့ ကိုလက်စထရောရဲ့ ဇီဝဖြစ်ပျက်မှုကို ထိန်းသိမ်းပေးဖို့ စတဲ့ကိစ္စရပ်တွေမှာ အီစထရိုဂျင်ဟော်မုန်းဟာ အရေးပါပါတယ်။ အမျိုးသားများမှာလည်း အီစထရိုဂျင်ဟော်မုန်းထွက်ပါတယ်။ အမျိုးသမီးတွေလောက်တော့ မများပါဘူး။အီစထရိုဂျင်ထုတ်လုပ်မှုကျဆင်းလာတဲ့အခါ တွေ့နိုင်တဲ့လက္ခဏာတွေကတော့။– မိန်းမကိုယ်ရဲ့သဘာဝချောမွေ့မှုနည်းသွားပြီး အတူနေစဉ် နာကျင်ခြင်း။– ဆီးလမ်းကြောင်းပိုးဝင်မှု မကြာခဏဖြစ်ပွားခြင်း။– ဓမ္မတာထိန်ခြင်း၊ ပုံမမှန်ခြင်း။–စိတ်အပြောင်းအလဲမြန်ခြင်း။– မျက်နှာများ နီရဲပူနွေးခြင်း (တစ်ခါတရံ လည်ပင်း၊ ရင်ဘတ်)။– ရင်သားများနာကျင်ခြင်း။– ခေါင်းကိုက်ခြင်း။– စိတ်ဓာတ်ကျခြင်း။– အာရုံစူးစိုက်ရန်ခက်ခဲခြင်း။–မောပန်းနွမ်းနယ်ခြင်းစတာတွေ ဖြစ်ပါတယ်။အရိုးများရဲ့ သိပ်သည်းဆနည်းလာတာကြောင့်အရိုးပွခြင်း၊ ကျိုးပဲ့လွယ်ခြင်းတွေ ဖြစ်လာပါတယ်။ အီစထရိုဂျင်ဟာကယ်လ်ဆီယမ်၊ ဗီတာမင် D စတာတွေနဲ့အတူအရိုးကိုကြံ့ခိုင်အောင် ထိန်းသိမ်းပေးရာမှာ ပါဝင်ပါတယ်။အီစထရိုဂျင်ကို အဓိကအားဖြင့် သားဥအိမ်တွေကနေ ထုတ်လုပ်ပေးပါတယ်။ ဒါကြောင့် သားဥအိမ်အပေါ် ထိခိုက်မှု၊ သက်ရောက်မှုတခုခုဖြစ်ရင် အီစထရိုဂျင်ထုတ်လုပ်မှုလျော့နည်းနိုင်ပါတယ်။ အထူးသဖြင့် –။– လေ့ကျင့်ခန်းအလွန်အမင်းပြုလုပ်ခြင်း။– အစာစားချင်စိတ်ကုန်ခမ်းခြင်း။– ပီကျူထရီဂလင်း စွမ်းဆောင်မှုလျော့ကျခြင်း။–သားဥအိမ်များ အရွယ်မတိုင်မီပျက်စီးခြင်း (ဗီဇ၊ အဆိပ်အတောက်၊ မိမိကိုယ်ခံအားက ပြန်တိုက်ခိုက်ခြင်း စသည်)။– တာနာ ရောဂါလက္ခဏာစု (Turner’s syndrome)။–နာတာရှည်ကျောက်ကပ်ရောဂါစတဲ့အခြေအနေတွေ ဖြစ်ပါတယ်။အမျိုးသမီးများအနေနဲ့ အသက် ၄၀ ကျော်လာတဲ့အခါ သွေးဆုံးချိန်နီးလာပြီး အီစထရိုဂျင်လျော့ကျလာပါတယ်။ သွေးဆုံးချိန် နီးလာတာနဲ့အမျှ အီစထရိုဂျင်ထုတ်ုလပ်မှုလည်း နည်းလာနိုင်ပါတယ်။အသက်အရွယ်၊ စားသောက်နေထိုင်ပုံ၊ မိသားစုရာဇဝင်၊ ပီကျူထရီဂလင်း အခြေအနေ စတာတွေပေါ် မူတည်ပြီး တယောက်နဲ့တယောက်တော့ ကြုံတွေ့ရတဲ့အခြေအနေ ကွဲပြားနိုင်ပါတယ်။အီစထရိုဂျင်နည်းပါးလာတဲ့ လက္ခဏာတွေ ပြလာရင် နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်သင့်ပါတယ်။ ဆရာဝန်နဲ့ ပြသပြီး နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။လိုအပ်ရင် ဟော်မုန်းဆေးပေးတဲ့နည်းနဲ့ ကုသမှု ခံယူနိုင်ပါတယ်။ ဒီကုသနည်းကတော့ အီစထရိုဂျင်ဟော်မုန်းကို သုံးစွဲပေးခြင်းပါပဲ။ ဆရာဝန်ညွှန်ကြားချက်၊ တစ်ဦးချင်းစီရဲ့ အခြေအနေပေါ်မူတည်ပြီး သောက်ဆေး၊ လိမ်းဆေး၊ ထိုးဆေး စသဖြင့် နည်းလမ်းစုံဖြစ်နိုင်ပါတယ်။ တစ်ခါတရံမှာ အီစထရိုဂျင်ပမာဏ ပုံမှန်လောက်ထိ ပြန်ရောက်လာအောင် အချိန်ပေးကုသရတာမျိုး ဖြစ်နိုင်ပါတယ်။အကောင်းဆုံးကတော့ အီစထရိုဂျင်နည်းပါးလာချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ပြသတာပါပဲ။ အမျိုးသမီးများသဘာ၀ သွေးဆုံးခြင်းနဲ့ အခြားပြဿနာများကြောင့် အီစထရိုဂျင်နည်းပါးလာခြင်းကို မဖြစ်မနေ ကြုံတွေ့ရမှာ ဖြစ်ပေမယ့် ပေါ့ပေါ့ဆဆမနေဘဲ နားလည်တတ်ကျွမ်းသူတွေနဲ့ ပြသသင့်ပါတယ်။ ဒါမှသာ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/female-hormonal-imbalance/low-estrogen-symptoms/
null
null
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%a1%e1%80%86%e1%80%85%e1%80%b9%e1%80%a1%e1%80%bb%e1%80%99%e1%80%85%e1%80%b9%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%b9-%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab-%e1%80%80-%e1%80%81/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-that-boost-the-immune-system-2/
null
null
allergies
allergies
https://hellosayarwon.com/allergies/other-allergies/%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%9c%e1%80%ad%e1%80%af%e1%80%80%e1%80%b9-%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%90%e1%80%90%e1%80%b9%e1%80%90%e1%80%b2%e1%80%b7-%e1%80%93%e1%80%ac%e1%80%90/
မိန်းမကိုယ် ကျဉ်းဆေး နဲ့ နောက်ကွယ်က အန္တရာယ်
အွန်လိုင်းပေါ်မှာ အကြီးအကျယ်တွေ ကြော်ငြာနေကြတာ တွေ့မိမှာပါ။မိန်းမကိုယ် ကျဉ်းဆေး၊ အပျိုပြန်ဖြစ်တဲ့ဆေးဆိုပြီး ရောင်းချနေကြတာတွေလေ။ မယုံပါနဲ့။ ထပ်ပြီး ပြောပါမယ်။ မယုံပါနဲ့။ ဒီဆေးတွေကို ဝယ်ရင်ကောင်းမလားလို့ တွေးနေရင် အဲဒီအတွေးတွေ ရပ်ပြီး ဒီဆောင်းပါးကို ဆက်ဖတ်ပါ။တကယ်တော့မိန်းမကိုယ်ဟာ အလိုလို ကျုံ့နိုင်၊ ဆန့်နိုင်တဲ့ သဘာဝရှိပြီးသား ဖြစ်ပါတယ်။ ဘာဆေးမှ မလိုပါဘူး။ ဒါပေမဲ့ ကျဉ်းဆေးဆိုတာတွေက တကယ်ပဲ ကျဉ်းသွားတယ်၊ ပိုပြီး သာယာမှုရတယ်ဆိုပြီး ပြောလာကြတာတွေ ရှိတာမို့ ဒီဆေး ဘယ်လို အလုပ်လုပ်တယ်ဆိုတာ ကျွန်တော်တို့ လေ့လာကြည့်ရအောင်။ကျဉ်းဆေးတချို့မှာ မိန်းမကိုယ် နံရံ နဲ့ မိန်းမကိုယ် အဝကို ကျဉ်းစေအောင် ဆောင်ရွက်ပေးနိုင်တဲ့ ပစ္စည်းတချို့ ပါဝင်ပါတယ်။ ဒါပေမဲ့ အများဆုံးကတော့ တကယ် မိန်းမကိုယ်ကို ကျဉ်းစေတာ မဟုတ်ဘဲ မိန်းမကိုယ် နံရံပေါ်က အချွဲတွေကို ခြောက်အောင် လုပ်လိုက်တာပါ။ဒါက ပွတ်တိုက်မှုကို ပိုသိသာစေပြီး မိန်းမကိုယ်ကို ယာယီကျပ်သွားသလို ခံစားရစေပါတယ်။ ဒါပေမဲ့ ကျိန်းသေတာကတော့ သဘာဝအချွဲ မရှိတော့တဲ့အတွက် ချစ်တင်းနှောတိုင်းမှာ နာကျင်မှုကို ခံစားနေရမှာပါ။တချို့ဆေးတွေကျတော့လည်း မိန်းမကိုယ်ရဲ့ အပေါ်ယံအလွှာကို စားလိုက်ပါတယ်။ စားလိုက်တဲ့အခါ အမာရွတ်ပြန်တက်ပါတယ်။ ဒီတော့ ကျဉ်းတယ်လို့ ဖြစ်လာပါတယ်။ ကျန်းကျန်းမာမာကျဉ်းလာတာတော့ မဟုတ်ပါဘူး။ဆိုရင် ဒီလိုခြောက်သွေ့အောင်၊ အမာရွတ်ဖြစ်အောင် လုပ်လိုက်တာကြောင့် ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲ။ဘာလို့ နာကျင်တာလဲ။ အပေါ်မှာ ပြောခဲ့သလို အချွဲတွေ အကုန်လုံးကို ခြောက်သွားစေတယ်။ ဒါကြောင့် ပွတ်တိုက်မှုတွေ ဖြစ်တဲ့အခါမှာ နာကျင်ပြီး အနာတရ ဖြစ်ကျန်ခဲ့ပါတယ်။ ဒီလိုဆိုမှတော့ နီရဲရောင်ရမ်းနေတာက အဆန်းမဟုတ်တော့ဘူးပေါ့။ နောက်ပြီး ဒီဆေးတွေထဲ ပါဝင်တာတွေသည် အကုန်လုံးနီးပါး ဓာတုပစ္စည်းတွေ ဖြစ်တာကြောင့် အလွန်တရာ နုတဲ့ မိန်းမကိုယ်အတွက် အန္တရာယ်ကြီးပါ။ ဒါကြောင့် ဒီဆေးတွေ သုံးပြီးရင် ဆီးသွား၊ လမ်းသွားရင် နာတာ၊ ထိုင်မရ၊ ထမရ ဖြစ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ပါဝင်ပစ္စည်းတွေထဲ ဓာတ်မတည့်နိုင်တဲ့ အရာတစ်ခုခု ပါဝင်လာနိုင်ပါတယ်။ နီရဲတာ၊ ယားယံတာ၊ အကွက်တွေ ဖြစ်လာတာမျိုးတွေ အရေပြားပေါ်မှာ ဖြစ်ဖူးကြမယ် ထင်ပါတယ်။ အဲဒီအချိန်မျိုးတောင် အရမ်း နေရခက်တာနော်။ မိန်းမကိုယ်မှာ ဖြစ်ရင် ဘယ်လောက်တောင် အခြေအနေဆိုးမလဲ တွေးကြည့်။ အတော်ကို ခံရခက်မယ့် အရာမျိုးပါပဲ။ဘာမှန်းမသိတာတွေ မိန်းမကိုယ်ထဲ လျှောက်ထည့်၊ pH ပမာဏတွေ မညီမျှတော့ဘဲ ပျက်စီး၊ ဒီကနေတစ်ဆင့် မိန်းမကိုယ်မှာ ရှိနေပြီးသား ကောင်းကျိုးပြု ဘက်တီးရီးယား ထိန်းညှိမှုတွေ ပျက်စီး၊ အဲ့သလိုဖြစ်ရာကနေပြီး ရောဂါပိုးဝင်လွယ်စေပါတယ်။မှိုပိုးဝင်တာကတော့ ပြောစရာကို မလိုတော့ဘူးပေါ့။ ဒါကြောင့်လေ ဖြစ်နိုင်ရင် မိန်းမကိုယ်ထဲ တွေ့ကရာတွေ လျှောက်လျှောက်မထည့်ဖို့ တစ်ခါတည်း မှာပါရစေနော်။ဒီကျဉ်းဆေးတွေက endocrine လို့ ခေါ်တဲ့သားဥအိမ်၊ သိုင်းရွိုက် နဲ့ pituitary ဂလင်းတွေ ပါတဲ့ဟော်မုန်းစနစ်ကိုလည်း ကမောက်ကမ ဖြစ်စေပါတယ်။STD (လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါ) တွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကို ဖြစ်စေပါတယ်။အမှန်တော့လေ ဒီကျဉ်းဆေးတွေမှာက အနံ့အသက်ပျောက်ဆေးတွေပါ ပါတာပေါ့။အနံ့အသက်ကင်းစေတဲ့ အာနိသင် ရှိတဲ့အခါမှာ STD ရဲ့ လက္ခဏာတွေဖြစ်တဲ့ အနံ့တွေကိုလည်း လျော့ကျစေတာကြောင့် တော်ရုံဆို လူက STD ရှိနေရင်တောင် မသိနိုင်တော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။မသိတော့ ကုသမှုမခံယူဖြစ်ဘူး။ ကုသမှု မခံယူသရွေ့ ကိုယ့်မှာ ထိခိုက်ပျက်စီးတာတွေ များပြီး သူများကိုလည်း ရောဂါဖြန့်ပေးသလို ဖြစ်နေဦးမှာပါပဲ။ဘယ်လိုပဲ ကြည့်ကြည့်၊ ဘယ်ရှုထောင့်ကနေ ကြည့်ကြည့် ဒီကျဉ်းဆေးမှမဟုတ်ဘဲ ဘယ်ဆေး၊ ဘယ်ပစ္စည်းကိုမှ ဆရာဝန်ညွှန်ကြားချက်မပါဘဲ မိန်းမကိုယ်မှာ သုံးတာမျိုး လုံးဝ လုံးဝ မလုပ်သင့်ပါဘူး။ ဒါပေမဲ့ ကျဉ်းချင်တာလေ ဘယ်လိုလုပ်ရမှာလဲ။ယောက်ျားကလည်း ငြိုငြင်နေပြီဆိုရင်တော့Kegel Exerciseကို စမ်းကြည့်ပါ။ Kegel Exercise ဆိုတာ မိန်းမကိုယ်နဲ့ တင်ပါးဆုံကွင်းကို ညှစ်ပေးတဲ့ လေ့ကျင့်ခန်းပါပဲ။ဒါဟာ သဘာဝအတိုင်း မိန်းမကိုယ်ကျဉ်းနည်းဖြစ်တဲ့အပြင် ဆီးမထိန်းနိုင်တာကိုပါ သက်သာစေပါတယ်။ ဘာမှန်းမသိတာတွေ လျှောက်သုံးနေမယ့်အစား အန္တရာယ်ကင်းတဲ့ လေ့ကျင့်ခန်းလေး လုပ်ပြီး သာယာတဲ့ အိမ်ထောင်ရေးကို ဖန်တီးနိုင်ကြပါစေနော်။ရေးသားသူ – Wathun Myet Chal။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/vagina-tightening-creams/
ဂဏန်းစားခြင်းက ကျန်းမာရေးအတွက် ကောင်းလား
ပင်လယ်စာတွေလို့ ပြောလိုက်ရင် အရင်ဆုံး သတိရမိမှာက ဂဏန်းပဲ ဖြစ်မှာပါ။ ခုဆိုရင် ပင်လယ်စာဆိုင် တော်တော်များများလည်း ရှိလာပြီဖြစ်ပြီး ဂဏန်းကို အစပ်ချက်၊ ဂဏန်းပေါင်း၊ ဂဏန်းခွက်ကြော်နဲ့ အမျိုးအမည် စုံအောင်ကို ချက်ပြုတ်စားလို့ ရပါတယ်။ လူတော်တော်များများ ကြိုက်နှစ်သက်ပြီး စားသုံးကြတဲ့ ဂဏန်းက ကျန်းမာရေးနဲ့ ညီညွတ်လား၊ ကျန်းမာရေးအတွက် ကောင်းလားဆိုရင်တော့ ကောင်းပါတယ်၊ စားပေးဖို့ လိုအပ်တယ်လို့ ဖြေရမှာပါ။ ဂဏန်းမှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အာဟာရဓါတ်တွေအများကြီးပါပဲ။ Hello ဆရာဝန်ပရိသတ်တွေ ဘာတွေလဲဆိုတာသိရအောင် ဖတ်ကြည့်ပါဦးနော်။ဂဏန်းမှာOmega 3 fatty acidတွေ များများ ပါဝင်ပြီး ကိုလက်စထရော ပမာဏကို ထိန်းညှိပေးပါတယ်။ သွေးဖိအား များတာ၊ နှလုံအားနည်းတာတွေကို ကာကွယ်ပေးတဲ့ အစားအစာ တစ်မျိုးလည်း ဖြစ်ပါတယ်။ အစားအစာတွေကရတဲ့ အာဟာရဆိုတာ ခန္ဓါကိုယ် ကိုယ်ခံအားစနစ်ကို အထောက်အကူ ပြုဖို့ အဓိကပါ။ ဂဏန်းမှာ ခန္ဓါကိုယ် ကိုယ်ခံအားစနစ်ကို ကောင်းမွန်အောင် လှုံ့ဆော်ပေးနိုင်တဲ့ Selenium ပါဝင်ပါတယ်နော်။ ဒီလိုမျိုး ကိုယ်ခံအားစနစ် ကောင်းမွန်နေမယ်ဆိုရင်တော့ နာတာရှည် ရောဂါတွေနဲ့ ခန္ဓါကိုယ်ကို နာကျင်စေတဲ့ free radical တွေကို တိုက်ထုတ်ပေးပါတယ်။ ဒါ့အပြင် ဂဏန်းအသားဟာ ဓါတ်တိုးဆန့်ကျင်မှုတွေကိုလည်း ထုတ်လုပ်ပေးသေးတာမို့ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ဂဏန်းမှာ ကော့ပါးဓါတ်လည်း ပါဝင်တာမို့ ခန္ဓါကိုယ် အစိတ်အပိုင်းတွေ ပုံမှန်လည်ပတ်နိုင်အောင် အထောက်အပံ့ပေးပါတယ်။ ကော့ပါးဓါတ်များတာဟာ သံဓါတ် စုပ်ယူမှုအားကောင်းစေတာမို့ သွေးနီဥဆဲလ်တွေ ထုတ်လုပ်ခြင်း၊ သွေးလည်ပတ်မှု အားကောင်းခြင်းတွေ ဖြစ်စေပါတယ်။ အနာတရ ဖြစ်ခြင်းတွေကြောင့် ဆဲလ်သေတွေ ရှိနေရင်လည်း ဆဲလ်အသစ် ပြန်လည် ဖြစ်ဖို့ ကူညီပါတယ်။ဂဏန်းဟာ ပရိုတင်းဓါတ် ရရှိဖို့ အရင်းအမြစ် တစ်ခုဆိုရင်လည်း မမှားပါဘူးနော်။ အားအင် ပြည့်ဝဖို့ လိုအပ်နေသလို ခံစားနေရရင်တော့ ဂဏန်းလေး စားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ဂဏန်းမှာ စတီးရွိုက်နဲ့ သွေးနီဥ ဆဲလ်တွေ ထုတ်လုပ်ခြင်းအတွက် အရေးပါတဲ့ ဗီတာမင် B2လည်း ပါဝင်တာမို့ အသားအရေ ကောင်းဖို့ ထိန်းသိမ်းပေးခြင်း၊ အမြင်အာရုံနဲ့ ဦးနှောက်အာရုံကြော စနစ်တွေ တိုးတက်ကြီးထွားဖို့ အထောက်အကူပြုပါတယ်နော်။ ဗီတာမင် B2 ဟာ အစာခြေလမ်းကြောင်းအတွက် သံဓါတ်စုပ်ယူမှု အားကောင်ပြီး ဓါတ်တိုးဆန့်ကျင်မှုတွေရဲ့ အခန်းကဏ္ဍကိုလည်း မြှင့်တင်ပေးပါတယ်။အရိုး ကျန်းမာရေး ကောင်းဖို့ဆိုရင် အားလုံးက ကယ်လ်စီယမ်ဓါတ် ရှိဖို့လိုတယ်လို့ တွေးပြီးသား ဖြစ်မှာပါ။ ကယ်လ်စီယမ်လိုပဲ အရိုးကို အားကောင်းစေတဲ့ နောက်ထပ် ဗီတာမင် ဓါတ်တစ်မျိုးကတော့ ဖော့စဖောရပ်ပါ။ ဂဏန်းမှာ ပြည့်ပြည့်ဝဝ ပါဝင်တာမို့ အရိုးနဲ့ သွားရဲ့ ကျန်းမာရေးကို စိတ်ပူစရာ မလိုပါဘူး။သတိပြုရမယ့်အချက်။ဂဏန်းဟာ ဆိုဒီယမ်ပါဝင်မှု များတဲ့ ပင်လယ်စာ တစ်မျိုးဖြစ်ပြီး ကိုလက်စထရောလည်း ပါဝင်ပါတယ်။ ကိုလက်စထရော ပမာဏ များနေခြင်း ဒါမှမဟုတ် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားနေရတယ်ဆိုရင်တော့ ဂဏန်းစားလို့ ရမရ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဒီရောဂါ ရှိတယ်ဆိုရင်တော့ ဆရာဝန် ခွင့်ပြုချက်ရမှ စားတာ အကောင်းဆုံးပါနော်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%82%e1%80%8f%e1%80%94%e1%80%ba%e1%80%b8%e1%80%85%e1%80%ac%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80-%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%b1/
ဝတ်မှုန်အဖျားရောဂါ
Hay Fever ကို allergic rhinitis သို့မဟုတ် ဝတ်မှုန်နဲ့ ဓါတ်မတည့်ခြင်းလို့လည်းခေါ်ကြပါတယ်။ လက္ခဏာတွေကတော့ ရာသီအလိုက်ဖြစ်ကြတာဖြစ်ပြီးဆိုလိုတာက သင့်ကို ဓါတ်မတည့်စေတဲ့ ဝတ်မှုန်တွေက သူတို့ရဲ့ အမြင့်ဆုံး လယ်ဗယ်ကို ရောက်နေတယ်ဆို လက္ခဏာက ပိုဆိုးမှာပါ။hay fever ဆိုတာ အဖြစ်အများဆုံးတွေထဲက တစ်ခုပါပဲ။ လူ ၅ယောက်မှာ ၁ယောက်ဖြစ်ပါတယ်။ hay fever ဖြစ်စေတဲ့ အချို့သော ဓါတ်မတည့်စေတဲ့ပစ္စည်းတွေမှာတော့။တိရစ္ဆာန်အမွေး။ဖုန်မှုန့်။မှိုစပိုး။ဝတ်မှုန်။မြက်စတာတွေ ပါဝင်ပါတယ်။Hay fever ဆိုတာလည်း ဓါတ်မတည့်တာတစ်မျိုးပဲမို့ ဓါတ်မတည့်စေတဲ့ပစ္စည်းနဲ့ထိတွေ့ပြီးမကြာခင်မှာ လက္ခဏာပေါ်တတ်ပါတယ်။ လက္ခဏာတွေက အပျော့စားကနေ အပြင်းစားထိရှိပြီး အောက်ပါလက္ခဏာတွေ ပါဝင်နိုင်ပါတယ်။နှာချေခြင်း။ချောင်းဆိုးခြင်း။ယားယံခြင်း (အများအားဖြင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ်၊လည်ချောင်းနဲ့ အရည်ပြား)။နှာစေးခြင်း။နှာပိတ်ခြင်း။ခေါင်းကိုက်ခြင်း။နှာခေါင်းနဲ့ပါးတွေမှာ ဖိအားများအား။နားလေထွက်ခြင်း၊နားအူခြင်း။လည်ချောင်းနာခြင်း။မျက်ရည်ကျခြင်း၊ မျက်လုံးရောင်ခြင်း၊ မျက်လုံးနီရဲနေခြင်း။မျက်ကွင်းညိုခြင်း။အနံ့ခံမရခြင်း။အင်ပြင်ထခြင်း။Hay fever က ပိုကြာပါတယ။် (ရက်သတ္တပတ်ပေါင်းများစွာ ကြာပါတယ။်) ပြီးတော့ မဖျားပါဘူး။ နှာခေါင်းပြဿနာကတော့ ကြဲပါးကြည်လင်တဲ့ ရေလို နှာရေတွေစီးကျတာပါ။ အအေးမိတာ တုပ်ကွေးမိတာ စတာတွေရဲ့ နှာခေါင်းပြဿနာကတော့ပိုပြီး ပျစ်ပါတယ်။ယားယံခြင်း (အများအားဖြင့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊လည်ချောင်းနဲ့ အရည်ပြား)တွေဟာ hay ever မှာ အဖြစ်များပြီး အအေးမိတုပ်ကွေးမှာတော့ မဖြစ်ပါဘူး။ နှာချေခြင်းဟာ hay fever မှာ ပိုဖြစ်ပြီး အကြိမ်ရေပိုများပါတယ။်။တကယ်လို့ လက္ခဏာတွေက သင့်ရဲ့နေ့စဉ်ဘဝမှာ အနှောက်အယှက်ဖြစ်နေပြီဆိုရင်တော့ မိသားစုဆရာဝန်နဲ့ပြပါ။ သူက စစ်ဆေးမှုတွေလုပ်ပြီး လက္ခဏာအကြောင်းတွေ မေးပါလိမ့်မယ်။သင့်ရဲ့ လက္ခဏာတွေကို မှတ်တမ်းတစ်ခုလုပ်ပြီး အချိန်တစ်ခုကြာတဲ့ထိသိမ်းထားတာက ဘယ်အရာက သင်နဲ့ဓါတ်မတည့်တာလဲဆိုတာ ဆုံးဖြတ်တဲ့အခါ ဆရာဝန်ကို ကူညီပေးပါလိမ့်မယ်။ဓါတ်မတည့်စေတဲ့ပစ္စည်းတွေနဲ့ထိတွေ့ပြီးတဲ့နောက် သင့်ရဲ့ခုခံအားစနစ်က antibodies တွေကို ဖန်တီးပြီး histamine လို့ခေါ်တဲ့ ဓါတုပစ္စည်းတစ်မျိုးကို သွေးကြောတွေထဲကို ထုတ်လွှတ်ပေးပါတယ်။ ဒီ အရာက hay ever လက္ခဏာတွေကို ဖြစ်ပေါ်စေတာပါ။ ဥပမာ- မျက်ရည်ကျတာ၊ နှာချေတာနဲ့ ချောင်းဆိုးတာ တို့လိုပေါ့။Hay fever ဟာ လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အချို့သူတွေကတော့ rhinitis ဖြစ်နိုင်ဖို့ အခွင့်အလမ်းပိုများနေပါတယ်။ ဒီလိုလူတွေထဲမှာတော့ ရင်ကြပ်ရောဂါရှိသူတွေ၊ ဒါမှမဟုတ် မိသားစုဝင်တွေထဲမှာ ရင်ကြပ် သို့မဟုတ် ဓါတ်မတည့်တဲ့ မျိုးရိုးရှိခဲ့သူတွေ ပါဝင်နေပါတယ။်။မိသားစုဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူက ခွဲခြားနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဆရာဝန်တွေက ရောဂါမသတ်မှတ်ခင် သင့်အကြောင်းနဲ့ မိသားစုကျန်းမာရေးရာဇဝင်အကြောင်း တွေ၊ အလုပ်နဲ့ အိမ်ပတ်ဝန်းကျင်တွေအကြောင်း မေးခွန်းတွေ မေးပါလိမ့်မယ်။ဒီမေးခွန်းတွေဟာ ဘယ်အရာက ဓါတ်မတည့်မှုကိုဖြစ်စေတာလဲလို့ ဆုံးဖြတ်တဲ့နေရာမှာ သဲလွန်စတွေ ပေးနိုင်ပါလိမ့်မယ်။ စစ်ဆေးမှုတွေကလည်း ရောဂါသတ်မှတ်တဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုပါပဲ။ဓါတ်မတည့်မှုတွေဖြစ်စေနိုင်တဲ့ မတူညီတဲ့ပစ္စည်းတွေကို သင့်အရည်ပြားထဲ ဖောက်ထည့်ပါမယ်။ ဆရာဝန်က ဒီစမ်းသပ်မှုကို နောက်ကျောအပေါ်ပိုင်း ဒါမှမဟုတ် လက်မောင်းမှာလုပ်ပါတယ်။ မိနစ်၂၀ကြာပြီးနောက်မှာတော့ သင့်အရည်ပြားရဲ့ တုံ့ပြန်မှုကို တွက်ချက်နိုင်ပါပြီ။ အင်ပြင်ထခြင်းတွေလည်း အပါပေါ့။အပေါ်ကနည်းလမ်းအလုပ်မဖြစ်တော့တဲ့အခါ ဆရာဝန်က သွေးစစ်တာမျိုးလုပ်ပါလိမ့်မယ်။ သွေးနမူနာကို လက်မောင်းသွေးပြန်ကြောကနေ ဖောက်ပါမယ်။ ဒီအမျိုးအစားကတော့ ပိုပြီးအသေးစိတ်ကျကာ တစ်ကြိမ်မှာ ဓါတ်မတည့်စေတဲ့ပစ္စည်း တစ်မျိုးကိုပဲ စမ်းသပ်လို့ရတာပါ။လူအများစုကတော့ ဓါတ်မတည့်မှုဖြစ်စေတဲ့အရာတွေကိုရှောင်လိုက်ကြပါတယ်။ ဒါပေမဲ့ အချိန်တိုင်းတော့ အဆင်မပြေနိုင်ပါဘူး။ တကယ်လို့ ဓါတ်မတည့်စေတဲ့အရာတွေကို မရှောင်နိုင်ရင် လက္ခဏာတွေကို ထိန်းချုပ်ဖို့ များစွာသော ကုသမှုတွေရှိပါတယ်။ ဒီထဲမှာတော့ အလွယ်တကူရနိုင်တဲ့ OTC ဆေးတွေတောင် ပါဝင်နေပါသေးတယ။်။Nasal corticosteroids: ဒါဟာ နှာခေါင်းလမ်းကြောင်းရောင်ယမ်းခြင်းနဲ့ နှာစေးခြင်းကိုလျှော့ချပေးတဲ့ ဆေးပါ။Antihistamines: ဒီဆေးက Histamine ကို ပိတ်ဆို့ပေးပါတယ။် ဆေးကောင်တာတွေမှာ အလွယ်တကူရနိုင်သလို ဆရာဝန်ညွှန်ကြားချက်နဲ့လည်း ဝယ်လို့ရပါတယ်။ ဒီဆေးကတော့ နှာစေးနေတာနဲ့ နှာချေနေတာကို ပျောက်ကင်းစေမှာပါ။Decongestants: နှာခေါင်းထဲက ရောင်ယမ်းနေတဲ့အမြှေးပါးတွေကိုသေးငယ်စေပြီး နှာခေါင်းပိတ်ခြင်းကို သက်သာစေပါတယ်။Corticosteroids သောက်ဆေး: ပြင်းထန်တဲ့ ဓါတ်မတည့်မှုတွေမှာ ဆရာဝန်တွေက ဒီဆေးကို ညွှန်းနိုင်ပါတယ်။ ဥပမာ Prednisone လိုပေါ့။ ဒီဆေးတွေဟာ ဓါတ်မတည့်မှုလက္ခဏာတွေကို ထိရောက်စွာလျှော့ခပေးနိုင်ပေမယ့် ရေရှည်သုံးစွဲမယ်ဆိုရင် ကြွက်သားအားနည်းတာ Osteoporosis နဲ့ cataracts တွေဖြစ်နိုင်ပါတယ။်။Nasal rinse: Nasal irrigation သို့မဟုတ် saline riseဟာ hay fever အတွက် ထိရောက်တဲ့ကုသမှုတစ်ခုပါ။ ဒီဆေးတွေကို ကောင်တာတွေမှာလည်းရနိုင်ပြီး နှာခေါင်းထဲက ဓါတ်မတည့်တဲ့အရာတွေကို ထုတ်ပေးနိုင်လို့ လက္ခဏာတွေကိုလည်းလျှော့ချပေးနိုင်ပါတယ်။ sinus rinses တွေကို ညွှန်ကြားချက်အတိုင်းသုံးပါ။Hay fever ကို ကုသဖို့သုံးတဲ့အခြားဆေးတွေကတော့ cromolyn sodium, leukotriene modifiers, နဲ့ nasal ipratropiumတို့ပါပဲ။တစ်ခုတလေမှာ လက္ခဏာတွေဟာ ဘာဆေးသောက်သောက်မပျောက်တာမျိုးရှိပါတယ်။ အဲ့လိုအခြေအနေမျိုးမှာဆိုရင်တော့ allergy shots တွေကို သုံးဖို့ ဆရာဝန်က တိုက်တွန်းပါလိမ့်မယ်။ဒီကုထုံးကတော့ သင့်ခန္ဓါကိုယ်က ဓါတ်မတည့်တဲ့တုံ့ပြန်မှုတွေကိုပါ လျှော့ချပေးလိုက်မှာပါ။ လပေါင်းမှားစွာ၊ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် သင့်ဆရာဝန်က သင့်ခန္ဓါကိုယ်ထဲကို ဓါတ်မတည့်စေတဲ့ပစ္စည်းတွေထိုးထည့်ပေးခဲ့ရင်တောင် သင့်ခန္ဓါကိုယ်က ပြင်းပြင်းထန်ထန်တုံ့ပြန်တာမျိုးတွေလျော့သွားနိုင်ပါတယ်။ ဒီအခြေအနေမှာတော့ သင့်အတွက်ဆေးမလိုတော့ပါဘူး။အပြင်ထွက်လို့ ဓါတ်မတည့်ဘူးဆိုရင် နွေရာသီမှာ အိမ်ထဲမှာနေလို့ရပါတယ်။ အိမ်တွင်းမှာ ဓါတ်မတည့်လို့ နှာချေနေတာ နှာပိတ်နေတာဆိုရင်တော့ ညသန်းခေါင်လည်း နိုးလာမှာပါပဲ။ ဒါ့အပြင် Hay fever က ရင်ကြပ်ခြင်းကိုပိုဆိုးစေပြီး နားတွင်းပိုးဝင်ခြင်းနဲ့ ထိပ်ကပ်နာတွေကို ဖြစ်စေနိုင်ပါတယ်။ဝတ်မှုန်များ: အိပ်ရာမဝင်ခင် ဝတ်မှုန်တွေနဲ့ အခြားအရာတွေ သင့်ဆံပင်နဲ့ အရည်ပြားပေါ်ကပ်မနေဖို့ ရေချုးပါ။ အပြင်မထွက်ပါနဲ့ အထူးသဖြင့် နေပူလေတိုက်တဲ့နေ့တွေမှာပေါ့။ ပြူတင်းပေါက်တွေနဲ့ တံခါးတွေကို ပိတ်ထားပါ။ အိမ်ထဲမှာနဲ့ ကားထဲမှာဆို အဲကွန်းသုံးပါ။မှို: သင့်အိမ်တွင်းမှာ မှိုရှင်းဖို့ဆိုရင် အိမ်ထဲမှာစိုက်ထားတဲ့အပင်တွေဖယ်ပါ။ ရေချိုးခန်းလိုက်ကာကို မကြာခဏလဲပါ။ ရေချိုးခန်းပြူတင်းပေါက်၊ နံရံ နဲ့ အမှိုက်ပုံးတွေကို သန့်ရှင်းရေး မကြာခဏလုပ်ပါ။ ရေနဲ့ chlorine ချွတ်ဆေးကို သုံးပြီး မှိုသတ်ပါ။တံခါးတွေနဲ့ ပြူတင်းပေါက်တွေဖွင့်ပြီး ပန်ကာတွေနဲ့ လေဝင်လေထွက်ကောင်းအောင်လုပ်ပြီး မှိုကို ကာကွယ်ပါ။ရေချိုးခန်း သို့မဟုတ် စိုစွတ်တဲ့ အခန်းတွေမှာ ကော်ဇောမခင်းပါနဲ့။ မှိုမတက်တဲ့သုတ်ဆေးကို နံရံကပ်စက္ကူတွေအစားသုံးပါ။ ရေငွေ့ကို ၅၀%လောက်လျှော့ချပါ။ ဒီထက်ပိုနည်းလည်း အဆင်ပြေပါတယ။် သင့်အိမ်ရဲ့ လေထုအရည်အသွေးကို dehumidifier တွေါသုံးခြင်း၊ အပူချိန်ကို ၇၀ဒီဂရီထားခြင်းနဲ့ လေဝင်လေထွက်စနစ်မှာ အမှုန်စစ်တဲ့အရာလေးတွေ ထားပေးခြင်းအားဖြင့် အဆင်ပြေနိုင်ပါတယ်။တိရစ္ဆာန်အမွေး: တကယ်လို့ သင့်ရဲ့ဓါတ်မတည့်မှုကပြင်းထန်တယ်ဆိုရင် အိမ်မွေးတိရစ္ဆာန်တွေကို အဝေးမှာထားပါ။ အိမ်ပြင်မှာထားပါ။ ကြောင်တွေ ခွေးတွေရဲ့ dander တွေဟာ ဖုန်မှုန့်နဲ့အတူရောပြီး သေဆုံးဖို့ ၄ပတ်နဲ့အထက် လိုအပ်ပါတယ။်။ဒါပေမဲ့ သင့်အိမ်ထဲမှာ dander တွေကို လျှော့ချဖို့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ ဓါတ်မတည့်ခြင်းကိုကာကွယ်ပေးတဲ့ ခုတင်၊ အိမ်မွေးတိရစ္ဆာန်ကို မကြာခဏရေချိုးပေးခြင်းနဲ့ air filter တပ်ဆင်ခြင်းက တိရစ္ဆာတွေရဲ့ dander ကိုလည်း လျှော့ချရာရောက်ပါတယ်။ဖုန်နဲ့အညစ်အကြေး: သင့်အိမ်က ဖုန်တွေကိုလျှော့ချဖို့ဆို ခန်းစည်းရှည်တွေ၊ ငှက်မွေးခေါင်းဦးတွေ၊ ပရိဘောဂတွေ၊ ဆေးမရတဲ့ ကစားစရာတွေကို ဖယ်ရားပါ။ ကော်ဇောတွေအစား linoleum သို့မဟုတ် သစ်သားကိုသုံးပါ။ ပေါလစ်တိုက်ထားတဲ့ ကြမ်းခင်းကအကောင်းဆုံးပါပဲ။ရေစိုဝတ်နဲ့ ကြမ်းတိုက်ပါ။ ပုံမှန်ဖုန်စုပ်စက်နဲ့ ဖုန်စုပ်ပါ။ ဖုန်စုပ်စက်တွေမှာက HEPA filter ပါဝင်တာကို သုံးပါ။ ပရိဘောဂ၊ ခန်းစည်းတွေနဲ့ ကြမ်းပြင်တွေကိုပါ ဖုန်စုပ်ပါ။ လေသန့်စင်တဲ့ အရာကို lectrostatic filter နဲ့ အတူတူထည့်သွင်းပါ။ ကော်ဇော်တွေနဲ့ ကူရျင်တွေကို အထူးသန့်စင်စက်နဲ့ သန့်စင်ပါ။ ဒါမှမဟုတ် tannic acid spray ကိုသုံးပြီးသန့်စင်ပါ။အိပ်ရာခင်းတွေအားလုံးကို ရေပူပူ (၁၃၀ဒီဂရီဖာရင်ဟိုက်အထက်) နဲ့ ဆေးကြောပါ။ ဒီလိုမျိုး ၇ရက်မှ ၁၀ရက်ကြာတိုင်းတစ်ခါလုပ်ပေးပါ။ မွေ့ရာတွေကို အသုံးမပြုပါနဲ့။ မွေ့ရာနဲ့ ခေါင်းအုံးဖုံးတွေကို ပလတ်စတစ်အဖုံးတွေနဲ့ ဖုံးထားပါ။ ရေငွေ့ပမာဏကို အိမ်ထဲမှာ dehumidifier သုံးပြီး လျှော့ချပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/other-allergies/%e1%81%80%e1%80%90%e1%80%b9%e1%80%99%e1%80%bd%e1%80%b3%e1%80%94%e1%80%b9%e1%80%a1%e1%80%96%e1%80%ba%e1%80%ac%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab/
null
null
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/how-spondylosis-causes-headache/
null
null
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/4-tips-for-blackheads/
null
null
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/epididymitis-%e1%80%9e%e1%80%af%e1%80%80%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%95%e1%80%bc%e1%80%bd%e1%80%94%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%84/
null
null
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/prevent-foot-pain/
null
null
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%80%e1%80%9a%e1%80%ba%e1%80%99%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80-%e1%80%80%e1%80%bb/
null
null
health-fitness
health-fitness
https://hellosayarwon.com/health-fitness/weight-loss-exercises/too-much-exercise-decrease-your-immunity/
သွေးတိုးရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ ကျန်းမာစေဖို့
သွေးတိုးရောဂါ ဆိုတာကနာတာရှည် ကျန်းမာရေးပြဿနာပါ။ သွေးတိုးက ပုံမှန်သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဒီအတိုင်းတောင် ဂရုစိုက်ရတာပါ။ ကိုယ်ဝန်ဆောင်မေမေက သွေးတိုးသာရှိမယ်ဆိုရင်တော့ ပိုပြီး ဂရုစိုက်ဖို့ လိုမှာပါ။ ဒီတစ်ခေါက်တော့ သွေးတိုးရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ ကျန်းမာစေဖို့ လိုက်နာရမယ့် အရာလေးတွေကို ပြောပြပေးချင်ပါတယ်။သွေးတိုးရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ ကျန်းမာစေဖို့ လိုက်နာရမယ့် အချက်တွေကတော့။ခန္ဓာကိုယ်က ဆိုဒီယမ်ကို လိုတယ်ဆိုပေမယ့် အများကြီး စားမိရင်တော့ သွေးတိုးရောဂါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးသာ ရှိနေမယ်ဆိုရင် ဆားကို တတ်နိုင်သမျှ လျှော့စားဖို့ လိုပါမယ်။ဒါကြောင့်ကိုယ်ဝန်ဆောင်ချိန်မှာဆားကို တတ်နိုင်သမျှလျှော့စားတာအပြင် ငါးပိ၊ ငါးခြောက်၊ ဆီသွတ်ဗူးတွေ၊ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စား အစားအစာတွေကို ရှောင်ဖို့လိုပါမယ်။ ဒါတွေကလည်း ဆိုဒီယမ်ပါဝင်မှု များပါတယ်။ကိုယ်ဝန်ဆောင်နေချိန်မှာ ဖြစ်ဖြစ်၊ ပုံမှန်အချိန်မှာ ဖြစ်ဖြစ် စိတ်ဖိစီးတာတွေကသွေးပေါင်ချိန်တက်စေပြီး သွေးတိုးစေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုး ဖြစ်နေမယ်ဆိုရင် စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ပါ။  စိတ်ဖိစီးမှုကို ဖြေလျှော့တဲ့အနေနဲ့ ယောဂ လေ့ကျင့်တာ၊ တရားမှတ်တာတွေကို လုပ်ဆောင်ပါ။ ဒီလို လုပ်ပေးတာကကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ နာကျင်မှုတွေကိုပါ သက်သာစေနိုင်ပါတယ်။အထိုင်များတဲ့ အမျိုးသမီးတွေက သွေးတိုးရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးရောဂါ ရှိနေမယ်ဆိုရင်တော့ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် လုပ်ဆောင်ပေးဖို့ လိုပါမယ်။နေ့စဉ်ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး သွေးလည်ပတ်မှု ကောင်းစေသလို သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက သွေးတိုးရောဂါ ရှိတဲ့ ကိုယ်ဝန်ဆောင်မေမေကို ကျန်းမာစေသလို ဗိုက်ထဲက ဘေဘီလေးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ပတ်ကို ၅ ရက် တစ်နေ့ကို မိနစ် ၃၀ ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးပါ။လေ့ကျင့်ခန်းကို အများကြီး မလုပ်ဖြစ်ရင်တောင် လမ်းလျှောက်တာ၊ ရေကူးတာတွေ လုပ်ပေးပါ။ယောဂလေ့ကျင့်ခန်း လုပ်တာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ကိုယ်ဝန်ဆောင်ကာလမှာ ဆေးလိပ်သောက်တာက ကိုယ်ဝန်ဆောင်မိခင်ကိုရော ဗိုက်ထဲက ဘေဘီလေးရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ သွေးတိုးရှိတဲ့ ကိုယ်ဝန်ဆောင် မေမေတွေ အနေနဲ့ ဆေးလိပ်သောက်တတ်ရင် ကိုယ်ဝန်ဆောင်နေချိန်မှာ ဆေးလိပ်ဖြတ်ပါ။သွေးတိုးရောဂါ ရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေနဲ့ မိခင်ရော ကလေးပါ ကျန်းမာစေဖို့ဆိုရင်တော့ အယ်လ်ကိုဟော ဖြတ်ဖို့ လိုပါမယ်။ အယ်လ်ကိုဟောက သွေးပေါင်ချိန်ကို တက်စေပြီး မေမေ့ကိုရော ဗိုက်ထဲက ဘေဘီလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အယ်လ်ကိုဟောကို မသောက်ပါနဲ့။အဝလွန်တာက သွေးတိုးဖြစ်နိုင်ခြေ များစေပါတယ်။ ဒါကြောင့် ကိုယ်ဝန်လည်း ဆောင်နေမယ်။ သွေးတိုးလည်း ရှိနေမယ်ဆိုရင် ကိုယ်အလေးချိန်ကို ပုံမှန် ထိန်းညှိပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေချိန်မှာ သွေးတိုးကြောင့် မေမေရော ဘေဘီလေးကိုပါ မထိခိုက်စေဖို့ဆိုရင် ကိုယ်အလေးချိန် ထိုးဖို့ လိုပါမယ်။တစ်နေ့ကို တစ်ခါ နားထောင်ရင် မိနစ် ၃၀ ခန့် တစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက် သီချင်း နားထောင်ပေးတာက သွေးပေါင်ကျစေနိုင်ပြီး စိတ်ဖိစီးမှုတွေရော စိုးရိမ်မှုတွေကိုပါ ပြေပျောက်စေပါတယ်။ စိတ်ဖိစီးမှု များတာက မေမေရော မမွေးသေးတဲ့ ဘေဘီလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးရှိတဲ့ မေမေတွေ အနေနဲ့ သွေးတိုးကို ထိန်းညှိဖို့ဆိုရင် သာယာငြိမ့်ညောင်းတဲ့ သဘာဝသီချင်းသံလေးတွေကို ပုံမှန် နားထောင်ပေးပါ။ကဲ …… သွေးတိုးရှိတဲ့ ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့ အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေကို လုပ်ဆောင်ပေးပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တိုင်ရော ဘေဘီလေးပါ ကျန်းမာစေဖို့ ဂရုစိုက်လိုက်ကြစို့နော်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/healthy-tips-for-pregnant-mom-who-have-high-blood-pressure/
ကလေးဉာဏ်ကောင်းစေဖို့ မရှိမဖြစ် အာဟာရဓာတ်
သားသားမီးမီးတွေ ကျန်းကျန်းမာမာနဲ့ဉာဏ်ကောင်းပျော်ရွှင်ပြီး ကြီးပြင်းလာစေဖို့ဆိုတာ မိဘတိုင်းရဲ့ ဆန္ဒပါ။ ဒီလိုကြီးထွားလာဖို့ဆိုတာလည်း ကိုယ်ချစ်တဲ့ သားသမီးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေကို ငယ်စဉ်ကတည်းက သေချာကျွေးမွေးမှ ဖြစ်မှာနော်။ ဒီတစ်ခေါက်တော့ ကလေးဉာဏ်ကောင်းစေဖို့ မရှိမဖြစ် အာဟာရဓာတ် အကြောင်းလေး ပြောပြပေးချင်ပါတယ်။ငါးကြီးဆီလို့လည်း ခေါ်တဲ့ အိုမီဂါ ၃ အဆီအနှစ် (Omega-3 fatty acid) ဟာ ကလေးဉာဏ်ကောင်းစေဖို့ မရှိမဖြစ် အာဟာရဓာတ် ပါပဲ။ အိုမီဂါ ၃ အဆီအနှစ်ဟာဦးနှောက်ကို ကြီးထွားဖွံ့ဖြိုးစေတယ်။ နှလုံးကျန်းမာစေပြီးကိုယ်ခံအားကိုလည်း ကောင်းစေလို့ အလွယ်တကူ ဖျားနာခြင်းမဖြစ်အောင် ကာကွယ်ပေးတယ်။ အိုမီဂါ ၃ အဆီအနှစ်ကို ကိုယ်ခန္ဓာက သဘာဝအတိုင်း မထုတ်ပေးနိုင်တဲ့အတွက် အစားအစာတွေ၊ဖြည့်စွက်စာတွေ၊ ကြီးထွားဖွံ့ဖြိုးစေဖို့ အာဟာရပြည့်နို့မှုန့်ကနေ တစ်ဆင့်ပဲ ရရှိနိုင်ပါတယ်။အိုမီဂါ ၃ အဆီအနှစ်ထဲမှာ။ALA အာဟာရဓာတ်ကို ဟင်းသီးဟင်းရွက်၊ အစေ့အဆန်၊ အခွံမာသီးတွေနဲ့ အသီးအနှံတွေကနေ တစ်ဆင့် ရရှိပါတယ်။ စားသုံးလိုက်တဲ့အခါ ကိုယ်ခန္ဓာက ALA ဓာတ်ကို EPA နဲ့ DHA ဓာတ်တွေအဖြစ် ပြောင်းလဲပေးပါတယ်။ EPA နဲ့ DHA ဓာတ်တွေကိုတော့ အဆီများတဲ့ငါးတွေဖြစ်တဲ့ ဆယ်လ်မွန်ငါး၊ ငါးကွမ်းရှပ်၊ တူနာငါးတွေအပြင် ဖြည့်စွက်စာတွေကနေ အများဆုံးရရှိပါတယ်။လေ့လာချက်တွေအရ မိဘတွေအနေနဲ့ ကလေးတွေကို ငယ်စဉ်ကတည်းက အိုမီဂါ ၃ အဆီအနှစ်ပါဝင်တဲ့ အစားအစာတွေကို များများကျွေးပေးခြင်းဖြင့်။ပုံမှန်အားဖြင့် ကလေးအတွက် တစ်နေ့တာလိုအပ်တဲ့ အိုမီဂါ ၃ အဆီအနှစ် ပမာဏကို အစားအစာကနေ လုံလောက်စွာ ရရှိနိုင်ပါတယ်။ အသက် ၂ နှစ်အထက် ကလေးတွေဆိုရင် အိုမီဂါ ၃ အဆီအနှစ် ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်၊ ထောပတ်သီးတွေ ကျွေးတာ၊ ငါးတွေကို ပျော့နေအောင် ချက်ပြီး သေချာ အရိုးနွှင် ကျွေးတာမျိုး လုပ်ပေးလို့ရပါတယ်။ကလေး ကြီးလာပြီဆိုရင်တော့ ငယ်ငယ်က စားခဲ့တဲ့ ပမာဏထက် ပိုပြီးကျွေးဖို့ လိုအပ်ပါတယ်။ ဒီလိုအချိန်မှာ ဟိုဟာမစား ဒီဟာမစား အစား နဲ့ပတ်သက်ပြီး အရမ်းကြေးများလွန်းတာ၊ ငါးနဲ့ဓာတ်မတည့်တဲ့ ကလေးတွေ ဆိုရင်တော့ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ ငါးကြီးဆီ ဖြည့်စွက်အားဆေး ဝယ်တိုက်ပေးလို့ရပါတယ်။ဒါဆို မေမေတွေလည်း ကိုယ် သိပ်ချစ်ရတဲ့ ကလေးကို ဉာဏ်ကောင်း ထက်မြက်စေချင်တယ် ဆိုရင် ဘယ်လို အစားအစာနဲ့ အာဟာရဓာတ်တွေကို များများ ကျွေးသင့်လဲ ဆိုတာ သိလောက်ပြီလို့ ထင်ပါတယ်။ Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ် လိုက်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/essential-nutrition-for-healthy-child/
အစာမရှိဘဲ ပြေးသင့်သလား
ပြေးခြင်းဟာ သွေးလေလှုပ်ရှားမှု မှန်ကန်ဖို့အတွက် အကောင်းဆုံးလေ့ကျင့်ခန်းတစ်မျိုး ဖြစ်ပါတယ်။ ကုန်ကျစရိတ်သိပ်မရှိဘဲ အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ပြီး မိမိရဲ့ နေ့စဉ်နေထိုင်မှုပုံစံအပေါ် အကျိုးကျေးဇူးပြုပါတယ်။ ဒီတစ်ခေါက်တော့ အစာမရှိဘဲ ပြေးသင့်သလား ဆိုတာကို ပြောပြပေးချင်ပါတယ်။အပြေးလေ့ကျင့်ရာမှာ တချို့က အစာမရှိဘဲ ပြေးလေ့ရှိပါတယ်။ သူတို့ဟာ ညဖက်အိပ်ချိန်အပါအဝင် အစာမစားဘဲ ၆-၈ နာရီကြာပြီးမှ မနက်ပိုင်းမှာ ပြေးလေ့ရှိပါတယ်။ အစာမစားထားတဲ့အခါ သွေးထဲမှာ ဂလူးကို့စ်ပမာဏ လျော့နည်းနေပါတယ်။ ဒါကြောင့် စွမ်းအင်အတွက် သိမ်းထားတဲ့ ဂလူးကို့စ်ကို ပြန်သုံးရပါတယ်။ ဂလိုက်ကိုဂျင်ဆိုတာ ဂလူးကို့စ်ကို ကိုယ်ခန္ဓာထဲမှာ သိုလှောင်ထားတဲ့ပုံစံ ဖြစ်ပါတယ်။ကိုယ်ခန္ဓာကနေ စွမ်းအင်အဖြစ် ပြန်လည်ထုတ်ယူ သုံးစွဲပါတယ်။ယခု ဆက်လက်ဖော်ပြမှကြတော့ အစာမရှိဘဲ ပြေးတဲ့အခါ ကြုံတွေ့နိုင်တဲ့ ကောင်းကျိုးဆိုးကျိုးတွေ ဖြစ်ပါတယ်။အစာမရှိဘဲပြေးတဲ့အခါ ကိုယ်ခန္ဓာကနေ အဆီကို စွမ်းအင်အနေနဲ့ ထုတ်သုံးပါတယ်။ ကာဘိုဟိုက်ဒရိတ်နည်းနေချိန်မို့ အဆီကို ထုတ်သုံးခြင်း ဖြစ်ပါတယ်။ မနက်စာမစားခင် ပြေးခြင်းအပြင် အင်အားသုံးရတဲ့ တခြားလေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်းဟာ အဆီကို ပိုမိုလောင်ကျွမ်းစေတယ်လို့ သုတေသနအချို့မှာ ဆိုထားပါတယ်။ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားနေချိန်မှာ အစာမရှိဘဲပြေးခြင်းဟာ စွမ်းအင်ရယူသိုလှောင်ခြင်းကို လျော့ကျစေပါတယ်။ ၂၀၁၆ မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတခုရဲ့ ဖော်ပြချက်အရ အစာမရှိဘဲ ပြေးခြင်းဟာ စွမ်းအင်ရယူခြင်းကို ၂၄ နာရီထိ ကျဆင်းစေတယ်လို့ သိရပါတယ်။ ကြွက်သားများမှာ သိုလှောင်ထားတဲ့ ဂလိုင်ကိုဂျင်ကို ကုန်ခမ်းသွားစေပြီး အသည်းမှာသိုလှောင်တဲ့ စွမ်းအင်များကိုပါ ထုတ်ယူသုံးစွဲတဲ့အတွက် ဖြစ်ပါတယ်။အချိန်ကြာကြာပြေးခြင်း ဒါမှမဟုတ် လေ့ကျင့်ခန်းပြုလုပ်ရင် အစာအိမ်အောင့်ခြင်း၊ ပျို့အန်ခြင်း စတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုပြဿနာတွေ ရှိတတ်ရင် ဗိုက်ထဲမှာ အစာမရှိဘဲပြေးတာ ပိုကောင်းပါတယ်။……………………………………………………………..။ကာဘိုဟိုက်ဒရိတ်မရှိချိန်မှာ အဆီကို စွမ်းအင်အဖြစ် အသုံးပြုပေမယ့် ရေရှည်တော့ မခံပါဘူး။ လှုပ်ရှားမှုနောက်ကို စွမ်းအင်ထုတ်ယူခြင်းက မလိုက်နိုင်တဲ့အခါ ပင်ပန်းနွမ်းနယ်ခြင်း ဖြစ်လာပါတယ်။ ကြာလာလေလေ နောက်တစ်လှမ်းဆက်ပြေးဖို့တောင် အားမရှိလေ ဆိုသလိုမျိုး ဖြစ်လာနိုင်ပါတယ်။စွမ်းအင်ကုန်ခမ်းလာပြီး ပင်ပန်းနွမ်းနယ်လာတဲ့အခါ ပြေးလွှားနေရင်း ထိခိုက်ဒဏ်ရာရနိုင်ခြေ ပိုများလာပါတယ်။ ဦးနှောက်ဟာလည်း ပုံမှန်လုပ်ဆောင်နိုင်ဖို့ ဂလူးကို့စ်ကို လိုအပ်ပါတယ်။ အထူးသဖြင့် လေ့ကျင့်ခန်း ပြုလုပ်နေချိန်မှာ ဖြစ်ပါတယ်။ အစာမရှိဘဲပြေးရင် ဦးနှောက်ဟာ စွမ်းအင်လုံလောက်စွာ မရနိုင်ပါဘူး။ ဒါကြောင့် ပုံမှန်အလုပ်လုပ်ဖို့၊ ပတ်ဝန်းကျင်ကို အာရုံစိုက်နိုင်ဖို့ ခက်ခဲပါတယ်။ခန္ဓာကိုယ်ရဲ့ ဖိစီးမှုကို တုံ့ပြန်ဖို့ အဒရီနယ်ဂလင်းတွေကနေ ကော်တီဆောဟော်မုန်းကို ထုတ်လုပ်ပေးပါတယ်။ ကော်တီဆောမြင့်မားလာရင် ကြွက်သားတွေထဲက ပရိုတိန်းများကို ဖြိုခွဲပါတယ်။ ဒါကြောင့် ကြွက်သားများ အားနည်းခြင်း ဖြစ်တတ်ပါတယ်။ကော်တီဆောပမာဏဟာ မနက်ပိုင်းမှာ အမြင့်ဆုံးကို ရောက်နေတတ်ပါတယ်။ တစ်ညလုံးအစာမစားဘဲ မနက်စာလည်း မစားရသေးချိန်မှာ ပိုမိုမြင့်မားနေတတ်ပါတယ်။ ဒါကြောင့် အစာမရှိဘဲ ပြေးခြင်းဟာ ကော်တီဆောကို မြင့်မားစေပြီး ကြွက်သားတွေကို ပျက်စီးအားနည်းဖြင်း ဖြစ်စေတတ်ပါတယ်။အစာလုံးဝမစားဘဲပြေးခြင်းဟာ သွေးတွင်းမှာရှိတဲ့ ဂလူးကို့စ်ဓာတ်ကို ကျဆင်းစေပါတယ်။ အထူးသဖြင့်ဆီးချိုရောဂါရှိပြီး ဆီးချိုကျဆေး သုံးစွဲနေရသူတွေမှာ ဖြစ်ပါတယ်။ သွေးတွင်း သကြားဓာတ် အလွန်အကျွံကျဆင်းသွားရင် အန္တရာယ်ရှိပါတယ်။……………………………………………………………………………….။ကောင်းတာကတော့ မပြေးခင်မှာ အစာအနည်းငယ်စားပေးဖို့ပါပဲ။ ဒါမှသာ မိမိပြုလုပ်လိုတဲ့ လေ့ကျင့်ခန်းတွေကို ဘေးကင်းစိတ်ချစွာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ကိတ်မုန့်တစ်ချပ်၊ ငှက်ပျောသီးတစ်လုံး၊ ဒိန်ချဉ်တစ်ခွက် စသဖြင့် ပေါ့ပေါ့ပါးပါး စားစရာတမျိုးမျိုးကို အချိန်အနည်းငယ်ကြိုပြီး စားသုံးသင့်ပါတယ်။ တစ်နာရီကနေ သုံးနာရီအတွင်း စားသုံးထားပေးရင် အကောင်းဆုံးပါပဲ။ ဒါ့အပြင် ရေလည်း သောက်ပေးသင့်ပါတယ်။ ပြေးနေချိန်မှာ ရေဓာတ်ဆုံးရှုံးမှု ဖြစ်ပေါ်တတ်ပါတယ်။ အစာအိမ်ထဲမှာ ပြည့်ဝနေအောင်စားသောက်ပြီး ပြေးခြင်းဟာ မကောင်းသလို အစာလုံးဝမရှိဘဲ ပြေးခြင်းဟာလည်း လူကို ထိခိုက်စေနိုင်ပါတယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/running-on-an-empty-stomach/
ရင်သားကင်ဆာ ကုသမှုနည်းလမ်းများ
ရင်သားကင်ဆာဟာ ကြောက်စရာကောင်းပေမယ့် ဒါဟာ နောက်ဆုံးတော့ မဟုတ်ပါဘူး။ ရင်သားကင်ဆာ ရောဂါ ဝေဒနာရှင်တွေအတွက် ကုသနည်းတွေ အများမပြား ရှိပါတယ်။ ရောဂါ ရရှိမှုဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြတာမို့ ဘယ်လို ကုသမှုက အသင့်တော်ဆုံးလဲ ဆိုတာ သိထားရအောင် ကုသမှု အကုန်လုံးကို နားလည်ထားခြင်းကတော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။သူဟာ အသုံးအများဆုံး ကုသနည်းတစ်ခုဖြစ်ပြီး ခွဲစိတ်ကုသနည်းနှစ်မျိုးရှိပါတယ်။ ရင်သားတစ်ခုလုံး ဖြတ်ထုတ် ကုသခြင်းနဲ့ နောက်တစ်ခုကတော့ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေ တစ်ရှူးတွေကိုသာ ဖယ်ထုတ်တဲ့ နည်းဖြစ်ပါတယ်။ နောက်နည်းတစ်ခုကို breast-conserving ခွဲစိတ်မှုလို့လည်း ခေါ်ပါတယ်။ များသောအားဖြင့် လူနာတွေဟာ ကင်ဆာပြန်ဖြစ်ခြင်းကို ကာကွယ်ဖို့ ဓါတ်ရောင်ခြည်နဲ့ ကုသခြင်းကို လိုအပ်တတ်ပါတယ်။သူဟာ ဒုတိယ အတွေ့ရအများဆုံး ကုသမှု ဖြစ်ပြီး စွမ်းအင်မြင့်မားတဲ့ x-rays တွေကို ကင်ဆာဆဲလ်တွေကို သတ်ပစ်ဖို့ အသုံးပြုပါတယ်။ ဒီနည်းဟာ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ရောင်ရမ်းခြင်း၊ ယားယံခြင်း၊ မောပန်းခြင်းတွေ ခံစားရနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ အထက်ပါ ဆိုးကျိုးတွေဟာ သက်သာလာမှဖြစ်ပါတယ်။ ရင်သားခွဲစိတ်မှု အပြီးမှာ ဓါတ်ရောင်ခြည်ကို အသုံးပြုခြင်းအားဖြင့် ကင်ဆာ ပြန်ဖြစ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ဒီနှစ်နည်းကို targeted ကုသနည်းတွေလို့ခေါ်ပြီး သူတို့ဟာ အကျိတ်ဖြစ်ပွားရာနေရာကိုဟာ ပစ်မှတ် ထားကုသပြီး အခြားကိုယ်ခန္ဓါ အစိတ်အပိုင်းတွေကို ထိခိုက်စေခြင်း မရှိပါဘူး။ အခြား ဆေးနဲ့ ပတ်သက်တဲ့ ကုသမှု တွေလည်း ရှိပါသေးတယ်။Chemo လို့ ခေါ်တဲ့ ဒီနည်းဟာ ကင်ဆာသတ်တဲ့ ဆေးတွေကို အသုံးပြုပြီး ရင်သားသာမက တစ်ကိုယ်လုံးက ကင်ဆာဆဲလ်တွေကိုသတ်ပစ်ခြင်း ဖြစ်ပါတယ်။ မတူညီတဲ့ အမျိုးသမီးတွေအတွက်ဆေးက ရတဲ့ ဘေးထွက်ဆိုးကျိုးတွေကလည်း မတူညီကြပါဘူး။ ဆေးဟာ သွေးပြန်ကြောအတွင်း ထိုးသွင်းလိုက်ပြီး တစ်ကိုယ်လုံးကို ရောက်ရှိတာ ဖြစ်ပါတယ်။ Chemo ကို ရင်သားခွဲစိတ်မှု မပြုလုပ်ခင်၊ ခွဲစိတ်ပြီးနဲ့ ပြင်းထန်တဲ့ ရင်သားကင်ဆာတွေမှာ အသုံးပြုကြပါတယ်။ဟော်မုန်းတွေဟာ ကင်ဆာဆဲလ်တွေကို ဖွံ့ဖြိုးစေပါတယ်။ estrogen တွေဟာ ကင်ဆာဆဲလ်တွေကို သွားကပ်ပြီးတော့ ပိုမို ကြီးထွားလာစေပါတယ်။ ဟော်မုန်း ကုသမှုဟာ ဒီအခြေအနေကို ဖြေရှင်းပေးပါတယ်။ Estrogen တွေ ကင်ဆာဆဲလ်တွေကို သွားကပ်ခြင်းကနေ တားဆီးပေးမှာ ဖြစ်ပါတယ်။ Chemo လိုမျိုးပဲ ဟော်မုန်း ကုသမှုဟာလည်း တစ်ကိုယ်လုံးကို အကျိုးသက်ရောက်မှု ရှိတဲ့ ကုသမှု တစ်ခု ဖြစ်ပါတယ်။ပစ်မှတ်ထားကုသခြင်းဟာ အကျိတ်ကို ကြီးလာစေတဲ့ ဆဲလ်တွေကိုသာ တိုက်ခိုက်တဲ့ ဆေးတွေကို အသုံးပြုပါတယ်။ Chemo နဲ့ မတူတာကတော့ ပစ်မှတ်ထားတဲ့ ဆေးတွေဟာ ပွားနှုန်းမြင့်တဲ့ ဆဲလ်မှန်သမျှကို သတ်ပစ်တာ မဟုတ်ပဲ ပွားနေတဲ့ ကင်ဆာဆဲလ်တွေကိုသာ သတ်ပစ်တာ ဖြစ်ပါတယ်။ပုံမှန်အားဖြင့် ကင်ဆာရောဂါသည်တွေဟာ ကုသမှုတွေကို ပေါင်းစပ်ခံယူရလေ့ ရှိပါတယ်။ ဥပမာ ခွဲစိတ်ကုသမှု အပြီး ရလဒ်ပိုကောင်းစေဖို့ အခြားကုသမှုတွေကိုပါ ရယူရတာမျိုး ဖြစ်ပါတယ်။ ဘယ်လို ကုသမှုမျိုး ရရှိမလဲဆိုတာဟာ သင့်အခု အခြေအနေဖြစ်တဲ့ အကျိတ်ရဲ့ အရွယ်အစား၊ နေရာ၊ ရင်သားကင်ဆာအမျိုးအစား၊ ကိုယ်ဝန်ရှိနေခြင်း ရှိမရှိ၊ အသက်၊ ကိုယ်ပိုင်ရွေးချယ်မှု အစရှိတာတွေပေါ် မူတည်နေတာ ဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%9b%e1%80%84%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%af%e1%80%ad%e1%80%80%e1%80%af%e1%80%9e%e1%80%99%e1%82%88/
ဖလိုရွိုက်ဓါတ်များခြင်းကြောင့်သွားကြွေလွှာ စွန်းထင်းပျက်စီးခြင်း
Enamel fluorosis (ဖလိုရွိုက်ဓါတ်များခြင်းကြောင့် သွားကြွေလွှာ စွန်းထင်းပျက်စီးခြင်း ) ဆိုတာ ရောဂါတစ်ခုမဟုတ်ပေမယ့် သွားတွေရဲ့အသွင်အပြင်ကို သက်ရောက်စေနိုင်တဲ့အရာတစ်ခုပါ။ အတော်ကြီးတဲ့ အခြေအနေတွေမှာတောင် ဒီပြဿနာဟာ သတိမထားမိနိုင်တဲ့ အဖြူရောင်လိုင်းတွေ သွားကြွေလွှာပေါ်မှာ ပေါ်တတ်ပြီး သွားရဲ့ကျန်းမာရေးနဲ့ လုပ်ဆောင်မှုတွေကို အန္တရာယ်ဖြစ်စေမှာမဟုတ်ပါဘူး။ တကယ်တမ်း ကိစ္စအတော်များများမှာ ဒီဖြစ်ရပ်ဟာ သိသာထင်ရှားလှတာမဟုတ်တာကြောင့် များသောအားဖြင့် သွားဘက်ဆိုင်ရာကျွမ်းကျင်သူကသာ စမ်းသပ်မှုတွေလုပ်တဲ့အခါ သတိထားမိနိုင်တာပါ။ Enamel fluorosis ဟာ သွားတွေက သွားဖုံးတွေအောက်မှာပဲရှိနေတဲ့အခြေအနေမျိုးမှာပဲ ဖြစ်လေ့ရှိပါတယ်။ သွားဖုံးတွေကိုဖောက်ထွက်လာပြီဆိုရင်တော့ ဒီပြဿနာဖြစ်နိုင်တော့မှာမဟုတ်ပါဘူး။Fluorosis ရဲ့ရောဂါလက္ခဏာတွေဟာ သတိမပြုမိနိုင်တဲ့ သေးငယ်တဲ့အဖြူရောင်အစင်းကြောင်းတွေကနေပြီး အညိုရင့်ရောင်အစွန်းအထင်းတွေနဲ့ ရှင်းလင်းရခက်တဲ့ ကြမ်းတမ်းဖုထစ်နေတဲ့ကြွေလွှာတွေအထိ အမျိုးမျိုးရှိပါတယ်။ fluorosis မဖြစ်သေးတဲ့သွားတွေဟာ ချောမွတ်တောက်ပြောင်နေတတ်ပါတယ်။ သူတို့တွေဟာ ခရင်မ်အဖြူရောင်ဖျော့ဖျော့လေး ရှိနေသင့်တာပါ။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ကလေးရဲ့သွားတွေမှာ အဖြူရောင်အစင်းကြောင်း သို့မဟုတ် အစက်တွေဖြစ်နေရင် သို့မဟုတ် အရောင်ပြောင်းနေတဲ့သွား ၁ချောင်းနဲ့အထက်တွေ့ခဲ့ရင် သွားဆရာဝန်ကို ဆက်သွယ်ပါ။• ကဖိန်းဖြတ်ပါ။ သွားတွေမှာအစွန်းအထင်းတွေရှိနေတယ်ဆိုရင် ကော်ဖီ၊ ဝိုင်နီ နဲ့ ဆိုဒါတွေကိုအရင်ဖြတ်လိုက်ပါ။ ကဖိန်းဓါတ်မြင့်မားစွာပါဝင်ခြင်းက မလိုလားတဲ့အရောင်စွန်းထင်းခြင်းတွေကိုဖြစ်စေပါတယ်။ အချို့သူတွေကတော့ အထက်ပါအရာတွေကို ပိုက်နဲ့သောက်ခြင်းက dental fluorosis မဖြစ်နိုင်ဘူးလို့ ယုံကြည်ကြပေမယ့် ဒါက မမှန်ပါဘူး။ အရည်တွေသင့်ပါးစပ်ထဲဝင်သွားတာနဲ့ သွားနဲ့ထိတွေ့နေမှာဖြစ်တာကြောင့် အရောင်စွန်းခြင်းဖြစ်စေနိုင်ပါသေးတယ်။ ဒီပစ္စည်းတွေအစား လက်ဖက်စိမ်း၊ ကဖိန်းမပါတဲ့ကော်ဖီ၊ ဝိုင်ဖြူနဲ့ အရောင်ဖျော့တဲ့ဆိုဒါတွေကို အစားထိုးသောက်သုံးနိုင်ပါတယ်။• Fluoride (ဖလိုရွိုက်) ဖြတ်ပါ။ ဖလိုရွိုက်မြင့်မားစွာပါဝင်တဲ့ ရေတွေကိုဆက်မသောက်ပါနဲ့တော့။ ရေသန့်ကိုသောက်သုံးနိုင်ပြီး ရေပိုက်ခေါင်းမှာ ရေစစ် တပ်ဆင်ထားခြင်းအားဖြင့် သောက်ရေကိုရရှိနိုင်ပါတယ်။ ဖလိုရွိုက်ပါတဲ့သွားတိုက်ဆေးလည်း မဝယ်ပါနဲ့။ ဓါတုနည်းလမ်းနဲ့လုပ်ထားတဲ့စားစရာတွေက ဖလိုရွိုက်ပါတဲ့ရေနဲ့လုပ်ထားနိုင်တာကြောင့် သဘာ၀ စားသောက်စရာတွေကိုသာ ဝယ်ယူပါ။• မုန့်ဖုတ်ဆော်ဒါ : မုန့်ဖုတ်ဆော်ဒါ တွေကို မုန့်ဖုတ်ဖို့အတွက်ပဲအသုံးပြုကြတော့တာမဟုတ်ပါဘူး။ သွားဖြူဖို့လည်းသုံးလို့ရပါတယ်။ မုန့်ဖုတ်ဆော်ဒါ ပါဝင်တဲ့သွားတိုက်ဆေးကိုရွေးချယ်ဝယ်ယူသုံးစွဲနိုင်သလို သင်ကိုယ်တိုင်လည်းပြုလုပ်နိုင်ပါတယ်။ သင်ကိုယ်တိုင်လုပ်ကြည့်မယ်လို့ဆုံးဖြတ်ထားရင် ဖလိုရွိုက်မပါတဲ့သွားတိုက်ဆေး လက်ဖက်ရည်ဇွန်း၁ဇွန်းနဲ့ မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း၁ဇွန်းကိုရောပြီး သွားပွတ်တံပေါ်တင်ကာ ပုံမှန်သွားတိုက်သလိုတိုက်ပေးပါ။ အခြားနည်းလမ်းတစ်ခုကတော့ သံပုရာရည်စားပွဲဇွန်း၁ဇွန်းကို မုန့်ဖုတ်ဆော်ဒါ စားပွဲဇွန်းတစ်ဇွန်းနဲ့ရောလိုက်ပါ။ ဒါကအနှစ်တစ်ခုဖြစ်စေပြီး သွားပွတ်တံပေါ်တင်ကာ သွားတိုက်လို့ရနိုင်ပါပြီ။ မုန့်ဖုတ်ဆော်ဒါ ကိုသုံးပြီး သွားဖြူအောင်လုပ်တဲ့နည်းလမ်းတွေလည်း အများကြီးရှိနိုင်ပါသေးတယ်။ ရလဒ်သိသာတဲ့အထိ ထပ်ခါထပ်ခါလုပ်ပေးပါ။• Hydrogen peroxide 3% : Hydrogen peroxide 3% လက်ဖက်ရည်ဇွန်း၂ဇွန်းနဲ့ ရေလက်ဖက်ရည်ဇွန်း၂ဇွန်းကို ခွက်ထဲထည့်ပြီး သေချာရောမွှေပါ။ ပါးစပ်ထဲငုံလိုက်ပါ။ တစ်မိနစ်ထက်မကျော်ပါစေနဲ့။ အမြှုပ်တွေဖြစ်လာပါလိမ့်မယ်။ ပြီးတာနဲ့ ထွေးထုတ်လိုက်ပြီး ပါးစပ်ကိုရေနဲ့ပြန်ဆေး ပြန်ကျင်းပါ။ သိသာလာတဲ့အထိ နေ့စဉ်လုပ်ပေးပါ။ မတော်တဆဖြစ်ရပ်တွေဖြစ်လာနိုင်တာမို့ Peroxide က ၃ ရာခိုင်နှုန်း ဆိုတာ သေချာပါစေ။• စားလိုက်တဲ့အစာများ: အချို့သောသစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေဟာ သွားတွေအတွက်တကယ်ကောင်းပါတယ်။ သွားတွေအတွက် အကောင်းဆုံးဆိုတဲ့အသီးတွေထဲက အချို့ကတော့ ဥနီ၊ တရုတ်နံနံနဲ့ ပန်းသီးတွေပါ။ သူတို့တွေမှာ ဗီတာမင်စီမြင့်မားစွာပါဝင်ပြီး ဒါက ဘက်တီးရီးယားတွေကို သေစေနိုင်တာ တံတွေးကိုပိုထွက်စေတာကြောင့် ချိုးတွေကိုဖယ်ရှားပေးနိုင်ပါတယ်။ ရှောင်ရမယ့်အချို့အစားအစာတွေကတော့ အက်ဆစ်ပါဝင်တဲ့စားစရာတွေအားလုံးပါပဲ။ ဥပမာ ခရမ်းချဉ်သီးဆော့စ်၊ ဆားစိမ်ရည်၊ ပိုးစာရှာလကာနဲ့ လိမ္မော်သီးတွေပါ။ ပဲငံပြာရည်ကတောင်မှ သွားတွေကိုအရောင်ပြောင်းစေနိုင်တယ်လို့ ဆိုပါတယ်။• ထပ်လောင်းသတင်းအချက်အလက်များ – တကယ်လို့သင့်ကလေးက သွားတိုက်ဆေးတွေမျိုချမိတယ်ဆိုရင် သို့မဟုတ် သွားတိုက်နေစဉ် ပိုက်ရေကိုသောက်လိုက်မိတယ်ဆိုရင် ဖလိုရွိုက်နဲ့ လိုအပ်တာထက်ပိုတဲ့ထိတွေ့မှုဖြစ်သွားပါပြီ။ သူတို့သွားတိုက်တဲ့အချိန်မှာ သေသေချာချာကောင်းကောင်းမွန်မွန်နဲ့ စနစ်တကျတိုက်တယ်ဆိုတာသေချာဖို့ သူတို့ကိုစောင့်ကြည့်ပေးပါ။ သင့်မှာ အပျော့စား fluorosis ရှိနေတယ်ဆိုရင် သွားတွေပိုပြီးမပျက်စီးစေဖို့နဲ့ပိုဖြူလာစေဖို့ ဖော်ပြပါ အိမ်တွင်းကုထုံးတွေကို အသုံးပြုလို့ရပါတယ်။ သင့်မှာပြင်းထန်တဲ့ fluorosis ရှိနေတယ်ဆိုရင်တော့ အဆိုပါနည်းလမ်းအချို့ကိုစမ်းကြည့်နိုင်ပေမယ့် သွားဆရာဝန်ဆီက အကူအညီလိုအပ်လာပါလိမ့်မယ်။မိဘတွေရဲ့ဂရုစိုက်မှုဟာ fluorosis (ဖလိုရွိုက်ဓါတ်များခြင်းကြောင့် သွားကြွေလွှာ ရုပ်ဆိုးစွန်းထင်းခြင်း ) မဖြစ်စေဖို့ အဓိကသော့ချက်ပါ။သင်သုံးတဲ့ရေက အများပြည်သူဖြန့်ဝေရေးစနစ်ကလာတာဆိုရင် သင့်ရဲ့သွားဆရာဝန် သို့မဟုတ် ဆရာဝန်နဲ့ ပြည်သူ့ကျန်းမာရေးဌာနက ဒေသသုံးရေအတွက် တာဝန်ရှိသူတွေက ရေထဲမှာ ဖလိုရွိုက်ပမာဏဘယ်လောက်ပါဝင်နေလဲဆိုတာ ပြောနိုင်မှာပါ။ တွင်းရေ သို့မဟုတ် ရေသန့်ကို မှီခိုနေတာဆိုရင် ပြည်သူ့ကျန်းမာရေးဌာန သို့မဟုတ် ဒေသဓါတ်ခွဲခန်းတွေက ဒီရေတွေရဲ့ ဖလိုရွိုက်ပါဝင်နှုန်းကို ခွဲခြမ်းစိတ်ဖြာပေးနိုင်ပါလိမ့်မယ်။ သောက်ရေထဲကနေ သင့်ကလေးသောက်လိုက်တဲ့ ဖလိုရွိုက်ပမာဏကိုသိပြီဆိုရင် သင့်ကလေးဟာ ဖလိုရွိုက်အားဖြည့်ဆေးတွေ လိုမလို သွားဆရာဝန်နဲ့ ပူးပေါင်းဆောင်ရွက် ဆုံးဖြတ်လို့ရပါပြီ။အိမ်မှာဆိုရင် သွားတိုက်ဆေး၊ ခံတွင်းသန့်ဆေးနဲ့ ဖလိုရွိုက်ပါဝင်ပစ္စည်းတွေကို ကလေးလက်လှမ်းမှီတဲ့နေရာမှာထားပါ။ ကလေးက ဖလိုရွိုက်ပမာဏအများကြီးကို အချိန်တိုအတွင်း မျိုချလိုက်မိတယ်ဆိုရင် အောက်ပါလက္ခဏာတွေပြပါလိမ့်မယ်။• ပျို့ခြင်း။• ဝမ်းလျှောဝမ်းပျက်ခြင်း။• အော့အန်ခြင်း။• ဗိုက်နာခြင်းစတာတွေ တွေ့ရပါလိမ့်မယ်။ဖလိုရွိုက်အဆိပ်သင့်မှုဟာ အများအားဖြင့် ပြင်းထန်တဲ့ကိစ္စတော့မဟုတ်ပေမယ့် ဒီပြဿနာကြောင့် နှစ်တိုင်း ကလေးရာနဲ့ချီပြီး အရေးပေါ်ခန်းထဲရောက်နေကြဆဲပါ။ကလေးဟာ ဖလိုရွိုက်ပါတဲ့သွားတိုက်ဆေးကို ဘယ်လိုသုံးနေလဲဆိုတာ သေချာစောင့်ကြည့်ဖို့လည်း အရေးကြီးပါတယ်။ သွားတိုက်ဆေး ပဲစေ့အရွယ်ခန့်ကိုသာ ကလေးရဲ့သွားပွတ်တံထဲထည့်ပေးပါ။ ဒါက လုံလောက်တဲ့ပမာဏပါပဲ။ သွားတိုက်ပြီးရင် မမျိုချဘဲထွေးထုတ်တတ်ဖို့ သေချာသင်ပေးပါ။ ထွေးထုတ်တာကိုပိုပြီးလုပ်တတ်စေဖို့ ကလေးတွေမျိုချချင်စိတ်ဖြစ်စေနိုင်မယ့် အနံ့၊အရသာပါတဲ့ သွားတိုက်ဆေးကို အသုံးမပြုပါနဲ့။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/dental-conditions/%e1%80%96%e1%80%9c%e1%80%ad%e1%80%af%e1%80%9b%e1%80%bd%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%93%e1%80%ab%e1%80%90%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba/
ရင်သား ဖွံ့ထွား လှပစေမယ့် လေ့ကျင့်ခန်း
ရင်သား ဖွံ့ထွား လှပစေမယ့် လေ့ကျင့်ခန်း တွေအကြောင်း သိပြီးပြီလား ….. မသိသေးဘူးဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။အမျိုးသမီးတစ်ယောက်က တကယ်ကို လှပကြော့ရှင်းတယ်လို့ သတ်မှတ်ခံရဖို့ဆိုရင်မျက်နှာ၊အသားအရေနဲ့ ကိုယ်လုံးကိုယ်ပေါက်ကအစ အရာရာလှပဖို့ လိုအပ်ပါမယ်။ အမျိုးသမီး တော်တော်များများက သူတို့ရဲ့ အလှအပတရားနဲ့ ပတ်သက်ပြီး စိတ်တိုင်းကျတာ ရှားပါတယ်။ အဓိက စိတ်တိုင်းမကျကြတာက သူတို့ရဲ့ ရင်သား အရွယ်အစားနဲ့ပတ်သက်ပြီးတော့ပါ။ ဒီတော့ သဘာဝအတိုင်းရင်သားဖွံ့ထွား လှပစေဖို့အတွက် အိမ်မှာတင်လုပ်လို့ရတဲ့လေ့ကျင့်ခန်းလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။လေ့ကျင့်ခန်းလုပ်တာက ခွဲစိတ်ပြုပြင်တာနဲ့ ဆေးတွေအသုံးပြုတာထက် ပိုစိတ်ချရပါတယ်။ကြွက်သားတွေကို တည်ဆောက်ဖို့ ရိုးစင်းလွယ်ကူတဲ့လေ့ကျင့်ခန်းလေးတွေကို ပုံမှန်လုပ်ပေးဖို့လိုအပ်ပါမယ်။ ရင်သားတစ်ဝိုက်က ကြွက်သားတွေကိုနေ့စဉ်လှုပ်ရှားမှုလုပ်ဆောင်ပေးတာက မှန်ကန်တဲ့ကိုယ်နေဟန်ထားနဲ့ လေ့ကျင့်ခန်းလုပ်တာတွေက ရင်သားကို သဘာဝအတိုင်း ဖွံ့ထွားလှပစေမှာပါ။ရင်သား ဖွံ့ထွား လှပစေမယ့် လေ့ကျင့်ခန်း တွေက။နံရံတွန်းတဲ့ လေ့ကျင့်ခန်း။လက်မောင်းလှည့်လေ့ကျင့်ခန်း။အလေးတုံးသုံးပြီးလေ့ကျင့်ခန်းလုပ်မယ်။ရေမချိုးခင်မှာ ဒီ လေ့ကျင့်ခန်းလေးတွေ လုပ်ပြီး သဘာဝအတိုင်း ရင်သား ဖွံ့ထွား လှပအောင် ကြိုးစား လုပ်ဆောင်လိုက်ပါနော်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/exercises-for-breast-size/
လည်းပင်းရိုးရောဂါ စစ်ဆေးကုသခြင်း
လည်ပင်းရိုးမရောဂါဆိုတာ လည်ပင်းရိုး၊ ကြောရိုးကြားခံပြားနဲ့ အဆစ်တို့ ပျက်စီးပြီး ဦးနှောက်၊ ပင်မအာရုံကြောကြီးနဲ့ အာရုံကြောလေးများကို ဒုက္ခပေးနေခြင်းဖြစ်ပါတယ်။ ယင်းရောဂါကို စောစောတွေ့ရှိနိုင်ပြီး ထိရောက်သောကုသမှုပေးနိုင်ပါတယ်။ရောဂါစစ်ဆေးမှုကို တွေ့ဆုံမေးမြန်းခြင်းဖြင့် စတင်ပါတယ်။ ဒဏ်ရာအနာတရတွေ ဖြစ်ဖူးလားနဲ့ ရောဂါလက္ခဏာတွေကို မေးမြန်သွားမှာပါ။ထို့နောက် အောက်ပါကိုယ်ယာယစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမှာပါ။– ခေါင်းလှုပ်နိုင်လား၊ ခေါင်းစောင်းနိုင်လားနဲ့ ခေါင်းလှည့်နိုင်လားဆိုတာတွေကို စစ်ဆေးသွားမှာပါ။– ကျွမ်းကျင်သူက ခေါင်းငုံ့စေကာ ဖိအားပေးပြီး ပြန်လည်ခေါင်းမတ်နိုင်လား ကြည့်ခြင်းအားဖြင့် ကြွက်သားစွမ်းရည်ကို ဆန်းစစ်မှာပါ။ ပင်မအာရုံကြောမကြီးနဲ့ အာရုံကြောလေးတွေကို ဖိအားတွေသက်ရောက်မှုရှိနေလား ရှာဖွေတွေ့ရှိနိုင်ပါတယ်။– ဖိအားတွေက သင့်လှုပ်ရှားမှုကို သက်ရောက်နေလားဆိုတာကတော့ လမ်းလျောက်စေပြီး ဆန်းစစ်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။ကိုယ်ကာယစစ်ဆေးမှုတွေဖြင့် လည်းပင်းကျောရိုးမကြီးရောဂါကို စောလျင်စွာတွေ့ရှိနိုင်သလို ပုံရိပ်ဖော်ခြင်းနည်းပညာဖြင့် လည်းပင်းမှာဖြစ်နေတဲ့ ချို့ယွင်းမှုတွေကို အသေးစိတ်ရှာဖွေတွေ့ရှိနိုင်ပါတယ်။–ဓါတ်မှန်။ဓါတ်မှန်ရိုက်ခြင်းက လည်ပင်းပုံစံအသေးစိတ်ကို ပုံဖော်ပေးနိုင်ပြီး လည်းပင်းကျောရိုးမရောဂါ၊ အရိုးကျိုးခြင်း၊ အကျိတ်ထွက်ခြင်းနဲ့ ပိုးဝင်ခြင်းလိုမျိုး လည်ပင်းပြဿနာတွေကို ရှာဖွေတွေ့ရှိဖို့ ကူညီပေးနိုင်ပါတယ်။–စီတီစကင်။စီတီစကင်က လည်ပင်းရိုးတို့ကို ပိုမိုအသေးစိတ် ပုံဖော်ပေးနိုင်ပြီး ဆဲလ်တို့ရဲ့ မူမမှန်ကြီးထွားခြင်းရှိမရှိကို စစ်ဆေးတွေ့ရှိနိုင်ပါတယ်။–သံလိုက်လှိုင်းဖြင့် ပုံရိပ်ဖော်ခြင်းနည်းပညာ(MRI)။MRIက ထိခိုက်ခြင်းခံရတဲ့ အာရုံကြောကို ရှာဖွေတွေ့ရှိဖို့ ကူညီပေးမှာပါ။ ကုသသော်လည်း မသက်သာသွားသော လည်ပင်းပြင်းထန်စွာနာကျင်ခြင်းနဲ့ လက်နဲ့ပုခုံးတို့ထုံကျင်ခြင်းတွေ ရှိနေမယ်ဆိုရင် ထိုနည်းပညာကို အသုံးပြုနိုင်ပါတယ်။–ကျောရိုးဓါတ်မှန်ရိုက်ခြင်း။ရိုးရိုးဓါတ်မှန်ရိုက်ခြင်းနဲ့ စီတီစကင်တို့ထက် ပိုမိုအသေးစိတ်တဲ့ အချက်အလက်တွေပေးနိုင်ပါတယ်။ထိုစစ်ဆေးမှုကို အာရုံကြောလှုံဆော်မှုတွေက ခန္ဓါကိုယ်တစ်လျောက် ပုံမှန်သွားလာနေလား သိရှိဖို့ အသုံးပြုပါတယ်။ ယင်းတို့က အောက်ပါအတိုင်းပဲဖြစ်ပါတယ်။– EMG ဆွဲခြင်း။EMG က ကြွက်သားတွေ နားနေတဲ့အခါ၊ ညစ်နေတဲ့အခါ လျှပ်စစ်ဓါတ်တွေဖြတ်သန်းစီးဆင်းသွားမှုကို စမ်းသပ်တာပါ။– အာရုံကြောစီးဆင်းခြင်းစမ်းသပ်မှု။ထိုစစ်ဆေးမှုသည် လှုံဆော်စီးဆင်းမှုတွေရဲ့ ပြင်းအားနဲ့အမြန်နှုန်းကို သိရှိဖို့ ရှော့ခ်အနည်းငယ်ပေးပြီး ပြုလုပ်တာပါ။ဆေးဝါးတွေက သင့်အခြေအနေကို တိုးတက်ကောင်းမွန်လာစေပါလိမ့်မယ်။ ဆရာဝန်က စတီးရွိုက်မဟုတ်သော အရောင်ကျဆေးများ(NSAIDS) အသုံးပြုဖို့ အကြံပြုနိုင်ပါတယ်။ ယင်းဆေးတွေကို ဇက်နာကျင်ခြင်းသက်သာစေဖို့အတွက် ကာလကြာရှည်အသုံးပြုနိုင်ပါတယ်။ဆရာဝန်တွေက ဇက်နာကျင်ခြင်းသက်သာစေဖို့ ကုထုံးတွေကလည်း အကြံပြုနိုင်ပါတယ်။ ယင်းကုထုံးတွေဟာ ဆရာဝန်နဲ့ကျွမ်းကျင်သူတို့ရဲ့ ညွန်ကြားမှုအောက်တွင် ပြုလုပ်ခြင်းဖြစ်ပါတယ်။– အသုံးများဆုံးကုထုံးကတော့ ကိုယ်ကာယကုထုံးဖြစ်ပါတယ်။ ယင်းကုထုံးက ဇက်အခြေအနေကို ညင်ညင်သာသာလေးနဲ့ တိုးတက်လာစေမှာပါ။ ဗဟိဒ္ဓကုထုံးဆရာတွေဟာ အထူးလေ့ကျင့်ခန်းတွေဖြင့် ဇက်နာကျင်ခြင်းတွေသက်သာစေပြီး ကြွက်သားတွေကိုလည်း သန်မာလာအောင်ပြုလုပ်ပေးပါလိမ့်မယ်။– အာရုံကြောတွေပေါ်ရှိဖိအားသက်သာစေဖို့ ဇက်ကြောဆန့်ကုထုံးကိုလည်း အကြံပြုပါလိမ့်မယ်။– နှိပ်နယ်ခြင်းကုထုံးကိုလည်း အသုံးပြုနိုင်ပါတယ်။ ကိုယ်ကာယကုထုံးကို ပိုမိုထိရောက်အောင် အပူအအေးကုထုံးတွေအသုံးပြုပါတယ်။အထက်တွေနည်းလမ်းတွေအလုပ်မဖြစ်ဘူး၊ နာကျင်မှုတွေကအချိန်နဲ့အမျှ ပိုပိုဆိုးလာမယ်၊ပြင်းထန်လာမယ်ဆိုရင် ခွဲစိတ်ကုသဖို့ လိုအပ်ပါပြီ။– ကျောရိုးကြားခံပြားရှိကျွံနေသောအပိုင်းကို ခွဲထုတ်ခြင်း။– လည်းပင်းရိုးပြန်လည်တွယ်ဆက်ဖို့ အရိုးအစားထိုးခြင်း သို့မဟုတ် ပြင်ပပစ္စည်းများအသုံးပြုခြင်း။လည်ပင်းနာကျင်ခြင်း၊တောင့်တင်းခြင်းတွေဖြစ်စေသော လည်ပင်းရိုးရောဂါဟာ အသက်၅၀ကျော်များတွင် အဖြစ်များသော်လည်း စောစောသိ၊စောစောကုသနိုင်ဖို့ စောစောစစ်ဆေးမှုတွေပြုလုပ်နိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/orthopedic-surgery/%e1%80%9c%e1%80%8a%e1%80%ba%e1%80%b8%e1%80%95%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab-%e1%80%85%e1%80%85%e1%80%ba%e1%80%86%e1%80%b1/
ကျောရိုးဆစ်ကျွံခြင်းနဲ့ ပတ်သက်ပြီး ဘာတွေ သိထားရမလဲ
Spinal disk ပျက်စီးဖူးတဲ့ သူတွေသာ အဲ့ဒါကြောင့်ဖြစ်တဲ့ နာကျင်မှုနဲ့ အကူအညီမဲ့မှုကို နားလည်ပေးနိုင်မှာပါ။ နာကျင်မှုက တကယ်စိတ်ပျက်စရာပါ။ လှုပ်ရှားမှုအားလုံးက ပိုဆိုးစေမှာပါ။ သင့်ကျောရိုးရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို disc ကျွံနိုင်ပါတယ်။ ဒါပေမယ့် disc ကျွံခြင်း အများစုက ခါးအောက်ပိုင်း (lumbar spine) မှာ ဖြစ်ပွားကြပါတယ်။Spinal disk ဆိုတာ သင့်ကျောရဲ့ အရိုးကို ဖြစ်စေတဲ့ အရိုး (vertebrae) ဖြစ်ပြီး သေးငယ်သော ရေမြှုပ်ကဲ့သို့ (disc) အပြားလေးဖြင့် ကြားခံထားပါတယ်။ အဲ့ disc လေးတွေ ကျန်းမာရင် ကျောရိုးအတွက် တုန်ခါမှု စုပ်ယူသော ပစ္စည်း (shock absorbers) လို အလုပ်လုပ်ပြီး ကျောရိုးကို ကွေးလို့ရစေပါတယ်။ဆရာဝန်တွေက intervertebral disks လို့ ခေါ်ပါတယ်။ သူတို့က အချင်း တစ်လက်မလောက်နဲ့ ၁/၄ လက်မအထူလောက်ရှိတဲ့ အဝိုင်းပြားလေး ဖြစ်ပါတယ်။ သူတို့က အပြင်ပိုင်းအမြှေးပါး အမာ (annulus fibrosus) နဲ့ elastic core (nucleus pulposus) ၊ အမျှင်တွေ ပါရှိပါတယ်။ကျောရိုးမကြီး ထိခိုက်မှု။– ရုတ်တရက် အလေးအပင်မခြင်း သို့မဟုတ် ကျောအောက်ပိုင်းကို ဖိအားအများအပြားပေးခြင်း။ ရုတ်တရက် လှည့်လိုက်ခြင်း၊ သို့မဟုတ် နှာချေတာကအစ တချို့အရာတွေကို ထွက်ဖို့ တွန်းအားပေးပါတယ်။– ပုံမကျသော အလေးအပင်မသည့် အလေ့အထ၊ တုန်ခါမှု ကြာရှည်စွာ ခံစားရခြင်း၊ အားကစားကြောင့်ရရှိသည့် ဒဏ်ရာများ စတဲ့ ထပ်ကာထပ်ကာ လုပ်ရတဲ့ တချို့လှုပ်ရှားမှုတွေက ကျောအောက်ပိုင်းကို ဒဏ်ပိစေပါတယ်။ ဒါတွေက disc ရဲ့ မာကျောတဲ့ အပေါ်ပိုင်းအလွှာမှ စုတ်ပြဲမှုတွေ သို့မဟုတ် အက်ကွဲမှုတွေ ဖြစ်စေပါတယ်။ပျက်စီးမှု နဲ့ စုတ်ပြဲမှု (disc degeneration) က disc ကျွံစေတဲ့ အကြောင်းတရားတစ်ခု ဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ကျောက disc တွေမှာ သူတို့ကို လှုပ်ရှားရလွယ်အောင် ကူညီပေးတဲ့ အရည်တချို့ ဆုံးရှုံးလာပါတယ်။ disc ရဲ့ အပြင်ပိုင်း အလွှာမှာ သေးငယ်တဲ့ စုတ်ပြဲမှု သို့မဟုတ် အက်ကွဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ disc အတွင်းမှာရှိတဲ့ စေးပျစ်တဲ့ gel တွေက အဲ့ဒီ အက်ကွဲရာတွေကို ဖြတ်ပြီး အပြင်ထွက်သွားတတ်ပါတယ်။ ဒါက disc ကို ကားထွက်စေခြင်း သို့မဟုတ် ကွဲထွက်ခြင်းတို့ ဖြစ်စေပါတယ်။တကယ်လို့ ကျွံနေတဲ့ disc က အာရုံကြောတစ်ခုကို မဖိထားရင် သင့်ခါးအောက်ပိုင်းမှာ ယားယံခြင်းဖြစ်မယ် သို့မဟုတ် ဘာရောဂါလက္ခဏာမှ မပြတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် disc က အာရုံကြောတစ်ခုကို ဖိမိခဲ့ရင်တော့ အောက်ပါ ရောဂါလက္ခဏာတွေ တွေ့ရတတ်ပါတယ်။– တင်ပါးရိုးအာရုံကြောကို ဖိမိသောအခါ တင်ပါးကနေ ခြေထောက်၊ ခြေဆစ် သို့မဟုတ် ခြေဖျားတလျှောက် နာကျင်ခြင်း။ကျောအောက်ပိုင်း နာကျင်မှုနဲ့အတူ ခြေထောက်နာကျင်မှုပါ ဖြစ်စေပါတယ်။– တဆစ်ဆစ်ဖြစ်ခြင်း (pins-and-needles sensation) သို့မဟုတ် ခြေတစ်ဖက် ထုံကျင်ခြင်း၊ တင်ပါး သို့မဟုတ် ဒူးအနောက်က စပြီး ပေါင်၊ ခြေဖဝါး၊ ခြေဆစ်အထိ ဖြစ်တတ်ပါတယ်။– ပေါင်အရှေ့ပိုင်း နာကျင်ခြင်း။– ခြေတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးရဲ့ တချို့ ကြွက်သားတွေ အားနည်းခြင်း။– ပြင်းထန်နက်ရှိုင်းတဲ့ ကြွက်သားနာကျင်မှုနဲ့ ကြွက်သားအကြောဆွဲခြင်း။– အဝလွန်ခြင်း။– မျိုးရိုး။– အသက်အရွယ်၊ဖြစ်နိုင်ချေအများဆုံးကတော့ ၃၅ နဲ့ ၅၀ ကြားဖြစ်ပါတယ်။ အသက် ၈၀ကျော်သွားရင် ဒီအခြေအနေက ရောဂါလက္ခဏာတွေကို ရှားရှားပါးပါးပဲ ဖြစ်စေပါတယ်။– ဖိုမဖြစ်တည်မှု။အကြမ်းအားဖြင့် အမျိုးသားတွေက အမျိုးသမီးတွေထက် lumbar herniated discs ဖြစ်နိုင်ချေ ၂ဆ ပိုပါတယ်။– ဆေးလိပ်သောက်ခြင်း၊ နီကိုတင်းက spinal disc တွေဆီ သွေးစီးဆင်းမှုကို ကန့်သတ်ပါတယ်။ ဒါက disc generation ကို ပိုဖြစ်စေပြီး ကုစားမှုကို နှောင့်နှေးစေပါတယ်။ဒီနာကျင်မှုကို သင့်ကိုယ်သင် ဂရုစိုက်သင့်ပြီဆိုတဲ့ သတိပေးတဲ့ သင်္ကေတပါ။ တကယ်လို့ သင်က သင့်တော်တဲ့ လုပ်ရပ်ကို လုပ်မယ်ဆို သက်တောင့်သက်တာမဖြစ်တာကို ရပ်စေပါတယ်၊ ပြဿနာတွေ ဖြေရှင်းသွားစေနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%86%e1%80%85%e1%80%ba%e1%80%80%e1%80%bb%e1%80%bd%e1%80%b6%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%b2/
Bullous Pemphigoid (ရှားပါးတဲ့ အရေပြားအရည်ကြည်ဖုထသော ရောဂါ)
Bullous pemphigoid ဟာ ရှားပါးတဲ့ အရေပြားရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါဟာ အရေပြားမှာ အနီရောင် အကွက်တွေ အနေနဲ့ စတင်ပြီး ရက်သတ္တပတ်ပေါင်းများစွာ (သို့) လပေါင်းများစွာ အကြာမှာ ကြီးမားတဲ့ အရည်ကြည်ဖုတွေအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဒီရောဂါဟာ ကြာရှည်ဖြစ်ခြင်း (သို့) ကုသပျောက်ကင်းအပြီး မှာ ပြန်ဖြစ်တယ်ဆိုရင် နာတာရှည်ရောဂါ ဖြစ်သွားနိုင်ပါတယ်။ဒီရောဂါဟာ အသက် ၆၀ အရွယ် အမျိုးသားတွေမှာ ပိုအဖြစ်များပြီး လူနာမှာ ကျန်းမာရေးမကောင်းရင် အန္တရာယ် ရှိတတ်ပါတယ်။ ရောဂါဖြစ်စေနိုင်တဲ့အရာတွေကို လျှော့ချခြင်းအားဖြင့် ရောဂါဖြစ်ပွားမှုကို လျော့ကျစေနိုင်ပါတယ်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ချို့လူနာတွေမှာတော့ လက္ခဏာတွေ ပြသခြင်းမရှိပါဘူး။ အကွက်တွေဟာ အနီရောင်ဖြစ်ပြီး ယားယံမှုနဲ့ ပူလောင်မှု တွေ ခံစားရတတ်ပါတယ်။ ပြင်းထန်တဲ့ အခြေအနေတွေမှာ အရည်ကြည်ဖုတွေ ထွက်လာတတ်ပါတယ်။ သူတို့ဟာ ချိုင်းကြား၊ လက်၊ ဝမ်းဗိုက်၊ ပေါင်အတွင်းဘက်နဲ့ ခြေထောက်တွေမှာ အဖြစ်များပါတယ်။ Bullous pemphigoid ရောဂါရှိသူ သုံးပုံတစ်ပုံဟာ ပါးစပ်မှာ ပါ ဖြစ်ပွားတတ်ပါတယ်။ အရည်ကြည်ဖုတွေဟာ ပေါက်ထွက်နိုင်ပြီးတော့ အနာဖြစ်နိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။တိကျတဲ့အကြောင်းရင်းမရှိပဲ အရည်ကြည်ဖုတွေ ဖြစ်လာခဲ့ရင် (သို့) အရေပြားမှာ မပျောက်တော့တဲ့ ယားယံတဲ့ အကွက်တွေ ဖြစ်လာခဲ့ရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အခြေအနေကတော့ လူပေါ်မူတည်တာဖြစ်ပါတယ်။ ဆရာဝန်နဲ့ သင့်လျော်တဲ့ ရောဂါရှာဖွေမှုတွေ၊ ကုသမှုတွေနဲ့ အကောင်းဆုံးကုသမှု ရွေးချယ်ဖို့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။တိတိကျကျ မရှိပေမယ့် ကိုယ်ခံအားစနစ်နဲ့ ဆိုင်တဲ့ ရောဂါတွေ၊ အခြားရောဂါတွေနဲ့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။ ဒီအရေပြားပြဿနာတွေဟာ ကိုယ်ခံအားစနစ် မကောင်းလို့ ပေါ်လာတာဖြစ်ပါတယ်။ ကိုယ်ခန္ဓါရဲ့ ကိုယ်ခံအားစနစ်ဟာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေနဲ့ အခြားအပြင်က ဝင်လာပြီး ဒုက္ခပေးနိုင်တဲ့ အရာတွေကို တိုက်ထုတ်တဲ့ အင်တီဘော်ဒီ (antibodies) တွေ ပါဝင်ပါတယ်။ အရှင်းဆုံးပြောရရင်တော့ ကိုယ်ခန္ဓါက ရောဂါတိုက်ထုတ်တဲ့ ပစ္စည်းတွေကို ထုတ်ပေးပါတယ်။ Bullous pemphigoid ဖြစ်နေရင် ကိုယ်ခန္ဓါဟာ အရေပြားအလွှာတွေ အတွင်းမှာ အင်တီဘော်ဒီ တွေကို ထုတ်ပေးပါတယ်။ ဒီ အင်တီဘော်ဒီ တွေဟာ ရောင်ရမ်းမှုကို အားပေးပြီး အရည်ကြည်ဖုဖြစ်ပေါ်စေကာ ယားယံစေပါတယ်။အခြား Bullous pemphigoid ကို ဖြစ်ပွားစေတဲ့ အချက်တွေကတော့။Bullous pemphigoid ဟာ အသက်၆၀ ကျော်သူတွေမှာ အများအားဖြင့် တွေ့ရတတ်ပါတယ်။ အသက်ကြီးပြီး ကျန်းမာရေး မကောင်းလေလေ ရောဂါဖြစ်နှုန်းမြင့်တက်လေလေ ပဲ ဖြစ်ပါတယ်။ရောဂါဖြစ်နှုန်မြင့်စေတဲ့အရာ မရှိဘူးဆိုတာဟာ သင်ရောဂါမရနိုင်ဘူးလို့ မဆိုလိုပါဘူး။ အသေးစိတ်အကြောင်းအရာတွေအတွက် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ဆရာဝန်က ရောဂါ ရာဇဝင် မေးမြန်းပြီး အရေပြား စမ်းသပ်မှု လုပ်ပါလိမ့်မယ်။ အပေါ်ယံအရေပြားရဲ့ ဖေါင်းမှုနဲ့ skin sample ကို စမ်းသပ်မှာဖြစ်ပြီး အချို့အခြေအနေတွေမှာ သွေးစစ်နိုင်ပါတယ်။ အရေပြား အသားစ ယူခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။အရောင်ကျတဲ့ ဆေးတစ်မျိုးဖြစ်တဲ့ corticosteroid ကို ဆရာဝန် ညွှန်ကြားချက်နဲ့ အသုံးပြုနိုင်ပါတယ်။ ဆေးဟာ သောက်ဆေးရော ထိုးဆေးပုံစံနဲ့ ပါရှိပါတယ်။ ရောဂါကို စောစောတွေ့ပြီး ရောဂါပျော့သေးရင် လူနာတွေဟာ corticosteroid လိမ်းဆေးတွေကိုလဲ အသုံးပြုနိုင်ပါတယ်။ ဆရာဝန်ဟာ ကိုယ်ခံအား ကောင်းမွန်စေတဲ့ ဆေးတွေကိုလည်း ပေးနိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Bullous pemphigoid ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/bullous-pemphigoid-%e1%80%9b%e1%80%bd%e1%80%ac%e1%80%b8%e1%80%95%e1%80%ab%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%a1%e1%80%9b/
ကလေးနှင့် ဗီတာမင် အေ
ဗီတာမင်နှင့် သတ္တုဓါတ်များသည် ကလေးကျန်းမာရေး နှင့် ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ ဗီတာမင် အေ သည် ထိုအရေးကြီးသော ဗီတာမင်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် မျက်စိအမြင်အာရုံ နှင့် အရိုးကြီးထွားမှုအတွက် အရေးပါပြီး ရောဂါပိုးဝင်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။ ဤဆောင်းပါးတွင် ကလေးများအတွက် ဗီတာမင် အေ ၏ အကျိုးကျေးဇူးများအကြောင်းကို ဖော်ပြလိုက်ပါသည်။ဗီတာမင်အေ ပင်မရင်းမြစ်နှစ်ခုရှိပါသည်။ ၎င်းတို့မှာ retinol နှင့် beta-cartoene တို့ဖြစ်ပါတယ်။Retinol ကို စစ်မှန်သော ဗီတာမင်အေ ဟုခေါ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ခန္ဓါကိုယ်အတွက် အသုံးပြုဖို့ အဆင်သင့်ဖြစ်ပြီး ၎င်းကို အသား (ဥပမာ။ ။ အသည်း၊ ဥ နှင့် အဆီများသောငါး) နှင့် စီရီယယ်များတွင် အလွယ်တကူ တွေ့ရှိနိုင်ပါသည်။Beta-carotene သည် ဗီတာမင် အေ အတွက် ရှေ့ပြေးဓါတ်ပစ္စည်းတစ်ခုဖြစ်ပြီး အသုံးပြုနိုင်ရန် ၎င်းကို Retinol (သို့) ဗီတာမင်အေ အဖြစ်သို့ ထပ်မံ ပြောင်းဖို့ လိုအပ်သည်။ ၎င်းကို လိမ္မော်ရောင်နှင့် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ (ဥပမာ မုန်လာဥ၊ ကန်စွန်းဥ၊ သရက်သီး၊ ကိုက်လန်)တို့တွင် အများဆုံးတွေ့ရှိရသည်။Retinol ရော Beta-carotene နှစ်ခုစလုံးကို အသည်းတွင် သိုလှောင်ထားပြီး ခန္ဓါကိုယ်က ဗီတာမင်အေ လိုအပ်ချိန်တိုင်း ၎င်းတို့ကို အသုံးပြုဖို့ အဆင်သင့်ဖြစ်နေသည်။ဗီတာမင်အေသည် အဆီတွင်ပျော်ဝင်သော retinol၊ retinal၊ retinyl esters အပါအဝင် Retinoid အုပ်စုဝင်ဖြစ်သည်။ ထိုအုပ်စုသည် ကိုယ်ခံအားစနစ်၊ အမြင်အာရုံ၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အမြင်အာရုံဆိုင်ရာ ဆဲလ်ထုတ်လုပ်ခြင်း နှင့် ထိန်းသိမ်းခြင်းများတွင် ပါဝင်သည်။ဗီတာမင်အေသည် Rhodopsin ၏ မရှိမဖြစ် ဒြပ်ပေါင်းတစ်ခုလည်းဖြစ်သည်။ Rhodopsin ဆိုသည်မှာ မျက်စိအာရုံခံလွှာတွင်ရှိသော အလင်းကို စုပ်ယူသည့် ပရိုတင်းတစ်ခုဖြစ်သည်။ဗီတာမင်အေသည် မျက်လုံးအပြင် အမြှေးပါး (Conjunctiva) နှင့် မျက်ကြည်လွှာ၏ ပုံမှန်လုပ်ငန်းဆောင်တာများကို ထောက်ပံ့ပေးသည်။ဗီတာမင်အေ ချို့တဲ့သော ကလေးများတွင် မျက်ကြည်လွှာခြောက်သောရောဂါ နှင့် အခြား ပြင်းထန်သော ကျန်းမာရေးဆိုင်ရာ အခြေအနေများကို ဖြစ်ပွားစေသည်။ ထိုကလေးများသည် ကုသမှုမခံယူလျှင် မျက်လုံးကန်းနိုင်သော အန္တရာယ် ကြုံရနိုင်သည်။ ဗီတာမင်အေချို့တဲ့မှုကြောင့် မျက်စိကန်းသွားသည်သော ကလေး တစ်ကမ္ဘာလုံးတွင် ခန့်မှန်းခြေ ၂၅၀.၀၀၀ မှ ၅၀၀.၀၀၀ ခန့်ရှိပါသည်။ဗီတာမင်အေသည် ကိုယ်ခံအားစနစ်အပေါ်တွင် သက်ရောက်မှုရှိသောကြောင့် မကြာသေးခင် နှစ်အနည်းငယ်အတွင်းတွင် အားလုံး၏ အာရုံစိုက်မှုကို ရရှိနေပါသည်။ သင့်ကလေး ဗီတာမင် အေ ကို မြန်မြန်ရလေ ကိုယ်ခံအားစနစ်နှင့် ရောဂါပိုးကို တိုက်ထုတ်နိုင်စွမ်း ပိုမိုထိရောက်လေဖြစ်သည်။ ဗီတာမင်အေတွင် ဓါတ်တိုးဆန့်ကျင် အာနိသင်ပါရှိသောကြောင့် ဆဲလ်များ ဓါတ်တိုးပျက်စီးခြင်းမှ ကာကွယ်ပေးသည်။ဆိုလိုသည်မှာ ဗီတာမင်အေ သည် ဆဲလ်ပျက်စီးယိုယွင်းခြင်းကြောင့် ဖြစ်သော ရောဂါများနှင့် ဖျားနာခြင်းတို့မှ ကာကွယ်ပေးပြီး အရေပြား၊ တစ်ရှုးနှင့် အမြှေးပါးများကို ထိန်းသိမ်းပေးသည်။ဗီတာမင်အေ ချို့တဲ့ပါက နာမကျန်းခြင်း နှင့် ရောဂါဘယများ (ဥပမာ။ ။ ဝက်သက်၊ ဝမ်းပျက်ဝမ်းလျှော)ကို ဖြစ်ပွားစေသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ထောက်ခံချက်အရ ဗီတာမင်အေ အားဆေး နှင့် ကာကွယ်ဆေးများ ပေါင်းစည်အသုံးပြုခြင်းသည် သင့်ကလေးကို ပိုလီယိုကဲ့သို့သော အဖြစ်များသော ရောဂါအချို့မှ ကာကွယ်ပေးသည်။Retinol ကြွယ်ဝသော အစားအသောက်များ။ ။ဆယ်လ်မွန်ငါး၊ ဥအနှစ်၊ အသည်း၊ ထောပတ်၊ အဆီများသော ခရင်မ်၊ Cheddar ဒိန်ခဲ၊ နို့ ။Beta-carotene ကြွယ်ဝသော အစားအသောက်များ။ ။မုန်လာဥ၊ ကညွှတ်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး၊ ရေညှိ၊ သရက်သီး၊ တရုတ်ဇီးသီး ၊။ပန်းမုန်လာစိမ်း၊ သင်္ဘောသီး ။ပုံမှန်အားဖြင့် ခန္ဓါကိုယ်သည် ဗီတာမင် အေ ကို တက်ကြွသော active form ပုံစံအဖြစ်သို့ အသွင်ပြောင်းပြီး အသုံးပြုရသည်။ သင့်ခန္ဓါကိုယ်သည် အသည်းနှင့် နို့ ကဲ့သို့သော အသားရင်းမြစ်များမှ ဗီတာမင်အေ ဓါတ်အမြောက်အမြားရရှိတာဖြစ်နိုင်ပါသည်။သို့သော် အကယ်၍ မုန်လာဥနှင့် လိမ္မော်ရောင်၊ အဝါရောင် ဟင်းသီးဟင်းရွက်၊သစ်သီးဝလံများတွင် တွေ့ရသော Carotenoids ဓါတ်လွန်ကဲလျှင် သင့်အသားအရေသည် အဝါ-လိမ္မော်ဖက်သို့ သန်းသွားလိမ့်မည်။ ပုံမှန် ညီညွှတ်မျှတသော အစားအသောက် ကို ပြန်စားပါက ထိုအခြေအနေသည် ပျောက်ကင်းသွားမည်ဖြစ်သောကြောင့် သိပ်စိတ်မပူပါနဲ့။ ဗီတာမင်အေ ဓါတ်များခြင်းသည် ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အမြင်ေဝဝါးခြင်း၊ ကြွက်သား ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိခြင်း တို့ကို ဖြစ်စေပါသည်။ အသည်းနှင့် ပင်မအာရုံကြောစနစ် ပြဿနာများသည် ရေရှည်ဆိုးကျိုးများဖြစ်သည်။ဆေးတက္ကသိုလ် အစားအသောက်နှင့် အာဟာရအဖွဲ့က ကလေးတစ်ယောက် တစ်ရက်ကို ပေးနိုင်သည့် အများဆုံးသော ဗီတာမင်အေ ပမာဏကို ဖော်ပြထားသည်။ အသက် ၁ နှစ်မှ ၃ နှစ်ကြား ကလေးများကို တစ်ရက်လျှင် ဗီတာမင်အေ 2.000IU ထက်ပိုမပေးရ။ အသက် ၄ နှစ် မှ ၈ နှစ်ကလေးများကို တစ်ရက်လျှင် ဗီတာမင်အေ 3.000 IU ထက်ပိုမပေးသင့်ပါ။ဗီတာမင်အေသည် ခန္ဓါကိုယ်အတွက် ကောင်းကျိုးများစွာရှိသလို နောက်ပိုင်း ပြင်းထန်သော ကျန်းမာရေးပြဿနာများဖြစ်စေနိုင်သည့် ဘေးထွက်ဆိုးကျိုးများလည်း ရှိပါသည်။ သို့ဖြစ်ပါ၍ သင့်ကလေးကို ဗီတာမင် အားဆေး မကျွေးခင် သင့်ဆရာဝန်ဆီက အကြံဉာဏ်တောင်းခံဖို့ မမေ့ပါနဲ့။ ကုသခြင်းသည် ကာကွယ်ခြင်းထက် ကောင်းသည်ဆိုတာကို အမြဲသတိရပါ။Hello health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%97%e1%80%ae%e1%80%90%e1%80%ac%e1%80%99%e1%80%84%e1%80%ba-%e1%80%a1%e1%80%b1/
လက်မောင်းနဲ့ တံတောင်ဆစ်နာကျင်ခြင်းတွေအတွက် ဘယ်လိုအစားအသောက်ပုံစံ နဲ့ ဗီတာမင်တွေကို စားပေးရမလဲ
သင့်လက်မောင်းနဲ့ တံတောင်ဆစ်တို့မှာ နာကျင်ခြင်းကို ခံစားနေရတယ်ဆိုရင် ရိုးရှင်းထိရောက်တဲ့ နည်းလမ်းတွေနဲ့ ကုသပေးဖို့ အထူးအရေးကြီးပါတယ်။ဆေးဝါးနဲ့ လေ့ကျင့်ခန်းတွေသာမက အစားအသောက်ပုံစံနဲ့ ဗီတာမင်တွေဟာလည်း အရေးပါလာပါတယ်။တကယ်လို့ သင့်အနေနဲ့ ဘယ်လိုအစားအသောက်ပုံစံတွေကို စားသုံးရမယ်မှန်း မသိဖူးဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။လက်မောင်းနဲ့ တံတောင်ဆစ်နာကျင်ခြင်းဟာ အရမ်းအရေးကြီးတဲ့ ပြဿနာတခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်အနေနဲ့ လက်မောင်းကို အသုံးပြုပြီး လှုပ်ရှားလုပ်ဆောင်မှုအတော်များများကို ပြုလုပ်ရတာမို့ လက်မောင်းနဲ့ တံတောင်ဆစ်နာကျင်ခြင်းဟာ စိတ်အနှောင့်အယှက် ဖြစ်စေပါလိမ့်မယ်။အဆစ်အမြစ်ရောင်ခြင်း၊အရွတ်ရောင်ခြင်း ဒါမှမဟုတ် ခေါက်ခြင်း၊ဒါဏ်ဖြစ်ခြင်းတို့ကြောင့် နာကျင်မှုဝေဒနာကို ခံစားရနိုင်ပါတယ်။ အရိုးနဲ့အဆစ်အမြစ်ရောင်ရောဂါ ဒါမှမဟုတ် rheumatoid အဆစ်အမြစ်ရောင်ရောဂါတွေဟာ ရောင်ရမ်းနာကျင်မှုကိုဖြစ်စေတဲ့အပြင် တောင့်တင်းပူနွေးနေစေပြီး လက်မောင်းလှုပ်ရှားမှုတွေကိုလည်း အဆင်မပြေ ဖြစ်စေပါတယ်။အရွတ်ရောင်ရမ်းရင်လည်း နာကျင်မှုဝေဒနာကို ခံစားရနိုင်ပြီး တင်းနစ်ကစားသမား၊ဂေါက်သီးရိုက်ကစားသမားတွေမှာ တွေ့ရတတ်တဲ့ ပြဿနာမျိုးတွေ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ သင့်အနေနဲ့ ရောင်ရမ်းနာကျင်မှုတွေကို ခံစားရမှာဖြစ်ပြီး အရိုးအဆစ်နဲ့ ကြွက်သားတွေ တောင့်တင်းနေမှာ ဖြစ်ပါတယ်။ တခု ဒါမှမဟုတ် တခုထက်ပိုတဲ့ အရွတ်ကြောတွေ စုတ်ပြဲတဲ့အခါ၊အရွတ် ဒါမှမဟုတ် ကြွက်သားတွေ စုတ်ပြဲတဲ့အခါ ဒါဏ်ဖြစ်လာပြီး နာကျင်မှုကို ခံစားရနိုင်ပါတယ်။အဆိုပါ ပြဿနာတွေရဲ့ ရောဂါလက္ခဏာတွေက အတူတူပဲ ဖြစ်ပြီး နာကျင်ရောင်ရမ်းမှုတွေ ဒါမှမဟုတ် ပုံမှန်အတိုင်းကောင်းစွာ မလှုပ်ရှားနိုင်တာတွေ စတဲ့လက္ခဏာတွေကို ခံစားရမှာပါ။ငါးမှာ omega-3 fatty acids ပါဝင်ပြီး ဒီလိုအဆီမျိုးဟာ ကျန်းမာရေးအတွက် ကောင်းမွန်ကာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တမျိုး ဖြစ်ပါတယ်။ လိုအပ်သော်ငြား omega-3 fatty acids ကို သင့်ခန္ဓါကိုယ်က မထုတ်လုပ်နိုင်ပါဘူး။ဒါကြောင့် သင့်အနေနဲ့ omega-3 fatty acids ပါဝင်တဲ့ အစားအသောက်တွေ ဒါမှမဟုတ် ဖြည့်စွက်အားဆေးတွေကို သုံးစွဲပေးရပါမယ်။omega-3 fatty acids ဟာ အဆစ်အမြစ်တွေမှာ ရောင်ရမ်းနာကျင်တောင့်တင်းမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် အရွတ်နဲ့ အဆစ်အမြစ်ရောင်ရမ်းနေသူတွေအတွက်လည်း အထူးကောင်းမွန် အကျိုးရှိပါတယ်။ အရောင်ကျဆေးတွေရဲ့ အာနိသင်ကိုလည်း ပိုမိုထက်မြက်စေပါတယ်။ငါး အားလုံးမှာ omega-3 fatty acids ပါဝင်ပေမယ့် အချို့သော ငါးအမျိုးအစားတွေမှာ ပါဝင်တဲ့ ပမာဏက ပိုများပါတယ်။ အပြာရောင်ငါးတမျိုး၊mackerel ငါး၊ဆယ်လ်မွန်ငါးနဲ့ တူနာငါးတို့ကနေ omega-3 fatty acids ကို အဓိက ရရှိပါတယ်။ ဒါပေမယ့် mackerel သို့မဟုတ် ငါးမန်းကဲ့သို့သော ငါးတွေမှာ မာကျူရီနဲ့ အခြားသော အဆိပ်အတောက်တွေ ပါဝင်နေပါတယ်။flaxseed မှာလည်း omega-3 fatty acids ပမာဏ မြင့်မားစွာ ပါဝင်နေပါတယ်။rheumatoid အဆစ်အမြစ်ရောင်ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ လက်မောင်းနဲ့တံတောင်ဆစ်နာကျင်ခြင်း ရောဂါလက္ခဏာတွေကို သက်သာပျောက်ကင်းစေဖို့အတွက် flaxseed ကို အသုံးပြုနိုင်ပါတယ်။flaxseed ကို အခြားသော အစားအစာ ဒါမှမဟုတ် အရည်တွေနဲ့ ရောနှောနိုင်ပါတယ်။ ဘီစကစ်၊ဝေဖာ ဒါမှမဟုတ် ကွေကာအုတ်တို့မှာ flaxseed ပါဝင်ပါတယ်။flaxseed အဆီတွေကို ပိုမိုကောင်းမွန်လွယ်ကူစွာ စုပ်ယူနိုင်စေဖို့အတွက် မစားခင်မှာ အစေ့ကို ကျေညက်အောင် ထောင်းပေးရပါမယ်။ဒါပေမယ့် သင့်မှာ ဟော်မုန်းမညီမျှမှုကြောင့် ဖြစ်တဲ့ရောဂါတွေ (ဥပမာ ရင်သားကင်ဆာ၊သားအိမ်ကင်ဆာ စသည်)ရှိနေရင် flaxseed ကို မသုံးစွဲသင့်ပါဘူး။ဂျင်းကို အစပ်အရသာနဲ့ ရနံ့အတွက် အာရှ၊အာဖရိက အစားအစာတွေမှာ အများဆုံး အသုံးပြုလျက် ရှိပါတယ်။ အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း ဒါမှမဟုတ် rheumatoid အဆစ်အမြစ်ရောင်ရောဂါကြောင့် လက်မောင်းနဲ့ တံတောင်ဆစ်နာကျင်ခြင်း ခံစားနေရရင် ဂျင်းက အဆိုပါ ရောင်ရမ်းနာကျင်မှုတွေကို လျော့ပါးသက်သာစေမှာ ဖြစ်ပါတယ်။ဂျင်းကို အစားအစာအဖြစ် စားသုံးနိုင်သလို ဖြည့်စွက်အားဆေးအနေနဲ့လည်း သုံးစွဲနိုင်ပါသေးတယ်။ ရှာရှားပါးပါးဆိုသလို ဂျင်းကြောင့် လေပွခြင်း၊အာခံတွင်း အတွင်း ပူစပ်ပူလောင်ဖြစ်ခြင်း သို့မဟုတ် အရေပြားပေါ်မှာ အစက်များ ထွက်ခြင်း စတာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။နနွင်းမှုန့်ဟာ နနွင်းပင်ကရရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တမျိုးဖြစ်ပြီး အာရှဟင်းလျာတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သုံးစွဲခဲ့ကြပါတယ်။ နနွင်းဟာ ပူနွေးခါးသက်တဲ့အရသာကိုပေးပြီး ဟင်းခတ်အနှစ်တွေမှာ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။နနွင်းမှာ curcumin လို့ခေါ်တဲ့ ရောင်ရမ်းခြင်းတွေကို လျော့ကျစေတဲ့ ဓါတ်တမျိုး ပါဝင်ပါတယ်။ နနွင်းဟာ နာကျင်မှုဝေဒနာကို လျော့ပါးသက်သာစေသလို အရိုးနဲအဆစ်အမြစ်ရောင်ဝေဒနာခံစားနေရသူတွေမှာ မူလအတိုင်းလှုပ်ရှားသွားလာမှုတွေ ပြန်လည်ပြုလုပ်နိုင်ဖို့ ကူညီပေးပါတယ်။ဒါပေမယ့် သင့်မှာ သွေးယိုစီးခြင်းနဲ့ ပတ်သက်တဲ့ ပြဿနာတွေရှိနေရင် (နနွင်းဟာ သွေးယိုစီးခြင်း၊သွေးခြေဥခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်)၊ဆီးချိုရောဂါရှိရင် ဒါမှမဟုတ် ရင်သားကင်ဆာ၊သားအိမ်ကင်ဆာတို့လို ဟော်မုန်းဓါတ်မညီမျှမှုကြောင့် ဖြစ်ရတဲ့ ရောဂါတွေရှိနေရင် နနွင်းကို မသုံးစွဲသင့်ပါဘူး။glucosamine ဓါတ်ဟာ အရိုးနုတွေအတွက် ကောင်းမွန်အကျိုးရှိပါတယ်။glucosamine ဟာ အရိုးနဲ့အဆစ်အမြစ်တွေ နာကျင်ခြင်းကို သက်သာစေပြီး လှုပ်ရှားမှုတွေကိုလည်း ပိုမိုအဆင်ပြေစေပါတယ်။ ပုစွန်လေးတွေမှာ glucosamine ဓါတ်ပါဝင်ပေမယ့် ပမာဏ နည်းပါးလွန်းတဲ့အတွက် ဖြည့်စွက်အားဆေးတွေ သုံးစွဲဖို့ လိုအပ်ပါလိမ့်မယ်။အဆိုပါ ဖြည့်စွက်အားဆေးတွေကို ပုစွန်ဆိတ်လေးတွေ၊ပုစွန်ထုပ်ကြီး၊ဂဏန်းစတဲ့ ခွံမာကောင်တွေရဲ့ အခွံကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။glucosamine ဓါတ်ကို ဆေးတောင့်၊ဆေးပြား၊ဆေးမှုန့် (ရေနဲ့ရောသောက်နိုင်ပါတယ်) စသဖြင့် ပုံစံအမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။ဒါပေမယ့် glucosamine ဟာ ပျို့အန်မအီမသာဖြစ်ခြင်း၊ရင်ပူခြင်း၊ဝမ်းလျှောခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးအနည်းငယ်ကိုလည်း ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ သင်ဟာ ပုစွန်ဆိတ်၊ပုစွန်ထုပ်ကြီး၊ဂဏန်း အစရှိတဲ့ ခွံမာရေသတ္တဝါတွေနဲ့ ဓါတ်မတည့်ဖူးဆိုရင်တော့ glucosamine ကို မသုံးစွဲသင့်ပါဘူး။လက်မောင်းနဲ့ တံတောင်ဆစ်နာကျင်ခြင်းကို ကုသရာမှာ မှန်ကန်တဲ့အစာအသောက်ပုံစံနဲ့ ဗီတာမင်ဓါတ်တို့ဟာ အလွန်ပဲ အရေးကြီးပါတယ်။ သူတို့ဟာ ထိရောက်ပြီး သုံးစွဲရလွယ်ကူသလို ယေဘုယျအားဖြင့် ဘာအန္တရာယ်မှ မရှိပါဘူး။ဒါပေမယ့် သင့်ရောဂါအခြေအနေနဲ့ အဆိုပါ အစားအစာ၊ဗီတာမင်ဓါတ်တွေ သင့်တော်မှုရှိမရှိ သိနိုင်ဖို့အတွက် ဆရာဝန် ဒါမှမဟုတ် အာဟာရပညာရှင်တို့နဲ့ ဦးစွာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9c%e1%80%80%e1%80%ba%e1%80%99%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%b2%e1%80%b7-%e1%80%90%e1%80%b6%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%86%e1%80%85%e1%80%ba/
ရင်သား တင်းရင်း လှပစေဖို့ ဘာတွေ လုပ်မလဲ
ပျိုမေတို့ရဲ့အလှတရားမှာ ခန္ဓာကိုယ် အချိုးအဆစ် ပုံကျလှပဖို့က သိပ်အရေးပါတာနော်။ အချိုးအစားလှဖို့ ဆိုတာကလည်း ရင်သား ပုံကျလှပဖို့၊ တင်းရင်းအချိုးကျဖို့ လိုတယ်မဟုတ်လား။ ရင်သား မရှိသလို ဖြစ်နေတာ၊ ရင်သားလျော့တွဲတာတွေကြောင့် အဝတ်အစားလည်း လှတပတ ဝတ်လို့အဆင်မပြေဘူးလေ။ ဒီတော့ ရင်သား တင်းရင်း လှပစေဖို့ ဘာတွေ လုပ်မလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ရင်သားသေးတဲ့ မိန်းကလေးတွေက လေ့ကျင့်ခန်းလုပ်တာ၊ အစားအသောက်စားတာတွေနဲ့ ကြိုးစားယူလို့ရနိုင်ပါတယ်။ ဒါပေမယ့် ပစ္စည်းရှိပြီးသား ပျိုမေတချို့မှာတော့ ဒီအကြောင်းရင်းတွေကြောင့် ရင်သားပုံပျက်ရတတ်ပါတယ် –။နံပါတ်တစ် အနေနဲ့ လေ့ကျင့်ခန်း လုပ်ရပါမယ်။ ရင်သား မှာ ကြွက်သားမရှိတဲ့အတွက် ရင်သား တစ်ရှူးတွေကို တင်းရင်းလာစေဖို့ လေ့ကျင့်ခန်းနဲ့ လုပ်ယူလို့မရပါဘူး။ ဒါပေမယ့် ရင်သားအောက်နားမှာ တွယ်ဆက်တစ်ရှူးနဲ့ ကြွက်သားတွေ ရှိတာကြောင့် ရင်သားဝန်းကျင်တစ်ခုလုံးရဲ့အသွင်အပြင်ကို ပိုကောင်းမွန်လာစေဖို့ လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။သတိထားဖို့က အဆီချလေ့ကျင့်ခန်းတွေလို အားစိုက်ရတဲ့ခပ်ကြမ်းကြမ်းလေ့ကျင့်ခန်းတွေမလုပ်ဖို့ပါ။ ဒီနေရာမှာတော့ ပုံမှန်နှုန်းလောက်နဲ့ လုပ်လို့ရပါတယ်။အားကစားထရိန်နာတွေဆို လေ့ကျင့်ခန်းတွေ အများကြီး အနီးကပ် သင်ပြပေးနိုင်ပေမယ့် ကိုယ့်ဘာသာလုပ်မယ် ဆိုရင်တော့ ဒီလေ့ကျင့်ခန်းလေးတွေက အဆင်ပြေစေပါလိမ့်မယ်။ ဒီအထဲမှာ ကိုယ်လုပ်နေကျတွေတောင် ပါနေနိုင်ပါသေးတယ်-။ညီညွတ်မျှတတဲ့ အာဟာရတွေ စားသောက်ဖို့ ကြိုးစားပါ။ကိုယ်အလေးချိန်ကိုလည်း မများ၊ မနည်းအောင် ထိန်းရဦးမယ်လေ။ လူက ဝလာပြီး တင်းရင်းလှပချင်လို့ မရသလို အာဟာရတွေ ပြည့်စုံအောင် မစားဘဲ အရေပြားတွေ လျော့ရဲနေပြီး ဒီလိုလှချင်လို့လည်း မရပါဘူး။အဆီ လျှော့စားပြီး အသီးအရွက် များများစားပါ။ အရေပြားတင်းရင်းမှု နဲ့ ရင်သားတစ်ရှူး သန်မာလာအောင် ရေကို ပြည့်ဝအောင် သောက်ပါ။လက်ပြင်ကုန်းတာ၊ ခါးကိုင်းပြီးနေတတ်တာ စတဲ့ ကိုယ်နေဟန်ထားတွေကြောင့် ရင်သားတွေကို ပိုလျော့တွဲစေနိုင်ပြီး ရင်သားတစ်ရှူးတွေအပေါ်ဖိအားပိုများစေတာကြောင့် လျော့တွဲမှုကိုပိုဖြစ်စေနိုင်ပါတယ်။ဒါ့ကြောင့် အရွတ်တွေ၊ ကြွက်သားတွေ အပေါ်မှာ ဝန်ပိစေတာ နည်းနိုင်သမျှ နည်းစေတဲ့ အနေအထားမျိုး နေထိုင်တတ်ဖို့ ကျင့်ယူသင့်ပါတယ်။ ကိုယ်နေဟန်ထားကျော့ရှင်းတယ်ဆိုတာ အလှအပအတွက်ချည်း မဟုတ်သလို ကျန်းမာရေး အတွက်လည်း အကျိုးရှိတယ် ဆိုတာ မမေ့ပါနဲ့။ ခါးကို မတ်မတ်ထား၊ ပခုံးကို ဖြောင့်အောင်နေတာ နဲ့တင် အဆင်ပြေနိုင်ပါတယ်။ရင်သား ကို အတင်းဖိကျပ်ထားတာ၊ ချောင်နေတာတွေ မဟုတ်ဘဲ အရည်အသွေး ကောင်းပြီး ကိုယ်နဲ့ ကွက်တိဘရာဇီယာနဲ့မှ အထောက်အကူ ဖြစ်စေမှာပါ။ လူက ပိန်သွားသည်ဖြစ်စေ၊ ဝလာသည် ဖြစ်စေ လက်ရှိမှာ တော်မယ့်၊ ကိုက်ညီမယ့် အတွင်းခံကို ရွေးချယ်ဝတ်ပါ။ ရင်ကို ပင့်တင်ပေးတဲ့ အတွင်းခံတွေကိုလည်း ရွေးချယ်ဝတ်နိုင်ပါတယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/home-remedies-for-sagging-breast/
ရင်သားကင်ဆာ - ဆရာဝန်များ နဲ့ အထူးကုသမားတော်များ
ရင်သားကင်ဆာဟာ ရှုပ်ထွေးတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ သူ့ကို ကုသဖို့အတွက် ဆရာဝန်တစ်ယောက်ထက်မက လိုအပ်တတ်ပါတယ်။ သင့်အတွက် အတွေ့အကြုံရှိတဲ့ ဆရာဝန်တစ်ဦးလိုအပ်ပြီး သူက ပိုမိုကျွမ်းကျင်တဲ့ ဆရာဝန်တွေဆီကို ညွှန်းပေးပါလိမ့်မယ်။အထူးကုဆရာဝန်တွေဟာလည်း ဆရာဝန်တွေ ဖြစ်ပြီး သူတို့ ကျွမ်းကျင်ရာ အပိုင်းတစ်ခုဆီကို အဓိက ထားပြီး ကုသကြသူတွေ ဖြစ်ပါတယ်။ လေ့ကျင့်မှုတွေရယူပြီး သူတို့ဟာ လက်မှတ်ရ အထူးကု ဆရာဝန်ဖြစ်လာအောင် စာမေးပွဲတွေ ဖြေရတာ ဖြစ်ပါတယ်။ လက်မှတ်၊ လေ့ကျင့်မှုတွေနဲ့ အတွေ့အကြုံတွေ ပြည့်ဝတဲ့ ဆရာဝန်ကို ရှာဖွေသင့်ပါတယ်။သင့်ကို ဆေးကုသပေးမယ့်အဖွဲ့မှာ အောက်ပါ ဆရာဝန် အမျိုးအစားတွေ ပါဝင်နိုင်ပါတယ်။ကင်ဆာ အထူးကု ဆရာဝန်တွေဖြစ်ပြီး သူတို့ဟာ ကင်ဆာဆဲလ်တွေ ဘယ်လိုဖြစ်ပွားလာသလဲ ဆိုတာနဲ့ ဘယ်ဆေးတွေနဲ့ ကုရမလဲဆိုတာတွေကို ကျွမ်းကျင်စွာ သိရှိသူတွေ ဖြစ်ပါတယ်။ သင့်ရဲ့ ကင်ဆာပြန်ဖြစ်နှုန်းကို တွက်ချက်နိုင်ပြီး လိုအပ်ရင် တစ်ခုထက်ပိုတဲ့ ကုသမှုတွေကို ညွှန်းပေးနိုင်ပါတယ်။ နောက် ကုသမှုတွေကတော့ ဆေးသွင်းကုသခြင်း၊ ဓါတ်ရောင်ခြည် ကုသခြင်းနဲ့ ဟော်မုန်းကုသခြင်းတွေပဲ ဖြစ်ပါတယ်။ သင့် ကင်ဆာ ရောဂါ ဆရာဝန်ဟာ ယေဘုယျ ကျန်းမာရေးကို စစ်ဆေးပေးမှာ ဖြစ်ပြီး သွေးအဖြေတွေကို ကြည့်ရှုကာ အခြားလိုအပ်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်မှာ ဖြစ်ပါတယ်။ကင်ဆာခွဲစိတ်ကုဆရာဝန်ဟာ ကင်ဆာရောဂါ ခွဲစိတ်မှုတွေကို တာဝန်ယူမှာဖြစ်ပါတယ်။ သူဟာ အသားစယူခြင်းနဲ့ အကျိတ်ထုတ်ယူခြင်းတို့ကို ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီလို ဆရာဝန်တစ်ယောက်ဖြစ်လာဖို့ ခွဲစိတ်ကုပညာကို လေ့လာခဲ့ရတာဖြစ်ပြီး ကင်ဆာပိုင်းဆိုင်ရာ ခွဲစိတ်ပညာကို အထူးလေ့လာထားရတာဖြစ်ပါတယ်။ရင်သား ခွဲစိတ်ဆရာဝန်တွေဟာ အကျိတ်နဲ့ ပြန်ရည်ကျိတ်တွေကို ခွဲထုတ်ရသူတွေ ဖြစ်ပါတယ်။ အတွေ့အကြုံရှိတဲ့ ရင်သားခွဲစိတ်ဆရာဝန်ဟာ သင့်ရင်သားကို တတ်နိုင်သမျှ အကောင်းအတိုင်း ရှိစေဖို့ ကြိုးစားမှာဖြစ်ပါတယ်။ သူဟာ အသားစ ယူခြင်းတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ရင်သား ပြန်လည်တည်ဆောက်တဲ့ ခွဲစိတ်မှုအတွက်ဆိုရင်တော့ ပလပ်စတစ် ဆာဂျင် လိုအပ်ပါလိမ့်မယ်။ဓါတ်မှန်ဆရာဝန်ဟာ X-Rays၊ ကွန်ပျူတာဓါတ်မှန် ၊သံလိုက်ဓါတ်မှန်၊ အာထရာဆောင်း အစရှိတာတွေကို။တာဝန်ယူပေးမှာဖြစ်ပါတယ်။ဒီဆရာဝန်တွေဟာ အသားစယူထားတဲ့ တစ်ရှူးတွေကို ကြည့်ပြီး ဆဲလ်ပုံမမှန်မှုတွေကို လေ့လာမှာ ဖြစ်ပါတယ်။ သူတို့ဟာ ကင်ဆာ အမျိုးအစား၊ အဆင့်၊ အကျိတ် အရွယ်အစားနဲ့ ပြန်ရည်ကျိတ် ပါဝင်မှု ရှိမရှိ ဆိုတာတွေကို ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ဓါတ်ရောင်ခြည် အထူးကု ဆရာဝန်ဟာ သင့်ကို ဓါတ်ရောင်ခြည်ပေးဖို့အတွက် လိုအပ်တဲ့ ပမာဏနဲ့ အစီအစဉ်ကို ဆွဲပေးမှာဖြစ်ပါတယ်။ သူဟာ ဓါတ်ရောင်ခြည်ကို အတတ်နိုင်ဆုံးလူနာအတွက် လုံခြုံအောင် ပေးမှာဖြစ်ပါတယ်။အထူးကုဆရာဝန်တွေဟာလည်း ကင်ဆာရောဂါကို သင်နဲ့ အတူတိုက်ဖျက်မယ့်သူတွေ ဖြစ်ပါတယ်။ သူတို့ကို သိဖို့ကြိုးစားပြီး လိုအပ်ရင်ဘယ်ကို ဆက်သွယ်ရမလဲဆိုတာပါ သိထားဖို့ လိုအပ်ပါတယ်။ ဆရာဝန်ကောင်းတစ်ယောက်ဟာ သင့်အတွက် ပူပန်မှာဖြစ်ပြီး သင့်ကို မေးခွန်းတွေ မေးဖို့ အားပေးပြီး စိတ်ရှည်လက်ရှည် ဖြေကြားပေးမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac-%e1%80%86%e1%80%9b%e1%80%ac%e1%80%9d%e1%80%94%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8/
သွားနှုတ်ပြီးနောက်ကျန်ခဲ့သော သွားဖုံးပေါက်နှင့် သွားဖုံးရိုး ရောင်ရမ်းနာကျင်ခြင်း
Dry socket ဆိုတာ သွားနှုတ်ပြီးတဲ့အချိန်တစ်ခါတစ်ရံမှာဖြစ်လေ့ရှိတဲ့ နာကျင်စေတဲ့ အခြေအနေတစ်ခုပါ။ သွားနှုတ်ပြီးကျန်ထားတဲ့သွားဖုံးပေါက်ထဲမှာရှိတဲ့ သွေးခဲလေးကပျောက်သွားပြီး အရိုးနဲ့ နာ့ဗ်ကြောတွေကိုထိခိုက်စေတဲ့အခါမှာဖြစ်လေ့ရှိပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် သွားဆရာဝန်ကို အသိပေးပါ။Dry socket ဟာ သွားနှုတ်ပြီးတဲ့နောက်ဖြစ်တတ်တဲ့ပြဿနာတွေထဲမှာ အဖြစ်အများဆုံးပါပဲ။ ဥပမာ နေရာမမှန်တဲ့အံဆုံးတွေကိုဖယ်ရှားလိုက်တဲ့အခါမျိုးပေါ့။ သင်ဟာ dry socket ဖြစ်တော့မယ်ဆိုရင် သွားနှုတ်ပြီး ၃ရက်ကနေ ၄ရက်အတွင်းမှာ နာကျင်မှုကိုခံစားရမှာပါ။သွားနှုတ်ထားတဲ့နေရာကိုကြည့်လိုက်မယ်ဆိုရင် ခြောက်သွေ့နေပုံပေါ်တဲ့ သွားဖုံးအပေါက်ကို သင်မြင်တွေ့ရနိုင်ပါတယ်။ သွေးခဲအမဲရှိရမဲ့အစား အဖြူရောင်အရိုးပဲရှိနေတာမျိုး ဖြစ်တတ်ပါတယ်။ သွားနှုတ်ပြီး ၂ရက်လောက်မှာ စပြီးနာကျင်လာပါလိမ့်မယ်။ အချိန်ကြာလာတာနဲ့အမျှ ပိုပြီးပြင်းထန်လာပြီး နာကျင်မှုဟာ နားကိုပါရိုက်ခတ်နာကျင်စေပါလိမ့်မယ်။• Dry socket ရဲ့ ရောဂါလက္ခဏာတွေကတော့။• သွားနှုတ်ပြီးရက်အနည်းငယ်အတွင်းမှာ ပြင်းပြင်းထန်ထန်နာကျင်မှု။• သွားနှုတ်ထားတဲ့နေရာမှာရှိရမယ့် သွေးခဲတစ်ပိုင်းတစ်စ သို့မဟုတ် သွေးခဲတစ်ခုလုံးပျောက်ဆုံးသွားခြင်း။ ဘာမှမရှိတဲ့သွားဖုံးအပေါက်ကြီးဖြစ်လာရင် ဒါကို သင်သတိပြုမိပါလိမ့်မယ်။• သွားဖုံးအပေါက်ထဲမှာ အရိုးမြင်နေရခြင်း။• သွားဖုံးအပေါက်ထဲကနာကျင်မှုဟာ သွားနှုတ်ထားတဲ့ဘက်ခြမ်းမှာရှိတဲ့ နား၊မျက်လုံး၊ နားထင်သို့မဟုတ် လည်ချောင်းတွေကိုပါ ကူးစက်နာကျင်စေခြင်း။• ခံတွင်းနံ့ဆိုးခြင်း။• ပါးစပ်ခါးခြင်း (ပါးစပ်ထဲမှာ မနှစ်မြို့စရာ အရသာရနေခြင်း)။• ပါးကြိတ်ရောင်ခြင်း။• အဖျားဝင်ခြင်း။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သွားနှုတ်ပြီးတဲ့အချိန်မှာ အတိုင်းအတာတစ်ခုထိ နာကျင်တာတွေ အဆင်မပြေဖြစ်တာတွေကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် ပုံမှန်နာကျင်မှုတွေကို သွားဆရာဝန် သို့မဟုတ်ခံတွင်းခွဲစိတ်အထူးကု ညွှန်းတဲ့ နာကျင်မှုကိုသက်သာစေတဲ့ဆေးနဲ့ ထိန်းချုပ်လို့ရပြီး ဒီနာကျင်မှုတွေဟာ အချိန်ကြာလာလေ သက်သာလာလေဖြစ်သွားမှာပါ။ သွားနှုတ်ပြီးတဲ့နေ့ရဲ့ နောက်ရက် နောက်ရက်တွေမှာ အသစ်ထပ်ပြီးနာကျင်လာတာ သို့မဟုတ် နာကျင်မှုကပိုဆိုးလာတာမျိုးဖြစ်နေရင် သွားဆရာဝန် သို့မဟုတ် ခံတွင်းခွဲစိတ်အထူးကုကို ချက်ချင်းဆက်သွယ်ပါ။Dry socket ကြောင့် ပိုးဝင်တာ သို့မဟုတ် အခြားပြင်းထန်တဲ့ပြဿနာတစ်ခုခုဖြစ်စေတာမျိုးတော့ ဖြစ်ခဲပါတယ်။ ဒါပေမယ့် နာကျင်မှုကိုထိန်းချုပ်နိုင်ဖို့က အရေးအကြီးဆုံးပါပဲ။ သွားနှုတ်ပြီးတဲ့အချိန်မှာ မိမိကိုယ်ကိုဂရုစိုက်ရမဲ့အချက်တွေကို ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းလိုက်နာပေးခြင်းက dry socket ကိုကုနေတဲ့အချိန်အတောအတွင်း လက္ခဏာတွေကိုလျော့ကျစေပြီး ကုသမှုကိုလည်းပိုပြီးမြန်ဆန်ကောင်းမွန်စေပါတယ်။ ဆရာဝန်ကသင့်ကိုပြောပြနိုင်တဲ့အချက်တွေကတော့။• နာကျင်မှုနဲ့ ရောင်ယမ်းမှုတွေကိုသက်သာစေဖို့ မျက်နှာရဲ့အပြင်ဘက်မှာ သွားနှုတ်ပြီးချိန်မှစလို့ ပထမ၄၈နာရီအထိ ရေခဲအိတ်ကပ်ပြီး ဒီနောက်မှာရေနွေးအိတ်ကပ်ပါ။• ဆရာဝန်ညွှန်ကြားချက်အတိုင်း နာကျင်မှုကိုသက်သာစေမယ့် ဆေးသောက်ပါ။• ဆေးလိပ်သို့မဟုတ် ဆေးရွက်ကြီးပါဝင်ပစ္စည်းတွေကိုရှောင်ကြဉ်ပါ။• ရေဓါတ်ပြည့်စေဖို့နဲ့ နာကျင်မှုသက်သာစေတဲ့ ဆေးအချို့ကြောင့်ဖြစ်တတ်တဲ့ ပျို့ခြင်းတွေကို ကာကွယ်ပေးနိုင်ဖို့ အရည်ကြဲ (clear liquids) များများသောက်ပေးပါ။• ဆားရည်နွေးနဲ့ မကြာခဏ အာလုပ်ကျင်းပါ။ (ညင်သာစွာ)။• Dry socket ဖြစ်နေတဲ့နေရာတစ်ဝိုက်မှာ သွားကိုညင်သာစွာတိုက်ပေးပါ။သွားဆရာဝန် သို့မဟုတ် ခံတွင်းခွဲစိတ်ဆရာဝန်က dressing လဲဖို့နဲ့ အခြားပြုစုစောင့်ရှောက်မှုတွေလုပ်ပေးဖို့ ချိန်းတဲ့အချိန်တိုင်းကို သေချာသွားပါ။ နောက်တစ်ကြိမ် သွားရမယ့်အချိန်မရောက်သေးခင် နာကျင်မှုတွေပြန်ဖြစ်လာတယ် သို့မဟုတ် ပိုဆိုးလာတယ်ဆိုရင် သင့်ရဲ့ Provider ကိုခေါ်ပါ။သွားနှုတ်ပြီးချိန်ရဲ့နောက်ပိုင်းကုသမှုလုပ်ငန်းစဉ်တွေမှာ ဘာတွေကိုမျှော်လင့်ထားရမယ်ပြင်ဆင်ထားရမယ်ဆိုတာနဲ့ ဒဏ်ရာကိုဘယ်လိုဂရုစိုက်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို သင်လက်ခံရရှိပါလိမ့်မယ်။ ဒီညွှန်ကြားချက်တွေဟာ အောက်ဖော်ပြပါအချက်တွေဖြစ်နိုင်ပြီး ဒါတွေက dry socketကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။• လှုပ်ရှားမှု : ခွဲစိတ်မှုပြီးရင်တော့ တစ်နေ့လုံးအနားယူလိုက်ပါ။ နောက်ရက်တွေမှ ပုံမှန်လုပ်ငန်းဆောင်တာတွေကိုလုပ်ဆောင်ပါ။ ဒါပေမယ့် အနည်းဆုံးတော့ တစ်ပတ်အတွင်းမှာ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ၊ အားကစားတွေကိုမလုပ်ပါနဲ့။ ဒါတွေက သွားဖုံးအပေါက်ထဲမှာရှိတဲ့သွေးခဲကို ဖယ်ရှားပစ်နိုင်ပါတယ်။• သောက်စရာများ : ခွဲစိတ်မှုပြီးရင် ရေများများသောက်ပါ။ အရက်၊ ကဖိန်း၊ကာဗွန်စတာတွေပါတဲ့သောက်စရာတွေနဲ့ အပူတွေကို ခွဲစိတ်ပြီး ပထမ၂၄နာရီအတွင်းမသောက်ပါနဲ့။ အနည်းဆုံးတစ်ပတ်ခန့် ပိုက်ကိုသုံးပြီးမသောက်ပါနဲ့။ စုပ်ယူရတဲ့လုပ်ငန်းစဉ်ဟာ သွားဖုံးပေါက်ထဲက သွေးခဲကို မတည်မငြိမ်ဖြစ်စေပါတယ်။• အစားအစာများ။ ပထမတစ်ရက်မှာတော့ ပျော့ပျောင်းတဲ့ အစာတွေကိုသာစားပါ။ ဥပမာ ဒိန်ချဉ် သို့မဟုတ် ပန်းသီးဆော့စ်တွေပေါ့။ အနည်းငယ်ပျော့ပျောင်းတဲ့စားစရာတွေကို သင်ဝါးနိုင်တဲ့အခါမှသာ စစားပါ။ မာကြောပြီး အဝါးခံတဲ့စားစရာတွေ၊ အပူအစပ်တွေကိုရှောင်ပါ။ ဒါတွေက သွားဖုံးအပေါက်ထဲမှာပိတ်ဆို့နိုင်ပြီး ဒဏ်ရာကိုပိုဆိုးစေပါတယ်။• ခံတွင်းသန့်ရှင်းရေး၊ ခွဲစိတ်ပြီးတဲ့နောက်မှာ သွားကိုညင်သာစွာတိုက်နိုင်သလို ညင်သာစွာဆေးကြောနိုင်ပါတယ်။ ဒါပေမယ့် နှုတ်ထားတဲ့နေရာကိုတော့ရှောင်ပါ။ ပထမ ၂၄နာရီကုန်ဆုံးသွားပြီး နောက်ထပ်အနည်းဆုံး တစ်ပတ်အတွင်းမှာ သင်နိုးထနေတဲ့အချိန်တိုင်း၂နာရီခြားတစ်ခါ နဲ့ အစာစားပြီးတိုင်းမှာ ဆားရည်နွေးနဲ့ ပါးစပ်ဆေးပါ။ table salt (စားပွဲတင်ဆား)လက်ဖက်ရည်ဇွန်းတစ်ဝက် (၂.၅မီလီလီတာ)ကို ရေ ၈အောင်စ (၂၃၇မီလီလီတာ)ထဲရောပါ။• ဆေးရွက်ကြီးအသုံးပြုခြင်း။ ဆေးလိပ်သောက်တတ်သူဆိုရင် ခွဲစိတ်ပြီး အနည်းဆုံး၄၈နာရီအတွင်း ဆေးလိပ်မသောက်ပါနဲ့။ ဆေးရွက်ကြီးဝါးတတ်သူဆိုရင် အနည်းဆုံး ၁ပတ်အတွင်းမဝါးပါနဲ့။ ခံတွင်းဆိုင်ရာခွဲစိတ်မှုတွေအပြီးမှာ ဆေးရွက်ကြီးကိုဘယ်လိုပဲသုံးစွဲသည်ဖြစ်စေ၊ ဒါတွေဟာ ပျောက်ကင်မှုကိုကြန့်ကြာစေပြီး အခြားပြဿနာတွေဖြစ်လာနိုင်ချေတွေ မြင့်တက်လာစေပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/%e1%80%9e%e1%80%bc%e1%80%ac%e1%80%b8%e1%82%8f%e1%82%88%e1%80%90%e1%80%b9%e1%80%bb%e1%80%95%e1%80%ae%e1%80%b8%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9-%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%81/
ကိုယ်ဝန်ဆောင်မေမေ ခရမ်းချဉ်သီး စားလို့ ရလား
အသားအရေကျန်းမာစေသလို ကိုယ်ခံအားကိုပါ အားဖြည့်ပေးတဲ့ ခရမ်းချဉ်သီး ကို အစားအသောက် အနေအထိုင် အစစအရာရာ ဂရုစိုက်နေရချိန်ဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန်မှာရော ခရမ်းချဉ်သီးကို စားလို့ ရလား ဆိုတာကို သိချင်နေတဲ့ မေမေတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သိချင်နေတဲ့ အဖြေကို ပေးနိုင်မှာပါ။ကိုယ်ဝန်ဆောင်မေမေ ခရမ်းချဉ်သီး စားလို့ ရလား ဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခရမ်းချဉ်သီးကို ဘေးကင်းစိတ်ချစွာ စားလို့ ရသလို ကျန်းမာရေးကိုလည်း အထောက်အကူပြုပေးပါသေးတယ်။ ဒီနေရာမှာ တစ်ခု သတိထားရမှာက အော်ဂဲနစ် ဖြစ်ရမယ်၊ သေချာ စင်ကြယ်အောင် ဆေးကြောထားပြီး လတ်ဆတ်တဲ့ ခရမ်းချဉ်သီး ဖြစ်ဖို့တော့ လိုပါမယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ခရမ်းချဉ်သီး စားပေးတာက မေမေရော ဘေဘီလေးကိုပါ ဘယ်လို အကျိုးပြုပေးလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။[embed-health-tool-pregnancy-weight-gain]။ခရမ်းချဉ်သီးမှာ မေမေရာ ဘေဘီလေးကိုပါ ကျန်းမာစေမယ့် အခုလိုအာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။ကိုယ်ဝန်ဆောင်မေမေ ခရမ်းချဉ်သီး စားတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။အပေါ်မှာ ပြောခဲ့သလိုပဲ ခရမ်းချဉ်သီးမှာ ဗီတာမင် C နဲ့ ဗီတာမင် A ပါဝင်နေတာကြောင့်သံဓာတ်စုပ်ယူနိုင်စွမ်းကို ကောင်းမွန်စေပြီး ဗီတာမင် A က ကိုယ်ခံအားကို အားဖြည့်ပေးနိုင်ပါတယ်။ရောဂါပိုး ကူးစက်တာကို ကာကွယ်ပေးသလို ကလေးမီးဖွားပြီးချိန်မှာ တစ်ရှူးတွေ ပြူပြင်မှုကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ခရမ်းချဉ်သီးမှာပါတဲ့ အမျှင်ဓာတ်ကအစာခြေစနစ်ကို ကျန်းမာစေပြီး အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ခရမ်းချဉ်သီးမှာ ပါဝင်နေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ Lycopeneက ဆဲလ်တွေ ပျက်စီးတာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို ကိုယ်ဝန်ဆိပ်တက်တာနဲ့ ဘေဘီလေးမှာ မွေးရာပါ ချို့ယွင်းမှု မဖြစ်အောင် ထောက်ကူပေးနိုင်ပါတယ်။ခရမ်းချဉ်သီးမှာ ပါတဲ့ Nicotinic acid ပါဝင်နေတာကြောင့် သွေးထဲက အကျိုးမပြု ကိုလက်စထရောကို ကျဆင်းစေပြီး ကိုယ်ဝန်ဆောင်မေမေကို နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ခရမ်းချဉ်သီး Lycopene က ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်တိုးပစ္စည်းတွေကို တိုက်ထုတ်ပေးနိုင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို သားအိမ်ခေါင်းကင်ဆာ နဲ့ အစာဟောင်းအိမ်ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ခရမ်းချဉ်သီး စားသုံးပေးတာကoxidative stressတွေကို ကျဆင်းစေပြီး ကိုယ်ဝန်ဆောင်ဆီးချို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ခရမ်းချဉ်သီးမှာဗီတာမင် Cပါဝင်မှု များတာကြောင့် ဘေဘီလေးကို အရေပြား ကျန်းမာစေသလို အရိုး၊ သွားဖုံး နဲ့ သွားတွေ ကျန်းမာစေပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ခရမ်းချဉ်သီး စားတာက ကျန်းမာစေတယ်ဆိုပေမယ့် အများကြီး မစားဖို့ လိုပါမယ်။ အများကြီး စားမယ်ဆိုရင် အခုလို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/are-tomatoes-good-for-a-pregnant-woman/
သိထားရမည့် မတည့်သောအစားအသောက်များ
အစားအစာအလက်ဂျီသည် တစ်ချို့သောအစားအသောက်များကို ခန္ဓါကိုယ်၏ ကိုယ်ခံအားစနစ်မှ အန္တရာယ်ရှိသည်ဟုယူဆပြီး ဓါတ်မတည့်မှုဖြစ်ပွားခြင်းကို ခေါ်ပါသည်။ အလက်ဂျီဖြစ်စေသော အစားအစာများကို အလက်ဂျင်ဟု ခေါ်သည်။တချို့သော သုတေသနများတွင် ကလေးများ၏ ၄-၆% နှင့် လူကြီး ၆% တို့တွင် အစားအစာအလက်ဂျီရှိကြောင်း တွေ့ရ၏။ ကလေးများနှင့် ပေါက်စအရွယ်များတွင် ပိုအဖြစ်များသည်။အစားအစာအလက်ဂျီနှစ်မျိုးရှိပါသည်။IgE နှင့်ဆိုင်သော– အလက်ဂျီလက္ခဏာများသည် IgE ဆိုသည့် ပဋိပစ္စည်းများ ကိုယ်ခံအားစနစ်မှ ထုတ်လွှတ်ပေးခြင်းနှင့် ဆက်စပ်ပြီး ဖြစ်ပွား၏။ ထိပဋိပစ္စည်းများသည် တစ်ချို့သော အစားအစာများနှင့်သာ ဓါတ်ပြုမှုရှိပါသည်။IgE နှင့်မဆိုင်သော– ဒီအခြေအနေတွင်တော့ ခန္ဓါကိုယ်ခုခံအားစနစ်မှ တခြားအစိတ်အပိုင်းများနှင့် အစားအစာ ဓါတ်ပြုခြင်းဖြစ်သည်။ ဒီလို အစားအစာအလက်ဂျီမျိုးတွင် IgE ပဋိပစ္စည်းများကို မထွက်စေပါ။တစ်ချို့သောသူများတွင် အမျိုးအစားနှစ်မျိုးလုံး ရှိနေတတ်ပါသည်။အစားအစာအလက်ဂျီရှိသည့်အခါတွင် လက္ခဏာများကို အရေပြား၊ သွေးလှည့်ပတ်မှုအဖွဲ့အစည်း၊ အစာအိမ်နှင့်အူလမ်းကြောင်းစနစ်နှင့် အသက်ရှုလမ်းကြောင်းတို့၌ တွေ့ရပါသည်။ အဖြစ်များဆုံး လက္ခဏာများမှာ-။ကလေးများတွင် အလက်ဂျီမကြာခဏဖြစ်စေသော အစားအစာတစ်ချို့ရှိပါသည်။ ၎င်းတို့မှာ နွားနို့၊ မြေပဲနှင့် ဥများဖြစ်သည်။ နွားနို့၊ ဥများနှင့် ဓါတ်ပြုမှုသည် ကလေးကြီးလာသည်နှင့် ပျောက်သွားတတ်ပါသည်။ သို့သော် မြေပဲအလက်ဂျီကတော့ မပျောက်ပါ။အရွယ်ရောက်ပြီးသူများတွင် အဖြစ်များသော အလက်ဂျင်များမှာ မြေပဲနှင့် ခွံမာသီးများ၊ ငါးနှင့် ကရုကမာ၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်ဝတ်မှုန်များတို့ဖြစ်ကြသည်။အစားအစာအလက်ဂျီအတွက် အဓိကကုသမှုသည် ဓါတ်ပြုမှုကိုဖြစ်စေသည့် အစားအစာများကို ရှောင်ခြင်းဖြစ်သည်။ ဘယ်စားသောက်ကုန်မဆို အညွှန်ကိုသေချာဖတ်ပြီး ပါဝင်ပစ္စည်းများကိ သေချာကြည့်ပါ။ ထို့မှနေ၍ အလက်ဂျင်စားမိနိုင်ချေကို လျော့ချပေးနိုင်ပါလိမ့်မည်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9e%e1%80%ad%e1%80%91%e1%80%ac%e1%80%b8%e1%80%9b%e1%80%99%e1%80%8a%e1%80%b7%e1%80%ba-%e1%80%99%e1%80%90%e1%80%8a%e1%80%b7%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac%e1%80%a1%e1%80%85%e1%80%ac%e1%80%b8/
ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓါတ် (၂၆) မျိုး
Copper –ခန္ဓါကိုယ်ထဲမှာသံဓါတ်ကိုချေဖျက်အသုံးချမှုအတွက် အထောက်အကူပေးပြီး ဆဲလ်တွေအတွက် အကျိုးပြုပါတယ်။ အရိုးနဲ့ တွယ်ဆက်တစ်ရှူး၊သွေးကြောတွေကိုလည်း ကျန်းမာစေပါတယ်။Manganese –အရိုးကျန်းမာရေးနဲ့အနာကျက်ခြင်းအတွက် အပြင် ပရိုတင်း၊ကိုလက်စထရောနဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ခန္ဓါကိုယ်တွင်း ချက်လုပ်မှုကို အားပေးပါတယ်။Iodine –အိုင်အိုဒင်းကတော့ သိုင်းရွိုက်ဟော်မုန်းတွေဖြစ်ပေါ်မှုအတွက် အကျိုးပြုပါတယ်။Potassium –ပိုတက်စီယမ်က အာရုံကြောစနစ်နဲ့ကြွက်သားတွေအတွက်ကောင်းကျိုးပြုသလိုရေဓါတ်ကိုလည်း ထိန်းသိမ်းပေးပါတယ်။Chloride– ခန္ဓါကိုယ်ထဲကအရည်ဓါတ်တွေကို ညီညွတ်မျှတအောင် ထိန်းညှိပေးပြီး အစာချေရည်မှာလည်း ပါဝင်တဲ့ ဓါတ်တစ်မျိုးဖြစ်ပါတယ်။Chromium –သွေးတွင်းသကြားဓါတ်ပမာဏကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။Molybdenum– ပရိုတင်းနဲ့တခြားဓါတ်တွေရဲ့လုပ်ဆောင်ချက်ကို ကူညီပေးပါတယ်။Selenium –ဆဲလ်တွေထိခိုက်ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးပြီး သိုင်းရွိုက်ဟော်မုန်းနဲ့ပတ်သက်ပြီး ထိန်းညှိပေးပါတယ်။Zinc –ဇင့်က ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်ကို ထောက်ပံ့ပေးပြီး မျိုးပွားစနစ်နဲ့ အာရုံကြောစနစ်တွေကိုလည်း ကောင်းမွန်စေပါတယ်။Iron –သံဓါတ်က သွေးအားကောင်းစေပြီး သွေးအားနည်းရောဂါကို ကာကွယ်ပေးပါတယ်။ဒီလိုအရေးပါတဲ့ဓါတ်တွေ ခန္ဓါကိုယ်မှာ လုံလောက်မှုမရှိဘဲ ဓါတ်တစ်ခုခုချို့တဲ့နေတဲ့အခါ ကျန်းမာရေးအတွက်ဆုတ်ယုတ်မှုတွေရှိလာနိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင် ဘယ်လိုထိန်းညှိရမလဲ၊ ကာကွယ်ရမလဲဆိုတာလည်းလေ့လာထားသင့်ပါတယ်။ အဓိက ကတော့။အာဟာရဓါတ်ချို့တဲ့မှုက တစ်နေ့တည်း တစ်ညတည်းနဲ့ဖြစ်လာနိုင်တာမဟုတ်တဲ့အတွက်ရေရှည်အတွက် ဆင်ခြင်နေထိုင်၊စားသုံးမှ ခန္ဓါကိုယ်ကျန်းမာရေးအတွက်ပြည့်စုံစေမှာပါ။ အပေါ်မှာဖော်ပြခဲ့တဲ့ ဗီတာမင်နဲ့သတ္တုဓါတ် (၂၆) မျိုးကို တစ်စုတည်းရရှိချင်ရင်တော့ Renovit ကိုရွေးချယ်နိုင်ပါတယ်။ Renovit ကို တစ်နေ့တစ်လုံးသောက်ရုံနဲ့ မရှိမဖြစ်လိုအပ်တဲ့ဓါတ်တွေကို ကူညီဖြည့်တင်းပေးနိုင်မှာပါ။ ဒီဆေးကို နာလန်ထစ လူနာတွေ၊ ခွဲစိတ်မှုခံယူထားသူတွေ၊ အစာစားချင်စိတ်မရှိဖြစ်နေသူတွေ၊ အာဟာရဓါတ်ချို့တဲ့နေသူတွေ၊ ကိုယ်အလေးချိန်နည်းနေသူအပြင်နေ့စဉ်အားဆေးသောက်သုံးလိုသူတွေ သုံးစွဲနိုင်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%81%e1%80%94%e1%80%b9%e1%80%93%e1%80%ac%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%99%e1%80%9b%e1%80%be%e1%80%ad%e1%80%99%e1%80%96%e1%80%bc/
ရာသီဥတုက ဝက်ခြံတွေအပေါ်မှာ ဘယ်လိုသက်ရောက်နေသလဲ
ဝက်ခြံတွေအပေါ်မှာ သက်ရောက်နေတဲ့ အချက်ပေါင်းများစွာ ရှိပါတယ်။ ဟော်မုန်းအပြောင်းအလဲ၊ မိသားစုအခြေအနေနဲ့ စိတ်ဖိစီးမှုတို့ပဲ ဖြစ်ပါတယ်။ ရာသီဥတုကလည်း ဝက်ခြံတွေအပေါ်မှာ အပြောင်းအလဲတွေဖြစ်စေတယ်ဆိုတာကော သင်သိပါသလား။ သင့်အရမ်းသိချင်နေမယ်ဆိုရင်တော့ အောက်ပါဆောင်းပါးကို ဖတ်ရှုပေးပါ။မိုးရာသီအတွင်း ဒါမှမဟုတ် အပူပိုင်းဒေသတွေမှာ စိုထိုင်းမှုများနေပြီဆိုရင် ဝက်ခြံပေါက်နိုင်ခြေများသလို ပေါက်တဲ့ဝက်ခြံလည်း ပိုဆိုးသွားနိုင်ပါတယ်။ စိုထိုင်းမှုက သင့်အရေပြားအတွက် ရေဓါတ်ထောက်ပံ့ပေးတယ်လို့ သင်ထင်နိုင်တယ်။ ရေဓါတ်ပြည့်ဝနေခြင်းက အရေပြားအတွက် ကောင်းပါတယ်။ ဒါပေမယ့်လည်း စိုးထိုင်းစများခြင်းက ချွေးထွက်စေပါတယ်။ချွေးတွေက အရေပြားဆဲလ်အသေတွေ၊ ဖုန်မှုန့်တွေနဲ့ ပေါင်းပြီး အပေါက်တွေ ပိတ်သွားစေပါတယ်။ စိုထိုင်းမှုက အဆီလည်းပိုပြန်စေပါတယ်။ အဆီတွေ၊ ဆဲလ်အသေတွေနဲ့ ဖုန်မှုန့်တွေပေါင်းပြီး အပေါက်ပိတ်နိုင်ပါတယ်။ ထိုအချက်၂ချက်က ဝက်ခြံတွေ ပိုဆိုးစေနိုင်သလို၊ ပျောက်ဖို့လည်း နှေးကွေးစေပါတယ်။ဒါကြောင့် ချွေးထွက်ပြီးပြီဆိုရင် အရေပြားကို သန့်ရှင်းပေးဖို့ မမေ့ပါနဲ့။ သန့်စင်ဆေးအပျော့နှင့် ကြက်သီးနွေးရေကို အသုံးပြုနိုင်ပါတယ်။ မျက်နှာအတွက်ဆို မျက်နှာအတွက်ထုတ်ထားသော မျက်နှာသစ်ဆပ်ပြာ၊ ကိုယ်အတွက်ဆို ကိုယ်အတွက်ထုတ်ထားသော ကိုယ်တိုက်ဆပ်ပြာတို့ကို အသုံးပြုပေးပါ။ပူပြင်းခြောက်သွေ့သော ရာသီဥတုက အရေပြားကို ပျက်စီးစေနိုင်ပါတယ်။ ရာသီဥတုခြောက်သွေ့မယ်ဆိုရင် အရေပြားလည်း ခြောက်သွေ့လာမှာ ဖြစ်ပါတယ်။ အရေပြားခြောက်သွေ့လာတဲ့အခါမှာ အဆီဂလင်းက အရေပြားအစိုဓါတ်ကို ထိန်းသိမ်းပေးဖို့ အဆီတွေပိုထုတ်ပါတယ်။ လိုတာထက်ကို ပိုထုတ်ရပါတယ်။အရေပြားခြောက်သွေ့သွားတဲ့အခါမှာ အရေပြားအလွှာအပေါ်ပိုင်းက ကွာကျသွားပါတယ်။ အရေပြားဆဲလ်အသေတွေနဲ့ အဆီတွေနဲ့ ပေါင်းပြီး အမွှေးပေါက်တွေ ပိတ်သွားစေပါတယ်။ ဝက်ခြံတွေ ထပ်ခါထပ်ခါဖြစ်လာပါတော့တယ်။ဒါကြောင့် အရေပြားရဲ့အစိုဓါတ်ကို ထိန်သိမ်းသင့်ပြီး အဆီနဲ့ရေမျှတမှုရှိအောင် ပြုလုပ်ရပါမယ်။ အရေပြားမှာ လုံလောက်တဲ့ စိုထိုင်းမှုရှိမယ်ဆိုရင် ဆဲလ်အသေတွေနဲ့ အဆီတွေကို လျော့နည်းသွားစေနိုင်ပါတယ်။ရာသီဥတုပူပြင်းရင် ချွေးထွက်နိုင်ပါတယ်။ ချွေးတွေက ဝက်ခြံဖြစ်စေနိုင်ပါတယ်။ ရာသီဥတုပူပြင်းမယ်ဆိုရင် အရေပြားသိပ်ခံနိုင်ရည် မရှိတော့ပါဘူး။ ဆဲလ်ပိုတွေ၊ချွေးတွေဖယ်ရှားပြစ်ဖို့ ပုံမှန်သန့်စင်ပေးပါ။ Salicylic acid နဲ့ Benzoyl peroxide တို့ပါဝင်သော ကရင်၊လိုးရှင်းတို့က ပူပြင်းတဲ့ရာသီဥတုမှာ ဝက်ခြံမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ရာသီဥတုက ဝက်ခြံတွေအပေါ်မှာ သက်ရောက်မှုတွေရှိပါတယ်။ ပူပြင်းသောရာသီဥတု၊ စိုထိုင်းသောရာသီဥတုနဲ့ ခြောက်သွေ့သောရာသီဥတုတို့က ဝက်ခြံတွေပိုပေါက်စေနိုင်သလို၊ ပိုလည်းဆိုးစေပါတယ်။ ဒါကြောင့် ရာသီဥတုအခြေအနေပေါ်မှာ မူတည်ပြီး သင့်တော်တဲ့ ဝက်ခြံကုသနည်းတွေနဲ့ ထိန်းသိမ်းမှုတွေ ပြုလုပ်ဖို့ အရေးကြီးပါတယ်။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့်၊ ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%a5%e1%80%90%e1%80%af%e1%80%80-%e1%81%80%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%b1%e1%80%90%e1%80%bc%e1%80%a1%e1%80%b1%e1%80%95%e1%81%9a%e1%80%99/
ခြေဖဝါးကြွက်နို့နဲ့ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်မလဲ
ခြေဖနောင့်နေရာတွေမှာ ဖြစ်တတ်တဲ့ မာကြောတဲ့အကျိတ်စေ့ပုံစံကြီးထွားမှုတွေ ဖြစ်ပါတယ်။ မပြင်းထန်ပေမဲ့လည်း သင့်ကိုမသက်မသာဖြစ်မှုနဲ့နာကျင်မှုကို ခံစားရစေနိုင်ပါတယ်။ ကြွက်နို့နဲ့ပတ်သက်ပြီး နည်းလမ်းအချို့ရှိပါတယ်။သင့်ဆရာဝန်ရဲ့လုပ်ဆောင်ပေးမှု လိုပါတယ်။ ပထဆုံးကတော့ သင့်သွေးထဲကိုဓါတုပစ္စည်းတွေ ဝင်သွားတဲ့အခါ နာကျင်မှုတွေမခံစားရအောင် ကူညီပေးဖို့ဖြစ်ပါတယ်။ ကြွက်နို့ရှိတဲ့နေရာကို ထုံသွားအောင်ခံစားမှုမရှိတော့အောင် သင့်ဆရာဝန်က ပြုလုပ်ပေးပါလိမ့်မယ်။နိုက်ထရိုဂျင်အရည်ဖြန်းခြင်း သို့ ဝါဂွမ်းနဲ့တို့ပေးခြင်းတွေကို ပြုလုပ်ပေးပါလိမ့်မယ်။ ရလဒ်ကတော့ ကြွက်နို့တစ်ဝိုက်အရေကြည်အိတ်လေးဖြစ်ပေါ်လာပြီး ဆဲလ်အသေတွေရက်သတ္တပတ်အနည်းငယ်အတွင်း ကွာကျသွားပါလိမ့်မယ်။ဗိုင်းရပ်စ်ပိုးကိုတိုက်ထုတ်ဖို့အတွက် သင့်ကိုယ်ခံအားကိုလှုံ့ဆော်ပေးခြင်းဖြ်င့်လည်း အကူအညီပေးပါတယ်။ salicylic acidနဲ့ပေါင်းပြီးကုသမှုပေးခြင်းဖြင့်လည်း ကုသမှုအောင်မြင်နိုင်ချေရာနှုန်းကို မြင့်စေပါတယ်။ဆရာဝန်ဆေးစာမပါဘဲ အလွတ်ဝယ်နိုင်တဲ့ပစ္စည်းတွေနဲ့လည်း ကြွက်နို့ကိုဖယ်ရှားနိုင်ပါတယ်။ သင့်အခြေအနေနဲ့သင့်တော်မယ့် အရည်သို့ကပ်ခွာ ဖြစ်နိုင်ပါတယ်။ ကြွက်နို့နေရာကိုပထမဦးစွာ သန့်စင်ပေးပြီး မိနစ်၂၀လောက်ရေစိမ်နူးထားရမှာ ဖြစ်ပါတယ်။အရေးကြီးလိုအပ်တဲ့ဓါတုပစ္စည်းတွေ သင့်အရေပြားထဲဝင်ရေက်နိုင်ပြီး ထိထိရောက်ရောက်အကျိုးပေးနိုင်ဖို့ ရေမြုပ်ကျောက်သို့လက်သည်းတိုက်တံစဉ်းကို။သုံးပြီး ဆဲလ်သေတွေကိုဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။ ထို့နောက်မှာ salicylic acidဆေးရည်သို့ ကပ်ခွာကို အသုံးပြုပေးပါ။ ကပ်ခွာကိုနှစ်ရက်တစ်ခါလဲပေးဖို့နဲ့ ဆေးရည်ကိုတစ်နေ့။နှစ်ကြိမ်သုံးပေးဖို့ မမေ့ပါနဲ့။ မျှော်လင့်ထားတဲ့ရလဒ်ကိုရဖို့ ရက်သတ္တပတ်ပေါင်းများစွာ စောင့်ရနိုင်ပါတယ်။ခြေဖဝါးကြွက်နို့က ကူးစက်တတ်ပါတယ်။ ဖိနပ်မစီးဘဲခြေဗလာနဲ့သွားတဲ့အခါမျိုးမှာ ဗိုင်းရပ်ပိုးနဲ့ထိတွေ့နိုင်ပြီးကူးစက်ခံရနိုင်ချေများတာကြောင့် ရေကူးကန်၊ ပစ္စည်းအပ်ခန်း၊ အများသုံးရေချိုးခန်းကဲ့သို့သော။ဟိုတယ်ကော်ဇောကြမ်းပြင်လိုနေရာမျိုးတောင်မှာ သင့်ခန္ဓါကိုယ်ထဲကိုဝင်ရောက်ပြီး ကြွက်နို့ကိုဖြစ်စေနိုင်တဲ့သန်းပေါင်းများစွာသော ဗိုင်းရပ်စ်တွေကိုကာကွယ်နိုင်ဖို့ ဖိနပ်စီးကိုစီးသင့်ပါတယ်။ဗီတာမင်စီကလည်း ခြေဖဝါးကြွက်နို့နဲ့ပတ်သက်ပြီး အကူအညီပေးနိုင်ပါတယ်။ ဗီတာမင်စီဆေးပြားအချို့ကို ကြိတ်ပြီး ရေလုံလုံလောက်လောက်နဲ့ရောပြီး ရလာတဲ့အနှစ်ကို ကြွက်နို့ပေါ်မှာ လိမ်းပေးရမှာဖြစ်ပါတယ်။ ကောင်းကောင်းစိမ့်ဝင်နိုင်ဖို့ ပတ်တီးစည်းပေးသင့်ပါတယ်။ ဆေးပြားတွေ ကအချဉ်ဓါတ်များတာကြောင့် ကြွက်နို့ကိုကွာကျစေပြီး ဗိုင်းရပ်စ်ပိုးကိုလည်းတိုက်ထုတ်ပေးနိုင်ပါတယ်။အချို့အခြေအနေတွေမှာ ကြွက်နို့ကကုသမှုမလိုဘဲ သူ့အလိုလိုပျောက်ကင်းသွားနိုင်ပါတယ်။ သို့ပေမဲ့ မသက်သာဘူးဆိုရင် ကိုယ့်ဘာသာကိုကုသမရဘူးဆိုရင် ဖယ်ရှားပစ်ဖို့သင့်ဆရာဝန်နဲ့ သွားတွေ့သင့်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/infectious-skin-diseases/%e1%80%81%e1%80%bc%e1%80%b1%e1%80%96%e1%80%9d%e1%80%ab%e1%80%b8%e1%80%80%e1%80%bc%e1%80%bd%e1%80%80%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%b2%e1%80%b7%e1%80%95%e1%80%90%e1%80%ba/
ကျန်းမာလှပတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်စေဖို့ နေ့စဉ်လိုက်နာရမယ့် အချက် ၉ ချက်
မိန်းကလေးတိုင်းရဲ့ စိတ်ကူးထဲမှာ ထက်မြက် ကျန်းမာလှပတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်ချင်စိတ်က အမြဲရှိနေတာပါ။ တော်ရုံ လှရုံတင်မဟုတ်ပါဘူး။ ကျန်းမာချင်စိတ်လည်း ရှိနေတာပါ။ကျန်းမာပြီး လှပတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ဆိုတာ တကယ်တော့ ထင်သလောက်မလွယ်ကူပါဘူး။ ဒီလိုအမျိုးသမီးတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် နေ့စဉ်လိုက်နာရမယ့် နည်းလမ်းတွေရှိပါတယ်။ဟော်မုန်းညီမျှအောင်၊အသားအရေလှအောင်၊ ရေဓာတ်ပြည့်ဝအောင်၊ကိုယ်ခံအားကောင်းအောင်၊စိတ်ဖိစီးမှုနည်းအောင် လိုက်နာရမယ့်နည်းလမ်းတွေပေါ့။ ဒီလိုအကျိုးတရားတွေကို ရနိုင်ဖို့ အမျိုးသမီးတွေ နေ့စဉ်လိုက်နာသင့်တဲ့ ရိုးရှင်းတဲ့ နည်းလမ်း ၉ ခုကို ဖော်ပြပေးချင်ပါတယ်။သဘာဝအစားအစာတွေကို အဓိက စားပါ။နေ့စဉ်ကျန်းမာဖို့ဆိုရင် အာဟာရပြည့်ဝအောင် စားသောက်ဖို့လိုအပ်ပါတယ်။ လတ်ဆတ်တဲ့ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေကို ပုံမှန်မှီဝဲပေးမယ်ဆိုရင် ကျန်းမာစေမှာဖြစ်သလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကိုလည်း လုံလုံလောက်လောက်ရရှိမှာမို့ အလှအပအတွက်ပါ အကျိုးရှိစေမှာဖြစ်ပါတယ်။မနက်ခင်းတိုင်းမှာ သံပုရာရည်နဲ့Probioticsမှီဝဲပါ။သံပုရာသီးမှာပါဝင်တဲ့ဗီတာမင် Cက ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေမှာဖြစ်သလို Probiotics ကတော့ အစာခြေစနစ်ကို အားကောင်းစေမှာပါ။ ဒါ့အပြင်သံပုရာရည်ဖြစ်တာမို့ ရေဓာတ်မဆုံးရှုံးအောင် ကူညီပေးနိုင်ပါတယ်။ Probiotics ကိုပုံမှန်မှီဝဲတဲ့အမျိုးသမီးတွေဟာ ဆီးလမ်းကြောင်းနဲ့ လိင်အင်္ဂါမှာ ကူးစက်ရောဂါတွေဖြစ်မလာအောင်လည်း တားဆီးပေးနိုင်တယ်ဆိုတာကို သိထားဖို့လိုအပ်ပါတယ်။မနက်ခင်း စောစောပိုင်းမှာ ၁၀ မိနစ်လောက် တရားထိုင်ပါ။စိတ်တည်ငြိမ်မှုအတွက် တရားထိုင်ပေးတာက နည်းလမ်းကောင်းပါ။ အသက်ရှူလေ့ကျင့်ခန်းလို့ သတ်မှတ်မယ်ဆိုလည်း ရပါတယ်။ ၁၀ မိနစ်ဝန်းကျင်လောက် နေ့စဉ်ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ စိတ်တည်ငြိမ်မှုကို ပေးသလို အဆုတ်ကိုလည်း အားကောင်းစေမှာဖြစ်ပါတယ်။ စိတ်ငြိမ်းချမ်းမှုဟာ Stress တွေကို ကင်းဝေးစေမှာမို့ ကိုယ်ခံအားကောင်းမွန်စေကာ အိုမင်းရင့်ရော်ခြင်းကိုလည်း တားဆီးပေးဦးမှာပါ။အိပ်ရေးဝဝ အိပ်ပါ။တစ်န့ကို ၇-၈ နာရီဝန်းကျင် အိပ်စက်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ နောက်ပြီး ည ၁၁ နာရီထက်နောက်မကျပဲ အိပ်ရာဝင်ဖို့လည်း လိုအပ်ပါတယ်။အိပ်ရေးဝဝအိပ်စက်သူတွေဟာ အသားအရေလှပမှုနဲ့ တခြားသော ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပြီးတော့ ကိုယ်အလေးချိန်လည်း လျော့ကျစေမှာပါ။နေ့စဉ်လေ့ကျင့်ခန်းလုပ်ပါ။တစ်နေ့ကို မိနစ် ၃၀ လောက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။Gymသွားပြီး လေ့ကျင့်ခန်းလုပ်တာမျိုးသာမက နေအိမ်မှာ ကိုယ်နဲ့ကိုက်ညီတဲ့လေ့ကျင့်ခန်းတစ်ခုခုကို လုပ်တာမျိုး၊ လမ်းလျှောက်တာ၊ ပြေးတာမျိုးတွေလည်း လုပ်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါ ထိရောက်စွာ အကျိုးရှိစေပါလိမ့်မယ်။သကြားလျှော့စားပါ။ကျန်းမာလှပတဲ့ အမျိုးသမီး ဖြစ်ချင်တယ်ဆိုရင် အချိုတွေစားတာ လျှော့ဖို့လိုအပ်ပါတယ်။ တတ်နိုင်သမျှ သကြားနဲ့ သကြားပါဝင်နေတဲ့ အစားအစာတွေကို ရှောင်ကြဉ်ဖို့ တိုက်တွန်းချင်ပါတယ်။ သကြားကို များများမှီဝဲလေလေ သွေးတိုး၊ ဆီးချို နှလုံးနဲ့ အဝလွန်တာလိုရောဂါတွေဖြစ်နိုင်လေလေပါပဲ။ရေဓာတ်ပြည့်ဝအောင်နေပါ။ရေဓာတ်ပြည့်ဝနေရင် အသားအရေလေးက စိုပြေဝင်းပနေမှာပါ။ ဒါကြောင့် နေ့စဉ် ရေများများသောက်ဖို့နဲ့ ရေဓာတ်ပါဝင်တဲ့ အစားအစာတွေကို မှီဝဲဖို့ တိုက်တွန်းရတာဖြစ်ပါတယ်။ တစ်နေ့ကို ရေ ၈ ခွက်လောက် သောက်ပေးသင့်ပါတယ်။အစားအသောက်အပျက်မခံပါနဲ့။အစားအသောက်ကို အချိန်မှန်စားပါ။ ဖြစ်နိုင်ရင် အချိန်ဇယား သတ်မှတ်ပြီး သတ်မှတ်ထားတဲ့အချိန်မှာ မဖြစ်မနေစားပါ။ ကျန်းမာစေဖို့ဆိုရင် အစားအစာကို နည်းနည်းနဲ့ ခဏခဏခွဲစားပေးတာမျိုးလုပ်ပေးသင့်ပါတယ်။ တစ်နေ့ကို ၅-၆ ကြိမ်လောက် နည်းနည်းစီ ခွဲပြီးစားပေးတာက တစ်ခါတည်း အများကြီးစားတာထက် ပိုပြီး လူကို ကျန်းမာစေပါတယ်။ နောက်ပြီး အိပ်ရာဝင်ခါနီး ၃ နာရီအလိုမှာ ဘာမှမစားတော့ဖို့လည်း မှာချင်ပါရဲ့။အချိန်ကုန်သက်သာအောင် နည်းပညာထုတ်ကုန်တွေကို သုံးပါ။နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်ရာမှာ အချိန်ကုန်လူပန်းမဖြစ်အောင် နည်းပညာထုတ်ကုန်တွေဖြစ်တဲ့ ကွန်ပျူတာ၊ စမတ်ဖုန်း၊ အင်တာနက်၊ တက်ဘ်လက်တွေကို အသုံးချသင့်ပါတယ်။ စိတ်ရောလူရော ပင်ပန်းလာတဲ့အခါ စိတ်ဖိစီးမှုလည်း စွဲကပ်လာတတ်ပြီး နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးပါထိခိုက်လာတတ်တာကြောင့်ဖြစ်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/9-everyday-health-and-wellness-tips-for-women/
တရားထိုင်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူပြုသလား
ယနေ့ကမ္ဘာတလွှားမှာတရားထိုင်ခြင်းကို ဘာသာရေးအနေနဲ့သာ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ စိတ်ကျန်းမာရေး စတာတွေအတွက် ကျင့်သုံးလာကြပါတယ်။ တရားထိုင်ခြင်းကြောင့် စိတ်တည်ငြိမ်လာခြင်း၊အာရုံစူးစိုက်မှုအားကောင်းခြင်း စတဲ့စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးများစွာ ရရှိလာကြပါတယ်။ နောက်ပိုင်းမှာ တရားထိုင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ အရသာမကရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ပါ အထောက်အကူပြုကြောင်း ပညာရှင်များကပါ လက်ခံလာကြပါတယ်။ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ တရားထိုင်ခြင်းကြောင့် ရရှိနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။တရားထိုင်ခြင်းဟာ နှလုံးအပေါ်သက်ရောက်တဲ့ ဖိအားတွေကို သက်သာစေပါတယ်။ သွေးတိုးရှိသူတွေဟာ နှလုံးကနေ သွေးကိုညှစ်နိုင်ဖို့ ပိုပြီးအားစိုက်ထုတ်ရပါတယ်။ ဒါ့အပြင် သွေးကြောများ မာကြောပြီးကျဉ်းမြောင်းစေတတ်ပါတယ်။ သုတေသနတွေအရ တရားထိုင်ခြင်းကြောင့်နှလုံးနဲ့သွေးကြောများကို ထိန်းချုပ်ပေးတဲ့ အာရုံကြောများကို ပြေလျော့စေပြီး သွေးကြောများအတွင်းက ဖိအားကိုလည်း လျော့ကျစေပါတယ်။ ဒီနည်းနဲ့ သွေးတိုးခြင်းကိုလည်း သက်သာစေပါတယ်။တရားထိုင်ခြင်းကြောင့် သွေးလည်ပတ်မှုကောင်းစေပြီး နှလုံးခုန်နှုန်းကို ပုံမှန်ထိန်းညှိပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်တာကြောင့် နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။ သုတေသနတခုအရ မကြာခဏ တရားထိုင်လေ့ရှိသူများဟာ lipid peroxide လို့ခေါ်တဲ့ ဓာတ်ပစ္စည်းနည်းပါးတယ်လို့ ဆိုပါတယ်။ အဆိုပါ ပစ္စည်းဟာ သွေးကြာနံရံများကို မာကြောစေခြင်း၊ ကျဉ်းမြောင်းစေခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။ကိုယ်ခံစွမ်းအားကောင်းမွန်ခြင်းဟာ ခန္ဓာကိုယ်ပြင်ပမှ ရောဂါပိုးမွှားများ ဝင်ရောက်ခြင်းကို ကာကွယ်ပေးပါတယ်။ နေထိုင်မကောင်းချိန်မှာလည်း နာလန်ပြန်ထနိုင်အောင် ကူညီပေးပါတယ်။ ၂၀၀၃ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနစာစောင်တခုမှာ တရားထိုင်ခြင်းဟာ ကိုယ်ခံအားစနစ်ကို တိုးတက်အောင် အထောက်အကူပြုနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဦးနှောက်အတွင်းမှာလည်း အပြုသဘောဆောင်တဲ့ ပြောင်းလဲခြင်းတွေ ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။သင့်ခန္ဓာကိုယ်ဟာ မူးယစ်ဆေး၊ အရက် စတာတွေကို စွဲလန်းနေရင် အင်မတန်ဖြတ်ရခက်ပါတယ်။ မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း မရှိပါဘူး။ သုတေသနများအရ တရားထိုင်တဲ့အခါ အာရုံစူးစိုက်ခြင်း၊ မိမိကိုယ်ကို သတိကပ်ထိန်းချုပ်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေရလာတာကြောင့် ဆေးဖြတ်၊ အရက်ဖြတ်ရာမှာ အထောက်အကူပြုပါတယ်။ အရက်စွဲသူများကို လေ့လာခဲ့တဲ့ သုတေသနတခုမှာ တရားထိုင်ခြင်းအားဖြင့် အရက်ဖြတ်ရာမှာ အထောက်အကူပြုကြောင်း ဆိုထားပါတယ်။ မူးယစ်ဆေးနဲ့ အရက်တင် မကပါဘူး။ အစားအစာများကို စွဲလန်းစွာ စားသောက်နေချင်စိတ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။အိပ်ရေးပျက်ခြင်းဟာ ကိုယ်ခံစွမ်းအားကျစေပြီး ရောဂါမျိုးစုံကို ဖိတ်ခေါ်နေပါတယ်။ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု စတာတွေဟာ အိပ်မပျော်ရခြင်းရဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ တရားထိုင်ခြင်းကြောင့် ကိုယ်ရောစိတ်ပါ ဖိစီးမှုများ လျော့နည်းစေပြီး ကောင်းစွာအိပ်စက်နိုင်စေပါတယ်။ တရားထိုင်ခြင်းကြောင့် စိတ်ရဲ့အတွေးများ ယောက်ယက်ခတ်ခြင်းကို ထိန်းချုပ်နိုင်စေပါတယ်။ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်စေဖို့ မခဲယဉ်းသလို အချိန်ကြာကြာလည်း အိပ်စက်နိုင်စေပါတယ်။ကိုယ်ခန္ဓာရဲ့ နာကျင်မှု ဆိုတာဟာ အာရုံကြောများရဲ့ အချက်ပြမှုကတဆင့် ဦးနှောက်ထဲကို ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ သုတေသနတစ်ခုအရ ဦးနှောက်အလုပ်လုပ်ပုံကို လေ့လာရာမှာ တရားထိုင်တတ်သူများရဲ့ ဦးနှောက်လှိုင်းတွေဟာ နာကျင်မှုကို လက်ခံရယူရာမှာ အခြားသူတွေနဲ့ ကွာခြားမှုရှိတာ တွေ့ရပါတယ်။ နာကျင်မှုကို သက်သာစေတယ်လို့ သိရပါတယ်။ နာတာရှည်ရောဂါများကြောင့် ဝေဒနာခံစားနေရခြင်းများလည်း သက်သာစေနိုင်တယ်လို့ သိရပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/12-benefits-of-meditation/
အလုပ်လုပ်နေရင်းနဲ့လည်း ကိုယ်အလေးချိန် ထိန်းသိမ်းကြမယ်
အလုပ်လုပ်နေတဲ့ လေဒီတို့အနေနဲ့ တစ်နေကုန်အလုပ်စားပွဲမှာအထိုင်များတာကတကြောင်း၊ လုပ်ငန်းခွင်ကစိတ်ဖိစီးမှုတွေကြောင့် အစားတွေ ပိုမိုစားမိတာက တစ်ကြောင်းနဲ့ တစ်နေ့တစ်ခြား ဝလာတတ်ကြပါတယ်။ သင့်အနေနဲ့အဝမလွန်ခင်မှာ ထိန်းသိမ်းဖို့သင့်တယ်နော်။ အလုပ်တစ်ဖက်နဲ့ ဘယ်လိုထိန်းသိမ်းမလဲလို့ ဆင်ခြင်ပေးမယ့် ပျိူမေတွေအတွက် ရုံးမှာအလုပ်လုပ်နေရင်းနဲ့လည်းဝိတ်ချနိုင်တဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးမှာမို့လို့ ဆက်လက်ဖတ်ရှုပေးပါနော်။(ကိုယ်နဲ့ သင့်တော်နဲ့ အလေးချိန် ရှိမရှိကိုBMIတွက်ကြည့်လို့ ရပါတယ်။)။(၁) ရေများများသောက်ပါ။အမေရိကန်နိုင်ငံရှိ ကိုယ်ကာယအဖွဲ့ရဲ့ ညွန်ကြားချက်အရ တစ်နေ့ကို အနည်းဆုံး ရေ ၂.၇လီတာသောက်သုံးရမှာဖြစ်ပါတယ်။ရေများများသောက်ခြင်းဖြင့် ပင်ပန်းမှုတွေကို ပြေပျောက်စေတဲ့အပြင် ဗိုက်ပြည့်စေလို့ အစာတွေတဇွတ်ဇွတ်စားခြင်းကို တားဆီးပေးပါသေးတယ်။(၂) ပီကေဝါးပါ။အလုပ်လုပ်နေရင်းပီကေဝါးခြင်းဖြင့် သင့်ကိုနိုးကြားစေမယ့်အပြင် စိတ်ဖိစီးမှုကို လျော့စေပါတယ်။ ကော်တီဇောဟော်မုန်း ထုတ်လုပ်တာကို နည်းစေလို့ဝမ်းဗိုက်တစ်ဝိုက်မှာ အဆီစုခြင်းကို ကာကွယ်ပေးပါတယ်။(၃) မိမိအိမ်ကနေ ထမင်းဘူးထည့်လာပါ။နေ့လည်စာစားချိန်မှာ အသင့်စားအစာများ၊ ဆိုင်က အစာများက အဆီနဲ့ ကယ်လိုရီတွေများများ ပါတတ်ပြီး ဝဖြိုးစေပါလိမ့်မယ်။ ဒါကြောင့် မိမိအိမ်ကနေ ကျန်းမာရေးနဲ့အညီ ချက်ပြုတ်ထားသောအစားအစာတွေကို ထည့်လာဖို့ အကြံပေးလိုပါတယ်။(၄)ရေနွေးကြမ်းသောက်ပါ။မနက်တိုင်း အလုပ်ခွင်ကို ရောက်တာနဲ့ လူတော်တော်များများဟာ ကော်ဖီသောက်လေ့ရှိပါတယ်။ ကော်ဖီထက်စာရင် ရေနွေးကြမ်းသောက်ခြင်းက သင့်အဆီတွေကို ပိုမိုလောင်ကျွမ်းစေတာ သင်သိပါသလား။ သူ့မှာ အဆီတွေကိုလောင်ကျွမ်းဖို့ကိုအားပေးတဲ့ catechins ပါဝင်တာမို့ ပိန်ချင်သူတွေ သောက်ပေးဖို့မမေ့နဲ့နော်။(၅) ဓာတ်လှေကားအစား ခြေထောက်အသုံးပြုပါ။ဝိတ်ကျလိုသူများအနေနဲ့ လှုပ်ရှားမှုများများပြုလုပ်သင့်တယ်မလား။ ဒါကြောင့် အပေါ်တက်အောက်ဆင်းပြုလုပ်တိုင်း လှေကားကိုသာအသုံးပြုသင့်ပါတယ်။(၆)  အခါအားလျော်စွာ မတ်တပ်ရပ်ပါ။လေ့လာချက်များအရ စားပွဲမှာတစ်ချိန်လုံးထိုင်ခြင်းထက် ထမင်းစားပြီးချိန်နှင့် အချိူတွေစားပြီးချိန်မှာ ခဏလောက် မတ်တပ်ရပ်ခြင်းဖြင့် အဆီပိုတွေကို လောင်ကျွမ်းစေပါတယ်။တစ်နာရီမတ်တပ်ရပ်ခြင်းက ထိုင်ခြင်းထက် ကယ်လိုရီ၅၀လောင်ကျွမ်းစေမှာပါ။(၇) တစ်နာရီကြာတိုင်း ၂မိနစ်လမ်းလျှောက်ပါ။တစ်နာရီကြာအောင် အလုပ်စားပွဲမှာ ထိုင်ပြီးတာနဲ့ ရုံးထဲမှာ၂မိနစ်စာ လမ်းလျှောက်တာမျိူး လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည်ပြောတာမျိူး ပြုလုပ်ပေးပါ။ပျိူမေတို့ရေ အထက်ပါ နည်းလေးတွေကို နေ့စဉ်လိုက်နာရုံနဲ့တင် ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ နေ့လည်ဘက် အဆာပြေ စားတဲ့အခါမှာလည်း အသင့်စားအစာတွေအစား သစ်သီးနဲ့အသီးအရွက်များသာစားခြင်း၊ အချိူလျှော့စားခြင်းတို့ကိုလည်း ပြုလုပ်ပေးဖို့မမေ့နဲ့နော်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။ရေးသားသူ-Dr. Rose။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/fitness-motivation/%e1%80%a1%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%94%e1%80%b1%e1%80%9b%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%b2%e1%80%b7%e1%80%9c%e1%80%8a%e1%80%ba%e1%80%b8/
တစ်နှစ်နောက်ကျမှ ကလေးကို ကျောင်းထားခြင်းရဲ့ အကျိုးဆက်
မိဘတိုင်းတော့ မဟုတ်ပေမဲ့ တချို့မိဘတွေမှာကလေးကို တစ်နှစ်နောက်ကျပြီးမှ ကျောင်းစတက်ဖို့ ပြင်ဆင်တာကို တွေ့ရပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံက မိဘတချို့မှာလည်း ထိုနည်းတူပါပဲ။ အဲ့တော့ ဘာကြောင့် တစ်နှစ်နောက်ကျပြီးမှ ကျောင်းထားရတာလဲလို့ လေ့လာကြည့်တဲ့အခါမှာ မိဘတွေအများစု ပြောခဲ့တာကတော့။• ကလေးကဖွံ့ဖြိုးမှုနှေးကွေးတယ်လို့ ခံစားရလို့။• တခြားကလေးတွေထက် ကိုယ့်ကလေးကို လူကောင်ကြီးတယ်လို့ မြင်စေချင်လို့။•အားကစားဘက်မှာလည်း အတန်းတူကလေးတွေထက် ပိုအားထုတ်နိုင်ဖို့။• ကလေးအပေါ် သံယောဇဉ်အရမ်းတွယ်လွန်းနေတဲ့ စိတ်ကြောင့် ကျောင်းကိုလွှတ်လိုက်ရဖို့ စိတ်ထဲ မတင်မကျဖြစ်ခြင်း။• ကလေးအတွက် ကျောင်းစရိတ် ပိုရှာဖို့ အချိန်လိုအပ်တာ စတဲ့ အကြောင်းရင်းတွေကြောင့်ဆိုတာကို တွေ့ရပါတယ်။အဲ့တော့ မိဘတွေအနေနဲ့ အကြောင်းရင်းအမျိုးမျိုးကြောင့် ကလေးတွေ ကျောင်းတက်ဖို့ကို နောက်ဆုတ်ပစ်လိုက်တဲ့အခါ နောက်ဆက်တွဲအနေနဲ့ ကောင်းကျိုးတွေလည်း ရှိနိုင်သလို အဆင်မပြေမှုတွေလည်း ကြုံလာရနိုင်တယ်ဆိုတာကိုတော့ သေချာသိထားသင့်ပါတယ်။•မိဘတွေ အထူးသဖြင့် မေမေတွေအနေနဲ့ ကိုယ်ချစ်ရတဲ့ကလေးနဲ့ တစ်နေ့တာကုန်ဆုံးဖို့ အချိန်ပိုရတယ်။• သူငယ်တန်း မတက်ခင်မှာ မေမေတွေကိုယ်တိုင် ကလေးကို လိုအပ်တဲ့ သင်ခန်းစာတွေ၊ စာရေးနည်းတွေကို ကိုယ်တိုင်လေ့ကျင့်ပေးလို့ရတယ်။• ကလေးအနေနဲ့ ကျောင်းတက်တဲ့အခါ စာကို အစိမ်းသက်သက် ဖြစ်မနေတော့ဘူး။•ဆော့ကစားဖို့ အချိန်တစ်နှစ် ပိုရတယ်။• မိဘတွေအတွက်လည်း ကလေးရဲ့ ပညာသင်စရိတ်ကို တစ်နှစ်စာ ပိုပြီးစုဆောင်းမိတဲ့အတွက် ကလေးရဲ့ နောင်ရေးစိတ်အေးရတယ်။• ကျောင်းစတက်တဲ့အချိန်မှာ ကိုယ့်ကလေးက တခြားကလေးတွေထက် အားကစားဘက်မှာ ပိုထူးချွန်သလို စာလည်း ပိုလိုက်နိုင်ပါတယ်။• ကလေးက အတန်းထဲမှာ တစ်ယောက်တည်း ကွက်ပြီး လူကောင်ကြီးနေတာ၊ အသက်ကြီးနေတဲ့အခါ တခြားကလေးတွေနဲ့ သိပ်ပြီး အံဝင်ခွင်ကျမဖြစ်တာ၊ ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ သိပ်အဆင်မပြေဘဲ တစ်ယောက်တည်း သီးခြားဖြစ်နေတာ။•ကျောင်းတက်ကာစ အစောပိုင်းလောက်ပဲ ပညာရေးနဲ့ အားကစားမှာ တခြားကလေးတွေထက်သာပြီး နောက်ပိုင်းမှာ မတိမ်းမယိမ်းဖြစ်သွားတတ်တာ။• ကလေးက ပညာသင်ရမယ့်အရွယ်မှာ မသင်ဘဲ အိမ်မှာပဲနေနေတဲ့အတွက် တကယ်တမ်း ကျောင်းတက်တဲ့အချိန် စာလုပ်ချင်စိတ် နည်းသွားတတ်ခြင်း၊ ကျောင်းသွားရမှာ ပိုပြီးစိတ်မပါတော့ခြင်း။• ကျောင်းပြီးလို့အလုပ်လုပ်ရတော့မယ့်အချိန်မှာ ကိုယ့်ကလေးက တခြားကလေးတွေထက် ပိုပြီးအသက်ကြီးနေခြင်း စတဲ့ ပြဿနာတွေနဲ့ ကြုံလာရနိုင်ပါတယ်။အဲ့တော့ အချုပ်အားဖြင့် ပြောရမယ်ဆိုရင် မိဘတွေအနေနဲ့ ကိုယ့်သားသမီးနဲ့ အချိန်နည်းနည်း ပိုပြီးအတူနေချင်စိတ်၊ ငွေရေးကြေးရေး အိမ်တွင်းစီးပွားရေးတွေကို ငဲ့ကွက်သင့်တာမှန်ပေမယ့် ကိုယ့်ကလေးရဲ့ ပညာရေးနဲ့ ပတ်သက်ပြီးတော့ နောက်ကျအောင် လုပ်ဖို့အထိတော့ မသင့်လျော်ဘူးလို့ ယူဆချင်ပါတယ်။ကလေးတစ်ယောက်ရဲ့ဦးနှောက်ဉာဏ်ရည်ဟာ ၅နှစ်အရွယ်မှာ ကောင်းကောင်းကြီး ဖွံ့ဖြိုးနေပြီးတော့ သူတို့အတွက် မိသားစု၊ အိမ်မဟုတ်ဘဲ အပြင်လောက၊ တခြားကလေးတွေနဲ့ ဆရာမတွေနဲ့ လူမှုဆက်ဆံရေးနယ်ပယ်မှာ စတင်ဝင်ဆန့်ဖို့ ကြိုးစားသင့်တဲ့ အရွယ်ဖြစ်နေပါပြီ။ ဒါကြောင့် ကိုယ့်ကလေးရဲ့ စိတ်ကျန်းမာရေး၊ လူမှုရေးနဲ့ ဘဝအနာဂတ်လှပစေဖို့ မေမေတို့တွေ ကျောင်းစထားမယ့်အရေး မနှေးအောင် သေချာဂရုစိုက်ပြီး ပြင်ဆင်ထားကြဖို့တော့ လိုမယ်နော်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။.။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-milestones/%e1%80%90%e1%80%85%e1%80%ba%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%94%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%80%e1%80%bb%e1%80%99%e1%80%be-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad/
တင်းရင်းသွယ်လျတဲ့ လက်မောင်းလေးတွေပိုင်ဆိုင်စေဖို့
လက်ပြတ်အင်္ကျီလေးဝတ်ချင်တယ်။ အင်္ကျီကိုယ်ကျပ်လေးလည်းဝတ်ချင်တယ်။ ဒါပေမယ့်လက်မောင်းကကြီးနေလို့ ဝတ်လို့မလှဘူးဆိုပြီး စိတ်ညစ်နေတာလားလေဒီ။ ဒီပြဿနာတွေကိုဖြေရှင်းဖို့လေ့ကျင့်ခန်းလုပ်ကြမယ်လေ။Gymသွားဖို့ကလည်း အချိန်မရှိဘူး။ ဘယ်လိုစလုပ်ရမှန်းလည်း မသိဘူးဖြစ်နေတယ်ဆိုတဲ့လေဒီတွေကို ဒီဆောင်းပါးလေးကနေတဆင့် သတင်းစကားပါး ကူညီပေးပါရစေနော်။ခန္ဓာကိုယ်ရဲ့ နေရာတိုင်းမှာ အဆီတက်နိုင်ပေမယ့် လက်မောင်း၊ဗိုက်နဲ့ပေါင်တွေက ပိုပြီး အဆီတက်လွယ်ပါတယ်။ လက်မောင်းအဆီတက်တဲ့အခါ အဝတ်အစားဝတ်ရတာအဆင်မပြေအချိုးမကျသလို ခံစားရနိုင်ပါတယ်။ အချို့ဆို ခန္ဓာကိုယ်အရွယ်အစားနဲ့ မလိုက်အောင် လက်မောင်းမှာ အဆီတက်နေတာမျိုးဖြစ်နိုင်ပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ကတော့ လေ့ကျင့်ခန်းလုပ်တာက အကောင်းဆုံးဖြစ်မှာပါ။ လက်မောင်းအဆီကျအောင် ဘာလေ့ကျင့်ခန်းတွေလုပ်ရင်ရမလဲသိချင်နေပြီလား။ ဆက်ကြည့်လိုက်ပါနော်။ဒီလေ့ကျင့်ခန်းတွေက လက်မောင်းအဆီကျစေဖို့နေအိမ်မှာတင် အလွယ်တကူလုပ်လို့ရပါတယ်။ဝိတ်မမယ်– အချိန်ပေးလုပ်ပေးမယ်ဆိုရင် အဆီကျတဲ့ အပြင်လက်မောင်းသားကို ကျစ်ကျစ်လျစ်လျစ်လေးနဲ့လှပနေစေမှာ အမှန်ပါ။ ဒီလိုလုပ်တာက လက်မောင်းအဆီတင်မဟုတ်ပါဘူး။ ဗိုက်အဆီကိုပါကျစေမှာပါ။ ဒီလေ့ကျင့်ခန်းလုပ်ဖို့အတွက်ဝိတ်တုံးဝယ်ဖို့ မလိုပါဘူး။ ၂ လီတာဝင်ရေသန့်ဘူးတစ်ဘူးထဲကို ရေအပြည့်ဖြည့်လိုက်ပါ။ပြီးရင် လက်နှစ်ဖက်ကိုတံတောင်ဆစ်ကကွေးလို့ အပေါ်မြှောက်ရင်းနားရွက်နဲ့ကပ်ထားပါ။ အဲ့လက်အနေအထားနဲ့ ဝိတ်တုံးကို မပြီး လက်ကိုဆွဲတင်ပြန်ချလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက လက်မောင်းကအဆီတွေကို အမှန်တကယ်ကျစေမှာပါ။ ၁ ကီလိုဂရမ်ရှိတဲ့အရာကို မ ပေးရင်အသင့်တော်ဆုံးပါ။Chair Dips လုပ်မယ် –ဒါကလည်း အဆီကျစေဖို့အတွက် ထိရောက်တဲ့နည်းလမ်းတစ်ခုပေါ့။ လက်မောင်းကြွက်သားကအဆီတွေကိုကျစေပြီးနောက်ကျောကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။ ကုတင် ဒါမှမဟုတ် ထိုင်ခုံတစ်ခုကိုရွေးလိုက်ပါ။ မြေပြင်ထက်နည်းနည်းမြင့်ရင်ကို အဆင်ပြေပါပြီ။ မြေပြင်ညီမှာ အနည်းဆုံး ၂ပေမြင့်တဲ့အရာဆို အဆင်ပြေဆုံးဖြစ်မှာပါ။ ဆိုဖာခုံလိုမျိုးအရာတွေကတော့ အဆင်မပြေပါဘူး။ ထိုင်ခုံကိုကျောနောက်မှာထားလိုက်ပါ။ လက်နှစ်ဖက်ကို ထိုင်ခုံပေါ်မှာထားရပါမယ်။ပြီးရင်လက်ကို အားပြုပြီး ခန္ဓာကိုယ်ကို ပင့်တင့်ပါမယ်။ ပြီးရင်ပြန်ချပါမယ်။ တစ်ခါလုပ်ရင် အကြိမ် ၂၀ နှုန်းနဲ့ တစ်နေ့ကို၃ ကြိမ်လုပ်ပေးပါ။ ဒါကလည်း လက်မောင်းကအဆီတွေကိုချဖို့ လုပ်ပေးသင့်တဲ့လေ့ကျင့်ခန်းတစ်ခုပေါ့။ဒိုက်ထိုးမယ်– ကြွက်သားတက်စေမယ့် ကိရိယာလွတ်လေ့ကျင့်ခန်းတစ်မျိုးပါ။ လက်မောင်းအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။ အစပိုင်းမှာ နည်းနည်းခက်နိုင်ပေမယ့် တဖြည်းဖြည်းချင်း အဆင်ပြေသွားမှာပါ။ ဒိုက်ထိုးတဲ့အခါ ပုံစံမှန်မှန်ဖြစ်ဖို့တော့ဂရုပြုပါနော်။ တစ်ခါလုပ်ရင် ၁၀ ကြိမ်နှုန်းနဲ့ တစ်နေ့ကို ၃ ကြိမ်လုပ်ပေးပါ။လက်ချင်းယှက်လွှဲမယ်-ခြေထောက်နှစ်ချောင်းကို ပခုံးအကွာအဝေးအတိုင်း ခွာထားပါ။ လက်နှစ်ဖက်ကိုဘေးမှာကပ်ထားပါ။ ပြီးရင် အရှေ့ဘက်ကို ဆန့်တန်းလို့ လက်နှစ်ဘက်ကို ယှက်ရက်ပုံစံလွှဲပေးပါ။ ပြီးရင်ဘေးကိုပြန်လွှဲပါ။ပခုံးအမြင့်နဲ့ တပြေးတည်းအနေအထားမှာလွှဲပေးပါ။ ဘယ်ဘက်လက်ကို အပေါ်မှာထားရက်တစ်ကြိမ်၊ ညာဘက်လက်ကို အပေါ်မှာထားရက်တစ်ကြိမ်လွှဲပါ။ တစ်ခါလုပ်ရင် ၁၀ ကြိမ်နှုန်းနဲ့ တစ်နေ့ကို ၃ ကြိမ်လုပ်ပေးပါ။လက်မောင်းလှည့်မယ်–ခြေထောက်နှစ်ဖက်ကို ပခုံးအကွာအဝေးအတိုင်းကားထားပါ။ ခန္ဓာကိုယ်ကို မတ်မတ်လေးထားပြီး လက်နှစ်ဖက်ကိုဘေးဘက်ကိုဆန့်တန်းလိုက်ပါ။ပြီးရင် လက်တွေကို ဆန့်ရက်အတိုင်း စက်ဝိုင်းပုံစံလှည့်ပါ။ ရှေ့ဘက်ကို အကြိမ် ၅၀ ၊နောက်ဘက်ကို အကြိမ် ၅၀ စီလှည့်ပါ။ ဒီလိုလုပ်ပေးတာက ကြွက်သားတွေမှာရှိနေတဲ့ အဆီပိုတွေကို ကျစေပြီး လက်မောင်းတွေကို ကျစ်လျစ်လှပစေမှာပါ။ဒီအချက်လေးတွေလုပ်ဆောင်ပေးခြင်းဖြင့်လည်း လက်မောင်း ကအဆီပိုတွေကို ဖယ်ရှားနိုင်မှာပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%90%e1%80%84%e1%80%b9%e1%80%b8%e1%80%9b%e1%80%84%e1%80%b9%e1%80%b8%e1%80%9e%e1%80%bc%e1%80%9a%e1%80%b9%e1%80%9c%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%9c%e1%80%80%e1%80%b9%e1%80%b1%e1%80%99/
အပြေးလေ့ကျင့်ရင် ဘယ်လိုကောင်းကျိုး ရနိုင်လဲ
ဆောင်းရာသီဟာ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ဖို့အတွက် အကောင်းဆုံး အချိန်ပါပဲ။ မနက်ခင်း လေပြည်လေညှင်းတွေကို ရှူရှိုက်ရင်း အားကစားလုပ်တဲ့အခါ စိတ်ကို ပေါ့ပါးလန်းဆန်းစေပြီး လူကိုလည်း တစ်နေကုန် တက်ကြွနေစေပါတယ်။ ခန္ဓာကိုယ်ကိုလည်း အချိုးအစား ပြေပြစ်စေပြီး အဆီကျစေတယ်။ဝိတ်ချချင်တဲ့ မိန်းကလေးတွေ၊ ကျန်းမာရေးလိုက်စားလိုသူတွေ ဒီနှစ်ဆောင်းရာသီကနေ စတင်ပြီး မနက်တိုင်း အပြေးလေ့ကျင့်ကြည့်ပါ။မနက်ခင်း အပြေးလေ့ကျင့်သူတွေမှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြောင်းလဲမှုတွေကို ပြောပြပေးမယ်နော်။မနက်ခင်း ပြေးတဲ့အခါ နှလုံးခုန်နှုန်း မြန်လာပြီး ခန္ဓာကိုယ်တွင်း အောက်စီဂျင်ကို ကောင်းစွာလည်ပတ်စေနိုင်ပါတယ်။ မနက်ခင်းမှာ အပြေးလေ့ကျင့်ခြင်းဖြင့် နှလုံးကြွက်သား၊အမြင်အာရုံနဲ့ ဦးနှောက်ကို ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ အကူအညီပေးတယ်။ လှုပ်ရှားမှုနည်းတဲ့ သူတွေ၊အထိုင်များတဲ့ သူတွေ နေ့စဉ်အပြေးလေ့ကျင့်ရင်အယ်လ်ဇိုင်းမားရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်တဲ့သူတွေဟာ နေ့စဉ် တက်ကြွလန်းဆန်းနေပြီး စိတ်မှာလည်း ကြည်လင်နေမှာပါ။ဦးနှောက်ဉာဏ်ရည်ကို မြင့်တက်စေတယ်။ မနက်ခင်း စောစော အပြေးလေ့ကျင့်တဲ့သူတွေဆိုရင် စိတ်ကို ပျော်ရွှင်စေတယ်။ အရာရာကို ပိုပြီး အကောင်းဘက်က တွေးမြင်တတ်လာတယ်။ ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် ကြုံလာရတဲ့စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေကို ပြေလျော့စေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးစေနိုင်ပါတယ်။သင်ဟာ ညဘက်မှာ ကောင်းစွာအိပ်မပျော်နိုင်တဲ့သူ၊ အိပ်ပျော်ဖို့ ခက်ခဲတဲ့သူ၊ မကြာခဏ နိုးလာတတ်တဲ့သူလား။ ဒါဆိုရင်တော့ မနက်ခင်းမှာ အပြေးလေ့ကျင့်လိုက်ပါ။ မနက်ခင်းမှာ အပြေးလေ့ကျင့်ခြင်းဖြင့် စိတ်ကို တက်ကြွရွှင်လန်းစေတဲ့အပြင် ဦးနှောက်ကို ဖွံ့ဖြိုးစေတယ်။ လုပ်ငန်းခွင်မှာ ကောင်းကောင်း အာရုံစူးစိုက်လာနိုင်တယ်။ ညဘက်တွေမှာလည်း ကောင်းစွာ အိပ်ပျော်နိုင်စေဖို့ အထောက်အကူပေးတယ်။သွေးတိုးရောဂါရှင်တွေလည်း မနက်ခင်းမှာ အပြေးလေ့ကျင့်ခြင်းဖြင့် သွေးတိုးကျစေနိုင်တယ်။ ကိုယ်ခန္ဓာထဲက ကယ်လိုရီတွေ လောင်ကျွမ်းစေတယ်။ သွေးတွင်း ကိုလက်စထရောဓာတ်၊ သကြားဓာတ်တွေကိုလည်း ကျစေလို့ ဆီးချိုရောဂါရှင်တွေအတွက်လည်း သင့်လျော်ပါတယ်။နေ့စဉ် ၅မိနစ်ခန့် ပြေးပေးခြင်းဖြင့်နှလုံးရောဂါဖြစ်နိုင်ခြေကို ထက်ဝက်နီးပါး လျှော့ချပေးနိုင်ပါတယ်။ နေ့စဉ် ပုံမှန်အပြေးလေ့ကျင့်သူတွေမှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်။ အသက်ရှည်စေပြီး ကျန်းမာစေနိုင်တယ်။အပြေးလေ့ကျင့်ခြင်းဟာ နှလုံးနဲ့ ကိုယ်ခန္ဓာတွင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ရုံသာမက လူ့သက်တမ်းကိုလည်း ၃နှစ်ထိ ရှည်နိုင်စေတာကို လေ့လာတွေ့ရှိထားပါတယ်။ ၅မိနစ်ခန့် နေ့စဉ် ပုံမှန်ပြေးရင် ဒါမှမဟုတ် ၁၅မိနစ်ခန့် လမ်းလျှောက်ပေးနိုင်ရင် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ အသက်ရှည်စေတဲ့အပြင် နေ့စဉ် လုပ်ငန်းဆောင်တာတွေကိုပါ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ အားအင်ဖြစ်စေမှာ အသေအချာပါပဲ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/benefits-of-running/
ဟန်မားတိုးစ်ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးများ
Hammertoe ဟာ ဒုတိယ၊ တတိယ၊ စတုတ္ထ (သို့) ပဉ္စမ ခြေချောင်းတွေရဲ့ အဆစ် တစ်ခု (သို့) နှစ်ခုလုံး ပုံပျက်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။သူဟာ ခြေချောင်းတွေကို ဆန့်တန်းအောင် ပံ့ပိုးနိုင်တဲ့ ကြွက်သား၊ အရွတ်အစရှိတာတွေ မညီမျှခြင်းကြောင့် ဖြစ်ပါတယ်။ Hammertoe ဟာ မသင့်လျော်တဲ့ ဖိနပ်တွေဖြစ်တဲ့ ခြေသန်းကို တွန်းပြီး ကွေးသွားတဲ့ပုံစံဖြစ်စေတဲ့ ဖိနပ်စီးခြင်းကြောင့် အဓိက ဖြစ်တာဖြစ်ပါတယ်။တကယ်လို့ ခြေချောင်းဟာ ကွေးသွားပြီး ဒီပုံစံနဲ့ အကြာကြီးနေရမယ်ဆိုရင် ခြေချောင်း ဖြောင့်တန်းအောင် ပံ့ပိုးပေးနိုင်တဲ့ ကြွက်သားတွေဟာ မဆန့်တန်းနိုင်တော့ပါဘူး။ ဒေါက်မြင့်ဖိနပ်တွေဟာ ခြေချောင်းကို ကွေးစေပြီး ခြေထောက်ကို ဖိအားများစေပါတယ်။ နောက်ဆုံးမှာတော့ ခြေချောင်း ကြွက်သားတွေဟာ ပုံမှန်ဖိနပ်ပြန်စီးရင်တောင် ပြန်လည်ဆန့်တန်းနိုင်ခြင်း မရှိတော့ပါဘူး။Hammertoe ရဲ့ အဖြစ်အများဆုံး လက္ခဏာကတော့ ကွေးနေတဲ့ ခြေချောင်းရဲ့ ထိပ်မှာ ယားယံခြင်းပဲဖြစ်ပါတယ်။ Hammertoe ရှိသူလူနာတွေဟာ ကွေးနေတဲ့ခြေချောင်းကို လှုပ်ဖို့ ခက်ခဲခြင်း၊ နာကျင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ခြေချောင်းဟာ ဖိနပ်အတွင်းဖက်နဲ့ ပွတ်တိုက်မိချိန်မှာ အသားမာတက်ခြင်း ဖြစ်နိုင်ပါတယ်။အမျိုးသမီးတွေဟာ ဒေါက်ဖိနပ်အစီးများတာမို့ အမျိုးသားတွေထက်ပိုပြီး Hammertoe ဖြစ်နိုင်ပါတယ်။ တကယ်လို့ လူတစ်ယောက်ဟာ ခြေထောက်နာကျင်မှုကြောင့် လမ်းကောင်းကောင်း မလျှောက်နိုင်တော့ဘူးဆိုရင် (အထူးသဖြင့် ဆီးချို၊ သွေးလှည့်ပတ်မှုနည်းပါးသူတွေမှာ) ကျန်းမာရေးစောင့်ရှောက်မှု ခံယူသင့်ပါတယ်။Hammertoe အမျိုးအစား နှစ်မျိုးရှိပြီး ပျော့ပြောင်းတဲ့ Hammertoe နဲ့ မာတဲ့ Hammertoe ဆိုပြီး ဖြစ်ပါတယ်။ တကယ်လို့ လူနာဟာ ခြေချောင်းရဲ့ အဆစ်ကို လှုပ်ရှားနိုင်တယ်ဆိုရင် သူ့ကို ပျော့ပြောင်းတဲ့ Hammertoe လို့ခေါ်ပါတယ်။ ဒါဟာ ကုသနည်းမျိုးစုံရှိတဲ့ အစပိုင်း မပြင်းထန်တဲ့ အဆင့်တစ်ခုဖြစ်ပါတယ်။ခြေချောင်းထဲမှ အရွတ်တွေ မာလာပြီး အဆစ်ကိုပုံပျက်စေကာ မလှုပ်နိုင်တော့ဘူးဆိုရင်တော့ မာတဲ့ Hammertoe လို့ခေါ်ပါတယ်။ ဒီအဆင့်မှာဆိုရင်တော့ ခွဲစိတ်ကုသမှု ခံယူသင့်ပါတယ်။အစပိုင်းမှာ Hammertoe ဟာ ပျော့ပြောင်းပါတယ်။ ဒါပေမယ့် တကယ်လို့ ခြေချောင်းတွေဟာ Hammertoe ပုံစံတဲ့ အချိန်အကြာကြီးနေရပြီဆိုရင်တော့ ခြေချောင်းရဲ့ အရွတ်တွေဟာ ဆန့်တန်းခြင်းမပြုရတာကြောင့် ကျုံ့ပြီး တင်းသွားနိုင်ပါတယ်။ နောက်ဆုံးမှာတော့ လုံးဝကွေးသွားတာမျိုး ဖြစ်နိုင်ပါတယ်။မကုသဘူးဆိုရင် မပြင်းထန်တဲ့ Hammertoe ဟာ နာကျင်တဲ့ အသားမာတွေနဲ့ ခြေချောင်းရဲ့ မြင့်နေတဲ့အပိုင်းကို ဖိနပ်နဲ့တိုက်မိတဲ့အခါ အနာဖြစ်ခြင်းတွေ ဖြစ်စေပြီး ခြေထောက်ကို လုံးဝပုံပျက်သွားစေနိုင်ပါတယ်။ခြေချောင်းတွေကို ပုံမှန်ပုံစံပြန်ရောက်အောင် ခွဲစိတ်ကုသမှုကို ပြုလုပ်နိုင်ပေမယ့် သူ့မှာလည်း နောက်ဆက်တွဲဆိုးကျိုးတွေ ရှိပါတယ်။ ခွဲစိတ်ကုသမှုဟာ တောင့်တင်းခြင်း၊ ရောင်ရမ်းခြင်း၊ ခြေချောင်းတွေကို အရက်ကထက် ရှည်လာစေခြင်း၊ တိုလာစေခြင်းတွေ ဖြစ်စေနိုင်ပါတယ်။Hammertoe တွေဟာ ခွဲစိတ်ပြီးရင်တောင်မှ နောက်တစ်ကြိမ် ပြန်ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ Hammertoe အတွက် ခွဲစိတ်ဖို့လိုမလို ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/%e1%80%9f%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba%e1%80%96%e1%80%bc%e1%80%85/
အရေပြားမှာ အင်ပျဉ်ထခဲ့ရင် အသုံးဝင်မယ့်နည်းလမ်းလေးတွေ
အရေပြားမှာ အင်ပျဉ်ထ တာက လူတော်တော်များများကြုံတွေ့ရနိုင်တဲ့အရေပြားပြဿနာတစ်ခုပါ။ အရေပြား အင်ပျဉ်ထတဲ့အခြေအနေချင်းက တစ်ခုနဲ့တစ်ခုမတူညီတတ်ကြပါဘူး။ ဒါပေမယ့် အရေပြားမှာ အင်ပျဉ်ထတဲ့အခါ ယားယံပြီး နေရခက်တာကတော့ အသေအချာပါပဲ။ ဒီလိုမျိုးအရေပြားမှာအင်ပျဉ်ထ တဲ့အခါ ဘယ်လိုလေးတွေလုပ်ရင်သက်သာစေမလဲဆိုတာကို ပြောပြပေးပါရစေ။ အရေပြားမှာ အင်ပျဉ်ထခဲ့ရင် အသုံးဝင်မယ့်နည်းလမ်းလေးတွေ ကို အတူတူ ကြည့်လိုက်ရအောင်နော်။အရေပြားမှာ အင်ပျဉ်ထ တာကခန္ဓာကိုယ်ရဲ့ နေရာတိုင်းမှာဖြစ်နိုင်ပါတယ်။ အရေပြားမှာ အင်ပျဉ်ထတဲ့အခါ နီမြန်းတာ၊ ယားယံတာတွေကတော့ တွေ့ရများတဲ့ အင်ပျဉ်ထတဲ့ လက္ခဏာတွေပါ။ အရေပြားမှာ အင်ပျဉ်ထခဲ့ရင် အသုံးဝင်မယ့်နည်းလမ်းလေးတွေ ကတော့။အုတ်ဂျုံက အရေပြားမှာ ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ ယားယံမှုတွေကို လျော့ပါးသက်သာစေနိုင်စွမ်းရှိသလို ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ပျားလိုမျိုး အင်းဆက်ကိုက်ခံရတာကြောင့် အရေပြားမှာ အင်ပျဉ်ထတဲ့အခါ အုတ်ဂျုံက အသင့်တော်ဆုံးပါ။ အုတ်ဂျုံကို ရေနွေးလေးနဲ့ ၁၅ မိနစ် – မိနစ် ၂၀ စိမ်ပြီး အင်ပျဉ်ပေါ်ကို  လူးပေးရမှာပဲဖြစ်ပါတယ်။ရှားစောင်းလက်ပပ်က အရေပြားပြဿနာတော်တော်များများကို သက်သာစေနိုင်တယ်ဆိုတာကို တော်တော်များများသိထားပြီးသား ဖြစ်မယ်ထင်ပါတယ်။ အင်ပျဉ်ထတဲ့အခါမှာလည်း အင်ပျဉ်ဖြစ်နေတဲ့နေရာကို ရှာစောင်းလက်ပပ်အသားနဲ့ ပွတ်ပေးလို့ရပါတယ်။ ရှားစောင်းလက်ပပ်က အနာကိုလည်းကျက်စေနိုင်ပါတယ်။အရေပြားပြဿနာတော်တော်များများအတွက် ပန်းသီးဗီနီကာကို သုံးလို့ရပါတယ်။ဝက်ခြံထွက်တဲ့အခါမှာလည်း ပန်းသီးဗီနီကာကို အသုံးပြုပေးလို့ရပါတယ်။ ပန်းသီးဗီနီကာကို ရေနဲ့ ဆတူရောပြီး ဂွမ်းစလေးမှာစွတ်ပြီး အင်ပျဉ်ဖြစ်တဲ့နေရာကို လူးပေးမယ်ဆိုရင် အင်ပျဉ်ကြောင့် ယားယံတာကိုသက်သာစေမှာသေချာပါတယ်။မုန့်ဖုတ်ဆော်ဒါကို အရေပြားပြဿနာတော်တော်များများအတွက် အသုံးပြုလို့ရပါတယ်။ မုန့်ဖုတ်ဆော်ဒါက အရေပြားပြဿနာဖြစ်တဲ့နေရာတွေကို ခြောက်သွေ့အောင်လုပ်ဆောင်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ အင်ပျဉ်ထတဲ့နေရာတွေကို မုန့်ဖုတ်ဆော်ဒါရေဖျော်ပြီး လူးပေးပြီးခြောက်အောင်ထားလိုက်ပါ ပြီးရင်တော့ ရေဆေးချလိုက်ပါ။အရေပြားယားယံတာကိုသက်သာစေပါလိမ့်မယ်။သံလွင်ဆီက အရေပြားကိုအစိုဓာတ်ထိန်းပေးသလို အနာကျက်စေနိုင်တဲ့အပြင် အရေပြားကိုလည်း အသစ်ဖြစ်ပေါ်စေနိုင်ပါတယ်။ အရေပြားကို ချောမွေ့စေပြီး ယားယံမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ရေခဲကပ်ပေးတာကလည်း အင်ပျဉ်ကို တော်တော်သက်သာစေတဲ့နည်းတစ်ခုပါ။ ရေခဲမရှိခဲ့ရင်လည်း ရေအေးဝတ်ကပ်ပေးလို့ရပါတယ်။ အအေးဓာတ်က အရေပြားယားယံတာကို လျော့ပါးသက်သာစေနိုင် ပါတယ်။အရေပြားမှာ ပွေးတို့ ညှင်းတို့ ပေါက်တဲ့အခါမှာလည်း အရေပြား ယားယံတာကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုး အရေပြား ပြဿနာတွေကြောင့် အရေပြား နီမြန်းယားယံတာမျိုး ဖြစ်မယ်ဆိုရင် မှိုပိုးတွေကို သေစေနိုင်စွမ်းရှိတဲ့ လက်ဖက်ဆီတွေ နဲ့ အုန်းဆီကို ရောစပ်ပေးပြီး လူးပေးလို့ရပါတယ်။တမာရွက်က အရေပြားပြဿနာတွေကို တော်တော်လေး သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ အရေပြားမှာ အင်ပျဉ်ထတဲ့အခါ တမာရွက်ကို ကြိတ်ခြေပြီးလူးပေးလို့ရပါတယ်။ ဒါကလည်း အင်ပျဉ်သက်သာစေမယ့် နည်းလမ်းတစ်ခုပါ။ ဝက်ခြံဖြစ်တဲ့သူတွေအနေနဲ့လည်း တမာရွက်ကို ကြိတ်ခြေပြီး ဝက်ခြံဖြစ်တဲ့နေရာမှာ လူးပေးလို့ရပါတယ်။ တမာရွက်က အရေပြားမှာ ဓာတ်မတည့်မှုဖြစ်စေတဲ့အရာတွေကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။အရေပြား အင်ပျဉ် ထတဲ့ နေရာတွေကို ငှက်ပျောခွံနဲ့ ပွတ်ပေးတာကလည်း အရေပြားပေါ်က ဓာတ်မတည့်မှုတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ အရေပြားပြဿနာတွေဖြစ်တဲ့ အရေပြားယားယံတာ၊ နှင်းခူဖြစ်တာနဲ့ ဝက်ခြံတွေ သက်သာစေဖို့အတွက်လည်း ငှက်ပျောခွံနဲ့ ပွတ်ပေးလို့ရပါတယ်။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/skin-allergies/tips-fo-urticaria/
ကိုယ့်မှာ ဓာတ်မတည့်တဲ့ ပြဿနာဖြစ်နေကြောင်း ကိုယ်ခန္ဓာက ဘယ်လိုအချက်ပြလဲ ။
ဓာတ်မတည့်တဲ့ပြဿနာ ALLERGY ဆိုတာကို အားလုံးကြားဖူးကြမှာပါ။ တချို့မှာ ကိုယ်နဲ့ဓာတ်မတည့်တဲ့ အရာ တိတိပပရှိပြီး အဲဒါနဲ့ ထိလိုက်တာနဲ့ ဓာတ်မတည့်ဝေဒနာ ပြင်းထန်ခံစားရတတ်ပြီး တချို့ကျ ဘာရယ်ကြောင့်မှန်းမသိဘဲ ဓာတ်မတည့်တဲ့ ပြဿနာတွေ ဖြစ်ရပါတယ်။ ကိုယ့်မှာ ဓါတ်မတည့်တဲ့ ပြဿနာဖြစ်နေကြောင်း ကိုယ်ခန္ဓာက ဘယ်လိုအချက်ပြလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။ဓာတ်မတည့်ဘူးဆိုတာ ကိုယ်နဲ့ မတည့်တဲ့ အရာတစ်ခုခုနဲ့ ထိတွေ့မိရင် ထွက်လာတဲ့histamineကို ကိုယ်ခန္ဓာက ပြန်တုန့်ပြန်တဲ့အရာကို ပြောတာပါ။ ဓကိုယ့်မှာ ဓာတ်မတည့်တဲ့ ပြဿနာဖြစ်နေကြောင်း ကိုယ်ခန္ဓာက ဘယ်လိုအချက်ပြလဲ ဆိုတော့။နှာချေ၊နှာစေး၊ နှာရည်ယိုမယ်။ ဒါ ကိုယ်နဲ့ ဓာတ်မတည့်တစ်ခုခုကို ကိုယ်ခန္ဓာက အမြန်ဆုံးတုန့်ပြန်လိုက်တဲ့ အချက်ပြစနစ်တစ်ခုပါ။ ဓာတ်မတည့်တဲ့ ပစ္စည်းတွေ အသက်ရှူလမ်းကြောင်းထဲကနေ ခန္ဓာကိုယ်ထဲကို အများကြီး မဝင်အောင် နှာချေပြီး ပြန်ထုတ်တာဖြစ်ပါတယ်။ များများထိလေလေ များများနှာချေလေဖြစ်တတ်ပါတယ်။မျက်လုံးယား၊ မျက်လုံးနီ၊ မျက်ရည်ပူကျတာတွေကလည်း ဓာတ်မတည့်တဲ့အခါ ဖြစ်လာတဲ့ ကိုယ်ခန္ဓာရဲ့ တုန့်ပြန်မှုတစ်ခုပါ။လူတိုင်းသိကြပါတယ်။ ဓာတ်မတည့်တဲ့အခါ အရေပြားမှာ ယားယံတဲ့ အင်ပြင် အဖုအပိမ့်တွေ ထွက်လာတယ်ဆိုတာ။ ဒါ ဓာတ်မတည့်တဲ့ ပစ္စည်းကို ပြန်လည်တုန့်ပြန်တဲ့ histamine ကြောင့် အဓိက ဖြစ်ရတာပါ။တချို့ ပြင်းထန်တဲ့ဓာတ်မတည့်မှုတွေမှာဆို နှုတ်ခမ်းကြီးထူလာတာ၊ လျှာထုံလာတာ၊ လည်ချောင်းယားတာ စတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တာကို ဆေးပညာအရ (angiooedema) တစ်ရှူးတွေ ရောင်ရမ်းခြင်းလို့ခေါ်ပါတယ်။ အရမ်းပြင်းထန်သွားခဲ့ရင် စကားပြောရခက်တာ၊အစာမျိုချရခက်တာနဲ့ အသက်ရှူရပ်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ဓာတ်မတည့်မှု တစ်ခုခုနဲ့ ကြုံတွေ့ရတံအခါ အသက်ရှူရကြပ်တာ၊ ရင်ဘတ်အပေါ် တစ်ခုခု တက်ဖိထားသလိုဖြစ်တာ၊ အသက်ရှူလိုက်တိုင်း တရွှီရွှီမြည်နေတာစတဲ့ လက္ခဏာတွေ အသက်ရှူလမ်းကြောင်းမှာ ပြတတ်ပါတယ်။ အသက်ရှူတောင် ကျပ်နေပြီဆိုရင် ဒါ ပြင်းထန်တဲ့ ဓာတ်မတည့်မှုanaphylaxisဖြစ်ပြီး အချိန်မီကုသမှုမခံယူရင် အသက်တောင်ဆုံးရှုံးသွားနိုင်ပါတယ်။Anaphylaxis ( ပြင်းထန်ဓာတ်မတည့်မှု ) ရဲ့ နောက်ဆုံးနဲ့ အဆိုးဆုံးအဆင့်ကတော့ မူးလဲသွားပြီး အသက်သေဆုံးသွားတာပါပဲ။ ရုတ်တရက်လဲကျသွားမယ်၊ သွေးပေါင်ချိန်လည်း မရတော့ဘူး၊ နှလုံးခုန်လည်း ရပ်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အများအားဖြင့်တော့ ကိုယ်နဲ့ လုံးဝ ဓာတ်မတည့်ဘူးဆိုတာတွေနဲ့ ထိမိတာ၊ စားမိတာ၊ မတည့်တဲ့ ဆေးထိုးမိသောက်မိတာတွေကြောင့် ဒီလို ပြင်းထန်ဓာတ်မတည့်မှုတွေ ဖြစ်ရတာပါ။ဒီတော့ ကိုယ့်မှာ ဓာတ်မတည့်တဲ့ ပြဿနာ ကြီးကြီးမားမားရှိနေတယ်၊ ဘာနဲ့ထိလို့ ဖြစ်ရတာလဲဆိုတာကိုသိရင် ကိုယ်နဲ့ မတည့်တဲ့ ပစ္စည်းကို ရှောင်ဖို့လိုအပ်ပါတယ်။ ဓာတ်မတည့်တဲ့ပြဿနာ ကြီးကြီးမားမားမရှိပေမယ့် ခုပြောထားတဲ့ လက္ခဏာတွေ တစ်ခါတစ်ခါ ခံစားနေရတယ်ဆိုရင် ကိုယ်နဲ့မတည့်တဲ့ ပစ္စည်းတွေကို သေချာ မှတ်ထားဖို့လိုပါလိမ့်မယ်။ ပြင်းထန်တဲ့ အခြေအနေမျိုးရောက်ခဲ့ရင် ဆရာဝန်ဆီ အမြန်ဆုံးသွားရောက်ဖို့ကိုလည်း မမေ့သင့်ပါဘူး ။ ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/other-allergies/symptoms-of-allergy/
ကိုယ်ဝန်ဆောင် မေမေ ဗောက်သီး စားလို့ရလား
နွေနေအပူမှာဗောက်သီး အရသာချိုချိုလေးက အတော်လေး ခံတွင်းတွေ့စေပါတယ်။ ဒီလို ခံတွင်းတွေ့စရာ ကောင်းလှတဲ့ ဗောက်သီးက လူတိုင်းလိုလိုနဲ့ တည့်ပါတယ်။ သွေးတိုးရှိသူနဲ့ တည့်သလို ဆီးချိုရှိသူတွေနဲ့လည်း တည့်ပါတယ်။ ဒါဆိုရင် မေးစရာ ရှိတာက ကိုယ်ဝန်ဆောင် မေမေ ဗောက်သီး စားလို့ ရလား ဆိုတာပါ။ဒီမေးခွန်လေးရဲ့ အဖြေကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။ဗောက်သီး ဆိုတာက သေးငယ်ပြီး ရွှေဝါရောင် သန်းနေတဲ့ဘယ်ရီသီးလေးတွေပါ။ တစ်လုံးချင်းစီကို အပေါ်က အခွံလေးတွေနဲ့ ကာရံထားပါတယ်။ အပင်က အရမ်းမကြီးပါဘူး။ အရွက်လေးတွေကက အစိမ်းရောင် နုနုလေးတွေကနေ အစိမ်းရောင်ရင့်ရင့်လေးတွေအထိ ဖြစ်နိုင်ပါတယ်။ အသီးလေးတွေက တော့ ဘောလုံးလေးလို လေဖောင်းဖောင်းလေးထဲမှာ သီးတာပါ။ အပေါ်ခွံလေးတွေက နုစမှာ စိမ်းပြီး အထဲက အသီးလေးတွေကလည်း စိမ်းပါတယ်။မှည့်လာမှ အထဲက အသီးလေးက ရွှေဝါရောင် သန်းလာပြီး အပြင်ခွံလေးက အဝါဖျော့ရောင်လေးဖြစ်လို့ ခွာရလွယ်လာပါတယ်။ ဗောက်သီးတွေက တောင်အမေရိကဒေသမှာ ပေါက်ရောက်လေ့ရှိပြီး ကိုလံဘီယာ၊ အီကွေဒေါ နဲ့ ပီရူးတို့မှာ ပေါက်ရောက်တတ်ပါတယ်။ဗောက်သီးမှာအသားအရေအတွက်ရောခန္ဓာကိုယ်အတွက်ပါ အကျိုးပြုတဲ့။ကိုယ်ဝန်ဆောင် မေမေဗောက်သီး စားလို့ရလား ဆိုတဲ့ မေးခွန်းလေးကို မဖြေခင် ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့ မေမေရေ ဘေဘီလေးပါ ကျန်းမာစေဖို့ ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ တစ်နေ့ကိုသစ်သီး တစ်မျိုးလောက်တော့ ပါအောင် စားသုံးသင့်တယ်လို့ အရင်ပြောပြချင်ပါတယ်။ ဒီလို စားသုံးပေးသင့်တဲ့ အသီးတွေထဲမှာ ဗောက်သီးလေးလည်း ပါဝင်နေပါတယ်။ကိုယ်ဝန်ဆောင်တွေ ဗောက်သီး စားလို့ရလား ဆိုတော့ စားလို့ ရပါတယ်။ ဒါပေမယ့် တစ်ခုတော့ သတိထားစေချင်ပါတယ်။ ကိုယ်ဝန်ဆောင် မေမေတို့ အနေနဲ့ ဗောက်သီးကို စားတော့မယ်ဆိုရင် ရေကို သေချာစင်ကြယ်အောင် ဆေးကြောပြီးမှ စားစေချင်ပါတယ်။ အကြောင်းကတော့ ဗောက်သီးကို ရေသေချာ စင်အောင် ဆေးပြီး မစားတဲ့အခါToxoplasmosisဖြစ်စေနိုင်လို့ပါ။Toxoplasmosisဆိုတာက မြေဆီလွှာမှာ ရှိနေတတ်တဲ့ ကပ်ပါးပိုး တစ်မျိုးကြောင့် ဖြစ်ရတဲ့ ရောဂါပါ။အမျိုးသမီးအများစုမှာ ဒီကပ်ပါးပိုးကို ခုခံ တိုက်ထုတ်နိုင်တဲ့ antibodies ရှိနေတတ်ပေမယ့် တကယ်လို့ သင့်မှာ မရှိဘူးဆိုရင် ရောဂါပိုးဒဏ်ကို ခံရမှာပါ၊၊။ဒါကြောင့် ကိုယ်ဝန်ဆောင် မေမေတို့ အနေနဲ့ ဗောက်သီးအပါအဝင် အသီးအနှံတွေကို စားတော့မယ်ဆိုရင် သေချာလေး ဆေးကြောပြီးမှ စားစေချင်ပါတယ်။ကိုယ်ဝန်ဆောင် မေမေ ဗောက်သီး စားတဲ့အခါ မေမေရော ဘေဘီလေးအတွက်ပါအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။ ဘယ်လို အကျိုးကျေးဇူးတွေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ကိုယ်ဝန်ဆောင် ကာလမှာ ဗီတာမင် C ပြည့်ဝဖို့ အတော်လေး အရေးကြီးပါတယ်။ ဗီတာမင် C ပြည့်ဝနေမှ မေမေရော ဘေဘီပါ ကျန်းမာမှာပါ။ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက ဗီတာမင် C ပြည့်ဝနေမယ်ဆိုရင် ဘေဘီလေးက ကိုယ်ခံအား ကောင်းမွန်မှာ ဖြစ်သလို နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ကင်းဝေးမှာပါ။ ဒါ့အပြင် အချို့သော ကင်ဆာတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်မှာပါ။ဗောက်သီးမှာ ပါတဲ့ ဗီတာမင် C က တစ်ရှူးတွေကို အသစ်ဖြစ်ပေါ်စေသလို အနာကျက်စေဖို့လည်း ထောက်ကူပေးပါတယ်။ ဘေဘီလေးရဲ့ အရိုးတွေ၊ သွားတွေ ကြီးထွား သန်မာစေဖို့လည်း ထောက်ကူပေးပါတယ်။ဗောက်သီးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အသားအရေကို ကျန်းမာစေပြီး အရေပြားပြဿနာ ကင်းစေဖို့ ထောက်ကူပေးပါတယ်။ အရေပြားပေါ်က အကြောပြတ်ရာတွေ သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ အရေပြား ပြဿနာ ကင်းချင်ရင် စားပေးလို့ရပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ သွေးချို မြင့်တက်တာကို ကာကွယ်ပေးဖို့လည်း ဗောက်သီးကို စားပေးလို့ ရပါတယ်။ နောက်တစ်ခုက မေမေက ကိုယ်ဝန်ဆောင် ဆီးချိုရှိနေမယ်ဆိုရင်လည်း သွေးချို ထိန်းညှိဖို့ စားပေးလို့ ရပါတယ်။ ဆီးချိုဖြစ်စေတဲ့ ဓာတ်တိုးပစ္စည်းတွေကို လျော့ကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ဘေဘီလေးကိုလည်း ဆီးချိုအန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါသေးတယ်။ကိုယ်ဝန်ဆောင်ချိန်နဲ့ မွေးဖွားပြီးချိန်မှာ အဝမလွန်ချင်ဘူးဆိုရင် ဗောက်သီးကို စားပေးလို့ ရပါတယ်။ ဗောက်သီးက အဝမလွန်စေဖို့ ကာကွယ်ပေးသလို ကိုယ်ဝန်ဆောင်ချိန်မှာ တက်လာတဲ့ ကိုယ်အလေးချိန်ကို မွေးဖွားပြီးချိန်မှာ ကျန်းကျန်းမာမာနဲ့ ကျဆင်းအောင်လည်း ထောက်ကူပေးနိုင်ပါတယ်။ဗောက်သီးက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အူနံရံတွေကို ကျန်းမာစေသလို အစာခြေစနစ်ကိုလည်း ကျန်းမာစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဗီတာမင် A ပါဝင်နေတာကြောင့် ဗောက်သီးက ဘေဘီလေးရဲ့ အမြင်အာရုံ ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး ထောက်ကူပေးပါတယ်။ အာရုံကြောဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးသလို အဆစ်ရောင်တာနဲ့ အရေပြားပြဿနာတွေ ကင်းစေဖို့လည်း ထောက်ကူပေးပါတယ်။ချိုချိုချဉ်ချဉ် အရသာရှိတဲ့ ဗောက်သီးက ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ မအီမသာဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။ ဗီတာမင် C ပါဝင်နေတာက အန်ချင်စိတ် ဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။ ခေါင်းကိုက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ကဲ …. ကိုယ်ဝန်ဆောင် လေဒီလေးတွေ ဗောက်သီး စားလို့ ရပါတယ်။ ဒါပေမယ့် အလွန်အကျွံ မဖြစ်စေဖို့ သတိပြုဖို့ လိုသလို  ဆရာဝန်နဲ့ သေချာလေး တိုင်ပင်စေချင်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/pregnant-mom-can-eat-capegooseberry/
Hand Foot Mouth ရောဂါ စိုးရိမ်ရလား
အခုတလော ဆေးခန်းမှာ ကလေးမိဘတွေဗျာများနေတဲ့ ရောဂါတခု ရှိပါတယ်။ ကလေးခြေဖဝါးလက်ဖဝါးတွေ မှာ အရည်ကြည်ဖုလေးတွေ စထွက်လာမယ်။ ယားမယ်။ နာမယ်။ ပါးစပ်ထဲ မှာပါပေါက်မယ်။ ကလေးဖျားမယ်။ အီမယ်။ နို့ကောင်းကောင်းမစို့တော့ဘူး။ ကလေးပါးစပ်ကသွားရည်တွေကျနေမယ်။ ဘာဖြစ်တာလဲ မသိဘူးဆိုပြီး အစိုးရိမ်လွန်လို့ ဆေးခန်းကို အရေးတကြီး လာပြတတ်ကြပါတယ်။HFMDလို့ အတိုကောက်ခေါ်တဲ့ ရောဂါ ဆိုတာ Coxsackie virus A16 အမျိုးအစားကြောင့်ဖြစ်ပွားတတ်တဲ့ ရောဂါမျိုးဖြစ်ပါတယ်။HFMD ရောဂါဟာ ကျောင်းနေအရွယ်မတိုင်မီ အသက် ၁၀ နှစ်အောက် ကလေး တွေ မှာအဖြစ်များပါတယ်။ အလွယ်တကူ ကူးစက် နိုင်ပြီး တချို့ဒေသတွေမှာ ကပ်ရောဂါအသွင်ဖြစ်ပွားတတ်ပါတယ်။HFMD ရောဂါဟာ ကလေးတစ်ဦးမှ တစ်ဦးကို တိုက်ရိုက် ထိတွေ့ခြင်းအားဖြင့် ကူးစက်ပါတယ်။ရောဂါဖြစ်နေတဲ့ ကလေးရဲ့နှာရည်၊ တံတွေး၊ မစင် နဲ့ အရည်ကြည်ဖုမှ ထွက်တဲ့ အရည်များ မှ ဆင့် ကူးစက်နိုင်ပါတယ်။ရောဂါ ကူးစက်ခံရပြီး ၃ရက်မှ ၆ရက်အတွင်း ကလေးဟာ။အရည်ကြည်ဖုကလေးတွေဟာ တခါတလေ ကလေးရဲ့ တင်ပါးတဝိုက်မှာပါ တွေ့ရတတ်ပါတယ်။HFMD ရောဂါ ဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ရောဂါ အများစုလို ရက်ပိုင်းအနည်းငယ်အတွင်းမှာ ပျောက်ကင်းပါတယ်။အဖြစ်အများဆုံးသော နောက်ဆက်တွဲဆိုးကျိုးကတော့ရေဓါတ်ဆုံးရှုံးခြင်း( Dehydration ) ပါ။ ကလေးဟာ ပါးစပ်နဲ့ လည်ချောင်း အတွင်းရှိ နာကျင်တဲ့အရည်ကြည်ဖုကလေးတွေ ကြောင့် အစာစားမရ၊ ရေသောက်မရ ဖြစ်ပြီး ရေဓါတ်ဆုံးရှုံးနိုင်ပါတယ်။ဗိုင်းရပ်စ်ပိုးကြောင့်ဦးနှောက်အမြှေးရောင်ခြင်းနှင့် ဦးနှောက်ရောင်ခြင်းများဖြစ်ပွားပါက အသက်အန္တရာယ် ဆုံးရှုံးမှု ရှိနိုင်ပေမဲ့ အလွန့်အလွန်ဖြစ်ခဲပါတယ်။ကလေးအပူကြီးပြီးတက်ရင်၊ အစာလုံးဝ မဝင်တော့ရင်၊ မှိန်းလွန်းနေလျှင်၊ ကယောင်ကတမ်းပြောရင် နီးစပ်ရာဆေးရုံဆေးခန်းသို့ အမြန်ဆုံးပြသင့်ပါတယ်။HFMD ရောဂါအတွက်ကာကွယ်ဆေးမြန်မာနိုင်ငံတွင် မရှိသေးပါ။အချုပ်ဆိုရရင် HFMD လို့ခေါ်တဲ့ ရောဂါဟာ အသက်အန္တရာယ်ရှိစေတဲ့ ရောဂါ မဟုတ်ပေမဲ့ ကလေးအမြောက်အမြားကို လွယ်လွယ်ကူကူ ကူးစက်တတ်လို့ မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းဟာ အထိရောက်ဆုံး နည်းလမ်း ဖြစ်ပါတယ်။ဒါကြောင့် တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပြီး မကြာခဏ လက်ဆေးခြင်းအလေ့အကျင့်ကို မွေးမြူ ကြပါစို့။ရေးသားသူ – Dr. May Thazin Oo။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/infectious-diseases-in-children/hand-foot-and-mouth-disease/
အသားမာတက်ခြင်းကို ဘယ်လိုကိုင်တွယ်မလဲ
အရေပြားဆဲလ်သေတွေအထပ်ထပ်စုပုံနေခြင်း သို့ အရေပြားထိခိုက်မှုကိုကာကွယ်ဖို့ အရေပြားပိုထူလာတဲ့အခြေအနေဖြစ်ပါတယ်။ မနာပေမဲ့လည်း သင့်ကိုမသက်မသာခံစားရစေနိုင်ပါတယ်။ ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့နည်းလမ်းတွေ ရှိပါတယ်။အသားမာနဲ့ပတ်သက်ပြီး ထိရောက်တဲ့နည်းလမ်းကတော့ ဆရာဝန်ဆေးစာမပါဘဲ အလွတ်ဝယ်နိုင်တဲ့အရည်စုပ်ကပ်ခွာတွေ အသုံးပြုခြင်းဖြစ်ပါတယ်။ အသားမာနေရာကိုကာကွယ်ဖို့အတွက် ကပ်ခွာကပ်ပေးဖို့လိုပါတယ်။ salicylic acidက အရေပြားရောင်ခြင်းကို ဖြစ်စေနိုင်တာကြောင့် အရည်ရှိတဲ့အသားမာဖုဖယ်ရှားပေးတဲ့ပစ္စည်းတွေ ၊ ဆေးပါတဲ့အသားမာကပ်ခွာတွေအသုံးပြုရမှာ ဂရုထားသင့်ပါတယ်။ဆီးချိုရောဂါရှိနေမယ်ဆိုရင် သို့ သွေးစီးဆင်းမှုမကောင်းတဲ့အခြားအခြေအနေတွေရှိမယ်ဆိုရင် ဆေးအသုံးမပြုခင်မှာ သင့်ဆရာဝန်နဲ့ဆွေးနွေးသင့်ပါတယ်။ဒီလိုမဟုတ်ဘူးဆိုရင် ကပ်ခွာတွေအသုံးပြုခြင်းက သင့်အရေပြားကိုပိုဆိုးသွားစေပြီး အသားမာပိုဖြစ်စေနိုင်တာကြောင့် ဖြစ်ပါတယ်။အသားမာက အရေပြားခြောက်ခြင်းကြောင့် ဖြစ်နိုင်ပြီး အရေပြားအစိုဓါတ်ထိန်းခြင်းက အသားမာကိုကိုင်တွယ်ရာမှာ လိုအပ်တဲ့နည်းလမ်းဖြစ်ပါတယ်။ အသားမာတွေနူးညံသွားစေရန် ပထမဦးစွာ ဆပ်ပြာထည့်ထားတဲ့ရေနွေးနွေးလေးမှာ စိမ်ထားသင့်ပါတယ်။ ဒါမှသာ အသားမာကို အလွယ်တကူဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။ရေအစား အရေပြားပီအိတ်ခ်ျအမှတ်ကို ပြောင်းလဲစေပြီးခြေထောက်ချွေးထွက်ခြင်းကို သက်သာစေတဲ့ကမ်မိုမိုင်းဆေးဖက်ဝင်လက်ဖက်ရည်ကိုလည်း အသုံးပြုနိုင်ပါတယ်။အဲ့နောက်မှာတော့ လက်ဖက်ရည်အစွန်းအထင်းတွေကို ရေဆပ်ပြာနဲ့ဖယ်ရှားပေးနိုင်ပါတယ်။ ထို့နောက်မှာော့ ခြေထောက်အရေပြားနူးညံ့အောင် အစိုဓါတ်ထိန်းအလှဆီ လိမ်းပေးနိုင်ပါတယ်။ ရေချိုးပြီးတိုင်း အသားမာနေရာကို လိုရှင်းပြန်ပြန်လိမ်းပေးသင့်ပါတယ်။ ထူထူလိမ်းပေးခြ်င်းက အကောင်းဆုံးရလဒ်ကို ပေးနိုင်မယ်လို့ ယူဆနိုင်ပါတယ်။အသားမာကိုဖြစ်စေတဲ့အရေပြားထူထူကို ပါးစေခြင်းဖြင့် ပိုမိုကောင်းမွန်စွာကျော်လွှားနိုင်ပါလိမ့်မယ်။ ရေချိုးတဲ့အချိန်မှာသို့ ရေချိုးပြီးနောက်မှာ ရေမြုပ်ကျောက်၊ လက်သည်းတိုက်တံစဉ်းနဲ့ အဝတ်စကို အသားမာကိုပွတ်တိုက်ဖို့ အသုံးပြုပေးနိုင်ပါတယ်။ဒီလိုပြုလုပ်ပေးခြင်းက မာနေတဲ့အရေပြားအလွှာကို ပယ်ရှားသွားစေနိုင်ပါတယ်။ အရေပြားကိုဖယ်ထုတ်ဖို့ ထက်မြတဲ့ပစ္စည်းတွေ မသုံးပါနဲ့။ ဆီးချိုရောဂါရှိမယ်ဆိုရင် ရေမြုပ်ကျောက်သုံးပွတ်တိုက်ခြင်းကကူးစက်ပိုးဝင်နိုင်ချေများစေတာကြောင့် ဒီနည်းလမ်းကိုအသုံးမပြုသင့်ပါဘူး။အသားမာနဲ့ပတ်သက်ပြီး aspirinကနည်းလမ်းကောင်း ဖြစ်ပါတယ်။ aspirinဆေးပြား၅ပြား၆ပြားကို ကြိတ်ချေပြီး ပန်းသီးရှာလကာရည်၊ ရေနဲ့ ဆတူရောပေးပါ။ အနှစ်ဖြစ်သွားတဲ့အခါမှာ အသားမာဖြစ်နေတဲ့နေရာကို ပွတ်တိုက်ပေးပါ။ အသားမာနေရာမှာ အနှစ်တွေစွဲနေစေဖို့ ရေမြုပ်ကျောက်နဲ့ပွတ်တိုက်မှ။ပြေလျော့သွားနိုင်လောက်တဲ့အထိ ၁၀မိနစ်လောက်ပတ်တီးစီးပေးဖို့ လိုပါတယ်။ aspirinနဲ့ဓါတ်မတည့်ဘူးဆိုရင် ဒီနည ်းလမ်းကိုအသုံးမပြုသင့်ပါဘူး။အိမ်တွင်းကုထုံးတွေနဲ့တင် ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမဲ့ သင်မကျွမ်းဝင်တဲ့အိမ်တွင်းကုထုံးတွေ ပစ္စည်းတွေ အသုံးပြုခြင်းနဲ့ပတ်သြက်ပီး သင့်ဆရာဝန်နဲ့အမြဲဆွေးနွေးသင့်ပါတယ်။ ခွဲစိတ်ခြင်းမဟုတ်တဲ့နည်းလမ်းတွေနဲ့ အလုပ်မဖြစ်ဘူးဆိုရင် ခွဲစိတ်ဖယ်ရှားပေးဖို့လိုပါလိမ့်မယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%80%ac%e1%80%90%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%af/
Erectile Dysfunction (ပန်းသေပန်းညှိုးခြင်းပြဿနာ)
“ပန်းညှိုးခြင်း တစ်နည်းအားဖြင့် ပန်းသေခြင်း ဆိုသည်မှာ အရွယ်ရောက်ပြီးအမျိုးသားတစ်ဦးသည် လိင်ဆက်ဆံမှုပြုရန် လိင်အင်္ဂါအား ထောင်မတ်စေမှု မပြုနိုင်ခြင်း သို့ ထောင်မတ်မှုအား ထိန်းမထားနိုင်ခြင်း အခြေအနေကို ဖော်ပြသော ဆေးပညာအခေါ်အဝေါ်တစ်ရပ် ဖြစ်ပါသည်။”။တစ်ခါတစ်ရံ ပန်းညှိုးခြင်း ဖြစ်တာဟာ ကျန်းမာရေးပြဿနာ တစ်ခုတော့ မဟုတ်ပါဘူး။ သို့သော် ပန်းညှိုးခြင်း ဆက်တိုက်ဖြစ်နေရင်တော့ သင့်ကို စိတ်ဖိစီးမှုတွေပေးလာနိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းလာစေပြီး အိမ်ထောင်ရေးပြဿနာပေးလာနိုင်ပါတယ်။ ဒါ့အပြင် ပန်းညှိုးခြင်း ပြဿနာဟာ အရေးပေါ်ဆေးကုသမှု ခံယူသင့်သည့် ကျန်းမာရေး လက္ခဏာတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။တစ်ခါတစ်ရံ ငုပ်နေတဲ့ ရောဂါအခြေအနေတစ်ခုကို ကုသလိုက်နိုင်ရုံနဲ့ ပန်းညှိုးခြင်း ကိုပျောက်ကင်းစေနိုင်သလို တစ်ခါတစ်ရံမှာ ပန်းညှိုးခြင်းကို တိုက်ရိုက်ကုသရခြင်း၊ ပန်းညှိုးခြင်းအတွက် ဆေးဝါးသောက်သုံးရခြင်း အခြေအနေများလည်းရှိနိုင်ပါသည်။သင်ဟာ ဆရာဝန်နဲ့ ပြရမှာ ရှက်နေပြီး စိတ်မပါခြင်း ဖြစ်နေစေကာမူ သင့်မှာ ပန်းညှိုးခြင်း ဖြစ်နေတာ ရက်သတ္တပတ်မကရှိနေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြပြီး အကူအညီယူသင့်နေပါပြီ။ ပထမဆုံး ဆရာဝန်တွေက သင့်ရဲ့ ယေဘုယျကျန်းမာရေးအခြေအနေကို သိရှိရန် စမ်းသပ်မှုအချို့ပြုလုပ်ပါလိမ့်မယ်။ အဲ့ဒီနောက်မှာတော့ ပန်းညှိုးခြင်း ဟာ ဒီထက်မက ပိုဆိုးနိုင်တဲ့ ရောဂါအခြေအနေတစ်ခုရဲ့ ရှေ့ပြေးလက္ခဏာတစ်ခု ဟုတ်မဟုတ် သုံ့သပ်ကြပါလိမ့်မယ်၊ ဥပမာ။ ။ နှလုံးရောဂါ ( နှလုံး၏ သွေးညှစ်ပေးမှုမှာ အနှောင့်အယှက် သို့မဟုတ် ပိတ်ဆို့မှု တစ်စုံတစ်ရာ ရှိနေလျှင် ပန်းညှိုးခြင်းဖြစ်တတ်ပါတယ်)။ပန်းညှိုးခြင်းသည် ရုပ်ပိုင်းဆိုင်ရာကြောင့်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာကြောင့်လည်းကောင်း ဖြစ်စေနိုင်တဲ့ အကြောင်းပြချက် အမျိုးမျိုးရှိပါတယ်။ရုပ်ပိုင်းဆိုင်ရာကြောင့် ဖြစ်ရသော အကြောင်းများမှာ။• လိင်တံသို့သွားသည့် သွေးကြောများ ကျဉ်းခြင်း – များသောအားဖြင့် သွေးတိုးခြင်း၊ သွေးတွင်း အဆီများခြင်း သို့ ဆီးချိုသွေးချို။• ဟော်မုန်းဆိုင်ရာ ပြဿနာရှိခြင်း။• ယခင်က ခွဲစိပ်မှု သို့ ထိခိုက်မှု ရှိခဲ့ဖူးခြင်း။စိတ်ပိုင်းဆိုင်ရာကြောင့် ဖြစ်ရသော အကြောင်းများမှာ။• စိုးရိမ်ပူပန်ခြင်း။• စိတ်ဓါတ်ကျခြင်း။• အမျိူးသမီးနဲ့ဆက်ဆံရေးမှာ အဆင်မပြေခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။၁။ ကိုယ်သောက်သည့် ဆေးဝါးတွေကို သတိထားပါ။သာမာန် ဝယ်လို့၇တဲ့ နှာစေး၊ချောင်းဆိုး၊တုပ်ကွေးပျောက်ဆေး၊ ဆရာဝန်ညွှန်ကြားချက်နှင့် သောက်ရတဲ့ စိတ်ကျဆေး၊ သွေးထိန်းဆေး၊ မူးယစ်ဆေးပါတဲ့ အကိုက်အခဲပျောက်ဆေးတွေဟာ သင့်လိင်တံထောင်မတ်နိုင်စွမ်းကို ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် ဘယ်ဆေးပဲ သောက်သောက် ဆရာဝန်နှင့် အရင်တိုင်ပင်ပြီးမှ သောက်ပါ။၂။ ဗိုက်မပူအောင် ဂရုစိုက်ပါ။ခါးဆိုဒ် ၃၉ နှင့် အထက်ရှိတဲ့ အမျိုးသားတွေဟာ ခါးဆိုဒ် ၃၅ နှင့်အောက် ရှိတဲ့သူတွေထက် ပန်းညှိုးခြင်းဖြစ်နိုင်ချေ နှစ်ဆရှိပါတယ်။၃။ ဆေးလိပ်မသောက်ပါနှင့်။ဆေးလိပ်သောက်ခြင်းဟာ သင့်သွေးကြောတွေကို ထိခိုက်စေနိုင်တာကြောင့် လိင်အင်္ဂါထောင်မတ်နိုင်မှုကို ဒုက္ခပေးနိုင်ပါတယ်။ ဒါ့အပြင် သင့်လိင်တံမှာ ရှိတဲ့ ကြွက်သားတွေကို ထိခိုက်စေပြီး ခန္ဓါကိုယ်တွင်းသွေးလည်ပတ်မှုကိုလည်း ဟန့်တားနိုင်ပါသည်။၄။ စိတ်ဖိစီးမှုတွေ သို့ အလုပ်ကစိတ်ဖိစီးစရာတွေကို ဘေးဖယ်ထားလိုက်ပါ။သေချာတာကတော့ စိတ်ပူပန်သောကတွေဟာ လိင်ဆက်ဆံမှုအပေါ်မှာ ဆိုးဝါးတဲ့ သက်ရောက်မှုတွေဖြစ်စေပါတယ်။ ဒါကြောင့် အောင်မြင်သော်လည်း စိတ်ဖိစီးနေတဲ့ အသက် ၄၀ နှင့် ၅၀ အမျိုးသားတွေဟာ လိင်စွမ်းဆောင်မှုမှာ အခက်တွေ့နေကြရခြင်းဖြစ်ပါတယ်။ပန်းသေပန်းညှိုးပြဿနာ ဖြစ်ပြီဆိုရင် ဆရာဝန်နဲ့ ပြရမှာ ရှက်နေ ကြောက်နေရင်တောင် သွားပြသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ပန်းညှိုးခြင်း ဟာ မကုပဲထားရင် ပိုဆိုးလာနိုင်ပြီး သင့်ဘဝကို အပျက်သဘောသာ ဆောင်စေပါလိမ့်မယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/erectile-dysfunction/erectile-dysfunction-%e1%80%95%e1%80%94%e1%80%b9%e1%80%b8%e1%80%b1%e1%80%9e%e1%80%95%e1%80%94%e1%80%b9%e1%80%b8%e1%80%8a%e1%80%bd%e1%80%ad%e1%80%b3%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9/
Waist trainer တွေ တကယ်ပဲ အလုပ်ဖြစ်သလား
Waist Trainerတွေ ဆိုတာ ခါးသေးရင်ချီ၊ တင်ပါးလေးကားတဲ့ သဲနာရီပုံစံ ခန္ဓာကိုယ် ရရှိအောင် လုပ်ပေးနိုင်တဲ့ ခါးစည်းတစ်မျိုးလို့ ဆိုကြပါတယ်။ ပြောရမယ်ဆိုရင် ဒါဟာ ဟိုးအရင်ခေတ်က သုံးခဲ့ပြီး နောက်ပိုင်းကျန်းမာရေး ပြဿနာတွေကြောင့် ရပ်လိုက်ကြတဲ့ Corset Fashion Trend ကိုပဲ ပြုပြင်ပြောင်းလဲပြီး ခေတ်မီအောင် လုပ်ထားတာမျိုးပါ။ ဆိုရှယ်လ်မီဒီယာတွေပေါ်မှာလည်း နာမည်ကျော်တွေကအစ သုံးနေကြတော့ ခေတ်စားလာတာလည်း မဆန်းဘူးလို့ ဆိုရမှာပေါ့။ နာမည်ကြီးတယ်ဆိုပေမဲ့ တကယ် သုံးရင် အန္တရာယ်ကင်းရဲ့လား ဆိုတာကိုတော့ ပြန်ဆန်းစစ်ဖို့ လိုပါတယ်။ပြောခဲ့သလို သဲနာရီ ခန္ဓာကိုယ်လေး ဖြစ်ဖို့ ခါးသေးအောင် လုပ်ပေးနိုင်တယ်။ တစ်ရက်ကို ၈နာရီလောက် ဝတ်ထားဖို့တော့ လိုတာပေါ့နော်။ ချက်ချင်းကြီး အဲဒီလိုပြောင်းသွားမှာလားဆိုတော့လည်း မဟုတ်ပါဘူး။ ဝတ်ထားတုန်းတော့ ခါးသေးရင်ချီလေးဖြစ်ပြီး ချွတ်လိုက်ရင်တော့ ပုံမှန်ဘော်ဒီ ပြန်ဖြစ်သွားမှာပါ။ သီအိုရီအရတော့ ဒီလို ဝတ်ထားရင်းကနေ ဖြည်းဖြည်းချင်း ခါးလေး သိမ်သွားတယ်။ တင်လေးကားလာတယ်ပေါ့နော်။နောက်ပြီးဝိတ်ကျသွားနိုင်ပါသေးတယ်။ Waist Trainer ကို ဝတ်ထားပြီးတဲ့နောက် အစာအိမ်ကို ဖိထားသလို ဖြစ်တာမို့ ဗိုက်ဆာတယ်လို့ မခံစားရဘဲ နည်းနည်းလေး စားပြီးတာနဲ့ ဗိုက်ပြည့်သလို ဖြစ်သွားတာကြောင့် အစာကိုလည်း နည်းနည်းလေးပဲ စားမိစေပါတယ်။ခန္ဓာကိုယ်အနေအထားမှန်စေပါတယ်တဲ့။ ဒါတွေကတော့ Waist Trainer ကို ဝတ်ထားရင် ရလာမယ့် အကျိုးကျေးဇူးတွေဆိုပြီး ဖော်ပြနေကြတာတွေပါ။ ဒါဆို Waist Trainer ကို ဝတ်ထားရင် ဘယ်လို ကျန်းမာရေးဆိုးကျိုးတွေ ခံစားရနိုင်သေးလဲ။၁။ အသက်ရှူရခက်ခဲနိုင်ပါတယ်။Waist Trainer ဝတ်ထားခြင်းဟာ အဆုတ်ရဲ့ လုပ်နိုင်စွမ်းကို ၃၀% ကနေ ၆၀% ထိ လျှော့ချပစ်တာကြောင့် အသက်ရှူမဝတာတွေဖြစ်တတ်သလို စွမ်းအင်ကို ပုံမှန် ထုတ်ယူသုံးစွဲဖို့ မလွယ်ကူတာတွေလည်း ဖြစ်စေတတ်ပါတယ်။ အရမ်းကြပ်ကြပ် ဝတ်ထားလိုက်ရင်တော့ သတိလစ်တာမျိုးအထိပါ ဖြစ်စေနိုင်ပါတယ်။နောက်ပြီး အဆုတ်ထဲ ရေတွေပြည့်လာတာ၊ အဆုတ်ရောင်လာတာတွေလည်း ဖြစ်လာစေနိုင်သလို အချိန်ကြာလာတာနဲ့အမျှအသက်ရှူလမ်းကြောင်း ပြဿနာတွေ၊ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို စွန့်ထုတ်တဲ့ ပြန်ရည်ကြောစနစ် (lymphatic system) ကိုထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။၂။အစာခြေစနစ် ပြဿနာ။အပေါ်မှာ ပြောခဲ့သလို Waist Trainer ဟာ အစာအိမ်ကို ဖိထားသလို ဖြစ်တာမို့ အစာနည်းနည်းလေးစားပြီး ဝသွားသလို ခံစားရစေပါတယ်။ ဒါကြောင့် အစားလည်း နည်းသွားတယ်၊ ဝိတ်လည်း နည်းနည်း ကျသွားတယ်ပေါ့။ တကယ်တော့ ဒီနည်းလမ်းက ဝိတ်လျှော့ဖို့ မှန်ကန်တဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။ ဝိတ်လျှော့တဲ့သူတွေလည်း ပုံမှန် အာဟာရပြည့်အောင် စားရတာပဲလေ။နောက်ပြီး Waist Trainer ဟာ အရေပြားနဲ့ အဆီပြင်ကို ဖိထားတာအပြင် အတွင်းအင်္ဂါတွေဖြစ်တဲ့ အစာခြေစနစ်က အစာရေမျိုပြွန်၊ အစာအိမ် နဲ့အူတွေကိုပါ ဒုက္ခရောက်စေနိုင်ပါတယ်။ အဲဒီ ဖိအားက အစာအိမ် အက်စစ်တွေကို အစာရေမျိုပြွန်ထဲ ပြန်ပို့တာကြောင့် နှလုံးပူခြင်း၊ ရင်ပူခြင်းတွေ ဖြစ်စေနိုင်သလို အစာအိမ်ပြဿနာ တစ်ခုခု ရှိထားတဲ့သူဆိုရင်တော့ အခြေအနေကို ပိုဆိုးသွားစေပါတယ်။၃။ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်စေနိုင်ပါတယ်။ခန္ဓာကိုယ်အလယ်ပိုင်း တစ်ပိုင်းလုံးကို ကျစ်နေအောင် ထုပ်ထားတာကြောင့် အစာခြေစနစ်အပြင် ကျောက်ကပ်နဲ့ အသည်းတို့ကိုပါ ပုံမှန်မဟုတ်တဲ့ အနေအထားကို ရွေ့လျားသွားစေပါတယ်။ ဒီအဖြစ်ကကိုယ်တွင်းအင်္ဂါတွေဆီသွေးလည်ပတ်မှုကို နှောင့်ယှက်ပြီး သူတို့တွေရဲ့ အလုပ်လုပ်ပုံ၊ လုပ်ဆောင်ချက်တွေကိုပါ ပျက်ယွင်းစေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ကိုယ်တွင်းအင်္ဂါတွေ လုံးဝ ပျက်စီးသွားတာ၊ ကြွက်သားအားမရှိတော့တာနဲ့ နံရိုးကျိုးတာတွေထိပါ ဖြစ်လာနိုင်ပါတယ်။ဒါဆို Waist Trainer တွေ မဝတ်ရတော့ဘူးလား။ ဝတ်ချင်ရင်တော့ ဝတ်လို့ရပါတယ်။ ဒါပေမဲ့ အရမ်း ကျပ်ကျပ်ကြီး မဝတ်ပါနဲ့။ ချိတ်ကို တော်ရုံလောက်တပ်ပါ။ အသက်ရှူချောင်ပါစေ။ အမြဲမဝတ်ပါနဲ့။ လိုအပ်မှသာ ဝတ်ပါ။ အရမ်းကြီး ကျပ်မနေဘူးဆိုရင်တော့ အန္တရာယ်ကင်းမှာပါ။ တကယ်လို့ ဝတ်ထားရင်းအသက်ရှူရ ကျပ်လာတယ်၊ခေါင်းမူးလာတယ်ဆို ချက်ချင်းချွတ်ပစ်ပါ။အန္တရာယ်ကင်းကင်း လှနိုင်ကြပါစေ။Wathun Myet Chal။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/waist-trainer/
မျှတသော စားသောက်မှုပုံစံဆိုတာ ဘာလဲ
မိဘတို့သည် အသား၊ ငါး၊ ဥ၊ နွားနို့တို့ များများပါသော အစားအစာသည် ကလေးအတွက် “အာဟာရ အပြည့်ဆုံး” ဟု ထင်ကြ၏။ အာဟာရသိပ္ပံတွင်တော့ အားရှိတဲ့အစာကို ရွေးစားတာထက် အစာအုပ်စုစုံလင်စွာပါပြီး သင့်တင့်မျှတအောင် စားဖို့ အကြံပြုထားပါသည်။မဟုတ်လျှင် အာဟာရနှင့်ဆိုင်သောရောဂါများဖြစ်သည့် ဗီတာမင်ချို့တဲ့ခြင်းများ၊ အဝလွန်ခြင်း၊ အာဟာရချို့တဲ့ခြင်းများကို ဦးတည်သွားနိုင်ပါသည်။အာဟာရဆိုသည်မှာ ကလေးငယ်၏ဦးနှောက် ဖွံဖြိုးမှုနှင့် ခန္ဓာကိုယ်ကြီးထွားမှုအတွက် အဓိကအချက်ပင်ဖြစ်သည်။ ထို့ကြောင့် ကျိုးကြောင်းညီညွှတ်သည့် အစားအသောက်တစ်ခုတွင် လုံလောက်သော စွမ်းအင်၊ လုံလောက်သော အာဟာရဓာတ်များကို ညွှန်းဆိုထားသည့် အာဟာရလိုအပ်မှုနှင့် မျှတမှုအတိုင်း ပါဝင်ရမည်ဖြစ်သည်။ ကလေး၏အသက်နှင့် လိင်ပေါ်လိုက်၍ အာဟာရမျှတမှုနှင့် ထောက်ပံ့မှု သင့်လျော်ရမည်ကို သိထားပါ။မျှတသောအစာအစာဆိုသည်မှာ-။ကျိုးကြောင်းဆီလျော်သော် အစားအသောက်တစ်ခု ဖြစ်စေရန် အစာအမျိုးအစား စုံရန် လိုအပ်ပါသည်။ (အနည်းဆုံး အစာအမျိုးအစား ၅-၈ ခုထိပါရပြီး အဆီလည်းပါရန် လိုအပ်ပါသည်။) ကလေးအတွက် အစားအသောက် ပြင်ဆင်ရတွင် အမျိုးစုံအောင် သင့်လျော်စွာပြင်ဆင်ပေးပြီး များစွာသော အာဟာရဓါတ်များလည်း ပါဝင်ရမည်ဖြစ်သည်။မျှတာသော အစားအစာသည် သင့်ခန္ဓာကိုယ်အား စွမ်းအင်နှင့် အာဟာရဓာတ်များကို ရရှိစေပြီး ခန္ဓာကိုယ် ကြီးထွားဖွံဖြိုးမှု၊ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ကျန်းမာစေရန် အထောက်ကူပေးပါသည်။မျှတစွာ မစားသောက်ရသော ကလေးများတွင် အလွယ်တကူ မောပန်းလွယ်ခြင်း၊ တက်ကြွမှုမရှိခြင်း၊ ကြီးထွားမှုနှေးခြင်း၊ ဉာဏ်ရည်နိမ့်ကျခြင်း၊ အာဟာရချို့တဲ့ခြင်းနှင့် တချို့သော နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေများခြင်းတို့ ဖြစ်စေနိုင်ပါသည်။ အစားလွန်သော ကလေးများကြတော့လည်း ကိုယ်အလေးချိန်တိုးခြင်းနှင့် အဝလွန်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။မိဘအများစုသည် ကလေး၏ကိုယ်အလေးချိန်ကိုသာ အာရုံစိုက်နေမိပြီး အရပ်အမောင်းကို အာရုံမစိုက်မိတာမျိုး ဖြစ်နိုင်ပါသည်။ တချို့တွင် ကလေးများ၏ အသက်အရွယ်လိုက် လိုအပ်သော အာဟာရအကြောင်းကိုတောင် နားမလည်ကြပါ။ အမျိုးမျိုးအစားအစာများကို ရွေးချယ်လေ့ရှိကြသည်။ ထိုမှနေ၍ ကလေးသည် ချေးများခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ စားရမှာကြောက်ခြင်းတို့ ခံစားလာရပြီး ကလေး၏ စိတ်ရောကိုယ်ပါ ကြီးထွားဖွံဖြိုးမှုကို ထိခိုက်စေနိုင်ပါသည်။တချို့သောမိဘများသည် မသင့်လျော်သည့် အစားအစာများကျွေးတတ်သောကြောင့် ကလေးအတွက် မမျှတ အချိုးမကျသော အစာကိုသာ ရရှိစေသည်။ ကလေး၏အလေးချိန်သည် WHO မှ သတ်မှတ်ထားသည့် စံပြအလေးချိန်ထက် ကျော်လွန်နေသည့်တိုင် များစွာသော မိဘများကတော့ အစာများကို ပြွတ်သိပ်ကျွေးနေဆဲ၊ ကလေးကို သင့်လျော်စွာ မစားသောက်ခြင်းကို ခွင့်ပြုဆဲပင်။သရေစာ၊ အမြန်စာ၊ ပြုပြင်ထားသော သကြား (ချိုချဉ်၊ အအေး) တို့စားသောက်ခွင့်ပြုကြသလို အစာတစ်ခုနှင့်တစ်ခုကြား ကွာဟသည့်အချိန်တွင် ဘာမှမကျွေးကြတာမျိုးလည်းရှိ၏။ ထိုသို့ဆိုလျှင် ကလေး၏ဗိုက်ပြည့်မှုကို ထိန်းချုပ်ရန်ခက်ပြီး ကလေးများလည်း လိုအပ်သည်ထက် ပိုပြီးစားမိနေမည်ဖြစ်သည်။ထို့ကြောင့် မမျှတသည့် အစားစာကြောင့်ဖြစ်လာနိုင်မည့် ပြင်းထန်သော အာဟာရဆိုင်ရာ ပြဿနာများ- အဝလွန်ခြင်း၊ အဟာရချို့တဲ့ခင်း၊ ဗီတာမင်နှင့် သတ္တုဓာတ်များ ချို့တဲ့ခြင်း၊ ဖွံဖြိုးမှုနောက်ကျခြင်း စသည်တို့ကို ရှောင်လွှဲစေနိုင်ရန် ကလေးအတွက် မျှတသောအစားအစာပေးနိုင်ရန် အရေးကြီး၏။ အစာအမျိုးအစားစုံစွာပါခြင်း၊ မျှတသော အာဟာရပေးခြင်းနှင့် စားချင်စိတ်ကို လှုံ့ဆော်ပေးခြင်းတို့ ပြုလုပ်ပေးရပါမည်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%99%e1%80%bb%e1%80%be%e1%80%90%e1%80%9e%e1%80%b1%e1%80%ac-%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%95%e1%80%af%e1%80%b6%e1%80%85/
အပြင်မှာ ညစာထွက်စားမယ်ဆိုရင် အစာနဲ့ဓါတ်မတည့်မှုအတွက် အပြင်မထွက်ခင် ဘယ်လို စီမံရမလဲ
များသောအားဖြင့်တော့ အစာနဲ့ဓါတ်မတည့်မှုတွေရှိနေတာက သင့်မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အပြင်မှာ ပျော်ပျော်ပါးပါးစားသောက်ဖို့အတွက် အခက်အခဲတွေ ဖြစ်စေနိုင်ပါတယ်။ သင် အေးအေးဆေးဆေး စားလို့ရမယ့်အချိန်ဟာ သင်နဲ့မတည့်တဲ့အရာတွေအားလုံး တတ်နိုင်သမျှ သင်နဲ့အဝေးကြီးမှာ ရှိတာ သေချာတဲ့အချိန်ပါပဲ။ ဒါပေမယ့် မှန်ကန်တဲ့ သတိထားမှုတွေနဲ့ဆိုရင်တော့ နာမည်ကြီးစားသောက်ဆိုင်တွေမှာ တစ်ခေါက်တစ်ခါတော့ ညစာ စားနိုင်ပါသေးတယ်။သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ ဘယ်မှာစားမယ်ဆိုတာရွေးချယ်ပါ။ သင်ရွေးချယ်လိုက်တာက နာမည်ကြီးစားသောက်ဆိုင်ဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် စနည်းနာဖို့တော့ လိုအပ်ပါဦးမယ်။ သင့်လိုပဲ အစာနဲ့ဓါတ်မတည့်သူတွေကို သူတို့ဘယ်နေရာတွေမှာ စားလေ့ရှိလဲဆိုတာကို မေးခြင်းအားဖြင့်လည်း စဉ်းစားနိုင်ပါသေးတယ်။ နေရာစဉ်းစားပြီးပြီဆိုတာနဲ့ သင့်နဲ့ သင့်လျော်၏ မလျော်၏ဆိုတာအတွက် စားသောက်ဆိုင်ရဲ့ မီနူးကို စစ်ဆေးပါ။တကယ်လို့ ဘယ်နေရာကို ရွေးချယ်ရမှန်းမသိဖြစ်နေတယ်ဆိုရင် အကောင်းဆုံးကတော့ ဘယ်လိုစားသောက်ဆိုင်တွေကို ရှောင်ကြဉ်ရမလဲဆိုတာနဲ့ စတင်လိုက်ပါ။ ဒီထဲမှာ –။ဘူဖေးဆိုင်တွေပါ ပါပါတယ်။ဒီနေရာတွေမှာ စားစရာတွေအများကြီးရှိသလောက် သင်နဲ့မတည့်တဲ့စားစရာတွေကလည်း တခြားအရာတွေနဲ့ ရောနှောပါနိုင်ပြီး သင်မှားယွင်းစားသောက်လိုက်တာမျိုးဖြစ်နိုင်ပါတယ်။ ပြီးရင်တော့ ပြင်းထန်တဲ့ ဓါတ်မတည့်မှုတွေစပြီပေါ့။Bakeries (ကိတ်ဆိုင်များ)ဒါဟာလည်း ဘူဖေးဆိုင်တွေနဲ့အတူတူပါပဲ။ စားစရာတွေကို နီးနီးကပ်ကပ်ထားရှိတာကြောင့် Cross contact ဖြစ်နိုင်ချေလည်း များပါတယ်။စားစရာတွေကို ကြိုချက်ထားတဲ့ စားသောက်ဆိုင်များ။နာမည်ကြားလိုက်ယုံနဲ့ သဘောပေါက်မှာပါ။ ကြိုချက်ထားတဲ့စားစရာတွေမှာတော့ အန္တရာယ်ပေးနိုင်တဲ့ပစ္စည်းတွေ ၁၀၀%ကင်းရှင်းဖို့မလွယ်ပါဘူး။ ပြီးတော့ သူတို့ကို ကြိုလုပ်ထားတာဖြစ်တာကြောင့် သင်နဲ့မတည့်တဲ့အရာတွေကို သင်ရှောင်ပြီးရွေးချယ်ဖို့ကလည်း ခက်ခဲသွားပါတယ်။ ဒါ့အပြင် ဝန်ထမ်းတွေကလည်း စားစရာတွေထဲ ဘာတွေပါဝင်သလဲဆိုတာကို အတိအကျ သိနိုင်မှာမဟုတ်ပါဘူး။ဓါတ်မတည့်မှုဖြစ်စေတဲ့အရာတွေနဲ့ ဝန်ဆောင်မှုပေးနေတဲ့ စားသောက်ဆိုင်များ ။ဒါကလည်း ပြောစရာကို မလိုတော့ပါဘူး။ မြေပဲ သို့မဟုတ် အခြားသော အခွံမာသီးတွေဟာ များသောအားဖြင့် အာရှဟင်းလျာတွေမှာ သုံးလေ့ရှိပါတယ်။ တကယ်လို့ သင်က မြေပဲနဲ့ဓါတ်မတည့်ဘူးဆိုရင် ဒီ အာရှစားသောက်ဆိုင်တွေနဲ့ ဝေးဝေးနေပါ။ ပင်လယ်စာစားသောက်ဆိုင်တွေမှာဆိုလည်း ပင်လယ်စာကိုအဓိကထားရောင်းတာကြောင့် သင်က ပင်လယ်စာနဲ့ဓါတ်မတည့်ဘူးဆိုရင် သင်က ဒီစားသောက်ဆိုင်မှာ ဘယ်လိုပဲ ပင်လယ်စာမပါတဲ့ စားစရာကို မှာနေပါစေ ကံကိုယုံပြီး ဆူးပုံမနင်းလိုက်ပါနဲ့။ သင့်ရဲ့စားစရာတွေကို ချက်ပြုတ်ပေးတဲ့ အိုးခွက်ပန်းကန်တွေမှာ ပင်လယ်စာတွေနဲ့ဓါတ်မတည့်မှုကို ဖြစ်စေနိုင်တဲ့အရာတွေ ကပ်ပါနေနိုင်ပါတယ်။စားသောက်ဆိုင်ပြောင်းလဲခြင်း။မန်နေဂျာကို တိုက်ရိုက်ခေါ်ပြီး သင့်ရဲ့အခြေအနေအကြောင်းကို ရှင်းပြလိုက်ပါ။ ဖြစ်နိုင်ရင်တော့ စားဖိုမှူးနဲ့ပြောတာ ကောင်းပါတယ်။ ဘယ်သူမှ ကိုယ်ဒုက္ခရောက်မယ့်ကိစ္စတွေကို မလုပ်ဘူးမဟုတ်လား။ ပြီးတော့ စားသောက်ဆိုင်ရဲ့ အလုပအရှုပ်ဆုံးအချိန်တွေ၊ အလုပ်ပါးတဲ့အချိန်တွေကို လေ့လာပါ။ ဒါက စားသောက်နေတဲ့ အချိန်မှာ သင့်အတွက် သက်တောင့်သက်သာရှိမယ့် ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပြီး ဝန်ထမ်းတွေကလည်း ပိုပြီး ဂရုစိုက်နိုင်ပါလိမ့်မယ်။နိဂုံးချုပ်အားဖြင့် အဆိုးဆုံးအတွက် ပြင်ဆင်ထားပါ။ဘယ်လိုပဲ သင်ရွေးချယ်ထားတဲ့ စားသောက်ဆိုင်က စိတ်ချရပါစေ၊ အမှားသေးသေးလေးတစ်ခုက ဒုက္ခအကြီးအကျယ်ရောက်စေနိုင်ပါတယ်။ သင့်ရဲ့ဆေးတေကို အမြဲတမ်းဆောင်ထားပြီး ဓါတ်မတည့်မှုဖြစ်လာရင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အစီအစဉ်တွေကို ပြင်ဆင်ထားပါ။ သင်နဲ့သွားတာက ဘယ်သူပဲဖြစ်ဖြစ် သင့်မှာ ဓါတ်မတည့်မှုတွေဖြစ်လာပြီဆိုရင် ဘာလုပ်ရမယ်ဆိုတာ သိနေပါစေ။ သေချာဂရုစိုက်ပြင်ဆင်မှုတွေနဲ့ဆိုရင်တော့ အခြားသူတွေလိုပဲ အပြင်မှာ ပျော်ပျော်ပါးပါး ညစာစားနိုင်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/food-allergies/%e1%80%a1%e1%80%bb%e1%80%95%e1%80%84%e1%80%b9%e1%80%99%e1%80%bd%e1%80%ac-%e1%80%8a%e1%80%85%e1%80%ac%e1%80%91%e1%80%bc%e1%80%80%e1%80%b9%e1%80%85%e1%80%ac%e1%80%b8%e1%80%99%e1%80%9a%e1%80%b9%e1%80%86/
ဂေါက်ရောဂါက သင့်ခြေထောက်ကိုဘယ်လိုအကျိုးသက်ရောက်နိုင်လဲ
ဂေါက်ရောဂါက သင့်ခြေထောက်ကိုဘယ်လိုအကျိုးသက်ရောက်နိုင်လဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ဂေါက်ရောဂါက လူတိုင်းဖြစ်နိုင်တဲ့ အဆစ်ရောင်ခြင်း ပုံစံ တစ်မျိုး ဖြစ်ပါတယ်။ သင့်မှာ ဂေါက်ရောဂါ ရှိနေတယ် ဆိုရင် သင် တွေ့ကြုံနိုင်တဲ့အတွေ့ရ အများဆုံး အရာကတော့ အထူးသဖြင့် ခြေထောက်တွေမှာ ရှိတဲ့ အဆစ် တစ်ခု သို့မဟုတ် တစ်ခုထက် ပိုပြီး ပြင်းပြင်းထန်ထန်နာကျင်မှု ခံစားရခြင်း ဖြစ်ပါတယ်။ဂေါက်ရောဂါက သင့်ခြေထောက်ကိုဘယ်လိုအကျိုးသက်ရောက်နိုင်လဲ ဆိုတာကို သင်သိပါသလား။ဂေါက်ရောဂါ ရှိနေတယ် ဆိုရင် သင့် ခြေထောက်ကို ရုတ်တရက်ကြီး အများအားဖြင့် ညအခါတွေမှာ သက်ရောက်မှုတွေ ထဖြစ်တတ်ပါတယ်။ ပြင်းပြင်းထန်ထန် အဆစ်နာခြင်းက ပထမဆုံး ကြုံရမှာ ဖြစ်ပါတယ်။ ခြေထောက်၊ ခြေချင်းဝတ်၊ ဒူး၊ midfoot၊ လက်နဲ့ လက်ကောက်ဝတ် အဆစ်တွေကို နာကျင်မှုတွေ ဖြစ်စေနိုင်ပေမယ့် အများဆုံး ဖြစ်လေ့ရှိတာ ကတော့ ခြေမ အဆစ် ကြီးခြင်း ဖြစ်ပါတယ်။နာကျင်မှု စပြီး ပထမ ၁၂ နာရီ အတွင်း ပိုပြီး ဆိုးဆိုးရွားရွား နာကျင်မှုကို ထပ်ခံစားရနိုင်ပါတယ်။ လမ်းလျှောက်ခြင်းကြောင့် နာကျင်မှု ပိုဆိုးသွားစေနိုင်ပါတယ်။ အိပ်ရာခင်း စောင်တွေရဲ့ ဖိအားကိုတောင် မခံနိုင် ဖြစ်တတ်ပါတယ်။အဆိုးဆုံး နာကျင်မှု တဖြည်းဖြည်းချင်း သက်သာသွားတဲ့အခါမှာ မသက်မသာဖြစ်မှုကို ရက် အနည်းငယ် သီတင်းပတ် အနည်းငယ် တွေ့ကြုံရနိုင် ပါသေးတယ်။ဂေါက်ရောဂါ ဖြစ်ချိန် ကြာလာတဲ့အခါမှာ နာကျင်မှု အချိန်လည်း ပိုလာနိုင်ပြီး ခြေထောက်က အဆစ် တော်တော်များများလည်း သက်ရောက်ခံရနိုင်ပါတယ်။ နာကျင်မှု မပျောက်သေးခင် ရက် အနည်းငယ် သို့မဟုတ် သီတင်းပတ်ပေါင်းများစွာ ကြာနိုင်ပါတယ်။ဒါ့အပြင် အဆစ်တွေခြေမတွေမှာ ရောင်ရမ်းခြင်း၊ အထိမခံနိုင်ခြင်း၊ ပူခြင်း၊ နီခြင်းနဲ့အတူ သင့်ခြေထောက်မှာ ရောင်ရမ်းခြင်း၊ နီမြန်းခြင်းတွေရနိုင်ပါတယ်။ ဒါတွေကြောင့် ဂေါက်ရောဂါက သင့်ခြေထောက်ကို ရုတ်တရက် တိုက်ခိုက်လိုက်တဲ့အခါမှာ အဆစ် လှုပ်ရှားနိုင်မှု နည်းသွားစေပါတယ်။အဆစ်နေရာတွေမှာ ပူခြင်း၊ အထိမခံနိုင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ အရောင်ကျလာတာတဲ့အခါမှာ အရေပြား ကွာကျခြင်း၊ ယားခြင်း၊ အလွှားလိုက် ကွာကျခြင်းတွေ ဖြစ်နိုင်ပါတယ်။ဂေါက်ရောဂါကို မကုသဘဲ ထားမယ်ဆိုရင် ယာယီ သက်သာသွားနိုင်ပြီး လအနည်းငယ် နှစ်အနည်းငယ် အတွင်းမှာ ပြန်ဖြစ်နိုင်ပါတယ်။ အရင်ထက် အကြိမ်ရေ ပိုစိပ်သွားတာမျိုးတောင် ဖြစ်နိုင်ပါတယ်။အဆိုးဆုံး အခြေအနေတွေမှာ ဆိုးဆိုးရွားရွား အဆစ်နာခြင်း၊ခြေထောက်ရောင်ခြင်း၊ 38C သို့မဟုတ် အထက် ဖျားခြင်းတွေဖြစ်နိုင်ပါတယ်။ ဒီ အခြေအနေတွေက သင့် အဆစ်အတွင်း ကူးစက်ပိုးတွေ ဝင်နေကြောင်း သိနိုင်ပါတယ်။ အရေးပေါ် အခြေအနေတွေမှာ သင့်ဆရာဝန်ကိုချက်ချင်း ခေါ်သင့်ပါတယ် ။သတင်းကောင်းကတော့ ဂေါက်ရောဂါကို ကုသနိုင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဖြစ်နိုင်ခြေတွေကို သိပြီး ပြန်ဖြစ်ခြင်းကို ကာကွယ်နိုင်ဖို့ ထိုအချက်တွေကို ရှောင်ရှားရမှာ ဖြစ်ပါတယ်။ ဂေါက်ရောဂါ နဲ့ ဝေးစေဖို့ ကျန်းမာရေး ပိုမို ကောင်းမွန်လာအောင် နေထိုင်မှုပုံစံကိုလည်း ပြောင်းလဲသင့်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/gout-how-to-affect-legs/
ခုံပေါ်က အာလူးလေးတွေ မဖြစ်စေဖို့
ခုံပေါ်ကအာလူးလေးဆိုတာ Couch potato ဆိုတဲ့ အင်္ဂလိပ်စကားကို မြန်မာလို တိုက်ရိုက်ပြန်ဆိုလိုက်ခြင်း ဖြစ်ပါတယ်။ Couch potato ဆိုတာဟာကိုယ်လက်လှုပ်ရှားခြင်းမရှိဘဲ တချိန်လုံး ခုံပေါ်မှာ ထိုင်နေပြီးတီဗီကြည့်နေသူေတွကို တင်စားပြီးခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ အိပ်ရာပေါ်၊ ထိုင်ခုံပေါ်က မထဘဲ တချိန်လုံး ဖုန်းပွတ်နေသူတွေလည်း ဒီအဓိပ္ပါယ်မှာ အကျုံးဝင်ပါတယ်။မလှုပ်မရှားဘဲ တချိန်လုံးထိုင်နေခြင်းဟာ သင့်ကျန်းမာရေးကို ဆိုးရွားစေတယ်လို့ မဲလ်ဘုန်းကသွေးတိုးနဲ့ဆီးချိုဆိုင်ရာ ကုသမှုဌာနက ဒေါက်တာဒေးဗစ်ဒန်စတန်က ဆိုပါတယ်။ တနေ့တာကို တီဗီရှေ့မှာတင်ထိုင်ပြီး အချိန်ဖြုန်းနေသူတွေဟာ မြန်မြန်သေဆုံးနိုင်ခြေရှိတယ်လို့ သူက ဘွင်းဘွင်းပဲ ပြောခဲ့ပါတယ်။ သူဟာ အကြောင်းမဲ့တော့ ပြောတာမဟုတ်ပါဘူး။ တနေ့ကို တီဗီရှေ့မှာ ၄နာရီလောက် အချိန်ပေးနေသူတွေဟာ ၂နာရီအောက်ပဲ အချိန်ပေးသူတွေထက်စာရင်နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ ၈၀% ပိုများတယ်ဆိုတဲ့ သုတေသနရလဒ်အရ ပြောခဲ့ခြင်း ဖြစ်ပါတယ်။သင့်ကို ထိုင်ခုံပေါ်က အာလူးလေးအဖြစ်ပြောင်းလဲစေမယ့် အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။၁။ တီဗီ။သင်စိတ်ဝင်စားတဲ့ ဇာတ်လမ်းတွဲတွေ၊ ရုပ်သံအစီအစဉ်တွေဟာ သင့်ကို ခုံပေါ်ကနေ ထိုင်ရာမထဖြစ်စေပါတယ်။ သင်ဟာ ဇိမ်ယူဖို့ ကော်ဖီ၊အာလူးကြော်၊အချိုရည်စတာတွေကို ဘေးနားမှာ ယူထားလိုက်ရင် အခြေအနေ ပိုဆိုးသွားပါလိမ့်မယ်။၂။ ဗီဒီယိုဂိမ်း။တီဗီဇာတ်လမ်းတွဲကမှ ဒီအတိုင်းထိုင်ကြည့်နေရတာပါ။ ဗီဒီယိုဂိမ်းတွေကတော့ သင့်ရဲ့ အနိုင်မခံအရှုံးမပေးတဲ့စိတ်ကိုပါ နှိုးဆွပြီး ခုံပေါ်မှာသံမှိုစွဲထားသလို ဖြစ်စေပါတယ်။ဦးနှောက်နဲ့အာရုံကြောကိုပါ အားစိုက်ရတာကြောင့် ပိုပြီး ပင်ပန်းစေပါတယ်။၃။စမတ်ဖုန်း။လူမှုကွန်ရက်တွေဟာ စမတ်ဖုန်းမျက်နှာပြင်ပေါ်ကိုပဲ တချိန်လုံး သင့်စိတ်ကိုရောက်နေစေမယ့် အကြောင်းဖြစ်ပါတယ်။ စမတ်ဖုန်းဂိမ်းများဟာလည်း သင့်ကို ဆွဲဆောင်နေမှာ အမှန်ဖြစ်ပါတယ်။၄။ လုပ်ငန်းခွင်ကွန်ပျူတာ။သင့်ကို ထိုင်ရာမထဖြစ်စေတဲ့ အကြောင်းအရာတွေမှာ သင့်အလုပ်စားပွဲရှေ့ကကွန်ပျူတာလည်း ပါဝင်ပါတယ်။ အလုပ်ကြိုးစားသူတယောက်အနေနဲ့ ဂုဏ်ယူချင်ဂုဏ်ယူပါ။ ဒါပေမယ့် အလုပ်စားပွဲဟာ သင့်ကျန်းမာရေးကို ထိခိုက်စေတဲ့အရာဖြစ်သွားရင် မကောင်းပါဘူး။ တန်ဆေးလွန်ဘေးပါပဲ။သင့်အနေနဲ့ အထိုင်များရင် ဘယ်လိုပြဿနာတွေ ကြုံနိုင်မလဲဆိုတာ ဆက်ပြီးလေ့လာကြည့်ရအောင်။၁။ နှလုံး။သင်ဟာ အထိုင်များသွားရင် သင့်ကြွက်သားတွေဟာ ကိုယ်ခန္ဓါအဆီတွေကို လောင်ကျွမ်းမှုလျော့နည်းသွားစေပါတယ်။ အဲဒီအခါ သွေးလည်ပတ်မှုဟာ ပိုမိုစေးကပ်နှေးကွေးသွားပြီး အဆီဓါတ်တွေပုံလာရင် သင့်နှလုံးကို ဒုက္ခပေးနိုင်ပါတယ်။၂။အဝလွန်ခြင်းနှင့်ဆီးချို။လှုပ်ရှားမှုနည်းပါးသွားတဲ့အခါ အဝလွန်ခြင်းပြသနာဝင်လာပြီး အမျိုးအစား ၂ ဆီးချိုဖြစ်လာနိုင်ခြေ ရှိပါတယ်။၃။အူမကြီးကင်ဆာ။အချိန်ကြာကြာ မလှုပ်မရှားအထိုင်များရင် အူမကြီးကင်ဆာဖြစ်ပွားနှုန်းကို မြင့်တက်စေတယ်လို့ သုတေသနတွေအရ သိရပါတယ်။၄။ ဦးနှောက်အာရုံကြော။အထိုင်များသွားရင် ကိုယ်ခန္ဓါမှာ သွေးလည်ပတ်မှုနှေးကွေးပြီး ဦးနှောက်ဆီ အောက်ဆီဂျင်ပို့ဆောင်နှုန်း ကျဆင်းသွားပါတယ်။ ဒါ့အပြင် တီဗီ၊ ဖုန်း စတဲ့မျက်နှာပြင်တွေကို အာရုံစူးစိုက်ကြည့်နေခြင်းဟာ ရေရှည်မှာ ဦးနှောက်နဲ့အာရုံကြောကို ထိခိုက်စေပါတယ်။၅။ နောက်ကျောတက်ခြင်း။အချိန်ကြာမြင့်စွာနဲ့ ပုံစံတမျိုးတည်းနဲ့ ထိုင်နေမယ်ဆိုရင် သင့်လက်ပြင်ကြွက်သားများအပါအဝင် နောက်ကျောပိုင်းကြွက်သားတွေ တောင့်တင်းခြင်း၊ဇက်ကြောတက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။၆။ သွေးလည်ပတ်မှုမကောင်းခြင်း။အထိုင်များလွန်းရင် သွေးလည်ပတ်မှုမကောင်းတဲ့အပြင် ခြေသလုံးအတွင်းပိုင်းက သွေးကြောတွေထဲမှာ သွေးခဲခြင်းဖြစ်လာနိုင်ပါတယ်။၁။ Alarm ပေးထားပါ။သင် တီဗီပဲကြည့်နေသည်ဖြစ်စေ၊ ဖုန်းသုံးနေသည်ဖြစ်စေ၊ အလုပ်စားပွဲမှာ ထိုင်နေသည်ဖြစ်စေ အားလပ်ချိန်ရနိုင်အောင် alarm ပေးထားပါ။ ကောင်းတာကတော့ နာရီဝက်တခါလောက် ထိုင်ရာကနေထပြီး အကြောလျှော့ခြင်း၊ ဟိုလျှောက်ဒီလျှောက်လုပ်ခြင်း စတာတွေလုပ်သင့်ပါတယ်။ ခဏနားဖို့ မေ့နေမှာစိုးရင် နှိုးစက်ပေးထားပါ။၂။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းထလုပ်ပါ။အိမ်မှာတီဗီကြည့်နေရင်းကပဲ ခဏတဖြုတ်လောက်တော့ ထပြီး ကိုယ်လက်လှုပ်ရှားလုပ်ပါ။ ရုံးမှာဆိုရင်လည်း သင့်စားပွဲဘေးမှာ လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စုပြီး ကိုယ်လက်လုပ်ရှားလုပ်ရင် ပိုပြီး ပျော်စရာကောင်းတဲ့အပြင် ပေါင်းသင်းဆက်တံရေးကိုပါ တိုးတက်စေပါတယ်။၃။ လမ်းလျှောက်ပါ။နေ့လယ်စာစားပြီးရင် ချက်ချင်းမထိုင်ဘဲ လမ်းပတ်လျှောက်ပါ။ တီဗီကြည့်နေရင်းကလည်း ခဏနားပြီး လမ်းလျှောက်ပါ။ လေကောင်းလေသန့်ရတဲ့နေရာမှာ လျှောက်နိုင်ရင် အကောင်းဆုံးပါပဲ။၄။ ပန်းကန်ထဆေးပါ။သင်ထမင်းစားပြီးပြီဆိုပါစို့။ ပန်ကန်တွေကို ချက်ချင်းမဆေးပါနဲ့ဦး။ လုပ်စရာရှိတာတွေ အရင်လုပ်ပါ။ ပြီးမှ တီဗီရှေ့က အလုပ်စားပွဲရှေ့ကထပြီး ပန်းကန်သွားဆေးလိုက်ပါ။ အပြောင်းအလဲဖြစ်တဲ့အပြင် အနည်းဆုံးတော့ လုပ်လက်စအရတွေကနေ ခဏတဖြုတ်အနားရစေပါတယ်။၅။ အပင်စိုက်ပါ။တီဗီရှေ့မှာတင် အချိန်မဖြုန်းဘဲ ခြံထဲဆင်းပါ။ အပင်ရေလောင်းပါ။ သင်စိုက်ထားတဲ့ ပန်းပင်တွေကြားလမ်းလျှောက်ပြီး လေကောင်းလေသန့်ရှူရှုက်ပါ။၆။ ပျော်ပွဲစားထွက်ပါ။အလုပ်စားပွဲရှေ့၊ တီဗီရှေ့မှာပဲ သင့်ကို အချိန်မကုန်စေဘဲ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနဲ့ တခါတရံ ပန်းခြံထဲဖြစ်ဖြစ်၊ စားသောက်ဆိုင်တခုမှာဖြစ်ဖြစ် သွားရောက်ပြီး အတူစားသောက်ပါ။ တီဗီထဲ၊ ဗီဒီယိုဂိမ်းထဲမှာပဲ နစ်မနေစေဘဲ လက်တွေ့ကမ္ဘာထဲမှာ သင့်ကို ပျော်ရွှင်တက်ကြွစေပါလိမ့်မယ်။အချုပ်အနေနဲ့ပြောရမယ်ဆိုရင် တီဗီ၊ ဗီဒီယိုဂိမ်း၊ စမတ်ဖုန်း၊ ကွန်ပျူတာ စတာတွေရှေ့မှာပဲ တချိန်လုံးထိုင်နေပြီး မိမိကိုယ်ကို ဒုက္ခမပေးပါနဲ့။ သင့်ကျန်းမာရေးအတွက် အပြင်လောကကိုထွက်ပါ။ လေကောင်းလေသန့်ရှူပါ။ ကိုယ်လက်လှုပ်ရှားလုပ်ပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/weight-loss-exercises/%e1%80%81%e1%80%af%e1%80%b6%e1%80%95%e1%80%b1%e1%80%ab%e1%80%ba%e1%80%80-%e1%80%a1%e1%80%ac%e1%80%9c%e1%80%b0%e1%80%b8%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1-%e1%80%99%e1%80%96%e1%80%bc/
ခြေကျင်းဝတ်ဒဏ်ရာတွေအကြောင်း ဘာသိဖို့လိုသလဲ
ခြေကျင်းဝတ်ဒဏ်ရာတွေအကြောင်း ဘာသိဖို့လိုသလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။သင့်ရဲ့ခြေကျင်းဝတ်ကို ခန္ဓာကိုယ်အတွက် ဟန်ချက်ညီအောင် ထိန်းညှိပေးတဲ့ အရိုးများ၊ ကြွက်သားများ၊ အရွတ်များနဲ့ ဖွဲ့စည်းထားပါတယ်။ ခြေကျင်းဝတ်အရိုးနဲ့ ခြေသလုံးရိုး၂ခုဟာ ခြေကျင်းဝတ် အဆစ်ကို ဖြစ်ပေါ်စေပါတယ်။ အရွတ်များက အရိုးတွေကို တခုနဲ့တခု တွယ်ကပ်စေပြီး တည်ငြိမ်စေပါတယ်။ ကြွက်သားများနဲ့ ကြွက်သားအရွတ်တွေဟာ လှုပ်ရှားမှုကို ဖြစ်စေပါတယ်။ခြေကျင်းဝတ်ပြဿနာတွေက အရိုး၊ ကြွက်သားနဲ့ နူးညံ့တဲ့တစ်သျှူးတွေကို ထိခိုက်မိရာကနေ ဖြစ်ပေါ်လာပါတယ်။ အဖြစ်များတဲ့ ပြသနာတွေကတော့။ခြေကျင်းဝတ်ဟာ ကိုယ်ခန္ဓာမှာ ဒဏ်ရာအရဆုံး အဆစ်ဖြစ်ပါတယ်။အဖြစ်အများဆုံး ခြေကျင်းဝတ်ပြဿနာတွေကတော့ အရွတ်ဒဏ်ဖြစ်ခြင်းနဲ့ အရိုးကျိုးခြင်း ဖြစ်ပါတယ်။ ဒီဒဏ်ရာတွေဟာ ပြန်လည်ပျောက်ကင်းဖို့ လပေါင်းများစွာ ကြာနိုင်ပါတယ်။အရိုးနဲ့ ကြွက်သားတွယ်ဆက်တဲ့ နေရာတွေ၊ အရွတ်တွေစတဲ့ အဆစ်ကို အခုအခံပြုလုပ်ပေးတဲ့ အရာတွေကိုလည်း ထိခိုက်တတ်ပါတယ်။ ခြေကျင်းဝတ်အရွတ် ဒဏ်ဖြစ်ခြင်းနဲ့ အရိုးကျိုးခြင်းဟာ အားကစားပြုလုပ်ရင်းနဲ့ ထိခိုက်ခြင်းကနေ တွေ့ရများတတ်ပါတယ်။နေ့စဉ်လှုပ်ရှားမှုတွေပေါ် မူတည်ပြီး အကြောင်းရင်းတွေ ကွဲပြားပါတယ်။ ပြေးခြင်း၊ ခုန်ခြင်းနဲ့ တခြား အားကစားနည်းတွေနဲ့ ဆက်စပ်ဒဏ်ရာတွေဟာ အဆစ်ကို အလွန်အကျွံသုံးမိခြင်းကြောင့် ဖြစ်တတ်ပါတယ်။ အောက်ပါ အခြေအနေတွေကြောင့် အဖြစ်များပါတယ်။ခြေကျင်းဝတ်နဲ့ ခြေဖနောင့်မှ ကြွက်သားအရွတ် ရောင်ခြင်းက အောက်ပါကိစ္စတွေကြောင့် ဖြစ်စေနိုင်ပါတယ်။အဆစ်အမြစ်ရောင်ရမ်းခြင်းမျိုးစုံကလည်း ခြေဖဝါးနဲ့ ခြေကျင်းဝတ်ကို ထိခိုက်စေပါတယ်။အရိုးအဆစ်ရောင်ခြင်းက အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်းချင်း ဖြစ်လာတတ်တဲ့ အဆစ်အမြစ် ရောင်ခြင်း အမျိုးအစားဖြစ်ပြီး သက်လတ်ပိုင်းမှာ စဖြစ်လာတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အရွတ်တွေဟာ စုတ်ပြဲလာပြီး နာကျင်မှု၊ အဆစ်တောင့်တင်းမှု စတာတွေ ဖြစ်လာနိုင်ပါတယ်။လေးဘက်နာအဆစ်ရောင်ရမ်းခြင်းဟာ ကိုယ်ခံအားစနစ် တုံ့ပြန်မှုမှားယွင်းခြင်းကြောင့် ဖြစ်တတ်တဲ့ ရောဂါ ဖြစ်ပါတယ်။ မိမိရဲ့ ကောင်းမွန်တဲ့ တစ်သျှူးတွေကို မှားယွင်းတိုက်ခိုက်မှုကြောင့် ဖြစ်ပြီး အဆစ်နဲ့ အရွတ်တွေကို ထိခိုက်တတ်ပါတယ်။ထိခိုက်မှုဖြစ်ပြီးချိန်မှာ အဆစ်ရောင်ခြင်းကလည်း ခြေဖဝါးနဲ့ ခြေကျင်းဝတ်မှာ ဖြစ်တတ်ပါတယ်။ ဒဏ်ရာကြောင့် အဆစ်တွေ ရောင်ရမ်း တောင့်တင်းလာတတ်ပါတယ်။ ထိခိုက်မှုဖြစ်ပွားပြီး နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဒဏ်ဖြစ်တတ်ပါတယ်။ရရှိတဲ့ဒဏ်ရာ အမျိုးအစားပေါ် မူတည်ပြီး လက္ခဏာတွေဟာ ကွဲပြားနိုင်ပါတယ်။ကြွက်သားအရွတ်ရောင်ရမ်းခြင်းမှာလည်း ဆင်တူတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ ဒါ့အပြင်။ဒီအခြေအနေဆိုရင် အရေးပေါ်ကုသဖို့ လိုအပ်ပါတယ်။ရောဂါရှာဖွေဖို့အတွက် ဆရာဝန်ဟာ လက္ခဏာတွေကို ကြည့်ပြီး ခြေကျင်းဝတ်နဲ့ ခြေထောက်ကို စစ်ဆေးပါလိမ့်မယ်။ မကြာသေးမီက ထိခိုက်ဒဏ်ရာတွေအကြောင်း မေးပါလိမ့်မယ်။ အရိုးကျိုးခြင်းနဲ့ ကြွက်သားအရွတ်စုတ်ပြဲခြင်းတွေကို သိရှိရဖို့ ပုံရိပ်ဖော်စစ်ဆေးနည်းတွေ လိုအပ်ပါတယ်။ ဥပမာ။ဖြစ်ပွားတဲ့ အခြေအနေပေါ် မူတည်ပါတယ်။ ခွဲစိတ်ကုသနည်းနဲ့ဖြစ်စေ၊ မခွဲဘဲဖြစ်စေ ကုသနိုင်ပါတယ်။ခွဲစရာမလိုတဲ့ နည်းတွေကတော့။ဆိုးရွားတဲ့ အရိုးကျိုးခြင်းနဲ့ ကြွက်သားအရွတ် စုတ်ပြဲခြင်းတွေမှာ ခွဲစိတ်ကုသဖို့ လိုပါတယ်။ အောက်ပါနည်းလမ်းတွေ ရှိပါတယ်။ကောင်းမွန်တဲ့ ကိုယ်ကာယကြံ့ခိုင်မှု၊ ကြွက်သားပျော့ပျောင်းနိုင်မှု စတာတွေကို ထိန်းသိမ်းထားပြီး ဒီဒဏ်ရာတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ အရိုးတွေကို ခိုင်မာစေဖို့၊ ဟန်ချက်ညီစေဖို့ အရေးကြီးပါတယ်။ တခြားကာကွယ်နိုင်တဲ့ အလေ့အကျင့်တွေကတော့။ခြေကျင်းဝတ်ဒဏ်ရာတွေအကြောင်း သထားဖို့ လိုမယ့် အချက်လေးတွေကို သိလောက်ပြီ ထင်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/facts-to-know-about-ankle-injury/
ကလေးကို ကားထဲမှာ ဘာကြောင့် တစ်ယောက်တည်းမထားခဲ့သင့်တာလဲ၊၊
ယူအက်စ်မှာ တစ်နှစ်ကို ကလေး ၃၈ယောက်လောက်က ကားထဲမှာအပူလျှပ်ပြီး သေဆုံးကြရပါတယ်၊၊ အများစုက ကလေးကို ကားထဲမှာ တစ်ယောက်တည်းထားရာက စတာပါ၊၊ ဒါကြောင့် ယူအက်စ်က ပြည်နယ်တွေ တော်တော်များများနဲ့ တချို့နိုင်ငံတွေမှာ ကလေးကို ကားထဲမှာ တစ်ယောက်တည်းထားတာကိုဥပဒေနဲ့ ထိန်းချုပ်ထားပါတယ်၊၊ ဆိုလိုတာက ကလေးငယ်ငယ်လေးတွေ အထူးသဖြင့် ၆နှစ်အောက်ကလေးတွေကို ကားထဲမှာ တစ်ယောက်တည်း ရှိနေတာကို တစ်ယောက်ယောက်က တွေ့လို့ တိုင်လိုက်ရင် အရေးယူခံရပါတယ်၊၊။ကလေးကို ကားထဲမှာ တစ်ယောက်တည်း ထားခဲ့တာ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို မထိန်းကျောင်းတတ်တဲ့ ကလေးနဲ့ အတူထားတာက အန္တရာယ်များပါတယ်၊၊ အသက်အန္တရာယ်ထိခိုက်တဲ့အထိ  ဖြစ်နိုင်တာကြောင့် ဥပဒေနဲ့ ချုပ်ကိုင်ထားတာပဲ ဖြစ်ပါတယ်၊၊။တမင်ထားခဲ့တာလည်း ရှိသလို မတော်တဆ မေ့ခဲ့တာလည်း ရှိပါတယ်၊၊ ဥပမာ။အပူလျှပ်တာကတော့ အဖြစ်အများဆုံးနဲ့ အန္တရာယ်အကြီးဆုံး ကိစ္စပါ၊၊ အပူလျှပ်တာကကလေးတွေရဲ့ ဦးနှောက်နဲ့ ကိုယ်တွင်းအင်္ဂါတွေကို ပျက်စီးစေပါတယ်၊၊ ပိုဆိုးရင် သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်၊၊။ကားထဲမှာထားခဲ့တဲ့အခါကလေးရဲ့ ကိုယ်တွင်းအပူချိန်က ထင်ထားတာထက်  ပိုပြီး မြန်မြန်တက်လာပါတယ်၊၊ ဒီလိုဖြစ်ရတာက။ကားထဲမှာအပူလျှပ်ပြီး သေဆုံးရတဲ့ ကလေးအများစုက ၃နှစ်အောက်အရွယ်လေးတွေပါ၊၊ ဒါပေမယ့် တစ်ခါတလေ ၁၄နှစ်အရွယ်တွေထိ ပါတာကို တွေ့ရပါတယ်တဲ့၊၊။ဒါဆိုရင် မပူအောင်အဲကွန်းဖွင့်ပြီး ထားခဲ့မယ်လေလို့ မတွေးလိုက်ပါနဲ့တဲ့၊၊ အပူလျှပ်တာ မဟုတ်တောင် ကလေးတွေက။-ကလေးကို ကားထဲမှာ သီးသန့် ပေးမဆော့ပါနဲ့၊၊ ဆိုလိုတာက မိဘတွေက တစ်နေရာ၊ ကလေးက ကားထဲမှာဆော့နေတာမျိုး၊၊။-ကားပေါ်က ဆင်းတာနဲ့ ကလေးပြန်မဝင်နိုင်အောင် ကားတံခါးတွေနဲ့ နောက်ဖုံးကို သေချာလော့ချခဲ့ပါ၊၊။-ကားသော့ကို ကလေး မယူနိုင်တဲ့ နေရာမှာထားပါ၊၊။-ကလေးရုတ်တရက် ပျောက်သွားပြီဆိုရင် ကားထဲမှာသွားရှာပါ၊၊ နောက်ဖုံးတွေပါ ရှာပါ၊၊ (အိမ်မှာ ရေကူးကန်ရှိတယ်ဆိုရင် ကန်မှာ အရင်ရှာပါ၊၊) လို့ အကြံပြုထားချင်ပါတယ်၊၊။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/never-leave-your-kid-alone-in-car/
ဟော်မုန်းများသည် သင့်ဝက်ခြံပေါက်ခြင်းကို မည်သို့ပြောင်းလဲစေပါသလဲ
ဝက်ခြံပေါက်ခြင်းသည် တစ်ခါတရံတွင် ဟော်မုန်းကြောင့် ဖြစ်သော ရောဂါဟု သတ်မှတ်ကြသည်။ ဟော်မုန်းများသည် အရေပြားရှိ အဆီဂလင်းများကို ဖြစ်ပေါ်စေသည်။ ဟော်မုန်းပမာဏ ပြောင်းလဲမှုသည် သင့်ဝက်ခြံများ၏ အခြေအနေကို အပြောင်းအလဲ ဖြစ်စေပါသည်။ဝက်ခြံအမျိုးအစား များစွာရှိသည်။ အဖြစ်အများဆုံးသည် ဟော်မုန်း အပြောင်းအလဲကြောင့် ပေါက်သော ဝက်ခြံဖြစ်သည်။ ဟော်မုန်း အပြောင်းအလဲသည် အပျိုဖော်ဝင်ချိန်၊ ကိုယ်ဝန်ဆောင်ချိန် သို့မဟုတ် ဆေးကုသမှုများနှင့် ရောဂါများကြောင့် ဖြစ်သည်။ဟော်မုန်းကြောင့် ဖြစ်သော ဝက်ခြံပေါက်ခြင်းသည် သွေးထဲတွင် ကျားဟော်မုန်း (အန်ဒရိုဂျင်) များသောကြောင့် ဖြစ်သည်။ အန်ဒရိုဂျင်သည် ကျားဟော်မုန်း ဖြစ်သော်လည်း မိန်းမနှင့် ယောက်ျား နှစ်ဦးလုံးတွင် တွေ့နိုင်သည်။ သို့သော် မိန်းမများတွင် ထို ဟော်မုန်းပမာဏ နည်းသည်။အန်ဒရိုဂျင်သည် အပျိုဖော်ဝင်ချိန်နှင့် ကိုယ်ဝန်ဆောင်ချိန်တွင် မိန်းမနှင့် ယောက်ျား နှစ်ဦးလုံးတွင် ထွက်သည့် ပမာဏ များသည့်အတွက် အဆီဂလင်းများတွင် အဆီဖြစ်ပေါ်မှု များစေသည်။ ထိုအဆီသည် သင့်အရေပြားကို နူးညံ့ပြီး စိုစွတ်စေသည်။ သို့သော် အဆီထွက်မှု များလွန်းလျှင် ဆဲလ်အသေများနှင့် ရောပြီး အရေပြားရှိ ချွေးပေါက်များကို ပိတ်စေသောကြောင့် ဝက်ခြံဖြစ်နိုင်သည်။ထိုအဆီသည်P. acnesဟု ခေါ်သော ဝက်ခြံကို ဖြစ်စေသော ဘက်တီးရီးယား တစ်မျိုးအတွက် အာဟာရလည်း ဖြစ်စေသည်။အရေပြားအထူးကု ဆရာဝန်များသည် ဝက်ခြံကို ကုသရန် ဟော်မုန်းကုသမှုကို ညွှန်ကြားနိုင်ပါသည်။သန္ဓေတားဆေး သောက်ဆေးသည် သွေးထဲတွင် အန်ဒရိုဂျင် ဟော်မုန်းကို နည်းစေပြီး အီစထရိုဂျင် ဟော်မုန်းကို တက်စေသည်။ ထို့ကြောင့် ဝက်ခြံထွက်ခြင်းကို သက်သာစေသည်။ သန္ဓေတားဆေးကို တစ်မျိုးတည်း ဖြစ်စေ၊ ဆီးဆေးနှင့် ဖြစ်စေ တွဲ၍ အသုံးပြုနိုင်သည်။ဤနည်းလမ်းများသည် လူနာအများစုအတွက် ဘေးကင်း စိတ်ချရသော်လည်း တချို့သော လူနာများသည် သန္ဓေတားဆေးကို အသုံးပြုသောအခါ သတိထားသင့်ပါသည်။သင့် ဝက်ခြံပေါက်ခြင်းနှင့် ကျန်းမာရေး အခြေအနေကို ဟော်မုန်းကုသမှု မယူခင် သင့်ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးရပါမည်။ ထိုနည်းလမ်းများကို အသုံးပြုသည့် အခါတွင် ဆရာဝန်၏ လမ်းညွှန်မှုအတိုင်း ဆောင်ရွက်သင့်ပါသည်။ဝက်ခြံ ပေါက်ခြင်းသည် အကြောင်းရင်း များစွာကြောင့် ဖြစ်နိုင်ပါသည်။ အဖြစ်အများဆုံးသည် ခန္ဓါကိုယ်တွင် ဟော်မုန်း ပြောင်းလဲခြင်းကြောင့် ဖြစ်သည်။ ဟော်မုန်း ပမာဏသည် အပျိုဖော်ဝင်ချိန်၊ ကိုယ်ဝန် ဆောင်ချိန်များတွင် ပြောင်းလဲနိုင်သည်။ထို့ကြောင့် ဝက်ခြံပေါက်ခြင်းသည် အပျိုဖော်ဝင်စ လူငယ်များတွင် အဖြစ်များပါသည်။ ဟော်မုန်းဖြင့် ကုသခြင်းသည် တစ်ခါတစ်ရံ ဝက်ခြံကို ကုသရာတွင် အသုံးပြုနိုင်ပါသည်။ သို့သော် ကုသမှုကို ဆရာဝန်က ကောင်းစွာ ကြီးကြပ်သင့်ပါသည်။Hello Health Group သည် ကျန်းမာရေး အကြံပြုချက်များ၊ ရောဂါအမည် တပ်ခြင်းများနှင့် ကုသခြင်းများကို မပြုလုပ်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/period-affects-acne/
မြေပဲနဲ့ ဓါတ်မတည့်တဲ့သူတွေထဲမှာ သင်ရောပါလား
ဓါတ်မတည့်စာတွေထဲမှာ မြေပဲနဲ့ ဓါတ်မတည့်တဲ့ ပြဿနာက တော်တော်လေးကို အတွေ့များတဲ့ ကိစ္စပါ။ နည်းနည်းလေး စားမိရုံနဲ့ ဆိုးဆိုးရွားရွားဓါတ်မတည့်တဲ့ လက္ခဏာတွေ ပြပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်စေတဲ့အထိ ပြင်းထန်နိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေမှာ အလွန်အဖြစ်များပြီး အသက်ကြီးလာတဲ့အခါ ပျောက်သွားတာမျိုးလည်း ရှိသလို တစ်ဘဝလုံး မြေပဲနဲ့ ဓါတ်မတည့်တဲ့သူတွေလည်း အများကြီးပါပဲ။ပုံမှန်အားဖြင့် ဓါတ်မတည့်တဲ့လက္ခဏာတွေဟာ စားပြီး မိနစ်အနည်းငယ်အတွင်းမှာ သိသိသာသာ ပြလာတတ်ပါတယ်။ လက္ခဏာက သိပ်ပြီး မပြင်းထန်ဘူးဆိုရင်။တစ်ခါတလေမှာ ဒီလက္ခဏာတွေက ပိုဆိုးလာဖို့အတွက် ရှေ့ပြေးလက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။ ဓါတ်မတည့်အခြေအနေ ပြင်းထန်လာတဲ့အခါ။အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ပြင်းထန်တဲ့ အခြေအနေတွေမှာ။အထက်မှာ ပြခဲ့တဲ့ လက္ခဏာတွေထဲက ၂မျိုးနဲ့ အထက် သို့မဟုတ် အသက်ကောင်းစွာ မရှူနိုင်တဲ့အခြေအနေဆိုရင်တော့ အရေးပေါ်အခြေအနေလို့ သတ်မှတ်ပြီး ဆရာဝန်နဲ့ အမြန်ပြဖို့ လိုပါတယ်။ ကိုယ်က မြေပဲနဲ့ ဓါတ်မတည့်တာ ဖြစ်တဲ့အတွက် စားလိုက်တဲ့အစားအစာထဲမှာ မြေပဲနဲ့ ပတ်သက်တာ လုံးဝမပါဖို့ကို သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဓါတ်မတည့်အခြေအနေ ပြင်းထန်တဲ့ လူနာကို Epinephrine ဆေးထိုးပေးမှာဖြစ်ပြီး ဆရာဝန်အနေနဲ့ လိုအပ်လာရင် ကြိုတင်ကာကွယ်လို့ရမယ့် သောက်ဆေးတွေကို ညွှန်းပေးမှာဖြစ်ပါတယ်။သိပ်ပြီး မပြင်းထန်တဲ့ ဓါတ်မတည့်အခြေအနေ ဥပမာ – အရေပြားယားတာ၊ အင်ပျဉ်ထတာအတွက် ဆေးဆိုင်တွေမှာ အလွယ်တကူ ဓါတ်မတည့်ပျောက်ဆေး မေးဝယ်လို့ရပါတယ်။ ဒီဆေးတွေဟာ သာမန်လက္ခဏာတွေကိုပဲ သက်သာစေပြီး ပြင်းထန်လွန်းတဲ့အခြေအနေမျိုးမှာတော့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။မြေပဲကို အစိမ်းလိုက်စားတာမျိုးလည်း ရှိသလို ဟင်း၊ မုန့်တွေထဲ ရောချက်တာမျိုးလည်း ရှိတာကြောင့် ကိုယ့်အနေနဲ့ အစားအစာကို မစားခင် ပါဝင်ပစ္စည်းတွေကို သေချာမေးပြီး စစ်ဆေးဖို့လိုပါတယ်။ သတိထားဖို့ လိုတဲ့အစားအစာတွေကတော့။အကောင်းဆုံးကတော့ ကိုယ်နဲ့ ဓါတ်မတည့်တဲ့ အစားအစာကို ယောင်လို့တောင် အရသာခံ မစားလိုက်ဖို့နဲ့ ဘာမဆို မစားခင်မှာ ကြိုပြီးမေးထားတာ အကောင်းဆုံးပါပဲ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/food-allergies/%e1%80%b1%e1%80%bb%e1%80%99%e1%80%95%e1%80%b2%e1%80%94%e1%80%b2%e1%82%94-%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%99%e1%80%90%e1%80%8a%e1%80%b9%e1%80%b7%e1%80%90%e1%80%b2%e1%80%b7%e1%80%9e%e1%80%b0/
မှန်ကန်သောနေလောင်ခံခရင်မ်ကိုဘယ်လိုရွေးချယ်မလဲ
နေရောင်(ခရမ်းလွန်ရောင်ခြည်)ဒဏ်မှကာကွယ်ခြင်းသည် အရေပြားထိန်းသိမ်းမှုတွင်အရေးပါဆုံးသောအပိုင်းဖြစ်ပါ တယ်။ အထိရောက်ဆုံးနည်းလမ်းကတော့နေလောင်ခံ ခရင်မ် ကိုသုံးခြင်းဖြစ်ပါတယ်။ သင့်အရေပြားနှင့် သင့်လျော် သောနေလောင်ခံခရင်မ်အမျိုးအစားကိုရွေးချယ်နိုင်ရန် အ ချက်အလက်တချို့ကိုဖော်ပြလိုက်ပါတယ်။နေလောင်ခံခရင်မ်မရွေးခင်အညွှန်းကိုဖတ်ပါ။ ပါဝင်ပစ္စည်း နှင့် ကုန်ပစ္စည်း၏လုပ်ဆောင်ပုံကိုဖော်ပြထားပါလိမ့်မည်။ခရမ်းလွန်ရောင်ခြည်အေ နှင့်ဘီ နှစ်မျိုးစလုံးကအရေပြားကို အန္တရာယ်ဖြစ်စေနိုင်ပြီး အရေးအကြောင်းများ၊ အရေပြား ခြောက်သွေ့ခြင်း နှင့် ကင်ဆာကိုပါဖြစ်စေနိုင်ပါတယ်။ နေလောင်ခံခရင်မ်အများစုက ခရမ်းလွန်ရောင်ခြည်ဘီကို သာကာကွယ်နိုင်ပါတယ်။Broad-spectrum ဟုအညွှန်း တပ်ထားသောခရင်မ်သာလျှင် ရောင်ခြည်နှစ်မျိုးလုံးကိုကာ ကွယ်နိုင်ပါတယ်။ ၎င်းထုတ်ကုန်များတွင်ယေဘူယျအားဖြင့် benzophenones, salicylates, titanium dioxide, zinc oxide များပါဝင်ပါတယ်။အရေပြားသည်နေရောင်ခြည်နှင့်၁၀မိနစ်လောက်ထိတွေ့ရုံ နှင့်လောင်ကျွမ်းနိုင်သောကြောင့် SPF no.ပါသောခရင်မ်ကို ရွေးချယ်သင့်ပါတယ်။ SPF no.သည် UVBမှဘယ်နှဆကာ ကွယ်နိုင်သည်ကို ဖော်ပြပါတယ်။ SPF 15 ပါသောခရင်မ် များသည် UVB မှ ၉၃% ကာကွယ်နိုင်ပြီး အရေပြား ကင်ဆာနှင့် အိုမင်းရင့်ရော်ခြင်းကိုတော့မတားဆီးနိုင်ပါဘူး။ SPF 30 သည် UVB မှ ၉၇%၊ SPF 50 သည် ၉၈%၊ SPF 100 သည် ၉၉% အသီးသီးကာကွယ်နိုင်ပါတယ်။ရေစိုခံနေလောင်ခံခရင်မ်ဆိုသည်မှာ ရေစိုသော်လည်းမိနစ် ၄၀မှ၈၀ အထိအာနိသင်မပျယ်ခြင်းကိုဆိုလိုပါတယ်။ နေလောင်ခံခရင်မ်ကို ၂နာရီခြား တစ်ကြိမ်လိမ်းသင့်ပြီး ချွေး ထွက်ရေစိုလျှင်ပိုလိမ်းသင့်ပါတယ်။ကလေးငယ်များ၏အရေပြားဟာထိခိုက်လွယ်သောကြောင့် လူကြီးသုံးသောခရင်မ်များနှင့်မတည့်နိုင်ပါဘူး။ ကုန်ပစ္စည်း တွင် para-aminobenzoic acid(PABA) သို့ benzophenones ပါဝင်ပါက ကလေးငယ်များတွင်မသုံး သင့်ပါဘူး။ ကလေးသုံးနေလောင်ခံခရင်မ်များတွင် titanium oxide နှင့် zinc oxide များပါဝင်ပါတယ်။အရေပြားပြဿနာရှိပါက ကလေးသုံးနေလောင်ခံခရင်မ်များ ကိုအသုံးပြုသင့်ပါတယ်။ para-aminobenzoic acid(PABA) သို့ benzophenones၊ alcohol ပါသော ပစ္စည်းများကိုမသုံးသင့်ပါဘူး။ titanium oxide နှင့် zinc oxide ပါဝင်သောခရင်မ်ကိုအသုံးပြုသင့်ပါတယ်။သင့်အသားအရေသည်ဝက်ခြံဖြစ်လွယ်ပါက ခရင်မ်ပုံစံကိုမ ရွေးချယ်သင့်ပါဘူး။အသားခြောက်သူများသည် moisturizer ပါဝင်သောခရင်မ် ကိုသုံးသင့်ပါတယ်။ ၎င်းတွင် အဆီများပါဝင်ပြီး ခရင်မ် သို့ lotions ပုံစံနှင့်ရနိုင်ပါတယ်။အသားညိုသူအများစုသည် နေလောင်ခံခရင်မ်သုံးခြင်းဖြင့် အသားအရေကိုမထူးခြားစေနိုင်ဟုယူဆသောကြောင့် သုံးဖို့ ငြင်းပယ်ကြပါတယ်။ သို့သော်လည်း လူတိုင်းနေလောင်၍ အသားအရေပျက်စီးနိုင်သောကြောင့်သုံးဖို့လိုအပ်ပါတယ်။ ဒါကြောင့်သင့်အသားအရေနှင့်လိုက်ဖက်သောနေလောင် ခံခရင်မ်ကိုရွေးချယ်လိုက်ပါ။နေရောင်ကြောင့်အရေပြားပျက်စီးနိုင်သောကြောင့်အသက် အရွယ်မရွေးနေလောင်ခံခရင်မ်ကိုသုံးသင့်ပါတယ်။ နေရောင်ကြောင့် အရေးအကြောင်းများ၊ အမဲစက်များ ဖြစ် ပေါ်စေပြီး အိုမင်းရင့်ရော်စေနိုင်ပါတယ်။ အသက်ကြီးသူများ အတွက် စပရေးပုံစံနေလောင်ခံခရင်မ်က ပို၍အသုံးဝင်နိုင် ပြီး အသုံးပြုရလွယ်ကူစေနိုင်မှာပါ။သင့်လျော်သောနေလောင်ခံခရင်မ်ရွေးချယ်ဖို့သိပ်တော့မ လွယ်ကူပါဘူး။ ဝယ်ဖို့မဆုံးဖြတ်မီသင့်အရေပြားအမျိုးအ စား၊ လိုအပ်ချက်နှင့် အညွှန်းကိုသေချာစွာဖတ်ရှုပါ၊။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%99%e1%80%be%e1%80%94%e1%80%ba%e1%80%80%e1%80%94%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac%e1%80%94%e1%80%b1%e1%80%9c%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%81%e1%80%b6%e1%80%81%e1%80%9b%e1%80%84/
နွေရာသီ နှင့် လေ့ကျင့်ခန်းလုပ်ခြင်း
အခုလို နွေရာသီ အချိန်ရောက်လာတဲ့အခါ အထူးသဖြင့် အပူပိုင်းဒေသတွေမှာ နေထိုင်တဲ့ သူတွေဟာအပူဒဏ်ကို အလွန့်အလူး ခံစားကြရပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာလည်း အပူကြောင့် ဖြစ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေနဲ့ အပူဒဏ်ကြောင့် အသက်ဆုံးရှုံးမှုတွေ များလာတာကို တွေ့ရပါတယ်။နေပူအောက်မှာ အချိန်အကြာကြီး အလုပ်လုပ်တာ၊နေရောင်ကို ကာကွယ်တဲ့ ပစ္စည်းတွေ အသုံးမပြုတာ၊ရေဓာတ်ဆုံးရှုံးတာ၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တာ စတာတွေကြောင့်အပူလျှပ်ခြင်း၊ သတိလစ်ခြင်းတွေဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့်လည်း ဒီလို ပူပြင်းတဲ့ ရာသီမှာ တတ်နိုင်သလောက် အပူဒဏ်ကို ရှောင်ပြီးနေကြဖို့၊ မိမိကိုယ်ကို ဂရုစိုက်ကြဖို့၊ ပူပြင်းတဲ့နေရောင်အောက်မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ရော ကိုယ်ကိုပါ ကောင်းကျိုးတွေ အများကြီးဖြစ်စေနိုင်ပေမယ့် ဒီလို ပူပြင်းလွန်းတဲ့ နွေရာသီမှာ လုပ်မယ်ဆိုရင်တော့ ဂရုမစိုက်မိရင် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ အပူဒဏ်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကိုလည်း ကာကွယ်နိုင်အောင်၊ စိတ်ရော ကိုယ်ပါ ကျန်းမာအောင် လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ဘယ်လို အချက်လေးတွေကို ဂရုစိုက်ပေးသင့်တယ်ဆိုတာလေးတွေ ပြောပြပေးချင်ပါတယ်။၁။ အပူဒဏ်သက်သာတဲ့ အချိန်မှာ လုပ်ပါ။မနက် ၁၀နာရီ လောက်ကနေ ညနေ ၃နာရီ၊ ၄ နာရီလောက်အထိဟာ တစ်နေ့တာရဲ့ အပူပြင်းဆုံးအချိန်တွေလို့ ပြောလို့ရပါတယ်။ ဒါ့ကြောင့် အဲဒီ အချိန်တွေကိုရှောင်ပြီး မနက်ခင်း စောစော ဖြစ်ဖြစ်၊ ညနေခင်းမှာပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။၂။ အရိပ်ရပြီး လေဝင်လေထွက် ကောင်းတဲ့နေရာမှာ လုပ်ပါ။နေပူထိုးပြီး လှောင်ပိတ်နေတဲ့ အခန်းတွေ၊ အလုံပိတ်နေရာတွေမှာ လုပ်တာကို ရှောင်ကြဉ်ရပါမယ်။ အဲယားကွန်းတပ်ဆင်ထားတဲ့ အခန်းတွေ (သို့) အရိပ်လည်းကောင်းကောင်းရ၊ အေးမြပြီး  လေဝင်လေထွက်လည်း ကောင်းတဲ့ အခန်းတွေ၊ ပတ်ဝန်းကျင် တွေမှာ ရွေးချယ်ပြီး လုပ်သင့်ပါတယ်။၃။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ရှောင်ပါ။ဒီလို ပူပြင်းတဲ့ နွေရာသီ မှာ ခန္ဓာကိုယ်အပူချိန်ကို တက်လာစေနိုင်တဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ (ဥပမာ- ပြေးတာ၊ ကြိုးခုန်တာ) စတဲ့လေ့ကျင့်ခန်းတွေ လုပ်တာကို ရှောင်သင့်ပါတယ်။ ဒီလို အချိန်မှာ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေကိုပဲ လုပ်ကြဖို့ အကြံပေးချင်ပါတယ်။၄။ မကြာခဏ အနားယူပါ။လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါမှာ ဆက်တိုက်အကြာကြီး အလွန်အကျွံ မလုပ်သင့်ပါဘူး။ ဆက်တိုက်လုပ်တဲ့ အခါမှာခန္ဓာကိုယ်အပူချိန်တွေ အများကြီးတက်လာပြီး မထိန်းညှိနိုင်တော့တဲ့အတွက် အန္တရာယ်ရှိပါတယ်။ နောက်တစ်ချက်ကတော့ ကိုယ်လုပ်နိုင်တဲ့ ပမာဏကို သိထားပြီး အဲဒီထက်ပို မလုပ်မိဖို့ လည်း အရေးကြီးပါတယ်။ အခုမှ လေ့ကျင့်ခန်းတွေကို စလုပ်တဲ့ သူတွေဆိုရင်တော့ ခန္ဓာကိုယ်က နေသားမကျသေးတဲ့အတွက် စစချင်းမှာ အများကြီးမလုပ်ဘဲ ဖြည်းဖြည်းချင်း စသင့်ပါတယ်။၅။ အရည်များများသောက်ပါ။အထူးသဖြင့် ပူပြင်းတဲ့ နွေရာသီ မှာ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာချွေးတွေ အများကြီးထွက်လေ့ရှိပါတယ်။ အဲဒီအခါမှာ ရေနဲ့ ဆားဓာတ်တွေ ဆုံးရှုံးရပြီးကြွက်တက်ခြင်း၊ မူးဝေခြင်းတွေ ဖြစ်လာစေပါတယ်။ ဒါ့ကြောင့် ရေ နဲ့ဓာတ်ဆားရည်တွေ များများ ပြန်လည်သောက်သုံးပေးဖို့က အရေးကြီးပါတယ်။၆။ အဝတ်အစားကို သေသေချာချာရွေးချယ်ပါ။ဒီလို ရာသီမှာ လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်တော့ လုပ်တဲ့ အချိန်မှာ ဝတ်တဲ့အဝတ်အစားက အသားအေးပြီး ချောင်ချောင်လည်လည် အဝတ်အစားလေးတွေ ဖြစ်သင့်ပါတယ်။ဒီလို ပူပြင်းတဲ့ နွေရာသီ မှာ လူသားအားလုံး အန္တရာယ်ကင်းကြပါစေ။ရေးသားသူ- Khine Phoo Ngon။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/how-to-do-fitness-activities-in-summer/
စိုင်ယာတီကာ အကြောနာ ကြောင့် ဖြစ်သော နာကျင်မှုကို သက်သာဖို့ ဘာတွေစားသင့်သလဲ
စိုင်ယာတီကာ အကြောနာ(Sciatica) ဆိုသည်မှာ စိုင်ယာတစ် အာရုံကြောတွင် ကို ဖိမိခြင်း (သို့) ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် ဖြစ်သည့် အခြေအနေတစ်ရပ်ဖြစ်သည်။ (၎င်းကို အရပ်ထဲတွင် ပေါင်တန်းခြင်း၊ အကြောညပ်ခြင်း ဟု လည်း ခေါ်ကြသည်)။ သင်သည် စိုင်ယာတစ်အာရုံကြောတစ်လျှောက် နာကျင်ခြင်း နှင့် အခြား ခံစားချက်များကို ခံစားရမည်။ဥပမာ။ ။ ခြေထောက်နာကျင်ခြင်း၊ ထုံကျဉ်ခြင်း နှင့် အားနည်းခြင်း။ နာကျင်မှုသည် ညဖက် (သို့) အထိုင်၊ အထ၊ ရယ်မောခြင်း နှင့် ချောင်းဆိုးခြင်းတို့တွင် ပိုဆိုးသည်။ ရောဂါဖြစ်စေသော အကြောင်းရင်းကို ဖော်ထုတ်ကုသရမည့်အပြင် ကျန်းမာသောအစားအသောက်များစားခြင်းသည်လည်း စိုင်ယာတီကာ အကြောနာ ကြောင့် ဖြစ်သည့် နာကျင်မှုကို သက်သာစေသည်။ဟယ်လီဘက်ငါး (Halibut) သည် နှလုံးခုန်နှုန်း မမှန်ခြင်း၊ သွေးတိုးရောဂါ ကဲ့သို့သော နှလုံးရောဂါများကို ကုသရာတွင် အသုံးပြုသည့်နေရာ၌ နာမည်ကြီးပါသည်။ သို့သော် ဟယ်လီဘက်ငါး (Halibut) သည် အကြောညှပ်ခြင်းကို ကုသရာတွင်လည်း အကူအညီဖြစ်ပါသည်။အထူးသဖြင့် ကြွက်သားတောင့်တင်ခြင်း၊ ကြွက်သားကျုံ့ခြင်း၊ရုန်းခြင်းကြောင့် ဖြစ်သော နာကျင်မှုကို အဓိက သက်သာစေသည်။ အဘယ်ကြောင့်ဆိုသော် ထိုငါးတွင် မဂ္ဂနီဆီယမ် နှင့် ဗီတာမင် ဘီ ၁၂ သိသိသာသာ ပါဝင်သောကြောင့် ဖြစ်သည်။ ထို့ပြင် ဟယ်လီဘက်ငါးသည် အခြား အာဟာရများလည်း များစွာပါဝင်သည်။ ဥပမာ ။ ။ tryptophan ၊ အိုမီဂါ သရီး ဖက်တီးအက်ဆစ်၊ ဆီလီနီယမ်၊ ဖော့စဖောရပ်စ်၊ ဗီတာမင် ဘီ ၃ နှင့် ဗီတာမင် ဘီ ၆ ။အာဟာရမပြည့်ဝသော အစားအသောက်များ (သို့) ကိုယ်အလေးချိန်တက်စေသော အစားအသောက်များသည် စိုင်ယာတစ် အာရုံကြောတွင် ပြဿနာဖြစ်စေသည်။ သို့သော် စိုင်ယာတီကာ အကြောနာခြင်းကို လှုံ့ဆော်ပေးသော၊ ပိုဆိုးစေသော အစားအသောက်ရယ်လို့တော့ သတ်သတ်မှတ်မှတ်မရှိပါ။လေ့လာမှုများအရ ဗီတာမင် ဘီသည် ကျန်းမာသော အာရုံကြောတစ်ရှုးအတွက် မရှိမဖြစ်လိုအပ်သည်။ အစေ့အဆန်များကို သန့်စင်ပြုပြင်ထုတ်လုပ်သော လုပ်ငန်းစဉ်တွင် ဗီတာမင် ဘီ အပါအဝင် တန်ဖိုးရှိသော အာဟာရများကို ဖယ်ထုတ်လိုက်သည်။ ထို့ကြောင့် ပေါင်မုန့်ဖြူ၊ အမျှင်ဓါတ်နည်းသော စီရီယယ်၊ အသင့်စားဆန်၊ ပါစတာ နှင့် ကိတ်မုန့် ဂံျု ဖြင့် ဖုတ်ထားသော မုန့်များ ကဲ့သို့သော ပြုပြင်ထားသော အစေ့အဆန်များအစား သဘာဝအစေ့အဆန်များကို စားသုံးခြင်းသည် အာဟာရနှင့် အမျှင်ဓါတ်အမြောက်အမြား ထောက်ပံ့ပေးပြီး အစာချေဖျက်မှုကို တိုးမြှင့်ပေးကာ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးသည်။သကြား ထပ်ထည့်ခြင်းသည် အချိုအရသာ နှင့် ကယ်လိုရီဓါတ် တိုးမြှင့်ပေးပါသည်။ သို့သော် အာဟာရ များစွာ မဖြစ်သည့်အပြင် သွေးတွင်းသကြားဓါတ်အပေါ် သက်ရောက်မှု များသည်။ သကြားဓါတ်များသော အစားအသောက်များသည် ရောင်ရမ်းခြင်းဖြစ်စဉ်ကို ပိုအားပေးသည်။ထို့ပြင် ထိုအစားအသောက်များကြောင့် လတ်ဆတ်သော အသီးအနှံကဲ့သို့သော ရောင်ရမ်းခြင်းကို တားသည့် အကျိုးများသော အစားအသောက်များကို သိပ်မစားဖြစ်တော့ပါ။ ထပ်တိုးသကြား မြှင့်မားစွာပါဝင်သည့် အစားအစာ ဥပမာ အချို့မှာ သကြားလုံး၊ အချိုရည်၊ ပန်ကိတ်အရည်၊ အချိုပွဲ၊ ကိတ်မုန့်အပေါ်က အလှဆင်ထားသည့် သကြားလွှာ ၊ ကိတ်မုန့် တု့ိဖြစ်ပါသည်။ပြည့်ဝဆီသည် ရောင်ရမ်းခြင်းကို ပိုဖြစ်စေသည်။ ပြည့်ဝဆီ အဓိကရင်းမြစ်မှာ နီရဲပြီး ပြုပြင်ထားသော အသားများ၊ မွေးမြူရေးကြက်၏ ပေါင်၊ခြေထောက်၊အတောင်ပံများ၊ မွေးမြူရေးကြက်အရေခွံ၊ ကြော်ထားသော စားစရာများ၊ အဆီများသော နို့ထွက်ကုန်များ နှင့် ဥအနှစ် တို့ဖြစ်ပါသည်။ သင်သည် အစားအသောက်များတွင် ပြည့်ဝဆီအစား အိုမီဂါ သရီးဖက်တီးအက်ဆစ်ကို အစားထိုး စားသုံးနိုင်သည်။ ၎င်းသည် စိုင်ယာတီကာ အကြောနာ၊ အကြောညပ်ခြင်းနှင့် ဆိုင်သော နာကျင်မှုနှင့် ရောင်ရမ်းခြင်းကို လျော့နည်းစေသည်။အသွင်းပြောင်းဆီများသည် ဓါတုနည်းအရထုတ်လုပ်ထားသော အဆီများဖြစ်သည်။ ၎င်းသည် သင့်ခန္ဓါကိုယ်ရှိ မကောင်းသောအဆီ (LDL) ကို မြှင့်တက်စေပြီး ကောင်းသောအဆီ (HDL) ကို လျော့နည်းစေသည်။ သင်ရှောင်ကြဉ်သင့်သော အသွင်ပြောင်းဆီ အစားအစာများမှာ မာဂျရင်း (သို့) ဟိုက်ဒြိုဂျင် ဓါတ်ပေါင်းထားသော အသီးအရွက်ဆီပါဝင်သော အစားအစာများ ဖြစ်ပါသည်။ယေဘုယျအားဖြင့် အကယ်၍ သင်သည် သင်ခံစားနေရသော စိုင်ယာတီကာ အကြောနာ၊ အကြောညပ်ဝေဒနာ သက်သာစေသော သဘာ၀ အစားအသောက်များကို စားသုံးလိုလျှင် သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%85%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9a%e1%80%ac%e1%80%90%e1%80%ae%e1%80%80%e1%80%ac-%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%94%e1%80%ac-%e1%80%80%e1%80%bc%e1%80%b1%e1%80%ac/
အမျိုးမျိုးသော ခြေထောက်ကူးစက်ပိုးများ
သင့်ခြေထောက်ကို အစဉ်အမြဲဂရုစိုက်နေမယ်၊ သန့်ရှင်းအောင်ထားမယ်ဆိုရင်တောင်မှ သင်နဲ့မတော်တဲ့ရှူးဖိနပ်ကျပ်ကျပ်တွေကြောင့်နဲ့ ရိုးရိုးထိခိုက်ဒဏ်ရာတွေကြောင့် သင့်ခြေထောက်ကိုကူးစက်ပိုးဝင်နိုင်ပါတယ်။ သင့်တွေ့ကြုံနိုင်တဲ့ ခြေထောက်ပိုးဝင်ခြင်းအမျိုးအစားအချို့ကို ရှင်းပြပါမယ်။သင့်အရေပြားပေါက်ပြဲသွားတဲ့အခါမျိုးမှာ ထိုဒဏ်ရာမှတစ်ဆင့် ဗိုင်းရပ်စ်ပိုးသင့်ခန္ဓါကိုယ်ထဲကိုဝင်လာပြီး သင့်ခြေဖဝါးမှာ မာပြီးကြမ်းတမ်းတဲ့ကြွက်နို့တွေ ဖြစ်စေနိုင်ပါတယ်။ ခြေဖနောင့်ပေါ်မှာလည်း အလားတူကြွက်နို့တွေနဲ့ အသားမာတွေပေါ်လာနိုင်ပါတယ်။ အပေါက်သေးသေးလေးတွေ သို့ သေးငယ်တဲ့အမည်းစက်လေးတွေကို ကြွက်နို့တစ်ခုတည်းသို့အပြုံလိုက်ပေါက်နေတဲ့နေရာမှာ တွေ့နိုင်ပါတယ်။ဘယ်လိုကူးစက်ခံရတယ်ဆိုတာကို ရှာမတွေ့သေးပေမဲ့ ဖြစ်ရတဲ့အကြောင်းရင်းက ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးရှိတဲ့လူတွေ သို့ အများသုံးရေကူးကန်၊ ရေချိုးခန်းမျက်နှာပြင်တွေနဲ့ ထိတွေ့မိရာကနေ ကူးစက်ခံရနိုင်ပါတယ်။အန္တရာယ်မပေးနိုင်တဲ့အတွက်ကြောင့် ကုသမှုပေးဖို့မလိုအပ်ပါဘူး။ နာကျင်မှုခံစားရတဲ့အခါမှာတော့ ဖယ်ထုတ်ဖို့ salicylic acidသုံးနိုင်ပါတယ်။ အရမ်းပြင်းထန်တဲ့အခြေအနေတွေမှာတော့ ဖယ်ရှားဖို့ မီးကင်ခြင်း၊ အေးခဲစေခြင်း၊ လေဆာပစ်ခြင်း၊ ခွဲစိတ်ကုသခြင်းက ပိုကောင်းပါတယ်။သင့်အရေပြားမှာ အရည်ကြည်တွေနဲ့ပြည့်နေတဲ့ အရည်အိတ်ဖြစ်နေခြင်းဖြစ်တယ်။ သင့်ခြေထောက်တစ်နေရာတည်းကို ရှူးဖိနပ်နဲ့ထပ်တလဲလဲပွတ်တိုက်မိခြင်း ၊ သင့်ဖိနစ်ချောင်လွန်းခြင်း၊ ကျပ်လွန်းခြင်း၊ ရှူးဖိနပ်စီးတဲ့အခါတွေမှာ ခြေစွပ်မစွပ်ခြင်းကဲ့သို့သောသင့်အရေပြားကိုဆက်တိုက်ပွတ်တိုက်မိခြင်းကြောင့် ဖြစ်ပါတယ်။သင့်အတွက်အကြံပေးလိုတာကတော့ သင့်မှာအရည်ကြည်အိတ်ရှိနေတယ်ဆိုရင် သွားမထိဖို့ဖြစ်ပါတယ်။ ထိကိုင်ခြင်းကြောင့် အကာလေးပေါက်သွားပြီး ကူးစက်ပိုးတွေဝင်နိုင်တာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအစား ဆပ်ပြာအပျော့စားနဲ့ရေသို့ သန့်စင်ပဝါကိုသုံးပြီး ညင်ညင်သာသာဆေးကြောသန့်စင်ပြီး ဘတ်တီးရီးယားဆန့်ကျင်လိမ်းဆေးကို လိမ်းပေးသင့်ပါတယ်။လိုအပ်မယ်ဆိုရင် အရေပြားကိုကူးစက်ပိုးတွေကနေ ကာကွယ်ဖို့ အနာပေါ်မှာ ပိတ်ကျဲနဲ့အုပ်ပြီး ဓါတ်မတည့်မှုအဖြစ်နည်းတဲ့ကပ်ခွာကပ်ပြီး လုံခြုံအောင်ထားနိုင်ပါတယ်။ခြေထောက်မှိုစွဲခြင်းလို့လည်း ခေါ်နိုင်တဲ့ တွေ့ရများတဲ့ခြေထောက်အခြေအနေတစ်ခုဖြစ်ပါတယ်။ ခြေထောက်အရေပြားကို ပါးသွားစေပြီး ခြေသည်းတွေနဲ့ တစ်ခါတစ်ရံလက်တွေထိပါ ပြန့်သွားနိုင်တဲ့ကူးစက်နိုင်တဲ့ မှိုပိုးစွဲခြင်းဖြစ်ပါတယ်။အားကစားသမားခြေထောက်ကူးစက်ပိုးရှိမယ်ဆိုရင် အရေပြားကွာကျခြင်း၊ နီခြင်း၊ ယားခြင်း၊ ပူစပ်ပူလောင်ခံစားရခြင်း၊ တခါတရံအရည်ကြည်ထခြင်း၊ အနာတွေဖြစ်နိုင်ပါတယ်။အများဆုံးပစ္စည်းအပ်ခန်းနဲ့ ရေကူးကန်ဘေးမှာ ခြေဗလာလျှောက်ခြင်းသို့ ရောဂါပိုးရှိသူနဲ့တိုက်ရိုက်ထိတွေ့မိခြင်းကြောင့် ကူးစက်ခံရနိုင်ပါတယ်။ ရှူးဖိနပ်တွေတွေက မှိုပိုးကြီးထွားပေါက်ဖွားတတ်တဲ့ နေရာဖြစ်ပြီး အထူးသဖြင့်လေဝင်လေထွက်မကောင်းတဲ့ ခပ်ကျပ်ကျပ်ရှူးဖိနပ်တွေ ဖြစ်ပါတယ်။ဒီအခြေအနေမျိုးက မပြင်းထန်တတ်ပေမဲ့ သင်ပျောက်ကင်းလိုတာကြောင့် ပျောက်ကင်းအောင်ကြိုးစားဖို့လိုကောင်းလိုပါလိမ့်မယ်။ သင့်မှာဆီးချိုရောဂါရှိခြင်း သို့ သငိကိုယ်ခံအားစနစ်က မကောင်းဘူးအားနည်းနေတယ်ဆိုရင် သင့်ဆရာဝန်နဲ့ အမြန်ဆုံးတွေ့သင့်ပါတယ်။သင့်ခြေထောက်ကူးစက်ပိုးဝင်ခြင်းတွေအတွက် အိမ်မှာပဲကုသမှုပေးနိုင်တဲ့ နည်းလမ်းအချို့ရှိပါတယ်။ သင့်ဘာသာသင်ထိန်းချုပ်ဖို့မနိုင်တော့ဘူးဆိုရင် သင့်ဆရာဝန်နဲ့တိုင်ပင်ပြီး သင့်ရောဂါကိုရောဂါရှာအတည်ပြုနိုင်ပါတယ်။ အခြားသောကျန်းမာရေးအခြေအနေတွေရှိမယ်ဆိုရင်လည်း စမ်းသပ်စစ်ဆေးနိုင်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/infectious-skin-diseases/%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%b1%e1%80%ac-%e1%80%81%e1%80%bc%e1%80%b1%e1%80%91%e1%80%b1%e1%80%ac%e1%80%80%e1%80%ba/
Klinefelter's Syndrome ()
Klinefelter’s syndrome ဆိုသည်မှာ အမျိုးသားများ ဖြစ် သော မျိုးရိုးလိုက်သော ရောဂါတစ်မျိုး ဖြစ်ပါသည်။ ၎င်းသည် ဖွံ့ဖြိုးမှု၏ အဆင့်တိုင်းတွင် ထိခိုက်စေပါသည်။ ခန္ဓါကိုယ်၊ ဘာသာစကား နှင့် လူမှုဆက်ဆံရေး စသည်တို့ ဖြစ်သည်။ ပုံ မှန် အမျိုးသား လိင်ပိုင်းဆိုင်ရာ ဝိသေသများ မဖွံဖြိုးပါ။Klinefelter’s syndrome သည် အမျိုးသား အယောက် ၄၀၀ တွင် ၁ယောက်မှ အယောက် ၁၀၀၀ တွင် ၁ယောက် အထိ ဖြစ်နိုင်ပါသည်။ဆယ်ကျော်သက်လူငယ် များနှင့် အမျိုးသားများတွင် ခန္ဓါ ကိုယ်နှင့် နှိုင်းယှဉ်ပါက ခြေ၊ လက်များ ရှည်ခြင်း ဖြစ်နိုင်သည်။ ဆယ်ကျော်သက်များသည် အခြား ကောင်လေးများထက် ကြွက်သား ဖွံဖြိုးမှု နည်းနိုင်ပါသည်။ မိမိကိုယ်ကို ဖော်ပြရာတွင် ပြဿနာများ ရှိခြင်း၊ ရှက်တက်ခြင်း၊ လူမှု အဖွဲ့တစ်ခု၏ တစ် စိတ်တစ်ဒေသဖြစ်ရန် ပြဿနာရှိခြင်း တို့ဖြစ်နိုင်ပါသည်။အမျိုးသားများသည် သုတ်ကောင် အရေအတွက် ကျခြင်း သို့မဟုတ် သုတ်ကောင် မရှိခြင်းဖြစ်သည်။ ထို့ကြောင့် မျိုးမ အောင်ခြင်း ဖြစ်သည်။ ဝှေးစေ့များသည် သေးငယ်ပြီး တင်း မာသည်။ အချို့အမျိုးသားများတွင် အမျိုးသမီး များကဲ့သို့ ရင်သားဖွံ့ဖြိုးခြင်းများ ဖြစ်နိုင်သည်။အမျိုးသားများသည် လိင်အင်္ဂါတောင့်တင်းရန် ခက်ခဲခြင်း၊ လိင်တံ သေးခြင်း၊ မုတ်ဆိတ်ပေါက်မှု နည်းခြင်း၊ ချိုင်းမွေး နှင့် ဆီးခုံမွေးနည်းခြင်း တို့ဖြစ်နိုင်သည်။ရောဂါလက္ခဏာများသည် ကွဲပြားခြားနားပါသည်။ ထိုရော ဂါသည် အရိုးပွခြင်းကို ဖြစ်စေနိုင်သည်။ ရင်သားကင်ဆာ ဖြစ် နိုင်ချေကိုလည်း မြင့်စေသည်။ တစ်ခါတစ်ရံ ကိုယ်ရည်ကိုယ် သွေး ဆိုင်ရာ ရောဂါများ ဖြစ်နိုင်သည်။အထက်တွင် ဖော်ပြမထားသော အခြားလက္ခဏာများ လည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။အောက်ပါတို့မှ တစ်ခုခုရှိပါက ဆရာဝန်နှင့် ဆက်သွယ် သင့်ပါသည်။သင့်သားသည် အခြား ကောင်လေးများထက် ဖွံ့ဖြိုးမှု နှေးပုံပေါ်ပါက သင့်သားကို ဆရာဝန်နှင့် ပြသပါ။ရင်သား တစ်ရှူးများ ကြီးခြင်း၊ လိင်အင်္ဂါများ သေးခြင်း နှင့် ဝှေးစေ့ သေးခြင်း မာခြင်း တို့ ပါဝင်သည်။အကာအကွယ် မသုံးဘဲ ပုံမှန် လိင်ဆက်ဆံရင်း တစ်နှစ်ကျော်သည် အထိ သင့်ကြင် ဖော်သည် ကိုယ်ဝန်မရပါက ဆရာဝန်အား သွား ရောက်ပြသပါ။ မျိုးမအောင်ခြင်းသည် Klinefelter’s syndrome ထက် အခြား တစ်စုံတစ်ခုကြောင့် ဖြစ် နိုင်သည်။ သို့သော် အမျိုးသားအများစုသည် ဖခင် မဖြစ်နိုင်မှန်း သိကာမှ ရောဂါရှိကြောင်း သိရှိကြသည်။သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။ဖြစ်စေသော အကြောင်းရင်းသည် လိင် ခရိုမိုဆုန်းများ တွင် ချို့ယွင်းမှုကြောင့်ဖြစ်သည်။ ပုံမှန် အမျိုးသမီးများတွင် 46,XX ဟူသော ခရိုမိုဆုန်း ပုံစံရှိသည်။ ပုံမှန်အမျိုးသားများ တွင် 46,XY ပုံစံရှိသည်။ထိုရောဂါတွင် 47,XXY ပုံစံဖြစ်သည်။ ထိုအပိုပါသော X ခရိုမိုဆုန်းသည် သားအိမ်အတွင်းနှင့် အရွယ် ရောက်ချိန်တွင် ဖြစ်သော ပုံမှန် အမျိုးသား လိင် ဖွံ့ဖြိုး မှုများကို နှောင့်ယှက်ပါသည်။Klinefelter’s syndrome ဖြစ်နိုင်ချေကို မြင့်စေသော အ ချက်များစွာ ရှိပါသည်။ ဥပမာ-။Klinefelter’s syndrome သည် ပုံမှန်မဟုတ်သော မျိုးဗီဇ ဖြစ်စဉ်များ ကြောင့် ဖြစ်ပွားပါသည်။ Klinefelter’s syndrome ဖြင့် ကလေးတစ်ယောက် မွေးဖွားနိုင်ချေကို မိဘမှ ပြုလုပ်ခြင်း မပြုလုပ်ခြင်းဖြင့် မတိုးမြှင့်နိုင်ပါ။ အသက်ကြီးသော မိခင်များ တွင်မူ ဖြစ်နိုင်ချေသည် အနည်းငယ် မြင့်နိုင်ပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် ပုံမှန် မဖွံ့ဖြိုးသော ယောက်ျားလေးအား ခန္ဓါကိုယ် စစ်ဆေးမှု ပြုလုပ်ခြင်းဖြင့် ရောဂါအဖြေရှာနိုင်ပါ သည်။ ပါးစပ်တွင်းရှိ ဆဲလ်များကို ယူ၍ ခရိုမိုဆုန်းများ စစ်ဆေး မှုသည် ခရိုမိုဆုန်း အရေအတွက်နှင့် အမျိုးအစားကို သိနိုင် သည်။ တစ်ခါတစ်ရံ ကလေးမရခြင်းကြောင့် ဆရာဝန်အား လာရောက်ပြသကြသည်။သွေးစစ်မှုတွင် ကျားဟော်မုန်းများ နည်းနေပြီး အခြားဟော်မုန်းဖြစ်သော follicle-stimulating hormone (FSH) များနေသည်ကို တွေ့ရမည်။မျိုးမအောင်ခြင်းကို ကုသ၍ မရပါ။ အဘယ်ကြောင့်ဆို သော် ဝှေးစေ့များသည် သုတ်ကောင်ကို မထုတ်လုပ်နိုင်သော ကြောင့်ဖြစ်သည်။ ကျားဟော်မုန်း အစားထိုးခြင်းသည် အမျိုး သား လိင်ပေါင်းဆိုင်ရာ ဝိသေသများပေါ်ရန် ကူညီနိုင်သည်။ကျားဟော်မုန်းကို ထိုးဆေး သို့မဟုတ် အရေပြားပေါ်တွင် ကပ်ခြင်း ဖြင့် ပေးနိုင်ပြီး ပုံမှန် အမျိုးသားကြွက်သား ဖွံဖြိုးမှု နှင့် အမွေးပေါက်မှု (မုတ်ဆိတ်မွေး၊ ချိုင်းမွေး၊ လိင်အင်္ဂါမွေး) များကို ဖြစ်စေသည်။ကျားဟော်မုန်း ပိုလျှံစွာ များခြင်းသည် စိတ်နေစိတ်ထား ပြောင်းလဲခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ ပုံမှန် မဟုတ်စွာ သုတ်ရည်ဂလန်း ကြီးထွားခြင်း၊ သွေးပေါင်တက် ခြင်းတို့ကို ဖြစ်စေပါသည်။ ကျားဟော်မုန်း အရေပြားကပ် သည့်အပြားများ အသုံးပြုခြင်းသည် အရေပြား ဓါတ်ပြုမှုကို ဖြစ်စေနိုင်ပါသည်။အမျိုးသမီးကဲ့သို့ ရင်သားကြီးခြင်းကို ခွဲစိတ်ကုသခြင်းဖြင့် ကုသနိုင်ပါသည်။ ရင်သားအတွင်းရှိ အလုံးကို ရင်သားကင် ဆာအတွက် စစ်ဆေးသင့်ပါသည်။အရိုးပွခြင်းကို ကျားဟော်မုန်းနှင့် ကယ်စီယမ်၊ ဗီတာမင် ဒီ ပေါင်းပေးခြင်းနှင့် ပုံမှန် အလေးမ လေ့ကျင့်ခန်းများ လုပ်ခြင်း ဖြင့် ကုသနိုင်ပါသည်။လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် Klinefelter’s syndrome ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် Klinefelter’s syndrome ကို ထိန်းချုပ်နိုင် ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/klinefelters-syndrome/
လည်ပင်းတစ်ခြမ်း ညောင်းကိုက်နေတာ ဘယ်လိုကုသမလဲ
လည်ပင်းဆိုတာ ကျွန်တော်တို့ ခန္ဓါကိုယ်မှာ အလုပ်အများဆုံးသော အစိတ်အပိုင်းတွေထဲက တစ်ခုပါ။ သူ့ရဲ့ကြွက်သားေတွက အမြဲလှုပ်ရှားနေပြီး တခြားကိုယ်ခန္ဓါအစိတ်အပိုင်းတွေနဲ့ ကာကွယ်ထားတာ မဟုတ်တဲ့အတွက် အလွယ်တကူ ထိခိုက်မိနိုင်ပါတယ်။ နာကျင်မှုဆိုတာ တစ်ဘက်တည်းဖြစ်နိုင်သလို နှစ်ဘက်လုံး ညောင်းကိုက်တာမျိုးလည်း ရှိပါတယ်။ ပုံမှန်အားဖြင့်တော့နေထိုင်မှုပုံစံေကြာင့် သာမန်ညောင်းကိုက်တတ်ပြီး အာရုံကြောထိခိုက်မိတာ၊ ကျောရိုးထိခိုက်မိတာ အစရှိတဲ့ ကျန်းမာရေးအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။လည်ပင်းဟာ တခြားအစိတ်အပိုင်းတွေနဲ့လည်း ဆက်စပ်နေတဲ့အတွက် သူ့ရဲ့ ကြွက်သားတွေ ညောင်းကိုက်နေပြီဆိုရင် ပုခုံး၊ လက်မောင်း၊ခါး၊ ကျောရိုး၊ မေးရိုး၊ ဦးခေါင်းမှာပါ နာကျင်ကိုက်ခဲမှုတွေ ဆက်တိုက်ဖြစ်လာမှာပါ။ နာကျင်မှုဟာ အချိန်အနည်းငယ်အတွင်း သူ့ဘာသာ ပျောက်ကင်းသွားမယ် ဆိုပေမယ့်လည်း ဆက်တိုက်ဆိုသလို လည်ပင်းက ညောင်းညာကိုက်ခဲနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်တာ အကောင်းဆုံးပါပဲ။ဒါဆိုရင် ဘာကြောင့် မကြာခဏ လည်ပင်းတွေ ညောင်းကိုက်နေရတာလဲဆိုတာနဲ့ပတ်သက်ပြီး ဒီနေ့ဆောင်းပါးလေးမှာ ပြောပြသွားချင်ပါတယ်။ဥပမာဆိုကြပါစို့။ ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီး မလှုပ်မယှက်နဲ့ ထိုင်သုံးနေတာ၊ ခေါင်းကြီးငုံ့ပြီးဖုန်းကို အကြာကြီး စိုက်ကြည့်နေတာမျိုးဟာ ကိုယ့်ရဲ့ လည်ပင်းကြွက်သားတွေကို အားနည်းစေရုံသာမက အရိုးအဆစ်တောင့်တင်းပြီး ဇက်လှုပ်ရှားဖို့ ခက်စေတယ်။ လှုပ်လိုက်တဲ့အခါမှာလည်း နာကျင်ကိုက်ခဲမှုကို ခံစားရနိုင်ပါတယ်။ကြွက်သားနာကျင်ကိုက်ခဲခြင်းမှာ အိပ်တဲ့အနေအထားဟာလည်း အများကြီး စကားပြောပါတယ်။ ကိုယ်က မှောက်ပြီး အိပ်နေတာ၊ လည်ပင်းကို ဘေးတစ်ခြမ်းစောင်းပြီး အိပ်နေတာ၊ ခေါင်းအုံးတွေ အများကြီးထပ်ပြီး အိပ်နေတာမျိုးက ဦးခေါင်းနဲ့ လည်ပင်းကို တစ်သားတည်းမဖြစ်စေလို့ လည်ပင်းကြွက်သားနာကျင်ပြီးဇက်ကြောတက်တာတွေ ဖြစ်တတ်ပါတယ်။လမ်းလျှောက်ရင် ခါးကြီးကိုင်း၊ ခေါင်းငုံ့ပြီး လျှောက်တတ်တဲ့သူတွေ၊ ထိုင်တဲ့အချိန် ခါးကို မတ်မတ်မထားဘဲ ကုန်းကုန်းကြီး နေတဲ့သူတွေ ကြာလာရင် လည်ပင်းနဲ့ ပုခုံးကြွက်သားတွေ ညောင်းညာကိုက်ခဲစေရုံသာမက ကျောရိုးကလည်း တဖြည်းဖြည်း အရှေ့ကို စောင်းလာနိုင်ပါတယ်။စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်တတ်တဲ့ စိတ်တွေဟာလည်း ကြွက်သားတွေကို တင်းစေပြီး နာကျင်ကိုက်ခဲမှုကို ဖြစ်စေပါတယ်။ အထူးသဖြင့် ဦးနှောက်ထဲ သွေးစီးဆင်းတဲ့ လည်ပင်းနဲ့ပုခုံးတစ်လျှောက်မှာ နာကျင်မှုကို ပိုပြီး ခံစားရတတ်ပါတယ်။အရင်တုန်းက လည်ပင်းကို ပြင်းပြင်းထန်ထန် ထိခိုက်မိထားရင် အဲ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ လည်ပင်းကြွက်သားနဲ့ အရွတ်တွေမှာ ဒဏ်ဖြစ်နိုင်ပါတယ်။ ဒီဒဏ်ရာတွေ ကျန်နေတဲ့အချိန်မှာ ခါးနဲ့ လည်ပင်းအနေအထား ပုံမမှန်တာ၊ ကြွက်သားတွေကို အရမ်းအလုပ်လုပ်ခိုင်းတဲ့အချိန်မှာ ညောင်းညာကိုက်ခဲတာတွေ ဖြစ်နိုင်ပါတယ်။အသက်ကြီးလာတာ၊ တခြားကျန်းမာရေးပြဿနာတွေ ကြုံလာရတဲ့အခါကိုယ်ခံအားစနစ်သာမက ကြွက်သားနဲ့ အရိုးအဆစ်တွေ၊ အာရုံကြောစနစ်တွေပါ အားနည်းလာနိုင်ပါတယ်။သာမန် ဇက်ကြောတက် ကြွက်သားညောင်းကိုက်တာကိုတော့ အောက်မှာပြထားတဲ့ အိမ်တွင်းနည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။၁။ ဆေးဆိုင်မှာ အကိုက်အခဲပျောက်ဆေး ဝယ်သောက်တာ။၂။ ညောင်းကိုက်နေတဲ့ နေရာကိုရေခဲအုံပေးတာ။၃။ ရေခဲကပ်ပြီး နာရီဝက်နေရင် ရေနွေးဝတ်ကပ်ပေးတာ ဒါမှမဟုတ် ရေနွေးစိမ်ချိုးတာ။၄။ လည်ပင်းကို ဘေးဘက်ကို ဖြည်းဖြည်းချင်း စောင်းပြီး လေ့ကျင့်ခန်းလုပ်တာ။၅။ တောင့်တင်းနေတဲ့ လည်ပင်းကြွက်သားတွေကို ဖြည်းဖြည်းချင်း ဆန့်ထုတ်တာ။၆။ တစ်နေရာထဲမှာ ငြိမ်ငြိမ်လေးထိုင်မနေဘဲလှုပ်လှုပ်ရှားရှားနေပေးတာ။၇။ တစ်ယောက်ယောက်ကို ဇက်ကြောနှိပ်ခိုင်းတာ။၈။ ခါးကို မတ်မတ်ထားပါ။၉။ ညအိပ်တဲ့အခါ ခေါင်းအုံးတစ်လုံးပဲ ခံထားပါ။၁၀။ ဘေးစောင်းအိပ်တာမျိုး မလုပ်ဘဲ လည်ပင်းနဲ့ ခေါင်း တစ်ပြေးညီတည်းဖြစ်စေဖို့ ပက်လက်အိပ်ပါ။၁၁။ တရားထိုင်တာ၊ ယောဂကျင့်တာမျိုး လုပ်ပေးလို့ ရပါတယ်။ဒီနည်းလမ်းတွေ လုပ်ကြည့်လို့မှ လုံးဝမသက်သာဘူး၊ ပိုဆိုးလာတယ်၊ ရက်တော်တော်လေးကြာတဲ့အထိ မပျောက်သွားတာ၊ ဒါမှမဟုတ် အမြဲလိုလို ဇက်ကြောတက်ပြီး ညောင်းကိုက်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်ပြီး MRI ရိုက်တာ၊ CT Scan ဖတ်ဖို့ လိုအပ်ပါတယ်။ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကိုတော့ ဆရာဝန်ကပဲ အကြံဉာဏ်ပေးသွားမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဇက်ကြောတက်တာ၊ လည်ပင်းကြွက်သား ညောင်းကိုက်တာတွေဟာ တခြားစိုးရိမ်စရာ ကျန်းမာရေးပြဿနာတွေကြောင့် မဟုတ်ဘဲ ကိုယ့်ရဲ့ နေပုံထိုင်ပုံနဲ့သာ သက်ဆိုင်နေတာဖြစ်တာကြောင့် ကုသဖို့လည်း အရမ်းလွယ်ကူပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%9c%e1%80%8a%e1%80%b9%e1%80%95%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%85%e1%80%b9%e1%80%bb%e1%80%81%e1%80%99%e1%80%b9%e1%80%b8-%e1%80%b1%e1%80%8a%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%80/
ဆီးချိုရှိရင် ကိုယ်ဝန်ဆောင်လို့ ရပါ့မလား
ဘေဘီလေးလိုချင်တဲ့ ဆန္ဒက စုံတွဲတိုင်း လိုလိုမှာ ရှိကြပါတယ်။ ကျန်းမာတဲ့ စုံတွဲအတွက် ကလေးယူတယ်ဆိုတာက သိပ်ပြီး စဉ်းစားရမယ့် အကြောင်း မရှိပေမယ့် ကျန်းမာရေးပြဿနာအခံ ရှိတဲ့ စုံတွဲတွေမှာတော့ကလေးယူဖို့ဆိုရင် စဉ်းစားရတဲ့ အချက်တွေက အများကြီးပါ။ ဒီအထဲမှာမှ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားမယ့် မေမေ့မှာ ကျန်းမာရေး ပြဿနာတွေ ရှိနေရင် ပိုပြီး စဉ်းစားရပါတယ်။ ကလေးကိုရော ကျန်းမာရေးပြဿနာက ကူးစက်မလား …. ကလေးက ကျန်းမာပါ့မလားဆိုပြီးတော့ပေါ့။ ဒီတစ်ခေါက်တော့ ဆီးချိုရှိနေတဲ့ မေမေတွေ သိချင်နေလောက်မယ့် မေးခွန်းလေးတစ်ခု ဖြစ်တဲ့ ဆီးချိုရှိရင် ကိုယ်ဝန်ဆောင်လို့ ရပါ့မလား ဆိုတဲ့ မေးခွန်းလေးရဲ့ အဖြေလေးကို ပြောပြပေးချင်ပါတယ်။ဆီးချိုရှိရင် ကိုယ်ဝန်ဆောင်လို့ ရပါ့မလား ဆိုတော့ ရပါတယ်။ ဒါပေမယ့် လိုက်နာရမယ့် အချက်လေးတွေတော့ ရှိပါတယ်။ ဘာတွေများဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။မေမေက အမျိုးအစား -၁ ဆီးချိုရောဂါ ရှိလို့ပဲ ဖြစ်စေ၊အမျိုးအစား -၂ ဆီးချိုရောဂါရှိလို့ပဲဖြစ်စေ ဆီးချိုရောဂါ ရှိနေမယ်။ ဒါပေမယ့် ကလေးယူဖို့လည်း အစီအစဉ် ရှိတယ်ဆိုရင် မြန်နိုင်သမျှ မြန်မြန်ယူကြဖို့ စီစဉ်သင့်ပါတယ်။ ကလေးယူတော့မယ်ဆိုရင် မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် ကလေးမယူခင်မှာ မေမေ့အနေနဲ့ သွေးတွင်းသကြားဓာတ်ကို သေချာလေး ထိန်းသိမ်းဖို့ လိုပါမယ်။ ဒါမှာကျန်းမာတဲ့ ဘေဘီလေးကို မွေးဖွားနိုင်မှာပါ။ကလေးမယူခင်မှာ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို သေချာလေး ခံယူဖို့ လိုပါမယ်။ ဒါမှ ကိုယ်ဝန်ဆောင်ချိန် တစ်လျှောက်လုံးရော မွေးဖွားပြီးချိန်မှာပါ မေမေရော ဘေဘီလေးပါ ကျန်းမာမှာပါ။စီစဉ်ထားတဲ့ ကိုယ်ဝန်။ကြိုတင်စီစဉ်ထားပြီးမှ ကိုယ်ဝန်ဆောင်တာဆိုရင် ကိုယ်ဝန်မဆောင်ခင် ၆ လလောက် အလိုမှာ သေချာလေး ကျန်းမာရေး စောင့်ရှောက်မှု ခံယူဖို့ လိုပါမယ်။ သွေးတွင်းသကြားဓာတ် ထိန်းတာကစလို့ လိုအပ်တဲ့ ဖြည့်စွက်အာဟာရတွေ သောက်သုံးတာလိုမျိုးတွေပေါ့။ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာပြီး သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်း ထိန်းချုပ်နိုင်မယ်ဆိုရင်တော့ ကလေးကို ကျန်းကျန်းမာမာနဲ့ ပုံမှန်အတိုင်း ရိုးရိုးမွေးဖွားနိုင်မှာပါ။တကယ်လို့ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေး စောင့်ရှောက်မှုသေချာ မခံယူဘူး။ သွေးတွင်းသကြားဓာတ်ကို မထိန်းဘူးဆိုရင် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်လာပြီး ကလေးမှာလည်း ကျန်းမာရေးပြဿနာတွေ ခံစားလာရနိုင်ပါတယ်။စီစဉ်မထားတဲ့ ကိုယ်ဝန်။ဆီးချို ရှိတဲ့ မေမေ တစ်ယောက်အနေနဲ့ မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားမယ်ဆိုရင်ကိုယ်ဝန်ရှိနေပြီလို့ သိတာနဲ့ မြန်နိုင်သမျှ မြန်မြန် တတ်ကျွမ်းနားလည်သူတွေနဲ့ ပြသပြီး လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူဖို့ လိုပါမယ်။ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ ကျန်းမာတဲ့ကိုယ်ဝန်ဆောင် ကာလဖြစ်စေဖို့ ဒီအချက်တွေကို လိုက်နာဖို့ လိုပါမယ်။ဆီးချိုရှိတဲ့ မေမေတွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက် မေမေရော ဗိုက်ထဲက ကလေးလေးပါ ကျန်းမာပြီး မွေးလာတဲ့အခါ ကလေး ကျန်းမာစေဖို့ဆိုရင် အရေးအကြီးဆုံးက သွေးတွင်းသကြားဓာတ်ကို သေချာ ထိန်းညှိဖို့ လိုသလို ဆီးချိုကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်ကြတဲ့ သွေးတိုးတာ၊ အမြင်အာရုံ ဆုံးရှုံးတာ၊ ကျောက်ကပ်ရောဂါတွေ ဖြစ်မလာစေဖို့အတွက် သေချာလေး ကာကွယ်ဖို့ လိုပါမယ်။ ဒါတွေအပြင် ဆီးချိုကြောင့်။ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့ ပုံမှန် သွေးချိုတိုင်းတာတာတွေ လုပ်ဆောင်ပြီး ကိုယ်တိုင် ကျန်းမာရေးကိုရော ဗိုက်ထဲက ရင်သွေးလေး ကျန်းမာရေးကိုပါ ဂရုစိုက်ဖို့ လိုပါမယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/diabetes-patients-can-get-pregnant/
မအီမသာဖြစ်ခြင်းကို သက်သာစေမည့် အစားအသောက်များ
သင်သည် မအီမသာခံစားနေရပါလျှင် အရင်ဦးဆုံး သင်စားသောက်ခဲ့သော အစားအသောက်များကြောင့်ဖြစ်သည်ဟု စဉ်းစားမိပါလိမ့်မည်။ သို့သော် သင့်ကျန်းမာရေးအတွက် အာဟာရဓါတ်လုံလောက်စွာ စားသုံးရန်လိုအပ်ပါသည်။ အချို့သော အစားအစာများသည် မအီမသာဖြစ်စေသော်လည်း အချို့သောအစားအစာများစားခြင်းဖြင့်လည်း ထိုမအီမသာဖြစ်မှုများကို ပျောက်ကင်းစေပါသည်။ပန်းသီးသည် မအီမသာဖြစ်ခြင်းကို သက်သာစေသော်လည်း ပမာဏများစွာ တပြိုင်နက်စားလိုက်လျှင် သင့်ကိုပိုနေရဆိုးစေပါသည်။ တနေ့ပတ်လုံး ပန်းသီး၊ အသီးအရွက် စသည့် အမျှင်ဓါတ်များသော အစားအစာများကို ဖြေးဖြေးစားပေးပါ။သင်သည် မာသော အစာများကို အစာခြေနိုင်စွမ်းမရှိပါက ပန်းသီးအနှစ်၊ ပန်းသီးဖျော်ရည်တို့သောက်နိုင်ပါသည်။သင်သည် မအီမသာဖြစ်ပြီး ရေဓါတ်ခမ်းခြောက်မှုဖြစ်ပါက သို့မဟုတ် အန်ပါက အချို့သော အသီးများကသင့်အတွက် သက်သာစေပါလိမ့်မည်။ဌက်ပျောသီးသည် အန်ပြီး ဝမ်းလျှောပြီးတွင် ခန္ဓါကိုယ်မှ ဆုံးရှုံးသွားသော ပိုတက်ဆီယံဓါတ်ကို ပြန်ဖြည့်ပေးနိုင်သည်။ သင် ဝေဒနာသက်သာလာပြီး အစာပြန်စားနိုင်စအချိန်တွင် ဆရာဝန်က ဌက်ပျောသီးကဲ့သို့သော အစာပျော့မျိုးကို စကျွေးပါလိမ့်မည်။ပေါင်မုန့်၊ ပေါင်မုန့်ကြွပ်နှင့် ပေါင်မုန့်ကင်တို့ကဲ့သို့ ကစီဓါတ်ကြွယ်ဝသောအစားအစာများသည် အစာအိမ်တွင် အက်ဆစ်ဓါတ်ကို စုပ်ယူပေးပြီး ပျို့အန်ချင်ခြင်းကို လျော့ကျစေသည်။ သင်ညအိပ်ခါနီး ဘီစကွတ်အချို့ကို စားပေးခြင်းသည် မနက်မိုးလင်းလာလျှင် မအီမသာဖြစ်ခြင်းကို လျော့နည်းစေသည်။ဂျငိးသည် ပျို့ခြင်း၊ အန်ခြင်းကို လျော့နည်းစေသည်။ ဂျင်းဖြင့်ပြုလုပ်ထားသော လက်ဘက်ရည်၊ ဘီယာ၊ ကွတ်ကီး၊ သကြားလုံး နှင့် ဆူရှီနှင့်တွဲစားရသော ဂျင်းဆားရည်စိမ် စသည်တို့ဖြင့် စားသုံးနိုင်သည်။ပရိုတင်းဓါတ်နည်းခြင်းသည် ပျို့အန်ခြင်းကို ပိုဆိုးစေသည်။ ထို့ကြောင့် ပရိုတင်းဓါတ်ပြည့်ဝသော အခွံမာသီများ၊ မြေပဲထောပတ်(ဓါတ်မတည့်ခြင်း မရှိလျှင်)စသည်တို့သည် အစာခြေလွယ်စေသည်။ ထို့ပြင် ကုန်ဆုံးသွားသော အားအင်များကို လျှင်မြန်စွာပြန်ဖြည့်နိုင်ပြီး မအီမသာဖြစ်ခြင်းကိုလည်း သက်သာစေသည်။အားကစားလုပ်ရာတွင်သောက်သော အချိုရည်အများစုသည် ဆိုဒီယံနှင့် ပို တက်ဆီယံဓါတ်များ ကြွယ်ဝကြသည်။ သို့သော ်သင်သည် အားကစားသမားတဦးမဟုတ်လည်း ထိုအားဖြည့်အချိုရည်များကို သောက်သုံးနိုင်ပါသည်။ ၎င်းတို့သည် မအီမသာဖြစ်ခြင်းကို သက်သာစေပါသည်။ပူစီနံသည် မအီမသာဖြစ်ခြင်းကို သက်သာစေကြောင်းလူသိများသည်။ ဂျင်းကဲ့သို့ပင် ပူစီနံကိုလည်း အလွယ်တကူဝယ်ယူနိုင်ပါသည်။ ပူစီနံအနံ့ကို စိတ်ကြည်လင်စေရန် ရှုနိုင်ပါသည်။ သို့သော် ပူစီနံကို စားခြင်းက သင့်ဖြစ်နေသော မအီမသာခံစားမှုကို ထိရောက်စွာ သက်သာစေပါလိမ့်မည်။ရေနည်းနည်းစီသောက်ပေးခြင်းဖြင့် ခေါင်းကိုက်ခြင်းနှင့် ပျို့ခြင်းတို့ကို လျော့နည်းစေသည်။ သင့်အစာအိမ်ကလက်ခံနိုင်သလောက်ရေပမာဏကို နည်းနည်းချင်းစီ စသောက်ပါ။ ရေခဲချပ်များသည်လည်း အအေးမိခြင်း၊ ကား၊သင်္ဘော၊ လေယာဉ်မူးခြင်း၊ အအေးမိတုပ်ကွေးဖြစ်ခြင်း၊ ကိုယ်ဝန်ဆောင်ချိန်ပျို့ခြင်း၊ အစာအဆိပ်သင့်ခြင်းနှင့် ကင်ဆာဆေးများကြောင့် ပျို့အန်ခြင်းတို့ကို သက်သာစေပါသည်။ ရေခဲသည် အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ကြောင့်ရေဓါတ်ခမ်းခြောက်ခြင်းတို့ကိုလည်းလျှော့နည်းစေပါသည်။ သံပရာ၊ လီမွန်စသည့်အရသာများနှင့် ပြုလုပ်ထားသော ရေခဲတုံးများကို ဝါးမစားဘဲ ပါးစပ်ထဲတွင် ငုံထားခြင်းဖြင့်လည်း မအီမသာဖြစ်ခြင်းကို သက်သာစေပါသည်။အထက်ဖော်ပြပါနည်းလမ်းများသည် သင်မအီမသာဖြစ်နေသောအခါ ကူညီပေးနိုင်သော နည်းလမ်းများဖြစ်ပါသည်။ ထိုအနက်မှ အချို့အစားအစာများသည် ကင်ဆာရောဂါသည်များနှင့် မနက်အိပ်ရာထချိန် ပျို့အန်သော သူများအတွက် ကောင်းကျိုးများစွာရှိပါသည်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/food-for-nausea/
ဆံပင်ကျွတ်တာကိုဘယ်လိုလုပ်မလဲ
လူတိုင်းသည်တစ်နေ့ကိုပုံမှန်ဆံပင် ၅၀ မှ ၁၀၀ကြားကျွတ် လေ့ရှိပါတယ်။ သို့သော်လည်း ဆံပင်ကွက်ခြင်း၊ ဆံပင်ပါး ခြင်း များဖြစ်ပါကသင့်ကိုစိတ်နှောင့်အယှက်ဖြစ်စေနိုင်ပါ တယ်။ ထိုပြဿနာများကိုအောက်ပါနည်းလမ်းများအတိုင်း ဖြေရှင်းနိုင်ပါတယ်။ဆံပင်ကိုစနစ်တကျထိန်းသိမ်းခြင်းအားဖြင့်ဆံပင်ကျွတ်ခြင်း ကိုထိရောက်စွာလျှော့ချနိုင်ပါတယ်။ ဆံပင်လျှော်နည်း၊ အ ခြောက်ခံနည်း ပုံစံကိုပြောင်းလဲခြင်းအားဖြင့် ဆံပင်ကျွတ် တာနည်းလာနိုင်ပါတယ်။အရေပြားဆိုင်ရာပညာရှင်များက ခေါင်းလျှော်သောအခါတွင် ဆံသားကိုပွတ်၍မလျှော်ဘဲ ဦး ရေပြားကိုနှိပ်နှယ်၍လျှော်ပါကဆံသားပျက်စီးခြင်းကိုလျော့ ကျစေနိုင်တယ်လို့ဆိုထားပါတယ်။ ထို့နောက်ဆံသားကိုမ ပွတ်ဘဲရေဆေးပြီးနောက် ပျော့ဆေးကိုအသုံးပြုနိုင်ပါသည်။Minoxidil (Rogaine) ဟုခေါ်သောလိမ်းဆေးသည်အမျိုးသ မီးများတွင်ဆံပင်ကျွတ်ခြင်းကိုလျော့နည်းစေပြီးဆံပင်သန်စေ ပါတယ်။ ဆေးကိုရေရှည်အသုံးမပြုဘဲရပ်လိုက်လျှင်တော့ အာနိသင်ပြမှာမဟုတ်ပါဘူး။ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းများစွာရှိပါတယ်။ နေမ ကောင်းချိန်၊ မီးဖွားချိန် နှင့် စိတ်ဖိစီးမှုများချိန်များတွင်ဆံပင် အကျွတ်များနိုင်ပါတယ်။ ထိုအခါမျိုးတွင်ဆံပင်အများကြီး ကျွတ်နိုင်ပြီး အလိုအလျောက်ပြန်ပေါက်နိုင်တာကိုသိထား သင့်ပါတယ်။ ထိုသို့နားလည်ထားခြင်းဖြင့်စိတ်ဖိစီးမှုများကို လျော့ချကာ အခြေအနေပိုမဆိုးလာအောင်ကာကွယ်နိုင်ပါ တယ်။ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းကိုရှာမတွေ့လျှင် သင့် လျော်သော ကုသမှုခံယူနိုင်ရန်အရေပြားဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးသင့်ပါတယ်။ကျန်းမာရေးနှင့်သင့်လျော်သောအစားအစာကိုစားခြင်းဖြင့် ဆံပင်ကျွတ်စေနိုင်သောဓါတုပစ္စည်းများကိုလျော့နည်းစေနိုင် ပါတယ်။ ဆီကြော်မုန့်များ၊ အနီရောင်ရှိသောအသား၊ အာလူး၊ pasta၊ အသင့်စားခေါက်ဆွဲ နှင့် အချိုမှုန့်များသည်ဆံပင် ကျွတ်စေနိုင်ပါတယ်။ ထို့ပြင် သကြား၊ ချော့ကလက်၊ ရေခဲမုန့် နှင့်အချိုရည် များသည်လည်းဆံပင်ကျွတ်စေနိုင်သောကြောင့် လျှော့စားသင့်ပါတယ်။ဆံပင်ကျွတ်ရခြင်းအကြောင်းအရာများစွာရှိပါတယ်။ ထိုအ ခြေအနေများကိုဖြေရှင်းရန်နည်းလမ်းမတွေ့လျှင်တော့အရေ ပြားဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ထိုအခါသင့် ကိုဘယ်လိုလုပ်သင့်ကြောင်းအကြံဉာဏ်များပေးပါလိမ့်မည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%86%e1%80%b6%e1%80%95%e1%80%84%e1%80%ba%e1%80%80%e1%80%bb%e1%80%bd%e1%80%90%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
အစာစားချင်စိတ်ကို ဖြစ်ပေါ်စေမယ့် နည်းလမ်း ၁၀ ချက်
သင်ဟာ သင့်အစားအစာတွေကို ကုန်အောင်စားဖို့ အခက်အခဲ ဖြစ်နေပါသလား ? သင် အစာ စားချင်စိတ်ပျောက်နေပြီး အစာ စားချင်စိတ် မြင့်အောင် ဘယ်လို လုပ်ရမလဲ မသိဘဲဖြစ်နေလား ? ဒါကို မကုသဘဲ ထားတဲ့အခါ ကြာလာရင် သင်ဟာ အာဟာရ ချို့တဲ့လာပြီး အလွယ်တကူ မောပန်းတာတွေ ဖြစ်လာပါလိမ့်မယ်။ အခုပြောပြမယ့် အချက် ၁၀ ချက်က သင့် အစာ စားချင်စိတ်ကို မြှင့်တင်ဖို့ ကူညီပါလိမ့်မယ်။ဂျင်းက အစာချေစနစ်ကို ကောင်းမွန်စေပြီး သူ့မှာ volatile oil ဆိုတဲ့ အရေးပါတဲ့ အဆီတစ်မျိုး ပါဝင်ပါတယ်။ နောက်တစ်ခုက ဂျင်းက သင့်ကို လေလည်စေပါတယ်။ ဂျင်းတွေဟာ အစားအစာတွေကို အရသာ တိုးအောင် လုပ်ပေးတဲ့ ဟင်းခတ်တစ်မျိုးဆိုလည်း မမှားပါဘူး။ ဒါ့ကြောင့်လည်း အိမ်ရှင်မတွေ ဂျင်းကို အသုံးပြုကြတာ မဆန်းပါဘူး။သင့်အနေနဲ့ ဂျင်း လက်ဘက်ရည်ကို သောက်ပြီး ရလဒ်တွေ ပိုမိုကောင်းမွန်အောင် လုပ်လို့ရပါတယ်။ ပတမဦးဆုံး ဂျင်းမှုန့် လက်ဘက်ရည် ဇွန်းတစ်ဇွန်းကို ရေနွေးထဲထည့်ပြီး ၁၀ မိနစ်လောက်နှပ်ထားပါ။ ပြီးတာနဲ့ ရလာတဲ့ ဂျင်းလက်ဘက်ရည်ကို ဒီအတိုင်း သောက်ချင်သောက်၊ အချိုကြိုက်ရင် ပျားရည်လေး တစ်ဇွန်းနှစ်ဇွန်း ထည့်ပြီးလည်း သောက်နိုင်ပါတယ်။သင့်အနေနဲ့ အဖျော်ယမကာတွေကို အစာစားပြီးမှ သောက်သုံးသင့်ပြီး အစားစားနေချိန် သောက်သုံးတဲ့ အကျင့်ကို ဖျောက်ပါ။ အစာစားချိန်တွေမှာ ကိုယ်စားနေတဲ့ အစားအစာကိုသာ အာရုံစိုက်ပြီး စားပြီးမှ ကိုယ်ကြိုက်တဲ့ အဖျော်ယမကာကို ရွေးသောက်ပါ။ အချိုရည်တွေ မသောက်ခင်မှာ သင့်ရဲ့ကိုယ်က အစားအစာတွေ ဆီကနေ လုံလောက်တဲ့ အာဟာရ ရတယ်ဆိုတာ သေချာပါစေ။ကြားရတာတော့ ရယ်စရာ ကောင်းနေပေမယ့် သင်ဟာ သင့်အစာ စားချိန်တွေကို အချိန်ဇယားဆွဲပြီး အလေ့အကျင့် လုပ်ပြီး စားသင့်ပါတယ်။ သင်တစ်ခုခု အလျင်လိုနေတာပဲ ဖြစ်ဖြစ်၊ တစ်ခုခု လုပ်နေတာပဲ ဖြစ်ဖြစ်၊ အစာ စားချိန်ကိုတော့ အပျက်မခံပါနဲ့။ သင့်အစာအိမ် ကျန်းမာရေးကောင်းမွန်ဖို့က အရေးကြီးပါတယ်။ သင့်အစားစားချိန်တွေ အတွက် နှိုးစက် ပေးထားတာမျိုးကိုလည်း လိုအပ်ရင် လုပ်ထားပါ။အမှန်တကယ်တော့ သင့်ရဲ့အကြိုက်ဆုံး အစား အစာတွေက သင့်ကို အစာ များများစားဖို့ လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် သင်ကြိုက်တဲ့ အစားအစာတွေ၊ မုန့်တွေကို အိမ်က ပြင်ဆင်လာပြီး အလုပ်ကို ယူလာခြင်းက သင်ဗိုက်ဆာတိုင်း အလွယ်တကူ စားလို့ ရပါလိမ့်မယ်။ ဒါကသင့်ကို အစာ စားဖို့ မမေ့စေတော့ပါဘူး။ သင်ကြိုက်တဲ့ အစားအစာတွေကို စာရင်းတစ်ခု လုပ်ထားပြီး လိုက်ဝယ်ခြင်းကလည်း အကူအညီပေးပါတယ်။Vitamin B က သင့်အစားစားချင်စိတ်ကို တိုးစေရာမှာ အရေးပါတဲ့ အခန်းကနေ ပါဝင်ပါတယ်။ အထူးသဖြင့် B12 နဲ့ ဖော်လစ်အက်ဆစ်တွေပါ။ သင့်အနေနဲ့ Vitamin B ကို ဆေးပြားအနေနဲ့ပဲ ဖြစ်ဖြစ်၊ ဆေးလက်ဘက်ရည် အနေနဲ့ပဲ ဖြစ်ဖြစ် သောက်သုံးနိုင်ပါတယ်။ ကျွမ်းကျင်သူတွေက သင် အစား စားချင်စိတ်ကို ပူရှိန်း၊ စမုန်စပါးနဲ့ licorice လက်ဘက်ရည်တွေ သောက်သုံးပြီး မြှင့်တင်နိုင်တယ်လို့ ဆိုပါတယ်။သင့် အစားအစာတွေကို နည်းနည်းစီ ခွဲပြီး မကြာခဏ စားခြင်းက သင့်အစာအိမ်အတွက် ကောင်းစေသလို အစာ စားချင်စိတ်ကိုလည်း မြင့်စေပါတယ်။ တစ်ချိန်တည်းမှာ အစားအများကြီး စားခြင်းက သင့်ကို အစားစားပြီးတဲ့အခါ လေးလံပြီး ပျစ်တွဲသွားစေနိုင်ပါတယ်။ ဒါ့အပြင် အစားကို နည်းနည်းချင်း မကြာခဏ စားခြင်းက အစားစားချိန်တွေကြားမှာ သင့်ကို စွမ်းအင်တွေပေးသလို energy crash လို့ခေါ်တဲ့ သွေးချို ရုတ်တရက် ကျခြင်းမှလည်း ကာကွယ်ပေးပါတယ်။ တစ်နေ့ကို လေးကြိမ်မှ ခြောက်ကြိမ် အစားကို ဗိုက်မပြည့်အောင် နည်းနည်းချင်းစီ ခွဲစားနိုင်ဖို့ ကြိုးစားကြည့်ပါ။ အစားအစားချိန်မှာ အများကြီး စားမိခြင်းမှ ကာကွယ်ဖို့ ကြားချိန်တွေမှာ ကျန်းမာစေတဲ့ မုန့်လေးတွေလည်း စားနိုင်ပါတယ်။ရှောက်ရည်ကို အစားအစာတွေထဲ ထည့်ခြင်းက အစား အစာကို အရသာ ပိုကောင်းစေသလို အစာစားချင်စိတ်ကိုလည်း တိုးစေပါတယ်။ ရှောက်ရည်ကို အစားအစာထဲ ပေါင်းထည့်ဖို့ နည်းအများကြီး ရှိပါတယ်။ အသုတ်အတွက် ဆော့စ်အဖြစ်လည်း သုံးနိုင်သလို မနက်တိုင်း ရှောက်ဖျော်ရည် အဖြစ်လည်း သောက်နိုင်ပါတယ်။ အစာတွေထဲကို ပျားရည် ဇွန်းအနည်းငယ်ထည့်ခြင်းကလည်း အာဟာရ တိုးစေပါတယ်။ ရှောက်ရည်နဲ့ ပျားရည်က လိုက်ဖက် ညီတယ်ဆိုတာပြောနေစရာတောင် မလိုပါဘူး။Carom စေ့တွေကို အိန္ဒိယစာတွေမှာ အဓိက သုံးပါတယ်။ Carom စေ့ကို ရေနွေးနဲ့ရောပြီး တစ်နေ့တစ်ကြိမ် ရေချိုးခြင်းကလည်း သင့်ကို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Carom က လေဖောလေပွခြင်းကို သက်သာစေပြီး အက်ဆစ်ဓါတ်ကိုလည်း ချေဖျက်ပေးပါတယ်။ ဒါကြောင့် Carom စေ့က အစာချေ အင်ဇိုင်းတွေကို စစ်ထုတ်ရာမှာ ကူညီပေးပြီး အစာ စားချင်စိတ်ကို သဘာဝအတိုင်း လှုံ့ဆော်ပေးပါတယ်။လေ့ကျင့်ခန်း အမျိုးအစားကို ပြောင်းလဲခြင်းက သင့်ရဲ့ အစာစားချင်စိတ်ကို မြှင့်တင်နိုင်ပါတယ်။ လေ့လာသူတွေက သင်ဟာ လေ့ကျင့်ခန်း အသစ် တစ်မျိုးကို လုပ်တိုင်း ကိုယ်က လေ့ကျင့်ခန်းအသစ်နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ ပိုပြီး အလုပ်လုပ်ရပါတယ်လို့ ပြောပါတယ်။ ဒါက သင့်ကို စွမ်းအင် မြန်မြန်ကုန်စေနိုင်ပြီး ဗိုက်မြန်မြန် ဆာစေနိုင်ပါတယ်။ သင့်အနေနဲ့ လေ့ကျင့်ခန်း လုပ်ရိုးလုပ်စဉ်တွေကို ပြောင်းလဲခြင်းက သင့်လှုပ်ရှားမှု အသစ်တွေက အစာစားချင်စိတ်ကို ဘယ်လို သက်ရောက်လည်း သိစေမှာပါ။အပူချိန်ကျလေ အစားပိုစားလေ ဖြစ်ပါတယ်။ အကြောင်းက အပူချိန် ကျနေတဲ့အချိန်မှာ ကိုယ်က နွေးနေအောင် စွမ်းအင် သုံးရပါတယ်။ ဒါ့ကြောင့် အခန်းထဲ Air con ဖွင့် ထားတဲ့အခါ အေးလာတဲ့အတွက် ကိုယ်က နွေးအောင် စွမ်းအင် သုံးရပါပြီ။ အဲဒီအခါ အစားအစာက ရှောင်လွှဲလို့ မရတော့ပါဘူး။ ဆောင်းတွင်းမှာ အစားပိုစားပြီး နွေမှာ အစားနည်းတာ သင့်ကိုယ်သင် သတိပြုမိမှာပါ။ ခံတွင်းပျက်ခြင်းမှ ကာကွယ်ဖို့အတွက် Air con ကို အချိန်ပြည့် ဖွင့်ထားမယ့် အစား ပြတင်းပေါက်ကို ဖွင့်ပြီး လတ်ဆတ်တဲ့ လေတချို့ ရပါစေ။ အစာ စားချင်စိတ်က အရေးကြီးတယ် ဆိုပေမယ့် သင်ကျန်းမာဖို့ကလည်း အရေးကြီးပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%85%e1%80%ac%e1%80%85%e1%80%ac%e1%80%b8%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%ad%e1%80%af-%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%b1/
လိင်ဆက်ဆံရင် ဝိတ်ကျ သလား
စုံတွဲတွေကြားမှာ စနောက်လေ့ ရှိတဲ့စကားက ကယ်လိုရီ သွားburnကြမယ်၊ အိပ်ရာထဲမှာ လေ့ကျင့်ခန်း သွားလုပ်ကြမယ်ဆိုတာပါ။ ဆိုလိုတာက လိင်ဆက်ဆံရင် ဝိတ်ကျ မယ်လို့ ယုံကြည်ကြတာကြောင့်ပါ။ တကယ်လည်း လိင်ဆက်ဆံတဲ့အခါ ခွန်အားသုံးရတာကြောင့်ကယ်လိုရီလောင်ကျွမ်းတာက မှန်ပါတယ်။ ဒါပေမဲ့ ဝိတ်ကျရလောက်အောင် ကယ်လိုရီလောင်ရဲ့လား။လိင်ဆက်ဆံတာနဲ့ ကယ်လိုရီလောင်ကျွမ်းတာအကြား ဆက်စပ်မှု ရှိမရှိကို စိတ်ဝင်စားတာက ကိုယ်တွေတင်မကပါဘူး။ နိုင်ငံခြားက ပညာရှင်တွေလည်း ပါပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက Montrealမှာ ရှိတဲ့ University of Quebecကလေ့လာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီလေ့လာချက်မှာ သူတို့က အသက် ၂၀ကျော် ကျားမစုံတွဲ ၂၁တွဲကို လိင်ဆက်ဆံချိန်နဲ့ သာမန်လေ့ကျင့်ခန်းလုပ်ချိန်မှာ လောင်ကျွမ်းတဲ့ ကယ်လိုရီပမာဏတွေကို လေ့လာခဲ့ကြပါတယ်။ရလဒ်ကတော့ ၂၄မိနစ်ကြာ လိင်ဆက်ဆံတဲ့အခါ အမျိုးသားတွေက ၁၀၁ ကယ်လိုရီ (တစ်မိနစ်ကို ၄.၂ ကယ်လိုရီနှုန်း)နဲ့ အမျိုးသမီးတွေက ၆၉ ကယ်လိုရီ (တစ်မိနစ်ကို ၃.၁ ကယ်လိုရီနှုန်း) လောင်ကျွမ်းတာကို တွေ့ရပါတယ်။ဒီလူတွေကိုပဲ ပြေးစက်ပေါ်မှာ အသင့်အတင့်ပြင်းအားနဲ့ နာရီဝက်လောက် ပြေးခိုင်းတဲ့အခါမှာတော့ အမျိုးသားတွေက ၂၇၆ ကယ်လိုရီလောင်ကျွမ်းပြီး အမျိုးသမီးတွေက ၂၁၃ ကယ်လိုရီ လောင်ကျွမ်းပါတယ်။နောက်ထပ်တစ်ခုကတော့ New England Journal of Medicineကပါ။ သူ့ရဲ့ လေ့လာချက်မှာတော့ ၁၅၄ပေါင် ရှိတဲ့ အမျိုးသားက လှုံ့ဆော်ရာကနေပြီးမြောက်သည်အထိကို တစ်မိနစ် ၃.၅ ကယ်လိုရီနှုန်း (တစ်နာရီကို ၂၁၀ ကယ်လိုရီနှုန်း)နဲ့ လောင်ကျွမ်းတယ်လို့ ဆိုပါတယ်။၂၁၀ ကယ်လိုရီလောင်ကျွမ်းဖို့ လမ်းလျှောက်မယ်ဆိုရင် တစ်နာရီကို ၂.၅မိုင်နှုန်းနဲ့ လျှောက်ရင်ရပါပြီ။ တစ်ခုရှိတာက အမျိုးသားတွေအနေနဲ့ အသက် ၃၀ကျော်လောက် ဖြစ်လာပြီဆိုရင် ပြီးမြောက်ဖို့ မီးကုန်ယမ်းကုန် ဆက်ဆံတာက (နှိုးဆွတာနဲ့ ပုံမှန်ဆက်ဆံတာမပါ) ၆မိနစ်လောက်ပဲ ရှိတာကြောင့် တကယ်တမ်းမှာ ၂၁ကယ်လိုရီလောက်ပဲ ဖြစ်ဖြစ်မြောက်မြောက် လောင်ကျွမ်းမှာ ဖြစ်ပါတယ်။ဆိုလိုတာက လိင်ဆက်ဆံရင် ကယ်လိုရီလောင်ကျွမ်းတာ မှန်ပေမယ့် လေ့ကျင့်ခန်း လုပ်သလောက်တော့ မများဘူးဆိုတာပါပဲ။ပုံမှန်ဆက်ဆံတာထက် ကယ်လိုရီပိုလောင်ချင်တယ်ဆိုရင်တော့။ဒါကတော့ ရှင်းပါတယ်။ များများလောင်ကျွမ်းချင်ရင် ကြာကြာဆက်ဆံရမှာပါ။ ဒါပေမဲ့ သတိထားရမှာက ကိုယ်နဲ့ ကိုယ့်အဖော် ခံနိုင်ရည်ရှိတာထက် မကျော်လွန်ဖို့ပဲ ဖြစ်ပါတယ်။ခန္ဓာကိုယ်ကို ပိုပြီး အားစိုက်ရစေတဲ့ ပုံစံတွေ ပြောင်းကြည့်ပါ။ ကယ်လိုရီလောင်ကျွမ်းမှုက ကျား/မ၊ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ ကိုယ့်ရဲ့metabolismပေါ်  မူတည်တယ်ဆိုပေမယ့် အားပိုစိုက်ရရင် ကယ်လိုရီလည်း ပိုလောင်ကျွမ်းနိုင်ပါတယ်။ဥပမာ missionary positionနဲ့ နေတဲ့အခါ အမျိုးသားက ပေါင် ၁၉၀၊ အမျိုးသမီးက ပေါင် ၁၄၀ ဖြစ်မယ်ဆိုရင် ၁၀မိနစ် အတွင်းမှာ အမျိုးသမီးက ၁၄ ကယ်လိုရီပဲ လောင်ပေမယ့် အမျိုးသားကတော့ ၄၇ ကယ်လိုရီ လောင်ကျွမ်းမှာ ဖြစ်ပါတယ်။ ဆိုလိုတာက အနေအထားတစ်ခုတည်းမှာတောင် အားပိုစိုက်ရတဲ့သူက ကယ်လိုရီ ပိုလောင်ပါတယ်။မတ်တပ်ရပ်ပြီး ဆက်ဆံတယ်ဆိုရင်လည်း ၁၀မိနစ်ကို အမျိုးသမီးက ၃၀ ကယ်လိုရီလောင်တဲ့အချိန်မှာ အမျိုးသားက ၅၁ ကယ်လိုရီ လောင်ကျွမ်းပြီးပါပြီ။ချီပြီး ဆက်ဆံတယ်ဆိုရင်လည်း အလေးမတာနဲ့ အလားတူလို့ ၁၀မိနစ်ကို အမျိုးသားက ၆၅ ကယ်လိုရီ၊ အမျိုးသမီးက ၄၀ ကယ်လိုရီ လောင်ကျွမ်းမှာ ဖြစ်ပါတယ်။ဒီအဖြေအတွက် ရှင်းပြရရင် လိင်ဆက်ဆံတာက ကယ်လိုရီလောင်ပါတယ်။ ဒါပေမဲ့ သိသိသာသာဝိတ်ကျရလောက်အောင်တော့ မဟုတ်ပါဘူး။ နေ့စဉ် ကယ်လိုရီလောင်ကျွမ်းဖို့ အထောက်အကူ တစ်ခုလောက်ပဲ ဖြစ်ပါတယ်။တကယ်ပဲ ဝိတ်ကျချင်ရင်တော့ လေ့ကျင်ခန်း သေချာလုပ်ပြီး အစားအသောက်ကို တွက်ချက် စားသောက်ရမှာပါ။ လိင်ဆက်ဆံတာက ကယ်လိုရီလောင်စေပေမယ့် ဒါက လေ့ကျင့်ခန်း လုပ်တာကို အစားထိုးဖို့တော့ မဟုတ်ပါဘူး။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/can-sex-burn-calories/
ရင်သားကင်ဆာ ကုသမှု နောက်ဆက်တွဲ ဆိုးကျိုးများ
ရင်သားကင်ဆာဟာ အထူးသဖြင့် အမျိုးသမီးတွေအတွက် ပြင်းထန်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဆေးပညာတိုးတက်လာတဲ့ အလျောက် ကင်ဆာကုသနည်းတွေလည်း အများအပြား ရှိလာကြပါတယ်။ ဒါပေမယ့် ဆေးကုသနည်းတွေမှာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဟာ ကုသမှုတွေအလိုက် ကွာခြားမှုတွေ ရှိပါတယ်။အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ သွေးနီဥနည်းခြင်း၊ ပင်ပန်းလွယ်ခြင်း၊ အလွယ်တကူ အညိုအမဲစွဲခြင်း၊ ရောဂါပိုးဝင်ခြင်း၊ ပျို့ခြင်း၊ ဆံပင်ကျွတ်ခြင်း တို့ပဲ ဖြစ်ပါတယ်။ ကင်ဆာဆေးသွင်းကုသခြင်းဟာ နှလုံးကို ထိခိုက်စေပြီး သွေးကင်ဆာလို ကင်ဆာဖြစ်ပွားခြင်းကို မြှင့်တင်ပေးပါတယ်။ သူဟာ မျိုးဥအိမ်တွေကို ထိခိုက်စေပြီး ဟော်မုန်းထုတ်လုပ်မှုကို ရပ်တန့်စေတာကြောင့် မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ ဖိန်းတိန်းရှိန်းတိန်း ဖြစ်ခြင်း တွေကို ခံစားရနိုင်ပါတယ်။ ရာသီရပ်သွားခြင်း၊ မမှန်ခြင်းတွေ ဖြစ်နိုင်ပြီး ကိုယ်ဝန်ရရှိမှုကို တားမြစ်စေပါတယ်။ ဒီလို လက္ခဏာရှိတဲ့ အမျိုးသမီးတွေဟာ ဆေးကြောင့် အရိုးအဆစ်ထိခိုက်နိုင်တာကြောင့် အရိုးပွခြင်း၊ အဆစ်ရောင်ခြင်းနဲ့ နာကျင်ခြင်းတွေ ခံစားရနိုင်ပါတယ်။ ခဏတာ မှတ်ဉာဏ်ပျောက်ဆု့းမှုတွေလည်း ရင်ဆိုင်ရနိုင်ပါတယ်။ဓါတ်ရောင်ခြည်နဲ့ ကုသမှုဟာ ဆိုးကျိုးတွေဖြစ်ပေါ်စေပြီး နှလုံးကို အန္တရာယ် ဖြစ်စေပါတယ်။ ဓါတ်ရောင်ခြည် နည်းစနစ်တွေ တိုးတက်လာပေမယ့် သုတေသနတွေက ဓါတ်ရောင်ခြည်ဟာ နှလုံးရောဂါ ဖြစ်စေတယ်လို့ ဆိုပါတယ်။ နှလုံးကြွက်သားတွေရဲ့ လုပ်ငန်းဆောင်တာကို ထိခိုက်စေပြီးတော့ နှလုံးရောဂါ လက္ခဏာတွေဖြစ်တဲ့ မောခြင်း၊ ပင်ပန်းခြင်း၊ ခြေထောက်နာခြင်း၊ နှလုံးအဆို့ရှင် ပျက်စီးခြင်းတွေ ဖြစ်နိုင်ပါတယ်။ ပိုမို ပြင်းထန်တဲ့။ဆိုးကျိုးတွေကတော့ အဆုတ် အအေးမိခြင်း၊ နှလုံးပျက်စီးခြင်းနဲ့ အခြားကင်ဆာများ ဖြစ်ပေါ်လာခြင်းတွေ ဖြစ်နိုင်ပါတယ်။အချို့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ ခဏတာ ရင်ဘတ်ရောင်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အမာရွတ် မာခြင်း၊ ရောဂါပိုးဝင်ခြင်း၊ သွေးထွက်ခြင်း၊ ပြန်ရည်ကျိတ်တွေ ထုတ်လိုက်တာကြောင့် လက်မောင်းရောင်ခြင်း၊ ထုံကျင်ခြင်း၊ နာကျင်ခြင်း၊ ခွဲထားတဲ့နေရာမှာ အရည်စုပြီး ရောင်ရမ်းခြင်း တွေပဲ ဖြစ်ပါတယ်။ရင်သားတစ်ခုလုံး ဖြတ်ထုတ်ခြင်းရဲ့ အခြားဖြစ်နိုင်တဲ့ ဆိုးကျိုးတစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ ရရှိမှု ပဲဖြစ်ပါတယ်။ အချို့လူနာတွေဟာ ရင်ဘတ် တစ်ဖက် (သို့) နှစ်ဖက်လုံး ဆုံးရှုံးရတဲ့အတွက် ဝမ်းနည်းတတ်ကြပါတယ်။ အချို့ကတော့ ခွဲစိတ်ပြီး စိတ်ကျခြင်း (သို့) စိတ်ပူခြင်းတွေ ဖြစ်တတ်ပါတယ်။အီစထရိုဂျင် ဟာ ဟော်မုန်းကုသမှုကြောင့် လျော့ကျစေနိုင်ပြီး ဒါဟာ အရိုးပွခြင်းကို ဖြစ်စေနိုင်ပါတယ်။ Estrogen ပမာဏ ကျဆင်းခြင်းဟာ မိန်းမကိုယ် ခြောက်ခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ရင်သားကင်ဆာ ကုသမှုရဲ့ အန္တရာယ်ရှိတဲ့ ဆိုးကျိုးတစ်ခုကတော့ ဆေးကုသပြီးရင် ပြန်ဖြစ်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါဟာ လူနာတွေ အကြောက်ဆုံးလဲဖြစ်ပါတယ်။ ပြန်ဖြစ်တဲ့ ကင်ဆာတွေဟာ အရင်တစ်ခုထက် ပိုမြန်၊ ပိုသန်မာပြီး ပိုပြင်းထန်ပါတယ်။ ကင်ဆာ ပြန်ဖြစ်ခြင်းကို ကာကွယ်ဖို့အတွက် ရင်သားခွဲစိတ်ကုသပြီးရင် ကင်ဆာဆေးသွင်းကုသမှုကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ရင်သားကင်ဆာ ကုသမှုဟာ လူနာတွေကို အသက်ပိုရှည်စေပြီး လုံးဝပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ ဘယ်လို ကုသမှုတွေက ဘယ်လိုဆိုးကျိုးတွေပဲ ဖြစ်စေကာမူ ဆရာဝန်နဲ့ အမြဲတိုင်ပင် ဆွေးနွေးသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%9b%e1%80%84%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac-%e1%80%80%e1%80%af%e1%80%9e%e1%80%99%e1%82%88-%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9%e1%80%86/
ဘေဘီလေးကို ဘယ်အချိန်မှာ ဆလတ်ရွက် ကျွေးမလဲ။
အရင်ကဘေဘီလေးတွေက ဆလတ်ရွက် စားလို့ရတယ် မရဘူးဆိုတာကို သိပ်အရေးစိုက်စရာ မလိုဘဲ အခုနောက်ပိုင်း ဘေဘီလေးတွေက ဆူရှီတွေ ရေဘဝဲလုံးကြော်လို စားစရာမျိုးတွေကို စားတတ်လာချိန်မှာတော့ ဘေဘီလေးကို ဆလတ်ရွက် ကျွေးလို့ရလားဆိုတာက မေမေတိုင်း သိချင်မယ့် မေးခွန်းလေး တစ်ခု ဖြစ်တာပြီ ထင်ပါတယ်။ဆလတ်ရွက်က ဘာဂါ၊ ထမင်းလိပ်တွေ ထဲမှာ အများဆုံးပါတတ်ပြီး ဘေဘီလေးတွေ  အကြိုက်ဖြစ်တဲ့မရောနိစ်လေးနဲ့ တို့စားရင် အတော်လေး စားလို့ ကောင်းပါတယ်။ ဒါကြောင့် ဘေဘီလေးနဲ့ ဆလတ်ရွက်က တည့်လား…. ဘေဘီလေးက ဘယ်အရွယ်ရောက်ရင် ဆလတ်ရွက် စားလို့ ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ဆလတ်ရွက်ဆိုတာ အရွက် အနားတွန့်ဖားဖားလေးနဲ့ အစိမ်းနုရောင် အရွက်လေးပါ။ ရိုးတံလေးက ဖြူုဖြူကြွပ်ကြွပ်လေးပါ။ စားရင် နည်းနည်းလေး ခါးသက်သက်ဖြစ်ပေမယ့် မယောနိစ်လေးနဲ့ တို့စားရင် အတော်လေး စားလို့ ကောင်းပါတယ်။စားလို့ကောင်းတဲ့ ဆလတ်ရွက်မှာ။အသက် ၆ လ ပြည့်လို့solid foodစစားလို့ရတဲ့အချိန်မှာဆို ဖြည့်စွက်စာထဲမှာ ပြုတ်ကျွေး၊ ပေါင်းကျွေးလို့ရပါပြီ။ ဒါပေမယ့် ကလေးမနင်အောင်တော့ သတိထားဖို့ လိုပါတယ်။ ဘေဘီလေးက အသက် ၉ လကျော်ပြီဆိုရင် အစိမ်းအတိုင်း နည်းနည်းချင်း စကျွေးလို့ ရပါပြီ။ အသက် ၁၂ လဆိုရင်တော့ သေချာကို ကျွေးလို့ ရပါပြီ။ဒီလို ကျွေးတဲ့အခါ ဘေဘီလေးကို ဆလတ်ရွက် နုနုလေး၊ အစိမ်းရောင်ကိုပဲ ကျွေးရပါမယ်။ အနီရောင် ဆလတ်ရွက်၊ အနံ့ပြင်း၊ အရသာပြင်းတာမျိုး မကျွေးပါနဲ့။နောက်ထပ် သတိထားရမှာ တစ်ခုက ရေကို သေချာလေး စင်အောင် ဆေးကြောဖို့ပါ။ ဆလတ်ရွက်မှာပါတဲ့ပိုးသတ်ဆေးတွေ၊ဘက်တီးရီးယားတွေ မစင်ဘူးဆိုရင် ဘေဘီလေးရဲ့အစာခြေစနစ်ကိုရော ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ဘေဘီလေးကို ဖြစ်နိုင်ရင် ဆလတ်ရွက်ကို ပေါင်းခံပြီး ကျွေးစေချင်ပါတယ်။အစာနင်တာမျိုး မဖြစ်စေဖို့အတွက်လည်း အရွယ်တော်လေး ဖဲ့ပြီး ကျွေးပေးဖို့ လိုပါမယ်။ဘေဘီလေးအတွက် ဆလတ်ရွက်ကကျန်းမာရေးနဲ့ ညီညွတ်တဲ့အရွက် တစ်မျိုးပါ။အရိုးနဲ့ သွားတွေ၊ တစ်ရှူးတွေ ကျန်းမာစေဖို့ ထောက်ပံ့ပေးနိုင်သလို သွေးအားကောင်းစေဖို့နဲ့ သွေးသန့်စေဖို့လည်း ထောက်ကူပေးပါတယ်။အမျှင်ဓာတ်က ဘေဘီလေးကို ဝမ်းချုပ်မှု ကင်းစေပြီး အူလမ်းကြောင်းတွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ ဗီတာမင် A ပါဝင်တာကြောင့် အမြင်အာရုံ ကျန်းမာစေနိုင်ပါတယ်။ ဗီတာမင် K က ခန္ဓာကိုယ်အတွက် ပရိုတင်း ဖြစ်ပေါ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ရေဓာတ် ကြွယ်ဝတာကြောင့် ဘေဘီလေးကို အရေပြားကနေစလို့ကိုယ်တွင်းအင်္ဂါတွေပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ကဲ ……. ဘေဘီလေးကို ဘယ်အချိန်မှာ ဆလတ်ရွက် ကျွေးမလဲ။ ဆိုတာကို သိသွားပြီဆိုတော့  ထမင်းလိပ်မှာပဲ ပါပါ၊ ဘာဂါမှာပဲ ပါပါ ဆလတ်ရွက် ပါလာမယ်ဆိုရင် အနံ့အရသာ မပြင်းဘူးဆိုရင် ဘေဘီလေးကို ကျွေးလို့ ရပါတယ်နော်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/can-baby-eat-lettuce/
အရေးအကြောင်းများကိုဘယ်လိုကာကွယ်မလဲ
ကော်လာဂျင်ဓါတ်သည်အရေပြားကိုတင်းရင်းစေပြီး ချော မွေ့စေသောအရေးပါသည့်ပရိုတင်းဓါတ်တစ်မျိုးဖြစ်ပါ တယ်။ မျက်နှာတွင်ကော်လာဂျင်ဓါတ်များလျော့နည်းလာပါ ကအရေးအကြောင်းများနှင့် အမဲစက်များပေါ်လာနိုင်ပါတယ် အရေးအကြောင်းများသည် အိုမင်းရင့်ရော်ခြင်း၏ ပထမဆုံး လက္ခဏာဖြစ်ပါတယ်။ ၎င်းတို့ကိုဘယ်လိုကာကွယ်ရမည်ကို သင်သိပါသလား။နေရောင်ခြည်သည်အရေးအကြောင်းများကိုဖြစ်စေသောအ ဓိကအကြောင်းအရင်းဖြစ်သည်။ နေရောင်ခြည်နှင့်ထိတွေ့ ပါက ၎င်းတွင်ပါဝင်သောခရမ်းလွန်ရောင်ခြည်များသည်အ ရေပြားတွင်ကာကွယ်ထားသော ကော်လာဂျင်နှင့် elastin များကိုပျက်စီးစေပြီးအရေးအကြောင်းများဖြစ်ပေါ်စေနိုင်ပါ တယ်။နေရောင်နှင့်ထိတွေ့မှုများသောမျက်နှာ၊ လည်ပင်း နှင့်လက်များတွင်အဖြစ်များပါတယ်။ ထို့ပြင်နေရောင်ခြည် ကြောင့်အရေပြားပျက်စီးပြီးကင်ဆာဖြစ်ပွားနိုင်သောအန္တ ရာယ်လည်းရှိပါတယ်။ ထို့ကြောင့်အပြင်ထွက်မည်ဆိုပါက နေလောင်ခံခရင်လိမ်းရန်နှင့် အင်္ကျ ီအကာဝတ်ရန်သတိရ ပါ။အသက်အရွယ်ကြီးလာသည်နှင့်အမျှ သင့်မျက်နှာတွင် တွယ်ဆက်ထားသောတစ်ရှူးများနှင့် ကော်လာဂျင်များ လျော့ရဲလာလေဖြစ်သည်။ အနေအထားတစ်မျိုးထဲတွင်အ ကြာကြီးအိပ်ပါက ခေါင်းအုံးနှင့်မကြာခဏပွတ်မိပြီးငယ်ရွယ် စဉ်မှာပင်အသားအရေကိုအိုမင်းရင့်ရော်စေနိုင်ပါတယ်။ဒါ ကြောင့်အရေးအကြောင်းမဖြစ်ပေါ်စေရန်အိပ်စက်မှုပုံစံကို ပြောင်းလဲသင့်ပါတယ်။ ပက်လက်အနေအထားဖြင့်အိပ်စက် ခြင်းကအကောင်းဆုံးဖြစ်ပြီး ကောင်းမွန်သောအိပ်စက်ခြင်း အတွက်နူးညံ့သောပိုးခေါင်းအုံးကိုရွေးချယ်သင့်ပါတယ်။သင့်အသားအရေကျန်းမာလှပစေရန်အစားအစာဟာအလွန် အရေးပါပါတယ်။ လုံလောက်သော antioxidants ကိုစား သုံးပါကအိုမင်းရင့်ရော်ခြင်းကိုနှေးကွေးစေနိုင်သာမကအ ရေးအကြောင်းများကိုလည်းတားဆီးနိုင်ပါတယ်။ အရေပြား ကို ပရိုတင်း၊ ရေ နှင့် အဆီဓါတ်များနှင့်ပြုလုပ်ထားသော ကြောင့် ကျန်းမာရေးနှင့်ညီညွှတ်သောအစားအစာများက သင့်အသားအရေကိုပြန်လည်လှပစေနိုင်မှာပါ။အသီးအရွက်များ( raspberries၊ blueberries၊ ငရုတ်ပွ သီးနှင့် ဟင်းနုနယ်ရွက်) သည်antioxidants ကြွယ်၀ သောကြောင့်အရေပြားပျက်စီးမှုကိုခုခံကာကွယ်နိုင်ပြီး သင့် အသားအရေကိုလှပစေနိုင်မှာပါ။ရေဓါတ်ပြည့်ဝပါကအရေးအကြောင်းဖြစ်ခြင်းကိုထိရောက် စွာကာကွယ်နိုင်ပြီး ရေဓါတ်မပြည့်ဝပါကအရေပြားခြောက် သွေ့ကာအရေးအကြောင်းများပေါ်လာနိုင်ပါတယ်။ ဒါကြောင့်ရေများများသောက်ဖို့မမေ့သင့်ပါဘူး။ငယ်ရွယ်စဉ်တွင်အရေပြားတွင်ဗီတာမင်လုံလောက်စွာရှိ သော်လည်းကြီးလာတာနှင့်အမျှတဖြည်းဖြည်းလျော့နည်း လာနိုင်ပါတယ်။ ဗီတာမင် စီ ကကျန်းမာလှပ၍အရေးအ ကြောင်းကင်းသောအသားအရေအတွက်မရှိမဖြစ်လိုအပ်ပါ တယ်။ ဗီတာမင်စီကို သောက်ဆေး သို့ လိမ်းဆေးဖြင့်မနက် တိုင်းအသုံးပြုနိုင်ပါတယ်။ကာကွယ်ခြင်းကကုသခြင်းထက်ပို၍ထိရောက်သောကြောင့် အရေပြားထိန်းသိမ်းမှုကိုစောလျင်စွာပြုလုပ်လေအရေး အကြောင်းများကိုကာကွယ်နိုင်လေဖြစ်ပါတယ်။ သင်မသေ ချာသောကုထုံးများ ကုန်ပစ္စည်းများကိုစမ်းသုံးမည်ဆိုပါက အရေပြားဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%98%e1%80%9a%e1%80%ba/
ကိုယ်ဝန်ဆောင်နှင့် ရင်သားကင်ဆာ
ကိုယ်ဝန်ဆောင်နေစဉ် ရင်သားကင်ဆာဖြစ်ခြင်းဟာ အလွန်ရှားပါးသော်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီး သုံးထောင်မှာ တစ်ယောက် ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကိုယ်ဝန်ရှိပြီးသင့်ရင်သားထဲ ကင်ဆာရှိနေတဲ့ အကျိတ်ကို သယ်ဆောင်ထားရတာ အတော်ကို စိတ်ညစ်ညူးဖွယ် ကောင်းပါတယ်။ ဒါကြောင့် မေးခွန်းတစ်ခုက ကိုယ်ဝန်ဆောင်စဉ် (သို့) ကိုယ်ဝန်ဆောင်ပြီးချိန်တွေမှာ ရင်သားကင်ဆာကို ဘယ်လိုကုသပါမလဲ။ပထမဦးစွာ သိထားသင့်တာကတော့ ကိုယ်ဝန်ဆောင်စဉ် ရင်သားကင်ဆာရှိခြင်းဟာ အလွန်တရာ သတိထားကိုင်တွယ်ရမယ့် အခြေအနေဖြစ်ပြီး အမျိုးသမီးအတွက် လုပ်ဆောင်စရာ အများကြီးရှိပါတယ်။သူမဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ဟော်မုန်းပြောင်းလဲမှုတွေနဲ့ ကြုံတွေ့ရမှာဖြစ်ပြီး ရင်သားကင်ဆာလည်း ရှိနေတာကြောင့် ကလေးကိုပါ မထိခိုက်ရအောင် ကာကွယ်ဖို့လဲ လိုပါတယ်။ ကုသမှုကို မြန်မြန် စနိုင်လေလေ လူနာနဲ့ ကလေးအတွက် အခြေအနေကောင်းလေလေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ခွဲစိတ်ကုသမှု၊ ဓါတ်ရောင်ခြည်ကုသမှု၊ ကင်ဆာဆေးသွင်းကုသမှုနဲ့ ဟော်မုန်းကုသမှု စတဲ့ ကုသမှု မျိုးစုံရှိတာကြောင့် ဘယ်ကုသမှု ယူရမလဲဆိုတာ အောက်ပါ အချက်တွေပေါ်မူတည်ပါတယ်။အဓိက ကုသမှုဖြစ်တဲ့ ခွဲစိတ်ကုသမှုဟာ ကိုယ်ဝန်ဆောင်စဉ်မှာ စိတ်ချရပါတယ်။ ခွဲစိတ်ကုသမှုဟာ အကျိတ်နဲ့ ရင်သားနဲ့ အရွယ်အစားပေါ်မူတည်ပြီး ကင်ဆာက အခြားနေရာတွေကို ပြန့် ပွားသွားခြင်း ရှိမရှိပေါ်မှာလည်း မူတည်ပါတယ်။ မေ့ဆေးကို မေ့ဆေးဆရာဝန်ရဲ့ ကြီးကြပ်မှုအောက်မှာသာ အသုံးပြုမှာဖြစ်ပါတယ်။ ကလေးအခြေအနေကိုလည်း သေချာစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ မွေးရက်နည်းလာပြီဆိုရင်တော့ ခွဲမွေးဖို့အကြံပေးပါလိမ့်မယ်။ခွဲစိတ်ကုသမှု နှစ်မျိုးရှိပါတယ်။ ရင်သားတစ်ခုလုံး ဖြတ်ထုတ်ခြင်း နဲ့ အချို့အပိုင်းသာဖြတ်ထုတ်ခြင်း (သို့) ရင်သား ပြန်လည်တည်ဆောက်ရန် ခွဲစိတ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ခွဲစိတ်အပြီးမှာ ကင်ဆာပြန်ဖြစ်မလာဖို့အတွက် ဓါတ်ရောင်ခြည်ကုသမှုကိုပါ ယူနိုင်ပါတယ်။ဓါတ်ရောင်ခြည်ဟာ ကလေးကို အန္တရာယ် ဖြစ်စေနိုင်တာကြောင့် ခွဲစိတ်မှု တစ်မျိုးမျိုးကို အရင်လုပ်ပြီး ကလေးမွေးပြီးတဲ့ အထိစောင့်ကာ ဓါတ်ရောင်ခြည် ယူနိုင်ပါတယ်။ စောင့်ဆိုင်းချိန်ဟာ ကင်ဆာ ပြန်ဖြစ်ခြင်းကို။ကာကွယ်ဖို့အတွက် တိုဖို့ လိုအပ်ပါတယ်။ကိုယ်ဝန် ၁၄ ပတ်အထိ ကင်ဆာဆေးသွင်းကုသခြင်းကို ကိုယ်ဝန်ပျက်ကျ နိုင်ခြေ ရှိတာကြောင့် အသုံးမပြုသင့်ပါဘူး။ ကိုယ်ဝန် ၁၄ ပတ်ကျော်ရင်တော့ ကင်ဆာဆေးအချို့တွေဟာ ကလေးတွေကို အန္တရာယ် မဖြစ်စေဘူးလို့ ပြသထားတဲ့ လေ့လာမှုတွေ ရှိတာကြောင့် သေချာစွာ ကြီးကြပ်စောင့်ကြည့်မှုနဲ့ အသုံးပြုနိုင်ပါတယ်။ ရောဂါပိုးဝင်ခြင်းနဲ့ မွေးဖွားစဉ် သွေးလွန်ခြင်း တွေကို ရှောင်ကျဉ်ဖို့ ကင်ဆာဆေးကို မမွေးခင် သုံးပတ်ကနေ လေးပတ်လောက်ကြိုပြီး ရပ်သင့်ပါတယ်။သူဟာ သန္ဓေသားကို ထိခိုက်နိုင်တာကြောင့် အဆင့်များတဲ့ ကင်ဆာတွေမှာ မွေးပြီးမှ ကုသမှု ယူသင့်ပါတယ်။အခြားကုသမှုတွေဖြစ်တဲ့ ဇီဝကုထုံး( biological treatment ) နဲ့ ကင်ဆာဆဲလ်တွေကို တိုက်ရိုက်တိုက်ခိုက်သော ဆေးတွေကို အသုံးပြုရတဲ့ targeted treatment တွေ ရှိပါသေးတယ်။ အချို့ကုသမှုတွေဟာ ကလေးကို ဒုက္ခပေးနိုင်သော်လည်း အချို့ကတော့ မပေးနိုင်ပါဘူး။ ခြုံပြောရရင်တော့ ကုသမှုဟာ ကိုယ်ဝန်မရှိတဲ့သူကို ကုသပုံနဲ့ ဆင်တူပါတယ်။ ကိုယ်ဝန်ဆောင်နေတဲ့ အမျိုးသမီးမှာ ရင်သားကင်ဆာဖြစ်ခြင်းဟာ ခက်ခဲပေမယ့် ကုသမှုအကုန်ကို သိထားဖို့လိုပြီး ကျွမ်းကျင်သူ ပြောပြတာကိုလည်း နားထောင်ဖို့ လိုပါတယ်။ ကလေးရော အမေအတွက်ပါ ကောင်းမွန်တဲ့ ကုသနည်းတွေ မရှိနိုင်တာကြောင့် ကောင်းကျိုး၊ ဆိုးကျိုးတွေကို တွက်ချက်သင့်ပါတယ်။ ကလေးအတွက် (သို့) အမေအတွက် (သို့) နှစ်ယောက်လုံးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် နောက်ဆုံးမှာတော့ မိခင်ဟာ ကုသမှုကို ယူလို၊ မယူလို ပေါ်မှာပဲ မူတည်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%9b%e1%80%84%e1%80%ba%e1%80%9e/
အသံဝင်တာတွေ သက်သာစေဖို့ ဘာတွေစားပြီး ဘာတွေရှောင်ရမလဲ
အသံကုန်အောင် အာခေါင်ခြစ်အော်ခြင်း၊ အပူ အအေးမမျှတခြင်းနဲ့ အအေးမိတာတွေကြောင့် အသံဝင်တာတွေ ဖြစ်နိုင်ပါတယ်။ အသံဝင်မယ်ဆိုရင် စကားသေချာ မပြောနိုင်ဘဲ စိတ်ညစ်ရမှာပါ။ ဒီလိုမျိုး စိတ်ညစ်ရတာတွေ မဖြစ်စေဖို့အတွက် အသံဝင်တဲ့အခါ စားရမယ့် အစားအစာနဲ့ ရှောင်ရမယ့် အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။အသံဝင်နေပြီဆိုရင်တော့ ပြန်လည်ကောင်းလာဖို့အတွက် ရေဓာတ်များများ လိုအပ်ပါတယ်။ တစ်နေ့ကို ရေဖန်ခွက်နဲ့ ရှစ်ခွက်လောက် သောက်နိုင်ပါတယ်။ ဒါ့အပြင် ရေဓာတ်များတဲ့ အသီးတွေ၊ အရွက်တွေလည်း စားပေးဖို့ လိုပါတယ်နော်။ ခရမ်းချဉ်သီး၊ သခွားသီးတွေ အပြင် ပန်းသီး၊ စပျစ်သီးတွေကလည်း ရေဓာတ်ပါတာမို့ အသံဝင်တာကို သက်သာစေပါတယ်။ဗီတာမင် အေ ကြွယ်ဝတဲ့ အစားအစာတွေ စားမယ်ဆိုရင်လည်း အသံဝင်တာ သက်သာနိုင်ပါတယ်။ ဗီတာမင် အေ ဟာ တစ်ရှူးတွေကို ပျော့ပြောင်းစေတာကြောင့် လည်ချောင်းနာတာတွေ မဖြစ်စေနိုင်ပါဘူး။ ဥအမျိုးမျိုးနဲ့ အသားတွေ စားပေးလို့ ရတယ်နော်။ လိမ္မော်သီး၊ မုန်လာဥနီ၊ ဟင်းနုနွယ်ရွက်နဲ့ ကိုက်လန်တွေ စားဖို့ မမေ့နဲ့နော်။ဖျော်ရည်အနေနဲ့ တစ်ခုခုသောက်ချင်တယ်ဆိုရင်တော့ ပန်းသီးဖျော်ရည်ကိုသာ ရွေးချယ်လိုက်ပါ။ ပန်းသီးဖျော်ရည်မှာ ရေဓာတ်(၉၀) ရာခိုင်နှုန်းလောက် ပါဝင်တာမို့ အသံဝင်တာတွေ သက်သာစေနိုင်မှာပါ။ ဂျင်းပြုတ်ရည်ကတော့ အသံဝင်တဲ့လူတိုင်းအတွက် အကောင်းဆုံး အစားအစာဆိုတာ သိထားပြီး ဖြစ်မှာပါနော်။ ဂျင်းကို ရေသေသေချာချာဆေးပြီး ပါးပါးလေးတွေ လှီးကာ ရေဆူဆူထဲ ထည့်ပြီး ပြုတ်သောက်တာမျိုး လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ဂျင်းကို ပါးပါးလေးတွေ လှီးပြီး ရေနွေးထဲ ထည့်စိမ်ကာ သောက်နိုင်ပါတယ်နော်။ ဂျင်းက ပေးတဲ့ အပူဓာတ်က လည်ချောင်းရှင်းစေပြီး အသံဝင်တာတွေ သက်သာစေနိုင်ပါတယ်။အသံဝင်နေတဲ့အချိန်မှာတော့ ရေခဲမုန့်စားတာကို ရှောင်လိုက်ပါ။ ရေခဲမုန့်မှာ သကြားနဲ့ Lactose ပမာဏ များများ ပါဝင်တာကြောင့် အသံကို ပိုဝင်စေနိုင်ပါတယ်။ ဝက်သားခြောက်ကြိုက်တဲ့ သူတွေကတော့ စိတ်ညစ်ရမှာပါ။ အသံဝင်နေချိန်မှာတော့ ဝက်သားခြောက်ကို ရှောင်ရမယ်နော်။ ဘာလို့လဲဆိုတော့ ဝက်သားခြောက်မှာ ဆားများများ ပါဝင်ပြီး ရေဓာတ်ဆုံးရှုံးတာတွေ ဖြစ်စေတာကြောင့်ပါ။ တကယ်လို့ ဝက်သားခြောက် စားချင်တယ်ဆိုရင်တော့ ဆားလျှော့ရမှာပါ။နွားနို့ အပါအဝင် နို့ထွက် ပစ္စည်းတွေက လည်ချောင်းကို ချွဲတွေပိုထစေတာမို့ အသံဝင်တာ သက်သာချင်ရင်တော့ မစားပါနဲ့ဦး။ Citrus အက်ဆစ်များတဲ့ အသီးတွေလည်း မစားပါနဲ့ဦး။ ဒီအသီးအနှံတွေဟာ ခြောက်သွေ့စေတာမို့ အသံဝင်ခြင်းကို မသက်သာစေနိုင်ပါဘူး။ကဖင်းနဲ့ အရက်လည်း ဘယ်လောက်ပဲ ကြိုက်ကြိုက် အသံဝင်နေချိန်မှာတော့ ရှောင်ရပါမယ်။ ကဖင်းဓာတ်များတဲ့ အစားအစာတွေဟာ အသံကို ထိခိုက်စေပြီး လည်ချောင်းကြွက်သားတွေ တင်းမာခြင်းနဲ့ ရေဓာတ်ခမ်းခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီအခါမှာ ကြွက်သားတွေ တင်းမာနေပြီး အသံထွက်မရတာမျိုး ဖြစ်နိုင်ပါတယ်။ အသံဝင်တာတွေ မြန်မြန်ပျောက်ဖို့ဆိုရင်တော့ စားရမယ့် အစားအစာလေးတွေပဲ ရွေးစားပါနော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-to-relieve-hoarseness-of-voice/
လိင်မှုဘဝ ချောမွေ့စေဖို့ သုံးလေ့ရှိတဲ့ ချောဆီရဲ့ ဘေးထွက်ဆိုးကျိုး အချို့
ချောဆီဆိုတာကလိင်မှုဘဝကို ချောမွေ့စေဖို့ ထောက်ကူပေးနိုင်တဲ့ အရာတစ်ခုပေါ့။ချောဆီဆိုတာက လိင်မှုဘဝကို ချောမွေ့စေတယ် ဆိုပေမယ့် ဘေးထွက်ဆိုးကျိုး အနည်းငယ်တော့ ရှိပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လိင်မှုဘဝ ချောမွေ့စေဖို့ သုံးလေ့ရှိတဲ့ ချောဆီရဲ့ ဘေးထွက်ဆိုးကျိုး အချို့ က ဘာတွေများဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ချောဆီဆိုတာကလိင်ဆက်ဆံမှုမှာ ထိခိုက်ပွန်းပဲ့နိုင်ခြေ နည်းစေသလိုနှစ်ကိုယ်ကြားဆက်ဆံရေးကို သာယာကြည်နူးဖွယ်ဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နောက်တစ်ခုကတော့ အစိုဓာတ် ထိန်းပေးနိုင်တာပါ။ ချောဆီက အခုလို ကောင်းကျိုးလေးတွေ ပေးနိုင်တယ်ဆိုပေမယ့် အသင့်တော်ဆုံးဖြစ်မှာကို ရွေးချယ်ဖို့ လိုပါမယ်။ချောဆီတွေမှာ ရေကို အခြေပြုပြီး ထုတ်တားတဲ့ ချောဆီ၊ ဆီကို အခြေခံပြီး ထုတ်ထားတဲ့ ချောဆီနဲ့ ဆီလီကွန်ကို အခြေခံပြီး ထုတ်ထားတဲ့ ချောဆီဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဒီလို ချောဆီတွေထဲကမှ အသင့်တော်ဆုံး ဖြစ်မှာကို သေချာလေး ရွေးချယ်မိဖို့ လိုပါမယ်။ ရေကို အခြေခံပြီး ထုတ်ထားတဲ့ ချောဆီကတော့ အသုံးအများဆုံး ဖြစ်ပါတယ်။လိင်မှုဘဝ ချောမွေ့စေဖို့ သုံးလေ့ရှိတဲ့ ချောဆီရဲ့ ဘေးထွက်ဆိုးကျိုး အချို့ကတော့ –။ချောဆီတွေမှာ အနံ့တွေနဲ့ အရောင်တွေ ပါဝင်နေတတ်ပြီး ဒီပါဝင်နေမှုတွေက အရေပြားကို ယားယံတာ၊ ကျိန်းစပ်စပ်ဖြစ်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ၂၀၂၃ ခုနှစ်က လေ့လာမှုတွေအရတော့ ချောဆီတွေမှာ ထည့်သွင်း ထုတ်လုပ်လာကြတဲ့ အရသာတွေနဲ့ ပူနွေးမှုကို ခံစားရစေတဲ့ အရာတွေကအရေပြားကို ယားယံပြီး ဓာတ်မတည့်မှုတွေကို ခံစားရစေတာပါ။ ဒါကြောင့် ချောဆီ ရွေးချယ်တဲ့အခါ  hypoallergenic ဖြစ်ပြီး အနံ့ မပါတာမျိုးကို ရွေးချယ်ပေးပါ။အချို့သော ချောဆီတွေကမိန်းမကိုယ်ရဲ့ pHဟန်ချက်ကို ပျက်စေပြီး မှိုပိုးကူးစက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ချောဆီတွေမှာ ပါတဲ့ အလှဆီ၊ parabens တို့လိုမျိုး ဓာတုပစ္စည်းတွေက မိန်းမကိုယ်မှာမှိုပိုးဝင်ရောက်ကူးစက်တာကို ဖြစ်စေနိုင်ပါတယ်။ ။ ဒါကြောင့် မှိုပိုး ဝင်ရောက်ကူးစက်ခံရလေ့ ရှိတဲ့ အမျိုးသမီးတွေ အနေနဲ့ ရေအခြေခံပြီး ထုတ်ထားတဲ့ ချောဆီတွေနဲ့ ဆီလီကွန် အခြေပြုပြီး ထုတ်ထားတဲ့ ချောဆီမျိုးကို သုံးပေးပါ။လေ့လာမှုတွေအရ သိရတာက ချောဆီသုံးတာကမျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်တယ်ဆိုတာပါ။ အလှဆီ ပါဝင်နေတဲ့ ချောဆီက သုက်ပိုးလေးတွေရဲ့ လှုပ်ရှားနိုင်စွမ်းကို ထိခိုက်စေနိုင်ပြီး မျိုးအောင်နိုင်ခြေကို ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် ကလေးလိုချင်တဲ့ စုံတွဲတွေ အနေနဲ့ sperm friendly, fertility friendly လို့ရေးထားတဲ့ ချောဆီကို သုံးပါ။ Hydroxyethylcellulose-base နဲ့ လုပ်ထားတာတွေကတော့ သုက်ကောင်လေးတွေနဲ့ လှုပ်ရှားမှုကို မထိခိုက်စေပါဘူး။ချောဆီတွေမှာ ပါဝင်နေတဲ့ အချို့သော ပါဝင်ပစ္စည်းတွေက ဓာတ်မတည့်မှုကို ဖြစ်စေနိုင်ပါတယ်။ ချောဆီမှာပါတဲ့ တာရှည်ခံစေဖို့နဲ့ အနံ့မွှေးစေဖို့ သုံးကြတဲ့ အမွှေးရနံ့တွေကလည်း ဓာတ်မတည့်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ချောဆီကို မဝယ်ယူခင်မှာ သေချာလေး စစ်ဆေးဖို့ လိုပါမယ်။ချောဆီတွေက စိုစွတ်ပြီးချောမွေ့စေဖို့သုံးကြတယ်။ စိတ်လှုပ်ရှားစရာကောင်းပြီး သာယာကြည်နူးဖွယ်ရာ ဆက်ဆံရေးကို ရရှိစေဖို့ သုံးကြတယ် ဆိုပေမယ့်အလွန်အကျွံသုံးမယ် မကြာခဏ သုံးနေမယ်ဆိုရင်တော့မိန်းမကိုယ်ရဲ့ အစိုဓာတ်ကို ဟန်ချက်ပျက်စေပြီး ခြောက်သွေ့တာကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုးမျိုးပွားအင်္ဂါတဝိုက် ခြောက်သွေ့တာက နေရထိုင်ရတာကို မသက်မသာ ဖြစ်စေနိုင်ပါတယ်။ချောဆီက တူနှစ်ကိုယ်ကြားက ဆက်ဆံရေးကို သာယာကြည်နူးဖွယ် ဖြစ်စေဖို့ ထောက်ကူပေးနိုင်တယ်ဆိုပေမယ့် အသုံးမတတ်ရင်တော့ အခုလိုဘေးထွက်ဆိုးကျိုးလေးတွေကို ခံစားရနိုင်ပါတယ် ဆိုတာ သတိချပ်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/side-effects-of-lubricants-in-sex/
ဂေါက်ရိုက်ခြင်းနှင့် ဒူးနာခြင်း
ဂေါက်ရိုက်ခြင်းဟာ လူကြိုက်များရေပန်းစားတဲ့အားကစားတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း ဂေါက်ရိုက်ခြင်းဟာ သင့်ရဲ့ခါး၊ပခုံး ၊ လက်ကောက်ဝတ် နှင့် ဒူးနာခြင်းတို့ကိုဖြစ်စေနိုင်ပြီး အသက်အရွယ်မရွေး ၊ အပျော်တမ်းရိုက်သူနှင့် ကျွမ်းကျင်ပညာရှင်မရွေးဖြစ်နိုင်ပါတယ်။ယခုဆောင်းပါးကတော့ ဂေါက်ရိုက်ခြင်းနှင့်ဒူးနာခြင်းတို့အကြောင်းကိုဖော်ပြသွားမှာဖြစ်ပါတယ်။ ဂေါက်ရိုက်ခြင်းဟာ သင့်ရဲ့ဒူးကိုဘယ်လိုသက်ရောက်စေသလဲဆိုတာနဲ့ ကာကွယ်ဖို့သင်ဘာတွေလုပ်နိုင်လဲဆိုတာကိုကြည့်ကြပါစို့ ။ဂေါက်ရိုက်ခြင်းဆိုသည်မှာ လှုပ်ရှားမှုပုံစံမျိုးစုံ ၊ ကိုယ်နေဟန်ထားမျိုးစုံပါဝင်ပါတယ်။ ဂေါက်ရိုက်စဉ်မှာ ဒဏ်ရာရရှိခြင်းဟာ ဒူးနာခြင်းကိုဖြစ်စေနိုင်ပါတယ် ။သင်ဂေါက်ရိုက်တဲ့အခါမှာ ဒူးနာခြင်းဖြစ်ပေါ်လာနိုင်ပါတယ် ။မတော်တဆထိခိုက်ဒဏ်ရာများဟာ သင်ဂေါက်ရိုက်တံကိုလွှဲလိုက်တဲ့အခါ ခန္ဓါကိုယ်အမြန်လည်သွားခြင်းနှင့် ဆက်စပ်နေပါတယ် ။ ဒါဟာအရွတ်တွေကိုဖိအားပိုမိုသက်ရောက်စေပါတယ်။ သင့်ဒူးမှာရှိတဲ့ အရွတ်များဟာ ဒူးကိုတည်ငြိမ်နေစေဖို့အတွက်အရေးကြီးပါတယ် ။ဥပမာ ဒူးအရှေ့ဘတ်ရှိ အရွတ်ဟာ ဒူးအလယ်ကနေဖြတ်သွားနေပြီး သင့်ရဲ့ဦးတည်ချက်ကိုအမြန်ပြောင်းလိုက်တဲ့အခါ ဒူးမှာဒဏ်ရာရရှိပြီး ထိုအရွတ်ဟာစုတ်ပြဲသွားနိုင်ပါတယ် ။သင်ဟာဒူးကိုအမြန်ကွေးခြင်း (သို့မဟုတ်) လှည့်ခြင်းပြုလုပ်တဲ့အခါအရိုးနုအရွတ်ပြားလေးဟာလည်းစုတ်ပြဲသွားနိုင်ပါတယ် ။ အပျော့စား (သို့မဟုတ်) သာမန်ကိစ္စတွေမှာသင်ဟာ ဒူးတွင်တောင့်တင်းနေခြင်းနှင့် နာကျင်ခြင်းတို့ကိုခံစားရနိုင်ပါတယ်။ ဒူးကိုကွေးရာမှာလည်းခက်ခဲနေနိုင်ပါတယ် ။ ဒူးပတ်လည်မှာလည်းရောင်ရမ်းနေနိုင်ပါတယ်။ ပိုပြီးပြင်းထန်တဲ့ကိစ္စတွေမှာတော့စုတ်ပြဲနေတဲ့အရိုးနုပြားလေးဟာ ဒူးဆီသို့ရွေ့လာနိုင်ပါတယ် ။ ဒါဟာ သင်လှုပ်ရှားတဲ့အခါအသံကြားနေရမည်ဖြစ်ပြီး ဒူးကိုဖြောင့်တန်းဖို့ရာ ခက်ခဲနေပါလိမ့်မယ်။အကယ်၍သင့်မှာ အရိုးနုပြားစုတ်ပြဲနေပြီဆိုရင်တော့ သင့်ဒူးမှာအရိုးအဆစ်ရောင်ရမ်းခြင်း ဖြစ်ဖို့အလားအလာပိုများပါတယ်။ သင်ဂေါက်ရိုက်တဲ့အခါ ထပ်ခါထပ်ခါလှုပ်ရှားမှုများဟာလည်း ဒီရောဂါကိုဖြစ်စေနိုင်ပါတယ်။ သင့်မှာအရိုးအဆစ်ရောင်ရမ်းနေတဲ့အခါသင့်ဒူးထဲမှာရှိတဲ့အရိုးနုဟာ စုတ်ပြဲသွားပြီး အရိုးများကိုအကာအကွယ်အနည်းငယ်သာပေးနိုင်ပါတော့တယ်။ ထိုအခါဒူးရှိအရိုးများသည် အချင်းချင်းပွတ်တိုက်ကြပြီး နာကျင်ခြင်း ၊ တောင့်တင်းခြင်း ၊ ရောင်ရမ်းခြင်းတို့ကိုဖြစ်ပေါ်စေနိုင်ပါတယ် ။ တစ်ခါတရံမှသင်ဟာခါတိုင်းလိုလှုပ်ရှားမရနိုင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။သင့်ရဲ့ဒူးတွင် ဂုတ်ညင်းရိုးနှင့်ခြေသလုံးရိုးကိုဆက်သွယ်ထားသည့်အရွတ်တစ်ခုရှိပါတယ်။ ထိုအရွတ်ဟာ သင့်ကို ကန်ရာ ပြေးရာမှာကူညီပေးပါတယ်။ ဂုတ်ညှင်းရိုးအရွတ်ရောင်ခြင်းဟာသင့်ဒူးကိုဂေါက်ရိုက်ရာတွင်အလွန်အကျွံအသုံးပြုတဲ့အခါ ဖြစ်ပေါ်လာပါတယ်။ ထိုအရွတ်ပေါ်ကို ဖိအားများထပ်ကာထပ်ကာသက်ရောက်တဲ့အခါ သင့်ရဲ့ဂုတ်ညှင်းရိုးအရွတ်ဟာ စုတ်ပြဲသွားနိုင်ပါတယ် ။ဂေါက်ရိုက်ခြင်းဟာ ဒူးပြဿနာအချို့ဖြစ်စေနိုင်သော်လည်း ဂေါက်ရိုက်ခြင်းကို ရှောင်ရှားဖို့အထိတော့မလိုအပ်ပါဘူး ။ နည်းလမ်းအချို့ကိုလိုက်နာပြီး ဒဏ်ရာမရရှိဘဲနှင့် ဂေါက်ရိုက်နိုင်ပါတယ် ။– အကယ်၍သင့်ဒူးမှာအနည်းငယ်နာကျင်ခြင်းရှိပြီး ဂေါက်ဆက်လက်ရိုက်နိုင်သေးတယ်ဆိုရင်တော့ အနီးရိုက်ချက်လေးတွေနဲ့ပဲပေါ့ပေါ့ပါးပါးစတင်သင့်ပါတယ် ။ သင်ဘယ်လိုခံစားနေရတယ်ဆိုတာကို သတိထားပြီး သင့်ကိုသင်ပြန်မေးဖို့အရေးကြီးပါတယ်။ မသက်မသာဖြစ်လာလျှင် လျစ်လျူရှုပြီးမနေသင့်ပါဘူး ။–အကယ်၍ ဂေါက်ရိုက်ရာတွင်မသက်မသာခံစားရပါက သင်ဂေါက်ရိုက်တာကို အကန့်အသတ်တစ်ခုထားပြီးရိုက်ရပါမယ်။သင့်ကိုယ်သင်ပင်ပင်ပန်းပန်း မစေခိုင်းသင့်ပါဘူး ။– ဂေါက်ရိုက်တိုင်း ညင်ညင်သာသာနဲ့စတင်ရပါမယ် ။သင့်ခန္ဓါကိုယ်ဟာ အသားကျဖို့အချိန်လိုတဲ့အတွက်ဖြစ်ပါတယ်။ သင့်ရဲ့ဒူးတွင်နာကျင်မှုနဲ့မသက်မသာ မှုတွေ မခံစားရမီ ဂေါက်ရိုက်ခြင်းကို ရပ်တန့်ရပါမယ် ။– ဂေါက်ရိုက်တဲ့အခါ ဂေါက်ရိုက်ဖိနပ်ကိုဝတ်ဆင်ရပါမယ်။ဒီဖိနပ်မျိုးဟာ သင်လွှဲလိုက်တဲ့အခါ ဒူးကိုလိမ်သွားစေမယ့်အားကိုလျော့နည်းစေပါတယ် ။–ဂေါက်မရိုက်မီနှင့် ဂေါက်ရိုက်ပြီးတိုင်း အကြောလျှော့ခြင်းဖြင့်သွေးပူလေ့ကျင့်ခန်းလုပ်ရပါမယ်။ ဒီလိုလုပ်ခြင်းဟာ သင့်ကိုတက်ကြွစေပါလိမ့်မယ်။–အကယ်၍သင့်တွင်ဒူးဒဏ်ရာရှိတယ်လို့ထင်ပါက ဂေါက်မရိုက်သင့်ပါဘူး ။ဒဏ်ရာရရှိနေစဉ်မှာ ဂေါက်ရိုက်ခြင်းဟာ သင့်ရဲ့ဒူးကိုပိုမိုဆိုးဝါးသွားစေပါလိမ့်မယ်။– သင်အသက်ကြီးလာတဲ့အခါမှာဂေါက်ရိုက်တဲ့အကြိမ်ရေကို လျှော့ဖို့စဉ်းစားရပါမယ်။အသက်ကြီးလာတဲ့အခါဒူးနာခြင်းဟာ ပိုမိုဆိုးဝါးလာနိုင်ပါတယ် ။လူအများစုဟာ ဂေါက်ရိုက်ရခြင်းကို နှစ်သက်ကြပါတယ် ။ ဒါပေမယ့် သူတို့အားလုံးဟာ ဂေါက်ရိုက်ခြင်းဟာ ဒူးနာခြင်းကိုဖြစ်စေတယ်ဆိုတာ မသိကြပါဘူး ။ သို့သော်လည်း ဂေါက်ရိုက်ရာတွင်ဒူးနာခြင်းကို သင့်တော်တဲ့အထောက်အကူပစ္စည်းများ နှင့် နည်းပညာများအသုံးပြု၍ ကာကွယ်နိုင်ပါတယ်။Hello health group သည် ကျန်းမာရေးဆိုင်ရာအကြံပေးခြင်း ၊ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/tips-for-protecting-your-knee-on-the-golf-course/
ဘေဘီလေးရဲ့ ပေါင်ကြားမှာ အရေပြားလောင်ခြင်း
မွေးကင်းစအရွယ် ကလေးငယ်တွေရဲ့အသားအရေက သိပ်နုနယ်ပါတယ်။ တံတောင်ဆစ်ကြားလေးတွေ၊ လည်ပင်းလေးတွေမှာ ပွန်းပြီး နီရဲနေတတ်တာပဲကြည့်။ ဒါတွေကတော့ ပိတ်လှောင်ပြီး ချွေးထွက်တာ ဒါမှမဟုတ် အသားခြောက်သွေ့တာကြောင့် ဖြစ်တတ်ပေမယ့် ပိုဆိုးတာ ပေါင်ခြံ၊ ပေါင်ကြားအရေပြားလေးတွေမှာ လောင်တာပဲ ဖြစ်ပါတယ်။ဒီနေရာမှာ သေးခံ(Diaper) ဝတ်ပေးလေ့ရှိကြလို့ သေးခံလောင်တယ်လို့လည်း ခေါ်ကြတယ်။ ဒါပေမယ့် အနှီးပတ်ပေး၊ ဘောင်းဘီဝတ်ပေးထားတဲ့ ကလေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဘာလို့ဆို ဘေဘီလေးရဲ့ ဆီးနဲ့ ဝမ်းကြောင့် စိုစွတ်ပြီး ဘက်တီးရီးယားပျော်တဲ့အနေအထား ဖြစ်သွားနိုင်ပါတယ်။ကလေးမှာ သေးခံလောင်ရတဲ့အကြောင်းရင်းက –။ကလေးကို ညစ်ပေနေတဲ့သေးခံကို အကြာကြီး မဝတ်ထားပေးမိပါစေနဲ့။ အရေပြားမှာ ဓာတ်မတည့်တာမျိုး၊ ထိခိုက်တာမျိုးတွေဖြစ်စေပြီး သေးခံလောင်တာကိုပါဖြစ်စေနိုင်တာကြောင့်ပါ။ သေးခံလောင်တာကို သက်သာစေဖို့ လုပ်ဆောင်သင့်တဲ့ ပထမဆုံးအချက်က သေးခံညစ်ပေနေတာတွေ့တိုင်း မြန်နိုင်သမျှမြန်မြန်လဲပေးဖို့ပါ။ကလေးက ဆီးနဲ့ ဝမ်းသွားထားတယ်ဆိုရင် တတ်နိုင်သလောက် မြန်မြန်အဝတ်လဲပေးပါ။ ခြောက်သွေ့၊ သန့်ရှင်းအောင်ထားမှ ဒီဧရိယာတဝိုက်မှာ ဘက်တီးရီးယားတွေပေါက်ဖွားဖို့လွယ်တဲ့နေရာတစ်ခု ဖြစ်မလာတော့ဘဲ ကလေးရဲ့အရေပြားကို မထိခိုက်စေမှာဖြစ်ပါတယ်။ကလေးကိုအဝတ်လဲပေးတဲ့အခါတိုင်း အနည်းဆုံးတော့ ဂွမ်းစနုနုလေးနဲ့ ရေကိုသုံးပြီး ဆီးတွေနဲ့အညစ်အကြေးတွေကို သန့်စင်ဖယ်ရှားပေးပါ။ အရေပြားကို ပုံမှန် pH ပမာဏရရှိအောင်ထိန်းညှိပေးပါ။ ကလေးကိုသေးခံအသစ်လဲပေးဖို့အတွက် သန့်ရှင်းရေးလုပ်ပေးပြီးတိုင်းမှာ ခြောက်သွေ့အောင်သုတ်ပေးဖို့ကိုလည်း မေ့မထားသင့်ပါဘူး။ကလေးမှာ အရေပြားဓါတ်မတည့်မှုဖြစ်တာမျိုးတွေဖြစ်နိုင်ပါတယ်။ အရေပြားဓါတ်မတည့်တာမျိုးဖြစ်တဲ့အခါ ကလေးကိုအသုံးပြုပေးနေတဲ့ ပစ္စည်းတွေကိုသေချာစစ်ဆေးကြည့်ပါ။အပြင်းစားဆပ်ပြာတွေနဲ့ အယ်လ်ကိုဟောတွေ (သို့မဟုတ်) ဓါတုပစ္စည်းတွေထည့်သွင်းထုတ်လုပ်ထားတဲ့ပစ္စည်းတွေကို ကလေးငယ်ကိုမသုံးပေးပါနဲ့။ဆီးတွေက အရေပြားနဲ့ထိမိပြီး အရေပြားမှာ ဓါတ်မတည့်တာမျိုးတွေ၊ အဖုအပိမ့်ထွက်တာမျိုးတွေမဖြစ်စေဖို့အတွက် ကာကွယ်တဲ့အနေနဲ့ ကလေးကို သန့်ရှင်းရေးလုပ်ပေးပြီးတိုင်း အရေပြားမှာ Baby Cream တစ်မျိုးကို လိမ်းပေးထားသင့်ပါတယ်။ အညစ်အကြေးသန့်စင်ပေးပြီးတိုင်း Baby Cream မှန်မှန်လူးပေးတာက အရေပြားထိခိုက်တာကို နည်းစေနိုင်ပြီး ပွန်းထား၊ လောင်ထားတဲ့နေရာတွေကို လည်းအနာကျက်စေမှာဖြစ်ပါတယ်။သေးခံလောင်တာက နာကျင်ပြီး စပ်ဖျဉ်းဖျဉ်းဖြစ်စေတယ်ဆိုပေမယ့် ကလေးဆိုတော့ အရမ်းတော့ အာရုံမရှိလောက်တဲ့ဝေဒနာပါ။ တစ်ခုရှိတာက အဲ့ဒီကနေ ပိုးဝင်လာမှာကိုပဲ စိုးရိမ်ရပါတယ်။ သေးခံလောင်တဲ့နေရာမှာရောဂါပိုးဝင်ပြီဆိုရင် ပြတတ်တဲ့ဒီလက္ခဏာလေးတွေကို သတိထားပါ။ငယ်ရွယ်လွန်းတဲ့ သားသားမီးမီးလေးတွေရဲ့ အရေပြားနုနုလေးမှာ ဒီဝေဒနာဖြစ်လာရင် သနားစရာကောင်းပါတယ်။ ဒီလိုလောင်တာမျိုးမဖြစ်ရအောင် ကြိုတင်သတိထားကာကွယ်တာအကောင်းဆုံးပါပဲ။ ကလေးတို့ရဲ့ အတွင်းပိုင်းအသားအရေမှာ လေဝင်လေထွက်ရှိဖို့သတိထားရမှာဖြစ်သလို အရည်အသွေးကောင်းပြီး စိတ်ချရတဲ့ အသားအရေသုံးပစ္စည်းတွေကို ဝယ်ဖို့လည်းအရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%98%e1%80%b1%e1%80%98%e1%80%ae%e1%80%9c%e1%80%b1%e1%80%b8%e1%80%9b%e1%80%b2%e1%80%b7-%e1%80%95%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%80%e1%80%bc%e1%80%ac%e1%80%b8%e1%80%99%e1%80%be%e1%80%ac/
သာမန်နို့တွေနဲ့ ဖွံ့ဖြိုးစကလေး ဖော်စပ်စာဖော်မြူလာနို့တွေ ဘာကွာခြားသလဲ၊၊
ရွေးချယ်စရာတွေ များလာတာက ကောင်းပေမယ့် အမှားလည်း များနိုင်သလို အရွေးရခက်စေပါတယ်။ ဒီလို ရွေးချယ်စရာ များတာကြောင့် ဘာရွေးလို့ ရွေးရမှန်းမသိဖြစ်ရတဲ့အထဲမှာသားသားမီးမီးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက်အာဟာရလိုအပ်ချက်ကို ဖြည့်ပေးမယ့် နို့ရွေးချယ်ရတာကလည်း တစ်ခု အပါအဝင်ပါပဲ။အိမ်ရဲ့ ဆည်းလည်းလေးဖြစ်တဲ့ သားသားမီးမီးအတွက်အာဟာရပြည့်အောင်နို့တစ်မျိုးမျိုး ဒါမှမဟုတ် ဖြည့်စွက်အာဟာရတစ်မျိုးမျိုး တိုက်ချင်ပေမယ့် ဘာရွေးလို့ ရွေးရမှန်း မသိလို့ စိတ်ညစ်နေပြီလား မေမေဖေဖေ၊ ဖွားဖွား တီတီတို့ရေ …………။ဒီရွေးရခက်နေတဲ့ စိတ်ရှုပ်ထွေးစရာကိစ္စလေးကို ဖြေရှင်းနိုင်မယ့် အကြံကောင်းလေး မျှဝေချင်ပါတယ်။သားသားမီးမီးတို့ကို အကောင်းဆုံးသော အရာတွေပဲ ပေးချင်တာက မိဘတိုင်း ဖိုးဖိုးဖွားဖွားတိုင်း တီတီတိုင်းရဲ့ ဆန္ဒပါ။ ဒီဆန္ဒလေးကို စိတ်ရှုပ်ထွေးမှု မရှိစေဘဲ ဖြည့်ပေးနိုင်ဖို့ ဆောင်းပါးလေးက ကူညီပေးနိုင်မှာပါ။ကလေးတွေ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးလာစေဖို့ဆိုရင် ငယ်စဉ်ကတည်းက အာဟာရ ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့ လိုပါမယ်။ ကလေးတွေကို ကြီးထွားမှု အလိုက် အာဟာရပြည့်ဝစွာ ဖြည့်ပေးနိုင်မှ ကလေးက အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးလာမှာပါ။သားသားမီးမီးတို့ကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးဖို့စေဖို့ အာဟာရ ပြည့်ဝအောင် ဖြည့်ဆည်းပေးတဲ့အခါမှာ ကလေးတိုင်းလိုလို မငြင်းဘဲ သောက်တဲ့ အရာလေး တစ်ခုရှိပါတယ်။ ဒါကတော့သားသားမီးမီးတို့မိခင်ဝမ်းက ထွက်လာကတည်းက ပထမဆုံး စားဖူးတဲ့ အာဟာရ တစ်ခု ဖြစ်တဲ့နို့ပါ။အပေါ်မှာ ပြောခဲ့သလို နို့က သားသားမီးမီးတွေကို အကောင်းဆုံး ဖွံ့ဖြိုးစေတယ်ဆိုပေမယ့် နို့တိုင်းက သားသားမီးမီးတွေကို ဖွံ့ဖြိုးစေတာ မဟုတ်ပါဘူး။ နို့ဆိုပေမယ့်လည်း အာဟာရ ပြည့်ဝပြီး သားသားမီးမီးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးနိုင်မယ့် အာဟာရဓာတ်တွေ ပြည့်ဝဖို့ လိုပါမယ်။သားသားမီးမီးတွေကို အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ဆိုရင် ကလေးအတွက် ပြင်ဆင်ပေးတဲ့ နို့မှာ ကလေးတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထောက်ကူပေးနိုင်မယ့် အာဟာရဓာတ်တွေ ဖြစ်တဲ့ DHA (Omega-3 fatty acids)၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် D၊ lcFOSလို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယား အာဟာတစ်မျိုး (နားလည်လွယ်အောင် ပြောရရင် မချေဖျက်နိုင်တဲ့ အမျှင်ဓာတ်ပါ) ၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ပရိုတင်း နဲ့ အခြားသော ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ ပါဝင်နေဖို့ လိုပါမယ်။ငယ်စဉ်မှာ တိုက်ကျွေးမယ့်နို့ကို သေချာ ရွေးချယ်မှ သားသားမီးမီးတွေက အသက်ရတာတဲ့အခါ အဝလွန်တာ၊ နှလုံးရောဂါ နဲ့သွေးအားနည်းတာလိုမျိုး ကျန်းမာရေး ပြဿနာတွေ ကင်းဝေးပြီး ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင် ကြီးပြင်းအရွယ်ရောက်မှာပါ။နို့အမျိုးအစားတွေက အမျိုးမျိုး ရှိသလို အာဟာရ ပါဝင်ပုံချင်းလည်း ကွာခြားနိုင်ပါတယ်။ ဘယ်လိုတွေ ကွာခြားသလဲဆိုတာ နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။သာမန်နို့ ဆိုတဲ့ အထဲမှာ ပုံမှန် သောက်နေကျနို့တွေ ဖြစ်တဲ့ နွားနို့၊ ဆိတ်နို့၊ သိုးနို့၊ ကျွဲနို့တို့လိုမျိုး တိရစ္ဆာန်တွေဆီကနေရတဲ့ နို့တွေ ရှိသလို အပင်အခြေခံထားတဲ့ အယ်လ်မွန်နို့၊ ပဲနို့၊ အုန်းနို့၊ ဆန်နို့တွေလည်း ရှိပါတယ်။ ဒါ့အပြင် မုယောကို အခြေခံပြီး ထုတ်ထားတဲ့ နို့တွေလည်းရှိပါသေးတယ်။ဒီနို့တွေမှာ သဘာဝကဖန်တီးထားတဲ့ အာဟာရတွေ ဖြစ်ကြတဲ့ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ အဆီလိုမျိုး အာဟာရတွေ ပါဝင်နေပေမယ့် ကလေးတစ်ယောက် ဘက်စုံဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့်စုံစုံ ပါဝင်နေတာမျိုးတော့ မဟုတ်ပါဘူး။နောက်တစ်ချက် သေချာ ပိုးသတ်မထားဘူးဆိုရင် ဖြစ်ဖြစ်၊ သားသားမီးမီးတို့ကနို့သကြားဓာတ်မစုပ်ယူနိုင်တဲ့ ကျန်းမာရေးပြဿနာမျိုး ရှိနေမယ်ဆိုရင်တော့ သာမန်နို့တွေ တိုက်ကျွေးတာက ကလေးအတွက် အဆင်မပြေလောက်ပါဘူး။ နောက်တစ်ခုက ပမာဏပါ။ ကလေးအတွက် လိုအပ်တဲ့ အာဟာရပြည့်မီစေဖို့ အများကြီး သောက်ရမယ်ဆိုရင်လည်း ကလေးတစ်ယောက်အနေနဲ့ အဆင်မပြေပါဘူး။ဖော်မြူလာနို့ ဆိုတာက နာမည်အတိုင်းကို သားသားမီးမီးတို့ရဲ့ အာဟာရလိုအပ်ချက်ကို ပြည့်ပြည့်ဝဝ ဖြည့်ပေးနိုင်ပါတယ်။ ကလေးတစ်ယောက်ရဲ့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးစေဖို့ လိုအပ်မယ့် အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်အောင် ပြင်ဆင်ထားသလို သာမန်နို့တွေမှာ မပါတဲ့ သားသားမီးမီးတို့ရဲ့ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့၊ မျက်လုံးနဲ့ ဦးနှောက်ဖွံ့ဖြိုးစေဖို့ရော အစာခြေစနစ်ကစလို့ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်စေဖို့အထိ အကောင်းဆုံး ထောက်ကူပေးနိုင်မယ့် အာဟာရဓာတ်တွေဖြစ်ကြတဲ့။နို့တိုင်းက တစ်မျိုးစီ အားသာချက်တွေရှိပေမယ့် သားသားမီးမီးတို့အတွက်ကတော့ အသင့်တော်ဆုံးဆိုတာကို ရွေးနိုင်မှ တော်ကာကျမှာပါ။ ကဲ….. ရွေးရခက်တဲ့ ပြဿနာအတွက် အဖြေထွက်လောက်ပြီ ထင်ပါတယ်နော်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-nutrition/differences-between-ordinary-milk-and-nutritious-milk/
စိုင်ယာတီကာ အကြောနာ အတွက် မသင့်တော်သော အစားအသောက်များ
စိုင်ယာတီကာ အကြောနာ(Sciatica) ဆိုသည်မှာ ရောဂါအမည်တစ်ခု မဟုတ်ပါ။ ရောဂါအခြေအနေတစ်ခု၏ ရောဂါလက္ခဏာသာဖြစ်ပါသည်။ (၎င်းကို အရပ်ထဲတွင် ပေါင်တန်းခြင်း၊ အကြောညပ်ခြင်းဟု လည်း ခေါ်ဝေါ်ကြသည်။) အချို့အခြေအနေများတွင် ပြင်းထန်သော ရောဂါတစ်စုံတစ်ခု ဥပမာ။ ကင်ဆာကျိတ်သည် စိုင်ယာတီကာ အကြောနာ ၊ အကြောညပ်ဖြစ်ရခြင်း၏ အကြောင်းရင်းဖြစ်နိုင်သည်။ ရောဂါအတွက် ကုသမှုနည်းလမ်းများ ရှာဖွေခြင်း အပြင် ကျန်းမာသော အစားအသောက်သည်လည်း စိုင်ယာတီကာ အကြောနာခြင်းကြောင့် ဖြစ်သော နာကျင်မှုကို သက်သာစေရန် ကူညီပေးပါသည်။စိုင်ယာတီကာ အကြောနာ၊ အကြောညပ်ခြင်းကို ဆိုးရွားစေသည့် အစားအစာများကို အောက်တွင် ဖော်ပြထားပါသည်။သကြား ထပ်ထည့်ခြင်းသည် အချိုအရသာ နှင့် ကယ်လိုရီဓါတ် တိုးမြှင့်ပေးပါသည်။ သို့သော် အာဟာရ များစွာ မဖြစ်သည့်အပြင် သွေးတွင်းသကြားဓါတ်အပေါ် သက်ရောက်မှု များသည်။ သကြားဓါတ်များသော အစားအသောက်များသည် ရောင်ရမ်းခြင်းဖြစ်စဉ်ကို ပိုအားပေးသည်။ ထို့ပြင် ထိုအစားအသောက်များကြောင့် လတ်ဆတ်သော အသီးအနှံကဲ့သို့သော ရောင်ရမ်းခြင်းကို တားသည့် အကျိုးများသော အစားအသောက်များကို သိပ်မစားဖြစ်တော့ပါ။ ထပ်တိုးသကြား မြှင့်မားစွာပါဝင်သည့် အစားအစာ ဥပမာ အချို့မှာ သကြားလုံး၊ အချိုရည်၊ ပန်ကိတ်အရည်၊ အချိုပွဲ၊ ကိတ်မုန့်အပေါ်က အလှဆင်ထားသည့် သကြားလွှာ ၊ ကိတ်မုန့် တု့ိဖြစ်ပါသည်။အာဟာရမပြည့်ဝသော အစားအသောက်များ (သို့) ကိုယ်အလေးချိန်တက်စေသော အစားအသောက်များသည် စိုင်ယာတစ် အာရုံကြောတွင် ပြဿနာဖြစ်စေသည်။ သို့သော် စိုင်ယာတီကာ အကြောနာခြင်းကို လှုံ့ဆော်ပေးသော၊ ပိုဆိုးစေသော အစားအသောက်ရယ်လို့တော့ သတ်သတ်မှတ်မှတ်မရှိပါ။လေ့လာမှုများအရ ဗီတာမင် ဘီသည် ကျန်းမာသော အာရုံကြောတစ်ရှုးအတွက် မရှိမဖြစ်လိုအပ်သည်။ အစေ့အဆန်များကို သန့်စင်ပြုပြင်ထုတ်လုပ်သော လုပ်ငန်းစဉ်တွင် ဗီတာမင် ဘီ အပါအဝင် တန်ဖိုးရှိသော အာဟာရများကို ဖယ်ထုတ်လိုက်သည်။ထို့ကြောင့် ပေါင်မုန့်ဖြူ၊ အမျှင်ဓါတ်နည်းသော စီရီယယ်၊ အသင့်စားဆန်၊ ပါစတာ နှင့် ကိတ်မုန့် ဂံျု ဖြင့် ဖုတ်ထားသော မုန့်များ ကဲ့သို့သော ပြုပြင်ထားသော အစေ့အဆန်များအစား သဘာဝအစေ့အဆန်များကို စားသုံးခြင်းသည် အာဟာရနှင့် အမျှင်ဓါတ်အမြောက်အမြား ထောက်ပံ့ပေးပြီး အစာချေဖျက်မှုကို တိုးမြှင့်ပေးကာ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးသည်။ကံမကောင်းစွာပင် လူအများ နားမလည်သောအချက်မှာ ကဖင်းဓါတ်သည် ကျွန်ုပ်တို့ ခန္ဓါကိုယ်ထဲတွင် အချိန်အကြာကြီး ရှိနေနိုင်ပြီး အိပ်စက်မှုကို အနှောင့်အယှက်ပေးပါသည်။ ထို့ကြောင့် နေ့လယ်ပိုင်းနှင့် ညနေပိုင်းတွင် ကဖင်းစားသုံးမှုကို လျော့ချရန် ထောက်ခံထားကြသည်။ ထိုအချက်သည် လူအားလုံးအတွက် ဖြစ်သည်။ သို့သော် စိုင်ယာတီကာ အကြောနာ ခံစားနေရသော လူများအတွက်တော့ အထူးအရေးကြီးပါသည်။ အကြောနာ၊ အကြောညပ်ဝေဒနာကြောင့် အိပ်မပျော်သည့်ကြားမှ ကဖင်းဓါတ်ကြောင့် ပိုမဆိုးပါစေနဲ့။ပြည့်ဝဆီသည် ရောင်ရမ်းခြင်းကို ပိုဖြစ်စေသည်။ ပြည့်ဝဆီ အဓိကရင်းမြစ်မှာ နီရဲပြီး ပြုပြင်ထားသော အသားများ၊ မွေးမြူရေးကြက်၏ ပေါင်၊ခြေထောက်၊အတောင်ပံများ၊ မွေးမြူရေးကြက်အရေခွံ၊ ကြော်ထားသော စားစရာများ၊ အဆီများသော နို့ထွက်ကုန်များ နှင့် ဥအနှစ် တို့ဖြစ်ပါသည်။ သင်သည် အစားအသောက်များတွင် ပြည့်ဝဆီအစား အိုမီဂါ သရီးဖက်တီးအက်ဆစ်ကို အစားထိုး စားသုံးနိုင်သည်။ ၎င်းသည် စိုင်ယာတီကာ အကြောနာ၊ အကြောညပ်ခြင်းနှင့် ဆိုင်သော နာကျင်မှုနှင့် ရောင်ရမ်းခြင်းကို လျော့နည်းစေသည်။အကယ်၍ သင်သည် စိုင်ယာတီကာ အကြောနာ ဝေဒနာကို ခံစားနေရလျှင် တတ်နိုင်သမျှ မြန်မြန် သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ နာကျင်မှုကို သက်သာစေရန် ဖြည့်စွက်စာ အစားအသောက်များ မသုံးစွဲခင် ဆရာဝန်နဲ့ အရင်ပြောဆို တိုင်ပင်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/musculoskeletal-diseases/
ခန္ဓါကိုယ်ကျန်းမာ အားပြည့်စေဖို့ ကြက်ဥစားကြစို့
ကြက်ဥစားမယ်ဆိုရင် ချက်နည်းပုံစံတွေ အများကြီး ရွေးလို့ရပါတယ်နော်။ ပြုတ်ခြင်း၊ ကြော်ခြင်း၊ ပြုတ်ပြီး သုပ်ခြင်း၊ ဟင်းချက်ခြင်း၊ ကာကျက် ပုံစံ စားခြင်းဆိုပြီး အများကြီးပါပဲနော်။ အားလုံးနီးပါးကတော့ ကြက်ဥစားရင် အားရှိတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ ကြက်ဥရဲ့ ဘယ်လိုအာဟာရဓါတ်တွေက အားပြည့်စေတာလဲ၊ ကျန်းမာရေး ကောင်းမွန်ဖို့ ဘာတွေ ပေးစွမ်းနိုင်သလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။ကြက်ဥမှာ အမိုင်နိုအက်ဆစ်တွေ ပါဝင်ပြီး ဒီအက်ဆစ်ဟာ ခန္ဓါကိုယ်ရဲ့ တစ်ရှူးတွေ ဖွံ့ဖြိုးတိုးတက်မှု၊ ဇီဝဖြစ်ပျက်မှုနဲ့ ခန္ဓါကိုယ် ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့ စွမ်းဆောင်ပေးပါတယ်။ ကြက်ဥအကြီးတစ်လုံးမှာ ပရိုတင်း(၆) ဂရမ် ပါဝင်ပြီး အကောင်းဆုံးသော ပရိုတင်းဓါတ်လည်း ဖြစ်ပါတယ်။ အရိုးတစ်ရှုးတွေထဲ ကယ်လ်စီယမ် ဝင်ခြင်းကိုး တိုးတက်စေပြီး သွေးကြောတွေထဲ ကယ်လ်စီယမ် လျှော့ကျစေတာ ကူညီတာကြောင့် နှလုံးသွေးကြောတွေ ကျန်းမာဖို့အတွက် အာဟာရ ဓါတ်တစ်မျိုးပါပဲ။ကြက်ဥမှာ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓါတ်တွေဖြစ်တဲ့ ဖော့စဖော့ရပ်၊ ဇင့်ဓါတ်နဲ့ သံဓါတ်တွေ ပါဝင်ပါသေးတယ်။ သံဓါတ်ကတော့ ရာသီလာခြင်းတွေကြောင့် ပင်ပန်းတာတွေ မဖြစ်စေဖို့ အထောက်အကူပြုပြီး ဇင့်ဓါတ်ကတော့ အစားအစာကနေ စွမ်းအင်အဖြစ်ကူးပြောင်းခြင်းကို ဖြစ်စေမှုနဲ့ ကိုယ်ခံအား တက်အောင် ပြုလုပ်ပေးပါတယ်။ ဖော့စဖော့ရပ်ကတော့ အရိုးနဲ့ သွားတွေ ကျန်းမာဖို့ အကောင်းဆုံးပါပဲ။ဟားဗက်တက္ကသိုလ်ရဲ့ သုတေသန ပြုလုပ်ချက်တွေအရတော့ ကြက်ဥစားသုံးခြင်းဟာ အရွယ်ရောက်တဲ့အခါ ရင်သားကင်ဆာ ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။ (၂၀၀၅) ခုနှစ်မှာတော့ တစ်ပတ်ကို အနည်းဆုံး ကြက်ဥ(၆၀၀) စားတဲ့ အမျိုးသမီးတွေဟာ မစားတဲ့သူထက် (၄၀%) ရင်သားကင်ဆာဖြစ်ခြင်းကို မခံစားရဘူးလို့ ဆိုထားပါတယ်။ကြက်ဥစားသုံးခြင်းရဲ့ အကျိုးဆက်အနေနဲ့ အမြင်အာရုံတွေ ပျက်စီးတာကိုလည်း လျော့ချပေးပါသေးတယ်။ ကြက်ဥမှာ Lutein နဲ့ Zeaxanthin တွေလိုမျိုး ဓါတ်တိုးဆန့်ကျင်မှုတွေလည်း ပါဝင်တာမို့ မျက်စိအားကောင်းစေဖို့ အကျိုးပြုပါတယ်။ ကြက်ဥအနှစ်မှာ Lutein နဲ့ Zeaxanthin ပါဝင်တာ ပိုများပါတယ်နော်။ ဗီတာမင် အေ လည်း ပါဝင်သေးတာမို့ အမြင်အာရုံတွေ အတွက်တော့ စိတ်ချရပါတယ်နော်။ဗီတာမင်ဓါတ်တွေ လိုအပ်နေတယ်ဆိုရင်တော့ ကြက်ဥ စားပေးဖို့ မမေ့ပါနဲ့နော်။ ကြက်ဥအနှစ်မှာ ကြက်ဥအကာထက် ပိုပြီးတော့ ဗီတာမင်တွေ ပိုများပါတယ်။ ကြက်ဥအနှစ်မှာ ဗီတာမင် B6၊ B12၊ A၊ D ၊E နဲ့ K တွေ စုံစုံလင်လင် ပါဝင်ပါတယ်။ ကြက်ဥမှာ ကလိုရင်းလည်း ပါဝင်တာမို့ ဦးနှောက်အတွက်လည်း ကောင်းမွန်စေပါတယ်။ကြက်ဥကြိုက်တယ်ဆိုရင်တော့ များများလေး စားပေးနော်။ ခန္ဓါကိုယ် ဝဖြိုးစေပြီး ကျန်းမာရေးအတွက် သင့်တော်တဲ့ အာဟာရဓါတ်တွေ အပြည့်အစုံ ပါဝင်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%81%e1%80%94%e1%80%b9%e1%80%93%e1%80%ac%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac-%e1%80%a1%e1%80%ac%e1%80%b8%e1%80%95%e1%80%bc/
ကြက်ဥ၊ဘဲဥတို့နဲ့ ဓါတ်မတည့်ခြင်း ။ ။
ကြက်ဥဘဲဥဆိုတာ လူတိုင်းကြိုက်ကြ၊ စားနေကြ၊ လူတိုင်းနဲ့လည်း တည့်ပြီး အာဟာရရှိတဲ့ အရာတစ်ခုပါ။ ဒီလို အရသာရှိ၊ ကျန်းမာရေးအတွက်လည်း ညီညွတ်တဲ့ကြက်ဥဘဲဥတွေနဲ့ မတည့်တဲ့သူတွေလောက် ကံဆိုးတဲ့သူမရှိပါဘူး။ကြက်ဥဘဲဥနဲ့ဓါတ်မတည့်တဲ့ ပြဿနာဟာ ကလေးတွေ မှာ အများဆုံးဖြစ်တဲ့ ပြဿနာတစ်ခုပါ။ကြက်ဥစားပြီးပြီးချင်းမှာ ဖြစ်တတ်တဲ့ မပြင်းထန်တဲ့ လက္ခဏာတွေကတော့။anaphylaxisလို့ခေါ်တဲ့ အသက်ဆုံးရှုံးရလောက်တဲ့အထိ ပြင်းထန်တဲ့ ဓါတ်မတည့်မှုတွေလည်း ဖြစ်တတ်ပါသေးတယ်။ အသက်ဆုံးရှုံးရလောက်တဲ့အထိ ပြင်းထန်ပြီးတော့ ချက်ချင်းဆေးကုသမှုခံယူဖို့လိုအပ်ပါတယ်။ ဒီ anaphylaxis Shock ရဲ့ လက္ခဏာတွေကတော့။မပြင်းထန်တဲ့ ဓါတ်မတည့်ခြင်းတွေ အတွက်ကတော့ ဓါတ်မတည့်တာတွေကို သက်သာစေတဲ့ ဘာမီတွန်တို့ ၊ antihistamine အုပ်စုဝင် ဆေးတွေ သောက်လိုက်လို့ရပါတယ်။ပြင်းထန် ဓါတ်မတည့်ခြင်းဖြစ်တဲ့anaphylaxis Shockသာဖြစ်ခဲ့ရင်တော့ ဆရာဝန်ဆီ ချက်ချင်းသွားပြီး epinephrine ဆေး ထိုးရမှာ ဖြစ်ပါတယ်။ဓါတ်မတည့်ဘူးဆိုတာ သိနေမှတော့ အကောင်းဆုံးကကြက်ဥ ဘဲဥတွေ ကလေးမစားမိစေဖို့ပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကလေးစားတဲ့သရေစာေတွ၊ မုန့်တွေအစားအသောက်တွေထဲမှာ ကြက်ဥနဲ့ လုပ်ထားတာတွေ မပါမိစေဖို့ မေမေတို့ဘက်က အထူး သတိထားပေးရမှာဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/food-allergies/egg-allergy/
ဗိုက်ထဲက ကလေးလေး အသားဖြူအောင် ဘာစားကြမလဲ၊၊
မေမေတို့က ကိုယ့်ကလေးလေးမွေးလာပြီဆိုရင် အသားဖြူဖြူ တုတ်တုတ်လေး ဖြစ်စေချင်ကြပါတယ်၊၊ တတုတ်တခဲနဲ့ ချစ်စရာကြီးကိုး၊၊ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာတည်းက နို့သောက်ရ၊ ကြက်ဥသောက်ရနဲ့ ကလေး အသားဖြူ အောင်  ကြိုးစားကြပါတယ်၊၊ ဒါပေမယ့်ကလေးရဲ့ အသားအရောင်က ဒီလိုမျိုးရော ပြုပြင်လို့ရော ရရဲ့လား၊၊ ကလေးလေး အသားဖြူအောင် ဘာတွေ စားပေးသင့်သလဲ၊၊။ကလေးရဲ့ အသားအရေကို အဓိက လွှမ်းမိုးနေတဲ့ အချက်ကမျိုးဗီဇပါ၊၊ ဆိုလိုတာက အဖေနဲ့ အမေရဲ့ မျိုးဗီဇပေါ် လိုက်ပြီး ကလေးရဲ့ အသားအရောင် ဖြစ်လာတာပါ၊၊ အကြမ်းအားဖြင့်တော့ မိဘတွေ ဖြူရင် ကလေးလည်း ဖြူပြီး မိဘတွေ  ညိုရင် ကလေးလည်း ညိုနိုင်ပါတယ်၊၊ ဒါပေမယ့် ရှားရှားပါးပါး မိဘနှစ်ပါးလုံးနဲ့ အသားအရောင် မတူတာမျိုးလည်း ဖြစ်နိုင်ပါတယ်၊၊။မိဘတွေရဲ့ အသားအရောင်ဆိုတာကလည်း ပင်ကိုယ်အသားအရောင်နဲ့ ပိုဆိုင်ပါတယ်၊၊ အရင်က အသားလတ်တဲ့ မိဘတွေက နေပူလေပူဒဏ်ကြောင့် အသားအရေပျက်စီးပြီး ညိုသွားတတ်ပေမယ့် သူတို့က မွေးတဲ့ ကလေးက နဂို မျိုးဗီဇကြောင့် အသားလတ်နိုင်ပါတယ်၊၊။ကလေးရဲ့ အသားအရောင်က မွေးစဆို မှန်းရခက်ပါတယ်၊၊ မွေးစဆို အသားရောင်က နီပုပ်ပုပ်ရောင် ရှိတတ်ပါတယ်၊၊ ဒါကြောင့် နီတာရဲ ကလေးလေးလို့ ခေါ်တာပါ၊၊ တချို့ကလေးတွေဆိုဝါဖန့်ဖန့်၊ တချို့တွေဆို ခြေလက်လေးတွေပြာနေတတ်ပါတယ်၊၊ ရက်ပိုင်းလောက် နေရင်တော့ ပုံမှန်ပြန်ဖြစ်သွားပါပြီ၊၊။ကိုယ်ဝန် ၉ပတ်လောက်မှာ အသားအရောင်ကို ဖြစ်စေတဲ့မယ်လနင်ထုတ်တဲ့ ဆဲလ်လေးတွေ ဖွံ့ဖြိုးလာပါတယ်၊၊ ဒါပေမယ့် မယ်လနင်တော့ မထုတ်သေးပါဘူး၊၊ မွေးပြီး နည်းနည်းကြာမှ စထုတ်တဲ့အတွက် မွေးခါစဆို ကလေးအများစုက အသားဖြူကြပါတယ်၊၊ နောက်ပိုင်းမှသာ မျိုးဗီဇ၊ ပြင်ပလောကမှာ အသက်ရှင်ဖို့ အရေပြားပြောင်းလဲမှုတွေ ဖြစ်လာတာကြောင့် အသားအရောင်ပါ လိုက်ပြောင်းလာပါတယ်၊၊။ကလေးအများစုက သူတို့ရဲ့ ရှိရမယ့် အသားအရောင်ဖြစ်ဖို့ လနဲ့ချီ၊ နှစ်နဲ့ ချီ ကြာတတ်ပါတယ်၊၊ ဒီကြားထဲမှာ အသားအရေကို ဂရုမစိုက်ဘဲ ကလေးကို နေပူထဲ ခေါ်သွားမယ်ဆိုရင် ပိုပြီး ညိုလာနိုင်ပါတယ်၊၊။အစားအသောက်တွေက ကလေးရဲ့ အသားအရောင်ကို ပြောင်းလဲနိုင်ခြင်း ရှိမရှိဆိုတာကတော့ လေ့လာနေဆဲ ဖြစ်ပါတယ်၊၊ ဒါပေမယ့် အောက်ပါ အစားအသောက်တွေ စားရင် ကလေးအသားလှတယ်လို့ ပြောကြတာလည်း ရှိပါတယ်၊၊။ဒီအစားအစာတွေစားလို့ ကလေးအသားဖြူချင်မှ ဖြူမှာ ဆိုပေမယ့် အာဟာရကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တာကြောင့် စားကြည့်တာက အကျိုးမယုတ်ပါဘူး။ချယ်ရီသီးတွေ၊ စတော်ဘယ်ရီသီးတွေမှာဓာတ်တိုးဆန့်ကျင်သတ္တိတွေ မြင့်မားစွာ ပါဝင်တာကြောင့် ပြင်ပက ဓာတ်တိုးပစ္စည်းတွေကြောင့် အသားအရေပျက်စီးတာကို ကာကွယ်ပေးနိုင်ပါတယ်၊၊။တူနာ၊ ဆယ်မွန်၊ ဆာဒင်းငါး စတာတွေမှာအိုမီဂါ သရီးဖက်တီးအက်စစ်တွေ ပါဝင်ပါတယ်၊၊ ဒီဖက်တီးအက်စစ်က ကလေးရဲ့ အရေပြားကို တင်းရင်းစေပါတယ်၊၊။ထောပတ်သီးမှာ ဗီတာမင် စီနဲ့ ဗီတာမင် အီးတို့ ကြွယ်ဝစွာ ပါဝင်ပါတယ်၊၊ ဒီဗီတာမင်တွေက ဓာတ်တိုးဆန့်ကျင်သတ္တိလည်း ရှိပါတယ်၊၊ ဗီတာမင် စီဆိုရင် ရောင်ရမ်းတာတွေကို သက်သာစေပြီး ကော်လဂျင် ထုတ်လုပ်မှုကို အားပေးပါတယ်၊၊ ကော်လဂျင် ထုတ်လုပ်မှုက ကလေးရဲ့ အရေပြားကို တင်းရင်းစေပါတယ်၊၊။ခရမ်းချဥ်သီးအခွံမှာပါတဲ့ Lycopeneက ဓာတ်တိုးဆန့်ကျင်သတ္တိရှိပါတယ်၊၊ လေ့လာချက်တွေအရ Lycopeneက အရေပြားကို နေရောင်ခြည်မှာပါတဲ့ UV လှိုင်းတွေကနေလည်း ကာကွယ်ပေးနိုင်ပါတယ်၊၊။တစ်ခုရှိတာက ဒီအစားအစာတွေက ကလေးအသားလှစေတယ်ဆိုလို့ အလွန်အကျွံစားတာ၊ တခြားဘာမှမစားဘဲ ဒါတွေပဲ စားတာမျိုးကို ဆင်ခြင်သင့်ပါတယ်၊၊ ကလေးရဲ့ အသားအရေကို အဓိကလွှမ်းမိုးထားတာက မိဘတွေရဲ့ မျိုးဗီဇပဲ ဖြစ်ပါတယ်၊၊။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/what-to-eat-for-baby-fair-complexion/
ကိုယ်ဝန်ဆောင်မေမေ ကြံရည် သောက်လို့ ရလား
ရာသီဥတုပူလာပြီဆိုရင် ပေါ်လာတတ်တဲ့ ရာသီပေါ် သောက်စရာလေး တစ်ခုရှိပါတယ်။ ဒါကတော့နွေရာသီမှာ ရင်အေးစေတဲ့ ကြံရည် ချိုချိုလေးပါ။ ကြံရည် ချိုချိုလေးက အမောပြေစေနိုင်တာကြောင့် လူတိုင်းလိုလို အပူသက်သာအောင် ကြံရည်သောက်ချိန်မှာကိုယ်ဝန်ဆောင်မေမေတွေလည်း ကြံရည်သောက်ချင်မိမယ် ထင်ပါတယ်။ဒီလို သောက်မယ်လို့ စဉ်းစားချိန်မှာ တွေးမိတာကကိုယ်ဝန်ဆောင်ချိန်မှာ ကြံရည်နဲ့ တည့်ပါ့မလားလို့လား ဆိုရင်တော့ ဒီဆောင်ပါးလေးကို ဖတ်ကြည့်ဖို့ လိုပါပြီ။ကြံရည်ဆိုတာက ကြံချောင်းကို ကြိတ်ပြီး ရလာတဲ့ အရည်ပါနော်။ဆူးခရို့စ်ပါဝင်မှုများတာကြောင့် အရသာက ချိုပါတယ်နော်။ ကြံရည်ကို မြန်မာတစ်နိုင်ငံတည်းမှာ သောက်သုံးတာ မဟုတ်ပါဘူး။ ဘရာဇီး၊ ထိုင်း၊ အိန္ဒိယတို့မှာလည်း ကြံရည်သောက်ကြပါတယ်။လတ်လတ်ဆတ်ဆတ် ကြံချောင်းကို သံနဲ့ လုပ်ထားတဲ့ ကြိတ်စက်ထဲ ထည့်ကြိတ်ပြီး ရလာတဲ့ ကြံရည်ကိုရေခဲထည့်ပြီး သောက်လို့ရသလို သံပရာရည်၊ ချင်း (ဂျင်း)၊ ဆားနဲ့ ပူစီနံရွက်တို့ ထည့်ပြီး သောက်လို့ ရပါတယ်နော်။ အရသာရှိသလို နွေပူပူမှာ ရင်အေးသွားစေတဲ့သောက်စရာတစ်မျိုးပေါ့။ကြံရည် ထဲမှာ။ကိုယ်ဝန်ဆောင်မေမေ ကြံရည် သောက်လို့ရလား ဆိုတော့ ရပါတယ်။ အလွန်အကျွံမဟုတ်တဲ့ ပမာဏက ကိုယ်ဝန်ဆောင်တွေမှာကျန်းမာရေးကောင်းကျိုးကို ဖြစ်စေနိုင်ပါတယ်၊၊။ကိုယ်ဝန်ဆောင် မေမေ ကြံရည် သောက်တဲ့အခါ အခုလိုအကျိုးကျေးဇူးလေးတွေကိုလည်း ရရှိစေမှာပါ။ကြံမှာ ပရိုတင်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာမေမေရော ဘေဘီလေးအတွက်ပါ လိုအပ်နေတဲ့ ပရိုတင်းဓာတ်ကို ပြည့်ဝစွာ ရရှိစေမှာပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာက အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ ကြံရည်က အမျှင်ဓာတ် ပါဝင်တာကြောင့် ဝမ်းမှန်စေဖို့ ထောက်ကူပေးပြီး အစာခြေစနစ်ကိုလည်း ကျန်းမာစေမှာပါ။ကြံရည်က အသည်းကျန်းမာစေဖို့လည်း ထောက်ကူပေးပြီး bilirubin ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။ကြံရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ရောဂါတွေ ကူးစက်ခံရတာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးပါတယ်။ကြံရည်က အအေးမိတာ၊ လည်ချောင်းနာတာတွေကို သက်သာစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အအေးမိ ဖျားနာတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ကြံရည်က သွေးတွင်းကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်စေအောင် လုပ်ဆောင်ပေးသလို သွေးတွင်းသကြားဓာတ်ကို  အကောင်းဆုံး အနေအထားမှာ ထိန်းညှိပေးပြီး ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေပါတယ်။ ဒါပေမယ့် ဒါက သင့်တော်တဲ့ ပမာဏမှာပဲဖြစ်ပြီး အလွန်အကျွံသောက်ရင်တော့ သကြားဓာတ်တက်လာနိုင်တာကို သတိထားရပါမယ်၊၊။ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်တိုးလာတတ်ကြပါတယ်။ ကြံရည်မှာ polyphenols ပါဝင်နေတာကြောင့် ဇီဝကမ္မဖြစ်စဉ်ကို ကောင်းကောင်း လုပ်ဆောင်နိုင်အောင် ကူညီပေးနိုင်တာကြောင့် ကိုယ်အလေးချိန် တက်မလာအောင် ထောက်ကူပေးနိုင်ပါတယ်။ကြံရည်ထဲကို ချင်း (ဂျင်း) တစ်ပြားစာလောက် ထည့်ပြီး သောက်ပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ ပျို့အန်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ လေဒီ အများစုဟာ ဆီးလမ်းကြောင်း ပိုးဝင်တာကို အလွယ်တကူခံစားရနိုင်ပါတယ်။ ကြံရည်က ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ကြံရည်မှာ riboflavin ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အရေပြားကို ကျန်းမာစေသလို ဆံသားကိုလည်း သန်စွမ်းစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အရေပြားပြဿနာ ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ကြံရည် သောက်မယ်ဆိုရင် ဒါလေးတွေတော့ သတိထားပေးဖို့ လိုပါမယ်။ကဲ ….. ကိုယ်ဝန်ဆောင်မေမေ ကြံရည် သောက်လို့ ရလား ဆိုတဲ့ မေးခွန်းအတွက် အဖြေရလောက်ပြီ ထင်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/pregnant-mon-can-drink-sugarcane-juice/
ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ကာလလေး ဖြစ်စေဖို့
ကိုယ်ဝန်ဆောင်ကာလဆိုတာ လေဒီလေးတိုင်းအတွက် အလှပဆုံး အခိုက်အတန့်ပါ။ ကောင်းမွန်ခြင်းတွေ၊ ပျော်ရွှင်မှုတွေနဲ့ မျှော်လင့်ချက်တွေကို မွေးဖွားစေတဲ့ ကာလပေါ့။ဒီလီုဆိုပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာမိခင်လောင်းတိုင်းက ပျော်ရွှင်ကြတယ်တော့ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာဟော်မုန်း ပြောင်းလဲမှုကြောင့် ကိုယ်ဝန်ဆောင်လေဒီလေးတွေဟာ စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ် များတာတွေကို ခံစားရတာ များပါတယ်။ အပျက်သဘောဆောင်တဲ့ ခံစားချက်တွေကို အများဆုံး ခံစားမိတတ်ကြပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ စိုးရိမ်စိတ် များလွန်းတာက မေမေရဲ့ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာတွေကို ထိခိုက်စေနိုင်သလို ဘေဘီလေးရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတွေက ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ ဖြစ်နေဖို့ အရေးကြီးပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ ဖြစ်အောင်နေထိုင်တာကဘေဘီလေးကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာစေနိုင်သလိုရောဂါဘယကင်းတဲ့ ဘေဘီလေးအဖြစ် မွေးဖွားလာစေမှာပါ။ဒီတော့ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ကာလလေး ဖြစ်စေဖို့ ဘယ်လိုလေးတွေ လုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ကာလလေး ဖြစ်စေဖို့ ဘာတွေ လုပ်ရမလဲဆိုတော့။ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ အရေးကြီးတဲ့ အချက်ကအာဟာရပြည့်ဝမျှတအောင်စားသုံးဖို့ပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အခုလိုလေး စားသုံးပေးဖို့ အကြံပြုချင်ပါတယ်။လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ။ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်တာက ဘေးကင်းစိတ်ချရပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်း မလုပ်ခင်မှာတော့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ဖို့ လိုပါမယ်။ လေ့ကျင့်ခန်း လုပ်တာက ကြွက်သားတွေ၊ နှလုံးတွေကို သန်မာစေနိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာတဲ့ ကိုယ်အလေးချိန် ဖြစ်စေဖို့ ထိန်းပေးနိုင်ပါတယ်။စိတ်ဖိစီးမှုကို ပြေလျော့စေပြီး အိပ်ပျော်စေပါတယ်။ ခါးနာတာကို သက်သာစေပြီး မွေးဖွားရလွယ်ကူစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့အနေနဲ့ ကိုယ်နဲ့ သင့်တော်မယ့် လေ့ကျင့်ခန်း တွေကို တစ်ပတ်ကို မိနစ် ၁၅၀ လောက် လေ့ကျင့်ခန်း လုပ်ပေးပါ။ လေ့ကျင့်ခန်း လုပ်နေချိန်မှာ ရေပြည့်ပြည့်ဝဝ သောက်ပေးဖို့ မမေ့ပါနဲ့။ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှု များတာက မေမေရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှု ကင်းပြီး မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ တတ်နိုင်သမျှ သက်တောင့်သက်သာနေပါ။ကိုယ်ဝန်ဆောင်ချိန်မှာ အပျက်သဘောဆောင်တာတွေကို ကြားရကောင်း ကြားရနိုင်ပေမယ့် အတတ်နိုင်ဆုံး အကောင်းမြင်ပေးပါ။ ဒါမှ မေမေရော ဘေဘီလေးပါ ကျန်းမာစေမှာပါ။ပြုံးတာက စိတ်ဖိစီးမှု ကင်းစေပြီး စိတ်ချမ်းသာစေမယ့် အထိရောက်ဆုံး နည်းလမ်းပါ။ ဒါကြောင့် စိတ်ရောကိုယ်ပါ သက်တောင့်သက်သာဖြစ်ပြီး ပျော်ရွှင်နေဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ တတ်နိုင်သမျှ ပြုံးပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။ လိုအပ်တာထက် ပိုတက်မယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေလာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်တာက သိုင်းရွိုက်ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ဆီးချိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကို ဂရုစိုက်ပါ။ တတ်နိုင်သမျှ ကိုယ်အလေးချိန်ကို ထိန်းပေးပါ။လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို လုပ်ဆောင်ပေးပါ။ ဒါမှ မေမေလည်း ကျန်းမာပြီး မွေးဖွားလာတဲ့ ဘေဘီလေးလည်း ကျန်းမာမှာပါ။ဒါတွေအပြင် အိပ်ရေးဝဝအိပ်တာ၊ လိုအပ်တဲ့ကာကွယ်ဆေးတွေထိုးတာ၊ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ခံယူတာကလည်း ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ကာလလေး ဖြစ်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/happy-tips-for-pregnancy/
အရက်နှင့် ဓာတ်မတည့်ခြင်းဆိုတာ ဘာလဲ
ဓာတ်မတည့်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိတဲ့အထဲမှာမှအရက်သည်လည်း တစ်ခုအပါအဝင်လို့ ဆိုရမှာပါ။ ဒါပေမယ့် တော်တော်လေးကို ရှားပါးတဲ့ ဖြစ်စဉ်တွေထဲမှာ ပါဝင်ပါတယ်။ အရက်နှင့် ဓာတ်မတည့်ခြင်းဆိုတာ ဘာလဲ ။အရက်နဲ့ ဓာတ်မတည့်ခြင်းမှာ ပြင်းထန်စွာ ဓာတ်မတည့်ခြင်း (Alcohol Allergy) နဲ့ အရက်ထဲမှာ ပါဝင်နေတဲ့ ပစ္စည်းတွေအပေါ် ကိုယ်ခန္ဓာရဲ့ တုံ့ပြန်သက်ရောက်ခြင်း (Alcohol Intolerance) ဆိုပြီး ၂မျိုး ခွဲလို့ရပါတယ်။၁။ Alcohol Allergy။ဒါကတော့ အရက်နဲ့ လုံးဝဓာတ်မတည့်တဲ့သူတွေမှာသာ ရှိတဲ့ ပြဿနာပါ။ ပုံမှန်ထက် ပိုပြင်းထန်တဲ့ဓာတ်မတည့်ခြင်း လက္ခဏာတွေအပြင် ရုတ်တရက် အသက်ရှူကျပ်ပြီး အသက်သေဆုံးသည်အထိ ဆိုးရွားနိုင်ပါတယ်။ ဒီလိုပြဿနာ သင့်မှာရှိတယ်ဆိုရင်တော့ အရက်ကို တစ်သက်လုံး သောက်လို့ရမှာမဟုတ်ပါဘူး။၂။ Alcohol Intolerance။အရက်သောက်ကာစ လူတော်တော်များများမှာ ဖြစ်တတ်တဲ့ အခြေအနေတစ်ခုပါ။ အရက်ထဲမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေက ကိုယ်ခန္ဓာထဲ ပထမဆုံးအကြိမ် ဝင်ရောက်လာတဲ့အခါ ကိုယ့်ရဲ့အစာခြေစနစ်နဲ့ကိုယ်ခံအားစနစ်က တုံ့ပြန်တဲ့အနေနဲ့ ဓာတ်မတည့်ပုံစံ လက္ခဏာတွေ ပြတတ်ပါတယ်။များသောအားဖြင့် သိပ်ပြီးမပြင်းထန်ဘဲ သောက်ဆေးနဲ့ ဓာတ်မတည့်ဝေဒနာကို သက်သာအောင် လုပ်လို့ရပါတယ်။ နောက်ပိုင်း ကိုယ်ခန္ဓာက အရက်နဲ့ အသားကျသွားတဲ့အခါ ဒီဓာတ်မတည့်ခြင်းဟာ ရပ်သွားတတ်ပါတယ်။ဓာတ်မတည့်လက္ခဏာ ရှိသူတွေမှာ ဓာတ်မတည့်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတစ်ခုခု ရှိနေတတ်ပါတယ်။ ဥပမာ – အစားအစာတစ်မျိုးမျိုး၊ အဝတ်အစား၊ ဖုန်မှုန့်နဲ့ အမှုန်အမွှားတွေ၊အင်းဆက်ပိုးမွှားနဲ့ တိရစ္ဆာန်တွေ အစရှိသဖြင့်ပေါ့။အဲ့လို ဓာတ်မတည့်ခြင်းဖြစ်စေတဲ့ အရာတွေဟာ အသက်ရှူလမ်းကြောင်း သို့မဟုတ် လည်ချောင်းမှ တစ်ဆင့် ကိုယ်ခန္ဓာထဲ ဝင်ရောက်လာတဲ့အခါကိုယ်ခံအားစနစ်က သတိပေးတဲ့အနေနဲ့ Immunoglobin လို့ ခေါ်တဲ့ ဓာတ်ပစ္စည်းတွေကို အများအပြားထုတ်လွှတ်လိုက်ပါတယ်။ ဒီဓာတ်ပစ္စည်းတွေ အရမ်းများလာတဲ့အခါ ဓာတ်မတည့်ခြင်း လက္ခဏာကို ဖြစ်စေပါတယ်။အရက်သောက်ပြီးနောက် ပြင်းထန်ဓာတ်မတည့်ခြင်းဖြစ်စေ၊ ရိုးရိုးဓာတ်မတည့်တဲ့အခါမှာဖြစ်စေ။• ပါးစပ်၊ မျက်လုံး၊ နှာခေါင်း၊ အရေပြား ယားယံလာခြင်း။•အရေပြားပေါ်မှာ အဖုအပိမ့်တွေ၊ အနီစက်တွေ၊ အဖြူကွက်တွေ ထလာခြင်း။• မျက်နှာ၊ လည်ပင်းနဲ့ တခြားကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖောရောင်လာခြင်း။• နှာခေါင်းပိတ်ခြင်း၊ နှာချေခြင်း။• အသက်ရှူရခက်ခြင်း၊ အသက်ရှူကျပ်ခြင်း။• ဗိုက်အောင့်ဗိုက်နာလာခြင်း။•မူးဝေအော့အန်ခြင်း။• ဝမ်းလျှောခြင်း။• မူးလဲတော့မလို ခေါင်းနောက်လာခြင်း၊ အသိစိတ်လွတ်ခြင်း စတဲ့ လက္ခဏာတွေကို ပြတတ်ပါတယ်။အကောင်းဆုံးကတော့ ဓာတ်မတည့်လက္ခဏာ စပြတာနဲ့ ဆရာဝန်နဲ့ သေချာပြပြီး စစ်ဆေးကြည့်သင့်ပါတယ်။ ဒါမှပဲ ကိုယ့်မှာ ဖြစ်နေတာက ရိုးရိုးဓာတ်မတည့်ခြင်းလား၊ အရက်လုံးဝသောက်လို့ မရတဲ့ အခြေအနေလားဆိုတာကို ကွဲကွဲပြားပြားသိမှာပါ။အရက်နဲ့ပတ်သက်ပြီး Allergy ပုံစံမျိုး ရှိတဲ့သူတွေကတော့ အရက်သောက်တိုင်းမှာ ဓာတ်မတည့်လက္ခဏာတွေကို ပြင်းထန်စွာ ခံစားရမှာဖြစ်ပြီး ဘယ်လိုအကြောင်းနဲ့မှ အရက်ကို မသောက်မိစေဖို့၊ ကိုယ်စားနေတဲ့အစားအစာ၊ အချိုရည်ထဲမှာ အရက်လုံးဝမပါမိစေဖို့ အရမ်းဂရုစိုက်ဖို့ လိုပါတယ်။တစ်ခါတလေမှ ဖြစ်တတ်တယ်၊ ဝေဒနာကလည်း အရမ်းမပြင်းထန်ဘူးဆိုရင်တော့ ဓာတ်မတည့်ပျောက်ဆေးကို ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်သောက်လို့ရပါတယ်။ များသောအားဖြင့် နာရီပိုင်းကနေ ရက်အနည်းငယ်အထိ ပျောက်ဖို့ အချိန်ကြာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရက်နဲ့ ဓာတ်တည့်သည်ဖြစ်စေ၊ မတည့်သည်ဖြစ်စေ၊ အရက်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ်ဆိုတာကိုတော့ မမေ့ထားသင့်ပါဘူးနော်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/food-allergies/what-is-alcohol-allergy/
အရိုးရောဂါများ
သင့်ကိုယ်ခန္ဓါမှာ အရိုးပေါင်း ၂၀၆ချောင်းရှိပါတယ်။ အရိုးချည်းပဲချိန်တွယ်ရင် တကိုယ်လုံးအလေးချိန်ရဲ့ ၁၅% ရှိပါတယ်။ အရိုးတွေဟာ ကိုယ်ခန္ဓါရဲ့ ပုံပန်းသဏ္ဍာန်ကိုပေးခြင်း၊ လှုပ်ရှားစေနိုင်ခြင်း၊ ကိုယ်တွင်းအင်္ဂါများကို ကာကွယ်ပေးခြင်း စတဲ့ အရေးကြီးတာဝန်တွေကို ထမ်းဆောင်ပေးပါတယ်။ အရိုးများဟာ ကိုယ်ခန္ဓါရဲ့ မရှိမဖြစ် အစိတ်အပိုင်း ဖြစ်တယ်ဆိုတာ အငြင်းပွားဖွယ် မရှိပါဘူး။ကျွန်တော်တို့လိုပဲ အရိုးတွေမှာလည်း သက်တမ်းရှိပါတယ်။ သူတို့ဟာ စတင်ဖြစ်ပေါ်လာမယ်၊ ကြီးထွားလာမယ်၊ နောက်ဆုံးမှာ အရိုးအသစ်တွေ ထပ်ဖြစ်လာနိုင်အောင် သူတို့ဟာ သေဆုံးသွားပါတယ်။ ကော်လဂျင်နဲ့ ကယ်လ်စီယမ်ဓါတ်တွေဟာ အရိုးတွေကို ဖြစ်ပေါ်စေပါတယ်။ သူတို့ဟာ အရိုးတွေရဲ့ အင်အားနဲ့ ပြောင်းလွယ်ပြင်လွယ်မှုကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် အသက်ကြီးလာရင်တော့ အရိုးဖြစ်ပေါ်တဲ့ ဖြစ်စဉ်ဟာ နှေးကွေးသွားပြီး အရိုးရောဂါတွေလည်း ဖြစ်လာနိုင်ပါတယ်။အရိုးရောဂါတွေဟာ အရိုးထုထည်နည်းခြင်းနဲ့ တည်ဆောက်ပုံပျက်စီးတဲ့အတွက်ကြောင့် အများဆုံး ဖြစ်တတ်ပါတယ်။ အရိုးထုထည်နည်းခြင်းကတော့ အရိုးများမှာ ကယ်လ်စီယမ်လို ဓါတ်တွေ နည်းပါးလို့ ဖြစ်ပါတယ်။ အဲ့ဒီအခါ အရိုးဟာ ကျိုးလွယ်ပါတယ်။စားတဲ့အစာမြှ ကယ်လ်စီယမ်နည်းရင်၊ ဟော်မုန်းဓါတ် မမျှတရင်၊ ဆဲလ်များပုံမှန်မရှိရင် အရိုးရောဂါ ဖြစ်လွယ်ပါတယ်။ သင့်ဘဝရဲ့ တချို့အရာတွေဟာလည်း အရိုးရောဂါကို ဖြစ်ပွားနိုင်ခြေရှိပါတယ်။အရိုးပွခြင်းဆိုတာ အသက်အရွယ်ကြီးသူတွေမှာ ဖြစ်တတ်တဲ့ အရိုးထုထည် ပုံမှန်မဟုတ်ဘဲ နည်းပါးပြီး အရိုးဖွဲ့စည်းတည်ဆောက်ပုံ မကောင်းတဲ့ ရောဂါပဲ ဖြစ်ပါတယ်။ အရိုးတွေကို အားနည်းစေပြီး ကျိုးလွယ်စေပါတယ်။ သူဟာ အသံတိတ်ရောဂါမျီုး ဖြစ်ပါတယ်။ ဒီလိုဖြစ်နေတာကို အရိုးကျိုးမှပဲ သိနိုင်တာမျိုး ဖြစ်ပါတယ်။ အရိုးပွခြင်းကို ကာကွယ်နိုင်ပါတယ်။ ဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချနိုင်ပါတယ်။ သင့်တော်တဲ့အာဟာရ၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း အရိုးရှိဓါတ်ဆားများ သိပ်သည်းဆ စစ်ဆေးခြင်း စတာတွေဟာ အရိုးကျန်းမာရေးကို အထောက်အကူပြုပါတယ်။ဒီရောဂါမှာ ဆဲလ်တွေဟာ ရောဂါဖြစ်ပြီး အရိုးတေါကို ထူထဲပြီး ကြီးမားလာစေပါတယ်။ အဲဒီဆဲလ်တွေဟာ အရိုးတစ်သျှူးတွေကို ဖြိုခွဲဖျက်ဆီးတဲ့ ဆဲလ်အမျိုးအစား ဖြစ်ပါတယ်။ ဖြိုခွဲတဲ့ဆဲလ်တွေ အလွန်အကျွံ အလုပ်လုပ်တဲ့အခါ အရိုးတွေဟာ လျင်မြန်စွာ ပျက်စီးတတ်ပါတယ်။ ဒါပေမယ့် အသစ်ဖြစ်လာတဲ့ အရိုးတစ်သျှူးတွေကတော့ ပုံစံမမှန် ဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် အရိုးတွေ ကြွတ်ဆတ်ပြီး ကျိုးပဲ့လွယ်ပါတယ်။ ကျေားရိုး၊ တင်ဆုံရိုး၊ ခြေရိုး၊ ဦးခွံရိုး စတာတွေမှာ အဖြစ်များတတ်ပါတယ်။ဒီရောဂါဟာ မျိုးရိုးဗီဇနဲ့ဆိုင်ပြီး အရိုးတွေဟာ အလွယ်တကူ ကျိုးတတ်ပါတယ်။ တခါတရံ အကြောင်းမရှိဘဲ ကျိုးတတ်ပါတယ်။ ဒီရောဂါဟာ အတန်အသင့်ကနေ အလွန်ဆိုးရားတဲ့ အခြေအနေထိ ရှိတတ်ပြီး လက္ခဏာတွေဟာလည်း တဦးနဲ့တဦး ကွဲပြားပါတယ်။ ဒီရောဂါရှိသူတယောက်ရဲ့ ဘဝမှာ အကြိမ်ရေ အနည်းငယ်ကနေ ရာနဲ့ချီတဲ့အထိ အရိုးကျိုးဖူးပါလိမ့်မယ်။ ရောဂါကိုပျောက်ကင်းအောင် ကုသလို့မရဘဲ ရောဂါလက္ခဏာတွေ သက်သာအောင်ပဲ စီမံနိုင်ပါတယ်။နာမည်အရ အရိုးကင်ဆာလို့ ခေါ်ပေမယ့် များသောအားဖြင့် အရိုးမှာ စဖြစ်တာမဟုတ်ပါဘူး။ အမျိုးသားကင်ဆာသိပ္ပံရဲ့ အဆိုအရ အရိုးကင်ဆာအများစုဟာ တခြားနေရာတွေကနေ အရိုးဆီကို ပြန့်နှံ့လာခြင်း ဖြစ်ပါတယ်။ Osteosarcoma၊ chondrosarcomaနဲ့ Ewing’s sarcoma ဆိုပြီး အရိုးကင်ဆာ အမျိုးအစားပေါင်း များစွာရှိပါတယ်။ကလေးများဟာ ဗီတာမင်ဒီကို အလုံအလောက်မရရင် အရိုးပျော့ရောဂါ ဖြစ်တတ်ပါတယ်။ ကယ်လ်စီယမ်နဲ့ မီးစုန်းဓါတ် အရမ်းနည်းရင်လည်း ဖြစ်တတ်ပါတယ်။ အရိုးပျော့ရောဂါရှိတဲ့ ကလေးများမှာ ကြွက်သားနာကျင်ခြင်း၊ ဖွံ့ဖြိုးမှုအားနည်းခြင်း၊ အရိုးနဲ့ သွားများပုံပျက်ခြင်းစတဲ့ အခြေအနေတွေရှိပါတယ်။ဒီရောဂါဟာ အရိုးပျော့ရောဂါလိုပဲ ဗီတာမင်ဒီ ချို့တဲ့ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အသက်ကြီးသူတွေမှာ အဓိကတွေ့ရတတ်ပါတယ်။ အရိုးအားနည်းခြင်း၊ ပုံစံမမှန်ခြင်း စတာတွေ တွေ့ရတတ်ပါတယ်။ဒီပြသနာဟာ ဟော်မုန်းတွေ ပုံမှန်မဟုတ်ဘဲ ထွက်လာတာကြောင့် အရိုးတွေ ကြီးထွားလွန်တဲ့ အခြေအနေဖြစ်ပါတယ်။ ဆီးချိုအမျိုးအစား (၂)၊ သွေးတိုးခြင်း၊ နှလုံးရောဂါ၊ အဆစ်ရောင်ခြင်း၊ အူမမှ တစ်သျှူးအတက်ထွက်ခြင်း ကင်ဆာဖြစ်သွားနိုင်ခြင်း စတဲ့အခြေအနေတွေကို ဦးတည်စေပါတယ်။ ဒီရောဂါဟာ ငယ်ရွယ်စဉ်မှာ သတိပြုမိနိုင်ဖို့ ခက်ပါတယ်။ အများစုဟာ ကုသနိုင်ပါတယ်။Perthes ရောဂါလို့ခေါ်ကြပြီး တင်ဆုံရိုးကွင်းဟာ သွေးကို လုံလောက်စွာ မရတာမို့ လမ်းကောင်းကောင်း မလျှောက်နိုင်ဘဲ နာကျင်မှုဟာ ပေါ်လိုက်ပျောက်လိုက် ဖြစ်တတ်ပါတယ်။ တဖြည်းဖြည်းနဲ့ အရိုးဟာ ပျက်စီးသွားပါတယ်။ အသက် ၄နှစ်မှ ၁၀နှစ် ယောက်ျားလေးတွေမှာ ဖြစ်တတ်ပါတယ်။Paget ရောဂါမှာလိုပဲ အရိုးဟာ ပုံစံမမှန်ဘဲ ကြီးထွားလာပါတယ်။ အရိုးကိုဖြစ်ပေါ်စေတဲ့ ဆဲလ်တွေ ပုံမှန်မဟုတ်လို့ ဖြစ်ပါတယ်။ McCune-Albright လက္ခဏာစုလို့ အမည်ရတဲ့ အခြေအနေရဲ့ အစိတ်အပိုင်းလည်း ဖြစ်တတ်ပြီး အရေပြာအကွက်များ ဖြစ်ခြင်း၊ လူပျိုဘော် အပျိုဘော်ဝင်စောခြင်း၊ သိုင်းရွိုက်ဟော်မုန်း အထွက်များခြင်း၊ လူကောင်ကြီးခြင်း၊ အရိုးအဆစ်ကြီးခြင်း စတဲ့အခြေအနေတွေ ဖြစ်နိုင်ပါတယ်။အရိုးမှာရောဂါပိုးဝင်ရင် ဖြစ်တတ်ပြီး ရုတ်တရက်ဖြစ်တာ ရှိသလို နာတာရှည်ဖြစ်နေတာလည်း ရှိပါတယ်။ ပဋိဇီဝဆေးတွေနဲ့ ကုသနိုင်ပြီး ရောဂါပိုးကူးစက်ခံရတဲ့ အရိုးကို ဖယ်ထုတ်လိုတဲ့အခါ ခွဲစိတ်ကုသနိုင်ပါတယ်။အရိုးရောဂါတွေဟာ ကာကွယ်နိုင်ပြီး တခါတရံ ပျောက်ကင်းအေင် ကုသနိုင်ပါတယ်။ အရိုးတွေ သန်မာဖို့ ရိုးရှင်းလှတဲ့ အပြောင်းအလဲ ၃ခု လုပ်ပေးနိုင်ပါတယ်။အရိုးကိုသန်မာ ကြီးထွားစေမယ့် အစားအစာတွေ စားသင်ပပါတယ်။ ကယ်လ်စိယမ်နဲ့ ဗီတာမင်ဒိဟာ အဓိကပါပဲ။ အရိုးတွေဟာ အသက်၂၅နှစ်မှာ ဖွံ့ဖြိုးမှု အမြင့်ဆုံး ရောက်တတ်ပါတယ်။ ဒီအရွယ်မတိုင်ခင် အရိုးကြီးထွားမှုကို အားပေးတဲ့အစာတွေ စားသင့်ပါတယ်။ဒီအရွယ်ကျော်သွားရင် အရိုးတေါ သက်တမ်းရှည်စေဖို့ လုပ်ဆောင်ရပါမယ်။ ဗီတာမင်ဒီဟာ အစားအစာတွေကနေ ကယ်လ်စီယမ် စုပ်ယူမှု အားကောင်းစေပြီး ကယ်လ်စိယမ်ဓါတ်ဟာ အရိုးထုထည်နည်းပါးခြင်းနဲ့ တခြားအရိုးရောဂါတွေကို ကာကွယ်နိုင်ပါတယ်။လက်ရှိမှာ သောက်သုံးနေရင် ဖြတ်လိုက်တာ ကောင်းပါတယ်။ အရိုးတွေကိုသာမက တခြား ကိုယ်ခန္ဓါ အစိတ်အပိုင်းတွေကိုပါ သက်ရောက်မှု ရှိတာကြောင့် ဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အရိုးသိပ်သည်းဆကို ကျဆင်းစေပါတယ်။ ဆေးလိပ်သောက်သူအများစုဟာ ပိုပန်ပြီး အရက်ပိုသောက်ဖြစ်ခါ ကိုယ်လက်လှုပ်ရှား အားနည်းတာ၊ အစားကောင်းကောင်း မစားတာလည်း တွေ့နိုင်ပါတယ်။ ဒီအရာတွေဟာ အရိုးကိုသာမက အလုံးစုံသော ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။အရိုးများဟာ သက်ရှိဆဲလ်တွေနဲ့ပဲ ဖွဲ့စည်းထားပြီး လေ့ကျင့်ခန်းဟာ အကျိုးဖြစ်ထွန်းစေပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ကခြင်း စတဲ့ ရိုးရှင်းတဲ့ ကိုယ်လက်လှုပ်ရှားမှုများဟာ အရိုးကျန်းမာရေးကို အထောက်အကူပြုပါတယ်။ အလေးမခြင်းကတေဆာ့ အကောင်းဆုံးလေ့ကျင့်ခန်း ဖြစ်ပါတယ်။ဒါပေမယ့် နည်းစနစ်မှားရင် ထိခိုက်နိုင်ပါတယ်။ ကိုယ်နိုင်သလောက် နည်းနည်းကနေ စလုပ်တာ လေ့ကျင့်ပေးသူညွှန်ကြားချက်ကို လိုက်နာတာ ကောင်းပါတယ်။အရိုးတွေမရှိရင် ကျွန်တော်တို့ဟာ အသားစိုင်တွေ မြေကြီးပေါ် ပုံထားသလို ဖြစ်နေနိုင်ပါတယ်။ အနည်းဆုံး တနှစ်ကို တခါ စစ်ဆေးမှုလုပ်သင့်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-2/
ဝတ်မှုန်ကြောင့် ဖြစ်တဲ့ ဖျားနာခြင်း
ဝတ်မှုန်ကြောင့် ဖြစ်တဲ့ ဖျားနာခြင်း (Hay fever) တစ်ဖြစ်လဲ allergic rhinitis တွေဟာ အအေးမိခြင်းနဲ့ တူညီတဲ့ လက္ခဏာမျိုးရှိတတ်ပါတယ်။ ဥပမာ – နှာစေးတာ၊ မျက်လုံးယားတာ၊ နှာချေတာနဲ့ နှာခေါင်းပိတ်တာလိုမျိုးပေါ့။ ဒါပေမဲ့ အအေးမိတာကတော့ ဗိုင်းရပ်စ်တွေကြောင့်ဖြစ်ပြီး hay fever ကတော့ပန်းဝတ်မှုန်၊ ကြောင်မွေး သို့မဟုတ် ခွေးမွေးတွေ၊ ဖုန်မှုန့်တွေတွေလိုမျိုး ဓါတ်မတည့်ခြင်းကိုဖြစ်စေတဲ့အရာတွေကြောင့် ဖြစ်ရတာပါ။ ဒါဟာ အသက်အန္တရာယ်ပေးနိုင်တဲ့ အရာတစ်ခုမဟုတ်ပေမယ့် သင့်ရဲ့ နေ့စဉ်ဘဝတွေ၊ အလုပ်မှာ ကျောင်းမှာ စွမ်းဆောင်ရည်တွေ ပြတဲ့နေရာတွေမှာတော့ အနှောက်အယှက် အတော်ပေးနိုင်ါတယ်။ ဒါဆိုရင် ဒီ hay fever ကို ပုံမှန်အအေးမိတာကနေ ဘယ်လိုခွဲခြားမလဲ။လက္ခဏာတွေကတော့ ဓါတ်မတည့်မှုတွေဖြစ်စေတဲ့အရာတွေ (ဥပမာ- ဖုန် သို့မဟုတ် ဝတ်မှုန်တွေ)ကို ကာလကြာရှည်ရှူရှိုက်မိပြီးနောက် ဒီအရာတွေနဲ့ ကြာရှည်ထိတွေ့ပြီးတဲ့နောက်မှာ ဖြစ်ပေါ်လာတတ်တာပါ။နှာစေးပြီး နှာပိတ်ခြင်း: နှာခေါင်းပေါက် ၂ခုလုံးမှာ ကြဲပြီး ရေနဲ့တူတဲ့အရာတွေ စီးနေတာမျိုး။နှာခေါင်းယားခြင်း : ဒီလို နှာခေါင်းယားတဲ့ ခံစားမှုဟာ ၂နာရီလောက်ကနေ ဓါတ်မတည့်တဲ့ လက္ခဏာတွေပျောက်ကင်းသွားတဲ့အချိန်ထိ ရက်ပေါင်းများစွာလည်း ကြာနိုင်ပါတယ်။နှာချေခြင်း: ဒါဟာ သင့်ရဲ့ ခုခံအားစနစ်က ပြင်ပအရာဝတ္ထုတွေကို တုံ့ပြန်တဲ့အခါဖြစ်တဲ့ ပုံမှန် ဖြစ်စဉ်ပါ။မျက်လုံးအောက်က အရည်ပြား ရောင်ယမ်းပြီး အပြာရောင်ဖြစ်ခြင်း¨: မျက်လုံးတစ်ဝိုက်က သွေးကြောတွေဟာလည်း ထုံးသွားနိုင်ပါတယ်။Hay fever ရဲ့ လက္ခဏာတွေဟာ တစ်နှစ်ပတ်လုံးမှာ အချိန်တစ်ခုကိုရောက်လာပြီဆိုရင် ပေါ်လာတတ်သလို ပိုပြီးလည်း ဆိုးလာတတ်ပါတယ်။နွေဦးရာသီမှာ သစ်ပင်နဲ့ မြက်တွေရဲ့ ဝတ်မှုန်တွေ။နွေရာသီမှာ မြက်တွေရဲ့ ဝတ်မှုန်။ဆောင်းဦးရာသီမှာ Ragweed ဝတ်မှုန်။ဖုန်မှုန့်၊ ပိုးဟပ်နဲ့ တိရစ္ဆာန်အမွေးကပါလာတဲ့ အရေခွံလေးတွေ (dander) တွေဟာ ရာသီတိုင်း ၊ အချိန်တိုင်းမှာတွေ့ရပါတယ်။ အိမ်တွင်းမှာ တွေ့ရတတ်တဲ့ ဓါတ်မတည့်စေတဲ့အရာတွေဟာ ဆောင်းတွင်း သို့မဟုတ် မိုးတွင်းလို အိမ်တွေ ပိတ်ထားရတဲ့အချိန်မျိုးတွေမှာ ပိုဆိုးစေတတ်ပါတယ်။အိမ်တွင်းအိမ်ပြင်က မှိုတွေရဲ့ စပိုးတွေဟာလည်း ရာသီအလိုက်ရော ရာသီတိုင်းရောဖြစ်စေတတ်တဲ့ ဓါတ်မတည့်မှုဖြစ်စေတဲ့အရာတွေလို့ သတ်မှတ်ထားပါတယ်။သင့်ရဲ့ hay fever လက္ခဏာတွေဟာ အချိန်ကြာလာတာတောင်မှ မသက်သာသေးရင် (၅ရက်နှင့်အထက်)။ဓါတ်မတည့်မှုသက်သာစေတဲ့ ဆေးတွေက အလုပ်မဖြစ်ရင်။ပုံမှန် Hay fever လက္ခဏာတွေထက် ပိုဆိုးတဲ့ အခြေအနေမှာရှိရင် ဥပမာ ရင်ကြပ်တာ၊ nasal polyps (နှာခေါင်းလမ်းကြောင်းမှာ မျက်ရည်စက်ပုံ ဖုသီးလေးတွေဖြစ်တာ) ဒါမှမဟုတ် မကြာခဏ နှာခေါင်းလမ်းကြောင်းပိုးဝင်တာ။တကယ်လို့များ ဒီလို ဓါတ်မတည့်မှုတွေက ကြာမြင့်ခဲ့မယ်ဆိုရင် ဆိုလိုတာက ထိပ်ကပ်နာလို လက္ခဏာနဲ့ ဆင်တူနေမယ်ဆိုရင် သင်က IgE စစ်ဆေးမှု ဒါမှမဟုတ် ဓါတ်မှန်ရိုက်ပြီး ဒီရောဂါ ၂ခုကို ခွဲခြမ်း စိတ်ဖြာသင့်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/other-allergies/%e1%81%80%e1%80%90%e1%80%b9%e1%80%99%e1%82%88%e1%80%94%e1%80%b9%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7-%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%90%e1%80%b2%e1%80%b7-%e1%80%96/
ကိုယ်ဝန်ဆောင် မေမေ ကန်စွန်းရွက် စားလို့ရလား
ကန်စွန်းရွက်ကြော်စားစား၊ ပြုတ်တို့တို့၊ သုပ်စားစား စားလို့ကောင်းတဲ့ ကန်စွန်းရွက်ကို ဝမ်းမှန်စေဖို့ အဆိပ်အတောက်ပြေစေဖို့ဆိုပြီး စားကြပါတယ်။ ဒါဆိုရင် ကန်စွန်းရွက်ကို ကိုယ်ဝန်ဆောင် မေမေတွေရော စားလို့ရလား လို့ သိချင်နေတဲ့ မေမေတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးကို ဖတ်ကြည့်လို့ ရပါတယ်။ဒီဆောင်းပါးလေးထဲမှာ ကိုယ်ဝန်ဆောင် မေမေ ကန်စွန်းရွက် စားလို့ရလား …….ကိုယ်ဝန်ဆောင်ချိန်မှာ ကန်စွန်းရွက် စားရင် ဘယ်လိုမျိုးကျန်းမာရေး အကျိုးကျေးဇူးတွေရရှိနိုင်မလဲဆိုတာကို ပြောပြပေးသွားပါမယ်။ကန်စွန်းရွက် ဆိုတာ ထွေထွေထူးထူး ပြောပြစရာ မလိုဘဲ လူတိုင်း လိုလို သိပြီး ဖြစ်မှာပါ။ အရွက်ရော ရိုးတံပါ စိမ်းနေပြီး အရွက် ချွန်ချွန်လေးနဲ့ အရိုးပွပွလေး ရှိသလို အရွက် ဖားဖားနဲ့ အရိုးပွပွ ကန်စွန်းတွေလည်း ရှိပါတယ်။ရေထဲမှာ ပေါက်ရောက်တတ်ကြပြီး မြေကြီးမှာ ပေါက်တဲ့ ကန်စွန်းလည်း ရှိပါတယ်။ အာရှနိုင်ငံ အများစုမှာ ပေါက်ရောက်ကြပြီးအဆိပ်အတောက်ကို ပြေစေတဲ့ အရွက် တစ်မျိုးအဖြစ် ရှေးယခင်ကာလတွေကတည်းက မှတ်ယူအသုံးပြုခဲ့ကြတာပါ။စားလို့ ကောင်းပြီး ထမင်းမြိန်တဲ့ ကန်စွန်းရွက်မှာ အခုလိုအာဟာရဓာတ်တွေပါဝင်နေပါတယ်။ကိုယ်ဝန်ဆောင် မေမေ ကန်စွန်းရွက် စားလို့ရလား ….. ဆိုတော့ ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကန်စွန်းရွက်ကို ပုံမှန်တောင် စားသုံးပေးလို့ ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကန်စွန်းရွက် စားတာကြောင့် ဘယ်လိုမျိုးကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ကိုယ်ဝန်ဆောင် မေမေ ကန်စွန်းရွက် စားတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တာမျိုး ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာအိပ်မပျော်တဲ့ ပြဿနာကို ​ပြေလည်ချင်တယ်ဆိုရင်တော့ ကန်စွန်းရွက် စားပေးလို့ ရပါတယ်။ကန်စွန်းရွက်ကအာရုံကြောတွေကို အနားရစေပြီး ကောင်းကောင် အိပ်ပျော်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ အိပ်ပျော်စေနိုင်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ ဇင့်ဓာတ် နဲ့ ဆီလီနီယမ်တို့လည်း ပါဝင်နေပါတယ်။ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ပျော်ချင်တယ်ဆိုရင်တော့ တစ်နေ့ကို ကန်စွန်းရွက်ကြော် တစ်ပန်းကန်စာလောက် စားပေးလို့ ရပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို သက်သာစေဖို့အတွက်လည်း ကန်စွန်းရွက်ကို စားပေးလို့ ရပါတယ်။ ကန်စွန်းရွက်မှာ အမျှင်ဓာတ် ပါဝင်နေတာကြောင့် ဝမ်းမှန်စေပြီးအူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေပါတယ်။အူမကြီးကို သန့်စင်ပေးပြီးအစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို သက်သာစေဖို့အတွက် ကန်စွန်းရွက်ကို စားပေးလို့ ရပါတယ်။ကန်စွန်းရွက်က ဆီးချိုကို ကုသပေးနိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာ သွေးချိုကို ထိန်းပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် ဆီးချို မဖြစ်အောင် ကာကွယ်ဖို့ အတွက်လည်း စားပေးလို့ ရပါတယ်။ကိုယ်ဝန်ဆောင် ဆီးချို ခံစားနေရမယ်ဆိုရင်လည်း ကန်စွန်းရွက်ကို စားပေးလို့ ရပါတယ်။  ဘေဘီလေးကို မွေးဖွားချိန်မှာ နို့ထွက်ကောင်းစေဖို့အတွက်လည်း ကန်စွန်းရွက်ကို စားပေးလို့ ရပါတယ်။ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့အတွက်လည်း ကန်စွန်းရွက်ကို အားကိုးလို့ ရပါတယ်။ ကန်စွန်းရွက်က တစ်နေ့တာမှာ ကြုံတွေ့ ခံစားရနိုင်တဲ့ ညစ်ညမ်းမှုတွေကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှု မဖြစ်စေဖို့ ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့ ကန်စွန်းရွက် စားပေးလို့ ရပါတယ်။ကန်စွန်းရွက်က အသားအရေကို အဆိပ်အတောက် ကင်းစေပြီး အရေပြား ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ထိခိုက်ရှနာကစလို့ အရေပြား ပြဿနာ အမျိုးမျိုးကို သက်သာစေဖို့ ကန်စွန်းရွက်ကို စားပေးလို့ ရပါတယ်။ပါးစပ်ထဲမှာ ပေါက်တဲ့ အနာဖြူဖြူလေးတွေ ပေါက်တဲ့အခါ ကိုယ်ဝန်ဆောင် မေမေတွေ အနေနဲ့ ကန်စွန်းရွက် စားပေးလို့ ရပါတယ်။ ကန်စွန်းရွက်က ပါးစပ်ထဲက အနာဖြူဖြူလေးတွေ သက်သာစေဖို့အတွက် အသုံးပြုပေးလို့ ရပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ပြင်ပကရောဂါတွေ ဝင်ရောက်တာမျိုး မဖြစ်အောင် ကာကွယ်ဖို့ ဆိုရင် ကန်စွန်းရွက် စားပေးလို့ ရပါတယ်။ ကန်စွန်းရွက်က ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။သံဓာတ် နဲ့ ဗီတာမင် B အုပ်စု ပါဝင်နေတာကြောင့် မေမေ့ကို ကျန်းမာစေနိုင်သလို ဗိုက်ထဲက ဘေဘီလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပါတယ်။ ဘေဘီလေးရဲ့ အမြင်အာရုံ ဖွံ့ဖြိုးမှုနဲ့ အာရုံကြောစနစ်တွေ ဖွံ့ဖြိုးစေဖို့လည်း ထောက်ကူပေးပါတယ်။ကန်စွန်းရွက်က မေမေရော ဘေဘီလေးကိုပါ အကျိုးများစေတာကြောင့် စားသုံးပေးလို့ ရတယ်ဆိုပေမယ့် အော်ဂဲနစ် ဖြစ်တာ၊ လတ်ဆတ်တာကို သေချာလေး ရွေးချယ်ဖို့ လိုပါမယ်။ နောက်တစ်ချက်က ကန်စွန်းရွက်ကို အစိမ်းစားတာမျိုး မလုပ်ပါနဲ့။ နောက်ဆုံး တစ်ချက်က ကန်စွန်းရွက်ကို ရေသေချာဆေးပြီးမှ ချက်စားသင့်ပါတယ်၊၊။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/pregnant-mom-can-eat-water-spinach/
သွေးဓာတ်မတည့်မှု ပြဿနာ ဂရုပြုပါ
ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားလို့ဖြစ်စေ၊ ရောဂါကြောင့်သွေးနီဥပမာဏနည်းနေရင်ဖြစ်စေ လျော့နည်းသွားတဲ့ သွေးပမာဏကို ပြန်ဖြည့်ဆည်းဖို့အတွက် သွေးသွင်းဖို့လိုအပ်နိုင်ပါတယ်။ တကယ်အရေးကြီးတဲ့အချိန်မှာ သွေးသွင်းကုသမှုက လူ့အသက်တစ်ချောင်းကို ကယ်တင်ပေးနိုင်တာလူတိုင်းသိပြီးဖြစ်မှာပါ။ ဒါပေမဲ့ ကုသမှုတိုင်းအားလုံးလိုပဲ သွေးသွင်းကုသမှုမှာလည်း ဘေးထွက်ဆိုးကျိုးတချို့နဲ့ သတိပြုစရာလေးတွေ ရှိနေတာမို့ Hello Sayarwon စာဖတ်ပရိသတ်တွေအတွက် ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ရပါတယ်။သွေးသွင်းတော့မယ်ဆို အရေးကြီးဆုံးက သွေးသွင်းခံမယ့် လူနာရဲ့သွေးနဲ့ သွင်းမယ့်သွေး အမျိုးအစား ထပ်တူကျရပါမယ်။ သွေးအမျိုးအစား ၂ ခုမတူညီခဲ့ရင် လူနာဟာ သွေးဓာတ်မတည့်တဲ့ ပြဿနာတွေခံစားရနိုင်လို့ပဲ ဖြစ်ပါတယ်။ဘယ်အချိန်မှာသွေးသွင်းဖို့လိုအပ်မလဲ။အပေါ်မှာပြောခဲ့သလိုပဲ လူနာကသွေးအများကြီးဆုံးရှုံးသွားတဲ့အချိန်နဲ့ အောက်ခံရောဂါတစ်ခုခုကြောင့် ခန္ဓာကိုယ်က သွေးနီဥလုံလုံလောက်လောက်မထုတ်နိုင်တဲ့အခြေအနေမျိုးမှာ သွေးသွင်းရနိုင်ပါတယ်။ များသောအားဖြင့်။–           ရောဂါတစ်ခုခုဖြစ်တဲ့အခါ။–           ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်တဲ့အခါ။–           ကင်ဆာရောဂါ ခံစားနေရတဲ့အခါ။–           ရောဂါပိုးဝင်သွားတဲ့အခါ။–           မီးလောင်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားတဲ့အခါ။–           ထိခိုက်ဒဏ်ရာဆိုးဆိုးဝါးဝါးရရှိပြီး သွေးဆုံးရှုံးမှုများတဲ့အခါတွေမှာ သွေးသွင်းရတတ်ပါတယ်။သွေးမသွင်းခင်မှာ လူနာရဲ့သွေးနမူနာအနည်းငယ်ထုတ်ပြီး သွေးအမျိုးအစားသိအောင် typing နဲ့ crossmatching လုပ်ပါတယ်။ Typing ဆိုတာက လူနာရဲ့သွေးအုပ်စုအမျိုးအစားကိုစစ်ဆေးတာဖြစ်ပြီး crossmatching ဆိုတာကတော့ သွင်းမယ့်သွေးနဲ့ လူနာရဲ့သွေးအမျိုးအစား ၂ ခု ကိုနှိုင်းယှဉ်ပြီးသွေးသွင်းလို့ရနိုင် မရနိုင်ဆုံးဖြတ်တာပဲဖြစ်ပါတယ်။သွေးအမျိုးအစား ဘယ်နှမျိုးရှိသလဲ။A, B, O, AB ဆိုပြီး သွေးအုပ်စု ၄ မျိုးရှိပြီး တစ်မျိုးချင်းစီမှာ အပေါင်းသွေး၊ အနုတ်သွေးဆိုပြီး ၂ မျိုးစီထပ်ခွဲခြားနိုင်ပါတယ် (ဥပမာ A အပေါင်းသွေး၊ A အနုတ်သွေး) ဒါ့ကြောင့်  စုစုပေါင်း အုပ်စု ၈ စုရှိတယ်လို့ မှတ်ယူနိုင်ပါတယ်။သွေးသွင်းတဲ့အခါ သွေးအုပ်စုတူညီဖို့ ဘာလို့အရေးကြီးတာလဲ။ဘယ်သူမဆို ကိုယ့်သွေးအုပ်စုအမျိုးအစားတော့ သေချာသိထားသင့်ပါတယ်။ ဘာလို့လဲဆိုရင် သွေးနီဥတွေထဲမှာ သွေးအုပ်စုကိုမှတ်သားထားတဲ့ antigens ဒါမှမဟုတ် protein matters တွေပါဝင်နေပါတယ်။ အကယ်၍ ကိုယ့်သွေးအုပ်စုနဲ့မတူတဲ့ တခြားသွေးကိုသွင်းလိုက်မိရင် ကိုယ်တွင်းက ခုခံအားစနစ်က အသစ်ဝင်လာတဲ့သွေးနီဥတွေကို တိုက်ခိုက်ပြီးဖျက်ဆီးပါတော့တယ်။ ဒီအခါ သွေးဓာတ်မတည့်တဲ့ပြဿနာတွေဖြစ်လာပါတယ်။သွေးဓာတ်မတည့်တဲ့အခါ ဘယ်လိုလက္ခဏာတွေပြမလဲ။သွေးသွင်းပြီးပြီးချင်း ဒါမှမဟုတ် သွေးသွင်းနေတဲ့အချိန်မှာတင် သွေးဓာတ်မတည့်တဲ့လက္ခဏာတွေ ပြတတ်ပါတယ်။ ဒါ့ကြောင့်လည်း ဆေးရုံမှာသွေးသွင်းမှုခံယူနေတဲ့လူနာတွေကို ဆရာဝန်၊ သူနာပြုတွေက သေချာစောင့်ကြည့်ပေးရတာဖြစ်ပါတယ်။ သွေးသွင်းမယ့် လူနာရဲ့ သွေးမသွင်းခင်နဲ့ သွေးသွင်းပြီး အခြေအနေကို မှန်မှန်စစ်ဆေးလေ့ရှိပါတယ်။သွေးဓာတ်မတည့်တဲ့အခါ ပြတတ်တဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။–           ချမ်းတုန်လာမယ်။–           မူးဝေပြီး ခေါင်းထဲမိုက်ခနဲဖြစ်မယ်။–           အဖျားတက်လာမယ်။–           နောက်ကျောတွေနာလာမယ်။–           ဆီးအရောင်ရင့်ရင့်တွေသွားမယ်။–           ဗိုက်ထဲမအီမသာဖြစ်လာမယ်။–           အရေပြားတွေနီမြန်းလာမယ်။တချို့လူနာတွေကျပြန်တော့လည်း သွေးသွင်းပြီးရက်အနည်းငယ်ကြာမှ အပေါ်ကလက္ခဏာတွေပြတတ်ပါတယ်။ ဒါ့ကြောင့် သွေးသွင်းမှုခံယူပြီးပြီဆို ကိုယ့်ခန္ဓာကိုယ်က ထူးခြားတဲ့လက္ခဏာတွေကို သေချာဂရုစိုက်စောင့်ကြည့်ပါ။သွေးဓာတ်မတည့်တာဖြစ်ရင်စိုးရိမ်ရလား။စိုးရိမ်ရပါတယ်။ ဘာလို့လဲဆိုရင် အပေါ်မှာပြောခဲ့သလိုပဲ ကျွန်တော်တို့ခန္ဓာကိုယ်ထဲကို အပြင်က အရာတစ်ခုခုဝင်လာရင် ခုခံအားစနစ်ကသိပါတယ်။ အလားတူပဲ သွင်းလိုက်တဲ့သွေးနဲ့ လက်ခံတဲ့လူနာရဲ့သွေးအုပ်စုမတူရင်လည်း ဝင်လာတဲ့သွေးနီဥတွေကို ခုခံအားစနစ်က ပြန်တိုက်ထုတ်ပါတယ် (ဒါကို hemolytic reaction လို့ခေါ်ပါတယ်) ထူးထူးခြားခြားဖြစ်တတ်တဲ့ အခြေအနေတွေလည်းရှိပါတယ်။ သွင်းလိုက်တဲ့သွေးထဲမှာ အဆုတ်ကဆဲလ်တွေကိုတိုက်ထုတ်မယ့် ပဋိပစ္စည်းတွေပါနေရင် သွေးလက်ခံသူရဲ့အဆုတ်ထဲမှာအရည်တွေပြည့်လာပြီးအသက်ရှုရခက်ခဲတဲ့ ဝေဒနာခံစားရတတ်ပါတယ်။ ဒါကို TRALI (Transfusion related acute lung injury) လို့ခေါ်ပါတယ်။လူနာကိုသွင်းရမယ့်သွေးက သွေးလှူဘဏ်မှာ စနစ်တကျသိမ်းဆည်းထားရှိတဲ့သွေးဖြစ်ဖို့လည်းလိုပါသေးတယ်။ သတ်မှတ်ထားတဲ့အပူချိန်၊ ပတ်ဝန်းကျင်မှာ မသိမ်းဆည်းခဲ့ရင် သွေးထဲမှာဘတ်တီးရီးယားတွေပေါက်ပွားလာမှာဖြစ်ပြီး ဒီလိုသွေးကိုလက်ခံသွင်းမိရင် လူနာအတွက်အသက်အန္တရာယ်ရှိပါတယ်။ဒါ့ကြောင့် နိဂုံးချုပ်ပြန်ပြောရရင် သွေးနဲ့လူအသက်ကယ်တင်နိုင်တာမှန်ပေမဲ့ သွေးသွင်းတဲ့အခါ ခံစားရနိုင်တဲ့ဘေးဥပဒ်တွေကိုလည်း မေ့ထားလို့မရပါဘူး။ သွေးဓာတ်မတည့်မှုကလည်း လူတစ်ယောက်နဲ့တစ်ယောက်အပေါ်မူတည်ပြီး ပြင်းထန်မှုမတူတာကြောင့် သွေးသွင်းရင်ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို စာဖတ်သူတို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။ရေးသားသူ – Dr.Htoo Tint။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/other-allergies/%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%99%e1%80%90%e1%80%8a%e1%80%b7%e1%80%ba%e1%80%99%e1%80%be%e1%80%af-%e1%80%95%e1%80%bc%e1%80%bf%e1%80%94%e1%80%ac-%e1%80%82/