title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
လက်ချောင်းလေးတွေ သန်မာစေဖို့ လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းအချို့
တစ်နေ့တာရဲ့အလုပ်တွေကို ပြီးမြောက်အောင်လုပ်ဆောင်မှုမှာ တော်တော်လေးအလုပ်များတဲ့ အစိတ်အပိုင်းလေးတစ်ခုရှိတယ်နော်။ သူတို့လေးတွေ သန်မာနေမှ အရာရာကို အဆင်ပြေပြေလုပ်ဆောင်နိုင်၊ ကိုင်ဆောင်နိုင်တယ်နော်။ စာရေးတာကစလို့ အစား စားတာအဆုံးအကုန်လုံးနီးပါးကို လုပ်ဆောင်ပေးနေတဲ့အစိတ်အပိုင်းလေးက ဘာများလဲ… စဉ်းစားမိရဲ့လား။တစ်နေ့တာရဲ့ လုပ်ဆောင်မှုတွေကို အကောင်းဆုံးပြီးမြောက်အောင်လုပ်ဆောင်ပေးနေတဲ့ အလုပ်အများဆုံးအစိတ်အပိုင်းလေးက လက်ချောင်းလေးတွေပါ။ လက်ချောင်းလေးတွေ သန်မာနေမှ အရာရာကို အကောင်းဆုံးလုပ်ဆောင်နိုင်မှာလေ။ လက်ချောင်းလေးတစ်ချောင်းလောက် ထိခိုက်ထားရင်ကိုပဲ တစ်နေ့တာမှာ အလုပ်လုပ်ရတာ သိပ်အဆင်မပြေလှတော့ဘူးလေ။လက်ချောင်းလေးတွေက ရှင်သန်နေထိုင်မှုအတွက် တော်တော်လေးအရေးပါတယ်ဆိုမှတော့ သေချာလေး ဂရုစိုက်ဖို့က မဖြစ်မနေလိုအပ်မှာပါ။ ဒီတော့ လက်ချောင်းလေးတွေ သန်မာစေဖို့ လေ့ကျင့်ခန်းလုပ်ကြစို့လား။ တစ်နေ့တာမှာကွန်ပျူတာတစ်ချိန်လုံးရိုက်နေရလို့ ပင်ပန်းနေသူတွေအတွက်လည်း တကယ်အသုံးတည့်မယ့်လေ့ကျင့်ခန်းလေးတွေကို အတူတူလုပ်ကြည့်ရအောင်လား။လက်သီးဆုပ်ပါ။လက်ချောင်းတွေအားလုံးကိုလက်မကဖိထားတဲ့ပုံစံနဲ့ လက်သီးဆုပ်ပေးပါ။ လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်တာမျိုးမလုပ်ပါနဲ့။ ခပ်ဖွဖွလေးပဲ လက်သီးဆုပ်ထားပေးပါ။ လက်ကို သက်တောင့်သက်သာဖြစ်စေမယ့် အနေအထားမျိုးနဲ့ လက်သီးဆုပ်ပေးပါ။ စက္ကန့် ၃၀ ကြာလောက်ဆုပ်ထားပေးပါ။ ပြီးရင်လက်ချောင်းအားလုံးကိုဖြန့်လိုက်ပါ။ ပြီးရင်နောက်တစ်ခေါက်ထက်လုပ်ကြည့်ပါ။ တစ်ဖက်ပြီးတစ်ဖက်လုပ်ပါ။ ၁၀ ကြိမ်လုပ်ပေးပါ။Stress Ballကိုညှစ်ပေးပါ။Stress ball ကို ခပ်တင်းတင်းလေးဖိညှစ်ပေးပါ။ ဒီလိုလုပ်ပေးတာက လက်ချောင်းကကြွက်သားလေးတွေကို သန်မာစေနိုင်ပါတယ်။ ခပ်ပျော့ပျော့ဘောလုံးမျိုးဖြစ်ဖို့ကိုတော့ သတိထားစေချင်ပါတယ်။ တစ်ခါညှစ်ရင် ၅ စက္ကန့်ကြာညှစ်ပေးပါ။ ပြီးရင် လက်တွေကိုဖြေလျှော့ပြီး နောက်တစ်ကြိမ်လုပ်ပေးပါ။ ၅ ကြိမ်စီလုပ်ပေးပါ။လက်ချောင်းလေးတွေကို မပေးပါ။စားပွဲခုံပေါ်မှာဖြစ်ဖြစ် ပြင်ညီတစ်ခုခုပေါ်မှာ လက်ဖဝါးလေးကိုမှောက်ရက်ထားလိုက်ပါ။ ပြီးရင်လက်ချောင်းလေးတစ်ချောင်းချင်းစီကို မြှောက်ကြည့်ပါ။ ၅ စက္ကန့်ကြာထားပေးပါ။ ပြီးရင်ပြန်ချပါ။ တစ်ချောင်းပြီးတစ်ချောင်းလုပ်ကြည့်ပါ။ ၅ ချောင်းလုံးပြီးသွားရင် အစကပြန်လုပ်ပေးပါ။ တစ်ဖက်ပြီးတစ်ဖက်လုပ်ပေးပါ။ ၅ ကြိမ်စီလုပ်ပေးပါ။လက်ညှိုးနဲ့လက်မထိပေးပါ။လက်ကလေးတွေကို သက်တောင့်သက်သာထားပေးပါ။ လက်လေးကို ကွေးလို့ လက်မနဲ့လက်ညှိုးထိပ်လေးကို ထိပေးပါ။ လက်ကို O ပုံစံလုပ်ပါ။ စက္ကန့် ၃၀ ကြာထားပေးပါ။ ပြီးရင် လက်ကို ပုံမှန်အတိုင်း ပြန်ထားပါ။ တစ်ဖက်ပြီးတစ်ဖက်လုပ်ပါ။ ၅ ကြိမ်စီလုပ်ပေးပါ။လက်မကိုကွေးပါ။လက်ဖဝါးဖြန့်ပါ။ လက်ချောင်းတွေအားလုံးဆန့်ထားပါ။ လက်မကိုလက်ဖဝါးကို ထိသည်အထိကွေးလိုက်ပါ။ လက်သန်းအောက်ခြေနားက လက်ဖဝါးမို့မို့လေးကို ထိသည်အထိကွေးပါ။ ၁ ကနေ ၄ အထိရေပါ။ ပြီးရင်လက်ကို ပုံမှန်အတိုင်းပြန်ထားပါ။ ထပ်လုပ်ပေးပါ။ တစ်ဖက်ပြီး တစ်ဖက်လုပ်ပေးပါ။ အကြိမ် ၂၀ လောက်လုပ်ပေးပါ။လက်ကိုအကွေးအဆန့်လုပ်ပေးပါ။စားပွဲခုံစောင်းပေါ်မှာ လက်ကို သက်တောင့်သက်သာဆန့်ထားပါ။ ပြီးရင် လက်ကို ဖြည်းဖြည်းချင်းအပေါ်ကို ဆန့်တင်ပါ။ ပြီးရင်လက်ကို တည့်တည့်ထားပါ။အောက်ဘက်ကိုကွေးချပါ။ ဖြည်းဖြည်ချင်း ပုံမှန်အနေအထားရောက်အောင်လုပ်ပေးပါ။ တစ်ဖက်ပြီးတစ်ဖက်လုပ်ပါ။ တစ်ဖက်ကို ၁၀ ကြိမ်စီလုပ်ပေးပါ။ဒီလေ့ကျင့်ခန်းလေးတွေကို တစ်ပတ်ကို ၃ ကြိမ်လောက်တီဗွီကြည့်ရင်းဖြစ်ဖြစ်၊ ကားစီးရင်းဖြစ်ဖြစ်၊ အလုပ်မှာဖြစ်ဖြစ်လုပ်ပေးမယ်ဆိုရင် လက်ချောင်းကြွက်သားလေးတွေ တောင့်တင်းမှုကင်းပြီး သန်မာလာပါလိမ့်မယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/strength-training/simple-exercises-to-strengthen-your-fingers/
Brugada Syndrome (ဘရူဂါဒါရောဂါ )
ဘရူဂါဒါ ရောဂါသည် ဖော်ပြရလောက်အောင်ထိ နှလုံးဖွဲ့စည်းမှုမူမမှန်ခြင်းနှင့် ဆေးလိပ်၊ ဆီးချို၊ အဝလွန် စသည့် နှလုံးရောဂါဖြစ်နိုင်ချေမြင့်သော အချက်များ မရှိသော်လည်း Ventricular Fibrillation (VF – နှလုံးသွေးလွှတ်ခန်းများ ခုန်နှုန်းမမှန်ခြင်း)ကြောင့် ရုတ်တရတ် နှလုံးရပ်ခြင်းနှင့် ရုတ်တရတ် နှလုံးသေဆုံးခြင်းတို့အား ဖြစ်စေသော အကြောင်းရင်းများမှ တစ်ခု ဖြစ်ပါသည်။ဒီရောဂါသည် ဗီဇဆိုင်ရာ ရောဂါဖြစ်ပြီး မကြာသေးမှီကမှ လေ့လာတွေ့ရှိ ရောဂါအမည်တပ်ထားသော မျိုးရိုးလိုက်နှလုံးစည်းချက်မမှန်ရောဂါပင် ဖြစ်သည်။ ၎င်းကို အီးစီဂျီ၏ V1 – V3 လျှပ်ခေါင်းများတွင် ညာဖက် Bundle branch ပိတ်ရာမှ ပေါ်တတ်သော covered/cove-type ST-segment elevation (>=2mm) နောက်တွင် T လှိုင်း ပါမလာခြင်းဖြင့် သတ်မှတ်နိုင်သည်။ ထိုအီးစီဂျီပုံစံကို အမျိုးအစား ၁ BrS ECG ပုံစံဟု ခေါ်ပါသည်။ဒီရောဂါသည် အမျိုးသမီးများထက် အမျိုးသားများတွင် ပိုအဖြစ်များပြီး စစ်ဆေးမှုတစ်ခုတွင် ကိုးဆခန့် (10:1 အချိုး) ရှိသည်ဟု ဆိုသည်။ prospective registry study ကြီးတစ်ခုတွင် ရုတ်တရတ် သေဆုံးနှုန်းနှင့် မူးမေ့လဲနှုန်းသည် ယောက်ျားများတွင် အဖြစ်များပြီး အသက် ၂၂-၆၅ ကြားတွင် လက္ခဏာများ စပေါ်လာတတ်သည်ဟု ဆိုသည်။ အကြောင်းရင်းကိုတော့ ခုထိရှင်းရှင်းလင်းလင်း မသိရသေးပါ။သို့သော် autosomal dominant disorder များတွင် အမျိုးသားများက ပိုခံရကြောင်း သိရ၏။ ထို့ကြောင့် ဒီရောဂါအား ယေဘုယျအားဖြင့် ငယ်ရွယ်သော အမျိုးသားများတွင် အဖြစ်များသော ရောဂါဟု ယူဆထားပြီး အရှေ့တောင်အာရှမှ အသက် ၄၀ ၄၁ များတွင် ပိုအဖြစ်များသည်ဟု ဆိုပါသည်။မရှင်းပြနိုင်သောအချက်မှာ ရောဂါသည် ညအခါတွင် ဖြစ်ပွားပြီး (ညအခါတွင် သကြားဓါတ် ထိုးကျပုံနှင့် ဆင်တူသည်) အရက်သောက်ပြီးအိပ်ယာဝင်လျှင်လဲ ဖြစ်တတ်ပါသည်။ တစ်ခါတစ်ရံ ရုတ်တရတ်ထဖောက်တတ်ပြီး နေ့အချိန် အလုပ်လုပ်နေစဉ် ပျော်ရွှင်နေစဉ် စားသောက်နေစဉ် စသည့် ဖြစ်ချင်သည့်အချိန်တွင် ထဖြစ်ပြီး အသက်အန္တရာယ်ကို မြင့်စေနိုင်ပါသည်။BrS သည် ကလေးများတွင် ရှာမတွေ့သော်လည်း အသက်အရွယ်မရွေးဖြစ်နိုင်သည်မှ သေချာသည်။ကလေးများတွင်ဖြစ်သော ဘရူဂါဒါရောဂါ –ကလေးများတွင်ဖြစ်သော ဘရူဂါဒါရောဂါ၏ လက္ခဏာများကို သုတေသနများမှ ပြသပြီးဖြစ်ပြီး ဥရောပရှိ referral center ၁၃ ခုတွင် ပြုလုပ်ထား၏။ ရှာဖွေ့တွေ့ရှိမှုများမှ “ဘရူဂါဒါရောဂါဖြစ်သော ကလေးများတွင် ရောဂါအခြေအေနေနှင့် နှလုံးစည်းချက် မမှန်ခြင်းသည် ဖျားနာသည့်အချိန်များတွင် ပိုအဖြစ်များသည်။ရောဂါလက္ခဏာပြသမှု နှေးရခြင်းကို ဖြစ်စေနိုင်မည့် အကြောင်းရင်းမှာ ဟော်မုန်းများ၊ ကြွက်သားဆဲလ် (Myocytes – M cells) ဖွဲ့စည်းမှုပုံစံ တဖြည်းဖြည်း ယိုယွင်းလာခြင်းကြောင့်ဖြစ်သည်” ဟူသောအဆိုကို သတ်မှတ်ထားနိုင်ပါသည်။၂၀၀၇ ခုနှစ် လူထုလေ့လာရေးတွင် ကလေး ၃၀ အား (၁၆နှစ်အောက်)လေ့လာရာ၌ မိသားစု ၂၆ ခုမှ ဘရူဂါဒါရောဂါရှိသော ကလေးများနှင့် တစ်နှစ်သားအရွယ်များတွင် နှလုံးပြဿနာများဖြစ်သည့် စည်းချက်မမှန်မှု၊ မူးမေ့လဲခြင်းနှင့် ရုတ်တရတ်နှလုံးရပ်သေဆုံးခြင်းတို့သည် ဖျားခြင်းကြောင့်ကနေ စတင်သည်ကို တွေ့ရပါသည်။အချက်အလက်များသည် နှံ့နှံ့စပ်စပ် သိရသည် မဟုတ်သေးသောကြာင့် ဘရူဂါဒါရောဂါရှိကလေးများအား ကုသရန်မည်သို့ ချဉ်းကပ်ရမည်ကို ကောင်းကောင်းမသိရသေးပါ။ရောဂါဖြစ်နိုင်ချေမြင့်သည့် အချက်အလက်များကို လျော့ချခြင်းဖြင့် စီမီနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ဘရူဂါဒါ ရောဂါ ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများကို ယူဆရသည်မှာ အောက်ပါတို့ မဟုတ်သည်လဲ ဖြစ်နိုင်သလို တခြားအရာများလဲ ဖြစ်နိုင်သေးသည်။ လက္ခဏာများသည် သေနိုင်သည့် polymorphic ventricular tachyarrhythmia (သွေးလွှတ်ခန်းခုန်နှုန်း စည်းချက်မမှန်ခြင်း) နှင့် ပုံမှန်အားဖြင့် ဆင်တူပါသည်။မောပန်းလွယ်ခြင်း။အသက်ရှူရခက်ခြင်း။စိတ်လှုပ်ရှားခြင်း။နှလုံးခုန်နှုန်းများ စည်းချက်ကျော်ခြင်း (ရုတ်တရတ် နှလုံးရပ်ခြင်း သို့ သွေးလွှတ်ခန်းခုန်နှုန်းစည်းချက်မမှန်ခြင်း – အဖြစ်များဆုံးပင်)။ရင်ဘတ်အောင့်ခြင်း ဖိထားသလိုဖြစ်ခြင်း တရွှီရွှီမြည်ခြင်း။မူးဝေခြင်း မူးမေ့လဲခြင်း။အထက်ပါလက္ခဏာများအတွက် PhD အဆင့် ကျွမ်းကျင်မှုနှင့်သာ ချဉ်းကပ်ရမည်ဖြစ်ပြီး ဘရူဂါဒါရောဂါ၏ လက္ခဏာပေါ်လာရန်အတွက် အချက်အလက်များစွာက ထောက်ပံ့ပေးနိုင်သည်။ (ဥပမာ Bundle block, left axis deviation)။နှလုံးမှ ဆိုးဒီယမ်ပြွန်ဗီဇ SCN5A ၌ ဗီဇပြောင်းလဲခြင်း ဖြစ်လျှင် သွေးလွှတ်ခန်းနံရံတစ်လျှောက် repolarization များ အနှံ့အပြားဖြစ်သွားပြီး အားအပြင်းဆုံးနေရာတွင် နှလုံးအတွင်း ဗို့အားမညီမျှမှုကို ဖြစ်စေနိုင်သည်။ ဒီအချက်အလက်ကြောင့် အီးစီဂျီတွင် ST segment မြင့်တက်ခြင်းကို ဖြစ်စေသည့် ဆိုဒီယမ်ပြွန်များကို ပိတ်သည့်ပစ္စည်းများ “လုပ်နိုင်စွမ်းပျောက်သွားခြင်း” ကို ရှင်းပြနိုင်သည်။ သို့သော် လက္ခဏာပေါ်ပေါက်လာခြင်းများ မတူညီရခြင်းမှာ ဗီဇပြောင်းလဲခြင်းကြောင့် လျှပ်စစ်ဇီဝကမ္မ မူမမှန်ခြင်းများ မတူညီရခြင်းကြောင့်ဖြစ်ပြီး “overlap syndrome” နှင့် ဆက်စပ်မှုရှိနိုင်ပါသည်။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။မိသားစုထဲတွင် ရုတ်တရတ်နှလုံးရပ်ခြင်း၊ မူးမေ့လဲခြင်း သို့မဟုတ် နှလုံးသွေးလွှတ်ခန်းခုန်နှုန်းမြန်ခြင်း/ ခုန်ချင်သလိုခုန်နေခြင်း/ သွေးဝင်ခန်းခုန်ချင်သလိုခုန်နေခြင်း (လေ့လာမှုများမှ ၂၀%သာ ဖြစ်နိုင်သည်ဟု သက်သေပြချက်များက ဆိုသည်) စသည်တို့ရှိလျှင်။ST segment အား မြင့်တက်စေနိုင်သည့် ဆေးများ procainamide, flecainide သုံးနေလျှင်။မူးဝေခြင်း၊ စိတ်လှုပ်ရှားစဉ် ဖျားစဉ်တွင် နှလုံးခုန်စည်းချက်မမှန်မှု ဖြစ်ဖူးလျှင်။အာရှရှိ တတိယကမ္ဘာနိုင်ငံများတွင် မွေးခဲ့လျှင်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။ယခုအခါတွင် သိပ္ပံပညာရှင်များသည့် တိကျသည့် အကြောင်းရင်းတစ်ချို့ကိုသိထားပြီး အားလုံးသည် ဗီဇပြောင်းခြင်းနှင့် ဆက်နွှယ်နေ၏။ သို့သော်လည်း မူကွဲများနှင့် ရှာမတွေ့သည်များ ရှိသေးတာကြောင့် ရောဂါဖြစ်သည့်အကြောင်းရင်းကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။နှလုံးကယ်လ်စီယမ်ပြွန်ပျက်စီးသည့် ဗီဇအပါအဝင် ရောဂါ၏ ၂၅%သည် မျိုးရိုးလိုက်သည့် လိုဆိုင်အော်တိုဇုမ်းများ ကြောင့်ဆိုနိုင်သည်။ ခရိုမိုဇုမ်း 3p22-25 ရှိ လိုကပ် (SCN5A) နှင့် ဆိုဒီယမ်ပြွန်များဖြစ်စေသည့် တခြားဗီဇများ ပြောင်းလဲခြင်းများ ပါဝင်သည်။ကြွက်သားဆဲလ်အမြှေးပါးများတွင် ဆိုဒီယမ်ပြွန်များ နည်းသွားခြင်းကို သွေးသားတော်စပ်သူများတွင် ဖြစ်သည့် ဘရူဂါဒါရောဂါများတွင် တွေ့ရသည်။ ဆိုဒီယမ်ပြွန်များ နည်းခြင်းနှင့် ကြွက်သားဆဲလ်နံရံများတွင် စောလျင်စွာ repolarization ဖြစ်စေနိုင်သည်။ နှလုံးခုန်စည်းချက်မမှန်ခြင်းကို ကုသည့်ဆေးများတွင် အမျိုးအစား IA များ (M cell များရှိ ဆိုဒီယမ်ပြွန်များကို ပိတ်စေပြီး depolarization ကို ရပ်သွားစေသည်) quinidine, procainamide, disopyramide တို့ဖြစ်သည်။အီးစီဂျီတွင် ဖော်ပြသော မူမမှန်မှုများသည် autosomal dominant disorders များအပေါ်မူတည်ကာ အပြောင်းအလဲဖြစ်နိုင်ပါသည်။ သွေးလွှတ်ခန်းခုန်နှုန်း ကမောက်ကမ ဖြစ်ခြင်းနှင့် ခုန်နှုန်းမြန်နှလုံးစည်းချက်မူမှန်ခြင်းတို့သည် ညအခါတွင် sympathetic နှင့် pararsympathetic မညီမျှမှုတို့ကြောင့် ညအခါတွင် ဖြစ်ပွားရခြင်းနှင့် ဆက်စပ်မှုရှိခြင်းဖြစ်သည်။ရုတ်ရတ်နှလုံးရပ်ခြင်းမျိုးရိုးရှိသော အမျိုးသားလူနာများသည် ဘရူဂါဒါနှင့်ဆိုင်သော ရုတ်တရတ်နှလုံးရပ်ခြင်းဖြစ်စေနိုင်သည့် အန္တရာယ်တစ်ခု ဖြစ်ပါသည်။အသက် ၄၀ တစ်ဝိုက်။ဖြစ်နိုင်ချေ သတ်မှတ်နှုန်းသည် ဆက်နွယ်နေသည့် လက္ခဏာများ ပေါ်ခြင်း မပေါ်ခြင်းနှင့် စတင်ဆုံးဖြတ်ပါသည်။ရုတ်တရတ်နှလုံးရပ်ခြင်းနှင့် သို့ မဟုတ် မရှင်းပြနိုင်သော မူးမေ့လဲခြင်း ဖြစ်ခဲ့ဖူးလျှင်။သွေးလွှတ်ခန်း ခုန်နှုန်မြန်ခြင်း သို့မဟုတ် ဘရူဂါဒါလူနာများတွင် နှလုံးစည်းချက်မမှန်ခြင်းနှင့် တခြားသော ပြင်းထန်သည့် အခြေအနေများကို ဖြစ်သောစေသော အကြောင်းရင်းသည် အဖျားတက်ခြင်းကြောင့်ဆိုလျှင်။Asymptomatic dysfunction ဖြစ်ဖူးလျှင် (သွေးဝင်ခန်း သွေးလွှတ်ခန်းဆိုင်ရာ နှလုံးခုန်နှုန်း ကမောက်ကမဖြစ်ခြင်း – “overlap syndrome” သည် အန္တရာယ်ရှိသောအချက်တစ်ချက်ဖြစ်သည်)။ကိုကိန်း၊ စိတ်ကြွဆေးများ အလွန်အကျွံသုံးခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။မူးမေ့လဲဖူးသော လူနာများအား စံပြအီးစီဂျီ စစ်ဆေးရမည်ဖြစ်ပြီး တခြားသော ပူးတွဲရှိနိုင်သည့် ရောဂါလက္ခဏာများ (ရုတ်တရနှလုံးရပ်ဖူးခြင်း၊ သွေးလွှတ်ခန်းခုန်နှုန်းမြန် စည်းချက်မမှန်ခြင်း၊ မရှင်းပြနိုင်သော မူးမေ့လဲခြင်း၊) တို့ကို ရှာဖွေရမည်။တီဗီဓါတ်မှန်၊ ပဲ့တင်သံဖြင့်နှလုံးပုံရိပ်ဖော်ခြင်း၊ အမ်အာအိုင်နှင့် ကြွက်သားအသားစစ်ဆေးခြင်းတို့သည် တိတိကျကျ မဖြေမထွက်ပါ။ဗီဇစစ်ဆေးခြင်းသည် တိကျသောအဖြေရနိုင်ပါသည်။ဘရူဂါဒါရောဂါကို implantable cardioverter-defibrillator (ICD)ထည့်သော ကုထုံးနှင့် ကုသနိုင်ပါသည်။ quinine နှင့် hydroquinidine တို့လို ဆေးများနှင့် ကုသရန်ကြိုးစားသော်လည်း ဘရူဂါဒါရောဂါသည်များတွင် အကျိုးရှိကောင်း ရှိနိုင်ပေမည့် amiodarone နှင့် beta-blockers တို့သည် ရုတ်တရတ်နှလုံးရုပ်သေခြင်းကို မကာကွယ်နိုင်ပါ။ICD သည် အကောင်းဆုံးနည်းဖြစ်သည်။ သို့သော် ICD ထည့်ခြင်းသည် တစ်ချို့သော အန္တရာယ်များ – ပုံမှန်နှလုံးစည်းချက်ရှိနေစဉ်တွင် မသင့်တော်သည့် လျှပ်စစ်ရှော့များလွှတ်ခြင်းနှင့် မလိုလားအပ်သည့် နာကျင်မှုများ ဖြစ်နိုင်ပါသည်။Quinidine သည် လေ့လာမှုအနည်းငယ်၌ သွေးလွှတ်ခန်းခုန်နှုန်းမြန် စည်းချက်မမှန်ခြင်း ပြန်ဖြစ်စေနိုင်သည့် အန္တရာယ်ကို လျော့ချပေးနိုင်ကြောင်း ဆိုသည်။ လေ့လာမှုများလည်း ဆက်လက်ပြုလုပ်နေပါသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကဘရူဂါဒါ ရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။ဘရူဂါဒါ ရောဂါသည် မျိုးရိုးလိုက်သောရောဂါ ဖြစ်သည်။ ထို့ကြောင့် မဖြစ်အောင်ကာကွယ်ရန် သင်ဘာမှ မလုပ်နိုင်ပါ။အောက်ပါ လူနေမှုပုံစံပြောင်းခြင်းနှင့် အိမ်သုံးကုထုံးများသည် ဘရူဂါဒါရောဂါ ကိုကုသတဲ့နေရာတွင် အထောက်အကူပြုနိုင်ပါသည်။နှလုံးဖွဲ့စည်းပုံနှင့် လုပ်ဆောင်ပုံ ပုံမှန်မဟုတ်ခြင်းများအား ဘရူဂါဒါရောဂါနှင့် ဆက်ဖြစ်နိုင်သည့် နောက်ဆက်တွဲများ မဟုတ်ကြောင်း သေချာစေရန် အီစီဂျီဆွဲခြင်းမျိုးပြုလုပ်ကာ ရောဂါရှာထားသင့်ပါသည်။ဘရူဂါဒါရောဂါသည်များအား စောင့်ကြည့်နေပြီး ICD ကုထုံးနှင့် ကုသရန်လမ်းညွှန်ထားပါသည်။ အသက်အန္တရာယ်ဖြစ်နှုန်းသည် ICD ထည့်ပြီးနောက် ၁၀ နှစ်ကြာတွင် ဝ%ထိကျသွားသည်ကို သုတေသနများမှ တွေ့ရှိရပြီး ရုတ်ရတ်နှလုံးရပ် သေဆုံးခြင်းကိုလဲ ကာကွယ်ပေးနိုင်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-arrhythmias/brugada-syndrome-%e1%80%98%e1%80%9b%e1%80%b0%e1%80%82%e1%80%ab%e1%80%92%e1%80%ab%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab/
Tea tree oil (လက်ဖက်ပင်အဆီ)
လက်ဖက်ပင်အဆီဆိုတာကလက်ဖက်ပင်ရဲ့အရွက်တွေကနေရရှိတဲ့အဆီဖြစ်ပါတယ်။ လက်ဖက်ပင်အဆီကို အပူပိုင်းဒေသတွေမှာဆေးကုသဖို့အတွက်အသုံးပြုလေ့ရှိပါတယ်။ အသုံးပြုပုံတွေ –။• ဝက်ခြံလိုမျိုး ကူးစက်တတ်တဲ့ဝေဒနာ။• လက်သည်းခြေသည်းတွေမှိုပိုးဝင်ခြင်း။• သန်းကိုက်နာ၊ယားနာနဲ့ ခြေထောက်မှာပွေး။• ပွေးရောဂါ။• ပြတ်ရှဒဏ်ရာ၊ပွန်းပဲ့ဒဏ်ရာ၊အပူလောင်နာ၊ပိုးမွှားကိုက်နာ၊ သွေးစုနာ၊ အဆိပ်ရှိတဲ့အကောင်ကိုက်လို့ဖြစ်တဲ့အနာနဲ့သွားနာတာတွေအတွက်လည်း ပိုးသတ်ဆေး အဖြစ်အသုံးပြုပါတယ်။• ပါးစပ်နဲ့နှာခေါင်းမှာဖြစ်တဲ့ကူးစက်ရောဂါတွေနဲ့လည်ချောင်းနာဝေဒနာ။• နားတွင်းပိုးဝင်ခြင်း။• ချောင်းဆိုးခြင်း၊ လေပြွန်ပိတ်ခြင်းနဲ့ အဆုတ်ရောင်ဝေဒနာတွေကိုကုသဖို့အသုံးပြုပါတယ်။လက်ဖက်ဆီကို အခြားအခြေအနေများအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ပိုမိုသိရှိလိုသော အချက်များအတွက် ဆရာဝန် ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။သင့်မှာ အောက်ပါ အခြေအနေများရှိရင် ဆရာဝန်၊ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူ၊ ဆေးဖက်ဝင်အပင်တွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေကို ပြောပြဆွေးနွေးသင့်ပါတယ်။သဘာ၀ ဆေးဖက်ဝင် လက်ဖက်အဆီ သုံးစွဲမှုနဲ့ပတ်သက်ပြီးလိုက်နာရမယ့်အချက် တွေက ဆေးဝါးတွေသုံးစွဲမှုနဲ့ပတ်သက်ပြီး လိုက်နာရမယ့်အချက်တွေလောက် မတင်းကြပ်ပါဘူး။ လက်ဖက်ဆီသုံးတာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေကို  မသုံးခင်မှာကြိုတင်ချင့်ချိန်သင့်ပါတယ်။ အချက်အလက်တွေကိုပိုမိုသိရှိနိုင်ဖို့ ဆရာဝန် ဒါမှမဟုတ် တတ်သိနားလည်သူတွေနဲ့ တိုင်ပင်သင့်ပါတယ်။ကလေးတွေအတွက်အသုံးပြုလို့ရပါတယ်၊ အန္တရာယ်မရှိပါဘူး။ လက်ဖက်ဆီကို အသုံးမပြုခင်မှာဆရာဝန်နဲ့အရင်တိုင်ပင်ပါ။လက်ဖက်ဆီက အရေပြားမှာ အသုံးပြုလို့အန္တရာယ်မရှိပါဘူး။ သောက်သုံးတာကတော့ စိတ်မချရပါဘူး။ လက်ဖက်ဆီသောက်သုံးတာက အဆိပ်သင့်နိုင်ပါ တယ်။လက်ဖက်ဆီကြောင့်အောက်ပါလက္ခဏာတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။လူတိုင်းဒီလိုမျိုးဘေးထွက်ဆိုးကျိုးတွေမကြုံကြပါဘူး၊အထက်မှာဖော်ပြမထားတဲ့ဘေးထွက်ဆိုးကျိုးတွေလည်းဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုတွေဖြစ်မှာစိုးရင်တော့ ဆရာဝန် ဒါမှမဟုတ်တတ်ကျွမ်းသူတွေနဲ့အရင်တိုင်ပင်သင့်ပါတယ်။ဒီလက်ဖက်ဆီက သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ၊ ကုထုံးတွေနဲ့ ဓာတ်ပြုတုံ့ပြန်နိုင်ပါတယ်။ သူ့ကိုမသုံးခင်မှာ သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေဟာ ဆေးပညာအကြံဉာဏ်တွေအဖြစ် သုံးလို့မရနိုင်ပါဘူး။ ဒီဆေးဖက်ဝင်ပစ္စည်းကိုမသုံးခင် ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနဲ့ အမြဲတိုင်ပင်ပါ။လက်သည်းခြေသည်းမှိုပိုးဝင်ခြင်း- လက်ဖက်တစ်ပင်လုံးကနေထုတ်ယူထားတဲ့အဆီကို တစ်နေ့ နှစ်ကြိမ်နဲ့ ၆လကြာသုံးစွဲပေးရ ပါမယ်။ခြေထောက်ပွေး –  လက်ဖက်ပင်အဆီအနှစ် ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်း ပါဝင်တဲ့ဆေးရည်ကို တစ်နေ့နှစ်ကြိမ်နဲ့တစ်လကြာအသုံးပြုပေးရပါမယ်။ လက်ဖက်ဆီ ၁၀ ရာခိုင်နှုန်းပါတဲ့ ခရင်မ်ကိုတစ်နေ့ ၂ ကြိမ်နဲ့တစ်လကြာအသုံးပြုပေးရပါမယ်။ဝက်ခြံအတွက် – လက်ဖက်ပင်အဆီ ၅ ရာခိုင်နှုန်းပါတဲ့ ဂျယ်လ်ကိုနေ့စဉ်အသုံးပြုပေးရပါမယ်။မျက်စိကူးစက်ရောဂါတွေအတွက် – လက်ဖက်ပင်ဆီ ၅၀ ရာခိုင်နှုန်းနဲ့ မျက်ခွံကိုလိမ်းကျံပေးတာ ဒါမှမဟုတ် လက်ဖက်ဆီ ၅ ရာခိုင်နှုန်းပါတဲ့ လိမ်းဆေးကို ၄ ပတ်ကနေ ၆ပတ်တာအတွင်း မျက်ခွံကိုလိမ်းပေးရပါမယ်။အရေပြားကူးစက်ရောဂါတွေအတွက်- လက်ဖက်ဆီ အစက် ၄ စက်ကို အိုင်အိုဒင်းနဲ့ရောစပ်ပြီး အရေပြားကိုလူးပေးတာဖြစ်ဖြစ်၊လက်ဖက်ဆီကိုပဲလူးပေးတာဖြစ်ဖြစ် တစ်နေ့ကို ၂ ကြိမ် ရက်ပေါင်း ၃၀ ဒါမှမဟုတ်အနာမပျောက်မချင်းလူးပေးပါ။ကြွက်နို့အတွက် – ကြွက်နို့ပေါ်မှာ လက်ဖက်ဆီကိုတစ်နေ့ တစ်ကြိမ်နဲ့ ၁၂ ရက်ကြာလူးပေးပါ။လက်ဖက်ဆီကိုသုံးစွဲရမယ့်ပမာဏ ကလူနာတွေအပေါ်လိုက်ပြီးကွဲပြားမှုရှိမှာဖြစ်ပါတယ်။ အသက်အရွယ်၊ကျန်းမာရေးအခြေအနေနဲ့အခြားအကြောင်းအရာတွေအပေါ်မူတည်မှာဖြစ် ပါတယ်။ လက်ဖက်ဆီကအမြဲတော့ဘေးကင်းပါဘူး။ သုံးစွဲလို့သင့်တော်မယ့်ပမာဏကို ဆရာဝန် ဒါမှမဟုတ်ကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။လက်ဖက်ဆီကို အောက်ပါပုံစံများနှင့် ရရှိနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/tea-tree-oil-%e1%80%9c%e1%80%80%e1%80%b9%e1%80%96%e1%80%80%e1%80%b9%e1%80%95%e1%80%84%e1%80%b9%e1%80%a1%e1%80%86%e1%80%ae/
Skin Tags (အသားပို)
အသားပို လို့ခေါ်ကြတဲ့ အဖုငယ်လေးတွေဟာ ကြွက်နို့နဲ့ဆင်တဲ့ အသားရောင်အဖုငယ်လေးတွေဖြစ်တယ်။ တွေ့ရလေ့ရှိပြီး အန္တရာယ်တော့မရှိပါဘူး။ အရွယ်အမျိုးမျိုးရှိနိုင်ပြီး မီလီမီတာနည်းနည်းမှ ၅ စင်တီမီတာလောက်ထိရှိနိုင်ပါတယ်။အင်မတန်ကိုအဖြစ်များပြီး အရွယ်မရွေးမှာဖြစ်နိုင်ပါတယ်။ အသားပိုဖြစ်စေတတ်သော အချက်များကိုရှောင်ကြဉ်ခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အတွက်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။အသားပိုတွေဟာ ကင်ဆာမဟုတ်တဲ့ ဘောလုံးပျော့လေးတွေလို အဖုငယ်လေးတွေဖြစ်တယ်။ အန္တရာယ်မရှိဘဲ တစ်ဖုမှ ရာချီနိုင်သည်ထိ အရေအတွက်အမျိုးမျိုးဖြစ်နိုင်ပါတယ်။ တချို့အဖုတွေက ကြွေကျသွားတတ်ပေမယ့် အများစုကတော့ ကျန်နေတတ်တယ်။အသားပိုတွေဟာ အရေပြားဆီကနေ ရိုးတံသွယ်သွယ်လေးတွေနဲ့ တွယ်သီးနေတဲ့ အသားရောင် သို့ အမည်းရောင်အဖုငယ်လေးတွေဖြစ်တယ်။ပင်အပ်ထိပ်လေးတွေလောက် သေးငယ်နိုင်ပြီး အများစုက ခဲတံမှာပါတဲ့ခဲဖျက်ရဲ့ သုံးပုံတစ်ပုံ၊ တစ်ဝက်ခန့်- ၂ မီလီမီတာမှ ၅ မီလီမီတာခန့်ထိသေးငယ်တတ်ပါတယ်။ တချို့ကတော့စပျစ်သီးအရွယ် ( ၁ စင်တီမီတာခန့်) မှ သဖန်းသီးအရွယ်(၅ စင်တီမီတာခန့်) အထိရှိနိုင်ပါတယ်။ခန္ဓါကိုယ်ရဲ့အရေပြားရှိသောမည်သည့်အစိတ်အပိုင်းတွင်မဆို ဖြစ်နိုင်ပြီး အပေါက်အများဆုံးနှစ်နေရာကတော့ လည်ပင်းနဲ့ ချိုင်းတို့ဖြစ်တယ်။ ရင်ဘက်၊ ကျော၊ ရင်သားအောက်ပိုင်း၊ ပေါင်ခြံတို့တွင်လည်းတွေ့နိုင်ပြီး မျက်ခွံ သို့ တင်ပါးနှစ်ခုကြားတွင်လည်း ပေါက်နိုင်ပါတယ်။သွင်ပြင်ပုံစံကလွဲလို့ တခြားထိခိုက်နာကျင်ခြင်း၊ နေထိုင်မကောင်းဖြစ်ခြင်း ဘာမှမရှိပါဘူး။ ခဏခဏထိမိ၊ ပွန်းမိမှသာ (ဥပမာ- ပေါင်ခြံ၊ လည်ပင်းကော်လံနား) တခြားလက္ခဏာတွေဖြစ်ပေါ်လာတတ်တာပါ။ အသားပိုများကို ဖယ်ရှားပစ်ရခြင်းက များသောအားဖြင့် အမြင်မလှသောကြောင့်သာဖြစ်တယ်။ဒါမှမဟုတ် ယားယံလာသောအခါ၊ နီရဲ သွေးထွက်သောအခါ၊ ဆဲလ်အသေများကြောင့် ညိုမဲသောအခါလည်း ဖယ်ပစ်ရန်လိုတတ်ပါတယ်။ တခါတလေတော့ အဝတ်အစား၊ လက်ဝတ်လက်စားတွေ၊ ကားထိုင်ခုံခါးပတ် သို့ အိမ်မွေးတိရိစ္ဆာန်တွေကြောင့် ဆွဲဆောင့်ဖြုတ်သလိုဖြစ်ပြီး နာကျင်ရတတ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အသားပိုတွေဟာကင်ဆာဖြစ်လာနိုင်ခြေမရှိတဲ့ အဖုငယ်လေးတွေပါပဲ။တခါတလေမှာတော့ နာကျင်မှု၊ ကသိကအောက်ဖြစ်မှုမရှိဘဲ သူ့အလိုလိုကြွေကျသွားတတ်ပါတယ်။ အဖုရဲ့အရင်းမှာ လိမ်သွားတာကြောင့် ထိုအဖုဆီသွေးလျှောက်မှုမရှိတော့တာကြောင့် ဖြစ်နိုင်တယ်။ဖော်ပြထားသောလက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် အသေးစိတ်အတွက်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။အသားပိုတွေဟာ ဘေးမဖြစ်ဘဲ နာကျင်မှုလည်းမရှိပါဘူး။ ဒါပေမယ့် ကြည့်မကောင်းလို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပျက်စေလို့ ဖယ်ပစ်ချင်တယ်ဆိုရင် ဒါမှမဟုတ် အဝတ်တွေ လက်ဝတ်လက်စားတွေနဲ့ ငြိငြိနေပြီး သွေးထွက်တတ်လို့ ဖယ်ပစ်ချင်တယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။အသားပိုတွေဟာ အဖြစ်များပြီး သက်လတ်ပိုင်းအရွယ်မှာ ပေါက်တတ်ပါတယ်။ အရေပြားထူထူထဲမှာ သွေးကြောငယ်လေးတွေနဲ့ ကော်လဂျင်အမျှင်လေးတွေ စုပုံသွားတာကြောင့်လို့ ဆိုကြပါတယ်။အရေပြားနှစ်ခု ပွတ်တိုက်ခြင်းကြောင့် ဖြစ်လာရတယ်လို့လည်း ထင်ကြပါတယ်။ ဒါကြောင့်လည်း အရေပြားတွေတွန့်ခေါက်နေတတ်တဲ့ နေရာတွေမှာ အပေါက်များပါတယ်။လေးဘက်သွားအရွယ်ကလေးတွေ၊ အထူးသဖြင့် လည်ပင်နဲ့ ချိုင်းနေရာမှာအပေါက်များပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။တချို့သောအဖုလေးတွေက အသားပိုတွေနဲ့ဆင်တတ်ပါတယ်။ တစ်သျှူးစစစ်ဆေးခြင်းကအသားပိုတွေကို ခွဲခြားသိရှိနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။အသားပိုတွေက သာမန်အားဖြင့် ကုသဖို့မလိုဘူးဆိုတာ သိထားဖို့လိုပါတယ်။ အဖုတွေကြောင့် စိတ်အနှောင့်အယှက်မဖြစ်ရဘူးဆိုရင် မကုသဖို့တွေးတာက အကြောင်းပြချက်ခိုင်လုံတဲ့ရွေးချယ်မှုတစ်ခုပါ။တကယ်လို့စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆို့ရင်တော့ ဒီနည်းလမ်းတွေရှိပါတယ်-။သေးငယ်သောအဖုများကိုတော့ ထုံဆေးမသုံးပဲ အလွယ်တကူဖယ်နိုင်ပြီး ကြီးသောအဖုများကတော့ ထုံဆေးလိုနိုင်ပါတယ် (lidocaine) ။ ကြီးသော အသားပို အဖုများကိုတော့ မဖယ်ခင်မှာ ထုံဆေးလိမ်းဆေးတစ်မျိုးလိမ်းတာက ပိုကောင်းပါလိမ့်မယ်။အသားပိုကို မိသားစုဆရာဝန်၊ အရေပြားဆရာဝန်၊ ကုသပိုင်းဆိုင်ရာဆရာဝန်တွေဆီမှာ ကုသလို့ရပါတယ်။ တခါတလေ မျက်ခွံတဝိုက်က အသားပိုတွေအတွက်တော့ မျက်စိဆရာဝန်လိုနိုင်ပါတယ်။ကြီးသောအဖုများကို မိမိဖာသာဖယ်ပစ်ဖို့မကြိုးစားပါနဲ့၊ သွေးထွက်များနိုင်ပါတယ်။ကြိုးစ သို့ သွားပွတ်ကြိုးဖြင့် အဖုအရင်းကိုချည်ပြီး ဖယ်ပစ်ခြင်း၊ အပါအဝင် တခြားအကူအညီဖြစ်နိုင်တဲ့ အိမ်တွင်းကုသမှုပုံစံကတော့-။သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/skin-tags-explained/
21-Hydroxylase Antibodies (21 - Hydorxylase ပဋိပစ္စည်း)
21-hydroxylase antibody သည် မိမိကိုယ်ခံအားမှမိမိကိုပြန်တိုက်သည့်ရောဂါဖြစ်သော အက်ဒီဆင် (Addison disease) ရောဂါရှိနေသလား သို့မဟုတ် ဖြစ်ပွားနိုင်ချေမြင့်စေသည့် အချက်များရှိနေသလားဆိုသည်ကို သေချာစေရန်အတွက် စမ်းသပ်သော စစ်ဆေးမှုတစ်ခုဖြစ်ပါသည်။ (အက်ဒီဆင် ရောဂါ ဆိုသည်မှာ အက်ဒရီနယ်ဂလင်းမှ စတီးရွိုက်ဟော်မုန်း အလုံအလောက်မထုတ်ပေးနိုင်သော ရောဂါ) ။adrenal cortex ဆိုသည်မှာ ကျောက်ကပ်တစ်ခုချင်းစီ၏ အပေါ်တွင် ကပ်ရပ်ရှိနေပြီး စတီးရွိုက်ဟော်မုန်းများကို ထုတ်ပေးသော အက်ဒရီနယ် ဂလင်း အပြင်ပိုင်း ဖြစ်သည်။ 21-hydroxylase antibody သည် adrenal cortex အလုပ်ကောင်းကောင်း မလုပ်နိုင်သောအခါတွင် သွေးထဲတွင်ပါလာသော adrenal cortex ပဋိပစ္စည်းများဖြစ်သည်။ မိမိကိုယ်ခံအားမှ မိမိကိုပြန်တိုက်သည့်ရောဂါဖြစ်သော အက်ဒီဆင် ရောဂါ (Addison disease) ကို အက်ဒရီနယ် ဂလင်း မလုံလောက်သည့်ရောဂါဟုလဲခေါ်ပြီး သင့်၏ခန္ဓါကိုယ်သည် adrenal cortex ကိုပြန်တိုက်ကာ adrenal cortex မှထွက်သည့်ဟော်မုန်းများကို လျော့နည်းသွားစေသည်။ ဒီဟော်မုန်းများထဲတွင် cortisol နှင့် aldosterone တို့ပါ၏။ ဒီဟော်မုန်းများလျော့နည်းခြင်းသည် သင့်ခန္ဓါကိုယ်၏ တခြားသောအင်္ဂါများအတွက် အန္တရာယ်ဖြစ်စေနိုင်ပါသည်။ သင့်တော်သည့်ကုသမှုရရှိရန်အတွက် ရောဂါကိုစောစောသိဖို့ အရေးကြီးပါသည်။ဆရာဝန်သည် ရောဂါအခြေအနေနှင့်ရာဇဝင်ပေါ်မူတည်ပြီး စစ်ဆေး ပါလိမ့်မည်။ မိမိကိုယ်ခံအားမှ မိမိကိုပြန်တိုက်သည့်ရောဂါဖြစ်သော Addison’s disease ၏ လက္ခဏာများကိုတွေ့ပါက ဒီစမ်းသပ်မှုကိုလုပ်ရန် တောင်းဆိုပါလိမ့်မည်။ သင်၏ဆရာဝန်သည် အက်ဒရီနယ်ဂလင်းများ ပုံမှန်အလုပ်မလုပ်တော့သည်ကို တွေ့ရှိကောင်းတွေ့ရှိနိုင်ပါသည်။ ဒီစမ်းသပ်ချက်သည် ဖြစ်စေသည့်အကြောင်းရင်းနှင့် အကောင်းဆုံးကုသမှုကိုရွေးချယ်ရန် သင့်အတွက်အထောက်အကူပြုပါလိမ့်မည်။ဒီစမ်းသပ်မှုမလုပ်ခင် အောက်ပါအချက်များကိုသိထားပါ။• သင်၏သွေးကိုယူလျှင် အန္တရာယ်တစ်ချို့ရှိနိုင်၏။(၁) သွေးလုံးဖြစ်ခြင်း (အရေပြားအောက်တွင် သွေးများပြည့်ပြီးဖောင်းလာခြင်း) ဒီအခြေအနေသည် သင့်သွေးအား သူနာပြုများဖောက်ယူသည့်အချိန်တွင် ဖြစ်ပေါ်နိုင်သည်။(၂) သွေးအနည်းငယ်ထွက်ခြင်း။ ဒီအခြေအနေသည် သင့်သွေးအား သူနာပြုများဖောက်ယူသည့်အချိန်တွင် ဖြစ်ပေါ်နိုင်သည်။(၃) အပ်ပေါက်ရာ၌ သွေးခြည်ဥခြင်း သို့ဟုတ် ပိုးဝင်ခြင်း။ ဒီအခြေအနေသည် သင့်သွေးအား သူနာပြုများဖောက်ယူပြီးသည့်အချိန်တွင် ဖြစ်ပေါ်နိုင်သည်။• ဒီစမ်းသပ်ချက်ကို တစ်ခါထပ်ပိုပြီးလုပ်ရနိုင်သည်။ တစ်ခါထပ်ပိုလုပ်ရသည့်အကြောင်းပြချက်လဲ သင့်ဆရာဝန်ထံတွင်ရှိပါသည်။ ပိုသိလိုပါက သင်၏ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ကြည့်ပါ။• ဒီစမ်းသပ်ချက်အဖြေတစ်ခုတည်းနှင့် မိမိကိုယ်ခံအားမှမိမိကိုပြန်တိုက်သည့်ရောဂါဖြစ်သော Addison’s disease ကို သေချာမဆုံးဖြတ်ပေးနိုင်ပါ။ ရောဂါအမည်အတိအကျတပ်နိုင်ရန် တခြားသောစမ်းသပ်ချက်များလဲလိုကောင်း လိုနိုင်ပါသည်။ ဒီစမ်းသပ်ချက်များတွင် သွေးတွင်းမှ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ cortisol သို့မဟုတ် adrenocorticotropic ဟော်မုန်း (ACTH) တို့အား တိုင်းတာခြင်းတို့ပါဝင်ပါသည်။ဒီစမ်းချက်အားမလုပ်ခင် သတိပေးချက်များ အထူးသတိပြုရမည်များကို နားလည်ထားရန်အရေးကြီး၏။ မေးခွန်းများရှိလျှင် ညွှန်ကြားချက်များ ထပ်သိလိုသည်များရှိလျှင် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။သူနာပြုများမှ သွေးမယူခင် အောက်ပါတို့သင့်၌ရှိပါက ဆရာဝန်ကိုပြောပါ။• Latex မှုန့်များအား ဓါတ်မတည့်မှုရှိလျှင်။• သွေးထွက်များစေနိုင်သည့် ဆေးများ သို့မဟုတ် ရောဂါအခြေအနေများရှိနေလျှင်။• အရင်တစ်ခါသွေးစစ်စဉ်က ပျို့ခြင်း၊ မူးဝေခြင်းနှင့် မူးမေ့ခြင်းမျိုးဖြစ်ခဲ့ဖူးလျှင်။ဒီစမ်းသပ်ချက်နှင့်ပတ်သက်၍ ပိုနားလည် လိုသည်များရှိလျှင် ဆရာဝန်နှင့်ဆွေးနွေးပါ။သွေးပြန်ကြောမှသွေးနမူနာလိုလျှင် သင်၏လက်ဖျံရှိ သွေးကြောများမှယူလေ့ရှိပါသည်။ ကြိုးတစ်ခဖြင့် သွေးကြောအထက်တွင် စည်းထားနိုင်ပါသည်။ သွေးပြန်ကြောအပေါ်ရှိအရေပြားကိုသန့်စင်ပြီး ဆေးထိုးအပ်သွင်းပါမည်။ သွေးထုတ်ယူနေစဉ်တွင် သင်ငြိမ်ငြိမ်နေရန်လိုအပ်ပါသည်။ သွေး ကို ပြွန်တစ်ခု နှစ်ခုစာ ခန့်ထုတ်ပြီးလျှင်အပေါ်က စည်းထားသောကြိုးကို ဖယ်မည်။ လုံလောက်သောသွေးပမာဏရလျှင် သူနာပြုများက ဆေးထိုးအပ်ကိုထုတ်လိုက်မည်ဖြစ်သည်။သွေးပြန်ကြောမှသွေးနမူနာထုတ်ယူပြီးနောက် ပတ်တီး (သို့) ဂွမ်းလုံး များကို အပ်စိုက်ထားသည့်နေရာတွင်ဖိထားရမည်။ သွေးထုတ်ပြီးနောက် ပြင်းထန်သည့်လေ့ကျင့်ခန်းမျိုးမလုပ်ပါနှင့်။ နာလျှင်၊ နီရဲလျှင်၊ ရောင်လာလျှင် အပ်စိုက်ရာမှ အရည်များထွက်လာလျှင် ဆရာဝန် သို့ သူနာပြုနှင့်ဆက်သွယ်ပါ။ရလဒ်ကိုသင်ဘယ်လိုသိရမလဲဟု သူနာပြုကိုမေးပါ။ ရလဒ်အဖြေအတွက် ဆွေးနွေးရန် သင့်ကိုရက်ချိန်းပေးပါလိမ့်မည်။ သို့မဟုတ် အီးမေးလ်မှလဲ အကြောင်းကြားနိုင်ပါသည်။ ပြန်ပြရမည့်ရက်များသည် သင့်အဖြေရလဒ်နှင့်ဆက်နွယ်သည့် တခြားအချက်အလက်များပေါ်တွင်မူတည်ပါသည်။ ရလဒ်အားသင့်ကိုပြောပြီးနောက် တစ်ခါတစ်ရံ ပြန်ပြရန်မလိုတော့ပါ။ ပြန်ပြရန်လိုသည့်အခါများလဲရှိပါသည်။ ပြန်ပြရာတွင်ပေးမည့် ကုသမှုများတွင် ဆေးပြောင်းခြင်း၊ ကုထုံးပြောင်းခြင်း၊ အထူးကုဆီလွှဲခြင်း၊ တိုင်းတာစောင့်ကြည့်ခြင်း၊ အပိုထပ်ဆောင်း စစ်ဆေးချက်များ ၊လုပ်ထုံးများတို့ ပါဝင်ပါသည်။21-hydroxylase antibodies အကြောင်းဒီထိပိုပြီးသိလိုလျှင် သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။21-hydroxylase antibodies ၏ ရလဒ်သည် 1 U/mL သို့မဟုတ် ၎င်းထက်ပိုများလျှင် adrenal antibodies ရှိကြောင်း ညွှန်ပြချက်ပင်ဖြစ်ပြီး Addison disease ဖြစ်နိုင်သောအချက်ဖြစ်သည်။ဓါတ်ခွဲခန်းနှင့်ဆေးရုံပေါ်မူတည်ပြီး 21-hydroxylase antibodies ပုံမှန်တန်ဖိုးသည် တူညီမည်မဟုတ်ပါ။ ရလဒ်နှင့်ပတ်သက်၍သိလိုသည်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/21-hydroxylase-antibodies-21-hydorxylase-%e1%80%95%e1%80%8b%e1%80%ad%e1%80%95%e1%80%85%e1%81%a5%e1%80%8a%e1%80%b9%e1%80%b8/
Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း )
နှလုံးစည်းချက်မမှန်ခြင်းဆိုတာ နှလုံးရောဂါတစ်ခုဖြစ်ပြီး နှလုံးခုန်နှုန်းမမှန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ နှလုံးခုန်နှေးခြင်း၊ ခုန်သင့်တဲ့အချိန်ထက် စောခုန်ခြင်း၊ ခုန်ချင်သလိုခုန်ခြင်း (fibrillation) စသည်တို့ ပါဝင်ပါတယ်။နှလုံးစည်းချက်မမှန်ခြင်းက လျှပ်စီးလှုံ့ဆော်မှုများ မူမမှန်တဲ့အခါမှာ ဖြစ်တတ်ပါတယ်။ နှလုံးစည်းချက်မမှန်ခြင်းကို အောက်ပါတို့ကိုအခြေခံပြီး အမည်နဲ့ အမျိုးအစားများ ခွဲနိုင်ပါတယ်။ဒီရောဂါက အင်မတန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချနိုင်မယ်ဆိုရင်ခြအထိုက်အလျောက် ကာကွယ်နိုင်ပါတယ်။နှလုံးစည်းချက်မမှန်ခြင်းရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာတွေက။ဒီထဲမှာ မပါတဲ့ အခြားလက္ခဏာများလည်း ရှိနေနိုင်ပါတယ်။ သံသယရောဂါ လက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေတယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။နှလုံးစည်းချက်မမှန်ခြင်းက ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။နှလုံးစည်းချက်မမှန်ခြင်း ဖြစ်ပွားနိုင်ခြေကို မြင့်စေသော အကြောင်းရင်းများစွာရှိပါတယ်။ ဥပမာအားဖြင့်။နှလုံးစည်းချက်မမှန်ခြင်း အောက်ပါတို့ဖြင့် အတည်ပြုနိုင်ပါတယ်။နှလုံးကြောင့်လား တခြားကြောင့်လား သေချာစေရန် တခြားစစ်ဆေးမှုများကို ဆရာဝန်များမှ ညွှန်ကြားနိုင်ပါတယ်။ ဒါတွေကတော့။နှလုံးစည်းချက်မမှန်ခြင်း ပုံစံပေါ်မူတည်ကာ ကုသမှုနည်းလမ်းများကို ရွေးချယ်ရပါတယ်။နှလုံးခုန်နှေးခြင်းကို ဘာကြောင့်ဖြစ်မှန်း သေချာမသိရင် ညှပ်ရိုးအနီးမှာပေ့စ်မိတ်ကာလို့ခေါ်တဲ့ စက်လေးမြှုပ်ပြီး ကုသနိုင်ပါတယ်။ နှလုံးခုန် အလွန်နှေးသည့်အခါ သို့ နှလုံးခုန်ရပ်သွားသည့်အခါမှာ ပေ့စ်မိတ်ကာမှ နှလုံးဆီသို့ သွေးကြောများမှတစ်ဆင့် တပ်ဆင်ထားသော ဝိုင်ယာတစ်လျှောက် လျှပ်စစ်လှုံ့ဆော်မှုကို လွှတ်ပေးမည်ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ တည်ငြိမ်နေသော နှလုံးခုန်နှုန်းကို ရရှိစေနိုင်ပါတယ်။နှလုံးခုန်မြန်ခြင်းကို ကုသရန် ရွေးချယ်စရာအမျိုးမျိုးမှာ။ဆေးများ –နှလုံးစည်းချက်မမှန်  ကုသဆေးများကို နှလုံးခုန်နှုန်းထိန်းရန် သို့မဟုတ် ပုံမှန်နှလုံးစည်းချက်ကို ပြန်ရစေရန် စသဖြင့် နှလုံးခုန်မြန်ခြင်းအမျိုးမျိုးအတွက် သုံးနိုင်ပါတယ်။Vagal maneuvers –နှလုံးခုန်နှုန်းကို ထိန်းချုပ်တဲ့ အာရုံကြော (vagus အာရုံကြော) ကို နှိပ်နယ်ပြီး supraventricular tachycardia ကဲ့သို့ နှလုံးစည်းချက်မမှန်ခြင်းကို အရေးပေါ်ကုသနိုင်ပါတယ်။Cardioversion –ရင်ဘတ်တွင်တပ်ထားသော ချပ်ပြားများမှ လျှပ်စီးဓာတ်လွှတ်ကာ ပုံမှန်နှလုံးစည်းချက်ကို ပြန်ထိန်းခြင်းဖြစ်သည်။Catheter ablation –စည်းချက်မမှန်တဲ့ နှလုံးတစ်ရှူးကို သေးငယ်တဲ့ Catheter ထိပ်ရှိ လျှပ်ခေါင်းဖြင့် ရှော့တိုက်နိုင်ပါတယ်။ ဒီနည်းနဲ့ လျှပ်စီးကြောင်းပိတ်မှုဖြစ်သွားစေပြီး နှလုံးစည်းချက်မမှန်ခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။တခြားကုထုံးများကို လူနာမှ တုံ့ပြန်မှုမရှိတော့တဲ့ အခါမျိုးမှာ နှလုံးစည်းချက်မမှန်ခြင်းကို ကုသရန်အတွက် ခွဲစိတ်ဖို့ လိုအပ်လာနိုင်ပါတယ်။ဝင်္ကပါကုထုံး –နှလုံးအပေါ်ပိုင်း (သွေးလွှတ်ခန်း) တွင် နှလုံးတစ်ရှူးများအား အမျိုးမျိုးခွဲကာ ပုံစံတစ်ခုရှိသော သို့မဟုတ် ဝင်္ကပါပုံအမာရွတ်တစ်ရှူးများဖြစ်စေပါတယ်။ အမာရွတ်တွေက လျှပ်စစ်မစီးနိုင်တဲ့အတွက် သွားချင်ရာသွားသည့် လျှပ်စစ်လှုံ့ဆော်မှုများကို ဟန့်တားပေးနိုင်ပါလိမ့်မယ်။နှလုံးသွေးကြော လမ်းလွှဲခြင်း –နှလုံးစည်းချက်မမှန်ခြင်းအပြင် ပြင်းထန်တဲ့ နှလုံးသွေးကြောရောဂါများတွဲရှိနေတဲ့အခါ နှလုံးသွေးစီးဆင်းမှုကောင်းအောင် ခွဲစိတ်ကုသခြင်း ဖြစ်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-arrhythmias/arrhythmia/
Ischemic Heart Disease (နှလုံးသွေးကြောကျဉ်းရောဂါ)
နှလုံးသွေးကြောကျဉ်းရောဂါသည်နှလုံးသွေးကြောနံရံတွင် အဆီအနည်းများစုပုံလာခြင်းကြောင့် သွေးစီးဆင်းမှုကို နည်းစေခြင်း၊ ပိတ်ဆို့ခြင်းမျာဖြစ်သော ရောဂါဖြစ်ပါသည်။ သွေးထဲတွင် ရှိသော အဆီများသည် သွေးကြောနံရံများကို ရောင်ရမ်းစေခြင်းကြောင့်လည်း နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်စေပါသည်။သွေးကြောနံရံတွင် အဆီအနည်များစုပုံရာမှ သွေးကြောသည် တဖြည်းဖြည်း ကျဉ်းလာပြီး နှလုံးသို့သွေးလုံလောက်စွာမရောက်တော့သောအခါ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှုမဝဖြစ်ခြင်းနှင့် နှလုံးသွေးကြောကျဉ်းရောဂါ၏ အခြားသော လက္ခဏာများဖြစ်လာစေပါသည်။နှလုံးသွေးကြောသည် လုံးဝပိတ်သွားလျှင် ရုတ်တရက်နှလုံးအလုပ်မလုပ်တော့ခြင်းဖြစ်ကာ အသက်အန္တရာယ်ရှိနိုင်ပါသည်။နှလုံးသွေးကြောကျဉ်းရောဂါသည်အလွန်အဖြစ်များပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။တွေ့ရများသော ရောဂါလက္ခဏာများမှာ။(အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)။ရောဂါကို စောစီးစွာသိရပြီး ကုသနိုင်ပါက ရောဂါပိုမဆိုးလာစေရန် နှင့် အရေးပေါ်ကျန်းမာရေးပြသနာများ မကြုံလာစေရန် ကူညီပေးပါသည်။ ထို့ကြောင့် နှောင့်နှေးမနေဘဲ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။နှလုံးသွေးကြောကျဉ်းရောဂါသည် နှလုံးသွေးကြော၏အတွင်းအလွှာကို ထိခိုက်ခြင်းမှ အစပြုသည်ဟု ယူဆရပြီး တခါတရံတွင် ကလေးဘဝကတည်းမှ စဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်စေသော အကြောင်းရင်းများစွာရှိပါသည်။ ယင်းတို့မှာ။နှလုံးသွေးကြော၏ အတွင်းဆုံးအလွှာကို ထိခိုက်မိလျှင် သွေးကြောထဲရှိအဆီများသည် ထိုနေရာတွင် စုပုံလာပြီး သွေးကြောများမာလာပါသည်။ထို့နောက် ထိုနေရာတွင် သွေးကြောအနာဖြစ်ခြင်း၊ ပေါက်သွားခြင်းတို့ဖြစ်လာရာမှ သွေးဆဲလ်များစုပုံလာပြီး သွေးကြောပိတ်ကာ ရုတ်တရက် နှလုံးရပ်ခြင်းကိုဖြစ်စေနိုင်ပါသည်။နှလုံးသွေးကြောကျဉ်းရောဂါ။ကို ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။အသက်ကြီးလာလေလေ နှလုံးသွေးကြောများကျဉ်းနိုင်ချေနှင့် နှလုံးကို ထိခိုက်နိုင်ချေများလေလေဖြစ်ပါသည်။အမျိုးသားများသည် အမျိုးသမီးများထက် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေ ပိုများသော်လည်း အမျိုးသမီးများသည်လည်း သွေးဆုံးပြီးလျှင် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေရှိပါသည်။သင့်အဖေသို့မဟုတ် ညီအကို ထဲတွင် အသက်၅၅နှစ်မတိုင်မီ နှလုံးရောဂါဖြစ်ဖူးလျှင် သင့်တွင်လည်း နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေများပါသည်။အလားတူ သင့်အမေ သို့မဟုတ် ညီအမထဲတွင် အသက်၆၅နှစ်မတိုင်မီ နှလုံးရောဂါဖြစ်ဖူးလျှင် သင့်တွင်လည်း နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေများပါသည်။သင်ကိုယ်တိုင်သောက်ခြင်းဖြစ်စေ၊ ဆေးလိပ်သောက်သူများနှင့် အတူ အနီးကပ်နေထိုင်ခြင်းဖြစ်စေ ရှိလျှင် သင့်တွင်လည်း နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေများပါသည်။သွေးပေါင်ချိန်များခြင်း၊ မထိန်းနိုင်ခြင်းကြောင့် နှလုံးသွေးကြောနံရံများ မာကြောလာပြီး ကျဉ်းမြောင်းလာကာ သွေးစီးဆင်းမှုများကို အနှောက်အယှက်ဖြစ်စေပါသည်။သွေးတွင်းအဆီဓါတ်များခြင်းကြောင့် သွေးကြောနံရံတွင် အဆီအနည်များစုပုံလာပြီး သွေးကြောနံရံထူလာနိုင်ချေများပါသည်။ဆီးချိုရောဂါရှိခြင်းသည် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေများစေပါသည်။ အဝလွန်ခြင်း၊ သွေးပေါင်ချိန်များခြင်း စသည့် အချက်များသည် အမျိုးအစား ၂ ဆီးချိုနှင့်နှလုံးသွေးကြောကျဉ်းရောဂါတို့ကို ဖြစ်နိုင်ချေများစေသော ဘုံတူညီနေသည့် အချက်များဖြစ်ပါသည်။လေ့ကျင့်ခန်းများမလုပ်ခြင်းကြောင့်လည်း နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေများစေပါသည်။စိတ်ဖိစီးမှုများကို မဖြေဖျောက်နိုင်ခြင်းသည် နှလုံးသွေးကြောများကို ထိခိုက်စေပြီး နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေများကို မြင့်တက်စေပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်တွင် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နေပြီဟု သံသယရှိပါက။ပထမဦးစွာ သင့်ဆရာဝန်က သင့်ကို ကစစ်ဆေးမှုပြုလုပ်ပါလိမ့်မည်။ ထို့နောက် တိကျသော ကုသမှုလုပ်ရန် သိသင့်သည်များကို စစ်ဆေးပါလိမ့်မည်။ပုံမှန်အားဖြင့် နှလုံးသွေးကြောကျဉ်းရောဂါအတွက် စစ်ဆေးမှုများမှာ။နှလုံးသွေးကြောကျဉ်းရောဂါအတွက် ကူသမှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့်နှလုံးသွေးကြောကျဉ်းရောဂါ။ဖြစ်သူများအတွက်ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/coronary-artery-disease/ischemic-heart-disease-%e1%80%94%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%b1%e1%82%80%e1%80%80%e1%80%ac%e1%80%80%e1%80%ba%e1%80%a5%e1%80%b9%e1%80%b8/
ခြေ၊လက်တွေ ထုံကျဉ် ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ
ခြေလက်တွေ မှာထုံကျဉ်တဲ့ ခံစားမှုကို တော်တော်များများ ခံစားဖူးကြမှာပါ။ ဒီလို လက္ခဏာတွေဟာ အဖြစ်များပြီး စိတ်အနှောင့်အယှက်လည်း အတော်လေးဖြစ်စေနိုင်ပါတယ်။ တစ်ခါတစ်လေ အိပ်တဲ့အချိန်မှာ ဖိပြီးအိပ်မိတာ၊ အချိန်အကြာကြီး ခြေချိတ်ပြီးထိုင်မိတာ စတဲ့အခြေအနေတွေမှာ nerve (သို့)အာရုံကြောလေးတွေကို ဖိမိတာကြောင့် ခြေထောက်၊ လက်တွေမှာ ထုံလာတာ၊ ကျဉ်လာတာမျိုးတွေကို ခဏတာ ခံစားရနိုင်ပါတယ်။ဒါပေမယ့် ပြန်ပြီး အနေအထားပြင်လိုက်မယ်၊ မဖိမိအောင် နေလိုက်မယ်ဆိုရင် ပြန်ပြီး အလိုလို သက်သာသွားမှာပါ။ ဒါပေမယ့် တချို့တွေမှာတော့ ထုံ၊ ကျဉ်တဲ့ ပြသနာက ပိုပြီးဆိုးရွားတာ၊ အချိန်အကြာကြီးဖြစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ထုံကျဉ်တဲ့ လက္ခဏာအပြင် နာကျင်ခြင်း၊ ယားယံခြင်း၊ ကြွက်သားတွေ အားနည်းလာခြင်း စတဲ့ အခြားလက္ခဏာတွေပါ တွဲပြီးဖြစ်လာပြီဆိုရင်တော့ အာရုံကြောလေးတွေ ပျက်စီးတာကြောင့် ဖြစ်တဲ့ ထုံကျဉ်ခြင်းဖြစ်နိုင်ပါတယ်။၁။ ဆီးချိုရောဂါ။ဆီးချိုရောဂါဟာ ခြေလက်ထုံကျဉ်ခြင်းကို ဖြစ်စေနိုင်တဲ့ အဖြစ်အများဆုံး အကြောင်းအရင်းထဲက တစ်ခုဖြစ်ပါတယ်။ ခြေလက်ထုံကျဉ်ခြင်းကို လူတော်တော်များများမှာ ဆီးချိုရောဂါရဲ့ ပထမဆုံးရောဂါ လက္ခဏာအနေနဲ့ တွေ့ရတတ်ပါတယ်။ ခြေလက် ထုံကျဉ်တာတွေကို မကြာခဏ ခံစားနေရပြီး သင့်မိသားစုမှာ ဆီးချိုမျိုးရိုးရှိတယ် (သို့) အချိုတွေ ကြိုက်တတ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေသေချာချာတိုင်ပင်ပြီး ဆီးချိုရောဂါကို စစ်ဆေးကြည့်သင့်ပါတယ်။၂။ ကိုယ်ဝန်ရှိခြင်း။ကိုယ်ဝန်ရှိနေတဲ့အချိန်မှာလည်း ကလေးလေးကြီးထွားလာခြင်း၊ ခန္ဓာကိုယ်အတွင်း အရည်တွေ ပိုများလာခြင်းကြောင့် အာရုံကြောလေးတွေကို ဖိမိနိုင်တဲ့အတွက် ထုံကျဉ်တဲ့ ခံစားချက်မျိုးကို ဖြစ်စေပါတယ်။ ဒါပေမယ့် ကလေးမွေးပြီးတာနဲ့ သက်သာသွားနိုင်တာကြောင့် စိတ်ပူစရာမရှိပါဘူး။၃။ဗီတာမင်လုံလုံလောက်လောက်မရရှိခြင်း။အဓိကအားဖြင့် ဗီတာမင် B နဲ့ ဗီတာမင် E ကို ခန္ဓာကိုယ်က လုံလုံလောက်လောက် မရတဲ့အခါ ခြေလက်တွေ ထုံကျဉ်နိုင်ပါတယ်။ ဒါ့ကြောင့် ခြေတွေလက်တွေ ထုံကျဉ်တဲ့ ပြသနာဖြစ်လာပြီဆိုရင် မိမိနေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ ဗီတာမင်ကြွယ်ဝတာတွေ ပါရဲ့လားဆိုတာ ပြန်ပြီး ဆန်းစစ်ကြည့်သင့်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်ရင် ဗီတာမင် ဖြည့်စွက်ဆေးတွေ သောက်နိုင်ပြီး နေ့စဉ် အစားအစာတွေထဲမှာ ဗီတာမင် B နဲ့ E ပါဝင်တဲ့ ဆန်၊ဂျုံ ၊ နို့ နှင့် နို့ထွက်ပစ္စည်းမျာ၊ ပဲ၊ ဥ၊ အစေ့အဆံများ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေနဲ့ သဘာဝသစ်သီးတွေကိုလည်း စားပေးဖို့ မမေ့ကြပါနဲ့နော်။၄။ အချို့သောဆေးဝါးများ သောက်သုံးနေခြင်း။အချို့သောကင်ဆာကုဆေးတွေ၊ TB ဆေးတွေ၊ သွေးပေါင်ချိန်ကို ထိန်းညှိတဲ့ဆေးတွေ နဲ့ အချို့သောရောဂါပိုးဝင်တဲ့ အခါမှာ အသုံးပြုတဲ့ဆေးတွေကြောင့်လည်း ထုံကျဉ်ခြင်းပြသနာတွေ ဖြစ်နိုင်ပါတယ်။၅။ အရက် အလွန်အကျွံသောက်သုံးခြင်း။အရက်အများကြီးသောက်ခြင်းက အာရုံကြောလေးတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့အပြင် အရက်သောက်တာများတဲ့သူတွေမှာ ဗီတာမင် B12 နဲ့ folic acid တွေကိုလည်း လျော့နည်းနေနိုင်တာကြောင့် ခြေ၊လက် ထုံကျဉ် ခြင်း ကိုဖြစ်စေပါတယ်။ ဒါ့ကြောင့် အရက်ကိုလည်း တတ်နိုင်သမျှရှောင်ဖို့ လိုအပ်ပါတယ်။၆။ Nerve entrapment syndromes ( အာရုံကြောလေးတွေကို ပိမိစေတဲ့ ရောဂါများ)။အာရုံကြောလေးတွေကို ပိမိနေစေတဲ့ ရောဂါတွေ ဖြစ်တဲ့carpal tunnel syndromeလို့ခေါ်တဲ့ လက်ဖဝါးအတွင်းရှိ အာရုံကြောလေးများ ပိမိနေတဲ့ရောဂါ၊ nerve palsy စတဲ့ အာရုံကြောရောဂါတွေမှာလည်း ထုံကျဉ်တာကို ဖြစ်စေပါတယ်။၇။ အခြားရောဂါများ။HIV နဲ့ အသည်းရောင် အသားဝါ Bပိုး၊ C ပိုးဝင်ခြင်း၊ အလုံးအကျိတ် ဖြစ်ပြီး အာရုံကြောလေးတွေကို ပိမိခြင်း၊ ကျောက်ကပ်၊ အသည်းရောဂါတွေနဲ့ အချို့သော သွေးရောဂါတွေမှာလည်း ခြေလက်ထုံကျဉ်တဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ခြေလက် အဖျားလေးတင်မကဘဲ တစ်ခုလုံး ထုံကျဉ် လာတယ်၊ ရုတ်တရက်၊ ခေါင်းကိုက်လာတယ်၊ မကြာခင်က ခေါင်းကို ထိခိုက်မိထားတယ်၊ရင်ဘတ်အောင့်လာတယ်၊ အသက်ရှုရ ခက်ခဲလာတယ်၊ ခြေထောက်၊လက် တစ်ဖက်ဖက် လှုပ်ရှားရခက်ခဲလာတယ်၊ သတိမကောင်းဖြစ်လာတယ်၊ စကားပြောရတာ ခက်ခဲလာတယ် ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသပေးဖို့ လိုအပ်ပါတယ်။ ကျန်းမာကြပါစေ။ရေးသားသူ – Khine Phoo Ngon။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/vertigo-%e1%80%81%e1%80%ba%e1%80%ac%e1%80%81%e1%80%ba%e1%80%ac%e1%80%9c%e1%80%8a%e1%80%b9%e1%80%99%e1%80%b0%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
အူအတက်ရောင် ခြင်း အကြောင်း သင်ဘယ်လောက် သိထားလဲ
အူအတက်ရောင် တယ်ဆိုတာ အူအတက်မပေါက်ခင်အရေးပေါ်ခွဲစိတ်မှုခံယူဖို့ လိုအပ်တဲ့ အခြေအနေပါ။ ကံကောင်းတာက အူအတက်ကို ဖယ်ထုတ်လိုက်လည်း ဘာပြဿနာမှမရှိဘဲ နေလို့ရတာပါပဲ။ဝမ်းဗိုက်ညာဘက် အောက်နားမှာဗိုက်အောင့်တာက အူအတက်ရောင်တဲ့ လက္ခဏာဖြစ်တတ်ပါတယ်။ ဒါပေမယ့် အများစုက ချက်နားတဝိုက်မှာ နာကျင်မှု စတင်ပြီး နောက်မှ ညာဘက်ကို ရွေ့လျားလာတာ ဖြစ်ပါတယ်။ အဲဒီကနေ ကိုယ်လှုပ်ရှားလိုက်တဲ့အခါ၊ အသက်ပြင်းပြင်းရှူတဲ့အခါ၊ချောင်းဆိုးတဲ့အခါ၊နှာချေလိုက်တဲ့အခါပိုဆိုးလာတတ်ပါတယ်။ရောင်ရမ်းမှု ပိုပြင်းထန်လာတာနဲ့အမျှ ဗိုက်အောင့်တာပိုဆိုးလာပြီး အချိန်မီမကုသနိုင်ရင် အသက်အန္တရာယ် ရှိလာနိုင်ပါတယ်။ တခြားအဖြစ်များတဲ့ လက္ခဏာတွေကတော့ –။အများအားဖြင့် အသက် ၁၀ နှစ်ကနေ ၃၀ နှစ်အတွင်း အရွယ်တွေမှာ ဖြစ်လေ့ရှိပါတယ်။ ကိုယ့်ရဲ့ မိသားစုဆွေမျိုး တွေမှာ အူအတက်ရောင် ဖြစ်ဖူးတဲ့သူ ရှိရင်လည်း ကိုယ့်မှာ ဖြစ်နိုင်ခြေများနိုင်ပါတယ်။မစင်၊ ကပ်ပါးပိုး စတဲ့ အရာတစ်ခုခု အူအတက်မှာ ပိတ်ဆို့ရင် အူအတက်ရောင် ခြင်းဖြစ်တတ်ပါတယ်။ ဒီလိုပိတ်ဆို့ရင် အူအတက်မှာ နဂိုကရှိနှင့်ပြီးသား ဘက်တီးရီးယားတွေကို ထိန်းချုပ်မရ ဖြစ်စေပြီး ပိုးဝင် ရောင်ရမ်းစေတာပါ။ အူအတက်ရောင် စေတဲ့ တခြားအကြောင်းရင်းတွေထဲမှာအစာခြေလမ်းကြောင်း ပိုးဝင်ခြင်းရောဂါတွေနဲ့အူရောင်ရောဂါ တို့ ပါဝင်ပါတယ်။များသောအားဖြင့်တော့ အူအတက်ရောင်ရင် ခွဲစိတ်ဖယ်ရှားရတာပါပဲ။ အထူးသဖြင့် အူအတက်ပေါက်ရင်ပေါ့။ အူအတက် မပေါက်သေးဘဲ ရောင်ရမ်းကာစအချိန် ဆိုရင်တော့ ဆရာဝန်ကပဋိဇီဝပိုးသတ်ဆေးနဲ့ပဲ ထိန်းပြီး ကုသပေးလို့ရပါတယ်။ဒါပေမယ့် အူအတက် ရှိနေသရွေ့ နောက်တစ်ကြိမ် ထပ်ရောင်နိုင်၊ ပေါက်နိုင်တဲ့ အန္တရာယ်ရှိနေတာမို့ ခွဲစိတ်ဖယ်ရှားဖို့ပဲ ဆရာဝန်က အကြံပြုပါလိမ့်မယ်။အူအတက် ခွဲစိတ်ပြီး ပြန်သက်သာမယ့် ကြာချိန်က လူနာရဲ့ ကျန်းမာရေးအခြေအနေ၊ ရောဂါအခံ၊ ကုသမှုအမျိုးအစားကို မူတည်ပါတယ်။ဆေးရုံဆင်းတဲ့အခါ ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးတွေကို မှန်အောင် သောက်ပါ။ ညွှန်ကြားလိုက်တဲ့ ဆောင်ရန်ရှောင်ရန်တွေ၊ အနာဂရုစိုက်ပုံတွေကို သေချာမှတ်သား လိုက်နာဖို့ အရေးကြီးပါတယ်။ဒီကာလ အတွင်းမှာ အစာအာဟာရ ကိုလည်း ညီညွတ်မျှတအောင် စားသုံးဖို့၊ ကျန်းမာရေးနဲ့ မညီတာတွေ ကို ရှောင်ဖို့ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ မလုပ်ဖို့ သတိထားရပါမယ်။အူအတက်ခွဲစိတ်မှု နောက်ပိုင်း လုံးဝအပြီး ပြန်ကျန်းမာလာဖို့က သီတင်းပတ် အတော်ကြာနိုင်ပါတယ်။အနာပိုးဝင်တာလိုမျိုး နောက်ဆက်တွဲပြဿနာတွေ ရှိလာရင်တော့ ပိုပြီးကြာနိုင်ပါတယ်။ခွဲစိတ်မှု နောက်ပိုင်း –။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/%e1%80%a1%e1%80%b0%e1%80%a1%e1%80%90%e1%80%80%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/
လက်သည်းလေးတွေ ပန်းရောင်သွေးသန်းပြီး လှပနေစေဖို့
လက်သည်းလေးတွေပန်းရောင်သွေးသန်းပြီး ကြည်ကြည်လင်လင်လေးလှနေတာကလည်း စွဲဆောင်မှုတွေထဲကတစ်ခုပါ။ သင်ရော လက်လှလှ လက်သည်းသန့်သန့်လေးတွေကို သဘောကျတတ်သူလား။ ဒါဆိုရင်တော့ ကျန်းမာပြီး ပန်းသွေးရောင်သန်းတဲ့ လက်သည်းလှလှလေးတွေ ပိုင်ဆိုင်ဖို့ အလွယ်ကူဆုံးနည်းလမ်းလေးတွေကိုဝေမျှပါရစေ။လက်သည်းနီဆိုးတာကြောင့်ဖြစ်ဖြစ်၊ နေ့စဉ်ထိတွေ့နေရတဲ့ အရာတွေကြောင့်ဖြစ်ဖြစ် လက်သည်းလေးတွေက အရောင်တွေပြောင်းတတ်ပါတယ်။ ဒီအခါမှာလက်ကကြည့်ရတာ မလှတော့တာမျိုးဖြစ်နိုင်ပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့အိမ်တွင်းကုထုံးလေးတွေရှိနေပါတယ်နော်။ လက်သည်းလှလှလေးတွေပိုင်ဆိုင်ဖို့အတွက်ဆိုရင်။အာဟာရဖြည့်ပေးတဲ့အဆီတစ်မျိုးပါ။ လက်သည်းတွေကိုတောက်ပစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။အစိုဓါတ်လည်းထိန်းပေးနိုင်ပါတယ်။လက်သည်းလေးတွေကို သေချာလေး သန့်စင်လိုက်ပါ။ပြီးရင် အပူပေးထားတဲ့ သံလွင်ဆီ ခပ်နွေးနွေးလေးကို ဇလုံတစ်ခုထဲထည့်ပြီး လက်သည်းလေးတွေ မြုပ်တဲ့အထိစိမ်ထားလိုက်ပါ။ ၁၅ မိနစ်လောက်စိမ်ပေးပါ။ ပြီးရင် တဘက်စလေးသုံးပြီး လက်သည်းတစ်ချောင်းချင်းစီကို သေချာလေးတိုက်ပေးပါ။အကောင်းဆုံးသော လက်သည်းသန့်ဆေးတစ်ခုပေါ့။ အရောင်ပြောင်းနေတဲ့ လက်သည်းတွေအတွက် အထူးသင့်တော်ပါတယ်။သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကိုမုန့်ဖုတ်ဆော်ဒါအနည်းငယ်၊ ရေအနည်းငယ်တို့နဲ့ရောစပ်ပြီး ဇလုံတစ်ခုထဲမှာ မွှေလိုက်ပါ။ပြီးရင် လက်သည်းတွေပေါ်မှာ ၁၀ မိနစ်လောက်လူးထားပေးပါ။ပြီးရင်သွားပွတ်တံလေးနဲ့တိုက်ပေးပါ။ ပြီးရင်တော့လက်ချောင်းလေးတွေကို သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ၊ ပင်လယ်ဆား အနည်းငယ်နဲ့ရေနွေးတို့ရောစပ်ထားတဲ့ရေထဲကို ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက်စိမ်ပေးပါ။အသားအရေအတွက်တင်မဟုတ်ဘဲ လက်သည်းခြေသည်းလေးတွေအတွက်ပါ အထောက်အကူပြုပေးပါတယ်။ဘက်တီးရီးယားတွေကိုသေစေနိုင်သလို အစိုဓါတ်ထိန်းပေးနိုင်ပါတယ်။ လက်သည်းလေးတွေကို သန့်စင်ပြီးတိုင်း Rose Waterလေးသေချာလူးပေးပါ။လက်သည်းတွေအတွက် သင့်တော်တဲ့ သဘာဝပစ္စည်းလေးတစ်ခုပေါ့။ သခွားသီးကို ပါးပါးလေးလှီးပြီး လက်သည်းလေးတွေပေါ်မှာ ကပ်ထားပေးပါ။ အရည်စွတ်ပေးလို့လည်းရပါတယ်။ နှစ်ပတ်လောက်ထိ နေ့စဉ်ဆက်တိုက်လုပ်ပေးပါ။ သိသာတဲ့ရလဒ်ကိုတွေ့ရမှာပါ။လက်သည်းတွေအတွက် သင့်တော်တဲ့ဓာတ်စာလို့ဆိုရပါမယ်။ လက်သည်းတွေ ကြွပ်ဆတ်တာမျိုးမဖြစ်အောင် ကာကွယ်ပေးသလို လက်သည်းရဲ့ အရောင်အသွေးတောက်ပမှုအတွက်လည်း အားဖြည့်ပေးပါတယ်။ လက်သည်းခြောက်သွေ့မှုကင်းပြီး ပန်းရောင်သွေးသန်းစေဖို့ထောပတ်သီးကို စားပေးလို့ရသလို လက်သည်းပေါ်မှာ လိမ်းပေးလို့လည်းရပါတယ်။ဗီတာမင် E က လက်သည်းတွေကျန်းမာဖို့ လိုအပ်တဲ့ ဓါတ်တစ်ခုပါ။ လက်သည်းတွေကိုသွေးလည်ပတ်မှုကောင်းစေပြီး လက်သည်းတွေကိုအောက်ဆီဂျင် ရရှိစေဖို့ အထောက်အပံ့ပေးပါတယ်။ ဗီတာမင် E ပါဝင်အောင်စားသုံးပေးလို့ရသလို လက်သည်းမှာ တိုက်ရိုက်လိမ်းပေးဖို့လည်းရပါတယ်။ သန့်စင်ထားတဲ့ လက်သည်းလေးတွေပေါ်မှာ ဗီတာမင် E ကိုပုံမှန်လိမ်းပေးပါ။ ညအိပ်ရာမဝင်ခင် လူးအိပ်ပေးတာမျိုးလည်းရပါတယ်။ကဲ အဆင်ပြေဆုံးဖြစ်မယ့် နည်းလမ်းလေးကိုရွေးပြီး လက်သည်းလေးကိုအရောင်တင်လိုက်တော့နော်…….။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/nail-care/%e1%80%9c%e1%80%80%e1%80%ba%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1-%e1%80%95%e1%80%94%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/
Atopic Dermatitis (နှင်းခူရောဂါ)
နှင်းခူဟာ ဖြစ်လေ့ဖြစ်ထရှိပြီး ကိုယ်ခံအားစနစ်လိုတာထက် အလုပ်ပိုလုပ်တဲ့အခါ ပေါ်လာတတ်ပါတယ်။ အရေပြားနီရဲယားယံလာပြီး အထူးသဖြင့်မျက်နှာ၊ တံတောင်ဆစ်အတွင်းပိုင်း၊ ဒူးနောက်ဖက်တွေမှာ အဖြစ်များပါတယ်။ အရွယ်မရွေးမှာ ဖြစ်ပေါ်နိုင်တယ။်။အလွန်ဖြစ်လေ့ဖြစ်ထရှိပြီး အရွယ်မရွေးဖြစ်နိုင်တယ်။ ဒါပေမယ့် လူကြီးတွေထက် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ ဖြစ်နိုင်ချေတိုးစေသော အရာများကိုရှောင်ရှားခြင်းဖြင့် ထိန်းချုပ်နိုင်ပါတယ်။ အသေးစိတ်အချက်အလက်များအတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်တယ်။ဖော်ပြထားသောလက္ခဏာတွေအပြင် တခြားလက္ခဏာများလည်းရှိနိုင်တာကြောင့် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။တကယ်လို့အောက်ပါလက္ခဏာများပေါ်လာပါက ဆရာဝန်ပြသင့်ပါတယ်။ထိုလက္ခဏာတွေခံစားနေရမယ်၊ ဒါမှမဟုတ် သိလိုသည်များရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ လူတိုင်းခန္ဓါကိုယ်က တစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးဖြစ်ဖို့ ဆရာဝန်နဲ့ဆွေးနွေးတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။တိကျတဲ့အကြောင်းအရင်းတော့မသိရသေးပါဘူး။ အကြောင်းအမျိုးမျိုးရောသွားခြင်းကြောင့်ဖြစ်နိုင်တယ်-။နှင်းခူရောဂါဖြစ်စေရန်အားပေးသောအချက်များ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဓါတ်ခွဲစစ်ဆေးမှုတွေမလိုပါဘူး။ သင့်အရေပြားကိုစစ်ဆေးပြီး၊ သင့်ဆေးကုသဖူးသော ရာဇဝင်ကိုမေးမြန်းလေ့လာခြင်းဖြင့် သိနိုင်နေပါပြီ။ တခါတလေမှာတော့ တခြားသော အရေပြားရောဂါများကိုပယ်ဖို့ ဒါမှမဟုတ် နှင်းခူနှင့်တွဲဖြစ်လာတတ်သော အခြေအနေတွေကိုသိရဖို့ တချို့စစ်ဆေးမှုတွေလုပ်ရနိုင်ပါတယ်။တိကျတဲ့ကုသမှုတွေမရှိပါဘူး။ လက္ခဏာတချို့ကြောင့် နေရခက်ခြင်းကို ကုသလျှော့ချဖို့တော့ ဆေးနည်းတချို့သုံးနိုင်ပါ်တယ်။သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/dermatitis/atopic-dermatitis-%e1%80%94%e1%80%bd%e1%80%84%e1%80%b9%e1%80%b8%e1%80%81%e1%80%b0%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab/
ကြီးထွားဖွံ့ဖြိုးမှုကို နှေးကွေးစေနိုင်တဲ့အကြောင်းအရာများ။ ။
ကိုယ့်ကလေးက တစ်ခြားကလေးတွေနဲ့ ယှဉ်ရင် ပိုပြီးညှက်နေတဲ့ အဖြစ်မျိုးတွေ ကြုံဖူးကြမှာပါ။ အထူးသဖြင့်ကျောင်းတက်တဲ့အချိန်မှာဆို ပိုပြီးသိသာပါတယ်။ မိဘတွေဘက်ကလည်း ကိုယ့်ကလေးက ဘာကြောင့် တစ်ခြားကလေးတွေထက် ညှက်နေရတာလဲဆိုတာ သိချင်ကြမယ်လို့ထင်ပါတယ်။အသက် ၁၀ နှစ်အောက် ကလေးတစ်ယောက်ရဲ့ကြီးထွားမှုကို ပျှမ်းမျှ အနေနဲ့ ပြောရမယ်ဆိုရင်။သင့်ကလေးရဲ့ ကြီးထွားမှုနှုန်းကို ခုပြောပြထားတွေနဲ့ အကြမ်းအားဖြင့် ယှဉ်ကြည့်လို့ရပါတယ်။ ပုံမှန်ဆို ကလေးတစ်ယောက်ရဲ့ကြီးထွားမှုက တစ်နှစ်ထက်တစ်နှစ် ပိုပိုများလာရပါမယ်။ ဒီလိုမှ မဟုတ်ရင်တော့ သင့်ကလေးကြီးထွားမှုကို နှောင့်ယှက်တဲ့ အရာတွေ ရှိနေပါပြီ။ကလေးတစ်ယောက်ရဲ့ ကြီးထွားမှုကို နှေးစေတဲ့ အချက်တွေ အများကြီးရှိပါတယ်။ တစ်ချို့တွေအချက်တွေက ပြင်လို့ရပေမယ့် တစ်ချို့ အချက်တွေကတော့ မွေးရာပါဖြစ်နေတတ်ပါတယ်။ ဒါဆို ကလေးတစ်ယောက်ရဲ့ ကြီးထွားမှုကို ဟန့်တားနေတဲ့ အချက်က ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင်။ ။ငယ်ငယ်ကတည်းက ရောဂါအခံတစ်ခုခုရှိနေတဲ့ ကလေးတစ်ယောက်က တစ်ခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် အကောင်ပိုသေးနေတတ်ပါတယ်။ ဒါဟာ ရောဂါကပေးတဲ့ဒဏ်တွေ၊ ဆေးက ပေးတဲ့ ဒဏ်တွေကြောင့် ဖြစ်ရတာပါ။ ရောဂါတွေထဲမှာဆို။အစာအာဟာရဟာ ကလေးတစ်ယောက်ရဲ့ ကိုယ်ခန္ဓါကြီးထွားဖို့နဲ့ ညဏ်ရည် ဖွံ့ဖြိုးဖို့အတွက် အရေးအပါဆုံးပါ။ ဒါကြောင့် ကလေးစားတဲ့ အစားအသောက်တွေမှာ ပြည့်ဝမျှတတဲ့ အာဟာရတွေပါဖို့ဆိုတာ သိပ်ကို အရေးကြီးပါတယ်။ အာဟာရချို့တဲ့နေတဲ့ ကလေးတစ်ယောက်ဟာ တစ်ခြားကလေးတွေနဲ့ ကြီးထွားမှုအပိုင်းမှာရော၊ ညဏ်ရည်အပိုင်းမှာရော ဘယ်လိုမှတန်းတူ မဖြစ်နိုင်ပါဘူး။မျိုးရိုးဗီဇချွတ်ယွင်း ရောဂါတွေဖြစ်တဲ့။ကိုယ်ခန္ဓါရဲ့ ကြီးထွားမှုကိုGrowth Hormoneလို့ခေါ်တဲ့ ကြီးထွားမှုဟော်မုန်းက အဓိက ထိန်းချုပ်နေတာပါ။ ဟော်မုန်းရှိသင့်တဲ့ ပမာဏအောက်နည်းနေတဲ့ ကလေးတစ်ယောက်ဟာ ကြီးထွားမှု အပိုင်းမှာ တစ်ခြားကလေးတွေထက် နှေးနေတတ်ပါတယ်။ ဒါကို ဟော်မုန်းအစားထိုး ကုသတဲ့နည်းနဲ့ ဖြေရှင်းလို့ရပါတယ်။အမေဗိုက်ထဲမှာတည်းက ညှက်တဲ့ကလေးတစ်ယောက်ဟာ ကြီးလာတဲ့ အခါကျရင်လည်း ဆက်ပြီး ညှက်သွားတတ်တဲ့ သဘောရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန် နေမကောင်းလို့ သောက်ရတဲ့ဆေးတွေက သန္ဓေသားဖွံဖြိုးမှုကိုထိခိုက်စေပါတယ်။အရွယ်ရောက်စောတာကလည်း ကြီးထွားမှု နှေးစေတဲ့အချက်တွေထဲက တစ်ခုပါ။ ကြီးကောင်ဝင်တာစောတဲ့ ကလေးတစ်ယောက်ရဲ့ အရိုးကြီးထွားမှုတွေက အချိန်မတိုင်ခင် မြန်ဆန်နေတတ်ပြီး တကယ်ကြီးရမယ့် အချိန်လည်းရောက်ရော ဆက်မကြီးတော့ဘဲကြီးထွားမှု ရပ်သွားတတ်ပါတယ်။မျိုးရိုးကြောင့်လည်း ကြီးထွားမှု နှေးတတ်ပါတယ်။ ကိုယ့်မိဘတွေက အရပ်ပုနေတဲ့သူတွေဆိုရင် ကိုယ့်ကျမှထူးပြီး ရှည်လာစရာတော့ မရှိပါဘူး။ မူရင်းကောင်းမှ မိတ္တူကောင်းမှာကိုး။၁၀ နှစ်အောက်ဆိုတာ အပူအပင်ကင်းပြီး ပျော်ရွှင်နေတဲ့အရွယ်ပါ။ ဒီ်လိုအရွယ်ကလေးတစ်ယောက်ကိုစိတ်ဖိစီးအောင် လုပ်တဲ့အရာတွေက ဘာတွေလဲလို့ မေးစရာရှိပါတယ်။ ဒါတွေကတော့ မိဘတွေပါပဲ။ မိဘအချင်းချင်းရန်ဖြစ်ကြတဲ့အခါ၊ ကလေးကို ဂရုမစိုက်ဘဲ ပစ်ထားမိတဲ့ အခါမှာ ကလေးက စိတ်ဒဏ်ရာရတတ်ပါတယ်။ဒါတွေက ကလေးတစ်ယောက်ရဲ့ကြီးထွားမှုကို ဟန့်တားနေတဲ့ အချက်တွေဖြစ်ပါတယ်။ ကိုယ့်ရင်သွေးလေးတွေ သူများကလေးတွေနဲ့ယှဉ်ရင် ဘာကြောင့် အကောင်သေးနေရတာလဲ၊ ဘာလို့ အရပ်ပုနေရတာလဲ၊ ခုလိုကြီးထွားမှုနှေးတာက စိတ်ပူရလား ဆိုတဲ့ မေးခွန်းတွေအတွက် ခုပြောခဲ့တာတွေက အထောက်အကူဖြစ်စေဖို့ မျှော်လင့်ပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%90%e1%80%85%e1%80%b9%e1%80%bb%e1%80%81%e1%80%ac%e1%80%b8%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%94%e1%80%b2%e1%82%94%e1%80%9a%e1%80%bd%e1%80%a5%e1%80%b9%e1%80%9b/
ခန္ဓာကိုယ်မှာ သန်ထနေရင် ဘယ်လိုသိနိုင်မလဲ
သန်ကောင် တွေ ဆိုတာ အရေပြားကနေတဆင့်၊အစားအသောက်ကနေတဆင့် ခန္ဓာကိုယ်ထဲကို အလွယ်တကူ ပျံ့နှံ့ကူးစက်နိုင်ပါတယ်။ သန်ကောင်ဥရှိနေတဲ့ နေရာကို ထိတွေ့မိရာက အရေပြားကနေ ထိုးဖောက်ကူးစက်နိုင်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ဒီလိုကပ်ပါးကောင်တွေရှိနေပြီ ဆိုရင် အပေါ်ယံမှာ မသိသာပေမယ့် လက္ခဏာထူးခြားတာတွေ ဖြစ်လာမှာသေချာပါတယ်။ဝမ်းလျှောခြင်းက ရောဂါအတော်များများရဲ့ အဖြစ်များတဲ့လက္ခဏာတစ်ခု ဖြစ်ပေမယ့် ကျန်းမာရေးနဲ့မညီတဲ့ အစားအသောက်တွေ စားသုံးခြင်း ကနေ နှလုံးနဲ့အသက်ရှူလမ်းကြောင်းရောဂါပိုးဝင်ခြင်းအထိ အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ အူထဲမှာ သန်ကောင် တွေ များလွန်းလာတဲ့အခါ ဝမ်းပျက်တတ်ပါတယ်။ မစင်ထဲမှာ အကောင်တွေပါလာတာ တွေ့ရတတ်ပါတယ်။သန်ကောင် ကြောင့် ရံဖန်ရံခါ ဗိုက်အောင့်ဝေဒနာခံစားရပြီး ပြင်းထန်တဲ့အခါမျိုးလည်းရှိတတ်ပါတယ်။ အမျိုးသမီးတွေကျတော့ ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတဲ့ဝေဒနာနဲ့ ဆင်တူတာကြောင့် သိပ်သတိမထားမိကြပါဘူး။ သန်ကောင်ကြောင့်ဖြစ်ရတဲ့ ဝေဒနာက ဝမ်းဗိုက်အောက်ပိုင်း၊ ဆီးစပ်နားလောက်မှာအောင့်စေတာပါ။ အူနံရံမှာ တိုက်ရိုက်ကပ်တွယ်စားသောက်နေတဲ့ သန်ကောင်တွေရှိနေတဲ့အခါ အာရုံကြောတွေကို ဆွသလိုဖြစ်လာပြီး နာကျင်မှုပြင်းထန်စေတာဖြစ်ပါတယ်။ဒီလက္ခဏာကတော့ ကလေးတွေနဲ့ မြီးကောင်ပေါက်လူငယ်တွေမှာ အဖြစ်များပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ ကပ်ပါးဖြစ်တဲ့ သန်ကောင်တွေက လက်ခံ ခန္ဓာကိုယ်ဆီကအာဟာရဓာတ်တွေကို စားသုံးရှင်သန်နေကြပါတယ်။ အဲဒီတော့ သန်ကောင်တွေက ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေကို စားသုံးပစ်တဲ့အခါ ကလေးတွေက ထွားသင့်သလောက် ထွားမလာဘဲ ရှိသင့်တာထက် အရပ်ပုနေတာ၊ ပိန်နေတာတွေ ဖြစ်နေတတ်ပါတယ်။ စားသလောက်အားမဖြစ်တဲ့ သဘောပါ။သင့်ကလေးက တစ်နေ့တာမှာ ပုံမှန်ထက် အိပ်ချိန်များနေပြီး နိုးလာချိန်မှာ ပင်ပန်းအားနည်းသလို ဖြစ်နေတာတွေ့ရရင်၊ အစားစားပေမယ့် ပိန်နေဆဲဖြစ်ရင် သန်ကောင်ကြောင့် ဖြစ်နေနိုင်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး သန်ချဖို့ စီစဉ်ပါ။ဒါကတော့ အာဟာရချို့တဲ့ တဲ့လက္ခဏာပါ။ သန်ကောင် တွေလောက် လူ့ခန္ဓာကိုယ်ကအာဟာရဓာတ်တွေ မရလိုက်တဲ့အခါ လူက အားနည်းလာပြီး အိပ်ငိုက်ခြင်းကို ခံစားရမှာဖြစ်ပါတယ်။ အားမရှိသလို ခံစားရတဲ့ အပြောင်းအလဲတွေကို သတိထားမိလာတယ်ဆိုရင် တခြားသန်ထတဲ့လက္ခဏာတွေ ရှိနေသလား စပြီးစောင့်ကြည့်သင့်ပါပြီ။လူ့ခန္ဓာကိုယ်ထဲမှာ သန်ကောင်အမျိုးအစားပေါင်းစုံရှိနေနိုင်ပါတယ်။ ဒါပေမယ့် သန်ကောင်ဥကနေ သားလောင်းဘဝအထိ ပထမအဆင့်အတွင်းမှာ အူထဲမှာတင်မကဘဲ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေ မှာလည်း ရှင်သန်နေထိုင်နိုင်ကြပါတယ်။တချို့သန်ကောင်တွေက အဆုတ်နဲ့ အစာရေမျိုမှာ တွယ်ကပ်ရှင်သန်ကြတဲ့အတွက် အာရုံသိတစ်ရှူးတွေ ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဆေးဝါးတွေ ထိုက်သင့်သလောက် သောက်သုံးနေတာတောင်မှ မသက်သာတဲ့ ချောင်းခြောက်ဆိုးတဲ့ဝေဒနာတွေဟာ သန်ကောင်ကြောင့် ဖြစ်နေနိုင်ပါတယ်။ ဒီလက္ခဏာက အတော်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပြီး ပင်ပန်းရပါတယ်။အဆုတ်ထဲမှာ သန်ကောင် တွေရှိနေတဲ့အခါ ရောင်ရမ်းမှုတွေဖြစ်စေပြီးချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်း၊ ဖျားခြင်း၊ရင်ဘတ်အောင့်ခြင်းနဲ့အသက်ရှူသံတရွှီရွှီဖြစ်နေခြင်းစတဲ့လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။သန်ကောင်တွေ ခန္ဓာကိုယ်ထဲများနေတဲ့အခါ သူတို့ရဲ့တည်ရှိမှုကို အပေါ်ယံကနေ မသိသာပေမယ့် အူတွင်းက အာရုံခံ stimuli တွေရဲ့သတင်းပေးပို့မှုကို ခန္ဓာကိုယ်က လက်ခံသိရှိနိုင်ပါတယ်။ အဲဒီ stimuli တွေက ဗိုက်ပြည့်နေပြီလို့ ဦးနှောက်ကို သတင်းပို့လိုက်ပေမယ့် ပြည့်နေတဲ့အရာက စားသုံးလိုက်တဲ့အစာလား၊ သန်ကောင်တွေလားဆိုတာ အတိအကျ မသိလိုက်နိုင်ပါဘူး။ ဒါ့ကြောင့် အစာစားချင်စိတ်မှာ ရုတ်တရက်အပြောင်းအလဲတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ အစားနည်းနည်းလေးနဲ့ ဗိုက်ပြည့်ပြီးအစားနည်းသထက်နည်းလာနိုင်ပါတယ်။တချို့သန်ကောင်အမျိုးအစားက အာဟာရဓာတ်တွေကို အများကြီးစားသုံးတတ်တာကြောင့်လည်း ခန္ဓာကိုယ်ကိုအာဟာရချို့တဲ့စေနိုင်ပါတယ်။ ဒီလိုမျိုးဖြစ်လာရင် မကြာခဏဆာလောင်လာပြီး အစားပိုများလာတတ်ပါတယ်။အခုဖော်ပြခဲ့တဲ့လက္ခဏာတွေ ကိုယ့်မှာရှိနေရင် သန်ကျဆေးသောက်ဖို့ မတုံ့နှေးနေပါနဲ့တော့။ နောက်ပိုင်းမှာ သန်ချဖို့ အစွမ်းထက်တဲ့ဆေးဝါးတွေလည်း ရှိနေပြီဆိုတော့ လက္ခဏာတွေ ပိုဆိုးမလာခင် ကုသဖို့ သတိထားပါ။ ဒီထဲက လက္ခဏာနှစ်ခုနဲ့အထက် ကိုယ့်မှာရှိနေရင် ၊ပြင်းထန်ရင် ဆရာဝန်ပြဖို့ အကြံပြုချင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/%e1%80%9e%e1%80%94%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/
Pineapple (နာနတ်သီး)
နာနတ်သီးကို ကပ်ပါးပိုး၊ သန်ကောင်များ နှိမ်နင်းရန်အတွက်အသုံးပြုပြီး အစာအိမ်ပြဿနာများကို သက်သာစေသည်။ ကိုယ်ဝန်ဖျက်ချရန် နှင့် ဓမ္မတာလာစေရန် လှုံ့ဆော်ရာတွင်လည်း အသုံးပြုသည်။ နာနတ်သီးမှ ရရှိသော bromelain ပရိုတင်းကို ကျန်းမာရေးဓါတ်စာအဖြစ် အသုံးပြုလျက်ရှိသည်။ ၎င်းသည် ကင်ဆာဆဲလ်ကြီးထွားခြင်းကို နှောင့်ယှက်တားဆီးပြီး သွေးခဲခြင်းကိုတားကာ ရောင်ရမ်းခြင်းကို လျော့ကျစေ၍ အနာမှ ပျက်စီးတစ်ရှူးများ ဖယ်ရှားရန်လည်း ကူညီပါသည်။နာနတ်သီးကို အခြားနေရာများတွင် အသုံးပြုရန် ညွှန်ကောင်းညွှန်နိုင်သည်။ ထပ်မံသိရှိလိုပါက ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းနိုင်ပါသည်။လက်တွေ့စမ်းသပ်လေ့လာချက်များအရ နာနတ်သီးမှ ရရှိသော သဘာဝကုန်ကြမ်း bromelain ပရိုတင်းသည် ကုထုံးများတွင် ကျယ်ပြန့်စွာ အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။ သက်သေအထောက်အထားများအရ bromelain ကို မီးလောင်နာများ ဆဲလ်သေများ ဖယ်ရှားရန်နှင့် အရောင်ကျစေရန် အသုံးပြုလျက်ရှိသည်။ပိုမိုသိရှိလိုပါက သင့်ဆရာဝန် (သို့) ဆေးဖက်ဝင်အပင် ကျွမ်းကျင်ပညာရှင် နှင့် မေးမြန်းဆွေးနွေးနိုင်ပါသည်။အကယ်၍ သင့်မှာ အောက်ပါအချက်များရှိနေလျှင် သင့်ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင် (သို့) သဘာဝဆေးဖက်ဝင် အပင် ကျွမ်းကျင်ပညာရှင် နှင့် ဆွေးနွေးပါ။သဘာဝဆေးဖက်ဝင် အပင်အတွက် လိုက်နာရမယ့် အချက်တွေဟာ ဆေးဝါးများလောက်တော့ မများပါဘူး။ သူ့ရဲ့ လုံခြုံစိတ်ချရမှုအတွက် လေ့လာစမ်းသပ်ချက်တွေ ပိုမိုလိုအပ်ပါသေးတယ်။ သူ့ကိုသုံးစွဲမယ်ဆိုရင် မသုံးခင်မှာ အကျိုးကျေးဇူးက ဆိုးကျိုးထက် ပိုများဖို့ လိုပါတယ်။ ပိုပြီးသိရအောင် သဘာဝဆေးဘက်ဝင် အပင်များ အကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်။ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တို့မှာ နာနတ်သီးရဲ့ စိတ်ချဘေးကင်းမှု နဲ့အကျိုးအာနိသင်ထိရောက်မှု တို့နဲ့ပတ်သက်ပြီး လေ့လာထားမှု အလုံအလောက်မရှိသေးပါ။ ရှေးယခင်က နာနတ်သီးကို ရာသီလာရန် နှင့် ကိုယ်ဝန်ဖျက်ချရာတွင် လှုံ့ဆော်ဖို့ အသုံးပြုခဲ့မှုများနဲ့ ပတ်သက်ပြီးတော့လည်း အထောက်အထား အလုံအလောက်မရှိပါ။ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးအချို့ကို အောက်တွင်ဖော်ပြထားပါသည်။ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရပုံမှာ တစ်ဦးနဲ့ တစ်ဦး ကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဖော်ပြပါဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိရင် အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။နာနတ်သီးဓါတ်စာသည် သင်လက်ရှိသောက်နေသော ဆေးဝါးများ (သို့) ခံစားနေရသော ရောဂါအခြေအနေများနှင့် ဓါတ်မတည့်သည်များ ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ အသုံးမပြုခင် ဆရာဝန် (သို့) သဘာဝဆေးဖက်ဝင် အပင်ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးခြင်းက အကောင်းဆုံးဖြစ်ပါသည်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။နာနတ်သီး နှစ်စိတ်တွင် ascorbic acid (ဗီတာမင် စီ) ခန့်မှန်းခြေ 100mg ပါဝင်ပါတယ်။ bromelain ပုံမှန်ဆေးပမာဏ သည် 40 mg ကို နေ့စဉ် တစ်နေ့ သုံးကြိမ် (သို့) လေးကြိမ်ဖြစ်သည်။နာနတ်သီးဓါတ်စာ ဆေးပမာဏသည် လူနာတစ်ယောက်နှင့် တစ်ယောက်အတွက် ကွဲပြားနိုင်သည်။ ဆေးပမာဏသည် အသက်အရွယ် ၊ ကျန်းမာရေးအခြေအနေနှင့် အခြား အကြောင်းရင်းများစွာအပေါ်တွင် မူတည်သည်။ ကိုယ်သောက်သင့်တဲ့ ပမာဏနဲ့ပတ်သက်ပြီး အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။နာနတ်သီး ဓါတ်စာ ကို အောက်ပါပုံစံများနှင့် ရရှိနိုင်ပါသည်။ထုတ်ကုန်အများစုတွင် bromelain 500mg ပါရှိပါသည်။ ထုတ်လုပ်သူများက ဆေးပမာဏကို နေ့စဉ် 500mg မှ 1000mg အထိ အကြံပြုထားပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/pineapple-%e1%80%94%e1%80%ac%e1%80%94%e1%80%90%e1%80%b9%e1%80%9e%e1%80%ae%e1%80%b8/
Acid Phosphate (အက်ဆစ်ဖော့စဖိတ်)
Acid Phosphate အင်ဇိုင်းကို တစ်ရှူးအများအပြားတွင်တွေ့ရသည်။ (အသည်း၊ သွေးနီဥဆဲလ်များ၊ ခြင်ဆီ၊ သွေးမွှားဥဆဲလ်များ) ၎င်းအင်ဇိုင်းများသည် prostate-isoenzyme (photphattuyen pure acid paralysis) များတွင် အများဆုံးပါဝင်ပါသည်။များသောအားဖြင့် (အမြဲတမ်းမဟုတ်ပါ) အင်ဇိုင်းပမာဏသည် ဆီးကြိတ်ကင်ဆာရှိပြီး ထိုမှ တခြားသောအင်္ဂါများ အထူးသဖြင့် အရိုး ဆီသို့ ပျံ့နှံ့သည့်အခါတွင် မြင့်တက်လေ့ရှိပါသည်။ အင်ဇိုင်းမြင့်တက်လျှင် ကင်ဆာပျံ့သည့်လယ်ဗယ်တိုးနေကြောင့် ပြသခြင်းဖြစ်ပါသည်။ထို့အပြင် Acid Phosphate သည် သုက်ရည်တွင်လဲမြင့်တက်စွာပါဝင်သောကြောင့် မုဒိန်းမှုများတွင် မိန်းမကိုယ်အတွင်းမှလဲ စမ်းသပ်တွေ့ရှိနိုင်ပါသည်။Acid Phosphate ပမာဏအများအပြားသည် သွေးဆဲလ်များတွင်တည်ရှိပြီး အထူးသဖြင့် mono leukocytes (immature phenotype of macrophages) များတွင်ပေါများစွာပါရှိပါသည်။ ၎င်းတို့အား သွေးဖြူဥဆိုင်ရာရောဂါများနှင့် hairy cell leukemia ရောဂါများရှိမရှိဆုံးဖြတ်ရာတွင်လဲ အသုံးဝင်၏။ Acid phosphate သည် lysosome တွင် ရေသွင်းဖြိုခွဲခြင်းကိုလုပ်ပေးနိုင်သည့် အင်ဇိုင်ဖြစ်သည်။ ထို့ကြောင့် Gaucher ရောဂါနှင့် Niemann-Pick ရောဂါတို့တွင် Acid phosphate အင်ဇိုင်းလယ်ဗယ်မြင့်တက်ခြင်းနှင့် ဆက်နွယ်နိုင်ပါသည်။အမျိုးသားများတွင် Acid phosphate တစ်ဝက်လောက်ကို ဆီးကြိတ်တွင်တွေ့ရ၏။ ထိုထက်ပိုနည်းသောပမာဏကို အသည်း၊ ဘေလုံး၊ သွေးဆဲလ်နှင့် ရိုးတွင်ခြင်ဆီများတွင် တွေ့ရှိရပါသည်။ အမျိုးသမီးများတွင် Acid phosphate အားလုံးပို အသည်း၊ သွေးနီဥဆဲလ်နှင့် သွေးမွှားဆဲလ်များတွင် တွေ့ရသည်။• ဆီးကြိတ်ကင်ဆာနှင့် ဆီးကြိတ်ရောဂါများရှိမရှိ ဆုံးဖြတ်ရန်။• ဆီးကြိတ်ခွဲထုတ်ပြီးနောက် ဆီးကြိတ်ကင်ဆာပြန်ဖြစ်မှုကို ခန့်မှန်းနိုင်ရန်။• ဆီးကြိတ်ကင်ဆာကုထုံး androgen cuts ၏သက်ရောက်မှုကောင်းမကောင်းကို စောင့်ကြည့်ရန်။ ဒီစစ်ဆေးမှုကို ဆီးကြိတ်အထူးပြု antigen (PSA) နှင့်တွဲသုံးသည်။ယနေ့အခါတွင် ဒီစစ်ဆေးမှုကို သိပ်မလုပ်တော့ပါ။ အဘယ်ကြောင့်ဆိုသော ပိုတိကျသည့် ဆီးကြိတ်အထူးပြု antigen စစ်ဆေးမှုများလို စမ်းသပ်ချက်များရှိလာပြီဖြစ်သည်။ရလဒ်အပေါ်သက်ရောက်နိုင်သည့်အချက်များ။• Alkaline phosphatase နှင့် acid phosphatase အင်ဇိုင်းတို့သည် အတော်လေးကိုဆင်တူ၏။ သူတို့ကိုဆုံးဖြတ်ပေးသည့် pH ပမာဏသာ ကွဲနေခြင်းဖြစ်သည်။ alkaline phosphate ကိုမြင့်တက်စေသည့် ရောဂါများတွင် acid phosphate လယ်ဗယ်ကိုပါ မှားပြီးမြင့်တက်ကြောင်း ဖော်ပြနိုင်သည်။• Phosphate acid လယ်ဗယ်မြင့်ကြောင်းမှားပြခြင်းသည် ဆီးကြိတ်လှုံစော်မှုပြုလုပ်သည့် ဆီးကြိတ်စမ်းသပ်မှုလုပ်ပြီးနောက်တွင် (ဥပမာ ဆီးအိတ်မှန်ပြောင်း) စစ်ဆေးပါက ဖြစ်နိုင်ပါသည်။• Phosphate acid ကိုမြင့်တက်စေသောဆေးများတွင် alglucerase, androgens (အမျိုးသမီးများတွင်) နှင့် clofibrate တို့ပါဝင်ပါသည်။• အင်ဇိုင်းလယ်ဗယ်ကိုလျော့ကျစေသော အရာများတွင် အရက်၊ fluoride၊ heparin သွေးကြဲဆေး၊ oxalate နှင့် Phosphate တို့ပါဝင်ပါသည်။ဒီစမ်းချက်အားမလုပ်ခင် သတိပေးချက်များ အထူးသတိပြုရမည်များကို နားလည်ထားရန်အရေးကြီး၏။ မေးခွန်းများရှိလျှင် ညွှန်ကြားချက်များ ထပ်သိလိုသည်များရှိလျှင် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။• ဆရာဝန်မှ စစ်ဆေးမှုအကြောင်းကိုသင့်အား ရှင်းပြပါလိမ့်မည်။• စိတ်လျော့ထားပါ။ တစ်ချို့လူနာများသည် လန့်သွားတတ်သောကြောင့် စိတ်ပိုင်းဆိုင်ရာအထောက်အပံ လိုအပ်ပါသည်။• စစ်းဆေးမှုအတွက် အထူးတလည်ပြင်ဆင်ရမည်များ မရှိပါ။ မစစ်ဆေးခင် အစားအသောက်လဲ ရပ်ထားရန်မလိုပါ။• သူနာပြုများ သွေးအလွယ်တကူထုတ်နိုင်စေရန် လက်တိုအင်္ကျီကို ဝတ်ဆင်သင့်ပါသည်။• သွေးတိတ်စေရန် လက်မောင်းတွင် ပတ်တီးစည်းခြင်း။• အပ်ထိုးသည့်နေရာတွင် ပိုးမဝင်စေရန် အရက်ပြန်နှင့်ပိုးသတ်ခြင်း။• သွေးပြန်ကြောထဲသို့အပ်စိုက်ခြင်း။ လိုအပ်လျှင် တစ်ခါထပ်ပိုပြီး စိုက်ပါလိမ့်မည်။• ပိုက်နှင့်သွေးကိုယူခြင်း။• လိုအပ်သည့်ပမာဏရပါက လက်မောင်းတွင်ပတ်ထားသည့် တိပ်များကိုဖယ်ခြင်း။• အပ်စိုက်ရာတွင် ပတ်တီး သို့ ဂွမ်းဖြင့်ဖိခြင်း။• Urgo ဆေးများသုံးခြင်း။ဆရာဝန်သည် တစ်ခါတစ်ရံတွင် သွေးနမူနာထပ်ယူ နိုင်ပါသေးသည်။ ဒီနမူနာသည် ၄ နာရီကြာပြီးနောက် သင့်ကိုမတ်တပ်ရပ် လမ်းလျှောက်ပြီးမှ ယူသောနမူနာဖြစ်သည်။လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဆီးကြိတ်စမ်းသမ်းမှုပြုလုပ်ထားပါက ရလဒ်စာရွက်ကို တောင်းခံနိုင်ပါသည်။အပ်စိုက်ရာတွင် နာကျင်မည်မဟုတ်ပါ။ တစ်ချို့သူများတွင် အရေပြားအားအပ်နှင့်ထိုးသည့် နာကျင်မှုကိုခံစားရနိုင်သည်။ သို့သော် အပ်သွေးပြန်ကြောထဲရောက်ပြီး သွေးစုပ်ယူနေချိန်တွင် လူအများစုသည် နာကျင်မှုကိုမခံစားရတော့ပါ။ ယေဘုယျအားဖြင့် သင်၏နာကျင်မှုလယ်ဗယ်သည် သူနာပြု၏ကျွမ်းကျင်မှု၊ သွေးပြန်ကြော၏အခြေအနေနှင့် သင်၏နာကျင်မှုကိုခံစားနိုင်စွမ်းပေါ်တွင် မူတည်ပါသည်။သွေးထုတ်ယူပြီးနောက် ပတ်တီးစကိုသုံးပြီး အပ်စိုက်သည့်နေရာကိုဖိကာ သွေးတိတ်ရပ်အောင် လုပ်နိုင်ပါသည်။ စစ်ဆေးပြီးနောက် နဂိုအလုပ်များကို ဆက်လုပ်နိုင်ပါသည်။acetylcholine receptors antibodies အကြောင်း မေးစရာများရှိလျှင် ပိုမိုနားလည်စေရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ဓါတ်ခွဲခန်းနှင့်ဆေးရုံပေါ်မူတည်ပြီး ပုံမှန်တန်ဖိုးသည် တူညီမည်မဟုတ်ပါ။ ပုံမှန်အားဖြင့် ပုံမှန်တန်ဖိုးများကို ရလဒ်စာရွက်တွင် တစ်ခါတည်းပါမည်ဖြစ်သည်။ ဒီထက်ပိုသိလိုပါက သင်၏အထူးကုနှင့် တိုင်ပင်ဆွေးနွေးပါ။• အရွယ်ရောက်ပြီးသူ/အသက်ကြီးသူများ – 0.13 to 0.63 units / L (Roy, Brower, Hayden; 37 ° C) or 2.2 to 10.5 units / L (SI units).။• ကလေး – 8.6 to 12.6 units / ml (30 ° C).။• မွေးကင်းစ – from 10.4 to 16.4 units / ml (30 ° C).။ရလဒ်အဖြေသည် ပုံမှန်မဟုတ်ပဲမြင့်နေလျှင် သင့်၌ အောက်ပါတို့ရှိနေနိုင်သည်။• ဆီးကြိတ်ကင်ဆာ။• ဆီးကြိတ်ကင်ဆာမဟုတ်ပဲ ကြီးခြင်း။• ဆီးကြိတ်ရောင်ခြင်း။• Myeloma။• Paget’s ရောဂါ (အရိုးရောဂါတစ်မျိုး)။• ပါရာသိုင်းရွိုက်ဟော်မုန်းများခြင်း။• အရိုးသို့ကင်ဆာပျံ့ခြင်း။• အရိုးအကျိများထခြင်း။• Sickle cell ရောဂါထခြင်း။• သွေးမွှားဥဆဲလ်များခြင်း။• Lysosome ရောဂါများ (ဥပမာ – Gaucher’s ရောဂါ)။• ကျောက်ကပ်ရောဂါများ။• အသည်းရောဂါများ (ဥပမာ အသည်းခြောက်ခြင်း)။• ကိုယ်ထိလက်ရောက်ကျူးလွန်ခံရခြင်း။ဓါတ်ခွဲခန်းနှင့်ဆေးရုံပေါ်မူတည်ပြီး Acid Phosphate ပုံမှန်တန်ဖိုးသည် တူညီမည်မဟုတ်ပါ။ ရလဒ်နှင့်ပတ်သတ်၍သိလိုသည်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/acid-phosphate-%e1%80%a1%e1%80%80%e1%80%b9%e1%80%86%e1%80%85%e1%80%b9%e1%80%b1%e1%80%96%e1%80%ac%e1%80%b7%e1%80%85%e1%80%96%e1%80%ad%e1%80%90%e1%80%b9/
သြဇာသီး ရဲ့ကျန်းမာရေး ကောင်းကျိုး ၂၁ ချက်
သြဇာသီးလို့ ဆိုလိုက်တာနဲ့ အရသာ ကောင်းသလောက် စားရတာအလွန်လက်ဝင်တဲ့ ရုပ်ဆိုးဆိုးအသီးကြီးကို ဆိုလိုမှန်း လူတိုင်းသိကြမယ်ထင်ပါတယ်။ ချိုမြတဲ့အရသာနဲ့မှမလိုက် ပေါပေါများများပါလာတတ်တဲ့ အစေ့တွေကို လက်ဝင်အောင်ဖယ်စားရတာ၊ ဒီအစေ့တွေကို သြဇာစေ့တောက်တမ်းကစားကြတာတွေက ငယ်ဘဝကာလတွေမှာ အမှတ်တရ အချိန်တွေပါပဲ။ဒီအသီးကို အိန္ဒိယနွယ်ဖွားတွေက ရှာရီဖာလို့ ခေါ်ကြပြီးတော့ အစိမ်းအတိုင်းအပြင် ကိတ်မုန့်တွေ မုန့်အချိုတွေ လုပ်စားတတ်ကြပါတယ်။ မြန်မာတွေကတော့ အစိမ်းအတိုင်း စားကြတာများပါတယ်။သြဇာသီး ဟာ အရသာကောင်းမွန်သလို ကျန်းမာရေးကို အလွန်အထောက်အကူပြုတဲ့ သစ်သီးတစ်မျိုးလည်းဖြစ်ပါတယ်။ သူ့မှာဗီတာမင် ဘီ၊ဗီတာမင် B6၊ဗီတာမင် စီနဲ့Antioxidantတွေပါဝင်နေပြီး အရေပြား၊ ဆံပင်၊ မျက်လုံး၊ ဦးနှောက်နဲ့ နှလုံးတို့ကို အထောက်အကူပြုတဲ့ သစ်သီးတစ်မျိုးပါ။ သူ့မှာပါဝင်တဲ့ ကျန်းမာရေးကောင်းကျိုး ၂၁ ချက်ကို ဖော်ပြပေးချင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/custard-apples-benefits/
ကလေးတွေအတွက် အကောင်းဆုံးအာဟာရများ
ကလေးတွေကို ကျွေးတဲ့အစားအသောက်တွေမှာ အကောင်းဆုံးအာဟာရများ ပါရမယ်ဆိုတာ မိဘတိုင်းသိပြီးသားဖြစ်မှာပါ။ ၂ နှစ်ကျော်တဲ့ ကလေးတစ်ယောက်က လူကြီးတွေစားသလို လိုက်စားနိုင်တယ်ဆိုပေမယ့် ကလေးနဲ့ လူကြီး လိုအပ်တဲ့အာဟာရတွေကမတူပါဘူး။ ဒါကြောင့် အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို ကလေးအတွက် သက်သက်စီစဉ်ပေးဖို့ အရေးကြီးပါတယ်။ အာဟာရ အာဟာရဆိုပြီး ကြားဖူးနေကြဖြစ်ပေမယ့်ပြည့်ဝမျှတတဲ့အာဟာရရအောင် အစားအသောက်ကိုတွေ ဘယ်လို ပြင်ဆင်ကျွေးရမလဲဆိုတာ မေမေတို့ မသိဖြစ်နေတတ်ပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအသောက်နဲ့ပက်သက်ပြီး ခေါင်းခဲနေတဲ့ မေမေတို့အတွက် ခုပြောပြမယ့် အကြောင်းအရာတွေက အထောက်အကူပြုလိမ့်မယ်လို့ထင်ပါတယ်။အစားအသောက်ဆိုတာ ကလေးတွေကြီးထွားဖို့၊မှတ်ဉာဏ်ရင့်သန်စေဖို့၊သင်ယူနိုင်စွမ်းမြင့်တက်စေဖို့ အတွက် အဓိကကျတဲ့ အခန်းကနေပါဝင်နေပါတယ်။ မျှတတဲ့ အာဟာရ ရဖို့အတွက် အစာအုပ်စုကြီး၃ ခုက ပင်မ ကျောရိုးကြီးပါ။ ကလေးတွေကို ဘာကျွေးရမှန်းမသိတဲ့ မေမေတို့ အနေနဲ့ အစာအုပ်စုကြီး၃ခု ( အင်အားဖြစ်စေတဲ့အုပ်စု၊ကိုယ်ခန္ဓာကြီးထွားစေတဲ့အုပ်စု၊ ရောဂါကာကွယ်ပေးတဲ့အုပ်စု) ပါတဲ့ ပိုစတာကို ဝယ်ပြီး ထမင်းစားခန်းထဲ ချိတ်ထားလိုက်ပါ။ကလေးအတွက် အစားအသောက်တွေ ပြင်ဆင်တိုင်း ပိုစတာလေးကိုကြည့်ပေါ့။ တချို့ ပိုစတာ မရှိသေးတဲ့ မေမေတို့ကလည်း ခုအောက်မှာပြောပြထားတဲ့အတိုင်း အစားအသောက်တွေကို ပြင်ဆင်လို့ရပါတယ်။ ကဲ ဘယ်လိုပြင်ဆင်ရမလဲ ကလေးကိုဘာတွေ ကျွေးရမလဲဆိုတာ ဆက်ကြည့်ရအောင်။ပြီးပြည့်စုံတဲ့ အာဟာရတစ်ခုရဖို့အတွက် ခုပြောပြမယ့် အာဟာရ ၈ မျိုးပါအောင် ကလေးတွေနေ့တိုင်း စားပေးရပါမယ်။ ။ဒါကြောင့် ကလေးတစ်ယောက်ဟာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို များများစားပေးသင့်ပါတယ်။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေက ဘာတွေလဲ။ ထူးထူးခြားခြားစဉ်းစားနေစရာ မလိုပါဘူး။ ပရိုတင်း( အသားဓာတ်) ဆိုတော့ အသားတွေ စားလိုက်တာနဲ့ ရပါတယ်။ ကြက်သား၊ ဝက်သား၊ အမဲသား၊ငါး၊ဥ အမျိုးမျိုး၊ ပဲအမျိုးမျိုး၊နို့နဲ့နို့ထွက်ပစ္စည်းတွေက ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာတွေပါ။ကစီဓာတ်ဆိုတာ ကြီးထွားဖို့တာဆူနေတဲ့ ကလေးတစ်ယောက်အတွက် တကယ်ကို အရေးကြီးတဲ့ အာဟာရတစ်ခုပါ။ ကိုယ်ခန္ဓာရဲ့တစ်ရှူးတွေကို တည်ဆောက်တဲ့နေရာမှာကာဗိုဟိုက်ဒရိတ်က အဓိက ကူညီပေးပါတယ်။ ကာဗိုဟိုက်ဒရိတ်ကို ကစီဓာတ်၊ သကြားဓာတ်နဲ့အမျှင်ဓာတ်၃ မျိုးလုံးကနေရပါတယ်။ ကလေးတွေအတွက်ကတော့ ကာဗိုဟိုက်ဒရိတ်ရအောင်ကစီဓာတ်နဲ့အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ပိုစားပေးသင့်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစားအသောက်တွေကတော့။လူကြီးတွေလိုမျိုးအဆီဓာတ်ကို တင်းတင်းကျပ်ကျပ် ရှောင်စရာမလိုပါဘူး။ ကလေးတွေအတွက်တော့ စွမ်းအင်တွေရဖို့ အဆီဓာတ်က အရေးကြီးပါတယ်။ ဒါဆို ဘယ်လိုအစားအသောက်တွေစားပေးရင် ကျန်းမာတဲ့အဆီဓာတ်တွေရမလဲ။ကလေးတစ်ယောက်က ကိုယ်ခန္ဓာကြီးထွားဖို့အတွက်တင်မကအရိုးအဆစ်နဲ့ သွားတွေသန်မာဖို့လည်း အရေးကြီးပါတယ်။ အရိုးအဆစ်သန်မာဖို့အတွက် မရှိမဖြစ်လိုအပ်တာကတော့ ကယ်လ်စီယမ်ပါ။ သူက အရိုးအဆစ် သန်မာစေဖို့အတွက်ပဲမဟုတ်သွေးတိတ်စေဖို့၊ အာရုံကြော၊ နှလုံးနဲ့ ကြွက်သားတွေ ပုံမှန်အလုပ်လုပ်ဖို့အတွက်လည်း ကူညီပေးနေတဲ့သူပါ။ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကတော့။ကလေးတစ်ယောက်က လူကြီးတွေထက်စာရင် သံဓာတ်ချို့တဲ့ သွေးအားနည်းဝေဒနာတွေ ပိုခံစားရတတ်ပါတယ်။ သွေးအားနည်းဝေဒနာကို ကာကွယ်ဖို့အတွက်ဆိုသံဓာတ်က မရှိမဖြစ်ပါ။ ဘာကြောင့်လဲဆိုတော့ သံဓာတ်က သွေးနီဥတွေတည်ဆောက်ဖို့အတွက် အဓိကနေရာက ပါဝင်တဲ့အပြင် ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ အောက်ဆီဂျင်ကို သွေးနီဥတွေ သယ်တဲ့နေရာမှာလည်း ကူညီပေးပါတယ်။ ဒါကြောင့်သံဓာတ်ကြွယ်ဝတဲ့။ကိုယ်ဝန်ဆောင်မိခင်တွေဖောလိတ်( Folate) ခေါ် ဖောလစ်အက်ဆစ် (Folic acid ) ဆေးပြားတွေသောက်ရတာ အားလုံးသိပြီးဖြစ်မှာပါ။ ဘာကြောင့်သောက်ရတာလဲဆိုတော့ ဖောလိတ် ( Folate) ဟာသန္ဓေသားဖွံ့ဖြိုးမှုကို အားပေးလို့ဖြစ်ပါတယ်။ သန္ဓေသားဘဝကနေ လွန်မြောက်လာတဲ့ ကလေးတွေမှာလည်း ဖောလိတ် ( Folate) ဓာတ်က ဆက်လိုနေသေးပါတယ်။ သူက ကလေးတစ်ယောက်ရဲ့ကြီးထွားမှုကို ကူညီပေးတဲ့အပြင် သွေးအားနည်းတာကိုပါ ကာကွယ်ပေးလို့ဖြစ်ပါတယ်။အမေဗိုက်ထဲမှာတုန်းက အမေဆီကနေ ဖောလိတ် ( Folate)ဓာတ်ရပေမယ့် အပြင်ရောက်လူလားမြောက်လာတဲ့ အခါကျရင်တော့ ဖောလိတ် ( Folate)ဓာတ်ကြွယ်တဲ့အစားအသောက်တွေကို စားပေးဖို့လိုပါတယ်။ကလေးတွေကို အမျှင်ဓာတ်ပါတဲ့ အသီးအရွက်တွေကျွေးဖို့ဆိုတာ မေမေတို့ အတွက်ကတော့ စိန်ခေါ်မှုကြီး တစ်ခုပါ။ ကလေးတွေက အသားတွေကို ပိုကြိုက်ကြပြီး အသီးအရွက်တွေကိုဆို ကြေးများတတ်ကြပါတယ်။ ဘယ်လောက်ပဲ ကြေးများများ အမျှင်ဓာတ်ဆိုတာ ရောဂါကာကွယ်ပေးတဲ့ အုပ်စုထဲပါနေတော့ ကလေးတွေ စားမှကိုဖြစ်မှာပါ။ ချော့ကျွေးရမှာပေ့ါ။ပြီးပြည့်စုံတဲ့ အာဟာရတစ်ခုမှာဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ချန်ခဲ့လို့မရပါဘူး။ သူတို့ကလည်း သူ့နေရာနဲ့သူ အရေးကြီးတဲ့ တာဝန်တွေကိုထမ်းဆောင်နေရတာပါ။ ဗီတာမင်နဲ့ သတ္တုဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေကတော့။ခုပြောပြခဲ့တာတွေကတော့ အကောင်းဆုံးအာဟာရများ ရဖို့အတွက် ကလေးတစ်ယောက်စားသင့်တာတွေပဲဖြစ်ပါတယ်။ အာဟာရမျှတတဲ့ အစားအသောက်တွေ ကလေးအတွက်စီစဉ်ရတာ ခေါင်းစားနေတဲ့ မေမေတို့အတွက် ခုပြောခဲ့တဲ့ အစားအသောက်တွေထဲက အနည်းဆုံး တစ်ခုစီပါအောင် ကျွေးနိုင်ရင် သင့်ကလေး အာဟာရ မပြည့်မှာကို စိတ်ပူစရာ မလိုတော့ဘူးနော်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/must-eat-nutrients-for-your-child-age-2/
DHA အကြောင်း ဘာတွေသိထားသင့်လဲ..........
ကျန်းမာရေး ဗဟုသုတတွေ များလာတဲ့အတူကျန်းမာရေးကို လိုက်စားသူတွေ အရင်ကထက် များလာကြပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်ကြတယ်။လေ့ကျင့်ခန်းတွေပုံမှန်လုပ်လာကြတယ်။ ဒီလို ကျန်းမာအောင် နေထိုင်မှုက နေ့ရက်တိုင်းကိုကျန်းမာပျော်ရွှင်စွာကျော်ဖြတ်နိုင်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ကျန်းမာနေစေ ဖို့အတွက် အာဟာရပြည့်အောင် စားသုံးတဲ့အထဲမှာ သတိလက်လွတ် ဖြစ်နေတတ်တဲ့အချက် တစ်ခုရှိပါတယ်။ ဒီအကြောင်းလေးကို အခု ဆောင်းပါးလေးထဲမှာ ပြောပြပေးထားပါတယ်။ကျန်းမာ ပျော်ရွှင်နေစေဖို့ လိုအပ်တဲ့ အာဟာရတွေကတော့  အများကြီးပေါ့။ ဒီအထဲမှာမှပရိုတင်း၊ကယ်လ်ဆီယမ်၊ ဗီတာမင် C တို့ကို လူသိများပေမယ့် DHA ဆိုတာကိုတော့ အခုနောက်ပိုင်း ဖြည့်စွက်အာဟာရတွေကို နားထောင်ရင်းနဲ့မှ သတိထားမိလာကြတာပါ။DHA ကို Docosahexaenoic acid လို့ ခေါ်ကြပြီးomega-3 fatty acidတစ်မျိုးပါ။ omega-3 fat ကDHA အပြင် omega-3 fat eicosapentaenoic acid (EPA) ဆိုတာလည်းရှိပါတယ်။ အဆီများတဲ့ငါးတွေအထူးသဖြင့် ဆယ်လ်မွန် နဲ့ တူနာတို့မှာ အတွေ့ရများပါတယ်။ခန္ဓာကိုယ်က DHA ပမာဏ နည်းနည်းလောက်ပဲ ထုတ်နိုင်တာပါ။ ဒါကြောင့် ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ DHA ပမာဏကို ပြည့်ဝစွာ ရရှိဖို့ဆိုရင် အစားအသောက် ကနေတဆင့် ဒါမှမဟုတ် ဖြည့်စွက်အာဟာရတွေကို အားကိုးရပါမယ်။ DHA နဲ့ EPA တို့ကို ပြည့်ဝလုံလောက်စွာ ရရှိမှ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပြီးနှလုံးရောဂါလိုမျိုးနာတာရှည်ရောဂါတွေကို သက်သာစေနိုင်မှာပါ။ DHA ကဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပြီး မျက်လုံးကို ကျန်းမာစေနိုင်မှာပါ။DHA က အဓိကအားဖြင့် ဆဲလ်အမြှေးပါးတွေထဲမှာ ရှိတတ်ပြီးဆဲလ်တစ်ခုနဲ့တစ်ခုကြားမှာ အရည်အဖြစ်နဲ့ ရှိနေတတ်ပါတယ်။ ဒီလို တည်ရှိမှုက အာရုံကြောဆဲလ်တွေဆီကို electrical signals ပေးပို့ ရောက်ရှိမှုကို မြန်ဆန်လွယ်ကူစေပါတယ်။ ကိုယ်တွင်းမှာ DHA များလေလေအာရုံကြောဆဲလ်တွေအချင်းချင်း ဆက်သွယ်မှုကို မြန်ဆန် လွယ်ကူ ထိရောက်စေတယ်။မျက်လုံးနဲ့ ဦးနှောက်ကြားမှာ ချိတ်ဆက်မှု အားနည်းလာတဲ့အခါ မျက်လုံးမှုန်တာ၊ ဦးနှောက် လုပ်ဆောင်မှု အားနည်းတာတွေကို ဖြစ်စေနိုင်ပါတယ်။DHA က ဦးနှောက် နဲ့အမြင်အာရုံကို ကျန်းမာစေဖို့ အဓိက ထောက်ပံ့ပေးတာပါ။ DHA ကို ပြည့်ဝလုံလောက်စွာ ရရှိမှုက။အသက်အရွယ်ကြီးရင့်လာလေလေ ကိုယ်တွင်းမှာ DHA ပမာဏ နည်းလာလေလေ ဖြစ်ပြီး ခဏခဏမေ့တာ အပါအဝင် ဦးနှောက်နဲ့ မှတ်ဉာဏ်ဆိုင်ရာ ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒီပြဿနာတွေ ကင်းစေဖို့ဆိုရင် လိုအပ်တဲ့ DHA ပမာဏ ပြည့်ဝဖို့ လိုမှာပါ။DHA က ဦးနှောက် ကျန်းမာရေးတင်လားဆိုတော့ မဟုတ်ပါဘူး။ အခြားကျန်းမာရေး အကျိုးအာနိသင်တွေကိုလည်း ပေးပါသေးတယ်။ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုလေ့ရှိတဲ့နနွင်းမှာပါတဲ့curcuminဒြပ်ပေါင်း ကခန္ဓာကိုယ်ရဲ့ DHA စုပ်ယူမှုကို မြှင့်တင်ပေးနိုင်ပါတယ်။ကျန်းမာပျော်ရွှင်ဖို့ လိုအပ်တဲ့ DHA ကိုဖြည့်စွက်အာဟာရတွေမှာ အတွေ့ရများပေမယ့်။ကဲ…… ကျန်းမာပျော်ရွှင်စွာနဲ့ နေ့ရက်တိုင်းကို ဖြတ်ကျော်ဖို့ဆိုရင် ခန္ဓာကိုယ်အတွက် အကျိုးများတဲ့ DHA ကို သတိထား ဖြည့်စွက်ပေးပါနော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/dha-docosahexaenoic-acid/
ဟင်းသီးဟင်းရွက်တွေကို အာဟာရဓာတ် မဆုံးရှုံးရအောင် ဘယ်လိုဆေးကြောမလဲ
နေ့စဉ်နေ့တိုင်း မှီဝဲစားသုံးနေတဲ့သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါရှိနေပါတယ်။ ဒါပေမယ့် ဒီလို ကြွယ်ဝစွာ ပါဝင်နေတဲ့ အာဟာရဓာတ်တွေကို ဆုံးရှုံးမသွားဖို့၊ လျော့ပါးမသွားဖို့ဆိုရင် အဆိုပါ ဟင်းသီးဟင်းရွက်တွေကို စတင်ဆေးကြောစဉ် အချိန်မှာကတည်းက ဂရုတစိုက် ဆေးကြောသန့်စင်ပေးဖို့ လိုအပ်ပါတယ်။အိမ်ထောင်ရှင်မ အများစုဟာ နေ့စဉ် အသားငါးတွေ၊ဟင်းသီးဟင်းရွက်တွေကို ဆေးကြောသန့်စင် နေကြပေမယ့် မှန်ကန်တဲ့ နည်းလမ်းနဲ့ ဆေးကြောသန့်စင်တာမျိုးကတော့ နည်းပါးကြပါတယ်။ စားဖိုဆောင် တစ်ခုကနေ ချက်ပြုတ်ဖန်တီးလိုက်တဲ့ အစားအသောက် ဟင်းလျာတွေဟာ နေအိမ် တစ်အိမ်လုံးက မိသားစုဝင်တွေ ဗိုက်ပြည့်ရုံတင် မဟုတ်ပါဘူး၊ ကျန်းမာကြံ့ခိုင်ပြီး အာဟာရ ပြည့်ဝနေစေဖို့လည်း အထောက်အကူ ပြုပါတယ်။ဒီလိုအာဟာရဓာတ်တွေ ပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းလျာတွေကို ဖန်တီးနိုင်ဖို့ဆိုရင် စတင် ဆေးကြောချိန်ကနေစတင်ပြီး ဂရုတစိုက် သန့်စင်ဆေးကြောပေးဖို့က အလွန်ကို အရေးကြီးလှပါတယ်။အစာအဆိပ်သင့်တာကို ကာကွယ်နိုင်စေဖို့၊မသန့်ရှင်းတဲ့ ပိုးမွှားတွေကပ်ငြိလာတာကို ရှင်းလင်းနိုင်စေဖို့၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေရဲ့ အာဟာရဓာတ်တွေကို အလေအလွင့် နည်းပါးအောင် ထိမ်းသိမ်းထားနိုင်စေဖို့ ဆိုရင် မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ပြောင်စင်အောင် ဆေးကြောသန့်စင် ပေးရမှာပါ။စားဖိုဆောင်တွေကို ကွပ်ကဲနေရတဲ့ ကိုကို၊ မမ၊ ဦးဦး၊ ဒေါ်ဒေါ်တွေနဲ့ဟင်းချက်ဝါသနာရှင်တွေဟာ ဟင်းသီးဟင်းရွက်တွေကို ဆေးကြောရာမှာ ပျက်ဆီးနွမ်းကြေသွားတဲ့အထိ အလွန်အမင်း ပြင်းပြင်းထန်ထန် ကိုင်တွယ် ဆေးကြောတာမျိုး၊ ခုတ်ထစ် ခူးခြွေပြီးမှ ဆေးကြောတာမျိုးတွေ အများဆုံး ပြုလုပ်တတ်ကြပါတယ်။တကယ်တော့ အဆိုပါနည်းလမ်းတွေဟာ မှားယွင်းပြီး ဟင်းလျာ မချက်ပြုတ်ခင်မှာတင် အသီးအနှံတွေမှာပါရှိတဲ့ အာဟာရဓာတ် အတော်များများကို ဆုံးရှုံးသွားစေတတ်ပါတယ်။ဒါကြောင့် အပူချိန်ပြင်းပြင်းနဲ့ ဟင်းအဖြစ် ချက်ပြုတ်ပြီးချိန်မှာတော့ အဆိုပါဟင်းပွဲမှာရှိသင့်တဲ့ အာဟာရဓာတ် အများစုဟာ ပျက်ဆီးဆုံးရှုံးတဲ့ အခြေအနေမျိုးကို ရောက်ရှိနေပါပြီ။ ဒီလိုမျိုး မဖြစ်စေဖို့ဆိုရင် အစားအစာ မပြင်ဆင်၊ မချက်ပြုတ်မှီမှာ ဟင်းသီးဟင်းရွက်တွေကို နည်းမှန်လမ်းမှန်နဲ့ ဆေးကြောသန့်စင်ပေးဖို့ လိုအပ်မှာဖြစ်ပြီး အဆိုပါ နည်းလမ်းလေးတွေကို မျှဝေပေးပါရစေ။ယခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ဟင်းသီးဟင်းရွက်တွေကို ဆေးကြောသန့်စင်မယ်ဆိုရင် အာဟာရဓာတ် ဆုံးရှုံးမှု အလွန်နည်းပါးမှာဖြစ်သလို အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေကိုလည်း သန့်စင်နိုင်မှာဖြစ်ပါတယ်။ လတ်ဆတ်သန့်စင်တဲ့ အသီးအရွက်တွေကို အသုံးပြုချက်ပြုတ်ထားတာမို့ ဟင်းလျာလေးတွေဟာလည်း အရသာပြည့်စုံပြီး ကျန်းမာရေးနဲ့ ညီညွတ်နေမှာဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9f%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%9f%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%bd%e1%80%80%e1%80%ba%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%80%a1/
အားတဲ့အချိန် ရုံးမှာ table tennis ကစားသင့်တဲ့အကြောင်းရင်း
အားတဲ့အချိန် ရုံးမှာ table tennis ကစားသင့်တဲ့အကြောင်းရင်း က ဘာများလဲ! ခုနောက်ပိုင်းအလုပ်ခွင်တွေဟာ တင်းကျပ်၊ တွန်းအားပေးတတ်တဲ့ အလေ့အထမရှိတဲ့ flexible workplace တွေဖြစ်လာကြတယ်နော်။ စည်းလွတ်ဝါးလွတ်ထားတားတာမဟုတ်ဘဲ စည်းကမ်းတကျလေးအလုပ်ခွင်ကိုကြပ်မတ်ထားပေမယ့် လှုပ်ရှားလုပ်ဆောင်မှုတွေကို လွတ်လပ်ခွင့်ပေးထားတာမျိုးပါ။ဒီလိုအလုပ်ခွင်မျိုးမှာ ဝန်ထမ်းတွေက ပိုပြီး တက်ကြွတယ်၊ ဆန်းသစ်တဲ့ဖန်တီးနိုင်စွမ်းတွေရှိလာတယ်၊ အလုပ်အတွက်ရော၊ ကိုယ့်အတွက်မှာပါ တိုးတက်မှုရှိလာအောင် ကြိုးစားနိုင်လာတယ်၊ ကြောက်ရွံ့နေစရာမလိုတဲ့အတွက် ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိလာတယ်၊ စသည်ဖြင့် ကောင်းကျိုးတွေရှိတာပေါ့။ အဲဒီထဲကမှ တချို့ရုံးတွေမှာ ဝန်ထမ်းတွေရဲ့ခဏအနားယူချိန်(coffee break) မှာ table tennis ကစားဖို့ စီစဉ်ထားပေးတာတွေရှိပါတယ်။ Table tennis ကစားရင်းနဲ့ ဘယ်လိုအကျိုးကျေးဇူးတွေပါ ရနိုင်လဲဆိုတာလေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဆက်ကြည့်ရအောင် …။အားတဲ့အချိန် ရုံးမှာ table tennis ကစားသင့်တဲ့အကြောင်းရင်းကတော့။စိတ်အာရုံ နိုးကြားမှု၊အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းစေတာ နဲ့ မျက်စိ လျင်၊ လက်မြန်စေတဲ့ အလေ့အကျင့်ပေါ့။ လူငယ်တွေ အတွက်တော့ အလိုအလျောက် တုံ့ပြန်နိုင်စွမ်းကို ပိုသွက်စေတဲ့ကစားနည်းဖြစ်ပါတယ်။တင်းနစ်ဘောလုံးကို နေရာအချ၊ အဝှေ့အလှည့်နဲ့ ရိုက်တဲ့ အရှိန်တို့က table tennis ကစားနည်းရဲ့ အသက်ပါ။ ဒါတွေကြားမှာ ဉာဏ်သုံးပြီး လျင်မြန်မှုနဲ့ ထိန်းရင်း အနိုင် ကစားရတာလည်း ပညာ ပါတာပဲနော်။ table tennis ကျွမ်းကျင်လာသူတွေဟာ ပဟေဠိတွေ ဖန်တီးနိုင်စွမ်း၊ ဖြေရှင်းနိုင်စွမ်းမှာ ပိုထူးချွန်လာကြမှာပါ။ဒူး၊ ခါး၊ ခြေကျင်းဝတ်တို့ကို ဝန်သိပ်မပိစေဘဲ ကစားလို့ ရတဲ့ နည်းဖြစ်သလို တစ်ကိုယ်လုံးရဲ့ လှုပ်ရှားမှု ပါတာမို့ ကိုယ်လက်လှုပ်ရှားမှု ကောင်းကောင်း ဖြစ်စေပါတယ်။ပေါင် ၁၅၀ လောက်ရှိတဲ့ သူတစ်ယောက်ဟာ table tennis တစ်နာရီလောက် ကစားရင် ၂၇၂ ကယ်လိုရီ လောင်ကျွမ်းစေနိုင်ပါတယ်။ စိတ်လည်း လန်းဆန်း၊ လူလည်း တက်ကြွလှုပ်ရှား၊ ပျော်စရာလည်း ကောင်း၊အဆီလည်း ကျစေမယ့် ကစားနည်းပါ။လုပ်ဖော်ကိုင်ဖက် အချင်းချင်း အလုပ်တွေကြောင့် တစ်နေ့လုံး နေလို့ တစ်ခါမှ စကားမပြော ဖြစ်ရင်တောင်မှ table tennis ကစားရင်း ရယ်မောမိ၊ ပြုံးရယ်မိကြမှာ သေချာတာပဲကို။ ကစားရင်းနဲ့ အချင်းချင်း ခင်မင်ရင်းနှီးမှုတွေ ပိုတိုးလာနိုင်ပါတယ်။ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းပြီး လိုသလိုယိမ်းရ၊ ကစားရတာကလည်း table tennis မှာအရေးပါတာကြောင့် ဟန်ချက်ထိန်းနိုင်စွမ်းအတွက် ကွက်တိပါပဲ။တစ်ဖက်လူရဲ့လှုပ်ရှားမှုကို မျက်ခြေမပြတ် သတိထားပြီး စက္ကန့်ပိုင်းအတွင်း ဗျူဟာ ကျကျ ကစားလိုက်နိုင်ဖို့ ကလည်း လိုသေးတာကိုး။ ကိုယ့်ဦးနှောက်နဲ့ အာရုံ နိုးကြားမှုကို လှုပ်ရှားတုံ့ပြန်မှုနဲ့ ချိတ်ဆက်တဲ့နေရာမှာ ဗျူဟာ ကျကျ အသုံးချနိုင် လာပါလိမ့်မယ်။ကဲ… ကိုယ့်ရုံးမှာ table tennis မရှိသေးရင် ဒီဆောင်းပါးပြပြီး အခုပဲ တောင်းဆိုလိုက်ပါတော့လို့ မြှောက်ပေး(အဲလေ) အကြံပေးလိုက် ရပါတယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/benefits-of-playing-table-tennis-at-office/
ဘယ်လိုလူတွေမှာ Covid-19 ဗိုင်းရပ်စ် ကူးစက်နိုင်သလဲ
တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားခဲ့တဲ့COVID-19လို့ခေါ်ဆိုတဲ့ပြင်းထန် အဆုတ်ရောင်ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေဟာ ပိုမိုဆိုးရွားလာနေတယ်လို့ WHO က ကြေညာခဲ့ပါတယ်။ ဒါကြောင့်လည်း Epidemic အခြေအနေကနေ Global Pandemic ကပ်ဘေးအခြေအနေလို့ ပြောင်းလဲ ကြေညာခဲ့တာဖြစ်ပါတယ်။တချို့သောတိုင်းပြည်တွေမှာ ဘားတွေ၊ တက္ကသိုလ်တွေ၊ ကျောင်းတွေ၊စားသောက်ဆိုင်တွေ၊ ရုံးတွေ၊ ဘဏ်တွေကို ပိတ်ထားတာမျိုးအထိရှိနေပါတယ်။ ကမ္ဘာကျော် စီးရီးအေ ဘောလုံးပြိုင်ပွဲကို ရပ်နားထားသလို၊ ပရီးမီးယားလိဂ်ပြိုင်ပွဲကိုလည်း ကွင်းပိတ်ကစားဖို့ စီစဉ်နေပါပြီ။လက်ရှိမှာ ရောဂါပိုးကူးစက်ခံရသူ ၁၂၆၃၀၀ ကျော်အထိရှိနေပြီဖြစ်ပြီးတော့သေဆုံးသူဦးရေဟာလည်း ၄၆၃၃ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ရောဂါပိုးကူးစက်ခံထားရာကနေ ပြန်လည်သက်သာလာသူကလည်း ၆၈၂၈၅ ဦးအထိ တိုးတက်လာနေပါတယ်။လက်ရှိမှာ သိပ္ပံပညာရှင်တွေနဲ့ ဆေးဝါးပညာရှင်တွေကတော့ ရောဂါကိုထိန်းချုပ်နိုင်ဖို့နဲ့ ကုသနိုင်ဖို့ကြိုးပမ်းနေကြဆဲဖြစ်ပေမယ့် အလုံးစုံအောင်မြင်မှုတော့ မရရှိကြသေးပါဘူး။ ဒါပေမယ့် တစ်ဖက်မှာလည်း ဒီကပ်ဆိုးနဲ့ ပတ်သက်ပြီး ပိုမိုသိရှိလာနေရပြီဖြစ်သလို ဘယ်လိုလူမျိုးတွေဆီမှာရောဂါကူးစက်နိုင်ခြေပိုများတယ်ဆိုတာကိုလည်း ပိုမိုသိရှိလာနေရပြီဖြစ်ပါတယ်။အောက်မှာ ဖော်ပြသွားမယ့် အချက်အလက်တွေဟာ Harvard T.H. Chan School of Public Health၊ Chinese Center for Disease Control and Prevention နဲ့ The Journal of the American Medical Association တို့ရဲ့ လေ့လာချက်တွေကို အခြေခံပြီး ဖော်ပြသွားမှာဖြစ်ပြီး ရောဂါရဲ့ မူရင်းဒေသဖြစ်တဲ့ တရုတ်နိုင်ငံကို အခြေခံပြီး သုတေသနပြုထားတဲ့ အချက်အလက်တွေဖြစ်ပါတယ်။လက်ရှိ ဆန်းစစ်ချက်တွေအရ အသက် ၃၅ နှစ်အောက် လူတွေမှာ သေဆုံးနိုင်ချေက သုညရာခိုင်နှုန်းနီးပါး အခြေအနေပါ။အသက် ၄၀ – ၈၀ ကြား မှာ ရောဂါကူးစက်နိုင်ခြေအများဆုံးဖြစ်ပါတယ်။ရောဂါကူးစက်မှုရဲ့ ၈၀ ရာခိုင်နှုန်း ဟာ ပြင်းထန်မှုမရှိပါဘူး။လက်ကျန် ၂၀ ရာခိုင်နှုန်း ကသာ အန္တရာယ်ရှိပါတယ်။ အဆိုပါ ၂၀ရာခိုင်နှုန်း မှာတော့ အသက်ရှူကြပ်တာ၊နမိုးနီးယားနဲ့ကိုယ်တွင်းအင်္ဂါလုပ်ဆောင်ချက် လွဲမှားတာလိုမျိုး ပြင်းထန်တဲ့ လက္ခဏာတွေ ကြုံရနိုင်ပါတယ်။၂.၃ ရာခိုင်နှုန်း ကသာ သေနိုင်ခြေရှိပါတယ်။Severe acute respiratory syndrome (SARS)တုန်းက ကူးစက်ခံရသူတွေရဲ့ ၁၀ ရာခိုင်နှုန်း အထိ သေဆုံးမှုရှိခဲ့ပါတယ်။COVID-19 ကူးစက်ခံရသူတွေထဲမှာ ၁ နှစ်နဲ့ ၉ နှစ်အကြားကလေးငယ်တွေမှာ ကူးစက်နိုင်ခြေ ၁ရာခိုင်နှုန်း သာရှိပြီးတော့ သေဆုံးမှုလည်း လုံးဝမရှိပါဘူး။၁၀ နှစ်နဲ့ ၁၉ နှစ်အကြား အသက်အရွယ်မှာလည်း ကူးစက်နိုင်ခြေ ၁ ရာခိုင်နှုန်း သာရှိပါတယ်။အသက် ၇၀ ကျော်သက်ကြီးရွယ်အိုတွေမှာ ရောဂါကူးစက်ခံရမယ်ဆိုရင် သေဆုံးနိုင်ခြေ ၈ ရာခိုင်နှုန်း အထိရှိပါတယ်။အသက် ၈၀ နဲ့အထက် အရွယ်မှာဆိုရင်တော့ သေဆုံးနိုင်ခြေ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်လာမှာဖြစ်ပါတယ်။ အသက် ၈၀ နဲ့အထက် လူကြီးတွေအနေနဲ့ ဆေးရုံမှာပဲ ဆက်နေသင့်တယ်လို့ အကြံပြုထားပါတယ်။နောက်ထပ် သတိထားရမယ့် အချက်တစ်ချက်ကတော့ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ကူးစက်နိုင်ခြေ ၂ ဆ ပိုမြင့်တယ်လို့ Chinese Center for Disease Control and Prevention က ဆိုထားပါတယ်။ဒါ့အပြင် ဆေးလိပ်သောက်သုံးသူတွေဟာ သာမန်လူတွေထက် ရောဂါပိုပြီးဖြစ်နိုင်ချေမြင့်မားပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံမှာ အမျိုးသား ၄၇.၆ ရာခိုင်နှုန်း ဟာ ဆေးလိပ်သောက်ကြတယ်လို့ ဆိုထားပြီး ရောဂါအရှိန်အဟုန်နဲ့ ပြန့်နှံ့သွားရတဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။နောက်ပြီးသွေးတိုး၊ဆီးချိုနဲ့ အဆုတ်ရောဂါဝေဒနာ အခံရှိသူတွေအနေနဲ့လည်း COVID-19 ရောဂါဖြစ်ပွားနိုင်ခြေရော သေဆုံးနိုင်ခြေပါမြင့်မားပါတယ်။ဒီအချက်တွေကို ဖတ်ရှုပြီးရင် ရောဂါကို ရှောင်လွှဲနိုင်ဖို့ နည်းလမ်းတွေကို တွေးတောနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ သတိထားရမယ့် အချက်က အထက်က အခြေအနေတွေနဲ့ မကိုက်ညီသူတွေမှာ လုံးဝကူးစက်နိုင်ချေမရှိဘူးလို့ ဆိုလိုတာမဟုတ်ပဲ ဖြစ်နိုင်ခြေ နည်းပါးတယ်လို့ဆိုလိုတာဖြစ်တာမို့ လူတိုင်း ဒီရောဂါကို သတိထားဖို့ လိုအပ်ပါတယ်။ဒီရောဂါဟာ ကူးစက်မြန်ပြီး အန္တရာယ်များတာ မှန်ပေမယ့် မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ ရောဂါပိုး ကူးစက်ခံထားရသူမရှိသေးဘူးလို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။ သံသယလူနာအများအပြား တွေ့ရှိခဲ့ပေမယ့် အမှန်တကယ် COVID-19 ရောဂါ ကူးစက်ခံထားရသူမျိုး ရှာဖွေ တွေ့ရှိခြင်းမရှိသေးပါဘူး။ဒါကြောင့် ရောဂါပိုး အမှန်တကယ် ရောက်ရှိလာခြင်းမရှိသေးခင်မှာ မိမိကိုယ်ကိုယ် ဂရုတစိုက် စောင့်ရှောက်ပြီး ကာကွယ်ထားဖို့ လိုအပ်ပါတယ်။ COVID-19 ကို ကာကွယ်ဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့က လမ်းညွှန်ချက်တွေ ထုတ်ပြန်ပေးထားပါတယ်။အဲဒါတွေကတော့ …။၁။လက်ကို စနစ်တကျနဲ့ မကြာခဏဆေးပါ။၂။ လူစုလူဝေးကို ရှောင်ပါ။၃။ ပါးစပ်၊ မျက်လုံးနဲ့ နှာခေါင်း (MEN) ကို မထိပါနဲ့။၄။ချောင်းဆိုး၊နှာချေတဲ့အခါ လက်နဲ့အုပ်တာထက် တံတောင်ဆစ်ကို အသုံးပြုပါ။၅။ ရောဂါလက္ခဏာတွေရှိနေရင် ဆေးကုသမှုခံယူပါ။၆။ မဖြစ်မနေmaskတပ်စရာမလိုပါဘူး။၇။ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက သတင်းနားထောင်ပါ။[covid_19]။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ ၊ ရောဂါရှာဖွေ အတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/coronavirus-top-targets-men-seniors-smokers/
ရေပူချိုးခြင်းက ယောက်ျားတွေမှာ မျိုးမအောင်ခြင်းကို ဘာကြောင့် ဖြစ်စေသလဲ
ယောက်ျားတွေရဲ့မျိုးမအောင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ အဖြစ်အများဆုံး အကြောင်းရင်း တစ်ခုက သုက်ကောင်အရေအတွက် နည်းခြင်းပဲ ဖြစ်ပါတယ်။ သုက်ကောင် အရေအတွက်ကို နည်းစေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ အဲဒီထဲကမှ ရှောင်ရှားလို့ ရတဲ့ အချက် တစ်ခုကတော့ လွန်ကဲတဲ့ အပူနဲ့ ထိတွေ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ရေပူချိုးခြင်းက ယောက်ျားတွေမှာ မျိုးမအောင်ခြင်းကို ဘာကြောင့် ဖြစ်စေသလဲ ဆိုတာကို ပြောပြပေးသွားမှာပါ။ရေပူချိုးခြင်းက ယောက်ျားတွေမှာ မျိုးမအောင်ခြင်းကို ဘာကြောင့် ဖြစ်စေသလဲ ဆိုတော့ သုက်ကောင်လေးတွေကို ထုတ်လုပ်နိုင်ဖို့ အကောင်းဆုံး အပူချိန်ကတော့ ပုံမှန် လူ့ခန္ဓာကိုယ် အပူချိန်ထက် ၃-၄ ဒီဂရီ နိမ့်တဲ့ အပူချိန်ပဲ ဖြစ်ပါတယ်။ အပူချိန် မြင့်လာလေလေ သုက်ကောင် ထုတ်လုပ်တာကို အနှောင့်အယှက် ဖြစ်လေ ဖြစ်တဲ့အတွက် ရေပူနဲ့ မကြာခဏ ထိတွေ့ခြင်းက သုက်ကောင် အရေအတွက် လျှော့နည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ဘယ်လို ပူနွေးမှုမျိုးမဆို အပူချိန် ၁ ဒီဂရီ တက်တိုင်း သုက်ကောင်အရေအတွက် ၄၀ ရာခိုင်နှုန်းခန့်ကို လျှော့ကျစေနိုင်ပါတယ်။ ချွေးထုတ်ခန်း သွားခြင်း၊ ရေနွေးကန် အသုံးပြုခြင်း နဲ့ ရေနွေးဖြင့်ရေချိုးခြင်းတွေက ခဏတာ ဝှေးစေ့ကို အပူလွန်စေတဲ့ အကြောင်းတွေမှာ ပါဝင်ပါတယ်။တင်းကျပ်တဲ့ အောက်ခံဘောင်းဘီ ဝတ်ဆင်ခြင်းက ဝှေးစေ့ကို အပူများစေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါ။ ပုံမှန် စက်ဘီးစီးခြင်း နှင့် တင်းကျပ်တဲ့ အဝတ်အထည်တွေကို အမြဲလိုလို ဝတ်ဆင်ခြင်းက အထဲမှာ အပူကို သိမ်းဆည်းထားသလို ဖြစ်သွားနိုင်ပါတယ်။ဝှေးစေ့ကို အပူများစေပြီး ဝှေးစေ့ ကနေ သုက်ကောင် ထုတ်လုပ်မှုကို လျော့နည်းစေတဲ့ အခြား အကြောင်းအရင်းတွေကတော့ အပူနှုန်း မြင့်တဲ့ အလုပ်အကိုင် ပတ်ဝန်းကျင်ပဲ ဖြစ်ပါတယ်။ နွေရာသီမှာဆိုရင် သုက်ကောင်အရေအတွက် ပုံမှန် ပမာဏထက် ၃၀ ရာခိုင်နှုန်း လောက်လျော့နည်းနေတတ်ပါတယ်။ မုန့်ဖုတ်စက်ရုံ၊ သတ္တု အရည်ကြို စက်ရုံ အစရှိတဲ့ အပူချိန်များတဲ့ အလုပ်ပတ်ဝန်းကျင်ကလည်း ဝှေးစေ့အပူချိန်တွေကို မြင့်မားလာစေနိုင်ပါတယ်။နောက်တစ်ခုကတော့ လက်ပတော့ကို ပေါင်ပေါ်မှာ တင်ပြီး အသုံးပြုတာပါ။ ဒါကလည်း တဖြည်းဖြည်းနဲ့ အပူချိန်များလာစေပြီး ဝှေးစေ့ထဲမှာ အပူတွေ အောင်းစေနိုင်ပါတယ်။ လက်ပတော့ကို ပေါင်ပေါ်မှာ ကြာကြာတင်ပြီး အလုပ်လုပ်တာကို တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။ချွေးထုတ်ခြင်း၊ ရေနွေးကန်သုံးခြင်း စတဲ့ ရေအပူနဲ့ ခဏတာ ထိတွေ့ရတာမျိုး ဆိုရင်တော့ ပုံမှန်အားဖြင့် သုက်ကောင်လေးတွေက အပူလွန်ကဲခြင်းကနေ အမြန် ပြန်ကောင်းနိုင်တာကြောင့် ပုံမှန် သုက်ကောင် ပြန်ဖြစ်ဖို့ အချိန် ၁ပတ်လောက်သာ ကြာတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း လေ့လာမှု တစ်ခုရဲ့ ဖော်ပြချက်အရ သုက်ကောင်တွေကို ပျက်စီးစေမယ့် အကြောင်းအရာကို ဖယ်ရှားလိုက်ရင်တောင် အနည်းဆုံး ၃ လ မပြည့်မချင်း ပုံမှန် သုက်ကောင် အနေအထား ပြန်မရနိုင်ဘူးလို့ သိရပါတယ်။ ၃ လ လောက်ကြာရင်တော့ ပုံမှန် ပြန်ဖြစ်နိုင်ပါတယ်။သင်က ဖခင် တစ်ယောက် ဖြစ်ချင်ပါသလား။ သင့်ရဲ့ သုက်ကောင်လေးတွေအတွက် ရေအေးက ပိုကောင်းပါတယ်။ အပူချိန် တက်တာကို ဖြစ်စေတဲ့ အရာအားလုံးက သုက်ကောင်အရေအတွက်ကို လျော့နည်းစေပါတယ်။ ရေပူနဲ့ချိုးတာ၊ ထိတွေ့တာကြောင့် သုက်ကောင်အရေအတွက်နဲ့ အရည်အသွေးကို ခဏတာထိခိုက်စေနိုင်တာမှန်ပါတယ်။ တစ်ခါတလေမှ ချိုးတာ၊ ထိတွေ့တာက ပြဿနာမဟုတ်ပေမယ့် အမြဲလိုလို ဝှေးစေ့က အပူဒဏ်ကို ခံနေရမယ်ဆိုရင်တော့ သင့်ရဲ့ သုက်ပိုးအရေအတွက်ကို စိုးရိမ်သင့်ပါပြီ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/heat_and_male_infertility/
Skin Aging (အရေပြားအိုမင်းခြင်း)
အရေပြားကျန်းမာရေးကို အချက်အတော်များများက သက်ရောက်မှု ရှိပါတယ်။ အသက်ကြီးခြင်း၊ နေထိခြင်း၊ ရာသီဥတု ဆိုးရွားခြင်း၊ အကျင့်ဆိုးများပဲဖြစ်ပါတယ်။ ရာသီဥတုနဲ့ အသက်ကြီးခြင်းကို ထိန်းချုပ်လို့ မရပေမယ့် သင်ပြောင်းလဲနိုင်တဲ့ အရာတွေရှိပါတယ်။သင့်လူမှုနေထိုင်မှု ဘဝပုံစံ၊ အစားအသောက်၊ မျိုးရိုးဗီဇနဲ့ အခြား အကျင့်တွေပဲဖြစ်ပါတယ်။ ဒီအချက်တွေအကုန်လုံးက ဆဲလ်ပျက်စီးမှုကို ဖြစ်စေပြီး အရွယ်မတိုင်မီ အရေးအကြောင်းပေါ်ခြင်းနဲ့ အသက်ကြီးလို့ အစက်အပြောက်ဖြစ်ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။အခြားအရေပြား အိုမင်းခြင်းကို ဖြစ်စေတဲ့အချက်တွေကတော့ စိတ်ဖိစီးခြင်း၊ ဆွဲငင်အား၊ နေ့စဉ် မျက်နှာလုပ်ရှားမှု၊ အဝလွန်ခြင်းနဲ့ အိပ်တဲ့ ပုံစံတွေပဲဖြစ်ပါတယ်။အရေပြားအိုမင်းခြင်းဟာ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး လူတိုင်းကြုံတွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ယခုခေတ်မှာ ညစ်ညမ်းမှုတွေများလာတာကြောင့် အရေပြားအိုမင်းခြင်းဟာ အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုမို လျင်မြန်စွာ ဖြစ်ပွားနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Skin Aging ရဲ့ အဓိကလက္ခဏာ သုံးမျိုးရှိပါတယ်။ တစ်ခုချင်းစီဟာ မျက်နှာရဲ့ ပုံစံကို မတူညီစွာ သက်ရောက်မှု ရှိကြပါတယ်။အရေးအကြောင်းများ – ပထမဦးဆုံးနဲ့ အသိသာဆုံး လက္ခဏာကတော့ အရေးအကြောင်းပေါ်ခြင်းပဲ ဖြစ်ပါတယ်။ သူတို့ဟာ မျက်နှာ လှုပ်ရှားမှုတွေကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်ပြီး အချိန်ကြာလာတာနဲ့ အမျှပိုဆိုးလာပါတယ်။အရေပြားလျော့လျဲခြင်း – အရေပြားလျော့လျဲခြင်း ဖြစ်နိုင်ပြီး လည်ပင်းနေရာဟာ မာကျောပြီး ခြောက်သွေ့ကာ အရေပြား စိုပြေတောက်ပမှု မရှိတော့ပါဘူး။သိပ်သည်းမှု လျော့နည်းခြင်း – သွေးဆုံးပြီး အမျိုးသမီးတွေမှာ အဖြစ်များပြီး အရေပြားပေါ်မှာ ဖြစ်တာဖြစ်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။အရေပြားအိုမင်းခြင်းကို ဖြစ်စေတဲ့ အချက်များစွြ ရှီပါတယ်။ အချို့အချက်တွေကို မကာကွယ်နိုင်ပေမယ့် အချို့အချက်တွေကိုတော့ ဖြေရှင်းနိုင်ပါတယ်။မပြောင်းလဲနိုင်တဲ့ အချက်တစ်ခုကတော့ အသက်ကြီးလာတဲ့ ဖြစ်စဉ်ပဲဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ အရေပြားဟာ နုနယ်ပျိုမြစ်မှု ဆုံးရှုံးလာပြီး အရေပြားပါးကာ ပိုခြောက်လာတတ်ပါတယ်။ အရေးအကြောင်းတွေ ပေါ်လာတတ်ပါတယ်။ဒီလိုပြောင်းလဲမှုတွေ ဖြစ်လာတဲ့အခါ မျိုးရိုးဗီဇက ကြီးမားစွာ ထိန်းချုပ်ပါတယ်။ ဒီလိုဖြစ်စဉ်ကို ဆေးပညာအရ intrinsic aging လို့ ခေါ်ပါတယ်။ပတ်ဝန်းကျင်နဲ့ လူမှုဘဝနေထိုင်ပြောင်းလဲမှုတွေကို ပြုလုပ်ပြီး အချိန်မတိုင်မီ အသက်ကြီးခြင်းကို ကာကွယ်နိုင်ပါတယ်။ ဒီလို အသက်ကြီးခြင်းကို ဆေးပညာအရ extrinsic aging လို့ ခေါ်ပါတယ်။ ကာကွယ်ခြင်းအားဖြင့် အရေပြားအိုမင်းခြင်းကို ဖြစ်စေတဲ့ အချက်တွေကို နှေးအောင် ပြုလုပ်နိုင်ပါတယ်။Skin Aging ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။နေ – နေရောင်နဲ့ ထိတွေ့ခြင်းဟာ oxidative stress ကြောင့် အရေပြားအိုမင်းခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ညစ်ညမ်းခြင်း – မြို့ပြတွေမှာ ညစ်ညမ်းခြင်းဟာ အရေပြားကို ထိခိုက်စေတဲ့ free radicals တွေကို ထုတ်လုပ်ပါတယ်။ဆေးလိပ်သောက်ခြင်း – ဆေးလိပ်ထဲမှာပါတဲ့ နီကိုတင်းနဲ့ ဓါတုပစ္စည်းတွေဟာ အရေပြားမှာ free radicals တွေ ပိုထွက်စေနိုင်ပါတယ်။ကျွမ်းကျင်သူတွေက အရေပြားမှာ နေလောင်ခြင်း၊ အရေးအကြောင်းဖြစ်ခြင်း နဲ့ အခြားအသက်ကြီးခြင်းရဲ့ လက္ခဏာတွေကို ရှာဖွေနိုင်ပါတယ်။ အရေပြား အသက်ကြီးလာတာနဲ့ အမျှ အရေပြားကို ကျုံ့ဆန့်နိုင်စွမ်းနဲ့ တင်းတင်းရင်းရင်းရှိစေတဲ့ ပရိုတင်းတွေဖြစ်တဲ့ collagen နဲ့ elastin လျော့နည်းလာပါတယ်။ဒါ့ပြင် အရေပြားကို ချော့မွေ့စေတဲ့ အဆီတွေဟာလည်း ပုံပျက်လာပါတယ်။ အရေပြား အထူးကု ဆရာဝန်တွေက ကျန်းမာရေး ရာဇဝင်မေးမြန်းခြင်းနဲ့ စမ်းသပ်စစ်ဆေးမှုကို ပြုလုပ်ပြီး အသက်ကြီးခြင်းနဲ့ပတ်သက်တဲ့ ပြောင်းလဲမှုတွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။စောစီးစွာ အရေပြားအိုမင်းခြင်းကိုကာကွယ်ဖို့ retinoids, vitamin C နဲ့ alpha hydroxy acids တွေဟာ လုံလောက်ပါတယ်။ အလယ်အလတ်ကနေ ပြင်းထန်တဲ့ နေလောင်ခြင်းတွေအတွက် ဓါတုပစ္စည်းတွေနဲ့ ချွတ်ခြင်း၊ dermabrasion နဲ့ လေဆာကုထုံးတွေက အသုံးဝင်ပါတယ်။အရေးအကြောင်းဖြစ်ခြင်းကို hyaluronic acid injections, အဆီနဲ့ Gore-Tex implants ပါတဲ့ botulinum toxin သို့ fillers တွေနဲ့ ကုသနိုင်ပါတယ်။အချို့သူတွေက ခွဲစိတ်ကုသမှုတွေဖြစ်တဲ့ မျက်နှာ မြှင့်တင်ခြင်း၊ မျက်ခုံးမြှင့်တင်ခြင်း၊ မျက်ခွံအလှအပဆိုင်ရာ ခွဲစိတ်ခြင်းတွေ ပြုလုပ်ကြပါတယ်။ ဒီအချက်တွေကို ပြုလုပ်မလားဆိုတာနဲ့ ဘယ်လောက်အထိ လုပ်မလဲဆိုတာကတော့ သင့်ရဲ့ ရွေးချယ်မှုပဲဖြစ်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Skin Aging ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။ကမ်းခြေမှာ နေ့တစ်နေ့ကို ကုန်ဆုံးသည်ဖြစ်စေါ် အလုပ်လုပ်နေသည်ဖြစ်စေ နေရောင်မှ ကာကွယ်ခြင်းက အရေးကြီးပါတယ်။ အရေပြားကို အရိပ်နေရာ ရှာဖွေခြင်း၊ အဝတ်တွေနဲ့ ဖုံးခြင်း၊ နေပူခံလိမ်းဆေး (SPF 30) လိမ်းခြင်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။နေပူခံလိမ်းဆေးကို ကာကွယ်မထားတဲ့နေရာ အကုန်ကို လိမ်းပေးသင့်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/skin-aging-%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%a1%e1%80%ad%e1%80%af%e1%80%99%e1%80%84%e1%80%b9%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
Jock Itch (ပေါင်ခြံမှိုစွဲရောဂါ)
Jock itch သည် အဖြစ်များသော dermatophhytes ဟုခေါ်သော မှိုစွဲခြင်း တစ်မျိုးကြောင့် ဖြစ်သော ပေါင်ခြံနေရာတွင် ယားယံခြင်းဖြစ်သည်။ ထိုမှိုစွဲခြင်းသည် အမွှေးလိုပင် အသားရေပေါ်တွင် သဘာဝအားဖြင့် ရှိနေကြသည်။ ပူနွေးပြီး စိုစွတ်သော နေရာတွင် ရှင်သန်ပေါက်ပွားပြီး အနီရောင်အကွက်များပေါ်ခြင်းဖြင့် အလွန်ယားယံခြင်းကို ဖြစ်စေသည်။Jock itch သည် အဓိကအားဖြင့် ယောက်ျားများတွင်ဖြစ်သော အရေပြားတွင် ရောဂါပိုးဝင်ခြင်းဖြစ်ပြီး၊ ယောကျာ်းများ၏ ခန္ဓ္ဓါကိုယ်တည်ဆောက်ပုံကြောင့် ဖြစ်သည်။ထိုအခြေအနေတွင် ပေါင်ခြံနှစ်ဘက်လုံးတွင် အနီ သို့မဟုတ် ပန်းရောင် အကွက်များပေါ်တတ်သည်။ ထိုနေရာတွင် အမြဲယားယံနေပြီး ပူနေနိုင်သည်။ အကွက်၏ အစွန်းဘက်တွင် အရည်ကြည်ဖုအသေးစားများပေါက်နေနိုင်ပြီး ထိုအရေပြားသည် အခွံများကွာကျပြီး၊ မွနေနိုင်သည်။အနီကွက်သည် အရောင်ပြောင်းနိုင်ပြီး လေ့ကျင့်ခန်း သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှုလုပ်လျှင် ပိုဆိုးလာနိုင်သည်။ Hydrocortisone ခရင်မ်လိမ်းလျှင် မသက်သာပဲ ပိုဆိုးလာနိုင်သည်။ရောဂါလက္ခဏာများသည် ပေါ်လိုက်ပျောက်လိုက်ဖြစ်နိုင်ပြီး၊ ကျန်းမာသောလူများတွင် မကုသပဲ အလိုလျောက်ပျောက်ကင်းသွားနိုင်သည်။လူတစ်ယောက်သည် အရေပြားပေါ်တွင် အနီကွက်ပေါ်ပြီး နှစ်ပတ်အတွင်း မသက်သာလျှင်၊ ဆေးလိမ်းသော်လည်း မပျောက်လျှင် ဆေးသောက်ရန်လိုအပ်နိုင်သည်။ထိုသို့်ဆေးသောက်သော်လည်း မသက်သာလျှင်၊ ဆရာဝန်နှင့် ထပ်မံပြသရန်လိုအပ်နိုင်သည်။Jock itch သည် dermatophyte ဟုခေါ်သော မှိုရောဂါတစ်မျိုးကြောင့် ဖြစ်ပွားသည်။ ပုံမှန်အားဖြင့် ထိုမှိုရောဂါပိုးသည် အရေပြားပေါ်တွင် နေထိုင်ပြီး ရောဂါကို မဖြစ်စေပေ။ သို့သော် စိုစွတ်ခြင်း ကြာရှည်ဆက်ရှိနေလျှင်၊ ထိုနေရာတွင် ရောဂါပိုးများ ပေါက်ပွားသောကြောင့် ထိုနေရာတွင် ရောဂါဖြစ်နိုင်သည်။အဝလွန်သောလူများသည်အရေပြားအတွန့်အခေါက်များကြားတွင် မှိုရောဂါပိုးပေါက်ပွားနိုင်သောကြောင့် Jock itch ကို ပိုဖြစ်စေနိုင်သည်။ စိုစွတ်ခြင်းနှင့် အဝတ်အထည်များဖြင့် ပွတ်တိုက်မှုများလျင်လည်း ထိုရောဂါဖြစ်နိုင်သည်။ ထို့ကြောင့် ပေါင်ခြံ၊ ဂျိုင်းကြားနေရာများနှင့် အောက်ခံအဝတ်များဝတ်သော နေရာများကဲ့သို့ ချွေးထွက်တတ်သော နေရာများကို ဆပ်ပြာဖြင့် သေချာစွာ သန့်ရှင်းရေးလုပ်သင့်သည်။ အခြားသော ရောဂါရှိသော လူများသည် မှိုရောဂါပိုဖြစ်နိုင်ပြီး Jock itch ဖြစ်ပွားနိုင်ခြေများသည်။ထိုရောဂါသည် အလွန်ကူးစက်လွယ်ပြီး ရောဂါပိုးရှိသော လူနှင့် ထိတွေ့မိသည့်အခါ၊ မလျော်ဖွပ်ရသေးသော အဝတ်အစားများ၊ သဘက်များကို ထိမိသည့်အခါတွင် ကူးစက်နိုင်သည်။သင့်တွင် Athlete’s foot ကဲ့သို့သော မှိုစွဲရောဂါရှိလျှင်ပေါင်ခြံ သို့ ရောဂါပြန့်နှံ့နိုင်သောကြောင့် Jock itch ကို ဆက်ဖြစ်စေနိုင်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/infectious-skin-diseases/jock-itch-%e1%80%95%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%b6%e1%80%99%e1%80%be%e1%80%ad%e1%80%af%e1%80%85%e1%80%bd%e1%80%b2%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab/
Acetylcholine Receptor Antibody (အက်စီတိုင်းကိုလင်း ပေါင်းစည်းခြင်းကို တားသော ပဋိပစ္စည်း)
Acetylcholine receptor antibody သည် ကြွက်သားဆဲလ်များတွင်ပါရှိသော Acetylcholine receptor များအား ပေါင်းစပ်မရအောင် တားဆီနိုင်သော ပစ္စည်းတစ်မျိုးဖြစ်သည်။ Acetylcholine သည် ကြွက်သားကျုံ့ခြင်းကိုဖြစ်စေပြီး Acetylcholine receptor antibodies များသည် ကြွက်သားမကျုံ့နိုင်တော့အောင် တားနိုင်၏။ ဒီဖြစ်ရပ်သည် myasthenia gravis (MG) ဆိုသည့်ရောဂါ၏ ဝိသေသလက္ခဏာပင်ဖြစ်သည်။Acetylcholine receptor antibodies များကို ၈၅%သော myasthenia gravis (MG) ရောဂါသည်များတွင် တွေ့ရ၏။ အမြင်ဆိုင်ရာ myasthenia ဖြစ်နေသောလူနာများတွင်မူ antibodies မြင်ရသည့်နှုန်း ပိုနည်းသည်။Acetylcholine receptor antibodies များသည် myasthenia gravis (MG) ရောဂါအမည်တပ်နိုင်ရန်အတွက် စစ်ဆေးချက်များတွင် တန့်ပြန်မှုအကောင်းဆုံးဖြစ်သည်။ ထို့အပြင် ACHR positive ပြောင်းသည့် antibodies စစ်ဆေးမှုသည် လက္ခဏာမပြသေးသည့် MG ကို သိနိုင်သည်။ သို့သော် မြှားဆိပ်ကဲသို့သော အာရုံကြောကြွက်သားကြား ကူးလူးခြင်းကို တားသည့်ဆေးများကိုသုံးထားလျှင် ဒီစစ်ဆေးမှုကိုမလုပ်ရပါ။Acetylcholine receptor antibodies ကို စမ်းသပ်ခြင်းသည် အောက်ပါအခြေအနေများတွင် သုံး၏။• MG ရောဂါရှိမရှိသိရန်အတွက် MG ကဲ့သို့လက္ခဏာများကို ခံစားနေရသည့်လူနာများတွင် သုံးသည်။• ခုခံအားဖိနှိပ်သည့်ကုထုံးအား တုန့်ပြန်မှုရှိမရှိစစ်ဆေးရန်သုံးသည်။ ၎င်းကုထုံးသည် MG ကုသရာတွင်သုံးသည့် နည်းလမ်းတစ်ခုဖြစ်သည်။Antibodies အကုန်လုံးသည် အာရုံကြောနှင့်ကြွက်သားကူးလူးခြင်းကို လျော့ချသည်မဟုတ်ပါ။ သင့်၌အောက်ပါအချက်များရှိလျှင်။ကိုယ့်တွင်ရောဂါမရှိပါပဲ ရှိသည်ဟု အဖြေမှားထွက်နိုင်ပါသည်။• amyotrophic lateral sclerosis ရောဂါရှိခြင်း။• မြွေဟောက်ဖြေဆေးပေးထားခြင်း။• Penicillamine myasthenia syndrome သို့မဟုတ် Lambert-Eaton syndrome ရောဂါများရှိခြင်း။Antibodies လယ်ဗယ်ကိုတိုးမြင့်စေသည့် ဆေးများတွင် ကြွက်သားပြေလျော့ဆေးဖြစ်သော cosuccinylcholine နှင့် မြွေဆိပ်ဖြေဆေးတို့ပါဝင်ပါသည်။ကိုယ်ခံအားဖိနှိပ်သည့်ဆေးများသည် လက္ခဏာမပြသေးသည့် MG လူနာများတွင် antibodies များဖြစ်ပေါ်မှုကို တားဆီးနိုင်၏။ဒီစမ်းချက်အားမလုပ်ခင် သတိပေးချက်များ အထူးသတိပြုရမည်များကို နားလည်ထားရန်အရေးကြီး၏။ မေးခွန်းများရှိလျှင် ညွှန်ကြားချက်များ ထပ်သိလိုသည်များရှိလျှင် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။acetylcholine receptors antibodies မစစ်ဆေးခင် အထူးပြင်ဆင်ရမည့်အချက်များမရှိပါ။ သို့သော် ဆရာဝန်သည် သင်၏ကျန်းမာရေးအခြေအနေကို မှတ်စုပြုနိုင်ပါသည်။ အထူးပြင်ဆင်ထားရမည်များ ရှိမရှိ ဆရာဝန်အားမေးမြန်းနိုင်ပါသည်။လက်ဖျံမှသွေးကို သူနာပြုများအလွယ်တကူ ထုတ်ယူနိုင်ရန် လက်တိုအင်္ကျီကိုဝတ်ဆင်သင့်သည်။စစ်ဆေးမှုအထမြောက်စေရန်အတွက် ဆရာဝန်သည် အောက်ပါတို့ကိုဆောင်ရွက်နိုင်ပါသည်။• သွေးတိတ်စေရန် လက်မောင်းတွင် ပတ်တီးစည်းခြင်း။• အပ်ထိုးသည့်နေရာတွင် ပိုးမဝင်စေရန် အရက်ပြန်နှင့်ပိုးသတ်ခြင်း။• သွေးပြန်ကြောထဲသို့အပ်စိုက်ခြင်း။ လိုအပ်လျှင် တစ်ခါထပ်ပိုပြီး စိုက်ပါလိမ့်မည်။• ပိုက်နှင့်သွေးကိုယူခြင်း။• လိုအပ်သည့်ပမာဏရပါက လက်မောင်းတွင်ပတ်ထားသည့် တိပ်များကိုဖယ်ခြင်း။• အပ်စိုက်ရာတွင် ပတ်တီး သို့ ဂွမ်းဖြင့်ဖိခြင်း။• Urgo ဆေးများသုံးခြင်း။• ၆ လအတွင်း ကာကွယ်ဆေးထိုးခြင်း သို့မဟုတ် ခုခံအားတိုးအောင်လုပ်ထားခြင်းများရှိလျှင် စစ်ဆေးမှုပုံစံကို မှတ်ထားခြင်း။ ထို့အပြင် ကျွမ်းကျင်သူများသည် စစ်ဆေးချက်အဖြေကိုသက်ရောက်စေမည့် ဆေးများကို စာရင်းပြုစုပေးခြင်း။အပ်စိုက်ရာတွင် နာကျင်မည်မဟုတ်ပါ။ တစ်ချို့သူများတွင် အရေပြားအားအပ်နှင့်ထိုးသည့် နာကျင်မှုကိုခံစားရနိုင်သည်။ သို့သော် အပ်သွေးပြန်ကြောထဲရောက်ပြီး သွေးစုပ်ယူနေချိန်တွင် လူအများစုသည် နာကျင်မှုကိုမခံစားရတော့ပါ။ ယေဘုယျအားဖြင့် သင်၏နာကျင်မှုလယ်ဗယ်သည် သူနာပြု၏ကျွမ်းကျင်မှု၊ သွေးပြန်ကြော၏အခြေအနေနှင့် သင်၏နာကျင်မှုကိုခံစားနိုင်စွမ်းပေါ်တွင် မူတည်ပါသည်။သွေးထုတ်ယူပြီးနောက် ပတ်တီးစကိုသုံးပြီး အပ်စိုက်သည့်နေရာကိုဖိကာ သွေးတိတ်ရပ်အောင် လုပ်နိုင်ပါသည်။ စစ်ဆေးပြီးနောက် နဂိုအလုပ်များကို ဆက်လုပ်နိုင်ပါသည်။acetylcholine receptors antibodies အကြောင်း မေးစရာများရှိလျှင် ပိုမိုနားလည်စေရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ဓါတ်ခွဲခန်းနှင့်ဆေးရုံပေါ်မူတည်ပြီး ပုံမှန်တန်ဖိုးသည် တူညီမည်မဟုတ်ပါ။ ပုံမှန်အားဖြင့် ပုံမှန်တန်ဖိုးများကို ရလဒ်စာရွက်တွင် တစ်ခါတည်းပါမည်ဖြစ်သည်။ ဒီထက်ပိုသိလိုပါက သင်၏အထူးကုနှင့် တိုင်ပင်ဆွေးနွေးပါ။The antibody binds to Ach (in body) ≤0.02 nmol / L။Antibodies alter Ach receptor (muscle) 0-20% (indicate number of ACh receptors reduced)။Striated muscle antibodies: <1:60။အောက်ပါအခြေအနေများကြောင့် ရလဒ်တန်ဖိုး မြင့်တက်နိုင်ပါသည်။• Myasthenia gravis ရောဂါ။• Mysathenia မျက်စေ့ရောဂါ။• Thymus ကင်ဆာ။ဓါတ်ခွဲခန်းနှင့်ဆေးရုံပေါ်မူတည်ပြီး acetylcholine receptor antibody ပုံမှန်တန်ဖိုးသည် တူညီမည်မဟုတ်ပါ။ ရလဒ်နှင့်ပတ်သတ်၍သိလိုသည်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/acetylcholine-receptor-antibody-%e1%80%a1%e1%80%80%e1%80%b9%e1%80%85%e1%80%ae%e1%80%90%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%9c%e1%80%84%e1%80%b9%e1%80%b8/
Tension Headaches (တင်းအားများခေါင်းကိုက်ခြင်း)
နဖူး၊ခေါင်းနဲ့လည်ပင်းနောက်ကျောတစ်ဝိုက် တောင့်တင်းနေမယ်၊ဦးခေါင်းတစ်ခုလုံးတင်းကျပ်ပြီးနာနေမယ်၊ညှစ်ထားသလိုနာနေမယ်ဆိုရင်တင်းအားများခေါင်းကိုက်ခြင်းလို့ သတ်မှတ်နိုင်ပါတယ်။ တစ်လမှာဖြစ်တဲ့အကြိမ်၁၅ကြိမ်ထက်နည်းမယ်ဆိုရင် လတ်တလောရုတ်တရက် ခေါင်းကိုက်ခြင်းလို့ သတ်မှတ်ပြီးဒီထက်ပိုမယ်ဆိုရင်တော့နာတာရှည်ခေါင်းကိုက်ခြင်းလို့သတ်မှတ်ပါတယ်။အဖြစ်များတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ အမျိုးသမီးတွေမှာပိုတွေ့ရတတ်ပြီးဘယ်အရွယ်မဆိုဖြစ်ပွားနိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းတွေကိုလျှော့ချခြင်းဖြင့်ထိန်းချုပ်နိုင်ပါတယ်။ ပိုမိုသိရှိလိုသော အချက်များအတွက် သင့်ဆရာဝန်နဲ့ မေးမြန်းဆွေးနွေးနိုင်ပါတယ်။တွေ့ရများတဲ့ လက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အောက်ပါအချက်တွေထဲကတစ်ချက်ချက်ရှိခဲ့မယ်ဆိုရင်သွားပြသင့်ပါတယ်။ထိခိုက်ဒဏ်ရာရပြီးနောက်မှခေါင်းကိုက်တာမျိုး(သို့)ပိုဆိုးလာတာမျိုးဆိုရင်သွားပြသင့်ပါတယ်။ဘာကြောင့်ဖြစ်ရတယ်ဆိုတာအတိအကျမသိရသေးပါဘူး။ ပြဿနာတွေ၊ အခက်အခဲတွေကိုရင်မဆိုင်နိုင်ခြင်းကြောင့် လည်း ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့်အများဆုံးဖြစ်နိုင်ပါတယ်။ အလုပ်၊ကျောင်းစာ၊မိသားစု၊သူငယ်ချင်းဆက်ဆံရေးအဆင်မပြေမှုတွေကြောင့်စိတ်ဖိစီးနိုင်ပါတယ်။ဦးခေါင်း၊ လည်ပင်းနောက်ခြမ်း တောင့်တင်းခြင်းကိုဖြစ်စေနိုင်တဲ့အခြားအကြောင်းရင်းတွေကတော့။အကြောင်းအများကြီးရှိပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။နာတာရှည်(သို့)ခဏခဏ ခေါင်းကိုက်နေမယ်ဆိုရင် ကိုယ်ခန္ဓါပိုင်းဆိုင်ရာအာရုံကြောပိုင်းဆိုင်ရာစမ်းသပ်မှုတွေ လိုပါလိမ့်မယ်။ တမြည့်မြည့်ကိုက်နေတာလား၊ဆစ်ခနဲဆစ်ခနဲထိုးထိုးကိုက်တာလား၊အလုပ်ပျက်လောက်အောင်ကိုက်နေတာလားကိုက်လွန်းလို့ အိပ်နေရင်းနိုးလာဖူးလားစသည်တို့ကိုအခြေခံပြီးဘာကြောင့်ကိုက်တာလဲကို သိနိုင်ပါလိမ့်မယ်။ ဘယ်နေရာမှာကိုက်တာလဲခေါင်းတစ်ခုလုံးကိုက်တာလား၊တစ်ခြမ်းပဲကိုက်တာလား၊နဖူးနား၊မျက်လုံးနားမှာပဲလားဆိုတာတွေလည်းမေးနိုင်ပါတယ်။အရမ်းဆိုးရွားကိုက်နေမယ်ဆိုရင်တော့သင့်ရဲ့ဦးနှောက်အခြေအနေကိုသိနိုင်ဖို့ ကွန်ပျူတာဓါတ်မှန်၊ သံလိုက်ဓါတ်မှန်တို့ ရိုက်ဖို့လိုလာပါလိမ့်မယ်။ သံလိုက်ဓါတ်မှန် (MRI) ဆိုသည်မှာ သံလိုက်စက်ကွင်းသုံးပုံဖော်ကိရိယာများအသုံးပြုခြင်းဖြင့်ခန္ဓါကိုယ်အစိတ်အပိုင်းတွေကိုသံလိုက်စက်ကွင်းများ၊ရေဒီယိုလှိုင်းများဖြင့် ရှင်းလင်းပြတ်သားသောပုံရိပ်တည်ဆောက်ပေးနိုင်ပါတယ်။ ကွန်ပျူတာဓါတ်မှန်န (CT) ဆိုသည်မှာကွန်ပျူတာပုံရိပ်ဖမ်းစက်ဖြင့် ဦးနှောကိကိုပုံရိပ်ဖော်ခြင်းဖြစ်ပါတယ်။ဖစ်ခါစ လက္ခဏာတွေမဆိုးသေးခင်ကတည်းကမြန်နိုင်သမျှမြန်မြန်ကုသသင့်ပါတယ်။ ဒါမှသာလျှင် ပိုမဆိုးသွားအောင်၊ ပိုသက်သာလာအောင်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ လုပ်ရမှာကတော့ကုသမှုခံယူဖို့နဲ့ ဖြစ်စေနိုင်တဲ့အရာတွေကို ရှောင်ကြဉ်ဖို့ပဲဖြစ်ပါတယ်။ ဆေးသောက်ဖို့လိုမယ်ဆိုရင်အလွယ်တကူဝယ်ယူရနိုင်တဲ့အကိုက်အခဲပျောက်ဆေးမျိုးကိုပထမဆုံးသောက်ခိုင်းပါလိမ့်မယ်။ နာတာရှည်ဖြစ်နေမယ်ဆိုရင်အကိုက်အခဲပျောက်ဆေးနဲ့ မသက်သာဘူးဆိုရင် အာနိသင်ပိုကောင်းတဲ့ဆေးတွေ၊ကြွက်သားတောင့်တင်းမှုကိုလျော့စေတဲ့ဆေးတွေပေးပါလိမ့်မယ်။ဦးနှောက်အတွင်းစီရိုတိုနင် (Serotonin) ပမာဏကိုထိန်းပေးတဲ့စိတ်ဓါတ်ကျရောဂါကိုသက်သာစေတဲ့ဆေးတွေသောက်ခြင်းဖြင့်စိတ်ဖိစီးမှုကိုကျော်လွှားနိုင်ပါတယ်။သိမြင်ခြင်းနဲ့အပြုအမူပိုင်းဆိုင်ရာကုထုံးတွေလည်းလိုပါလိမ့်မယ်။ ဒီကုထုံးတွေကတစ်ဆင့်သင့်ရဲ့စိတ်ဖိစီးမှုတွေ၊ စိုးရိမ်မှုတွေဘာကြောင့်ဖြစ်ရတယ်ဆိုတာသိနိုင်ပါတယ်။ ရှောင်ကြဉ်နိုင်ပါတယ်။ အပ်စိုကိကုသခြင်းဖြင့်လည်းစိတ်ဖိစီးမှုကိုလျော့စေနိုင်ပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနှင့်အိမ်သုံးကုထုံးတွေက တင်းအားများခေါင်းကိုက်ခြင်း ကိုကုသရာမှာ ဘယ်လိုအထောက်အကူပေးလဲ။အောက်ဖော်ပြပါလူနေမှုပုံစံနဲ့ အိမ်သုံးကုထုံးတွေက တင်းအားများခေါင်းကိုက်ခြင်း ကိုကုသရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေရတဲ့နေရာတွေမှာ အကူအညီပေးပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/tension-headaches-%e1%80%90%e1%80%84%e1%80%b9%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ad%e1%80%af/
သစ်သီးဖျော်ရည်ထဲက အာဟာရဓာတ်တွေ မဆုံးရှုံးစေဖို့ ရှောင်ကြဉ်ရမယ့် နည်းလမ်းများ
ပုံမှန်အားဖြင့်ဆိုရင် ခန္ဓာကိုယ် ကျန်းမာဖို့၊ ကိုယ်အလေးချိန်လျှော့ချဖို့ဆိုတဲ့ ရည်မှန်းချက်တွေအတွက် သစ်သီးဖျော်ရည်တွေ၊Smoothiesတွေကို သောက်သုံးကြလေ့ရှိပါတယ်။ဒါပေမယ့် ဒီလိုသစ်သီးဖျော်ရည်တွေကို သောက်သုံးရာမှာ နည်းမှန်လမ်းမှန်နဲ့ မသောက်သုံးဘူး၊ မဖျော်စပ်ဘူးဆိုရင်တော့ မျှော်မှန်းထားတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိမှာမဟုတ်ပါဘူး။ ဒါဟာ သတိထားသင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ကိုယ်အလေးချိန် လျှော့ချသူအများစုဟာ သစ်သီးဖျော်ရည်တွေကို မှီဝဲကြလေ့ရှိပေမယ့် တချို့က အလုပ်ဖြစ်ပြီး တချို့က အလုပ်မဖြစ်ကြတာဟာ ခုလို စနစ်တကျ နည်းမှန်လမ်းမှန်နဲ့ ဖျော်စပ်သောက်သုံးခြင်းမရှိလို့ဖြစ်ပါတယ်။ သစ်သီးဖျော်ရည်တွေကို အချိုဓာတ်လွန်ကဲအောင် ဖျော်စပ်သောက်သုံးတာမျိုး၊ နည်းမှန်လမ်းမှန်နဲ့ ဖျော်စပ်ခြင်းမရှိတာမျိုးတွေကြောင့် ရသင့်တဲ့အာဟာရဓာတ်တွေကို ဆုံးရှုံးကြရတာဖြစ်ပါတယ်။သစ်သီးဖျော်ရည်တွေရဲ့ကျန်းမာရေးအပေါ် ကောင်းကျိုးပေးနိုင်စွမ်းကို ပျက်ယွင်းစေတဲ့ အချက်တွေ အများအပြားရှိပါတယ်။ သတိထားဆင်ချင်ဖို့နဲ့ အန္တရာယ်များတဲ့ နည်းလမ်းတွေကို ရှောင်လွှဲနိုင်စေဖို့ အောက်မှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/tips-for-not-to-lose-nutrients-from-fruit-juice/
မျက်တွင်းချိုင့်ခြင်းအတွက် အသုံးပြုသင့်တဲ့ အသားဖြည့်ထိုးဆေး
မျက်ကွင်း ညိုခြင်း နဲ့ မျက်လုံး တဝိုက် အရေးအကြောင်းတွေဟာ သင့်ကို အိုမင်းရင့်ရော်စေသလို နွမ်းနယ် နေပုံလည်း ပေါက်စေပါတယ်။ ဒါကြောင့် မျက်လုံး တဝိုက်ကို fillerအသားဖြည့်ထိုးဆေး ထိုးခြင်းဟာ အခု နောက်ပိုင်း ခေတ်စားလာတဲ့ အလှအပ ရေးရာ နည်းလမ်း တမျိုးပဲ ဖြစ်ပါတယ်။ Filler ထိုးခြင်းဟာ ခွဲစိတ်စရာ မလိုတဲ့အတွက် နာကျင်မှုမရှိဘဲ လျင်မြန်စွာ အကျိုးအာနိသင် သက်ရောက်တဲ့ နည်းလမ်း ဖြစ်ပါတယ်။မျက်တွင်းချိုင့်ခြင်းအတွက် အသုံးပြုသင့်တဲ့ အသားဖြည့်ထိုးဆေး နဲ့ ပတ်သက်ပြီး ပိုမို သိရှိလာနိုင်ဖို့အတွက် ဒီ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ရအောင်။Filler ထိုးတယ် ဆိုတာ ရိုးရှင်းပြီး ခွဲစိတ်စရာမလိုတဲ့အလှအပပြုပြင်မှုနည်းလမ်းလေးတခု ဖြစ်ပြီး အလှအပဆေးခန်းအတော်များများမှာ ပြုလုပ်နိုင်ပါတယ်။ မျက်လုံးတဝိုက်မှာရှိတဲ့ အရေပြားဟာ ပါးတဲ့အပြင် အာရုံကြောမျှင်လေးတွေကလည်း အဆိုပါဧရိယာမှာ ထူထပ်သိပ်သည်းစွာ ရှိနေတာမို့ အင်မတန်ထိခိုက်လွယ်ပါတယ်။အရေးကြောင်းဖြစ်ပေါ်ခြင်း၊ မျက်ကွင်းညိုခြင်း ဒါမှမဟုတ် အဆီပိုတွေ စုခြင်းတို့ဟာ အဖြစ်များတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။ Filler ထိုးခြင်းဟာ မျက်လုံး တဝိုက်က ချိုင့်နေတဲ့ နေရာလေးတွေကို ပြန်လည် ပြည့်တင်းလာအောင် ဖြည့်ပေးတဲ့ ခေတ်ပေါ်အလှအပထိန်းသိမ်းနည်း တမျိုးပါ။ Filler ထဲမှာ ပါဝင်တဲ့ မော်လီကျူးလေးတွေဟာ အရေပြားအောက်မှာ လျင်မြန်ညီညာစွာပျံ့နှံ့သွားပြီး မျက်လုံးတဝိုက်ကို ရေဓာတ်လည်း ဖြည့်ပေးနိုင်တာကြောင့် သင့်မျက်လုံးတဝိုက်ကို နူးညံ့စိုပြည်စေတဲ့အပြင်မျက်ကွင်းညိုခြင်းကိုလည်း သက်သာစေပါတယ်။မျက်တွင်း ချိုင့်ခြင်းနဲ့ မျက်ကွင်း ညိုခြင်း ကို ဖြစ်စေတဲ့ အချို့သော အကြောင်းရင်းတွေက။· အိုမင်းရင့်ရော်ခြင်းကြောင့် မျက်လုံး တဝိုက်မှာရှိတဲ့ အဆီတွေ ကျုံ့သွားခြင်း။· စိတ်ဖိစီးမှု များပြားခြင်း၊အိပ်ရေးပျက်ခြင်း သို့မဟုတ် နောက်ကျမှ အိပ်တဲ့ အလေ့အထ ရှိခြင်း။· မျက်လုံးရဲ့ အပေါ်ရော အောက်ပါ ချိုင့်သွားတဲ့ အတွက် မျက်လုံးအိမ်ဟာ အတွင်းထဲ ပိုမို ဝင်နေသလို ထင်ရခြင်း စတာတွေပဲ ဖြစ်ပါတယ်။Filler မထိုးခင်မှာ ဆရာဝန် အနေနဲ့ လိုအပ်တဲ့ စမ်းသပ်မှုတွေကို ဦးစွာ ပြုလုပ်ပါမယ်။ မျက်တွင်း ချိုင့်တဲ့ အခြေအနေပမာဏအတိုင်းအတာကို ကြည့်ရှုစစ်ဆေးမှာဖြစ်ပြီး အဆိုပါ အချက်ပေါ်အခြေခံကာ သုံးစွဲရမယ့်filler ပမာဏနဲ့ ထိုးရမယ့်နေရာတို့ကို ရွေးချယ်ပါလိမ့်မယ်။ Filler ထိုးတဲ့အခါ ရောင်ရမ်းခြင်းတွေ မဖြစ်ပေါ်စေဖို့အတွက် မျက်လုံးတဝိုက်အရေပြားကို သန့်စင်ရှင်းလင်းပါမယ်။ပြင်ဆင်စရာရှိတာတွေအားလုံး ပြင်ဆင်ပြီးတဲ့အခါ ဆရာဝန်အနေနဲ့ micrometer လို့ခေါ်တဲ့ ပစ္စည်းကလေးကို အသုံးပြုပြီး ချိုင့်နေတဲ့ မျက်တွင်းထဲကို filler ထိုးထည့်မှာ ဖြစ်ပါတယ်။ ထိုးထည့်လိုက်တဲ့ အရည်လေးတွေဟာ အရေပြားအောက်မှာ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ချိုင့်နေတဲ့နေရာတွေကို ဖြည့်ပေးမှာဖြစ်တဲ့အပြင်မျက်ကွင်းညိုစေတဲ့ သွေးကြောတွေကိုလည်း ဖုံးအုပ်ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ဒါကြောင့် မျက်လုံးတဝိုက် အသားအရေဟာ ပိုမိုနူးညံ့၊နုပျို သွားမှာဖြစ်ပါတယ်။  Filler ထိုးခြင်းဟာ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းတခုဖြစ်ပေမယ့် မျက်လုံးရဲ့ ဘေးနှစ်ဖက်လုံးကို ညီညီမျှမျှ ဖြည့်ပေးဖို့အတွက် ဆရာဝန်ရဲ့ ကျွမ်းကျင်မှု လိုအပ်ပါတယ်။မျက်လုံးအောက်ဖက်မှာ ရှိတဲ့ အရေပြားဟာ အင်မတန်ထိရှလွယ်တဲ့ နေရာဖြစ်တာကြောင့် filler မထိုးခင်မှာ သင့်ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ရမှာဖြစ်ပါတယ်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/facts-to-know-about-filler/
လိပ်ခေါင်းရောဂါကို ဒီလိုကာကွယ်ပါ။
ဝမ်းသွားမလို့ ထိုင်လိုက်တာ သွေးတွေ ဗွမ်းကနဲထွက်လာမျိုးကြုံဖူးလား။ ဒါဆိုရင် ခေါင်းထဲမှာ ငါတော့ လိပ်ခေါင်းရောဂါ ဖြစ်နေပြီနဲ့တူတယ်လို့ ထင်ကြပါတယ်။ လူ၄ယောက်မှာ ၃ယောက်မှာ လိပ်ခေါင်းဖြစ်ဖူးကြပါတယ်။ ဒါကြောင့် ဒီရောဂါကမရှားပါဘူး။ မရှားတာကြောင့် လိပ်ခေါင်းရောဂါကို သေချာနားလည်ထားဖို့ လိုပါတယ်။လိပ်ခေါင်းဆိုတာ တကယ်တော့ မစင်အိမ်နဲ့ စအိုနားက သွေးပြန်ကြောတွေ ဖောင်းလို့ဖြစ်လာတာပါ။ ဖြစ်တဲ့နေရာပေါ်မူတည်ပြီး အပြင်လိပ်နဲ့ အတွင်းလိပ်လို့လည်း ခွဲထားပါတယ်။ လိပ်ခေါင်းက ဘာလို့ဖြစ်တာလဲ။ မကုဘဲထားရင် ဘာဖြစ်မလဲ။ အသက်အန္တရာယ်စိုးရိမ်ရလား။ ကာကွယ်လို့ရလားဆိုတာကို ပြောပြပေးပါမယ်။လိပ်ခေါင်းရောဂါ ဖြစ်တဲ့နေရာပေါ်မူတည်ပြီး လက္ခဏာတွေကလည်း မတူပါဘူး။စအိုပတ်လည်က အရေပြားမှာတွေ့ရပါတယ်။ လက္ခဏာတွေကတော့။-စအိုနားတစ်ဝိုက်မှာယားပါမယ်။-နာမယ်။ နေရတာ အဆင်မပြေပါဘူး။-စအိုနားမှာ အလုံးစမ်းမိပါမယ်။-သွေးထွက်ပါမယ်။မစင်အိမ်ထဲမှာဖြစ်တာပါ။ မြင်လည်းမမြင်ရသလို စမ်းကြည့်လို့လည်း မရပါဘူး။ ဒါကြောင့် ရှိလို့ရှိမှန်းတောင်မသိပါဘူး။ ဝမ်းသွားလိုက်တဲ့အခါမှသာ။-သွေးပါလာမယ်။ မနာဘူး။ ဝမ်းသွားပြီးမှ အိမ်သာခွက်မှာ သွေးပေနေတာတွေ့မယ်။-တစ်ခါတစ်လေ ဝမ်းညှစ်လိုက်မှ လိပ်ခေါင်းက အပြင်ကို ထွက်လာမယ်။ အဲ့တော့မှ နာလို့ သိတာမျိုးလည်းဖြစ်နိုင်ပါတယ်။အပြင်လိပ်မှာရှိတဲ့ သွေးတွေခဲလာတဲ့အခါ လိပ်ခဲဆိုတာဖြစ်လာပြီး။-ပြင်းပြင်းထန်ထန်နာတာ။-ဖောင်းလာတာ။-ရောင်ရမ်းတာ။-ခပ်မာမာအဖုဖြစ်လာတာမျိုး ဖြစ်နိုင်ပါတယ်။အိမ်မှာနေရင်း တစ်ပတ်နေလို့မှ မသက်သာရင်ဆရာဝန်နဲ့ပြပါ။ ဒါ့ပြင် ဝမ်းသွားလို့ သွေးပါတိုင်း လိပ်ခေါင်း ဟုတ်ချင်မှ ဟုတ်မှာပါ။ တခြားရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဝမ်းသွားတဲ့ပုံစံပြောင်းနေတယ်။ ဝမ်းအရောင်တွေ ပြောင်းနေတယ်ဆိုရင် သတိထားပါ။အူမကြီးကင်ဆာနဲ့စအိုကင်ဆာတို့လည်း ဖြစ်နိုင်ပါတယ်။ ဝမ်းထဲမှာ သွေးပါတာများလာတယ်၊ ခေါင်းမူးတယ်၊ အားနည်းလာတယ်၊ မိုက်ခနဲဖြစ်လာတယ်ဆိုရင်လည်း သတိထားပါ။ သွေးလန့် (shock) ရတတ်ပါတယ်။ ဒါတွေဖြစ်လာပြီဆိုရင်တော့ ဆေးရုံကို မြန်မြန်သွားပါ။လိပ်ခေါင်းဆိုတာ အူအောက်ပိုင်းမှာရှိတဲ့ သွေးပြန်ကြောတွေ ဖိအားများပြီး ဖောင်းလာတာပါ။ ဖိအားများစေတဲ့ အကြောင်းတွေကတော့။လိပ်ခေါင်းက နောက်ဆက်တွဲဆိုးကျိုး ဖြစ်ခဲပါတယ်။ ဖြစ်တတ်တာတွေကတာ့။ဖြစ်ခဲပေမယ့် နာတာရှည် လိပ်ခေါင်းရောဂါမှာဆိုရင်တော့ သွေးနီဥနည်းပြီး သွေးအားနည်းတတ်ပါတယ်။အတွင်းလိပ်ကို အကြောင်းအမျိုးမျိုးကြောင့် သွေးမလျှောက်တဲ့အခါ ပုပ်ပြီး ပြင်းပြင်းထန်ထန်နာတတ်ပါတယ်။လိပ်ခေါင်းထဲမှာရှိတဲ့သွေးတွေက ခဲတတ်ပါတယ်။ အန္တရာယ်မရှိပေမယ့် အင်မတန်နာတာကြောင့် ဖောက်ထုတ်ရတတ်ပါတယ်။လိပ်ခေါင်းမဖြစ်ဖို့ အကောင်းဆုံးနည်းကတော့ ဝမ်းချုပ်မခံပါနဲ့။ လိပ်ခေါင်းမဖြစ်ဖို့နဲ့လိပ်ခေါင်းရဲ့ လက္ခဏာကို သက်သာစေဖို့ဆိုရင်။(၁) အမျှင်ဓာတ်များများစားပါ။ အသီးအရွက်၊ အစေ့အဆန်များများစားပါ။(၂) ရေများများသောက်ပါ။ တစ်နေ့ကို ရေ၆ဖန်ခွက်ကနေ ၈ဖန်ခွက်အထိသောက်ပေးပါ။(၃) ဝမ်းမညှစ်ပါနဲ့။ ဝမ်းညှစ်ရင် အူအောက်ပိုင်းက သွေးပြန်ကြောတွေမှာ သွေးဖိအားများလာပါတယ်။(၄) ဝမ်းမအောင့်ထားပါနဲ့။ ဝမ်းအောင့်ထားရင် ဝမ်းချုပ်တာ၊ စမြင်းခံတာတွေဖြစ်တတ်ပါတယ်။(၅)လေ့ကျင့်ခန်းလုပ်ပါ။ လှုပ်လှုပ်ရှားရှားနေတာက ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။ ဒါ့ပြင် ကိုယ်အလေးချိန်ကိုလည်း ကျစေပါတယ်။(၆) အကြာကြီးမထိုင်ပါနဲ့။ အထိုင်များရင် စအိုနားက သွေးပြန်ကြောတွေကို ဖိထားတာကြောင့် သွေးဖိအားများပြီး လိပ်ခေါင်းဖြစ်တတ်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/hemorrhoids/hemorrhoids-symptoms-causes/
Multiple sclerosis (အာရုံကြော ယိုယွင်းမှုကြောင့် ကိုယ်လက်လှုပ်ရှားမှု စကားပြောဆိုမှု မထိန်းနိုင်သည့်ရောဂါ) ဖြစ်နေတဲ့ သင့်ကလေးကို ဘယ်လို ဂရုစိုက်ရမလဲ
Multiple sclerosis ဆိုတာ ဖြစ် လေ့ဖြစ် ထရှိတဲ့ အာရုံ ကြောဆိုင် ရာ ချို့ယွင် းတဲ့ ရောဂါဖြစ် ပါတယ်။ အရင် က အရွယ် ရောက် ပြီးသား သူ တွေမှာသာ ဖြစ် လေ့ရှိပြီး ယခုအခါမှာ တော့ ဆယ် ကျော် သက် အရွယ်တွေနဲ့ က လေး တွေမှာပါ ဖြစ် လာတာ တွေ့ရပါတယ် ။ Multiple sclerosis international federation (MSIF) ရဲ့ခန့်မှန် းချက် အရ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လူ ပေါင် း ၂ ဒဿမ ၃ သန် း ဟာ ဒီ multiple sclerosis ဆိုတဲ့ ရောဂါကိုခံစား နေရပါတယ် ။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် ဒီ ရောဂါရှိတဲ့လူ ပေါင် း လေးသိန် းအနက် လူ ရှစ်ထောင် မှ တစ်သောင် းဟာ အသက် ၁၈ ထက် ငယ် တဲ့သူ တွေ ဖြစ် ကြပါတယ် ။ တကယ် လို့ သင် ရဲ့က လေးက ဒီ ရောဂါ ခံစား နေရမယ် ဆိုရင် သူတို့ လေး တွေကို ဂရုစိုက် ဖို့ အချက် လေး ၅ ချက် ကို ကျွန် တော် တို့အ နေနဲ့ အကြံ ပေးလိုပါတယ် ။Multiple sclerosis ဆိုတာ နာတာရှည် အာရုံ ကြောချို့ယွင် းမှု ရောဂါတစ် ခုဖြစ် ပါတယ် ။ သင့်က လေးမှာ ဒီ ရောဂါရှိ နေမယ် ဆိုရင် သင့်က လေးရဲ့ ဦး နှောက် နဲ့ ကျောရိုးနာ့ဗ် မကြီးကို ထိခိုက်သက်ရောက်မှုရှိပါတယ်။ ကိုယ် ခံစနစ် က။Myelin sheath လို့ ခေါ်တဲ့ နာ့ဗ် ဆဲ လေး တွေကိုဖုံးအုပ်ပေးထားတဲ့အလွှာကို သွား ရောက် တိုက် ခိုက် တဲ့အခါ ဒီ ရောဂါဖြစ် လာပါတယ် ။ ဒီ နာ့ဗ် ဆဲလ် လေး တွေရဲ့ ထိခိုက် မှုက က လေးငယ် ရဲ့ ဦး နှောက် နဲ့ ခန္ဓါကိုယ်ရဲ့ အချက်ပြဆက် သွယ် မှု တွေကို နှေး ကွေးသွား စေပါတယ် ။ဒီ ရောဂါဟာ နာတာရှည် ရောဂါဖြစ် ပြီး သင့်က လေးငယ် ရဲ့ ဦး နှောက် နဲ့ အာရုံ ကြောကို ဆိုးဝါးစွာထိခိုက် စေနိုင် တဲ့အပြင် က လေးရဲ့ မျက် လုံးထဲမှာရှိတဲ့ အာရုံ ကြော လေး တွေကိုပါ ထိခိုက် စေနိုင် တဲ့အတွက် အမြင် အာရုံချို့ယွင် းမှုအပြင် ကြွက် သားထိန်းချုပ်နဲ့ တခြား သောအခြေခံခန္ဓါကိုယ်လုပ်ငန်းအစိတ် အပိုင် း တွေပါ ချို့ယွင် းမှုဖြစ် စေပါတယ် ။ အချိန် ကြာလာတဲ့အမျှ သင့်က လေးဟာ စာမ ရေးနိုင် စကားမ ပြောနိုင် လမ် းမ လျှောက် နိုင် ဖြစ် လာနိုင် ပါတယ် ။ဒီ ရောဂါရှိ နေတဲ့ က လေးငယ် ရဲ့ ရောဂါလက္ခဏာ တွေက တက် ခြင် း စိတ် ဂ ယောင် ခြောက် ခြားဖြစ် ခြင် း စတဲ့အရွယ် ရောက် ပြီးသူ တွေမှာဖြစ်တတ်တဲ့လက္ခဏ တွေနဲ့မတူနိုင် ပါဘူး။ က လေးငယ် တွေမှာ တော့ ရောဂါ ဟောင် း တွေပြန် ထတတ် ခြင် း မသန် မစွမ် းဖြစ် ခြင် း စတာတွေဖြစ်တတ်လို့ သူတို့ရဲ့နေ့စဉ်လုပ်ငန်းတွေကို စီစဉ်လုပ်ကိုင်ရတာပိုခက်ပါတယ်။ အရွယ် ရောက် ပြီးသူ တွေနဲ့ က လေးငယ် တွေမှာပါ ဆင် တူတဲ့လက္ခဏာတွေက တော့ –။မိဘတစ် ယောက် အ နေနဲ့ သင့်က လေးဒီလို ရင် နာစရာ အ ခြေအ နေဖြစ် နေတာကို ကြည့် နေနိုင် ဖို့ အရမ် းဘဲ ခက် ခဲပါတယ် ။ ဒါ ပေမယ့် သင် တို့ရဲ့က လေးအတွက် သင် တို့ကိုယ် တိုင် ကြံ့ခိုင် နေဖို့ ခံနိုင် ရည် ရှိ နေဖို့လိုပါတယ် ။ အောက်ပါအချက်ငါးချက်နဲ့ Multiple sclerosis ရှိနေတဲ့သင်တို့ရဲ့ ကလေးငယ်တွေကို အကူအညီပေးနိုင်ပါတယ်။မိဘ တော် တော် များများ ဟာ ဒီလိုအ ခြေအ နေမျိုး ကြုံလာရင် သူတို့ရဲ့က လေးကို ဝမ် းမနည်း အားမငယ် စေဖို့အတွက် ဒီ ရောဂါရှိ နေ ကြောင် း ပြောပြဖို့ နှောင့် နှေးတတ် ကြပါတယ် ။ အမှန် တကယ် က ဆန့်ကျင် ဘက် ပါ။ သင် သာ သင့်က လေးကို သူဒီ ရောဂါရှိ နေမှန် း ပွင့်ပွင့်လင် းလင် း ပြောပြခဲ့မယ် ဆိုရင် သူ့တို့ဟာ ဒီ ရောဂါကို ကြောက် စရာလို့ ထင် တော့မှာမဟုတ် ပါဘူး။ ဒီလို သူတို့ကို ပေးသိလိုက် တာက မိဘ တွေအ ပေါ် သူ့ရဲ့ယုံကြည် အားကိုးစိတ် ကို တိုးလာ စေတဲ့အပြင် အ ကြောက် တရား လျော့ပြီး သူ့ကိုယ် သူလုံခြုံ နေသလို ခံစားရပါလိမ့်မယ် ။Multiple sclerosis လူနာတွေကိုစောင့်ရှောက်ကူညီဖို့ အထူးပြုထားတဲ့ ကျန် းမာ ရေး စောက် ရှောက် မှုဝန်ထမ်းတွေရဲ့ အကူအညီကိုယူခြင် းက သင့်က လေး ဒီ ရောဂါကိုဘယ် လိုခံစား နေရလဲဆိုတဲ့ အ တွေ့အကြုံ တွေကို သင် သိနိုင် စေပါတယ် ။ ကျန် းမာ ရေး စောင့် ရှောက် သူတွေဟာ သင့်က ဘေးရဲ့ ရောဂါ လက္ခဏာတွေအရ သင့်က လေးကိုကူညီ ပေးသွားမှာဖြစ် ပြီး သင့် တော် တဲ့ ကုသမှုကို ပေးသွားမှာဖြစ် ပါတယ် ။သင် ဟာ သင့်က လေးကို ဒီ ရောဂါကြီးရှိ နေခြင် းက တစ် ခုခုမလုပ် ရဖို့ အ ကြောင် းပြချက် ဆင် ခြေမဟုတ် ဘူးလို့ နားလည် အောင် ရှင် းပြပါ။ သင့်က လေးဟာ ပတ် ဝန် းကျင် ရဲ့ ပြောင် းလဲမှု တွေမှာ လိုက် လျောညီ ထွေစွာ နေတတ် ဖို့လိုအပ် ပါတယ် ။ ကျောင် းမှာလည် း ကျောင် းမှာမို့ နေ့စဉ် ဘဝမှာလည် း နေ့စဉ် ဘဝမှာမို့ လိုက် လျောညီ ထွေ နေတတ် ရပါမယ် ။ သင် ကိုယ် တိုင် သင့်က လေးအ ပေါ် ဆက် ဆံပုံမ ပြောင် းလဲဖို့လည် း လိုအပ် ပါတယ် ။ စည် းမျဉ် းစည် းကမ် း တွေကို လျှော့ ပေးတာ တွေလည် း မလုပ် သင့်ပါဘူး။ ဒါ တွေဟာ နောင် အခါသူ့ဘဝရှင် သန် တဲ့အခါ အဟန့်အတားဖြစ် စေပါတယ် ။ သူတို့ကို အထူးအခွင့်အ ရေး တွေ မ ပေးတာက သူတို့ကို လိုက် လျောညီ ထွေစွာ နေတတ် ဖို့ ကူညီ ပေးပါတယ် ။သင် ဟာ သင့်က လေးဘာ ပြောလဲဆိုတာကို ဂရုတစိုက် နား ထောင် ပေးသင့်တဲ့အပြင် သူစိတ် ဓါတ် ကျ နေလား သူအိပ် မ ပျော် ဖြစ် နေလား၊ သတ်သေဖို့စဉ်းစားတာတွေရှိနေလား၊ ကိုယ်အလေးချိန်တက်နေလား ကျသွားလား၊ အသုံးမကျသလိုခံစားနေရလား စတာ တွေကိုပါ အကဲခတ် ကြည့် နေဖို့လိုပာ်တယ် ။ စိတ် ရှုပ် ထွေးခြင် းကအစ အ သေးအမွှားပြသနာ တွေအဆုံး အကဲခတ် နေသင့်ပါတယ် ။ ဒါ ကြောင့် သင် ဟာ သင့်က လေးရဲ့ ခံစားချက် တွေကို ဂရုတစိုက် နား ထောင် ပေးပြီး ဘယ် ဟာမှားတယ် ဘယ် ဟာမှန် တယ် ဆိုတာကို အကြံ ပေးသင့်ပါတယ် ။သင် ဟာ သင့်က လေးတစ် ခုခုမဟုတ် တာဖြစ် မှာကို စိုးရိမ် လွန် ပြီးချုပ် ချယ် တာမျိုး မလုပ် သင့်ပါဘူး။ သင် ဟာသူတို့ရဲ့ လှုပ် ရှားမှု တွေကို ပိတ် ပင် လိုက် တဲ့အခါ သူတိရဲ့ကျန် းမာ ရေးဖွိ့ဖြိုးမှုကို ထိခိုက် စေပါတယ် ။ ဥပမာ အားကစားလှုပ် ရှားမှု တွေကို ပိတ် ပင် တာမျိုး ပေါ့။ သင် က လေးရဲ့ ကျန် းမာ ရေး စောင့် ရှောက် သူ တွေကို တိုင် ပင် ပြီးမှ ဘယ်လိုလှုပ်ရှားမှုတွေကိုတော့ ကန့်သတ်သင့်တယ်ဆိုတာမျိုးတွေကို လုပ်သင့်ပါတယ်။သင် က လေးဟာ ဒီ multiple sclerosis ဆိုတဲ့ ရောဂါကြီးရှိ နေတယ် ဆိုတာက က လေး ကော မိဘ တွေအတွက် ပါ လက် ခံဖို့ခက် ခဲပါတယ် ။ မိဘတစ် ယောက် အ နေနဲ့ သင့်က လေးကျန် းမာ ရေးအ ခြေအ နေကို မျက် စိ ထောင့် ထောက် ကြည့် နေပြီးတစ် ခုခုဖြစ် တာနဲ့ ဆရာဝန် နဲ့ ချက် ချင် း တိုင် ပင် တာမျိုး မှန်ကန်တဲ့နည်းလမ်းနဲ့ ဂရုစိုက်ပေးတာမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/multiple-sclerosis/multiple-sclerosis-%e1%80%a1%e1%80%ac%e1%80%9b%e1%80%b6%e1%80%af%e2%80%8b%e1%80%b1%e1%81%be%e1%80%80%e1%80%ac-%e1%80%9a%e1%80%ad%e1%80%af%e1%80%9a%e1%80%bc%e1%80%84%e1%80%b9%e2%80%8b%e1%80%b8%e1%80%99/
ချွေးပေါက်ပွင့်စေပြီး မျက်နှာဝင်းလက်စေမယ့် သဘာဝနည်းလမ်း ၆ ခု
ချွေးပေါက်ပိတ်ဆို့တယ်ဆိုတာ လူတိုင်းဖြစ်ဖူးမှာပါ။ မျက်နှာအရေပြားအောက်မှာရှိတဲ့ ဂလင်းလေးတွေကနေ ထွက်လာတဲ့အဆီက အရေပြားဆဲလ်သေတွေ၊မျက်နှာပေါ်က အမွေးအမှင်တွေနဲ့တွေ့တဲ့အခါချွေးပေါက်ပိတ်ဆို့ခြင်းဖြစ်လာတာပါ။ အဲဒီကမှ ပိုးဝင်သွားရင် ဝက်ခြံတွေဖြစ်လာတတ်ပါတယ်။ ဒါကိုကုသတဲ့အခါ အသားအရေကိုသန့်စင်စေပြီးချွေးပေါက်ကိုပွင့်စေဖို့ မျက်နှာပေါင်းတင်တဲ့နည်းလမ်းအမျိုးမျိုးသုံးကြပါတယ်။ချွေးပေါက်ပိတ်ခြင်းက ဝက်ခြံတွေဖြစ်စေပြီး အသားအရေကိုရေရှည်မှာထိခိုက်စေနိုင်ပါတယ်။ ထပ်ကာတလဲလဲ ဝက်ခြံတွေဖြစ်လာတာကလည်းချွေးပေါက်ကိုပိုကျယ်စေပြီးချွေးပေါက်ပိတ်ခြင်းနဲ့ဝက်ခြံဖြစ်ခြင်းကို ပိုတောင်ဖြစ်လာစေနိုင်ပါတယ်။ ဝက်ခြံဆိုးလာရင် အမာရွတ်ကျန်ခဲ့တာကလည်းပြဿနာမသေးပါဘူး။အမှန်တော့ ကျွန်မတို့ရဲ့အသားအရေက ဖုန်မှုန့်တွေ၊အညစ်အကြေးတွေနဲ့နေ့စဉ်ထိတွေ့နေရတာဖြစ်လို့ချွေးပေါက်ပိတ်တာကရှောင်လွှဲလို့မရနိုင်တဲ့ရလဒ်ပါပဲ။ မျက်နှာအသားအရေကို စိုပြေသန့်စင်စေဖို့ထိန်းသိမ်းရာမှာ မျက်နှာသစ်ရုံလောက်နဲ့လည်း ချွေးပေါက်ကိုမပွင့်စေနိုင်ပါဘူး။အများစုအတွက်တော့ နက်ရှိုင်းစွာသန့်စင်ပေးတဲ့နည်းလမ်းတွေကို ပုံမှန်လုပ်ပေးတာကပဲချွေးပေါက်ပွင့်စေပြီး ဝက်ခြံမဖြစ်အောင်ကာကွယ်ပေးဖို့အကောင်းဆုံးဖြစ်ပါတယ်။အသားအရေထိန်းသိမ်းရေးပစ္စည်းတွေ၊ဆေးဝါးတွေအသုံးမပြုခင်မှာချွေးပေါက်ပိတ်ခြင်းနဲ့ဝက်ခြံအတွက် ဒီလိုသဘာဝနည်းလမ်းတွေထဲက အဆင်ပြေရာကို အရင်လုပ်ကြည့်နိုင်ပါတယ်။(၁) ရေနွေးငွေ့နဲ့ပေါင်းတင်မယ်။ရေနွေးငွေ့နဲ့ပေါင်းတင်တာက ချွေးပေါက်တွေပွင့်စေတဲ့အပြင် အညစ်အကြေးတွေ၊အဆီတွေကိုဖယ်ရှားပေးပြီး မျက်နှာကို ကြည်လင်ရှင်းသန့်စေတဲ့နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ အဲဒီမှာဆေးဖက်ဝင်သဘာဝပစ္စည်းတွေရောသုံးပေးရင် ပိုကောင်းပါတယ်။အငွေ့တထောင်းထောင်းနဲ့ရေနွေးကို ဇလုံထဲလောင်းထည့်ပြီး ချမ်မိုမိုင်း သို့မဟုတ် နှင်းဆီပန်းပွင့်ဖတ်လေးတွေကို နုတ်နုတ်စဉ်းပြီးဖြူးထည့်ပါ။ ပန်းကရတဲ့ essential oil တွေလည်း ထည့်နိုင်ပါတယ်။ပြီးမှခေါင်းမှာတဘက်တစ်ခုနဲ့ပတ်ပြီး မျက်နှာကိုရေနွေးငွေ့ခံပါ။ ၁၅ မိနစ်လောက်ဆက်ပေါင်းတင်ပြီး မျက်နှာကို တဘက်အစိုနဲ့အသာအယာသုတ်ပါ။ နောက်ပြီးမှ moisturizer တစ်မျိုးလိမ်းပေးပါ။(၂)သကြား scrub။ချွေးပေါက်ကျဉ်းစေဖို့နဲ့ မမြင်ရတဲ့ဖုန်မှုန့်တွေကို အရေပြားပေါ်ကဖယ်ရှားနိင်ဖို့သကြား scrub ကိုသုံးနိုင်ပါတယ်။ သကြား scrub က ဆဲလ်သေဖယ်ရှားနိုင်တဲ့ သဘာဝအစွမ်းအာနိသင်ရှိလို့ အမာရွတ်တစ်ရှူးတွေကို တားဆီးပေးပြီးချွေးပေါက်ပိတ်ဆို့ခြင်းကို အမြန် သက်သာစေပါတယ်။ အရင်ဆုံး သကြားနည်းနည်းကို မှုန့်အောင်ကြိတ်လိုက်ပါ။ ပန်းကန်လုံးတစ်ခုထဲမှာ သကြားမှုန့်လက်ဖက်ရည်ဇွန်းနှစ်ဇွန်းရယ်၊ သံပုရာရည်ရယ်ရောလိုက်ပါ။ မွှေရင်းအနှစ်ဖြစ်သွားတဲ့အခါ မျက်နှာ်မှာပွတ်သုတ်ပြီး ၅ မိနစ်အကြာမှာရေနဲ့မျက်နှာသစ်ပါ။ အကောင်းဆုံးကတော့ ဒီနည်းကို တစ်ပတ်တစ်ကြိမ်လုပ်ပေးပါ။(၃) ခရမ်းချဉ်သီးရည်။ခရမ်းချဉ်သီးမှာ ဆဲလ်သေဖယ်ရှားရာမှာထိရောက်တဲ့အာနိသင်ရှိတဲ့lactic acid ပါဝင်ပြီးချွေးပေါက်တွေထပ်မပိတ်အောင် ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီးအရည်ကို ဂွမ်းစနဲ့စွတ်ပြီး ချွေးပေါက်ပိတ်နေတဲ့နေရာကိုတို့ပေးပါ။ ၅ မိနစ်လောက်ကြာရင် မျက်နှာသစ်ချပါ။နောက်တစ်နည်းက ခရမ်းချဉ်သီးအနှစ်ကို ဆန်ခါတိုက်ပြီး အုတ်ဂျုံကိုကြိတ်ထားတဲ့အမှုန့်နဲ့ရောပြီးအနှစ်လုပ်ပါ။ပြီးရင် မျက်နှာပေါ်လိမ်းပေးပြီး မိနစ် ၂၀ ကြာရင် မျက်နှာသစ်ချပါ။ ဂျုံမထည့်လည်း အနှစ်ထဲကို ပျားရည်အနည်းငယ်ထည့်ပြီးလည်းသုံးနိုင်ပါတယ်။(၄) ရွှံ့စေးပေါင်းတင်နည်း။clay maskတွေကချွေးပေါက်ပိတ်ခြင်းနဲ့ဝက်ခြံတို့အတွက် အရမ်းကိုထိရောက်ပါတယ်။ ဒီ Maskတွေကခြောက်သွေ့စေပြီး အဆီတွေကို စုပ်ယူပေးပါတယ်။ ရွှံ့စေးက သန့်စင်စေပြီး အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်လို့ချွေးပေါက်ကိုပွင့်စေပါတယ်။ ဒါပေမယ့် ကြာရင် နီရဲရောင်ရမ်းမှုတွေဖြစ်လာစေနိုင်လို့ မျက်နှာမှာသိပ်အကြာကြီးထားလို့မရပါဘူး။ခြောက်တာ မျက်နှာသစ်ချပါ။(၅) နနွင်းနဲ့စန္ဒကူး။နနွင်းက အရေပြားပေါ်ကအဆီပိုတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားနိုင်ပြီး ဝက်ခြံဖြစ်လာစေနိုင်တဲ့ ဘက်တီးရီးယားတွေကိုတားဆီးပေးနိုင်ပါတယ်။ စန္ဒကူးကလည်း အသားအရေအတွက်ကောင်းပါတယ်။နနွင်းနဲ့ စန္ဒကူးအမှုန့်ကို ဇွန်းတစ်ဝက်စီရောစပ်ပါ။ရေနည်းနည်းထည့်ပြီး အနှစ်ဖြစ်ရင် အသားအရေမှာလိမ်းပေးပါ။ခြောက်သွားရင် မျက်နှာသစ်လို့ရပါပြီ။(၆) တမာပေါင်းတင်နည်း။တမာရွက်က ဆေးဖက်ဝင်အကျိုးကျေးဇူးတွေများသလို အရေပြားရောင်ရမ်းမှုနဲ့ယားယံခြင်းတို့ကို သက်သာစေပါတယ်။ ဒါ့ကြောင့် ချိုးမယ့်ရေနွေးထဲမှာ တမာရွက်နည်းနည်းထည့်ခတ်ပြီး ချိုးရင်လည်း တစ်ကိုယ်လုံးကိုသန့်ရှင်းစေပြီး အညစ်အကြေးတွေဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။မျက်နှာအသားအရေအတွက်ကတော့ တမာရွက်အစိမ်းကိုအနှစ်ထောင်း/ကြိတ်ပါ။ ရေနဲ့နနွင်းမှုန့်အနည်းငယ်ရောပြီးမွှေပါ။ သန့်စင်ထားတဲ့မျက်နှာမှာ လိမ်းပေးပြီး ၁၀ မိနစ်- ၁၅ မိနစ်လောက် ထားပေးပါ။ရေအေးနဲ့မျက်နှာသစ်ပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%81%e1%80%bb%e1%80%bd%e1%80%b1%e1%80%b8%e1%80%95%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%95%e1%80%bd%e1%80%84%e1%80%b7%e1%80%ba%e1%80%85%e1%80%b1%e1%80%95%e1%80%bc%e1%80%ae%e1%80%b8-%e1%80%99/
သယ်လက်စီးမီးယားသွေးရောဂါအမျိုးအစားများ
သယ်လက်စီးမီးယားအမျိုးအစားတွေဟာ မိဘတွေထံမှ ရရှိသော သန္ဓေပြောင်းလဲမှုအရေအတွက်နဲ့ ဟီမိုဂလိုဘင်မော်လီကျူးရဲ့ ပြောင်းလဲသွားတဲ့အစိတ်အပိုင်းပေါ်မှာ မူတည်နေပါတယ်။ သန္ဓေပြောင်းလဲမှုများလေ သယ်လက်စီးမီးယားရောဂါပြင်းထန်လေပါပဲ။ ဟီမိုဂလိုဘင်မော်မော်လီကျူးကို အယ်ဖာနဲ့ဘီတာအစိတ်ပိုင်းတို့ဖြင့် ဖွဲစည်းထားပါတယ်။ ထိုအစိတ်အပိုင်းများကို သန္ဓေပြောင်းလဲမှုတွေက သက်ရောက်နိုင်ပါတယ်။အယ်ဖာဟီမိုဂလိုဘင်အတွဲလိုက်ဖြစ်ရန်အတွက် မျိုးရိုးဗီဇ၄ခုလိုအပ်ပါတယ်။ ၂ခုစီကို မိဘတစ်ဦးစီမှရရှိမှာပါ။ အောက်ပါတို့လိုမျိုးကိစ္စတွေ ရှိလာနိုင်ပါတယ်။ဘီတာဟီမိုဂလိုဘင်အတွဲဖြစ်ဖို့ မျိုးရိုးဗီဇ၂ခု လိုအပ်ပါတယ်။ တစ်ခုစီကို မိဘတစ်ဦးချင်းထံမှာ ရရှိမှာပါ။ အောက်ပါအခြေအနေမျိုးများ ရှိလာနိုင်ပါတယ်။အတော်အသင့်ကနေ ပြင်းထန်တဲ့အခြေအနေရှိတဲ့သူတွေဟာ မွေးမွေးပြီးချင်း၂နှစ်လောက်အတွင်းမှာ ရောဂါလက္ခဏာတွေ ပေါ်လာတတ်ကြပါတယ်။ ကလေးမှာ သယ်လက်စီးမီးယား ရောဂါလက္ခဏာတွေတွေ့နေရပြီဆိုရင် မိသားစုဆရာဝန် ဒါမှမဟုတ် ကလေးဆရာဝန်အား ပြသပေးပါ။ ပြီးတော့မှ သွေးရောဂါအထူးကုတွေထံသို့ လွှဲပေးပါလိမ့်မယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/anaemia/%e1%80%9e%e1%80%9a%e1%80%b9%e1%80%9c%e1%80%80%e1%80%b9%e1%80%85%e1%80%ae%e1%80%b8%e1%80%99%e1%80%ae%e1%80%b8%e1%80%9a%e1%80%ac%e1%80%b8%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac/
ကျားဟော်မုန်းက သင့်ကို ဘာတွေပေးစွမ်းနိုင်သလဲ
“testosterone (ကျားဟော်မုန်း)” ဆိုတဲ့စကားကို ကြားလိုက်တာနဲ့ သင့်ခေါင်းထဲအရင်ဆုံးရောက်လာတာက “ယောက်ျားပီသမှု” ပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် မကြာသေးမီက ဘွန်း တက္ကသိုလ် ကပြုလုပ်ခဲ့တဲ့ လေ့လာတွေ့ရှိချက် အသစ်တခုအရ အများက နားလည်မှုလွဲနေကြတဲ့ ဒီဟော်မုန်းဟာ လူကြားထဲ အဆင်ပြေပြေ ပြုမူနေထိုင်မှု နဲ့ ရိုးရိုးသားသား ပြောဆိုဆက်ဆံမှုတို့ကို ပိုတိုးလာစေတယ်၊အားပေးတယ်လို့ ဆိုပါတယ်။ဒီစမ်းသပ်မှုမှာ ပါဝင်တဲ့ လူ ၄၆ ယောက်ကို testosterone ဂျဲလ်ပေးပြီး တခြား ၄၅ယောက်ကို ဘာအာနိသင်မှ မရှိတဲ့ဆေးကို ပေးပါတယ်။ နောက်တစ်ရက်မှာ သူတို့ ၉၁ ယောက်လုံးကို တစ်ယောက်ချင်းစီ အန်စာတုံး လှိမ့်ခိုင်းပြီး ကျတဲ့အပွင့်ကို ပြန်ပြောခိုင်းပါတယ်။ ကျတဲ့အပွင့်ပေါ်မူတည်ပြီး ပိုက်ဆံရမှာ ဖြစ်ကာ အပွင့်ကြီးလေ ပိုက်ဆံများများရလေ ဖြစ်ပါမယ်။ ဒီလိုနဲ့ ပါဝင်သူတွေကို သူတို့ကျတဲ့ အန်စာအပွင့်အလိုက် ပိုက်ဆံပေးပြီးတဲ့နောက်မှာ တွေ့ရှိရတာက testosterone ဂျဲလ်သုံးစွဲရတဲ့ အမျိုးသားတွေကို ကိုယ်ကျတဲ့အပွင့်ကို ပိုပြီး မှန်မှန်ကန်ကန် ပြောတယ်ဆိုတာပါပဲ။ဒါဟာ ဘာကြောင့်လဲ။ testosterone ပမာဏများပြားခြင်းဟာ သင့်ရဲ့ သိက္ခာနဲ့မာနကို မြင့်မားစေပြီး ကိုယ့်ပုံရိပ်ကို ပိုမိုထိန်းသိမ်းစေပါတယ်။ ဒီတော့ ပိုက်ဆံလေး မဖြစ်စလောက်နဲ့ သူတို့ မစွန့်စားချင်ကြပါဘူး။ သိက္ခာအကျမခံပါဘူး။ ဒါပေမယ့် testosterone ဟာ သင့်ကို ရိုးသားစေတာထက် ပိုတဲ့ အကျိုးသက်ရောက်မှုတွေကို ပေးနိုင်ပါတယ်။ လေ့လာချက်တွေအရ ဟော်မုန်းက သင့်လုပ်ပုံကိုင်ပုံတွေကို သက်ရောက်မှုရှိစေရုံသာမက သင့်လုပ်ပုံကိုင်ပုံတွေကလည်း ဟော်မုန်းပမာဏကို တဖန်ပြန်ပြီး သက်ရောက်လွှမ်းမိုးမှုရှိစေတယ်လို့ ဆိုပါတယ်။testosterone က သင့်ကို ကူညီပေးနိုင်တဲ့ အံ့ဩဖွယ် အချက်ခြောက်ချက်ကို အောက်မှာ ဖော်ပြပေးထားပါတယ်။၁။ ပျိုတိုင်းကြိုက်မယ်။ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ သတိပြုမှုကို ခံရဖို့ အပြိုင်အဆိုင်ကြိုးစားတဲ့ အမျိုးသားအုပ်စုနှစ်စုကို Wayne တက္ကသိုလ်က သုတေသနပညာရှင်တွေက နှိုင်းယှဉ်လေ့လာပါတယ်။ ဒီလိုလေ့လာတဲ့အခါ testosterone ပမာဏနည်းပါးတဲ့ အမျိုးသားတွေဟာ နည်းနည်းလေးတောင် အခွင့်အရေးမရကြပေမယ့် ဟော်မုန်းပမာဏများတဲ့ အမျိုးသားတွေဟာ ကိုယ့်ကိုယ်ကိုပိုပြီး ယုံကြည်မှုရှိပြီး အမျိုးသမီးနဲ့စကားလက်ဆုံကျနိုင်သလို ပိုပြီးတော့လည်း အိုကေမှာ စိုပြေတာကို တွေ့ရှိခဲ့ရပါတယ်။၂။ အချိန်မတန်မီ အသက်ဆုံးပါးရခြင်းကလည်း ကာကွယ်ပေးတယ်။testosterone ဟော်မုန်းက သင့်အတွက်ဘာတွေ လုပ်ပေးနိုင်သလဲ။ သေမင်းနဲ့ စောစောစီးစီး မတွေ့ရအောင် ကူညီပေးပါတယ်။ testosterone ဟော်မုန်းဓာတ်နည်းပါးခြင်းဟာ ဆီးချိုအမျိုးအစား ၂ ဒါမှမဟုတ် အဝလွန်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဒါတင်သာမကသေးပါဘူး၊ လေ့လာချက်တွေအရ testosterone ပမာဏနည်းပါးသူတွေဟာ နှလုံးရောဂါ ခံစားရနိုင်ချေ အရမ်းများတယ်လို့ ဆိုပါတယ်။၃။ အမျိုးသမီးတွေအတွက်လည်း အကျိုးရှိတယ်။Testosterone ဟာ အမျိုးသမီးတွေအတွက်လည်း (အရမ်းကို) အကျိုးရှိစေပါသေးတယ်။ မီချီဂန်တက္ကသိုလ်က ၂၀၀၉ ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ သုတေသနပြုလေ့လာချက်အရ Testosterone ပမာဏများတဲ့ အမျိုးသမီးတွေဟာ လိင်ဆက်ဆံတဲ့အခါ ကိုယ့်ကိုယ်ကို ပိုပြီး ယုံကြည်မှု ရှိကြတယ်လို့ ဆိုပါတယ်။ ဒီဟော်မုန်းပမာဏမြင့်မားတဲ့ အမျိုးသမီးတွေအတွက် လိင်ပိုင်းဆိုင်ရာ ကိစ္စတွေဟာ သက်သောင့်သက်သာရှိပြီး အေးအေးချမ်းချမ်းနဲ့စိတ်လက်ဖြေလျှော့မှု ရှိလှတယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။ သူတို့ဟာ လိင်ဆက်ဆံတဲ့ အကြိမ်ရေ ပိုများပြီး ကျေနပ်မှုလည်း ပိုရကြတယ်လို့ ကနဦးလေ့လာချက်တွေအရ သိထားပြီးသား ဖြစ်ပါတယ်။၄။ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေနဲ့ လိုက်လျောညီထွေ ရှိမယ်။သင့်ခန္ဓာကိုယ်ရဲ့ Testosterone ပမာဏဟာ ရာသီစက်ဝန်းနဲ့ ညှိနှိုင်းထားသလို ဟန်ချက်ညီတယ်ဆိုတာ သင်သိပါသလား။ ဟော်မုန်းများနဲ့ အပြုအမူများဆိုင်ရာ ဂျာနယ်ရဲ့ ဖော်ပြချက်အရ Testosterone ပမာဏဟာ ၂၈ရက်တစ်ခါ အများဆုံးပမာဏကို ရောက်ရှိတယ်လို့ ဆိုပြီး အပတ်ကုန်ရက်တွေမှာလည်း ပမာဏ မြင့်မားတယ်လို့ ဆိုပါတယ်(အမျိုးသားတွေဟာ စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ ပိုပြီး လိင်မှုကိစ္စကို ဆောင်ရွက်ကြတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်)။ ဒါ့အပြင် အဖော်အသစ် ဒါမှမဟုတ် အဖော်တွေ အများကြီးနဲ့ ချစ်တင်းနှောခြင်းဟာ သင့်ရဲ့ Testosterone ပမာဏကို ဒုံးပျံလိုပဲ မြင့်တက်သွားစေနိုင်ပါတယ်။၅။ အကောင်းမြင်သမား ဖြစ်စေတယ်။“လိင်ပိုင်းဆိုင်ရာ အပြုအမူများ” ဆိုတဲ့ လေ့လာချက်စာတမ်းအရ အပြာကားတွေကြိုက်နှစ်သက်တဲ့ ကိုကိုတွေအနေနဲ့ ဒီကားတွေကို ကြည့်ရှုအပြီး တစ်နာရီကနေ တစ်နာရီခွဲအတွင်းမှာ testosterone ပမာဏဟာ ပုံမှန်ထက် ၃၅ရာခိုင်နှုန်းလောက်ပိုတက်နေတယ်လို့ သိရပါတယ်။ ဒီကားတွေကို သူတို့တကယ်ကြိုက်တယ်ဆိုတာကတော့ ပြောနေဖို့တောင် မလိုပါဖူး။ ဒီလို ရမ္မ္မက်နှိုးဆွတဲ့ ရုပ်ရှင်တွေကို ကြည့်ပြီးတဲ့အခါ သူတို့ဟာ အားအင်ပြည့်ဝလန်းဆန်းနေပြီး အရာရာကို အကောင်းမြင်နေတတ်တယ်လို့ ပြောကြပါတယ်။၆။ ငွေကုန်ကြေးကျတော့ များစေတယ်။testosterone ဟော်မုန်းပမာဏနဲ့ ငွေရေးကြေးရေးဆိုင်ရာ လုပ်ငန်းတွေမှာ စွန့်စားချင်စိတ် အနည်းအများ ဘယ်လိုဆက်စပ်လဲဆိုတာ သိနိုင်ဖို့ အမျိုးသား ၉၈ ယောက်ကို ကွန်ပြူတာအသုံးပြု စမ်းသပ်ကြည့်ခဲ့ကြပါတယ်။ ရလဒ်ကတော့ testosterone ပမာဏများတဲ့ အမျိုးသားတွေဟာ ငွေများများ ပိုပြီးရင်းနှီးမြှုပ်နှံလိုကြတယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဆိုတော့ စီးပွားပျက်ကပ်အတွက် testosterone ကိုပဲ တရားစွဲရနိုးနိုးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-hormone-issues/testosterone-does-in-your-body/
မျက်စိမြင်နိုင်စွမ်းကျခြင်း
မျက်စိမြင်အားကျခြင်းက ကလေးငယ်တွေနဲ့ကလေးဘဝအစမှာအမြင်အာရုံစူးရှမှုလျော့နည်းသွားခြင်း ဖြစ်ပါတယ်။ မျက်မှန်တပ်ခြင်း၊ မျက်ကပ်မှန်တပ်ဆင်ခြင်းက ဒီအခြေအနေအတွက် အသုံးမဝင်ပါဘူး။ အများစုမှာ မျက်လုံးတစ်ဖက်တည်းဖြစ်ပေမယ့် အမြင်ကျသွားခြင်းက နှစ်ဖက်လုံးမှာဖြစ်နိုင်ပါတယ်။ မကုသဘဲထားမယ်ဆိုရင် မြင်အားကျခြင်းကနေ မျက်စိကန်းတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။တစ်နှစ်အောက်ကလေးငယ်တွေနဲ့ ကလေးဘဝအစအမြင်အာရုံဖွံ့ဖြိုးမှုပြဿနာဖြစ်တာကြောင့် လက္ခဏာတွေကိုလွယ်လွယ်သတိမထားတတ်ပါဘူး။ ကလေးအများစုက အမြင်ဆိုင်ရာပြဿနာတွေကို သတိမထားမိတတ်ကြပါဘူး။ တစ်ဖက်မျက်လုံးအမြင်ကောင်းပြီး အခြားတစ်ဖက်ကမကောင်းပေမယ့် အခက်အခဲမရှိဘဲနေသားကျနေတတ်ကြပါတယ်။မျက်လုံးမကြာခဏစွေသွားခြင်း သု့ိမဟုတ် ကောင်းကောင်းမြင်ရဖို့ခေါင်းစောင်းခြင်းစတဲ့ အမြင်အာရုံပြဿနာရှိတဲ့အခါမှာ မိဘတွေအနေနဲ့သတိပြုမိနိုင်ပါတယ်။ အချို့ကလေးတွေမှာ ရှုထောင့်သုံးခုကို ကြည့်ရာမှာအခက်ခဲဖြစ်နိုငိပါတယ်။မိဘတစ်ယောက်အနေနဲ့ တစ်ချိန်တည်းမှာ မျက်လုံးတစ်ဖက်ကိုအုပ်ထားပြီး အခြားမျက်လုံးတစ်ဖက်ကိုဒီတိုင်းထားခြင်းဖြင့် ကလေးရဲ့အမြင်အာရုံအခြေအနေကိုမေးမြန်းကာ အိမ်မှာပဲပြုလုပ်ကြိုးစားနိုင်ပါတယ်။ ကလေးက မျက်လုံးတစ်ဖက်ကိုအုပ်ထားချိန်မှာ အနှောင့်အယှက်မဖြစ်ပေမယ့် နောက်မျက်လုံးတစ်လုံးကိုအုပ်ထားချိန်မှာ မသက်မသာဖြစ်မယ်ဆိုရင်တော့ မအုပ်ထားတဲ့မျက်လုံးက မြင်အားကျနေတယ်လို့ဆိုလိုပါတယ်။ဒီရိုးရှင်းတဲ့နည်းလမ်းက ပြီးပြည့်စုံတဲ့စစ်ဆေးမှုတော့မဖြစ်နိုင်ပါဘူး။ မိဘတွေက ကလေးမျက်လုံးစစ်ဖို့အတွက် ချက်ချင်းဆရာဝန်နဲ့တွေ့ဆုံပြသသင့်ပါတယ်။မျက်လုံးတစ်လုံးရဲ့ဆုံမှတ်က အခြားတစ်လုံးထက်ပိုကောင်းတဲ့အခါမှာ မျက်လုံးအမြင်ကျခြင်းဖြစ်ပါတယ်။ အကြောင်းရင်းပေါ်မူတည်ပြီး အမျိုးအစား၃မျိုးရှိပါတယ်။နှစ်ထပ်မြင်ခြင်းနဲ့တွဲတဲ့မျက်စိအမြင်ကျခြင်းက အဖြစ်အများဆုံးအကြောင်းရင်းဖြစ်ပါတယ်။ မျက်လုံးနှစ်ဖက်မညီခြင်းက နှစ်ထပ်မြင်ခြင်းကိုဖြစ်စေပြီး မညီတဲ့မျက်လုံးကနေလာတဲ့အမြင်အာရုံကိုဦးနှောက်ကလျစ်လျူရှုလိုက်ပါတယ်။မျက်လုံးအနေအထားက ပုံမှန်ပဲဖြစ်ပါတယ်။ အချို့ကိစ္စတွေမှာ မျက်လုံးနှစ်ဖက်လုံးမှာ အလင်းယိုင်ခြင်းမှားယွင်းမှုမတူညီမှုကြောင့် ဖြစ်ပါတယ်။ ဦးနှောက်က အလင်းယိုင်ခြင်းမှားယွင်းမှုနည်းတဲ့မျက်လုံးကိုပဲ အသုံးပြုပြီး ကျန်တဲ့တစ်ဖက်ရဲ့အမြင်ဝါးခြင်းကို လျစ်လျူရှူထားပါတယ်။ အဲ့အချိန်မှာ ကျန်တစ်ဖက်ကိုအသုံးမပြုခြင်းကြောင့် မျက်စိမြင်အားကျခြင်းဖြစ်ပါတယ်။မွေးရာပါတိမ်စွဲခြင်းလိုမျိုး မျက်လုံးထဲကိုဝင်လာတဲ့အလင်းကို ကြားဖြတ်တဲ့တစ်စုံတစ်ခုကြောင့် ဖြစ်ပါတယ်။ တိမ်စွဲခြင်းကိုကုသခြင်းက ပုံမှန်အမြင်အာရုံရဖို့အတွက် အမှန်တကယ်အရေးကြီးပါတယ်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/vision-impairment-loss/%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%85%e1%80%ad%e1%80%99%e1%80%bc%e1%80%84%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%85%e1%80%bd%e1%80%99%e1%80%ba%e1%80%b8%e1%80%80%e1%80%bb/
ကျောက်ကပ်ပိုးဝင်ခြင်းရဲ့ လက္ခဏာများ
ကျောက်ကပ်တွေက လူ့ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုပေါ့။ ကျောက်ကပ်က ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အစိတ်အပိုင်းပါ။ ကျောက်ကပ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့သွေးနီဥဆဲလ်လေးတွေကို ထုတ်ပေးပါတယ်။ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ကျောက်ကပ်က မရပ်မနား ခန္ဓာကိုယ်အတွက် အလုပ်လုပ်ပေးနေရင်း တစ်ခါတစ်လေမှာ ပိုးဝင်တာမျိုး ခံစားရနိုင်ပါတယ်။ ကျောက်ကပ် ပိုးဝင်တာက အစပိုင်းမှာ လက္ခဏာ သိသိသာသာ မပြတာမျိုး ရှိနေနိုင်တာကြောင့် လက္ခဏာ ပြင်းထန်မှ သိတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ ကျောက်ကပ်ပိုးဝင်ခြင်းရဲ့ လက္ခဏာများ ကို သိရှိနိုင်စေဖို့ ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးလိုက်ပါတယ်။ကျောက်ကပ်ပိုးဝင်တာက ဘက်တီးရီးယားကြောင့် ဖြစ်နိုင်သလို ဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သုတေသီတွေကတော့ ကျောက်ကပ်ပိုးဝင်တာကဆီးလမ်းကြောင်းတစ်နေရာမှာ ပိုးဝင်ကူးစက်တာကြောင့်ပါတဲ့။ အစာဟောင်းအိမ်ထဲမှာ ရှိတဲ့ ဘက်တီးရီးယားတွေက ဆီးလမ်းကြောင်းထဲကို ဝင်လာတာကြောင့်လည်း ကျောက်ကပ်မှာပိုးဝင်ကူးစက်တာမျိုး ဖြစ်နိုင်ပါတယ်။တစ်ခါတလေမှာလည်း ခန္ဓာကိုယ်ရဲ့ တစ်နေရာမှာ ပိုးဝင်ပြီး ပိုးတွေက သွေးကနေတဆင့် ကျောက်ကပ်ကို ရောက်လာပြီး ကျောက်ကပ်ပိုးဝင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ကျောက်ကပ်ပိုးဝင်ခြင်းရဲ့ လက္ခဏာများ ကတော့။ကျောက်ကပ် ပိုးဝင်တာ အပါအဝင် ကျောက်ကပ်ထိခိုက်တဲ့အခါ အရင်ဆုံး မြင်သာတဲ့လက္ခဏာ တစ်ခုက ဆီးသွားတဲ့ အလေ့အထ ပြောင်းလဲသွားတာပါ။ မကြာခဏ ဆီးသွားတာမျိုး၊ ဆီးသွားတဲ့အခါ ဆီးနည်းသွားတာမျိုး၊ ဆီးသွားရ ခက်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။များသောအားဖြင့်ကတော့ ဆီးမှာ သွေးပါလာတာမျိုးကို တွေ့ရနိုင်ပါတယ်။ ဆီးသွားတဲ့အခါ ပူစပ်စပ် ခံစားရတာမျိုးလည်း ခံစားရနိုင်ပါတယ်။ ဒီအခြေအနေတွေမျိုး ဖြစ်လာပြီဆိုရင် လျစ်လျူရှုတာမျိုး မလုပ်ဘဲ ဆရာဝန်နဲ့  ချက်ချင်းပြသပေးပါ။ကျောက်ကပ်ရဲ့ တာဝန်က ခန္ဓာကိုယ်ရဲ့ စနစ်ထဲကနေ အညစ်အကြေးတွေကို ဖယ်ရှားပေးတာပါ။ ဒီလုပ်ငန်းစဉ်က ခရီးမတွင်တော့တဲ့အခါ ကိုယ်တွင်းမှာ အညစ်အကြေးတွေ စုပုံလာပြီး ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တဲ့ရောင်ရမ်းမှုတွေကို ခံစားရစေနိုင်ပါတယ်။ အထူးသဖြင့် မျက်နှာ၊ လက်တွေ၊ ခြေထောက်တွေ နဲ့ ဝမ်းဗိုက်ပိုင်းလို နေရာမျိုးတွေမှာပါ။ဒီလို ရောင်ရမ်းတာနဲ့အတူဗိုက်ထဲက အောင့်တာ၊ ကျောက်ကပ် ရှိတဲ့နေရာက နာတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ရောင်ရမ်းတာနဲ့အတူ နာကျင်တာကို ခံစားရတာမျိုး ရှိမယ်ဆိုရင်တော့ ချက်ချင်း ဆရာဝန်နဲ့ ပြသပေးပါ။ကျောက်ကပ်ပိုးဝင်တဲ့အခါ အညစ်အကြေးတွေ၊ ပြည်တွေက ဆီးနဲ့ အတူပါလာပြီး ဆီးနံ့ဆိုးလွန်းတာ ဖြစ်တတ်ပါတယ်။ ဆီးက သာမန်အနံ့မဟုတ်ဘဲ သတိထားမိလောက်အောင် အနံ့ပြင်းနေရင်၊ ဆီးအရောင်ကလည်း နောက်နေရင် ကျောက်ကပ်ပိုးဝင်တာကို သတိထားသင့်ပါတယ်။အကြောင်းအရင်း ရေရေရာရာမရှိဘဲခါးနာတာအထူးသဖြင့် ခါးဘေးဘက်ခြမ်းက အောင့်နေတာမျိုး ခံစားနေရတာက ကျောက်ကပ် ပိုးဝင်နေတာပါ။ကျောက်ကပ်က လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း မလုပ်ဆောင်နိုင်တော့ဘူးဆိုရင် အဆစ်တွေ တောင့်တင်း နာကျင်လာနိုင်ပါတယ်။အရည်တွေစုပုံနေတာကလည်း ဝန်ပိစေပြီး ခါးနာတာကို ပိုဆိုးစေနိုင်ပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်တာ ဆိုရင်တော့ ဗိုက်အောက်ဖက်နားကပါ အောင့်တာမျိုး ခံစားရနိုင်ပါတယ်။ ဗိုက်ထဲက တဆစ်ဆစ် နာကျင်နေတယ်ဆိုရင်တော့ ချက်ချင်း ကုသမှု ခံယူဖို့ လိုမှာပါ။ကျောက်ကပ်က အလုပ်တွေ ကောင်းကောင်း မလုပ်နိုင်တော့ဘူးဆိုရင်တော့ ကိုယ်ထဲမှာအဆိပ်အတောက်တွေစုပုံလာပြီး ခြေကုန်လက်ပမ်းကျတာကို ခံစားရနိုင်ပါတယ်။ ကိုယ်ထဲမှာ အဆိပ်အတောက်တွေ များလာလေလေ လူက ခြေကုန်လက်ပမ်း ကျလာလေလေပါ။ ဒါကြောင့် ကိုယ်ထဲမှာ အားမရှိသလို ခံစားနေရပြီဆိုရင်တော့ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ခံယူဖို့ ပြောချင်ပါတယ်။ကိုယ်ထဲမှာ အဆိပ်အတောက်တွေ များနေတာက အသားယားတာကို ဖြစ်စေနိုင်ပါတယ်။ အရေပြားမှာ ပြင်းထန်တဲ့ ယားယံမှုကို ခံစားနေရပြီ။ ဒီလို အသားယားတာကလည်း ရုတ်တရက်ကြီး ဖြစ်လာမယ်ဆိုရင်တော့ ကျောက်ကပ်ကို ထိခိုက်မှု ရှိနေပြီ ဆိုတာပါ။ ဒါကြောင့် အသားမှာ အနီရောင် အကွက်တွေထလာပြီး အသားတွေ ယားလာပြီဆိုရင်တော့ ကျောက်ကပ်ရောဂါကို သတိထားသင့်ပါတယ်။အခုပြောတဲ့ လက္ခဏာတွေကို ခံစားနေရပြီဆိုရင်တော့ ကျောက်ကပ် ကျန်းမာရေးကို လိုအပ်တဲ့ စစ်ဆေးမှုကို ခံယူဖို့ လိုပါမယ်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/common-signs-of-kidney-infection/
Thrombocytopenia (သွေးဥမွှား နည်းပါးခြင်း)
သွေးဥမွှား နည်းပါးခြင်းဆိုတာ ဘာလဲသွေးဥမွှားလေးများဆိုသည်မှာ ထိခိုက်ဒဏ်ရာရပါက သွေးခဲရန် ပါဝင်ဆောင်ရွက်ပေးရသော သွေးဆဲလ်လေးများဖြစ်သည်။ ထိုကဲ့သို့နည်းပါးနေခြင်းဆိုသည်မှာ သွေးတွင်းရှိ သွေးဥမွှားပမာဏသည် ပုံမှန်ထက် လျော့နည်းနေခြင်းကိုဆိုလိုသည်။ထိုကဲ့သို့နည်းပါးနေခြင်းသည် ကျန်းမာရေးပြဿနာတခုခု (သို့) ရောဂါတခုခု (သို့) အချို့သော ဆေးဝါးများကြောင့်လည်း ဖြစ်ပွားနိုင်ပါသည်။ အချို့သော သွေးဥမွှားနည်းရောဂါများသည် မပြင်းထန်တတ်သည့် အပြင် လက္ခဏာ လည်းသိပ်မပြတတ်ကြပါ။ သို့သော် ပြင်းထန်ပါက သွေးဥမွှားပမာဏ သည် လွန်စွာနည်းပါး၍ ခန္ဓါကိုယ်အတွင်း သွေးယိုစိမ့်မှုများ ဖြစ်ပွားနိုင်သည်။မည်သည့် အသက်အရွယ်မဆို ကလေးလူကြီးမခွဲခြားပဲ ဖြစ်ပွားနိုင်ပါသည်။ရောဂါလက္ခဏာများသည် သွေးတွင်းရှိ သွေးဥမွှားပမာဏအပေါ်တွင်မူတည်သည်။ဖြစ်နိုင်သော လက္ခဏာများမှာ-။ဖြစ်ပွားနိုင်ပြီး ဆီးနှင့်ဝမ်းထဲ သွေးပါခြင်း ဝမ်းမည်းမည်းများသွားခြင်းတို့ဖြစ်ပွားနိုင်ပါသည်။အကယ်၍ အထက်ပါ လက္ခဏာများ နှင့် ပတ်သတ်ပြီး ဖြစ်ပွားလျှင်သော်လည်းကောင်း။သံသယရှိ၍မေးစရာ ရှိရင်သော်လည်းကောင်း ဆရာဝန်နှင့် တွေ့ဆုံဆွေးနွှေးသင့်ပါသည်။လူတစ်ဦးနှင့်တစ်ဦးတွင် ဖြစ်ပွားမှုခြင်းမတူ၍ ဆရာဝန်နှင့် တိုင်ပင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပေသည်။ဤရောဂါသည် မျိုးရိုးလိုက်ခြင်း (သို့) အခြားသော ရောဂါများကြောင့် ဖြစ်ပွားနိုင်သည်။ထိုအရာများမှာ။ခန္ဓါကိုယ်တွင် သရက်ရွက်သည် သွေးဆဲလ်ဟောင်းများ နှင့် အန္တာရာယ်ရှိပစ္စည်းများကို ဖျက်ဆီးပေးသည်။ ထိုသရက်ရွက်မကောင်းပါကလည်း ဖျက်ရန်လိုအပ်သော သွေးဥမွှားတို့သည် သရက်ရွက်တွင် ကပ်ကျန်စုပုံကာ သွေးတွင်းရှိပမာဏအားလျော့ဆင်းသွားစေသည်။အချို့သော ရောဂါများ၊ကင်ဆာ နှင့် သွေးအားနည်းရောဂါများ သို့ မှားယွင်းနေသော ခုခံအားစနစ်ရောဂါများ ၊။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် ခန္ဓါကိုယ်တွင် အင်ပျင်များ နှင့် ညိုမဲစွဲအကွက်များ ရှိမရှိကို အရင်စစ်ဆေးလေ့ရှိပြီး ရောဂါရာဇဝင်အား မေးမြန်းသည်။ ထို့နောက် သွေးစစ်ခြင်း သွေးထဲရှိ သွေးဥမွှားပမာဏများအားတိုင်းတာခြင်း နှင့် သွေးခဲနိုင်မှုစွမ်းအားများအား တိုင်းတာလေ့ရှိသည်။ကုသမှုသည် ဖြစ်ပွားသော အကြောင်းအရင်းတွင်မူတည်သည်။ အကယ်၍ အခြားရောဂါ(သို့) ဆေးဝါးကြောင့်ဖြစ်ပွားပါက ဆရာဝန်က သင့်တော်သော ကုသမှုအား တခုစီအတွက် ပေးလိမ့်မည်။အကယ်၍ သွေးဥမွှားသည် အလွန်အမင်း နည်းပါးနေပါက သွေးသွင်းခြင်း (သို့) သွေးဥမွှားများ အစားပြန်သွင်းခြင်း ၊ သရက်ရွက်အား ခွဲစိတ်ဖြတ်ထုတ်ခြင်း ၊ မှားယွင်းနေသော ကိုယ်ခံအားကို ဖိနှိပ်အားနည်းစေသော ဆေးများဖြင့် အန်တီဘော်ဒီများကို လျော့ပါးစေခြင်းစသည်ဖြင့်ဖြစ်သည်။မည်ကဲ့သို့သော အနေအထိုင်ကောင်း အလေ့အကျင့်ကောင်းများက သွေးဥမွှားနည်းပါးခြင်းအား ကောင်းမွန်စေသနည်း။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/other-blood-disorders/thrombocytopenia-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%a5%e1%80%99%e1%82%8a%e1%80%ac%e1%80%b8-%e1%80%94%e1%80%8a%e1%80%b9%e1%80%b8%e1%80%95%e1%80%ab%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9/
Polycythemia Vera (ပိုလီစိုက်သီးမီးရား ဗီရာ)
ရိုးတွင်းချဉ်ဆီမှ သွေးနီဥအများကြီးထုတ်စေတဲ့ ဖြည်းဖြည်းချင်းကြီးပွားတဲ့သွေးကင်ဆာအမျိုးအစားဖြစ်ပါတယ်။ သွေးဆဲလ်အမျိုးအစားအားလုံးကို သက်ရောက်ပေမယ့် သွေးနီဥအပေါ်မှာတော့ သက်ရောက်မှုအများဆုံးဖြစ်ပါတယ်။ သွေးဆဲလ်တွေူများလာခြင်းက သွေးခဲနိုင်ချေများခြင်းစတဲ့ နောက်ဆက်တွဲတွေကို ဖြစ်စေပါတယ်။ လက္ခဏာတွေက ဖြည်းဖြည်းချင်းသာ ကြီးထွားလာကြပါတယ်။ လက္ခဏာမပြခင် နှစ်ပေါင်းများစွာကြာနိုင်ပါတယ်။အစောပိုင်းကုသမှုပေးနိုင်ခြင်းက ပြဿနာကိုသေးငယ်စေပါတယ်။ မကုသဘဲထားမယ်ဆိုရင်တော့ အသက်အန္တရယ်များစေပြီး ပိုပြင်းထန်တဲ့သွေးက်ငဆာကိုဖြစ်စေပါတယ်။ရောဂါက သိပ်တော့အဖြစ်မများပါဘူး။ အမျိုးသားတွေမှာ အမျိုးသမီးတွထက် ပိုအဖြစ်များပါတယ်။ အသက်၄၀အောက်တွေမှာ တွေရလေ့မရှိပါဘူး။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Polycythemia vera ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။လှဲနေချိန်တွင် အသက်ရှူခက်ခြင်း။မူးဝေခြင်း။သွေးထွက်များခြင်း။အစာမကျေခြင်း ရင်ပြည့်ရင်ကယ်ခံစားရခြင်း( ဘေလုံးကြီးနေငြခ်းကြေင့်ဖြစ်ပါတယ်။ )။ခေါင်းကိုက်ခြင်း။ယားယံခြင်း အထူးသဖြင့် ရေပူချိုးပြီးချိန်မှာ။အရေပြားနီခြင်း အထူးသဖြင့်မျက်နှာ။အသက်ရှူတိမ်ခြင်း။အရေပြားအနီးသွေးပြန်ကြောများအတွင် သွေးခဲခြင်းလက္ခဏာများ။အရေပြားပြာခြင်း။မောပန်းနွမ်းနယ်ခြင်း။အနီစက်များပေါ်ခြင်း။သွေးနီဥများခြင်းက သွေးကုပျစ်စေပြီး သွေးလှည့်ပတ်မှုကိုနှေးစေတာကြောင့် သွေးခဲဖြစ်နိုင်ချေကိုများစေပါတယ်။ သွေးခဲတွေက သွေးကြောတွေတစ်လျှောက်ပါသွားပြီးနေရာမရွေးပိတ်ဆို့တွယ်ကပ်ခြင်းကနေ။လေဖြတ်ခြင်း( ဦးနှောက်သွေးကြော) သို့ နှလုံးသွေးကြောပိတ်ခြင်း( နှလုံးသွေးောကာများ) စတဲံအပြင်းထန်ဆုံးအခြေအနေဖြစ်ပါတယ်။အခြားသောနောက်ဆက်တွဲတွေအနေနဲ့ေတော့။ဘေလုံးကြီးခြင်း-ပိုပြိများပြားလာတဲ့သွေးဆဲလ်တွေကို စစ်စ်ထုတ်ဖို့အတွက် အလုပ်ပိုလုပ်ရတာကြောင့် ဖြစ်ပါတယ်။အရေပြားပြဿနာ-ယားယံခြင်း၊ ပူစပ်ပူလောင်ခံစားရခြင်း၊ ခြေထောက်၊ လက်၊ ခြေသလုံးနဲ့ လက်မောင်းများတွင် စပ်ဖျဉ်းဖျဉ်းခံစားရခြင်း၊ မျက်နှာနိခြင်း။သွေးနီဥများမြင့်တက်လာခြင်းောကာင့် ဖြစ်လာသည့်ပြဿနာများ-အစာအိမ်၊ အူသိမ်၊သို့အစာရေမြိုပြွန်အတွင်းပိုင်းမှာ အနာများဖြစ်ပေါ်လာခြင်းနဲ့ အဆစ်များရောင်ခြင်း။မိုင်လိုဖိုင်ဘရိုစစ်၊ မိုင်လိုဒိုင်ပလတ်စတစ်ရောဂါစုနဲ့ ယာယီပြင်းထန်သွေးကင်ဆာလိုမျိုး အခြေအေတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။ခန္ဓါကိုယ်တစ်ခြမ်း ထုံကျဉ်ခြင်း၊ အားနည်းခြင်း၊ အကြောသေခြင်း ။ မျက်နှာ၊ လက်မောင်းနဲ့ခြေသလုံးနေရာေတွေမှာ အဖြစ်များပါတယ်။ စကားပြောရခက်ခြင်း၊ စကားများကိုနားလည်ရခက်ခြင်း။ရုတ်တရက်အမြင်အာရုံဆုံးရှုံးသွားခြင်း။ဟန်ချက်မထိန်နိုင်ခြင်း ၊ မူးဝေခြင်း၊ ပြင်းထန်ခေါင်းကိုက်ခြင်းောကာင့် ဆီလျော်အောင်ပြုမူနုငိမှုဆုံးရှူ့သွားခြင်း။လည်ပင်ေးတာင့်ခြင်း၊ မျက်နှာနာကျင်ခြင်း၊ မျက်လုံးများကြားအောင့်ခြင်း၊ သတိလည်တစ်ချက်လွတ်တစ်ချက်ဖြစ်ခြင်း။မရေမရာဖြစ်နေခြင်း မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿမာများ၊ အာရုံခံစားမှုပြဿနာများ။အကြောင်းရင်းကို ၇ှင်းရှင်းလင်းလင်းမသိသေးပါဘူး။ ပုံမှန်မှာဆိုရင် ရိုးတွင်းခြင်ဆီက သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးခဲခြင်းကိုဖြစ်ပေါ်စေသည့်သွေးဆဲလ်ဆိုပြီး သွေးဆဲလ်အမျိုးအစားသုံးမျိုးထုတ်ပါတယ်။ JAK2V617Fဆိုတဲ့ချို့ယွင်းချက်ရှိနေတဲ့မျိုးရိုးဗီဇဂျင်းကြောင့် ရိုးတွင်းချဉ်ဆီက ဆဲလ်အများကြီးကိုထုတ်ပေးခြင်းဖြစ်ပါတယ်။ အထူးသဖြင့် သွေးနီဥဆဲလ်များဖြစ်ပါတယ်။ သုတေသီရဲ့အဆိုအရ မျိုးရိုးဗီဇဂျင်းထွန်းခြင်းက မျိုးရိုးလိုက်ခြင်းထက် နေထိုင်မှုပုံစံနဲ့ပတ်ဝန်းကျင်ကြောင့်ရလာခြင်းဖြစ်ပါတယ်။Polycythemia vera ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အသက်အရွယ်-အသက်၆၀အထက်တွေမှာ ပိုဖြစ်နိုင်ပါတယ်။အမျိုးသားအမျိုးသမီး– အမျိုးသားတွေမှာ ပိုဖြစ်နိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သွေးစစ်ခြင်းကနေ အဖြေရှာနိုင်ပါတယ်။ အချို့သောစမ်းသပ်စစ်ဆေးခြင်းတွေကိုတော့ ထပ်မံအတည်ပြုဖို့သု့းပါတယ်။ရိုးတွင်းချဉ်ဆီတစ်ရှူးနမူနာယူခြင်း။Complete blood count with differential;။Comprehensive metabolic panel။အရစ်သရိုပွိုင်ရတ်တင် ပမာဏ။JAK2V617Fဂျင်းထွန်းခြင်းအတွက် ဂျင်းစစ်ဆေးခြင်း။သွေးနီဥပမာဏ။ဗီတာမင်ဘီ၁၂ပမာဏ။သွေးပျစ်ခြင်းကိုလျှော့ချဖို့နဲပ သွေးထွက်ခြင်းနဲ့သွေးခဲခြင်းကိုကာကွယ်ဖို့ ဦးတည်ပါတယ်။ သွေးပျစ်ခြင်းကိုသက်သာဖို့အတွက် သွေးပြန်ကြောအပေါက်ဖောက်ခြင်းနည်းကို သုံးပါတယ်။ သွေးပြန်ကြောထဲက သွေးအနည်းငယ်ကို အပတ်စဉ်ဖောက်ထုတ်ပြိး သွေးနီဥပမာဏကိုနည်းစေတာဖြစ်ပါတယ်။ ကုသမှုအချိန်ကာလက သင့်အခြေအနေပေါ်မူတည်ပြီး ကုသမှုတစ်ခုထက်ပိုတာလည်းဖြစ်နိုင်ပါတယ်။အသုံးပြုတဲ့ဆေးဝါးတွေကတော့။အက်စပရင်ပမာဏအနည်းငယ် –သွေးခဲခြင်းနဲ့ နာကျင်မှုကိုသက်သာစေဖို့ ဖြစ်ပါတယ်။ အစာအိမ်သွေးယိုခြင်းကုကာကွယ်ဖို့အတွက် အက်စပရင်ကိုသုံးပါတယ်။သွေးဆဲလ်တွေကိုနည်းစေတဲ့ဆေးများ-ဟိုက်ဒရောက်ဆီယူရီယာ၊ အင်တာဖရွန်၊ အနာဂရီလိုက်ဒ်( သွေးခဲစေသည့်သွေးဆဲလ်ပမာဏနည်းစေခြင်း) ရူဇိုလီတီနစ် ( ဂျာကာဖီ)။ယားယံခြင်းကိုသက်သာစေသည့်ဆေးများ-အက်စ်အက်စ်အာအိုင်လို့ခေါ်တဲ့ စိတ်ကျခြင်းအတွက်ဆေးတွေက အယားသက်သာစေပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Polycythemia vera ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။လေ့ကျင့်ခန်းအသင့်အတင့်ပြုလုပ်ခြင်း လမ်းလျှောက်ခြင်းစသဖြင့်- သွေးလည်ပတ်မှုကိုကောင်းစေပြီး သွေးခဲခြင်းကနေကာကွယ်ပေးပါတယ်။သွေးခဲကြောင့် နှလုံးဖောက်ခြင်းလေဖြတ်ခြင်းဖြစ်နိုင်ချေကို များစတောောကာင့် ဆေးလိပ်ကိုရှောင်ခြင်း။ရေအေးနဲ့ချိုးခြင်းက ယားယံခြင်းကို သက်သာစေပါတယ်။ အရေပြားကိုမကုတ်ဖဲ့ပါနဲ့။ အရေပြားကျန်းမာဖို့အတွက် အစိုဓတ်လိမ်းခရင်ကိုလိမ်းပေးပါ။သွေးလည်ပတ်မှုကိုနှေးစေတဲ့ အပူချိန်အေးလွန်းခြင်းပူလွန်းခြငးမျိုးကို ရှောင်ပါ။ နေထိုင်တဲ့နေရာရဲ့ရာသီဥတုအပေါ်မူတည်ပြီး သင့်လျော်အောင် ဝတ်စားပါ။ခြေထောက်လက်များတွင် အနာများကိုစောင့်ကြည့်ပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/anaemia/polycythemia-vera-%e1%80%95%e1%80%ad%e1%80%af%e1%80%9c%e1%80%ae%e1%80%85%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%9e%e1%80%ae%e1%80%b8%e1%80%99%e1%80%ae%e1%80%b8%e1%80%9b%e1%80%ac%e1%80%b8-%e1%80%97/
စိတ်ချမ်းသာ ကိုယ်ကျန်းမာစေမယ့် ယောဂ
ယောဂဆိုတာနဲ့ ခန္ဓာကိုယ် သွယ်လျကျစ်လျစ်စေဖို့အဆီကျအားကစားသင်တန်းတွေမှာ ကစားရတဲ့အကြောလျှော့လေ့ကျင့်ခန်းတွေ၊ အသက်ရှူသွင်း၊ ရှူထုတ်လုပ်ရတာတွေကိုပဲ အရင်သတိရကြတာ များပါတယ်။ တကယ်က အဆီကျဖို့ အတွက်ပဲ အကျိုးကျေးဇူးရှိတာ မဟုတ်ပါဘူး။ စိတ်ချမ်းသာ ကိုယ်ကျန်းမာစေမယ့် ယောဂ လို့ ပြောကြတာ ဘာကြောင့်များပါလိမ့်။ယောဂဆိုတာ စိတ်ရောကိုယ်ရော ကျန်းမာရေးအတွက် တကယ်ကိုအကျိုးရှိတဲ့လှုပ်ရှားမှုတွေပါ။ အဆီကျကျစ်လျစ်စေတာက အစ သက်ရှည်ကျန်းမာခြင်းအထိသူ့ရဲ့ကောင်းကျိုးတွေကပြောလို့ မကုန်နိုင်ပါဘူး။ အဲဒီထဲမှာမှ အကြောပြေလျှော့ ယောဂလေ့ကျင့်ခန်းက စိတ်ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုလဲဆိုတာ ပြောပြမယ်နော်။ယောဂက –။စိတ်ဖိစီးမှုနဲ့ ပူပန်သောကတွေဟာ ခန္ဓာကိုယ်အတွက် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ဆုတ်ယုတ်မှု များစေနိုင်ပါတယ်။ စိတ်ရှုပ်ထွေးမှု၊ စိတ်လှုပ်ရှားမှု၊ စိုးရိမ်စိတ်တွေကြောင့်သွေးတိုးရောဂါနဲ့ဆီးချိုရောဂါတွေအထိ ဖြစ်လာစေနိုင်ပါတယ်။ ယောဂ ကစားတဲ့အခါ စိတ်တည်ငြိမ်လာမယ်၊ ပြေလျော့လာမယ်၊ အကောင်းမြင်လာမယ်။ယောဂ ကစားတဲ့သူတွေဟာ ယောဂကစားကွက် တစ်ခုချင်းစီအလိုက် ဦးနှောက်လုပ်ဆောင်ချက် တိုးတက်မှု ရနိုင်ပါတယ်တဲ့။ ဦးနှောက်နဲ့အာရုံကြောစနစ်ရဲ့ကောင်းကျိုးအတွက် တချို့ ကိုယ်နေဟန်ထား ယောဂကစားကွက်တွေကို အသုံးပြုနေကြပြီလည်း ဖြစ်ပါတယ်။ ယောဂ ကစားခြင်းက အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းစေပြီးမှတ်ဉာဏ်သိမ်းဆည်းမှုကိုလည်း တိုးတက်စေနိုင်ပါတယ်။ဘာကြောင့်ဖြစ်စေတာလဲ ဆိုတဲ့အပေါ် အတိအကျ အဖြေမထုတ်ရသေးပေမယ့် စိတ်ကြည်လင် ရှင်းလင်းစေတာကိုတော့ ပညာရှင်တွေက အတည်ပြုထားပါတယ်။ လေ့လာမှုတွေအရယောဂ ကစားခြင်းကမှတ်ဉာဏ်ချို့ယွင်းနေတဲ့ ဝေဒနာရှင်တွေနဲ့ စိတ်ဓာတ်ကျနေတဲ့ ကင်ဆာဝေဒနာရှင်တွေရဲ့ ဘဝနေထိုင်မှုမှာ စိတ်ချမ်းသာမှု၊ စိတ်အေးချမ်းမှု ပိုရစေတာ တွေ့ရပါတယ်။ယောဂလေ့ကျင့်ခန်းနဲ့ တရားထိုင်ခြင်းက စိတ်ကိုတည်ငြိမ်စေပြီး ပြေလျော့စေတဲ့အတွက် သတိပိုခိုင်မြဲစေပါတယ်။ သတိကောင်းမှ ဆုံးဖြတ်ချက်ချနိုင်စွမ်း ပိုကောင်းလာမယ်။ တရားထိုင်ရင်းစိတ်ဖိစီးမှုလျော့စေပြီး သမာဓိအား ကောင်းမယ်၊ လူမှုဆက်ဆံရေး ပိုကောင်းစေမယ်။စိတ်ဓာတ်ကျနေတာ၊ စိတ်ဖိစီးနေတာ၊ စိတ်ရှုပ်ထွေးနေတာတွေကို ဖြေလျှော့ပေးနိုင်ပြီး အထီးကျန်စိတ်ကို ဖြေလျှော့ပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ညအိပ်မပျော်ခြင်းကို သက်သာစေနိုင်တဲ့အပြင် စိတ်ကစဉ့်ကလျားရောဂါနဲ့ စိတ်ဒဏ်ရာကြောင့် ဖိစီးမှုဝေဒနာ(PTSD) တို့လို စိတ်ကျန်းမာရေးပြဿနာတွေကိုပါ ကုသနိုင်ပါတယ်။ယောဂကစားခြင်းက စိတ်နဲ့ ခန္ဓာ ဆက်သွယ်မှုကို တိုးတက်စေပါတယ်။ လေ့ကျင့်နေရင်း ဟန်ချက်ညီထိန်းညှိမှုတွေကတဆင့် ခန္ဓာကိုယ် ကျန်းမာရေးကောင်းလာပြီး စိတ်တည်ငြိမ်လာ၊ အရာရာကို အရှိအတိုင်း လက်ခံလာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာစေပါတယ်။ယောဂဟာ ခန္ဓာကိုယ် အလှအပအတွက်တင်မကဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေအတွက် ဆေးနည်းတစ်လက် ဖြစ်ပါတယ်။သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာကိုပါ လွှမ်းမိုးမှုရှိတာကြောင့် ပိုပြီးနုပျိုသွက်လက်စေပြီး လွတ်လပ်ပေါ့ပါးတဲ့ သွင်ပြင်ကို ရရှိစေပါတယ်။ ဘဝကို အဓိပ္ပာယ်ရှိရှိ နေသွားနိုင်မယ့် ၊ သက်တမ်းကုန်သည်ထိ နေသွားနိုင်မယ့် စွမ်းအင်တွေကိုလည်း ယောဂက ပေးစွမ်းနိုင်ပါတယ်။ယောဂကစားဖို့ အချိန်မပေးနိုင်တဲ့သူတွေ၊ မလှုပ်ရှားနိုင်တဲ့သူတွေ ရွေးချယ်နိုင်ဖို့ ယောဂလိုပဲ အလားတူ အကြောပြေလျော့စေမယ့် နည်းလမ်းတစ်ခု ရှိသေးတယ်။ အလုပ်လုပ်ရင်း၊ ထိုင်နေရင်း ဒါမှမဟုတ် ခဏနားချိန်အတွင်း ခန္ဓာကိုယ်မှာ လိုတဲ့နေရာ အကြောလျှော့ပေးနိုင်တဲ့ အနှိပ်စက်တွေပါပဲ။အနှိပ်စက် (massaging machines)တွေ ဆိုတာ ဇက်ကြော၊ ခါး၊ကျောနဲ့ပေါင် ကြိုက်တဲ့နေရာနှိပ်လို့ရတဲ့ လျှပ်စစ်သုံး လက်ကိုင်အနှိပ်စက်တွေ ဈေးကွက်မှာ အစုံအလင် ရှိသလို တစ်ကိုယ်လုံး အနှိပ်ခံလို့ရတဲ့ အနှိပ်စက်ထိုင်ခုံတွေလည်း ပါဝင်ပါတယ်။ခြေထောက်နှိပ်စက်ဆိုလည်း အာရုံကြောအစုံရှိတဲ့ ခြေဖဝါး၊ ခြေသလုံး၊ ခြေထောက်နှစ်ဘက်လုံးကို မိနစ်ပိုင်းလေးအတွင်း အကြောပြေလျော့စေနိုင်စွမ်း ရှိပါတယ်။ဒါပမယ့် ဒါက ယောဂအစားထိုး အကြောဖြေလျော့တာပဲဖြစ်ပြီး ယောဂလိုမျိုး ကျန်းမာရေးကောင်းကျိုးတွေ  အပြည့်အဝရမှာတော့ မဟုတ်ပါဘူး။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/balance-and-flexibility/yoga-is-good-for-your-mental-health/
ကလေးတွေအတွက် အကောင်းဆုံးအသီးအနှံများ
ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေဟာ ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ဗီတာမင်နဲ့ အာဟာရဓါတ်တွေကို ဖြည့်တင်းပေးနိုင်ပြီး ကျန်းမာရေးကိုလည်း ကောင်းမွန်စေတဲ့အတွက် အသက်အရွယ်မရွေး စားသုံးပေးသင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ သစ်သီးဝလံတွေဟာဟင်းသီးဟင်းရွက်တွေထက်စာရင် အရသာပိုရှိတာကြောင့် ကလေးတော်တော်များများက သဘောကျတတ်ကြပါတယ်။ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေတဲ့နေရာမှာ အသီးအနှံတွေက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အသီးအနှံတွေမှာ ဗီတာမင်တွေ အများအပြားပါဝင်ပြီး ကလေးတွေကို ကျန်းမာစေတယ်။ကိုယ်ခံအားေကာင်းစေတယ်။ ရောဂါတွေကို အလွယ်တကူ ဝင်မလာနိုင်အောင် ကာကွယ်ပေးနိုင်တယ်။နှလုံးရောဂါ၊ကင်ဆာရောဂါ၊အဝလွန်ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကလေးတွေကို ငယ်စဉ်ကတည်းက အသီးအနှံတွေကို ပုံမှန်စားတဲ့ အလေ့အကျင့်လုပ်ထားပေးဖို့ လိုအပ်ပါတယ်။ဘယ်ရီသီးများ– စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ ချယ်ရီသီး အစရှိတဲ့ ဘယ်ရီသီးတွေကို စားပေးဖို့ လိုအပ်ပါတယ်။ ဘယ်ရီသီးတွေမှာ ကင်ဆာရောဂါကို ဖြစ်မလာအောင် ကာကွယ်ပေးတဲ့ဗီတာမင် Cအပြင် ဦးနှောက်ကို ဖွံ့ဖြိုးစေတဲ့ အာဟာရဓါတ်တွေ အများအပြား ပါဝင်ပါတယ်။ ထမင်းစားပြီးတဲ့အချိန်မှာ ဘယ်ရီသီးတွေကို မုန့်ပဲသွားရည်စာအနေနဲ့ ကျွေးလို့ရသလို ဒိန်ချဉ်နဲ့လည်း ရောပြီး ကျွေးနိုင်ပါတယ်။ပန်းသီး– အမျှင်ဓါတ်၊ အာဟာရဓါတ် ပေါကြွယ်ဝပြီး ကိုယ်ခံအားကိုကောင်းစေတယ်။ ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင်တွေလည်း ပါဝင်လို့ ကျန်းမာကြံ့ခိုင်စေတယ်။ ပန်းသီးဟာ အသက်အရွယ်မရွေး စားပေးသင့်တဲ့ အစားအစာဖြစ်ပြီး တစ်နေ့ကို တစ်လုံး ပုံမှန်စားပေးရုံနဲ့ ရောဂါဘယကင်းစင်ပြီး ကျန်းမာစွာ ကြီးပြင်းလာစေဖို့ ကူညီပေးနိုင်ပါတယ်။ငှက်ပျောသီး– ကာဗိုဟိုက်ဒြိတ် အများအပြားပါဝင်လို့ ကိုယ်ခန္ဓါ ကြွက်သားကို သန်မာစေတယ်။ ကလေးတွေ အထူးသဖြင့် အားကစားလိုက်စားတဲ့သူတွေဆိုရင် ငှက်ပျောသီးကို နေ့စဉ် ပုံမှန်စားပေးသင့်ပါတယ်။ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေပြီး ခန္ဓါကိုယ်အတွက် အားအင်ကို ဖြစ်စေတယ်။ အသားအရည်ကို လှပစေတဲ့ ဗီတာမင် B ဓါတ်၊ နှလုံးကျန်းမာစေတဲ့ ဗီတာမင် C ဓါတ်၊ ပိုတက်စီယမ်ဓါတ်၊ အမျှင်ဓါတ်တွေလည်း ပါဝင်ပါတယ်။လိမ္မော်သီး– ဗီတာမင် C ပါဝင်မှုများတဲ့ အသီးအနှံအဖြစ် လူသိများကြပြီး အသီးအနေနဲ့ရော ဖျော်ရည်အနေနဲ့ပါ ကလေးတွေကို ကျွေးလို့ရပါတယ်။ အသက်ငယ်တဲ့ကလေးတွေကိုတော့ လိမ္မော်စိတ် အနည်းငယ်ကျွေးရုံနဲ့ လုံလောက်ပါတယ်။ အမျှင်ဓါတ်လည်း ပါဝင်ပြီး ကိုယ်ခံအားကို ကောင်းစေလို့ တစ်နေ့ကို လိမ္မော်သီးတစ်လုံး စားပေးနိုင်ရင် အကောင်းဆုံးပါပဲ။စပျစ်သီး–အစာကြေလွယ်စေတဲ့ အမျှင်ဓါတ်တွေအပြင်၊ ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင် C နဲ့ ပိုတက်စီယမ်ဓါတ်တွေ ပါဝင်ပါတယ်။ထောပတ်သီး– နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ Fatty Acid အပြင် ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင် E ၊ ဗီတာမင် B6 တွေ ပါဝင်လို့ ကလေးတွေအတွက် သင့်လျော်တဲ့ အသီးအနှံဖြစ်ပါတယ်။ ထောပတ်သီးကို အစိမ်းစားလို့ ရသလို၊ ဖျော်ရည်အနေနဲ့လည်း ကလေးတွေကို တိုက်ကျွေးနိုင်ပါတယ်။ထမင်းစားပြီးတဲ့အချိန် သရေစာအနေနဲ့ ကျွေးတဲ့အခါမှာ အရောင်စုံသစ်သီးတွေကို သေချာလှီးပြီး ပြင်ဆင်တာက ကလေးတွေကို ပိုပြီး စားချင်စိတ်ဖြစ်လာအောင် ဆွဲဆောင်နိုင်ပါတယ်။ အပြောင်းအလဲအနေနဲ့ သစ်သီးကို ရေများများနဲ့ ကြိတ်ပြီး ဖျော်ရည်အနေနဲ့ တိုက်လို့ ရပါတယ်။ကလေးတွေ မြင်နိုင်လောက်တဲ့ နေရာမှာ သစ်သီးပန်းကန်ကို သေချာပြင်ဆင်ပြီး ထားထားတာမျိုး၊ဒိန်ချဉ်နဲ့ သစ်သီးနဲ့ ရောပြီး ကျွေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ သစ်သီးတွေကို အမျိုးအစားအစုံလင်ကို နည်းနည်းစီ ကျွေးတာမျိုးကလည်း ကလေးတွေကို စားချင်စိတ် ပိုဖြစ်စေပါတယ်။ နေ့စဉ် အသီး အနည်းဆုံးတစ်မျိုးလောက် ပါအောင် စားပေးနိုင်ရင် ကလေးတွေအတွက် လုံလောက်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1-%e1%80%95%e1%80%af%e1%80%b6%e1%80%99%e1%80%be%e1%80%94%e1%80%ba%e1%80%85%e1%80%ac%e1%80%b8%e1%80%95%e1%80%b1%e1%80%b8%e1%80%9e%e1%80%84/
Mitral Valve Prolapse (နှလုံးအဆို့ရှင် ပြားသွားခြင်း ဆိုတာ ဘာလဲ)
နှလုံးအဆို့ရှင်ပြားကပ်ခြင်းဆိုတာ နှလုံးဘယ်ဘက်ခြမ်းမှာရှိတဲ့ အဆို့ရှင်အဖက်၂ခုက သေချာမပိတ်နိုင်တော့ဖြစ်ပြီး တချို့မှာပြားကပ်ပြီး နှလုံးရဲ့ ဘယ်ဘက်သွေးလွှတ်ခန်းနံရံကို ကပ်နေလေ့ရှိတယ်။ နှလုံးသွေးကြောမကြီးရဲ့ အဆို့ရှင်ပြားကပ်ခြင်းကို Click-murmur Syndrome (နှလုံးငြီးသံ) ၊ Barlow’s Syndrome? Floppy valve syndrome လို့ခေါ်ကြတယ်။နှလုံးအဆို့ရှင်ပြားကပ်ခြင်းသဟာ အဖြစ်များတဲ့ပြဿနာဖြစ်ပြီး လူဦးရေရဲ့ ၂-၃%မှာ ဖြစ်တတ်တယ်။ နှလုံးသွေးကြောမကြီးရဲ့ အဆို့ရှင်ပြားကပ်ခြင်းရဲ့ ၂-၃%ဟာ အမေရိကန်နိုင်ငံက လူဦးရေ ၇.၈သန်းမှာဖြစ်နိုင်ပြီး တကမ္ဘာလုံးမှာ ၁၇၆သန်းဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။နှလုံးအဆို့ရှင်ပြားကပ်ခြင်းကို အသက် ၅၀ကျော်အမျိုးသားတွေမှာ အတွေ့ရများပါတယ်။ တွယ်ဆက်တစ်ရှူး(ကော်လာဂျင်၊ အရွတ်များ၊ တွယ်ဆက်တဲ့ Ligment များ)ပုံမမှန်တဲ့ရောဂါနဲ့ မွေးလာတဲ့လူတွေမှာ ဒီရောဂါကို တွေ့ရများပါတယ်။သို့သော် အဖြစ်များစေတဲ့အကြောင်းတွေကို လျှော့ချပြီး ရောဂါကိုကာကွယ်နိုင်ပါတယ်။ ထပ်မံသိလိုသော အချက်များရှိပါက ဆရာဝန်နှင့် ဆွေးနွေးမေးမြန်းပါ။နှလုံးအဆို့ရှင်ပြားကပ်ခြင်းဟာ မပျောက်ကင်းနိုင်တဲ့ရောဂါဖြစ်သော်လည်း လူတော်တော်များများမှာ ရောဂါလက္ခဏာခံစားရလေ့ မရှိပါဘူး။ ရောဂါရှာတွေ့လျှင် လူတွေက သူတို့မှာ နှလုံးရောဂါဖြစ်နေတယ်လို့ ထင်တတ်ကြတယ်။ရောဂါရဲ့ လက္ခဏာတွေပြလာလျှင် နှလုံးကသွေးတွေက အဆို့ရှင်ကနေတဆင့် နောက်ပြန်စိးဆင်းနေတာကို တွေ့ရပါတယ်။ နှလုံးအဆို့ရှင်ပြားကပ်ခြင်းရဲ့ လက္ခဏာဟာ တယောက်နဲ့တယောက် မတူနိုင်ပါဘူး။ ရောဂါက ဖြစ်ဖြစ်ချင်းသိပ်မဆိုးဘဲ တဖြည်းဖြည်းချင်း ဖြစ်လာတတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ –။အပေါ်မှာပြထားတဲ့ လက္ခဏာတွေဖြစ်လျှင် ဆရာဝန်နှင့်ပြသပါ။တခြားရောဂါအခြေအနေတွေကလည်း နှလုံးအဆို့ရှင်ပြားကပ်တာနဲ့ လက္ခဏာတူနိုင်တဲ့အတွက် ဆရာဝန်နှင့်တိုင်ပင်ခြင်းဖြင့်သာ သေချာသိနိုင်ပါတယ်။ သင်ဟာရင်ဘက်အောင့်နေပြီး နှလုံးတိုက်ခိုက်ခံရတာလို့ထင်လျှင် ကျန်းမာရေးစောင့်ရှောက်မှုကို အမြန်ရယူပါ။သင်မှာ နှလုံးအဆို့ရှင်ပြားကပ်တဲ့ရောဂါ ရှိတယ်လို့ သိထားလျှင် ရောဂါလက္ခဏာမဆိုးခင် ဆရာဝန်နှင့် ပြသပါ။တကယ်လို့ မေးမြန်းလိုတာရှိလျှင် ဆရာဝန်နှင့် ပြသပါ။ လူတိုင်းရဲ့ကိုယ်ခန္ဓါဟာ တုံ့ပြန်မှုမတူတတ်ကြပါဘူး။ သင့်အခြေအနေကို ဆရာဝန်နှင့်ဆွေးနွေးခြင်းဟာ အကောင်းဆုံးပါ။နှလုံးအဆို့ရှင်ပြားကပ်ခြင်းကို အဖြစ်များစေတဲ့အကြောင်းမှာ အဆို့ရှင်ရဲ့ အဖက်တွေက ပုံမှန်မဟုတ်ဘဲ ဆန့်ထွက်နေလို့ ဖြစ်တယ်။ နှလုံးအဆို့ရှင်ပြားကပ်ခြင်းက လူဦးရေရဲ့ ၂%မှာ ဖြစ်တတ်ပါတယ်။ လူတစ်ယောက်ဟာ နှလုံးအဆို့ရှင်ပြားကပ်ပြီး မွေးလာနိုင်ပါတယ်။ တခြားကျန်းမာရေးပြဿနာ( ဥပမာ- တွယ်ဆက်တစ်ရှူးရောဂါ) များကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။သင့်နှလုံးက အလုပ်လုပ်သောပြီး နှလုံးရဲ့ ဘယ်ဘက်သွေးလွှတ်ခန်းကညှစ်စောအခါ နှလုံးသွေးတွေ ဘယ်လက်အပေါ်ခန်းကို ပြန်မရောက်စေရန် အဆို့ရှင်က ကာပေးထားပါတယ်။အဆို့ရှင်ပြားကပ်နေတဲ့အခါ ပိတ်တဲ့နေရာမှာ တင်းတင်းကြပ်ကြပ်မရှိတော့ပါဘူး။ ဒါ့ကြောင့်သွေးတွေက နောက်ပြန်စီးဆင်းပါတယ်။သွေးအနည်းငယ်သာ နှလုံးသွေးလွှတ်ခန်းဆီ နောက်ကိုပြန်စီးဆင်းခြင်းက ပြဿနာမဟုတ်ပါဘူး။ ဆိုးရွားပြင်းထန်တဲ့ အခြေအနေမှာ အသက်ရှူမဝခြင်း၊ မောပန်းခြင်း၊ ခေါင်းအနည်းငယ်ကိုက်ခြင်း ဖြစ်စေနိုင်ပါတယ်။နှလုံးအဆို့ရှင်ပြားကပ်ခြင်းကို တခြားခေါ်တဲ့နာမည်များမှာ-။အဖြစ်များစေတဲ့ အချက်များမှာ-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။များသောအားဖြင့် ဆရာဝန်က သင့်နှလုံးခုန်သံကို နားထောင်ပြီး သိနိုင်ပါတယ်။ သင့်မှာ နှလုံးအဆို့ရှင်ပြားကပ်ခြင်းရှိလျှင် သင့်နှလုံးခုန်သံမှာ ကလစ်အသံကြာရနိင်ပါတယ်။ မတ်တပ်ရပ်နေချိန်မှာ ပိုသိသာပါတယ်။ ဒီအသံကြားပါက ဆရာဝန်က တခြားစစ်ဆေးမှုတွေကို လုပ်ပါလိမ့်မယ်။ရောဂါနာမည်မတပ်ခင် ဆရာဝန်မှ သင့်နှလုံးအခြေအနေကို ပိုသိရန် စစ်ဆေးမှုတွေများစွာ လုပ်ပါလိမ့်မယ်။ ဒါတွေကတော့-။နှလုံးအဆို့ရှင်ပြားကပ်ခြင်းက လူနာတော်တော်များများမှာ တွေ့ရတဲ့ ပြဿနာဖြစ်ပြီး ပုံမှန်အားဖြင့် ကုသမှုခံယူဖို့ မလိုအပ်ပါဘူး။နှလုံးအဆို့ရှင်ပြားကပ်ခြင်းကြောင့် နှလုံးသွေးတွေ ပြင်းပြင်းထန်ထန်ကျန်နေတဲ့ လူနာတွေမှာ မလုံတဲ့အဆို့ရှင်ကို ခွဲစိတ်ပြီး ပြုပြင်ခြင်း ၊ အစားထိုးခြင်းပြုလုပ်နိုင်ပါတယ်။ နှလုံးအဆို့ရှင် ပြားကပ်ခြင်းကြောင့် နှလုံးသွေးတွေကျန်ပြီး နှလုံးကြပ်ခြင်းဖြစ်နေတဲ့လူနာတွေမှာ ခွဲစိတ်တာက အကောင်းဆုံးနည်းလမ်းပါ။Echo မှာ နှလုံးသွေးကျန်မှု မရှိတဲ့လူနာတွေမှာ နှလုံးအဆို့ရှင်ပြားကပ်ခြင်းဟာ ဘာမှမဖြစ်စေနိုင်ပါဘူး။ လူတိုင်းအတွက် ကုသမှုကမတူနိုင်ပါဘူး။ ပါဝင်နိုင်တာတွေကတော့-။နှလုံးအဆို့ရှင်ပြားကပ်ခြင်းကြောင့် ရင်အရမ်းတုန်တဲ့လူနာတွေမှာ နှလုံးခုန်နှေးအောင် Beta blocker ဆေးပေးနိုင်ပါတယ်။နှလုံးအဆို့ရှင်ပြားကပ်ခြင်းအတွက် နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးတွေက ဘာတွေလဲ။နှလုံးအဆို့ရှင်ပြားကပ်ခြင်းကို ခံစားနေရတဲ့ လူတော်တော်မျာများမှာ ရောဂါလက္ခဏာမတွေ့ရဘဲ သာမန်အတိုင်းပဲ နေနိုင်ပါတယ်။ဆရာဝန်တွေက သင့်နေထိုင်မှုနဲ့ အစားအသောက်တွေကို ပြောင်းလဲကန့်သတ်ခြင်း မရှိပါဘူး။ သို့သော် လူနာက ပြောင်းလဲဖို့ ဆန္ဒရှိလျှင် ဆရာဝန်ကိုမေးပါ။ တကယ်လို့သင့်မှာ နှလုံးသွေးကျန်တာက ဆိုးရွားလျှင် အခြေအနေပိုမဆိုးအောင် ဝိတ်မခြင်းကဲ့သို့ လေ့ကျင့်ခန်းတွေမလုပ်ဖို့ လိုပါတယ်။သင့်အခြေအနေကိုသိရန် ဆရာဝန်က ပုံမှန်ပြန်ပြဖို့ ညွှန်းဆိုပါလိမ့်မယ်။မေးမြန်းလိုတာရှိပါက ဆရာဝန်နှင့်တွေ့ဆုံမေးမြန်းပြီး သင့်အတွက် အကောင်းဆုံးအဖြေများကို ရယူလိုက်ပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-valve/mitral-valve-prolapse-%e1%80%94%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%a1%e1%80%86%e1%80%ad%e1%80%af%e1%82%94%e1%80%9b%e1%80%bd%e1%80%84%e1%80%b9-%e1%80%bb%e1%80%95%e1%80%ac%e1%80%b8/
သင့်ကလေးကို အမြဲနိုးကြားတက်ကြွနေအောင် ဘယ်လိုကူညီပေးမလဲ
နည်းပညာ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာအားကစားလိုက်စားတဲ့ ကလေးတွေဟာ နည်းသထက်နည်းလာပါတယ်။ ကလေးတွေဟာ အရင်ကလို အပြင်ထွက် ဆော့ကစားတာမျိုး မလုပ်တော့ပဲ အိမ်ထဲမှာပဲ နေပြီး တီဗီကြည့်လာကြတာ၊ ဖုန်း၊ ကွန်ပျူတာ အသုံးများလာကြတာ၊ ကျောင်းက ပေးလိုက်တဲ့ အိမ်စာတွေကို လုပ်နေရလို့ အပြင်ထွက်ပြီး ကစားဖို့တောင် အချိန်မရှိတော့တဲ့အထိ ဖြစ်လာကြပါတယ်။ ကြာလာတဲ့အခါ ကလေးပီပီ တက်တက်ကြွကြွမရှိပဲ ပျင်းရိထိုင်းမှိုင်းလာပါတယ်။ ဒီတော့ ကလေးတွေကို အမြဲနိုးကြားတက်ကြွနေဖို့ အားကစားလုပ်ခိုင်းဖို့၊လေ့ကျင့်ခန်းပုံမှန် လုပ်ဖို့ မိဘတွေဘက်က တွန်းအားပေးဖို့ လိုအပ်လာပါတယ်။ယနေ့ခေတ် ကလေးအများစုက အိမ်ထဲမှာပဲ ငြိမ်ငြိမ်လေး နေတတ်ကြပြီး အားကစားလုပ်ဖို့ စိတ်မပါတတ်ကြပါဘူး။ ဒီလိုကလေးတွေကို အတင်းအကြပ် ခိုင်းတဲ့ပုံစံမျိုးမဟုတ်ပဲ ကလေးကိုယ်တိုင်က စိတ်ပါလာအောင်၊ မိဘတွေဘက်က ဘယ်လိုနည်းလမ်းတွေနဲ့ တွန်းအားပေးသင့်လဲဆိုတာကို ပြောပြပေးမယ်နော်။၁။ သမားရိုးကျအားကစားပဲ မလုပ်ခိုင်းပါနဲ့။ဘောလုံးကန်တာ၊ ဘတ်စကတ်ဘောပုတ်တာ ဝါသနာပါတဲ့ ကလေးတွေ ရှိသလို ဝါသနာမပါတဲ့ ကလေးလည်း ရှိမှာပါ။ စိတ်မပါတဲ့ အားကစားကို အတင်းအကြပ်လုပ်ခိုင်းလို့ ကလေးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့်အပြင် အားကစားလုပ်ချင်စိတ်ပါ လျော့သွားတာပဲ အဖတ်တင်မှာပါ။ အကသင်တာ၊ တောင်တက်တာ၊ ရေကူးတာ၊ ကိုယ်ခံပညာ သင်ယူတာ စတဲ့ အားကစားမျိုးတွေကို ဝါသနာပါ၊ မပါသိနိုင်ဖို့အတွက် အစမ်းလုပ်ခိုင်းကြည့်ပါ။၂။ ကလေးတွေနဲ့ အတူ အားကစားလုပ်ပါ။ကလေးတွေဟာ မိဘတွေနဲ့အတူ ပျော်ပျော်ပါးပါးကစားရတာကို သဘောကျတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ကလေးတစ်ယောက်တည်းကိုပဲ ကစားခိုင်းမယ့်အစား ကိုယ်ပါ ဝင်ရောက်ကစားပေးပါ။ မနက်ခင်းမှာ မိသားစု စုံစုံလင်လင် လမ်းထွက်လျှောက်တာ၊ အပြေးပြိုင်တာ၊ ရေကူးတာ၊ စက်ဘီးစီးတာတွေဟာ ကလေးတွေကို လေ့ကျင့်ခန်းလုပ်ဖို့ ပိုပြီး စိတ်အားထက်သန်စေပါတယ်။၃။ တီဗွီ လျှော့ကြည့်ခိုင်းပါ။သုတေသီတွေ လေ့လာချက်အရ ယနေ့ခေတ်ကလေးတွေဟာ နေ့စဉ် အနည်းဆုံး ၇နာရီလောက်တီဗီကြည့်တာ၊ ဖုန်းသုံးတာ၊ ဂိမ်းဆော့တာ၊ ကွန်ပျူတာအသုံးပြုနေကြတာကို တွေ့ရှိရပါတယ်။ ဒီလို အိမ်ထဲမှာပဲ အောင်းနေရတဲ့အတွက် မျက်စိကို ထိခိုက်စေနိုင်သလို အရွယ်မတိုင်ခင် အဝလွန်ရောဂါတွေကိုလည်း ကြုံလာရနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို တီဗီကြည့်ချိန်၊ ဖုန်းအသုံးပြုဖို့ သတ်မှတ်ထားတဲ့အချိန်ကို တစ်နာရီကနေ အများဆုံး ၂နာရီအထိသာ ခွင့်ပြုပေးသင့်ပါတယ်။၄။ ကလေးအတွက် စံနမူနာကောင်းတစ်ယောက် ဖြစ်ပါစေ။အတုမြင် အတတ်သင်တဲ့ ကလေးတွေဟာ ကိုယ့်အနားမှာ ရှိနေတဲ့ လူကြီးတွေရဲ့ နေပုံထိုင်ပုံကို အမြဲလေ့လာနေပြီး လိုက်လုပ်တတ်တာ သဘာဝပါ။ ကိုယ်တိုင်ကတော့ တီဗီရှေ့မှာ အချိန်ပြည့်ထိုင်နေပြီး ကိုယ့်ကလေးကိုတော့ အားကစားလုပ်ခိုင်းဖို့ တိုက်တွန်းနေရင်တော့ အဆင်မပြေပါဘူး။ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး လုပ်တတ်တဲ့ လူကြီးတစ်ယောက်ကို ကြာလာရင် လေးစားမှုပါ ပျက်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကလေးကို အားကစားလုပ်ဖို့ တိုက်တွန်းတဲ့နေရာမှာ ကိုယ်တိုင်ကလည်း အားကစားလိုက်စားတဲ့ သူတစ်ယောက်၊ အမြဲတက်ကြွနေတဲ့သူတစ်ယောက်ကလေးတွေစိတ်ထဲမှာ အတုယူချင်စိတ် ဖြစ်စေတဲ့ စံနမူကောင်းတစ်ယောက် ဖြစ်ဖို့ အရေးကြီးပါတယ်။၅။ ချီးမွမ်းစကား ပြောပေးပါ။ကလေးတစ်ယောက်ကိုထိန်းကျောင်းတဲ့ နေရာမှာ စိတ်ရှည်သည်းခံမှုဟာ မိဘတွေအတွက် အလွန်လိုအပ်တဲ့ အရာပါ။ ကိုယ့်ရဲ့ ကလေးက အားကစားမှာပဲ ဖြစ်ဖြစ်၊ စာမှာပဲဖြစ်ဖြစ် တခြားကလေးတွေလောက် မတော်ခဲ့ဘူးဆိုရင်တောင် အားပေးပါ။ အကောင်းဆုံး ကြိုးစားပေးခဲ့တဲ့အတွက် ချီးကျူးစကား ပြောပေးပါ။ ကိုယ်က ကိုယ့်ရဲ့ ကလေးအတွက် အစဉ်အမြဲ ဂုဏ်ယူနေမှ ကိုယ့်ရဲ့ ကလေးကလည်း မိဘတွေအတွက် ပိုပြီး ကြိုးစားလိုစိတ်၊ တိုးတက်လိုစိတ်တွေ ဖြစ်လာမှာပါ။၆။ ကလေးတွေကို အပေါင်းအသင်းတွေနဲ့ အတူကစားခိုင်းပါ။ကလေးအများစုကအပေါင်းအသင်းတွေနဲ့ အတူဆော့ကစားချင်ကြတာ သဘာဝပါပဲ။ ကိုယ့်ရဲ့ ကလေးက အိမ်ထဲမှာပဲ အောင်းနေပြီး အိမ်စာလုပ်နေတာ၊ တီဗီကြည့်နေတာထက်စာရင် သူငယ်ချင်းတွေနဲ့ အပြင်ထွက်ပြီး ပြေးလွှားဆော့ကစားနေတာ ပိုကောင်းပါတယ်။ ပိတ်ရက်တွေမှာ အားကစားလုပ်ရင်လည်း သူတို့ရဲ့ သူငယ်ချင်းတွေကိုပါ ခေါ်ပြီး အတူကစားခိုင်းတာက ရင်းနှီးမှုကို တိုးစေသလို ပိုပြီးပျော်ဖို့လည်း ကောင်းပါတယ်။၇။ အားကစားကို ပုံမှန်လုပ်ဖို့ အလေ့အကျင့်လုပ်ပေးပါ။မိသားစုရဲ့ နေ့စဉ်လုပ်ငန်းတာဝန်မှာ အားကစားလုပ်ဖို့ အချိန်ကိုပါ သေချာသတ်မှတ်ထားသင့်ပါတယ်။ အလုပ်၊ ကျောင်း၊ စာ၊ အိမ်မှုကိစ္စပြီးတာနဲ့ မိသားစုလိုက် ပျော်ပျော်ပါးပါး ဆော့ကစားတာမျိုး၊ အချိန်တစ်ခုကို သတ်မှတ်ပြီး ကိုယ့်ကလေးနဲ့ အတူ အားကစားလုပ်တာမျိုး အလေ့အကျင့်လုပ်ပေးပါ။ ကိုယ်က မအားတဲ့အခါမျိုးမှာ ကလေးရဲ့ အပေါင်းအသင်းတွေကို အိမ်လာလည်ပြီး အတူကစားခိုင်းရင်လည်း အဆင်ပြေပါတယ်။ဘယ်လိုအချိန်မျိုးမှာ အားကစားလုပ်ပေးသင့်လဲ။နေသာတဲ့ မနက်ခင်းမျိုးမှာ အလုပ်မသွားခင်၊ ကျောင်းမသွားခင်လမ်းလျှောက်တာ၊ ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်တာ၊ ပြေးတာ၊ စက်ဘီးစီးတာမျိုး လုပ်ပေးပါ။ ကလေးတွေ ကျောင်းက ပြန်လာတဲ့အချိန်၊ အနားယူပြီး၊ အိမ်စာတွေ လုပ်ပြီးတဲ့အချိန်မှာ အပြင်ထွက်ပြီး ကစားခိုင်းပါ။ မိုးတွင်း၊ ဆောင်းတွင်းလို အေးမြတဲ့ ရာသီတွေမှာ မိသားစုလိုက် ပန်းခြံလိုနေရာမျိုးမှာ လေကောင်းလေသန့် ရှူရှိုက်ရင်း အားကစားလုပ်လို့ ရပါတယ်။ ကလေးတွေကို စာလုပ်ချိန်တန် စာလုပ်၊ ကစားချိန်တန် ကစား၊ အမြဲလန်းဆန်းတက်ကြွနေစေဖို့နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာနိုင်ဖို့အတွက် မိဘတွေဘက်က ငယ်စဉ်ထဲက အလေ့အကျင့်လုပ်ထားပေးသင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%ac%e1%80%b8%e1%80%80%e1%80%85%e1%80%ac%e1%80%b8%e1%80%9c%e1%80%af%e1%80%95%e1%80%ba/
Hepatic Encephalopathy (အသည်းကြောင့်ဖြစ်သော ဦးနှော်က်ရောဂါ)
အသည်းကြောင့်ဖြစ်သော ဦးနှောက်ရောဂါဆိုသည်မှာ အသည်း ပျက်စီးသော သူများတွင် အပြုအမူ၊ စိတ်အခြေအ နေနှင့် အာရုံကြောစနစ် ပြောင်းလဲမှုဖြစ်ခြင်းကို ခေါ်ပါသည်။ သွေးလည်ပတ်မှုစနစ် နှင့် ဦးနှောက်တွင် အမိုနီးယား (ammonia) များခြင်းသည် ဤပြောင်းလဲမှုများကို ဖြစ်စေသည်ဟု ထင်ပါသည်။ အစာ အိမ်နှင့် အူအတွင်းရှိ ဘက်တီးရီးယားသည် အမိုနီးယားကို ပြုလုပ်သည်။ အများအားဖြင့် အသည်းသည် အမိုနီးယားကို ဓါတ်ပြောင်းလဲပစ်သည် (အမိုနီးယားကို အန္တရာယ် မရှိ အောင်လုပ်ခြင်းဖြစ်သည်)။ သို့သော်လည်း အသည်းရောဂါ ရှိသူများသည် အသည်းအလုပ်မလုပ်ခြင်းကြောင့် အမိုနီးယား များ ပိုများနေပါသည်။ အမိုနီးယားသည် သွေးတွင်းဝင်ကာ ဦးနှောက်သို့ရောက်ရှိသည်။ ဦးနှောက် လုပ်ငန်းများကို နှောင့် ယှက်ပြီး ရောဂါလက္ခဏာများကို ဖြစ်စေသည်။ဤဦးနှောက်ရောဂါသည် အသည်းခြောက်သူများ အား လုံး၏ ၅၀ရာခိုင်နှုန်းကျော်တွင် ဖြစ်ပွားသည်။ မကုသပါက သတိမရဖြစ်ခြင်းနှင့် သေဆုံးခြင်း ဖြစ်နိုင်သည်။ ၎င်းသည် ကူးစက်ပျံ့ပွားခြင်း မရှိပါ။ မိဘမှ ကလေးသို့ ကူးခြင်းလည်း မရှိပါ။အသည်းကြောင့်ဖြစ်သော ဦးနှောက်ရောဂါ၏ အဓိက ရောဂါလက္ခဏာများမှာ မည်သည့်နေရာသို့ ရောက်နေမှန်းမသိခြင်း၊ သတိမေ့တတ်ခြင်း နှင့် စိတ်ရှုပ်ထွေးခြင်းတို့ ဖြစ်သည်။ အိပ်ချင်နေပြီး စိတ်နေစိတ်ထား ပြောင်းလဲခြင်း၊ လေးလံထိုင်းမှိုင်းခြင်း၊ မှတ်ဉာဏ် ဆုံးရှုံးခြင်း နှင့် သတိမရခြင်းတို့ ဖြစ်နိုင် သည်။အခြားလက္ခဏာများမှာ အသားဝါခြင်း၊ စကားပြောရာ တွင် ခက်ခဲခြင်း၊ တုန်ရီခြင်း၊ တုန်လှုပ်ပြီး ညီညွတ်မှုမရှိသော လှုပ်ရှားမှုများဖြစ်ခြင်းတို့ ပါဝင်သည်။ထို့အပြင် အသည်းရောဂါလက္ခဏာများ ဖြစ်သော အ သားဝါခြင်း၊ ရင်သားကြီးခြင်း၊ ဝှေးစေ့သေးခြင်း (အမျိုးသား များတွင်)၊ ရေဖျဉ်းစွဲခြင်း နှင့် ခြေထောက် များ ဖောရောင်ခြင်းတို့ ဖြစ်နိုင်ပါသည်။အသည်းကြောင့်ဖြစ်သော ဦးနှောက်ရောဂါကို အဆင့် ၁မှ ၄အထိ ပိုင်းခြားထားသည်။ အဆင့် (၁) တွင် အနည်းငယ် စိတ် ရှုပ်ထွေးခြင်း၊ အာရုံစိုက်မှု နည်းခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အလုပ်များ လုပ်နိုင်စွမ်းကျခြင်းတို့ ဖြစ်သည်။ အဆင့် (၂) တွင် ထုံထိုင်းလေးလံခြင်း၊ ငိုက်မျဉ်းခြင်း၊ ကိုယ်ရေ ကိုယ်သွေး ပြောင်းလဲခြင်း၊ စိတ်ပိုင်းဆိုင်ရာ အလုပ်များလုပ် ရာတွင် ပြဿနာအကြီးအကျယ် တက်ခြင်းတို့ ဖြစ်သည်။ အဆင့် (၃) တွင် အိပ်ချင်လာသည် (သို့သော် နိုး၍ရသည်)။ စိတ်ပိုင်းဆိုင်ရာ အလုပ်များ မလုပ်နိုင်ပါ။ မည်သည့်နေရာမှန်း မသိတော့ပါ (နေရာနှင့် အချိန်)။ အဆင့် (၄) တွင် သတိလစ် မေ့မြောခြင်း ဖြစ်သည်။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခု ရှိနေသည်ဟု စိုးရိမ်ပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်သည်။သင် သို့မဟုတ် သင့်ဆွေမျိုးများတွင် အထက်ဖော်ပြပါ လက္ခဏာများ ရှိပါက အထူးသဖြင့် အရင်က အသည်းရောဂါ ဖြစ်ဖူးသူများတွင် ရှိပါက ဆရာဝန်အား အကြောင်းကြားပါ။ ရောဂါသည် လျင်မြန်စွာ တိုးပွားလာပြီး ပြင်းထန်စွာ အန္တရာယ် ဖြစ်စေပါသည်။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်း ဆုံး ဖြစ်ပါသည်။အသည်းကို ဖျက်ဆီးပြီး အသည်းလုပ်ငန်း ကျရှုံးမှုကို ဖြစ်စေသော ရောဂါများသည် အသည်းကြောင့်ဖြစ်သော ဦးနှောက်ရောဂါကို ဖြစ်စေသည်။ ထိုရောဂါ အချို့မှာ ဗိုင်း ရပ်စ် ကြောင့်ဖြစ်သော အသည်းရောင်ရောဂါ ( အသည်း ရောင်ရောဂါ ဘီ နှင့် အသည်းရောင်ရောဂါ စီ) ၊ ပြင်းထန် သော ရောဂါပိုးကူးစက်မှုများ၊ ကိုယ်ခံအားပြန်လည် တိုက် ခိုက်မှု ရောဂါများ၊ ကင်ဆာရောဂါ တို့ဖြစ် သည်။စတီးရွိုက်မပါသော အရောင်ကျဆေးများ စသော ဆေး များနှင့် အရက်ကဲ့သို့ အဆိပ်အတောက်များသည် လည်း ရောဂါကို ဖြစ်စေနိုင်သည်။အသည်းခြောက်ရောဂါရှိသူများသည် စိတ်ငြိမ်ဆေးများ နှင့် အကိုက်အခဲပျောက်ဆေးများ သုံးခြင်းဖြင့် ရောဂါရနိုင် သည်။အသည်းကြောင့်ဖြစ်သော ဦးနှောက်ရောဂါ ဖြစ်နိုင်ချေကို မြင့်စေသော အချို့အချက်များမှာ-။• ရေဓါတ်ခန်းခြောက်ခြင်း။• ပရိုတင်းဓါတ်များ အလွန်စားခြင်း။• အူ၊ အစာအိမ်၊ အစာရေမြိုမှ သွေးထွက်ခြင်း။• ရောဂါပိုးကူးစက်မှုများ။• ကျောက်ကပ်ပြဿနာများ။• ခန္ဓါကိုယ်တွင် အောက်စီဂျင်ပမာဏ နည်းခြင်း။• အဓိက အာရုံကြောစနစ်ကို ဖိနှိပ်သော ဆေးများ (ဥပမာ- Barbiturates၊ benzodiazeoine စိတ်ငြိမ်ဆေးများ)။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် ခန္ဓါကိုယ်စစ်ဆေးမှုကို ပြည့်စုံအောင် ပြု လုပ်လိမ့်မည်။ အခြား ပြဿနာမှ ခွဲခြားသိနိုင်ရန် သွေးစစ် ခြင်း၊ ဓါတ်မှန်ရိုက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ အဘယ် ကြောင့်ဆိုသော် အသည်းကြောင့်ဖြစ်သော ဦးနှောက်ရောဂါ သည် အခြားရောဂါများ၏ လက္ခဏာများနှင့် ဆင်တူသော ကြောင့်ဖြစ်သည်။ ထိုရောဂါများမှာ အရက်ဖြတ်ခြင်း၊ စိတ်ငြိမ် ဆေး အလွန်အကျွံသောက်မိခြင်း၊ ဦးနှောက်အမြှေးပါး ရောင် ခြင်း၊ သွေးတွင်း သကြားဓါတ်နည်းခြင်း၊ ဦးနှောက်ကင်ဆာ၊ ဦးနှောက်တွင် သွေးခဲပိတ်ခြင်းတို့ ဖြစ်ပါသည်။အသည်းကြောင့်ဖြစ်သော ဦးနှောက်ရောဂါသည် အရေး ပေါ်အခြေအနေတစ်ခုဖြစ်ပြီး ဆေးရုံတက်ရန် လိုအပ်သည်။ ကုသမှု၏ ရည်ရွယ်ချက်သည် ဖြစ်စေသော အကြောင်းရင်းကို ရှာ၍ ကုသရန် ဖြစ်သည်။ ဥပမာ- ဆေးများ၊ အစာအိမ်နှင့် အူ လမ်းကြောင်းသွေးထွက်ခြင်း၊ ဇီဝကမ္မ ပြဿနာများ။ အထူး သဖြင့် ဖြစ်စေသော အကြောင်းရင်းသည် အစာအိမ်နှင့် အူ လမ်းကြောင်း သွေးထွက်ခြင်းဖြစ်ပါက ချက်ချင်း ကုသရန် လို အပ်သည်။Lactulose ဟူသော ဆေးသည် ဝမ်းပျော့ဆေးဖြစ်ပြီး အူအား ရှင်းလင်းရန် ကူညီသည်။ ထိုအခါ ဘက်တီးရီးယား များသည် အမိုနီးယားကို မထုတ်လုပ်နိုင်တော့ပေ။ တစ်ခါတစ်ရံ neomycin ဟူသော ပဋိဇီဝဆေးကို အသုံးပြုနိုင်သည်။ ထို ဆေးသည် အူအတွင်းရှိ ဘက်တီးရီးယားများကို သတ်ကာ အမိုနီးယားကို နည်းစေသည်။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် အသည်းကြောင့်ဖြစ်သော ဦးနှောက်ရောဂါ ကို ထိန်းချုပ်နိုင် ပါသည်။• အသည်းကြောင့်ဖြစ်သော ဦးနှောက်ရောဂါကို အရင် အခြေအနေပြန်ရောက်အောင် ကုသနိုင်သည်။ သို့ သော်လည်း သတိပြန်မရပါက သေဆုံးနိုင်မှု မြင့်ပါ သည်။• အသည်းရောဂါရှိသော မိသားစုဝင်တွင် အပြုအမူ၊ ကိုယ်ရည်ကိုယ်သွေး နှင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲ မှုများ ဖြစ်ပါက ဆရာဝန်အား အကြောင်းကြားပါ။• အရက်မသောက်ပါနှင့်။ အထူးသဖြင့် အသည်း ခြောက်ခြင်း ဖြစ်နေပါက။• အသည်းရောဂါရှိသူများတွင် အလွယ်တကူဝယ်၍ ရသော အိပ်ဆေးများသည် ရောဂါကို ဖြစ်စေသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/hepatic-encephalopathy-%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac/
လူတိုင်းမှာ ပင်ကိုအလှတရားကိုယ်စီပိုင်ဆိုင်ထားကြတယ်
လူတိုင်းကို သဘာဝတရားက အလှတရားတစ်မျိုးစီလောက်တော့ပေးထားစမြဲပါ။ အသားဖြူတဲ့သူကလည်းဖြူတဲ့သူအလျောက် ညိုတဲ့သူကလည်း ညိုတဲ့သူအလျောက် လှကြတာပါပဲ။ အသားဖြူတဲ့သူကိုကျဖြူချောလို့ တင်စားကြသလို ညိုတဲ့သူကိုလည်း ညိုချောရယ်လို့ခေါ်ကြတာ ကိုကြားဖူးကြမှာပါ။ အသားဖြူမှလှတယ်၊ အသားညိုလို့မလှဘူးဆိုတာမျိုးတော့မရှိပါဘူး။ အားလုံးကတစ်ယောက်တစ်မျိုးစီလှကြတာပါပဲ။ ယနေ့ခေတ်ပျိုမေလေးတွေက ကိုရီးယား မင်းသမီးလေးတွေကိုကြည့်ပြီး အသားဖြူမှလှတယ်လို့ ယူဆနေကြပြီး အသားဖြူဖို့ကို အဓိကထားလုပ်နေကြပါတယ်။ အသားဖြူတယ်ညိုတယ်ဆိုတာထက် တကယ့် အလှအပက အသားအရေကစိုပြေကြည်လင်လှပဖို့ပါပဲ။ ကျန်းမာပြီး စိုပြေကြည်လင်တဲ့ အသားအရေကိုပိုင်ဆိုင်ထားမယ်ဆိုရင် ဘယ်လိုကြည့်ကြည့် မျက်စိထဲမှာ ကြည့်လို့ကောင်းပြီး ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ဘဝင်ကျနေမယ်ဆိုတာ အသေအချာပါပဲ။အသားအရေလှပမှုက လူကိုယုံကြည်မှု တိုးစေတဲ့အချက်တွေထဲက တစ်ခုပါပဲ။ မှန်ရှေ့မှာ ရပ်လိုက်လို့ ကိုယ့်ကိုယ်ကို ကြည့်ရတာလှနေရင်ပျော်လိုက်တာဆိုတဲ့ ခံစားချက်မျိုး ကျွန်မတို့မိန်းကလေးတော်တော်များများခံစားဖူးမယ်ထင်ပါတယ်။ ယုံကြည်မှုလည်း ပိုတိုးသွားသလိုပဲနော်လေဒီတို့။ ဒီတစ်ခေါက်တော့ ကြည်လင်ဝင်းပတဲ့အသားအရေပိုင်ရှင် ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးပါရစေနော်။အရိုးစင်းဆုံးလေးတွေကနေစလိုက်ကြပါစို့။တစ်နေ့ကိုရေ ၆ ခွက် ကနေ ၈ ခွက်အထိအထိသောက်ပေးပါ။ အမြဲရေဓါတ်ပြည့်ဝနေပါစေ။ရေကအသားအရေကိုကြည်လင်စေပြီး စိုပြေဝင်းပစေနိုင်ပါတယ်။ အလွယ်ကူဆုံး ကိုယ်တွင်း အဆိပ်အတောက်ကိုဖယ်ရှားနိုင်တဲ့နည်းလမ်းပါ။ငွေကုန်ကြေးကျလည်းမများပါဘူး။ ရေအလွယ်တကူသောက်နိုင်စေဖို့ သွားလေရာကိုရေဗူးလေးယူသွားပါ။ဆေးဖက်ဝက်ရေနွေးကြမ်းတွေ နဲ့ အချိုဓါတ်မပါတဲ့ အအေးလိုမျိုးလည်း သောက်စရာတွေကို လည်းသောက်ပေးနိုင်ပါသေးတယ်။ကျန်းမာအောင်နေထိုင်နည်းတော်တော်များများက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်စားသောက်မှုပုံစံကနေ စတင်တာကို သတိထားမိရဲ့လား။ အစာချေပြဿနာတွေက အသားအရေကိုထိခိုက်စေတဲ့ အဓိက အကြောင်းအရင်း တွေထဲက တစ်ခုပါ။နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ အသားအရေကိုကျန်းမာစေနိုင်တဲ့ အစားအသောက် တွေကို စားသုံးပေးမယ်ဆိုရင် အသားအရေကို စိုပြည်ဝင်းပလာစေမှာပါ။ သကြားတွေ၊ဆားတွေအလွန်အကျွံ စားတာမျိုး ကိုလည်းရှောင်ပေးပါ။နေ့စဉ် စားသုံးတဲ့အစားအသောက်ထဲမှာ အမျှင်ဓါတ်ကြွယ်ဝစွာ ပါဝင်ပြီး လိုအပ်တဲ့ အာဟာရဓါတ် တွေပြည့်စုံတဲ့ အစားအသောက်မျိုးတွေကို စားသုံးပေးကြပါ။နေရောင်က ဗီတာမင် D ရရှိနိုင်တဲ့ အဓိကအရင်းအမြစ်ပါ။ မနက်ခင်း ၇နာရီကနေ ၉နာရီ အတွင်းရရှိတဲ့နေရောင်ခြည်က အသားအရေအတွက် အကောင်းဆုံးပါပဲ။ မနက်ခင်း ၉ နာရီနောက်ပိုင်းမှာတော့ နေရောင်ကိုမထိတွေ့လေ ပိုကောင်း လေပါ။ မဖြစ်မနေအပြင်သွားရမယ်ဆိုရင်တောင်နေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့ ခရင်မ်တစ်ခုခုလူးပေးပါ။ ၁၀ နာရီကနေ ၂ နာရီအတွင်းနေရောင်ခြည်က အရေပြားကိုတော်တော်လေး ထိခိုက်စေနိုင်ပါတယ်။ခန္ဓါကိုယ် အတွင်းပိုင်းရော၊ အပြင်ပိုင်းကိုပါရေဓါတ်ဖြည့်ပေးဖို့လိုပါလိမ့်မယ်။ အသားအရေကို အစိုဓါတ်ထိန်းဖို့ဆိုရင် တစ်နေ့ နှစ်ကြိမ် မျက်နှာသစ်ပေးရပါမယ်။ မျက်နှာသစ်တဲ့အခါမှာလည်း မျက်နှာပြင်ပေါ်ရှိ အညစ်အကြေးတွေ၊ မိတ်ကပ် အကြွင်းအကျန်တွေ၊ ဆဲလ်သေများကို ဖယ်ရှားပေးပြီး အသားအရေဖြူစင်ကြည်လင်စေနိုင်တဲ့ မျက်နှာသစ်ဆေးကို အသုံးပြုပြီးသန့်စင်ပေးလို့ရပါတယ်။ မျက်နှာသစ်တဲ့အခါရေအေးကိုအသုံးပြုပြီး သစ်တာက အကောင်းဆုံးပါပဲ။ မျက်နှာကို သွေးလှည့်ပတ်မှု ကောင်းအောင်ဖြည်းဖြည်းချင်း နှိပ်နယ်ပေးတာကလည်း အသားအရေကို စိုပြည်ကြည်လင်စေနိုင်ပါတယ်။သင့်တော်တဲ့ ဝက်ခြံစောင့်ရှောက်မှုကလည်း စိုပြေကြည်လင်တဲ့အသားအရေ ပိုင်ဆိုင်လိုသူတွေမေ့မထားသင့်တဲ့ အချက်တစ်ခုပါ။ ဝက်ခြံတွေကိုပျောက်ချင်ဇောနဲ့ဆေးအပြင်းစားတွေသုံးတာမျိုး၊ ဆိတ်ဆွတာမျိုး၊ ညှစ်တာမျိုးတွေ မလုပ်ပါနဲ့။ ပိုးဝင်သွားတဲ့အခါ အသားအရေကို ထိခိုက်မှု ပိုများသွားစေနိုင်လို့ပါ။ ပိုးဝင်တဲ့အခါ အသားအရေကို ပိုမို ရောင်ရမ်းလာနိုင်ပါတယ်။ဝက်ခြံ ဖြစ်တာကို ကာကွယ်နိုင်အောင် အဓိက ကတော့ တနေကုန် အပြင်ထွက်ပြီး အိမ်ပြန်ရောက်ရင် မျက်နှာကို သေချာ Deep Cleansing လုပ်ပေးနိုင်တဲ့ Scrub မျိုးသုံးပြီးလဲ သန့်စင်သင့်ပါတယ်။ မျက်နှာ ပေါ်က ဆဲလ်သေတွေကိုဖယ်ရှားတာကလည်း ဝက်ခြံတွေကို သက်သာစေတဲ့ နည်းတစ်ခု ပါပဲ။ မျက်နှာပေါ်က ဆဲလ်သေ တွေဖယ်ရှားလိုက်တဲ့အခါ မျက်နှာအသားအရေကို အစိုဓါတ်နဲ့ အခြားလိုအပ်တဲ့ အာဟာရဓါတ်တွေကို ပိုမိုစုပ်ယူနိုင် သွားပြီး အသားအရေကို စိုပြေကြည်လင်လာစေမှာပါ။အခြေခံအကျဆုံး အသားအရေကြည်လင်စေတဲ့နည်းလမ်းက အသားအရေကို သန့်စင်ပေးတာရယ်၊ တိုနာသုံး ပေးတာရယ်၊အစိုဓါတ်ထိန်းပေးတာရယ်ပါ။ မျက်နှာကိုသန့်စင်ပြီးတာနဲ့ အသားအရေကိုကြည်လင် စိုပြည်အောင် လုပ်ဆောင်ပေးမယ့် တိုနာတစ်မျိုးမျိုးလူးပေးပါ။ အသားအရေကို အစိုဓါတ်ထိန်းပေးပြီးဖြူစင်ဝင်းပအောင်ပါ လုပ်ဆောင်ပေးတဲ့ တိုနာမျိုး အသုံးပြုပေးလို့ လည်းရပါတယ်။ တိုနာပုံမှန်အသုံးပြုပေးမယ်ဆိုရင် ဝက်ခြံလည်းကင်းစေပြီးချွေးပေါက်တွေကို လည်းကျဉ်းစေမှာပါ။ မျက်နှာသစ် လိုက်ပေမယ့် အရေပြားပေါ်မှာကျန်ရှိနေတဲ့ အညစ်အကြေးနဲ့ဖုန်မှုန့်တွေကိုလည်း သန့်စင်ပေးနိုင်မှာ ဖြစ်ပါတယ်။ မျက်နှာရဲ့ အဆီပြန်တတ်တဲ့ T-zone မှာအရေပြားခြောက်သွေ့တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အပြင် အသားအရေကို ကြည်လင်စိုပြေစေပါလိမ့်မယ်။ မျက်နှာကို တိုနာလူးပြီးတဲ့အခါ မျက်နှာနဲ့ လည်ပင်းက အသားအရေတွေကို Serum တစ်မျိုးမျိုးလိမ်းပေးတာကလည်း အသားအရေကို ကျန်းမာစိုပြေစေမယ့် အချက်တစ်ခုပါ။မိတ်ကပ်ကခေတ်သစ်ပျိုမေလေးတွေတိုင်းလိုလိုရဲ့ မျက်နှာပေါ်မှာနေရာယူထားတဲ့ အလှအပ ပစ္စည်းလေးတစ်ခုပါ။ တစ်နေ့တာလုံးလှပစေဖို့ မိတ်ကပ်လူးရထားတာက ကိစ္စမရှိပေမယ့် အသားအရေမပျက်စီးချင်ရင်တော့ ညအိပ်ရာ မဝင်တော့ မိတ်ကပ်တွေကိုဖျက်ပစ်ရပါမယ်။ မိတ်ကပ်တွေကို မဖျက်ဘဲထားမယ်ဆိုရင်ချွေးပေါက်တွေပိတ်ဆို့ပြီး ဝက်ခြံတွေထွက်လာပါလိမ့်မယ်။ အိပ်ရာမဝင်ခင်မှာ မျက်နှာပေါ်က မိတ်ကပ်၊ အိုင်းလိုင်နာ၊ နှုတ်ခမ်းနီ၊ဖောင်ဒေးရှင်း ရောပေါင်ဒါတွေကိုပါ ဖယ်ရှားပေးဖို့ လိုပါတယ်။ မျက်နှာပေါ်က မိတ်ကပ်တွေဖယ်ရှားပြီးရင်တော့ မျက်နှာသစ်ဆေး နဲ့သစ်ပေးပြီး ညလိမ်းခရမ်တစ်မျိုးမျိုးလူးပေးပါ။ ညဘက်မှာလိမ်းပြီးအိပ်ပေးရုံနဲ့ အသားအရေကို လိုအပ်တဲ့အာဟာရဓါတ်တွေဖြည့်ပေးပြီး အသားအရေ ကိုဖြူဝင်း ချောမွေ့စေမယ့် ခရင်မ်မျိုးလူးပေးလို့ရပါတယ်။လူတိုင်းမှာ စိတ်ဖိစီးမှုဆိုတာရှိတတ်ပေမယ့် စိတ်ညစ်စရာတွေကို အမြဲတွေးနေရင်တော့ အလှအပကို ထိခိုက်လာနိုင် ပါတယ်။ စိတ်ဖိစီးမှုလုံးဝမရှိအောင်ရှောင်လို့မရနိုင်ပေမယ့် အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို အကန့်အသတ်တွေထားပြီး စိတ်ဖိစီးမှုလျော့ကျအောင်ကြိုးပမ်းကြည့်သင့်ပါတယ်။ တရားထိုင်တာလိုမျိုး၊ ပိတ်ရက်တွေမှာ ကိုယ်ဝါသနာပါတဲ့အားကစား အပန်းဖြေမှုတစ်ခုခုကိုလုပ်တာမျိုးတွေက စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်ပါတယ်။ ဒါ့အပြင် ယောဂလေ့ကျင့်တာ။ ထိုက်ချိ ကစားတာလိုမျိုး သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကို လုပ်ပေးခြင်းကလည်း စိတ်ဖိစီးမှုကိုလျော့ကျ စေနိုင် ပါတယ်။နောက်ထပ်ပြောပြချင်တာလေးတစ်ခုက စိတ်ထားလေးကောင်းကောင်းထားဖို့ပါ။ စိတ်လှရင် ရုပ်လှတယ်ဆိုတာမျိုး လည်းကြားဖူးမှာပါ။ လူတစ်ယောက်က စိတ်ထားလှရင် အရမ်းကြီးမလှရင်တောင်မှ မျက်နှာလေးကလှပြီး ကြည်နေ တတ်ပါတယ်။ စိတ်ကမလှဘူးဆိုရင် အပေါ်ယံမိတ်ကပ်တွေဘယ်လိုပဲသုံးသုံး အေးချမ်းလှပတဲ့မျက်နှာလေး ရရှိနိုင်မှာ မဟုတ်ပါဘူး။ မျက်နှာလေးကြည်ပြီး လှနေစေဖို့အတွက် မနက်တိုင်း ဒါမှမဟုတ် ညတိုင်းမေတ္တာပို့တာ၊ ပုတီးစိတ်တာ၊ တရားထိုင်တာမျိုးတွေလုပ်ပေးလို့ရပါတယ်။ သူတစ်ပါးကိုကူညီပေးတာကလည်း စိတ်ရော ကိုယ်ပါ ကျန်းမာမှုရစေတတ်တဲ့ အလေ့အထတစ်မျိုးပါ။ မေတ္တာထားပေးရင်း စိတ်အေးချမ်းမှုကို ဖန်တီးရယူနိုင်ပါတယ်။မေတ္တာပို့ပေးတာက စိတ်ရောကိုယ်ပါ အေးချမ်းမှုရရှိစေပြီး မျက်နှာသွင်ပြင်ကို ကြည်လင်ဝင်းပစေပါတယ်။ဒီနည်းလေးတွေအတိုင်းလုပ်ဆောင်ရင်း ပျိုမေတိုင်း စိုပြည်ဝင်းပတဲ့အသားအရေကို ပိုင်ဆိုင်ပြီး ပင်ကိုယ်အလှစစ်ကိုပိုင်ဆိုင်နိုင်ကြပါစေကြောင်း။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%9c%e1%80%b0%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%bd%e1%80%ac-%e1%80%95%e1%80%84%e1%80%b9%e1%80%80%e1%80%ad%e1%80%af%e1%80%a1%e1%80%9c%e1%80%bd%e1%80%90%e1%80%9b/
ဦးနှောက် ကျန်းမာစေဖို့ ဉာဏ်စမ်းဖြေရမလား။ လေ့ကျင့်ခန်းလုပ်ရမလား.....
ကဲ….ဦးနှောက်ကျန်းမာစေဖို့ ဘာလုပ်မလဲ….. ဉာဏ်စမ်း ဂိမ်းတွေဆော့မလား…. လေ့ကျင့်ခန်း လုပ်မလား… ကြိုက်ရာရွေးပါ။ ဘယ်အသက်အရွယ်ရောက်ရောက် မှတ်ဉာဏ်ကောင်းပြီး ပျော်စရာကောင်းတဲ့ အမှတ်တရတွေကို မှတ်မိနေချင်တယ်ဟုတ်။ ဒါဆိုရင်တော့မှတ်ဉာဏ်ကောင်းစေဖို့ဘာလုပ်ရမလဲဆိုတဲ့ အဖြေလေးကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ဉာဏ်ကောင်းစေဖို့က စာများများဖတ်ရမယ်။ ပဟေဠိတွေ ဖြေရမယ်။ ဉာဏ်စမ်းဂိမ်းတွေ ဆော့ရမယ်လို့လေ။ ဒါတွေကတကယ်ပဲ ဉာဏ်ကောင်းစေလားဆိုတော့ စာဖတ်တာကတော့ ကောင်းပါတယ်။ မသိသေးတာတွေကို သိအောင်လုပ်ဆောင်ခြင်းက ဦးနှောက်မှတ်ဉာဏ်ကိုကောင်းစေပါတယ်။ ဒါပေမယ့် ဉာဏ်စမ်းဂိမ်းတွေဆော့တာထက်တော့ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက ဦးနှောက်ကိုပိုကျန်းမာစေပြီး မှတ်ဉာဏ်ကို ပိုကောင်းစေနိုင်ပါတယ်။ဒီလိုပြောတာက အထောက်အထားရှိလို့လားလို့ မေးချင်နေမယ်ထင်ပါတယ်။ ဉာဏ်စမ်းဂိမ်းတွေဆော့ရတာက စဉ်းစားရတာကြောင့် စဉ်းစားနိုင်စွမ်းကို တိုးစေနိုင်ပေမယ့် ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှုကောင်းစေတာကြောင့် ဦးနှောက်ကို ကျန်းမာစေနိုင်ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ လေ့ကျင့်ခန်းလုပ်ခြင်းက ဦးနှောက်ကို ကျန်းမာစေပြီး စိတ်ဖိစီးမှုတွေကို ပြေလျော့စေတဲ့ endrophin ဟော်မုန်းတွေကို ထွက်ရှိစေနိုင်ပါတယ်။ ဒါကြောင့် ဦးနှောက်ကျန်းမာစေဖို့အတွက် ပုံမှန် လေ့ကျင့်ခန်းလုပ်ပေးတာက အဆင်ပြေစေမှာပါ။ လေ့လာမှုတွေအရလည်း ဉာဏ်စမ်းဂိမ်းတွေဖြေတာထက် လေ့ကျင့်ခန်းလုပ်တာက ဦးနှောက်ကို ပိုကျန်းမာစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ဦးနှောက်ကျန်းမာစေဖို့လိုအပ်တဲ့အချက်တစ်ခုက ဦးနှောက်ဆီသွေးစီးဆင်းရောက်ရှိမှုကောင်းစေဖို့ပါ။ သွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေဖို့ဆိုရင် နှလုံးကျန်းမာဖို့က မဖြစ်မနေလိုအပ်တဲ့အချက်တစ်ခုပေါ့။နှလုံးကျန်းမာမှ သွေးကြောတွေဆီသွေးစီးဆင်းရောက်ရှိမှုကောင်းစေပြီး ဦးနှောက်ဆီကိုလည်း သွေးစီးဆင်းရောက်ရှိမှုကောင်းစေမှာပါ။တကယ်လို့သွေးတိုးရောဂါရှိနေမယ်။ သွေးထဲမှာကိုလက်စထရောတွေများနေမယ်ဆိုရင် သွေးကြောကျဉ်းတာမျိုးဖြစ်နေမယ်ဆိုခဲ့ရင် သွေးကြောတွေဆီ သွေးစီးဆင်းရောက်ရှိမှုနည်းသွားပြီး ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။  ဒါကြောင့် ဦးနှောက်လေးကျန်းမာရေးစေဖို့အရေးပါတဲ့ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေဖို့အတွက် ဒီအချက်လေးတွေကိုလိုက်နာပေးဖို့လိုပါမယ်။သွေးစီးဆင်းမှုကောင်းပြီး ဦးနှောက်လေးကျန်းမာစေဖို့အတွက်။ဦးနှောက်ကျန်းမာစေဖို့ဆိုရင်။ကဲ….. ဦးနှောက်ကျန်းမာပြီး ပျော်စရာအမှတ်တရလေးတွေကို မှတ်မိစေဖို့အတွက် နေ့စဉ်မှန်မှန်လေ့ကျင့်ခန်းလုပ်စို့နော်။ ခန္ဓာကိုယ်ကိုရော ဦးနှောက်ကို ပါကျန်းမာစေနိုင်တဲ့ နည်းလမ်းကောင်းလေးပါ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/puzzles-vs-exercises-for-brain-health/
Cardiogenic Shock (နှလုံးကို ထိခိုက်ရှော့ခ်ရခြင်း)
နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းဆိုတာ နှလုံးက ကိုယ်ခန္ဓါအတွက်လိုအပ်တဲ့ သွေးကိုရုတ်တရပ် မညှစ်ထုတ်နိုင်တော့ခြင်း ဖြစ်တယ်။ ဒီအခြေအနေဟာ သင့်နှလုံးတိုက်ခိုက်ခံရမှုကြောင့် နှလုံးပျက်ဆီးသွားတဲ့ အချိန်မှာဖြစ်တယ်။ (ပြင်းထန်သော နှလုံးတိုက်ခိုက်ခံရမှု)။နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းဟာ အဖြစ်နည်းပေမယ့် ချက်ချင်းကုသမှု မခံယူလျှင် သေစေနိုင်သော အခြေအနေုဖြစ်တယ်။ချက်ချင်းကုသလျှင် လူနာတွေရဲ့ တစ်ဝက်လောက်က အသက်ရှင်တာကို တွေ့ရပါတယ်။ ထပ်မံသိလိုသောအချက်များအတွက် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ကိုယ်တိုင်သိနိုင်တဲ့ သို့မဟုတ် မိသားစုဝင်များမှသိနိုင်တဲ့ နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းရဲ့ လက္ခဏာတွေက အများကြီးရှိပါတယ်။ဒီထဲမှာမပါတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ သင့်ရောဂါလက္ခဏာအကြောင်းကို ပိုပြီးသိလိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။အပေါ်မှာပြထားတဲ့ ရောဂါလက္ခဏာတွေတွေ့လျှင် ဆရာဝန်နှင့် ပြသသင့်ပါတယ်။ နှလုံးတိုက်ခိုက်ခံရမှုကို ချက်ချင်းကုသခြင်းဟာ နှလုံးပျက်ဆီးမှုနည်းစေပြီး အသက်ရှင်ဖို့ အခွင့်အရေးပိုများပါတယ်။ဒီအချက်တွေက နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းတွေ ဖြစ်ပါတယ်။ အဖြစ်အများဆုံး အကြောင်းမှာ နှလုံးကို အောက်ဆီဂျင်ဓါတ်မရခြင်း ဖြစ်ပြီး နှလုံးတိုက်ခိုက်ခံရမှုကို ဖြစ်စေကာ နှလုံးအခန်းတွေကို ပျက်ဆီးစေတယ်။( နှလုံးဘယ်ဘက်သွေးလွှတ်ခန်း) ။ အောက်ဆီဂျင်ပါတဲ့သွေးတွေက နှလုံးကိုမရောက်တဲ့အခါ နှလုံးကြွက်သားအားနည်းပြီး နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းကို ဖြစ်စေနိုင်တယ်။ဒါ့အပြင် နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းကို ဖြစ်စေတဲ့အကြောင်းတွေကတော့ နှလုံးကြွက်သားများယောင်ခြင်း၊ နှလုံးအဆို့များကို ရောဂါပိုးဝင်ခြင်း၊ ဆေးသောက်တဲ့ ပမာဏလွန်ကဲခြင်း၊ နှလုံးသွေးညှစ်ခြင်းကို ထိခိုက်စေသော အဆိပ်များကြောင့် ဖြစ်စေနိုင်ပါတယ်။သင့်မှာ နှလုံးတိုက်ခိုက်ခံရမှုရှိလျှင် နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းကို ပိုဖြစ်စေနိုင်ပါတယ်။ တကယ်လို့ သင်ဟာ-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းကိုသိဖို့ ဆရာဝန်များလုပ်သော ကျန်းမာရေးစစ်ဆေးခြင်းများမှာ-။ကုသနေစဉ်မှာ ကြွက်သားနဲ့ ကလီစာတွေပျက်ဆီးမှုကို လျှော့ချရန် အောက်ဆီဂျင်များများပေးထားဖို့လိုပါတယ်။ တခါတလေမှာ အသက်ရှူဖို့အတွက် အသက်ရှူစက်တွေ တပ်ပေးပါလိမ့်မယ်။ ဒါ့အပြင် သင့်လက်မောင်းကနေတဆင့် ဆေးနှင့်အရည်များကို အကြောထဲသွင်းပေးပါလိမ့်မယ်။နှလုံးခုန်နှုန်းကောင်းစေပြီး သင့်ရဲ့သွေးကို ပြန်ကောင်းစေပြီး နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းကို ကောင်းစေတဲ့ ဆေးတချို့ရှိပါတယ်။နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းကို ကုသတဲ့နည်းလမ်းတွေက နှလုံးရဲ့ သွေးစီးဆင်းမှုကောင်းအောင် အဓိကလုပ်ပေးပါတယ်။ ဒါတွေကတော့-။ဆေးတွေ ဆေးနည်းတွေက မသက်သာလျှင် ဆရာဝန်တွေက ခွဲစိတ်မှုကို ညွှန်းဆိုပါလိမ့်မယ်။နှလုံးထိခိုက် ရှော့ခ်ရခြင်းကို ကာကွယ်ရန်လိုအပ်တဲ့ နေထိုင်မှုပုံစံတွေနဲ့ အိမ်တွင်းကုထုံးတွေက ဘာတွေလဲ။အောက်ပါနေထိုင်မှုပုံစံတွေနဲ့ အိမ်တွင်းကုထုံးတွေက နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းမှ လျှော့ချပေးပါလိမ့်မယ်။မေးမြန်းလိုတာရှိပါက ဆရာဝန်နှင့်တွေ့ဆုံမေးမြန်းပြီး သင့်အတွက် အကောင်းဆုံးအဖြေများကို ရယူလိုက်ပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/cardiogenic-shock-%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%b1%e1%80%9b%e1%80%bd%e1%80%ac/
Blepharospasm (မျက်ခွံလှုပ်ခြင်း)
အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။အောက်ပါလက္ခဏာတွေ တွေ့ရများပါတယ်။အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။အောက်ပါအခြေအနေတွေမှာ ဆရာဝန်ပြသင့်ပါတယ်။အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။အကြောင်းအရင်းမရှိဘဲ ဖြစ်တတ်ပါတယ်။ ကြီးမားတဲ့ပြသာများရဲ့ လက္ခဏာလည်း မဟုတ်သလို အကြောင်းအရင်းကိုလည်း မစစ်ဆေးတတ်ကြပါဘူး။ဒါပေမယ့် အောက်ပါအခြေအနေများကြောင့် ပိုဆိုးရွားတတ်ပါတယ်။မျက်ခွံလှုပ်ခြင်း ကြာရှည်လာတဲ့ အခြေအနေကို benign essential blepharospasm လို့ခေါ်ပြီး နာတာရှည်ပြီး မထိန်းချုပ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။– ရောဂါပိုးဝင်ခြင်း။အများစုဟာ ရက်အနည်းငယ်ကြာရင် သူ့အလိုအလို ပျောက်သွားနိုင်ပါတယ်။ သက်သာအောင် ဖိစီးမှုတွေလျှော့ချပြီး အောက်ပါအချက်တွေကို ကျင့်သုံးနိုင်ပါတယ်။ခွဲစိတ်ခြင်း။ မျက်ခွံရဲ့ ကြွက်သားနဲ့ အာရုံကြောတချို့ကို ခွဲစိတ်ဖယ်ရှားနိုင်ပါတယ်။ ပိုဆိုးတဲ့အခြေအနေတွေမှာ ပြုလုပ်ပါတယ်။ ကာကယကုသလေ့ကျင့်ခန်း ပြုလုပ်ပြီး မျက်နှာကြွက်သားတွေကို လေ့ကျင့်နိုင်ပါတယ်။တခြားနည်းလမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/blepharospasm/
ကိုယ့်ရဲ့ကလေးကို အချိုလျှော့စားအောင် ဘယ်လိုကူညီမလဲ
ကလေးတွေအတွက်တော့အချိုကြိုက်တာဟာ သဘာဝဖြစ်စဉ်ပေမယ့် မိဘတွေအတွက်တော့ အမြဲ စိုးရိမ်စရာ ကိစ္စတစ်ခုလို ဖြစ်နေတတ်ပါတယ်။ အချိုဓာတ်ကြောင့် ကိုယ့်ရဲ့ ကလေးကျန်းမာရေး ထိခိုက်လာနိုင်လား၊ ကလေးကအချိုတွေအရမ်းစားနေလား၊ အချိုစားလွန်းတဲ့ ကလေးတွေဟာ သွားနဲ့ ခံတွင်းကျန်းမာရေးမှာ ပြဿနာရှိလာနိုင်လား၊ ကလေးကို တစ်နေ့ကို အချိုဘယ်လောက်နှုန်းကျွေးသင့်လဲ အစရှိသဖြင့် မိဘတွေကြားမှာ အမြဲ မေးခွန်းထုတ်နေရတဲ့ ပြဿနာကြီး တစ်ခုလိုပါပဲ။ကလေးအများစုက အချိုကြိုက်တာ သဘာဝပါ။ ကျန်းမာရေးအတွက်အာဟာရဓာတ်မယ်မယ်ရရ မပေးစွမ်းနိုင်ပေမယ့် ကလေးတွေရဲ့ လျှာက အချိုတွေ၊အဆီပါဝင်မှုများတဲ့ အစားအစာတွေကို တောင့်တတတ်တာ သဘာဝပါ။ ဒီအမူအကျင့်ကို အတင်းဖျောက်ဖျက်ဖို့ ကြိုးစားတာထက်စာရင် နေ့စဉ် နည်းနည်းစီ ကျွေးပေးတာက ကလေးတွေ အချို အလွန်အကျွံစားတဲ့ ပြဿနာကို ကောင်းကောင်း ထိန်းညှိပေးနိုင်ပါတယ်။အချိုဓာတ်ဟာ အာဟာရဓာတ်လည်း လုံလုံလောက်လောက် မပေးစွမ်းနိုင်တဲ့အပြင် အလွန်အကျွံစားရင် ကိုယ်ခန္ဓာနဲ့သွားကျန်းမာရေးကို ထိခိုက်စေတာ၊ စားသောက်နေထိုင်မှုပုံစံကို ပျက်စီးစေတတ်တာကို မိဘတွေက နားလည်ထားပေမယ့် ကလေးတွေအတွက်တော့ သိမှာ မဟုတ်ပါဘူး။တချို့မိဘတွေက ကလေးတွေကို အချိုလုံးဝမစားဖို့ ပိတ်ပင်တားမြစ်တယ်။ မစားနဲ့လို့ ပြောရင် ပိုစားချင်လာတာ ကလေးတွေရဲ့ အကျင့်ပါ။ လုံးဝမစားရဘူးလို့ တားမြစ်ထားလေ သူတို့တွေက မရ ရအောင် ခိုးစားမှာပါ။ ဒီတော့ ပြဿနာဟာ နဂိုကထက် ပိုပြီးဆိုးသွားနိုင်ပါတယ်။တချို့မိဘတွေက ကလေးတွေ စိတ်ချမ်းသာရင်ပြီးရော ဆိုပြီး လွှတ်ပေးထားတယ်။ ဒီအခါမှာ ကလေးတွေ စိတ်တိုင်းကျ အချိုစားရတော့ ပျော်တယ်။ ကြာလာတော့ ကလေးကကိုယ်အလေးချိန်တက်လာမယ်။ အစားရွေးလာမယ်။ သွားကို ထိခိုက်လာမယ်။အဝလွန်လာမယ်။ ဆီးချိုရောဂါ စောစီးစွာ ဖြစ်လာနိုင်တယ်။ဒါကြောင့် ကိုယ့်ရဲ့ ကလေးကို အချိုလျှော့စားဖို့ မိဘတွေက ဘယ်လိုနည်းလမ်းတွေနဲ့ ကူညီလို့ ရမလဲဆိုတာကို ပြောပြပေးမယ်နော်။အချိုမစားရဘူးနော်လို့ ပိတ်ပင်တာထက် တစ်နေ့ကို ပမာဏနည်းနည်းစီ ကျွေးလို့ ရပါတယ်။ အချိုကို နေ့စဉ် ပမာဏနည်းနည်းနဲ့ ပုံမှန်လေး စားပေးတဲ့ကလေးဟာ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းသွားနိုင်သလို အချို အလွန်အမင်းစားတတ်တဲ့ အလေ့အကျင့်လည်း ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ပိတ်ရက်တွေမှာ အိမ်မှာ မုန့်အတူလုပ်စားကြတာဟာမိသားစုတွေအတွက် ကောင်းတဲ့ အလေ့အကျင့်တစ်ခုပါ။ အပြင်မှာ ဝယ်လို့ရတဲ့ မုန့်တွေထက်စာရင် အိမ်မှာ ကိုယ်တိုင်လုပ်တဲ့ မုန့်တွေကို သကြားလျှော့ထည့်လို့ရတဲ့အပြင် ကိုယ့်ကလေးအတွက် အာဟာရလည်း ဖြစ်စေမယ့် ပါဝင်ပစ္စည်းတွေကို ပိုထည့်ပေးလို့ရပါတယ်။စတိုးဆိုင်မှာ အလွယ်တကူဝယ်လို့ရတဲ့ အအေးတွေ၊အချိုရည်တွေမှာ သာမန်မုန့်တွေထက် သကြားပါဝင်နှုန်း ပိုများနေတတ်တာကို တွေ့ရပါတယ်။ ဒီလို အအေးတွေဟာ ကလေးတွေရဲ့ အချိုစားချင်စိတ်ကို နှိုးဆွပေးနိုင်တဲ့အရာတွေပါပဲ။ သကြားဓာတ်များတဲ့ အအေးတွေ အစား သီးနှံတွေကို သေချာကြိတ်ထားတဲ့ ဖျော်ရည်တွေ၊ သဘာဝနွားနို့ ဒါမှမဟုတ် ရေကိုပဲ အဓိက တိုက်ပေးပါ။မိဘတွေက အချိုနဲ့ပတ်သက်လာရင် အရမ်း ဂရုစိုက်တတ်ကြတယ်။ ဥပမာ – ဟင်းရွက်ကို ကုန်အောင် စားပြီးရင် ဆုချတဲ့အနေနဲ့ သကြားလုံး၊ ကိတ်မုန့် စတဲ့ အချိုတွေ ကျွေးတာမျိုး၊ အကဲပိုပြီး အချိုကို လုံးဝမစားရ ဆိုပြီး အမိန့်ထုတ်ထားတာမျိုးတွေဟာ ကလေးရဲ့ အချိုစားချင်တဲ့စိတ်ကို ပိုပြီး နှိုးဆွပေးနိုင်ပါတယ်။ ဒါကြောင့် အချိုမုန့်တွေနဲ့ ပတ်သက်ပြီး အထူးတလည် ဂရုစိုက်တဲ့ပုံစံမျိုး မလုပ်ဘဲ ပုံမှန်စားနေကျ အစားအစာတစ်ခုလိုပဲ သဘောထားပေးပါ။ကလေးတွေ မြင်နိုင်တဲ့နေရာ၊ အလွယ်တကူ လှမ်းယူလို့ ရတဲ့နေရာမျိုးမှာ သကြားလုံးတွေ၊ ကွတ်ကီးတွေ ထားမယ့်အစား အရောင်စုံ သစ်သီးဝလံတွေကို ပြထားတာက ကလေးတွေရဲ့ စားသောက်မှုပုံစံကို ကောင်းသော အကျိုးသက်ရောက်မှု ရှိစေပါတယ်။ထမင်းစားပြီးတဲ့အခါမှာလည်း သစ်သီးတွေကို သေချာပြင်ဆင်ပြီး ကလေးတွေကို ကျွေးတဲ့ အလေ့အကျင့်မျိုး လုပ်ထားသင့်ပါတယ်။အတုမြင်၊ အတတ်သင် လွယ်တဲ့ ကလေးတွေဟာ မိဘတွေရဲ့ နေထိုင်ပုံတွေကို အမြဲလေ့လာနေပြီး အတုယူတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကလေးကို ကျန်းမာပြီးအာဟာရရှိစေတဲ့ အစားအစာတွေကိုပဲ စားစေချင်တယ်ဆိုရင် ကိုယ်တိုင်က စပြီး ပြောင်းလဲဖို့ အရေးကြီးပါတယ်။ထမင်းစားပြီး အချိုတည်းတဲ့ အမူအကျင့်တွေ၊ ရုပ်ရှင်ကြည့်ရင်း မုန့်ပဲသရေစာ စားတတ်တဲ့အကျင့်တွေ အစရှိတဲ့ မှားယွင်းနေတဲ့ စားသောက်နေထိုင်ပုံ အမူအကျင့်တွေကို မိဘတွေဘက်က အရင်ဆုံး ပြင်ဆင်သင့်ပါတယ်။အချိုစားတဲ့ ကလေးတွေကို အပြစ်တင်ဆူပူတာ၊ အချိုလုံးဝမစားရဘူးလို့ တားမြစ်တာမျိုး ရှောင်ကြဉ်ပေးပါ။ ကလေးတွေ အချိုစားတာ ပြဿနာ မဟုတ်ပါဘူး။ အလွန်အကျွံ မစားမိဖို့သာ အရေးကြီးတာပါ။ကိုယ့်ကလေးရဲ့ တစ်နေ့တာ စားသင့်တဲ့ အချိုပမာဏကိုတော့ သေချာ အကန့်အသတ်လုပ်ပေးဖို့ အရေးကြီးပါတယ်။ ကလေးတွေရဲ့ စားသောက်နေထိုင်မှု ပုံစံဟာ လူကြီးတွေရဲ့ အပြုအမူပေါ်မှာ အများကြီး သက်ရောက်မှုရှိနေတာကို မမေ့သင့်ပါဘူး။ ကိုယ့်ရဲ့ တစ်နေ့တာ လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစွာ ရရှိဖို့အတွက် အစားအသောက်ကို သေချာစီမံခန့်ခွဲပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-nutrition/how-to-help-your-kids-to-reduce-sweets/
Albumin (အယ်လဗြူမင်)
Albumin စစ်ဆေးခြင်းသည် သွေးတွင်း၌ရှိသော ပရိုတင်း Albumin များခြင်းကို အသည်းရောဂါရှိမရှိသိရန်အတွက် စစ်ဆေးခြင်းဖြစ်သည်။Albumin သည် ပရိုတင်းတစ်မျိုးဖြစ်ပြီး အသည်းတွင်း၌ ဖြစ်ပေါ်ပါသည်။ ခန္ဓါကိုယ်တစ်ခုလုံးတွင်ရှိသော ပရိုတင်းအားလုံး၏ ၆၀ % သည် Albumin ဖြစ်သည်။ သွေးထဲ၌ရှိသော Albumin ၏ အဓိကအသုံးသည် colloidal osmotic ဖိအားကိုထိန်းပြီး သွေးကြောများအတွင်း၌ ရေများတည်မြဲစေရန် လုပ်ဆောင်ခြင်းဖြစ်သည်။ ထို့အပြင် Albumin သည် ဆေးများ၊ ဟော်မုန်းများနှင့် အင်ဇိုင်းများတို့ကဲ့သို့ ခန္ဓါကိုယ်အတွက်အရေးကြီးသည့် ပစ္စည်များအား သယ်ယူပို့ဆောင်ရန်အတွက်လဲ ဆောင်ရွက်ပါသေးသည်။Albumin အားအသည်းမှထုတ်သောကြောင့် အသည်း၏လုပ်ငန်းအားစစ်ဆေးရန်အတွက် စံပင်ဖြစ်သည်။ အသည်းဆဲလ်များအား ရောဂါများမှ ထိခိုက်စေသည့်အခါ အသည်းဆဲလ်များသည် Albumin ထုတ်လုပ်နိုင်စွမ်းပျောက်သွားလေ၏။ သွေးထဲမှ Albumin လယ်ဗယ်သည်လည်း များစွာကျသွားမည်။ သို့သော် Albumin ပျက်စီးရန်ကြာချိန်သည် ၁၂ မှ ၁၈ ရက်အထိကြာပါသည်။ အစောပိုင်းအသည်းထိခိုက်ခြင်းအဆင့်များတွင် သွေးတွင်း Albumin လယ်ဗယ်သည် သိသာအောင်လျော့ကျနေမည်မဟုတ်ပါ။သွေးတွင်း၌ Albumin ပမာဏအားတိုင်းတာခြင်းသည် သင်ဆေးရုံတက်ရပါက ပုံမှန်စစ်ဆေးရမည့်အရာတစ်ခု ဖြစ်သည်။အသည်းရောဂါအခြေအနေများအပြင် သွေးတွင်း Albumin သည် အာဟာရချို့တဲ့ခြင်း၊ အထူးသဖြင့် ခွဲစိတ်မှုလုပ်ပြီးစ အခြေအနေများတွင် သိသိသာသာ လျော့ကျနေနိုင်ပါသည်။ မီးလောင်ခြင်း၊ အူရောဂါများ၊ ဆီးမှပရိုတင်းများစွန့်ထုတ်စေသော ရောဂါများတွင် ပရိုတင်းလုံလုံလောက်လောက်စားသော်လည်း သွေးတွင်း Albumin ကျနေမည်ဖြစ်သည်။ဒီစစ်ဆေးချက်အား အောက်ပါအခြေအနေများတွင် လုပ်ရန်လမ်းညွှန်နိုင်ပါသည်။• ကျောက်ကပ်နှင့်အသည်း ကောင်းမွန်စွာအလုပ်မလုပ် စစ်ဆေးရန်။• သင်၏အစားအသောက်တွင် လုံလောက်သည့် နိုက်ထရိုဂျင် ပါမပါကြည့်ရန်။• ခြေကျင်းဝတ်တွင်ဖောရောင်ခြင်း၊ ဝမ်းဗိုက်အတွင်အရည်များစုခြင်း၊ အဆုတ်တွင် အရည်များစုခြင်းတို့အား ဖြစ်စေသည့်အကြောင်းရင်းရှာရာတွင် ကူညီဆုံးဖြတ်နိုင်ရန်။ပရိုတင်း Albumin စစ်ဆေးခြင်းအပေါ် သက်ရောက်နိုင်သည်အချက်များ။• လက်မောင်းပတ်ထားခြင်းသည် စစ်ဆေးသည်အခါ Albumin ပမာဏကို တိုးစေနိုင်သည်။• သွေးသွင်းထားသည့်နေရာနှင့် နီးကပ်စွာသွေးဖောက်ယူလျှင် တကယ့် Albumin ပမာဏထက် နည်းပါးနိုင်သည်။ ထို့အတူ အကြောဆေးသွင်းခြင်းသည်လဲ တကယ်ရှိသည်ထက် Albumin ပမာဏ ပိုနည်းနိုင်ပါသေးသည်။• Albumin ပမာဏမြင့်စေသည့်ဆေးများတွင် anabolic steroids, androgens (ကျားဟော်မုန်း), နှင့် steroids ကဲ့သို့ အရောင်ကျဆေးများ, dextran, supplements, ကြီးထွားဟော်မုန်း, အင်ဆူလင်, Phenazopyridine နှင့် progesterone တို့ ပါဝင်ပါသည်။• Albumin လယ်ဗယ်ကိုကျစေသည့်ဆေးများတွင် အမိုနီယမ် အိုင်ရွန်း၊ estrogen (မဟော်မုန်း)၊ အသည်းထိစေသည့်ဆေးများနှင့် သန္ဓေတားသောက်ဆေးများပါဝင်ပါသည်။• ရေဓါတ်ခမ်းခြောက်နေသည့် လူနာများတွင် တကယ့်အမှန်ထက် Albumin ပမာဏ ပိုများနေနိုင်သည်ကို သတိထားပါ။ဒီစမ်းသပ်ချက်အားမလုပ်ခင် သတိပေးချက်များ အထူးသတိပြုရမည်များကို နားလည်ထားရန်အရေးကြီး၏။ မေးခွန်းများရှိလျှင် ညွှန်ကြားချက်များ ထပ်သိလိုသည်များရှိလျှင် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။Albumin ပရိုတင်းအားမစစ်ဆေးမီ ဆရာဝန်မှ သင့်ကျန်းမားရေးအခြေအနေကိုမှတ်သားပါလိမ့်မည်။ အထူးပြင်ဆင်စရာရှိမရှိကို ဆရာဝန်အား မေးမြန်းနိုင်ပါသည်။အထက်တွင်စာရင်းပြုထားသောဆေးများသည် Albumin လယ်ဗယ်ကို သက်ရောက်စေနိုင်ပါသည်။ သင်သောက်နေသည့်ဆေးများရှိလျှင် ဆရာဝန်အားအသိပေးသည်မှာ အကောင်းဆုံးပင်ဖြစ်သည်။ သင့်ဆရာဝန်မှ စဉ်းစားချင့်ချိန်ကာ သွေးမစစ်ခင် ရပ်ထားရမည့်ဆေးများကို ပြောပါလိမ့်မည်။လက်ဖျံမှသွေးကို သူနာပြုများအလွယ်တကူ ထုတ်ယူနိုင်ရန် လက်တိုအင်္ကျီကိုဝတ်ဆင်သင့်သည်။စစ်ဆေးမှုအထမြောက်စေရန်အတွက် ဆရာဝန်သည် အောက်ပါတို့ကိုဆောင်ရွက်နိုင်ပါသည်။• သွေးတိတ်စေရန် လက်မောင်းတွင် ပတ်တီးစည်းခြင်း။• အပ်ထိုးသည့်နေရာတွင် ပိုးမဝင်စေရန် အရက်ပြန်နှင့်ပိုးသတ်ခြင်း။• သွေးပြန်ကြောထဲသို့အပ်စိုက်ခြင်း။ လိုအပ်လျှင် တစ်ခါထပ်ပိုပြီး စိုက်ပါလိမ့်မည်။• ပိုက်နှင့်သွေးကိုယူခြင်း။• လိုအပ်သည့်ပမာဏရပါက လက်မောင်းတွင်ပတ်ထားသည့် တိပ်များကိုဖယ်ခြင်း။• အပ်စိုက်ရာတွင် ပတ်တီး သို့ ဂွမ်းဖြင့်ဖိခြင်း။• Urgo ဆေးများသုံးခြင်း။ဆီးစစ်ဆေးရန်အတွက် သင်အားအောက်ပါတို့လုပ်ရန် ညွှန်ကြားပါလိမ့်မည်။• ၂၄ နာရီအတွင်း ဆီးများကိုစုထားပါ။• ဆီးနှင့်ဝမ်းမရောအောင်ရှောင်ကြဉ်ပါ။• ဆီးနမူနာများထဲသို့ အိမ်သာသုံးတစ်ရှူးများ မထည့်ပါနှင့်။• ရေခဲသေတ္တာထဲတွင် ဆီးနမူနာအား ၂၄ နာရီကြာအောင်သိမ်းပါ။• နောက်ဆုံးဆီးအား ၂၄ နာရီပြည့်ခါနီးတွင် ယူပေးပါ။အပ်စိုက်ရာတွင် နာကျင်မည်မဟုတ်ပါ။ တစ်ချို့သူများတွင် အရေပြားအားအပ်နှင့်ထိုးသည့် နာကျင်မှုကိုခံစားရနိုင်သည်။ သို့သော် အပ်သွေးပြန်ကြောထဲရောက်ပြီး သွေးစုပ်ယူနေချိန်တွင် လူအများစုသည် နာကျင်မှုကိုမခံစားရတော့ပါ။ ယေဘုယျအားဖြင့် သင်၏နာကျင်မှုလယ်ဗယ်သည် သူနာပြု၏ကျွမ်းကျင်မှု၊ သွေးပြန်ကြော၏အခြေအနေနှင့် သင်၏နာကျင်မှုကိုခံစားနိုင်စွမ်းပေါ်တွင် မူတည်ပါသည်။သွေးထုတ်ယူပြီးနောက် ပတ်တီးစကိုသုံးပြီး အပ်စိုက်သည့်နေရာကိုဖိကာ သွေးတိတ်ရပ်အောင် လုပ်နိုင်ပါသည်။ စစ်ဆေးပြီးနောက် နဂိုအလုပ်များကို ဆက်လုပ်နိုင်ပါသည်။Albumin စစ်ဆေးခြင်းအကြောင်း မေးစရာများရှိလျှင် ပိုမိုနားလည်စေရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။အရွယ်ရောက်ပြီးသူ/အသက်ကြီးသူ:။စုစုပေါင်း ပရိုတင်း 6,4-8,3 g/dL or 64-83 g/L (SI units)။Albumin 3,5-5 g/dL or 35-50 g/L (SI units)။Globulin 2,3-3,4 g/dL။Alpha1 globulin: 0,1-0,3 g/dL or 1-3 g/L (SI units)။Alpha2 globulin: 0,6-1 g/dL or 610 g/L (SI unites)။Beta globulin: 0,7-1,1 g/dL or 7-11 g/L (đơn vị SI)။ကလေး:။Total protein Albumin။နေမစေ့လမစေ့ဖွား 4,2-7,6 g/dL 3-4,2 g/dL။မွေးကင်းစ 4,6-7,4 g/dL 3,5-5,4 g/dL။တစ်နှစ်သား 6-6,7 g/dL 4,4-5,4 g/dL။တစ်နှစ်အထက်ကလေးများ 6,2-8 g/dL 4-5,9 g /dL။သင့်သွေးထဲ၌ Albumin ပမာဏမြင့်တက်နေလျှင် အောက်ပါတို့ကြောင့်ဖြစ်နိုင်သည်။• ရေဓါတ်ခမ်းခြောက်ခြင်း။• ပရိုတင်းအစားအသောက်။• သွေးလှူထားခြင်း သို့မဟုတ် လက်မောင်းပတ်အကြာကြီးပတ်ထားပြီးမှ သွေးစစ်ခြင်း။Albumin နည်းရခြင်းမှာအောက်ပါတို့ကြောင့် ဖြစ်နိုင်သည်။• အာဟာရချို့တဲ့ခြင်း။• ကျောက်ကပ်ရောဂါများ။• အသည်းရောဂါများ။• မိမိကိုယ်ခံအားမှကိုယ့်ကိုယ်ကို ပြန်တိုက်ခိုက်သောရောဂါများ (lupus သို့မဟုတ် လေးဘက်နာနှင့်တူသော အဆစ်အမြစ်ရောင်ခြင်း)။• အူများမှ ကောင်းကောင်းမစုပ်ယူနိုင်သည့်ရောဂါ (Crohn ၏ရောဂါ)။• ဟော့ကင်းလင်ဖိုးမား။• သိုင်းရွိုက်ဓါတ်နည်းခြင်း (သိုင်းရွိုက်ဟော်မုန်း အထုတ်နည်းခြင်း)။• Heart Failure။ဓါတ်ခွဲခန်းနှင့်ဆေးရုံပေါ်မူတည်ပြီး Albumin ပုံမှန်တန်ဖိုးသည် တူညီမည်မဟုတ်ပါ။ ရလဒ်နှင့်ပတ်သတ်၍သိလိုသည်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/albumin-%e1%80%a1%e1%80%9a%e1%80%b9%e1%80%9c%e1%80%bb%e1%80%97%e1%80%b4%e1%80%99%e1%80%84%e1%80%b9/
ကလပ်တက်တာ ကျန်းမာရေးအတွက်ပါ။
ကလပ်တက်တယ် နိုက်အောက်တယ် (night out) တယ်ဆိုရင် အိမ်က လူကြီးတွေက မကြိုက်ကြတာနဲ့ အမြဲရန်အတိုက်အခံဖြစ်ရတယ်မလား။လေ့လာချက်တွေအရတော့ ကလပ်တက်တာ ပျော်ဖို့ရွှင်ဖို့အတွက်ပဲ မဟုတ်ဘဲ စိတ်ကျန်းမာရေးအတွက်ရော ကိုယ်ကျန်းမာဖို့အတွက်ပါ တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုနိုင်ပါတယ်တဲ့။အိမ်က အဖေနဲ့ အမေကို ရှင်းပြဖို့လည်း အကျိုးအကြောင်း ခိုင်ခိုင်လုံလုံ ရတာပေါ့နော်။Gym သွားတာတို့၊ ပြေးတာတို့ဆိုရင် မလုပ်နိုင်ဘူး၊ မောတယ်ဆိုတဲ့သူတွေက ကလပ်ရောက်ရင်တော့ ခုန်ပေါက်ကခုန်နေတာပဲလေ။ ၂ နာရီ ၃ နာရီ ကလပ်ထဲမှာ ကခုန်လိုက်တဲ့အခါ ကယ်လိုရီတွေ လောင်ကျွမ်းပြီး ခန္ဓာကိုယ်ကို ကျစ်ကျစ်လစ်လစ် ဖြစ်စေပါတယ်။ရုံးချိန် တစ်နေ့ ၈ နာရီ ၉နာရီ တစ်ပတ် ၅ ရက်လုပ်ရတဲ့သူတွေမှာ သူမတူတဲ့ စိတ်ဖိစီးမှုတွေရှိတတ်ကြပါတယ်။ ကလပ်ထဲ သီချင်းတွေ ကြားမှာ ပျော်ပျော်ပါးပါး ကခုန်တာနဲ့ပဲ ကုန်ဆုံးတာဟာလည်း စိတ်ဖိစီးမှုကို အများကြီး လျှော့ချပေးနိုင်တဲ့အတွက် တနင်္လာနေ့ ရုံးပြန်တက်တဲ့ချိန်မှာ စိတ်သစ်လူသစ်ဖြစ်ပြီးတော့ တစ်ပတ်တာ ကြုံတွေ့ရမယ့် စိတ်ပင်ပန်း၊ လူပင်ပန်းဒဏ်ကို ပိုခံနိုင်ရည်ရှိပါတယ်တဲ့။စိတ်ကို တက်ကြွစေတဲ့ ကလပ်ထဲက သီချင်းတွေဟာ နားထဲကနေ တစ်ဆင့် ဦးနှောက်ကို ပျော်ရွှင်သာယာစေတဲ့ဟော်မုန်းတွေ ထွက်ဖို့အတွက် လှုံ့ဆော်ပေးပါတယ်။ ပျော်လို့ ကလပ်သွားတယ် ကလပ်သွားလို့ ပျော်တယ်ဆိုတာမျိုးပေါ့။ကလပ်ထဲက တဖျတ်ဖျတ် မီးတွေဟာ ကလို့ ခုန်လို့ ပိုကောင်းစေတာပဲမဟုတ်ဘဲ ဦးနှောက်ကို လှုံ့ဆော်မှု တစ်မျိုးလည်း ဖြစ်တာကြောင့် တီထွင် ဖန်တီးနိုင်စွမ်းတွေလည်း ကောင်းလာစေတယ်တဲ့။ ဒါကြောင့် ပရိုဂျက်တစ်ခုအတွက် အိုင်ဒီယာတွေ စဉ်းစားလို့မထွက်ရင်း ကလပ်သွားပြီး ခုန်လိုက်ပါ။ကလပ်သွားရင် အရက်နဲ့တော့ကင်းမှာမဟုတ်ပါဘူး။ ကခုန်လို့ကောင်းရုံလောက်သောက်ရင် ဦးနှောက်ကနေဒိုပါမင်း(dopamine) ဟော်မုန်းထွက်ပါတယ်။ သူကတော့ ကချင်ခုန်ချင်စိတ်ကို ဖြစ်ပေါ်စေပြီး ပျော်စေတဲ့ ဟော်မုန်းပါပဲ။ကလပ်သွားရင် လူပေါင်းစုံနဲ့တွေ့ရမှာပါ။ ပုံမှန်ဆို ရှက်တတ်တဲ့သူတွေလည်း ကလပ်ထဲရောက်ရင် ပေါင်းသင်းဆက်ဆံရေးတွေ အလိုလိုကောင်းလာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို လည်း ယုံကြည်မှုပိုလာမယ်။ သူငယ်ချင်း မိတ်ဆွေအသစ်တွေလည်း ပိုရလာမယ်။ သူငယ်ချင်းအသစ်တွေလိုချင်တယ်၊ ကွန်ရက်ကျယ်ပြန့်ချင်တယ်၊ ဖြန့်ကျက်ချင်တယ်ဆိုရင် ကလပ်သွားပါ။စကားတစ်ခွန်းရှိပါတယ်။ “သင့်အသက်ကြီးသွားလို့ ကခုန်တာရပ်လိုက်တာမဟုတ်ပါဘူး။ သင်ကခုန်တာရပ်လိုက်လို့ အသက်ကြီးသွားတာပါ” တဲ့။ ကလပ်ထဲမှာ ကတာခုန်တာ နှလုံးကျန်းမာရေးအတွက်လည်း ကောင်းလို့ အသက်ရှည်ကျန်းမာစေပါတယ်။လူကြီးတွေကတော့ ကလပ်သွားတယ်ဆိုတာကိုမူးယစ်ဆေး၊ လိင်ကိစ္စ၊ ရန်ဖြစ်တာတွေနဲ့ပဲ တွဲမြင်တတ်ကြတာကြောင့် အမြင်မကြည်ကြတာပါ။ သူတို့တွေးတာလည်း မှားတော့မမှားပါဘူး။ ကလပ်လာတာ သူငယ်ချင်းတွေနဲ့ ပျော်ဖို့ ကခုန်ဖို့အတွက်မဟုတ်ဘဲ မူးယစ်ဆေးသုံးနေတာ၊ အရက်သောက်ပြီး ရန်ရှာဖို့ပဲ စောင့်နေတဲ့ လူငယ်တွေလည်း အများကြီးပါ။အရာရာတိုင်းမှာ နှစ်ဦးနှစ်ဖက်ဆိုတာရှိတဲ့အတွက် ကလပ်ဆိုတာ အရမ်းကောင်းတဲ့နေရာ မဟုတ်သလို ပျက်စီးနေတဲ့ လူငယ်တွေပဲ သွားတဲ့ နေရာလည်း မဟုတ်တာကို အိမ်ကလူကြီးတွေ နားလည်ရင်တော့ ကလပ်သွားတာဟာ ပိုပြီးပွင့်လင်းမြင်သာ ပျော်ရွှင်စရာကောင်းလာမှာပါ။အပျော်အပါးဆိုတာကလည်း အကန့်အသတ်တစ်ခုရှိသင့်ပါတယ်။ ပျော်လည်း ပျော်၊ ကလပ်သွားရင်းလည်း လမ်းမှားမရောက်ဖို့အတွက်ကတော့ ကိုယ့်ကိုယ်ကိုမှာပဲ တာဝန်ရှိပါတယ်နော်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%80%e1%80%9c%e1%80%95%e1%80%ba%e1%80%90%e1%80%80%e1%80%ba%e1%80%90%e1%80%ac-%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%90%e1%80%bd/
Blocked Tear Duct (မျက်ရည်ပြွန်ပိတ်ခြင်း)
မျက်စိရဲ့ မျက်ရည်ထုတ်တဲ့စနစ်ဟာ တစိတ်တပိုင်းဖြစ်စေ၊ လုံးဝဖြစ်စေ ပိတ်သွားရင် မျက်ရည်ပြွန်ပိတ်ခြင်း ဖြစ်ပေါ်ပါတယ်။ မျက်ရည်မစီးထွက်နိုင်ရင် မျက်ဝတ်ထွက်ခြင်း၊ ယားယံခြင်းဖြစ်ပြီး မျက်စိမှာ ရောဂါပိုးဝင်တဲ့ အခြေအနေဖြစ်ပေါ်စေနိုင်ပါတယ်။များသောအားဖြင့် မျက်ရည်ပြွန်ပိတ်ခြင်းဟာ ပြန်လည်ပြုပြင်နိုင်ပါတယ်။ ကုသမှုဟာ ပိတ်ဆို့ရတဲ့အကြောင်းအရင်းနဲ့ ဖြစ်တဲ့သူရဲ့ အသက်အရွယ်ပေါ် မူတည်ပါတယ်။မွေးကင်းစတွေမှာ အဖြစ်များပါတယ်။ လူကြီးတွေမှာတော့ ရောဂါပိုးဝင်ခြင်း၊ ရောင်ခြင်း၊ ဒဏ်ရာရခြင်း၊ အကျိတ်ဖြစ်ခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။တွေ့ရများတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။မျက်ရည်ပြွန်ပိတ်ပြီး ဘက်တီးရီးယားပိုးတွေ နှာခေါင်းနဲ့မျက်ရည်လမ်းကြောင်းဆုံရအိတ်အတွင်း ပိတ်မိရင် ရောဂါပိုးဝင်ခြင်း ဖြစ်ပွားပြီး အောက်ပါလက္ခဏာတွေ ဖြစ်ပွားတတ်ပါတယ်။အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။အောက်ပါအခြေအနေတွေမှာ ဆရာဝန်ပြသင့်ပါတယ်။အောက်ပါအခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဒီရောဂါရှိတယ်လို့ သံသယရှိရင် လက္ခဏာတွေရှိမရှိ မေးမြန်းခြင်း၊ မျက်စိစမ်းသပ်ခြင်း၊ တခြားဖြစ်နိုင်ခြေများ စစ်ဆေးခြင်း စတာတွေ ပြုလုပ်ပါလိမ့်မယ်။မျက်ရည်ပြွန်ပိတ်ခြင်းကို သိနိုင်ဖို့ အောက်ပါနည်းလမ်းတွေနဲ့ စစ်ဆေးနိုင်ပါတယ်။ကုသမှုဟာ မျက်ရည်ပြွန်ပိတ်တဲ့ အကြောင်းအရင်းပေါ် မူတည်ပါတယ်။ တခါတရံ တခုထက်ပိုတဲ့ ကုသမှုတွေ လိုအပ်ပါတယ်။ အောက်ပါကုသမှုတွေ ပါဝင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက မျက်ရည်ပြွန်ပိတ်ခြင်းအတွက် အထောက်အကူ ပြုသလဲ။အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/blocked-tear-duct-%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%9b%e1%80%8a%e1%80%ba%e1%80%95%e1%80%bc%e1%80%bd%e1%80%94%e1%80%ba%e1%80%95%e1%80%ad%e1%80%90%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba/
Dyshidrosis (နှင်းခူစို)
နှင်းခူစိုသည်လက်ဖဝါး ခြေဖဝါးများပေါ်တွင်အရည်ကြည်ဖုလေးများပေါက်သော အရေပြားရောင်ရမ်းမှုဖြစ်စဉ် တမျိုးဖြစ်ပါသည်။ ထိုအရည်ကြည်ဖုလေးများသည် ၁-၂ မီလီမီတာရှိပြီး ၃ပတ်အကြာတွင် အနာကျက်သွားပါသည်။အနာကျက်ပြီးနောက်နီရဲနေခြင်းမျိုးမရှိသော်လည်း ပြန်ဖြစ်နိုင်ချေရှိပါသည်။ မကြာခဏ ပြန်ဖြစ်သောအခါ အရေပြားအက်ကွဲကြောင်းများဖြစ်ခြင်း၊ ထူပြင်းလာခြင်းတို့ဖြစ်နိုင်ပါသည်။နှင်းခူစိုသည် လက်အရေပြားရောင်ရမ်းသော ရောဂါများတွင် တတိယအဖြစ်များဆုံးရောဂါဖြစ်ပြီး အမျိုးသမီးများသည် အမျိုးသားများထက် ၂ဆပို အဖြစ်များကြောင်းတွေ့ရသည်။နှင်းခူစိုဖြစ်သော သူတဝက်ခန့်သည် အရေပြားဓါတ်မတည့်ခြင်းကြောင့် ယားယံခြင်းများနှင့် တွဲလေ့ရှိကြောင်းလည်းတွေ့ရသည်။၎င်းသည်လည်း အတွေ့ရများသော နှင်းခူမျိုးပင်ဖြစ်ပါသည်။သို့သော်နှင်းခူသည် ဖြစ်စေသောအကြောင်းများကို သေချာစွာသိလျှင် ကာကွယ်နိုင်သောကြောင့် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။အချို့သော အရည်ကြည်ဖုများကို အောက်ပါအတိုင်းတွေ့ရသည်။ရောဂါကို စောစီးစွာသိပါက ပိုမဆိုးလာအောင်ကာကွယ်နိုင်သည့်အတွက် နှင်းခူစိုဖြစ်လျှင်သိသိခြင်း ဆရာဝန်နှင့် ပြခြင်းသည် အကောင်းဆုံးဖြစ်သည်။သင့်ထံတွင် အထက်ပါ ရောဂါလက္ခဏာများ နှင် မေးစရာမေးခွန်းများရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။နှင်းခူစို ကိုဖြစ်စေသော အကြောင်းကို ယခုထိမသိသေးပါ။၎င်းရောဂါသည် အရေပြားဓါတ်မတည့်ခြင်းကြောင့် ယားယံခြင်းများ၊ ဓါတ်မတည့်ခြင်းကြောင့် အသက်၇ှုကျပ်ခြင်းစသည်တို့နှင့်ဆက်စပ်နေနိုင်ပြီး ရာသီအလိုက် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဓါတ်မတည့်ခြင်းဖြစ်သော လူနာများတွင်လည်း ဖြစ်နိုင်သည်။နှင်းခူစိုသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ စိတ်ဖိအားများသောအခါများတွင် ဖြစ်လေ့ရှိသည်။စက်ရုံသုံး သတ္တုများဖြစ်သော ကိုဘော့၊ နီကယ် တို့သည် နှင်းခူစိုဖြစ်စေသည်။အချို့သော အရာဝတ္ထုများနှင့် ထိတွေ့ပြီးလျှင် အရေပြားနီရဲတတ်သောသူများသည် နှင်းခူစိုဖြစ်နိုင်ချေများသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။နှင်းခူစိုသည် ဆရာဝန်စစ်ဆေးပြီးသိရှိသော အရေပြားရောဂါဖြစ်သည်။ မည်သည့် ဓါတ်ခွဲစမ်းသပ်မှုမျိုးမှ လုပ်ရန်မလိုပါ။ သို့သော် သင့်ဆရာဝန်က အခြားသော အရေပြားပြသနာများနှင့် မမှားရလေအောင် သေချာစေရန် စစ်ဆေးမှုအချို့ပြုလုပ်နိုင်ပါသည်။ဥပမာ – အားကစားသမားများ၏ ခြေထောက်တွင် ဖြစ်သော နှင်းခူမျိုးကို အရေပြားကိုခြစ်ကာ မှိုရောဂါဟုတ်မဟုတ်စမ်းသပ်ခြင်းမျိုးလုပ်နိုင်ပါသည်။အရေပြားဓါတ်မတည့်မှုကြောင့်ဖြစ်သော ရောဂါဟုတ်မဟုတ် သိရှိရန် သင့်အရေပြားပေါ်ကို ပစ္စည်းတမျိုးဖြင့် ထိတွေ့စေပြီးစမ်းသပ်နိုင်ပါသည်။သင့်ရောဂါ အတိမ်အနက်ပေါ်မူတည်ပြီး ကုသမှုများကွာခြားပါသည်။အားပြင်းသော စတီးရွိုက်ဆေးများကိုလိမ်းခြင်းဖြင့် နှင်းခူစိုကို လျှင်မြန်စွာပျောက်ကင်းနိုင်ပါသည်။ ဆေးလိမ်းထားသောနေရာကို ပလတ်စတစ်နှင့် ပတ်ထားခြင်း၊ အစိုဓါတ်ရှိအောင်ထားခြင်း စသည်တိုကကလည်း အရည်များကို ခြောက်စေသည်။ပိုဆိုးသော နှင်းခူနာများအတွက် prednisolone သောက်ဆေးများကို ဆရာဝန်က ညွှန်ကြားမည်ဖြစ်ပြီး ထိုဆေးများသည် ရေရှည်သောက်လျှင် ဘေးထွက်ဆိုးကျိုးများစွာရှိနိုင်ပါသည်။Tacrolimus (Protopic) နှင့် Pimecrolimus (Elidel) ဆေးများသည် စတီးရွိုက်မသောက်ချင်သောသူများအတွက် ကုသခြင်းဖြစ်ပြီး ဘေးထွက်ဆိုးကျိုးအနေဖြင့် အရေပြားပိုးဝင်လွယ်ခြင်းတို့ဖြစ်နိုင်သည်။ဆရာဝန်အချို့က ပိုဆိုးသော နှင်းခူနာများအတွက် Botulinum Toxin ထိုးဆေးကို သုံးကြသည်။အအေးဖြင့်ကပ်ခြင်းက သင့်အရေပြားယားယံမှုကို လျှော့ချပေးနိုင်ပါသည်။ အအေးဖြင့် ကပ်ပြီးမှ လိမ်းဆေးလိမ်းရန် သင့်ဆရာဝန်က အကြံပေးလိမ့်မည်။ အစိုဓါတ်ထိန်းခရင်မ် လိမ်းပေးခြင်းဖြင့်လည်း အသားခြောက်ခြင်းကြောင့် ယားယံခြင်းကို လျော့နည်းစေသည်။လိမ်းသင့်သော အစိုဓါတ်ထိန်းခရင်မ်များမှာ။သင့်နေထိုင်စားသောက်ပုံပြောင်းလဲခြင်းတို့ဖြင့်လည်း ထပ်မဖြစ်လာအောင် ကာကွယ်နိုင်သည်။ နီကယ်၊ ကိုဘော့ စသည်တို့နှင့် ထိတွေ့ခြင်းကို ရှောင်ရုံသာမက ၎င်းတို့ပါသော အစားအစာများကို ပါရှောင်သင့်သည်။ အချို့က ဗီတာမင်အေ ကြွယ်ဝစွာစားခြင်းသည် နှင်းခူစိုကို သက်သာစေသည်ဟုပြောသည်။ သို့သော် ဆရာဝန်နှင့် တိုင်ပင်ပြီးမှစားသုံးခြင်းသည် ပိုကောင်းပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/infectious-skin-diseases/dyshidrosis-%e1%80%94%e1%80%bd%e1%80%84%e1%80%b9%e1%80%b8%e1%80%81%e1%80%b0%e1%80%85%e1%80%ad%e1%80%af/
ပဲထောပတ် ဆိမ့်ဆိမ့်လေးကြိုက်ကြလား......
နှပ်ပဲစားစား၊ ကြော်ပဲစားစား၊ ချက်ပဲစားစား ဆိမ့်နေတဲ့ပဲထောပတ်လေးကို ကြိုက်တဲ့သူများရှိလား။ ဒါဆိုရင်တော့ သင်က အရသာရှိတဲ့ ပဲထောပတ်လေးကိုစားရင်း အခုလိုအကျိုးကျေးဇူးလေးတွေ ရရှိစေမှာပါ။ပဲထောပတ်ဆိမ့်ဆိမ့်လေးက။သွေးတွင်းသကြားဓာတ်ကို ကျစေတယ်။ပဲထောပတ်မှာ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီအမျှင်ဓာတ်တွေက အူနံရံကို ရေဓာတ်နဲ့ အာဟာရဓာတ်တွေစုပ်ယူမှုကောင်းစေပြီး အစားစားပြီးချိန်မှာ သွေးတွင်းသကြားဓာတ်ကိုလျင်မြန်စွာမြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့်ဆီးချိုရှိသူတွေ၊အင်ဆူလင်တုံ့ပြန်နိုင်စွမ်းနည်းသူတွေအတွက်အထူးသင့်တော်ပါတယ်။အရိုးတွေသန်မာစေတယ်။ပဲထောပတ်မှာ မဂ္ဂနိစ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီဓာတ်တွေက အရိုးတွေကြံ့ခိုင်သန်စွမ်းစေနိုင်သလို အရိုးသိပ်သည်းဆကိုလည်း ကောင်းစေပါတယ်။အရိုးပါးတာ၊ အရိုးပွတာတွေ မဖြစ်အောင်ကာကွယ်ရာလည်းရောက်ပါတယ်။သံဓာတ်ကြွယ်ဝစွာပါဝင်နေတဲ့ ပဲထောပတ်ကဆံသားကိုအောက်ဆီဂျင်တွေပံ့ပိုးပေးနိုင်ပါတယ်။ ဒီလိုထောက်ပံ့ပေးမှုက ဆံသားတွေကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။အစာကြေစေနိုင်တယ်။ပဲထောပတ်မှာ အစာခြေစနစ်အတွက်အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်နေပါတယ်။ ပိုတက်ဆီယမ်က အစာခြေစနစ်ကိုကျန်းမာစေသလိုနှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။အသားအရေလှပစေတယ်။ပဲထောပတ်မှာ ကော့ပါးကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီဓာတ်ကို အသည်းတွေမှာ အဓိကတွေ့နိုင်တာဖြစ်ပြီး အသားအရေကို အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ ဆဲလ်တွေပျက်စီးတာကို ကာကွယ်ပေးနိုင်သလိုအရေပြားပြဿနာအမျိုးမျိုးကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။အင်အားပြည့်စေတယ်။ကာဗိုဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်နေမှုက ခွန်အားပြည့်ဝနေစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ကယ်လ်လိုရီနဲ့ အဆီပါဝင်မှုနည်းတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုတာကို ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။ အင်အားပြည့်ဝပြီး တက်ကြွလန်းဆန်းနေစေမယ့် အစားအစာတစ်မျိုးပါ။နှလုံးကျန်းမာစေနိုင်တယ်။ပဲထောပတ်ကပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်နေပြီး သွေးတွင်းကိုလက်စထရောကိုလျှော့ချပေးနိုင်ပါတယ်။ ပဲထောပတ်စားသုံးပေးတာက ရုတ်တရက်နှလုံးရပ်တာ၊ လေဖြတ်တာ နဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေမဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေနိုင်တယ်။လေ့လာမှုတွေအရ ပဲထောပတ်မှာ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေနဲ့ ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်တွေပါဝင်နေပါတယ်။ ဒီဓာတ်တွေပါဝင်နေမှုကပဲ ကင်ဆာရောဂါဖြစ်နိုင်ခြေကို အထိရောက်ဆုံးလျှော့ချပေးနိုင်တာပါ။ အူမကြီးကင်ဆာနဲ့ အူလမ်းကြောင်းတလျှောက်မှာခံစားရနိုင်တဲ့ ကင်ဆာတွေကင်းစေဖို့ဆိုရင် ပဲထောပတ်က စားပေးသင့်တဲ့ အစားအစာတစ်ခုပေါ့။အသည်းအဆီမဖုံးအောင် ကာကွယ်ပေးတယ်။အသည်းအဆီဖုံးတာကအရက်ကြောင့်တင်မဟုတ်ဘဲ နေ့စဉ်စားသောက်နေထိုင်မှုပုံစံကြောင့်လည်းဖြစ်နိုင်ပါတယ်။ အသည်းအဆီဖုံးတာက နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ပြဿနာတွေလည်း မနည်းပါဘူး။ ဒီတော့ အကောင်းဆုံးကကြိုတင်ကာကွယ်တာပါ။ ဒီတော့ ကာကွယ်မှုတစ်ရပ်အနေနဲ့ ပဲထောပတ်ကို စားပေးလို့ရပါတယ်။ လေ့လာမှုအရကတော့ ပဲထောပတ်က အသည်းမှာအဆီဖုံးတာကို သက်သာစေနိုင်တယ်၊လို့ တွေ့ရှိခဲ့ရပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/lima-beans/
အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ အစက်အပြောက် (age spots)တွေ အမျိုးအစား ဘယ်နှစ်မျိုး ရှိသလဲ
သက်ကြီးစက် (age spots) သို့မဟုတ် Liver spots တွေဟာ သင်အသက် ၄၀အရွယ်ရောက်တဲ့အခါ သင်ရင်ဆိုင်ရမယ့် ပုံမှန် လက္ခဏာတစ်ခုပါပဲ။ သူတို့တွေဟာ နေရောင်နဲ့ထိတွေ့တဲ့နေရာတွေ ဥပမာ မျက်နှာ၊ ပုခုံး၊ လက်မောင်းနဲ့ လက်တွေ စတဲ့ နေရာတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။သင့်မှာဖြစ်ပေါ်နိုင်မယ့် သက်ကြီးစက်အမျိုးအစားအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ဒါကိုတော့ Campbell de Morgan spots သို့မဟုတ် senile angiomasm လို့သိကြပြီး သေးငယ်တဲ့ အနီရောင်တောက်တောက်၊ အဝိုင်းပုံ သို့မဟုတ် ဘဲဥပုံအစက်လေးတွေပါ။ သူတို့တွေဟာ တစ်ခါတလေ သင့်ရဲ့ လက်မောင်းနဲ့ ပုခုံးတွေပေါ်မှာ ပေါ်တတ်ပါတယ်။ ဒီလက္ခဏာတွေကိုတော့ သင်ကြီးလာတဲ့အခါ တွေ့လာရမှာပါ။ဘာကြောင့်လဲဆိုတော့ အရည်ပြားအောက်က သွေးကြောတွေ ပြောင်းလဲလာလို့ပေါ့။ သူတို့တွေဟာ တစ်ဦးတစ်ယောက်ချင်းစီပေါ်မူတည်ပြီး အများအားဖြင့်တော့ အသက် ၃၀လောက်ရောက်တဲ့အခါပေါ်လာတတ်ပါတယ်။ အသက်ပိုကြီးလာလေလေ အရွယ်အစားနဲ့ အရေအတွက် တိုးလာလေလေပါပဲ။ ဒီအစက်တွေမှာတော့ အမျိုးအစား နှစ်မျိုးရှိပါတယ်။သူတို့တွေဟာ ချောမွေ့ညီညာနေနိုင်ပြီး နည်းနည်းဖုဖောင်းနေတာမျိုးဖြစ်တတ်ကာ သင်ဒဏ်ရာရသွားတဲ့အခါ သွေးလည်း ထွက်နိုင်ပါတယ်။ သူတို့တွေဟာ သင့်ကျန်းမာရေးအတွက် ဘယ်လိုမှ မထိခိုက်နိုင်ပေမယ့် သူတို့တွေရဲ့ ပြောင်းလဲမှုတွေကို မျက်ခြေမပြတ်စောင့်ကြည့်သင့်ပါတယ်။တကယ်လို့များ သူတို့က သွေးထွက်လာတာတွေ၊ ဒါမှမဟုတ် အရွယ်၊ ပုံစံ နဲ့ အရောင်ပြောင်းသွားတာမျိုးတွေ ရှိတယ်ဆိုရင်တော့ ဒီပုံမှန်မဟုတ်တဲ့ အခြေအနေကို ဆရာဝန်ကို ပြောပြသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအပြောင်းအလဲတွေဟာ အရည်ပြားကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်နေနိုင်လို့ပါ။Lentigines တွေရဲ့ လက္ခဏာတွေကတော့ တင်းတိပ်တွေနဲ့ အတူတူပါပဲ။ သူတို့တွေဟာ အပြားလိုက်ဖြစ်ပြီး နေလောင်တဲ့အညိုရောင်ကနေ မဲနေတဲ့ အစက်တွေထိ ဖြစ်နိုင်ပါတယ်။ သူတို့မှ ပုံမှန်မဟုတ်တဲ့ အရွယ်အစားတွေရှိပြီး ခဲတံထိပ်က ခဲဖျက်အရွယ်အစားကနေ ဆယ်ပြားစေ့အရွယ်ထိ ပြောင်းလဲနိုင်ပါတယ်။သူတို့တွေဟာ နေရောင်ခြည်နဲ့ထိတွေ့မှုများတဲ့ အရည်ပြားတွေမှာ ပေါ်လာတတ်ပါတယ်။ ဥပမာ- လက်ဖမိုးတို့ မျက်နှာတို့လိုပေါ့။ အရည်ပြားလွှာထဲမှာရှိတဲ့ ရောင်ခြယ်ဆဲလ်တွေ ကြီးထွားလာမှုကြောင့် ဒီလက္ခဏာတွေ ပေါ်လာရတာပါ။ သင်အသက်ကြီးလာတဲ့အခါလည်း ဒီအခြေအနေက ပိုတိုးလာမှာပါပဲ။တကယ်လို့ သင်အသက်ကြီးလာတဲ့အခါ ဒီလက္ခဏာတွေကို ရှောင်ချင်တယ်ဆိုရင်တော့ နေရောင်နဲ့လိုတာထက် ပိုထိတွေ့တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ နေရောင်ကာလိမ်းဆေးကိုလိမ်းတာမျိုး ဒါမှမဟုတ် အရေပြားကို ကာကွယ်ပေးနိုင်တဲ့အဝတ်တွေ ဥပမာ ဦးထုပ်နဲ့ အင်္ကျီရှည်တွေကို အပြင်ထွက်တိုင်း ဝတ်ဆင်ပေးတာမျိုးအားဖြင့် ကာကွယ်နိုင်ပါတယ်။သူတို့တွေဟာ သင့်ကျန်းမာရေးကိုတော့ မထိခိုက်စေပါဘူး။ ဒါပေမဲ့ ဒါတွေရှိနေရင်တော့သင်အဆင်မပြေဖြစ်နေမှာပါပဲ။ ဒါတွေကို cryotherapy ၊ hydroquinone preparations သို့မဟုတ် retinoid ခရင်မ် / chemical peels နဲ့ လေဆာတွေအသုံးပြုပြီး အရောင်ချွတ်ခြင်းနည်း စတဲ့ ဆေးနည်သုံးပြီး ဒါတွေကို အလွယ်တကူ ဖျောက်ပစ်နိုင်ပါတယ်။Lentigines တွေသာမက ဒါတွေကလည်း အဖြစ်များတဲ့ သက်ကြီးစက်တွေပါ။ သူတို့တွေဟာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ပေါ်လာတတ်ပြီး အရွယ်အစားနဲ့ အရောင်တွေက ပြောင်းလဲနိုင်ပါတယ်။ ရွှေညိုရောင်၊ အညိုအဖျော့ သို့မဟုတ် မည်းနက်နေတဲ့ အစက်တွေဖြစ်နိုင်ပါတယ်။သူတို့တွေဟာ သင့်ရဲ့ ရင်ဘတ်မှာ၊ ပုခုံးအရည်ပြားပေါ်မှာ (scalp shoulders)၊ ကျောနဲ့ ဝမ်းဗိုက်တွေမှာ ဖြစ်နိုင်ပါတယ်။ seborrheic keratosis တွေကတော့ အမျိုးအစားအများကြီးရှိပြီး သင့်မှာ large cell acanthoma, stucco keratosis, linchenoid keratosis, Dermatosi papulosa nigra, solar lentigo နဲ့ inverted follicular keratosis စတာတွေ ဖြစ်နိုင်ပါတယ်။သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက သင်seborrheic keratosis ဘယ်နှစ်မျိုးရှိသလဲဆိုတာ ဆုံးဖြတ်ပေးနိုင်ပါတယ်။ လူတစ်ယောက်မှာ နည်းနေနိုင်ပေမယ့် အခြားတစ်ယောက်မှာ အများကြီးရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာလည်း seborheic kereatoses တွေရှိနေနိုင်ပြီး နှစ်ကြာလေလေ များလာလေလေ ဖြစ်တတ်ပါတယ်။သူ့ကိုဖြစ်စေတဲ့ အကြောင်းရင်းကလည်း အများကြီးပါ။ ဒါပေမဲ့ အဖြစ်အများဆုံး အကြောင်းရင်းတွေကတော့ ပုံမှန် အရည်ပြားဆဲလ်တွေ စုပုံလာပြီး နေရောင်နဲ့ထိတွေ့တာကြောင့်ပါ။ lentiginesတွေလိုပဲ ဒါတွေကလည်း အန္တရာယ်မရှိပါဘူး။ဒါပေမဲ့ သူတို့ဟာ အနက်ရောင်ကိုပြောင်းသွားရင် ဒါမှမဟုတ် ရောင်ရမ်းလာတာမျိုး၊ သွေးထွက်လာတာမျိုးရှိခဲ့ရင် ဂရုစိုက်သင့်ပြီး ဒီအခြေအနေတွေကို အရည်ပြားဆိုင်ရာကျွမ်းကျင်သူ သို့မဟုတ် ဆရာဝန်နဲ့တိုင်ပင်ပြီး ရောဂါအမျိုးအစားခွဲခြားပါ။ဒီလိုအခြေအနေတွေမှာတော့ ဒါဟာ အရည်ပြားကင်ဆာတစ်မျိုးဖြစ်တဲ့ melanoma ရဲ့ လက္ခဏာတွေဖြစ်တတ်ပြီး သူတို့တွေမှာလည်း တူညီတဲ့ပုံစံမျိုးတွေရှိတတ်ပါတယ်။ Seborrheric keratosis တွေကို နိုက်ထရိုဂျင်အရည်နဲ့ ခဲလိုက်ပြီးကုသခြင်း သို့မဟုတ် ထုံဆေး(Local anesthetic) ပေးပြီး ခြစ်ထုတ်လိုက်ခြင်း စတာတွေနဲ့ကုသနိုင်ပါတယ်။သက်ကြီးစက်တွေဟာ သင်အသက်ကြီးလာတဲ့အချိန်မှာ တွေ့ရမယ့် အဖြစ်များတဲ့ အရည်ပြားပြဿနာတစ်ခုပါ။ သူတို့တွေဟာ အချို့သော ကိစ္စတွေမှာတော့ သင့်ကျန်းမာရေးကို မထိခိုက်နိုင်ဘဲ တကယ်လို့ အထက်ပါ ပုံမှန်လက္ခဏာတွေနဲ့မတူညီတဲ့ ပုံမှန်မဟုတ်တဲ့အခြေအနေတွေ တွေ့လာရပြီဆိုရင်တော့ ဒါတွေကို ရောဂါအမျိုးအစားခွဲခြား အတည်ပြုဖို့ ဆရာဝန်သွားပြပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%a1%e1%80%9e%e1%80%80%e1%80%ba%e1%80%a1%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%9c%e1%80%ac/
အစာအိမ် ရောင်တဲ့အခါ ဒါတွေရှောင်ပါ
အစာအိမ် ရောင်တာက ဘာတွေကြောင့် ဖြစ်ရတာလဲ။ ဘယ်လို လက္ခဏာတွေ ဖြစ်နိုင်သလဲ။ ဘာတွေ သတိထားဖို့ လိုမလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ အစာအိမ် ရောင်တဲ့အခါ လိုက်နာရမှာလေးတွေကို ကြည့်လိုက်ရအောင်နော်။အစာအိမ် အူလမ်းကြောင်းရောင်ရမ်းတာက ဗိုင်းရပ်စ်၊ဘက်တီးရီးယားဒါမှမဟုတ် ကပ်ပါးပိုးတွေကြောင့် ဖြစ်ပါတယ်။ အများအားဖြင့် –။လက္ခဏာတွေ ကတော့ –။ရောင်ရမ်းခြင်းရဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ဒီ လက္ခဏာတွေဟာ တစ်ရက်ကနေ တစ်ပတ်ကျော် အထိ ကြာမြင့် တတ်ပါတယ်။အကြမ်းဖျင်း အားဖြင့်တော့ အစာအိမ် ရောင်တဲ့အခါ အချဉ်၊ အစပ် မပါတဲ့ အစာ ပျော့ပျော့ပဲ စားရမှာပါ။ ရှောင်သင့်တဲ့ အရာတွေ အကြောင်း အသေးစိတ်လေး ပြောရရင်တော့ –။ဒါ့အပြင် အမဲသား၊ ဝက်သားတို့လို အသားတွေကို များများမစားသင့်ပါဘူး။အစာ စားရင် တစ်ခါတည်း အများကြီး ပြည့်အင့်နေအောင် မစားပါနဲ့။ အချိန် သတ်မှတ်ပြီး နည်းနည်းချင်း ခွဲပြီးစားပါ။ ပမာဏ များများ ဖိစား လိုက်တဲ့အခါ အစာအိမ်ကို ဝန်ပိစေနိုင်လို့ပါ။ဘာတွေစားလို့ရမလဲ။ဒီအချိန်မှာ –။ကောင်းကောင်းအနားယူပါ။အစာအိမ် ရောင်တဲ့ အချိန်မှာ ခန္ဓာကိုယ်ကရောဂါပိုးကိုတိုက်ထုတ်ဖို့အနားယူဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် အိပ်ရေးဝအောင် အိပ်ပါ၊ တစ်နေ့တာမှာ လှုပ်ရှားမှုသိပ်မများအောင် ဂရုစိုက်ပါ။ အပင်ပန်း မခံဘဲ နားနားနေနေ နေပါ။အစာအိမ်ရောင်တာက အများအားဖြင့် ရက်ပိုင်းလောက်နေရင်  အလိုလိုသက်သာနိုင်ပါတယ်။ အဲ့အချိန်မှာ အစာအိမ်ကို သေချာအနားပေးဖို့တော့ လိုတာပေါ့။ တကယ်လို့ ခဏခဏ အစာအိမ်ရောင်တယ်ဆိုရင် အစာအိမ်ပိုးကြောင့် ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသပြီး သေချာကုသဖို့ လိုပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gastritis-digestive-health/guide-to-gastritis/
မသန့်တာတွေစားမိတဲ့ကလေး ဘာတွေဖြစ်လာနိုင်မလဲ
ကိုယ်နေ့တိုင်း စားသောက်နေတဲ့အစားအသောက်တွေက ကျန်းမာရေးနဲ့ညီညွတ်ဖို့ အရေးကြီးတဲ့အပြင်ဓာတုပစ္စည်းတွေကနေ ကင်းဝေးဖို့လည်း လိုပါတယ်။ လူကြီးတွေ အတွက်တောင် အစားအသောက်သန့်ရှင်းဖို့က အရေးကြီးသေးတာ ကလေးတွေ အတွက်ဆို ပိုလို့တောင် အရေးကြီးပါသေးတယ်။ ကိုယ့်ရဲ့ ကလေးတွေ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာဖို့ဆိုတာ မိဘတိုင်းရဲ့ အိပ်မက်မဟုတ်လား။ ဒီလို ကြီးပြင်းလာဖို့ဆို နေ့တိုင်းစားတဲ့အစားအသောက်က အဓိကနေရာကနေ ပါဝင်နေတာမို့ ကလေးတွေစားတဲ့ အစားအသောက်တွေ စိတ်ချလုံခြုံမှုရှိဖို့ အရေးကြီးပါတယ်။ ဘာကြောင့် အစားသောက်တွေ သန့်ရှင်းဖို့က အရေးကြီးရသလဲဆိုတာ မေမေတို့ သိချင်ကြမယ်လို့ ထင်ပါတယ်။ ။ဒါဟာ အစားအသောက်တွေ သန့်ရှင်းဖို့ လိုအပ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းဖြစ်ပါတယ်။ ကိုယ်ကြိုက်လို့စားလိုက်တဲ့ အစားအစားတွေကနေ ရောဂါရတာမျိုး ဘယ်သူမှတော့ မဖြစ်ချင်ကြဘူးလေ။အစာအဆိပ်သင့်တယ်ဆိုတာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ အတွက်ဆိုရင် အသက်ဆုံးနိုင်တဲ့ အထိတောင် ပြင်းထန်တဲ့ ဖြစ်စဉ်ကြီးတစ်ခုပါ။အဖိုးတန်ရတနာဖြစ်တဲ့ သားသမီးတွေကို အစားအစာမသန့်ရှင်းမှုကနေရလာတဲ့ ရောဂါတွေကနေ ကင်းဝေးအောင် ဘာတွေ ကျွေးရမှာလဲလို့ မေမေတို့ ခေါင်းစားနေပြီလား။ ကလေးတွေကို ကျွေးတဲ့ အစားသောက်တွေမှာ အစာခြေစနစ်ကို ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရ(Prebiotics) တွေပါသင့်ပါတယ်။ ဒါမှ အူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယားတွေ အားကောင်းလာပြီး အပြင်ကဝင်လာတဲ့ ပိုးတွေကို မြန်မြန်တိုက်ထုတ်နိုင်မှာပါ။ ဒါ့အပြင် ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးစေဖို့အတွက် အရေးပါတဲ့ ဓာတ်တွေဖြစ်တဲ့ DHA၊Omega-3နဲ့Omega-6ပါတဲ့ အစားအသောက်တွေကိုလည်း ကလေးတွေကို ကျွေးသင့်ပါတယ်။ ခုနောက်ပိုင်းဆို ကလေးတွေ အတွက်ထုတ်ထားတဲ့ ကြီးထွားဖွံဖြိုးစေတဲ့ နို့တွေထဲမှာ DHA၊ Omega-3 ၊Omega-6 နဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရ (Prebiotics) တို့ ကြွယ်ဝစွာ ပါဝင်လာပါတယ်။ ဒီတော့ ဘာကျွေးရမလဲဆိုတာ မေမေတို့ သိပ်တော့ ခေါင်းစားစရာမလိုတော့ဘူးနော်။ ကလေးအတွက် အစားအစာတွေကို အာဟာရပြည့်ဝမျှတအောင်လည်ကျွေးမယ်၊ သန့်သန့်ရှင်းရှင်းလည်း ပြင်ဆင်မယ်ဆိုရင် ရောဂါတွေကင်းဝေးပြီး သင့်ကလေးရဲ့ နေ့ရက်တိုင်းက လှပနေမှာပါ။ ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/food-safety/
အိမ်တွင်းသုံး လက်ဖြစ် ရေသန့်အိုးလေးတစ်လုံး
စျေးကွက်ထဲ က တချို့ ရေသန့်ဘူးတွေ က စိတ်မချရဘူး ဆိုတဲ့ သတင်းတွေ ဖတ်ဖူးကြတယ်ဟုတ်။ ဒါဆို အိမ်မှာ ရေကို တနိုင် ဘယ်လို သန့်ကြမလဲ။ရေကို ကြိုချက်သောက်တာလည်း နည်းတစ်မျိုးပေမယ့် လုံးဝ စိတ်ချရတဲ့နည်းတော့ မဟုတ်သေးပါဘူး။ လျှပ်စစ်မီးမရှိတဲ့ အခါ …. ကြိုဖို့ချက်ဖို့ အဆင်မပြေတဲ့အခါ … ရေစစ်ကလေးသုံးရုံနဲ့ ပိုးမွှားကင်းစင်တဲ့ရေသန့်ရမှာ စဟုတ်ဘူးလေ။ NGO တွေကဝေတဲ့ ရေသန့်ဆေးမှုန့်တွေ… အပြင်မှာရောင်းတဲ့ ရေကြည်ဆေးတွေလည်းရှိပါရဲ့…. ဒါပေမယ့် ဒီအမှုန့်တွေက ရေထဲက အညစ်အကြေးအနယ်အနှစ်တွေကို ဆွဲစုပေးလိုက်ပြီး ရေသက်သက် အနယ်အနှစ်သက်သက်ဖြစ်အောင်လုပ်ပေးလိုက်တာပါပဲ။ အဲဒီ့ရေကြည်မှုန့်တွေကလည်း အလွယ်ဝယ်လို့ မရတဲ့ အခါ… အခုပြောမယ့်နည်းလေးက အိမ်တွင်းတနိုင် ရေသန့်စင်ဖို့ရာ သိပ်ကို အဆင်ပြေပါလိမ့်မယ်! ကဲကြည့်ကြရအောင်ပါ။လိုအပ်သောပစ္စည်းများ။(၁) အောက်ခြေမှာအပေါက်ငယ်လေးတွေပါတဲ့ ရေအိုး။( ပလတ်စတစ်ပုံးဆိုလည်း ရတယ်)။(၂) ရိုးရိုးရေအိုး/ ရေသိုလှောင်မည့်ပုံး။(၃) ၂ဆင့်ရေအိုးတင်စင် ( စင်မရှိလည်း တစ်အိုးပေါ်တစ်အိုးထပ်လို့ရရင် အဆင်ပြေပါတယ်)။(၄)ပိတ်စ။(၅)သဲအဖြူ သန့်သန်။(၆)မီးသွေးခဲ အကြီးများ။(၇)ကျောက်စရစ်ခဲများ။အသုံးပြုပုံ။(၁) ပထမဆုံးအနေနဲ့ ပစ္စည်းအားလုံးကို ဆပ်ပြာ/ ရေတို့ဖြင့် စင်ကြယ်အောင်ဆေးပြီး အဝတ်သန့်သန့်ဖြင့်သုတ်ပါ။ ( ပိတ်စဖြူကိုတော့ သေချာလျှော်ဖွတ် နေလှန်းပြီး မီးပူထိုးထားပါ..။သဲ/ မီးသွေး နဲ့ ကျောက်စရစ်တွေကိုလည်း ဆေးကြောပြီးတာနဲ့ ဇကာနဲ့စစ်ပြီး နေပူပူမှာ ဖြန့်ပြီး အခြောက်ခံပါ… အပေါ်က ပလတ်စတစ် အကြည်လေးအုပ်ပြီး လှန်းပေးနိုင်ရင် ပို အဆင်ပြေပါတယ်) ။(၂) ပြီးရင် အပေါက်ပါတဲ့အိုးထဲမှာ အခုနကပိတ်ဖြူကို အနေတော်ဖြတ်ပြီး ခင်းပါမယ်… အပေါက်ကလေးတွေ အကုန်လုံအောင်ခင်းပါ။(၃) ပြီးရင် အခုနက သန့်စင်ပြီးအခြောက်ခံထားတဲ့သဲကို အိုးရဲ့ ၃ ပုံ ၁ ပုံရောက်တဲ့အထိ ညီအောင်ညှိပြီး ဖြည့်ပါ ။(၄) ပြီးရင် အပေါ်က ပိတ်ဖြူ တစ်လွာအုပ်ပါ။ ၎င်း ပိတ်ဖြူ အပေါ်မှာ သန့်စင်ထားတဲ့ မီးသွေး အတုံးကြီးကို အသေးလေးတွေ ဖြစ်အောင် ချေပြီး အိုးရဲ့ အလယ်ပိုင်း ၃ပုံ၁ ပုံ ပြည့်အောင်ဖြည့်ပါ။(၅) အဲဒီ့ မီးသွေးအလွှာပေါ်မှာ သန့်စင်ပြီး ကျောက်စရစ်များကို ကျန် ၃ပုံ၁ ပုံ မပြည့် တပြည့်ထိ ဖြန့်ထည့်ပါ( ရေထည့်တဲ့ အခါ မလျှံကျအောင် နေရာချန်ခြင်းပါ)။(၆) အားလုံးပြီးရင် စင်ရဲ့ အပေါ်ဆင့်မှာ သည် အပေါက်ငယ်များ ပါတဲ့ အိုးကို တင်ပါ။သူ့အောက်တည့်တည့်မှာ ရိုးရိုးရေအိုး/ ရေသိုလှောင်မည့်အိုးကို ထားပါ။(စင်မရှိလျှင် တစ်အိုးနဲ့တစ်အိုး ထပ်ထားလို့ရပါတယ်… အရွယ်အစားကို ချိန်ပြီးဝယ်ပါ)။(၇)မိမိ သောက်/သုံးမယ့်ရေကို အပြင်မှာ ရေစစ်နဲ့ တစ်ထပ်စစ်ထားပါ( ဒါမှ အမှိုက် အရိုက်အမှုန် အမွှား အကြီးတွေ စစ်ပြီးသားဖြစ်သွားပါမယ်)။ ပြီးရင် အဲဒီ့ရေကို အပေါ်က အိုးထဲ ဖြည်းဖြည်းချင်းလောင်းထည့်ပါ။ အပေါ်အိုးထဲကရေတွေဟာ အပေါက်ငယ်လေးတွေကတစ်ဆင့် အောက်ဘက်အိုးထဲကျလာပါလိမ့်မယ်။ ပထမဆုံးရလာတဲ့ ရေမှာ မီးသွေးမှုန်လေးတွေ အနည်းငယ်ပါတတ်ပါတယ် .. မစိုးရိမ်ပါနဲ့ … အဲဒီ့ရေကို ပဲ အပေါ်အိုးထဲ ပြန်လည်လောင်းထည့်ပြီး နောက်ထပ်တစ်ခေါက်စစ်ယူပေးနိုင်ပါတယ်။ အဲလိုဆိုကြည်လင်သန့်ရှင်းတဲ့ ရေကို စိတ်ချလက်ချသောက်နိုင်သုံးနိုင်ပါပြီ။–  စစချင်း ပါဝင်ပစ္စည်းတွေကို သန့်စင်ဆေးကြောတဲ့ရေက ရေကြည်ရေသန့်ဖြစ်ရပါမယ်။ အထပ်ထပ်ဆေးကြောဖို့လိုပါတယ်။– သုံးထားတဲ့ ပိတ်စ အမျိုး အစားနဲ့ ရေရဲ့ နောက်ကျိမှု အဆင့်ကို လိုက်ပြီး အဲဒီပိတ်စတွေကို ၂/၃ လ တစ်ခါ သန့်ရှင်းပေး/ လဲလှယ်ပေးဖို့လိုပါမယ်။– ၂ လ ၃ လနေလို့ အောက်ကိုကျလာတဲ့ရေမှာ အနယ်တွေပါနေပြီဆိုရင် ဆက်မသုံးဘဲ ရေကြည်ဖြင့် အပေါ်က အကြိမ်ကြိမ် လောင်းပြီး သန့်ရှင်းရေး လုပ်… ပြီးတော့မှ ဆက်သုံးရမှာဖြစ်ပါတယ်။– သံဓာတ်ကင်းစင်ခြင်း။– အနံ့ အသက် ( အထူးသဖြင့် ဇဝက်သာနံ့) ကင်းစင်ခြင်း။– ဘတ်တီးရီးယားပိုးမွှားကင်းစင်ခြင်း။– အငံဓာတ်လျော့ခြင်း။– ရေကြည်လင်ခြင်း။စတဲ့ အကျိုးကျေးဇူးတွေနဲ့ အတူ သန့်ရှင်းကြည်လင်တဲ့ သောက်ရေကို ရရှိမှာဖြစ်ပါတယ်။ FAME ကထုတ်တဲ့  အသင့်ဝယ်လို့ရတဲ့ ရေသန့်အိုးတွေလည်းရှိပေမဲ့ ကိုယ်တိုင်လုပ် တတ်သွားအောင် သည်နည်းလေး ပေးချင်ပါတယ်။ အားလုံးပဲအန္တရာယ်ကင်းကင်းနဲ့  ရေကြည်ရေသန့် သောက်သုံး နိုင်ကြပါစေ။ရေးသားသူ – ဒေါက်တာနှင်းနုအေး။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%af%e1%80%b6%e1%80%b8-%e1%80%9c%e1%80%80%e1%80%ba%e1%80%96%e1%80%bc%e1%80%85%e1%80%ba-%e1%80%9b%e1%80%b1/
လေဖြတ်ခြင်းကြောင့် အိမ်ထောင်ရေး,မိသားစုနှင့် ပေါင်းသင်းဆက်ဆံရေးတွေမှာ ဘယ်လိုဖိအားတွေ သက်ရောက်စေလဲ
လေဖြတ်ခြင်းဟာ ကာယကံရှင်ကိုသာမက အိမ်ထောင်ဖက်၊မိသားစုနဲ့ မိတ်ဆွေအပေါင်းအသင်းကြား ဆက်ဆံရေးတွေကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့် လေဖြတ်ပြီးနာလန်ထချိန်ဟာ အင်မတန်မှ ခက်ခဲပင်ပန်းလှပါတယ်။ သူတို့တတွေ တွေ့ကြုံရင်ဆိုင်ရမယ့် အခက်အခဲ၊ပြဿနာတွေကို သင့်အနေနဲ့ သိရှိစေနိုင်ဖို့ ဒီဆောင်းပါးလေးကနေ မျှဝေပေးလိုက်ရပါတယ်။လေဖြတ်ခြင်းဟာ သင့်ကိုရော၊သင့်အိမ်ထောင်ဖက်ကိုပါ ထိခိုက်စေပါတယ်။ နာကျင်ခြင်း၊ကြွက်သားတောင့်တင်းခြင်း၊ခေါင်းကိုက်ခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊ကြွက်သားများ မလှုပ်ရှားနိုင်ခြင်း အစရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို သင်ခံစားရပါမယ်။ အဝတ်အစားလဲတာ၊စားတာသောက်တာ၊အညစ်အကြေးစွန့်တာ အစရှိတဲ့ နိစ္စဓူဝပြုဖွယ်တွေကို သင့်အနေနဲ့ လုပ်ဆောင်နိုင်စွမ်းရှိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ အိမ်ထောင်ဖက်ပေါ် မှီခိုရတော့မှာဖြစ်တဲ့အတွက် မိမိကိုယ်ကို ယုံကြည်မှုကျဆင်းလာပါတော့တယ်။ သင့်စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်တဲ့ ဦးနှောက်ရဲ့ အချို့သော အစိတ်အပိုင်းတွေကိုလည်း လေဖြတ်ခြင်းဝေဒနာက ဖျက်ဆီးပစ်လိုက်မှာပါ။ ဒီလိုဆိုရင် သင်နဲ့ သင့်အိမ်ထောင်ဖက်တို့အကြား ရင်းရင်းနှီးနှီး ဆက်ဆံမှုကိုလည်း အထိုက်အလျောက် ထိခိုက်စေပါလိမ့်မယ်။လေဖြတ်ဝေဒနာခံစားရပြီးနောက်မှာ သင့်ရဲ့အနေအထားကလည်း ပြောင်းလဲသွားပါပြီ။ သင့်အိမ်ထောင်ဖက်ဟာ မိသားစုကို အဓိကရှာဖွေကျွေးမွေးထောက်ပံ့ရသူ ဖြစ်သွားသလို သင့်ကို အဓိက ပြုစုစောင့်ရှောက်ရသူလည်း ဖြစ်သွားပါပြီ။ ဒီလိုအနေအထားမျိုးကို အသားကျဖို့အတွက် နှစ်ဦးနှစ်ဖက်လုံး အချိန်ယူရပါမယ်။သင့်စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်တော့တဲ့အတွက် သင်ဟာ စိတ်တိုစိတ်ဆတ်တတ်လာပါမယ်။ တခါတရံ ပြဿနာတွေကို သင့်အိမ်ထောင်ဖက်နဲ့ ဆွေးနွေးဖို့ အခက်အခဲတွေ ရှိလာပါမယ်။ ဒါ့အပြင် သင့်အိမ်ထောင်ဖက်ဟာ သင့်ကို ဂရုမစိုက်ဘူး။ ပစ်ပစ်ခါခါ လုပ်ထားတယ်လို့ ခံစားနေမိတာ ဒါမှမဟုတ် သင့်ကို ပစ်သွားသင့်ပြီလို့ တွေးမိတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ပင်ပန်းနွမ်းနယ်ခြင်း၊စိုးရိမ်ပူပန်ခြင်း၊နာကျင်ခြင်း၊စိတ်ဓါတ်ကျခြင်း၊ကြွက်သားအားနည်းခြင်း၊ကြွက်သားတောင့်တင်းခြင်းတွေကြောင့် သင့်မှာ ဟိုစိတ်သည်စိတ်တွေလည်း အများကြီး လျော့နည်းသွားပါပြီ။သင်ဘယ်လိုဝေဒနာတွေ ခံစားနေရသလဲ ဒါမှမဟုတ် ဘာစိတ်ခံစားချက်တွေရှိနေသလဲဆိုတာကို သင့်မိသားစုက နားလည်ချင်မှ နားလည်ပါလိမ့်မယ်။ သင့်မိသားစုတွင်း အနေအထားတွေကလည်း ပြောင်းလဲကုန်ပါပြီ။ သင့်မိသားစုဝင်တွေဟာ အခါတိုင်းထက်ပိုပြီး အလုပ်လုပ်ရပါပြီ : ချက်ပြုတ်တာ၊ငွေရှာရတာ၊ကလေးတွေကို ပြုစုစောင့်ရှောက်ရတာ၊သင့်ရဲ့ အညစ်အကြေးတွေကို ရှင်းလင်းပေးရတာ စသဖြင့်ပေါ့။ လေမဖြတ်ခင်က သင်လုပ်နေကျ ပြုဖွယ်ကိစ္စတွေကို မလုပ်ဆောင်နိုင်တော့တဲ့အတွက် သင်ဟာ လူပိုကြီးတယောက်ဖြစ်နေပြီ၊မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေပြီလို့ ခံစားမိလာပါလိမ့်မယ်။ ကလေးတွေရဲ့ အနေအထားကလည်း ပြောင်းလဲလာရပါပြီ။ အဖေ သို့မဟုတ် အမေဟာ နေမကောင်းတဲ့အတွက် သူတို့လေးတွေရဲ့ လိုအပ်ချက်တွေကို အရင်ကလို ဖြည့်ဆည်းမပေးနိုင်တော့ပါဘူး။ ဂရုမစိုက်နိုင်တော့ပါဘူး။ သူတို့လေးတွေရဲ့ ကျောင်းတွင်း/ကျောင်းပြင် လှုပ်ရှားဆောင်ရွက်မှုတွေမှာ သင်မပါဝင်နိုင်တော့တဲ့အတွက် အခုဖြစ်ပေါ်နေတဲ့ အိမ်တွင်းရေးအခက်အခဲတွေဟာ သူတို့ကိုယ်တိုင်ကြောင့် ဖြစ်မယ်လို့ ကလေးတွေက တွေးထင်လာပါလိမ့်မယ်။အိမ်ထောင်ကျပြီးသား သားသမီးတွေကျပြန်တော့လည်း သူတို့ရဲ့ အိမ်ထောင်ဖက်နဲ့ သားသမီးတွေကို ပြုစုစောင့်ရှောက်ဖို့တာဝန်ရှိတဲ့အတွက် သင့်ကို အချိန်ပေးနိုင်ဖို့ မလွယ်ကူလှပါဘူး။လေဖြတ်ဝေဒနာ ခံစားရပြီးနောက်မှာ သင်နဲ့ သင့်မိတ်ဆွေသူငယ်ချင်းတွေအကြား ပေါင်းသင်းဆက်ဆံရေးကလည်း ပြောင်းလဲလို့ သွားခဲ့ပါပြီ။ မိတ်ဆွေသူငယ်ချင်းတွေဟာ သင်နဲ့အတူတူရှိမနေချင်တော့ပါဘူး။ စိတ်ကသိကအောင့်ဖြစ်စရာ၊ရှက်စရာလို ထင်လာပါလိမ့်မယ်။ သူတို့ကိုယ်တိုင်လည်း ဘာလုပ်ရမှန်းမသိတဲ့ အနေအထားတခုမှာ သင်နဲ့ ဝေးဝေးနေပါလိမ့်မယ်။ ဘက်စကတ်ဘောကစားတာ၊အတူလည်ပတ်တာ၊ဆိုင်ထိုင်တာ ဒါမှမဟုတ် ဂေါက်ရိုက်တာ အစရှိတဲ့ သင်နဲ့ သင့်မိတ်ဆွေတွေ အတူတကွ ဆောင်ရွက်နေကြကိစ္စတွေကို သင်မလုပ်နိုင်တော့ပါဘူး။ ဒီလိုမျိုး အတူတကွ လုပ်ဆောင်နိုင်တဲ့ အခြေအနေတွေ မရှိတော့တာ၊ရုပ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ တွေ့ကြုံရင်ဆိုင်ရတာ၊ပတ်ဝန်းကျင်ရဲ့ ဖိအားတွေ၊လူမှုကွန်ယက်တွေရဲ့ ရိုက်ခတ်မှုတွေနဲ့ ရင်ဆိုင်ရတာ ဒါမှမဟုတ် အားအင်ကုန်ခမ်းပြီး မလုပ်နိုင်မကိုင်နိုင်ဖြစ်နေတာတွေကြောင့် အချို့သော လေဖြတ်ရောဂါသည်တွေဟာ မိတ်ဆွေအပေါင်းအသင်းတွေကို ဆုံးရှုံးရတတ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ မိတ်ဆွေအပေါင်းအသင်းများအကြား ဆက်ဆံရေးကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားသင့်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ကူညီထောက်ပံ့မှုနဲ့ မိသားစုရဲ့ ပြုစုစောင့်ရှောက်မှုဟာ အထိုင်အလျောက်ကွာခြားမှုတွေ ရှိနေသည့်တိုင် သင့်ရဲ့နာလန်ထကာလမှာ ဒီနှစ်မျိုးလုံးကို လိုအပ်တာ သေချာပါတယ်။အချုပ်ဆိုရရင် လေဖြတ်ဝေဒနာဟာ လင်မယားနှစ်ဦးကြား၊မိသားစုဝင်များအကြား ဒါမှမဟုတ် မိတ်ဆွေအပေါင်းအသင်းများအကြားမှာ ပြဿနာတွေ၊စိတ်ဖိစီးမှုအခက်အခဲများစွာကို ဖြစ်ပေါ်စေပါတယ်။ လေဖြတ်ခြင်းကြောင့် တွေ့ကြုံခံစားလာရမယ့် ဖြစ်နိုင်ချေပြဿနာတွေ၊အခက်အခဲတွေကို သိရှိထားခြင်းအားဖြင့် လေဖြတ်ဝေဒနာရဲ့ ဆိုးကျိုးတွေအကြောင်း ပိုမိုနားလည်ကာ လေမဖြတ်အောင်ကာကွယ်ခြင်းရဲ့ အရေးပါမှုကို သင့်အနေနဲ့ ပိုမိုသဘောပေါက်လာမှာဖြစ်တဲ့အပြင် သင့်အနီးအနားက လူတဦးဦး လေဖြတ်ပြီဆိုရင်လည်း ဘာတွေလုပ်ဆောင်သင့်သလဲဆိုတာကို ကြိုတင်ပြင်ဆင်ထားနိုင်ပါမယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/%e1%80%b1%e1%80%9c%e1%80%bb%e1%80%96%e1%80%90%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7-%e1%80%a1%e1%80%ad%e1%80%99%e1%80%b9/
ကလေးများမှာဖြစ်တတ်တဲ့ မျက်စိထိခိုက်ဒဏ်ရာများမျက်လုံးအိမ်ပွန်းခြစ်ဒဏ်ရာ (မျက်ကြည်လွှာပွန်းပဲ့ခြင်း)
မျက်စိရဲ့မျက်နှာပြင်ကို ပွန်းခြစ်မိခြင်းဟာ အတွေ့ရ အများဆုံး မျက်စိ ထိခိုက်ဒဏ်ရာ ရရှိခြင်းတွေပဲ ဖြစ်ပါတယ်။ မျက်စိကို သစ်ကိုင်း၊ လက်သည်း စတဲ့ အရာဝတ္တု တစ်ခုခုနဲ့ ထိခိုက်မိရင် ဖြစ်တတ်ပါတယ်။ မျက်လုံးကို အမှုန်အမွှားဝင်တဲ့အခါ ပွတ်မိရင်လည်း စုတ်ပြဲခြင်း ဖြစ်တတ်ပါတယ်။မှန်ကွဲစ၊ အချွန်အတက် စတာတွေဟာ မျက်စိထဲကို ထိုးဖောက်ဝင်ရောက်သွားနိုင်ပါတယ်။မျက်ကြည်လွှာကိုပါ ထိခိုက်နိုင်ပါတယ်။မတော်တဆ တစ်ခုခုကြောင့် (ဘောလုံးမှန်ခြင်း) မျက်လုံးကို ထိခိုက်မိတာ၊ ရန်ဖြစ်ရင်း လက်သီးနဲ့ ထိုးမိတာ စတာတွေကြောင့် သွေးကြောနဲ့ တစ်သျှူးတွေကို ထိခိုက်စေနိုင်ပြီး မျက်လုံးအိမ်ဟာ အညိုအမဲစွဲ ရောင်ရမ်းလာနိုင်ပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင်ရေခဲအိတ်ကပ်တာမျိုးနဲ့ ကုသနိုင်ပေမယ့် အတွင်းပိုင်း ထိခိုက်မှုရှိမရှိ သိရအောင် ဆေးရုံဆေးခန်း ပြသတာ အကောင်းဆုံးပါပဲ။ (Hyphema ဆိုတဲ့ အခြေအနေဟာ မျက်လုံးရှေ့ပိုင်းသွေးယိုတာကြောင့် မျက်လုံးအတွင်း ဖိအားမြင့်တက်ကာ စနစ်တကျမကုသရင် ရေတိမ်ဖြစ်ပြီး မျက်လုံး ကွယ်သွားတဲ့ အခြေအနေ ဖြစ်ပါတယ်။မျက်စိသွေးခြေဥခြင်းနဲ့အတူ ဖြစ်လာနိုင်တာကတော့ မျက်လုံးအိမ်ထဲမှာပါ သွေးထွက်ပြီး သွေးခြေဥလာတာ ဖြစ်ပါတယ်။ မျက်ခွံအတွင်းသားနဲ့ မျက်သားနေရာကြား တည်ရှိတဲ့သွေးကြောလေးတွေပေါက်ပြဲရင် ဖြစ်တတ်ပါတယ်။ မြင်ရတာဆိုးပေမယ့် တစ်ခါတလေ ဆေးကုသဖို့တောင် မလိုဘဲ ရက်ပေါင်းများစွာကြာရင် အလိုလိုပျောက်သွားတတ်ပါတယ်။အက်ဆစ်နဲ့ ထိမိခြင်းဟာ မျက်လုံးမှာ ပြင်းထန်တဲ့ နာကျင်မှုနဲ့ နီရဲမှုကို ဖြစ်စေပါတယ်။ အယ်လ်ကာလိုင်းဟာ မျက်လုံးကို ယားယံနာကျင်ခြင်း မဖြစ်စေပေမယ့် ပိုပြီး အန္တရာယ်များပါတယ်။ အယ်လ်ကာလိုင်းပါဝင်တဲ့ ပစ္စည်းတွေကတော့ အိမ်တွင်း သန့်ရှင်းရေးသုံး ပစ္စည်းများနဲ့ မြေဖြူမှုန်တွေပဲ ဖြစ်ပါတယ်။ထိခိုက်မှု အမျိုးအစားပေါ် မူတည်ပါတယ်။ရှေးဦးသူနာပြုစုနည်းတွေပြုလုပ်ပြီးတာနဲ့ ဆေးကုသမှု ချက်ချင်းခံယူဖို့ လိုအပ်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%99%e1%80%bd%e1%80%ac%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%90%e1%80%90%e1%80%b9%e1%80%90%e1%80%b2%e1%80%b7-%e1%80%99/
နေ့စဉ် စားသုံးတဲ့ အရာတွေက ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းအပေါ် ဘယ်လို သက်ရောက်နေသလဲ
နေ့စဉ် စားသုံးတဲ့ အစားအစာတွေက ကျန်းမာရေးအပေါ် သက်ရောက်နေပါတယ်။ နေ့စဉ် စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာ ကျန်းမာရေးကို အထောက်အကူပြုတာမျိုး ရှိသလို ကျန်းမာရေးကို အထောက်အကူမဖြစ်တာမျိုးလည်း ရှိပါတယ်။ အချို့သော အစားအစာတွေဆိုရင် ကျန်းမာရေးကိုတောင် ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် ကိုယ်တိုင် သဘောတကျ စားသုံးမိနေတဲ့ အစားအသောက်တွေကကျောက်ကပ် နဲ့ ဆီးလမ်းကြောင်း ကျန်းမာရေးအပေါ်  ဘယ်လိုသက်ရောက်မှုတွေ ရှိနေလဲဆိုတာကို ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။နေ့စဉ် စားသုံးမှုကကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းအပေါ်ဘယ်လို သက်ရောက်နေသလဲ ဆိုတာကို မပြောခင် ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းက ခန္ဓာကိုယ်အတွက် ဘာတွေ လုပ်ပေးလဲ။ ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းစနစ်မှာ ဘာတွေ ပါဝင်ဖွဲ့စည်း ထားသလဲ ဆိုတာကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ဆီးလမ်းကြောင်းက အမျိုးသားမှာရော အမျိုးသမီးမှာပါ ပါရှိတဲ့ စနစ်တစ်ရပ်ပါ။ ဒီလိုခန္ဓာကိုယ်အတွက်မရှိမဖြစ် လိုအပ်တဲ့ ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်း စနစ်မှာ။လူတစ်ယောက် ကျန်းမာဖို့အတွက် ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်း ကျန်းမာဖို့ အတော်လေး အရေးပါပါတယ်။ ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းက ကိုယ်တွင်းက အဆိပ်အတောက်တွေကိုဆီးစွန့်ထုတ်မှုကနေတဆင့် ဖယ်ရှားပေးတဲ့ ရေဆိုးနုတ်စနစ်ပါ။စားသုံးလိုက်တဲ့ အစားအစာတွေ၊ သောက်သုံးလိုက်တဲ့ ဆေးဝါးတွေ၊အယ်လ်ကိုဟောစတာတွေကြောင့် ကိုယ်တွင်းမှာ ဖြစ်ပေါ်လာတဲ့ အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအနေနဲ့ ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးတာပါ။ဆီးဆိုတာက ကိုယ်တွင်းက ပိုလျှံနေတဲ့ အရည်တွေနဲ့ အညစ်အကြေးတွေပါပဲ။ ဒီလို ပိုလျှံနေတဲ့အရာတွေကို ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးတဲ့ တာဝန်ကို ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်း စနစ်က လုပ်ဆောင်ပေးပါတယ်။ ကိုယ်တွင်းမှာ မလိုအပ်တဲ့ အရည်တွေနဲ့အဆိပ်အတောက်တွေ၊ အညစ်အကြေးတွေကို စွန့်ထုတ်ပေးတာပါ။နေ့စဉ် စားသုံးမှုကို အရသာ ပြည့်ပြည့်စုံစုံ စားသုံးလိုက်တဲ့အခါ ကိုယ်တွင်းကို အချို၊ အဖန်၊ အငန်၊ အစပ်၊ အခါး၊ အချဉ်၊ အဆိမ့် ဆိုပြီး အရသာ အမျိုးမျိုး ဝင်ရောက်သွားပါတယ်။ ဒီလို ဝင်ရောက်သွားတဲ့ အာဟာရ တစ်ခုချင်းစီက အလွန်အကျွံ ဖြစ်လာမယ် ဆိုရင်တော့ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်း ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။နေ့စဉ် စားသုံးမှုမှာ ဆိုဒီယမ်လို့ ခေါ်တဲ့ ဆားတွေ အများအပြား စားသုံးတာက ကျောက်ကပ်ရဲ့ ရေဓာတ်၊ ဆားဓာတ်၊ သတ္တုဓာတ်တွေ ဟန်ချက်ညီအောင် ထိန်းသိမ်းနိုင်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဆိုဒီယမ်ကို လိုအပ်သလောက်ပဲ စားတာ အကောင်းဆုံးပါ။ဆိုဒီယမ်ဆိုလို့ ဆားကိုပဲ ပြောတာ မဟုတ်ပါဘူး။ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်ကစလို့အချိုမှုန့်၊ အသားမှုန့်တွေကိုလည်း အများကြီး စားတာမျိုး မလုပ်မိဖို့ လိုပါမယ်။အငန် အစားများတာက သွေးတိုးစေပြီး ရေရှည်မှာ ကျောက်ကပ် ထိခိုက်စေနိုင်ပါတယ်။ အငန် အစားများတာက ကျောက်ကပ် ကျောက်တည်တာ ဖြစ်စေနိုင်ပါတယ်။ကယ်လ်ဆီယမ်က အရိုး နဲ့ သွားတွေကို ကျန်းမာ ကြံ့ခိုင်စေတယ်ဆိုပေမယ့် ကယ်လ်ဆီယမ် အလွန်အကျွံ စားသုံးတာကလည်း ကျောက်ကပ် ကျောက်တည်စေနိုင်ပါတယ်။ကယ်လ်ဆီယမ်ကို လိုအပ်သလောက်ပဲ စားသုံးဖို့ လိုပါမယ်။ ဒီလိုမှ အရိုးပွတာ၊ အရိုးပါးတာတွေကို ကာကွယ်ရာ ရောက်မှာပါ။ ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ထိုက်သင့်တဲ့ ပမာဏလောက်ပဲ စားပေးပါ။နောက်တစ်ချက် အနေနဲ့ သတိထားစေချင်တာက အသင့်စား၊ အမြန်စားနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေပါ။ ဒီအစားအစာတွေက အငန်ကဲသလို တာရှည်ခံအောင် ပြုပြင်ထားတာတွေကြောင့် ရေရှည်မှာ ကျောက်ကပ် ထိခိုက်စေနိုင်ပါတယ်။ကဖင်းက အတန်အသင့်ဆိုရင် လန်းဆန်းစေတယ်။ စိတ်ခံစားမှု ကောင်းစေတာမှန်ပေမယ့်  အလွန်အကျွံ စားသုံးတာက ရေဓာတ်ခမ်းခြောက်စေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်တာက ကျောက်ကပ် ကျောက်တည်တာ၊ ဆီးအိမ် ပိုးဝင်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ကဖင်းပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်း၊ လက်ဖက်၊ ချောကလက်၊ ကိုလာနဲ့ အားဖြည့်အချိုရည်တွေ အပါအဝင် ကဖင်းပါတဲ့ သောက်စရာ စားစရာတွေကို အလွန်အကျွံ မစားဖို့ သတိပေးပါရစေ။ပရိုတင်းက ကိုယ်ခံအား ကောင်းစေပြီး အရိုးတွေကို သန်မာစေတယ်။ ကြွက်သားတွေ ဖြစ်ပေါ်စေသလို ပရိုတင်းက တစ်ရှူး အသစ်တွေ ဖြစ်ပေါ်စေနိုင်တယ် ဆိုပေမယ့် ပရိုတင်းတွေကို အလွန်အကျွံ စားသုံးတာက ကျောက်ကပ်ကို ဝန်ပိစေပြီး ရေရှည်မှာ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ကျောက်ကပ် ပျက်စီးတာမျိုး ဖြစ်စေနိုင်ပါတယ်။အသားတွေ အထူးသဖြင့် အနီရောင် အသားတွေ၊ ဥအမျိုးမျိုး၊ နို့ နဲ့ နို့ထွက်ပစ္စည်း စတာတွေကို အလွန်အကျွံစားသုံးတာမျိုး မလုပ်ပါနဲ့။ရေသောက်နည်းတာက ရေဓာတ်ခမ်းခြောက်မှုကို ဖြစ်စေနိုင်ပြီး ရေရှည်မှာ ကျောက်ကပ် ထိခိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ရေများများ သောက်မှ ကျောက်ကပ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကျောက်ကပ်ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ရေများများသောက်တာက ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းကို ပိုးဝင်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို ကိုယ်ခံအား ကောင်းစေပြီး အသားအရေကို ကျန်းမာစေမှာပါ။နေ့စဉ် စားသုံးလိုက်တဲ့ အရာတွေက ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းအပေါ် အခုလို သက်ရောက်မှုတွေ ရှိနေတယ်ဆိုတာ သတိပြုစေချင်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ အသီးအရွက်တွေ များများ ပါဝင်အောင် စားသုံးပေးပါ။ အသီးအရွက်ဆိုတဲ့ နေရာမှာလည်း ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓညင်းသီးလိုမျိုးအရာကိုတော့ ရှောင်ဖို့ ပြောပါရစေ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/other-urological-issues/how-does-diet-affect-the-urinary-system/
လေဖြတ်ပြီးနောက် ကြွက်သားတောင့်တင်းမှုကို ဖြေရှင်းနိုင်မည့် နည်းလမ်း ၅ သွယ်
မိတ်ဆွေအနေနဲ့ လေဖြတ်ရောဂါခံစားခဲ့ရပေမယ့် သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရပြီ။ ဒါပေမယ့် သင့်ခန္ဓါကိုယ်တခုလုံးက သံချောင်းလို မာတောင့်နေတယ်၊တင်းနေတယ်။ ဟို အရင်တုန်းကလို စိတ်သွားတိုင်းကိုယ်ပါ လှုပ်လှုပ်ရှားရှားလည်း မလုပ်နိုင်ဘူး။ ဒါမျိုးကို လေဖြတ်ပြီးနောက် ကြွက်သားတောင့်တင်းခြင်းလို့ ခေါ်ပါတယ်။ ကံကောင်းတဲ့အချက်က ခန္ဓါကိုယ်ပြန်လည်သန်စွမ်းထူထောင်ရေး ကျွမ်းကျင်သူဆရာဝန်တွေက သင့်ကို ကူညီပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ကြွက်သားတောင့်တင်းခြင်းကို ကုသရာမှာ လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ လေဖြတ်ဝေဒနာအိပ်မက်ဆိုးကနေ ရုန်းထွက်လာခဲ့ပြီးနောက်မှာ ပြန်လည်ကြံ့ခိုင်သန်စွမ်းရေး အစီအစဉ်တွေ ပြုလုပ်နိုင်စေဖို့အတွက် ကျွမ်းကျင်သူပညာရှင်နဲ့ တွေ့ဆုံဆွေးနွေးသင့်တယ်လို့ သင့်ဆရာဝန်က အကြံပြုပါလိမ့်မယ်။ အဆိုပါကျွမ်းကျင်သူပညာရှင်ဟာ သင့်ကို အကူအညီများစွာပေးမှာဖြစ်ပြီး အချို့သောလှုပ်ရှားမှုတွေကို မူလကအတိုင်း ပြန်လည်လုပ်ဆောင်နိုင်စေဖို့၊သင့်ခြေလက်တွေ ပြန်လည်ကျန်းမာသန်စွမ်းလာစေဖို့၊လှုပ်ရှားနိုင်တဲ့ အတိုင်းအတာ ပိုမိုကျယ်ပြန့်များပြားလာစေဖို့နဲ့ ကြွက်သားတွေ (ထာဝရ)တိုသွား၊ကျုံ့သွားခြင်းကို ကာကွယ်နိုင်ဖို့ ကူညီပေးမှာပါ။ ကျွမ်းကျင်သူပညာရှင်ရဲ့ အကူအညီနဲ့ ဖြစ်စေ၊အထူးစီမံထားတဲ့ စက်ကိရိယာတွေရဲ့ အထောက်အကူပြုမှုနဲ့ဖြစ်စေ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကို ပြုလုပ်နိုင်ပါတယ်။ ကြွက်သားတွေ ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့အတွက် ရေခဲကပ်ခြင်း ဒါမှမဟုတ် လျှပ်စစ်အသုံးပြုလှုံ့ဆော်ခြင်း စတဲ့ နည်းလမ်းတွေကို အသုံးပြုဖို့ အချို့သော အခြေအနေတွေမှာ ကျွမ်းကျင်သူပညာရှင်က သင့်ကို အကြံပြုပါလိမ့်မယ်။ခြေထောက်အစည်းပါတဲ့ ချိုင်းထောက်တွေဟာ ကြွက်သားတွေ ပုံမှန်အတိုင်း နေရာတကျရှိနေစေဖို့ အကူအညီပေးနိုင်ပါတယ်။ လက်စည်းများ စည်းပေးထားခြင်း၊ခြေလက်အထိန်းများ ဝတ်ဆင်ပေးထားခြင်းဟာလည်း ကြွက်သားတွေကို ဆန့်တန်းဖြေလျှော့စေတဲ့အတွက် ကြွက်သားတွေ ကျုံ့သွားမှာကို ကာကွယ်ပေးနိုင်ပါတယ်။ကြွက်သားတောင့်တင်းမှုကို ကုသရာမှာ ဆေးဝါးတွေဟာလည်း တထောင့်တနေရာက ပါဝင်အကျိုးပြုနေပါတယ်။ အောက်ဖော်ပြပါ ကြွက်သားပျော့ပြောင်းဆေးတွေကို သင့်ဆရာဝန်က အသုံးပြုနိုင်ပါတယ်။ဆရာဝန်တွေဟာ များသောအားဖြင့် ဆေးဝါးတွေကို ပေါင်းစပ်အသုံးပြုလေ့ရှိကြပါတယ်။အာရုံကြောတွေကို ပိတ်ဆို့ပေးတဲ့ အာနိသင်ရှိ ထိုးဆေးတွေဟာလည်း ကြွက်သားတောင့်တင်းမှုကို သက်သာစေပါတယ်။ ယေဘုယျအားဖြင့် ထိုးဆေးဟာသောက်ဆေးထက် အာနိသင်ပိုများသလို ပိုပြီးတော့လည်း အန္တရာယ်ကင်းပါတယ်။ ကြွက်သားတောင့်တင်းမှုကို ကုသဖို့ အဓိကအသုံးပြုလေ့ရှိတဲ့ ထိုးဆေးတွေကတော့ botulinum toxin (Botox) နဲ့ phenol တို့ပဲ ဖြစ်ကြပါတယ်။တကယ်လို့ သင်ခံစားနေရတဲ့ ကြွက်သားတောင့်တင်းခြင်းဟာ အတော်လေးပြင်းထန်လာပြီဆိုရင်တော့ ခွဲစိတ်ကုသမှု ခံယူသင့်ပါတယ်။ တကယ်လို့ သင့်လက်ကြွက်သားတွေတောင့်တင်းနေတယ်ဆိုရင် ဖိညှပ်ခံထားရတဲ့ လက်မောင်းရှေ့၊နောက် အရွတ်ကြောတွေ လွတ်မြောက်သွားအောင် သင့်ဆရာဝန်က ဆွဲထုတ်ပေးမှာဖြစ်ပြီး လမ်းလျှောက်ရခက်နေတဲ့ လူနာတွေမှာ ပေါင်နောက်ကြွက်သားတွေကို ဆွဲဆန့်ပေးမှာဖြစ်ပါတယ်။ ဒါမှမဟုတ် ခြေမ ကွေးနိုင်ဖို့ လုပ်ဆောင်ပေးတဲ့ ကြွက်သားတွေ လွတ်မြောက်အောင် ဆွဲထုတ်ပေးပါလိမ့်မယ်။သင့်ကိုယ်သင် ဂရုစိုက်ပါ။ သင်ခံစားနေရတဲ့ ကြွက်သားတောင့်တင်းမှုဝေဒနာ ပိုဆိုးရွားမလာအောင် အောက်ဖော်ပြပါ အရာတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ကြွက်သားတောင့်တင်းခြင်းပြဿနာဟာ လေဖြတ်ပြီးသူတွေမှာ ဖြစ်လေ့ရှိတဲ့ အခြေအနေတခု ဖြစ်ပါတယ်။ ဒီလို ကြွက်သားတောင့်တင်းခြင်းဟာ သင့်လှုပ်ရှားသွားလာနေထိုင်မှုကို အနှောင့်အယှက်ပေးနိုင်ပေမယ့် ပြန်လည်ထူထောင်သန်စွမ်းရေး အစီအစဉ်တွေ၊သောက်ဆေးထိုးဆေးတွေနဲ့ ခွဲစိတ်ကုသခြင်းတွေဟာ သင့်ကို ကူညီပေးမှာဖြစ်ပြီး ပိုမိုလွတ်လွတ်လပ်လပ် လှုပ်ရှားလုပ်ကိုင်နိုင်အောင် စွမ်းဆောင်ပေးမှာပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/%e1%80%b1%e1%80%9c%e1%80%bb%e1%80%96%e1%80%90%e1%80%b9%e1%80%bb%e1%80%95%e1%80%ae%e1%80%b8%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9-%e1%81%be%e1%80%80%e1%80%bc%e1%80%80%e1%80%b9%e1%80%9e-2/
Myocardial Ischemia (နှလုံးကြွက်သား သွေးမလျှောက်ခြင်း )
နှလုံးကြွက်သား သွေးမလျှောက်ခြင်းသည် နှလုံး၏အစိတ်အပိုင်းတစ်ခုဆီသို့ သွေးမလျှောက်တော့သည့်အခါ နှလုံးကြွက်သားများ ပျက်စီးခြင်းကိုဖြစ်စေသောအခြေအနေ ဖြစ်သည်။နှလုံးသည် သူ၏ကိုယ်ပိုင်အစိတ်အပိုင်းများအား အောက်စီဂျင်နှင့် အာဟာရများကို တခြားကြွက်သားများကဲ့သို့ပင် ထောက်ပံ့ရန်လိုသည်။ နှလုံးသွေးကြောကြီးနှစ်ချောင်းသည် နှလုံးကြွက်သားများအား အောက်စီဂျင်ပြည့်ဝသော သွေးများကို ထောက်ပံ့ပေး၏။ထိုနှစ်ချောင်းထဲမှ တစ်ချောင်းတွင် ရုတ်တရတ် ပိတ်သွားပါက နှလုံးအစိတ်အပိုင်းတစ်ခုတွင် အောက်စီဂျင်ပြတ်သွားပြီး “cardiac ischemia” ဟုခေါ်သော နှလုံးသွေးမလျှောက်ခြင်းကို ဖြစ်စေနိုင်သည်။ နှလုံးသွေးမလျှောက်ခြင်း ကြာပါက ငတ်မွတ်နေသော နှလုံးတစ်ရှူးများ သေသွားမည်ဖြစ်သည်။ဒီရောဂါသည် အတော်အသင့်အဖြစ်များပြီး အသက်အရွယ်နှင့် ဆက်စပ်မှုရှိသည်။ အသက်ကြီးလာသည်နှင့် နှလုံးကြွက်သား သွေးမလျှောက်ခြင်း ဖြစ်နိုင်ချေ ပိုတိုးလာပါသည်။အမျိုးသားများတွင် အသက် ၄၅ နောက်ပိုင်းတွင် ဖြစ်နိုင်ချေပိုများလာပြီး အမျိုးသမီးများတွင် ၅၅ နောက်ပိုင်းပိုအဖြစ်များ၏။ ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။နှလုံးကြွက်သား သွေးမလျှောက်ခြင်း၏ အဖြစ်ဆုံးသော လက္ခဏာများတွင် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်းတိုးဖြစ်ပြီး လက္ခဏာများမှာ အမျိုးမျိုးကွဲနိုင်၏။ အဖြစ်များဆုံးသော လက္ခါများမှာ အောက်ပါအတိုင်းဖြစ်သည်။ရင်ဘတ် နောက်ကျော မေးရိုးနှင့် ခန္ဓါကိုယ်အပေါ်ပိုင်းနေရာများတွင် အောင့်တတ်ပြီး မိနစ်ပိုင်းလောက်သာကြာကာ ပျောက်သွားလိုက် ပေါ်လိုက် ဖြစ်နိုင်သည်။နှလုံးကြွက်သား သွေးမလျှောက်ခြင်းရှိသော လူများအားလုံးတွင် ဒီအတိုင်းထပ်တူလက္ခဏာများ ခံစားချင်မှ ခံစားရပါလိမ့်မည်။ သို့မဟုတ် လက္ခဏာပြင်းထန်မှု တူချင်မှတူလိမ့်မည်။ ရင်ဘတ်အောင့်ခြင်းသည် အမျိုးသားရော အမျိုးသမီးပါ အဖြစ်များကြောင့် တင်ပြကြသည်။သို့သော် အောက်ပါတို့သည် အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များနိုင်ချေရှိသည်။ဆိုရလျှင် တစ်ချို့အမျိုးသမီးများ၌ တုပ်ကွေးမိသလို လက္ခဏာများလဲ ခံစားရကြောင်း တင်ပြထားသည်များ ရှိသည်။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။အဆီဖတ်များ စုပုံလာပြီး သွေးလွှတ်ကြောများ မာလာခြင်းက သွေးစီးဆင်းမှုကို ဟန့်သွားစေပြီး သင်၏အင်္ဂါများ တစ်ရှူးများအား လုပ်ငန်းလုပ်ဆောင်ရန် လိုအပ်သည့် အောက်စီဂျင်ပြည့်ဝသော သွေးများမရရှိစေနိုင်တော့ပါ။အောက်ပါတို့သည် သွေးလွှတ်ကြောများကို မာစေသော အဖြစ်များသည့်အကြောင်းရင်းများ ဖြစ်သည်။ကိုလက်စ်ထရောသည် ဖယောင်းဆန်သည့်အဝါရောင် ပစ္စည်းများဖြစ်ပြီး သင့်ခန္ဓါကိုယ်ထဲတွင် သဘာဝအတိုင်းတွေ့ရသလို စားသည့်အစားအသောက်များတွင်လဲ ပါ၏။ ၎င်းပစ္စည်းသည် သွေးထဲတွင်များလာနိုင်ပြီး သွေးလွှတ်ကြောများတွင် တွယ်ကပ်နိုင်သည်။ ၎င်းတို့သည့် မာသည့်အချပ်ပြားများဖြစ်လာပြီး နှလုံးနှင့်တခြားအင်္ဂါများဆီသို့သွေးစီးဆင်းမှုအား ဟန့်တားခြင်း ပိတ်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။အဆီများသောအစားအစာများကိုစားခြင်းသည် အဆီချပ်ပြားများဖြစ်ပေါ်ခြင်းကို ဦးတည်နိုင်သည်။အသက်ကြီးလာသည်နှင့် သင်၏နှလုံးနှင့်သွေးကြောများသည် သွေပန့်ထုတ်ရန် သွေးကိုရရှိနိုင်ရန် အလွန်အလုပ်လုပ်ရ၏။ သင်သွေးကြောများ အားနည်းလာပြီး လျော့နိုင်ဆန့်နိုင် မလုပ်နိုင်တော့ကာ အဆီချပ်ပြားများစုပုံခြင်းကို ပိုဖြစ်လာစေနိုင်သည်။တစ်ချို့သော အဖြစ်များသည့်အကြောင်းရင်းများ –။ဆေးလိပ်သောက်ခြင်းနှင့် ဆေးရွက်ကြီးပါသော တခြားအရာများ။အင်စူလင်ကိုခုခံခြင်း၊ အဝလွန်ခြင်း သို့ ဆီးချို။အဆစ်ရောင်ခြင်း၊ lupus သို့ ကူးစက်ရောဂါများကြောင့် ရောင်ရမ်းခြင်း သို့မဟုတ် အကြောင်းရင်းမသိရပဲ ရောင်ရမ်းခြင်းများ။နှလုံးကြွက်သား သွေးမလျှောက်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။သင့်၌သွေးတိုးရှိလျှင် နှလုံးကြွက်သား သွေးမလျှောက်ခြင်းဖြစ်နိုင်ချေ ပိုများနေပါသည်။ ပုံမှန်သွေးဖိအားသည် ၁၂၀/၈၀ mmHg အောက်ဖြစ်ပြီး အသက်အရွယ်ပေါ်မူတည်ပါသည်။ ကိန်းဂဏန်း တိုးလာပါက နှလုံးရောဂါဖြစ်နိုင်ချေ ပိုများလာပါသည်။ သွေးဖိအားများခြင်းသည် သွေးလွှတ်ကြောများကို ထိခိုက်စေပြီး အချပ်ပြားများစုပုံခြင်းကို အရှိန်တိုးမြှင့်စေနိုင်ပါသည်။သွေးထဲ၌ကိုလက်စ်ထရောလယ်ဗယ်များလျှင် နှလုံးကြွက်သာပုပ်ခြင်းကို ဖြစ်စေနိုင်ပါသည်။ statin ဟုခေါ်သောဆေးများဖြင့် သို့မဟုတ် အစားအသောက်ပြောင်းလဲခြင်းဖြင့် သွေးထဲမှ ကိုလက်စ်ထရောလယ်ဗယ်ကို ချပေးနိုင်ပါသည်။ထရွိုင်ဂလစ်စရွိုက်လယ်ဗယ်များခြင်းသည် နှလုံးကြွက်သား သွေးမလျှောက်ခြင်းဖြစ်နိုင်ချေကို ပိုများစေနိုင်သည်။ ထရွိုင်ဂလစ်စရွိုက်များသည် အဆီအမျိုးအစားတစ်ခုဖြစ်ပြီး သွေးလွှတ်ကြောများတွင် တွယ်ကပ်နိုင်သည်။ထရွိုင်ဂလစ်စရွိုက်များအား အစာများမှရပြီး သွေးတစ်လျှောက်ပါသွားခါ သင့်ခန္ဓါကိုယ်တွင် အဓိအားဖြင့် အဆီဆဲလ်များတွင် သိုလှောင်ပါသည်။ သို့သော် တစ်ချို့ထရွိုင်ဂလစ်စရွိုက်များသည် သွေးလွှတ်ကြောများထဲတွင် ကျန်နေခဲ့ပြီး အချပ်များဖြစ်ပေါ်လာနိုင်ပါသည်။ဆီးချိုသည် သွေးတွင်းမှသကြားဓါတ်သို့မဟုတ် ဂလူးကို့စ်လယ်ဗယ်ကို မြင့်စေပါသည်။ သွေးသကြားဓါတ်မြင့်ခြင်းသည့် သွေးကြောများကိုပျက်စီးစေပြီး နောက်ဆုံးတွင် နှလုံးသွေးလွှတ်ကြောရောဂါများကို ဖြစ်စေနိုင်သည်။၎င်းသည် ပြင်းထန်သောအခြေအနေဖြစ်ပြီး တစ်ချို့လူများတွင် နှလုံးကြွက်သား သွေးမလျှောက်ခြင်းကို ဖြစ်စေနိုင်ပါသည်။သင် အဝလွန်နေပါက နှလုံးကြွက်သား သွေးမလျှောက်ခြင်းဖြစ်နိုင်သော အခွင့်အရေးများ ရှိလာနိုင်ပါသည်။ အဝလွန်ခြင်းသည် နှလုံးကြွက်သား သွေးမလျှောက်ခြင်းကိုဖြစ်စေသော အမျိုးမျိုးသော အခြေအနေများနှင့် ဆက်စပ်မှုရှိပါသည်။ဆီးချို။သွေးတိုး။ကိုလက်စ်ထရောလယ်ဗယ်မြင့်ခြင်း။ထရွိုင်ဂလစ်စရွိုက်လယ်ဗယ်မြင့်ခြင်း။ဆေးရွက်ကြီးပါသော ဆေးလိပ်သောက်ခြင်းသည် နှလုံးကြွက်သား သွေးမလျှောက်ခြင်း ဖြစ်နိုင်ချေကို ပိုများစေပါသည်။ ၎င်းသည် တခြားသော နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများကိုလဲ ဖြစ်စေနိုင်ပါသည်။နှလုံးကြွက်သား သွေးမလျှောက်ခြင်းသည် အသက်ကြီးလာသည်နှင့် ဖြစ်နိုင်ချေပိုများ၏။ အမျိုးသားများသည် အသက် ၄၅ အထက်နှင့် အမျိုးသမီးများတွင် ၅၅ နှစ်အထက်တို့၌ နှလုံးကြွက်သား သွေးမလျှောက်ခြင်းဖြစ်နိုင်ချေ ပိုများပါသည်။သင့်မိသားစု၌အစောပိုင်းနှလုံးရောဂါရာဇဝင်များ ရှိခဲ့ဖူးလျှင် သင် နှလုံးကြွက်သား သွေးမလျှောက်ခြင်းကို ဖြစ်နိုင်ပါသည်။ သင့်မိသားစုဆွေမျိုးများ၌ အသက် ၅၅ နှစ်မတိုင်မီ အမျိုးသားများ နှလုံးရောဂါဖြစ်လျှင် သို့မဟုတ် အသက် ၆၅ နှစ်မတိုင်းမီ အမျိုးသမီးများ နှလုံးရောဂါဖြစ်လျှင် ပိုပြီးဖြစ်နိုင်ချေ သင့်၌များ၏။နှလုံးကြွက်သား သွေးမလျှောက်ခြင်းဖြစ်နိုင်ချေကို တိုးမြင့်စေသော တခြားအချက်များမှာ။ဖိစီးမှု။လေ့ကျင့်ခန်းမလုပ်ခြင်း။ကိုကိန်းနှင့် အမ်ဖီတမင်းတို့ကဲ့သို့ တရားမဝင်ဆေးများ သုံးခြင်း။ကိုယ်ဝန်ဆောင်စဉ် ကိုယ်ဝန်ဆိပ်တက်ခဲ့ဖူးလျှင် သို့မဟုတ် သွေးဖိအားများလျှင်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်မှသင့်၌ နှလုံးကြွက်သား သွေးမလျှောက်ခြင်းဖြစ်နေကြောင်း သံသယရှိလျှင် ကျန်းမာရေးရာဇဝင်နှင့် စမ်းသပ်ခြင်းများ ပြုလုပ်ပါမည်။ ထို့နောက် အောက်ပါတို့ကိုစစ်ဆေးရန် ညွှန်ပါလိမ့်မည်။နှလုံး၏လျှပ်စစ်လှုပ်ရှားမှုအား လျှပ်ခေါင်းများမှတစ်ဆင့် အရေပြားကိုတွယ်ကပ်ပြီး မှတ်တမ်းတင်ခြင်းဖြစ်သည်။ တချို့သောနှလုံးလျှပ်စစ်လှုပ်ရှားမှုမူမမှန်ခြင်းသည် နှလုံးကြွက်သား သွေးမလျှောက်ခြင်းကို ညွှန်ပြနိုင်ပါသည်။နှလုံးကိုချိန်ပြီး တုတ်ချောင်းပုံစံတစ်ခုနှင့် အသံလှိုင်းများကို လွှတ်ကာ နှလုံး၏ပုံရိပ်ကိုပုံဖော်မည်ဖြစ်သည်။ Echocardiogram သည် နှလုံး၏ပျက်စီးနေသည့်နေရာနှင့် ပန့်ထုတ်မှုမူမမှန်ခြင်းတို့အား သိရှိနိုင်ပါသည်။ရေဒီယိုသတ္တိကြွပစ္စည်းတစ်ချို့အား သွေးတွင်းထဲသို့ထိုးသွင်းမည်။ လေ့ကျင့်ခန်းလုပ်နေစဉ် ခြေရာခံစက်သည် သင်၏နှလုံးနှင့်အဆုတ်ဆီသို့ စီးဆင်းသွားမှုကိုတိုင်းတာပါလိမ့်မည်။ ထို့ကြောင့် သွေးစီးဆင်းမှုနှင့်ဆိုင်သည့်ရောဂါများကို တွေ့ရှိနိုင်ပါသည်။နှလုံးကြောများထဲသို့ ဆိုးဆေးတစ်မျိုးအား ထိုးသွင်းလိုက်သည်။ ထို့နောက် ဓါတ်မှန်စက်မှ ပုံရိပ်များကို ဖမ်းယူပါမည်။ ထိုမှ သင့်သွေးကြောများ၏ အသေးစိတ်ပုံရိပ်ကို ရရှိပါလိမ့်မည်။နှလုံးသွေးကြောများ ထုံးဓါတ်စုခြင်းရှိလျှင် ဒီစစ်ဆေးမှုဖြင့် ဆုံးဖြတ်နိုင်သည်။ နှလုံးသွေးကြေများကိုလဲ ကွန်ပြူတာဓါတ်မှန်တွင်မြင်နိုင်ပါသည်။သင်၏နှလုံးစည်းချက်၊ သွေးဖိအားနှင့် အသက်ရှူခြင်းအား လမ်းလျှောက်စက်တွင် လမ်းလျှောက်နေစဉ် သို့မဟုတ် စက်ဘီးနင်းစက်တွင် လေ့ကျင့်ခန်းလုပ်နေစဉ် စစ်ဆေးပါမည်။ လေ့ကျင့်ခန်းသည် နှလုံးပန့်လုပ်ခြင်းအား ပုံမှန်ထက် ပိုလုပ်ရပြီး ပိုမြန်စေပါသည်။ထို့ကြောင့် ဖိစီးမှုဖြင့်စစ်ဆေးလျှင် သာမန်မသိနိုင်သော နှလုံးပြဿနာကို ဖမ်းမိနိုင်ပါလိမ့်မည်။နှလုံးကြွက်သား သွေးမလျှောက်ခြင်းသည် ချက်ချင်းကုသရန်လိုအပ်သည်။ ထို့ကြောင့် ကုသမှုအများစုသည် အရေးပေါ်ခန်း၌ပင် စတင်ရမည်ဖြစ်သည်။Angioplasty ဟုခေါ်သော ခွဲစိတ်ကုသမှုအား နှလုံးကိုထောက်ပံ့သည့် သွေးလွှတ်ကြောများကို ပြန်ပွင့်စေရန် သုံးသည်။ Angioplasty လုပ်နေစဉ်တွင် ခွဲစိတ်ဆရာဝန်သည် သေးငယ်ရှည်လျားသည့်ပြွန် Catheter အား သွေးလွှတ်ကြောများမှ ပိတ်နေသည့်နေရာထိ ထိုးသွင်းလိမ့်မည်။ထို့နောက် Catheter ထိပ်တွင်ပါသော ဘောလုံးသေးသေးအား ဖောင်းလာစေပြီး နှလုံးသွေးကြောကို ပြန်ဖွင့်စေကာ သွေးစီးဆင်းမှုအား ပြန်ကောင်းလာစေပါသည်။ သင့်ခွဲစိတ်ဆရာဝန်သဘ် သေးငယ်သောဇကာပေါက်ပြွန် stent အား ပိတ်နေသည့်နေရာသို့ ထည့်လိုက်မည်ဖြစ်သည်။ ထို stent လေးသည် သွေးလွှတ်ကြော တဖန်ပြန်မပိတ်စေရန် ကူညီပါသည်။သင့်ဆရာဝန်မှ နှလုံးသွေးလွှတ်ကြော bypass graft (CABG) အား တစ်ချို့ကိစ္စများတွင် လုပ်ဆောင်ပါလိမ့်မည်။ ထိုကုသမှုတွင် ခွဲစိတ်ဆရာဝန်မှ သွေးပြန်ကြောများ သွေးလွှတ်ကြောများကို ပြန်လည်လမ်းကြောင်းဖောက်ပေးပြီး ပိတ်နေသည့်နေရာကိုကျော်ကာ စီဆင်းစေပါလိမ့်မည်။CABG သည် နှလုံးကြွက်သား သွေးမလျှောက်ခြင်း ဖြစ်ဖြစ်ချင်း တစ်ခါတစ်လေ ပြုလုပ်ပါသည်။ သို့သော်လည်း ဖြစ်ရပ်အများစုတွင် ဖြစ်ပွားပြီးရက်အတော်ကြာမှသာ ပြုလုပ်ခြင်းဖြစ်ပြီး နှလုံးအားအနာပြန်ကျက်ချိန်ပေးခြင်းဖြစ်သည်။နှလုံးကြွက်သား သွေးမလျှောက်ခြင်းအား ဆေးအမျိုးမျိုးဖြင့်လဲ ကုသနိုင်သည်။သွေးကြဲဆေးများ ဥပမာ အက်စ်ပရင် အား သွေးခဲများကို ခွဲရန်နှင့် ကျဉ်းမြောင်းသည့် သွေးလွှတ်ကြောများတွင် စီးဆင်းမှုကောင်းစေရန်အတွက် အသုံးပြုနိုင်ပါသည်။Thrombolytics များကိုတော့ သွေးခဲများပျော်စေရန် အသုံးပြုနိုင်၏။သွေးမွှားဥဆန့်ကျင်ဆေးများဖြစ်သော clopidogrel အား သွေးခဲအသစ်ဖြစ်ပေါ်ခြင်းနှင့် ရှိပြီးသားသွေးခဲများ ကြီးလာခြင်းတို့အား ကာကွယ်ရန်သုံးပါသည်။Nitroglycerin များကိုတော့ သွေးကြောများကျယ်စေရန် အသုံးပြုနိုင်သည်။Beta-blocker များသည် သွေးဖိအားကိုကျစေပြီး နှလုံးကြွက်သားများအား ပြေလျော့စေသည်။ ၎င်းသည် နှလုံးအားထိခိုက်မှုကို တားဆီးပေးနိုင်ပါသည်။ACE inhibitors များကိုတော့ သွေးဖိအားလျော့ကျစေရန်နှင့် နှလုံးဖိစီးမှုကျစေရန်အတွက် အသုံးပြုနိုင်ပါသည်။ အကိုက်အခဲပျောက်ဆေးများကလဲ မသက်မသာခံစားရမှုကို လျော့ချရန်အတွက် သုံးနိုင်ပါသည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် နှလုံးကြွက်သား သွေးမလျှောက်ခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။ဆေးလိပ်ဖြတ်ခြင်းနည်းများအား ဆရာဝန်နှင့်ဆွေးနွေးပါ။ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူမိခြင်းကိုလဲ ရှောင်ပါ။နှလုံးကြွက်သား သွေးမလျှောက်ခြင်းကို ဖြစ်စေနိုင်သည့် အခြေအနေနှင့် ရောဂါများ ဥပမာ ဆီးချို သွေးတိုးနှင့် သွေးတွင်းကိုလက်စ်ထရောများခြင်းတို့အား ကုသပါ။ပြည့်ဝဆီများကို အကန့်အသတ်နှင့်စားပါ။ ဂျုံကြမ်း၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက် များများစားပါ။ သင်၏ကိုလက်စ်ထရောပမာဏကိုသိထားပြီး ရှိသင့်သည့်လယ်ဗယ်ထိလျော့ချနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။နှလုံးသွေးစီးဆင်းမှုကောင်းစေရန် စိတ်ချရသည့် လေ့ကျင့်ခန်းများစတင်နိုင်ရန် ဆရာဝန်နှင့် ဆွေးနွေးပါ။သင် အဝလွန်နေပါက ဝိတ်ကျစေမည့်နည်းလမ်းများကို ဆရာဝန်နှင့်တိုင်ပင်ပါ။ဖိစီးမှုအားစီမံနိုင်သည့် ကျန်းမာရေးနည်းလမ်းများကိုလေ့ကျင့်ပါ။ ဥပမာ ကြွက်သားများပြေလျော့စေခြင်းနှင့် အသက်ပြင်းပြင်းရှူခြင်း။နှလုံးကြွက်သား သွေးမလျှောက်ခြင်းဖြစ်နိုင်သည့် အန္တရာယ်ရှိအချက်အလက်တစ်ချို့တွင် –။ကိုလက်စ်ထေရာများခြင်း၊ သွေးဖိအားများခြင်းနှင့် ဆီးချိုတို့ပါဝင်ပြီး ကနဦးအဆင့်တွင် ရောဂါလက္ခဏာမပြတတ်ပါ။ စောစီးစွာသိရှိကုသလျှင် နှလုံးကျန်းမာကာ ဘဝသက်တမ်းပြည့်နေနိုင်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/coronary-artery-disease/myocardial-ischemia-%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%81%be%e1%80%80%e1%80%bc%e1%80%80%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%99/
အသားအရမ်းစားချင်နေတာ ဒီအချက်တွေကြောင့်ပါ
ဟဲလို…….အစားတလိုင်းလေးတို့ရေ အသားမှအသားစားချင်တယ်လို့များ ဖြစ်နေပြီလား…….. ဘာပဲစားစားအာသာမပြေဘူး။ အသားမှအသားပဲ စားချင်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒီလိုပြောရတဲ့အကြောင်းကအသားစားချင်နေတယ်ဆိုတာကခန္ဓာကိုယ်ရဲ့လိုအပ်ချက်ကို ပြနေတဲ့ အချက်တစ်ခုဖြစ်နေနိုင်တာကြောင့်ပါ။ အသားရမ်းစားချင်နေတာ ဒီအချက်တွေကြောင့်ပါ ဘာတွေလဲဆိုတာကို ကိုယ်တိုင်လေ့လာလိုက်ပါ။အသားက ခန္ဓာကိုယ်ကကြွက်သားတွေနဲ့ အရိုးတွေ ကြံခိုင်သန်စွမ်းစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်ခုပါ။ကိုယ်ခံအားကောင်းစေနိုင်သလိုသွေးအားနည်းရောဂါတွေမဖြစ်အောင်လည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ ပရိုတင်းက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တွေထဲကတစ်ခုပေါ့။ ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက်ဆိုရင် ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို ပြည့်ဝအောင်စားသုံးမိဖို့လိုပါမယ်။တစ်နေ့တာမှာ အသားမပါရင် မစားနိုင်ဘူး။ ဘာစားစား အသားစားရမှ အာသာပြေတယ်ဆိုရင်တော့အသားရမ်းစားချင်နေတာ ဒီအချက်တွေကြောင့်ပါနော်။အသားကို ကြိုက်လို့။ဘာစားစား အာသာမပြေဘူး။ အသားစားလိုက်ရမှ အာသာပြေတယ်ဆိုတာ သင်ဟာ ငယ်စဉ်ကတည်းက အသားကိုနှစ်နှစ်ခြိုက်ခြိုက်စားသုံးလာခဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။ အခြားဟင်းတွေထက်အသားဟင်းကိုမှ စားချင်နေတယ်ဆိုတာ သင်က တကယ့်ကို အသားကြိုက်သူမို့လို့ပါ။ ဒါကြောင့်အသီးအရွက်နဲ့ အသား၊ငါးကို မျှမျှတတစားသုံပေးဖို့ပြောပါရစေနော်။ပရိုတင်းနည်းနေလို့။ပရိုတင်းဓာတ်နည်းတာက အလွယ်တကူသိရှိနိုင်ဖို့ ခက်ပါတယ်။ ဒါပေမယ့် သိသာတဲ့ လက္ခဏာတစ်ခုက ခန္ဓာကိုယ်ထဲမှာ ပရိုတင်းနည်းလာတဲ့အခါ အရင်က အသားသိပ်မကြိုက်ရင်တောင်မှ အသားတွေ အရမ်းစားချင်လာတာမျိုးဖြစ်နိုင်ပါတယ်။ နောက်ထပ်သိနိုင်တာတစ်ချက်ကတော့ ကိုယ်တွင်းမှာ ပရိုတင်းဓာတ်နည်းသူတွေဟာ ပုံမှန်ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်နည်းနေနိုင်ပါတယ်။ ဒါကြောင့် တစ်ခါတလေမှာ အသားတွေအရမ်းစားချင်နေတာက ကိုယ်တွင်းမှာ ပရိုတင်းဓာတ်နည်းနေတာကြောင့်ပါနော်။သွေးအားနည်းနေလို့။ကိုယ်ဝန်ရှိနေလို့။ကိုယ်ဝန်ဆောင် မေမေတွေမှာလည်း ပုံမှန် အသားစားချင်စိတ် ပိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပုံမှန် မဟုတ်ဘဲ အသား စားချင်စိတ် အရမ်းပြင်းပြနေမယ်၊ အိမ်ထောင်လည်း ရှိမယ်ဆိုရင်တော့ ဆီးစစ်ကြည့်ပါ။ဘေဘီလေးရှိနေတာလည်း ဖြစ်နိုင်ပါ။သွားရေစာတွေစားချင်စိတ်များနေလို့။ခန္ဓာကိုယ်မှာ အားတွေ ကုန်နေတဲ့အခါမှာ၊ သံဓာတ် အားနည်းနေတဲ့အခါ။ ပင်ပန်းနေတဲ့ အခါမျိုးတွေမှာလည်း အသား စားချင်စိတ် အရမ်းဖြစ်နိုင်ပါတယ်။ ဒီလို အချိန်မှာ အသား အပြင် ငါး နဲ့ သံဓာတ် ကြွယ်ဝတဲ့ ဟင်းနုနွယ်၊ဗီတာမင် Cကြွယ်ဝစွာ ပါဝင်နေတဲ့ ဟင်းသီးဟင်းရွက်တွေက သင့်ရဲ့ ခန္ဓာကိုယ်ကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။အသားမှ အသား စားချင်နေတယ်ဆိုရင် စားသာစားလိုက်ပါ။ ဒါမှ ခန္ဓာကိုယ်က လိုအပ်တဲ့အာဟာရတွေပြည့်ဝပြီး ကျန်းမာစေနိုင်မှာပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/reasons-why-you-might-be-craving-meat/
Adrenocorticotropic Hormone (အက်ဒရီနို ကော်တီကို ထရိုးပစ် ဟော်မုန်း)
Adrenocorticotropic ဟော်မုန်း (ACTH) ကို Pituitary ဂလင်းရှေ့ခြမ်းပိုင်း အလုပ် လုပ်မလုပ်နှင့် Cushing’s Syndrome (Cortisol ဟော်မုန်းများ အများအပြားထုတ်လုပ်သောရောဂါ)၊ Addison ၏ ရောဂါများ ရှိမရှိ စစ်ဆေးရန်အတွက် အသုံးပြုသည်။ACTH သည် Pituitary ဂလင်းရှေ့ခြမ်းပိုင်းမှထုတ်သော အခန္ဓါကိုယ်အတွက် အရေးပါသည့် ဟော်မုန်းတစ်မျိုးဖြစ်သည်။ ပထမဆုံးအနေဖြင့် corticotrophin releasing ဟော်မုန်း (CRH) အား hypothalamus ဂလင်းမှထုတ်လိုက်၏။ ထိုဟော်မုန်းသည် Pituitary ဂလင်းအား ACTH ထုတ်စေရန် လှုံစော်ပေးသည်။ ထို့နောက် ACTH သည် adrenal cortex အားလှုံ့စော်ပေးပြီး cortisol ကိုထွက်လာစေသည်။ သွေးတွင်း၌ cortisol လယ်ဗယ်မြင့်လာပါက CRH ထုတ်ခြင်းကိုတားလိုက်ပြီး ACTH လဲ ထပ်ထွက်လာမည်မဟုတ်တော့ပါ။Cushing’s Syndrome ရှိသောလူနာများတွင် ဖြစ်နိုင်သောအကြောင်းရင်းနှစ်မျိုးရှိသည်။• ပထမအနေဖြင့် ၎င်းသည် ACTH မြင့်တက်ခြင်းကြောင့်ဖြစ်နိုင်သည်။ Pituitary ဂလင်းအတွင်းနှင့် တခြားနေရာများ အထူးသဖြင့် အဆုတ်၊ မုန့်ချိုအိတ်၊ သိုင်းမက်စ် နှင့် သားဥအိမ်များတွင် ACTH ထုတ်သည့်အကျိတ်များကြောင့် ဖြစ်နိုင်ပါသည်။• ဒုတိယအနေဖြင့် ACTH လယ်ဗယ်ပုံမှန်ရှိသော Cushing’s Syndrome လူနာများတွင် adrenal ဂလင်းကြောင့် သို့မဟုတ် cortisol ထုတ်လုပ်မှုတိုးစေသည့် ကင်ဆာများကြောင့်လဲ ဖြစ်နိုင်ပါသည်။သင့်၌ Addison ၏ ရောဂါခံစာနေရပါက ACTH လယ်ဗယ်မြင့်ခြင်းသည် adrenal ဂလင်းကြောင့်ဖြစ်နိုင်သည်။ adrenal ဂလင်းပုပ်ခြင်း၊ သွေးယိုခြင်း၊ ကိုယ်ခံအားမှပြန်တိုက်ခြင်း၊ adrenal ဂလင်းအား ခွဲစိတ်ဖြတ်ထုတ်ထားခြင်း၊ မွေးရာပါအင်ဇိုင်းများ ချို့တဲ့ခြင်း သို့မဟုတ် ပြင်ပမှ steroid များအား အချိန်တစ်ခုကြာအောင်သုံးပြီး Adrenal ဂလင်းအား ဖိနှိပ်ထားခြင်းတို့ဖြစ်နိုင်သည်။ Adrenal မလုံလောက်ခြင်းရောဂါရှိသည့်လူနာများတွင် ACTH လယ်ဗယ်နိမ့်ကျခြင်းသည် hypopituitarism (Pituitary ဂလင်းလုပ်ဆောင်ရေနည်းခြင်း) ကြောင့်ဖြစ်နိုင်ပါသည်။နေ့နှင့်ညချိန်များတွင် ACTH cortisol လယ်ဗယ်ပြောင်းလဲနိုင်သည်ဟု မှတ်ထားပါ။ ညနေခင်းတွင်ယူသောနမူနာသည် (ညနေ ၈ မှ ည ၁၀ နာရီအတွင်း) မနက်ခင်းယူသောနမူနာ (မနက် ၄ မှ မနက် ၈ အထိ)၏ တစ်ဝက် သို့မဟုတ် သုံးပုံနှစ်ပုံနှင့်သာ တူညီပါသည်။ Pituitary နှင့် adrenal ဂလင်းများကိုထိခိုက်နိုင်သည့် နာမကျန်းမှုများ (အထူးသဖြင့် အကျိတ်နာများ)တွင်နေ့အချိန်ပြောင်းလဲခြင်းသည် ပျောက်သွားနိုင်၏။ ထို့အတူပင် စိတ်ဖိစီးမှုသည်လဲ နေ့အချိန်ပြောင်းလဲခြင်းကို မှုန်ဝါးစေခြင်း ပြောင်းလဲမှုမရှိတော့ခြင်းများဖြစ်စေနိုင်ပါသည်။သင့်၌ cortisol ချို့တဲ့ခြင်း သို့မဟုတ် များခြင်းနှင့် ဆက်နွယ်သည့် လက္ခဏာများရှိသည်ဟု ဆရာဝန်မှ ထင်လျှင် ACTH စစ်ဆေးရန်ညွှန်ကြားမည်ဖြစ်သည်။Crotisol နည်းလျှင် အောက်ပါတို့ခံစားရနိုင်၏။• အကြောင်းပြချက်မရှိပဲ ကိုယ်အလေးချိန်ကျခြင်း။• သွေးပေါင်ကျခြင်း။• အစားအသောက်ပျက်ခြင်း။• အားနည်းခြင်း။• ကြွက်သားနှင့်အဆစ်အမြစ်များ ကိုက်ခဲခြင်း။• အရေပြားမဲနက်သွားခြင်း။• ကိုယ်အပူချိန်ပြောင်းခြင်း။• မအီမသာဖြစ်ခြင်း။Cortisol များသွေးထဲတွင်မြင့်နေပါက အောက်ပါတို့ကိုခံစားရနိုင်သည်။• ဝက်ခြံပေါက်ခြင်း။• အဆီများနှင့်ဝိုင်းနေသောမျက်နှာ။• အဝလွန်ခြင်း။• မျက်နှာတွင်အမွှေးများပေါက်ခြင်း အမွေးထူခြင်း။• အမျိုးသမီးများတွင် ရာသီမမှန်ခြင်း။• ဖိစီးမှုများ (ထိခိုက်ဒဏ်ရာ၊ ပြည်တည်နာ သို့မဟုတ် သွေးတွင်းသကြားဓါတ်ကျခြင်း) နှင့် ကိုယ်ဝန်ရှိခြင်းတို့သည် ဟော်မုန်းလယ်ဗယ်ကိုများစေနိုင်သည်။• ဓါတ်ရောင်ခြည်သုံးပြီး ဆေးစစ်ခြင်းများ လတ်တလောတွင်လုပ်ထားပါက ACTH ပမာဏကို သက်ရောက်စေနိုင်ပါသည်။• ACTH ပမာဏကိုများစေသည့်ဆေးများတွင် aminoglutethimide, amphetamines, estrogens (မဟော်မုန်း), ethanol, အင်စူလင်, metyrapone, spironolactone (ဆီးဆေး) နှင့် vasopressin တို့ပါဝင်ပါသည်။• Corticosteroid များသည်လည်း ACTH လယ်ဗယ်ကိုလျော့နည်းစေနိုင်သည်။ဒီစမ်းသပ်ချက်အားမလုပ်ခင် သတိပေးချက်များ အထူးသတိပြုရမည်များကို နားလည်ထားရန်အရေးကြီး၏။ မေးခွန်းများရှိလျှင် ညွှန်ကြားချက်များ ထပ်သိလိုသည်များရှိလျှင် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ဆရာဝန်မှ သင့်အား စစ်ဆေးမှုလုပ်ငန်းစဉ်အကြောင်းကို ရှင်းပြပါလိမ့်မည်။ စစ်ဆေးမည့်နေ့မတိုင်ခင် ညသန်းခေါင်မှစ၍ ဘာမှမစားပဲနေရမည်ဖြစ်သည်။သင့်၌ အိပ်စက်ခြင်းနှင့်ဆိုင်သည့်ပြဿနာများရှိလျှင် ဆရာဝန်ကိုပြောပါ။ အိပ်စက်ခြင်းသည် သွေးတွင်း cortisol လယ်ဗယ်ကိုသက်ရောက်စေနိုင်ပါသည်။ ပုံမှန်အိပ်စက်မှုရှိလျှင် ACTH လယ်ဗယ်သည် မနက် ၄ နာရီမှ ၈ နာရီအတွင်း အများဆုံးဖြစ်ပြီး ည ၉ နာရီတွင် အနည်းဆုံးဖြစ်သည်။လက်ဖျံမှသွေးကို သူနာပြုများအလွယ်တကူ ထုတ်ယူနိုင်ရန် လက်တိုအင်္ကျီကိုဝတ်ဆင်သင့်သည်။Adrenocorticotropic ဟော်မုန်းစစ်ဆေးနေစဉ် ဘာတွေဖြစ်နိုင်မလဲ။စစ်ဆေးမှုအထမြောက်စေရန်အတွက် ဆရာဝန်သည် အောက်ပါတို့ကိုဆောင်ရွက်နိုင်ပါသည်။• သွေးတိတ်စေရန် လက်မောင်းတွင် ပတ်တီးစည်းခြင်း။• အပ်ထိုးသည့်နေရာတွင် ပိုးမဝင်စေရန် အရက်ပြန်နှင့်ပိုးသတ်ခြင်း။• သွေးပြန်ကြောထဲသို့အပ်စိုက်ခြင်း။ လိုအပ်လျှင် တစ်ခါထပ်ပိုပြီး စိုက်ပါလိမ့်မည်။• ပိုက်နှင့်သွေးကိုယူခြင်း။• လိုအပ်သည့်ပမာဏရပါက လက်မောင်းတွင်ပတ်ထားသည့် တိပ်များကိုဖယ်ခြင်း။• အပ်စိုက်ရာတွင် ပတ်တီး သို့ ဂွမ်းဖြင့်ဖိခြင်း။• Urgo ဆေးများသုံးခြင်း။• သွေးထည့်ထားသောပြွန်အား အင်ဇိုင်းများကြောင့် ACTH လယ်ဗယ်ပြောင်းမသွားစေရန် အေးမြအောင်ထားပါ။အပ်စိုက်ရာတွင် နာကျင်မည်မဟုတ်ပါ။ တစ်ချို့သူများတွင် အရေပြားအားအပ်နှင့်ထိုးသည့် နာကျင်မှုကိုခံစားရနိုင်သည်။ သို့သော် အပ်သွေးပြန်ကြောထဲရောက်ပြီး သွေးစုပ်ယူနေချိန်တွင် လူအများစုသည် နာကျင်မှုကိုမခံစားရတော့ပါ။ ယေဘုယျအားဖြင့် သင်၏နာကျင်မှုလယ်ဗယ်သည် သူနာပြု၏ကျွမ်းကျင်မှု၊ သွေးပြန်ကြော၏အခြေအနေနှင့် သင်၏နာကျင်မှုကိုခံစားနိုင်စွမ်းပေါ်တွင် မူတည်ပါသည်။သွေးထုတ်ယူပြီးနောက် ပတ်တီးစကိုသုံးပြီး အပ်စိုက်သည့်နေရာကိုဖိကာ သွေးတိတ်ရပ်အောင် လုပ်နိုင်ပါသည်။ စစ်ဆေးပြီးနောက် နဂိုအလုပ်များကို ဆက်လုပ်နိုင်ပါသည်။ဆရာဝန်သည် သွေးနမူနာအား ရေခဲအုပ်ပြီး ဓါတ်ခွဲခန်းသို့ ချက်ချင်းပို့ပါလိမ့်မည်။ ACTH သည် prptide တစ်မျိုးဖြစ်ပြီး ၎င်းသည်သွေးရည်ကြည်ထဲတွင် မတည်ငြိမ်ပါ။ ၎င်းအား ပျက်စီးမသွားစေရန် – 20 ° C တွင်ထားမှ အဖြေမှားထွက်ခြင်းမဖြစ်မှာ ဖြစ်သည်။adrenocorticotropic ဟော်မုန်းစစ်ဆေးမှုအကြောင်း မေးစရာများရှိလျှင် ပိုမိုနားလည်စေရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။• မနက်ခင်း၌ <80 pg / ml or <18 pmol / L (SI units)။• နေ့လည်ခင်း၌ <50 pg / ml or <11 pmol / L (SI units)။ပမာဏများနေလျှင် အောက်ပါတို့ကြောင့်ဖြစ်နိုင်သည်။• Addison ၏ ရောဂါ (မူလ adrenal မလုံလောက်ခြင်း)။• Cushing’s syndrome (adrenal hyperplasia ကြောင့်ဖြစ်ခြင်း)။• Ectopic ACTH syndrome။• ဖိစီးမှုများခြင်း။• Adrenogenital syndrome (မွေးရာပါ hyperplasia adrenal ဂလင်းရောဂါ)။ပမာဏကျနေလျှင် အောက်ပါတို့ကြောင့်ဖြစ်နိုင်သည်။• တစ်ဆင့်ခံ adrenal failure (hypopituitarism)။• Cushing’s syndrome;။• Hypopituitarism;။• ဂလင်းကင်ဆာအကျိတ်။• steroid များသုံးခြင်း။ဓါတ်ခွဲခန်းနှင့်ဆေးရုံပေါ်မူတည်ပြီး adrenocorticotropic ဟော်မုန်းစစ်ဆေးမှု ပုံမှန်တန်ဖိုးသည် တူညီမည်မဟုတ်ပါ။ ရလဒ်နှင့်ပတ်သတ်၍သိလိုသည်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။PasteTextHere။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/adrenocorticotropic-hormone-%e1%80%a1%e1%80%80%e1%80%b9%e1%80%92%e1%80%9b%e1%80%ae%e1%82%8f%e1%80%af%e1%80%ad%e1%80%b9-%e1%80%b1%e1%80%80%e1%80%ac%e1%80%b9%e1%80%90%e1%80%ae%e1%80%80%e1%80%ad%e1%80%af/
ပြင်းထန်အူပွရောဂါ (Toxic megacolon)
Toxic megacolonဆိုတာ အူမကြီးပွလာတာပါ။ Megacolonဆိုတာ အူပွလာတာ၊ Toxicဆိုတာ အခြေအနေပြင်းထန်တာပါ။ ရှားပါးတဲ့ရောဂါဖြစ်ပါတယ်။ ဒါပေမယ့် ဖြစ်လာရင် ရက်ပိုင်းအတွင်းမှာပဲ အူက ပွလာပြီး ပေါက်ထွက်နိုင်တာကြောင့်အသက်အန္တရာယ်ရှိပါတယ်။ ဒီပြင်းထန်အူပွရောဂါဘာလို့ဖြစ်တာလဲ။ ဖြစ်လာရင် ဘယ်လိုကုကြမလဲဆိုတာ ဆက်လေ့လာကြည့်ရအောင်။ဖြစ်ရတဲ့အကြောင်းကိုတော့ တိတိကျကျမသိရသေးပေမယ့် တချို့သောအူလမ်းကြောင်းရောဂါတွေနဲ့ သက်ဆိုင်နေတယ်လို့ ဆိုပါတယ်။ အဖြစ်အများဆုံးကတော့Inflammatory Bowel Diseaseလို့ခေါ်တဲ့ နာတာရှည် အူရောင်​တဲ့ ရောဂါစုနဲ့၊အူလမ်းကြောင်းပိုးဝင်တာပါ။ ဒါ့ပြင်ဆေးဝါးတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ဒီရောဂါစုမှာUlcerative colitis(UC)လို့ခေါ်တဲ့ အူအနာဖြစ်ပြီး ရောင်ရမ်းခြင်းနဲ့Crohn’s diseaseတို့ပါဝင်ပါတယ်။ ဒီနှစ်ခုလုံးက ခုခံအားကမောက်ကမဖြစ်တာ ဒါမှမဟုတ် ဗီဇကြောင့်လို့ဆိုပါတယ်။ နှစ်ခုလုံးက အူရောင်ရမ်းတာပါ။ သူတို့ရဲ့ ရောဂါလက္ခဏာတွေကတော့ ဗိုက်နာတာ၊ ဝိတ်ကျတာ၊ ဝမ်းလျှောတာ၊ သွေးဝမ်းသွားတာ၊ ပျို့တာ၊ အဆစ်တွေနာတာ၊ ဖျားတာ၊ အရေပြားမှာအနီစက်တွေထွက်လာတာ စတာတွေဖြစ်ပါတယ်။အူလမ်းကြောင်းပိုးဝင်တာကလည်း Toxic Megacolonကိုဖြစ်စေပါတယ်။ ဝင်နိုင်တဲ့ပိုးတွေများပေမယ့်Clostridium difficileပိုးဝင်ပြီး အူပွတာ အဖြစ်များပါတယ်။ ဒီပိုးကဘာလို့ဝင်ရတာလဲဆိုတော့ပိုးသတ်ဆေးတွေသောက်ပြီး ကိုယ်တွင်းမှာ ကောင်းကျိုးပြုဘတ်တီးရီးယားတွေ သေကုန်လို့ပါ။ ဒီမှာ Clostridium ပိုးတွေ အားသာလာပြီး အဆိပ်တွေထုတ်တာကြောင့် အူမကြီးကဆဲလ်တွေပျက်စီးပြီးpseudomembranous colitisဆိုတဲ့ အူရောင်ခြင်းဖြစ်လာပါတယ်။ အူရောင်တာရဲ့ နောက်ဆက်တွဲအနေနဲ့ အူပွလာပါတယ်။ Clostridium ပိုးဝင်လာရင် အရည်ဝမ်းသွားတာ၊ ဗိုက်ရစ်ပြီးနာတာ၊ ဖျားတာ၊ ဝမ်းထဲ ပြည်၊ အချွဲတွေပါတာ၊ ပျို့တာ၊ ရေဓာတ်ခမ်းခြောက်တာ စတဲ့လက္ခဏာတွေပြပါတယ်။အူလမ်းကြောင်းလှုပ်ရှားတာကို တားဆီးတဲ့ဆေးဝါးအများစုက toxic megacolonကို ဖြစ်စေပါတယ်။ ဥပမာပြောရရင် စိတ်ရောဂါကုဆေးတွေ၊ ဝမ်းပိတ်ဆေးတွေ၊ opioidsပါတဲ့ အကိုက်အခဲပျောက်ဆေးတွေပါ။ ဒါတွေက အူလမ်းကြောင်းကို မလှုပ်စေလို့ ကြာလာရင် အဆိပ်တွေ၊ အညစ်အကြေးတွေပုံလာပြီး အူပွလာပါတယ်။အူပွတယ်ဆိုတာ ရောဂါတစ်ခုခုရဲ့ နောက်ဆက်တွဲဆိုးကျိုးပါပဲ။ ရက်အနည်းငယ်အတွင်းမှာပဲ အူကဖောင်းကြွလာပြီး အောက်ကလက္ခဏာတွေ ခံစားရပါမယ်။အူပွလာတယ်ဆိုတာ တကယ်တော့ အူရောင်ပြီး ဖောင်းနေတာကို ပြောချင်တာပါ။ ဖောင်းတာက အူကောင်းကောင်းမလှုပ်တော့ဘဲ အထဲမှာ ဂတ်စ်တွေ၊ အရည်တွေ စုပုံလာလို့ပါ။ ဒါတွေက တဖြည်းဖြည်းများလာတဲ့အခါ အခန့်မသင့်ရင် အူပေါက်ကွဲတတ်ပါတယ်။ အူပေါက်သွားရင် အူထဲက အညစ်အကြေးတွေ၊ ပိုးတွေ ဗိုက်ထဲကို ရောက်လာပြီး ဝမ်းတွင်းအမြှေးပါးရောင်တာ၊သွေးဆိပ်သင့်တာ၊ သွေးလန့်တာတွေ ဖြစ်တတ်ပါတယ်။ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နာတာရှည်အူရောင်ရောဂါစုရှိတဲ့သူတွေက ပိုဖြစ်တတ်ပါတယ်။ ဒါ့ပြင်ဆီးချိုရောဂါ၊ကျောက်ကပ်ရောဂါ၊ ကိုယ်အင်္ဂါအစားထိုးထားတာ၊ ခုခံအားပြဿနာရှိတဲ့သူတွေမှာလည်းပိုဖြစ်နိုင်ပါတယ်။ရောဂါအခြေအနေ၊ အသက်၊ နဂိုကျန်းမာရေးနဲ့ ခံစားရတဲ့ လက္ခဏာတွေပေါ်မူတည်ပြီး ကုသရပါတယ်။ တချိန်တည်းမှာ Toxic megacolonဖြစ်စေတဲ့ အကြောင်းရင်းတွေကိုရှာပြီး ကုသပေးရပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းကို အနားပေးထားရပါတယ်။ လိုအပ်ရင် ခွဲစိတ်ရပါတယ်။အူပွတာက ရှားပေမယ့် ဖြစ်လာလို့ အသိနောက်ကျခဲ့ရင် အသက်အန္တရာယ်နီးပါတယ်။ အူမပေါက်သေးခင် လက်ဦးပြီး ကုသနိုင်ရင်တော့အကောင်းဆုံးပါ။ အူပေါက်သွားမှဆိုရင် သွေးဆိပ်သင့်တာ၊ သွေးလန့်တာတွေ ဖြစ်နိုင်တဲ့အတွက် ကုသရခက်ပါတယ်။ ဒါကြောင့် အူပွတဲ့လက္ခဏာတွေကို သတိထားပါ။ သိသိချင်း ဆေးကုသမှုခံယူနိုင်ဖို့ ကြိုးစားပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/toxic-megacolon/
ဖိုးဖိုးဖွားဖွားတွေနဲ့ မိသားစုဆုံတဲ့အခါ ပျော်စရာလေးတွေ ဘယ်လိုဖန်တီးမလဲ
သားသမီးတွေ ပိုင်ဆိုင်လာတာနဲ့ ကိုယ်တွေမှာမိသားစုရှိလာပြီလို့တွေးကြပါတယ်။ ဒါပေမယ့် မိသားစုဆိုတဲ့စကားလုံးက ဒီထက်ပိုပြီးကျယ်ပြန့်ပါတယ်နော်။ ကိုယ်တွေဟာလည်း ကိုယ့်မိဘတွေရဲ့မိသားစုဝင်တွေဖြစ်နေတာမို့ နှစ်ဖက်ဖိုးဖိုးဖွားဖွားတွေနဲ့ အတူစုပေါင်းလိုက်မှ မိသားစုအဓိပ္ပါယ်ပြည့်စုံနိုင်မှာပါ။ အဖိုးအဖွားတွေကလည်း မြေးတွေနဲ့ အတူပျော်ပျော်ရွှင်ရွှင်တွေ့ဆုံချင်မှာလည်းသေချာပါတယ်။ဒါဆို အတူနေမဟုတ်တဲ့ မိသားစုတွေမှာ ကလေးတွေကိုအဖိုးအဖွားနဲ့ဘယ်လိုတွေ့ဆုံပေးမလဲ။ အခါကြီးရက်ကြီးတွေမှာ လက်ဆောင်တွေနဲ့ သွားကန်တော့ကြတဲ့အခါမျိုးပဲ သွားလည်မိတာမျိုးလား။ တကယ်တော့ မိသားစုတွေ့ဆုံပွဲကပေါ့ပေါ့ပါးပါးနဲ့ အမျိုးမျိုးစီစဉ်လို့ရပါတယ်။ အားလပ်ရက်မှာ ကလေးတွေကို ကစားကွင်းပို့ရင်း အဖိုးအဖွားအိမ်ကို ဝင်လည်လို့ရတယ်၊ လမ်းကြုံဝင်လို့လည်းရတယ်၊ ဘယ်လိုသွားသွား ရတယ်ဆိုပေမယ့် တစ်ခါတလေတွေ့ရတဲ့မြေးလေးတွေရဲ့မျက်နှာကို အချိန်ခဏလေးတွေ့ရတာ ဘယ်ပျော်နိုင်ပါ့မလဲ။ ဒါ့ကြောင့် ဆုံကြမယ့်ရက်ကိုသေချာစီစဉ်ပြီး အချိန်များများပေးလိုက်မယ်ဆိုရင်ပျော်စရာအချိန်တွေ ပိုင်ဆိုင်ရမှာပါပဲ။အလုပ်တွေအားမယ့်ရက်၊အဖိုးအဖွားတွေအဆင်ပြေမယ့်ရက်ကို တိုင်ပင်ရွေးရမယ်လေ။ ဘာမှမစီစဉ်ဘဲ ချက်ချင်းကြီးထလုပ်ရင် ကိုယ်တွေကဘာမှမဖြစ်ပေမယ့်လူကြီးတွေအတွက်ကတော့ ဝရုန်းသုန်းကားဖြစ်သွားနိုင်ပါတယ်။ဒါဆို ဘယ်မှာဆုံကြမလဲ။ ဖိုးဖိုးဖွားဖွားတို့အိမ်မှာလား၊ ဘုရားသွားကြမလား၊ တစ်နေရာရာကို ပျော်ပွဲစားထွက်ကြမလား၊ ခရီးသွားကြမလား အရင်စဉ်းစားနော်။ခေါင်းစဉ်တစ်ခုရွေးချယ်ပြီးရင်တော့ ကျန်တဲ့လိုအပ်တာတွေစီစဉ်လို့ရပြီပေါ့။ အိမ်မှာပဲဆုံကြမယ်ဆိုရင် သန့်ရှင်းရေးလုပ်ရမယ်၊ စားဖို့သောက်ဖို့စီစဉ်ရမယ်၊ ခရီးသွားမယ်ဆို ကားစီစဉ်ရမယ်၊အထုပ်အပိုးစီစဉ်ရမယ်၊ တည်းဖို့နေရာကြိုမှာရမယ်။ ဘာပဲဖြစ်ဖြစ် အဓိကက မိသားစုပျော်ရွှင်ရဖို့ဆိုတာ ဦးစားပေးတွေးပါ။အိမ်မှာတွေ့ကြမှာပဲဖြစ်ဖြစ်၊ပျော်ပွဲစားထွက်မှာပဲဖြစ်ဖြစ် ကိုယ့်ကလေးတွေအတွက်ရော၊ မိဘတွေအတွက်ပါ အဆင်ပြေစေမယ့် အစားအသောက်တွေကြိုစီစဉ်ရမှာပါ။ အထူးစီစဉ်တဲ့စားစရာတွေကပျော်စရာအမှတ်တရတွေထဲမှာ ပါဝင်တတ်ပါတယ်။အိမ်မှာမဟုတ်ဘဲ အဖိုးအဖွားအိမ်ကိုသွားမှာ ဒါမှမဟုတ် အပြင်တစ်နေရာမှာဆုံကြမှာဆို ကလေးတွေအတွက် အသုံးအဆောင်တွေ(diaper ၊တစ်ရှူး စတာတွေ)၊ အဝတ်အစားအပိုတွေ၊ စားစရာတွေ( ကလေးအတွက်ကျွေးနေကျထမင်းနဲ့ဟင်း သို့မဟုတ်အာဟာရနို့မှုန့်၊သရေစာမုန့်)တွေနဲ့ သူတို့နှစ်သက်တဲ့ ကစားစရာတွေအပါယူသွားဖို့လိုပါတယ်။ အိမ်မှာက ဆည်းလည်းလေးတွေဆိုတာ ဘုရင်ပဲလေ။ကလေးတွေနဲ့ အဖိုးအဖွားတို့ကြားမှာ ရင်းနှီးမှုပိုရစေမယ့် အပျော်ကစားနည်းေလးတွေစီစဉ်ပေးပါ။ ဒါမှမဟုတ် ပုံပြောပြတာ၊ ရုပ်ရှင်အတူကြည့်တာ၊ ရှုခင်းအတူကြည့်ရင်း ကလေးတွေမေးသမျှရှင်းပြတာမျိုးလေးတွေ လုပ်ခိုင်းပါ။ ထမင်းဝိုင်းလက်ဆုံစားတာကလည်း မိသားစုပေါင်းစည်းတဲ့နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။မိသားစုဓါတ်ပုံဆိုတာ ဆိုင်မှာ သွားရိုက်မှမဟုတ်ပါဘူး။ အမှတ်တမဲ့ရိုက်ထားတဲ့ လျှပ်တပြက်ပုံလေးတွေကလည်း ချစ်စရာကောင်းတဲ့အမှတ်တရတွေအဖြစ် ကျန်ရစ်နိုင်ပါတယ်။ အတူတူဓါတ်ပုံရိုက်ကြမယ်၊ အဖိုးအဖွားနဲ့မြေးတွေရဲ့အပြုံးလေးတွေကို သိမ်းထားကြမယ်၊ ဗီဒီယိုမှတ်တမ်းတောင် တင်ထားလို့ရသေးတယ်။ကဲ ဒီလောက်ပြည့်စုံပြီဆို ဘယ်လောက်ပျော်စရာကောင်းတဲ့ မိသားစုတွေ့ဆုံပွဲလဲ။Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/grandparents-and-kids/
လူသိနည်းတဲ့ ဝမ်းချုပ် စေတဲ့ အကြောင်းရင်း (၁၁) မျိုး
ရေသောက်နည်းရင်၊ အသီးအရွက် သိပ်မစားရင် ဝမ်းချုပ် တယ် လို့ ပြောလေ့ရှိကြပါတယ်။ ရှိသေးတယ်… ကောက်ညှင်းစားရင်၊ အပူအပုပ်များရင်လည်း ဝမ်းချုပ်မယ်တဲ့။ ဒါပေမယ့် ဒီလို လူသိများတဲ့အရာတွေထက် နောက်ထပ် တခြား အကြောင်းရင်း တွေ ရှိနေနိုင်တယ် ဆိုတာရော သင်သိပြီးပြီလား။အူရောဂါ (IBD) မှာ Crohn’s Disease နဲ့ ulcerative colitis ဆိုပြီး နာတာရှည်ရောဂါ အမျိုးအစားနှစ်ခု ရှိပါတယ်။ နှစ်မျိုးစလုံးဟာ ကြွက်တက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ သွေးဝမ်းသွားခြင်းနဲ့ တခြား ကျန်းမာရေးပြဿနာ တွေဖြစ်စေနိုင်ပါတယ်။လည်ပင်းကြီးရောဂါကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို နှေးကွေးစေနိုင်ပါတယ်။ ဒါပေမဲ့ သည်ရောဂါရှိသူတိုင်း ဝမ်းချုပ်တာ မဟုတ်သလို ဝမ်းချုပ်တိုင်းလည်း လည်ပင်းအကျိတ် ဂလင်းက လုပ်ဆောင်ချက် မကောင်းတာ မဟုတ်ပါဘူးလို့ ဘော့စတွန်မှ ပါမောက္ခ Carla H. Ginsburg က ပြောပါတယ်။အကိုက်အခဲပျောက်ဆေးတွေက တစ်ခါတလေ ဝမ်းချုပ်စေတတ်ပါတယ်။ချောကလက်က ဝမ်းချုပ်စေနိုင်တယ်လို့ လေ့လာမှုတချို့က ဆိုထားပါတယ်။ ၂၀ဝ၅ ခုနှစ် က လေ့လာမှုတစ်ခုအရ ရေရှည်ဝမ်းချုပ်နေသူတွေ ဒါမှမဟုတ် အူရောဂါရှိသူတွေမှာ ချောကလက်ကြောင့် ဝမ်းချုပ် ရတယ်လို့ ပြောလို့ရနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။အများအားဖြင့် ဗီတာမင်အားဆေးတွေကြောင့် ဝမ်းမချုပ်စေပေမယ့်ကယ်လ်စီယမ်နဲ့သံဓါတ်လိုမျိုး ပါဝင်ဓါတ်ပစ္စည်းတချို့ ကြောင့် ပြဿနာရှိစေနိုင်ပါတယ်။ဝမ်းနုတ်ဆေး တွေကို ဆရာဝန်ညွှန်ကြားတဲ့ အတိုင်းသာ သောက်သုံးသင့်ပါတယ်။ သောက်တာများတာ၊။ကာလရှည်ကြာ သုံးစွဲမယ် ဆိုရင် ဝမ်းနုတ်ဆေးတွေ ကိုပဲ အားထား မှီခိုလာရတဲ့ အနေအထား ဖြစ်လာစေနိုင်ပါတယ်။ချိစ် နဲ့ တခြား အမျှင်ဓာတ်နည်းတဲ့၊ အဆီများတဲ့ အစားအစာတွေ (ဥနဲ့ အသားတို့လို) ဟာ အစာချေဖျက်နိုင်စွမ်းကို နှေးကွေးစေနိုင်ပါတယ်။စိတ်ကျဝေဒနာ ကြောင့်လည်း ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေကို အကုန်နှေးကွေးစေတာကြောင့် အူကိုလည်း သက်ရောက်မှု ရှိပြီး ဝမ်းချုပ်စေနိုင်ပါတယ်။အစာအိမ်လေဆေး တွေဟာ ရင်ပူနာ အတွက် ထိရောက်လှပေမယ့် အထူးသဖြင့် ကယ်လ်စီယမ် ဒါမှမဟုတ် အလူမီနီယမ်ပါဝင်တဲ့ ဆေးတွေမှာ ဝမ်းချုပ် တာလည်း ဖြစ်စေနိုင်တယ် လို့ သိရပါတယ်။ဝမ်းချုပ်တာဟာ သွေးတိုးရောဂါ ကုသတဲ့ အသုံးများတဲ့ ဆေးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်ဝေဒနာကို ကုသတဲ့ Antihistamines ဆေးတွေ ကလည်း ဝမ်းချုပ် စေနိုင်တယ် လို့ သိရပါတယ်။ဆီးချိုရောဂါ ဟာ လူတစ်ယောက်ရဲ့အစားအစာခြေဖျက်နိုင်စွမ်းကို ထိခိုက်စေနိုင်တဲ့ အာရုံကြော ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရောဂါ အဆင့်မြင့်နေသူတွေ အများစုမှာ ဝမ်းချုပ်ခြင်း ကို တွေ့ရတာကြောင့် အမြဲ ပုံမှန် ဝမ်းချုပ်နေသူတွေဟာ သွေးတွင်းသကြားဓာတ်ကို စစ်ကြည့်သင့်ပါတယ်။ ပါကင်ဆန်ရောဂါ လိုမျိုး အာရုံကြောရောဂါတွေ ဟာလည်း ဝမ်းချုပ်စေနိုင်တယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/constipation-digestive-health/surprising-causes-of-constipation/
ဗီတာမင် K ချို့တဲ့ရင် ကလေးတွေမှာဘာဖြစ်လာမလဲ
ဗီတာမင် K။ဗီတာမင် K ဆိုတာကခန္ဓါကိုယ်တွင်းထဲမှာရှိတဲ့ ဓါတ်တစ်မျိုးပါ။သွေးတိတ်စေဖို့အထောက်အပံ့ပေးပါတယ်။အူတွေက စားသုံးလိုက်တဲ့အစားအစာတွေကိုဖြိုခွဲပေးပြီး ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ဗီတာမင် K ကို ထုတ်လုပ်ပေးတာပါ။ဗီတာမင် K ကကလေးတွေအတွက်အရေးပါလား။ဗီတာမင် K က ကလေးတွေအတွက်မှ မဟုတ်ပါဘူး။ အရွယ် သုံးပါးစလုံးအတွက်အရေးပါတာပါ။ ကလေးတွေကမွေးစမှာ ကိုယ်တွင်းမှာ ဗီတာမင် K ဓါတ်ပါလာတယ်ဆိုပေမယ့်တော်တော်လေးနည်းပါတယ်။ အူနံရံတွေက စားသုံးလိုက်တဲ့အစားအစာတွေကိုချေဖျက်မှုကနေ ဗီတာမင် K ကို ထုတ်ပေးနိုင်တယ်ဆိုပေမယ့်မွေးစအရွယ် ကလေးတွေမှာ အူတွင်းအကျိုးပြုဘက်တီးရီးယားအရေအတွက် ကတော်တော်လေးနည်းတာကြောင့် ဗီတာမင် K ကိုလုံလုံလောက်လောက်မထုတ်ပေးနိုင်ပါဘူး။ အရွယ်လေးရလာတာနဲ့အမျှတော့ ကလေးရဲ့ခန္ဓါကိုယ်က ဗီတာမင် K ကိုပိုပြီးထုတ်ပေးလာနိုင်မှာပါ။ဒီလိုအချိန်မှာ ကလေးတွေအနေနဲ့ ဗီတာမင် Kကို ရရှိနိုင်မယ့် တစ်ခုတည်းသောအရင်းအမြစ်ကမိခင်နို့ပါ။ ဒါပေမယ့်လည်း အများကြီးတော့မဟုတ်ပါဘူး။ရောဂါတွေကို ကာကွယ်နိုင်ရုံလောက်တော့ရနိုင်ပါတယ်။ဗီတာမင် K ချို့တဲ့ရင် ဘာတွေဖြစ်လာနိုင်လဲ။မိခင်နို့ကိုပဲ အားကိုးရတဲ့ကလေးတွေအဖို့ ဗီတာမင် K ချို့တဲ့နိုင်ခြေက အခြားသူတွေထက်ပိုများပါတယ်။ ဗီတာမင် K ချို့တဲ့လာတဲ့အခါ ကလေးတွေမှာ အခုလို လက္ခဏာတွေခံစားလာရနိုင်ပါတယ်။ ဗီတာမင် K ချို့တဲ့မှုပြင်းထန်လာတဲ့အခါဦးနှောက်ထိခိုက်တာနဲ့သေဆုံးတာမျိုးတွေအထိဖြစ်နိုင်ပါတယ်။ကိုယ်တွင်းသွေးယိုစိမ့်မှုခံစားရနိုင်ပါတယ်။ ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုခု ထိခိုက်ပျက်စီးတာ၊ ဦးနှောက်ထိခိုက်ပျက်စီးတာ၊ အသက်သေဆုံးတာ မျိုးအထိဖြစ်နိုင်ပါတယ်။ ကလေးလေးတွေမှာမွေးရာပါ ဗီတာမင် K ချို့တဲ့တာမျိုးလည်းရှိနိုင်ပါတယ်။ များသောအားဖြင့်တော့ ကလေးတွေမှာ ဗီတာမင် K ချို့တဲ့တာကိုမွေးပြီး ရက်သတ္တပတ် တစ်ပတ်လောက်ကြာမှသိရတာများပါတယ်။ ဗီတာမင် K ချို့တဲ့တဲ့အခါ ကလေးတွေမှာ အသက် ၈ လအရွယ်လောက်အထိ အသည်းနဲ့ပတ်သက်တဲ့ပြဿနာတွေ၊ အူမကြီးနဲ့ ပတ်သက်တဲ့ပြဿနာတွေခံစားရနိုင်ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေမှာသွေးယိုစိမ့်တာနဲ့ ထိခိုက်မိတဲ့အခါသွေးတိတ်ဖို့ ခက်တာမျိုးတွေခံစားရနိုင်ပါတယ်။ဒီအချက်တွေကြောင့် ကလေးတွေမှာ ဗီတာမင် K ချို့တဲ့မှုဖြစ်ရတာပါ။ပထမတစ်ချက်ကတော့ ဗီတာမင် K ကို အဓိကအားဖြင့်ကအူမကြီးထဲမှာရှိနေတဲ့ ဘက်တီးရီးယားတွေက ထုတ်လုပ်ပေးတာပါ။ ကလေးတွေမှာက ငယ်သေးတဲ့အခါ အူမကြီးထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားအရေအတွက်က နည်းနေပါတယ်။ ဒါကြောင့် ဗီတာမင် K ကိုလုံလုံလောက်လောက်မထုတ်လုပ်နိုင်ပါဘူး။နောက်တစ်ချက်ကတော့ ကလေးကမိခင်ဆီကနေကိုယ်ဝန်ဆောင်ကာလမှာရော နို့ချိုတိုက်ကျွေးတဲ့ကာလမှာပါ လုံလုံလောက်လောက်မရရှိတာပါ။ဘယ်လိုကလေးတွေမှာ ဗီတာမင် K ချို့တဲ့နိုင်ခြေပိုများသလဲ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/malnutrition/vitk-deficiency/
ကလေးတွေမှာ သွေးတွင်းအဆီဓာတ်များတာ ဖြစ်နိုင်လား
သွေးတွင်းအဆီဓာတ်များတာ ဟာ ကလေးမှာလည်းဖြစ်နိုင်တယ်ဆိုတာ သင်သိပါသလား။ ဒီရောဂါမျိုးကို လူကြီးတွေဆီမှာ ဖြစ်တာပဲ ကြားဖူးကြတော့ ကလေးတွေလည်း ဖြစ်နိုင်တယ်ဆိုတာ သိပ်မသိကြပါဘူး။ သွေးတွင်းအဆီဓာတ် ( cholesterol) များတာဟာ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။သွေးစစ်ပြီး သွေးတွင်းအဆီဓာတ်ကို ဓာတ်ခွဲစစ်ကြည့်ရင် အောက်မှာပြထားတဲ့ ပမာဏ အတွင်းထဲမှာသာ ရှိသင့်ပါတယ်။ ကလေးတစ်ယောက်မှာရှိသင့်တဲ့ အဆီဓာတ်ပမာဏတွေကတော့။ကလေးတွေမှာ သွေးတွင်းအဆီဓာတ်များတာ ဟာ အဓိက အကြောင်းအရင်း ၃ ခုကြောင့်ဖြစ်ရတာပါ။အဆီများတဲ့ အစားအစာတွေ အထူးသဖြင့်ပြည့်ဝဆီ ( saturated fat)ပါတဲ့ အစားအစာတွေကြောင့် ကလေးတွေရဲ့ သွေးတွင်း အဆီဓာတ်များလာနိုင်ပါတယ်။ ကလေးကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ အဆီဓာတ်( cholesterol) ကို အသည်းက အဓိကထုတ်ပေးပါတယ်။ပြည့်ဝဆီ ( saturated fat) ပါတဲ့ အစားအသောက်တွေ ကလေးများများစားမိရင်တော့ အစားအစားတွေကပါတဲ့ ကိုလက်စရောအပြင် အသည်းကလည်း ကိုလက်စရောတွေကို များများထုတ်ပေးလို့ ကလေးတွေမှာ သွေးတွင်း ကိုလက်စရောများတာတွေ ဖြစ်လာပါတော့တယ်။ကိုလက်စရောများတဲ့ အစားအသောက်တွေကတော့။ဒါကြောင့် ဒီအစားအစာတွေကို ကလေးတို့ အလွန်အကျွံ မစားမိဖို့ ထိန်းကျောင်းပေးရပါမယ်။အဝလွန်တာနဲ့ သွေးတွင်း ကိုလက်စရောများတာဟာ တိုက်ရိုက်ဆက်စပ်နေတဲ့ အရာတစ်ခုပါ။ ကိုယ်လက်လှုပ်ရှားမှု မရှိဘဲ အစားသောင်းကျန်းတဲ့ ကလေးတွေ ပိုဖြစ်နိုင်ပါတယ်။သွေးတွင်း ကိုလက်စရောများတာဟာ မျိုးရိုးလိုက်တတ်တဲ့ ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။ သွေးတွင်းကိုလက်စရောများတဲ့ မိဘမျိုးရိုးရှိတဲ့ ကလေးဟာ ငယ်ငယ်တည်းက သွေးတွင်းကိုလက်စရောများတဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။သွေးတွင်းမှာ ကိုလက်စရော ပမာဏများလာရင် ဖြစ်လာတဲ့ အဆီပြင်လေးတွေဟာ သွေးကြောနံရံမှာ အနည်ကျပြီး ကိုယ်ထဲမှာရှိတဲ့ သွေးကြောတွေကို ကျဉ်းစေပါတယ်။ သွေးကြောကျဉ်းသွားတဲ့ အတွက် ကိုယ်တွင်း အစိတ်အပိုင်းတွေဟာ လုံလောက်တဲ့ အောက်ဆီဂျင်တွေ မရကြတော့ဘဲ ရောဂါတွေ စဖြစ်လာပါတော့တယ်။ သွေးတွင်း ကိုလက်စရောများတာနဲ့ အများဆုံး ဆက်စပ်နေတာကတော့ နှလုံးရောဂါပါ။သွေးတွင်း ကိုလက်စရောများတာဟာ ဒီအတိုင်းဆို ဘာလက္ခဏာမှ မပြတဲ့ အတွက် မသိနိုင်ပါဘူး။ ဓာတ်ခွဲခန်းမှာ သွေးစစ်ကြည့်မှများနေမှန်းသိရတာပါ။ကလေးကို ပုံမှန်စစစ်ပေးသင့်တဲ့အရွယ်တွေကတော့ ကလေးက သွေးတွင်းအဆီ များနိုင်တယ်လို့ သံသယရှိတဲ့အခါ ကလေးအသက်၉နှစ်နဲ့ ၁၁ နှစ်ကြားမှာဆို သွေးတွင်းကိုလက်စရောတစ်ကြိမ်လောက်တော့ စစ်သင့်ပြီး ကလေးအသက်၁၇ နှစ်နဲ့ ၂၁ နှစ်ကြားမှာ နောက်တစ်ခေါက် ထပ်စစ်ကြည့်သင့်ပါတယ်။သွေးတွင်း ကိုလက်စရောများတာဟာ လူကြီးတွေမှာပဲ ဖြစ်တတ်တာ မဟုတ်ပါဘူး။ ကလေးတွေမှာလည်း ဖြစ်နိုင်တဲ့အတွက် မိဘတွေ အနေနဲ့ သတိထားပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်သင့်ပါတယ်။ ကလေးတွေက ဝဝကစ်ကစ်ဆို ပိုချစ်စရာကောင်းတယ်ဆိုပြီး ကလေးကို တအားဝအောင်လည်း မလုပ်လိုက်ပါနဲ့။ တစ်ခါတစ်လေကျ ချစ်တာကနေ နှစ်တာဖြစ်သွားတတ်ပါတယ်။ ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/high-cholesterol-in-children/
ပျားဝတ်မှုန်၏ ကောင်းကျိုးများ
ပျားတစ်ကောင်ဟာ ဝတ်ရည်ကို စုစည်းချိန်မှာ ပန်းတွေက ဝတ်မှုန်အချို့ဟာ သူတို့နဲ့ ပါလာတတ်ပါတယ်။ ဒီဝတ်မှုန်တွေဟာ ချိုမြိန်တဲ့ အရသာရှိတဲ့ ရွှေရောင် အမှုန့်လေးတွေပုံစံနဲ့ လာတတ်ပါတယ်။ ပျားဝတ်မှုန်ဟာ သွေးမဆုံးခင်ဖြစ်တတ်တဲ့ ရောဂါ (PMS)၊ ဆီးကျိတ်ကြီးခြင်းနဲ့ အခြားအရေပြား ထုတ်ကုန်တွေမှာ သူ့ရဲ့ ကျန်းမာရေးအတွက် ကောင်းတဲ့ ဂုဏ်သတ္တိကြောင့် ထင်ရှားတဲ့ ဖြည့်စွက်ပစ္စည်းအနေနဲ့ ပါဝင်ပါတယ်။အောက်ဖေါ်ပြပါအချက်တွေကတော့ ပျားဝတ်မှုန်ကို သင့်နေ့စဉ်အစားအေသာက်ထဲထည့်သွင်းသင့်တဲ့ အဓိက အချက်တွေဖြစ်ပါတယ်။၁။ ပရိုတင်း၊ ဗီတာမင်နဲ့ antioxidants တွေ ပါဝင်ပါတယ်။ပျားတွေဟာ ပျားငယ်လေးတွေကို ပျားဝတ်မှုန်တိုက်ကျွေးတယ်ဆိုတာ သင်သိပါသလား။ ပျားဝတ်မှုန်ရဲ့ ၄၀% ဟာ ပရိုတင်းတွေ ဖြစ်ပါတယ်။ သူ့မှာ လူတွေ လိုအပ်တဲ့ အာဟာရမျိုးစုံ ပါဝင်ပါတယ်။ ပျားဝတ်မှုန်မှာ ပါဝင်တဲ့ ပရိုတင်းဟာ စားပြီးပြီးချင်း အသုံးပြုနိုင်တဲ့ amino acid ပုံစံနဲ့ ပါဝင်တာကြောင့် အလွယ်တကူခြေဖျက်နိုင်ပါတယ်။Institute of Apiculture ရဲ့ လေ့လာမှုတစ်ခုက ပျားဝတ်မှုန်မှာ သဘာဝအတိုင်းတွေ့ရတဲ့ အစာမျိုးစုံမှာ ပါဝင်တဲ့ ဗီတာမင်ဓါတ်ပါဝင်တယ်လို့ ဆိုပါတယ်။ တကယ်လို့ ပျားဝတ်မှုန်မှာ အခြား အရေးကြီးတဲ့ ပစ္စည်း ဘာမှ မပါဝင်ရင်တောင် သူ့မှာ rutin ဓါတ် အမြောက်အမြား ပါဝင်ပြီး အခြားအရင်းအမြစ် တွေနဲ့ ယှဉ်ရင် အများဆုံးလို့တောင် ပြောလို့ရပါတယ်။၂။ ပိုးသေစေတဲ့ ဂုဏ်သတ္တိ။ပျားဝတ်မှုန်ကို ယဉ်ကျေးမှု အမျိုးစုံက ရှေးဟောင်းဆေးပညာတွေမှာ သူ့ရဲ့ ပိုးသေစေတဲ့ အစွမ်းကြောင့် အသုံးပြုခဲ့ကြပါတယ်။တကယ်တော့ သုတေသီတွေက ပျားဝတ်မှုန်မှာ ပါဝင်တဲ့ အင်ဇိုင်းဟာ ဒုက္ခပေးတဲ့ ဘက်တီးရီးယားတွေဖြစ်တဲ့ Listeria, Staph, Salmonella နဲ့ E.coli တို့ကို သေစေတယ်လို့ ဆိုပါတယ်။၃။ နှလုံးနဲ့ သွေး ကျန်းမာရေး။ပျားဝတ်မှုန်စားသုံခြင်းဟာ သွေးနီဥနဲ့ သွေးဖြူဥ ထုတ်လုပ်မှုကို တိုးမြှင့်စေခြင်းအားဖြင့် နှလုံးနဲ့ သွေးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ပျားဝတ်မှုန်ဟာ သွေးထဲမှာ ကိုလက်စထရော ပမာဏနဲ့ triglyceride ပမာဏကို ထိန်းညှိပေးပါတယ်။ ပျားဝတ်မှုန်မှာ ပါဝင်တဲ့ rutin ဟာ သွေးကြောတွေကို သန်စွမ်းစေပြီး သွေးလှည့်ပတ်မှုကို တိုးတက်စေကာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ကာကွယ်ပေးပါတယ်။၄။ ကိုယ်ခံအား တိုးမြှင့်ပေးခြင်း။သုတေသီတွေက ပျားဝတ်မှုန် စားသုံးတဲ့အခါ သွေးထဲမှာ lymphocytes, gamma globulins, and proteins တွေ တိုးတက်မှုရှိတယ်လို့ ဆိုပါတယ်။ သူတို့တွေထဲမှာ gamma globulin ကို immunoglobulin လို့ခေါ်ပြီး သူဟာ ကူးစက်ရောဂါပိုးတွေ၊ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေနဲ့ mutated cells တွေကို တိုက်ခိုက်ပေးပြီး ကိုယ်ခံအားကို မြင့်တက်စေပါတယ်။၅။ ဓါတ်မတည့်မှုများ။ပျားရည်လိုမျိုးပဲ ပျားဝတ်မှုန်ကို ဓါတ်မတည့်မှုဖြစ်ပွားတဲ့ ရာသီ မရောက်ခင် ၆ ပတ်လောက် ကြိုတင်သောက်သုံးခြင်းဟာ သူတို့ရဲ့ ရောဂါလက္ခဏာတွေကို သိသိသာသာ သက်သာစေပါတယ်။ ဒီနည်းလမ်းကို desensitisation လို့ ခေါ်ပါတယ်။ သူဟာ သင့်ကို ဓါတ်မတည့်တဲ့ ပစ္စည်းအနည်းငယ်ကို ထည့်ပေးပြီး ကိုယ်ခန္ဓါကို တဖြည်းဖြည်း နေသားကျစေတာဖြစ်ပါတယ်။ Leo Conway, M.D. of Denver, Colorado က သူ့ လူနာ ၉ သိန်းရဲ့ ၉၄%ဟာ ဒီကုသမှုနဲ့ ဓါတ်မတည့်တဲ့ လက္ခဏာတွေ လုံးဝ ပျောက်ကင်းကုန်တယ်လို့ ဆိုပါတယ်။၆။ ကိုယ်ခန္ဓါ ဆောင်ရွက်မှု။Osteopathic physician, and web entrepreneur of Mercola.com ဖြစ်တဲ့ Dr. Mercola က အားကစားသမားတွေနဲ့ နည်းပြ အတော်များများဟာ ပရိုတင်းတွေနဲ့ အာဟာရတွေ ပါဝင်တဲ့အတွက် ပျားဝတ်မှုန်ကို သောက်သုံးကြပြီး အားအင်နဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေတယ်လို့ ဆိုပါတယ်။ နေ့စဉ်လေ့ကျင့်မှုတွေနဲ့ အတူ သူတို့ဟာ အချိန်တိုအတွင်း ကြီးမားတဲ့ ရလဒ်ကို ရနိုင်တယ်လို့ လဲဆိုပါတယ်။ဒါ့ပြင် British Sports Council က ပျားဝတ်မှုန် ပုံမှန်သောက်သုံးခြင်းဟာ အားအင်ကို ၄၀% ကနေ ၅၀%ထိ တိုးတက်စေတယ်လို့ ဆိုပါတယ်။၇။ ကိုယ်ဝန်ရစေခြင်း။ပျားဝတ်မှုန်ဟာ စိတ်ထိန်းချုပ်မှုကို ကူညီပေးတဲ့ serotonin ပမာဏကို မြင့်တက်စေပါတယ်။ Serotonin ဟာ သင့်စိတ်ကို သဘာဝအတိုင်း ထိန်းညှိပေးပါတယ်။ သူ့ပမာဏဟာ ပုံမှန်ဆိုရင် ပျော်လာမယ်၊ တည်ငြိမ်လာမယ်၊ ပိုပြီး အာရုံစူးစိုက်မှု ရှိလာမယ်၊ စိတ်ပူတာတွေနည်းလာပြီးတော့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်လာပါလိမ့်မယ်။ ပျားဝတ်မှုန်ဟာ မျိုးဥအိမ်ရဲ့ လုပ်ငန်းဆောင်တာကို လှုံ့ဆော်ပြီး ကိုယ်ဝန်ရရှိမှုကို ကူညီပေးပါတယ်။၈။ အရေပြားကျန်းမာရေး။ယေဘုယျအားဖြင့် ပျားကထွက်တဲ့ ထုတ်ကုန်တွေဟာ အရေပြားရောဂါတွေဖြစ်တဲ့ ဝက်ခြံ၊ အမဲကွက်၊ နှင်းခူနာနဲ့ psoriasis တွေကို ကာကွယ်ကုသပေးပါတယ်။ ပျားရည်လိုပဲ ပန်းဝတ်မှုန်ဟာ ရောင်ရမ်းခြင်းကို တားမြစ်ပြီးတော့ သွေးလှည့်ပတ်မှုကို တိုးမြှင့်ပေးပါတယ်။ သင်ကြိုက်တဲ့ အရေပြားဆီတစ်မျိုးမျိုးနဲ့ အတူ moisturiser အဖြစ် အသုံးပြုလို့ရပြီး သင့်အရေပြားကို ရေဓါတ်ခန်းခြောက်မှုကနေ ကာကွယ်ပေးပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/%e1%80%95%e1%80%bb%e1%80%ac%e1%80%b8%e1%80%9d%e1%80%90%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%94%e1%80%ba%e1%81%8f-%e1%80%80%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bb%e1%80%ad%e1%80%af/
Anemia (သွေးအားနည်းရောဂါ)
သွေးအားနည်းရောဂါဆိုသည်မှာ သင့်ခန္ဓါကိုယ်တွင် hemoglobin ( တစ်ရှူးများထံသို့ အောက်စီဂျင်သယ်ပေး သော ကျန်းမာသော သွေးနီဥဆဲလ်များ) မလုံလောက်သော ကြောင့် ခံစားရသော အခြေအနေတစ်ခု ဖြစ်သည်။ သွေးအားနည်းရောဂါ ဖြစ်ပါက သင့်ခန္ဓါကိုယ်သည် အောက် စီဂျင် လုံလောက်စွာ မရရှိ၍ လုပ်ငန်းကောင်းစွာ မလုပ်နိုင်ပါ။သွေးအားနည်းရောဂါ အမျိုးအစား များစွာ ရှိပါသည်။ အဖြစ်အများဆုံး အမျိုးအစားများမှာ-။အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ၎င်းကို ထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက်အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။သွေးအားနည်းရောဂါ၏ ဖြစ်နိုင်သော လက္ခဏာများမှာ မောပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း၊ အသားအရည် ဖျော့ တော့ခြင်း၊ နှလုံးခုန်နှုန်း မမှန်ခြင်း၊ အသက်ရှူခက်ခြင်း၊ မူးဝေ ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခြေလက် အေးခြင်း၊ ခေါင်းကိုက် ခြင်းတို့ ဖြစ်သည်။ သွေးအားနည်းရောဂါသည် အစပိုင်းတွင် သတိမထားမိနိုင်ပါ။ ရောဂါ တဖြည်းဖြည်းဆိုးလာပါက ရောဂါလက္ခဏာများ ပိုဆိုးလာပါမည်။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခု ရှိနေသည်ဟု စိုးရိမ်ပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်သည်။သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။သွေးအားနည်းရောဂါကို အဓိကဖြစ်စေသော အကြောင်း ရင်းမှာ သွေးနီဥဆဲလ်များ မရှိခြင်းဖြစ်သည်။ သင့်ခန္ဓါကိုယ် သည် လုံလောက်သော သွေးနီဥဆဲလ်မထုတ်နိုင်ပါက သို့မဟုတ် သွေးထွက်ခြင်းကြောင့် သွေးနီဥဆဲလ်များ ဆုံးရှုံး ပါက ရောဂါဖြစ်ပွားသည်။ တစ်ခါတစ်ရံ သင့်ခန္ဓါကိုယ်သည် သွေးနီဥဆဲလ်များကို ဖျက်ဆီးပြီး သွေးအားနည်းရောဂါ ဖြစ် စေသည်။ထို့အပြင် သွေးအားနည်းရောဂါသည် ကင်ဆာ၊ HIV/AIDS နှင့် ရိုးတွင်းခြင်ဆီရောဂါ စသော အခြားနာတာ ရှည် ရောဂါများကြောင့် ဖြစ်နိုင်သည်။အောက်ပါတို့ဖြစ်ပါက သွေးအားနည်းရောဂါ ဖြစ်နိုင်ချေ မြင့်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သွေးအားနည်းရောဂါ လက္ခဏာများ ပေါ်လာပါက ရောဂါစစ်ဆေးမှု အပြည့်ခံယူရန် ဆရာဝန်ဆီသွားပါ။ အဘယ်ကြောင့်ဆိုသော် သွေးအားနည်းရောဂါသည် ပို၍ ဆိုးရွားသော ရောဂါကို ညွှန်ပြခြင်း ဖြစ်နိုင်သည်။သွေးအားနည်းရောဂါကို မိသားစုမှတ်တမ်းယူခြင်းဖြင့် ခွဲခြားသတ်မှတ်နိုင်သည်။ သွေးစစ်ခြင်းဖြင့် သွေးနီဥဆဲလ်များ ပုံမမှန်မှုကို စစ်ဆေးနိုင်သည်။ သွေးအားနည်းရောဂါ ဖြစ်ပါက ဖြစ်ပွားစေသော အကြောင်းရင်းခံ ရောဂါကို စစ်ဆေးရန် နောက်ထပ် စစ်ဆေးမှုများ လိုအပ်သည်။သွေးအားနည်းရောဂါသည် သံဓါတ် သို့မဟုတ် ဗီတာမင် ချို့တဲ့ခြင်းကြောင့် ဖြစ်ပါက ကုသမှုအနေဖြင့် လိုအပ်သော အာဟာရ ထောက်ပံ့မှုသောက်ပါ။ သို့သော်လည်း အခြား အကြောင်းရင်းခံ ရောဂါများ ရှိပါက ဆရာဝန်သည် အကြောင်း ရင်းခံ ရောဂါများကို ကုသရန် အာရုံစိုက်ပါလိမ့်မည်။ ရောဂါ လက္ခဏာများ သက်သာစေရန် ဆေးသောက်ရန် ညွှန်ကြားပါ လိမ့်မည်။လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် သွေးအားနည်းရောဂါ ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။သင့်ရောဂါသည် ယာယီ သို့မဟုတ် အမြဲတမ်း ဖြစ်နေပါ စေ သင့်တော်သော ဆေးသောက်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာ စားခြင်းဖြင့် ရောဂါကို ထိန်းချုပ် နိုင်ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/anaemia/anemia-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8%e1%80%94%e1%80%8a%e1%80%b9%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab/
Agnogenic Myeloid Metaplasia (AMM) (အကြောင်းအရင်းမသိသော ရိုးတွင်းခြင်ဆီဆဲလ်များ ပုံပြောင်းခြင်း)
Agnogenic Myeloid Metaplasia ဆိုတာ နာတာရှည်ရောဂါတမျိုးဖြစ်ပြီး ရိုးတွင်းခြင်ဆီနေရာမှာ ဖိုင်ဘာတစ်သျှူးများ အစားထိုးပေါ်ပေါက်လာကာ သွေးများဟာ ရိုးတွင်းခြင်ဆီမှာ ဖြစ်ပေါ်မလာတော့ဘဲ အသည်းနဲ့ ဘေလုံးမှာသာ ဖြစ်လာတဲ့ အခြေအနေဖြစ်ပါတယ်။ဒီရောဂါဖြစ်ရင် ဘေလုံးကြီးပြီး သွေးအားနည်းပါတယ်။ ဒီရောဂါကို AMM, chronic idiopathic myelofibrosis, idiopathic myelofibrosis, myelosclerosis with myeloid metaplasia နဲ့ primary myelofibrosis ဆိုပြီးတော့လည်း ခေါ်ဝေါ်ကြပါသေးတယ်။.။အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ရှားပါးတဲ့ နာတာရှည်ရောဂါတမျိုးဖြစ်ပြီး လူတသိန်းမှာ တယောက်လောက်ဖြစ်ပွားကြပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။တွေ့အများဆုံးလက္ခဏာတွေကတော့။အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။ုံမှန်အခြေအနေတွေမှာ ရိုးတွင်းခြင်ဆီဟာ ပင်မဆဲလ်တွေကြီးထွားစေတဲ့ ဖိုင်ဘာကွန်ယက်ကို ဖြစ်ပေါ်စေပါတယ်။ ရိုးတွင်းခြင်ဆီမှာ ဒီဖိုင်ဘာတွေ ဖြစ်စေတဲ့ ဆဲလ်တွေကို fibroblast လို့ ခေါ်ပါတယ်။ရောဂါမူလအဆင့်မှာ သွေးဥမွှာအရေအတွက်များလာခြင်း၊ အရွယ်အစားကြီးမားခြင်း စတာတွေကြောင့် ဖြစ်လာတဲ့ ဓါတုပစ္စည်းတွေဟာ fibroblast တွေကို အလွန်အကျွံ လှုံ့ဆော်ပါတယ်။ အဲဒီအခါ ရိုးတွင်းခြင်ဆီနေရာမှာ ဖိုင်ဘာတွေ များစွာဖြစ်ပေါ်လာပြီး ပုံမှန်ခြင်ဆီရဲ့ တစ်သျှူးတွေကို အစားထိုးသွားပါတယ်။ အဲဒီအခါ ခြင်ဆီရဲ့ သဘာဝပြောင်းလဲသွားပြိး သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးဥမွှာတွေ ထုတ်လုပ်ခြင်းကို ထိခိုက်လာစေပါတယ်။ အဲဒီအခါ သွေးအားနည်းခြင်း၊ သွေးဥမွှာ အရေအတွက်ကျခြင်း၊ ဘေလုံး၊ အသည်း စတာတွေမှာ သွေးဆဲလ်များ ထုတ်လုပ်လာခြင်း စတာတွေ ဖြစ်ပေါ်လာပါတယ်။ဒါကြောင့် ဘေလုံးနဲ့ အသည်းလည်း ကြီးလာပါတယ်။ဖြစ်ပွားရတဲ့ အကြောင်းအရင်း အတိအကျကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် ဖြစ်ပွားနိုင်ခြေမြင့်စေတဲ့ အရာတွေကိုတော့ သိနိုင်ပါတယ်။အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေမှာ ဘေလုံးကြီးနေခြင်းနဲ့ သွေးစစ်ဆေးမှု၊ ရိုးတွင်းခြင်ဆီ စစ်ဆေးမှုရလဒ်တွေနဲ့ ပူးပေါင်း အတည်ပြုပါတယ်။အလုံးစုံသွေးစစ်ဆေးမှု။ဒီရောဂါရှိသူတွေဟာ သွေးအားနည်းခြင်း ရှိပါတယ်။ သွေးနီဥဆဲလ်တွေကို စစ်ဆေးရင် မျက်ရည်စက်ပုံစံ တွေ့နိုင်ပါတယ်။ သွေးဖြူဥ၊ သွေးဥမွှာတွေဟာ ပုံမှန်ထက်များနေပါတယ်။ ရောဂါပိုဆိုးတဲ့ အခြေအနေမှာ သွေးဖြူဥ၊ သွေးဥမွှာတို့ နည်းပါးနေတာကိုလည်း တွေ့ရပါတယ်။ရိုးတွင်းခြင်ဆီစစ်ဆေးခြင်း။ခြင်ဆီမှာ ဖိုင်ဘာဓါတ်တွေဝင်ရောက်နေတာကြောင့် အပ်နဲ့ပြွန်ကိုသုံးပြီး ရိုးတွင်းခြင်ဆီ နမူနာကို မကြာခဏယူဖို့ မဖြစ်နိုင်ပါဘူး။ ခြင်ဆီနမူနာကို ရယူဖို့ အရိုးကိုအပေါက်ဖောက်ပြီး ရယူစစ်ဆေးတဲ့နည်း သုံးပါတယ်။ သွေးနဲ့ ခြင်ဆီကို ဆဲလ်နဲ့ မော်လီကျူလာ စစ်ဆေးမှုခင်းဟာ ရောဂါအတည်ပြုနိုင်ရုံမကဘဲ ရောဂါ အခြေအနေ တိုးတက်ကောင်းမွန်မှု ရှိမရှိပါ သိနိုင်ပါတယ်။ မူလဖိုင်ဘာဖြစ်ပေါ်ခြင်း အခြေအနေရှိသူ ၅၀%မှာ JAK2 ဗီဇဖောက်ပြန်ခြင်း တွေ့ရပါတယ်။ လူနာတချို့မှာ JAK2 ဗီဇဖောက်ပြန်မှုရှိပြီး တချို့မှာ ဘာလို့မရှိသလဲ ဆိုတာကိုတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။လူတချို့ဟာ မူလဖိုက်ဘာဖြစ်ပေါ်ခြင်း အခြေအနေကို စတင်အတည်ပြုမိချိန်မှာ ရောဂါလက္ခဏာတွေ မရှိသလို ပုံမှန်စစ်ဆေးမှု၊ စောင့်ကြည့်မှုတွေကလွဲလို့ ကုသမှု မလိုအပ်ပါဘူး။တခြားကုသမှုတွေကတော့ အထောက်အကူပြု ကုသမှုတွေ၊ သွေးနည်းပါးခြင်း၊ ဘေလုံးကြီးခြင်းတို့ရဲ့ နောက်ဆက်တွဲပြသနာတွေကို ကာကွယ်မှုတွေ ပါဝင်ပါတယ်။ သွေးအားနည်းခြင်း၊ ဘေလုံးကြီးခြင်းရြ့ လက္ခဏာတွေကို သက်သာစေပြီး ဘဝရဲ့ အရည်အသွေးကို မြှင့်တင်ခြင်း၊ ရောဂါနဲ့ကုသမှုတွေရဲ့ နောက်ဆက်တွဲပြသနာတွေကို ကုသခြင်းတွေ ပါဝင်ပါတယ်။ သွေးမှန်မှန်သွင်းရခြင်း၊ ရောဂါပိုးကူးစက်ခြင်းတွေအတွက် ပဋိဇီဝဆေးတွေပေးခြင်း ရှိပါတယ်။Hydroxyurea သို့မဟုတ် thalidomide ဆေးတွေပေးပြီး ဘေလုံးကြီးမားမှုကို လျှော့ချနိုင်ပါတယ်။ တခါတရံ ဘေလုံးအခြေအနေ အရမ်းဆိုးရင် ခွဲစိတ်ဖယ်ရှားခြင်း ပြုလုပ်ပါတယ်။ သွေးသွင်းဖို့ပိုမို လိုအပ်လာတဲ့ အခြေအနေမှာလည်း ခွဲစိတ်ဖယ်ရှားပါတယ်။ တခါတရံမှာ ဘေလုံးဟာ သွေးဆဲလ်တွေကို ဖျက်ဆီးနေတဲ့ အခြေအနေတွေ တွေ့ရပါတယ်။ ဓါတ်ရောင်ခည်ကုသနည်းဟာလည်း ဘေလုံးအရွယ်ကို လျှော့ချနိုင်ပါတယ်။ ၃-၆လခန့် ယာယီသက်သာစေနိုင်ပါတယ်။ငယ်ရွယ်တဲ့ လူနာများဟာ အလူရှင်နဲ့ ကိုက်ညီမှုရှိရင် ပင်မဆဲလ်အစားထိုး နိုင်ပါတယ်။ ဖိုက်ဘာဖြစ်ပေါ်စပြုတဲ့ လူနာကို ကုသဖို့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဆေးသွင်းကုသမှု၊ ဓါတ်ရောင်ခြည်ကုသမှု၊ လှူဒါန်းသူဆီက သွေးပင်မဆဲလ်သွင်းခြင်း စတာတေါ ပါဝင်ပါတယ်။ ပင်မဆဲလ်လဲလှယ်ခြင်းဟာ နောက်ဆက်တွဲပြသနာတွေရှိပြိး အသက် ၆၀အောက် ငယ်သူများအတွက်သာ သင့်တော်ပါတယ်။ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက Agnogenic Myeloid Metaplasia အတွက် အထောက်အကူ ပြုသလဲ။အောက်ပါအချက်တွေက အထောက်အကူ ပြုပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/other-blood-disorders/agnogenic-myeloid-metaplasia-amm-%e1%80%a1%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%a1%e1%80%9b%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%9e%e1%80%ad%e1%80%b1%e1%80%9e/
အမျိုးသားများ ဆီးကျိတ် ကျန်းမာရေး ကောင်းစေဖို့
အမျိုးသားတွေဟာ အသက်ကြီးလာတာနဲ့အမျှဆီးကျိတ် နဲ့ ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်နိုင်ခြေများလာလေ့ရှိပါတယ်။ ဆီးကျိတ်ရောင်တာက စလို့ ဆီးကျိတ်ကင်ဆာအထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဆီးကျိတ်ရောဂါလက္ခဏာတွေကို သိရှိဖို့နဲ့ ဆီးကျိတ် ကျန်းမာရေး ကောင်းစေဖို့ နေထိုင်စားသောက်နည်းတွေကို သိထားသင့်ပါတယ်။ဆီးကျိတ်ရောင်ရမ်းတာက ဘယ်အရွယ်မှာမဆို ဖြစ်နိုင်ပေမယ့် ငယ်ရွယ်တဲ့အမျိုးသားတွေ (၃၀-၅၀ကြား)တွေမှာ ပိုဖြစ်တတ်ပါတယ်။ ဆီးကျိတ်ရောင်ခြင်းမှာ။-ဘက်တီးရီးယားကြောင့် ရောင်ရမ်းခြင်းနဲ့။-ဘက်တီးရီးယားကြောင့် မဟုတ်ဘဲ တခြားအကြောင်းအရင်းကြောင့် ရောင်ရမ်းခြင်း ဆိုပြီး ၂မျိုးရှိပါတယ်။လက္ခဏာအနေနဲ့။-ခဏခဏ ဆီးသွားချင်တာ။-ဆီးကျန်တာ။-ချမ်းတုန်ဖျားတာ။–ဆီးပူဆီးကျဉ်တာတွေ ဖြစ်တတ်ပါတယ်။ကင်ဆာမဟုတ်တဲ့ ရိုးရိုးဆီးကျိတ်ကြီးခြင်းက အသက်ကြီးလေ ဖြစ်နိုင်ခြေ များလေလေပါ။ အသက် ၅၀ဝန်းကျင်ဆို အမျိုးသား၂ယောက်မှာ ၁ယောက် ဖြစ်နိုင်ခြေရှိပါတယ်။ အသက် ၆၀ကျော်လာရင်တော့ ဖြစ်နိုင်ခြေက ၇၅% ထိတက်လာပါတယ်။လက္ခဏာအနေနဲ့။-ဆီးသွားရခက်တာ။-ဆီးညှစ်ပေါက်ရတာ။-ဆီးလုံးသေးတာ။–ဆီးမထိန်းနိုင်တာ။-ခဏခဏ ဆီးသွားချင်တာ။-ဆီးကျန်ပြီး တစ်စက်စက်နဲ့ ကျနေတာတွေ ဖြစ်နိုင်ပါတယ်။အမျိုးသားတွေ အဖြစ်အများဆုံးကင်ဆာတွေထဲမှာ ဒုတိယနေရာမှာ ရှိနေပါတယ်။ ဆီးကျိတ် ကင်ဆာက အပြန့်နှေးတဲ့အတွက် စောစောသာသိမယ်ဆိုရင် ထိထိရောက်ရောက် ကုသနိုင်မှာပါ။ ဒါပေမယ့် အများစုက လက္ခဏာမပြတာကြောင့် အစောပိုင်း အဆင့်ကို လွတ်သွားတတ်ပါတယ်။ ဒါကြောင့် ပုံမှန်ဆေးစစ်ဖို့ လိုပါတယ်။ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာတွေကတော့။-ဆီးစသွားဖို့ ခက်တာ။-ခဏခဏ ဆီးသွားချင်တာ (အထူးသဖြင့် ညဘက်တွေမှာ)။-ဆီးမသွားနိုင်တာ။-ဆီးလုံးသေးပြီး ဆီးအားပျော့တာ။–သုက်လွှတ်ရင် နာတာ။-ဆီး ဒါမှမဟုတ် သုက်ရည်မှာ သွေးပါလာတာ။-ခါးနဲ့ ပေါင်တွေ ကိုက်ခဲတာတွေ ဖြစ်တတ်ပါတယ်။အဝလွန်တာက ဆီးကျိတ်ကင်ဆာအပါအဝင် တခြားဆီးကျိတ်ရောဂါတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ အစားအသောက်ထိန်းစားတာ၊ လေ့ကျင့်ခန်း လုပ်တာတွေနဲ့ ကိုယ်အလေးချိန် ထိန်းထားနိုင်ပါတယ်။အထူးသဖြင့် အစိမ်းရောင် အရွက်ဖားဖားတွေက ဆီးကျိတ် ကျန်းမာရေး အတွက် သင့်တော်ပါတယ်။ အသီးအရွက်တွေမှာပါတဲ့ ဗီတာမင်နဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိတွေက ဆီးကျိတ်ကို ကျန်းမာစေပါတယ်။အနီရောင် အသား (အထူးသဖြင့် ကင်စားတာ) အစားများတဲ့အခါ PhIP ဆိုတဲ့ ဓာတ်ပစ္စည်း ထွက်လာပါတယ်။ ဒါက ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို များစေပါတယ်။အထူးသဖြင့် ဆီးကျိတ်ကင်ဆာကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ သာမန် အမျိုးသားတွေဆိုရင်တော့ အသက် ၄၀ကျော်တာနဲ့ တစ်နှစ်တစ်ခါလောက် ဆီးကျိတ်ကင်ဆာ ရှိမရှိကို စစ်ဆေးသင့်ပါတယ်။ မိသားစုထဲမှာ ဆီးကျိတ်ကင်ဆာမျိုးရိုးရှိရင်တော့ အသက် ၃၅နှစ်လောက်တည်းက စပြီး စစ်ဆေးသင့်ပါတယ်။ကိုယ်လက်လှုပ်ရှားမှုတွေက ဆီးကျိတ်အပါအဝင်  ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာစေပါတယ်။ တစ်နေ့ကို မိနစ်၃၀လောက် ခပ်မြန်မြန်လမ်းလျှောက်ပေးတာကတောင် အကျိုးရှိစေပါတယ်။ရေများများသောက် ရှူးများများပေါက်တာကလည်း ဆီးကျိတ် ကို ကျန်းမာစေပါတယ်။ တစ်နေ့ကို အနည်းဆုံး ၈ဖန်ခွက် ဝင်အောင်သောက်ပါ။စိတ်ဖိစီးမှုက ဆိးကျိတ်ကို တိုက်ရိုက်ထိခိုက်စေတာတော့ မဟုတ်ပေမယ့် ရေရှည်မှာ ကိုယ်ခံအားကျတာ၊ ဟော်မုန်းအပြောင်းအလဲဖြစ်တာ၊ ရောဂါပိုးတွေ ဝင်လွယ်တာကို ဖြစ်စေပါတယ်။ အသက်ရှူလေ့ကျင့်ခန်းတွေ၊ တရားထိုင်တာတွေက စိတ်ဖိစီးမှုကို လျှော့ချဖို့ အကောင်းဆုံး နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ဆေးလိပ်က အမျိုးသားတွေကို သေစေနိုင်လောက်တဲ့ ရောဂါတွေကို ဖြစ်စေပါတယ်။ ဆေးလိပ်ကထွက်တဲ့ ကာဗွန်မိုနောက်ဆိုဒ်က သွေးနီဥကို တွယ်ကပ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ရောက်သွားပါတယ်။ ရောက်တဲ့နေရာက ဆဲလ်တွေကို သေစေပါတယ်။ ဒီလိုနဲ့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို မြင့်စေပါတယ်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/prostate-health/prostate-health-for-men/
သွားပွတ်တံရွေးချယ်ခြင်း ။ လျှပ်စစ်သွားပွတ်တံနှင့် ရိုးရိုးသွားပွတ်တံ၏ ကောင်းကျိုးနှင့် ဆိုးကျိုးများ
မိမိခံတွင်းကို သန့်ရှင်းစင်ကြယ်စွာထားရှိခြင်းဟာ မိမိရဲ့ခန္ဓါကိုယ်နှင့် စိတ်နှလုံးကျန်းမာရေးကို ကျန်းမာအောင်စောင့်ရှောက်ခြင်းလိုပဲ အရေးကြီးပါတယ်။ ခံတွင်းနှင့်သွားကျန်းမာကြံ့ခိုင်စေရန် အထိရောက်ဆုံးသောနည်းလမ်းကတော့ နေ့စဉ်အချိန်မှန်မှန်သွားတိုက်ဖို့ပဲဖစ်ပါတယ်။ ဒါကြောင့် စားကြွင်းစားကျန်များကို ဖယ်ရှားခြင်းနှင့်သွားနှင့်ခံတွင်း ထိခိုက်ပျက်စီးခြင်းမှကာကွယ်နိုင်ရန် သင့်တော်တဲ့သွားပွတ်တံကို ရွေးချယ်တတ်ဖို့က အရေးကြီးပါတယ်။ အဓိကအားဖြင့် သွားပွတ်တံတွေမှာ လျှပ်စစ်သွားပွတ်တံနှင့် ရိုးရိုးသွားပွတ်တံ (လျှပ်စစ်ဓါတ်နှင့်မဟုတ်ဘဲ မိမိကိုယ်တိုင် တိုက်ရသောသွားပွတ်တံ)ဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။လျှပ်စစ်သွားပွတ်တံပဲဖြစ်ဖြစ် ရိုးရိုးသုံးသွားပွတ်တံပဲjဖစ်ဖြစ် ဘယ်လိုသွားပွတ်တံအမျိုးအစားကိုရွေးချယ် သင့်တယ်ဆိုတဲ့ယေဘူယျအချက်အလက်တွေရှိပါတယ်။အရွယ်အစား။သွားပွတ်တံဟာသွားများရဲ့ မျက်နှာပြင်ကို အလွယ်တကူတိုက်ချွတ်နိုင်ရပြီး သွားဖုံးတွေကို ထိခိုက်ခြင်းမှ ကာကွယ်နိုင်ရမှာဖြစ်ပါတယ်။ သွားပွတ်တံခေါင်းသေးလေးဟာဆိုရင် သင့်သွားနောက်ဘက်ရှိ ချောင်ကြိုချောင်ကြားနေရာတွေထိ ရောက်ရှိနိုင်ပါတယ်။ သွားပွတ်တံလက်ကိုင်ဟာလည်း သင့်လက်ထဲမှာ သက်တောင့်သက်သာကိုင်နိုင်စေလောက်တဲ့ အရှည်ရှိရမှာဖြစ်ပါတယ်။သွားပွတ်တံအမွေးမျိုးအစားများ။လျှပ်စစ်သွားပွတ်တံနှင့်ဆိုလျှင် သွားပွတ်တံအမွေးများကို လဲလှယ်နိုင်ပါတယ်။ ထုတ်လုပ်သော သွားပွတ်တံအမွေးအမျိုးအစားအလိုက် သွားပွတ်တံဟာအပျော့ အမာအလယ်အလတ် ဆိုပြီး အမျိုးအစားကွဲပြားမှုရှိပါတယ်။ အများစုကတော့ သွားပွတ်တံအပျော့ကို ရွေးချယ်ခြင်းဟာ သင့်သွားများကိုအားပါးတရတိုက်ဖို့အတွက် စိတ်အချရဆုံးဖြစ်ပါ တယ်။ သွားပွတ်တံအမွေးအမာများကို အသုံးပြုခြင်းဖြင့် သွားဖုံး၊ သွားအမြစ်နေရာများနှင့် သွားကြွေလွှာများကို ပျက်စီးစေနိုင်ပါတယ်။သွားပွတ်တံများ မျှဝေအသုံးပြုခြင်းကိုရှောင်ကြဉ်ပါ။အများစုအားဖြင့် သွားပွတ်တံကို မျှဝေအသုံးပြုခြင်းကြောင့် တံတွေးနှင့် အခြားသောခန္ဓါကိုယ်တွင်းအရည်များမှတစ်ဆင့် ရောဂါများကူးစက်နိုင်ပါတယ်။ ဒီလို မျှဝေအသုံးပြုခြင်းဟာ ခန္ဓါကိုယ်ခုခံအားကျဆင်းနေတဲ့သူများနှင့် ကူးစက်ရောဂါအခံရှိပြီးသူများအတွက် မသင့်တော်ပါ။အသုံးပြုပြီးသွားပွတ်တံကိုထိန်းသိမ်းခြင်း။သွားတိုက်ပြီးတဲ့အခါမှာ သင့်ရဲ့သွားပွတ်တံကို သွားတိုက်ဆေးများနှင့် အညစ်အကြေးများကိုဖယ်ရှားဖို့ ရေနှင့်စင်ကြယ်စွာဆေးကြောပါ။ နောက်တစ်ကြိမ်အသုံးမပြုခင် အချိန်အထိ သွားပွတ်တံကို လေသလပ်ခံရအောင် တည့်တည့်မတ်မတ်ထားသင့်ပါတယ်။ ဖြစ်နိုင်ရင် ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်နိုင်ဖို့ သင့်သွားပွတ်တံကိုအခြားသူများ၏ သွားပွတ်တံများနှင့် ရောနှောထားခြင်းကိုရှောင်ကြဉ်ပါ။သွားပွတ်တံကိုလေလုံသောဘူးထဲတွင် ထည့်သိမ်းခြင်းကိုရှောင်ကြဉ်ပါ။သွားပွတ်တံကိုလေလုံသောဘူးထဲထည့်ခြင်းအားဖြင့် ပြင်ပဖုန်နှင့် သဲမှုန့်များကပ်ခြင်းမှ ကာကွယ်နိုင်မယ်လို့ သင်ထင်မြင်နိုင်ပါတယ်။ ဒါပေမယ့် အမြဲတမ်းဒီလိုမလုပ်သင့်ပါ။ စိုစွတ်တဲ့ပတ်ဝန်းကျင် (ဥပမာလေလုံတဲ့ဘူးထဲမှာထည့်သိမ်းခြင်း)ဟာ လေသလပ်ခံထားတာနဲ့ ယှဉ်ရင် အဏုဇီဝရောဂါပိုးမွှားများပေါက်ပွားခြင်းကိုပိုမိုအားပေးစေနိုင်ပါ တယ်။အနည်းဆုံး၃လ (သို့) ၄လတစ်ကြိမ်သွားပွတ်တံအသစ်လဲလှယ်ပါ။နေ့စဉ် အသုံးပြုခြင်းကြောင့် သွားပွတ်တံအမွေးများဟာ ဖွာလာနိုင်ပြီး တိုက်ချွတ်မှုစွမ်းအား လျော့ကျနိုင်ပါ တယ်။ လူတစ်ဦးချင်းစီအသုံးပြုပုံအလိုက် သွားပွတ်တံဟာအလျင်အမြန် ဟောင်းနွမ်းပျက်စီးနိုင်ပါတယ်။ ဒါကြောင့် သွားပွတ်တံဟောင်းနွမ်းပျက်စီးမှုကို အမြဲကြည့်ပြီးလိုအပ်ရင် ခဏခဏလဲလှယ်ပေးပါ။ ကလေးသွားပွတ်တံများကိုဆိုရင် လူကြီးသွားပွတ်တံတွေထက်ပိုပြီးခဏခဏလဲလှယ်သင့်ပါတယ်။မှန်ကန်တဲ့နည်းနစနစ်နှင့် အချိန်မှန်မှန်အမြဲသွားတိုက်ခြင်းဟာ ဘယ်လိုသွားပွတ်တံကိုသုံးသုံး ခံတွင်းထဲရှိအညစ်အကြေးများကို ဖယ်ရှားပေးနိုင်ပြီး သင့်သွားနှင့် သွားဖုံးများကို ကျန်မာကြံ့ခိုင်စေမှာဖြစ်ပါတယ်။ အောက်ဖော် ပြပါအချက်များဟာမိမိအတွက် အကောင်းဆုံးဖြစ်စေမယ့် သွားပွတ်တံကိုရွေးချယ်ရာမှာ သိထားသင့်တဲ့အချက် များဖြစ်ပါတယ်။ကျသင့်ငွေနှုန်းထား။လူတိုင်းအသုံးပြုနိုင်လောက်တဲ့ တန်ဖိုးနည်း လျှပ်စစ်သွားပွတ်တံများရှိပေမယ့်လည်း ရိုးရိုးသွားပွတ်တံနှင့်ယှဉ်ရင် လျှပ်စစ်သွားပွတ်တံဟာ အဖိုးအခပိုများပါတယ်။ လျှပ်စစ်သွားပွတ်တံ အဖိုးအခများသည့်အပြင် ရိုးရိုးသွားပွတ်တံများကို မကြာခဏလဲလှယ်ပေးရသလို လျှပ်စစ်သွားပွတ်တံခေါင်းကိုလည်း မကြာခဏလဲလှယ်ပေးရပါတယ်။ အကယ်၍ လျှပ်စစ်သွားပွတ်တံသုံးခြင်းဖြင့် သင့်သွားများကိုပိုမိုသန့်ရှင်းစင်ကြယ်စေရင် သွားရောဂါဆိုင်ရာအဖိုးအခများ လျော့ကျစေနိုင်တဲ့တွက် ချင့်ချိန်ပြီးအသုံးပြုနိုင်ပါတယ်။နှစ်ခြိုက်မှုပုံစံ။သင်အသုံးပြုမယ့်သွားပွတ်တံဟာ အမြဲတမ်းအသုံးပြုမှာဖြစ်တဲ့အတွက် သင့်နှစ်ခြိုက်မှုပုံစံနှင့် ကိုက်ညီဖို့လိုအပ်ပါတယ်။ အချို့သောသူများဟာ လျှပ်စစ်သွားပွတ်တံရဲ့တုန်ခါခြင်းကို မနှစ်သက်ကြပါ။ အချို့သောသူများကတော့ လျှပ်စစ်သွားပွတ်တံဟာသွားများကို သန့်ရှင်းစေရာမှာ ပိုမိုလွယ်ကူတယ်လို့ ထင်မြင်ကြပါတယ်။ အထူးသဖြင့် အဆစ်အမြစ်ရောင်ရောဂါ ခံစားနေရသူတွေအတွက် လျှပ်စစ်သွားပွတ်တံအသုံးပြုခြင်းဟာ ပိုမိုအဆင်ပြေစေပါတယ်။ သင့်သွားပွတ်တံကို နှစ်နှစ်ခြိုက်ခြိုက်အသုံးပြုခြင်းဖြင့် (၂) မိနစ်အပြည့် သွားတိုက်နိုင်မှာဖြစ်ပါတယ်။ အချို့သောလျှပ်စစ်သွားပွတ်တံများမှာဆိုရင် လုံလောက်တဲ့သွားတိုက်ချိန်ကို သတ်မှတ်ပေးထားတဲ့စနစ် ပါရှိပါတယ်။ထိရောက်မှုစွမ်းရည်။လျှပ်စစ်သွားပွတ်တံနှင့် ရိုးရိုးသွားပွတ်တံတို့ရဲ့ သွားဖုံးရောဂါ ကာကွယ်ခြင်းနှင့် စားကြွင်းစားကျန်များဖယ်ရှားနိုင်ခြင်းစွမ်းရည်ကို မြောက်မြားစွာသောသိပ္ပံနည်းကျရှာဖွေစစ်ဆေးမှုများ ပြုလုပ်ထားပြီးဖြစ်ပါသည်။ လျှပ်စစ်သွားပွတ်တံနှင့်ရိုးရိုးသွားပွတ်တံရဲ့စွမ်းရည်ကို နှိုင်းယှဉ်ထားတဲ့ လေ့လာချက်တွေရဲ့ သုံးသပ်ချက်ကတော့ အဆိုပါသွားပွတ်တံ(၂) ခုရဲ့ သွားဖုံးရောဂါ ကာကွယ်ခြင်းနှင့် စားကြွင်းစားကျန်များဖယ်ရှားနိုင်ခြင်းစွမ်းရည်ဟာ သိသိသာသာကွာခြားခြင်းမရှိပါ။ ဒါပေမယ့် လျှပ်စစ်သွားပွတ်တံအမျိုးအစားတစ်ခုဖြစ်တဲ့ Rotation Oscillation Toothbrush (ဒီသွားပွတ်တံအမျိုးအစားဟာဆိုရင် သွားပွတ်တံမွေးများဟာ ရှေ့နောက်ဘယ်ညာအရပ် အားလုံးသွားပြီး အညစ်အကြေးများကို တိုက်ချွတ်ပေးနိုင်ပါတယ်) ဟာသာမန်သမာရိုးကျသွားပွတ်တံထက် ပိုမိုထိရောက်တယ် ဆိုသောအထောက်အထားများရှိကြောင်းေ ဖာ်ပြထားပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/%e1%80%9e%e1%80%bc%e1%80%ac%e1%80%b8%e1%80%95%e1%80%bc%e1%80%90%e1%80%b9%e1%80%90%e1%80%b6%e1%80%b1%e1%80%9b%e1%80%bc%e1%80%b8%e1%80%81%e1%80%ba%e1%80%9a%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9/
လေဖြတ်ပြီးနောက် ခေါင်းကိုက်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ
ခေါင်းကိုက်ခြင်းဟာ အဖြစ်များတဲ့ ပြဿနာတခုပါ။ စိတ်ကျဝေဒနာခံစားရခြင်း၊စိတ်ဖိစီးမှုများပြားခြင်း၊အိပ်ရေးပျက်ခြင်း၊နောက်ခံအကြောင်းရင်း(ရောဂါ)တစုံတရာရှိခြင်းအပါအဝင် အကြောင်းခြင်းရာ များစွာကြောင့် ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားရတတ်ပါတယ်။ တခါတရံလည်း လေဖြတ်ခြင်းကြောင့် ခေါင်းကိုက်တတ်ပါတယ်။ ဒါကြောင့် လေဖြတ်ဝေဒနာခံစားရပြီးနောက်ပိုင်း ခေါင်းကိုက်ခြင်းပြဿနာနဲ့ပါ ရင်ဆိုင်လာရပြီဆိုရင် သင်ဘာလုပ်မလဲ။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။လေဖြတ်ပြီးနောက် ဦးနှောက်အတွင်း ရောင်ရမ်းခြင်း၊ဦးနှောက်အစိတ်အပိုင်းအချို့ ထိခိုက်ခြင်း ဒါမှမဟုတ် ဦးနှောက်တွင်း သွေးလှည့်ပတ်မှုပြောင်းလဲသွားခြင်းတို့ကြောင့် ခေါင်းကိုက်ဝေဒနာကို ခံစားလာရနိုင်ပါတယ်။ဦးနှောက်တွင်း သွေးယိုစီးမှုကြောင့် လေဖြတ်တဲ့ ဖြစ်စဉ်မျိုးမှာ လေဖြတ်ပြီးခေါင်းကိုက်ခြင်းပြဿနာ ဖြစ်ပေါ်နိုင်ချေ ပိုများပါတယ်။ လေဖြတ်ပြီးခေါင်းကိုက်ခြင်းအမျိုးအစားလေးမျိုး ရှိပါတယ်။ ဒါတွေကတော့ :။လေဖြတ်ပြီးခေါင်းကိုက်ဝေဒနာကို ခံစားရတယ်ဆိုရင် ဒါဟာ ပိုမိုဆိုးရွားပြင်းထန်တဲ့ ပြဿနာတွေရဲ့ ရှေ့ပြေးနိမိတ်လက္ခဏာဟုတ်မဟုတ် သိစေနိုင်ဖို့နဲ့ သင့်လျော်တဲ့ ကုသမှုကို ခံယူစေနိုင်ဖို့အတွက် သင့်ဆရာဝန်ကို အသိပေးပါ။ အများအားဖြင့်တော့ ခေါင်းကိုက်ခြင်းဟာ ဆိုးရွားပြင်းထန်ပြီး စိတ်ပူပန်ရမယ့် ပြဿနာတခု မဟုတ်တဲ့အတွက် သင့်ဆရာဝန်အနေနဲ့ ခေါင်းကိုက်ခြင်းရဲ့ နောက်ခံအကြောင်းရင်းကို စောကြောပြီး လိုအပ်တဲ့ ကုသမှုကို ပြုလုပ်ပေးပါလိမ့်မယ်။ကုသမှုပုံစံကတော့ ခေါင်းကိုက်ခြင်းအမျိုးအစားပေါ် မူတည်ပြီး အမျိုးမျိုး ကွဲပြားပါတယ်။ အဆိုပါ ကုသမှုနည်းလမ်းတွေကတော့…။သင့်ခေါင်းကိုက်ခြင်းဝေဒနာပိုဆိုးလာရင် သို့မဟုတ် ခေါင်းကိုက်တဲ့ပုံစံပြောင်းလဲသွားရင် ဆရာဝန်ကို အသိပေးပါ။ ဒါတွေဟာ ဆိုးရွားပြင်းထန်တဲ့ ပြဿနာတခုခုရဲ့ လက္ခဏာ ဖြစ်နေနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားရပြီဆိုရင် နောက်ထပ်တခါ လေဖြတ်တာဖြစ်နိုင်ပါတယ်။ပုံမှန်အားဖြင့်တော့ ခေါင်းကိုက်ခြင်းဟာ ပြင်းထန်ဆိုးရွားတဲ့ရောဂါတွေရဲ့ လက္ခဏာမဟုတ်ပါဘူး။ ဒါပေမယ့် အထက်မှာဖော်ပြခဲ့တဲ့ အကြောင်းရင်းတွေကြောင့် ခေါင်းကိုက်ဝေဒနာခံစားရတာလားဆိုတာကိုတော့ တချက်သတိပြုဖို့ လိုပါတယ်။ဦးနှောက်တွင်းသွေးယိုစီးမှုကြောင့် လေဖြတ်ခြင်းမှာ ခေါင်းကိုက်ဝေဒနာ ခံစားရနိုင်ချေ ပိုများပြီး လေဖြတ်ပြီးနောက် ခေါင်းကိုက်ခြင်းဟာ ကုသပေးလို့ရတဲ့ ကျန်းမာရေးပြဿနာတခု ဖြစ်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/%e1%80%b1%e1%80%9c%e1%80%bb%e1%80%96%e1%80%90%e1%80%b9%e1%80%bb%e1%80%95%e1%80%ae%e1%80%b8%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9-%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%80/
Blepharitis (မျက်ခွံရောင်ရမ်းခြင်း)
မျက်ခွံရောင်ရမ်းခြင်းဆိုသည်မှာ မျက်လုံးကို ဖုံးအုပ်ထားသော အပြင်ခွံရောင်ရမ်းခြင်းကို ဆိုလိုသည်။ မျက်ခွံဆိုသည်မှာ မျက်တောင်ရှိရာနေရာနှင့် ဆက်နွယ်နေပြီး မျက်ခွံရောင်ရမ်းခြင်းသည် မျက်လုံး ၂ ဖက်လုံးကို သက်ရောက်စေသည်။ မျက်ခွံရောင်ရမ်းခြင်းသည် မျက်လုံးခြောက်သွေ့ခြင်းကို ဖြစ်စေသော အဓိက အကြောင်းရင်းလဲဖြစ်သည်။ မျက်ခွံရောင်ရမ်းခြင်းသည် မျက်တောင်အောက်ခြေရှိအဆီဂလင်များ ပိတ်ဆို့ရာတွင် ဖြစ်ပွားသည်။ ဒီအခြေအနေသည် မျက်လုံးကို ယားယံစေပြီး နီရဲစေသည်။ များစွာသော ရောဂါများ နှင့် အခြေအနေများသည် မျက်ခွံရောင်ရမ်းခြင်းကို ဖြစ်စေသည်။မျက်ခွံရောင်ရမ်းခြင်းသည် အများအားဖြင့် နာတာရှည်ဖြစ်တတ်ပြီး ကုသရန် ခက်ခဲတတ်သည်။ မျက်ခွံရောင်ရမ်းခြင်းသည် နေရထိုင်ရခက်တတ်စေပြီး မသိမသာလဲ ဖြစ်တတ်သည်။ သို့သော် မျက်ခွံရောင်ရမ်းခြင်းသည် မျက်လုံး၏ အမြင်အာရုံကို အမြဲထိခိုက်စေမှာမျိုး မဖြစ်စေပါ။ လူနာများ၏ မျက်လုံးများသည် ယားယံပြီး နှီရဲနေသော်လည် မျက်ခွံရောင်ရမ်းခြင်းသည် မကူးစက်တတ်ပါ။မျက်ခွံရောင်ရမ်းခြင်းသည် လွန်စွာအဖြစ်များသည်။ အသက်အရွယ်တိုင်းတွင် ဖြစ်နိုင်သည်။ ဖြစ်စေနိုင်သော အချက်အလက်များကို ရှောင်ရှားခြင်းဖြင့် ထိန်းချုပ်နိုင်သည်။အခြားပိုမိုသော အကြောင်းအရာများကို ဆရာဝန်နှင့် ဆွေးနွေးပါ။မျက်ခွံရောင်ရမ်းခြင်းသည် မျက်စိကို ယားယံစေပြီး အမြင်အာရုံကို ထိခိုက်စေသောကြောင့် ပုံမှန်အားဖြင့် သိသာသည်။မျက်ခွံရောင်ရမ်းခြင်း၏ ရောဂါလက္ခဏာများတွင်-။အထက်တွင် ဖော်ပြထားသည့်အတွင်း မပါဝင်သော လက္ခဏာများ ရှိကောင်းရှိနိုင်ပါသည်။ ရောဂါလက္ခဏာတစ်ခုနှင့် ပါတ်သတ်ပြီး စိုးရိမ်ကြောင့်ကြပါက ဆရာဝန်နှင် ဆွေးနွေးတိုင်ပင်သင့်ပါသည်။အထက်ပါ ရောဂါလက္ခဏာဝေဒနာများ ခံစားနေရလျှင် (သို့) ထိုလက္ခဏာများနှင့် ပတ်သတ်ပြီး သိလိုလျှင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ လူ့ခန္ဒါကိုယ်သည် တစ်ဦးနှင့် တစ်ဦးမတူညီပါ။သင်၏ ခံစားနေရသော အခြေအနေများကို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ခြင်းသည် သင့်အတွက် အကောင်းဆုံးဖြစ်ပါသည်။မျက်ခွံရောင်ရမ်းခြင်းကို ဖြစ်စေသည့် အကြောင်းရင်းကို အတိအကျမပြောနိုင်ပါ။ မျက်ခွံရောင်ရမ်းခြင်းကို ဖြစ်စေသော အကြောင်းရင်းများတွင်။-ဦးခေါင်းခွံ နှင့် မျက်တောင်တွင် ဗောက်ဖြစ်ခြင်း။-ဘတ်တီးရီးယားပိုးဖြစ်ပွားခြင်း။-မျက်ခွံရှိ အဆီဂလင်းများ ပိတ်ဆို့ခြင်း။-မျက်နာနီတတ်သော အရေပြားရောဂါ။-ဓါတ်မတည့်ခြင်း။-မျက်တောင်တွင် သန်းပေါက်ခြင်း။မျက်ခွံရောင်ရမ်းခြင်းတွင် အမျိုးအစား ၂ မျိုးရှိသည်။-မျက်တောင်ရှိသော မျက်လုံးအပြင်ဘက်တွင် ဖြစ်ပွားသော မျက်လုံးအရှေ့ပိုင်းရောင်ရမ်းခြင်း။ မျက်ခုံး နှင့် မျက်တောင်တွင် ဖြစ်သော ဗောက် နှင့် မျက်လုံးအတွင်းတွင် ဖြစ်သော ဓါတ်မတဲ့မှုများသည် မျက်လုံးအရှေ့ပိုင်း ရောင်ရမ်းခြင်းကို ဖြစ်စေသည်။-မျက်လုံးအနောက်ပိုင်း ရောင်ရမ်းခြင်းသည် မျက်လုံး၏ အတွင်းထောင့်များတွင် ဖြစ်ပွားသည်။ မျက်တောင်၏ အမွှေးအိပ်ရှိ အဆီဂလင်းများ မကောင်းမွန်ခြင်းကြောင့်ဖြစ်သည်။မျက်ခွံရောင်ရမ်းခြင်းကို ဖြစ်စေသောအချက်အလက်များစွာ ရှိပါသည်။ ဥပမာ :။-ဆေးကုသမှုများ၏ ဘေးထွက် ဆိုးကျိုးများ။-မကောင်းမွန်သော မျက်တောင်ရှိ အဆီဂလင်းများ။-ဦးခေါင်းခွံ နှင့် မျက်ခုံးရှိ ဗောက်များ။-မျက်နှာ နှင့် မျက်လုံးတစ်ဝိုက်တွင် သုံးသော မိတ်ကပ်များနှင့် ဓါတ်မတဲ့ခြင်းသည် မျက်ခွံရောင်ရမ်းခြင်းကို ဖြစ်စေသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။မျက်ခွံရောင်ရမ်းခြင်းကို စမ်းသပ်စစ်ဆေးနိုင်သော စမ်းသပ်ချက်များတွင်။-ဆရာဝန်၏ မျက်ခွံ နှင့် မျက်လုံးကို သေချာစွာစမ်းသပ်စစ်ဆေးခြင်း။မျက်လုံးကို ကြည့်ရှုစစ်ဆေးသော အထူးမှန်ဘီလူးများကို အသုံးပြုတတ်သည်။-အရေပြားမှ နမူနာကို စစ်ဆေးရန် ယူခြင်း။ မျက်ခွံမှ အရေပြား (သို့) မျက်ခွံပေါ်ရှိ ဖြစ်နေသော အပေါ်လွှာမှ နမူနာယူသည်။ ထိုနမူနာမှ ဘတ်တီးရီးယား၊ မှို (သို့) ဓါတ်မတဲ့ရသည့် အဓိက အကြောင်းရင်းကို ရှာဖွေခြင်း။အကယ်၍ မျက်ခွံရောင်ရမ်းခြင်းကို ခံစားနေရလျှင် အောက်ပါ အဆင့်များက မျက်လုံးကို ဆေးကြောဖို့ ကူညီနိုင်ပါသည်။-သန့်ရှင်းသော အဝတ်စကို ရေနွေးစွတ်ပါ။-ထို အဝတ်စကို လိမ်ပြီး မျက်ခွံပေါ်တွင် ၅ မိနစ်ခန့် တင်ထားပါ။နွေးနေစေရန် အဝတ်စက ို လိုအပ်ပါက ရေနွေးပြန်စွတ်ပါ။-ထိုသို့ ပြုလုပ်ခြင်းသည် ဖြစ်ပေါ်နေသော အပေါ်ခွံအလွှာ နှင့် အဆီအကြွင်းအကျန်များကို လျော့နည်းစေသည်။-ကူးစက်ပိုးပွားများအတွက် ဆေးကုသမှုများပေးခြင်း။ကူးစက်ပိုးရှိနေသော မျက်ခွံအတွက် ပိုးသတ်ဆေးများ ပေးသည်။ပိုးသတ်ဆေးများသည် မျက်ခွံ၏ ကူးစက်ရောဂါပိုး လက္ခဏာများကို သက်သာစေသည်။ မျက်စဉ်းခတ်ဆေး၊ ခရင်မ် နှင့် လိမ်းဆေးရည် စသည်ဖြင့် ပုံစံမျိုးစုံရရှိနိုင်ပါသည်။-ထိုသို့သော မျက်ခွံသို့ပေးသော ပိုးသတ်ဆေးများ အစွမ်းမပြပါက ဆရာဝန်သည် ပါးစပ်မှ သောက်ရသော ပိုးသတ်ဆေးများပေးလိမ့်မည်။-ရောင်ရမ်းခြင်းကို သက်သောစေသော ဆေးများ။Cyclosporine (Restasis) သည် မျက်ခွံရောင်ရမ်းခြင်းအတွက် သက်သာစေသော လိမ်းဆေးဖြစ်သည်။-နဂိုဖြစ်နေသော ကျန်းမာရေးအခြေအနေများကို ကုသခြင်း။မျက်ခွံရောင်ရမ်းခြင်းကို သက်သာစေမည့် လူနေမှုပုံစံပြောင်းလဲခြင်း နှင့် အိမ်သုံးဆေးမြီးတိုတွေက ဘာလဲ?။အောက်ပါ လူနေမှုပုံစံပြောင်းလဲခြင်း နှင့် အိမ်သုံးဆေးမြီးတိုများသည် မျက်ခွံရောင်ရမ်းခြင်းကို သက်သာစေသည်။-မျက်ခွံကို သန့်ရှင်းအောင်ထားခြင်း။-မျက်နှာ ပုံမှန်သစ်ခြင်း။ ညမအိပ်ခင် လိမ်းထားသော မိတ်ကပ်များအား ဖယ်ရှားရန် လိုအပ်ပါသည်။ ညစ်ပတ်သော လက် နှင့် မျက်လုံးကို မကိုင်မိစေရန်၊ ယားနေသော မျက်လုံးကို မပွတ်မိစေရန် သတိထားဖို့ လိုသည်။ မျက်လုံးကို ပွတ်ခြင်းသည် ရှိနေသော ကူးစက်ပိုးကို ပိုမိုပျံ့နှံ့စေသည်။-မျက်တောင်နောက်ရှိ မျက်ခွံထောင့်သို့ မျက်ခွံပုံဖော်သည့် ရောင်ခြယ်ကို (eye Liner) မသုံးခြင်း။-မျက်ခွံရောင်ရမ်းခြင်းကို စတင်ကုသနေသည် အချိန်များတွင် မိတ်ကပ်အသုံးမပြုခြင်းသည် နောက်ထပ်ယားယံခြင်းများကို မဖြစ်အောင် ကာကွယ်ပေးသည်။-မိတ်ကပ်ပြန်သုံးမည် ဆိုပါက မျက်လုံးနှင့် တဝိုက်တွင် သုံးသော မိတ်ကပ်များကို အခြားတစ်မျိုး နှင့် အစားထိုးပါ။အခြားသိလိုသည့်မေးခွန်းများရှိလျှင် ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင့်အတွက် အကောင်းဆုံးဖြစ်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/blepharitis-%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%81%e1%80%bd%e1%80%b6%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%99%e1%80%ba%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba/
ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေကြောင်း အချက်ပြလက္ခဏာများ
ကျောက်ကပ်ရောဂါကိုအရင်က အဖြစ်မများဘူးလို့ ထင်စရာ ရှိပေမယ့် မသိကြတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ စစ်တမ်းတွေအရကတော့ အရွယ်ရောက်ပြီးသူတွေရဲ့ ၃ ပုံ ၁ ပုံလောက်က ကျောက်ကပ်ရောဂါ ခံစားနေကြရပြီး သူတို့ကိုယ်တိုင် ကျောက်ကပ်ရောဂါ ခံစားနေရတယ်ဆိုတာကို မသိကြပါဘူး။လူတွေ သတိမထားမိကြပေမယ့် ကျောက်ကပ်ထိခိုက်နေပြီဆိုတာကို ပြသနေတဲ့ မြင်သာတဲ့လက္ခဏာတွေရှိပါတယ်။ ဒါပေမယ့် လူတော်တော်များများက ဒီလက္ခဏာတွေကို ကျောက်ကပ် ထိခိုက်နေတယ်လို့ မထင်ကြပါဘူး။ ဒီလိုနဲ့ ကျောက်ကပ် ထိခိုက်တာက နောက်ဆုံးအခြေအနေရောက်မှ ကျောက်ကပ်ထိခိုက်နေပြီ။ ကျောက်ကပ်ရောဂါ ခံစားနေရပြီဆိုတာကို သိကြပါတယ်။ကျောက်ကပ်ထိခိုက်နေသူတွေထဲက ၁၀ ရာခိုင်နှုန်းလောက်ကပဲ သူတို့မှာကျောက်ကပ်ထိခိုက်နေတယ်ဆိုတာကို သိကြပါတယ်။ ဒီတော့ ကိုယ်တိုင်လည်း ကျောက်ကပ် ကျန်းမာရဲ့လားကျောက်ကပ် ကျန်းမာရေး ထိခိုက်နေပြီလားဆိုတာကို ဆောင်းပါးလေး ဖတ်ကြည့်ရင်း ဆန်းစစ်ကြည့်လိုက်ရအောင်နော်။ကျောက်ကပ် ထိခိုက်နေပြီလားဆိုတာကို သိနိုင်မယ့် နည်းလမ်းတစ်ခုကတော့ ကျောက်ကပ် စစ်ဆေးတာပါ။ သွေးဖောက်ပြီး သွေးစစ်တာပါ။ ဥပမာ သွေးထဲက Creatinine level တို့၊ ureaတို့ စစ်ဆေးတာပါ။ကျောက်ကပ် ထိခိုက်စေနိုင်တဲ့ အကြောင်းအရင်းတွေက တစ်ခုမက ရှိနေနိုင်ပါတယ်။ကျောက်ကပ် မကျန်းမာတော့ဘူးဆိုရင် အခြား အစိတ်အပိုင်းတွေ မကျန်းမာတဲ့အခါ လက္ခဏာတွေ ပြသလိုမျိုး လက္ခဏာတွေ ပြတတ်ပါတယ်။ ဒီတော့ ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေကြောင်းအချက်ပြလက္ခဏာများကဘာတွေများ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား …….။ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုစွမ်းရည် ကျဆင်းလာတဲ့အခါ သွေးထဲမှာ အဆိပ်အတောက်တွေ များလာသလို သွေးတွေက မသန့်စင်တော့ပါဘူး။ ဒီလို ဖြစ်တဲ့အခါ ပင်ပန်းလွယ်တာ၊ အားနည်းတာ၊ အာရုံစူးစိုက်ဖို့ ခက်တာတွေကို ခံစားလာရနိုင်ပါတယ်။ နောက်ထပ် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာအနေနဲ့ ကျောက်ကပ် ထိခိုက်တဲ့အခါ သွေးအားနည်းလာတာကလည်း အားနည်းပြီး ခြေကုန်လက်ပမ်းကျစေတဲ့ အချက်ပါပဲ။ကျောက်ကပ်တွေက အဆိပ်တွေကို ကောင်းကောင်း မစစ်ထုတ်နိုင်တော့တဲ့အခါ ဆီးကနေတဆင့် ခန္ဓာကိုယ်ပြင်ပကို မစွန့်ထုတ်နိုင်တော့တာကြောင့်သွေးထဲမှာ အဆိပ်တွေ များလာပါမယ်။ ဒီလို ဖြစ်လာတဲ့အခါ အိပ်ပျော်ဖို့ ခက်လာပါမယ်။ အဝလွန်တာ၊ နာတာရှည် ကျောက်ကပ်ရောဂါနဲ့ အိပ်မပျော်တဲ့ ကျန်းမာရေးပြဿနာတွေကြားမှာ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ကျန်းမာတဲ့ ကျောက်ကပ်တွေက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေ နဲ့ ပိုလျှံနေတဲ့ အရည်တွေကို ဖယ်ထုတ်ပေးသလို သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။ အရိုးတွေကို သန်မာပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ လုပ်ဆောင်နိုင်စေဖိုအတွက် သွေးထဲမှာ ညီညွတ်မျှတတဲ့ သတ္တုဓာတ် ပမာဏကို ထိန်းညှိပေးပါတယ်။ကျောက်ကပ်တွေက သွေးထဲမှာ ညီညွတ်မျှတတဲ့ သတ္တုဓာတ် ပမာဏကို မထိန်းညှိပေးနိုင်တဲ့အခါ အရေပြားယားယံတာ၊ ခြောက်သွေ့တာနဲ့ အရိုးရောဂါတွေကို ခံစားရနိုင်ပါတယ်။ဆီးခဏခဏ သွားချင်နေမယ်။ အထူးသဖြင့် ညဘက်တွေမှာ ဆီးခဏခဏ ထသွားနေရတာက ကျောက်ကပ် ထိခိုက်နေတာ ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်က စစ်ထုတ်ပေးတဲ့အရာလေးတွေ ထိခိုက်ပျက်စီးသွားတဲ့အခါ ဆီးခဏခဏ သွားချင်တာကို ခံစားရနိုင်ပါတယ်။ ဆီးကျိတ်ကြီးနေတာ၊ ဆီးပိုးဝင်တာတွေကြောင့်လည်း ဆီးခဏခဏ သွားချင်တာမျိုး ဖြစ်နိုင်ပါတယ်။ကျန်းမာတဲ့ ကျောက်ကပ်တွေက သွေးထဲက အညစ်အကြေးတွေကို ဆီးအဖြစ် စွန့်ထုတ်ပေးပြီး ခန္ဓာကိုယ်အတွက် သွေးဆဲလ်တွေကို ထိန်းသိမ်းပေးပါတယ်။ ကျောက်ကပ်က စစ်ထုတ်တဲ့အရာလေးတွေ ပျက်စီးသွားတဲ့အခါ ဆီးထဲမှာ သွေးတွေ ပါလာပါတယ်။ ဒါက ကျောက်ကပ် ပျက်စီးနေတယ်ဆိုတာကို ပြသနေတဲ့ လက္ခဏာပါ။ အကျိတ်ဖြစ်နေတာ၊ ကျောက်ကပ် ကျောက်တည်နေတာ၊ ကျောက်ကပ် ပိုးဝင်တာတွေကြောင့်လည်း ဆီးထဲ သွေးပါနေတာ ဖြစ်နိုင်ပါတယ်။ဆီးထဲမှာ အမြှုပ်တွေ အရမ်းထနေတာ၊ ဆီးက ကြက်ဥပုပ်နံ့လို အနံ့ထွက်နေတာ၊ ဆီးအရောင် နောက်နေတာတွေက ဆီးထဲမှာ albumin လို့ခေါ်တဲ့ ပရိုတင်း များနေတာကြောင့်ပါ။ကျောက်ကပ် ထိခိုက်မှုကြောင့် ဆီးထဲမှာ ပရိုတင်း ပါဝင်မှု အရမ်းများတဲ့အခါ လက္ခဏာအနေနဲ့ မျက်လုံးတဝိုက်မှာ မို့အစ်နေတာမျိုး ခံစားရနိုင်ပါတယ်။ကျောက်ကပ်က လုပ်ဆောင်နိုင်စွမ်း ကျလာတဲ့အခါ ကိုယ်တွင်းမှာ ဆိုဒီယမ် စုပုံလာပါတယ်။ ဒီအခြေအနေက ခြေထောက်တွေ၊ ခြေချင်းဝတ်နဲ့ ခြေဆစ်လက်ဆစ်တွေမှာ ရောင်ရမ်းတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။နှလုံးရောဂါ၊ အသည်းရောဂါ၊ နာတာရှည်ခြေထောက် သွေးပြန်ကြောရောဂါတွေ ခံစားရတာကြောင့်လည်း ခြေဆစ်လက်ဆစ်တွေ ရောင်နေနိုင်ပါတယ်။ကျောက်ကပ်က အလုပ်ကောင်းကောင်း မလုပ်နိုင်တော့တာကြောင့် ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ များလာတဲ့အခါ အစာ စားချင်စိတ် မရှိတာကို ခံစားရနိုင်ပါတယ်။ကျောက်ကပ်က လုပ်ဆောင်မှုတွေ ကောင်းကောင်း မလုပ်နိုင်တော့တဲ့အခါ ကိုယ်တွင်းမှာ ဆားဓာတ် မမျှတမှုတွေ ဖြစ်လာပါတယ်။ ဥပမာ ကယ်လ်ဆီယမ် နည်းတာ၊ ဖော့စဖရိတ် လုံလောက်တဲ့ ပမာဏ မရှိတာတွေကြောင့် ကြွက်တက်တာမျိုး ခံစားရနိုင်ပါတယ်။ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေကြောင်း အချက်ပြလက္ခဏာများ ကို လျစ်လျူမရှုဘဲ သတိထားစေချင်ပါတယ်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/signs-of-kidney-diseases/
မြန်မြန်စား ရင် ပိုဝမယ်နော်၊ အရှိန်လျှော့ပါ။
ဝမှာစိုးနေလား၊ ဝနေတာ ထိန်းလို့မရတော့မှာ စိုးရိမ်နေလား။ သူများလို အလွန်အကြူးမစားဘဲလည်း ဝလာတာ စိတ်ညစ်နေရလား။ ဘာကြောင့်လဲ ဆိုတာ ဆက်ပြီးဖတ်ကြည့်ပါ။ စားတာခြင်းတူရင်တောင် အစားကို မြန်မြန်စား လေ့ရှိသူတွေဟာ ဖြည်းဖြည်းချင်းစားတတ်သူ တွေထက် ပိုဝလာနိုင် (BMIပိုများလာနိုင်) ပါတယ်။ ဖြည်းဖြည်းချင်းစားတတ်သူတွေက ဗိုက်ပြည့်ကြောင်း မြန်မြန်ခံစားမိပြီး စားမိတဲ့ပမာဏ ပိုနည်းသွားနိုင်လို့ပါ။ မြန်မြန်စား ရင် ပိုဝမယ်နော်၊ အရှိန်လျှော့ပါ။အကြောင်းရင်းက ကိုယ့်ရဲ့ အစာခြေစနစ်က ဦးနှောက်ဆီကို သတင်းပေးပို့ရာမှာ ကြာတဲ့အချိန်ကြောင့် တစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။ ပုံမှန်အားဖြင့်တော့ မိနစ် ၂၀ လောက်ကြာတယ်လို့ ဆိုကြပေမယ့် သုတေသနတစ်ခုကတော့ ဒီအချိန်ကာလကို မိနစ် ၃၀ အထိ နှေးအောင်လုပ်နိုင်မယ်ဆိုရင် အကျိုးရလဒ်ကောင်းမယ်လို့ ဖော်ပြခဲ့ပါတယ်။ဒါဆိုရင် အစာစားချိန်က အရင်ကထက်တော့ ပိုကြာရမှာဖြစ်ပါတယ်။ အစာကို ကြေညက်အောင် ဖြည်းဖြည်းဝါးစားသင့်တယ်လို့ လက်ဆင့်ကမ်းလာခဲ့တဲ့ အမူအကျင့်လေးကအစာမကြေခြင်းကို ကာကွယ်ပေးနေသလို ဒီအကြောင်းရင်းကြောင့်လည်းပါပါတယ်။ဂျပန်နိုင်ငံက သုတေသနပညာရှင်တွေက အရွယ်ရောက်ပြီးသူ သက်လတ်ပိုင်းအရွယ် ၁၀၈၃ ဦးကို ငါးနှစ်ကြာ လေ့လာခဲ့ပါတယ်။လေ့လာမှုအရ အစားမြန်မြန်စားလေ့ရှိသူတွေက ကိုယ်အလေးချိန် ပိုများလာတာ၊ သွေးတွင်းသကြားဓာတ် မြင့်နေတာ၊ ခါးနဲ့ ဗိုက်အဆီပိုများတာတွေ ဖြစ်လာတာတွေ့ရပါတယ်။မြန်မြန် စားမယ်ဆိုရင် ခန္ဓာကိုယ်ကကယ်လိုရီတွေ အများကြီး စားမိတာကို ဦးနှောက်က သတိ မပြုမိဘဲ ဖြစ်စေနိုင်တယ်လို့ သုတေသီတွေက ယုံကြည်ထားပါတယ်။ ဒီလိုနဲ့ စားမိတဲ့ ကယ်လိုရီတွေကို ခန္ဓာကိုယ်က ကောင်းကောင်း မသုံးပစ်နိုင်ဘူးဆိုရင် ပိုတာတွေကို အဆီ အဖြစ် သိုလှောင်ထားရှိ လိုက်တဲ့အခါ အဝလွန်လာပြီး သွေးကြောတွေ နဲ့ နှလုံး ကျန်းမာရေးကိုပါ ထိခိုက်လာပါတယ်။ အမြန် စားခြင်းက အင်ဆူလင် လုပ်ဆောင်ချက်တွေကိုလည်း အတားအဆီး ဖြစ်စေလို့ သွေးတွင်းသကြားဓာတ် မြင့်တက်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ဒီသုတေသနကို American Heart Association ရဲ့ သိပ္ပံကဏ္ဍမှာ တင်ပြခဲ့တာဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/slow-down-your-eating-rate-to-prevent-obesity/
Blood Clots (သွေးခဲခြင်းနှင့်ပတ်သတ်ပြီး ဘာတွေသိထားသင့်သလဲ)
ထိခိုက်ဒဏ်ရာရတဲ့အခါ ပေါက်ပြဲသွားတဲ့ နေရာမှာ သွေးတွေစုပုံလာပြီး သွေးတိတ်စေသော ဖြစ်စဉ်ကို သွေးခဲခြင်းလို့ခေါ်ပါတယ်။မတော်တဆ ပြတ်ရှသွားပြီဆိုပါစို့။ သွေးခဲခြင်းဖြစ်စဉ် ဖြစ်ပေါ်လာပါပြီ။ သွေးထဲတွင်ပါဝင်သော သေးငယ်သည့် သွေးမွှားဆဲလ်လေးတွေဟာ ထိခိုက်ဒဏ်ရာရရာနေရာလို့သွားရောက်ပြီး ကနဦးသွေးခဲလေးတွေ ဖြစ်လာစေပါတယ်။ သွေးထဲရှိ သွေးခဲစေသော ပစ္စည်းများဟာ လျင်မြန်စွာ ဓါတ်ပြုမှုတွေဖြစ်ပြီး ဖိုက်ဘရင်လို့ခေါ်တဲ့ အမျှင်လေးဖြစ်လာကာ သွေးမွားဆဲလ်လေးတွေကို အတူတကွစုစည်းပေးထားပါတယ်။ နောက်ထပ်သွေးမွှားဆဲလ်လေးတွေ ထပ်ဝင်လာပြီး ပိုကြာကြာခံနိုင်တဲ့ သွေးခဲဖြစ်စေပြီး သွေးတိတ်သွားစေပါတယ်။ ခန္ဓါကိုယ်ထဲမှာရှိတဲ့ အခြားပရိုတင်းတွေက သွေးခဲကြီးလိုတာထက်ပိုမကြီးလာစေဖို့ ဘယ်အချိန်မှာ သွေးခဲခြင်းဖြစ်စဉ်ရပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ အနာကျက်သွားတဲ့အခါ ဖိုက်ဖရင်အမျှင်အရည်ပျော်သွားပြီး သွေးမွှားဆဲလ်တွေလည်း ပုံမှန်သွေးထဲမှာ ရှိနေကျပုံစံမျိုး ပြန်ဖြစ်သွားပါတယ်။အသက်အရွယ်မရွေး အလွန့်အလွန်အဖြစ်များပါတယ်။ အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ပေးပါ။ပြတ်ရှဒဏ်ရာတွေရတဲ့အခါမှာ သတိပြုမိပါလိမ့်မယ်။ ယင်းဒဏ်ရာပတ်ပတ်လည်မှာ ရောင်ရမ်းလာလိမ့်မယ်၊ နာကျင်လာမယ်။ တစ်ခါတစ်ရံ ယားယံလာမယ်။ ကိုယ်ဘာသာခိုက်မိတာပဲဖြစ်ဖြစ်၊ သူများလုပ်တာပဲဖြစ်ဖြစ် သွေးခဲခြင်းကတော့ အတူတူပါပဲ။ သွေးပြန်ကြောထဲမှာ သွေးခဲမယ်ဆိုရင်တော့ ပူ၊နီ၊နာ၊ရောင်လက္ခဏာတွေ တွေ့ရပါလိမ့်မယ်။ တစ်ခါတစ်ရံ သွေးခဲကြီးမယ်ဆိုရင် ရောင်နေတဲ့ နေရာတစ်ခုလုံး ပြာနှမ်းနေပါလိမ့်မယ်။သို့ပေမယ့်လည်း သွေးလွတ်ကြောတွေမှာ သွေးခဲပြီဆိုရင်တော့ စိုးရိမ်စရာတွေ ဖြစ်လာပါတော့မယ်။ အရေးကြီးတဲ့ အောက်စီဂျင်ဖြန့်ဝေပေးခြင်းလိုမျိုး ဇီဝလုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ဖို့ သွေးလွှတ်ကြောကို သွေးတွေ ဖြတ်သန်းစီးဆင်းကြတာပါ။ သွေးခဲသွားမယ်ဆိုရင် ချွေးပြန်ခြင်းနဲ့ အသက်ရှုမဝခြင်းတို့ ဖြစ်နိုင်ပြီး တစ်ခါတစ်ရံ မအီမသာဖြစ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ဖိထားသလိုဖြစ်ခြင်း၊ အစာမကျေခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ ဦးနှောက်ကို သွေးကောင်းကောင်းမရောက်တော့ရင် စိတ်ရှုပ်ထွေးခြင်း၊ အမြင်မကောင်းခြင်းနဲ့ စကားမပြောနိုင်တော့ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ လေဖြတ်တယ်ဆိုတာ ခန္ဓါကိုယ်ရှိတစ်နေရာရာမှာ သွေးခဲရှိနေတာကို ဖော်ပြတာပါ။အထက်တွင် ဖော်ပြထားသော လက္ခဏာတွေ ရှိနေမယ် ဒါမှမဟုတ် မေးစရာတွေ ရှိနေမယ်ဆိုရင် ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံချင်း မတူညီကြပါပါဘူး။ မိမိအခြေအနေအတွက် ဘာက အသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။ပြတ်ရှရာတွေ ဖြစ်တဲ့အခါမှာ သွေးခဲတွေဖြစ်ပေါ်တတ်ပါတယ်။ သွေးလည်ပတ်ရခက်နေတာ ဒါမှမဟုတ် ပိတ်နေတာဆိုရင်လည်း သွေးခဲနိုင်ပါတယ်။ အတွင်းပိုင်းသွေးပြန်ကြောသွေးခဲခြင်းနှင့် နှလုံးသွေးဝင်ခန်းစည်းချက်မမှန်ခြင်းတို့ကြောင့်လဲ သွေးစီးဆင်းမှုနှေးပြီး သွေးခဲနိုင်ပါတယ်။ သွေးပြန်ကြောမှာ သွေးခဲတယ်ဆိုတာ သွေးကပြစ်ခဲနေပြီး မစီးဆင်းတာဖြစ်ပါတယ်။ သွေးဝင်ခန်းစည်းချက်မမှန်ခြင်းကတော့ နှလုံးဟာ မှန်မှန်မခုန်တော့ပဲ ခုန်ချင်သလိုခုန်ပြီး သွေးကို ညှစ်ထုတ်နေတာပါ။သွေးထဲမှာ ကိုလက်စထရောများခြင်းက သွေးကြောအတွင်းမှာ အဆီခဲ၊သွေးခဲတွေ ဖြစ်ပေါ်စေတာကြောင့် တရားခံတစ်ခုပဲ ဖြစ်ပါတယ်။ ယင်းအဆီခဲ၊သွေးခဲတွေ ပေါက်သွားတဲ့အခါမှာတော့ သွေးခဲခြင်းဖြစ်ပေါ်လာပါတယ်။အောက်ပါလူသိများတဲ့ အချက်တွေက သွေးခဲနိုင်ခြေအန္တရယ်မြင့်မားစေပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ပထမဦးဆုံး သွေးခဲစေသော အခြေအနေတွေရှိခဲ့လားသိရှိစေဖို့ လူနာဆေးမှတ်တမ်းကို ကြည့်ရပါလိမ့်မယ်။ သွေးခဲခြင်းဆိုတာ တစ်ခုခုမှားသွားတဲ့အခါမှာ ပြန်ပြင်ပေးတဲ့ ကိုယ်ခန္ဓါရဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ ဒါကြောင့် အခြေအနေတစ်ရပ်လုံးကို သိရှိနေခြင်းက ကုသမှုကို ကူညီပေးနိုင်မှာပါ။သွေးခဲခြင်းအမျိုးမျိုးက ကွဲပြားမှုအသီးသီးရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ခေါင်းစခြေအဆုံးတစ်ကိုယ်လုံးမှာ သွေးခဲတတ်လို့ပါ။ နောက်ထပ်စစ်ဆေးမှုတွေအတွက် အယ်ထရာဆောင်း၊ အီးအီးဂျီ၊ အီကေဂျီ၊ စီတင်စကင်နဲ့ အခြားနည်းတွေ လိုအပ်အုန်းမှာပါ။သွေးခဲခြင်းအမျိုးမျိုးရှိတာကြောင့် ကုသမှုကလည်း ဆေးသောက်ခြင်းကနေ ခွဲစိတ်ခြင်းအထိ အမျိုးမျိုးရှိနိုင်ပါတယ်။ ဘယ်လိုကုသမှုမျိုး လိုအပ်တယ်ဆိုတာကို ဘယ်နေရာမှာ ဖြစ်တယ်နဲ့ ဘယ်လောက်ပြင်းထန်သလဲဆိုတာပေါ်မှာ မူတည်ပါတယ်။ခြုံပြောရမယ်ဆိုရင် သွေးခဲမှုမရှိစေဘဲ သွေးကိုပုံမှန်ပြန်လည်စီးဆင်းစေနေဖို့က ကုသမှုရည်ရွယ်ချက်ပါ။ ကုသမှုပိုအောင်မြင်အောင် ကျန်းမာစွာစားသောက်နေထိုင်ခြင်းဖြင့် ကူညီပေးနိုင်ပါတယ်။ ရံဖန်ရံခါလေ့ကျင့်ခန်းလုပ်ပေးခြင်းက သွေးစီးဆင်းမှု ကောင်းမွန်စေဖို့ အာမခံနိုင်ပါတယ်။သွေးခဲခြင်းကို ရင်ဆိုင်နိုင်ဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက သွေးခဲခြင်းကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။မေးစရာတွေရှိနေမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုသိရှိနားလည်စေနိုင်ရန် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/blood-clots-%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%81%e1%80%b2%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%95%e1%80%90%e1%80%ba%e1%80%9e/
ကုလားပဲ စားသုံးပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ
ပဲက ပရိုတင်းဓာတ်ရရှိနိုင်တဲ့အစားအစာတစ်မျိုးပါ။ ကျန်းမာရေးအတွက်လည်း တော်တော့်ကို အထောက်အကူပြုပေးပါတယ်။ ကုလားပဲက ကြီးထွားဖွံဖြိုးမှုကို တိုးစေနိုင်သလိုနှလုံးကိုကျန်းမာစေနိုင်ပါတယ်။ အစာကြေညက်စေနိုင်ပြီး အရိုးတွေသန်မာစေတဲ့အပြင်နာတာရှည်ဝေဒနာတွေမဖြစ်အောင်လည်း ကာကွယ်ပေး နိုင်ပါတယ်။ အခုတစ်ခေါက်တော့ ကုလားပဲ စားသုံးပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ကုလားပဲကို ပဲကပ်ကြော်ကြော်တယ်၊ ဟင်းရည်၊ချဉ်ဟင်းတွေချက်တယ်၊ သုပ်စားတယ်စသဖြင့် အမျိုးမျိုးလုပ် စားကြပါတယ်။ အသားမစားသူတွေအနေနဲ့လည်း ကုလားပဲစားသုံးပေးမယ်ဆိုရင် အသားဓာတ်အပြည့်အဝရရှိ စေမှာသေချာပါတယ်။ကုလားပဲ စားသုံးပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ ဆိုတော့။ကိုယ်တွင်းပရိုတင်းဓာတ်ကိုတိုးစေနိုင်ခြင်း။ကုလားပဲမှာ ပရိုတင်းပါဝင်မှုများတာကြောင့်သက်သတ်လွတ်စားတဲ့သူတွေအတွက် အသားဓာတ်ရရှိ စေနိုင်မယ့် အစားအစာတစ်ရပ်ပါ။ ကုလားပဲမှာ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ပရိုတင်းဓာတ်တွေ အပြည့်အဝပါဝင်နေပါတယ်။ ပရိုတင်းဓာတ်ကအနာကျက်စေနိုင်စွမ်းရှိတာကြောင့် ကုလားပဲကိုစားသုံးပေး မယ်ဆိုရင် အနာတွေကို အကျက်မြန်စေမှာသေချာပါတယ်။။ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိခြင်း။ကုလားပဲမှာ ခန္ဓာကိုယ်ထဲက oxidative stress တွေကိုလျော့ကျစေနိုင်တဲ့ ဗီတာမင်တွေပါဝင်နေပြီး နာတာရှည်ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ကုလားပဲမှာပါတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေက ကိုယ်တွင်းက free radicals တွေကိုဖယ်ရှားပေးနိုင်တာကြောင့် ဆဲလ်တွေကို ကျန်းမာစေနိုင် ပါတယ်။ ဒီဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကင်ဆာ၊နှလုံးရောဂါနဲ့ အာရုံကြောဆိုင်ရာ ချို့ယွင်းတဲ့ရောဂါတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။အစာကြေစေနိုင်ခြင်း။လူတစ်ယောက်ကျန်းမာဖို့အရေးကြီူးဆုံးက အစာကြေညက်မှုရှိဖို့ပါ။ အစာအိမ်နဲ့အူလမ်းကြောင်း ကျန်းမာနေမယ် ဆိုရင် ခန္ဓာကိုယ်ကလည်း ကျန်းမာနေမှာဖြစ်ပါတယ်။ ကုလားပဲမှာအမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အူမကြီးကို ကျန်းမာစေပြီး ဝမ်းပျော့ပျော့သွားအောင်လုပ်ဆောင်ပေးပါတယ်။ အူလမ်းကြောင်းကခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေစုပ်ယူနိုင်အောင်လည်း လုပ်ဆောင်ပေးပါသေးတယ်။ဆီးချိုကာကွယ်ပေးနိုင်ခြင်း။သွေးတွင်းအချိုဓာတ်ကို ထိန်းညှိတာက လူတိုင်းအတွက်အရေးပါပါတယ်။ ဆီးချိုသမားတွေအတွက်ကတော့ ပိုအရေးပါတာပေါ့။ ကုလားပဲက သွေးတွင်းအချိုဓာတ်ကို ထိန်းညှိနိုင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်ကိုဖြည့်တင်းပေးနိုင်ပါတယ်။ ကုလားပဲက သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးပြီးအင်ဆူလင်ထုတ်လုပ်မှုကို ကောင်းမွန်စေနိုင်တာကြောင့် ဆီးချိုမဖြစ်အောင်ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။ကိုယ်အလေးချိန်ကျစေနိုင်ခြင်း။ကုလားပဲမှာ အာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်နေသလို အမျှင်ဓာတ်လည်းကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်အလေးချိန်ကျချင်သူတွေအတွက် စားသုံးသင့်တဲ့ အစားအစာတစ်ခုလို့ပြောချင်ပါတယ်။ အမျှင်ဓာတ်တွေက အဆာခံအောင်လုပ်ဆောင်ပေးပြီး ကုလားပဲမှာပါတဲ့ အာဟာရဓာတ်တွေက ခန္ဓာကိုယ်ကို အားပြည့်နေအောင် လုပ်ဆောင်ပေးပါတယ်။အရိုးတွေသန်မာစေနိုင်ခြင်း။ကုလားပဲမှာ အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်တဲ့ သံဓာတ်၊ ဖော့စဖရတ်စ်၊ မဂ္ဂနီဆီယမ်၊ ကော့ပါး နဲ့ ဇင့် တို့ ပါဝင်နေပါတယ်။ ဒါ့အပြင်ကို ကုလားပဲမှာ အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်တဲ့ အခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် အသက်အရွယ်ရလာလို့ဖြစ်လာတဲ့ အရိုးပွတာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးတဲ့ သတ္တုဓာတ်တွေလည်း ပါဝင်လို့နေပါတယ်။ကလေးတွေမှာ မွေးရာပါချို့ယွင်းတာမျိုး မဖြစ်အောင် လုပ်ဆောင်ပေးနိုင်ခြင်း။ကုလားပဲမှာFolateပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကုလားပဲကို စားသုံးမယ်ဆိုရင် မွေးလာမယ့် ကလေးငယ်မှာ မွေးရာပါချို့ယွင်းချက်ပါတာမျိုးမရှိဘဲမွေးဖွားလာမှာဖြစ်ပါတယ်။ ကျန်းမာ သန်စွမ်းတဲ့ကလေးငယ်လေးမွေးဖွားချင်တယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကုလားပဲစားဖို့ တိုက်တွန်းချင်ပါတယ်။နှလုံးကျန်းမာစေနိုင်ခြင်း။ကုလားပဲမှာ အမျှင်ဓာတ်နဲ့ အိုမီဂါ သရီး ဖက်တီးအက်ဆစ်ကြွယ်ဝစွာပါဝင်နေတာကြောင့် နှလုံးသွေးကြော ကျဉ်းတာ၊ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ နှလုံးကျန်းမာဖို့နဲ့ ခန္ဓာကိုယ် တလျှောက်က ရောင်ရမ်းမှုတွေသက်သာဖို့ဆိုရင်တော့ ကုလားပဲကို စားသုံးပေးသင့်ပါတယ်လို့ အကြံပြုလိုပါတယ်။ကုလားပဲက ကျန်းမာတာ မှန်ပေမယ့် အများကြီး စားတာမျိုး မလုပ်ပါနဲ့။ လေပွတာမျိုး ဖြစ်စေနိုင်လို့ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/chick-peas-health-benefits/
ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးထွား လာနိုင်ဖို့
မိဘတိုင်းကတော့ ကိုယ့်သားသမီးတွေကို စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ကြီးပြင်းလာစေချင်ကြတာပါပဲ။ ကလေးတွေ ငယ်ရွယ်စဉ်ကတည်းက ကျန်းမာရေးကို ဂရုစိုက်ဖို့၊ စားသောက်နေထိုင်မှုပုံစံ မှန်ကန်စေဖို့ မိဘတွေဘက်က သေချာထိန်းကျောင်းပေးဖို့ အရေးကြီးပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ရဲ့ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးထွား ဖွံ့ဖြိုးမှုအတွက် လုပ်ပေးသင့်တဲ့ အလေ့အကျင့်ကောင်း ၄ချက်ကို ဝေမျှပေးလိုက်ပါတယ်။အာဟာရရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအစာကောင်းတွေကို ကလေးတွေ နေ့စဉ်စားပေးမှသာ တစ်နေ့တာအတွက် လုံလောက်တဲ့ဗီတာမင်၊ သတ္တုဓာတ်တွေကို ရရှိမှာဖြစ်ပြီး ကျန်းကျန်းမာမာနဲ့ ကြီးထွား ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေမှာပါ။မှန်ကန်တဲ့ စားသောက်မှုပုံစံနဲ့ ကြီးပြင်းလာတဲ့ ကလေးတွေဟာ တခြားကလေးတွေထက် ကိုယ်ခံအားကောင်းလို့ ရောဂါတွေ လွယ်လွယ်နဲ့မဖြစ်လာအောင် ခန္ဓာကိုယ်က ခုခံတားဆီးပေးနိုင်တယ်။ ကိုယ်ခန္ဓာ ကြီးထွားသန်မာစေတယ်။ဉာဏ်ရည်ထက်မြက်စေတယ်။ အသားအရေ စိုပြည်လှပစေတယ်။ဒါကြောင့် နေ့စဉ်လိုအပ်တဲ့ ဗီတာမင်၊ အာဟာရဓာတ်နဲ့ သတ္တုဓာတ်တွေကို ပြည့်ဝစွာ ရရှိဖို့အတွက် ကိုယ့်ရဲ့ ကလေး တစ်နေ့တာ စားသောက်မယ့် အစားအစာကို သေချာပြင်ဆင်ချက်ပြုတ်ဖို့ အရေးကြီးပါတယ်။ ထောပတ်အစား ဆီကောင်းဆီသန့်ကို နည်းနည်းသာ သုံးပြီး အစားအစာကို သေချာချက်ပြုတ်ပေးပါ။ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်၊ ဂျုံ၊ အသား၊ ဥ အစရှိတာတွေကို နေ့စဉ် မပါမဖြစ် ပါအောင် ချက်ပြုတ်ပေးရပါမယ်။ ဟင်းချက်တဲ့အခါမှာလည်း ဆီနဲ့ ဆားကို လျှော့ထည့်ဖို့ အရေးကြီးပါတယ်။ထမင်းစားပြီးတဲ့အခါမှာ မုန့်ပဲသရေစာတွေ အနေနဲ့ သစ်သီးဝလံမျိုးစုံကို သေချာပြင်ဆင်ပြီး ကျွေးပေးပါ။ စတိုးဆိုင်က ဝယ်လို့ရတဲ့ ဖျော်ရည်၊ အချိုရည်တွေ အစား အဆီထုတ်ထားတဲ့ နွားနို့ကိုပဲ တိုက်ပေးပါ။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ မစားဘဲ ဆီ၊ ဆား၊ သကြား ပါဝင်မှုများတဲ့ အစားအစာတွေကို အလွန်အကျွံစားတဲ့ ကလေးတွေဟာ အရွယ်မတိုင်ခင် အဝလွန်ရောဂါ ဖြစ်လာဖို့ အခွင့်အလမ်းပိုများပါတယ်။အဝလွန်တဲ့ ကလေးတွေဟာ တခြားသော ကလေးတွေထက် ရောဂါကူးစက်နှုန်းမြင့်မားနိုင်သလို၊ စိတ်ကျရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အဆီနဲ့ကယ်လ်လိုရီဓာတ် ပါဝင်မှုများတဲ့ အသင့်စား Fast food တွေကို ကလေးဘဝထဲက လျှော့စားဖို့ တိုက်တွန်းပေးပါ။မိဘတွေကို ကလေးတွေကို ထိခိုက်မိမှာစိုးရိမ်စိတ်နဲ့ အပြင်ကို မထွက်ခိုင်းဘူး။ ကလေးတွေကိုယ်တိုင်ကလည်း အပြင်ထွက် ကစားမယ့်အစား အိမ်ထဲမှာပဲ နေပြီး ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ တီဗီတွေ ကြည့်နေတယ်။ အိမ်စာတွေ လုပ်နေရတယ်။ အထိုင်များပြီး လှုပ်ရှားမှုနည်းလာတဲ့အခါမှာ ကလေးက ထိုင်းမှိုင်းလာတယ်။ အရင်ကလို မသွက်လက်တော့ဘူး။ ကိုယ်အလေးချိန်လည်း တိုးလာတယ်။ဒါကြောင့် ကလေးတွေရဲ့ ဖုန်းသုံးတဲ့အချိန်ကို လျှော့ချပြီးအားကစားလုပ်ခိုင်းပါ။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ပြီး ကစားဖို့ ခွင့်တောင်းလာရင်လည်း ပေးထွက်လိုက်ပါ။ မနက်ခင်းအချိန်၊ အားလပ်ရက်တွေမှာ မိသားစုဝင်တွေ အတူတကွ ပျော်ပျော်ပါးပါး လမ်းလျှောက်ထွက်တာ၊ လေ့ကျင့်ခန်းလုပ်တာမျိုး ပြုလုပ်ပေးပါ။အမြဲနိုးကြားတက်ကြွနေတဲ့ ကလေးတွေဟာ စာသင်တဲ့ နေရာမှာ ပိုပြီး အာရုံစူးစိုက်နိုင်တယ်။ အမြဲလန်းဆန်းပြီး ရွှင်လန်းစေတယ်။ မိမိကိုယ်ကို ယုံကြည်မှုတိုးစေတယ်။ သွက်လက်ထက်မြက်စေတယ်။မနက်ခင်းမှာ လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာ အစရှိတဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတွေ လုပ်ပေးလို့ ရသလို ကိုယ့်ကလေး ဝါသနာပါတဲ့ အားကစားကို ပုံမှန်လုပ်ခိုင်းခြင်းဟာ ကလေးတွေကို နိုးကြားတက်ကြွစွာနဲ့ ကြီးပြင်းလာစေဖို့ အထောက်အကူပေးနိုင်ပါတယ်။မိဘတွေ သတိမထားမိတာ တစ်ခုက ကိုယ်ပြောလိုက်တဲ့စကားတွေဟာ ကလေးတွေရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်နိုင်မှုကို ဖျက်ဆီးနေမိတတ်ပါတယ်။ မိဘတွေဟာ ကိုယ့်ရဲ့ ကလေးနဲ့ ပတ်သက်လာရင်တော့ မျှော်လင့်ချက်ကြီးတယ်၊ ရည်မှန်းချက်ကြီးတယ်၊ ကိုယ့်ရဲ့ ကလေးက ကိုယ်မျှော်လင့်ထားသလောက် ဖြစ်မလာတဲ့အခါ အပြစ်တင်ဆူပူမိတတ်ကြတယ်။ ဒါဟာ ကလေးရဲ့ လုပ်ဆောင်နိုင်ရည်ကို သွားပြီး ထိခိုက်စေပါတယ်။ကိုယ့်ရဲ့ ကလေးဟာ စာမှာဖြစ်စေ၊ အားကစားမှာ ဖြစ်စေ တခြားကလေးတွေလောက် မထူးချွန်တဲ့အခါမှာ အပြစ်တင်မယ့်အစား အကောင်းဆုံးကို လုပ်ပေးနိုင်ခဲ့တဲ့အတွက် ချီးကျူးစကား ပြောပေးပါ။ ကိုယ့်ရဲ့ မိဘက ကိုယ့်အပေါ် အမြဲယုံကြည်တယ်။ကိုယ်လိုအပ်တဲ့အချိန်တိုင်းမှာ ဘေးကနေ ဖေးမကူညီပေးတဲ့အခါမှာ ကလေးတွေဟာ အရင်ကထက် ပိုပြီး ကြိုးစားချင်စိတ် ဖြစ်လာတယ်။ အဖက်ဖက်မှာလည်းတိုးတက်လာပါလိမ့်မယ်။ ကိုယ့်ကလေးရဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်ဖို့အတွက် မိဘတွေကလည်း ကိုယ့်ရဲ့ ကလေးကို ယုံကြည်ပေးနေဖို့ အရေးကြီးပါတယ်။ကလေးတွေဟာ အတုမြင်၊ အတတ်သင်တဲ့ အရွယ်တွေ ဖြစ်တဲ့အတွက် သူတို့ကို တစ်ခုခု မလုပ်ခိုင်းခင်မှာ ကိုယ်က အရင် လုပ်ပြဖို့ လိုပါတယ်။ ဥပမာ – အားကစားလုပ်တာ၊ နေ့စဉ် လေ့ကျင့်ခန်းလုပ်တာ၊ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားခိုင်းတဲ့အခါမျိုးမှာ ကိုယ်က အရင် သူတို့မြင်အောင် စားပြ၊ လုပ်ပြပါ။ကိုယ်တိုင်က ရှေ့ကနေဦးဆောင်လမ်းပြပေးမှ ကလေးတွေအတွက်လည်း နောက်က လိုက်လုပ်ရတာ ပိုလွယ်မှာပါ။ ဒါကြောင့် ကလေးတွေကို ဘာပဲလုပ်ခိုင်း၊ လုပ်ခိုင်း လူကြီးတွေအနေနဲ့ အရင်လိုက်လုပ်ပေးဖို့ လိုအပ်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-nutrition/helping-your-child-grow-up-healthy/
ခေတ်စားလာသော Matcha ၏ ကျန်းမာရေးအပေါ် သက်ရောက်မှုများအကြောင်း တစေ့တစောင်း
ယနေ့ခေတ်အချိန်မှာဆိုရင် Matcha ဆိုတဲ့ အစားအစာက ယခင်ကထက် ခေတ်စားလာတာကို တွေ့မြင်ရပါတယ်။ Matcha ကို လက်ဖက်ရည်ကြမ်းလို ရေးနွေးနဲ့ ဖျော်သောက်ကြတဲ့အပြင် ကိတ်မုန့်၊ ကွတ်ကီး၊ သကြားလုံး၊ ဝေဖာ၊ ရေခဲမုန့်၊ latte၊ frappe၊ Matcha shot စသည်ဖြင့် မျိုးစုံအောင် တွေ့မြင်လာနိုင်ပြီး လူကြိုက်များလာတာကိုလည်း သတိပြုမိကြမယ်ထင်ပါတယ်။ ဒါကြောင့် Matcha အနေနဲ့ ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှုတွေရှိနေလဲ ဆိုတဲ့အချက်ကို အနည်းငယ် ဝေမျှပေးချင်ပါတယ်။တကယ်တော့ ကျွန်မတို့သိထားတဲ့ လက်ဖက်ခြောက် (အကြမ်းခြောက်) ရရှိတဲ့ အပင်ကနေပဲ ရရှိတာဖြစ်ပါတယ်။ စိုက်ပျိုးပုံခြင်းပဲ ကွာခြားသွားတယ်လို့ ပြောလို့ရပါတယ်။ Matcha ကိုရရှိဖို့ တောင်ယာစိုက်ပျိုးသူတွေဟာ အရွက်ကို မခူးဆွတ်ခင် ရက် ၂၀ မှ ၃၀ အလိုမှာဆိုရင် အပင်ကို နေရောင် တိုက်ရိုက်မထိတွေ့ဖို့ ဖုံးအုပ်ထားလေ့ရှိကြပါတယ်။ လူတွေအသိများတဲ့ လက်ဖက်ခြောက်ကတော့ အရွက်ပုံစံနဲ့ ဈေးကွက်အတွင်း တွေ့ရှိရပြီး Matcha ကတော့ အမှုန့်ပုံစံနဲ့ လာပါတယ်။လက်ဖက်ရည်ကြမ်းသောက်တဲ့အခါ ရရှိနိုင်တဲ့ ကျန်းမာခြင်းအတွက် ကောင်းကျိုးတွေအားလုံးကို Matcha သောက်လို့လည်း ရရှိနိုင်ပါတယ်။ အဲ့ဒီထက် ပိုသွားတဲ့အရာကတော့ Matcha ဟာ လက်ဖက်ရည်ကြမ်းထက် အာဟာရပမာဏ ၁၀ ဆ ပိုမိုပါဝင်တာပါပဲ။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေ အကြောင်းအမျိုးမျိုးနဲ့ ပျက်စီးမှာကို နှေးကွေးစေတဲ့၊ ဟန့်တားပေးတဲ့ antioxidants ပါဝင်နှုန်းဟာဆိုရင်လည်း Matcha မှာ (လက်ဖက်ရည်ကြမ်းထက်) ၁၃၇ ဆ အထိ ပိုမိုပါဝင်တာကိုလည်း တွေ့ရှိထားပါတယ်။ Antioxidants ပါဝင်မှုများပါတယ်ဆိုတဲ့ blueberry သီးထက်ကို အဆ ၂၀ ပိုမိုပါဝင်နေတယ်ဆိုတာဟာလည်း အံ့ဩစရာပါပဲ။ ဒါပဲလားဆိုတော့… Matcha မှာ calcium (ထုံးဓာတ်) ဆိုလည်း အဆ ၁၃၀၊ Protein (အသားဓာတ်) ဆိုလည်း အဆ ၁၇ ဆလောက် လက်ဖက်ခြောက်ထက် ပိုမိုပါဝင်နေပါတယ်။Matcha ဟာ ဘာတွေအတွက် နာမည်ကြီးလည်းဆိုရင်တော့…။(၁) ဝိတ်ကျစေပါတယ်။– Matcha ဟာ Metabolism ဆိုတဲ့ ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးပြီး အဆီလောင်ကျွမ်းမှုကို အားပေးပါတယ်။ ဒါကြောင့်  ဝိတ်ချနေတဲ့သူတွေအနေနဲ့ Matcha ရဲ့ အကူအညီကို ရယူနိုင်ပါတယ်။(၂) ဉီးနှောက်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပါတယ်။– အာရုံစူးစိုက်မှုကောင်းစေတယ်။– မှတ်ဉာဏ်စွမ်းအားကို ပိုတိုးစေတယ်။– စိတ်ကို ပေါ့ပါးလန်းဆန်းစေပြီး စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးပါတယ်။– လေ့လာတွေ့ရှိချက်တစ်ခုအရ အသက်ကြီးသူတွေမှာ တစ်နေ့ကို Matcha ၂ ဂရမ် နေ့စဉ် ၂ လ သောက်စေပြီးတဲ့အခါမှာတော့ ဉီးနှောက်ရဲ့ လုပ်ဆောင်မှုစွမ်းရည် ပိုမိုကောင်းမွန်လာတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။(၃) အသားအရည်အတွက် အကျိုးရှိတယ်။– လက်ဖက်စိမ်းဟာ အရေပြားအတွင်းပိုင်းက အဆိပ်အတောက်တွေ ဖယ်ရှားရာမှာ နာမည်ကြီးသလို Matcha ဟာဆိုရင်လည်း အရေပြားအတွင်းပိုင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်လို့ အခုဆို Matcha နဲ့ ပြုလုပ်ထားတဲ့ Skin Care တွေဟာဆိုရင်လည်း အတော်လေး နာမည်ကြီးလာပါတယ်။– အိုမင်းရင့်ရော်မှုကိုလည်း ဟန့်တားပေးပါတယ်။– အရေပြား နီမြန်းတာ၊ ရောင်ရမ်းတာတွေကိုလည်း သက်သာစေပါတယ်။ ဒါကြောင့်လည်း အထိမခံ ရွှေပန်းကန်ကဲ့သို့သော sensitive အသားအရေမျိုးအထိ Matcha နဲ့ ပြုလုပ်ထားတဲ့ Skin Care တွေကို  အသုံးပြုလို့ရပါတယ်။– လေထုညစ်ညမ်းမှုကြောင့် အသားအရေ ပျက်စီးတာတွေ၊ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရည် ပျက်စီးခြင်းတွေအတွက်လည်း Matcha ဟာ အတော်လေး အာနိသင်ရှိပါတယ်။(၄) အသည်းကို ကာကွယ်ပေးတယ်။– ကြွက်ကလေးတွေနဲ့ စမ်းသပ်မှုမှာဆိုရင် ဆီးချိုရှိတဲ့ကြွက်ကလေးတွေကို သီတင်းပတ် ၁၆ ပတ်တိတိ Matcha စားစေပြီးတဲ့အခါမှာတော့ ဆီးချိုရောဂါကြောင့် ဆက်စပ်ဖြစ်ပွါးလာနိုင်တဲ့ အသည်းထိခိုက်မှုကို ကူညီကာကွယ်ပေးတဲ့အကြောင်း တွေ့ရှိခဲ့ရပါတယ်။(၅) ကင်ဆာကို ကာကွယ်ပေးပါတယ်။– Matcha မှာ EGCG ဆိုတဲ့ ကင်ဆာဆန့်ကျင် ဒြပ်ပေါင်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။– ကြွက်ကလေးတွေနဲ့ စမ်းသပ်မှုမှာဆိုရင်လည်း အကျိတ်ရဲ့ အရွယ်အစားကို သေးသွားစေပြီး ရင်သားကင်ဆာဆဲလ်တွေ ကြီးထွားမှုကိုလည်း နှေးကွေးစေတာ တွေ့ခဲ့ရပါတယ်။(၆) နှလုံးကျန်းမာရေးအတွက် အကျိုးရှိတယ်။– Matcha ဟာ နှလုံးရောဂါ ဖြစ်ပွါးစေရန် တိုက်တွန်းအားပေးမှုကို လျှော့ချပေးနိုင်ကြောင်း လေ့လာတွေ့ရှိချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။ဒီလောက်ဆို အရသာလည်းရှိ၊ ကျန်းမာရေးအတွက် အကျိုးလည်းရှိတဲ့ Matcha ရဲ့ အကြောင်းတွေကို ပိုမိုသိရှိလောက်ပြီလို့ ထင်ပါတယ်။ သို့သော် တန်ဆေး လွန်ဘေးဆိုတဲ့ ဆိုရိုးလေးကို မမေ့ဖို့တော့ လိုအပ်ပါတယ်နော်။ကျေးဇူးတင်ပါတယ်။ရေးသားသူ – May Kham Eain။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%81%e1%80%b1%e1%80%90%e1%80%ba%e1%80%85%e1%80%ac%e1%80%b8%e1%80%9c%e1%80%ac%e1%80%9e%e1%80%b1%e1%80%ac-matcha-%e1%81%8f-%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b/
မွေးကင်းစနှင့် ကလေးငယ်လေးတွေမှာ လေဖြတ်ခြင်းကို ဘယ်လိုစစ်ဆေးတွေ့ရှိနိုင်မလဲ
လေဖြတ်ခြင်းဟာ မွေးကင်းစအပါအဝင် ကလေးငယ်များမှာပါ ဖြစ်ပေါ်နိုင်ပြီး ဦးနှောက်ကို ထိခိုက်စေတဲ့အတွက် မသန်မစွမ်းဘဝကို ရောက်သွားစေနိုင်ပါတယ်။ လေဖြတ်ခြင်းကို ကာကွယ်ဖို့ ခဲယဉ်းပေမယ့် လျင်မြန်စွာသိရှိပြီး အစောတလျင်ကုသပေးခြင်းအားဖြင့် နောက်ဆက်တွဲပြဿနာတွေကို လျှော့ချပေးနိုင်ပါတယ်။ ကလေးငယ်များမှာ ဖြစ်တတ်တဲ့ လေဖြတ်ခြင်းဝေဒနာကို ဘယ်လိုစစ်ဆေးတွေ့ရှိနိုင်မလဲဆိုတာကို ကြည့်ကြရအောင်။ရောဂါနောက်ကြောင်းရာဇဝင်ကို ပြန်လှန်စစ်ဆေးခြင်းအားဖြင့် လေဖြတ်ဝေဒနာ ခံစားရနိုင်ချေရှိမရှိကို ဆရာဝန်က ကြိုတင်ခန့်မှန်းကြည့်နိုင်ပါတယ်။ ဆရာဝန်၊သူနာပြုတွေနဲ့ အခြားသော ကျန်းမာရေးဝန်ထမ်းတွေဟာ အောက်ပါမေးခွန်းတွေက မေးပါလိမ့်မယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ထူးထူးခြားခြား ဘာတွေဖြစ်ခဲ့သလဲ။မိခင်ရဲ့ ရောဂါရာဇဝင် ဘာတွေရှိသလဲ။မိဘတွေနဲ့ ဆွေမျိုးတွေရဲ့ ရောဂါရာဇဝင်ကရော ဘယ်လိုလဲ။ကလေးရဲ့ ရောဂါရာဇဝင်မှာ ဘာတွေရှိသလဲ။ ဘယ်လို ရောဂါတွေဖြစ်ဖူးသလဲ။ ကူးစက်ပိုးဝင်တာ ဒါမှမဟုတ် ထိခိုက်ဒါဏ်ရာ ရတာတွေ ဖြစ်ဖူးသလား။ကလေးရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ကလေးရဲ့ ပုံမှန်အမူအကျင့်တွေက ဘယ်လိုရှိသလဲ။ ဒီအမူအကျင့်တွေကနေ ပြောင်းလဲမှုရှိရင် ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။ဓါတ်ရောင်ခြည်သုံးပြီး စစ်ဆေးရတဲ့ computed tomography scan (CT Scan) ဒါမှမဟုတ် သံလိုက်စက်ကွင်းသုံးပြီး စစ်ဆေးရတဲ့ magnetic resonance imaging scan (MRI)ကို အသုံးပြုဖို့ ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ ဒီလို စစ်ဆေးခြင်းအားဖြင့် ဦးနှောက်တစ်ရှူးတွေရဲ့ အခြေအနေအပါအဝင် ခေါင်းထဲမှာ ရှိတဲ့ သွေးတွေ၊အရည်တွေရဲ့ စီးဆင်းမှုအနေအထားကိုပါ သိရှိနိုင်ပါမယ်။ ရိုက်ကူးစစ်ဆေးထားတဲ့ ဦးနှောက်ပုံရိပ်ကို ကြည့်ရှုပြီးချိန်မှာတော့ လေဖြတ်ခြင်းဟာ သွေးခဲခြင်းကြောင့် ဖြစ်တာလား ဒါမှမဟုတ် သွေးယိုစီးခြင်းကြောင့် ဖြစ်တာလားဆိုတာကို သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။ တခါတလေမှာလည်း ဒီလိုမျိုး ပုံရိပ်ဖော်စစ်ဆေးဖို့အတွက် အထူးပြုလုပ်ထားတဲ့ ဓါတုဗေဒပစ္စည်းတမျိုးကိုလည်း အသုံးပြုရတတ်ပါသေးတယ်။ အဆိုပါ ဓါတုဗေဒဆေးရည်ကို အသုံးပြုခြင်းအားဖြင့် ပိုမိုကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ရရှိမှာ ဖြစ်ပါတယ်။သွေးဆဲလ်ပမာဏ၊သွေးခဲစေသော စနစ်ကောင်းစွာ အလုပ်လုပ်ခြင်း ရှိမရှိ၊ကူးစက်ပိုးဝင်ရောက်ခြင်း ရှိမရှိ ဒါမှမဟုတ် အခြားသော ကိုယ်တွင်းဓါတ်ပစ္စည်းများ ပြဿနာရှိမရှိ စတာတွေကို သွေးစစ်ခြင်းကနေ သိရှိနိုင်ပါတယ်။ ဒါဆိုရင် လေဖြတ်ခြင်းရဲ့ အကြောင်းရင်းခံကို တွက်ဆနိုင်ပါမယ်။ သင့်ကလေးအနေနဲ့ သွေးစစ်ဆေးခြင်းတမျိုးထက် ပိုလိုကောင်းလိုပါမယ်။ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောတွေရဲ့ အခြေအနေကို သွေးကြောဓါတ်မှန်ရိုက်ခြင်း အကူအညီနဲ့ သိရှိနိုင်ပါတယ်။ အထူးစီမံထားတဲ့ ဓါတုဆေးရည်တမျိုးကို သွေးကြောထဲ ထိုးသွင်းပြီး X-rays ဓါတ်ရောင်ခြည်အသုံးပြုကာ သွေးကြောတွေရဲ့ ပုံရိပ်ကို ရိုက်ယူပါတယ်။ ဒါဆိုရင် သွေးကြောတွေထဲမှာ သွေးစီးဆင်းမှုအခြေအနေကို လေ့လာနိုင်ပြီး ပြဿနာတစုံတရာရှိနေရင်လည်း စစ်ဆေးသိရှိနိုင်ပါမယ်။အက်ကိုးအသံလှိုင်းသုံးပြီး ပုံရိပ်ဖော်စစ်ဆေးခြင်းဟာ လှုပ်ရှားနေတဲ့ နှလုံးရဲ့ ပုံရိပ်တွေကို ဖော်ပြပေးနိုင်ပါတယ်။ ဒီလို ဖော်ပြပေးခြင်းအားဖြင့် သွေးခဲခြင်း၊ကူးစက်ပိုးဝင်ခြင်း ဒါမှမဟုတ် နှလုံးရဲ့ သွင်ပြင်လက္ခဏာဆိုင်ရာ ပြဿနာတွေကို စစ်ဆေးဖော်ထုတ်နိုင်မှာပါ။ အဆိုပါ ပြဿနာတွေဟာ လေဖြတ်ခြင်းရဲ့ ရေသောက်မြစ်တွေ ဖြစ်နေနိုင်ပါတယ်။အထူးပြုလုပ်ထားတဲ့ အချပ်အပြားလေးတွေ/သတ္တုငုတ်တိုင်လေးတွေကို လူနာရဲ့ ရင်ဘတ်မှာ ကပ်ပြီးစစ်ဆေးခြင်းအားဖြင့် နှလုံးကနေ လွှတ်ထုတ်နေတဲ့ လျှပ်စစ်အချက်ပြမှုအခြေအနေတွေကို သိရှိနိုင်ပါတယ်။ ဒါဆိုရင် လေဖြတ်ခြင်းကို ဦးတည်နေတဲ့ နှလုံးစည်းချက်ပြဿနာတွေ ရှိမရှိ သိနိုင်ပါမယ်။ဒီစစ်ဆေးမှုမှာတော့ အထူးပြုလုပ်ထားတဲ့ အချပ်အပြားလေးတွေကို ကလေးရဲ့ ဦးရည်ပြားပေါ်မှာ ကပ်လိုက်ပါမယ်။ ပြီးရင် ဒီအချပ်လေးတွေဆီက ထွက်လာတဲ့ ဝိုင်ယာကြိုးစကို အထူးပြုလုပ်ထားတဲ့ စက်တမျိုးနဲ့ ဆက်သွယ်ပါမယ်။ ကလေးငယ်ရဲ့ ဦးနှောက်လှိုင်းတွေဟာ အဆိုပါ စက်မှာ ပေါ်လာမှာဖြစ်ပြီး လေဖြတ်ခြင်းရဲ့ လက္ခဏာတခု ဖြစ်နိုင်တဲ့ ဦးနှောက်တွင်း လျှပ်စစ်လှိုင်းများ အလွန်အကျွံလှုပ်ရှားခြင်းဆိုတဲ့ အခြေအနေကို ထောက်လှမ်းသိရှိနိုင်မှာပဲ ဖြစ်ပါတယ်။တကယ်လို့ သင့်ကလေးမှာ လေဖြတ်ဝေဒနာနဲ့ ဆင်တူတဲ့ လက္ခဏာတွေ တွေ့နေရပြီဆိုရင် အရေးပေါ်ဆေးကုသမှုကို အမြန်ဆုံးခံယူဖို့ အရေးတကြီး လိုအပ်လှပါတယ်။ ဆေးရုံရောက်တဲ့အခါ ဦးနှောက်ကို ပုံရိပ်ဖော်စစ်ဆေးခြင်း၊သွေးစစ်ခြင်းတို့ အပါအဝင် အခြားသော လိုအပ်တဲ့ စစ်ဆေးစမ်းသပ်မှုတွေကို ပြုလုပ်သွားမှာဖြစ်ပြီး လေဖြတ်ခြင်းဟုတ်မဟုတ်ကို ဆုံးဖြတ်ပေးပါလိမ့်မယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/%e1%80%b1%e1%80%99%e1%80%bc%e1%80%b8%e1%80%80%e1%80%84%e1%80%b9%e1%80%b8%e1%80%85%e1%80%94%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9%e1%80%b1/
ဆီးကျောက်တည်ခြင်းအတွက် ကုထုံးများ နဲ့ စစ်ဆေးနည်းများ
ဆီးကျောက်တည်တာက အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ အယောက် ၁၀၀ မှာ ၁၀ ယောက်ကျော်လောက် ဒီကျန်းမာရေးပြဿနာကို ခံစားကြရပါတယ်။ ဆီးကျောက်တည်တာက အရမ်းမပြင်းထန်ဘူးဆိုပေမယ့် သေချာလေး ဂရုစိုက်ဖို့တော့ လိုပါမယ်။ဒီတစ်ခေါက်တော့ ဆီးကျောက်တည်ခြင်းအတွက် တိတိကျကျ အဖြေထုတ်ပေးနိုင်မယ့်စစ်ဆေးမှုလေးတွေအကြောင်း ဗဟုသုတရအောင် ပြောပြပေးချင်ပါတယ်။ဆီးထဲမှာ ပျော်ဝင်နိုင်တဲ့သတ္တုဓာတ်တွေနဲ့ ဆားတွေ အမြောက်အမြား ပါဝင်နေပါတယ်။ ဒီပျော်ဝင်နိုင်တဲ့ သတ္တုဓာတ်တွေနဲ့ ဆားတွေက ဆီးထဲမှာ အလွန်အကျွံများလာတဲ့အခါ ကျောက်ကပ်ထဲမှာ အနည်ထိုင်ပြီး ဆီးကျောက်တည်တာ ဖြစ်လာတာပါ။ဆီးကျောက်က စဖြစ်စမှာ အရွယ်အစား သေးသေးလေးသာ ရှိပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်း ကြီးထွားလာပြီးကျောက်ကပ်ထဲက အချိုင့်လေးတွေထဲမှာ ပြည့်ပြည့်ဝဝ နေရာယူသွားတာပါ။ အချို့သော ဆီးကျောက်တွေက ကျောက်ကပ်ထဲမှာ ရှိနေပမယ့် ကျန်းမာရေးကို ထိခိုက်စေတာမျိုး မရှိသလို နာကျင်မှုကိုလည်း ခံစားရတာမျိုး မရှိပါဘူး။အချို့သောအနေအထားမှာတော့ ဆီးကျောက်တွေက ကျောက်ကပ်နဲ့ ဆီးအိမ်ကို ဆက်သွယ်ထားတဲ့ဆီးပို့ပြွန်ကနေတဆင့် ကျောက်ကပ်ဆီကနေ ဆီးအိမ်ဆီကို ရွှေ့လျားမှု လုပ်တဲ့အခါ နာကျင်မှုကို ခံစားရပါတယ်။ ဆီးကျောက်တွေက ဆီးအိမ်ထဲကို ရောက်တဲ့ ဆီးကနေတဆင့် ခန္ဓာကိုယ်ပြင်ပကို ရောက်ရှိလာပါတယ်။ တကယ်လို့ ကျောက်က ကြီးမယ်။ဆီးအိမ်ဆီကို မရောက်ဘဲ ဆီးပို့ပြွန်ထဲမှာ ညပ်နေတာမျိုး ဖြစ်မယ်ဆိုရင် ခါးနာတာ၊ ဆီးသွားတဲ့အခါ နာကျင်တာ၊ အောင့်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ဆီးကျောက်တည်တာက အရမ်းအဖြစ်မများဘူးဆိုပေမယ့် ၁၀၀ မှာ ၁၀ % လောက်တော့ ရှိတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုအဖြစ်များပါတယ်။ အတိအကျပြောပြရရင် အမျိုးသားတွေက ၁၀၀ မှာ ၁၁% လောက်ရှိပြီး အမျိုးသမီးတွေက ၁၀၀ မှာ ၉% လောက်ထိ ဖြစ်လေ့ရှိပါတယ်။သွေးတိုး၊ ဆီးချိုရောဂါ ရှိသူတွေ၊ အဝလွန်သူတွေမှာ ဆီးကျောက်တည်တာ အဖြစ်များပါတယ်။နောက်ဆက်တွဲ ကျန်းမာရေးပြဿနာအနေနဲ့ ဆီးကျောက်တည်တာကို ခံစားရတာပါ။ဆီးကျောက်တည်ရတဲ့ အကြောင်းအရင်းက တစ်ခုမက ရှိပါတယ်။ဆီးကျောက်တည်ခြင်းအတွက် ကုထုံးကတော့ ကျောက်အမျိုးအစား၊ ဖြစ်တဲ့ကြာချိန်၊ ခံစားရတဲ့ လက္ခဏာတွေပေါ် မူတည်ပါတယ်။ ကုထုံးတွေကတော့။ရေများများ သောက်ပေးတာက ဆီးကျောက်တွေကို ခွဲစိတ်စရာမလိုဘဲ ဖယ်ရှားနိုင်စေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ ရေသောက်ခိုင်းတာအပြင် ဆီးထဲမှာ အက်ဆစ်ဓာတ်နည်းစေဖို့၊ ဆီးကျောက်တွေ ထွက်ရလွယ်စေဖို့ ဆရာဝန်က သောက်ဆေးပေးတာမျိုး လုပ်ပါလိမ့်မယ်။တကယ်လို့ ဆီးကျောက်က အရမ်းကြီးနေမယ်။ ဆီးသွားလို့မရလောက်အောင်အထိ ဆီးစွန့်ပြွန်မှာ ပိတ်နေတာမျိုး ဖြစ်မယ်ဆိုရင်တော့ ခွဲစိတ်ဖယ်ရှားတာမျိုး လုပ်ဖို့ လိုပါမယ်။ သုံးလေ့ရှိတဲ့ ခွဲစိတ်နည်းတွေကတော့။ဒါကတော့ ခွဲစိတ်ဖို့ မလိုတဲ့ ကုထုံးတစ်ရပ်ပါ။ ဒီကုထုံးမှာ စွမ်းအားမြင့် အသံလှိုင်းတွေကို အသုံးပြုပြီး ကျောက်တွေကို ကြေအောင် လုပ်တာပါ။ ကြေသွားတဲ့ ကျောက်တွေက ဆီးကနေတဆင့် ခန္ဓာကိုယ် ပြင်ပကို ထွက်လာပါတယ်။ဒီကုထုံးမှာတော့ ဆီးပို့ပြွန်ကနေ တဆင့် မှန်ပြောင်းထည့်ပြီး ကျောက်တွေကို ချေဖျက်တာပါ။ ဒီနည်းကလည်း ကြီးမားတဲ့ ခွဲစိတ်မှုတွေ မလိုအပ်ပါဘူး။PCNL (Percutaneous nephrolithotomy)။ကျောက်ကပ်မှာ အရွယ်အစားကြီးတဲ့ ကျောက်တွေ တည်နေတဲ့အခါ အသင့်တော်ဆုံး ခွဲစိတ်နည်းပါ။ ခါးနေရာမှာ လက်မဝက်လောက် ခွဲကြောင်းပေးပြီး ပြွန်ကို ထည့်သွင်းကာ ကျောက်ကပ်ထဲက ကျောက်တွေကို ဖယ်ရှားပေးတာပဲ ဖြစ်ပါတယ်။ဆီးကျောက်တည်တယ်လို့ ယူဆတဲ့အခါ အရင်ဆုံး လုပ်လေ့ရှိတာက ဆေးမှတ်တမ်းကို ကြည့်ပြီး ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု လုပ်တာပါ။ ပြီးရင်တော့ လိုအပ်တဲ့ သွေးစစ်တာ၊ ဆီးစစ်တာတွေ လုပ်ရပါတယ်။ကျောက်ကို မြင်နိုင်ဖို့ ဝမ်းဗိုက်ကို ဓာတ်မှန်လည်း ရိုက်ရပါတယ်။ ဒါပေမယ့် ဆီးကျောက်တိုင်းက ဓာတ်မှန်မှာ ပေါ်ချင်မှပေါ်မှာပါ။ ဒီတော့ လိုအပ်ရင် CT scanထပ်ရိုက်ရပါတယ်။အချို့အခြေအနေတွေမှာတော့ သွေးထဲကို ဆိုးဆေးတစ်မျိုးထိုးသွင်းပြီး ဆီးလမ်းကြောင်းစနစ်ကို ပုံရိပ်ဖော်ရယူတဲ့ အထူးဓာတ်မှန် အမျိုးအစား တစ်မျိုးဖြစ်တဲ့ intravenous pyelogram or lVP ရိုက်ယူရတာမျိုးရှိပါတယ်။ဆီးကျောက်တည်ခြင်းအတွက် ကုထုံးများ နဲ့ စစ်ဆေးနည်းများ ကို သေသေချာချာ သိလောက်ပြီ ထင်ပါတယ်။ ဆီးကျောက်တည်တာကို အကောင်းဆုံး ကာကွယ်ကြဖို့လည်း တိုက်တွန်းအကြံပြုလိုက်ပါရစေ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/urinary-track-stones/kidney-stones-diagnosis-and-treatment/
Epididymitis And Epididymo-Orchitis (သုက်ပို့ပြွန်ရောင်ခြင်း နဲ့ သုက်ပို့ပြွန်နှင့်အတူဝှေးစေ့ရောင်ခြင်း)
သုက်ပို့ပြွန်ဆိုသည်မှာ ဝှေးစေ့များမှ ဆီးစွန့်ပြွန်ဆီသို့ သုက်ကောင်များကို သယ်ဆောင်ပေးသော ပြွန်ဖြစ်ပြီး ဝှေးစေ့ အနောက်တွင် ရှိသည်။ သုက်ပို့ပြွန်ရောင်ခြင်းသည် ရောဂါပိုး ကူးစက်ခြင်း သို့မဟုတ် အခြား အခြေအနေများကြောင့် သုတ် ပို့ပြွန် ရောင်သော အခြေအနေတစ်ခု ဖြစ်သည်။သုက်ပို့ပြွန်ရောင်ခြင်းသည် ဘတ်တီးရီးယား ကူးစက်ခြင်း သို့မဟုတ် လိင်မှတစ်ဆင့် ရောဂါပိုးကူးစက်မှု ကြောင့် အများ ဆုံး ဖြစ်ပွားပါသည်။ ဝှေးစေ့ကိုပါ ကူးစက်ခံရပြီး ၎င်းကို သုက်ပို့ပြွန် နှင့်အတူ ဝှေးစေ့ရောင်ခြင်း ဟုခေါ်သည်။သုက်ပို့ပြွန်ရောင်ခြင်းသည် အမျိုးသားများတွင် အလွန် အဖြစ်များပါသည်။ ၎င်းသည် အသက် ၁၉-၃၅ နှစ်တွင် အဖြစ် များပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချ ခြင်းဖြင့် ရောဂါကိုထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။သုက်ပို့ပြွန်ရောင်ခြင်း၏ အဖြစ်များသော ရောဂါလက္ခဏာ များမှာ။ သုက်ပို့ပြွန်ရောင်ရမ်းခြင်း၊ နာကျင်ခြင်း။ အဖျားငွေ့ငွေ့ရှိခြင်း။ ချမ်းတုန်ခြင်း။ မကြာခဏ ဆီးသွားရခြင်း၊ ဆီးသွားရာတွင် နာကျင် ခြင်း။ လိင်တံမှ အချွဲကျိများထွက်ခြင်း။ ဝှေးစေ့တွင် နာကျင်ခြင်း။ လိင်ဆက်ဆံရာတွင် နာကျင်ခြင်း။ သုက်ရည်တွင် သွေးပါခြင်း။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။ကပ်ပယ်အိတ်တွင် နာကျင်၊ရောင်ရမ်းခြင်း သို့မဟုတ် အထက်တွင် ဖော်ပြထားသော ရောဂါလက္ခဏာ တစ်ခုခုရှိ သည်ဟု သတိပြုမိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန် ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။သုက်ပို့ပြွန်ရောင်ခြင်း ကိုဖြစ်စေသော အကြောင်းရင်းများ သည် အသက်အရွယ် နှင့် နေထိုင်မှု ပုံစံ အပေါ် မူတည်ပါသည်။ ဖြစ်စေသော အကြောင်းရင်းများမှာ။• လိင်မှတစ်ဆင့် ရောဂါပိုးကူးစက်ခြင်း။ သုက်ပို့ပြွန် ရောင်ခြင်း၏ အဓိကဖြစ်စေသော အကြောင်းရင်းမှာ ဆီးပူညောင်းကျရောဂါနှင့် ကလက်မိုင်ဒီယား ဖြစ်ပါသည်။• ရောဂါပိုးကူးစက်မှု။ လိင်မှမဟုတ်သော အခြားရောဂါ ပိုး ကူးစက်မှုများသည်လည်း သုက်ပို့ပြွန်ရောင်ခြင်း ကို ဖြစ်စေနိုင်သည်။ ဆီးလမ်းကြောင်းနှင့် အဖိုသုက်ရည် ဂလန်း ရောဂါပိုးကူးစက်မှုရှိပါက ဘတ်တီးရီးယား သည် သုက်ပို့ပြွန်အတွင်းသို့ ရောက်နိုင်သည်။• Amiodarone (Pacerone) ဟူသော နှလုံးဆေးသည် သုက်ပို့ပြွန်ရောင်ခြင်းကို ဖြစ်စေသည်။• လေးလံသောအရာများမခြင်း သို့မဟုတ် အားစိုက် ထုတ်ခြင်း တို့ကြောင့် ဆီးစီးဆင်းမှု နောက်ပြန်ဖြစ်ကာ သုက်ပို့ပြွန်အတွင်း ဆီးဝင်နိုင်သည်။ (ဓါတုပစ္စည်း ကြောင့် သုက်ပို့ပြွန်ရောင်ခြင်း)။• ပေါင်ခြံတွင် ဒဏ်ရာရခြင်းသည်လည်း ထိခိုက်မှုကို ဖြစ်စေနိုင်သည်။•တီဘီ ကူးစက်မှု။ သို့သော် ရှားပါးပါသည်။သုက်ပို့ပြွန်ရောင်ခြင်းဖြစ်နိုင်ချေကို မြင့်စေသော အချက် များစွာရှိပါသည်။ ၎င်းတို့မှာ။• လိင်တံထိပ်ဖုံး အရေပြားအား မဖြတ်ထားခြင်း။• ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံပါက သို့မဟုတ် သင်၏ ကြင်ဖော်တွင် လိင်မှကူးစက်သောရောဂါ ရှိခြင်း။• သင့်တွင် တီဘီရောဂါ ရှိခြင်း။• ဆီးလမ်းကြောင်းနှင့်ဆိုင်သော ပြဿနာရှိခြင်း။• ဆီးလမ်းကြောင်းတွင် ခွဲစိတ်မှုရှိပါက သို့မဟုတ် ပေါင် ခြံတွင် ထိခိုက်ဒဏ်ရာရှိခြင်း။• ဆီးပိုက်ထည့်ထားရခြင်း။• Amiodarone ဆေးသောက်နေရခြင်း။• ဆီးကျိတ် ကြီးခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် ဝှေးစေ့ နှင့် ပေါင်ခြံနေရာကို စစ်ဆေးခြင်း လုပ်ပါမည်။ လိင်တံမှ အချွဲကျိများထွက်ခြင်းစသော ပုံမှန်မ ဟုတ်သော ပြောင်းလဲမှုများကိုလည်း စစ်ဆေးပါမည်။ အချွဲကျိ နမူနာကိုယူ၍ လိင်မှတစ်ဆင့် ရောဂါပိုးကူးစက်မှုအတွက် စစ်ဆေးနိုင်သည်။သုက်ပို့ပြွန်ရောင်ခြင်းကို အောက်ပါစစ်ဆေးမှုများဖြင့် အဖြေရှာ အတည်ပြုနိုင်ပါသည်။• ဆီးနှင့် သွေးစစ်ခြင်း။ နမူနာကို ရယူပြီး ပုံမှန်မဟုတ် သည်များကို ရှာဖွေစစ်ဆေးပါသည်။• အာထရာဆောင်း ရိုက်ခြင်း။ ဤပုံရိပ်ဖော်သော စစ်ဆေးမှု သည် ဝှေးစေ့လိမ်နေသော အခြေအနေ နှင့် အခြား အခြေအနေများကို ဖော်ထုတ် ပြသနိုင်သည်။ ဤစစ်ဆေးမှုများသည် ဆရာဝန်အား သင့်ခန္ဓါကိုယ် အစိတ်အပိုင်းများကို ရှင်းလင်းစွာ မြင်အောင် ကူညီပေးပြီး တိကျသော ဖြစ်စေသည့် အကြောင်းရင်းများကို ဖော်ထုတ်ပေးနိုင် သည်။သုက်ပို့ပြွန်ရောင်ခြင်းကို ဆေးသောက်ခြင်းဖြင့်ကုသနိုင် သည်။ ဆေးသည် ဘက်တီးရီးယားအား သတ်ကာ ဖြစ်ပွား စေသော အရင်းခံအကြောင်းရင်းကို ထိန်းချုပ်ပေးနိုင်သည်။ အသုံးများသော ဆေးအချို့မှာ-။• ပဋိဇီဝဆေးများ။• အနာ သက်သာသည့်ဆေးများ။• အရောင်ကျဆေးများ။သုက်ပို့ပြွန်ကို ဖယ်ရှားရန် လိုအပ်ပါက သို့မဟုတ် အခြားအရင်းခံ ရောဂါများကို ဖယ်ရှားကုသဖို့ လိုအပ်ပါက ခွဲစိတ်ကုသမှုကို ပြုလုပ်နိုင်သည်။လူနေမှုပုံစံ ပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် သုက်ပို့ပြွန်ရောင်ခြင်း နှင့် သုက်ပို့ပြွန်နှင့်ဆက်စပ်သော ဝှေးစေ့ရောင်ခြင်း ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် သုက်ပို့ပြွန်ရောင်ခြင်း နှင့် သုက်ပို့ပြွန်နှင့်အတူ ဝှေးစေ့ရောင်ခြင်း ကို ထိန်းချုပ်နိုင်ပါသည်။• လုံလောက်စွာ အိပ်စက်အနားယူပါ။• ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန် အခြားလူများ နှင့် လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ပါ။• လေးလံသော ပစ္စည်းများ မခြင်းကို ရှောင်ကြဉ်ပါ။• ပြင်းထန်စွာ သော အားကစားနည်းများ ကစားပါက အကာအကွယ်ပစ္စည်းများ ဝတ်ဆင်ပါ။• သက်တောင့်သက်သာ ရှိရှိထိုင်၍ ကပ်ပယ်အိတ်ကို မြှင့်မြှင့် ထားပါ။ ရောင်ရမ်းခြင်း သက်သာ စေရန် ရေခဲအိတ်ကပ်ပါ။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/epididymitis-and-epididymo-orchitis-%e1%80%9e%e1%80%af%e1%80%80%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%95%e1%80%bc%e1%80%bd%e1%80%94%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/
ခံတွင်းအနံ့ဆိုးခြင်းကိုဘယ်လိုကုသမလဲ။
အိပ်ပျော်သွားချိန်မှာ ဘက်တီးရီးယားပိုးမွှားများ ခံတွင်းအတွင်းပေါက်ပွားခြင်းကြောင့် အိပ်ရာနိုးလာတဲ့အချိန် ခံတွင်းအနံ့ဆိုးတတ်ပါတယ်။ မြောက်များစွာသောအကြောင်းအရာများ (ဥပမာ-အကျင့်ဆိုး (သို့) အစားအသောက်) ဟာခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်ပွားစေပါတယ်။ သို့ပေမယ့် ဒီခံတွင်းအနံ့ဆိုးခြင်းကို ပျောက်ကင်းဖို့နဲ့ ထပ်မဖြစ်အောင် ကာကွယ်ဖို့နည်းလမ်းအသွယ်သွယ် ရှိပါတယ်။ယေဘုယျအားဖြင့် ခံတွင်းသန့်ရှင်းခြင်းဟာ ခံတွင်းအနံ့ဆိုးခြင်းကို ကာကွယ်ပေးနိုင်တဲ့ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။ မိမိတို့ရဲ့ နေ့စဉ်ဆောင်တာတွေထဲမှာ။မှန်ကန်သောသွားတိုက်နည်းပုံစံ။ခံတွင်းအနံ့ဆိုးခြင်းကို ပျောက်ကင်းစေနိုင်တဲ့ အချို့သော အစားအစာများကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ခံတွင်းသန့်ရှင်းမှုရှိ/မရှိနှင့် အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါရှိ/မရှိခြင်းဟာ ခံတွင်းအနံ့ဆိုးစေတဲ့အဓိကအကြောင်းအရင်း (၂) ခု ဖြစ်ပါတယ်။ ဒါကြောင့် ခံတွင်းရနံ့သင်းပျံ့နေစေဖို့အတွက် သွားကိုသေသေချာချာတိုက်ပြီး ကျန်းမာရေးနှင့်ညီညွတ်ပြီး သင့်တင့်လျောက်ပတ်တဲ့ နေထိုင်စားသောက်မှုပုံစံကိုလိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။ ခံတွင်းရနံ့သင်းပျံစေရန် အချို့သော ကောင်းမွန်တဲ့အလေ့အကျင့်တွေကတော့ သကြားမပါသော ပီကေများဝါးခြင်းနှင့် ရေများများသောက်ခြင်းတို့ ဖြစ်ပါတယ်။ ဒါပေမယ့် သွားဖုံးရောဂါရှိခြင်းဟာခံတွင်းအနံ့ဆိုးခြင်းရဲ့တခြားသောအကြောင်းအရာဖြစ်တဲ့အတွက် သင့်ရဲ့ဆရာဝန်နှင့်မှန်မှန်ပြသဆွေးနွေးရမှာ ဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/%e1%80%81%e1%80%b6%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%a1%e1%80%94%e1%80%b6%e1%82%94%e1%80%86%e1%80%ad%e1%80%af%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ad/
Eye injury (မျက်လုံးထိခိုက်ခြင်း)
မျက်လုံးထိခိုက်ခြင်းဟာ မျက်လုံးထဲဆပ်ပြာဝင်သလို အသေးမွှားကနေစပြီး မျက်လုံးကန်းခြင်းလိုမျိုး အကြီးစားထိခိုက်မှုတွေအထိရှိတတ်ပါတယ်။ ထိုထိခိုက်မှုတွေဟာ အလုပ်၊ကျောင်း၊ မတော်တဆမှုတွေနဲ့ အားကစားပြုလုပ်ခြင်းတို့မှ ရရှိတတ်ပါတယ်။မျက်လုံးထိခိုက်မှုတွေဟာ အသက်အရွယ်မရွေး တော်တော်လေးအဖြစ်များပါတယ်။ မိန်းမတွေမှာ ပိုအဖြစ်များပါတယ်။ အန္တရာယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းအားဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။အတွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။အခြေအနေအများစုမှာတော့ ဆက်တိုက်နာကျင်ခြင်း၊ မျက်လုံးပုံစံမမှန်ခြင်းနဲ့ သွေးထွက်ခြင်းတို့ကို ခံစားရမှာပါ။ မျက်လုံးဆရာဝန်နဲ့ ပြဖို့အဆင်ပြေရင် သူနဲ့ပြပြီး အဆင်မပြေရင် အရေးပေါ်ဌာမှာမှာ ပြသပေးဖို့လိုအပ်ပါတယ်။ဓါတုပစ္စည်းများဖြင့်ထိတွေ့မိခြင်း။ နည်းမျိုးစုံနဲ့ ဖြစ်နိုင်ပေမယ့် အဓိကကတော့ အရည်တွေမျက်လုံးထဲဝင်လို့ပါပဲ။ ဆပ်ပြာ၊ နေလောင်ခံလိမ်းဆေးနဲ့ မျက်ရည်ယိုဓါတ်ငွေ့တွေလိုမျိုူ ဓါတုပစ္စည်းများစွာကတော့ မျက်လုံးကို နေမထိထိုင်မသာဖြစ်စေရုံမျှသာ သက်ရောက်ပြီး ထိခိုက်မှုကြီးကြီးမားမားမရှိစေပါဘူး။ ဒါပေမယ့်လည်း အက်စစ်တွေနဲ့ အယ်ကာလီတွေကတော့ မျက်လုံးမျက်နှာပြင်ကို ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးစေနိုင်ပါတယ်။ကားဘက်ထရီမှာတွေ့ရတဲ့ ဆာဖျူရစ်အက်စစ်တွေနဲ့ ရေပိုက်သန့်ဆေး၊ အမိုးနီးယားတို့မှာရှိတဲ့ အယ်ကာလီတွေဟာ မျက်လုံးထဲသို့ ဝင်ရောက်နိုင်ပါတယ်။ဓါတုပစ္စည်းတွေနဲ့ အလုပ်လုပ်နေတဲ့အချိန်မှာ လက်နဲ့မျက်လုံးကိုပွတ်မိရာကနေတစ်ဆင့်ဝင်ရောက်နိုင်ပါတယ်။ဇာတိပ္ဖိုလ်ပွင့်၊ မျက်ရည်ယိုဓါတ်ငွေ့၊ ငရုတ်ကောင်းစပရေးနဲ့ ဆံပင်ဖြန်းဆေးတို့လိုမျိုးဓါတုပစ္စည်းတွေဆိုရင် လေကနေတစ်ဆင့်ဝင်ရောက်နိုင်ပါတယ်။မျက်လွှာအောက်သွေးယိုခြင်း။ ထိုအခြေအနေဟာ မျက်ဖြူသားအောက်မှာ သွေးတွေစုပုံနေတာကို ခေါ်တာပါ။ မျက်ဖြူသားကို ကွန်ဂျက်တိုင်ဗာလို့ခေါ်တဲ့ သွေးကြောမြှင်များနှင့်ဖွဲ့စည်းထားပြီး အလင်းဖောက်သာ အလွှာပါးလေးနဲ့အုပ်ထားပါတယ်။ မျက်လွှာအောက်သွေးယိုစိမ့်ခြင်းဆိုတာ မျက်လုံးထိခိုက်မှုတွေနဲ့ တွဲလာတတ်ပါတယ်။ သူ့အလိုလိုလည်းဖြစ်တတ်ပါတယ်။ သွေးယိုစိမ့်မှုအနည်းအများက အခြေအနေပြင်းထန်မှုနဲ့ မဆက်နွယ်နေပါဘူး။မျက်ကြည်လွှာစုတ်ပြဲခြင်း။ မျက်ကြည်လွှာဆိုတာ သူငယ်အိမ်နဲ့ မျက်ဝန်းအရှေ့မှာရှိတဲ့ အလင်ဖောက်တစ်ရှုးတစ်ခုပါ။ ခြစ်မိခြင်းနဲ့ ထိမိခိုက်မိခြင်းတို့ကြောင့် စုတ်ပြဲနိုင်ပါတယ်။ မျက်ကြည်လွှာစုတ်ပြဲတဲ့လူတွေမှာ အရုပ်၊ သတ္ထုပစ္စည်း၊ လက်သည်းနဲ့ သစ်ကိုင်းစတို့ထိုးမိခြင်းနှင့် မျက်ကပ်မှန်ကြာရှည်စွာ ဝတ်ထားမိခြင်းတို့ ကြုံတွေ့ခဲ့ရတယ်လို့ သိရှိရပါတယ်။ထိခိုက်မှုကြောင့် သူငယ်အိမ်ကြွက်သားရောင်ရမ်းခြင်း။ မျက်ကြည်လွှာစုတ်ပြဲစေတဲ့ ဖြစ်ပုံဖြစ်နည်းတွေကြောင့်ပါပဲ။ မတူတာကတော့ လက်သီး၊ တုတ်နဲ့ ကားလေအိတ်တို့လိုမျိုး ပိုတုံးတဲ့အရာတွေကြောင့် ပိုဖြစ်ရတာပါ။ မျက်ဝန်းရဲ့ အရောင်ဟာ သူငယ်အိမ်ကြွက်သားကြောင့် ဖြစ်ရတာပါ။ သူငယ်အိမ်ကနေတစ်ဆင့် ဖြတ်ဝင်တဲ့ အလင်းပမာဏကို ကန့်သတ်ပေးမယ့် ကြွက်သားပါရှိပါတယ်။ အိုက်ရိုက်တစ် (Iritis) ဆိုတာ သူငယ်အိမ်ကြွက်သားရောင်တာပါပဲ။မျက်ရိုးကျိးခြင်းနှင့် ဟိုင်ဖီးမား။ ထိုအခြေအနေတွေဟာ မျက်လုံးနဲ့ မျက်လုံးတစ်ဝိုက်ကို တုံးတဲ့အရာတွေနဲ့ ထိမိခိုက်မိလို့ဖြစ်လာရတာပါ။ ဥပမာတွေပြောရမယ်ဆိုရင် မျက်နှာကို ဘေ့စ်ဘောလ်၊ ရက်ကက်ဘောလ်၊ စကွက်ဘောလ်နှင့် ပုလင်းဖော့စို့မှန်ခြင်း၊ လက်သီးနဲ့အထိုးခံရခြင်နဲ့ အကန်ခံရခြင်းတို့ပဲဖြစ်ပါတယ်။ဟိုင်ဖီမားဆိုတာ မျက်လုံးအရှေ့ဘက်နေရာအလွတ်လေးမှာ သွေးထွက်ခြင်းကို ခေါ်တာပါ။ မျက်ကြည်လွှာနဲ့ မျက်ဝန်းအကြားမှာ တည်ရှိပါတယ်။ အဲဒီနေရာလွတ်လေးကို ပုံမှန်အားဖြင့်တော့ Aqueous fluid လိုခေါ်တဲ့ အရည်ကြည်လေးနဲ့ ဖြည့်ထားပါတယ်။မျက်ရိုးကျိုးတယ်ဆိုတာ မျက်လုံးပတ်ပတ်လည်ရှိ မျက်နှာအရိုးများ ကျိုးပဲ့ခြင်းကို ခေါ်တာပါ။ မျက်လုံးအောက်ခြေမှာ ကြမ်းပြင်သဖွယ်ရှိနေပြီး မျက်လုံးကို ထောက်ပံ့ပေးထားတဲ့ အရိုးပါးပါးလေးမှာ ကျိုးတာပါ။မျက်ခွံ ဒါမှမဟုတ် မျက်ဖြူလွှာပျက်စီးခြင်း။ ပြုတ်ကျခြင်းကြောင့် ဖြစ်နိုင်သလို ချွတ်ထက်တဲ့ပစ္စည်းတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။မျက်ကြည်လွှာနှင့်မျက်ဖြူလွှာပျက်စီးခြင်း။ သတ္ထုပစ္စည်းတွေ ဒါမှမဟုတ် ဖန်နဲ့ပြုလုပ်ထားတဲ့ ချွန်ထက်တဲ့ပစ္စည်းတွေနဲ့ ထိခိုက်မိခြင်းကြောင်းဖြစ်တတ်ပြီး အလွန်ဆိုးရွားတတ်ပါတယ်။မျက်လုံးအတွင်းသို့ပြင်ပစ္စည်းများဝင်ရောက်ခြင်း။ ယေဘုယျအားဖြင့် သတ္ထု၊သစ်သားနဲ့ ပလတ်စတစ်စသေးသေးလေးတွေပဲဖြစ်ပါတယ်။မျက်ကြည်လွှာမှာဆိုရင်တော့ အဲဒီနေရာမှာပဲရှိနေပြီး သူ့ဘာသာသူတော့ ဘယ်နေရာကိုမှ ဖောက်ဝင်မသွားပါဘူး။ သတ္ထုပစ္စည်းတွေဆိုရင်တော့ သံချေးအစွန်းတွေပေါ်နေပါလိမ့်မယ်။ ကုသမှုလိုအပ်ပါတယ်။မျက်ရိုးအတွင်းပြပစ္စည်းတွေဝင်ရောက်မယ်ဆိုရင်တော့ မျိုးရိုးအခွက်ထဲမှာပဲရှိပြီး မျက်လုံးကိုဖောက်မှာမဟုတ်ပါဘူး။မျက်လုံးအတွင်းသို့ ဝင်ရလောက်အောင် ဒဏ်ရာရမယ်ဆိုရင်လည်း အပြင်ဘက်နံရံတွင်သာဖြစ်ပြီး မျက်လုံးအတွင်းသို့ သူ့ဘာသာ ဝင်ရောက်မှာမဟုတ်ပါဘူး။ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်လုံးအပေါ်လွှာရောင်ရမ်းခြင်း။ အဖြစ်များသော အလင်းကြောင့်မျက်လုံးဒဏ်ရာရခြင်းဖြစ်ပြီး မျက်ကြည်လွှာနေလောင်ခြင်းလို့လည်း သတ်မှတ်နိုင်ပါတယ်။ အဓိကအကြောင်းအရင်းတွေကတော့ ဂဟေဆော်ခြင်း၊ နေပူစာလှုံခြင်း၊ အဓိကအမြင့်နေရာတွေမှာ နှင်း၊ ရေနဲ့ အခြားအလင်းပြန်ပစ္စည်းတွေမှာ အလင်ပြန်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။ အမြင့်နေရာတွေမှာ ခရမ်းလွန်ရောင်ခြည်တွေ ပိုပြင်းထန်ပါတယ်။နေရောင်ကြောင့်မြင်လွှာထိခိုက်ခြင်း။ နေကိုစိုက်ကြည့်ခြင်းအားဖြင့် မြင်လွှာအလယ်ဗဟိုမှာ ထိခိုက်မှုရရှိနိုင်ပါတယ်။ အကြောင်းအရင်းကတော့ နေကြတ်တာကိုကြည့်ခြင်း ဒါမှမဟုတ် ဆေးကြောင်ပြီး နေကိုအချိန်ကြာကြာစိုက်ကြည့်ခြင်းတို့ပဲဖြစ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ကျန်းမာရေးအခြေအနေတွေနဲ့အတူ ဆေးမှတ်တမ်းတွေလည်းအရေးကြီးပါတယ်။ ထိခိုက်အနာတရဘယ်လိုရလည်းဆိုတာက ဆရာဝန်ကို စစ်ဆေးမှုတွေမှာ ဘယ်အပိုင်းမှာ အာရုံစိုက်ရမယ်ဆိုတာ ကူညီပေးနိုင်ပါတယ်။ လူနာရဲ့ အမြင်ပိုင်းကိုစစ်ဆေးမှာဖြစ်တဲ့အတွက်ကြောင့် မျက်မှန်ယူဆောင်လာသင့်ပါတယ်။ လူနာဘယ်လောက်ထိအကောင်းဆုံးမြင်နိုင်တယ်ဆိုတာအပေါ်မှာ စိတ်ဝင်စားတာဖြစ်ပါတယ်။မျက်ကြည်လွှာကို ထိခိုက်မှုရှိမရှိအား မျက်ရည်စိုစွတ်တဲ့နေရာကို အထူးပြုလုပ်ထားတဲ့ ဆိုးဆေးထည့်ခြင်းဖြင့် စစ်ဆေးပါလိမ့်မယ်။ ထိုဆိုးဆေးကိုတော့ Fluorescein လို့ခေါ်ပြီး မျက်ကြည်လွှာရဲ့ ထိခိုက်မိတဲ့နေရာကို စွန်းထင်းသွားမှာဖြစ်ပါတယ်။ အပြာရောင်အလင်းနဲ့ထိုးလိုက်မယ်ဆိုရင် စုတ်ပြဲနေတဲ့ မျက်ကြည်လွှာအပိုင်းဟာ အစိမ်းရောင်တောက်လာပါလိမ့်မယ်။များသောအားဖြင့် Slit Lamp လိုခေါ်တဲ့ ပစ္စည်းကို အသုံးပြုလေ့ရှိပါတယ်။ ထိုပစ္စည်းဟာ မျက်လုံးကို အလင်းထိုးပြီး ပုံကြီးချဲ့ပေးတဲ့ အရာပါ။ ဓါတ်မှန်ရိုက်တာကိုတော့ သုံးတာရှားပါတယ်။ မျက်ရိုးကျိုးခြင်း၊ မျက်လုံးအတွင်းပိုင်းထိခိုက်မှုနဲ့ မျက်လုံးအတွင်း ပြင်ပစ္စည်းဝင်ရောက်ခြင်းတွေဆိုရင်တော့ အသုံးပြုပါလိမ့်မယ်။ မျက်ကြည်လွှာသို့ ပြင်ပပစ္စည်းဝင်ရောင်မယ်ဆိုရင်တော့ ဓါတ်မှန်ရိုက်ဖို့ လိုမှာမဟုတ်ပါဘူး။အသေးစားထိခိုက်မှုတွေကိုတော့ မိသားစုဆရာဝန် ဒါမှမဟုတ် အရေးပေါ်ဌာနကဆရာဝန်ဖြင့် ကုသပျောက်ကင်းနိုင်ပါတယ်။ အရမ်းဆိုးရွားတဲ့ ထိခိုက်မှုတွေဆိုရင်တော့ မျက်စိဆရာဝန်ဖြင့် ပြသမှရပါလိမ့်မယ်။ မျက်စိဆရာဝန်တွေကို Ophthalmologist လို့ခေါ်ပါတယ်။ အချို့လူနာတွေကတော့ ပလတ်စတစ်ဆာဂျူရီ ခွဲစိတ်ဆရာဝန်တွေနဲ့ ဆေးနွေးတိုင်ပင်ဖို့လိုပါတယ်။မျက်လုံးထိခိုက်မှုတွေကို ရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက အောက်ပါအတိုင်းပဲဖြစ်ပါတယ်။မျက်လုံးထိခိုက်မှုအသေးစားတော်တော်များများကို အိမ်မှာပဲကုသပျောက်ကင်းနိုင်ပါတယ်။မျက်ခွံမှာ ပြတ်ရာရှရာတွေရှိနေမယ်ဆိုရင် ပိုးတတ်ထားတဲ့အဝတ် ဒါမှမဟုတ် ပတ်တီးစီးပေးထားပါ။ ပိုးသတ်ထားတဲ့ပတ်တီးမရှိဘူးဆိုရင် အဝတ်သန့်သန့်လေးပတ်ပေးထားပါ။ အမွှေးဖွာတဲ့ဂွမ်းတွေ၊ အဝတ်တွေမသုံးပါနှင့်။ မျက်လုံးမှာ လာကပ်နေတတ်ပါတယ်။ ပတ်တီးကို သန့်ရှင်းခြောက်သွေ့နေပါစေ။မျက်လုံးတစ်ဝိုက်ရောင်ရမ်းတာကို လျော့ချဖို့ ထိခိုက်ဒဏ်ရာရပြီး ၄၈နာရီအတွင်းမှာ ရေခဲအိတ်ကို တစ်နေ့ကို ၃ခေါက် ဒါမှမဟုတ် ၄ခေါက်လောက် ၁၅မိနစ်ခန့်ကပ်ပေးပါ။ မြန်မြန်ကပ်လေ အရောင်ပိုကျလေပါပဲ။ အရောင်ကျသွားပြီဆိုရင်တော့ အနာသက်သာစေဖို့ အပူပြန်ကပ်ပေးပါ။ဓါတုပစ္စည်းပါတဲ့ ရေခဲအိတ်တွေကို အသုံးမပြုပါနှင့်။ ဓါတုပစ္စည်းတွေ ယိုစိမ့်ထွက်နေမယ်ဆိုရင် မျက်လုံးထိခိုက်နိုင်ပါတယ်။ အသားစိမ်းငါးစိမ်းတွေကိုလည်း အသုံးမပြုပါနှင့်။အရောင်ကျစေဖို့ ခေါင်းကို မြှင့်ထားပေးပါ။ အစီတာမီနိုဖန်၊ အိုင်ဗျူပရိုဖန်နဲ့ အက်စပရင်လိုမျိုး ဆေးဆိုင်းတိုင်းမှာ ဆရာဝန်ညွှန်ကြားချက်မပါဘဲ အလွယ်တကူဝယ်ယူရရှိနိုင်သော အနာသက်သာစေသည့်ဆေးဝါးများ အသုံးပြုနိုင်ပါတယ်။သိချင်တာတွေရှိနေမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက်ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-diseases/eye-injury-%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ကျောက်ကပ် မှာ အဖြစ်များတဲ့ ရောဂါများ
ကျောက်ကပ်ဆိုတာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အင်္ဂါရပ်ပါ။ လူအများသိထားကြတဲ့ ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန့်ထုတ်ပေးတာအပြင်  သွေးနီဥထုတ်လုပ်တာ၊ ဗီတာမင်ဒီထုတ်လုပ်တာ၊ သွေးဖိအားကို ထိန်းချုပ်တဲ့ ဟော်မုန်းတွေ ထုတ်တာကိုလည်း လုပ်ပေးပါတယ်။ ဒါကြောင့် ကျောက်ကပ်လေး ရောဂါကင်းပြီး ကျန်းမာနေဖို့ အရေးကြီးပါတယ်။ ကျောက်ကပ်ပျက်စီးသွားရင် အညစ်အကြေးတွေ မစွန့်နိုင်ရုံသာမကဘဲ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ အများကြီး ဖြစ်လာနိုင်လို့ပါ။နာတာရှည်ကျောက်ကပ်ရောဂါက ကျောက်ကပ်ရောဂါတွေထဲမှာ အဖြစ်အများဆုံးပါ။ သွေးတိုးတာကြောင့် ဖြစ်တာ များပါတယ်။ သွေးတိုးတဲ့အခါ ကျောက်ကပ်ထဲက သွေးကြောလေးတွေပါ ဖိအားများပြီး ပျက်စီးလာပါတယ်။ ဒါကြောင့် ကျောက်ကပ်က ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့ပါဘူး။ဒီလိုမျိုး ပြန်မကောင်းနိုင်လောက်အောင် ပျက်စီးသွားပြီဆိုရင် ကျောက်ကပ်ဆေးရပါတယ်။ ဒါပေမယ့် ကျောက်ကပ်ဆေးတာက ကျောက်ကပ်ရဲ့ အလုပ်ကို ကူလုပ်ပေးနေတာပဲဖြစ်ပြီး ပျက်စီးနေတဲ့ ကျောက်ကပ်ကို ပြုပြင်ပေးနေတာ မဟုတ်ပါဘူး။ လိုအပ်လာမယ်ဆိုရင်တော့ ကျောက်ကပ်အစားထိုးတဲ့ အဆင့်အထိ  သွားရနိုင်ပါတယ်။နောက်ထပ် နာတာရှည်ကျောက်ကပ်ရောဂါကို ဖြစ်စေတဲ့ အချက်တစ်ချက်ကတော့ ဆီးချိုပဲ ဖြစ်ပါတယ်။ သွေးထဲမှာ သကြားဓာတ်တွေ များလာတာနဲ့အမျှ ဆီးထဲမှာပါ လိုက်များလာပြီး ကျောက်ကပ်သွေးကြောတွေပါ ပျက်စီးလာပါတယ်။ ဒီလိုနဲ့ ကျောက်ကပ်က သူ့အလုပ်ဖြစ်တဲ့ အညစ်အကြေးတွေ သန့်စင်တာကို သေချာမလုပ်နိုင်ဘဲ ကိုယ်ထဲမှာ အဆိပ်အတောက်တွေ စုစည်းလာပါတယ်။ကျောက်တည်ရတဲ့ အကြောင်းအရင်းကတော့ သွေးထဲမှာရှိတဲ့ သတ္တုဓာတ်တွေ ဆီးထဲမှာ အနည်အနှစ်ကျပြီး ကျောက်ဖြစ်လာလို့ပါ။ ဒီလို ကျောက်တည်လာရာကနေ ကျောက်စလေးတွေ ဆီးပို့ပြွန်တစ်လျှောက် ဆင်းလာတဲ့အခါ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရပါတယ်။အတိအကျပြောရရင် ကျောက်ကပ်ထဲက အညစ်အကြေးတွေကို စစ်ပေးတဲ့ နေရာလေးတွေ ရောင်တာပါ။ ရောဂါပိုးတွေ၊ ဆေးဝါးတွေ၊ မွေးရာပါရောဂါတွေကြောင့် ဖြစ်တတ်ပါတယ်။ များသောအားဖြင့် သူ့အလိုလို ကောင်းသွားပေမယ့် ခဏခဏ ဖြစ်နေမယ်ဆိုရင် ကုသမှု ခံယူရမှာပါ။Pokycystic kidney disease လို့ ခေါ်ပြီး ကျောက်ကပ်ထဲမှာ အရည်အိတ်တွေ တည်နေတာမျိုးပါ။ မျိုးဗီဇရောဂါပါ။ သာမန်အရည်အိတ်လေး တစ်လုံး၊ နှစ်လုံးတည်တာတဲ့ မတူပါဘူး။ ဒီအရည်အိတ်တွေကြောင့် ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်နိုင်ပြီး ကျောက်ကပ်ပျက်စီးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ကျောက်ကပ်ပြည်တည်တာက ဆီးပိုးဝင်ရာကနေ အဖြစ်များပါတယ်။ အထူးသဖြင့် ဆီးလမ်းကြောင်းနဲ့ ဆီးအိမ်ပါ။ များသောအားဖြင့်တော့ အလွယ်တကူကုသလို့ရပါတယ်။ ခဏခဏ ဖြစ်မယ်။ သေချာမကုသဘူးဆိုရင်တော့ ကျောက်ကပ်အထိ ပိုးတွေ ပြန့်ပြီး ကျောက်ကပ်ပြည်တည်တတ်ပါတယ်။ကျောက်ကပ်ရောဂါတွေက အများအားဖြင့် လက္ခဏာမပြတာ များပါတယ်။ လက္ခဏာပြတဲ့အခါမှာလည်း ရောဂါက ရင့်နေပါပြီ။ အောက်ကလက္ခဏာတွေ မကြာမကြာ ခံစားနေရရင်တော့ သတိထားသင့်ပါတယ်။ဒီထက်ပိုဆိုးလာလို့ ကျောက်ကပ်ပျက်တဲ့ အဆင့်ထိရောက်လာပြီဆိုရင်တော့။အဖြစ်အများဆုံးကတော့ဆီးချိုရောဂါရှိတဲ့သူတွေပါ။ ဆီးချိုကို ကောင်းကောင်းမထိန်းနိုင်လေလေ ကျောက်ကပ်ထိဖို့ အခွင့်အရေးများလေလေပါပဲ။ ဒါ့ပြင်။ကျောက်ကပ် ရောဂါကို စစ်ဆေးတဲ့အခါ လူနာအခြေအနေ၊ ရောဂါအခြေအနေပေါ်မူတည်ပြီး စစ်ဆေးရတာလေးတွေ ရှိပါတယ်။ အသုံးများတာတွေကတော့။ကျောက်ကပ်ရောဂါကို ကုသတဲ့ နည်းကလည်း ရောဂါအခြေအနေ၊ လူနာအခြေအနေပေါ် မူတည်ပါတယ်။ ဆေးဝါးတွေ၊ ခွဲစိတ်နည်းတွေနဲ့ အများဆုံး ကုသပါတယ်။ ကျောက်ကပ်က ကုလို့မရအောင် ပျက်စီးနေပြီဆိုရင်တော့ကျောက်ကပ်ဆေးတာ၊ကျောက်ကပ်အစားထိုးတာတွေ လုပ်ရနိုင်ပါတယ်။အသက်ကြီးတာကြောင့်၊ မျိုးရိုးလိုက်တာကြောင့် ဖြစ်တဲ့ ကျောက်ကပ်ရောဂါတွေကို ကာကွယ်လို့ မရပေမယ့် ဖြစ်နိုင်ခြေနည်းသွားအောင်၊ တခြားအကြောင်းရင်းကြောင့် ကျောက်ကပ်မထိအောင် ကာကွယ်လို့ရပါတယ်။ နည်းလမ်းတွေကတော့။ကျောက်ကပ် က နှစ်လုံးရှိတယ်၊ ပျက်စီးသွားရင်တောင် အစားထိုးလို့ရတယ်၊ ကျောက်ကပ်တစ်လုံးတည်းနဲ့လည်း အသက်ရှင်နိုင်တယ်လို့ ပြောကြပေမယ့် တကယ့် လက်တွေ့မှာ ဝေဒနာတွေ အများကြီး ခံစားရပါတယ်။ ငွေကုန်ကြေးကျလည်း များပါတယ်။ ကျောက်ကပ်မကောင်းရင် နောက်ဆက်တွဲ ကိုယ်တွင်းအင်္ဂါတွေပါ ထိခိုက်နိုင်တာကြောင့် ကိုယ့်ရဲ့ ကျောက်ကပ်လေးကို ကောင်းကောင်းလေး စောင့်ရှောက်ဖို့ အကြံပြုချင်ပါတယ်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/common-kidney-disease/
ကီတိုဒိုင်းယက် စားသင့်မစားသင့်
[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/%e1%80%80%e1%80%ae%e1%80%90%e1%80%ad%e1%80%af%e1%80%92%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9a%e1%80%80%e1%80%ba-%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%99/
Vitamin B12 Deficiency Anemia (ဗိုက်တာမင် ဘီ ၁၂ ( B12) ချို့တဲ့လို့ဖြစ်တဲ့သွေးအားနည်းခြင်း )
သင့်မှာ ဗိုက်တာမင် ဘီ ၁၂ ( B12) ချို့တဲ့ တယ်ဆိုတာက သင့် ခန္ဓါကိုယ်အတွက် ဒီ ဗိုက်တာမင်အမျိုးအစား လုံလောက်မှုမရှိတော့တာကို ဆိုလိုပါတယ်။ ကျွန်ုပ်တို့ရဲ့ ခန္ဓါကိုယ်မှာ အောက်စီဂျင်ကို သယ်ပေးတဲ့သွေးနီဥတွေ ထုတ်လုပ်နိုင်ဖို့အတွက် ဗိုက်တာမင် B12 ကို လိုအပ်ပါတယ်။ အဲဒါကြောင့် ဗိုက်တာမင် B12 နည်းသွားပြီဆိုရင် အလုပ်လုပ်ဆောင် ပေးနေတဲ့ သွေးနီဥတွေ လုံလုံလောက်လောက် မထုတ်နိုင်တော့တဲ့ အတွက် သွေးအားနည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ သွေးအားနည်းခြင်း ဖြစ်တဲ့အခါမှာ သင့်ကို အားအင်လျော့နည်းစေပြီး ပင်ပန်းလွယ်စေနိုင်ပါတယ်။ ဗိုက်တာမင် B12ချို့တဲ့ခြင်းက သင့်ရဲ့ အာရုံကြောတွေကိုလည်းထိခိုက်စေနိုင်တဲ့ အတွက် မှတ်ဉာဏ်တွေနဲ့ တွေးတောမှုတွေအပေါ်လည်း သက်ရောက်မှုပေးနိုင်ပါတယ်။ဗိုက်တာမင် ဘီ ၁၂ ( B12) ချို့တဲ့လို့ဖြစ်တဲ့ သွေးအားနည်းခြင်းဟာ ချမ်းသာတဲ့ နိုင်ငံတွေမှာ အထူးသဖြင့် အသက်ကြီးတဲ့သူတွေမှာ ပို ပြီး အဖြစ်များပါတယ်။ ဖွံ့ဖြိုးနေဆဲ နိုင်ငံတွေမှာ ဗိုက်တာမင် ဘီ ၁၂ ( B12) ချို့တဲ့လို့ဖြစ်တဲ့ သွေးအားနည်းခြင်းဟာ ပိုလို့တောင် အဖြစ်များပါသေးတယ်။ ဘ၀ အစောပိုင်းကတည်းက စတင်ဖြစ်ပြီး တစ်သက်လုံးရောဂါ ကြာရှည် တည်ရှိနေနိုင်ပါတယ်။သို့ပေမယ့်လည်း ဒီရောဂါကို ဖြစ်ဖို့ အားပေးနေတဲ့ အချက်တွေကို လျှော့ချခြင်းအားဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။ဗိုက်တာမင် ဘီ ၁၂ ( B12) ချို့တဲ့လို့ဖြစ်တဲ့ သွေးအားနည်းခြင်း ရဲ့ ရောဂါ လက္ခဏာတွေက ဘာတွေလဲ?။B12 ချို့တဲ့ ခြင်းပမာဏဟာနည်းမယ်ဆိုရင်တော့ ရောဂါ လက္ခဏာတွေက အရမ်း မပြင်းထန်နိုင်ပါဘူး။ တစ်ချို့သောသေူတွက အဲဒါတွေဟာ အသက်ကြီးလာလို့ဖြစ်တာတွေ လို့တောင် ထင်တတ်ကြပါတယ်။ သွေးအားနည်းခြင်းဟာ တစ်ဖြည်းဖြည်း ဆိုးလာတာနဲ့ အမျှ သင့်မှာ အောက်ပါ ရောဂါ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။အဲဒီလို ဗိုက်တာမင် B12 အကြာကြီး ချို့တဲ့ လျော့နည်းနေမယ်ဆိုရင်တော့ သင့်ရဲ့ အာရုံကြော ဆဲလ်တွေကို တောင် လာထိခိုက်နိုင်ပါတယ်။ အဲလိုဖြစ်လာပြီဆိုရင်တော့ ပိုပြီး ပြင်းထန်တဲ့ အခြေအနေတွေကို ခံစားလာရနိုင်ပါတယ်။စောစောသိရှိပြီးကုသမှုခံယူတာက ဒီအခြေအနေကို ပိုပြီးဆိုးလာခြင်းမှ ကာကွယ်ပေးနိုင်တဲ့ အပြင် အရေးပေါ်အခြေအနေတွေ ဖြစ်မလာအောင်လည်း တားဆီးပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဆရာဝန်နဲ့ စောနိုင်သမျှစောစော တွေ့ဆုံပြီး ဒီလို ဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်လာမှာကို ကာကွယ်သင့်ပါတယ်။တကယ်လို့ သင့်မှာ အထက်ဖော်ပြပါ ရောဂါ လက္ခဏာ ရှိနေရင်(သို့) သိလိုတဲ့ အချက်တွေရှိနေရင် ဆရာဝန်နဲ့ တွေ့ဆုံသင့်ပါတယ်။ လူတွေရဲ့ ခန္ဓါကိုယ်ဟာ တစ်ဦးနဲ့ တစ်ဦးတုံ့ပြန်မှုချင်း မတူပါဘူး။ ဒါကြောင့် သင့်အခြေအနေအတွက် ဘယ်ဟာက အကောင်းဆုံးလဲဆိုတာကို သေချာသိနိုင်ဖို့ ဆရာဝန်နဲ့ အမြဲတမ်းဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါပဲ။အသား၊ ဥမျိုးစုံ၊ နို့၊ နှင့် ချိစ် စတဲ့ နေ့စဉ် အစားအစာ တွေထဲမှာပင် လူတော်တော်များများက လိုအပ်တာထက်ပိုတဲ့ B12 ပမာဏကို ရကြပြီးသားဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အဲဒီ ဗိုက်တာမင်ကို အစာအိမ်လမ်းကြောင်းရဲ့ အစာအိမ်နဲ့ အူတွေမှာ စုပ်ယူပါတယ်။ ဗိုက်တာမင် B12 ချို့တဲ့ ရခြင်းဟာ အဲလို ဗိုက်တာမင်တွေကို အစာလမ်းကြောင်းမှာ မစုပ်နိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။ အောက်ပါ အခြေအနေတွေရှိနေပါက အစာခြေလမ်းကြောင်းမှ ဗိုက်တာမင်တွေကို မစုပ်နိုင်တော့တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။Celiac disease တို့၊ Chron’s disease စတဲ့ရောဂါဖြစ်နေတဲ့သူတွေ ရဲ့ အူတွေမှာ ဘက်တီးယီးယားအကောင်တွေ၊ ကပ်ပါးကောင်တွေက ကြီးထွားနေတတ်ပါတယ်။သာမာန်အားဖြင့် သင့်မှာ အောက်ပါ အခြေအနေတွေရှိနေရင် ဗိုက်တာမင် B 12 ချို့တဲ့ခြင်း ဖြစ်နိုင်ဖို့ ပိုများပါတယ်။ဗိုက်တာမင်စုပ်ယူခြင်းကို တားဆီးနိုင်တဲ့ ဆေးတွေသောက်သုံးခြင်း။antacids တွေနဲ့ ဆးီချို အမျိုးအစား ၂ ကို ကုသဖို့ အသုံးပြုနေတဲ့ဆေး တစ်ချို့ဟာ B12 စုပ်ယူတာကို နှောက်ယှက်နိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ဆရာဝန်က သင့်ကို ဒီရောဂါ ဖြစ်နေတယ်လို့ သံသယရှိပါက အရင်က သင့်ရဲ့ကျန်းမာရေး အခြေအနေတွေ၊ အခုဘယ်လိုခံစားနေရတယ်ဆိုတာတွေ နဲ့ပတ်သတ်ပြီး မေးခွန်းတွေမေးပြီး စစ်ဆေးနိုင်ပါတယ်။ သွေးနီဥအရေ အတွက် နဲ့ ဗိုက်တာမင် B12 အလုံအလောက်ရှိ၊ မရှိ စစ်ဆေးဖို့အတွက် သွေးစစ်ဆေးချက် တစ်ချို့ကိုလည်း လုပ်ဆောင်ရနိုင်ပါတယ်။အခြား ဗိုက်တာမင် Bတွေနဲ့ folic acidတွေကို လည်းစစ်ဆေးရနိုင်ပါတယ်။ တစ်ချို့သော ဗိုက်တာမင် B12 ချို့တဲ့ နေတဲ့သူတွေမှာ folic acid ပမာဏလည်းနည်းနေတတ်ပါတယ်။ အဲဒီ အခြေအနေနှစ်ခုဟာ ရောဂါ လက္ခဏာလည်းခပ်ဆင်ဆင် ဖြစ်ပါတယ်။ ဒါပေမယ့် ကုသမှုကတော့ မတူပါဘူး။ဗိုက်တာမင် B12 ချို့တဲ့မှုကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်းကို ဗိုက်တာမင် B12 ပေးပြီး ကုသနိုင်ပါတယ်။ ဗိုက်တာမင် ပမာဏကို ပုံမှန် ပြန်ရောက်သွားအောင်လို့ စစချင်းလုပ်ဆောင်ရမှာက ဗိုက်တာမင် B12 ပေးတာပါပဲ။ အဲလို B12 သောက်လိုက်တဲ့အခါ ရောဂါလက္ခဏာတွေ လည်း ပျောက်သွားပါတယ်။ ဒါပေမယ့် ဒီလို အမြဲပုံမှန်ပမာဏရောက်အောင် ထိန်းထားနိုင်ဖို့က အမြဲတမ်း၊ ဘဝတစ်လျှောက်လုံး B12 သောက်နေရမှာပါ။ ဆေးရပ်လိုက်တာနဲ့ သွေးအားနည်းတာ သေချာပေါက်ထပ်ဖြစ်လာမှာပါ။B12 ပေးတာက သောက်ဆေးလုံးလေးတွေ ဖြစ်နိုင်သလို ထိုးဆေးလည်း ဖြစ်နိုင်ပါတယ်။ ထိုးဆေးကို အသုံးပြုမယ်ဆိုရင် အိမ်မှာ ကိုယ့်ဘာသာ လုပ်ဆောင်နိုင်အောင်လို့ သင်ကြားထားနိုင်ပါတယ်။ လူတော်တော်များများ အတွက်တော့ ဆေးလုံးတွေက ထိုးဆေး လိုပဲ လုပ်ဆောင်နိုင်ပါတယ်။ ထိရောက်မှုလည်းရှိပါတယ်။ ဆေးလုံးတွေက အကုန်အကျ သက်သာပြီး အသုံးပြုဖို့လည်း လွယ်ကူပါတယ်။ တကယ်လို့သင်ဟာ ထိုးဆေးထိုးနေရတယ်ဆိုရင် ဆေးလုံးပြောင်း သောက်လို့ရလား ဆိုတာကို ဆရာဝန်နဲ့ မေးမြန်း ဆွေးနွေးနိုင်ပါတယ်။ အခြားကုသမှု တစ်မျိုးက B12 ပါဝင်တဲ့ နှာခေါင်း ဖြန်းဆေး ဖြစ်ပါတယ်။အိမ်မှာပဲ ဗိုက်တာမင် B12 ကြွယ်ဝတဲ့ အသား၊ နို့၊ ချိစ်၊ ဥ စတာတွေ စားပေးခြင်းအားဖြင့်လည်း သင့်ကျန်းမာရေးကို တိုးတက်အောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ဗိုက်တာမင် B အမျိုးအစားတစ်မျိုးဖြစ်တဲ့ folic acid ပါဝင်တဲ့ အစားအစာတွေလည်း စားပေးရပါမယ်။ အဲဒါတွေကတော့ အစိမ်းရောင် ဟင်းရွက်များ၊ ချဉ်သော အသီးများ၊ နဲ့ ပေါင်မုန့်၊ ပြောင်း၊ဂျုံ၊ဆန် စတာတွေ ဖြစ်ပါတယ်။သင့်မှာ မေးစရာမေးခွန်းတွေ ရှိနေပါက ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးပြီး သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေကိုရှာဖွေ နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/anaemia/vitamin-b12-deficiency-anemia-%e1%80%97%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%90%e1%80%ac%e1%80%99%e1%80%84%e1%80%b9-%e1%80%98%e1%80%ae-%e1%81%81%e1%81%82-b12-%e1%80%81%e1%80%ba%e1%80%ad%e1%80%b3/
ဝက်ခြံအမာရွတ်များအတွက် အကောင်းဆုံး အိမ်တွင်းဆေးဝါးများ
ဝက်ခြံအမာရွတ်တွေအတွက် အိမ်တွင်းဆေးနည်းတွေမှာ ရေခဲ၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ကြက်ဥ၊ နနွင်း၊ ရှားစောင်းလက်ပတ်၊ ပန်းသီးရှာလကာရည်၊ သံပုရာရည်၊ ပျားရည်၊ ရေ၊ လာဗင်ဒါဆီနဲ့ အခြားသော အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေအမျိုးမျိုးပါဝင်ပါတယ်။ဝက်ခြံအမာရွတ်တွေအတွက် အိမ်တွင်းဆေးဝါးတွေဟာ ပြင်းထန်တဲ့ ပိုးဝင်ခြင်းတွေ ဒါမှမဟုတ် ဝက်ခြံတွေပိုဆိုးလာတာမျိုးတွေ၊ ညှစ်ထုတ်လိုက်တာမျိုးတေါ ဒါမှမဟုတ် ကုတ်လိုက်မိတာမျိုးတွေအတွက် အသုံးဝင်လှပါတယ်။အပျော့စား ဝက်ခြံအမာရွတ်တွေကတော့ သူ့အလိုလိုပျောက်ကင်းသွားပေမယ့် အမာရွတ်နက်တာတွေကတော့ ဘဝတစ်သက်စာလုံး ကျန်ရစ်ခဲ့တော့မှာပါ။ အပျော့စား ဝက်ခြံအမာရွတ်တွေကိုတော့ သဘာဝပစ္စည်းတွေဖြစ်တဲ့ အိမ်တွင်းဆေးဝါးတွေကိုသုံးပြီးဘေးကင်းကင်းနဲ့ ထိထိရောက်ရောက်ဖယ်ရှားနိုင်ပါတယ်။ဝက်ခြံတွေဟာ ချွေးပေါက်တွေပိတ်ရာကနေ အနာတွေအဖြစ်ထွက်ပေါ်လာတာပါ။ ဝက်ခြံတွေကြောင့် ရှက်စရာကောင်းပြီး လူမြင်ကွင်းကိုမထွက်ချင်တာမျိုးတွေကို သင့်ရဲ့ဆယ်ကျော်သက်ဘဝမှာရော လူကြီးဘဝမှာပါ သင်ခံစားနေရတတ်ပါတယ်။ဒါပေမဲ့ နှစ်တွေကြာလာပြီး ဟော်မုန်းတွေပြောင်းလဲသွားတဲ့အခါ ဝက်ခြံတွေ ပြုံပြီးပေါက်လာတာမျိုးတွေ ပြန်ဖြစ်လာတာမျိုးတွေ လျော့သွားနိုင်ပါတယ်။ အမာရွတ်တွေ၊ အစက်အပြောက်တွေနဲ့ ဝက်ခြံပျောက်ပြီးကျန်ခဲ့တဲ့အမှတ်တွေကတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုလျော့နည်းစေတာမျိုးတွေဖြစ်စေနိုင်ပါသေးတယ်။ဒါကြောင့် ဝက်ခြံတွေကို ကုသရုံနဲ့ မလုံလောက်ပါဘူး။ ဝက်ခြံအမာရွတ်တွေကိုလည်း ဝက်ခြံတွေကို မချန်ထားခဲ့ခင်ကတည်းက တောက်လျှောက်ဂရုစိုက်လာဖို့လိုအပ်ပါသေးတယ်။ရေခဲ။ ။မျက်နှာပေါ် ရေခဲကပ်ပေးတာက ချွေးပေါက်တွေကို ကျဉ်းစေပြီး ဝက်ခြံဖြစ်စေတဲ့ အဆီတွေကို ထုတ်ပေးတာ လျှော့ချပေးနိုင်ပါတယ်။ ရေခဲဟာ အမာရွတ်တွေနဲ့ အမှတ်တွေနားက ချွေးပေါက်တွေကို ကျဉ်းစေနိုင်တဲ့ သဘာဝဆေး (astringents)အဖြစ်လည်း အလုပ်လုပ်ပါသေးတယ်။ ချွေးပေါက်တွေရဲ့အရွယ်အစားကို ကျဉ်းလိုက်ခြင်းက ပထမဆုံး ဝက်ခြံကို သက်သာစေတဲ့အပြင် အမာရွတ်တွေကိုလည်း မှိန်သွားအောင် လုပ်ပေးနိုင်ပါတယ်။ခရမ်းချဉ်သီး အလွှာ။ ။ခရမ်းချဉ်သီးကို လွှာထားတဲ့ အကွင်းလေးတွေကို အမာရွတ်ပေါ်မှာ ပွတ်ပေးခြင်းကလည်း အမာရွတ်တွေ အမှတ်တွေကို မှေးမှိန်စေတဲ့နေရာမှာ ထိရောက်တယ်လို့ တွေ့ရပါတယ်။ ဒါဟာ ဗီတာမင်အေကြောင့်လည်း တစ်စိတ်တစ်ပိုင်းတော့ ပါဝင်ပေမယ့် အဓိကက ကယ်ရိုတင်း (carotenes) တွေကြောင့်ဖြစ်ပြီး သူတို့ဟာ အနီရောင်ကို ထုတ်ပေးနိုင်တဲ့အပြင် ပျက်စီးနေတဲ့တစ်ရှူးတွေကို ပြန်လည်ကောင်းမွန်စေပြီး ကျန်းမာသန်စွမ်းတဲ့ဆဲလ်တွေကို ပြန်လည်မွေးမြူပေးနိုင်တဲ့ antioxidant ကွန်ပေါင်းတွေပါ။သခွားသီးအရည်။ ။သခွားသီးရည်ဟာ စံပြတိုနာတစ်ခုပါပဲ။ သူက အရေပြားရဲ့ အထိအတွေ့ကို ကောင်းမွန်စေနိုင်ပါတယ်။ သခွားသီးဟာ ရောင်ရမ်းခြင်းတွေကို လျော့ကျစေပြီး အသားအရေကို ချောမွတ်စေတဲ့အပြင် ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုလည်း ကုသပေးနိုင်ပါတယ်။ကြက်ဥအကာ။ ။ကြက်ဥအကာတွေကို အလွယ်တကူရနိုင်သလို သူတို့က ဝက်ခြံအမာရွတ်တွေကို ကုသတဲ့နေရာမှာလည်း ထိရောက်ပါတယ်။ ဂွမ်းလုံးလေးကိုသုံးပြီး ကြက်ဥအကာတွေကို အမာရွတ်ပေါ်မှာ လိမ်းလိုက်ပါ။တစ်ညလုံးဒီတိုင်းထားလိုက်တာက အကောင်းဆုံးရလဒ်ကို ရရှိစေနိုင်ပါတယ်။ ကြက်ဥမှာ ပရိုတိန်းတွေများစွာပါဝင်တဲ့အပြင် အရေပြားပေါ်ကို တိုက်ရိုက်လိမ်းလိုက်ခြင်းက ပျောက်ကင်းစေတဲ့လုပ်ငန်းစဉ်ကို ပိုပြီးမြန်ဆန်စေပါတယ်။ပရိုတိန်းတွေဟာ ဆယ်လူလာတစ်ရှူးတွေနဲ့ ကြွက်သားတွေကို အဓိက တည်ဆောက်ပေးနိုင်တဲ့အရာ ဖြစ်တာကြောင့် မျက်နှာပေါ်ကို တိုက်ရိုက်လိမ်းပြီး တစ်ညလုံးထားလိုက်တာက ဝက်ခြံအမာရွတ်တွေပျောက်ကင်းစေတဲ့ အရှိန်ကို တိုးမြှင့်ပေးလိုက်တာပါပဲ။နနွင်း။ ။နနွင်းကိုတော့ အာရှအရှေ့ပိုင်းနဲ့ အရှေ့တောင်အာရှ (the Orient)တို့မှာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတည်းက အလှအပပစ္စည်းအဖြစ် အသုံးပြုလာကြတာဖြစ်ပြီး နနွင်းအနှစ်ကို အရည်ပြားပေါ်မှာလိမ်းခြင်း ဒါမှမဟုတ် နနွင်းကို စားသုံးခြင်းက ဝက်ခြံအမာရွတ်တွေအတွက် ထိထိရောက်ရောက် ကောင်းမွန်စေပါတယ်။ရှားစောင်းလက်ပပ်။ ။ရှားစောင်းလက်ပပ်တွေကိုတော့ ဒဏ်ရာတွေကုသပေးနိုင်တဲ့အရာတစ်ခုအဖြစ် လူသိများကြပါတယ်။ ဒါကပဲ ဝက်ခြံအမာရွတ်တွေကို သက်သာစေတာပေါ့။ sage ကို ရေပူပူထဲစိမ်လိုက်ပြီး အအေးခံထားပါ။ ပြီးရင်တော့ အသားပေါ်လိမ်းလို့ရပါပြီ။ ရှားစောင်းလက်ပပ်ကိုတော့ အရေပြားပေါ် တိုက်ရိုက်လိမ်းလို့ရပါတယ်။ပန်းသီးရှာလကာရည်။ ။ဒါဟာ ဝက်ခြံအမာရွတ်တွေနဲ့ ဝက်ခြံအမှတ်တွေကို ရှင်းလင်းသန့်စင်ပေးတဲ့နေရာမှာ ကူညီပေးနိုင်တဲ့ တကယ်ကောင်းတဲ့ တိုနာပါပဲ။ ရှာလကာရည်ဟာ သွေးလည်ပတ်မှုကို လှုံ့ဆော်ပေးတဲ့ အားကောင်းတဲ့ဆေးတစ်လက်ဖြစ်ပြီး ဒါကပဲ ပျောက်ကင်းမှုကို မြန်ဆန်စေပြီး ဆဲလ်အသစ်ဖြစ်ပေါ်မှုကိုပဲ မြန်ဆန်စေတာပါ။သံပုရာရည်။ ။သံပုရာသီးကနေ လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ သံပုရာရည်ကို အမာရွတ်တွေအပေါ်လိမ်းပေးပါ။ ခဏထားလိုက်ပြီး ရေဆေးချလိုက်ပါ။ သံပုရာရဲ့ အရောင်ချွတ်ပေးနိုင်တဲ့ ဂုဏ်သတ္တိက အမာရွတ်တွေကို မှေးမှိန်အောင်လုပ်ပေးနိုင်ပါတယ်။ သံပုရာရည်ဟာလည်း ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်ပြီး ဆဲလ်အသစ်တွေဖြစ်ပေါ်မှုကို အားပေးပါတဲ့အပြင် အသားအရည်ရဲ့ ကြုံ့ဆန့်နိုင်စွမ်းကိုပါ ပိုမိုကောင်းမွန်စေပါတယ်။သံလွင်ဆီ။ ချက်ပြုတ်တဲ့နေရာမှာ ပိုပြီးစားချင်စဖွယ်ကောင်းအောင် သံလွင်ဆီကို အသုံးပြုကြပါတယ်။ သံလွင်ဆီကို ဒီနေရာမှာတင်မကဘဲ ဝက်ခြံအမာရွတ်တွေ မှေးမှိန်သွားအောင်လုပ်တဲ့နေရာမှာပါ အသုံးပြုလို့ ရပါတယ်။ သံလွင်ဆီကို အသားထဲစိမ့်ဝင်သွားအောင် အသာအယာနှိပ်နယ်ပေးပါ။ ဒါက အသားအရေကို ပြန်လည်ချောမွတ်စေတဲ့အပြင် သိသာထင်ရှားတဲ့ အမာရွတ်တွေကိုပါ မှေးမှိန်သွားစေပါတယ်။သံလွင်ဆီမှာ သဘာဝ antioxidant တွေ အမြောက်အများပါဝင်ပြီး ဒါကြောင့်ပဲ ကမ္ဘာတစ်ဝှမ်းမှာ သံလွင်ဆီကို ကျန်းမာရေးအတွက် အမျိုးမျိုးသုံးကြတာပါ။ ဒါပေမဲ့ အမာရွတ်တွေနဲ့ အမှတ်တွေကို ရှင်းလင်းဖို့အတွက်ဆိုရင်တော့ အိမ်တွင်းဆေးဝါးတွေထဲမှာ သံလွင်ဆီက အကောင်းဆုံးဆေးတစ်လက်ပါပဲ။ပျားရည်။ ။ပျားရည်က သဘာဝအစိုဓာတ်ထိန်းဆေးပါ။ သူ့ကိုတော့ ဝက်ခြံအမာရွတ်တွေကို ကုသတဲ့နေရာမှာ သုံးကြပါတယ်။ ပျားရည်ကိုစားသုံးတာနဲ့ ပျားရည်မျက်နှာဖုံးလုပ်ပြီး မျက်နှာမှာကပ်ခြင်းက ဝက်ခြံအမာရွတ်တွေကို ကုသတဲ့နေရာမှာ ထိရောက်တယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ရေ။ ။ရေဟာ ဝက်ခြံအမာရွတ်တွေကို ကုသပျောက်ကင်းစေနိုင်တဲ့ အကောင်းဆုံးသော သဘာဝနည်းလမ်းတစ်ခုပါပဲ။ ရေဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ကင်းစင်စေပြီး စွမ်းအင်သစ်တွေပေးစွမ်းနိုင်တာကြောင့် ရေများများသောက်သင့်ပါတယ်။ရေဟာ ဆဲလ်သေတွေကို ခွာချပြီး ဆဲလ်အသစ်တွေဖြစ်ပေါ်မှုကိုလည်း အားပေးပါတယ်။ နံနက်ခင်းပိုင်းမှာ ကြက်သီးနွေးရေကိုသောက်ပေးတာက အဆိပ်အတောက်တွေ ပိုပြီးကင်းစင်စေပါတယ်။Rosehipသီး (နှင်းဆီသီး)အဆီ။ ။ဒီအဆီကတော့ ဝက်ခြံအမာရွတ်တွေကို လျော့နည်းသွားစေပြီး အရောင်မညီတာတွေလည်း နည်းပါးစေပါတယ်။ ဒီအဆီဟာ အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်တဲ့ အစွမ်းထက်အဆီဖြစ်ပြီး အရေးအကြောင်းတွေကိုလျော့ကျစေလို့ အသားအရေကို ပြန်လည်အားဖြည့် အသစ်ဖြစ်စေပါတယ်။ဒီအဆီဟာ အလှကုန်ပစ္စည်းတွေအတွက်လည်း အရေးကြီးတဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်ပြီး အများအားဖြင့်တော့ ဝက်ခြံအမာရွတ်တွေ၊ မျက်နှာပေါ်က အမာရွတ်တွေ၊ နေလောင်ဒဏ်ဖြစ်တာတွေနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေအတွက် အများဆုံးအသုံးပြုပါတယ်။ ဒီဆီကိုသုံးပြီး မျက်နှာကို တစ်ရက်နှစ်ကြိမ် နှိပ်နယ်ပေးပါ။ ဒါက အကောင်းဆုံးသော ရလဒ်ကို ရရှိစေနိုင်ပါတယ်။လာဗင်ဒါဆီ။ ။လာဗင်ဒါဆီမှာ အသစ်ဖြစ်ပေါ်မှုကိုအားပေးတဲ့စွမ်းအားတွေ ပါဝင်တာကြောင့် သူ့ကို ဝက်ခြံအမာရွတ်တွေပေါ်လိမ်းပေးတာကလည်း အသားအရည်ကို ပြန်လည်အားဖြည့်ပေးပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%9d%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%a1%e1%80%99%e1%80%ac%e1%80%9b%e1%80%bc%e1%80%90%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9/
သတိထားရမယ့် ခရမ်းလွန်ရောင်ခြည် (UV Rays) အန္တရာယ်
နေသာတယ်ဆိုရင် ရာသီဥတုသာယာတယ်လို့ ပြောကြပါတယ်။နေရောင်ခြည်က ကျန်းမာရေးအတွက် အကျိုးပြုပြီး လူလည်းနေလို့ကောင်းစေတယ်ဆိုပေမယ့် သူ့မှာပါလာတဲ့ ခရမ်းလွန်ရောင်ခြည် က ခန္ဓါကိုယ်အတွက် ဆိုးကျိုးသက်ရောက်မှုတွေရှိပါတယ်။ ဒါ့ကြောင့်နေရောင်ခြည်ထိတွေ့မှုများရင် မျက်နှာမှာ အရေးအကြောင်းတွေနဲ့အစက်အပြောက်တွေဖြစ်လာစေတတ်ပါတယ်။ ကြာလာတဲ့အခါelastinလို့ခေါ်တဲ့ အရေပြားထဲက ကျုံ့ဆန့်နိုင်တဲ့ပရိုတင်းကို ထိခိုက်စေပါတယ်။ elastinတွေပျက်စီးတဲ့အခါ အသားအရေက တင်းတင်းရင်းရင်းမရှိတော့ဘဲလျော့ရဲလာကာ အရေးအကြောင်းတွေကိုဖြစ်စေပါတယ်။ အရေပြားမှာ ပွန်းပဲ့အနာတွေဖြစ်လွယ်ပြီးပြန်ကျက်ဖို့ ပိုကြာလာစေပါတယ်။နေရောင်ခြည်ကရတဲ့ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားကင်ဆာဖြစ်စေတဲ့ နံပါတ်တစ်အကြောင်းရင်းဖြစ်ပါတယ်။ ဒါပေမယ့်နေရောင်ခံစက် (tanning beds)တွေကနေထွက်တဲ့ခရမ်းလွန်ရောင်ခြည်ကလည်း အလားတူပါပဲ။ နေ့အလင်းရောင်မှာ ခရမ်းလွန်ရောင်ခြည်ပါရှိတာကြောင့် ဆောင်းတွင်း နေကလည်းနွေရာသီလိုပဲ အန္တရာယ်ရှိနိုင်တာပဲဖြစ်ပါတယ်။ခရမ်းလွန်ရောင်ခြည်က ပိုးမွှားတွေကိုသေစေနိုင်တယ်၊ အရေပြားပြဿနာတချို့ကိုကုသနိုင်တယ်၊ ဗီတာမင် ဒီကိုရရှိစေတယ်ဆိုပေမယ့် ထိတွေ့မှုများရင် ကျန်းမာရေးဆိုးကျိုးတွေဖြစ်လာစေနိုင်ပါတယ်။နေလောင်ခြင်းကတော့ ခရမ်းလွန်ရောင်ခြည်ကြောင့်ထိခိုက်မှုရဲ့သက်သေပဲဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုများရင် အရွယ်မတိုင်မီ အသားအရေရင့်ရော်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ခရမ်းလွန်နဲ့နေ့စဉ်ထိတွေ့နေရတဲ့အခါ အရေပြားဆဲလ်တွေထဲက ဒီအင်န်အေတွေကို ထိခိုက်စေပါတယ်။ ထိခိုက်တဲ့ဆဲလ်တွေကသေဆုံးတာတွေရှိသလို အလိုလိုပြန်ပြုပြင်တာလည်းရှိပါတယ်။ ဒါပေမယ့်ပြုပြင်လို့မရလောက်အောင်ပြင်းထန်လာရင်တော့ အရေပြားကင်ဆာဖြစ်နိုင်ပါတယ်။ခရမ်းလွန်ရောင်ခြည် နဲ့ထိတွေ့မှုများလွန်းရင်photokeratitis နဲ့photoconjunctivitis လို့ခေါ်တဲ့ မျက်စိယာယီထိခိုက်မှုတွေ ခံစားရနိုင်ပါတယ်။ရေပြင်၊ သဲသောင်ပြင်၊ရေခဲပြင်၊ကွန်ကရစ်နဲ့ဖန်သားပြင်တို့ဆီက အလင်းပြန်ခြင်းကြောင့် မျက်ကြည်လွှာနဲ့ မျက်စိအမြှေးပါးတွေကို မိနစ်ပိုင်းအတွင်းနေလောင်သွားစေပါတယ်။ မျက်လုံးကိုဖုံးအုပ်ထားတဲ့တစ်ရှူးလွှာနဲ့ မျက်ခွံအစပ်မှာ ပူလောင် စပ်ဖျဉ်းတဲ့ ခံစားချက်မျိုးဖြစ်ပါတယ်။နေရောင်အောက်မှာထိတွေ့မှုများလွန်းရင် ကိုယ်ခံအားစနစ်အားနည်းလာနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် ခန္ဓါကိုယ်ရဲ့ဘက်တီးရီးယားခုခံနိုင်စွမ်းကို ကျဆင်းစေပြီးရောဂါကူးစက်ခံရလွယ်ပါတယ်။အရွယ်မတိုင်မီအသားအရေရင့်ရော်လာခြင်း။ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုများလွန်းရင်ရေရှည်ဖြစ်လာနိုင်တဲ့ပြဿနာတွေထဲမှာ အရွယ်မတိုင်မီအသားအရေရင့်ရော်ခြင်းလည်းပါဝင်ပါတယ်။ အသားအရေခြောက်သွေ့ခြင်း၊အရေးအကြောင်းဖြစ်ခြင်း၊လျော့တွဲခြင်း၊အရေပြားကျုံ့ဆန့်နိုင်အားမကောင်းတော့ခြင်း၊တို့ဖြစ်လာနိုင်ပြီး ဒါတွေဟာelastin နဲ့collagen တို့မှာ ယိုယွင်းမှုအပြောင်းအလဲဖြစ်လာတဲ့ရလဒ်တွေဖြစ်ပါတယ်။အရေပြားကင်ဆာဟာ ကမ္ဘာမှာအဖြစ်များဆုံးကင်ဆာရောဂါတွေထဲပါဝင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုဟာ ဒီအင်န်အေထိခိုက်မှုကိုဖြစ်စေတာကြောင့် အရေပြားကင်ဆာတွေနဲ့ပတ်သက်တဲ့အဓိကအချက်ဖြစ်ပါတယ်။နေရောင်ခြည် လုံးဝမထိအောင်တော့ ကာကွယ်နိုင်မယ့်နည်းလမ်းမရှိပါဘူး။အောက်ပါနည်းလမ်းတွေကိုလိုက်နာရင်တော့ အန္တရာယ်မဖြစ်အောင် ကာကွယ်နိုင်ဖို့ဖြစ်ပါတယ်။လူတိုင်းမှာတော့ ခရမ်းလွန် အန္တရာယ် စိုးရိမ်ရတာချည်းပါပဲ။ ဒါပေမယ့် တချို့လူတွေမှာ ပိုထိခိုက်စေနိုင်ပါတယ်။သင်က –။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%9e%e1%80%90%e1%80%ad%e1%80%91%e1%80%ac%e1%80%b8%e1%80%9b%e1%80%99%e1%80%9a%e1%80%b9%e1%80%b7-%e1%80%81%e1%80%9b%e1%80%99%e1%80%b9%e1%80%b8%e1%80%9c%e1%80%bc%e1%80%94%e1%80%b9%e1%80%b1%e1%80%9b/
သွားပွတ်တံအကြောင်း သိကောင်းစရာ
တစ်ရက်ကို သွားနှစ်ကြိမ်တိုက်ခြင်းသည် ကျွန်ုပ်တို့ခံတွင်းကျန်းမာရေးအတွက် အလွန်အရေးကြီးပါသည်။ သွားကို မနက်အိပ်ရာထပြီးနှင့် ညအိပ်ရာ မဝင်မီ အနည်းဆုံး (၃)မိနစ် တိုက်သင့်သည့်။ သင့်သွားနှင့် သင့်လျော်သော သွားပွတ်တံကို ရွေးချယ်ရန် အလွန်အရေးကြီးပါသည်။ သွားပွတ်တံကို မည်သည့်အချိန်တွင် အသစ်ဝယ်ရန်နှင့် မည်သို့ထိန်းသိမ်းသင့်သည်ကို အောက်တွင် ဖော်ပြထားပါသည်။မည်သို့သောသွားပွတ်တံသည် သင့်အတွက် အကောင်းဆုံးဖြစ်မလဲ။သွားပွတ်တံအမာသည် သွားရှိစားကြွင်းစားကျန်များကို ဖယ်ရှားရာတွင် အသုံးဝင် သည်ဟု လူအများက ယူဆကြသည်။ သွားတိုက်ရာတွင် အားများများသုံးပြီးတိုက်ခြင်းထက် သွား တိုက်ခြင်းနည်းလမ်းသည် ပိုအရေးပါသောကြောင့် သွားပွတ်တံအပျော့သုံး ခြင်းက သင့်ကို အထောက်အကူပြုပါလိမ့်မည်။ သွားကို အားဖြင့်တိုက်ခြင်း သည် သွားဖုံးနှင့် ကြွေလွှာကို ထိခိုက်စေနိုင်ပါသည်။လျှပ်စစ်သွားပွတ်တံသည် ပို၍ကောင်းသည်ဟု ဆိုကြသည်။ခံတွင်းအရွယ်အစားနှင့် သင့်လျော်သောသွားပွတ်တံကို ရွေးချယ်ပါ။ သွားပွတ် တံအသေးကို ကလေး၊ သွားပွတ်တံအကြီးကို လူကြီးများအတွက် ရွေးချယ်ပါ။အချိန်။သွားတိုက်ရာတွင် သွား၏မျက်နှာပြင်အကုန်လုံးကို ကုန်စင်အောင် တိုက်ရန် လိုအပ်သောကြောင့် အနည်းဆုံး (၃)မိနစ် တိုက်သင့်သည်။ အတွင်း၊ အပြင် နှင့် ဝါးသောမျက်နှာပြင်အပြင် လျှာကိုလည်း တိုက်သင့်သည်။သွားပွတ်တံကို မကြာခဏလဲလှယ်ပါ။သွားပွတ်တံအသစ်ကို (၃ လ) သို့မဟုတ် (၄ လ) တစ်ကြိမ် လဲလှယ်ရန် လိုအပ်ပါသည်။ ဟောင်းနွမ်းသော သွားပွတ်တံသည် သင့်သွားကို ကောင်းစွာ မသန့်စင်နိုင်သောကြောင့် သွားပွတ်တံကို ဟောင်းနွမ်းသည်အထိ မသုံးပါနှင့်။သွားပွတ်တံသန့်ရှင်းရေး။သွားပွတ်တံသည် ဘက်တီးရီးယားပိုးမွှားများ စွာကို သယ်ဆောင်နိုင်သော ကြောင့် သွားပွတ်တံကို ထိန်းသိမ်းခြင်းသည် လူအများထင်သလို မလွယ်ကူ လှပါဘူး။ သွားပွတ်တံကို သဘာဝအတိုင်း လျှင်မြန်စွာ ခြောက်သွေ့နိုင်သော နေရာတွင် သိမ်းဆည်းသင့်ပါသည်။ ထို့ပြင် ရောဂါပိုးမွှားများသည် သွားပွတ်တံ တစ်ခုမှ တစ်ခုသို့ ကူးစက်နိုင်သောကြောင့် သွားပွတ်တံအကုန်လုံးကို ခြင်းတစ်ခုထဲတွင် မထားသင့်ပါဘူး။ ကျွန်ုပ်တို့အများစုသည် သွားပွတ်တံကို ရေချိုးခန်းတွင် ထားလေ့ရှိပြီး ၎င်းသည် ရောဂါပိုးမွှားများရှိရာနေရာ ဖြစ်သည်။ ထို့ကြောင့် သွားပွတ်တံကို ဘေစင်နှင့်အိမ်သာနားတွင် မထားသင့်ပါဘူး။ ရောဂါပိုးမွှားများသည် ထိုနေရာများမှတဆင့် လေထဲသို့ရောက်ရှိသွားပြီး သင်၏သွားပွတ်တံပေါ်သို့ ကျရောက်နိုင်သောကြောင့် ဖြစ်သည်။ အိမ်သာ ရေဆွဲမချခင် အိမ်သာအဖုံးကို အရင်ပိတ်သင့်ပါကြောင်း အကြုံပြုချင်ပါသည်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/%e1%80%9e%e1%80%bc%e1%80%ac%e1%80%b8%e1%80%95%e1%80%bc%e1%80%90%e1%80%b9%e1%80%90%e1%80%b6%e1%80%a1%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8-%e1%80%9e%e1%80%ad%e1%80%b1%e1%80%80/
eye floaters (မျက်လုံးတွင်းရေမြှုပ်များ)
မျက်လုံးတွင်းရေမြှုပ်များဆိုသည်မှာ တစ်ခါတစ်ရံ မြင်ကွင်းအတွင်း ပေါ်လာတတ်သော အပြောက်လေးများဖြစ်ပါသည်။ သူတို့ကို စက္ကူစ သို့ ကောင်းကင်လို တောက်ပသည့်အရာများကို ကြည့်သည့်အခါတွင် မြင်ရနိုင်သည်။ သူတို့ကြောင့် စိတ်အနှောက်အယှက် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အမြင်အာရုံကိုတော့ မထိခိုက်တတ်ပါ။သင့်တွင် မျက်လုံးတွင်းရေမြှုပ်မှာအတော်ကြီးပါက အမြင်အာရုံပေါ်တွင် အနည်းငယ်တော့ အရိပ်ထိုးကျနိုင်ပါသည်။ သို့သော်လည်း အလင်းရောင် တစ်ချို့တွင်သာဖြစ်တတ်ခြင်းဖြစ်ပါသည်။မျက်လုံးတွင်းရေမြှုပ်များကိုလျစ်လျူရှုပြီး ကျင့်သားရအောင်လည်း လုပ်နိုင်ပါသည်။ အချိန်ကြာလာသည်နှင့် သူတို့ကို သတိထားမိတော့မည်မဟုတ်ပါ။ သူတို့ကြောင့် ကုသမှုလိုအပ်သည်မှာ အတော်လေးကိုရှားပါးပါသည်။မျက်လုံးတွင်းရေမြှုပ်များနှင့် အစက်အပြောက်များမှာ အလွန်အဖြစ်များပြီး ပြဿနာမရှိပဲ စိတ်ရှုပ်ရုံလောက်သာ ဖြစ်နိုင်ပါသည်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။မျက်လုံးတွင်းရေမြှုပ်များ ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။ထိုကဲ့သို့ နာကျင်မှုမရှိသော လက္ခဏာများမှာ မျက်ကြည်လွှာပြဲခြင်း (မျက်ကြည်လွှာကွာခြင်း ရှိချင်ရှိမည်) ကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ၎င်းသည် ချက်ချင်းကုသမှုခံယူရန်လိုသည့် အမြင်အာရုံ အန္တရာယ်ရှိအခြေအနေတစ်ခုဖြစ်သည်။မျက်လုံးတွင်းရေမြှုပ်များဖြစ်ရသည့် အကြောင်းရင်းများမှာ –။အသက်အရွယ်ကြောင့် မျက်လုံးပြောင်းလဲခြင်း။မျက်လုံးတွင်းရေမြှုပ်များသည် အသက်အကြီးလာသည်နှင့် မျက်လုံးကိုအဝိုင်းအတိုင်း ဖြစ်စေသည့် အတွင်းမှဂျယ်လီပုံစံ Vitreous များ ပြောင်းလဲမှုနှင့် ဆက်စပ်နေပါသည်။ အသက်ကြီးလာသည့်အခါ ၎င်းတို့မှာ တစ်စိတ်တစ်ပိုင်းအရည်ပျော်လာနိုင်ပါသည်။ Viterous များ ကျုံ့ပြီး မညီမညာဖြစ်လာသည့်အခါ အခဲအစုပ်များဖြစ်လာပြီး ကြိုးတန်းလိုလိုပုံစံများ ဖြစ်လာပါသည်။ ထိုအခါ မျက်လုံးကိုဖြတ်လာသော အလင်းတန်းများကို ကာလိုက်သလို ဖြစ်လာသောကြောင့်မျက်ကြည်လွှာတွင် အရိပ်များကိုပေါ်လာစေပါသည်။မျက်လုံးနောက်ဖက်တွင် ရောင်ရမ်းခြင်း။Posterior uveitis ဆိုသည်မှာ မျက်လုံးနောက်ဖက်ရှိ Uvea အလွှာရောင်ခြင်း ဖြစ်ပါသည်။ ၎င်းသည် ပိုးဝင်ခြင်း သို့မဟုတ် ရောင်ရမ်းရောဂါများကြောင့် ဖြစ်တတ်ပြီး မျက်လုံးတွင်းရေမြှုပ်များကို ဖြစ်ပေါ်စေပါသည်။မျက်လုံးတွင်းသွေးယိုခြင်း –Viterous ထဲသို့ သွေးယိုနိုင်သည့် အကြောင်းများစွာ ရှိပါသည်။ ဥပမာ ထိခိုက်မိခြင်းနှင့် သွေးကြောဆိုင်ရာ ပြဿနာများ။မျက်ကြည်လွှာပြဲခြင်း –မျက်ကြည်လွှာပြဲခြင်းမှာ မျက်ကြည်လွှာတွင် ပုံပျက်လာသော Viterous များ ဖိခြင်းကြောင့် ဖြစ်လာနိုင်ပါသည်။ မကုသပဲထားပါက မျက်ကြည်လွှာပြုတ်သွားနိုင်ပါသည်။ (မျက်ကြည်လွှာနောက်တွင် အရည်များစုပုံလာခြင်းမှ မျက်ကြည်လွှာနှင့် မျက်လုံးနောက်ပိုင်း ကွာသွားခြင်း) မျက်ကြည်လွှာပြုတ်သွားခြင်းကို မကုသပဲဆက်ထားပါက တစ်သက်တာ အမြင်ကွယ်သွားမည်ဖြစ်ပါသည်။မျက်လုံးတွင်းရေမြှုပ်များ ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် မျက်လုံးနှင့်ပတ်သတ်သော စမ်းသပ်မှုများလုပ်ရာတွင် မျက်လုံးနောက်ဖက်ကို မြင်နိုင်ရန်အတွက် သူငယ်အိမ်ကိုဆေးနှင့်ချဲ့ပြီး ကြည့်နိုင်ပါသည်။သာမာန်ကိစ္စများမှာ ကုသရန်ဘယ်တော့မှမလိုအပ်ပါ။အကယ်၍ သင့်ကို စိတ်အနှောက်အယှက်ဖြစ်စေသည် ဆိုပါက မြင်ကွင်းမှပျောက်သွားအောင် ပြုလုပ်ကြည်ပါ။ မျက်လုံးများကို လှုပ်ရှားခြင်းက အရည်များကို လှုပ်စေပါသည်။ အပေါ်အောက် ကြည့်ခြင်းက ဘေးဘီကို ကြည့်ခြင်းထက် ပိုသက်ရောက်မှုကောင်း၏။အမြင်အာရုံကို ပိတ်နေလောက်အောင် များပြားလွန်းပါက ဆရာဝန်သည် Vitrectomy လုပ်ရန် လမ်းညွှန်ကောင်းညွှန်ပါလိမ့်မည်။ Vitreous များကို ဖယ်ထုတ်ပြီး ဆားရည်နှင့်အစားထိုးသော ကုထုံးဖြစ်ပါသည်။မျက်လုံးတွင်းရေမြှုပ်များထခြင်း၏ နောက်ဆက်တွဲပြဿနာများ –။ဖြစ်နိုင်ချေနည်းသော်လည်း ထိုပြဿနာများ ဖြစ်လာပြီဆိုပါက တစ်သက်လုံး အမြင်ကွယ်သွားနိုင်ပါသည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် မျက်လုံးတွင်းရေမြှုပ်များ ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။အပန်းဖြေပါ –မျက်လုံးသုံးရခြင်း အားစိုက်ရခြင်း ကြာသည့်အခါ မျက်လုံးတွင်းရေမြှုပ်များကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ကောင်းကောင်းအနားယူလိုက်ခြင်းက အကောင်းဆုံးဖြစ်ပါသည်။နှိပ်နယ်ပေးပါ –မျက်လုံးများပေါ် ခပ်နွေးနွေး အဝတ်စတစ်ခုနှင့် အုပ်ထားပေးပြီး နားထင်များကို နှိပ်နယ်ပေးပါ။ လက်နှစ်ဖက်ကိုပွတ်ပြီး ပူလာသည့်အခါ မျက်လုံးပေါ်အုပ်ပေးလျှင်လည်း ဖြစ်ပါသည်။မျက်လုံးလေ့ကျင့်ခန်းများ လုပ်ပေးပါ။မျက်လုံးကို နာရီလက်တံအတိုင်း လှည့်ကြည့်ခြင်း ထို့နောက် နာရီလက်တံပြောင်းပြန်အတိုင်းလှည့်ခြင်း လုပ်ပါ။ နောက်လေ့ကျင့်ခန်းတစ်ခုမှာ အရာဝတ္ထုတစ်ခုခုကို မျက်လုံးရှေ့ခပ်ဝေးဝေးတွင် ကိုင်ထားပါ။ ထိုအရာဝတ္ထုကို အာရုံစိုက်ကြည့်နေပြီး မျက်လုံးနှင့်နီးရာ ၆ လက်မလောက်အထိ တဖြည်းဖြည်းချင်း ရွေ့လာပေးပါ။ နောက်အချိန်များတွင် ပိုဝေးဝေး ပိုနီးနီး ပြောင်းလုပ်ပေးပါ။တီဗီနှင့် Screen များကို အကြည့်လျော့ပါ။ကြည့်ချိန်ကြာခြင်းက မျက်လုံးကို ထိခိုက်နိုင်ပါသည်။ရေများများသောက်ပါ။ ေရသည် ခန္ဓါကိုယ်ကို အဆိပ်ဖြေစေနိုင်ပါသည်။ မျက်လုံးတွင်းရေမြှုပ်များမှာ အဆိပ်များစုနေသည့် လက္ခဏာတစ်ရပ်ဖြစ်သည်။ဓါတ်တိုးဆန့်ကျင့်သည့် အစားအစာများကိုစားပါ။ထိုအစားအစာများသည် Free radical များကြောင့် မျက်လုံးပျက်စီးရခြင်းကို ကာကွယ်နိုင်ပါသည်။ ထိုအစားအစာများတွင် ဘလူးဘယ်ရီသီး၊ ကိုက်လန်၊ သလဲသီး၊ လိမ္မော်သီနှင့် စတော်ဘယ်ရီများ ပါဝင်ပါသည်။Taurine ပြည့်ဝသော အစာများကိုစားပါ –၎င်းသည် အမြင်အာရုံကျန်းမာအောင် အထောက်အကူပြုပါသည်။ အသားနှင့် ပင်လယ်စာများတွင် Taurine ပါဝင်ပါသည်။ယောဂလုပ်ပါ။ယောဂသည် စိတ်ဖိစီးမှုကိုကျစေပြီး မျက်လုံးပိတ်ပြီးမှာ လှုပ်ရှားရသည့်လေ့ကျင့်ခန်းများ ပါသောကြောင့် မျက်လုံးကို အနားရစေပါသည်။နေကာမျက်မှန်သုံးပါ။မျက်လုံးကိုထိခိုက်စေမည့် UV ရောင်ခြည်များကို ကာကွယ်နိုင်ပါသည်။ကောင်းကောင်းအိပ်ပါ။အိပ်ရေးဝခြင်းက မျက်လုံးများကို ဒဏ်မဖြစ်အောင် လုပ်ပေးပါလိမ့်မည်။အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-diseases/eye-floaters-%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9b%e1%80%bb%e1%80%99%e1%80%bd%e1%80%b3%e1%80%95/
Ginkgo Biloba ၏ ကောင်းကျိုးများ နှင့် သင်၏မှတ်ဉာဏ်
Maidenhair tree လို့ လူသိများတဲ့ Ginkgo biloba ဟာ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး အပင်မျိုးစေ့တွေထဲက တစ်ခုဖြစ်ပါတယ်။ Ginkgo ပင်တွေဟာ အလွန်ထူးခြားတဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။ သူတို့ဟာ ပေ၁၃၀ ကျော်အထိ မြင့်နိုင်ပြီးတော့ နှစ်ပေါင်း ၁၀၀၀ ကျော်တဲ့ အထိ အသက်ရှင်နေနိုင်ကြပါတယ်။ မကြာသေးမီနှစ်တွေက Ginkgo အာဟာရတွေဟာ အလွန်ထင်ရှားလာပါတယ်။ သူတို့ဟာ အခုလောလောဆယ်မှာ ရောင်းအားအကောင်းဆုံး ဆေးဖက်ဝင် အပင်နဲ့ ဖေါ်စပ်ထားတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။ Ginkgo ဟာ အရေးကြီးတဲ့ တရုတ်တိုင်းရင်းဆေးတစ်မျိုးဖြစ်ပြီး Ginkgo ရွက်နဲ့ အစေ့တွေဟာ နှစ်ပေါင်းထောင်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ Ginkgo က ထုတ်လုပ်ထားတဲ့ ပစ္စည်းကို အပင်ရဲ့ ခြောက်သွေ့တဲ့ အစိမ်းရောင်အရွက်တွေကနေ ထုတ်ယူပြီးတော့ အရည်ပုံစံ၊ ဆေးတောင့်ပုံစံနဲ့ ဆေးပြားပုံစံ ဆိုပြီး ရရှိနိုင်ပါတယ်။Ginkgo bibola ရဲ့ အသုံးဝင်ပုံ။နှစ်ပေါင်းများစွာ ကြာအောင် Ginkgo ပင်တွေဟာ တရုတ်ပြည်မှာ ဆေးပညာအတွက် မသုံးမချင်း ကမ္ဘာပေါ်က ပျောက်ကွယ်သွားပြီလို့ ထင်ခဲ့ကြဖူးပါတယ်။ တရုတ်လူမျိုးတွေဟာ Ginkgo ကို မှတ်ဉာဏ်နဲ့ဆိုင်တဲ့ အကျိုးကျေးဇူးတွေနဲ့ ပန်းနာရင်ကျပ်ရောဂါကို သက်သာခြင်းကြောင့် အသုံးပြုခဲ့ကြပါတယ်။ သူတို့ဟာ Ginkgo စေ့ကိုလဲ အားအင်တိုးစေဖို့ အသုံးပြုကြပါတယ်။Institute for Natural Products Research အရ Ginkgo biloba ရဲ့ အခြားအသုံးဝင်ပုံတွေကတော့။မှတ်ဉာဏ်တိုးခြင်း၊ သတိမေ့ရောဂါ၊ အယ်လ်ဇိုင်းများရောဂါ။ဈေးကွက်အတွင်းမှာ ဦးနှောက်ကောင်းစေတဲ့ ဆေးတွေ အတော်များများ ရှိသော်လည်းပဲ တော်တော်များများ က ဘယ်လိုပုံစံနဲ့ မှတ်ဉာဏ်ကောင်းအောင် လုပ်ပေးလဲဆိုတာကို သုတေသန လုပ်ထားခြင်း မရှိပါဘူး။Ginkgo biloba ဟာ အခြားဆေးတွေထက်စာရင် ပိုမိုကောင်းမွန်ပြီး Europe မှာ နှစ်ပေါင်းများစွာ သတိမေ့ရောဂါ အတွက် သုံးလာတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်လို့ Lausier, MD, assistant clinical professor in medicine, Duke Integrative Medicine, Duke University Medical Center in Durham, N.C က ပြောပါတယ်။ Ginkgo biloba ဟာ သွေးကြော သေးသေးလေးတွေထဲမှာ သွေးလည်ပတ်မှုနှုန်း ကောင်းစေပါတယ်။လေ့လာစမ်းစစ်ချက်တွေအရ Ginkgo biloba ဟာ သတိမေ့ရာဂါ အတွက် ကောင်းသလို အယ်လ်ဇိုင်းမား ရောဂါ အတွက်လည်း ကောင်းတယ်လို့ ဂျော့တောင်းတက္ကသိုလ်မှ တိုင်းရင်ဆေး ဌာန တွဲဖက်ပါမောက္ခ Adriane Fugh-Berman က ပြောပါတယ်။လေ့လာမှုတွေ ပိုမိုလိုအပ်သေးပေမယ့်လည်း Ginkgo biloba ကိုသောက်ခြင်းအားဖြင့် သတိမေ့ရောဂါ ကို ကုသနိုင်တယ်ဆိုတာကို သက်သေပြခဲ့တဲ့ လေ့လာမှုတွေ ရှိပါတယ်။ သူ့ရဲ့ အကျိုးရှိမှုတွေထဲမှာ အောက်ပါအချက်တွေလည်း ပါဝင်ပါတယ်။မှတ်ဉာဏ်ကို တိုးတက်စေဖို့ ဘယ်ဖြည့်စွက်စာတွေကို စားသင့်ပါသလဲ။အောက်ဖော်ပြပါ အရာတွေကတော့ လေ့လာမှုတွေ ပိုမိုလိုအပ်နေသေးပေမယ့် မှတ်ဉာဏ် ပိုမိုကောင်းစေတဲ့ အရာတွေပဲဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/ginkgo-biloba-%e1%81%8f-%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%94%e1%80%be%e1%80%84%e1%80%ba/
ယောက်ျားစွမ်းဆောင်ရည်တိုးစေတဲ့ ဗီတာမင်များ
သင့်ရဲ့ယောက်ျားတန်ဆာ အရွယ်အစားကို စိတ်တိုင်းမကျလို့ သဘာဝအလျောက်ကြီးထွားလာဖို့ နည်းလမ်းတွေ ရှာဖွေနေပါသလား။ သင်တယောက်ပဲ မဟုတ်ပါဘူး။ အမှန်တော့ ယောက်ျားအများစုဟာ သူတို့ရဲ့ လိင်အင်္ဂါအရွယ်အစားကို စိတ်တိုင်းမကျပါဘူး။အဲဒီအထဲမှာ ပုံမှန်အရွယ်အစားထက် ကြီးမားသူတွေတောင် ပါဝင်တတ်ပါတယ်။ တကယ်တော့ ယောက်ျားတွေဟာ သူတို့တန်ဆာကို အရွယ်အစားပိုကြီးစေချင်ကြတာဟာ ကျိုးကြောင်း ဆီလျော်တဲ့ ကိစ္စထက်စာရင် စိတ်ပိုင်းဆိုင်ရာ ပြသနာတစ်ခုသာ ဖြစ်ပါတယ်။ဒီဆန္ဒကိုဖြည့်ဆည်းဖို့ ယောက်ျားများဟာ နည်းမျိုးစုံကို သုံးကြပါတယ်။ တချို့က ထိရောက်ပေမယ့် တချို့ကတော့ အချိန်ကုန်ငွေကုန် ဖြစ်ရုံသာရှိပါတယ်။ အောက်ပါအချက်အလက်များကတော့ ယောက်ျား တန်ဆာကို ပိုပြီးဖွံ့ဖြိုးကြီးထွားအောင် ကြိုးစားရာမှာ ထည့်သွင်းစဉ်းစားနိုင်မယ်မယ့် အချက်တွေပဲ ဖြစ်ပါတယ်။ဗီတာမင်အီး ဟာ သင့်ယောက်ျားတန်ဆာကို များစွာ အကျိုးပြုပါတယ်။ အထူးသဖြင့် တန်ဆာတောင့်တင်း လာတဲ့အခါ ကွေးကောက်သွားတတ်သူတွေအတွက် သင့်တော်ပါတယ်။ ဒီလိုကွေးကောက်ရခြင်းဟာ တန်ဆာအတွင်းပိုင်းမှာ ပုံမှန်မဟုတ်တဲ့ အမာရွတ် တစ်သျှူးတွေ ဖြစ်ပေါ်နေခြင်းကြောင့် ဖြစ်ပါတယ်။အဲဒီအခါ လိင်အင်္ဂါထောင်မတ်လာရင်ဖြစ်ဖြစ်၊ ဆန္ဒပြီးဆုံးချိန်မှာ ဖြစ်ဖြစ် နာကျင်မှု ဖြစ်စေပါတယ်။ Mayoclinic ကျန်းမာရေး ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ ဒီရောဂါကို လုံး၀ ပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိဘဲ တတ်နိုင်သမျှ သက်သာပြီး ကောက်ကွေးခြင်းကို နည်းနည်းဆန့်လာဖို့ သောက်ဆေး၊ ထိုးဆေးနဲ့ ခွဲစိတ်ကုသခြင်းနည်းတွေနဲ့ ပြုပြင်လို့ ရပါတယ်။Familydoctor ဝက်ဘ်ဆိုက် ရဲ့ အဆိုအရ ဗီတာမင်အီးဟာ ဒီလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ဖြည့်စွက်စာကျန်းမာရေး အမျိုးသားသိပ္ပံကတော့ တစ်နေ့ကို ဗီတာမင်အီး ၁၀၀၀ ယူနစ် ကနေ ၁၅၀၀ ယူနစ်အထိ သုံးစွဲခြင်းဟာ ဒဏ်ရာရတဲ့အခါ သွေးထွက်နိုင်ခြေပိုများတဲ့ အန္တရာယ် ရှိတယ်လို့ ဆိုပါတယ်။ဖောလစ်အက်ဆစ်ဟာ ဗီတာမင်ဘီအုပ်စုမှာ ပါဝင်ပြီး ကျန်းမာရေးပြဿနာ အတော်များများအတွက် သုံးကြပါတယ်။ ဒီသဘာဝဗီတာမင်ကို နှလုံးကျန်းမာရေးနဲ့ သွေးစီးဆင်းမှု ကောင်းမွန်စေရေး အတွက် အသုံးပြုကြပါတယ်။လေဖြတ်ခြင်းနဲ့နှလုံးရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ ယောက်ျားတန်ဆာနဲ့ ပတ်သက်ရင်တော့ လိင်အင်္ဂါထဲ သွေးစီးဆင်းမှုကောင်းစေတာကြောင့် ထောင်မတ်ဖို့ ပြသနာရှိနေသူများအတွက် အသုံးဝင်ပါတယ်။သင့်ခန္ဓါကိုယ်အတွက် လုံလောက်စွာရရှိဖို့ လိုအပ်တဲ့ ဗီတာမင်တမျိုး ဖြစ်ပါတယ်။ လူအများဟာ ကိုလက်စထရောတက်ခြင်းကို ကုသဖို့၊ နှလုံးစနစ်ကို ကောင်းမွန်စေပြီး နှလုံးရောဂါကို ကာကွယ်စေနိုင်ဖို့ သုံးကြပါတယ်။ နှလုံးနဲ့ သွေးလွှတ်ကြောတွေကို ကောင်းမွန်စေတာမို့ ဒီဗီတာမင်ဟာ ယောက်ျားတန်ဆာ ကိုလည်း သွေးကောင်းကောင်းရောက်စေပြီး အကျိုးဖြစ်ထွန်းစေပါတယ်။ဂျွန်ဟော့ကင်းတက္ကသိုလ်မှ သုတေသီများဟာ ကျန်းမာတဲ့ အမေရိကန်အမျိုးသားပေါင်း ၃၄၀၀ ကို စူးစမ်းလေ့လာတဲ့အခါ ဗီတာမင်ဒီ ချို့တဲ့သူများဟာ ပုံမှန်ထက် ၃၂ရာခိုင်နှုန်းပိုပြီး ယောက်ျားတန်ဆာ စွမ်းဆောင်ရည်ကို ထိခိုက်စေတယ်လို့ သိရပါတယ်။ တကယ်တော့ ဒီဆက်နွယ်မှုဟာ သိသာပါတယ်။သုတေသီတယောက်ရဲ့အဆိုအရ အမျိုးသားတန်ဆာ ထောင်မတ်နိုင်ခြင်းချို့ယွင်းသူများမှာ ဗီတာမင်ဒီ ချို့တဲ့တာ တွေ့နေရတတ်ကြောင်း ပြောပါတယ်။ ဘာကြောင့်ပါလဲ။ တကယ်တော့ ဗီတာမင်ဒီဟာ သွေးကြောနံရံအတွင်းပိုင်းက ဆဲလ်တွေကို ကောင်းမွန်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ဒါကြောင့် ဗီတာမင်ဒီနည်းတဲ့အခါ သွေးကောင်းကောင်း မစီးဆင်းတာကြောင့် ယောက်ျားတန်ဆာကိုပါ သက်ရောက်မှုရှိခြင်း ဖြစ်ပါတယ်။ဗီတာမင် စီ သုံးစွဲခြင်း၊ ဗီတာမင် စီ ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးခြင်းဟာ လိင်မှုဆိုင်ရာ ကျန်းမာရေးအတွက် များစွာ အထောက်အကူ ပြုပါတယ်။ ဗီတာမင်စီ ဟာ သင့်တကိုယ်လုံးမှာ (ယောက်ျားတန်ဆာ အပါအဝင်) တစ်သျှူးတွေကို ကြီးထွားစေနိုင်၊ ပြုပြင်စေနိုင်တာကြောင့် အရေးကြီးတဲ့ နေရာက ပါဝင်ပါတယ်။အရေပြားနဲ့ သွေးကြောတွေ အတွက် အရေးပါတဲ့ ကော်လဂျင်ဓါတ်ဖွဲ့စည်းဖို့ ဗီတာမင်စီ လိုအပ်ပါတယ်။ မေရီလင်းတက္ကသိုလ်၊ ဆေးကုသမှုဌာနရဲ့ အဆိုအရ လိင်အင်္ဂါကောင်းစွာ မထောင်မတ်ခြင်း၊ အချိန်စောပြီး သုက်လွှတ်ခြင်း၊ လိင်စိတ်ဆန္ဒနဲ့ပတ်သက်တဲ့ကိစ္စများ စတဲ့လိင်မှုဆိုင်ရာ ကိစ္စများအတွက် ဗီတာမင်စီ ဟာ အထောက်အကူ ပြုပါတယ်။ဗီတာမင်စီ ၂၅၀-၅၀၀ မီလီဂရမ်ကို တနေ့တကြိမ် (သို့) ၂ကြိမ် သောက်ဖို့လည်း အကြံပြုထားပါတယ်။ Mayoclinic ကျန်းမာရေးဝက်ဘ်ဆိုက်က သင်ဗီတာမင်စီ နည်းခြင်းဟာ သုက်ကောင် အရေအတွက်ကို လျော့နည်းစေပြီး မြုံခြင်းကိုလည်း ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/%e1%80%9a%e1%80%b1%e1%80%ac%e1%80%80%e1%80%bb%e1%80%ba%e1%80%ac%e1%80%b8%e1%80%85%e1%80%bd%e1%80%99%e1%80%ba%e1%80%b8%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%8a%e1%80%ba%e1%80%90/
သင့်ကလေးမှာ ပထမဆုံးဝက်ခြံတွေပေါက်လာပြီဆိုရင် သင်ဘာလုပ်သင့်လဲ
တကယ်လို့များ သင့်ကလေးက ပထမဆုံး ဝက်ခြံပေါက်လာပြီဆိုရင်တော့ သူတို့ဟာ ဝေခွဲမရဖြစ်တာမျိုးတွေနဲ့ ဘာလုပ်လို့ လုပ်ရမယ်မှန်းမသိဖြစ်လာတာမျိုးတွေ ရှိနိုင်ပါတယ်။ မိဘတစ်ယောက်အနေနဲ့ သင်က သူတို့ရဲ့ လမ်းပြကြယ်ဖြစ်သင့်ပါတယ်။သူတို့ကို ဒီပြဿနာတွေနဲ့ ပတ်သက်လို့ ဘယ်လို ရင်ဆိုင်မယ်ဆိုတာမျိုးကို သင်ကြားပေးပါ။ တကယ်လို့များ ဘယ်ကနေ စလုပ်ရမယ်မှန်းမသိဖြစ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးဟာ သင့်အတွက်ပါပဲ။သင့်ကလေးတွေဟာ ဝက်ခြံနဲ့ပတ်သက်တဲ့အသိပညာတွေ မသိသေးတဲ့အတွက် အကြောက်တရားတွေနဲ့ ပေါက်ကရနည်းတွေသုံးပြီးကုသတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သင်ပထမဆုံး လုပ်သင့်တဲ့အလုပ်ကတော့ သူတို့ကို ဝက်ခြံနဲ့ ပတ်သက်တဲ့အချက်အလက်တွေ သေချာသိအောင် ပြောပြထားသင့်တာပါ။သူတို့ကို ဝက်ခြံဆိုတာဘာလဲဆိုတာပြောပြနိုင်ပါတယ်။ ဝက်ခြံဆိုတာ အဖြစ်များတဲ့ အသားအရေ ပြဿနာတစ်ခုပါ။ ဆယ်ကျော်သက်အများစုမှာ ဝက်ခြံတွေရှိတတ်ပါတယ်။ အရည်ပြားမှာရှိတဲ့ မွှေးညှင်းပေါက်လေးတွေမှာ အဆီဂလန်းတွေပါဝင်ပြီး ဒါတွေက အရည်ပြားရဲ့ အစိုဓါတ်ကို ကာကွယ်ပေးဖို့ အဆီတွေ ထုတ်ပေးပါတယ။်။ကလေးတွေ အရွယ်ရောက်စပြုလာတဲ့အချိန်မှာ လိင်ဟော်မုန်းတွေပြောင်းလဲမှုက အဆီဂလန်းတွေကနေ အဆီတွေ အများကြီးပိုထုတ်ပေးပါတယ်။ အဆီပိုတွေဟာ ဆဲလ်အသေတွေနဲ့ရောပြီး ချွေးပေါက်တွေကို ပိတ်ဆို့စေပါတယ။် ဒီအဆီအပိုတွေကပဲ Pလို့ခေါ်တဲ့ ဘက်တီးရီးယားတွေရဲ့ ကြီးထွားမှုကို တိုးတက်စေပါတယ်။ ဒါနဲ့ပဲ ဝက်ခြံတွေပေါ်လာတော့တာပါပဲ။သင့်ကလေးတွေက ဝက်ခြံတွေမပျောက်တော့မှာကို စိုးရိမ်ကောင်း စိုးရိမ်နေနိုင်ပါတယ်။ သင်က သူတို့ကို ပိုပြီးကြည့်ကောင်းလာစေဖို့ ဝက်ခြံကုသတဲ့နည်းလမ်းတွေနဲ့ အမာရွတ်တွေကို လျှော့ချပေးနိုင်မယ့် နည်းလမ်းတွေကို ပြောပြဖို့ လိုအပ်ပါတယ်။ဝက်ခြံအတွက် ကုသမှုတွေမှာတော့ OTCလိုးရှင်းတွေ၊ ခရင်မ်တွေ၊ ဂျယ်လ်တွေ ဒါမှမဟုတ် ဆရာဝန်ညွှန်းပေးတဲ့ဆေးတွေဖြစ်တဲ့ benzoyl peroxide တွေနဲ့ ပဋိဇီဝဆေးတွေ စတာတွေပါဝင်ပါတယ်။ တကယ်လို့များ ဝက်ခြံတွေက သူတို့အသားအရေပေါ်မှာ အမာရွတ်တွေချန်ထားခဲ့တယ်ဆိုရင်တောင် အလင်းကုထုံး ဒါမှမဟုတ် ဓါတုကုထုံးတွေက ကူညီပေးနိုင်ပါတယ်။သင့်ကလေးကို ဒါတွေလုပ်ပေးခြင်းအားဖြင့် ကူညီပေးနိုင်ပါတယ်။သင့်ကလေးကို အသားအရေကို သန့်စင်အောင်ထားဖို့ သတိပေးပါ။ ဝက်ခြံတွေကို မဖောက်ဖို့ မဆိတ်ဖို့ပြောပါ။ ဒါတွေက ဝက်ခြံတွေကို ပြန့်နှံ့စေပြီး အမာရွတ်တွေကို ဖြစ်စေနိုင်ပါတယ်။ အမာရွတ်တွေကို ကုသဖို့က ပိုလို့ရှုပ်ထွေးပါတယ်။တကယ်လို့များ OTCလိုးရှင်းတွေ၊ ခရင်မ်တွေ၊ ဂျယ်လ်တွေဆေးတွေက သင့်ကလေးဝက်ခြံအတွက် ဘယ်လိုမှ အသုံးမဝင်ဘူးဆိုရင် အရေပြားဆရာဝန်နဲ့သာ သွားပြပါ။ သူတို့တွေက ခွဲခြမ်းစိတ်ဖြာပြီး ကုသနိုင်မယ့် နည်းလမ်းတွေကို လမ်းညွှန်ပေးပါလိမ့်မယ်။အသားအရေထိန်းသိမ်းနည်းတွေကို ပုံမှန်လုပ်နေဖို့ သတိပေးပါ။ ဒါတွေက ဝက်ခြံတွေပြန်ဖြစ်မလာဖို့နဲ့ အခြားသော အသားအရေပြဿနာတွေ မဖြစ်ဖို့ ကာကွယ်ပေးပါတယ်။သူတို့ရဲ့ဝက်ခြံတွေကုသရာမှာ သင့်ကလေးကို သင်က ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာတော့ သင်တစ်ယောက်တည်းနဲ့ မလုံလောက်တော့ဘဲ ဆေးဘက်ဆိုင်ရာ အကြံပေးကိုတော့ ခေါ်ယူသင့်ပါတယ။်။တကယ်လို့များ သင့်ကလေးမှာ ဝက်ခြံနဲ့ပတ်သက်နေတဲ့ ကာလရှည်ခံစားမှုပြဿနာတွေ ရှိခဲ့မယ်ဆိုရင် ဥပမာ- စိတ်ဆိုးခြင်း။ စိတ်ပျက်ခြင်း။သင့်ကလေးကို မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ကုသနေပေမယ့်လည်း ဝက်ခြံတွေက ပိုဆိုးရင် ဆိုးလာနိုင်ပါသေးတယ်။သူတို့အသုံးပြုနေတဲ့ ကုထုံးတွေဟာ ထိရောက်မှုမရှိတဲ့အခါမျိုးတွေပေါ့။တကယ်လို့များ သင့်ကလေးမှာ ပထမဆုံးအကြိမ် ဝက်ခြံပေါက်လာတယ်ဆိုရင် ဝက်ခြံတွေအကြောင်းနဲ့ အသားအရေဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ သူတို့ကို ပြောပြပြီး ကူညီပေးနိုင်ပါတယ်။ သင်က သူတို့ရဲ့ လမ်းပြပါ။ ဒါကြောင့် ဂရုစိုက်ပါ။ စိတ်ရှည်ပါ။ ဗဟုသုတတွေ ရှာမှီးပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%bd%e1%80%ac-%e1%80%95%e1%80%91%e1%80%99%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%9d%e1%80%80%e1%80%b9%e1%80%bb/
ကလေးကိုအစားတွေအများကြီးကျွေးမိနေတယ်ဆိုတာကို ဖော်ပြပေးတဲ့အချက် (၅)ချက်
ကလေးတွေက ဘာဖြစ်ချင်တယ်ဆိုတာကို မပြောနိုင်ကြပါဘူး။ဖြစ်ချင်တဲ့ဆန္ဒလေးရှိခဲ့ရင်သူတို့လုပ်ပြတတ်တဲ့အပြုအမူလေးတွေနဲ့လုပ်ပြကြတာများပါတယ်။ ဒီတော့ အသစ်စက်စက်မိဘဖြစ်သူတွေအနေနဲ့ရော အတွေ့အကြုံရှိပြီးသားမိဘတွေပါ ကလေးရဲ့ အပြုမူလေးတွေကိုသေချာကြည့်ပြီး ဆန်းစစ်အဖြေထုတ်ကြရပြီပေါ့။ ဒီလိုအချိန်မှာအများဆုံးတွေ့ကြုံရနိုင်တဲ့ပြဿနာက ကလေးနို့ဝရဲ့လား၊ ဗိုက်ပြည့်ရဲ့လားဆိုတာကပါ။ ရှုးရှုးပေါက်တဲ့အခါ၊ အင်းအင်းပါတဲ့အခါ အဝတ်လဲပေးလိုက်လို့ရပေမယ့် ဗိုက်ပြည့်ရဲ့လားဆိုတာက သိဖို့ခက်သားနော်။ ကလေးဗိုက်မဝမှာစိုးတာနဲ့ ကလေးကို လိုအပ်တာထက်ပိုပြီးနို့တွေအများကြီးတိုက်မိတာမျိုးဖြစ်နိုင်ပါတယ်။မိဘတိုင်းကတော့ သားသမီးတိုင်းကိုမွေးစကစစလို့ အရွယ်ရောက်တဲ့အထိ အစစအရာရာပူပန်တတ်ကြတာပါပဲ။ ငယ်စဉ်မှာပိုဆိုးတာပေါ့။ နုနယ်လွန်းတဲ့ကလေး သေးတွေများစိုနေမလား၊ ဗိုက်ရောဝရဲ့လားဆိုပြီး အစစအရာရာကိုပူပန်နေမိရောလေ။ ဒီလိုအခြေအနေမျိုးမှာ ကလေးရဲ့ ဖွံ့ဖြိုးမှုနဲ့ စွမ်းအင်ဖြစ်ပေါ်ဖို့အတွက်လိုအပ်တဲ့ အာဟာရပမာဏထက် ပိုမိုပြီးကျွေးမိနိုင်ပါတယ်။ ကလေးအတွက် လိုအပ်တဲ့ပမာဏထက်ပိုကျွေးမိတဲ့အရာတိုင်းက အလွန်အကျွံကျွေးမိတယ်ဆိုတဲ့သဘောသက်ရောက်နေပါတယ်။၁) ကလေးက ခဏခဏအန်နေမယ်။ကလေးက နို့သောက်ပြီးတိုင်းအန်နေမယ်ဆိုရင်တော့ ကလေးကို နို့အများကြီးတိုက်မိနေပြီဆိုတဲ့သဘောပါ။ ဒါကြောင့် ကလေးကို နို့တိုက်ရင်လည်း နည်းနည်းချင်းနဲ့ အကြိမ်ရေခပ်များများလေးတိုက်ပေးပါ။ တစ်ခါတည်းနဲ့အများကြီးတိုက်တာမျိုးမလုပ်ပါနဲ့။ ဒါမှ ကလေးကအစာအိမ်အူလမ်းကြောင်းပြဿနာကင်းစင်ပြီး ကျန်းကျန်းမာမာကြီးထွားလာမှာပါ။၂) ကလေးကဂျီကျနေမယ်။အစားများရင်မအီမသာဖြစ်တဲ့အခါ စိတ်ကသိပ်မကြည်တော့တာကိုယ်တွေ့ကြုံဖူးမှာပါ။ ဗိုက်ထဲက တင်းတင်းကြီးဖြစ်နေတာ၊ဗိုက်အောင့်သလိုနာသလိုဖြစ်နေတာမျိုးခံစားရပြီးနေရထိုင်ရတာတော်တော်လေးမသက်သာပါဘူး။ ကိုယ်တွေကပြောနိုင်ဆိုနိုင်အရွယ်မို့ ဗိုက်တင်းလိုက်တာ အစာကြေဆေးလေးစားဦးမှဆိုပြီး စိတ်ကြိုက်လုပ်လိုက်လို့ရပါတယ်။ ဘာမှမပြောနိုင်တဲ့ ကလေးတွေအဖို့ကတော့ ဂျီကျနေရုံကတစ်ပါး ကျန်တာကို သိပ်နားမလည်ပါဘူး။ ဒါကြောင့် သတိထားရမှာတစ်ချက်က ကလေးကဂျီကျနေတယ်ဆိုတိုင်း ဗိုက်ဆာနေတာမဟုတ်ပါဘူး။ အရမ်းကိုဗိုက်ပြည့်နေတာလည်းဖြစ်နိုင်ပါတယ်။၃) တစ်နေ့ကိုသေးခံ၈ ကြိမ်ထက်မနည်းလဲရမယ်။ကလေးတွေကို လုံလောက်တဲ့နို့ပမာဏတိုက်ကျွေးမိတယ်ဆိုရင် ကလေးက တစ်နေ့ကိုသေးခံ ၄ ကြိမ် ကနေ ၅ ကြိမ်လောက်ပဲလဲပေးဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ဘဲ ကလေးကသေးတစွတ်စွတ်ပေါက်နေတာပဲ ခဏနေတစ်ခါ ခဏနေတစ်ခါသေးခံလဲပေးရပြီ၊ အနှီးလဲပေးရပြီဆိုရင် ကိုယ်တိုင်က ကလေးကို လိုအပ်တဲ့ပမာဏထက်နို့တွေပိုတိုက်မိနေပြီဆိုတာကို သတိရလိုက်ပါ။၄) ခဏခဏဝမ်းသွားနေမယ်။ကလေးတွေကျန်းမာလားဆိုတာကို သူတို့ရဲ့အင်းအင်းတွေကနေတဆင့် သိနိုင်ပါတယ်။ ကလေးကဝမ်း ခပ်စေးစေးတွေသွားနေမယ်၊ အဝါရောင်တွေ၊ စိမ်းညိုညိုအရောင်တွေဖြစ်နေမယ်၊ ဝမ်းကတစ်နေ့ကို ၃ ကြိမ်ထက်မနည်းသွားနေမယ်ဆိုရင်တော့ ကလေးကိုနို့တွေအများကြီးတိုက်မိပြီဆိုတဲ့လက္ခဏာပါ။၅) ကလေးကတော်တော်နဲ့မအိပ်ဘူးဖြစ်နေမယ်၊ ခဏခဏနိုးနေမယ်။အိပ်ခါနီးရေအများကြီးသောက်မိရင် အိပ်ရေးပျက်လာက်အောင်ဆီးခဏခဏထသွားရတော့တာပဲနော်။ လူကြီးရော ကလေးရောခန္ဓါကိုယ်ရဲ့ဖြစ်စဉ်ချင်းက အတူတူပဲဆိုတော့ ကလေးတွေလည်း နို့တွေအများကြီးသောက်မိမယ်ဆိုရင် အိပ်တဲ့အခါ ဆီးခဏခဏသွားရတာကြောင့်ကောင်းကောင်းအိပ်မပျော်သလို ဗိုက်ထဲမှာ အရည်ဓါတ်အရမ်းများနေတာကြောင့်တော်တော်နဲ့အိပ်မပျော်တာမျိုးလည်းတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ကလေးကကောင်းကောင်းမအိပ်တာ၊ ခဏခဏနိုးနေတာမျိုးဖြစ်မယ်ဆိုရင် ကလေးက အစားတွေအလွန်အကျွံစားမိထားပြီဆိုတဲ့လက္ခဏာပါ။ဒါကြောင့်ကလေးကို နို့တိုက်တဲ့အခါဖြစ်ဖြစ် အစားအစာတစ်ခုခုကျွေးတဲ့အခါမှာပဲဖြစ်ဖြစ် သူတို့စားနိုင်သလောက်ပဲကျွေးပါ။ ဆာနေမယ်ဆိုတဲ့စိုးရိမ်စိတ် မဝဘဲနေမယ်ဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ အလွန်အကျွံမလုပ်မိပါစေနဲ့။ ကလေးကို နည်းနည်းချင်းစီနဲ့ အကြိမ်ရေများများတိုက်ပေးပါ။ ဒါမှာ လိုအပ်တဲ့အာဟာရဓါတ်တွေ ပြည့်ပြည့်ဝဝရရှိပြီး ကျန်းမာကြီးထွားဖွံ့ဖြိုးတဲ့ ကလေးအဖြစ်အရွယ်ရောက်ကြီးပြင်းလာမှာပါ။Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%a1%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%bc%e1%80%ae/
Bradycardia (နှလုံးခုန်နှေးခြင်း)
အရွယ်ရောက်ပြီးသူများတွင် နှလုံးခုန်နှုန်း တစ်မိနစ်လျှင် (BPM) ၆၀ အောက် ရောက်နေပါက နှလုံးခုန်နှေးခြင်း (Bradycardia) ဟုခေါ်သည်။ နှလုံးခုန်နှုန်းသည် အရွယ်ရောက်ပြီးသူများ နားနေချိန်တွင် ၆၀ နှင့် ၁၀၀ ကြားရှိပါသည်။ နှလုံးခုန်နှေးခြင်းသည့် ပုံမှန်ကျန်းမာသူလဲဖြစ်နိုင်သည်။ဥပမာ – ကိုယ်လက်လှုပ်ရှားရသော အရွယ်ရောက်ပြီးသူများတွင် နားနေချိန်၌ 60 BPM ရှိနိုင်ပြီး ၎င်းသည် ပြဿနာမဟုတ်ပါ။နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့်အခါတွင်လဲ 60 BPM အောက် ရောက်နိုင်သည်။အရွယ်ကြီးရင့်သူများတွင် နှလုံးခုန်နှေးပါက ပြဿနာ ပိုဖြစ်နိုင်ပါသည်။သို့သော် နှလုံးခုန်နှေးခြင်းသည် နှလုံးလျှပ်စစ်စနစ်၌ ပြဿနာရှိနေခြင်းလဲ ဖြစ်နိုင်ပါသည်။နှလုံးခုန်နှေးခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။နှလုံးခုန်နှေးခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ –။မူးမေ့လဲတော့မလို သို့ မူးမေ့လဲခြင်း (Syncope)။မူးဝေခြင်း။အားနည်းခြင်း။မောပမ်းလွယ်ခြင်း။အသက်ရှူမဝခြင်း။ရင့်ဘတ်အောင့်ခြင်း။ကယောင်ကတမ်းဖြစ်ခြင်း သို့ မှတ်ဉာဏ်ပြဿနာဖြစ်ခြင်း။ကိုယ်လက်လှုပ်ရှားစဉ် မောပမ်းလွယ်ခြင်း။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။မူးမေ့လဲလျှင်၊ အသက်ရှူရခက်လျှင် သို့မဟုတ် မိနစ်အနည်းငယ်ထက် ပိုကြာအောင် ရင်ဘတ်အောင့်လျှင် ဆရာဝန်ကို ချက်ချင်းခေါ်ပါ။အသက်အရွယ်နှင့်ဆက်နွှယ်သော နှလုံးတစ်ရှူးပျက်စီးခြင်း။နှလုံးရောဂါ သို့ နှလုံးဖောက်ခြင်းကြောင့်ဖြစ်သော နှလုံးတစ်ရှူးပျက်ခြင်း။သွေးတိုးခြင်း။မွေးရာပါ နှလုံးမကောင်းခြင်း။နှလုံးတစ်ရှူးများ ကူးစက်ပိုးဝင်ခြင်း (Myocarditis – နှလုံးကြွက်သားများရောင်ခြင်း)။နှလုံးခွဲစိတ်မှု၏နောက်ဆက်တွဲပြဿနာ။သိုင်းရွိုက်ဂလင်း အလုပ်နည်းခြင်း (hypothyroidism)။နှလုံးလျှပ်စစ်လှုံစော်မှုရစေရန် လိုအပ်သည့် သတ္တုဓါတ်များနှင့် ဆက်နွယ်သော ပစ္စည်းများ မညီမျှခြင်း (electrolytes)။အိပ်ပျော်နေစဉ် ခဏခဏ အသက်ရှူရပ်ခြင်း (Obstructive sleep apnea)။လေးဖက်နာကြောင့်ဖျားခြင်း သို့ lupus တို့ကဲ့သို့ ရောင်ရမ်းမှုဖြစ်သောရောဂါများ။အင်္ဂါများတွင် သံဓါတ်များ စုပုံခြင်း (hemochromatosis)။နှလုံးစည်းချက်မမှန်ခြင်းအတွက်သုံးသောဆေးများ၊ သွေးတိုးကျဆေးများ စိတ်ရောဂါဆေးများ။နှလုံးခုန်နှေးခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။အသက်အရွယ် – နှလုံးခုန်နှေးခြင်း၏ အဓိက အကြောင်းရင်းသည် အသက်အရွယ်ဖြစ်သည်။ နှလုံးခုန်နှေးခြင်းနှင့် ဆက်နွှယ်သော နှလုံးရောဂါများမှာ အသက်ကြီးရင့်သူများတွင် ပိုတွေ့ရ၏။နှလုံးခုန်နှေးခြင်း သည် တစ်ချို့နှလုံးရောဂါများကြောင့် နှလုံးတစ်ရှူးများပျက်စီးခြင်းနှင့် ဆက်စပ်မှုရှိသည်။ ထို့ကြောင့် နှလုံးရောဂါများဖြစ်စေသော အန္တရာယ်အချက်အလက်များမြင့်မားနေလျှင် နှလုံးခုန်နှေးခြင်းဖြစ်နိုင်ချေလဲ များမည်ဖြစ်သည်။လူနေမှုနေထိုင်မှုပုံစံပြောင်းခြင်း သို့မဟုတ် ဆေးကုသမှုခံယူမှုသည် အောက်အချက်များနှင့် ဆိုင်သော နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါသည်။သွေးဖိအားများခြင်း။ဆေးလိပ်သောက်ခြင်း။အရက်အလွန်အကျွံသောက်ခြင်း။စိတ်ဖျော်ဖြေသည့်ဆေးများသုံးခြင်း။စိတ်ပိုင်ဆိုင်ရာဖိစီးမှု သို့မဟုတ် စိုးရိမ်စိတ်များခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်အခြေအနေအား ရောဂါအမည်တပ်နိုင်ရန် ဆရာဝန်မှ သင်၏ရောဂါလက္ခဏာများ၊ ရောဂါရာဇဝင် နှင့် မိသားစုရာဇဝင်တို့အား မေးမြန်းကာ စမ်းသပ်ကြည့်ရှူပေးပါလိမ့်မည်။သင့်ဆရာဝန်မှ သင့်နှလုံးခုန်နှုန်းကို တိုင်းတာသည့် စစ်ဆေးမှုအမျိုးမျိုးအားလုပ်ပြီး နှလုံးခုန်နှေးခြင်းနှင့် သင့်ရောဂါလက္ခဏာများကို ဆက်စပ်ပြီး နှလုံးခုန်နှေးခြင်းကိုဖြစ်စေသည့် အခြေအနေကို တွက်ထုတ်ပါလိမ့်မည်။အီးစီဂျီဆွဲခြင်း – အီးစီဂျင်သည် နှလုံးခုန်နှေးခြင်းကို တွက်ချက်နိုင်သော မူလစစ်ဆေးချက်ဖြစ်ပါသည်။ အီးစီဂျီးတွင် သေးငယ်သောအာရုံခံပစ္စည်းများ (electrodes) အား ရင်ဘတ်နှင့် လက်မောင်းတွင် ကပ်ကာ နှလုံးကိုဖြတ်စီးဆင်းသော လျှပ်စစ် အမှတ်အသားများကို မှတ်ယူပါသည်။သင့်ဆရာဝန်မှ ထိုအမှတ်အသားများ၏ပုံစံကိုကြည့်ကာ ဘယ်လို နှလုံးခုန်နှေးခြင်းအမျိုးအစားလဲဆိုသည်ကို ဆုံးဖြတ်ပါလိမ့်မည်။ နှလုံးခုန်နှေးခြင်းသည် မကြာခဏ ပေါ်လိုက်ပျောက်လိုက်ဖြစ်နိုင်သောကြောင့် ဆရာဝန်ဆေးခန်းတွင်ဆွဲသော စံစနစ်အီးစီးဂျီတွင် တွေ့နိုင်မည်မဟုတ်ပါ။ အီးစီဂျီစစ်နေစဉ် ဖြစ်နေမှသာ နှလုံးခုန်နှေးခြင်းကို သတ်မှတ်နိုင်မည်ဖြစ်သည်။ထို့ကြောင့် သင့်ဆရာဝန်သည် သယ်ယူရလွယ်သည့် အီးစီဂျီစက်အား တပ်ဆင်ပေးပြီး အိမ်သို့ပြန်ခိုင်းနိုင်ပါသည်။ သို့မှသာ သင့်နှလုံးခုန်နှုန်းအကြောင်း သိရပြီး နှလုံးခုန်နှေးခြင်းနှင့် လက္ခဏာများပေါ်လာခြင်းတို့ ဆက်စပ်မှုအကြောင်း သိနိုင်မည်ဖြစ်သည်။ ထိုစက်များတွင် အောက်ပါတို့ပါဝင်သည်။Holter monitor – သယ်ရလွယ်သော အီးစီဂျီစက်သည် အိပ်ကပ်ထဲ ခါးပတ်ထဲ ပုခုံးအိတ်ထဲ ထည့်သယ်ယူနိုင်သည်။ ၎င်းသည် ၂၄ နာရီပတ်လုံး သင့်နှလုံးခုန်နှုန်းကိုမှတ်ယူထားနိုင်သောကြောင့် သင့်နှလုံးစည်းချက်ကို ဆရာဝန်မှ ကောင်းကောင်းစစ်နိုင်မည်ဖြစ်သည်။ထို ၂၄ နာရီအတွက် ဒိုင်ယာရီရေးရန် ဆရာဝန်မှ ပြောထားပါလိမ့်မည်။ သင်ခံစားရသည့်လက္ခဏာများနှင့် အချိန်ကို တိတိကျကျ ရေးထားရမည်ဖြစ်သည်။Event Recoder – ဒီလို သယ်ရလွယ်သော အီးစီဂျီစက်သည် ရက်သတ္တပတ်အနည်းအတွင်း သို့ လအနည်းငယ်အတွင်း သင့်နှလုံးလှုပ်ရှားမှုအခြေအနေကို စောင့်ကြည့်ရန် စီစဉ်ထားခြင်းဖြစ်သည်။နှလုံးခုန်နှေးခြင်းနှင့်ဆိုင်သော လက္ခဏများ ဖြစ်လာပြီးဆိုမှ စက်ကိုဖွင့်ရမည်ဖြစ်သည်။ လက္ခဏာများကို ခံစားရသည်နှင့် ခလုတ်နှိပ်ကာ အီးစီဂျီကိုမိနစ်အနည်းငယ်ကြာအောင် ဆွဲရပြီးနောက်မှ မိနစ်အနည်းငယ်ကြာအောင် မှတ်ထားရ၏။ ၎င်းသည် ရောဂါလက္ခဏာပြသည့်အခါ ရှိနေမည့် နှလုံးစည်းချက်ကို စစ်ဆေးနိုင်မည်ဖြစ်သည်။နှလုံးခုန်နှေးခြင်းခြင်းကို ဘာကဖြစ်စေတာလဲဆိုတာ သိနိုင်ရန်အတွက် သင့်အား အီးစီးဂျီစက်နှင့်စောင့်ကြည့်နေစဉ် ဆရာဝန်မှ တခြားစစ်ဆေးမှုများကို လုပ်ပါလိမ့်မည်။ ထိုစစ်ဆေးမှုများတွင် အောက်ပါတို့ပါသည်။Tilt Table Test – ဒီစစ်ဆေးမှုသည် မူးမေ့လဲရခြင်းနှင့် နှလုံးခုန်နှေးခြင်း ဆက်စပ်မှုကို နားလည်စေရန် ဆရာဝန်အား အကူအညီပေးသည်။ သင်သည် အထူးပြုထားသည့် စားပွဲပေါ်တွင် လဲနေရမည်ဖြစ်ပြီး စားပွဲမှ မတ်တပ်ရပ်သည့်အနေအထားသို့ အလိုလိုပြောင်းသွားပါလိမ့်မည်။ အနေအထားပြောင်းခြင်းဖြင့် မူးမေ့ခြင်းဖြစ်နိုင်သောကြောင့် ဆရာဝန်မှ နှလုံးခုန်နှေးခြင်းနှင့် မူးမေ့လဲခြင်းကို ဆက်စပ်နိုင်မည်ဖြစ်သည်။လေ့ကျင့်ခန်းနှင့် စစ်ဆေးခြင်း – လမ်းလျှောက်စက်ပေါ် သင်လမ်းလျှောက်စဉ် သို့ စက်ဘီးနင်းစက်တွင် နင်းနေစဉ်၌ ဆရာဝန်မှ သင့်နှလုံးခုန်နှုန်းကို စောင့်ကြည့်နေပြီး လှုပ်ရှားမှုနှင့်သင့်တော်သော တုန့်ပြန်မှုရှိမရှိ ကြည့်ပါလိမ့်မည်။သင့်ဆရာဝန်မှ နှလုံးခုန်နှေးခြင်းကိုဖြစ်စေသော တခြားအကြောင်းများ ဥပမာ ကူးစက်ပိုးဝင်ခြင်း၊ သိုင်းရွိက်အလုပ်နည်းခြင်း သို့ လျှပ်ကူးသတ္တုဓါတ်များ မညီမျှခြင်းတို့ရှိမရှိသိနိုင်ရန် သွေးစစ်ခိုင်းနိုင်ပါသည်။နှလုံးခုန်နှေးခြင်းအား ကုသမှုသည် လျှပ်ကူးစနစ်ပြဿနာ၊ လက္ခဏာများပြင်းထန်မှုနှင့် နှလုံးခုန်နှေးခြင်းကိုဖြစ်စေသည့်အကြောင်းရင်း စသည်တို့အပေါ်မူတည်ပါသည်။အောက်ခံနဂိုရောဂါများအား ကုသခြင်း – အောက်ခံရောဂါရှိလျှင် ဥပမာ သိုင်းရွိက်အလုပ်နည်းခြင်း သို့မဟုတ် အိပ်ပျော်နေစဉ်အသက်ရှူရပ်ခြင်းတို့ကြောင့် နှလုံးခုန်နှေးခြင်းဖြစ်လျှင် နှလုံးခုန်နှေးခြင်းပျောက်ကင်းစေရန် အောက်ခံရောဂါကိုကုမှ ဖြစ်မည်။နှလုံးကုသရေးဆေးများအပါအဝင် ဆေးတော်တော်များများသည် နှလုံးခုန်နှေးခြင်းကိုဖြစ်စေနိုင်သည်။ သင်သုံးနေသည့်ဆေးများကို ဆရာဝန်မှစစ်ဆေးပြီး ပြောင်းလဲရန်လမ်းညွှန်နိုင်ပါသည်။ ဆေးပြောင်းခြင်း သို့မဟုတ် ဆေးပမာဏလျော့ခြင်းတို့ဖြင့် နှလုံးခုန်နှေးခြင်းကို ပျောက်ကင်းစေနိုင်ပါသည်။Pacemaker ဆိုသည်မှာ ဘက်ထရီနှင့်သုံးသော ပစ္စည်းဖြစ်ပြီး သင့်ညှပ်ရိုးအောက်တွင မြှုပ်ထားရသည်။ ထိုစက်မှ ဝိုင်ယာများအား သွေးပြန်ကြောများမှတစ်ဆင့် နှလုံးဆီသို့ သွယ်တန်းရသည်ဖြစ်သည်။ဝိုင်းယာအစွန်မှ လျှပ်ခေါင်းများက နှလုံးတစ်ရှူးများတွင် တွယ်ကပ်ထားရသည်။ Pacemaker မှ နှလုံးခုန်နှုန်းပုံမှန်ဖြစ်နေစေရန် နှလုံးခုန်နှုန်းကိုစောင့်ကြည့်ကာ လျှပ်စစ်လှုံစော်မှုကို ပြုလုပ်ပေးပါသည်။Pacemaker အများစုသည် သင့်နှလုံးကိုစောင့်ကြည့်ထားသည့်အချက်များကို နှလုံးအထူးကုမှအသုံးပြုနိုင်ရန် မှတ်တမ်းတင်ပေးနိုင်သည်။ သင့်နှလုံးနှင့် သင့် Pacemaker အလုပ်ကောင်းကောင်းလုပ်မလုပ်သိစေရန် မှန်မှန်ချိန်ဆိုသည့်အခါတိုင်း ပြန်ပြရပါမည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် နှလုံးခုန်နှေးခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။နှလုံးကျန်းမာရေးနှင့်ညီညွှတ်သည်များစားရန် အစီအစဉ်ဆွဲပါ။ ထိုအစားအစာများတွင် သစ်သီးများ၊ဟင်းသီးဟင်းရွက်များ၊ ဂျုံကြမ်း၊ ငါးနှင့် အဆီနည်းသောအစာများ သို့ အဆီမပါသောအစာများပါဝင်ပါသည်။ လှုပ်လှုပ်ရှားရှားနေပါ။ အချိန်တိုင်းမဟုတ်တောင် တစ်ပတ်လျှင်ရက်အတော်များများ လှုပ်ရှားနေပါ။ သင့်နှင့်သင့်တော်သော လေ့ကျင့်ခန်းများကို ဆရာဝန်မှ အကြံပြုနိုင်ပါသည်။ကျန်းမာသော ကိုယ်အလေးချိန်ရှိပါစေ။ဆေးလိပ်ဖြတ်ပါ။တခြားရောဂါများဖြစ်သော သွေးတိုးသို့ သွေးတွင်းအဆီများခြင်းတို့ကိုစီမံပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-arrhythmias/bradycardia-%e1%80%94%e1%80%be%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%81%e1%80%af%e1%80%94%e1%80%ba%e1%80%94%e1%80%be%e1%80%b1%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ
သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးမွှားတွေဟာ အကြောင်း အမျိုးမျိုးနဲ့ ဆီးလမ်းကြောင်း ကနေတဆင့် ဝင်ရောက်သွားတတ်ပါတယ်။ ဒီလိုကနေ အစပြုပြီး ဆီးလမ်းကြောင်း ပိုးဝင်တာကို ခံစားရပါတယ်။ ဆီးလမ်းကြောင်း ကနေတဆင့်ဘက်တီးရီးယားနဲ့ မှိုပိုးတွေ ဝင်ရောက် ကူးစက်တာက များပါတယ်။ ဗိုင်းရပ်စ် ဝင်ရောက် ကူးစက်မှုက ဖြစ်ခဲပါတယ်။လေ့လာမှုတွေအရကတော့ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းဟာ အမျိုးသားတွေရဲ့ ဆီးလမ်းကြောင်းထက် ပိုတိုတာကြောင့် ဆီးလမ်းကြောင်းပိုးဝင် ကူးစက်ခံရနိုင်ခြေက ၄ ဆ ပိုများနေပါတယ်။ ဗိုင်းရပ်စ်က ဆီးလမ်းကြောင်းထဲ ဝင်ရောက် ကူးစက်သွားတဲ့အခါ ကျောက်ကပ်ထိ ဝင်ရောက် ကူးစက်နိုင်ပါတယ်။ဒီဗိုင်းရပ်စ်တွေက ဆီးကနေတဆင့်ဆီးပို့ပြွန်ဆီရောက်ပြီး ကိုယ်တွင်းအင်္ဂါတွေကို ပျက်စီးစေတာ၊ လုပ်ဆောင်မှုတွေကို နှေးစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ဆီးလမ်းကြောင်း ပိုးဝင်တာက တစ်ခါတလေမှာ လက္ခဏာ မပြတာမျိုး ရှိနိုင်ပါတယ်။ များသောအားဖြင့် ကတော့။တကယ်လို့ဆီးလမ်းကြောင်းပိုးဝင်တာက အရမ်းပြင်းထန်မယ်၊ ဆီးပို့ပြွန် အတွင်းမှာ ဖြစ်မယ်ဆိုရင်။တကယ်လို့ အပေါ်မှာ ပြောခဲ့တဲ့လက္ခဏာတွေထဲက တစ်ခုလောက် ခံစားနေရမယ် ဆိုရင် ဆရာဝန်နဲ့ ချက်ချင်း ပြသဖို့ လိုပါမယ်။ ဆရာဝန်က ကျန်းမာရေး အခြေအနေကို စစ်ဆေးပါလိမ့်မယ်။ ဆီးစစ်ကြည့်ရမှာ ဖြစ်ပါတယ်။ဆီး နမူနာကို ဓာတ်ခွဲခန်းကို ပို့ဆောင် စစ်ဆေးမှာ ဖြစ်ပြီး ထွက်လာတဲ့ အဖြေပေါ် မူတည်ပြီးပဋိဇီဝ ပိုးသတ်ဆေး သောက်ဖို့ဆရာဝန်က ညွှန်ကြား ပါလိမ့်မယ်။ ဆရာဝန်က ညွှန်ကြားတဲ့အတိုင်း လိုက်နာမယ် ဆိုရင် အချိန်တို အတွင်း သက်သာမှာ ဖြစ်ပါတယ်။ဆီးလမ်းကြောင်းပိုးဝင်တာက စောစောသိပြီး စောစော ကုသမယ်ဆိုရင် မြန်မြန် သက်သာမှာဖြစ်သလို ကုသရတာလည်း လွယ်ကူပါတယ်။ တကယ်လို့ မှိုပိုးဝင် ကူးစက်တာကို မကုသဘဲ ထားမယ်ဆိုရင် ကျောက်ကပ် ထိခိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ဆီးလမ်းကြောင်းပိုးဝင်တာက အခန့်မသင့်ရင် အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။ဆီးလမ်းကြောင်းပိုးဝင်တာကို အခုလို နည်းလမ်းလေးတွေနဲ့ ကာကွယ်လို့ ရပါတယ်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/uti/urinary-tract-infection-adults/
သွားထပ် လေးတွေက သင့်ရဲ့ ထူးခြားမှုတစ်ခုပါ။
သွားတွေ ထပ်နေလို့ ကြည့်လို့ မကောင်းဘူး ထင်နေတာလား။ အရင်ဆုံး သိရမှာက သွားထပ် တာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကလေးတွေရော လူကြီးတွေရော သွားထပ်တတ်ပါတယ်။ ပြီးတော့ သွားထပ်တာကို မဖြစ်မနေ ပြန်ပြင်စရာ မလိုပါဘူး။ သွားထပ်လေးတွေက သင့်ရဲ့ ချစ်မွှေးပါ။ တချို့ဆို သွားထပ်လေးတွေနဲ့ သိပ်ကို ချစ်စရာကောင်းပြီး ဆွဲဆောင်မှု ရှိပါတယ်။ သင့်ကို ထူးခြားစေတဲ့ အမှတ်အသား တစ်ခုပါပဲ။လူတွေက သွားထပ်ကြောင့် ကိုယ့်ကိုယ်ကိုယ် မလှဘူးထင်ရင်၊ စကားပြောရတာ အဆင်မပြေရင်၊ တခြား သွားနဲ့ ခံတွင်း ရောဂါတစ်ခုခု ဖြစ်လာမှပဲ ပြန်ညှိကြတာပါ။ ဒီတိုင်းထားလိုက်တာများပါတယ်။ ကိုယ့်ရဲ့ ထူးခြားတဲ့ သွားထပ်လေးတွေက ဘယ်ကဘယ်လို ဖြစ်လာတာလဲ။ တစ်ချိန်ချိန်မှာ စိတ်ကူးပြောင်းသွားလို့ ပြင်ချင်တယ်ဆိုရင် ဘယ်လို ကုသမှုတွေ ရှိလဲဆိုတာ ပြောပြပေးပါမယ်။ငယ်သွားရော ကြီးသွားရော ထပ်နိုင်ပါတယ်။ ဒါမှမဟုတ် သွားလဲတဲ့အချိန်မှာ ထပ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ကလေးသွားတွေက ထပ်တာ များပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မေးရိုးလေးတွေက သေးသေးလေးတွေ ဆိုတော့ သွားတွေက တစ်ခုနဲ့ တစ်ခု ထပ်ပြီး ပေါက်ရလို့ပါ။နောက်ပြီး လက်မတို့၊ချိုလိမ်တို့ကို အချိန်ကြာကြာ စုပ်တဲ့ကလေးတွေကလည်း သွားကို သွားသွားတွန်းတဲ့အတွက် သွားထပ်နိုင်ပါတယ်။ မျိုးရိုးကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ငယ်သွားထပ်ရင် ကြီးသွားလည်း ထပ်မှာပဲလို့ ယတိပြတ်မပြောနိုင်ပေမယ့် ထပ်သွားကြတာ များပါတယ်။ ကလေးက ငယ်ငယ်တုန်းက မျက်နှာကို ထိခိုက်မိလို့ ဖြစ်ဖြစ်၊ သွားပိုးစားလို့ပဲ ဖြစ်ဖြစ် သွားတွေ စောစောကျိုးခဲ့မယ်ဆိုရင် ကြီးသွားထွက်လာတဲ့အခါ သွားဖုံးသေးသေးလေးနဲ့ မဆန့်လို့ ထပ်ကုန်တတ်ပါတယ်။ကြီးသွားတွေပါ ထပ်စေတဲ့အကြောင်းတွေကတော့။ဟိုး ကမ္ဘာဦးလူသားတွေကတော့ အသားစားတာများတဲ့အတွက် မေးရိုးတွေက ကြီးကြပါတယ်။ တဖြည်းဖြည်း ခေတ်ပြောင်းလာတဲ့အခါ ပေါင်မုန့်တို့၊ ထမင်းတို့၊ ခေါက်ဆွဲတို့ အစာပျော့ပျော့တွေ စားလာကြတဲ့အတွက် မေးရိုးက သိပ်ဝါးစရာမလိုတော့ ဆိုဒ်လည်း သေးလာပါတယ်။ ဒီလိုဆင့်ကဲပြောင်းလဲလာတဲ့အတွက် သွားတွေမညီတာ၊ ထပ်တာတွေ ဖြစ်လာပါတယ်။မျက်နှာနဲ့ မေးရိုးက ကြွက်သားတွေ အလုပ်လုပ်တာကို ပြောတာပါ။ Myofunctional habits လို့ ခေါ်ပါတယ်။ ဥပမာပြောရရင်လက်မစုပ်တာ၊ နို့ဘူး၊ ချိုလိမ်စို့တာ၊ သွားတွေကို လျှာနဲ့ သွားသွားထိုးတာ၊ ပါးစပ်နဲ့ အသက်ရှူတာ စတာတွေပဲ ဖြစ်ပါတယ်။ ဒါတွေကြောင့် သွားတွေ ထပ်တာလည်း ဖြစ်နိုင်ပါတယ်။အပေါ်မေးရိုးက ရှေ့ကို ခေါထွက်နေတာမျိုး၊ အောက်မေးရိုးက ရှေ့ကို ထွက်နေတာမျိုး တွေ့ဖူးပါသလား။ အရပ်အခေါ်တော့ သွားခေါပေါ့။ ဒါကို အလိုင်းမင်း (alignment) မကျဘူးလို့ ပြောကြပါတယ်။ ခုနကပြောခဲ့တဲ့ Myofunctional habits မမှန်တာကြောင့်လည်း မေးရိုးပုံမကျတာ ဖြစ်တတ်ပါတယ်။သင့်မိဘတွေမှာ သွားထပ်လေးတွေ ရှိတယ်ဆိုရင် သင့်မှာလည်း ဖြစ်နိုင်ချေရှိပါတယ်။ သွားခေါတာလည်း ဒီလိုပါပဲ။ မိဘဆီက အမွေရနိုင်ပါတယ်။သွားဆရာဝန်နဲ့ ပုံမှန်ပြသတာက သင့်မှာရှိတဲ့သွားဖုံးရောဂါတွေ၊သွားပိုးပေါက်တွေ အကြောင်းကို သိရုံသာမကပါဘူး။ သင့်ရဲ့ သွားထပ်လေးတွေ ကောင်းကောင်းရှိနေလား၊ သင့်ကို ဒုက္ခရောက်အောင် လုပ်နေပြီလားဆိုတာကိုပါ စစ်ဆေးပြီးသားဖြစ်သွားပါတယ်။သွားကလည်း အရိုးလိုပဲ ကောင်းကောင်းဖွံ့ဖြိုးဖို့ အာဟာရလိုပါတယ်။ ကလေးဘဝမှာ အာဟာရမပြည့်ဝဘူးဆိုရင်သွားတွေ ကောင်းကောင်းဖွံ့ဖြိုးမှာ မဟုတ်သလို သွားပိုးစားပြီး ပျက်စီးတာကြောင့် သွားထပ်ဖို့ အလားအလာ ပိုများပါတယ်။မျက်နှာမှာ ဒဏ်ရာရလို့ သွားကျွတ်သွားတယ်ဆိုရင် ပြန်ထွက်လာတဲ့အခါ သွားထပ်ဖို့များပါတယ်။သွားထပ်တာက လူကို အနှောင့်အယှက်မဖြစ်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေ တချို့လူတွေမှာ။ခုနောက်ပိုင်း သွားမညီတာ၊ သွားထပ်တာတွေအတွက် ကုသနည်းတွေ အများကြီး ပေါ်နေပါပြီ။ အားလုံးသိကြတဲ့။သွားထပ်တာနဲ့ ပတ်သတ်လို့ ကုသတဲ့သူတွေက သွားပြဿနာ ဆိုတာထက် ကြည့်မလှမှာစိုးလို့ သွားညှိကြတာများပါတယ်။ မဖြစ်မနေညှိရမယ်လို့ မဆိုလိုပါဘူး။ ဒါက တစ်ယောက်ချင်းဆီရဲ့ သဘောထားပါပဲ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/dental-conditions/crooked-teeth/