title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ဆံပင်ကျွတ်ခြင်း၊ဆံပင်ပါးခြင်းကို လေဆာနဲ့ ကုကြမယ်
ဆံပင်ကျွတ်ခြင်းဟာ အမျိုးသားရော၊အမျိုးသမီးတွေပါ စိုးရိမ်ပူပန်ရတဲ့ ပြဿနာတခု ဖြစ်ပါတယ်။ ဟိုအရင်တုန်းကတော့ ဆံပင်ကျွတ်ခြင်းကို ကုသဖို့အတွက် စားသောက်နေထိုင်မှုတွေကို အတော်ပြုပြင်ဆင်ခြင်ရသလို အချိန်လည်း အများကြီးယူရပါတယ်။ဒီခေတ်မှာတော့ ဆံပင်ကျွတ်ခြင်းကို နည်းပညာရဲ့ ကျေးဇူးနဲ့ အချိန်တိုတွင်းမှာ ထိထိရောက်ရောက် ကုသပေးနေနိုင်ပြီဖြစ်ပါတယ်။ လေဆာအပျော့စားကို အသုံးပြုပြီး ကုသခြင်းအားဖြင့် ဆံပင်ကျွတ်ခြင်းကို အလွန်ထိရောက်စွာ သက်သာစေသလို ဆံပင်ကိုလည်း ပြန်ထူလာစေပါတယ်။ဒီနည်းလမ်းဟာ ဆံပင်ကျွတ်ခြင်းကို ကုသပေးနိုင်တဲ့ ခေတ်အမီဆုံးနည်းလမ်းတခု ဖြစ်ပြီး ထိပ်ပြောင်သူတွေအတွက် အားတက်စရာ ကုသမှုပဲ ဖြစ်ပါတယ်။အနီအောက်ရောင်ခြည် (infrared) ကို အသုံးပြုခြင်းအားဖြင့် လေဆာအပျော့စားဟာ ဦးရည်ပြားကို နှိုးဆွပေးနိုင်တာမို့ ဆံပင်တွေတဖန်ပြန်လည် ပေါက်လာစေပါတယ်။ဒီလေဆာဟာ တခြားဆေးဝါးကုသမှုတွေမှာ အသုံးပြုတဲ့ လေဆာလို မပူတဲ့အတွက် “လေဆာအအေး” ဒါမှမဟုတ် “လေဆာအပျော့စား” လို့ ခေါ်ဝေါ်လေ့ရှိကြပါတယ်။လေဆာအပျော့စားကို သုံးပြီး ကုသခြင်းရဲ့ ကောင်းကျိုးတွေက။· အမျိုးသားရော အမျိုးသမီးတွေမှာပါ အသုံးပြုနိုင်ခြင်း။· ဘေးထွက်ဆိုးကျိုးတစုံတရာ မတွေ့ရှိရသေးခြင်း။· ခွဲစိတ်စရာမလို၊နာကျင်မှုမရှိခြင်း။· ငွေကုန်ကြေးကျအလွန်အမင်း မများပြားခြင်း။· အချိန်အနည်းငယ်သာ လိုအပ်ခြင်း။· အချို့လေဆာစက်တွေဟာ အလွယ်တကူသယ်ဆောင်လို့ရတဲ့အတွက် ဆေးခန်းကိုတောင် သွားဖို့မလိုခြင်း။· လူအများစု ဆံပင်ကျွတ်တတ်တဲ့ နေရာတွေဖြစ်သော ဦးခေါင်းထိပ်နဲ့ နားသယ်ဆံစပ်နားနေရာတွေမှာ ဆံပင်ပြန်လည်ပေါက်လာစေခြင်း။· အကျိုးသက်ရောက်မှုကို အနည်းဆုံး ၁၂ပတ်ကနေ ၃၆ပတ်အတွင်း တွေ့ရှိရမှာဖြစ်ပြီး ဆံပင်အကျွတ်နည်းသွားတဲ့အပြင် ဆံပင်တွေ သိသိသာသာ ပြန်ပေါက်လာတာကိုပါ တွေ့ရှိရမှာ ဖြစ်ပါတယ်။ကျားမ မရွေး ထိပ်ပြောင်နေသူ ဒါမှမဟုတ် ဆံပင်ကျွတ်နေသူတွေမှာ ဒီကုသမှုကို ပြုလုပ်ပေးနိုင်ပါတယ်။ ထိပ်ပြောင်ခြင်းရဲ့ ကနဦးလက္ခဏာတွေ စတင်ခံစားနေရသူတွေမှာ အထူးအသုံးပြုသင့်တယ်ဆိုသော်ငြား ဆိုးဆိုးရွားရွား ထိပ်ပြောင်၊ဆံပင်ကျွတ်နေသူတွေမှာလည်း အသုံးပြုနိုင်ပါတယ်။ဘယ်လိုကုသမှုမျိုးပဲ ဖြစ်ဖြစ် သင့်မျှော်လင့်ချက်တွေနဲ့ လုံးဝထပ်တူကျဖို့တော့ ဖြစ်နိုင်ချင်မှ ဖြစ်နိုင်ပါလိမ့်မယ်။ လေဆာကုထုံးဟာ ထိပ်ပြောင်ခြင်းကို လုံးဝဖယ်ရှားပေးနိုင်မယ့် ကုသနည်းတော့မဟုတ်ပါဘူး။ကုသမှုခံယူနေစဉ် အချိန်အတိုင်းအတာတခုအတွင်းမှာ လမ်းညွှန်ချက်တွေအတိုင်း စနစ်တကျ လုပ်ဆောင်ကုသမှသာ အာနိသင်ပြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆံပင်ကျွတ်ခြင်း၊ပါးခြင်းကို ကုသတဲ့ ဘယ်လိုနည်းလမ်းမျိုးမဆို စတင် ကုသခါစမှာ ဆံပင်တွေ အရင်ကျွတ်ပါလိမ့်မယ်။ပြီးမှသာ ကုသမှုနည်းလမ်းရဲ့ အကျိုးအာနိသင်ကို တွေ့မြင်ရမှာ ဖြစ်တဲ့အပြင် လူတဦးနဲ့ တဦးမှာ တွေ့မြင်ရမယ့် အာနိသင်သက်ရောက်မှုဟာလည်း တူချင်မှ တူပါလိမ့်မယ်။ နောက်ထပ်အသေးစိတ်သိလိုတာတွေရှိရင် သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%86%e1%80%b6%e1%80%95%e1%80%84%e1%80%ba%e1%80%80%e1%80%bb%e1%80%bd%e1%80%90%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%81%8a%e1%80%86%e1%80%b6%e1%80%95%e1%80%84%e1%80%ba%e1%80%95/
ကလေးအာဟာရမပြည့်ဝဘူးဆိုတာကိုသိရှိနိုင်မယ့် လက္ခဏာရပ်များ
ကလေးအာဟာရမပြည့်ဝဘူးဆိုတာကိုသိရှိနိုင်မယ့် လက္ခဏာရပ်များ က ဘာတွေလဲဆိုတာကို သိပြီးပြီလား! နေ့စဉ်စားသုံးလိုက်တဲ့အစားအစာတိုင်းမှာခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားဖို့နဲ့ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေကောင်းစွာလည်ပတ်စေနိုင်ဖို့အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေပါဝင်နေပါတယ်။ ဒါကြောင့်နေ့စဉ် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်ဝအောင်စားသုံးမိဖို့လိုပါမယ်။ အာဟာရပြည့်ဝစေဖို့အတွက် စားသုံးတဲ့နေရာမှာလည်း သင့်တင့်မျှတတဲ့ ပမာဏဖြစ်ဖို့တော်တော်လေးအရေးကြီးပါတယ်။အစားအသောက်တွေက အလွန်အကျွံမစားသင့်သလို နည်းနည်းပဲစားတာမျိုးလည်း မဖြစ်သင့်ပါဘူး။ကြီးထွားဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့ သားသားမီးမီးတွေအတွက် အစာအာဟာရမျှတပြည့်ဝဖို့ကတော်တော်လေးအရေးပါပါတယ်။ကလေးအာဟာရမပြည့်ဝဘူးဆိုတာကိုသိရှိနိုင်မယ့် လက္ခဏာရပ်များ ကတော့။ဖျားနာလွယ်မယ်။ရာသီဥတုကြောင့်ဖြစ်ဖြစ် အခြားအကြောင်းအရင်းတွေကြောင့်ဖြစ်ဖြစ် ကလေးက ခဏခဏဖျားနေယ်ဆိုရင် ကလေးကကိုယ်ခံအားနည်းနေတာပါ။ ဒါကခန္ဓာကိုယ်မှာ လိုအပ်တဲ့အာဟာရဓာတ်တွေမပြည့်ဝဘူးဆိုတာကိုဖော်ပြနေတဲ့ပြယုဂ်တစ်ခုပေါ့။ ဒါကြောင့် ကလေးရဲ့ခန္ဓာကိုယ် ကျန်းမာသန်စွမ်းစေဖို့အတွက်နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ အာဟာရပြည့်ဝမျှတအောင်ပြင်ဆင်ကျွေးမွေးပေးပါ။စိတ်ဖိစီးမယ်၊စိတ်ဓာတ်ကျမယ်။စိတ်ဖိစီးတာတွေ၊ စိတ်ဓာတ်ကျတာတွေကဦးနှောက်ကနေ အရင်းခံလာတဲ့စိတ်ဝေဒနာတွေပါ။ ခန္ဓာကိုယ်မှာ အမိုင်နိုအက်ဆစ်မလုံလောက်တဲ့အခါ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာလိုမျိုး လက္ခဏာတွေဖြစ်နိုင်ပါတယ်။ ကလေးက အချိန်ပြည့်စိတ်ညစ်နေမယ်၊ မှိုင်နေမယ်၊ ရန်လိုမယ် စတဲ့အပြုအမူတွေလုပ်လာမယ်ဆိုရင်တော့ အာဟာရမပြည့်ဝမှုကိုခံစားနေရတယ်ဆိုတာသိဖို့လိုပါမယ်။ ဒါကြောင့်ကလေးစားသုံးမယ့်အစားအစာထဲမှာပရိုတင်းနဲ့ အမိုင်နိုအက်ဆစ်ကြွယ်ဝတဲ့ အစားအသောက်တွေကိုသေချာထည့်သွင်းပြင်ဆင်ပေးပါ။ Omega-3 fatty acids ကိုလည်မေ့မထားပါနဲ့။အဝလွန်မယ်။ဝနေတိုင်း ကလေးကကျန်းမာတယ်၊ ဖွံ့ဖြိုးတယ်လို့မထင်ပါနဲ့။ ကလေးက ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်ပိုများနေတာက အာဟာရမပြည့်ဝတာကြောင့် ခံစားရတဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ အဝလွန်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ကလေးကနေ့စဉ်ပြုပြင်ထားတဲ့ အသားတွေ၊အချိုရည်တွေ၊ အချိုများတဲ့ အစားအစာတွေစားသုံးတာကြောင့် လိုအပ်တဲ့အာဟာရမရဘဲ မလိုအပ်တဲ့အဆီတွေတက်ပြီး အဝလွန်နေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးဝနေတိုင်း အာဟာရမချို့တဲ့ဘူးလို့မထင်ပါနဲ့။ ဝလွန်တာကလည်း အာဟာရချို့တဲ့နေတယ်ဆိုတဲ့ လက္ခဏာတစ်ရပ်ပါ။လှုပ်ရှားလွန်ပြီး အာရုံမစိုက်နိုင်တဲ့ရောဂါ။ကလေးဆိုတာ လှုပ်လှုပ်ရှားရှားနေမှ ကျန်းမာမှာဆိုပေမယ့် ကလေးက ဘာကိုမှသေသေချာချာအာရုံမစိုက်နိုင်ဘဲ တစ်ချိန်လုံး လှုပ်ရှားနေမယ်ဆိုရင်တော့ကိုယ်တွင်းမှာအကျိုးပြုဘက်တီးရီးယားတွေနည်းနေတာကြောင့်ဖြစ်တဲ့ လှုပ်ရှားလွန်ပြီး အာရုံမစိုက်နိုင်တဲ့ရောဂါကို ခံစားနေရတာပါ။ ကိုယ်တွင်းမှာ အကျိုးပြုဘက်တီးရီးယားတွေနည်းနေတဲ့အခါ အာဟာရဓာတ်တွေစုပ်ယူနိုင်စွမ်းနည်းသွားပါတယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်က လုံလောက်တဲ့ အာဟာရကိုမရရှိတော့ဘဲ အာဟာရချို့တဲ့လာတာကြောင့် ကလေးက လှုပ်ရှားလွန်ပြီး အာရုံမစိုက်နိုင်တဲ့ရောဂါကို ခံစားရတာဖြစ်ပါတယ်။စကားပြောတာနောက်ကျတာ။ကလေးစကားပြောနောက်ကျတာကဗီတာမင် B12ချို့တဲ့တာကြောင့်ပါ။ ကလေးလေးတွေက ဗီတာမင် B12 ချို့တဲ့မယ်ဆိုရင် ပုံမှန်ထက်စကားပြောနောက်ကျတတ်ပါတယ်။ ဒါကြောင့်ကလေးကို ဝမ်းတွင်းသားတွေ၊ အမဲသား၊ ကြက်သား၊ငါး၊ဝက်၊ ကမာ၊နို့ထွက်ပစ္စည်းတွေနဲ့ ဥအမျိုးမျိုးတို့လိုမျိုး ဗီတာမင် B12 ကြွယ်ဝတဲ့ အစားအစာတွေကျွေးမွေးပေးပါ။အရေပြားနဲ့ဆံသားတွေခြောက်သွေ့မယ်။အရေပြားနဲ့ ဆံသားတွေခြောက်သွေ့ရတာက ကလေးအနေနဲ့ ဗီတာမင် A၊ B၊ E နဲ့ K2 တို့လိုမျိုးပျော်ဝင်လွယ်တဲ့ဗီတာမင်တွေချို့တဲ့နေတာကြောင့်ပါ။ ဒါကြောင့် ကလေးရဲ့ ဆံသားတွေ အရေပြားတွေခြောက်သွေ့နေပြီဆိုရင် ကလေးကို လိုအပ်တဲ့ အာဟာရနဲ့ဗီတာမင်တွေပြည့်ဝအောင်ကျွေးမွေးပေးပါ။ခဏခဏဝမ်းပျက်ဝမ်းလျှောဖြစ်မယ်။ကလေးက ခဏခဏဝမ်းပျက်ဝမ်းလျှောဖြစ်နေတာက အာဟာရချို့တဲ့တာကြောင့်ပါ။ ခန္ဓာကိုယ်က အာဟာရဓာတ်တွေကိုပြည့်ပြည့်ဝဝမစုပ်ယူနိုင်ဘူးဆိုတဲ့သဘောပါ။ ခန္ဓာကိုယ်က အာဟာရဓာတ်တွေကိုပြည့်ပြည့်ဝဝမစုပ်ယူနိုင်တဲ့အခါအစာခြေစနစ်ကျန်းမာရေးချို့တဲ့ပြီး အကျိုးပြုဘက်တီးရီးယားအရေအတွက် လျော့နည်းလာတာကြောင့် မကြာခဏဆိုသလို ဝမ်းပျက်ဝမ်းလျှောဖြစ်ရတာပါ။အာဟာရမပြည့်ဝမှုကို ကာကွယ်နိုင်မယ့် အကောင်းဆုံးသောနည်းလမ်းက ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရမျှတစွာစားသောက်ဖို့ပါ။ ကျန်းမာရေးကောင်းဖို့ဆိုရင်နေ့စဉ်စားသောက်တဲ့အစားအစာတွေထဲမှာ အခုပြောပြတဲ့အစားအစာလေးတွေပါဝင်အောင်ပြင်ဆင်ပေးပါနော်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/malnutrition/common-signs-of-inadequate-nutrition/
ရင်သားကင်ဆာခံစားနေရသော လူနာ၏ လက်တွဲဖော် အနေနဲ ဘယ်လိုကူညီပေးနိုင်မလဲ
ရင်သားကင်ဆာ ဖြစ်နေပြီဆိုတဲ့ အဖြစ်အပျက်ဟာ သင့်ချစ်သူအတွက် ကြောက်မယ်ဖွယ်ကောင်းတဲ့ အတွေ့အကြုံဖြစ်နိုင်ပါတယ်။ သူမရဲ့ ချစ်သူဖြစ်တဲ့အလျောက် သင့်မှာလဲ အခက်အခဲတွေ ရင်ဆိုင်ရနိုင်ပါတယ်။ သူမကို အားပေးဖို့၊ သင်တို့ဆက်ဆံမှုကို ကာကွယ်ဖို့နဲ့ သင့်ကိုယ်ပိုင် ခံစားချက်တွေကို ဖုံးကွယ်ဖို့ အတွက် သင်ဟာ သန်စွမ်းဖို့လိုပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ သင့်အမျိုးသမီးကို ဘယ်လို ကူညီပေးမလဲဆိုတာတွေ ဖြစ်ပါတယ်။၁။ သူမအတွက် အဆင်သင့်ရှိပါစေ။ချစ်တယ်ဆိုတဲ့ စကားလေးနဲ့ပဲ ဟာ ဒီအချိန်မှာ မလုံလောက်တော့ပါဘူး။ ဆရာဝန်နဲ့ ပြသဖို့ အလုပ်မှာ ခွင့်တွေ စယူသင့်ပါပြီ။ ရင်သားကင်ဆာဟာ ကြောက်စရာ ကောင်းတာကြောင့် သူမကို တစ်ယောက်တည်း ရင်မဆိုင်စေသင့်ပါဘူး။ ဆရာဝန်ဆီကို သူမနဲ့ အတူသွားခြင်းဟာ သူမကို ချစ်ကြောင်းပြရုံတင်သာမက သူမရဲ့ အခြေအနေတွေကိုလည်း သိရှိရမှာဖြစ်ပါတယ်။ သင်တစ်ခုခု နားမလည်ရင်လည်း ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။ သူမကို စောင့်ရှောက်ဖို့အတွက် သင်ဟာ အကုန်သိထားဖို့ လိုအပ်ပါတယ်။၂။ စကားပြောပါ။သူမ တစ်ခုခု ပြောလိုက်မယ်ဆိုရင် သေချာနားထောင်သင့်ပါတယ်။ သူမက စကားမပြောချင်ဘူးဆိုရင်လည်း အတင်းဖိအားမပေးသင့်ပါဘူး။ သူမဟာ ရောဂါအကြောင်း မပြောချင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအချိန်မှာ သူမ ဆန္ဒကို ဦးစားပေးပြီး သူမပြောချင်တာကိုသာ နားထောင်ဖို့ အဆင်သင့်ဖြစ်တယ်ဆိုတာ သူမကို သိရှိပါစေ။ လူတစ်ယောက်ရဲ့ အခြေအနေကို အသိအမှတ်ပြုဖို့ဆိုတာ သတ္တိ လိုအပ်ပါတယ်။ သူမ လိုအပ်တဲ့အချိန်မှာ အချိန်ပေးပြီး ဂရုစိုက်ပါ။၃။ ရင်းနှီးမှုကို ထိန်းသိမ်းပါ။ရင်သားကင်ဆာ ရှိတဲ့အမျိုးသမီးတွေဟာ အထူးသဖြင့် ခွဲစိတ်မှု လုပ်ပြီးသွားရင် သူတို့ကိုယ်ကိုယ် စိတ်မလုံခြုံမှုတွေ ရှိတတ်ပါတယ်။ သင့်ချစ်သူဟာ ကြောက်ရွံ့နေနိုင်ပါတယ်။ သင်တို့မှာ ရှိခဲ့တဲ့ ကိုယ်ခန္ဓါ ရင်းနှီးမှုတွေ မရှိတော့ရင် သင်သူမကို မချစ်တော့ဘဲ ထားခဲ့တော့မှာလို့ ထင်နိုင်ပါတယ်။ သူမ အဆင်ပြေတယ်ဆိုရင် လိင်ဆက်ဆံမှု ပြုသင့်ပါတယ်။ သူမ ဘယ်လိုခံစားရလဲဆိုတာ မေးဖို့ မမေ့ပါနဲ့။ ဒါဟာ သင်သူမကို ချစ်ဆဲပဲ၊ လေးစားဆဲပဲ ဆိုတာ ဖေါ်ပြပါတယ်။၄။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။သင့်ချစ်သူကို ပြုစုခြင်းဟာ အားအင်ကုန်ခမ်းစေပါတယ်။ ကျန်းမာသန်စွမ်းစေဖို့အတွက် ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့လည်း လိုအပ်ပါတယ်။ သင်နားဖို့ လိုအပ်တယ်ဆို သူမကို ပြောပြပါ။ သူငယ်ချင်းတွေနဲ့ ခဏတာ အပြင်ထွက်လည် နိုင်ပါတယ်။ စိတ်ဓါတ်ကျနေတယ်ဆိုရင် နှစ်သိမ့်ဆွေးနွေးမှု ယူနိုင်ပါတယ်။ အတွေ့အကြုံချင်းတူညီတဲ့ သူတွေနဲ့ စကားပြောခြင်းဟာ သင့်ချစ်သူအခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို ပိုမို သိရှိစေပါတယ်။ရင်သားကင်ဆာကို အတူတိုက်ဖျက်ရခြင်းဟာ သင်တို့နှစ်ယောက် အတူသွားရမယ့် ခရီးတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ အားပေးချစ်ခင်မှုနဲ့ သင့်ချစ်သူဟာ ပုံမှန်ဘဝကို အကောင်းဆုံးနေထိုင်နိုင်သွားမှာဖြစ်ပါတယ်။ တစ်ခါတစ်လေ ခက်ခဲပြီး စိတ်ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် သူတို့ အတူတကွ ကျော်လွှားနိုင်မှာပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%81%e1%80%b6%e1%80%85%e1%80%ac%e1%80%b8%e1%80%94%e1%80%b1%e1%80%9b%e1%80%9e%e1%80%b1%e1%80%ac/
ကလေးသွေးတိုးသည့်အခါ မိဘများသိသင့်သည့် အချက်များ
ကလေးအတွက် သွေးတိုးရောဂါကို လိင်တူ၊ အသက်အရွယ်နှင့်အမြင့်တူနေသော အခြားကလေးတွေ 95 ရာခိုင်နှုန်းနဲ့တူညီ သို့မဟုတ် ပိုကြီးတဲ့ သွေးဖိအားရှိတဲ့ ကလေး တွေပေါ်မူတည်ပြီး သတ်မှတ်ထားပါတယ်။အသက်၁၀နှစ်အောက် ကလေးတွေမှာဖြစ်တတ်တဲ့ သွေးတိုးရောဂါဟာ အများအားဖြင့် အဝလွန်ခြင်း ၊မကောင်းမွန်တဲ့ အစားအစားစားရခြင်း၊ လေ့ကျင့်ခန်းမလုပိခြင်း စတဲ့ ကျန်းမာရေးဆိုင်ရာ ပြသနာတွေကြောင့် ဖြစ်ရပါတယ်။အောက်ပါအချက်များနဲ့ ဆက်စပ်နေပါတယ် –။– အဝလွန်ခြင်း။– လေ့ကျင့်ခန်းမလုပိခြင်း။– မကောင်းမွန်တဲ့ အစားအစားစားရခြင်း။– မိသားစုထဲမှာ သွေးတိုးရာဇဝင်ရှိခြင်း စတာတွေဖြစ်ပါတယ်။ကလေးတွေမှာဖြစ်တဲ့ သွေတိုးရောဂါက နောက်ခံကျန်းမာရေး ပြသနာ ၊ဗီဇ၊ လူနေမှုပဲုစံတွေပေါ်မူတည်ပါတယ်။ယေဘုယျအားဖြင့်ကလေးတွေမှာဖြစ်တတ်တဲ့ သွေးတိုးရောဂါဟာလက္ခဏာ သေချာမပြပါ။ ဒါပေမယ့် ဖြစ်ပွားသူ ကလေးတွေကတော့ အောက်ပါလက္ခဏာတွေ ပြတတ်ပါတယ်။သင့်ကလေး မှာ လမစေ့ပဲမွေးခြင်း ၊ အဝလွန်ခြင်း စတဲ့ အန္တရာယ် အချက်များရှိပါက ဆရာဝန်နဲ့ စကားပြောသင့်ပါတယ်။ကလေးတွေမှာဖြစ်တတ်တဲ့ သွေးတိုးရောဂါရဲ့နောက်ဆက်တွဲ ပြသနာတွေက ဘာတွေလဲ?။အောက်ပါအချက်များ ပါဝင်ပါတယ် –။တကယ်လို့ သင့်ကလေးမှာ သွေးတိုးရောဂါဖြစ်နေလျှင် ဆရာဝန်က အခြား နောက်ခံအကြောင်းရင်း ရှိမရှိ သေချာအောင် အောက်ပါ စမ်းသပ်မှုများလုပ်ဆောင်နိုင်ပါတယ်:။– သွေးတွင်း သကြားဓါတ်သိနိုင်ရန် သွေးစစ်ခြင်း , ကျောက်ကပ် လုပ်ဆောင်မှု နှင့် သွေးဆဲလ်အရေအတွက်။– ဆီး စစ်ခြင်း (urinalysis)။– Echocardiogram။တကယ်လို့ ဆရာဝန်က တည်ဆောက်ပုံကြောင့် သွေးတိုးဖြစ်ပေါ်တယ်လို့ သံသယရှိလျှင်, သင့်ကလေးနှလုံးကနေတဆင့်သွေးစီးဆင်းမှုကိုစစ်ဆေးစမ်းသပ်မှုလုပ်ဆောင်ပါလိမ့်မယ်။– ကျောက်ကပ် ultrasoundရိုက်ခြင်း။ပုံမှန်အားဖြင့် ကလေးတွေအတွက် သွေးတိုးရောဂါ ကုသမှုက လူငယ်တွေမှာ ကုသမှုနှင့် ဆင်တူပါတယ်။ သင့်ကလေးအတွက်အကောင်းဆုံးကုသမှုရရှိရန် ဆရာဝန်ရဲ့ အကြံပြုချက်များရယူသင့်ပါတယ်။ ယေဘုယျလမ်းညွှန်ချက်များကတော့။– Dietary Approaches to Stop Hypertension (DASH) ဆိုတဲ့ အစားသောက်ပုံစံကို လုပ်သင့်ပါတယ်။ အဆိုပါပုံစံမှာ အဆီများတဲ့ အစားအစာနှင့်ပြည့်ဝဆီ လျော့စားခြင်း၊ ပိုမိုလတ်ဆတ်သောအသီးအနှံနှင့်အသီးအရွက်များ၊ ဂျုံကြမ်းများ စားသုံးခြင်းတို့ပါဝင်ပါတယ်။အဝလွန်ခြင်းက သွေးတွင်း သကြားဓါတ်ကို တက်စေပြီး သွေးဖိအားတိုးစေပါတယ်။ ဒါကြောင့် သင့်ကလေးကိုယ်အလေးချိန် ပုံမှန်အတိုင်း ဖြစ်စေဖို့ သင့်တော်တဲ့ အစီအစဉ်ကို ဆရာဝန်ထံမှအကူအညီတောင်းပါ။ဆေးရွက်ကြီးမီးခိုးငွေ့က သင့်ကလေးသွေးဖိအားကို တက်စေပါတယ်။ ပြီးတော့ သင့်ကလေးနှလုံးနဲ့သွေးကြောတွေကို တိုက်ရိုက်ပျက်စီးစေနိုင်တယ်။ ဒါကြောင့် သင့်ကလေးကို မီးခိုးငွေ့ပင် မရှူ စေမိအောင် စောင့်ရှောက်သင့်ပါတယ်။ဒီနည်းက ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်စေတဲ့အတွက် အခြားကုသမှုတွေ အလုပ်မဖြစ်ဘူးဆိုမှ အသုံးပြုသင့်ပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်းလိုက်နာသင့်ပါတယ်။ သွေးတိုးရောဂါကုသတဲ့ ဆေးဝါးတွေက အောက်ပါတို့ပါဝင်ပါတယ်။ဒီဆေးဝါးများဟာ ခန္ဓါကိုယ်က ပိုလျှံတဲ့ ဆိုဒီယမ်နဲ့ ရေကို ဆီးကနေတဆင့် ဖယ်ရှားဖို့ကူညီခြင်းအားဖြင့် သွေးထဲတွင်အရည်ပမာဏကိုလျှော့ချဖို့ လုပ်ပေးပါတယ်။ မလိုအပ်တဲ့ ဆိုဒီယမ်တွေဖယ်ပေးပြီး အရည်ပမာဏကို လျော့ချပါတယ်။– ACE inhibitors, alpha-blockers နှင့် calcium channel blockers လို ဆေးတွေက သွေးကြောတွေ ကျဉ်းမသွားဖို့ ကူညီပေးပါတယ်။ဒီဆေးတွေက ဟော်မုန်း adrenaline မထွက်အောင် တားဆီးပေးပါတယ်။ကလေး သွေးတိုးရောဂါကို ဘယ်လို စီမံခန့်ခွဲနိုင်သလဲ?။သင့်ကလေး သွေးတိုးခြင်းကို ထိန်းချုပ်နိုင်ဖို့ အောက်ပါအကြံပြုချက်များကိုလုပ်ပါ။– သင့်ကလေး တီဗီကိုကြည့်ချိန် သို့မဟုတ် ဗီဒီယိုဂိမ်းကစားချိန်ကိုထိန်းချုပ်ပါ။– အစားအစာ အစီအစဉ်ဇယားတစ်ခုကိုဖန်တီးပါ။– သင့်ကလေးကို ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ အားပေးပါ။– ဆရာဝန်၏ညွှန်ကြားချက်အတိုင်း သင့်ကလေးသွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%8a%e1%80%b7%e1%80%ba%e1%80%a1%e1%80%81%e1%80%ab-%e1%80%99%e1%80%ad%e1%80%98/
ယောဂ လုပ်ပါလို့ပြောရတဲ့အကြောင်းအရင်း
ယောဂကရှေးကျတဲ့ လေ့ကျင့်ခန်းပုံစံတစ်ခုပေါ့။ အိန္ဒိယကနေ အစပြုလာတဲ့ကိုယ်လက်လေ့ကျင့်ခန်းတစ်မျိုးပေါ့။ ယောဂက ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်သလို ခန္ဓာကိုယ်အတွက်ရော ကြွက်သားတွေ အတွက်ပါ အထောက်အကူပြုပေးနိုင်ပါတယ်။ခန္ဓာကိုယ်ကို ပျော့ပျောင်းစေနိုင်တယ်– ယောဂကစားတာကကြွက်သားတွေကို ဆန့်ထုတ်ရတာဖြစ်တာကြောင့် ခန္ဓာကိုယ်ကို ပျော့ပျောင်းစေနိုင်ပြီး အကြောတွေပြေစေနိုင်ပါတယ်။ကြွက်သားတွေ သန်စွမ်းစေနိုင်ပါတယ်– ယောဂက တစ်ကိုယ်လုံးကိုလှုပ်ရှားရတာကြောင့် ကြွက်သားတွေ၊အရွတ်တွေနဲ့ အကြောတွေကို သန်စွမ်းစေနိုင်ပါတယ်။ကိုယ်နေဟန်ထားကောင်းလာစေတယ်– ကြွက်သားတွေ အရိုးအကြောတွေကို သန်မာစေနိုင်တာကြောင့် ခန္ဓာကိုယ်က ပုံစံကျပြီး ကိုယ်နေဟန်ထားကောင်းလာစေမှာပါ။ လက်ပျဉ်ကိုင်းတာ၊ ခါးကိုင်းတာမျိုး ကင်းဝေးသွားမှာပါ။အရိုးနုတွေအဆစ်တွေကို ကာကွယ်ပေးတယ်– ယောဂက အဆစ်တွေကိုလှုပ်ရှားရတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်တာ ကြောင့် အရိုးနုတွေနဲ့ အဆစ်တွေကို ထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ကျောရိုးတွေကို သန်မာစေနိုင်တယ်– အထိုင်များတဲ့ သူတွေအတွက် ယောဂကလေ့ကျင့်ခန်းက တော်တော်လေးအဆင်ပြေပါတယ်။ လှုပ်ရှားမှုနည်းတဲ့သူတွေအတွက် ကျောရိုးကို လှုပ်ရှားဖြစ်စေတာကြောင့် ကျောရိုးသန်မာစေနိုင်ပါတယ်။အရိုးကျန်းမာစေနိုင်တယ်– ယောဂကအရိုးသိပ်သည်းဆကို တိုးစေနိုင်တာကြောင့် အရိုးသန်မာစေလိုသူတွေ ကစားပေးသင့်ပါတယ်။သွေးလည်ပတ်မှုကောင်းမွန်စေနိုင်တယ်– ယောဂက ကိုယ်တွင်းမှာ သွေးလည်ပတ်မှုကောင်းအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ကိုယ်ခံအားကောင်းစေနိုင်တယ်– ယောဂ ပုံမှန်လေ့ကျင့်ပေးမယ်ဆိုရင် ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားနိုင်သလို ကိုယ်ခံအားကောင်းလာမှာပါ။သွေးပေါင်ကျစေတယ်–သွေးတိုးရောဂါရှိသူတွေအတွက် သင့်တော်တဲ့ လေ့ကျင့်ခန်းတစ်မျိုးပါ။စိတ်ဖိစီးမှုကင်းစေတယ်– ယောဂပုံမှန်ကစားပေးမယ်ဆိုရင် စိတ်ဖိစီးမှု ကင်းစင်ပြီး နေ့ရက်တိုင်း ပျော်ရွှင်နေမှာပါ။သွေးတွင်း သကြားဓာတ်ကျစေနိုင်တယ်– ယောဂက သွေးတွင်း သကြားဓာတ်ကို ကျဆင်းစေပြီးအကျိုးပြုကိုလက်စထရောပမာဏကို တိုးစေနိုင်ပါတယ်။အာရုံစူးစိုက်မှုကောင်းစေတယ်– ယောဂက သွေးတွင်း အောက်ဆီဂျင်ပမာဏကို တိုးစေပြီး အာရုံစူးစိုက်မှုကောင်းစေပါတယ်။အိပ်ပျော်စေတယ်– အိပ်မပျော်သူတွေ ယောဂ ကစားပေးပါ။ ကောင်းကောင်းအိပ်ပျော်စေမှာပါ။ဒါတွေအပြင်ယောဂ ကစားတာကအစာခြေစနစ်ကိုကောင်းမွန်စေသလို ဟန်ချက်ညီစေပြီး ခြေလက်အကြောတွေပြေလျော့စေတဲ့အပြင်အဆုတ်အားကောင်းစေပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/balance-and-flexibility/yoga-benefits/
ဘောလုံးကန်ခြင်းရဲ့ အသိသာဆုံး အကျိုးကျေးဇူး (၉) ချက်
ဘောလုံးအားကစားက လူကြိုက်များလား၊ မများလား နိုင်ငံတကာက ဘောလုံးပရိသတ်အင်အားကိုသာ ကြည့်ပါ။ ဘောလုံးပွဲဟေ့ဆို ထိုင်ရာမထစတမ်း စုဝေးကြည့်ကြ၊ တစ်နိုင်ငံလုံးနီးပါး အားပေးလိုက်ကြတာမျိုး။ ကိုယ့်နီးစပ်ရာ ဘောလုံးအားကစားကွင်းလေးတွေမှာလည်း အားတဲ့အချိန် အပျော်တမ်းစုကစားကြပါသေးတယ်။ ဒီဘောလုံးကစားနည်းက ခန္ဓာကိုယ်ကျန်းမာရေးအတွက် သိပ်အကျိုးပြုနိုင်တယ်ဆိုတာရော သိထားပြီးပြီလား။ အပျော်တမ်းအဖြစ်နဲ့ ကလေး၊ လူကြီး အတူကစားလို့တောင်ရတဲ့ ဘောလုံးကန်ခြင်းရဲ့ အသိသာဆုံး အကျိုးကျေးဇူး တွေကို ကြည့်လိုက်ရအောင်နော်။ဘောလုံးကန်ခြင်းရဲ့ အသိသာဆုံး အကျိုးကျေးဇူး တွေကတော့ –။(၁) သက်လုံကောင်းစေတယ်။ဘယ်နှုန်းနဲ့ပဲဖြစ်ဖြစ် မိနစ် ၉၀ လောက်ပြေးနေဖို့ဆိုတာ သက်လုံကောင်းမှ၊ အမောခံနိုင်မှ ဖြစ်မှာပါ။ ကစားနေချိန်အတွင်း ဖြည်းဖြည်းလှုပ်ရှားလိုက်၊ ပြေးလိုက်၊ မြန်မြန်ပြေးလိုက်နဲ့ သက်လုံကောင်းဖို့ အလေ့အကျင့်ဖြစ်စေနိုင်ပါတယ်။ ဘောလုံးကစားလေ့ရှိသူက ပုံမှန်ထက် ပိုပြီး အမောခံနိုင်ပါတယ်။(၂)နှလုံးသွေးကြောကျန်းမာရေးပိုကောင်းစေတယ်။ဘောလုံးကစားသူက ပုံမှန်လမ်းလျှောက်တာ၊ ခပ်ရွရွပြေးတာ၊ အားစိုက်ပြေးတာ တို့ကြောင့် နှလုံးခုန်နှုန်းကိုမြန်စေပြီး နှလုံးအတွက်လေ့ကျင့်ခန်းဖြစ်စေပါတယ်။ ဒီလိုပုံမှန်လှုပ်ရှားမှုက နှလုံးကို အားကောင်းစေပြီး သွေးလွှတ်ကြောတွေထဲက အဆီချေးတွေကို ချေဖျက်ပေးနိုင်တယ်၊ သွေးဖိအားကို ကျစေတယ်၊ ပိုလျှံနေတဲ့ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်။(၃) အဆီကျပြီး ကြွက်သားကျစ်စေတယ်။ဘောလုံးကန်ခြင်းက ကြွက်သားနဲ့ နှလုံးကို လုပ်ဆောင်ချက်ဖြစ်စေတာဖြစ်တဲ့အတွက် အဆီတွေလောင်ကျွမ်းစေတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ကြွက်သားတည်ဆောက်မှုကို ပိုကောင်းစေပြီး လှုပ်ရှားမှုတိုင်းမှာ အဆီပိုတွေကို လောင်ကျွမ်းစေတာကြောင့် အမျိုးသားတွေ အဆီကျကျစ်လျစ်ဖို့ အထိရောက်ဆုံးအားကစားထဲမှာ ပါဝင်ပါတယ်။(၄)အရိုးသန်မာစေတယ်။လူတွေက အသက်ကြီးလာတာနဲ့အမျှ အရိုးကျန်းမာရေးက ကျဆင်းအားနည်းလာတတ်ပါတယ်။ ဘောလုံးကစားနည်းက ခန္ဓာကိုယ်ရဲ့ ဟန်ချက်ညီညီလှုပ်ရှားမှုနဲ့ လေ့ကျင့်လှုပ်ရှားမှုကြောင့် အရိုးဖွဲ့စည်းမှုကို ပိုကျန်းမာစေပါတယ်။(၅) လှုပ်ရှားလုပ်ဆောင်မှု စည်းဝါးကိုက်ညီစေတယ်။ဘောလုံးကို ကိုယ့်ခြေထဲမှာ ထိန်းနိုင်ဖို့ လမ်းလျှောက်တာ၊ ပြေးတာ၊ အမြန်ပြေးတာတွေ ကြားမှာ လိုသလို ပြောင်းလဲလှုပ်ရှားနိုင်ဖို့ စည်းဝါးကိုက်ညီမှုက အဓိကအရေးကြီးပါတယ်။ အချိုး၊အကွေ့၊ အလိမ်၊ ဂိုးသွင်း၊ ဂိုးဖမ်းတာတွေမှာလည်း မျက်စိနဲ့ ခြေလက်လှုပ်ရှားမှုက အချိတ်အဆက်မိနေမှဖြစ်မှာပါ။ ဒီလိုအလေ့အကျင့်ကနေ အာရုံစိုက်နိုင်စွမ်းနဲ့ စည်းဝါးကိုက်ညီမှုကို ပိုကောင်းစေပါတယ်။(၆) အသင်းအဖွဲ့လိုက်လုပ်ဆောင်မှု ပိုကောင်းစေတယ်။တစ်ဦးချင်းစွမ်းရည်ထက် အသင်းအဖွဲ့လိုက် ရလဒ်ကောင်းအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ ကျင့်သားရလာပါမယ်။ အဖွဲ့သားတွေနဲ့ ဘယ်လို အချိတ်အဆက်မိအောင် လှုပ်ရှားမလဲဆိုတဲ့ သော့ချက်ကို အသုံးချနိုင်လာတာ  အကောင်းဆုံးပါပဲ။(၇)ဦးနှောက်စွမ်းဆောင်ရည်ပိုကောင်းလာမယ်။အခြေအနေကို မူတည်ပြီး ချက်ချင်းပြောင်းလဲလှုပ်ရှားရတဲ့အခါ အာရုံစူးစိုက်နိုင်စွမ်း၊ ကိုယ့်ကိုယ်ကို ကြပ်မတ်ထိန်းသိမ်းနိုင်စွမ်း၊ ဆုံးဖြတ်ချက်မြန်မြန်ချမှတ်နိုင်စွမ်းတို့မှာ အရည်အချင်းတိုးတက်လာပါမယ်။ အနိုင်ရဖို့ ဘယ်လိုဗျူဟာနဲ့ ဘယ်လိုလှုပ်ရှားမယ်ဆိုတာ ကွက်တိလုပ်ဆောင်နိုင်ပါလိမ့်မယ်။(၈) ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးလာစေတယ်။ဘောလုံးကန်ခြင်းက ကိုယ်ခန္ဓာကြံ့ခိုင်စေရုံပါမက ကစားသမားရဲ့စိတ်ကိုလည်း ကျန်းမာကြံ့ခိုင်စေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့  ဆုံးဖြတ်နိုင်စွမ်းတွေတိုးတက်လာတာက လုပ်ဆောင်နိုင်စွမ်းတွေမှာ သိသိသာသာ ကောင်းမွန်စေပါတယ်။ စိတ်ဓာတ်ကျနေသူတွေမှာပါ ဘောလုံးကစားရင်း ပြန်လည်တက်ကြွလာတာတွေ ဖြစ်စေနိုင်ပါတယ်။(၉) ကိုယ်ခံအားကို ကောင်းစေတယ်။ဘောလုံးကန်ရင်း လှုပ်ရှားလေ ကျန်းမာကြံ့ခိုင်လေမို့ ကိုယ်ခံအားပိုကောင်းစေတယ်၊ ရောဂါပိုးတွေ ခုခံနိုင်စွမ်းပိုကောင်းစေပါတယ်။ဘောလုံးကစားနည်းက ငွေကုန်ကြေးကျလည်းမများ၊ ကန့်သတ်ချက်လည်းမများတဲ့ အားကစားတစ်မျိုး ဖြစ်တဲ့အတွက် အပျော်တမ်းအနေနဲ့ရော၊ ကျန်းမာရေးအတွက်ပါ ကလေးလူကြီး အရွယ်မရွေး လူတိုင်းပါဝင်ကစားနိုင်ပါတယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/health-benefits-of-football-playing/
အမျိုးသားများနှင့် အိပ်ပျော်နေစဉ် သုက်လွှတ်ခြင်း
အမျိုးသားများနှင့် အိပ်ပျော်နေစဉ် သုက်လွှတ်ခြင်း – အိပ်ပျော်နေတဲ့အချိန်သုက်လွှတ်တယ်ဆိုတာ ယောက်ျားလေးတွေအတွက်တော့ ဖြစ်နေကျ ကိစ္စတစ်ခုပါပဲ။ ဒီလိုဖြစ်စဉ်တွေဟာ လူပျိုစတင်ဖြစ်လာတဲ့အချိန် ဟော်မုန်းအပြောင်းအလဲကြောင့်ရော၊ ကိုယ့်ရဲ့ နိုးကြားတက်ကြွလာတဲ့လိင်စိတ်ကြောင့် ညအိပ်နေတဲ့အချိန် လိင်တံဟာ လှုံ့ဆော်မှုမပါဘဲ အလိုအလျောက်ထောင်မတ်လာပြီး သုက်လွှတ်တယ်။ မနက်နိုးလာတော့ ဘောင်းဘီမှာ စေးကပ်ကပ် အကွက်တွေကို တွေ့ရတတ်ပါတယ်။ ဒီဆောင်းပါးမှာ အမျိုးသားတိုင်း သိထားသင့်တဲ့ အိပ်ပျော်နေစဉ် သုက်လွှတ်ခြင်း နှင့် ဆက်စပ်နေတဲ့ အကြောင်းအရာနဲ့ လူတွေအမေးများတဲ့မေးခွန်းတွေကို ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။အမျိုးသားများနှင့် အိပ်ပျော်နေစဉ် သုက်လွှတ်ခြင်း အကြောင်း အတူတူ လေ့လာကြည့်ရအောင်နော်။အိပ်စက်အနားယူနေတဲ့အချိန်မှာလိင်အင်္ဂါအတွင်းမှာ သွေးစီးဆင်းမှုနှုန်း ပိုများပြီး ပုံမှန်အချိန်ထက် ထောင်မတ်ဖို့ လွယ်ကူပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်ရဲ့ လိင်စိတ်ကို နိုးကြားတက်ကြွလာစေတဲ့ အိပ်မက်တွေ (Wet Dreams) မက်တဲ့အခါ လိင်အင်္ဂါဟာ လက်ရဲ့အကူအညီမလိုအပ်ပါဘဲ သူ့အလိုလို သုက်လွှတ်ပြီး လိင်စိတ်ဆန္ဒပြီးမြောက်ခြင်းကို ဖြစ်စေပါတယ်။ သုက်လွှတ်လိုက်တာကိုတော့ အိပ်နေတဲ့အချိန်မှာ သိမှာမဟုတ်ဘဲ မနက်နိုးလာလို့ အဝတ်အစားတွေ ချွတ်လဲတဲ့အချိန်မှသာ သတိထားမိတတ်ကြတာပါ။မဟုတ်ပါဘူး။ ယောက်ျားလေးတွေမှာ ပိုအဖြစ်များတယ်ဆိုပေမယ့် မိန်းကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်စဉ်ဖြစ်တဲ့အချိန် အများစုဟာလူပျို၊ အပျိုဖြစ်တဲ့အရွယ်တွေဖြစ်ပြီး အကြောင်းရင်းကတော့ ဟော်မုန်းအပြောင်းအလဲ လျင်မြန်စွာဖြစ်ပျက်နေတဲ့ ကာလကြောင့်ပဲဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေမှာလည်း အိပ်ပျော်နေစဉ် သုက်လွှတ်ခြင်း ဖြစ်နိုင်ပါတယ်။ ကွာသွားတာကတော့ ယောက်ျားလေးတွေက သုက်ရည် ထုတ်လွှတ်လိုက်တဲ့အခါ အဖြူရောင်စေးကပ်ကပ် အကွက်တွေ အဝတ်အစားမှာကျန်ရစ်နေပြီး အမျိုးသမီးတွေကတော့ ပုံမှန်မိန်းမကိုယ်က အရည်တွေ ဆင်းတာမျိုး ရှိတဲ့အတွက် မိမိကိုယ်ကိုယ် သုက်လွှတ်လိုက်မှန်းတောင် သတိမထားမိတတ်ကြတာပါပဲ။ဆယ်ကျော်သက်အရွယ်မှာ အိပ်ပျော်နေစဉ် သုက်လွှတ်ခြင်း ဖြစ်စဉ် အများဆုံးဖြစ်တတ်တဲ့ အချိန်ဖြစ်ပြီး အသက် ၁၈ နောက်ပိုင်းမှာတော့ ဖြစ်နိုင်ခြေ နည်းသွားပါတယ်။ ဒါပေမယ့် လုံးဝမဖြစ်နိုင်တော့တာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာဆိုရင်တော့ အိပ်နေတဲ့အချိန်နဲ့ မနက်နိုးလာတဲ့အချိန်မှာလိင်တံထောင်မတ်နိုင်တာကတော့ ဆယ်ကျော်သက်တုန်းကလိုပဲ ဖြစ်နေမှာပါ။တကယ်တမ်းကတော့ ကျန်းမာရေးကောင်းတယ်၊လိင်စိတ်ဆန္ဒလည်း ရှိနေသေးတဲ့လူတစ်ယောက်အတွက်တော့ အိပ်ပျော်နေစဉ် သုက်လွှတ်တယ်ဆိုတာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုပါပဲ။ ဒါပေမယ့် ညတိုင်းလိုလို ဖြစ်နေတယ်ဆိုရင်တော့ အနည်းငယ်တော့ စိုးရိမ်တတ်တာပေါ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာဝန်ဆီမှာ သွားရောက်စစ်ဆေးကြည့်လိုက်လို့ ရပါတယ်။ ဆေးစစ်လိုက်လို့ ဘာမူမမှန်တာမှ မတွေ့ရဘူးဆိုရင်တော့ စိတ်ရောဂါကုထုံးပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပြီး ဘယ်လိုအကြောင်းအရာကြောင့် ဒီလိုအိပ်မက်တွေ မက်စေတာလဲဆိုတာ အဖြေရှာသင့်ပါတယ်။အမြဲတမ်းတော့ မဟုတ်ပါဘူး။ တစ်ခါတလေ ဒီလိုအိပ်မက်တွေမက်ပြီး လိင်စိတ်ထကြွလာရင်တောင် သုက်လွှတ်ခြင်း နဲ့ အဆုံးသတ်သွားတာမျိုးမဟုတ်ဘဲ ဒီအတိုင်း နောက်အိပ်မက်တစ်ခု ပြောင်းမက်တာမျိုးလည်း ရှိပါတယ်။ အထူးသဖြင့် အသက်ကြီးလာတဲ့အခါ ဒီလိုအိပ်မက်တွေမက်ပြီးရင်တောင် သုက်လွှတ်တာမျိုး တော်တော်နည်းသွားပါတယ်။ကိုယ်ကျပ် ညဝတ်ဘောင်းဘီတွေ ဝတ်ထားတာ၊အတွင်းခံဘောင်းဘီအကျပ်ဝတ်ထားတဲ့အခါ လိင်အင်္ဂါနဲ့ အဝတ် မကြာခဏ ပွတ်တိုက်မှုကို ဖြစ်စေပါတယ်။ အမျိုးသမီးတွေနဲ့ တချို့သော အမျိုးသားတွေမှာ ဒီအထိအတွေ့ကြောင့် လက်အကူမလိုဘဲ သူ့အလိုလို သုက်လွှတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ရှားပါးတဲ့ ဖြစ်စဉ်ထဲမှာ ဒါလည်း ပါပါတယ်။မဆိုင်ပါဘူး။ အိပ်ပျော်တာမဟုတ်ဘဲ ဦးနှောက်က နိုးကြားတက်ကြွနေတဲ့အချိန်မှာ လူတစ်ယောက်က လိင်စိတ်ဆန္ဒ ပြီးမြောက်ဖို့ ပိုကြာတတ်ပါတယ်။ လိင်ဆက်ဆံဖော် အပေါ်မှာ စိတ်မပါဝင်စားတာ၊ စိတ်ဖိစီးနေတာ၊ စိတ်ညစ်နေတာ၊ မိမိကိုယ်ကိုယ် ယုံကြည်မှုနည်းနေတာ၊ တခြားကျန်းမာရေး၊ လိင်ကိစ္စ၊ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပူပန်သောကရောက်နေတာ၊ ဒီလိုအချက်တွေက ကိုယ့်ရဲ့ လိင်စိတ်ဆန္ဒ ပြီးမြောက်မှုကို အဟန့်အတားဖြစ်စေပါတယ်။အိပ်ပျော်နေတဲ့အချိန်မှာတော့ ဦးနှောက်က လိင်စိတ်ပြီးမြောက်ဖို့ နှောင့်ယှက်နေတဲ့အရာတွေကို တွေးဖို့အလုပ်မလုပ်တာကြောင့် သုက်လွှတ်ဖို့ ပိုမိုလွယ်ကူပါတယ်။လူနည်းစုဆိုပေမယ့် ဒါက ပုံမှန်ကိစ္စတစ်ခုပါပဲ။ လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကိုယ်ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံ၊ ဟော်မုန်းမျှခြေပမာဏနဲ့ လိင်စိတ်ဆန္ဒတွေသည် မတူညီပါဘူး။ ဒါကြောင့် တခြားလူတွေက ဒီလိုအိပ်နေစဉ် သုက်လွှတ်တယ်ဆိုတိုင်း ကိုယ်ကပါ လိုက်ပြီး သုက်လွှတ်ရမယ်လို့တော့ မဟုတ်ပါဘူး။မှောက်လျက်အိပ်တဲ့အခါ လိင်အင်္ဂါသည် ကိုယ်ခန္ဓာနဲ့ မွေ့ရာရဲ့ ကြားမှာ ပွတ်တိုက်မှုပိုဖြစ်စေတဲ့အတွက် သုက်လွှတ်နိုင်ခြေ ပိုများပါတယ်။ လုံးဝသုက်လွှတ်လိုက်လိမ့်မယ်လို့တော့ အတိအကျပြောလို့မရပါဘူး။မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အိပ်မက်ဆိုတာ ကျွန်တော်တို့ဦးနှောက်ရဲ့ ထိန်းချုပ်မှုအောက်မှာ တည်ရှိနေတာမဟုတ်လို့ပါ။ အိပ်ပျော်ကာနီးမှာ လိင်ကိစ္စနဲ့ မသက်ဆိုင်တဲ့ အကြောင်းအရာတွေပဲ တွေးနေမိတာ၊ အလုပ်လုပ်နေတာ၊ ရုပ်ရှင်ကြည့်နေရင်တောင် အိပ်ပျော်သွားတဲ့အခါ လိင်စိတ်တက်ကြွစေတဲ့ အိပ်မက်တွေ မက်နိုင်ပြီး သုက်လွှတ်ခြင်း ဖြစ်စေပါတယ်။အချုပ်အားဖြင့်ဆိုရမယ်ဆိုရင် အိပ်ပျော်နေစဉ် သုက်လွှတ်တယ်ဆိုတာ ယောက်ျား၊ မိန်းမ မရွေးဖြစ်ပွားနိုင်ပြီး ပုံမှန်သဘာဝဖြစ်စဉ်တစ်ခုလို့ဆိုနိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ညစဉ်ညတိုင်းဆိုသလို ဖြစ်တတ်ပေမယ့် အသက်ကြီးလာတာနဲ့အမျှ သုက်လွှတ်တဲ့ဖြစ်စဉ်တွေဟာ နည်းသွားပါလိမ့်မယ်။ ရှက်ရွံ့စရာလည်း မလိုသလို ကြောက်စရာလည်း မလိုတာကြောင့် သိပ်သောကမရောက်ဖို့ ဒီဆောင်းပါးလေးနဲ့ အကြံပေးလိုက်ချင်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/10-facts-about-ejaculation-during-sleep/
အမျိုးသားတွေမှာဖြစ်တဲ့ ရင်သားကင်ဆာဆိုတာ ဘာလဲ။
ရင်သားကင်ဆာဆိုတာ ရင်သားမှာရှိတဲ့ ဆဲလ်တွေကနေ ကင်ဆာအကျိတ်အဖြစ် ပြောင်းလဲသွားတာဖြစ်တယ်။ အမျိုးသားတွေမှာ အမျိုးသမီးတွေလောက် ရင်သားမဖွံ့ဖြိုးပေမယ့် သူတို့တွင်လည်း ရင်သားတစ်ရှူးအနည်းငယ်ရှိပါတယ်။ အရွယ်မရောက်သေးတဲ့ အမျိုးသားနှင့်အမျိုးသမီးရဲ့ ရင်သားကအတူတူပဲ ဖြစ်တယ်။ အမျိုးသမီးတွေက အရွယ်ရောက်ရင် ရင်သားကြီးထွားဖွံ့ဖြိုးလာပေမယ့် အမျိုးသားတွေကတော့ မဖွံ့ဖြိုးတတ်ကြပါဘူး။ဒါပေမယ့် အမျိုးသား တွေမှာလည်း ရင်သားတစ်ရှူးရှိနေတဲ့အတွက် သူတို့ဟာလည်း ရင်သားကင်ဆာဖြစ်တတ်ကြပါတယ်။ အမျိုးသားတွေမှာ အမျိုးသမီးတွေနဲ့ အမျိုးအစားတူရင်သားကင်ဆာဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေကတော့ နည်းပါတယ်။အမျိုးသားတွေမှာ ရင်သားကင်ဆာ ဘယ်လောက်အဖြစ်များလဲ။အမျိုးသားတွေမှာ ရင်သားကင်ဆာဟာ အသက်အရွယ်မရွေး ဖြစ်ပွားတတ်ပါတယ်။ ဖြစ်စေနိုင်တဲ့အရာတွေကို လျှော့ချခြင်းဖြင့် ရင်သားကင်ဆာကို ထိန်းချုပ်နိုင်ပါတယ်။ ထပ်မံသိလိုသော အချက်များအတွက် ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါတယ်။ရင်သားကင်ဆာရဲ့ အဓိကလက္ခဏာတွေကတော့ သင့်ရင်သားတစ်ဖက်မှာ မာကျောတဲ့အလုံးပေါ်လာတာ ဖြစ်ပါတယ်။ အလုံးက မနာကျင်တတ်ဘူး။ ထိုအလုံးက များသောအားဖြင့် နို့သီးခေါင်းနောက်နားနှင့် နို့သီးပတ်လည်ရှိ အမဲကွင်းအောက်နားမှာ ရှိတတ်တယ်။သို့သော် ရင်ဘက်ရှိအလုံးဟာ များသောအားဖြင့် အမျိုးသားများတွင်ဖြစ်သော ရင်သားကြီးရောဂါ (gynaecomastia) ကြောင့်ဖြစ်တတ်တယ်။ ဒါဟာ ကင်ဆာမဟုတ်တဲ့ အမျိုးသားတွေရဲ့ ရင်သားတစ်ရှူးကြီးလာခြင်းသာဖြစ်တယ်။အဖြစ်နည်းပြီး အမျိုးသားတွေမှာတွေ့ရတဲ့ ရင်သားကင်ဆာရဲ့ လက္ခဏာတွေကတော့။• နို့သီးခေါင်းက တစ်ဖက်သို့ အလိုအလျောက် စောင်းသွားမယ်။• နို့သီးခေါင်းဟာ မာကြော၊ ရောင်ရမ်းပြီး နာကျင်လာမယ်။(နို့သီးခေါင်းအနာဖြစ်ခြင်း)။• နို့သီးခေါင်းမှ အရည်တွေထွက်ကျလာမယ်။တခြားသော လက္ခဏာတွေကတော့ ရင်သားကနေ တခြားခန္ဓါကိုယ်အစိတ်အပိုင်း( ဥပမာ – အရိုး၊ အသည်း၊ အဆုတ်)တို့ကို ကင်ဆာဆဲလ် ပျံ့နှံ့သွားမှ ပေါ်လာတတ်တယ်။ ဒါကို ပျံ့နှံ့နေတဲ့ ရင်သားကင်ဆာလို့ခေါ်တယ်။ တခြားကိုပြန့်ပွားနေတဲ့ ရင်သားကင်ဆာတွင် အောက်ပါလက္ခဏာများ ခံစားရပါသည်။• အရိုးနာခြင်း။• ချိုင်းအထဲ သို့မဟုတ် အနားတဝိုက်တွင် အကျိတ်ထွက်ခြင်း။• မောပန်းခြင်း။• တစ်ချိန်လုံး ပင်ပန်းနွမ်းနယ်နေခြင်း။• နေလို့မကောင်းခြင်း (ပျို့နေခြင်း)။• အသားဝါလာခြင်း၊ ယားလာခြင်း နှင့် မျက်လုံးများဖြူလာခြင်း (အသားဝါရောဂါ)။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်ပွားရတဲ့ အကြောင်းတွေက ဘာတွေလဲ။အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်ပွားနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပေမယ့် ဘာကြောင့်ဖြစ်လဲဆိုတာ သေချာမဖော်ပြထားပါဘူး။ ဒီရောဂါကိုပိုဖြစ်စေနိုင်တဲ့ အကြောင်းတွေမှတဆင့် ရှာဖွေနိုင်ပါတယ်။အမျိုးသားတွေမှာ ရင်သားကင်ဆာ ပိုဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာလဲ။အသက် ၃၅နှစ်အောက် အမျိုးသားတွေမှာ ရင်သားကင်ဆာအဖြစ်နည်းပါတယ်။ ရင်သားကင်ဆာဖြစ်ပွားနှုန်းဟာ အသက်ကြီးလာတာနှင့်အမျှ တိုးလာပါတယ်။ ရင်သားကင်ဆာအဖြစ်ဆုံးအမျိုးသားတွေရဲ့ အသက်ဟာ ၆၀-၇၀ ကြားဖြစ်တတ်တယ်။ ရင်သားကင်ဆာကို ပိုဖြစ်စေတဲ့ တခြားအကြောင်းများမှာ။• မျိုးရိုးထဲရှိ အမျိုးသမီးများတွင် ရင်သားကင်ဆာဖြစ်နေခြင်း။• ရင်ဘက်ကို ဓါတ်ရောင်ခြည်ထိခိုက်မှု ရှိခဲ့ဖူးခြင်း။• ဆေးများ၊ ဟော်မုန်းများ၊ တချို့ရောဂါပိုးများ နှင့် အဆိပ်များကြောင့် ရင်သားကြီးရောဂါ ရနေခြင်း။• အီစထရိုဂျင်ဟော်မုန်းများ သုံးခြင်း။• Klinefelter’s Syndrome လို့ခေါ်တဲ့ ရှားပါးတဲ့ မျိုးရိုးဗီဇရောဂါဖြစ်ခြင်း။• ပြင်းထန်သောအသည်းရောဂါရခြင်း(အသည်းခြောက်ခြင်း)။• ဝှေးစေ့နှင့် ပတ်သက်သော ရောဂါများ (ဥပမာ – ပါးချိတ်ယောင်ခြင်း၊ ဝှေးစေ့ထိခိုက်ဒဏ်ရာရခြင်း သို့ ဝှေးစေ့က ကပ်ပယ်အိတ်ထဲမရောက်သောရောဂါ) ဖြစ်ပွားခြင်း။ဒီဖော်ပြပါအချက်တွေကို ကျန်းမာရေးအကြံပေးချက် အနေနှင့် သုံးလို့မရပါဘူး။ ထပ်မံတိကျသော အချက်တွေအတွက် ဆရာဝန်နှင့်ဆွေးနွေးပါ။သင့်ရင်သားတစ်ဖက်တွင် ရင်သားကင်ဆာရဲ့ လက္ခဏာတွေဖြစ်တဲ့ မာကြောပြီး နာကျင်မှုမရှိတဲ့ အလုံးစမ်းမိပါက ဆရာဝန်မှသင့်အား သေချာစမ်းသပ်ပေးပါလိမ့်မယ်။ ဒီလိုစမ်းသပ်နေစဉ်တွင် ရင်သားကင်ဆာရဲ့ တခြားလက္ခဏာဖြစ်တဲ့ အကျိတ်ရောင်တာကိုလည်း စမ်းသပ်ပါလိမ့်မယ်။ ရင်သားကင်ဆာဖြစ်နိုင်ချေရှိတယ်လို့ ယူဆပါက လိုအပ်တဲ့ စစ်ဆေးမှုတွေကို လုပ်ခိုင်းပါလိမ့်မယ်။• Mammogram ။ Mammogram ဆိုတာ ရင်သားမှာရှိတဲ့ ကင်ဆာအဖြစ်ကိုပြောင်းသွားနိုင်တဲ့ အပြောင်းအလဲတွေကို စစ်ဆေးပေးတဲ့ ဓါတ်မှန်တစ်မျိုးပဲဖြစ်တယ်။ Mammogram ရိုက်နေစဉ်တွင် သင့်ရဲ့ရင်သားတစ်ဖက်ကို ဓါတ်မှန်ရိုက်တဲ့အပြား၂ခုကြား ညှပ်ထားပါလိမ့်မယ်။ ဒါက သင့်ကိုမနာကျဉ်စေပါဘူး။ ဒါပေမယ့် သက်တောင့်သက်သာမဖြစ်ဘူးလို့ ခံစားရလျှင် ဓါတ်မှန်ရိုက်သူကို ပြောလို့ရပါတယ်။ သင့်ရင်သားကို နေရာအမှန်ချပြီးလျှင် သင့်ရင်သားအတွင်းကို ရှင်းလင်းစွာမြင်နိုင်ဖို့ ဓါတ်မှန်ရိုက်ပါလိမ့်မယ်။ ဒီလိုပုံစံမျိုးနှင့် တခြားရင်သားတစ်ဖက်ကိုလည်း ရိုက်ယူပါလိမ့်မယ်။• အာထရာဆောင်း( Ultrasound) ။ Ultrasound က သင့်ရင်သားအတွင်းကို ကြိမ်နှုန်းမြင့်အသံလှိုင်းတွေ ထုတ်လွှတ်ပြီး ပုံရိပ်တွေကို ရိုက်ယူပါလိမ့်မယ်။ Ultrasound ရိုက်တဲ့ အတံကို သင့်ရင်သားပေါ်တင်ပြီး ရိုက်တဲ့အခါတွင် ဘေးရှိ ကွန်ပြူတာမျက်နှာပြင်တွင် ပုံရိပ်တွေပေါ်လာပါလိမ့်မယ်။ ဒီပုံရိပ်တွေက သင့်ရင်သားထဲရှိ အလုံးတွေ၊ မူမမှန်ပြောင်းလဲတာတွေကို ပြသပါလိမ့်မယ်။• အသားစစစ်ဆေးခြင်း။ Mammogram နှင့် Ultrasound မှာအလုံးတွေနှင့် ပုံမမှန်ပြောင်းလဲတာတွေ့လျှင် အသားစနမူနာယူပြီး စစ်ဆေးဖို့လမ်းညွှန်ထားပါတယ်။ အသားစနမူနာစစ်ဆေးခြင်းဟာ အမျိုးသားတွေမှာဖြစ်တဲ့ ရင်သားကင်ဆာကို စစ်ဆေးနိုင်ပါတယ်။ ကင်ဆာလို့ သံသယရှိတဲ့နေရာမှ အသားစနမူနာယူပြီး ဓါတ်ခွဲခန်းပို့ကာ ကင်ဆာဆဲလ် ရှိ၊ မရှိ ရှာဖွေနိုင်ပါတယ်။ရင်သားကင်ဆာကုသနည်းတွေမှာ အမျိုးသမီးများကဲ့သို့ ခွဲစိတ်ခြင်း၊ ဓါတ်ရောင်ခြည်ပေးခြင်း၊ ကင်ဆာဆေးသွင်းခြင်း၊ ဇီဝကုထုံး၊ ဟော်မုန်းကုထုံးတွေကို သုံးပြီးအမျိုးသားများတွင် ကုသနိုင်ပါတယ်။ အကြီးမားဆုံးခြားနားခြင်းမှာ အမျိုးသားတွေဟာ ဟော်မုန်းကုထုံးကို အမျိုးသမီးများထက်ပိုပြီး ကောင်းကောင်းတုံ့ပြန်ကြတယ်။ အမျိုးသားတွေမှာဖြစ်တဲ့ ရင်သားကင်ဆာရဲ့ ၉၀ရာခိုင်နှုန်းက ဟော်မုန်းကိုလက်ခံတဲ့ receptor ဆိုတာရှိပါတယ်။ ဆိုလိုတာက ဟော်မုန်းကုထုံးဟာ အမျိုးသားတွေမှာ ကင်ဆာကုသဖို့ အထိရောက်ဆုံးနည်းဖြစ်တယ်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေ အသုံးပြုခြင်းက အမျိုးသားရင်သားကင်ဆာ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်မှာပြထားတဲ့ လူနေမှုပုံစံတွေနှင့် အိမ်တွင်းကုထုံးတွေဟာ ရင်သားကင်ဆာမဖြစ်အောင် ကူညီပေးနိုင်ပါတယ်။• ကျန်းမာစေတဲ့ အရာတွေကိုပြုလုပ်ပါ။ ကောင်းမွန်စွာစားပါ သို့ လေ့ကျင့်ခန်းပိုလုပ်ပါ။ အရက်ဖြတ်ပါ။ ဆေးလိပ်ဖြတ်ပါ။ စိတ်ဖိစီးမှုတွေကို လျှော့ချပါ။• ကောင်းမွန်စွာ စားပါ။ မှန်ကန်စွာစားသောက်ဖို့ လူတိုင်းခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် အဲ့လိုစားသောက်ခြင်းကို ဆေးကုသနေစဉ်နှင့် ဆေးကုသပြီးနောက်ပိုင်းအထိ ဆက်စားသင့်ပါတယ်။ ဆေးကုသခြင်းဟာ သင့်ရဲ့အရသာခံနိုင်စွမ်းကို ပြောင်းလဲစေတတ်ပါတယ်။ ပျို့အန်နေတတ်တယ်။ သင်ဟာ အစာစားချင်စိတ်ကျဆင်းကာ အစားနည်းလာပြီး ပိန်ကျသွားပါလိမ့်မယ်။ သို့သော် အစားနည်းပြီး ကိုယ်အလေးချိန်တက်လာတာလည်း ဖြစ်နိုင်ပါတယ်။ အစားနည်းနည်းကို ၂- ၃နာရီခြား တစ်ခါစားခြင်းက သင့်ကိုပိုပြီးစားဝင်စေနိုင်ပါတယ်။ သင်သည် ကင်ဆာကုသပေးနေတဲ့အဖွဲ့မှ အာဟာရကျွမ်းကျင်ပညာရှင်နှင့် သင့်ရောဂါကုထုံးရဲ့ ဘေးထွက်ဆိုးကျိုးတွေရဲ့ ဖြေရှင်းရန်နည်းလမ်းကို တိုင်ပင်နိုင်ပါတယ်။• ပင်ပန်းစေတဲ့ လေ့ကျင့်ခန်းတွေကို နားထားပါ။ အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်းဟာ ကင်ဆာကုသမှုယူနေသူတွေမှာ အဖြစ်များပါတယ်။ ပင်ပန်းတာက ပုံမှန်မဟုတ်ဘဲ အရိုးထဲထိပင်ပန်းပြီး အနားယူရုံနှင့် ပြန်မကောင်းနိုင်သလို ခံစားရနိုင်ပါတယ်။ တချို့လူတွေမှာ ဆေးကုသပြီး အချိန်အတော်ကြာသည်အထိ ပင်ပန်းမှုကို ခံစားရနိုင်ပြီး သူတို့အတွက် လေ့ကျင့်ခန်းနှင့် တခြားလုပ်ချင်တဲ့အရာတွေကို လုပ်ဖို့ခက်ခဲနေတတ်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ခြင်းက ပင်ပန်းခြင်းကို လျော့ကျစေနိုင်ပါတယ်။ သင်ဟာ ကုသမှုခံယူစဉ် နာမကျန်းဖြစ်ခြင်းနှင့် တက်ကြွမှုမရြှိခင်းကို ခံစားနေရပါက ဒါဟာ သင့်ခံနိုင်ရည်အတွက် ပုံမှန်ဖြစ်ပြီး ကြွက်သားတွေရဲ့ခံနိုင်ရည်က ကျဆင်းနေခြင်းဖြစ်ပါတယ်။ သင့်အခြေအနေနှင့်သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှု ရှိလားဆိုတာ သင့်ကျန်းမာရေးအဖွဲ့နှင့် အရင်ဆွေးနွေးပါ။ သင်လေ့ကျင့်ခန်းလုပ်ရန်အတွက် သူတို့ရဲ့အကြံဉာဏ်ကိုရယူပါ။ တစ်ယောက်ထဲ ဖြစ်မနေစေရန် လေ့ကျင့်ခန်းတွဲလုပ်နေကျလူကို ရှာဖွေပါ။ သင့်လေ့ကျင့်ခန်းအစီအစဉ်အသစ်တွင် သင့်မိသားစုနှင့် သူငယ်ချင်းတွေပါဝင်ခြင်းဖြင့် သင့်ကိုနဂိုကမရှိတဲ့ အားအင်အသစ်တွေကို ပေးစွမ်းပါလိမ့်မယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%99%e1%80%bd%e1%80%ac%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%90%e1%80%b2%e1%80%b7/
ခံတွင်းအနံ့ မနံအောင် ဘာတွေဂရုစိုက်သင့်လဲ။
လူအများစုဟာခံတွင်းအနံ့နံတဲ့ ပြသနာနဲ့ တွေ့ကြုံနေရပါတယ်။ ခံတွင်းအနံ့နံခြင်းဟာ မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းစေနိုင်ရုံသာမက အခြားသူကိုလည်း စိတ်အနှောက်အယှက် ဖြစ်စေနိုင်တဲ့ ပြသနာကြီးတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလို ခံတွင်းနံ့နံတာတွေ ဘာ့ကြောင့် ဖြစ်ရတယ်၊ မဖြစ်အောင် ဘယ်လို ဂရုစိုက်ပေးသင့်တယ် ဆိုတဲ့ အချက်တစ်ချို့ကို ဒီဆောင်းပါးလေးမှာ မျှဝေပေးချင်ပါတယ်။(၁)တစ်နေ့နှစ်ကြိမ်ပုံမှန်သွားတိုက်ပေးပါ။သွားသန့်ရှင်းရေးအားနည်းပြီး စားကြွင်းစားကျန်တွေ သွားထဲမှာ ကျန်ခဲ့တဲ့အခါ ဆွေးမြေ့လာတဲ့ အစားအစာတွေ နဲ့ ဘက်တီးရီးယားတွေ ပေါင်းစည်းပြီး ဆိုးရွားတဲ့ အနံ့ကို ဖြစ်လာစေပါတယ်။ ဒါ့ကြောင့် အစာအကြွင်းအကျန်တွေကို ဖယ်ရှားဖျက်ဆီးပေးနိုင်တဲ့fluorideပါတဲ့ သွားတိုက်ဆေးနဲ့ အစာစားပြီးချိန် (သို့) အနည်းဆုံး ပုံမှန် တစ်နေ့နှစ်ကြိမ် တိုက်ပေးဖို့ လိုအပ်ပါတယ်။ သွားကြားမှာ ကျန်နေတဲ့ အကြွင်းအကျန်တွေကို သန့်ရှင်းရေးလုပ်ပေးနေဖို့ နဲ့ ပလုပ်ကျင်းပေးဖို့ကလည်း အရေးကြီးပါတယ်။(၂)အနံ့ပြင်းတဲ့အစားအစာတွေကိုရှောင်ပါ။ဥပမာ- ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဒူးရင်းသီး စတဲ့ အနံ့ပြင်းတဲ့ အစားအစာတွေစားတဲ့ အခါမှာ သင့်ရဲ့ အစာအိမ်က အဲဒီအစားအစာတွေဆီက အဆီဓာတ်တွေကို စုပ်ယူပြီး သွေးကြောထဲက တစ်ဆင့် အဆုတ်ဆီကို ရောက်သွားတဲ့အတွက် ခံတွင်း အနံ့နံတာ ကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် အနံ့ပြင်းတဲ့ အစားအစာတွေကို သတိထားပြီး တတ်နိုင်သလောက် ရှောင်ကြဉ်ပေးဖို့ အကြံပြုချင်ပါတယ်။(၃)ရေများများသောက်ပေးပါ။ခံတွင်းခြောက်ခြင်းက ခံတွင်းအနံ့ကို ပြင်းစေနိုင်တဲ့အတွက်ရေများများသောက်ပေးဖို့လည်း လိုအပ်ပါတယ်။(၄)ဆေးလိပ်ဖြတ်ပါ။ဆေးလိပ် (သို့) အခြား tobacco ပါဝင်တဲ့ ထုတ်ကုန်တွေကို သောက်ခြင်း၊ စားသုံးခြင်းဟာ သင့်ခံတွင်းကို အနံ့နံစေပြီး ခံတွင်းလည်းခြောက်စေနိုင်ပါတယ်။(၅)သွားနဲ့ခံတွင်းဆိုင်ရာပြသနာတွေဖြစ်လာပြီဆိုရင်အမြန်ဆုံးဆရာဝန်နဲ့တိုင်ပင်ပါ။သွားနဲ့ ခံတွင်းပြသနာတွေ၊ သွားပိုးပေါက်တွေ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာတွေ ဖြစ်လာတဲ့အခါမှာ ဆရာဝန်ဆီသွားပြသင့်ပါတယ်။ သွားကျန်းမာရေးအတွက် ပုံမှန် သွားဆရာဝန်နဲ့ ပြသပေးဖို့လည်း အကြံပြုချင်ပါတယ်။(၆)သွားစွပ်နဲ့အခြားသွားထိန်းပစ္စည်းတစ်ခုခုအသုံးပြုနေပါကပုံမှန်ဆေးကြောသန့်စင်ပေးပါ။သွားစွပ်၊သွားထိန်းစတဲ့ ပစ္စည်းတွေ မသန့်စင်တဲ့အခါ အညစ်အကြေးတွေ၊ ပိုးမွှားတွေ တွယ်ကပ်ပြီး ခံတွင်းနံ့ ဆိုးစေနိုင်တဲ့ အတွက် စတဲ့ ပစ္စည်းတွေကို ပါးစပ်ထဲ မထည့်ခင်သေချာဆေးပေးဖို့ နဲ့ တစ်ရက်တစ်ခါ (သို့) သွားဆရာဝန် ညွှန်ကြားတဲ့ အတိုင်း သန့်ရှင်းရေးကို ဂရုတစိုက်လုပ်ပေးသင့်ပါတယ်။(၇)သင့်ရဲ့လျှာကိုလည်းသန့်ရှင်းရေးလုပ်ပေးပါ။လူအများစုက သွားတိုက်ကြပေမယ့် လျှာကို သန့်ရှင်းရေး လုပ်ပေးဖို့ မေ့နေတတ်ပါတယ်။ လျှာဆိုတာက ဘက်တီးရီးယားတွေ အများကြီး ကပ်တွယ်နေနိုင်တဲ့ နေရာတစ်ခုပါ။ ဒါ့ကြောင့် လျှာကို နူးညံ့တဲ့ သွားပွတ်တံ တစ်ခုခုနဲ့ ဖြစ်ဖြစ်၊လျှာခြစ်တံလေး သုံးပြီး သန့်စင်ပေးတာ ဖြစ်ဖြစ် ပြုလုပ်ပေးဖို့လည်း အကြံပေးချင်ပါတယ်။နောက်ဆုံး အချက်အနေနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်း၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊အစာအိမ် အချဉ်ပြန်တက်တဲ့ ရောဂါစတဲ့ ရောဂါတွေကြောင့်လည်း ခံတွင်းနံတာမျိုးဖြစ်စေနိုင်ပါတယ်။အားလုံး ဒီဆောင်းပါးလေးဖတ်ပြီး ခံတွင်းအနံ့ကင်းရှင်းတဲ့ နေရက်လေးတွေမှာ မိမိကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ နေထိုင်နိုင်ကြပါစေ။ရေးသားသူ- Khine Phoo Ngon။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/%e1%80%81%e1%80%b6%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%94%e1%80%b6%e1%80%b7-%e1%80%99%e1%80%94%e1%80%b6%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%ba-%e1%80%98%e1%80%ac%e1%80%90/
Nearsighted (အဝေးမှုန်ခြင်း)
Myopia လို့လည်းသိထားကြသည့် အဝေးမှုန်ခြင်းသည် အမြင်အာရုံနဲ့ဆိုင်သည့် ရောဂါတစ်မျိုးဖြစ်ပြီး အနီးနားက ပစ္စည်းများကို ပြတ်သားစွာ မြင်ရသော်လည်း အဝေးမှ အရာတွေကိုတော့ မမြင်နိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါသည်။ အဝေးမှုန်ပြီဆိုလျှင် အဝေးမှအရာဝတ္ထုများကို တွေ့မြင်နိုင်ရန် ခက်ခဲလေ့ရှိပါသည်။ ဥပမာအားဖြင့် ကားလမ်းမပေါ်မှ သင်္ကေတဆိုင်းဘုတ်များကို သုံး၊ လေးပေအကွာရောက်မှ သေချာမြင်နိုင်တာမျိုး ဖြစ်သည်။ ဒီအခြေအနေသည် တဖြည်းဖြည်း သို့မဟုတ် လျင်မြန်စွာ ဆိုးဝါးနိုင်ပြီး ကလေးဘဝနှင့် ကြီးကောင်ဝင်ချိန်တွေမှာ ပိုဆိုးလာတတ်ပါသည်။ဤကျန်းမာရေးအခြေအနေသည် အသက် ၈ နှစ်မှ ၁၂ နှစ်အတွင်းရှိသူများမှာ အဖြစ်များတတ်သော်လည်း မည်သည့်အသက်အရွယ်မဆို ဖြစ်နိုင်ပါသည်။ ဝေဒနာဖြစ်စေနိုင်သည့် အကြောင်းရင်းများကို လျှော့ချခြင်းဖြင့် ၎င်းကိုထိန်းချုပ်နိုင်ပါသည်။ နောက်ထပ်သိလိုသည်များအတွက် သင့်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။အဝေးမှုန်ခြင်း၏ အတွေ့ရများတဲ့လက္ခဏာတွေမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ကလေးသူငယ်များ အဝေးမှုန်ခြင်း၏ အတွေ့ရများသည့် လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။အပေါ်တွင် ဖော်ပြထားတဲ့အထဲ မပါဝင်သည့် လက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ လက္ခဏာတစ်ခုခုနှင့် ပတ်သက်၍ စိုးရိမ်စရာရှိပါက သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။အောက်ပါတို့မှ တစ်ခုခုဖြစ်နေပြီဆိုပါက ဆရာဝန်နဲ့ တိုင်ပင်သင့်ပါသည်။အဝေးမှုန်ခြင်းမှာ မျက်ဆန်အလွန်ရှည်လျားခြင်း သို့မဟုတ် မျက်ကြည်လွှာအခုံးမှာ မတ်စောက်လွန်းခြင်းကြောင့် ဖြစ်နိုင်ပြီး၊ ထို့ကြောင့် အလင်းတန်းများမှာ မျက်စိထဲဝင်ရောက်လာချိန်တွင် မျက်စိအာရုံခံလွှာပေါ်သို့ မကျရောက်ပဲ မျက်စိ၏အရှေ့ဘက်သို့ ကျရောက်ကာ ပုံရိပ်များမှုန်ဝါးရခြင်း ဖြစ်ပါသည်။အဝေးမှုန်ခြင်းကို ဖြစ်စေနိုင်တဲ့အရာများ အများအပြားရှိပြီး၊ ဥပမာအားဖြင့် အောက်ပါအတိုင်း ဖြစ်ပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။မျက်စိစစ်ဆေးခြင်းဖြင့် သင့်တွင်အဝေးမှုန်ခြင်း ဖြစ်နေပြီကို အတည်ပြုနိုင်သည်။ အလုံးစုံမျက်စိစစ်ဆေးမှုတွင် စစ်ဆေးမှုအများအပြား ပြုလုပ်ရနိုင်သည်။ ဆရာဝန်က ကိရိယာ အများအပြား အသုံးပြုခြင်း၊ တောက်ပသည့်အလင်းရောင်များကို သင့်မျက်လုံးထဲတည့်တည့်သို့ ထိုးခြင်းနှင့် မှန်ဘီလူးများထဲသို့ ကြည့်စေခြင်းများ ပြုလုပ်နိုင်သည်။ ဤစစ်ဆေးမှုများ၏ ရည်ရွယ်ချက်မှာ သင်၏မျက်လုံးများနှင့် အမြင်အာရုံ၏ ရှုထောင့်အမျိုးမျိုးကို စမ်းသပ်ရန်ဖြစ်ပြီး၊ အမြင်အာရုံ ပြတ်သားမှုရရှိရန် မျက်မှန်များ၊ မျက်ကပ်မှန်များနှင့်အတူ မည်သည့်ဆေးဝါးများ အသုံးပြုရန်လိုမည်ကို ဆုံးဖြတ်ရန်ဖြစ်သည်။မျက်မှန် သို့မဟုတ် မျက်ကြည်လွှာခွဲစိတ်ကုသခြင်းများဖြင့် အလင်းရောင်ကို သင်၏မျက်စိအာရုံခံလွှာပေါ်ကို ကျရောက်စေရန် ပြုလုပ်နိုင်ပြီး အဝေးမှုန်ခြင်းကို ကုသနိုင်သည်။အဝေးမှုန်ခြင်းကိုကုသရန် မျက်မှန်တပ်ဆင်ခြင်းဖြင့် မျက်ကြည်လွှာ ခုံးမှုနှင့် မျက်ဆန်ရှည်လျားမှုတို့ကို တန်ပြန်ရန်မည်ဖြစ်သည်။ မျက်မှန်အတွက် bifocal, trifocal နှင့် စာဖတ်မျက်မှန် အမျိုးအစား မျက်မှန်များနှင့် မျက်လုံးပေါ်တွင် တိုက်ရိုက်ကပ်ရသော မျက်ကပ်မှန်များအား အသုံးပြုနိုင်သည်။အကယ်၌ အဝေးမှုန်ခြင်းအတွက် မျက်မှန်မဝတ်ဆင်လိုပါက မျက်ကြည်လွှာခွဲစိတ်မှုကို စဉ်းစားနိုင်ပါသည်။ ဤနည်းလမ်းက မျက်မှန်နှင့် မျက်ကပ်မှန်များအသုံးပြုရန် လိုအပ်မှုကို လျှော့ချခြင်း သို့မဟုတ် ပပျောက်စေခြင်းအထိ ဖြစ်စေရန် ကူညီနိုင်သည်။ အတွေ့ရအများဆုံးကုသမှုများမှာ photorefractive keratectomy ခွဲစိတ်မှုဖြင့် မျက်ကြည်လွှာတစ်သျှူးလွှာတစ်ခုကို ဖယ်ထုတ်ခြင်း၊ လေဆာအထောက်အကူပြု situ keratomileusis ကုသမှုဖြင့် femto လေဆာ သို့မဟုတ် စက်ကိရိယာတစ်ခုကို အသုံးပြုကာ မျက်ကြည်လွှာထိပ်ပိုင်းမှ ပါးလွှာသောအပြားတစ်ခုကို ဖြတ်ထုတ်ခြင်းတို့ ဖြစ်သည်။မည်သည့် နေထိုင်မှုပုံစံပြောင်းလဲမှုနှင့် အိမ်တွင်းကုထုံးများဖြင့်။အဝေးမှုန်ခြင်းကို ထိန်းချုပ်နိုင်မည်နည်း။အောက်ပါ နေထိုင်မှုပုံစံပြောင်းလဲမှုနှင့် အိမ်တွင်းကုထုံးများဖြင့်။အဝေးမှုန်ခြင်းကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။မေးမြန်းလိုသည်များရှိပါက၊ သင့်အတွက်အဖြေကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်ရန် သင်၏ဆရာဝန်နှင့် တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/vision-impairment-loss/nearsighted-%e1%80%a1%e1%80%9d%e1%80%b1%e1%80%b8%e1%80%99%e1%80%be%e1%80%af%e1%80%94%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
သင်သတိမထားမိတဲ့ လက်သည်းနီရဲ့ အန္တရာယ်
တောက်ပတဲ့ အရောင်အသွေးတွေနဲ့ သစ်သီးနံ့လေးတွေ မွှေးကြိုင်နေတဲ့ စွဲမက်ဖွယ်အရောင်တွေရဲ့ နောက်ကွယ်က အဆိပ်ဖြစ်စေနိုင်တဲ့အရာတွေက လက်သည်းအောက်ခြေကနေတဆင့် သွေးကြောတွေထဲရောက်ရှိသွားပြီး ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်လို့ လေ့လာမှု အသစ်တစ်ရပ်အရသိရပါတယ်။ လက်သည်းနီတွေထဲမှာ endocrine disruptor တစ်ရပ်ဖြစ်နိုင်ခြေရှိတဲ့ triphenyl phosphate (TPHP) ဆိုတဲ့ ဓာတ်တစ်မျိုး ပါဝင်နေတယ်လို့ Environmental Working Group ကဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ လက်သည်းနီဆိုးပြီးတဲ့နောက်မှာ ၁၀ နာရီကနေ ၁၄ နာရီအကြာမှာ သွေးထဲကို TPHPတွေရောက်ရှိသွားတယ်လို့ လေ့လာမှုအရသိရပါတယ်။TPHP နဲ့ထိတွေ့မှုက မျိုးပွားအင်္ဂါနဲ့ ဖွံ့ဖြိုးကြီးထွားမှုအပိုင်းမှာ ပြဿနာရှိစေနိုင်တယ်လို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ TPHP ကို ပလပ်စတစ်နဲ့ သားရေအိမ်ထောင်ပရိဘောဂတွေ ပြုလုပ်တဲ့နေရာမှာ အသုံးပြုလေ့ရှိပါတယ်။လက်သည်းနီအများစုမှာ အဆိပ်သင့်စေတယ်လို့ သိထားကြတဲ့ ဓာတ်ပစ္စည်း ၃ မျိုးဖြစ်တဲ့ dibutyl phthalate (DBP)၊ toluene နဲ့ formaldehyde တို့ပါဝင်ကြပါတယ်။ TPHP လိုမျိုးပဲ DBP ကိုလည်း ပလပ်စတစ်တွေ ထုတ်လုပ်ရာမှာ အသုံးပြုကြပါတယ်။ အဆိုပါ ဓာတုပစ္စည်း နှစ်မျိုးက ဟော်မုန်းတွေကို ကမောက်ကမဖြစ်စေပြီး မျိုးပွားမှုပိုင်းမှာ ထိခိုက်မှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဥရောပ သမဂ္ဂကတော့ အဆိုပါဓာတုပစ္စည်း ၂ မျိုးကို အလှကုန်တွေနဲ့ အရုပ်တွေမှာ ထည့်သွင်းလုပ်ဆောင်တာမျိုးမလုပ်ဖို့ တားမြစ်ထားပါတယ်။ DBP နဲ့ ခဏတာလောက်ထိတွေ့မိတာက မအီမသာဖြစ်စေနိုင်သလို အော့အန်တာတွေ၊ ခေါင်းကိုက်တာတွေနဲ့ မျက်စိကို ထိခိုက်တာမျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ရေရှည်ထိတွေ့မယ်ဆိုရင်တော့ ကျောက်ကပ်နဲ့ အသည်းကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။Toluene ကတော့ လက်သည်းဆိုးဆေးကို အရောင်တောက်ပစေဖို့နဲ့ချောမွေ့စေဖို့အတွက် အသုံးပြုတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ Toluene ကိုဆီဆိုင်တွေမှာလည်း ရှူရှိုက်မိနိုင်ပါတယ်။ Toluene က ဓာတ်ဆီထဲမှာပါတဲ့ စွဲလန်းစေတတ်တဲ့ ဓာတ်တစ်မျိုးပါ။ Toluene ကအရေပြားမှာ အနီရောင်အဖုအပိမ့်တွေထွက်တာကိုဖြစ်စေနိုင်သလို ဗဟိုအာရုံကြော စနစ်အပေါ်မှာလည်း သက်ရောက်မှုရှိတဲ့အပြင် အားနည်းတာနဲ့ စိတ်ရှုပ်ထွေးတာမျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အချိန်ကာလကြာမြင့်စွာထိတွေ့မယ်ဆိုရင်တော့ မျိုးပွားမှုပိုင်းဆိုင်ရာ ထိခိုက်မှုတွေ နဲ့ ကြီးထွားဖွံ့ဖြိုးမှုအပိုင်းတွေမှာပါ ထိခိုက်မှုတွေရှိလာတာကို တွေ့ရှိရမှာဖြစ်ပါတယ်။လက်သည်းနီမှာပါတဲ့ အန္တရာယ်ဖြစ်စေနိုင်တဲ့ နောက်ထပ်ဓါတုပစ္စည်းတစ်မျိုးက formaldehyde ပဲဖြစ်ပါတယ်။formaldehyde ကို သတ္တဝါအသေကောင်တွေကို မပုပ်အောင် လုပ်ဆောင်ရာမှာ အသုံးပြုလေ့ရှိသလို ကောက်ပဲသီးနှံတွေ မပုပ်သိုးအောင်လည်းအသုံးပြုလေ့ရှိ ပါတယ်။ formaldehyde ကို လက်သည်းနီအရောင်စွဲစေဖို့အတွက် လက်သည်းနီထဲမှာ ထည့်သွင်းအသုံးပြုကြတာဖြစ်ပါတယ်။ formaldehyde နဲ့ အချိန်ကြာမြင့်စွာထိတွေ့နေမယ်ဆိုရင် လည်ချောင်း နဲ့ အဆုတ်ထဲမှာ မအီမသာဖြစ်တာမျိုးတွေ ခံစားရနိုင်ပြီး အရေပြားမှာ အနီကွက်တွေထွက်တာ နဲ့ ကင်ဆာဖြစ်တာမျိုးတွေအထိဖြစ်ပေါ်ခံစားရနိုင်ပါတယ်။အဆိုပါ အဆိပ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေအပြင် လက်သည်းနီတွေထဲမှာ ကားမှုတ်ဆေးတွေ၊ မီးပန်းတွေနဲ့ ဒိုင်းနမိုက်တွေထဲမှာ အသုံးပြုတဲ့ nitrocellulose ဆိုတဲ့ ဓါတုပစ္စည်းတစ်မျိုးပါဝင်နေပါတယ်။ လက်သည်းဆိုးတဲ့အချိန်မှာရော လက်သည်းနီဖျက်တဲ့အချိန်မှာ အသုံးပြုတဲ့ပစ္စည်းတွေမှာ မျက်စိ နဲ့ အဆုတ်ကို ထိခိုက်စေနိုင်တဲ့ ဓါတ်တုပစ္စည်းတွေပါဝင်နေပါတယ်။ အဆိုပါ ဓါတုပစ္စည်းတွေက ကျန်းမာရေးကိုထိခိုက်စေနိုင်သလို အသက်ရှုလမ်းကြောင်းစနစ် ကိုထိခိုက်စေနိုင်သလို လက်သည်းတွေနဲ့ အရေပြားကိုပါ ထိခိုက်ပျက်စီးစေ နိုင်ပါတယ်။လေ့လာသိရှိရသလောက် အန္တရာယ်ကင်းတယ်ဆိုတဲ့ လက်သည်းဆိုးဆေးဆိုတာက မရှိသလောက်ပါပဲ။ လက်သည်းနီကြိုက်နှစ်သက်တဲ့ ပျိုမေတွေအတွက် ခန္ဓာကိုယ်ကို ထိခိုက်မှုတွေရှိလာစေနိုင်မယ့် လက်သည်းနီတွေမဆိုးဘဲလက်သည်းလေးတွေကို သန့်ရှင်းလှပအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။သံလွင်ဆီ။သံလွင်ဆီက ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ သံလွင်ဆီမှာပါဝင်တဲ့ linoleic အက်ဆစ်က အစိုဓာတ်ထိန်းပေး ပါတယ်။ လက်သည်းကို ရေဓာတ်မခမ်းခြောက်အောင်လုပ်ဆောင်ပေးပြီး လက်သည်းလေးတွေကို အရောင်တောက်ပနေစေမှာဖြစ်ပါတယ်။ထောပတ်သီး။ထောပတ်သီးမှာ လက်သည်းကိုတောက်ပစေတဲ့ ပရိုတင်း၊ အာဟာရဓာတ်တွေနဲ့ အဆီတွေပါဝင်ပါတယ်။ ထောပတ်သီးကို နေ့စဉ်စားသုံးပေးမယ်ဆိုရင် phytonutrientsတွေကို ရရှိစေနိုင်သလို ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သတ္တုဓာတ်တွေ နဲ့ အခြားအရေးပါတဲ့ ဗီတာမင်ဓာတ်တွေကိုပါ ရရှိစေပါတယ်။ ထောပတ်သီးဆီကို လက်သည်းပေါ်လိမ်းပေးမယ်ဆိုရင် လက်သည်းခြောက်သွေ့မှု ကင်းဝေးစေမှာဖြစ်ပါတယ်။ထောပတ်သီးအဆီမှာ ဓာတ်တိုးဆန့်ကျင်အစွမ်းသတ္တိတွေပါဝင်နေသလို ဗီတာမင်A၊ B၊ B1၊ B2၊ D နဲ့ E၊ beta-carotene နဲ့ ပိုတက်ဆီယမ်တွေပါဝင်နေပြီး အဆိုပါ ဓာတ်တွေက လက်သည်းကိုကျန်းမာစေပြီး အရောင်တောက်ပစေပါတယ်။Baby Oil။ရေနဲ့ထိတွေ့မှုများတာက လက်သည်းတွေကို သန်မာစေဖို့ လိုအပ်တဲ့ လက်သည်းတွေပေါ်မှာရှိတဲ့ keratinတွေကို ပျက်စီးစေနိုင်ပါတယ်။ Baby oil က လက်သည်းပေါ်က keratinတွေကိုထိန်းသိမ်းပေးပြီး လက်သည်းကို ထိခိုက်ပျက်စီးမှုမရှိအောင် ကာကွယ်ပေးပါတယ်။အုန်းဆီ။အုန်းဆီက ဗီတာမင် E၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေ၊ lauric အက်ဆစ်နဲ့ caprylic ၊ လက်သည်း၊ ခြေသည်း၊ ဆံပင်နဲ့ အရေပြားအတွက် မရှိမဖြစ်လိုအပ်တဲ့ အဆီတွေပါဝင်နေတဲ့ သဘာဝအဆီတစ်မျိုးဖြစ်သလို ကူးစက်ပိုးတွေနဲ့ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်စွမ်းလည်းရှိ ပါတယ်။ လက်သည်းတွေကိုပျော့ပျောင်းစေပြီး လက်ကို အစိုဓာတ်ထိန်းပေးတဲ့အပြင် လက်စွယ်မပဲ့အောင်လည်းထိန်းသိမ်းပေးပါတယ်။သံပုရာရည်။သံပုရာရည်က သဘာဝအစွန်းချွတ်ဆေးတစ်မျိုးပါ။ လက်သည်းပေါ်က အစွန်းအထင်းတွေကို ဖယ်ရှားပေးပြီး လက်သည်းကိုတောက်ပနေစေမှာဖြစ်ပါတယ်။မုန့်ဖုတ်ဆော်ဒါ။လက်ကို ပုံမှန်ဆေးတာက လက်သည်းရော လက်ကိုပါ သန့်ရှင်းစေနိုင်ပါတယ်။ လက်သည်းတွေကို သန့်စင်အောင်လုပ်လို့ရတဲ့ နည်းလမ်း တစ်ရပ်က မုန့်ဖုတ်ဆိုဒါကိုရေစွတ်ထားတဲ့ သွားပွတ်တံမှာ တင်ပြီး လက်သည်းလေးတွေကို တိုက်ပေးတာပါ။ လက်သည်းရှည်သူတွေ အနေနဲ့လည်း လက်သည်း အောက်ဘက်ခြမ်းလေးထဲကို တိုက်ပေးပါ။ လက်သည်း ပိုပြီးအရောင်တောက်ချင်တယ် ဆိုရင်တော့ မုန့်ဖုတ်ဆော်ဒါထဲကို သံပုရာရည် တစ်စက်နှစ်လောက်ထည့်ပြီး လက်သည်းတွေကို သန့်ရှင်းပေးပါ။အထက်ပါနည်းလေးတွေအတိုင်းလုပ်ဆောင်ပြီး လက်သည်းနီမဆိုးဘဲ လှပတောက်ပြောင်တဲ့လက်သည်းလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/nail-care/%e1%80%9e%e1%80%84%e1%80%ba%e1%80%9e%e1%80%90%e1%80%ad%e1%80%99%e1%80%91%e1%80%ac%e1%80%b8%e1%80%99%e1%80%ad%e1%80%90%e1%80%b2%e1%80%b7-%e1%80%9c%e1%80%80%e1%80%ba%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8/
ကိုယ်အလေးချိန် တက်မလာအောင် ထိန်းထားချင်သူတွေအတွက် သင့်တော်တဲ့ လေ့ကျင့်ခန်းအချို့
တိုးတက်လာတဲ့ခေတ်ကာလအနေအထားအစားအသောက်နဲ့ လုပ်ငန်းခွင်ပုံစံတွေကြောင့် မလိုချင်ဘဲတိုးလာတာတွေကခန္ဓာကိုယ်တွင်း အဆီတွေနဲ့ ကိုယ်အလေးချိန်တွေ ပါ။ တစ်ပတ်တစ်ခါ ပေါင်ချိန်လိုက်တိုင်းကို ပေါင်ချိန်တွေတက်နေတာကြောင့် စိတ်ပျက်နေတဲ့ ကိုကိုတွေနဲ့လေဒီတွေအတွက် ခန္ဓာကိုယ်က အဆီပိုတွေကိုကိုယ်အလေးချိန်ကို ထိန်းညှိရာမှာ အထောက်အကူဖြစ်စေမယ့် ကိုယ်အလေးချိန် တက်မလာအောင် ထိန်းထားချင်သူတွေအတွက် သင့်တော်တဲ့လေ့ကျင့်ခန်းလေးတွေကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးမယ်နော်။ကိုယ်အလေးချိန်တက်မလာအောင် ထိန်းထားချင်သူတွေအတွက် သင့်တော်တဲ့ လေ့ကျင့်ခန်းလေးတွေက။၁.Plankထောက်ပါ။ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေအတွက် အထောက်အပံ့ပေးနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုပေါ့။ ညီညာနေတဲ့ ကြမ်းပြင်တစ်ခုရှိရုံနဲ့တင်လုပ်လို့ရတဲ့ ကိရိယာလွတ် လေ့ကျင့်ခန်း တစ်မျိုးပါ။ လက်တွေခြေထောက်တွေနာမှာ စိုးရင်တော့ယောဂဖျာလေးခင်းပြီးလုပ်လို့ရပါတယ်။အရင်ဆုံး ကြမ်းပြင်ပေါ်မှာမှောက်လိုက်ပါ။ ပြီးရင်တော့ ခြေဖျားနဲ့တံတောင်ဆစ်ကို အားယူလို့ ကိုယ်လုံးတစ်ခုလုံးကို ကြမ်းပြင်ကနေလွတ်အောင်လုပ်ပေးပါ။ တစ်ခါကို ၅ စက္ကန့်လောက်ကြာအောင်လုပ်ပါ။ လုပ်နိုင်လာတာနဲ့အမျှ အချိန်နည်းနည်းချင်းတိုးပြီးလုပ်သွားပေးပါ။၂.Squatsထိုင်ပါ။ဒါကတော့ မိန်းကလေးတွေအတွက် ပိုသင့်တော်ပါတယ်။ ခြေထောက်နဲ့တင်ပါးကြွက်သားတွေကို သန်မာစေတဲ့လေ့ကျင့်ခန်းတစ်ခုပါ။ လွယ်တယ်လို့ထင်ရပေမယ့် Squats ထိုင်တဲ့အခါ ပုံစံမမှန်ရင် ဒူးနာနိုင်ပါတယ်။ဒီ လေ့ကျင့်ခန်း က ပေါင်၊ခြေထောက်၊ဗိုက်နဲ့ တင်ပါးကြွက်သားတွေကို သန်မာဖွံ့ဖြိုးစေနိုင်ပါတယ်။ ခြေထောက်ကိုပခုံးအကျယ်အတိုင်းကားထားပေးပါ။ လက်တွေကို အရှေ့ဘက်ကို ဆန့်ထုတ်ပါ။ဒူးကိုဖြည်းဖြည်းချင်းကွေးပါ။တင်ပါးကို ၈ လက်မလောက်အောက်ဘက်ကိုနှိမ့်ပေးပါ။ ခါးမတ်မတ်ထားဖို့ မမေ့ပါနဲ့။ တစ်ခါထိုင်ရင် ၃ မိနစ်နှုန်းလောက်နဲ့ ၈ ကြိမ် ကနေ ၁၂ ကြိမ်လောက်လုပ်ပေးလို့ရပါတယ်။၃.ဒိုက်ထိုးပါ။လက်မောင်း၊ ပခုံး၊ ရင်ဘတ်၊တင်ပါး နဲ့ ခြေထောက်တွေကို သန်မာစေနိုင်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးအသုံးပြုရတဲ့ အားကစားတစ်မျိုးပေါ့။ ဒိုက်ထိုးတာကလည်း မြေပြင်ညီတစ်ခုရှိရင်ကို ပြည့်စုံနေပါပြီ။ ဒိုက်ထိုးတဲ့ခုံရှိရင် ပိုအဆင်ပြေပေမယ့် မရှိလည်း အဆင်ပြေပါတယ်။ ဒိုက်ကို အပြည့်ထိုးလို့ရသလို ထိုင်ခုံပေါ်မှာလက်ထောက်ပြီး တဝက်ထိုးတာမျိုးလည်းလုပ်လို့ရပါတယ်။မြေပြင်ပေါ်မှာ ခြေထောက်နဲ့ လက်ဖဝါးကို အားပြုလို့မှောက်လိုက်ပါ။ ကိုယ်အလေးချိန်မျှတစေဖို့ ကျောပြင်ကို ဆန့်နေအောင်ထားဖို့လိုပါမယ်။ ခြေထောက် ၂ ချောင်းကို ၁ ပေခွာထားပေးပါ။ လက်တွေကို မြေပြင်ကနေ ၉၀ ဒီဂရီပုံစံကျအောင်ထောက်ထားပါ။ တတ်နိုင်သလောက် အကြိမ်ရေကို တဖြည်းဖြည်းချင်းတိုးပြီး လေ့ကျင့်သွားပါ။၄. Pull-Ups လေ့ကျင့်ခန်းလုပ်ပါ။ဒီ လေ့ကျင့်ခန်း က နည်းနည်းလောက်ခက်ခဲပေမယ့် တော်တော်လေးတော့ ထိရောက်မှု ရှိပါတယ်။ ခိုလို့ ကောင်းမယ့် တန်းတစ်တန်းတော့ လိုပါမယ်။ နောက်ကျော၊ လက်မောင်း နဲ့ လက်ဖျံတွေကို သန်စွမ်းစေ နိုင်ပါတယ်။ လက်ကို ပခုံးအကျယ်အတိုင်း ကားထားရပါမယ်။ ပြီးရင်တော့ တန်းကို လှမ်းဆွဲပြီးခန္ဓာကိုယ်ကို တောင့်နိုင်သမျှ တောင့်ရင်း တန်းရဲ့ တစ်ဝက်လောက်ရောက်တဲ့အထိ ပင့်တင်ပါ။ ပြီးရင် ဖြည်းဖြည်းချင်းပြန်ချပါ။ဒီ လေ့ကျင့်ခန်းတွေ လုပ်ရင်း အထိုင်များတဲ့ နေ့စဉ်ဘဝ နေထိုင်မှုပုံစံကြောင့် တိုးလာတဲ့ကိုယ်အလေးချိန်တွေကို လျှော့ချလိုက်ပါ။ ကိုယ်အလေးချိန် တက်မလာအောင် ထိန်းထားချင်သူတွေအတွက် အသုံးတည့်မယ်လို့ မျှော်လင့်ရင်း။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/exercises-for-weight-loss/
သင့်ကလေး သွေးပေါင်ကျခြင်း နှင့် ပတ်သက်ပြီးသိစရာအချက်များ
သွေးဖိအား ပုံမှန်ထက်နိမ့်သည့်အခါ hypotension အဖြစ်သတ်မှတ်နိုင်ပါတယ်။ ရလဒ်အဖြစ် နှလုံး၊ ဦးနှောက်နဲ့ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းများ အလုပ်လုပ်ဖို့ လုံလောက်တဲ့သွေးပမာဏရတော့မှာ မဟုတ်ပါ။သွေးဖိအားဆိုတာ လူတစ်ဦးနဲ့ တစ်ဦး ကွဲပြားပေမယ့် သွေးပေါင်ချိန်ကျတဲ့ လူတွေမှာ များသောအားဖြင့် အပေါ်သွေး 100 mmHg ထက်နိမ့်လေ့ရှိကြပါတယ်။ ဖြစ်လေ့ရှိတဲ့ ပမာဏကတော့ 90 / 60mmHg အောက်ကို နိမ့်လေ့ရှိပါတယ်။ ပြဒါးတိုင်မှာ အပေါ်သွေး(systolic )90 mm Hgနဲ့အောက် သို့မဟုတ် အောက်သွေး(diastolic) 60 mmHg နဲ့အောက်ကို သွေးဖိအားနည်းတယ်လို့ သတ်မှတ်ထားပါတယ်။ကလေးများအတွက် သွေးဖိအားနည်းတာက ကုသလို့ရပါတယ်။ သို့သော်အရေးကြီးတာက ဖြစ်စေတဲ့ အကြောင်းရင်းကို သေချာသိဖို့နဲ့ ဆေးသေချာပေးဖို့လိုပါတယ်။အချက်များစွာရှိပါတယ်။ဒါက ကလေးနေ့စဉ်သောက်သုံးတဲ့ရေပမာဏနဲ့ ခန္ဓာကိုယ်မှာ ဇီဝဖြစ်စဉ်လုပ်ဖို့ လိုအပ်တဲ့ အရည်ပမာဏ မမျှလို့ဖြစ်ပါတယ်။ သောက်တဲ့ရေနဲ့ ကိုယ်ထဲက ရေမျှတဖို့ လိုအပ်ပါတယ်။ အဖျား၊ ပြင်းထန်သောဝမ်းလျှောရောဂါ၊ အလွန်အကျွံချွေးထွက်ခြင်း စတာတွေမှာ ရေတွေ ပိုလိုအပ်လာပါတယ်။ ကိုယ်တွင်း အရည်ပမာဏ ကျဆင်းတာဟာ သွေးကြောထဲက သွေးပမာဏကို ကျစေပြီး သွေးပေါင်ကျခြင်း ဖြစ်စေပါတယ်။အချို့သောဆေးဝါးများနှင့်ကျန်းမာရေးဖြည့်စွက်စာတွေကြောင့် သွေးကြောကျယ်စေပြီး သွေးဖိအားလျော့ကျစေနိုင်ပါတယ်။သွေးအားနည်းရောဂါဟာ ကလေးတွေအတွက် သွေးပေါင်ကျစေတဲ့ နောက်ထပ်အဓိကအကြောင်းရင်းဖြစ်ပါတယ်။Adrenal ဟောမုန်း မလုံလောက်တာဟာ cortisol ၊ aldosteroneနဲ့ ကိုယ်ခန္ဓာ၏ လုပ်ငန်းဆောင်တာများအတွက် လိုအပ်သောဟော်မုန်းများ ထုတ်လုပ်မှုကျဆင်းတာ ဖြစ်ပါတယ်။ သွေးပေါင်ကျစေတဲ့ အကြောင်းပြချက်က ခန္ဓာကိုယ်အတွက် ဆား သို့မဟုတ် ဆိုဒီယမ်ကို နည်းနည်းသာ စုပ်ယူသောကြောင့်ဖြစ်ပါတယ်။ Adrenalmineralocorticoid [3] insufficiencydeficiency ဖြစ်နေတဲ့ ကလေးတွေမှာ သွေးပေါင်ကျတာ ဖြစ်တတ်ပါတယ်။Orthostatic hypotension ဟာ ခန္ဓာကိုယ်ရဲ့ အနေအထားရုတ်တရက်ပြောင်းလဲမှုကြောင့် ဖြစ်တာပါ။ ဖြစ်လေ့ရှိတာကတော့ ကလေးက လဲလျောင်းပြီးနောက် ချက်ချင်း မတ်တပ်ရပ်သောအခါ ဖြစ်တတ်ပါတယ်။ ဒီကိစ္စတွင် သွေးပေါင်ကျတာဟာ စက္ကန့်အနည်းငယ်သို့မဟုတ် မိနစ်အနည်းငယ်သာကြာမြင့်ပါတယ်။သွေးဖိအားဟာ အသက်ဆက်ဖို့ မရတော့အောင် အနိမ့်ဆုံးရောက်သွားတဲ့အခါ သေစေနိုင်လောက်တဲ့ အခြေအနေဖြစ်လာပါတယ်။ ဒါဟာ သွေးကြောထဲက စီးဆင်းမှုပမာဏ နည်းလွန်းတာ၊ နှလုံးမကောင်းခြင်း သို့မဟုတ်သွေးကြော အလွန်အကျွံ ကျယ်သွားခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။အောက်ပါအချက်များ ဖြစ်ပါတယ်။– ဆေးဝါးများ။Alpha blocker လို သွေးတိုးကျဆေးတွေ သုံးနေတဲ့ သူတွေမှာ အခြားသူတွေထက် သွေးပေါင်ကျနိုင်ချေများပါတယ်။– ရောဂါများ။ဆီးချိုရောဂါနဲ့ နှလုံးအခြေအနေတွေက သွေးဖိအားကျစေဖို့ အလာအလာ ရှိပါတယ်။ရောဂါလက္ခဏာတွေကတော့။သင့်ကလေး သွေးအားနည်း ရောဂါလက္ခဏာကို မကြာခဏခံစားရလျှင် သင့်ဆရာဝန်ကို ပြဖို့အရေးကြီးပါတယ်။ ဒါဟာ အခြား ဆိုးရွားတဲ့ ရောဂါတွေကို ဖော်ပေးနိုင်လို့ဖြစ်ပါတယ်။သင့်ကလေး၏နှလုံး၊ ဦးနှောက်နဲ့ အခြား ကိုယ်တွင်းအင်္ဂါများကို ပျက်စီးစေနိုင်ပါတယ်။ ချက်ချင်းကုသမရရှိလျှင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ကလေးများ သွေးပေါင်ကျ ရောဂါကို ဘယ်လို စမ်းသပ်စစ်ဆေးနိုင်သလဲ?။အကြောင်းရင်းများ ရှာဖွေရန် သာမန်အားဖြင့် ကလေးအထူးကုက သင့်ကလေး သွေးပေါင်ချိန်၊ သွေးခုန်နှုန်း၊ အသက်ရှူနှုန်း၊ အပူချိန် စတာတွေလို အရေးပါသော လက္ခဏာတွေ စစ်ဆေးမည် ဖြစ်ပါတယ်။ အောက်ပါစစ်ဆေးမှုတွေလည်း လိုအပ်ရင် ဆက်လုပ်ရပါမယ်။ကုသမှုတွေမှာ အောက်ပါတို့ပါဝင်သည်။ဖြစ်စေတဲ့ အချက်တွေပေါ်မူတည်ပြီး သင့်ကလေးနဲ့ အသင့်တော်ဆုံးကုသမှုတွေကို ဆရာဝန်က ညွှန်ပေးနိုင်ပါတယ်။ တချို့အခြေအနေတွေမှာ ဆရာဝန်က ပင်မအကြောင်းတွေဖြစ်တဲ့ ရေဓာတ်နည်းခြင်း၊ နှလုံးအားနည်းခြင်း၊ ဆီးချို၊ hypothyroidismစတာတွေကိုပါ ကုသရမှာပါ။တကယ်လို့သွေးပေါင်ကျတာဟာ ဆေးတွေကြောင့် ဖြစ်တယ်ဆိုရင် ဆရာဝန်က ဆေးပမာဏပြောင်းပစ်တာ လုံးဝရပ်ပစ်တာမျိုးတွေလုပ်နိုင်ပါတယ်။ဖြစ်တဲ့ အကြောင်းပေါ်မူတည်ပြီးအောက်ပါအချက်တွေကို လိုက်နာခြင်းဖြင့် လက္ခဏာတွေကို ဟန့်တားနိုင်ပါတယ်။ရေကတော့ ရေဓာတ်နည်းတာကို ကာကွယ်နိုင်ပြီး သွေးပေါင်ချိန်ကို မြှင့်ပေးနိုင်ပါတယ်။သင့်ကလေးအနေနဲ့ ကျန်းမာရေးကောင်းဖို့ သူလိုအပ်တဲ့ အာဟာရဓာတ်တွေ အကုန်ရနေဖို့ လိုအပ်ပါတယ်။ဒါဟာ ကလေးငယ် လှဲနေရာက မတ်တပ်ရပ်တဲ့အခါ သွေးပေါင်ကျခြင်းကြောင့် ခေါင်းမူးဝေခြင်း၊ မေ့မြောခြင်းတွေကို လျော့ချပေးနိုင်ပါတယ်။မနက်အိပ်ရာမထခင်မှာ မိနစ်အနည်းငယ်လောက် အသက်ပြင်းပြင်းရှူပေးပါ။ ပြီးတော့ မတ်တပ်မရပ်မီ ဖြေးဖြေးထိုင်ပါ။အစာစားပြီးချိန်မှာ သွေးပေါင်ရုတ်တရက်ထိုးကျတာကို တားဆီးပေးဖို့ သင့်ကလေးစားမယ့် အစားအစာကို ခွဲပြီး တစ်နေ့နည်းနည်းစီကျွေးပါ။ ကာဘိုဟိုက်ဒရိတ်များတဲ့ အာလူး၊ ဆန်၊ ပါစတာနှင့် ပေါင်မုန့်တို့ကို နည်းနည်းစီသာကျွေးပါ။ဒါဟာ သွေးဖိအားကို ခဏမြှင့် ပေးနိုငိပါတယ်။ ဒါပေမယ့် သင့်ကလေး ဘယ်လောက်သောက်သင့်လဲဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။=။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8-%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%95%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%80%e1%80%bb%e1%80%81%e1%80%bc/
ကိုယ်ဝန်ဆောင်ချိန် ဆီးအရောင်နောက်ကျိတာ ဘာကြောင့်ဖြစ်မလဲ!
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတိုင်းအနေနဲ့ ခန္ဓာကိုယ်မှာ များစွာသော ပြောင်းလဲမှုတွေကို ခံစားရနိုင်ပါတယ်။ ဒီလို ပြောင်းလဲမှုတွေထဲမှာ ဆီးအရောင်ကလည်း တစ်ခု အပါအဝင် ပါပဲ။ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးအရောင် နောက်ကျိတာက မေမေတို့ကို စိတ်ပူပန်စေနိုင်တဲ့ အကြောင်းအရင်း တစ်ခုပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကိုယ်ဝန်ဆောင်ချိန် ဆီးအရောင်နောက်ကျိတာ ဘာကြောင့်ဖြစ်မလဲ! ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးအရောင်နောက်ကျိတာ ဖြစ်နိုင်တယ် ဆိုပေမယ့် အချို့သော အကြောင်းအရင်းတွေကတော့ ပုံမှန်လို့ ဆိုလို့ မရဘူးပေါ့။ဥပမာ – ဆီးအရောင်နောက်ကျိတာကကိုယ်ဝန်ဆောင်မေမေမှာဆီးလမ်းကြောင်း ပိုးဝင်တာကြောင့် ဖြစ်နိုင်သလို အချို့သော ကျန်းမာရေး အခြေအနေတွေကလည်း ဆီးအရောင်နောက်ကျိတာကို ဖြစ်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန် ဆီးအရောင်နောက်ကျိတာ ဘာကြောင့်ဖြစ်မလဲ! ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။ကိုယ်ဝန်ဆောင်ချိန်မှာမိခင်ရော ကလေးပါကျန်းမာစေဖို့အတွက် ရေဓာတ်ပြည့်ဝဖို့ လိုအပ်ပါတယ်။ ရေသောက်နည်းတာက ဆီးအရောင်ရင့်စေနိုင်သလိုဆီးအနံ့ပြင်းတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးအရောင်နောက်ကျိရတဲ့ အကြောင်းအရင်းတစ်ခုက ရေသောက်နည်းတာပါ။ဒါကြောင့် ဆီးအရောင်နောက်ကျိနေပြီဆိုရင် ရေများများ သောက်ပေးပါ။ကိုယ်ဝန်ဆောင်ချိန်မှာဆီးလမ်းကြောင်း ပိုးဝင်တာကလည်း ဆီးအရောင်နောက်ကျိစေပြီး ဆီးသွားရင် နာကျင်တာမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးလမ်းကြောင်း ပိုးဝင်တာကလည်း ဆီးအရောင်နောက်ကျိတာကို ဖြစ်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ သဘာဝအားဖြင့်လည်း ဟော်မုန်းအပြောင်းအလဲ‌ကြောင့် အဖြူဆင်းများတတ်ပါတယ်။ ဒီအဖြူရောင် အကျိအချွဲတွေက ဆီးနဲ့ရောသွားတဲ့အခါ ဆီးရောင်နောက်တတ်ပါတယ်။ ဒါပေမဲ့ အဖြူဆင်းတာနဲ့အတူ မိန်းမကိုယ်ယားတာ၊ အနံ့ဆိုးတာ၊ အရောင်ပါတဲ့ အဖြူဆင်းလာရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြပါ။ မိန်းမကိုယ်ပိုးဝင်တာ ဖြစ်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ မေမေကကျောက်ကပ်မှာ ကျောက်တည်တာကို ခံစားနေရမယ်ဆိုရင်လည်း ဆီးအရောင်နောက်ကျိတာကို ခံစားရနိုင်ပါတယ်။ ကျောက်ကပ် ကျောက်တည်တာက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် သေချာလေး ကုသမှု ခံယူဖို့ လိုပါမယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း ပြောင်းလဲတာကြောင့် ရင်သားနာကျင်တာ၊ အသားအရေ ပြောင်းလဲတာမျိုး တွေကို ဖြစ်စေနိုင်သလို ဆီးအရောင်နောက်ကျိတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာကိုယ်တွင်း ဟော်မုန်း ပြောင်းလဲတာကလည်း ကိုယ်ဝန်ဆောင်မေမေကို ဆီးအရောင်နောက်ကျိစေနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ကိုယ်ဝန်ဆောင်တိုင်း ကြောက်ကြတဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်းမှာလည်း ဆီးအရောင်နောက်တတ်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်တဲ့အခါ ဆီးထဲမှာ အသားဓာတ်တွေပါလာတာ‌ကြောင့် အရောင်နောက်ရတာပါ။ဆီးအရောင်နောက်တာနဲ့အတူ ခေါင်းတအားကိုက်တာ၊ ဗိုက်အောင့်တာ၊ ခြေလက်ဖောတာ၊ မောတာ၊ သွေးပေါင်တက်တာတွေ ဖြစ်လာရင် သတိထားပါ။ ကိုယ်ဝန်ဆိပ်တက်တာ ဖြစ်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးအရောင် နောက်ကျိတာက ရေသောက်နည်းတာကြောင့် ဖြစ်နိုင်သလို အပေါ်မှာ ပြောပြခဲ့တဲ့ အကြောင်းအရင်းတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးအရောင် နောက်ကျိတာနဲ့အတူ ဆီးသွားရခက်တာ၊ ဆီးက ပူနေတာ၊အဖျားဝင်တာမျိုးကိုပါ ခံစားရမယ်ဆိုရင်တော့ လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ လိုပါမယ်။ အထူးသဖြင့် ဆီးသွားတိုင်း အရောင်နောက်နေမယ်။ ရေများများသောက်တာတောင် မသက်သာဘူးဆိုရင်ပေါ့။ကိုယ်ဝန်ဆောင်ချိန်မှာဆီးအရောင်နောက်ကျိတာက ဆီးလမ်းကြောင်းနဲ့ မိန်းမကိုယ် ပိုးဝင်တာ၊ ကိုယ်ဝန်ဆိပ်တက်တာကြောင့် ဖြစ်မယ်ဆိုရင်တော့ မိခင်ရော ကလေးကိုပါ ထိခိုက်စေနိုင်တာကြောင့် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။ ဒီအခြေအနေကို မကုသဘဲ ထားမယ်ဆိုရင်တော့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာကို ဖြစ်စေနိုင်ပါတယ်။# ဘေဘီလေးကို ဘယ်နေ့ မွေးဖွားမလဲဆိုတာကို ကိုယ်တိုင် တွက်ချက်ကြည့်လိုက်ပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/cloudy-urine-during-pregnancy/
ကိုယ်ဝန်ဆောင်မေမေ လေခဏခဏတက်နေရတာ ဘာကြောင့်လဲ!
ကိုယ်ဝန်ဆောင်မေမေ လေခဏခဏတက်နေရတာ ဘာကြောင့်လဲ! ကိုယ်ဝန်ဆောင်မေမေ လေတအေ့အေ့ တက်နေရတာက အစာအိမ်ထဲမှာ လေတွေ ရှိနေတာကြောင့်ပါ။ ဒါကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့အစာခြေစနစ်အခြေအနေ တစ်ရပ်လို့ပဲ ဆိုရပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပူတာ၊ အစာကြေခဲတာတွေအပြင် လေအောင့်တာလေချဉ်တက်တာတွေကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။လေတက်တာကတော့ကိုယ်ဝန်ဆောင်မေမေတွေမှာမှာ မဟုတ်ပါဘူး။ သာမန်လူတွေမှာလည်း လေတအေ့အေ့ တက်တာကို ခံစားရနိုင်ပါတယ်။ ဒီလို ဖြစ်ရတဲ့ အဓိက အကြောင်းအရင်းက အူထဲမှာ လေတွေဖြစ်နေပြီး လေတွေက အစာခြေစနစ်ထဲမှာ လှည့်လည်ရင်း လေတအေ့အေ့တက်တာကို ဖြစ်စေတာပါ။အူလမ်းကြောင်းထဲမှာ လေတွေ အများကြီး ဖြစ်လာရတာကြောင့်လည်း လေတအေ့အေ့တက်တာကို ဖြစ်စေတာပါ။ ဒီလို အစာခြေစနစ်ထဲမှာ လေတွေ ရှိနေတာက လေတက်စေတာအပြင် ဗိုက်အောင့်တာမျိုးကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။ကိုယ်ဝန်ဆောင်မေမေ လေခဏခဏတက်နေရတာ က ဒီအချက်လေးတွေကြောင့်ပါ။လေတွေ အရမ်းများနေတာ။အစာအိမ် အူလမ်းကြောင်းတွေထဲမှာ လေတွေ များနေတာက လေတအေ့အေ့တက်တာကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ချင်ခြင်းတက်ပြီး အစားအမျိုးမျိုး စားမိတာကြောင့်လည်း အစာအိမ်ထဲမှာ လေတွေဖြစ်ပေါ်ပြီး လေတက်တာကို ဖြစ်စေနိုင်ပါတယ်။ဟော်မုန်း ပြောင်းလဲမှုကြောင့် အစာမကြေတာ။ဟော်မုန်းပြောင်းလဲမှုတွေက ကိုယ်ဝန်ဆောင်မေမေကို အစာကြေချက်နိုင်စွမ်း နည်းစေပြီး အစာမကြေတာကို ဖြစ်စေတာပါ။ နောက်တစ်ချက်က အစာခြေစနစ်က ကြွက်သားတွေ ပြေလျော့နေတာ၊အူမကြီးလှုပ်ရှားမှု နည်းနေတာတွေကြောင့်လည်း အစာအိမ်ထဲမှာ လေတွေများပြီး လေတအေ့အေ့ တက်တာကို ဖြစ်စေနိုင်ပါတယ်။အစားအသောက် ဓာတ်မတည့်တာ။ကိုယ်ဝန်ဆောင်မေမေက မတည့်တာကို စားမိတဲ့အခါမျိုးမှာလည်း အစားအသောက် ဓာတ်မတည့်တာကြောင့် လေတအေ့အေ့တက်တာကို ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး ဓာတ်မတည့်တဲ့ အစားအစာတွေက ကိုယ်ဝန်ဆောင်မေမေတွေကို လေတအေ့အေ့တက်စေတာအပြင် အော့အန်တာ၊အစာမကြေတာ၊ ဝမ်းပျက်တာတွေကို ဖြစ်စေနိုင်ပါတယ်။အစာခြေစနစ် ကြွက်သားတွေ အလိုလျောက် ကျုံ့ဆန့်တာ (Peristalsis)။အစာခြေစနစ် ကြွက်သားတွေက သူ့အလိုလို အလိုလျောက် ကျုံ့ဆန့်တာမျိုး ဖြစ်တာကလည်း အစာအိမ်နဲ့ အူလမ်းကြောင်းထဲက အစာတွေကို တွန်းထုတ်ပေးပြီး လေတက်တာကို ဖြစ်စေနိုင်ပါတယ်။ဘေဘီလေး လှုပ်ရှားတာ။ကိုယ်ဝန်ဆောင်ကာလ ၁၆ ပတ်ကနေ အပတ် ၂၀ လောက်မှာ ကလေးရဲ့ လှုပ်ရှားမှုကြောင့် ကိုယ်ဝန်ဆောင် မေမေ လေတအေ့အေ့တက်တာကို ခံစားရနိုင်ပါတယ်။ ကလေးက နည်းနည်းလေးပဲ လှုပ်ရှားမှု လုပ်လုပ်၊ များများပဲ လုပ်လုပ် ဘေဘီလေးရဲ့ လှုပ်ရှားမှုကလည်း မေမေကို လေတအေ့အေ့ တက်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ လေတအေ့အေ့တက်တာက ပုံမှန်အားဖြင့်ကတော့ ထွေထွေထူးထူး ကုသမှု ခံယူစရာ မလိုဘဲ သူ့အလိုလို သက်သာသွားတတ်ပါတယ်။ ပုံမှန်အားဖြင့်ကတော့ လေဆေးသောက်တာမျိုးလည်း လုပ်လို့ ရပါတယ်။တကယ်လို့ အခုလို အခြေအနေတွေ ဖြစ်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။ကိုယ်ဝန်ဆောင်ချိန် တအေ့အေ့နဲ့ လေတက်တာကိုလည်း သက်သာချင်တယ်။ ကိုယ်ဝန်ဆောင်ချိန် ဖြစ်နေတာကြောင့် ဆေးလည်း မသောက်ချင်ဘူးဆိုရင်တော့ ချင်း (ဂျင်း) ရေနွေးကြမ်းလေး သောက်ပေးတာ၊ စမုန်စပါးစေ့လေးတွေ ဝါးစားပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ဗိုက်ကို လက်ညှိုးလက်ခလယ်လေးကို သုံးလို့ ခပ်ဖွဖွ နှိပ်ပေးတာကလည်း လေထွက်စေနိုင်ပြီး ကိုယ်ဝန်ဆောင် ယောဂ လေ့ကျင့်ပေးတာကလည်း နည်းလမ်းကောင်းပါ။ဒီနည်းလမ်းတွေအပြင်။လေဆေးတွေလည်း သောက်လို့ရပါတယ်။ မသောက်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်နိုင်ပါတယ်။[/recommendation]။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/stomach-bubbles-in-pregnancy/
အဆီချခြင်း နဲ့ ငှက်ပျောသီး
ငှက်ပျောသီးက အမျှင်ဓါတ်ကြွယ်ဝတဲ့ အသီးတစ်မျိုးပါ။ ခပ်လတ်လတ်အရွယ်အစားရှိတဲ့ ငှက်ပျောသီးတစ်လုံးမှာ အမျှင်ဓါတ် ၃ ဂရမ်ကျော် ပါဝင်ပါတယ်။ လူတစ်ယောက်ရဲ့တစ်နေ့တာအတွက် စားသုံးသင့်တဲ့အာဟာရထဲမှာ အမျှင်ဓါတ်က ၂၅ ဂရမ်လောက် ပါဝင်သင့်ပါတယ်။အမျှင်ဓါတ်များများစားသုံးခြင်းနဲ့ ကိုယ်အလေးချိန်ကျခြင်းတို့ရဲ့ ဆက်နွှယ်မှုကို သုတေသနကတွေ့ရှိထားပါတယ်။ အမျင်ဓါတ်ကသွေးတွင်းသကြားဓါတ်ကိုလည်းလျော့ကျစေတယ်၊ ပုံမှန်ထိန်းညှိပေးနိုင်တယ်။ အမျှင်ဓါတ်ကြောင့် လူကိုဗိုက်ပြည့်တင်းတိမ်စေပြီး ကယ်လိုရီစားသုံးမှုကိုလျော့နည်းစေနိုင်ပါတယ်။ ကိုလက်စထရောပမာဏကိုလည်း ကျစေပြီး နှလုံးရောဂါအန္တရာယ်လည်းလျော့နည်းစေပါတယ်။ခပ်လတ်လတ်အရွယ် ငှက်ပျောသီးတစ်လုံးမှာ ပိုတက်စီယမ် ၄၂၂ မီလီဂရမ်ပါဝင်ပြီး ဒီပမာဏဟာနေ့စဉ်လိုအပ်တဲ့ပမာဏရဲ့ ၁၂ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။ ပိုတက်စီယမ်က ခန္ဓါကိုယ်အတွင်း ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးလို့သွေးတိုးကိုကျစေပြီး နှလုံးရောဂါနဲ့လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ကျောက်ကပ်ကျန်းမာရေးအတွက်လည်း အရေးပါတဲ့အပြင်ကျောက်မတည်အောင်လည်း ကာကွယ်ပေးပါတယ်။ငှက်ပျောသီးမှာ မဂ္ဂနီဆီယမ်ပမာဏလည်း ပါဝင်မှုမနည်းပါဘူး။ ငှက်ပျောသီးတစ်လုံးမှာ ပျမ်းမျှအားဖြင့် မဂ္ဂနီဆီယမ် ၃၂ မီလီဂရမ်လောက်ပါဝင်ပြီးဒီပမာဏဟာနေ့စဉ်လိုအပ်တဲ့ပမာဏရဲ့ ၈ ရာခိုင်နှုန်းလောက်ဖြစ်ပါတယ်။မဂ္ဂနီဆီယမ်က ခွန်အားဖြစ်ပေါ်မှု၊ အာရုံကြောစနစ်လုပ်ဆောင်ချက် နဲ့သွေးဖိအားထိန်းညှိမှု၊သွေးတွင်းသကြားဓါတ်ထိန်းညှိမှုတို့အတွက် မရှိမဖြစ်အရေးပါနေတာပါ။ ငှက်ပျောသီးမှာပါတဲ့ ဖလေဗာနွိုက်နဲ့ မဂ္ဂနီဆီယမ်တို့က အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို ပိုကောင်းစေပြီးသွေးချိုအတက်အကျကို တည်ငြိမ်စေဖို့ အထောက်အကူပေးပါတယ်။အစားအသောက်တွေမှာပါတဲ့ ကာဗိုဟိုက်ဒရိတ်ညွှန်းကိန်း(glycemic index)ဆိုတာ သွေးတွင်းသကြားဓါတ်ကိုသက်ရောက်မှုအရ အဆင့်သတ်မှတ်ထားတာဖြစ်ပါတယ်။ GI လို့ခေါ်တဲ့ ဒီညွှန်းကိန်း ၅၅ နဲ့အောက် ရှိရင်သွေးတွင်းသကြားဓါတ်ကို ပုံမှန်ထိန်းညှိပေးနိုင်တဲ့ အစားအစာတွေဖြစ်ပါတယ်။ အသီးအနှံတွေမှာက ပိုမှည့်လေ GI ညွှန်းကိန်းပိုမြင့်လေမို့ ငှက်ပျောသီးမှည့်တွေကသွေးတွင်းသကြားဓါတ်ကို သက်ရောက်မှုပိုများနိုင်ပါတယ်။ဒါ့ကြောင့် ငှက်ပျောသီးက စိမ်းလေ၊ အလုံးသေးလေ သကြားဓါတ်နည်းလေဖြစ်ပါတယ်။ မမှည့်သေးတဲ့ ငှက်ပျောသီးမှာအူသိမ်ထဲမှာချေဖျက်လို့မလွယ်တဲ့ ကာဗိုဟိုက်ဒရိတ်တစ်မျိုးဖြစ်တဲ့ resistant starch ဆိုတာတွေပါဝင်ပါတယ်။Resistant Starchတွေက အူမကြီးထဲကိုရောက်ရှိသွားတာဖြစ်လို့သွေးတွင်းသကြားဓါတ်ကို မတက်စေပါဘူး။ အူမကြီးထဲရောက်မှအူတွင်းကအကျိုးပြုဘက်တီးရီးယားတွေဖွံ့ဖြိုးမှုကို နှိုးဆွပေးတာဖြစ်ပါတယ်။သူက အမျှင်ဓါတ်နဲ့ အာနိသင်ချင်းဆင်တူတာမို့ ဝိတ်ကျလိုသူတွေresistant starch ကို စားပေးလို့ရပါတယ်။resistant starchကြောင့် အချိန်ကြာကြာ ဗိုက်ပြည့်တင်းတိမ်နေစေနိုင်လို့ စားချင်စိတ်ကိုလျော့ကျစေမှာပါ။တကယ်တော့ အဆီချချင်တဲ့သူတွေဟာ ကိုယ်လောင်ကျွမ်းပစ်နိုင်လောက်တဲ့အတိုင်းအတာနဲ့ တွက်ဆပြီး ကယ်လိုရီကိုစားသုံးသင့်ပါတယ်။ ဒီလိုတွက်ချက်စားသုံးတဲ့နေရာမှာ ငှက်ပေျာသီးက အထောက်အကူတော့ဖြစ်နိုင်ပါတယ်။ သို့သော် သူ့ချည်းပဲဖိစားလို့ မသင့်တော်ဘူးဆိုတာလေး သတိချပ်စေချင်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/%e1%80%a1%e1%80%86%e1%80%ae%e1%80%81%e1%80%bb%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-%e1%80%94%e1%80%b2%e1%80%b7-%e1%80%84%e1%80%be%e1%80%80%e1%80%ba%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%9e/
ကိုယ်အလေးချိန် ကျစေဖို့ မိမိကိုယ်ကိုယ် စိန်ခေါ်ခြင်းဖြင့် စတင်ပါ
အဝလွန်တဲ့သူတော်တော်များများရဲ့ အိပ်မက်ကတော့ ပိန်ချင်ကြတာပါပဲ။ ဒီလိုပိန်ဖို့အတွက် အစားတွေကို ဆင်ခြင်ရတယ်။ ကိုယ်အလေးချိန် ကျစေဖို့ နေ့စဉ် အစာအာဟာရကို သေချာဂရုစိုက်ပြီး မျှတစွာစားသုံးကြရပါတယ်။လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်ရတယ်။ ကိုယ်ခန္ဓာနဲ့ ကျန်းမာရေးအတွက် မကောင်းတဲ့ နေထိုင်မှုပုံစံ အကုန်လုံးကို ပြင်ရပါတယ်။အစပိုင်းမှာတော့ အားတက်သရောနဲ့ ကြိုးစားပမ်းစား လုပ်တတ်ကြပေမယ့် နောက်ပိုင်းမှာ အဖျားရှူးသွားတတ်တာ၊ ပင်ပန်းပြီး ရိုးသွားတာ၊ တွန်းအားမရှိတော့သလို ဖြစ်ပြီး ကိုယ်လုပ်နေသမျှ အကုန်လုံးကို ရပ်လိုက်ကြတော့တာပါပဲ။ အဲ့တော့ ဘာဖြစ်မလဲ၊ ပင်ပန်းခဲ့သမျှ အချိန်တွေ၊ ခွန်အားတွေ အလဟဿဖြစ်ပြီး ကိုယ်စခဲ့ရတဲ့ ပုံစံအတိုင်း ပြန်ဖြစ်သွားမှာပေါ့။ဒီလိုမျိုးကိုယ်အလေးချိန်ကျဖို့အတွက် တွန်းအားဖြစ်စေဖို့ မိမိကိုယ်ကိုယ် သတ်မှတ်ချက်၊ အိပ်မက်၊ စံနှုန်း၊ ရည်မှန်းချက် အစရှိတဲ့အရာတွေကို ထားထားဖို့ အရေးကြီးတာပေါ့။ ဒီတော့ ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေရင်းနဲ့မှ ရပ်ဖို့ စဉ်းစားနေတဲ့ ပျိုပျို၊ ကိုကိုတွေအတွက် တွန်းအားဖြစ်စေမယ့် နည်းလမ်း ၈ ချက် ကို ဒီဆောင်းပါးလေးကနေ ပြောပြပေးချင်ပါတယ်။ကိုယ်အလေးချိန် ကျစေဖို့ မိမိကိုယ်ကိုယ် စိန်ခေါ်ခြင်းဖြင့် စတင်ပါ။ ဘယ်လို နည်းလမ်းတွေကို လိုက်နာလုပ်ဆောင်ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ကိုယ်က ဝိတ်ချချင်တယ်မလား။ ဒီအကြောင်းကို လူတကာကို လိုက်ပြီး ပြောနေတာထက် ကိုယ့်စိတ်ထဲမှာ ထားထားပါ။ ဒီလို ကျဖို့အတွက် ကိုယ့်ဘက်က ဘာတွေ လုပ်ဖို့လိုအပ်မလဲဆိုတာ တွေးပါ။ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ ကိုယ့်စိတ်ကို စတင်စိန်ခေါ်ပါ။တစ်ခါတလေမှာGymတွေ ပင်ပင်ပန်းပန်းဆော့ရင်း၊ အစားတွေ ရှောင်ရင်း ကိုယ်ဘာလို့ ဒီလိုလုပ်နေရတာလဲ၊ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေရတာလဲဆိုပြီး အတွေးတွေ ဝင်လာတတ်ပါတယ်။ ဒီလိုတွေးမိပြီဆိုရင် စိန်ခေါ်မှုကို စတင်ဖို့ ဖြစ်လာစေခဲ့တဲ့ အကြောင်းရင်းတွေကို ပြန်စဉ်းစားကြည့်လိုက်ပါ။တခြားသူတွေ ကိုယ့်ကို ဝနေလို့ဆိုပြီး နှိမ်လို့လား၊ ကိုယ်ချစ်တဲ့သူက ကိုယ့်ရဲ့ ပုံစံကြောင့် ပစ်သွားတာလား၊ ဒါမှမဟုတ် ကျန်းမာသွယ်လျတဲ့ ကိုယ်ခန္ဓာအချိုးအစားကို ပိုင်ဆိုင်ချင်တာလား အစရှိသဖြင့် ပြန်တွေးပါ။လူတိုင်းကတော့ အိပ်မက် မက်ပြီဆိုရင် အကြီးကြီးတွေ မက်တတ်ကြတဲ့ စိတ်သဘာဝရှိတတ်ပါတယ်။ ကိုယ်မှန်းထားသလောက် ဖြစ်မလာတဲ့အခါသိမ်ငယ်စိတ်တွေဖြစ်မှာ၊ စိတ်ဓာတ်ကျမှာ ကိုယ်တိုင်ပါပဲ။ဒါကြောင့် အစပိုင်းမှာ ကိုယ်တတ်နိုင်သလောက် ကိုယ်အလေးချိန်ချဖို့ ကြိုးစားပါ။ တဖြည်းဖြည်းနဲ့ ဒီအရာက ကိုယ်နဲ့ အသားကျသွားပြီ၊ ကိုယ့်ကိုယ်ကိုယ် ကြိုးစားလို့ ဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေ ရလာရင် အိပ်မက်တွေကို တဖြည်းဖြည်းစီ မြှင့်သွားပါ။ကိုယ်က အခုမှ စပြီးကိုယ်အလေးချိန်ချဖို့ ကြိုးစားတယ်။ စတင်ကာစမှာ ကျသလောက် အလေးချိန်ကို စာအုပ်လေးထဲမှာ ရေးမှတ်ထားပါ။ ဒါမှ နောက်ပိုင်းမှာ ဒီထက်ပိုကျဖို့ ကိုယ့်ဘက်က ဘာတွေ ပြင်ဆင်ထားဖို့လိုလဲဆိုတာ အချိန်ယူပြီး စဉ်းစားလို့ရမှာပေါ့။ဒီလတော့ မှန်းထားသလောက် ကိုယ်အလေးချိန်ကျတယ်ဆိုရင် တစ်ရက်လောက်အချိန်ပေးပြီး ကိုယ့်စိတ်ကို အနားပေးပြီး ဆုချပါ။ ဥပမာ – သူငယ်ချင်းတွေနဲ့ အတူ ရုပ်ရှင်သွားကြည့်တာ၊မိသားစုနဲ့ အတူလျှောက်လည်တာ၊ ကိုယ်သဘောကျတဲ့ ပစ္စည်းတစ်ခုခု ဝယ်လိုက်တာမျိုးပေါ့။ ဒီနည်းနဲ့လည်း ကိုယ့်ကိုယ်ကိုယ် ကြိုးစားချင်စိတ် ဖြစ်လာစေဖို့ ပုံသွင်းပေးလို့ ရပါတယ်။ယုံကြည်မှုသာ ရှိရင် ဘယ်လောက်ခက်ခဲတဲ့အရာဖြစ်ပါစေ၊ ကိုယ်စွမ်းသလောက် အားသွန်ခွန်စိုက် ကြိုးစားချင်စိတ်ရှိတာ လူတွေရဲ့ သဘာဝပါပဲ။ ဒါကြောင့် စိတ်အားငယ်နေ၊စိတ်ညစ်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာ ကြည့်ပြီး ငါလုပ်နိုင်တယ်လို့ အမြဲပြောပါ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။ ကိုယ်မျှော်လင့်ထားသလို ဖြစ်မြောက်စေဖို့ အမှန်တကယ် ကြိုးစားပါ။မှန်ပါတယ်၊ ကိုယ်အလေးချိန်ကျဖို့အတွက် အစားဆင်ခြင်ရတယ်၊ အနေအထိုင်ဆင်ခြင်ရတယ်၊လေ့ကျင့်ခန်းကို ပုံမှန်မပျက်မကွက်လုပ်ရတယ်။ ဒီစိတ်နဲ့ပဲ ကိုယ့်ကိုယ်ကိုယ် အမြဲနှိပ်စက်နေစရာ၊ စိတ်ကို အကျဉ်းကျသလို ဖြစ်အောင် လုပ်စရာတော့ မလိုပါဘူး။ ပုံမှန်အတိုင်းလေးပဲ ကြိုးစားပါ။ တစ်လမှာ တစ်ရက်လောက် ကိုယ်ကြိုက်တဲ့ အရာလေးတွေ နည်းနည်းလောက် ဖြစ်ဖြစ် စားပေးပါ။ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့၊ တန်ဖိုးထားတဲ့သူတစ်ယောက်ဟာ အရာရာကို အကောင်းမြင်စိတ်စွမ်းအားဖြစ်စေတယ်။ ကိုယ်လုပ်နေတဲ့ အရာတစ်ခုကို ဆက်ပြီးကြိုးစားချင်စိတ်၊ အောင်မြင်လိုစိတ် အမြဲရှိပါတယ်။ ကိုယ်အလေးချိန်ကျဖို့ ကြိုးစားတယ်ဆိုတာ ကိုယ့်အတွက် ကောင်းသော ပြောင်းလဲမှုတစ်ခုကို ဦးတည်နေတဲ့ ကိစ္စဖြစ်တာကြောင့် မိမိကိုယ်ကိုယ် အမြဲတန်ဖိုးထားစိတ် မွေးမြူပါ။တစ်ခဏတာအတွက် မဟုတ်ဘဲ တစ်ဘဝစာအတွက် ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခုကို ထိန်းဖို့ဆိုတာ အရေးကြီးပါတယ်။ ဒါဟာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ ကောင်းကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးရင်း စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုက်ဖို့ အကြံပေးလိုက်ပါတယ်။ကိုယ်အလေးချိန် ကျစေဖို့ မိမိကိုယ်ကိုယ် စိန်ခေါ်ခြင်းဖြင့် စတင်ပါ ဆိုတဲ့ နည်းလမ်းလေးတွေကို ဖတ်ရှုပြီးပြီဆိုတော့ အခုပဲ စတင်လိုက်တော့နော်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/fitness-motivation/how-to-motivate-yourself-to-lose-weight/
ပျိုမေတွေကြား ရေပန်းစားလာတဲ့ Zumba လေ့ကျင့်ခန်း
အလှအပကို စိတ်ဝင်စားတဲ့ မိန်းကလေးတွေ တော်တော်များများ ဒီဘက်ခေတ်မှာကိုယ်အလေးချိန်ထိန်းသိမ်းမှုကို ပြုလုပ်လာကြပါတယ်။ ဒါဟာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ တော်တော်လေး ကောင်းတဲ့ အလေ့အကျင့်ပါပဲ။ လူတိုင်းက Gym ကစားရမယ်လို့ ပြောလိုက်တာနဲ့ အလေးတွေ မပြီး ပင်ပင်ပန်းပန်း လုပ်ရမယ်ဆိုပြီး မြင်တတ်ကြပါတယ်။ တကယ်တော့Gymကစားတာဟာ ကိုယ်ခန္ဓာကြွက်သားတွေကို သန်စွမ်းဖို့အတွက်သာမက စိတ်နဲ့ ခန္ဓာကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူး များစွာ ရှိစေပါတယ်။ဒီလိုမျိုး Gym မှာ လေ့ကျင့်ခန်း ပုံမှန်လုပ်နေတဲ့ ပျိုမေတွေကြား ရေပန်းစားလာတဲ့ အားကစားနည်းကတော့ Zumba လေ့ကျင့်ခန်း ပါပဲ။သူ့ရဲ့ အားသာချက်က အလေးအပင်တွေ မ နေစရာမလိုဘဲသီချင်းသံစဉ်ရဲ့ စီးချက်အတိုင်း ပျော်ပျော်ပါးပါး ကခုန်လို့ ရတာပါပဲ။ ဒီတော့ လေ့ကျင့်ခန်းလုပ်ရတာလည်း ပျော်ဖို့ ကောင်းလာတယ်။ အသင်းအဖွဲ့နဲ့ ပျော်ပျော်ပါးပါး လုပ်ရတဲ့အတွက် ခင်မင်မှုတွေလည်း တိုးတယ်။ ဒါတွေထက် မိန်းကလေးတိုင်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ကိုယ်အလေးချိန်ကို ကျစေတဲ့အချက်က မိန်းကလေးတွေကြား Zumba လေ့ကျင့်ခန်းကို ရေပန်းစားလာစေတဲ့ အဓိကအားသာချက်ပါပဲ။Zumba လေ့ကျင့်ခန်း လုပ်တာက။တခြားလေ့ကျင့်ခန်းတွေလို အချိန်အပိုင်းအခြားနဲ့ ကစားလိုက်၊ နားလိုက် လုပ်နေတာမျိုး မဟုတ်ဘဲ အချိန်အကြာကြီးကို ကခုန်ပြီး လေ့ကျင့်ခန်းလုပ်တာ ဖြစ်လို့ ကိုယ်တွင်းမှာ ရှိနေတဲ့ မကောင်းတဲ့ကယ်လိုရီတွေ၊ အဆီပိုတွေကို လျင်မြန်စွာ လောင်ကျွမ်းစေတယ်။ ပုံမှန်လူတစ်ယောက်ဟာ Zumba တစ်ချိန်စာ ကစားလိုက်တဲ့အခါ ကယ်လိုရီ ၆၀၀ မှ ၁၀၀၀ ထိ လောင်ကျွမ်းသွားစေနိုင်ပါတယ်။မြူးကြွတဲ့ သီချင်းတွေ ဖွင့်ပြီး ကစားတာဖြစ်တဲ့အတွက် အင်တိုက်အားတိုက် ကစားရင်တောင် သိပ်ပြီး မောသွားတယ်လို့ မခံစားမိလောက်တဲ့အထိပါပဲ။ ပုံမှန်လေ့ကျင့်ခန်းမှာ လုပ်တဲ့ အကွက်တွေကို Zumba ကစားတဲ့အခါ ပြန်သုံးတော့ လေ့ကျင့်ခန်းနဲ့ အက ၂မျိုးလုံးကနေ အကျိုးကျေးဇူးရစေပါတယ်။ပုံမှန်လေ့ကျင့်ခန်းတွေလိုမျိုး တစ်နေရာထဲကို ဦးတည်ပြီး ဆော့ကစားတာမျိုးမဟုတ်ဘဲ ခေါင်းအစ၊ ခြေအဆုံး ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ ကြွက်သားတွေကို ကျစ်လျစ်သန်မာစေတယ်။လေ့ကျင့်ခန်းရော၊ အကပါ ပေါင်းစပ်လုပ်ရတာ ဖြစ်တဲ့အတွက် ကျန်းမာတဲ့ ကိုယ်အလေးချိန် ရောက်အောင် ထိန်းညှိပေးဖို့ ပိုမိုလွယ်ကူတယ်။ ညောင်းညာကိုက်ခဲနေတာတွေကိုလည်း ပြေလျော့စေပြီး တင်းနေတဲ့ ကြွက်သားတွေကိုလည်း ပြေလျော့စေပါတယ်။ချွေးတွေကြားမှာ အချိန်အကြာကြီး ကခုန်နေတဲ့အခါ နှလုံးခုန်နှုန်း ပိုမြန်စေတယ်။နှလုံးအားကောင်းစေတယ်။ ကိုယ်ခန္ဓာတွင်း သွေးလည်ပတ်မှုနှုန်း ကောင်းစေလို့ ကိုယ်ရော စိတ်ပါ လန်းဆန်းတက်ကြွစေတယ်။ နှလုံးမကောင်းတဲ့သူတွေ၊ အမောမခံနိုင်တဲ့သူတွေအတွက်လည်း အလွန်သင့်လျော်တဲ့ ကစားနည်းဖြစ်ပါတယ်။နေ့တိုင်း အလေးမ၊ ပြင်းပြင်းထန်ထန် ညောင်းကိုက်နေအောင် လေ့ကျင့်ခန်းလုပ်နေရရင် ဘယ်သူမဆို Gym ကစားရမှာ ပျင်းလာမှာပါပဲ။ Zumba လေ့ကျင့်ခန်းဟာ ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းတွေလို မဟုတ်ဘဲစိတ်ပျော်ရွှင်မှုကို ဖြစ်စေတယ်။လူတွေအများကြီးနဲ့ စုပေါင်းလုပ်ရတာ ဖြစ်တဲ့အတွက် တစ်ယောက်တည်း သီးသန့်ဆော့ကစားနေရတာမျိုး မဖြစ်စေတော့ပါဘူး။ ဒါ့အပြင် သီချင်းမြူးမြူးလေးတွေရဲ့ စည်းချက်အတိုင်း ကခုန်လှုပ်ရှားနေတာဆိုတော့ တစ်နေ့ တစ်ချိန် မောသွားတဲ့အထိ ကစားပြီးသွားရင်တောင် နောက်နေ့မှာ ထပ်ပြီး ကစားချင်တဲ့အထိ စိတ်ဝင်စားမှု ဖြစ်စေတာက Zumba ရဲ့ လူကြိုက်များရတဲ့ အားသာချက်တွေထဲက တစ်ခုပါပဲ။ပုံမှန်ကစားနည်းမှာ နည်းပြနဲ့ ၂ယောက်တည်း လုပ်တာမျိုး ရှိသလို ကိုယ်တိုင်တစ်ဦးတည်း သီးသန့်ဆော့ကစားတာမျိုးလည်း ရှိပါတယ်။ Zumba လေ့ကျင့်ခန်းဟာ တစ်ဦးတစ်ယောက်တည်း ကစားရတာမျိုးမဟုတ်ဘဲ အဖွဲ့အစည်းအလိုက် ဆော့ကစားရတဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်ပါတယ်။ဒီတော့ လူတွေ စုစုရုံးရုံးနဲ့ ပျော်ပျော်ပါးပါး ကစားလို့လည်း ရမယ်။ ခဏနားတဲ့အချိန်မှာလည်း ရေသောက်၊ အမောဖြေရင်း စကားစမြည်ပြောလို့ ရမယ်။ ဒီတော့ ခင်မင်မှုလည်း တိုးစေသလို ပျော်စရာလည်း ပိုကောင်းလာတာပေါ့။Zumba ကစားခြင်းဖြင့် ကိုယ်ခန္ဓာကိုလည်း ကျစ်လျစ်သွယ်လျစေပြီး ကိုယ်အလေးချိန်ကို ကျစေတယ်။ ကိုယ်နေဟန်ထားကို မှန်စေတယ်။ သက်လုံကောင်းစေပြီး အမောခံနိုင်ရည် ရှိလာတယ်။စည်းချက်မှန်မှန် ကစားရတဲ့ လေ့ကျင့်ခန်းဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ဘဝ၊ အလုပ်ခွင်မှာပါ စည်းချက်မှန်မှန်နဲ့ စနစ်တကျ လုပ်တတ်လာမယ်။ စိတ်ပျော်ရွှင်စေပြီး မိမိကိုယ်ကိုယ် ပိုပြီးအကောင်းမြင်လာတယ်။ စိတ်နဲ့ ခန္ဓာ ၂မျိုးလုံး ကျန်းမာနေမှတော့ ဘဝကြီးဟာ နေရထိုင်ရတာ ပိုပြီး အဓိပ္ပာယ်ရှိလာတာပေါ့။Zumba ကစားနေတဲ့အချိန်မှာ ကြွက်သားတစ်ခုတည်းသာမက ကိုယ့်ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေ၊ စိတ်ဖိစီးမှုတွေကိုပါ ပြေလျော့စေနိုင်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်နေသလိုပဲ Zumba ကစားလိုက်တဲ့အခါ ကိုယ်ခန္ဓာကဒိုပါမင်ဟော်မုန်း (dopamine) တွေကို အများအပြား ထုတ်လွှတ်ပေးနိုင်တဲ့အတွက် စိတ်ပျော်ရွှင်မှုကို ဖြစ်စေတယ်။ သီချင်းသံစဉ်အောက်မှာ စီးမြောနေရင်းနဲ့ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ ပူပန်စရာအကြောင်းတွေကိုတောင် တွေးနေမိမှာ မဟုတ်တော့ဘူးပေါ့။Zumba လေ့ကျင့်ခန်းဟာ ကိုယ်အလေးချိန် ကျဖို့တစ်ခုတည်းအတွက် မဟုတ်ဘဲ အလှအပနဲ့ ကျန်းမာရေးအတွက်ပါကောင်းကျိုးများစွာ ရှိတယ်ဆိုတာ ဒီအချက်တွေကို ကြည့်ရင်း သိနိုင်မယ်ထင်ပါတယ်။ ဒီတော့ စိတ်ရော ကိုယ်ပါ ကျန်းမာစေဖို့ Zumbaလေးနဲ့ ကလိုက်ကြစို့နော်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/benefits-of-zumba/
Gym ကစားခြင်းနှင့် မှန်ကန်သော စားသောက်နေထိုင်မှုပုံစံ
Gym ကစားတာကို လူတော်တော်များများက ပိုက်ဆံပေးပြီး ကူလီထမ်းတယ်လို့ မြင်တတ်ကြပေမယ့် တကယ်တမ်းတော့အလှအပအတွက်ရော၊ ကျန်းမာရေးအတွက်ပါ မဖြစ်မနေ လုပ်ပေးသင့်တဲ့ အလေ့အကျင့်ကောင်း တစ်ခုပဲဖြစ်ပါတယ်။ အိမ်မှာ ကိုယ်တိုင်လေ့ကျင့်ရင်လည်း ရပေမယ့် လူအများစုက ကိုယ်တိုင်လုပ်ရမှာ ပျင်းတာရယ်၊ အလုပ်၊ ကျောင်းကနေ အိမ်ပြန်ရောက်ပြီဆိုရင် ပင်ပန်းလို့ဆိုပြီး အိပ်ရာတန်းဝင်လိုက်တာတွေ၊ နည်းစနစ်မှန်ကန်စွာလေ့ကျင့်ခန်းမလုပ်တဲ့အခါ ပင်ပန်းပြီး ဘာမှအကျိုးထူး မရှိတော့ဘူးပေါ့။Gym မှာတော့ နားလည်တတ်ကျွမ်းတဲ့ နည်းပြဆရာတွေကိုယ်တိုင် စနစ်တကျ နည်းမှန်လမ်းမှန်နဲ့ လေ့ကျင့်ပေးတယ်။ စားသောက်မှုပုံစံ၊ နေထိုင်မှုပုံစံတွေကို ပြုပြင်ပြောင်းလဲပေးနိုင်တယ်။ ကိုယ်ခန္ဓာအလှအပအတွက်သာမက စိတ်ကိုပါ လန်းဆန်းပေါ့ပါးစေတယ်။ အချိန်တိုအတွင်းမှာ သိသိသာသာ ပြောင်းလဲသွားတဲ့ ကောင်းမွန်တဲ့ ရလဒ်ကို တွေ့မြင်ရစေပါတယ်။ ဒါကြောင့် ကျား၊ မ အသက်အရွယ်မရွေး လေ့ကျင့်ခန်းကို နေ့စဉ် ဂရုစိုက်ပြီး လုပ်ဖို့ လိုအပ်ပါတယ်။ပိန်တဲ့သူနဲ့ ဝတဲ့သူGymကစားရတဲ့ ရည်ရွယ်ချက်ချင်း၊ ပန်းတိုင်ချင်း ကွဲသွားရင်တောင် ကိုယ့်အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ကျစ်လျစ်သန်မာတဲ့ ကိုယ်ခန္ဓာအလှအပကို လိုချင်ကြတာတော့ တူကြမှာပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်။ ကိုယ်ခန္ဓာတွင်း အဆီတွေကို ကျစေတယ်။ ကြွက်သားနဲ့ အရိုးအဆစ်ကို သန်စွမ်းကြံ့ခိုင်စေပြီး ခွန်အားဖြစ်စေတယ်။ကိုယ်ခံအားစနစ်ကို တည်ဆောက်ပေးပြီး အမောခံနိုင်ကာ သက်လုံကောင်းစေတယ်။ ရောဂါတွေကိုလည်း ကိုယ်ခန္ဓာထဲ မဝင်ရောက်လာစေဖို့ ခုခံတိုက်ထုတ်ပေးနိုင်ပါတယ်။အလှအပတစ်ခုတည်းအတွက်မဟုတ်ဘဲ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အလွန်အရေးပါတဲ့ လေ့ကျင့်ခန်းကိုရော၊ နေ့စဉ် နေထိုင်မှုပုံစံနဲ့ အစာအာဟာရကိုပါ သေချာဂရုစိုက်သင့်တဲ့ အချက်တွေ ရှိပါတယ်။ပရိုတင်းဓာတ်ဟာ ကိုယ်ခန္ဓာကို ကြီးထွားဖွံ့ဖြိုးစေပြီး အရိုးအဆစ်တွေကို သန်မာစေတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တယ်။ လေ့ကျင့်ခန်း လုပ်နေသူတွေအတွက် လိုအပ်တဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တယ်။ ပုံမှန်အချိန်တွေမှာ လေ့ကျင့်ခန်းကြောင့် ညောင်းကိုက်နေတာမျိုး မဖြစ်စေဖို့ ကူညီပေးနိုင်တယ်။ ပိန်တဲ့သူတွေ ကိုယ်အလေးချိန်တက်ချင်ရင်ဖြစ်စေ၊ ဝနေတဲ့သူတွေ ကိုယ်အလေးချိန် ကျချင်လို့ ဖြစ်စေ၊ ပရိုတင်းဓာတ်ကို မဖြစ်မနေ စားပေးဖို့ လိုပါတယ်။ အဓိကအသား၊ ငါး၊ နွားနို့နဲ့ ပဲအမျိုးမျိုးကနေ ပရိုတင်းဓာတ်ကို ရရှိပါတယ်။ ကိုယ့်အနေနဲ့ အချိန်တိုအတွင်းမှာ ခန္ဓာကိုယ်ကြွက်သားထုကို တည်ဆောက်ချင်တယ်ဆိုရင် ပရိုတင်းဖြည့်စွက်စာ အားဆေးတွေကို သောက်သုံးပေးလို့ ရပါတယ်။ကျွန်တော်တို့ ကိုယ်ခန္ဓာက ကောင်းစွာ အလုပ်လုပ်နိုင်ဖို့နဲ့ ကျန်းမာပြီး အသက်ရှည်စေဖို့ဗီတာမင်အာဟာရဓာတ်တွေ နေ့စဉ်လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေမှာ ကိုယ်ခန္ဓာအတွက် မရှိမဖြစ် ဗီတာမင်နဲ့ သတ္တုဓာတ်ပေါင်းများစွာ ပါဝင်တယ်။ ဒါ့အပြင် အစာကြေလွယ်စေပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်။ စားလိုက်တဲ့ ပရိုတင်းဓာတ်တွေကို ကိုယ်ခန္ဓာက ကောင်းစွာ စုပ်ယူနိုင်စေဖို့လည်း ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် အသားချည်းပဲ စားနေပြီးဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေကို မေ့ထားလို့ မဖြစ်ဘူးနော်။အိပ်ချိန်ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အရေးကြီးတယ်ဆိုတာ သိထားပေမဲ့ လူတော်တော်များများမှာ ရှိသင့်ရှိထိုက်တဲ့ အိပ်ချိန်ထက် နည်းပြီး အိပ်စက်နေကြပါတယ်။ ကျန်းမာရေးအတွက်လည်း ရေရှည်မှာ ဒုက္ခဖြစ်စေနိုင်တယ်။ အထူးသဖြင့် Gym ကို ဂရုစိုက်ပြီး ကစားနေတဲ့အချိန်မှာအိပ်ချိန်မပြည့်ဝလို့ အိပ်ရေးမဝရင် ကောင်းကောင်းဆော့ကစားနိုင်မှာ မဟုတ်သလို နည်းနည်းလေး ကစားလိုက်တာနဲ့ ပင်ပန်းပြီး မောနေတော့မှာပေါ့။ ဒါကြောင့် အိပ်ချိန်ကို အနည်းဆုံး ၇-၈နာရီ အိပ်စက်ပေးဖို့ အရေးကြီးပါတယ်။ ညဘက် နောက်ကျမှ အိပ်တတ်တဲ့ အကျင့်ရှိရင်တော့ စောစောစီးစီး ဖျောက်လိုက်တာ ကိုယ့်ရဲ့ အနာဂတ်ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိစေမှာပါ။စားပြီး ဗိုက်ဝရင်ပြီးရော ဆိုပြီး ထမင်းတွေကို တစ်ထိုင်တည်းနဲ့ အများကြီးစားတဲ့အခါ အစာအိမ်က ကောင်းစွာ ချေဖျက်ဖို့အတွက် အလုပ်အရမ်းလုပ်ရပါတယ်။ ဒီအခါမှာ ကိုယ်စားလိုက်တဲ့ အစာအာဟာရကို ကိုယ်ခန္ဓာက ကောင်းစွာ စုပ်ယူနိုင်ဖို့လည်း ခဲယဉ်းသွားတာပေါ့။ ဒါကြောင့် ပမာဏနည်းနည်းနဲ့ မကြာခဏ အစာစားတတ်တဲ့အကျင့်ကို မွေးထားပါ။ ဗိုက်ဆာတဲ့အချိန်မှာအာဟာရဖြစ်စေတဲ့ အစားအစာတွေကို အဓိကစားပါ။လုံးဝမစားဘဲ နေလိုက်တာထက် လျှော့စားမယ်ဆိုရင် သိပ်ပြီးတော့ ပြဿနာမရှိစေပါဘူး။ အဆီများတဲ့ အစားအစာတွေ၊ အငန်ဓာတ်များတာ၊အချိုလွန်ကဲတဲ့ မုန့်တွေဟာ လူကိုအဝလွန်စေပြီး ကိုယ်တွင်းအဆီတက်စေတယ်။ ကြာလာရင် ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာ အစရှိတဲ့ ရောဂါတွေကိုပါ ဖြစ်လာစေနိုင်ပါတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိဖို့၊ ကိုယ်ခန္ဓာ အမိုက်စားရအောင် လေ့ကျင့်နေတဲ့ အချိန်မှာ ဒီလိုအစားအစာတွေကို အများကြီးစားလိုက်ရင် ကိုယ်အပင်ပန်းခံ ဆော့ခဲ့သမျှ အလဟဿ ဖြစ်သွားမယ်ဆိုတာ အမြဲသိထားဖို့တော့ လိုပါတယ်။ကိုယ်ခန္ဓာက လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ချွေးထွက်ပြီး ကိုယ်တွင်းမှာ ရှိတဲ့ ရေဓာတ်တွေ ဆုံးရှုံးတာ သဘာဝပါပဲ။ ဒီတော့ ကိုယ်က ရေကို ပုံမှန်သောက်ပေးမယ်၊ ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ပုံမှန်စားပေးမယ်ဆိုရင်ရေဓာတ်ခမ်းခြောက်တဲ့အခြေအနေထိ မရောက်အောင် ကာကွယ်ပေးနိုင်မယ့်အပြင် လူကိုလည်း ပေါ့ပါးလန်းဆန်းစေလို့ လေ့ကျင့်ခန်းကို တက်တက်ကြွကြွနဲ့ အားသွန်ခွန်စိုက် ကစားနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ဒီအချက်လေးတွေကို သေချာလိုက်နာမယ်။ နေ့စဉ် ပုံမှန် မှန်ကန်တဲ့ နည်းစနစ်နဲ့ လေ့ကျင့်ခန်းလုပ်မယ်၊ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ပြင်လိုက်မယ်ဆိုရင် အချိန်တိုအတွင်းမှာ ကိုယ်ရည်မှန်းတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/gym-%e1%80%80%e1%80%85%e1%80%ac%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%80%e1%80%94%e1%80%b9/
လက်ပြင်ကုန်း တာ ပျောက်ကင်းစေဖို့
ခုခေတ်ကလေးတွေကို ကြည့်လိုက်ရင် ကုန်းကုန်း ကုန်းကုန်းနဲ့ သွားလာနေတာကို အများစုမှာ တွေ့ရပါတယ်။ လက်ကလေးတွေကို ကြည့်လိုက်ရင်လည်း ရှေ့လေးကို ကိုင်းလို့။ ဒါဟာ လက်ပြင်ကုန်း နေတာပါ။ တက်တက်ကြွကြွနဲ့ ရင်ဘတ်ကိုဖွင့်ပြီး သွားရမယ့် အရွယ်မှာ ဘာလို့များ ဒီလို ကုန်းကုန်းလေး သွားနေပါလိမ့်ပေါ့။တကယ်တော့ စာရေးသူ ကိုယ်တိုင်လည်း လက်ပြင်ကုန်းတဲ့ထဲမှာ ပါပါတယ်။ လွယ်အိတ်အလေးကြီးတွေ လွယ်ပြီး ကျောင်းတက်ခဲ့ရတာကိုး။ နောက်ပိုင်း ကြီးလာတဲ့အခါကျတော့ ဒီလိုသွားတာက တော်တော်ရုပ်ဆိုးပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတဲ့ပုံ ပေါက်နေတာကြောင့် သတိထားပြီး ပြန်ပြင်လိုက်လို့ ခုဆို တည့်တည့် မတ်မတ် ဖြစ်သွားပါပြီ။စာဖတ်သူတွေထဲမှာလည်း စာဖတ်သူကိုယ်တိုင် ဒါမှမဟုတ် စာဖတ်သူရဲ့ ကလေးတွေမှာ လက်ပြင်ကုန်းနေတဲ့သူတွေ ရှိခဲ့ရင် ဒီဆောင်းပါးလေးက တစ်ခုခု အထောက်အကူပြုနိုင်ဖို့ မျှော်လင့်ပါတယ်။လက်ပြင်ကုန်းတယ်ဆိုတာ တကယ်တော့ အလိုင်းမင်း (alignment) မတည့်တာပါပဲ။ ပုံမှန်ဆိုရင် ခန္ဓာကိုယ်ကကျောရိုးကို ဗဟိုပြုပြီး တည့်တည့်မတ်မတ် ရှိနေရမှာပါ။ လက်ပြင်ကုန်းတာကျတော့ ခန္ဓာကိုယ်က ရှေ့ကို ယိုင်နေပြီး လမ်းသွားရင် ရှေ့ကို ငိုက်စိုက်ငိုက်စိုက် ဖြစ်နေတာပါ။ လူက ရှေ့ကို ကုန်းနေတာပေါ့။လက်ပြင်ကုန်းတယ်ဆိုတာ တကယ်တော့ ကိုယ်နေတဲ့ကိုယ်နေဟန်ထားမမှန်လို့ပါပဲ။ခါးနာတဲ့သူတွေ အလေးအပင်မလို့၊ ခွေခေါက်ပြီး နေလို့ ခါးနာရသလိုပဲ  လက်ပြင်ကုန်းတယ်ဆိုတာလည်း ဒီသဘောပါပဲ။ခန္ဓာကိုယ်ကို ရှေ့ကိုကိုင်းပြီး ငုံ့ရတဲ့ အလုပ်တွေကို အကြာကြီး လုပ်ရတဲ့အခါ ခန္ဓာကိုယ်က ရှေ့ကို ကိုင်းလာပြီး တဖြည်းဖြည်း လက်ပြင်ကုန်းလာတာပါ။ ဒီပုံစံနဲ့ အကြာကြီး နေတဲ့အခါ လည်ပင်း၊ နောက်ကျောနဲ့ ပုခုံးမှာရှိတဲ့ ကြွက်သားတွေ တဖြည်းဖြည်း ပုံစံပျက်လာပါတယ်။ ဒီကြွက်သားတွေဆိုတာက ခန္ဓာကိုယ် ကိုယ်နေဟန်ထားမှန်အောင် ထိန်းပေးနေတဲ့ အဓိကကြွက်သားတွေပါပဲ။နေ့စဉ်လုပ်တဲ့ အလုပ်တွေထဲမှာလည်း လက်ပြင်ကုန်းတာကို ဖြစ်စေတဲ့ အလုပ်တွေ အများကြီး ရှိပါတယ်။ ဥပမာ ပြောရရင်။လက်ပြင်ကုန်း တာကို မကုဘဲ ထားမယ်ဆိုရင် ကြွက်သားတွေက ဒီလို ရှေ့ကိုကုန်းနေတာက သူတို့ရဲ့ ပုံမှန်ပုံစံပဲလို့ ထင်ပြီး အသားကျသွားပါလိမ့်မယ်။ နောက်ပြီး ပုခုံးဆစ်ပေါ် ဒဏ်ပိတဲ့အတွက် ဇက်ကြောနဲ့ နောက်ကျောကကြွက်သားတွေ နာကျင်တာမျိုး ဖြစ်တတ်ပါတယ်။ နောက်ပိုင်းကျရင်တော့ အရိုးနဲ့ ကြွက်သားတွေ ထိခိုက်တာ၊ ကြည့်ရဆိုးတာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းတာတွေ ဖြစ်လာနိုင်ပါတယ်။ကံကောင်းတာက လက်ပြင်ကုန်းတာကိုလေ့ကျင့်ခန်းတွေလုပ်၊ ကိုယ်နေဟန်ထားတွေ ပြင်ပြီး ကုသလို့ရပါတယ်။ ခုခေတ်မှာ ကိုယ်မှာ ဝတ်လို့ရတဲ့ braceတွေ ပေါ်နေပြီ ဆိုပေမယ့် သူက ဝတ်တုန်း ခဏပဲ ထိန်းပေးနိုင်တာပါ။ အဓိကကတော့ သတိထားပြီး ကိုယ်နေဟန်ထားကို ပြင်ပေးဖို့ပါပဲ။ခါးလေးကုန်းနေပြီဆိုရင် ချက်ချင်းပဲ မတ်မတ်လေး ပြင်ထိုင်လိုက်ပါ။လုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေကိုတော့ နာမည်ပဲ ရေးပြလိုက်ပါ့မယ်။ youtubeမှာ နာမည်လေးတွေ လိုက်ထည့်ရှာပြီး တစ်ခါတည်း လိုက်လုပ်ကြည့်ရင် ပိုအဆင်ပြေမှာပါ။ပြောခဲ့သလိုပဲ လက်ပြင်ကုန်းတာ ပျောက်ဖို့အတွက် အဓိကကျတာ လေ့ကျင့်ခန်းလည်း မဟုတ်၊ braceဝတ်တာလည်း မဟုတ်ပါ။ ကိုယ်နေဟန်ထား ပြင်ပြီးနေတာက အဓိက အကျဆုံးပါပဲ။ ကျန်တာတွေက သက်သာရုံလောက်ပဲ တတ်နိုင်တာပါ။နောက်ပြီး လက်ပြင်ကုန်းတာကို ကာကွယ်ဖို့။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/how-to-relieve-rounded-shoulder/
ကလေးကိုချစ်ရင် မနမ်းပါနဲ့
ချစ်လိုက်တာနော်။ အသည်းယားလာပြီ အာဘွားတွေလှိမ့်ပေးပစ်လိုက်မယ်ဆိုတာကို စကားအဖြစ်နဲ့ပဲပြောပါနော်။ ဘေဘီလေးကို တကယ်မနမ်းပါနဲ့။ ကလေးကိုနမ်းတာက ချစ်လို့လုပ်တဲ့ အပြုအမူဆိုပေမယ့် ကလေးကို ချစ်ရာမရောက်တာတော့ အမှန်ပါပဲ။ ဒီဆောင်းပါးလေးကနေတဆင့်ပြောချင်တာက ကလေးကို ကိုယ်တိုင်ရော သူစိမ်းတွေကနမ်းတာမျိုး မဖြစ်အောင်ပါ ဂရုစိုက်ပါနော်။ကလေးကိုချစ်လို့နမ်းတာပဲလေ ဘာမှမဖြစ်လောက်ဘူးလို့ ထင်စရာရှိပါတယ်။ တကယ်တော့ အနမ်းတစ်ချက်က ကလေးကို အသက်အန္တရာယ်ထိခိုက်တာအထိဖြစ်စေနိုင်ပါတယ်နော်။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ အခုနောက်ပိုင်းကာလတွေမှာရောဂါတွေက ဆန်းပြားလာသလို တံတွေး၊ချွေးတို့ကနေတဆင့်လည်း အလွယ်တကူကူးစက်နိုင်ပါတယ်နော်။ဘေဘီလေးတွေက ကိုယ်ခံအားနည်းကြသလို နုနယ်လွန်းသေးတာကြောင့်ရောဂါပိုးတွေကို ခုခံနိုင်စွမ်းမရှိသေးတာမို့မေမေဖေဖေတို့က အစစအရာရာသတိထားပေးဖို့လိုမှာပါနော်။ ကလေးကိုမနမ်းခိုင်းရတဲ့အကြောင်းအရင်းတွေကတော့ အနမ်းကနေတဆင့် ကလေးကိုရောဂါပေးလိုက်မိသလိုဖြစ်မှာကြောင့်ပါနော်။ကလေးကိုနမ်းရင် ဘာတွေဖြစ်နိုင်လဲ။ကလေးကို ချစ်လို့ပွေ့ချီရာကနေ နမ်းလိုက်မယ်ဆိုရင် ကလေးမှာရောဂါတွေကူးစက်သွားနိုင်မှာပါ။အရေပြားကနေစလို့ကိုယ်တွင်းအင်္ဂါတွေဆီအထိရောဂါပိုးတွေကူးစက်ခံရနိုင်ပါတယ်နော်။ရေယုန်။ရေယုန်ပိုးရှိတဲ့လူကြီးတစ်ယောက်က ကလေးကိုနမ်းမိလိုက်မယ်ဆိုရင် ကလေးမှာရေယုန်ပေါက်တာမျိုးဖြစ်နိုင်ပါတယ်။ ကိုယ်တောင်မသိလိုက်ရဘဲ ကလေးကိုရေယုန်ဖြစ်စေတဲ့ ပိုးကူးစက်သွားနိုင်ပါတယ်နော်။ခံတွင်းအနာတွေ။ကလေးကိုနမ်းတဲ့အခါ အထူးသတိထားသင့်တာတစ်ခုက ကလေးနှုတ်ခမ်းကို မနမ်းမိစေဖို့ပါ။ ခံတွင်းမျာ အနာရှိနေသူတစ်ယောက်ယောက်က ကလေးနှုတ်ခမ်းကို နမ်းလိုက်မိမယ်ဆိုရင် ကလေးကိုတံထွေးကနေတဆင့်ရောဂါပိုးကူးစက်သွားပြီး ကလေးမှာ ခံတွင်းအနာဖြစ်နိုင်ပါတယ်။သွားနဲ့ခံတွင်းပြဿနာ။ကလေးကို နှုတ်ခမ်းကို နမ်းမိရာကနေ ခံတွင်းထဲကို တံထွေးဝင်သွားရာကနေတဆင့် ကလေးငယ်လေးမှာ သွားနဲ့ ခံတွင်းပြဿနာတွေခံစားရနိုင်ပါတယ်။ ဒါကြောင့် ကလေးကိုဖြစ်နိုင်ရင် မနမ်းပါနဲ့။တီဘီရောဂါ။တီဘီရောဂါရှိနေသူက သူကိုယ်တိုင် မသိတဲ့အခြေအနေမျိုးဖြစ်နေမယ်။ ကလေးကိုနမ်းရှုတ်မိမယ်ဆိုရင် နုနယ်လွန်းတဲ့ကလေးက အလွယ်တကူပဲ တီဘီရောဂါကူးစက်သွားနိုင်ပါတယ်နော်။အသည်းရောင်အသားဝါရောဂါ။အသည်းရောင်အသားဝါပိုးရှိနေသူက သိသာတဲ့လက္ခဏာသိပ်မတွေ့ရဘူးဆိုရင် ရှိလို့ရှိမှန်းတောင်သိဖို့ခက်မှာပါ။ ဒါကြောင့် အသည်းရောင်အသားဝါပိုးရှိသူက ကလေးကို နမ်းမိမယ်ဆိုရင် တံထွေး၊ချွေးတို့ကနေတဆင့် ကလေးကိုရောဂါကူးသွားနိုင်ပါတယ်နော်။အစာအိမ်ပိုးကူးစက်ခြင်း။ရောဂါပိုးရှိနေတဲ့ လူကြီးတစ်ယောက်က ကလေးကိုနမ်းရှုတ်မိရာကနေ ကလေးမှာအစာအိမ်ပိုးကူးစက်နိုင်ပါတယ်နော်။ အထူးသဖြင့်တော့ နှုတ်ခမ်းကိုနမ်းတာပေါ့။ နှုတ်ခမ်းကနေတဆင့် အစာခြေလမ်းကြောင်းတလျှောက်ဆင်းသွားပြီး ကလေး အစာအိမ်ထဲကိုရောက်သွားနိုင်ပါတယ်နော်။ကြက်ညှာချောင်းဆိုး။ရောဂါရှိသူရဲ့ အနမ်းတစ်ချက်ကြောင့် ကလေးမှာ ကြက်ညှာချောင်းဆိုးဖြစ်နိုင်ပါတယ်နော်။ ဒါက ကလေးအတွက်တော်တော်အန္တရာယ်များတဲ့ အခြေအနေပါနော်။ ဒါကြောင့် သတိထားစေချင်ပါတယ်နော်။အဖျား။ဖျားရတာကဗိုင်းရပ်စ်ေကြာင့်ပါ။ပြီးတော့ ဒီဗိုင်းရပ်စ်ကလေထဲကနေတဆင့်တောင် ကူးစက်နိုင်တာပါ။ ဖျားချင်သလိုလိုဖြစ်နေတဲ့သူတစ်ယောက်ယောက်ကများကလေးကို နမ်းလိုက်မိမယ်ဆိုရင် ကလေးကို အဖျားပေးသလိုဖြစ်သွားမှာပါ။ကိုယ်ခံအားလည်း နုနယ်လွန်းတဲ့ကလေးတစ်ယောက်အဖို့ ဖျားတာကတော်တော်လေးခံရခက်တဲ့ပြဿနာတစ်ခုပါနော်။ ဒါကြောင့် ကလေးကို ဂရုစိုက်ပေးပါ။ဒါကြောင့်ကလေးကိုဖြစ်နိုင်ရင် ကိုယ်တိုင်လည်း မနမ်းမိအောင်သတိထားပြီး အခြားသူတွေကိုလည်းပေးမနမ်းဖို့ ပြောပါရစေ။ ကလေးတွေက ကာကွယ်ဆေးတွေလည်း အပြည့်အဝမထိုးရသေး၊ ကိုယ်ခံအားကလည်း ဖွံ့ဖြိုးဆဲဖြစ်တာကြောင့် အစစအရာရာကို သတိထားဖို့ပြောပါရစေနော်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%81%e1%80%bb%e1%80%85%e1%80%ba%e1%80%9b%e1%80%84%e1%80%ba-%e1%80%99%e1%80%94%e1%80%99%e1%80%ba%e1%80%b8%e1%80%95%e1%80%ab%e1%80%94/
ရင်သားကင်ဆာ အသားစယူခြင်း အကြောင်းသိကောင်းစရာ
ရင်သား အသားစယူတယ်ဆိုတာ ဘာလဲ။ရင်သား အသားစယူခြင်းဟာ ရိုးရှင်းတဲ့ ကျန်းမာရေးဆောင်ရွက်မှု တစ်ခုဖြစ်ပြီး ရင်သားတစ်ရှူး တစ်စိတ်တစ်ပိုင်းကို ဖြတ်ထုတ်ပြီး ဓါတ်ခွဲခန်းမှာ စစ်ဆေးခြင်း ဖြစ်ပါတယ်။ Mayo Clinic အရ ရင်သားအသားစယူမှုဟာ သံသယဖြစ်ဖွယ် အကျိတ်တွေက ကင်ဆာ ဖြစ်မဖြစ်ဖေါ်ပြဖို့ အကောင်းဆုံး စစ်ဆေးမှု ဖြစ်တယ်လို့ ဆိုပါတယ်။ရင်သားအကျိတ်တွေဟာ အမြဲတမ်းကင်ဆာ မဟုတ်ပါဘူး။ ရင်သားအကျိတ်တွေ ဖြစ်ပေါ်စေတဲ့ အခြေအနေတွေ အများကြီး ရှိပါသေးတယ်။ ရင်သားအသားစယူခြင်းဟာ ရင်သားအကျိတ်က ကင်ဆာလား ရိုးရိုးလားဆိုတာ သိရှိဖို့ ကူညီပေးမှာပါ။ရင်သားအသားစ ယူခြင်းကို ဘာလို့ ဆောင်ရွက်ကြတာလဲ။ရင်သားအသားစယူခြင်းကို များသောအားဖြင့် ရင်သားအကျိတ်ကို စစ်ဆေးဖို့ အသုံးပြုကြပါတယ်။ Mayo။clinic အရ ရင်သားအကျိတ်တွေဟာ ငါးယောက်မှာ တစ်ယောက်က ကင်ဆာဖြစ်နိုင်တာကြောင့် ကြောက်စရာကောင်းပါတယ်။ ဒါကြောင့် ရင်သားအသားစ ယူခြင်းဟာ အရေးကြီးပါတယ်။သင့်ဆရာဝန်ဟာ mammogram သို့ Ultrasound မှာ သံသယဖြစ်ဖွယ် တွေ့ရင် (သို့) စမ်းသပ်စဉ် အကျိတ်တွေ့ရှိခဲ့ရင် အသားစယူနိုင်ပါတယ်။အသားစယူခြင်းကို နို့သီးခေါင်း ပြောင်းလဲမှုတွေဖြစ်တဲ့ နို့သီးခေါင်းမှ သွေးထွက်ခြင်း၊ ချိုင့်ဝင်ခြင်း၊ အကြေးခွံဖြစ်ခြင်းတွေ တွေ့ရှိခဲ့ရင်လည်း ပြုလုပ်နိုင်ပါတယ်။ ဒါဟာ ရင်သားကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ရင်သားအသားစ ယူခြင်းရဲ့ ဖြစ်နိုင်တဲ့ ဆိုးကျိုးများ။ရင်သားအသားစယူခြင်းဟာ ရိုးရှင်းပြီး ဆိုးကျိုးနည်းပါးပေမယ့် အနည်းငယ်တော့ ရှိနိုင်ပါသေးတယ်။ ဖြစ်နိုင်ခြေ ရှိတဲ့ ရင်သားအသားစ ယူခြင်းရဲ့ ဆိုးကျိုးတွေကတော့။အသားစယူပြီး ပြုစုစောင့်ရှောက်ဖို့အတွက် သင့်ဆရာဝန်တွေရဲ့ ညွှန်ကြားချက်ကို လိုက်နာသင့်ပါတယ်။ ဒါဟာ ရောဂါပိုးဝင်နှုန်းကို လျော့ကျစေမှာဖြစ်ပါတယ်။ရင်သားအသားစယူခြင်းကြောင့် ဖြစ်တတ်တဲ့ ဆိုးကျိုးတွေဟာ ရှားပါးပြီး သူ့ ကောင်းကျိုးဖြစ်တဲ့ အကျိတ်က ကင်ဆာဖြစ်မဖြစ် ဖေါ်ပြနိုင်ခြင်းဟာ ဆိုးကျိုးတွေ ထက် ပိုပါတယ်။ရင်သားကင်ဆာကို မြန်မြန်တွေ့ရှိလေလေ ကုသမှု မြန်မြန်စတင် နိုင်လေလေ ဖြစ်ပြီး အသက်ရှင်နိုင်မှုနှုန်း ပိုမို များပြားမှာ ဖြစ်ပါတယ်။ရင်သားအသားစယူဖို့ ဘယ်လိုပြင်ဆင်မလဲ။ရင်သားအသားစမယူခင် သင်နဲ့ မတည့်တဲ့ အရာတွေကို သင့်ဆရာဝန်ကို ပြောပြသင့်ပါတယ်။ အထူးသဖြင့် ထုံဆေးတွေနဲ့ မတည့်ဘူးဆိုရင် ပြောပြသင့်ပါတယ်။ သင်သောက်နေတဲ့ဆေးတွေနဲ့ ဆေးဆိုင်က ဝယ်သောက်နေတဲ့ဆေးတွေဖြစ်တဲ့ aspirin တွေ အားဖြည့်စာတွေ အကြောင်းကိုလဲ ပြောပြသင့်ပါတယ်။ ဒါတွေက သွေးကြဲစေလို့ပဲ ဖြစ်ပါတယ်။တကယ်လို့ သင့်ဆရာဝန်က MRI ရိုက်ခိုင်းတယ်ဆိုရင် ကိုယ်ခန္ဓါအတွင်းမှာ ထည့်ထားတဲ့ သတ္တုနဲ့ ပြုလုပ်ထားတဲ့အရာမျိုး (ဥပမာ pacemaker) ရှိရင် ပြောပြသင့်ပါတယ်။ သင့်မှာ ကိုယ်ဝန် ရှိနေရင် (သို့) ကိုယ်ဝန်ရှိနေနိုင်ရင်လည်း ပြောပြသင့်ပါတယ်။ ဒီစစ်ဆေးမှုဟာ လူကြီးတွေအတွက် လုံခြုံစိတ်ချရပေမယ့် မမွေးသေးတဲ့ ကလေးတွေအတွက်တော့ စိတ်ချရတယ်လို့ သတ်မှတ်ထားခြင်း မရှိပါဘူး။တာဝန်ရှိသူတွေက ဆရာဝန်နဲ့ တွေ့စဉ်မှာ ဘရာဝတ်ဖို့ အကြံပေးပါလိမ့်မယ်။ ဒီ procedure ကို လုပ်ပြီးသွားရင် နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းအတွက် ရေခဲကပ်ခြင်း ပြုလုပ်ပေးနိုင်ပါတယ်။ ဒါဆို သင့်ဘရာက ရေခဲတွေကို နေရာမရွေ့အောင် ကူညီပေးမှာဖြစ်ပါတယ်။ရင်သားအသားစယူခြင်းကို ဘယ်လိုပြုလုပ်တာလဲ။ရင်သားအသားစယူခြင်း မပြုလုပ်မီ ဆရာဝန်က ရင်သားကို စစ်ဆေးမှာဖြစ်ပါတယ်။ ဒါဟာ လူကိုယ်တိုင်စစ်ဆေးခြင်း၊ Ultrasound၊ mammogram၊ MRI ဖြင့် စစ်ဆေးခြင်းတွေ ပါဝင်ပါတယ်။ဒီလို စစ်ဆေးမှု တစ်ခုခုထဲမှာ ဆရာဝန်ဟာ အပ်အသေး (သို့) ဝါယာကို အကျိတ်ဖြစ်တဲ့ နေရာကိုထည့်ပြီး နေရာသေချာ ရှာဖွေမှာဖြစ်ပါတယ်။ အကျိတ်ပတ်ပတ်လည်မှာ ထုံသွားဖို့ ထုံဆေးကို အသုံးပြုမှာဖြစ်ပါတယ်။ရင်သားအသားစယူခြင်း အမျိုးအစားများ။ရင်သားအသားစယူခြင်း အမျိုးအစား အများကြီးရှိပါတယ်။Fine Needle Biopsy။ဒီ ဆောင်ရွက်မှုအတွက် သင်ဟာ ခုတင်ပေါ်မှာ လဲလျောင်းဖို့ လိုအပ်ပြီး ခွဲစိတ်ဆရာဝန်က အပ်အသေးကိုအကျိတ်ထဲကို ထိုးထည့်ပြီး အသားစ စုပ်ယူမှာဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အထဲမှာ အရည်ပြည့်နေတဲ့ အကျိတ်လား (သို့) အခဲကျိတ်လားဆိုတာ ခွဲခြားနိုင်ပါတယ်။Core Needle Biopsy။အပေါ်က ဆောင်ရွက်မှုလိုပဲ ဒီဆောင်ရွက်မှုကတော့ ပိုမို ကြီးတဲ့ အပ်ကိုအသုံးပြုပြီး အသားစ နေရာအနှံ့က ယူတာဖြစ်ပါတယ်။ တစ်ခါကို ဆန်စေ့တစ်စေ့လောက် ရှိတဲ့ ပမာဏနဲ့ယူတာဖြစ်ပါတယ်။Stereotactic Biopsy။ဒီ procedure မှာတော့ အပေါက်ပါတဲ့ စားပွဲမှာ သင့်မျက်နှာကို အောက်စိုက်ထားရမှာဖြစ်ပါတယ်။ စားပွဲဟာ လျှပ်စစ်စီးနေပြီး အပေါ်ကို မလို့ရပါတယ်။ ဒီလိုပုံစံနဲ့ သင့်ရင်သားကို plates နှစ်ခုကြားမှာထားပြီး ဆရာဝန်က စားပွဲအောက်ကနေ အသားစယူမှာဖြစ်ပါတယ်။ သင့်ဆရာဝန်က အနည်းငယ် ခွဲကြောင်းပေးမှာဖြစ်ပြီး အပ် (သို့) vacuum-powered probe နဲ့ အသားစ ယူမှာဖြစ်ပါတယ်။MRI-guided core needle biopsy။ဒီစစ်ဆေးမှုမှာတော့ အချိုင့်ပါတဲ့ စားပွဲပေါ်မှာ လူနာဟာ မျက်နှာအောက်ချပြီး လှဲနေရမှာဖြစ်ပါတယ်။ MRIစက်က ဆရာဝန်ကို အကျိတ်နေရာကို ညွှန်ပြမှာ ဖြစ်ပါတယ်။ ခွဲကြောင်း အသေးပြုလုပ်မှာဖြစ်ပြီး အသားစကို အဝကျယ်တဲ့ အပ်နဲ့ ယူမှာဖြစ်ပါတယ်။ခွဲစိတ်ပြီး အသားစယူခြင်း။ဒီစစ်ဆေးမှုဟာ ခွဲစိတ်ပြီး အသားစယူတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ အသားစကိုဓါတ်ခွဲခန်းကို ပို့ပြီး ဖယ်ရှားလိုက်တဲ့ ကင်ဆာကျိတ်တွေ ကို စစ်ဆေးမှာ ဖြစ်ပါတယ်။ သတ္တု marker တစ်ခုကို ရင်သားအတွင်းမှာ ထည့်ထားခဲ့မှာဖြစ်ပြီး နောက်ပိုင်းမှာ နေရာကို ပြန်လည် စစ်ဆေးနိုင်ဖို့ ဖြစ်ပါတယ်။ရင်သားအသားစ ယူခြင်းပြီးရင်။ရင်သားအသားစ ယူခြင်းပြီးရင် သင်အိမ်ပြန်နိုင်ပါတယ်။ အသားစတွေကို ဓါတ်ခွဲခန်းကို ပို့မှာဖြစ်ပါတယ်။ သေချာ စစ်ဆေးဖို့ ရက်အနည်းငယ် ကြာမြင့်မှာ ဖြစ်ပါတယ်။အသားစယူထားတဲ့နေရာကို သန့်ရှင်းအောက်ထားပြီး ပတ်တီးစတွေကို လဲပေးသင့်ပါတယ်။ အနာကို ဘယ်လို ဂရုစိုက်ရမလဲဆိုတာကို ဆရာဝန်က ပြောပြပေးမှာ ဖြစ်ပါတယ်။တကယ်လို့ အဖျား ၁၀၀F (သို့) နီရဲခြင်း၊ ပူနွေးခြင်း၊ အရည်ထွက်ခြင်းတွေ အနာကနေ ဖြစ်ပေါ်ခဲ့တယ်ဆိုရင် ဆရာဝန်ကို ဆက်သွယ်သင့်ပါတယ်။ ဒါတွေဟာ ရောဂါပိုးဝင်ခြင်းရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ရင်သားအသားစ ယူခြင်းရဲ့ အဖြေများ။သင့်အဖြေဟာ ရိုးရိုး၊ ကင်ဆာမဖြစ်ခင် (သို့) ကင်ဆာ ဆိုပြီး သုံးမျိုးဖြစ်နိုင်ပါတယ်။တကယ်လို့ ကင်ဆာဆိုရင် ဘာကင်ဆာလဲဆိုတာ ဖေါ်ပြမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်တဲ့ ကင်ဆာ အမျိုးအစားတွေ ကတော့။သင့်ဆရာဝန်ဟာ ကင်ဆာအမျိုးအစားနဲ့ ကုသမှုမှာ လိုအပ်တဲ့ အခြားအချက်အလက်တွေကို အသုံးပြုမှာဖြစ်ပါတယ်။ ကုသမှုတွေကတော့ အကျိတ်ဖယ်ရှားခြင်း၊ ဓါတ်ရောင်ခြည်ကုသခြင်း၊ ဆေးသွေးကုသခြင်းနဲ့ ဟော်မုန်းကုသခြင်း တွေပဲဖြစ်ပါတယ်။ဒါပေမယ့် ကင်ဆာမဟုတ်တဲ့ အခြေအနေများစွာက ရင်သားအကျိတ်တွေကို ဖြစ်စေပါသေးတယ်။ သူတို့ကတော့။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac-%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%85%e1%80%9a%e1%80%b0%e1%80%81%e1%80%bc%e1%80%84%e1%80%ba/
ကိုယ်ဝန်ဆောင်ချိန် မေမေငိုရင် ကလေး ရုပ်ဆိုးမှာလား!
ငိုကြွေးတာက သာမန်အချိန်တွေမှာ ပြဿနာ မရှိပေမယ့် ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားရချိန်မှာ မိခင်က ငိုနေရင် ကလေးကို ထိခိုက်စေမလား! နောက်ပြီး ရှိသေးတာက ကိုယ်ဝန်ဆောင်ချိန် မေမေငိုရင် ကလေး ရုပ်ဆိုးမှာလား! ဆိုတာပါ။လူတိုင်းမှာ စိတ်ခံစားမှုဆိုတာက ရှိပါတယ်။ ဒါကြောင့်ပဲစိတ်ခံစားမှုတွေကိုရယ်မောရင်း တလှည့် ငိုကြွေးရင်း တလှည့် ပေါက်ကွဲရင်း တလှည့်နဲ့ ဖော်ပြကြတာပေါ့။ ဒီလို အမျိုးမျိုးသော စိတ်ခံစားမှုတွေကို ဖော်ပြတဲ့အခါ ငိုကြွေးရင်း ဖော်ပြကြတာမျိုးလည်း ရှိပါတယ်။ ငိုကြွေးလိုက်တာက စိတ်ဖိစီးမှုတွေကို ပြေလျော့စေဖို့ရော တင်းကျပ်နေတဲ့ ခံစားရမှုတွေကို သက်သာစေဖို့ရော အထောက်အကူတော့ ဖြစ်ပါတယ်။ ဒီလို ငိုကြွေးတယ် ဆိုတဲ့နေရာမှာလည်း အချိန်တိုင်း ငိုနေတာမျိုး မဟုတ်ပါဘူး။စိတ်ခံစားမှု အခြေအ​နေပြောင်းလဲမှုကို လိုက်ပြီး ငိုကြွေးကြတာပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ငိုကြွေးတာက ပုံမှန်ပဲလို့ ဆိုရမယ့် ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေလေး တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း ပြောင်းလဲတာ စိတ်ခံစားမှု ပြောင်းလဲတာတွေကြောင့် စိတ်ခံစားမှု မကောင်းဖြစ်ပြီးကိုယ်ဝန်ဆောင်ချိန်မှာ ငိုကြွေးတာကို ဖြစ်စေတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ငိုကြွေးတာက အဓိကအားဖြင့်ကတော့ ဟော်မုန်း ပြောင်းလဲမှုကြောင့်ပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်းကဟော်မုန်းတွေ ပြောင်းလဲတာကြောင့် ထိရှလွယ်ပြီး စိတ်ခံစားမှု ပြောင်းလဲတာကို ဖြစ်စေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ငိုကြွေးတာကို ဖြစ်စေတာပါ။ကိုယ်ဝန်ဆောင်ချိန် မေမေ ငိုကြွေးရတဲ့ အချက်တွေကတော့ အများကြီးပါ။ ဘာတွေကြောင့်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ကိုယ်ဝန်ဆောင် ပထမ ၃ လပတ်။ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးခန္ဓာကိုယ်ထဲမှာအီစထရိုဂျင်နဲ့ ပရိုဂျက်စတင် ဟော်မုန်းတွေ အမြင့်ဆုံး ပမာဏကို ရောက်ရှိနေတာကြောင့် ခြေကုန်လက်ပမ်းကျတာ၊ မအီမသာဖြစ်တာ၊ အားနည်းတာ၊ဇီဝကမ္မဖြစ်စဉ်တွေပြောင်းလဲမှုတွေအပြင် စိတ်ခံစားမှု ပြောင်းလဲတာတွေ ဖြစ်ပေါ်စေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ အလွယ်တကူ ငိုချင်တာမျိုး ခံစားရတာပါ။ကိုယ်ဝန်ဆောင် ဒုတိယ ၃ လပတ်။ကိုယ်ဝန်ဆောင်ကာလ ဒုတိယ ၃ လပတ်ကို ရောက်လာချိန်မှာ ကိုယ်တွင်းမှာ မြန်ဆန်တဲ့ ပြောင်းလဲမှုတွေကို ဖြစ်စေပြီး ဝက်ခြံ နဲ့ အကြောပြတ်ရာတွေကို ဖြစ်စေနိုင်သလို မကြာခဏဆိုသလို ဆီးသွားတာ၊ ခြေကုန်လက်ပမ်း ကျတာတွေကြောင့် ကောင်းကောင်း အိပ်ပျော်ဖို့ ခက်တာကို ခံစားရပါတယ်။ ဒီလို ခံစားရမှုတွေကပဲ ကိုယ်ဝန်ဆောင် ဒုတိယ ၃ လပတ်မှာ ငိုကြွေးတာကို ဖြစ်စေတာပါ။ကိုယ်ဝန်ဆောင် တတိယ ၃ လပတ်။မွေးဖို့ ရက်နီးလာလေလေ မွေးဖွားချိန်မှာ နာကျင်မှာကို ကြောက်တာ၊ ကလေးမွေးဖွားရမှာကို စိုးရိမ်တဲ့စိတ်၊ ကိုယ်အလေးချိန် တက်လာတာ၊ ငွေကြေးဆိုင်ရာ ဖိအားတွေကြောင့်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ ငိုကြွေးတာကို ဖြစ်စေနိုင်ပါတယ်။ပုံမှန်အားဖြင့်ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ငိုကြွေးတာက ပုံမှန် ကိစ္စ မဟုတ်ပေမယ့် အမြဲလိုလို ငိုချင်နေမယ်ဆိုရင်တော့ ရေရှည်မှာ စိတ်ဓာတ်ကျတာကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ငိုကြွေးတာက အခုလို အခြေအနေတွေဆိုရင် စိတ်ပူစရာ လိုမှာပါ။ကိုယ်ဝန်ဆောင်ချိန် မေမေငိုရင် ကလေး ရုပ်ဆိုးမှာလား! ဆိုတော့ မဆိုးပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေငိုရင် ကလေးကို ရုပ်ဆိုးစေတာမျိုး မဖြစ်စေပေမယ့် အမြဲလိုလို ငိုနေမယ်၊ စိတ်ဓာတ်ကျနေမယ်၊ စိတ်ဖိစီးနေမယ်ဆိုရင်တော့ ဗိုက်ထဲက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ဒီလို ပြောရတာက ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၂၂ ပတ်ကြာပြီးနောက်မှာ မိခင်ရဲ့ ခံစားမှုကို ခံစားနိုင်ပြီ ဖြစ်သလို မိခင်ရဲ့ စကားသံတွေကိုလည်း ကြားနိုင်ပြီ ဖြစ်ပါတယ်။ ဒီလိုမျိုး အတွေ့အကြုံက ကလေးရဲ့ ဘဝတလျှောက်လုံးအပေါ်ကို သက်ရောက်မှု ရှိနေပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က ကျန်းမာပျော်ရွှင်နေမှ ကလေးကလည်း ကျန်းမာ​နေမှာပါ။ မိခင်က ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဓာတ်ကျတာ စိတ်ဖိစီးတာတွေကို ခံစားရပြီး ခဏခဏ ငိုနေရင်းက အာဟာရ ပြည့်ဝအောင် မစားမိတာကျန်းမာရေးနဲ့ ညီညွတ်အောင်မနေထိုင်ဖြစ်တာတွေက ကလေးရဲ့ ကြီးထွားမှုကို ထိခိုက်စေပြီး ရေရှည်မှာ –။ဒါတွေက ဖြစ်ကို ဖြစ်မယ်ဆိုတာထက် ဖြစ်နိုင်ခြေ ရှိတာကို သတိပေးချင်တာ ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ငိုချင်မိတဲ့ စိတ်ကို ဖြစ်စေတဲ့ အဆိုးမြင်ဝါဒီတွေကို လျှော့ချဖို့ဆိုရင်။# အမေးအဖြေကဏ္ဍ။၁ – ကိုယ်ဝန်ဆောင်ချိန်မှာ ငိုတာက ကလေးကို စိတ်ဖိစီးစေသလား!။မေမေ့ဗိုက်ထဲက ဘေဘီလေးက မေမေနဲ့ ခိုင်မြဲစွာ ရစ်ပတ်ထားမှုတွေကြောင် မေမေရဲ့ ခံစားမှုတိုင်းကို ခံစားနိုင်သလို မေမေ့အသံကိုလည်း ကြားမိနိုင်ပါတယ်။ နောက်ပြီး မေမေ ငိုကြွေးချိန်မှာ ဖြစ်လာတဲ့ စိတ်ဖိစီးဟော်မုန်းတွေကလည်း ကလေးအပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။၂ – ငိုကြွေးတာက ကလေးကို ထိခိုက်စေမလား!။ငိုကြွေးတာက စိတ်ဖိစီးမှုဟော်မုန်းတွေ ဖြစ်ကြတဲ့ ကော်ဆီစောနဲ့ norepinephrine တွေကို ထွက်ရှိစေပြီး ကလေးကို လမစေ့ဘဲ မွေးဖွားတာ၊ ပေါင်မပြည့်ဘဲ  မွေးဖွားတာမျိုးတွေကို ဖြစ်စေနိုင်သလို မွေးကင်းစအချိန်မှာ သေဆုံးတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ကျတာ၊ ငိုချင်စိတ်ပေါက်တာတွေက မိခင်ရဲ့ အပြစ် လုံးဝ (လုံးဝ) မဟုတ်ပါ။ ဒါကြောင့် ငါ ခဏခဏငိုလို့ ကလေးထိခိုက်တော့မယ်ဆိုပြီး အစိုးရိမ်မကြီးပါနဲ့။ မိခင်အနေနဲ့ အကြောင်းရင်း မရှိဘဲ ခဏခဏ ငိုကြွေးချင်နေရင်၊ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်တွေ ဖြစ်ပြီး စိတ်ကျဝေဒနာ ခံစားရတယ်ဆိုရင် စိတ်ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်ဖို့ အကြံပေးချင်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/crying-during-pregnancy-causes-effects-treatment/
အမျိုးသားများ အတွင်းခံဘောင်းဘီ ဝတ်ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး
လူကြီးတွေက ငယ်ငယ်ကတည်းက သေချာအကျင့်လုပ်ပေးထားလို့ အတွင်းခံဘောင်းဘီ က ဝတ်လိုက်တာပဲ၊ တချို့နယ်ဘက်မှာ နေတဲ့သူတွေကျတော့လည်း အတွင်းခံဝတ်တဲ့ အလေ့အထမရှိလေတော့ မဝတ်တာမှ လေဝင်လေထွက်ကောင်းတယ်၊လိင်တံပိုကြီးစေတယ် ဘာညာ ပြောတတ်ကြတာ ကြားဖူးမှာပါ။ ဒါကြောင့် အခုဆောင်းပါးမှာတော့ အမျိုးသားတွေ အမေးများနေကြတဲ့ အတွင်းခံဘောင်းဘီ ရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ပြောပြပေးချင်ပါတယ်။၁။ ပြင်ပက အရာဝတ္ထုတွေနဲ့ မတော်တဆ ထိခိုက်မိတဲ့အခါ လိင်အင်္ဂါကို ဒဏ်ရာပိုဖြစ်စေနိုင်တယ်။၂။ ဂျင်းဘောင်းဘီလို အသားတွေ ဝတ်တဲ့အခါအတွင်းခံဘောင်းဘီမပါတာကြောင့် လိင်အင်္ဂါက ဂျင်းသားနဲ့ ပွတ်တိုက်ဖန်များပြီး အသားခြောက်တာ၊ အသားဖတ်ကွာတာ၊ ပွန်းပဲ့တာ၊ ယားယံတာတွေ ဖြစ်နိုင်ပါတယ်။၃။ဘောင်းဘီဇစ်နဲ့ လိင်တံအရေပြား ညှပ်မိဖို့ ပိုလွယ်ကူတယ်။၄။ လိင်အင်္ဂါသည် ကိုယ်ခန္ဓါရဲ့ ချွေးအထွက်ဆုံးနေရာဖြစ်တဲ့အတွက် ဒီနေရာနဲ့ အမြဲထိကပ်နေရတဲ့ ဘောင်းဘီက အချိန်တိုအတွင်းမှာ အနံ့အသက်တွေ ထွက်လာနိုင်ပါတယ်။၅။ ကိုယ်က အပြင်ရောက်နေတဲ့အချိန် ဘာမှမတွေးဘဲ လိင်တံက ရုတ်တရက်ထောင်မတ်လာတဲ့ အခြေအနေမျိုးကို ယောက်ျားလေးတော်တော်များများ ကြုံဖူးကြမှာပါ။ ဒီလိုအချိန် အတွင်းခံဝတ်မထားတဲ့အခါ အရှေ့ကို ငေါက်စိုက်ထောင်ထွက်နေပြီး တခြားသူတွေရှေ့မှာ အမြင်မတင့်တယ်စရာ ဖြစ်လာနိုင်ပါတယ်။၆။ ဘောင်းဘီဇစ်တပ်ဖို့ မေ့တတ်တဲ့ အမျိုးသားတွေဆိုရင်လည်း မိမွေးတိုင်း ဖမွေးတိုင်း ကိုယ့်ရဲ့ငယ်ပါကို သွားလိုက်တဲ့နေရာတိုင်းကလူတွေကို သီးသန့်လိုက်ပြနေသလို ဖြစ်တတ်ပါတယ်။၇။ လိင်အင်္ဂါတစ်ဝိုက်ဟာ အေးမြနေတဲ့အတွက်သုက်ပိုးတွေကို ပိုမိုအားကောင်းကျန်းမာစေပြီး လျင်မြန်စွာ မျိုးပွားခြင်းကို ဖြစ်စေတယ်။၈။ လိင်အင်္ဂါရဲ့ ချွေးပေါက်တွေကနေ လေဝင်လေထွက်ကောင်းတာကြောင့် အနံ့အသက်ဆိုး ထွက်တာနည်းစေတယ်။၁။ ကိုယ့်ရဲ့ ငယ်ပါနဲ့ တင်ပါးကောက်ကြောင်းအလှကို ပိုမိုပေါ်လွင်စေတယ်။၂။ ပြင်ပအရာဝတ္ထုတွေနဲ့ ထိခိုက်မိတဲ့အခါ လိင်အင်္ဂါအတွက် ပြင်းထန်တဲ့ ဒဏ်မဖြစ်စေဖို့ အနည်းငယ်ကာကွယ်ပေးနိုင်တယ်။၃။ လိင်အင်္ဂါ၊ ကပ္ပါယ်အိတ်နဲ့ ပေါင်ခြံက ချွေးတွေကို စုပ်ပေးပြီး ကိုယ့်အဝတ်အစားတွေမှာ ဘက်တီးရီးယားနဲ့ အနံ့အသက်တွေ စွဲကျန်ခဲ့ခြင်း မဖြစ်စေဖို့ ကူညီပေးတယ်။၄။ ဘောင်းဘီဇစ်နဲ့ လိင်တံအရေပြား ညှပ်မိတဲ့ ဒုက္ခကနေ ဝေးသွားမယ်။၅။ အမျိုးသားတော်တော်များများက ညစ်ပတ်တဲ့ အကျင့်ရှိတဲ့အတွက် အတွင်းခံတွေကို မလျှော်ဖွပ်ဘဲ ပစ်ထားတာ၊ ထပ်ခါတလဲလဲ ပြန်ဝတ်တဲ့အခါ ဘက်တီးရီးယားပိုးတွေ ပိုအောင်းနေပြီး ဝဲခြောက်၊ ယားနာ၊ ပွေး၊ ညှင်းခူပေါက်တာ၊ အရေပြားမှိုစွဲတာတွေ ဖြစ်ဖို့ ပိုများပါတယ်။၆။ အရမ်းကျပ်လွန်းတဲ့ အတွင်းခံတွေဟာ လိင်အင်္ဂါကို တင်းကျပ်စေပြီး နေရထိုင်ရခက်စေတယ်။အပေါ်မှာတော့ အတွင်းခံဘောင်းဘီ ဝတ်ခြင်း၊ မဝတ်ခြင်းရဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေကို ပြောပြခဲ့ပြီးပြီ ဖြစ်တာမို့ ဝတ်တာ၊ မဝတ်တာကတော့ ကိုယ့်ရဲ့ ရွေးချယ်မှုပါပဲ။ ထပ်ပြီး အကြံပေးလို့ရတာတွေကတော့။၁။ အိမ်မှာနေရင် ပုဆိုးပဲဝတ်ပါ။ အတွင်းခံမဝတ်ပါနဲ့။ လေဝင်လေထွက်ကောင်းစေသလို ညီလေးအတွက်လည်း အေးမြစေကာ လွတ်လွတ်လပ်လပ် ဖြစ်သွားစေပါတယ်။၂။ အပြင်သွားတဲ့အခါ ကိုယ်နဲ့လိုက်ဖက်မယ့် အတွင်းခံကို ရွေးဝတ်ပါ။ အရမ်းမကျပ်စေပါနဲ့။ အရမ်းချောင်နေရင်လည်း ဘာမှမထူးပါဘူး။၃။ အားကစား၊ လေ့ကျင့်ခန်းလုပ်တဲ့အခါ သက်တောင့်သက်သာ လှုပ်ရှားရလွယ်ကူစေမယ့် အတွင်းခံတွေကို ရွေးဝတ်ပါ။ thongs တွေလို ကြိုးတစ်ချောင်းထဲ တင်ပါးပေါ်အတွင်းခံတွေတော့ မဝတ်သင့်ပါဘူး။၄။ အတွင်းခံကို မှန်မှန်လျှော်ပါ။ အပြင်က ပြန်လာတာနဲ့ ဝတ်ထားတဲ့အတွင်းခံကို ချွတ်ပစ်လိုက်ပါ။ ဝတ်ပြီးသားအတွင်းခံကို နှစ်ခါပြန်မဝတ်ပါနဲ့။၅။ အတွင်းခံကို ၆လတစ်ကြိမ် အဟောင်းတွေလွှင့်ပစ်ပြီး အသစ်လဲလှယ်ပေးပါ။၆။ အတွင်းခံလျှော်တဲ့အခါ သိပ်မပြင်းတဲ့ အဝတ်လျှော်ဆပ်ပြာအပျော့စားတွေကိုပဲ သုံးပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/advantages-and-disadvantages-of-wearing-underwear/
ဆီးကျိတ်ကင်ဆာကို ဘယ်လိုကုသမလဲ။
ခေတ်သစ်လူနေမှုဘဝကြောင့် ယောက်ျားတွေကော မိန်းမတွေမှာပါ ကင်ဆာရောဂါ များစွာ ဖြစ်တတ်ကြပါတယ်။ အဖြစ်များဆုံး ကင်ဆာတစ်ခုကတော့ ဆီးကျိတ်ကင်ဆာပါ။ ယင်းရောဂါကို စစ်ဆေးတွေ့ရှိပါက သင်ဟာ ဘယ်လိုကုသမှုမျိုး ခံယူမယ်ဆိုတာ သေချာစဉ်းစားရပါတော့မယ်။ ဘာကြောင့်လဲဆိုတော့ သင့်ရွေးချယ်မှုတစ်ချင်းစီက သင့်ကျန်းမာရေး အတွက် အရမ်း အရေးကြီးနေလို့ပါ။ဥပမာအားဖြင့်။• Prostatic adenocarcinoma။• Small cell carcinoma။• Squamous cell carcinoma။• Prostatic sarcomas။• Transitional cell carcinomas။တို့ဖြစ်ပါတယ်။ဘယ်လိုကုမှုမျိုး ခံယူမလဲဆိုတာ တိုင်ပင်ခြင်းက အရမ်းအရေးကြီးပါတယ်။ အဲဒါက ရောဂါရှင်ကိုယ်တိုင် သူ့ရောဂါအခြေအနေ ဘယ်လိုရှိလဲဆိုနဲ့ ဘယ်လိုသက်သာအောင် လုပရမလဲဆိုတာ သိအောင် ကူညီပေးပါတယ်။ လူနာနဲ့ဆရာဝန် နှစ်ယောက်လုံး အတွက် တွေးတောကြံဆ နိုင်စရာ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။• လက်ရှိအသက်နဲ့ နောက်ထပ်ဘယ်လောက်ထိ အသက်ရှင်မလဲဆိုတဲ့ ခန့်မှန်းချက်။• ဆရာဝန်ရဲ့ ထင်မြင်ချက်နဲ့ လူနာရဲ့ သူ့ရဲ့ ကုသမှုပေါ်မှာ ရှိတဲ့ ခံစားချက်။• လူနာ့ကင်ဆာရဲ့ အခြေအနေနဲ့ ပြင်းထန်မှု အဆင့်။• လူနာရဲ့ ရောဂါကုထုံး၏ ဆိုးကျိုးတွေ အပေါ်မှာရှိတဲ့ ခံစားချက်။• လူနာရဲ့ စိုးရိမ်ရတဲ့ ကျန်းမာရေး အခြေအနေ။တို့ဖြစ်ပါတယ်။မြန်မြန်ဆုံးဖြတ်ချက်ချတာက အကောင်းဆုံး နည်းလမ်းတော့ မဟုတ်ပါဘူး။ လူနာက သူ့ရဲ့ ရောဂါအခြေအနေ၊ ကုထုံး၊ ရှောင်ရှားရမဲ့ အရာတွေ နဲ့ ပတ်သတ်ပြီး တော်တော်များများ သိဖို့လိုပါတယ်။ အခြားတစ်ဖက်မှပြောရလျင်လည်း ကင်ဆာက သူ့ကို ဘာတွေဖြစ်စေနိုင်တယ်ဆိုတာ လူနာက ဆရာဝန်ကို မေးသင့်ပါတယ်။ကုထုံးမရွေးချယ်ခင်မှာ လူနာက သူ့ရောဂါအခြေအနေကို ရှင်းရှင်းလင်းလင်းသိဖို့ မေးခွန်းမေးသင့်ပါတယ်။သင့်ကင်ဆာရောဂါနဲ့ ပတ်သတ်ပြီးတစ်ခုခု လုပ်မှရမယ်၊ အဲဒီတစ်ခုခုက ဆိုးဝါးလှတဲ့ ဆိုးကျိုးတွေ ရှိနိုင်တယ်ဆိုတာ သင်လက်ခံနိုင်မှာလား။ သင့်ကို အနီးကပ်စောင့်ကြည့်နေမှာကို နောက်ကြာလာရင် စိတ်သောက ရောက်မယ်ဆိုရင်တောင်မှ ကျေနပ်မှာလား။ဘယ်ထိရောက်တဲ့ ကုသမျိုးက သင့်ဘဝကိုထိခိုက်စေမှာလဲ။ ဥပမာအားဖြင့် ပန်းသေခြင်း၊ ဆီးဝမ်းမထိန်းနိုင်ခြင်း၊ အူမကြီးချို့ယွင်းခြင်းတွေပဲ ဖြစ်တယ်။သင့်ရဲ့ ကနဦးကုသမှုက သင်ထင်သလောက် မအောင်မြင်ဘူးဆိုရင် သင်ဘယ်လိုနေလဲ။ဆရာဝန်က သင့်ကင်ဆာကို အရှင်းပျောက်အောင် ကုပေးနိုင်တယ်လို့ ပြောရင် သင် ချက်ချင်း သိချင်မှာလား။ခွဲစိတ်စရာမလိုဘူးဆိုကော ကုထုံးရဲ့ဆိုကျိုးတွေကိုမသိဘဲ လက်ခံလိုက်မှာလား။သင့်ကုသမှုနဲ့ ပြန်လည် နာလန်ထူတဲ့အချိန်တွေဟာ သင့်အတွက်ဘယ်လောက်အရေးကြီးသလဲ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/%e1%80%86%e1%80%ae%e1%80%b8%e1%80%80%e1%80%bb%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af/
သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ မစားခင်သေချာဆေးကြောဖို့မမေ့နဲ့နော်
လူအတော်များများက အသားစိမ်း ငါးစိမ်းတွေကိုင်တွယ်ရင် ရောဂါပိုးတွေကူးစက်မှာကြောက်တဲ့အတွက် သေချာကိုင်တွယ်ကြပေမဲ့သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ ကျတော့ သန့်တယ်လို့ ထင်ကြပါတယ်။ တကယ်တော့ အသီးအရွက်တွေမှာလည်း မျက်စိနဲ့ မမြင်ရတဲ့ ပိုးမွှားတွေ ပါဝင်နိုင်ပါတယ်။ ဒါ့ကြောင့် သစ်သီးနဲ့ ဟင်းရွက်တွေကို ရေသေချာဆေးကြောဖို့ ဘာကြောင့်အရေးကြီးလဲဆိုတာ ပြောပြချင်ပါတယ်။ဈေးကဝယ်လာတဲ့ သစ်သီးနဲ့ ဟင်းရွက်အမျိုးမျိုးကို သေချာမဆေးဘဲ စားသောက်မိရင် ခံစားရနိုင်တဲ့ အဓိက ပြဿနာ ၂ ခုကတော့ပိုးသတ်ဆေးအန္တရာယ်နဲ့ ရောဂါပိုးတွေ ကိုယ်ထဲဝင်ရောက်သွားနိုင်တဲ့ အန္တရာယ်ပဲ ဖြစ်ပါတယ်။ပိုးကောင်၊ ကျိုင်းကောင်တွေ ရန်က ကာကွယ်ဖို့နဲ့ ပိုထွားကြိုင်းတဲ့ အသီးအနှံတွေရဖို့ ခုခေတ်မှာ ပိုးသတ်ဆေးနဲ့ တခြားဓာတု ပစ္စည်းတွေ ပိုသုံးစွဲလာရပါတယ်။ ဒါ့ကြောင့် အပြင်ဈေးကပဲ ဝယ်ဝယ်၊ ရှော့ပင်းစင်တာကပဲ ဝယ်ဝယ် သစ်သီးဝလံနဲ့ အရွက်တွေကို မစားခင်ရေနဲ့ သေချာအချိန်ပေးပြီး ဆေးကြောရပါမယ်။အထူးသဖြင့် ကြက်သွန်၊ ဂရိတ်ဖရုသီး၊ ကိုက်လန်၊ ကညွှတ်၊ သခွားသီး၊ ပဲနဲ့ကန်စွန်းဥတွေမှာ ပိုးသတ်ဆေးတွေ ပါဝင်လေ့ရှိတာကို တွေ့ရပါတယ်။ တကယ်လို့ ပိုးသတ်ဆေးသုံးစွဲထားတဲ့အသီးအနှံတွေကို မစားသုံးချင်ရင် သြဂဲနစ် (organic) ထုတ်ကုန်တွေကို ရွေးချယ် သုံးစွဲပါ။သစ်သီးဝလံတွေကို စိုက်ပျိုးတဲ့အဆင့်တိုင်းမှာ ပြင်ပရောဂါပိုးတွေ ပါဝင်သွားတတ်တာကိုလည်း သိထားသင့်ပါ တယ်။ စိုက်ပျိုးထွန်ရက်တဲ့နေရာမှာ သုံးတဲ့ နောက်ချေးတွေကနေဖြစ်ဖြစ်၊ အပင်ထဲထည့်သွင်းပေးတဲ့ ဓာတ်မြေသြဇာက မသန့်ရှင်းရင်ပဲဖြစ်ဖြစ်၊ နောက်ဆုံး သစ်သီးဝလံကို ရိတ်သိမ်းတဲ့အခါ ကိုင်တွယ်တဲ့ အလုပ်သမားရဲ့ လက်ကနေပဲဖြစ်ဖြစ် ရောဂါပိုးမွှားတွေ ကပ်တွယ်ပါလာနိုင်ပါတယ်။ဒီလိုအသီးအနှံတွေကို သေချာ မဆေးကြောဘဲ စားသုံးလိုက်မိရင် ကိုယ့်ခန္ဓာကိုယ်ထဲကိုပါ ပိုးမွှားတွေဝင်ရောက်သွားနိုင်တယ် မဟုတ်လား။ ဒါ့ကြောင့် ဘယ်အသီးအနှံပဲဖြစ်ဖြစ် မစားခင် ရေနဲ့သေချာဆေးကြောရမယ်နော်။သစ်သီးဝလံထဲမှာ အတွေ့ရဆုံး ပိုးမွှားတွေကတော့ E.coli၊Salmonellaနဲ့ Listeria ဆိုတဲ့ ၃ ကောင်ပါ။ ဒီ ၃ ကောင် ကိုယ်ထဲဝင်သွားရင် နေထိုင်မကောင်းဖြစ်စေနိုင်ပါတယ်။ ၅ နှစ်အောက်ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ၆၅ နှစ်အထက်လူကြီးတွေနဲ့နာတာရှည်ရောဂါတစ်ခုခုရှိသူတွေမှာ ပိုစိုးရိမ်ရပါတယ်။ ရောဂါလက္ခဏာတွေကတော့။ဖြစ်လာနိုင်တွေသိပြီဆိုတော့ ဖြစ်မလာအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ ပြောပြပါ့မယ်။ ရောဂါပိုးတွေ ပါတယ်ဆိုပြီး အသီးအနှံတွေမစားဘဲလည်း နေလို့မရဘူးလေ။ အသီးအရွက်နဲ့ သစ်သီးတွေက အာဟာရဓာတ်မျိုးစုံနဲ့အမျှင်ဓာတ်တွေအများကြီး ပါပြီး ကယ်လိုရီလည်းနည်းနည်းပဲ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် သစ်သီးဝလံတွေကို စိတ်ချလက်ချ စားသုံးနိုင်အောင် မစားခင်ပြုလုပ်ရမယ့် အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။ရေးသားသူ – Dr.Htoo Tint။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/should-wash-vegetables-before-eat/
ဆင်တုပ်ကွေးဖြစ်နေချိန် ခုခံအားကောင်းအောင် ဒါတွေ စားပေးဖို့လိုပါတယ်။
ခုလိုမိုးရာသီဆိုတာ တုပ်ကွေးပေါင်းစုံ ထကြွသောင်းကျန်းတဲ့ ရာသီတစ်ခုပါ။ ေသွးလွန်တုပ်ကွေး ၊ရာသီတုပ်ကွေး၊ ဆင်တုပ်ကွေးစတဲ့ အားလုံးသိကြတဲ့ တုပ်ကွေးတွေ စုပြီးဖြစ်ကြတဲ့ ရာသီတစ်ခုပေါ့။ နှစ်တိုင်း နှစ်တိုင်း သူတို့တွေက အလှည့်ကျနာမည်ကြီးကြပါတယ်။ ဒီနှစ်ထဲမှာ နာမည်ကြီးနေတာကတော့ ဆင်တုပ်ကွေးပေါ့ ။ ြခင်ကိုက်တာကနေ ကူးစက်လာတဲ့ဆင်တုပ်ကွေးက ခုနောက်ပိုင်း ဖြစ်တဲ့သူတွေ များနေတော့ ဆင်တုပ်ကွေးဖြစ်နေတဲ့အချိန် ဘယ်လို စားသောက်နေထိုင်ရမလဲဆိုတာ အရေးကြီးလာပြီပေါ့။ တုပ်ကွေးဆိုတာ ကိုယ်ခံအားတိုက်မှ ပျောက်တဲ့အရာဆိုတော့ တုပ်ကွေးဖြစ်နေချိန် ကိုယ်ခံအားကို ဖြည့်ပေးမယ့် အစားအစာက အရေးကြီးလာပြီလေ။ဆင်တုပ်ကွေးဆိုတာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာဖြစ်ပြီးရာသီတုပ်ကွေးလိုမျိုး နှာစေချောင်းဆိုးတဲ့လူကနေ ကူးစက်တာမဟုတ်ပါဘူး။သွေးလွန်တုပ်ကွေးလိုမျိုး ခြင်ကိုက်ရာကတစ်ဆင့်ကူးစက်တဲ့ရောဂါဖြစ်ပြီး အဖျားကြီးပြီး ချမ်းတုန်တာ အပြင် ကိုယ်လက် ကိုက်ခဲ နာကျင်ပြီး ခြေထောက် ဖောရောင်တာမျိုးတွေပါ ဖြစ်တတ်ပါတယ်။ ဖြစ်လာတဲ့အခါကျရင် ကာကွယ်ဖို့ထက် ပျောက်ဖို့ကို ပိုအာရုံစိုက်သ့င်တာကြောင့်ခုခံအားြပန်အားရှိအောင် ဒါတွေစားပေးဖို့လိုပါတယ်။ဖျားရင် ကိုယ်အပူချိန်များနေရင် အုန်းစိမ်းရည်သောက်ပေးလို့ရတယ်ဆိုတာ အားလုံသိကြမှာပါ။ ဒါေ့ကြာင့် အဖျားကြီးနေတဲ့ဆင်တုပ်ကွေးသမားတွေ ပိုလို့တောင်သောက်ပေးလို့ရတယ်နော်။ ကိုယ်ခန္ဓါက အဆိပ်အတောက်တွေကိုစွန့်ထုတ်ပေးရုံသာမက ရေဓါတ်ပါ ဖြည့်ပေးဦးမှာနော် ။ ။အစိမ်းရောင် အသီးအရွက်တွေဟာဗီတာမင်အပြည့်ပါလို့ခုခံအားကို တက်စေမယ့်အပြင် ပါဝင်တဲ့ ရောင်ခြယ် ပစ္စည်းလေးတွေက ကိုယ်တွင်းက ရောင်ရမ်းခြင်းတွေကို လျှော့ချပေးတာကြောင့် ကိုက်ခဲနေတဲ့ အဆစ်အမြစ်တွေအတွက် အကောင်းဆုံး ဖြစ်မှာပါ။တုပ်ကွေးမိပြီး အဖျားကြီးနေတဲ့အချိန်အစာအိမ်အားနည်းနေတာကြောင့် ပျို့ချင်အန်ချင်လူတိုင်း ဖြစ်ကြမှာပါ။ ဒါပေမယ့် အန်ချင်လို့ဆိုပြီး ဘာမှ မစားဘဲ နေလို့မရဘူးလေ။ အားရှိအောင် အစားအစားမှ ဖြစ်မှာဆိုတော့ အစာခြေရခက်တဲ့ အသားတွေစားမယ့်အစား အစာခြေရလွယ်တဲ့ ပဲတွေစားပေးပါ။ပရိုတင်းဓါတ်လည်းရအမျှင်ဓါတ်လည်း ကြွယ်ဝတော့ ဝမ်းချုပ်တဲ့ ပြဿနာတွေလည်းရှင်းသွားတာပေါ့။စွပ်ြ့ပုတ်ရည် ပူပူလေးတစ်ခွက်က မိုးရာသီနဲ့လိုက်ဖက်လွန်းတဲ့အပြင် နေမကောင်းဖြစ်နေတဲ့သူတိုင်း အားထားရတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ကိုယ်အရမ်းပူပြီးဖျားနေတဲ့အချိန်ဆိုရင် အသားပြုတ်ရည်တွေကို အစား အစာခြေရလွယ်တဲ့ အသီးအရွက်ပြုတ်လေးတွေ စာပေးလို့ရပါတယ်။မုန်လာဥနီတို့ ခရမ်းချဉ်သီး ပြုတ်ရည်တို့လိုပေါ.။ နောက်ပိုင်းမှ ပြန်ပြီးအားရှိအောင် ကြက်သားစွတ်ပြုတ်ရည်လေးတွေ သောက်ပေးပါ။ဗီတာမင် Cက ခုခံအားအတွက် အရေးအကြီးဆုံး ဗီတာမင် တစ်ခုဆိုတော့ ဆင်တုပ်ကွေးကို တိုက်နေရတဲ့ ခုခံအားစနစ်အတွက် မရှိမဖြစ် အရေးကြီးတဲ့ ဗီတာမင် တစ်ခုပါ။ ဒီတော့ဗီတာမင် Cကြွယ်ဝတဲ့ အသီးအနှံတွေဖြစ်တဲ့ သံပရာသီး၊လိမ္မော်သီး၊ ကီဝီသီးတို့ကို စားပေးပါ။ ခံတွင်းလေးလည်းရှင်းသွားတာပေါ့။ နောက်ပြီး အသီးအနှံတွေမှာပါတဲ့ ဓါတ်တိုးဆန့်ကျင် အာနိသင်ကြောင့်။ဒါတွေကတော့ဆင်တုပ်ကွေး သမားတွေ အလေးထားစားသင့်တဲ့အစားအစာတွေဖြစ်ပါ။ ကိုယ်က တုပ်ကွေးမိနေတော့ ကိုယ်ခံးအားကောင်းအောင် ဂရုစိုက်ရမှာ ဖြစ်တဲ့အပြင် အိပ်ရေးဝဝ အိပ်ပေးဖို့ကလည်း အရေးကြီးတဲ့ အရာတစ်ခုပါ။ နောက်ထပ်အရေးကြီးဆုံးအရာတစ်ခုကတော့ ကိုယ့်ဆီက အဖျား သူများဆီ မရောက်ဖို့ရယ် ကိုယ့်ဆီ နောက်ထပ် အခြားရောဂါတွေ ဝင်မလာဖို့ရယ် အတွက်ခြင်ကိုက်မခံရအောင် ကာကွယ်ထားတာ အ ကောင်းဆုံးပါ ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/chikungyana/
ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းအမည်းရောင်တွေ သွားရတာ ဘာကြောင့် ဖြစ်မလဲ!
ကိုယ်ဝန်ဆောင်ချိန်ဆိုတာက နည်းနည်းလေးမှာ အတိမ်းအစောင်း မခံတဲ့ ကာလပေါ့။ ဒီလို အစစအရာရာ အမှားမခံနိုင်တဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းအမည်းရောင်တွေ သွားရတာ ဘာကြောင့် ဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ကိုယ်ဝန်ဆောင်ချိန်ဆိုတာကအမျိုးသမီး တစ်ယောက်အဖို့ အတော်လေး ဂရုစိုက်ရတဲ့ ကာလဖြစ်သလို များစွာသော အပြောင်းအလဲတွေကို တွေ့ကြုံခံစားရတဲ့ ကာလဆိုလည်း မမှားပါဘူး။ ဒီလို တွေ့ကြုံရတဲ့ အပြောင်းအလဲတွေက ရုပ်ပိုင်းဆိုင်ရာမှာရောစိတ်ပိုင်းဆိုင်ရာမှာပါ ပြောင်းလဲမှုတွေကို တွေ့ကြုံရတာပါ။ဒီလို တွေ့ကြုံရတဲ့ ပြောင်းလဲမှုတွေထဲမှာစားသောက်မှုပုံစံပြောင်းလဲတာမျိုး ရှိသလို ဝမ်းချုပ်တာ၊ အိပ်စက်မှု အလေ့အထ ပြောင်းလဲတာ၊ အသားအရေ ပြောင်းလဲတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဒီအချက်တွေအပြင်ဝမ်းအမည်းရောင်တွေသွားတာမျိုးက ဘာကြောင့် ဖြစ်မလဲဆိုတာကို ပြောပြပေးသွားပါမယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းအမည်းရောင်တွေ သွားရတာ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။ဖြည့်စွက်အား‌ဆေးတွေ။ကိုယ်ဝန်ဆောင်ချိန်မှာသွေးအားနည်းတာ၊သံဓာတ် ချို့တဲ့တာမျိုးတွေ မဖြစ်စေဖို့ဆိုပြီးသံဓာတ် အားဖြည့်ဆေးတွေသောက်ရတာမျိုး ရှိနိုင်ပါတယ်။သံဓာတ်အားဖြည့်ဆေးတွေက ဘေးထွက်ဆိုးကျိုးအနေနဲ့ ဝမ်းချုပ်တာ၊ ဝမ်းအမည်းရောင် သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ စိုးရိမ်စရာမလိုပါဘူး။ တကယ်လို့ တခြားဘေးထွက်ဆိုးကျိုးအနေနဲ့ ဗိုက်အောင့်တာတွေ ဖြစ်ရင်တော့ ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။ဆေးဝါးတွေ။ဆေးစာမလိုဘဲ ဝယ်ယူဖို့ ရနိုင်တဲ့ အချို့အချို့သော ဆေးတွေကလည်း ဝမ်းကို အမည်းရောင် ဖြစ်စေနိုင်ပါတယ်။ ဥပမာ – အစာအိမ်ဆေးလို ဆေးမျိုးတွေပါ။ ဒါကြောင့် သောက်နေကျ မဟုတ်တဲ့ ဆေးတစ်ခုခုကို သောက်ပြီးချိန်မှာ ဝမ်းအမည်းရောင် သွားတာမျိုး ဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးပြောင်း သောက်ရမလား ဆိုတာကို တိုင်ပင်ပါ။ နောက်တစ်ချက်က ဆေးမသောက်ခင်မှာ ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဖို့ပါ။ ဒါမှမိခင်ရော ကလေးပါထိခိုက်မှု ကင်းမှာပါ။အစားအသောက်တွေ။အချို့သော အစားအသောက်တွေကကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းအမည်းရောင် သွားတာကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ – နဂါးမောက်သီး အနီရောင်၊ ဘိရုစ်၊ ဘလူးဘယ်ရီ နဲ့ အစားအသောက်မှာ ပါတဲ့ ဆိုးဆေးတွေပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းအမည်းရောင် သွားနေပြီဆိုရင် ကိုယ်တိုင် ဘာတွေ စားမိသေးလဲဆိုတာကို အရင် ဆန်းစစ်ပါ။သွေးယိုစီးနေတာ။အစာခြေစနစ်ထဲမှာသွေးယိုစီးတာကလည်း ဝမ်းအမည်းရောင် သွားတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်သံဓာတ် အားဖြည့်ဆေးတွေ၊ အစားအစာတွေကို စားမိတာမျိုး မရှိဘဲ ဝမ်းက အမည်းရောင်တွေ သွားနေမယ်ဆိုရင် နီးစပ်ရာ ဆေးခန်း ဒါမှမဟုတ် ပြငနေကျ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသပေးပါ။ဝမ်းအမည်းရောင် သွားတာက ဖြစ်နိုင်ခြေတွေ အများကြီး ရှိပါတယ်။ ပုံမှန် အခြေအနေ ကနေ ပြင်းထန်တဲ့ အခြေအနေ အထိ အမျိုးမျိုး ဖြစ်နိုင်တာကြောင့် သေချာလေး ဂရုစိုက်ကြဖို့ လိုပါမယ်။ ဝမ်းအမည်းသွားပြီဆိုတာနဲ့ ကိုယ်စားနေတာတွေ၊ သောက်နေတဲ့ဆေးတွေကို ဆန်းစစ်ပါ။ ကိုယ်ဝန်ရှိနေတာ ဖြစ်တဲ့အတွက် သားဖွားမီးယပ်ဆရာဝန်နဲ့ ပြဖို့လည်း အကြံပြုချင်ပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/causes-of-dark-stool-during-pregnancy/
အသားအရောင်ပြောင်းလဲခြင်းကို ဘယ်လိုကာကွယ်မလဲ
ပုံမှန်အသားရောင်ထက် ပိုဖျော့သွားတာနဲ့ ပိုပြီးညိုမည်းလာတာ ဆိုပြီး အသားအရောင်ပြောင်းလဲခြင်း နှစ်မျိုးရှိပါတယ်။ အရေပြားကို ညိုစေ၊မည်းစေနိုင်တဲ့ အရောင်ခြယ်ပစ္စည်းတမျိုးနည်းသွားတဲ့အခါ အဆိုပါနေရာတနေရာတည်း ကွက်ပြီး ဖြူသွားတာ၊ဘေးနားက ပုံမှန်အသားနဲ့ယှဉ်ရင် အရောင်ဖျော့သွားတာမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့် အဆိုပါ အသားအရောင်ပြောင်းလဲခြင်းတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာကို သိရှိနိုင်ဖို့အတွက် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။.အသားအရောင်ပြောင်းလဲတဲ့အခါ သင့်အသားအရေဟာ အရောင်တပြေးညီဖြစ်မနေတော့ဘဲ ပိုညိုမည်းတဲ့ ဒါမှမဟုတ် ပိုဖြူတဲ့ အကွက်တွေ ပေါ်ပေါက်လို့ လာပါတယ်။ဒါ့အပြင် အသားအရမ်းညိုမည်းသွားတာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ (အသားအရေကို ညိုမည်းစေတဲ့) melanin ဆိုတဲ့ ဓါတ်တမျိုး ထိန်းမနိုင်သိမ်းမရ ထွက်ရှိလာလို့ ဖြစ်ပါတယ်။ဒါပေမယ့် နေရောင်ခြည်နဲ့ ထိတွေ့တာ ဒါမှမဟုတ် ကိုယ်နဲ့မတည့်တဲ့ အလှကုန်ပစ္စည်းတွေ၊သောက်ဆေးတွေကို သုံးစွဲမိတာကြောင့်လည်း ပိုဆိုးလာနိုင်ပါတယ်။ လူအများစုဟာ ဒီလိုမျိုး အသားအရောင်ပြောင်းလဲမှာကို တွေးကြောက်ကြပါတယ်။အကွက်လေးတကွက်လောက် ဖြစ်ပေါ်လာရင်ပဲ အိမ်ထဲကအိမ်ပြင်တောင် မထွက်ချင်ကြတော့ပါဘူး။ တကယ်တမ်းကျတော့ ဒီလိုမျိုးတွေဖြစ်မလာနိုင်အောင် ကြိုတင်ကာကွယ်နိုင်သလို ဖြစ်လာပြီဆိုရင်လည်း သက်သာသွားအောင် ပြုလုပ်နိုင်ပါတယ်။ဒါကြောင့် အောက်ပါအချက်လေးတွေကို ဖတ်ကြည့်လိုက်ပါဦး။အသားအရောင်ပြောင်းလဲခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတခုဖြစ်ပြီး လူငယ်အများအပြားဟာ ဒီလိုအခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့ရပြီဆိုရင် အလျင်အမြန်ပျောက်ကင်းလိုကြတယ်လို့ အရေပြားဆရာဝန်တွေက ဆိုပါတယ်။ဒီလို အသားအရောင်ပြောင်းလဲခြင်းပြဿနာကို ဖြေရှင်းပေးနိုင်မယ့် အကောင်းဆုံးအဖြေက နေလောင်ခံခရင်မ်တွေ လိမ်းဖို့ပဲ ဖြစ်ပါတယ်။ နေလောင်ခံခရင်မ်တွေဟာ ဆေးဝါးအဖြစ်လည်း သုံးစွဲနိုင်ပြီး သိသာထင်ရှားကောင်းမွန်တဲ့ အာနိသင်ရှိကြောင်းလည်း သိရှိခဲ့ကြပြီး ဖြစ်ပါတယ်။SPF ပမာဏအနည်းဆုံး ၃၀ ရှိတဲ့ နေလောင်ခံခရင်မ်ကို သုံးစွဲရမှာဖြစ်ပြီး ဒါမှသာ ခရမ်းလွန်ရောင်ခြည် အေအမျိုးအစားကိုရော၊ဘီအမျိုးအစားကိုပါ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ နေပူထဲမထွက်ခင် အနည်းဆုံး မိနစ်၂၀လောက်အလိုမှာ နေလောင်ခံခရင်မ် လိမ်းထားသင့်ပါတယ်။hydroxy quinone, tretinoin, topical steroids, alpha hydroxy acid, azelic acid ဒါမှမဟုတ် kojic acid စတာတွေ ပါဝင်တဲ့ ခရင်မ်တွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ဒီခရင်မ်တွေကို ညဖက်မှာ အသုံးပြုနိုင်သလို နေ့ဖက်မှာလည်း နေလောင်ခံခရင်မ်နဲ့ တွဲဖက်သုံးစွဲနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)တွေကို ပုံမှန်သုံးစွဲမယ်ဆိုရင်လည်း အသားအရောင်ပြောင်းလဲခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ခရင်မ်တွေနဲ့ အဆင်မပြေဖူးဆိုရင် တခြားရွေးချယ်စရာတွေလည်း ရှိနေပါသေးတယ်။ဥပမာ ကပ်ခွာတွေအသုံးပြုတာ၊ အရေပြားကို စားပစ်တာ ဒါမှမဟုတ် လေဆာပစ်တာမျိုးတွေပေါ့။ဒါ့အပြင် သင့်အနေနဲ့ နေ့စဉ်လိုက်နာသင့်တဲ့အချက်လေးတွေက အသားအရေကို အမြဲသန့်စင်အောင် ထားဖို့နဲ့ အစားအသောက်တွေကို မှန်ကန်စွာ ရွေးချယ်စားသောက်တတ်ဖို့ပါပဲ။သင့်မျက်နှာမှာ အိုမင်းရင့်ရော်ခြင်းရဲ့ အရိပ်အရောင်၊လက္ခဏာတွေ မြင်တွေ့ရပြီဆိုတာနဲ့ အသားအရေထိန်းသိမ်းခြင်းကို အချိန်မဆိုင်းဘဲ စတင်ဆောင်ရွက်သင့်ပါပြီ။ အသားအရေခြောက်သွေ့ခြင်း၊ဖြူဖျော့ခြင်း၊အစက်အပျောက်များဖြစ်ပေါ်လာခြင်း စတာတွေဟာ သင့်အသားအရေကို ထိန်းသိမ်းသင့်ပြီဖြစ်ကြောင်း အချက်ပေးခေါင်းလောင်းသံတွေပဲ ဖြစ်ပါတယ်။နုပျိုကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်စေနိုင်ဖို့အတွက် အောက်ဖော်ပြပါ အချက်လေးတွေကို လိုက်နာသင့်ပါတယ်။သင့်အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒါဏ်က ကာကွယ်ပေးဖို့အပြင် အခြားအရေးကြီးတဲ့အချက်ကတော့ မှန်ကန်တဲ့ အသားဖြူဆေးကို အသုံးပြုပြီး အသားအရေကို ပုံမှန်ထိန်းသိမ်းပေးတာပဲ ဖြစ်ပါတယ်။အောက်ဖော်ပြပါ အချက်လေးတွေကို လိုက်နာပါ။အသားဖြူစေတယ်ဆိုပြီး ကြော်ငြာတဲ့ မျက်နှာသစ်ဆေးတွေကို ယုံပြီး ဈေးကြီးပေးဝယ်မသုံးပါနဲ့။ဘာလို့လဲဆိုတော့ မျက်နှာခဏလေးသစ်ပေးလိုက်ရုံနဲ့ အသားဖြူစေတဲ့ ဓါတ်ပစ္စည်းတွေဟာ အရေပြားထဲကို စိမ့်ဝင်သွားမှာ မဟုတ်တဲ့အတွက်ပါပဲ။ မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်တိုက်ခြင်းဟာ အမည်းစက်တွေကို ဖြစ်ပေါ်လာစေနိုင်တာမို့ မျက်နှာသစ်ပြီးတိုင်းမှာ မျက်နှာသုတ်ပုဝါ အပျော့စားလေးနဲ့ပဲ သုတ်ပေးရမှာဖြစ်ပြီး ကြမ်းတမ်းစွာ မျက်နှာသုတ်ခြင်းကို ရှောင်ရှားရပါမယ်။အရေပြားနီရဲရောင်ရမ်းခြင်းကို သက်သာစေဖို့အတွက် အစိုဓါတ်ထိန်းပေးနိုင်တဲ့ အလှကုန်ပစ္စည်းတွေ (moisturizer)ကို အသုံးပြုရပါမယ်။moisturizer လိမ်းပြီးတဲ့အခါ သင့်မျက်နှာအရေပြားကို အသာအယာနှိပ်နယ်ပေးရမှာဖြစ်ပြီး သင့်အသားအရေဟာ ခြောက်သွေ့နေမယ်၊ထိရှလွယ်မယ် ဒါမှမဟုတ် အိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာတွေ ပေါ်ပေါက်နေမယ်ဆိုရင်တော့ တပတ်ကို တကြိမ်နှစ်ကြိမ်လောက် ဂျီးချွတ်ပေးဖို့ လိုပါလိမ့်မယ်။ သင်ဟာ အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်ဆိုရင်တော့ တပတ်ကို နှစ်ကြိမ်သုံးကြိမ်လောက် ဂျီးချွတ်ပေးဖို့ လိုပါလိမ့်မယ်။အသားအရောင်ပြောင်းလဲခြင်းကို ကာကွယ်ရတာဟာ ထင်သလောက် မရှုပ်ထွေးပါဘူး။ အသားအရောင်ပြောင်းလဲမှုကို ကာကွယ်ခြင်းနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ ဗဟုသုတတွေကို ဒီဆောင်းပါးလေးက ပေးစွမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9c%e1%80%b2%e1%80%81%e1%80%bc%e1%80%84/
အိပ်နေစဉ် သွားကြိတ် ခြင်း
တချို့လူတွေက နိုးနေတုန်းပဲ ဖြစ်ဖြစ်၊ အိပ်နေတုန်းပဲ ဖြစ်ဖြစ်သွားကြိတ်တတ်တဲ့ အကျင့်ရှိပါတယ်။ ဆေးပညာအရBruxismလို့ ခေါ်ပါတယ်။ အခြေအနေသိပ်မဆိုးရင် သွားကြိတ်တာက ကုစရာမလိုပါဘူး။ ဒါပေမယ့် အကျင့်တစ်ခုလို ဖြစ်လာမယ်။ သွားနဲ့ မေးရိုးတွေ ထိခိုက်လာမယ်။ ခေါင်းတွေကိုက်လာတဲ့အထိ ဆိုးလာရင်တော့ ကုသမှု ခံယူရပါမယ်။ သွားကြိတ်တာနဲ့ ပတ်သက်ပြီး အသေးစိတ်လေ့လာကြည့်ရအောင်။ဘာကြောင့် သွားကြိတ်တာလဲဆိုတာ ပြောရခက်ပါတယ်။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ မျိုးဗီဇကြောင့် ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ သွားကြိတ်တာကို ၂မျိုး ခွဲလို့ရပါတယ်။များသောအားဖြင့်တော့ သိပ်ပြဿနာ မရှိပါဘူး။ ဒါပေမယ့် သွားကြိတ်တာ အကျင့်တစ်ခုလို စွဲလာရင်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/dental-conditions/%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%80%e1%80%bc%e1%80%ad%e1%80%90%e1%80%ba-%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ရင်ဘတ်ချိုင့်ဝင်ခြင်း
ရင်ဘတ်ချိုင့်ဝင်တယ်ဆိုတာကရင်ညွန့်ရိုးက မွေးရာပါ အတွင်းကို ချိုင့်ဝင်နေတာဖြစ်ပြီး ဆေးပညာအရPectus excavatumလို့ ခေါ်ပါတယ်။ ကန်တော့ပုံလေးနဲ့ တူတာကြောင့်လည်း funnel chest လို့ ခေါ်ပါတယ်။မွေးရာပါ ရောဂါဖြစ်ပြီး အရွယ်ရောက်လာတာနဲ့အမျှ ခံစားရတဲ့ လက္ခဏာတွေက ပိုပြီး သိသာလာလေပါပဲ။ နောက်ဆုံး ခွဲစိတ်ကုသမှ ပျောက်မယ့် ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။ဘာကြောင့် ဖြစ်ရတာလဲဆိုတာ မပြောနိုင်သေးပါဘူး။ မွေးရာပါ ရောဂါ တစ်ခုအနေနဲ့ပဲ သိထားကြတာပါ။ တစ်ခါတစ်လေတော့မျိုးရိုးလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ယောကျာ်းလေးတွေက မိန်းကလေးတွေထက် ပိုပြီး ဖြစ်နေတာကို တွေ့ရပါတယ်။ တခြား အခြေအနေတွေကတော့။တော်တော်များများမှာတော့ ရင်ဘတ်ချိုင့်ဝင်နေတာက တစ်ခုတည်းသော လက္ခဏာပါပဲ။ တချို့တွေမှာတော့လူပျိုဖော်၊ အပျိုဖော်ဝင်လာတာက စပြီး အသက်ကြီးလာတဲ့အထိ တဖြည်းဖြည်းနဲ့ ရင်ဘတ် ချိုင့်ဝင်တာက ပိုဆိုးလာပါတယ်။ ချိုင့်ဝင်နေတဲ့အတွက် ရင်ခေါင်းက ကျဉ်းလာပြီး အထဲက အဆုတ်နဲ့ နှလုံးက ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။သိပ်ပြင်းထန်လွန်းတဲ့ အခြေအနေမှာ ရင်ညွန့်ရိုးက အတွင်းက အဆုတ်နဲ့ နှလုံးကို ဖိလာပါတယ်။ ဒါဆိုရင်တော့။နောက်ဆက်တွဲအနေနဲ့ ရင်ဘတ်က အထဲကို ချိုင့်ဝင်လွန်းရင် အဆုတ်နဲ့ နှလုံးကို ဖိလိုက်တာ ဒါမှမဟုတ် နှလုံးကို ဘေးတစ်ဖက်တွန်းပို့လိုက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ နောက်တစ်ခုက ရုပ်နဲ့မဆိုင်တဲ့ စိတ်ပြဿနာပါ။ ရင်ဘတ်ချိုင့်ဝင်တာက မြင်သာတဲ့အတွက် နည်းနည်းပဲ ချိုင့်ဝင်ရင်တောင် ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိဘဲ စိုးရိမ်နေတတ်ပါတယ်။ရင်ဘတ်ချိုင့်လေလေ အထဲက အဆုတ်ပြန်ဖောင်းဖို့ နေရာ ကျဉ်းလေလေပါပဲ။ ဒီလိုနေရာ ကျပ်တာတဲ့အတွက်ကြောင့် အဆုတ်က လေပြန်ဖောင်းလာတဲ့အခါ ဘေးက နှလုံးကို ဖိမိတတ်ပါတယ်။ နှလုံးကို ဘေးတွန်းလိုက်တဲ့အတွက် ပုံမှန်ညှစ်အားလည်း ကျသွားပါတယ်။ ဒါကြောင့် လှုပ်လှုပ်ရှားရှားလုပ်ရင် အပင်ပန်း မခံနိုင်တာ၊ မောတာ၊ ရင်တုန်တာ၊ ရင်ဘတ်အောင့်တာ စတာတွေ ဖြစ်တတ်ပါတယ်။ဒီရောဂါရှိတဲ့သူတွေက ရင်ဘတ်ချိုင့်တာကို ကွယ်ချင်တာကြောင့် ရှေ့ကိုကုန်းပြီး လျှောက်တတ်ကြပါတယ်။ ဒါကြောင့် ကြည့်လိုက်ရင်လက်ပြင်ကုန်းနေသလို ဖြစ်နေပါတယ်။ လူကလည်းမော လက်ပြင်ကလည်း ကုန်းဆိုတော့ ကြည့်လိုက်ရင် ရှူနာရှိုက်ကုန်းလေးနဲ့ တူပါတယ်။ ဒီလိုပုံစံဖြစ်နေတာကြောင့် လူကြားထဲသွားရမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိပါဘူး။ အထူးသဖြင့် အင်္ကျီချွတ်ပြီး လုပ်ရမယ့် ကိစ္စတွေပါ။ ဥပမာ ရေကူးတာမျိုးပေါ့။ သူတို့ ရင်ဘတ်ချိုင့်တာကို အကာအကွယ်မဲ့ သူများတွေ မြင်သွားမှာကို မလိုလားကြပါဘူး။ တချို့ဆိုရင် ဒီရင်ဘတ်ချိုင့်နေတာကြောင့်စိတ်ကျရောဂါအထိ ဖြစ်သွားနိုင်ပါတယ်။ရင်ဘတ်ချိုင့်ဝင်ခြင်း က ခွဲစိတ်ပြီး ကုသလို့ရပါတယ်။ ဒါပေမယ့် အခြေအနေသိပ်ဆိုးရင်တော့ ခွဲစိတ်ပြီးရင်တောင် ပြန်ပြန်ဖြစ်တတ်ပါတယ်။ လက္ခဏာ သိပ်မဆိုးရင်တော့ လေ့ကျင့်ခန်းတွေ လုပ်နိုင်ပါတယ်။ တချို့လေ့ကျင့်ခန်းတွေက သူတို့ရဲ့ ကိုယ်နေဟန်ထားကို ပြင်ပေးနိုင်တဲ့အပြင် ရင်ခေါင်းကိုလည်း ပြန်ချဲ့နိုင်အောင် ကူညီပေးနိုင်ပါတယ်။လက္ခဏာတွေက သိပ်မဆိုးနေဘူး။ ဒါပေမယ့် ဒီလိုချိုင့်ဝင်နေတာကို ကြည့်ရတာ အဆင်မပြေဘူး။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားနေရတယ်ဆိုရင် ဆီလီကွန်ထည့်လို့ရပါတယ်။ အမျိုးသမီးတွေ ရင်သားကြီးအောင် ဆီလီကွန်ထည့်သလိုပါပဲ။ ရင်ဘတ်အရေပြားအောက်မှာထည့်ပြီး ချိုင့်ဝင်နေတာကို ပြန်ဖြည့်ပေးလို့ရပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/%e1%80%9b%e1%80%84%e1%80%ba%e1%80%98%e1%80%90%e1%80%ba%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b7%e1%80%9d%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
အမျိုးသားများ ကိုယ်လုံးတီးချွတ်အိပ်ခြင်းဖြင့် ရနိုင်တဲ့ကောင်းကျိုးများ
ကျွန်တော်တို့နိုင်ငံမှာ ယောက်ျားလေးအများစုကညအိပ်ြပီဆိုရင် စွပ်ကျယ်နဲ့ ပုဆိုး၊ အိမ်နေရင်းတီရှပ်နဲ့ ဘောင်းဘီတိုတွေ ဝတ်တာများကြပါတယ်။ တချို့ကျတော့လည်း တစ်ယောက်တည်းနေရတာ၊ သို့မဟုတ် ကိုယ့်အခန်းနဲ့ကိုယ်နေရတာဆိုတော့ လွတ်လွတ်လပ်လပ် ဘာမှမဝတ်ဘဲအိပ်တာမျိုးတွေလည်း ရှိပါတယ်။ ဒီဆောင်းပါးကတော့ ညအိပ်တဲ့အခါ ကိုယ်လုံးတီးအိပ်စက်ခြင်းဖြင့် အမျိုးသားတွေအတွက် ရနိုင်မယ့် ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကို ပြောပြပေးချင်ပါတယ်။၁။လိင်အင်္ဂါတစ်ဝိုက်ဟာ ချွေးအရမ်းထွက်တဲ့နေရာပါ။ အသားနဲ့ ထိကပ်နေတဲ့ အဝတ်တွေ မရှိတဲ့အခါ လိင်အင်္ဂါအတွက်လည်း အေးမြစေသလို အနံ့အသက်ဆိုး ကင်းစင်စေနိုင်ပါတယ်။၂။ပွေး၊ နှင်းခူ၊ ညှင်းစတဲ့ အရေပြားမှိုရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။၃။ ကပ္ပါယ်အိတ်နဲ့ ဝှေးစေ့ဟာ အဝတ်တွေနဲ့ ကျပ်ထုတ်နေတာမျိုးမရှိတဲ့အတွက် အပူချိန်ကျစေတယ်။သုက်ပိုးတွေထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးပြီး မျိုးအောင်ခြင်းကို ပိုဖြစ်စေတယ်။၄။ အသားနဲ့ အဝတ်ကပ်နေခြင်းမရှိတော့တဲ့အတွက် ယားယံတာမရှိဘဲ အိပ်ရတာ လွတ်လွတ်လပ်လပ်ရှိတဲ့အတွက် ကောင်းစွာအိပ်ပျော်နိုင်စေတယ်။၅။ ကိုယ်ထဲမှာရှိနေတဲ့ မကောင်းတဲ့ ကယ်လိုရီတွေကို ပိုပြီးလောင်ကျွမ်းစေတယ်။ ဇီဝကမ္မဖြစ်စဉ်ကို လျင်မြန်စွာဖြစ်ပျက်ပြောင်းလဲစေပြီး ကိုယ်အလေးချိန်ကို ကျစေနိုင်ပါတယ်။၆။စိတ်ဖိစီးမှုကို လျော့ကျစေနိုင်တယ်။၇။ မိမိရဲ့ ကိုယ်ခန္ဓါ၊ ပုံပန်းသဏ္ဍာန်နဲ့ ပတ်သက်ပြီး ယုံကြည်မှုပိုတိုးစေတယ်။ ချစ်သူနဲ့ လိင်ဆက်ဆံရတဲ့အခါ ပိုပြီးတက်ကြွမှုဖြစ်စေနိုင်တယ်။၈။လိင်စိတ်ဆန္ဒကို တိုးလာစေတယ်။ လိင်ဆက်ဆံရဖို့အတွက် နိုးကြားတက်ကြွနေတယ်။ လက်နဲ့အာသာဖြေတာ၊ ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ ချစ်တင်းနှောတဲ့အခါ ပိုကောင်းမွန်တဲ့ကာမသုခကို ရရှိစေတယ်။၉။ ကိုယ်ချစ်ရတဲ့သူနဲ့ အဝတ်မပါဘဲ အသားချင်းထိပြီး အိပ်စက်ရတဲ့အခါ အောက်စီတိုစင်လို့ခေါ်တဲ့ ဟော်မုန်းတွေကို ကိုယ်ခန္ဓါက အများအပြားထုတ်လွှတ်ပေးပါတယ်။ ဒီဟော်မုန်းကြောင့် လူ့ရဲ့ စိတ်မှာပိုမိုပျော်ရွှင်စေပြီး ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ ပိုပြီးသံယောဇဉ်ကို ဖြစ်စေပါတယ်။၁၀။ ကျန်းမာတဲ့အမျိုးသားတိုင်းသည် အိပ်နေတဲ့အခါ အနည်းဆုံး ၃ကြိမ်မှ ၅ကြိမ်ထိလိင်တံအလိုအလျောက် ထောင်မတ်လာနိုင်ပါတယ်။ အဝတ်အစား၊ ဘောင်းဘီအကျပ်တွေနဲ့ ခံမနေတဲ့အခါ လိင်အင်္ဂါအတွက်လည်း ချုပ်ထိန်းထားတာမျိုး မရှိတော့တဲ့အတွက် သွေးစီးဆင်းမှုပိုကောင်းစေပြီး ထောင်မတ်အားကို ပိုတိုးစေပါတယ်။၁၁။ လိင်အင်္ဂါတစ်ဝိုက် ယားယံတာ၊ အဖုအပိမ့်ပေါက်တာ၊ အင်ပျဉ်ထတာ၊ မကောင်းတဲ့ အောက်သိုးသိုးအနံ့အသက်ဖြစ်ခြင်းကို လျော့ကျစေပြီး ကျန်းမာသန်စွမ်းတဲ့ လိင်အင်္ဂါကို ပိုင်ဆိုင်ရစေနိုင်ပါတယ်။ကဲ ဒါဆိုရင် အမျိုးသားများ ကိုယ်လုံးတီးအိပ်စက်ခြင်းရဲ့ ကောင်းကျိုးတွေကို သိလောက်မယ်လို့ မျှော်လင်မိပါတယ်။ အထူးသဖြင့် ကလေးယူဖို့ အဆင်သင့်ဖြစ်နေတဲ့ အိမ်ထောင်ရှင်တွေဆိုရင် အခုကစလို့ ညအိပ်တိုင်း အဝတ်မခံဘဲ ကိုယ်လုံးတီးအိပ်စက်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။ အကယ်လို့ ကိုယ်က မိသားစုတွေနဲ့ အတူနေရတာဖြစ်လို့ အဝတ်မပါဘဲ အိပ်ရမှာစိတ်ထဲ မလုံသလိုဖြစ်ရင် အတွင်းခံဘောင်းဘီအပါး၊ ချည်သားဘောင်းဘီတို၊ ညဝတ်ဘောင်းဘီအပါးနဲ့ ဝတ်အိပ်လို့လည်း ရပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%9c%e1%80%b6%e1%80%af%e1%80%b8/
အရိုးပွခြင်းကို ကာကွယ်ပေးမယ့် Super Foodများ
အရိုးတွေ သန်မာစေဖို့ကယ်ဆီယမ်နဲ့ဗီတာမင် ဒီတို့ လိုအပ်တယ်ဆိုတာကို လူတိုင်း သိကြပါလိမ့်မယ်။ ဒီ အာဟာရဓာတ်တွေ အပြင်ဗီတာမင်စီ၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ကလည်းအရိုးတွေရဲ့ သိပ်သည်းဆကို အားဖြည့်ပေးနိုင်ပါသေးတယ်။ ဒီ ဆောင်းပါးလေးမှာတော့ အရိုးတွေ သန်မာလိုသူတိုင်း စားပေးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။အရိုးပွခြင်းကို ကာကွယ်ပေးမယ့် Super Food များ ကတော့။နို့ထွက်ပစ္စည်းတွေမှာပဲ ကယ်ဆီယမ် ကြွယ်ဝတယ်လို့ ထင်နေရင် မှားသွားပါလိမ့်မယ်။ ကိုက်လန်၊ ဂေါ်ဖီထုပ်စတဲ့အစိမ်းရင့်ရောင်အရွက်အများစုမှာလည်း ကယ်ဆီယမ်ဓာတ် ကြွယ်ဝပါတယ်။ ဒါ့အပြင် ဗီတာမင်ကေလည်း ပါဝင်သေးတာမို့ ပုံမှန် စားပေးခြင်းဖြင့်အရိုးပွရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။အရိုးတွေ ကျန်းမာရေး အတွက် မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေကလည်း အားဖြည့် ကူညီပေးပါသေးတယ်။ မဂ္ဂနီဆီယမ်ဓာတ်နည်းပါးနေရင် ဗီတာမင် ဒီကိုပါ မမျှမတ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အရိုးထဲကနေ ကယ်ဆီယမ်ဓာတ်တွေကို စစ်ထုတ်ပစ်နိုင်တဲ့ အက်ဆစ်တွေကိုလည်း ပိုတက်ဆီယမ်က ချေဖျက်ပေးပါသေးတယ်။အာလူးနဲ့ ကန်စွန်းဥတွေဟာဆိုရင် မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်ဓာတ် နှစ်မျိူးလုံး ကြွယ်ဝစွာ ပါဝင်တဲ့အတွက် မကြာခဏ စားပေးသင့်ပါတယ်။ချဉ်သော အသီးတွေမှာ ပါဝင်တဲ့ ဗီတာမင် စီဟာဆိုရင် အရိုးတွေ နဲ့ အရိုးနုတွေရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ကော်လဂျင်ကို ထုတ်လုပ်ရာမှာ မရှိမဖြစ် အရေးပါတဲ့ အတွက် အရိုးကို အားကောင်းစေပါတယ်။အဆီပါတဲ့ ငါးတွေမှာ ကြွယ်ဝစွာ ပါရှိတဲ့ ဗီတာမင် ဒီက လူတွေရဲ့ ခန္ဓာကိုယ်ကနေ ကယ်ဆီယမ်ကို ကောင်းကောင်း အသုံးပြုနိုင်ဖို့ ကူညီပေးပါတယ်။ ဒီငါးတွေမှာပါတဲ့အိုမီဂါ 3ဟာလည်း အရိုးအဆစ်တွေကို အားဖြည့်ပေးပါသေးတယ်။ဆယ်မွန်ငါးမှာ ဆိုရင် ပိုတက်ဆီယမ်ဓာတ်လည်း ကြွယ်ဝတာမို့ အရိုးတွေ အားကောင်းလိုသူတွေ စားပေးသင့်ပါတယ်။ကယ်ဆီယမ်နဲ့ ပိုတက်ဆီယမ် ကြွယ်ဝပြီး အခြား အာဟာရဓာတ်တွေလည်း ပါရှိပါတယ်။ ဒါကြောင့် နေ့စဉ် လက်တစ်ဆုပ်စာခန့်ကို သရေစာ သဘောမျိုး စားသုံးပေးသင့် ပါတယ်။ပဲနို့၊ လိမ္မော်ရည်၊ Oatmeal၊ ပေါင်မုန့်စတဲ့ ကယ်ဆီယမ် နဲ့ ဗီတာမင် ဒီတို့ ထပ်မံ ဖြည့်စွက်ထားတဲ့ အစားအစာတွေကိုလည်း စားပေးနိုင်ပါတယ်။အရိုးတွေ သန်မာကြံ့ခိုင်စေဖို့အတွက် နေ့စဉ် စားသုံးတဲ့ အစားအစာတွေကလည်း တစ်ထောင့်တစ်နေရာကနေ အားဖြည့်ပေးနိုင်တာ ကံကောင်းတဲ့ အချက်ပါပဲ။ အမျိုးသမီးများ အနေနဲ့ အသက်၅၀အထက်ကို ရောက်ရှိလာပြီ ဆိုတာနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကြိုတင် ကာကွယ်မှုများကို ပြုလုပ်ထားသင့်ပါတယ်။အရိုးတွေ ကြံ့ခိုင်သန်မာခြင်းဟာ သင့်တစ်ကိုယ်လုံး ကျန်းမာရေးကိုလည်း အထောက်အကူ ပြုတာမို့ အလေးထား ဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ရေးသားသူ – Dr Rose။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/osteoporosis-orthopedics-musculoskeletal/super-foods-for-osteoporosis/
Adie Syndrome (အဒီးရောဂါ)
အဒီးရောဂါဆိုသည်မှာရှားပါးသောအာရုံကြောရောဂါတစ်မျိုးဖြစ်ပြီး မျက်စိသားငယ်အိမ်ကိုထိခိုက်စေသည်။ တော်တော်များများတွင် မျက်စိသားငယ်အိမ်သည်ကျယ်နေတတ်ပြီး အလင်းကိုတွေ့ပါကတုန့်ပြန်မှန်နှေးလိမ့်မည်။ အချို့လူနာများတွင် သားငယ်အိမ်ကျဉ်းနေတတ်သည်။ ထိုသို့တုန့်ပြန်မှုနှေးခြင်း မရှိခြင်းကြောင့်ဤရောဂါကိုဖြစ်စေသည်၊ အသက်အန္ဓါရယ်ရှိသည်လဲမဟုတ် ချို့ယွင်းမှုဖြစ်သည်ဟုလဲမဆိုသာပါ။အခြားနာမည်များမှာ။ဒီရောဂါသည်ရှားပါသည်။မိန်းကလေးများယောကျားလေးများထက်ပိုဖြစ်တတ်သည်။ အချိုးအားဖြင့်ဆိုသော် ၂.၆ :၁။ အသက် ၂၅ မှ ၄၅ ထိ အရွယ်ရောက်လူငယ်များတွင်ပိုဖြစ်တတ်သည်။ အဒီးသေားငယ်အိမ်ဖြစ်နိုင်သောလူပမာဏ (ရောဂါလက္ခဏာအားလုံးမဟုတ်သည်) ၁၀၀၀တွင် ၂ ယောက်ဖြစ်တတ်သည်။ တိတိကျကျဖြစ်စေတတ်သောပမာဏကိုမသိပါ။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ပုံမှနာ်းဖြင့် မျက်စိသားငယ်အိမ်သည် အလင်းသို့မဟုတ် အနီးရှိအရာဝတ္ထုကိုကြည့်ပါက ကျုံသွားတတ်သည်။ အမှောင် သို့မဟုတ် အဝေးအရာကိုကြည့်ပါကသို့မဟုတ် စိတ်လှုပ်ရှားနေပါကသားငယ်အိမ်သည် ကျယ်လာမည်။လူနာအများစုသည် သားငယ်အိမ်ကျယ်နေတတ်ပြီး အလင်းလာချိန်တွင်ကောင်းစွာမကျုံနိုင်ပါ။ သူငယ်အိမ်သည် လက်မှာကိုင်ထားသောအရာကို စုစုံသောအခါမှတဖြည်းဖြည်းချင်းကျဉ်းလာမည်။ ထိုမှ ကောင်းသောသူငယ်အိမ်ထက်ပိုသေးသွားလိမ့်မည်။ ထိုအရာကိုမကြည့်တော့သော်လည်း ရောဂါဖြစ်နေသောသူငယ်အိမ်သည် ပုံမှန်သူငယ်အိမ်ထက်ကျဉ်းမြဲကျဉ်းဆဲဖြစ်ပြီ တဖြည်းဖြည်းခြင်းမိနစ်အနည်းငယ်ကြာမှပုံမုန်အခြေအနေသို့ပြန်ရောက်လာလိမ့်မည်။ အချို့လူများတွင် သူငယ်အိမ်နှင့်ပတ်သတ်သောလက္ခဏာများမပြတတ်ပါ။ အမြင်ဝါးခြင်း သို့မဟုတ် အလင်းကြောက်ခြင်းတို့ဖြစ်တတ်သည်။ အေးဒီးရောဂါဖြစ်နေသူတွင် အတွင်းအရွတ်တုံပြန်မှုများလည်းနှေးတတ်သည်။ အတွင်းအရွတ်တုံပြန်မှုဟူသည် လှံုဆော်မှုတခုကြောင့် ကြွက်သားမှသူဟာသူပြန်ကျုံသော အကြောင်းအရာတခုဖြစ်သည်။ဥုပမာ ဒူးခေါင်းအရိုးတုံပြန်မှုကို ဆရာဝန်က ဒူးခေါင်းဆစ်နေရာသို့ သေးငယ်သော ရာဘာတူလေးဖြင့်ခေါက်မည်။ ထိုသို့ခေါက်လိုက်ပါက ခြေထောက်ကန်လိုက်သလိုဖြစ်တတ်သော်လည်း အေးဒီရောဂါသမားများတွင် ထိုတုံပြန်မှုမျိုးနှေးခြင်းသို့မဟုတ် မပေါ်ခြင်းများဖြစ်တတ်သည်။ခေါင်းကိုက်ခြင်း မျက်နှာနာခြင်း သို့မဟုတ် စိတ်ခံစားမှုအပြောင်းအလဲများခြင်းလဲအချို့သူတွင်ဖြစ်တတ်သည်။ ထိုသို့ဖြစ်ခြင်းသည် ဆိုးဝါးသောအခြေအနေသို့မဖြစ်စေတတ်ပါ။ အေးဒီးရောရာသည် မျက်စိသူငယ်အိမ်တစ်ဖက် ထဲတွင်သာဖြစ်လေ့ရှိသော်လည်း တဖြည်းဖြည်းဖြင့် အခြားတဖက်ကိုပါထိနိုင်သည်။ အချို့သောလေ့လာချက်များအရ အေးဒီးရောဂါဖြစ်နေသူများတွင် အလိုအလျောက်လုပ်ဆောင်ချက်များ ဥပမာ နှလုံးသွေးကြောဆိုင်ရာလှုပ်ဆောင်ချက်များချို့ယွင်းနိုင်သည်ဟုဆိုသည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။များသောအားဖြင့် အေးဒီးရောဂါဖြစ်စေသောအကြောင်းအားသေချာမသိပါ။ များသောအားဖြင့် အမျှင်ပါသောအာရုံကြောစုယောင်ခြင်း သို့မဟုတ် ပျက်ဆီးခြင်းကြောင့်ဖြစ်သည်ဟုယူဆကြသည်။ ထို အာရုံကြောစုများသည် မျက်လုံးနောက်ဘက်တွင်ရှိသော အာရုံကြောဆဲလ်များစုစည်းမှုဖြစ်သည်။ ထို အမျှင်ပါသော အာရုံကြောစုများသည် အလိုအလျောက်ဖြစ်သောအာရုံကြောစနစ်၏အပိုင်းစတစ်ခုဖြစ်သည်။ ထို အရာများမှ ခန္ဓါကိုယ်အား အနားယူစေခြင်းနှင့် မြင့်မားသောလှုပ်ဆောင်ချက်များကိုတားသည်။ထို အမျှင်ပါသော အာရုံကြောစုသည် မျက်လုံးတွင်စုစုံသည်။ ထိ အာရုံကြောစုသည် သူငယ်အိမ်အားလှုံဆော်ချက်များကိုတုံပြန်သည့်အရာများအားသယ်ပေးသည် ဥပမာ အလင်းအမှောင်တွေ့ပါက ကြီးခြင်းသေးခြင်း။ ထိုအာရုံကြောများသည် မျက်စိအကျဉ်းအကျယ်လုပ်ပေးသောကြွက်သားနှင့်အဆက်အသွယ်လုပ်ပေးသည်။ သို့သော် များသောအားဖြင့် အမျင်ပါသော အာရုံကြောစုသည် မျက်လုံးအား အနီးအဝေးမြင်နိုင်ရန် ချိန်ညှီပေးသောကြွက်သားအား ၉၇ ရာခိုင်နှုန်းထိထောက်ပံ့ပေးသည်။အေးဒီးရောဂါတွင် ထို အာရုံကြောဆဲလ်နှစ်ခုလုံးပြတ်နေသည်။ သို့သော် မျက်လုံးအားစုစုံပေးသော ဆဲလ်များအများကြီးရှိသောကြောင့် ပုံများအားဖြင့် ဤအရာပျက်ခြင်းသည် သိပ်မသိသာလှပါ။ တဖြည်းဖြည်းခြင်း ပျက်နေသော အာရုံကြောများပြန်ကောင်းလာမည် သို့သော အချို့ဆဲလ်များပြန်မကောင်းပါ။ အလင်းထိန်းညှိနေသော ကြွက်သားကားရှားသောကြောင့် ပြန်ကောင်းရန်မလွယ်ကူပေ။ သို့သော် ဆဲလ်များသည် အနီးအဝေးချိန်ပေးသော ကြွက်သားသာမက အလင်းချိန်ပေးသော ကြွက်သားများလဲထောက်ပံသောကြောင့် ကျုံနေသောသူငယယ်အိမ်တွင် အနီးအဝေးချိန်ညှိနိုင်သောစွမ်းရည်သည် ရှိသော်လည်းနှေးနေခြင်းဖြစ်သည်။ များသောအားဖြင့် အမျှင်ပါသောအာရုံစုက်ုပျက်စီးစေခြင်းသည် ဗိုင်းရပ်ကြောင့်ဖြစ်သည်ဟုဆိုသည်။ ကိုယ့်ဆဲလ်ကိုပြန်တိုက်သောဖြစ်စဉ်ကြောင့်ဟူသောသက်သေများလဲရှိသည်။ အကျိတ် ထိခိုက်မိခြင်းနှင့် ယောင်ယမ်းခြင်း (များသောအားဖြင့် ကာလသား ) သည်လည်းအေးဒီးရောဂါနှင့်ဆက်စက်မှုရှိနိုင်သည်။ ခွဲစိတ်ခြင်းမှုနောက်ဆက်တွဲဖြစ်စဉ်လဲဖြစ်နိုင်သည်။ လူကြီးများတွင် သွေးလွတ်ကြောယောင်ခြင်း သွေးယောင်ကြောအပြင်းအထန်ယောင်ခြင်းတို့ကြောင့်လဲဖြစ်နိုင်သည်။ ကင်ဆာရောဂါဆိုင်သောလက္ခဏာစုကြောင့် လဲရှားရှားပါးပါးဖြစ်တတ်သည် သို့သော် ကင်ဆာဟုသိပြီးသူများတွင်ဖြစ်တတ်သည်။အတွင့်အရွတ်တုံပြန်မှုနှေးခြင်းသည် ကျောဘက်မှ အမြစ်အာရုံကြောများ ပျက်စီးခြင်းကြောင့်လဲဖြစ်နိုင်သည်။အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။လူနာအားသေချာသောမေးမြန်းမှုများ စမ်းသက်မှုများလုပ်၍သိနိုင်သည်။ မျက်စိတစ်ခုလုံးစမ်းသက်မှုကို မျက်စိဆရာဝန်မှလုပ်သင့်သည်။ အရေဖျောထားသော ပိုင်လိုကာပင်းကိုသုံး၍မျက်စိဆရာဝန်မှစမ်းသက်နိုင်သည်။ ပိုင်လိုကာပင်းသည် မျက်စဉ်းဆေးပုံဖြစ်ပြီး သားငယ်အိမ်အားကျဉ်းစေသည်။ အေးဒီးရောဂါဖြစ်သောလူနာတွင် အလင်းတွေ့ပါက မကျုံသော်လည်း ပိုင်လိုကာပင်းပေးပါကကျုံလိမ့်မည်။ ပုံမှန်သူငယ်အိမ်တွင်မကျုံပါ။ သားငယိမ်ကျယ်ခြင်းသည် စကိုပိုလာမင်း သို့မဟုတ် အေထရီုပင်းထိခြင်ေးကြာင့်ဖြစ်ပါက ပြင်းအားမြင့်သောဆေးပုံရင်ထောင်မှမကျုံပါ။ ပုံမှန်သားငယ်အိမ်တွင် အပြင်းအထန်ကျုံသည်။မျက်စိဆရာဝန်မှ ကောင်းသောမျက်လုံး မကောင်းသောသားငယ်အိမ် အလင်းအမှောင်တုံပြန်မှု ဝတ္ထုအနီးအဝေးကြည့်ကတုန့်ပြန်ပုံတို့ကိုယှဉ်စမ်းလိမ့်မည်။ မီးအိမ်တခုကိုသုံးလိမ့်သည် ။ ထိုအရာသည် မျက်စိအားချဲ့အားများစွာကြည့်ခြင်းဖြင့် အပိုင်းလိုက်ပြတ်နေခြင်းနှင့် သားငယ်အိမ်ထောင့်ပြားနေသည်တို့ကိုတွေ့နိုင်သည်။ဥပမာ တီကောင်ကဲ့သို့လှုပ်နေသောမျက်နက်ဝန်းများကိုတွေ့နိုင်သည်။ တခါတရံ သားငယ်အိမ်သည် ဘဲဥပုံသဏာန်ရှိနေနိုင်သည်။များသောအားဖြင့်ကုသမှုမလိုပါ။ မျက်စိဝါးနေခြင်းများကိုပြင်ရန် မျက်မှန်လိုနိုင်သည်။ အလင်းမခံနိုင်သူအတွက်နေကာမျက်မှန်လိုနိုင်သည်။ ပြင်းအားလျော့ ပိုင်လိုကာပင်းသည် မျက်လုံးသေခြင်း တို့ကိုသက်သာစေနိုင်သည်။ အတွင်းအရွတ်တုံပြန်မှုနှေးခြင်းကား ထာဝရဖြစ်သည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအေးဒီးရောဂါကိုကုသရာမှာဘယ်လိုအထောက်အကူပြုနုင်သလဲ။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-diseases/adie-syndrome-%e1%80%a1%e1%80%92%e1%80%ae%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab/
ချစ်သူနဲ့ ချိန်းတွေ့ပြီးတိုင်း ဝှေးစေ့က ဘာကြောင့်အောင့်နေရတာလဲ
အခုတလော ယောက်ျားလေးတွေ ခဏခဏလာမေးကြတဲ့ မေးခွန်းတစ်ခုရှိတယ်ဗျ။ သူတို့ချစ်သူကောင်မလေးတွေနဲ့ ချိန်းတွေ့ပြီး ပြန်လာတဲ့အချိန်မှာ ဝှေးစေ့က အရမ်းအောင့်ပါတယ်။ ဘာလိင်မှုကိစ္စမှလဲမဖြစ်ခဲ့ပါဘူးတဲ့။ ချစ်သူနဲ့ ချိန်းတွေ့ပြီးတိုင်း ဝှေးစေ့က ဘာကြောင့်အောင့်နေရတာလဲ ဆိုပြီး မေးထားတာပါ။ တကယ်ကတော့ မေးခွန်းမှာကတည်းက အဖြေက ပါနေပြီးသားပါ။ အလွယ်ပြောရမယ်ဆိုရင် လိင်စိတ်ဆန္ဒဖြစ်ပေါ်နေပါလျက်နဲ့လိင်ဆက်ဆံခြင်း(တစ်နည်းအားဖြင့် သုက်လွှတ်ခြင်း) လုံးဝမရှိခဲ့လို့ အောင့်တာပါ။သူ့ကို ဆေးပညာအရ Epididymal Hypertension (အတိုကောက် EH) လို့ခေါ်ပါတယ်။ ယောက်ျားလေးတွေမှာပဲ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါ။ ကြီးကြီးမားမား စိုးရိမ်စရာ၊ စိတ်ပူစရာမရှိဘူးဆိုပေမဲ့ ယောက်ျားလေးတွေရဲ့ အဓိကနေရာမှာ ဖြစ်တာဆိုတော့လည်း အနည်းငယ်ပူပန်တတ်ကြတာတော့ သဘာဝပါပဲ။ ဒီဆောင်းပါးမှာ ခုပြဿနာကြောင့်ဝှေးစေ့အောင့်ရခြင်းအကြောင်းကို နားလည်လွယ်အောင် ပြောပြပေးချင်ပါတယ်။EH သည် ဝှေးစေ့ကိုပဲ အဓိကသွားပြီး သက်ရောက်ပါတယ်။ များသောအားဖြင့် အတွေ့များတဲ့ လက္ခဏာတွေကတော့။ယောက်ျားလေးတွေလိင်စိတ်ထကြွတဲ့အခါ လိင်အင်္ဂါထဲ သွေးစီးဆင်းပြီး ထောင်မတ်ပါတယ်။ လိင်အင်္ဂါအတွင်းမှာရှိတဲ့ သွေးကြောတွေထဲ သွေးစီးဆင်းမှုများလာတာနဲ့အမျှ လိင်အင်္ဂါရဲ့ တင်းမာမှုက ပိုပြင်းထန်လာပြီး နဂိုအရွယ်အစားထက် ပိုကြီးလာပါတယ်။ ဝှေးစေ့သည်လည်း ပုံမှန်ထက် ပိုကြီးပြီး လေးလာသလို ခံစားရပါတယ်။သုက်လွှတ်လိုက်တာ၊ လိင်ဆက်ဆံပြီးသွားတဲ့အခါ သွေးကြောတွေထဲမှာ ရှိနေတဲ့ သွေးတွေဟာ ကိုယ်ခန္ဓာအတွင်းကို ပြန်ရောက်သွားပြီး လိင်စိတ်ဆန္ဒနည်းသွားတတ်ပါတယ်။ ခုပြဿနာမှာတော့ သုက်လွှတ်ခြင်းလုံးဝမရှိတဲ့အတွက် အထဲကို ပြန်ရောက်ရမယ့် သွေးတွေက မရောက်ဘဲ လိင်တံအတွင်းမှာ အချိန်အကြာကြီးရှိနေတာပါ။ ပိုဆိုးတာက ကိုယ့်ချစ်သူနဲ့ အတူရှိနေတဲ့အချိန်ဆိုတော့ ဘာမှမလုပ်ဘဲနေရင်တောင် ကိုယ့်ရဲ့ ငယ်ပါက အချိန်ကြာမြင့်စွာ ထောင်မတ်နေမှာပါပဲ။မိန်းကလေးဘက်က ဆန္ဒမရှိတာကြောင့် လိင်ဆက်ဆံခြင်း မပြုလိုက်ရတဲ့အခါ ဒီသွေးတွေကလိင်အင်္ဂါနဲ့ ဝှေးစေ့ကို နာကျင်ပြီး နေမထိထိုင်မသာဖြစ်စေပါတယ်။ သွေးအလွန်အကျွံ ဝင်ရောက်ပြီး သွေးဖိအားသက်ရောက်မှု များခြင်းကြောင့် ဝှေးစေ့သည်လည်း တစ်ခါတလေ အပြာရောင်သမ်းသွားတတ်ပါတယ်။၁။ တစ်ကိုယ်ရေအာသာဖြေခြင်းသိပ်မလုပ်တဲ့ အမျိုးသားတွေ။၂။ လိင်အင်္ဂါက နည်းနည်းလေး ထိလိုက်ရုံ၊ နှိုးဆွရုံနဲ့ ထိန်းမရအောင် ထောင်မတ်လာတတ်တဲ့ အမျိုးသားတွေ။၃။ ချစ်သူရည်းစား ထားဖူးကာစ ကောင်လေးတွေ။၄။အသက်ငယ်သေးတဲ့ ယောက်ျားလေးတွေမှာ ပိုအဖြစ်များပါတယ်။ချစ်သူ ရည်းစားနဲ့ ချိန်းတွေ့ပြီး ပြန်လာမှ အောင့်တာဆိုရင်တော့ EH ကြောင့်ပဲဆိုတာ သေချာသလောက်ရှိပါတယ်။ အဲ့လို လိင်စိတ်ဆန္ဒဖြစ်ပေါ်လာခြင်းမရှိဘဲ သူ့အလိုလို အောင့်တာဆိုရင်တော့။EH ကြောင့် ဖြစ်တဲ့ ဝှေးစေ့နာကျင်အောင့်ခြင်းသည် စိုးရိမ်စရာကိစ္စမဟုတ်တာကြောင့် သွားပြဖို့တော့ မလိုပါဘူး။ အမြဲလိုလို နာကျင်ပြီး အောင့်နေတယ်၊ နာကျင်မှုက လုံးဝမခံစားနိုင်လောက်အောင် ပြင်းထန်လွန်းနေတယ်၊ ဝှေးစေ့ကို စမ်းကြည့်လိုက်တဲ့အခါ အဖုအလုံး၊ အကျိတ်တစ်ခုခုတွေ့တာ၊ ပေါင်ခြံတစ်ဝိုက်မှာ တစ်ဆစ်ဆစ်နဲ့ ကိုက်နေတာဆိုရင်တော့ ဆီးလမ်းကြောင်းဆရာဝန်နဲ့ ပြသပြီး ဓါတ်မှန်ရိုက်တာမျိုးလုပ်ကြည့်သင့်ပါတယ်။၁။ လိင်စိတ်ဆန္ဒ အရမ်းပြင်းပြနေချိန်မှာ ကိုယ့်ချစ်သူနဲ့ မဆက်ဆံရင်တောင် လက်နဲ့ အာသာဖြေလိုက်ပါ။၂။ လိင်ဆက်ဆံဖို့ အဆင်ပြေတယ်ဆိုရင်လည်း ဆက်ဆံလို့ ရပါတယ်။ အဓိက သုက်လွှတ်ဖြစ်ဖို့ပါပဲ။၃။ ဒါမှမဟုတ် ရေအေးအေး လောင်းချိုးလိုက်ပါ။ အထူးသဖြင့် လိင်အင်္ဂါအပေါ်ကနေ ရေအေး တစ်ခွက်၊ နှစ်ခွက်လောက် လောင်းချလိုက်ပါ။၄။ လိင်စိတ်ပျောက်သွားစေမယ့် အတွေးတစ်ခုခု၊ ဥပမာ စာအကြောင်း၊ အလုပ်အကြောင်း၊ စိတ်အပြောင်းအလဲဖြစ်စရာ အကြောင်းအရာတစ်ခုခု စဉ်းစားနေလိုက်ပါ။၅။ သီချင်းနားထောင်ပါ။၆။ ဒီဘက်ကို စိတ်ရောက်မနေစေဖို့ အလုပ်တစ်ခုခု ထလုပ်ပါ။၇။လေ့ကျင့်ခန်းလုပ်ပါ။ ဒိုက်ထိုးပါ။ အိပ်ထမတင် လုပ်ပါ။၈။ အရမ်းမအေးတဲ့ ရေခဲအိတ်ကပ်ပေးတာမျိုးလည်း လုပ်လို့ရပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/blue-balls-after-dating/
အလှအပရေးရာအတွက် ဗီတာမင် ကေ ရဲ့ ကောင်းကျိုးများ
သင့်အလှအပကို ထိန်းသိမ်းဖို့နဲ့ ကျန်းမာကောင်းမွန်တဲ့ အသားအရေကို ပိုင်ဆိုင်ဖို့အတွက် သင်နေ့စဉ်စားတဲ့ အစားအသောက်တွေထဲမှာ ဗီတာမင် K ပါဝင်ဖို့လည်း အရေးတကြီးလိုအပ်ပါတယ်။ဟင်းနုနွယ်၊ဂေါ်ဖီစိမ်းတမျိုး၊ပင်စိမ်းနဲ့ တရုတ်နံနံ အစရှိတဲ့ ဟင်းသီးဟင်းရွက်အမျိုးမျိုးမှာ ဗီတာမင် K ကို တွေ့ရပြီး သူတို့တတွေရဲ့ အလှအပရေးရာနဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုက အံ့မခန်းပဲ ဖြစ်ပါတယ်။ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး ဗီတာမင် K အကြောင်း ဆက်လက်လေ့လာလိုက်ရအောင်။ဒီခေတ်ကြီးမှာ လှုပ်ရှားသွားလာ လုပ်ကိုင်ရတာ ဖိအားတွေလည်း များသမို့ အမျိုးသမီးအတော်များများဟာ စိတ်ဖိစီးမှုတွေကို ခံစားရပြီး အိပ်ချိန်မမှန်တာမျိုးတွေ၊အိပ်မပျော်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မျက်ကွင်းတွေညိုလာတတ်တဲ့အတွက် အလှအပကိုပါ ထိခိုက်စေပါတယ်။ဒီလိုဖြစ်လာရင် သင့်အနေနဲ့ ဗီတာမင် K ပါဝင်တဲ့ အစားအစာတွေ ဒါမှမဟုတ် အလှကုန်ပစ္စည်းတွေကို သုံးစွဲမယ်ဆိုရင် မျက်ကွင်းညိုတာတွေ ပျောက်ကွယ်သွားမှာဖြစ်ပြီး မူလအသားအရေကို ပြန်လည်ရရှိစေမှာဖြစ်ပါတယ်။ဗီတာမင် K ကြွယ်ဝတဲ့ အစားအစာတွေကို နေ့စဉ်စားသုံးပေးမယ်ဆိုရင် မျက်ကွင်းညိုခြင်းဟာ အလျင်အမြန် သက်သာပျောက်ကင်းသွားမှာဖြစ်ပြီး တောက်ပရွှန်းစိုလှပကျန်းမာတဲ့ မျက်ဝန်းအစုံကို ပြန်လည်ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။အသက်ကြီးလာတာဟာ အမျိုးသမီးတွေအတွက် အိပ်မက်ဆိုးဖြစ်ပြီး အသားအရေ တင်းတင်းရင်းရင်း မရှိတော့တာဟာ အိုမင်းရင့်ရော်လာခြင်းရဲ့ သင်္ကေတ တခု ဖြစ်ပါတယ်။ အရေးအကြောင်းတွေ ပေါ်လာခြင်းဟာလည်း ပရိုတင်းဓါတ်တွေ နည်းပါးလာခြင်းကြောင့် သင့်အသားအရေ လျော့တွဲနေပြီဆိုတာကို ပြတဲ့ ကနဦး အရိပ်အရောင်တွေ ဖြစ်ကြပါတယ်။ဒီလို အခြေအနေတွေကို ရှောင်ရှားနိုင်ဖို့အတွက် သင့်အနေနဲ့ ဗီတာမင် K ပါဝင်တဲ့ အစားအစာတွေ (အထူးသဖြင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ)ကို စားပေးနိုင်ပါတယ်။ဒါဆိုရင် သင့်အသားအရေအတွက် လိုအပ်တဲ့ ပရိုတင်းပမာဏကို ထိန်းပေးထားနိုင်မှာဖြစ်တဲ့အတွက် အသားအရေ တင်းရင်းပြည့်ဖြိုးလာမှာဖြစ်ပြီး အိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာတွေကို မောင်းထုတ်နိုင်မှာပဲ ဖြစ်ပါတယ်။သွေးကြောတွေ၊အရေပြားတွေ ထိခိုက်ပျက်စီးမှုကြောင့် သွေးခြေဥတာတွေ ဖြစ်ပေါ်လာရပြီး သင့်အသားအရေကို အချိန်အတိုင်းအတာတခုအထိ ညစ်ထပ်ထပ် ဖြစ်စေပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ ဗီတာမင် K ကို အသုံးပြုပေးခြင်းအားဖြင့် ပြဿနာတွေကို ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။သင့်အသားအရေရဲ့ အရောင်အဆင်းလှပစိုပြည်ဖို့အတွက် ဗီတာမင် K ကို အရေပြားပေါ် တိုက်ရိုက်လိမ်းပေးနိုင်သလို ဗီတာမင် K ပါဝင်တဲ့ အစားအစာတွေကိုလည်း စားပေးနိုင်ပါတယ်။ဗီတာမင် K ရဲ့ အမြင်သာဆုံးသော ကောင်းကျိုးက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရေပြားဆိုင်ရာ ပြဿနာတွေကို ပျောက်ကင်းသက်သာစေခြင်းပဲ ဖြစ်ပါတယ်။ဥပမာ သွေးခြေဥခြင်း၊အမာရွတ်ထင်ခြင်း၊အကြောပြတ်ခြင်း စသဖြင့်ပေါ့။အထူးသဖြင့် ဗီတာမင် K ဖြည့်စွက်အားဆေးတွေကို လုံလောက်စွာ သုံးစွဲမယ်ဆိုရင် အနာကျက်မြန်စေခြင်း၊အရေပြားရောင်ရမ်းမှုတွေကို သက်သာစေခြင်း နဲ့ သွေးကြောထုံးတွေကို ပျောက်ကင်းစေခြင်း အစရှိတဲ့ ကောင်းကျိုးတွေကို ရရှိစေမှာဖြစ်ပါတယ်။အထက်မှာဖော်ပြခဲ့တဲ့ ကောင်းကျိုးတွေကတော့ ဗီတာမင် Kရဲ့ အာနိသင်တွေပဲ ဖြစ်တဲ့အတွက် သင့်အသားအရေကို ထိန်းသိမ်းရာမှာ ဗီတာမင်Kရဲ့ အစွမ်းကို အကျိုးရှိရှိ အသုံးပြုလိုက်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9c%e1%80%bd%e1%80%a1%e1%80%95%e1%80%b1%e1%80%9b%e1%80%b8%e1%80%9b%e1%80%ac%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%97%e1%80%ae%e1%80%90%e1%80%ac%e1%80%99%e1%80%84%e1%80%b9/
သင် ကော်ဖီနဲ့ တည့်ရဲ့လား
လူ တစ်ယောက်က သင့်ကို ကော်ဖီနဲ့ တည့်ရဲ့လားလို့ မေးလာရင် ဘယ်လိုဖြေမလဲ? ဒီမေးခွန်းက နည်းနည်းတော့ အူကြောင်ကြောင်နိုင်ပါတယ်။ ဒါပေမယ့် ကော်ဖီမှာ အဓိကပါဝင်တဲ့ကဖိန်းဓာတ်မတည့်မှု (Caffeine Sensitivity)က လူတိုင်းမှာ ရှိတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။အဲဒီမှာ မေးစရာရှိတာက လူတိုင်းမှာ ရှိနေရင် ဘာလို့ လူတိုင်း အဆင်ပြေပြေ ကော်ဖီသောက်နေနိုင်တာလဲပေါ့။ ဟုတ်ပါတယ်။ လူအများစုဟာ ကော်ဖီကို နေ့စဉ် အဆင်ပြေပြေ သောက်လို့ရနေပါတယ်။ အကြောင်းကတော့ Caffeine Sensitivity ဟာ ရောဂါလက္ခဏာမျိုးမဟုတ်ပဲ လူတစ်ယောက်ရဲ့ ကဖိန်းဓာတ်ပမာဏကို လက်ခံနိုင်စွမ်းနဲ့ သက်ဆိုင်တဲ့ လက္ခဏာတစ်မျိုးဖြစ်တာကြောင့်ပါပဲ။လူတစ်ယောက်နဲ့ တစ်ယောက် ကော်ဖီထဲကကဖိန်းဓာတ်ကို လက်ခံနိုင်စွမ်းမတူညီကြပါဘူး။ တစ်ချို့က တစ်နေ့ကို တစ်ခွက် နှစ်ခွက်သာ သောက်သုံးနိုင်ကြပြီး တစ်ချို့က တစ်နေ့ကို ၄၊ ၅၊ ၆ ခွက်အထိ သောက်နိုင်ကြပါတယ်။ လူအများစုကတော့ ဒါဟာ အလေ့အကျင့်ကြောင့်လို့ ထင်ကြပေမယ့် တကယ်တမ်းက မဟုတ်ပါဘူး။တစ်ချို့သော လူတွေဟာ ကော်ဖီသာမကပါဘူး တခြားသော ကဖိန်းဓာတ်ပါတဲ့ အစားအသောက်ကို အနည်းငယ်လောက် မှီဝဲမိရုံနဲ့တင်စိတ်ဖိစီးတာ၊ ဇောချွေးပျံတာ၊အိပ်မပျော်တာတွေဖြစ်တတ်ပါတယ်။ တစ်ချို့လူတွေကတော့ ဆန့်ကျင်ဘက်ပါပဲ။ ဘယ်လောက်သောက်သောက် အေးအေးဆေးဆေးပဲဆိုတဲ့ လူမျိုးတွေလည်း ရှိသေးတယ်လေ။လူတစ်ယောက် Caffeine Sensitivity ဘယ်လိုအခြေအနေရှိနေသလဲဆိုတာကို အခြေခံအားဖြင့် အသက်အရွယ်၊ လိင်၊ မျိုးဗီဇစတာတွေနဲ့ ခွဲခြားတိုင်းတာနိုင်ပါတယ်။လူတစ်ယောက် ကဖိန်းဓာတ်ပမာဏ ဘယ်လောက်ကို လက်ခံနိုင်သလဲဆိုတာက အသည်းထဲက CYP1A2 enzyme နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ဒီအန်ဇိုင်း အလုပ်ပိုလုပ်လေလေ ကဖိန်းဓာတ်ကို လက်ခံနိုင်စွမ်း နည်းပါးလေဆိုတဲ့ သဘောပါ။အခြေခံအားဖြင့် အောက်ပါ အချက် ၅ ချက်ဟာ CYP1A2enzymeနဲ့ Caffeine Sensitivity အပေါ် သက်ရောက်မှုရှိပါတယ်။ဒါ့အပြင် Caffeine Sensitivity ဖြစ်တဲ့လူတွေကို အုပ်စု ၃ စု ခွဲပြီး ရှုမြင်လို့ရပါသေးတယ်။ ဒါကတော့ Normal Sensitivity၊ Hyposensitivity နဲ့ Hypersensitivity ဆိုပြီးဖြစ်ပါတယ်။Caffeine Sensitivity ဝေဒနာခံစားရတဲ့အခါမျိုးမှာ အောက်ပါ လက္ခဏာတွေ ခံစားလာရမှာဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေဟာ ၄ နာရီနဲ့ ၆ နာရီအတွင်း ပြသတတ်ပါတယ်။ အခြေအနေဆိုးလွန်းရင် ၄ နာရီထက် နည်းပါးတဲ့ အချိန်ကာလမျိုးမှာတင် ပြသနိုင်ပါတယ်။ လက္ခဏာတွေကတော့။ဒီထက်ပိုမိုဆိုးရွားတဲ့ လက္ခဏာတွေ ပြသတဲ့ အခြေအနေမျိုးတွေ ရှိသေးပါတယ်။ ဒါကိုတော့ တစ်ဆင့်တက်ပြီး Caffeine Allergy လို့ ခေါ်ဆိုပါတယ်။ Caffeine Allergy ဖြစ်လာပြီဆိုရင်တော့။ဒီလို လက္ခဏာမျိုးတွေ ပြသလာပြီဆိုရင်တော့ နီးစပ်ရာ ကျန်းမာရေးဌာနနဲ့ ဆက်သွယ်ပြီး အမြန်ဆုံး ကုစားဖို့ လိုအပ်မှာဖြစ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/caffeine-sensitivity/
ရင်သားကင်ဆာကာကွယ်ဖို့ ရင်သားနှစ်ဖက်လုံးကို ကြိုတင်ခွဲစိတ်ဖြတ်ခြင်း
ရင်သားကင်ဆာကိုရှောင်ကြဉ်ရန် ရင်သား၂ဖက်လုံးကို ဖယ်ရှားသည့် လုပ်ဆောင်ချက်ကို ကြိုတင်၍ ရင်သားဖြတ်ခြင်း(mastectomy) ဟုခေါ်ပါသည်။ ရင်သားကင်ဆာဖြစ်နှုန်းမြင့်သည့် အမျိုးသမီးအချို့သည် နောင်ဖြစ်မည့် ရောဂါကိုရှောင်ကြဉ်ရန် ရည်ရွယ်ချက်ဖြင့် ဤခက်ခဲသည့် ဆုံးဖြတ်ချက်ကို ပြုလုပ်ကြသည်။ ကြိုတင်ကာကွယ်၍ ရင်သားဖြတ်ခြင်းတွင် ရင်သားကင်ဆာဖြစ်လာနိုင်သည့် ရင်သားရှိကင်ဆာတစ်ရှူးအားလုံးကိုဖယ်ရှားခြင်းဖြစ်သည်။ကြိုတင်ကာကွယ်၍ ရင်သားဖြတ်ခြင်းဆိုသည်မှာဘာလဲ။ရင်သားကင်ဆာဖြစ်နှုန်းမြင့်သူများသည် ရင်သားတစ်ဖက်(သို့) ၂ဖက်လုံးကို ဖြတ်ခြင်းပြုလုပ်ရမည်။ ရင်သားကင်ဆာ မိသားစုရာဇဝင်ရှိသည့် အမျိုးသမီးများတွင် ကြိုတင်ရင်သားဖြတ်ထုတ်ခြင်းကရင်သားကင်ဆာဖြစ်နှုန်းကို ၉၀ရာခိုင်နှုန်းထိလျှော့ချနိုင်သည်။ သိပ္ပံသုတေသနနည်းအရ BRCA1 (သို့) BRCA2 ချို့ယွင်းဗီဇကိုသယ်ဆောင်ထားသည့် အမျိုးသမီးများတွင် ရင်သားကိုဖယ်ထုတ်ပြီးနောက် ၉၅ရာခိုင်နှုန်းထိအသက်ရှင်နှုန်းမြင့်လာသည်ကိုတွေ့ရသည်။ရင်သားကင်ဆာဖြစ်နှုန်းလျှော့ချရန် ကြိုတင်၍ ရင်သားဖြတ်သင့်သလား။အသက်အရွယ်ကြီးမှုနှင့် လိင်အမျိုးအစားကအမျိုးသမီးများတွင် ရင်သားကင်ဆာဖြစ်နှုန်းမြင့်စေသည် ဖြစ်သည်။ အခြားဖြစ်နိုင်သည့် အချက်များရှိသော်လည်းအောက်ပါအချက်များကိုစဉ်းစားသင့်ပါသည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%9b%e1%80%84%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac%e1%80%80%e1%80%ac%e1%80%80%e1%80%bc%e1%80%9a%e1%80%b9%e1%80%96%e1%80%af%e1%80%ad%e1%82%94-%e1%80%9b/
သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုသိရှိနိုင်မလဲ
သားအိမ်ခေါင်းကင်ဆာဟာ သားအိမ်ခေါင်းပေါ်မှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေရှိနေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ သားအိမ်ခေါင်းဟာသားအိမ်ရဲ့ အောက်ဖက်ပိုင်းမှာ ရှိပြီးမိန်းမကိုယ်နဲ့ ဆက်ထားတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကို စောစီးစွာ သိရှိမယ်ဆိုရင် သားအိမ်ခေါင်းကင်ဆာကို အောင်မြင်စွာ ကုသနိုင်ပါတယ်။သားအိမ်ခေါင်းကင်ဆာဟာ လိင်အင်္ဂါကြွက်နို့ဗိုင်းရပ်စ်ပိုးဖြစ်တဲ့human papillomavirus(HPV) ကြောင့် ဖြစ်ပွားတာပဲဖြစ်ပါတယ်။ ဒီပိုးရှိသူနဲ့ လိင်ဆက်ဆံခဲ့ရင် သင့်မှာ ကူးစက်ခံရနိုင်ပါတယ်။ HPV ပိုး အမျိုးမျိုးရှိပြီး အကုန်က သားအိမ်ခေါင်းကင်ဆာကို ဖြစ်ပွားစေခြင်း မရှိပါဘူး။ ဒါပေမယ့် အမျိုးသမီးတွေဟာ Pap test ကို ပုံမှန်လုပ်သင့်ပြီး Pap test ဟာ ဆဲလ်တွေ ကင်ဆာအဖြစ် ပြောင်းလဲခြင်း မဖြစ်ခင် ပြောင်းလဲမှုတွေကို ကြိုတင်တွေ့ရှိနိုင်ပါတယ်။Pap test ဟာ သားအိမ်ခေါင်းရဲ့ ဆဲလ်ပြောင်းလဲမှု အကုန်ကို သိရှိနိုင်ခြင်း မရှိပါဘူး။ တကယ်လို့ အဖြေက ပုံမှန်မဟုတ်ဘူးဆိုရင် ဆရာဝန်က ကင်ဆာမဖြစ်ခင် အခြေအနေနဲ့ ကင်ဆာဆဲလ်တွေကို ရှာဖွေဖို့ အခြားစစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်။Pap test ဟာ ရောဂါအမည်တပ်နိုင်တဲ့ စစ်ဆေးမှု တစ်ခု မဟုတ်တာကြောင့် သင့်မှာ ရောဂါ ရှိမရှိကို တပ်အပ်မပြောနိုင်ပါဘူး။ ဒါပေမယ့် စစ်ဆေးမှုမှာ ပုံမမှန်မှုတွေ တွေ့တယ်ဆိုရင် ပိုပြီး တိကျတဲ့ စစ်ဆေးမှုတွေ ထပ်လုပ်ဖို့ လိုအပ်ပါသေးတယ်။ တခါတရံမှာ ကင်ဆာ (သို့) ကင်ဆာ မဖြစ်ခင်အခြေအနေလားဆိုတာ သိရဖို့ စစ်ဆေးမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။ ဒီစစ်ဆေးမှုတွေကတော့ မှန်ပြောင်းကြည့်ခြင်းနဲ့ အသားစယူခြင်း၊  Endocervical scraping နဲ့ cone biopsy ယူခြင်း တို့ပဲဖြစ်ပါတယ်။သင့်မှာ ကင်ဆာရောဂါလက္ခဏာတွေရှိနေရင် (သို့) Pap test ဟာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေပြနေရင် Colposcopy ပြုလုပ်နိုင်ပါတယ်။ သင်ဟာ စမ်းသပ်ကုတင်ပေါ်မှာ တင်ပါးဆုံစမ်းသပ်မှု ပြုလုပ်ရသလိုမျိုး လှဲနေရမှာဖြစ်ပါတယ်။ မိန်းမကိုယ်အတွင်း speculum ထည့်ပြီး သားအိမ်ခေါင်းကို ကြည့်ရှုမှာ ဖြ်ပါတယ်။ ဆရာဝန်ဟာ သားအိမ်ခေါင်းကို colposcope လို့ ခေါ်တဲ့ ကိရိယာတစ်ခုနဲ့ ကြည့်ရှုမှာဖြစ်ပါတယ်။ ဒါပေမယ့် ရာသီလာစဉ်မှာတော့ ဒီစစ်ဆေးမှုကို မပြုလုပ်သင့်ပါဘူး။သားအိမ်ခေါင်း အသားစယူခြင်း အများကြီးရှိပြီး ကင်ဆာမဖြစ်ခင် အခြေအနေနဲ့ ကင်ဆာ တို့ကို အတည်ပြုပေးနိုင်ပါတယ်။ ဒီစစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ လူနာတွေဟာ နာကျင်ခြင်းနဲ့ သွေးအနည်းငယ်ဆင်းခြင်းကို ခံစားရနိုင်ပါတယ်။ဒီ biopsy မျိုးမှာတော့ သားအိမ်ခေါင်းကို colposcope နဲ့ ကြည့်ပြီး ပုံမှန်မဟုတ်တဲ့ နေရာတွေကို ရှာဖွေမှာ ဖြစ်ပါတယ်။ သားအိမ်ခေါင်းကို အသားစမယူခင် ထုံဆေးပေးမှာ ဖြစ်ပါတယ်။ Biopsy forceps ကို အသုံးပြုပြီး ပုံမှန်မဟုတ်တဲ့ အစိတ်အပိုင်းအချို့ကို ဖယ်ထုတ်လိုက်မှာ ဖြစ်ပါတယ်။ဆရာဝန်ဟာ ကျဉ်းမြောင်းတဲ့ ကိရိယာတစ်ခုကို endocervical canal ထဲကို ထည့်ပြီး တစ်ရှူးအချို့ကို အသာအယာခြစ်ယူတာ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ တစ်ရှူးတွေကို ဓာတ်ခွဲခန်းကို စစ်ဆေးဖို့ ပို့ပေးမှာ ဖြစ်ပါတယ်။Conisation လို့ ခေါ်ပြီး ဆရာဝန်ဟာ သားအိမ်ခေါင်းကနေ တစ်ရှူးကို ကတော့ပုံစံ ဖယ်ထုတ်လိုက်မှာ ဖြစ်ပါတယ်။ သူဟာ တခါတရံမှာ ကင်ဆာ ဖြစ်နိုင်တဲ့ ဆဲလ်တွေနဲ့ အလွန်စောတဲ့ကင်ဆာဆဲလ်တွေကို အကုန် ဖယ်ထုတ်နိုင်တာကြောင့် ကုသမှု အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။Cone biopsy ရဲ့ အခြားနည်းလမ်းတွေကတော့ the loop excision electrosurgical procedure (the large loop excision of the transformation zone) နဲ့ the cold knife cone biopsy တို့ပဲဖြစ်ပါတယ်။ စစ်ဆေးမှုနှစ်ခုလုံးအတွက် အသားစယူပြီးချိန်မှာ ရက်သတ္တပတ်အနည်းငယ် သွေးဆင်းခြင်းကို ခံစားရနိုင်ပါတယ်။ခြုံပြောရရင်တော့ သင်ဟာ အသက် ၂၆ နှစ်အောက်ဆိုရင် HPV ကာကွယ်ဆေးထိုးနိုင်ပါတယ်။ ၂၆နှစ်အထက်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ထိုးသင့်ပါတယ်။HPVကာကွယ်ဆေးဟာ သားအိမ်ခေါင်းကင်ဆာ အများစုကို ဖြစ်စေတဲ့ HPV အမျိုးအစားအများအပြားကို ကာကွယ်ပေးနိုင်ပါတယ်။ရေးသားသူ- Dr Phyu Mon Latt။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/cervical-cancer-cancer/how-to-aware-cervical-cancer/
မိုးအေးရင် အဆစ်အမြစ်တွေကိုက်တယ်ဆိုတာ အမှန်ပဲလား။
အဆစ်အမြစ် ကိုက်ခဲတာကို ကြည့်ပြီးမိုးရွာတာကို ခန့်မှန်းနိုင်တယ် ဆိုတာရော တကယ်လား။အဆစ်အမြစ်ကိုက်ခဲတတ်တဲ့ သူတွေက မိုးရွာရင် မိုးအေးရင် သူတို့ အဆစ်အမြစ်တွေ ပိုပြီး ကိုက်ခဲတယ်လို့ ပြောတဲ့အခါ လူကောင်းတွေ အဖို့ ယုံရခက်တယ်။ မိုးအေးရင် အဆစ်အမြစ်တွေကိုက်တယ်ဆိုတာ အမှန်ပဲလား။ ဘယ်လို ဆက်စပ်မှု ရှိနေတာလဲပေါ့။သိပ္ပံနည်းကျ ရှင်းလင်းမှု အရတော့ ဒီလိုပါ။လူတွေရဲ့ ခန္ဓာကိုယ် ဝန်းကျင်မှာလေထု ဖိအားဆိုတာ ရှိပါတယ်။ အဲဒီ ဖိအားက အဆစ်အမြစ်တွေ အပါအဝင် ခန္ဓာကိုယ် တစ်ခုလုံးမှာ သက်ရောက်မှု ရှိတယ်။မိုးရွာခါနီး အချိန်အခါတွေ မှာတော့ လေထု အပူချိန် လျော့ပြီး အေးသွားတယ်။ လေထု ဖိအားလည်း ပုံမှန် ရှိနေကျထက် နည်းသွားတယ်။ ခန္ဓာကိုယ်ပေါ်မှာ သက်ရောက်နေတာလည်း နည်းသွားတယ်ပေါ့။ဒီလို လေထု ဖိအား နည်းသွားတာက လူကောင်းတွေ အဖို့မှာတော့ ထူးခြားပြီး မသိသာပါဘူး။ ဒါပေမယ့် အဆစ်အမြစ်ရောင် ရောဂါ အခံရှိတဲ့သူတွေ မှာတော့ ကာလ ကြာရှည် နာကျင်ရောင်ရမ်းမှုတွေ ဖြစ်ထားတဲ့ အဆစ်တွေရဲ့အာရုံကြောတွေဟာ အရမ်း ထိလွယ် ရှလွယ်နေပြီး အပြောင်းအလဲကို သိသိသာသာ ခံစား သိရှိနိုင် ပါတယ်။အစတုန်းက အပြင် ကနေ လေထု ဖိအားနဲ့ ဖိပေးထား သလို ဖြစ်နေတဲ့ အဆစ်အမြစ်တွေက အခုလို ဖိအား လျော့သွားတဲ့ အချိန်မှာ ပိုပြီး ဖောင်းကြွ ရောင်ရမ်းလာသလိုနာကျင်ကိုက်ခဲမှုတွေကိုလည်း ခံစားရပါတယ်။ဒါကြောင့် မိုးအေးရင် အဆစ်အမြစ်တွေ ကိုက်ခဲတယ် ဆိုတာနဲ့ မိုးရွာတာကို ခန့်မှန်းနိုင်တယ် ဆိုတာ တကယ် ပါတဲ့။နာကျင်မှုတွေ သက်သာဖို့ အတွက်ကြပ်ထုပ်ထိုးတာ၊ပတ်တီးဒူးစွပ် အစရှိတဲ့ ဖိထားပေးနိုင်တဲ့ အရာတွေကို အသုံးပြုနိုင်ပါတယ်။ သဘောကတော့ လျော့သွားတဲ့ လေထု ဖိအားကို တခြား အရာတွေနဲ့ ပြန်ဖိပေးထားတယ် ဆိုတဲ့ သဘောပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/rany-season-joint-pain/
ပျောက်ဖို့ခဲယဉ်းတဲ့ဝက်ခြံတွေ ကို ဘယ်လိုဖယ်ရှားမလဲ
ဝက်ခြံအများစုဟာ လူပျိုဖော်၊ အပျိုဖော်ဝင်လာတဲ့အချိန်မှာ ပေါက်လာလေ့ရှိပြီး ရက်အနည်းငယ်အကြာမှာ ပျောက်သွားတတ်ပါတယ်။ ဒါပေမဲ့ တကယ်လို့သင့်မှာ stubborn acne လို့ခေါ်တဲ့ ပျောက်ဖို့ခဲယဉ်းတဲ့ဝက်ခြံတွေ ဖြစ်လာခဲ့ရင်ရော.. မပူပါနဲ့။ဒါတွေကို ဆေးကုသမှုအချို့နဲ့ အိမ်မှာဂရုစိုက်လိုက်ရင် ပျောက်ကင်းသွားနိုင်ပါတယ်။ တကယ်လို့သင်က stubborn acne တွေကို ကုသပျောက်ကင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေတဲ့သူဆိုရင်တော့ ဒီဆောင်းပါးဟာ သင့်အတွက်ပါပဲ။ခေါင်းမာတဲ့ ဝက်ခြံဆိုတာ ပုံမှန်မဟုတ်ဘဲ ထွက်ပေါ်လာတဲ့ ဝက်ခြံမျိုးပါ။ ဝက်ခြံဆိုတာ ဆယ်ကျော်သက်အရွယ်တွေ ဒါမှမဟုတ် လူပျိုဖော်၊ အပျိုဖော်ဝင်လာတဲ့သူတွေရဲ့ အဖြစ်များတဲ့ လက္ခဏာတစ်ခုပါ။ ဝက်ခြံတွေဟာ ရက်အနည်းငယ်လောက်ကြာနိုင်ပါတယ်။ သင် အသက်၂၀ကျော်သည်ထိလည်း ဝက်ခြံပြဿနာတွေကို ခံစားရနိုင်ပါတယ်။တစ်ခါတလေမှာ ဝက်ခြံတွေဟာ သင်ဘယ်လိုနည်းကိုမဆို အိမ်မှာ ကြိုးစားပြီးလုပ်ကြည့်သည်ဖြစ်စေ၊ ပျောက်မသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ အိမ်မှာ ရနိုင်တဲ့ပစ္စည်းတွေသုံးပြီး စမ်းသပ်ကြည့်လို့မှ ရက်သတ္တ ၄ပတ် ကနေ ၈ပတ်လောက်ကြာတဲ့ထိမှ မပျောက်ကင်းဘူးဆိုရင်တော့ အရေပြားဆရာဝန်နဲ့ ပြသင့်ပါပြီ။သင်က အရေပြားဆရာဝန်တွေကို သွားတွေ့တဲ့အခါ သူက သင့်အရေပြားအခြေအနေကို အရင်စမ်းသပ်စစ်ဆေးပါလိမ့်မယ်။ ပြီးရင်တော့ အရေပြားဆရာဝန်က သင့်အတွက် သင့်လျော်တဲ့ ကုသမှုအစီအစဉ်တစ်ခုဆွဲပေးပါလိမ့်မယ်။ အချို့သော ဆေးဝါးတွေကိုလည်း ညွှန်းပေးပါလိမ့်မယ်။ဥပမာ ပဋိဇီဝဆေးတွေ၊ benzoyl peroxide တွေ၊ salicylic acid တွေကိုပေါ့။ ဒီဆေးတွေကိုတော့ သောက်ဆေးအနေနဲ့သော်လည်းကောင်း၊ ဝက်ခြံပေါက်တဲ့နေရာတွေမှာ လိမ်းဖို့သော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။တကယ်လို့ သင့်ရဲ့ဝက်ခြံက ပြင်းထန်တယ်ဆိုရင် isotretinoin ကို သုံးဖို့ လိုအပ်ပါလိမ့်မယ်။ ဒီဆေးကိုတော့ nodula ဝက်ခြံ (cystic acne )တွေကို ကုသဖို့ အသုံးပြုတာပါ။ အခြားသော ကုထုံးတွေဖြစ်တဲ့ benzoyl peroxide တွေကတော့ ဒါတွေအတွက် အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ တကယ်လို့ သင်က ကိုယ်ဝန်ရှိနေတယ်ဆိုရင်တော့ ဒီဆေးကို အသုံးမပြုသင့်ပါဘူး။သင့်အတွက် ဆေးသောက်ဖို့မလိုတဲ့ ကုထုံးတွေလည်း ရှိပါသေးတယ်။ အလင်းကုထုံးကို လေဟာနယ်ကုထုံး (vacuum therapy) နဲ့ ပေါင်းစပ်ကုသတာ ဒါမှမဟုတ် လေဆာကုထုံးတွေဟာ သင်လုပ်နိုင်တဲ့ ကုသမှုတွေပါ။ သူတို့တွေဟာ ထိရောက်ပေမယ့် ဈေးတော့ကြီးပါတယ်။ ဒီနည်းလမ်းတွေမရွေးချယ်ခင် သေချာပြန်စဉ်းစားပါ။ဝက်ခြံအတွက် အသားအရေထိန်းသိမ်းခြင်းကလည်း ဒီဖြစ်ရပ်ကြီးထပ်ပြီးဖြစ်မလာအောင် ကာကွယ်နိုင်ဖို့ အရေးကြီးပါတယ်။ အိမ်မှာ ကိုယ့်ကိုကိုယ်ဂရုစိုက်ခြင်းဟာ ကုသမှုတွေကို ပိုပြီးထိရောက်စေနိုင်ပါတယ်။သင့်အရေပြားကို သန့်ရှင်းနေပါစေ။ ဒါပေမဲ့ ဝက်ခြံပေါက်နေတဲ့နေရာတွေကို တစ်ရက် ၂ကြိမ်ထက်ပိုပြီးတော့ မသန့်စင်ပါနဲ့။ ဒါဟာ အရေပြားကို ထိခိုက်စေနိုင်ပြီး ဝက်ခြံတွေကိုလည်း ပိုဆိုးစေပါတယ်။အပျော့စားဆပ်ပြာနဲ့ ရေသန့်ကိုသုံးပြီး အရေပြားကိုသန့်စင်ပါ။ ရေဟာ ပူလွန်းအေးလွန်းတာမျိုးမဖြစ်ရဘဲ ကြက်သီးနွေးရေက အကောင်းဆုံးပါ။ဝက်ခြံတွေကို မဖောက်ပါနဲ့။ ဒီလိုလုပ်ခြင်းက ဝက်ခြံတွေကို ပိုးဝင်စေပြီး အမာရွတ်ကြီးကြီး ထင်ကျန်စေပါတယ်။ဖြစ်နိုင်မယ်ဆိုရင်အရေပြားပြဿနာဖြစ်နေတဲ့အချိန်မှာ မိတ်ကပ်မသုံးပါနဲ့။ မိတ်ကပ်ပစ္စည်းတွေဟာ ချွေးပေါက်တွေကို ပိတ်စေနိုင်ပါတယ်။ တကယ်လို့များ မိတ်ကပ်ကို မဖြစ်မနေသုံးစွဲရမယ်ဆိုရင် ရေကိုအခြေခံထားတဲ့ ဒါမှမဟုတ် comedogenic မပါဝင်တဲ့ ပစ္စည်းကိုသာသုံးစွဲပါ။ ဒါတွေဟာ သင့်အခြေအနေအတွက် ပိုကောင်းစေပါတယ်။ ပြီးတော့ တတ်နိုင်သမျှ အမြန်ဆုံး မိတ်ကပ်ကိုဖျက်ပစ်ဖို့မမေ့ပါနဲ့။ မိတ်ကပ်ဖျက်ဖို့ သီးသန့်ထုတ်ထားတဲ့ ပစ္စည်းကိုသာ သုံးစွဲပါ။လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ အစာစားသောက်မှုပုံစံကလည်း အကူအညီဖြစ်စေပါတယ်။ ဒါတွေက သင့်ရဲ့ အလုံးစုံသော ကျန်းမာရေးအခြေအနေတွေကို တိုးတက်ကောင်းမွန်စေပါတယ။် အရေပြားပေါ်မှာ ချွေးတွေထွက်နေတာမျိုး မဖြစ်ပါစေနဲ့။ ဒါတွေက သင့်ဝက်ခြံအတွက် မကောင်းပါဘူး။ခေါင်းလျှော်ဖို့မမေ့ပါနဲ့။ဆံပင်က ပိုးမွှားတွေ၊ အညစ်အကြေးတွေဟာ အရေပြားကို ကူးစက်ပြန့်နှံ့နိုင်ပါတယ်။ခေါင်းမာတဲ့ ဝက်ခြံတွေ (Stubborn acne)တွေဟာ ထိန်းချုပ်ရခက်ခဲပါတယ်။ တကယ်လို့ သင်က ဝက်ခြံတွေပေါက်နေပြီး ၄ပတ်မှ ၈ပတ်လောက်ကြာတဲ့ထိ မပျောက်ကင်းဘူးဆိုရင် အရေပြားဆရာဝန်နဲ့ ပြသင့်ပါတယ်။ အထူးကုသမှုတွေက သင့်ရဲ့ ပျောက်ကင်းဖို့ခက်တဲ့ ဝက်ခြံအခြေအနေတွေကို ထိန်းသိမ်းစေနိုင်ပါလိမ့်မယ်။ရေးသားသူ− Wuthun Myat Chal။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/how-to-deal-with-stubborn-acnes/
အရေးအကြောင်းတွေကို ကာကွယ်ဖို့ လေ့ကျင့်ခန်းလုပ်ကြစို့
သင့်မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်ပေါက်လာခြင်းဟာ သင့်အရေပြားတခုခု မှားယွင်းနေပြီဆိုတာကို ပြသတဲ့ လက္ခဏာတခုဖြစ်သလို အိုမင်းရင့်ရော်ခြင်းရဲ့ ပြယုဂ်တခုဆိုရင်လည်း မမှားပါဘူး။စိတ်ဖိစီးမှုတွေ၊ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေအပြင် အခြားသော အချက်တွေကြောင့်လည်း အရေးအကြောင်းတွေ ပေါ်လာနိုင်ပါတယ်။ဒီလိုမျိုး အရေးအကြောင်းတွေပေါ်ပေါက်လာရင်တော့ လူတွေအနေနဲ့ အဆိုပါ အရေးအကြောင်းတွေကို ဖယ်ရှားဖို့ အမြန်ဆုံး ကြိုးစားပါလိမ့်မယ်။အောက်မှာ ဖော်ပြပေးထားတဲ့ မျက်နှာကြွက်သားလေ့ကျင့်ခန်းလေးတွေဟာ အရေပြားကိုပြန်လည်ပြီး တင်းတင်းရင်းရင်းဖြစ်စေကာ အရေပြားတွဲကျမှုကို ကာကွယ်ပေးပါတယ်။ပက်လက်လှန်လိုက်ပါ။ ပြီးရင် မျက်လုံးကိုဖွင့်ထားပြီး သင့်လက်တွေကို နဖူးပေါ်တင်ပါ (လက်ချောင်းလေးတွေရဲ့ ထိပ်တခုနဲ့တခု ထိနေပါစေ)။ ဒီနောက် မျက်ခုံး နဲ့ မျက်ခွံကို အပေါ်ပင့်တင်ပြီး ငါးစက္ကန့်လောက် အဆိုပါ ပုံစံအတိုင်းထားပါ။ဒီလေ့ကျင့်ခန်းဟာ နဖူးကြွက်သားတွေနဲ့ မျက်ခုံးတွေအတွက် အကျိုးရှိပြီး အဆိုပါနေရာတွေမှာရှိတဲ့ အရေးအကြောင်းတွေကို လျော့နည်းစေပါတယ်။နဖူးပေါ်လက်တင်ထားခြင်းအားဖြင့် မျက်ခုံးပင့်တဲ့အခါ အရေးအကြောင်းတွေ ပေါ်ပေါက်လာမှုကို ကန့်သတ်တားဆီးပေးမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို မှန်ရှေ့မှာ ထိုင်နေရင်းနဲ့လည်း ပြုလုပ်နိုင်ပါတယ်။ မျက်မှောင်ကျုံ့တဲ့ပုံစံမျိုး (သင့်မျက်ခုံးရဲ့ဘေးဖက်ကို ကျုံ့လိုက် ဆန့်လိုက်) ပြုလုပ်ပါ။တချိန်တည်းမှာပဲ နှာခေါင်းကို (ငါးစက္ကန့်လောက်)ရှုံ့ထားလိုက် ပြန်ဖြေလျှော့လိုက် ထပ်ခါတလဲလဲ ပြုလုပ်ပါ။မျက်ခမ်းနဲ့ မျက်လုံးတဝိုက်မှာ အရေးအကြောင်းတွေ အဖြစ်များပါတယ်။ တချို့အမျိုးသမီးတွေဟာ အသက်၂၀ကျော်လောက်ကတည်းက ဒီပြဿနာနဲ့ ရင်ဆိုင်နေကြရပါတယ်။အခုဖော်ပြမယ့် မျက်လုံးလေ့ကျင့်ခန်းဟာ သင့်မျက်လုံးတဝိုက်က အရေးကြောင်းတွေကို သက်သာလျော့ပါးသွားစေမှာပါ။ သင့်နားထင်နှစ်ဖက်ကို လက်ချောင်းနှစ်ချောင်းစီနဲ့ ဖိပြီး အနောက်ကို ဆွဲပါ။ တချိန်တည်းမှာပဲ မျက်လုံးကို ဖွင့်ပါ။ဒီလေ့ကျင့်ခန်းလုပ်ပေးခြင်းအားဖြင့် မျက်လုံးတဝိုက်က ကြွက်သားတွေကို ကျန်းမာ၊ပြေလျော့စေပြီး အရေးကြောင်းတွေကိုလည်း လျော့နည်း စေပါတယ်။သင့်ပါးလေး တင်းတင်းရင်းရင်းဖြစ်ပြီး အရေးအကြောင်းတွေ မရှိစေဖို့ အောက်ဖော်ပြပါ ပါးလေ့ကျင့်ခန်းကို ပြုလုပ်ကြည့်ပါ။ ပါးကြီးဖောင်းသွားအောင် လေတွေရှုသွင်းလိုက်ပြီး ငါးစက္ကန့်လောက်ထားပါ၊ပြီးရင် ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်ပါ။ဒီလေ့ကျင့်ခန်းဟာ အရေးကြောင်းတွေ နည်းသွားအောင်လုပ်ဖို့ အထိရောက်ဆုံးနဲ့ အလွယ်ဆုံး လေ့ကျင့်ခန်းတွေထဲက တခုဖြစ်ပါတယ်။သင့်နှုတ်ခမ်းကို တတ်နိုင်သမျှ ရှည်ထွက်အောင် ဆန့်ထုတ်ပြီး “အီး” “အိုး” “ဧ” စတဲ့ စာလုံးတွေကို ရွတ်ဆိုပါ။ ပြီးရင် ခဏနားပြီး နောက်တကြိမ်ပြန်စပါ။ ဒါမျိုးကို ကြိမ်ဖန်များစွာ ပြုလုပ်ပေးပါ။ဒီလိုလုပ်ပေးမယ်ဆိုရင် သင့်ပါးစပ်နဲ့ နှုတ်ခမ်းလေးဟာ ပိုမိုနူးညံ့ပျော့ပျောင်းလာမှာဖြစ်ပြီး ရှိပြီးသား အရေးကြောင်းတွေကိုလည်း လျော့နည်းသွားစေမယ့်အပြင် အရေးကြောင်းတွေ ထပ်မံဖြစ်ပေါ်မှုကိုလည်း ကာကွယ်ပေးမှာပါ။အခုဖော်ပြမယ့် လေ့ကျင့်ခန်းတွေကတော့ မေးစေ့နဲ့ လည်ပင်းမှာ ရှိတဲ့ ကြွက်သားတွေကို အဓိကဦးတည်ပါတယ်။ မတ်မတ်ထိုင်ပါ (ကျောနဲ့ လည်ပင်းကိုလည်း မတ်နေပါစေ)။ အောက်နှုတ်ခမ်းကို ပါးစပ်ထဲ လိပ်သွင်းထားတဲ့အချိန်မှာ လက်ချောင်းသုံးချောင်းကို အသုံးပြုပြီး မေးစေ့ကို အောက်ဆွဲချပါ။ ဒီအနေအထားအတိုင်း ငါးစက္ကန့်လောက် ထိန်းထားပြီးရင် ပြန်ဖြေလျှော့လိုက်ပါ။နောက်ထပ်လေ့ကျင့်ခန်းတမျိုးက ခုနက ပုံစံအတိုင်းပဲ ထိုင်ပြီး ခေါင်းကိုကျတော့ အနောက်လှန်လိုက်ပါ (မတ်မတ်ထိုင်နေရင်း မျက်နှာကျက်ကို မော့ကြည့်လိုက်ပါ)။ ပြီးရင် သင့်အောက်နှုတ်ခမ်းကို ပါးစပ်အတွင်းထဲ ရောက်နိုင်သမျှရောက်အောင် လိပ်သွင်းပါ။ ဒီအနေအထားအတိုင်း ငါးစက္ကန့်လောက် ထိန်းထားပြီးရင် ပြန်ဖြေလျှော့လိုက်ပါ။ဒီလေ့ကျင့်ခန်းဟာ သင့်မေးစေ့နဲ့ လည်ပင်းမှာ ရှိတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး ကျုံ့ဆန့်မှု ကောင်းမွန်စေပါတယ် (တင်းတင်းရင်းရင်း ရှိစေပါတယ်)။ အထက်ပါလေ့ကျင့်ခန်းတွေကို ဆယ်ကြိမ်လောက် ထပ်ခါတလဲလဲ ပြုလုပ်ပေးပါ။အထက်မှာဖော်ပြခဲ့တဲ့ လေ့ကျင့်ခန်းတွေဟာ အိမ်မှာ အလွယ်တကူပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလေးတွေပြုလုပ်ပြီး အရေးအကြောင်းတွေကို အခုပဲ မောင်းထုတ်လိုက်ကြရအောင်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%ac%e1%80%80%e1%80%bd/
ဝမ်းလျှောနေတဲ့ ကလေးငယ်ကိုပြုစုစောင့်ရှောက်နည်း
လူရယ်လို့ဖြစ်လာရင်အနာေရာဂါနဲ့မကင်းပါဘူး။မွေးကင်းစဘေဘီလေးတွေကစလို့ ဖိုးဖိုးဖွားဖွားတွေအထိ ကိုယ်တွင်း ကိုယ်ပမှာ အနာရောဂါတွေ ခံစားကြရပါတယ်။ရာသီဥတုအနေအထားကြောင့်ခံစားရတဲ့ရောဂါတွေရှိနိုင်သလို အစားအသောက်ကြောင့်ဖြစ်တဲ့ရောဂါတွေလည်းရှိပါတယ်။ ဒီရောဂါတွေထဲကမှာ အိမ်ရဲ့ အချစ်ဆုံးဘေဘီလေးတွေမှာဝမ်းလျှောတာမျိုးဖြစ်ခဲ့ရင် ဘယ်လိုဂရုစိုက်ပေးမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာပြောပြပေးချင်ပါတယ်။ဒီအချက်တွေကြောင့် ကလေးငယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။တကယ်တော့ ဝမ်းလျှောတာက ခန္ဓါကိုယ်တွင်းမှာရှိနေတဲ့ ဘက်တီးရီးယားတွေ၊အဆိပ်အတောက်တွေနဲ့ အစာခြေစနစ်အတွင်းမှာရှိနေတဲ့ဗိုင်းရပ်စ်တွေကို စွန့်ထုတ်ပစ်တဲ့ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ်တစ်ရပ်ပါ။ကလေးအများစုမှာတော့ ဝမ်းလျှောတဲ့အခါ အခုပြောပြတဲ့ လက္ခဏာတွေတွေ့ရနိုင်ပါတယ်။မိခင်နို့တိုက်ပါ-ကလေးက အရမ်းငယ်နေသေးတယ်ဆိုရင်တော့ ကလေးအတွက် အကောင်းဆုံး အာဟာရက မိခင်နို့ကလွဲလို့ တခြားမရှိပါဘူး။ မိခင်နို့ကပဲ ကလေးငယ်ကို ကုန်ဆုံးသွားတဲ့ရေဓါတ်တွြေဖည့်တင်းပေးနိုင်မှာပါ။ ဒါကြောင့် ရင်သွေးလေးက ၆ လထက်ငယ်ပြီး ဝမ်းသွားနေမယ်ဆိုရင် မိခင်နို့ကို ဂရုတစိုက်နဲ့ မကြာမကြာတိုက်ပေးပါ။နို့တိုက်နေတဲ့မိခင်အနေနဲ့ကလည်း ကလေးကို ဝမ်းပျက်စေနိုင်မယ့် အစပ်တွေ နဲ့ နို့ထွက်ပစ္စည်းတွေစားသုံးမှုကို တတ်နိုင်သမျှလျှော့ရပါမယ်။ဓါတ်ဆားရည်တိုက်ပါ– ဝမ်းသွားတဲ့အခါ ကလေးရဲ့ခန္ဓါကိုယ်ကရေဓါတ်တွေကိုဆုံးရှုံးသွားတယ်ဆိုတာပြောနေစရာတောင် မလိုအောင်ပါ။နောက်တစ်ချက်က ကလေးငယ်တွေက လူကြီးတွေထက်ရေဓါတ်ဆုံးရှုံးမှုမြန်ပါတယ်။ ဒါကြောင့် ကလေးက အဆက်မပြတ်ဝမ်းသွားနေမယ်ဆိုရင် ဓါတ်ဆားရည်လေးဖျော်ထားပြီး နည်းနည်းချင်းစီတိုက်ပေးပါ။ ဓါတ်ဆားမတိုက်ချင်ရင်တော့ရေသန့် တစ်လီတာထဲကိုသကြားလက်ဖက်ရည်ဇွန်း ၆ ဇွန်း၊ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်စာတို့ကိုဖျော်စပ်ပြီး နှစ်နာရီခြားတစ်ခါတိုက်ကျွေးပေးပါ။ငှက်ပျောသီးကျွေးပါ–ငှက်ပျောသီးကတော့ အရင်ကတည်းကအသုံးပြုလာခဲ့တဲ့ ကလေးဝမ်းလျှောတာကို သက်သာစေနိုင်တဲ့ အထိရောက်ဆုံးနည်းလမ်းပါ။ ငှက်ပျောသီးက ကလေးရဲ့ခန္ဓါကိုယ်ကို ခွန်အားပြည့်စေပြီး ဝမ်းသွားနေတာကိုရပ်စေနိုင်ပါတယ်။ ငှက်ပျောသီးကို ကြိတ်ခြေပြီး ကလေးကိုခွံလို့ရသလို ဒိန်ချဉ်ထဲကို ငှက်ပျောသီးလေးတွေ တုံးထည့်ပြီး ကလေးကို ခွံပေးလို့လည်းရပါတယ်။Probiotic ပါတဲ့သောက်စရာတစ်ခုခု တိုက်ပါ-ကလေးက ဝမ်းသွားနေတဲ့အခါအူလမ်းကြောင်းက အကျိုးပြုဘက်တီးရီးယားတွေကို ထိန်းညှိနိုင်စေဖို့အတွက်Probioticsရရှိအောင် ဒိန်ချဉ်လိုအစားအစာမျိုးကျွေးပေးလို့ရပါတယ်။ လတ်ဆတ်တဲ့ဒိန်ချဉ်က ကလေးငယ်ရဲ့ အစာခြေလမ်းကြောင်းမှာ ကျန်းမာတဲ့ အကျိုးပြုဘက်တီးရီးယားတွေ ဖြစ်ပေါ်အောင်လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။တကယ်လို့ အစားအစာတွေကြောင့် ကလေးကဝမ်းထပ်သွားမှာစိုးရိမ်တယ်ဆိုရင်တော့ BioGaia Protectis drops ကိုတိုက်ကျွေးပေးလို့ရပါတယ်။LactobacillusအမျိုးအစားProbioticsပါဝင်ထုတ်လုပ်ထားတာကြောင့် ဒီဆေးက အူလမ်းကြောင်းထဲမှာ ကျန်းမာတဲ့ အကျိုးပြုဘက်တီးရီးယားတွေဖြစ်ပေါ်လာအောင်လုပ်ဆောင်ပေးပြီး ဝမ်းလျှောစေတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးမှာဖြစ်ပါတယ်။ ကလေးငယ်လေးတွေအတွက်ဆေးရည်ပုံစံနဲ့ထုတ်လုပ်ထားတာကြောင့်ဆေးနင်မှာကိုမပူရပါဘူး။ တစ်နေ့ကို တစ်ကြိမ်နှုန်းနဲ့ အစက် ၅ စက်တိုက်ကျွေးလို့ရပါတယ်။သလဲသီးဖျော်ရည်တိုက်ပါ– ဝမ်းသွားရတဲ့ ကလေးမှာရေဓါတ်ဆုံးရှုံးနေမှာဖြစ်တဲ့အတွက် ကလေးကိုသလဲသီးဖျော်ရည်တိုက်ပြီးရေဓါတ်ဖြည့်ပေးလိုက်ပါ။ သလဲသီးကို အစေ့ပါရောကြိတ်ပြီး ပိတ်စပါးပါးလေးနဲ့စစ်လိုက်ပါ။ပြီးရင်တော့ဖျော်ထားတဲ့ သလဲသီးဖျော်ရည်ကိုရေနဲ့ရောစပ်ပြီး ကလေးကို တိုက်ကျွေးပေးပါ။ပျားရည် တိုက်ပါ– တကယ်လို့ ကလေးက တစ်နှစ်အထက်ဆိုရင် ကလေးကိုပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ရေအေးနဲ့တိုက်ပေးပါ။ ဝမ်းလျှောတာ သက်သာသွားပါလိမ့်မယ်။အုန်းစိမ်းရည်တိုက်ပါ– ကလေးက ဝမ်းသွားနေတာကြောင့် ဆုံးရှုံးသွားတဲ့ရေဓါတ်ကိုပြန်လည်ဖြည့်တင်းဖို့ဆိုရင် လုပ်လို့ရတဲ့နောက်ထပ်နည်းလမ်းတစ်ခုက ကလေးကို အုန်းစိမ်းရည်တိုက်ပေးတာပါ။ အုန်းစိမ်းရည်က သဘာဝဓါတ်ဆားတစ်မျိုးပါ။ ဝမ်းသွားနေတဲ့ ကလေးငယ်လေးတွေကိုလည်း အုန်းစိမ်းရည်တိုက်ပေးလို့ရပါတယ်။အာဟာရပြည့်ဝအောင်ကျွေးမွေးပေးပါ– ဝမ်းသွားနေတဲ့ကလေးငယ်ကို မြန်မြန်သက်သာစေဖို့ဆိုရင် အာဟာရပြည့်ဝအောင်ကျွေးဖို့ကိုလည်းမေ့ထားလို့ မဖြစ်ပါဘူး။ ဒါကြောင့် ကလေးက အစားစစားတတ်နေပြီဆိုရင် အာဟာရပြည့်ဝမယ့် အစားအသောက်တွေကိုကျွေးမွေးပေးပါ။အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေအတိုင်း လုပ်ဆောင်ပေးရင်း ကလေးဝမ်းသွားတာကို သက်သာအောင်လုပ်ဆောင်ပေးလိုက်ပါ။ဘေဘီလေးတွေကို ချစ်တဲ့ မိဘတိုင်းအတွက် အသုံးတည့်မယ်လို့ မျှော်လင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။Taking care of your child suffering loose motion။What Cause Loose Motions in Babies & Kids?။In actual, Diarrhoea is the way of our body to throw away the bacteria, toxins, and viruses from our digestive system.။Symptoms of loose motions/diarrhea in babies။Some of the most common symptoms of diarrhea in little ones include:။-Vomiting။-Loose motions။-Fever။-Chills။-Fatigue။-Abdominal pain။-Achiness။BreastMilk helps recover from dieriya။If you are breastfeeding your baby then you should continue feeding your child. Breastmilk is the best solution to keep baby hydrated if he is below 6 months of age. During loose motions, you can increase the frequency of feeding.။If your baby is exclusively on breastfeeding then you have to cut down foods like greasy foods, spicy foods, dairy products which can trigger diarrhea in your child.။ORS as Home Remedy။Give your baby plenty of fluids. Babies tend to dehydrate faster than adults. Give your baby ORS (Oral Rehydration Salts). ORS is a special combination of dry salts that is mixed with safe water. Oral Rehydration Salts can help replace the fluids lost due to diarrhoea. You can buy ORS sachets from the market or make ORS at home.။Procedure။Dissolved the sugar, salt in water. Give this solution to your child to drink after every 2 hours.။Banana။Banana is considered to be the oldest and most effective home remedy for loose motion in babies. It provides energy and stops loose watery motions. Mash the banana and give it to your child. You can add a banana in curd as well.။Probiotic Drinks။Probiotics drinks like curd or yogurt are stomach friendly during loose motions. Give your baby freshly prepared probiotics drinks such yoghurt to restore the healthy bacteria in his digestive tract.။Pomegranate juice။Give pomegranate juice to your baby at regular intervals to keep him hydrated. Blend the seeds in a mixer and extract the juice using a muslin cloth. Add some water to dilute it.။Honey is very effective in fighting loose stools။If your baby is 1year oldthen you can give your baby one teaspoon of honey with cold water. This is old wives tales that honey taken with cold water helps to cure loose motions.။Give your baby coconut water to drink in loose motions။During the disturbed motions, tender coconut water is really a great remedy to retain the water level in the body. It keeps your baby hydrated. This remedy is useful for infants as well as grown ups.။Give nutritious foods။To release loose motions, you can give your child nutritious foods. the nutrious foods will give good immune system.။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/%e1%80%9d%e1%80%99%e1%80%ba%e1%80%b8%e1%80%9c%e1%80%bb%e1%80%be%e1%80%b1%e1%80%ac%e1%80%94%e1%80%b1%e1%80%90%e1%80%b2%e1%80%b7-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%80/
သင့်အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်က ဘယ်လိုကာကွယ်မလဲ
ခရမ်းလွန်ရောင်ခြည်ဆိုတာ နေရောင်ခြည်မှာ ပါဝင်တဲ့ UltraViolet Rays(UV Rays)တွေ ဖြစ်ပါတယ်။ နေရောင်ခြည် မှာ UVA ( Ultra Violet Ageing Rays) နဲ့ UVB ( Ultra Violet Burning Rays) နှစ်ခု ပါဝင်ပါတယ်။ သူတို့ဟာ မမြင်နိုင်တဲ့UV rays တွေဖြစ်ပြီးတော့ UVA က အရွယ်မတိုင်ခင် အသက်ကြီးရင့်ခြင်း အရေးအကြောင်း နဲ့တင်းတိတ်အမဲစက်ကို ဖြစ်စေနိုင်ပြီး UVB က အသားအရေ လောင် ကျွမ်းခြင်း နဲ့ အရေပြားရောဂါတွေကို ဖြစ်စေပါတယ်။ ဒီတစ်ခေါက်တော့ သင့်အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်က ဘယ်လိုကာကွယ်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။သင့်အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်က ဘယ်လိုကာကွယ်မလဲ ဆိုတာကို မပြောခင်ခရမ်းလွန်ရောင်ခြည်အကြောင်း အရင် ရှင်းပြချင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်မှာ UVA နဲ့ UVB ဆိုပြီး ၂ မျိုးရှိပါတယ်။UVA rays ဟာ UVB rays ထက် အရေပြားထဲကကို ပိုမို နက်ရှိုင်းစွာ ဝင်ရောက်နိုင်တာကြောင့် ပိုအန္တရာယ် ရှိပါတယ်။ UVB rays တွေဟာ နွေးထွေးတဲ့ နွေရာသီမှာ အပြင်းထန်ဆုံးဖြစ်ပြီး UVA rays တွေကိုတော့ တစ်နှစ်ပတ်လုံး ထိတွေ့နေတာ ဖြစ်ပါတယ်။ ဒါဟာ ဘာကိုဆိုလိုလဲဆိုတော့ မိုးအုံ့နေတဲ့ နေ့ရက်တွေမှာတောင် အရေပြားဟာ အန္တရာယ်ရှိတဲ့ UVA rays တွေနဲ့ ထိတွေ့နေတာ ဖြစ်တယ်လို့ ဆိုလိုပါတယ်။ နေလောင်ထားတဲ့ အသားတွေဟာ တောက်ပမှုကို ပေးစွမ်းတယ်လို့ တချို့ကထင်ကြပေမယ့် UV rays တွေနဲ့ ထိတွေ့တဲ့အခါမှာ melanin ထွက်လာပါတယ်။ ထွက်လာခြင်းဟာ အရေပြားကို ပိုမိုထူလာစေပြီးအရေပြား တောက်ပမှုကို လျော့ကျစေပါတယ်။နေလောင်ဒဏ် ကာကွယ်ရေး သတိပေးချက်တွေဟာ အပြင်မှာ သွားလာနေသူတွေအတွက်ပဲ အရေးကြီးတယ်လို့ ယူဆထားကြပြီး UV raysတွေက အိမ်ထဲနေသူတွေကိုပါ ထိခိုက်စေနိုင်သေးတယ်ဆိုတာ သိရှိသူ နည်းပါတယ်။ နေရောင်ခြည်ထဲက ခရမ်းလွန် ဟာပြတင်းပေါက်တွေကိုပါ ထိုးဖောက်ဝင်ရောက်နိုင်ပြီးအရေပြားကိုထိတွေ့နိုင်တာကြောင့် နေပူထဲကို မထွက်ပေမယ့်လည်း အိမ်မှာနေရင်း ရုံးမှာနေရင်းတောင် ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့နိုင်တာကြောင့် နေရောင်ခံခရင်မ်ဟာ မလိမ်းမဖြစ်ကို လိမ်းဖို့ လိုအပ်ပါတယ်။မိုးတိမ်တွေဟာ အသားအရေကို လောင်ကျွမ်းစေတဲ့ UVB rays တွေကို ပိတ်ဆို့နိုင်ပေမယ့် အသားညိုစေတဲ့ UVA rays တွေကိုတော့ မပိတ်ဆို့နိုင်ပါဘူး။ ဒါကြောင့် နေလောင်ခံရမယ့် ရာနှုန်း နည်းပါးပေမယ့် အရေပြားဟာ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်နိုင်တဲ့ UVA rays တွေကြောင့် အသားညိုခြင်းနဲ့ အရေးအကြောင်း ပေါ်ခြင်းတို့ကို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးအုံ့တဲ့ နေ့တွေမှာတောင် နေဒဏ်က ကာကွယ်ဖို့ လိုပါတယ်။ ခရမ်းလွန်ရောင်ခြည်က ပိုးမွှားတွေကိုသေစေနိုင်တယ်၊ အရေပြား ပြဿနာတချို့ကို ကုသနိုင်တယ်၊ဗီတာမင် ဒီကို ရရှိစေတယ်ဆိုပေမယ့် ထိတွေ့မှု များရင် ကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။နေရောင်ခြည်က ရတဲ့ ခရမ်းလွန်ရောင်ခြည်ဟာအရေပြားကင်ဆာဖြစ်စေတဲ့ နံပါတ် တစ် အကြောင်းရင်း ဖြစ်ပါတယ်။ ရာသီဥတု မပူနေပေမယ့်လည်း နေ့အလင်းရောင်မှာ ခရမ်းလွန်ရောင်ခြည် ပါရှိတာကြောင့် ဆောင်းတွင်း နေကလည်း နွေရာသီလိုပဲ အန္တရာယ် ရှိနိုင်ပါတယ်။နေရောင်ခြည်ကို လုံးဝ မထိတွေ့အောင် ရှောင်နိုင်ဖို့က မဖြစ်နိုင်ပါဘူး။ ဒီတော့ နေရောင်ခြည် ထိတွေ့မှုကို လျော့နည်းအောင် လုပ်ဖို့ပဲ ရှိပါတယ်။ ဖြစ်နိုင်ရင်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/tips-to-prevent-from-uv-rays/
ရင်သားကင်ဆာ မျိုးရိုးဗီဇ စစ်ဆေးခြင်း
BRCA မျိုးရိုးဗီဇ စစ်ဆေးခြင်းဟာ ပုံမှန်ဆဲလ် ဖွံ့ဖြိုးမှုကို ထိန်းချုပ်ပေးတဲ့ မျိုးရိုးဗီဇများ သန္ဓေပြောင်းခြင်း ရှိမရှိကို လေ့လာတဲ့ သွေးစစ်ဆေးမှု တစ်ခုဖြစ်ပါတယ်။ ဒီ မျိုးရိုးဗီဇ တွေဖြစ်တဲ့ BRCA 1 နဲ့ BRCA 2 တို့မှာ ရင်သားကင်ဆာနဲ့ သားဥအိမ်ကင်ဆာအတွက် ပြောင်းလဲမှုကို ရှာဖွေတာဖြစ်ပါတယ်။ BRCA မျိုးရိုးဗီဇစစ်ဆေးမှု ဟာ လူတိုင်းကို စစ်ဆေးခြင်းမဟုတ်ဘဲ မိသားစုထဲမှာ ကင်ဆာရာဇဝင်ရှိပြီးသား လူတွေကို သာ စစ်ဆေးခြင်း ဖြစ်ပါတယ်။ မစစ်ဆေးခင်နဲ့ စစ်ဆေးအပြီးမှာ မျိုးရိုးဗီဇဆိုင်ရာဆွေးနွေးအကြံပေးခြင်းဟာ ကောင်းကျိုး၊။ဆိုးကျိုးနဲ့ စစ်ဆေးမှု အဖြေတွေကို ကောင်းစွာ သဘောပေါက် နားလည်စေနိုင်တာကြောင့် အလွန် အရေးကြီးပါတယ်။အမျိုးသမီးတစ်ယောက်မှာ BRCA 1 နဲ့ BRCA 2 မျိုးရိုးဗီဇ ပြောင်းလဲမှုတွေ ရှိနေခဲ့ရင် ရင်သားကင်ဆာနဲ့ သားဥအိမ် ကင်ဆာ ဖြစ်နိုင်ခြေတွေ မြင့်တက်စေနိုင်ပါတယ်။ ဒီ မျိုးရိုးဗီဇ ပြောင်းလဲမှုတွေ ရှိတဲ့ အမျိုးသားတွေမှာလည်း ရင်သားကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။ အမျိုးသားရော၊ အမျိုးသမီးရောမှာ ဒီ မျိုးရိုးဗီဇ ပြောင်းလဲမှုတွေ ရှိနေခဲ့ရင် အခြားကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေ များပါတယ်။ ဒီ မျိုးရိုးဗီဇ ပြောင်းလဲမှုတွေဟာ အဖေဘက်၊ ဒါမှမဟုတ် အမေဘက် မိသားစုတွေကနေ အမွေရခဲ့တာ ဖြစ်နိုင်ပါတယ်။ပုံမှန်အားဖြင့် မိသားစုတစ်ခုမှာ BRCA မျိုးရိုးဗီဇ သန္ဓေပြောင်းခြင်း ရှိနေရင် မိသားစုဝင်ထဲက ရင်သားကင်ဆာ (သို့) သားဥအိမ်ကင်ဆာရှိနေသူတွေဟာ BRCA မျိုးရိုးဗီဇ ကို အရင် စစ်သင့်ပါတယ်။ မိသားစုဝင်တစ်ယောက်ဟာ မျိုးရိုးဗီဇစစ်ဆေးခြင်းပြုလုပ်ပြီး BRCA မျိုးရိုးဗီဇ သန္ဓေပြောင်းခြင်း မရှိဘူးဆိုရင် အခြား မိသားစုဝင်တွေကလည်း စစ်ဆေးမှုကနေ အကျိုးရှိမှာ မဟုတ်ပါဘူး။အချို့သောသူတွေမှာ BRCA 1 နဲ့ BRCA 2 ပြောင်းလဲမှုတွေကို ဆက်ခံရမှု များတတ်ပါတယ်။Ashkenazi Jewish ဂျူး အမျိုးသမီးတွေဟာ BRCA မျိုးရိုးဗီဇ သယ်ဆောင်သူတွေ ဖြစ်ဖို့များပါတယ်။ အချို့ကျွမ်းကျင်သူတွေက Ashkenazi Jewish ဆင်းသက်လာသူတွေကို အောက်ဖေါ်ပြပါ အချက်တွေနဲ့ ပြည့်စုံရင် စစ်ဆးမှုတွေ ပြုလုပ်ဖို့ အကြံပြုကြပါတယ်။ရင်သားကင်ဆာ (သို့) သားဥအိမ်ကင်ဆာ ဖြစ်ပွားသူ မိသားစုထဲမှာ ဝေးလံသောဆွေမျိုးရှိခြင်း။တကယ်လို့ သင်ဟာ Ashkenazi Jewish ဆင်းသက်သူ မဟုတ်ရင် အချို့ကျွမ်းကျင်သူတွေက သင့်ကို အောက်ဖေါ်ပြပါအချက်တွေရှိရင် မျိုးရိုးဗီဇ စစ်ဆေးခိုင်းပါလိမ့်မယ်။အထက်ပါဖေါ်ပြချက်တွေနဲ့ မကိုက်ညီဘူးဆိုရင် သင့်မှာ BRCA1 နဲ့ BRCA2 ပြောင်းလဲမှုတွေ မရရှိနိုင်ပါဘူး။ အရွယ်ရောက်ပြီးတဲ့ အမျိုးသမီး အယောက် ၁၀၀ မှာ ၂ ယောက်ကပဲ BRCA မျိုးရိုးဗီဇ ပြောင်းလဲမှု ရှိနိုင်ပါတယ်။ရင်သားကင်ဆာ မျိုးရိုးဗီဇ စစ်ဆေးခြင်း ကို မလုပ်ခင် ဘယ်အရာတွေကို သိထားသင့်သလဲ။BRCA ပြောင်းလဲမှုတွေဖြစ်ဖို့ ရာခိုင်နှုန်းနည်းတဲ့ မိသားစုဝင်တွေအတွက်ကတော့ မျိုးရိုးဗီဇ စစ်ဆေးခြင်း ဟာ ရင်သားကင်ဆာဖြစ်ပွားနှုန်းအတွက် ဘယ်လိုအချက်အလက်မှ ပေးနိုင်မှာ မဟုတ်ပါဘူး။ ဖြစ်ပွားနှုန်း ပျမ်းမျှရှိတဲ့ မိသားစုတွေဟာ positive အဖြေကို။ရခဲပါတယ်။ BRCA မျိုးရိုးဗီဇ test ဟာ မှားယွင်းပြီး positive အဖြေကို ရရှိနိုင်တာကြောင့် ဖြစ်ပွားနိုင်တဲ့ အချက်တွေ မရှိတဲ့သူတွေမှာ စစ်ဆေးလေ့ မရှိပါဘူး။မျိုးရိုးဗီဇဆိုင်ရာ နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း ကို BRCA test မလုပ်ခင်ရော လုပ်ပြီးမှာပါ ယူသင့်ပြီး သူက ကောင်းကျိုး၊ ဆိုးကျိုးနဲ့ စစ်ဆေးမှုရဲ့ ဖြစ်လာနိုင်တဲ့ အဖြေတွေကို နားလည်ဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ BRCA test ဟာ သင့်ကို ဆေးပညာဆိုင်ရာနဲ့ လူမှုဘဝနေထိုင်မှုဆိုင်ရာ ဆုံးဖြတ်ချက်တွေ ပြုလုပ်စေဖို့ အခွင့်အလမ်းပေးမှာ ဖြစ်ပါတယ်။ မျိုးရိုးဗီဇဆိုင်ရာ ဆွေးနွေးအကြံပေးသူဟာ စစ်ဆေးမှုနဲ့ အဖြေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုဖို့ သင်တန်းပေးခံထားရကြ သူတွေ ဖြစ်ပါတယ်။ဒီစစ်ဆေးမှုဟာ သင့်ကို မစစ်ခင်ရော စစ်ပြီးမှာပါ စိတ်ပူစေမှာပါ။ ဒီစိတ်ပူပန်မှုတွေကို ပြင်ဆင်ပြီး ကျော်လွှားနိုင်ဖို့ စစ်ဆေးမှုမပြုခင်မှာ မျိုးရိုးဗီဇ ဆိုင်ရာ ဆွေးနွေးအကြံပေးသူနဲ့တွေ့ဆုံမေးမြန်းသင့်ပါတယ်။ ဥပမာ – အောက်ဖေါ်ပြပါ ကာကွယ်ခြင်း နည်းလမ်းတွေကို ထည့်သွင်းစဉ်းစားခြင်း ပြုမပြု ဆိုတာတွေ ဖြစ်ပါတယ်။ရင်သားကင်ဆာအတွက် – နှစ်စဉ် mammogram သို့ MRI ရိုက်ခြင်း၊ ပုံမှန်ရင်သားစစ်ဆေးခြင်း၊ ကာကွယ်တဲ့အနေနဲ့ ရင်သားဖြတ်ခြင်း၊ သားဥအိမ်တွေ ထုတ်ခြင်း၊ tamoxifen သောက်ခြင်း၊ အသက် ၃၀ မတိုင်ခင် ကလေးယူခြင်း။သားဥအိမ်ကင်ဆာအတွက် – ကလေးယူပြီးရင် (သို့) အသက် ၃၅ နှစ်ကျော်ရင် သားဥအိမ်တွေကို ဖယ်ထုတ်သင့်ပါတယ်။သွေးထုတ်ယူနေတဲ့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူဟာ။စစ်ဆေးမှုအဖြေ မရရှိခင် ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်တတ်ပါတယ်။ သင့်ရဲ့ မျိုးရိုးဗီဇဆိုင်ရာ အကြံပေးဆွေးနွေးသူ နဲ့ တွေ့ပြီး သွေးစစ်ဆေးမှုအဖြေ များကို လေ့လာခြင်း၊ ဖြစ်လာနိုင်ခြေ ရှိတဲ့ အခြေအနေတွေနဲ့ ကုသမှုတွေ အကြောင်း ဆွေးနွေးခြင်းတွေ ပြုလုပ်သင့်ပါတယ်။သင့်မှာ ရင်သားကင်ဆာ မျိုးရိုးဗီဇ စစ်ဆေးခြင်း နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ရှိနေခဲ့ရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ပုံမှန် (negative)။BRCA 1 နဲ့ BRCA 2 မှာ ပြောင်းလဲမှုတွေ တွေ့ရှိရခြင်း မရှိပါဘူး။ပုံမှန်အဖြေနဲ့ သင့်မိသားစုရောဂါဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။သင့်မိသားစုဝင် တစ်ဦးဦးမှာ BRCA ပြောင်းလဲမှုတွေ ရှိနေခဲ့ရင် တခြားမိသားစုဝင်တွေကိုလည်း စစ်ဆေးစေသင့်ပါတယ်။တကယ်လို့ ရင်သားကင်ဆာ (သို့) သားအိမ်ပြွန်ကင်ဆာ ရှိတဲ့ မိသားစုဝင် တစ်ဦးဦးမှာ BRCA ပြောင်းလဲမှု မရှိဘူးဆိုရင် သင့်မှာလည်း ဒီ မျိုးရိုးဗီဇ တွေ သယ်ဆောင်ထားခြင်း မရှိနိုင်ပါဘူး။ရင်သားကင်ဆာနဲ့ သားဥအိမ်ကင်ဆာရဲ့ ၅ ရာခိုင်နှုန်း ကနေ ၁၀ ရာခိုင်နှုန်း ဟာ BRCA1 နဲ့ BRCA2 မျိုးရိုးဗီဇ ပြောင်းလဲမှုတွေနဲ့ ဆက်စပ်မှု ရှိပါတယ်။ သင့်မှာ ရင်သားကင်ဆာ (သို့) သားဥအိမ်ကင်ဆာ ဖြစ်ဖူးသူ မိသားစုဝင်တစ်ဦးဦး ရှိတယ်ဆိုရင်ဒီ BRCA test အဖြေက ပုံမှန်ဖြစ်ပေမယ့် ရင်သားကင်ဆာ ဖြစ်ပွားနှုန်းမြင့်မားအုံးမှာ ဖြစ်ပါတယ်။ အခြား မျိုးရိုးဗီဇ ပြောင်းလဲမှုတွေကတော့ ကင်ဆာရောဂါကို ပိုမို ဖြစ်နိုင်စေပါတယ်။ပုံမှန် မဟုတ်ခြင်း (positive)။BRCA1 နဲ့ BRCA2 မျိုးရိုးဗီဇ ပြောင်းလဲမှုတွေ ရှိနေပါတယ်။BRCA1 နဲ့ BRCA2 မျိုးရိုးဗီဇ ပြောင်းလဲမှုတွေ ရှိနေတဲ့သူတွေမှာ ၃၅ ရာခိုင်နှုန်း ကနေ ၈၄ ရာခိုင်နှုန်း အထိ ရင်သားကင်ဆာဖြစ်ပွားနှုန်းပိုမို များပြားနိုင်ပြီး ၂၀ ရာခိုင်နှုန်း ကနေ ၄၀ ရာခိုင်နှုန်း အထိ သားဥအိမ်ကင်ဆာ ဖြစ်ပွားနှုန်း ပိုမို မြင့်မားနိုင်ပါတယ်။ ဒီကိန်းဂဏန်းတွေဟာ သင့် ရောဂါရာဇဝင်နဲ့ မိသားစု ရောဂါ ရာဇဝင်တွေပေါ် မူတည်နေပါတယ်။BRCA1 ပြောင်းလဲမှုတွေ ရှိတဲ့ အမျိုးသားတွေဟာ ရင်သားကင်ဆာဖြစ်ပွားနှုန်း ပိုမိုမြင့်မားနိုင်ပြီး အခြားကင်ဆာတွေဖြစ်တဲ့ မုန့်ချိုအိတ်၊ ဝှေးစေ့ နဲ့ ဆီးကျိတ်ကင်ဆာတွေလည်း ပိုမိုဖြစ်နိုင်ပါတယ်။ BRCA2 ပြောင်းလဲမှုတွေ ရှိတဲ့ အမျိုးသားတွေမှာတော့ ရင်သားကင်ဆာ၊ မုန့်ချိုအိတ် ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတွေ ဖြစ်ပွားနှုန်း မြင့်မားနိုင်ပါတယ်။မသေချာသော အဖြေ။ဒီအဖြေဟာ မျိုးရိုးဗီဇ ပြောင်းလဲမှုကိုတော့ တွေ့ရှိတာဖြစ်ပြီး ဒီပြောင်းလဲမှုဟာ အရေးကြီးမကြီး၊ ကင်ဆာဖြစ်ဖို့ ရာနှုန်းများမများ သေချာသိရှိမှု မရှိခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ဓါတ်ခွဲခန်းတွေနဲ့ ဆေးရုံတွေမှာ ရင်သားကင်ဆာ မျိုးရိုးဗီဇ စစ်ဆေးမှု ပြုလုပ်ခြင်း အမျိုးအစား အများအပြား ရှိပါတယ်။ သင့်မှာ စစ်ဆေးမှု အဖြေတွေနဲ့ ပတ်သက်ပြီး သိချက်တာရှိရင် ဆရာဝန်ကို ဆွေးနွေးသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac-%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%97%e1%80%ae/
ခါးနာနေလား။ ချက်ချင်း သက်သာစေဖို့ ဒီ နည်းလမ်းလေးတွေကို လုပ်ကြည့်ပါ။
ခါးနာနေလား။ ချက်ချင်း သက်သာစေဖို့ ဒီ နည်းလမ်းလေးတွေကို လုပ်ကြည့်ပါ။ ‘အမလေး ခါးထဲက နာလိုက်တာ..ခါးမျက်သွားပြီထင်တယ်’ ဆိုပြီး တကျွတ်ကျွတ်နဲ့ စုပ်သတ် နေရသူတွေ ရှိလား။ ခါးနာတာက တစ်ခါတလေ နေ့စဉ်ဘဝမှာ အမှတ်မထင်ဖြစ်တတ်တဲ့ကျန်းမာရေး ပြဿနာတစ်ခုပေါ့။ ဆေးခန်းပြရလောက်တဲ့အထိ မပြင်းထန်တတ်ပေမယ့် ခံရခက်တဲ့ ဝေဒနာပါ။ ဒီတစ်ခေါက်တော့ နေ့စဉ်လှုပ်ရှားမှုတွေ လုပ်ဆောင်ရင်း ခါးနာနေလား။ ချက်ချင်း သက်သာစေဖို့ ဒီ နည်းလမ်းလေးတွေကို လုပ်ကြည့်ပါ။ခါးနာနေပြီဆိုရင် ဒီလိုခံစားရတတ်ပါတယ်။လမ်းလျှောက်နိုင်စေဖို့ မတ်မတ်ရပ်နိုင်စေဖို့ အဆင်ပြေပြေ ထိုင်နိုင်စေဖို့  စသည်ဖြင့် ခါးရဲ့အထောက်အပံ့တွေက များလှပါတယ်။ ဒီလိုပဲ ခါးနာသွားစေနိုင်တဲ့ အပြုအမူတွေကလည်း မနည်းလှပါဘူး။ကိုယ်တိုင်ကရော ဒီအချက်တွေထဲက ဘယ်နှခုလောက်များ လုပ်မိနေလဲ။ ဆန်းစစ်ကြည့်ရအောင်နော်။ဒါတွေအပြင်နောက်ထပ် ဖြစ်နိုင်တာက။ခါးနာတာက လူတစ်ယောက်ရဲ့ လုပ်ငန်းဆောင်တာ နဲ့ နေ့စဉ်ဘဝမှာ တော်တော်လေး အနှောင့်အယှက်ဖြစ်စေတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ဒါပေမဲ့ စိတ်မပျက်ပါနဲ့။အဆိုးထဲက အကောင်းလေးတွေလို့ဆိုရမယ့် ခါးနာသက်သာအောင် လုပ်ဆောင်လို့ရတဲ့အိမ်တွင်းကုထုံးနည်းလမ်းလေးတွေ ရှိနေပါသေးတယ်။အရွယ်ရောက်ပြီးသူ ၈၀ ရာခိုင်နှုန်းလောက်ဟာ သူတို့ ဘဝသက်တမ်းမှာ တစ်ကြိမ်လောက်တော့ ခါးနာမှုကို ခံစားခဲ့ရဖူးကြပါတယ်။  ဒီတော့ ခါးနာသွားပြီဆိုရင် အမြန်ဆုံး သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို အသုံးပြုစေချင်ပါတယ်။ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေေကြောင့် ခါးနာနိုင်ပေမယ့် ခါးနာသွားတာကို သက်သာစေဖို့တော့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေ လုပ်ပေးလို့ ရပါတယ်။ ခဏတဖြုတ် လမ်းလျှောက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ယောဂလေ့ကျင့်ခန်း လုပ်တာတွေက ခါးနာ သက်သာစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။အကြောင်းကတော့ လေ့ကျင့်ခန်းလုပ်တာက တောင့်တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး  ဦးနှောက်ရဲ့ သဘာဝအကိုက်အခဲပျောက်ဟော်မုန်းဖြစ်တဲ့ endorphins ကို ထုတ်လွှတ်ပေးတာကြောင့်ပါ။နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း လုပ်တာက ခါးနာတာကို သက်သာစေဖို့ရော ကာကွယ်ဖို့ပါ အထောက်အကူပြု ပေးနိုင်ပါတယ်။ခါးနာတဲ့နေရာကို ရေခဲအိတ်ကပ်တာက ထိခိုက်မှုကြောင့် ရောင်ရမ်းတာကို အဓိကသက်သာစေပြီး နာကျင်မှုကိုလည်း လျော့စေပါတယ်။ တဘက်စ ပါးပါးလေးထဲမှာ သို့မဟုတ် အိတ်တစ်ခုထဲမှာ ရေခဲတုံးလေးတွေ ထည့်လို့ တစ်ခါ ကပ်ရင် မိနစ် ကနေ ၃၀ လောက် တစ်နေ့ကို အကြိမ်ရေ များစွာကပ်ပေးလို့ ရပါတယ်။ခါး စစနာခြင်းမှာ ရေခဲကပ်တာက ပိုထိရောက်မှု ရှိပါတယ်။အချိန် အတော်ကြာထိ မသက်သာတဲ့ ခါးနာခြင်းကို သက်သာစေဖို့အတွက် ရေနွေးအိတ် ကပ်ပေးလို့ရပါတယ်။ ရေနွေးအိတ် ဒါမှမဟုတ် ရေနွေးဝတ်ကို ခါးနာတဲ့နေရာမှာ ကပ်ပေးတာက ထိခိုက်မိတဲ့နေရာကို သွေးစီးဆင်းမှု ကောင်းစေသလို ကြွက်သားတွေကို ပြေလျော့စေပြီး နာကျင်မှုကို သက်သာစေပါတယ်။ ရေနွေးနွေးနဲ့ ရေချိုးပေးလို့လည်း ရပါတယ်။အပူလောင်တာနဲ့အရေပြား တစ်ရှူးတွေထိခိုက်ပျက်စီးမှု ကင်းစေဖို့ အရမ်းပူတာကို မကပ်ဖို့နဲ့ ရေနွေးအိတ်ကပ်ရင်း အိပ်မပျော်သွားစေဖို့ သတိထားစေချင်ပါတယ်။ခါးနာတဲ့အခါ အကိုက်အခဲပျောက်ဆေး‌သောက်တာ၊ ဒဏ်ကြေဆေးလိမ်းတာ၊ ဆေးပလာစတာကပ်တာ စတာတွေကလည်း ခါးနာတာ သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။တစ်ခါတလေမှာ ခါးနာတာက အနေအထား မမှန်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ​ကြောင့် ဥပမာ ထိုင်တဲ့အခါ ခါးကို မတ်မတ်ထိုင်မိဖို့ ခါးလိမ်၊ခါးစောင်းပြီး မထိုင်မိဖို့ သတိထားရပါမယ်။နေ့စဉ်လှုပ်ရှားမှုတိုင်းမှာ ကိုယ်နေဟန်ထားမှန်စေဖို့ ဂရုစိုက်ရပါမယ်။ကဲ..ခါးနာမှုကြောင့် စိတ်ညစ်မနေပါနဲ့တော့။ ဒီနည်းလမ်းလေးတွေကို စမ်းကြည့်လိုက်နော်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/try-these-to-relieve-back-pain-immediately/
ဦးနှောက်ကင်ဆာ ကုသနည်းတွေ အကြောင်း
ကင်ဆာဆိုတာ ကမ္ဘာပေါ်မှာ အန္တရာယ်အကြီးမားဆုံး ရောဂါဖြစ်ပါတယ်။ ဆေးပညာဆိုင်ရာ တိုးတက်မှုတွေကတောင်မှ ကင်ဆာအတွက် ကုသဆေးကို မဖော်ထုတ်နိုင်သေးပါဘူး။ လူတွေမှာ အဖြစ်မများ ရှားပါးတဲ့ ကင်ဆာအမျိုးအစား တစ်ခုကတော့ ဦးနှောက် ကင်ဆာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ သင့်ကို ဦးနှောက်ကင်ဆာဆေးကုသမှု နည်းလမ်း အချို့ကို ဖော်ပြသွားမှာဖြစ်ပါတယ်။ဦးနှောက်ကင်ဆာဆိုတာ ဦးနှောက်အတွင်းဘက်မှာ ဆဲလ်များအပွားလွန်ပြီး ဖြစ်လာတဲ့ အကျိတ်လို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။ ကင်ဆာကျိတ်တွေဟာ ကြီးလာနိုင်ပြီးတော့ အလွန်လျင်မြန်စွာ ပွားတတ်ကြပါတယ်။ အခြား ကင်ဆာတွေလိုပဲ အကျိတ်တွေဟာ ခန္ဓါကိုယ်ရဲ့ အခြားနေရာတွေကို ပြန့်ပွားဖို့အတွက် သွေးနဲ့ အာဟာရကိုလိုအပ်ပါတယ်။ ဒါ့ပြင် သူတို့ဟာ ခန္ဓါကိုယ်လုပ်ငန်းဆောင်တာတွေကို ကောင်းစွာမလုပ်နိုင်အောင် တားဆီးပြီး အဆိုးဝါးဆုံးအခြေအနေတွေမှာ အသက်အန္တရာယ်ကိုတောင် ခြိမ်းခြောက်နိုင်ပါတယ်။ဦးနှောက်ကို ပြန့်လာနိုင်တဲ့ ကင်ဆာတွေကတော့ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာနဲ့ ကျောက်ကပ်ကင်ဆာတို့ပဲ ဖြစ်ပါတယ်။ အခြားအရာတွေဟာလည်း ဦးနှောက်ကင်ဆာ ဖြစ်ပွားမှုနဲ့ ဆက်စပ်မှု ရှိပါတယ်။ ဒါတွေကတော့။ကင်ဆာဖြစ်ပွားတဲ့ တိကျတဲ့အကြောင်းရင်းကိုတော့ သိရှိခြင်း မရှိပါဘူး။ အခုအချိန်မှာတော့ ဦးနှောက်ရဲ့ နေရာအစိတ်အပိုင်းပေါ်မူတည်ပြီး ဖြစ်ပွားတဲ့ ဦးနှောက်ကင်ဆာ အမျိုးပေါင်း ၁၂၀ ကျော်ရှိပြီးတော့ ကင်ဆာအဆင့်တွေဟာ သူတို့ ဘယ်လောက်မြန်မြန်ကြီးထွားလဲဆိုတာ ညွှန်ပြပါတယ်။ ကင်ဆာအဆင့်တွေဟာ အဆင့် ၁ကနေ ၄ အထိ ရှိတတ်ပါတယ်။ အဆင့်လေးကတော့ ပွားနှုန်းအမြန်ဆုံးဖြစ်ပါတယ်။အဖြစ်များတဲ့ ဦးနှောက်ကင်ဆာ လက္ခဏာတွေ ရှိပါတယ်။ ၎င်းတို့မှာ။သင့်ကုသမှုနည်းလမ်း ရွေးချယ်ဆုံးဖြတ်ခြင်းဟာ အရေးကြီးပြီးတော့ စိတ်ရှုပ်ထွေးဖွယ် ကြောက်ရွံ့ဖွယ်လဲ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ အရာအများကြီးပေါ်မှာ မူတည်လို့ပါပဲ။ဦးနှောက်ကင်ဆာအတွက် ကုသမှုတွေကတော့။ဦးနှောက်ကင်ဆာရဲ့ လက္ခဏာတွေကို သင့်ဆရာဝန်နဲ့ ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးပြီး အစွမ်းအထက်ဆုံး ဆေးကုသမှုကို ရယူဖို့ လိုအပ်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/brain-tumors/%e1%80%a6%e1%80%b8%e1%80%94%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%bb%e1%80%80%e1%80%84%e1%80%bb%e1%80%86%e1%80%ac-%e1%80%80%e1%80%af%e1%80%9e%e1%80%94%e1%80%8a%e1%80%bb%e1%80%b8%e1%80%b1/
ကိုယ်ဝန်ဆောင်မေမေ အာလူးစားပေးမယ်ဆိုရင်
ပြုတ်ပဲ စားစား၊ အားလူးကို ပြုတ်လို့ ထောင်း ဆီဆမ်းပြီး နယ်စားစား၊ ကင်စားစား၊ ဟော့ပေါ့၊ စွပ်ပြုတ်တို့ထဲ ထည့်စားစား၊ ကြော်စားစား စားလို့ ကောင်းတဲ့ အာလူးကို စားချင်ပေမယ့် ဗိုက်ထဲမှာဘေဘီလေး ရှိနေလို့ စားလို့ ရပါ့မလားဆိုပြီး စိတ်ပူနေတဲ့ လေဒီဗိုက်လေးတွေ ရှိလား …… ဒါဆိုရင်တော့ ကိုယ်ဝန်ဆောင်မေမေ အာလူးစားပေးမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးလေးတွေ ရရှိစေမလဲဆိုတာကို သေချာ သိရှိရအောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ဒီဆောင်းပါးလေးထဲမှာ ကိုယ်ဝန်ဆောင်မေမေ အာလူးစားပေးမယ်ဆိုရင် ဘယ်လို ကောင်းကျိုးတွေ ရှိလဲဆိုတာကို ပြောပြပေးသွားပါမယ်။အာလူးဆိုတာက ကလေးရော လူကြီးတွေပါ နှစ်ခြိုက်ကြတဲ့ စားစရာ တစ်မျိုးပါ။ ကစီဓာတ် ပြည့်ဝစွာ ပါဝင်နေပြီ အခွံညိုညိုလေးနဲ့ အတွင်းသားက အဖြူရောင်လေး ရှိသလို အဝါရောင်သန်းသန်းလေးလည်း ရှိပါတယ်။ အသားမွမွလေးရော စီးပိုင်ပိုင်လေး အမျိုးမျိုး ဖြစ်နိုင်ပါတယ်။အာလူးက အာဟာရ ပြည့်ဝသလို ကျန်းမာရေးကိုလည်း ထောက်ကူပေးပါတယ်။အရွယ်တော် အာလူးတစ်လုံးမှာ။ကိုယ်ဝန်ဆောင်မေမေ အာလူးစားပေးမယ်ဆိုရင် ဘယ်လို ကောင်းကျိုးလေးတွေ ရရှိစေနိုင်မလဲဆိုတာကို အခုပဲ ကြည့်လိုက်ရအောင်နော်။အာလူးမှာ ဖောလစ်အက်ဆစ် ကြွယ်ဝစွာ ပါဝင်နေတာ​ကြောင့် ဘေဘီလေးရဲ့  အာရုံကြောစနစ်တွေ ကောင်းကောင်း ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးမှာပါ။ ကလေးမှာ အာရုံကြောဆိုင်ရာမွေးရာပါ ချို့ယွင်းချက်မပါစေချင်ဘူးဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ အာလူးကို စားပေးလို့ ရပါတယ်။အာလူးမှာဖောလစ်အက်ဆစ်ကြွယ်ဝစွာ ပါဝင်နေပြီ ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ စားပေးမယ်ဆိုရင် ကိုယ်ဝန်မြဲစေပြီး ကိုယ်ဝန်ပျက်ကျနိုင်ခြေကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်မှာပါ။အာလူးက အစာခြေစနစ်ကို ကျန်းမာစေပြီး လေထိုးလေအောင့်တာ အစာအိမ် အက်ဆစ် အထွက်များတာတွေကို သက်သာစေနိုင်ပါတယ်။  ဒါကြောင့် လေထိုးလေအောင့် မဖြစ်ဘဲကိုယ်ဝန်ဆောင်ချိန်မှာ အစာခြေစနစ် ပြဿနာ ကင်းစေဖို့ အာလူးစားပေးလို့ ရပါတယ်။ကိုယ်ဝန်ဆောင်မေမေ ရှိသင့်တဲ့ ကိုယ်အလေးချိန်တိုးစေဖို့ရောမေမေရော ဘေဘီလေးပါကျန်းမာစေဖို့ပါ အာလူးလေးကို စားပေးလို့ ရပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်းအဆီတက်တာမျိုး မဖြစ်စေဖို့  အာလူးကို စားပေးလို့ ရပါတယ်။ အာလူးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာက သွေးတွင်းအဆီကို ကျဆင်းစေပြီး သွေးကြောလေးတွေကို ကျန်းမာစေနိုင်ပါတယ်။အာလူးက ဗီတာမင် C ကြွယ်ဝပြီး ကိုယ်ဝန်ဆောင်မေမေကို ကိုယ်ခံအားကောင်းလို့ အဖျားအနာ ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့်ကိုယ်ဝန်ဆောင်ချိန်မှာ ဖျားနာမှုကင်းစေချင်တယ် ဆိုရင်တော့ အာလူး စားပေးလို့ ရပါတယ်။အာလူးမှာ ဗီတာမင် C ပါဝင်နေတာက သံဓာတ် စုပ်ယူမှု ကောင်းစေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအားနည်းတာကို ကာကွယ်ဖို့ဆိုရင် အာလူး စားပေးလို့ ရပါတယ်။အာလူးက သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးကြောတွေကို ပြေလျော့စေပြီး နှလုံး ကျန်းမာစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။အာလူးမှာ ပိုတက်ဆီယမ် ပါဝင်နေတာက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး ကိုယ်ဝန်ဆောင်ချိန်မှာသွေးတိုးတာမျိုးမဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။အာလူးမှာ ဗီတာမင် A နဲ့ဗီတာမင် Cအပြင် သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်တို့ ပါဝင်နေတာက ဘေဘီလေးကို ကောင်းကောင်း ကြီးထွားဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် ဗိုက်ထဲက ဘေဘီလေး ကျန်းမာဖွံ့ထွားစေချင်တယ်ဆိုရင်တော့ အာလူးစားပေးလို့ ရပါတယ်။လတ်ဆတ်တဲ့ အာလူးကို ရွေးချယ် စားသုံးဖို့တော့ လိုပါမယ်။ အခွံက ခြောက်နေမယ်။ မှိုတွေ ဖြစ်နေမယ်၊ အတက်လေးတွေ ထွက်နေမယ်ဆိုရင်  မစားပါနဲ့။အလွန်အကျွံ စားသုံးတာကိုလည်း ရှောင်ပါ၊၊ အာလူးကို အလွန်အကျွံစားတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ နောက်ပြီး အာလူး အလွန်အကျွံစားတာက မေမေမှာ အစာမကြေတာ၊ ရင်ပြည့်တာကိုလည်း ဖြစ်စေနိုင်တာကြောင့်ပါ၊၊။အာလူးစားမယ်ဆိုရင်လည်း ပြုတ်စား၊ ဖုတ်စား၊ ပေါင်းစားတာ အကောင်းဆုံးပါ။ ဆီများများနဲ့ ကြော်စားတာ၊ အချဉ်များများနဲ့ တို့စားတာတွေက ကျန်းမာရေးနဲ့ မညီညွတ်တာကြောင့် ဒါကိုတော့ ရှောင်သင့်ပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/eating-potatoes-during-pregnancy/
ခေါင်းတစ်ခြမ်းကိုက်နေတယ်။ ဘာစားရမလဲ............
ခေါင်းကိုက်တာကိုမှ ခေါင်းမထောင်နိုင်အောင် ကိုက်နေတာမဟုတ်ဘဲ၊ခေါင်းတစ်ခြမ်းတည်းကနေ ကိုက်နေတာက တော်တော်လေးတော့ ခံရခက်တယ်နော်။ ဒီပြဿနာက ဘာမှသာ မဟုတ်တယ်တစ်နေ့တာလုပ်စရာကိစ္စတွေကို အာရုံစိုက်ဖို့ ခက်ခဲပြီး ခံရခက်တဲ့ဝေဒနာတစ်ခုပေါ့။ ဒီပြဿနာကို အစားအသောက်လေးတွေ စားရင်း အတူတူဖြေရှင်းရအောင်လား…………..။ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့အတွက်ဆိုရင်တော့။ရေ။ခန္ဓာကိုယ်မှာ ရေဓာတ်နည်းနေတာကြောင့်လည်း ခေါင်းတစ်ခြမ်း ကိုက်နိုင်ပါတယ်။ ဒါကြောင့်ရေဓာတ်ပြည့်ဝနေစေဖို့အတွက် ရေကို များများသောက်ပေးပါ။ ရေဓာတ်ပြည့်ဝမှုက ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာ သက်သာစေမှာပါ။သစ်သီးတွေ၊ဟင်းသီးဟင်းရွက်တွေနဲ့ပဲအမျိုးမျိုး။ဒီအစားအစာတွေထဲမှာ​ အပင်ကနေရတဲ့ အက်စထရိုဂျင်တွေ ပါဝင်နေပါတယ်။ ဒီလိုပါဝင်နေမှုက အမျိုးသမီးတွေကို ရာသီလာချိန်မှာ ခံစားရနိုင်တဲ့ ခေါင်းတစ်ခြမ်းကိုက်တဲ့ ပြဿနာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ရုတ်တရက်အက်စထရိုဂျင်ပမာဏကျဆင်းမှုကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ဒါကြော်င့ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရတဲ့ အခါ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုးတို့ကို စားသုံးပေးလို့ရပါတယ်။အဆီပါတဲ့ပင်လယ်ငါး။အဆီပါတဲ့ ပင်လယ်ငါးတွေက နှလုံးကျန်းမာရေး ကောင်းစေနိုင်သလို ခေါင်းတစ်ခြမ်းကိုက်တာကိုလည်း သက်သာစေနိုင်ပါတယ်။ မက်ကာရယ်၊ ဆယ်လ်မွန်တို့လိုမျိုး ပင်လယ်ငါးတွေမှာomega-3 fatty acidsEPA နဲ့ DHA ပါဝင်နေမှုကနာကျင်ရောင်ရမ်းတာကို သက်သာစေနိုင်ပြီး ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာမျိုး မဖြစ်စေဖို့ဆိုရင် အဆီပါတဲ့ ပင်လယ်ငါးတွေကို တစ်ပတ်ကို ၆ ကြိမ်အထိ စားပေးလို့ရပါတယ်။ကော်ဖီ။ကဖင်းက အချို့သူတွေမှာ ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်တယ်ဆိုပေမယ့် ခေါင်းတစ်ခြမ်းကိုက်နေတဲ့ အခါမျိုးမှာတော့ ကော်ဖီ နည်းနည်းလောက် သောက်ပေးတာက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ကဖင်းက ဦးနှောက်တွင်းက သွေးကြောလေးတွေ ရောင်ရမ်းနေတာကို သက်သာစေနိုင်ပါတယ်။ချင်း(ဂျင်း)။ချင်း(ဂျင်း) က အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ခေါင်းကိုက်နေတဲ့အခါ ချင်း(ဂျင်း) ကို ဝါးစားပေးတာ ဒါမှမဟုတ် ချင်း (ဂျင်း)ရေနွေးကြမ်းလေးသောက်သုံးတာတွေက ခေါင်းတစ်ခြမ်းကိုက်တာနဲ့မအီမသာဖြစ်တာကို သက်သာစေနိုင်ပါတယ်။ဒါကြောင့် ခေါင်းကိုက်နေတယ်ဆိုရင် ချင်း (ဂျင်း) လေးစားပေးလို့လည်း ရပါတယ်။မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေ။ဆန်၊ ဂျုံ၊ အုတ်ဂျုံ၊ဆန်လုံးညို၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ အခွံမာသီးတွေမှာ မဂ္ဂနီဆီယမ် ကြွယ်ဝစွာပါဝင်နေတာကြောင့် ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာ သက်သာစေမှာပါ။ ကိုယ်တွင်းမှာ မဂ္ဂနီဆီယမ် ပမာဏ နည်းသွားတဲ့ အခါမျိုးမှာ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။အစားမှန်မှန်စားပေးပါ။တစ်ခါတလေမှာ ခေါင်းတစ်ခြမ်းကိုက်ရတာက အစာစားချိန်မမှန်တာကြောင့်ပါ။ ဒါကြောင့် အစားစားချိန် မှန်မှန်လေးနဲ့ သေသေချာချာလေး စားပေးဖို့လိုပါမယ်။ ဒါ​ကြောင့် ခေါင်းတစ်ခြမ်းကိုက်လာတဲ့အခါ သေချာလေး စဉ်းစားဖို့ လိုမှာက ငါ အစားစားချိန်မှန်ရဲ့လား ဆိုတာကိုပါ။ကဲ…ခေါင်းတစ်ခြမ်းကိုက်နေသူလေးတွေရေ အခုပြောခဲ့တဲ့ အစားအစာလေးတွေ စားရင်း ခေါင်းတစ်ခြမ်းကို်ကတာကို သက်သာအောင် လုပ်လိုက်ကြစို့နော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/migraine-and-diet/
အမျိုးသားအင်္ဂါကို ကြီးဆေးထိုးခြင်းရဲ့ ကြောက်စရာဘေးထွက်ဆိုးကျိုး
အမျိုးသားအင်္ဂါကို ကြီးဆေးထိုးခြင်းရဲ့ ကြောက်စရာဘေးထွက်ဆိုးကျိုး တွေနဲ့ ပတ်သက်လို့ သိပြီးပြီလား! လိင်ကျန်းမာရေးနဲ့ပတ်သက်လာရင် ယောက်ျားအများစုရဲ့ အမေးတတ်ဆုံးမေးခွန်းကတော့ ကျွန်တော့်လိင်တံ ကြီးအောင်ဘယ်လိုလုပ်ရမလဲဆိုတာပါပဲ။ အမှန်အတိုင်းပြောရရင် ယောက်ျားတစ်ယောက်ရဲ့လိင်တံသည် အသက် ၁၈ ပြည့်ပြီးတာနဲ့ ဘယ်လိုမှ ဆက်ပြီးမကြီးနိုင်တော့ပါဘူး။အဲ့တော့ ကြီးဆေးတွေသောက်ရင် မရဘူးလား၊ သူများတွေ ဆေးထိုး၊ ဂေါ်လီထည့်နေတာ ကျွန်တော်လုပ်ရင်ရော ကြီးလာမှာလားတဲ့။ ဟုတ်ကဲ့ အချိန်တစ်ခုအတွင်းတော့ ကြီးလာတယ်လို့ ထင်ရမှာပါ။ ဒါပေမယ့် သဘာဝမဟုတ်တဲ့ အရာတွေကို လိင်တံအတွင်းထဲ ထိုးသွင်းပြီးနောက် ဖြစ်လာနိုင်တဲ့ ကြောက်မက်ဖွယ်ရာဆိုးကျိုးတွေကို ရင်ဆိုင်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိရဲ့လား။မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတော်တော်များများရဲ့ ကျန်းမာရေးအသိပညာ အလွန်နည်းတဲ့နေရာတွေမှာ ခေတ်စားတဲ့ ဓလေ့တစ်ခုပါ။ လိင်တံကြီးစေဖို့ သဘာဝမဟုတ်တဲ့ စီလီကွန်၊ ဗက်စလင်း၊အုန်းဆီစတာတွေကို ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ကိုယ့်ဘာသာ အသိတွေနဲ့ ဆေးမြီးတိုသဘော ထိုးကြတာပါ။အဲ့လိုထိုးပြီးသွားတော့ ဘာဖြစ်သွားလဲ၊ အချိန်အတိုင်းအတာတစ်ခုထိ ဒီပစ္စည်းတွေဟာ လိင်အင်္ဂါကို ကြီးထွားစေပါတယ်။ သဘာဝမဟုတ်တဲ့ ပစ္စည်းတွေကို ထိုးသွင်းထားတာဖြစ်တဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ လိင်တံအတွင်းမှာရှိတဲ့ တစ်သျှူးတွေကို ဒီပစ္စည်းတွေနဲ့ ဓါတ်ပြုပြီး ထင်မထားတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်ပေါ်လာစေပါတယ်။လူငယ်သဘာဝ၊ ယောက်ျားကလည်း ဖြစ်ပြန်တော့ လက်ရဲဇက်ရဲရှိကြတယ်။ ကြီးရင်ပြီးရောဆိုတဲ့ စိတ်နဲ့ အချင်းချင်းပူးပေါင်းပြီးထိုးကြတယ်။ အမျိုးသားအင်္ဂါကို ကြီးဆေးထိုးခြင်းရဲ့ ကြောက်စရာဘေးထွက်ဆိုးကျိုး တွေကတော့။ကံကောင်းတဲ့အခြေအနေမှာ ပြောရမယ်ဆိုရင် လက္ခဏာပြကာစအချိန်မျိုးမှာ သိသိချင်းဆရာဝန်နဲ့ သွားပြမယ်ဆိုရင် ကိုယ့်လိင်အင်္ဂါထဲ ထိုးထည့်ထားတဲ့ ပစ္စည်းကို ခြစ်ထုတ်လိုက်ရုံနဲ့ ပျောက်သွားနိုင်ပါတယ်။ ကံမကောင်းတဲ့အခြေအနေမျိုးမှာ လိင်တံတစ်ခုလုံး အရင်းကနေ ဖြတ်ထုတ်ပစ်လိုက်ရတဲ့အထိ ဆိုးရွားသွားနိုင်ပါတယ်။ ဒါကြောင့် ကြီးဆေးထိုးတာမျိုးတွေ မလုပ်ရင်တော့ အကောင်းဆုံးပါပဲ။ပုရိသတွေကသာ ကိုယ့်ရဲ့ ငယ်ပါ သေးနေတယ်၊ လူစဉ် မမီဘူး၊ ယောက်ျားအဖြစ် ရှုံးတယ်ဆိုပြီး စိုးရိမ်ပူပန် နေတတ်တာပါ၊ မိန်းကလေးအများစု အတွက်တော့ အရွယ်အစားသည် အဓိက မကျပါဘူး။ အမျိုးသား တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ထောင်မတ်နိုင်စွမ်းကို ထိန်းထားနိုင်တယ်၊ သက်လုံ ကောင်းတယ်၊ သုက်လွှတ် မမြန်အောင် အာရုံ စုစည်းထားနိုင်တယ်၊ ကိုယ့်အဖော်ရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်း ပေးသလို နှစ်ဦးလုံး ကာမဆန္ဒ အထွတ်အထိပ် ရောက်စေဖို့ စွမ်းဆောင်နိုင်တယ် ဆိုရင် ယောက်ျား ပီသတဲ့ ယောက်ျား တစ်ယောက်လို့ သတ်မှတ်လို့ ရပါတယ်။ အကယ်လို့သာ ထောင်မတ် နေချိန်မှာ ၃လက်မ အောက် ရောက်နေမယ် ဆိုရင်တော့ ကိုယ့်သဘောနဲ့ ကိုယ်ကြီးဆေးတွေ လျှောက်မထိုးဘဲ ဆရာဝန်နဲ့ သေချာတိုင်ပင် ဆွေးနွေးကြည့်သင့်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/penile-injection/
ရင်သွေးငယ်လေးတွေမှာ အအေးမိတုပ်ကွေးဖြစ်ခဲ့ရင် ဘယ်လိုပြုစုမလဲ
ရာသီဥတုအပြောင်းအလဲမှာ သားသားမီးမီးလေးတွေအအေးမိ၊တုပ်ကွေးဖြစ်မှာကို စိုးရိမ်တဲ့စိတ်မိဘတိုင်းမှာရှိမှာပါ။ ကလေးတွေနေထိုင်မကောင်းဖြစ်တဲ့အခါမေမေတို့အတွက် လူရောစိတ်ပါပင်ပန်းစေမှာ အမှန်ပါ။ သားဦးမိခင်တွေဆို ပိုတောင်ဆိုးပါတယ်။ သားဦးသမီးဦးကလည်းဖြစ် ကိုယ်တိုင်ကလည်း အတွေ့အကြုံမရှိလို့ ဘာလုပ်ပေးရမှန်းမသိတာမျိုးဖြစ်နေနိုင်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ မိခင်တိုင်းအတွက် အသုံးတည့်စေမယ့် အအေးမိ၊ တုပ်ကွေးဖြစ်နေတဲ့ သားသားမီးမီးလေးတွေကိုစောင့်ရှောက်နည်းပြောပြပေးထားပါတယ်။ကလေးမှာ အအေးမိဖျားနာဖြစ်တဲ့အခါ ကိုယ်နွေးနွေးလေးဖြစ်နေပြီး မအီမသာနဲ့ဂျီကျနေတတ်ပါတယ်။ ငယ်တဲ့ကလေးတွေမှာဆိုရင် ပိုတောင်ဆိုးပါမယ်။ သူတို့လေးတွေက ခံစားရတာကို မပြောနိုင်တဲ့အခါ ငိုတာ ဒါမှမဟုတ် အမူအရာတွေနဲ့ဖော်ပြတာမျိုးလုပ်ပြတတ်ကြပါတယ်။ ဒါကြောင့် ကလေးကအအေးမိဖျားနာနေပြီဆိုရင် –။ကလေးကို အနားယူခိုင်းပါ– အနားယူတာက ကလေးရဲ့ခန္ဓါကိုယ်မှာ ခွန်အားပြည့်လာစေပြီးရောဂါပိုးတွေကိုတုံ့ပြန်နိုင်စွမ်းကောင်းလာစေမှာ အသေအချာပါ။ ကလေးကကျောင်းနေအရွယ်မျိုးဖြစ်နေပြီဆိုရင် ကလေးကိုကျောင်းကိုမလွှတ်ဘဲနေအိမ်မှာဘဲ အနားယူခိုင်းပါ။အရည်များများတိုက်ပါ –အရည်များများသောက်တာက အဖျားကျစေနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ကလေးကအော့အန်တာ၊ဝမ်းသွားတာတွေပါဖြစ်နေမယ်ဆိုရင်တော့ ကလေးကို အရည်များများတိုက်ပေးဖို့ပိုလိုပါမယ်။စိုထိုင်းမှုထိန်းစက်အသုံးပြုပေးပါ –အအေးမိဖျားနာဖြစ်တဲ့အခါ ကလေးငယ်မှာနှာခေါင်းပိတ်တာနဲ့လည်ချောင်းနာတာတွေပါ ခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေတွေကို သက်သာစေဖို့ဆိုရင် ကလေးရဲ့ပတ်ဝန်းကျင်မှာ အစိုဓါတ်ရှိအောင်လုပ်ပေးဖို့လိုပါမယ်။ ဒါကြောင့် ကလေးရဲ့အခန်း ဒါမှမဟုတ် ကလေးရဲ့ အိပ်ရာနားမှာ စိုထိုင်းမှုထိန်းစက်လေးဖွင့်ပေးထားပါ။အာဟာရရှိတာကျွေးပါ –ကလေးက အအေးမိဖျားနာဖြစ်နေတဲ့အခါ အအေးမိဖျားနာတာကိုဖြစ်စေတဲ့ရောဂါပိုးတွေကို တိုက်ထုတ်ဖို့အတွက် ခန္ဓါကိုယ်က အာဟာရပြည့်ဝနေဖို့အတွက် လိုပါတယ်။ ဒါကြောင့် ကလေးကို အစာမာမာတွေမဟုတ်တဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကိုကျွေးပေးပါ။ အလွယ်ဆုံးကတော့ ကြက်ပြုတ်ရည်တိုက်ပေးရင်ရပါတယ်။ဆရာဝန်ပြပေးပါ– ကလေးဆိုတာက နုနယ်လွန်းပါတယ်။ ဒါကြောင့် ကိုယ့်သဘောနဲ့ကိုယ် လူကြီးသောက်တဲ့ဆေးတွေကို တိုက်တာမျိုးမလုပ်ဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ပြသပေးပါ။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျလိုက်လုပ်ပေးဖို့လည်းလိုပါမယ်။သာမန်အဖျားတွေက ၇ ရက်ကနေ ၁၀ ရက်အတွင်း သက်သာသွားကြပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ရင်သွေးလေးမှာ ဒီလိုလက္ခဏာတွေဖြစ်နေမယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကို ချက်ချင်းသွားရောက်ပြသဖို့လိုပါမယ်။တုပ်ကွေးကတော့ ရုတ်တရက်ဆိုရောက်လာတတ်တဲ့ဝေဒနာတစ်ခုပါ။ ရာသီအကူးပြောင်းမှာ အဖြစ်များပါတယ်။ မိမိရင်သွေးလေးမှာ တုပ်ကွေးဖြစ်လာခဲ့မယ်ဆိုရင်တော့ –။အနားယူခိုင်းပါ –အအေးမိတာထက် တုပ်ကွေးဖြစ်တာက ပိုပြင်းထန်ပါတယ်။ ဒါကြောင့် ကလေးမှာ တုပ်ကွေးဖြစ်နေမယ်ဆိုရင် ကိုယ်ခံအားကောင်းလာစေဖို့အတွက် ကလေးကိုပြည့်ပြည့်ဝဝအနားယူနိုင်အောင်လုပ်ပေးလိုက်ပါ။ကောင်းမွန်တဲ့ကိုယ်ခံအားကသာ တုပ်ကွေးဖြစ်စေတဲ့ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်မှာပါ။ဆားရည်နွေးနွေးလေးနဲ့ ပလုပ်ကျင်းပေးပါ –ဆားရည်နဲ့ ပလုပ်ကျင်းတာက တုပ်ကွေးဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ လည်ချောင်းနာတာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ဆားရည်နွေးနွေးလေးကို နှာခေါင်းထဲ အစက်ချပေးမယ်ဆိုရင်လည်းနှာခေါင်းထဲမှာ ပိတ်ဆို့နေတဲ့ ချွဲသလိပ်တွေကိုပျော်စေမှာ အသေအချာပါ။ရေဓါတ်ပြည့်ဝအောင်နေပါ –ခန္ဓါကိုယ်ကရေဓါတ်က ကူးစက်ရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးက တုပ်ကွေးဖြစ်နေတဲ့အခါ ကလေးကိုရေဓါတ်ပြည့်ဝအောင် ပိုဂရုစိုက်ပေးပါ။ ဘာမှမလုပ်ပေးနိုင်ရင်တောင် ကလေးကိုရေများများတိုက်ပေးပါ။ဆေးဖက်ဝင်တဲ့ အရွက်တွေနဲ့လုပ်ထားတဲ့ရေနွေးကြမ်းကိုတိုက်ပေးလို့ရပါတယ်။နောက်တစ်ခုက စွပ်ပြုတ်ရည်၊သစ်သီးဖျော်ရည်တွေတိုက်ပေးတာမျိုးလုပ်နိုင်ပါတယ်။ဆရာဝန်ပြပေးပါ– ကလေးဆိုတာက နုနယ်လွန်းပါတယ်။ ဒါကြောင့် ကိုယ့်သဘောနဲ့ကိုယ် လူကြီးသောက်တဲ့ဆေးတွေကို တိုက်တာမျိုးမလုပ်ဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ပြသပေးပါ။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျလိုက်လုပ်ပေးဖို့လည်းလိုပါမယ်။တုပ်ကွေးဆိုတဲ့ဝေဒနာက လူကြီးတွေတောင်မှ တော်တော်လေးခံစားရတဲ့ရောဂါမျိုးပါ။ ဒါကြောင့် ရင်သွေးလေးမှာများ တုပ်ကွေးဖြစ်နေခဲ့ရင် ဒီလိုလက္ခဏာတွေများရှိနေလားသေချာစောင့်ကြည့်ပေးစေချင်ပါတယ်။ကလေးက အအေးမိတာ တုပ်ကွေးဖြစ်တာကနေပြန်ကောင်းလာပြီဆိုရင်တော့ ကာကွယ်ရေးဘက်ကို စလုပ်ရတော့မှာပါ။ ဒီအချိန်မှာ အရင်ဆုံးလုပ်ရမှာက ကလေးနေမကောင်းမဖြစ်ခင်ကနဲ့ နေမကောင်းဖြစ်နေချိန်မှာ ကိုင်တွယ်ထိတွေ့အသုံးပြုထားတဲ့အရာတွေကိုလျှော်ဖွပ်သန့်စင်ဆေးကြောပေးပါ။ ကလေးကိုရော အခြား မိသားစုဝင်တွေကိုပါလက်သန့်ရှင်းရေးနဲ့တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ဖို့ပြောပေးပါ။ ကလေးကို လမ်းဘေးစာတွေ၊ ယင်နားစာတွေ မစားဖို့ သတိပေးပါ။ ကလေးကို အာဟာရပြည့်ဝတာတွေကျွေးမွေးပြီး အိပ်ရေးဝအောင်ဂရုစိုက်ပေးပါ။ မကြာခင်ဝင်ရောက်လာတော့မယ့် မိုးရာသီမှာ ရင်သွေးလေးကို အဖျားမမိအောင်ကာကွယ်နိုင်ကြပါစေ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%a1%e1%80%a1%e1%80%b1/
ကိုယ်ဝန်ဆောင်မေမေ တရားထိုင်တဲ့အခါ
တရားထိုင်တယ်ဆိုတာက စိတ်ပိုင်းဆိုင်ရာစိတ်ခံစားမှုပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာပါ အမျိုးမျိုးသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ဒါဆို ကိုယ်ဝန်ဆောင်မေမေ တရားထိုင်တဲ့အခါ ဘယ်လို ကောင်းကျိုးတွေ ရနိုင်မလဲ ဆိုပြီး သီချင်နေပြီလား! မေမေတို့ရေ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်တော့နော်။ကိုယ်ဝန်ဆောင်မေမေ တရားထိုင်တဲ့အခါ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးကိုပါ ကျန်းမာစေနိုင်ပြီး ကိုယ်ဝန်ဆောင်မေမေကို စိတ်ပိုင်းဆိုင်ရာ အရလည်း အနားရစေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်းဟော်မုန်း အပြောင်းအလဲ ဖြစ်စေပြီး  စိတ်ခံစားမှု အတက်အကျ မြန်တာမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာစိတ်ဖိစီးတာမျိုးကို ခံစားရစေနိုင်ပါတယ်။ တရားထိုင်တာက စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်သလို စိုးရိမ်စိတ် များတာကိုလည်း ပြေလျော့စေနိုင်တာပေါ့။တရားထိုင်တယ်ဆိုတာက ထွေထွေထူးထူး ပြောစရာ မလိုအောင် လူတိုင်းလိုလို သိထားပြီး ဖြစ်မှာပါ။ တိတ်ဆိတ်တဲ့နေရာမှာ တင်ပျဉ်လေး ခွေထိုင် ပြီးရင် လက်နှစ်ဖက်ကို ပေါင်ပေါ်မှာ ယှက်လျက်အနေအထားနဲ့ ထားပြီး မျက်လုံးကို အသာအယာ မှိတ်လို့ အသက်လေးကို မှန်မှန်ရှူရင်း ဝင်လေထွက်လေကို အာရုံစိုက်ပေးတာမျိုးပါ။တရားထိုင်တာက တစ်ခါတလေမှာ ဘာသာရေးအရ ထိုင်ကြတာမျိုး ရှိသလို တစ်ခါတလေမှာ ယောဂလိုမျိုး ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုခုရဲ့ တစ်ခန်းတစ်ကဏ္ဍ အနေနဲ့လည်း တရားထိုင်ကြပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ တရားထိုင်တာက အခုလို ကောင်းကျိုးလေးတွေကို ရရှိစေမှာပါ။စိတ်ဖိစီးမှု ပြေလျော့စေတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဝင်လေထွက်လေ မှတ်ပြီး တရားထိုင်တာက ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာကို သက်သာစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တရားထိုင်တာကဟော်မုန်း ပြောင်းလဲမှုတွေကိုရော ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင် ပါတယ်။ကျန်းမာရေးနဲ့ ညီညွတ်အောင် စားဖြစ်စေတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာစေဖို့အတွက် အာဟာရပြည့်ဝမျှတအောင် စားဖြစ်ဖို့ လိုပါမယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးပြီး အသင့်စားတွေ၊အမြန်စားတွေကို မစားဖြစ်စေဖို့ တရားထိုင်ပေးတာက နည်းလမ်းကောင်းပါ။စိတ်ရောကိုယ်ပါ ကျန်းမာစေတယ်။တရားထိုင်တာကစိတ်ရောကိုယ်ပါ ထိခိုက်မှုတွေကို သက်သာစေပြီး အနာကျက်စေနိုင်ပါတယ်။ တရားထိုင်တာက ကျောရိုးပေါ်မှာ ဝန်အားသက်ရောက်မှုကို ပြေလျော့စေပြီးကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။လမစေ့ဘဲ မွေးဖွားနိုင်ခြေ နည်းစေတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ တရားထိုင်တာ၊ယောဂလေ့ကျင့်တာတွေက လမစေ့ဘဲ မွေးဖွားတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်လေး တရားထိုင်ပေးတာကပေါင်မပြည့်ဘဲ မွေးဖွားတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ကျန်းမာစွာနဲ့ မွေးဖွားနိုင်စေဖို့အတွက် တရားထိုင်ပေးတာက နည်းလမ်းကောင်းပါ။ကလေးနဲ့ ဆက်သွယ်နိုင်စေမယ်။တရားထိုင်တာက အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်လေး ထိုင်ရတာ ဖြစ်ပြီး အာရုံစိုက်နိုင်တာကြောင့် ကလေးကို ခံစားမိပြီး ကလေးနဲ့ ဆက်သွယ်မှုတွေ လုပ်နိုင်စေမှာ ဖြစ်ပါတယ်။ ဒီလိုကလေးနဲ့ မိခင်ကြားက ဆက်သွယ်မှုက ကျန်းကျန်းမာမာ မွေးဖွားနိုင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ တရားထိုင်တာ ဘေးကင်းသလား!။ကိုယ်ဝန်ဆောင်ချိန်မှာ တရားထိုင်တာကမေမေရော ဘေဘီလေးအတွက်ပါဘေးကင်းပါတယ်။ ကိုယ်ဝန်ဆောင်ကာလရဲ့ ဘယ်အပိုင်းအခြားမှာ ဖြစ်ဖြစ် တရားထိုင်လို့  ရသလို မေမေရာ ဘေဘီလေးကိုပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ကိုယ်ဝန်လရင့်လာတဲ့အခါ တင်ပျဉ်ခွေထိုင်ဖို့ အခက်အခဲ ရှိလာနိုင်ပါတယ်။ ဒီအခါ နောက်မှီပါတဲ့ ကုလားထိုင်မှာ ထိုင်ပေးနိုင်သလို လှဲလှောင်းပြီး တရားမှတ်နေလည်း ရပါတယ်။ လိုရင်းကတော့ ကိုယ့်ရဲ့ အသက်ရှူသွင်းရှူထုတ်ကို မှတ်နေပြီး စိတ်ငြိမ်းချမ်းမှု ရနေဖို့ ပါပဲ။တရားထိုင်တာက ဘေဘီလေးအပေါ်မှာ သက်ရောက်မှု ရှိလား!။ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတရားထိုင်တာက ကိုယ်ဝန်ဆောင်မေမေကိုစိတ်ဖိစီးတာ၊ စိုးရိမ်စိတ် များတာကို သက်သာစေပြီး ဗိုက်ထဲက ဘေဘီလေးကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကျန်းမာပြီး စိတ်ဖိစီးမှု ကင်းစေတဲ့ ဘေဘီလေး မွေးဖွားလာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/benefits-of-meditation-during-pregnancy/
သင့်အသားအရေမှာ ရေဓါတ်ခမ်းခြောက်တဲ့အခါ ဘာတွေဖြစ်လာမှာလဲ
သင့်အရေပြားအကြောင်း ဘာတွေသိထားသလဲ။ သင့်အရေပြားမှာ ရေဓါတ်လုံလုံလောက်လောက် ရှိနေရဲ့လား။ ရေဓါတ်ခမ်းခြောက်ရင် ဘာလုပ်ရမလဲ။ဒီဆောင်းပါးလေးဟာ အဆိုပါ မေးခွန်းတွေကို အတိုင်းအတာတခုထိ ဖြေပေးနိုင်ပါလိမ့်မယ်။အသားအရေမှာ ရေဓါတ်ခမ်းခြောက်ခြင်းဟာ ထူးခြားပြီး ဖြစ်လေ့ဖြစ်ထမရှိတဲ့ အရေပြားဆိုင်ရာ အခြေအနေတခုဖြစ်ပြီး ပတ်ဝန်းကျင်ကြောင့် အဓိက ဖြစ်ပေါ်လာနိုင်ပါတယ်။ဒီအခြေအနေမှာဆိုရင် သင့်အရေပြားဟာ ရေဓါတ်မရှိတော့ဘဲ အဆီတွေကိုတော့ ထုတ်လုပ်နိုင်ပါသေးတယ်။ ဒါကြောင့် သင့်အသားအရေဟာ အဆီပြန်တဲ့နေရာကပြန်၊ခြောက်တဲ့ နေရာက ခြောက်နဲ့ ဖြစ်နေပါလိမ့်မယ် (နဖူး၊နှာခေါင်း၊မေးစေ့ စတဲ့ နေရာတွေမှာ အဆီတွေများပြားပြီး ပါးနေရာတွေမှာတော့ ခြောက်သွေ့နေပါလိမ့်မယ်)။ ဒီလို အသားအရေမျိုးဟာ ဆောင်းတွင်းမှာ ဖြစ်ပေါ်လာလေ့ရှိပါတယ်။ရေဓါတ်ခမ်းခြောက်တဲ့ အသားအရေဟာ ပျက်စီးလွယ်တာကြောင့် အရေးအကြောင်းတွေလည်း အလွယ်တကူ ပေါ်ပေါက်လာနိုင်ပါတယ်။ သင့်အနေနဲ့ မှန်ဘီလူးကို သုံးပြီး အနီးကပ်ကြည့်မယ်ဆိုရင် ရေဓါတ်ခမ်းခြောက်နေတဲ့ အရေပြားနေရာမှာ တြိဂံပုံစံအရေးကြောင်းအသေးလေးတွေကို တွေ့မြင်ရလေ့ရှိပါတယ်။အရေပြား ရေဓါတ်ခမ်းခြောက်တာဟာ အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်တွေနဲ့ ဝက်ခြံပေါက်လေ့ရှိသူတွေမှာ အင်မတန် အဖြစ်များပါတယ်။မှန်ကန်သင့်တော်တဲ့ ကုသမှုနည်းလမ်းကို ရွေးချယ်နိုင်ဖို့အတွက် အရေးကြီးဆုံးအချက်ကတော့ ခြောက်သွေ့တဲ့ အသားအရေနဲ့ ရေဓါတ်ခမ်းခြောက်တဲ့ အသားအရေကို တိတိကျကျ ခွဲခြားသိဖို့ပဲ ဖြစ်ပါတယ်။ ရေဓါတ်ခမ်းခြောက်တဲ့ အသားအရေကို ပြန်လည်ပြုပြင်ဖို့အတွက် အဆီဓါတ်ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို သုံးစွဲဖို့မလိုဘဲ ရေဓါတ်ကိုသာ ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ဒါမှသာ အရေပြားမှာရှိတဲ့ အဆီဓါတ် နဲ့ ရေဓါတ်မျှတသွားမှာ ဖြစ်ပါတယ်။ ရေဓါတ်ခမ်းခြောက်တဲ့ အသားအရေပိုင်ရှင်အများအပြားဟာ တန်ဖိုးကြီး လိုးရှင်းတွေ၊ခရင်မ်တွေ လိမ်းသည့်တိုင် အသားအရေဟာ မူလအတိုင်းပြန်ကောင်းမလာဘဲ ပိုခြောက်၊ပိုပါးလာတာကိုသာ တွေ့ကြရပါတယ်။ဒါကြောင့် ရေဓါတ်ခမ်းခြောက်နေတဲ့ အသားအရေကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်ပေးနိုင်တဲ့ အချက်လေးတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။၁။ ရေဓါတ်ခမ်းခြောက်တဲ့ အသားအရေအတွက် Hyaluronic Glycerin Acid, Sodium PCA, Sorbitol, Allantoin, နဲ့ Propylene Glycol တို့ပါဝင်တဲ့ အစိုဓါတ်ထိန်းပစ္စည်းတွေ (moisturizer)ကို အသုံးပြုဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အဆိုပါ ပါဝင်ပစ္စည်းတွေဟာ ပတ်ဝန်းကျင်က ရေဓါတ်တွေကို အရေပြားထဲ စုပ်ယူစိမ့်ဝင်စေတဲ့အတွက် အသားအရေကို နူးညံ့စေပါတယ်။၂။ T area လို့ခေါ်တဲ့ နဖူး၊နှာခေါင်းနဲ့ မေးစေ့နေရာတွေအတွက် သင့်တော်မယ့် မျက်နှာလိမ်းရည် serum ကို ရွေးချယ်သုံးစွဲပါ။ အသားအရေ အေးမြလန်းဆန်းနေတဲ့ နွေရာသီမှာ serum ကို မသုံးစွဲလည်း ရပေမယ့် ဆောင်းတွင်းမှာတော့ အဆိုပါ နေရာတွေမှာ ရေဓါတ်ခမ်းခြောက်မှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာနိုင်တာမို့ ရေဓါတ်ကိုအခြေခံထားပြီး အဆီလုံးဝမပါရှိတဲ့ serum ကို (moisturizer မလိမ်းခင်မှာ) လိမ်းပေးရပါမယ်။၃။ ရေဓါတ်ခမ်းခြောက်နေပြီး အဆီဓါတ်တော့ ရှိနေသေးတဲ့ အသားအရေအတွက် moisturizer နှစ်မျိုး အသုံးပြုသင့်ပါတယ်။ တမျိုးက အဆီမပါသလောက်ဖြစ်တဲ့ ညလိမ်းmoisturizer ဖြစ်ပြီး T zone(နဖူး၊နှာခေါင်း၊မေးစေ့)ကို လိမ်းပေးရမှာဖြစ်ကာ နောက်တမျိုးကတော့ မျက်နှာပေါ်က ခြောက်ကပ်နေတဲ့ အရေပြားနေရာတွေ (ပါးပြင်ပေါ်)ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။၄။T zone(နဖူး၊နှာခေါင်း၊မေးစေ့) ကို အဆီဓါတ်ဖယ်ရှားစုပ်ယူပေးတဲ့ တစ်ရှူးစလေးတွေနဲ့ အသာအယာ ပွတ်ပေး၊တို့ပေးနိုင်ပါတယ်။အသားအရေမှာ ရေဓါတ်ခမ်းခြောက်ခြင်းဟာ ပျောက်ကင်းသက်သာသွားအောင် ပြုပြင်ပေးနိုင်တဲ့ အခြေအနေတမျိုး ဖြစ်ပြီး ဒီဆောင်းပါးလေးကနေ သင့်အရေပြားနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အချက်အလက်တချို့ကို သိရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ဒါမှသာ သင့်အနေနဲ့ အဆိုပါ ရေဓါတ်ခမ်းခြောက်တဲ့ အခြေအနေကို ကုသနိုင်၊ကာကွယ်နိုင်မှာပဲ ဖြစ်ပါတော့တယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%9b%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%9b%e1%80%b1%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%81%e1%80%99/
ဆီးကျိတ်ကင်ဆာမှာ ရှေ့ပြေးလက္ခဏာတွေရှိသလား
ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနှုန်းဟာ ခုနစ်ယောက်မှာ တစ်ယောက် ဖြစ်ပါတယ်။ သူဟာ သက်တမ်းတစ်လျှောက် ဘယ်အသက်အရွယ်မှာမဆို ဖြစ်ပွားနိုင်ပါတယ်။ ကုသနိုင်ပေမယ့် တတ်နိုင်သမျှ စောစော ရောဂါသိရှိဖို့လိုအပ်ပါတယ်။ကံမကောင်းစွာနဲ့ပဲ ဆီးကျိတ်ကင်ဆာမှာ စောတဲ့ ရောဂါလက္ခဏာတွေ မရှိပါဘူး။ ဒါပေမယ့် အမျိုးသားအတော်များများမှာ ဆီးကျိတ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေ ရှိတတ်ပါတယ်။ ဘယ်အရာတွေကို သတိထားရမလဲဆိုတာနဲ့ ဘယ်အချိန်မှာ ဆရာဝန်ကို ခေါ်ရမလဲဆိုတာကို သိထားသင့်ပါတယ်။ဆီးကျိတ်ကင်ဆာ အတော်များများဟာ ပြင်းထန်တဲ့ ပြဿနာတွေ မဖြစ်တတ်ပဲ ရာခိုင်နှုန်းအနည်းငယ်ကသာ ပြင်းထန်မှု ရှိပါတယ်။ ပြင်းထန်တဲ့ ဆီးကျိတ်ကင်ဆာမှာ အတွေ့များတဲ့ လက္ခဏာတွေကို ဆီးသွားတဲ့အခါမှာ တွေ့ရတတ်ပါတယ်။ဒီလက္ခဏာတွေဟာ အခြား ရောဂါတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ရှိရင် ဆရာဝန်နဲ့ ပြဖို့ အရေးကြီးပါတယ်။နောက်ကျတဲ့ လက္ခဏာတွေကိုတော့ ကင်ဆာက အခြားအစိတ်အပိုင်းတွေကို ပြန့်သွားရင် တွေ့ရပါတယ်။ဆီးကျိတ်ကင်ဆာ လက္ခဏာတွေကို ရှာဖွေနေမယ့်အစား ရောဂါရှာဖွေမှုကို ပြုသင့်ပါတယ်။ ကင်ဆာရှိတယ်လို့ သံသယရှိတယ်ဆိုရင် ဆရာဝန်တွေက အကျိတ်ရှိလား၊ မရှိလား၊ ဘာကင်ဆာအမျိုးအစားလည်းဆိုတာ အတည်ပြုပေးမှာဖြစ်ပါတယ်။ လုပ်ဆောင်ချက်တွေက ကြာပြီး စိတ်ရှုပ်ထွေးဖွယ်ကောင်းပေမယ့် အခြားရောဂါဖြစ်နိုင်ခြေကို ကင်ဆာလို့အမည်မတပ်ခင်မှာ ဖယ်ထုတ်သင့်ပါတယ်။ဆီးကျိတ်ကင်ဆာကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူနေမှုပုံစံတွေကို ရွေးချယ်ခြင်းနဲ့ ကာကွယ်နိုင်ပါတယ်။ အဆီအနည်းငယ်သာပါတဲ့ အစားအစာကို ရွေးချယ်ပါ။ အဆီပါတဲ့အစားအစာတွေကတော့ အသား၊ အခွံမာသီး၊ ဆီ၊ နဲ့ နို့ထွက်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။တိရစ္ဆာန်ထွက် ပစ္စည်းတွေထက် အပင်ထွက် ပစ္စည်းတွေကို စားသောက်ပါ။ တိရိစ္ဆာန်ဆီကိုစားသုံးတဲ့သူတွေဟာ ဆီးကျိတ်ကင်ဆာ ပိုဖြစ်နိုင်ပါတယ်။ အဆီပါဝင်တဲ့ တိရစ္ဆာန်ဆီတွေကတော့ အသား၊ ဝက်ဆီနဲ့ ထောပတ်တို့ပဲဖြစ်ပါတယ်။ငါးစားပါ။ ဆယ်မွန်ငါး၊ တူနာငါးနဲ့ ဟာရင်းငါးတို့ဟာ အိုမီဂါ ၃ fatty acid ပါဝင်ပြီးတော့ ဆီးကျိတ်ကင်ဆာဖြစ်နှုန်းကို လျှော့ချပေးပါတယ်။ အခု ငါးမစားဘူးဆိုရင် သင့်အစားအစာတွေထဲမှာ ထည့်သွင်းစားသောက်ဖို့ စဉ်းစားသင့်ပါတယ်။ omega 3 fatty acid ကို အစားအစာတွေထဲ ထည့်ဖို့ နောက်တစ်နည်းကတော့ flaxseed စားသုံးခြင်းပဲ ဖြစ်ပါတယ်။နေ့စဉ်စားသုံးတဲ့ နို့ထွက်ပစ္စည်းပမာဏကို လျှော့ချပါ။ နို့၊ ချီးစ်၊ ဒိန်ချိန်အစရှိတဲ့ နို့ထွက်ပစ္စည်းတွေကို နေ့စဉ် စားသောက်သူတွေဟာ ဆီးကျိတ်ကင်ဆာ ဖြစ်နှုန်း အမြင့်ဆုံးဖြစ်နေတာကို လေ့လာမှုတွေမှာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီလေ့လာမှုတွေရဲ့ အဖြေတွေက ရောထွေးနေပြီး နို့ထွက်ပစ္စည်းတွေနဲ့ ဆက်စပ်မှုကတော့ သေးငယ်တယ်လို့ ထင်ရပါတယ်။ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိရင် နေ့စဉ် လေ့ကျင့်ခန်း ပြုလုပ်ပါ။ အသီးအရွက်၊ ဂျုံ အစရှိတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေကို စားသောက်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်အလေးချိန်ကို လျော့ကျစေရုံသာမက ထိန်းသိမ်းပေးပါတယ်။လေ့ကျင့်ခန်းလုပ်တဲ့သူတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်နှုန်းလျော့ကျတယ်လို့ လေ့လာမှုတွေက ဆိုကြပါတယ်။ ဒါ့ပြင်လေ့ကျင့်ခန်း လုပ်ခြင်းဟာ နှလုံးရောဂါနဲ့ အခြားကင်ဆာရောဂါဖြစ်နှုန်းကို လျှော့ချပေးတဲ့ အကျိုးကျေးဇူးတွေလဲ ရှိပါသေးတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/prostate-cancer-cancer/%e1%80%86%e1%80%ae%e1%80%b8%e1%80%80%e1%80%bc%e1%80%ad%e1%80%90%e1%80%bb%e1%80%80%e1%80%84%e1%80%bb%e1%80%86%e1%80%ac%e1%80%99%e1%80%be%e1%80%ac-%e1%80%9b%e1%80%be%e1%80%b1%e1%80%b7%e1%80%b1%e1%80%bd/
ခြေကျင်းဝတ်နာကျင်ခြင်း။ သိထားရမည့် ရာဂါလက္ခဏာများ
ကျောနဲ့ လည်ပင်းတို့လိုပဲ ခြေကျင်းဝတ်လည်း နာကျင်မှုတွေခံစားရနိုင်ပါတယ်။ ခြေကျင်းဝတ်နာကျင်လာပြီဆိုရင် လမ်းလျောက်ဖို့တောင် မပြောနှင့် ခြေထောက်လှုပ်ဖို့တောင် ခက်ခဲပါတယ်။ ဒါပေမဲ့လည်း နာကျင်တယ်ဆိုတဲ့ လက္ခဏာတစ်ခုထဲ မဟုတ်ပါဘူး။ ထိုပြဿနာသင်ခံစားနေရပြီလားဆိုတာသိဖို့ အောက်ပါ ရောဂါလက္ခဏာတို့ဖြင့် တိုက်စစ်ကြည့်နိုင်ပါတယ်။ခြေကျင်းဝတ်နာကျင်ခြင်းရဲ့ အဖြစ်များတဲ့ လက္ခဏာက နာကျင်ခြင်း ဖြစ်သော်လည်း ရောင်ရမ်းခြင်း၊ ထုံကျင်ခြင်းနဲ့ တစ်စစ်စစ်ဖြစ်ခြင်းလိုမျိုး အခြားလက္ခဏာများလည်း ရှိပါသေးတယ်။ခြေကျင်းဝတ်နာနေတဲ့လူတွေမှာ နာကျင်ခြင်းအများဆုံးဖြစ်တာပါ။ တိကျတဲ့နေရာတစ်နေရာတည်းမှာ နာကျင်နိုင်သလို ခြေကျင်းဝတ်တစ်ခုလုံးမှာလည်း နာကျင်နိုင်ပါတယ်။ လမ်းလျောက်ခြင်း၊ စက်ဘီးစီးခြင်းနဲ့ အခြားသော ခြေကျင်းဝတ် အသုံးပြုရတဲ့ လုပ်ငန်းဆောင်တာကြောင့် နာကျင်ခြင်း ပိုဆိုးသွားနိုင်ပါတယ်။ ခြေကျင်းဝတ်ပေါ်မှာ အလေးချိန်တောင် မသက်ရောက်သင့်ပါဘူး။ခြေကျင်းဝတ်မှာ ထိခိုက်ဒဏ်ရာရတဲ့အခါမှာ ရောင်ရမ်းလာပါတယ်။ ခြေကျင်းဝတ်မှာရှိတဲ့ တစ်ရှုးတွေပျက်စီးသွားပြီး သွေးတွေ၊ ပြည်တွေနဲ့ ပြည့်နှက်ကာ ရောင်းရမ်းလာပါတယ်။ ခြေကျင်းဝတ်နာကျင်ခြင်းက မပြင်းထန်ဘူးဆိုရင် ရောင်ရမ်းနေတာက နာရီအနည်းငယ် ဒါမှမဟုတ် ရက်အနည်းငယ်အတွင်းမှာ ပျောက်ကင်းသွားနိုင်ပါတယ်။ရောင်ရမ်းခြင်း၊ အညိုအမဲစွဲခြင်းတို့ကို ထိခိုက်ဒဏ်ရာရပြီး ချက်ချင်း ဒါမှမဟုတ် ရက်အနည်းငယ်ကြာပြီးတဲ့အခါမှာ တွေ့နိုင်ပါတယ်။ အညိုအမဲစွဲတာကို “Black and Blue” လို့လဲခေါ်ပါတယ်။ အရေပြားအရောင်ကျွတ်ခြင်းကြောင့် ဖြစ်ပေါ်လာတာပါ။ ခြေကျင်းဝတ်ထိခိုက်ဒဏ်ရာရပြီးသွားတဲ့အခါမှာ ထိမိခိုက်မိတဲ့ အရေပြားအရောင် ပြောင်းလဲသွားပါတယ်။သွေးဆဲလ်တွေ ပျက်စီးသွားပြီး အရေပြားမျက်နှာပြင်အနီးသို့ ရောက်ရှိသွားခြင်းအားဖြင့် နာကျင်နေတဲ့ ခြေကျင်းဝတ်တစ်ဝိုက်မှာ မူမမှန်တဲ့ အရေပြားပုံစံတွေ ဖြစ်ပေါ်လာစေပါတယ်။ အညိုအမဲတွေဟာ ကုသစရာမလိုဘဲ ရက်အနည်းငယ်အတွင်မှာ ပျောက်ကင်းသွားနိုင်ပါတယ်။ပြင်းထန်တဲ့ အခြေအနေတွေမှာ ထုံကျင်ခြင်း၊ တစစ်စစ်ခံစားရခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာရုံကြောအမြစ်တွေကို သက်ရောက်နေလို့ပဲ ဖြစ်ပါတယ်။ ထုံကျင်တာတွေက ခြေထောက်တို့နဲ့ ခြေချောင်းတို့ထိ ပြန့်နှံ့သွားနိုင်ပါတယ်။ယင်းတို့က အဖြစ်နည်းသော်လည်း ခြေကျင်းဝတ်နာကျင်နေတဲ့အခါမှာတော့ ဖြစ်နိုင်ခြေရှိပါတယ်။ ခြေကျင်းဝတ်တောင့်တင်းနေပြီး လှုပ်လို့မရ ဖြစ်စေပါတယ်။ခြေကျင်းဝတ်ပြဿနာက တော်တော်လေး စိတ်ဒုက္ခပေးနိုင်သော်လည်း ပထမဆုံးတော့ အိမ်မှာပဲ အနားယူကုသကြည့်သင့်ပါတယ်။ ဒါပေမယ့်လည်း ဘယ်အချိန်မှာ ဆရာဝန်ပြရမလဲဆိုတာ သိဖို့ အရေးကြီးပါတယ်။ရောဂါလက္ခဏာတွေ ပြင်းထန်နေမယ်၊ အောက်ပါလက္ခဏာတွေထဲက အနည်းဆုံးတစ်ခု ခံစားနေရမယ်ဆိုရင် ဆေးရုံ ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်ရေးစင်တာတို့ကို သွားရောက်ပြသသင့်ပါတယ်။· နာကျင်ခြင်း ပိုမိုပြင်းထန်လာပြီး ခြေကျင်းဝတ် ရောင်လာခြင်း။· နာကျင်နေတဲ့ နေရာတွေမှာ အနာတွေတွေ့ခြင်း ဒါမှမဟုတ် ခြေကျင်းဝတ်ပုံစံက နဂိုဖြင့် လားလားမှ မတူတော့ခြင်း။· ပိုးနေသည်ဟု ထင်ရခြင်း။ 37.8 ˚C လောက် အဖျားအနည်းငယ်ရှိနေမယ်။ နာကျင်နေတဲ့ နေရာမှာ နီလာမယ်။၊ ထိရင်စိတ်ဒုက္ခတော်တော်ဖြစ်ပါမယ်။ ပူလည်းပူလာပါလိမ့်မယ်။· လမ်းလျောက်ခြင်းလိုမျိုး လှုပ်ရှားမှုတွေလည်း မပြုလုပ်နိုင်တော့ပါဘူး။ မတ်တတ်ရပ်ခြင်းလိုမျိုး ခြေကျင်းဝတ်ပေါ်မှာ အလေးချိန်သက်ရောက်တဲ့ အလုပ်တွေလည်း မလုပ်နိုင်တော့ပါဘူး။သင့်ခြေကျင်းဝတ်ကို အိမ်မှာကုသဖို့ ဆရာဝန်က သောက်ရန်ဆေးအညွှန်းတွေနဲ့ လုပ်ဆောင်ရန်ညွှန်ကြားချက်တွေ ပေးပါလိမ့်မယ်။ ဒါပေမဲ့လည်း ရက်အနည်းငယ်ကြာတာတောင် တိုးတက်မှုမရှိဘူး၊ သီတင်းပတ်များစွာလောက် ကြာရှည်နေမယ်ဆိုရင် ဆရာဝန်နှင့် ပြသဖို့ လိုအပ်ပါတယ်။ သင့်အခြေအနေကို ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ကာ အဖြေရှာနိုင်ပါတယ်။ဆရာဝန်နှင့်ပြသတဲ့အခါမှာ ခြေကျင်းဝတ်ကို စစ်ဆေးကာ ဘာကဖြစ်စေတာလဲဆိုတာ အတည်ပြုပါလိမ့်မယ်။ပထမဦးဆုံး သင့်ရဲ့ လက္ခဏာတွေ၊ ဆေးမှတ်တမ်းတွေ အထူးသဖြင့် ခြေကျင်းဝတ်နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို အဓိကမေးမြန်းပါလိမ့်မယ်။ အထူးသဖြင့် အောက်ပါတို့ကို မေးမြန်းပါလိမ့်မယ်။· ရောဂါလက္ခဏာတွေက ဘာတွေလဲ။· အဲဒီလက္ခဏာတွေ ရှိနေတာ ဘယ်လောက်ကြာပြီလဲ။· ချော်လဲဖူးလား။ ပြုတ်ကျဖူးလား။ မတော်တဆမှုတွေ ဖြစ်ဖူးလာ။· ခြေကျင်းဝတ် သက်သာအောင်၊ ပျောက်ကင်းအောင် ဘယ်လို လုပ်ဆောင်ခဲ့သလဲ။· အရင်ကကော ခြေကျင်းဝတ်နာကျင်ဖူးလား။အခြားမေးခွန်းတွေလည်း မေးမြန်းပါလိမ့်မယ်။ ရိုးရိုးသားသားဖြေဖို့ မမေ့ပါနှင့်။ သင်ခြေကျင်းဝတ်အတွက် အရေးကြီးပါတယ်။ဆရာဝန်က သင့်ရဲ့ဆေးမှတ်တမ်းတွေ ကြည့်ရှုပြီးတဲ့အခါမှာ စွမ်းဆောင်ရည်တွေ ကြည့်ရှုဖို့ ကိုယ်ကာယစစ်ဆေးချက်အချို့ ပြုလုပ်ပါလိမ့်မယ်။ ခြေကျင်းဝတ်မှာ နာကျင်ခြင်းတွေ၊ ရောင်ရမ်းခြင်းတွေ ရှိလား၊မရှိဘူးလား ရှာဖွေမှာပါ။ သင့်ခြေထောက်ကို လက်ဖြင့် လှုပ်ကြည့်ပါလိမ့်မယ် ဒါမှမဟုတ် သင့်ဘာသာ လှုပ်ခိုင်းပါလိမ့်မယ်။ ပြီးနောက် လှုပ်ရှားနိုင်မှု အကွာအဝေးတွေ၊ ခြေကျင်းဝတ် လှုပ်နိုင်စွမ်းတွေကို စစ်ဆေးပါလိမ့်မယ်။ နာကျင်တာတွေရှိလား၊ ထုံကျင်မှုတွေရှိလားလည်း စပ်းသပ်ပါလိမ့်မယ်။ခြေကျင်းဝတ်တွေ စစ်ဆေးဖို့ ပုံရိပ်ဖော်ခြင်းနည်းပညာကို အကြံပြုထားပါတယ်။ ရောဂါဖြစ်နေတဲ့နေရာရဲ့ အသေးစိတ်သတင်းအချက်အလက်တွေ ပေးပါလိမ့်မယ်။ ဓါတ်မှန်ရိုက်ခြင်း၊ အရိုးစကင်ဖတ်ခြင်း၊ စီတီရိုက်ခြင်းနဲ့ သံလိုက်လှိုင်းဖြင့် ပုံရိပ်ဖော်ခြင်း နည်းပညာတို့ကို အသုံးပြုနိုင်ပါတယ်။ ဓါတ်မှန်ရိုက်ခြင်းကတော့ ခြေကျင်းဝတ်ရဲ့ တည်ဆောက်ပုံတွေကြည့်ဖို့ အသုံးများတဲ့ နည်းလမ်းတစ်ခုပါပဲ။ခြေကျင်းဝတ်နာကျင်ခြင်းဟာ ထိခိုက်ဒဏ်ရာရခြင်း ဒါမှမဟုတ် အဆစ်ရောင်ရောဂါတို့ကြောင့် ခဏခဏဖြစ်ပွားနိုင်ပါတယ်။ ဒါပေမဲ့လည်း ရောဂါလက္ခဏာတွေနဲ့ ဘယ်အချိန်မှာ ဆရာဝန်တွေနဲ့ ပြသသင့်လဲဆိုတာ သိရှိရင်တော့ ကုသပျောက်ကင်းနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။Translated by။Phyo Wai Yan။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%81%e1%80%bc%e1%80%b1%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%9d%e1%80%90%e1%80%ba%e1%80%94%e1%80%ac%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-2/
လိင်တံအရေပြား ခြောက်သွေ့ကွဲအက်နေရင် စိုးရိမ်သင့်လား
အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လိင်အင်္ဂါတစ်ဝိုက်မှာ အမြဲချွေးနဲ့ အဆီနဲ့ စိုစွတ်နေတတ်တာ သဘာဝပါပဲ။ ဒီလိုစိုနေတဲ့ကြားကမှ ကိုယ့်ရဲ့လိင်အင်္ဂါက ခြောက်သွေ့ပြီးတော့ အဖြူရောင် အသားဖတ်တွေကွာနေတယ်၊ ထိလိုက်တဲ့အခါ အရေပြားက ကြမ်းကြမ်းကြီးဖြစ်နေတယ်ဆိုရင် ပုရိသတို့အနေနဲ့လည်း အနည်းငယ်တော့ စိတ်ပူနိုင်တာပေါ့။များသောအားဖြင့် လိင်တံအရေပြား ခြောက်သွေ့ခြင်းသည် စိုးရိမ်စရာမရှိပါဘူး။ ဖြစ်ခဲ့ရင်လည်း ရက်အနည်းငယ်သာ ကြာတတ်ပြီး သူ့အလိုလို ပျောက်သွားမှာပါ။ တခြားလိင်မှတစ်ဆင့်ကူးစက်ရောဂါတွေကြောင့် အရေပြားခြောက်ပြီး ကွဲတာမျိုးမဖြစ်စေလို့ ဒီအချက်နဲ့ပတ်သက်ပြီး စိုးရိမ်စရာတော့မလိုပါဘူး။အခုဆောင်းပါးမှာတော့ အမျိုးသားတွေရဲ့ လိင်တံခြောက်သွေ့ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်း (၅) ချက်ကို ပြောပြပေးသွားမှာဖြစ်ပါတယ်။၁။ ပြင်းလွန်းတဲ့ ကိုယ်တိုက်ဆပ်ပြာတွေ အသုံးပြုတဲ့အခါ လိင်အင်္ဂါအရေပြားနဲ့ ဓာတ်မတည့်ဖြစ်ပြီး သဘာဝအဆီတွေက ခမ်းခြောက်သွားကာ ခြောက်ကပ်ကပ်ဖြစ်သွားနိုင်ပါတယ်။၂။ အသန့်ကြိုက်လွန်းတဲ့ အမျိုးသားတွေ ကိုယ့်ရဲ့ လိင်အင်္ဂါကို ရေမွှေးတွေ ဖျန်းတာ၊ အတွင်းခံဘောင်းဘီကို ဆပ်ပြာအပြင်းစားနဲ့ လျှော်တာ၊ သုက်ပိုးသတ် ဖျန်းဆေး စတာတွေနဲ့ ဓာတ်မတည့်တဲ့အခါမှာလည်း အရေပြားက ခြောက်ပြီး အသားဖတ်တွေလန်ကာ နီရဲတာ၊ ယားယံတာ၊ ရောင်ရမ်းတာ ဖြစ်နိုင်ပါတယ်။၃။ကွန်ဒုံးအများစုသည် latex ရာဘာနဲ့ လုပ်ထားတာဖြစ်ပါတယ်။ ရှားပါးလွန်းတဲ့အခြေအနေဖြစ်တဲ့ latex ရာဘာနဲ့ အရေပြားဓာတ်မတည့် ရောဂါရှိတဲ့ အမျိုးသားတွေမှာ ဒီကွန်ဒုံးကို စွပ်မိရင် အရေပြား ယားပြီး ခြောက်သွေ့ကွဲအက်တာ၊ အနီစက်တွေထတာဖြစ်နိုင်ပါတယ်။၄။ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးလည်းအသုံးမပြုဘူး၊ ချောဆီလည်း မသုံးဘဲ အစိမ်းသက်သက် ထိုးသွင်းဆက်ဆံတာများလာတဲ့အခါ လိင်တံအရေပြားကို မကြာခဏ ပွတ်တိုက်မိသလို ဖြစ်ပြီး အရေပြားခြောက်သွေ့ကြမ်းတမ်းလာစေပါတယ်။ ဒီအခါ ပွန်းပဲ့ဖို့ ပိုလွယ်ကူသလို လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေသည်လည်း အဲ့ဒီအနာထဲကနေတစ်ဆင့် ဝင်ဖို့ ပိုလွယ်သွားနိုင်ပါတယ်။ တစ်ကိုယ်ရေအာသာဖြေတဲ့အခါမှာလည်း အမျိုးသားတွေအနေနဲ့ လိင်တံကိုချောဆီများများစွတ်တာ၊ ဒါမှမဟုတ် တံတွေးစွတ်ပြီး ဖြည်းညင်းစွာ ပြုလုပ်သင့်ပါတယ်။ ချောဆီတွေထဲမှာတော့ ရေအခြေပြု ချောဆီက အကောင်းဆုံးဖြစ်ပြီး ဆီအခြေပြုချောဆီတွေကိုတော့ တစ်ကိုယ်ရေအာသာဖြေတဲ့အခါ အသုံးပြုနိုင်ပါတယ်။၅။ အတွင်းခံအကျပ်တွေ ဝတ်တာ၊ ဘောင်းဘီကို ကျပ်ထုတ်ပြီး လေရှူပေါက်မရှိအောင် ဝတ်ထားတဲ့အခါ အရေပြားက ချွေးပေါက်ပိတ်သလို ဖြစ်သွားပါတယ်။ ဒါ့အပြင် ဒီလိုအဝတ်ကျပ်ကျပ် ဝတ်ပြီး လမ်းလျှောက်လှုပ်ရှားတဲ့အခါ လိင်အင်္ဂါအရေပြားနဲ့ အဝတ်က ပွတ်တိုက်သလို ဖြစ်ပြီး အရေပြားကို ကြမ်းတမ်းစေသလို မှိုရောဂါပိုးတွေလည်း စွဲကပ်ဖို့ ပိုလွယ်ပါတယ်။ဒီအချက် ၅ ချက်ကတော့ အဖြစ်များပြီး စိုးရိမ်စရာမလိုတာကြောင့် ကိုယ့်ရဲ့ နေပုံထိုင်ပုံနဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ဆပ်ပြာတွေ၊ အဝတ်အစားတွေကို ပြောင်းလဲလိုက်မယ်ဆိုရင် အဆင်ပြေသွားမှာပါ။Yeast infection လို့ခေါ်တဲ့ မှိုရောဂါပိုးတစ်မျိုးဟာ အမျိုးသမီးတွေမှာသာမက အမျိုးသားတွေရဲ့ လိင်အင်္ဂါမှာလည်း စွဲကပ်နိုင်ပါတယ်။ လိင်တံထိပ်ဖုံးအရေပြား မဖြတ်ထားတာ၊ အကာအကွယ်မဲ့လိင်ဆက်ဆံတာ၊ တစ်ကိုယ်ရေသန့်ရှင်းမှုနည်းတာ၊ အဝတ်အစားကို သေချာမလျှော်ဖွပ်တဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။ အသားခြောက်တာအပြင် အသားဖတ်လန်တာ၊ အနီရောင်အင်ပျဉ်ထတာ၊ ယားယံတာ၊ ယားတဲ့နေရာမှာ အဖြူကွက်တွေ ဖြစ်လာတာ၊ လိင်တံထိပ်ဖူးပတ်လည်မှာ ရောင်ရမ်းပြီး ယားနေတာ၊ ထိပ်ဖုံးအရေပြားအောက်မှာ အရောင်မညီတဲ့ ပျစ်ချွဲချွဲအရည်တွေ ဖုံးနေတာ စတဲ့ လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။ ဆီးသွားတဲ့အခါနဲ့ လိင်ဆက်ဆံရာမှာလည်း အလွန်အမင်းနာကျင်စေပါတယ်။နှင်းခူဆိုတာ မျက်နှာနဲ့ ကိုယ်ခန္ဓာမှာပေါက်သလို လိင်တံအရေပြားပေါ်မှာလည်း ပေါက်နိုင်ပါတယ်။ အရေပြားခြောက်သွေ့ကွဲအက်ခြင်း၊ မခံမရပ်နိုင်အောင် ယားယံခြင်း၊ အရွယ်အစားမျိုးစုံနဲ့ အဖုအလုံးလေးတွေ ထွက်နိုင်ပါတယ်။လိင်အင်္ဂါမှာ အဖြစ်များတဲ့ အရေပြားပြဿနာများထဲက တစ်ခုဖြစ်ပြီး အရေပြားကို ခြောက်သွေ့စေကာ လိင်တံရဲ့ ထိပ်ဖူးနဲ့ ကိုယ်ထည်အရေပြားပေါ်မှာ အနီရောင်အကွက်တွေကို အများဆုံးတွေ့ရပါတယ်။ဒီပြဿနာတွေက လိင်တံအရေပြားခြောက်သွေ့ခြင်းကို ဖြစ်စေတဲ့ အရေပြားပြဿနာတွေဖြစ်ပြီး အရေပြားဆရာဝန်နဲ့ သေချာပြသကာ ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ကိုယ့်မှာဖြစ်နေတဲ့ ပြဿနာပေါ်မူတည်ပြီး မှိုပိုးသတ်ဆေး၊ ပဋိဇီဝပိုးသတ်ဆေး၊ စတီးရွိုက်ဆေးတွေကို ပေးသွားမှာဖြစ်ပြီး ဆေးအညွန်းအတိုင်း မပျက်မကွက် လိမ်းပေး၊ သောက်ပေးဖို့ လိုပါတယ်။ အရေပြားကို သန့်ရှင်းစွာထားပါ။ ရေချိုးပြီးတိုင်း အရေပြားကို ခြောက်နေအောင် သုတ်ပြီးမှ ဆေးလိမ်းပါ။ တစ်ကိုယ်ရေအာသာဖြေတာ၊ လိင်မှုကိစ္စတွေကို ခဏနားထားပါ။ ကိုယ့်သဘောနဲ့ကိုယ် ဆေးခန်းမှာ ဆေးဝယ်လိမ်းတာတော့ မလုပ်သင့်ပါဘူး။ သေချာကုသမှုခံယူရင် ရက်သတ္တပတ်အနည်းငယ် ပျောက်သွားနိုင်တာမို့ သိပ်မစိုးရိမ်ပါနဲ့။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/%e1%80%9c%e1%80%ad%e1%80%84%e1%80%b9%e1%80%90%e1%80%b6%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8-%e1%80%b1%e1%80%bb%e1%80%81%e1%80%ac%e1%80%80%e1%80%b9%e1%80%b1%e1%80%9e%e1%80%bc/
အဆီကျခါးပတ် ဝတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေ ။ ။
ခေတ်ကြီးက တိုးတက်လာပြီဆိုတော့ ဝိတ်ကျဖို့အတွက် gym ဆော့တာက တစ်မျိုး၊အဆီကျဆေးသောက်တာကတစ်မျိုး အပြင် ခုနောက်ပိုင်းအဆီကျခါးပတ်တွေပါ ခေတ်စားလာခဲ့ပါပြီ။ ဗိုက်အဆီကျ ခါးပတ်၊ ခါးအဆီကျခါးပတ် ၊လက်မောင်းအဆီကျခါးပတ်၊ အဆီချ အင်္ကျီ၊ အဆီချအတွင်းခံဆိုပြီး အမျိုးမျိုးပေါ်လာပြီမဟုတ်လား။ အဲဒီ အဆီကျ ခါးပတ်တွေက တကယ်ရောကောင်းလို့လား။ သူတို့မှာ ဘယ်လိုကောင်းကျိုးတွေရှိလဲ ။ ။ခါးနဲ့ နောက်ကျောပိုင်းကိုထိခိုက်ထားတဲ့သူတွေမှာ ကျောရိုးရဲ့ပုံစံကို ပြန်တည့်မတ်ဖို့နဲ့ ခါးကိုအထိန်းဖြစ်အောင် waist trimmers( ခါးသွယ်အဆီကျတဲ့ခါးပတ်) နဲ့ and compression bandages (ခါးထိန်းခါးပတ်) ဝတ်ပေးရပါတယ်။ ဒီလို ခါးပတ်တွေဝတ်ထားတော့ ထိုင်တဲ့အခါ သူက ကူထိန်းပေးပြီးခါးနာခြင်းများကိုလည်း သက်သာစေပါတယ်။အဆီကျ ခါးပတ်ဝတ်ထားတာ ကြာလာတဲ့အခါ သူပတ်လည်ကကြွက်သားတွေကို ဖိထားသလိုဖြစ်တာကြောင့် ခါးကိုသေးသွယ်သွားသယောင်ထင်ရစေပါတယ်။ခါးပတ်ဝတ်ထားတဲ့အခါ တင်းနေလို့ အစားအများကြီး မစားမိချင်တော့တဲ့အပြင် ငါခါးပတ်လေးဝတ်ထားတယ် အစားလေးလျှော့စားမှ ဆီကြော်တွေ ရှောင်မှ ဆိုတဲ့ အသိလေး အမြဲကပ်နေမှာ ဖြစ်ပါတယ်။ဝိတ်ကျဖို့ အဆီချဖို့အတွက် အရေးအကြီးဆုံးလုပ်ရမှာက အစားလျှော့ဖို့ပဲ မဟုတ်လား။ခါးပတ်ဝတ်ထားပြီးအပေါ်ကနေ အင်္ကျီထပ်ဝတ်လို့ရသလို အချိန်မရွေး နေရာမရွေး ဝတ်ရတာ လွယ်ကူတာကြောင့် ဝတ်ရ ဖြုတ်ရတာလည်း လွယ်ကူပါတယ်။အားလုံးသိကြတဲ့အတိုင်း ဗိုက်အဆီဆိုတာ ချရအခက်ခဲဆုံးအရာတွေထဲပါပါတယ်။ အဲဒီတော့ ခါးအဆီ ဗိုက်အဆီကျဖို့ ခါးပတ်တစ်ခုတည်းအားကိုးလို့မရပါဘူး။ လေ့ကျင့်ခန်းမှန်မှန်လုပ်မယ် အစားလျှော့စားမယ် ခါးပတ်လေးလည်း ဝတ်မယ်ဆိုရင် ခဏလေးအတွင်း ခါးနဲ့ ဗိုက်ကအဆီတွေ ကျစေမှာ အသေအချာပါ။ကိုယ်ခန္ဓာအချိုးအစားပုံကျနေဖို့၊ တည့်မတ်တဲ့ကိုယ်နေကိုယ်ထားရဖို့အတွက် ခါးပတ်က ကူညီပေးနိုင်မှာ အသေအချာပါ။ကိုယ့်ကိုကိုယ် ယုံကြည်မှု တိုးစေပါတယ်။ခါးလေးကလည်းသေး၊ ဝတ်ထားမှန်းလည်း လူမသိ၊ ခါးထိန်းလေးနဲ့ဆိုတော့ ကိုယ်ခန္ဓာကလည်း မတ်မတ်လေးဖြစ်နေတော့ လုံးဝကို စမတ်ဖြစ်နေတော့ပေါ့။ဒါပေမယ့်ဝတ်တဲ့အချိန်မှာ ဒါလေးတွေကို သတိထားပေးပါ။-ချိတ်တွေ အပြင်ကို ချွန်ထွက်မနေဖို့။-ကျပ်ညပ်နေအောင် မဝတ်ဖို့။ (သိပ်ကျပ်လွန်းရင် ကိုယ်တွင်းကလီစာတွေ ညှစ်သလို ဖြစ်သွားတတ်ပါတယ်။)။-အချိန်အကြာကြီး မဝတ်ပါနဲ့။ (တစ်ခါဝတ်ရင် ၂နာရီထက် မပိုပါစေနဲ့။)။-ဝတ်ရတာ သက်သောင့်သက်သာ မရှိဘူးလို့ ခံစားရတဲ့အခါ ချွတ်လိုက်ပါ။-ကိုယ်ဝန်ဆောင်ချိန်၊ ဗိုက်အောင့်နေတဲ့အချိန်၊ ခါးနာနေတဲ့အချိန်ဆို မဝတ်ပါနဲ့။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/waist-belt/
အချိုမှုန့် နဲ့ ကျန်းမာရေး
နေ့စဉ် စားလိုက်တဲ့အစားအသောက်တွေတိုင်းမှာ အရသာရှိအောင်ဆိုပြီးအချိုမှုန့်တွေ ထည့်စားမိနေသလား Hello ဆရာဝန်ပရိသတ်ကြီးရေ… ဒါဆိုရင်တော့ အချိုမှုန့်ကကျန်းမာရေးအတွက် ကောင်းသလား…ဆိုးသလားဆိုတာကို သိဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့တော့ လိုနေပြီနော်။အချိုမှုန့်ကိုMSG(monosodium glutamate) လို့ခေါ်ကြတယ်။ဟင်းလျာတွေထဲမှာ အရသာကောင်းအောင်ဆိုပြီး ထည့်သုံးတတ်ကြပါတယ်။ အချိုမှုန့် (MSG) ကို သဘာဝအမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ amino acid glutamate ကနေ ထုတ်လုပ်ထားတာပါ။ ဒီဓာတ်ကိုခန္ဓာကိုယ်က သူ့အလိုလိုထုတ်လုပ်နိုင်ပါတယ်။အာရှဟင်းလျာ အများစုနဲ့ အသင့်စား၊ ပြုပြင်ထားတဲ့အစားအစာတွေမှာ အများဆုံးတွေ့ရပါတယ်။ တစ်နေ့တစ်နေ့ကို စားသုံးမိသမျှ တော်တော်များများက အချိုမှုန့်နဲ့ မကင်းပါဘူး။ အချိုမှုန့်ကို စားမိနေတာက ကိုယ်တွေ မြန်မာနိုင်ငံ တစ်ခုတည်းမဟုတ်ပါဘူး။ အာရှဒေသတွင်း နိုင်ငံတွေကသူတွေရော ဥရောပနိုင်ငံသားတွေပါ စားသုံးမိနေကြတာပါ။Glutamic acid ကဦးနှောက်ထဲမှာ neurotransmitter အဖြစ်လုပ်ဆောင်ပေးတာပါ။ အချိုမှုန့်ကို အများကြီးစားမိတဲ့အခါအာရုံကြောဆဲလ်တွေသတင်းပို့ တုံ့ပြန်မှုက ဟန်ချက်ပျက်ပြီး အရမ်းမြန်နေတာမျိုး ဖြစ်နီုင်ပါတယ်။နောက်တစ်ချက်က  အချိုမှုန့်တွေကို အများကြီးစားမိတဲ့အခါမွေးကင်းစကလေးတွေမှာ အာရုံကြောဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တယ်ဆိုတဲ့အချက်ပါ။ အကြောင်းကတော့ အချိုမှုန့်ကို အလွန်အကျွံစားသုံးတာကဦးနှောက်ဆဲလ်တွေကို ထိခိုက်စေနိုင်သလို သွေးပေါင်တက်စေနိုင်တယ်ဆိုတာပါ။ နည်းနည်းဆိုရင် ပြဿနာ မရှိပေမယ့် အချိုမှုန့်တွေကို အများကြီးစားမိမယ်။ အရည်အသွေးညံ့တဲ့ အချိုမှုန့်တွေကို စားမိမယ်ဆိုရင်တော့အာရုံကြောတွေကို ထိခိုက်စေတာ၊သွေးတိုးတာတွေအပြင် ရေရှည်မှာလည်းကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်သလို ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။အချိုမှုန့်က စွဲလမ်းစေတတ်တဲ့ သဘာဝရှိတာတော့အမှန်ပါ။ လျှာထဲမှာ အရသာကောင်းစေတယ်ဆိုတဲ့အချက်တစ်ခုနဲ့တင် လူတော်တော်များများက နှစ်နှစ်ခြိုက်ခြိုက် စားသုံးနေကြသလို မပါရင် မဖြစ်သလိုကို​ ဖြစ်နေတဲ့ သူတွေတောင်ရှိနိုင်ပါတယ်။ ဒါပေမယ့် အလွန်အကျွံ စားသုံးမိမယ်ဆိုရင်တော့။ဒီလက္ခဏာတွေက အဖြစ်များတဲ့ လက္ခဏာတွေဖြစ်တာကြောင့် ရေများများသောက်ပေးမယ်။ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးမယ်။ သံပရာရည်သောက်မယ် စတာတွေ လုပ်ပေးရုံနဲ့ သက်သာနိုင်ပါတယ်။ အကောင်းဆုံးကတော့ တတ်နိုင်သမျှလျှော့စားတာပါပဲ။ ခဏခဏဆိုရင်တော့ ​ကြာလာရင် မကောင်းတာအမှန်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/msg-monosodium-glutamate/
ဝတာ က လှမှာလား ကြွမှာလား
အရင်တုန်းက တွေ့တာနဲ့ နှုတ်ဆက်လိုက်ရင် “ဝလို့ လှလို့ပါလား” လို့ နှုတ်ဆက်တတ်ကြပါတယ်။ ခုနောက်ပိုင်း တိုးတက်လာပြီး ဗဟုသုတရှိလာကြတဲ့အခါ ဝတာက တကယ်ပဲ လှသလားလို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ တကယ်တော့ ဝတာ ပိန်တာက အဓိက မဟုတ်ပါဘူး။ ကိုယ်နဲ့ သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိတာကသာ အကောင်းဆုံးပါ။ ကိုယ်နဲ့ လိုက်ဖက်တဲ့ကိုယ်အလေးချိန်ရှိသလားဆိုတာကို BMI လို့ခေါ်တဲ့ ခန္ဓာကိုယ် ထုထည် ညွှန်းကိန်းနဲ့ ပြောပါတယ်။ (BMI ကိုဤနေရာတွင် တွက်ပါ။)။အရပ်နဲ့ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး တွက်မထားတဲ့ ဒီကိန်းဂဏန်းဟာ သာမန် ပေါင်ချိန်တာထက် ပိုပြီး တိကျပါတယ်။ တွက်လိုက်လို့ BMI ၂၅နဲ့ ၂၉.၉ ဆိုရင် ဝတယ်လို့ သတ်မှတ်ပါတယ်။ ၃၀ကျော်သွားရင်တော့ အဝလွန်တယ်လို့ သတ်မှတ်ပါတယ်။အဝလွန်တာက ကျန်းမာရေးအတွက် ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်လဲ။ လူမှုဆက်ဆံရေးမှာရော ဘာတွေ ထိခိုက်နိုင်လဲဆိုတာ ဆက်ကြည့်ရအောင်။အဝလွန်တဲ့အခါ သွေးတိုးတာ၊ ဆီးချိုရှိတာ ဖြစ်လာနိုင်ပါတယ်။ ဒါကလေဖြတ်ဖို့ အကြောင်းရင်းပါပဲ။လည်ပင်းမှာ အဆီတွေနဲ့ အစ်နေတဲ့အခါ လေပြွန်ကိုဖိပြီး အသက်ရှူရခက်စေပါတယ်။ အထူးသဖြင့် လှဲချလိုက်တဲ့အခါမှာပါ။ အိပ်နေတဲ့ အချိန်အတွင်းမှာပေါ့။ ဒါကိုအိပ်ဟောက်ရှူရပ်ရောဂါ(obstructive sleep apnea) လို့ ခေါ်ပါတယ်။ ဒီရောဂါရှိတဲ့ သူတွေက အိပ်နေချိန်တွင်းမှာ အသက်ရှူရပ်ရပ်သွားတတ်တဲ့အတွက် သတိထားသင့်ပါတယ်။နောက်ပြီး သာမန်အချိန်တွေမှာလည်း ဝမ်းဗိုက်ပတ်လည်မှာ အဆီတွေစုနေတဲ့အတွက် အသက်ရှူရမဝတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အောက်ဆီဂျင်လုံလုံလောက်လောက်မရတဲ့အတွက် သူများထက်ပိုမောတတ်ပါတယ်။ နာတာရှည် အဆုတ်ရောင်ရောဂါနဲ့ပန်းနာရင်ကြပ်ကိုလည်း ပိုဆိုးစေပါတယ်။အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဆိုရင်လည်း စားချဉ်ပြန်တဲ့ ရောဂါ (GERD) ဖြစ်တတ်ပါတယ်။ ဒါက အစာရေမျိုပြွန်ရဲ့ အဆို့မလုံဘဲ အက်စစ်ပြန်တက်တဲ့ ရောဂါပါ။နောက်တစ်ခုကသည်းခြေအိတ်ကျောက်တည်တာပါ။ သည်းခြေရည်ဆိုတာ အစာခြေရည်ဖြစ်ပြီး သည်းခြေအိတ်ကနေ အပြင်ကို ကောင်းကောင်းမထွက်နိုင်တဲ့အခါ ကျောက်ဖြစ်သွားပါတယ်။ သည်းခြေကျောက်ကို စစ်ဆေးကြည့်ရင် ကိုလက်စထရောများတာကို တွေ့ရပါတယ်။ ကိုလက်စထရောက ဘာလို့ သည်းခြေရည်မှာ ပါနေတာလဲဆိုရင် သွေးထဲမှာ များနေလို့ပါ။နောက်ပြီးအသည်းအဆီဖုံးတတ်ပါတယ်။ ဒါကို မကုဘဲ ထားမယ်ဆိုရင် အသည်းကြွပ်တာ၊ အသည်းပျက်စီးတာ ဖြစ်တတ်ပါတယ်။အဝလွန်တဲ့သူတွေမှာ နှလုံးက သွေးညှစ်ဖို့အတွက် အားသုံးရပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ သွေးဖိအားများပြီးသွေးတိုးတာဖြစ်လာပါတယ်။ သွေးတိုးတာက မထိန်းနိုင်ရင် လေဖြတ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။အဝလွန်တာက ခန္ဓာကိုယ်မှာ အင်ဆူလင်ခံနိုင်ရည်ကို ဖြစ်စေပါတယ်။အင်ဆူလင်က သွေးထဲက သကြားဓာတ်ကို  ဆဲလ်က ယူသုံးစေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်က အင်ဆူလင်ကို ခံနိုင်ရည်ရှိနေရင် ဆဲလ်ထဲမရောက်တော့ဘဲ သွေးတွင်းသကြားဓာတ်တွေ များလာနိုင်ပါတယ်။ ဒီအခါမှာ ဆီးချိုဖြစ်လာပြီး နောက်ဆက်တွဲ အနေနဲ့ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ လေဖြတ်တာ၊ အမြင်ကွယ်တာ၊ ခြေထောက်ဖြတ်ရတာတွေ  ဖြစ်နိုင်ပါတယ်။သွေးတိုးတာ၊ သွေးတွင်းအဆီဓာတ်များတာ၊ သကြားဓာတ်များတာတွေကြောင့် သွေးကြောတွေ မာပြီး ကျဉ်းလာပါတယ်။ ဒါကြောင့် လေဖြတ်တာ၊ နှလုံးသွေးကြောပိတ်တာ ဖြစ်နိုင်ပါတယ်။တိုက်ရိုက်ထိခိုက်တာ မဟုတ်ပေမယ့် ဆီးချို၊ သွေးတိုးကြောင့် ကျောက်ကပ်ထိတတ်ပါတယ်။အဝလွန်တဲ့သူတွေက ကိုယ်ဝန်ရဖို့ ခဲယဉ်းတတ်ပါတယ်။ ကိုယ်ဝန်ရခဲ့ရင်တောင်မှ ကိုယ်ဝန်ဆောင်ဆီးချို၊ ကိုယ်ဝန်ဆိပ်တက်တာ စတာတွေ ဖြစ်တတ်ပါတယ်။နောက်ပြီး ခွဲမွေးရတာ၊ လမစေ့ပဲ မွေးတာ၊ ဦးနှောက်နဲ့ အာရုံကြေထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။အဝလွန်တဲ့အတွက် ခြေထောက်အရိုးတွေက ဝိတ်ကို မနိုင်မနင်း ထမ်းထားရတဲ့အတွက် ဒူးနာတာ၊ ခါးနာတာတွေ ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းကျရင် အရိုးပါး၊ အရိုးပွ၊ ဂေါက်ရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။ သွားရလာရလည်း ခက်တဲ့အတွက် အထီးကျန်တာမျိုးလည်း ဖြစ်တတ်ပါတယ်။အဝလွန်တဲ့အတွက် အဆီခေါက်တွေကြားမှာ ချွေးယားတာ၊ မိတ်ပေါက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ပြင် ချိုင်းကြား၊ ပေါင်ခြံနဲ့ ရင်သားအောက်မှာ အညိုအမည်းစွဲတာတွေ ဖြစ်တတ်ပါတယ်။အဆီဆဲလ်တွေက ဟော်မုန်းတချို့ထုတ်ပြီး ဆဲလ်တွေကို ပြောင်းလဲစေတဲ့အတွက် တချို့သော ကင်ဆာတွေ ပိုဖြစ်တတ်ပါတယ်။ ဥပမာပြောရရင်ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာ။ဘယ်လိုပဲ လူတစ်ယောက်ရဲ့ ပိန်ခြင်း၊ ဝခြင်းကို body shaming မလုပ်ပါနဲ့ပဲ ပြောပြော လုပ်တဲ့သူက လုပ်တာပါပဲ။ ဒါကြောင့်  ခွဲခြားဆက်ဆံခံရတာ၊ လှောင်ပြောင်တာတွေ ခံရပြီး စိတ်ကျတာ၊ ယုံကြည်မှုမရှိတာတွေကြောင့် ကိုယ့်ကိုယ်ကို သတ်သေတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။တကယ်တော့ ဝမှလှတာ၊ ပိန်မှလှတာတွေ မရှိပါဘူး။ အားလုံးမှာ အလှကိုယ်စီရှိပြီးသားပါ။ ရတာမလို လိုတာမရတဲ့အထဲမှာ ပိန်ခြင်း ဝခြင်းလည်း ပါပါတယ်။ ဝတဲ့သူက ပိန်ချင်တယ်၊ ပိန်တဲ့သူက ဝချင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပိန်ဖြင်း ဝခြင်းဆိုတာ အမြင်သက်သက်ပါပဲ။ အရေးကြီးတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ရှိနေဖို့ပါပဲ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/is-overweight-really-looking-good/
ပျော်ရွှင်ကျန်းမာဖို့ တောင်တက်ကြစို့
ကျန်းမာဖို့အတွက် လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေက အမျိုးမျိုးပါ။ ဒီလိုလေ့ကျင့်ခန်းတွေထဲမှာမှ တောင်တက်တဲ့လေ့ကျင့်ခန်းကစိတ်ရောကိုယ်ပါကျန်းမာလန်းဆန်းစေမှာ အသေအချာပါ။ ဒါကြောင့် အပျင်းပြေဖြစ်ဖြစ် ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးတောင်တက်ရင်း အခုလိုကျန်းမာရေး အကျိုးကျေးဇူးတွေကို ရယူပါ။တောင်တက်ရတာက ပင်ပန်းခက်ခဲတာမှန်ပေမယ့်ခန္ဓာကိုယ်အတွက်ရော စိတ်ကျန်းမာရေးအတွက်ပါတော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။ပေါင်းသင်းဆက်ဆံရေးကောင်းလာစေမယ် –တောင်တက်တာက တစ်ဦးတစ်ယောက်တည်း လုပ်လို့ရတဲ့ အားကစားနည်းမဟုတ်ပါဘူး။ လေ့ကျင့်ဖို့အတွက် အချိန်ပေးရသလို တောက်တက်တဲ့အခါမှာလည်း အသင်းအဖွဲ့နဲ့တက်ရတာပါ။ ဒီလိုလေ့ကျင့်မှုလုပ်တဲ့အခါ မကြာခဏတွေ့ဆုံရမှုက သင့်ကို အပေါင်းအသင်း အသစ်တွေတိုးစေမှာပါ။ အပေါင်းအသင်းများတာကလည်း သင့်ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲပေးနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ပါ။တီထွင်ဖန်တီးနိုင်စွမ်းကောင်းစေမယ် –တောင်တက်တာ ဒါမှမဟုတ် လမ်းလျှောက်တာ၊ ပြေးတာလိုမျိုး ပတ်ဝန်းကျင်နဲ့ထိတွေ့ရတဲ့ အားကစားနည်းတွေလုပ်ဆောင်တာက သင့်ကိုတီထွင်ဖန်တီးနိုင်စွမ်း ၅၀ ရာခိုင်နှုန်းလောက်အထိတိုးစေနိုင်ပါတယ်။ ဒါကြောင့်တီထွင်ဖန်တီးနိုင်စွမ်းကောင်းစေဖို့အတွက် တောင်တက်ပေးလို့ရပါတယ်။စိတ်ပျော်ရွှင်စေတယ်–အားကစားလုပ်တဲ့အခါတိုင်း ခန္ဓာကိုယ်မှာပျော်ရွှင်ခြင်းဟော်မုန်းတွေကထွက်လာစမြဲပါ။ တောင်တက်တာကလည်း ဒီလိုပါပဲ ကိုယ်လက်လှုပ်ရှားမှုအားကစားတစ်ရပ်ဖြစ်တာရယ်။ ပတ်ဝန်းကျင်ရဲ့ အလှအပတရားတွေနဲ့ထိတွေ့ရတာရယ်တို့က သင့်ကို ပျော်ရွှင်လန်းဆန်းစေနိုင်မှာပါ။စိတ်ဓာတ်ကျတာကို သက်သာစေနိုင်တယ်– တောင်တက်တာက ကိုယ်လက်လှုပ်ရှားမှုကောင်းတစ်ရပ်ပါ။ ပျော်ရွှင်ခြင်းဟော်မုန်းတွေထွက်ရှိစေနိုင်တာကြောင့် စိတ်ဓာတ်ကျမှုကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ စိတ်ဓာ်ကျမှုကနေ ကင်းဝေးပြီးနေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းချင်တယ်ဆိုရင်တော့ တောင်တက်လေ့ကျင့်ခန်းစဆင်းလိုက်တော့ လို့ပြောပါရစေ။သဘာဝနဲ့ထိတွေ့ခွင့်ရတယ်-သဘာဝတရားက ရောဂါတွေကို ကုသပေးနိုင်စွမ်းရှိပါတယ်။ သဘာဝနဲ့ ထိတွေ့မှုကစိတ်ရောကိုယ်ပါကျန်းမာလန်းဆန်းစေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာပျော်ရွှင်ဖို့ သဘာဝနဲ့ထိတွေ့လိုက်ပါ။ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းစေတယ်–လမ်းပုံမှန်လျှောက်တာကတောင် ခန္ဓာကိုယ်ကို ကျန်းမာစေသလို အချိုးအစားကျစေဖို့ရော ဟန်ချကfညီစေဖို့ပါ အဆင်ပြေစေနိုင်ပါတယ်။ ဒါကြောင့် စမတ်ကျကျလေးလှချင်ရင် တောင်တက်ပေးလို့ရပါတယ်။ တောင်တက်တာက အင်အားသုံးရတယ်ဆိုပေမယ့် ဒူးဆစ်တွေ၊ ခြေချင်းဝတ် တွေပေါ်ကို ဖိအားဖြစ်စေနိုင်ခြေ ထိခိုက်စေနိုင်ခြေကတော့ ပြေးတဲ့အားကစားထက် တော်တော်လေးနည်းပါတယ်။ ဒါကြောင့်အဆစ်တွေထိခိုက်မှုနည်းစေတဲ့အားကစားနည်းတစ်ခုလို့လည်း သတ်မှတ်လို့ရပါတယ်။ဝိတ်ကျစေနိုင်တယ်–ကယ်လ်လိုရီလောင်ကျွမ်းမှုတော်တော်လေးများတဲ့ အားကစားနည်းတစ်ရပ်ဖြစ်တာကြောင့် ဝိတ်ကျချင်သူတွေ စမ်းကြည့်သင့်တဲ့အားကစားနည်းတစ်ရပ်ဆိုလည်း မမှားပါဘူး။ တစ်နာရီတောင်တက်တာက ကယ်လ်လိုရီ ၅၀၀ ကျော်လောင်ကျွမ်းစေနိုင်တာကြောင့် လေကော်းလေသန့်ရှူရင်း တောင်တက်ပေးတာက ဝိတ်လည်းကျ စိတ်လည်းကြည်၊ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုတိုးစေတယ်ဆိုတော့ ဝိတ်ကျချင်သူတွေ စမ်းကြည့်ဖို့ပြောပါရစေ။ဆီးချိုရောဂါကာကွယ်ပေးနိုင်တယ်– ပုံမှန်တောင်တက်ပေးတာက ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်သလို ကုသမှုလုပ်ဖို့လည်း အကောင်းဆုံးထိရောက်တဲ့နည်းလမ်းတစ်ရပ်ပါ။ တောင်တက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ကြွက်သားလှုပ်ရှားမှုကသွေးတွင်းသကြားဓာတ်ကို အကောင်းဆုံးလျှော့ချပေးနိုင်ပါတယ်။သွေးတိုးကျစေနိုင်တယ်–တောင်တက်တာကို ပုံမှန်လုပ်ပေးရင် သွေးပေါင်ကျစေနိုင်သလို သွေးတွင်းကိုလက်စထရောကိုလည်း ကျစေနိုင်ပါတယ်။ သွေးပေါင်ချိန်ပုံမှန်ရှိတာနဲ့သွေးတွင်းကိုလက်စထရောအခြေအနေအကောင်းဆုံးဖြစ်နေမှုက နှလုံးရောဂါ။ ဆီးချိုသွေးချို နဲ့လေဖြတ်တာလိုမျိုးရောဂါတွေမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်တယ်။ တောင်ကုန်းပြေပြေလေးတွေကို တက်ရင်တောင်မှ ပုံမှန်လေ့ကျင့်ခန်းတွေထက် သွေးတွင်းသကြားဓာတ်ကျဆင်းနိုင်ခြေ ၂ ဆလောက်ပိုများပါတယ်။ဒါကြောင့် ကျန်းမာပျော်ရွှင်နေစေဖို့ နဲ့ စိတ်အပန်းပြေစေဖို့ အသင်းအဖွဲ့နဲ့လေ့ကျင့်ခန်းလေးလုပ်ချင်တယ်ဆိုရင် တောင်တက်ပါလို့ အကြံပြုပါရစေ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/benefits-of-hiking/
ဖျားနေတဲ့ကလေးကို မြန်မြန်သက်သာအောင်လုပ်နိုင်မယ့် နည်းလမ်း (၇) ခု
ရင်သွေးတိုင်းကို ကျန်းကျန်းမာမာကြီးပြင်းလာစေချင်တာမိဘတိုင်းရဲ့ဆန္ဒပါ။ကလေးကနေ့စဉ်ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာပေးတာကိုတောင်ကျေးဇူးတင်စရာလို့ထင်နေတဲ့စိတ်ကူးမိဘတိုင်းမှာရှိမှာပါ။ ကလေးနေထိုင်မကောင်းဖြစ်တာက မိဘတွေအတွက် အခက်ခဲဆုံး အခြေအနေတစ်ရပ်ကို ရင်ဆိုင်ရသလိုပါ။ ကလေးကငယ်လေလေ အခြေအနေကကိုင်တွယ်ဖြေရှင်းဖို့ခက်လေလေပါ။ဒီအနေအထားကခက်ခဲတယ်ဆိုပေမယ့်လည်း ကလေးကိုအအေးမိဖျားနာဝေဒနာတွေဖြစ်စေတဲ့ဗိုင်းရပ်စ်တွေကို ကိုယ်စိတ်တိုင်းကျစေစားလို့မှမရတာ။ ဒီတော့ကလေးကဖျားနာလာပြီဆိုရင် လာမယ့်ဘေးပြေးတွေ့ဆိုရုံကလွဲ ဘယ်တတ်နိုင်ပါ့မလဲ။ ဒီအခြေအနေကို ရင်ဆိုင်ရာမှာ အထောက်အကူဖြစ်စေမယ့် အချက်လေးတွေကို ဒီဆောင်းပါးလေးထဲမှာဖော်ပြပေးထားပါတယ်။ကလေးတွေက လူကြီးတွေလောက်ကိုယ်ခံအားမကောင်းတာကြောင့်ရာသီဥတုအပြောင်းအလဲဖြစ်တဲ့အခါမျိုးမှာဖြစ်ဖြစ်၊ အအေးခံတာများသွားတဲ့အခါမျိုးမှာ ဖြစ်ဖြစ် အလွယ်တကူဖျားနာနိုင်ပါတယ်။ ကလေးက ဖျားနာတဲ့အခါ အခုလိုနည်းလမ်းလေးတွေသုံးပြီးမြန်မြန်သက်သာအောင်လုပ်ပေးလို့ရပါတယ်။(၁) ကလေးကိုသက်တောင့်သက်သာဖြစ်အောင်ထားပေးပါ။ကလေးကဖျားနေတဲ့အချိန်မျိုးမှာတော့ မိဘတွေအနေနဲ့ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒထက် ကလေးငယ်ဖြစ်ချင်တဲ့ ဆန္ဒကိုလိုက်လျောပေးလိုက်ပါ။ ကလေးကအိပ်ရာထဲမှာလှဲမနေချင်တာမျိုးကို အတင်းအိပ်ရာထဲမှာလှဲနေခိုင်းတာမျိုးမလုပ်ပါနဲ့။ ကလေးက သူ့ကိုယ်သူသက်တောင့်သက်သာဖြစ်မယ်ထင်တဲ့နေရာမှာနေနိုင်အောင်စီစဉ်ပေးလိုက်ပါ။မေ့မထားသင့်တဲ့နောက်တစ်ခုက ကလေးကို ဖျားနေတာပဲဆိုပြီး အတင်းလေလုံနေတဲ့အခန်းမျိုးမှာ မထားပါနဲ့လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ထားပေးပါ။အခန်းအပူချိန်အရမ်းမြင့်တာက ကလေးရဲ့ အဖျားကိုပိုဆိုးစေနိုင်ပါတယ်။(၂) အစာကြေလွယ်မယ့်အစားအသောက်တွေကျွေးပေးပါ။ကလေးက ဖျားနေချိန်မှာ ပုံမှန်ချိန်ထက်ပိုပြီး အာဟာရပြည့်ဖို့လိုပါမယ်။ ကလေးက မစားချင်ရင်တောင်မှာ အစာကြေလွယ်မယ့် ဆန်ပြုတ်၊ခေါက်ဆွဲပြုတ်လိုမျိုးအရာတွေကို စားချင်စဖွယ်ပြင်ဆင်ကျွေးမွေးပေးပါ။ကွေကာအုတ်၊ကြက်စွပ်ပြုတ်၊နွားနို့လိုမျိုး အာဟာရဖြစ်စေမယ့် အစာတွေကျွေးပေးလို့လည်းရပါတယ်။(၃)ရေဓါတ်ြပည့်ဝနေပါစေ။ခန္ဓါကိုယ်မှာရေဓါတ်ကအများဆုံးပမာဏပါဝင်နေတဲ့အရာပါ။နေထိုင်မကောင်းဖြစ်တဲ့အခါမြန်မြန်ကျန်းမာလာဖို့ိဆိုရင် ဆုံးရှုံးသွားတဲ့ရေဓါတ်တွေကိုပြည့်ဝအောင်ဖြည့်တင်းဖို့လိုပါမယ်။ ဒါကြောင့်ကလေးကိုရေဓါတ်ပြည့်ဝအောင် ဂရုစိုက်တိုက်ကျွေးပေးပါ။(၄)နေထိုင်လို့ကောင်းမွန်မယ့်ပတ်ဝန်းကျင်ကိုဖန်တီးပေးပါ။ကလေးကိုပြည့်ပြည့်ဝဝအနားယူနိုင်အောင်လုပ်ဆောင်ပေးဖို့ကလည်း မေ့ထားလို့မဖြစ်ပါဘူး။ ဒီလိုအနားယူနိုင်အောင်လုပ်ပေးတဲ့နေရာမှာလည်း ပတ်ဝန်းကျင်အနေအထားကအရေးကြီးပါတယ်။ နေထိုင်မကောင်းတဲ့ကလေးငယ်အနားမှာဆေးလိပ်သောက်တာမျိုး၊ အနံ့ပြင်းတဲ့ အမွှေးအကြိုင်တွေ အသုံးပြုတာမျိုးမလုပ်မိဖို့သတိထားပါ။နောက်တစ်ခုက အနံ့ပြင်းတဲ့ အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေအသုံးမပြုပါနဲ့။ ဒီအနံ့စူးစူးတွေက ကလေးရဲ့လည်ချောင်းနဲ့အဆုတ်တွေကို မအီမသာဖြစ်စေပြီး ဖျားနာမှုကို ပိုဆိုးစေနိုင်ပါတယ်။(၅) ကလေးက ဘယ်နားနေထိုင်မကောင်းလဲဆိုတာကိုမေးမြန်းပါ။ကလေးကဖျားနေတဲ့အခါ ကိုယ်လက်မအီမသာဖြစ်နေတာမျိုး၊ခေါင်းထဲကမူးနေတာမျိုးတွေရှိနေနိုင်တာကြောင့် ဘယ်နေရာက မသက်သာဘူးဖြစ်နေလဲဆိုတာကိုမေးမြန်းပါ။ ကလေးကခြေလက်တွေညောင်းညာနေတယ်ဆိုရင်တော့ ခပ်ဖွဖွလေးနှိပ်နယ်ပေးတာမျိုး လုပ်ပေးလိုက်ပါ။(၆) မိခင်ရဲ့ ချစ်ခြင်းမေတ္တာက အံ့ဖွယ်ဆေးစွမ်းတစ်လက်ဆိုတာမမေ့ပါနဲ့။ကလေးတွေက ပုံမှန်ချိန်မှာတောင် မိခင်ကို အားကိုးတတ်ကြစမြဲပါ။ ဖျားနာတဲ့အခါမှာတော့ ပိုဆိုးတာပေါ့။ ဒီလိုအခါမျိုးမှာ မိခင်က ကလေးရဲ့အနားမှာနေပေးပြီး ဂရုစိုက်ပေးပါ။ မိခင်ရဲ့ထွေးပွေ့ပြုစုမှုကလည်း ကလေးတွေကိုခံစားနေရတဲ့ဝေဒနာကို သက်သာစေနိုင်ပါတယ်။(၇)ရေနွေးနွေးလေးနဲ့ ကိုယ်လက်သန့်စင်ပေးပါ။ကလေးကဖျားနာနေလို့ရေမချိုးရဘူးမှန်ပေမယ့်တစ်ကိုယ်ရည်သန့်ရှင်းရေးကလူတိုင်းအတွက် အရေးကြီးတာမို့ ကလေးကိုခြေလက်သန့်စင်ပေးတာမျိုးတော့လုပ်ပေးဖို့လိုအပ်ပါတယ်။ရေနွေးကြက်သီးနွေးကို တဘက် ဒါမှမဟုတ် အဝတ်စသန့်သန့်လေးကို စိမ်ပြီး ကလေးကို ကိုယ်လက်သန့်စင်ပေးပါ။ရောဂါပိုးတွေကို နှိမ်နင်းနိုင်မယ့်အပြင် ကလေးကိုပါ လန်းဆန်းစေမှာ အသေအချာပါ။ရင်သွေးလေးတွေဖျားတဲ့အခါ အခုပြောခဲ့တဲ့နည်းလမ်းလေးတွေအသုံးပြုပြီး မိမိသားသမီးလေးတွေကို နှိပ်စက်နေတဲ့ အဖျားရောဂါပိုးတွေကို နှိမ်နင်းလိုက်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/%e1%80%96%e1%80%bb%e1%80%ac%e1%80%b8%e1%80%94%e1%80%b1%e1%80%90%e1%80%b2%e1%80%b7%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%bc/
အရိုးသိပ်သည်းဆဆိုတာဘာလဲ
သင်ဟာအရိုးသိပ်သည်းဆအကြောင်းကိုကြားဖူးပြီးသားဖြစ်မှာပါ။ ဒါပေမယ့် အဲ့ဒါဟာ ဘာကိုဆိုလိုသလဲဆိုတာသင်သေချာသိပါသလား။ ယခုဆောင်းပါးကတော့ သင့်ကိုအရိုးသိပ်သည်းဆအကြောင်းအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။သန်မာတဲ့အရိုးများဟာ ခန္ဓါကိုယ်တစ်ခုလုံးကိုထောက်ပံ့ပေးနေတာကြောင့်မို့ အရေးကြီးပါတယ် ။ သူတို့ဟာ ကြွက်သားများ၊ အရွတ်များ ၊ အင်္ဂါများတွယ်ကပ်နိုင်ဖို့ ဘောင်တစ်ခုသဖွယ်ဆောင်ရွက်ပေးပါတယ်။ အရိုးများဟာ သွေးဖြူဥနှင့် သွေးနီဥများထုတ်လုပ်ရာစက်ရုံကြီးဟု ဆိုလျှင်လည်း မမှားပါဘူး။အရိုးသိပ်သည်းဆဆိုသည်မှာ သင့်ရဲ့အရိုးထဲမှာရှိနေတဲ့သတ္တုပမာဏကိုဆိုလိုတာပဲဖြစ်ပါတယ်။အရိုးသိပ်သည်းဆကိုစမ်းသပ်တဲ့ အရိုးသိပ်သည်းဆတိုင်းတာမှုဟာ သင့်အရိုးများကျန်းမာမှုကိုသိရှိရအောင်စမ်းသပ်တဲ့စမ်းသပ်မှုတစ်ခုပဲဖြစ်ပါတယ်။ ရလဒ်ဟာ သင့်ရဲ့အရိုးသိပ်သည်းဆကို ပြသပါတယ်။ ထို့နောက် ဆရာဝန်ဟာ ထိုရလဒ်ကို သာမာန်ကျန်းမာသူရဲ့အရိုးသိပ်သည်းဆနဲ့နှိုင်းယှဉ်ပြီး စစ်ဆေးပါလိမ့်မယ်။ ဒီလိုစစ်ဆေးခြင်းအားဖြင့် သင့်အရိုးပြဿနာများကို သိရှိနိုင်ပါတယ်။– အကယ်၍ သင့်မှာ အရိုးပွရောဂါရှိနေလျှင် ရလဒ်ဟာ ဆရာဝန်ကို ဆုံးဖြတ်ရ ပိုလွယ်ကူစေပါလိမ့်မယ်။ အကယ်၍ သင့်မှာ အရိုးပွရောဂါရှိနေလျှင် သင့်ရဲ့အရိုးတွေဟာ ပိုပြီး ကျိုးလွယ်ပါလိမ့်မယ်။– ယခုလို စမ်းသပ်ခြင်းဟာ သင်အရိုးကျိုးနိုင်ချေမည်မျှရှိသည်ကိုလည်း သိရှိနိုင်ပါလိမ့်မယ်။– အရိုးပွရောဂါအတွက် ကုသခြင်းဟာ ထိရောက်မှုရှိမရှိ (သို့) သင်ဟာ ကုသမှုကိုတုံ့ပြန်ခြင်းရှိမရှိ ယခုလို စမ်းသပ်စစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါတယ် ။အရိုးသိပ်သည်းဆကို စစ်ဆေးတဲ့ စစ်ဆေးမှုများဟာ ဓါတ်ရောင်ခြည်များကို အသုံးပြုပြီး သင့်အရိုးထဲမှာရှိတဲ့ ကယ်စီယမ်ပမာဏကို တိုင်းတာခြင်းပဲဖြစ်ပါတယ်။ အများဆုံး စစ်ဆေးတဲ့ အစိတ်အပိုင်းတွေကတော့ ပေါင်၊ ကျောရိုး နှင့် လက်မောင်းတို့ပဲဖြစ်ပါတယ်။ အရိုးသိပ်သည်းဆ စစ်ဆေးခြင်းဟာ လွယ်ကူပြီး နာကျင်မှုမရှိသည့်အပြင် မြန်ဆန်ပါတယ်။ အချို့စစ်ဆေးမှုများကို ဆေးဆိုင်မှာပင် လုပ်နိုင်သော်လည်း ဆေးရုံမှာလုပ်ကြတာများပါတယ် ။– အရပ်ပုသွားတဲ့အခါ ။အကယ်၍သင့်ရဲ့အရပ်ဟာ 4 centimeters လောက်ပုသွားတဲ့အခါ အရိုးသိပ်သည်းဆ စစ်ဆေးခြင်းကိုပြုလုပ်သင့်ပါပြီ။ သင့်ရဲ့ကျောရိုးမှာ အရိုးကျိုးနေတာတွေရှိနေနိုင်ပြီး အရိုးပွရောဂါကြောင့် ဖြစ်နိုင်ပါတယ်။– သင့်မှာဒဏ်ရာမရရှိဘဲ အရိုးကျိုးနေတဲ့အခါ ။သင့်ရဲ့အရိုးများဟာ ကျိုးလွယ်နေတဲ့အခါ ပြင်းပြင်းထန်ထန် ချောင်းဆိုးခြင်း နှာချေခြင်းများကပင် သင့်ရဲ့အရိုးများကိုထိခိုက်စေနိုင်ပါတယ် ။– သင်ဟာ အချို့ဆေးဝါးတွေ သောက်သုံးနေတဲ့အခါ။စတီးရွိုက်ကဲ့သို့သော ဆေးဝါးတွေဟာ အရိုးပွခြင်းကိုဖြစ်စေနိုင်ပါတယ် ။– သင့်ရဲ့ဟော်မုန်းပမာဏဟာ အကြောင်းရင်းမရှိဘဲ ရုတ်တရက်ကျသွားတဲ့အခါ ။ကင်ဆာရောဂါအတွက် ကုသမှုတွေဟာ oestrogen နှင့် testosterone ကဲ့သို့ဟော်မုန်းပမာဏများကို ကျစေပါတယ်။ ထိုဟော်မုန်းပမာဏများ ကျသွားတဲ့အခါ အရိုးများအားနည်းလာကြပါတယ် ။ရလဒ်ဟာ မည်သို့ကုသခြင်းဟာ သင်နဲ့သင့်တော်မယ်ဆိုတာ ဆရာဝန်ဆုံးဖြတ်ရာမှာ ကူညီပေးပါလိမ့်မယ်။ ဆရာဝန်ဟာ ဗီတာမင်ဒီနှင့် ကယ်စီယမ်ပါဝင်သောအစားအစာများစားသုံးခြင်းနှင့် လမ်းလျှောက်ခြင်း၊ အနှေးပြေးခြင်း စသည့်ကောင်းသည့်အလေ့အထတို့ကို လုပ်ဆောင်ခိုင်းပါလိမ့်မယ်။အရိုးထုထည်နည်းလာခြင်းဆိုသည်မှာ သင့်အရိုးရဲ့သိပ်သည်းဆဟာ ပုံမှန်ပမာဏထက်နည်းလာခြင်းဖြစ်ပါတယ် ။ သို့သော် အရိုးပွခြင်းအထိတော့မဖြစ်နိုင်သေးပါ။ အရိုးထုထည်နည်းလာတဲ့ လူတိုင်းအရိုးပွရောဂါမဖြစ်ပေမယ့် ထိုရောဂါဖြစ်နိုင်ချေတော့များလာပါလိမ့်မယ်။အကယ်၍ သင့်ရဲ့ရလဒ်ဟာ သင့်မှာအရိုးပွရောဂါရှိနေပြီဟု ဖော်ပြလျှင်တော့ သင့်အရိုးသိပ်သည်းဆဟာ အရမ်းကိုနည်းနေပါပြီ။ သင့်ရဲ့အရိုးများဟာ အသေးစားထိခိုက်မှုလေးများနှင့်ပင် ကျိုးလွယ်နေပါလိမ့်မယ်။အရိုးသိပ်သည်းဆဆိုသည်မှာ သင့်အရိုးကျန်းမာမှုနှင့် အရိုးဒဏ်ရာများ နှင့် ရောဂါများဖြစ်နိုင်မှုကို ဖော်ပြပေးနေသည့် စံနှုန်းတစ်ခုပဲ ဖြစ်ပါတယ် ။သင့်ရဲ့အရိုးသိပ်သည်းဆကို စစ်ဆေးဖို့ ဆရာဝန်များဟာ အရိုးသိပ်သည်ဆစမ်းသပ်မှုများကို လုပ်ပါလိမ့်မယ်။ ရလဒ်ကိုအခြေခံပြီး ဆရာဝန်များဟာ သင့်ရဲ့အခြေအနေကို ကုသရာတွင် (သို့) ကာကွယ်ရာတွင်ကူညီပါလိမ့်မယ်။Hello health groupသည် ကျန်းမာရေးဆိုင်ရာအကြံပေးခြင်း ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို မပြုလုပ်ပေးပါ ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/osteoporosis-orthopedics-musculoskeletal/%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%ad%e1%80%95%e1%80%ba%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%86%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac%e1%80%98%e1%80%ac%e1%80%9c/
ဖိုးဖိုးဖွားဖွားတို့ရဲ့ စေတနာ အမှားများ
သားအချစ် မြေးအနှစ် ဆိုတာနဲ့အညီ မိမိတို့ရဲ့ ချစ်လှစွာသော သားသမီးတွေကနေ မွေးဖွားလာတဲ့ မြေးကလေးတွေဟာ ဖိုးဖိုးဖွားဖွားတို့ရဲ့ ရင်နှစ်သည်းချာလေးတွေ ဖြစ်တာနဲ့အညီ သူတို့လေးတွေ မွေးဖွားလာပြီဆိုတာနဲ့ ကလေးကျန်းမာရေး၊မိခင်ကျန်းမာရေးက အစပြုလို့ ဖိုးဖိုးဖွားဖွားတွေဟာ အားလုံးကို အကောင်းဆုံး ဖြစ်စေချင်ပါတယ်။ ဒီလို ဖြစ်စေချင်တဲ့အတွက် သူတို့သိထားသမျှ မှန်တယ်၊ကောင်းတယ်လို့ ထင်တဲ့ အရာတွေကို သမီး/ချွေးမ ဖြစ်သူနဲ့ မြေးဖြစ်သူကို ပြုလုပ်ပေးပါတော့တယ်။ ဇာတ်လမ်းက ဒီမှာ စတာပါပဲ၊တချို့တချို့သော ရှေးရိုးစွဲ ဖိုးဖိုးဖွားဖွားတွေရဲ့ အယူအဆတွေဟာ ခေတ်မီသိပ္ပံပညာ၊ဆေးပညာရဲ့ အယူအဆတွေနဲ့ လွဲနေတတ်ပြီး မွေးကင်းစကလေးအပေါ်ကို ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပြီး အခန့်မသင့်ရင် အသက်အန္တရာယ်အထိ ထိခိုက်နိုင်ပါတယ်။ အထူးသဖြင့်တော့ နယ်ဖက်က မြို့နက်ဆေးရုံ၊တိုက်နယ်ဆေးရုံတွေမှာ အတွေ့ရများတတ်တယ်လို့ စစ်ကိုင်းဆေးရုံက ကလေးအထူးကုဆရာဝန်တဦးက ဆိုပါတယ်။၁။ ခေါင်းရိတ်ခြင်း။ကလေးမွေးပြီး ဘယ်လောက်မှ မကြာသေးခင်မှာပဲ ခေါင်းရိတ်ပေးဖို့ ဖိုးဖိုးဖွားဖွားတို့က ညွှန်ကြားတတ်ပါတယ်။ သူတို့ရဲ့ အယူအဆအရတော့ ကလေးဆံပင်သန်အောင်၊အပူအပုပ်ကင်းအောင်ပေါ့။ ဒါဟာ မှားပါတယ်။ ခေါင်းရိတ်ခြင်းနဲ့ ဆံပင်သန်ခြင်းဟာ ဘယ်လိုမှ ဆက်စပ်မှုမရှိပါဘူး။ လူတိုင်းလူတိုင်းမှာရှိတဲ့ ဆံပင်အမြစ်ဥပမာဏဟာ တဦးနဲ့တဦး မတူကြသလို မွေးလာကတည်းက ပုံသေသတ်မှတ်ပြီးသား ဖြစ်ပါတယ်။ ဆံပင်အမြစ်ဥဆိုတာကတော့ ဆံပင်ထွက်ပေါ်လာရာ အိတ်ကလေးတွေပဲ ဖြစ်ပြီး ဦးရေပြားမှာ ရှိပါတယ်။ ဒါကြောင့် ခေါင်းရိတ်ရိတ်မရိတ်ရိတ် ဆံပင်သန်မယ့်ကလေးက သန်မှာဖြစ်ပြီး၊ပါးမယ့်ကလေးက ပါးမှာပါပဲ။ ခေါင်းရိတ်တဲ့အတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေကိုသာ များများဖြစ်စေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကလေးငယ်ရဲ့ ဦးရေပြားဟာ အင်မတန်ပါးလျသေးတဲ့အပြင် ငယ်ထိပ်လည်း မပိတ်သေးတာကြောင့် ခေါင်းရိတ်ခြင်းဟာ ထိခိုက်ဒါဏ်ရာတွေကို အလွယ်တကူ ရစေနိုင်လို့ပါပဲ။ ဒီကနေတဆင့် မလိုလားအပ်တဲ့ ကူးစက်ပိုးမွှားတွေပါ ဝင်ရောက်လာနိုင်ပါတယ်။ ဒါကြောင့် မွေးကင်းစကလေးကို ခေါင်းလုံးဝမရိတ်သင့်ပါဘူး။၂။ ချက်ထဲ ဆေးတို့ပတ် အပါအဝင် အခြားသော တိုင်းရင်းဆေးများထည့်ခြင်း။ဒီအချက်ဟာလည်း ဖိုးဖိုးဖွားဖွားတို့ လုံးပန်းတတ်တဲ့ အချက်တခုပါပဲ။ ချက်ကြိုးဖြတ်ထားတဲ့နေရာကို မြန်မြန်အနာကျက်စေဖို့၊ချက်ကြိုးမြန်မြန်ကြွေစေဖို့အတွက် မွေးကင်းစကလေးငယ်ရဲ့ ချက်ကို ဆေးတို့ပတ်တွေ၊နနွင်းတွေ သိပ်ခိုင်းလေ့ ရှိကြပါတယ်။ ဒါဟာ အင်မတန်မှကို လွဲမှားနေတဲ့အပြင် အရမ်းလည်း ကြောက်ဖို့ကောင်းတဲ့ အပြုအမူတခုပါ။ ကလေးငယ်ရဲ့ နုနယ်လှတဲ့ ချက်ကို ဒီလိုဆေးတွေသိပ်ပေးခြင်းအားဖြင့် အကိုင်အတွယ် မသန့်ပြန့်ရင် neonatal sepsis လို့ခေါ်တဲ့ မွေးကင်းစကလေး ပိုးဝင်ခြင်း ပြဿနာနဲ့ ကြုံတွေ့လာရနိုင်ပြီး ကလေးငယ်ရဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ မွေးကင်းစကလေး အဖျားတက်ခြင်း၊အသားဝါခြင်း၊ချက်တဝိုက် နီရဲယောင်ယမ်းနေခြင်း စတဲ့ လက္ခဏာတွေဟာ မွေးကင်းစကလေး ပိုးဝင်ခြင်းရဲ့ လက္ခဏာတွေပါ။ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကနေ ရှောင်ရှားနိုင်စေဖို့အတွက် ကလေးငယ်ရဲ့ ချက်ကြိုးဖြတ်ထားတဲ့နေရာကို ဘာဆေးမှ မထည့်ရပါဘူး။ လိုအပ်ရင် ဆရာဝန်၊ဆရာမတွေက သင့်တော်မှန်ကန်တဲ့ ဆေးတွေ ထည့်ပေးမှာဖြစ်တာမို့ ဖိုးဖိုးဖွားဖွားတို့ သတိချပ်သင့်ပါတယ်။၃။ ကလေးကို သနပ်ခါးခွံ့ခြင်း။ဘယ်သူ စလိုက်သလဲတော့ မပြောတတ်ပေမယ့် မွေးကင်းစကလေးကို သနပ်ခါးခွံ့တာကလည်း ပြဿနာတခုပါ။ တကယ်က မွေးကင်းစကနေ ကလေးအသက်ခြောက်လအထိ မိခင်နို့တမျိုးတည်းကလွဲပြီး ကလေးကို ဘာမှမကျွေးရပါဘူး။ ကုန်ကုန်ပြောရင် ရေတောင်မတိုက်ရပါဘူး။ ဒါပေမယ့် သူငယ်နာကင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖိုးဖိုးဖွားဖွားတို့ဟာ ကလေးငယ်ကို သနပ်ခါးခွံ့တတ်ကြပါတယ်။ ခွံ့ခိုင်းတတ်ကြပါတယ်။ ဒါဟာ လုံးဝလွဲမှားနေတဲ့ အယူအဆတခုပါ။ သနပ်ခါးဟာ ခပ်ပျစ်ပျစ်ဖြစ်တာမို့ မလိုလားအပ်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကိုပါ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ သူငယ်နာအပါအဝင် ကလေးကို ထိုးနှက်လာနိုင်မယ့် ရောဂါအားလုံးကို ကာကွယ်ဖို့အတွက် မိခင်နို့မှာပါဝင်တဲ့ ကိုယ်ခံအားဓါတ်တွေနဲ့ ကောင်းကောင်းကြီး လုံလောက်ပြီးသားပါ။၄။ နွားနို့တိုက်ခြင်း။ကလေးကို အာဟာရဖြစ်မယ်၊ရောဂါကာကွယ်မယ်ဆိုတဲ့ အယူအဆနဲ့ မွေးကင်းစကလေးကို နွားနို့အနည်းငယ် တိုက်တတ်ကြပါသေးတယ်။ ဒါဟာလည်း သနပ်ခါးခွံ့ခြင်းနဲ့ ဆင်ဆင်တူပြီး လွဲမှားတဲ့ အယူအဆဖြစ်တာမို့ ရှောင်ကျဉ်ရပါမယ်။၅။ မိခင်ကို အစားရှောင်ခိုင်းခြင်း။မိခင်ရဲ့ နို့ရည်ဟာ ကလေးဆီကို ရောက်တာမို့ မိခင်အစားရှောင်မှသာ ကလေးကို ထိခိုက်မှုမရှိစေမှာလို့ လူကြီးသူမတွေက ယူဆလေ့ရှိပါတယ်။ ဒီအယူအဆဟာလည်း မှားနေပါတယ်။ တကယ်က အရပ်အခေါ် မီးတွင်းထဲမှာ မိခင်အတွက်ပဲဖြစ်ဖြစ်၊ကလေးအတွက်ပဲဖြစ်ဖြစ် အာဟာရပြည့်ဝနေဖို့လိုတာမို့ ပုံမှန်စားနေကျ အစားအသောက်တွေအတိုင်း လုံးဝမရှောင်ဘဲ အာဟာရအုပ်စုအားလုံးကို မျှမျှတတ စားပေးရပါမယ်။ ဒီလို ပြောလို့ တနင့်တပိုးကြီး စားပစ်ဖို့မလိုဘဲ ပုံမှန်အတိုင်း အာဟာရပြည့်ပြည့်ဝဝ ရရှိအောင် ဉာဏ်နဲ့ယှဉ်ပြီး စားသုံးရပါမယ်။ ဒါမှ မိခင်ရော ကလေးရော ကျန်းမာမှာပါ။အထက်မှာ ဖော်ပြခဲ့တဲ့အချက်တွေဟာ ဖိုးဖိုးဖွားဖွားတွေ လွဲမှားစွာ ယူဆပြုလုပ်လေ့ရှိတဲ့ စေတနာအမှားလေးတွေ ဖြစ်ပါတယ်။ ဒီနေရာမှာ တချက်နားလည်ရမှာက လူကြီးတွေဟာလည်း ကိုယ့်သားသမီး၊ကိုယ့်မြေးသားတွေအတွက် အကောင်းဆုံးလို့ ထင်တဲ့အရာတွေကို ပြုလုပ်ပေးတာဖြစ်တဲ့အတွက် အပြင်းအထန် ငြင်းပယ်ခြင်းမပြုဘဲ ခေတ်မှီဆေးပညာအယူအဆတွေအကြောင်းကို စိတ်ရှည်လက်ရှည် ရှင်းပြပေးရမှာပဲ ဖြစ်ပါတယ်။ မဟုတ်ရင် ဖိုးဖိုးဖွားဖွားတို့ စိတ်မကောင်းဖြစ်သွားမှာပေါ့။ ဒါကြောင့် ဖိုးဖိုးဖွားဖွားတို့လည်း စိတ်ကျေနပ်၊မေမေနဲ့ ကလေးလည်း ကျန်းမာအန္တရာယ်ကင်းရလေအောင် ဒီဆောင်းပါးလေးကို မျှဝေရေးသားလိုက်ရပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%96%e1%80%ad%e1%80%af%e1%80%b8%e1%80%96%e1%80%ad%e1%80%af%e1%80%b8%e1%80%96%e1%80%bc%e1%80%ac%e1%80%b8%e1%80%96%e1%80%bc%e1%80%ac%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%82%95%e1%80%9b%e1%80%b2/
အသားဖြည့်ထိုးဆေး
သင်မှန်ကြည့်တဲ့အခါ ငါ့အသားအရေလေး ဒီထက်ပိုပြီး ညီညီညာညာရှိရင် ကောင်းမှာပဲ လို့များ စိတ်ထဲတွေးဖူးပါသလား။ သင့်အဖြေက တွေးဖူးပါတယ် ဆိုရင်တော့ Microdermabrasion နဲ့ မိတ်ဆက်ပေးပါရစေ။Microdermabrasion ဆိုတာဟာ သင့်မျက်နှာရဲ့ အပေါ်ယံမျက်နှာပြင်ကို ပိုပြီးညီညာသွားအောင် စက်ပစ္စည်းလေးတမျိုးကို အသုံးပြုပြီး အသာအယာ ပွတ်တိုက်ညှိပေးတဲ့ အလှအပရေးရာ ကုသမှုနည်းလမ်းတမျိုးပဲ ဖြစ်ပါတယ်။သတ်မှတ်ထားတဲ့ အကြိမ်ရေအတိုင်း ကုသမှုခံယူအပြီးမှာတော့ သင့်မျက်နှာအရေပြားဟာ ပိုမိုနူးညံ့တောက်ပလာမှာဖြစ်ပြီး အသားရောင်လည်း ပိုညီလာမှာ ဖြစ်ပါတယ်။Microdermabrasion ဆိုတာ သင့်အရေပြားမျက်နှာပြင်ကို ပြန်လည်ညီညာအောင် ညှိပေးနိုင်တဲ့ ကုသမှုနည်းလမ်းတမျိုး ဖြစ်ပါတယ်။ အရေပြားဆရာဝန်အနေနဲ့ crystal အသေးစားလေးတွေ ပါဝင်တဲ့ ကိရိယာတမျိုးကို အသုံးပြုမှာဖြစ်ပြီး သင့်မျက်နှာကို ဂျီးချွတ်ပွတ်တိုက်ပေးနိုင်သလို အရေပြားဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ဒါ့အပြင် အရေပြားအသစ်ပြန်လည် ဖြစ်ပေါ်ဖို့အတွက် အရေးပါတဲ့ collagen ထွက်ရှိမှုကိုလည်း အားပေးတဲ့အတွက် သင့်အသားအရေဟာ ပိုမိုနူးညံ့လှပနုပျိုလာမှာ ဖြစ်ပါတယ်။Microdermabrasion ဟာ ယေဘုယျအားဖြင့် နာကျင်ခြင်းမရှိတဲ့အပြင် ထိရောက်သော ကုသမှုနည်းလမ်းတမျိုးလည်း ဖြစ်ပါတယ်။အောက်ဖော်ပြပါ အခြေအနေတွေသင့်မှာရှိနေတယ်ဆိုရင် Microdermabrasion လုပ်ဖို့ စဉ်းစားသင့်ပါတယ်။· အသားအရေ ညစ်ထပ်ခြောက်ကပ်ခြင်း။ စိုစိုပြည်ပြည်မရှိခြင်း။· အသားအရေ မညီညာခြင်း။· ဆားဝက်ခြံများရှိခြင်း။· အရေးကြောင်းများ ရှိနေခြင်း။· ဝက်ခြံအမာရွတ်များရှိခြင်း။· နေလောင်ဒါဏ်ကြောင့် အသားအရေပျက်စီးခြင်း။· အမည်းစက်များ ဖြစ်ပေါ်နေခြင်း။· Dermabrasion ဟာ လုံခြုံစိတ်ချရတယ်ဆိုသော်ငြား လူတိုင်းနဲ့တော့ သင့်တော်မှာ မဟုတ်ပါဘူး။ တကယ်လို့ သင့်မှာ အင်မတန်ထူထပ်များပြားတဲ့ ဝက်ခြံတွေ ရှိနေရင်၊rosacea လို့ခေါ်တဲ့ အနီကွက်တွေ မျက်နှာမှာ ရှိနေရင်၊နှင်းခူဖြစ်နေရင်၊အရေပြားရောင်ရမ်းနေရင် ဒါမှမဟုတ် ထိရှလွယ်တဲ့အသားအရေ ပိုင်ရှင်ဆိုရင် dermabrasion မပြုလုပ်သင့်ပါဘူး။သင့်အရေပြားနဲ့ ပတ်သက်လို့ အတွင်းကျကျ သိရှိနိုင်ဖို့အတွက် အရေပြားဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရပါမယ်။Microdermabrasion ကို အရေပြားနဲ့ အလှအပဆိုင်ရာ ဆေးခန်းမှာ ကျွမ်းကျင်တဲ့ အရေပြားအထူးကုဆရာဝန်နဲ့ ပြုလုပ်ရမှာ ဖြစ်ပါတယ်။crystal microdermabrasion နဲ့diamond-tip microdermabrasion ဆိုပြီး အဓိက အသုံးပြုလေ့ရှိတဲ့ နည်းလမ်းနှစ်မျိုး ရှိပါတယ်။ဒီနည်းလမ်းမှာ အသုံးပြုတဲ့ ကိရိယာလေးဟာ crystal မှုန်လေးတွေကို သင့်အရေပြားပေါ် လွှတ်ထုတ်ပေးခြင်းအားဖြင့် သင့်မျက်နှာကို ချောမွေ့ညီညာစေပါတယ်။ ပြီးတဲ့အခါ အဆိုပါ crystal မှုန်လေးတွေနဲ့ အရေပြားဆဲလ်သေတွေကို သင့်အရေပြားပေါ်ကနေ ဖယ်ရှားပစ်လိုက်ပါတယ်။ဒီနည်းလမ်းမှာတော့ စိန်နဲ့ပြုလုပ်ထားတဲ့ ထိပ်ဖူးလေးပါဝင်တဲ့ ကိရိယာလေးကို အသုံးပြုမှာဖြစ်ပြီး သင့်အရေပြားပေါ်က ဆဲလ်သေတွေကို ညင်သာစွာ ပွတ်တိုက်ပေးမှာ ဖြစ်ပါတယ်။Crystal microdermabrasion နည်းလမ်းလိုပဲ အရေပြားဆဲလ်သေတွေကို နောက်ဆုံးမှာ ဖယ်ရှားပစ်မှာပါ။Diamond-Tip Microdermabrasion ဟာ မျက်လုံးနားတဝိုက် အရေပြားနေရာအတွက် ပိုပြီးစိတ်ချရသလို ထိရှလွယ်တဲ့နေရာတွေ ဒါမှမဟုတ် ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေမှာလည်း စိတ်ချလက်ချ သုံးနိုင်မှာဖြစ်ပါတယ်။အကောင်းဆုံးသော အာနိသင်ကို ရရှိဖို့အတွက် မျက်နှာကပ်ခွာအပျော့စားလေးနဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။ ကုသမှုပြုလုပ်ပြီးပြီးချင်းမှာ အရေပြားကို ကာကွယ်ဖို့နဲ့ အစိုဓါတ်ထိန်းပေးဖို့အတွက် SPF ပါဝင်တဲ့ အစိုဓါတ်ထိန်းပစ္စည်း (moisturizer) ကို သင့်အရေပြားဆရာဝန်က လိမ်းပေးမှာ ဖြစ်ပါတယ်။သင့်အနေနဲ့ isotretinoin (Acnotin or Isotina) ဒါမှမဟုတ် tretinoin ခရင်မ် (Retin A or Locacid) တို့ကို သုံးစွဲနေတယ်ဆိုရင် သင့်ဆရာဝန်ကို ကြိုတင်အသိပေးပါ။ အဆိုပါ ဆေးတွေဟာ သင့်အရေပြားကို ပိုပြီး ထိရှလွယ်စေလို့ ဖြစ်ပါတယ်။ဒါ့အပြင် ကုသမှုကို ထိခိုက်စေနိုင်တဲ့ အရေပြားပြဿနာတမျိုးမျိုး သင့်မှာရှိရင်လည်း ဆရာဝန်ကို ကြိုပြီးအသိပေးထားရပါမယ် (ဥပမာ အနာဟက်ပြဲတွေ၊ထိခိုက်ဒါဏ်ရာတွေ၊ရှရာတွေ စသဖြင့်ပေါ့)။ ကုသမှု မပြုလုပ်မီ အနည်းဆုံး ခြောက်ပတ်လောက်ကြိုပြီး ဆေးလိပ်ဖြတ်ထားဖို့လည်း သင့်ဆရာဝန်က ပြောပါလိမ့်မယ် (သင်ဆေးလိပ်သောက်တတ်ရင်ပေါ့)။ရောင်ရမ်းမှုတွေကို သက်သာစေတဲ့ ဆေးတွေ ဒါမှမဟုတ် အချို့သော ဆေးဖက်ဝင်အပင်တွေဟာ သွေးထွက်တာကို များစေနိုင်တဲ့အတွက် ဒီလိုမျိုးဆေးတွေ သောက်နေရင်လည်း ခဏရပ်ထားဖို့ လိုပါလိမ့်မယ်။ဒါ့အပြင် ကုသမှုမပြုလုပ်ခင် ရှေ့တရက်လောက်မှာ မိတ်ကပ်အစရှိတဲ့ အလှကုန်ပစ္စည်းတွေ မသုံးစွဲရင်အကောင်းဆုံး ဖြစ်ပါတယ်။ကုသမှုနည်းလမ်းကို မရွေးချယ်ခင်မှာ သင့်အနေနဲ့ ဒီနည်းလမ်းနဲ့ပတ်သက်ပြီး (ဘာတွေလုပ်မှာလဲ၊ဘာတွေ ကြိုတင်ပြင်ဆင်ထားရမလဲ စသဖြင့်) အသေအချာ နားလည်သဘောပေါက်ထားရပါမယ်။သင့်အရေပြားအခြေအနေနဲ့ ပတ်သက်ပြီး အရေပြားဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခြင်းအားဖြင့် microdermabrasion ဟာ သင့်အတွက် မှန်ကန်သင့်တော်တဲ့ နည်းလမ်းဟုတ်မဟုတ်ကို သိရှိနိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%bb%e1%80%96%e1%80%8a%e1%80%b9%e1%80%b7%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%b1%e1%80%86%e1%80%b8/
စိတ်ပျော်စေဖို့ ဘာတွေစားမလဲ
နေ့ရက်တိုင်းကို စိတ်ပျော်ရွှင်စွာနဲ့ ဖြတ်သန်းဖို့ ဆန္ဒရှိ နေပြီလား။ ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးကစိတ်ရောကိုယ်ပါကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ လူတစ်ယောက်ဟာ စိတ်ပျော်ရွှင်မှ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှာပါ။ ဒီတော့ စိတ်ပျော်စေဖို့ အကောင်းဆုံး လုပ်ဆောင်သင့်ပါတယ်။ ဒီတစ်ခေါက်တော့ စိတ်ကြောင့်ရုပ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှု မရှိစေဘဲ နေ့ရက်တိုင်းမှာ ပျော်ရွှင်နေစေဖို့ ဘာတွေ စားပေးရမလဲ ဆိုတာကို Helloဆရာဝန် ပရိသတ်ကြီးကို ပြောပြပေးပါရစေ………….။စိတ်ပျော်စေဖို့ ဘာတွေစားမလဲ ဆိုတော့။ဆယ်လ်မွန်။ဆယ်လ်မွန်က ခန္ဓါကိုယ် အတွက် အာဟာရ ဖြည့်တင်းပေးနိုင်သလို စိတ်ပျော်ရွှင်မှုကိုလည်း အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ အာရုံစူးစိုက်မှု ကောင်းစေနိုင်သလို ဆယ်လ်မွန်မှာ ပါတဲ့omega-3 fatty acidsက စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်ပြီး စိတ်ဓါတ် မကျအောင် အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဗီတာမင် B12 ပါဝင်နေမှုကစိတ်ခံစားမှုကို ကောင်းစေပြီး စိတ်ပျော်ရွှင်နေစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ဟင်းနုနွယ်။အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်တဲ့ ဟင်းနုနွယ်ကခန္ဓါကိုယ်အတွက်သံဓါတ် ဖြည့်ပေးနိုင်သလို ဖောလစ်အက်ဆစ် ပါဝင်မှု မြင့်မားတာကြောင့်စိတ်ဖိစီးတာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို စိတ်ပျော်ရွှင်မှုကို ဖြစ်စေတဲ့ ဆီရာတိုနင် ပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်မှာပါ။ကြက်သား။ကြက်သား၊ ကြက်ဆင်သားတို့မှာ အမိုင်နိုအက်ဆစ် ပါဝင်နေတာကြောင့် စိတ်ပျော်ရွှင်စေမှာ အသေအချာပါ။ ဒါတင်လား ဆိုတော့ မဟုတ်သေးပါဘူး။ ကြက်သား နဲ့ ကြက်ဆင်သားတို့က ခန္ဓါကိုယ်အတွက် အားဖြစ်စေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။နို့။စိတ်ခံစားမှု ကောင်းစေဖို့ အတွက်ရော ခန္ဓါကိုယ် အာဟာရ ပြည့်စေဖို့ အတွက်ပါ အရေးပါတဲ့ အရာ တစ်ခုပေါ့။ နို့မှာအိုင်အိုဒင်း ပါဝင်နေတာကြောင့် သိုင်းရွိုက်ဂလင်းတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေပြီး စိတ်ခံစားမှုကို ကောင်းစေနိုင်သလို ခန္ဓါကိုယ်ကိုလည်း ကျန်းမာစေနိုင်မှာပါ။ နို့မှာပါတဲ့ပရိုတင်းက စိတ်ပူပန်မှုကို သက်သာစေနိုင်ပါတယ်။ချောကလက်။ချောကလက်ရဲ့ အရသာက စိတ်ကျေနပ်မှုကို အပြည့်အဝ ပေးစွမ်းနိုင်တာ အသေအချာပါ။ ချောကလက်မှာ ပါဝင်နေတဲ့ အရာ တစ်ခုက စိတ်ပျော်ရွှင်မှုကို ပေးစွမ်းနိုင်သလို ခန္ဓါကိုယ်က နာကျင်မှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ စိတ်ခံစားမှု ကောင်းစေနိုင်ပြီးနှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ငရုတ်သီး။ငရုတ်သီးက ပူစပ်စပ် အရသာ ရှိပေမယ့် စိတ်ခံစားမှုကိုတော့ ကောင်းစေနိုင်တာ အမှန်ပါ။ ငရုတ်သီးမှာပါတဲ့ capsaicin ဒြပ်ပေါင်းက ဦးနှောက်ကို အန်ဒရိုဖင်း ဟော်မုန်း ထွက်လာအောင် လုပ်ဆောင်ပေးပြီး စိတ်ပျော်ရွှင်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ပျားရည်။ပျားရည်က သကြားထက် ပိုပြီး ကျန်းမာသလို စိတ်ခံစားမှုကိုလည်း ကောင်းစေနိုင်ပါတယ်။ စိတ်ဓါတ်ကျတာကို ကင်းဝေးစေပြီး စိတ်ပျော်ရွှင်နေစေဖို့ လုပ်ဆောင်ပေးပါတယ်။အုန်းသီး။အုန်းသီးကို အဆီ များတယ် ဆိုပြီး ရှောင်နေတယ်ဆိုရင် အခုပဲ စားလိုက်ပါ။ အုန်းသီးမှာ ပါတဲ့ အဆီက ဦးနှောက် ကျန်းမာစေနိုင်ပြီး စိတ်ခံစားမှုကို ကောင်းစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ပျော်ချင်သူတွေ အနေနဲ့ အုန်းသီး စားပေးလို့ ရပါတယ်။မှို။မှိုက ခန္ဓါကိုယ်အတွက် အာဟာရ ပေးနိုင်သလို စိတ်ခံစားမှု ကောင်းစေဖို့အတွက်လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ မှို စားသုံးပေးတာက စိတ်ဓါတ်ကျတာကို ကာကွယ်ပေးသလို စိတ်ပူပန်မှုကို လျော့ကျစေနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-can-make-you-happy/
အမျိုးသားတွေက ဆေးကုသမှုခံယူဖို့ ဘာကြောင့်ဝန်လေးတာလဲ
သတိထားမိလားဗျ။ယောက်ျားလေးတွေဆိုတာ ပုံမှန်အချိန်ဆိုတာ သိပ်ကိုပွင့်လင်းနေသလောက် ဆရာဝန်နဲ့ ပြရမှာ သိပ်ရှက်၊ သိပ်ကြောက်၊ သိပ်ဝန်လေးတတ်ကြတာနော်။ ပုံမှန်အချိန် တိုးတိုးတိတ်တိတ်နဲ့ ရှက်နေတတ်တဲ့ မိန်းကလေးတွေတောင်မှ တစ်ခုခု အရေးနဲ့အကြောင်းနဲ့ဆိုရင်ဆရာဝန်ဆီချက်ချင်းပြေးတတ်ကြပေမယ့် ယောက်ျားလေးတွေကတော့ ဆန့်ကျင်ဘက်ပါပဲ။ ဒါဆို အမျိုးသားတွေက ဆေးကုသမှုခံယူဖို့ ဘာကြောင့်ဝန်လေးတာလဲ ဆိုတာကို ကြည့်လိုက်ရအောင်နော်။အမျိုးသားတွေက ဆေးကုသမှုခံယူဖို့ ဘာကြောင့်ဝန်လေးတာလဲ ….. ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။၁။ ကျန်းမာရေးဗဟုသုတမရှိခြင်း။ကျွန်တော်တို့နိုင်ငံမှာစိတ်၊ကိုယ်၊ လိင်နဲ့ပတ်သက်ပြီး ကျန်းမာရေးဗဟုသုတ သိထားတာလည်း အရမ်းနည်းသလို သိဖို့လည်း မကြိုးစားပါဘူး။ ဒါက အဆိုးရွားဆုံးပြဿနာပါပဲ။ ကျန်းမာရေးဗဟုသုတမရှိတော့ ကိုယ့်မှာ ဝေဒနာခံစားနေရရင်တောင် ငါဘာဖြစ်နေတာလဲဆိုတာ သေချာမသိတော့ဘူး။ အဲ့အခါကျ စောစောကုလို့ ပျောက်မယ့်ရောဂါက အချိန်တွေလွန်ပြီးမှ မကူနိုင် မကယ်နိုင်ဖြစ်တော့ အကုန်ဒုက္ခရောက်ရတော့တာပေါ့။၂။ ဆေးမြီးတိုတွေ များလာခြင်း။ရောဂါတစ်ခုခု ဖြစ်ပြီဆိုရင် ဆရာဝန်နဲ့ ပြဖို့အရင်မပြောဘဲနဲ့ ဘာအရွက်ကလေး ပြုတ်သောက်လိုက်ပါလား၊ ဘယ်အမြစ်ကို သွေးပြီးသောက်ရင် အားရှိတယ် အစရှိသဖြင့် ဆေးမြီးတိုတွေ သိပ်ကိုများလာတာပါ။ ဝေးဝေးမကြည့်ပါနဲ့။ ကျွန်တော်တို့ Hello ဆရာဝန်ရဲ့ ဆေးပညာဆောင်းပါးအောက်မှာတောင် ဒီလိုမျိုး ပြောနေကြတာ အများကြီးပါပဲ။ အဲ့တော့ သေချာသုတေသန လုပ်ထားတာလည်း မရှိဘဲ ရမ်းပြောနေတဲ့ ရမ်းကုတွေကြောင့်ပဲ ဆရာဝန်နဲ့ ပြဖို့ စိတ်မပါတော့တာတွေလည်း အများကြီးပါပဲ။၃။ ယောက်ျားမာန။ယောက်ျားတွေရဲ့ တစ်လွဲမာနက ဒီနေရာမှာတော့ သိပ်ကို ဒုက္ခပေးတယ်ဗျ။ ငါက ယောက်ျားပဲ၊ အိမ်ထောင်ဦးစီးပဲဆိုပြီး ဆေးကုသမှုခံယူရမယ့် အရေးကို မခံယူဘဲ သူ့ဘာသာပျောက်သွားမှာပါကွာဆိုပြီး ပေပေတေတေ နေလိုက်တဲ့ ဗီဇပါ။ အဲ့ဗီဇက ကြီးစိုးသွားတဲ့အခါ ရောဂါဖြစ်လည်း ဘာအရေးလဲ၊ အချိန်တန်ရင် သူ့ဘာသာသက်သာသွားလိမ့်မယ်ဆိုပြီး ပစ်ထားလိုက်ရင်းကနေ ကုမရတဲ့အခြေအနေထိ ရောက်လာကြတာပါ။ နောက်တစ်ချက်ကတော့ ဆေးကုသမှုခံယူခြင်းကို ပျော့ညံ့တယ်လို့ ခံယူလိုက်တာပါ။ ယောက်ျားဆိုတော့ ကိုယ့်မိသားစုရှေ့မှာ ပျော့ညံ့တဲ့ပုံစံကို မမြင်စေချင်ဘူးဆိုတဲ့ တစ်လွဲမာနနဲ့ ဆရာဝန်နဲ့ လာပြဖို့တောင် ခပ်ရှောင်ရှောင်ဖြစ်သွားကြပါတယ်။၄။ အကောင်းကြီးပဲ ရှိပါသေးတယ်ကွာ။ကိုယ့်မှာရောဂါလက္ခဏာတစ်ခုခု ပြလာတဲ့အခါ ဘေးလူတွေက မြင်လို့ စိတ်ပူတဲ့အနေနဲ့ ဆရာဝန်သွားပြဖို့ အကြံပေးပြီဆိုရင် ဒီလိုစကားမျိုးနဲ့ ပြန်လည်ချေပတတ်ကြပါတယ်။ တစ်ခါတလေကျကိုယ်ခံအားကောင်းနေသေးလို့၊ ရောဂါမပြန့်သေးလို့ အကောင်းကြီးအတိုင်းလို့ ထင်ရပေမယ့် တကယ်တမ်း ဓာတ်မှန်ရိုက်တာ၊ ဆေးစစ်တာမျိုး မလုပ်ဘဲ ကိုယ့်မှာဘာရောဂါမှမရှိဘူးလို့ အတိအကျပြောလို့မရပါဘူး။၅။ မသိစိတ်ထဲက ကြောက်တာ။ယောက်ျားတွေကို အကြောက်တရားမရှိဘူးထင်ရင် အမှားကြီးမှားသွားပါလိမ့်မယ်။ မိန်းမတွေက သိစိတ်မှာဖြစ်နေတဲ့ အကြောက်တရားကို ပေါ်ပေါ်တင်တင် ပြတတ်ပေမယ့် ယောက်ျားတွေကတော့ စိတ်ထဲမှာဖြစ်နေတဲ့ကြောက်ရွံ့ခြင်းကို တော်တော်လေးကို ဖုံးထားနိုင်ကြပါတယ်။ အဲ့လိုကြောက်နေပေမယ့်လည်း မကြောက်ပါဘူးလို့ တင်းခံရင်းကနေ ဆရာဝန်နဲ့မပြ၊ ဘယ်သူနဲ့မှလည်း မတိုင်ပင်ဘဲ ကြိတ်မှိတ်ပြီး နေချလိုက်တာမျိုးပေါ့။ တချို့ကျတော့လည်း ဆေးစစ်ချက်မသိခင်က အကောင်းသား၊ အဖြေထွက်လာလို့ ရှိလာနိုင်တဲ့ရောဂါတွေကို ကြိုတွေးပူပြီး ပိုဆိုးသွားမယ်ထင်ကြတာလည်း ပါတာပေါ့ဗျာ။ယောက်ျားတွေမှာ အဖြစ်အများဆုံးဆိုရင် လိင်ကျန်းမာရေးပြဿနာပါပဲ။ လိင်တံကောင်းစွာ မထောင်မတ်နိုင်တာ၊ သုက်လွှတ်စောတာ၊ သုက်လွှတ်ရန်ကြာတာ၊ လိင်စိတ်နည်းလာတာ၊ လိင်မှတစ်ဆင့်ကူးစက်ရောဂါ အစရှိသဖြင့်ပေါ့။ တချို့တွေကျတော့လည်း ဖြစ်ပြီးသွားတော့မှ ကြောက်လန့်တကြားဖြစ်ပြီး ရင်ပူနေတတ်ကြပါတယ်။နောက်တစ်ခါ စိတ်ကျန်းမာရေးအလှည့်ပါ။ အပြင်ပိုင်းမာကျောလွန်းပါတယ်ဆိုတဲ့ အမျိုးသားတွေလည်း လောကဓံရဲ့ တိုက်စားခံရမှုမှာ အနည်းငယ်တော့ ပွန်းပဲ့ထိခိုက်မိတာပါပဲ။ ဘယ်လောက်ပဲ စိတ်ဓါတ်ကြံ့ခိုင်နေပါစေ၊ စိတ်ကျန်းမာရေးပြဿနာဆိုတာ ဒီဘက်ခေတ်မှာ အသက်အရွယ်၊ ကျား၊ မ မရွေး ခံစားနေရပါတယ်။အဆုံးသတ်ကတော့ ကိုယ်ခန္ဓာရဲ့ ကျန်းမာရေးပါ။ ကိုယ့်မှာတော့ ရောဂါလက္ခဏာတွေ ပြတာမျိုးရှိတယ်။ ဒါပေမယ့် သတိမထားမိသလို သတိထားရင်တောင် ဘာဖြစ်တာမှန်း ကိုယ့်ကိုယ်ကိုယ်လည်း မသိဘူး၊ ဘေးပတ်ဝန်းကျင်ကလူတွေလည်း မသိဘူး၊ ဆရာဝန်ပြရမှာလည်း ဝန်လေးတော့ ရောဂါကို ပိုးမွေးသလို မွေးလိုက်တယ်။ ဒါရဲ့ အဆုံးသတ်ကတော့ ရောဂါက ကုသမရလောက်တဲ့အထိ ကျွမ်းသွားတာပါပဲ။၁။ အရင်ဆုံး ကျန်းမာရေးနဲ့ပတ်သက်ပြီး ဗဟုသုတတွေကို လိုက်လံရှာဖွေပါ။ ဗဟုသုတတွေ များလေလေ ကိုယ့်အတွက်ရော၊ ကိုယ့်မိသားစုပတ်ဝန်းကျင်အတွက် အကျိုးရှိလေလေပါပဲ။၂။ ကျန်းမာရေးကို အမြဲစစ်ဆေးပါ။ တစ်နှစ်ကို တစ်ကြိမ်လောက် ကျန်းမာရေးစစ်ဆေးတာမျိုးက လုပ်ကို လုပ်ပေးသင့်ပါတယ်။ အကယ်လို့ ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာတစ်ခုခုပေါ်လာတယ်လို့ ခံစားရရင် ဆရာဝန်နဲ့ ချက်ချင်းသွားပြပါ။ နေ့ရွှေ့ညရွှေ့ မလုပ်ပါနဲ့။၃။ ဆေးမြီးတိုများကို အယုံမလွယ်ပါနဲ့။၄။ ဘယ်လိုကျန်းမာရေးပြဿနာမျိုးပဲ ရှိနေပါစေ၊ ဆရာဝန်ကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ပါ။ သိလိုရာကို မေးပါ။ ကိုယ့်အနီးအနားမှာ ဆရာဝန်မရှိရင်တောင် ဆေးဘက်ဆိုင်ရာ အကြံပေးဝန်ထမ်းတွေရှိနိုင်ပါတယ်။ သူတို့တွေဆီကနေ အကြံဉာဏ်တောင်းခံကြည့်ပါ။၅။ နေ့စဉ်အစာအာဟာရကို စုံလင်စွာ စားသုံးပါ။ အိပ်ချိန်မှန်အောင် ဂရုစိုက်ပါ။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။၆။ ခံစားနေရတဲ့ ဝေဒနာနဲ့ပတ်သက်ပြီး မပေါ့ပါနဲ့။ စောစီးစွာသိရင် ကုသမှုခံယူဖို့၊ ပျောက်ကင်းသက်သာနိုင်ဖို့ အခွင့်အရေးပိုများတယ်ဆိုတာ အမြဲတမ်းသိထားပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/why-so-many-men-avoid-doctors/
ကလေးအာဟာရမှာ ဗီတာမင်နဲ့သတ္တုဓါတ်တွေပါဝင်ဖို့ဘာကြောင့်လိုအပ်တာလဲ
ဗီတာမင်ဆိုတာလူ့ခန္ဓါကိုယ်အတွက်မရှိမဖြစ်အရေးပါတဲ့အရာတွေပါ။ ဗီတာမင်နဲ့သတ္တုဓါတ်တွေက ခန္ဓါကိုယ်ရဲ့လုပ်ဆောင်ချက်တွေကောင်းမွန်ကျန်းမာစေဖို့ အဓိကအထောက်အကူပြုသလိုခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့၊အမြင်အာရုံဖွံ့ဖြိုးဖို့၊အရိုးသန်မာစေဖို့၊အရေပြားနဲ့ကိုယ်တွင်းအင်္ဂါကျန်းမာစေဖို့၊ရောဂါပိုးတွေကိုခုခံနိုင်ဖို့အတွက် ကူညီပေးပါတယ်။ ဒါ့ကြောင့် ဗီတာမင်နဲ့သတ္တုဓါတ်တချို့ကို ချို့တဲ့တဲ့အခါ ကျန်းမာရေးထိခိုက်မှုကြီးမားတဲ့အထိဖြစ်စေနိုင်ပါတယ်။ဖွံ့ဖြိုးကာစ ကလေးတွေအတွက်ဆို ပိုလို့တောင်အရေးကြီးပါသေးတယ်။ ကိုယ်ခန္ဓါဖွံ့ဖြိုးကြီးထွားဖို့နဲ့ကျန်းမာသွက်လက်ဖို့ကအစဉာဏ်ရည်ထက်မြက်မှုအထိ မရှိမဖြစ်လိုအပ်နေတဲ့ ဗီတာမင်ဓါတ်နဲ့သတ္တုဓါတ်တွေကို ဘယ်ကရရှိနိုင်မလဲ။ အာဟာရဓါတ်တွေညီညွတ်မျှတအောင် အစုံမစားနိုင်သေးတဲ့အရွယ်ဖြစ်တာကြောင့် သူတို့ကိုကျွေးမယ့်အာဟာရထဲ ဗီတာမင်ဓါတ်ပြည့်ဝနေမှဖြစ်မှာပါ။မိခင်နို့မှာ အာဟာရပြည့်ဝတယ်ဆိုပေမယ့် မိခင်နို့အပြည့်အဝမရနိုင်တဲ့ကလေးတွေ ဗီတာမင်နဲ့သတ္တုဓါတ်အချိုးမျှတစွာသောက်သုံးနိုင်ဖို့ အာဟာရဓါတ်တွေအပြည့်အဝပါဝင်နေတဲ့ကလေးနို့မှုန့်၊အာဟာရမှုန့်ကိုရွေးချယ်သင့်ပါတယ်။သူတို့လေးတွေစားမယ့် ကလေးအာဟာရထဲမှာ ဗီတာမင်ဓါတ်တွေဘာလို့ပါဝင်သင့်သလဲဆိုတာတော့အောက်မှာအသေးစိတ်ဖော်ပြလိုက်ပါတယ်။Iron။သံဓါတ်က သွေးတွင်းမှာရှိတဲ့ hemoglobin နဲ့ ကြွက်သားအတွင်းအောက်ဆီဂျင်ထိန်းသိမ်းပေးတဲ့myoglobinဖြစ်ပေါ်မှုအတွက် အရေးပါပြီးသွေးအားကောင်းစေပါတယ်။Calcium။ကယ်လ်စီယမ်က အရိုးနဲ့သွားကို ကြံ့ခိုင်စေတယ်၊ အာရုံကြောအားကောင်းစေတယ်၊ ကြွက်သားသန်မာစေတယ်၊သွေးလည်ပတ်မှုကောင်းစေတယ်၊ ခန္ဓါကိုယ်ကို အစားအစာကနေ ခွန်အားအဖြစ်ပြောင်းလဲနိုင်စွမ်းပိုကောင်းစေပါတယ်။Essential fatty acids(EFAs)။မရှိမဖြစ်လိုအပ်တဲ့fatty acidsတွေက ဆဲလ်တွေနဲ့ အာရုံကြောစနစ်ကို ကျန်းမာအောင် ထိန်းညှိပေးတယ်၊ နှလုံးသွေးကြောစနစ်ကိုကောင်းမွန်စေတယ်၊ကိုယ်ခံအားကောင်းစေတယ်၊ အာဟာရဓါတ်စုပ်ယူနိုင်စွမ်းကောင်းစေတယ်။ ဦးနှောက်လုပ်ဆောင်ချက်နဲ့ အမြင်အာရုံအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။Magnesium။မဂ္ဂနီဆီယမ်က အရိုးသန်မာစေပြီး နှလုံးခုန်သံပုံမှန်ဖြစ်အောင်ထိန်းပေးပါတယ်။ ကိုယ်ခံအားကိုကောင်းစေပြီး ကြွက်သားနဲ့အာရုံကြောလုပ်ဆောင်ချက်တွေကိုကောင်းစေပါတယ်။Potassium။ပိုတက်စီယမ်က ဆိုဒီယမ်နဲ့အတူ ခန္ဓါကိုယ်ရဲ့ရေဓါတ်ကိုထိန်းညှိပေးဖို့လုပ်ဆောင်ရင်းသွေးဖိအားကိုပုံမှန်ဖြစ်စေပါတယ်။ ကြွက်သားရဲ့လုပ်ဆောင်ချက်ကိုကောင်းမွန်စေပြီးကျောက်ကပ်ကျောက်တည်ခြင်းနဲ့အရိုးပွရောဂါကို ကာကွယ်ပေးပါတယ်။ဗီတာမင် A။ဗီတာမင် A က အရိုးဖွံ့ဖြိုးကြံ့ခိုင်ဖို့နဲ့ အမြင်အာရုံအတွက် အရေးကြီးတဲ့ဓါတ်တစ်မျိုးဖြစ်ပြီး ခန္ဓါကိုယ်ကိုရောဂါပိုးတွေရန်ကကာကွယ်ပေးပါတယ်။ ဆံပင်၊လက်သည်း၊အရေပြား စတဲ့ နေရာအစိတ်အပိုင်းတွေနဲ့ဆိုင်တဲ့ခန္ဓါကိုယ်ဆဲလ်တွေ၊တစ်ရှူးတွေကျန်းမာဖွံ့ဖြိုးမှုကိုမြှင့်တင်ပေးပါတယ်။ဗီတာမင် C။ဗီတာမင် C ကသွေးနီဥဆဲလ်တွေဖြစ်ပေါ်မှု၊အရိုးနဲ့တစ်ရှူးပြန်လည်ကောင်းမွန်ရေးကူညီထောက်ပံ့ပေးပြီး ကလေးရဲ့သွားဖုံးကို ကျန်းမာစေပါတယ်။သွေးကြောတွေကို ကျန်းမာစေပြီး အနာကျက်မြန်စေတယ်၊ ကိုယ်ခံအားကောင်းစေလို့ရောဂါဘယကင်းစင်စေပါတယ်။ ခန္ဓါကိုယ်မှာ သံဓါတ်စုပ်ယူနိုင်စွမ်းလည်းပိုကောင်းစေပါတယ်။ဗီတာမင် D။ဗီတာမင် Dကြောင့် ကယ်လ်စီယမ်လိုမျိုး သတ္တုဓါတ်တွေ စုပ်ယူနိုင်စွမ်းပိုကောင်းစေပြီး သွားနဲ့အရိုးကြံ့ခိုင်စေပါတယ်။ ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ဓါတ်ဖြစ်တဲ့အပြင် ကိုယ်ခံအားစနစ်၊ အင်ဆူလင်ထုတ်လုပ်မှုနဲ့ဆဲလ်တွေဖွံ့ဖြိုးမှုမှာဟော်မုန်းတစ်ခုလို လုပ်ဆောင်ချက်ရှိပါတယ်။ဗီတာမင် E။ဆဲလ်တွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ free radicalsတွေထွက်ရှိမှုကို ထိန်းချုပ်ကန့်သတ်ပေးပါတယ်။ ကိုယ်ခံအားစနစ်အတွက် အရေးပါသလို မျိုးဗီဇဆဲလ်တွေပြန်လည်ပြုပြင်ကောင်းမွန်စေရေးနဲ့ တခြားဇီဝကမ္မဖြစ်စဉ်တွေမှာထောက်ပံ့ကူညီပေးပါတယ်။Zinc။ဇင့်ဓါတ်ကရောဂါပိုးတွေရန်က ခုခံကာကွယ်ပေးနိုင်တဲ့သွေးဖြူဥဆဲလ်တွေထုတ်လုပ်မှုကို ကူညီပေးတဲ့အပြင် ခန္ဓါကိုယ်ဆဲလ်တွေရဲ့ဖွံ့ဖြိုးမှုနဲ့ပြုပြင်ကောင်းမွန်ရေးတို့မှာ မရှိမဖြစ်အရေးပါပါတယ်။ဗီတာမင် B အုပ်စု။ဗီတာမင် B အုပ်စုဝင်တွေဖြစ်တဲ့B2၊ B3၊ B6၊ နဲ့ B12 တို့က ခန္ဓါကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကိုအထောက်အကူပြုခြင်း၊ ခွန်အားတိုးစေခြင်း၊သွေးလည်ပတ်မှုကောင်းစေခြင်း၊ အာရုံကြောစနစ်ကိုအားကောင်းစေခြင်း အာနိသင်တွေရှိပါတယ်။folic acid အပါအဝင် ဗီတာမင် B အုပ်စုဝင်တွေဟာ အရေပြားနဲ့ကြွက်သားကျန်းမာကြံ့ခိုင်စေဖို့နဲ့ ဆဲလ်ဖွံ့ြုဖိုးမှုကိုထောက်ပံ့မြှင့်တင်ပေးပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%a1%e1%80%ac%e1%80%9f%e1%80%ac%e1%80%9b-%e1%80%97%e1%80%ae%e1%80%90%e1%80%ac%e1%80%99%e1%80%84%e1%80%ba/
ဦးနှောက်အကျိတ် ရောဂါလက္ခဏာတွေက ဘာတွေလဲ။
ဦးနှောက်အကျိတ်ဆိုတာဟာ ဦးနှောက်အတွင်းမှာ လုပ်ငန်းပိုင်းဆိုင်ရာသော်လည်းကောင်း ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ပွားများခြင်း ဖြစ်ပါတယ်။ ဦးနှောက်အကျိတ်မှာ ကင်ဆာဆဲလ်တွေရော ကင်ဆာဆဲလ်မဟုတ်တာတွေရော ပါဝင်နိုင်ပါတယ်။ သူတို့ဟာ ဦးနှောက်အတွင်းမှာ အစပြုနိုင်သလို တခြားနေရာတွေမှာဖြစ်ပွားပြီး ဦးနှောက်ကို ပြန့်ပွားရောက်ရတာမျိုး လည်းဖြစ်နိုင်ပါတယ်။ဦးနှောက်အကျိတ်ဖြစ်ခြင်းရဲ့ အဓိက အကြောင်းရင်းက မသဲကွဲပေမယ့် ဦးနှောက်အကျိတ်ဖြစ်ပွားနှုန်းကို မြင့်တက်စေတဲ့ အချက်တွေ ရှိပါတယ်။ အသက်ကြီးခြင်း၊ ဓါတ်ရောင်ခြည်နဲ့ ထိတွေ့ခြင်း (သို့) သင့်မိသားစုမှာ ဒီလိုသေစေနိုင်တဲ့ ရောဂါရှိခြင်းတို့ပဲ ဖြစ်ပါတယ်။ဦးနှောက်အကျိတ်ရှိတဲ့ လူနာတွေမှာ အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။(၁) ခေါင်းကိုက်ခြင်း။ဒီခေါင်းကိုက်ခြင်းဟာ ပုံမှန်ခေါင်းကိုက်ခြင်းတွေထက် ပိုဆိုးပါလိမ့်မယ်။ ဦးနှောက်အကျိတ်ရှိသူတွေရဲ့ ငါးဆယ်ရာနှုန်းကျော်ဟာ ခေါင်းကိုက်ခြင်းနဲ့ အခြား လက္ခဏာတွေကို ခံစားရကြပါတယ်။ ခေါင်းကိုက်ခြင်းဟာ နာကျင်မှုကို သိလွယ်တဲ့ သွေးကြောတွေ၊ (သို့) အာရုံကြောတွေကို အကျိတ်က ဖိမိတာကြောင့် ဖြစ်နိုင်ပါတယ်။ ပုံမှန်ဆိုရင် ခေါင်းကိုက်ခြင်းဟာ ချောင်းဆိုးခြင်း၊ အော်ဟစ်ခြင်း၊ ကွေးခြင်း အစရှိတဲ့ လှုပ်ရှားမှုတွေ လုပ်ရင် ပိုဆိုးနိုင်ပါတယ်။(၂) တက်ခြင်း။လူနာတွေဟာ ကိုယ်ခန္ဓါ လုပ်ငန်းဆောင်တာတွေ ထိန်းချုပ်နိုင်မှု ပျောက်ဆုံးခြင်းနဲ့အတူ သတိမေ့ခြင်းနဲ့ ခန္ဓါကိုယ် ကြွက်သားတောင့်တင်းမှု ပျောက်ဆုံးခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ခြင်းဟာ အချိန်အကြာကြီး မဟုတ်ဘဲ ခန္ဓါကိုယ်က မထိန်းချုပ်ထားတဲ့ အလိုအလျောက်လှုပ်ရှားမှုတွေလဲ ဖြစ်တတ်ပါတယ်။ တက်ခြင်းဟာ သတိပမာဏ ပြောင်းလဲမှုနဲ့အာရုံခံစားနိုင်မှု ပျောက်ရှခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။ တက်ပုံတက်နည်းတွေကတော့ အကျိတ်ရဲ့ နေရာပေါ်မှာ မူတည်ပါတယ်။(၃) မှတ်ဉာဏ်ပျောက်ခြင်း။ဦးနှောက်အကျိတ်ရှိတဲ့ လူနာတွေမှာ အဖြစ်များတဲ့ လက္ခဏာကတော့ မှတ်ဉာဏ်ပျောက်ဆုံးခြင်းပဲ ဖြစ်ပါတယ်။ ခဏတာ မှတ်ဉာဏ်ပျောက်ဆုံးခြင်းဟာ အချိန်အကြာကြီး ပျောက်ဆုံးခြင်းထက် ပိုအဖြစ်များပါတယ်။(၄) မောပန်းလွယ်ခြင်း။ဦးနှောက်ကျိတ်ရှိတဲ့လူနာတွေဟာ စိတ်ကျခြင်းနဲ့ ဝမ်းနည်းခြင်းတွေ ခံစားရပါလိမ့်မယ်။ သူတို့ဟာ ပျော်ရွှင်မှုနဲ့ အခြားအရာတွေလုပ်ဖို့ စိတ်အားထက်သန်မှုတွေ ပျောက်ရှနိုင်ပါတယ်။(၅) မြင်နိုင်၊ ကြားနိုင်စွမ်း ပြောင်းလဲခြင်း။သူတို့ဟာ အကြားအာရုံပျောက်ရှခြင်း၊ အမြင်အာရုံချို့ယွင်းခြင်းနဲ့ နှစ်ထပ်မြင်ခြင်း အစရှိတဲ့ အခက်အခဲ တွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။(၆) စိတ်ကျခြင်း။စိတ်ကျတဲ့ လက္ခဏာတွေဟာ ဦးနှောက်ကျိတ်ရှိတဲ့ လူနာတွေမှာ အများဆုံးတွေ့ရပြီး အချိန်ကြာလာတာနဲ့ အမျှ ဖြစ်တဲ့ အကြိမ်ရေ ပိုများပြီး ပိုဆိုးလာတတ်ပါတယ်။ဦးနှောက်ကျိတ်ရှိတဲ့ လူနာတွေရဲ့ လေးပုံတစ်ပုံဟာ ပြင်းထန်တဲ့ စိတ်ကျခြင်းရဲ့ အဆင့်တွေကို ခံစားကြရပါတယ်။ ဒီလက္ခဏာတွေဟာ ဦးနှောက်အကျိတ်ကို ခွဲစိတ်ကုသမှုနဲ့ ဖယ်ထုတ်မှု ပြုလုပ်ထားတဲ့ လူနာတွေမှာလည်း တွေ့ရတတ်ပါတယ်။(၇) ခြေလက် အားနည်းခြင်း။အထိအတွေ့နဲ့ ဖိအားကို လက်ခံနိုင်စွမ်းစနစ်တွေ ချို့ယွင်းပြောင်းလဲလာတဲ့အတွက် လက်မောင်း (သို့) ခြေထောက်တစ်ဖက် အားနည်းလာနိုင်ပါတယ်။(၈) မျက်နှာခံစားဖော်ပြမှု ခက်ခဲခြင်း။ဦးနှောက်ကျိတ်ရှိတဲ့ လူနာတွေဟာ အစာမြိုချစဉ် အခက်အခဲဖြစ်ခြင်း၊ မျက်နှာကြွက်သားအားနည်းခြင်းနဲ့ထုံကျဉ်ခြင်းတွေ ဖြစ်တတ်ပါတယ်။(၉) မူးဝေခြင်း။အကျိတ်ဆဲလ်တွေ အမြောက်အမြား ပွားလာတာကြောင့် ဦးနှောက်ပေါ်မှာ သက်ရောက်တဲ့ ဖိအားလည်း မြင့်တက်လာပါလိမ့်မယ်။ ရလဒ်အနေနဲ့ ဦးနှောက်အကျိတ်ရဲ့ နောက်ပိုင်းအဆင့်တွေမှာ လူနာတွေဟာ ပုံမှန်ထက်ပိုအိပ်ပါလိမ့်မယ်။(၁၀) အမူအကျင့် ပြောင်းလဲခြင်း။ဦးနှောက်ကျိတ်ရှိတဲ့ လူနာတွေဟာ တစ်ချိန်တည်းမှာ အလုပ်တစ်ခုထက်ပိုပြီး လုပ်ဖို့ အလွန် အခက်အခဲတွေ့ပါလိမ့်မယ်။ သူတို့ဟာ ဒီအတွေးတွေထဲမှာပဲ တစ်ဝဲလည်လည်ဖြစ်နေပြီးတော့ ဘာကိုမှ အာရုံစိုက်လို့ရမှာ မဟုတ်တော့ပါဘူး။ဦးနှောက်အကျိတ်ဆိုတာဟာ ပြင်းထန်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အပြုအမူနဲ့ ပတ်သက်တဲ့ ပြောင်းလဲမှုတွေတွေ့ပြီဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/brain-tumors/%e1%80%a6%e1%80%b8%e1%80%94%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%a1%e1%80%80%e1%80%bb%e1%80%ad%e1%80%90%e1%80%ba-%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%9c%e1%80%80/
ဆေးဖက်ဝင် ပရဆေးပင် များနှင့် ကင်ဆာရောဂါ ကုသခြင်း
ဆေးဖက်ဝင် ပရဆေးပင် များသည် အစွမ်းသတ္တိရှိကြသည်။ လွန်ခဲ့သော အချိန်ကာလကတည်းက ဆေးဖက်ဝင်အပင်များကို ရောဂါ အမျိုးမျိုးကုသရာ၌ အသုံးပြုခဲ့ကြသည်။အပင်များ၏ အာနိသင်နှင့် ပတ်သက်သော သိပ္ပံနည်းကျသုတေသနများသည် အားနည်းနေသေးသော်လည်း အလားအလာကောင်းသော တွေ့ရှိချက်များက ထိုအပင်များ၏ကင်ဆာရောဂါကို ကုသနိုင်သော အာနိသင်ကို ဖော်ထုတ်ပြသလျက်ရှိသည်။ဆေးပြောင်းပန်းသည်Asteraceae မျိုးနွယ်ဝင်ဖြစ်ပြီး ရနံ့ရှိသော အပင်ဖြစ်သည်။ မြေပြန့်လွင်ပြင်ကျယ် ဒေသများ၊မြောက်အမေရိကတိုက် ၏ အရှေ့ဘက်ပိုင်းနှင့် ဥရောပ တိုက်တို့တွင်ပေါက်ရောက်သည်။Echinacea purpuea၊Echinaceaangustifoliaနှင့်Echinacea pallidaဟူသော မျိုးစိတ် ၃ ခုကို ဆေးဝါးအဖြစ်အသုံးပြုကြသည်။Echinaceapurpureaသည် သုတေသနနှင့် ဆေးဝါးကုသရာ၌ အသုံးအများဆုံးဖြစ်သည်။ ဆေးပြောင်းပန်းပင် ကို ခရမ်းရောင်ကုံးပန်းပင်၊Kanas snakeroot နှင့် Black Sampson ဟုလည်း ခေါ်သည်။ တိရစ္ဆာန်များတွင် သုတေသနပြုလုပ်ကြည့်ရာEchinacea purpureaသည် ကင်ဆာရောဂါကုသရာ၌ အာနိသင်ရှိသည်ကို တွေ့ရသည်။ထိုအပင်တွင် ပါဝင်သောဖလေဗိုးနွိုက် ဓါတ်ပေါင်းများ(Flavonoids)သည် ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်သည်ဟု ယုံကြည်ကြသည်။ ထို့ပြင်ကင်ဆာရောဂါအတွက် ဆေးဝါးကုထုံးနှင့်ဓါတ်ရောင်ခြည်ကုထုံး တို့၏ ဘေးထွက်ဆိုးကျိုးကိုလည်း ကာကွယ်ပေးနိုင်သည်။နောက်ဆုံးအဆင့် ကင်ဆာလူနာများတွင်လည်း သက်တမ်းကို ပိုမိုကြာစေနိုင်သည်။ကြက်သွန်ဖြူသည်လည်း ဆေးဝါးအဖြစ်အသုံးများသော အပင်တစ်မျိုးဖြစ်သည်။ ကြက်သွန်ဖြူတွင် ပါဝင်သောဆာလ်ဖာဓါတ်ပေါင်း Ajoene သည် ကင်ဆာဆဲလ်များ ထုတ်လုပ်မှုကို နှေးကွေးစေသည်။ ကင်ဆာကို တွန်းလှန်နိုင်သောအာနိသင်မှာ ထိုအပင်တွင်များပြားစွာ ပါဝင်သောဆာလ်ဖိုဒ် နှင့် ပိုလီဆာလ်ဖိုဒ် အော်ဂဲနစ် ဓါတ်ပေါင်း များမှလာသည်။သိပ္ပံပညာရှင်များက ကြက်သွန်ဖြူတွင်ပါဝင်သော ပစ္စည်းများသည် ကင်ဆာဆဲလ်များကို သေစေနိုင်ပြီး ထိုဆဲလ်များ၏ဇီဝကမ္မဖြစ်စဉ်ကို တားဆီးနှောင့်ယှက်နိုင်သည်ဟု ဆိုသည်။ ရင့်မှည့်ပြီး ကြက်သွန်ဖြူဥမှ ထုတ်ယူထားသော ဓါတ်ပေါင်းများသည် ကိုယ်ခန္ဓါဆဲလ်များ၏DNAပေါ်တွင် ကင်ဆာဖြစ်စေသောဓါတ်ပေါင်းများက ဖျက်ဆီးမှုကိုကာကွယ်ပေးသည်။ ခုခံအားစနစ်ကို အားပေးသည်။ကင်ဆာဖြစ်စေသော ဓါတ်ပေါင်းများ၏ စွန့်ထုတ်မှုကို အားပေးပြီးအဆိပ်အတောက်ဖြေသော အင်ဇိုင်းများ၏ အာနိသင်ကို တိုးတက်စေသည်။ ကင်ဆာဆဲလ်များ၏ ပြန့်နှံ့မှုကို နှေးကွေးစေခြင်းဖြင့် အူမကြီးကင်ဆာ၊အစာအိမ်ကင်ဆာ၊ရင်သားကင်ဆာ၊အဆုတ်ကင်ဆာနှင့် ဆီးအိမ်ကင်ဆာ တို့တွင် အကျိုးရှိစေပါသည်။နနွင်းပင်တွင် ကင်ဆာကိုဆန့်ကျင်သာအစွမ်းနှင့် ဓါတ်တိုးဆန့်ကျင်သော သဘာဝရှိသည့် ကာကူမင်(Curcumin)ဓါတ်ပေါင်းများစွာပါဝင်သည်။အဆုတ်ကင်ဆာ၊ရင်သားကင်ဆာ၊အရေပြားကင်ဆာ နှင့်အစာအိမ်ကင်ဆာတို့၏ ရောဂါတိုးတက်ပွားများခြင်းကို ဟန့်တားနိုင်သော အာနိသင်ရှိသည်။ကာကူမင် သည် အီကိုဆာဓါတ်ပေါင်းများ(ဥပမာ ပရော့စတာဂလန်ဒင် Prostaglandins E2)တို့ထုတ်လုပ်သည့် ဖြစ်စဉ်ကို ပြောင်းလဲစေပြီး ရောင်ရမ်းခြင်းကို သက်သာစေသည်။သုတေသနတစ်ခုတွင် ကာကူမင်သည် ကင်ဆာဆဲလ်များ၏ အစပျိုးခြင်း၊အဆင့်တက်ခြင်း၊ပြန့်ပွားခြင်းစသော အဆင့်အားလုံး၌ ကင်ဆာဆဲလ်များကြီးထွားမှုကို ဟန့်တားနိုင်သည်ဟု ဆိုပါသည်။ နနွင်းပင်သည် Nitrosamines ဟုခေါ်သော ဓါတ်ပေါင်းများ၏ထုတ်လုပ်မှုကို ဟန့်တားခြင်းဖြင့် ခန္ဓါကိုယ်တွင် သဘာဝအတိုင်း ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ကိုများပြားစေပါသည်။လက်ဖက်စိမ်းတွင် ပါဝင်သော ပိုလီဖီနောဓါတ်ပေါင်းများသည် ကင်ဆာကို ဆန့်ကျင်သော အာနိသင်ရှိသည်။ လေ့လာမှုအတော်များများတွင် လက်ဖက်စိမ်းက အဖုအကျိတ်များကို ဟန့်တား၍ ဆဲလ်များ၏ မျိုးရိုးဗီဇဆိုင်ရာပြောင်းလဲခြင်းဖြစ်စဉ်(ထွန်းခြင်း)(Mutation)ကိုဟန့်တားပေးသည်။Epigallocatechin(EGGG) ဟုခေါ်သော ဖီနောဓါတ်ပေါင်းသည်ဓါတ်တိုးဂုဏ်ရှိဓါတ်ပေါင်းများက ခန္ဓါကိုယ်ဆဲလ်များ၏ DNA ကိုပျက်စီးစေမှုမှု ကိုကာကွယ်ပေးသည်။တိရစ္ဆာန်များတွင်ပြုလုပ်သော သုတေသနများတွင် လက်ဖက်စိမ်းတွင်ပါဝင်သော ပိုလီဖီနောဓါတ်ပေါင်းများသည် ကင်ဆာဆဲလ်များ ပွားများခြင်းကို တားဆီးရုံမျှမက ကင်ဆာဆဲလ်များကိုသေသစေသောနိသင်ပါရှိသည်ဟုဆိုပါသည်။ထို့ပြင် လက်ဖက်စိမ်း၏အဖုအကျိတ်များကို တိုက်ဖျက်နိုင်သော အာနိသင်ကို အူမကြီးကင်ဆာနှင့်အစာအိမ်ဝေဒနာရှင် လူနာများတွင်လည်းလေ့လာတွေ့ရှိရသည်ဟု ဆိုပါသည်။ဆေးဖက်ဝင် ပရဆေးပင် များနှင့် ကင်ဆာရောဂါကို ကုသခြင်းမှာ ဖြစ်နိုင်ခြေများလှသော်လည်း သုတေသနများကား ထပ်မံပြုလုပ်ရန်လိုပါဦးမည်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/using-plants-in-cancer-rx-%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac-%e1%80%86%e1%80%b1%e1%80%b8%e1%80%96%e1%80%80%e1%80%ba%e1%80%9d%e1%80%84%e1%80%ba-%e1%80%95%e1%80%9b%e1%80%86%e1%80%b1%e1%80%b8/
ဆေးပေါင်းခပေမယ့် ကိုယ်ဝန်ဆောင်မေမေတွေ အလွန်အကျွံ မစားသင့်တဲ့ မယ်ဇလီဖူး
တန်ဆောင်မုန်းလပြည့်နေ့နဲ့ တွဲပြီးမြင်လေ့ရှိတဲ့ အစားအစာလေး တစ်ခု ရှိပါတယ်။ ဒါကတော့ မယ်ဇလီဖူးပါ။ မယ်ဇလီဖူးက ဆေးပေါင်းခတယ်။ ဆေးဖက်ဝင်တယ်ဆိုတော့ ကိုယ်ဝန်ဆောင်မေမေတွေရော ဆေးဖက်ဝင် အောင် ဆေးပေါင်းခမယ့် တန်ဆောင်မုန်းလပြည့်ညမှာ မယ်ဇလီဖူးသုပ်လေး စားလို့ ရမလားဆိုတာကို တွေးနေပြီလား! ဒါဆိုရင်တော့ မယ်ဇလီဖူးကို မစားခင် ဒီဆောင်းပါးလေးကို အရင်ဖတ်ပါဦးနော်။မယ်ဇလီဖူး ဆိုတာက မယ်ဇလီပင်ရဲ့ အဖူးပါ။ အဖူးဆိုတဲ့အတိုင်း အလုံးလေးတွေပါ။ အစိမ်းရောင်ရှိပြီး ပြုတ်လိုက်ပြီးရင်တော့ ခပ်ဝါဝါလေး ဖြစ်သွားပါတယ်။ ပြုတ်ပြီး တို့စားလို့ ရသလို သုပ်စားလို့လည်း ရပါတယ်။ဝမ်းနှုတ်ဆေးတွေထဲမှာ ထည့်သုံးလေ့ ရှိပါတယ်။ဆေးပေါင်းခဖို့ စားကြတဲ့ မယ်ဇလီဖူးလေးမှာ။တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး က။ဒီလောက်အကျိုးကျေးဇူးများတော့ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက်မယ်ဇလီဖူးလေး စားလို့ မရဘူးလားလို့ မေးစရာ ရှိနိုင်ပါတယ်။ အဖြေလေးကိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။မယ်ဇလီဖူးက ဝမ်းမှန်စေနိုင်တယ်။ဝမ်းချုပ်တာကို သက်သာစေနိုင်တယ် ဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကိုလည်း သက်သာစေနိုင်လောက်တယ်လို့ မေးစရာ ရှိနိုင်ပါတယ်။ဝမ်းချုပ်တာကို သက်သာစေဖို့ မယ်ဇလီဖူးကို အနည်းငယ် စားလို့ ရတယ်ဆိုပေမယ့် အများကြီး စားတာမျိုး မလုပ်သင့်သလို မစားခင်မှာလည်း ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဖို့ လိုပါမယ်။ ဘာကြောင့်လဲဆိုတော့ မယ်ဇလီဖူးမှာ ပါတဲ့ဓာတ်ကို ဝမ်းသွားစေတဲ့ ဆေးအနေနဲ့ အသုံးပြုကြလို့ ဖြစ်ပါတယ်။လေ့လာမှုတွေအရတော့ကိုယ်ဝန်ဆောင်ချိန်မှာမယ်ဇလီဖူးကို သင့်တင့်တဲ့ပမာဏ စားတာက မိခင်ရော ကလေးကိုပါ မထိခိုက်စေနိုင်ဘူးလို့ သိရပါတယ်။  နောက်ပြီး မယ်ဇလီဖူးက အသင့်အတင့်ပဲ စားမယ် ဆိုရင်တော့ ကိုယ်ဝန်ဆောင်မေမေကို ထိခိုက်တာမျိုး မရှိသလို ဗိုက်ထဲက ဘေဘီလေးရဲ့ ကြီးထွားမှုကိုလည်း ထိခိုက်စေတာမျိုး မရှိပါဘူး။ကိုယ်ဝန်ဆောင်ချိန်မှာ မယ်ဇလီဖူးကို စားပေးတာက သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပြီး သွေးသန့်စေဖို့ ထောက်ကူပေးနိုင်ပေမယ့် အလွန်အကျွံ စားမယ်ဆိုရင်တော့သားအိမ်ကြွက်သား ကျုံ့ဆန့်တာမျိုး ကို ဖြစ်စေနိုင်သလို လမစေ့ဘဲ မွေးဖွားတာမျိုးလည်း ဖြစ်စေနိုင်ခြေ ရှိတယ်လို့ ဆိုတာကြောင့် သတိထားဖို့  လိုပါမယ်။ကိုယ်ဝန်ဆောင်ချိန်အပြင် ဘေဘီလေးကိုမိခင်နို့ချို တိုက်ကျွေးနေရမယ် ဆိုရင်လည်း မယ်ဇလီဖူးကို အလွန်အကျွံ မစားသင့်ပါဘူး။ နောက်ပြီး အပေါ်မှာ ပြောခဲ့သလိုပဲ မစားခင်မှာ ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဖို့ လိုပါမယ်။နောက်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာမှ မဟုတ်ဘဲ သာမန်အချိန်မှာတောင် မယ်ဇလီဖူးကို အလွန်အကျွံ စားမယ်ဆိုရင် –။ဒီလောက်ဆိုရင် ဆေးပေါင်းခပေမယ့် ကိုယ်ဝန်ဆောင်မေမေတွေ အလွန်အကျွံ မစားသင့်တဲ့ မယ်ဇလီဖူး အကြောင်း ပြည့်ပြည့်စုံစုံ သိလောက်ပါပြီ။# ဘေဘီလေး မျက်နှာကို ဘယ်နေ့မှာ မြင်တွေ့ရမလဲဆိုတာကို မေမေကိုယ်တိုင် တွက်ချက်လိုက်ပါ!။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/can-senna-buds-eat-during-pregnancy/
မျက်ခမ်းလှုပ်နေတာ ကံဆိုးမှု နိမိတ်လေလား!
မြန်မာလူမျိုး တော်တော်များများက အသားလှုပ်နိမိတ်ကို ယုံကြည်ကြသလို မျက်ခမ်းလှုပ်တယ်၊ မျက်ခုံးလှုပ်တယ်ဆိုရင် စိတ်မကောင်းစရာ၊ စိတ်ဒုက္ခဖြစ်စရာတွေကို ခံစားကြုံတွေ့ရတော့မယ်ဆိုတဲ့ နိမိတ်လို့ ယုံကြည်ကြပါတယ်။ တကယ်ပဲ မျက်ခမ်းလှုပ်နေတာ ကံဆိုးမှု နိမိတ်လေလား! ပေါ့။ ပရိသတ်ကြီးရော ဘယ်လို ထင်လဲ!။မျက်ခမ်းလှုပ်တယ်ဆိုတာက အဖြစ်များတဲ့ကျန်းမာရေးပြဿနာတစ်ခုပါ။ မျက်ခမ်းလှုပ်တာက တစ်ခါတလေမှာမျိုးရိုးလိုက်တာမျိုး ဖြစ်နိုင်ပါသေးတယ်။တကယ်ကတော့ မျက်ခမ်းလှုပ်တယ်ဆိုတာကမျက်လုံးတဝိုက်က ကြွက်သားလေးတွေက အရမ်း ပင်ပန်းလွန်းတာမျိုး ဖြစ်တဲ့ အချိန်တွေနဲ့ အိပ်ရေးပျက်တာ များတာမျိုး အချိန်တွေမှာ ခံစားရနိုင်တဲ့ မျက်လုံးပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ တစ်ခုပါ။မျက်ခမ်း လှုပ်တာကနေ့စဉ်ဘဝရဲ့ အလေ့အထတွေကြောင့် မျက်လုံးကြွက်သားတွေအပေါ်မှာ သက်ရောက်နေတဲ့ ကျန်းမာရေး အကျိုးဆက်လေး တစ်ခုပါ။  မျက်လုံးတဝိုက်က ကြွက်သားတွေက ထိန်းချုပ်လို့ မရဘဲ အလိုလို လှုပ်သွားတာမျိုးပါ။မျက်လုံးက တစ်ခုခုကိုအာရုံစိုက်လိုက်ချိန်မှာ ပိုပြီး ပြင်းထန်တာကို ခံစားရနိုင်ပါတယ်။ မျက်ခမ်းလှုပ်တာက ကံဆိုးမှုကြောင့် မဟုတ်ဘဲ အခုလို အခြေအနေတွေကြောင့် လှုပ်ရတာပါ။ ဘယ်လို အချက်တွေလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ရအောင် နော်။စိတ်ဖိစီးတာ။စိတ်ဖိစီးတွေ အရမ်းများနေတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်တာမျိုး ဖြစ်စေနိုင်သလို သွေးတိုးတာ၊အိပ်ရေးပျက်တာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီအချက်တွေအပြင်စိတ်ဖိစီးမှုများလာတာက မျက်လုံးကြွက်သားတွေ အပေါ် သက်ရောက်မှု ဖြစ်ပြီးမျက်ခမ်းလှုပ်တာကိုလည်း ခံစားရနိုင်ပါတယ်။ဒါကြောင့် မျက်ခမ်းလှုပ်လာပြီဆိုရင် ကံမကောင်းတဲ့ နိမိတ်လေလားလို့ မတွေးခင် စိတ်ဖိစီးစရာတွေ များနေပြီလားဆိုတာကို အရင်ဆန်းစစ်ကြည့်ပါလို့ ပြောချင်ပါတယ်။မျက်စိညောင်းတာ။တစ်နေကုန် ဖုန်းသုံး၊ ကွန်ပျူတာသုံးနဲ့ စခရင်မ်တိုင်းမ်များနေတာမျိုး၊ စာတွေကို တစ်ချိန်လုံး ဖတ်နေရတာမျိုးတွေက မျက်လုံးတွေကို ညောင်းညာစေပြီး နေ့စဉ်ရက်ဆက် ဒီလို အခြေအနေတွေကို ခံစားရချိန်မှာ မျက်ခမ်းလှုပ်တာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် တစ်ခါတလေမှာ မျက်ခမ်းလှုပ်တာကscreen time များနေတာကြောင့် ဖြစ်နိုင်ပါတယ်။ကဖင်းနဲ့ ဆေးဝါး အချို့ကြောင့်။ကဖင်းပါတဲ့ အစားအစာတွေ ဖြစ်တဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်၊ ကိုလာ စတာတွေလိုမျိုး ကဖင်း ပါဝင်နေတဲ့ အစားအစာတွေကို စားတာ၊ အချို့သော ဆေးဝါးတွေကို သောက်သုံးနေရတာကလည်းမျက်သားတွေကို လှုပ်တာမျိုး ခံစားရနိုင်ပါတယ်။မျက်သားခြောက်တာ။မျက်လုံးတွေ ခြောက်တာ၊ မျက်သားခြောက်တာနဲ့ မျက်ရည်ခမ်းတာတွေကလည်း မျက်ခမ်းလှုပ်တာကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် မျက်စဉ်းလေးကို ပုံမှန်လေး ခတ်ပေးတာမျိုး မျက်ရည်တုလေး ထည့်ပေးတာမျိုး လုပ်ပေးကြည့်ပါ။အိပ်ရေးပျက်တာ။ညဘက်တွေမှာ အိပ်စက်ချိန် ပြည့်ပြည့်ဝဝ မရတာက အိပ်ရေးပျက်တာကို ခံစားရစေနိုင်ပါတယ်။ ဒီလို အိပ်ရေးပျက်တာမျိုး များလာတဲ့အခါ မျက်ခမ်းလှုပ်တာကိုလည်း ခံစားရစေနိုင်ပါတယ်။ဒီအခြေအနေကြောင့် မျက်ခမ်းလှုပ်တာကို သက်သာစေဖို့ဆိုရင် ညဘက်တွေမှာ အိပ်ရေးဝဝ အိပ်တာမျိုး လုပ်ပေးဖို့ လိုပါမယ်။တစ်ခါတလေမှာလည်း အကြောင်းရင်း မယ်မယ်ရရ မရှိဘဲ မျက်လုံးလှုပ်တတ်ပါတယ်။မျက်ခမ်းလှုပ်တာက သိပ်မပြင်းထန်တဲ့ အခြေအနေမျိုးမှာ အခုလို နည်းလမ်းလေးတွေနဲ့ သက်သာအောင် လုပ်ဆောင်လို့ ရပါတယ်။ ဒီတော့ မျက်ခမ်းလှုပ်နေတာက သိပ်မပြင်းထန်ဘူးဆိုရင်တော့ –။ဒီနည်းလမ်းတွေ လုပ်ကြည့်ပေမယ့် မသက်သာဘူး။ အရမ်းပြင်းထန်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်ဖို့ လိုပါမယ်။# မျက်လုံးလေးကို တန်ဖိုးထားပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/is-eyelid-myokymia-sign-of-unlucky/
Disseminated Intravascular Coagulation (သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်း)
သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်း သည် တကိုယ်လုံးတွင်ရှိသော သေးငယ်သောသွေးကြောများတွင် သွေးခဲမှုဖြစ်ပေါ်ခြင်းဖြစ်သည်။ထိုသွေးခဲများသည် သွေးစီးဆင်းမှုကို လျော့နည်းစေခြင်း၊ ပိတ်ဆို့စေခြင်းဖြစ်စေကာ ခန္ဓာကိုယ်ရှိ အရေးပါသော အင်္ဂါ အစိတ်အပိုင်းများကို ပျက်စီးစေနိုင်သည်။သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်းဖြင့် သွေးထဲတွင်ရှိသော သွေးမွှားဥများနှင့် သွေးခဲစေသောအရာများ ကုန်ဆုံးသွားသည်။ သွေးမွှားဥများဆိုသည်မှာ သွေးကြောများပြတ်ခြင်း ဖြစ်ပါက အနာကျက်စေရန် ထိုနေရာတွင် လာရောက်စုဝေးပြီး သွေးတိတ်စေနိုင်သော ဂုဏ်သတ္တိရှိသည်။ သွေးခဲစေသော အရာများကိုလည်း ပုံမှန်သွေးခဲမှုဖြစ်စဉ်များတွင် လိုအပ်ပါသည်။သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်းဖြစ်လျှင် ထိုအရာများကုန်ဆုံးသွားခြင်းကြောင်း ခန္ဓာကိုယ်၏ အတွင်းနှင့် အပြင်တွင် သွေးထွက်လာပါသည်။ခန္ဓာကိုယ်၏ အတွင်းတွင်သွေးထွက်ခြင်းသည် ကိုယ်တွင်း အင်္ဂါများတွင် သွေးထွက်ခြင်းဖြစ်ပြီး ခန္ဓာကိုယ်၏ အပြင်တွင်သွေးထွက်ခြင်းသည် အရေပြားအောက်နှင့် ချွဲလွှာများတွင်သွေးထွက်ခြင်းဖြစ်သည်။ (ချွဲလွှာဟူသည် ကိုယ်တွင်းအင်္ဂါများ နှင့် နှာခေါင်း၊ ပါးစပ်စသည့် အခေါင်းပါသော အရာများကို ကာရံထားသော အလွှာဖြစ်သည်။)။သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်း သည်ခန္ဓာကိုယ်တွင် သွေးလွန်ကာ အသက်အန ္တရာယ်ရှိနိုင်သည်။သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်း သည်မည်သည့်အရွယ်တွင်မဆို ဖြစ်နိုင်ပါသည်။ ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ခန္ဓာကိုယ်ရှိနေရာ အတော်များများမှသွေးထွက်ခြင်းသည် တွေ့ရများသော ရောဂါလက္ခဏာဖြစ်ပြီး ချွဲလွှာများတွင်သွေးထွက်ခြင်း နှင့်ခန္ဓာကိုယ်၏ အပြင်တွင်သွေးထွက်ခြင်းတို့လည်းဖြစ်နိုင်ပါသည်။ ထို့ပြင်ခန္ဓာကိုယ်၏ အတွင်း ကိုယ်တွင်း အင်္ဂါများတွင် သွေးထွက်ခြင်းလည်းဖြစ်နိုင်ပါသည်။အခြားသောရောဂါလက္ခဏာများမှာ-။ကင်ဆာရောဂါသည်များ တွင်လည်း သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်းသည် တဖြေးဖြေးချင်းဖြစ်ကာ သွေးပြန်ကြောများတွင် သွေးခဲခြင်းပိုဖြစ်ပြီး သွေးထွက်လွန်နိုင်ပါသည်။ သင့်ရောဂါလက္ခဏာများနှင့် ပတ်သက်ပြီး စိုးရိမ်ပါက ဆရာဝန်ထံပြသပါ။(အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)။ရောဂါကို စောစီးစွာသိရပြီး ကုသနိုင်ပါက ရောဂါပိုမဆိုးလာစေရန် နှင့် အရေးပေါ်ကျန်းမာရေးပြသနာများ မကြုံလာစေရန် ကူညီပေးပါသည်။ ထို့ကြောင့် နှောင့်နှေးမနေဘဲ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။သွေးခဲခြင်းဖြစ်စဉ်သည် အလွန်လျှင်မြန်စွာဖြစ်ခြင်းကြောင့် ထိုရောဂါဖြစ်ခြင်းဖြစ်သည်။ ရောဂါပိုးကူးစက်ခံရခြင်း၊ ပြင်းထန်စွာထိခိုက်မိခြင်း (ဦးနှောက်ကို ထိခိုက်မိခြင်းနှင့် ကွဲကြေ ဒဏ်ရာများ)၊ ရောင်ရမ်းခြင်း၊ ခွဲစိတ်မှုများနှင့် ကင်ဆာရောဂါများသည် သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်းဖြစ်ရန် အားပေးသော အချက်များဖြစ်သည်။အဖြစ်နည်းစေသော အချက်များမှာ-။ထို့ပြင် သွေးလန့်ပြီး ရုတ်တရက် သွေးလည်ပတ်မှုရပ်သွားခြင်းကြောင့်လည်း သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်းကို ဖြစ်စေသည်။သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်း ကို ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်းကို သွေးထဲရှိ သွေးမွှားဥများ၊ သွေးခဲစေသော အရာများနှင့် သွေးထဲတွင်ပါဝင်ပေါင်းစပ်ထားသော အရာများကို စစ်ဆေးခြင်းဖြင့် သိနိုင်ပါသည်။ သို့သော် ထိုစစ်ဆေးမှုများသည် စံသတ်မှတ်ထားသော စစ်ဆေးမှုများ မဟုတ်ပါ။အောက်ပါ စစ်ဆေးမှုများသည် ဆရာဝန်က သင့်တွင် သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်းဖြစ်နေကြောင်း သံသယဖြစ်လျှင် ပြုလုပ်မည့် သွေးစစ်မှုများဖြစ်ပါသည်။သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်း ကိုဖြစ်စေသော အကြောင်းရင်းကို သိရှိပြီးကုသခြင်းသည် အဓိကရည်ရွယ်ချက်ဖြစ်ပါသည်။ သွေးခဲခြင်းကို ကုသရန်အတွက် Heparin အမည်ရှိ ဆေးဖြင့်ကုခြင်းဖြင့် သွေးခဲခြင်းကိုလျော့နည်းစေခြင်း၊ ကာကွယ်ပေးခြင်းဖြစ်စေသည်။သို့သော် သင့်တွင် သွေးမွှားဥများလွန်စွာလျော့နည်းနေခြင်း၊ သွေးထွက်လွန်နေခြင်းဖြစ်ပါက Heparin သည် အသုံးမဝင်ပါ။ရုတ်တရက် သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်းဖြစ်သူများသည် ဆေးရုံတက်ပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူရန် လိုပါသည်။အခြားသော ထောက်ပံ့ပေးသည့် ကုသမှုများမှာ-။နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့်သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်းဖြစ်သူများအတွက်ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။သင့်တွင် သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်းဖြစ်ပါက သင်ဆေးခန်းလာပြရမည့် အချိန်ဇယားနှင့် သွေးစစ်ရန်လိုအပ်သည်များကို သင့်ဆရာဝန်အား သေချာအောင်မေးမြန်းပါ။သွေးစစ်ခြင်းဖြင့် သင့်သွေးထဲတွင် သွေးခဲမှုပမာဏကို သိရှိနိုင်ပြီး သွေးခဲခြင်းကို ကာကွယ်နိုင်ရန်နှင့် သွေးခဲကြီးမလာစေရန် သွေးကျဲဆေးများ သောက်ရန်လိုအပ်လျှင် သောက်နိုင်သည်။ သွေးကျဲဆေးများသောက်နေပါက သင့်ဆရာဝန်အား အသိပေးပါ။ထိုဆေးများသည် သွေးကို အလွန်ကျဲသွားစေပြီး သွေးထွက်ခြင်း၊ သွေးခြေဥခြင်းတို့ဖြစ်နိုင်ပါသည်။ ချော်လဲပြီး ၊ ဒဏ်ရာရပြီး ချိန်တွင် ပုံမှန်ထက်ပိုပြီး သွေးထွက်ခြင်း၊ သွေးခြေဥခြင်းတို့ဖြစ်ခြင်းသည် သွေးကျဲခြင်း၏ လက္ခဏာများဖြစ်သည်။ထို့ပြင် သင်သည် တိုင်းရင်ဆေးများ၊ အားဖြည့်ဆေးများ နှင့် ဗီတာမင်ဆေးများ စသည့် ဆေးဆိုင်တွင် ဝယ်ကူနိုင်ေသော ဆေးများကို မသောက်မီ ဆရာဝန်အား အရင်မေးမြန်း သင့်သည်။ ထိုဆေးများသည် သွေးခဲခြင်းကို နည်းစေခြင်း၊ သွေးထွက်ခြင်းတို့ဖြစ်စေပါသည်။ဥပမာ – Aspirin, Ibuprofen စသည့်ဆေးများသည် သွေးအလွန်ကျဲစေကာ သွေးထွက်နိုင်ချေများစေပါသည်။သင်သည် ခွဲစိတ်မှုများပြုလုပ်ရမည်ဆိုပါက ခွဲစိတ်နေစဉ်နှင့် ခွဲပြီးချိန်တွင် သွေးထွက်လွန်ခြင်း မဖြစ်အောင် ဆရာဝန်က ဆေးများကို ညှိပေးပါလိမ့်မည်။ သွားနှင့် ပက်သက်သော ကုသမှုများသည်လည်း ထိုနည်းတူပင်ဖြစ်ပါသည်။ သို့သော် သွားနှင့် ပက်သက်သော ကုသများသည် အကြီးစားခွဲစိတ်မှုများထက်ပိုပြီး သွေးလွန်နိုင်ချေနည်းပါသည်။သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/other-blood-disorders/disseminated-intravascular-coagulation-%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8-%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8/
မိခင်နို့နဲ့နို့မှုန့်က ဒီလိုကွာခြားပါတယ်
မိခင်တိုင်းအတွက်ရင်သွေးနဲ့ပတ်သက်ပြီး အကြီးမားဆုံး ဆုံးဖြတ်ချက်ချရတဲ့အချိန်တစ်ချိန်က ကလေးကို မိခင်နို့ပဲတိုက်မှာလား ဒါမှမဟုတ် ကလေးကိုနို့ဘူးတိုက်မှာလားဆိုတာပါ။ မိခင်တိုင်းက ကိုယ့်ရင်သွေးကို ကျန်းမာပျော်ရွှင်တဲ့ကလေးအဖြစ်ကြီးပြင်းစေချင်ကြမှာပါ။ ဒါပေမယ့် အလုပ်တစ်ဖက်နဲ့ မေမေတွေအတွက်ကတော့ ရင်သွေးလေးကို တစ်ချိန်လုံး မိခင်နို့ပဲတိုက်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီတော့ နို့ဘူးအကူအညီခေါ်ရပြီပေါ့။ မိမိရင်သွေးကို နို့ဘူးတိုက်ဖို့စဉ်းစားနေတဲ့မေမေတို့ရေ ဘာလုပ်မယ်လို့ မဆုံးဖြတ်ခင်မှာ ဒီဆောင်းပါးလေးအရင်ဖတ်ကြည့်နော်။ကလေးအတွက် ခန္ဓာကိုယ်ကနေ အသင့်တော်ဆုံးဖြစ်မယ့် ပုံစံတစ်ရပ်နဲ့ ဖန်တီးထားတဲ့အာဟာရရင်းမြစ်တစ်ခုပေါ့။ ကလေးအတွက်လိုအပ်တဲ့အာဟာရတွေပါဝင်နေတဲ့အစားအစာတစ်ရပ်ပါ။ မိခင်နို့ထဲမှာ ကလေးကိုပြင်ပကရောဂါပိုးတွေ ကူးစက်ဝင်ရောက်မှုကနေ ကာကွယ်ပေးနိုင်တဲ့ ပဋိပစ္စည်းတွေ အများအပြားပါဝင်နေတာပါ။ ကမ္ဘာဦးစကတည်းက တိုက်ကျွေးလာတဲ သံသယ ဖြစ်ဖွယ်မရှိတဲ့ ကလေးတွေအတွက် အသင့်တော်ဆုံးအာဟာရပါ။မိခင်နို့တိုက်ကျွေးမှုက ကလေးငယ်မှာ –။ဒါတင်မကပါဘူး။ မိခင်နို့ပြည့်ဝစွာသောက်သုံးခွင့်ရတဲ့ ကလေးတွေကဉာဏ်ရည်ဉာဏ်သွေးပိုကောင်းကြသလို အသက်အရွယ်ရလာတဲ့အခါမှာလည်း အဝလွန်တာ၊အမျိုးအစား -၁ ဆီးချို၊အမျိုးအစား -၂ ဆီးချိုရောဂါ၊သွေးတိုး၊နှလုံးရောဂါ၊ သွေးတွင်းကိုလက်စထရောများတာ၊ကင်ဆာလိုမျိုးရောဂါတွေခံစားရနိုင်ခြေနည်းပါတယ်။မိခင်အနေနဲ့လည်း ကလေးကိုနို့ချိုတိုက်ကျွေးတာကြောင့်ရင်သားကင်ဆာ၊သားအိမ်ကင်ဆာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ၊ အမျိုးအစား -၂ ဆီးချိုရောဂါ၊ သွေးတိုး၊အရိုးပွရောဂါနဲ့ ကလေးမွေးဖွားပြီးနောက်စိတ်ကျရောဂါခံစားရမှုတွေကနေကင်းဝေးမှာပါ။ ဒီတော့မိခင်နို့တိုက်ကျွေးတာက win-win သီအိုရီပါ။နို့မှုန့်တွေက မကောင်းတာတော့မဟုတ်ပါဘူး။ နို့မှုန့်တွေက ကလေးအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်ဝအောင်ဖြည့်စွက်ထုတ်လုပ်ထားပေမယ့် မိခင်နို့မှာပါတဲ့ ပဋိပစ္စည်းတွေပါဝင်တာမျိုးတော့မရှိဘူးပေါ့။ ဒါပေမယ့် နို့မှုန့်တွေရဲ့ အားသာချက်က ကလေးဖျားနာတာမျိုးမဖြစ်စေဖို့အတွက် အထောက်အပံ့ဖြစ်စေမယ့် ဓာတ်တွေထည့်သွင်းထုတ်လုပ်ထားတာပါ။ တချို့နို့မှုန့်တွေထဲမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေမြင့်မားစွာပါဝင်နေတာကြောင့် အစာကြေခဲတဲ့အချက်တစ်ခုကတော့ သတိထားရမယ့်အချက်ပေါ့။ ဒါကြောင့် ကလေးကိုနို့မှုန့်တိုက်တဲ့အခါ အတိုင်းအချင့်သေချာအောင်တိုက်ပေးသင့်ပါတယ်။ နို့မှုန့်အများကြီးသောက်တဲ့အခါ ကလေးငယ်မှာလေပွတာ၊ဝမ်းချုပ်တာ၊အစာမကြေတာမျိုးတွေခံစားရနိုင်ပါတယ်။ ဒါကြောင့် နို့ဘူးတိုက်မယ်ဆိုရင် သေချာ ရွေးချယ်ပါ။ နို့ဘူးတိုက်တဲ့အခါနောက်ထပ်သတိထားရမယ့် အချက်တစ်ချက်က နို့ဘူးတွေကိုသေချာဆေးကြောသန့်စင်ဖို့ပါ။အာဟာရနဲ့အကျိုးကျေးဇူးကွာခြားချက်တွေရှိနေပေမယ့် နှစ်ခုစလုံးက ကလေးတွေအတွက် မကောင်းတာမရှိပါဘူး။ မိခင်နို့တိုက်ကျွေးမယ်ဆိုရင် ကလေးနဲ့မတည့်တာမျိုးတွေမစားမိဖို့ သတိထားရမှာဖြစ်သလို နို့မှုန့်တိုက်မယ်ဆိုရင်လည်း ကလေးရဲ့ အသက်အရွယ်နဲ့လိုက်တဲ့နို့မှုန့်ဖြစ်စေဖို့ သေချာသတိထားရွေးချယ်ရမှာပါ။ အရေးအကြီးဆုံးအချက်က ကလေးကျန်းမာဖွံ့ဖြိုးဖို့ပါ။ ဒီတော့ မိခင်နို့တိုက်မလား၊ နို့မှုန့်တိုက်မလား၊ နှစ်မျိုးစလုံးကို အချိုးညီညီတိုက်မလားဆိုတာကို ကိုယ်တိုင်ကိုယ်ကျဆုံးဖြတ်လိုက်ပါမေမေတို့ရေ…..။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/breastfeeding-vs-bottle-feeding/
သင့်သားသမီး မူးယစ်ဆေးသုံးစွဲနေကြောင်း ဘယ်လိုသိနိုင်မလဲ
မိဘတယောက် ဖြစ်ရတာ မလွယ်ပါဘူး။ သားသမီးတွေရဲ့ ပညာရေး၊ကျန်းမာရေး၊လူမှုရေးအားလုံးကို ဘက်စုံထောင့်စုံ လစ်ဟင်းမှုမရှိအောင် ဂရုစိုက်ရပါတယ်။ ဒီကြားထဲ အပေါင်းအသင်းမှားပြီး မူးယစ်ဆေးလက်တည့်စမ်းမှာ၊လမ်းမှားရောက်မှာကိုလည်း ပူရပါသေးတယ်။ မူးယစ်ဆေးဆိုတာ ခေတ်အဆက်ဆက်ရှိခဲ့ပြီး လုံးဝပပျောက်အောင် ပြုလုပ်ဖို့ မဖြစ်နိုင်သလောက် ခက်ခဲတဲ့အရာမို့ ကိုယ့်သားသမီးဖက်က သွားမပတ်သက်ဖြစ်အောင် ဂရုစိုက်ရပါမယ်။ ဒီအတွက် မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေအကြောင်းကို သင့်သားသမီးနားဝင်သဘောပေါက်အောင် ပညာပေးရှင်းပြပေးဖို့ လိုအပ်သလို ကိုယ့်ကလေး မူပျက်နေရင်လည်း သိနိုင်ဖို့အတွက် မူးယစ်ဆေးဝါးနဲ့ ဆိုင်တဲ့ ဗဟုသုတတွေကို သင့်ဖက်က သိရှိထားဖို့ လိုအပ်လှပါတယ်။ပထမဆုံးအနေနဲ့ ပြည်တွင်းမှာ အသုံးများတဲ့ မူးယစ်ဆေးဝါးတွေနဲ့ သူတို့ကို သုံးစွဲရင် ဖြစ်ပေါ်လာမယ့် လက္ခဏာတွေကို အရင်သိရှိထားသင့်ပါတယ်။၁။ ဘိန်းဖြူ။ဘိန်းဖြူအကြောင်းကိုတော့ အထူးတလည်မိတ်ဆက်ပေးစရာ လိုမယ်မထင်ပါဘူး။ သက်တော်ရှည်ဘိုးဘိုးကြီးလို့ ပြောရင်လည်း ရပါတယ်။ဘိန်းဖြူအသုံးပြုဖို့ လိုအပ်မယ့် ပစ္စည်းတွေ = ဘိန်းဖြူဟာ သူ့နာမည်အတိုင်း အဖြူမှုန့်လေးတွေဖြစ်ပြီး ပလတ်စတစ်အိတ်အကြည်အသေးလေးတွေနဲ့ ရောင်းလေ့ရှိပါတယ်။ ဘိန်းဖြူကို ဇွန်းထဲထည့်၊အောက်က မီးရှို့ပြီး အငွေ့ကိုရှုနိုင်သလို အရည်ဖျော်ပြီး ဆေးထိုးအပ်နဲ့ သွေးကြောထဲ ထိုးသွင်းလို့လည်း ရပါတယ်။ ဒါကြောင့် သင့်အိမ်မှာ၊သင့်သားသမီးရဲ့ အခန်းထဲမှာ ဆေးထိုးအပ်အဟောင်းတွေရှိနေသလား၊မီးမြှိုက်ထားတဲ့ ဇွန်းတွေရှိနေသလား စစ်ဆေးသင့်ပါတယ်။ဘိန်းဖြူအသုံးပြုခြင်းရဲ့ လက္ခဏာတွေ = ကျောင်းမှာ အဆင့်တွေကျလာမယ်၊ကျောင်းပြေးမယ်၊ခါတိုင်းနဲ့မတူ ဒေါသတွေကြီးမယ်၊ပေါက်ကွဲလွယ်မယ်၊အနေအထိုင် သန့်သန့်ပြန့်ပြန့်မရှိဘဲ ကပျစ်ကညစ်ဖြစ်လာမယ်၊အပြင်ထွက်ရင် နေမပူတာတောင် နေကာမျက်မှန်ကြီးတပ်မယ်၊(သွေးကြောထဲ ဆေးထိုးထားတဲ့ အပ်ရာတွေကို ကာဖို့အတွက်) အင်္ကျီလက်ရှည်တွေ အမြဲဝတ်မယ်၊ခိုးကြောင်ခိုးဝှက်ဖြစ်နေမယ်၊အပေါင်းအသင်းအသစ်တွေနဲ့ ပေါင်းလာမယ် (အရင်သူငယ်ချင်းတွေလို သေသေသပ်သပ် မရှိတဲ့ မိတ်ဆွေသစ်တွေ)၊အိမ်ကပစ္စည်းတွေကို ခိုးတတ်ဝှက်တတ်လာမယ်၊ငွေသုံးကြမ်းလာမယ် စသဖြင့်ပေါ့။၂။ ဆေးခြောက်။ဆေးခြောက်ဟာလည်း ဘိန်းဖြူလိုပဲ ဝါရင့်ဆရာကြီးတပါးပါ။ ဟိုးအရင်ကတည်းက ကာလသားတွေညဖက် ဟင်းချက်စားတယ်ဆိုပြီး ကြက်သားဗူးသီးနဲ့ ဆေးခြောက်အတွဲအစပ်ဟာ အင်မတန် နာမည်ကျော်ပါတယ်။ ယနေ့အချိန်ထိလည်း ဆေးခြောက်ဟာ ခေတ်စားနေဆဲဖြစ်ပါတယ်။ဆေးခြောက်အသုံးပြုဖို့ လိုအပ်မယ့် ပစ္စည်းတွေ = ဆေးခြောက်ဟာ လက်ဖက်ခြောက်နဲ့ ခပ်ဆင်ဆင် အစိမ်းရောင် အဖတ်ကလေးတွေ၊အမှုန့်လေးတွေဖြစ်ပြီး ဆေးပေါ့လိပ်ထဲ ထည့်သွင်းပြီး အများဆုံး အသုံးပြုလေ့ရှိပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ကျင့်မရှိတဲ့ ကိုယ့်သားသမီး ဆေးပေါ့လိပ်တွေ သောက်နေပြီ၊ခါတိုင်း စီးကရက်သောက်နေကျ ကလေးဟာ ဆေးပေါ့လိပ်တွေ ဆောင်ထားနေပြီဆိုရင်တော့ သတိထားသင့်ပါပြီ(ဆေးခြောက်ကို စီးကရက်ထဲ ထည့်လိပ်ဖို့ အဆင်မပြေတဲ့အတွက် ဆေးပေါ့လိပ်ထဲကိုပဲ ထည့်လိပ်လေ့ရှိပါတယ်)။ဆေးခြောက်အသုံးပြုခြင်းရဲ့ လက္ခဏာတွေ = သူငယ်အိမ်ကျယ်နေမယ်၊မျက်စိနီရဲနေမယ်၊မှတ်ဉာဏ်တွေ ထုံထိုင်းလာမယ်၊ခါတိုင်းထက် အစားပိုစား၊ပိုအိပ်မယ်၊ဝလာမယ်၊မျက်စဉ်းခတ်တာမျိုး၊နေလည်းမပူဘဲ နေကာမျက်မှန်ကြီးတကားကားလုပ်နေတာမျိုးတွေ ရှိလာမယ်၊ဆေးခြောက်အနံ့အသက်တွေရမယ်၊မျက်လုံးက ရီဝေဝေဖြစ်နေမယ်၊မျက်ရည်ပူတွေ ထွက်နေမယ်၊အကြောင်းရင်းမရှိ ရယ်နေမယ်၊စိတ်ခံစားမှုအပြောင်းအလဲမြန်လာမယ် စသဖြင့်ပေါ့။၃။ စိတ်ကြွရူးသွပ်ဆေးပြား။ဒီဟာကတော့ ခေတ်ပေါ်ဆေးဝါးတမျိုးပါ။ သူ့ရဲ့ ဓါတုဗေဒအမည်ကတော့ amphatamine ဖြစ်ပါတယ်။ ဆေးပြားပေါ်မှာ ရိုက်နှိပ်ထားတဲ့ အင်္ဂလိပ်စာလုံးနှစ်လုံးကို အစွဲပြုပြီးတော့ WY ဆေးပြားလို့လည်း ခေါ်တတ်ပါသေးတယ်။ဆေးပြားအသုံးပြုဖို့ လိုအပ်မယ့် ပစ္စည်းတွေ = ဆေးပြားကို သောက်လို့ရသလို အရည်ဖျော်ပြီး သွေးကြောထဲလည်း ထိုးသွင်းလို့ရသေးပေမယ့် အများဆုံးအသုံးပြုတဲ့ နည်းလမ်းကတော့ ရှုသွင်းတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ အသုံးပြုတဲ့နည်းလမ်းကို အသေးစိတ်မရေးပြတော့ဘဲ လိုအပ်တဲ့ပစ္စည်းတွေကိုသာ သိနိုင်အောင် မျှဝေသွားပါမယ်။ အကယ်၍ သင့်သားသမီးရဲ့ အခန်းထဲမှာပဲဖြစ်ဖြစ်၊ကားထဲမှာ၊အိမ်ထဲတနေရာရာမှာ ကိုယ်ထည်အပေါက်ဖောက်ထားတဲ့ ရေသန့်ဗူးတွေ၊ငါးကင်တဲ့ ခဲပတ်၊အအေးသောက်တဲ့ ပိုက်အတော်များများ စတာတွေကို တွေ့ရင်၊ချောကလက်နံ့သင်းနေတဲ့ ပလတ်စတစ်အိတ်အသေးလေးတွေ (လိုင်စင်ဓါတ်ပုံထည့်တဲ့ အိတ်အရွယ်လောက်ပေါ့)တွေ့ရင် သတိရှိပါတော့။ ဒါတွေဟာ စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲရာမှာ လိုအပ်တဲ့ အဆောင်အယောင်ပစ္စည်းတွေ ဖြစ်ပါတယ်။ဆေးပြားအသုံးပြုခြင်းရဲ့ လက္ခဏာတွေ = အစားအသောက်ပျက်မယ်(တရက်နှစ်ရောက်လောက် ဘာမှ မစားဘူး)၊ညည မအိပ်ဘူး၊ဟန်ပျက်နေမယ်၊အာခြောက်နေတဲ့ပုံပေါ်မယ်၊အအေး သို့မဟုတ် ရေ ခဏခဏသောက်မယ်၊ပုံမှန်ထက်ပိုပြီး လန်းဆန်းတက်ကြွနေမယ်၊တော်ရုံတန်ရုံ မမောဘူး၊အပင်ပန်းခံနိုင်မယ်၊ပိန်ချုံးသွားမယ်၊နှာခေါင်းပိတ်တဲ့ ပုံစံမျိုးဖြစ်နေမယ်၊ပါးစပ်ကနေ လေတွေကို မကြာခဏ စုပ်သွင်းနေမယ်စတဲ့ လက္ခဏာတွေကို အကဲခတ်ပါ။ ဆေးပြားရဲ့ အနံ့ဟာလည်း သိသာပါတယ်။၄။ ချောင်းဆိုးပျောက်ဆေး။ခေါင်းစဉ်များ မှားရေးမိသလားလို့ မထင်လိုက်ပါနဲ့။Dextromethorphan လို့ခေါ်တဲ့ ချောင်းဆိုးပျောက်ဆေးကို ဆယ်ကျော်သက်တွေ တလွဲသုံးလေ့ရှိကြပါတယ်။ ဒီဟာက အတော်လေးခွကျတဲ့ ပြဿနာပါ။ ချောင်းဆိုးပျောက်ဆေးဖြစ်တဲ့အတွက် ဈေးပေါပါတယ်၊အလွယ်တကူရနိုင်ပါတယ်၊လက်လှမ်းမှီပါတယ်။ အပေါ်က ဆေးတွေလို သုံးစွဲဖို့ ကရိကထလည်း မများပါဘူး။ ဒီဆေးဟာ ချောင်းဆိုးပျောက်ဆေးအဖြစ် တွင်ကျယ်စွာ အသုံးပြုရတဲ့ ဆေးဖြစ်ပေမယ့် ပမာဏများပြားစွာ သုံးစွဲမယ်ဆိုရင်တော့ အန္တရာယ်ရှိပါတယ်။Dextromethorphan ချောင်းဆိုးပျောက်ဆေးရဲ့ အဓိက လက္ခဏာက အချိန်ကြာမြင့်စွာအိပ်စက်ခြင်းပဲဖြစ်ပါတယ်။ စကားပြော လေးလံလာတာမျိုး၊မျက်လုံးကဏှာမငြိမ်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။အထက်မှာ ဖော်ပြခဲ့တဲ့ ဆေးတွေကတော့ လူငယ်တွေအကြား တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ ဆေးတွေပဲဖြစ်ပါတယ်။ ဒီစာရင်းမှာ မပါဝင်သေးတဲ့ ကိုကင်း၊ice လို့ခေါ်တဲ့ မူးယစ်ဆေးတမျိုး၊ectasy အစရှိတဲ့ မူးယစ်ဆေးဝါးတွေလည်း ကျန်ရှိပါသေးတယ်။ အဓိကကတော့ မိမိရဲ့ သားသမီး မူပျက်ခြင်းရှိမရှိ လေ့လာစောင့်ကြည့်ရမှာဖြစ်ပြီး ထူးထူးခြားခြား အသုံးအဆောင်တွေ၊အနံ့အသက်တွေကို သတိပြုသင့်ပါတယ်။ကိုယ့်သားသမီး မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်ခြင်းမှ ကင်းဝေးကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/mental-health-adolescents/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8-%e1%80%99%e1%80%b0%e1%80%b8%e1%80%9a%e1%80%85%e1%80%ba%e1%80%86%e1%80%b1%e1%80%b8%e1%80%9e-2/
ခါးဆစ်ချော်ခြင်းဖြစ်သူများတွင် မခွဲမစိတ်ဘဲ ကုသနိုင်သော နည်းလမ်းများ
အများစုသောခါးဆစ်ချော်ခြင်း ဝေဒနာခံစားနေရသူများသည် ခွဲစိတ်ကုသမှုခံယူရန် မလိုအပ်ကြပါ။ သောက်ဆေးစားခြင်း၊ လေ့ကျင့်ခန်း ကုထုံးများဖြင့်ကုသခြင်းအားဖြင့် အကျိုးရှိစေသလို စိတ်ချရပါသည်။ အောက်ပါဆောင်းပါးတွင် ခါးဆစ်ချော်ခြင်းဖြစ်သူများတွင် မခွဲမစိတ်ဘဲ ကုသနိုင်သော နည်းလမ်းများ နှင့် ပတ်သက်ပြီး ဖော်ပြသွားပါမည်။ခါးဆစ်ချော်ခြင်းဖြစ်သူများတွင် မခွဲမစိတ်ဘဲ ကုသနိုင်သော နည်းလမ်းများ အကြောင်း လေ့လာကြည့်ရအောင်နော်။ခွဲစိတ်ကုသခြင်းဖြင့် နာကျင်နေသော ပင်မနေရာကို ဖယ်ထုတ်လိုက်နိုင်ပါသည်။ မခွဲစိတ်ဘဲ ကုသခြင်းဖြင့် ခါးဆစ်ချော်ခြင်း ရဲ့ ဝေဒနာများဖြစ်သော နာကျင်ခြင်း၊ ထုံကျင်ခြင်းဝေဒနာများကို သက်သာစေမည်ဖြစ်ပါသည်။မခွဲစိတ်ဘဲကုသခြင်း၏ ရည်ရွယ်ချက်မှာ နာကျင်မှုကို သက်သာစေခြင်း၊ ပုံမှန်လှုပ်ရှားမှုများ ပြုလုပ်နိုင်ခြင်း၊ အကွေးအဆန့်ပြုလုပ်နိုင်ခြင်းတို့ဖြစ်စေသောကြောင့် မခွဲစိတ်ဘဲကုသနိုင်သော နည်းလမ်များသ်ည စနစ်တကျ လုပ်ဆောင်ပါက စိတ်ချရစေပါသည်။သင်သည် လှုပ်ရှားမှုများ ပြုလုပ်တိုင်းနာကျင်မှုကို ခံစားနေရလျှင် နာကျင်မှု သက်သာသွားချိန်အထိ အိပ်ရာပေါ်တွင် တစ်ရက် နှစ်ရက် အနားယူသင့်ပါသည်။ ထို့ပြင် ပက်လက်ကုလားထိုင်တွင် ထိုင်ခြင်း၊ လမ်းလျှောက်ခြင်း မတ်တပ်ရပ်ခြင်းတို့ကို မပြုလုပ်ဘဲနားထားခြင်းတို့ပြုလုပ်ရပါမည်။ သင်သည် လှုပ်ရှားမှုများ အားလုံးကို ရပ်ထားရန်မလိုပါ။ သင့်ကြွက်သားများကို ဒဏ်မဖြစ်စေသော လေ့ကျင့်ခန်းမျာ (ဥပမာ- ရေကူးခြင်း)ကို ပြုလုပ်ပေးခြင်းဖြင့် ခါးနာသောနေရာကို သွေးလည်ပတ်မှုကောင်းစေပြီး အနာသက်သာစေပါသည်။သင့်ခါးကို အလွန်အကျွံကွေးညွတ်ရသော လေ့ကျင့်ခန်းများနှင့် ကြွက်သားများကို ဒဏ်ဖြစ်စေသည့် ပြင်းထန်လေ့ကျင့်ခန်းများကို ရှောင်ကျဉ်သင့်ပါသည်။ထို့ပြင် ခါးနာသောနေရာကို အထောက်အပံ့ဖြစ်စေရန် ခါးစည်းအသုံးပြုခြင်းဖြင့် ခါးအနေအထားကိုလည်း မှန်ကန်စေပါသည်။ခါးဆစ်ချော်ခြင်းကြောင့် ခါးအရိုးနှင့် ဘေးတဝိုက်ရှိ တစ်သျူးများကို ရောင်ရမ်းစေပါသည်။ ထိုအခါ နာကျင်ခြင်း၊ ကသိကအောင့်ဖြစ်ခြင်းမျာဖြစ်လာခြင်း၊ လှုပ်ရှားလျှင် ပိုနာခြင်းတို့ ဖြစ်စေပါသည်။ သောက်ဆေးများသည် အရောင်ကျစေပြီး နာကျင်မှုများကိုလည်း သက်သာစေပါသည်။ ဆေးဆိုင်များတွင် သင်ကိုယ်တိုင်ဝယ်ယူနိုင်သော Ibuprofen, Naproxem နှင့် Acetaminiophen စသည့်ဆေးများကို သောက်နိုင်ပါသည်။ ထိုဆေးများနှင့် မသက်သာပါက ဆရာဝန် ညွှန်ကြားသည့်ဆေးများကို သောက်သင့်ပါသည်။ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ခြင်းသည် ခါးဆစ်ချော်ခြင်းအတွက် အများဆုံးပြုလုပ်သော ကုသမှုဖြစ်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် နာကျင်မှုများကို သက်သာစေပြီး ပုံမှန်အတိုင်း လှုပ်ရှားမှုများကို ပြန်လုပ်နိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ခါးတဝိုက်ရှိ ကြွက်သားများကို သန်မာစေသောကြောင့် (အထူးသဖြင့် နောက်ကျောနှင့် လည်ပင်းကြွက်သားများ)ကျောရိုးကို အနေအထားမှန်စေပါသည်။ကြွက်သားများကို ဆန့်ထုတ်ခြင်းဖြင့် သက်တောင့်သက်သာဖြစ်စေပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကို ပြုလုပ်နိုင်စေပါသည်။ ကာယလေ့ကျင့်ခန်းများကို နည်းပြဖြင့်သော်လည်းကောင်း၊ မိမိအိမ်တွင်လည်းကောင်းပြုလုပ်နိုင်ပါသည်။ သင်ဖြစ်နေသော ရောဂါ လက္ခဏာများ အပေါ်မူတည်ပြီး လေ့ကျင့်ခန်းပုံစံများ ကွာခြားသွားမည်ဖြစ်ပါသည်။ လေ့ကျင့်ခန်း တစ်ဖြတ်လျှင် ၆ ပတ်မှ ၁၂ ပတ်အထိ ကြာမြင့်နိုင်ပါသည်။နာကျင်သောနေရာကို အပူ သို့မဟုတ် အအေးကုထုံးဖြင့် ကုသနိုင်ပါသည်။ အအေးဖြင့် ကပ်ပေးခြင်းဖြင့် သွေးကြောများကို ကျဉ်းသွားစေပြီး ရောင်ရမ်းမှုကို လျှော့ချပေးပါသည်။ ထိုကုထုံးကို နာကျင်စေသော လှုပ်ရှားမှုများ ပြုလုပ်ပြီး ချိန်တွင် အသုံးပြုရပါသည်။ အပူသည် သွေးကြောများကို ကျယ်စေပြီး ရောဂါဖြစ်သောနေရာကို သွေးများများရောက်စေပါသည်။ ထို့ကြောင့် အနာကျက်မြန်စေပါသည်။အပူသို့မဟုတ် အအေးများကပ်ရာတွင် အရေပြားလောင်ကျွမ်းမှုမဖြစ်အောင် ကြားထဲတွင် အဝတ်စဖြစ်စေ တခုခုခံကပ်သင့်ပါသည်။အကြောပြင်ခြင်းဆိုသည်မှာ ကျောရိုးအနေအထားလွဲနေသောနေရာ၊ ပုံမှန်အတိုင်းမလှုပ်ရှားနိုင်သော နေရာများကို လက် သို့မဟုတ် အကြောပြင်ပစ္စည်းကိရိယာဖြင့် အကြောပြင် ကုသခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ထိုသို့ပြုလုပ်လျှင် အကျောဆစ်များနှင့် ကြွက်သားများတွင် အနည်းငယ် နာကျင်နိုင်ပါသည်။နာကျင်မှုများ မခံမရပ်နိုင်အောင်ဖြစ်လာသောအခါ ခါးအဆစ်ထဲသို့ စတီးရွိုက်အရောင်ကျဆေး ထိုးခြင်းနည်းဖြင့် သက်သာအောင် ပြုလုပ်နိုင်ပါသည်။ ထိုနည်းကို ခွဲစိတ်ကုသ၍ကောင်းလာနိုင်ချေမရှိသော သူများတွင်လည်း အသုံးပြုပါသည်။ရောင်ရမ်းမှုများကို လျော့ကျစေရန် ခါးအဆစ်များအတွင်သို့ အရောင်ကျဆေးထိုးခြင်းဖြစ်ပြီး ထိုသို့ ပြုလုပ်ရန် မိနစ် ၃၀ ခန့်ကြာပါသည်။ ဆေး၏အရှိန်သည် ရပ်သတ္တပတ်များစွာမှ နှစ်ချီသည်အထိကြာမြင့်နိုင်ပါသည်။ ဆေးထိုးခြင်းကို အများအားဖြင့် ကာယလေ့ကျင့်ခန်းများမပြုလုပ်မီတွင် ထိုးကြပြီး ဆေးထိုးလိုက်လျှင် လေ့ကျင့်ခန်းများကို ပိုမိုကောင်းမွန်စွာ ပြုလုပ်နိုင်စေရန် ရည်ရွယ်ပါသည်။ခွဲစိတ်ပြီး ချိန်တွင် နာလန်ထရန်အတွက် အချိန်ယူရပါသည်။ ထို့ကြောင့် သေချာစွာ ဆုံးဖြတ်ပြီးမှ ခွဲစိတ်မှုများ ခံယူသင့်ပါသည်။သင့်တွင် အောက်ပါတို့ ခံစားနေရပါက ဆရာဝန်က သင့်အား ခွဲစိတ်မှုခံယူရန် အကြံပေးပါလိမ့်မည်။သင့်တွင် ခါးဆစ်ချော်ခြင်းဝေဒနာကို ခံစားနေရပါက မခွဲစိတ်ဘဲကုသသော ကုထုံးများသည် ပိုပြီး စိတ်ချရသလို အကျိုးရှိစေပါသည်။ သို့သော် တခါတရံတွင် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်ပါသည်။ ထို့ကြောင့် သင့်တော်သော ကုသမှုများ ခံယူရန် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/nonsurgical-treatment-for-spondylolisthesis/
ကလေးစားချင်စိတ်ရှိလာအောင် ဘာတွေလုပ်ပေးရမလဲ
ကလေးတစ်ယောက်က ငယ်တဲ့ အရွယ်မှာဆို အစားထက် အဆော့ကိုသာပိုမက်ကြလို့ မေမေတို့ အနေနဲ့ ထမင်းကျွေးတိုင်း အမြဲခေါင်းခဲရပါတယ်။ စားတယ်ဆိုရင်တောင်ထမင်း၊ အသီးအရွက်တို့ထက်သရေစာကို ကြိုက်တဲ့ ကလေးက ပိုများပါတယ်။ ကလေးတစ်ယောက်အာဟာရမျှတအောင်စားဖြစ်ဖို့ဆိုတာ မေမေတို့နဲ့ အများကြီး သက်ဆိုင်နေပါတယ်။ ဒါကြောင့် ထမင်းကျွေးတိုင်း ကလေးတွေ စားချင်အောင် ဘယ်လို ပြင်ဆင်ရမလဲဆိုတာ ခေါင်းခဲနေတဲ့ မေမေတို့အတွက် ဒီလိုမျိုးလေးတွေ လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ကလေးတစ်ယောက်ဟာ တစ်နေ့ကို ထမင်း၃ နပ်၊ သရေစာ ၂ နပ်စားရမယ့် အပြင် ရေများများသောက်ဖို့ လိုအပ်ပါတယ်။ အစားကို အချိန်မှန်စားဖို့ ဆိုတာ သိပ်ကို အရေးကြီးပါတယ်။အစာအိမ်ရဲ့ သဘာဝကိုက ဒီနေ့ဒီအချိန်စားထားရင် နောက်နေ့ဒီအချိန်ပြန်ရောက်တာနဲ့ ဗိုက်ဆာတတ်တာမျိုးပါ။ ဒါကြောင့် အချိန်မှန်မှန်စားပြီး အစာအိမ်ကို လေ့ကျင့်ပေးလို့ ရပါတယ်။ ဒါမှ အချိန်ကျလာတာနဲ့ကလေးတွေ ဗိုက်ဆာလာကြမှာဖြစ်ပြီး အစားကို သိပ်ချေးများ မနေတော့မှာဖြစ်ပါတယ်။ထမင်းတစ်နေ့ ၃ နပ် အချိန်မှန်ကျွေးတာ မရဘူးဆိုရင် ၂ နာရီခြား တစ်ခါကျွေးကြည့်ပါ။ တစ်နေ့ ၃ နပ်တောင် မရပါဘူးဆိုမှ ၂ နာရီခြားတစ်ခါ စားဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှုာလဲလို့ မေးစရာရှိပါတယ်။ ၂နာရီခြားတစ်ခါဆိုတာ နည်းနည်းစီပဲကျွေးခိုင်းတာပါ။ ဒါဟာ ကလေးရဲ့အစာအိမ်ကို လှုံ့ဆော်ပေးသလိုဖြစ်ပါတယ်။ အစားဝင်လာပြီဆိုတာနဲ့ဦးနှောက်အချက်ပြစနစ်က အစာစားချင်စိတ်ကို လှုံ့ဆော်ပေးပါတယ်။ အဲ့ဒီအချိန်မှာ အစာလုံလုံလောက်လောက် ဝင်မလာရင် ဗိုက်ဆာတဲ့ စိတ်က ပိုပြီးကြီးစိုးလာပါတယ်။အစာစားချင်စိတ်ကို ဆွပေးတဲ့ သဘောမျိုးပေ့ါ။အနောက်တိုင်း နိုင်ငံတွေရဲ့ စားသောက်မှု ပုံစံဟာသရေစာအရင်စားပြီးမှ အဓိကဟင်းပွဲကို စားလေ့ရှိတဲ့ ပုံစံမျိုးပါ။ သရေစာတွေ အရင်စားလိုက်တာကြောင့် အစားစားချင်စိတ်တွေပိုဖြစ်လာပြီး နောက်စားတဲ့ အစားတွေ ပိုမြိန်စေပါတယ်။ သင့်ကလေးကိုလည်း ဒီလိုမျိုးလေးလုပ်ကြည့်လို့ရပါတယ်။ ထမင်းမကျွေးခင် ပေါင်မုန့် အသားညှပ်လေးကျွေးတာမျိုး၊ အခွံမာသီးလေးတွေ ကျွေးတာမျိုးတွေ လုပ်ကြည့်ပါ။ သရေစာဆိုပြီး အမြန်ရတဲ့ ကွတ်ကီးတို့ အာလူးချောင်းကြော်တို့တော့ အရင်မကျွေးနဲပေါ့။နွားနို့က ကောင်းတယ်၊ အာဟာရတွေ အများကြီးပါတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အစားမစားချင်တဲ့ ကလေးတစ်ယောက် အာဟာရကောင်းကောင်းမရမှာစိုးလို့ နို့ပဲဖိတိုက်တာမျိုးက ကလေးနဲ့ ထမင်းနဲ့ကို ပိုပြီး ဝေးသွားစေပါတယ်။ ထမင်းမစားခင် နို့ကို သရေစာအနေနဲ့ စားထားတဲ့ ကလေးတစ်ယောက်က ဗိုက်ပြည့်နေတတ်ပါတယ်။ ဒါကြောင့် နို့ကို အိပ်ရာဝင်ခါနီး တိုက်တာကသာ ကလေးအတွက် အသင့်တော်ဆုံးပါ။ကလေးကြိုက်တာကို အရင်ကျွေးပြီး ကလေးရဲ့အစားစားချင်စိတ်ကို နှိုးဆွပေးလိုက်ပါ။ ဒါမှ နောက်စားမယ့် အစားတွေကို လွယ်လွယ်ကူကူကျွေးလို့ရမှာပါ။ စားသင့်တာလေးတွေ ကျွေးလိုက် ကလေးကြိုက်တာလေးတွေ ကျွေးလိုက်နဲ့ ကလေးစိတ်ပြောင်းအောင်တစ်လှည့်စီ လှည့်ကျွေးပါ။ကလေးတော်တော်များများက အနံ့ပြင်းတဲ့ အစားအသောက်တွေနဲ့ အရသာပြင်းတာတွေကို မကြိုက်တတ်ကြပါဘူး။ အစားမစားချင်ပါဘူးဆိုမှ အနံ့ကပါ ဆိုးနေရင် ထမင်းကျွေးလို့ကို ရတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကလေးကိုကျွေးမယ့်ဟင်းထဲမှာ မဆလာတွေ၊ ကြက်သွန်ဖြူအနံ့တွေ အများကြီးထည့်တာမျိုးကိုတော့ ရှောင်ရပါလိမ့်မယ်။ တချို့ အဆီများတဲ့ ဟင်းတွေဆိုလည်း ကလေးတွေက မြင်တာနဲ့တင်စားဖို့ ငြင်းဆန်ပါလိမ့်မယ်။ ကလေးတွေဆိုတာ ကြက်သားဆီပြန်အစား၊ ကြက်ြေကာ်မှ ကြိုက်တတ်ကြသူတွေလေ။အပြင်ထွက်ပြီးဆော့ရင် ထိခိုက်မိမှာစိုးလို့၊ အပေါင်းအသင်းမှားမှာစိုးလို့ ဆိုပြီး အိမ်ထဲမှာပဲ ဂိမ်းကစားခိုင်း၊ စာပဲလုပ်ခိုင်းတာမျိုးက မေမေတို့အနေနဲ့ မလုပ်သင့်တဲ့ အရာတစ်ခုပါ။ ကလေးကို တစ်ခြားသူငယ်ချင်းတွေနဲ့ အတူ အပြင်ထွက် ပြေးလွှားဆော့ခိုင်းလိုက်ပါ။ ဒါမှ လူတွေနဲ့ ပေါင်းသင်းတတ်ပြီးသင်ယူနိုင်စွမ်းမြင့်မားလာမယ့်အပြင် လှုပ်လှုပ်ရှားရှားလုပ်ရတော့ ဗိုက်လည်းခဏခဏဆာလို့ အစာကြေးများမယ့် အချိန်တောင်ရှိမှာ မဟုတ်တော့ပါဘူး။လူကြီးတွေပဲ အလှကြိုက်တယ် မထင်ပါနဲ့။ ကလေးတွေလည်း အလှကြိုက်တတ်ပါတယ်။ ရိုးရိုးထမင်းပန်းကန်ထက်စာရင် အရုပ်လေးတွေပါတဲ့ ထမင်းပန်းကန်နဲ့ဆို ကလေးတွေက ပိုစားချင်ကြပါတယ်။ ဒါကြောင့် ကျောင်းထမင်းဘူးလှလှလေးတွေ၊ အရုပ်လေးတွေပါတဲ့ ရေဘူးလေးတွေ၊ ထမင်းကိုလည်း စားချင်စရာကောင်းအောင် အရုပ်ပုံလေးတွေဖော်ပြီး ထမင်းဘူးထည့်ပေးလိုက်သင့်ပါတယ်။ကလေးဆိုတာ အရုပ်တွေဆို အင်မတန်မှ ကြိုက်တတ်တဲ့သူတွေဆိုတော့ အရုပ်ပြပြီး ဆွဲဆောင်သင့်ပါတယ်။ ထမင်းကုန်အောင်စားရင် အရုပ်ရမယ်ဆိုတာမျိုးပေါ့။ ဒါက အလိုလိုက်တဲ့နည်းပါ။ အမြဲတမ်းတော့ သူတို့လိုချင်တာတွေအကုန် လိုက်ဝယ်ပေးနေလို့ မရဘူးလေ။ တစ်ခါတလေလည်း ထမင်းမကုန်ရင် ပေးမကစားဘူးဆိုပြီး ခြောက်ပေးပါ။ ချော့တစ်ခါ ခြောက်တစ်လှည့်ပေါ့။နောက်ဆုံးအနေနဲ့ အစာစားချင်စိတ်ကို ဖြစ်စေတဲ့အားဆေးတွေနဲ့အာဟာရပြည့်ဝတဲ့ ဖြည့်စွက်စာတွေ တိုက်လို့ရပါတယ်။ ဘာဆေးပဲသောက်သောက် မြန်မာနိုင်ငံဆေးဝါးကွပ်ကဲရေးဌာနရဲ့ ထောက်ခံချက်အမှတ်ကိုတော့ တစ်ချက်စစ်ကြည့်ဖို့ လိုတယ်နော်။ငယ်ရွယ်တဲ့ကလေးတို့ သဘာဝအရအဆော့ပဲသန်ပြီး အစားမမက်တတ်ကြတာ ထုံးစံပါ။ အစားစားချိန်ရောက်ပြီဆို ကြေးများတတ်လို့ ခေါင်းခဲနေရတဲ့ မေမေတို့ အနေနဲ့ခုပြောတဲ့ နည်းလေးတွေ စမ်းကြည့်ပါ။ ကိုယ့်ကလေး အာဟာရပြည့်ဝပြီး ဉာဏ်ရည်ဖွံဖြိုးဖို့က မေမေတို့ အပေါ်မှာ အများကြီးမူတည်နေတယ်နော်။ ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%85%e1%80%ba/
ကိုယ်ဝန်ဆောင်မေမေ မျောက်ငိုသီး စားလို့ ရ၊ မရ
မျောက်ငိုသီးကို အရင်ကတော့ သိသူ နည်းပေမယ့် အခုနောက်ပိုင်းတော့ အွန်လိုင်းက တဆင့်ရောင်းချမှုတွေ၊ ဟင်းချက်နည်း ဗီဒီယိုတွေကနေတဆင့် တော်တော်များများက ရင်းနှီးလာကြပြီ ဖြစ်ပါတယ်။ ဓညင်းသီးနဲ့ အရသာ ခပ်ဆင်ဆင် ဆူပေမယ့် မျောက်ငိုသီးက ဓညင်းသီးလို မဟုတ်ဘဲ ကျန်းမာရေးကို ထောက်ကူပေးပါတယ်။ ဒီတော့ကျန်းမာရေးအတွက်ထောက်ကူပေးတဲ့ ဒီအသီးလေးကို ကိုယ်ဝန်ဆောင်မေမေတွေရော စားလို့ရမလား ဆိုပြီး သိချင်နေမယ့် မေမေတွေ ရှိမယ်ထင်နော်။ ဒါကြောင့် ဒီနေ့မှာတော့ ကိုယ်ဝန်ဆောင်မေမေ မျောက်ငိုသီး စားလို့ ရ၊ မရ  ဆိုတာလေးကို ပြောပြပေးသွားချင်ပါတယ်။မျောက်ငိုသီး ဆိုတာက ပဲတောင့်ရှည်လိုမျိုး အသီးလေးပါ။ အစေ့လေးတွေ ထင်းနေအောင် အစေ့အိမ်မှာ အစီအရီ မြင်ရပါတယ်။ မျောက်ငိုသီးကဓညင်းသီးလို အရသာ ရှိသလို အနံ့လေးကလည်း နည်းနည်း ပြင်းပါတယ်။မျောက်ငိုသီးမှာ သဘာဝ သကြားဓာတ် သုံးမျိုးဖြစ်တဲ့ sucrose၊ fructose နဲ့ glucose တို့ ပါဝင်နေသလို အမျှင်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေတာက ခန္ဓာကိုယ်မှာ အင်အား ပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ မျောက်ငိုသီးကစိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ထောက်ကူပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်မေမေ မျောက်ငိုသီး စားလို့ ရ၊ မရ ဆိုတော့ ရပါတယ်။ အများကြီးတော့ မဟုတ်ဘူးပေါ့။ မျောက်ငိုသီးမှာ ကိုယ်ဝန်ဆောင်မေမေ တစ်ယောက်အတွက် လိုအပ်မယ့် အာဟာရဓာတ်တွေ ဖြစ်ကြတဲ့ပရိုတင်း၊ ဗီတာမင် ဘီအုပ်စု၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်တို့ ပါဝင်နေပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ မျောက်ငိုသီး စားပေးတာက အခုလို ကျန်းမာရေး ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။မျောက်ငိုသီးက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် ရုတ်တရက်သွေးတွင်းသကြားဓာတ်မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို ကိုယ်ဝန်ဆောင်ချိန်မှာဆီးချိုဖြစ်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ရာ ရောက်ပါတယ်။ အများကြီး မစားမိဖို့တော့ လိုပါမယ်။မျောက်ငိုသီးကကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ပရိုတင်းနဲ့ ဗီတာမင်တွေ ကြွယ်ဝစွာ ပါဝင်နေမှုကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ကို ကိုယ်ခံအား ကောင်းစေပြီး ဖျားနာမှု ကင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာဟော်မုန်းပြောင်းလဲမှုကြောင့် ကိုယ်ဝန်ဆောင်မေမေတို့မှာ စိတ်ဓာတ်ကျတာ စိတ်ခံစားမှု ပြောင်းလဲတာမျိုးတွေ ခံစားရစေနိုင်ပါတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ကျော်လွှားချင်တယ်ဆိုရင်တော့ မျောက်ငိုသီး စားပေးလို့ ရပါတယ်။မျောက်ငိုသီးမှာ ပိုတက်ဆီယမ် ပါဝင်နေတာကလည်း သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ဖို့ ထောက်ကူပေးပါတယ်။သွေးတိုးတာကို ကာကွယ်ပေးသလို ကိုယ်ဝန်ဆောင်ချိန် ရုတ်တရက် သွေးပေါင်ချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့လည်း စားသုံးပေးလို့ ရပါတယ်။မျောက်ငိုသီးမှာ အမျှင်ဓာတ် ကြွယ်ဝတာက ကိုယ်ဝန်ဆောင်မေမေ တော်တော်များများမှာ ဖြစ်တတ်တဲ့ ဝမ်းချုပ်တာကို သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာဝမ်းမှန်စေဖို့အတွက် မျောက်ငိုသီးက ထောက်ကူပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ မနက်ခင်း ပျို့အန်မှုကို သက်သာစေဖို့လည်း မျောက်ငိုသီးကို စားပေးလို့ ရပါတယ်။ ဒါပေမဲ့ မျောက်ငိုသီးက အနံ့နည်းနည်း ရှိတာကြောင့် မေမေတိုင်းအတွက်တော့ အဆင်ပြေဖို့ ခက်ခဲမှာပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ ရင်ပူတာကို သက်သာစေဖို့လည်း မျောက်ငိုသီးကို စားပေးလို့ ရပါတယ်။ မျောက်ငိုသီးက အစာခြေစနစ်ကို ကျန်းမာစေသလို ရင်ပူတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်တာက အဖြစ်များပါတယ်။ ဒီလို အဝလွန်တာက ကိုယ်ဝန်ဆောင် ဆီးချို အပါအဝင် အမျိုးမျိုးသော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်ကို ထိန်းညှိချင်တယ်ဆိုရင် မျောက်ငိုသီးလေး စားပေးလို့ ရပါတယ်။#အမှာစကား။မျောက်ငိုသီးက ဆေးဖက်ဝင်တာ မှန်ပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ အလွန်အကျွံ စားတာမျိုး မလုပ်ဖို့ လိုပါတယ်။ မစားခင်မှာလည်း စားလို့ အဆင်ပြေ၊ မပြေ။ ဘယ်လောက် ပမာဏ စားရမလဲ ဆိုတာကို ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ စားဖို့ လိုပါမယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/can-pregnant-mom-eat-petai-stink-beans/
အိပ်ရေးဝပါလျက် မျက်ကွင်းညိုနေရတာ ဘာကြောင့်လဲ!
ညဘက်တွေကိုလည်း အိပ်ချိန် ၈ နာရီ ကနေ ၉ နာရီ ရှိပါတယ်။ အိပ်ရေးလည်း ဝပါတယ်။ ဒါပေမယ့် အိပ်ရာနိုးလာချိန်မှာတော့ မျက်လုံးတွေက ပင်ပန်းနေပြီး မျက်အိတ်ကလည်း ဖောင်း မျက်ကွင်းကလည်း ညိုနေတယ်။ ဒီလိုမျိုးအိပ်ရေးဝပါလျက်မျက်ကွင်းညိုနေရတာ ဘာကြောင့်လဲ ဆိုတာကို သိချင်နေပြီလား ….. ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ကိုယ်တိုင် ဖတ်ကြည့်လိုက်ပါ။မျက်ကွင်းညိုတာက တစ်ခါတလေမှာ အိပ်ရေးမဝတာကြောင့် မဟုတ်ပါဘူး။စိတ်ဖိစီးတာ၊ စိတ်ရှုပ်ထွေးတာတွေ အပါအဝင် အမျိုးမျိုးသော အကြောင်းအရင်းတွေကြောင့်လည်း မျက်ကွင်းတွေ ညိုတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီတော့ အိပ်ရေးဝပါလျက် မျက်ကွင်းညိုနေရတာ ဘာကြောင့်လဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။မျက်လုံး ဓာတ်မတည့်မှုကလည်း မျက်လုံးတွေကို ပင်ပန်းပြီးမျက်အိတ်ဖောင်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ မျက်လုံးထဲကို ဝတ်မှုန် အပါအဝင် အမှုန်လေးတွေ ဝင်တာ၊ ကြောင်မွေးတွေနဲ့ ထိတွေ့မိတာတွေကြောင့်လည်း ခန္ဓာကိုယ်မှာ histamine လို့ခေါ်တဲ့ ဓာတုပစ္စည်း ထွက်ရှိစေပြီး မျက်လုံးအောက်က သွေးကြောလေးတွေထဲမှာ သွေးစီးဆင်းမှု တိုးစေပြီး ရောင်ရမ်းတာကို ဖြစ်စေနိုင်ပါတယ်။ခန္ဓာကိုယ်မှာရေဓာတ်ခမ်းခြောက်တာက ခန္ဓာကိုယ်ကို ပင်ပန်းစေပြီးမျက်လုံးတွေကို ရောင်ရမ်းတာ၊ မျက်ကွင်းညိုတာတွေကို ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့မျက်စိတဝိုက်က အသားအရေက ထိခိုက်လွယ်တာကြောင့် ရေဓာတ်ခမ်းခြောက်တဲ့အခါ မျက်ကွင်းညိုတာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ၇ နာရီ ကနေ ၈ နာရီအထိ အိပ်စက်ပြီး ရေအပါအဝင် ရေဓာတ်ပြည့်ဝစေမယ့် သောက်စရာတွေကို များများ သောက်ပေးပါ။မနက်ခင်းမှာကော်ဖီ တစ်ခွက်လောက် သောက်တာက ကိစ္စ မရှိပေမယ့် တစ်နေ့တာကို ကော်ဖီ ၄ ခွက် ကနေ ၅ ခွက်လောက်အထိ သောက်သုံးတာက ရေဓာတ်ခမ်းခြောက်မှုကို ဖြစ်စေပြီး မျက်ကွင်းညိုတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်၊ ချောကလက်၊ အားဖြည့်အချိုရည်၊ ကိုလာ စတာမျိုးတွေကို အလွန်အကျွံ စားသုံးတာမျိုး မလုပ်ပါနဲ့။တစ်နေကုန် ဖုန်းတွေ၊ ကွန်ပျူတာတွေ အသုံးပြုတာကို တစ်ချိန်လုံး အသုံးပြုမယ်ဆိုရင်တော့ မျက်လုံးတဝိုက်က သွေးကြောလေးတွေ ကျယ်လာပြီး မျက်ကွင်းညိုတာ မျက်အိတ်ဖောင်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် စခရင်မ်တွေကို  မိနစ် ၂၀ ကြည့်ပြီးတိုင်းမျက်လုံးကို အနားပေးဖို့မမေ့ပါနဲ့။ တကယ်လို့ လိုအပ်မယ်ဆိုရင်တော့ မျက်မှန်တပ်တာမျိုး လုပ်ပေးပါ။နေ့စဉ်ဘဝမှာ တွေ့ကြုံနေရတဲ့စိတ်ဖိစီးမှုတွေကလည်း မျက်ကွင်းညိုတာ မျက်အိတ်ဖောင်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးဝပါရက် မျက်ကွင်းတွေ ညိုနေပြီဆိုရင်တော့ စိတ်ဖိစီးနေပြီလား ဆိုတာကို ဆန်းစစ်ကြည့်ပါ။အရက်တွေ၊အယ်လ်ကိုဟော ပါတဲ့သောက်စရာတွေကို အလွန်အကျွံ သောက်တာကလည်း ကိုယ်တွင်းမှာ ရေဓာတ် ခမ်းခြောက်မှုကို ဖြစ်စေပြီး မျက်ကွင်းညိုတာကို ဖြစ်စေနိုင်ပါတယ်။တချို့‌တွေက ခုပြောခဲ့တဲ့ အချက်တွေ ဘာမှမရှိပါဘဲနဲ့ မျက်ကွင်းညိုနေတာပါ။ Eye creamတွေ လိမ်းလည်း မသက်သာကြပါဘူး။ ဒါဆိုရင်တော့ မျိုးဗီဇကြောင့် ဖြစ်နိုင်ပြီး ဒါကတော့ ဘာမှလုပ်လို့ မရပါဘူး။အခုလောက်ဆိုရင် အိပ်ရေးပျက်တာအပြင် ဘယ်လိုအချက်တွေက မျက်ကွင်းညိုစေနိုင်လဲဆိုတာကို သိသွားပြီ ဟုတ် …..။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/why-do-i-get-enough-sleep-but-eyes-are-still-dark/
ရောဂါတွေကိုတိုက်ဖျက်ပေးမယ့် အစားအစာတွေကဘာတွေများလဲ
သက်ရှိတိုင်းမှာခန္ဓါကိုယ်ဆိုတာရှိနေတော့ဝေဒနာကမကင်းဘူးလေ။ အသက်လေးရလာလေလေ ခန္ဓါကိုယ်မှာ ခံစားရတဲ့ဝေဒနာတွေက များလာလေလေပါပဲ။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုပေမယ့် မကာကွယ်နိုင်လိုက်တဲ့အခြေအနေမျိုးမှာတော့ အကောင်းဆုံးခုခံရမှာပေါ့။ တိုက်စစ်မရရင်ခံစစ်နဲ့တော့ရအောင်ကစားရမှာပဲလေနော်။ ဒီတော့ရောဂါတွေကိုအစားအစာတွေနဲ့ ခုခံရအောင်လား။ရောဂါတွေကိုတိုက်ထုတ်ပေးမယ်ဆိုလို့ ဘယ်လိုအစားအစာတွေများလဲလို့ အကြီးကြီးတွေးနေပြီလား။နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာပါနေတဲ့ စားအစာတွေပါပဲနော်။ပန်းသီး။ပန်းသီးမှာ ပျော်ဝင်လွယ်တဲ့ အမျှင်တစ်မျိုးဖြစ်တဲ့ pectin ပါဝင်တာကြောင့်သွေးတိုးကျစေနိုင်သလိုသွေးတွင်းကိုလက်စထရောကိုကျဆင်းစေနိုင်ပါတယ်။ အယမကြီးကင်ဆာဖြစ်နိုင်ခြေ နဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေကိလျော့ကျစေနိုင်ပြီး ဆီးချိုရောဂါကြောင့်ဖြစ်တဲ့နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်နော်။ချင်း (ဂျင်း)။မီးဖိုချောင်ထဲကဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးပေါ့။နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်။သွေးကျဲစေနိုင်တယ်။သွေးကျဲဆေးေသာက်နေရသူတွေအတွက် သဘာဝဆေးလေးတစ်မျိုးပေါ့။ရွှေဖရုံသီး။ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်တာကြောင့် အဆစ်အမြစ်နာကျင်ကိုက်ခဲသူတွေအတွက် သင့်တော်တဲ့ စားစရာတစ်ခုပါ။beta-carotene နဲ့ beta-cryptoxanthin ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပြည့်ပြည့်ဝဝပါဝင်နေတဲ့ စားစရာတစ်ခုပါ။ဘယ်ရီသီးတွေ။ရောဂါတွေကိုတိုက်ဖျက်ပေးတဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေပါတယ်။ free radicalsတွေကြောင့်ခန္ဓါကိုယ်မှာနာတာရှည်ရောဂါတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ကင်ဆာ၊နှလုံးရောဂါနဲ့ ဆီးလမ်းကြောင်းပိုးဝင်ကူးစက်မှုတွေအတွက် အထူးသင့်တော်ပါတယ်။နို့ထွက်ပစ္စည်းတွေ။ကယ်လ်ဆီယမ်နဲ့ ဗီတာမင် ဒီ အပါအဝင် ဗီတာမင် များစွာပါဝင်နေပါတယ်။ပရိုတင်း နဲ့သတ္တုဓါတ်တွေလည်းကြွယ်ဝစွာပါဝင်နေပါတယ်။ အရိုးပွရောဂါမဖြစ်အောင် ကာကွယ်ပေးပြီး အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်ပါတယ်နော်။ ဆီးချိုသမားတွေမှာသွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးနိုင်ပါတယ်။အဆီများတဲ့ ငါး။Omega-3 fatty acidsကြွယ်ဝစွာပါဝင်တဲ့ ဆယ်လ်မွန်၊ တူနာလိုမျိုး ငါးတွေကသွေးတွင်းအဆီဓါတ်ကို ကျဆင်းစေနိုင်သလို နှလုံးရောဂါကြောင့်သွေးခဲတာကို ကာကွယ်ပေးနိုင်ပါတယ်။ နှလု့းသွေးကြောဆိုင်ရာရောဂါတွေ ခံစားရနိုင်ခြေကိုလျော့ကျစေနိုင်ပါတယ်။ဟင်းနုနွယ်၊ ကိုက်လန်၊ မုန်ညှင်းထုပ်၊ ဆလတ်ရွက်တို့လိုမျိုးအရွက်တွေမှာ ဗီတာမင်၊သတ္တုဓါတ်တွေ၊ ဘီတာကယ်လ်ရိုတင်း၊ဖောလိတ်၊ သံဓါတ်နဲ့မဂ္ဂနီဆီယမ် အပါအဝင်ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေအများအပြားပါဝင်နေပါတယ်။အမျိုးအစား -၂ ဆီးချိုေရာဂါဖြစ်နိုင်ခြေကိုလျှော့ချပေးသလိုနောက်ဆကတွဲရောဂါတွေ ဝင်မလာအောင် ကာကွယ်ပေးပါတယ်နော်။ကန်စွန်းဥ။ဘီတာကယ်လ်ရိုတင်း၊ ဗီတာမင် စီ၊ ဗီတာမင် အီး၊ဖောလိတ်၊ ကယ်လ်ဆီယမ်၊ သွပ်ဓါတ်၊ သံဓါတ်နဲ့ ပိုတက်ဆီယမ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ကန်စွန်းဥမှာပါတဲ့ အမျှင်ဓါတ်ကအစာခြေလမ်းကြောင်းကို ကျန်းမာစေနိုင်ပြီး ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက နှလုံးရောဂါနဲ့ကင်ဆာရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။ခရမ်းချဉ်သီး။အနီရောင်စိုစိုလေးနဲ့ စားချင်စဖွယ်ဖြစ်နေတဲ့ ခရမ်းချဉ်သီးလေးက အရသာရှိသလို ကင်ဆာကာကွယ်ပေးနိုင်စွမ်းလည်းရှိပါတယ်။ ဗီတာမင်အေ၊ ဗီတာမင် စီ၊ ပိုတက်ဆီယမ် တို့ပါဝင်နေတာကြောင့် စားသုံးပေးသင့်ပါတယ်နော်။ဥအမျိုးမျိုး။ဥအမျိုးမျိုးမှာ ကာရိုတီးနွိုက်၊ လူတင်၊ ခိုလင်းတို့ပါဝင်နေတာကြောင့်ကိုယ်ဝန်ဆောင်မိခင်တွေအတွက် လုံလောက်တဲ့ အာဟာရကိုပေးစွမ်းနိုင်ပါတယ်။ မျက်လုံးကျန်းမာစေဖို့ထိခိုက်တာကိုလည်း အာဟာရတွေထောက်ပံ့ပေးပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့အမြင်အာရုံထိခိုက်မှုကိုကာကွယ်ပေးနိုင်ပါတယ်။ အသက်အရွယ်ရလာတာကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာတွေကိုကာကွယ်ပေးနိုင်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%96%e1%80%bb%e1%80%80%e1%80%ba%e1%80%95%e1%80%b1/
ကိုယ်ဝန်ဆောင်ချိန် ကယ်လ်ဆီယမ်ပြည့်ဝတာက ဘယ်လို ကောင်းကျိုးများသလဲ
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ကျန်းမာမှဗိုက်ထဲက ဘေဘီလေးလည်း ကျန်းမာမယ်ဆိုတာကို ပြောနေစရာတောင် မလိုအောင် အားလုံး သိထားပြီးဖြစ်မှာပါ။ ဒီတော့ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ ပြည့်ဝဖို့က အတော်လေး အရေးပါပါတယ်။ ဒီလို အာဟာရပြည့်ဝစေဖို့လို့ ပြောလိုက်ရင် မေမေတော်တော်များများ ပြေးမြင်တာက ကိုယ်ဝန်ဆောင် ဗီတာမင်လို့ လူသိများတဲ့ ဖောလစ်အက်ဆစ်ကိုပါ။တကယ်ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာဖောလစ်အက်ဆစ်ကို မှီဝဲဖို့ လိုသလို အခြားအာဟာရတွေကို ပြည့်ဝအောင် ဂရုစိုက်ဖို့လည်း လိုပါမယ်။ အခုတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်ချိန်မှာမေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ထောက်ကူပေးနိုင်မယ့် အာဟာရဓာတ်လေး တစ်ခုဖြစ်တဲ့ ကယ်လ်ဆီယမ်ပြည့်ဝတာက ဘယ်လို ကောင်းကျိုးလေးတွေ ရနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ကယ်လ်ဆီယမ်ကို တော်တော်များများ တွဲသိထားမိနိုင်တာက အရိုးနဲ့ သွားတွေကို သန်မာစေဖို့ ထောက်ကူပေးပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးတဲ့ သတ္တုဓာတ်လို့ပေါ့။ဒီလို အရေးပါတဲ့ ကယ်လ်ဆီယမ်က သာမန်အချိန်မှာ ပြည့်ဝဖို့ လိုသလို ကိုယ်ဝန်ဆောင်ချိန်မှာလည်း ပြည့်ဝဖို့ လိုပါမယ်။ ဘာကြောင့် ဒီလိုပြောရတာလဲ!ကိုယ်ဝန်ဆောင်ချိန် ကယ်လ်ဆီယမ်ပြည့်ဝတာက ဘယ်လို ကောင်းကျိုးများသလဲ ဆိုတာကိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။တကယ်ကတော့ ကယ်လ်ဆီယမ်ကအရိုးနဲ့ သွားတွေသန်မာစေဖို့ဆိုတာထက် ပိုပါတယ်။ ကယ်လ်ဆီယမ်ကို အရိုးနဲ့သွားတွေ သန်မာစေဖို့လိုအပ်သလို ခန္ဓာကိုယ်က ဆဲလ်လေးတွေ ကျန်းမာစေဖို့လည်း လိုအပ်ပါတယ်။ ခန္ဓာကိုယ်က ဆဲလ်တွေ၊ တစ်ရှူးတွေမှာ ကယ်လ်ဆီယမ်ပါဝင်နေပြီး ကြွက်သားတွေ သန်မာစေဖို့၊ အာရုံကြောတွေ ကျန်းမာစေဖို့နဲ့ သွေးတိတ်စေဖို့စသော လုပ်ငန်းဆောင်တာတွေကိုလည်း ကယ်လ်ဆီယမ်က လုပ်ဆောင်ပေးပါတယ်။လေ့လာမှုတွေအရ ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်လ်ဆီယမ် ပြည့်ဝတာက။ကိုယ်ဝန်ဆောင်ချိန်မှာ  ကယ်လ်ဆီယမ် ပြည့်ဝတာက ဘယ်လို ကောင်းကျိုးလေးတွေ ရနိုင်လဲဆိုတာကို သိပြီးပြီ ဆိုတော့  ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်လ်ဆီယမ် ပြည့်ဝစေဖို့ ဘာတွေ စားရမလဲဆိုတာကို ဆက်ပြောပြပေးသွားပါမယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်လ်ဆီယမ် ပြည့်ဝစေဖို့ နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ကယ်လ်ဆီယမ် ပါဝင်နေတဲ့ အစားအစာတွေ ဖြစ်ကြတဲ့။တကယ်လို့ ဒီအစားအစာတွေကို မစားဖြစ်တာ၊ လုံလောက်အောင်  မစားနိုင်တာမျိုး ဆိုရင်တော့ကယ်လ်ဆီယမ်ပါဝင်နေတဲ့ကိုယ်ဝန်ဆောင်အားဆေးတစ်မျိုးမျိုးကို သောက်သုံးပေးတာကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ ကယ်လ်ဆီယမ်ပမာဏကို ပြည့်ပြည့်ဝဝ ရရှိစေပြီး မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေမှာပါ။# ဘေဘီလေး မျက်နှာကို ဘယ်နေ့မှာ မြင်ခွင့်ရမလဲဆိုတာကို မေမေကိုယ်တိုင် တွက်ချက်လိုက်ပါ!။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/benefits-of-calcium-fulfillment-during-pregnancy/
မပြည့်ဝဆီ က ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုလဲ။
မပြည့်ဝဆီ က ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုလဲ။ သင်နေ့စဉ်စားနေတဲ့ အစားအသောက်တွေထဲမှာပြည့်ဝဆီ( saturated fat)၊ မပြည့်ဝဆီ ( unsaturated fat) နဲ့ transfat (အသွင်ပြောင်းဆီ) ဆိုပြီး အဆီတွေပါဝင်ကြပါတယ်။ ဒီ အဆီ ၃ မျိုးဟာ သင်စားလိုက်တဲ့ အစားအသောက်တွေပေါ် မူတည်ပြီးရတာဖြစ်ပါတယ်။လူတော်တော်များများက fat အဆီပါဝင်တယ်လို့ ပြောလိုက်ကြတာနဲ့ ဒီ fat အဆီတွေ အားလုံးက ကျန်းမာရေးအတွက် မကောင်းပါဘူးလို့ဆိုပြီး ထင်တတ်ကြပါတယ်။ တကယ့်တော့ ဒီဆီ ၃ မျိုးထဲမှာမပြည့်ဝဆီ( unsaturated fat) ဟာ ကျန်းမာရေးအတွက် တကယ်ကို အကျိုးပြုတဲ့အဆီတစ်ခုပါ။မပြည့်ဝဆီ( unsaturated fat) ဟာ ကိုယ်တွင်းက မကောင်းတဲ့LDL ကိုလက်စရောကို လျှော့ချပေးပြီး ကောင်းတဲ့ HDLကိုလက်စရောကို မြင့်တက်စေလို့ သွေးကြောကျဉ်းရောဂါတွေကနေ ကာကွယ်ပေးပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။နေ့စဉ်စားနေတဲ့ အစားအသောက်တွေကနေပဲ မပြည့်ဝဆီတွေကို ရနိုင်ပါတယ်။နှလုံးကျန်းမာချင်ရင်တော့ ဒီလို မပြည့်ဝဆီ ကြွယ်ဝတဲ့ အစားအသောက်တွေကို စားပေးလို့ရပါတယ်။ ဒါဆို ဘယ်လို အစားအသောက်တွေ စားရမလဲ ။ ။ထောပတ်သီး– monounsaturated fats တွေ အပြည့်ပါတဲ့ထောပတ်သီးဟာ သင့်ကျန်းမာရေးအတွက်သာမက နှလုံးကျန်းမာရေးအတွက်ပါ လုံးဝကို အကျိုးပြုတဲ့ အသီးတစ်ခုပါ။သံလွင်ဆီ– အသုပ်သုပ်စားရင် ၊ ဟင်းချက်ရင်စားအုန်းဆီတို့လို ပြည့်ဝဆီတွေ အများကြီးပါတဲ့ ဆီတွေ သုံးမယ့်အစား မပြည့်ဝဆီကြွယ်ဝတဲ့ သံလွင်ဆီလေးသုံးပြီး ချက်ကြည့်ပါ။ သင့်နှလုံး ဒေါင်ဒေါင်မြည်မှာ အသေအချာပါ။အစေ့အဆံများ–အစေ့အဆံလောက် မပြည့်ဝဆီကြွယ်ဝပြီးဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အပြည့်ပါတဲ့ အစားအသောက်ရှိ မှာ မဟုတ်ပါဘူး။ အစေ့အဆံတွေထဲမှာဆို ဗန်ဒါစေ့၊ သစ်ကြားသီးနဲ့ သစ်အယ်သီးတို့ဟာ monounsaturated fat အကြွယ်ဝဆုံး အစေ့အဆံတွေပါ။အဆီများတဲ့ငါးတွေ – အဆီများတဲ့ငါးတွေ ဆိုပြီး အဆီများရင် ကျန်းမာရေးအတွက် မကောင်းဘူးပေါ့လို့တော့ မထင်လိုက်ပါနဲ့။ အဆီများတဲ့ပင်လယ်စာငါးတွေဖြစ်တဲ့ဆယ်လ်မွန်ငါးတို့၊တူနာငါး။ငါးသလောက်၊ ဆာဒင်းငါးတို့ဟာ monounsaturated fat မပြည့်ဝဆီကြွယ်ဝလို့ ကျန်းမာရေးအတွက် အကျိုးရှိတဲ့ ပင်လယ်ငါးတွေပါပဲ။အခြား မပြည့်ဝဆီကြွယ်ဝတဲ့ အ စားအစားတွေကတော့။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%99%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%b7%e1%80%9d%e1%80%86%e1%80%ae%e1%80%80-%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%b1%e1%80%9b%e1%80%b8%e1%80%80%e1%80%ad/
စိတ်ကျရောဂါတွေကို လေ့ကျင့်ခန်းနဲ့ တိုက်ထုတ်စို့
ဒီဘက်ခေတ်မှာ လူကြီးတွေသာမက လူငယ်တွေမှာပါစိတ်ကျရောဂါဝေဒနာတွေကို အလူးအလဲခံစားနေကြရတာ သတိထားမိမှာပါ။ ခေတ်ကာလပြောင်းလဲလာတာနဲ့အမျှ ပြောင်းလဲလာတဲ့ လူနေမှုပုံစံ၊ အရင်ကထက်ပိုပြီး ပွင့်လင်းလာတဲ့ လူ့ပတ်ဝန်းကျင်တွေ၊ ကြုံလာရတဲ့ အခက်အခဲ၊ အတားအဆီးတွေဟာ ဘယ်လောက်ပဲ ကြံ့ခိုင်နေတဲ့ စိတ်ပဲ ဖြစ်နေပါစေ အနည်းငယ်တော့ လှိုင်းဂယက်ရိုက်သွားစေနိုင်ပါတယ်။စိတ်ကျန်းမာရေးနဲ့ပတ်သက်လာရင် လူတွေက ပေါ့သေးသေး သဘောထားတတ်ကြပါတယ်။ အထူးသဖြင့် စိတ်ကျရောဂါခံစားနေရတဲ့သူတွေဆိုရင် ကူညီအားပေးနှစ်သိမ့်ရမယ့်အစား ပျော့ညံ့တယ်၊ စိတ်ခံစားတတ်လွယ်တယ်၊ အတွေးများတယ် အစရှိသဖြင့် နှိမ်ချဆက်ဆံနေတာလည်း ဒီလူ့ပတ်ဝန်းကျင်မှာ အများကြီးပါပဲ။တကယ်တော့စိတ်ကျန်းမာရေးပြဿနာသည် စိတ်ပျော့ညံ့တဲ့သူတွေမှာမှ ဖြစ်တာမဟုတ်ပါဘူး။ မိသားစုပြဿနာတွေ၊ လူမှုရေး၊ စီးပွားရေးစတာတွေနဲ့ပတ်သက်ပြီး အတိုက်အခိုက်တွေကို နှစ်ပေါင်းများစွာ ခံစားလာရတာ၊ အတိတ် သို့မဟုတ် ကလေးဘဝက ကြုံလာရတဲ့ စိတ်ဒဏ်ရာတွေ၊ ဒီလိုအရာတွေက ရင်ထဲအမြစ်တွယ်နေပြီး တဖြည်းဖြည်းကြီးပြင်းလာလို့ လူကြီးအနေနဲ့ ဖြစ်လာတဲ့အခါ ဒီစိတ်ဝေဒနာတွေကို ဆထက်တိုးပြီး ခံစားတတ်ကြရပါတယ်။ အထူးသဖြင့် ဒီဘက်ခေတ်မှာဆိုရင် မီဒီယာတွေ၊အင်တာနက်တွေ၊ နည်းပညာအသစ်အဆန်းတွေ တဖြည်းဖြည်းများလာတဲ့အတွက် လူတွေတစ်ဦးနဲ့တစ်ဦး မျက်နှာချင်းဆိုင်ပြီး စကားပြောဆို ရင်းနှီးမှုရယူတာထက် ဖုန်းထဲကနေပဲ အလွယ်တကူ စာရိုက်ပြောဆိုနေကြတော့ အရင်ကထက်ပိုပြီး အထီးကျန်ဆန်လာကြတော့တာပေါ့။အဲ့တော့စိတ်ကျရောဂါဆိုတဲ့ ကြောက်စရာကောင်းတဲ့ အန္တရာယ်ဆိုးကြီး ကိုယ့်ဆီရောက်မလာအောင် ကြိုတင်ကာကွယ်ဖို့ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို အဓိကပြောင်းလဲဖို့ လိုပါတယ်။ နေထိုင်မှုပုံစံလို့ဆိုရာမှာအစာအာဟာရကို သေချာဂရုစိုက်ပြီး စားသုံးဖို့၊အိပ်ချိန်ကို တစ်နေ့ ၇နာရီအနည်းဆုံး ရှိစေဖို့၊ ကိုယ့်အတွက် မနက်ဖြန် ဘာလုပ်မလဲ၊ နောက်နှစ်မှာ ဘာတွေဖြစ်မြောက်အောင်လုပ်မလဲ အစရှိသဖြင့် အနာဂတ်အတွက် ပန်းတိုင်တွေ ရေးဆွဲချမှတ်ထားဖို့အပြင် လေ့ကျင့်ခန်းကို မှန်မှန်လုပ်ဖို့ဟာလည်း စိတ်ရောဂါတွေ ဝင်မလာအောင် ကာကွယ်ပေးဖို့နဲ့ စိတ်ပျိုကိုယ်နုအရွယ်တင်စေဖို့ ကူညီပေးနိုင်ပါတယ်။ကိုယ်တတ်နိုင်သလောက် လေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။ ယောဂကျင့်တာ၊ အလေးမတာ၊ အိပ်ထမတင်လုပ်တာ၊ ထိုင်ထလုပ်တာကစလို့ လမ်းလျှောက်တာ၊ ပြေးတာ၊ရေကူးတာ၊ စက်ဘီးစီးတာတွေအထိပါ အကုန်လုပ်လို့ရပါတယ်။ အဓိက လေ့ကျင့်ခန်းကို မှန်မှန်လုပ်ခြင်းဖြင့်။• နှလုံးခုန်နှုန်းမြန်စေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို လျင်မြန်စွာ ပြောင်းလဲဖြစ်ပျက်စေတယ်။• လေ့ကျင့်ခန်းကို အာရုံစိုက်ပြီး လုပ်နေရတဲ့အခါ တခြားဘက်ကို သိပ်ပြီး အာရုံစိုက်တာ၊ အတွေးများတာတွေ မဖြစ်တော့ဘူး။• ဝတဲ့သူတွေဆိုရင်ကိုယ်အလေးချိန်ကျစေတယ်၊ ပိန်တဲ့သူတွေဆိုရင် ကိုယ်အလေးချိန်တက်စေတယ်။ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်စေပြီး အရင်ကထက် ပိုကြည့်ကောင်းလာစေတယ်။• ရုပ်ရည်ကလည်း ကြည့်ကောင်းလာတယ်၊ ခန္ဓာကိုယ်ကလည်း ကောင်းတဲ့ပြောင်းလဲမှုတွေ အများကြီးဖြစ်လာတဲ့အခါ အရင်ကထက်ပိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရော၊ တန်ဖိုးထားတဲ့စိတ်တွေပါ တိုးလာနိုင်တယ်။• ကြိုးစားခြင်းကြောင့် ပြောင်းလဲလာတဲ့ရလဒ်ကို ကိုယ်တိုင်မြင်တွေ့လိုက်ရချိန်မှာ တခြားကိစ္စတွေနဲ့ပတ်သက်ပြီး ပိုပြီးမျှော်လင့်ချက်ထားလာနိုင်သလို ကြိုးုစားချင်စိတ်တွေ၊ အကောင်းမြင်စိတ်တွေလည်း ဝင်လာဖို့ ပိုလွယ်ပါတယ်။• Gym မှာ လေ့ကျင့်ခန်းလုပ်တဲ့သူတွေဆိုရင် နည်းပြဆရာတွေအပြင် တခြားကိုယ့်လိုပဲ ကျန်းမာဖို့၊ လှစေဖို့ ကြိုးစားနေတဲ့သူတွေကို အမြဲမြင်တွေ့ဆက်ဆံနေရတာကြောင့်အထီးကျန်တဲ့ စိတ်ခံစားချက်တွေ နည်းသွားမှာပါ။• စိတ်ကျရောဂါဖြစ်စေတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ ညမအိပ်တဲ့သူတွေ၊ နောက်ကျမှ အိပ်တတ်တဲ့သူတွေလည်း ပါပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့အခါ ခန္ဓာကိုယ်က တစ်နေကုန်လှုပ်ရှားရုန်းကန်ထားရတဲ့အတွက် ညဘက်တွေမှာ ကောင်းစွာ အိပ်ပျော်နိုင်စေတယ်။• အရင်ကထက်ပိုပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်လာတယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်လာတဲ့အခါ ကိုယ်မရှိရင် တခြားသူတွေ အေးချမ်းသွားမှာပါဆိုတဲ့ အတွေးတွေထက် ကိုယ်မရှိတော့တဲ့အခါ ကိုယ့်ကိုချစ်တဲ့သူတွေ ဘယ်လောက်တောင် ဝမ်းနည်းမိလိမ့်မလဲဆိုတဲ့ အတွေးပုံစံတွေကို ပြောင်းလဲသွားနိုင်ပါတယ်။• လေ့ကျင့်ခန်းကို နေ့စဉ်ပုံမှန်လုပ်တဲ့အခါ အင်ဒိုဖင်ဟော်မုန်း (endorphins) ၊ ဆီရိုတိုနင်ဟော်မုန်း (Serotonin) ၊ဒိုပါမင်ဟော်မုန်း (Dopamine) တွေကို အများအပြားထုတ်လွှတ်ပေးပါတယ်။ ဒီဟော်မုန်းတွေဟာ လူတစ်ယောက်ရဲ့ စိတ်ကို အေးချမ်းစေပြီး ပျော်ရွှင်ပြီးမှုကိုဖြစ်စေတယ်၊ စိတ်ဖိစီးမှုကို ကျစေပြီး ခံစားနေရတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ဒါကြောင့် စိတ်နဲ့ ခန္ဓာအတွက် ကျန်းမာရေးအကျိုးကျေးဇူး အများကြီးရှိတဲ့ လေ့ကျင့်ခန်းလုပ်ဖို့ကို ဒီနေ့ကစလိုက်ကြရအောင်နော်။ ဘယ်ရောဂါမဆို မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ရင် အကောင်းဆုံးဖြစ်တာမို့ ကိုယ့်ကျန်းမာရေးအတွက် မပေါ့ဆဘဲ အသိကို သတိနဲ့ ဆင်ခြင်ပြီး ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်ဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%bb%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%80%9c%e1%80%b1%e1%80%b7%e1%80%80%e1%80%bb/
ကိုယ်ဝန်ပျက်ကျပြီး ဘယ်အချိန်အထိ နှစ်ကြောင်းပေါ် နေမှာလဲ
ကိုယ်ဝန်ပျက်ကျ ဒါမှမဟုတ် ဖျက်ချထားတဲ့ အမျိုးသမီးတွေက ဆီးပြန်စစ်ကြည့်တဲ့အခါ နှစ်ကြောင်းပေါ် နေတာကို သတိထားမိကြပါတယ်။ ဒီအခါမှာ သူတို့ရဲ့ ကိုယ်ဝန်က တကယ်ရော ပျက်ကျတာ ဟုတ်ရဲ့လား။  အထဲမှာ တစ်ခုခုများ ဖြစ်နေသလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သူတို့မေးကြတာကတော့ ကိုယ်ဝန်ပျက်ကျပြီး ဘယ်အချိန်အထိ နှစ်ကြောင်းပေါ် နေမှာလဲ ဆိုတာပါ။hCGလို့ ခေါ်တဲ့ Human chorionic gonadotropin ကို ကိုယ်ဝန်ဆောင်ဟော်မုန်းလို့ အလွယ်ခေါ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အချင်းကနေ ထွက်တာ ဖြစ်ပါတယ်။ ကိုယ်ဝန်အပြင် တခြား အခြေအနေတွေမှာလည်း ထွက်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်လို့ ယူဆရင်တော့ hCGကို စစ်ပြီး ရှိမရှိ ပြောလေ့ရှိပါတယ်။အိမ်သုံး ဆီးစစ်တံနဲ့ကိုယ်ဝန်စစ်တယ်ဆိုတာကလည်း ဆီးထဲက hCGကို စစ်တာ ဖြစ်ပါတယ်။ hCGက ဆီးထဲမှာရော သွေးထဲမှာပါ ရှိပါတယ်။ သွေးထဲမှာ စောပေါ်ပြီး ဆီးထဲမှာတော့ အနည်းငယ် နောက်ကျပြီးမှ ပေါ်ပါတယ်။hCG ဟော်မုန်းက ကိုယ်ဝန်စရှိရှိချင်းမှာဆိုရင် ၁-၂ရက်ခြားလောက်မှာ ၂ဆဆီ တက်တတ်ပါတယ်။ ဒီလိုမျိုး ၈ပတ်လောက်ထိ တက်တတ်ပါတယ်။ ကိုယ်ဝန် ၈ပတ်ကနေ ၁၁လောက်မှာ အမြင့်ဆုံးရောက်ပြီး ၁၆ပတ်ပတ်လောက်ဆိုရင်တော့ ပမာဏ ငြိမ်သွားပါတယ်။ကိုယ်ဝန်ပျက်ကျပြီးပေမယ့် ဆီးစစ်တဲ့အခါ နှစ်ကြောင်း ပေါ်နေတာကို တွေ့ရတတ်ပါတယ်။ တကယ်တော့ ဒါက ပုံမှန်ပါပဲ။ ကိုယ်ဝန်ပျက်ကျထားသည်ဖြစ်စေ၊ ကိုယ်ဝန်ဖျက်ချထားသည်ဖြစ်စေ ဆီးထဲမှာ hCGက ရက်ပိုင်း  ဒါမှမဟုတ် တချို့တွေမှာ ၁လလောက်အထိ တက်နေနိုင်ပါတယ်။ဘယ်လောက်ကြာကြာ တက်မလဲဆိုတာကတော့ ကိုယ်ဝန်ဘယ်လောက်နဲ့ ပျက်ကျထားလဲပေါ် မူတည်ပါတယ်။ ကိုယ်ထဲမှာ hCG ပမာဏ များနေလေလေ ပြန်ကျဖို့ အချိန်ယူရလေလေ ဖြစ်ပါတယ်။ တချို့တွေမှာဆိုရင် ကိုယ်ဝန်‌ဆောင်ဟော်မုန်း အကြွင်းအကျန်တွေကြောင့် ဆီးစစ်တဲ့အခါ နှစ်ကြောင်းပေါ်တာတင်မကဘဲ ကိုယ်ဝန်ရှိသလို ပျို့အန်တာ၊ ရင်သားတင်းတာတွေလည်း ဖြစ်တတ်ပါတယ်။ကိုယ်ဝန်ပျက်ကျပြီး ၁လ၊ ၁လကျော်ကြာတာတောင် ဆီးစစ်တိုင်းမှာ နှစ်ကြောင်းပေါ်နေရင် ဖြစ်နိုင်တာတွေက။ကိုယ်ဝန်ပျက်ကျပြီး ရာသီပြန်လာပြီဆိုရင် ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။ ဒါပေမဲ့ ရာသီလာတယ်ဆိုတာ သားဥကြွေပြီးမှ လာတာဆိုတော့ ကိုယ်မသိလိုက်ခင်မှာပဲ ကိုယ်ဝန်ရှိသွားနိုင်ပါတယ်။ဒါကြောင့် ရှေ့ကိုယ်ဝန်ပျက်တာနဲ့ နောက်ကိုယ်ဝန်ရတာနဲ့ ဆက်ပြီး hCGတွေ တက်နေနိုင်ပါတယ်။ကိုယ်ဝန်ပျက်တာဖြစ်ဖြစ်၊ ဖျက်တာဖြစ်ဖြစ် အထဲမှာရှိတဲ့ ကိုယ်ဝန်အကြွင်းအကျန်တွေ မကုန်စင်ခဲ့ရင် hCG ဆက်တက်နိုင်ပါတယ်။ ဒါကြောင့် သားအိမ်ခြစ်ရတာပါ။သားအိမ်ခြစ်ပြီးတာကလည်း မကုန်စင်ရင် hCGတက်နိုင်တာကြောင့် ၁လကျော်တာတောင် နှစ်ကြောင်းပေါ်နေသေးရင် အထဲမှာ ကျန်မကျန် ပြန်စစ်သင့်ပါတယ်။hCGက ကိုယ်ဝန်အပြင် တခြားသော အခြေအနေတွေမှာလည်း တက်နိုင်ပါတယ်။ ဥပမာ။အများစုကတော့ ကိုယ်ဝန်ပျက်ကျပြီး ၁၂ရက်နေ ၁၆ရက်လောက်ဆို ဆီးစစ်ရင် နှစ်ကြောင်း မပေါ် တော့ပါဘူး။ ဒါပေမယ့် ကိုယ်ဝန်လပေါ်မူတည်ပြီး ဒီထက်စောတာ၊ နောက်ကျတာ ဖြစ်တတ်ပါတယ်။ တစ်လကျော်လို့မှ ကိုယ်ဝန်ပျက်ကျပြီး နှစ်ကြောင်းပေါ် သေးတယ်ဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသပြီး တိုင်ပင်သင့်ပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/how-long-hcg-positive-after-miscarriage/
အဝေးမှုန်စေနိုင်တဲ့ အရာများ
အနီးဆိုရင် ကောင်းကောင်း မြင်ရတယ် နည်းနည်း လှမ်းသွားရင် စာလုံး အကြီးကြီးတွေဆို မြင်ရပေမယ့် စာလုံး  ဆိုဒ်သေးရင် မမြင်ရတော့ဘူး ဆိုပြီး ဖြစ်နေပြီလား! ဒါဆိုရင်တော့ အဝေးမှုန်နေတာ ဖြစ်နိုင်ပါတယ်။ ဒီလိုအဝေးမှုန်ရတာက ဘာတွေကြောင့်လဲဆိုတာကို သိရှိပြီး ဆင်ခြင်လို့ရမယ့် အရာတွေရှိရင် ဆင်ခြင်နိုင်စေဖို့အတွက် အဝေးမှုန်စေနိုင်တဲ့ အရာများ အကြောင်း ပြောပြပေးလိုက်ရပါတယ်။အဝေးမှုန်တယ်ဆိုတာကအမြင်အာရုံ ပြဿနာတစ်ခုပါ။ အနီးအနားမှာ ရှိတာတွေကို ကောင်းကောင်းမွန်မွန် သဲသဲကွဲကွဲ မြင်ရပေမယ့် အဝေးက အရာတွေကိုတော့ မျက်လုံးရဲ့ ရောင်ပြန်ဟပ်မှု မှားယွင်းတာကြောင့် တိကျပြတ်သားစွာ မမြင်ရတာဝါးတားတား ဖြစ်တာမျိုးတွေကို ခံစားရနိုင်တဲ့ အခြေအနေပါ။အဝေးမှုန်တာက တော်တော်လေး အဖြစ်များပါတယ်။ အယောက် ၁၀၀ မှာ ၃၀% လောက် ခံစားကြရတဲ့ အမြင်အာရုံဆိုင်ရာ ပြဿနာပါ။ မျက်စိစမ်းသပ် စစ်ဆေးမှုတွေ လုပ်ပြီး အဖြေရှာလို့ ရပါတယ်။အဝေးမှုန်တာက အရမ်းမပြင်းထန်တဲ့အခါ လက္ခဏာ သိသိသာသာ မပြတာမျိုးတွေလည်း ရှိနိုင်ပါတယ်။အဝေးမှုန်တာက အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ အဝေးမှုန်တာက ကလေးအရွယ်မှာကတည်းက စဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာ အဝေးမှုန်တာက အကြောင်းအရင်းမရှိဘဲ မျိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ မိဘနှစ်ပါးက အ‌‌ဝေးမှုန်လို့ ကလေးမှာပါ အဝေးမှုန်ဖြစ်တာမျိုးပေါ့။အဝေးမှုန်စေနိုင်တဲ့ အရာများ ကတော့။အဝေးမှုန်တာက အသက် ၆ နှစ် နဲ့ ၁၄ နှစ်ကြား အရွယ်မှာ စဖြစ်နိုင်ပြီး အသက် ၂၀ အစောပိုင်း ကာလတွေမှာ ပိုပြင်းထန်လာနိုင်ပါတယ်။ အသက်အရွယ် ရလာတာနဲ့အမျှ မျက်လုံးအရွယ်အစားပြောင်းလဲလာတာကြောင့်  မျက်စိမှန်ဘီလူးကနေ ပုံရိပ်ကို ဖမ်းတာ ပုံမှန်မဟုတ်တော့ကြောင့်ပါ။မျက်လုံးကို အာရုံစိုက်ပြီး အနီးကပ် အနုစိတ် လုပ်ရတဲ့ အလုပ်တွေက အချိန် ကြာလာတာနဲ့ အမျှ အမြင်အာရုံကို ဝန်ပိစေပြီး အဝေးမှုန်တာမျိုး ဖြစ်စေနိုင်ပါတယ်။ဘယ်လိုအရာမျိုးတွေ ပါလဲဆိုတော့ကွန်ပျူတာကို အနီးကပ်ကြည့်တာ၊ စာအုပ်နဲ့ မျက်လုံးနဲ့ ကပ်ဖတ်တာ၊ ‌အလင်းရောင်ကောင်းကောင်း မရတဲ့ နေရာမှာ စာဖတ်တာ၊ စခရင်မ်တိုင်းမ် များတာ စတာတွေပါ။ကွန်ပျူတာနဲ့ အလုပ်လုပ်တဲ့အခါ အားပါပြီး ကျွန်ပျူတာနဲ့ မျက်လုံးနဲ့ နီးနီးလာတတ်ပါတယ်။ သတိထားမိပြီဆိုတာနဲ့ ခွာလိုက်ပါ။စာဖတ်ရင်လည်း အဲ့လိုပါပဲ။ ‌အလင်းရောင် ‌ကောင်းကောင်း မရတဲ့နေရာမှာ ဖတ်ရင် ပိုမြင်ရအောင် မျက်လုံးကို အားစိုက်ပြီးကြည့်တာ၊ စာအုပ်နားကို ကပ်ပြီး ဖတ်တာတွေ လုပ်မိတတ်ပါတယ်။ ဒါကြောင့် အလင်းရောင် သေချာရတဲ့နေရာမှာ စာဖတ်ပါ။တစ်နေ့တာရဲ့ အချိန် တော်တော်များများကို ဖုန်းကြည့်ရင်း ကွန်ပျူတာ ကြည့်ရင်း ကုန်ဆုံးနေမယ်ဆိုရင်တော့ စခရင်မ်တိုင်းများနေတာဖြစ်ပြီး ရေရှည်မှာ အဝေးမှုန်တာကို ဖြစ်စေနိုင်ပါတယ်။ များသောအားဖြင့် လူတွေက ဖုန်းကြည့်တယ်ဆိုရင် စခရင်မ်နဲ့ နီးနီးကြည့်မိတာ၊ မနားတမ်းကြည့်မိတာကြောင့် မျက်လုံးကို ဖိအားပေးသလို ဖြစ်စေလို့ပါ။အဝေးမှုန်ခြင်းက တစ်ခါတလေမှာ အမွေဆက်ခံ ရရှိခြင်းပါ။ မိဘဘိုးဘွားတွေမှာ အဝေးမှုန်ဖူးမယ်ဆိုရင် ကိုယ်တိုင်မှာလည်း အဝေးမှုန်နိုင်ပါတယ်။ပြင်ပ အလင်းရောင်နဲ့ ထိတွေ့ချိန် နည်းပြီး တစ်ချိန်လုံး အိမ်တွင်းအောင်းနေတာ၊ အလင်းရောင် မဝင်တဲ့ အခန်းအောင်း နေထိုင်ခြင်းတွေကလည်း အဝေးမှုန်စေနိုင်ပါတယ်။ ဒါက ကလေးတွေအတွက် ပိုပြီးအရေးကြီးပါတယ်။ ကလေးတွေကို ဖုန်းသုံးတာလျှော့၊ အိမ်ပြင်ထွက်ပြီး ‌ပေးဆော့ပါ။ ဒါက အဝေးမှုန်ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ကိုယ်တိုင်ရော ဒီအချက်တွေထဲက ဘယ်အရာတွေနဲ့များ ကိုက်ညီနေလဲဆိုတာကို ကိုယ်တိုင်ဆန်းစစ်လို့ ပြင်လို့ ရတာမျိုးလေးတွေကို ပြုပြင်လိုက်တော့နော်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/vision-impairment-loss/things-that-cause-nearsightedness/
သင့်သွားတိုက်နည်း မှန်ကန်ရဲ့လား
သွားတိုက်ကြတယ်ဆိုတာ သွားတွေဖြူဖွေးစေဖို့နဲ့ခံတွင်းနံ့ကောင်းဖို့အတွက်ပဲ မဟုတ်ပါဘူး။ သွားနဲ့ခံတွင်းထဲက အညစ်အကြေးတွေကိုဖယ်ရှားနိုင်မှ သွားပိုးပေါက်ဖြစ်တာ၊ သွားဖုံးရောဂါနဲ့တခြားဆိုးရွားတဲ့ရောဂါတွေကို ကာကွယ်နိုင်မှာပါ။ ဒီလိုအရေးကြီးမှန်းသိလို့ သွားမှန်မှန်တော့တိုက်ပါရဲ့။ သွားတိုက်နည်းကမှားနေပြီး တိုက်ချင်သလိုတိုက်နေရင် ကောင်းလာဖို့ထက် ပျက်စီးတဲ့ဘက်ကိုတောင် ရောက်သွားနိုင်တာလေး သတိထားဖို့လိုပါတယ်။ဒါ့ကြောင့်မို့ သွားတိုက်တဲ့အခါ ကိုယ်ရဲ့လုပ်ပုံမှန်ကန်ရဲ့လားသိနိုင်ဖို့ အချက်တချို့ကို အကြံပြုပါရစေ။သွားပွတ်တံကို ကောင်းတာပဲသုံးပါ။ဘရက်ရှ်မွေးနုပြီး အရည်အသွေးကောင်းတဲ့ သွားပွတ်တံကိုပဲရွေးချယ်ပါ။ တွေ့ရာ၊ ကြုံရာ သွားပွတ်တံကို အလွယ်မသုံးပါနဲ့။ သွားကြားတွေအထိ အညစ်အကြေး၊အကြွင်းအကျန်တွေနဲ့ သွားချေးတွေကို ထိရောက်စွာဖယ်ရှားနိုင်ရမယ်၊ သွားဖုံးတွေကိုမထိခိုက်စေရဘူး၊သွားကြွေလွှာေတွပျက်စီးစေနိုင်တဲ့ဘရက်ရှ်မွေးတွေမဖြစ်ရဘူး၊ ကိုင်ရတာအဆင်ပြေတဲ့ သွားပွတ်တံလက်ကိုင်ဖြစ်ရမယ်၊ သွားပွတ်တံထိပ်က သွားတွေအားလုံးအထိ လွယ်လွယ်ကူကူသန့်စင်နိုင်လောက်တဲ့ ပုံသဏ္ဍာန်အရွယ်အစားဖြစ်ရမယ်။သွားတိုက်ဆေးနည်းနည်းပဲသုံးပါ။သွားတစ်ခါတိုက်ရင်သွားတိုက်ဆေးကို မန်ကျည်းစေ့လောက်ပဲထည့်ပါ။ သွားတိုက်ဆေးများလွန်းရင် ဖလူအိုရိုက်ပါတဲ့သွားတိုက်ဆေးတွေ ဗိုက်ထဲပိုရောက်သွားနိုင်တော့ ကျန်းမာရေးအတွက်မကောင်းပါဘူး။သွားပွတ်တံဘရက်ရှ်တွေကို သွားမှာ ၄၅ ဒီဂရီစောင်းပြီးတိုက်ပါ။သွားပွတ်တံကို ခပ်စောင်းစောင်းလေးထားပြီး ညင်ညင်သာသာ စက်ဝိုင်းပုံဝိုက်ပြီးတိုက်ပါ။ သွားကြားထဲက အညစ်အကြေးတွေပိုသန့်စင်ပါလိမ့်မယ်။ သွားတွေကို ကန့်လန့်ဖြတ် ဘေးတိုက် မတိုက်ပါနဲ့။သွားတိုက်တာ နှစ်မိနစ်/သုံးမိနစ်လောက် အချိန်ပေးပါ။သွားတိုက်တဲ့အခါ အပေါ်နဲ့အောက် တိုက်ပြီး စက်ဝိုင်းသဏ္ဍာန်တိုက်တဲ့အခါ ဘယ်ကနေ ညာ၊ ညာကနေ ဘယ်ကို တစ်ပိုင်းချင်း အချိန်ပေးပြီးတိုက်ပါ။ နှစ်မိနစ်/ သုံးမိနစ်ထက်တော့ ပိုမကြာပါစေနဲ့။အံသွားတွေကိုလည်း တိုက်ပေးပါ။သွားတိုက်တဲ့အခါ အံသွားတွေကိုလည်းချန်မထားသင့်ပါဘူး။ အတွင်းထဲထိ သေချာတိုက်ပေးမှ အစားအစာအကြွင်းအကျန်တွေနဲ့ ဘက်တီးရီးယားတွေကိုဖယ်ရှားနိုင်မှာဖြစ်ပါတယ်။သွားရဲ့အတွင်းဘက်ကိုလည်းတိုက်ပါ။သွားရဲ့အရှေ့ခြမ်းကိုတင်မကပဲ အတွင်းဘက်ခြမ်းကိုလည်း သေချာတိုက်ပေးသင့်ပါတယ်။ သွားတိုက်တဲ့အခါ အတော်များများ မေ့ကျန်တတ်တဲ့နေရာက ရှေ့သွားရဲ့အတွင်းပိုင်းဖြစ်တယ်လို့ ဆိုကြပါတယ်။လျှာကိုလည်း ခပ်ဖွဖွတိုက်ပေးပါ။သွားတိုက်ပြီးတဲ့အခါ လျှုာကိုလည်း ညင်သာစွာတိုက်ပေးပါ။ ဒါ့ကြောင့်ပဲ နူးညံ့တဲ့သွားပွတ်တံကို သုံးသင့်တာဖြစ်ပါတယ်။ လျှာကိုသန့်စင်ပေးခြင်းအားဖြင့် ခံတွင်းနံ့ဆိုးကိုကာကွယ်ပေးပြီးဘက်တီးရီးယားတွေကင်းစင်စေပါတယ်။သွားပွတ်တံကိုလည်းဆေးပါ။သွားမတိုက်ခင်နဲ့ သွားတိုက်ပြီးချိန်မှာ သွားပွတ်တံကို ရေနဲ့လောင်းချပြီး ဆေးကြောသင့်ပါတယ်။ မဆေးဘဲကြာရင် နောက်တစ်ကြိမ်သုံးတဲ့အခါ ဘက်တီးရီးယားတွေကစောင့်ကြိုနေပါလိမ့်မယ်။ ဆေးကြောလိုက်တဲ့အခါ သွားပွတ်တံမှာကျန်နေတဲ့သွားတိုက်ဆေးလက်ကျန်တွေကိုဖယ်ရှားနိုင်ပါတယ်။ သွားတိုက်ဆေးတွေကပ်ကျန်တဲ့အခါ ခြောက်သွေ့သွားပြီး ဘက်တီးရီးယားတွေ ကပ်ငြိပေါက်ဖွားစေနိုင်ပါတယ်။တစ်နေ့နှစ်ကြိမ်သွားတိုက်ဖို့ မမေ့ပါနဲ့။အနည်းဆုံးတစ်နေ့နှစ်ကြိမ်သွားတိုက်ဖို့ သွားဆရာဝန်တွေက အကြံပြုကြပါတယ်။ ဒါပေမယ့် ထမင်းစားချိန်တွေကြားမှာ သရေစာ တစွပ်စွပ်စားလွန်းတဲ့အခါ ခံတွင်းမှာအစားအစာအကြွင်းအကျန်နဲ့ဘက်တီးရီးယားပိုများစေလို့ သွားပျက်စီးနိုင်ပါတယ်။ သွားခဏခဏတိုက်ရင် မကောင်းတာကြောင့် ဒီလိုအစားတွေစားပြီးတဲ့အခါ ပလုပ်တော့ကျင်းပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%94%e1%80%8a%e1%80%ba%e1%80%b8-%e1%80%99%e1%80%be%e1%80%94%e1%80%ba%e1%80%80/
ဒံပေါက်ကို အမြဲစားနေရင် ကျန်းမာရေးထိခိုက်လာနိုင်လား
ဒံပေါက်ကို အမြဲစားနေရင် ကျန်းမာရေးထိခိုက်လာနိုင်လား။ ဒံပေါက်ဆိုတဲ့ အသံကြားတာနဲ့ လူတော်တော်များများ ပါးစပ်ကနေ သွားရည်တွေ ကျလာတာ တွေ့ဖူးကြမှာပါ။ အိန္ဒိယ ရိုးရာ အစားအစာတစ်မျိုးဖြစ်ပြီးအနံ့ရော၊ အရသာနဲ့ အရောင်အဆင်းအနေနဲ့ပါ လူတိုင်းကို စားချင်လာအောင် ဆွဲဆောင်နိုင်တယ်။ ဒံပေါက်ကို အိန္ဒိယလူမျိုးတွေအပြင် ကျွန်တော်တို့ မြန်မာလူမျိုးတွေရော တစ်ကမ္ဘာလုံးက လူတွေကပါ ကြိုက်နှစ်သက်ကြပါတယ်။ဒီတော့ ဒံပေါက်ဆိုတာ ကျန်းမာရေးအတွက် ကောင်းတဲ့ အစားအစာဟုတ်သလား၊ ဒီလိုနွေရာသီမျိုးမှာရော ဒံပေါက်စားပေးသင့်လား၊ အမြဲစားရင် ကျန်းမာရေးထိခိုက်နိုင်လား ဆိုပြီး မေးစရာမေးခွန်းတွေ ဖြစ်လာပါတယ်။ ကိုယ်တိုင်က ဒံပေါက်ကို အရမ်းကြိုက်တတ်တဲ့သူတစ်ယောက်ဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက် ဗဟုသုတရစေမှာပါ။ဒံပေါက်ကို အမြဲစားနေရင် ကျန်းမာရေးထိခိုက်လာနိုင်လား ဆိုတော့ –။အဓိကပါဝင်ပစ္စည်းတွေကတော့ ထမင်းနဲ့ကြက်သားြဖစ်ပြီး ဆီ၊ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့်၊ နနွင်းမှုန့်၊ ဇီရာစေ့၊ ခရမ်းချဉ်သီး၊ ဒိန်ချဉ်၊ ဒံပေါက်မဆလာ၊ ဖာလာစေ့၊ နာနတ်ပွင့်၊ သစ်ဂျပိုးခေါက်၊ ကရဝေးရွက်၊ အာလူး၊ သီဟိုရ်စေ့၊ ကြက်သွန်နီအစရှိသဖြင့် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ဖြစ်စေတဲ့ အရာတွေကို ပေါင်းစပ်ချက်လုပ်ထားတာ ဖြစ်ပါတယ်။ဒံပေါက်ကို ထမင်း၊ ကြက်သားနဲ့ အဓိကချက်ထားတာဖြစ်တဲ့အတွက် ပရိုတင်းဓါတ်၊ ကစီဓါတ်ပေါကြွယ်ဝတယ်။ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးတယ်။အမျှင်ဓါတ်လည်း ပါဝင်လို့ အစာကြေလွယ်စေပြီးဝမ်းချုပ်တာတွေ မဖြစ်စေပါဘူး။ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်တယ်။ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်။ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ခန္ဓါကိုယ်အတွက် မရှိမဖြစ် အသားဓါတ်အပြင် ဗီတာမင် ဘီ-၃၊ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတဲ့ ဆလီနီယမ် (Selenium)တွေလည်း ပါဝင်ပါတယ်။ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိစေတဲ့ အရာတွေကို ပေါင်းစပ်ပြီး ဒံပေါက်ကို ချက်ထားတာဖြစ်ပေမဲ့ ချက်ပုံချက်နည်း၊ ပါဝင်ပစ္စည်းနဲ့ သန့်ရှင်းသပ်ရပ်မှုပေါ်မူတည်ပြီး ဒံပေါက်ဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အပြင်မှာ ရောင်းတဲ့ဆိုင်တွေ တော်တော်များများက မသန့်ရှင်းတဲ့ ဆီတွေကို အသုံးပြုတာ၊စားအုန်းဆီလို ပြည့်ဝဆီတွေနဲ့ ဒံပေါက်ထမင်းချက်တာ၊ ချက်ပြီးသားဆီကို အကြိမ်ကြိမ် ပြန်အသုံးပြုတာကြောင့် အမြဲစားပေးနေရင်တော့ ကျန်းမာရေးကို ထိခိုက်လာစေမှာ အသေအချာပါပဲ။ ဒါကြောင့် ကိုယ်က ဒံပေါက်ကြိုက်တဲ့သူဆိုရင် ကိုယ့်အိမ်မှာ ဆီကောင်းဆီသန့်နဲ့ သေချာသန့်ရှင်းလတ်ဆတ်စွာ ချက်ပြီး ပူပူနွေးနွေးစားတာ အကောင်းဆုံးပါပဲ။ဒံပေါက်မှာ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းဓါတ်တွေအပြင် ကစီဓါတ်၊ အဆီဓါတ်တွေ အများအပြားပါဝင်လို့ နွေရာသီလို ရာသီဥတုပူပြင်းတဲ့ အချိန်မှာ စားရင်တော့ ခေါင်းမူးခေါင်းကိုက်ပြီး ကိုယ်လက်မအီမသာဖြစ်တာ၊ ပျို့အန်ချင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဆီများလွန်းတာ၊ မသန့်ရှင်းတဲ့ ဆီတွေ သုံးထားရင်လည်းသွေးတိုးရောဂါ၊ နှလုံးရောဂါ ရှိတဲ့သူတွေအနေနဲ့တော့ များများစားလိုက်ရင် သွေးတက်တာ၊ ဦးနှောက်နဲ့ နှလုံးသွေးကြောထိခိုက်နိုင်ပါတယ်။ကယ်လိုရီပါဝင်မှုများတဲ့အတွက် အသည်းအဆီဖုံးတာ၊ ကိုယ်အလေးချိန်တက်ပြီး အဝလွန်တာတွေပါ ဖြစ်လာနိုင်ပါတယ်။အစားအစာတိုင်းမှာတော့ တန်ဆေး၊ လွန်ဘေးဆိုတာ ရှိပါတယ်။ ဒါကြောင့် ကိုယ်က အစားအစာတစ်မျိုးကို ဘယ်လောက်ပဲ ကြိုက်ကြိုက် ဒါပဲ အမြဲစားနေမယ်ဆိုရင်တော့ ကျန်းမာရေးမှာ ပြဿနာဖြစ်လာမှာပါ။ ဒါကြောင့် ဒံပေါက်ကိုလည်း အမြဲစားတာထက် တစ်လ ၂ကြိမ်၊ ၃ကြိမ်လောက်ပဲ စားပေးမယ်ဆိုရင် အဆင်ပြေပါတယ်။ဒံပေါက်ထဲမှာ ပါဝင်တဲ့ ကိုလက်စထရောတွေနဲ့ မကောင်းတဲ့ အဆီတွေကို ဖယ်ရှားပေးဖို့ အစာစားပြီးတိုင်း ရေနွေးကြမ်းဖြစ်ဖြစ်၊ ရေနွေးနွေးလေး ဖြစ်ဖြစ် သောက်ပေးသင့်ပါတယ်။ ဒံပေါက်ချက်လုပ်ရမှာ သမားရိုးကျအတိုင်း ချက်တာထက် မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်းပွင့်၊ ကန်စွန်းရွက် အစရှိတဲ့ အရွက်လေးတွေ ရောပြီး အသစ်အဆန်းပုံစံမျိုး ချက်ပေးနိုင်ရင်လည်း ပိုကောင်းပါတယ်။သတိထားရမှာကတော့ စားအုန်းဆီကို အမြဲရှောင်ဖို့ပါပဲ။ ဒီလို မသန့်ရှင်းတဲ့ ဆီတွေအစား ကိုယ်ခန္ဓါအတွက် အန္တရာယ်မဖြစ်စေတဲ့ မပြည့်ဝဆီ (သံလွင်ဆီ၊ မြေပဲဆီ၊ နှမ်းဆီ၊ ဟင်းသီးဟင်းရွက်ဆီ) တို့ကို အသုံးပြုပြီး ချက်ပေးပါ။ ချက်ပြီးသားဆီတွေကို ပြန်ပြီး အသုံးပြုတာမျိုးလည်း မလုပ်သင့်ပါဘူး။ အကောင်းဆုံးက ဆိုင်တွေမှာ ဝယ်စားတာထက် ကိုယ့်အိမ်မှာ ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပြီး ဆီကောင်းဆီသန့်ကိုပဲ အသုံးပြုပေးတာ ပိုကောင်းပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/if-you-eat-biryani-rice-everyday/
အမျိုးသားတိုင်း နေ့စဉ် ဒိုက်ထိုးဖို့ ဘာကြောင့် လိုအပ်တာလဲ
ဒိုက်ထိုး လေ့ကျင့်ခန်း (Push-Up) ဆိုတာ ပစ္စည်းကိရိယာ(အလေးတုံး) မလိုအပ်ဘဲ ကိုယ့်ရဲ့ အိမ်မှာ အလွယ်တကူ လုပ်လို့ရတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ လက်မောင်းအပေါ်ပိုင်း၊ ရင်အုပ်နဲ့ ပခုံးမှာ ရှိတဲ့ကြွက်သားတွေကို ကျစ်လျစ်စေပြီး ခန္ဓါကိုယ် အပေါ်ပိုင်းအတွက် ခွန်အား ဖြစ်စေတယ်။ လက်ကောက်ဝတ် နဲ့ ပခုံးရိုးတွေကို သန်စွမ်းစေတယ်။ နှလုံးခုန်နှုန်း မြန်စေပြီး သွေးလည်ပတ်မှု ကောင်းစေတယ်။ မှန်ကန်တဲ့ နည်းလမ်းနဲ့ နေ့စဉ် လုပ်ပေးမယ်ဆိုရင် သက်လုံကောင်းစေပြီး ခါးအောက်ပိုင်းကိုပါ သန်စွမ်းစေလို့အမျိုးသားတွေအတွက်တော့ နေ့စဉ် အလွယ်တကူ ပြုလုပ်ပေးသင့်တဲ့လေ့ကျင့်ခန်းထဲမှာ ပါဝင်ပါတယ်။ အမျိုးသားတွေအနေနဲ့ ကျန်းမာရေးအတွက် ဒိုက်ထိုးဖို့ အချိန်လေးတော့ ပေးသင့်ပါတယ်။ပထမဆုံး လေ့ကျင့်ခန်း လုပ်တဲ့အခါမှာ ဘယ်သူမှ အကြိမ်ရေများများဒိုက်ထိုးနိုင်မှာ မဟုတ်ပါဘူး။ တစ်မိနစ်၊ တစ်ရက်အတွင်းမှာ ဘယ်နှစ်ကြိမ် ထိုးနိုင်လဲ၊ အချိန် ကြာလာတာနဲ့အမျှ အကြိမ်ရေ ဘယ်လောက် များများ ပိုထိုးလာနိုင်လဲ ဆိုတာကို လေ့လာလို့ ရပါတယ်။စတင် ဒိုက်ထိုးကာစမှာတော့ နာကျင်မှုဝေဒနာ၊ ကိုယ်လက် ညောင်းကိုက်နေတာ ခံစားမိမှာပါ။ ဒီလိုဆိုတာနဲ့ ဒိုက်ထိုးဖို့ ကိစ္စကို မစွန့်လွှတ် လိုက်ပါနဲ့။ အစောပိုင်းမှာ အကြိမ်ရေ နည်းနည်းနဲ့ စတင်ကစားရာကနေ ၂လအတွင်း တစ်နေ့ကို အကြိမ် ၁၀၀ ထိ ပုံမှန် ကစားပေးနိုင်တဲ့အထိ ကိုယ်ခန္ဓာအပေါ်ပိုင်း သန်စွမ်းလာနိုင်ပါတယ်။လေ့ကျင့်ခန်း စတင် လုပ်ကာစမှာ ကိုယ်က ခန္ဓါကိုယ် တစ်ခုလုံးကို လှုပ်ရှားပေးဖို့ အခက်အခဲ ရှိတယ်ဆိုရင် ဒူးခေါင်းကို မဆန့်တန်းဘဲ လေးဘက်ထောက်အနေအထားဖြင့် ဒိုက်ထိုးပေးလို့ ရသလို၊ ခြေထောက်ကို နံရံနဲ့ ထိကပ်အားယူပြီး ဒိုက်ထိုးပေးလို့ ရပါတယ်။လက်ကောက်ဝတ်ကို အားပြုပြီး ဒိုက်မထိုးနိုင်တာ၊ လက်အရိုးအဆစ်တွေ နာကျင်ကိုက်ခဲနေပြီဆိုရင် လက်ကောက်ဝတ်အစား လက်ဖျံကို ကြမ်းပြင်နဲ့ ထိကပ်ပြီး ဒိုက်ထိုးပေးနိုင်ပါတယ်။၁။ ဘယ် လေ့ကျင့်ခန်း ကိုမဆို နည်းစနစ်နဲ့ ကိုယ်ခန္ဓာ အနေအထား မှန်ကန်ဖို့ လိုအပ်ပါတယ်။၂။ လေ့ကျင့်ကာစမှာ အားကစားအကြောင်း နားလည်တဲ့ လူကြီး သို့မဟုတ် အားကစားနည်းပြရဲ့ အကူအညီဖြင့် ကစားပေးပါ။၃။ ကိုယ် ဆော့နိုင်တဲ့ အတိုင်းအတာထက် ပိုဆော့တာမျိုး မလုပ်ပါနဲ့။၄။ လက်ကောက်ဝတ်၊ လက်အရိုးအဆစ်တွေ ထိခိုက်မိထားရင် ဒိုက်မထိုးပါနဲ့။အစပိုင်းမှာ ကောင်းကောင်း ဒိုက်မထိုးနိုင်လို့ စိတ်ပျက်တာမျိုး၊ လုံးဝ ရပ်လိုက်တာမျိုး မလုပ်ပါနဲ့။ ဒိုက်ထိုးတာ ကြာလာတာ နဲ့အမျှ ကိုယ်ခန္ဓာ အပေါ်ပိုင်းမှာ ရှိတဲ့ကြွက်သားတွေတောင့်တင်း သန်မာလာပြီး အကြိမ်ရေ များများဖြင့် ပြင်းပြင်းထန်ထန် လုပ်လာနိုင်မှာပါ။ အားကစား ခန်းမကို သွားဖို့ အချိန်မရှိတဲ့အမျိုးသားတွေအတွက် အချိန် နည်းနည်း ပေးပြီး ဒိုက်ထိုးပေးရုံနဲ့ ကျန်းမာပြီး ယောက်ျား ပီသတဲ့ ခန္ဓာကိုယ်ကို ရရှိနိုင်ပါတယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/why-should-guys-do-pushups-everyday/
အမျိုးသားတွေအတွက် ဘယ်အတွင်းခံဘောင်းဘီက အဆင်အပြေဆုံးလဲ
တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ အမျိုးသားကျန်းမာရေး ဆက်စပ်ပုံ၊အတွင်းခံဘောင်းဘီဝတ်ခြင်း၊ မဝတ်ခြင်းရဲ့ အားသာချက်၊ အားနည်းချက်တွေ ပြောပြပေးပြီးပြီဆိုတော့ အခု အမေးများတဲ့ အမျိုးသားတွေအတွက် ဘယ်အတွင်းခံဘောင်းဘီက အဆင်အပြေဆုံးလဲ ဆိုတဲ့ အကြောင်းကို ကျန်းမာရေးရှုထောင့်ကနေ ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီဆောင်းပါးမှာတော့ လူကြိုက်အများဆုံးနဲ့ ဝယ်ယူမှုအများဆုံး အတွင်းခံဘောင်းဘီတွေအကြောင်းကို အဓိကပြောပြပေးသွားမှာဖြစ်ပြီး ကျန်တာတွေကိုတော့ ချန်လှပ်သွားမှာဖြစ်ပါတယ်။ ဒီဘောင်းဘီတွေကတော့။T ပုံသဏ္ဍာန်ရှိပြီး ယောက်ျားလေးတော်တော်များများ ဝတ်တတ်ကြတဲ့ အမျိုးအစားဖြစ်ပါတယ်။ပိန်တဲ့သူတွေ၊ အရပ်ပုတဲ့သူတွေအတွက် အလိုက်ဖက်ဆုံးဖြစ်ပါတယ်။ ဘောင်းဘီနဲ့ ဝတ်ဆင်လို့အဆင်ပြေပြီး ပုဆိုးနဲ့ဆိုရင်တော့ အပေါ်က သားရေပတ်ကပေါ်နေလို့ ကြည့်ရဆိုးစေနိုင်ပါတယ်။ ရေကူးတဲ့အခါမှာလည်းရေကူးဘောင်းဘီအောက်ကနေ ခံဝတ်လို့ အဆင်ပြေပါတယ်။Brief အမျိုးအစားရဲ့ အားသာချက်က ယောက်ျားလေးတွေရဲ့ ပစ္စည်းကို နေရာတကျဖြစ်စေပြီး အလုံးအထည် ပုံစံကို သိသိသာသာဖော်ပေးတယ်။ အရမ်းလည်း မရှည်လို့ ချွတ်ရ၊ ဝတ်ရတာလွယ်ကူစေတယ်။ စတိုင်ဘောင်းဘီတွေ၊ ဂျင်းဘောင်းဘီ၊ ဘယ်လိုဘောင်းဘီမျိုးနဲ့မဆို ဝတ်လိုက်ရင် သူ့နေရာနဲ့ အဆင်ပြေစေပြီး ချောင်နေတာ၊ ကျပ်နေတာမျိုးလည်း အလွန်နည်းပါတယ်။ ဒီအမျိုးအစားကိုရွေးတော့မယ်ဆိုရင်တော့ ကိုယ့်ခါးဆိုဒ်နဲ့ ကွက်တိဖြစ်နေမယ့်အတွင်းခံအရွယ်အစား ရွေးဝယ်တာ အကောင်းဆုံးပါပဲ။Brief အမျိုးအစားနဲ့ ကွာသွားတာကတော့ ဘေးပေါင်ဘက်မှာ အောက်ကို နှစ်လက်မလောက် ရှည်ထွက်သွားတာပါပဲ။အားကစားလုပ်သူတွေ၊ လေ့ကျင့်ခန်းလုပ်တဲ့အခါ၊ Gym ကစားတဲ့အခါ အဝတ်များပါတယ်။ တင်ပါးကိတ်တဲ့အမျိုးသားတွေ၊ ငယ်ပါကြီးတဲ့အမျိုးသားတွေဆိုရင် ဝတ်လိုက်တာနဲ့ ကိုယ့်ရဲ့ ကိုယ်ခန္ဓာကောက်ကြောင်းအလှကို ပေါ်လွင်စေပြီး အများသူငါ ငေးကြည့်ရလောက်တဲ့အထိ ကြည့်ကောင်းပါတယ်။ ဒီအတွင်းခံကို ပုဆိုး၊ ဘောင်းဘီတိုတွေနဲ့ တွဲဝတ်ရင်တော့ အကောင်းဆုံးပါပဲ။အဓိကကတော့ အထဲကပစ္စည်းရဲ့ ကောက်ကြောင်းအလှကို ပေါ်စေချင်တာဖြစ်တဲ့အတွက် ဝတ်လိုက်တဲ့ဘောင်းဘီအရွယ်အစားက ကိုယ့်တင်၊ ခါးနဲ့ ကွက်တိကျနေဖို့ လိုပါတယ်။ ချောင်နေတာ၊ တင်ပါးပြားနေတာဆိုရင်တော့ သိပ်ပြီးကြည့်မကောင်းပါဘူး။ ပိန်တဲ့သူတွေဆိုရင်လည်း ဒီအတွင်းခံကို ရှောင်သင့်ပါတယ်။ နောက်ပြီးတော့ အကျပ်သားဖြစ်တဲ့အတွက် လေဝင်လေထွက်ပေါက်မရှိဘဲ အပြင်သွားပြီး ပြန်လာတဲ့အခါ သေချာပေါက်ချွတ်လဲဖို့ လိုပါတယ်။အရပ်က အရမ်းမရှည်၊ မပုတဲ့ အမျိုးသားတွေ ပွဲလမ်းသဘင်တက်တဲ့အခါ ပုဆိုးနဲ့ တွဲဝတ်တာ အဆင်အပြေဆုံးပါ။ တချို့တွေကတော့ ရေကူးဘောင်းဘီမဝတ်ဘဲ Trunk အတွင်းခံနဲ့ ရေကူးတာမျိုးလုပ်တတ်ပါတယ်။ မလုပ်ပါနဲ့။ အထဲမှာ အတွင်းခံဝတ်မယ်ဆိုရင်လည်း ရေကူးဘောင်းဘီကိုတော့ မဖြစ်မနေဝတ်ပြီးမှ ရေကူးပါ။ဒီအမျိုးအစားက ကိုယ်ကျပ်ဘောင်းဘီအတိုနဲ့ ပုံစံချင်းဆင်ပါတယ်။ ပေါင်ရဲ့တစ်ဝက်လောက်ထိ ရှည်ပြီးတော့ ကိုယ့်ရဲ့ပစ္စည်းကို အထဲမှာ ပုံစံတကျ သိမ်းဆည်းထားနိုင်ဖို့ ကူညီပေးပါတယ်။အားကစားလုပ်တဲ့အခါ အဝတ်များပြီး Trunk လောက်လည်း မကျပ်တဲ့အတွက် တစ်နေကုန်ဝတ်လို့ အသားပွန်းတာ၊ ခါးမှာသားရေပတ် အရာထင်တာ၊ ချွေးအရမ်းထွက်ပြီး အပူအောင်းနေတာမျိုး မဖြစ်စေပါဘူး။အရပ်ရှည်တဲ့သူတွေအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ပြီး ဗလတောင့်တဲ့သူ၊တင်ပါးကိတ်တဲ့သူတွေသာမက ဗိုက်ပူတဲ့သူတွေအတွက်ပါ အဆင်ပြေစေပါတယ်။ ဘောင်းဘီထက်စာရင် ပုဆိုးနဲ့ တွဲဝတ်တာကတော့ အလိုက်ဖက်ဆုံးဖြစ်မှာပါ။ပွပွယောင်းယောင်း ဝတ်ရတာကြိုက်တဲ့အမျိုးသားတွေအတွက် Boxer က အဆင်ပြေပါတယ်။ ခါးနဲ့ အံဝင်ခွင်ကျဖြစ်ပြီး အရမ်းလည်းချောင်မနေသလို ကျပ်မနေပါဘူး။ ကိုယ့်ရဲ့ ပစ္စည်းအတွက်လည်း လေဝင်လေထွက်ကောင်းစေကာ အနံ့အသက်ဆိုး ကင်းစေတယ်။ အားကစားလုပ်တဲ့အခါဖြစ်စေ၊ အိမ်မှာနေတဲ့အခါ ဘောင်းဘီမဝတ်ဘဲ Boxer နဲ့ပဲ လွတ်လွတ်လပ်လပ်နေလို့ရပါတယ်။ကမ်းခြေသွားတဲ့အခါမျိုးမှာလည်း ပေါ့ပေါ့ပါးပါးနဲ့ လူငယ်မဆန်၊ လူကြီးမကျ ပုံစံမျိုးဖြစ်စေပြီး အမြင်ဆန်းစေတယ်။ တခြားအတွင်းခံတွေလိုမျိုး အထိန်းအကွပ်သိပ်မရှိတဲ့အတွက် လမ်းလျှောက်တဲ့အခါကျရင် အောက်စလွတ်တာ၊ လှုပ်ခါနေတာ၊ ရုတ်တရက်ထောင်မတ်လာတဲ့အခါ လူကြားထဲမှာဆို နေရခက်တာမျိုး ဖြစ်စေနိုင်တာကြောင့် အပြင်သွားတဲ့အခါတော့ မဝတ်သင့်ပါဘူး။ ပိန်တဲ့သူတွေထက် မဝမပိန် ခန္ဓာကိုယ်၊ ဝတဲ့သူတွေအတွက်တော့ အရွေးချယ်သင့်ဆုံးပါပဲ။ကဲ ဒါဆိုရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစား၊ အရပ်အမြင့်နဲ့ လိုက်ဖက်မယ့် အတွင်းခံဘောင်းဘီတွေကို ရွေးချယ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အတွင်းခံဆိုတာ ကိုယ့်ရဲ့ ပစ္စည်းကို အနံ့ဆိုးမဖြစ်စေဖို့၊ ထိခိုက်ပွန်းပဲ့မိတာ၊ ယားယံတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တဲ့ အဝတ်အစားဖြစ်တာကြောင့် ဘာအတွင်းခံမှ မဝတ်ဘဲ အပြင်ထွက်တာမျိုးတော့ မလုပ်သင့်ပါဘူးနော်။အတွင်းခံတွေကိုလည်း ဝတ်ပြီး အပြင်ကပြန်လာတာနဲ့ လဲလိုက်ဖို့၊ နောက်တစ်ကြိမ် ထပ်မဝတ်ဖို့နဲ့၊ ၆လ သို့မဟုတ် တစ်နှစ်တစ်ကြိမ်လောက် အတွင်းခံအဟောင်းတွေကို လွှင့်ပစ်ပြီး အသစ်လဲသင့်တယ်ဆိုတဲ့အကြောင်းလည်း မမေ့ဖို့ ထပ်သတိပေးလိုက်ပါတယ်ခင်ဗျ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/suitable-underwears-for-men/
အမျိုးသားတွေမှာ ဘယ်လောက်အရပ်နဲ့ ကိုယ်အလေးချိန်ပမာဏ ရှိသင့်လဲ
အမျိုးသားတွေမှာ ဘယ်လောက်အရပ်နဲ့ ကိုယ်အလေးချိန်ပမာဏ ရှိသင့်လဲ ဆိုတာက တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ်ကွာခြားနိုင်ပါတယ်။ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ တစ်ကမ္ဘာလုံးအတိုင်းအတာအရရော၊ လူမျိုးပေါ်မူတည်ပြီး ကိုယ်အလေးချိန်နဲ့ အရပ်က မတူနိုင်ပါဘူး။ အကြမ်းအားဖြင့်တော့ ယောက်ျားလေးတွေသည်အားကစား၊ လေ့ကျင့်ခန်းပိုလုပ်တဲ့အတွက် ထွက်လာတဲ့ ကြွက်သားထုက အဆီထက်ပိုများနေပြီး အလေးချိန်အနည်းငယ် ပိုစီးနေတတ်ပါတယ်။အရပ်ဘယ်လောက်၊ ကိုယ်အလေးချိန်ဘယ်လောက် ဆိုတာထက် ခုနောက်ပိုင်းမှာ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI)နဲ့ ပြောလာပါပြီ။ BMIဆိုတာက အရပ်ရော၊ ကိုယ်အလေးချိန်ကိုပါ ထည့်သွင်းတွက်ချက်တဲ့ ညွှန်းကိန်းတစ်ခုပါ။ BMIအရ။[embed-health-tool-bmi]။BMI 18.5 − 24.9ကြား ရှိဖို့ ရှိသင့်တဲ့ အရပ်အမြင့်နဲ့ ကိုယ်အလေးချိန်တွေကတော့။ဒါကအကြမ်းပဲဖြစ်ပြီး ဒီဂဏန်းတွေက တစ်ယောက်နဲ့ တစ်ယောက်မှာ ပြောင်းလဲနိုင်ပါတယ်။ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကြောင့်လည်း ကိုယ်အလေးချိန်က မြင့်တက်လာနိုင်သလို ကလေးဘဝက အစာအာဟာရလုံလောက်စွာ မရရှိခဲ့ခြင်းကြောင့်လည်း တခြားသူတွေထက် ပိုပိန်နေပြီး လူကောင်သေးနေတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါ့ပြင်။ဝဖို့၊ ပိန်ဖို့ဆိုတာထက် လူတိုင်းသည် သတ်မှတ်ထားတဲ့ ကျန်းမာသောကိုယ်အလေးချိန်တစ်ခု ရှိဖို့ လိုအပ်ပါတယ်။ ဒါမှပဲ ကိုယ်ခန္ဓာက ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ကြည့်ကောင်းနေမှာဖြစ်သလို ရောဂါတွေ အလွယ်တကူမဖြစ်စေဖို့ ကာကွယ်ပေးနိုင်မှာပါ။ ဒီလို ကိုယ်အလေးချိန်ကို ထိန်းဖို့အတွက်ဆိုရင်။၁။အစာအာဟာရကို ဂရုစိုက်ပါ။ စားချင်တာ လျှောက်စားတာထက် ကိုယ့်အတွက် အာဟာရဖြစ်စေမယ့်အရာတွေကို မျှမျှတတစားပေးပါ။၂။ အစာကို တစ်ထိုင်တည်းနဲ့ အဝမစားပါနဲ့။ နည်းနည်းစီ အကြိမ်ရေများများစားပေးပါ။၃။ကိုယ်လက်လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးပါ။ မလုပ်နိုင်ရင်တောင် လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာမျိုးတော့ လုပ်ပေးသင့်ပါတယ်။၄။ ကျန်းမာရေးကို မပေါ့ပါနဲ့။ တစ်နှစ်ကို တစ်ကြိမ်လောက်ဖြစ်ဖြစ် ကိုယ်တွင်းအင်္ဂါတွေ၊ဟော်မုန်းတွေ ကောင်းစွာ လည်ပတ်အလုပ်လုပ်နေလား၊ ကျန်းမာရေးအခြေအနေတွေကို သေချာစစ်ဆေးလေ့လာသင့်ပါတယ်။၅။ မိဘမျိုးရိုးမှာ ရောဂါတွေရှိရင် သူတို့အတွက်လည်း သေချာဂရုစိုက်ပေးဖို့ လိုသလို၊ ကိုယ့်မှာလည်း ရောဂါဖြစ်မလာစေဖို့ လိုအပ်တဲ့ ကာကွယ်မှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အစာအာဟာရ၊ နေထိုင်မှုပုံစံကို သေချာပြင်ဆင်သင့်ပါတယ်။
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/healthy-weight-and-height-for-men/
နွေပူပူရဲ့ trademark ကြံရည် ချိုချိုလေး
ရာသီအလိုက် စားစရာလေးတွေကတော့ ရှိစမြဲပါနော်။ရာသီပေါ်စာဆိုတာမျိုးပေါ့။ အခုတစ်ခေါက်လည်းနွေရာသီရဲ့ ရာသီစာဖြစ်တဲ့ ကြံရည် လေးအကြောင်း ပြောပြပေးချင်ပါတယ်နော်။နွေပူလာရင် နေရာတိုင်းမှာ ကြံရည်ဆိုင်လေးတွေ တွေ့လာရပြီနော်။ နွေပူပူကို အံတုပေးနိုင်စွမ်းပေးတဲ့ သဘာဝဖျော်ရည်လေးတစ်ခုပေါ့။ နွေပူပူမှာသံပရာသီးညှစ်ထားတဲ့ ကြံရည်ချိုချိုလေး သောက်လိုက်ရတာက ရင်ထဲကိုအေးပြီး စိတ်ကျေနပ်မှုရစေတယ်နော်။ကြံရည်ဆိုတာက ကြံချောင်းကို ကြိတ်ပြီး ရလာတဲ့ အရည်ပါနော်။ဆူးခရို့စ်ပါဝင်မှုများတာကြောင့် အရသာက ချိုပါတယ်နော်။ ကြံရည်ကို မြန်မာတစ်နိုင်ငံတည်းမှာ သောက်သုံးတာ မဟုတ်ပါဘူး။ ဘရာဇီး၊ ထိုင်း၊ အိန္ဒိယတို့မှာလည်း ကြံရည်သောက်ကြပါတယ်။ လတ်လတ်ဆတ်ဆတ် ကြံချောင်းကို သံနဲ့ လုပ်ထားတဲ့ ကြိတ်စက်ထဲ ထည့်ကြိတ်ပြီး ရလာတဲ့ ကြံရည်ကိုရေခဲထည့်ပြီး သောက်လို့ရသလို သံပရာရည်၊ ချင်း (ဂျင်း)၊ ဆားနဲ့ ပူစီနံရွက်တို့ ထည့်ပြီး သောက်လို့ ရပါတယ်နော်။ အရသာရှိသလို နွေပူပူမှာ ရင်အေးသွားစေတဲ့ သောက်စရာတစ်မျိုးပေါ့။ကြံရည် ထဲမှာ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊သံဓာတ်၊ မဂ္ဂနိစ်၊ အမိုင်နိုအက်ဆစ်၊ ဇင့်၊ သီရာမင်းနဲ့ riboflavin တို့ ပါဝင်ပါတယ်။သကြားဓာတ်ပါဝင်သလိုခန္ဓာကိုယ်အတွက်နေ့စဉ်လိုအပ်တဲ့အမျှင်ဓာတ်ပါဝင်နေပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ကြတဲ့ flavonoidsနဲ့polyphenolic ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ဗီတာမင် Cနဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ကြွယ်ဝတာကြောင့် ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ အစာအိမ်၊ အသည်းနဲ့အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်ကူးစက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။အခြားသောသောက်စရာတွေနဲ့ မတူဘဲ သကြားစစ်စစ်ကနေရတဲ့ အချိုရည်ဖြစ်တာကြောင့် အားပြည့်စေနိုင်ပါတယ်နော်။ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးနိုင်ပါသေးတယ်။ကြံရည်မှာပါတဲ့ သတ္တုဓာတ်တွေကသွားကြွေလွှာကို ကာကွယ်ပေးပြီးသွားပိုးစားတာတွေ မဖြစ်အောင် ကာကွယ်ပေးပြီး သွားတွေကို ကြံ့ခိုင်စေနိုင်ပါတယ်။သွားနဲ့ခံတွင်းကို ကျန်းမာစေပြီး ခံတွင်းနံ့ဆိုးကင်းစေနိုင်ပါတယ်။ကြံရည် မှာ ကယ်လ်ဆီယမ်၊သံဓာတ်၊ပိုတက်ဆီယမ်နဲ့ မဂ္ဂနိစ်တို့ ပါဝင်တာကြောင့် အရိုးတွေကို သန်မာစေနိုင်ပါတယ်။ ကြံရည်က အရိုးပွတာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။အမျှင်ဓာတ်ပါဝင်မှုကြောင့်အစာခြေစနစ်ကို ကျန်းမာစေပြီး အစာကြေစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။လေပွတာ၊ ဝမ်းချုပ်တာနဲ့ ဗိုက်အောင့်တာတွေကိုပါ သက်သာစေနိုင်ပါတယ်။ ဝမ်းမှန်စေဖို့ သောက်ပေးလို့ရပါတယ်။သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီးနှလုံးရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ကြံရည်မှာ tryptophan နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်တာကြောင့် စိတ်ဖိစီးမှု ဖြစ်စေတဲ့ ဟော်မုန်းပမာဏကို ထိန်းညှိပေးပြီး ကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အကူပြုပေးပါတယ်။ ညဘက်အိပ်မပျော်သူများရှိရင် ကြံရည်သောက်ပါ။ တစ်နေ့တာရဲ့ စိတ်ဖိစီးမှုကို ပြေလျော့စေဖို့ဆိုရင် ကြံရည်အေးအေးလေးကို သံပရာရည်ညှစ်ပြီးသောက်ပေးပါနော်။သွေးကြောတွေ တောင့်တင်းနေတာကို ပြေလျော့စေနိုင်တဲ့ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးတိုးကျစေနိုင်ပါတယ်။ သွေးတိုးကျစေတာကြောင့် ရုတ်တရက်နှလုံးရပ်တာနဲ့ လေဖြတ်တာတွေမဖြစ်အောင်ပါ ကာကွယ်ပေးနိုင်ပါတယ်။နွေရာသီရဲ့ trademark ကြံရည် ချိုချိုလေး သောက်ပြီး အခုပြောခဲ့တဲ့ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေရယူလိုက်ပါနော်။ကြံရည်က ဆေးဖက်ဝင်တာ မှန်ပေမယ့်။ကြံရည်သောက်မယ်ဆိုရင်  သန့်ရှင်းမှုရှိဖို့ လိုပါတယ်။ ယင်နားနေတဲ့ကြံရည်တွေ၊ သန့်သန့်ရှင်းရှင်း ညှစ်ထားတာမျိုး မဟုတ်ဘူးဆိုရင် ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်တာကြောင့် သတိထားသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/summer-sugarcane-juice/
ဥပုသ်စောင့်တာ ဝိတ်ကျစေမလား။
ဥပုသ်စောင့်တာ ဝိတ်ကျစေမလား။ ကုသိုလ်လည်းရ ဝိတ်လည်းကျ ဖြစ်မလားပေါ့နော်။ဝါတွင်းကာလတို့၊ သင်္ကြန်တို့၊ အခါကြီးရက်ကြီးတို့ရောက်ရင် ကုသိုလ်ရအောင်ဆိုပြီး သီလယူ ဥပုသ်စောင့် ကြတယ်နော်။ ဥပုသ်စောင့်တာက မွန်းလွဲညစာ မစားဘဲ ကုသိုလ် ဘာဝနာ ပွားများရတာပါ။ ဒီတော့ သေချာတာက နေ့လယ် ၁၂ နာရီ နောက်ပိုင်း ဘာမှ မစားဖြစ်တော့ဘူး ဆိုတာပါ။ဝိတ်ချဖို့ဆိုရင် ညနေ ၅ နာရီ နောက်ပိုင်း ဘာမှ မစားနဲ့ဆိုတော့ နေ့လယ်၁၂ နာရီ နောက်ပိုင်း ဘာမှ မစားရတဲ့ ဥပုသ်စောင့်တာကဝိတ်ကျမလားလို့ မေးစရာ ရှိနေနိုင်ပါတယ်။ ဒီအဖြေလေးကို သေချာ သိစေဖို့ ဒီဆောင်းပါးလေးကနေ ပြောပြပေးပါမယ်။ဥပုသ်စောင့် ဖို့အတွက်ညနေစာမစားဘဲနေခြင်းကကိုယ်အလေးချိန်ကျစေဖို့ အထောက်အပံ့ ပေးနိုင်သလိုကျန်းမာရေးအတွက်လည်း အကျိုးများပါတယ်။ ဥပုသ်စောင့်တာကြောင့် တစ်နေ့ကို တစ်နပ် လျှော့စားလိုက်တာက ကယ်လ်လိုရီ စားသုံးမှုကို ကန့်သတ်လိုက်တာပါပဲ။အစားအသောက်ကို အကန့်အသတ် တစ်ခုနဲ့ စားသုံးတာကကယ်လ်လိုရီနည်းစေပြီးကိုယ်အလေးချိန်ကို ကျစေသလိုအဆီပိုတွေ ဖြစ်ပေးနိုင်ခြေကို ဟန့်တားပေးပါ။ ဒါတင်မကသေးပါဘူး။ ဥပုသ်စောင့်တာကသွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်သလိုနှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ ကိုယ်တွင်းကရောင်ရမ်းမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ဒါပေမယ့် ၁၂ နာရီ မတိုင်ခင်မှာ အာဟာရ ပြည့်ဝပြီး ပရိုတင်းကြွယ်ဝတဲ့အစားအစာတွေကို စားသုံးပေးဖို့လိုသလိုအမျှင်ဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေ နဲ့ သစ်သီးတွေကို စားပေးသင့်ပါတယ်။ ဒါမှအဆာခံနိုင်မှာ ဖြစ်သလို လိုအပ်တဲ့ အာဟာရ ကိုလည်း ပြည့်ဝစေမှာပါ။ အဆီနဲ့ ကယ်လ်လိုရီ စားသုံးမိနိုင်ခြေကိုလည်း အထိရောက်ဆုံး လျှော့ချပေးနိုင်မှာ ဖြစ်တာကြောင့်ဝါတွင်းကာလမှာ ကုသိုလ်လည်းရ ဝိတ်လည်းကျမှာပါ။သတိထားရမှာ တစ်ခုက ညနေဘက် အစား မစားရပေမယ့် ရေ၊အချိုရည်စတာတွေကို သောက်လို့ ရတယ်ဆိုပြီး သကြားပါဝင်မှုများတဲ့ အချိုရည်တွေကို မသောက်မိဖို့ပါ။ ဒီအချိုရည်တွေက လူကို ဝစေနိုင်ပါတယ်။ ဒါ​ကြောင့် မနက်ပိုင်းမှာပရိုတင်းကြွယ်ဝတာတွေကို စားသုံးလို့ ညနေဘက်ကို ရေကိုသာ သောက်ဖို့ ပြောပါရစေ။ဥပုသ်စောင့်နေချိန်မှာတရားထိုင်တာသက်သက်ပဲ မဟုတ်ဘဲ စင်္ကြန်ပါလျှောက်ပေးပါ။ ဒီလို လုပ်ပေးတာကစိတ်ရော ကိုယ်ပါကျန်းမာစေဖို့ အကောင်းဆုံး အထောက်အပံ့ဖြစ်စေမှာပါ။ဝိတ်လည်း ကျ၊ ကုသိုလ်လည်းရ ဆိုပြီး ဥပုသ် စောင့်တယ် ဆိုပေမယ့် ဒီလိုမျိုးတွေ ခံစားလာရမယ် ဆိုရင်တော့ အစား တစ်ခုခု စားလိုက်ပါ၊ လို့ ပြောပါရစေ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/can-taking-sabbath-lose-weight/
ချပ်ရပ်လျပတဲ့ ဗိုက်ကြွက်သား လိုချင်သူ လေဒီလေးတို့အတွက် လေ့ကျင့်ခန်း
ဗိုက်ကလေးချပ်ရပ်နေတာကလည်းလေဒီလေးတို့ကို ယုံကြည်မှုတိုးစေတဲ့ အချက်လေးတွေထဲကတစ်ခုပါ။ ဒါဆို Hello ဆရာဝန်ပရိသတ်ကြီးထဲမှာရော သူများတွေဗိုက်သား ချပ်ချပ်ရပ်ရပ်လေးနဲ့ ဘာဝတ်ဝတ်လှနေတာကို ကြည့်ပြီး အားကျနေတဲ့သူလေးတွေရှိလား။ ဒါဆိုရင်တော့ သူများတွေကို အားကျမနေဘဲ ကိုယ့်ဗိုက်လေး ကိုယ်ကြည့်မိတိုင်း နှစ်ထောင်းအားရဖြစ်စေဖို့ ချပ်ရပ်လျပတဲ့ ဗိုက်ကြွက်သား လိုချင်သူ လေဒီလေးတို့အတွက် လေ့ကျင့်ခန်း တွေက ဘာတွေ ဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။ဒီနေရာမှာ တစ်ခုကြိုပြောထားချင်တာက ချပ်ရပ်လှပတဲ့ ဗိုက်ကြွက်သားလေးတွေရဖို့ ကြိုးပမ်းမှုက တစ်ရက်၊ နှစ်ရက်နဲ့မဖြစ်နိုင်သလို လပိုင်းလောက်နဲ့လည်း မဖြစ်နိုင်ပါဘူး။ စိတ်ရှည်ဖို့လိုသလို အနေအထိုင်အစားအသောက်ကို သေချာဂရုစိုက်ပေးပြီးလေ့ကျင့်ခန်းပုံမှန်လုပ်ဖို့လည်း လိုပါမယ်။ကဲ …. ချပ်ရပ်လျပတဲ့ ဗိုက်ကြွက်သား လိုချင်သူ လေဒီလေးတို့အတွက် လေ့ကျင့်ခန်း တွေ စလုပ်လိုက်ရအောင်။ကြမ်းပြင်ပေါ်မှာ ပက်လက်အနေအထားနေပေးပါ။ လက်နှစ်ဖက်ကို ဦးခေါင်းအောက်ဘက်ကိုထည့်ပြေးပြီး ဒူးနှစ်ဖက်ကို ထောင်ထားပေးပါ။ ပြီးရင် ဗိုက်ကြွက်သားကို အားယူပြီး ကြွပေးပါ။ ခါးမနာအောင် သတိထားပါ။တစ်ခါလုပ်ရင် ၁၀ ကြိမ်နှုန်းလောက်နဲ့ ၃ ကျော့လုပ်ပေးပါ။ တစ်ပတ်ကို အကြိမ်ရေနည်းနည်းစီတိုးလုပ်သွားပေးပါ။စက်ဘီးနင်းပါဆိုလို့ ဘယ်လောက်ဝေးဝေးများနင်းရမလဲ။ အချိန်မှမရှိတာလို့ တွေးနေလား။ ဒါကလည်း ဗိုက်ကြွက်သားတွေက အဆီတွေကိုလျှော့ချပေးတဲ့ အိပ်ထမတင်လေ့ကျင့်ခန်းတစ်ခုပါ။အရင်ဆုံး ပက်လက်အနေအထားနေပေးပါ။ လက်ကို ခေါင်းအောက်မှာ ထားပါ။ ခြေထောက်ကို ဆန့်ထားပါ။ ညာခြေထောက်ကို ကွေးပြီး ရင်ဘတ်နားကို ဆွဲယူပါ။ ကိုယ်အပေါ်ပိုင်းကို ကြွပြီး ဘယ်တံတောင်နဲ့ ထိပေးပါ။ ပြီးရင် ပြန်ချပါ။ ဘယ်ခြေ ညာလက် တစ်ခါထိပေးပါ။ တစ်ခါလုပ်ရင် ၁၀ ကြိမ်နှုန်းနဲ့ ၃ ကျော့လောက်လုပ်ပေးပါ။အခင်းပြားပေါ်မှာ ပက်လက်အနေအထားနေပေးပါ။ ပြီးရင် လက်နှစ်ဖက်ကို ဘေးတစ်ဖက်စီမှာချထားပေးပါ။ ပြီးရင် ခြေထောက်နှစ်ဖက်ကို ဆန့်တန်းလို့ အပေါ်ကို စုံမြှောက်ပါ။ ခြေထောက်မြှောက်တာနဲ့အတူ ဗိုက်ကြွက်သားကိုပါ ညှစ်ပေးပါ။ ၃ စက္ကန့်ကနေ ၅ စက္ကန့်လောက်အထိ တောင့်ထားပေးပါ။ ပြီးရင် ပုံမှန်အတိုင်းပြန်နေပါ။ဒီလေ့ကျင့်ခန်းကို တစ်ခါလုပ်ရင် ၁၀ ကြိမ်နှုန်းနဲ့ ၃ ကျော့လုပ်ပေးပါ။ ပိုပြီးထိရောက်စေဖို့ ဗိုက်ကြွက်သားကို ညှစ်ပြီး ကိုယ်အပေါ်ပိုင်းကို ကြွထားနိုင်ပါတယ်။ဒါက ဝမ်းဗိုက်ကြွက်သားတွေကို သန်မာစေနိုင်တဲ့ အကောင်းဆုံးသော လေ့ကျင့်ခန်းတွေထဲကတစ်ခုပါ။ ဒါကြောင့် ပုံမှန်လေးလုပ်ပေးဖို့ပြောပါရစေ။ ဝမ်းဗိုက်ကြွက်သားချပ်ရပ်ပြီးခန္ဓာကိုယ်အချိုးအစားကိုပါ အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးနိုင်ပါတယ်။အရင်ဆုံး အခင်းပြားပေါ်မှာ မှောက်ရက်အနေအထား နေပေးပါ။ ပြီးရင် လက်သီးဆုပ်လို့ ခန္ဓာကိုယ်နဲ့ တစ်တန်းတည်းအနေအထားနဲ့ လက်ဖျံကိုအားပြုပါ။ ခြေနှစ်ချောင်းကိုလည်း ဆန့်တန်းနေပြီး ခြေဖျားပေါ်မှာ အားပြုလို့ ဝမ်းဗိုက်ကို ကြမ်းပြင်ကနေ ကြွပေးပါ။ ဒီအနေအထားနဲ့  ၃ စက္ကန့် ကနေ ၅ စက္ကန့်နေပါ။ဒီထက်ပိုနေနိုင်ရင်လည်း အဆင်ပြေပါတယ်။ပြီးရင် ပုံမှန်အနေအထားအတိုင်းပြန်နေပြီး တစ်ကျော့ပြန်စပါ။ ၃ ကျော့လောက်လုပ်ပေးပါ။ခါးက အဆီပိုတွေကို ကျစေပြီး ဝမ်းဗိုက်ကြွက်သားကို သန်မာစေနိုင်ပါတယ်။ လက်တစ်ဖက်နဲ့ တစ်ဖက်ကို ဆုပ်ကိုင်ထားပါ။ ဒူးထောင်ထိုင်လို့ ခြေဖျားနှစ်ခုကို ကြမ်းပြင်ကနေ လွှတ်ထားပါ။ တင်ပါးကို ကြမ်းနဲ့ ထိထားပါ။ ဗိုက်ကြွက်သားကို ညှစ်ထားပါ။ ပြီးရင် ခါးနဲ့အတူ ဆုပ်ထားတဲ့လက်ကို ဘက်တစ်လှည့် ညာတစ်လှည့် လှည့်ပေးပါ။ တစ်ခါလုပ်ရင် ၁၀ ကြိမ်နှုန်းနဲ့ ၃ ကျော့လုပ်ပေးပါ။ဒီလေ့ကျင့်ခန်းလေးတွေကို နေ့စဉ်ပုံမှန်လုပ်ပေးမယ်ဆိုရင် အဆီကင်းပြီး ကျစ်လျစ်လှပတဲ့ ဝမ်းဗိုက်ကြွက်သားကို ပိုင်ဆိုင်နိုင်စေမှာ အသေအချာပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/strength-training/beginner-ab-exercises-for-women/
ဦးနှောက်အကျိတ် (အန္တရာယ်မပေးနိုင်သည့် ရိုးရိုးအကျိတ်မှ အန္တရာယ်ပေးနိုင်သည့်ကင်ဆာအထိ)
ဦးနှောက်အကျိတ် ပုံစံပေါင်း ၁၃၀ လောက်အထိ ရှိပါတယ်။ ယေဘုယျအားဖြင့် သူတို့ကို စတင်ဖြစ်ပေါ်လာတဲ့ ဆဲလ်ပုံစံကို အစွဲပြုပြီး နာမည်ပေးထားကြပါတယ်။ ဦးနှောက်အကျိတ် အတော်များများဟာ Glial cells လို့ခေါ်တဲ့ ဦးနှောက်ရဲ့ အာရုံကြော ဆဲလ်တွေကနေ ဖြစ်လာတတ်ပါတယ်။ ဒီအကျိတ်တွေကို Glioma လို့ခေါ်ပါတယ်။ဦးနှောက်အကျိတ်တွေကို သူတို့ ကြီးပြင်းလာတဲ့ ဦးနှောက်နေရာကိုတွေ အစွဲပြုပြီးတော့လည်း အမည်ပေးလေ့ ရှိပါတယ်။ Pituitary gland မှာ ဖြစ်တဲ့ အကျိတ်ကို pituitary adenoma လို့ ခေါ်ပါတယ်။ ဦးနှောက်မြှေးကဖြစ်လာတဲ့ အကျိတ်ကိုတော့ meningioma လို့ခေါ်ပါတယ်။ ဦးနှောက်ထဲကို ဝင်သွားတဲ့ အာရုံကြောတွေမှာ ပွားလာရင် Neuroma လို့ ခေါ်ကြပါတယ်။ ဟန်ချက်ညီမျှမှုနဲ့ အကြားအာရုံတို့ကို ထိန်းချုပ်တဲ့ အာရုံကြောတွေ ပေါ်မှာ ပွားများရင်တော့ vestibular schwannoma (တစ်ခါတစ်ရံ acoustic neuroma) လို့ ခေါ်ကြပါတယ်။ဦးနှောက်အကျိတ် အမျိုးအစား(ရိုးရိုးအကျိတ်လား ကင်ဆာအကျိတ်လား)။ဦးနှောက်အကျိတ်တွေကို သူတို့ဘယ်လောက် မြန်မြန်ပွားလဲဆိုတာပေါ် မူတည်ပြီး အုပ်စုခွဲခြားထားပါတယ်။ အုပ်စု ၁ကနေ ၄အထိ ရှိပါတယ်။ ရောဂါဗေဒပညာရှင်က ဆဲလ်တွေကို အဏုကြည့်ကိရိယာနဲ့ စစ်ဆေးပါတယ်။ ဆဲလ်တွေက ပုံမှန်ဖြစ်လေလေ ဦးနှောက်အကျိတ်က ပိုနှေးနှေးပွားနိုင်ခြေရှိပြီး အဆင့်နည်းလေလေဖြစ်ပါတယ်။ ပုံသဏ္ဍာန် မမှန်တဲ့ ဆဲလ်တွေက ပွားတာပိုမြန်ပြီး အဆင့်ပိုမြင့်ပါတယ်။ အဆင့်နိမ့်တဲ့ Glioma တွေ (အဆင့် ၁ နဲ့ ၂) ဟာ ပွားတာအနှေးဆုံးဖြစ်တဲ့ ဦးနှောက်အကျိတ်တွေ ဖြစ်ပါတယ်။သင့်မှာ ရိုးရိုး (သို့) ကင်ဆာအကျိတ်ရှိတယ်လို့ ပြောတာ ကြုံဖူးပါလိမ့်မယ်။ ယေဘုယျအားဖြင့်တော့ အဆင့်နိမ့်တဲ့ ဦးနှောက်အကျိတ်တွေကို ရိုးရိုးအကျိတ်လို့သတ်မှတ်ပြီး အဆင့်မြင့်တဲ့ အကျိတ်တွေကိုတော့ ကင်ဆာအကျိတ် သတ်မှတ်ပါတယ်။ရိုးရိုး အကျိတ်။ရိုးရိုး အကျိတ်တွေဟာ ကင်ဆာအကျိတ်မဟုတ်ပါဘူး။ သူဟာ သူ့အနားက တစ်ရှူးတွေနဲ့ ခန္ဓါကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေဆီကို ကင်ဆာလို ပြန့်ပွားလေ့မရှိပါဘူး။ အခြေအနေ အတော်များများမှာ ရိုးရိုး အကျိတ်တွေရဲ့ ပုံစံဟာ အတော်ကောင်းမွန်ပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ အရေးကြီးအစိတ်အပိုင်းတွေ ဖြစ်တဲ့ သွေးကြောတွေနဲ့ အာရုံကြောတွေကို ဖိမိရင်တော့ အန္တရာယ် ရှိလာတတ်ပါတယ်။ ဒါ့ကြောင့် သူတို့အတွက် တစ်ခါတလေ ကုသမှုလိုအပ်ပြီး တစ်ခါတလေတော့ ကုသဖို့ မလိုပါဘူး။ရိုးရိုး ဦးနှောက်အကျိတ်တွေကို ဘယ်အရာတွေက ဖြစ်ပေါ်စေပါသလဲ။ များသောအားဖြင့် ဖြစ်စေတဲ့အချက်ကို သိရှိခြင်း မရှိပါဘူး။ ဒါပေမယ့် ရိုးရိုး ဦးနှောက်အကျိတ်တွေဟာ အောက်ပါအရာတွေနဲ့ ဆက်စပ်မှု ရှိနိုင်ပါတယ်။ဦးနှောက်ကင်ဆာအကျိတ်။ကင်ဆာ (မြစ်ပွားနာ)ဆိုတာဟာ ပုံသဏ္ဍာန်မမှန်တဲ့ ဆဲလ်တွေ ပွားများခြင်းကြောင့်ဖြစ်ပါတယ်။ ကင်ဆာအမျိုးအစားပေါင်း တစ်ရာကျော်ရှိပြီး ရင်သားကင်ဆာ၊ အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ ပြန်ရည်ကျိတ်ကင်ဆာ အစရှိတာတို့ ပါဝင်ပါတယ်။ ရောဂါလက္ခဏာတွေက ကင်ဆာ အမျိုးအစားပေါ်မူတည်ပါတယ်။ ကင်ဆာကုသမှုမှာ ကင်ဆာဆေးသွင်းကုသမှု၊ ဓါတ်ရောင်ခြည်နဲ့ ကုသမှုနဲ့ ခွဲစိတ်ကုသမှုတို့ ပါဝင်ပါတယ်။ကင်ဆာကျိတ်တွေဟာ ပုံသဏ္ဍာန်နဲ့ အရွယ်အစား အမျိုးမျိုး ရှိပါတယ်။ သူတို့ဟာ ပုံမှန်မဟုတ် ထိန်းချုပ်လို့မရတဲ့ ပုံစံနဲ့ ပွားလာပြီးတော့ အနီးအနားမှာ ရှိတဲ့ သွေးကြော၊ ပြန်ရည်ကြောတို့အတွင်းကို ဖောက်ထွင်းပွားများနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ခန္ဓါရဲ့ လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ပေးပြီး အသက်အန္တရာယ် ရှိပါတယ်။ကင်ဆာဆဲလ်တွေဟာ ကိုယ်ခန္ဓါရဲ့ အဝေးမှာရှိတဲ့ နေရာတွေအထိကို ပြန့်ပွားနိုင်ပါတယ်။ သူစတင်ဖြစ်ပေါ်တဲ့နေရာက စပြီး အခြားနေရာကို ပြန့်သွားတဲ့ ကင်ဆာတွေကို ပြန့်ပွားကင်ဆာလို့ခေါ်ပါတယ်။ သူတို့ကိုဖယ်ထုတ်ပြီးရင်လည်း ပြန်လည်ဖြစ်ပေါ်တတ်ပါတယ်။အခြားအကျိတ် ပုံစံများ။အခြားအကျိတ် ပုံစံတွေမှာ တစ်ခါတလေ ရိုးရိုး နဲ့ ကင်ဆာအကျိတ်တွေရဲ့သဲကွဲတဲ့ ဖြေရှင်းချက်တွေက အလုပ်ဖြစ်ပါတယ်။ ဦးနှောက်အကျိတ်တွေမှာတော့ မသဲကွဲတဲ့အချက်တွေရှိပါတယ်။ တချို့ ရောဂါအဆင့်နိမ့်တဲ့ astrocytoma တွေဟာ ဦးနှောက်ရဲ့ အခြားအစိတ်အပိုင်းတွေနဲ့ ကျောရိုးမတွေကို ပြန့်ပွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလိုအကျိတ်မျိုးမှာ ရိုးရိုးအကျိတ် ဖြစ်ပေမယ့်လည်း ဓါတ်ရောင်ခြည်ကုသမှုနဲ့ ဆေးသွင်းကုသမှုတွေလိုအပ်တတ်ပါတယ်။ ပွားနှုန်းနှေးတဲ့ အကျိတ်ဖြစ်ပေမယ့်လည်း အရေးကြီးတဲ့ ဦးနှောက်အစိတ်အပိုင်းမှာ ရှိနေရင် ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်လာနိုင်ပြီးတော့ အသက်အန္တရာယ် ရှိသည်အထိဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ဆရာဝန်ကို သင့်ရောဂါအခြေအနေအကြောင်းကို အရိုးစင်းဆုံးနဲ့ အပြည့်အစုံ မေးမြန်းသင့်ပါတယ်။ရိုးရိုးအကျိတ်မှ ကင်ဆာကျိတ်သို့ ပြောင်းလဲခြင်း။အချို့ရိုးရိုးအကျိတ်တွေဟာ ကင်ဆာကျိတ်ကို ပြောင်းလဲနိုင်ပါတယ်။ ဒါကို ကင်ဆာအဖြစ်ပြောင်းလဲခြင်း (သို့) ကင်ဆာ ဖြစ်လာခြင်းလို့ ခေါ်ပါတယ်။ ဥပမာ ရောဂါအဆင့် ၂ ရှိတဲ့အကျိတ်ဟာ အဆင့် ၃ ဖြစ်လာခြင်းနဲ့ အဆင့်၃ က အဆင့်၄ ဖြစ်လာခြင်းတို့ဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/brain-tumors/%e1%80%a6%e1%80%b8%e1%80%94%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%a1%e1%80%80%e1%80%bb%e1%80%ad%e1%80%90%e1%80%ba-%e1%80%a1%e1%80%94%e1%80%b9%e1%80%90%e1%80%9b%e1%80%ac%e1%80%9a%e1%80%ba/
ဆောင်းရာသီမှာနှုတ်ခမ်းကွဲတာကို ဘယ်လိုရင်ဆိုင်မလဲ
အနောက်မြောက် မုတ်သုံလေတိုက်ခတ်မှုနဲ့အတူအေးမြ လန်းဆန်းမှုတွေနဲ့ဆောင်းရာသီကနှုတ်ဆက်လိုက်တဲ့အထိအတွေ့ကနွေရာသီရဲ့ ပူပြင်းမှုတွေကိုလျော့ကျစေနိုင်တာကြောင့် လူတေါကဆောင်းရာသီရောက်ဖို့ကို အမြဲမျှော်လင့်နေတတ်ပါတယ်။ဆောင်းရာသီကကောင်းတဲ့အချက်တွေများပေမယ့် မကောင်းတဲ့အချက်တစ်ချက်လည်းရှိနေပါတယ်။ ထိုအချက်ကဆောင်းရာသီမှာ အရေပြားခြောက်သွေ့တာ၊နှုတ်ခမ်းကွဲတာလိုမျိုးခြောက်သွေ့မှုကိုခံစားရတာပဲဖြစ်ပါတယ်။နှုတ်ခမ်းခြောက်သွေ့တာက အရမ်းကိုနာကျင်ပါတယ်။ တစ်ခါတလေ နှုတ်ခမ်းခြောက်သွေ့တဲ့အခါသွေးထွက်တာမျိုးတွေအထိဖြစ်ပေါ်နိုင်ပါတယ်။ တကယ်လို့သင့်အနေနဲ့ အဆိုပါပြဿနာတွေနဲ့ ပတ်သက်ပြီးစိုးရိမ်နေတယ်ဆိုရင်တော့ အိမ်တွင်းသုံးပစ္စည်းလေးတွေကို အသုံးပြုပြီး နှုတ်ခမ်းခြောက်ပြီးကွဲတာကို “ဘိုင့်ဘိုင့်” လို့သာနှုတ်ဆက်လိုက်ပါ။နှုတ်ခမ်းခြောက်သွေ့ကွဲအက်ကတဲ့ အကြောင်းအရင်းတွေ အမျိုးမျိုးရှိနိုင်ပါတယ်။ အဖြစ်များတဲ့အကြောင်းအရင်းတွေကတော့ –။နှုတ်ခမ်းကို အစိုဓါတ်ပြည့်ဝအောင်ထားပေးဖို့လိုပါတယ်။ အပြင်သွားတဲ့အခါမျိုးမျာပဲဖြစ်ဖြစ် အိမ်မှာနေရင်းဖြစ်ဖြစ် နှုတ်ခမ်းကို အစိုဓါတ်ပြည့်ဝနေအောင် ဂရုပြုပါ။နေ့တိုင်းရေဓါတ်လုံလောက်အောင်သောက်သုံးဖို့ကလည်းအရေးပါလှပါတယ်။ ဒီလိုမျိုးလုပ်ဆောင်ပေးခြင်းက နှုတ်ခမ်းကိုသာမက အရေပြားကိုပါရေဓါတ်ပြည့်ဝစေမှာဖြစ်ပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအသောက်ထဲမှာ ဗီတာမင် ဘီ (Vitamine B)ပါဝင်မှုနည်းတာကလည်း နှုတ်ခမ်းခြောက်သွေ့ကွဲအက်တာကိုဖြစ်စေနိုင်တာကြောင့်နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ အနီရောင်အသားတွေ၊ကွေကာအုတ်၊အဆီထုတ်နို့၊ ဆွစ်ချိစ်၊ဥအမျိုးမျိုး၊ပဲပြားတို့ကို ထည့်သွင်းစားသုံးပေးပြီး နှုတ်ခမ်းကို ကာကွယ်လိုက်ပါ။နှုတ်ခမ်းသားလှပကျန်းမာအောင် ဒါတွေလုပ်ဆောင်ပေးပါ။ဆောင်းရာသီအတွက် နှုတ်ခမ်းနီရွေးချယ်ဝယ်ယူမယ်ဆိုရင်တော့ အစိုဓါတ်ထိန်းပေးနိုင်စွမ်းမြင့်မားတဲ့ နှုတ်ခမ်းဆိုးဆေးကိုရွေးချယ်ပါ။ သင်ရွေးချယ်တဲ့နှုတ်ခမ်းဆိုးဆေးကရေရှည်မှာအကျိုးသက်ရောက်မှုရှိလာမှာဖြစ်ပါတယ်။ ပိုပြီးအကျိုးသက်ရောက်စေချင်ရင်တော့SPF ပါတဲ့ နှုတ်ခမ်းဆိုးဆေးမျိုးကိုရွေးချယ်ဝယ်ပေးပါ။ နှုတ်ခမ်းဆိုးဆေးဝယ်ယူတဲ့အခါအောက်မှာပြထားတဲ့ အရာတွေပါတာကိုရွေးချယ်ဝယ်ယူတာက အကောင်းဆုံးပါပဲ။Shea Butter-Shea butter က သဘာဝနေလောင်ကာဆေးတစ်မျိုးဖြစ်ပြီး အနာကျက်စေနိုင်စွမ်းရှိပါတယ်။ နှုတ်ခမ်းသားကိုချောမွေ့စေပါတယ်။ရှားစောင်းလက်ပတ် –ရှားစောင်းလက်ပတ်ကရောင်ရမ်းမှုကို သက်သာစေပြီး ဘက်တီးရီးယားတွေကိုသေစေနိုင်တာကြောင့် အရေပြားကို ပိုးကူးစက်တာတွေကို ကာကွယ်ပေးပြီး နှုတ်ခမ်းသားကိုချောမွေ့စေနိုင်သလို အစိုဓါတ်လည်းထိန်းပေးပါတယ်။အလှဆီ –အရေပြားကိုချောမွေ့စေပြီး အစိုဓါတ်ထိန်းပေးတဲ့ သဘာဝပစ္စည်းတစ်မျိုးပါ။ဂျိုဂျိုးဘားဆီ –အရေပြားအတွက် အကောင်းဆုံးအာဟာရဖြည့်ပေးပါတယ်။ အရေပြားကိုချောမွေ့နူးညံ့စေပါတယ်။ဗီတာမင် အီး –ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ရပ်ဖြစ်သလို အရေပြားကိုလည်း အစိုဓါတ်ထိန်းပေးပါတယ်။ နှုတ်ခမ်းကိုလည်းနေရောင်ဒဏ်ကနေကာကွယ်ပေးနိုင်ပါတယ်။အုန်းဆီ –အရေပြားခြောက်သွေ့ယားယံတာကို သက်သာစေပါတယ်။ နှုတ်ခမ်းသားကိုနူးညံ့စေပြီး အစိုဓါတ်ထိန်းပေးပါတယ်။ပျားဖယောင်း –အရေပြားကို အာဟာရဓါတ်ဖြည့်ပေးပါ။ရောင်ရမ်းမှုကိုလျော့ကျစေနိုင်သလို ဘက်တီးရီးယားတွေကိုလည်းသေစေနိုင်တာကြောင့် အရေပြားမထိခိုက်အောင်လုပ်ဆောင်ပေးပါတယ်။ဗီတာမင်အေ နဲ့ ဗီတာမင် ဒီ –ဒီဗီတာမင်တွေမှာ fatty acid ပါဝင်နေတာကြောင့် အရေပြားကလိုအပ်တဲ့ အာဟာရဓါတ်တွေကို အလွယ်တကူစုပ်ယူနိုင်စေပါတယ်။ အရေပြားကိုချောမွေ့စေပြီး အနာကျက်မြန်စေပါတယ်။မိမိအိမ်မှာ အလွယ်တကူရနိုင်တဲ့ ပစ္စည်းလေးတွေကို အသုံးပြုပြီးနှုတ်ခမ်းကွဲတာကို သက်သာအောင်လုပ်ဆောင်လို့ရပါတယ်။ နှုတ်ခမ်းကို အစိုဓါတ်ထိန်းပေးခြင်းက နှုတ်ခမ်းသားကိုခြောက်သွေ့ကွဲအက်တာတေါကနေကာကွယ်နိုင်မယ့် အကောင်းဆုံးသောနည်းလမ်းတစ်ရပ်ပါ။ နှုတ်ခမ်းအစိုဓါတ်ထိန်းပေးနိုင်မယ့် အိမ်သုံးအစစဉ်းလေးအချို့နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ပျားရည်– ပျားရည်က နှုတ်ခမ်းအစိုဓါတ်ကိုထိန်းပေးနိုင်တဲ့ အကောင်းဆုံးသော အစိုဓါတ်ထိန်းပစ္စည်းပါ။ ညအိပ်တဲ့အခါ နှုတ်ခမ်းမှာ ပျားရည်လူပြီး အိပ်ပေးပါ။ နှုတ်ခမ်းကိုနေရောင်ကြောင့် ညိုမဲမှုကနေသက်သာစေပြီး သန့်ရှင်းစေမှာဖြစ်ပါတယ်။လက်ဖက်စိမ်းရေနွေးအိတ်လေးတွေ– အသုံးပြုပြီးသား လက်ဖက်စိမ်းရေနွေးအိတ်လေးကို နှုတ်ခမ်းပေါ်မှာ ၄ မိနစ်လောက်ဖိကပ်ပေးပါ။နေပတိုင်းလုပ်ပေးမယ်ဆိုရင် နှုတ်ခမ်းခြောက်သွေ့ ကွအြက်တာကို သက်သာစေမှာဖြစ်ပါတယ်။သံပုရာရည်– နို့လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို သံပုရာရည် ၃ စက်နဲ့ရောပြီးရေခဲသေတ္တာထဲမှာ တစ်နာရီလောက်ထားပေးပါ။ မအိပ်ခင် နှုတ်ခမ်းမှာ အဆိုပါရောစပ်ထားတဲ့အရည်ကိုလူးပေးပါ။ နှုတ်ခမ်းသားကို တင်းရင်းပြည့်ဖြိုးစေမှာဖြစ်ပါတယ်။ဂျိုဂျိုးဘားဆီ –နှုတ်ခမ်းကွဲတာကို သက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ နှုတ်ခမ်းကွဲတဲ့နေရာမှာ လူဒပေးမယ်ဆိုရင် နျှုတ်ခမ်းကွဲတာကို သက်သာစေမှာဖြစ်သလို နှုတ်ခမ်းကိုလည်းရေဓါတ်ပြည့်ဝစေမှာဖြစ်ပါတယ်။သခွားသီး –နှုတ်ခမ်းကို အခွံနွှာထားတဲ့ သခွားသီးနဲ့ပွတ်ပေးပါ။ သခွားသီးအရည်ကို နှုတ်ခမ်းမှာစွတ်ပေးပြီး မိနစ် ၂၀လောက်ထားပေးပါ။ပြီးတဲ့နောက်ရေနဲ့ဆေးချလိုက်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%99%e1%80%be%e1%80%ac%e1%80%94%e1%80%be%e1%80%af%e1%80%90%e1%80%ba%e1%80%81%e1%80%99%e1%80%ba%e1%80%b8/
ကိုယ်ဝန်ဆောင်မေမေ အစိမ်းရောင် ဟင်းသီးဟင်းရွက် စားပေးမယ်ဆိုရင်
အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေက ကျန်းမာစေတယ်ဆိုတာကို အားလုံးလိုလို သိထားပြီး ဖြစ်မှာပါ။ နေ့စဉ် စားသုံးမှုမှာ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကိုပါဝင်အောင် စားသုံးပေးတာက မည်သူ့ကိုမဆို အချိန်တိုင်းမှာ ကျန်းမာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ ဒီလိုပါပဲ အစစအရာရာ ဂရုစိုက်ဖို့ လိုအပ်နေတဲ့ကိုယ်ဝန်ဆောင်ချိန်မှာရော အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားပေးလို့ ရမလား။ ကိုယ်ဝန်ဆောင်မေမေ အစိမ်းရောင် ဟင်းသီးဟင်းရွက် စားပေးမယ်ဆိုရင် ဘယ်လို ကောင်းကျိုးတွေ ရနိုင်မလဲဆိုတာကို အခုတစ်ခေါက် ပြောပြပေးသွားပါမယ်။ကိုယ်ဝန်ဆောင်မေမေ အစိမ်းရောင် ဟင်းသီးဟင်းရွက် စားပေးမယ်ဆိုရင် အခုလို ကောင်းကျိုးလေးတွေ ရှိပါတယ်။အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ကယ်လ်ဆီယမ် ပြည့်ဝသလို အမျှင်ဓာတ်နဲ့ အမျိုးမျိုးသော ဗီတာမင်တွေလည်း ပါဝင်နေပါတယ်။ ဒီလို ပါဝင်နေတာကပဲကိုယ်ဝန်ဆောင်ချိန်မှာမေမေ့ကို ကယ်လ်ဆီယမ် ပြည့်ဝစေပြီး အရိုးတွေကို သန်မာစေနိုင်သလို မွေးဖွားလာမယ့် ဘေဘီလေးကိုလည်း သန်မာစေဖို့ ထောက်ကူပေးပါတယ်။အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ဗီတာမင် A နဲ့ ဗီတာမင် C တွေ ပါဝင်နေတာက ကိုယ်ဝန်ဆောင်ချိန်မှာ ဖျားနာမှု ကင်းစေပြီး ကိုယ်ခံအား ပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မကြာခဏ ဖျားနာမှု ကင်းချင်ရင်တော့ အစိမ်းရောင် ဟင်းသီးဟင်းရွက်လေးတွေ စားပေးဖို့ မမေ့နဲ့နော်။သံဓာတ် ပြည့်ဝစွာ ပါဝင်နေတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ကိုယ်ဝန်ဆောင်ချိန်မှာကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးသလို သံဓာတ် ပြည့်ဝစေဖို့လည်း ထောက်ကူပေးပါတယ်။ဗီတာမင် Cပါဝင်နေတာက စားလိုက်တဲ့ အစားအစာတွေထဲက သံဓာတ်တွေကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်စေဖို့ ထောက်ကူပေးပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားပေးတာကဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို ပြည့်ပြည့်ဝဝ ရရှိစေနိုင်တာကြောင့် ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အရေပြားကင်ဆာ စတာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကဗီတာမင် နဲ့ သတ္တုဓာတ်တွေပြည့်ဝစွာ ပါဝင်နေတာကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ အသားအရေ ပြောင်းလဲတာမျိုးကို သက်သာစေနိုင်သလို အသားအရေ ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက အမျှင်ဓာတ် ကြွယ်ဝတာကြောင့်ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာကို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။ အများကြီး မစားမိဖို့တော့ လိုတာပေါ့။ တစ်နေ့ကို အရွက်ကြော် တစ်ခွက် ပါအောင် စားသုံးတာက ဝမ်းချုပ်တာကိုရော ကိုယ်ဝန်ဆောင်ချိန် လိပ်ခေါင်းဖြစ်တာကိုပါ လျှော့ချပေးနိုင်ပါတယ်။အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ဖောလိတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကလေးရဲ့ ဦးနှောက်နဲ့အမြင်အာရုံ ဖွံ့ဖြိုးစေဖို့ထောက်ကူပေးပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားပေးတာက မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေသလို ကလေး မွေးဖွားချိန်မှာလည်း မွေးဖွားရ လွယ်ကူစေဖို့ ထောက်ကူပေးပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်ထက် ကိုယ်အလေးချိန် တက်လာတာ အဝလွန်တာကို တော်တော်များများ ခံစားကြရပါတယ်။ ဒီလိုမျိုးကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်တာကို သက်သာစေဖို့ဆိုရင်တော့ နေ့စဉ် စားသုံးမှုမှာ အသီးအရွက် ပါဝင်အောင် စားသုံးပေးပါ။ကိုယ်ဝန်ဆောင်ချိန်မှာအသီးအရွက်စားတာက မိခင်ရော ကလေးကိုပါ ကျန်းမာစေနိုင်တယ် ဆိုပေမယ့် အများကြီး မစားဖို့ လိုပါတယ်။ အရွက်တွေ အများကကြီးစားတာက လေပွတာကို ဖြစ်စေနိုင်လို့ပါ။ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ဆိုရင် တစ်ရက်ကို အသီးအရွက် 4 servingsလောက် ‌ စားပေးနိုင်ပါတယ်။ (1 serving = မချက်ရသေးတဲ့အရွက် တရုတ်ပန်းကန်လုံး တစ်လုံး ဒါမှမဟုတ် ချက်ပြီးသားဆိုရင် တရုတ်ပန်းကန်လုံး တစ်ဝက်)။အသီးအရွက်တစ်မျိုးတည်းကို အများကြီး စားတာထက် အရောင်စုံ အသီးအရွက်တွေကို စးပေးတာက အာဟာရတွေကို မျှတစေနိုင်လို့ တစ်ရက်ကို ၂-၃မျိုး ပါအောင် စားနိုင်ရင် ပိုကောင်းပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/benefits-of-green-leafy-vegetables-during-pregnancy/
Eczema (နှင်းခူ)
Eczema (နှင်းခူ) အကြောင်းလေး လေ့လာလိုက်ပါ။နှင်းခူ ဆိုတာ အရေပြားရောင်ရမ်းတဲ့ ရောဂါတမျိုး ဖြစ်ပါတယ်။ အတိအကျပြောရရင်နှင်းခူဟာ အရေပြားကို ယားယံ၊နီရဲ၊ခြောက်သွေ့စေပြီး အက်ကွဲခြင်း၊သားရေပြားလို မာခေါက်ခေါက်ဖြစ်ခြင်းမျိုးကိုတောင် ဖြစ်စေနိုင်ပါတယ်။ နှင်းခူဟာ ခန္ဓါကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်ပွားနိုင်ပါတယ်။နှင်းခူ ဖြစ်စေတဲ့ အကြောင်းရာတွေကတော့။နှင်းခူ ဖြစ်နိုင်ခြေ ပိုများစေတဲ့ အချက်တွေကတော့။ကလေးတွေမှာ နှင်းခူပိုဖြစ်စေတဲ့ အချက်တွေက။နှင်းခူ ရဲ့ အတွေ့ရအများဆုံး လက္ခဏာတွေကတော့။နေမထိထိုင်မသာ ဖြစ်လွန်းတဲ့အတွက် ညညအိပ်မခြင်း ဒါမှမဟုတ် နေ့စဉ်ပုံမှန် လှုပ်ရှားသွားလာမှုတွေကို ကောင်းကောင်း မလုပ်နိုင်ခြင်း။အထက်ပါ အခြေအနေမျိုးတွေရှိရင် ဆေးဝါးကုသမှုခံယူဖို့ လိုပါတယ်။ပန်းနာရင်ကျပ်၊ ဓါတ်မတည့်ရောဂါ၊ ကာလရှည် ယားယံတာ၊ အရေပြားမှာ အကြေးခွံလို အကွက်တွေဖြစ်တာ၊အရေပြားမှာ ပိုးဝင်ပြီး အနာတွေလို ဖြစ်တာ၊မျက်စိပြဿနာတွေ ခံစားရတာ၊လက်ချောင်းလေးတွေနဲ့ လက်ချောင်းကြားတွေထဲမှာ အနာလေးတွေ ဖြစ်တာ၊အိပ်မပျော်တာ၊အမူအကျင့်ပိုင်းဆိုင်ရာ ပြဿနာတွေ ပေါ်လာတာ စတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။သင့်အရေပြားကိုစမ်းသပ်စစ်ဆေးတာ၊ရောဂါလက္ခဏာတွေကို မေးမြန်းစူးစမ်းတာတွေကတဆင့် နှင်းခူ ရောဂါကို ရှာဖွေဖော်ထုတ်နိုင်ပါတယ်။ တခြား အရေပြားရောဂါတွေ ဒါမှမဟုတ် နှင်းခူ နဲ့ တွဲပြီးဖြစ်တတ်တဲ့ အရေပြားပြဿနာတွေ ရှိမရှိ သိနိုင်ဖို့အတွက် တခြားလိုအပ်တဲ့ စစ်ဆေးမှုတွေကိုလည်း သင့်ဆရာဝန်က ပြုလုပ်ပါလိမ့်မယ်။နှင်းခူကို ကုသရာမှာ အသုံးပြုလေ့ရှိတဲ့ ဆေးတွေက။အခြားကုသမှု ပုံစံတွေ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အောက်ပါအချက်လေးတွေကို လိုက်နာရင် နှင်းခူ ဖြစ်နိုင်ချေကို လျော့နည်းသွားစေနိုင်ပါတယ်။စိတ်ဖိစီးမှုတွေနဲ့စိုးရိမ်ပူပန်ကြောင့်ကြများတာတွေကို ဖြေလျော့ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/eczema-explained/
ခိုရင်အုပ် (Pectus carinatum)
တချို့ကလေးတွေရဲ့ ရင်အုပ်က သူများတွေနဲ့ မတူဘဲ အပြင်ကို ဆူထွက်နေတာမျိုး ရှိပါတယ်။ ဒါကို ခိုရင်အုပ် လို့ ခေါ်ကြပါတယ်။ ခိုငှက်လေးတွေကလည်း ရင်အုပ်စူစူလေးပဲလေ။ ဆေးပညာအရတော့ Pectus carinatumလို့ ခေါ်ကြတယ်။ အရပ်ထဲမှာတော့ ခိုရင်အုပ်၊ ချိုးရင်အုပ်၊ ကြက်ရင်အုပ် အမျိုးမျိုးခေါ်ကြပါတယ်။ ဒီလိုရင်အုပ်ပုံစံရှိတဲ့သူတွေက စိုးရိမ်ရလား၊ ဘယ်လိုကျန်းမာရေး ပြဿနာတွေ ရှိတတ်လဲဆိုတာ လေ့လာကြည့်ရအောင်။ဒီလိုစူနေတဲ့ရင်အုပ်ဆိုတာမွေးရာပါ ချို့ယွင်းချက်တစ်ခုပါပဲ။ တွေ့ရခဲပါတယ်။ တချို့တွေမှာ သိပ်မသိသာတဲ့အတွက်လူပျိုဖော်၊ အပျိုဖော်ဝင်လို့ အရိုးတွေ ဖွံ့ဖြိုးလာမှပဲ သတိထားမိတာပါ။ သူ့ရဲ့ အဓိက ပြသနာကတော့ အပြင်ကို ငေါထွက်နေတာဖြစ်တဲ့အတွက် ကြည့်ရဆိုးတာပါပဲ။ တချို့တွေမှာတော့လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်လုပ်တဲ့အချိန်ကျရင် မောတာမျိုး ဖြစ်တတ်ပါတယ်။ဖြစ်ရတဲ့ အကြောင်းအရင်းကို အတိအကျမသိရပေမယ့် ဒါဟာ ရင်ညွန့်ရိုးကို လာတွယ်ထားတဲ့ အရိုးနုတွေမှာ ပြဿနာတစ်ခုခုရှိလို့ လို့ ယူဆထားကြပါတယ်။ ပြီးတော့ ဒီရောဂါက ယောကျာ်းလေးတွေမှာ ပိုတွေ့ရပါတယ်။မျိုးရိုးလိုက်တာမျိးလည်း ဖြစ်နိုင်ပါတယ်။ တချို့တွေမှာဆိုရင်Marfan syndromeလို့ ခေါ်တဲ့ ရောဂါစုနဲ့ တွဲဖြစ်တတ်ပါတယ်။ ဒီရောဂါစုမှာဆိုရင် ခိုရင်အုပ်အပြင်။ရင်ဘတ်စူထွက်နေရုံအပြင် ထူးခြားတဲ့ လက္ခဏာတော့ မရှိပါဘူး။ ပြင်းပြင်းထန်ထန်လှုပ်ရှားရင် မောတာလောက်ပဲ ရှိတာပါ။ တချို့တွေကတော့ သူများထက် ပြင်းထန်တဲ့ လက္ခဏာတွေ ခံစားရတာမျိုးလည်း ရှိပါတယ်။ ဒါတွေကတော့။ကုသမယ်ဆိုရင်တော့ ရင်ဘတ်စည်း (brace) ဝတ်လို့ရသလို ခွဲစိတ်ကုသလို့လည်း ရပါတယ်။ ခိုရင်အုပ်အတွက် သီးသန့်ထုတ်ထားတဲ့ ရင်ဘတ်စည်းတွေ ရှိပါတယ်။ ငယ်ရွယ်တုန်းအရိုးပျော့တုန်း ဆိုရင်တော့ ရင်ဘတ်စည်းဝတ်ပြီး ဆူထွက်နေတဲ့ အရိုးတွေကို ပြန်ချပ်သွားအောင် လုပ်လို့ရပါတယ်။ တစ်နေ့ကို ၂၃နာရီလောက် ဝတ်ထားဦးမယ်ဆိုရင် လအနည်းငယ်အတွင်းမှာ သိသာလာပါတယ်တဲ့။ အခြေအနေ သိပ်ဆိုးရင်တော့ ခွဲစိတ်ကုသလို့ရပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/%e1%80%81%e1%80%ad%e1%80%af%e1%80%9b%e1%80%84%e1%80%ba%e1%80%a1%e1%80%af%e1%80%95%e1%80%ba-pectus-carinatum/
လေ့ကျင့်ခန်းများပြုလုပ်ခြင်းသည်ကျောရိုးအတက်ထွက်ခြင်းအတွက်မကောင်းပါ
သင့်တွင်ကျောရိုးအတက်ထွက်ခြင်းရှိနေလျှင် လေ့ကျင့်ခန်းများဟာ ကုသရေးအစီအစဉ်ထဲမှာပါဝင်ပါတယ် ။ သို့သော်လည်း လေ့ကျင့်ခန်းအားလုံးဟာတော့ သင့်အတွက်မကောင်းပါဘူး။ အောက်ဖော်ပြမည့် လေ့ကျင့်ခန်းတွေကတော့သင့်ရောဂါအခြေအနေ ပိုမဆိုးစေရန်နှင့် ပြန်မဖြစ်စေရန် မလုပ်သင့်တဲ့လေ့ကျင့်ခန်းတွေပဲဖြစ်ပါတယ်။ကျောရိုးအတက်ထွက်ခြင်း။သင့်ကို သင့်ရဲ့ကျောရိုး သို့ လည်ပင်းမှာ အရိုးအတက်ထွက်နေပြီဟု ပြောပါလိမ့်မယ် ။ ထိုအဓိပ္ပါယ်ကို သင်သေချာသိပါသလား ။ ကျောရိုးအတက်ထွက်ခြင်းဆိုသည်မှာ အချိန်တွေကြာလာတဲ့အခါ အရိုးပေါ်မှာ အရိုးပျော့လေးတစ်ခု ထပ်ထွက်လာခြင်းပဲဖြစ်ပါတယ်။ ကျောရိုးအတက်ထွက်ခြင်းကို ကျောရိုးတွင်ရောဂါကြောင့် အတက်ထွက်လာခြင်းဟု သိနိုင်ပါတယ် ။ အဖြစ်အများဆုံးကျောရိုးအတက်ထွက်ခြင်းတွေကတော့ လည်ပင်းနှင့် ခါး နေရာတွင် ကျောရိုးမကြီးအတက်ထွက်ခြင်းပဲဖြစ်ပါတယ်။ကျောရိုးမကြီးအတက်ထွက်ခြင်းဟာ အသက်ကြီးလာလျှင်ပုံမှန်ဖြစ်လေ့ရှိပြီး ပုံမှန်အားဖြင့် ရောဂါလက္ခဏာပြလေ့မရှိပါဘူး ။ အဆစ်များဒဏ်ဖြစ်ပြီး လည်ပင်းနှင့် ကျောရိုးရှိကြွက်သားများ ဒဏ်ရာရလျှင် ဖြစ်လေ့ရှိပါတယ် ။ အရိုးအတက်ဟာ အာရုံကြောများ ၊ အာရုံကြောမကြီး ၊ကျောရိုးနောက်ခံပြားများ သို့ ကျောရိုးမကြီးအနီးတစ်ဝိုက်ရှိ သွေးကြောများကို ဖိမိသောအခါ ရောဂါလက္ခဏာများ ပြလာတတ်ပါတယ် ။ ဖြစ်နိုင်တဲ့ရောဂါလက္ခဏာတွေကတော့….။– အချိန်အကြာကြီး လမ်းလျှောက်တဲ့အခါ သို့ မတ်တပ်ရပ်နေတဲ့အခါ ကျော သို့ လည်ပင်းတွင် နာကျင်ခြင်း ။– အကယ်၍ လည်ပင်းရှိအာရုံကြောများပါ ထိခိုက်မိလျှင် ဦးခေါင်းနှင့် ပုခုံးများပါနာကျင်ခြင်း၊ခါးရှိအာရုံကြောများပါ ထိခိုက်မိလျှင် ပေါင်နေရာတွင်နာကျင်ခြင်းတို့ဖြစ်ပေါ်တတ်ပါတယ် ။– ရောဂါလက္ခဏာများဟာ သင်လှုပ်ရှားတဲ့အခါမှာပိုဆိုးလာတတ်ပြီး အနား ယူလိုက်တဲ့အခါ သက်သာသွားတတ်ပါတယ်။– ပိုဆိုးတဲ့ရောဂါလက္ခဏာတွေကတော့ လက်များ ခြေများ နာကျင်ခြင်း ၊ ထုံနေခြင်း၊အားနည်းနေခြင်းတို့ပဲဖြစ်ပါတယ် ။– ဆီးနှင့် ဝမ်းမထိန်းနိုင်ခြင်း ။အရိုးအတက်ကို ပိုမိုဆိုးစေတဲ့အရာတွေကတော့ အာဟာရ ၊ နေထိုင်မှုပုံစံမမှန်ကန်ခြင်း ၊အားကစားနှင့်သက်ဆိုင်သော ဒဏ်ရာများ ၊ မတော်တဆမှုများ စတဲ့ဒဏ်ရာများပဲဖြစ်ပါတယ် ။မသင့်တော်တဲ့လေ့ကျင့်ခန်းတွေဟာ ရောဂါကိုပိုဆိုးစေပါလိမ့်မယ် ။ အောက်ဖော်ပြမည့်လေ့ကျင့်ခန်းတွေကတော့ သင့်တွင်ကျောရိုးအတက်ထွက်ခြင်းရှိလျှင် မလုပ်သင့်တဲ့လေ့ကျင့်ခန်းတွေပဲဖြစ်ပါတယ်။– သင့်ရဲ့ခေါင်းပေါ် သို့ ပုခုံးပေါ်သို့ အလေးများ မမသင့်ပါ ။– အိပ်ထမတင်လေ့ကျင့်ခန်းဟာ ဝမ်းဗိုက်ကြွက်သားများအတွက်ကောင်းပေမယ့်သင့်ရဲ့ကျောရိုးနဲ့လည်ပင်းအတွက်မကောင်းပါဘူး ။ သင့်ထိုလေ့ကျင့်ခန်းကိုပြုလုပ်လျှင် ပိုမိုနာကျင်စေပါလိမ့်မယ်။– ဒိုက်ထိုးခြင်းဟာ သင့်ရဲ့ကြံ့ခိုင်မှုအတွက်ကောင်းမွန်ပါတယ်။ သို့သော်လည်း ထိုအရာဟာ သင့်ရဲ့ကျောနဲ့ပုခုံးတွေကိုနာကျင်စေပါလိမ့်မယ်။– လည်ပင်းနဲ့ကျောကို ပုံမှန်ထက်ပိုပြီး လည်စေတဲ့လေ့ကျင့်ခန်းတွေကိုရှောင်ရှားရပါမယ် ။ သင့်ရဲ့ကျောရိုးကို တစ်ဖက်ထဲသို့ အကြိမ်ကြိမ် လှည့်၍လိန်ခြင်းမျိုးလည်းမလုပ်သင့်ပါဘူး ။ အခြားတစ်ဖက်ကိုပြန်လှည့်တဲ့အခါနာကျင်မှုကို ခံစားရနိုင်ပါတယ် ။– ပြေးခြင်း ၊ ဘတ်စကတ်ဘောကစားခြင်း စသည့် ကျောရိုးကို ဝန်ပိစေတဲ့လေ့ကျင့်ခန်းတွေမလုပ်ရပါဘူး ။ လမ်းမြန်မြန်လျှောက်ခြင်း သို့ ယောဂလေ့ကျင့်ခြင်း စတာတွေဟာ ပိုပြီး အကျိုးရှိစေပါတယ် ။– ခေါင်းကိုအသုံးပြုပြီး ခန္ဓါကိုယ်ကို ဇောက်ထိုးအနေအထားပြုလုပ်ခြင်းမျိုးမလုပ်ရပါဘူး ။ သင့်ပုခုံးကိုဝန်ပိစေတဲ့လေ့ကျင့်ခန်းတွေဟာလည်း သင့်အတွက်အန္တရာယ်ရှိပါတယ် ။– ပုံစံအနေအထားမှန်မှန်နေထိုင်ရပါမယ် ။သင့်ရဲ့ထိုင်တဲ့ပုံစံ သို့ မတ်တပ်ရပ်တဲ့ပုံစံကိုပြောင်းလဲရပါမယ် ။ ထိုင်တဲ့အခါခါးကိုမတ်မတ်ထားပြီး လည်ပင်းကိုလည်း သက်တောင့်သက်သာပဲရှိစေရပါမယ် ။ လမ်းလျောက်တဲ့အခါ မျက်လုံးဟာ ရှေ့ကိုပဲကြည့်ပြီး ခေါင်းဟာလည်း ပုခုံနှစ်ခုံးကြားမှာတည့်တည့်ရှိနေ၍ ခါးကိုလည်း မတ်မတ်ထားပြီး လျှောက်ရပါမယ် ။–သင့်ကိုပိုနာကျင်စေမယ့်အရာတွေကိုမလုပ်ရပါဘူး ။ချက်ချင်းရပ်ရပါမယ် ။လေ့ကျင့်ခန်းတွေဟာအကျိုးရှိစေပေမယ့် မသင့်တော်တဲ့လေ့ကျင့်ခန်းတွေကတော့ ပိုဆိုးစေတဲ့အတွက်ရှောင်ရှားရပါမယ် ။ သင့်ဆရာဝန်မှမလုပ်ခိုင်းလျှင် သို့ ပြင်းပြင်းထန်ထန်နာကျင်မှုခံစားရလျှင် လေ့ကျင့်ခန်းလုပ်ခြင်းကို ချက်ချင်းရပ်ရပါမယ် ။Hello health group သည် ကျန်းမာရေးဆိုင်ရာအကြံပေးခြင်း ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို မပြုလုပ်ပေးပါ ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/%e1%80%9c%e1%80%b1%e1%80%b7%e1%80%80%e1%80%bb%e1%80%84%e1%80%b7%e1%80%ba%e1%80%81%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%95%e1%80%bc%e1%80%af%e1%80%9c%e1%80%af%e1%80%95/
မျက်စိညောင်းရင် ဒီလို နှိပ်နယ်ပေးပါ
ကွန်ပျူတာတွေ၊ ဖုန်းတွေ အသုံးများလို့မျက်စိတွေညောင်းနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုနေပါပြီ။ ဒီဆောင်းပါးလေးထဲမှာ အဓိကပြောပြပေးမယ့် အကြောင်းလေးကတော့ မျက်စိညောင်းရင် နှိပ်နယ်ပေးရမယ့် နည်းလမ်းပါ။ ကဲ …. မျက်စိညောင်းရင် ဒီလို နှိပ်နယ်ပေးပါ စာဖတ်ပရိသတ်ကြီးရေ ………။မျက်စိညောင်းတာကို နှိပ်နယ်ပေးလို့ ရပါတယ်။ ဘယ်လို နှိပ်နယ်ပေးရမလဲဆိုတော့မျက်လုံးတဝိုက်ကို လက်ချောင်းလေးတွေနဲ့ ခပ်ဖွဖွလေး နှိပ်နယ်ပေးတာပါ။ ဒီနေရာမှာ အရေးကြီးတာလက်ချောင်းလေးတွေကို သုံးပြီး မျက်လုံးတဝိုက်ကို နှိပ်တဲ့အခါ အားကို အရမ်းစိုက်တာမျိုး မဟုတ်ဘဲ အတော်အသင့်လေးပဲ အားစိုက်ဖို့ပါ။ အရမ်း အားသုံးမိရင် နာကျင်စေနိုင်တာကြောင့်ပါ။မျက်လုံးတဝိုက်ကို နှိပ်တဲ့အခါ ညောင်းညာမှု ပြေစေဖို့နဲ့သွေးလည်ပတ်မှု ကောင်းစေဖို့အတွက် စက်ဝိုင်းပုံလေး နှိပ်ပေးရမှာပါ။ ဒါမှလည်း ကောင်းမွန်တဲ့ ရလဒ်ကို ရမှာပါ။မျက်စိညောင်းတာကို သက်သာစေဖို့အတွက် အချိန်အားဖြင့် ၂ မိနစ်လောက်ပဲ လိုအပ်မှာပါ။ကွန်ပျူတာသုံးရင်း အချိန်ခဏနားပြီး မျက်စိလေးတွေကို နှိပ်နယ်ပေးလို့ ရပါတယ်။အရင်ဆုံး လုပ်ရမှာ တစ်ခုက မျက်စိညောင်းတာမျက်သားခြောက်တာတွေကို သက်သာစေဖို့အတွက် မျက်တောင်ကို ခဏခဏ ခတ်ပေးရပါမယ်။ တစ်မိနစ်ကို ၃ ကြိမ် ကနေ ၄ ကြိမ်လောက် ခတ်ပေးရမှာပါ။ ဒီလို လုပ်ပေးတာက မျက်စိတွေ ပင်ပန်းတာကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်းပါ။ ကဲ … မျက်စိလေးတွေကို အညောင်းပြေစေဖို့ စပြီး နှိပ်နယ်ပေးလိုက်ရအောင်နော်။ဒီလို နှိပ်နယ်ဖို့ မျက်လုံးလေးတွေကို မှိတ်လိုက်ပါ။မျက်ရိုးတွေကို နှိပ်ဖို့ လက်ခလယ်လေးကို အသုံးပြုပေးပါ။ အရင်ဆုံး နှာရိုးအစပ် မျက်ခုံးမွှေး အစကနေ စပြီး နှိပ်ပေးပါ မျက်ခုံး အဆုံးရောက်တဲ့ အထိပေါ့။ မျက်ခုံး ဒီဖက်ထိပ် ကနေ ဟိုဖက်ထိပ်၊ ဟိုဖက်ထိပ် ကနေ ဒီဖက်ထိပ် ၈ ကြိမ် ကနေ ၁၀ ကြိမ်လောက် အပြန်ပြန် အလှန်လှန် နှိပ်ပေးပါ။ဒီလို နှိပ်ပေးတာက မျက်နှာနဲ့ မျက်လုံးတဝိုက်မှာ သွေးစီးဆင်းမှု ကောင်းစေသလို မျက်လုံးတဝိုက်က ဆဲလ်တွေကို အောက်ဆီဂျင်နဲ့ လိုအပ်တဲ့ အာဟာရတွေကို ရရှိစေဖို့ ထောက်ကူပေးမှာပါ။အရင်ဆုံး လက်ညှိုးလေးတွေကို မျက်ခုံးအစပ် မျက်စိ ၂ လုံး အလယ်နားမှာ ထားပေးပါ။ လက်မကိုတော့ နားထင်နားမှာ ထားပေးပါ။ ပြီးရင်တော့ လက်ကလေးတွေကို အလိုက်သင့် ရွေ့လျားရင်း နားထင်နဲ့မျက်ခုံးမွေးတလျှောက်ကို နှိပ်ပေးပါ။ ဒီလို လုပ်ပေးတာက မျက်လုံးတဝိုက်က ကြွက်သားတွေကို လှုံ့ဆော်ပေးပြီး မျက်စိညောင်းတာကို သက်သာစေမှာပါ။နှာရိုးရဲ့ တစ်ဖက်တစ်ချက် မျက်စိထောင့်လေးကို နှိပ်ပေးပါ။ ဒီလို နှိပ်တဲ့အခါ လက်ညှိုးနဲ့ လက်မလေးကို သုံးပြီး ခပ်ဖွဖွလေး နှိပ်ပေးပါ။ ၅ ကျော့လောက် နှိပ်ပေးပါ။ ဒီလို လုပ်ပေးတာကမျက်လုံးပေါ်မှာ သက်ရောက်နေတဲ့ ဖိအားတွေကို သက်သာစေနိုင်ပါတယ်။အဆင့် – ၄ နားထင်နဲ့ ဆံစပ်တွေကို နှိပ်ပေးပါ။လက်ချောင်းလေးတွေကို သုံးလို့မျက်ခုံးစပ် နားထင်နားကနေ ဆံစပ်အထိ နှိပ်ပေးပါ။ အပေါ်ကို ရွှေ့လိုက်၊ အောက်ကို ရွှေ့လိုက် နှိပ်ပေးပါ။ ၁ မိနစ်ကြာအောင် ဆက်တိုက်လေး နှိပ်ပေးပါ။ ဒီလို နှိပ်ပေးတာကနားထင်တဝိုက်က တင်းအားတွေကို ပြေလျော့စေနိုင် သက်တောင့်သက်သာလေး ဖြစ်စေနိုင်ပါတယ်။အဆင့် – ၅ ဦးခေါင်းနောက်ဖက်ကို နှိပ်ပေးပါ။လက်ချောင်းလေးတွေကို အသုံးပြုလို့ဦးခေါင်းရဲ့ နောက်ဖက်ခြမ်းကို နှိပ်ပေးပါ။ အထူးသဖြင့် မျက်စိနောက်ဖက်ခြမ်းကိုပါ။ ၁ မိနစ်လောက် ဆက်တိုက်လေး နှိပ်ပေးပါ။ဒီလို နှိပ်ပေးတာက မျက်လုံးတွေ ညောင်းတာကို သက်သာစေသလိုမျက်စိတဝိုက်ကကြွက်သားတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေသလို မျက်လုံးမှာ သက်ရောက်နေတဲ့ တင်းအားတွေကို ပြေလျော့စေမှာပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/eye-massage-for-eye-strain/
အသက်ငါးဆယ်မတိုင်မီ အရေးအကြောင်းတွေ ပေါ်လာတာကို ဘယ်လိုဖြေရှင်းမလဲ
ကျွန်တော်တို့တတွေ အသက်ကြီးလာတာနဲ့အမျှ အရေးအကြောင်းတွေ ပေါ်ပေါက်လာတာဟာ ရှောင်လွှဲလို့မရတဲ့ အမှန်တရားတခု ဖြစ်ပါတယ်။ ဒါပေမယ့် အရေးအကြောင်းတွေ နည်းသွားအောင် ထိရောက်စွာ လုပ်ဆောင်ပေးနိုင်တဲ့ သဘာဝနည်းလမ်းတွေလည်း အမှန်တကယ်ပဲ ရှိနေပါတယ်။အရေးအကြောင်းတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက် အိမ်မှာပဲ ပြုလုပ်နိုင်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။အောက်ဖော်ပြပါ နည်းလမ်းလေးတွေကို စမ်းသုံးကြည့်ပါ။· ပျားရည်မှာ ပါဝင်တဲ့ အစိုဓါတ်ထိန်းပစ္စည်းတွေဟာ သင့်အသားအရေကို သဘာဝအတိုင်း စိုပြေနေစေပါလိမ့်မယ်။ ဒီလိုဆိုရင် အရေပြားကို တင်းတင်းရင်းရင်းဖြစ်စေတာမို့ အရေးကြောင်းတွေကို လျှော့ချပေးပါလိမ့်မယ်။ဒါ့အပြင် လတ်ဆတ်တဲ့ နွားနို့မှာပါဝင်တဲ့ lactic acid ဟာ မွေးညင်းပေါက်တွေကို ပိတ်ဆို့စေနိုင်တဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးတာကြောင့် သင့်အရေပြားအနေနဲ့ collagen ဓါတ်ကို သဘာဝအတိုင်း ပိုမိုပြီး ထုတ်လုပ်ပေးနိုင်ပါလိမ့်မယ်။· သကြားမှာ ပါဝင်တဲ့ Glycolic acid ဟာ အရေပြားဆဲလ်သေတွေကို ပြန်လည်ကောင်းမွန်စေပါတယ်။ ဒါ့အပြင် citric acid ဟာ တိုက်စားနိုင်တဲ့ သတ္တိရှိတာမို့ အရေပြားဆဲလ်သေတွေကို ညင်သာစွာ ဖယ်ရှားပေးမှာဖြစ်တာကြောင့် သင့်အသားအရေကို နူးညံ့ပျော့ပြောင်းစေပါလိမ့်မယ်။ သံပုရာရည်မှာပါဝင်တဲ့ ဗီတာမင်စီဟာလည်း အရေပြားကနေ collagen ထွက်ရှိမှုကို အားပေးကူညီပါတယ်။· ဒီနည်းလမ်းကနေ အကျိုးအာနိသင်ရတာ မြန်ပေမယ့် ယာယီပဲ အကျိုးရှိပါတယ်။ ကြက်ဥအကာမှာ အသားအရေကို တင်းရင်းစေတဲ့ ဓါတ်တမျိုးပါဝင်လို့ပဲ ဖြစ်ပါတယ်။အောက်ဖော်ပြပါ အစားအစာတွေဟာ အသားအရေအတွက် အကျိုးများစေပါတယ်။အရေးကြောင်းတွေဖြစ်ပေါ်လာခြင်းအပါအဝင် အသားအရေဆိုင်ရာ ပြဿနာတွေကို ဖြစ်ပေါ်စေတဲ့ ဓါတ်ပစ္စည်းတွေကို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဆန့်ကျင်တိုက်ထုတ်နိုင်ပါတယ်။ ဒါကြောင့် ဘလူးဘယ်ရီသီးကဲ့သို့သော ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးရပါမယ်။ဗီတာမင်ဓါတ်အများအပြားမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ အသား၊ဥ နဲ့ (ဆန်၊ဂျုံ စတဲ့) whole grains တွေကနေ ဗီတာမင် ဘီ အုပ်စုကို ရရှိနိုင်သလို လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကနေ ဗီတာမင် အေ၊စီ နဲ့ အီး တို့ကို ရရှိစေပါတယ်။ ဗာဒံစေ့မှာလည်း ဗီတာမင် အီး ပမာဏ မြင့်မားစွာ ပါဝင်ပါတယ်။ချောကလက်ကို များများစားပေးပါ။ ချောကလက်အမည်းရဲ့ အဓိကပါဝင်ပစ္စည်း ကိုကာမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း ၇၂ရာခိုင်နှုန်းလောက် ပါဝင်ပါတယ်။ ဒါ့အပြင် သင့်အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒါဏ်ကနေ ကာကွယ်ပေးနိုင်တဲ့ epicatechin နဲ့catechins ဓါတ်တွေလည်း ချောကလက်မှာ ပါဝင်ပါသေးတယ်။omega-3 fatty acids ဟာ အရေပြားကို အစိုဓါတ်ထောက်ပံ့ပေးနိုင်တဲ့အတွက် omega-3 fatty acids ပါဝင်တဲ့ ဆယ်လ်မွန်ငါးတွေနဲ့ ရေအေးနေငါးတွေကို စားပေးပါ။မျက်နှာကို မိနစ်အနည်းငယ်လောက် နှိပ်ပေးရင်ပဲ သင့်အသားအရေကို တင်းရင်းစေပါတယ်။ ပြန်ရည်ဖုတွေကို အဓိကထား နှိပ်ပေးခြင်းအားဖြင့် သင့်မျက်နှာက ပိုလျှံနေတဲ့ ရေဓါတ်တွေကို ဖယ်ရှားပေးနိုင်မှာပါ။အကောင်းဆုံးသော အကျိုးအာနိသင်ကို ရရှိစေဖို့အတွက် မျက်နှာလေ့ကျင့်ခန်း မကြာခဏ လုပ်ပေးရပါမယ်။ အောက်ပါအချက်လေးတွေကို လိုက်နာဆောင်ရွက်ပါ။· လက်ညှိုးနဲ့ လက်ခလယ်ကို အသုံးပြုပြီး စက်ဝိုင်းပုံသဏ္ဍာန် ရွေ့ရှားကာနှိပ်နယ်ပေးပါ။· နားအနောက်ဖက်က စတင်နှိပ်ရမှာဖြစ်ပြီး လည်ပင်းနဲ့ ညှပ်ရိုးတို့ဆီကို ဦးတည်သွားရပါမယ်။· ထို့နောက် မေးစေ့အောက်၊မေးရိုးအောက်တို့မှတဆင့် နားဆီကို ရွေ့လျားပြီး နှိပ်ပေးရမှာပါ။· မျက်လုံးရဲ့ အတွင်းဖက်ထောင့်ကနေ အပြင်ဖက်ထောင့်ဆီကို နှိပ်သွားပါ။· ပြီးရင် နားထင်ကို နှိပ်နယ်ပေးရမှာဖြစ်ပြီး နားထင်ကနေ အောက်ကို တဖြည်းဖြည်းဆင်းသွားရပါမယ်။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံကို လိုက်နာမယ်ဆိုရင် အရေးကြောင်းတွေ လျော့နည်းသွားမှာ အမှန်ပါ။ ဒါကြောင့် အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းလေးတွေကို အခုပဲ စတင်အသုံးပြုလိုက်ရအောင်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9e%e1%80%80%e1%80%b9%e1%80%84%e1%80%ab%e1%80%b8%e1%80%86%e1%80%9a%e1%80%b9%e1%80%99%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%99%e1%80%ae-%e1%80%a1%e1%80%b1%e1%80%9b%e1%80%b8/