title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
မေမေ့ဗိုက်ထဲက ဘေဘီလေး လအလိုက်ဘယ်လိုများ ဖွံ့ဖြိုးတာလဲ
ဘေဘီလေးမွေးဖွားလာချိန်မှာ ကြီးထွားလာတာကို မျက်ဝါးထင်ထင်မြင်ရနိုင်ပေမယ့် ဗိုက်ထဲမှာတော့ဘယ်လိုဖွံ့ဖြိုးလာလဲဆို တာကို သိချင်ပေမယ့် မသိရလို့ဆိုပြီး စိတ်ညစ်နေတဲ့ မေမေတွေများရှိလား။ ဒါဆိုရင် ဘေဘီလေးက ဗိုက်ထဲမှာ ဘယ်လိုများဖွံ့ဖြိုးလာတာပါလိမ့် တူတူကြည့်ရအောင်လားမေမေဗိုက်တို့ရေ……။သန္ဓေအောင်တဲ့ မျိုးဥလေးက ကြီးထွားလာပြီ။ သူ့ဘေးမှာ ရေအိတ်လေးတွေလည်း စဖြစ်လာပြီ။ ရေမြွှာလေးတွေပေါ့။ ကြီးထွားလာမယ့် သန္ဓေသားလေးကို ထိခိုက်မှုမရှိစေဖို့ အကောင်းဆုံးကာကွယ်ပေးမယ့် အရာလေးတွေပေါ့။ပြီးရင်တော့အချင်းစဖြစ်လာပါမယ်။ အချင်းက မေမေစားလိုက်တဲ့အာဟာရတွေကို ဘေဘီလေးဆီကို ပို့ပေးပြီး  ဘေဘီလေးစွန့်ထုတ်မယ့် အညစ်အကြေးတွေကို မေမေဆီကနေတဆင့် စွန့်ထုတ်ပေးဖို့ လုပ်ဆောင်ပေးပါလိမ့်မယ်။မျက်နှာသဏ္ဍာန်စပေါ်လာပါပြီ။ မျက်လုံးဖြစ်လာမယ့် အနက်ရောင် အဝိုင်းနှစ်ခုစဖြစ်ပေါ်နေပါပြီ။ ပါးစပ်၊ အောက်မေးရိုး နဲ့ လည်ပင်းတို့လည်း စတင်ဖွံ့ဖြိုးလာပါပြီ။ သွေးဆဲလ်တွေ စတင်ပုံပေါ်လာပါပြီ။ သွေးလည်ပတ်မှုစတင်နေပြီဖြစ်သလို နှလုံးလေးလည်းစဖြစ်နေပါပြီ။ကိုယ်ဝန်ဆောင်ကာလ၄ ပတ်နောက်ပိုင်းလောက်မှာ ဘေဘီလေးက တစ်မိနစ်ကို ၆၅ ကြိမ်လောက် နှလုံးခုန်နေပါတယ်။ ကိုယ်ဝန်ကာလ ပထမလ အဆုံးပိုင်းမှာ ဘေဘီလေးက ဆန်စေ့ထက်နည်းန ည်းလေးကြီးမယ်။ တစ်လက်မရဲ့ ၄ ပုံ ၁ ပုံလောက်ရှိ ပါတယ်။ဘေဘီလေးရဲ့ မျက်နှာဖွံ့ဖြိုးမှုက ဆက်လက်ဖြစ်ပေါ်နေပါတယ်။ နားရွက်လေးတွေစတင်ဖွံ့ဖြိုးလာနေပါပြီ။ ဦးခေါင်းတစ်ဖက်စီမှာ အရေပြားအတွန့်အခေါက်လေးတွေ စဖြစ်လာနေပါပြီ။ လက်မောင်းလေးတွေခြေထောက်လေးတွေစဖွံ့ဖြိုးနေပါပြီ။ လက်ချောင်း၊ခြေချောင်းလေးတွေ၊ မျက်လုံးလေးတွေ စဖြစ်ပေါ်နေပါပြီ။ဦးနှောက်၊ ကျောရိုးနဗ်ကြောတွေ၊ အာရုံကြောတစ်ရှုးတွေ၊ ဗဟိုအာရုံကြောစနစ်တွေ စတင်ဖွံ့ဖြိုးနေပါပြီ။အစာခြေစနစ်နဲ့ အာရုံခံအင်္ဂါအစိတ်အပိုင်းတွေက ဆက်လက်ဖွံ့ဖြိုးနေကြချိန်ပေါ့။အရိုးနုလေးတွေနေရာမှာ အရိုးတွေ စတင်နေရာယူ လာကြပါပြီ။ ဦးခေါင်းပိုင်းက အခြားအစိတ်အပိုင်းတွေထက် ပိုပြီး ဖွံ့ဖြိုးနေတဲ့ကာလပါ။ ကိုယ်ဝန် ဒုတိယလအကုန်မှာ ဘေဘီလေးက ၁ လက်မအရွယ်အစားလောက်ရှိလာပါပြီ။ကိုယ်ဝန်ဆောင်ကာလ ၆ ပတ်လောက်မှာ ဘေဘီလေးက နှလုံးစခုန်နေပြီဖြစ်ပြီး ကိုယ်ဝန်ဆောင်ကာလ ၈ ပတ်နောက်ပိုင်း မှာ ဘေဘီလေးက တော်တော်လေးရုပ်လုံးပေါ်လာပါပြီ။ကိုယ်ဝန် ၃ လကိုရောက်လာချိန်မှာတော့ ဘေဘီလေးရဲ့ လက်မောင်း၊ လက်၊ ခြေချောင်း၊ လက်ချောင်းလေးတွေ၊  ခြေဖဝါးလေးတွေက ပြည့်ပြည့်ဝဝဖွံ့ဖြိုးလာပါပြီ။ ဘေဘီလေးက လက်သီးဆုပ်တတ်ပြီ။ပါးစပ် ဖွင့်တတ်ပိတ်တတ်ပြီ။ လက်သည်းခြေသည်းလေးတွေ စဖြစ်ပေါ်လာပြီ။ နားရွက်လေးပြည့်ပြည့်စုံစုံဖွံ့ဖြိုးလာပါပြီ။ ဘေဘီလေးကသားသားလေးလားမီးမီးလေးလားဆိုတာကို သိစေနိုင်မယ့် အင်္ဂါလေးဖွံ့ဖြိုးလာပြီပေါ့။ဒါပေမယ့်အယ်လ်ထရာဆောင်းကနေ အတည်ပြုဖို့ကတော့ ခက်ခဲနေဦးမှာပါ။ကိုယ်ဝန်ဆောင်ကာလ ၃ လပြီးတဲ့အခါ ဘေဘီလေးက အလုံးစုံဖွံ့ဖြိုးသွားပါပြီ။ အင်္ဂါအစိတ်အပိုင်းတွေအားလုံးက ဆက်လက်ကြီးထွားလာပြီး လှုပ်ရှားအသုံးပြုလို့ရနေပါပြီ။ သွေးလှည့်ပတ်မှုစနစ်၊ ဆီးစွန့်တဲ့စနစ်တွေ စတင်လုပ်ဆောင်နေပြီဖြစ်ဖြစ်သလို အသည်းကလည်းသည်းခြေရည်တွေကို စတင်ထုတ်လုပ်ပေးနေပါပြီ။ကိုယ်ဝန်ဆောင် တတိယကာလပြီးတဲ့အခါ ဘေဘီလေးက ၄ လက်မလောက်အရွယ်အစားရှိမှာဖြစ်ပြီး ကိုယ်အလေးချိန်က ၁ အောင်စလောက်ရှိမှာပါ။ ဘေဘီလေးရဲ့ အရေးပါဆုံးကြီးထွားဖွံ့ဖြိုးမှုတွေတော်တေ်ာလေး ဖြစ်ပြီးနေချိန်ပေါ့။ဘေဘီလေးရဲ့နှလုံးခုန်သံကို နားထောင်လို့ရနေပါပြီ။ လက်ချောင်း၊ခြေချောင်းလေတွေ ကောင်းစွာဖွံ့ဖြိုးနေပါပြီ။ မျက်ခွံ၊ မျက်တောင်၊ မျက်ခုံး၊ လက်သည်းခြေသည်းနဲ့ ဆံပင်တွေစဖြစ်နေပါပြီ။ သွားတွေနဲ့အရိုးတွေက ပိုကြံ့ခိုင်လာပါပြီ။ လက်မလေးကိုစုပ်တတ်ပြီ၊သမ်းတတ်ပြီ၊ အကြောဆန့်တတ်ပြီ၊ မျက်နှာအမူအရာလေးတွေလုပ်တတ်ပါပြီ။အာရုံကြောစနစ်တွေ စတင်လုပ်ဆောင်နေပါပြီ။ မျိုးပွားအင်္ဂါတွေ ပြည့်ပြည့်ဝဝဖွံ့ဖြိုးလာပြီဖြစ်လို့ သားသားလေးလား၊ မီးမီးလေးလားဆိုတာကို သိနိုင်တော့မှာပါ။ ဘေဘီလေးအရွယ်အစားကတော့ ၆ လက်မလောက်ရှိပြီး ကိုယ်အလေးချိန်က ၄ အောင်စလောက်ရှိမှာဖြစ်ပါတယ်။ဘေဘီလေးရဲ့ လှုပ်ရှားမှုကိုစတင်ခံစားရပါပြီ။ကြွက်သားတွေစတင်ဖွံ့ဖြိုးနေပြီဖြစ်ပြီး လှုပ်ရှားမှုတွေလည်း စလုပ်နေပြီပေါ့။ ဘေဘီလေးလှုပ်ရှားမှုတွေ စလုပ်ပြီလေ။ဘေဘီလေးရဲ့ဦးခေါင်းမှာ ဆံပင်တွေစဖြစ်ပေါ်လာပြီ။ ဘေဘီလေးရဲ့ ပခုံး၊ နောက်ကျော နဲ့ နဖူးစပ်လေးတွေမှာ  မွှေးညှင်းနုလေးတွေ စဖြစ်လာပါပြီ။ ဘေဘီလေးကအကောင်းဆုံးဖွံ့ဖြိုးနေပါပြီ။ အရွယ်အစားက ၁၀ လက်မလောက်ရှိလာပြီဖြစ်ပြီး ကိုယ်အလေးချိန်က ၁ ပေါင်လောက်ရှိလာပါပြီ။ဘေဘီလေးရဲ့အရေပြားက အနီရောင်သန်းနေမယ်။ အတွန့်အခေါက်လေးတွေရှိမယ်။ အပေါ်ယံအရေပြားကို ဖောက်ပြီး  သွေးကြောတွေကို မြင်နေရမယ်။ ခြေဗွေရာ၊ လက်ဗွေရာလေးတွေ စထင်းလာပါပြီ။မျက်ခွံလေးတွေ စကွာလာပြီး မျက်လုံးလေးတွေ ဖွင့်လို့ရပါပြီ။ အသံကြားတဲ့အခါ ဘေဘီလေးက လှုပ်တတ်ပါပြီ။ နှလုံးခုန်နှုန်းလည်း မြန်လာပါပြီ။ ဘေဘီလေး ကြို့ထိုးသံကိုလည်း စကြားရပါပြီ။တကယ်လို့ ဒီအချိန်မှာ လမစေ့ဘဲ မွေးဖွားခဲ့မယ်ဆိုရင် အထူးကြပ်မတ်ကုသစောင့်ရှောက်မှုလုပ်ပေးမယ်ဆိုရင် ဘေဘီလေးက အသက်ရှင်နိုင် ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ၆ လကုန်လောက်မှာဆိုရင် ဘေဘီလေးက ၁၂ လက်မလောက်အရွယ်အစားရှိပြီဖြစ်ပြီးကိုယ်အလေးချိန်က ၂ ပေါင်လောက်ရှိမှာဖြစ်ပါတယ်။ဘေဘီလေးက ဆက်လက်ကြီးထွားရှင်သန်နေပါမယ်။ ခန္ဓာကိုယ်မှာ အဆီပြင်လေးတွေဖြစ်ပေါ်လာပါပြီ။ အကြားအာရုံ အပြည့်အဝဖွံ့ဖြိုးလာပါပြီ။ မကြာခဏဆိုသလို ခန္ဓာကိုယ် အနေအထားကိုပြောင်းလဲပါလိမ့်မယ်။အသံ၊ အထိအတွေ့နဲ့ အလင်းရောင်တွေကိုတုံ့ပြန်ပါလိမ့်မယ်။ ရေမြွှာရည်ကနည်းစပြုလာပါပြီ။ ကိုယ်ဝန် ၇လပြည့်ပြီးချိန်မှာ ဘေဘီလေးရဲ့ အရွယ်အစားက ၁၄ လက်မရှိမှာ ဖြစ်ပြီး ကိုယ်အလေးချိန်က ၂ ပေါင်ကနေ ၄ပေါင်အထိ အသီးသီးရှိနိုင်ပါတယ်။ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုက ဆက်လက်ဖြစ်ပေါ်နေပါလိမ့်မယ်။ ကလေးက အရင်ကထက်ပိုကန်လာပါလိမ့်မယ်။ ဒီအချိန်မှာ ဘေဘီလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုက အရှိန်အမြင့်ဆုံးပါ။ ကြားနေရပြီဖြစ်သလို မြင်လည်း မြင်နေရပါပြီ။ ကိုယ်တွင်းအင်္ဂါတွေက အကောင်းဆုံးဖွံ့ဖြိုးလာပါပြီ။ အဆုတ်ကတော့ ဆက်လက်ဖွံ့ဖြိုးဆဲပါ။ အရွယ်အစားက ၁၈ လက်မလောက်ရှိပြီဖြစ်ပြီး ကိုယ်အလေးချိန်က ၅ ပေါင်လောက်ရှိပါပြီ။အဆုတ်ဖွံ့ဖြိုးမှု ပြီးစီလုနီးပါးအဆင့်ရောက်ပါပြီ။ ဟန်ချက်ညီညီလှုပ်ရှားနိုင်ပြီဖြစ်ပြီး ဘေဘီလေးက မျက်တောင်ခတ်တတ်ပြီ ၊မျက်လုံးတွေ မှိတ်တ်၊ဖွင့်တတ်ပြီ၊ ခေါင်းကို ဘယ်ညာလှည့်တတ်ပြီ၊ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်တတ်ပြီ။ အသံတွေ၊ အလင်းတွေ အထိအတွေ့တွေကို တုံ့ပြန်တတ်ပြီ။ လူ့လောကထဲကို ဝင်လာဖို့လည်း အသင့်ဖြစ်နေပြီပေါ့။ဒီအချိန်မှာ ဘေဘီလေးကတော်တော်လေး ဖွံ့ဖြိုးလာပြီဖြစ်တာကြောင့် နေရာကျပ်လာပြီဖြစ်တဲ့အတွက် အရင်ကလောက် မလှုပ်ရှားတော့ပါဘူး။ မေမေ့ဗိုက်ထဲကနေ ထွက်လာဖို့ အသင့်အနေအထားကို ပြောင်းလဲလာပါပြီ။ခေါင်းလည်းစိုက်နေပါပြီ။  ဘေဘီလေးအရွယ်အစားက ၁၈ လက်မ ကနေ လက်မ ၂၀ လောက်ရှိလာပြီဖြစ်ပြီး ကိုယ်အလေးချိန်က ၇ ပေါင်လောက်ကို ရှိလာပါပြီ။ဒါတွေကတော့ ဗိုက်ထဲက ဘေဘီလေးရဲ့ လအလိုက်ကြီးထွားဖွံ့ဖြိုးမှု အဆင့်ဆင့်ပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/fetal-development/
သင့်ရဲ့ သမီးကို ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်အောင် ဘယ်လို လှုံ့ဆော်မြှင့်တင်ပေးရမလဲ
မိဘ တွေကတော့ သားသမီးတွေကို ကောင်းဆုံးဆိုတာ တွေပဲဖြစ်စေချင်ကြပါတယ်။ မိဘတွေဟာ ကိုယ့် သားသမီးတွေ ကောင်းမွန်တဲ့ ပညာရေးရအောင်၊ တောက်ပတဲ့ အနာဂတ်ဖြစ်လာအောင် ပံ့ပိုးပေးခြင်း၊ ကောင်းမွန်တဲ့ သူငယ်ချင်းတွေရရှိအောင် နဲ့ ဘ၀ မုန်တိုင်း အခက်အခဲတွေကို ကြံ့ကြံ့ ခံနိုင်တဲ့ စွမ်းရည်ရှိလာအောင် အမြဲ ပံ့ပိုးကူညီနေကြပါတယ်။ဒါပေမယ့် တစ်ခါတစ်လေမှာ မိဘ အများစုမှာ မိမိတို့ လုပ်ဆောင်နေတာတွေက မှန်၊ မမှန် ဆိုတဲ့ အတွေး တစ်ချက်ဝင်လာတတ်ကြပါတယ်။ ဆယ်ကျော်သက်အရွယ်နီးလာတာနဲ့ အမျှ ငယ်ရွယ်တဲ့ မိန်းကလေးအများစုဟာ မိဘတွေအပေါ် လျှို့ဝှက်လာတတ်ကြပါတယ်။မိဘတွေ နဲ့ သီးခြားနေလာကြပါတယ်။ လူမှုကွန်ရက်ရဲ့ အရှုပ်အထွေးတွေကလည်း အရာအားလုံးကို ကြောက်လန့်ဖွယ်ရာ ဖြစ်အောင် ဖန်တီးလာနိုင်ပါတယ်။ အဲဒီ အချိန်ဟာ မိဘတွေအတွက် သားသမီးတွေကို အထောက်အပံ့ပေးရမယ့် အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။အဲဒီတော့ မိဘတွေ အနေနဲ့ ဘယ်လို အထောက်အပံ့ ပေးသင့်သလဲ? ဒီ စာစောင်မှာတော့ မိဘတွေအနေနဲ့ ကိုယ့်သမီးတွေကို ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်လာအောင်၊ ယုံကြည်မှုရှိလာအောင် ဘယ်လို တွေမြှင့်တင်ပေးရမယ်ဆိုတာ နဲ့ ယနေ့ခေတ်ကြီးမှာ ကလေးတွေကို ဘယ်လိုပြုစု ပျိုးထောင်ပေးရမယ်ဆိုတာ နဲ့ ပတ်သတ်တဲ့ အချက်တွေကို ဖော်ပြမှာ ဖြစ်ပါတယ်။မိန်းကလေးငယ်တွေ အတွက် သူတို့ရဲ့ ဆယ်ကျော်သက် နှစ်တွေမှာ အကြီးဆုံး ဖြစ်လေ့ရှိတဲ့ ပြသနာတွေက သူတို့ရဲ့ ကိုယ်ပိုင် ရုပ်ရည်နဲ့ ပတ်သတ်တာပဲ ဖြစ်ပါတယ်။ သင့် သမီးရဲ့ ရုပ်ရည်နဲ့ ပတ်သတ်ပြီး မျက်ကွယ်ပြုထား မသင့်ပါဘူး။ (သို့) ရုပ်ရည်နဲ့ ပတ်သတ်တဲ့ လိုအပ်ချက်တွေကို မထောက်ပြသင့်ပါဘူး။သင့် သမီးကို “ ဆံပင်က လှတယ်” “shirt ကလှတယ်” စတာတွေကို ပြောမယ့် အစား “ ဒီနေ့ ဆံပင် ပုံစံလေးကို သဘောကျတယ်။” (သို့) “ ဒီနေ့ ဝတ်ထားတဲ့ ဝတ်စုံလေးကို သဘောကျတယ်” စသဖြင့် ရိုးရှင်းတဲ့ ချီမွမ်းစကား လေးတွေကို ပြောပေးသင့်ပါတယ်။တာဝန်ယူတတ်သော လေးစားဖွယ်ကလေးများကို ပျိုးထောင်နိုင်ဖို့ အဓိက နည်းလမ်း ၉ သွယ်ကို ရေးသားတဲ့ စာရေးဆရာ Dr. Ruskin ( Psy.D) လှပတဲ့ အရာ တစ်ခုခု ကို လုပ်ဖို့ သင့်သမီးကိုယ်တိုင်ရွေးချယ်တာကို ချီးကျုးတာက သူလှပ ကြောင်းကို ချီးကျူးနေတာထက် သင့်ကလေးကို ကိုယ့်ကိုကိုယ်တန်ဖိုးပိုထားတတ်စေလာနိုင် ပါတယ်။သူတို့ရဲ့ ထုတ်ဖော် တီထွင်နိုင်မှုတွေကို ချီးမြှောက်ခြင်းဖြင့်လည်း သင့်ကလေးကို အတွင်းစိတ်လှပမှုကို လိုလားလာအောင် သင်ကြားပေးနိုင်ပြီး ၊ သူမ ဘာသာ သူမ အလှတရားတွေ ကို နဂို ကတည်းက ပိုင်ဆိုင်ထားကြောင်း သိရှိလာနိုင်စေပါတယ်။လုပ်ဆောင်ချက်တွေက စကားတွေထက် အမြဲပို ထိရောက်တယ် ဆိုတဲ့ အတိုင်း ဘယ်လောက်ရုပ်ရည်လှ တာဆိုတာထက် အခြားသူတွေကို ဘယ်လို ဆက်ဆံတယ် ၊ မိမိရဲ့ ပြုမူနေထိုင် ပြောဆိုတယ်ဆိုတာတွေက ပိုပြီး အရေးကြီးပါတယ်။သင့်ကလေးအတွက် အစိုးရိမ် အပူပန် လွန်ကဲနေခြင်းက သူတို့က လျစ်လျူရှုထားတာလောက်တောင် အန္တရာယ်များပါတယ်။Richard Lerner (Ph. D) (တက်ဖ် တက္ကသိုလ်မှ လူငယ် ဖွံ့ဖြိုးတိုးတက်ရေးခြင်း သုတေသနအဖွဲ့ ဥက္ကဋ္ဌ နှင့်ဒါရိုက်တာ )က မိမိကိုယ်ကို နှိမ်ချဆက်ဆံဖို့ လိုအပ်တယ်လို့ ထင်တဲ့ မိဘတွေကသူတို့ရဲ့သမီးတွေကို ကိုယ့်ကိုကိုယ် အထင်မကြီးအောင်လုပ်ထားလေ့ရှိတယ် လို့ပြောခဲ့ပါတယ်။ယျေဘုယအားဖြင့် ကလေးတွေ အတွက် မူလတန်း နဲ့ အလယ်တန်း ကျောင်းကာလ ကြား အချိန်ဟာ ကိုယ့်ဘာသာ ရပ်တည်နိုင်မှုကို ရရှိဖို့ အရေးကြီးတဲ့ အချိန်(အရွယ်ရောက် အပျိုဖော်ဝင်ချိန်) ဖြစ်နေတတ်ပါတယ်။ မိန်းကလေး အများစု အတွက် အရွယ်ရောက်ချိန်နဲ့ မူလတန်းမှ အလယ်တန်းကျောင်းသူကြား ကူးပြောင်းချိန် နဲ့ အချိန်တူတူ ရောက်ရှိ နေလေ့ရှိပါတယ်။မိဘများ( အထူးသဖြင့် မိခင်များ) အနေနဲ့ ကလေးတွေကို အဲဒီအချိန်မှာ မိဘတွေရဲ့ ကိုယ်ပိုင်အတွေ့ အကြုံတွေကို မျှဝေပေးခြင်း၊ အခက်အခဲတွေ စိတ်ရှုပ်စရာ အချိန်တွေကို ဘယ်လို ဖြတ်သန်းခဲ့တယ်ဆိုတာတွေကို မျှဝေပေးခြင်းအားဖြင့် ဒီကာလမှာ ဖြစ်လေ့ ဖြစ်ထရှိတတ်တဲ့ စိတ်ဖိစီးမှုတွေကို အားပေးကူညီရပါမယ်။သူတို့ တွေပဲ ရုန်းကန်နေရတာ မဟုတ်ဘူးဆိုတာ သိသွားခြင်းက သူတို့ တွေအတွက် ပိုပြီး စိတ်သက်သာရာ ရစေနိုင်ပြီး၊ သူတို့ ကိုယ်သူတို့ အတွက်လည်း ပိုကောင်းတယ်လို့ ခံစားရနိုင်အောင် ကူညီပေးနိုင်ပါတယ်။ဒီလုပ်ဆောင်ချက်တွေ နဲ့ ပတ်သတ်ပြီးတော့ တော့ သတိထားရပါမယ်။ ဒါပေမယ့် တစ်ချိုက မိန်းကလေးအများစုဟာ ဒီလို မိခင်ရဲ့အတွေ့အကြုံတွေ ကြားသိရတဲ့အခါ မိခင်လိုမျိုး ဖြစ်လာနိုင်ဖို့ အတွက်ဆိုပြီး ဖိအားပေးသလို ခံစားလာမိတတ်ကြပါတယ်။ပြီးတော့ အမေတွေကလည်း သူတို့ဖြစ်ချင်၊ လုပ်ချင်နေကြတာတွေကို သူတို့ရဲ့ သမီးတွေအပေါ်မှာ တွန်းအားပေးနေသလိုမျိုး ဖြစ်တာကို သတ်မထားမိတာမျိုး ရှိနိုင်ပါတယ်။ မိခင်ရဲ့ အတွေ့အကြုံတွေကို မျှဝေတဲ့ အခါ သင် လုပ်ဆောင်ခဲ့တာနဲ့ မတူဘဲ အခြားနည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ ရွေးချယ်ခဲ့ရင် သင့်ကလေးရဲ့ ရွေးချယ်မှု အပေါ်လေးစားရပါမယ်။သင်နဲ့ သင့်သမီး နဲ့ မတူတာက ကောင်းတဲ့ အချက်လည်း ဖြစ်နိုင်ပါတယ်။ သင့်ကလေးမှာ သင့်ထက်သာလွန်ကောင်းမွန်တဲ့ သင့်မှာ မရှိတဲ့ အချက်တွေ ရှိနေနိုင်ပါတယ်။သင့်မှာ သူ့လိုမျိုး အရည်အချင်းတွေရှိခဲ့ချင်တယ် ဆိုတာ သူမ သိရရင် အဲဒီ အရည်အချင်းတွေနဲ့ ပတ်သတ်ပြီး ရလဒ်ကောင်းကောင်း ဖြစ်လာဖို့ ကြိုးစားချင်လာနိုင်ပါတယ်။မိဘတစ်ဦး အနေနဲ့ သင့်သမီးအတွက် ဂုဏ်ယူမိတယ်လို့ ခံစားရတဲ့ အရာတွေ အမြောက်အမြားရှိရပါမယ်။Dr. Ludwig က “ သူမကကောင်းတယ်လို့ ခံစားရတဲ့ အပေါ်ကို ပိုပြီးကောင်းတယ်ဆိုတာ ပြောပြပေးပါ” လို့ပြောခဲ့ပါတယ်။ “ အဲဒါက သင့်ကလေးက ဘယ်လိုလူမျိုးလဲ ဆိုတာကို သိရှိနိုင်ဖို့ အတွက် အချိန်ယူတာပြီးဆိုတာကို ပြနိုင်ပါတယ်။”။ချီးမွမ်းမှုပေးတာကလည်း ကလေးတွေအတွက် မိမိကိုယ်ကို တန်ဖိုးထားတတ်တဲ့ စိတ်ကို တည်ဆောက်နိုင်ဖို့ အရေးပါပါတယ်။ အဲဒါက သင့်ကလေးကို ကိုယ့်ကို ကိုယ် ယုံကြည်မှုတွေ တည်ဆောက်လာနိုင်စေတဲ့အတွက် တီထွင်နိုင်မှုတွေ၊ ကိုယ်ပိုင် အပြုအမူ၊ အနေအထိုင်တွေ ကိုလည်း ပံ့ပိုးပေးနိုင်ပါတယ်။သင့် သမီးလေးရဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုပေးပြီး အဲ့ဒီအတွက် သူမကို စကားဖြင့် ချီးမွမ်းထောက်ခံမှုပြုပေး တာကလည်း သူမအတွက် ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်တဲ့စိတ်ကို ပိုဖြစ်စေမှာ ဖြစ်ပါတယ်။စိတ်ထဲမှာ သတိထားရမှာ တစ်ခုက သင့်ကလေးရဲ့ မိမိကိုယ်ကိုတန်ဖိုးထားတတ်တဲ့စိတ်ကို မြှင့်တင်ပေးနိုင်အောင် အတင်းရည်ရွယ်လုပ်ဆောင်တာကလည်း သင်လုပ်ဆောင် ပြောဆိုတဲ့ အပေါ်မူတည်ပြီး လိုချင်တာနဲ့ ပြောင်းပြန် ပိုဆိုးသွားနိုင်ပါတယ်။သင့်ကလေးရဲ့ လုပ်ဆောင်ချက်တွေထက် သူ့ရဲ့ရုပ်ရည်ပေါ်မှာ ပိုပြီး ချီးမွမ်းတာတွေ လုပ်မယ်ဆိုရင် သူမအတွက် သူမလုပ်ဆောင်နေတာတွေထက် ရုပ်ရည်က ပိုအရေးကြီးပါလားဆိုတဲ့ အတွေး ဝင်သွားစေ နိုင်ပါတယ်။အံ့အားသင့်စွာနဲ့ ရှာဖွေတွေ့ရှိချက်တွေအရ တော်ကြောင်းချီးကျူးတာကလည်း ကလေးရဲ့ ယုံကြည်မှုကို လျှော့ချသလို ဖြစ်သွားစေနိုင်ပါတယ်။ သင့်ကလေးကို “wow; ဒါကကောင်းမွန်တဲ့ ရလဒ်တစ်ခုပဲ၊ သမီးဒီဟာကို ရဖို့အတော် ကြိုးစားထားရမှာပဲ” ဆိုတာမျိုးပြောရမယ့်အစား “ wow ; ဒါက ကောင်းမွန်တဲ့ ရလဒ်တစ်ခုပဲ၊ ဒီအပိုင်းမှာ သမီးက အရမ်းတော်တာဖြစ်ရမယ်” ဆိုတာမျိုး ချီးမွမ်းလိုက်တာက သင့်ကလေးကို ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲ သွားစေတာမျိုး ဖြစ်နိုင်ပါတယ်။သူတို့ရရှိတဲ့ ရလဒ်ကို ချီးကျူးခံရတဲ့ ကလေးတွေထက် သူတို့ ကြိုးစားမှုအတွက် ချီးကျူးခံရတဲ့ ကလေးတွေက နောက်ထပ် အခက်အခဲတွေကို ကြိုးစားလုပ်ကိုင်လိုစိတ်ပို များကြပါတယ်။မိခင်တွေဟာ မဖြစ်နိုင်တဲ့ ပုံရိပ်၊ဖြစ်စဉ်တွေနဲ့ ကြော်ငြာခြင်းတွေကို ကလေးတွေအတွက် အကာအကွယ်ပေး ရမယ့် ပထမဆုံး ခံတပ်ကြီးပါ။ ငယ်ရွယ်တဲ့ကလေးတွေဟာ သူတို့ရဲ့ မိခင်တွေကို အတုယူတတ်ကြပါတယ်။ဒါပေမယ့် မိခင်ရဲ့ဆိုး၊ မကောင်းတဲ့ အချက်တွေကို အတုမယူဖို့နားမလည်ကြပါဘူး။ အဲဒီအချက်တွေမှာ ကိုယ်ပိုင် အရပ်၊ (သို့) ရုပ်ရည် (သို့) သင့် ခန္ဓါကိုယ်မှာ ရှိတဲ့ သင်မကြိုက်နှစ်သက်တဲ့ အစိတ်အပိုင်းတစ်ခုခု နဲ့ ပတ်သတ်ပြီး မကောင်းတဲ့ ဘက်က ပြောဆိုတာတွေပါဝင်နိုင်ပါတယ်။ကျန်းမာရေး နဲ့ ညီညွတ်တဲ့ အစားအစာတွေစားခြင်း၊ တစ်ခါတစ်လေမှ အစားအနည်းငယ်ပိုစားခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ခြင်း စတဲ့ ကျန်းမာစေတဲ့ အလေ့အကျင့်တွေကို ကြိုးစားလုပ်ဆောင်ပြီး မိမိ ခန္ဓါကိုယ် လက်ရှိအတိုင်းကိုလက်ခံပါ။စတင်လုပ်ဆောင်သူတွေ အတွက် မိဘတွေဟာ မိမိတို့ရဲ့ကလေးတွေက ဘာတွေကိုဖြတ်သန်းနေရတယ်ဆိုတာ နားလည်နိုင်ဖို့ အချိန်ယူရပါမယ်။Catherine Steiner-Adair (Ed.D)အမည်ရှိ McLean ဆေးရုံ၊ စိတ်ပညာဋ္ဌာန၊ Harvard ဆေးပညာကျောင်း မှ အစားနဲ့ ပတ်သတ်ဆက်နွယ်နေတဲ့ ရောဂါများ ကာကွယ်ရေး နှင့် ပညာပေးရေး ဒါရိုက်တာက “ မိန်းကလေးငယ်တွေအတွက် အရေးကြီးတဲ့ အချက်တစ်ခုကတော့ ကလေးတွေဟာ မိမိကိုယ်မိမိ ယုံကြည်မှုရှိနေရင် ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်လာပြီး ပိုပြီးကောင်းမွန်တဲ့ အတွေးအခေါ်၊ လုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်မှာပါ” လို့ပြောခဲ့ပါတယ်။သူမက “ သူတို့အားသာချက်ကို တွေ့ရှိသွားတာက သူများတွေထက်သာသွားတယ်လို့ ပြောလို့မရပါဘူး။” လို့ပြောခဲ့ပါတယ်။ Steiner-Adair က ကလေးဘ၀ ကနေ အရွယ်ရောက်သွားချိန်မှာ မိန်းကလေးတွေရဲ့ ယုံကြည်ချက်မှာ လျော့နည်းသွားတာကို တွေ့ရှိခဲ့ပါတယ်။သူမ က မိန်းကလေးငယ်တွေကို ကြီးလာတဲ့အခါ ဘာဖြစ်ချင်တယ်ဆိုတာ မေးတဲ့အခါမှာ လေးတန်းအရွယ်ကလေးက တိရိစ္ဆာန်ကုဆရာဝန် (သို့) ခွဲစိတ်ဆရာဝန် ကဲ့သို့ ဖြစ်ချင်ကြတယ်လို့ ပြောတာတွေ့ရပြီး အလယ်တန်းကျောင်းသူတွေကတော့ သူတို့ရဲ့ အတွေးထဲမှာ ရုပ်ရည် ရူပကာ က ဝင်ရောက်နေတာကို တွေ့ရပါတယ်။“ အလယ်တန်းကျောင်းသူ တစ်ယောက်က သူမကိုပြောခဲ့ပါတယ် ‘ သမီးက ခွဲစိတ်ဆရာဝန်မဖြစ်နိုင်ဘူး၊ ဘာကြောင့်လည်းဆိုတော့ သမီးပုံစံက ခွဲစိတ်ဆရာဝန်နဲ့ မတူဘူး’ လို့ပြောခဲ့ပါတယ်လို့ steiner-Adair က WebMD ကိုပြောခဲ့ပါတယ်။ ဆယ်တန်းလောက်ရောက်ရင် မိန်းကလေးတွေ အများစုက ရုပ်ရည်တစ်ခုတည်းအပေါ် ကို ဂရုစိုက်လာကြပါတယ်။သင့်သမီးလေးအတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှုဖြစ်လာဖို့ကို ဗိုက်ထဲမှာရှိနေတဲ့ အချိန်ကတည်းက စတင်လုပ်ဆောင်နိုင်ပါတယ်။သင့်ကလေးဟာ ယောက်ျားလေးလား ၊ မိန်းကလေးလား စတင်သိပြီးနောက်ပိုင်းမှာ သင်ဟာ ဗိုက်ထဲက ကလေးလေးကို မတူညီစွာ စကားပြောဆိုနိုင်ပါတယ်။ မိခင်တွေအတွက် သူတို့ရဲ့ သမီးလေးတွေကို မင်းသမီးလေးတွေလို ကြီးထွားလာကြတာကို လိုချင်ကြတာက ပုံမှန်ပါပဲ။ဒါပေမယ့် အတွေးတစ်မျိုးပြောင်း တွေးကြည့်သင့်ပါတယ်။Dr.Ruskin က သင့်သမီးလေး ကို တောင်တက်အသင်ဆရာ (သို့) ကင်ဆာရောဂါကုသမှု အတွက်လေ့လာနေသော ခေါင်းဆောင်သိပံပညာရှင် အဖြစ် စဉ်းစားကြည့်စရာ မလိုပါဘူး။သူမ ဘဝမှာ ဖြစ်နိုင်တာတွေအားလုံးကို စိတ်ကူးယဉ်ခြင်းနှင့် အခြား ရှိလာနိုင်မယ့် အံ့သြဖွယ်ရာ ကိုယ်ရည်ကိုယ်သွေးစရိုက်ကောင်းတွေ ကို စိတ်ကူးယဉ်ကြည့်ပါ။ သင့်ကလေးရဲ့ ကိုယ်ရည်ကိုယ်သွေး စရိုက်က ဘယ်လို့ပဲဖြစ်နေနေ သူတို့ကို အားပေးခြင်းဖြင့် ၊ သူမရဲ့ အလှ ကို အသိမှတ်ပြုခြင်းဖြငိ၊ သူမရဲ့ ကိုယ်ပိုင် အရည်အချင်း ပါရမီများကို ရှာဖွေပေးခြင်းဖြင့် သင့်ကလေးရဲ့ အချစ်ဆုံးလူဖြစ်နိုင်ဖို့ အခွင့်အရေးရှိပါတယ်။နေ့စဉ်နေ့တိုင်း သင့်ကလေးကို သူမလှပကြောင်းပြောပြီး အပြစ်မြင်တဲ့ မျက်လုံးထက် ချစ်တဲ့ မျက်လုံးတွေနဲ့ ကြည့်ပေးသင့်ပါတယ်။ ငယ်စဉ်ကတည်းက သူမရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို သတိထားပြီး သူမက လှပကြောင်း၊ ထက်မြက်ကြောင်း၊ သန်မာကြောင်း စကားဖြင့်ရော၊ အလုပ်ဖြင့်ပါ သက်သေပြပေးရပါမယ်။သုတေသန လေ့လာတွေ့ရှိချက်တွေအရ မိမိကိုယ်ကို တန်ဖိုးထားမှုနည်းတဲ့ မိန်းကလေးတွေက မိဘတွေဆီက ချီးမွမ်းမှုထက် အပြစ်ပြောတာကို ခံရတာများတဲ့ကလေးတွေ ဖြစ်ခဲ့ကြောင်း တွေ့ရှိရပါတယ်။သင့် ဆယ်ကျော်သက် သမီးလေးဟာ သင့်ကို မလိုအပ်ဘူးလို့ ဟန်ဆောင်ပါလိမ့်မယ်။ တစ်ကယ်တော့ မဟုတ်ပါဘူး။ လေ့လာတွေ့ ရှိချက်အများစုမှာ မိဘတွေရဲ့ ပုံစံ၊ အကြံပေးချက်၊ အုပ်ထိန်းမှု တွေဟာ ဆယ်ကျော်သက်ကလေးများရဲ့ နေထိုင်မှု ကောင်းမွန်ခြင်းနဲ့ ခံနိုင်ရည်ရှိမှု အပေါ်ကို အဓိက သက်ရောက်မှုရှိနေတယ်လို့ ပြသနေပါတယ်။သင့် သမီးရဲ့လောက အပေါ်အမြင်က သူမရဲ့ ရွယ်တူတွေနဲ့ လူမှုကွန်ယက် (ဆိုရှယ်မီဒီယာ)တွေရဲ့ လွှမ်းမိုးမှုကို များစွာခံနေရပါတယ်။ ဘ၀ အပေါ်မှာ ပိုပြီး အတွေ့ အကြုံရှိတဲ့ သင့်အနေနဲ့ သင့်ကလေးမြင်နေတဲ့ အရာတွေရဲ့ နောက်ကွယ်က အမှန်တရားကို ထောက်ပြတဲ့ သူဖြစ်အောင် ကြိုးစားရပါမယ်။သင့်သမီးက TV တွေ ၊ စာစောင်တွေက မော်ဒယ်တွေကို ကြည့်ပြီး သူမရဲ့ ရုပ်ရည်အပေါ် မကျေမနပ်ဖြစ်နေတဲ့အချိန်မှာ TV တွေ၊ စာစောင်တွေက မော်ဒယ်တွေဟာလည်း အရမ်းချောမော ပြည့်စုံနေတာ မဟုတ်ကြောင်း သင်က ပြောပြသင့်ပါတယ်။စတိတ် စင်ပေါ်မှာ မဟုတ်ရင် မော်ဒယ်တွေက သင့်ရဲ့ အိမ်နီးချင်း၊ သူငယ်ချင်း၊ ဆရာမ တွေလိုမျိုး သာမာန်လူတွေ ပဲဆိုတာပြောပြပါ။ ကျွန်ုပ် တို့တွေဟာ ကိုယ့်မှာရှိတဲ့ အပြစ်အနာအဆာတွေကို ဖျက်ပစ်နိုင်စွမ်းမရှိကြပါဘူး။ ဒါပေမယ့် မိမိကိုယ်ကို မိမိ လက်ခံနိုင်စွမ်းရှိလာအောင်တော့ ကြိုးစားနိုင်စွမ်းတော့ ရှိကြပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%9b%e1%80%b2%e1%82%95-%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%b7%e1%80%80%e1%80%ad/
သွားကြိတ်ခြင်း
သွားကြိတ်ခြင်း ဆိုတာ သင့်သွားတွေကို ကြိတ်ခြင်း သို့မဟုတ် အံကြိတ်ခြင်း အခြေအနေမျိုးကိုခေါ်ပါတယ်။ တကယ်လို့သင်ဟာ သွားကြိတ်တတ်သူဆိုရင် နေ့ခင်းဘက်မှာ သတိလက်လွတ် အံကြိတ်နေတတ်တာမျိုး သို့မဟုတ် ညဘက်ကို သွားကြိတ်နေတတ်တာမျိုး တွေဖြစ်တတ်ပါတယ်။ဒီရောဂါကိုတော့ အိပ်စက်ခြင်းနဲ့သက်ဆိုင်တဲ့လှုပ်ရှားမှု မူမမှန်ခြင်းလို့ သတ်မှတ်ပါတယ်။ အိပ်စက်တဲ့အချိန်သွားကြိတ်တတ်သူတွေဟာ အခြားအိပ်စက်ခြင်းဆိုင်ရာမူမမှန်ခြင်းတွေ ဥပမာ ဟောက်ခြင်း သို့မဟုတ် အိပ်နေစဉ် အသက်ရှူခဏရပ်ခြင်း စတာတွေလည်း ရှိနေတတ်ပါတယ်။မပြင်းထန်တဲ့ သွားကြိတ်ခြင်း တွေကတော့ ကုသဖို့မလိုပါဘူး။ ဒါပေမယ့် အချို့လူတွေမှာ ဒီပြဿနာဟာ မကြာခဏဖြစ်တတ်ပြီး မေးရိုးပြဿနာ၊ခေါင်းကိုက်ခြင်း၊သွားပျက်စီးခြင်းနဲ့ အခြားပြဿနာတွေဖြစ်လာနိုင်တဲ့ထိ ပြင်းထန်ပါတယ်။သင့်မှာ အိပ်တဲ့အခါသွားကြိတ်တဲ့အကျင့်ရှိနေရင်တောင် အခြားပြဿနာတွေ ပေါ်မလာခင်အထိ သင်သတိထားမိမှာ မဟုတ်သေးပါဘူး။ ဒါကြောင့်သွားကြိတ်ခြင်း ရဲ့ရောဂါလက္ခဏာကိုသိဖို့နဲ့ ပုံမှန်သွားကျန်းမာရေးကို ဂရုစိုက်ဖို့က အရေးကြီးတာပါ။သွားကြိတ်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။• သင်နဲ့အတူအိပ်စက်တဲ့လူ နိုးတဲ့ထိအသံကျယ်လောင်တဲ့ သွားကြိတ်ခြင်း။• သွားတွေ ပြားခြင်း၊ ကျိုးပဲ့ခြင်း၊ ကျွတ်ခြင်း။• သွားကြွေလွှာပျက်စီးခြင်း၊ သွားရဲ့အတွင်းပိုင်းလွှာတွေ ထိခိုက်ခြင်း။• သွားကို အထိမခံနိုင်ခြင်း။• မေးရိုးသို့မဟုတ် မျက်နှာနာကျင်ခြင်း သို့မဟုတ် အနာဖြစ်ခြင်း။• မေးရိုးကြွက်သားများ ပင်ပန်းခြင်းသို့မဟုတ် တင်းကြပ်ခြင်း။• နားမှာပြဿနာမရှိပေမယ့်လည်း နားကိုက်ခြင်းကဲ့သို့သော နာကျင်မှုခံစားရခြင်း။• နားထင်ရင်းမှစတင်ပြီး ခေါင်းကိုက်လာခြင်း။• ပါးအတွင်းဘက်ခြမ်းကို ဝါးမိခြင်းမှ ထိခိုက်ခြင်း။• လျှာပေါ်မှာ အပေါက်လေးများဖြစ်ပေါ်လာခြင်း။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သွားကြိတ်ခြင်းကို သက်သာပျောက်ကင်းစေဖို့ မိမိကိုယ်ကို ဂရုစိုက်ရမယ့် အချက်တွေကို လိုက်နာသင့်ပါတယ်။ အောက်ပါအချက်များကို ကြည့်ပါ။• စိတ်ဖိစီးမှုတွေလျှော့ချပါ။ သီချင်းနားထောင်ပါ။ ရေနွေးနဲ့ရေချိုးပါ။ သို့မဟုတ် လေ့ကျင့်ခန်းလုပ်ပါ။ ဒါတွေက သွားကြိတ်ခြင်း ဖြစ်နိုင်ချေတွေကိုလျှော့ချပေးနိုင်ပါတယ်။• ညနေဘက်တွေမှာ တက်ကြွစေမယ့်အရာတွေကိုရှောင်ကြဉ်ပါ။ ကဖိန်းပါတဲ့ ကော်ဖီသို့မဟုတ် လက်ဖက်ရည်တွေကို ညနေစာစားပြီးချိန်မှာမသောက်ပါနဲ့။ အရက်နဲ့ဆေးလိပ်သောက်ခြင်းကို ညနေပိုင်းမှာမလုပ်ပါနဲ့။ ဒါတွေက သွားကြိတ်ခြင်း ကိုပိုဆိုးစေပါတယ်။• ကောင်းမွန်စွာအိပ်စက်ခြင်းအလေ့အထကို လေ့ကျင့်ယူပါ။ ကောင်းမွန်အေးချမ်းစွာ အိပ်ပျော်အောင်အိပ်တာက အခြားအိပ်စက်ခြင်းဆိုင်ရာပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့အပြင် သွားကြိတ်ခြင်း ကိုလည်းလျှော့ချပေးနိုင်ပါတယ်။• အိပ်စက်ဖော်နဲ့ စကားပြောပါ။ သင့်မှာ အတူတူအိပ်တဲ့သူရှိရင် အိပ်တဲ့အခါ သွားကြိတ်တဲ့အသံတွေကိုသတိထားဖို့ မှာထားပါ။ ဒါမှသာဆရာဝန်ကိုပြန်ပြောပြနိုင်မှာပေါ့။• သွားကျန်းမာရေး ပုံမှန်စစ်ဆေးပါ။ ဒါက သွားကြိတ်ခြင်း ကို အအတည်ပြုဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ ပုံမှန်သွားပြီး သွားကျန်းမာရေးစစ်ဆေးခြင်းအားဖြင့် သွားဆရာဝန်က သွားကြိတ်ခြင်း ရဲ့လက္ခဏာတွေကို ပါးစပ်နဲ့ မေးရိုးမှာတွေ့နိုင်ပါတယ်။တကယ်လို့။• သွားတွေပျက်စီးကုန်တာ သို့မဟုတ် အထိမခံနိုင်တာတွေဖြစ်ခဲ့ရင်။• မေးရိုး၊မျက်နှာသို့မဟုတ် နားမှာ နာကျင်မှုတွေခံစားရရင်။• အိပ်ပျော်နေစဉ် သွားကြိတ်တယ်လို့ အများကပြောကြရင်။• မေးရိုးကို အပြည့်အ၀ ဖွင့်ခြင်းပိတ်ခြင်းမလုပ်နိုင်ဘဲ မေးရိုးခိုင်နေခဲ့ရင်။ဆရာဝန်ကိုသွားပြသင့်ပါပြီ။တကယ်လို့ သင့်ကလေးဟာသွားကြိတ်နေရင် သို့မဟုတ် သွားကြိတ်ခြင်း ရဲ့ လက္ခဏာတွေပြနေရင် နောက်တစ်ခေါက်ကလေးရဲ့သွားကျန်းမာရေးစစ်ဆေးရမယ့်အချိန်မှာ ပြောပြဖို့မမေ့ပါနဲ့။သွားကြိတ်ခြင်းကို သွားအကူအံကပ် တပ်ခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ သွားဆရာဝန်ကပေးလိုက်တဲ့ သွားအကူအံကပ် ဟာ သွားတွေပေါ်မှာ အံဝင်ခွင်ကျဖြစ်တဲ့အပြင် တစ်ခုနဲ့တစ်ခု ကြိတ်မိနေခြင်းမှ ကာကွယ်ပေးပါတယ်။ စိတ်ဖိစီးမှုလျှော့ချခြင်းနဲ့ အခြားဘဝနေထိုင်မှုပုံစံတွေ ဥပမာ အရက်နဲ့ကဖိန်းဓါတ်တွေကိုရှောင်ရှားတာမျိုး စတာတွေကလည်း အထောက်အကူပေးမှာပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/dental-conditions/%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%80%e1%80%bc%e1%80%ad%e1%80%90%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ကလေးများတွင် ဖြစ်သော စိတ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ
စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုဟာ လူတိုင်းမှာ ဖြစ်နိုင်ပြီး ကလေးရော လူကြီးပါ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လက္ခဏာတွေက ကွာခြားမှု ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုကို သိရှိနိုင်ဖို့ လက္ခဏာတွေကို ရှာဖွေသင့်ပါတယ်။စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုကို သိရှိဖို့ ခက်ခဲပါတယ်။ တခါတရံမှာ ဒါကို ဘာလဲဆိုတာမသိပဲ အခြားရောဂါထင်တာမို့ လိုအပ်တဲ့ကုသမှုတွေကို မရရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ လက္ခဏာတွေကို သိရှိနားလည်ခြင်းဟာ သင့်ကလေးငယ်ကို သူတို့လိုချင်တဲ့ အရာတွေ ရရှိဖို့ ကူညီပေးနိုင်ပါတယ်။သင့်ကလေးငယ်ဟာ ဝမ်းနည်းနေပြီး နှစ်ပတ်ထက်ပို ကြာမြင့်ခြင်း (သို့) သူတို့ရဲ့ ခံစားချက်တွေကြောင့် စာလုပ်ခြင်း၊ အိမ်၊ ကျောင်းတွေမှာ ဆက်ဆံရေး အဆင်မပြေခြင်းတွေကို တွေ့နိုင်ပါတယ်။ သူတို့ဟာ ရုတ်တရက်ပျော်ပြီး ခဏနေ စိတ်မကောင်းကြီးစွာ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် စိတ်ပြောင်းလဲမှုတွေက အချိန်အကြာကြီး ကြာမြင့်နိုင်ပါတယ်။သင့်ကလေးငယ်တွေကို ကြည့်ရှုသင့်ပါတယ်။ သူတို့မှာ စိတ်ရောဂါရှိတယ်ဆိုရင် သူတို့ဟာ အကြောင်းရင်းမရှိပဲ အရာရာကို ကြောက်ရွံ့နေတတ်ပါတယ်။ ဒီကြောက်ရွံ့မှုဟာ သူတို့ရဲ့ နှလုံခုန်ခြင်း၊ အသက်ရှူခြင်းတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။နှလုံးခုန်နှုန်းမြန်လာခြင်း၊ မောလာခြင်းတွေ ဖြစ်နိုင်ပါတယ်။ အချို့ကြောက်ရွံ့မှုတွေက နေ့စဉ်လှုပ်ရှားမှုတွေကိုပါ ထိခိုက်နိုင်ပါတယ်။အချို့အပြုအမူတွေပြောင်းလဲခြင်း၊ အပြုအမူတွေကို မထိန်းချုပ်နိုင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ အခြားသူတွေကို ထိခိုက်ဖို့ လက်နက်တွေအသုံးပြုခြင်း၊ အခြားသူတွေကို သတ်ချင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ အခြားကလေးတွေရဲ့ ပစ္စည်းတွေကိုလည်း ခိုးနိုင်ပါတယ်။ဒီအပြုအမူ ပြောင်းလဲမှုတွေဟာ စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။သူတို့ဟာ စာမေးပွဲ၊ အိမ်စာ၊ ကျောင်းလုပ်ငန်းတွေမှာ အာရုံစိုက်ဖို့ ခက်ခဲပါတယ်။ ဒါတွေဟာ ကျောင်းမှာ အမှတ်နည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။သူတို့ မဖြစ်ချင်ရင်တောင်မှ၊ ကိုယ်အလေးချိန်ကျဆင်းနိုင်တဲ့ နည်းလမ်းတွေ မလုပ်ရင်တောင်မှ ပိန်သွားတတ်ပါတယ်။ စိတ်ရောဂါတွေဟာ အိပ်စက်ခြင်း၊ စားသောက်ခြင်းကို ထိခိုက်စေနိုင်ပါတယ်။ သူတို့မှာ အိပ်စက်မှု၊ စားသောက်မှုဆိုင်ရာ ပြဿနာတွေ စိတ်ရောဂါကြောင့် ဖြစ်နိုင်ပါတယ်။တခါတရံမှာ သူတို့ဟာ ကိုယ့်ကိုယ်ကို ထိခိုက်လိုကြပါတယ်။ သူတို့ကိုယ်ခန္ဓါကို ဓါးနဲ့ ဖြတ်ခြင်း၊ မီးလောင်စေခြင်းတွေ လုပ်နိုင်ပါတယ်။ သေကြောင်းကြံနိုင်တဲ့ အတွေးတွေ ရှိနိုင်ပြီး သေကြောင်းကြံဖို့ ကြိုးစားနိုင်ပါတယ်။စိတ်ရောဂါရှိတဲ့ ကလေးငယ်တွေဟာ ကိုယ်ခန္ဓါ လက္ခဏာတွေ ဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း တွေ ဖြစ်နိုင်ပါတယ်။အချိုကကလေးတွေဟာ အရက်သောက်ခြင်း၊ ဆေးသုံးခြင်းတွေက စိတ်ရောဂါပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ထင်ကြပါတယ်။ သူတို့ဟာ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းတွေ လုပ်နိုင်ပါတယ်။ အပန်းပြေစေဖို့ ဆေးလည်းသုံးနိုင်ပါတယ်။စိတ်ရောဂါရှင်ကလေးငယ်အများစုဟာ ဒီလက္ခဏာတွေ မခံစားရပေမယ့် ရောဂါရှာဖွေဖို့ ဆေးရုံကို ခေါ်သွားသင့်ပါတယ်။ စောစီးစွာ သိရှိခြင်းဟာ သင့်လျော်တဲ့အချိန်မှာ အထိရောက်ဆုံး ကုသမှု ပေးနိုင်စေမှာပါ။ သင့်ကလေးကို ဂရုစိုက်ဖို့ သတိရသင့်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/behavioral-and-developmental-disorders/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac-%e1%80%85%e1%80%ad%e1%80%90/
သွေးတိုးကြောင့် သင့်ခန္ဓာကိုယ်မှာ ဘာတွေထိခိုက်လာနိုင်သေးလဲ
သွေးတိုးဆိုတာအငန်စားရင်တက်မယ်၊ ခေါင်းကိုက်မယ်၊သွေးကျဆေးသို့မဟုတ် သွေးကျစေမယ့်ဆေးမြီးတို တစ်ခုခုသုံးလိုက်ရင် ပြန်ကျမယ်။ ဒီလောက်ပဲ တွေးထားတယ်ဆိုရင် သင့်မှာ သိပ်ကိုအန္တရာယ်များနေပါပြီ။ သွေးတိုးရောဂါက ကြောက်စရာကောင်းတဲ့ နောက်ဆက်တွဲအပေါင်းအဖော်တွေအများကြီးကို ခေါ်ဆောင်လာနိုင်တယ်ဆိုတာ သိထားဖို့လိုပါတယ်။လူသိများတာက သွေးတိုးကြောင့် လေဖြတ်နိုင်တယ်၊ ဦးနှောက်သွေးကြောပြတ်နိုင်တယ်၊ သွေးတိုးဖြစ်ရင် ဆီးချိုလည်းဖြစ်လာနိုင်တယ် ဆိုတာတွေပါ။ ဒါပေမယ့် အရေးကြီးတဲ့ တခြားထိခိုက်မှုတွေ၊ ရောဂါတွေလည်း ဖြစ်လာနိုင်သေးတယ်လို့ သတိပေးလိုက်ချင်ပါတယ်။သွေးကြောတွေဟာ အောက်ဆီဂျင်သယ်ဆောင်ရမယ့် အဆုတ်နဲ့နှလုံးဆီကနေ ကိုယ်တွင်းအင်္ဂါတွေနဲ့ တခြားတစ်ရှူးတွေဆီကို သွေးလည်ပတ်ရလွယ်ကူစေဖို့ ကြံ့ခိုင်မှု၊ ပျော့ပျောင်းနိုင်မှု၊ အတားအဆီးကင်းမှု တွေပြည့်စုံနေသင့်ပါတယ်။ သွေးတိုးကြောင့် အဲဒီသွေးကြောတွင်းမှာ ထိခိုက်မှုတွေဖြစ်စေပြီး အဆီချေးတွေ ပိုပြီးကပ်တွယ်စေနိုင်တယ်။ ဒီလိုကပ်တွယ်ရာကနေ သွေးကြောတွေကို ပိုတောင့်တင်းမာကျောစေပြီး သွေးကြောကျဉ်းစေနိုင်တာကြောင့် အန္တရာယ်ကြီးပါတယ်။သွေးကြောနံရံတစ်စိတ်တစ်ပိုင်းကို ဖိအားများတဲ့အခါ အခုလိုဖြစ်လာတတ်ပါတယ်။ သွေးကြောသာပေါက်ပြီး ခန္ဓာကိုယ်ထဲသွေးယိုတဲ့အခါ ဆိုးရွားတဲ့အခြေအနေဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာက ဘယ်သွေးကြောမှာမဆို ဖြစ်နိုင်ပေမယ့် ပင်မသွေးလွှတ်ကြောထဲမှာ အဖြစ်များဆုံးပါ။ သွေးလွှတ်ကြောတစ်ခုမှာ ထိခိုက်ထားတယ်ဆိုရင် သွေးတိုးရောဂါမရှိရင်တောင် သွေးကြောဖောင်းခြင်းပြဿနာ ဖြစ်လာနိုင်ပါတယ်။နှလုံးဆီကို ပို့တဲ့သွေးလွှတ်ကြောတစ်ခုကို ပိတ်ဆို့စေလောက်တဲ့အထိ အဆီချေးတွေစုနေခဲ့ရင် ရုတ်တရက်နှလုံးဖောက်ခြင်း(heart attack)ဖြစ်လာနိုင်ပါတယ်။ ဒီလိုပိတ်ဆို့မှုကြောင့် နှလုံးကြွက်သားတွေဆီကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေမရနိုင်တော့ပါဘူး။ဒီလိုဖြစ်လာရင် ရင်ဘတ်အောင့်တာ၊ မွန်းကျပ်တာခံစားရလေ့ရှိပေမယ့် တစ်ခါတလေ လက်မောင်း၊ လည်ပင်း သို့မဟုတ် မေးရိုးထဲမှာ လည်း နာကျင်မှုခံစားရနိုင်ပါတယ်။ လူက အသက်ရှူလို့လည်းခက်မယ်၊ ခေါင်းမူးမယ်၊ မအီမသာဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာတွေဖြစ်လာရင် နီးစပ်ရာဆေးရုံ၊ဆေးခန်းကို အမြန်ဆုံးပြသင့်ပါတယ်။သွေးတိုးကြောင့် နှလုံးသွေးကြောတွေကို ကျဉ်းစေနိုင်ပါတယ်။ အချိန်ကြာလာတဲ့အခါ နှလုံးရဲ့လုပ်ဆောင်ချက်တွေ ခက်ခဲလာပြီး အားနည်းလာနိုင်ပါတယ်။ နောက်ဆုံးမှာ ခန္ဓာကိုယ်အနှံ့ကို သွေးအလုံအလောက်မပို့လွှတ်နိုင်တော့တဲ့အထိ အားနည်းလာပါလိမ့်မယ်။သွေးလည်ပတ်စေဖို့အတွက် လုပ်ဆောင်ရခက်ခဲနေတဲ့အခါ နှလုံးကြွက်သားတွေထူလာပါတယ်။ ရလဒ်အနေနဲ့တော့ နှလုံးတစ်ခုလုံးပိုကြီးလာပါတယ်။ နှလုံးကကြီးလာလေ သူ့ရဲ့ပုံမှန်လုပ်ဆောင်ချက်တွေ အတွက် စွမ်းဆောင်ရည်ကျဆင်းလာလေပါပဲ။သွေးတိုးက လေဖြတ်ခြင်းရဲ့အဓိကအကြောင်းရင်းပါပဲ။ လေဖြတ်ခြင်းနှစ်မျိုးရှိပါတယ် –။သွေးတိုးကြောင့် ဦးနှောက်ကို သွေးပို့လွှတ်တဲ့သွေးကြောတွေထဲမှာ အဆီချေးတွေ ပိတ်ဆို့တဲ့အခါ သွေးလည်ပတ်မှုကို နှေးစေနိုင်ပါတယ်။ ဦးနှောက်ရဲ့လုပ်ဆောင်ချက်ပြောင်းလဲကုန်တဲ့အခါ “vascular dementia” လို့ခေါ်တဲ့အခြေအနေဖြစ်စေနိုင်ပါတယ်။ဒီလိုဖြစ်လာရင် တွေးပုံ၊ ပြောပုံ၊ မြင်တွေ့ပုံ၊ မှတ်မိပုံတွေ အပြင် ကိုယ့်ရဲ့လှုပ်ရှားပုံတွေမှာပါ ထိခိုက်မှုရှိလာနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ အချိန်နဲ့အမျှ တဖြည်းဖြည်းဖြစ်လာတတ်ပါတယ်။သွေးတိုးကကျောက်ကပ်ပျက်စီးစေတဲ့ ဒုတိယမြောက်အဖြစ်များဆုံးအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ အဆိပ်အတောက်တွေနဲ့ အရည်ပိုတွေကို စစ်ထုတ်ဖယ်ရှားရာမှာ ကျောက်ကပ်ကအသုံးပြုတဲ့ သွေးကြောတွေကို ကျဉ်းပြီး မာကျောစေနိုင်ပါတယ်။ အဲဒီမှာ nephrons လို့ခေါ်တဲ့ အထူးစစ်ထုတ်မှုအစိတ်အပိုင်းတွေကို သွေးနဲ့အာဟာရအလုံအလောက်မရစေနိုင်တော့ပါဘူး။ နောက်ဆုံးမှာ ကျောက်ကပ်ကို ပျက်စီးစေတာဖြစ်ပါတယ်။သွေးတိုးဖြစ်တာ အချိန်ကြာလာတဲ့အခါ မြင်လွှာဆီကို သွေးပို့လွှတ်မှုနှေးစေပါတယ်။ ဒါ့အပြင် ဦးနှောက်ကိုသတင်းပို့ပေးတဲ့ အမြင်အာရုံကြောဆီကို သွေးပို့လွှတ်မှုလည်းနှေးစေနိုင်ပါတယ်။ သွေးတိုးကြောင့် မြင်လွှာအောက်မှာ အရည်တွေစုလာစေနိုင်ပြီး အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။‌သွေးတိုးခြင်းက ခန္ဓာကိုယ်အနှံ့မှာ သွေးလည်ပတ်မှုနှေးစေနိုင်ပါတယ်။ ဒါ့ကြောင့် အမျိုးသားတွေမှာ သွေးလည်ပတ်မှုမကောင်းတဲ့အခါလိင်တံထောင်မတ်မှုပြဿနာဖြစ်လာနိုင်ပါတယ်။သွေးတိုးရှိတဲ့သူတွေရဲ့ ဆီးထဲမှာကယ်လ်စီယမ်တွေပါသွားတာ များတတ်ပါတယ်။ အရိုးကျန်းမာရေးအတွက် အရေးပါတဲ့ ဒီဓာတ်ကို ခန္ဓာကိုယ်ကစွန့်ထုတ်တာများတဲ့အခါ အရိုးကျိုးအက်တာတွေ ဖြစ်လွယ်လာနိုင်ပါတယ်။ဒါ့ကြောင့် သွေးတိုးအန္တရာယ်ကို ပေါ့ပေါ့ဆဆ သဘောမထားကြပါနဲ့လို့ သတိပေးလိုက်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%81%e1%80%94%e1%80%b9/
ဆယ်ကျော်သက်ကိုယ်ဝန်ရစေသော အကြောင်းရင်းများ
ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်းသည် လက်ရှိတစ်ကမ္ဘာလုံးဆိုင်ရာ အရှုပ်ထွေးဆုံး ပြဿနာများထဲမှ တစ်ခုဖြစ်ပြီး မိခင်ရော ကလေးကိုပါ ကြီးမားသော နောက်ဆက်တွဲ ပြဿနာများ သယ်ဆောင်လာပါသည်။ အချို့နိုင်ငံများတွင် အသက် ၁၂ နှစ် မှ ၁၈ နှစ်ကြား ဆယ်ကျော်သက်များသည် သဘောတူကြည်ဖြူလျှင် လိင်ဆက်ဆံခြင်းကို ဥပဒေအရ ခွင့်ပြုထားသော်လည်း မည်သည့်အစိုးရမှ သူတို့ကို ထိုအသက်အရွယ်အတွင်း ကိုယ်ဝန်ဆောင်ဖို့ မထောက်ခံပါ။သင်၏ တန်ဖိုးရှိလှသော သမီးရတနာကို ထိုသို့ နောင်တရဖွယ် အခြေအနေမှ ကာကွယ်လိုလျှင် သူတို့၏စိတ်ဆန္ဒတွေကို လှုံ့ဆော်ပေးသည့် အကြောင်းရင်းများကို အရင်လေ့လာသင့်သည်။ သို့မှသာ သူတို့ကို ကာကွယ်ပေးဖို့ အသင့်တော်ဆုံးသော အစီအစဉ်ကို ဆွဲနိုင်မည် ဖြစ်သည်။ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်း၏ အဖြစ်များဆုံး အကြောင်းရင်းများကို ဤဆောင်းပါးတွင် ဖော်ပြလိုက်ပါသည်။ယဉ်ကျေးမှုအများစုတွင် လိင်ဆက်ဆံခြင်းကို မပြောအပ်၊ မဆိုအပ်သောအရာ ပြောဆိုဖို့မသင့်တော်သော ခေါင်းစဉ်တစ်ခု အဖြစ်မြင်ကြသည်။ ထို့ကြောင့် မိဘ၊ ဆရာသမားများသည် လိင်မှုဆိုင်ရာ ခေါင်းစဉ်ကို အမြဲရှောင်ကြဉ်သည်။ လူငယ်တွေကိုလည်း မှားယွင်းသော အယူအဆများ ခေါင်းထဲရိုက်သွင်းပြီး လိင်အကြောင်းနှင့် ပတ်သက်ပြီး ဆွေးနွေးခြင်းကို တားမြစ်ထားကြသည်။ထိုအရေးကြီးသော လူမှုကိစ္စရပ်အပေါ် လျစ်လျူရှုမှုသည် လူငယ်များအား လိင်မှုဆိုင်ရာ အသိဉာဏ်၊ ဗဟုသုတကင်းမဲ့စေပြီး မှားယွင်းသော သတင်းအချက်အလက်များကို ရစေသည်။ ၎င်းသည် သူတို့သတိတောင် မထားမိသော လိင်မှုဆိုင်ရာ အနိုင်ကျင့်ခြင်း၊ လူကုန်ကူးခြင်း နှင့် ကိုယ်ဝန်ရရှိခြင်းတို့ ဖြစ်ပွားမှုကို မြင့်မားစေသည်။မိဘများအနေဖြင့် သူတို့၏ သားသမီးများကို မှန်ကန်သော လိင်ပိုင်းဆိုင်ရာ အသိပညာပေးပြီး သူတို့နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ အလွန်အရေးကြီးပါသည်။ဆယ်ကျော်သက်များသည် သူတို့ဖာသာ လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ဖို့ အားပေးသင့်သည်မှာ မှန်ကန်ပါသည်။ သို့သော် သူတို့ လွတ်လပ်ခွင့်ရရန် ကိုယ်ပိုင်အခန်းများ ပေးထားခြင်းသည် မိဘများက သူတို့နေချင်သလို နေခွင့်ရဖို့ လုံးလုံးလျားလျား လွှတ်ထားခြင်း မဟုတ်ပါဘူး။ ဆယ်ကျော်သက်များသည် အပြည့်အ၀ မရင့်ကျက်သေးဘူးဆိုသည်မှာ ငြင်းလို့မရသော အချက်ပင်ဖြစ်သည်။ သူတို့သည် သူတို့၏ လုပ်ရပ်တိုင်း၏ အကျိုးသက်ရောက်မှုကို နားလည်နိုင်စွမ်းရှိဖို့ လုံလောက်သော ရင့်ကျက်မှုမရှိသေးပါ။ ထို့ကြောင့် လိုအပ်သော ကန့်သတ်မှုများကို ထားရှိရပါဦးမည်။အရက်နှင့် မူးယစ်ဆေးကို ငယ်ရွယ်စဉ်မှာ ထိတွေ့သုံးစွဲခြင်းသည် များစွာသော နောင်တရဖွယ် နောက်ဆက်တွဲတွေဖြစ်လာနိုင်သည်။ ထိုမူးယစ်ထုံထိုင်းစေသော ဓာတုဒြပ်ပေါင်းများသည် လူတစ်ယောက်၏ ဆန္ဒအာရုံကို ထိန်းချုပ်နိုင်စွမ်းလျော့နည်းစေပြီး ကိုယ်ဝန်ကဲ့သို့သော နောက်ဆက်တွဲ ရလဒ်များ ဖြစ်စေနိုင်သည်။ တစ်ကမ္ဘာလုံးဆိုင်ရာ အချက်အလက်များအရ ကမ္ဘာပေါ်တွင် ဆယ်ကျော်သက်ကိုယ်ဝန်ဆောင် ၁၀ ယောက်တွင် ၈ ယောက်သည် မမျှော်လင့်ဘဲ ၊ မတော်တဆ ရရှိခြင်းဖြစ်ပြီး ကြိုတင်စီစဉ်ထားခြင်းမရှိပေ။အထက်ပါ အုပ်ထိန်းမှုနှင့် လုံးဝပြောင်းပြန်ဖြစ်နေသော ထိန်းချုပ်မှုလွန်ကဲသော အုပ်ထိန်းနည်း သည်လည်း ကလေး၏ အပြုအမှုတွင် ဆိုးကျိုးသက်ရောက်များ ဖြစ်စေသည်။ သင့်ကလေး၏ ဘဝကို အလွန်အကဲ ထိန်းကွပ်ခြင်းသည် စိတ်မကျေနပ်မှုနှင့် ပုန်ကန်မှုများကို ပေါက်ဖွားစေသည်။ အထူးသဖြင့် သင့်ကလေးသည် ဆယ်ကျော်သက်အရွယ်ဖြစ်လျှင် ပိုဆိုးသည်။ ရေရှည် စိတ်မကျေနပ်မှုနှင့် စိတ်ဖိစီးမှုများသည် သူတို့၏ စိတ်ခံစားချက်ကို ပေါက်ကွဲစေပြီး ဒေါသထွက်နေချိန်တွင် သူတို့ကိုယ်တိုင်မှားနေမှန်းသိသော မကောင်းသောအရာများကို စတင်လုပ်ဆောင်လာနိုင်သည်။ယနေ့ခေတ်လူငယ်များကြား မှားယွင်းနေသော အယူအဆတစ်ရပ်မှာ လိင်ကိစ္စရပ်ကို တစ်ဦးတစ်ယောက်၏ ရင့်ကျက်မှုနှင့် စတိုင်ကျမှု အဆင့်ကို တိုင်းတာရာတွင် စံညွှန်းတစ်ခုအနေနှင့် အသုံးပြုနေခြင်းဖြစ်သည်။ ကိစ္စအများစုတွင် ဆယ်ကျော်သက်များသည် အုပ်စုထဲတွင် အနှိမ်ခံရမည်၊ အပယ်ခံရမည်ကို ကြောက်သောစိတ်၊ အုပ်စုထဲတွင် လူရာဝင်လိုသော စိတ်များသည် စောစီးစွာ လိင်မှုကိစ္စကို စမ်းသပ်ဖို့ စိတ်အားထက်သန်ခြင်း၏ တရားခံဖြစ်သည်။ အခြားအခြေအနေများတွင် သူတို့၏ အပေါင်းအသင်းများကို အဆုံးရှုံးမခံလိုသော ကြောက်စိတ်ကြောင့် ပြုလုပ်ကြရခြင်းဖြစ်သည်။ဆယ်ကျော်သက် အမျိုးသမီးငယ်များသည် လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း ဖြစ်ပွားနိုင်ချေ အန္တရာယ်အများဆုံး အုပ်စုဖြစ်သည်။ အကယ်၍ အမျိုးသမီးတစ်ယောက်သည် ဆယ်ကျော်သက်အရွယ်တွင် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုကို ကြုံတွေ့ခဲ့ရလျှင် သူမသည် ကိုယ်ဝန်ရဖို့ အခွင့်အရေး မယုံနိုင်လောက်အောင် မြင့်မားလေသည်။မိဘများသည် သူတို့၏ကလေးများကို ကိုယ်ခံပညာသင်တန်းကျောင်းများသို့ ပို့ပေးသင့်သည်။ သူတို့ကို မုဒိမ်းအန္တရာယ် ကာကွယ်တတ်အောင် သတိပေးရမည်။ ဥပမာ။ ။ မှောင်သော နေရာတွင် တစ်ယောက်ထဲ ဘယ်တော့မှ လမ်းမလျှောက်ရန် ၊ လူစိမ်း၏ ကား၊ ဆိုင်ကယ်ကို မစီးရန်၊ သူတို့၏ ပတ်ဝန်းကျင်ကို အမြဲသတိထားနေရန် စသည်တို့ဖြစ်သည်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/%e1%80%86%e1%80%9a%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%9b%e1%80%85%e1%80%b1/
နှလုံးသွေးကြောချဲ့ခြင်း (angioplasty) ကုသမှု အကြောင်း သိကောင်းစရာများ
ရှေ့ကရေးခဲ့တဲ့ “လေဖြတ်တယ်ဆိုတာ ဘာလဲ” ဆိုတဲ့ ဆောင်းပါးမှာ အကျဉ်းချုပ်လောက် ပါခဲ့တဲ့ နှလုံး သွေးကြောပိတ်ပုံပိတ်နည်းကို မှတ်မိကြမယ်ထင်ပါတယ်။ သွေးကြောချဲ့ခြင်း (angioplasty)ဆိုတာကတော့ ပိတ်နေတဲ့ သွေးလွှတ်ကြောကို ရှင်းဖို့နဲ့ နှလုံးကြွက်သားထဲ သွေးစီးဆင်းမှုကို နဂိုအတိုင်းပြန်ဖြစ်အောင် လုပ်ဖို့ ခွဲစိတ်ပိုင်းဆိုင်ရာ နည်းလမ်းတစ်ခုပါ။ အများစုက ပိုက်ထည့်ခြင်း (stenting) ဆိုပြီး သိထားကြတဲ့ နည်းပါပဲ။သွေးကြောအဆီပိတ်ပြီးကျဉ်းခြင်း (atherosclerosis) လိုမျိုး ရောဂါအချို့မှာ သွေးကြောနံရံတစ်လျှောက် အဆီစုပုံမှာ အရမ်းများလာပြီး သွေးခဲတွေဖြစ်ပေါ်လာစေပါတယ်။ [ဖြစ်စဉ်အသေးစိတ်ကို “လေဖြတ်တယ်ဆိုတာ ဘာလဲ” ဆိုတဲ့ ဆောင်းပါးမှာ ဖော်ပြခဲ့ပြီးပါပြီ]။ အဲ့ဒီအခါမျိုးမှာ ပိတ်သွားတဲ့နေရာက နှလုံးသွေးလွှတ်ကြောဖြစ်နေရင် နောက်ဆက်တွဲအနေနဲ့ နှလုံးကြွက်သားက သွေးကို နည်းနည်းမရတာ ဒါမှမဟုတ် လုံးဝ မရတာမျိုး ဖြစ်စေလို့ နှလုံးကြွက်သားတစ်ရှူးတွေပျက်စီးစေပါတယ်။ နှလုံးပုပ်တယ်ခေါ်တာပေါ့။ တခါတလေ အဲဒီ သွေးခဲ ကို ဆေးနဲ့ ပျော်သွားအောင် လုပ်လို့ရနိုင်ပေမဲ့ အရမ်းကြီးရင်တော့ ဆေးလည်း မထိရောက်တော့ပါဘူး။ အဲ့လိုအချိန်မျိုးမှာ နှလုံးက အလုပ်မလုပ်နိုင်တော့ဘဲ ရုတ်တရက်နှလုံးရပ်ခြင်း (heart attack) ဖြစ်သွားနိုင်ပါတယ်။ ဒီလိုအချိန်မှာဆိုရင်တော့ ကုသမှုအနေနဲ့  နှလုံးသွေးကြောချဲ့ခြင်းကို လုပ်ဖို့ စဉ်းစားသင့်ပါပြီ။ ဒီကုသမှုမှာ ယာယီ နဲ့ တာရှည်ခံ ဆိုပြီး နှစ်မျိုးခွဲပါတယ်။ ပိုက်ကို သွေးခဲခွါဖို့ ခဏပဲ ထည့်တာနဲ့ ကြာရှည်ထည့်ထားတာပဲ ကွာပါတယ်။ဒီခွဲစိတ်ကုသနည်းကို အရေးပေါ်စီစဉ် ဒါမှမဟုတ် ကြိုတင်စီစဉ်ပြီး ဆောင်ရွက်နိုင်ပါတယ်။ ကြိုတင်စီစဉ်ပြီး ဆောင်ရွက်မယ်ဆိုရင်တော့ ဆေးရုံတက်ဖို့ လိုပြီး မခွဲခင် ၆နာရီကနေ ၈နာရီအထိ အစာရေစာ ဖြတ်တောက်မှု လုပ်ထားရမှာပါ။ ကုသမှု မစခင် ယေဘုယျကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ရပါသေးတယ်။ ကုသမှုပြုလုပ်ဖို့ သင့်တော်တဲ့ ကျန်းမာရေးအခံရှိဖို့ လိုအပ်တာမို့ပါ။ ကုသမှုမခံယူခင် ရက်သတ္တပတ် အလိုထဲ က မိမိအတွက် သီးသန့် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဖို့ ဆရာဝန်က ညွှန်ကြားမှာပါ။ ဥပမာ သွေးကျဲဆေးသောက်နေရတဲ့ သူမျိုးဆို တစ်ပတ်(သို့) တစ်လလောက် ဆေးကြိုရပ်ခိုင်းထားတာမျိုးပေါ့။ကုသမှု အနေနဲ့ကတော့ သွေးကြောနေရာတွေကို တီဗီ scan မှာ ပေါ်နေအောင် ဆေးတစ်မျိုးထိုးမယ်။ လေလျှော့ထားတဲ့ ပူဖောင်း အသေးလေးပါ ပြွန်ငယ်တစ်ခုကို အထိန်းဝါယာရဲ့ အကူအညီနဲ့ လက်ကောက်ဝတ် (သို့) လက်မောင်းရင်း (သို့) ပေါင်ရင်းမှာရှိတဲ့ သွေးကြောကနေတစ်ဆင့် ပိတ်နေတဲ့နှလုံး သွေးလွှတ်ကြောထဲ ထည့်ပါလိမ့်မယ်။ သွေးခဲ တွေ စုပုံနေတဲ့ နေရာအတိအကျကို ရောက်တာနဲ့တပြိုင်နက် ပူဖောင်းလေးကို အပြင်ကနေ လေသွင်းလိုက်တော့ သွေးလွှတ်ကြောနံရံကနေ အဲဒီ သွေးခဲ ကွာကျစေပြီး သွေးစီးဆင်းဖို့ လမ်းကြောင်း ဖြစ်စေပါတယ်။ ကုသရာမှာသုံးတဲ့ ပြွန်လေးကိုတော့ ဆေးဘက်ဆိုင်ရာသုံး ကိုးလ်ဘတ် သတ္တုစပ်နဲ့ ပြုလုပ်ထားတာပါ။ပြွန်ရဲ့ ကိုယ်ထည်က စကာကွက်အသေးလေးဖြစ်ပြီး သွေးလွှတ်ကြောကိုပွင့်နေအောင် တာရှည် ထိန်းထားဖို့ ထည့်ထားခဲ့လို့ရပါတယ်။ ပြွန်ရဲ့ကိုယ်ထည်ကို သွေးကြောခွဲစိတ်ပြုပြင်ပြီးနောက် ဒဏ်မဖြစ်စေဖို့  ဆေးတစ်မျိုး သုတ်လိမ်းထားပါတယ်။ ခွဲစိတ်မှုက နာရီနဲ့ချီကြာနိုင်ပြီး နောက်နေ့ အိမ်ပြန်ခွင့်ပေးပါတယ်။ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် ပင်ပင်ပန်းပန်း မလုပ်ဖို့နဲ့ ကောင်းကောင်း အနားယူဖို့ လိုပါတယ်။ အများစုအနေနဲ့ ခွဲစိတ်ပြီးနောက် တစ်ပတ်ကြာရင် အလုပ်ခွင် ပြန်ဝင်လို့ ရပါတယ်။နောက်ဆက်တွဲအနေနဲ့ ကတော့ stent ထည့်ထားပြီးတာတောင်မှ သွေးခဲပြန်ဖြစ်တာ သွေးကြောပြန်ပိတ်တာမျိုး ဖြစ်နိုင်ပါသေးတယ်။ ပိုက်စထည့်တဲ့နေရာက သွေးယိုတာ၊ အဆိုးဆုံးအနေနဲ့ကတော့ နှလုံးခုန်စည်းချက်မမှန်တာ၊ ကျောက်ကပ်ထိတာ ၊ လေဖြတ်တာတွေ အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် stent ထည့်ထားတဲ့ သူတစ်ယောက်ဟာ ထည့်ပြီး တစ်ပတ်မှာတင် ဆရာဝန်နဲ့ ပြန်ပြပြီး ကျန်းမာရေးစစ်ဆေးသင့်တဲ့ အပြင် သွေးခဲပြန်မဖြစ်အောင် သွေးကျဲဆေးကို ခြောက်လကနေတစ်နှစ်ထိ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ပေးနေဖို့လိုပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို အကျင့်ဖြစ်အောင်ပုံသွင်းယူပြီး ထိန်းသိမ်းသွားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ဘေးအန္တရာယ်ကို သဘောပေါက်လွယ်ကြပြီး မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။ရေးသားသူ – ဒေါက်တာနှင်းနုအေး။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/%e1%80%94%e1%80%be%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%81%e1%80%bb%e1%80%b2%e1%80%b7%e1%80%81%e1%80%bc%e1%80%84%e1%80%ba/
ကျိုးသွားသောအရိုး မြန်မြန်ပြန်ဆက်အောင် စားသင့် မစားသင့်သည်များ
လူခန္ဓါကိုယ်တစ်ခုတည်ဆောက်ရာတွင်အရိုးများဖွဲ့စည်းပုံသည် အလွန်အရေးပါလှသည်။ အဓိက ပင်မဖြစ်သော အရိုးများ ကျိုးသွားလျှင် အလွန်နာ၍ပြန်ဆက်ရန်လည်း အချိန်တစ်ခုယူရသည်။ ဆရာဝန်များသည် ကျိုးသွားသော အရိုးများပြန်ဆက်ရန်ကျောက်ပတ်တီးစည်းပေးခြင်း၊ စတီးချောင်းများထည့်ပေးခြင်းများပြုလုပ်ပေးမည်ဖြစ်သည်။ လူနာများဘက်ကလည်းနေ့စဉ်စားနေသော အစားအစာများတွင်အေက်ဖော်ပြပါ အစားများအား စားပေးခြင်းဖြင့် ကျိုးသွားသော အရိုးများကိုမြန်မြန်ပြန်ဆက်စေမှာဖြစ်ပါသည်။စားသင့်သော အစားအစားများ။ပရိုတင်း(အသားဓါတ်)။သင့် အရိုးများဖွဲ့စည်းရာတွင် ပရိုတင်း ( အသားဓါတ်) သည် မပါမဖြစ်ပါဝင်သည်။ သင်အရိုးများကျိုးသောအခါ ပြန်ဆက်ရန် အရိုးအသစ်ဆဲလ်များပြန်တည်ဆောက်ရာတွင် ပရိုတင်း ပါရပေသည်။ ပရိုတင်းသည် အရိုးဆဲလ်အသစ်များ တည်ဆောက်ခြင်းအတွက်သာမက အရိုးများအတွက် အဓိကလိုအပ်သောကယ်စီယမ်( calcium ) ကို စုပ်ယူခြင်းနှင့် အသုံးပြုခြင်း နေရာတွင် လည်း အရေးပါလှသည်။ပရိုတင်းဓါတ်ကြွယ်ဝသော အစားအစာများမှာ –အသားငါးများ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုး၊ အစေ့အစံများ၊ ပဲပိစပ်မှထွက်သော အစားအစာများ။ကယ်လ်စီယမ်။အရိုးများတည်ဆောက်ရန်နှင့် ခိုင်မာစေရန်အတွက် အသုံးဝင်လှသော အရာဖြစ်သည်။ ကယ်စီယမ်ကြွယ်ဝသော အစားအစားမျာစားခြင်းဖြင့် ကျိုးသွားသော သင့်အရိုးများမြန်မြန်ပြန်ဆက်မည်ဖြစ်သည်။ အရွယ်ရောက်ပြီးသော လူတစ်ယောက်သည် တစ်နေ့လျှင် ကယ်လ်စီရမ် ၁၀၀၀-၁၂၀၀ မီလီဂရမ် လိုအပ်သည်။ သင်လုံလောက်စွာ မစား၍ ကယ်လ်စီယမ်ဓါတ် ချို့တဲ့လျှင် သင့်ဆရာဝန်မှ ကယ်စီယမ်သောက်ဆေးပြားများအားသောက်ရန် ညွှန်ကြားလိမ့်မည်။ကယ်လ်စီယမ်ဓါတ်ကြွယ်ဝသော အစားအစာများမှာ- နို့နှင့်နို့ထွက် ပစ္စည်းများ၊ခေါင်းတစ်ရာသားဟုခေါ်သော ငါးသေးသေးလေးများ၊ အရိုးပြုတ်ရည်များ၊ အစိမ်းရောင်ရှိသော အသီးအနှံများ၊ ဂေါ်ဖီထုတ်၊ မုန်လာအဖြူ၊ ပဲအမျိုးမျိုး။ဗီတာမင် D။သင့်၏ ကျိုးသွားသော အရိုးများပြန်ဆက်ရန် ဗီတာမင် D သည်လည်း အရေးပါလှသည်။ ဗီတာမင် D သည် သင့်သွေးမှ ကယ်လ်စီယမ် စုပ်ယူခြင်းကို အကူအညီပေးသည်။မနက်ခင်းနေရောင်ခြည် နုနုအောက်တွင် ၁၅ မိနစ်နေပေးလျှင် ကိုယ်ခန္ဓါမှဗီတာမင် D တည်ဆောက်ခြင်းကို အထောက်ကူပြုသည်။ အရွယ်ရောက်သူတစ်ဦးသည်ဗီတာမင် D ၆၀၀ IU လိုအပ်သည်။ အသက် ၇၀ကျော်လျှင်တော့ဗီတာမင် D ၈၀၀ IU လိုအပ်သည်။ ယခုအခါ လိုအပ်သောဗီတာမင် D ကိုဆေးပြားအနေဖြင့်လည်းရရှိနိုင်ပြီဖြစ်သည်။ဗီတာမင် D ကြွယ်ဝသော အစားအစာများမှာ – ကြက်ဥအနှစ်၊ နို့နှင့်နို့ထွက် ပစ္စည်းများ၊ အဆီများသောငါးများ ( ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး) အသည်းနှင့်ဗီတာမင် D ထည့်၍ထုတ်ထားသော အသင့်သောက် အချိုရည်များ။ဗီတာမင် C။ကော်လဂျင်( collagen) သည် အရိုးများတည်ဆောက်ရန်နှင့် ကျိုးသွားသော အရိုးများပြန်ဆက်ရာတွင် အရေးပါသော ဓာတ်တစ်မျိုးဖြစ်သည်။ဗီတာမင် C သည် collagen တည်ဆောက်ရန်အတွက် အရေးပါလှသည်။ဗီတာမင် C ကို လတ်ဆတ်သောအသီးအနှံများမှ ရရှိသည်။ အသီးအနှံများကို မီးပြင်းပြင်းနှင့် ချက်ပြုတ်လျှင် ( သို့မဟုတ် ) အခန်းအပူချိန်တွင်ကြာရှည်စွာထားလျှင် ပါဝင်သောဗီတာမင် Cပျက်စီးတတ်သည်။ ထို့ကြောင့်ရေခဲသေတ္တာထဲတွင် အသီးအနှံများအား ထည့်သိမ်းထားသင့်သည်။ဗီတာမင် C ကြွယ်ဝသော အစားအစာများမှာ – ချဉ်သော အသီးအနှံများ၊ လိမ္မော်သီး၊ သံပရာသီးရှောက်သီး၊ ခရမ်းချဉ်သီး၊ ကီဝီသီး၊ ဘယ်ရီသီးများ၊ အာလူးနှင့် အစိမ်းရောင်ရှိသော အသီးအရွက်များ။သံဓါတ်။သင့်တွင် သံဓာတ်ချို့တဲ့သောသွေးအားနည်းရောဂါရှိနေလျှင် ကျန်းမာသောသွေးနီဥများ အလုံအလောက်မရှိခြင်းကြောင့် ကျိုးသော အရိုးများပြန်ဆက်ခြင်းဖြစ်စဉ်သည် အခြားသာမာန်လူများထက်နှေးနေနိုင်ပါသည်။ သံဓါတ်သည်ကော်လဂျင်( collagen) တည်ဆောက်ခြင်းကိုလည်း အကူအညီပေးသည့် အပြင်အောက်စီဂျင်ကိုလည်း အရိုးများထဲသို့ ပို့ပေးခြင်းဖြင့် အရိုးများကိုမြန်မြန်ပြန်ဆက်စေသည်။သံဓါတ် ကြွယ်ဝသော အစားအစာများမှာ – အနီရောင်ရှိသော အသားများ၊ ကြက်ဆင်သား၊ ကြက်သား ၊ အမဲသား၊ ကြက်ဥ၊ အဆီများသော ငါးများ၊ သစ်သီးခြောက်များ၊ အစိမ်းရောင်ရှိသော အသီးအရွက်များ၊ ဂျံကြမ်းဖြင့်ပြုလုပ်သောပေါင်မုန့်။ပိုတက်ဆီယမ်။သင်စားသော အစားအစာများတွင် ပိုတက်ဆီယမ်များများထည့်စားခြင်းဖြင့် သင်ဆီးသွားသောအခါတွင် ဆီးထဲတွင် ကယ်လ်စီယမ် ပါသွားခြင်များလျော့သွားမည်။ပိုတက်ဆီယမ်ကြွယ်ဝသော အစားအစာများမှာ – ငှက်ပျောသီး၊လိမ္မော်သီးဖျော်ရည်၊ အာလူး၊ငါး၊ နို့နှင့်နို့ထွက် ပစ္စည်းများ ။မစားသင့်သော အစားအစာများ။အရက်သေစာများ။အရက်သေစာသောက်ခြင်းကို မရပ်လျှင် သင့်အရိုးများပြန်ဆက်ခြင်းကိုနှေးစေပြီး အရိုးဆက်ရန်လိုအပ်သော အရိုးအသစ်များဖြစ်ခြင်းကို တားဆီးလိမ့်မည်။ အရက်သောက်၍မူးလျှင် သင်ခြေခိုင်ခိုင်မရပ်နိုင်ဘဲ ချော်လဲကာ အခြားသော အရိုးများပင် ထပ်၍ကျိုးနိုင်ပါသေးသည်။ငန်လွန်းသော အစားအစာများ။အငန်များများစားလေ ဆီးများများသွားလေ ကယ်စီယမ်များဆီးထဲတွင် ပါသွားလေဖြစ်သည်။ကော်ဖီ ( ကဖင်းဓာတ်)။ကော်ဖီအား တစ်နေ့၄ ခွက်ထက်ပိုသောက်လျှင် ဆီးများများသွားပြီး အရိုးဆက်ရန် လိုအပ်သော ကယ်စီယမ်များဆီးထဲတွင် ပါသွားသည့် အတွက် အရိုးများဆက်ခြင်းဖြစ်စဉ်ကိုနှေးကွေးစေမည်ဖြစ်သည်။ သင့်တင့်သော ပမာဏလောက်သာသောက်လျှင်တော့ အရိုးပြန်ဆက်ခြင်းကို မထိခိုက်နိုင်ပါ။ရှောင်ရန် ဆောင်ရန်များကို သိထားခြင်းဖြင့် ကျိုးသွားသော အရိုးများမြန်မြန်ပြန်ဆက်ရန် ဤဆောင်းပါးလေးသည် အထောက်အကူဖြစ်စေဖို့မျှော်လင့်ပါသည်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%9e%e1%80%b1%e1%80%ac%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%bc/
အင်ဆူလင်ရဲ့ ထိရောက်မှု ကောင်းစေဖို့
အင်ဆူလင်ရဲ့ ထိရောက်မှု ကောင်းစေဖို့ သတ်မှတ်ထားတဲ့ အပူချိန်မှာ သိမ်းဆည်းဖို့ လိုပါတယ်။ သတ်မှတ်ထားတဲ့ အပူချိန်က ဘာလဲဆိုတာ မပြောခင်မှာ အင်ဆူလင်ကို ဘယ်သူတွေ လိုအပ်လဲဆိုတာကို အရင်ပြောပြချင်ပါတယ်။ အင်ဆူလင် ဆိုတဲ့ စကားလုံးက ရင်းနှီးကျွမ်းဝင် မရှိပေမယ့်ဆီးချိုသွေးချိုရောဂါဆိုတာကိုတော့ ကြားဖူးကြမယ် ထင်ပါတယ်။အရင်ကဆီးချိုသွေးချိုရောဂါဆိုတဲ့ စကားလုံးက မြန်မာလူမျိုးတွေနဲ့ အတော်လေး အလှမ်းဝေးခဲ့တာပါ။ အခုတော့မြန်မာနိုင်ငံမှာလည်း ဆီးချိုသွေးချိုရောဂါ ဖြစ်သူ အရေအတွက်က များလာတာကြောင့် ဆီးချိုသွေးချိုရောဂါဆိုတဲ့ စကားလုံးက နေ့စဉ်ဘဝရဲ့ စကားလုံး တစ်လုံးလိုတောင် ဖြစ်လာပါပြီ။  အင်ဆူလင်ဆိုတာကို အရင်မပြောခင် ဆီးချိုသွေးချိုရောဂါ အမျိုးအစားလေး ခွဲပြချင်ပါတယ်။ဆီးချိုသွေးချိုရောဂါဆိုတဲ့နေရာမှာ အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါ၊ အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါဆိုပြီး အဓိကအနေနဲ့ နှစ်မျိုးခွဲထားပါတယ်။အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါဆိုတာက autoimmune disease တစ်မျိုးပါ။ ခန္ဓာကိုယ်က ကိုယ်ခံအားဆဲလ်တွေကို မှားယွင်းတိုက်ခိုက်ရာကနေ အစပြုလာတဲ့ ရောဂါအခြေအနေတစ်မျိုးပေါ့။ အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါ ခံစားရတဲ့အခါ ခန္ဓာကိုယ်က အင်ဆူလင်ကို မထုတ်လုပ်နိုင်တော့ပါဘူး။ အကြောင်းကတော့ ကိုယ်ခံအားစနစ်က အင်ဆူလင်ထုတ်ပေးတဲ့ ဆဲလ်တွေကို ဖျက်ဆီးလိုက်လို့ပါ။အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါက ကလေးငယ်တွေ၊ လူငယ်တွေမှာ အဖြစ်များပါတယ်။အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါဆိုတာကတော့ အင်ဆူလင်ဟော်မုန်း ခုခံအားတက်လာတဲ့အခြေအနေပါ။ ခန္ဓာကိုယ်မှာ အင်ဆူလင်မတိုးတော့တာပေါ့။ ဒါကဘာကိုဆိုလိုသလဲဆိုတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ ခန္ဓာကိုယ်က အင်ဆူလင်ကို ပိုမိုလိုအပ်တယ်ဆိုတဲ့သဘောပါ။ဒီလိုအခြေအနေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့အတွက် ခန္ဓာကိုယ်က အင်ဆူလင်ကို ပိုမိုထုတ်လုပ်ပါတယ်။ ဒီလိုထုတ်လုပ်မှုက နှစ်ကာလကြာလာတဲ့အခါ အင်ဆူလင်ထုတ်ပေးတဲ့ ပန်ကရိယကဆဲလ်တွေ အားအင်ကုန်ခမ်းပြီးအင်ဆူလင်ထုတ်နိုင်စွမ်းကျသွားပါတော့တယ်။ ဒီလိုနဲ့ လုံလောက်တဲ့ အင်ဆူလင်ကို မရတဲ့အခါသွေးတွင်းသကြားဓာတ်မြင့်တက်ပြီး အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါ ဖြစ်လာပါတယ်။အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါက အသက်အရွယ်မရွေးဖြစ်နိုင်ပြီး သက်လတ်ပိုင်းတွေမှာ ပိုအဖြစ်များပါတယ်။အင်ဆူလင်ဆိုတာက ဆီးချိုသွေးချိုရောဂါဖြစ်တဲ့သူတွေအတွက် ကုထုံး တစ်ရပ်ပေါ့။ အပေါ်မှာ ပြောခဲ့တဲ့ ဆီးချိုသွေးချိုရောဂါ အမျိုးအစား ၂ခုစလုံး အတွက် အသုံးပြုလို့ ရပါတယ်။သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ ခန္ဓာကိုယ်ကအင်ဆူလင် ဟော်မုန်းကို အလုံအလောက် မထုတ်နိုင်တဲ့အခါ ဆီးချိုသွေးချိုရောဂါ ဖြစ်လာပါတယ်။ ဒီလို ဆီးချိုသွေးချိုရောဂါဖြစ်လာတဲ့အခါ သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ ဆေးတွေ သောက်ကြတာ ရှိပေမယ့် ဆေးသောက်ကြတာ ရှိသလို အင်ဆူလင်ထိုးရတာလည်း ရှိပါတယ်။အင်ဆူလင်က အရေပြားအောက်အဆီပြင်ထဲကို ထိုးရတာဖြစ်တာကြောင့် လွယ်ကူပြီး နာကျင်ခြင်းလည်း နည်းပါတယ်။ ဆီးချိုသွေးချိုရောဂါရှိပေမယ့်လည်း သက်တမ်းစေ့နေထိုင်နိုင်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။အင်ဆူလင် ထိုးတာက ဆီးချိုသွေးချိုရောဂါ ကုသမှုအတွက် ထိရောက်တဲ့ ကုထုံးတစ်ရပ်ပါ။ ဒါပေမယ့် အင်ဆူလင် အာနိသင်ထိရောက်ဖို့ဆိုရင် အင်ဆူလင်ကို အအေးသေချာလေး ထိန်းဖို့ လိုပါမယ်။ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ အင်ဆူလင်က အပူချိန် အပြောင်းအလဲကြောင့် ပျက်စီးထိခိုက်လွယ်တဲ့ ဆေးဝါး အမျိုးအစားပါ။အင်ဆူလင်က အပူနဲ့ တိုက်ရိုက် ထိတွေ့ရင်ဖြစ်ဖြစ် သတ်မှတ်ထားတဲ့ အပူချိန်ထက် ပိုများတဲ့အပူချိန်နဲ့ ထိတွေ့မိရင်ဖြစ်ဖြစ် အင်ဆူလင်ရဲ့ အာနိသင်က ပျက်စီးသွားနိုင်ပါတယ်။အာနိသင် ပျက်စီးသွားပြီဆိုကတည်းက ဒီအင်ဆူလင်ကို ထိုးတဲ့အခါမှာလည်း ထိရောက်မှု အာနိသင် မရှိတော့တာမျိုး ဖြစ်မှာပါ။ ဒီတော့ သွေးချိုကို မထိန်းနိုင်ဘဲ မလိုအပ်တဲ့နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေခံစားလာရနိုင်ပါတယ်။ဒါကြောင့် အင်ဆူလင်ကို မဖောက်ရသေးခင် ဘူးသစ်ဆို ၂ဒီဂရီစင်တီဂရိတ် နဲ့ ၈ ဒီဂရီ စင်တီဂရိတ်ကြား အပူချိန်မှာ သေချာလေး ထိန်းသိမ်းဖို့ လိုပါမယ်။ ဖောက်ပြီးသွားရင်တော့ အပူချိန် ၃၀ဒီဂရီအောက်မှာ ၄ပတ်ကနေ ၆ပတ်ထိ ထားနိုင်ပါတယ်။ဝယ်ယူလာတဲ့အခါမှာလည်း အအေးကို သေချာထိန်းပြီး သယ်ယူဖို့ လိုပါမယ်။အင်ဆူလင်ကို ရေခဲသေတ္တာ အခဲကန့်ထဲ ထည့်တာလည်း မလုပ်ရပါဘူး။ ဒီလို လုပ်တာ အင်ဆူလင်ရဲ့ အာနိသင်ကို ပျက်စီးစေနိုင်လို့ပါ။ဒီလိုဆို အင်ဆူလင် ထိုးရတာ ရှုပ်ထွေးလိုက်တာဆိုပြီး စိတ်ညစ်သွားပြီလား။ ဆေးပညာတွေ တိုးတက်လာတာနဲ့အမျှ အင်ဆူလင်ကို အရင်လို အပ်နဲ့ ထိုးတာမျိုး မဟုတ်ဘဲ သယ်ယူသိမ်းဆည်းရလွယ်တဲ့ အင်ဆူလင်ထိုး ကိရိယာလေးတွေ ပေါ်လာပါပြီ။ သိမ်းဆည်းနည်းတွေလည်း လွယ်ကူလာပါတယ်။ဥပမာ ဆီးချိုသွေးချိုရောဂါရှိသူ တော်တော်များများ သုံးစွဲနေတဲ့ အင်ဆူလင်အရော  ဆေးထိုးကိရိယာအသစ်ဆိုရင်  အသုံးမပြုခင်မှာ ၂ ဒီဂရီစင်တီဂရိတ် နဲ့ ၈ ဒီဂရီ စင်တီဂရိတ်ကြား အပူချိန်မှာ သိမ်းဆည်းထားရမှာဖြစ်ပြီး  စပြီး အသုံးပြုပြီးရင်တော့ အပူချိန် ၃၀ ဒီဂရီ စင်တီဂရိတ်အောက် အနေအထားမှာ ၄ပတ်ကနေ ၆ပတ်ကြာသိမ်းလို့ ရပါတယ်။အင်ဆူလင်ကို အသုံးပြုတဲ့အခါမှာလည်း။နောက်ဆုံး တစ်ချက်ကဆီးချိုသွေးချိုရောဂါကို အင်ဆူလင်နဲ့ထိထိရောက်ရောက် ကုသချင်တယ်ဆိုရင် အရည်အသွေးကောင်းတဲ့ အင်ဆူလင်ကို သတ်မှတ်ထားတဲ့ အပူချိန်တွင် သေချာထိန်းဖို့က မေ့ထားလို့ မရတဲ့အရာပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/importance-of-cold-chain-and-quality-of-insulin-in-controlling-diabetes/
မင်းကွတ်သီးစားသုံးခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ
အခွံ ညိုညို အရောင်လေး ရှိပြီး နွှာလိုက်ရင် အထဲမှာ အဖြူ အမြွှာလေး ရှိတဲ့ မင်းကွတ်သီးကို အားလုံး ရင်းနှီးပြီးသား ဖြစ်မှာပါ။ မင်းကွတ်သီးဟာ ချိုချိုချဉ်ချဉ် အရသာ ရှိတာကြောင့်တော်တော်များများက အအီပြေစေတဲ့ အသီး အဖြစ် စားကြပါတယ်။ နောက်တစ်ခုကတော့ ဒူးရင်းသီးနဲ့ မင်းကွတ်သီးဟာ ပေါ်တဲ့ ရာသီချင်း တူတာကြောင့်ဒူးရင်းသီးစားပြီး အီတယ် ဆိုရင် မင်းကွတ်သီး ချဉ်ချဉ်လေး တွဲဖက်ပြီး စားသုံးကြပါတယ်။ဒီတော့ မင်းကွတ်သီးကို စားဖြစ်ပေမယ့် မင်းကွတ်သီးစားသုံးခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ အကြောင်းကို မသိသေးဘူးဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်တော့နော်။မင်းကွတ်သီးစားသုံးခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ ကတော့။မင်းကွတ်သီးမှာ ကယ်လိုရီ ပါဝင်မှုက အရမ်းကိုနည်းပါးပါတယ်။ မင်းကွတ်သီး (၁၀၀)ဂရမ်မှာမှ (၆၃) ကယ်လိုရီပဲ ပါဝင်တာပါ။ ခန္ဓါကိုယ် အလေးချိန် လျော့ကျဖို့ ကြိုးစားနေတယ် ဆိုရင်တော့ မင်းကွတ်သီးလေး စားသုံးပေးနိုင်ပါတယ်။မင်းကွတ်သီးမှာဗီတာမင် စီပါဝင်ခြင်းဟာ အအေးမိ ဖျားနာခြင်းလိုမျိုး ပြင်ပကနေ ပိုးမွှားတွေ ဝင်ရောက်ခြင်းကြောင့်ဖျားနာတာမျိုးမဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ဗီတာမင် စီ ပါဝင်တဲ့ အသီးအနှံတွေ စားသုံးခြင်းဟာ ရောဂါတွေကို တားဆီးပေးနိုင်ပြီး ခန္ဓါကိုယ်ထဲမှာ ဆဲလ်အသစ်တွေ ပေါ်ပေါက်လာစေဖို့ အတွက် အထောက်အကူပြု ပါတယ်။ ဒါ့အပြင် ခန္ဓါကိုယ်က လိုအပ်တဲ့ ဗီတာမင် အဖြစ်လည်း တာဝန်ထမ်းဆောင်နိုင်ပါတယ်။မင်းကွတ်သီး ပုံမှန်လေး စားပေးမယ်ဆိုရင်သွေးနီဥဆဲလ်တွေကောင်းမွန်စေပြီး သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ရင်ဘတ် အောင့်ခြင်း၊ နှလုံး နာကျင်ခြင်း၊ ကိုလက်စထရော မြင့်မားခြင်းလိုမျိုး သွေးလည်ပတ်မှုနဲ့ ဆိုင်တဲ့ရောဂါတွေ မဖြစ်စေဖို့အတွက် အထောက်အကူပြုပါတယ်။ မျက်လုံးတဝိုက်သွေးလည်ပတ်မှုလည်း ကောင်းမွန်စေတာကြောင့် အမြင်အာရုံလည်း တိုးတက်ကောင်းမွန်စေပါသေးတယ်။မင်းကွတ်သီးမှာ ဓါတ်တိုးဆန့်ကျင်မှုတွေ ပါဝင်တာက နှလုံးနဲ့ဆက်စပ်တဲ့ရောဂါအပြင် ကင်ဆာရောဂါဖြစ်ပွားမှုကိုပါလျှော့ကျစေပါတယ်။ ဒီလိုမျိုး ဓါတ်တိုးဆန့်ကျင်မှုတွေ ပါဝင်ခြင်းဟာ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့free radicalsတွေခန္ဓါကိုယ်ထဲကနေလျှော့နည်းသွားအောင် အကျိုးပြုပါတယ်။မင်းကွတ်သီး စားသုံးခြင်းဟာ အမျိုးသမီးတွေအတွက် အထူးသင့်တော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဓမ္မတာ ပုံမှန်ဖြစ်ဖို့ ကူညီပေးနိုင်တာကြောင့်ပါ။ မင်းကွတ်သီးဟာ ရာသီမလာခင်မှာဖြစ်တတ်တဲ့ ဗိုက်အောင့်ခြင်း၊ စိတ်တိုလွယ်ခြင်းစတဲ့ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ဆီးချိုရောဂါဟာ ကမ္ဘာတစ်ဝန်းမှာ နှလုံးရောဂါပြီးနောက် အဖြစ်အများဆုံးရောဂါပါ။ မင်းကွတ်သီးဟာသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးတာကြောင့် ဆီးချို အရမ်းတက်တာမျိုး မရှိနိုင်ပါဘူး။မင်းကွတ်သီးမှာ ဘက်တီးရီးယားတွေကို ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိတွေ အများကြီး ပါဝင်ပါတယ်။ ဝက်ခြံ၊ အသားအရေ မညီညာခြင်း၊ အဆီပြန်လွန်ခြင်းနဲ့ အသားအရေခြောက်သွေ့ခြင်းစတဲ့ အသားအရေပြဿနာတွေကို မင်းကွတ်သီး စားခြင်းဖြင့် ကုသနိုင်ပါတယ်။မျက်နှာမှာ ဆဲလ်သေတွေ ရှိနေမယ်ဆိုရင်ချောမွေ့ပြောင်လက်တဲ့ မျက်နှာလေး ပိုင်ဆိုင်ရမှာ မဟုတ်ပါဘူး။ မင်းကွတ်သီးမှာXanthoneဒြပ်ပေါင်းတစ်မျိုး ပါရှိပြီး ဆဲလ်သေတွေ ဖယ်ရှားခြင်းနဲ့ ဆဲလ်အသစ်ပြန်လည်ဖြစ်တည်ဖို့ ကူညီပေးနိုင်ပါတယ်။မင်းကွတ်သီးရဲ့ အကျိုးကျေးဇူးလေးတွေ သိရပြီဆိုတော့ရာသီစာအသီးအနှံတစ်မျိုးအဖြစ် စားပေးဖို့ မမေ့ပါနဲ့နော်။ အသီးအနှံ၊ အသားငါး မျှမျှတတ စားသုံးပေးမယ်ဆိုရင် ကျန်းမာရေးကောင်းမွန်နေမှာပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/amazing-health-benefits-of-mangosteen/
Bladder Infections (ဆီးအိမ်ပိုးဝင်ခြင်း)
ဆီးအိမ်ပိုးဝင်ခြင်း(သို့) ဆီးအိမ်ရောင်ရမ်းခြင်း ဆိုသည်မှာ ဆီးအိမ်ထဲမှာရှိနေတဲ့ ဘက်တီးရီးယားကြောင့်ဖြစ်ရတဲ့ ပြင်းထန်တဲ့ဆီးလမ်းကြောင်းပိုးဝင်မှုမျိုးပဲ ဖြစ်ပါတယ်။ အချို့ကိစ္စတွေမှာ ဒီလိုပိုးဝင်တာကို ပြန်လည်ကုသရာမှာအရမ်းကြာတတ်ပါတယ်။ တစ်ချို့သောဆေးများနှင့်ဓါတ်မတည့်ခြင်း၊ ဓါတ်ရောင်ခြည် ကုသမှုခံယူခြင်းနှင့် တစ်ခြားသောရောဂါတွေရဲ့နောက်ဆက်တွဲအနေနဲ့လည်း ဆီးအိမ်ရောင်နိုင်ပါသေးတယ်။ သင့်တော်တဲ့ကုသမှုတစ်ခု ခံယူလိုက်မယ်ဆိုရင်တော့ ဆီးအိမ်ပိုးဝင်ခြင်းကြောင့် ဖြစ်ရတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကနေ သက်သာစေမှာပါ။ အပြင်းထန်ဆုံးရောဂါလက္ခဏာကတော့ကျောက်ကပ်ပါပိုးဝင်ခြင်းဖြစ်ပါတယ်။ ဘက်တီးရီးယားကြောင့် ဆီးအိမ်ရောင်ရမ်းမှုအတွက်ပုံမှန်ကုသမှုတွေကတော့ ပဋိဇီဝပိုးသတ်ဆေးတွေပေးခြင်းပဲဖြစ်ပါတယ်။ တခြားဆီးအိမ်ရောင်ခြင်းတွေအတွက် ကုသမှုကတော့ ဖြစ်တဲ့အကြောင်း ရင်းပေါ်မူတည်ပြီးကွဲပြားကြပါတယ်။ဆီးအိမ်ပိုးဝင်တာဟာ တော်တော်ကိုအဖြစ်များကြပါတယ်။ ပုံမှန်အားဖြင့် မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက်ပိုဖြစ်ကြပါတယ်။ မိန်းကလေးအားလုံးရဲ့၅၀ ရာခိုင်နှုန်း ထက်မနည်းတဲ့ဦးရေဟာ သူတို့ဘဝမှာအနည်း ဆုံးတစ်ကြိမ်တော့ဖြစ်ဖူးကြပါတယ်။ မည်သည့် အသက်အရွယ်မှာ မဆိုဖြစ်နိုင်ပါတယ်။ ယောက်ျားလေးတွေမှာတော့ အသက်ကြီးလာတာနဲ့အမျှ ဆီးအိမ် ပိုးဝင်နိုင်ခြေပိုများလာကြပါတယ်။ အန္တရာယ်ဖြစ်နိုင်တာတွေကိုလျှော့ချခြင်းဖြင့် ပိုးဝင်ခြင်းကိုသက်သာအောင် လုပ်နိုင်ပါတယ်။ ဒီထက်ပိုသိရဖို့အတွက်တော့ ဆရာဝန်နဲ့တိုင်ပင်လိုက်ပါ။PasteTextHere။အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အထက်ဖော်ပြပါစာရင်းထဲမှာမပါတဲ့ရောဂါလက္ခဏာတွေလည်းရှိနိုင်ပါတယ်။ အကယ်၍သင့်မှာအထက်ဖော်ပြပါလက္ခဏာတွေထဲကတစ်ခုခုရှိနေပြီဆိုရင်တော့ဆရာဝန်နဲ့ပြသရပါမယ်။အောက်ဖော်ပြပါအချက်တွေထဲက တစ်ခုခုသင့် မှာ ရှိနေပြီဆိုရင်တော့ဆရာဝန်နဲ့ပြသသင့်ပါပြီ။ဆီးအိမ်ပိုးဝင်ခြင်းဖြစ်စေတဲ့ အကြောင်း အရာများစွာရှိပါတယ်။ရောဂါပိုးကြောင့်မဟုတ်ဘဲ ဆီးအိမ်ရောင်ရမ်းခြင်း။ဆီးအိမ်ရောင်ရမ်းခြင်းဖြစ်စေတဲ့ အခြားအကြောင်း အရာတွေကတော့။ဆီးအိမ်ရောင်ခြင်းကိုပိုဆိုးစေတာတွေကတော့။ယောက်ျားလေးများတွင်တော့ ကျန်းမာရေးချို့ယွင်း ချက်တစ်စုံတစ်ရာမရှိပဲနှင့်ဆီးအိမ်ရောင်တာ ဖြစ်ခဲပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆီးအိမ်ပိုးဝင်ခြင်းရှိမရှိကို။ဆီးအိတ်ရောင်ရမ်းခြင်းကိုကုသရာတွင်ဘာကြောင့်ဖြစ်တယ်ဆိုတဲ့အချက်ကိုမူတည်ပြီးကုသကြရပါတယ်။ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဆီးအိမ်ပိုးဝင်ခြင်း ကိုကုသခြင်း။အရင်ဆုံးပဋိဇီဝပိုးသတ်ဆေးတွေနဲ့ကုသကြပါတယ်။ ဒီထက်ပိုမိုသိရှိဖို့အတွက် ဆရာဝန်နဲ့ မေးမြန်းတိုင်ပင်သင့်ပါတယ်။ဤကုသမှုတွင် ဖြစ်စေသောအကြောင်းရင်းများကို ကုသဖို့ အရေးကြီးပါတယ်။သင့်မှာ မေးခွန်းတွေရှိသေးတယ်ဆိုရင် အကောင်းဆုံးအဖြေကိုရရှိဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/bladder-problems/bladder-infections-%e1%80%86%e1%80%ae%e1%80%b8%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%81%80%e1%80%84%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
သွေးကျဲဆေးသောက်နေသူတွေ သတိထားသင့်တဲ့အချက် (၅) ချက်
ရောဂါအခံအမျိုးမျိုးကြောင့် သွေးကျဲဆေးသောက်နေရသူတွေအတွက် သတိထားစရာလေးတွေ ပြောပြချင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်အရ ကျန်းမာရေးအတွက် သောက်ရပေမယ့် သူနဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်လေးတွေ ရှိပါတယ်နော်။သွေးကျဲဆေးသောက်ရပြီဆိုရင် –။နှလုံးသို့မဟုတ် သွေးကြောထဲမှာ သွေးခဲပိတ်ဆို့တာတွေ မဖြစ်အောင်(တနည်းအားဖြင့် heart attack မဖြစ်အောင်၊ လေမဖြတ်အောင်) ကာကွယ်ဖို့ သွေးကျဲဆေးကိုညွှန်ကြားထားတာပါ။ ဒါပေမယ့် ထိမိခိုက်မိတာတွေ ရှိလာရင်တော့သွေးမတိတ်တဲ့အန္တရာယ်ရှိနိုင်ပါတယ်။ အရေးကြီးဆုံးက ဦးခေါင်းကိုမထိခိုက်ပါစေနဲ့။ဒီနေ့ဒီအချိန်မှာ သောက်တယ်ဆို နောက်ရက်မှာလည်း ဒီအချိန်ပဲသောက်ပါ။ အချိန်မှန်မသောက်ရင် တချို့သွေးကျဲဆေးတွေက အာနိသင်မကောင်းတတ်လို့ပါ။ တကယ်လို့ ဆေးသောက်ဖို့မေ့ခဲ့ရင် သတိရတာနဲ့ ချက်ချင်းသောက်ပါ။ အရေးကြီးတာက နောက်ရက်မှသတိရလို့ဆိုပြီး နှစ်လုံးဆင့်မသောက်ပါနဲ့။တခြားဆေးတွေကို သောက်မယ်ဆိုရင် သွေးကျဲဆေးနဲ့အဆင်ပြေမပြေ သတိထားပါ။ ဥပမာ အကိုက်အခဲပျောက်ဆေး၊ အအေးမိပျောက်ဆေးတို့လို အလွယ်ဝယ်လို့ရတဲ့ဆေးတွေသောက်မယ့် အခါမျိုး။ အကောင်းဆုံးက ဆရာဝန်ညွှန်တာပဲသောက်ပါ။ ဖျားနာလို့ တခြားဆရာဝန်ကိုပြမယ်ဆို သွေးကျဲဆေးသောက်နေတဲ့အကြောင်း ထည့်ပြောပြပါ။ဗီတာမင် K လွန်ကဲရင် သွေးကျဲဆေးကို အာနိသင်လျော့နည်းစေနိုင်ပါတယ်။ သွေးကျဲဆေးသောက်နေတဲ့သူတွေ ဆိုရင် ဆလတ်ရွက်၊ ဟင်းနုနွယ် တို့လို ဗီတာမင် K ပါဝင်မှုများတဲ့ အစားအသောက်တွေကိုလည်း သိပ်အများကြီးမစားသင့်ပါဘူး။သွားဖုံးတွေက နုတယ်၊ သွေးထွက်လွယ်တယ်ဆိုတော့ သွေးကျဲဆေးသောက်နေသူတွေ သွားတိုက်တဲ့အခါ မကြမ်းဖို့ ဂရုစိုက်သင့်ပါတယ်။တစ်ခါတလေ သွေးကျဲဆေးက ဒီဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေတတ်ပါတယ် –။သွေးကျဲဆေးသောက်နေတဲ့သူတွေအနေနဲ့ ဘယ်လိုထူးခြားတာပဲရှိလာလာ ဆရာဝန်ကို တိုင်ပင်ပြောပြသင့်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%80%e1%80%ba%e1%80%b2%e1%80%b1%e1%80%86%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac%e1%80%80%e1%80%b9%e1%80%b1%e1%80%94%e1%80%9e%e1%80%b0%e1%80%b1%e1%80%90%e1%80%bc/
သင့်နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာများ
နှလုံးရောဂါဟာ ကမ္ဘာတလွှားမှာ လူပေါင်းများစွာရဲ့ အသက်ကို ရန်ရှာနေတဲ့ ပြဿနာတခုဖြစ်ပါတယ်။ လူသားများဟာ အသက်ကြီးလာတာနဲ့အမျှ နှလုံးကြွက်သားအားနည်းခြင်း၊ သွေးတိုးခြင်း၊ လေဖြတ်ခြင်း စတဲ့နှလုံးနဲ့ ဆက်နွယ်နေတဲ့ ပြဿနာတွေကို ကြုံကြိုက်ရတတ်ပါတယ်။နှလုံးရောဂါကိုဖြစ်စေတဲ့ အကြောင်းအရင်းများစွာ ရှိသလို အဆိုပါအကြောင်းအရင်းတွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေလည်း ရှိနေပါတယ်။ အချိန်မှန် ကျန်းမာရေးစစ်ဆေးခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ စိတ်ဖိစီးမှု လျှော့ချခြင်း၊ နေထိုင်စားသောက်ပုံ ပြောင်းလဲခြင်း စတာတွေနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ယခုဆက်လက်ဖော်ပြမှာကတော့ နှလုံးကျန်းမာရေးအတွက် စားသုံးသင့်တဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။ကညွတ်မှာ ဖောလိတ်ပါဝင်ပြီး ကိုယ်ခန္ဓာထဲမှာ homocysteine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ကို စုပုံလောစေခြင်းကနေ ကာကွယ်ပေးပါတယ်။ homocysteine ပမာဏ မြင့်တက်ခြင်းဟာ နှလုံးနဲ့ ဆက်နွယ်နေတဲ့ နှလုံးသွေးကြောရောဂါ၊ လေဖြတ်ခြင်း စတာတွေနဲ့ ဆက်စပ်နေပါတယ်။ပဲကြီး၊ စားတော်ပဲ၊ ပဲလွန်း၊ ပဲငပိ စတာတွေဟာ LDL လို့ခေါ်တဲ့ မကောင်းတဲ့ ကိုလက်စထရောကို သိသသာသာ လျော့ကျစေပါတယ်။ အမျှင်ဓာတ်ကြွယ်ဝပြီး ပရိုတိန်းနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ အဆိုပါ ပါဝင်ပစ္စည်းတွေဟာ နှလုံးကျန်းမာရေးသာမက အလုံးစုံသော ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ဘယ်ရီသီးတွေမှာ ပေါ်လီဖီနောလို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်ပါတယ်။ အဆိုပါပစ္စည်းဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်၊ ဖောလိတ်၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင် A၊ ဗီတာမင် C စတာတွေပါဝင်ပြီး အဆီဓာတ် လျော့နည်းပါတယ်။ပန်းပွင့်စိမ်းကို ရေနွေးငွေ့နဲ့ပေါင်းပြီး ပုံမှန်စားသုံးပေးခြင်းဟာ ကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးရောဂါမဖြစ်ပွားအောင် ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။အဆိုပါအစေ့များမှာ omega 3 ကြွယ်ဝပါတယ်။ omega 3 ဟာ triglyceride နဲ့ LDL ကိုလက်စထရောကို ကျဆင်းစေပါတယ်။ သွေးတိုးကျစေပြီး သွေးလွှတ်ကြောတွေထဲမှာ အဆီဖတ်တွေ ကပ်ငြိစုပုံလာခြင်းကို သက်သာစေပါတယ်။ ဒါ့အပြင် omega 3 ဟာ heart attack ဖြစ်စေတဲ့ သွေးကြောများပိတ်ဆို့ခြင်း၊ နှလုံးခုန်မမှန်ခြင်းစတာတွေကို လျှောပချပေးနိုင်ပါတယ်။ချောကလက်အနက်များဟာ သွေးကြောများပိတ်ဆို့ကျဉ်းမြောင်းခြင်းကို ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။ သွေးကြောများပိတ်ဆို့ခြင်းဟာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ခံစားရစေနိုင်ပါတယ်။ ချောကလက်အနက်ကို စားခြင်းကြောင့် သွေးကြောများ တောင့်တင်းခြင်းနဲ့ သွေးဖြူဥများ ကပ်ငြိခြင်းကို မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ကော်ဖီကို ပုံမှန်သောက်သုံးပေးခြင်းဟာ နှလုံးပျက်စီးခြင်း၊ လေဖြတ်ခြင်း စတဲ့ပြဿနာတွေကို လျော့နည်းစေနိုင်ပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုသလို အလွန်အကျွံမဖြစ်စေဖို့ သတိထားရပါမယ်။ ကဖိန်းဓာတ်များသွားရင် နှလုံးခုန်စည်းချက်မမှန်ခြင်း ဖြစ်စေနိုင်ပါတယ်။ငါးအမျိုးမျိုးဟာ နှလုံးအတွက်အကျိုးပြုတဲ့ omega 3 ရရှိရာရင်းမြစ်တွေပဲ ဖြစ်ပါတယ်။ နှလုံးရောဂါဖြစ်နေသူများ၊ ဖြစ်နိုင်ခြေ ရှိသူများအနေနဲ့ ဆယ်လ်မွန်၊ တူနာ စတဲ့ omega 3 ကြွယ်ဝတဲ့ ငါးတွေကို စားသုံးပေးခြင်းအားဖြင့် နှလုံးခုန်မမှန်ခြင်း၊ သွေးလွှတ်ကြောပိတ်ဆို့ခြင်း စတဲ့ပြဿနာတွေ ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။Green tea သောက်သုံးခြင်းအားဖြင့် ကိုလက်စထရောကို ကျစေတယ်လို့ ဆိုပါတယ်။ ၂၀၁၄ မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ သွေးတိုးသူများ green tea သောက်သုံးရာမှာ သွေးပေါင်ကျစေတယ်လို့ သိရပါတယ်။ (ဒါပေမယ့် ဒီအချက်အလက်ကို အတည်ပြုဖို့ သုတေသနများစွာ လုပ်ဆောင်ဖို့ လိုအပ်ပါသေးတယ်။မက်မွန်သီး၊ ဟေဇယ်သီး၊ မြေပဲ၊ သစ်ကြားသီး စတာတွေဟာ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ အဆိုပါအသီးတွေမှာ ပရိုတိန်း၊ အမျှင်ဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ သစ်ကြားသီးမှာ omega 3 လည်း ပါဝင်ပါတယ်။ကလီစာတွေထဲမှာ အသည်းဟာ အာဟာရဓာတ် အသိပ်သည်းဆုံး ဖြစ်ပါတယ်။ ဖောလစ်အက်ဆစ်၊ သံဓာတ်၊ ခရိုမီယမ်၊ ကြေးနီ၊ ဇင့် စတဲ့ဓာတ်ပစ္စည်းတွေပါဝင်ပြီး သွေးထဲက ဟေမိုဂလိုဘင်တွေကို မြင့်တက်စေတာကြောင့် နှလုံးကျန်းမာရေးအတွက် အထောက်အကူ ပြုပါတယ်။Oatmeal မှာ အမျှင်ဓာတ်ကြွယ်ဝပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ၂၀၀၈ မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ LDL ကိုလက်စထရောကို လျော့ကျစေတယ်လို့ သိရပါတယ်။ဟင်းနုနွယ်မှာ မဂ္ဂနီဆီယမ်ကြွယ်ဝပြီး နှလုံးခုန်နှုန်းကို စည်းချက်မှန်စေဖို့ ထိန်းသိမ်းပေးပါတယ်။ခရမ်းချဉ်သီးမှာ နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်ပါတယ်။ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင်စီ၊ ဖောလိတ်၊ ကိုလင်း စတာတွေ ပါဝင်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/foods-for-heart/
လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရပြီးနောက် သင်၏ စိတ်ခံစားချက်
လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရခြင်းက ဆန္ဒမပါဘဲလိင်ဆက်ဆံဖို့ဖိအားပေးခြင်းခံရတဲ့ ရာဇဝတ်မှုတစ်ခုဖြစ်ပါတယ်။ စော်ကားခံရသူရဲ့ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဖြစ်သွားနိုင်ပါတယ်။လိင်ပိုင်းဆိုင်ရာစော်ကားမှုခံခဲ့ရမယ်ဆိုရင် သင်သိထားရမှာက သင်မမှားပါဘူး။ စော်ကားခံရပြီး နောက်ပိုင်းမှာ သတ်သေလိုတဲ့အတွေးတွေ၊ လောကကြီးကိုမုန်းတီးတဲ့စိတ်တွေ၊လက်စားချေလိုတဲ့စိတ်တွေတောင် ပေါ်လာနိုင်ပါတယ်။ သင်အမျိုးမျိုးခံစားရနိုင်ပါတယ်။ စော်ကားခံရပြီး နောက်ပိုင်း တည်တည်ငြိမ်ငြိမ်နဲ့ သင့်တုန့်ပြန်မှုတွေကိုနားလည်ထားခြင်းက သင့်ကိုသင်ကိုယ်တိုင်ကုစားနိုင်ပြီး ဒီအဖြစ်အပျက်ကနေ သက်သာရာရစေပါလိမ့်မယ်။အရှက်သိက္ခာကျခြင်းအတွက် အရှက်ရခြင်းနဲ့ကြောက်လန့်မှုတွေကြောင့် တိုင်တန်းတာမျိုးတွေနည်းပါတယ်။ သင့်ကိုယ်သင်ဒါမှမဟုတ် အခြားသူတွေကိုသင်ဖြစ်ပျက်ခဲ့ရတာတွေနဲ့ပတ်သက်ပြီး ငြင်းကွယ်ချင်နေပါလိမ့်မယ်။သင့်ဘဝအရင်အတိုင်းတည်ငြိမ်အောင်ကြိုးစားဖို့ ဖြစ်ပျက်ခဲ့တာတွေကို မေ့သွားဖို့ကြိုးစားပါလိမ့်မယ်။ သင်အစော်ကားမခံခဲ့ရဘူးဆိုပြီးငြင်းကွယ်ခြင်းက သင့်ဘဝကိုဆက်လက်ရှင်သန်နေနိုင်ပြီး ဘာမှပြောင်းလဲခြင်းမရှိဘူးလို့ သင်တွေးနိုင်အောင် ကူညီပေးပါလိမ့်မယ်။အဖြစ်အများဆုံးစိတ်ခံစားချက်တစ်ခုဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားခံပြီး နောက်မှာ သင်တွန်းအားပေးခံရခြင်းနဲ့ပတ်သက်ပြီး သိမ်ငယ်တဲ့အတွေးတွေ၊ အရှက်ရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ စော်ကားခံရနိုင်ဖို့ ဦးတည်စေတဲ့ဆုံးဖြတ်ချက်တွေချခဲ့ခြင်းအတွက် သင့်ကိုယ်သင်အပြစ်တင်နိုင်ပါတယ်။ ဒီလမ်းကိုငါမသွားခဲ့ရင်၊ အပြင်မှာအရမ်းနောက်ကျအောင်မနေခဲ့ရင် လုံခြုံတဲ့အဝတ်အစားမျိုးကိုဝတ်ဆင်ခဲ့ရင် ဆိုပြီးဖြစ်နိုင်ပါတယ်။ သင်သိထားရမှာက စော်ကားခံရခြင်းက စော်ကားခံရသူရဲ့အမှားဘယ်တော့မှမဟုတ်ပါဘူး။သင်ကစော်ကားခံရသူဖြစ်ပြီး သင့်ဆန္ဒကြောင့်ဖြစ်ပျက်ခဲ့ရတာမဟုတ်ပါဘူး။ သင်ကဂရုစိုက်ခံရခြင်းနဲ့ကိုယ်ချင်းစာခံရဖို့ ထိုက်တန်ပါတယ်။စောက်ကားခံရပြီး နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုပျက်စီးသွားပြီး အခန်းတွင်းအိမ်တွင်အောင်းနေပါလိမ်မ့ယ်။ ဒီလိုပြုလုပ်ခြင်းကသင့်ကသင့်ကိုယ်သင်လုံခြုံအောင်မကာကွယ်နိုင်ဘူးလို့တွေးတာကြောင့် သင်စိတ်ချရတဲ့နေရာမှာ နေခြင်းဖြစ်ပါတယ်။ရုပ်ပိုင်းဆိုင်ရာတင်မကဘဲ အသိဉာဏ်၊လူမှုရေးဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတွေကိုပါ သက်ရောက်စေပါတယ်။ သင့်ရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုကို ပျက်စီးစေပြီး ကမ္ဘာကြီးနဲ့ပတ်သက်ပြီးသင့်နေထိုင်ရာနေရာနဲ့ပတ်သက်ပြီး ထင်မြင်ယူဆချက်တွေကိုပါ ပျက်စီးပစ်စေနိုင်ပါတယ်။ဒါ့အပြင် ကိုယ့်ကိုယ်ကို ညစ်ပတ်ရွံ့ရှာဖွယ်ရာအနေနဲ့ မြင်နိုင်ပါတယ်။ အဆိုးမြင်အတွေးတွေဖြစ်လာနိုင်ပြီး သင့်ကိုသင်နောက်ထပ်ဂုဏ်ယူကျေနပ်မှုတွေ မဖြစ်နိုင်ပါဘူး။ လူမှုရေးဆိုင်ရာအရှက်သိက္ခာကျဆင်းရမှုကြောင့် သင်ကအခြားသူတွေကိုချစ်ဖို့မထိုက်တန်တော့သူလို့ သင်ချစ်သူက သင့်ကိုခွှင့်လွှတ်မပေးနိုင်တော့ဘူးလို့ သင်တွေးနိုင်ပါတယ်။အများစုမှာ မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ချစ်သူဆီကအားပေးမှုတွေရတဲ့အခါမှာ မြန်မြန်ကုစားလွယ်ပြီး အကောင်းမြင်အတွေးတွေရလာနိုင်ပါတယ်။ မြန်မြန်သက်သာလာနိုင်ပြီး သင်ကအစော်ကားခံထားရတာကြောင့် သူတို့တွေကသင့်ကိုဘယ်တော့မှအော်မှာမဟုတ်ပါဘူး။စိတ်ပိုင်းဆိုင်ရာနာကျင်မှု၊ ထုံကျဉ်မှုနဲ့ စိတ်ခံစားချက်အပြောင်းအလဲအပြင်းအထန်တွေကို ကြုံတွေ့ရနိုင်ပါတယ်။ စိတ်ဓါတ်ကျခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ စိုးရိမ်ခြင်းတွေကနေ မထိန်းချုပ်နိုင်ဘူးဆိုရင် စိတ်ပိုင်းဆိုင်ရာမတည်ငြိမ်မှုတွေဆီ တွန့်းပို့ပေးပါလိမ့်မယ်။ ဒီစိတ်အပြောင်းအလဲတွေက ပုံမှန်ပဲဖြစ်ပြီး လက်ခံနားလည်ပေးလို့ရတဲ့တုန့်ပြန်မှုတွေဖြစ်ပါတယ်။ ဒါတွေကိုသတိထားမိပြီး အပြောင်းအလဲတွေကိုထိန်းချုပ်နိုင်ဖို့ကြိုးစားသင့်ပါတယ်။လိင်ပိုင်းဆိုင်ရာ အစော်ကားခံရပြီး သင်ဘာတွေပဲခံစားရခံစားရ အရေးကြီးတာက သင့်ကိုယ်သင်ဂရုစိုက်ဖို့ပဲဖြစ်ပါတယ်။ အမှန်အတိုင်းလက်ခံဖို့ခက်ပေမယ့်လည်း အကောင်းဆုံးနဲ့သင်အမြဲထိုက်တန်ပြီး သင့်ကိုယ်သင်စောင့်ရှောက်ရမှာဖြစ်ပါတယ်။ သင့်သူငယ်ချင်းမိတ်ဆွေ၊ သင့်မိသားစု၊ သင်ချစ်ရသူတွေက သင့်အနားမှာအမြဲရှိနေပေးပြီး သင့်ကိုချစ်ပေးနားလည်ပေးဂရုစိုက်ပေးမှာဖြစ်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/feelings-after-sexual-harassment/
Benign Prostatic Hyperplasia (BPH) (ဆီးကျိတ်ကြီးခြင်း)
ဆီးကျိတ်ကြီးခြင်းဆိုသည်မှာအမျိုးသားတွေမှာ ဆီးကျိတ်ဂလင်းကြီးလာတာကို ဆိုလိုပါတယ်။ ဆီးကျိတ်ဂလင်းဆိုတာ အမျိုးသားမျိုးပွားစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သစ်ကြားသီး အရွယ်အစားရှိပါတယ်။ အမျိုးသားတွေ သန္ဓေအောင်ဖို့ အတွက် အရေးပါတဲ့အရည်တစ်မျိုးကို ထုတ်ပေးပါတယ်။ ကြီးထွားမှုကာလကို နှစ်ပိုင်းခွဲထားပြီး ပထမပိုင်းက လုူပျိုဖော်ဝင်စမှာ စပြီး ဒုတိယပိုင်းကတော့ အသက်၂၅၀န်းကျင်မှုာ စပါတယ်။ ဆီးကျိတ်ကြီးခြင်းကို များသောအားဖြင့်ဒုတိယပိုင်းကာလမှ တွေ့ရပါတယ်။ ဆီးကျိတ်ဂလင်းဟာ ဆီးစွန့်ပြွန်အထက်ပိုင်း ပတ်ပတ်လည်မှာ ရှိနေပါတယ်။ ဆီးကျိတ်ဂလင်းကြီးလာတဲ့အခါမှာ ဆီးစွန့်ပြွန်ကိုသွားဖိမိပြီး ဆိးမစွန့်နိုင်တဲ့အတွက်ကြောင့် ဆီးအိမ်တင်းလာ နိုင်ပါတယ်။ အချိန်တွေကြာလာတဲ့အခါမှာ ဆီးအိမ်နံရံတွေလျော့ရဲလာပြီး အာရုံကြောတွေက ဆီးအိမ်ကိုမထိန်းချုပ်နိုင်တဲ့အတွက် ဆီးမထိန်းနိုင်ခြင်းစတဲ့ ဆီးသွားခြင်းနဲ့ဆိုင်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။အမျိုးသားတွေမှာသာဖြစ်တဲ့ တွေ့ရများတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အသက်၅၀ကျော်တွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ အမျိုးသားတွေမှာ အသက်ကြီးလာတဲ့အမျှ ဖြစ်နိုင်ချေများလာပါတယ်။ အသက်၅၁ နဲ့ ၆၀ ကြားအမျိုးသား ၅၀ ရာခိုင်နှုန်း နဲ့ အသက်၈၀ ကျော် အမျိုးသား ၉၀ ရာခိုင်နှုန်းမှာ ဆီးကျိတ်ကြီးရောဂါ ဖြစ်နိုင်ချေရှိနေပါတယ်။တွေ့ရများတဲ့လက္ခဏာတွေကတော့။အထက်မှာဖော်ပြခဲ့တဲ့အထဲမှာမပါတဲ့ အခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။သင့်မှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေလားဆိုပြီး စိုးရိမ်နေတယ်ဆိုရင် ဆရာဝန်နဲ့ သွားပြဆွေးနွေးသင့်ပါတယ်။အောက်ပါအချက်တွေထဲက တစ်ခုခုရှိခဲ့မယ်ဆိုရင် ဆရာဝန်နဲ့သွားပြသင့်ပါတယ်။ဆီးလုံးဝမသွားနိုင်ခြင်း။အမျိုးသားတွေမှာ အသက်ကြီးလာတဲ့အမျှ ဖြစ်နိုင်ချေများလာပါတယ်။ ဘာကြောင့်ဖြစ်လဲမပြောနိုင်သေးပေမဲ့ ပော်မုန်းမညီမျှမှုတွေ ဆဲလ်ကြီးထွားမှုဆိုင်ရာပြောင်းလဲမှုတွေ ကြောင့်ဖြစ်နိုင်ပါတယ်။ အသက် ၆၀ အောက်အမျိုးသားတွေမှာ မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်ချေရှိပြီး ခွဲစိတ်ဖို့ လိုလောက်တဲ့အထိပြင်းထန်နိုင်ပါတယ်။အများကြီးရှိပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ရဲ့လက္ခဏာတွေ ကျန်းမာရေးအခြေအနေတွေနဲ့ ကိုယ်ခန္ဓါစမ်းသပ်စစ်ဆေးမှူတွေမှတစ်ဆင့် အတည်ပြုနိုင်ပါတယ်။ အခြားစစ်ဆေးမှုတွေကတော့။သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက် အကောင်းဆုံးအဖြေကိုရဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ကုသခြင်းမှာတော့ လူနေမှုပုံစံပြောင်းခြင်း၊ ဆေးပေးကုသခြင်း၊ ခွဲစိတ်ကုသခြင်းစတာတွေ ရှိနိုင်ပါတယ်။ ဆီးကျိတ်ဂလင်းအရွယ်အစား၊ အသက်၊ ကျန်းမာရေးအခြေအနေ၊ သင်ခံစားရတဲ့ ရောဂါဝေဒနာ မသက်သာမှုပေါ် မူတည်ပါတယ။်။သုံးနိုင်တဲ့ဆေးတွေကတော့။အောက်ဖော်ပြပါ လူနေမှုပုံစံနဲ့အိမ်သုံးကုထုံးတွေက ဆီးကျိတ်ကြီးခြင်းကို ကုသရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေရတဲ့နေရာတွေ မှာ အကူအညီပေးပါတယ်။• ဆီးနှစ်ခါသွားခြင်း။ ဆီးသွားနိုင်သလောက်သွားပြီးရင် ခဏနားလိုက်ပါ။ ပြီးရင်နောက်တစ်ခေါက် ဆီးထပ်သွားကြည့်ပါ။• ဆီးကိုမတ်တပ်ရပ်မစွန့်ဘဲ ထိုင်လျက်သာစွန့်ခြင်း။• ဆီးမသွားအောင် အရည်တွေ မသောက်ဘဲနေခြင်းကို ရှောင်ခြင်း (ရေဓါတ်ခန်းခြောက်ခြင်းကနေတစ်ဆင့် အခြားသောပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ နေ့ခင်းပိုင်း အရည်တွေသောက်ခြင်းက ကောင်းပါတယ်။)။• ညဘက်မှာဆီးခဏခဏသွားနေရတယ်ဆိုရင် ညနေမှာ အရည်တွေလျှော့သောက်ခြင်း၊ ညအိပ်ရာဝင်ခါနီးဆီးသွားခြင်းပြုလုပ်ပါ။• ဆီးခဏခဏသွားစေတဲ့ လက်ဘက်ရည်၊ ကော်ဖီအရက်စတာတွေကို ရှောင်ခြင်း။• ဓါတ်မတည့်ခြင်းတွေကိုတားတဲ့ဆေး၊ ရင်ကျပ်ပျောက်ဆေး၊ အစာအိမ်ဆေးတွေစတဲ့ အလွယ်တကူဝယ်လို့ရနိုင်တဲ့ဆေးတွေက ဆီးသွားခြင်းကိုခက်ခဲစေနိုင်တဲ့အတွက် ရှောင်ရှားခြင်း (ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူ နဲ့တိုင်ပင်၍ သောက်ခြင်း)။သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင ်သင့်အတွက် အကောင်းဆုံးအဖြေရဖို့ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်တာက အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/prostate-health/benign-prostatic-hyperplasia-bph-%e1%80%86%e1%80%ae%e1%80%b8%e1%80%80%e1%80%bb%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ပင်ပန်းတဲ့ မနက်ခင်း ကို ဖြစ်စေတဲ့ အကြောင်းအရင်းများ
မနက်ခင်း မှာ အိပ်ရာထဖို့ အရမ်းခက်နေတယ်။ မထချင် ထချင် ထလိုက်တယ်။လေ့ကျင့်ခန်းလုပ်၊ရေချိုး၊မနက်စာစားပြီးတဲ့အထိတောင် လူက မလန်းဘူး။ ပင်ပန်းတဲ့ မနက်ခင်း ဖြစ်နေသလို ခံစားနေရတယ် ဆိုတဲ့သူလေးတွေ ရှိလား။ဒီလို မနက်ခင်းတိုင်းမှာ ပင်ပန်းနေတာက ဘာကြောင့် ဖြစ်မလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။မနက်ခင်းတိုင်းမှာ သင်ပင်ပန်းနေရတာက ဒီ အချက်တွေကြောင့်ပါ။နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်းမှာ ရုတ်တရက် လန့်နိုးတာ ဒါမှမဟုတ် အနှိုးခံရတဲ့ အခါမျိုးမှာဦးနှောက်က ပြည့်ပြည့်ဝဝ မနိုးသေးတာကြောင့် မနက်ခင်းမှာ ပင်ပန်းတယ်လို့ ခံစားရတာပါ။ညဘက်မှာအိပ်ရာဝင်ချိန်မှန်မှလည်းခန္ဓာကိုယ်က အင်အားပြည့်ဝပြီး မနက်ခင်းမှာ လန်းဆန်းတက်ကြွမှာပါ။ ဒါကြောင့် ညဘက်တိုင်းမှာ ပုံမှန် အိပ်ချိန် ထားရှိဖို့ မမေ့ပါနဲ့။နေ့ခင်းနေ့လယ် တစ်ရေးအိပ်တာကနှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးသလိုဦးနှောက် စွမ်းဆောင်ရည်ကို ကောင်းမွန်စေပြီးကျန်းမာရေးကို အထောက်အကူ ပြုတယ်ဆိုပေမယ့် နာရီဝက်ထက် ကျော်ပြီး အိပ်မယ်ဆိုရင်တော့ ညဘက် အိပ်စက်မှုမှာ အနှောင့်အယှက်စေမှာပါ။ညဘက်မှာ ကောင်းကောင်း အိပ်မပျော်တာက မနက်ခင်းမှာ ပင်ပန်းစွာ နိုးထ လာစေပါလိမ့်မယ်။အိပ်ခါနီး အနည်းဆုံး နာရီဝက် အလိုမှာ ဖုန်း မသုံးသင့်ပါဘူး။ အိပ်ခါနီး ၂ နာရီအတွင်း ဖုန်းသုံးမယ်ကွန်ပျူတာသုံးမယ်ဆိုရင် ညဘက် အိပ်စက်မှုမှာ အနှောင့်အယှက် ဖြစ်စေပြီး မနက်ခင်း အိပ်ရာထတဲ့အခါ ပင်ပန်းတယ်လို့ ခံစားရနိုင်ပါတယ်။အိပ်စက်မယ့် ပတ်ဝန်းကျင်က အရမ်းပူလွန်းနေတာ၊ အလင်းများနေတာ၊ ဆူညံနေတာမျိုး ဖြစ်မယ်ဆိုရင်လည်း ကောင်းကောင်း အိပ်ပျော်ဖို့ ခက်ပြီး မနက်ခင်း အိပ်ရာထတဲ့အခါ ပင်ပန်းတယ်လို့ ခံစားရစေနိုင်ပါတယ်။ခေါင်းအုံးက မြင့်နေတာ၊ မွေ့ရာက မာလွန်းနေတာ၊ အိပ်ရာခင်းက ကြမ်းတာစတဲ့ အချက်တွေကလည်း သက်သောင့်သက်သာ မရှိသလို ခံစားရစေပြီး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်ဖို့ ခက်တာကြောင့် မနက်ခင်း နိုးထတဲ့အခါ ပင်ပန်းနေတာပါ။ညအိပ်ခါနီးမှာ အီစိမ့်နေတဲ့ အစားအစာ၊အဆီများတဲ့ အစားအစာ၊ စပ်လွန်းတဲ့ အစားအစာ၊ကဖင်းပါဝင်နေတဲ့ အစားအစာတွေကို စားသုံးမိတာကအိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေလို့ မနက်ခင်းမှာ ပင်ပန်းတယ်လို့ ခံစားရစေပါတယ်။ညဘက် အိပ်ချိန်မှာ ဆီးခဏခဏ ထသွားရတာ ကလည်း အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေလို့ မနက်ခင်းမှာ အိပ်ရေးမဝဘဲ ပင်ပန်းတယ်လို့ ခံစားရစေနိုင်ပါတယ်။အိပ်ခါနီးမှာ ရေအများကြီး သောက်မိတာကြောင့် ဆီးခဏခဏ ထသွားနိုင်သလိုဆီးချိုလိုမျိုး ကျန်းမာရေးပြဿနာကြောင့်လည်း ဆီး ခဏခဏ ထသွားရနိုင်ပါတယ်။အယ်လ်ကိုဟော သောက်တဲ့အခါ မူးပြီး မြန်မြန် အိပ်ပျော်သွားစေနိုင်ပေမယ့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပင်ပန်းတဲ့ မနက်ခင်း မှာ မနိုးထချင်ဘူးဆိုရင် အိပ်ခါနီးမှာ အယ်လ်ကိုဟော သောက်တာမျိုး မလုပ်ပါနဲ့။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/why-feeling-tired-in-the-morning/
အစပ်ကြိုက်သူများနှင့် ငရုတ်သီးမှို အန ္တရာယ်
မြန်မာ့ဟင်း မြန်မာ့စားဖွယ်လို့ဆိုလိုက်တာနဲ့ ငရုတ်သီးအစပ်ဟင်းဆိုတာ လုံးဝပြေးမလွတ်ပါဘူး။ မြန်မာလူမျိုးတော်တော်များများက ငရုတ်သီး အင်မတန်ကြိုက်ကြတဲ့ လူမျိုးတွေဖြစ်ကြပါတယ်။ တစ်နေ့တစ်နေ့ ဘာဟင်းပဲချက်ချက် အနည်းဆုံး အစပ်ဟင်းလေးတစ်ခွက်ကတော့ ပါလိုက်ရမှ။ ငရုတ်သီးတောင့် ၊ ငရုတ်သီးလေးစိပ်ခွဲ၊ အလှော်မှုန့် ၊ အစိမ်းမှုန့် ၊ အရောင်တင်မှုန့် စတာတွေကို ဆိုင်ကဝယ်စားရင်စား၊မဟုတ်ရင်လည်း အိမ်မှာသိမ်းထားပြီး စားတတ်ကြပါတယ်။ ဒါကြောင့် နေ့စဉ်ဟင်းချက်ရာမှာမပါမဖြစ် ဖြစ်တဲ့ ငရုတ်သီးမှာ ကပ်နေတတ်တဲ့ မှိုရောဂါ အကြောင်းကိုတော့ သိထားသင့်ဖို့လိုပါတယ်။ မိသားစုတစ်စုရဲ့ ကျန်းမာရေးကို အဓိကတာဝန်ယူရတာက မီးဖိုချောင်ဖြစ်တာကြောင့် ကျန်းမာရေးအန္တရာယ်တွေပေးနိုင်တဲ့ ငရုတ်သီးမှိုအကြောင်းနှင့် ဘယ်လိုကာကွယ်ရမလဲဆိုတာတွေကို ဒီဆောင်းပါးလေးမှာ ဆက်လက်ဖတ်ရှုကြည့်ရအောင်။ငရုတ်သီးမှို(Aflatoxin) ဆိုတာက လူတွေကို ခြောက်လှန့်နေတဲ့ “ကင်ဆာရောဂါ”ကို အဓိကဖြစ်စေတဲ့ မှိုတစ်မျိုးဖြစ်ပါတယ်။ ငရုတ်သီးမှို(Aflatoxin) အမျိုးအစားပေါင်း ၁၃ မျိုးရှိတဲ့အထဲမှာ Aflatoxin B1 ကတော့အတွေ့ရ အများဆုံးဖြစ်ပါတယ်။ Aflatoxin အဆိပ်ကို Aspergillus flavus & Aspergillus parasiticus ဆိုတဲ့ မှို တွေကနေထုတ်ပါတယ်။ ကင်ဆာသုတေသနဋ္ဌာနများရဲ့ တွေ့ရှိချက်တွေအရ Aflatoxin ကို “အဆင့် ၁” ကင်ဆာဖြစ်စေနိုင်တဲ့ အုပ်စုမှာ ထည့်ထားပါတယ်။ငရုတ်သီးမှို (Aflatoxin) ကို။စတဲ့ အသီးအနှံတွေကို အများဆုံးစားလေ့ရှိတဲ့ အရှေ့တောင်အာရှ နိုင်ငံ၊ အာဖရိကနိုင်ငံတွေမှာ အများဆုံးတွေ့ရပါတယ်။ ဒီမှိုအမျိုးအစားတွေက ပူနွေးစိုစွတ်တဲ့ နေရာတွမှာ အများဆုံးပေါက်ပွားကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ငရုတ်သီးထဲမှာ အတွေ့များပါတယ်။ ကောက်ပဲသီးနှံတွေကို ရိတ်သိမ်းပြီးတော့ စနစ်တကျသေချာနေလှမ်းတာမျိုးမရှိတာ ၊ သန့်သန့်ရှင်းရှင်း မကိုင်တွယ်တာ၊ စနစ်တကျ ထုတ်ပိုးမှု မရှိတာတွေကြောင့် ဒီမှိုတွေ ပေါက်ဖွားနိုင်ပါတယ်။ အခုလို မိုးတွင်း အချိန်အခါမျိုးမှာဆိုရင် ပိုတောင် သတိထားသင့်ပါတယ်။ငရုတ်သီးမှို (Aflatoxin) ကို အလိုလျောက် ခန္ဓါကိုယ်ကတိုက်ထုတ်ပေးမယ့် ခုခံအားစနစ်မျိုး ဘယ်သက်ရှိသတ္တဝါမှာမှမရှိပါ။ လူ့ ခန္ဓါကိုယ်မှာရှိတဲ့ ခုခံအားစနစ်က Aflatoxin အဆိပ်ကို အချိန်အတိုင်းအတာတစ်ခုအထိတော့ ခံနိုင်ရည်ရှိပါတယ်။ မှိုရှိနေတဲ့ မြေပဲ၊ ငရုတ်သီး၊ စတဲ့အစားအစာတွေကို မသိလိုက်ဘဲ တစ်ခါတည်း အများကြီးစားသုံးမိတာကြောင့် Aflatoxin အဆိပ်မိပြီး အသည်းကင်ဆာဖြစ်လာနိုင်သလို ၊ မှိုပါဝင်နေသော အစားအစာများအား နည်းနည်းချင်းစီ စားသုံးမိရာကနေလည်း အချိန်ကြာလာတာနှင့် အမျှ အသည်းကင်ဆာရောဂါဖြစ်လာနိုင်ပါသည်။Aflatoxin ကို တစ်ကြိမ်တည်း အများကြီး စားမိပြီး အဆိပ်သင့်တာမျိုး ဖြစ်စေနိုင်ပေမယ့် ရှားပါတယ်။ သတိမပြုမိဘဲ နည်းနည်းချင်းစီ စားမိရာကနေ အချိန်ကြာလာတာနှင့်အမျှ အသည်းကင်ဆာဖြစ်လာတာတော့ ပိုအဖြစ်များပါတယ်။ အသည်းကင်ဆာဖြစ်တာကတော့ အဆိုးဆုံးပေါ့။ Aflatoxin ကအစာခြေစနစ်ကိုလည်း ဒုက္ခပေးနိုင်ပါသေးတယ်။Aflatoxin အား ဘယ်လိုကာကွယ်မလဲ။နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေမှာ ပါဝင်နိုင်ပြီး အသက်အန ္တရာယ်ပေးနိုင်တဲ့ Aflatoxin ငရုတ်သီးမှိုကို အစားအစာတွေမှာ ပါဝင်မှုလျော့နည်းအောင် ကာကွယ်နိုင်တဲ့ နည်းတွေကို ပြောပြပေးချင်ပါတယ်။မှိုတွေ ကပ်တွယ်နေခြင်းက လျော့ကျအောင်။Aflatoxin အဆိပ်သင့်ခြင်းကို လျှော့ချခြင်း ၊ ကာကွယ်ခြင်းတွေ ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အစပ်တော်တော်ကြိုက်တဲ့ မြန်မာလူမျိုးတွေအနေနှင့် အသည်းကို ဒုက္ခပေးနိုင်တဲ့ ငရုတ်သီးမှို အကြောင်းကို သိထားသင့်ပြီး ကြိုတင်ကာကွယ်ခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%85%e1%80%95%e1%80%ba%e1%80%80%e1%80%bc%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%9e%e1%80%b0%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%84/
မဝတ်လည်းမကောင်း ဝတ်လည်းမကောင်းတဲ့ ဘရာစီယာ
မဝတ်လည်းမကောင်း ဝတ်လည်းမကောင်းတဲ့ ဘရာစီယာ အကြောင်းလေး နည်းနည်းလောက် ဆွေးနွေးချင်ပါတယ်။ မိန်းကလေးနဲ့ယောကျာ်းလေး အဝတ်အစား ဝတ်ရပုံကို စဉ်းစားကြည့် မိန်းကလေးက အမြဲ တစ်ခု ပိုဝတ်ရတယ်နော်။ အဲ့ဒီအရာကို မဝတ်ရင်လည်း စိတ်က မလုံခြုံ ပတ်ဝန်းကျင် အမြင်မှာလည်း မတင့်တယ်။ ဝတ်ပြန်ရင်လည်း ချောင်နေရင်ကျ ဝတ်မကောင်း။ ဒါကတော့ အတွင်းဝတ် ဘရာစီယာပါ။မိန်းကလေး အတွင်းခံ ဘရာစီယာ ဆိုတာ ကျပ်ကျပ် ဝတ်ရတာ ဆိုတဲ့ လူကြီးသူမတို့ရဲ့ ဆုံးမစကား ကလည်း ရှိနေပြန်တော့ အရှက်အကြောက် ကြီးတဲ့ တို့မြန်မာ မိန်းကလေးတွေက ဘရာစီယာ ဆိုတာ ကျပ်ကျပ် ဝတ်ရတဲ့ အမျိုးဆိုပြီး အရိုးစွဲနေတတ် တယ်လေ။ကျပ်ကျပ်ဝတ်လေ ပုံပိုပေါ်လေ၊ ပိုကြီးသယောင်လည်းဖြစ်တယ်ဆိုတော့ ပစ္စည်းရှိကြောင်းလည်း ကြွားချင်တယ်မလား။ မဝတ်ဘဲ နေပြန်ရင်လည်း ဟာလာဟင်းလင်းဖြစ်နေပြန်ရောလေ။ အဲတော့ မရှိလည်းမကောင်း ရှိလည်းမကောင်း ဆိုတဲ့ ဘရာစီယာကို ဘယ်လိုဝတ်သင့်သလဲ။ တင်းတင်းကျပ်ကျပ် ဝတ်တိုင်းကောင်းသလား။ ကြည့်ရအောင်။မဝတ်လည်းမကောင်း ဝတ်လည်းမကောင်းတဲ့ ဘရာစီယာအကြောင်း သိရအောင် ကြည့်လိုက်ကြစို့လား။အမျိုးသမီးတော်တော်များများက ဘရာစီယာရဲ့ cup size က ရင်သားအားထောက်ပံ့ထားသည်ဟုထင်ကြတယ်။ အမှန်က ကျောကုန်းနှင့် လည်ပင်းကြွက်သားများကသာ ထိန်းထားတာတဲ့။ ဒါကြောင့် ကိုယ်နှင့် သင့်တော်သော ဘရာစီယာကို ရွေးချယ် မဝတ်နိုင်ရင် အချိန် ကြာလာတာနဲ့ သင့်ကျောကုန်းနှင့် လည်ပင်းရှိ ကြွက်သားများ နာလာနိုင်ပါတယ်။မိန်းကလေးတိုင်း သိနေသော ကိစ္စပင်။ ဘရာစီယာကို ကျပ်ကျပ် ဝတ်ရင် အသက်ရှူလို့ မကောင်းဘူးလေနော်။ အသက်ရှူလို့ မဝတော့ လိုတဲ့ အောက်ဆီဂျင် ကောင်းကောင်း မရ အဲဒီတော့ ခေါင်းတွေ မူးလာရော။အစားစားရင်လည်း ကျပ်နေတော့ အစား ကောင်းကောင်း မစားနိုင်။ ဘရာစီယာ ကျပ်ကျပ် ဝတ်ထားရင် ရင်ခေါင်းနဲ့ ဗိုက်ကို ခြားထားတဲ့ ကြွက်သားကို ဖိထားတော့ စားပြီးရင်လည်း အစာခြေဖို့ အခက်အခဲ ရှိနေတတ်တော့ ဗိုက်တင်းပြီး အောင့်နေပြန်ရောတဲ့။ဘရာစီယာကို အရမ်း ကျပ်ကျပ် ဝတ်ထားရင် ကြိုးများက အသားထဲ နစ်ဝင်နေပြီး ပခုံးနှင့် ကျောကုန်း နေရာများတွင် အရာများ ထင်ကျန်ပြီး တခါတလေ နာနေတတ်တယ် လေနော်။ယုံတမ်းတွေ ပြောတာက ဘရာစီယာကို ညဘက် အိပ်ချိန် ဝတ်ထားရင် ရင်သား လှအောင် လုပ်ပေးနိုင်တယ်တဲ့။ အဲဒါ မှားနေတယ်နော်။ ဘရာစီယာကို တစ်နေ့ ၁၂ နာရီ ထက် ပိုဝတ်ရင်ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများတယ်တဲ့နော်။ အဲ့တော့ ဘရာစီယာ မဝတ်ဘဲ မအိပ်တတ်ရင်တောင် နောက်က ချိတ်လေးကို ဖြုတ်ပြီးတော့ အိပ်သင့်တယ်တဲ့။ကဲ ကဲ ဘရာစီယာ ဆိုသည်မှာ မဝတ်ပြန်ရင်လည်း မတင့်တယ် ၊ လှနေအောင် တအား ကျပ်ကျပ် ဝတ်ရင်လည်း မကောင်းပြန်ဘူးနော်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/harmful-ways-your-bra-affects-your-health/
လေဒီတို့ကျန်းမာရေးအတွက် ပုံမှန်ပြုလုပ်သင့်တဲ့ စစ်ဆေးမှုများ
ဝေဒနာ ခံစားနေရတာမရှိဘူး၊ ဘာမှမဖြစ်ဘူး၊ ပုံမှန်လှုပ်ရှားသွားလာနိုင်နေတယ်ဆိုတာနဲ့ ကိုယ့်မှာဘာရောဂါမှမရှိဘူး၊ ကျန်းမာတယ် လို့သေချာပြီလား။ခေါင်းကိုက်တာ၊ဗိုက်အောင့်တာ၊ ဟိုနားဒီနားနာကျင်တာ စတဲ့အသေးအဖွဲလက္ခဏာတွေတော့ဖြစ်ကြမှာပါ။ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ဒီလိုအသေးအဖွဲလေးတွေက ကိုယ့်မှာရှိနေတဲ့ရောဂါအကြောင်းရင်းခံတွေကိုဖော်ပြနေကြတာဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အဝလွန်နေသလား၊ကျန်းမာရေးအတွက်မကောင်းတဲ့ နေထိုင်စားသောက်မှုပုံစံတွေလုပ်မိနေသလားစတဲ့ ကိုယ့်အခြေအနေတချို့က အန္တရာယ်ရှေ့ပြေးအချက်တွေဖြစ်နေနိုင်လို့ အလေးပေးလေ့လာသုံးသပ်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။များသောအားဖြင့် ကျွန်မတို့မိန်းကလေးတွေက အလုပ်တွေများနေရင် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်မိဖို့မေ့နေတတ်တယ်။ အလှအပကလွဲလို့ပေါ့။ ခန္ဓါကိုယ်ထဲမှာ တခုခုခံစားမိနေလည်း ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ဒီလိုပဲနေလိုက်ကြတာပဲ။ အရေးကြီးတဲ့ရောဂါလက္ခဏာတစ်ခုခုဖြစ်နေနိုင်မလားဆိုတာလည်းမသိဘဲ အမှုမဲ့အမှတ်မဲ့နေမိကြတယ်။ မိသားစုဗာဟီရကိစ္စတွေနဲ့ လုံးလည်လိုက်နေတဲ့ အိမ်ရှင်မတွေဆို ပိုဆိုးတာပေါ့။ ဒါပေမယ့် ကျန်းမာရေးဆိုတာ ကျား မ မရွေး မပေါ့လျော့သင့်တဲ့အရာတစ်ခုဖြစ်သလိုရောဂါကိုကြိုတင်မကာကွယ်နိုင်ရင်တောင်စောစောကုသနိုင်ဖို့က ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်သင့်တယ်ဆိုတာပါပဲ။အသက်အရွယ်ကြီးကြီး ငယ်ငယ် မိန်းကလေးဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် ပုံမှန်လုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေရှိပါတယ်။ ဆရာဝန်နဲ့ ပုံမှန်ပြပြီး ကျန်းမာရေးစစ်ဆေးမှုခံယူမယ်ဆိုရင်ရောဂါရှိမရှိကြိုသိရတော့ ဆင်ခြင်နေထိုင်လို့ရတာပေါ့။ အဖြစ်များတဲ့နှလုံးရောဂါ၊ဆီးချိုသွေးချိုနဲ့ ကင်ဆာတချို့ကိုတောင်ဖြစ်ခါစမှာစောစောသိရရင် ကုသမှုအချိန်မီပြီး သက်တမ်းစေ့ကျန်းမာစွာနေနိုင်ပါတယ်။ တချို့ရောဂါတွေက အသက်ကြီးမှဖြစ်တတ်တာလို့သိထားပြီး ငယ်ရွယ်တုန်း မစစ်ဆေးခဲ့ရင် ဒုက္ခရောက်နိုင်ပါတယ်။ ဥပမာ ကိုယ်က ဆီးချိုသွေးချိုလို ရောဂါကြီးတစ်ခုခုကိုမိသားစုမျိုးရိုးရှိတယ်ဆိုရင် အသက်ငယ်ပေမယ့် ပိုစစ်ဆေးသင့်ပါတယ်။နှလုံးရောဂါစစ်ဆေးမှု။နှလုံးရောဂါအတွက် ဆရာဝန်ပြပြီးECG (Electrocardiogram )နဲ့စစ်ဆေးနိုင်သလို နှလုံးရောဂါနဲ့ဆက်စပ်နေတဲ့ အရေးကြီးအချက်တွေကို စစ်ဆေးကြည့်ဖို့လိုပါတယ်။သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှု။သားအိမ်ခေါင်းကင်ဆာဟာ မိန်းကလေးတွေမှာ အဖြစ်များဆုံးကင်ဆာတွေထဲပါဝင်ပါတယ်။ ပျိုဖော်ဝင်ချိန်ကစလို့ သားအိမ်ခေါင်းကင်ဆာရှိမရှိကို စတင်စစ်ဆေးနိုင်ပါတယ်။အသက် ၂၁ နှစ်ကနေ ၆၅ နှစ်အတွင်း အမျိုးသမီးတွေဟာPap Test (သားအိမ်ခေါင်းချွဲမြှေးစစ်ဆေးခြင်း)ကို သုံးနှစ်တစ်ကြိမ်ခံယူသင့်ပါတယ်။ဆီးချိုသွေးချိုစစ်ဆေးမှု။မကြာခဏသတိထားစစ်ဆေးသင့်တဲ့အထဲမှာ ဆီးချိုသွေးချိုစစ်ဆေးမှုလည်းပါဝင်ပါတယ်။ အစာနဲ့ ၈ နာရီဝေးတဲ့အချိန်သွေးတွင်းသကြားဓါတ်စစ်ဆေးသင့်ပါတယ်။ အိမ်မှာသွေးဖောက်စစ်ဆေးလို့ရပေမယ့် ရောဂါလက္ခဏာသံသယရှိလာရင် ဆေးခန်းမှာHbA1C စစ်ဆေးမှုခံယူပြီး ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ကိုယ်က –။ရင်သားကင်ဆာနဲ့ မမ်မိုဂရမ်စစ်ဆေးမှု။အသက် ၄၀ကနေ ၇၅နှစ်အတွင်း အမျိုးသမီးတွေဟာ တစ်နှစ်တစ်ကြိမ် ဒီစစ်ဆေးမှုခံယူသင့်ပါတယ်။ မိသားစုထဲမှာ မျိုးဥအိမ်ကင်ဆာ သို့မဟုတ် ရင်သားကင်ဆာရှိသူ မျိုးရိုးရှိတယ်ဆိုရင်မမ်မိုဂရမ်စစ်ဆေးမှုကို ပိုပြီးခံယူသင့်ပါတယ်။အရိုးသိပ်သည်းဆစစ်ဆေးမှု။အမျိုးသမီးတစ်ဦးဟာ –။အရိုးပွရောဂါရှိမရှိ သိနိုင်ဖို့ စစ်ဆေးမှုကို ခံယူသင့်ပါတယ်။ ဒါမှ သင့်ကျန်းမာရေးအခြေအနေကို ဆရာဝန်က သုံးသပ်ပြီး သင့်တော်တဲ့ ကုသစောင့်ရှောက်မှုပေးနိုင်မှာဖြစ်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/routine-checks-for-womens-health/
အမျိုးသမီးများတွင် သားကြောဖြတ်ခြင်းနှင့် အမျိုးသားများတွင် သားကြောဖြတ်ခြင်း
သားကြောဖြတ်ခြင်းသည် အချိန်ကြာမြင့်စွာ ထိရောက်သည့် ကိုယ်ဝန်တားနည်းဖြစ်သည့်အပြင် နောက်ဆက်တွဲဆိုးကျိုးများကို နည်းစေသော နည်းလည်းဖြစ်ပါသည်။ သို့သော် သားကြောဖြတ်ပြီးလျှင် ကလေးပြန်ရအောင် ပြန်လည်ပြုလုပ်ရန် အလွန်ပင် ခက်ခဲသောကြောင့် မပြုလုပ်မီက သေချာအောင် ဆုံးဖြတ်ချက်ချသင့်ပါသည်။သားကြောဖြတ်ခြင်းကို အမျိုးသမီးများနှင့် အမျိုးသားများတွင် အသက်အရွယ်အရွေးပြုလုပ်နိုင်ပါသည်။ သို့သော် မတူညီသောရုပ်ပိုင်းဆိုင်ရာ အခြေအနေများကြောင့် ပြုလုပ်သည့်နည်းများလည်း တူညီမှုမရှိနိုင်ပါ။·သုတ်လွှတ်ပြွန်ကို ဖြတ်ခြင်း၊ ချည်ခြင်း။အမျိုးသာများတွင် သုတ်ကောင်များသည် လိင်တံနှင့် ကပ်ပယ်အိတ်ကို ဆက်ထားသော သုတ်လွှတ်ပြွန်မှတဆင့် အပြင်သို့ထွက်ခြင်းဖြစ်သည်။ အဆိုပါသုတ်လွှတ်ပြွန်ကို ဖြတ်ခြင်း၊ချည်ခြင်းတို့ ပြုလုပ်ခြင်းဖြင့် သုတ်လွှတ်ချိန်တွင် သုတ်ကောင်များ ပါမလာတော့ပါ။ သို့သော် သုတ်ရည်ပမာဏ နည်းသွားခြင်းမျိုးမဟုတ်ဘဲ သုတ်ရည်တွင် သုတ်ကောင်များ ပါမလာတော့ခြင်းမျိုးသာဖြစ်ပါသည်။အမျိုးသမီးများတွင် သားဥပြွန်ကို ဖြတ်ခြင်း၊ ချည်ခြင်း၊ မီးတို့ခြင်းဖြင့် မျိုးဥအိမ်မှထွက်သော ဥများကို သားအိမ်င်္ဆီသို့ မရောက်ရှိတော့အောင် ပြုလုပ်ခြင်းဖြင့် သားကြောဖြတ်ခြင်းဖြစ်ပါသည်။ ထိုအခါ သားအိမ်တွင် သုတ်ကောင်သည် မျိုးဥနှင် ပေါင်းပြီး သားနေ္ဓတည်ခြင်း မပြုလုပ်နိုင်တော့ပါ။အထက်ဖော်ပြပါနည်းများသည် ခွဲစိတ်ပြီး မေ့ဆေးဖြင့် ဆောင်ရွက်ရသော နည်းများဖြစ်ပါသည်။သားကြောဖြတ်ခြင်းသည် ကလေးမယူရန်သေချာသည့်သူများ၊ မျိုရိုးဆက်ခံသောရောဂါရှိသူများ (ဥပမာ- မျက်စိတွင် အရောင်များကို မှန်ကန်စွာ မမြင်ရခြင်း၊ သွေးထဲတွင် သွေးခဲစေသောဓါတ်များ ချို့တဲ့သော ဟီမိုဖီးလယား သွေးရောဂါဖြစ်ခြင်း)တွင် ယခုထက်ထိ အကောင်းဆုံး ကိုယ်ဝန်တားနည်းတခုဖြစ်ပါသည်။သားကြောဖြတ်ခြင်း၏ အကျိုးကျေးဇူးများမှာ-။တသက်လုံး ကလေးမရနိုင်တော့ သဖြင့် စိတ်ပူစရာမလိုဘဲ လိင်ဆက်ဆံနိုင်ခြင်းဖြင့် သင့်လိင်ဆင်ဆံဖက်၊ အိမ်ထောက်ဖက် ကိုစိတ်ကျေနပ်မှုပိုရစေပါသည်။သားကြောဖြတ်ခြင်းသည် ကိုယ်ဝန်ရခြင်းကို ၁၀၀ % ကာကွယ်ပေးနိုင်ပါသည်။ ကလေးရနိုင်ချေသည် အမျိုးသားများတွင် လူ ၂၀၀၀ တွင် ၁ယောက်နှုန်းဖြစ်ပြီး အမျိုးသမီးများတွင် လူ ၂၀၀ လျှင် ၁ ယောက်နှုန်းသာဖြစ်ပါသည်။သို့သော် Essure placement နည်းဖြင့် ခွဲစိတ်လျှင် (သားအိမ်ထဲသို့ မှန်ပြောင်းထဲ့သည့်နည်း) ကလေးရနိုင်ချေသည် အမျိုးသမီးများတွင် လူ ၅၀၀ လျှင် ၁ ယောက်နှုန်းအထိကျဆင်းသွားမည်ဖြစ်သည်။Filshie clip နည်းဖြင့် ခွဲစိတ်လျှင်ကလေးရနိုင်ချေသည် အမျိုးသမီးများတွင် လူ၁၀၀၀ လျှင် ၂ယောက်မှ ၃ယောက်နှုန်းအထိကျဆင်းသွားမည်ဖြစ်သည်။သားကြောဖြတ်ခြင်းသည် ကိုယ်ဝန်တားဆေးများသောက်ခြင်း၊ မိန်းမကိုယ်ထဲသို့ကွင်းထည့်ခြင်းကဲ့သို့ အီစတရိုဂျင်ဟော်မုန်းများ ထုတ်လွှတ်မှုမရှိသောကြောင့် အမျိုးသမီးများတွင် ဟော်မုန်းပမာဏ မျှတမှုရှိစေပါသည်။ ထို့ပြင် အမွှေးအမျှင်များ၊ အသားအရေ၊ ရင်သားနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို လည်း ပြောင်းလဲခြင်းများ မဖြစ်စေနိုင်ပါ။ ရာသီစက်ဝန်းလည်း မပြောင်းလဲဘဲ အခြားသောနည်းများနှင့် စာလျှင် အရွယ်မတိုင်မီတွင် သွေးဆုံးခြင်းဖြစ်နိုင်ချေကိုလည်း လျော့နည်းစေပါသည်။· သားကြောဖြတ်ခြင်းသည် ပြန်ပြင်၍မရသော ကိုယ်ဝန်တားနည်းဖြစ်သည့်အတွက် ပြုလုပ်သူများအနေဖြင့် တချိန်တွင် ကလေးလိုချင်လာ၍ဖြစ်စေ စိတ်ပြောင်းသွားပါက ခက်ခဲနက်နဲပြီး ဈေးကြီးသော၊ အောင်မြင်နိုင်ချေနည်းသော ၊ အောင်မြင်လျှင်လည်း နောက်ဆက်တွဲဆိုးကျိုးများသော ခွဲစိတ်မှုများကို ခံယူရမည်ဖြစ်ပါသည်။· သားကြောဖြတ်ပြီး သွားသော်လည်း မျိုးဥပြွန်သည် ပြန်ဆက်သွားပြီး ကလေးပြန်ရနိုင်ချေရှိသော်လည်း ထိုသို့ဖြစ်ခြင်းသည် အင်မတန်ရှားပါးပါသည်။· အခြားသော ကိုယ်ဝန်တားနည်းများနှင့် နှိုင်းစာပြီးပြောရသော် သားကြောဖြတ်ခြင်းသည် လိင်မှ တဆင့်ကူးစက်သောရောဂါများကို မကာကွယ်နိုင်သည့်အတွက် လိင်ဆက်ဆံလျှင် ကွန်ဒုံးသုံးခြင်းက စိတ်ချရစေပါသည်။· သားကြောဖြတ်သော ခွဲစိတ်မှု၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော မေ့ဆေးအရှိန်များခံရခြင်း၊သွေးထွက်ခြင်း၊ ရောဂါပိုးဝင်ခြင်းများဖြစ်နိုင်ချေရှိပါသည်။· ထို့ပြင် သားကြောဖြတ်သော ခွဲစိတ်မှုသည် ဒေါ်လာ ၅၀၀ မှ ၆၀၀၀ အတွင်းကုန်ကျနိုင်သည့်အတွက် လူအများအဖို့ ဈေးနှုန်းအားဖြင့် စဉ်းစားစရာ နည်းတခုဖြစ်လာနိုင်ပါသည်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/%e1%80%a1%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%99%e1%80%bc%e1%80%ac%e1%80%b8%e1%80%90%e1%80%be%e1%80%84%e1%80%bb-%e1%80%9e%e1%80%ac%e1%80%b8%e1%80%b1/
သဘာဝအတိုင်း သွေးချိုထိန်းပေးနိုင်မယ့် ခါးသက်သက် အစားအစာအချို့
ဆီးချို ဆိုတာကနာတာရှည် ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ဆီးချိုရောဂါ ခံစားနေရပြီဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းဖို့က အတော်လေး အရေးကြီးပါတယ်။ အစားအစာတွေကို ခန္ဓာကိုယ် ကျန်းမာအာဟာရ ပြည့်ဝဖို့ လိုအပ်တယ်ဆိုပေမယ့် အစားအစာအချို့က သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တာကြောင့် ဆီးချို ရှိသူတွေအနေနဲ့ စားချင်ပေမယ့် စားလို့ မရတာမျိုးတွေ ရှိပါတယ်။ အချို့သော အစားအစာတွေကတော့ သွေးချိုတက်စေနိုင်တယ် ဆိုပေမယ့် အချို့သော အစားအစာတွေကတော့ သွေးချိုကို ထိန်းပေးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ သဘာဝအတိုင်း သွေးချိုထိန်းပေးနိုင်မယ့် ခါးသက်သက် အစားအစာအချို့ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ဆီးချိုက ကြောက်စရာကောင်းလား ဆိုတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း စားသောက်မှုပုံစံ ပြောင်းလဲတာ၊ အထိုင်များတဲ့ နေ့စဉ် ဘဝနေထိုင်မှုပုံစံတွေကြောင့် ဆီးချိုဖြစ်တဲ့ နှုန်းတွေက အတော်လေး များလာခဲ့ပါတယ်။ WHO ရဲ့ စစ်တမ်းတွေအရ ၁၉၈၀ ခုနှစ်က အသက် ၁၈ နှစ်အထက် ဆီးချိုရောဂါ ခံစားနေရသူ အရေအတွက်က ၄.၇ ရာခိုင်နှုန်းပဲ ရှိခဲ့ရာကနေ ၂၀၁၄ ခုနှစ်မှာ ၈.၅ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပါတယ်။ ၂၀၃၀ ခုနှစ်မှာ ဆီးချိုရောဂါက လူသားတွေကို သေဆုံးစေတဲ့ ရောဂါတွေရဲ့ နံပါတ် ၇ နေရာအထိရောက်လာနိုင်တယ်။ နောက်ပိုင်းနှစ်တွေမှာလည်း ပိုပြီး တိုးလာနိုင်တယ်လို့ WHO အဖွဲ့ကြီးက ခန့်မှန်းထားပါတယ်။ဒါပေမယ့် ကံကောင်းတာ တစ်ခုကတော့ နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေက ဆီးချို ရှိသူတွေမှာရော ပုံမှန် ကျန်းမာတဲ့သူတွေမှာပါ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်ဆိုတာပါ။ ဒီတော့ ဘယ်လို အစားအစာတွေကသွေးချိုကို ထိန်းညှိပေးနိုင်လဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။သဘာဝအတိုင်း သွေးချိုထိန်းပေးနိုင်မယ့် ခါးသက်သက် အစားအစာအချို့ ကတော့။ကြက်ဟင်းခါးသီးက ခါးတဲ့အရသာ ရှိပါတယ်။ ဒါကြောင့် လူကြိုက် နည်းပါတယ်။ ကြက်ဟင်းခါးသီးက ခါးတယ်ဆိုပေမယ့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးတွင်းအဆီလည်း ကျစေနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်စေဖို့အတွက် ကြက်ဟင်းခါးသီးကို ဆေးဖြစ်ဝါးဖြစ် နည်းနည်းလောက် စားပေးလို့ ရပါတယ်။ အင်ဆူလင် ထွက်ရှိမှု ကောင်းစေဖို့ကြက်ဟင်းခါးသီးကို စားပေးလို့ ရပါတယ်။အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်တဲ့ ကိုက်လန်ကလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ကိုက်လန်ရွက်ကြော်ကို စားပေးတာကလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်မယ့် နည်းလမ်း တစ်ရပ်ပါ။ နောက်တစ်ချက် ကိုက်လန်မှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေတာကလည်း အဆာခံနိုင်စေပြီး ခဏခဏ မစားမိအောင် ကူညီပေးသလို အမျှင်ဓာတ် ပါဝင်နေတာကြောင့်လည်း အစားစားပြီးချိန်မှာ ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့်သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့ဆိုရင် ကိုက်လန်ရွက် စားပေးလို့ ရပါတယ်။ဝိတ်ကျစေဖို့ အများဆုံး စားကြတဲ့ဟင်းနုနွယ်က သံဓာတ်ကို ဖြည့်ပေးနိုင်သလို အမျှင်ဓာတ်ကိုလည်း ဖြည့်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်က အပေါ်မှာ ပြောခဲ့သလို သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ဗီတာမင် A၊ C၊ E၊ Kနဲ့ ဖောလိတ်၊ သံဓာတ်၊ ကော့ပါး၊ မဂ္ဂနိ့၊ မဂ္ဂနီဆီယမ်တို့ ပါဝင်နေတာကြောင့် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။နှမ်းစေ့က ခါးသက်သက် အရသာ ရှိတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာကြောင့် နှမ်းကို စားသုံးပေးတာကလည်း သွေးချိုကို ထိန်းညှိပေးနိုင်တဲ့ အစားအစာ တစ်မျိုးပါ။ နှမ်းစေ့ မစားချင်ဘူးဆိုရင်လည်း နှမ်းဆီကို စားပေးလို့ ရပါတယ်။ကဲ …. သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့ဆိုရင် အခုပြောခဲ့တာလေးတွေထဲက စိတ်ကြိုက်ဖြစ်တဲ့ အစားအစာလေးတွေကို နေ့စဉ် စားသုံးမှုလေးထဲမှာ ထည့်စားသုံးပေးပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/bitter-foods-can-lower-your-blood-sugar-naturally/
ကြက်မောက်သီးနီနီလေးရဲ့ အကျိုးအာနိသင်
အသီးအရောင်က အနီရောင်ရှိပြီး အခွံမှာ အမွှေးအမျှင်လေးနဲ့ အတွင်းသားဖြူဖြူလေးကို စားရတဲ့ ကြက်မောက်သီးမှာ ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့ အကျိုးအာနိသင်တွေ အများကြီးပါဝင်ပါတယါ။ ကြက်မောက်သီးကလည်း ရာသီစာဖြစ်တာမို့ စားပေးသင့်ပါတယ်နော်။ အလုံးအရွယ်အစားသေးတဲ့ ကြက်မောက်သီးက ကျန်းမာရေးကို ဘယ်လိုအကျိုးပြုသလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။တရုတ်သုတေသီတွေကတော့ ကြက်မောက်သီးမှာ ဆီးချိုရောဂါကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်တယ်လို့ ဆိုထားပါတယ်။ ကြက်မောက်သီးကသွေးတွင်းဂလူးကို့စ် ပမာဏကိုလျော့ကျစေတာကြောင့် ဆီးချိုရောဂါကို သက်သာစေနိုင်တာပါ။အမျှင်ဓါတ် ပါဝင်တဲ့ အသီးအနှံတွေဟာ ခန္ဓါကိုယ် အလေးချိန်မတက်စေပါဘူး။ အမျှင်ဓါတ်တွေဟာ အစာအိမ်ရဲ့ အစာခြေစနစ်ကိုကောင်းမွန်စေတာကြောင့် ကျန်းမာရေးကောင်းမွန်ပြီး ခန္ဓါကိုယ်အလေးချိန်လျှော့ကျဖို့ ကူညီပေးပါတယ်။ကြက်မောက်သီးဟာ ကိုယ်ဝန်ဆောင်မေမေတွေနဲ့လည်း တည့်တဲ့အသီးတစ်မျိုးပါ။ ချိုတဲ့ အသီးလေး စားရတာမို့မေမေလောင်းတို့ ခံတွင်းရှင်းစေမှာဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်အတွင်း မူးဝေခြင်း၊ ပျို့အန်ခြင်းတွေကိုပါ သက်သာစေနိုင်ပါတယ်။နောက်တစ်ခုက ကြက်မောက်သီးမှာ သံဓါတ်တွေကောင်းမွန်စွာ ပါဝင်တာမို့hemoglobin ပမာဏကို တိုးတက်စေပြီး သန္ဓေသားလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင်အီးလည်း ပါဝင်တာမို့ ကိုယ်ဝန်ဆောင်ချိန်အတွင်း ယားယံခြင်းတွေကို သက်သာစေနိုင်ပါသေးတယ်။ ကြက်မောက်သီးဟာ နှလုံးရောဂါကို သက်သာစေနိုင်တဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။ ကြက်မောက်သီးဟာသွေးတိုးရောဂါကို ထိန်းညှိပေးပြီး ကိုလက်စထရော များခြင်းကိုပါလျော့နည်းစေပါတယ်။ ဒါကြောင့်သွေးတိုးရော နှလုံးရောဂါကိုပါ သက်သာစေနိုင်ပါတယ်။အရိုးတွေရဲ့ ကျန်းမာရေးနဲ့ ကြွပ်ဆတ်မှုကိုပါ ထိန်းထားပေးနိုင်ဖို့ဖော့စဖော့ရပ်တွေ လိုပါတယ်။ဖော့စဖော့ရပ် လိုချင်တယ်ဆိုရင်တော့ ကြက်မောက်သီး စားဖို့ လိုပါတယ်။ အသက်ကြီးတဲ့အခါမှာ အရိုးပွရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး အရိုးအဆစ်သန်မာစေပါတယ်။ကြက်မောက်သီးမှာ ကင်ဆာရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်မှုတွေ များစွာ ပါဝင်ပါတယ်။ ဒီ ဓါတ်တိုးဆန့်ကျင်မှုတွေဟာ ရောင်ရမ်းခြင်းနဲ့ ခန္ဓါကိုယ်အတွင်းမှာ ကင်ဆာဆဲလ်တွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။လေ့လာမှုတွေအရတော့ ကြက်မောက်သီး စားခြင်းဟာ အသည်းကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေ မကြီးထွားလာအောင် ကူညီပေးနိုင်ပြီး တခြားကင်ဆာတွေကိုပါလျော့ကျစေပါတယ်။ကြက်မောက်သီးဟာ စွမ်းအင်ပြည့်စေတဲ့အသီးဆိုရင်လည်း မမှားပါဘူးနော်။ ကြက်မောက်သီးမှာ ကာဗိုလ်ဟိုက်ဒရိတ်နဲ့ ပရိုတင်းတွေ ပါဝင်တာကြောင့် ခန္ဓါကိုယ် အားပြည့်စေဖို့ အထောက်အကူပြုပါတယ်။ ကြက်မောက်သီးရဲ့နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ ပါဝင်တဲ့ အမျှင်ဓါတ်တွေဟာ အစာခြေစနစ်ကို များစွာကောင်းမွန်စေတာမို့ ဝမ်းချုပ်ခြင်းတွေ မရှိစေနိုင်ပါဘူး။ ဒါ့အပြင် အူအတွင်း ကပ်ပါးကောင်တွေကိုသေစေနိုင်တဲ့ ဘက်တီးရီးယားဆန့်ကျင် ဂုဏ်သတ္တိတွေလည်း ပါဝင်ပါသေးတယ်။ အူကင်ဆာ မဖြစ်စေနိုင်ဘဲရေဓါတ်လည်းပြည့်စေပါတယ်။အသားအရေ ကြည်ကြည်လင်လင်လေးဖြစ်ချင်တယ်ဆိုရင်တော့ ကြက်မောက်သီးလေးကိုမေ့ထားလို့ မရပါဘူးနော်။ ကြက်မောက်သီးမှာ ပါဝင်တဲ့ ဗီတာမင်စီနဲ့ မဂ္ဂနီဆီယမ် ပါဝင်တာဟာ free radical ကို တိုက်ထုတ်ပေးပြီး အသားရေ စိုပြေစေဖို့နဲ့ ကျန်းမာတဲ့ အသားအရေဖြစ်ဖို့ အထောက်အကူပြုပါတယ်။အခုဆိုရင် အလုံးအရွယ်သေးပေမယ့် အကျိုးအာနိသင်များတဲ့ ကြက်မောက်သီးလေးရဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပုံကို သိပြီးပြီဆိုတော့ ရာသီစာလေးအဖြစ် စားပေးဖို့ မမေ့နဲ့နော်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%80%e1%80%bc%e1%80%80%e1%80%ba%e1%80%99%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9e%e1%80%ae%e1%80%b8%e1%80%94%e1%80%ae%e1%80%94%e1%80%ae%e1%80%9c%e1%80%b1%e1%80%b8%e1%80%9b%e1%80%b2%e1%80%b7/
အတက်ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းများကို နားလည်ခြင်း
ဝက်ရူးပြန်ရောဂါဟာ မကြာခဏ တက်ခြင်းနှင့် ပတ်သက်ဆက်နွယ်နေတဲ့ ရောဂါအမျိုးအစားအုပ်စုတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)ရဲ့ တင်ပြချက်များအရ ကမ္ဘာပေါ်မှာ အတက်ရောဂါခံစားနေရတဲ့ လူနာပေါင်းဟာ အကြမ်းဖျင်းအားဖြင့် ၅၀မီလီယံရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဝက်ရူးပြန်ရောဂါနှင့် အတက်ရောဂါမှာ အမျိုးအစားများစွာရှိပါတယ်။အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ၊ အလွန်အမင်း ပင်ပန်းခြင်း၊ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ခြင်း၊ လုံလောက်သော အိပ်စက်မှု မရရှိခြင်း။အတက်ရောဂါဟာ အိပ်စက်မှုပိုင်း ဆိုင်ရာအခြေအနေများနှင့် အရမ်းပတ်သက် ဆက်နွယ်ပါတယ်။ အိပ်စက်ခြင်းဟာ အတက်ရောဂါကို နည်းလမ်းများစွာနှင့် အကျိုးသက်ရောက်လျက်ရှိပါတယ်။ ပုံမှန်အိပ်ခြင်း၊နိုးခြင်း စက်ဝန်းတစ်ခုမှာ ဦးနှောက်ရဲ့ လျှပ်စီးနဲ့ ဟော်မုန်းပိုင်းဆိုင်ရာမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုပြောင်းလဲမှုတွေက အခြားလူများထက်စာလျှင် အတက်ရောဂါရှိသူတွေမှာ အိပ်စက်နေချိန်၌ ပိုဖြစ်ကြတာကို တွေ့နိုင်ပါတယ်။ လုံလောက်တဲ့ အိပ်စက်မှုမရှိခြင်းဟာလည်း ဒီလို ဖျားနာမှုကို ဖြစ်စေနိုင်ပါတယ်။ အချို့သော လူတွေဟာ သူတို့ရဲ့ဘဝမှာ ပထမဦးဆုံး အတက်ရောဂါကို ကောလိပ်ကျောင်းမှာ ညလုံးပေါက် စာကျက်၍ သို့မဟုတ် အချိန်အကြာကြီး ကောင်းကောင်းမအိပ်ပဲ နေပြီးနောက်မှာ ဖြစ်လေ့ရှိပါတယ်။ဖျားနာသောအချိန် သို့မဟုတ် အခြားသော ရောဂါများခံစားနေရချိန်။ဝက်ရူးပြန်ရောဂါ ရှိတဲ့လူတွေမှာ အတက်ရောဂါ ဖြစ်လာစေတဲ့ အချက် ၁ခုကတော့ ရုတ်တရက် ဖျားနာလာခြင်း သို့မဟုတ် ရုတ်တရက် ပိုးဝင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဒီလိုဖျားနာမှုတွေကတော့ ရုပ်ပိုင်းဆိုင်ရာ ဖိအားတွေဖြစ်တဲ့ ဖျားခြင်း သို့မဟုတ် ကောင်းမွန်စွာ မစားမသောက်သောကြောင့် ရေဓါတ်ဆုံးရှုံးခြင်း၊ ဦးခေါင်း အအေးပတ်ခြင်း၊ အဆုတ်ပိုးဝင်ခြင်း သို့မဟုတ် ရိုးတွင်းခြင်ဆီ အိတ်ငယ်များ ပိုးဝင်ခြင်း စတာတွေကြောင့် အတက်ရောဂါဖြစ်လာနိုင်ပါတယ်။ ဒီလိုဖျားနာမှုတွေ အားလုံးဟာ အတက်ရောဂါနှင့် ပတ်သက် ဆက်နွယ်နေပါတယ်။တဖျတ်ဖျတ်တောက်ပနေသော မီးရောင်များ သို့မဟုတ် ပုံစံများ။အလင်းရောင်ကို ကြောက်သောအတက်ရောဂါရှိသူအချို့မှာ အောက်ဖော်ပြပါ အခြေအနေတွေကို ရင်ဆိုင်ကြုံတွေရတဲ့ အခါမှာ တက်လာနိုင်ပါတယ်။• တဖျတ်ဖျတ်တောက်ပနေသော၊ လည်နေသော ရုပ်ပုံများကြောင့် ရုပ်မြင်သံကြား မျက်နှာပြင်သို့မဟုတ် computer မျက်နှာပြင်ကို ကြည့်တဲ့ အခါမှာလည်း အတက်ရောဂါကိုဖြစ်စေနိုင်ပါတယ်။• အချို့သောvideoဂိမ်းများ သို့မဟုတ် TV အစီအစဉ်များမှ မီးရောင်များဟာ ရောင်ပြေးတွေနဲ့ တဖျတ်ဖျတ်တောက်ပပြီး အရောင်မျိုးစုံ ပြောင်းနေတာကို မြင်ရခြင်းကြောင့်လည်း အတက်ရောဂါ ဖြစ်နိုင်ပါတယ်။• မီးလောင်မှု အချက်ပေး ကိရိယာမှ ထွက်သော မီးအရောင်ကဲ့သို့ အားပြင်းလွန်းသော မီးရောင်များ၊။• နေရောင်များ အထူးသဖြင့် ရေရဲ့တလျှပ်လျှပ်တောက်ပနေသောအရောင်၊ သစ်ပင်မှတစ်ဆင့် သို့မဟုတ် တရုတ်ကပ်မှန်မှ တစ်ဆင့် ဖြတ်၍တလျှပ်လျှပ်တောက်ပနေသော အရောင်များ စတဲ့သဘာဝအရောင် တွေဟာလည်းပဲ အတက်ရောဂါကိုဖြစ်စေနိုင်ပါတယ်။• အရောင်အမျိုးမျိုးယှဉ်၍ ပြထားသော မျက်စိတွင် မြင်လွယ်သည့် အရောင်များ ကို မြင်တွေ့ရတဲ့အခါမှာလည်း တက်နိုင်ပါတယ်။အရက်သောက်ခြင်း။အနည်းငယ်သောက်ရုံမျှဖြင့် အရက်ဟာ တက်ခြင်းကို မဖြစ်စေနိုင်ပါဘူး။ သို့သော် အရက်နှင့် ယမကာများကို ၃ခွက်နှင့် အထက်သောက်ပြီးတဲ့ အချိန်မှာတော့ သင်ဟာအတက်ရောဂါ ဖြစ်နိုင်ခြေ အလွန်များနေပါပြီ။ အတက်ရောဂါအတွက် သောက်သော ဆေးတွေဟာ ခန္ဓါကိုယ် မှ အရက် စုပ်ယူခြင်းကို လျော့ကျစေပါတယ်။ ရလဒ်အနေနဲ့ကတော့ အရက်ဟာသွေးထဲမှာ အကြာကြီး ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်ခြင်းဟာ အရက်ကို တော်တော်နဲ့ မမူးစေပါဘူး။ ဒါကြောင့် အရက်ကိုမြန်မြန် သောက်ပါတယ်။ ဒီလိုမြန်မြန်သောက်ပြီး အစိတ်အတောက်ဖြစ်စေတာဟာဆိုရင် ကြီးမားတဲ့ ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုဆေးတွေရဲ့ဘေးထွက်ဆိုးကျိုး တော်တော်များများဟာ အရက်ကိုယ်တိုင်က ပေးတဲ့ လတ်တလော ထိခိုက်မှုလက္ခဏာနဲ့ ဆင်တူနေတာကြောင့် ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာအရက်နှင့် အတက်ရောဂါအတွက် သောက်တဲ့ဆေးတွေကို တွဲသောက်ပြီး ဓါတ်မတည့်တာတွေ ဖြစ်လာမယ်ဆိုရင် ပိုဆိုးလာနိုင်ပါတယ်။စိတ်ဖိစီးခြင်း။စိတ်ဖိစီးခြင်းဟာဆိုရင် ပုံစံ အမျိုးမျိုးနဲ့ ဖြစ်လာပြီး လူတိုင်းအတွက် အဓိပ္ပါယ်အမျိုးမျိုး ရှိနိုင်ပါတယ်။ စိတ်ဖိစီးတဲ့ အခါမှာ ထွက်လာတဲ့ ဟော်မုန်းအချို့ဟာ အာရုံကြောစနစ်ကို ပတ်သက်ဆက်နွယ်နေပြီး ဦးနှောက်ကိုထိခိုက်စေနိုင်တယ်လို့ ဆရာဝန်တွေက ပြောကြားပါတယ်။ ဒါ့အပြင် စိတ်ဖိစီးခြင်းဟာ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေကိုလည်း ပေးနိုင်ပြီး အတက်ရောဂါ ဖြစ်စေတဲ့ လက္ခဏာတစ်ရပ်တစ်ခု ဖြစ်ပါတယ်။အမျိုးသမီးများတွင် ဖြစ်သော ဓမ္မတာစက်ဝန်း သို့မဟုတ် အခြားဟော်မုန်းပြောင်းလဲမှုများ။ရာသီလာစဉ် အတောအတွင်း မှာဖြစ်လာတဲ့ အတက်ရောဂါကို catamenial epilepsy လို့ခေါ်ပါတယ်။ မျိုးဥကြွေတဲ့ ရာသီစက်ဝန်းအလယ် နှင့် ရာသီမပေါ်ခင် တစ်ပတ်အလို အခြေအနေဟာ ဟော်မုန်းပြောင်းလဲမှု များတဲ့အတွက်ကြောင့် ဒီအတောအတွင်းမှာ အတက်ရောဂါဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက ဆိုကြပါတယ်။အစာကောင်းကောင်း မစားခြင်း သွေးထဲတွင် သကြားဓါတ်လျော့နည်းခြင်း။အစားအသောက်များဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပြောင်းလဲစေနိုင်ပါတယ်။ တကယ်လို့ သင့်မှာဝက်ရူးပြန်ရောဂါရှိမယ်ဆိုရင် သင်ဟာအစားကို ပုံမှန်စားပေးဖို့ အပြင် ကျန်းမာရေးနှင့်ညီညွတ် မျှတတဲ့ အစားအသောက်တွေကို ပုံမှန်စားပေးဖို့ အဓိက ပဲ ဖြစ်ပါတယ်။ အင်ဆူလင် တွေအများကြီးထိုးမိတဲ့ ဆီးချို ရောဂါသည်လိုမျိုး သွေးထဲမှာ သကြားဓါတ် လျော့နည်းလာတဲ့အခါမှာလည်း အတက်ရောဂါ ဖြစ်နိုင်တယ်ဆိုတာကို ငါတို့သိသင့်ပါတယ်။အချို့သောဆေးများကို သောက်သုံးခြင်း။ဆေးအချို့ဟာ အတက်ရောဂါကို ပိုဆိုးလာနိုင်ခြေ ရှိပြီး အတက်ရောဂါ မရှိသူမှာလည်း ပထမဆုံးအကြိမ်တက်လာခြင်း ဆိုတာဖြစ်နိုင်ပါတယ်။ အအေးမိခြင်း၊ ဓါတ်မတည့်ခြင်း စတာတွေကို သက်သာစေဖို့နှင့် ပိုပြီးအိပ်စက်နိုင်စေဖို့ရာ သောက်တဲ့ဆေးဖြစ်တဲ့ diphenhydramine ဆေးဟာ ဒီလိုဆေးအမျိုးအစားတစ်မျိုးပဲ ဖြစ်ပါတယ်။ တခြားဆေးတွေဖြစ်တဲ့ aspirin လိုဆေးမျိုးတောင်မှ သင့်ရဲ့ အတက်ရောဂါအတွက်သောက်နေတဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို မြင့်မားစေပါတယ်။ သင့်ရဲ့သွေးထဲမှာ ရှိတဲ့ အတက်ရောဂါ ဆေးပမာဏကို အပြောင်းအလဲဖြစ်စေတဲ့ အတွက် တက်ခြင်းကိုပိုပြီး ဖြစ်စေနိုင်ပါတယ်။သင်ဟာသဘာဝက ရတဲ့ သစ်သီးသစ်ဥသစ်ဖုတွေက လုပ်ထားတဲ့ ဘယ်ဆေးကို မဆို မသောက်ခင်မှာ သင့်ဆရာဝန်နှင့် အရင်တိုင်ပင်သင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ဟာ သဘာဝကရတာ ဖြစ်တဲ့အတွက် သင့်မှာ အန္တရာယ်ကင်းရဲ့လားဆိုတာ မသေချာ တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ဆရာဝန်က သင့်ရဲ့ကျန်းမာရေးအခြေအနေအကြောင်း ပိုပြီးအသေးစိတ် သိဖို့နှင့် ဆုံးဖြတ်နိုင်ဖို့ရာအတွက် အချို့သော ဓါတ်ခွဲစမ်းသပ်မှုများကိုပြုလုပ်ဖို့ရာ ပြောပါလိမ့်မယ်။ အမှန်တော့ သင့်ရဲ့အတက်ရောဂါ နှင့်ပတ်သက်ဆက်နွယ်နေတဲ့ အချက်များစွာရှိပါတယ်။ အိပ်ရေးပျက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဆေးအချို့သောက်ခြင်း၊ အစားအသောက် စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/%e1%80%a1%e1%80%90%e1%80%80%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%b1%e1%80%85%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%b1%e1%81%be%e1%80%80/
Angioedema (ဓါတ်မတည့်မှုကြောင့် အရေပြားရောင်ရမ်းခြင်း)
Angioedema ဟာ ဓါတ်မတည့်မှုကြောင့် ဖြစ်တဲ့ အရေပြားအောက်မှာ ရောင်ကိုင်းခြင်း တစ်မျိုးဖြစ်ပါတယ်။ သူဟာ ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ အင်ပြင် နဲ့တူပေမယ့် သူကတော့ ယားယံခြင်း မရှိပါဘူး။ဓါတ်မတည့်မှုကြောင့် သင့်ကိုယ်ခန္ဓါကက ဓါတ်မတည့်မှု ဖြစ်စေတဲ့အရာတွေကို တုန့်ပြန်မှုအနေနဲ့ histamine တွေကို သွေးထဲကို ထုတ်လိုက်ပါတယ်။ ဓါတ်မတည့်အရေပြားရောင်ရမ်းခြင်း ဟာ နှုတ်ခမ်းနဲ့ မျက်လုံးတစ်ဝိုက်မှာ ဖြစ်ပွားတတ်ပါတယ်။ပြင်းထန်တဲ့ အခြေအနေတွေမှာ သူဟာ လျှာနဲ့ လည်ပင်းကိုတောင် ရောင်ရမ်းစေပြီး အသက်ရှူရ ခက်ခဲစေပါတယ်။ ဒါဟာ အသက် အန္တရာယ်ရှိပြီး ဆေးကုသဖို့ လိုအပ်ပါတယ်။Angioedema (ဓါတ်မတည့် အရေပြားရောင်ရမ်းခြင်း) ဟာ အဖြစ်များပါတယ်။ လူအကုန်လုံးရဲ့ ၁၅ ရာခိုင်နှုန်း ကနေ ၂၀ရာခိုင်နှုန်း လောက်ဟာ ဘဝတစ်လျှောက်မှာ ဓါတ်မတည့် အရေပြားရောင်ရမ်းခြင်း (သို့) အင်ပြင်ထခြင်း ကို တစ်ခါလောက်တော့ ဖြစ်ဖူးပါတယ်။အမျိုးသားရော အမျိုးသမီးပါ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Angioedema (ဓါတ်မတည့် အရေပြားရောင်ရမ်းခြင်း) ရဲ့ အဓိက လက္ခဏာကတော့ အရေပြားအောက်မှာ ရောင်ရမ်းခြင်းပဲဖြစ်ပါတယ်။ သူဟာ အနီရောင်ဖြစ်ပြီး ပူနွေးကာ နာကျင်စေနိုင်ပါတယ်။ တစ်နေရာမှာ ရောင်ရမ်းခြင်းဟာ တစ်ရက်ကနေ နှစ်ရက်လောက်ပဲ ကြာတတ်ပေမယ့် နောက်တစ်နေရာကို ရွှေ့သွားပြီး နေ့ပေါင်းများစွာ ကြာရှည်ကာ နာတာရှည် ဖြစ်လာနိုင်ပါတယ်။နာတာရှည် Angioedema ဟာ ပိုပြီးတော့ သက်တောင့်သက်သာမရှိပဲ စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်ပေမယ့် ပိုပြီးတော့ ပြင်းထန်လာခြင်းတော့ မရှိပါဘူး။Angioedema ဟာ ကိုယ်ခန္ဓါ အနှံ့အပြားမှာ ဖြစ်ပွားနိုင်ပြီးတော့ များသောအားဖြင့် မျက်ခွံ၊ နှုတ်ခမ်း၊ လျှာနဲ့ လည်ပင်းတို့မှာ အဓိက ဖြစ်ပွားတတ်ပါတယ်။ ကိုယ်ခန္ဓါ အပြင်ဘက်မှာဆိုရင်တော့ အန္တရာယ်မရှိပဲ ကိုယ်ခန္ဓါ အတွင်းပိုင်းဖြစ်တဲ့ အူနဲ့ အဆုတ်တွေမှာ ဖြစ်ပွားတဲ့ Angioedema ကတော့ အသက်ရှူရခက်ခဲခြင်းကို ဖြစ်စေပြီး ပြင်းထန်ကာ အသက်အန္တရာယ် ရှိနိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ပျော့တဲ့ လက္ခဏာတွေကတော့ ကုသမှု မလိုအပ်ပါဘူး။ အလယ်အလတ်ကနေ ပြင်းထန်တဲ့ လက္ခဏာတွေကိုတော့ ကုသမျှလိုအပ်ပါတယ်။ လက္ခဏာတွေဟာ ရက်ပေါင်းများစွာ ကြာမြင့်လာပြီဆိုရင် (သို့) အသက်ရှူရ ခက်ခဲလာပြီဆိုရင် (သို့) လက္ခဏာတွေ ပိုဆိုးလာပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။များသောအားဖြင့် ဆေးအသစ်၊ အစားအစာအသစ်နဲ့ ရေမွှေးအသစ်တွေနဲ့ ဓါတ်မတည့်တာကြောင့် ဖြစ်တတ်ပါတယ်။ အရင်တုံးက ဘာပြဿနာမှ မဖြစ်တတ်တဲ့ အစားအစာနဲ့ ဆေးတွေကတောင် ဓါတ်မတည့်မှုကို နောက်ပိုင်းမှာ ဖြစ်စေနိုင်ပါတယ်။ Angioedema ဟာ ကူးစက်တတ်တဲ့ ရောဂါမဟုတ်ပေမယ့် ကူးစက်ရောဂါတွေကတော့ Angioedema ကို ဖြစ်စေပါတယ်။ အချို့အမျိုးအစားတွေကတော့ မျိုးရိုးလိုက်တာ ဖြစ်ပါတယ်။Angioedema ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်ဟာ ရောင်ရမ်းနေတဲ့ အရေပြားနဲ့ သင့်တော်တဲ့ ရောဂါ အတည်ပြုမှု မပြုလုပ်မီ ရောင်ရမ်းမှု ပြန်ဖြစ်နိုင်ချေ တွေကို စစ်ဆေးပါလိမ့်မယ်။ သွေးစစ်ဆေးမှုတွေလည်း ပြုလုပ်နိုင်ပေမယ့် ဒါက ကုသမှု အမျိုးအစားကိုတော့ အကျိုးသက်ရောက်ခြင်းမရှိပါဘူး။ သင့်မိသားစုထဲမှာ Angioedema ဖြစ်ဖူးသူ ရှိမရှိ ဆရာဝန်က မေးမြန်းပါလိမ့်မယ်။အလယ်အလတ်နဲ့ ပြင်းထန်တဲ့ လက္ခဏာတွေအတွက် ကုသမှုတွေ ရှိပါတယ်။ ပျော့တဲ့ လက္ခဏာတွေကတော့ ကုသဖို့ မလိုအပ်ပါဘူး။ ဖြစ်တဲ့အကြောင်းရင်းကို သိတယ်ဆိုရင် ဒါကို အရင်ကုသသင့်ပါတယ်။အောက်ပါ ကုသမှုတွေ ပါဝင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Angioedema ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/skin-allergies/angioedema-%e1%80%93%e1%80%ab%e1%80%90%e1%80%ba%e1%80%99%e1%80%90%e1%80%8a%e1%80%b7%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%a1/
မိန်းမကိုယ်နံနေတယ်ဆိုတာ ချစ်သူကို စိတ်မထိခိုက်စေဘဲ ဘယ်လိုပြောပြသင့်လဲ။
ဒီကိစ္စက အမျိုးသားတွေ တော်တော်များများ ဖွင့်ပြောဖို့ လက်ရှောင်တတ်ကြတဲ့ ကိစ္စပါ။လိင်ပိုင်းဆိုင်ရာနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ ကိစ္စဖြစ်တာကြောင့်ရော၊ ကိုယ်က သဘောရိုးနဲ့ ပြောလိုက်ပေမဲ့ ကိုယ့်ချစ်သူမှာ စိတ်မလုံခြုံတာ၊ စိတ်ထိခိုက်သွားတာ၊ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုနည်းပြီး ရှက်သွားနိုင်တာပေါ့။ ဒါဆိုရင် ကိုယ့်ချစ်သူရဲ့မိန်းမကိုယ်က နံနေတာ ဘယ်လိုဖွင့်ပြောလို့ ရမလဲဆိုတဲ့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။လူတော်တော်များများ ထင်ထားသလို မိန်းမကိုယ်က နှင်းဆီရနံ့လေး သင်းနေတာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ်ခန္ဓာအစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပြီး ထိခိုက်လွယ်တဲ့၊ အလွန်နူးညံ့ပြီး ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားဖို့ လွယ်ကူတဲ့ နေရာဖြစ်လို့ သူ့အနံ့နဲ့သူတော့ ရှိနိုင်ပါတယ်။ တော်တော်လေးကို စိတ်ကသိကအောက်ဖြစ်စရာ အနံ့မျိုး ထွက်လာပြီဆိုရင်တော့ အနည်းငယ် စိတ်ပူစရာ ဖြစ်လာနိုင်ပါတယ်။ဒီလိုကိစ္စမျိုးကို တိုက်ရိုက်ဖွင့်မပြောခင် ဘယ်နေရာက နံနေတာလဲ၊ ဘယ်လိုအနံ့အသက်မျိုး ရှိတာလဲဆိုတာ အရင်စစ်ဆေးဖို့ လိုပါတယ်။၁။မိန်းမကိုယ်နှုတ်ခမ်းသားတစ်ဝိုက်က အနံ့ထွက်နေတာဆိုရင်တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတာကြောင့် ဖြစ်နိုင်ပါတယ်။ မအင်္ဂါစေ့ အောက်နားလေးမှာ အဖြူရောင် အရိအချွဲတွေ ကပ်ငြိနေတာရင် အနံ့ထွက်ပြီး ဘက်တီးရီးယားပိုးတွေအောင်းဖို့ ပိုလွယ်ကူနိုင်ပါတယ်။၂။ မိန်းမကိုယ်အတွင်းက အနံ့ထွက်တာဆိုရင်မှိုရောဂါဒါမှမဟုတ် အမျိုးသမီးကျန်းမာရေးနဲ့ ဆိုင်တဲ့ ရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ဖြစ်နေတဲ့ ကျန်းမာရေးပြဿနာပေါ် မူတည်ပြီး အနံ့အမျိုးမျိုး ရှိနိုင်ပါတယ်။လုံးဝမပြောဘဲ နေတာမျိုးတော့ မလုပ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့တစ်ကိုယ်ရေသန့်ရှင်းမှုဆိုတာလိင်မှုကိစ္စအတွက်သာမက ကျန်းမာရေးနဲ့ပါ အမြဲ ဆက်စပ်မှု ရှိနေတဲ့အရာဖြစ်လို့ပါပဲ။ ဒီလိုမျိုး ကိုယ့်ဘက်က ဖွင့်မပြောပြဘူးဆိုရင် မိန်းကလေးတွေလည်း သေချာဂရုစိုက်ဖို့ မေ့လျော့သွားတာမျိုး ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက်တော့ ဒီကိစ္စဟာ တော်တော်လေးကို ဂရုစိုက်သင့်တဲ့ အခြေအနေဖြစ်နေတာကြောင့်လည်း ပါတာပေါ့။ ဒီတော့ ကိုယ့်ဘက်က အမျိုးသမီးတွေရဲ့ စိတ်ခံစားချက်ကို မထိခိုက်စေဘဲ အကောင်းဆုံးနည်းလမ်းနဲ့ သေချာဖွင့်ပြောဖို့ လိုအပ်ပါတယ်။၁။ ကိုယ့်ချစ်သူ၊ ဇနီးနဲ့ စကားပြောရင်း လိင်ပိုင်းဆိုင်ရာ၊ လိင်အင်္ဂါအကြောင်း ဒါမှမဟုတ် တစ်ကိုယ်ရေသန့်ရှင်းမှုအကြောင်း ပြောနေတဲ့အချိန်မှာ စကားစပြီး ပြောကြည့်ပါ။ မိန်းမကိုယ်နံနေပါတယ်ဆိုပြီး တိုက်ရိုက် စကားလမ်းကြောင်း စတာမျိုးထက် သူ့ကို ချစ်တဲ့အကြောင်း၊ သူ့ရဲ့ ကျန်းမာရေးအတွက်ကို အလေးထားကြောင်းကနေ စဖွင့်ပါ။၂။ ပြီးတော့မှ “ကိုယ်အခုပြောမယ့် အကြောင်းအရာက သူ့အတွက်ရော၊ ကိုယ့်အတွက်ပါ နည်းနည်း ဖွင့်ပြောဖို့ ခက်တဲ့ ကိစ္စမျိုးဖြစ်နေတယ်၊ မပြောလို့လည်း မဖြစ်ဘူး၊ စိတ်ထိခိုက်စေတဲ့ သဘောထားနဲ့ ဒီအကြောင်းကို ပြောတာမဟုတ်ပါဘူး” ဆိုပြီး ပြောပြပါ။၃။ “အရင်တစ်ခေါက်ကလိင်ဆက်ဆံနေရင်းနဲ့ သတိထားမိတာလေး တစ်ခုရှိတယ်၊ ဘယ်နေရာကတော့ ဘယ်လိုအနံ့လေး ထွက်နေတယ်၊ ဒါကြောင့်မို့ ကျန်းမာရေးနဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုအတွက်ကို စိတ်ပူတယ်၊ အဆင်ပြေရဲ့လား၊ ကိုယ့်ဘက်က ဘာတွေ ကူညီပေးလို့ ရမလဲ” ဆိုပြီး မေးကြည့်ပါ။အနည်းဆုံးတော့ တိုက်ရိုက်ကြီး ဖွင့်ပြောချလိုက်တာထက် ဒီလိုမျိုး ကိုယ်ပြောချင်တဲ့ အကြောင်းအရာဘက်ကို ဦးတည်အောင် စကားလမ်းကြောင်း ပြောင်းရင်းနဲ့မှ ကိုယ်ချစ်တဲ့သူအပေါ်မှာ ထားတဲ့ ကိုယ့်ရဲ့ မေတ္တာ၊ ဂရုဏာ၊ စိုးရိမ်ပူပန်မှုတွေကို သိအောင် ဖွင့်ပြဖို့ အရေးကြီးပါတယ်။အမျိုးသားတော်တော်များများက ကိုယ်တိုင်ဝယ်ယူဖို့ အင်မတန်လက်တွန့်ကြပါတယ်။ ရှက်တာကြောင့်ရော၊ လူတွေတစ်မျိုး မြင်မှာ ကြောက်တာကြောင့်ရော အကြောင်းရင်းတွေကတော့ အမျိုးမျိုးပါပဲ။ တစ်ကယ်တော့ ဒါက ရှက်စရာကိစ္စမဟုတ်ပါဘူး။ ကိုယ့်ချစ်သူ၊ ဇနီးကို တန်ဖိုးထားတဲ့ အိမ်ထောင်ရှင်အမျိုးသားကောင်းတိုင်း ဒီကိစ္စက ပေါ့ဆလို့ မရပါဘူး။မိန်းမကိုယ်ဟာ အလွန်နူးညံ့ပြီး ထိခိုက်ယားယံလွယ်တယ်၊ ဘက်တီးရီးယားတော်တော်များများ ခိုအောင်းဖို့ လွယ်ကူတဲ့အတွက် ကိုယ်တိုက်ဆပ်ပြာထက်စာရင် သူတို့အတွက် အသင့်တော်ဆုံးဖြစ်မယ့် မိန်းမကိုယ်သန့်စင်ဆေးရည်ကိုပဲ ရွေးချယ်တာ အကောင်းဆုံးပါပဲ။ မိန်းမကိုယ်သန့်စင်ဆေးရည်က မိန်းမကိုယ်မှာ ရှိဖို့လိုအပ်တဲ့ pH ပမာဏကို ထိန်းညှိပေးနိုင်တဲ့အတွက် ခြောက်သွေ့ခြင်း ကင်းဝေးပြီး အစိုဓာတ်ထိန်းပေးနိုင်တယ်။ မကောင်းတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို သန့်စင်ပေးလို့ အနံ့အသက်ဆိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မွှေးရနံ့လေးလည်း ရှိတော့ အမျိုးသမီးတွေ သဘောကျမှာ အသေအချာပါပဲ။ပျိုမေလေးတွေ အနံ့အသက်ကင်းပြီး ကျန်းမာလှပတဲ့ ဘဝမျိုးပိုင်ဆိုင်ရဖို့ ချစ်သူအမျိုးသားတွေဘက်မှာလည်း တာဝန်ရှိတယ်နော်။ အနံ့ဆိုးထွက်နေတာကို ဘာမှမပြောဘဲ နေတာထက် ဒီနည်းလမ်းတွေနဲ့ ကိုယ့်ရဲ့ ချစ်သူကို သေချာဖွင့်ပြောပြဖို့ အကြံပေးလိုက်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/getting-rid-of-vaginal-smell/
ကလေးတွေကို ဆေးထိုးရင် သိပ်မနာစေဖို့
သင့်ကလေး အသက်တစ်နှစ်လောက်ရှိတဲ့ အချိန်မှာပဲကာကွယ်ဆေး အနည်းဆုံး ၁၆မျိုးလောက် ထိုးရမှာပါ။ ဆေးတခါတခါထိုးရင် အကြာကြီးမနာဖူးဆိုပေမယ့် ကိုယ့်ကလေးကြောက်လို့ ငိုနေတာကိုတော့ ဘယ်သူမှ အေးအေးဆေးဆေး ကြည့်မနေချင်ပါဘူး။ ဒီတစ်ခေါက်တော့ ကလေးတွေကို ဆေးထိုးရင် သိပ်မနာစေဖို့ ထောက်ကူပေးနိုင်မယ့် နည်းလမ်းကောင်းလေးတွေ ပြောပြပေးချင်ပါတယ်။သင့်ကလေးကိုဆေးထိုးတဲ့အခါ အတတ်နိုင်ဆုံး သက်သောင့်သက်သာ ရှိစေဖို့အတွက် အသုံးပြုသင့်တဲ့ နည်းစနစ်လေးတွေကို အောက်မှာဖော်ပြထားပါတယ်။ပါးစပ်က အသံပေါင်းစုံ လုပ်ပြတာ၊ ကလေးကို ချီပြီး ဟိုသည်လွှဲတာ၊ အနှီးနဲ့ ထုပ်ထားတာ ဒါမှမဟုတ် နို့စို့ခိုင်းတာတွေဟာ ဂျီတိုက်နေတဲ့ ကလေးကို အာရုံပြောင်းနိုင်ပါတယ်။ အင်မတန် အသုံးကျပြီး ကာကွယ်ဆေး ထိုးရာမှာလည်း အာရုံလွှဲဖို့အတွက် ဒီနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။ကလေးကို ကိုယ်နဲ့ မျက်နှာချင်း ဆိုင်ထားပြီး ချီထားပါ။ ကလေးဆရာဝန် ဒါမှမဟုတ် သူနာပြုက ဆေးထိုးပေးပြီးတဲ့အခါ ကလေးကို အနှီးနဲ့ အမြန်ပတ်လိုက်ပါ။ ပြီးရင် ကလေးကို ဟိုသည်လွှဲပြီး ပါးစပ်ကလည်း အသံစုံ လုပ်ပြရမှာ ဖြစ်တဲ့အပြင် ပါးစပ်ထဲလည်း ချိုလိမ်ထည့်ပေးနိုင်ပါတယ်။အသက် ၃နှစ်အထက် ကလေးတွေမှာ ကာကွယ်ဆေး မထိုးခင် ထုံဆေးဖြန်းပေးတာ ဒါမှမဟုတ် ခရင်မ်လေး လိမ်းပေးတာမျိုး လုပ်ပေးမယ်ဆိုရင် သူတို့လေးတွေရဲ့ ခြေလက်တွေကို ထုံသွားစေတဲ့အတွက် ဆေးထိုးတဲ့အခါ အရမ်းကြီးမနာတော့ပါဘူး။ဂျီကျနေတဲ့၊ နာကျင်နေတဲ့ကလေးကို မိခင်နို့ တိုက်ကျွေးခြင်းအားဖြင့် အငိုတိတ်သွားစေ၊ တည်ငြိမ်သွားစေနိုင်ပါတယ်။ ဒါဟာ ထုံဆေးထက်တောင် အကျိုးရှိပါမယ်။ဒါကြောင့် ဆေးမထိုးခင် ဒါမှမဟုတ် ဆေးထိုးထိုးပြီးချင်းမှာ အာရုံလွှဲတဲ့အနေနဲ့ ကလေးကို မိခင်နို့ တိုက်ကြည့်ပါ။ကလေး အများစုအနေနဲ့ အသက် ၂လ၊ ၄လ၊ ၆လတွေမှာ တခါထိုးရင် ဆေးသုံးလေးလုံးလောက် ထိုးရလေ့ရှိပါတယ်။ ရုတ်တရက် စဉ်းစားရင် ဆေးနှစ်လုံးကို တပြိုင်နက် ထိုးတာဟာ ပိုနာစေသယောင် ထင်ရပါတယ်(လက်မောင်းတဖက်စီ ဒါမှမဟုတ် ပေါင်တဖက်စီမှာပေါ့)။ဒါပေမယ့် တကယ်တမ်းကျတော့ ဒီလို ဆေးနှစ်လုံးကို တပြိုင်နက်ထိုးတာဟာ အနာသက်သာစေတယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ ဆေးနှစ်လုံးကို အတူတကွ ထိုးလိုက်ခြင်းဟာ ဦးနှောက်ကို ရှုပ်ထွေးစေတဲ့အတွက် ဖြစ်ပါတယ်။အသက် ၆လအောက် ကလေးတွေကို ဆေးမထိုးခင် သကြားရည် အနည်းငယ် တိုက်ခြင်းအားဖြင့် နာကျင်မှုတွေကို သက်သာလျော့ပါးစေတယ်လို့ ဆိုပါတယ်။ သကြားရည်ဟာ ကလေးငယ်ရဲ့ အနာခံနိုင်စွမ်းကို မြင့်မားစေပြီး opiates လို့ခေါ်တဲ့ ထုံစေ၊ အနာသက်သာစေတဲ့ ဓာတ်တမျိုးကို ခန္ဓာကိုယ်ကနေ သဘာဝအလျောက် ထွက်လာစေပါတယ်။၆လအောက် ကလေးကို ရေမတိုက်ပေမယ့် အနည်းငယ်သော ပမာဏလောက်ကတော့ ပြဿနာနည်းပါတယ်။ဒါကြောင့် ဆရာဝန်ခွင့်ပြုတယ်ဆိုရင် သကြားဇွန်းဝက်နဲ့ ရေနှစ်ဇွန်းကို ရောစပ်ပြီး ဆေးမထိုးခင် နှစ်မိနစ်လောက်အလိုမှာ ကလေးကို တိုက်ရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် သကြားရည်ထဲမှာ စိမ်ထားတဲ့ နို့သီးခေါင်းကို ကလေးအား ပေးစို့နိုင်ပါတယ်။ကလေးကို ကာကွယ်ဆေး ထိုးတဲ့အချိန်မှာ မိဘကလည်း စိတ်တည်ငြိမ်ဖို့ လိုပါတယ်။ မိဘက စိုးရိမ်ပူပန်စိတ် များနေရင် ကလေးကိုပါ ပိုပြီးကြောက်လန့်နာကျင်စေပါလိမ့်မယ်။ကလေးတွေကို ဆေးထိုးရင် သိပ်မနာစေဖို့ အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို လက်တွေ့ အသုံးချကြည့်လိုက်နော် မေမေတို့ရေ ……..။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/vaccines/how-to-reduce-pain-during-vaccinations-in-kids/
ရင်တလှပ်လှပ်တုန်စေရတဲ့ အကြောင်းရင်း(၁၁)ခု
ရင်ထဲမှာ တလှပ်လှပ်နဲ့ဖြစ်နေတာ၊ အသက်ရှူရတာ တမျိုးဖြစ်နေတာတွေရင်တုန်ပန်းတုန်ခံစားဖူးမှာပေါ့။ နှလုံးနဲ့ပတ်သက်တဲ့လက္ခဏာဆိုရင်တော့ စိုးရိမ်ဖို့ကောင်းပေမယ့် နှလုံးရောဂါကြောင့်မဟုတ်တဲ့ တခြားအကြောင်းရင်းတွေလည်း အများကြီးရှိတယ်ဆိုတာ သိပ်မသိကြပါဘူး။ ရင်တုန်တယ်ဆိုတိုင်း ခရက်ရှ်နဲ့တွေ့လို့ ရင်ခုန်တယ်ချည်း ထင်မနေနဲ့ဦးနော်။ ဒါတွေကြောင့်လည်း ဖြစ်နိုင်တယ် –။ပြင်းထန်တဲ့စိတ်ခံစားချက်တွေကြောင့် နှလုံးခုန်နှုန်းကိုမြန်စေတဲ့ဟော်မုန်းတွေထုတ်ပေးပါတယ်။ ရုတ်တရက်ကြောက်လန့်စိတ်ကြောင့်ဖြစ်လာတဲ့ ရင်တုန်တာက မိနစ်အနည်းငယ်ကြာနိုင်ပါတယ်။ ချွေးစေးထွက်တာ၊ နှလုံးခုန်မြန်တာ၊ ချမ်းတာ၊ အသက်ရှူရခက်တာတွေဖြစ်လာနိုင်တယ်။မနက်ပိုင်းကော်ဖီသောက်ပြီး နှလုံးခုန်ပိုမြန်နေတာလား။ ကော်ဖီပဲဖြစ်ဖြစ်၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်၊ ချောကလက် စတာတွေကနေရတဲ့ ကဖင်းဓါတ်ကြောင့် နှလုံးခုန်မြန်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကဖင်းသောက်တာများတဲ့သူတွေမှာ ရင်တုန်တတ်တာ မကြာခဏကြုံရပါတယ်။စီးကရက်နဲ့တခြားဆေးရွက်ကြီးထုတ်ကုန်တွေမှာ ပါတဲ့ နီကိုတင်းက သွေးဖိအားကိုမြင့်စေပြီး နှလုံးခုန်နှုန်းကိုမြန်စေပါတယ်။ ကိုယ့်ရဲ့နှလုံးကိုကျန်းမာစေချင်တယ်ဆိုရင် ဆေးလိပ်ဖြတ်တာအကောင်းဆုံးပါပဲ။ ရင်တုန်ခြင်းက နီကိုတင်းဖြတ်တဲ့အခါလည်း ဖြစ်တတ်ပေမယ့် အဲဒါမျိုးကျ ဆေးလိပ်ဖြတ်ပြီး ၃/၄ ပတ်အတွင်း သက်သာသွားတတ်ပါတယ်။အမျိုးသမီးတွေဟာ ရာသီလာတဲ့အချိန်၊ ကိုယ်ဝန်ဆောင်ကာလ၊သွေးဆုံးချိန်နီးလာတဲ့အခါ နဲ့ သွေးဆုံးချိန်တို့မှာ နှလုံးခုန်မြန်နေတတ်ကြပါတယ်။ အကြောင်းရင်းကတော့ ဟော်မုန်းပမာဏကြောင့်ပါပဲ။ ပုံမှန်အားဖြင့် ဒီလိုမြန်လာတာက ယာယီပဲဖြစ်ပြီး စိုးရိမ်ဖို့မလိုပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအားနည်းရင်လည်း ရင်တလှပ်လှပ်တုန်တတ်ပါတယ်။ကိုယ်သောက်သုံးနေတဲ့ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့လည်း ရင်တုန်တတ်ပါတယ်။ ဥပမာ –ပဋိဇီဝဆေးဝါးတွေ၊ မှိုပိုးအတွက်ဆေးဝါးတွေ၊ ပန်းနာရင်ကျပ်ဆေး၊ ချောင်းဆိုးအအေးမိသက်သာဆေး၊ အဆီကျဆေး၊ သွေးတိုးထိန်းဆေး၊ သိုင်းရွိုက်ဆေးဝါးတွေ ပါဝင်ပါတယ်။ ဒီဆေးတွေကို တစ်မျိုးတည်း သို့မဟုတ် တစ်မျိုးထက်ပိုပြီးသောက်ထားတယ်ဆိုရင် နှလုံးခုန်နှုန်းကို သက်ရောက်မှုရှိလာတဲ့အခါ ဆရာဝန်နဲ့တိုင်ပင်ပါ။ဗိုက်ဆာလို့ ကတုန်ကယင်ဖြစ်တာ၊ အားနည်းသွားတာတွေ ဖြစ်ဖူးတယ်မလား။ အစာမရှိလို့ သွေးတွင်းသကြားဓာတ်တွေကျဆင်းတဲ့အခါ adrenaline လို ဟော်မုန်းတွေထွက်စေပါတယ်။ Adrenaline ကြောင့် နှလုံးခုန်သံမြန်စေပါတယ်။သိုင်းရွိုက်ဂလင်းလှုပ်ရှားမှုလွန်ကဲခြင်းဆိုတာ သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုလွန်ကဲတာဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းများရင် နှလုံးခုန်သံတဒုန်းဒုန်းဖြစ်စေနိုင်ပါတယ်။နှလုံးခုန်စည်းချက်နဲ့ပတ်သက်တဲ့ပြဿနာ သို့မဟုတ် ပြဿနာတစ်ခုခုရှိနေရင်လည်း ဒီလိုဖြစ်တာ လက္ခဏာပြနေတာ ဖြစ်နိုင်ပါတယ်။သောက်တာများရင် ဒါမှမဟုတ် ပုံမှန်သောက်နေကျထက် ပိုတယ်ဆိုရင် နှလုံးခုန်သံမြန်နိုင်ပါတယ်။ တချို့လူတွေမှာဆိုရင် နည်းနည်းလေးပဲသောက်တာနဲ့တောင် နှလုံးခုန်မြန်၊ ရင်တုန်တတ်ပါတယ်။ကျန်းမာသူတစ်ယောက်ဆိုရင်တော့ တစ်ခါတလေဖြစ်တာ စိုးရိမ်ဖို့မလိုပါဘူး။ ဒါပေမယ့် –။ဒီလက္ခဏာတွေပါတွဲပြီး ဖြစ်လာတယ်၊ မကြာခဏဖြစ်တတ်တယ် ဒါမှမဟုတ် အချိန်ကြာကြာဖြစ်တယ် ဆိုရင် ဆရာဝန်ပြပြီး စစ်ဆေးကုသဖို့လိုပါမယ်နော်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-arrhythmias/%e1%80%9b%e1%80%84%e1%80%b9%e1%80%90%e1%80%9c%e1%80%bd%e1%80%95%e1%80%b9%e1%80%9c%e1%80%bd%e1%80%95%e1%80%b9%e1%80%90%e1%80%af%e1%80%94%e1%80%b9%e1%80%b1%e1%80%85%e1%80%9b%e1%80%90%e1%80%b2%e1%80%b7/
ကွာရှင်းပြီး မိဘတွေ လုပ်တတ်တဲ့ အမှားများ
ကွာရှင်းပြတ်စဲ ဖို့က လုပ်ဆောင်နိုင်ဖို့ခက်ခဲတဲ့ အရာပါ။ အထူးသဖြင့် ကလေးတွေအတွက် ခက်ခဲမှုရှိနိုင်ပါတယ်။ မိဘတွေကွာရှင်းထားတဲ့ မိသားစုက ကလေးတွေဟာ မိဘတွေရဲ့လမ်းခွဲမှု ကြောင့် အထိနာဆုံးဖြစ်ပါတယ်။ ရန်ဖြစ်ကြတဲ့ မိဘတွေကြောင့် ကလေးတွေရဲ့ တည်ငြိမ်မှုကို ပျက်စီးစေနိုင်ပါတယ်။အချို့ကလေးတွေဟာ ရုတ်တရက် ထွက်ခွာသွားတဲ့ မိဘကြောင့် ဝမ်းနည်းနေတဲ့ အချိန်မှာ အချို့ကတော့ နေ့စဉ် လုပ်ငန်းဆောင်တာတွေ ဖြစ်တဲ့ ညစာပြင်ဆင်ခြင်း၊ အိမ်စာဝိုင်းလုပ်ပေးခြင်း စတာတွေကို မနိုင်နင်းတာဝန်တွေနဲ့ ကျန်ခဲ့ရပါတယ်။ကလေးအများစုမှာ မိဘတွေကွာရှင်းတာကြောင့် ဖြစ်လာတဲ့ စိတ်ဒဏ်ရာတွေက အရွယ်ရောက်တဲ့ အထိပါသွားတတ်ကြပါတယ်။ဒါပေမယ့် ကွာရှင်းပြတ်စဲပြီးသား မိဘတွေက ကလေးတွေရဲ့ စိတ်ဒဏ်ရာကို သက်သာစေဖို့ မကွာရှင်းခင်ကတည်းက သူတို့ရဲ့ အကျင့်တွေကို ပြင်နိုင်ပါတယ်။တယ်လီဖုန်းနဲ့ ဖြစ်စေ၊ အခြားခန်းမှာ ဖြစ်စေကလေးတွေကြားနိုင်တယ်ဆိုရင် ရန်ဖြစ်တာတွေ မလုပ်ဆောင်သင့်ပါဘူး။ အဲလိုလုပ်တာက သင်ထင်ထားတာ ထက်ပိုပြီး ကလေးကို စိတ်ဒဏ်ရာဖြစ်စေနိုင်ပါတယ်။အဲလို လုပ်ခိုင်းတာ က သူတို့ကို အပြစ်ရှိသလို ခံစားရခြင်း၊ နာကျင်ခြင်း၊ စိတ်ပူပန်စေခြင်း နဲ့ စိတ်ရှုပ်ထွေးစေခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။ သူတို့ အတွက် ဆုံးဖြတ်ချက်ကို မိဘတွေက ကိုယ်တိုင်လုပ်ပေးပြီး သူတို့ကို တာဝန်ရှိသလို မခံစားရအောင် လုပ်ဆောင်ပေးရပါမယ်။ကလေးတွေဟာ မိဘတွေက မပြောပြသရွေ့ ဒီလိုပြသနာတွေ အတွက် သူတို့ကိုယ်သူတို့ အပြစ်တင်တတ်ကြပါတယ်။အဖေ၊အမေတွေကို ဆုံရှုံးရမှာ ကြောက်ခြင်းက သူတို့အတွက် စိတ်ဖိစီးမှုအများကြီးဖြစ်စေနိုင်ပါတယ်။ကလေးတွေ နဲ့ မဟုတ်ဘဲ သူငယ်ချင်းတွေနဲ့ ဆရာဝန် တွေနဲ့ အဲဒီလို ကိစ္စတွေကို ဆွေးနွေးမှု လုပ်သင့်ပါတယ်။အဲဒီလို လုပ်ဆောင်တာကြောင့် သူတို့ ကြီးလာတဲ့ အခါသင့်ကို မုန်းသွားနိုင်ပါတယ်။ကလေးတွေကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ လွတ်လွတ်လပ်လပ် ကြီးလာပါစေ။အဲဒါက တစ်ကိုယ်ကောင်းဆန်ပြီး ကလေးတွေကို နာကြင်စေနိုင်ပါတယ်။ အဲဒီလို လုပ်ဆောင်တာကြောင့် သူတို့ ကြီးလာတဲ့ အခါသင့်ကို မုန်းသွားနိုင်ပါတယ်။ငွေကြေးထောက်ပံ့မှုလုပ်စေပြီး အပြစ်ပေးခြင်း စတဲ့ ဆုံးဖြတ်ချက်တွေ နဲ့ ကွာရှင်းပြီးသား သူကို နာကျင်အောင် တမင်ရည်ရွယ်လုပ်ဆောင်ခြင်းက ကလေးကိုပါ နာကျင်စေနိုင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/common-mistakes-divorced-parents/
မနက်နိုးဖို့ ပေးထားတဲ့ နှိုးစက်နာရီတွေ ပိတ်လိုက်ပါတော့
မနက်ပိုင်းလေး အလုပ်ရှိလို့၊ သွားစရာရှိလို့၊စာမေးပွဲဖြေရမှာကြောင့် ဆိုပြီး နှိုးစက်တွေ နာရီဝက်ခြား တစ်ခါလောက် ပေးထားရတဲ့သူတွေထဲ သင်ကိုယ်တိုင်ရော ပါနေလား။ နှိုးစက်သံ အကျယ်ကြီး ကြားတိုင်း ကောင်းနေတဲ့အိပ်မက်ကလေးတွေ ဘယ်လွင့်ပြေးလို့ ပြေးမှန်းမသိ ခေါင်းကိုက်ပြီး နိုးလာရလို့ စိတ်ညစ်ခဲ့ဖူးလား။ ဒီလိုမျိုး ခံစားဖူးတဲ့သူတွေအတွက် ဒီဆောင်းပါးလေးက အဆင်ပြေစေမှာပါ။ ကဲ ….. မနက်နိုးဖို့ ပေးထားတဲ့ နှိုးစက်နာရီတွေ ပိတ်လိုက်ပါတော့ !။မနက်ခင်းအစော နှိုးစက်သံ အကျယ်ကြီးနဲ့ နိုးလာရတဲ့သူတွေဟာခေါင်းကိုက်ခေါင်းမူးခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ နားဆူခြင်းတွေကို ခံစားရတတ်ပါတယ်။ ဒါ့အပြင် အိပ်နေရင်းနဲ့ အသံနဲ့ နှိပ်စက်ပြီး အတင်းနိုးထလာရသလို ဖြစ်တာကြောင့် စိတ်ကလည်း ဘယ်လိုမှ ကြည်နိုင်တော့မှာ မဟုတ်ပါဘူး။ အထူးသဖြင့် နာရီဝက်ခြား တစ်ခါလောက် နှိုးစက်ပေးထားရတဲ့သူတွေဆိုရင် ကိုယ်တိုင်ရော ကိုယ်နဲ့ အတူနေတဲ့ မိသားစုအတွက်ပါ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။သုတေသီတွေရဲ့ လေ့လာချက်အရ ဆူညံတဲ့ နှိုးစက်အသံတွေနဲ့ အတင်းနိုးထတာထက် စိတ်ကြည်လင်စေတဲ့တေးဂီတသံနဲ့အတူ နိုးထခြင်းဟာ လူရဲ့ စိတ်အာရုံကို ပျော့ပျောင်းနူးညံ့စေသလို ညင်သာစွာ နိုးထရတဲ့အတွက် စိတ်ကလည်း ကြည်ကြည်လင်လင် ဖြစ်နေမှာပါ။ ဒီအတွက် ကိုယ်ပုံမှန်အိပ်တဲ့အချိန် ဖွင့်နားထောင်တဲ့ စိတ်အေးချမ်းစေတဲ့ ဂီတသံစဉ်လေးတွေကို ဖွင့်ပေးထားတာမျိုး၊ ပုံမှန် နားထောင်နေတဲ့ သီချင်းတွေထဲမှာမှ နားခံသာလောက်မယ့် သံစဉ်လေးတွေ ဖွင့်ထားလို့ ရပါတယ်။နောက်ထပ် အားသာချက်က လူတွေ နိုးထလာတဲ့အခါ နာရီဝက်လောက်ထိကို အိပ်ရာထဲမှာ ထပ်ပြီး လှဲတဲ့အကျင့်ရှိပါတယ်။ ဒီလိုအချိန်ကို အိပ်ချင်မူးတူးအချိန်လို့လည်း ခေါ်ကြပါတယ်။ အဲဒီအချိန်မှာ လူတွေရဲ့ကြွက်သား၊ ဦးနှောက်အာရုံကြော၊ ကိုယ်တွင်းအင်္ဂါတွေဟာ အနားယူနေဆဲမှာမှ ဖြည်းဖြည်းချင်း ပြန်အလုပ်လုပ်ဖို့ကို အားယူရပါတယ်။ ဂီတသံစဉ်တွေက ဒီအချိန်ခဏလေးကို သာယာငြိမ့်ညောင်းမှု ပေးစွမ်းနိုင်သလောက် နှိုးစက်သံကတော့ လူကိုစိုးရိမ်ပူပန်ခြင်း၊ ထိတ်လန့်တကြားဖြစ်ခြင်း စတဲ့ ခံစားချက်တွေ ဖြစ်စေပြီး လူက ကောင်းကောင်းအနားမယူရဘဲ စိတ်မကြည်မလင်နဲ့ လန့်နိုးလာရတာ ဖြစ်ပါတယ်။အခုထိ ဒါကို မဖြစ်နိုင်လောက်ဘူးလို့ တော်တော်များများက ထင်နေလောက်မှာပါ။ အသံအရမ်း ကျယ်တဲ့ နှိုးစက်တောင် မနက်ကိုမနိုးတာ၊ ဒီလို သာယာတဲ့အသံတိုးတိုးလေးနဲ့ နိုးထလာဖို့ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ တွေးမိလောက်ပြီပေါ့။ တကယ်တော့ ကိုယ့်ရဲ့ အိပ်စက်ပုံအနေအထားနဲ့ တစ်နေ့တာ နေထိုင်မှုပုံစံကို ဖြည်းဖြည်းချင်း ကျင့်ယူရင်ရပါတယ်။ ဘာတွေ အဓိက ပြင်ဆင်ရမလဲဆိုရင်။၁။အိပ်ချိန်ကို အမြဲမှန်အောင် လုပ်ပါ။ ကိုယ်က နေ့စဉ်နေ့တိုင်း အချိန်မှန်အိပ်ပြီး အချိန်မှန်စားတယ်ဆိုရင် မနက်စောစော နိုးဖို့ လွယ်မှာပါ။၂။ စောစောအိပ်နိုင်ဖို့ ကြိုးစားပါ။ မနက်ကို စောစောလည်း ထရမယ်၊ ညလည်း စောစောမအိပ်ချင်ဘူးဆိုရင်တော့ မနက်အစော ဒုက္ခကောင်းကောင်း ရောက်မှာ ကိုယ်တိုင်ပါပဲ။၃။ မနက်ခင်းနဲ့ နေ့လယ်ဘက်မှာ တက်တက်ကြွကြွနေပါ။လေ့ကျင့်ခန်းတွေ နေ့စဉ် ပုံမှန်လုပ်ပေးပါ။ တတ်နိုင်သလောက် တစ်ရေးတမော အိပ်တာရှောင်ပေးပါ။ အိပ်မယ်ဆိုရင်လည်း မိနစ်၂၀ထက် မပိုပါစေနဲ့။၄။ အိပ်ခါနီးကော်ဖီ၊ အရက်၊ ရေနွေးကြမ်းသောက်တာ၊ အစာအများကြီးစားတာ မလုပ်ပါနဲ့။ဒီအတိုင်းလေး နေ့စဉ် ပုံမှန်လုပ်ပေးသွားရင်တော့ ကိုယ့်ရဲ့ မနက်ခင်းလေးတွေက သာသာယာယာလေး ဖြစ်နေမှာပါနော်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/how-to-get-alarm-free-mornings/
ရာသီစာ သရက်သီးက ဒီလိုလေး အကျိုးကျေးဇူးတွေ ပေးပါတယ်
အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာလက်ဖက်ပါတဲ့။ စားအကောင်းဆုံး အစားအစာတွေကို ရည်ညွှန်းပြောဆိုထားတဲ့ ပြောစကားလေး တစ်ခုပေါ့။ ဘယ်အသီးတွေ ဘယ်လောက်ပဲ ကောင်းပါတယ် ပြောပြော ရှေးလူကြီးတွေကတော့ အသီးတွေထဲမှာ သရက်သီးက အကောင်းဆုံးလို့ ဆိုထားပါတယ်။ သရက်သီးကအနံ့အရသာရောအရောင်အဆင်းပါ ပြည့်စုံတဲ့ အသီး တစ်မျိုးပါ။ သရက်သီး အရသာကိုပဲ လူတွေက သိထားကြပြီး သရက်သီးက ဘယ်လိုမျိုး အကျိုးအာနိသင်တွေ ရနိုင်လဲ ဆိုတာ ကိုတော့ သိသူရှားပါတယ်။သရက်ပင်က လွန်ခဲ့တဲ့နှစ်ပေါင်း ၄,၀၀၀ကျော်ကတည်းက ကမ္ဘာမြေပေါ်မှာရှင်သန်ခဲ့တာဖြစ်ပြီး ဟိမဝန္တာဒေသက သရက်ပင်ရဲ့ မိခင်ဒေသပါ။ သရက်သီးအမျိုးပေါင်း ၁,၀၀၀ကျော်ရှိတာဖြစ်ပြီး တစ်မျိုးနဲ့တစ်မျိုး အရသာချင်းမတူကြပါဘူး။အရသာမတူကြပေမယ့်ခန္ဓါကိုယ်ကို အကျိုးပြုတာချင်းကတော့ အတူတူပါပဲ။ သရက်သီးကို အစိမ်းတို့စားတာ၊ သုပ်စားတာ၊ဆားရည်စိမ်စားတာမျိုးရှိသလို ငံပြာရည်ငရုတ်သီးမှုန့်နဲ့နယ်စားတာ၊ ငရုတ်သီးမှုန့်၊ဆားတို့နဲ့လုပ်ထားတဲ့ အရသာမှုန့်နဲ့တို့စားတာလို့လည်းရပါတယ်။အမှည့်ခံပြီးစားတာမျိုးလည်းရှိပါတယ်။ သရက်သီးမှည့်ဖျော်ရည်ကလည်း ရင်အေးစေတဲ့ဖျော်ရည်တစ်မျိုးပါ။ ဘယ်လိုပဲစားစားသရက်သီးက ခံတွင်းတွေ့တာတော့အမှန်ပါ။ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့ သရက်သီး တစ်ပန်းကန်စာမှာ။သရက်သီးမှာဓါတ်တိုးဆန့်ကျင်အာနိသင်တွေပါဝင်နေတာကြောင့်အူမကြီးကင်ဆာ၊ရင်သားကင်ဆာ၊သွေးကင်ဆာနဲ့ဆီးကျိတ်ကင်ဆာတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။နောက်တစ်ချက်က သရက်သီးဟာ အမျှင်ဓါတ်ကြွယ်ဝတဲ့အသီးဖြစ်တာကြောင့်သွေးတွင်းကိုလက်စထရောပမာဏ ကျဆင်းအောင်လည်းလုပ်ဆောင်ပေးပါသေးတယ်။အသားအရေလှချင်သူတွေအနေနဲ့လည်း သရက်သီး စားသုံးပေးသင့်ပါတယ်။ သရက်သီးက အသားအရေကို ချောမွေ့စေပြီးဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ သရက်သီးကို စားပေးရုံတင်မဟုတ်ဘဲ မျက်နှာပေါ်မှာပေါင်းတင်ဖို့အတွက်လည်း အသုံးပြုလို့ရပါတယ်။ မျက်နှာပေါ်ကချွေးပေါက်တွေကိုလည်း ပွင့်စေပါတယ်။နောက်ထပ်တစ်ချက်ကနေ့စဉ်ကွန်ပျူတာတွေ၊ဖုန်းတွေသုံးနေတဲ့သူတွေအနေနဲ့ အမြင်အာရုံကောင်းမွန်စေပြီးကြက်မျက်သင့်တာနဲ့ မျက်လုံးခြောက်သွေ့တာတွေကို ဘိုင့်ဘိုင်လို့ နှုတ်ဆက်နိုင်စေဖို့အတွက် သရက်သီးမှည့်လေး စားပေးပါ။နောက်တစ်ခုပြောပြချင်တာကတော့ သရက်ရွက်အကြောင်းပါ။ သရက်ရွက်ရဲ့ အမွှေးနံ့က ခပ်သင်းသင်းလေးရှိပြီး အရွက်နုလေးတွေကို တို့စားကြတာမျိုးလည်းရှိပါတယ်။ သရက်ကရွက်ကိုရေနွေးဆူဆူထဲထည့်ပြုတ်ပြီး ပြုတ်ရည်ကို တစ်ညသိပ် အရွက်ကို စစ်ပြီး အရည်ကို သုံးဆောင်ပေးမယ် ဆိုရင်လည်းသွေးတွင်းသကြားဓါတ်ကို ကျဆင်းစေတယ်လို့ ဆိုပါတယ်။သရက်သီးမှာ အမျှင်ဓါတ် ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အစာကြေချက်မှုကို ကောင်းမွန်စေတဲ့ အသီး တစ်မျိုးပါ။ ဒါတွေတင်လား ဆိုတော့ မဟုတ်ပါဘူး။ သရက်သီး အစိမ်းကို ဖျော်သောက်ပေးမယ် ဆိုရင်လည်းရာသီဥတုပူပြင်းမှုကြောင့် ခန္ဓါကိုယ်မှာ ဖြစ်လာနိုင်တဲ့ အပူလျှပ်တာလိုမျိုး ဝေဒနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။နောက်ဆုံး တစ်ချက် အနေနဲ့ကတော့ သရက်သီးမှာ ဗီတာမင် C၊ ဗီတာမင် A နဲ့carotenoids ၂၅ မျိုးအထိ ပါဝင်တာကြောင့် ကိုယ်ခံအားကို ကောင်းမွန်စေပြီး အမြဲကျန်းမာနေစေမှာ အသေအချာပါ။ လတ်တလောမှာ လှိုင်လှိုင်ပေါနေတဲ့ သရက်သီးကို အရသာရှိရှိလေး စားသုံးရင်း အပေါ်မှာ ပြောခဲ့တဲ့ အာဟာရဓါတ်တွေနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို လက်မလွှတ်တမ်း ရယူလိုက်ပါ။အရမ်းငယ်သေးတဲ့ ဘေဘီလေးတွေက လွဲရင် သရက်သီးကို လူတိုင်း စားပေးလို့ ရပါတယ်။ အလွန်အကျွံ မဖြစ်ဖို့တော့ လိုပါမယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/mango-health-benefits/
မျိုးအောင်ခြင်းကို အထောက်အကူပြု အားပေးတဲ့ ယောဂပုံစံများ
ယောဂလို့ပြောလိုက်တာနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးတာ နဲ့ ခန္ဓါကိုယ်ကို သွယ်လျလှပစေတဲ့ အချက်တွေကိုပဲ သူ့ရဲ့ ကောင်းကျိုးတွေအဖြစ် ချက်ချင်းပြေးမြင်လေ့ရှိပါတယ်။ တကယ်တမ်းကျတော့ ယောဂကျင့်ခြင်းဟာ ခန္ဓါကိုယ်ကျစ်လစ်လှပစေတာအပြင် အခြားသော အကျိုးကျေးဇူးများစွာကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။ စိတ်ဖိစီးမှုနဲ့ ခန္ဓါကိုယ်မှာရှိတဲ့ အဆီပိုတွေကို လျှော့ချပေးခြင်းအားဖြင့် ကိုယ်ဝန်ရှိဖို့အခွင့်အလမ်းကို ပိုများလာစေတယ်ဆိုတာ အတော်များများ မသိကြပါဘူး။ ယောဂဟာ ကိုယ်ဝန်ဆောင်ကာလအတွက် ပြင်ဆင်ဖို့ အကောင်းဆုံး ကိုယ်လက်လှုပ်ရှားမှုတွေထဲက တခုလို့ယူဆထားကြပါတယ်။ ကဲ …. မျိုးအောင်ခြင်းကို အထောက်အကူပြု အားပေးတဲ့ ယောဂပုံစံများ အကြောင်း လေ့လာလိုပ်ရအောင်နော်။ဒါကြောင့် မျိုးအောင်ခြင်းကို အထောက်အကူပြု အားပေးနိုင်တဲ့ယောဂလေ့ကျင့်ခန်းပုံစံအချို့ကို အောက်မှာဖော်ပြပေးထားပါတယ်။မျိုးအောင်ခြင်းကို အထောက်အကူပြု အားပေးတဲ့ ယောဂပုံစံများ ကတော့။ပထမဆုံး စမ်းကြည့်သင့်တဲ့ ပုံစံကတော့ လွယ်ကူရိုးရှင်းတဲ့ ပုံစံဖြစ်တဲ့ Staff pose ပဲ ဖြစ်ပါတယ်။ ဒီပုံစံဟာ ခြေထောက်နဲ့ ခြေကျင်းဝတ်ကို သွေးပူလေ့ကျင့်ခန်းလုပ်ပေးတဲ့ ပုံစံဖြစ်ပြီး သင့်ခန္ဓါကိုယ်ကို ပြေလျော့စေကာ သွေးလည်ပတ်သွားလာမှုကို တိုးတက်ကောင်းမွန်စေတဲ့ ပုံစံဖြစ်ပါတယ်။ ဒါကြောင့် Staff pose ဟာ မျိုးအောင်နိုင်တဲ့ အခွင့်အလမ်းကို များပြားစေပါတယ်။အောက်ဖော်ပြပါ အချက်လေးတွေအတိုင်း ပြုလုပ်သွားပါ။· ယောဂဆော့တဲ့ ဖျာ သို့မဟုတ် စောင်ပေါ်မှာ သက်တောင့်သက်သာထိုင်လိုက်ပါ။ ခြေထောက်တွေကို ရှေ့သို့ ဖြောင့်တန်းစွာ ဆင်းထားပါ။ ဒူးနဲ့ ခါးကို မတ်မတ်ရှိနေပါစေ။· သင့်ခြေကျင်းဝတ်နှစ်ဖက်လုံးကို နာရီလက်တံလည်တဲ့ပုံစံအတိုင်း ငါးမိနစ်လောက် စက်ဝိုင်းသဏ္ဍာန် လှည့်ပါ။ ပြီးရင် နာရီလက်တံပြောင်းပြန်လည်တဲ့ ပုံစံအတိုင်း ထပ်လှည့်ပါ။· ခါးကွေးပြီး သင့်ခြေဖျားလေးတွေကို ဆယ်ခါလောက်ထိပါ။· ခြေချောင်းလေးတွေကို လှုပ်ခါပါ။· ခြေကျင်းဝတ်ကို ပတ်ချာလည်လှည့်ပါ။ ပြီးရင် ကွေးပါ။· ဒူးကို အပေါ်မြှောက်လိုက်အောက်ချလိုက်လုပ်ခြင်းအားဖြင့် သင့်ခြေထောက်ကို ညင်သာစွာ လှုပ်ခါပါ။ခန္ဓါကိုယ်တခုလုံးရဲ့ အလေးချိန်၊ဖိအား နဲ့ ဝန်တို့ကို ထမ်းထားရတဲ့ သင့်တင်ပါးတဝိုက်နဲ့ ပေါင်တို့ကို ဒီလေ့ကျင့်ခန်းပုံစံက သက်သာစေမှာဖြစ်တဲ့အတွက် ဆီးခုံတဝိုက်က အင်္ဂါတွေကို ထောက်ပံ့အားပေးပါလိမ့်မယ်။ အောက်ပါအချက်လေးတွေအတိုင်း ပြုလုပ်ပါ။· ရှေ့မှာ ပြောခဲ့တဲ့ staff pose အတိုင်းထိုင်ပါ။ ညာဒူးကို ကွေးပြီး ညာခြေကျင်းဝတ်ကို ဘက်ဖက်ဒူးပေါ် တင်ပါ။ ညာခြေထောက်နဲ့ ဘယ်ဖက်ပေါင်က ထောင့်မတ်ဖြစ်နေပါစေ။ ဘယ်ဖက်ခြေထောက်တဖက်တည်းကို အားပြုရပ်ရမှာဖြစ်တဲ့အတွက် တည်ငြိမ်အောင် ဘယ်ဖက်ခြေထောက်ကို အနည်းငယ် ကွေးပါ။· ညာခြေထောက်ကို ကွေးပြီး ဘယ်ဖက်လက်ဖဝါးနဲ့ ညာဖက်ခြေဖဝါးကို ဆုပ်ကိုင်ပါ။ ပြီးရင် အစက အတိုင်း ဘက်ပြောင်းပြန် ပြန်လုပ်ပါ။· ညာဖက်လက်နဲ့ ပေါင်ကို အသာအယာဖိပါ။ အသက်ပြင်းပြင်း သုံးခါရှုပါ။· ဒူးကို ဖြည်းညင်းစွာ ကွေးလိုက်ဆန့်လိုက်လုပ်ပါ။ ဒီအဆင့်ဟာ ဒူးခေါင်းတွင်းရှိ ချောဆီသဖွယ်ပြုလုပ်ပေးတဲ့ အရည်တွေကို အားပေးကူညီပါတယ်။· ရှေ့ကို ဖြည်းဖြည်းချင်း ကိုင်းပါ။· ပြီးရင် ဘက်ပြောင်းပြန် ပြန်လုပ်ပါ။တနေကုန် စားပွဲမှာ ထိုင်ပြီး အလုပ်လုပ်နေရတဲ့ အမျိုးသမီးတွေအတွက် ဒီပုံစံက အသုံးဝင်ပါတယ်။ တနေကုန်အညောင်းမိပြီး ထိုင်နေရခြင်းဟာ တင်ပါးနဲ့ ပေါင်တွေကို တင်းကြပ်စေတဲ့အတွက် သင့်သွေးလည်ပတ်မှုအတွက် မကောင်းပါဘူး။ ဒီပုံစံဟာ သင့်ခန္ဓါကိုယ်ရဲ့ တင်းကြပ်မှုတွေကို ဖြေလျှော့ပေးနိုင်ပြီး ကိုယ်နေဟန်ထားကိုလည်း မှန်စေပါလိမ့်မယ်။ အောက်ပါအချက်လေးတွေအတိုင်း ပြုလုပ်ပါ။·ယောဂကျင့်ဖို့အထူးစီမံထားတဲ့ အခင်း/ဖျာပေါ်မှာ ပက်လက်လှန်အိပ်လိုက်ပါ။ ခြေထောက်တချောင်းလုံးကို ဆန့်တန်းပါ။· ဒူးခေါင်းနားကို သင့်လက်တွေနဲ့ အုပ်ကိုင်ပြီး ညာဒူးကို ကွေးကာ သင့်ရင်ဘတ်ဆီ ဆွဲတင်ရပါမယ်။· အဆိုပါ ပုံစံအတိုင်းထိန်းထားပြီး အသက်ပြင်းပြင်းငါးခါ ရှုရပါမယ်။ ပြီးရင် လွှတ်လိုက်ပါ။· ဒူးနှစ်ဖက်လုံးကို ရင်ဘတ်ဆီဆွဲတင်ပါ။ ဒူးခေါင်းတွေကို လက်နဲ့ အုပ်ကိုင်ထားပါ။ ခြေထောက်နှစ်ချောင်းလုံးကို ပူးကပ်ထားပါ။ အသက်ပြင်းပြင်း ငါးခါရှုပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/fertility-boosting-yoga-poses/
ကိုလက်စထရောကို ဘယ်လိုလျှော့ချမလဲ
ကိုလက်စထရောဆိုတာကတော့ သွေးထဲမှာရှိတဲ့ အဆီဓာတ်ပဲ ဖြစ်ပါတယ်။ ကိုလက်စထရောတချို့ကို အစားအစာတွေက ရရှိပြီး ကျန်တချို့ကိုတော့ ကိုယ်ခန္ဓာထဲမှာပဲ ထုတ်လုပ်ပါတယ်။ ကိုလက်စထရောဟာ သူ့နေရာနဲ့သူ အသုံးဝင်ပါတယ်။ ကိုယ်ခန္ဓာကနေ ဟော်မုန်းနဲ့ ဆဲလ်တွေ ပြုလုပ်ဖွဲ့စည်းရာမှာ ကိုလက်စထရောကို အသုံးပြုပါတယ်။ ဒါပေမယ့် ကိုလက်စထရောတချို့ဟာနှလုံးကို ထိခိုက်စေပါတယ်။ကိုယ်ခန္ဓာထဲမှာ ကိုလက်စထရောနှစ်မျိုး ရှိပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။• Low-density lipoprotein (LDL)။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ကိုလက်စထရောဖြစ်ပြီး သွေးလွှတ်ကြောတွေကို ပိတ်ဆို့စေပါတယ်။ ခန္ဓာကိုယ်ထဲမှာ 100 mg/dL အောက်ပဲ ရှိသင့်ပါတယ်။• High-density lipoprotein (HDL)။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုလက်စထရောဖြစ်ပြီး မကောင်းတဲ့ LDL ကိုလက်စထရောကို သွေးကြောထဲက ဖယ်ထုတ်နိုင်အောင် ကူညီပေးပါတယ်။ သွေးထဲမှာ 60 mg/dL နဲ့အထက် ရှိသင့်ပါတယ်။သွေးထဲမှာ ကိုလက်စထရောများပြားလွန်းရင် သွေးကြောတွေမှာ စုပုံလာပါတယ်။ သွေးကြောနံရံတွေမှာ အနည်အဖတ်တွေ ဖြစ်ပေါ်လာစေပါတယ်။ အဲဒီအချိန်မှာ သွေးကြောနံရံတွေ မာခဲလာပြီး သွေးလည်ပတ်မုှကို လျော့နည်းလာစေပါတယ်။တခါတရံမှာ အဆိုပါ နံရံများဟာ ပျက်စီးတတ်ပြီး ထိခိုက်စေတဲ့နေရာမှာ သွေးခဲခြင်း ဖြစ်ပေါ်စေပါတယ်။ အဆိုပါသွေးထဲဟာ သွေးကြောထဲလှည့်လည်သွားပြီး နှလုံးသွေးကြောထဲကို ရောက်သွားချိန်မှာ ပိတ်ဆို့မှုဖြစ်ပေါ်စေပါတယ်။ အဲဒီအချိန်မှာ နှလုံးကိုထိခိုက် (heart attack) စေပါတယ်။ဒါ့အပြင် သွေးခဲဟာ ဦးနှောက်ကိုသွားတဲ့ သွေးကြောထဲရောက်သွားတတ်ပြီးဦးနှောက်သွေးစီးဆင်းမှုကို ထိခိုက်စေပါတယ်။ အဲဒီအခါ လေဖြတ်ခြင်း ဖြစ်စေပါတယ်။အဓိကအားဖြင့် စားသောက်မှုပုံစံ၊ လေ့ကျင့်ခန်း၊ နေထိုင်မှုပုံစံ စတာတွေပြောင်းလဲပေးရပါမယ်။၁။စားသောက်မှုပုံစံကိုပြောင်းပါ။အရေးကြီးတာက မကောင်းတဲ့ LDL ကိုလက်စထရောကို လျှော့ချနိုင်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ HDL ကိုလက်စထရောကို မြင့်တက်စေဖို့ ဖြစ်ပါတယ်။ LDL ကိုလက်စထရောကို မြင့်တက်စေတဲ့ ပြည့်ဝဆီ၊ ပုံပြောင်းဆီတွေကို ရှောင်ကြဉ်ရပါမယ်။ပြည့်ဝဆီပါဝင်တဲ့ အစားအစာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။– Red meat များ (အမဲသား၊ သိုးသား၊ ဆိတ်သားများ)။– ဟော့ဒေါ့၊ အမဲအူကြပ်တိုက်၊ ဆလာမီ (ဝက်/အမဲ) စသည့် အဆင့်ဆင့်ပြုပြင်ထားသည့် အစားအစာများ။– ရေခဲမုန့်၊ ခရင်မ်ဒိန်ခဲ၊ မပြုမပြင်ရသေးသည့်နွားနို့။ပုံပြောင်းဆီများဟာ ဟိုက်ဒရိုဂျင်ကိုသုံးပြီး အဆီများကို အရည်ပုံစံကနေ အခဲအနေအထားကို ပြောင်းလဲထားခြင်း ဖြစ်ပါတယ်။ အစားအစာထုတ်လုပ်သူများဟာ အစာကိုတာရှည်ခံအောင် ထုတ်ပိုးနိုင်တဲ့အတွက် ပုံပြောင်းဆီကို ကြိုက်ကြပါတယ်။ ဒါပေမယ့် ပုံပြောင်းဆီဟာ သွေးလွှတ်ကြောတွေကို ဒုက္ခပေးတတ်ပါတယ်။ပုံပြောင်းဆီ၊ ပြည့်ဝဆီများဟာ LDL ကိုလက်စထရောကို တက်စေရုံသာမက HDL ကိုလက်စထရောကို ကျဆင်းစေတတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် လုံးဝရှောင်ကြဉ်သင့်ပါတယ်။ ပုံပြောင်းဆီပါဝင်တဲ့ အစားအစာတွေကတော့။– ဆီဖြင့်ကြော်ထားသော စားစရာများ။– အသင့်စား စားစရာများ။– ကွတ်ကီး၊ ခရက်ကာ၊ ကိတ်မုန့် စသည့် ဖုတ်ပြီး ထုပ်ပိုးထားသော စားစရာများ။အဲဒီအစား ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေရရှိနိုင်တဲ့ အောက်ပါအစားအစာများကို စားသုံးသင့်ပါတယ်။– ဆယ်လ်မွန်၊ တူနာ၊ ထရောက်ငါး၊ ငါးကွန်းရှပ်၊ ငါးသေတ္တာ။– သံလွင်ဆီ၊ ကနိုလာဆီ၊ ဆူးပန်းဆီ၊ နေကြာဆီ။– ထောပတ်သီး။– သစ်ကြားသီး၊ ပီကန်စေ့ စသည့်အစေ့အဆန်များ။– ပဲပိစပ်။ကြည့်ကောင်းအောင် လွန်ကဲစွာပြုပြင်ထားတဲ့ သကြားများနဲ့ ဂျုံများကိုလည်း သတိပြုရပါမယ်။ မပြုပြင်ရသေးတဲ့ ဂျုံ၊ ဆန်လုံးညို စတာတွေကို ဦးစားပေး စားသုံးသင့်ပါတယ်။ အမျှင်ဓာတ်ပြည့်ဝပြီး ကိုယ်ခန္ဓာထဲမှာ ပိုနေတဲ့ ကိုလက်စထရောတွေကို ဖယ်ထုတ်ပေးပါတယ်။၂။လေ့ကျင့်ခန်းပိုလုပ်ပါ။ကြံ့ခိုင်တောင့်တင်းမှုဟာ တကိုယ်ရေကျန်းမာရေးအတွက် မရှိမဖြစ် အရေးကြီးပါတယ်။ HDL ကိုလက်စထရောကိုလည်း မြင့်မားစေပါတယ်။ နေ့စဉ် နာရီဝက်ခန့် အေရိုးဗစ်လေ့ကျင့်ခန်း လုပ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။အချိန်ကောင်းကောင်းမပေးနိုင်ရင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ချိန်ကို အပိုင်းခွဲနိုင်ပါသေးတယ်။ ဥပမာ မနက်စောစော ဆယ်မိနစ်ခန့် လမ်းလျှောက်ပါ။ နေ့လယ်စာစားချိန်မှာ ဆယ်မိနစ်ခန့်နှင့် အိမ်ပြန်ချိန်မှာ ဆယ်မိနစ်ခန့် စသဖြင့် လမ်းလျှောက်နိုင်ပါတယ်။ ဆွဲအားတင်းအားသုံးလေ့ကျင့်ခန်းတွေဖြစ်တဲ့ အလေးမခြင်း၊ သားရေပြားဆွဲခြင်း စတာတွေကို တစ်ပတ်မှာနှစ်ကြိမ်လောက် ပြုလုပ်သင့်ပါတယ်။၃။ကိုယ်အလေးချိန်လျှော့ချပါ။အစားအသောက်ကို ဆင်ခြင်စားသောက်ပြီး ကိုယ်လက်လေ့ကျင့်ခန်း ပိုမိုလုပ်ဆောင်ခြင်းဟာ သင့်ကို ကိုယ်အလေးချိန်လျော့စေမှာပါ။ ကိုယ်အလေးချိန် များနေရင်၊ အဝလွန်နေရင် ၅ပေါင်ကနေ၁၀ပေါင်ထိ လျှော့ချခြင်းကတောင် ကိုလက်စထရောလျော့ကျစေဖို့ အထောက်အကူပြုပါတယ်။၄။ဆေးလိပ်ဖြတ်ပါ။ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးအတွက် မသင့်တော်တဲ့ အလေ့အထပဲ ဖြစ်ပါတယ်။ ကင်ဆာနဲ့ အဆုတ်ရောဂါများအပြင် စီးကရက်မှာပါဝင်တဲ့ ဓာတုပစ္စည်းများဟာ သွေးကြောများကို ထိခိုက်စေပါတယ်။ ဆေးလိပ်ဖြတ်ဖို့ ခက်ခဲပေမယ့် ဆေးလိပ်ဖြတ်ပေးတဲ့ အထူးအစီအစဉ်တွေ၊ အထောက်အကူပြုအဖွဲ့တွေရှိပါတယ်။၅။ကိုလက်စထရောကျဆေးအတွက် ဆရာဝန်နဲ့ တိုင်ပင်ပါ။နေထိုင်မှုပုံစံပြောင်းရုံနဲ့ ကိုလက်စထရော သိသိသာသာမကျဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ လိုအပ်ရင် ဆေးဝါးအကူအညီနဲ့ ကိုလက်စထရောကျဆင်းအောင် ကြိုးစားနိုင်ပါတယ်။ ဆေးဝါးအချို့ဟာ LDL ကိုလက်စထရောကို ကျဆင်းစေပြီး HDL ကိုလက်စထရောကို မြင့်တက်စေပါတယ်။ခြုံငုံပြောရရင်ကျန်းမာရေးအတွက် အကျိုးမပြုတဲ့ ကိုလက်စထရောအမျိုးအစားကို လျှော့ချပြီး ကောင်းမွန်တဲ့ ကိုလက်စထရောအမျိုးအစားကို မြင့်တက်စေရမှာ ဖြစ်ပါတယ်။ ဒီအတွက် နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံတွေကို ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်ပြီး ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ရပါမယ်။ ဒီအချက်တွေနဲ့ မလုံလောက်ရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
heart-health
heart-health
https://hellosayarwon.com/heart-health/cholesterol/tips-to-lower-cholesterol/
ကလေးများတွင် မူးဝေခြင်းကို ဖြစ်စေနိုင်သော အကြောင်းများ
ကလေးများသည် ရောဂါအမျိုးမျိုးဖြစ်နိုင်သည့် အတွက် သူတို့ကိုပြုစုပျိုးထောင်ရာတွင် မိဘများသည် ဖျားနာခြင်း၊ ဝမ်းလျှောခြင်း၊ အအေးမိခြင်း၊ ပန်းနာရင်ကျပ်ဖြစ်ခြင်း စသည့်အခြေအနေအမျိုးမျိုးနှင့် ရင်ဆိုင်ရလေ့ရှိပါသည်။ထို့ပြင် ကလေးများသည် မူးဝေခြင်းဖြစ်တတ်သောကြောင့် အောက်ပါဆောင်းပါတွင် ကလေးများကို မူးဝေခြင်းဖြစ်စေတတ်သော အကြောင်းမျာနှင့် ယင်းတို့ကို ကိုင်တွယ် ဖြေရှင်းရန် နည်းလမ်းများကို ဖော်ပြထားပါသည်။မူးဝေခြင်းသည် ဟန်ချက်မညီဖြစ်ခြင်းဖြစ်ပြီး လူအများစုသည် မူးဝေခြင်းပုံစံ ၃ မျိုးရှိကြောင်း မသိကြချေ။ယင်းဖြစ်စဉ်သည် စိတ်အာရုံများရှုပ်ထွေးခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင်မကြည်လင်ခြင်းတို့ဖြစ်ကာ ရုတ်တရက် သတိလစ်သွားခြင်းဖြစ်သည်။ အများအားဖြင့် မတ်တပ်ရပ်နေချိန်တွင် ရုတ်တရက် မူးလဲသွားခြင်းမျိုးဖြစ်ပါသည်။လူနာသည် သူစိတ်ထဲတွင် အခန်း သို့မဟုတ် ခေါင်းတခုလုံး ချာချာလည်နေသည်ဟုခံစားရသော မူးဝေခြင်းမျိုးဖြစ်သည်။လူနာသည် သူ့ဟန်ချက်ကိုသူ မထိန်းနိုင်ဘဲ အထက်ဖော်ပြပါအတိုင်း ပုံစံ ၂ မျိုးရောကာ မူးဝေခြင်းဖြစ်သည်။ယင်းသည် ခေါင်းအနေအထား ရုတ်တရက်ပြောင်းလဲခြင်းကြောင့် မူးဝေခြင်းဖြစ်ပြီး ထိုသို့စတင်ခံစားရပါက ပြင်းထန်စွာ မူးဝေခြင်းကို ဖြစ်စေသည်။ အိပ်ရာမှ ရုတ်တရက်ထခြင်း၊ အိပ်နေစဥ ဟိုဘက် သည်ဘက်အနေအထားရုတ်တရက် ပြောင်းလဲခြင်းများကြောင့် လဲ ထိုသို့မူးဝေခြင်းကို ဖြစ်စေပါသည်။နားနှင့် ဆိုင်သော အချို့ပြသနာများကြောင့် မူးဝေခြင်း ဖြစ်ရသည်။နားအတွင်းဖက်တွင်ရောင်ရမ်းခြင်း။နားအတွင်းဖက်တွင်ရောင်ရမ်းခြင်းဖြစ်လျှင် မူးဝေခြင်းကို ခံစားရနိုင်သည်။ သိုကသော် ထိုရောင်ရမ်းမှုများသည် ရက်အတန်ကြာလျှင် ပျောက်ကင်းသာနိုင်သော်လည်း မြန်မြန်သက်သာစေရန် ဆရာဝန်ညွှန်ကြားသည့် ဆေးများကို သောက်နိုင်သည်။နားတွင်းရောဂါပိုးဝင်ခြင်း။ကလေးများတွင် နားတွင်းရောဂါပိုးဝင်ခြင်းကြောင့် မူးဝေခြင်းများဖြစ်တတ်ပြီး ထိုရောဂါပျောက်သွားလျှင် မူးဝေခြင်းကို လည်း မခံစားရတော့ပေ။Meniere’s နားရောဂါ။ယင်းရောဂါသည် နားအတွင်းခန်းရောဂါကြောင့် နားလေထွက်ခြင်းနှင့် မူးဝေခြင်းဖြစ်သောရောဂါဖြစ်ပြီး နားအတွင်းပိုင်းတွင် အရည်များစုပုံလာခြင်းဖြစ်သည်။ လူနာသည် ချာချာလည်အောင်မူးခြင်း နှင့် နာရီအတန်ကြာမျှ မူးဝေခြင်းတို့ကို ခံစားရနိုင်သည်။Migraine ရောဂါ။ယင်းရောဂါသည် လည်း နားအတွင်းပိုင်းတွင် အရည်များစုပုံလာခြင်းကြောင့် ဖြစ်သော ခေါင်းမူးခေါင်းကိုက်ရောဂါ တမျိုးဖြစ်သည်။ လူနာသည် ချာချာလည်အောင်မူးခြင်း နှင့် နာရီအတန်ကြာမျှ မူးဝေခြင်းတို့ကို ခံစားရနိုင်သည်။ဆေးဝါးများ။အချို့သော ဆေးများ၏ ဘေးထွက်ဆိုးကျိုးအနေနှင့် ခေါင်းမူးခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် သင့်ကလေးသည် အကြောင်းကြောင်းကြောင့် ဆေးများသောက်ပြီး မူးဝေလာပါက ဆေးများကို ရပ်ပြီး ဆရာဝန်နှင့် ပြသပါ။စိုးရိမ်စိတ်လွန်ကဲခြင်းကြောင့်ဖြစ်သော စိတ်မူမမှန်မှုများ။ယင်းသည်လည်း ကလေးများတွင် ခေါင်းမူးခြင်းကိုဖြစ်စေသော အကြောင်းများထဲမှ တခုဖြစ်သည်။ဥပမာ- စိုးရိမ်ထိတ်လန့်ခြင်းသည် ကြာရှည်စွာ မူးဝေခြင်းကို ဖြစ်စေနိုင်သည်။ အချို့သောသူများတွင် ထိုသို့သော စိုးရိမ်စိတ်လွန်ကဲခြင်းကြောင့်ဖြစ်သော စိတ်မူမမှန်မှုများကြောင့် မူးဝေခြင်း ဝေဒနာကို ကြာရှည်စွာ ခံစားရသည်များကိုတွေ့ရပါသည်။သွေးအားနည်းခြင်း။သွေးထဲတွင် မရှိမဖြစ်သော သွေးနီးဥများ၊ သံဓါတ်နှင့် Hemoglobin ခေါ် အောက်ဆီဂျင်ဓါတ်နည်းခြင်းကြောင့် သွေးအားနည်းခြင်း ဖြစ်ရသည်။ ထိုအခါ မူးဝေခြင်း၊ မောပန်းခြင်း၊ နွမ်းနယ်ခြင်းတို့ ပါခံစားလာရပါသည်။သွေးထဲတွင် သကြားဓါတ်နည်းခြင်း။သွေးထဲတွင် သကြားဓါတ်နည်းခြင်းသည် ကလေးငယ်များတွင် မူးဝေခြင်းကို ဖြစ်စေပါသည်။ သွေးကြောထဲတွင် ရှိသင့်သော အချိုဓါတ်မျာကို ထိန်းသိမ်းနိုင်စွမ်းမရှိသောအခါ မူးဝေလာစေသည်။ အဝလွန်သော ကလေးများတွင် ထိုအခြေအနေသည် ပိုဆိုးကြောင်းတွေ့ရသည်။အပူလွန်ကဲခြင်း နှင့် ရေဓါတ်ခမ်းခြောက်ခြင်း။အပူလွန်ကဲခြင်း နှင့် ရေဓါတ်ခမ်းခြောက်ခြင်းကြောင့် ကလေးအတော်များများတွင် မူးဝေခြင်းကို ဖြစ်စေသည်။ ထို့ကြောင့် သင့်ကလေးကို ရေဓါတ်ပြည့်ဝအောင်ကျွေးပါ။ ပူသောအရာများနှင့် ကြာရှည်စွာ ထိတွေ့နေထိုင်ခြင်းကို ရှောင်ကျဉ်ပါ။နာတာရှည် မူးဝေခြင်း ဝေဒနာကို ခံစားနေရခြင်း။အချို့သော ကလေးငယ်များသည် အကြောင်းရင်းရေရေ ရာရာ မရှိပါဘဲ မူးဝေခြင်းဝေဒနာကို ကာလကြာရှည်စွာ ခံစားနေကြရပါသည်။ အချို့သော လှုပ်ရှားမှုများနှင့် အမြင်အာရုံဆိုင်ရာ ပြသနာ အချို့က ကာလကြာရှည်စွာမူးဝေခြင်းကို ဖြစ်စေနိုင်ပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/neurological-diseases/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%99%e1%80%b0%e1%80%b8%e1%80%9d%e1%80%b1%e1%80%81%e1%80%bc/
သင့်ကလေးက ဘယ်လိုနို့စို့သူလဲ
နို့စို့ခြင်းဟာ မိခင်ရော ကလေးပါ အတူတကွ ဆောင်ရွက်တဲ့ အရာ ဖြစ်တယ်။ နို့စို့နေစဉ် ပြုမူသမျှ ကလေးရဲ့ အပြုအမူတိုင်းကို ကြည့်ပြီး မွေးကင်းစလေးတွေကို နို့စို့တဲ့ ပုံစံအမျိုးမျိုး ခွဲနိုင်တယ်။ သီအိုရီတွေ အရတော့ Yale တက္ကသိုလ်ရဲ့ လတ်တလော လေ့လာမှုတွေ အရ ကလေးတွေရဲ့ နို့စို့ပုံစံ ၅ မျိုး ခွဲနိုင်ပါတယ်။ the Barracuda, the Excited-Ineffective, the Procrastinator, the Gourmet, the Rester တို့ ဖြစ်တယ်။ ကဲ …. သင့်ကလေးက ဘယ်လိုနို့စို့သူလဲ ဆိုတာ ဆန်းစစ်လိုက်ပါ။သင့်ကလေးက ဘယ်လိုနို့စို့သူလဲ ဆိုတော့။အချိန်ကြာကြီး(မိနစ် ၂၀ ခန့်) အားနဲ့မာန်နဲ့ နို့သောက်နေမယ် ဆိုရင်တော့ သင့်သားသားလေး သို့ မီးမီးလေးဟာ barracuda အမျိုးအစားပဲဖြစ်တယ်။ ထိုပုံစံက ကလေးအတွက်လည်း ထိခိုက်စရာ မရှိသလို သင့်အတွက်လည်း အချိန်ကုန် သက်သာစေမှာပါ။ ဒါပေမယ့် ထိုကဲ့သို့ ဆက်တိုက် အချိန်ကြာနို့စို့ခြင်းက မိခင်ရင်သားကို နာကျင်မှုတော့ ဖြစ်စေနိုင်ပါတယ်။နို့သီးခေါင်း ထိခိုက်ခြင်း၊ အနာတရ ဖြစ်ခြင်းတွေ ကာကွယ်ဖို့ကတော့ မိခင်က ကလေးငယ်ကို ပုံစံမှန်နဲ့ နို့စို့စေဖို့ အနေအထား ပြင်ပေးရမှာ ဖြစ်တယ်။ ရင်သား ရောင်ရမ်းလာပြီ ဆိုရင် နို့စို့နေတဲ့ပုံစံ ပြင်ရတော့မှာ ဖြစ်တယ်၊ ကလေးငယ်ကို ညင်သာစွာ ဂရုတစိုက် ဖယ်ပြီး အော်မယ်၊ ငိုမယ် ဆိုရင်တော့ချိုလိမ်သို့ သင့်လက်သန်းလေးကို ခဏ အစားပေးထားနိုင် ပါတယ်။သင့်ကလေးငယ်က သူနို့စို့ရတော့မှာကို သိရင် အလွန်ကိုပျော်ရွှင်စိတ်လှုပ်ရှား နေပေမယ့် တကယ် နို့ရည် ရအောင် မသောက်တတ်ဘူးဆိုရင်တော့ ဒီအမျိုးအစားလို့ ပြောရတော့မှာ ပါပဲ။ ထိုအချိန်ဆိုရင်တော့ မကြာခင်မှာ မကျေမနပ် စိတ်ရှုပ်ထွေးစွာ အော်ဟစ်ငိုယိုခြင်းတွေလိုက်လာတော့မှာ အမှန်ပါပဲ။ ထိုကဲ့သို့ ဖြစ်လာရင်တော့ ကလေးကို အရင်ချော့ပါ၊ ပြီးမှ သူတို့ နိုးလာတဲ့ အချိန်မှာ နို့တိုက်ပါ၊ ဒါဆိုရင် နို့စို့ရဖို့စောင့်နေရင်း စိတ်လှုပ်ရှားနေမယ့် အချိန် တိုသွားပါလိမ့်မယ်။ထိုအမျိုးအစားကတော့ နို့တိုက်ရအခက်ဆုံးလို့ပြောကြပါတယ်။ ထိုကဲ့သို့အမူအကျင့်ရှိတဲ့ကလေးလေးတွေကတော့ အများအားဖြင့်နို့စို့ဖို့ပျင်းနေ၊ ငိုက်နေတတ်တယ် ဒါမှမဟုတ် နို့စို့ရင်းငိုက်မြည်းနေတတ်ပါတယ်။ ဒီလိုကလေးမျိုးကိုတော့ လုံလောက်တဲ့အရေးကြီးအာဟာရတွေပုံမှန်ရနေဖို့ သေချာသတိထားနေရပါမယ်။ နို့စို့ဖို့အကျင့်ဖြစ်နေစေဖို့ နို့စို့ချိန်မဟုတ်ရင်တော့မှ သင့်ရင်သားနားမကြာခဏ ပုံမှန်ထားပေးရမယ်။ ဒါ့အပြင် အရမ်းအိပ်လွန်းနေရင် နှိုးဖို့လည်းလိုပါလိမ့်မယ်။ဒီလိုကလေးမျိုးကတော့ မေမေတို့ရဲ့ရင်သားနဲ့ဆော့ရတာနှစ်ခြိုက်ပြီး တကယ် နို့ရည် စသောက်ဖို့ အချိန်ကြာတဲ့အမျိုးအစားဖြစ်တယ်။ ဒီလိုဆိုပြီးတော့လည်း သူ့ကိုနို့စို့ဖို့ အတင်းတိုက်တွန်းလို့မရပါဘူး၊ စိတ်တိုသွားတတ်ပါတယ်။ ထိုအခြေအနေမျိုးဆိုရင်တော့ မိခင်ဟာစိတ်ရှည်စွာစောင့်ရပါလိမ့်မယ်။ သင့်ကလေးငယ်ကိုခဏလောက်ပျော်ပျော်ကြီးဆော့ပါစေ။နောက်ဆုံးအမျိုးအစားကတော့ နားလိုက်၊ သောက်လိုက် အမျိုးအစားဖြစ်တယ်။ နို့စို့နေစဉ်မှာမိနစ်ပိုင်းသာစို့ပြီး ခဏရပ်သွားကာ ပြီးမှပြန်သောက်တာဖြစ်နိုင်ပါတယ်။ တချို့ကလေးတွေဆိုရင် နို့စို့နေစဉ်အိပ်ပျော်သွားပြီးမှ ခဏအကြာပြန်နိုးလာကာ ပြန်လည်သောက်သုံးတာမျိုးလည်းရှိပါတယ်။ ထိုအမျိုးအစားဆိုရင်တော့ကလေးနို့သောက်ချိန်သတ်မှတ်ထားဖို့ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် အဖြေကတော့စိတ်ရှည်ဖို့ပါပဲ၊ အချိန်ကြာလာပါက ဒီထက်ပိုမြန်လာပါလိမ့်မယ်။မိခင်တစ်ယောက်အနေနဲ့ မိမိကလေးငယ်ရဲ့ နို့သောက်သုံးမှုအမူအကျင့်ကိုနားလည်ထားခြင်းက သူတို့နို့စို့ခြင်းကိုကိုင်တွယ်ရလွယ်ကူစေသလို၊ သူတို့အမူအကျင့်ကိုလည်းသိရလွယ်လာစေပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/babys-nursing-style/
Whey ပရိုတင်း ဆိုတာ ဘာလဲ။ ဘယ်လိုကောင်းကျိုးတွေရှိလဲ။
လူတိုင်းနီးပါး ကြိုက်လို့ သောက်နေသောနို့၊ ကျန်းမာရေးအတွက်၊ အသားအရေအတွက်၊ အရိုးသန်စွမ်းရေးအတွက် ကလေး၊ လူကြီး၊ လူငယ်မရွေး သောက်နေကြတဲ့ နို့မှာ casein နဲ့ whey လို့ ခေါ်တဲ့ ပရိုတင်း (၂)မျိုးပါတယ်။ မသောက်ဖူးတဲ့သူ မရှိတဲ့ နို့ရဲ့ ကောင်းကြောင်းတွေကို အားလုံးသိပြီးကြသော်လည်း ခုနောက်ပိုင်းခေတ်စားလာတဲ့ လူပြောများလာတဲ့ နို့ထဲပါတဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ Whey ပရိုတင်း ဆိုတာ ဘာများပါလဲ။ သောက်လိုက်ရင်ရော ကျန်းမာရေးအတွက် ဘာတွေကောင်းစေလဲ ဆိုတာ သိချင်ကြမယ်ထင်ပါတယ်။Whey ပရိုတင်း ဆိုတာ ခုနောက်ပိုင်း လူပြောများလာတဲ့၊ လူတွေ အသုံးများလာတဲ့ ဖြည့်စွက်စာ တစ်မျိုးဖြစ်ပါတယ်။ “ပရိုတင်း” အသားဓာတ်ဆိုတဲ့ အတိုင်း Whey ပရိုတင်း ဆိုတာ ကိုယ်ခန္ဓာလှပကျစ်လစ်အောင် တည်ဆောက်နေတဲ့သူတွေမှာ ကြွက်သားတက်အောင် သောက်နေကြတဲ့ ဖြည့်စွက်စာ တစ်မျိုး ဖြစ်ပါတယ်။ Whey proteinက တခြား ကျန်းမာရေး ကောင်းကျိုးတွေလည်း ရှိတာကြောင့် အခုနောက်ပိုင်းမှာတော့ သာမန်လူတွေလည်း သောက်လာကြပါပြီ။ ဘာတွေအတွက် ကောင်းလဲဆိုတာကို ကြည့်လိုက်ရအောင်။လေ့လာချက်တွေအရ Whey ပရိုတင်း မှာပါတဲ့ ပရိုတင်းဓာတ်က အစာစားချင်စိတ်ကိုလျော့ကျစေပြီး ကြွက်သားတည်ဆောက်တဲ့ နေရာမှာ ကူညီပေးပါတယ်တဲ့။ ဒီတော့ မလိုအပ်တဲ့အဆီတွေကို လျော့ကျစေပြီး ကြွက်သားထုထည်ကို တိုးတက်စေပါတယ်။ Gym ဆော့ကြတဲ့လူငယ်တွေအကြိုက်ဖြစ်သလို အခုနောက်ပိုင်းရဲ့ ရှာဖွေတွေ့ရှိချက်တွေအရ အသက်ကြီးလာတဲ့သူတွေမှာ ဖြစ်တဲ့ ကြွက်သားတွေဆုံးရှုံးမှုကိုလည်း အကာအကွယ်ပေးနိုင်တာကြောင့် Whey ပရိုတင်းကို အသက်ကြီးလာတဲ့အခါမှာ လျော့တွဲမှုတွေမဖြစ်လာအောင် ဖြည့်စွက်စာအနေနဲ့ အသုံးပြုနိုင်ပါတယ်။အစာစားချင်စိတ်ကိုလျှော့ချပေးတဲ့ အစွမ်းအာနိသင်က ကိုယ်အလေးချိန်ထိန်းတာနဲ့ အစားအသောက်ကြောင့် သွေးတွင်းဆီးချိုပမာဏ မြင့်တက်မလာအောင်ပြုလုပ်တဲ့နေရာတွေမှာ အကူအညီပေးပါတယ်။အခုနောက်ပိုင်းမှာ Whey protein ကို ဆီးချိုအတွက် ဖြည့်စွက်စာအဖြစ်လည်း အသုံးပြုလာကြပါတယ်။ အစာစားချင်စိတ်ကို လျော့ကျစေတာက ဗိုက်မြန်မြန်ပြည့်စေတဲ့အတွက် ဆီးချိုထိန်းတာမှာ အထောက်အကူပြုစေတယ်။ ကြွယ်ဝစွာပါဝင်တဲ့ အမိုင်နိုအက်ဆစ်က ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဓာတ်တိုးပျက်စီးတာကို သက်သာစေလို့ အင်ဆူလင်မတိုးတာကို လျော့ကျစေပါတယ်။ ဒါ့ပြင် အင်ဆူလင်ထွက်ရှိမှုကို လှုံ့ဆော်ပေးလို့ သွေးတွင်းထဲမှာရှိတဲ့ သကြားဓာတ်တွေကို ကြွက်သားထဲကို ရောက်အောင်ပို့ပေးပြီး သွေးတွင်းသကြားဓာတ်ကို လျော့ကျစေတယ်။ဗြိတိန် အာဟာရ အဖွဲ့အစည်းရဲ့ လေ့လာချက်တစ်ခုမှာ အဝလွန်တဲ့ အမျိုးသားနဲ့ အမျိုးသမီး ၇၀ကို နှစ်အုပ်စုခွဲပြီး casein ပရိုတင်းကို တစ်အုပ်စု၊ Whey ပရိုတင်း ကို တစ်အုပ်စု ၁၂ပတ်တိုက်ပါတယ်။ ပြီးတော့ သွေးတွင်း အဆီဓာတ်ကို ပြန်တိုင်းတဲ့ အခါ Whey ပရိုတင်း သောက်တဲ့ အုပ်စုရဲ့ သွေးတွင်း အဆီဓာတ်က သိသိသာသာလျော့သွားတယ်လို့ ဆိုပါတယ်။Whey ပရိုတင်း က ကိုယ်ခန္ဓာအတွက် မကောင်းတဲ့ အဆီ တွေ ဖြစ်တဲ့ total cholesterol ရော LDL cholesterol ကိုရော နှစ်မျိုးလုံးကို သိသိသာသာ လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ ဒါက ဆီးချိုထိန်းတာနဲ့ သွေးတိုးထိန်းတာတွေအတွက် အရမ်းပဲ အထောက်အကူပြုပါတယ်။ပန်းနာရင်ကျပ်ရှိတဲ့ ကလေးတွေမှာ Whey ပရိုတင်း သောက်လိုက်ရင်ကိုယ်ခံအားတက်ပြီး ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ ရင်ကျပ်ခြင်းကို သက်သာစေပါတယ်။ လေ့လာချက်တစ်ခုမှာ ပန်းနာရင်ကျပ်ရှိတဲ့ ကလေး၁၁ယောက်ကို Whey ပရိုတင်း ၁၀ ဂရမ်၊ တစ်နေ့နှစ်ကြိမ်နဲ့ ၁ လ လောက်တိုက်လိုက်တဲ့အခါ ကိုယ်တွင်း ခုခံအားစနစ် မြင့်တက်လာတာကို တွေ့ ရပါတယ်။သွေးတိုးရောဂါဟာ နာမည်ကြီးရောဂါဖြစ်လို့ သူ့အတွက် သောက်လို့ရတဲ့ ဖြည့်စွက်စာတွေကလည်း အများကြီးပါ။ အဲ့အထဲမှာ Whey ပရိုတင်း လည်းပါပါတယ်။ လေ့လာာချက်တစ်ခုမှာ Whey ပရိုတင်းကို သွေးတိုးသမားတွေက ဖြည့်စွက်စာအနေနဲ့ သောက်တဲ့အခါ တက်နေတဲ့ သွေးပေါင်ချိန်ကို သိသိသာသာကျစေပါတယ်။ဒါကြောင့် နောက်ဆက်တွဲ နှလုံးရောဂါ ဖြစ်ခြင်းကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Whey ပရိုတင်းက ဆီးချိုရော သွေးတိုးကိုပါ ထိန်းပြီးသားဖြစ်စေပါတယ်။HIV  ရောဂါကြောင့် ကိုယ်ခံအားကျဆင်းလာတဲ့အခါ လူက တဖြည်းဖြည်းပိန်လာတတ်ပါတယ်။ ဒီလိုပဲ ပိန်လွန်းတဲ့အခါမှာလည်း ရောဂါဒဏ်ကို ပိုခံရတတ်ပါတယ်။ လေ့လာချက်တစ်ခုမှာ Whey ပရိုတင်းက HIV လူနာတွေမှာ ကိုယ်အလေးချိန်ကျမသွားအောင် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။Whey ပရိုတင်း မှာပါတဲ့ amino acid တွေက ကိုယ်တွင်းရှိ မကောင်းတဲ့ ဓာတုပစ္စည်းတွေကို ဓာတ်တိုးဆန့်ကျင်ပေးလို့ ကင်ဆာဖြစ်နိုင်ခြေတွေကို လျှော့ချပေးပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆက်ပြီးလေ့လာဖို့တော့ လိုပါသေးတယ်။ဒါတွေကတော့ ခေတ်စားလူကြိုက်များလာတဲ့ Whey ပရိုတင်း ရဲ့ ကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။ အားကစားလုပ်တဲ့သူတွေအပြင် အသက်ကြီးသူတွေမှာ ဆီးချိုထိန်းတာနဲ့ ကြွက်သားဆုံးရှုံးမှုမရှိအောင် အသုံးပြုကြပါတယ်။ ဆီးချိုလည်းထိန်း၊ ဝိတ်လည်းကျ၊ ဗိုက်လည်းမြန်မြန်ပြည့်တော့ ဆီးချိုသမားတွေနဲ့ အသက်ကြီးသူတွေအတွက် အရမ်းအဆင်ပြေပါတယ်။ရေးသားသူ− Dr Thin Yadanar @ Frances။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/sports-nutrition/what-is-whey-protein/
ကိုယ်ဝန်ဆောင်ကျန်းမာရေးနဲ့ အိမ်မွေးကြောင်လေးများ
ကိုယ်ဝန်ဆောင် မေမေ တွေက ကိုယ်ဝန်ဆောင်ချိန်ကစလို့ မွေးတဲ့အထိ အရိပ်တစ်ကြည့်ကြည့်နဲ့ ဂရုစိုက်ရပါတယ်။ ဒီကလေးလေး ကျန်းကျန်းမာမာနဲ့ မွေးလာနိုင်ဖို့ ဒီ မေမေ ကပဲ အစစအရာရာ သတိထားနေရတာပါ။ ဒီလိုဂရုစိုက်တဲ့နေရာမှာ ဘယ်ရောဂါပိုးမှ မဝင်အောင်လည်း သတိထားရပါသေးတယ်။ ကိုယ်ကလူကြီးမို့လို့ ဘာပြဿနာမှမရှိပေမယ့် ဗိုက်ထဲက ကလေးလေးကတော့ ခံနိုင်ရည်ရှိမှာမဟုတ်ဘူးနော်။ အထူးသဖြင့်တော့ ကိုယ်ဝန်ဆောင်ကျန်းမာရေးနဲ့ အိမ်မွေးကြောင်လေးများ ကြားမှာ ဘယ်လိုဆက်စပ်နေလဲဆိုတာကို သိထားသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကြောင်ဆက်မွေးလို့ ရမရဆိုတာရောပေါ့။ကိုယ်ဝန်ဆောင်ချိန်မှာ တချို့ရောဂါပိုးတွေကကလေးပျက်ကျတာ၊အသေမွေးတာ၊ မွေးခဲ့ရင်တောင်မှ ချို့ယွင်းချက်တွေပါနေတာအထိ ပြင်းထန်တတ်ပါတယ်။ ဒီလိုကူးစက်တတ်တဲ့ရောဂါတွေတွေထဲမှာ အတွေ့ရအများဆုံးကတော့Toxoplasmosisလို့ခေါ်တဲ့ ရောဂါပါပဲ။ ဒီရောဂါက ကြောင်ကကူးတာအများဆုံးမို့လို့ ကြောင်ချစ်တဲ့ ကိုယ်ဝန်ဆောင်မေမေတွေ သတိထားလို့ရအောင် ဆက်ပြီးလေ့လာကြည့်ရအောင်။ToxoplasmosisဆိုတာToxoplasma gondiiလို့ခေါ်တဲ့ ကပ်ပါးပိုးကြောင့်ဖြစ်တာပါ။ ဒီပိုးက တောထဲကအကောင်ပလောင်လေးတွေ၊ ရှဥ့်လေးတွေ၊ ငှက်ကလေးတွေမှာရှိတာပါ။ ဒီကောင်လေးတွေကို ကြောင်ကစားလိုက်တဲ့အခါမှာ ကြောင်ဆီကို ရောက်သွားပြီး ကြောင်ရဲ့မစင်ထဲမှာပြန်ပါလာပါတယ်။ ဒီကနေမှတစ်ဆင့် လူကို ပြန်ကူးစက်တာပါ။ကြောင်ရဲ့ မစင်ထဲမှာရှိတဲ့ ဒီကပ်ပါးပိုးက ၃ပတ်လောက်အထိ လူကို ကူးစက်နိုင်ပါတယ်။ ကြောင်ကလေးတွေရဲ့ မစင်သဲပုံးကို လဲပေးမယ်၊ သူတို့လေးတွေ မစင်ရှိနေတဲ့ ခြံထဲက အပင်တွေကို ကိုင်မိမယ်၊ ပြီးတော့ လက်မဆေးဘဲ အစာစားမိမယ်။ ဒါမှမဟုတ် ဒီပိုးရှိနေတဲ့ အသီးအရွက်တွေကို သေချာမဆေးဘဲစားမိမယ်ဆိုရင် ကူးစက်နိုင်ပါတယ်။ကိုယ်ဝန်ဆောင် တွေမှာပြတဲ့ လက္ခဏာတွေကတုပ်ကွေးနဲ့ ဆင်တူပါတယ်။ ဖျားတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်တာ၊ နုံးတာ၊ အကြိတ်ထွက်တာလောက်ပဲဖြစ်တတ်ပါတယ်။ပြဿနာက ကလေးမှာပါ။ ဒီရောဂါက အမေကနေ ကလေးကို ကူးတတ်ပါတယ်။ တစ်ခါတစ်လေ အမေက ခုခံကောင်းနေလို့ အမေမှာ ဘာလက္ခဏာမှမပြဘဲ ကလေးဆီကို ရောက်သွားပါတယ်။ ကိုယ်ဝန်လရင့်လေလေ ကလေးဆီကို ရောက်နိုင်ခြေများလေလေပါပဲ။တစ်ဖက်မှာလည်း လနုချိန်မှာ ကလေးဆီကို ရောဂါကူးသွားခဲ့ရင် ကလေးက အခြေအနေမကောင်းဖို့များပါတယ်။ လနုချိန်မှာ ရောဂါဝင်ရင် ကလေးအသေမွေးဖို့၊ ပျက်ကျဖို့များပါတယ်။ ကံကောင်းလို့အသက်ရှင်လာရင်တောင်မွေးရာပါချို့ယွင်းချက်တွေ ပါလာနိုင်ခြေများပါတယ်။ ဒီကလေးတွေက မွေးစမှာ အတက်ရောဂါ၊ အသည်းကြီးတာ၊ ဘေလုံးကြီးတာ၊ အသားဝါတာ၊ မျက်လုံးပိုးဝင်တာတွေဖြစ်တတ်ပါတယ်။မွေးစမှာ လက္ခဏာမပြတဲ့ ကလေးတွေက နောက်ပိုင်းကျရင် နားမကြားတာ၊ အသိဉာဏ်ချို့ယွင်းတာ၊ မျက်လုံးထိခိုက်တာ စတာတွေဖြစ်နိုင်ပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် ဒီရောဂါက ကလေးကို တောက်လျှောက်ဒုက္ခပေးနေတာကို တွေ့ရမျာပါ။ ဒါကြောင့် မေမေ တို့ သေချာဂရုစိုက်ဖို့၊ ကာကွယ်ဖို့လိုပါတယ်။Toxoplasmosisကို ကိုယ်ဝန်ဆောင်တိုင်းကို မစစ်ပါဘူး။ ရောဂါသံသယရှိမှသာ သွေးဖောက်ပြီးစစ်ဆေးတာပါ။ တစ်ခါတလေ အယ်ထွာဆောင်းရိုက်ရင်းနဲ့ ကလေးခေါင်းထဲမှာ ရေဝင်နေလို့ သံသယဖြစ်တာမျိုးရှိပါတယ်။ ဒါပေမယ့် အယ်ထွာဆောင်းမှာ မပေါ်တိုင်း ရောဂါမရှိဘူးလို့ ယူဆလို့မရဘူးဆိုတာ သတိပြုပါ။နောက်ပြီးလိုအပ်ရင် ရေမြွာရည်ကို ယူပြီး စစ်ဆေးတာမျိုးလည်း လုပ်လို့ရပါတယ်။ ဒါပေမယ့် ဒါက အန္တရာယ်များတဲ့အတွက် မလုပ်ခင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။ကိုယ်ဝန်ဆောင် ချိန်မှာ ဒီရောဂါဖြစ်ခဲ့ရင် ဆေးပေးပြီးကုသလို့ရပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တစ်လျှောက်လုံးရော၊ မွေးပြီးချိန်မှာရော သင်နဲ့ သင့်ကလေးကို သေချာစောင့်ကြည့်ရမှာပါ။ကုသခြင်းထက်ပိုကောင်းတဲ့နည်းလမ်းကတော့ကာကွယ်တာပါပဲ။ ကာကွယ်နိုင်တဲ့ နည်းတွေကတော့။ဒီလောက်ထိမလိုပါဘူး။ အပေါ်ကအချက်တွေကိုသာလိုက်နာရင် ဆက်မွေးလို့ရပါတယ်။ မေမေ တို့သတိထားဖို့က ကြောင်ကိုင်ပြီးတိုင်းလက်ဆေးဖို့ မမေ့ပါနဲ့။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/is-it-safe-to-have-kitty-during-pregnancy/
ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ တင်းတိပ် ပြဿနာ
မိန်းကလေးတွေအတွက်တော့ ကိုယ်ဝန်ဆောင်နေစဉ် ကာလတစ်လျှောက်လုံးဟာ တင်းတိပ် ထွက်နိုင်ခြေ အများဆုံးကာလပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်ဆောင်နေတဲ့အခါ မိန်းကလေးတစ်ယောက်ရဲ့ ဟော်မုန်းမျှခြေဟာ တည်ငြိမ်ခြင်းမရှိသလို မဟော်မုန်းတွေကိုလည်း ခန္ဓာကိုယ်က အမြောက်အများ ထုတ်လုပ်ပေးနေတာကြောင့် ဖြစ်ပါတယ်။တင်းတိပ်ဆိုတာ အရေပြားရောင်ခြယ်ဆဲလ်လို့ ခေါ်တဲ့မယ်လနင်ဓာတ်တွေကို ခန္ဓာကိုယ်က အလွန်အမင်းထုတ်လုပ်တဲ့အခါမှာ ဖြစ်တဲ့ အရေပြားပြဿနာတစ်ခုပါ။ ခန္ဓာကိုယ်တစ်ခုလုံးမှာ မယ်လနင်ဓာတ်ကို ပိုမိုထုတ်လုပ်တဲ့အခါ ထိုလူရဲ့ အသားအရေဟာ ပုံမှန်ထက် နက်မှောင်တဲ့ဘက်ကို ရောက်သွားပါတယ်။ တချို့နေရာမှာပဲ ကွက်ပြီး မယ်လနင်ဓာတ် အများအပြားထုတ်လုပ်တဲ့အခါ တင်းတိပ်လိုမျိုး အမည်းကွက်၊ အညိုကွက် အကွက်များဖြစ်ပေါ်လာပါတယ်။မျက်နှာတစ်ဝိုက် အထူးသဖြင့် နဖူး၊ ပါးပြင်၊ နှာခေါင်းပတ်လည်မှာ တင်းတိပ်အဖြစ်များပါတယ်။ လည်ပင်း၊ မေးစေ့တွေမှာလည်း တင်းတိပ်ပေါက်တတ်ပါတယ်။၁။အာရှလူမျိုးများရဲ့ အသားအရေသည် အနောက်နိုင်ငံသား (လူဖြူ) တွေထက် အသားအရောင်ပိုညိုပါတယ်။ အဓိက မယ်လနင်ဓာတ်ဟာ အပြင်က နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးသလို ဘေးထွက်ဆိုးကျိုးအနေနဲ့ အရေပြားကို အရောင်မှိန်လာစေပါတယ်။၂။ခရမ်းလွန်ရောင်ခြည်နဲ့ မကြာခဏ ထိတွေ့တဲ့အခါ ဒီဓာတ်ရောင်ခြည်တွေဟာ ခန္ဓာကိုယ်ရဲ့ မယ်လနင်ဓာတ်ထုတ်လုပ်နှုန်းကို အနှောင့်အယှက်ဖြစ်စေပြီး မယ်လနင်ဓာတ်ပိုထွက်လာကာ တင်းတိပ်များ ဖြစ်လာစေနိုင်ပါတယ်။၃။ နေလောင်ကာခရင်မ်ကို သေချာမလိမ်းတဲ့အခါ၊ နေပူထဲ မကြာခဏသွားလာပြီး ၂နာရီခြားတစ်ခါ နေလောင်ကာခရင်မ် ပြန်မလိမ်းပေးရင်လည်းဖြစ်နိုင်ပါတယ်။၄။ မိန်းကလေးတွေမှာ ရာသီလာချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ အပျိုဖော်ဝင်ချိန်၊ သွေးဆုံးချိန်လိုမျိုး ဟော်မုန်းမျှခြေ ပျက်ယွင်းတဲ့ ကာလတွေကြောင့် သွေးသားပြောင်းလဲမှုဖြစ်ပြီး ယာယီတင်းတိပ်ဖြစ်လာနိုင်ပါတယ်။၅။ တားဆေးသောက်နေရတဲ့ မိန်းကလေးတွေ တားဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် တင်းတိပ်ပေါက်လာတာမျိုးလည်း ရှိပါတယ်။ကိုယ်ဝန်ဆောင်နေစဉ် ကာလတစ်လျှောက်လုံးမှာ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေကို သတိထားပြီး အသုံးပြုသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ Skin Care ပစ္စည်းတချို့မှာ မိခင်ကျန်းမာရေးနဲ့ ဗိုက်ထဲက ကလေးကိုပါ ထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နိုင်တာကြောင့်ပါ။ ဒါကြောင့် သုံးမယ်ဆို အရေပြားဆရာဝန်နဲ့ တိုင်ပင်ပြီးမှပဲ သုံးသင့်ပါတယ်။ အဲဒီအစား နေထိုင်စားသောက်မှုပုံစံကို အနည်းငယ် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်လို့ ရပါတယ်။ဘာတွေ လုပ်ပေးလို့ ရမလဲဆိုရင်။၁။ အချဉ်ဓာတ်များတဲ့ အသီးအနှံတွေကို များများစားပေးပါ။လိမ္မော်သီး၊ စပျစ်သီး၊ သံပရာသီး၊ ခရမ်းချဉ်သီးလိုမျိုး အချဉ်ဓာတ်များတဲ့ အသီးအနှံတွေကနေဗီတာမင်စီဓာတ်ကို လုံလောက်စွာရရှိနိုင်ပါတယ်။ ဗီတာမင် စီဓာတ်သည် အရေပြားကို ကျန်းမာလန်းဆန်းစေသလို အရေပြားဆဲလ် ထုတ်လုပ်နှုန်းကိုလည်း မြှင့်တင်ပေးလို့ အသားအရေကို ပြန်လည် ဖြူစင်ဝင်းပလာစေပါတယ်။၂။ ရေများများ သောက်ပေးပါ။ရေဓာတ်ဟာ အရေပြားဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးဖို့ အလိုအပ်ဆုံး အာဟာရဓာတ်တွေထဲက တစ်ခုပါ။ ရေဓာတ်ပြည့်ဝမှသာ အရေပြားက လန်းဆန်းကျန်းမာပြီး တင်းတိပ်၊ ဝက်ခြံ စတဲ့ အရေပြားပြဿနာတွေကို လျော့နည်းသွားစေမှာပါ။၃။ မျက်နှာကို သခွားသီးပါးပါးလှီး ကပ်ပေးပါ။သခွားသီး အသားအရေအတွက် ရေဓာတ်ဖြည့်တင်းပေးသလို ဓာတုပစ္စည်းမပါဝင်ဘဲ အစိုဓာတ်ပါ ထိန်းပေးနိုင်ပါတယ်။ အသားအရေဖြူစင်ဝင်းပလာစေဖို့၊ ပြန်လည်ပြုပြင်ပေးဖို့ကို Skin Care ပစ္စည်းတွေအစား ဒီလို အိမ်သုံးပစ္စည်းတွေနဲ့ ကုစားပေးလို့ ရပါတယ်။၄။ အိပ်ချိန်ကို အမြဲဂရုစိုက်ပါ။အပြင်ကနေ အသားအရေတွေ ထိန်းသိမ်းပေးပြီးရင် ခန္ဓာကိုယ်အတွက် အရေပြားဆဲလ်တွေကို အလိုအလျောက်ပြန်လည်ပြုပြင်ဖို့ အိပ်ချိန်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ကောင်းစွာ အိပ်စက်အနားယူတဲ့အခါ မျက်နှာက လန်းလန်းဆန်းဆန်း ဖြစ်နေသလို အသားဖြူစင်ဝင်းပဖို့လည်း ပိုမြန်တဲ့အတွက် အရေပြားပေါ်က တင်းတိပ်တွေကို လျော့ပါးသွားအောင် ကူညီပေးနိုင်မှာပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်တဲ့ တင်းတိပ်ပြဿနာက ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်လို့ အများစုက မီးဖွားပြီး ဟော်မုန်းတွေ ပုံမှန်ပြန်ဖြစ်သွားရင်သက်သာသွားပါတယ်။ မသက်သာဘူးဆိုရင်တော့ အရေပြားဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/melasma-in-pregnancy/
ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား
ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား ….. ဒီပြဿနာက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မကြာခဏ မေးတတ်ကြတဲ့ ကိစ္စတစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် အသားအရေပြောင်းလဲတာ၊ တင်းတိပ်တွေ ထွက်တာတွေ ဖြစ်တတ်ပါတယ်။ နောက်ပြီး လုပ်ငန်းခွင်ဝင်တဲ့ မေမေတွေဆိုရင်လည်း Skin Care လုပ်ဖို့ လိုဦးမှာပါ။ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား ဆိုတော့ ပစ္စည်းအမျိုးအစားပေါ် မူတည်ပါတယ်။တချို့Skin Care တွေက သာမန်အချိန်မှာ ဘာမှမဖြစ်ပေမယ့်ကိုယ်ဝန်ဆောင်ချိန်မှာကျ သန္ဓေသားကို ထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သုံးနေကျ ပစ္စည်းတွေကို ပြန်ပြီး စစ်ဆေးဖို့ လိုပါတယ်။Skin Care တွေကို လုံးဝရှောင်စရာ မလိုပါဘူး။ အထူးသဖြင့်ဟော်မုန်းအပြောင်းအလဲကြောင့် အရေပြားပြဿနာတွေ (ဥပမာ ဝက်ခြံ၊ တင်းတိပ်) ရှိတဲ့အခါ Skin Care လုပ်ဖို့ လိုမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း လှလှလေး နေလို့ ရပါတယ်။ တစ်ခုပဲ မိမိလက်ရှိသုံးနေတဲ့ ပစ္စည်းတွေထဲက အောက်ပါ ပစ္စည်းတွေ ပါနေရင်တော့ ဖယ်ထုတ်ပစ်ဖို့ လိုပါတယ်။ဒီ Ingredients တွေက ဗီတာမင် အေ အခွဲ ဓာတ်သတ္တုပစ္စည်းဖြစ်ပြီး သူ့ရဲ့အဓိက ကောင်းကျိုးတွေက အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးလို့ အရွယ်တင်နုပျိုစေတယ်ပေါ့နော်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်နေစဉ်မှာ Retinol ခရင်မ်တွေလိမ်းရင် ကလေးက ကောင်းကောင်းမဖွံ့ဖြိုးတာ၊ ဉာဏ်ရည်မမှီတာမျိုး ဖြစ်တတ်တယ်။ဝက်ခြံပျောက်ဖို့အတွက် သုံးတဲ့လိမ်းဆေးတချို့မှာ ဒီဓာတ်ပစ္စည်းတွေ ပါတတ်တယ်။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန FDA ကိုယ်တိုင်ကလည်း ဒီ Ingredient တွေပါဝင်တဲ့ လိမ်းဆေးတွေကို ဆရာဝန်ဆေးစာမပါဘဲ အသုံးမပြုဖို့၊ ကိုယ်ဝန်ဆောင်နေချိန်မှာ အသုံးပြုရင် မွေးလာတဲ့ကလေး ကိုယ်လက်အင်္ဂါ ချို့ယွင်းတာမျိုးတွေ ဖြစ်စေနိုင်တယ်လို့ သတိပေးထားဖူးပါတယ်။Essential Oilဆိုတာ အလွယ်ပြောရမယ်ဆိုရင် အရေပြားကျန်းမာရေးအတွက် အသုံးပြုတဲ့ ဆီသန့်ပေါ့နော်။ စားတဲ့ဆီမဟုတ်ဘဲနဲ့ သစ်သီး၊ သစ်ဥသစ်ဖုတွေ၊ အမြစ်တွေ၊ ပန်းပွင့်တွေ၊ အစေ့အဆန်ကနေ ထုတ်ထားတဲ့ ဆီသန့်ပါ။ ပုံမှန်အချိန်မှာ အသုံးပြုပေးရင် အသားအရေကို ဖြူဖွေးချောမွေ့လာစေသလို ဒီ Essential Oil တွေနဲ့ နှိပ်နယ်ပေးရင် အညောင်းအညာပြေပြီး စိတ်ကိုကြည်လင်စေတယ်လို့ ပြောကြတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာတော့ တစ်ခါတလေမှာ ဘေးထွက်ဆိုးကျိုးခံစားရနိုင်ပါတယ်။တင်းတိပ်ပျောက်ဖို့၊ အသားကြည်စေဖို့ လိမ်းဆေးတွေမှာ Hydroquinone ပါပါတယ်။ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နေစဉ်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် တင်းတိပ်တွေ ထွက်လာတတ်တယ်ပါတယ်။ တချို့မိန်းကလေးတွေဆိုရင် မီးဖွားပြီးနောက်ပိုင်းမှာ ကုသမှုမခံယူဘဲ တင်းတိပ်တွေ အလိုလိုပျောက်သွားတတ်ပါတယ်။ Hydroquinoneက ဗိုက်ထဲက ကလေးလေးကို ထိခိုက်နိုင်တဲ့အတွက် ရှောင်ရမယ့်ထဲမှာ ပါပါတယ်။Aluminum Choloride။ရေမွှေးတွေ၊ ချွေးနံ့ပျောက်ဆေးတွေမှာ အသုံးများတဲ့ ပါဝင်ပစ္စည်း ဖြစ်ပါတယ်။ ဘက်တီးရီးယားပေါက်ဖွားမှုကို ထိန်းချုပ်ပေးနိုင်ပေမယ့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ ရှောင်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။လက်သည်းဖျက်ဆေးတွေ၊ တချို့ဆံသားနဲ့ ပတ်သက်တဲ့ ပေါင်းဆေး၊ ဆိုးဆေးတွေမှာ အသုံးများတဲ့ ဓာတ်သတ္တုပစ္စည်းပါ။ ဒီပါဝင်ပစ္စည်းက မိခင်ရဲ့ မျိုးအောင်နိုင်စွမ်းကိုလည်း ထိခိုက်စေသလို ကလေးကိုယ်ဝန်ပျက်ကျတဲ့အထိပါ အန္တရာယ်ကြီးတယ်လို့ ထုတ်ပြန်ထားတာကို တွေ့ဖူးပါတယ်။ဒီ ဓာတ်သတ္တု ၂ မျိုးလုံးကို chemical နေလောင်ကာခရင်မ်တွေမှာ တွေ့ရတတ်ပါတယ်။ ကလေးကို ထိခိုက်စေနိုင်တဲ့ အထောက်အထားတချို့ရှိနေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ mineral နေလောင်ကာခရင်မ်ကို ပြောင်းသုံးသင့်ပါတယ်။အရေပြားပြဿနာတွေကို ကုသတဲ့ လိမ်းဆေးတွေမှာ ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန် အရေပြားပြဿနာကြောင့် ကုသမှုခံယူရတော့မယ်ဆိုရင် ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ကိုယ်ဝန်ဆောင်နေတဲ့အကြောင်းကို ဆရာဝန်ကို သေချာပြောပြဖို့ လိုပါတယ်။ ဒါမှ ဒီဆေးတွေကို ရှောင်ပေးနိုင်မှာပါ။အလှအပကိုလည်း ဂရုစိုက်ရင်း ဗိုက်ထဲက ရင်သွေးလေး ကျန်းမာရေးကို မထိခိုက်စေဖို့ ခုပြောပြခဲ့တဲ့ ဓာတ်သတ္တုတွေပါတဲ့ အလှကုန်ပစ္စည်းကို ရှောင်ကြဖို့ အကြံပေးလိုက်ချင်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/can-pregnant-woman-skincare/
ဗိုက်ထဲက ဘေဘီလေးရဲ့ ရှင်သန်မှုလက္ခဏာ
ဘေဘီလေးတစ်ယောက်ရဲ့ ရှင်သန်မှုလက္ခဏာက ဘာများဖြစ်မလဲ။ ဗိုက်ထဲက ဘေဘီလေးရဲ့ ရှင်သန်မှုလက္ခဏာ က လူကြီးတွေလိုပါပဲ နှလုံးခုန်နှုန်းပေါ့။ ကလေးလေးက နှလုံးခုန်ရုံတင်  မကသေးပါဘူး။ မွေးရာပါ နှလုံးရောဂါတွေ ပါမလာဖို့လည်း လိုပါသေးတယ်။ ဒီတော့ ဘေဘီလေးရဲ့ နှလုံးဘယ်လို ဖွံ့ဖြိုးလာသလဲ။ မွေးရာပါချို့ယွင်းချက်တွေ မပါအောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာကြည့်ရအောင်။ဗိုက်ထဲက ဘေဘီလေးရဲ့ ရှင်သန်မှုလက္ခဏာ ဖြစ်တဲ့ နှလုံးလေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာလေးတွေကို လေ့လာလိုက်ရအောင်နော်။ဘေဘီလေးရဲ့နှလုံးကသန္ဓေအောင်ပြီး ရက်အနည်းငယ်အကြာမှာ စတင်ဖွံ့ဖြိုးလာတာပါ။ ကိုယ်ဝန်၅ပတ်ကနေ ၁၀ပတ်လောက်ထိ ဆက်တိုက်ဖွံ့ဖြိုးနေတာဖြစ်ပါတယ်။ စစချင်းမှာ ပြွန်ပုံစံမျိုးလေးအနေနဲ့ စတင်ဖြစ်ပေါ်လာတာဖြစ်ပြီး ဒီကနေမှ တဖြည်းဖြည်းချင်း အကန့်လေးတွေပါတဲ့ နှလုံးအဖြစ် ဖွံ့ဖြိုးလာတာပါ။ဒါကြောင့် ကိုယ်ဝန်ပထမ ၃လပတ် (ကိုယ်ဝန် ၁၂ပတ်)အထိ မေမေတွေကို အစစအရာရာ သတိထားဖို့ ပြောတာပါ။ ဒီအချိန်လေးမှာ တစ်ခုခုလွဲမှားသွားရင် ကလေးရဲ့ နှလုံးဖွံ့ဖြိုးမှုကို ထိခိုက်နိုင်လို့ပါ။ဗိုက်ထဲက ဘေဘီလေးရဲ့ နှလုံးဖွံ့ဖြိုးမှုကို ဒီအချက်တွေက ထိခိုက်စေနိုင်ပါတယ်။မွေးရာပါနှလုံးထိခိုက်နိုင်ခြေက ဖြစ်နိုင်ခြေတော်တော်လေးတော့ နည်းပါတယ်။ အယောက် ၁၀၀၀ မှာ ၈ ယောက်လောက်ပဲဖြစ်တတ်တာပါ။ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ဘေဘီလေးရဲ့ နှလုံးအကောင်းဆုံးဖွံ့ဖြိုးစေဖို့နဲ့ မေမေက အာဟာရတွေ ပြည့်ဝအောင် စားသုံးဖို့လိုပါမယ်။ ဘေဘီလေး နှလုံးအကောင်းဆုံးဖွံ့ဖြိုးစေဖို့နဲ့ ကိုယ်ဝန်ဆောင်မေမေကျန်းမာစေဖို့အတွက်။ဥပမာ ပြောရရင် ထမင်း၊ ဂျုံ၊ အစိမ်းရောင်အသီးအရွက်တွေ၊ အဆီမပါတဲ့ အသားတွေ၊ နို့နဲ့နို့ထွက်ပစ္စည်း၊ ပင်လယ်ငါး၊ သီဟိုဠ်စေ့၊ ပဲနဲ့ oatmeal တွေကို မျှတအောင် စားပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ပထမ ၃ လပတ်ကနေစလို့ မွေးဖွားတဲ့အချိန်အထိ ဒီအာဟာရဓာတ်တွေကို ပြည့်ဝအောင် စားသုံးဖို့လိုပါမယ်။ဒါတွေအပြင်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/first-trimester-being-pregnant/fetal-heart-development/
လက်ဖက်သုပ်လေးစားကြမယ်
လက်ဖက်သုပ်လေးစားကြမယ် …..မိုးအေးအေးမှာလက်ဖက်သုပ်လေး စားရင်းရေနွေးကြမ်းလေးသောက်ရရင်ဖြင့် တော်တော်လေးအရသာရှိမှာပဲနော်။မြန်မာလူမျိုး အများစုက လက်ဖက်သုပ်စားရတာကို နှစ်သက်ကြပါတယ်။ ဧည့်သည်ကို ဧည့်ခံတဲ့အခါမှာပဲဖြစ်ဖြစ်မိသားစုတွေစုစုဝေးဝေးနဲ့ စကားဝိုင်း ထိုင်ပြောရင်းဖြစ်ဖြစ် တီဗွီကြည့်ရင်းဖြစ်ဖြစ် လက်ဖက်သုပ်စားကြသလို သူငယ်ချင်းတွေ ဆုံမိတဲ့အခါ အထူးသဖြင့် မိန်းကလေးသူငယ်ချင်းတွေ စုမိကြရင် လက်ဖက်လေးစားရင်း စကားပြောကြတာများပါတယ်။လက်ဖက်စိမ်းရေနွေးကြမ်း ကဆေးဖက်ဝင်တယ်၊ရေနွေးကြမ်းကဘယ်လိုဆေးဖက်ဝင်တယ်လို့ပြောကြပေမယ့် ကိုယ်တွေနှစ်နှစ်သက်သက်နဲ့စားနေတဲ့ လက်ဖက်သုပ်က ဆေးဖက်ဝင်တယ်ဆိုတာကို သတိထားမိကြရဲ့လား။ လက်ဖက်ကို တရုတ်နဲ့အိန္ဒိယနိုင်ငံတွေမှာလည်းရှေးအစဉ်အဆက်ကတည်းကဆေးဖက်ဝင်တဲ့ စားစရာအဖြစ်လက်ခံထားကြပါတယ်။မြန်မာလူမျိုးတွေကလည်းရှေးအစဉ်အဆက်ကတည်းက လက်ဖက်ကို နှစ်နှစ်ခြိုက်ခြိုက်စားသုံးခဲ့ကြတာပါ။ အလှူအတန်းတွေမှာ တည်ခင်းဧည့်ခံကြသလို အမှုအခင်းတွေပြေငြိမ်းတဲ့အခါမျိုးမှာလည်း လက်ဖက်စားပြီးပြေငြိမ်းကြတာမျိုးရှိပါတယ်။လက်ဖက်ကို မြေပဲ၊နှမ်း၊ကြက်သွန်ကြော်၊ ပုစွန်ခြောက်လေးနဲ့ပဲ ရိုးရိုးရှင်းရှင်းသုပ်ပြီးကြက်သွန်ဖြူလေး၊ငရုတ်သီးစိမ်းလေးနဲ့ တွဲစားတာကလည်း စားကောင်းပါတယ်။ နောက်တစ်မျိုးကတော့ လက်ဖက်ကို အကြော်စုံ နဲ့ သုပ်ပြီးခရမ်းချဉ်သီး၊ ဂေါ်ဖီ တွေကို ပါးပါးလေးလှီးထည့်ပြီးသုပ်စားတာမျိုးလည်းရှိပါတယ်။ လက်ဖက်ကိုအချို့နယ်ဘက်တွေမှာဆိုရင်သင်္ဘောရွက်နုနုလေးတွေ၊ပြောင်းဖူးပြုတ်၊ပန်းဂေါ်ဖီ၊ဆလတ်ရွက်တို့ကို ထည့်ပြီး သုပ်စားတာမျိုးတောင်ရှိပါတယ်။ လက်ဖက်က စားလို့ ကောင်းတာတင်မဟုတ်ဘဲ ဆေးဖက်လည်း ဝင်ပါသေးတယ်။လက်ဖက်သုပ်လေးစားကြမယ် ဆိုရင် အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။ခန္ဓာကိုယ် ကျန်းမာဖို့အတွက် လက်ဖက်-လက်ဖက်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်မှာ Oxidative stressကြောင့် ထိခိုက်ပျက်စီးတာမျိုးတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လက်ဖက်မှာပါဝင်နေတဲ့ catechins က ဆဲလ်တွေ ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးတဲ့နေရာမှာဗီတာမင် Cနဲ့ဗီတာမင် Eတွေထက် ပိုသာပါတယ်။ လက်ဖက်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက အချို့ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးပါသေးတယ်။နှလုံးကျန်းမာရေးအတွက် လက်ဖက်– နောက်တစ်ချက်က လက်ဖက်စားသုံးပေးတာကနှလုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ လက်ဖက်စိမ်းမှာဖြစ်ဖြစ် နေပူပြပြီးလုပ်ထားတဲ့ လက်ဖက်မှာပဲဖြစ်ဖြစ်ဓာတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝစွာပါဝင်တာကြောင့်သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။ လက်ဖက်ကို နေ့စဉ်စားသုံးတာပဲဖြစ်ဖြစ်လက်ဖက်စိမ်းရေနွေးကြမ်းကိုနေ့စဉ်သောက်သုံးတာပဲဖြစ်ဖြစ် လုပ်ပေးမယ်ဆိုရင်သွေးတိုးကျစေမှာသေချာပါတယ်။ကိုယ်အလေးချိန်ကျစေဖို့အတွက် လက်ဖက်– လက်ဖက်မှာ ကဖင်းဓာတ်က ပါဝင်နေမယ်ဆိုတာတော့ ပြောစရာတောင်မလိုပါဘူး။ လက်ဖက်မှာပါတဲ့ ကဖင်းဓာတ်က ဦးနှောက်နဲ့အာရုံကြောတွေကို လှုံ့ဆော်ပေးပြီး ပင်ပန်းနွမ်းနယ်မှုကို ယာယီသက်သာစေနိုင်ပါတယ်။ လက်ဖက်စိမ်းက ကိုယ်အလေးချိန်ကျဖို့ လုပ်ဆောင်ပေးနိုင်သလို လက်ဖက်ရွက်ကို စားသုံးပေးမယ်ဆိုရင်လည်း ကိုယ်အလေးချိန်ကို ကျဆင်းစေမှာ အသေအချာပါ။နေ့စဉ် လက်ဖက်ကိုစားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်ကအဆီတွေကိုလျော့ကျစေမှာဖြစ်ပါတယ်။လက်ဖက်သုပ်က အိပ်ချင်ပြေစေသလို ညဘက်အိပ်ခါနီးမှစားရင်အိပ်မပျော်တာမျိုးလည်းရှိနိုင်ပါတယ်။ ဒီလိုမဖြစ်ဖို့ဆိုရင် လက်ဖက်ထဲကို သံပရာသီးညှစ်ပြီးစားပေးလို့ရပါတယ်။ လက်ဖက်ရည်သောက်တာထက်စာရင်တော့ လက်ဖက်သုပ်စားတာကခန္ဓာကိုယ်ကို ပိုပြီးအကျိုးပြုပါတယ်။ လက်ဖက်ရည်သောက်တာကအဆီပိုများသလိုကယ်လ်လိုရီလည်းပိုများပါတယ်။နောက်တစ်ချက်က လက်ဖက်မှာစိတ်ပူပန်မှုတွေနဲ့ADHD (လှုပ်ရှားလွန်းပြီး အာရုံမစိုက်နိုင်တဲ့ရောဂါ)ကို သက်သာစေနိုင်တဲ့ အမိုင်နိုအက်ဆစ်လို့သိကြတဲ့ L-theanineဒြပ်ပေါင်းတစ်မျိုးပါဝင်နေပါတယ်။ ဒါတွေတင်မကပါဘူး လက်ဖက်မှာရောဂါတော်တော်များများကို တိုက်ဖျက်ပေးနိုင်တဲ့အာဟာရဓာတ်တွေပါဝင်နေပါသေးတယ်။လက်ဖက်က ကျန်းမာရေးကို အကျိုးပြုတဲ့အချက်တွေအများကြီးဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုသလိုပါ။ အများကြီးတော့မစားသင့်ဘူးပေါ့။ ဘယ်သူတွေက ပိုမစားသင့်ဘူးလဲဆိုရင်ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ၊ကျောက်ကပ်ဝေဒနာသည်တွေ၊အသည်းဝေဒနာသည်တွေကတော့ မစားသုံးသင့်ပါဘူး။နောက်တစ်ချက်ကသံဓာတ်အားနည်းသူတွေပါ။ကဖင်းဓာတ်ပါတဲ့အစားအစာတွေကို အလွန်အကျွံစားမယ်ဆိုရင် သာမန်ကျန်းမာတဲ့သူတွေမှာတောင် အိပ်မပျော်တာ၊ ခေါင်းထဲမှာ ငြီးစီစီဖြစ်တာ၊မအီမသာဖြစ်တာ၊အော့အန်တာ၊ဝမ်းသွားတာ၊ခေါင်းကိုက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ လက်ဖက်မှာလည်း ကဖင်းဓာတ်ပါတာကြောင့် အလွန်အကျွံစားသုံးတာမျိုးမလုပ်ဖို့ပါ။ တစ်နေ့တာလုံး လက်ဖက်သုပ်လည်းစား၊ လက်ဖက်ရည်လည်းသောက်၊ကော်ဖီလည်းသောက်တာမျိုးဆိုရင်တော့ ကဖင်းဓာတ်ကို အလွန်အကျွံစားသုံးတယ်မည်တာပေါ့နော်။ အသက်ကိုဉာဏ်စောင့်တယ်ဆိုတဲ့စကားအတိုင်းဆေးဖက်ဝင်တဲ့လက်ဖက်ကို အတိုင်းအချင့်လေးနဲ့စားသုံးပြီးကောင်းမွန်တဲ့ အကျိုးရလဒ်ကို ခံစားလိုက်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-pickled-tea-salad/
ဆယ်ကျော်သက်အရွယ် သင့်ကလေးရဲ့ အင်တာနက်အသုံးပြုမှုကို ဘယ်လိုစောင့်ကြည့်မလဲ
ဒီခေတ်မှာ သတင်းအချက်အလက်စီးဆင်းမှုတွေဟာ အင်မတန်လွယ်ကူမြန်ဆန်ပြီး လူကြီးတွေအနေနဲ့ လိုက်မှီဖို့ မနည်းကြိုးစားနေရပါတယ်။ ဒါ့အပြင် လူတွေဟာ အင်တာနက်ပေါ်မှာ ဟုတ်တာတွေရော၊မဟုတ်တာတွေရောကို အလွယ်တကူ ပြောချင်တိုင်းပြောဆိုနေကြတဲ့အတွက် အမှန်တရားနဲ့ မုသားတို့အကြား အလွန်ပဲ ဝေခွဲရခက်စေပါတယ်။ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေ လမ်းမှားရောက်သွားမလား၊ဝါးလုံးနင်းမိမလား၊ဝါးခြမ်းနင်းမိမလားဆိုတာကို တချိန်လုံးပူပန်နေရပါတယ်။ဘယ်အရာမဆို အင်တာနက်ကနေ လွယ်ကူစွာ ရရှိနေတာကြောင့် မိမိရဲ့ ဆယ်ကျော်သက်အရွယ် သားသမီးတွေကို စိတ်မချတဲ့အတွက် သူတို့လေးတွေရဲ့ အွန်လိုင်းအသုံးပြုမှုကို စောင့်ကြည့်အကဲခတ်ဖို့ကလည်း အင်တာနက်နဲ့ အကျွမ်းတဝင်မရှိတဲ့ မိဘတွေအတွက်က ခက်ခဲမှုတွေ ရှိနေပြန်ပါတယ်။ဒါဟာ ယတိပြတ်ဖြေလို့မရတဲ့ မေးခွန်းပါ။ ဆယ်ကျော်သက်တွေဟာ အမှီအခိုကင်းစွာ လွတ်လွတ်လပ်လပ် နေချင်သူတွေဖြစ်ပြီး သူတို့ကို စောင့်ကြည့်တာ မကြိုက်ပါဘူး။သူတို့အင်တာနက်အသုံးပြုတာကို စောင့်ကြည့်မယ့် ဆော့ဖ်ဝဲတွေ၊အက်ပလီကေးရှင်းတွေ ထည့်သွင်းပေးထားမယ်ဆိုရင် သူတို့ကို မယုံကြည်ဖူးဆိုတဲ့ အဓိပ္ပါယ်သက်ရောက်မှာဖြစ်တဲ့အတွက် ကလေးတွေအနေနဲ့ သင့်အကူအညီကို တကယ်တမ်း လိုအပ်တဲ့ အနေအထားမျိုးတွေမှာတောင် သင့်ကို အသိပေးမှာ၊အရေးတယူပြုမှာ မဟုတ်တော့ပါဘူး။ဒါကြောင့် မိဘတွေအနေနဲ့ တချိန်လုံးစောင့်ကြည့်မယ့်အစား အခါအားလျော်စွာ စစ်ဆေးတာမျိုး လုပ်ပေးမှသာလျင် အင်တာနက်ကတဆင့် မတော်တလျော်တွေဖြစ်တာ၊လူလိမ်လူညာတွေနဲ့ တွေ့တာ ဒါမှမဟုတ် စိတ်ကျဝေဒနာ ခံစားရပြီး သတ်သေတာမျိုးတွေကို တားဆီးကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။လူသုံးအများဆုံး အင်တာနက် browser သုံးမျိုးအတွက် လမ်းညွှန်ချက်တွေကို အောက်မှာဖော်ပြထားပါတယ်။ တကယ်လို့ သင့်ကလေးအနေနဲ့ မတူညီတဲ့ browser ကို အသုံးပြုတယ်ဆိုရင် အဆိုပါ ပရိုဂရမ်ရဲ့ အွန်လိုင်းအကူအညီ စာမျက်နှာဆီ သွားရောက်ပြီး “Browser History” ကို ရှာဖွေကြည့်နိုင်ပါတယ်။Internet Explorer အတွက် Favorites ဆိုတဲ့ menu ကိုရွေးချယ်ပြီး History (အသုံးပြုမှုမှတ်တမ်း)ကို ဆက်လက်ရွေးချယ်လိုက်မယ်ဆိုရင် အကြည့်အများဆုံး၊အသုံးပြုမှုအများဆုံး ဝဘ်ဆိုက်တွေ နဲ့ ရက်စွဲတွေကို တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။Safari အတွက် History menu ကို ရွေးချယ်ပြီး Show All History ကို ဆက်လက်ရွေးချယ်ပါ။ ဒီထက် ပိုပြီးအရှေ့ကျတဲ့ အသုံးပြုမှုမှတ်တမ်းတွေကို ကြည့်ရှုချင်တယ်ဆိုရင်တော့ Safari menu ကို ရွေးပြီး select Preferences အကွက်ကို နှိပ်ပါ။General preferences မှာ Remove History Items ကို ရှာဖွေပြီး သင်စစ်ဆေးလိုတဲ့ အချိန်ကာလကို သတ်မှတ်ရွေးချယ်ပါ။Firefox အတွက် History menu ကို ရွေးချယ်ပြီး Show All History ကို ဆက်လက်ရွေးချယ်ပါ။မိဘတွေအနေနဲ့ ကလေးတွေရဲ့ အွန်လိုင်းအသုံးပြုမှုကို နောက်ယောင်ခံစောင့်ကြည့်ပေးနိုင်မယ့် လုပ်ဆောင်မှုတွေဟာ အချို့သော ဆော့ဖ်ဝဲပရိုဂရမ်တွေမှာ ပါရှိပါတယ်။SafetyWeb နဲ့SocialShield တို့လို ပရိုဂရမ်တွေဟာ သင့်ကလေး လူမှုကွန်ယက်တွေ သုံးစွဲတဲ့အခါ အန္တရာယ်ရှိတဲ့ အသုံးပြုမှုတွေ (ရုန့်ရင်းကြမ်းတမ်းတဲ့ ဘာသာစကားတွေ၊မတော်တလျော် ဓါတ်ပုံတွေ၊ဗွီဒီယိုတွေ စသဖြင့်) ပြုလုပ်နေပြီဆိုရင် မိဘတွေဆီ သတိပေးစာပို့ပေးနိုင်ပါတယ်။စမတ်ဖုန်းတွေမှာ အများဆုံး အသုံးပြုလေ့ရှိတဲ့ စောင့်ကြည့်ရေး အက်ပလီကေးရှင်းတွေက။Momentဟာ မိသားစုဝင်တယောက်ချင်း အိုင်ဖုန်းနဲ့ အိုင်ပတ်ဒ်တွေ အသုံးပြုတဲ့ ကြာချိန်ပမာဏကို စောင့်ကြည့်နိုင်တဲ့အတွက် မိဘတွေ အနေနဲ့ ကလေးတွေ ဖုန်း/တက်ဘလက် အသုံးပြုချိန်ကို ကြိုတင်ကန့်သတ်ထားနိုင်သလို တချို့အချိန်တွေ (ကလေးတွေကို အသုံးမပြုစေချင်တဲ့ အချိန်တွေ)မှာ ဖုန်း/တက်ဘလက်တွေကို လော့ခ်ချထားလို့ ရနိုင်ပါမယ်။မိဘတွေဟာ My Mobile Watchdog ရဲ့ အကူအညီနဲ့ ကလေးတွေဖုန်းထဲက စာတို(မက်ဆေ့ခ်ျ)တွေကို ဝင်ရောက်ဖတ်ရှုနိုင်ပြီး အချို့သော (သင်ရွေးချယ်ထားတဲ့) အက်ပလီကေးရှင်းတွေကို အသုံးပြုလို့မရအောင် ပိတ်ဆို့ကန့်သတ်ထားနိုင်သလို အသုံးပြုနိုင်တဲ့ အချိန်ကာလကိုလည်း လိုသလို သတ်မှတ်ထားနိုင်ပါတယ်။ဒီအက်ပလီကေးရှင်းလေးဟာ သင့်ကလေးရောက်ရှိနေတဲ့ နေရာကိုလည်း GPS မှတဆင့်ပြပေးဦးမှာ ဖြစ်ပါတယ်။ မသင့်လျော်တဲ့ အချက်အလက်တွေကို သင့်ကလေးရဲ့ မိုဘိုင်းလ်ဖုန်းထဲကနေ လက်ခံမယ် ဒါမှမဟုတ် ဖုန်းထဲက ပို့လိုက်မယ်ဆိုရင် သင့်ဆီကို အသိပေးအကြောင်းကြားမှာ ဖြစ်ပါတယ်။ဒီအက်ပလီကေးရှင်းကို အသုံးပြုမယ်ဆိုရင် Facebook နဲ့Instagram မှာ ကလေးတွေ ဘာသုံးစွဲသလဲဆိုတာကို စောင့်ကြည့်အကဲခတ်နိုင်ပါမယ်။ ဒါတင်မက စာတို(text message) ပေးပို့မှု၊တည်နေရာပြ အချက်အလက်တွေ၊ဖုန်းအဝင်အထွက်တွေ နဲ့ အင်တာနက်အသုံးပြုမှုမှတ်တမ်းတွေကိုပါ စစ်ဆေးနိုင်ပါလိမ့်မယ်။အက်ပလီကေးရှင်းရဲ့ ပင်မမျက်နှာစာ (dashboard)ကို ကြည့်လိုက်ရုံပါပဲ။ အိုင်ဖုန်းတွေမှာဆိုရင် အက်ပလီကေးရှင်းကို ကလေးတွေ မမြင်အောင် ဝှက်ထားလို့တောင် ရပါသေးတယ်။Net Sanity ဟာ အင်တာနက်အသုံးပြုမှုကို အချိန်ကာလအပိုင်းအခြားနဲ့ ပိတ်ထား၊ကန့်သတ်ထားနိုင်ခြင်း (ဥပမာ ညအိပ်ချိန်မှာ အွန်လိုင်းလုံးဝသုံးလို့မရအောင် လုပ်ထားတာ စသဖြင့်)၊ပိတ်ထားချင်တဲ့ ဝဘ်ဆိုက်တွေ နဲ့ အက်ပလီကေးရှင်းတွေကို ပိတ်ထားနိုင်ခြင်း စတာတွေကို ပြုလုပ်ပေးနိုင်ပါတယ်။ဒါ့အပြင် အက်ပလီကေးရှင်းတွေအားလုံးမှာ အသုံးမပြုစေချင်တဲ့ အရာတွေကိုပါ သတ်မှတ်ပြီး ကန့်သတ်ထားနိုင်ပါသေးတယ်။ သင့်အနေနဲ့ ဘယ် browser ကို မဆို အသုံးပြုပြီး (ဖုန်း ဒါမှမဟုတ် ကွန်ပြူတာကနေ) သင့်ကလေးရဲ့ အွန်လိုင်းအသုံးပြုမှုကို စောင့်ကြည့်အကဲခတ်နိုင်ပါတယ်။သင့်အနေနဲ့ သတိထားသင့်တဲ့အချက်က ကလေးတွေဟာ သူတို့စောင့်ကြည့်ခံနေရကြောင်းကို သိသွားနိုင်ပါတယ်။ ဒါ့အပြင် သင်နဲ့ သင့်ကလေးတို့ကြားမှာ ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံနိုင်တဲ့ အခြေအနေတခုကို ဖွင့်ပေးမထားဖူးဆိုရင် အင်တာနက်ကို လုံခြုံစိတ်ချပြီး အကျိုးရှိအောင် ဘယ်လိုသုံးစွဲရမလဲဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး သူတို့လေးတွေကို သင်ကူညီနိုင်တော့မှာ မဟုတ်ပါဘူး။ဘယ်လိုနည်းပညာ အသစ်အဆန်းတွေပဲ ဆက်လက်ထွက်ပေါ်လာသည်ဖြစ်စေ ဒီအရည်အချင်းဟာ အရေးပါတဲ့ ကဏ္ဍမှာ အမြဲရှိနေမှာ အမှန်ပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/mental-health-adolescents/%e1%80%86%e1%80%9a%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%a1%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba-%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%b1/
လူအများစုမသိသေးကြတဲ့ အမျိုးသမီး လိင်အင်္ဂါ အစေ့ (Clitoris) ရဲ့ လုပ်ဆောင်ချက်
လူအများစုမသိသေးကြတဲ့ အမျိုးသမီး လိင်အင်္ဂါ အစေ့ (Clitoris) ရဲ့ လုပ်ဆောင်ချက် အကြောင်း လေ့လာလိုက်ရအောင်နော်။ အမျိုးသမီး လိင် အင်္ဂါ အစိတ် အပိုင်းထဲမှာ အရှုပ် ထွေးဆုံး အစိတ် အပိုင်းတစ် ခု ကို ပြောပါဆိုရင် အမျိုးသမီး လိင် အင်္ဂါ အ စေ့လို့ ပြောရမှာ ဖြစ် ပါတယ် ။ အမျိုးသမီး လိင် အင်္ဂါ အ စေ့ Clitoris ဟာ နှစ် ပေါင်းများစွာကတည်းက လူအများ လွဲမှားစွာ နားလည် ထားကြတဲ့ အင်္ဂါ အစိတ် အပိုင်းတစ် ခုလည်းဖြစ် ပါတယ် ။ နို့တိုက် သတ္တဝါ အမသတ္တဝါ တွေအားလုံး၊ ငှက် အမနဲ့ တွားသွားသတ္တဝါ တစ် ချို့ နဲ့ မြွေတစ် ချို့တို့မှာClitorisလို့ ခေါ်တဲ့ အမျိုးသမီး လိင် အင်္ဂါ အ စေ့ ရှိကြပါတယ် ။လူသား တွေမှာ တော့ Clitoris လို့ ခေါ်တဲ့ အမျိုးသမီး လိင် အင်္ဂါက လိင် ပိုင်းဆိုင် ရာ သာယာမှု အတွက် တော် တော် အ ရေးပါတဲ့ အင်္ဂါ တစ် ခုဖြစ် ပါတယ် ။ တကယ်တော့ ဒီအင်္ဂါအစိတ်အပိုင်းဟာ ကမ္ဘာလူဦးရေ တစ်ဝက်ခန့်ရှိ အမျိုးသမီးတွေမှာ ရှိကြတဲ့ အင်္ဂါတစ်ခု ဖြစ်ပေမဲ့ လူအများစုက ဒီအင်္ဂါအကြောင်း အသေးစိတ် မသိသေးကြပါဘူး။ ကျွန်တော် ဒီဆောင်းပါးလေးထဲမှာတော့ Hello ဆရာဝန် ကျန်းမာရေး ပရိတ်သတ်များအတွက်Clitorisလို့ခေါ်တဲ့ အမျိုးသမီး လိင်အင်္ဂါ အ စေ့ရဲ့ ဖွဲစည်းပုံ၊ ကျန်းမာရေးနဲ့ အိမ်ထောင်ရေး အပေါ် ဘယ်လောက်သက်ရောက်မှု ရှိလဲဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။လူအများစုမသိသေးကြတဲ့ အမျိုးသမီး လိင်အင်္ဂါ အစေ့ (Clitoris) ရဲ့ လုပ်ဆောင်ချက် တွေကတော့။၁။ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) ဟာ အစေ့လေး တစ်ခုသာ မဟုတ်ပါဘူး။အမျိုးသမီးလိင် အင်္ဂါ အ စေ့Clitoris ရဲ့ သဘာဝ ကို သူ့ရဲ့ နာမည် မှာ တင် အရှင်းသားမြင် ရနိုင် ပါတယ် ။ Clitoris ရဲ့မူရင်းစကားဟာ ရှေး ဟောင် းဂရိစကား Kleitoris မှ ဆင်းသက် လာတာ ဖြစ် ပြီး အဓိပ္ပါယ် က တော့ တောင် ကုန်းက လေး လို့ အဓိပ္ပါယ် သက် ရောက် ပါတယ် ။ ဒါ့အပြင် Kleitoris ဆိုတဲ့ စာလုံးထဲက Kleis ရဲ့ အဓိပ္ပါယ် ကလည်း သော့ လို့ အဓိပ္ပါယ် ရပါ သေးတယ် ။ တကယ် တော့ ဒီအင်္ဂါ လေးဟာ အမျိုးသမီး တွေလိင် ပိုင်းဆိုင် ရာ သာယာမှု အတွက် သော့ချက် အင်္ဂါ တစ် ခု ဖြစ် ပါတယ် ။ ဒါ ပေမဲ့ အမျိုးသမီးလိင် အင်္ဂါအ စေ့ Clitoris ဟာ ကျွန် တော် တို့ ထင် ထားသလို အပြင် က နေ မြင်တွေ့ရတဲ့ အင်္ဂါ အစေ့လေး တစ်ခုပဲ မဟုတ် ပါဘူး။ ဒါဟာ Clitoris ရဲ့ အစိတ် အပိုင်း သေး သေး လေးတစ် ခုသာ ရှိပါ သေးတယ် ။ ကျွန် တော် တို့ မျက် စိနဲ့ မြင် ရတဲ့ အစေ့လေး ကို အမျိုးသမီး လိင် အင်္ဂါ အ စေ့ ထိပ်ခေါင်း (glans clitoris) လို့ ခေါ်ပါတယ် ။ ဒီအစိတ် အပိုင် းကိုပဲ ကျွန် တော် တို့ မျက် လုံးနဲ့အလွယ် တစ် ကူ မြင် ရတာဖြစ် ပါတယ် ။ တကယ့် အမျိုးသမီး လိင် အင်္ဂါ အ စေ့ဟာ ဒီထက် ပိုကြီးပြီး ဒီ လို ကျွန် တော် တို့ မျက် စိနဲ့ မြင် ရတဲ့ အစိတ် အပိုင် းဟာ Clitoris တစ် ခုလုံး မဟုတ် ကြောင်း လူအများ သိရှိလာတာ နှစ် ပေါင်း အနည် းငယ် သာ ရှိပါ သေးတယ် ။Clitoris မှာ အဓိ အစိတ် အပိုင်း ၃ ခုရှိပါတယ် ။ အဲ့ဒါ တွေက တော့။(၁) glans clitoris။ဒီအစိတ် အပိုင် းက မျက် လုံးနဲ့ မြင် ရတဲ့ တစ် ခုတည် း တော့ အပိုင် း ဖြစ် ပြီး အင်္ဂါ အစိတ် အပိုင်းတစ် ခုလုံးရဲ့ ၅ ပုံတစ် ပုံ (သို့မဟုတ် ) ဒီထက် ပို သေးပါတယ် ။(၂)Clitorisဘေးအလွှာ ၂ ခု။ဒီ Clitoris ရဲ့ ဘေးအလွှာ ၂ ခုဟာ စောင် လိုပဲ Clitoris ခေါင်းမှ ဖြာဆင်းသွားပြီး Vulva လို့ ခေါ်တဲ့ အမျိုးသမီး အင်္ဂါ နှုတ် ခမ်းသားတစ် ရှုး တွေအတွင်းပိုင်းအထိ တစ် ဖက် တစ် ချက် စီ ဆင်းသွားပါတယ် ။(၃) မွေးလမ်းကြောင်း ဝင်ပေါက် ဘေးနားက အဖု (၂) ခု။မွေးလမ်းကြောင်း အဝင်ပေါက် ဘေး ၂ ဘက် ၂ ချက်မှာ တည်ရှိနေတဲ့ အဖု ၂ ခုဟာ အမျိုးသမီး လိင်အင်္ဂါ အစေ့ (Clitoris) ရဲ့ အတွင်းပိုင်း အစိတ်အပိုင်းတွေ ဖြစ်ပြီး အမျိုးသမီး အင်္ဂါနမိတ်ဝက ကြည့်ရင် မြင်ရမှာ မဟုတ်ပါဘူး။ ဒီအဖု နှစ်ခုဟာ အမျိုးသမီး အင်္ဂါ နှုတ်ခမ်းသားရဲ့ နောက်မှာ ရှိကာ ဆီးလမ်းကြောင်း၊ မွေးလမ်းကြောင်း တို့ကို ဘေးက ဖြတ်သွားတာ ဖြစ်ပါတယ်။ ဒီအဖု (၂) ခုနဲ့ Clitoris ဘေးအလွှာ ၂ ခု (crura) မှာ ထောင်မတ်တစ်ရှုးတွေ ပါဝင်ပြီး လိင်စိတ် လှုံ့ဆော်ခံရတဲ့ အချိန်မှာ သွေးများပြည့်တင်းလာပြီး ဖောင်းကားလာပါတယ်။ မွေးလမ်းကြောင်း တစ်ဖက်တစ်ချက်မှာ ဖောင်းကားလာခြင်းဖြင့် မွေးလမ်းကြောင်း အတွင်း ချောဆီပိုထွက်စေလာနိုင်ပြီး အာရုံခံစားမှုနဲ့ လိင်ခံစားမှုကို ပိုတိုးတက်လာစေနိုင်ပါတယ်။အစိတ် အပိုင် းတစ် ခုလုံးဆိုရင် Clitoris ဟာ စုစု ပေါင်း ၇ စင် တီမီတာ လောက် ရှိနိုင် ပါတယ် ။ Clitoris ထိပ် ခေါင်းတစ် ခု တည်းက ကို ၄-၇ မီလီမီတာ လောက် အထိ ရှိ ပါတယ် ။ အမျိုးသမီး လိင် အင်္ဂါ အစိတ် အပိုင်း ထိပ် ခေါင်းမှာ နာဗ် ကြောထုံး တွေ အများဆုံးပါဝင် နေတဲ့ အတွက် လိင် ပိုင် းဆိုင် ရာ သာယာမှုကို ဖြစ် ဖို့ အတွက် အဓိက အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်နေတာပါ။၂။ လိင်ပိုင်းဆိုင် ရာ ခံစားချက်အတွက် အဓိကအကျဆုံး နေရာ အစိတ် အပိုင်းတစ်ခု။အာရုံခံနိုင် စွမ်း မြင့်မားတာ ကြောင့် အမျိုးသမီး လိင် အင်္ဂါ အစိတ် အပိုင်းဟာ အမျိုးသမီး လိင် ခံစားမှု အထွတ်အထိပ် ရောက် ခြင် းမှာ အဓိက ကျတဲ့ နေရာတစ် ခု ဖြစ် ပါတယ် ။ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) ရဲ့ ထိပ်ခေါင်းမှာ နာဗ်ကြောထုံး ၈၀၀၀ ခန့် ပါဝင်တဲ့အတွက် အာရုံခံစားမှု အမြင့်မားဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒီနာဗ်ကြောပမာဏဟာ အမျိုးသား လိင်တံမှာ ပါဝင်တဲ နာဗ်ကြောထုံး ပမာဏရဲ့ ၂ ဆ ခန့်ရှိပါတယ်။ အပြာကား တွေကြောင့် လူအများက အမျိုးသမီး လိင် ခံစားမှု အထွတ် အထိပ် ရောက် ခြင်းဟာ လိင် အင်္ဂါ ထိုးသွင်းဆက်ဆံခြင်းမှသာ ရတာ ဖြစ် တယ် လို့ မှားယွင်းစွာ သိထားကြပါတယ် ။ ဒါ ပေမဲ့ သိပ္ပံပညာအရ တော့ ဒီလိုဟုတ် ပါဘူး။ အမျိုးသမီးတော်တော်များများဟာ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) ကို လှုံ့ဆော်မှသာ လိင်ဆက်ဆံချိန် ခံစားချက် အထွတ်အထိပ်ရောက်တတ်လေ့ ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဒါ့ကြောင့် အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) အမျိုးသမီးတွေ လိင်ဆက်ဆံချိန် အထွတ်အထိပ်ရောက်ဖို့ အတွက် အဓိက အကျဆုံးနေရာတစ်ခုလို့ခေါ်ရမှာပါ။ ဒါ့အပြင် အမျိုးသမီးတွေရဲ့ မွေးလမ်းကြောင်း Vagina ဟာ ဆေးပညာ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အမျိုးသမီး အင်္ဂါ နမိတ်ဝ (Vulva) နဲ့ သားအိမ်ခေါင်းကို ဆက်သွယ်ပေးထားတဲ့ မျိုးပွားအင်္ဂါ ပြွန်ချောင်းတစ်ခုသာ ဖြစ်ပြီးလိင်ဆက်ဆံချိန် အထွတ်အထိပ်ရောက်ခြင်းကို ဖြစ်စေနိုင်တဲ့ ဖွဲ့စည်းပုံမရှိဘူးလို့ ဆေးပညာရှင်တွေက ဆိုပါတယ်။ ဒီတော့ အမျိုးသမီးတွေ လိင်ဆက်ဆံချိန် အထွတ်အထိပ်ရောက်ခြင်းဟာ နာဗ်ကြောဆုံးတွေ တစ်စုတစ်စည်းတည်းတည်ရှိနေတဲ့ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) ကြောင့်သာ ရောက်ရတာ ဖြစ်ပါတယ်။၃။ အမျိုးသား လိင်အင်္ဂါ (Penis) နဲ့ ဖွဲ့စည်းပုံတူတဲ့ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) ။အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) ဟာ အမျိုးသားတွေရဲ့ လိင်တံ (Penis) နဲ့ ဖွဲ့စည်းပုံဆင်ပါတယ်။ အမိဝမ်းတွင်း သန္ဓေသားဘဝမှာ သန္ဓောသားတွေအားလုံးက ခန္ဓါကိုယ် အစိတ်အပိုင်းတွေ အတူတူဖြစ်ပြီး အချိန်ကြာလာတာနဲ့ အမျှ ဖွဲ့စည်းပုံခြင်း ကွာသွားလို့သာ ကျား၊ မကွဲသွားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေလိုရင်သွေးတွေကို နို့တိုက်စရာမလိုတဲ့ အမျိုးသားတွေမှာတောင် ရင်သားထိပ်ခေါင်းတွေ ပါဝင်နေတာ ဖြစ်ပါတယ်။ အမျိုးသားတွေဟာ ရင်သားထိပ်ခေါင်းတွေပါဝင်နေပေမဲ့ ဒီရင်သားတွေဟာ သန္ဓေသား အဆင့်တုန်းကလိုပဲ ဆက်လက်မကြီးထွားတော့ပါဘူး။ ဒီလိုပုံစံပဲ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) နဲ့ အမျိုးသားလိင်တံက တူနေတာ ဖြစ်ပါတယ်။ သန္ဓေအောင် မျိုးဥက သားအိမ်ထဲမှာ တွယ်ကပ်အပြီး ၆ ပတ် အကြာမှာ အမျိုးသား သဘာဝ ဟော်မုန်းတွေက သန္ဓေသားကို သက်ရောက်ပါတယ်။ အဲ့အချိန်မှာ သန္ဓေသား အမျိုးသားဆဲလ် တွေက ဒီဟော်မုန်းတွေကို အမျိုးသား ခန္ဓါကိုယ် ဖွဲ့စည်းပုံတွေ ဖြစ်တဲ့ လိင်တံ၊ဝှေးစေ့ နဲ့ ကပ်ပယ်အိတ်တွေ ဖြစ်ပေါ်ခြင်းဖြင့် တုံ့ပြန်ပါတယ်။ အမျိုးသမီး သန္ဓေသားဆဲလ်တွေကတော့ ဒီဟော်မုန်းတွေကို မတုံ့ပြန်ဘဲ ပုံမှန် လိင်အင်္ဂါ ဖွဲ့စည်းပုံဖြစ်တဲ့ အမျိုးသမီး လိင်အင်္ဂါ အစေ့၊ မျိုးဥအိမ်နဲ့ အမျိုးသမီး အင်္ဂါ နှုတ်ခမ်း အဖြစ် ဖွဲ့စည်းဖြစ်ပေါ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) မှာ Glans လို့ခေါ်တဲ့ ထိပ်ခေါင်း ၊ Hood လို့ခေါ်တဲ့ ထိပ်ငုံအရေပြား၊ ထောင်မတ်တစ်ရှုးတွေနဲ့ သေးငယ်တဲ့ အတံလေးတစ်ခုပါ ပါဝင်ပါတယ်။ ဒီအရာတွေအားလုံးဟာ အမျိုးသား လိင်တံမှာလည်း ပါဝင်နေပါတယ်။၄။ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) ရဲ့ အခန်း ကဏ္ဍက ဘယ်လောက်ရှိနေသလဲ။အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) နဲ့ အမျိုးသား လိင်တံက ပုံစံချင်း ဆင်တူတယ်ဆိုပေမဲ့ အမျိုးသား လိင်တံမှာက လိင်ပိုင်းဆိုင်ရာ ခံစားမှု၊ မျိုးပွားမှုဆိုင်ရာ လုပ်ဆောင်ချက်နဲ့ ဆီးစွန့်ထုတ်ခြင်းကို ပါ လုပ်ဆောင်နိုင်ပေမဲ့ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) အစေ့မှာတော့ လုပ်ဆောင်ချက်က တစ်ခုတည်း ရှိပါတယ်။ အဲ့ဒါကတော့ လိင်ပိုင်းဆိုင်ရာ ခံစားမှုကို လှုံ့ဆော်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ခန္ဓါကိုယ်ဖွဲ့စည်းပုံရဲ့ လက်ဆောင်တစ်ခုလို့လည်း ဆေးပညာရှင်တွေက ခေါ်ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေ လိင်ပိုင်းဆိုင်ရာ ခံစားချက် အထွတ်ထိပ် ရောက်သွားပြီဆိုရင် သုက်ထွက်ခြင်း ဖြစ်ပေါ်ပါတယ်။ သုက်ထွက်ခြင်းဟာ မျိုးပွားခြင်းအတွက် အရမ်းအရေးပါတဲ့ လုပ်ဆောင်ချက်တစ်ခုပါ။ အမျိုးသမီး တွေမှာကျတော့ မျိုးဥကြွေခြင်းဟာ လိင်ဆက်ဆံခြင်းနဲ့ မဆိုင်ဘဲ သူ့ဘာသာ အမှီအခို ကင်းစွာနဲ့ လုပ်ဆောင် နေတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တာကြောင့် ဆေးပညာရှင်တွေကတော့ လိင်ဆက်ဆံချိန် အထွတ်အထိပ်ရာက်ခြင်းဟာ မျိုးပွားခြင်းနဲ့ မဆိုင်ဘဲ ခံစားချက်ကောင်းစေရန်အတွက်သာ ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။(၅) လူအများစု မသိကြသေးတဲ့ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) ။ခေတ်မှီတိုးတက်နေတဲ့ အနောက်နိုင်ငံတွေမှာတောင် အမျိုးသမီး လိင်အင်္ဂါ အစေ့ (Clitoris)အကြောင်းကို ၂၀၀၉ ခုနှစ်မှ သေချာလေ့လာပြီး တိတိကျကျ ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီး လိင်အင်္ဂါ အစေ့ (Clitoris) ရဲ့ တစ်ခုတည်းသော လုပ်ဆောင်ချက်ဟာ လိင်ပိုင်းဆိုင်ရာ ခံစားချက်အတွက်သာ ဖြစ်တဲ့ အတွက်ကြောင့် မိဘများနဲ့ ကျွမ်းကျင်သူ ဆေးပညာရှင်များကပါ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) အကြောင်းကို ထုတ်မပြောတတ်ကြပါဘူး။ ဒီလို အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ ခံစားချက်အကြောင်း လျစ်လျူရှုထားခြင်းက အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ လိင်ပိုင်းဆိုင်ရာ ဘဝတွေကိုပါ ထိခိုက်စေပါတယ်။ ဒါ့ကြောင့် အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) အကြောင့် သေသေချာချာနားလည်ထားမယ်ဆိုရင် အမျိုးသမီးတွေကို သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ သာယာမှုအကြောင်း ပိုမိုသိရှိလာစေနိုင်ပြီး သာယာတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်လာစေနိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/function-of-clitoris/
Probiotics ရဲ့ အစာခြေစနစ်အတွက်ကောင်းကျိုးများ
ခန္ဓါကိုယ်ကျန်းမာဖို့အတွက်ဆိုရင်အာဟာရြပည့်ဝမှုရှိဖို့လိုပါမယ်။ လိုအပ်တဲ့ အာဟာရတွေပြည့်ဝဖို့အတွက်အရေးအကြီးဆုံးက ခန္ဓါကိုယ်ရဲ့အစာခြေစနစ်ကျန်းမာဖို့လိုပါမယ်။ အစာခြေစနစ်ကျန်းမာအောင်အစားအသောက်တွေကို ဂရုတစိုက်စားသုံးဖို့လိုအပ်ပါတယ်။Probioticsဆိုတာ သက်ရှိဘက်တီးရီးယားတစ်မျိုးပါ။ အဓိကကတော့အစာခြေစနစ်ကို ကျန်းမာအောင်လုပ်ဆောင်ပေးတာပါ။ လူတော်တော်များများက ဘက်တီးရီးယားဆိုရင်ရောဂြါဖစ်စေမယ်လို့ပဲ ယူဆထားကြတာပါ။ ဒါပေမယ့် သက်ရှိဘက်တီးရီးယားဖြစ်တဲ့Probiotics ကတော့ ခန္ဓါကိုယ်ကို ထိခိုက်စေတာမဟုတ်ဘဲ အစာခြေစနစ်ကို ကျန်းမာစေတာပါ။ လူ့ခန္ဓါကိုယ်ဟာ အကျိုးပြုတဲ့ ဘက်တီးရီးယားတွေရော ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေရောပြည့်နှက်နေတာပါ။Probiotics ကတော့ အကျိုးပြု ဘက်တီးရီးယားဖြစ်ပြီးအစာအိမ်အူလမ်းကြောင်းကို ကျန်းမာအောင် အထောက်အပံ့ပေးပါတယ်။Probiotics အမျိုးအစားက တစ်မျိုးမကရှိပါတယ်။ အမျိုးအစားမတူသလို အကျိုးပြုပုံချင်းလည်း မတူပါဘူး။Probiotics အမျိုးအစားတွေက –။Lactobacillus –ဒါကတွေ့ရအများဆုံး Probiotic ပါ။ ဒီ Probiotic အမျိုးအစားကို ဒိန်ချဉ်မှာတွေ့ရများပါတယ်။ Probioticsတွေက ဝမ်းလျှောတာကို သက်သာစေနိုင်ပြီးlactose ကို အစာကြေခဲတဲ့သူတွေအတွက်လည်း အစာခြေစနစ်ကို အထောက်အပံ့ပေးပါတယ်။Bifidobacterium –ဒီProbiotic အမျိုးအစားကိုတော့ နို့ထွက်ပစ္စည်းတွေမှာတွေ့ရတာများပါတယ်။irritable bowel syndrome(IBS) (နာတာရှည် အူလမ်းကြောင်းဆိုင်ရာ ပြဿနာစု) လက္ခဏာတွေနဲ့ အခြားအစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။Saccharomyces boulardii– ဒါကတော့probiotics ထဲမှာတွေ့ရတဲ့ တစေးတစ်မျိုးပါ။ဝမ်းလျှောတာနဲ့ အခြားအစာခြေစနစ်ဆိုင်ရာပြဿနာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။အစာအိမ်အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေက –။Probiotics ရဲ့ အကြီးမားဆုံးသောခန္ဓါကိုယ်ကို အကျိုးပြုတဲ့နည်းလမ်းက အစာခြေစနစ်ကျန်းမာနေအောင် လုပ်ဆောင်ပေးတာပါ။Probioticsတွေက အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါတွေကို ကုသရာမှာ အထောက်အကူပြုပေးနိုင်သလိုရောဂါမဖြစ်အောင် ကာကွယ်ပေးတဲ့ တာဝန်ကိုလည်း ထမ်းဆောင်ပေးပါတယ်။အကျိုးပြုဘက်တီးရီးယားတွေပါဝင်တဲ့အစားအသောက်တွေစားသုံးတာနဲ့ Probioticsဖြည့်စွက်စာတွေ သုံးစွဲတာက ကုသရခက်တဲ့ အစာခြေလမ်းကြောင်းရောဂါတွေဖြစ်တဲ့ulcerative colitis( အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း) နဲ့Crohn’s disease(အစာအိမ်၊အူနံရံရောင်သောရောဂါ) အပါအဝင် အစာအိမ်အူလမ်းကြောင်းမှာဖြစ်တတ်တဲ့ရောဂါတွေကို ကာကွယ်ပေးပါတယ်။ ဒါတင်မကပါဘူး။ Probioticsတွေက ဝမ်းပျက်ဝမ်းလျှောရောဂါတွေကိုပါ သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် Probiotics က နာတာရှည်အူလမ်းကြောင်းဆိုင်ရာပြဿနာစု (IBS) လက္ခဏာတွေကြောင့်ဖြစ်တဲ့နာကျင်မှုနဲ့ဝေဒနာခံစားရမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ Probioticsတွေက လူကြီးတွေကနေပြီး မွေးကင်းစ ကလေးငယ်တွေထိအောင် အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေကို လျော့ပါးသက်သာနိုင်တဲ့အစွမ်းသတ္တိတွေရှိကြပါတယ်။ကင်မ်ချီ –ကင်မ်ချီက ကိုရီးယားအရံဟင်းတစ်မျိုးပါ။ ကင်မ်ချီကို ပန်းမုန်ညှင်း၊ငရုတ်သီး၊မုန်လာဥဖြူ၊မုန်လာဥနီ၊ကြက်သွန်ဖြူ၊ချင်း၊ကြက်သွန်နီ၊ ပင်လယ်ဆား၊ ဆားမြိန်ရည်တို့နဲ့ရောစပ်လုပ်ထားတာပါ။ ကင်မ်ချီနပ်ဖို့ဆိုရင် ၃ ရက်ကနေ ၁၄ ရက်နေ့အထိအချဉ်တည်ထားရတာဖြစ်ပြီး ကင်မ်ချီက Probiotics ကြွယ်ဝတဲ့အစားအစာတစ်မျိုးပါ။ဒိန်ချဉ်– ဒိန်ချဉ်က Probiotics ရရှိစေတဲ့ အစားအသောက်တစ်ခုဆိုတာကိုတော်တော်များများကသိထားပြီးဖြစ်မှာပါ။နွားနို့၊ဆိတ်နို့ နဲ့ သိုးနို့တွေကနေ လုပ်ဆောင်ထားတဲ့ ဒိန်ချဉ်နဲ့နို့ထွက်ပစ္စည်းတွေမှာ Probioticတွေကြွယ်ဝစွာပါဝင်ပါတယ်။မီဆို –မီဆိုက ဂျပန်လူမျိုးတွေရဲ့ ရိုးရာဆေးတစ်မျိုးပါ။ အစာခြေစနစ်ကျန်းမာစေဖို့အတွက် အကျိုးပြုဘက်တီးရီးယားတွေဖြစ်ပေါ်စေဖို့အတွက် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀လောက်ကတည်းက တရုတ်လူမျိုးတွေနဲ့ဂျပန်လူမျိုးတွေက မီဆိုကို စားသုံးခဲ့ကြတာပါ။ရေနွေးဆူဆူထဲမှာ မီဆိုအနှစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက်ထည့်ပြီး အခြားအသီးအရွက်တွေနဲ့ စားသုံးပေးမယ်ဆိုရင် အစာအိမ်နဲ့ အူလမ်းကြောင်းတလျှောက်မှာ အကျိုးပြုဘက်တီးရီးယားတွေဖြစ်ပေါ်စေမှာ အသေအချာပါ။နို့ထွက်ပစ္စည်းတွေ– နွားနို့၊ ဆိတ်နို့၊ ဒိန်ခဲ၊ချိစ်တို့မှာလည်း Probiotics ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် အစာအိမ်အူလမ်းကြောင်းထဲမှာ အကျိုးပြုဘက်တီးရီးယားတွေပေါက်ဖွားစေချင်တယ်ဆိုရင်တော့နို့ထွက်ပစ္စည်းတွေကို စားသုံးပေးပါ။Probiotics ကို အစားအစာတွေကနေတဆင့် မဟုတ်ဘဲဖြည့်စွက်စာ ကနေရယူချင်တယ်ဆိုရင်တော့BioGaia Protectis ကိုစားသုံးပေးလို့ရပါတယ်။ ဆေးကဆေးပြားပုံစံဖြစ်ပြီး အလွယ်တကူ ဝါးစားလို့ရပါတယ်။Lactobacillusအမျိုးအစား Probiotics ကိုထည့်သွင်းလုပ်ဆောင်ထားတာဖြစ်တဲ့အတွက် အစာအိမ်အူလမ်းကြောင်းအတွင်းက အကျိုးပြုဘက်တီးရီးယားအရေအတွက်ကို ထိန်းညှိပေးပြီး အစာအိမ်အူလမ်းကြောင်းဝေဒနာတွေကို ကင်းဝေးစေမှာပါ။ BioGaia ရဲ့ အဓိကအားသာချက်ကတော့ လူကြီးတွေကနေမွေးကင်းစ ကလေးငယ်တွေအထိသောက်သုံးလို့ရပြီး ကလေးတွေအတွက်ဆိုရင် အနံ့အရသာမရှိတဲ့ဆေးရည်အစက်ချပုံစံနဲ့ရရှိနိုင်တာကြောင့် နို့ဗူးထဲ၊ဖျော်ရည်ထဲ အလွယ်တကူထည့်တိုက်လို့ရတာပါပဲ။ ကလေးတွေအတွက်ကောင်းကျိုးတွေထဲမှာဖော်ပြထားတဲ့အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေအပြင် အဖြစ်များတဲ့လေနာဝေဒနာကိုလည်း အသိသာဆုံးသက်သာစေနိုင်စွမ်းရှိပါတယ်။How probiotics or live bacteria are good for your digestive system။What Are Probiotics?။Probiotics are live bacteria and yeasts that are good for your health, especially your digestive system. We usually think of these as germs that cause diseases. But your body is full of bacteria, both good and bad. Probiotics are often called “good” or “helpful” bacteria because they help keep your gut healthy.။You can find probiotics in supplements and some foods, like yogurt. Doctors often suggest them to help with digestive problems.။Types of Probiotics။Many types of bacteria are classified as probiotics. They all have different benefits, but most come from two groups. Ask your doctor about which might best help you.။Lactobacillus. This may be the most common probiotic. It’s the one you’ll find in yogurt and other fermented foods. Different strains can help with diarrhea and may help with people who can’t digest lactose, the sugar in milk.။Bifidobacterium. You can also find it in some dairy products. It may help ease the symptoms of irritable bowel syndrome (IBS) and some other conditions.။Saccharomyces boulardiiis a yeast found in probiotics. It appears to help fight diarrhea and other digestive problems.။How they do?။Your good gut bacteria is also responsible for:။Digestive Health။The first major benefit of probiotics is as a promoter of good digestive health. “Probiotics are generally beneficial in treatment and prevention of gastrointestinal diseases.Eating foods rich in good bacteria and using probiotic supplements may help to provide protection from inflammatory bowel diseases, including ulcerative colitis and Crohn’s disease. The evidence is stronger, however, for an improvement in ulcerative colitis, while Crohn’s disease may not benefit as greatly.။Certain types of probiotics from the Bifidobacterium and Lactobacillus strains have improved symptoms in people with mild ulcerative colitis. However, probiotics appear to have little effect on symptoms of Crohn’s disease .။Nevertheless, probiotics may have benefits for other bowel disorders. Early research suggests they may help with symptoms of irritable bowel syndrome (IBS).။Probiotic-Rich Foods။Kimchi။Kimchi is a cousin to sauerkraut and is the Korean take on cultured veggies.။It’s created by mixing a main ingredient, such as Chinese cabbage, with a number of other foods and spices, like red pepper flakes, radishes, carrots, garlic, ginger, onion, sea salt and fish sauce. The mixture is then left aside to ferment for three to 14 days.။Yogurt။Possibly the most popular probiotic food is live cultured yogurt or greek yogurt made from the milk of cows, goats or sheep.။Yogurt, in most cases, can rank at the top of probiotic foods if it comes from raw, grass-fed animals. The problem is there is a large variation on the quality of yogurts on the market today. When buying yogurt, look for three things: First, that it comes from goat’s, sheep milk or A2 cows milk, second, that it’s grass-fed and third, that it’s organic.။Miso။Miso is one of the mainstays of traditional Japanese medicine and is commonly used in macrobiotic cooking as a digestive regulator. Miso has been a staple in Chinese and Japanese diets dating back approximately 2,500 years.။Today, most of the Japanese population begins the day with a warm bowl of miso soup, believed to stimulate the digestive system and energize the body. Made from fermented soybeans, rice or barley, adding a tablespoon of miso to some hot water makes an excellent, quick, probiotic-rich soup. The fermentation process can take anywhere from a few days to a couple of years to complete, and the end result is a red, white or dark brown paste with a buttery texture.။Miso soup is famous throughout the world, and it’s very easy to prepare. Simply dissolve a tablespoonful of miso in a pot of water filled with seaweed and other ingredients of your choice.။Raw Dairy။Raw cow’s milk, goat’s milk, sheep’s milk and A2 aged cheeses are particularly high in probiotics. Just remember, all pasteurized dairy is devoid of healthy bacteria, so to get the probiotics, you’ll need to stick to only high-quality, raw dairy.။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/probiotics-%e1%80%90%e1%80%bd%e1%80%b1%e1%80%80-%e1%80%a1%e1%80%85%e1%80%ac%e1%80%81%e1%80%bc%e1%80%b1%e1%80%85%e1%80%94%e1%80%85%e1%80%ba%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%ba/
မိန်းမကိုယ်ပိုးဝင်ခြင်းပြဿနာကို ရင်ဆိုင်နေတဲ့ ချစ်သူကို ဘယ်လိုအားပေးကူညီမလဲ
အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ပြဿနာတွေကတော့မိန်းမကိုယ် ပိုးဝင်တာပါပဲ။ ဒီလိုကျန်းမာရေးအခြေအနေနဲ့ ရင်ဆိုင်နေရချိန်မှာ လူက နေလို့ထိုင်လို့ မကောင်းတာ၊ယားယံေနတာ၊ မကောင်းတဲ့အနံ့အသက်ေတွ ထွက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုမိန်းမကိုယ်ပိုးဝင်စေနိုင်တဲ့ အကြောင်းရင်းတွေ၊ ပြဿနာတွေကလည်း အများကြီးပါပဲ။ အရေပြားမှိုစွဲကပ်တာ၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးကြောင့်၊ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းတာကြောင့်လည်း ဖြစ်နိုင်သလို ဆပ်ပြာတွေမှာ ပါဝင်တဲ့ ဓါတုဗေဒပစ္စည်းတွေ၊ မိန်းမကိုယ်နဲ့ အမြဲထိတွေ့နေတဲ့ အဝတ်အစားတွေကြောင့်လည်း မိန်းမကိုယ် ယားယံတာ ဖြစ်နိုင်ပါတယ်။ဖြစ်နိုင်ခြေ အကြောင်းရင်းတွေ အများကြီးရှိပြီး ကုသပုံနည်းလမ်းတွေလည်း မတူညီကြပါဘူး။ ဘယ်လိုပဲဖြစ်နေပါစေ၊ ကိုယ်ချစ်ရတဲ့သူက ဒီလို ဝေဒနာခံစားနေရချိန်မှာ အိမ်ထောင်ရှင်ကောင်း၊ ချစ်သူကောင်းတစ်ယောက်ဖြစ်စေဖို့ အမျိုးသားတွေအနေနဲ့ တစ်ဖက်တစ်လမ်းကနေ အားပေးကူညီလို့ ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။၁။ ပြင်းလွန်းတဲ့ ဆပ်ပြာတွေ၊ အဝတ်လျှော်ဆပ်ပြာမှာ ပါဝင်တဲ့ ဓါတုဗေဒပစ္စည်းတွေကြောင့် မိန်းမကိုယ်အရေပြားနဲ့ ဓါတ်မတည့်ဖြစ်ပြီး ယားယံတဲ့ဝေဒနာ ပိုဆိုးလာနိုင်ပါတယ်။ ဒါကြောင့် ဒီလိုဆပ်ပြာတွေကို အသုံးပြုတာ ခဏလောက်ဖြစ်ဖြစ် ရပ်ထားသင့်ပါတယ်။၃။ မိန်းမကိုယ် ပိုးဝင်မှုကြောင့် ယားယံတာတွေကို သက်သာစေဖို့ တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်လောက် ရေသေချာ ချိုးပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အားကစားလုပ်ပြီးချိန်၊ အပြင်က ပြန်လာတဲ့အခါ ချွေးတွေ အရမ်းထွက်နေရင် ဘက်တီးရီးယားတွေ ပိုမိုခိုအောင်းပြီး ဝေဒနာကို ပိုဆိုးစေနိုင်တာကြောင့်ရေပုံမှန်ချိုးခိုင်းဖို့ သတိပေးလိုက်ပါနော်။ ဒါ့အပြင် အပြင်က ပြန်လာတာနဲ့ ရေ၊ ချွေးစိုနေတဲ့ အဝတ်အစား၊ အတွင်းခံတွေကို အမြန်ချွတ်ပစ်ဖို့လည်း မမေ့သင့်ပါဘူး။၄။ ယားယံနေတဲ့ မိန်းမကိုယ်တစ်ဝိုက်ကို ခြောက်သွေ့ပြီး သန့်ရှင်းအောင် ထားဖို့ အရမ်းအရေးကြီးပါတယ်။ မိန်းမကိုယ်ဖျန်းဆေး၊ အမွှေးရနံ့ပြင်းလွန်းတဲ့ ကိုယ်တိုက်ဆပ်ပြာတွေမှာ ပါဝင်တဲ့ အက်ဆစ်ဓါတ်တွေက မိန်းမကိုယ်အရေပြားမှာ ရှိသင့်တဲ့ pH ပမာဏထက် များလွန်းနေတဲ့အတွက် pH မျှခြေ မညီတော့တာ၊ မိန်းမကိုယ်ရောင်ရမ်းတာ၊ ယားယံပြီး နေရထိုင်ရခက်တာတွေ ဖြစ်စေနိုင်ပါတယ်။၅။ မိန်းမကိုယ်ကို သန့်ရှင်းရေးလုပ်တဲ့အခါမှာ ဆပ်ပြာတွေအစားသန့်စင်ဆေးရည်ေတွကိုသာ အဓိကထားပြီး သုံးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးသုံး သန့်စင်ဆေးရည်တွေက pH ပမာဏကို ထိန်းပေးထားနိုင်တယ်။ ခြောက်သွေ့ယားယံတာတွေ၊ အနံ့ဆိုးထွက်တာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။၆။ သေချာကုသမှုခံယူရင် အချိန်အနည်းငယ်အတွင်းမှာ ပျောက်ကင်းသက်သာစေနိုင်ပါတယ်။ အဲ့ဒါကြောင့် မကြာခဏ ယားယံတာ၊ အနံ့ဆိုးထွက်နေတာ၊ ဘယ်လိုသန့်ရှင်းရေးလုပ်လုပ် အနံ့မပျောက်သွားဘူးဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ အကြံပေးသင့်ပါတယ်။ ဆရာဝန်ပေးတဲ့ သောက်ဆေး၊ ဆေးအညွှန်းအတိုင်း မှန်မှန်မှီဝဲပြီး ရက်ချိန်းမှန်မှန် ပြသပေးပါ။၇။ မိန်းမကိုယ် ပိုးဝင်နေချိန်မှာ လိင်ဆက်ဆံတာကို ခေတ္တခဏလောက် ရပ်ထားပါ။ ဒါမှမဟုတ်ရင်လည်းကွန်ဒုံးကို အသုံးပြုပြီး လိင်ဆက်ဆံမှု ပြုပေးပါ။ ချောဆီအတွက် ရေဓါတ်အခြေပြုချောဆီမျိုးကို သုံးစွဲပေးပါ။ လိင်ဆက်ဆံပြီးတိုင်းလည်း အမျိုးသမီးရော၊ အမျိုးသားပါ ရေပြန်ချိုးပြီး သန့်စင်ပေးဖို့ လိုပါတယ်။၈။ သဘာဝအတိုင်း အချိုဓါတ်၊ သကြားမပါဝင်ဘဲ၊ တခြား အချိုအရသာ ဖြည့်စွက်မထားတဲ့ဒိန်ချဉ်ေတွကို ကျွေးပေးပါ။ ဒိန်ချဉ်မှာ Probiotics လို့ခေါ်တဲ့ ကိုယ်ခန္ဓါအကျိုးပြု ဘက်တီးရီးယားပိုးတွေ ပါဝင်လို့ မိန်းမကိုယ်မှာ ရှိနေတဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပြီး ရောဂါတွေ လျင်မြန်စွာ ပျောက်ကင်းသက်သာစေနိုင်ပါတယ်။ ဒိန်ချဉ်မကျွေးခင်မှာ အမျိုးသမီးနဲ့ ဓါတ်တည့်၊ မတည့် ဆိုတာနဲ့ ဆရာဝန်ကို သေချာမေးပြီးမှ အဆင်ပြေတယ်ဆိုမှ ကျွေးရင် ပိုကောင်းပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/vaginitis/how-to-treat-yeast-infection/
လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို ကာကွယ်ရန် သိထားသင့်သည့် အချက်များ
လိင်ပိုင်းဆိုင်ရာကျူးလွန်မှု ဆိုသည်မှာ လူတယောက်ကို ထိုသူ၏ ခွင်ပြုချက် သဘောဆန္ဒမပါဘဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း အပြုအမူများကို ကျူးလွန်ခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ယင်းတို့တွက် မုဒိန်းကျင့်ခြင်း၊ မုဒိန်းမှုကျူးလွန်ရန် ကြိုးပမ်းခြင်း၊ ကလေးငယ်များကို ဗလက္ကာရပြုခြင်း နှင့် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများပြုလုပ်ခြင်း တို့ ပါဝင်ပါသည်။လူတယောက်အနေနှင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို ကာကွယ်ရန် မဖြစ်နိုင်ဟုသင်ထင်နေပါလိမ့်မည်။ သို့သော် သင့်ကိုသင် လျှော့မတွက်ထားပါနှင့်။ သင်သည် မည်သူပင်ဖြစ်စေ၊ မည်သည့်နေရာမှ လာသည်ဖြစ်စေ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကိုကာကွယ်နိုင်ရန် ဖြစ်နိုင်ပါသည်။သင့်ကိုယ်သင်နှင့် သင်ချစ်ရသောသူများကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကိုကာကွယ်နိုင်ရန်အတွက် ပထမဦးဆုံးလုပ်ရမည်မှာ သင့်ကိုယ်သင် အသိပညာဗဟုသုတများ ကြွယ်ဝအောင် လေ့လာရန်ဖြစ်ပါသည်။ သင်သည် အပြင်လောကတွင် နာရီနှင့် အမျှဖြစ်နေသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့်ဆိုင်သော အကြောင်းအရာများကို ဖတ်ရှုသင့်သည်။ထိုလိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို ပြုလုပ်သူများသည် သူစိမ်းများသာ ဖြစ်သည်ဟု သင်မထင်မှတ်လိုက်ပါနှင့်။ အဘယ့်ကြောင့်ဆိုသော် ၉၀% ခန့်သော လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများသည် သူငယ်ချင်းများ၊ မိသားစုဝင်များသို့မဟုတ် အသိမိတ်ဆွေများနှင့် ဆက်စပ်နေခြင်းကြောင့်ဖြစ်ပါသည်။အခြားသူများကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများမှ ကာကွယ်ပေးနိုင်ရန် သင်သိထားသော အချက်များကို သင့်မိသားစုဝင်များ၊ သူငယ်ချင်းများ ၊ အိမ်နီးချင်းများနှင့် အလုပ် လုပ်ဖော်ကိုင်ဖက်များကို ဝေမျှခြင်းတို့ပြုလုပ်သင့်သည်။လိင်ပိုင်းဆိုင်ရာ ခွဲခြားမှုများပြုခြင်း၊ ကြွက်သားများကြီးထွားခြင်း၊ မိန်းမဆန်ခြင်း နှင့် လိင်တူများကို ကြောက်ရွံ့ခြင်း စသည်တို့သည် လိင်အပေါ်မူတည်ပြီး မုန်းတီးခြင်းများနှင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများ ၊ တိုက်ရိုက်ဆက်နွယ်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် သင့်ကလေးကို လိင်ခွဲခြားသော အတွေးများဖြစ်စေသည့် “မိန်းကလေးများသည် ကားများဖြင့် မဆော့ရ” “ဒါဟာ ယောကျာ်းလေးဝတ်ရမယ့် အရောင်မဟုတ်ဘူး” စသဖြင့် ပြောခြင်းသည် သင့်ကလေးကို မှားယွင်းသော အတွေးအခေါ်များဖြစ်စေနိုင်ပါသည်။သင်သည် သတင်းမီဒီယာများမှ တဆင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို ဖတ်ရှုနိုင်သော်လည်း ယင်းတို့ကို မိမိစဉ်းစားဉာဏ်ဖြင့် မသုံးသပ်ပဲ မယုံကြည်ပါနှင့်။ သင်ချစ်သော သူများနှင့် ကလေးများအား အဆိုပါအကြမ်းဖက်မှုမျာ၏နောက်ကွယ်မှ ဖြစ်စဉ်များကို သေချာစွာ သဘောပေါက်လာစေရန် သုံးသပ်ပြသင့်သည်။သင်ကိုယ်တိုင်ကလည်း သင့်လက်တွဲဖော်အပေါ် လေးစားမှုများ၊ ကြင်နာမှုများကို အပြန်အလှန်ထားသင့်သည်။ ထိုသို့ ပြုလုပ်ခြင်းသည် သင့်ပတ်ဝန်းကျင်တွင်လည်း အပြုသဘောဆောင်သော အမူအကျင့်များကို ကူးစက်စေပါသည်။မုဒိန်းကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများသည် ရယ်စရာမဟုတ်ပါ။ အကယ်၍ထိုကိစ္စများနှင့်ပတ်သက်ပြီး တစုံတယောက်က ပြက်ရယ်ပြုပြီး ပြောဆိုခဲ့သော် သင်လည်း ထိုကိစ္စကို ရယ်စရာတခုအနေဖြင့် မသတ်မှတ်လိုက်ပါနှင့်။ ထိုပြောနေသူများကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုသည် ခံရသူအတွက် ပြင်းထန်သော ဆိုးကျိုးများကိုဖြစ်စေနိုင်ကြောင်းကို ယဉ်ကျေးစွာရှင်းပြသင့်ပါသည်။လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုများသည် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို ဖြစ်စေနိုင်သော အဓိက အကြောင်းရင်းဖြစ်ပါသည်။ ဥပမာအားဖြင့် လိင်ပိုင်းဆိုင်ရာ မမျှတမှုများနှင့် အကြမ်းဖက်မှုများကို သရုပ်ဖော်သော ရုပ်ရှင်များကြည့်ခြင်း၊ မဂ္ဂဇင်းများ၊ အင်တာနက်စာမျက်နှာများဖတ်ခြင်းတို့ကို မပြုလုပ်သင့်ပါ။အခြားသူတစ်ဦးက သူ၏ ဆိုးရွားသော အတွေ့အကြုံများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများကို ပြောပြလျှင်လည်း ကိုယ်ချင်းစာတရားထားပြီး စိတ်လိုလက်ရ နားထောင်ပေးသင့်ပါသည်။ ထိုသို့ပြုလုပ်ပေးခြင်းသည် သူ့ကို အခက်အခဲဖြစ်နေချိန်တွင် ကူညီရာလည်း ရောက်ပါသည်။အချုပ်ဆိုရသော် သင့်အနေနှင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများနှင့် ဆက်နွယ်နေသည့် သတင်းများနှင့် ကိစ္စရပ်များကို သိရှိထားခြင်းသည် သင့်အတွက် လိင်ပိုင်းဆိုင်ရာလုံခြုံမှုကို ကာကွယ်နိုင်ရန် အကောင်းဆုံးနည်းဖြစ်ပါသည်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9b%e1%80%ac%e1%80%80%e1%80%bb%e1%80%b0%e1%80%b8%e1%80%9c/
အိပ်ပျော်နေစဉ် လေလည်ခြင်း (Sleep Farting)
ကျွန်တော်တို့ လူသားတွေ အစာစားလိုက်တဲ့အခါအစာအိမ်ကနေ စားလိုက်သမျှ အစာတိုင်းကို ပြန်ချေဖျက်ပေးရပါတယ်။ စားတဲ့အထဲမှာ ကာဗိုဟိုက်ဒြိတ်လို့ ခေါ်တဲ့ကစီဓာတ်တွေကို အူငယ်လေးက အကုန်အစင် မချေဖျက်ပေးနိုင်တဲ့အတွက် အူမကြီးက ဒါကိုချေဖျက်ပေးရပြီး လေတွေ ထုတ်ပေးပါတယ်။ လေတွေ များလာပြီဆိုတာနဲ့ ခန္ဓာကိုယ်ကို သက်သောင့်သက်သာ ဖြစ်စေဖို့ အပြင်ဘက်ကို ပြန်ထုတ်ပေးဖို့ လိုပါတယ်။ထွက်လာတဲ့ လေတွေကိုအူလမ်းကြောင်းကနေတစ်ဆင့် စအိုအပြင်ဘက်ကို ထုတ်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီလို လေလည်ပေးလိုက်ခြင်းဖြင့်ဝမ်းဗိုက်ထဲ လေပွပြီး မအီမသာဖြစ်ခြင်းကို သက်သာစေသလို ရင်ပြည့်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ နောက်တစ်နည်းကတော့ အောက်ကနေ မဟုတ်ဘဲလည်ချောင်းကနေ တစ်ဆင့် အပေါ်ကို လေကန်တက်ပြီးလေချဉ်တက်တဲ့ပုံစံမျိုးနဲ့လည်း လေထုတ်ပေးတတ်ပါတယ်။လူတွေ နှစ်ခြိုက်စွာ အိပ်စက်အနားယူနေတဲ့အချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ကြွက်သားတွေက ပြေလျော့နေပါတယ်။ စအိုကြွက်သားသည်လည်း ပြေလျော့နေတာကြောင့် အူလမ်းကြောင်းထဲမှာ ရှိတဲ့ လေတွေဟာ သူ့သဘာဝအတိုင်း အပြင်ကို ထွက်လာတာမျိုးလည်း ရှိသလို အသံအကျယ်ကြီးလေလည်လိုက်တာမျိုးလည်း ရှိနိုင်ပါတယ်။ လူတော်တော်များများက အိပ်ပျော်နေစဉ် လေလည်လိုက်တာကို သတိမထားမိတတ်ကြပါဘူး။ တစ်ခုခု အသံကြားလိုက်တာနဲ့ လန့်နိုးလာတတ်တဲ့ အလွန် အအိပ်ဆတ်သူတွေသာ ရံဖန်ရံခါ နိုးလာတတ်ကြတာပါ။အိပ်ပျော်နေစဉ် စအိုနံရံကြွက်သားများ ပြေလျော့သွားခြင်းကြောင့် လေလည်နိုင်တယ်ဆိုတာ မှန်ပေမယ့် ဝမ်းထွက်လောက်တဲ့အထိတော့ မပြေလျော့ပါဘူး။ အထူးသဖြင့် ပုံမှန် ဝမ်းသွားချိန် မှန်တဲ့သူတွေဆိုရင် သူတို့ ပုံမှန်သွားတဲ့အချိန်ကလွဲပြီး ကျန်တဲ့အချိန်မှာ ဝမ်းသွားချင်စိတ် မဖြစ်ပေါ်ပါဘူး။ အိပ်နေရင်းကနေ ရုတ်တရက် ဗိုက်အလွန်အောင့်ပြီး ဝမ်းသွားချင်လာတယ်ဆိုတာ မတည့်တဲ့ အစားအစာတွေ စားမိတာ၊ ဖျားနာနေတာ၊ဝမ်းပျက်ဝမ်းလျှောဖြစ်နေတာ၊ ဒါမှမဟုတ် ဝမ်းသွားချိန် ပုံမှန်မရှိတဲ့သူတွေမှာ ဖြစ်နိုင်ခြေရှိပါတယ်။ပုံမှန်ကျန်းမာနေတဲ့ လူတစ်ယောက်ဟာ တစ်နေ့ကို ၅ ကြိမ်မှ ၁၅ ကြိမ်အထိ လေလည်နိုင်ပါတယ်။•အစာခြေစနစ်မှာ ပြဿနာရှိနေသူတွေ။• ခရောင်းလို့ ခေါ်တဲ့ အူမကြီးရောဂါ ရှိသူတွေ။• ဝမ်းချုပ်နေသူ။• ဝမ်းပုံမှန် မသွားသူတွေ။• ဝမ်းသွားရ ခက်ခဲတဲ့ ပြဿနာရှိသူတွေမှာ လေလည်တဲ့အကြိမ်ရေ ပိုများသလို အပြင်ကို ထွက်လာတဲ့ လေပမာဏလည်း များနိုင်ပါတယ်။အမျိုးသမီးများဟော်မုန်းအပြောင်းအလဲ ဖြစ်စေနိုင်လောက်တဲ့ ကိုယ်ဝန်ဆောင်နေချိန်၊ ရာသီသွေး ဆင်းနေချိန်၊သွေးဆုံးနေချိန်မှာလည်း လေလည်တဲ့ အကြိမ်ရေ ပိုများနိုင်ပါတယ်။အမျှင်ဓာတ်တွေ စားသုံးခြင်းဟာ အစာခြေစနစ်ကို အထောက်အကူပြုစေတယ်၊ ဝမ်းမှန်စေတယ်ဆိုပေမယ့် သူ့ရဲ့ နောက်ဆက်တွဲ လက္ခဏာတွေထဲမှာ မကြာခဏ လေလည်တာလည်း ကပ်ပါလာနိုင်ပါတယ်။ အိပ်နေစဉ် ဝမ်းသွားချင်ကတော့ ပုံမှန် ကျန်းမာနေတဲ့သူတစ်ယောက်မှာ အမြဲတမ်းထက် ရံဖန်ရံခါမှသာ တွေ့ရနိုင်ပါတယ်။တကယ်တော့ အိပ်ပျော်နေချိန် လေလည်လိုက်တယ်ဆိုတာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုသာဖြစ်ပြီး လေလည်သူအတွက်ရော ဘေးလူအတွက်ပါ ဘာမှမဖြစ်စေနိုင်သလို ကျန်းမာရေးအရလည်း စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမယ့် ဘေးမှာအိပ်နေတဲ့သူအတွက် အနံ့အသက်အရ ပြောစရာ ဖြစ်နေမယ်ဆိုရင်တော့ အောက်မှာ ပြထားတဲ့ နည်းလမ်းတွေနဲ့ ထိန်းကြည့်လို့ ရပါတယ်။၁။အမျှင်ဓာတ်ကို အများကြီးစားတာထက် လိုအပ်တဲ့ပမာဏလောက်ကိုပဲ ပုံမှန်လေး စားပေးပါ။၂။ ကိုယ်သောက်နေတဲ့ ဖြည့်စွက်အားဆေးတွေထဲမှာ အမျှင်ဓာတ်အတွက် သီးသန့်အားဆေးတွေ ရှိနေရင် နေ့တိုင်း သောက်စရာမလိုပါဘူး။၃။ ရေများများ သောက်ပါ။ ဂက်စ်ပါတဲ့ အအေးတွေကို ရှောင်ပါ။ အထူးသဖြင့် အိပ်ကာနီးအချိန်မှာ လုံးဝ မသောက်ပါနဲ့။၄။ မအိပ်ခင် အနည်းဆုံး ၃-၄ နာရီ အလိုမှာ နောက်ဆုံး အစာစားထားပါ။၅။ ဆေးလိပ်သောက်တာ၊ အရက်သောက်တာကို နည်းနည်းလျှော့ပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%94%e1%80%b1%e1%80%85%e1%80%89%e1%80%ba-%e1%80%9c%e1%80%b1%e1%80%9c%e1%80%8a%e1%80%ba%e1%80%81%e1%80%bc%e1%80%84/
မွေးကင်းစကလေးက ဘယ်ဘာသာစကားနဲ့ ငိုသလဲ
မိခင်ဝမ်းထဲက ထွက်လာပြီးတဲ့အချိန်မှာ ကလေးလေးအဖို့ ပတ်ဝန်းကျင်နဲ့ ပထမဆုံးဆက်ဆံတဲ့ စကားက ငိုတာပဲ ဖြစ်ပါတယ်။ မွေးကင်းစကလေးရဲ့ ငိုသံဟာ သုတေသနအများအပြားပြုလုပ်နေကြတဲ့ ဦးတည်ချက်ခေါင်းစဉ်တခုလည်း ဖြစ်ပါတယ်။အဆိုပါ သုတေသနတွေအနက် အချို့သော လေ့လာမှုတွေရဲ့အဆိုအရ မွေးကင်းစကလေးရဲ့ ငိုသံနဲ့ အမေရဲ့ ပင်ရင်းဘာသာစကားတို့အကြားမှာ စိတ်ဝင်စားစရာ ဆက်စပ်မှုတခု ရှိနေတာတယ်လို့ သိရပါတယ်။အဆိုပါ ဆက်စပ်မှုကတော့ ကလေးငိုသံနဲ့ အမေ့စကားသံတို့ဟာ အသံနှုန်းတွေ၊အသံအနိမ့်အမြင့်တွေအရ တထပ်တည်းနီးပါး တူနေတာပါပဲ။ဘာသာစကားအမျိုးမျိုးမှာ မတူညီတဲ့ အသံတွေ၊စကားတွဲတွေရှိပြီး လေသံအဖိအဖော့၊အတက်အကျ၊လေယူလေသိမ်းလည်း ကွာခြားပါတယ် (တချို့ဘာသာစကားတွေမှာတော့ အခြားဘာသာစကားတွေနဲ့ နှိုင်းယှဉ်စရာ လေသံအတက်အကျ အထူးတလည် မရှိပါဘူး)။သုတေသီတွေဟာ ပင်ရင်းဘာသာစကားမတူညီတဲ့ ကလေးတွေ ဗိုက်ဆာတဲ့အခါ၊နာကျင်တဲ့အခါ ဒါမှမဟုတ် စိတ်ဆိုးတဲ့အခါ ငိုတဲ့ ငိုသံတွေကို အသံဖမ်းထားပြီး အသံအနိမ့်အမြင့်၊အတက်အကျ၊အတိုးအကျယ် စတာတွေကို နှိုင်းယှဉ်လေ့လာပါတယ်။မွေးပြီးပထမဆုံးရက်သတ္တပတ်မှာ ကလေးတွေရဲ့ ငိုသံပုံစံဟာ မိခင်ရဲ့ ပင်ရင်းဘာသာစကားရဲ့ အတက်အကျ၊အနိမ့်အမြင့်ပုံစံနဲ့ သွားပြီးကိုက်ညီနေတာကို တွေ့ရပါတယ်။မိခင်စကားသံရဲ့ ပုံစံအနေအထား၊ရစ်သမ်နဲ့ အတိုးအကျယ်၊အဖိအဖော့ အစရှိတဲ့ အသံပိုင်းဆိုင်ရာ ဝိသေသတွေဟာ ကလေးငယ်ရဲ့ ဦးနှောက်ကို ရောက်ရှိပြီး ပင်ရင်းဘာသာစကားကို သင်ယူလေ့လာဖို့ ကူညီပေးတာဖြစ်ပါတယ်။ငိုတယ်ဆိုတာဟာ ကလေးရဲ့ အသက်ရှုခြင်းနဲ့ အသံကြိုးလှုပ်ရှားခြင်းတို့ကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးရဲ့ ငိုသံနဲ့ မိခင်ရဲ့ ပင်ရင်းဘာသာစကားသံတို့ ကိုက်ညီဖို့ဆိုတာကတော့ ပိုမိုရှုပ်ထွေးပြီး နားလည်ရခက်တဲ့ ကြွက်သားဆိုင်ရာ လေ့ကျင့်လှုပ်ရှားမှုတွေ လိုအပ်မှာဖြစ်ပြီး မွေးပြီးလအနည်းငယ်ကြာမှသာ ဖြစ်လာရမှာပါ။ မွေးကင်းစကလေးတွေရဲ့ ငိုသံဟာ ကလေးရဲ့ အသက်ရှုတဲ့ပုံစံနဲ့ အသက်ရှုအင်္ဂါတွေပူးပေါင်းဆောင်ရွက်ရာကနေ ဖြစ်ပေါ်လာရတာလို့ အများစုက ယုံကြည်လက်ခံထားကြပါတယ်။ဒီနေရာမှာ တချက်သတိထားသင့်တဲ့အချက်က မွေးကင်းစကလေးတွေအားလုံးဟာ (ဘာသာစကား၊ယဉ်ကျေးမှု၊လူမျိုး ဒါမှမဟုတ် မျိုးဗီဇ ဘယ်လိုပင် ကွာခြားပါစေ) ခန္ဓါဗေဒအရ တထပ်တည်းတူညီနေတာမို့ သူတို့လေးတွေရဲ့ ငိုသံတွေဟာလည်း တယောက်နဲ့တယောက် ထပ်တူထပ်မျှတူညီနေရမှာ ဖြစ်ပါတယ်။ဒါပေမယ့် အထက်မှာဖော်ပြခဲ့တဲ့ လေ့လာသုတေသနပြုလုပ်ချက်တွေအရ ကလေးတွေရဲ့ ငိုသံဟာ သူတို့မိခင်ရဲ့ ပင်ရင်းဘာသာစကားပေါ်မူတည်ပြီး ခွဲခြားနိုင်တာမို့ အသံဖြစ်ပေါ်ရာအင်္ဂါတွေ (ဥပမာ အဆုတ်၊လည်ချောင်း၊ပါးစပ်နဲ့ အသံအိုးစသည်)အပြင် အသံဖြစ်ပေါ်ဖို့အတွက် အခြားသော ထိန်းချုပ်နေတဲ့ အချက်တွေလည်း ရှိလိမ့်ဦးမယ်လို့ ကောက်ချက်ချရပါတယ်။ဒီအချက်ဟာလည်း အကြောင်းရင်းခံတခု ဖြစ်ပါတယ်။ မိခင်ဗိုက်ထဲမှာ ရှိနေစဉ်ကတည်းက ကြားနေရတဲ့ ဘာသာစကားအသံတွေဟာ သူတို့လေးတွေအပေါ် လွှမ်းမိုးမှုရှိနေပါတယ်။ အစပိုင်းမှာ သုတေသီတွေအနေနဲ့ မိခင်ရဲ့ လေယူလေသိမ်းစကားသံဟာ တခြားအသံတွေထက် ကလေးငယ်အပေါ်မှာ ပိုပြီးလွှမ်းမိုးမှုရှိမရှိကို အသေအချာ မပြောနိုင်ခဲ့ပါဘူး။ဒါပေမယ့် နောက်ပိုင်းမှာတော့ ကလေးတွေအနေနဲ့ အသက်သုံးလလောက် ရောက်တဲ့အခါ လူကြီးတွေစကားပြောတဲ့ ပုံစံအတိုင်း တဖြည်းဖြည်း တုပလာနိုင်တာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ငိုသံကွာခြားချက်ပေါ်မူတည်ပြီး ဆန်းစစ်နိုင်ဖို့အတွက် သုတေသီတွေဟာ ကျန်းမာတဲ့ (ငါးရက်သား) ကလေးငယ် အယောက်ခြောက်ဆယ်ရဲ့ ငိုသံတွေကို အသံဖမ်းပြီး စနစ်တကျ ခွဲခြမ်းစိတ်ဖြာမှုတွေ ပြုလုပ်ကြည့်တဲ့အခါ ကလေးတယောက်နဲ့တယောက်ရဲ့ ငိုသံ ကွာခြားချက် (အသံအနိမ့်အမြင့်၊အဖိအဖော့ စသည်)ဟာ သက်ဆိုင်ရာ မိခင်ရဲ့ စကားပြောဆိုပုံလေယူလေသိမ်း၊အဖိအဖော့ပေါ် မူတည်နေတာကို တွေ့ရှိခဲ့ရပါတယ်။ဒါကြောင့် မွေးကင်းစကလေးတွေဟာ မိခင်ဗိုက်ထဲမှာ ရှိနေစဉ်ကတည်းက ကြားနေရတဲ့ သံစဉ်တွေ၊စကားသံတွေကို တုံ့ပြန်မှုရှိတယ်၊သင်ယူနေတယ်လို့ ကောက်ချက်ဆွဲနိုင်ပါတယ်။အခြားသော လေ့လာမှုတခုအရ သုံးလသားအရွယ်ကလေးငယ်ဟာ မိဘတွေရဲ့ သရသံပြောဆိုမှု အသံထွက်ကို တုပနိုင်စွမ်းရှိနေပြီလို့ ယူဆရတဲ့အပြင် မိခင်ရဲ့ ပြောဆိုမှုလေယူလေသိမ်း၊အဖိအဖော့၊အနိမ့်အမြင့်ကို တုပလေ့လာသင်ယူမှုကတော့ ဒီထက်စောပြီးတော့ စတင်နေပြီဖြစ်ပါကြောင်း။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%b8%e1%80%85%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80-%e1%80%98%e1%80%9a%e1%80%ba%e1%80%98%e1%80%ac%e1%80%9e%e1%80%ac%e1%80%85/
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ အလက်ဂျီ ဖြစ်တာက ဘေဘီလေးကိုပါ ကူးစက်နိုင်သတဲ့။
ဓာတ်မတည့်တာက အတော်လေး ခံရခက်တဲ့ကျန်းမာရေး ပြဿနာတစ်ခုပါ။ အရွယ်မရွေး ဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပေါ့။ ဒီ အလက်ဂျီ ပြဿနာက အရွယ်ရောက်မှ ဖြစ်တာလား။မွေးရာပါတတ်လား ဆိုတာကို ဒီ ဆောင်းပါးလေး ကနေတဆင့် ပြောပြပေးသွားမယ်နော်။လေ့လာမှုတွေ အရကိုယ်ဝန်ဆောင်ချိန်မှာ မေမေက ဓာတ်မတည့်တာကို ခံစားရမယ် ဆိုရင် မွေးလာမယ့်ဘေဘီလေးမှာလည်း ဓာတ်မတည့်မှု ခံစားရနိုင်ခြေ ရှိပါတယ် လို့ Agency for Science, Technology and Research က သတင်း ထုတ်ပြန်ခဲ့ပါတယ်။လေ့လာမှု အရကိုယ်ဝန်ဆောင်ချိန်မှာ မေမေက ဓာတ်မတည့်တာ တစ်ခုခုကို ခံစားရတဲ့အခါခန္ဓာကိုယ်က immunoglobulin E (IgE) လို့ ခေါ်တဲ့ ဓာတ်မတည့်မှုကို တုံ့ပြန်တဲ့ ပဋိပစ္စည်းတွေကို ထုတ်လွှတ်ပါတယ်။ဒီ IgE တွေကအချင်းကနေတဆင့် ဘေဘီလေးဆီကို ရောက်သွားတဲ့အခါ ဘေဘီလေး ဆီမှာရှိတဲ့ ဓာတ်မတည့်မှုကို တုံ့ပြန်တဲ့ ကိုယ်ခံအားဆဲလ်တွေကို သွားပေါင်း ပါတယ်။ ဒီ ဆဲလ်တွေကို Mast cell တွေလို့ ခေါ်ပြီး နှာစေးတာ၊ ပန်းနာရင်ကျပ်လို ဓာတ်မတည့် လက္ခဏာတွေ ခံစားရတဲ့အခါ အလုပ်လုပ်တဲ့ ဆဲလ်တွေပါ။ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာမေမေက ဓာတ်မတည့်တာ တစ်ခုခုနဲ့ ထိတွေ့မိမယ်ဆိုရင် မွေးလာမယ့် ဘေဘီလေးမှာ အဆိုပါ ဓာတ်မတည့်မှု လက္ခဏာကို ခံစားရနိုင်ပါတယ်။ ထူးခြားတာက သာမန်လူတွေမှာ ဓာတ်မတည့်မှု လက္ခဏာတွေက ၂ ကြိမ်မြောက် ထိတွေ့မှု ဖြစ်မှ ပေါ်လာတာ ဖြစ်ပေမယ့် ဒီလို ကလေးတွေကတော့ ပထမအကြိမ် ထိတွေ့မှုမှာတင် လက္ခဏာ ခံစားရတတ်ပါတယ်။ကြွက်တွေမှာ စမ်းသပ်ချက် အရတော့ ဒီလို ဓာတ်မတည့်တာက ကြာကြာ မခံတာကို တွေ့ရပါတယ်။ ကြွက်သားပေါက်လေးတွေမှာ ဓာတ်မတည့် တုံ့ပြန်မှုတွေက ၄ပတ်လောက်မှာ နည်းသွားပြီး ၆ ပတ်လောက်ဆို နည်းသွားပါပြီ။ လူတွေမှာတော့ စမ်းသပ်ဖို့ လိုပါသေးတယ်။ဒါပေမယ့် စိတ်ချရအောင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင် အနေနဲ့ ဓာတ်မတည့် ဖြစ်စေတဲ့ ပစ္စည်းတွေ ရှိနေရင် ဝေးဝေး ရှောင်တာ မမှားပါဘူး။ဓာတ်မတည့်မှု ဖြစ်တဲ့အခါ ခန္ဓာကိုယ်က histamine နဲ့ leukotrienes အပါအဝင်ဓာတုပစ္စည်းတွေကို ထုတ်လွှတ်ပါတယ်။ ဒီ ဓာတုပစ္စည်းတွေက အရေပြားကို ထိခိုက်စေသလို၊အသက်ရှူလမ်းကြောင်းစနစ်၊အစာခြေစနစ်နဲ့ အခြားသော အရာတွေကို ထိခိုက်စေနိုင်ပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/mother-can-pass-on-allergies-to-their-baby-during-pregnancy/
Wide pulse pressure ( အပေါ်သွေးပေါင်ချိန် အောက်သွေးပေါင်ချိန်ခြားနားမှုများနေခြင်း)
Wide pulse pressure ဆိုတာ ဘာလဲ။သွေးပေါင်ချိန်တစ်ခု ကောင်းမကောင်းဆိုရင်။အားလုံးသိကြမှာပါ။ သွေးပေါင်တိုင်းလိုက်လို့ သွေးပေါင်ချိန် 120/80 mmHg ရှိတယ်ဆိုရင် ကိုယ့်သွေးပေါင်ချိန်က ပုံမှန်ဆိုတာ။ ဒီ ၁၂၀/၈၀ မှာ ၁၂၀က အပေါ်သွေး ( systolic pressure) ၈၀ က အောက်သွေး ( diastolic pressure)ဖြစ်ပါတယ်။pulse pressureကိုလိုချင်ရင် အပေါ်သွေး ၁၂၀ထဲက အောက်သွေး ၈၀ ကို နှုတ်ရမှာဆိုတော့ ၄၀ ရပါလိမ့်မယ်။၁၂၀/၈၀ က ပုံမှန်သွေးပေါင်ချိန်ဆိုတော့ သူတို့ခြားနားလိုက်လို့ ရလာတဲ့ pulse pressure က ၄၀ mmHg ကလည်း ပုံမှန်ရှိသင့်တဲ့ ပမာဏပါ။ ဒီတော့ပုံမှန် pulse pressureဆို ပမာဏ ၄၀-၆၀ mmHg အတွင်းရှိရမှာပါ။ ဒါပေမယ့် တစ်ချို့ အပေါ်သွေးထဲက အောက်သွေးကို နှုတ်လိုက်လို့ရလာတဲ့ pulse pressure ပမာဏ ၆၀ ထက်ကျော်နေတဲ့သူရှိပါတယ်။ ဒါကိုတော့ wide pulse pressure လို့ခေါ်ပါတယ်။အရေးကြီးပါတယ်။ ပုံမှန် ၄၀ ကနေ ၆၀ ပမာဏအတွင်းရှိရမှာကိုသွေးပေါင်ချိန်ပြီးအပေါ်သွေးထဲ အောက်သွေးနှုတ်ကြည့်လိုက်လို့ရလာတဲ့ ပမာဏက ၆၀ ထကိကျော်နေပြီဆိုရင် သင့်နှလုံးနဲ့ နှလုံးရဲ့ စွမ်းဆောင်းရည်တွေမှာ အပြောင်းအလဲရှိနေပြီလို့ ပြောချင်တာပါ။ သွေးပေါင်ချိန်တိုင်းလိုက်လို့ wide pulse pressure ဖြစ်နေပြီဆိုရင် ဒီလို ကျန်းမာရေးအခြေအနေတွေကို သတိထားရပါတော့မယ်။ဒီလို wide pulse pressure အကြောင် းအရေးတယူပြောရတာကတော့ wide pulse pressure ရှိနေတာ ကြာလာရင်နောက်ပိုင်းatrial fibrillationခေါ်တဲ့ နှလုံးခုန် စည်းချက် မမှန်တဲ့ပြဿနာဆက်ဖြစ်လာနိုင်ပါတယ်။ ဒီလိုနဲ့ နောက်ပိုင်း နှလုံးစွမ်းဆောင်ရည်လုံးဝကျဆင်းသွားပြီး နှလုံးလုပ်ဆောင်ချက် ပုံမှန် မဟုတ်တော့တာမျိုး၊ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေ ဆက်ဖြစ်လာတတ်လို့ပါ။ပြောရမယ်ဆို Wide pulse pressureဆိုတာ ရောဂါတစ်ခုမဟုတ်ဘဲ ရောဂါလက္ခဏာတစ်ခုသာဖြစ်တာကြောင့် အောက်ခံ ရောဂါကြီးတွေကိုသာ ကုသလိုက်မယ်ဆိုရင် သက်သာသွားမှာပါ။အပေါ်သွေးအောက်သွေး ခြားနားချက်ကြောင့် ဒီ Wide pulse pressure ပြဿနာပေါ်လာတဲ့အတွက် ဆရာဝန်တွေ ညွှန်ကြားတဲ့ သွေးပေါင်ချဆေးတွေ သောက်လိုက်ရင် ဖြစ်နေတဲ့ Wide pulse pressure လည်းသက်သာသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အောက်ခံရောဂါ အရင်းမြစ်ကို သေချာသိပြီး ကုသဖို့လည်း လိုပါသေးတယ်။ကဲ ဒီလို Wide pulse Pressure ရဲ့ အရေးကြီးပုံကို သိပြီးပြီးဆိုတော့ နောက်တစ်ခါ သွေးပေါင်ချိန်တိုင်း အပေါ်သွေးနဲ့ အောက်သွေး ခြားနားချက် ဘယ်လောက်ရှိလဲဆိုတာ နှုတ်ကြည့်ဖို့ မမေ့နဲ့နော် ။ စောစောသိ စောစောကု စောစောပျောက်တာပေါ့ မဟုတ်ဘူးလား။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/wide-pulse-pressure/
ညအိပ်မပျော်သူတိုင်း ပြင်ဆင်သင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် (၁၀) ချက်
အိပ်ချိန်ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အလွန်အရေးပါတဲ့ လုပ်ငန်းဆောင်တာ တစ်ခုပါ။ ဒီအတွက်အိပ်ချိန်ကိုတော့ လုံးဝလျှော့လို့ မဖြစ်ပါဘူးနော်။ ခုနောက်ပိုင်းလူငယ်တွေသာမက လူကြီးတွေမှာပါ နေထိုင်မှုပုံစံ မှားယွင်းတာ၊ ဖုန်း၊ အင်တာနက်၊ ကွန်ပျူတာ အသုံးပြုခြင်း လွန်ကဲလာတာ၊ ကျန်းမာရေးပြဿနာတွေကြောင့် ညဘက်မှာ ကောင်းစွာ အိပ်မပျော်တော့တဲ့ ပြဿနာတွေကို ရင်ဆိုင်လာရပါတယ်။ ဒီဆောင်းပါးမှာတော့ အကြောင်း အမျိုးမျိုးကြောင့် ညအိပ်မပျော်သူတိုင်း ပြင်ဆင်သင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် (၁၀) ချက် ကို ပြောပြပေးချင်ပါတယ်။ညအိပ်မပျော်သူတိုင်း ပြင်ဆင်သင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် (၁၀) ချက် ကတော့။၁။ တတ်နိုင်သလောက်နေ့လယ်နေ့ခင်း တစ်ရေးတမော အိပ်တာကို ရှောင်ပါ။ အိပ်မယ်ဆိုရင်လည်း မိနစ် ၂၀ထက် မပိုပါစေနဲ့။၂။အိပ်ရာဝင်ကာနီး အနည်းဆုံး ၂နာရီလောက်ခြားပြီး ဖုန်း၊ တီဗီ၊ကွန်ပျူတာစတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို အသုံးပြုတာ ရပ်ပေးပါ။ စာဖတ်တာ၊ တရားထိုင်တာ၊တေးဂီတသံစဉ်တွေ နားထောင်တာမျိုးနဲ့ ကိုယ့်ရဲ့ စိတ်ကို ငြိမ်းချမ်းအောင် လုပ်ခြင်းက တင်းမာနေတဲ့ကြွက်သားတွေကို ပြေလျော့စေပြီး ညဘက်မှာ ကောင်းစွာ အိပ်ပျော်နိုင်အောင် အကူအညီပေးနိုင်ပါတယ်။၃။ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အားဖြည့်အချိုရည်တွေသောက်မယ်ဆိုရင် အိပ်ချိန်နဲ့ အနည်းဆုံး ၆နာရီခြားပေးပါ။၄။အိပ်ချိန်၊ အစာစားချိန်၊ နိုးထချိန်တွေကို နေ့စဉ် ပုံသေသတ်မှတ်ပြီး လုပ်တဲ့ အကျင့်မွေးမြူပါ။ သူ့အချိန်အတိုင်း နေ့တိုင်းလိုလို လုပ်ဆောင်နေရတဲ့အခါ အိပ်ချိန်တန်ပြီဆိုတာနဲ့ လူရဲ့ ဦးနှောက်က အနားယူချင်လာပြီး မျက်လုံးကပါ လေးပင်လာလို့ အိပ်ပျော်သွားစေနိုင်မှာပါ။၅။အရက်သေစာ သောက်သုံးခြင်းဟာ ခန္ဓာကိုယ်တွင်း အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေတဲ့ ဟော်မုန်းများကို အဆက်မပြတ် ထုတ်လွှတ်ပေးတဲ့အတွက် အရက်သောက်ပြီးအိပ်ချိန်အပြည့်အဝ အိပ်စက်အနားယူရင်တောင် မနက်နိုးလာတဲ့အခါအိပ်ရေးမဝသလို ခံစားနေရမှာပါ။ ဒါ့အပြင် အရက်သောက်ပြီးတဲ့အခါ ညအိပ်နေရင်းနဲ့ ဆီးထသွားချင်စိတ်ကို နှိုးဆွပေးတဲ့အတွက် ကိုယ့်ရဲ့ အိပ်စက်အနားယူခြင်းကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။၆။ ကိုယ်အိပ်စက်အနားယူတဲ့ အိပ်ခန်းဟာ အသံလုံနေပါစေ၊ အေးမြနေပါစေ၊ လင်းထိန်နေတာမျိုး မဖြစ်ပါစေနဲ့။၇။ ညအိပ်ခါနီး ဘာအစာမှ မစားပါနဲ့။ အစာစားလိုက်တဲ့အခါအစာအိမ်က စားလိုက်တဲ့ အစာကို ချေဖျက်နေရတဲ့အတွက် အက်စစ်တွေ ထုတ်လုပ်နေပြီး ရင်ပူတာ၊ လေပွတာတွေ ဖြစ်ကာ လူက ကောင်းကောင်းအိပ်ပျော်နိုင်မှာ မဟုတ်ပါဘူး။၈။စိတ်ဖိစီးမှုတွေ၊ အလုပ်ကိစ္စတွေ၊ ပြဿနာတွေကို အိပ်ခန်းပြင်ပမှာ ထားခဲ့ပါ။အိပ်ရာပေါ်ကို လုံးဝ မသယ်လာပါနဲ့။၉။ မနက်ပိုင်းနဲ့ ညနေခင်းကိုလေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်း လုပ်ပေးခြင်းဖြင့် သွေးလည်ပတ်စီးဆင်းမှုကို ကောင်းစေသလို မနက်ပိုင်းမှာ အားအင်ကို အပြည့်အဝ သုံးစွဲရတဲ့အတွက်ညအိပ်တဲ့အခါ ကောင်းကောင်း အိပ်ပျော်စေနိုင်မှာပါ။ အိပ်ချိန်နဲ့ နီးနေမှ အားကစား၊ လေ့ကျင့်ခန်းလုပ်တာကိုတော့ ရှောင်ပေးဖို့ လိုပါတယ်။၁၀။ရေနွေးလေးနဲ့ စိမ်ချိုးပါ။ တင်းမာနေတဲ့ ကြွက်သားတွေကို ပြေလျော့သွားစေလို့ အိပ်တဲ့အခါမှာ သက်သောင့်သက်သာ ဖြစ်စေပြီး တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေမှာပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/10-dos-and-donts-for-insomia/
ရာသီလာချိန်မှာ သန့်စင်လန်းဆန်းနေစေဖို့ အချက် (၈)ချက်
ရာသီပန်း ဆိုတာက အရွယ်ရောက်တဲ့အမျိုးသမီးတိုင်း လစဉ်ရှောင်လွှဲလို့မရဘဲ တွေ့ကြုံနေရတဲ့ ကိစ္စတစ်ခုပေါ့။ ရောဂါတစ်ခု မဟုတ်သလို ကြီးမားတဲ့ကျန်းမာရေးပြဿနာတစ်ရပ် မဟုတ်ပေမယ့် စိတ်ရှုပ်စေတဲ့ ကိစ္စဆိုတာတော့ အမှန်ပါပဲ။ လစဉ်ပြဿနာကို ခံစားနေရတဲ့ နေ့တွေဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုက အလိုလိုကို ကျနေတာ။ အနံ့ဆိုးတွေများ ထွက်နေမလား၊ ပေတာတွေ၊ စွန်းထင်းတာတွေများ ဖြစ်မလားဆိုတဲ့ စိုးရိမ်စိတ်က ရာသီလာချိန်မှာ တစ်ချိန်လုံးကို ကြီးစိုးနေရော။အနံ့အသက်ဆိုးတွေကို ကြောက်တတ်တဲ့ လေဒီတွေဆိုရင်တော့ အတော့်ကို စိတ်ပျက်စရာ နေ့စွဲတွေပေါ့။ ကိုယ်တိုင်လည်း အနံ့အသက်ဆိုးကို ကြောက်တယ်။ ပတ်ဝန်းကျင်ကသူတွေ ကိုယ့်ဆီကနေ အနံ့အသက်ဆိုးတွေ ထွက်နေလို့ စိတ်အနှောင့်အယှက် ဖြစ်မှာကိုလည်း စိုးရိမ်နေတဲ့ ပျိုမေလေးတွေအတွက် နည်းလမ်းကောင်းလေးတွေ ပြောပြပေးမယ်နော်။ ရာသီလာချိန်မှာ သန့်စင်လန်းဆန်းနေစေဖို့ ဒီနည်းလမ်းလေးတွေကို လက်တွေ့လုပ်ကြည့်လိုက်တော့နော်။ရာသီလာချိန်မှာ သန့်စင်လန်းဆန်းနေစေဖို့ အချက်လေးတွေကို ပြောပြပေးသွားပါမယ်။ အမျိုးသမီးတစ်ယောက် နဲ့ တစ်ယောက်ရဲ့ရာသီသွေးဆင်းမှုအပေါ် အမြင်အမျိုးမျိုး ရှိကြပေမယ့် တူညီတဲ့ စိတ်ကူးတစ်ခုတော့ ရှိပါတယ်။ ဒါကတော့ ရာသီလာချိန်မှာ သက်သောင့်သက်သာနဲ့ ပေါ့ပါးလန်းဆန်းနေချင်တဲ့ ဆန္ဒပါပဲ။ ဒီဆန္ဒလေးကို အကောင်အထည်ဖော်နိုင်ဖို့ဆိုရင် ဒီအချက်တွေကို လိုက်နာပေးပါ။ရာသီလာချိန်မှာ သန့်စင်လန်းဆန်းနေစေဖို့ လစဉ်သုံးပစ္စည်းကို တစ်နေ့ကို အနည်းဆုံးနှစ်ကြိမ်လဲပေးပါ။ အရမ်းသွေးဆင်းမများရင်တောင်မှ မနက်ခင်းမှာ တစ်ခု၊ ညနေခင်းမှာ တစ်ခုလောက်တော့လဲလှယ်ပေးပါ။ လစဉ်သုံးကို အကြာကြီးမလဲလှယ်ဘဲဝတ်ဆင်ထားတာကပိုးမွှားတွေပေါက်ဖွားဖို့အားပေးသလို ဖြစ်နေနိုင်တာကြောင့်ပါ။ အနံ့အသက်ကင်းပြီးပေါ့ပါးလန်းဆန်းနေချင်တယ်ဆိုရင် ဒီအချက်ကို မေ့ထားလို့မဖြစ်ပါဘူး။ရာသီသွေး ဆင်းနေချိန်မှာအရေပြားမှာ ပေကျံနေတာမျိုးတွေဖြစ်နိုင်တာကြောင့်အနံ့အသက်ဆိုးဖြစ်ပေါ်မှုကို တားဆီးချင်တယ်ဆိုရင်တော့ သန့်စင်ဆေးကြောမှုလုပ်ပေးပါ။ Pad အသစ်မလဲခင်မှာ သေချာသန့်စင်ဆေးကြောပေးဖို့ကိုလည်း မမေ့ပါနဲ့။ဒီလိုအချိန်မှာ သန့်စင်ပြီးနူးညံ့တဲ့ချည်သားအတွင်းခံကို ဝတ်ဆင်တာအကောင်းဆုံးဖြစ်မှာပါ။ အရမ်းတင်းကျပ်တဲ့ အတွင်းခံတွေက နေရထိုင်ရ ကသိကအောက်ဖြစ်စေနိုင်သလို ပိုးမွှားတွေပေါက်ဖွားဖို့အားပေးသလိုဖြစ်စေနိုင်ပါတယ်။ဆပ်ပြာသုံးပြီး သန့်စင်တာမျိုး မလုပ်ပါနဲ့။ဘက်တီးရီးယားတွေပေါက်ဖွားနိုင်ဖို့ အားပေးသလိုဖြစ်မှာ စိုးတာကြောင့်ပါ။ ဒါကြောင့် မိန်းမကိုယ်အစ်ဆစ်ဓာတ် (pH balance) ကို ထိန်းညှိပေးပြီး အကျိုးပြုဘက်တီးရီးယားတွေကို ကာကွယ်ပေးတဲ့ Feminine wash မျိုးကို အသုံးပြုပေးလို့ရပါတယ်။ ဒါမှမဟုတ် ရေများများနဲ့ ဆေးပေးနိုင်ပါတယ်။အချို့မိန်းကလေးတွေက သွေးဆင်းများတဲ့အခါ စွန်းထင်းတာမျိုးတွေ ဖြစ်မှာကို စိုးရိမ်ပြီးTamponရော၊ Pad ရောအသုံးပြုတာမျိုးတွေ ရှိတတ်ပါတယ်။ တကယ်တော့ ဒါက ပိုကောင်းသွားစေတဲ့ အရာတော့ မဟုတ်ပါဘူး။အရေပြားမှာ ပွန်းပဲ့တာတွေ ဖြစ်စေနိုင်သလို ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို ဖြစ်စေနိုင်ပါတယ်။ အခန့်မသင့်ရင် အနံ့အသက်ဆိုးကို ပိုဖြစ်စေနိုင်တာကြောင့် နှစ်မျိုး၊ နှစ်ခုသုံးတာမျိုး မလုပ်ဖို့ ပြောပါရစေ။ရာသီလာနေချိန်မှာ ပုံမှန်ချိန်ထက်တစ်ကိုယ်ရေသန့်ရှင်းရေးကို ပိုဂရုစိုက်ဖို့ပြောချင်ပါတယ်။ခန္ဓာကိုယ်က အနံ့အသက်ဆိုးတွေ အတွက်ရော ကျန်းမာရေးအတွက်ပါ ရေကို ပုံမှန်ချိုးပေးပါ။ ရေချိုးတာက လန်းဆန်းစေရုံတင် မဟုတ်ဘဲ ရာသီလာချိန်မှာဖြစ်တဲ့ နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်သလို စိတ်ခံစားမှုကိုပါ ကောင်းမွန်စေနိုင်ပါတယ်။ ရေနွေးနွေးလေးနဲ့ ချိုးပေးတာက ပိုအဆင်ပြေစေမှာပါ။ရုံးသွားတဲ့အိတ်ထဲမှာ Pad အပိုတစ်ခုလောက် ဆောင်ထားပေးပေါ့။ အဆင်သင့်ဖြစ်တာကြောင့် စိတ်အနှောင့်အယှက် ဖြစ်တာမျိုး မရှိတော့ဘူးပေါ့။ ပြင်ဆင်မှုကအကောင်းဆုံး နည်းလမ်းပါ။ပုံမှန်ချိန်ထက် ရာသီလာချိန်မှာ ဝတ်ထားတဲ့ အဝတ်အစားတွေကို သေချာဂရုစိုက် လျှော်ပေးပါ။ ဆပ်ပြာမှုန့်နဲ့ သေချာ စိမ်ထားပြီးမှ အချိန်ယူပြီး လျှော်ပေးပါ။ အစွန်းအထင်းတွေကိုလည်းပြောင်စင်အောင်လျှော်ပေးဖို့ပါ။အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို အသုံးပြုပြီး ရာသီလာချိန်ကို ပေါ့ပါးလန်းဆန်းအောင် နေထိုင်လိုက်ပါနော်…..။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/8-tips-to-stay-healthy-during-period/
အတက်ရောဂါရှိသော အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် အန္တရာယ်ကင်းအောင်လုပ်ဆောင်သင့်သည်များ
ဝက်ရူးပြန်ရောဂါဟာ မကြာခဏတက်ခြင်းနှင့် ပတ်သက်ဆက်နွယ်နေတဲ့ ရောဂါအမျိုးအစားအုပ်စုတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)ရဲ့ တင်ပြချက်များအရ ကမ္ဘာပေါ်မှာ အတက်ရောဂါခံစားနေရတဲ့ လူနာပေါင်းဟာ အကြမ်းဖျင်းအားဖြင့် ၅၀မီလီယံရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ကိုယ်ဝန်ရှိခြင်း နဲ့ ဝက်ရူးပြန်ရောဂါ ရှိခြင်း နှစ်ခုပေါင်းလိုက်တဲ့အခါ အန္တရာယ်အလွန်များတယ်လို့ ထင်ရပါတယ်။ သို့သော် သင့်ရဲ့ပြုမူနေထိုင်ပုံ တွေကို ကြည့်ပြီး ကံတရားက အလေးသာသွားမှာပါ။ အောက်ဖော်ပြပါ အချက်အလက်များက ကိုယ်ဝန်ဆောင်စဉ် တက်ခြင်းအကြောင်း ဖော်ပြပေးထား တာဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်စဉ်မှာ ဝက်ရူးပြန်ရောဂါရှိခြင်းဟာ မိခင်ကို ဘယ်ရောဂါနှင့်မှ မတူတဲ့ သောကအချို့ ပေးနိုင်ပါတယ်။ သို့သော်လည်း ဝက်ရူးပြန်ရောဂါရှိသော အမျိုးသမီးအများစုဟာ ကျန်းမာရေး ကောင်းမွန်တဲ့ ကလေးတွေကို မွေးလေ့ရှိကြပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ တက်ခြင်းဟာ မိခင်အတွက် အချို့သော နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်နိုင်ပါတယ်။ ၎င်းတို့ကတော့။• သန္ဓေသားတွင် နှလုံးခုန်နှုန်း လျော့ကျခြင်း။• သန္ဓေသားတွင် ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ လမစေ့ခင် သားအိမ်မှ အချင်းကွာခြင်း သို့မဟုတ် ကိုယ်ဝန်ပျက်ကျခြင်း စတာတွေဟာ တက်နေတဲ့ အချိန်မှာ ထိခိုက်ဒဏ်ရာ ရတာတွေကြောင့် ဖြစ်နိုင်ပါတယ်။• လမစေ့ပဲ ကလေးမွေးဖွားခြင်းလည်း ဖြစ်နိုင်ပါတယ်။ဒါ့အပြင် အမျိုးသမီးတွေဟာ ကိုယ်ဝန်ရှိလာတဲ့အခါမှာ အမျိုးမျိုး တုံ့ပြန်ကြပါတယ်။ ဝက်ရူးပြန်ရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး အများစုမှာလည်း တက်လာတဲ့အခါမှာ ထိုနည်းတူစွာပဲဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီး အနည်းငယ်ကတော့ ကိုယ်ဝန်ဆောင်စဉ် အတက်ရောဂါဖြစ်နိုင်ခြေ များသူတွေရှိပါတယ်။ ဒါဟာ ဘာကြောင့်လည်းဆိုတော့ အထူးသဖြင့် အိပ်ရေးပျက်သော မိခင်များ သို့မဟုတ် ဆရာဝန်ညွှန်ကြားထားသည့် အတိုင်းဆေးမသောက် သူများ စတဲ့ သူတွေမှာ ဖြစ်ပါတယ်။ အခြားသူများမှာတော့ အတက်ရောဂါဟာ အဖြစ်နည်းလေ့ရှိပါတယ်။ ဒါ့အပြင် အတက်ရောဂါအတွက် ကုတဲ့ဆေးဝါးအချို့ဟာ ကိုယ်ဝန်မဆောင်နိုင်ပဲ မြုံခြင်းကို ဖြစ်စေနိုင်ပါတယ်။ သို့သော် အချို့သောအတက်ရောဂါ အတွက်သောက်တဲ့ ဆေးတွေဟာ ဟော်မုန်းအားဖြင့် ကိုယ်ဝန်တားသော နည်းလမ်းများရဲ့ အသုံးဝင်မှုကို လျော့ကျစေပါတယ်။ ပိုပြီးအသေးစိတ် သိရှိစေရန်အတွက် သင့်ဆရာဝန် သို့မဟုတ် သင့်ရဲ့ ဆေးဝါးကျွမ်းကျင် ပညာရှင်ကို ဆက်သွယ်ဖို့ရာလိုအပ်ပါတယ်။ကလေးနှင့် ပတ်သက်ပြီး အချို့သော အန္တရာယ် များလည်း ရှိနေနိုင်ပါတယ်။သင်ကိုယ်ဝန်ဆောင်ချိန်မှာ သောက်တဲ့ဆေးတွေ အားလုံးဟာ သင့်ကလေးကို ထိခိုက်စေနိုင်ပါတယ်။ ဆေးရဲ့ အာနိသင်များကြောင့်အပြင် ဝက်ရူးပြန်မိခင်မှ မွေးသော ကလေးများဟာ အတက်ရောဂါဖြစ်နိုင်ခြေ အလွန်မြင့်မားပါတယ်။ သင်သောက်နေတဲ့ ဆေးအမျိုးအစားနှင့် ဆေးပမာဏပေါ် မူတည်ပြီး ကလေးမှာ မွေးရာပါချို့ယွင်းချက်များ ဖြစ်လာနိုင်ခြေများပါတယ်။သင်ဟာ ကိုယ်ဝန်မဆောင်ခင်မှာ ဆရာဝန်နှင့် အရင်ဆုံး သွားရောက် ဆွေးနွေးသင့်ပါတယ်။ ဒါမှ ဆရာဝန်များက သင့်ကို အခြားသောကုသမှု ပေးနိုင်ရန် စဉ်းစားနိုင်ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်စဉ်မှ ဆေးကုသမှုပြောင်းလဲခံယူခြင်း ထက်စာရင် ကိုယ်ဝန်မဆောင်ခင်ကတည်းက ဆေးကုသမှု ပြောင်းလဲခံယူခြင်းက ပိုပြီးကောင်းမွန်စေပါလိမ့်မယ်။သင်ဟာအတက်ရောဂါ ပျောက်ဆေးတွေ သောက်နေစဉ်မှာ ကိုယ်ဝန်ရခဲ့မယ်ဆိုရင် ဆေးကို ဆက်သောက်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ဆေးကုသမှု ဆိုင်ရာအကြောင်းဆွေးနွေး ပေးရန် အထူးကုဆရာဝန်နှင့် ချက်ချင်းပြသဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်စဉ် အတောအတွင်းမှာ သင့်ရဲ့ အထူးကုဆရာဝန် ညွှန်ကြားချက်မပါပဲ ဆေးကိုရပ်ခြင်း၊ ဆေးပြောင်းခြင်း မပြုလုပ်သင့်ပါဘူး။ ဒါဟာ ဘာကြောင့်လည်းဆိုတော့ ကိုယ်ဝန်ဆောင်စဉ်မှာ ပြင်းပြင်းထန်ထန် တက်ခြင်းဟာ အန္တရာယ် ရှိသောထိခိုက်မှုတွေ ဖြစ်စေနိုင်တဲ့ အပြင် သေစေနိုင်တဲ့အတွက် သင့်ကလေးကိုပါ ထိခိုက်လာနိုင်ပါတယ်။သင့်ရဲ့ အတက်ပျောက်ဆေးများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း တိတိကျကျ သောက်ပေးပါ။ သင့်သဘောနှင့် သင် ဆေးကိုရပ်လိုက်ခြင်း သို့မဟုတ် ဆေးပမာဏကို ချိန်ဆခြင်း မပြုလုပ်ပါနှင့်။ ဆေးကြောင့် ဖြစ်သော ဆိုးကျိုးထက်စာလျှင် ရောဂါကြောင့် မထိန်းချုပ်နိုင် ဖြစ်မှသာ သင့်ကလေးအတွက် ဆိုးကျိုး အလွန်ကြီးမားနိုင်တယ်ဆိုတာ သတိရသင့်ပါတယ်။ သင်ဟာ ကလေး စ ယူဖို့ ကြိုးစားနေတယ်ဆိုတာနှင့် folic acid အပြင်းစား ၅ မီလီဂရမ်ကို နေ့တိုင်းသောက်ဖို့ အကြံပေးပါတယ်။ ဒါပေမယ့် ဒီ ၅ မီလီဂရမ် ဆေးပြားတွေဟာ ဆရာဝန်ညွှန်ကြားချက် မပါပဲမရနိုင်တဲ့ အတွက် ဆရာဝန်က သင့်ကို ညွှန်ကြားပေးဖို့ လိုပါလိမ့်မယ်။ကျန်းမာရေးနှင့် ညီညွတ်သော ဘဝနေထိုင်မှုများ ရှိခြင်းကလည်း အလွန်ပဲ အရေးကြီးပါတယ်။ဆရာဝန်က အာထရာဆောင်း ရိုက်ပြီးသင့်ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုပြဿနာတွေကို တွေ့နိုင်အောင် ကူညီပေးပါလိမ့်မယ်။ သင်သောက်ထားတဲ့ အတက်ရောဂါ ဆေးတွေပေါ်မူတည်ပြီး သင့်ရဲ့သွေးထဲမှာ ဒီဆေးတွေရဲ့ ပမာဏ ဘယ်လောက်ရှိတယ်ဆိုတာ စစ်ဆေးဖို့အတွက် သွေးစစ်ဆေးမှုတွေကို ပိုပြီးလိုအပ်လာနိုင်ပါတယ်။ဦးနှောက်ထဲမှာ ပုံမှန်မဟုတ်တဲ့ လျှပ်စီး လှုပ်ရှားမှုတွေ ဖြစ်လာတဲ့အခါမှာ တက်ခြင်းကိုဖြစ်စေပါတယ်။ ဒီလိုတက်လာပြီဆိုရင် ခန္ဓါကိုယ်ဟာ ထိန်းချုပ် မရနိုင်ပဲ လှုပ်ရှားနေမှာဖြစ်ပါတယ်။ ဒါ့အပြင် ခဏလောက်မေ့သွားပါတယ်။ သင်ဟာအတက်ရောဂါ ရှိနေတဲ့ အချိန်မှာ ကိုယ်ဝန်ဆောင်မိခဲ့ရင် ပိုပြီးဂရုစိုက်ဖို့ လိုအပ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/%e1%80%a1%e1%80%90%e1%80%80%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%9b%e1%80%bd%e1%80%ad%e1%80%b1%e1%80%9e%e1%80%ac-%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9e/
Cystitis (ဆီးအိမ်ရောင်ခြင်း)
ဆီးအိမ်ရောင်ခြင်းဆိုသည်မှာ ဆီးအိမ်နှင့် ဆီးစွန့် ပြွန်ထိပ်ပိုင်း ရောင်လာသော (နီရဲပြီး ဖောင်းလာသော) အခြေအနေတစ်ခုဖြစ်သည်။ အများအားဖြင့် ရောင်ရမ်းခြင်း သည် ဘက်တီးရီးယား ကူးစက်မှုကြောင့်ဖြစ်ပြီး ဆီးလမ်း ကြောင်း ရောဂါပိုးကူးစက်မှုဟု ခေါ်သည်။ဆီးအိမ်တွင် ကူးစက်မှုသည် နာကျင်ပြီး အနှောင့်အယှက်ဖြစ်စေပါသည်။ ကူးစက်မှုသည် ကျောက်ကပ်သို့ ပျံ့နှံ့သွားပါက ဆိုးရွားသော ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်လာနိုင်သည်။ဆီးအိမ်ရောင်ခြင်းသည် မည်သူမဆို ဖြစ်နိုင်သည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုဖြစ်သည်။ တစ်ခါ တစ်ရံ ဆီးအိမ်ရောင်ခြင်းသည် နာတာရှည် (ထပ်ကာ ထပ် ကာ ဖြစ်ပွား) ဖြစ်ပြီး ကုသရန် ခက်ခဲလာပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ရောဂါကို ထိန်းချုပ် နိုင်ပါသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။ဆီးအိမ်ရောင်ခြင်း၏ အဖြစ်များသော ရောဂါလက္ခဏာ များမှာ-။• ဆီးသွားရာတွင် နာကျင်ခြင်း၊ ပူလောင်ခြင်း။• ဝမ်းဗိုက်အောက်ပိုင်းတွင် နာကျင်ခြင်း၊ တင်းရင်း။• ဆီးသည် ငါးညှီနံ့ နံခြင်း။• ဆီးတွင် သွေးပါခြင်း။• မကြာခဏ သို့မဟုတ် အလျင်စလို ဆီးသွားလိုခြင်း။• ငွေ့ငွေ့ဖျားခြင်း။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခု ရှိနေသည်ဟု စိုးရိမ်ပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်သည်။အောက်ပါ ကျောက်ကပ် ရောဂါပိုးကူးစက်မှု၏ လက္ခဏာ များရှိပါက ကျန်းမာရေး အကူအညီ ချက်ချင်း ရယူပါ။• ကျော သို့မဟုတ် ခါးဘေးတွင် နာခြင်း။• ဖျားခြင်း၊ ချမ်းတုန်ခြင်း။• မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း။နာရီပေါင်းများစွာကြာ အလျင်စလို၊ မကြာခဏ သို့မဟုတ် နာကျင်စွာ ဆီးသွားရပါက ဆရာဝန်အားအကြောင်းကြားပါ။ ဆီးတွင် သွေးများတွေ့ရပါက ဆရာဝန်အား အကြောင်းကြား ပါ။အရင်က ဆီးလမ်းကြောင်းရောဂါပိုးကူးစက်မှု ဖြစ်ဖူးပြီး ထိုကဲ့သို့ လက္ခဏာများ ထပ်ဖြစ်ပါက ဆရာဝန်အား အကြောင်းကြားပါ။ပဋိဇီဝဆေးများ သောက်ပြီး ဆီးအိတ်ရောင်သည့် လက္ခ ဏာများ ပြန်ပေါ်လာပါက ဆရာဝန်အား အကြောင်းကြားပါ။ အခြား မတူညီသော ဆေးပေးရန် လိုအပ်နိုင်သည်။ဆီးအိမ်ရောင်ခြင်းအများစုကို Esherichia coli (E.coli) ဟူသော ဘက်တီးရီးယား အမျိုးအစားက ဖြစ်စေပါသည်။ဆီးအိမ်ကို ဘက်တီးရီးယားပိုးဝင်ခြင်းသည် လိင်ဆက်ဆံ အပြီး အမျိုးသမီးများတွင် ဖြစ်နိုင်သည်။ သို့သော် လိင်ပိုင်း ဆိုင်ရာ မပြုလုပ်သော အမျိုးသမီးများသည်လည်း ဆီးလမ်း ကြောင်း ရောဂါပိုးကူးစက်မှု ဖြစ်နိုင်သည်။အဘယ်ကြောင့် ဆိုသော် အမျိုးသမီး လိင်အင်္ဂါသည် ဆီးအိမ် ရောင်ရမ်းစေသော ဘတ်တီးရီးယားများကို လက်ခံသော နေရာဖြစ်သောကြောင့်ဖြစ်သည်။ရောဂါပိုးကူးစက်မှုအပြင် ဆီးအိမ်ရောင်ခြင်းကို ဖြစ်စေ သော အခြားအကြောင်းရင်းများလည်း ရှိပါသည်။၎င်းတို့မှာ-။• အချို့ဆေးများ။ အထူးသဖြင့် cyclophosphamide နှင့် ifosfamide စသော ဓါတုကုထုံးဆေးများ။• တင်ပါးဆုံနေရာကို ဓါတ်ရောင်ခြည်ဖြင့် ကုသမှု။• ကြာရှည်စွာ ဆီးပိတ် ထည့်ထားခြင်း။• ဓါတုပစ္စည်းများ။ တစ်ချို့လူများသည် ထုတ်ကုန် အချို့တွင်ပါဝင်သော ဓါတုပစ္စည်းများကို အထိမခံ နိုင်ပါ။ ရေမြုပ်ဆပ်ပြာ၊ အမျိုးသမီး သန့်စင်ဆေးရည်၊ သုက်ကောင်သုတ်ဆေး စသော ထုတ်ကုန်များ ဖြစ်သည်။ ဆီးအိမ်အတွင်းတွင် ဓါတ်မတည့်မှုများ ဖြစ်ပေါ်ပြီး ရောင်ရမ်းစေပါသည်။• ဆီးချိုသွေးချို၊ ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊ ဆီးကျိတ်ကြီးခြင်း၊ ကျောရိုးနာဗ်ကြော ဒဏ်ရာရခြင်း စသော အခြားရောဂါများ၏ ဆိုးကျိုး များ။Interstitial cystitis ဟုခေါ်သော ဆီးအိမ်ရောင်ခြင်း အမျိုးအစားတစ်မျိုး ရှိပါသည်။ ထိုနာတာရှည် ဆီးအိမ်ရောင် ခြင်းကို painful bladder syndrome (နာကျင်သော ဆီးအိမ်ပြဿနာစု) ဟုလည်း ခေါ်ပါသည်။ ထိုရောင်ခြင်း ဖြစ်စေသော အကြောင်းရင်းကို မသိရှိသေးပါ။ အမျိုးသမီးများတွင် အများစုဖြစ်ပွားပါသည်။ ရောဂါသည် အဖြေရှာ အတည်ပြုရန်နှင့် ကုသရန် ခက်ခဲနိုင်ပါသည်။ဆီးအိမ်ရောင်ခြင်း ဖြစ်နိုင်ချေကို မြင့်စေသော အချက် များစွာရှိပါသည်။အချို့လူများသည် အခြားလူများထက် ဆီးအိမ်ရောဂါပိုး ကူးစက်မှု ဖြစ်ရန် သို့မဟုတ် ဆီးလမ်းကြောင်း ရောဂါပိုးကူး စက်မှု ပြန်ဖြစ်ရန် အလားအလာ ပိုရှိပါသည်။ အမျိုးသမီး များ တွင် ပိုဖြစ်နိုင်သည်။အဓိက အကြောင်းပြချက်မှာ ခန္ဓါဗေဒ ဖြစ်သည်။ အမျိုးသမီးများသည် ဆီးစွန့်ပြွန်တိုသည်။ ထို့ ကြောင့် ဘက်တီးရီးယားများသည် ဆီးအိမ်သို့ ရောက်ရန် အကွာအဝေး တိုသွားပါသည်။အောက်ပါ အမျိုးသမီးများသည် ဆီးလမ်းကြောင်း ရောဂါပိုး ဝင်နိုင်ချေ အမြင့်ဆုံးဖြစ်သည်။• လိင်ပိုင်းဆိုင်ရာ တက်ကြွသူများ။ လိင်ဆက်ဆံခြင်း သည် ဆီးစွန့်ပြွန်တွင်းသို့ ဘက်တီးရီးယားများကို တွန်းပို့စေသည်။• အချို့ကိုယ်ဝန်တားဆေးများ သုံးခြင်း။ ကိုယ်ဝန်တား ပစ္စည်းသုံးသော အမျိုးသမီးများသည် ဆီးလမ်း ကြောင်း ရောဂါပိုးဝင်နိုင်မှု မြင့်ပါသည်။ သုက်ကောင် များကို သတ်သော ပစ္စည်းများပါဝင်သော ကိုယ်ဝန် တားပစ္စည်းများသည် ရောဂါပိုးဝင်နိုင်ချေကို ပိုမြင့်စေ ပါသည်။• ကိုယ်ဝန်ရှိခြင်း။ ကိုယ်ဝန်ဆောင်စဉ်အတွင်း ဟော် မုန်းများ ပြောင်းလဲမှုသည် ဆီးအိမ်ရောဂါပိုးကူးစက် နိုင်ချေကို မြင့်စေသည်။• သွေးဆုံးခြင်း။ သွေးဆုံးပြီး အမျိုးသမီးများတွင် ဟော် မုန်း ပမာဏများ ပြောင်းလဲခြင်းနှင့် ဆီးလမ်းကြောင်း ရောဂါပိုးဝင်ခြင်းနှင့် ဆက်စပ်မှုရှိပါသည်။အမျိုးသားများတွင်ရော အမျိုးသမီးများတွင်ပါ ဖြစ်နိုင်ချေ မြင့်စေသော အခြားအချက်များမှာ-။• ဆီးစီးဆင်းမှု အနှောင့်အယှက်ဖြစ်ခြင်း။ ဆီး အိတ်တွင် ကျောက်တည်ခြင်း၊ အမျိုးသားများတွင် ဆီးကျိတ်ကြီးခြင်း စသော အခြေအနေ များတွင် ဖြစ်ပေါ်ပါသည်။• ကိုယ်ခံအားစနစ် ပြောင်းလဲခြင်း။ ဆီးချိုသွေးချို၊ HIV ကူးစက်မှု၊ ကင်ဆာကုသမှု စသော အချို့ အခြေအနေများတွင် ဖြစ်ပွားနိုင်သည်။ ကိုယ်ခံအား စနစ် ကျဆင်းခြင်းသည် ဆီးအိမ်တွင် ဘတ်တီးရီး ယား၊ ဗိုင်းရပ်စ် ဝင်နိုင်ချေကို မြင့်စေသည်။• ဆီးပိုက်များ ကြာမြင့်စွာ အသုံးပြုခြင်း။ ဆီးပိုက်များ ကို နာတာရှည် ရောဂါသည်များနှင့် သက်ကြီးရွယ်အိုများတွင် လိုအပ်ပါသည်။ သို့သော် ၎င်းတို့ကို ကြာရှည်စွာ အသုံးပြု ခြင်းသည် ဘက်တီးရီးယားပိုးဝင်မှုကို လွယ်ကူ စေသည်။ ဆီးအိမ်တစ်ရှူး ပျက်စီးမှုကိုလည်း ဖြစ် စေသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆီးအိမ်ရောင်ခြင်း၏ ရောဂါလက္ခဏာများရှိပါက တတ်နိုင် သမျှမြန်မြန် ဆရာဝန်နှင့် တိုင်ပင်ပါ။ ဆရာဝန်သည် သင်၏ ရောဂါလက္ခဏာများနှင့် ဆေးမှတ်တမ်းအကြောင်း ဆွေးနွေး မည့်အပြင် အောက်ပါ စစ်ဆေးမှုအချို့ကိုလည်း ပြုလုပ်နိုင် သည်။• ဆီးစစ်ခြင်း။ ဆီးအိမ်ရောဂါပိုးကူးစက်ခြင်းကို သံသ ယရှိပါက ဆရာဝန်သည် ဆီးနမူနာတောင်းယူကာ ဆီးတွင်းတွင် ဘက်တီးရီးယား၊ သွေး သို့မဟုတ် ပြည် ရှိသလား ဆုံးဖြတ်နိုင်သည်။ ဆီးတွင် ဘက်တီး ရီးယား မွေးမြူခြင်းကိုလည်း ပြုလုပ်နိုင်သည်။• ဆီးအိမ်အတွင်း ပြွန်ထည့်၍ကြည့်ခြင်း။ ဆရာဝန် သည် cystoscope ဟုခေါ်သော အလင်းရောင်နှင့် ကင်မရာပါသော ပြွန်သေးတစ်ခုကို ဆီးစွန့်ပြွန် မှတစ်ဆင့် ဆီးအိမ်အတွင်း ထိုးထည့်ကာ ဆီးလမ်းကြောင်းရှိ ရောဂါလက္ခဏာများကို ကြည့်ရှုနိုင်သည်။Cystoscope သုံးခြင်းဖြင့် ဆရာဝန်သည် ဓါတ်ခွဲခန်း စစ်ဆေးမှုအတွက် တစ်ရှူးစ နမူနာကို ယူနိုင်သည်။ သို့သော် ဆီးအိမ်ရောင်ခြင်း၏ ရောဂါလက္ခဏာများသည် ပထမဆုံး အကြိမ်ပေါ်ခြင်း ဖြစ်ပါက ထိုစစ်ဆေးမှုကို မလိုအပ်သေးပါ။• ပုံရိပ်ဖော်စစ်ဆေးခြင်း။ ပုံရိပ်ဖော်စစ်ဆေးခြင်းသည် များသောအားဖြင့် မလိုအပ်သေးပါ။ သို့သော် အချို့ ကိစ္စများ အထူးသဖြင့် ရောဂါပိုးကူးစက်သည့် သက် သေမရှိသော ကိစ္စများတွင် ပုံရိပ်ဖော်ခြင်းသည် အကူအညီ ပေးနိုင်သည်။ဥပမာ- ဓါတ်မှန် သို့မဟုတ် အာထရာဆောင်း ဖြင့် ဆရာဝန်သည် အကျိတ် သို့မဟုတ် ဖွဲ့စည်းမှု ချို့ယွင်းချက်စသော ဆီးအိမ် ရောင်ခြင်း၏ အခြားဖြစ်နိုင်သော အကြောင်းအချက် များကို ဖော်ထုတ်နိုင်သည်။ဆီးအိမ်ရောင်ခြင်းအတွက် အသုံးအများဆုံး ကုသမှုမှာ ပဋိဇီဝဆေးများ သုံးခြင်းဖြစ်သည်။ ဘက်တီးရီးယား ကူးစက် မှုကို ပျောက်အောင် ဆေးများကို ၃-၁၀ ရက်အထိ သောက် ရသည်။ ဆရာဝန်သည် ၁-၂ ပတ်အကြာ သို့မဟုတ် ပို၍ စောစောတွင် ရောဂါကူးစက်မှု ပျောက်ကင်းသလား သေချာ စေရန် အခြား စစ်ဆေးမှုတစ်ခုကို လုပ်နိုင်သည်။ရောဂါပိုးကူး စက်မှုသည် မကြာခဏဖြစ်နေပါက ဆေးများကို ၆လအထိ သောက်ရန် လိုအပ်သည်။ရောဂါပိုးကူးစက်မှုမဟုတ်သော ကိစ္စများတွင် အခြား ကုသမှုများ လိုအပ်သည်။ ရေမြုပ်ဆပ်ပြာ၊ သုက်ကောင် သတ်ဆေးတို့ကို ရှောင်ကြဉ်ခြင်း၊ အာရုံကြော လှုံ့ဆော်မှုများ နှင့် အခြား ဆေးများ တို့ ပါဝင်သည်။Interstitial cystitis တွင် ရောင်ရမ်းခြင်းကို ဖြစ်စေသော အကြောင်းရင်းမှာ မသေချာပါ။ ထို့ကြောင့် ကုသမှု တစ်ခုတည်းနှင့် ကိစ္စတိုင်းအတွက် ကောင်းစွာမလုပ်မဖြစ်ပါ။Interstitial cystitis ၏ ရောဂါလက္ခဏာများကို သက်သာ စေသော ကုထုံးများမှာ-။• ပါးစပ်မှသောက်ရသော သို့မဟုတ် ဆီးအိမ်အတွင်း သို့ တိုက်ရိုက်ထိုးသွင်းရသော ဆေးများ။• ရောဂါလက္ခဏာများ သက်သာစေရန် ဆီးအိမ်ကို ပြုပြင်သော နည်းလမ်းများ။ ဥပမာ- ဆီးအိမ်ကို ရေ သို့မဟုတ် ဓါတ်ငွေ့ဖြင့် ဆန့်ကားခြင်း သို့မဟုတ် ခွဲစိတ်ကုသခြင်း။• အာရုံကြော လှုံ့ဆော်မှုများ။ မပြင်းထန်သော လျှပ်စစ်အားကို အသုံးပြုကာ တင်ပါးဆုံနာကျင်မှုများကို သက်သာစေသည်။ အချို့တွင် မကြာခဏ ဆီးသွား ခြင်းကိုပါ သက်သာစေသည်။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် ဆီးအိမ်ရောင်ခြင်းကို ထိန်းချုပ်နိုင် ပါသည်။• ညွှန်ကြားထားသည့်အတိုင်း ဆေးများကို တိကျစွာ သောက်ပါ။• အရည်များများ (အထူးသဖြင့် ရေများများ) သောက်ပါ။• လိင်ဆက်ဆံပြီးနောက် ဆီးသွားပါ။• ချည်ထည် အဝတ်များကို ဝတ်ဆင်ပါ။ အမျိုးသမီး များသည် ချည်ထည် ဘောင်းဘီများ ဝတ် သင့်သည်။ ကျပ်သော အတွင်းခံနှင့် အဝတ်အစား များ မဝတ်ပါနှင့်။• လိင်အင်္ဂါနေရာကို သန့်ရှင်းအောင်ထားပါ။ ရေချိုး ကန်ဖြင့် ရေချိုးမည့်အစား ရေပန်းဖြင့်ချိုးပါ။• လိင်အင်္ဂါနေရာတွင် ရေမွှေး သို့မဟုတ် အနံ့ပျောက် ဆေးများ သုံးခြင်း ရှောင်ပါ။• အခြား ကျန်းမာရေး အခြေအနေများကို ထိန်းချုပ် ထားပါ။ ဥပမာ ဆီးချိုသွေးချိုရှိပါက သွေးတွင်း သ ကြား ပမာဏကို ထိန်းချုပ်ထားပါ။• အဖျားတက်ခြင်း သို့မဟုတ် ပဋိဇီဝဆေးများ သောက်နေရင်း ပင် ရောဂါလက္ခဏာများ ဆက်ဖြစ်နေပါက ဆရာဝန်အား အကြောင်းကြားပါ။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/bladder-problems/cystitis-%e1%80%86%e1%80%ae%e1%80%b8%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
AIDS ရောဂါဘယ်လိုကူးစက်နိုင်သလဲ
AIDS ဆိုတာ ခုခံအားကျဆင်းမှုကူးစက်ရောဂါရဲ့ အတိုကောက် စာလုံးဖြစ်ပါတယ်။ ဒီရောဂါကူးစက်ခံရပြီဆိုရင် ခန္ဓါကိုယ်က ဝင်လာသမျှရောဂါပိုးတွေကို ခုခံနိုင်စွမ်းမရှိတော့တာဖြစ်ပါတယ်။ AIDS ဟာ HIV ဗိုင်းရပ်စ်ကူးစက်ရပြီးနောက်ဆုံးအဆင့် ဖြစ်ပါတယ်။ HIV/AIDS ကို အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းနဲ့ ဆေးထိုးအပ်မျှဝေသုံးစွဲမှုတို့ကတဆင့် အများဆုံး ကူးစက်ပါတယ်။တကယ်တော့ HIV ဟာ ပျံ့နှံ့လွယ်တဲ့ရောဂါပိုး မဟုတ်ပါဘူး။ ဒီဗိုင်းရပ်စ်ဟာ သွေး၊သုက်ရည်၊ ကနဦး သုက်ရည်၊စအိုမှအရည်၊မိန်းမကိုယ်အရည်နဲ့မိခင်နို့ တို့လို ခန္ဓါကိုယ်ကထွက်ရှိတဲ့အရည်တွေမှာ ပါဝင်နေနိုင်တာ ဖြစ်ပါတယ်။ အဲဒီအရည်တွေက အရေပြားပေါက်ပြဲအနာတစ်ခုခုကို တိုက်ရိုက်ထိတွေ့ မှသာ ဒါမှမဟုတ် သွေးကြောထဲကို ထိုးသွင်းခံရမှသာ ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။အများအားဖြင့်တော့ HIV ပိုးရှိသူတစ်ဦးနဲ့ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံသူတွေမှာ HIV ကူးစက်ခံရတတ်ပါတယ်။ စအိုမှလိင်ဆက်ဆံခြင်းနဲ့ လိင်အင်္ဂါမှလိင်ဆက်ဆံခြင်းတို့ ဟာ အန္တရာယ်အများဆုံးလိင်မှုရေးရာလှုပ်ရှားဆက်ဆံမှု တွေလို့ယူဆရပါတယ်။ HIV ပိုးရှိသူနဲ့အတူ ဆေးထိုးအပ်ကိုမျှဝေသုံးစွဲခြင်း၊ ရေအတူဆေးကြောခြင်း၊ နဲ့ မူးယစ်ဆေးထိုးသွင်းရာမှာသုံးတဲ့ပစ္စည်းများအတူသုံး ခြင်းတို့ကနေလည်း HIV ကူးစက်ရရှိနိုင်ပါတယ်။ HIV ပိုးက ပတ်ဝန်းကျင်အနေအထားကိုမူတည်ပြီး ဆေးထိုးအပ်ထဲမှာ ၄၂ ရက်အထိ အသက်ရှင်နေနိုင်ပါ တယ်။မိခင်မှာ HIV ရှိနေရင် မွေးဖွားလာချိန်မှာ မွေးကင်းစကလေးတွေကို ကူးစက်နိုင်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်သူဆေးဝန်ထမ်းတွေဟာလည်း HIV ပိုးကပ်ပါလာတဲ့ ချွန်ထက်တဲ့အရာဝတ္ထု (ဥပမာ-ဆေးထိုးအပ်) တွေကြောင့် ထိရှရာက ကူးစက်နိုင်တဲ့အန္တရာယ်ရှိပါတယ်။HIV ကို ပါးစပ်မှလိင်ဆက်ဆံခြင်း၊ အနမ်းကြမ်းခြင်း၊ သွေးသွင်းခြင်း ၊ ကိုယ်အင်္ဂါအစားထိုးကုသမှု ဒါမှမဟုတ် HIV လူနာတစ်ဦး စားပြီးသားအစားအစာကို စားမိခြင်းတို့ကတဆင့် ကူးစက်ပြန့်ပွားတဲ့ ရှားရှားပါးပါးကိစ္စမျိုးလည်း ရှိပါသည်။ HIV ရှိသူရဲ့ အကိုက်ခံရခြင်း ဒါမှမဟုတ် သူ့အနာ ကိုယ့်အနာချင်း ထိတွေ့မိခြင်းတို့ကနေလည်း ကူးစက်ခံရနိုင်ပါတယ်။HIV ပိုးက (လက်ခံသူ) လူ့ခန္ဓါကိုယ်ပြင်ပမှာ ကြာကြာအသက်မရှင်နိုင်၊ မပွားများနိုင်တာကြောင့် ၎င်းကို လေ၊ရေ၊ ခြင်၊ အင်းဆက်တွေကနေ ကူးစက်ရရှိနိုင်မှာမဟုတ်သလို လက်ဆွဲနှုတ်ဆက်ခြင်း၊ ပါးပြင်ကိုနမ်းခြင်း၊ ခွက်တစ်ခွက်တည်းအတူသောက်ခြင်း တို့ိလို နိစ္စဒူဝထိတွေ့မှုမျိုးတွေကြောင့် မကူးစက်နိုင် ပါဘူး။ ရောဂါပိုးနှိမ်နင်းရေးကုသမှုခံယူထားတဲ့ HIV လူနာတွေဟာကိုယ့်အိမ်ထောင်ဘက်(လိင်ဆက်ဆံဖော်) ကို အတိုင်းအတာတစ်ခုအထိ ရောဂါကူးစက်နိုင်ခြေ ပိုနည်းပါတယ်။HIV နဲ့ AIDS တို့ဟာ အခေါ်အဝေါ်ချင်းရောထွေးနိုင်ပေ မယ့် အခြေအနေချင်းမတူကြပါဘူး။ HIV ရှိနေတာနဲ့ပဲ။AIDS ရှိတယ်လို့မဆိုလိုနိုင်ပါဘူး။ ခန္ဓါကိုယ်မှာ HIV ပိုး ကူးစက်ရရှိတဲ့အခါ ခန္ဓါကိုယ်က ခုခံနိုင်စွမ်းမရှိတော့တဲ့ အထိ နှစ်ပေါင်းများစွာကြာအောင် ၎င်းဗိုင်းရပ်စ်က ကိုယ်ခံအားစနစ်ကို တိတ်တဆိတ်တိုက်ခိုက်နေတတ် တာဖြစ်ပါတယ်။ ခန္ဓါကိုယ်က နောက်ဆုံးအဆင့်အထိ ရောဂါဆက်တိုးလာတဲ့အခါ AIDS ဖြစ်လာပါတယ်။ ကံကောင်းတာတစ်ခုကတော့ ဆေးပညာတိုးတက်မှုတွေ ရဲ့ကျေးဇူးကြောင့် HIV လူနာတွေဟာ AIDS အဆင့် အထိရောက်မှာမဟုတ်တော့ပါဘူး။ သင့်တော်တဲ့ဆေးဝါး ကုသမှုနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေအားကိုးနဲ့ HIV အဆင့်မှာပဲ ရောဂါပိုးကိုနှိမ်နင်းနိုင်ပြီး ရောဂါပိုးတိုက် ထုတ်နိုင်အောင် ခန္ဓါကိုယ်ကို ခုခံအားဆက်လက် မြှင့်တင်နိုင်ပါတယ်။ HIV/AIDS ဖြစ်ရင် သေရတော့မယ် ဆိုတာမျိုး မဟုတ်တော့ပါဘူး။ HIV ဗိုင်းရပ်စ်ရှိသူတွေလည်း ဘဝမှာ သက်တမ်းစေ့ အသက်ရှင်နေနိုင်ပါသေးတယ်။Translated by Yun Sandi။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/aids-%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%80%80%e1%80%b0%e1%80%b8%e1%80%85%e1%80%80%e1%80%b9%e1%82%8f%e1%80%af%e1%80%ad%e1%80%84/
ကလေးနှာခေါင်းထဲ အရာတခုခုဝင်သွားရင် ဘယ်လိုဖယ်ရှားပစ်မလဲ
သင့်ကလေး နှာခေါင်းထဲကို ပုတီးစေ့လေးဝင်သွားတာမျိုး၊အစေ့တခုခု ဝင်သွားတာမျိုး ဖြစ်ပြီဆိုကြပါစို့။ ဒါဟာ အင်မတန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတခုဆိုတာ မိဘတိုင်း သိပါတယ်။ဟုတ်ပြီ၊ ဒီလို ဖြစ်လာခဲ့ရင် ဘာလုပ်မလဲ၊ဘယ်သူ့ကို ခေါ်ရမှာလဲ၊ဆေးခန်းဆေးရုံပြေးရမှာလား။ သုတေသနပြုလေ့လာချက်အသစ်တခုအရ သိရှိခဲ့ရတာကတော့ ဟိုးဆယ်စုနှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့တဲ့ အိမ်တွင်းဆေးမြီးတိုကုသနည်း တခုဖြစ်တဲ့ “မေမေ့အနမ်း” လို့ခေါ်တဲ့ နည်းလမ်းဟာ ဒီ ပြဿနာကို ပြေလည်သွားစေတယ်ဆိုတာပါပဲ။ဒီနည်းလမ်းဟာ နာကျင်မှုထူးထူးခြားခြားမရှိတဲ့အပြင် အရေးပေါ်ကုသခန်းမှာ တွေ့ကြုံရမယ့် စက်ကိရိယာကြီးတွေ၊လူစိမ်းတွေနဲ့ယှဉ်ရင် သားသား မီးမီးတို့အတွက် စိတ်သက်သာရာရစေ၊လုံခြုံမှုကို ခံစားရစေမှာပါ။ဒီနည်းလမ်းလေးကို ၁၉၆၅ မှာ စတင်အသုံးပြုခဲ့တာဖြစ်ပြီး အသုံးပြုပုံ အဆင့်ဆင့်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။အမေ(သို့မဟုတ် လူကြီးတယောက်ယောက်)ရဲ့ ပါးစပ်နဲ့ ကလေးရဲ့ ပါးစပ်ကို နမ်းတဲ့ပုံစံအတိုင်း တေ့ထားရမှာဖြစ်ပြီး ကောင်းနေတဲ့ နှာခေါင်းတဖက်ကို လက်ချောင်းတချောင်းနဲ့ ပိတ်ထား၊ဆို့ထားရပါမယ်။ပြီးရင် ကလေးရဲ့ ပါးစပ်ထဲကို လေမှုတ်ထည့်ရပါမယ်။မှုတ်ထည့်လိုက်တဲ့ လေရဲ့ အရှိန်နဲ့ နှာခေါင်းထဲ ဝင်သွားတဲ့ အရာဝတ္ထုပြန်ထွက်လာပါလိမ့်မယ်။အသက် ၁နှစ်နဲ့ ၈နှစ်ကြား ကလေးတွေမှာ “မေမေ့အနမ်း” နည်းလမ်းကို အသုံးပြုခြင်းနဲ့ ပတ်သက်တဲ့ လေ့လာတင်ပြမှု ရှစ်ခုကို ဆန်းစစ်ပြီး သုတေသနတခု ပြုလုပ်ခဲ့ပါတယ်။အဆိုပါ လေ့လာမှုအားလုံးမှာ ဒီနည်းလမ်းဟာ ဘာပြဿနာမှ မရှိဘဲ အလုပ်ဖြစ်ခဲ့ပါတယ်။ နှာခေါင်းကို တဝက်တပျက်ပဲ ပိတ်နေတဲ့ အရာဝတ္ထုတွေဟာ လေကို အပြင်ထွက်သွားစေနိုင်တဲ့အတွက် သူတို့တွေနဲ့ယှဉ်ရင် နှာခေါင်းပေါက်တခုလုံးကို လုံးဝပိတ်ဆို့နေတဲ့ အရာဝတ္ထုတွေကို ဖယ်ထုတ်ရာမှာ ဒီနည်းလမ်းက ပိုအကျိုးသက်ရောက်မှုရှိတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။အောင်မြင်မှုရာခိုင်နှုန်းကတော့ ၆၀% လောက်ရှိပါတယ်။ အဆိုပါ သုတေသနရဲ့ တွေ့ရှိချက်တွေကို Canadian Medical Association Journal မှာ ဖော်ပြခဲ့ပါတယ်။နှာခေါင်းထဲ ဝင်သွားတဲ့ အရာဝတ္ထုတွေကို ဖယ်ထုတ်ရာမှာ ဒီနည်းလမ်းဟာ အင်မတန်လုံခြုံစိတ်ချပြီး ထိရောက်အကျိုးရှိတဲ့ နည်းလမ်းတခု ဖြစ်တဲ့အတွက် ချိတ်တွေ၊ညှပ်တွေနဲ့ နှာခေါင်းထဲထိုးပြီး ဖယ်ထုတ်ရတာ ဒါမှမဟုတ် စုပ်ထုတ်ရတာ အစရှိတဲ့ ရှုပ်ရှုပ်ထွေးထွေးတွေ လုပ်ဖို့ မလိုအပ်တော့ပါဘူး။မေ့ဆေး၊ထုံဆေးတွေပေးဖို့လည်း မလိုတော့တဲ့အတွက် ကလေးတွေအတွက် အရမ်းအဆင်ပြေပါတယ်။ ဒီနည်းလမ်းမပြုလုပ်ခင်မှာ ဘယ်လို လုပ်မယ်ဆိုတဲ့အကြောင်း ကလေးကို ကြိုတင်ရှင်းပြပေးထားမယ်ဆိုရင် သူလေးအနေနဲ့ ကြောက်လန့်နေတော့မှာ မဟုတ်ပါဘူး။ဒီအရွယ်ကလေးတွေဆိုတာက သူတို့ကို ထူးထူးခြားခြားတခုခု လုပ်တော့မယ်ဆိုရင် ကြောက်လန့်တတ်သလို ၊အထူးသဖြင့် အရင်တခါ နှာခေါင်းထဲက ပစ္စည်းကို ထုတ်တုန်းက အတော်လေး နာကျင်ခဲ့ဖူးတယ်ဆိုရင် လုပ်ရကိုင်ရအနည်းငယ် ခက်ခဲနိုင်ပါတယ် (ကလေးက ကြောက်ပြီး ရုန်းကန်နေနိုင်လို့ပါ)။ဒီနည်းလမ်းရဲ့ အဓိက ဖြစ်လာနိုင်တဲ့ ပြဿနာကတော့ မမျှော်လင့်ဘဲ လေဖိအားများလာနိုင်တဲ့အတွက် ကလေးရဲ့ နားစည် ဒါမှမဟုတ် အသက်ရှုလမ်းကြောင်းကို ထိခိုက်စေတာပဲ ဖြစ်ပါတယ်။ဒါပေမယ့် အဆိုပါ အချိန်မှာ glottis လို့ခေါ်တဲ့ လေဝင်ပေါက်လေးက ပိတ်နေမှာ ဖြစ်တဲ့အတွက် ဒီပြဿနာ ဖြစ်လာနိုင်ချေက မရှိသလောက်နည်းတဲ့အပြင် ပြုလုပ်ပြီးခဲ့သမျှ လေ့လာမှုတွေအရလည်း ပြဿနာဖြစ်ပွားမှု တစုံတရာမရှိတာကို တွေ့ရပါတယ်။ နှာခေါင်းထဲပိတ်ဆို့နေတဲ့ အရာဝတ္ထုကို အထဲရှုသွင်းလိုက်မိပြီး အသက်ရှုကြပ်သွားမယ့် အန္တရာယ်ကတော့ အချိန်တိုင်းမှာ ရှိနေပါတယ်။“မေမေ့အနမ်း” နည်းလမ်းကို ဆရာဝန်၊သူနာပြုအစရှိတဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေကလည်း ပြုလုပ်နိုင်သလို ပထမတခေါက်လုပ်လို့ မအောင်မြင်ရင် အကြိမ်ကြိမ်ထပ်ပြီး ကြိုးစားကြည့်နိုင်ပါသေးတယ်။ဒါပေမယ့် အခုနည်းလမ်းကို ဘယ်နေရာ၊ဘယ်အချိန်မှာပဲ လုပ်သင့်တယ်ဆိုတဲ့အချက်လေးတွေကိုတော့ သတိပြုဖို့လိုအပ်ပါမယ်။ တတ်ကျွမ်းနားလည်တဲ့သူတွေရဲ့ ရှေ့မှာပဲ ဒီနည်းလမ်းကို ပြုလုပ်ရပါမယ်။ဆရာဝန်တွေဟာ အရေးပေါ်ကုသမှုဌာနမှာပဲ အများဆုံးပြုလုပ်လေ့ရှိတဲ့အတွက် ဒီနည်းလမ်းကို အိမ်မှာပဲ အသုံးပြုမယ်ဆိုရင်တော့ ကလေးတွေအနေနဲ့ သက်တောင့်သက်သာရှိပြီး ကြောက်လန့်နေမှာ မဟုတ်ပါဘူး။ဒါပေမယ့် ထင်မှတ်မထားတဲ့ ပြဿနာတခုခုပေါ်ပေါက်လာရင် (ဥပမာ ပိတ်နေတဲ့ အရာဝတ္ထုက အဆုတ်ထဲ ဝင်သွားရင်) အမြန်ဆုံး ကုသမှုပေးနိုင်ဖို့အတွက် “မေမေ့အနမ်း” နည်းလမ်းနဲ့ ပိတ်နေတဲ့ ပစ္စည်းကို ဖယ်ရှားပစ်နေချိန်မှာ ဆရာဝန်တယောက်ယောက်ရှိနေတာကတော့ အကောင်းဆုံးပဲ ဖြစ်ပါကြောင်း။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%94%e1%80%be%e1%80%ac%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%91%e1%80%b2-%e1%80%a1%e1%80%9b%e1%80%ac%e1%80%90%e1%80%81%e1%80%af%e1%80%81/
သိကိုသိထားသင့်တဲ့ နှလုံးတုန်ခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်း ၁၀ ချက် ။ ။
နှလုံးတုန်တယ်ရင်တုန်တယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုပေမယ့် မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ ပါပါတယ်။ နှလုံးဆိုတာ ကိုယ်ခန္ဓာအတွက် အရေးအကြီးဆုံးမလား။ ဒီ အရေးကြီးလှတဲ့နှလုံးလေးတစ်ခုခုဖြစ်နေပြီလို့ပြတဲ့ အချက်တွေထဲမှာ နှလုံးတုန်တာကလည်း တစ်ခုအပါအဝင်လေ။ ဒါမေပယ့် နှလုံးတုန်တိုင်း ကိုယ့်မှာ နှလုံးရောဂါရှိနေပြီလို့ ပြောလို့ကလည်း မရသေးပါဘူး။ ကျန်းမာရေးပြဿနာမဟုတ်တဲ့ အခြား နှလုံးတုန်စေတဲ့အကြောင်းအရင်းတွေကလည်း ရှိသေးတယ်လေ။ခုခေတ်ကြီးကကော်ဖီလေးတစ်ခွက်လောက်မှာ မသောက်လိုက်ရရင် ကိုယ့်ရဲ့တစ်နေ့တာက ဟာတာတာဖြစ်နေရတဲ့ ခေတ်ကြီးမဟုတ်လား။ တချို့ဆို တစ်ခွက်တောင်မဟုတ်ဘဲ ကော်ဖီ သုံးလေးခွက်လောက် သောက်လိုက်ရမှ နေသာထိုင်သာရှိသွားတဲ့သူတွေလည်း အများကြီးပါနော်။ အဲဒီမှာ စပြီး သူတို့တွေ ရင်တုန်တာပါပဲ။ကဖင်းဓာတ်ရဲ့ အာနိသင်ကိုက အလွန်အကျွံသောက်မိလိုက်ရင် ရင်တုန်စေတယ် မဟုတ်လား ။စိတ်ဖိစီးမှုစိုးရိမ်သောကများမှုတွေကြောင့် ဖြစ်ရတဲ့ ကျန်းမာရေးပြဿနာတွေ အများကြီးရှိပါတယ်။ အဲဒီအထဲမှာ နှလုံးလေးလည်း အပါအဝင်ပေါ့။ စိတ်ဖိစီးနေတဲ့အချိန် ဆို ကိုယ်တွင်းမှာadrenalineဟော်မုန်းတွေ အများကြီးတက်လာလို့ နှလုံးတုန်တဲ့ ပြဿနာဖြစ်စေမှာပါ။Gymသွားပြီးလေ့ကျင့်ခန်း လုပ်တဲ့သူတိုင်းသိကြမှာပါ။ ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန်လုပ်တဲ့အခါ ကိုယ်တွင်းက ကြွက်သားတွေဆီ သွေးအလုံလောက်ရောက်စေဖို နှလုံးက ပိုပြီး အလုပ်လုပ်ရပါတယ် ။ ဒီလိုနဲ့လေ့ကျင့်ခန်းလုပ်တဲအချိန် နှလုံးခုန်မြန်နေတတ်ပါတယ်။ ဒါက သာမာန်လူတွေမှာတောင် ဖြစ်တာဆိုတော့ အစတည်းက နှလုံးခုန်စည်းချက်မမှန်တဲ့သူတွေဆို ပိုပြီး ဆိုးသွားတတ်ပါတယ်။ဆေးလိပ်တို့ ဆေးရွက်ကြီးတို့မှာပါတဲ့ နီကိုတင်းဓါတ်ကသွေးပေါင်ကိုတက်စေပြီး နှလုံးခုန်မြန်စေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့ကြောင့် ကိုယ့်နှလုံးလေးကျန်းမာစေချင်ရင် ကောင်းကျိုးတစ်ခုမှ မရှိတဲ့ဆေးလိပ်ကို ဖြတ်လိုက်တာက သာ အကောင်းဆုံးပါ။ တစ်ခုမှတ်ထားရမှာ နဂိုဆေးလိပ်စွဲသောက်နေတဲ့သူတစ်ယေက်ဆေးလိပ်ဖြတ်လိုက်ပြီဆိုတာနဲ့ nicotine withdrawal ဆိုတဲ့ ဆေးလိပ်ကိုပြင်းပြင်းထန်ထန် တမ်းတတာမျိုးတွေ ခံစားရမှာပါ။ အဲဒီ nicotine withdrawal ရဲ့ လက္ခဏာတွေထဲမှာ ရင်တုန်ကလည်း တစ်ခုအပါအဝင်ဖြစ်ပြီး ဆေးလိပ်ဖြတ်ပြီး ၃ ပတ် ၄ ပတ်လောက်အထိ ရင်တုန်းခြင်းကို ခံစား၇တတ်ပါတယ်။ဟော်မုန်းပြောင်းလဲတဲ့ ကာလတွေဖြစ်တဲ့ဓမ္မတာပေါ်ချိန် ၊ ကိုယ်ဝန်ဆောင်ချိန် သွေးဆုံးခါနီးချိန်နဲ့သွေးဆုံးချိန်တို့မှာ အမျိုးသမီးတွေ ရင်တုန်တဲ့ဝေဒနာကိုခံစားရတတ်ပါတယ်။ကိုယ်ပူပြီး အဖျားတက်နေချိန်တွေမှာ ကိုယ်ခန္ဓာက စွမ်းအင် သုံးစွဲမှု ၂ဆ မြင့်တက်လာတာကြောင့် နှလုံးလေး ပိုအလုပ်လုပ်ရပြီး နှလုံးခုန်တာတွေလည်း မြန်နေတတ်ပါတယ်။ အပူချိန် ၁၀၀.၄ ဒီဂရီ ဖာရင်ဟိုက်လောက် မြင့်သွားပြီဆိုတာနဲ့ နှလုံးလည်း စတုန်လာတော့မှာပါ။ဗိုက်အရမ်းဆာ နေတဲ့အချိန် လက်တွေကတုန်ကယင်ဖြစ် နှလုံးခုန်တွေမြန်စတဲ့ ခံစားမှုကို ခံစားဖူးကြတယ်မလား။ ဒါတွေအားလုံးကို ဗိုက်ဆာချိန် နည်းနေတဲ့ သွေးတွင်းသကြားရဲ့ သက်ရောက်မှုတွေဖြစ်ပါတယ်။ ဒီလိုပြဿနာကို သွေးတွင်းသကြားဓါတ်မြင့်နေတဲ့ ဝေဒနာပိုင်ရှင်ဆီးချိုသမားတွေပိုခံစားရတတ်ပါတယ်။ဆီးချိုကျဆေးတွေလည်းသောက် ဆီးချိုတက်မှာကြောက်လို့ ဘာမှလည်းသိပ်မစားဖြစ်နဲ့ သွေးတွင်းသကြားဓာတ်ကျပြီး နှလုံးတုန် ရင်တုန်တွေဖြစ်လာပါတော့တယ်။သိုင်းရွိုက်ဟော်မုန်းများနေလို့ အတက်ကြွလွန်ရောဂါ ခံစားနေရခြင်း ( hyperthyroid ) ပြဿနာဟာ နှလုံးအပေါ်မှာ သွားသက်ရောက်မှုရှိပြီး နှလုံးတုန်တဲ့ ပြဿနာကို ဖြစ်စေပါတယ်။နှလုံးပြဿာတွေဖြစ်တဲ့။မူးယစ်စိတ်ကြွဆေးတွေဖြစ်တဲ့။ပုံမှန် နှလုံးတုန်တဲ့ကိစ္စတော်တော်များများဟာ အခန်မသင့်မှ ဖြစ်တတ်တာမျိုးဖြစ်ပြီး တစ်ခါဖြစ်ရင် ခဏလေးနဲ့ ပြန်ပျောက်သွားတတ်တာမျိုးပါ။ ဒါပေမယ့်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-arrhythmias/%e1%80%9e%e1%80%ad%e1%80%80%e1%80%ad%e1%80%af%e1%80%9e%e1%80%ad%e1%80%91%e1%80%ac%e1%80%b8%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%94%e1%80%be%e1%80%9c%e1%80%af%e1%80%b6/
အလုပ်ခွင်မှာ အိပ်ငိုက်တဲ့အခါ
အလုပ်ပိတ်ရက် အိမ်မှာအိပ်ငိုက်တာက နေ့ခင်းနေ့လယ် တစ်ရေးအိပ်ပြီး အနားယူလိုက်လို့ ကောင်းတယ်ဆိုပေမယ့်အလုပ်ခွင်ထဲမှာ အိပ်ငိုက်နေတာကတော့ တောတော်လေး ဂွကျတဲ့ ကိစ္စပါ။ အလုပ်တွေ လုပ်စရာ ရှိနေတာကို အိပ်ငိုက်နေတာက ကိုယ့်ကိုယ် မကြိုးစားတဲ့သူရယ်လို့ ထင်စရာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နေ့ခင်း ထမင်းစားပြီး အလုပ်ခွင်မှာ အိပ်ငိုက်တာမျိုး ဖြစ်လာရင် ဘယ်လို အကောင်းဆုံး ကျော်ဖြတ်ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။အလုပ်ခွင်မှာ အိပ်ငိုက်မှု ကင်းစေဖို့ ဆိုရင် အိပ်ငိုက်တယ်လို့ ခံစားလာရတဲ့အခါ။အလုပ်လုပ်ရင်းခြေကုန်လက်ပမ်းကျလာသလိုလို ဒါမှမဟုတ် အလုပ်လုပ်ရတာ စိတ်မပါသလိုလို ဖြစ်လာပြီဆိုရင် အလုပ်ကို ခဏလေး နားပြီး ကော်ဖီ တစ်ခွက်လောက် သောက်လိုက်ပါ။ ဒီလို လုပ်တာက ခန္ဓာကိုယ်ကို လန်းဆန်းသွားစေပြီး ဦးနှောက်နဲ့ အာရုံကြောစနစ်ကို လှုံ့ဆော်ပေးပါလိမ့်မယ်။ကဖင်းက တက်ကြွလန်းဆန်းစေပြီး တွေးတောနိုင်စွမ်းနဲ့ စိတ်ခံစားမှုကို ကောင်းစေပါတယ်။ အိပ်ငိုက်တာကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါကြောင့် အိပ်ငိုက်တဲ့အခါ ကော်ဖီ တစ်ခွက် သောက်ပေးပါ။တစ်ခါတလေမှာ အရမ်း အိပ်ငိုက်လာတဲ့အခါ ခဏလောက် အိပ်လိုက်တာက အင်အားပြည့်စေပြီး စိတ်ကိုလည်း လန်းဆန်းစေပါတယ်။ နေ့လယ်ခင်း အလုပ်ခွင် ခဏ နားချိန်မှာ ၁၀ မိနစ် ဒါမှမဟုတ် ၁၅ မိနစ်လောက် မျက်လုံးလေး မှိတ်ပြီး ခဏလောက် ငြိမ်ငြိမ်လေး နေလိုက်ပါ။ဒီလို ခဏလေး အိပ်စက်တာက အလုပ်ခွင်မှာ အိပ်ငိုက်တာကို သက်သာစေနိုင်သလိုတစ်နေ့တာကို အင်အားပြည့်ဝစွာနဲ့ အကောင်းဆုံး ကျော်ဖြတ်နိုင်မှာပါ။တစ်နေရာတည်းမှာ မလှုပ်မယှက် အချိန် အကြာကြီး ထိုင်နေတာက အိပ်ငိုက်စေနိုင်သလို အိပ်ငိုက်မှုကို ပိုဆိုးစေနိုင်ပါတယ်။ ဒါ​ကြောင့် အလုပ်စားပွဲကနေ ထပြီး ခဏလောက် လမ်းလျှောက်ပေးလိုက်ပါ။ ဒီလိုလမ်းလျှောက်ပေးတာက သွေးစီးဆင်းမှုကို ကောင်းစေပြီး ငိုက်မျဉ်းမှု ကင်းလို့ အလုပ်ကို အာရုံစိုက်ပြီး လုပ်နိုင်စေမှာပါ။အလုပ်ခွင်မှာ အိပ်ငိုက်ရတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ရပ်က တအား တိတ်ဆိတ်နေလို့ပါ။ ဒီတော့ အလုပ်ခွင်မှာ အိပ်ငိုက်တာမျိုး မဖြစ်စေဖို့ဆိုရင် နားကြပ်လေးနဲ့ သီချင်း မြူးမြူးလေးတွေကို နားထောင်ပေးပါ။အသံအကျယ်ကြီး နားမထောင်မိစေဖို့တော့ သတိပြုစေချင်ပါတယ်။အလုပ်ခွင်မှာ အိပ်ငိုက်မှု ကင်းစေဖို့ဆိုရင် နေ့လယ်စာ စားတဲ့အခါ အများကြီး စားတာ၊ ကာဗိုဟိုက်ဒရိတ်များတာ၊ အချိုများတာတွေကို မစားဘဲ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အားဖြစ်စေမယ့် အစားအစာမျိုးတွေကို စားပေးပါ။ဒါကြောင့် နေ့လယ်စာကိုကြက်ဥပြုတ်၊ ကြက်သား၊ ဘယ်ရီသီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ကောက်နှံတွေကို စားပေးပါ။အလုပ်ခွင်က အလင်းရောင် ဝင်ရောက်တာ နည်းမယ်ဆိုရင်လည်း အိပ်ငိုက်တာကို ဖြစ်စေနိုင်ပါတယ်။နေရောင်ဝင်ရောက်မှု များပြီး အလင်းရောင် များတာက အိပ်ငိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ဒါ​ကြောင့် ပြတင်းပေါက်ရှိရင် ပြတင်းပေါက် ဖွင့်ထားပါ။ ပြတင်းပေါက် မရှိရင် မီးကို လင်းလင်းထင်းထင်း ထွန်းထားပါ။အလုပ်ခွင်မှာ အိပ်ငိုက်တဲ့အခါ အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေကို သုံးပြီး ဖြေရှင်းလိုက်နော်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/how-to-get-rid-of-sleepy-feeling/
ကိုယ်ဝန်ဆောင်ချိန်မှာ ဇီးဖြူသီးစားလို့ရလား
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေစားလိုက်သမျှက တိုက်ရိုက်ပြဲဖစ်ဖြစ် သွယ်ဝိုက်တဲ့နည်းနဲ့ဖြစ်ဖြစ်ဘေဘီလေးဆီရောက်သွားတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်မေမေရဲ့စားသောက်မှုအလေ့အထပုံစံက ဗိုက်ထဲမှာရှိတဲ့ ဘေဘီလေးရဲ့ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးမှုအပေါ်မှာ အများကြီးသက်ရောက်မှုရှိနေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတစ်ယောက်အနေနဲ့အစားအသောက်ကိုဂရုစိုက်သင့်တယ်ဆိုတာကို ပြောနေစရာမလိုအောင်ပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေချိန်မှာ ကိုယ့်ရဲ့ အစားတစ်လုတ်ကြောင့် ဘေဘီလေးမထိခိုက်စေဖို့ ဘယ်အစားအသောက်တွေက တည့်တယ်၊မတည့်ဘူးဆိုတာကို သိထားဖို့လိုပါမယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်နေချိန်မှာ ဇီးဖြူသီးထောင်းလေးစားချင်ပေမယ့် ဇီးဖြူသီး စားလို့ရပါ့မလားလို့တွေးနေတဲ့ မေမေတို့အတွက် ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါမယ်။ဇီးဖြူသီးက လူတိုင်းနဲ့ ရင်းနှီးပြီးသား အသီးတစ်မျိုးပါ။ အရောင်လေး လှသလို ပုံစံလေးကလည်း ချစ်စရာကောင်းပါတယ်။ အစိမ်းရောင်ဖျော့ဖျော့လေးနဲ့ ကြည်ကြည်လေးပါ။အရသာက ဖန်သလိုလို ရှိပေမယ့် ကျန်းမာစေတဲ့ အာနိသင်တေါကတော့ အပြည့်ပါပဲ။ ဇီးဖြူသီးကို ထောင်းစားလို့ရသလို သနပ်ထည့်စားတာ၊ အချဉ်စိမ်စားတာအမျိုးမျိုးစားလို့ ရပါတယ်။ ကြော်စားကြတာလည်း ရှိပါတယ်။ဇီးဖြူသီးလေးမှာ။တော်တော်များများလက်ခံထားနိုင်တဲ့အချက်က ဇီးဖြူသီးက လေချုပ်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မစားသင့်ဘူးဆိုတာဖြစ်မယ်ထင်ပါတယ်။ တကယ်ကတော့ မဟုတ်ပါဘူး။ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ဇီးဖြူသီးစားပေးမယ်ဆိုရင်။ဇီးဖြူသီးက ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝပြီးကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ ဗီတာမင် C ပါဝင်မှုကလည်းတုပ်ကွေးမိတာ၊ ဆီးလမ်းကြောင်းပိုးဝင်တာလိုမျိုး ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များတဲ့ရောဂါကူးစက်ခံရမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အပိုဆုကတော့ မွေးဖွားပြီးချိန်မှာနို့ထွက်များစေတာပါ။အမျှင်ဓါတ်ကြွယ်ဝတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ဝမ်းချုပ်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ဇီးဖြူသီးက အစာမကြေတာကို သက်သာစေနိုင်သလို အစာခြေရည်တွေထွက်ရှိလာအောင် လှုံ့ဆော်ပေးတာကြောင့် အစာကြေလွယ်စေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပြည့်ရင်ကယ်မဖြစ်စေဖို့ စားပေးသင့်ပါတယ်။ချိုချိုချဉ်ချဉ်အရသာရှိတဲ့ ဇီးဖြူသီးက ကိုယ်ဝန်ဆောင်မေမေတွေ ကိုယ်ဝန်ဆောင်ပထမ ၃ လပတ်မှာခံစားရလေ့ရှိတဲ့ မူးဝေတာ၊ ပင်ပန်းနွမ်းနယ်တာတွေကို သက်သာစေနိုင်သလို ကိုယ်ဝန်ဆောင်ကာလမူးဝေအော့အန်တာကိုပါ သက်သာစေနိုင်ပါတယ်။ ခန္ဓါကိုယ်ကို အင်အားပြည့်စေမှာပါ။ဇီးဖြူသီးက ကယ်လ်ဆီယမ်ကြွယ်ဝတာကြောင့် မေမေကိုအရိုးနဲ့သွားတွေကြံ့ခိုင်စေနိုင်ပါတယ်။ ဘေဘီလေးအတွက်လည်း အရိုးနဲ့သွားတွေ အကောင်းဆုံးဖွံ့ဖြိုးစေဖို့ အထောက်အကူပြုနိုင်ပါတယ်။ဇီးဖြူသီးမှာ ရောင်ရမ်းတာကို သက်သာစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေခံစားရလေ့ရှိတဲ့ ခြေလက်တွေ ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ သွေးချိုမြင့်တက်မှုကြောင့်ဖြစ်လာတဲ့ ကိုယ်ဝန်ဆောင်ဆီးချိုက မေမေအတွက်ရော ဘေဘီလေးအတွက်ပါမကောင်းတာကတော့ အမှန်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်လာတဲ့ ဟော်မုန်းက ခန္ဓါကိုယ်ရဲ့အင်ဆူလင်ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေရာကနေ သွေးတွင်းသကြားဓါတ်မြင့်တက်ပြီး ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်လာရတာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ဆီးချိုကို အစားအစားကနေတဆင့် ကာကွယ်ချင်တယ်ဆိုရင်တော့ ဇီးဖြူသီးစားပေးပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ဇီးဖြူသီး ဖျော်ရည်သောက်သုံးပေးတာက ဘေဘီလေးရဲ့ မှတ်ဉာဏ်ကိုကောင်းမွန်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်နေချိန်မှာ မေမေတစ်ယောက်အနေနဲ့ တစ်နေ့ကို ဇီးဖြူသီး တစ်လုံးကနေ ၂ လုံးအထိစားပေးလို့ရပါတယ်။ ဇီးဖြူသီးမှုန့်ကိုတော့ တစ်နေ့ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာပဲ စားပေးပါ။ဇီးဖြူသီးက ကိုယ်ဝန်ဆောင်တွေအတွက် အကျိုးများတယ်ဆိုပေမယ့်တန်ဆေး လွန်ဘေးပါ။ ဇီးဖြူသီးကို အများကြီးစားမယ်ဆိုရင် အစာမကြေတာ၊ ဝမ်းချုပ်တာဝမ်းလျှောတာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် အများကြီးမစားဖို့တော့ ပြောချင်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/pregnancy-mom-can-eat-amla/
ကိုဗစ်ဖြစ်ပြီး ထွက်တဲ့ antibodies ဘယ်လောက်ခံလဲ.......
တစ်ကမ္ဘာလုံးကကိုဗစ်ကို ခုခံလာရတာက နှစ်ချီကြာနေပါပြီ။ ဒီကာလအတွင်းမှာ သုတေသီတွေကဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး လေ့လာမှုတွေ အများကြီး လုပ်ဆောင်နေသလိုကာကွယ်ဆေးတွေလည်း ကြိုးပမ်းထုတ်လုပ်နေပါတယ်။ ဒါ့အပြင် ကိုဗစ်ဖြစ်ပြီး ထွက်တဲ့antibodiesဘယ်လောက်ခံလဲ……. ဆိုတာကိုလည်း လေ့လာနေပါတယ်။ဒါဆို ကိုဗစ် ကူးစက်ခံရပြီးလို့ ထွက်လာတဲ့ antibody က ခန္ဓာကိုယ်ထဲမှာ ဘယ်လောက် ကြာကြာခံလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး လေ့လာမှုရဲ့ ရလဒ်ကို ဆောင်းပါးလေးထဲမှာ ဖော်ပြပေးထားပါတယ်။ကိုဗစ်ကနေ ပြန်လည် ကျန်းမာလာသူတွေအနေနဲ့ကိုဗစ်ဗိုင်းရပ်စ်ကို ခုခံနိုင်တဲ့ ကိုယ်ခံအား ထွက်လာပါတယ်။ ဒီကိုယ်ခံအားက ခန္ဓာကိုယ်မှာ ၈ လလောက်အထိ ရှိနေနိုင်ပြီး ဒီကာလထက်လည်း ပိုကြာနိုင်ပါတယ်။ ဒီကာလ အတိုင်းအတာက တစ်ယောက်နဲ့ တစ်ယောက်မှာ မတူပါဘူး။ တချို့ကလည်း ရက်၉၀လို့ ပြောသလို တချို့ကလည်း ၆လလို့ ပြောပါတယ်။ဒီကိုယ်ခံအားက ကိုဗစ်ကို ခုခံပြီးချိန်မှာခန္ဓာကိုယ်က အလိုလို ထွက်လာတာပါ။ နောက်ထပ်အခြေအနေ တစ်ရပ်ကCOVID-19 ကာကွယ်ဆေးထိုးပြီးချိန်မှာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်မှာ antibody ထွက်လာတာပါ။ကိုဗစ်ကနေ ပြန်ကောင်းလာတဲ့သူတွေမှာ အဆိုပါ ကိုယ်ခံအားမှာ ပါဝင်ဖွဲ့စည်းထားတဲ့ အရာ ၄ မျိုးစလုံးကို တွေ့ရနိုင်ပါတယ်။ သွေးကို စစ်ကြည့်လိုက်လို့ antibody ထွက်တယ်ဆိုတာက သွေးထဲမှာ ဒီအရာ ၄ ခုလုံး ထွက်ရှိနေလို့ပါ။ဒီ ကိုယ်ခံအားက ကိုယ်ထဲမှာ ဘယ်လောက်ထိ ကြာကြာရှည်ရှည် ရှိနေမလဲဆိုတာကိုတော့ အတိအကျ ပြောဖို့ ခက်ပါတယ်။ကိုဗစ် ကူးစက်ခံရပြီးလို့ ထွက်လာတဲ့ ကိုယ်ခံအားက ၈ လလောက်အထိ ခံတယ်ဆိုပေမယ့် ၄ လလောက်အထိပဲခန္ဓာကိုယ်ကို ဗိုင်းရပ်စ် အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ရောဂါ ပြင်းထန်မှုကို လိုက်ပြီးတော့လည်း antibodies ထွက်ရှိမှု ကာလက ကွာခြားနိုင်ပါတယ်။ ကူးစက်ခံရတဲ့ ဗိုင်းရပ်စ်မျိုးစိတ်ကို လိုက်ပြီးတော့လည်း ကွာခြားနိုင်ပါတယ်။ဝါရှင်တန် ဆေးတက္ကသိုလ်က သုတေသီတွေ ဦးဆောင်တဲ့ လေ့လာမှုမှာတော့ ကိုဗစ်ရောဂါ အပျော့စားကို ခံစားရတဲ့သူတွေမှာ ကိုဗစ်ကနေ ပြန်ကျန်းမာလာပြီး လအတော်ကြာတဲ့အထိကိုယ်ခံအားဆဲလ်တွေက ကိုဗစ်ဗိုင်းရပ်စ်ကို တုံ့ပြန်တဲ့ antibodies တွေကို ဆက်လက်ထုတ်ပေးနေတာမျိုး ရှိပါတယ်။လေ့လာမှုတွေအရ အဆိုပါ ဆဲလ်တွေက ဘဝတလျှောက်လုံး ရှိနေပြီး တစ်ချိန်လုံး antibodies ကို ထုတ်ပေးပါတယ်။ ဒီလိုလူတွေမှာ နောက်ထပ် ဖြစ်နိုင်ခြေကလည်း အတော်လေး နည်းပါတယ်။ ဒါပေမယ့် ရောဂါကို တုံ့ပြန်ပြီး သိပ်မကြာခင်မှာပဲ antibodies ပမာဏက ကျဆင်းသွားပါတယ်။ဒါက ဖြစ်ရိုးဖြစ်စဉ် တစ်ခုပါ။ ဒီကျဆင်းမှုက ၀ အထိ ကျသွားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ထပ်တော့ ပွားမလာပါဘူး။လေ့လာမှုတွေအတွင်း တွေ့ရတာကတော့ အကြာဆုံးအနေနဲ့ antibodies က ခန္ဓာကိုယ်ထဲမှာ ၁၁ လ အထိရှိနေတာပါ။ ဒါက အကြာဆုံး အတိုင်းအတာပါ။ရောဂါပိုး ကူးစက်ခံရပြီးတဲ့အခါကိုရိုနာ ဗိုင်းရပ်စ်ကို တုံ့ပြန်ဖို့ antibody ကိုထုတ်လိုက်တဲ့ ကိုယ်ခံအားဆဲလ်တွေက ဗိုင်းရပ်စ်ကို တိုက်ထုတ်ပြီးချိန်မှာ သွေးထဲက antibody ပမာဏက ကျသွားပါတယ်။အရေအတွက်အားဖြင့် နည်းသွားတဲ့ antibody ထုတ်ပေးတဲ့ ကိုယ်ခံအားဆဲလ်တွေကရိုးတွင်းခြင်ဆီထဲမှာ ကာလရှည်ကြာ တည်ရှိနေနိုင်တဲ့ Plasma cellsတွေအဖြစ် ပြောင်းသွားပါတယ်။ ပမာဏ နည်းသွားပေမယ့် ဒီလို တည်ရှိမှုကနေတဆင့် ကိုယ်တွင်းကို ရောက်လာတဲ့ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ဖို့ ကူညီပေးပါတယ်။ကိုယ်ခံအားထဲမှာ antibody က ကာလတစ်ခုအထိ ရှိနေတယ်ဆိုပေမယ့် ကိုဗစ်ကလည်း နောက်ထပ်တစ်ကြိမ် ကူးစက်နိုင်တာမို့ အကောင်းဆုံးကတော့ antibody ထွက်နေလည်းကိုဗစ်ကူးစက်မှုကို ကာကွယ်ပေးနိုင်မယ့်ပါးစပ်နဲ့ နှာခေါင်းစည်းတပ်ဆင်တာ၊ လူစုလူဝေး ရှောင်ကြဉ်တာ၊ လက်ဆေးတာတွေကို လုပ်ပေးတာကတော့ အကောင်းဆုံးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/how-long-does-immunity-last-after-covid-19/
ရင်သားထိပ်ခေါင်းတွေနာကျင်မာကျောရသည့် အကြောင်းရင်းများ
အမျိုးသမီးအများစုဟာ သူတို့ရဲ့ရင်သားထိပ်ခေါင်းတွေ မာကျောပြီး နာကျင်လာတယ်ဆိုရင် ဒါဟာ ရောဂါ ဆိုးဆိုးရွားရွားတစ်ခု ဖြစ်နေပြီဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒါပေမဲ့ သတင်းကောင်းတစ်ခုကတော့ ဆိုးဆိုးရွားရွား ရောဂါတွေ ကြောင့် ရင်သားထိပ်ခေါင်းတွေနာကျင်တာက ရှားပါတယ်။ ရင်သားထိပ်ခေါင်းတွေဟာ အားကစားတစ်ခုခု လုပ်တဲ့အခါမျိုး၊ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေပြောင်းလဲလာတဲ့အခါမျိုး၊ ဟော်မုန်းတွေ ပြောင်းလဲတဲ့အခါမျိုးမှာ ရောင်ရမ်း နာကျင်လာနိုင်ပါတယ်။ ရင်သားထိပ်ခေါင်းတွေ နာကျင်လာတတ်တာ သဘာဝတစ်ရပ်ပါပဲ။ ဒီဆောင်းပါးလေးထဲမှာတော့ Hello Sayarwon ပရိတ်သတ်ကြီး အတွက် ရင်သားထိပ်ခေါင်းတွေ နာကျင်ရတဲ့ အကြောင်းရင်း၊ လက္ခဏာများနဲ့ ဘယ်လို ကုသရမလဲဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြပေးသွားမှာပါ။၁။ အားကစားလုပ်ခြင်း။လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ အဝတ်နဲ့ ရင်သားထိပ်ခေါင်းတွေ ပွတ်တိုက်မှုဖြစ်ပြီး နာကျင်မှု ဖြစ်လာနိုင်ပါတယ်။ ဒီလို ရင်သားထိပ်ခေါင်းနာကျင်ခြင်းဟာ အားကစားဝတ်ဘရာစီယာမပါဘဲ အားကစားလုပ်တတ်တဲ့ အမျိုးသမီးများ၊ အရွယ်အစား မကိုက်ညီတဲ့ ဘရာစီယာ ဝတ်ပြီး အားကစားလုပ်ကြတဲ့ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒီလို ပွတ်တိုက်မှုတွေဟာ ရင်သားထိပ်ခေါင်းကို နာကျင်ခြင်း၊ ခြောက်သွေ့ခြင်း၊ ရောင်ရမ်းခြင်းနဲ့ သွေးထွက်ခြင်း အထိ ဖြစ်စေနိုင်ပါတယ်။ ပွတ်တိုက်ခြင်းကို အကာအကွယ်ပေးတဲ့ အဝတ်အစားတွေ မဝတ်ဘဲ အပြင်းအထန် အားကစား လုပ်တတ်ကြတဲ့ တာဝေးအပြေးသမားတွေဟာလည်း ဒီလို ရင်သားထိပ်ခေါင်း မာကျောနာကျင်ခြင်းတွေကို ခံစားရနိုင်ပါတယ်။၂။ ဓာတ်မတည့်ခြင်းများ။ရင်သားထိပ်ခေါင်းတွေဟာ ခန္ဓာကိုယ်ရဲ့ အနူးညံ့ဆုံး အစိတ်အပိုင်းတွေ ဖြစ်ပြီး လှုံ့ဆော်မှုတွေကို မြန်ဆန်စွာ တုံ့ပြန်နိုင်ပါတယ်။ ဒါကြောင့် ရာသီဥတု ပြောင်းလဲမှုများနဲ့ တစ်ချို့သော ချည်သားများ ဝတ်ဆင်ခြင်းကလည်း ရင်သားထိပ်ခေါင်းတွေကို ရောင်ရမ်း နာကျင်စေလာနိုင်ပါတယ်။ ဆပ်ပြာ၊ Lotion တွေနဲ့ အဝတ်လျှော် ဆပ်ပြာတွေကလည်း ရင်သားထိပ်ခေါင်းတွေနဲ့ ဓာတ်မတည့်တာမျိုးတွေ ဖြစ်လာနိုင်ပြီး ရောင်ရမ်း နီကျင်ခြင်းနဲ့ အသားပပ်ခြင်း ကို ဖြစ်စေနိုင်ပါတယ်။၃။ လိင်မှု ကိစ္စများ။လိင်ဆက်ဆံချိန်မှာ ပြင်းထန်စွာ ပါးစပ်ဖြင့် လှုံ့ဆော်ခြင်းတွေကလည်း ရင်သားတွေကို နာကျင်စေနိုင်ပါတယ်။ ဒီလို နာကျင်ခြင်းတွေကတော့ တဒင်္ဂမျှသာ ဖြစ်ပြီး သိပ်မကြာခင်မှာပဲ သူ့ဘာသာပျောက်ကင်းသွားတတ်ပါတယ်။၄။ နို့ချို့တိုက်ကျွေးရခြင်း။နို့ချိုတိုက်ကျွေးခြင်းဟာ Mastitis လို့ခေါ်တဲ့ နို့အုံ ရောင်ရမ်းနာ ကို ဖြစ်စေနိုင်ပါတယ်။ Mastitis ဟာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ဝေဒနာ တစ်ခု ဖြစ်ပြီး ရင်သားထိပ်ခေါင်းတွေကို ပွန်းရှခြင်းနဲ့ အက်ကွဲခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ နို့အုံ ရောင်ရမ်းနာဟာ နို့ချိုတိုက်ကျွေးချိန်မှာရော၊ မတိုက်ကျွေးရတဲ့ အချိန်မှာရော ဖြစ်နိုင်ပါတယ်။ နို့ချိုတိုက်ကျွေးတဲ့ အမျိုးသမီးတွေမှာ ဖြစ်ပွားတဲ့ နို့အုံရောင်ရမ်းနာကိုတော့ ကလေးမွေးဖွားခြင်းနဲ့ ပတ်သတ်နေတဲ့ နို့အုံရောင်ရမ်းနာ (puerperal mastitis) လို့ခေါ်ပြီး နို့ချို့မတိုက်ကျွေးရတဲ့ အမျိုးသမီးတွေကျတော့ နို့သယ်ပြွန်ကြောင့် ဖြစ်ရတဲ့ နို့အုံရောင်ရမ်းနာ (periductal mastitis) လို့ခေါ်ပါတယ်။ နို့အုံရောင်ရမ်းနာဟာ နို့များက နို့သယ်ပြွန်ထဲမှာ စုမိနေတဲ့အခါမှာ၊ ရင်သားထိပ်ခေါင်းတွေ ဒဏ်ရာရနေတဲ့အခါမှာ ဘတ်တီးရီးယား ပိုးကူးစက်ခံရပြီး ဖြစ်ပွားတဲ့ဝေဒနာပါ။၅။မှက္ခရု။ရင်သားထိပ်ခေါင်း နာကျင်ခြင်းဟာ ရင်သားထိပ်ခေါင်းမှာ ဖြစ်ပွားတဲ့ မှက္ခရုကြောင့် လည်း ဖြစ်နိုင်ပါတယ်။ မှက္ခရုဟာ Candida albicans လို့ခေါ်တဲ့ မှိုတစ်မျိုး ကြောင့် ဖြစ်ရတဲ့ မှိုကူးစက်ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ မှက္ခရုဟာ ခန္ဓာကိုယ်ရဲ့ တခြားသော ခန္ဓာကိုယ်မှာလည်း ပေါက်နိုင်ပြီး နို့ချိုတိုက်ကျွေးတဲ့ အမျိုးသမီးတွေကျတော့ ရင်သားမှာ အဖြစ်များပါတယ်။ လက္ခဏာတွေကတော့ ရင်သားထိပ်ခေါင်း ပူခြင်း၊ စပ်ဖျဉ်းဖျဉ်း ဖြစ်ခြင်း၊ အသားအက်ကွဲခြင်းနဲ့ နာကျင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ရင်သား မှက္ခရုတွေဟာ မွေးလမ်းကြောင်း မှက္ခရု ဖြစ်ခြင်းနဲ့ ဆက်နွယ်နေနိုင်ပြီး ပဋိဇီဝဆေးတွေနဲ့ ရင်သားထိပ်ခေါင်း ဒဏ်ရာရခြင်းတို့ကလည်း မှက္ခရုကိုဖြစ်စေနိုင်ပါတယ်။ နို့ချို့တိုက်ကျွေးနေတဲ့ အမျိုးသမီးတွေမှာဆိုရင် မှက္ခရုဟာ ကလေးနဲ့ မိခင်ကြား အပြန်အလှန်ကူးစက်နိုင်ပြီး ဒီလို ဖြစ်နေမယ်ဆိုရင် နှစ်ဦးလုံးကို ကုသသင့်ပါတယ်။၆။ သန္ဓေဆောင်ရခြင်း။သန္ဓေလွယ်ထားရတဲ့အချိန်မှာ ရင်သားနဲ့ ရင်သားထိပ်ခေါင်းတွေ နာကျင်လာတတ်တာ သဘာဝပါပဲ။ အထူးသဖြင့် ပထမဆုံး သုံးလပတ် အပိုင်းအခြားကာလမှာ ရင်သားတွေ နာကျင်နိုင်ပြီး တတိယ သုံးလပတ် အပိုင်းအခြားကာလမှာလည်း နာကျင်နိုင်ပါတယ်။ ရင်သား အတိုင်းအတာနဲ့ ကိုက်ညီတဲ့ ဘရာစီယာတွေက ဒီလို အချိန်မှာ ပွတ်တိုက်ခြင်း၊ နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။၇။ ဓမ္မတာ စက်ဝန်း။ပရိုဂျက်စတီရုန်း ( progesterone) ဟော်မုန်း များလာတာနဲ့ ရင်သားတွေ နာကျင်ခြင်း ဖြစ်လာတတ်ပါတယ်။ ပရိုဂျက်စတီရုန်း ပမာဏကလည်းဓမ္မတာစက်ဝန်း မတိုင်မီ တစ်ပတ်ခန့်အလိုမှာ မြင့်တတ်လာတတ်ပါတယ်။ ဒီဟော်မုန်း ပမာဏ ပုံမှန် ပြန်ဖြစ်သွားတာနဲ့ ရင်သားတွေ နာကျင်ခြင်းတွေ ပြန်လည် လျော့ကျသွားမှာ ဖြစ်ပါတယ်။၈။ သွေးမဆုံးမီကာလနဲ့ သွေးဆုံးချိန်။သွေးမဆုံးမီနဲ့ သွေးဆုံးချိန်မှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာ ပြောင်းလဲမှု များစွာ ဖြစ်ပေါ်လာပါတယ်။ ရင်သားများ နာကျင်လာခြင်းကလည်း သွေးမဆုံးမီကာလရဲ့ ဝေဒနာ တစ်ခုလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သွေးဆုံးချိန်နီးလာတာနဲ့ တစ်ပြိုင်နက် သင့်ရဲ့ အီစရိုဂျင် ဟော်မုန်း ပမာဏက တစ်ဖြည်းဖြည်း နည်းပါးလာပါတယ်။ ဟော်မုန်းတွေ နည်းလာတာကြောင့် အဲ့အချိန်မှာ ရင်သားတွေ နာကျင်လာပါတယ်။ ဒီလို အချိန်မှာ ရင်သားနာကျင်ခြင်း အပြင် ဖြစ်ပွားလာနိုင်တဲ့ တစ်ခြားသော ဝေဒနာတွေကတော့-။၉။ သန္ဓေတား နည်းလမ်းများ။သန္ဓေတားဆေးတွေရဲ့ တချို့သော ဘေးထွက်ဆိုးကျိုးတွေဟာ ကိုယ်ဝန်ဆောင်ရခြင်းရဲ့ လက္ခဏာတွေနဲ့ ဆင်ပါတယ်။ ဒါ့ကြောင့် ဒီလို သန္ဓေတားဆေးတွေ သောက်သုံးချိန်မှာ ရင်သား ထိပ်ခေါင်းနာကျင်လာနိုင်ပါတယ်။ လအနည်းငယ်အကြာ ခန္ဓာကိုယ်က ဒီဆေးဝါးတွေကို လိုက်လျောညီထွေ လက်ခံလာနိုင်ပြီဆိုတာနဲ့ ဒီဝေဒနာတွေက ပျောက်ကင်းသွားတတ်ပါတယ်။ ဒီလို အချိန်အတွင်းမှာ မပျောက်ကင်းသွားဘူးဆိုရင်ဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။၁၀။ ဆေးဝါးများ။စိတ်ကျရောဂါအတွက် သောက်သုံးရတဲ့ ဆေးတွေဟာ ရင်သားနဲ့ ရင်သားထိပ်ခေါင်းတွေမှာ နာကျင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် နို့ချိုပိုထွက်စေရန် သောက်သုံးရတဲ့ ဆေးမြီးတိုတွေကလည်း ရင်သားတွေ နာကျင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။၁၁။ နို့သယ်ပြွန်များ ကျယ်လာပြီး ပိတ်ဆို့ခြင်း။ (Duct ectasia)။ရင်သားထိပ်ခေါင်းအောက်က နို့သယ်ပြွန်တွေ ကျယ်ဝန်းလာပြီး နံရံတွေက ထူထဲလာကာ ပြွန်ထဲမှာ နို့ရည်တွေ ပိတ်မိနေရင် ဖြစ်ပွားတဲ့ ဝေဒနာ တစ်မျိုး ဖြစ်ပါတယ်။ အဲ့အချိန်မှာ နို့သယ်ပြွန်ထဲတွင် ထူထဲပြီး ချွဲကပ်တဲ့ အရာတွေနဲ့ ပိတ်မိနေပြီး ပုံမှန်အားဖြင့် ဘာလက္ခဏာမှ မပြတတ်ပေမဲ့ အမျိုးသမီး အချို့မှာတော့ ရင်သားထိပ်ခေါင်းမှ စွန့်ပစ်အရည်များ ထွက်ခြင်း၊ ရင်သားနာကျင်နဲ့ ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလို နို့သယ်ပြွန်တွေ ကျယ်လာပြီး ပိတ်ဆို့ခြင်းဟာ သွေးဆုံးချိန် မတိုင်မီ အမျိုးသမီးတွေ ( အသက် ၄၅ နှစ်မှ ၅၅ နှစ်အတွင်း) မှာ ဖြစ်ပွားနိုင်ပြီး သွေးဆုံးပြီးချိန်မှာလည်း ဖြစ်ပွားနိုင်ပါတယ်။ တစ်ခါတစ်ရံမှာတော့ သူ့ဘာသာပျောက်ကင်းသွားတတ်ပြီး အချိန်တစ်ခုကြာတဲ့ အထိဝေဒနာ က မပျောက်ကင်းဘူးဆိုရင် ပဋိဇီဝဆေးတွေ မှီဝဲခြင်းနဲ့ ကျယ်ပြီး ပိတ်ဆို့နေတဲ့ ပြွန်ကို ခွဲထုတ်ခြင်းတို့ကို ပြုလုပ်ရနိုင်ပါတယ်။ ဒီဝေဒနာဟာ ရင်သားကင်ဆာနဲ့ မစပ်ဆိုင်သလို ရင်သားကင်ဆာကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းတစ်ခု မဟုတ်ပါဘူး။၁၂။ ရင်သားတွင် ပြည်တည်ခြင်း။နို့ချို့တိုက်ကျွေးခြင်းနဲ့ နို့အုံရောင်းရမ်းနာဖြစ်ပွားနေတဲ့ အချိန်မှာ ရင်သားမှာ ပြည်တည်ခြင်းတို့ ဖြစ်ပွားနိုင်ပါတယ်။ ဒါ့အပြင် ရင်သားပြည်တည်ခြင်းဟာ ရင်သားထိပ်ခေါင်းမှာ အလှဆင်ရန်အတွက် အပေါက်ဖောက်ခြင်းနဲ့ ရင်သားမှာ ဒဏ်ရာရခြင်းတို့ကြောင့် ဖြစ်လာနိုင်ပြီး ဘတ်တီးရီးယားတွေကူးစက်ခံရကာ ရင်သား ရောင်ရမ်းခြင်းနဲ့ အဖျားဝေဒနာကို ဖြစ်ပွားစေနိုင်ပါတယ်။ ပြည်တည်နာက သေးသေးလေးဆိုရင်တော့ အပ် (သို့မဟုတ်) ဆေးထိုးအပ်နဲ့ စုပ်ထုတ်နိုင်ပြီး ပြည်တည်နာကြီးနေမယ်ဆိုရင်တော့ ခွဲစိတ်ရမှာ ဖြစ်ပါတယ်။၁၃။ နှင်းခူနာ။နှင်းခူနာတွေကလည်း ရင်သားထိပ်ခေါင်းတွေမှာ ယားယံနာကျင်စေနိုင်ပါတယ်။ နှင်းခူနာ ပေါက်နေတဲ့ ရင်သားတွေဟာ အလွှားအလွှားလိုက် အရေပြားတွေ ကွာကျနိုင်ပြီး ကျွတ်ဆပ်နီရဲနေနိုင်ပါတယ်။ နှင်းခူနာတွေကို ဟိုက်ဒရို ကော်တီဆုန်းလ် (hydrocortisone) ဟော်မုန်းပါဝင်တဲ့ လိမ်းဆေးတွေနဲ့ ကုသနိုင်ပါတယ်။ ဒါပေမဲ့ ဆေးဆိုင်က လိမ်းဆေးတွေ နဲ့ မကုသခင် ဒီလို နှင်းခူနာ ပေါက်နေပြီလို့ထင်ရင် ဆရာဝန်နဲ့ ပြသနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရင်သားကင်ဆာဟာ နှင်းခူနာနဲ့ ဆင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။၁၄။ ရေးလ်နော့ ဝေဒနာ (Reynaud’s phenomenon)။ဒီဝေဒနာကို ၁၈၆၂ ခုနှစ်မှာ ပထမဆုံး စတင်တွေ့ရှိခဲ့တဲ့ ပြင်သစ် ဆရာဝန် Maurice Raynaud ကို အစွဲပြုပြီး ခေါ်ဝေါ်ထားတဲ့ ရေးလ်နော့ ဝေဒနာ (Reynaud’s phenomenon) ဟာ နို့ချို့တိုက်ကျွေးနေတဲ့ အမျိုးသမီးတွေမှာ ဖြစ်တတ်ကြပေမဲ့ တခြားသော လူတွေမှာလည်း ဒီဝေဒနာ ဖြစ်နိုင်ပါတယ်။ ရေးလ်နော့ ဝေဒနာ (Reynaud’s phenomenon) ဖြစ်တဲ့ လူတွေမှာဆိုရင် ရင်သားထိပ်ခေါင်းသို့ သွေးထောက်ပံ့ပေးနေတဲ့ သွေးလွှတ်ကြောတွေ ဟာ ရုတ်တရက် ကျုံ့သွားပြီး သွေးစီးဆင်းမှု နည်းသွားစေကာ ထုံကျင်ခြင်း၊ ပူစပ်ခြင်း၊ နာကျင်ခြင်းနဲ့ အဖြူရောင်နဲ့ အပြာရောင်ကဲ့သို့ အရေပြားအရောင် ပြောင်းလဲသွားခြင်းတို့ ဖြစ်တာ ဖြစ်ပါတယ်။ ဒီဝေဒနာဟာ ရာသီဥတု အေးတဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ လူတွေမှာ ပိုအဖြစ်များပါတယ်။၁၅။ ပဲဂျက်စ်ရောဂါ (Paget’s disease)။ရင်သားထိပ်ခေါင်းတွေ နာကျင်လာရခြင်းဟာ ပဲဂျက်စ်ရောဂါ (Paget’s disease) ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီဝေဒနာဟာ ရှားပါးတဲ့ ရင်သားကင်ဆာ ပုံစံတစ်မျိုးလည်း ဖြစ်ပြီး ကင်ဆာဆဲလ်တွေက ရင်သားထိပ်ခေါင်းတစ်ဝိုက်မှာ စုနေတဲ့အခါ ဖြစ်ပွားတဲ့ ဝေဒနာ ဖြစ်ပါတယ်။ ဒီကင်ဆာဟာ ပထမဆုံး ရင်သားထိပ်ခေါင်းရဲ့ နို့သယ်ပြွန်တွေကို ပထမဆုံး ထိခိုက်ပြီးမှ ရင်သားထိပ်ခေါင်း မျက်နှာပြင်နဲ့ ရင်သားထိပ်ခေါင်းအနားတစ်ဝိုက်က အမည်းရောင် အရေပြားထံပျံ့နှံ့သွားတာ ဖြစ်ပါတယ်။ အမေရိကန် အမျိုးသားကင်ဆာ အဖွဲ့အစည်းရဲ့ လေ့လာချက်အရ ဒီ ပဲဂျက်စ်ရောဂါ (Paget’s disease) ရောဂါဟာ ရင်သားကင်ဆာဖြစ်ပွားရတဲ့ အကြောင်းရင်းတွေထဲမှာ ၅ ရာခိုင်နှုန်းအောက်သာ ရှိပါတယ်။ ပဲဂျက်စ်ရောဂါ (Paget’s disease) ရောဂါဖြစ်နေတဲ့ လူ ၉၇ ရာခိုင်နှုန်းမှာ ပျံ့ပွားတတ်တဲ့ ကင်ဆာနဲ့ မပျံ့ပွားတတ်တဲ့ ကင်ဆာတွေပါ ဖြစ်တတ်နိုင်တာကြောင့် စစချင်း ရောဂါ လက္ခဏာကို သတိထားဖို့ကအရမ်း အရေးကြီးပါတယ်။ ပဲဂျက်စ်ရောဂါ (Paget’s disease) ရောဂါဟာ ရင်သားတစ်ခြားနေရာတွေကို မပျံ့ပွားသေးဘူးဆိုရင် ခွဲစိတ်ခြင်းနဲ့ ဓါတ်ရောင်ခြည် ကုသမှုတွေနဲ့ ကုသလို့ရပါတယ်။အစပိုင်း ဝေဒနာတွေတော့-။၁၆။ ရင်သားကင်ဆာ။ရင်သားကင်ဆာဖြစ်နေလို့ ရင်သားထိပ်ခေါင်း နာကျင်တာမျိုးက တော်တော်ရှားပါတယ်။ ဒါပေမဲ့ ဒီလို နာကျင်ခြင်းနဲ့ တခြားသော ဝေဒနာတွေက ဒီရောဂါ ဖြစ်နေကြောင်းကို ညွှန်ပြနေနိုင်ပါတယ်။ အမေရိကန် ကင်ဆာ အဖွဲ့အစည်းရဲ့ အဆိုအရ ရင်သားထိပ်ခါင်းနာကျင် နီရဲခြင်း၊ အရေပြားတွေ ထူထဲကျွတ်ဆပ်လာခြင်းနဲ့ အရည်တွေ ထွက်ခြင်းဟာ ရင်သားကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်တယ်လို့ အမေရိကန် ကင်ဆာအဖွဲ့အစည်းက ဆိုပါတယ်။အမျိုးသားများတွင် ရင်သားထိပ်ခေါင်း နာကျင်ခြင်း။အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ ရင်သားထိပ်ခေါင်း နာကျင်မှုကို ခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာကျတော့ ထိခိုက်ဒဏ်ရာရပြီးတဲ့အခါ၊ ပြင်းထန်တဲ့ အားကစားလုပ်ပြီးတဲ့အခါမှာ ရင်သားထိပ်ခေါင်းနာကျင်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ပွတ်တိုက်မှုကြောင့် ရင်သားတွေ ယားယံနိုင်ပြီး အမျိုးသားတွေလည်း နို့အုံရောင်ရမ်းနာ ဖြစ်ပွားနိုင်ပါတယ်။ အမျိုးသားတွေရဲ့ ဘဝတစ်လျှောက် ရင်သား ကင်ဆာ ဖြစ်ပွားနိုင်ခြေဟာ ၈၃၃ ကြိမ်မှာ ၁ ကြိမ်သာ ရှိပေမဲ့ ရင်သားကင်ဆာ ဖြစ်လာပြီဆိုရင် အမျိုးသားတွေ အနေနဲ့လည်း ဒီဝေဒနာတွေကို ခံစားရနိုင်ပါတယ်။အဲ့ဒါတွေကတော့-။ရင်သားထိပ်ခေါင်း မာကျော နာကျင်လာရင် ဘယ်လို ကုသရမလဲ။နှိပ်နယ်ပေးခြင်း၊ လက်ဖက်အိတ် အအေးများနဲ့ ဖိပေးခြင်း၊ ရေခဲဖြင့် ကပ်ပေးခြင်းနဲ့ လိမ်းဆေးတွေကလည်း ရင်သားထိပ်ခေါင်း နာကျင်ခြင်းကို သက်သာစေနိုင်ပါတယ်။ ဒီလို ကုသနည်းတွေဟာ အမြဲ မပျောက်ကင်းစေနိုင်ပေမဲ့ ဖြစ်ပွားရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ရင်သားထိပ်ခေါင်း နာကျင်ခြင်းကို သက်သာစေနိုင်ပါတယ်။ တကယ်လို့ ဝေဒနာက မပျောက်ကင်းဘဲ ပိုဆိုးလာမယ်ဆိုရင်တော့ ဆရာဝန်ထံ အမြန်ဆုံးသွားရောက်သင့်ပါတယ်။အားကစားလုပ်လို့ နာကျင်တဲ့ လူတွေအနေနဲ့ အားကစားလုပ်ဖို့ အတွက်ထုတ်လုပ်ပေးတဲ့ ထားတဲ့ ဘရာစီယာ ကို ဝတ်ဆင်သင့်ပါတယ်။ ရင်သားထိပ်ခေါင်းနာကျင်ခြင်းဟာ နေရထိုင်ရ ခက်စေနိုင်ပေမဲ့ ကင်ဆာဖြစ်နေကြောင်းကို ပြနေတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ မကြာခင်မှာ သူ့ဘာသာပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမဲ့ အထူးသဖြင့် ရင်သားထိပ်ခေါင်း နာကျင်ခြင်းနဲ့ အတူ စွန့်ပစ်အရည်တွေပါ ထွက်လာပြီဆိုရင်တော့ ရင်သားကင်ဆာ လက္ခဏာ ဖြစ်နေနိုင်တဲ့အတွက် ဆရာဝန်နဲ့ အမြန်ဆုံး ပြသလေ အကောင်းဆုံး ကုသနိုင်လေ ဖြစ်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/why-do-nipples-become-hard/
သင့်ကလေးကို လိင်ကိစ္စအကြောင်း ဘယ်လိုပြောမလဲ
မိဘအတော်များများဟာ သူတို့ရဲ့ ကလေးတွေကို လိင်ကိစ္စအကြောင်းပြောခြင်းဟာ မဖြစ်နိုင်ဖွယ်ရာ စိန်ခေါ်မှု တစ်ခုအဖြစ် တွေးထင်ကြပါတယ်။ သူတို့ဟာ ဘယ်က စပြောရမှန်းမသိကြပဲ ပညာပေးဖို့ ညင်ညင်သာသာ ဘယ်လိုပြောရမယ်ဆိုတာကိုလည်း မသိကြပါဘူး။တကယ်လို့ သင့်မှာ ဒီလိုပြဿနာရှိနေရင်တော့ ဒီဆောင်းပါးက သင့်ကလေးကို ဘယ်လို ပညာပေးရမယ်ဆိုတာအပေါ်မှာ အကြံပေးသွားမှာ ဖြစ်ပါတယ်။အချစ်နဲ့ ပတ်သက်တဲ့ သင့်ရဲ့ ထင်မြင်ယူဆချက်တွေဟာ သင့်ကလေးနဲ့ တူမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင်ထင်တာမှန်သမျှကို သူတို့ပေါ်မှာ မှန်တယ်၊ မှားတယ် မပြောသင့်ပါဘူး။တကယ်လို့ ကလေးတွေကို လိင်ကိစ္စအကြောင်း သင်ကြားခြင်း၊ ပြောကြားခြင်းမရှိဘူးဆိုရင် သူတို့ဟာ TV၊ အင်တာနက်၊ သူငယ်ချင်းတွေမှ တစ်ဆင့် ဒီအကြောင်းတွေကို သင်ယူပါလိမ့်မယ်။ဒီနေရာတွေမှ သင်ယူခြင်းဟာ သင့်ကလေးရဲ့ လိင်ကိစ္စအပေါ် သဘောထားကို မကောင်းတဲ့ သက်ရောက်မှု ရှိနိုင်ပါတယ်။တစ်စုံတစ်ယောက်က သင့်ကို အမိန့်တွေပေးပြီး သင့်ရဲ့ အသစ်အဆန်း၊ စိတ်လှုပ်ရှားစရာတွေ ရှာဖွေလိုစိတ်ကို တားမြစ်တာကြောင့် စိတ်ပင်ပန်းရတဲ့အချိန်တွေ ကြုံဖူးပါသလား။ ကြုံဖူးတယ်ဆိုရင် ဒါဟာ သင်က ကလေးတွေကို “လိင်မဆက်ဆံနဲ့” “ကိုယ်ဝန်မရစေနဲ့” “ရည်းစားမထားနဲ့” “ရောဂါမရစေနဲ့” အစရှိသည်ဖြင့် ပြောတဲ့အခါ သူတို့ခံစားရမယ့် ခံစားမှုပဲ ဖြစ်ပါတယ်။သူတို့မှာ သီးသန့်လွတ်လပ်ခွင့်၊ ကမ္ဘာကြီးကို တွေ့ကြုံခံစားခွင့်မရှိတော့ဘူးလို့ ခံစားရပါလိမ့်မယ်။ ဒီအစား သင်ပြောနိုင်တာကတော့ သူတို့ကို လိင်ပိုင်းဆိုင်ရာ ကျန်းမာတဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့ အကြံပေးနိုင်ပါတယ်။ဒါမှမဟုတ် အခြားသူတွေလည်း လုပ်နေကျဖြစ်တာကြောင့် သူတို့ လိင်ဆက်ဆံချင်လာတဲ့အခါ ဘယ်လိုလုပ်ရတယ်ဆိုတာကိုလည်း ပြောပြထားသင့်ပါတယ်။ ဒါဟာ သင့်ကလေးကို ပညာပေးသလိုဖြစ်ပြီး သူတို့ရဲ့ မိဘတွေက သူတို့ကို အနိုင်ကျင့်တယ်ဆိုတဲ့ ခံစားချက်မျိုး ခံစားခြင်းကနေ ရှောင်ကျဉ်နိုင်မှာ ဖြစ်ပါတယ်။နေ့စဉ်သတင်းတွေ၊ social media တွေကို ဆက်ဆံမှုတွေ၊ လိင်ကိစ္စတွေအကြောင်း ပြောဖို့ အသုံးပြုပါ။ သူတို့ကို အကဲဖြတ်ခြင်းမပါတဲ့ အမြင်တွေကိုပြောပြပြီး သူတို့သာ ဒီလိုအခြေအနေတွေရောက်ခဲ့ရင် ဘာလုပ်သင့်တယ်ဆိုတာမျိုး အကြံပေးနိုင်ပါတယ်။ဒီလိုလုပ်ခြင်းဟာ သူတို့ဒီအခြေအနေ ရောက်လာခဲ့ရင် မိဘတွေကို ပြောနိုင်တယ်လို့ ခံစားရစေပါတယ်။မိဘအများစုဟာ သူတို့ကိုယ်သူတို့ လျစ်လျူရှုပြီး ကလေးက ဘယ်လိုပျော်ရွှင်ကျန်းမာတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်မလဲဆိုတာကိုသာ စဉ်းစားကြပါတယ်။မိဘတွေက သူတို့ရဲ့ ဆက်ဆံရေးကို ကောင်းမွန်အောင် မတည်ဆောက်နိုင်တာကြောင့် ကလေးတွေက သူတို့အပေါ် ယုံကြည်မှု နည်းပါးနိုင်ပါတယ်။ သင်ကသာ သူတို့ရဲ့ စံပြဖြစ်ပါစေ။ သူတို့က သင့်နောက်က လိုက်လာမှာ ဖြစ်ပါတယ်။ကလေးတွေဟာ သင့်ဘဝအကြောင်း ပြောတဲ့ ပုံပြင်တွေကို နားထောင်ရတာထက် သူတို့အကြောင်းပြောရတာ ပိုပြီး နှစ်သက်ကြပါတယ်။ သူတို့ဘာတွေကြုံတွေ့နေရလဲ ဆိုတာ သေချာနားထောင်ပြီး အကြံပေးသင့်ပါတယ်။ သူတို့ကို နားလည်နိုင်အောင် ကြိုးစားသင့်ပါတယ်။ အကဲမဖြတ်သင့်ပါဘူး။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%80%e1%80%ad%e1%80%af-%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%80%e1%80%ad%e1%80%85%e1%80%b9/
အာထွာဆောင်း ဂျူးဒိတ် နဲ့ ရာသီရက် ဂျူးဒိတ်နဲ့ ကွာနေရင် ဘယ်ဒိတ်ကို ယူရမလဲ။
မေမေတွေ အနေနဲ့ကိုယ်ဝန်ရလာပြီဆိုရင် ပြင်ဆင်စရာတွေ များပါတယ်။ ကလေးလေးကို ဗိုက်ထဲမှာ ထည့်ထား။ အချိန်တန်ရင် မွေးသွားမှာပဲမဟုတ်ပါဘူး။ ဒီကလေးလေး ဗိုက်ထဲမှာ ကောင်းကောင်းကျန်းမာနေရဲ့လားဆိုတာလည်း သိဖို့လိုပါတယ်။ နောက်တစ်ခုက ဘယ်နေ့မွေးမှာလဲ။ ဒါမှ ကြိုပြင်စရာရှိတာ ပြင်လို့ရမှာပေါ့။ မွေးမယ့်နေ့ကို အရပ်ထဲမှာ ဂျူးဒိတ် (Due date)လို့ ခေါ်ကြပါတယ်။ အလွယ်ပြောရင်တော့ ၉လလွယ် ၁၀လဖွားပေါ့။ဒါပေမယ့် အတိအကျပြောမယ်ဆိုရင်တော့ ကိုယ်ဝန်သည်တစ်ယောက်က ၃၇ပတ်ကနေ ၄၂ပတ် လောက်ထိကိုယ်ဝန်ဆောင်ရပါတယ်။ အပတ်၄၀နားဝန်းကျင်ဆို မွေးကြပြီပေါ့။ဒါဆိုရင် ဘယ်နေ့မွေးမလဲဆိုတာကို တွက်လို့ရမလား။ ရပါတယ်။ မွေးမယ့်ရက်ကို တွက်မယ်ဆိုရင်ရာသီရက်ကနေလည်း တွက်လို့ရသလို၊အာထွာဆောင်းကနေလည်း တွက်လို့ရပါတယ်။ရာသီရက်ကနေ တွက်မယ်ဆိုရင် နောက်ဆုံးရာသီလာသွားတဲ့ ပထမဆုံးရက်ကို ၉လနဲ့ ၇ရက် ပေါင်းရုံပါပဲ။ ဥပမာ ပြီးခဲ့တဲ့ ၁၁လပိုင်း ၁ရက်နေ့ကနေ ၅ရက်နေ့ထိ ရာသီလာတယ်ဆိုပါစို့။ ဒီလကျတော့ မလာဘူး။ ဒါဆို နောက်ဆုံး ရာသီလာတာ ၁၁လပိုင်းကပေါ့။ ပထမဆုံးရက်ဆိုတော့ ၁ရက်နေ့။ ၉လနဲ့ ၇ရက်ပေါင်းတော့ နောက်နှစ် ၈လပိုင်း ၈ရက်နေ့လောက်ဆို မွေးပါပြီ။သိပ်ကို လွယ်ပါတယ်။ ဒါကတော့ ရိုးရိုးကိုယ်ဝန်ရတဲ့သူပေါ့။ဖန်ပြွန်သန္ဓေသားတို့ ဘာတို့ဆိုရင်တော့ နည်းနည်းလေးပြောင်းပြီး တွက်ရတာပေါ့။ဒါတွေမတွက်တတ်ဘူး။ ခေါင်းရှုပ်တယ်ဆိုရင်လည်းဒီမှာတွက်လို့ရပါတယ်။နောက်တစ်ခုက အာထွာဆောင်းပေါ့။ အာထွာဆောင်းမှာကျတော့ ကလေးရဲ့ ခေါင်းကနေ တင် ဒါမှမဟုတ် ခြေဖနောင့်ထိတိုင်းပြီး ခုဘယ်အရွယ်ရှိပြီလဲ။ ဒါဆို ဘယ်တော့လောက်မွေးမှာလဲဆိုပြီး တွက်တာပါ။ပုံမှန်အားဖြင့်တော့  ၈ပတ် (၆ပတ်)နဲ့ ၁၄ပတ်ကြားဆို စရိုက်သင့်ပါတယ်။ ဒီလို ပထမဆုံးအကြိမ်ရိုက်တဲ့ အာထွာဆောင်းကို dating scanလို့ ခေါ်ပါတယ်။ ကလေးဘယ်အရွယ်လဲဆိုတာ သိအောင်ရိုက်တဲ့ scanပေါ့။ဒီအချိန်တွင်းမှာ ရိုက်ဖြစ်အောင် ရိုက်ပါ။ ဘာကြောင့်လည်းဆိုတော့ အရွယ်ငယ်တဲ့အချိန်ဆို ဗိုက်ထဲက ကလေးတွေက ကြီးတဲ့နှုန်း တူတူပါပဲ။ ဒါကြောင့် မွေးမယ့်ရက်ကို တွက်ရတာ ပိုပြိး တိကျပါတယ်။ နောက်ပိုင်းကျရင်တော့ ကလေးတွေက အမေဂရုစိုက်တဲ့အပေါ်မူတည်ပြီး၊ တခြား ရောဂါတွေ ဖြစ်တဲ့ပေါ်မူတည်ပြီး လတူရင်တောင် ဆိုဒ်မတူတော့ပါဘူး။ ဒါကြောင့် မွေးရက်တွက်ရတာ ပိုခက်ပါတယ်။တချို့အမေတွေက ဘာလေးလည်း မသိချင်ဘူး။ မွေးလာမှ ရင်ခုန်ချင်လို့ အာထွာဆောင်း မရိုက်ဘူးလို့ ပြောတတ်ကြပါတယ်။ မတတ်နိုင်တဲ့သူ၊ ဆေးရုံဆေးခန်းနဲ့အလှမ်းဝေးတဲ့သူ တစ်မျိုးပေါ့။ တတ်နိုင်တဲ့သူကတော့ ရင်မခုန်ချင်ပါနဲ့။ ရိုက်လိုက်ပါ။ အာထွာဆောင်းက ဗိုက်ထဲက သန္ဓေသားကို မထိခိုက်စေပါဘူး။အာထွာဆောင်းရိုက်ရင် မေမေတွေ၊ ဖေဖေတွေက ဘာလေးလည်းကို စိတ်ဝင်စားတယ်။ ဆရာဝန်တွေက အထဲက ကလေး ဘယ်တော့မွေးမှာလည်း။ ကိုယ်လက်အင်္ဂါစုံရဲ့လား။ရေမြွာရည်လုံလောက်ရဲ့လား။အချင်းရှေ့ရောက်နေသလား စတာတွေကို ပိုပြီး သိချင်တာပါ။ ဒါကြောင့် ဆရာဝန်က ညွှန်ကြားလာတဲ့အခါ ရိုက်ဖြစ်အောင် ရိုက်ပါ။မေမေတွ ခဏခဏ လာပြကြတယ်။ ဆရာမ ရာသီရက်နဲ့ တွက်တော့ ဒီနေ့ မွေးမယ်ထွက်တယ်။ အာထွာဆောင်းကျတော့ ဒီနေ့တဲ့။ ဘယ်ဟာမှန်လဲပေါ့။အရင်ဆုံး သိထားရမှာက ရာသီရက်တွေ၊သားဥကြွေတဲ့ရက်တွေဆိုတာက တိတိကျကျ ဖြစ်လာတာ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်လည်း လွဲနေနိုင်ပါတယ်။ (သားဥကြွေမယ့်ရက်ကိုဒီမှာတွက်ကြည့်နိုင်ပါတယ်။)။ရာသီရက်က ဒိတ်နဲ့ အာထွာဆောင်း ဒိတ်နဲ့ ကွာနိုင်တဲ့ အကြောင်းတွေက။-ရာသီရက်မမှန်တာ။-ရာသီရက်ကို မှားမှတ်ထားတာ (စိတ်ထဲမှာ မှတ်ထားတာ၊ မေ့တေ့တေ့ ဖြစ်နေတာ၊ ပထမဆုံးရက်နဲ့ နောက်ဆုံးရက်နဲ့ မှားမှတ်မိတာ)။-အာထွာဆောင်းကို လရင့်မှ ရိုက်တာဆိုရင်လည်း လွဲတတ်ပါသေးတယ်။ လရင့်လေ ရက်ပိုကွာလေပါပဲ။ဒါကြောင့် ရာသီရက်က တွက်တဲ့ ဒိတ်နဲ့ အာထွာဆောင်းက ဒိတ်နဲ့ မတူရင်လည်း စိတ်မညစ်ပါနဲ့။ ပုံမှန်အခြေအနေမှာတောင် ၂ရက်ကနေ တစ်ပတ်လောက်ထိ ကွာတတ်ပါတယ်။ကဲ နောက်ဆုံး ဒိတ်နှစ်ခု တူနေဦးတော့။ မေမေတို့ကလေးက ဂျူးဒိတ်အတိုင်း မွေးချင်မှ မွေးမှာပါ။ စောတာ နောက်ကျတာဖြစ်နိုင်ပါသေးတယ်။ဟာ ဒါဆို ဂျူးဒိတ်ကြီးက ဘယ်လိုမှ မမှန်နိုင်ဘူးပေါ့။ ဒီလိုလည်း မဟုတ်ပါဘူး။ ရာသီရက်နဲ့ပဲ တွက်တွက်၊ အာထွာဆောင်းနဲ့ပဲ တွက်တွက် မွေးမယ့်ရက်ကို အနီးစပ်ဆုံး ခန့်မှန်းပေးနိုင်ပါတယ်။ မွေးမယ့်ရက်တင် မကဘဲ ကိုယ်ဝန်အပတ်ပါ သိရတော့ ကလေးက အရွယ်အလိုက် ကောင်းကောင်း ဖွံ့ဖြိုးရဲ့လားဆိုတာ သိနိုင်ပါတယ်။-အာထွာဆောင်းကို ၆ပတ် (ဒါမှမဟုတ် ၈ပတ်) နဲ့ ၁၃ပတ်ကြားမှာ ရိုက်ထားတယ်။ ကွာတဲ့ရက်ကလည်း ၅ရက်အောက်ဆိုရင်တော့ ရာသီရက်ကနေေ တွက်ထားတဲ့ ဒိတ်ကိုပဲ ယူလိုက်ပါ။ ၅ရက်နဲ့ အထက်ကွာနေရင်တော့ အာထွာဆောင်းဒိတ်ကိုပဲ ယူလိုက်ပါ။-အာထွာဆောင်းကို ၁၃ပတ်နဲ့  ၂၄ပတ်ကြားမှာ ရိုက်ထားတယ်။ ကွာတဲ့ရက်ကလည်း ၁၀ရက်အောက်ဆိုရင်တော့ ရာသီရက်ကနေေ တွက်ထားတဲ့ ဒိတ်ကိုပဲ ယူလိုက်ပါ။ ၁၀ရက်နဲ့ အထက်ကွာနေရင်တော့ အာထွာဆောင်းဒိတ်ကိုပဲ ယူလိုက်ပါ။ဒီလောက်ဆိုရင်တော့ ရက်ကွာတဲ့ ပြဿနာကို နားလည်နိုင်မယ်လို့ ထင်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/due-date-difference-betwen-usg-and-lmp/
Myoclonic seizure အမျိုးအစား အတက်ရောဂါအကြောင်း သင်သိထားသင့်သော အရာများ။
ဝက်ရူးပြန်ရောဂါဟာ မကြာခဏ တက်ခြင်းနှင့် ပတ်သက်ဆက်နွယ်နေတဲ့ ရောဂါအမျိုးအစားအုပ်စုတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)ရဲ့ တင်ပြချက်များအရ ကမ္ဘာပေါ်မှာ အတက်ရောဂါခံစားနေရတဲ့ လူနာပေါင်းဟာ အကြမ်းဖျင်းအားဖြင့် ၅၀မီလီယံရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဝက်ရူးပြန်ရောဂါနှင့် အတက်ရောဂါမှာ အမျိုးအစားများစွာရှိပါတယ်။ သူတို့ထဲက တစ်ခုကတော့ Myoclonic seizure လို့ခေါ်ပါတယ်။ အောက်ဖော်ပြပါအချက်အလက်များက Myoclonic seizure အကြောင်းဖော်ပြပေးထား တာဖြစ်ပါတယ်။Myoclonic seizure ဆိုတာဘာလဲ။Myoclonic seizure ဆိုတာ ကြွက်သားတစ်ခု ဒါမှမဟုတ် ကြွက်သားတစ်စုရဲ့ ခဏတာရုတ်တရက် သွေးလန့်ပြီး ကြွက်သားများ ကျုံ့ညှစ်ခြင်းကို ခေါ်ပါတယ်။ ဒီလိုအခြေအနေမှာ ကြွက်သားများဟာ နေရာကွက်ကြား ကျုံ့ညှစ်ကြပြီး ခန္ဓါကိုယ် နှစ်ဖက်စလုံးမှာ များသောအားဖြင့် ဖြစ်တတ်ပါတယ်။ လူနာတွေဟာ တစ်ခါတစ်လေမှာ ခဏတာ ဓါတ်လိုက်သကဲ့သို့ ကြွက်သားများ ကျုံ့ညှစ်ခြင်းပုံစံ ကို ဖော်ပြပါတယ်။ ဒီလိုအတက်ရောဂါ မျိုးဟာ ရုတ်တရက် လဲကျ သွားခြင်း သို့မဟုတ် ပစ္စည်းများကို စိတ်ခံစားမှု မပါပဲ လွှတ်ပစ်ချနေခြင်း စတာတွေဖြစ်လာနိုင်ပါတယ်။ များသောအားဖြင့် ဒီလိုဖြစ်တာဟာ အချိန်ကြာလေ့မရှိပါဘူး။ ၁စက္ကန့် ၂စက္ကန့် ထက်အချိန်အနည်းငယ်သာ ပိုကြာလေ့ရှိပါတယ်။ တစ်စုံတစ်ဦးလောက်သာလျှင် အချိန်ပိုကြာလာ နိုင်နေပြီးတော့ များသောအားဖြင့်ဒီ Myoclonic seizure အမျိုးအစား အများစုကတော့ အချိန်တိုတွင်းမှာပဲ ဖြစ်လေ့ရှိပါတယ်။ဝက်ရူးပြန်ရောဂါ မရှိသောသူများတွင်တောင်မှ ကြို့ထိုးတဲ့အခါ သို့မဟုတ် အိပ်ပျော်နေရာက ရုတ်တရက် လန့်နိုးလာတဲ့အခါ ကြွက်သားများ ကျုံ့ညှစ်ခြင်း စတာတွေကို ခံစားရနိုင်ပါတယ်။ ဒီလိုအရာတွေကတော့ ပုံမှန်ပဲ ဖြစ်ပါတယ်။ဝက်ရူးပြန်ရောဂါဖြစ်တဲ့အခါ အတက်ရောဂါအမျိုးအစားတွေဟာ အမျိုးမျိုးသောပုံစံ အနေအထားတွေနဲ့ ရှိတတ်ပါတယ်။အသက်ငယ်ငယ်ရွယ်ရွယ် တွင်ဖြစ်သော ကြွက်သား ရုတ်တရက် ဆတ်ခနဲ ကျုံ့ညှစ်ခြင်း ဆိုင်ရာအတက်ရောဂါ-။ဒီအတက်ရောဂါအမျိုးအစားဟာ များသောအားဖြင့် သက်ကြီးကောင် ဝင်ခါစ ပတ်ဝန်းကျင်တွေမှာ စလေ့ရှိပါတယ်။ သို့မဟုတ်လည်း ပုံမှန်ဉာဏ်ရည် ဉာဏ်သွေးရှိသော ကလေးကြီးတွေမှာ တစ်ခါတလေ ဖြစ်တက်ပါတယ်။ လူနာအများစုတွင် အတက်ရောဂါဟာ အိပ်ရာနိုးပြီးခါစ အချိန်တွေမှာ များသောအားဖြင့် ဖြစ်လေ့ရှိပါတယ်။ ဒီလိုတက်တဲ့ အခါမှာသူတို့ဟာ လည်ပင်း၊ ပုခုံးနှင့် လက်တွေပါလာပါတယ်။ ဒီလိုရောဂါ အခြေအနေ အများစုမှာဆိုရင် တက်ခြင်းကို ဆေးသောက်ခြင်းအားဖြင့် ကောင်းကောင်းထိန်းချုပ် နိုင်ပါတယ်။ သို့သော် ဘဝတစ်လျှောက်လုံးဆေးသောက်သွားရမှာတော့ ဖြစ်ပါတယ်။Lennox-Gastaut syndrome ရောဂါ-။ဒီလိုအတက်ရောဂါမျိုးဟာ ကလေးတွေငယ်စဉ်မှာပဲ စဖြစ်လေ့ရှိကြပါတယ်။ ဒီလိုတက်တဲ့အခါမှာ လည်ပင်း၊ ပုခုံး၊ လက်မောင်းတွေနှင့် များသောအားဖြင့် တစ်ခါတလေမှာ မျက်နှာတွေလည်း ပါလာလေ့ရှိတတ်ပါတယ်။ ဒီSyndrome ရောဂါဟာ အတော်အသင့် ပြင်းထန်တဲ့အတွက် ထိန်းချုပ်ဖို့ရာ ခက်ခဲပါတယ်။ ပိုဆိုးလာသော ကြွက်သား ဆတ်ခနဲ ရုတ်တရက် ကျုံ့ညှစ်ခြင်းဆိုင်ရာ ဝက်ရူး ပြန်ရောဂါ။ ရှားပါးတဲ့ ရောဂါတစ်ခုဖြစ်ပြီးတော့ ဒီရောဂါမှာဆိုရင် ကြွက်သားများ ရုတ်တရက် ဆတ်ခနဲ ကျုံ့ညှစ်ပြီး တက်ခြင်းသာမက ကြွက်သားများ တောင့်တင်းကာ ကျုံ့ညှစ်ပြီး တက်ခြင်းစတဲ့ လက္ခဏာ တွေပါထပ်ပေါင်းလာပါတယ်။ ဒီအခါမှာ ကုသမှုဟာ များသောအားဖြင့် မအောင်မြင်ပဲ လူနာဟာ အချိန်ကြာလာတာနှင့်အမျှ ပိုဆိုးလာပါတယ်။ဘယ်သူတွေဟာ myoclonic seizure ရောဂါရဖို့ ဖြစ်နိုင်ခြေများသလဲ။Myoclonic seizure အမျိုးအစားဟာ ကလေးတွေမှာ အဖြစ်များဆုံး အတက်ရောဂါ အမျိုးအစားဖြစ်ပါတယ်။ သို့သော် အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။Myoclonic seizure အမျိုးအစား အတက်ရောဂါဖြစ်ပြီးနောက် ဘာတွေဆက်ဖြစ်လာလဲ။Myoclonic seizure အမျိုးအစား အတက်ရောဂါကြောင့် တက်ပြီးတဲ့နောက် လူနာဟာ သူတက်နေစဉ် သို့မဟုတ် မတက်ခင်က သူလုပ်နေတဲ့ အရာတွေကို ဆက်လက်ပြီးတော့ လုပ်ဆောင်နိုင်ပါတယ်။ သူတို့ဟာ ပြန်နိုးလာပြီးတော့ ရှင်းရှင်းလင်းလင်း ပြန်ပြီးတွေးလာနိုင်ပါတယ်။ ဒီလိုအတက်ရောဂါ အမျိုးအစားမှာဆိုရင် အရေးပေါ်ကုသမှု ခံယူဖို့ရာ မလိုအပ်သေးပါဘူး။တကယ်လို့ တစ်စုံတစ်ဦးဟာ Myoclonic seizure အမျိုးအစား အတက်ရောဂါ ရှိနေမယ်ဆိုရင် သူ့ကို သင်ဘယ်လိုပြောနိုင်သလဲ။ဒီအတက်ရောဂါအမျိုးအစားဟာ ခြုံငုံကြည့်မယ်ဆိုရင် လွယ်ကူပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာခဏတာပဲဖြစ်ပြီး ပုံမှန်လှုပ်ရှားမှုထက် အနည်းငယ်သာပိုပြီးတော့ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီအတက်ရောဂါ အမျိုးအစားဟာ မျက်နှာကြွက်သားများ တစ်ခါတစ်ရံ အလိုလို တွန်ရှုံ့သွားသောရောဂါ၊ လက်တုန် ခြေတုန် ဖြစ်ခြင်းနှင့် ကို့ယို့ကားယားမူမမှန် ဖြစ်ခြင်းရောဂါ စတာတွေနဲ့ မှားနိုင်ပါတယ်။myoclonic seizure ရောဂါဟုတ်မဟုတ် ဘယ်လိုအဖြေရှာ အတည်ပြုသလဲ။သင့်ကို အတက်ရောဂါ ဖြစ်စေတဲ့လျှပ်စစ်လိုင်း လှုပ်ရှားမှုတွေအကြောင်းကို စစ်ဆေးဖို့ရာအတွက် EEG စစ်ဆေးမှုကို ပြုလုပ်ရန် ဆရာဝန်က ပြောပါလိမ့်မယ်။myoclonic seizure ရောဂါကို ဘယ်လိုကုသလဲ။နောက်တစ်ခါ Myoclonic seizure အမျိုးအစားတက်ခြင်း မဖြစ်ပေါ်စေရန် ဆေးအမျိုးမျိုးက ကူညီပေးနိုင်ပါတယ်။တကယ်လို့ သင့်ကလေး သို့မဟုတ် သင့်ရဲ့ ချစ်နှစ်သက်ရသူ သို့မဟုတ် သင်ကိုယ်တိုင်က Myoclonic seizure အမျိုးအစား အတက်ရောဂါဖြစ်လာပြီဆိုရင် သင်ဘာလုပ်သင့်သလဲ။တကယ်လို့သင် သို့မဟုတ် သင့်ရဲ့ ချစ်ခင်နှစ်သက်ရသူမှာ Myoclonic seizure အမျိုးအစားအတက်ရောဂါ ရှိတယ်ဟု ယူဆလျှင် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကာ မှန်ကန်သောနည်းလမ်း များကိုရွေးချယ်ဖို့ရာ လိုအပ်ပါတယ်။ ဒီရောဂါ ဟုတ်မဟုတ် အဖြေရှာအတည်ပြုဖို့ရာအတွက် သင့်ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ရာ လိုအပ်ပြီး ကုသမှုကို စတင်ရန်မရှိမဖြစ် အရေးကြီးပါတယ်။ ဘာကြောင့်လည်းဆိုတော့ Myoclonic seizure အမျိုးအစားအတက်ရောဂါဟာ အခြားသော Syndrome ရောဂါ အချို့နှင့်လည်း တွဲနေနိုင်လို့ ဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/myoclonic-seizure-%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%b8-%e1%80%a1%e1%80%90%e1%80%80%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%a1/
Spirometer ကို ဘယ်လို အသုံးပြုကြမလဲ။
ကိုဗစ်ဖြစ်ပြီးတဲ့လူနာတွေမှာ နာလန်ထလာပြီဆိုရင် လေ့ကျင့်ခန်း လုပ်ဖို့ အကြံပေးလေ့ရှိပါတယ်။ ကိုဗစ်က အဆုတ်ကို ထိတာဆိုတော့ ကိုဗစ် ဖြစ်ပြီးရင် အနည်းနဲ့ အများတော့ အဆုတ်မှာ ဒဏ်ဖြစ်တတ်ပါတယ်။ ဒါကြောင့်အဆုတ်လေ့ကျင့်ခန်းလည်း လုပ်ရပါမယ်။ ခုခေတ်စားနေတဲ့Spirometer နဲ့ဘယ်လို လေ့ကျင့်ရမလဲဆိုတာ ပြောပြပေးပါမယ်။Spirometer က ခုမှ ပေါ်တဲ့ ပစ္စည်းမဟုတ်ပါဘူး။ ဟိုးအရင်ထဲက အဆုတ်ဝေဒနာရှင်တွေ၊ ခွဲစိတ်ပြီး အိပ်ရာထဲမှာ အကြာကြီး လှဲနေရတဲ့ လူနာတွေမှာ အဆုတ်ကျန်းမာဖို့ လုပ်ရတဲ့ လေ့ကျင့်ခန်းထဲမှာ Spirometer လည်း ပါပါတယ်။ နေပြန်ကောင်းလို့ ဆေးရုံက ဆင်းရတော့မယ်ဆိုရင်တောင် Spirometerလေးနဲ့ အိမ်မှာ လေ့ကျင့်ခန်း ဆက်လုပ်ခိုင်းလေ့ရှိပါတယ်။Spirometerတပ်ပြီး လေရှူသွင်းလိုက်ရင် ဘောလုံးလေး အပေါ်ကို တက်သွားတာ တွေ့ရမှာပါ။ ဒီဘောလုံးလေးက လေဘယ်လောက် ပမာဏ ရှူနိုင်လဲဆိုတာကို ပြပါတယ်။ ဘယ်လောက်ရတဲ့ ရှူသင့်တယ်ဆိုတာကို ဆရာဝန်က သတ်မှတ်ပေးပါလိမ့်မယ်။ခုလို ကိုဗစ်ကာလမှာ အဆုတ်ကျန်းမာအောင် ပြန်လေ့ကျင့်ပေးတဲ့ အနေနဲ့ သုံးကြသလို အရင်ကဆိုရင်။ခွဲစိတ်ပြီး အိပ်ရာထဲမှာ အကြာကြီး နေရတဲ့ လူနာတွေမှာ အဆုတ်က ကောင်းကောင်း အလုပ်မလုပ်နိုင်ပါဘူး။ ဒါကြောင့် အလုပ်ပြန်လုပ်နိုင်အောင် လေ့ကျင့်ပေးတဲ့ အနေနဲ့ သုံးရပါတယ်။ နောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့ နမိုးနီးယား၊ လေအိတ်ပြဿနာ၊ လေပြွန်ကျဉ်းတာ၊ အသက်ရှူစနစ်ချို့ယွင်းတာတွေကို လျော့ကျစေတယ်လို့ ဆိုပါတယ်။နမိုးနီးယား လူနာတွေမှာ အဆုတ်ပိုးဝင်ထားတာကြောင့် အရည်တွေ စုနေတတ်ပါတယ်။ Spirometerနဲ့ အသက်ဝဝရှူတာက ဒီအရည်တွေ အဆုတ်ထဲမှာ ခိုအောင်းမနေအောင် လုပ်ပေးနိုင်ပါတယ်။ အရည်တစိုစိုနဲ့ အဆုတ်က ပိုးတွေ ပေါက်လွယ်ပါတယ်။COPDလို့ ခေါ်တဲ့ နာတာရှည် အဆုတ်ရောဂါကို အမြစ်ပြတ်အောင် ကုလို့ မရပေမယ့် ဆေးလိပ်ဖြတ်တာ၊ Spirometerနဲ့ လေ့ကျင့်ခန်း လုပ်တာက ဝေဒနာတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။အဆုတ်နဲ့ လေပြွန်မှာ ချွဲတွေ ပြည့်နေတတ်တဲ့ ဒီရောဂါမှာ Spirometerနဲ့ လေ့ကျင့်ပေးမယ်ဆိုရင် ရင်ခေါင်းထဲမှာ ဖိအားသက်သာပြီး လေပြွန်တွေ မပိအောင် ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။တစ်ခါတလေမှာ ပန်းနာရင်ကျပ်၊ တံဇဉ်ပုံ သွေးအားနည်းရောဂါနဲ့ လေအိတ်ရောဂါတွေမှာ Spirometerနဲ့ လေ့ကျင့်ခိုင်းလေ့ရှိပါတယ်။Spirometerနဲ့ ပတ်သက်ပြီး တိတိကျကျ လေ့လာထားတာမျိုး မရှိပေမယ့် ဒီလေ့ကျင့်ခန်းက။စစချင်းဆိုရင်တော့ ဆရာဝန်၊ သူနာပြုက တစ်ခေါက်လောက် သင်ပေးနိုင်ရင် ကောင်းပါတယ်။ ဒါမှမဟုတ်လည်း အင်တာနက်ကနေ ရှာပြီး လေ့လာလို့ ရပါတယ်။-အရင်ဆုံး စိတ်ကို လျှော့ထားပါ။-တတ်နိုင်သမျှ မတ်မတ်ထိုင်ပါ။ မတ်မတ် မထိုင်နိုင်ရင် ခေါင်းအုံးလေး မှီပြီး ကိုယ်ကို မတ်ထားပါ။-Spirometerကို တည့်တည့်ကိုင်ပါ။ မျက်စိနဲ့ တစ်တန်းတည်း ထားနိုင်ရင် ပိုကောင်းပါတယ်။-အသက်ရှူထုတ်ပါ။-Spirometerရဲ့ ပိုက်ခေါင်းကို ပါးစပ်နဲ့ ငုံလိုက်ပါ။ လုံနေအောင် ငုံပါ။ ပိုက်ဝကို လျှာနဲ့ ပိတ်မထားပါနဲ့။-ဖြည်းဖြည်းချင်း အသက်ကို နက်နက်နဲနဲ ရှူသွင်းပါ။ ဆရာဝန်သတ်မှတ်ထားတဲ့ ဂဏန်းရှိရင် အဲ့ဂဏန်းရောက်အောင် ရှူပါ။ မရှိရင် ရှူနိုင်သလောက် ရှူပါ။-ဘောလုံးလေးတက်လာတာကို မြင်ရပါလိမ့်မယ်။ အဲ့ဒါ ကိုယ်ရှူတဲ့ ပမာဏပါ။-ပြီးရင် ၅စက္ကန့်လောက် အသက်အောင့်ထားပါ။ ဘောလုံးလေး တအိအိနဲ့ ပြန်ကျလာပါလိမ့်မယ်။ နောက်ဆုံးမှာ အသက်ရှူထုတ်လိုက်ပါ။-ခဏနားပါ။ ပြီးရင် ထပ်လုပ်ပါ။-တစ်နာရီကို ၁၀ကြိမ်လောက်လုပ်ပေးလို့ ရပါတယ်။ တစ်နေ့ကို ၃-၄ခါလောက် လုပ်ပါ။အကြိမ်ရေ ပြည့်ရင် ချောင်းဟပ်ပြီး အဆုတ်ထဲက ချွဲတွေ၊ အရည်တွေကို ရှင်းထုတ်ပါ။-ကိုဗစ်လူနာတွေမှာ နေပြန်ကောင်းလာရင် စလုပ်လို့ ရပါပြီ။ အောက်စီဂျင် ရှူနေရသေးတယ်။ လူနာက မောနေသေးတယ်ဆို မလုပ်ပါနဲ့ဦး။ လူကြီးတွေမှာ နေတော့ပြန်ကောင်းပြီ၊ အောက်ဆီဂျင် မရှူရတော့ဘူး။ အိပ်ရာထဲမှာတော့ နေရသေးတယ်ဆိုလည်း စလုပ်လို့ ရပါပြီ။–ဘယ်လောက် ပမာဏ ရှူရမလဲဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ် ကွာခြားနိုင်ပါတယ်။ စစချင်းတော့ ရှူနိုင်သလောက် ရှူပါ။ ရမှတ်ကို မှတ်ထားပါ။ တဖြည်းဖြည်း တိုးပြီး ရှူကြည့်ပါ။-ရှူနေရင်းနဲ့ မူးလာရင်၊ မောလာရင် ရပ်လိုက်ပါ။-Spirometer ကို မျှဝေပြီး မသုံးရပါ။-အသက်ပြင်းပြင်း ရှူသွင်းဖို့၊ အသက်အောင့်ပြီးမှ ပြန်ရှူထုတ်ဖို့ မမေ့ပါနဲ့။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/how-to-use-spirometer/
သွေးတွင်းကိုလက်စထရောများနေတဲ့ လက္ခဏာတွေ
သင့်မှာ ဒီလက္ခဏာတွေဖြစ်နေပြီလား။ ဒါဆိုရင်တော့သွေးတွင်းကိုလက်စထရောများနေပြီဖြစ်တာကြောင့် သတိထားဖို့လိုပါမယ်။ ဒီတစ်ခေါက်တော့သွေးတွင်းကိုလက်စထရောများရင်ခန္ဓါကိုယ်မှာဖြစ်တတ်တဲ့ လက္ခဏာလေးတွေအကြောင်းပြောပြပေးချင်ပါတယ်။သွေးတွင်းကိုလက်စထရောများတဲ့အခါ ခန္ဓါကိုယ်မှာ အခုလိုပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်။မျက်ခွံမှာ အဝါရောင်အဖုလေးတွေထွက်လာမယ်။အပေါ်မျက်ခွံမှာဖြစ်ဖြစ်၊အောက်မျက်ခွံမှာဖြစ်ဖြစ် နာကျင်မှုမရှိဘဲခပ်ပျော့ပျော့ဖုလေးတွေ စမ်းမိနေပြီလား။ ဒါကအမြင်အာရုံကို ထိခိုက်မှုမဖြစ်စေပေမယ့်သွေးတွင်းကိုလက်စထရောတွေများနေတယ်ဆိုတာကိုဖော်ပြနေတာပါ။ ဒါကြောင့်မနက်ခင်းမျက်နှာသစ်တိုင်း မျက်ခွံပေါ်မှာ အဝါရောင်ဖုလေးတွေရှိနေလားစစ်ပါ။မျက်ကြည်လွှာတဝိုက်မှာမီးခိုးရောင်အရစ်လေးတွေဖြစ်နေမယ်။မှန်ကြည့်တဲ့အခါမှာ မျက်ကြည်လွှာလေးတဝိုက်ကိုသေချာစိုက်ကြည့်ပါ။ မျက်ကြည်လွှာတဝိုက်မှာ မီးခိုးရောင်အရစ်လေးဖြစ်နေမယ်ဆိုရင် ဒါကသွေးတွင်းကိုလက်စထရောများနေတာပါ။ အသက် ၄၅ နှစ်အထက် လူကြီးတွေမှာပိုအဖြစ်များပါတယ်။ခြေတွေလက်တွေထုံကျဉ်မယ်။သွေးတွင်းကိုလက်စထရောများတာကသွေးကြောလေးတွေထဲမှာ အဆီတွေစုပုံမှုဖြစ်ပြီးသွေးကြောလေးတွေပိတ်ဆို့သွားပြီးခြေလက်တွေထုံကျဉ်တာမျိုးခံစားရနိုင်ပါတယ်။ ဒါကြောင့်ခြေလက်တွေထုံကျဉ်မှုကသွေးတွင်းကိုလက်စထရောများနေတာဖြစ်နိုင်ပါတယ်။ဦးခေါင်းနောက်ဖက်နဲ့ဇက်ကြောတွေထဲကနာကျင်နေမယ်။သွေးတွင်းကိုလက်စထရောများတာကသွေးကြောတွေကို ပိတ်ဆို့စေနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဦးခေါင်းပိုင်းဆီကိုသွေးစီးဆင်းရောက်ရှိမှုနည်းသွားစေနိုင်ပါတယ်။ ဒီလိုနည်းသွားတာက အချိန်တိုင်းလိုလို ဇက်ကြောတက်တာ၊ခေါင်းကိုက်နေတာမျိုးတွေခံစားရစေနိုင်ပါတယ်။ ဒါကြောင့်ခေါင်းခဏခဏကိုက်မယ်၊ဇက်ကြောတက်မယ်ဆိုရင်သွေးတွင်းကိုလက်စထရောများနေတာဖြစ်နိုင်ပါတယ်။နှလုံးခုန်မြန်မယ်။အချိန်တိုင်းလိုလိုမှာ နှလုံးခုန်နှုန်းက ရှိသင့်တာထက်မြန်နေမယ်။ နှလုံးခုန်နှုန်းကလေ့ကျင့်ခန်းလုပ်ပြီးချိန်မှာဖြစ်တဲ့ နှလုံးခုန်နှုန်းလိုမျိုးဖြစ်နေမယ်ဆိုရင် နှလုံးသွေးကြောစနစ်မှာပြဿနာရှိနေနိုင်သလိုသွေးတွင်းကိုလက်စထရောများနေတာလည်းဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် နှလုံးခုန်နှုန်းက ရှိသင့်တာထက်မြန်နေမယ်ဆိုရင်သွေးတွင်းကိုလက်စထရောကို စစ်ကြည့်စေချင်ပါတယ်။ကျန်းမာရေးနဲ့မညီညွတ်တာတွေပဲ စားချင်နေမယ်။တစ်နေ့တာမှာ အမျှင်ဓါတ်ကြွယ်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အသီးအနှံတွေအစား အဆီများတဲ့ အစားအစာတွေပဲစားချင်နေမယ်ဆိုရင် ဒါကသွေးတွင်းကိုလက်စထရောများနေတယ်ဆိုတဲ့ လက္ခဏာပါ။ ခန္ဓါကိုယ်အလေးချိန်က ရှိသင့်တာထက်များနေတယ်ဆိုတာကလည်းသွေးတွင်းကိုလက်စထရောများနေခြင်းရဲ့ လက္ခဏာတစ်ရပ်ပါ။ခန္ဓါကိုယ်မှာ အခုလိုလက္ခဏာတွေခံစားနေရပြီဆိုရင်တော့သွေးတွင်းကိုလက်စထရောများနေတာဖြစ်နိုင်တာကြောင့်သေချာလေးဂရုစိုက်စေချင်ပါတယ်။နေ့စဉ် အသီးအရွက်တွေများများစားတာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊ အဆီလျှော့စားတာမျိုးတွေကို လုပ်ပေးသင့်ပါတယ်။ ကိုလက်စထရောများတာကြောင့်ရောဂါပိုတွေမဖြစ်စေဖို့ အခုကစပြီး ဂရုစိုက်လိုက်ပါနော် Hello ဆရာဝန်ပရိသတ်ကြီးရေ………………..။[embed-health-tool-bmi]
heart-health
heart-health
https://hellosayarwon.com/heart-health/cholesterol/%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%9c%e1%80%80%e1%80%b9%e1%80%85%e1%80%91%e1%80%b1%e1%80%9b%e1%80%ac%e1%80%99%e1%80%ba/
ကလေးကို သန်ချပေးဖို့လိုနေပြီဆိုတာ သိနိုင်တဲ့ လက္ခဏာများ
သန်ကောင်တုပ်ကောင်ဆိုတာ ခန္ဓာကိုယ်မှာ တွယ်ကပ်ပြီး အာဟာရတွေ လုယူနေတဲ့ ကပ်ပါးပိုးတွေပါ။ သန်လုံးကောင်၊တုပ်ကောင်၊ ချိတ်ပြားသန်ကောင်၊ ကြာပွတ်နဲ့တူတဲ့ သန်ကောင် အစရှိသဖြင့် သန်ကောင်တုပ်ကောင်အမျိုးအစားတွေ အများကြီးရှိပါတယ်။ ဒီလိုသန်ကောင်တွေ ရှိနေရင် ကိုယ့်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ရင်သွေးလေးတွေကို မှန်မှန်သန်ချပေးဖို့ လိုအပ်ပါတယ်။ ဒီမှာတော့ ဘယ်အချိန်တွေမှာဆိုရင် သန်ချဖို့လိုအပ်နေပြီလဲဆိုတာကို ဖော်ပြပေးထားပါတယ်။ ကလေးကို သန်ချပေးဖို့လိုနေပြီဆိုတာ သိနိုင်တဲ့ လက္ခဏာများ က ဘာတွေဖြစ်မလဲဆိုတာကို လေ့လာလိုက်ရအောင်နော်။သန်ကောင်တွေရှိနေတယ်ဆိုတာ အများအားဖြင့်တော့ လက္ခဏာမပြတတ်ပါဘူး။ ပြခဲ့ရင်လည်း သိပ်မသိသာတာကြောင့် အမှုမဲ့အမှတ်မဲ့နေတတ်ကြပါတယ်။ သန်ချဖို့ဆိုတာ လူကြီးတွေတောင်မေ့လျော့နေတတ်တဲ့ အရာဖြစ်နေတော့ ကလေးတွေမှာဆို သတိထားမိကြပါ့မလား။ကူးစက်ခံထားရတဲ့ သန်ကောင်ရဲ့ အမျိုးအစားနဲ့ အခြေအနေပြင်းထန်မှုတို့အပေါ် မူတည်ပြီး ကလေးမှာသန်ထတဲ့လက္ခဏာတွေဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာတွေရှိနေပြီဆိုရင် သန်ချဆေးတိုက်ဖို့ မဖြစ်မနေ လိုအပ်နေပြီလို့ သတိရပါ ။ကလေးမှာ –။ခဏတာဆိုရင်တော့ စိတ်ရှုပ်စရာ လက္ခဏာတွေကလွဲပြီး သိပ်မဆိုးပေမယ့် မကုသဘဲ၊ မရှင်းပစ်ဘဲ ကြာလာရင်တော့ သန်ထတဲ့လက္ခဏာတွေ ပိုဆိုးလာနိုင်ပြီး အူလမ်းကြောင်း သွေးယိုခြင်း၊အူလမ်းကြောင်းပိတ်ခြင်းတွေအထိ ဖြစ်လာနိုင်ပါတယ်။ ဒီလိုနဲ့ အာဟာရချို့တဲ့ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ သွေးအားနည်းခြင်းတို့လိုနောက်ဆက်တွဲတွေရှိလာနိုင်ပါတယ်။သန်ရှိနေတဲ့ကလေးတွေမှာကိုယ်ခံအားစနစ်က ထိခိုက်ထားတာကြောင့် နာမကျန်း ဖြစ်လွယ်ပါတယ်။ သန်ကောင်တွေကဦးနှောက်ထဲထိ ဝင်ရောက် ပိတ်ဆို့ပြီဆိုရင်တော့ အခြေအနေ ပြင်းထန်လာနိုင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/signs-need-to-be-deworming/
ဆီးခုံမွေးမှာရှိသောသန်း
ဆီးခုံမွှေးမှာရှိတတ်တဲ့သန်းဆိုတာ လူရဲ့ဆီးစပ်အမွှေးအမှင်ထဲမှာရှင်သန်နေထိုင်တဲ့ အင်းဆက်ငယ်တွေဖြစ်ပြီး အဲဒီလူဆီက သွေးစုပ်ပြီး အသက်ရှင်ကြပါတယ်။ ဒီသန်းတွေက လိင်ဆက်ဆံမှုတွေတွေအတွင်း တစ်ဦးဆီကနေ တစ်ဦးကို ကူးစက်ရွှေ့ပြောင်းနိုင်ပါတယ်။သန်းတွေရှိတဲ့ အိပ်ရာ၊ အဝတ်အစားနဲ့ တဘက်တွေ ဟာလည်း သန်းတွေရဲ့အသိုက်အမြုံဖြစ်ပါတယ်။ဆီးခုံမွေးသန်း ရှိတယ်ဆိုတဲ့ အထင်ရှားဆုံးလက္ခဏာ ကတော့ လိင်အင်္ဂါတဝိုက်မှာ ယားယံမှုခံစားရတာပါပဲ။ ဆီးခုံမွေးသန်း တွေ က ဦးရေပြားမှာ ရှင်သန်နေထိုင်လေ့မရှိကြပေမယ့် ခြေသလုံးမွေး၊ ချိုင်းမွေး၊ ရင်ဘတ်မွေး၊ နှုတ်ခမ်းမွေးတို့လို အမွေးအမှင်ထူတဲ့နေရာတွေအပြင် မျက်ခုံးမွေးတွေမှာ ပါ ပြန့်ပွားနေထိုင်ပြီး နေပျော်ကြပါတယ်။အများအားဖြင့်တော့ ဆီးခုံမွေးသန်း အတွက် ထုတ်ထားတဲ့ဆေးဝါးတွေကို ဆေးဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်ပါတယ်။ ဒါပေမယ့် ယားယံမှုကမပျောက်ဘဲ ကုတ်ခြစ်မှုကြောင့် ပိုးဝင်လာရင် ဒါမှမဟုတ် သင်က ကိုယ်ဝန်ဆောင် ဖြစ်နေခဲ့ရင် ဆရာဝန်ပြသင့်ပါတယ်။ဆီးခုံမွေးသန်း က ပြင်းထန်တဲ့နောက်ဆက်တွဲပြဿနာ တွေ မဖြစ်စေနိုင်ပေမယ့် ယားယံမှုတစ်ခုတည်းကတင်ပဲ အရမ်းကို နေရထိုင်ရခက်စေပါတယ်။ ဆီးခုံမွေးသန်း သန်းမ တွေဟာ တစ်လလောက်အထိ သက်တမ်းရှိပြီး ဥ ၃၀ ခန့်ဥချနိုင်ပါတယ်။သူတို့ကို ဖယ်ရှားရှင်းလင်းနိုင်ဖို့အတွက် အချိန်ယူရမှာဖြစ်ပြီး ထိုက်သင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူရနိုင် ပါတယ်။ဆီးခုံမွေးသန်း ကိုအိမ်မှာပဲရှင်းလင်းနိုင်မယ့် နည်းလမ်းတွေတော့ရှိပါတယ်။ အရင်ဆုံး သန်းသေစေတဲ့ လိုးရှင်းတွေနဲ့ ခေါင်းလျှော်ရည်တွေကို ပြောင်းသုံးကြည့်ပါ။ သန်းဥတွေမကျန်ရစ်စေရအောင် ယားယံမှုဝေဒနာပျောက်သွားပြီး အနည်းဆုံး ၁၀ ရက်ကြာတဲ့အထိ ဆက်သုံးပေးပါ။အိပ်ရာ၊ အဝတ်အစားနဲ့ တဘက်တွေကို ရေနွေးနဲ့သေချာ လျှော်ဖွပ်ပြီး မီးပူတိုက်ကာ အနည်းဆုံး မိနစ် ၂၀လောက် အခြောက်ခံပေးဖို့ အရေးကြီးပါတယ်။ လျှော်လို့မရတဲ့အရာဆိုရင် လေနဲ့သန့်စင်ပြီး လေလုံတဲ့အိတ်တစ်လုံးထဲမှာ ၂ ပတ်လောက် ထားပေးပါ။ဆီးခုံမွေးသန်း တွေရှိနေတာက နေရထိုင်ရခက်စေတဲ့ အပြင် ဒုက္ခလည်းကြီးပါတယ်။ အရင်တည်းကသိကြ သလိုပဲ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ကောင်းပါတယ်။ ဒါ့ကြောင့် ဆီးခုံမွေးသန်း မဖြစ်အောင် ကာကွယ်ဖို့အတွက် ဒီသန်းရှိနေတဲ့ ဘယ်သူနဲ့မှ လိင်မဆက်ဆံဖို့၊ တစ်အိပ်ရာတည်းမအိပ်ဖို့၊ အဝတ် မျှမသုံးဖို့ ဂရုစိုက်ပါ။ဆီးခုံမွေးသန်း နဲ့ပတ်သက်တဲ့ ကုထုံးတွေကို ခံယူနေပြီဆိုရင် သင့်ကိုနောက်တစ်ကြိမ် သန်းမကူးအောင် ကြိုတင်ကာကွယ်နိုင်ဖို့ သင့်အိမ်ထောင်ဘက် ကိုလည်း ကုသမှုခံယူစေရမှာဖြစ်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/more-stis-stds/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%af%e1%80%b6%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%99%e1%80%be%e1%80%ac%e1%80%9b%e1%80%be%e1%80%ad%e1%80%9e%e1%80%b1%e1%80%ac%e1%80%9e%e1%80%94%e1%80%ba/
ကိုယ်ဝန်ဆောင် ဆီးချို နဲ့ပတ်သက်ပြီး သိထားသင့်သမျှ
ကိုယ်ဝန်ဆောင်ချိန်က စိတ်လှုပ်ရှားစရာ အကောင်းဆုံး အချိန်ပါ။ ကိုယ်ဝန်ဆောင်ကာလ ပြီးဆုံးတဲ့အခါရင်သွေးလေးကို လူ့လောကထဲကို ခေါ်ဆောင်နိုင်မှာလေ။ ကိုယ်ဝန်ဆောင်ချိန်က ပျော်စရာ အကောင်းဆုံး အချိန်ဆိုလည်း မမှားပါဘူး။ကိုယ်ဝန်ဆောင်ချိန်က ပျော်စရာတွေပဲလားဆိုတော့ မဟုတ်သေးပါဘူး ပင်ပန်းမှုတွေ ရင်ဆိုင်ရနိုင်သလို ကျန်းမာရေးပြဿနာတွေနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။ ဒါ​ကြောင့် ကိုယ်ဝန်ဆောင်ချိန်က သေချာ ဂရုစိုက်သင့်တဲ့ ကာလပါ။ကိုယ်ဝန်ဆောင်ချိန်မှာ အထူး ဂရုစိုက်သင့်တဲ့ကျန်းမာရေးပြဿနာတစ်ခုက ကိုယ်ဝန်ဆောင်ဆီးချိုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချို ခံစားရမယ်ဆိုရင် မိခင်ရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သေချာလေး ဂရုစိုက် ကာကွယ်စေချင်ပါတယ်။ကိုယ်ဝန်ဆောင် ဆီးချို ဆိုတာက ကျန်တဲ့အချိန်တွေမှာ မဖြစ်ဘဲ ကိုယ်ဝန်ဆောင်ချိန်မှာမှ ဖြစ်တဲ့ ဆီးချို အမျိုးအစား တစ်ရပ်ပါ။ ပုံမှန်ကတော့ ကိုယ်ဝန်ဆောင်ကာလ ဒုတိယ ၃ လပတ်နဲ့ တတိယ ၃ လပတ် ကာလတွေမှာ အများဆုံး တွေ့ရပါတယ်။ကိုယ်ဝန်ဆောင် ဆီးချို ခံစားရတဲ့အခါသွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး ဗိုက်ထဲကကြီးထွားနေတဲ့ ဘေဘီလေးရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင် ဆီးချိုက ပြင်းထန်တဲ့နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ယူဆောင်လာနိုင်တယ် ဆိုပေမယ့် လိုအပ်တဲ့ ကုသမှုတွေကို ခံယူမယ်။ ဆရာဝန် လမ်းညွှန်ချက်တွေကို လိုက်နာမယ်။ အနေအထိုင် အစားအသောက် ဂရုစိုက်မယ်ဆိုရင် ကျန်းမာစွာ ကိုယ်ဝန်ဆောင်နိုင်မှာ ဖြစ်သလို ဘေဘီလေးကိုလည်း ကျန်းမာစွာနဲ့ မေမေတို့ ဘဝထဲကို ခေါ်ဆောင်နိုင်မှာပါ။နောက်ထပ် သတင်းကောင်းတစ်ခုက ကိုယ်ဝန်ဆောင် ဆီးချို ခံစားရသူတွေဟာ ဘေဘီလေးကို မွေးဖွားပြီးချိန်မှာ သွေးတွင်းအချိုဓာတ်က ပုံမှန် ပြန်ဖြစ်သွားတာပါ။ ဒါပေမယ့်အမျိုးအစား (၂) ဆီးချိုမဖြစ်စေဖို့တော့ သေချာ စောင့်ကြည့်ဖို့ လိုပါမယ်။ကိုယ်ဝန်ဆောင် ဆီးချို ဖြစ်စေရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုက ကိုယ်တွင်းမှာအင်ဆူလင်လုံလောက်အောင် မထုတ်နိုင်တာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း ခန္ဓာကိုယ်က အင်ဆူလင်ကို လုံလောက်စွာ ရရှိဖို့ လိုပါတယ်။ခန္ဓာကိုယ်က အင်ဆူလင် မရရှိတဲ့အခါ စားလိုက်တဲ့ သကြားဓာတ်တွေကို ခွန်အားအဖြစ် မပြောင်းလဲနိုင်တော့ဘဲ သွေးတွင်းသကြားဓာတ်တွေ မြင့်တက်လာပါတယ်။ ဒီလိုသွေးတွင်းသကြားဓာတ်မြင့်တက်မှုက ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်စေပါတော့တယ်။ကိုယ်ဝန်ဆောင် ဆီးချိုကို ကာကွယ်ဖို့က ခက်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေကို လျှော့ချဖို့။ဒီအချက်တွေကို သေချာဂရုစိုက် ကာကွယ်နိုင်မယ်ဆိုရင် ကိုယ်ဝန်ဆောင်ဆီးချို ခံစားရနိုင်ခြေကို အတော်လေး လျှော့ချနိုင်မှာပါ။ ဆရာဝန်နဲ့ ပုံမှန်စစ်ဆေး ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့လည်း လိုပါမယ်။တကယ်လို့ ကိုယ်ဝန်ဆောင်ဆီးချို ခံစားရပြီဆိုရင်သွေးတွင်းသကြားဓာတ်ကိုသေချာ ထိန်းညှိဖို့ လိုပါမယ်။ လိုအပ်ရင် ဆရာဝန်က အင်ဆူလင် ထိုးဖို့၊ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် လိုအပ်တဲ့ ဆေးဝါးတွေ သောက်သုံးဖို့ ညွှန်ကြားပေးပါလိမ့်မယ်။တကယ်လို့။ကိုယ်ဝန်ဆောင်ဆီးချိုက များသောအားဖြင့် လက္ခဏာ မပြတတ်ပါဘူး။ ကိုယ်န်ဆောင်ချိန်မှာ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်ရင်းမှ သိလာရတာ များပါတယ်။ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန် ကျန်းမာရေးစစ်ဆေးမှု လုပ်ဖို့၊ ရက်ချိန်း မှန်မှန် ပြဖို့ ပြောကြတာပေါ့။ ပုံမှန်အားဖြင့်ကတော့ ကိုယ်ဝန်ဆောင် မေမေတိုင်းက ကိုယ်ဝန်ဆောင်ဆီးချို စစ်ဆေးမှုကို လုပ်ဆောင်ရပါတယ်။ကိုယ်ဝန် ၂၄ ပတ် ကနေ ၂၈ ပတ်တကာလအတွင်းမှာ ကိုယ်ဝန်ဆောင် ဆီးချိုရှိလားဆိုတဲ့ စစ်ဆေးမှုကို ခံယူကြရပါတယ်။တွေ့ရများတဲ့ ကိုယ်ဝန်ဆောင် ဆီးချို လက္ခဏာက။ဒီစစ်ဆေးမှုမှာ သကြားရည်တွေ သောက်ရပါမယ်။ ၁ နာရီလောက်ကြာတဲ့အခါ သွေးတွင်းအချိုဓာတ်ကို စစ်ဆေးပါမယ်။ သွေးတွင်း သကြားဓာတ်က ၁၉၀ milligrams per deciliter (mg/dL) ဒါမှမဟုတ်၁၀.၆ millimoles per liter (mmol/L) ဆိုရင် ကိုယ်ဝန်ဆောင်ဆီးချို ရှိနေတာပါ။ဒီစစ်ဆေးမှုက အစောပိုင်း စစ်ဆေးမှုနဲ့ ခပ်ဆင်ဆင်တူပါတယ်။  ဒီစစ်ဆေးမှုမှာ သောက်ရတဲ့ သကြားရည်က သကြာားပါဝင်မှု ပိုများပါတယ်။ ပြိးရင် သွေးတွင်း သကြားဓာတ်ကို တစ်နာရီတစ်ခါ နဲ့ ၃ နာရီ ဆက်တိုက် စစ်ဆေးပါမယ်။စစ်ဆေးမှု ရလဒ် ၃ ကြိမ်မှာ ၂ ကြိမ်က ရှိသင့်တဲ့ သွေးတွင်းသကြားဓာတ်ထက် မြင့်နေမယ်ဆိုရင် ကိုယ်ဝန်ဆောင်ဆီးချို ရှိနေပြီလို့ ယူဆရမှာပါ။ကိုယ်ဝန်ဆောင်ဆီးချိုကို ဘယ်လိုကုသနိုင်သလဲ။ကိုယ်ဝန်ဆောင်ဆီးချို အများစုက ကလေးမွေးပြီးတဲ့အခါ ပြန်ပျောက်သွားပါတယ်။ ဒါပေမယ့် နောက်ထပ် ကိုယ်ဝန်တွေမှာ ဆီးချိုဖြစ်ဖို့ အလားအလာများသလို နောက်ပိုင်းကျရင် အမျိုးအစား ၂ဆီးချိုရောဂါ ဖြစ်နိုင်ခြေများပါတယ်။ကိုယ်ဝန်ဆောင်ဆီးချိုက သွေးတွင်းသကြားဓာတ်ကို သေချာထိန်းထားမယ်ဆိုရင် နောက်ဆက်တွဲပြဿနာတွေ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။ ကိုယ်ဝန်ဆောင်ဆီးချိုကို တခြားဆီးချိုရောဂါတွေလိုပဲ အစားအသောက်နဲ့ ဆေးဝါးတွေနဲ့ ပေါင်းစပ်ပြီး ထိန်းချုပ်ပါတယ်။ သွေးတွင်းသကြားဓာတ်ပုံမှန်ဖြစ်စေဖို့။ကိုယ်ဝန်ဆောင် ဆီးချိုကြောင့် မေမေရော ဘေဘီလေးမှာပါ ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချို ခံစားရတဲ့အခါ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/what-you-should-know-about-gestational-diabetes/
Enlarged Prostate (ဆီးကျိတ်ကြီးခြင်း)
Enlarged Prostate (ဆီးကျိတ်ကြီးခြင်း) အကြောင်းကို လေ့လာလိုက်ရအောင်နော်။အမျိုးသားတွေရဲ့ ဆီးကျိတ် မူလအရွယ်ထက် ပိုပိုပြီးကြီးလာတာကို ဆိုလိုပါတယ်။ လိင်ဆက်ဆံချိန်မှာ သုက်ကောင်လေးတွေကို အပြင်သယ်ဆောင်ပေးတဲ့ အရည်ကို ဆီးကျိတ်က ထုတ်ပေးပါတယ်။ ဆီးကျိတ်ဟာ ဆီးစွန့်ပြွန် ရဲ့ ဘေးပတ်လည်မှာ ရှိနေပါတယ် (ဆီးစွန့်ပြွန် ဆိုတာဟာ ဆီးတွေကို ခန္ဓါကိုယ်ထဲကနေ အပြင်ထုတ်ပေးတဲ့ ပြွန်လေးဖြစ်ပါတယ်)။ အသက်အရွယ် ကြီးရင့်လာတဲ့ အမျိုးသားအားလုံးလိုလိုမှာ ဆီးကျိတ်ကြီးလာတတ်ပါတယ်။ ဒီရောဂါကို ဆေးပညာ အသုံးအနှုန်းနဲ့ benign prostatic hyperplasia (BPH) လို့ခေါ်ပါတယ်။ ဒါဟာ ကင်ဆာမဟုတ်သလို ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေကိုလည်း ပိုမများစေပါဘူး။ရှင်းရှင်းပြောရရင် ဆီးကျိတ်ဘာလို့ ကြီးရတာလဲဆိုတာ အခုထိတော့ အတိအကျ မသိရသေးပါဘူး။ အသက်အရွယ်ကြီးရင့်တာ နဲ့ ဝှေးစေ့မှာရှိတဲ့ ဆဲလ်တွေ ပြောင်းလဲတာတွေဟာ ဆီးကျိတ်ကြီးခြင်းမှာ တနည်းတဖုံ ပတ်သက်နေတယ်လို့ ယူဆရပါတယ်။ အချက်အလက်တွေအရ အသက်၄၀ကျော် အမျိုးသားအများအပြားမှာ နည်းနည်းလေးပဲဖြစ်ဖြစ် ဆီးကျိတ် ကြီးနေလေ့ရှိပြီး အသက်၈၀ကျော် အဖိုးတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းမှာတော့ ဆီးကျိတ်ကျိန်းသေပေါက်ကြီးနေတယ်လို့ ဆိုပါတယ်။ ငယ်ရွယ်စဉ်မှာ အကြောင်းအမျိုးမျိုးကြောင့် ဝှေးစေ့ဖြတ်ထုတ်ထားသူတွေ (ဥပမာ ဝှေးစေ့ကင်ဆာကြောင့်)မှာ ဆီးကျိတ်ကြီးလေ့မရှိပါဘူး။ ဒါ့အပြင် ဆီးကျိတ်ကြီးပြီးတဲ့နောက် ဝှေးစေ့တွေကို ဖယ်ရှားလိုက်ရင်လည်း ဆီးကျိတ်ဟာ အရွယ်ပြန်သေးသွားတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ဆီးကျိတ်ကြီးတာဟာ အသက်၆၀အထက် အမျိုးသားတွေအတွက် အဖြစ်အများဆုံး ကျန်းမာရေးပြဿနာတခုဆိုရင် မမှားပါဖူး။ အသက်၈၀ကျော် အဖိုးတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းဟာ ဆီးကျိတ်ကြီးနေကြပါတယ်။ဆီးကျိတ်ကြီးခြင်းရဲ့ လက္ခဏာတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။အောက်ဖော်ပြပါ လက္ခဏာတွေပေါ်လာရင် ဆေးကုသမှု ချက်ချင်းခံယူပါ။ကာလကြာရှည် ဆီးကျိတ်ကြီးမယ်ဆိုရင် ပိုမိုဆိုးရွားတဲ့ အောက်ဖော်ပြပါ လက္ခဏာတွေ ဖြည်းဖြည်းချင်း ပေါ်လာပါလိမ့်မယ်။• ရုတ်တရက်ဆိုသလို ဆီးလုံးဝ မသွားနိုင်တော့ခြင်း။•ဆီးလမ်းကြောင်းပိုးဝင်ခြင်း။• ဆီးကျောက်တည်ခြင်း။•ကျောက်ကပ်ထိခိုက်ခြင်း။• ဆီးထဲ သွေးပါခြင်း။ခွဲစိတ်မှု ပြုလုပ်ပြီးရင်တောင် ဆီးကျိတ်ပြန်ကြီးနိုင်ပါသေးတယ်။ဆရာဝန် အနေနဲ့ သင့်ရဲ့ ရောဂါရာဇဝင်အကြောင်း မေးမြန်းပြီးတဲ့နောက်မှာ ဆီးကျိတ်ကို စမ်းမိနိုင်ဖို့အတွက် စအိုထဲ လက်ထည့်ပြီး စမ်းသပ်ပါလိမ့်မယ်။ အခြား စစ်ဆေးမှုတွေ အနေနဲ့။သင့်ရောဂါလက္ခဏာတွေ ဘယ်လောက်ဆိုးနေသလဲ၊ သင့်ကို ဘယ်လောက်ဒုက္ခပေးနေသလဲ ဆိုတာအပေါ်မူတည်ပြီး ကုသမှုပုံစံတွေ ကွာခြားမှာ ဖြစ်ပါတယ်။ သင့်မှာတခြားဘာရောဂါတွေ ရှိနေသေးလဲဆိုတာပေါ်လည်း မူတည်ပါသေးတယ်။ ကုသမှုပုံစံတွေအနေနဲ့ နေထိုင်သွားလာစားသောက်မှုပုံစံတွေကို ပြောင်းလဲပြီး အခြေအနေကို စောင့်ကြည့်တာ၊ဆေးသောက်တာ ဒါမှမဟုတ် ခွဲစိတ်တာတွေကို ပြုလုပ်နိုင်ပါတယ်။ပြောင်းလဲသင့်တဲ့ နေထိုင်မှု ပုံစံတွေက။သောက်ဆေးတွေ။Alpha-1 blockers တွေဟာသွေးပေါင်တက်တာကို ကုသပေးနိုင်တဲ့ ဆေးတွေ ဖြစ်ပါတယ်။ ဒီဆေးတွေဟာ ဆီးအိမ်အဝနဲ့ ဆီးကျိတ်မှာရှိတဲ့ ကြွက်သားတွေကို ပြေလျော့စေတာမို့ ဆီးသွားရလွယ်ကူစေပါတယ်။ခွဲစိတ်ကုသခြင်း။သင့်ဆီးကျိတ်ရဲ့ အရွယ်အစား၊ပုံစံ၊ရောဂါလက္ခဏာတွေရဲ့ အတိမ်အနက်ပေါ် မူတည်ပြီး အောက်ဖော်ပြပါ ခွဲစိတ်ကုသမှု နည်းလမ်းတွေထဲက တခုကို ရွေးချယ်ပါလိမ့်မယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။ဒါဟာ အသက်ကြီးလာခြင်းရဲ့ တစိတ်တပိုင်း ဖြစ်တဲ့အတွက်ဆီးကျိတ်ကြီးတာကို ကာကွယ်နိုင်မယ့် ထိရောက်တဲ့ နည်းလမ်းတော့ မရှိသေးပါဖူး။ ဒါပေမယ့် အောက်ပါအချက်လေးတွေကို လိုက်နာမယ်ဆိုရင် ဆီးကျိတ်ကြီးနိုင်ခြေကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေများသူတွေအနေနဲ့cranberryသီးဖျော်ရည်ကို သောက်ပေးမယ်ဆိုရင် ဒီအခြေအနေကို ကာကွယ်ပေးနိုင်မှာပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/prostate-health/enlarged-prostate-explained/
အသင့်ညှစ်ထုတ်ပြီးသား မိခင်နို့ရည်နဲ့ပတ်သက်ပြီး သင်သိထားရမယ့်အချက်များ
အသင့်ညှစ်ပြီးသား မိခင်နို့ရည် ဆိုတာ သင့်လက်နဲ့ဖြစ်စေ၊ ကိရိယာနဲ့ဖြစ်စေ ညှစ်ယူရရှိတဲ့ နို့ဖြစ်ပါတယ်။ ထုတ်ယူပြီးပြီ ဆိုတာနဲ့ ရေခဲသေတ္တာထဲမှာ သိမ်းထားပြီး နောက်တစ်ခါ ကလေးကို ပြွန်၊ ဇွန်း၊ ခွက်၊ ဗူးတို့နဲ့ တိုက်ကျွေးနိုင်ပါတယ်။ နို့ရည် ညှစ်ယူခြင်းကသားဦး မိခင်တွေအတွက် ခက်ခဲနိုင် ပါတယ်။ အသင့်ညှစ်ထုတ်ပြီးသား မိခင်နို့ရည်နဲ့ပတ်သက်ပြီး သင်သိထားရမယ့်အချက်များ က ဘာတွေများ ဖြစ်မလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။အသင့်ညှစ်ထုတ်ပြီးသား မိခင်နို့ရည်နဲ့ပတ်သက်ပြီး သင်သိထားရမယ့်အချက်များ ကတော့။၁။ သင့်ရဲ့ နို့ရည်ကို ဘာလို့ထုတ်ယူထားသင့်သလဲ။တစ်ခါတစ်လေမှာ သင့်ကလေးကိုနို့တိုက်ချိန်ရောက်နေပေမယ့် သင်က အနားမှာမရှိတာ ဖြစ်နေနိုင်ပါတယ်။ ရေခဲသေတ္တာထဲမှာ အသင့်ညှစ်ထားပြီးသား နို့ရည်ရှိမယ်ဆိုရင် သင့်ကလေးကို အလွယ်တကူ တိုက်နိုင်မှာ ဖြစ်ပါတယ်။။နောက်တစ်ချက်က သင့်ရင်သားမှာ နို့ရည်တွေများပြားတင်းကြပ်နေမယ်ဆိုရင် မသက်မသာခံစားရနိုင်ပါတယ်။ ဒါကို ဒီတိုင်းညှစ်လိုက်ရင်လည်း နို့ရည်တွေ နှမြောစရာ ကောင်းတာကြောင့် သိမ်းထားသင့်ပါတယ်။နေ့မစေ့ဘဲမွေးတဲ့ ကလေးတွေနဲ့ ရောဂါဖြစ်ပွားနေတဲ့ ကလေးတွေကို စောင့်ကြည့်ဖို့ ဆေးရုံမှာ သီးသန့်ထားရတာမျိုး ရှိနိုင်ပါတယ်။ ဒီအချိန်မှာ မိခင်က တိုက်ရိုက်နို့တိုက်လို့ မရနိုင်ပါဘူး။ ဒါကြောင့် အသင့်ထုတ်ယူထားတဲ့ နို့ရည်ဟာ အလွန် အသုံးဝင်လာခြင်းဖြစ်ပါတယ်။၂။ နို့ရည်ကို ဘယ်လိုညှစ်ယူမလဲ။ပထမဆုံး အချက် ကတော့ လက်ကို စင်ကြယ်စွာ ဆေးကြောဖို့ပါပဲ။ လက်ကိုပဲ အသုံးပြုတာဟာ ဈေးအသက်သာဆုံးနည်း ဖြစ်ပါတယ်။ ဒါပေမယ့်လက်နဲ့ညှစ်ယူခြင်းက ခက်ခဲတတ်ပါတယ်။နည်းလမ်းကတော့ နို့ထိပ်ခေါင်းရဲ့ နောက်ဘက်ကပ်လျက် နို့ပြွန်တွေပေါ်ကို ညှင်သာစွာဖိနှိပ်ပေးရမှာ ဖြစ်ပြီး နို့ထိပ်ဖူးကို မဟုတ်ပါဘူး။ မြင်သာအောင် ပြောရရင် နို့သီးခေါင်းပတ်လည်က အညိုကွင်းကို ညှစ်ရမှာ ဖြစ်ပါတယ်။ ညှစ်တယ်ဆိုတာထက် Push-Press-Release ဖိ၊ ညှစ်၊ လွှတ် နည်းလမ်းကိုသုံးရမှာ ဖြစ်ပါတယ်။စုပ်ယူတဲ့ pump ကိရိယာတွေ သုံးတာက ပိုလွယ်ပါတယ်။ လျှပ်စစ်အားသုံး ကိရိယာဆိုရင် စုပ်ခွက်ကို သင့်ရဲ့ ရင်သားပေါ်တင်ပြီး စက်ဖွင့်ထားလိုက်ပါ။ သင့်ရင်သား ၂ဖက်လုံးက နို့ရည် ညှစ်ယူဖို့ဆိုရင် ၄၅ မိနစ်ခန့် ကြာနိုင်ပါတယ်။အချိန်အတွက် စိတ်မပူပါနဲ့။ နို့ကောင်းကောင်း ထွက်နေသမျှ စုပ်ထုတ်ပါ။ ထွက်တဲ့ ပမာဏ နည်းလာပြီဆိုရင် နောက်တစ်ဖက်ကို ပြောင်းပါ။နို့ရည်များများရဖို့ ဒါမျိုး ၂ ခေါက်ခန့် လုပ်ပေးသင့်ပါတယ်။၃။ နို့ရည်ကို ဘယ်လိုသိမ်းဆည်းမလဲ။အဖုံးလုံအောင် ပိတ်ထားတဲ့ ပလတ်စတစ်ဘူးထဲမှာ နို့က ကြာရှည်ခံဆုံး ဖြစ်ပါတယ်။ ရေခဲသေတ္တာထဲ မထည့်ခင် သင်ညှစ်ယူတဲ့ နေ့ကို နို့ဘူးပေါ်မှာ ရေးမှတ်ပေးဖို့ မမေ့ပါနှင့်။ ဒါမှသာ အစောဆုံး ဘူးကို အရင်ဆုံး သုံးစွဲဖို့ သတိရမှာ ဖြစ်ပါတယ်။ သိမ်းဆည်းထားလို့ရတဲ့ အချိန်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။မိခင်နို့က ကလေးအတွက် အာဟာရအပြည့်ဝဆုံးပါ။ မိခင်နို့ကို စနစ်တကျ သိမ်းဆည်းတာက မိခင်က အပြင်မှာ အလုပ်ထွက်လုပ်နေချိန်၊ ကလေးနားမှာ အမြဲမရှိနိုင်တဲ့ အခြေအနေ၊ ခရီးထွက်နေရတဲ့ အချိန်တွေမှာ အဆက်မပြတ် နို့တိုက်နိုင်ဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/facts-to-know-about-breastfeeding-milk-pumping-and-storing/
ကိုယ်ဝန်ဆောင် မေမေ အသားအရေ လှစေဖို့ ဒါတွေ စားဖို့ မမေ့နဲ့နော်။
ကိုယ်ဝန်ဆောင်ချိန်မှာဟော်မုန်း အပြောင်းအလဲကြောင့်အသားအရေပြောင်းလဲနိုင်ပါတယ်။အကြောပြတ်ရာတွေ အပါအဝင်အသားခြောက်တာ၊ အသားတွေ ယားယံတာ၊ အဆီပြန်တာဆိုပြီး အမျိုးမျိုးသော အရေပြား ပြဿနာတွေကို ခံစားရနိုင်ပါတယ်။အသားအရေကို ထိခိုက်မှာ စိုးတဲ့သူတွေအနေနဲ့ကိုယ်ဝန်ဆောင်ချိန်မှာလည်း အသားအရေလေး လှမြဲတိုင်း လှနေစေဖို့ ဘာတွေစားရမလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ တူတူကြည့်လိုက်ရအောင်လား………။ကိုယ်ဝန်ဆောင်ချိန်မှာ နေ့စဉ် ကျန်းမာအောင် စားသောက်တာကခန္ဓာကိုယ်ကို အားပြည့်စေသလိုဘေဘီလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။ ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။မှန်ကန်မျှတတဲ့ စားသုံးမှုက ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံတွေ့ရနိုင်တဲ့အရေပြား ပြဿနာတွေကို အထိရောက်ဆုံး ကာကွယ်ပေးပါသေးတယ်။ ဒီတော့ ကိုယ်ဝန်ဆောင် မေမေ အသားအရေ လှစေဖို့  ဒါလေးတွေ စားပေးပါ။ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာ အသားအရေ ကျန်းမာစေဖို့ဆိုရင် ပျက်စီးသွားတဲ့အရေပြားဆဲလ်တွေကို အထိရောက်ဆုံး ပြုပြင်ပေးတဲ့ ဗီတာမင် C ကို ချန်ထားလို့ မဖြစ်ပါဘူး။ ဗီတာမင် C က အသားအရေ ကျန်းမာစေသလိုကိုယ်ခံအားကောင်းစေဖို့လည်း အားဖြည့်ပေးပါတယ်။ အရွယ်တင် နုပျိုစေသလို အစက်အပြောက်ကင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာပါ။ဒီတော့ ဗီတာမင် C ကြွယ်ဝတဲ့။နောက်ထပ် အာဟာရတစ်မျိုးကတော့ အရေပြားကို အားဖြည့်ပေးပြီးအရေပြား ကင်ဆာမဖြစ်အောင် ကာကွယ်ပေးသလို ဘေ​ဘီလေးရဲ့အမြင်အာရုံဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးတဲ့ ဗီတာမင် A ပါ။ ဗီတာမင် A က ကိုယ်ဝန်ဆောင်ချိန်မှာ ပေါက်တဲ့ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ဒီတော့ ဗီတာမင် A ကြွယ်ဝတဲ့။ကိုယ်ဝန်ဆောင်ချိန်မှာ အသားအရေ လှပကျန်းမာနေစေဖို့ စားပေးသင့်တဲ့ နောက်ထပ် အာဟာရတစ်မျိုးကတော့ အရေပြားရဲ့ ဗီတာမင်လို့ ဆိုရမယ့် ဗီတာမင် E ပါ။ ဗီတာမင် E က နေရောင်ကြောင့် အသားအရေ ပျက်စီးတာ။ အရေပြားမှာ ဖြစ်တဲ့နေလောင်ကွက်၊ အမဲစက်၊ ဝက်ခြံ စတာတွေကို သက်သာစေပါတယ်။ဒီတေ့ ဗီတာမင် E ကြွယ်ဝတဲ့။ဒီလို အာဟာရ ပြည့်ဝမျှတစွာ စားသုံးမှုက ကိုယ်ဝန်ဆောင်ချိန်မှာအသားအရေလှပစေမှာ ဖြစ်သလို ကျန်းမာတဲ့ အသားအရေကိုလည်း ပိုင်ဆိုင်နိုင်စေမှာပါ။ ကဲ …. ဘေဘီလေးကို ကိုယ်ဝန်ဆောင်နေချိန်မှာ အသားအရေ လှပနေစေဖို့ စားသုံးပေးနော်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/eat-for-beautiful-skin-during-pregnancy/
အကောင်းဆုံး အမျိုးသမီးသန့်စင်ဆေးရည် (Feminine wash) ရွေးချယ်ကြမယ်
တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် သန့်ရှင်းရေးသုံးပစ္စည်းအမျိုးစုံကို ရွေးချယ်ကြရပါတယ်။ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီတိုင်းအတွက် ထုတ်ထားတဲ့ပစ္စည်းကတော့ အများကြီးပါ။ သေချာရွေးချယ်ဖို့ကတော့ ကိုယ်တိုင်မှာ တာဝန်အရှိဆုံးပါ။ ဒီနေရာမှာလေဒီတော်တော်များများက မလိုဘူးထင်ပြီး မေ့ထားတဲ့အရာတစ်ခုရှိနေပါတယ်။ ဒါကတော့မိန်းမကိုယ်သန့်ရှင်းရေးပါ။ မိန်းမကိုယ်သန့်ရှင်းကျန်းမာမှ ကျန်းမာလှပတဲ့ လေဒီလေးဖြစ်မှာပါ။ ဒီတော့ ပြီးပြည့်စုံပြီးကျန်းမာတဲ့ မိန်းကလေးဖြစ်ဖို့ ဘယ်လိုနေရမလဲ။ ခေါင်းအစခြေအဆုံး အသုံးပြုတဲ့ ပစ္စည်းတွေကို သေချာရွေးမှာပေါ့။ ဒီတော့ အကောင်းဆုံး အမျိုးသမီးသန့်စင်ဆေးရည် (Feminine wash) ကို ဘယ်လို ရွေးချယ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲကို ဖတ်ကြည့်လိုက်ပါ။ခေါင်းလျှော်ရည်ဆိုလည်းဆံသားနဲ့ ကိုက်ညီမှုရှိအောင်၊မျက်နှာသစ်ဆေးဆိုလည်း အသားအရေနဲ့ ကိုက်အောင်၊အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းဆိုရင်လည်း အသားအရေနဲ့ လိုက်ဖက်မယ့်ဟာမျိုးကို ရွေးချယ်ပေးရမှာပါ။အမျိုးသမီးသန့်စင်ဆေးရည်ဆိုလည်း ကိုယ်နဲ့ကိုက်ညီမယ့် အမျိုးအစားဖြစ်ဖို့လိုတာပေါ့။ ဒီဆောင်းပါးလေးထဲမှာလေဒီတွေအတွက်လိုအပ်တဲ့ အမျိုးသမီးသန့်စင်ဆေးရည်ကို ဘယ်လိုရွေးချယ်ရမလဲ ပြောပြပေးမယ်နော်။တစ်နေ့တာလုံးအနံ့အသက်ဆိုးကင်းစင်ပြီး လတ်ဆတ်တဲ့ ကိုယ်သင်းနံ့နဲ့ ကျန်းမာလန်းဆန်းတဲ့ လေဒီလေးဖြစ်နေစေဖို့ အမျိုးသမီးသန့်စင်ဆေးရည်ကို အသုံးပြုကြပါတယ်။ လစဉ်ကြုံတွေ့နေကျပြဿနာကို ခံစားရချိန်မှာဆိုရင် အနံ့အသက်ဆိုးကြောင့် ကိုယ်တိုင်မှာရော အခြားသူတွေကိုပါ စိတ်အနှောင့်အယှက်ဖြစ်မှာကို မလိုလားတဲ့အတွက်လည်း အမျိုးသမီးသန့်စင်ဆေးရည်ကို အသုံးပြုကြပါတယ်။အမျိုးသမီးသန့်စင်ဆေးရည် (Feminine wash) အသုံးပြုတဲ့အခါ အရေးအကြီးဆုံးအချက်က ရွေးချယ်မှုမှန်ကန်ဖို့နဲ့ အသုံးပြုနည်းမှန်ကန်ဖို့ပါ။မိန်းမကိုယ်ကို သန့်စင်တဲ့နည်းလမ်းမမှန်ဘူး။ ရွေးချယ်မှုမှားမယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများလာနိုင်ပါတယ်။ နောက်တစ်ခုက မိန်းမကိုယ်သန့်စင်တဲ့နည်းလမ်းက မမှန်ဘူးဆိုရင်မှိုပိုးကူးစက်ခံရနိုင်ခြေပိုများသလို ၊ဆီးလမ်းကြောင်းပိုးဝင်တာ၊မိန်းမကိုယ်ခြောက်သွေ့တာနဲ့ဘက်တီးရီးယားတွေပေါက်ဖွားမှုကြောင့် အနံ့အသက်ဆိုးဖြစ်တာတွေဖြစ်လာနိုင်ပါတယ်။ခန္ဓာကိုယ်ရဲ့ နူးညံ့တဲ့အစိတ်အပိုင်းကို သန့်စင်ဆေးကြောမှာဖြစ်တဲ့အတွက် သေချာရွေးချယ်ပေးပါ။ အမျိုးသမီးသန့်စင်ဆေးရည်ရွေးတဲ့အခါ သေချာသတိထားနိုင်မှ တော်ကာကျမှာပါ။ ဒီအချက်လေးကို သတိထားရွေးချယ်မယ်ဆိုရင် ကျန်းမာလန်းဆန်းတဲ့လေဒီလေးအဖြစ် နေ့ရက်တိုင်းကို ပေါ့ပါးစွာနဲ့ ဖြတ်သန်းနိုင်မှာပါ။အလှကုန်ဖြစ်ဖြစ်၊ သန့်စင်ဆေးရည်တွေဖြစ်ဖြစ် ရွေးချယ်တဲ့အခါ သဘာဝနဲ့နီးစပ်လေလေ အဆင်ပြေလေလေပါ။ Organic Productsတွေက ဓာတုပစ္စည်းအပြင်းစားတွေပါတာထက် ကောင်းကျိုးများပါတယ်။ဓာတ်မတည့်မှု ဖြစ်နိုင်ခြေနည်းစေပါတယ်။ ဒါကြောင့် အမျိုးသမီးသန့်စင်ဆေးရည် ရွေးချယ်တဲ့အခါ သဘာဝပစ္စည်းတွေကို အခြေခံပြီးထုတ်ထားတာမျိုးကို ရွေးချယ်ပေးပါ။pH ပမာဏက များလည်း မကောင်းသလို နည်းလွန်းရင်လည်း အဆင်မပြေပါဘူး။ ဒါကြောင့် အစိုဓာတ်ထိန်းပေးပြီး ဘက်တီးရီးယားပေါက်ဖွားမှုတွေကနေ ကာကွယ်ဖို့အတွက် pH ပမာဏ သင့်တင့်မျှတတဲ့ အမျိုးသမီးသန့်စင်ဆေးရည်ကိုရွေးချယ်ဝယ်ယူပေးပါ။Povidone Iodine 10% က ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေကို ဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်။ မိန်းမကိုယ်ယားယံပြီး စပ်ဖျင်းဖျင်းဖြစ်တာကိုလည်း သက်သာစေနိုင်ပါတယ်။ ပိုးတွေကို ရှင်းလင်းပေးတဲ့အတွက် အနံ့ဆိုးထွက်တာကိုလည်း ကာကွယ်ပေးပါတယ်။ဘက်တီးရီးယားဆိုတိုင်း မကောင်းတာမဟုတ်ပါဘူး။ အကျိုးပြုဘက်တီးရီးယားတွေ ရှိသလို အကျိုးမပြုတဲ့ဘက်တီးရီးယားတွေလည်း ရှိပါတယ်။ ဒီတော့ အကျိုးပြု ဘက်တီးရီးယားလေးတွေ ကောင်းကောင်းရှင်သန်ပြီး ရောဂါဖြစ်စေတဲ့ ပိုးတွေ ဝင်ရောက်မှုအခြေအနေတွေကနေ ကာကွယ်နိုင်ဖို့အတွက် အမျိုးသမီးသန့်စင်ဆေးရည်ဝယ်ယူတဲ့အခါ အကျိုးပြုဘက်တီးရီးယားအာဟာရပါတာမျိုးကို ရွေးချယ်ပေးပါ။အရောင်မပါတာကအရောင်ဆိုးဆေးမပါဝင်ဘူးလေ။ ဒါကြောင့် အရောင်မပါတာက ပိုအဆင်ပြေမှာပါ။ အရောင်တောက်လေလေ ဓာတုပစ္စည်းပါဝင်မှုများလေလေပါ။ ဒါကြောင့် အရေပြားကိုထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းကင်းစင်စေဖို့ဆိုရင် အရောင်မပါတာကိုရွေးပေးပါ။မွှေးရနံ့ကို လေဒီတိုင်းကြိုက်တာသိပေမယ့် အမျိုးသမီးသန့်စင်ဆေးရည် ရွေးချယ်မယ်ဆိုရင်တော့ အနံ့ပြင်းတာမျိုးကို ရှောင်ပါ။ အနံ့ပြင်းတဲ့ အမျိုးသမီးသန့်စင်ဆေးရည်တွေမှာ မိန်းမကိုယ်ကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးသန့်စင်ဆေးရည် ဝယ်ယူတဲ့အခါ အနံ့လုံးဝမပါတာမျိုး ဒါမှမဟုတ် အနံ့ခပ်ပျော့ပျော့လေးပါတာမျိုးကိုပဲ ရွေးချယ်ဝယ်ယူပေးပါ။Latic acid က သန့်စင်ပေးနိုင်တဲ့ အာနိသင်ရှိသလို pH ပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ဘက်တီးရီးယားပေါက်ဖွားမှုကို ထိန်းညှိပေးပြီးရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးသန့်စင်ဆေးရည် ဝယ်ယူတဲ့အခါ ပါဝင်ပစ္စည်းထဲမှာ Latic acid ပါဝင်တာကိုရွေးချယ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/how-to-choose-feminine-wash/
ကိုယ်ဝန် လနုစဉ် မူးဝေပျို့အန်ခြင်း (Morning sickness)
ကိုယ်ဝန် ရှိခါစ လနုစဉ်မှာ မူး‌ဝေပျို့အန်ခြင်းကို ရုပ်ရှင် ဇာတ်လမ်းတွေမှာရော လက်တွေ့ဘဝမှာပါ ကိုယ်ဝန်ဆောင် အမျိုးသမီးတော်တော်များများ ခံစားရတတ်ပါတယ်။ အဲ့ဒါကိုMorning sicknessလို့ ခေါ်ပါတယ်။ပုံမှန်အားဖြင့်တော့ Morning sickness က မိခင်အတွက်ရော သန္ဓေသားအတွက်ပါ အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုမဟုတ်တဲ့အတွက် သိပ်စိုးရိမ်စရာမလိုပါဘူး။ ဒါပေမယ့် အလွန်အမင်း အန်ခဲ့မယ်၊ ဘာအစာမှလည်း စားမဝင်တော့ဘူးဆိုရင်တော့ ရေနဲ့ ဓာတ်ဆား ဆုံးရှုံးပြီး အာဟာရ မမျှတတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကို သေချာမကုသရင် မိခင်ရော ကလေးပါ အန္တရာယ်ရှိနိုင်ပါတယ်။Morning sickness သို့မဟုတ် ကိုယ်ဝန် လနုစဉ် မူးဝေပျို့အန်ခြင်း က အများအားဖြင့်တော့ ကိုယ်ဝန်ဆောင် ပထမ ၃ လ အတွင်းမှာ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန် ၆ပတ်ဝန်းကျင်မှာ စပျို့အန်တတ်ပြီး ကိုယ်ဝန် ၉ပတ် မှ ၁၀ ပတ်ကြားကာလကတော့ ပျို့အန်ခြင်း လက္ခဏာ အပြင်းထန်ဆုံးကာလဖြစ်ပါတယ်။ သကိုယ်ဝန် ၁၂ ပတ်မှ ၁၄ ပတ်ကြားကာလမှာတော့ ဒီလက္ခဏာတွေ ပျောက်သွားတတ်ပါတယ်။ တချို့တွေကတော့ ကိုယ်ဝန်ဆောင်စဉ်ကာလတလျှောက်လုံး ပျို့အန်နေကြတတ်ပါတယ်။Morning sickness လို့ ခေါ်ပေမယ့် တကယ်တမ်းကတော့ မနက်ပိုင်းမှာတင် မဟုတ်ဘဲ တစ်နေကုန် ပျို့အန်နေတတ်ပါတယ်။ကိုယ်ဝန် လနုစဉ် မူးဝေပျို့အန်ခြင်း ရဲ့ အတွေ့ရများတဲ့ လက္ခဏာတွေကတော့။ဒီကနေမှ အလွန်အမင်းအန်လာပြီး Hyperemesis gravidarumလို့ ခေါ်တဲ့ အခြေအနေဖြစ်လာရင်တော့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့။Morning sickness က ရုပ်ပိုင်းဆိုင်ရာ ပြဿနာတင်မဟုတ်ဘဲ မိခင်ကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး နေ့စဉ်ဘဝမှာ အခက်အခဲဖြစ်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဘာကြောင့်ပျို့အန်လဲဆိုတာကို အတိအကျမသိရသေးပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်လာတဲ့ ဟော်မုန်းအပြောင်းအလဲကြောင့်လို့ ယူဆကြပါတယ်။ အထူးသဖြင့်တော့ ပရိုဂျက်စတီရုန်းနဲ့ hCGဟော်မုန်းတွေပါ။အချို့တွေကတော့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဇီဝရုပ်ဖြစ်ပျက်မှုတွေကြောင့် ကိုယ်ဝန်ဆောင်စဉ် ပျို့အန်ခြင်း (Morning sickness) ဖြစ်တယ်လို့ ယူဆကြပါတယ်။ ဒါတွေကတော့။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ ၈၀%လောက်က ကိုယ်ဝန် လနုစဉ် ပျို့အန်ခြင်း ဖြစ်တတ်ပါတယ်။ အထူးသဖြင့်။ကိုယ်ဝန် လနုစဉ် ပျို့အန်ခြင်းကို သက်သာစေဖို့ ဆရာဝန်က အအန်ပျောက်ဆေးတွေ၊ဗီတာမင် B6တွေပေးပါလိမ့်မယ်။ ဆရာဝန် ညွှန်ကြားချက်နဲ့ သောက်တာ အကောင်းဆုံးပါ။ကိုယ်ကိုယ်တိုင် သက်သာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေကတော့။ကိုယ်ဝန် လနုစဉ် ပျို့အန်တာက သာမန်အားဖြင့်တော့ ပြဿနာမရှိပါဘူး။ အများစုကလည်း လပိုင်းလောက်နေရင် သက်သာသွားပါတယ်။ ဒါပေမယ့် ရက်အတော်ကြာ ပျို့အန်နေတာ၊ အစားမဝင်တာတွေ ဖြစ်လာရင် ရေနဲ့ ဓာတ်ဆားဆုံးရှုံးတာ၊ အာဟာရချို့တဲ့တာတွေ ဖြစ်လာပြီး ကလေးပါ ထိခိုက်လာနိုင်ပါတယ်။ဒီလိုလက္ခဏာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/first-trimester-being-pregnant/morning-sickness-explained/
ရင်ဘတ်အောင့်တဲ့ပြဿနာဟာ မပေါ့ဆသ့င်တဲ့အရာတစ်ခုပါ။
အသက်လေးရှူလိုက်လို့ ရင်ညွှန့်နားက စူးကနဲအောင့်သွားတယ်၊ ကိုယ်ခန္ဓါ အလှည့်အပြောင်းမှာရင်ဘတ်လေးတစ်ချက်ချက် အောင့်သွားတတ်တဲ့ ပြဿနာကို ကြုံဖူးတဲ့သူ မရှားပါဘူး။ လူအများစုကတော့ ဒီလို ဖြစ်လာပြီဆိုရင်လေထိုးတာနေမှာ၊ လေပဲနေမှာဆိုပြီး ပေါ့ပေါ့ဆဆေတွေးလိုက်ကြတာများပါတယ်။ တကယ်တော့ ရင်ဘတ်အောင့်တဲ့ပြဿနာဟာ လုံးဝကို မပေါ့ဆသင့်တဲ့ အရာတစ်ခုပါ။ ဘာေ့ကြာင့်လဲဆိုတော့ ဒီရင်ဘတ်အောင့်တာနှလုံးနဲ့အဆုတ်ရောဂါတွေရဲ့ အဓိက လက္ခဏာဖြစ်နေလို့ပါ ။ အသေးစိတ်ဆက်ကြည့်လိုက်ရအောင် ။Angina – ဒီanginaဆိုတဲ့ ရင်ဘတ်တစ်ခြမ်းအောင့်တာနဲ့ MI လို့ခေါ်တဲ့ နှလုံးကြွက်သားပုတ်ပြီး ရင်ဘတ်အောင့်တဲ့ နှစ်ခုက ဆင်တူတတ်ပါတယ်။ မတူတာတွေကတော့ angina ကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်တာဟာ လေ့ကျင့်ခန်းကြောင့် ၊စိတ်ဖိစီးမှုကြောင့်၊ ရာသီဥတုကြောင့်နဲ့ အများဆုံး သက်ဆိုင်ပြီးအသက်ရှူရကြပ်တာ၊ ပျို့အန်မူးဝေတာတွေကိုပါ ဖြစ်စေတတ်ပါတယ်။MI ( myocardial Infartion) –နှလုံးကြွက်သားပုပ်သွားတာကြောင့်ဖြစ်ရတဲ့ ဒီ ရင်ဘတ်အောင့်တာဟာ angina ထက် ပိုကြာတတ်ပြီး ချွေးစေးပြန် မခံမရပ်နိုင်အောင့် နာကျင်တဲ့ ဝေဒနာတစ်ခုပါ။နှလုံးသွေးကြောကျဉ်း၊နှလုံးသွေးကြောပိတ်တာတွေကြောင့် ဒီလို နှလုံးကြွက်သားပုပ်တာမျိုး ဖြစ်တတ်ပါတယ်။Pericarditis ( နှလုံးအမြှေးပါးရောင်ခြင်း ) – နှလုံးပတ်လည်မှာကာထားပေးတဲ့ Pericardium နှလုံးအမြှေးပါးလေးရောင်တာကြောင့်လည်း ရင်ဘတ်အောင့်တတ်ပါတယ်။ အသက်ပြင်းပြင်းရှူလိုက်တဲ့အချိန် ၊လှဲအိပ်လိုက်တဲ့အချိန်တွေမှာ ရင်ဘတ်အောင့်တာ ပိုဆိုးသွားတတ်ပါတယ်။နှလုံးအဆို့ရှင်ကျွံခြင်း –နှလုံး အဆို့ရှင်ကျွံတဲ့ ပြဿနာရဲ့ အဓိကလက္ခဏာက နုန်းခွေတာဖြစ်ပေမယ့် တစ်ချို့ရင်ဘတ်အောင့်ကြတဲ့သူတွေလည်းရှိပါတယ်။ angina နဲ့မတူတဲ့အချက်ကတော့ အဆို့ရှင်ကျွံတာကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်ဟာ လှုပ်ရှားမှုလုပ်ရင်ပိုဆိုးမလာတာမျိုးမရှိတဲ့အပြင် nitroglycerin ငုံထားလို့လည်း မသက်သာပြန်ပါဘူး။Aortic stenosis – aortaနှလုံးသွေးကြောကျဉ်းတာကြောင့်ဖြစ်ရတဲ့ ရင်ဘတ်အောင့်ခြင်းကတော့ ကျဉ်းနေတဲ့သွေးကြောထဲ သွေးတွေပို့တဲ့အချိန် အလုပ်ပိုလုပ်ရတဲ့ နှလုံးကြွက်သား နာကျင်တာကြောင့် ဖြစရတာပါ။ရင်ဘတ်အောင့်တယ်ဆိုတာနဲ့ နှလုံတစ်ခုတည်း ပြောလို့မရပါဘူး။ အဆုတ်နဲ့ဆိုင်တဲ့ ပြဿနာတွေကြောင့်လည်း ရင်ဘတ်အောင့်တာ ဖြစ်တတ်ပါတယ်။ ဘယ်လို အဆုတ်ပြဿနာတွေကြောင့် ရင်ဘတ်အောင့်တတ်လဲဆိုတာ ကြည့်ရအောင်။Pneumonia– ဒီ အဆုတ်ပိုးဝင်ပြီး အဆုတ်ရောင်တဲ့ပြဿနာဟာ အဆုတ်ကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်ခြင်းကို အဓိက ဖြစ်စေတဲအကြောင်းအရင်းပါ။Pulmonary thromboembolism (PTE) –အဆုတ်သွေးကြောသွေးခဲပိတ်တဲ့အခါမျိုးမှာလည်း ရင်ဘတ်အောင်တဲ့ ဝေဒနာခံစားရတတ်ပါတယ်။Pneumothorax–အဆုတ်နဲ့ အဆုတ် အလွှာကြားထဲ လေဝင်တဲ့ပြဿနာတွေမှာလည်း ရင်ဘတ်အော့်တတ်ပါတယ်။Pleurisy – အဆုတ်ကိုခြားထားတဲ့ အလွှာပါးလေး ရောင်တဲ့ပြဿနာ pleurisy ကြောင့် အသက်ရှူတဲ့အခါတိုင်း ရင်ဘတ်အောင့်တတ်ပါတယ်။Pulmonary hypertension –အဆုတ်သွေးကြောတွေမှာ ဖိအားများတဲ့ ပြဿနာဖြစ်တဲ့ pulmonary hypertension ကြောင့် ရင်ညွှန့်အထက်နားလောက် အောင့်တဲ့ဝေဒနာခံစားရတတ်ပါတယ်။အဆုတ်ကင်ဆာ– အဆုတ်ကင်ဆာကနေ အခြား နံရိုး၊ရင်ဘတ်ကြွက်သားတွေကို ပျံ့သွားတဲ့အခါ ရင်ဘတ်အောင့်တဲ့ဝေဒနာခံစားရတတ်ပါတယ်။ဒါတွေကတော့ရင်ဘတ်အောင့်ြခင်ကို ဖြစ်စေတဲ့ ပြဿနာတွေဖြစ်ပါတယ်။ ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေတဲ့ အခြားအကြောင်းအရာတွေ အများကြီးရှိသေးတာကြောင့် တစ်ခုခုသံသယရှိလာပြီဆိုတာနဲ့ မပေါ့ဆဘဲ ဆရာဝန်ဆီ သွားပြဖို့တော့ လိုပါလိမ့်မယ် ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/chest-pain/
လူတွေ ဘာကြောင့် အိပ်စက်အနားယူဖို့ လိုအပ်တာလဲ
အိပ်စက်အနားယူတာနဲ့ ပတ်သက်ပြီး လူအများစု အခုချိန်ထိကို ပေါ့သေးသေး သဘောထားနေကြဆဲပါပဲ။ရုပ်ရှင်ကြည့်ဖို့၊ ဖုန်းသုံးဖို့အတွက်နဲ့ အိပ်ချိန်ကို စတေးကြတယ်။ အလုပ်တွေ ဖိလုပ်ပြီး အိပ်ချိန်ကို နည်းနိုင်သမျှ နည်းအောင် လျှော့ပစ်ကြတယ်။ ကလေးတွေကျတော့လည်း စာမရရင် မအိပ်ရဘူးဆိုပြီး လူကြီးတွေက ခြောက်ထားတော့ ကြောက်ပြီး မအိပ်ရဲကြတော့ဘူး အစရှိသဖြင့် အိပ်ချိန် စတေးပစ်လိုက်ရတဲ့ ပုံပြင်ပေါင်း သောင်းခြောက်ထောင်တောင် မကတော့ပါဘူး။ဒါဆိုအိပ်ချိန်က အရေးမကြီးလို့လား။ ငွေချေးသလိုမျိုးပဲအိပ်ရေးမဝလို့ရော နောက်နေ့မှာ ဆတိုး အကြွေးဆပ်လို့ မရဘူးလား။အိပ်ချိန်က ဘာလို့ ကျန်းမာရေးအတွက် မဖြစ်မနေ အရေးပါတာလဲဆိုတာနဲ့ ပတ်သက်ပြီး ဒီဆောင်းပါးမှာ ရှင်းပြပေးချင်ပါတယ်။ လူတွေ ဘာကြောင့် အိပ်စက်အနားယူဖို့ လိုအပ်တာလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်လား။လူတွေ ဘာကြောင့် အိပ်စက်အနားယူဖို့ လိုအပ်တာလဲ ဆိုတော့။အားအင်တွေဆိုတာ ပြေးလွှားလှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်နေမှ ကုန်ဆုံးတာမဟုတ်ပါဘူး။ တစ်နေရာတည်းမှာ ငြိမ်ငြိမ်လေး ထိုင်နေရင်လည်း အားအင်ကုန်ဆုံးပါတယ်။ အသက်ရှင်နေသမျှ ကာလပတ်လုံး ကိုယ်တွင်းအင်္ဂါတွေဟာ အဆက်မပြတ် အလုပ်လုပ်နေရတဲ့အတွက် အားအင်ကို အမြဲ အသုံးချနေရပါတယ်။ ဒီလို ကုန်ဆုံးသွားတဲ့အားအင်တွေကို အဓိက ဖြည့်တင်းပေးနိုင်တဲ့ ရင်းမြစ်ကို အိပ်စက်ခြင်းကနေသာ ရရှိနိုင်ပါတယ်။လူတွေ အသက်ရှင်နေသ၍ ခန္ဓာကိုယ်နေရာအနှံ့မှာ ဆဲလ်တွေက အမြဲပျက်စီးနိုင်ပါတယ်။ ဒါဟာအသက်အရွယ်ကြောင့် ဖြစ်တဲ့ မတည်မြဲခြင်း၊ လူ့သဘာဝ ခန္ဓာကိုယ်ရဲ့ ဆုတ်ယုတ်ခြင်းကို ပြနေတဲ့ ဖြစ်စဉ်တစ်ခုပါ။ ဒါပေမယ့် ဒီဖြစ်စဉ်ကို နှေးကွေးသွားစေဖို့ ခန္ဓာကိုယ်က ဆဲလ်အဟောင်းတွေကို အမြဲပြုပြင်ပေးရသလို ဆဲလ်အသစ်တွေ မြန်မြန် ထွက်လာအောင်လည်း လုပ်ဆောင်ပေးရပါတယ်။ဒီလို လုပ်ဆောင်ချက်ကို အမြင့်မားဆုံး ကူညီပေးနိုင်တဲ့အချိန်ဟာအိပ်စက်နေတဲ့ အချိန်မှာသာ ဖြစ်ပါတယ်။ ဒီတော့အိပ်ရေးပျက်လိုက်တဲ့အခါ ဒီဆဲလ်အသစ်တွေ ထုတ်လုပ်ပေးတဲ့ ဖြစ်စဉ်က နှေးကွေးသွားတဲ့အတွက် လူ့ခန္ဓာကိုယ်နဲ့ ကျန်းမာရေးဟာ ပိုပြီး ဆုတ်ယုတ်လာတော့မှာပါ။တစ်နေ့လုံး အလုပ်လုပ်နေရတဲ့အရာတွေထဲမှာဦးနှောက်ကိုလည်း မေ့ထားလို့ မဖြစ်ပါဘူးနော်။ ဦးနှောက်ဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ ကြွက်သား၊အမြင်အာရုံ၊ အကြားအာရုံ၊ ခံစားသိရှိနိုင်တဲ့ အာရုံ၊ ကိုယ်တွင်းအင်္ဂါ စတာတွေကို ချိတ်ဆက်ပေးထားတဲ့ ပင်မထိန်းချုပ်ဌာနကြီး တစ်ခုပါ။ ဒီလိုမျိုး အမြဲလုပ်နေရတဲ့ ဦးနှောက်ကိုလည်း အိပ်စက်ခြင်းဖြင့် အနားပေးဖို့ လိုအပ်ပါတယ်။အိပ်ချိန်တွေ နည်းလာတာနဲ့အမျှ ဦးနှောက်ကျန်းမာရေးဟာ ကျဆင်းသွားသလိုမှတ်ဉာဏ်နဲ့ တွေးခေါ်ကြံဆမှုစွမ်းရည်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် လေ့လာတွေ့ရှိချက်အရ အသက် ၂၅ နောက်ပိုင်းမှာ အိပ်ချိန်နည်းလာလေ ဦးနှောက်ထဲမှာ ရှိတဲ့ဆဲလ်တွေဟာ သေဆုံးသွားပြီး ထပ်မံအစားထိုးလို့ မရနိုင်တော့တာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဦးနှောက်ပျက်စီးသွားနိုင်တဲ့အထိ အန္တရာယ်ကြီးနိုင်ပါတယ်။ခန္ဓာကိုယ်ဟာ လူ့ကျန်းမာရေးကို ကောင်းစေဖို့ လုပ်ဆောင်ပေးနေရတဲ့ စက်ယန္တရားတစ်ခုဆိုရင် စိတ်ဟာ ဒီစက်ယန္တရားကြီးကို ပုံမှန်အလုပ်လုပ်စေဖို့ ဖြည့်ပေးနေရတဲ့ လောင်စာဆီတစ်မျိုးပါ။ စိတ်နဲ့ ခန္ဓာမှာ တစ်ခုခု ထိခိုက်ပြီဆိုတာနဲ့ နောက်တစ်ခုပါ ဆုတ်ယုတ်လာမှာ သဘာဝပါပဲ။အိပ်စက်ခြင်းဟာ ကိုယ်ခံအားစနစ်ကို ကောင်းစေလို့ ခန္ဓာကျန်းမာရေးကို ကောင်းစေတယ်။ ဦးနှောက်အာရုံကြောစနစ်ကိုလည်း ကျန်းမာစေတာကြောင့် စိတ်ကြည်လင်လန်းဆန်းနေစေပြီးစိတ်ဖိစီးမှုဒဏ်တွေ မခံစားရနိုင်အောင် ကာကွယ်ပေးနိုင်လို့ စိတ်ကျန်းမာရေးအတွက်ပါ အကျိုးရှိစေပါတယ်။ပိန်လွန်း၊ ဝလွန်းသူတွေမှာ အစာအာဟာရပြဿနာအပြင် အိပ်ချိန်မမှန်တဲ့ ပြဿနာကိုပါ တွေ့ရပါတယ်။ အိပ်ချိန် နည်းလာတာနဲ့အမျှ ကိုယ်ခန္ဓာက အစာအာဟာရကို ကောင်းစွာ မစုပ်ယူနိုင်လို့ လူက ပိန်သထက် ပိန်လာတယ်။အဝလွန်တဲ့သူတွေဆိုရင်လည်း စားလိုက်သမျှကယ်လိုရီတွေကို ခန္ဓာကိုယ်က လောင်ကျွမ်းမှုအားနည်းသွားတာကြောင့် စားလိုက်သမျှ အဆီတွေ တက်ပြီး ပိန်ဖို့လမ်း မမြင်တော့တာပါ။ ဒါကြောင့် ကိုယ့်အသက်အရွယ်၊ အရပ်အမြင့်နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန်ကို ရဖို့ အိပ်ချိန်က အလွန်အရေးကြီးပါတယ်။အိပ်ချိန်မှန်တဲ့လူတစ်ယောက်ဟာကိုယ်ခံအားကောင်းသလို ဇီဝကမ္မ ဖြစ်စဉ်တွေကိုလည်း ပုံမှန်ဖြစ်ပျက်ပြောင်းလဲစေတဲ့အတွက် သွေးလည်ပတ်မှုကောင်းစေပြီး နှလုံးကို ကျန်းမာစေပါတယ်။ အားကောင်းတဲ့ နှလုံးဟာ ခန္ဓာကိုယ်တွင်းက သွေးပေါင်ပမာဏကို ထိန်းညှိပေးလို့ သွေးတိုးရောဂါ၊ အာရုံကြော အားနည်းတာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။အသက်အရွယ်အားဖြင့် ကြည့်မယ်ဆိုရင်။မွေးကင်းစ မှ အသက် ၃လအတွင်း = ၁၄နာရီ မှ ၁၇နာရီ။အသက် ၄လ မှ ၁နှစ်အထိ = ၁၂နာရီ မှ ၁၆နာရီ။အသက် ၁နှစ် မှ ၂နှစ်အထိ = ၁၁နာရီ မှ ၁၄နာရီ။အသက် ၃နှစ် မှ ၅နှစ်အထိ = ၁၀နာရီ မှ ၁၃နာရီ။အသက် ၆နှစ် မှ ၁၂နှစ်အထိ = ၉နာရီ မှ ၁၂နာရီ။အသက် ၁၃နှစ် မှ ၁၈နှစ်အထိ = ၈နာရီ မှ ၁၀နာရီ။အသက် ၁၈နှစ် မှ ၆၀အထိ = ၇နာရီအထက်။အသက် ၆၁နှစ်နောက်ပိုင်း = ၇နာရီမှ ၉နာရီအထက် ညစဉ် အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။ကိုယ့်ရဲ့ မနက်ထရမယ့် အချိန်ပေါ် မူတည်ပြီး အိပ်တဲ့အချိန်ကို သတ်မှတ်လို့ ရသလို ည ၁၁ နာရီထက်ပိုပြီး မအိပ်ဘဲနေတာမျိုးတော့ မလုပ်ပါနဲ့။ ရေရှည်မှာ ကိုယ့်ရဲ့ ကျန်းမာရေးက သိသိသာသာ ဆုတ်ယုတ်လာပါလိမ့်မယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/why-human-needs-sleep/
သွေးပေါင်ချိန်စက်က ဖော်ပြနေတဲ့ နံပါတ်တွေ ပြောပြတဲ့ သင့်ကျန်းမာရေးအကြောင်း ။ ။
လူတိုင်းနီးပါးသွေးပေါင်ချိန်ဖူးကြပါတယ်။ သူကလုပ်ရတာလွယ်တယ်လေ။ အိမ်မှာ သွေးပေါင်ချိန်တဲ့ စက်လေးတစ်လုံးဝယ်ထား။ ကိုယ့်သွေးပေါင်ချိန်ဘယ်လောက်လဲသိချင်ရင် စက်လေးနဲ့ ချိန်ကြည့်လိုက်ရုံပဲ။သွေးတိုး ရောဂါကိုလူတိုင်းက ကြောက်ကြတော့ သွေးပေါင်ဘယ်လောက်ရှိလဲ အမြဲတိုင်းကြည့်ချင်နေကြတဲ့သူချည်းပါပဲ။ဒီနေရာမှာ အာလုံး အကြမ်းဖျင်းသိကြတာက ပုံမှန်သွေးပေါင်ချိန်ဆိုရင် အပေါ်သွေး ၁၂၀/ အောက်သွေး၈၀ ရှိရမယ်။ အပေါ်သွေး၁၄၀လောက်ရောက်နေပြီဆိုရင်သွေးတိုးနေပြီ အပေါ်သွေး၉၀ပဲရှိတယ်ဆိုရင်သွေးပေါင်ကျနေပြီဆိုပြီး သိကြပါတယ်။ ဒါက အကြမ်းဖျင်းလောက်ပဲ သိကြတာပါ ။ ကိုယ်က အိမ်မှာ သွေးပေါင်ချိန်စက်လေးဝယ်ထားပြီး တိုင်းလိုက်တဲ့အခါ အမြဲ ၁၂၀/၈၀ ကတော့ တန်းမနေဘူးလေ။ တစ်ခါတစ်လေ ၁၀၀/၇၀ ဖြစ် တစ်ခါတစ်လေ ၁၃၀/၉၀ ဖြစ်နေတတ်ပြန်ရော။ ဒီတော့ ကိုယ့်ကသွေးတိုးနေလား သွေးပေါင်ကျနေတာလား ရေရေရာရာ မသိတဲ့သူတွေရှိပါတတယ်။ ဒီလိုအချိန်မှာ သွေးပေါင်ချိန်စက်ကပြောနေတဲ့နံပါတ်တွေအကြောင်းပိုပြီး သိချင်မလားဘူးလား။ ။Blood pressure။ခုပြောပြခဲ့တဲ့ ဇယားလေးကတော့သွေးတိုးဖြစ်နေပြီဆိုတဲ့အကြောင်း ကို သွေးပေါင်ချိန်စက်က နံပါတ်လေးတွေက ပြောပြပေးနေတာပါ။သွေးပေါင်ကျနေပြီဆိုရင်ရော – သွေးပေါင်ကျနေပြီဆိုရင်တော့ ချိန်လိုက်တဲ့အခါ အပေါ်သွေး ၉၀ ဝန်းကျင်ပဲ ရှိနေတတ်ပြီ းအောက်သွေးကတော့ ၆၀ ဝန်းကျင်လောက်ပဲ ရှိနေတတ်ပါတယ်။ဒါတင်မဟုတ်သေးပါဘူး။သွေးပေါင်ချိန်စက်နေပြီးတော့ ကိုယ့်ရဲ့ pulse pressure ကိုလည်း သိနိုင်ပါသေးတယ်။ pulse pressure ကိုလိုချင်ရင် systolic pressure ( အပေါ်သွေး) ထဲကနေ diastolic pressure ( အောက်သွေး) ကို နှုတ်လိုက်ရပါမယ်။Pulse pressure ဆိုတာလည်း ပုံမှန်အတိုင်းမှာပဲ ရှိနေသင့်တဲ့အတွက်ကြောင့် narrow ဖြစ်တာရော wide ဖြစ်နေတာရော နှစ်ခုလုံး မကောင်းပါဘူး။တစ်ချို့ သွေးပေါင်ချိန်စက်တွေမှာဆို အပေါ်သွေး အောက်သွေးအပြင် အောက်နားလေးမှာ နောက်ထပ် နံပါတ်လေးတစ်ခုကို တွေ့ရမှာပါ။ သူကတော့ သင့်နှလုံးရဲ့ နှလုံးခုန်သံကိုဖော်ပြပေးနေတဲ့ နံပါတ်လေးပဲ ဖြစ်ပါတယ်။ဒါတွေကတော့ ကိုယ့်အိမ်မှာဆောင်ထားတဲ့ သွေးပေါင်တိုင်းစက်လေးကနေ ပြောပြပေးနိုင်တဲ့ကျန်းမာရေးအခြေအနေတွေပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သွေးပေါင်တိုင်းစက်လေးတွေက ပြောပြတဲ့ နံပါတ်လေးကိုသိထားတော့ မမှားဘူးပေါ့ ။ ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/blood-pressure/
ကြက်သွန်ဖြူစားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး
ကြက်သွန်ဖြူကတော့ ဟင်းတွေချက်တဲ့အခါ မပါမဖြစ်ပါ။ ကြက်သွန်ဖြူကို ဖုတ်စားသူလည်း ရှိသလို ဒီအတိုင်း အစိမ်းစားတဲ့သူလည်း ရှိပါတယ်။ အစားလည်းဆေး၊ ဆေးလည်းအစာ ဖြစ်တာမို့ ဘယ်လိုပဲစားစား ကြက်သွန်ဖြူကတော့ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အစားအစာတစ်မျိုးပါ။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဆာလဖာဒြပ်ပေါင်းဟာ အနံ့နဲ့ အရသာကို ဖြစ်ပေါ်စေပြီး ကျန်းမာရေးကို အကျိုးပြုစေတာပါ။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ အခြားအာဟာရဓါတ်တွေကလည်း ကျန်းမာရေး ကောင်းစေတာမို့ ဖတ်ကြည့်ပါဦးနော်။ကြက်သွန်ဖြူမှာ ပါတဲ့ အာဟာရဓာတ်တွေက။ကြက်သွန်ဖြူစားခြင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူး တွေကတော့။ကြက်သွန်ဖြူ စားသုံးခြင်းက အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အူလမ်းကြောင်းရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်စေတဲ့အပြင် မအီမသာဖြစ်ခြင်းနဲ့ ယားယံခြင်းတွေကိုပါ သက်သာစေပါတယ်။ကြက်သွန်ဖြူ ပါဝင်တဲ့ အစားအစာတွေ စားသုံးပေးမယ်ဆိုရင် ခန္ဓါကိုယ်ရဲ့ကျန်းမာရေးကို ထိခိုက်စေတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပါတယ်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ Allicin က ကျန်းမာရေးကို ကောင်းစေတာပါ။သွေးတိုးရောဂါ သက်သာစေဖို့အတွက် ကြက်သွန်ဖြူက စွမ်းဆောင်ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ Allicin ဟာ သွေးဖိအား မြင့်တက်တာကို မဖြစ်စေဘဲ သွေးကြောတွေ ကောင်းမွန်စာ လည်ပတ်ဖို့ အထောက်အကူ ပြုပါတယ်။ကြက်သွန်ဖြူမှာselenium၊quercetinနဲ့ ဗီတာမင်စီတွေ များများ ပါဝင်ပါတယ်။ ဒီအာဟာရဓါတ်တွေဟာ မျက်လုံးထဲကို ပိုးဝင်တာကြောင့် ဖောင်းအစ်တာတွေ မဖြစ်စေဘဲ မျက်စိအားကောင်းစေပါတယ်။ကြက်သွန်ဖြူကို အစိမ်းစားပေးမယ်ဆိုရင် အအေးမိဖျားနာခြင်းနဲ့ ချောင်းဆိုးခြင်းတွေကို သက်သာစေပါတယ်။ အအေးမိတာတွေ ဖြစ်နေတယ်ဆိုရင်တော့ ကြက်သွန်ဖြူ နှစ်မြွှာလောက် စားတာမျိုး လုပ်ပေးပါ။ကြက်သွန်ဖြူ စားမယ်ဆိုရင်တော့ အသည်းအားကောင်းစေပါတယ်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ အာဟာရဓါတ်တွေက အသည်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ကြက်သွန်ဖြူမှာ ဆာလဖာဒြပ်ပေါင်းများများ ပါဝင်တာက ခန္ဓာကိုယ်အတွင်းကလီစာတွေကို ပျက်စီးစေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ကြက်သွန်ဖြူ အမြွှာသေးသေးလေးတွေက အရိုးအဆစ်တွေကို ကောင်းမွန်စေတယ်ဆိုတာ နည်းနည်းတော့ အံ့သြစရာ ကောင်းပါတယ်နော်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ အာဟာရဓါတ်တွေက အရိုးအဆစ်တွေကို သန်မာစေပြီး Estrogen တွေကို တိုးမြင့်စေပါတယ်။နှလုံးရောဂါဟာ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံးရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ နှလုံးရောဂါ သက်သာစေဖို့အတွက်လည်း ကြက်သွန်ဖြူက အထောက်အကူပြုပါတယ်။ ကိုလက်စထရောနဲ့ အဆီတွေကို လျှော့ချပေးတာကြောင့် နှလုံးရောဂါ ထဖောက်တာတွေ နည်းစေပါတယ်။ကြက်သွန်ဖြူက ဆေးဖက်ဝင်တယ်ဆိုပေမယ့် ပမာဏများများစားမိတဲ့အခါ ခံတွင်းနံ့ဆိုးတာ၊ ခံတွင်းပူတာ၊ ရင်ပူတာ၊ ပျို့အန်တာ၊ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်၊၊ ဒီဆိုးကျိုးတွေက များများစားလေလေ ပိုဆိုးလေလေပဲ ဖြစ်ပါတယ်၊၊။နောက်တစ်ချက်က ကြက်သွန်ဖြူက သွေးကျဲစေတဲ့ သတ္တိရှိပါတယ်၊၊ ဒါကြောင့် နဂိုသွေးမတိတ်ရောဂါရှိသူတွေ၊ သွေးကျဲဆေး သောက်နေသူတွေက ပမာဏများများစားတာကို ရှောင်သင့်ပါတယ်၊၊ ဒီအချက်ကြောင့်ပဲ ခွဲစိတ်မှု လုပ်စရာ ရှိတဲ့သူတွေဆိုရင် မခွဲခင် ၂ပတ်အလိုတည်းက ကြက်သွန်ဖြူစားတာကို ရပ်ထားသင့်ပါတယ်၊၊။ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာလည်း ပုံမှန်အတိုင်း ချက်ပြုတ်စားတဲ့ထဲမှာပါတာက ပြဿနာမဟုတ်ပေမယ့် အလွန်အကျွံစားတာကို ဆင်ခြင်သင့်ပါတယ်၊၊။အစာအိမ်ရောဂါရှိသူတွေအနေနဲ့လည်း အစာအိမ်နာနေတဲ့အချိန်မှာ ကြက်သွန်ဖြူစားတာကို ရှောင်သင့်ပါတယ်၊၊။ဒါတွေအပြင် အောက်ပါအချက်တွေ ရှိတဲ့သူတွေက ကြက်သွန်ဖြူအလွန်အကျွံစားတာကို ရှောင်သင့်ပါတယ်၊၊ တကယ်လို့ ကြက်သွန်ဖြူ ဖြည့်စွက်အားဆေးတွေသောက်မယ်ဆိုရင်လည်း ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်၊၊။ကြက်သွန်ဖြူ စားတာက ကျန်းမာရေးအတွက် ကောင်းစေတယ်ဆိုပေမယ့် အခုပြောပြတဲ့ ပြဿနာလေးတွေ ရှိနေမယ်ဆိုရင်တော့ သတိထားစားတာ အကောင်းဆုံး ဖြစ်မှာပါ။Writer – Eaindray Kha။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/garlic-benefits/
အရင်တုန်းကလောက် ချစ်တင်းနှောဖို့ စိတ်မပါတော့တာ ဘာကြောင့်လဲ
အရင်တုန်းကလောက် ချစ်တင်းနှောဖို့ စိတ်မပါတော့တာ ဘာကြောင့်လဲ ….. Inhibited Sexual Desire (ISD) ဆိုတာ လိင်စိတ်ဆန္ဒကို အောက်ဆုံးအခြေအနေထိ လျော့နည်းသွားစေတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ Low Libido –လိင်စိတ်ဆန္ဒလျော့နည်းလာခြင်းနဲ့ Asexual Orientation – မွေးကတည်းကလိင်မှုကိစ္စကို စိတ်မပါဝင်စားခြင်း၊ လိင်စိတ်တိမ်းညွတ်မှုမရှိခြင်းနဲ့ လက္ခဏာချင်းဆင်တူပေမယ့် အနည်းငယ်ကွဲပြားမှုတွေတော့ ရှိနိုင်ပါတယ်။အရင်တုန်းကလောက် ချစ်တင်းနှောဖို့ စိတ်မပါတော့တာ ဘာကြောင့်လဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ISD ဘယ်နှစ်မျိုးရှိသလဲ။အခြေအနေနဲ့ ဝေဒနာရှင်ပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲသွားနိုင်ပါတယ်။ဘယ်လိုအချိန်တွေမှာ လိင်ဆက်ဆံချင်စိတ် နည်းသွားနိုင်လဲ။လိင်ဆက်ဆံချင်စိတ်ကို နည်းသွားစေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။လင်မယား၊ ချစ်သူတွေကြားမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး ကုသမှုမခံယူဘူးဆိုရင်တော့ အချစ်ရေးနဲ့ လူမှုရေးကိစ္စတွေမှာ မလိုလားအပ်တဲ့ ပြဿနာတွေက အမြဲလိုလို ဖြစ်နေမှာပါ။ တစ်ခါတလေမှာ လိင်ပိုင်းဆိုင်ရာ မစွမ်းဆောင်မှုတွေ၊ စိတ်နဲ့ခန္ဓာ ပြဿနာတွေဖြစ်တဲ့။ဒီရောဂါကို ဘယ်လိုကုသမလဲ။ISD ကို ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေ အများကြီးရှိနိုင်ပါတယ်။ တစ်ခုတည်းကြောင့် မဟုတ်ဘဲ အကြောင်းရင်းတွေ အများကြီး စုပုံလာတဲ့အခါ ဝေဒနာရှင်အတွက် လိင်ပိုင်းဆိုင်ရာ အဟန့်အတားများစွာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်ဖြစ်စေ၊ ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်မှာ ဒီလိုပြဿနာရှိနေပြီလို့ သံသယရှိတာနဲ့ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။၁။ အရင်ဆုံး ကျန်းမာရေးပြဿနာတွေ ဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနဲ့ တခြားရောဂါတွေ ရှိ၊ မရှိကို သွေးစစ်ကြည့်မှာပါ။၂။ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ကိုယ်ထဲမှာရှိတဲ့ ကျားဟော်မုန်း (လိင်စိတ်ဆန္ဒကို အဓိကဖြစ်စေတဲ့ ဟော်မုန်း) ပမာဏကို စစ်ဆေးမှာဖြစ်ပါတယ်။၃။ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ပန်းသေပန်းညှိုး၊ လိင်တံမထောင်မတ်နိုင်ခြင်း၊ လိင်ဆက်ဆံစဉ်နာကျင်ခြင်း၊ မိန်းမကိုယ် ကျဉ်းမြောင်းနေခြင်း ရှိ၊ မရှိကို ဆရာဝန်အနေနဲ့ မေးမြန်းစစ်ဆေးသွားမှာပါ။၄။ ရောဂါဖြစ်စေတဲ့ တရားခံအကြောင်းရင်းပေါ်မူတည်ပြီး ကျန်းမာရေးကုသမှုခံယူသင့်လား၊ လိင်အကြံပေးပညာရှင် သို့မဟုတ် စိတ်ရောဂါကုထုံးပညာရှင်နဲ့ ဆွေးနွေးဖို့ လိုအပ်လားဆိုတာကို အကြံပေးသွားမှာဖြစ်ပါတယ်။၅။ အဓိက စိတ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာပြဿနာအနေနဲ့ လူနာရှင်၊ သူ့ရဲ့အိမ်ထောင်ဖက်နဲ့ တစ်ဦးချင်းစီ ဆွေးနွေးတိုင်ပင်ပြီး ဖြစ်နေတဲ့ ပြဿနာအကြောင်းနဲ့ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ စိတ်ကုထုံးကို စတင်မှာဖြစ်ပါတယ်။ အဓိက စိတ်ကြောင့်ဖြစ်တာဆိုရင် စိတ်ကုထုံးနဲ့ ကုသမှုပေးမှာပါ။၆။ ဟော်မုန်းနည်းတဲ့ ပြဿနာဆိုရင်တော့ အမျိုးသမီးတွေဆိုရင်ကျားဟော်မုန်း၊ မဟော်မုန်း ၂မျိုးလုံးကို လိုအပ်သလောက် အစားထိုးထည့်သွင်းပေးမှာဖြစ်ပြီး အမျိုးသားဆိုရင်တော့ ကျားဟော်မုန်းအစားထိုးကုသမှုခံယူဖို့ လိုအပ်ပါတယ်။၇။ ကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံဖြစ်စေဖို့ တစ်နေ့တာ ဘာတွေလုပ်သင့်လဲ၊ ဘယ်လိုပြုမူပြောဆိုနေထိုင်သင့်လဲ၊ လိင်စိတ်ဆန္ဒမြှင့်တင်ပေးဖို့ စားပေးသင့်တဲ့ အစားအစာတွေ၊ စိတ်ရော ခန္ဓာပါ ကျန်းမာစေမယ့် ဆောင်ရန် ရှောင်ရန်တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။အချိန်သေချာ ပေးပြီးတော့ ကုသမှုခံယူဖို့လိုပါတယ်။ ဒါပေမယ့် လုံးဝမပျောက်နိုင်တာတော့ မဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့ပြဿနာကြောင့် အိမ်ထောင်ရေးမှာရော၊ ကိုယ်ချစ်ရတဲ့သူကိုပါ ကိုယ့်ဘဝထဲက ထွက်ခွာမသွားစေဖို့ စောစောသိလေ ကုသမှုအမြန်ဆုံး ခံယူတာတော့ အကောင်းဆုံးပဲ ဖြစ်မှာပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/inhibited-sexual-desire-causes/
Lumbar Disc Syndrome (ကျောရိုးအဆစ်ကျွံခြင်း)
ကျောရိုးဆစ်ဆိုတာ သင့်ရဲ့ကျောကုန်းမှာ ရှိတဲ့ ကျောရိုးကြီးကို ဖြစ်စေတဲ့ အဆစ်ရိုးဖြစ်ပြီး တစ်ခုနဲ့တစ်ခုကြားမှာ ဖော့ကဲ့သို့ အဆစ်ငယ်လေးတွေလဲ ခံထားပါတယ်။ ၎င်းအဆစ်တွေဟာ ကောင်းမွန်ကျန်းမာနေလျှင် ကျောရိုးအတွက် shock absorbers အနေနဲ့ ဆောင်ရွက်ပေးပြီး ကျောရိုးကိုကွေးနိုင်ဆန့်နိုင်အောင် ထောက်ပံ့ပေးပါတယ်။ အဆစ်တစ်ခုစီဟာ အကျယ် တစ်လက်မနှင့် အထူတစ်လက်မရှိတဲ့ အဝိုင်းပုံသဏ္ဍန်အတောင့်ပြားလေးတွေ ဖြစ်ကြပါတယ်။ သူတို့မှာ ကြံ့ခိုင်တဲ့ အပြင်အမြှေး(the annulus fibrosus)နဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ အတွင်းအူတိုင်(the nucleus pulposus) ပါရှိပါတယ်။ကျောရိုးဆစ်ထိခိုက်ခံရဖူးသူသာလျှင် ထိုထိခိုက်ခြင်းမှ ယူဆောင်လာတဲ့ ပြင်းထန်စွာနာကျင်စေမှုနှင့် ကူရာမဲ့ဘဝကို နားလည်နိုင်ပါလိမ့်မယ်။ နာကျင်ကိုက်ခဲမှုဟာ မချိမဆံ့ကိုခံစားရနိုင်ပါတယ်။သင်ဟာ ကျောရိုးဆစ်ကျွံခြင်းကို သင့်ကျောရိုးရဲ့ မည့်သည့်နေရာတွင် မဆို ရရှိနိုင်ပါတယ်။ များသောအားဖြင့် ခါးအောက်ပိုင်း(ခါးဆစ်ရိုး)ကျွံတာအဖြစ်များပါတယ်။-ကျောရိုးကို ထိခိုက်မိခြင်း။-wear and tear သို့ အဆစ်ယိုယွင်းပျက်ဆီးခြင်းသည် အဆစ်ကျွံခြင်း၏ ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ ကျွန်တော်တို့ ကျောမှာရှိတဲ့ အဆစ်တွေဟာ ၎င်းတို့ကို ကျုံ့နိုင်ဆန့်နိုင်အောင် ကူညီပေးတဲ့ အရည်တစ်ချို့ဟာ တဖြည်းဖြည်းကုန်ခန်းလာပါတယ်။ အဆစ်ထဲက ချောဆီဟာ အက်ကွဲရာတွေကြားက ထွက်လာပြီး အဆစ်ကို ပေါက်ထွက်ခြင်း သို့ ကွဲထွက်ခြင်းတို့ဖြစ်စေပါတယ်။အကယ်လို့ ကျွံနေတဲ့ အဆစ်ဟာ အာရုံကြောတစ်ခုကို သွားမဖိနေသေးဘူးဆိုလျှင် သင်ဟာခါးနာနေတာက လွဲရင် တခြားဘာလက္ခဏာမှ ခံစားရမှာ မဟုတ်ပါ။ သို့သော် အာရုံကြောတစ်ခုကို သွားဖိနေပြီဆိုလျှင် အောက်ပါလက္ခဏာတွေ ခံစားရပါလိမ့်မယ်။ကိုက်ခဲမှုဟာ ရှေ့ပြေးသတိပေးလက္ခဏာဖြစ်ပြီး သင့်တော်တဲ့ ဆောင်ရွက်မှုတစ်ခုကို လုပ်ဆောင်ခြင်းဖြင့် ဒီပြသနာကို ဖြေရှင်းနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/lumbar-disc-syndrome-%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%a1%e1%80%86%e1%80%85%e1%80%b9%e1%80%80%e1%81%bd%e1%80%bc%e1%80%b6%e1%80%bb%e1%80%81%e1%80%84/
ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်ငွေ့ရှူတဲ့အခါ
[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/passive-smoking-and-pregnancy/
ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ
ကိုယ်ဝန်ဆောင်ဆိုတာ အမြဲတမ်း ကိုယ့်ကျန်းမာရေးကို ဂရုစိုက်နေရပါတယ်။ အထဲမှာ နုနယ်တဲ့သန္ဓေသားလေးရှိနေတဲ့အတွက် တစ်ခုခုကို သူ့ကို ထိခိုက်မလားဆိုပြီး စိုးရိမ်နေရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က တခြားတစ်ယောက်လို ပြောင်းလဲသွားတဲ့အတွက်  အရင်က မကြုံဖူးတဲ့ ကျန်းမာရေး ပြဿနာတွေကိုလည်း ကြုံရနိုင်ပါတယ်။ ကိုယ်ဝန်လအလိုက် ဘာပြဿနာတွေ ကြုံရနိုင်လဲ။ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ပြောပြပေးပါ့မယ်။ပထမ ၃လပတ်။ပထမ၃လပတ်မှာ ကြုံရတဲ့ ကိုယ်ဝန်ဆောင် ပြဿနာတွေက မိခင်ထက် ကလေးကို ပိုပြီး ထိခိုက်နိုင်ပါတယ်။ ကိုယ်ဝန်ပျက်ကျတာ၊ သန္ဓေမှားတည်တာ၊ စပျစ်သီးကိုယ်ဝန် စတာတွေ ကြုံရတတ်ပါတယ်။ကိုယ်ဝန်ပျက်တာက လနုချိန်မှာ အဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင် ၅ယောက်မှာ ၁ယောက်လောက်က အပတ် ၂၀မတိုင်ခင်မှာ ကိုယ်ဝန်ပျက်တတ်ပါတယ်။ အထူးသဖြင့် ပထမ ၁၂ပတ်မှာပါ။ ပျက်ရတဲ့ အဓိကအကြောင်းရင်းကတော့ သန္ဓေသားရဲ့ မျိုးဗီဇ ပုံမှန်မဟုတ်တာကြောင့်ပါပဲ။ တခြားအကြောင်းရင်းတွေကတော့ အမေဆေးလိပ်သောက်တာ၊ ရောဂါအခံတစ်ခုခုရှိတာ၊ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာ စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ကိုယ်ဝန်ပျက်တာ ၃ခါနဲ့အထက်ဆိုရင်တော့ သေသေချာချာ ဆေးစစ်ပြီး အဖြေရှာသင့်ပါပြီ။ ကိုယ်ဝန်ပျက်တာကို လျှော့ချနိုင်ဖို့။-ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်ငွေ့မရှူပါနဲ့။-ကဖင်းပမာဏကို လျှော့ချပါ။ တစ်နေ့ကို ကော်ဖီ ၂ခွက်ထက် မပိုပါစေနဲ့။-အရက်မသောက်ပါနဲ့။-ကာကွယ်ဆေးတွေ အပြည့်အစုံထိုးပါ။ နေမကောင်းတဲ့သူနား မကပ်ပါနဲ့။ပုံမှန်ဆိုရင် သန္ဓေသားလေးက သားဥပြွန်မှာ မျိုးအောင်ပြီး သားအိမ်ထဲကို ဆင်းလာပြီး သန္ဓေတည်ရမှာပါ။ ဒီလိုမဟုတ်ဘဲ သားဥပြွန်မှာပဲ ဆက်ပြီး သန္ဓေတည်မယ်၊ ဒါမှမဟုတ် သားဥအိမ်၊ အူ၊ သားအိမ်ခေါင်း စတဲ့ နေရာတွေမှာ သွားတွယ်ရင် ဒါကို နေရာမှားပြီး သန္ဓေတည်တယ်လို့ ခေါ်ပါတယ်။ ဒီလို နေရာမှားပြီး သန္ဓေတည်တာက အခန့်မသင့်ရင် အသက်အန္တရာယ် ဖြစ်သွားနိုင်ပါတယ်။ သားဥပြွန်လိုနေရာမှာ သန္ဓသားက တဖြည်းဖြည်းကြီးလာမယ်ဆိုရင် သားဥပြွန်ပေါက်ပြီး သွေးလွန်နိုင်ပါတယ်။စပျစ်သီးကိုယ်ဝန်က ရှားပါတယ်။ ကိုယ်ဝန်ဆောင် ၁၀၀၀မှာ ၁ယောက်လောက်ပဲ တွေ့ရပါတယ်။ အယ်ထွာဆောင်းရိုက်ပြီး ဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်ဝန်ပျက်ကျတာ သွေးတုံးသွေးခဲတွေ ထွက်မလာဘဲ စပျစ်သီးလို အကြည်ရောင် အစေ့လေးတွေ ထွက်လာမှ သတိထားမိတာ များပါတယ်။ ကိုယ်ဝန်ဆောင်လက္ခဏာတွေ (ဥပမာ ပျို့တာ၊ အန်တာ)ကို ပြင်းပြင်းထန်ထန် ခံစားရတာ၊ ကိုယ်ဝန်က ရှိသင့်တဲ့ လထက် ကြီးနေတာက သူ့လက္ခဏာတွေပဲ ဖြစ်ပါတယ်။ဒုတိယ ၃လပတ်။ဒုတိယပတ်မှာတော့ ကိုယ်ဝန်ဆောင်တွေက နေရသာ သက်သာလာပါပြီ။ ပထမ၃လပတ်လောက် အပြောင်းအလဲတွေ အများကြီး မတွေ့ရတော့သလို မွေးဖို့လည်း လိုသေးတော့ အေးအေးချမ်းချမ်း နေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်လအလိုက် သတိထားရမယ့် ပြဿနာအချို့တော့ ရှိပါသေးတယ်။ပထမ၃လပတ်လောက် အဖြစ်မများတော့ပေမယ့် စိတ်ချရတဲ့ အနေအထားတော့ မဟုတ်သေးပါဘူး။ မိန်းမကိုယ်က သွေးဆင်းရင် (အထူးသဖြင့် ၂၀ပတ်မတိုင်ခင်ဆိုရင်) ဆရာဝန်နဲ့ ပြသပါ။၃၇ပတ် မတိုင်ခင် မွေးသမျှကို လမစေ့ဘဲ မွေးခြင်းလို့ သတ်မှတ်ပါတယ်။ ဆီးအိမ်ပိုးဝင်တဲ့ အမျိုးသမီးတွေ၊ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေ၊ ဆီးချိုလိုမျိုး ရောဂါအခံရှိရင် စောမွေးတတ်ပါတယ်။ ရုတ်တရက်ခါးနာတာ၊ အဖြူတွေဆင်းတာ၊ သားအိမ်ညှစ်တာ၊ သွေးဆင်းတာတွေရှိရင် ဆရာဝန်နဲ့ ပြသပါ။လမစေ့သေးဘဲ ရေမြွာရည်စောပေါက်ပြီဆိုရင် ကလေးစောမွေးနိုင်ခြေ များပါတယ်။ ဘာကြောင့်လည်း ဆိုတာ သေချာမသိပေမယ့် ရေမြွာရည်ပိုးဝင်တာကြောင့် စောပေါက်တယ်လို့ ယူဆကြပါတယ်။ မတော်တဆများ ဒီချိန်မှာ စောမွေးခဲ့မယ်ဆိုရင် ကလေးရဲ့ အဆုတ်က ကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့အတွက် အထူးဂရုစိုက်ဖို့ လိုပါတယ်။ကိုယ်ဝန်ဆောင်တိုင်း စိုးရိမ်ရတဲ့ ပြဿနာပါ။ သွေးတွေတိုး၊ ခြေထောက်တွေ ဖောပြီး ဆီးထဲမှာ အသားဓာတ်တွေ များနေတတ်ပါတယ်။ အခန့်မသင့်ရင် တက်ပါ တက်သွားတတ်ပါတယ်။  ဒါက ကြိုတင်ကာကွယ်လို့ ရတဲ့ ပြဿနာ မဟုတ်သလို ဘာကြောင့် ဖြစ်လဲဆိုတာလည်း မသိကြသေးပါဘူး။ ဒါပေမယ့် ကိုယ်ဝန်ရက်ချိန်းပုံမှန်သွားမယ်ဆိုရင် စောစောသိပြီး ဂရုစိုက်လို့ရပါတယ်။တတိယကိုယ်ဝန် ၃လပတ်။ကိုယ်ဝန်လအလိုက် ဂရုစိုက်ရမယ့် ရောဂါတွေက နည်းသွားတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့်ပဲ ကိုယ်ဝန်ဆောင်တွေကို ဖူးဖူးမှုတ်ထားရတာပေါ့။ တတိယပတ်မှာ မွေးခါနီးနည်းဖြစ်ပေမယ့် ဂရုစိုက်ရမယ့် ကျန်းမာရေး ပြဿနာလေးတွေ ရှိပါသေးတယ်။ကိုယ်ဝန် ၂၄ပတ်နဲ့ ၂၈ပတ် ကြားရောက်လာပြီဆိုရင် ကိုယ်ဝန်ဆောင် ဆီးချိုရှိမရှိဆိုတာစစ်ဆးရမှာပါ။ ရှိခဲ့ရင်လည်း စနစ်တကျ ကုသမှု ခံယူရမှာပါ။ ဒါမှ မွေးဖွားချိန်မှာ မိခင်ရော ကလေးမှာ အန္တရာယ် ကင်းမှာပါ။ ကိုယ်ဝန်ဆောင်ဆီးချိုဆိုတိုင်းလည်း မကြောက်ပါနဲ့။ စနစ်တကျထိန်းပြီး စားသောက်နေထိုင်မှုပုံစံ မှန်ကန်မယ်ဆိုရင် ပြဿနာမရှိပါဘူး။ကိုယ်ဝန်ဆိပ်တက်ခြင်းကတော့ ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံးရော၊ မီးတွင်းရောက်တဲ့အထိပါ ဂရုစိုက်ရမယ့် ကျန်းမာရေး ပြဿနာပါ။၃၇ပတ်မတိုင်ခင် စောမွေးတယ်ဆိုရင်တော့ ကလေးက လမစေ့တာ၊ ပေါင်မပြည့်တာ ဖြစ်နိုင်လို့ အထူးဂရုစိုက်ဖို့ လိုပါတယ်။အချင်းက လနုစဉ်မှာ နေရာ မမှန်ရင်တောင် ခုချိန်လောက်ဆို မှန်သင့်ပါပြီ။အချင်းက ကလေးရှေ့မှာ ပိတ်နေမယ်ဆိုရင် အနေအထားကို ကြည့်ပြီး ခွဲမွေးမလား၊ ရိုးရိုးမွေးလို့ရမလားဆိုတာကို ဆုံးဖြတ်ရတော့မှာပါ။ ဒါ့ပြင် အချင်းကွာပြီး အထဲမှာ သွေးယိုတဲ့ ပြဿနာကိုလည်း သတိထားရပါမယ်။လနုစဉ်မှာတော့ ကလေးအနေအထားမမှန်တာ စောင့်ကြည့်လို့ ရပေမယ့် ဒီချိန်ထိ မမှန်သေးဘူးဆိုရင် ဗိုက်လှည့်မလား၊ ဒီအနေအထားအတိုင်းကို သင့်တော်တဲ့ နည်းနဲ့ မွေးမလားဆိုတာ စဉ်းစားရပါတော့မယ်။၃၇ပတ်မတိုင်ခင် မွေးတာကို စောမွေးတယ်လို့ ခေါ်သလိုပဲ ၄၂ပတ်ကျော်မှ မွေးတာကို နောက်ကျပြီး မွေးတယ်လို့ ခေါ်ပါတယ်။ ဒီအခြေအနေမှာ သဘာဝအတိုင်း မွေးအောင်  ဆေးတွေနဲ့ နှိုးဆွမလား၊ ခွဲမွေးမလား တိုင်ပင်ရပါမယ်။ စောင့်ကြည့်ချင်တယ်ဆိုရင်လည်း ကလေးရဲ့ ကျန်းမာရေး အခြေအနေကို အမြဲမပြတ် ဂရုစိုက်နေဖို့ လိုပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/pregnancy-problems-and-trimester/
မွေးကင်းစကလေးတွေမှာဖြစ်တဲ့ လေနာဝေဒနာ သက်သာအောင် ဘယ်လိုလုပ်မလဲ
ကလေးလေးပျော်ရွှင်နေဖို့က မိဘတိုင်းရဲ့ ဆန္ဒတစ်ခုဖြစ်သလို တောင်းဆုတစ်ခုဆိုလည်းမမှားပါဘူး။ ကလေးငိုနေရင် စိတ်မကောင်းဖြစ်မိတယ်လေနော်။ ကလေးက အကြောင်းအရင်းလည်းမယ်မယ်ရရမရှိဘဲ မတိတ်တမ်းငိုနေတာမျိုးကြုံဖူးကြလား။ ချော့လို့လည်းမရတာမျိုးလေ။ ဘာများဖြစ်တာလဲဆိုတာမျိုး ကြု့နေရသလား။ ကလေးကချော့မရအောင်ငိုနေတာက ဘာကြောင့်လဲဆိုတာ သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကလေးက မရပ်မနား အသည်းအသန် ငိုနေပြီး ဘာအကြောင်းရင်းမှ ရှာမရဘူးဆိုရင် လေနာဝေဒနာဖြစ်နိုင်ပါတယ်။ ဒီတော့ မွေးကင်းစကလေးတွေမှာဖြစ်တဲ့ လေနာဝေဒနာ သက်သာအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ကလေးတွေမှာအရမ်းအဖြစ်များတဲ့ဝေဒနာတစ်ခုပါ။ မွေးကင်းစကလေးတွေမှာ မရပ်မနားနဲ့ အသည်းအသန်ငိုနေပြီဆိုရင် လေနာဝေဒနာဖြစ်ဖို့များပါတယ်။ လေနာလို့ သတ်မှတ်ဖို့ဆိုရင် ကလေးက တစ်နေ့ကို (၃)နာရီနဲ့အထက် ငိုနေပြီး တစ်ပတ်ကို (၃)ရက်နဲ့အထက်ငိုနေရမယ်။ လေနာရှိတဲ့ကလေးတွေမှာ အချိန်မရွေးနာနိုင်ပေမယ့် ညဘက်တွေ၊ ညနေခင်းတွေမှာပိုဆိုးတတ်ပါတယ်။ လေနာဝေဒနာက ပြင်းထန်တဲ့အရာတစ်ခုမဟုတ်ဘဲ ရောဂါတစ်ခုခုရှိနေလို့ကြောင့်လည်းမဟုတ်ပါဘူး။ ဒါပေမယ့် အသည်းအသန်ငိုနေတဲ့ကိုယ့်သားသမီးလေးကို ကြည့်ရတာတော့ မိဘဘိုးဘွားတွေအတွက် နာကျင်ခံစားရခက်ပါတယ်။ကလေး (၂)ပတ်လောက်ကနေစပြီး လေနာဝေဒနာကိုခံစားရနိုင်ပါတယ်။ ကလေးအသက် ၃ ၄လ ရောက်တဲ့အခါ သူ့ဘာသာပဲသက်သာပျောက်ကင်းသွားလေ့ရှိပါတယ်။ ကလေးအားလုံးမှာဖြစ်နိုင်ခြေရှိပါတယ်။မွေးကင်းစကလေးတွေမှာဖြစ်တဲ့ လေနာဝေဒနာ သက်သာအောင် ဘယ်လိုလုပ်မလဲ ဆိုတော့ ကလေးကလေနာဖြစ်နေတာလားဆိုတာကိုတော့ အရင်သေချာအောင်လုပ်ပါ။ ကလေးအနှီးစိုနေလား၊ သေးခံစိုနေလား၊ အင်အင်းပါ ရှူရှူးပေါက်လုပ်ထားလား၊ ဗိုက်ဆာနေလား။ ကိုယ်ပူနေလား၊ ဒါမှမဟုတ် အင်းဆက်လို အကောင်တစ်ခုခုများကိုက်ခံထားရလားဆိုတာတွေကို သေချာအောင်လုပ်ပါ။ လေနာဆိုတာသေချာပြီဆိုရင်တော့ ထူးထူးခြားခြားကတော့ ဘာမှလုပ်စရမလိုပါ။ အချိန်တန်ပျောက်သွားမှာပါပဲ။ ဒါပေမယ့် ကိုယ့်ကလေးကို မကြည့်ရက်အောင်ဖြစ်နေတယ်ဆိုရင်တော့ သက်သာအောင်လုပ်နိုင်မယ့် နည်းလမ်းတချို့ရှိတယ်။၁။ ဆေးလိပ်နဲ့ ဆေးလိပ်ငွေ့ကိုရှောင်ပါ။လေ့လာမှုတွေအရ ဆေးလိပ်သောက်သုံးတဲ့ မိခင်တွေနဲ့ တဆင့်ခံဆေးလိပ်ငွေ့ကို ရှုရှိုက်မိတဲ့ မိခင်တွေရဲ့ ကလေးငယ်တွေမှာ လေနာဝေဒနာဖြစ်တာများတယ်လို့တွေ့ ရှိခဲ့ရပါတယ်။ စီးကရက်ငွေ့ကို ကိုယ်ဝန်ဆောင်မိခင်ကရှုရှိုက်မိတဲ့အခါ မွေးလာမယ့် ကလေးမှာလေနာပါနိုင်တာကြောင့်မိခင်လောင်းတွေအနေနဲ့ကလေးလေနာကင်းဖို့ဆိုရင် ကိုယ်ဝန်ဆောင်အချိန်မှာကတည်းက ကိုယ်တိုင်ဆေးလိပ်သောက်တာကိုရော တဆင့်ခံဆေးလိပ်ငွေ့ ရှူရှိုက်တာကိုပါရှောင်ကြဉ်ပါ။မွေးကင်းစအရွယ်မှာလည်း ဆေးလိပ်ငွေ့တွေနဲ့ မထိတွေ့စေဖို့ ကာကွယ်ပေးပါ။၂။ နို့ဘူးကြောင့်လို့ သံသယရှိရင် ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။နို့ဘူးတိုက်လို့တော့ လေနာတာမဖြစ်နိုင်ဘူး။ ဒါပေမယ့် တချို့နို့မှုန့်တွေက မတည့်တဲ့အခါ အစာအိမ်နဲ့အူလမ်းကြောင်းကို ဒုက္ခပေးနိုင်တာရှိလို့ နို့ဘူးကြောင့်လို့ထင်ရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ကြည့်ပါ။၃။ ကလေးက လေတွေအများကြီး မျိုမချဖြစ်အောင် ဂရုစိုက်ပါ။ကလေးကို နို့တိုက်တဲ့အခါ၊ နို့ဗူးတိုက်တဲ့အခါမှာ လေတွေအများကြီးမဝင်သွားအောင် ဂရုစိုက်ပါ။ နို့သီးခေါင်းကို အပြည့်အဝငုံမိအောင်၊ နို့ဗူးကိုလည်း ကလေးပါးစပ်နဲ့ အနေတော်ဖြစ်နေအောင်ပြုလုပ်ပေးပါ။ နို့သီးခေါင်းမှာလည်း အပေါက်ကို ခပ်သေးသေးပဲဖောက်ပေးပါ။ အစားတစ်ခုခုကျွေးတဲ့အခါတိုင်းမှာလည်း ကလေးကို မတ်မတ်ထိုင်ခိုင်းပြီး ကျွေးပေးပါ။ နို့တိုက်ပြီးတိုင်းလေထုတ်ပေးပါ။ ကလေးကိုမှောက်ထားပြီး ကျောကိုညင်ညင်သာသာ နှိပ်ပေးပါ။၄။ အာရုံပြောင်းပြီး ချော့မြှူပါ။ကလေးကိုတခြားအာရုံပြောင်းအောင်ချော့မြှူတာလည်းရနိုင်ပါတယ်။ ကလေးကို ပုခက်လွှဲပေးတာ၊ လမ်းလျှောက်ပြီးခေါ်သွားပေးတာ၊ ကားလျှောက်မောင်းပြတာ၊ အသံထွက်တဲ့အရာတွေနဲ့ အာရုံပြောင်းတာလုပ်ပေးနိုင်ပါတယ်။၅။ မိခင်အစားအသောက်ကို ဂရုစိုက်ပါ။ခိုင်မာတိကျတဲ့ အထောက်အထားတွေ မရှိပေမယ့် မိခင်နို့ တိုက်တဲ့ ကလေးတွေမှာလေနာဖြစ်တာက မိခင်ရဲ့ အစားအသောက်နဲ့လည်းဆိုင်တယ်လို့ ယူဆချက်တွေ ရှိပါတယ်။ လိုလိုမယ်မယ် ဒီအစားအသောက်တွေ ရှောင်နိုင်ရင်တော့ ပိုကောင်းပါမယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/how-is-colic-treated/
လူစိမ်းတွေနဲ့ ဆက်ဆံပုံအကြောင်း ကလေးကို ဘယ်လိုသင်ကြားပေးမလဲ
သင့်ကလေးကို သူစိမ်းတွေထံမှ တစ်ချိန်လုံး ကာကွယ်ပေးထားနိုင်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ပြုမူသင့်တဲ့ အပြုအမူတွေနဲ့ လွန်ကဲလာရင် ဘာတွေ လုပ်ရမယ်ဆိုတာကိုတော့ သင်ထားပေးဖို့ ဖြစ်နိုင်ပါတယ်။အောက်ပါအချက်တွေက သင်ကလေးအနားမှာ မနေနိုင်စဉ်မှာ ကလေးကို လုံခြုံစိတ်ရဖို့အတွက် ကူညီပေးနိုင်ပါတယ်။အခြေခံ ကိုယ်ခန္ဓါလုံခြုံမှုကနေ စတင်ပါ။ လူစိမ်းတွေအကြောင်း စတင်ပြောဆိုဖို့အတွက် အသက် ၂ နှစ် ၃ နှစ်ကလေးတွေနဲ့ ယေဘုယျ လုံခြုံမှုအကြောင်း ပြောပြပါ။ သင်တို့ အပြင်ထွက်သွားစဉ်မှာ ကလေးတွေကို သင့်နားမှာထားပါ။ဒါ့ပြင် ဒီအသက်အရွယ်မှာ ကလေးတွေဟာ သူတို့ရဲ့ လိင်အင်္ဂါ အခေါ်အဝေါ်တွေကို သင်ယူဖို့အတွက် လုံလောက်ပြီဖြစ်ပြီး ဒီနေရာတွေကို အခြားသူ ထိတွေ့ခြင်းဟာ မသင့်လျော်ဘူးဆိုတာ သိနိုင်ပြီ ဖြစ်ပါတယ်။လူစိမ်းတွေအကြောင်းပြောပါ။ ကလေးတွေဟာ အသက် ၄ နှစ်လောက် ရောက်ချိန်မှာ စတင်ဆွေးနွေးနိုင်ပြီ ဖြစ်ပါတယ်။ လူစိမ်းဆိုတာ ဘာလဲသိလား အစရှိသဖြင့် မေးခွန်းတွေကို မေးပြီး စတင်ပါ။တကယ်လို့ ကလေးက မဖြေနိုင်ဘူးဆိုရင် လူစိမ်းဆိုတာ သူတို့မသိတဲ့ ဘယ်သူကိုမဆို ဆိုလိုတာဖြစ်ကြောင်း ရှင်းပြပါ။ ကလေးကို ခြိမ်းခြောက်ခြင်းက ကာကွယ်နိုင်ဖို့အတွက် လူစိမ်းဆိုတာ လူကောင်း၊ လူဆိုး မပြောပဲ သူမသိတဲ့သူတွေလို့သာ သိပါစေ။ကလေးယုံကြည်နိုင်တဲ့ သူတွေဘယ်သူတွေဆိုတာ ဥပမာပေးပြီး အကူအညီတောင်းခံနိုင်ကြောင်း ပြောပြပါ။ (ဥပမာ အခြားယုံကြည်ရတဲ့ မိဘတစ်ဦးဦး၊ ဆရာ၊ ကျောင်းမှ ဆွေးနွေးသူ)။ အာဏာရှိတဲ့သူတွေ ဖြစ်တဲ့ ကျောင်းစောင့်၊ ရဲ အစရှိသူတို့အကြောင်းကိုလည်း ပြောထားခြင်းဟာ ကလေးက သူတို့နဲ့မသိတဲ့ အကူအညီတောင်းခံနိုင်သူတွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။လူစိမ်းတွေနဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတဲ့ စည်းမျဉ်းတွေ ချထားပါ။ မိဘတွေဟာ ကျောင်းမနေခင် ကလေးတွေကို တကယ်လို့ လူစိမ်းက ချဉ်ကပ်ရင် သူတို့ကို စောင့်ရှောက်ပေးနေတဲ့ သူတွေဆီကို တန်းသွားပြီး အကူအညီတောင်းနိုင်ကြောင်း ပြောပြထားသင့်ပါတယ်။ကျောင်းတက်နေတဲ့ကလေးတွေကိုတော့ သူတို့ရဲ့ အနီးက လူစိမ်းတွေကို ဟယ်လိုပြောနိုင်ပေမယ့် သူတို့ဟာ သူစိမ်းမှန်သမျှကို စကားပြောစရာ မလိုကြောင်းနဲ့ မိဘက အနားမှာ မရှိချိန်မှာ မပြောသင့်ကြောင်းကိုလည်း ပြောထားသင့်ပါတယ်။လူစိမ်းတွေနဲ့ အခြားနေရာတွေကို မသွားသင့်ကြောင်းလည်း ရှင်းရှင်းလင်းလင်း သိအောင် ပြောထားသင့်ပါတယ်။အင်တာနက်အသုံးပြုမှုကို ကန့်သတ်ပါ။ ကွန်ပျူတာကို အကုန်လုံးမြင်နိုင်တဲ့နေရာမှာ ထားသင့်ပြီး ဒါမှသာ ကလေး ဘာလုပ်နေတယ်ဆိုတာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒီအရွယ်ကလေးတွေဟာ chat forum တွေမှာ မပါဝင်သင့်ပါဘူး။အသက် ၁၀ နှစ်အောက်ကလေးတွေဟာ အွန်လိုင်းမုဆိုးတွေရဲ့ သားကောင် ဖြစ်နိုင်ပါတယ်။ ကိုယ်ပိုင်အချက်အလက်တွေအကြောင်း မပြောဖို့၊ မေးခွန်းတွေ မဖြေဖို့နဲ့ အွန်လိုင်းက form တွေ မဖြည့်သင့်ကြောင်းလည်း ပြောထားသင့်ပါတယ်။အများသုံးအိမ်သာ အသုံးပြုမှုနဲ့ ပတ်သက်တဲ့ စည်းကမ်းတွေကိုလည်း ချထားသင့်ပါတယ်။ အသက် ၆ နှစ်လောက်ရှိတဲ့အချိန်မှာ ကလေးတွေဟာ အများသုံးအိမ်သာကို သူတို့ဘာ့သာ အသုံးပြုမှာ ဖြစ်ပါတယ်။ဒါပေမယ့် ဂရုစိုက်ပါ။ တံခါးအပြင်ဘက်မှာ ရပ်နေပြီး အကူအညီလိုရင် ခေါ်ဖို့ ပြောထားနိုင်ပါတယ်။ တကယ်လို့ အခြားတစ်ယောက်က ကူညီဖို့ပြောလာခဲ့ရင် သူတို့ကိုယ်တိုင် လုပ်နိုင်ပါတယ်လို့ ပြန်ပြောခြင်းဖြင့်လည်းကောင်း၊ ဒါမှမဟုတ် သူတို့မိဘက လုပ်ပေးမှာပါလို့ ပြန်ပြောခြင်းဖြင့်လည်းကောင်း အကူအညီကို ငြင်းဆန်သင့်တယ်လို့ သင်ထားပေးသင့်ပါတယ်။ကြီးတဲ့ကလေးတွေ အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့ချိန်တွေအတွက်လည်း ပြင်ဆင်ပေးသင့်ပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က အိမ်တံခါးရှေ့မှာ ရပ်ရင် တံခါးဖွင့်မပေးပဲ သူတို့မိဘက အခုအချိန်မှာ တံခါးလာဖွင့်ပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောသင့်ကြောင်း သင်ပေးသင့်ပါတယ်။တကယ်လို့ လာလည်သူက ပစ္စည်းထုတ် တစ်ခုခုကို သယ်လာခဲ့မယ်ဆိုရင်တော့ အထုတ်ကို တံခါးဝမှာ ချထားဖို့ (သို့) နောက်တစ်ကြိမ် ပြန်လာဖို့ ပြောသင့်ပါတယ်။တကယ်လို့ မိဘတွေက ဖုန်းလိုင်းရှိတယ်ဆိုရင်တော့ မိဘတွေက ကလေးကို ဖုန်းပေးဖြေသင့်မဖြေသင့် ဆုံးဖြတ်သင့်ပါတယ်။ သူတို့က အသက် ၅ နှစ်အရွယ်ကလေးဟာ ဖုန်းပြောဖို့ အဆင်သင့်ဖြစ်ပြီလို့ ထင်နိုင်ပေမယ့် အသက် ၈ နှစ်အရွယ်ဟာ ရင့်ကျက်တဲ့အရွယ်ဖြစ်ပါတယ်။တကယ်လို့ မိဘတွေဟာ အိမ်မှာ မရှိစဉ် ဖုန်းခေါ်လိုတယ်ဆိုရင် မိဘတွေခေါ်ကြောင်း သိရှိဖို့ caller ID ကို အသုံးပြုသင့်ပါတယ်။ပုံသဏ္ဍာန်တူ ပြုလုပ်ပြီး သင်ကြားပါ။ ပုံသဏ္ဍာန်တူ ပြုလုပ်ခြင်းဟာ ကလေးတွေကို ခက်ခဲတဲ့အခြေအနေတွေမှာ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သင်ကြားပေးဖို့ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ပန်းခြံအတွင်းမှာ တစ်ယောက်တည်း ရှိစဉ် တစ်ယောက်ယောက်က ချဉ်းကပ်လာစဉ် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ကြားပါ။ဥပမာ တကယ်လို့ လူတစ်ယောက်ဟာ ကားမောင်းလာပြီး ကလေးကို အနီးဆုံးဈေးဆိုင် ဘယ်မှာ ရှိသလဲဆိုတာ မေးတယ်ဆိုရင် ကလေးကို နောက်တစ်လှမ်းဆုတ်ခိုင်းပြီး နေရာကို ညွှန်ပြစေပါ။ ဒါပေမယ့် ကားထွက်သွားတာနဲ့ တစ်ပြိုင်နက် ကလေးကို နောက်ခြေလှမ်းပေါင်းများစွာ ဆုတ်ပြီး လှည့်ကာ အိမ်ထဲ (သို့) ကျောင်းထဲဝင်ပြီး လူကြီးကို ရှာသင့်ပါတယ်။ကြောက်စရာကောင်းတဲ့ အသုံးအနှုန်းတွေကို ရှောင်ကျဉ်ပါ။ လူစိမ်းတစ်ယောက်က ကလေးကို မိဘတွေနဲ့ ဝေးရာကိုခေါ်သွားမယ်လို့ ကလေးကို ပြောဆိုခြင်းဟာ မလိုအပ်ပဲ ကြောက်ရွံ့စေပါတယ်။ တည်ငြိမ်အောင် နေပြီး လုပ်သင့်တာ၊ မလုပ်သင့်တာတွေကိုသာ သင်ကြားပါ။ တကယ်လို့ ကလေးက သူဘာကြောင့် သူစိမ်းနဲ့ အပြင်မထွက်သင့်ဘူးလဲလို့မေးရင် မိဘတွေက ကလေးရဲ့ တည်နေရာကို သိချင်ပြီး ကလေးစည်းကမ်းလိုက်နာခြင်းရှိမရှိ သိချင်လို့ မလိုက်သွားစေတာပဲ ဖြစ်တယ်လို့ ဖြေသင့်ပါတယ်။ မကြာခဏ ပြန်ပြောပါ။ လိုတာထက်ပိုပြီး တုန့်ပြန်စရာ မလိုပါဘူး။ သင့်လျော်တဲ့ အချိန်တိုင်းမှာ ပြောချင်တဲ့ အချက်ကို ထပ်ခါထပ်ပါ ပြောပါ။ဥပမာ Halloween၊ အပန်းဖြေ ခရီးထွက်စဉ်၊ ကလေး လူစိမ်းတွေ အများကြီးနဲ့ တွေ့နိုင်တဲ့ နေရာကို ခရီးထွက်စဉ်မှာ အထက်ပါ အချက်တွေကို ပြန်ပြောသင့်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-growth-development/%e1%80%9c%e1%80%b0%e1%80%85%e1%80%ad%e1%80%99%e1%80%ba%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%94%e1%80%b2%e1%80%b7-%e1%80%86%e1%80%80%e1%80%ba%e1%80%86%e1%80%b6%e1%80%95%e1%80%af%e1%80%b6%e1%80%a1/
အမျိုးသမီးများတွင် ဘာကြောင့် မိန်းမကိုယ်ချောဆီများ သုံးရန် လိုအပ်ပါသလဲ
သင်သည် လိင်မှုဆိုင်ရာ စိတ်ပျော်ရွှင်များနှင့် ကာလအတော်ကြာ ကင်းကွာနေခဲ့သူဖြစ်ပါလျှင် ယခုချိန်တွင် လိင်စိတ်များ မနိုးကြွလာခြင်းကဲ့သို့သော ပြသနာများ ခံစားနေရနိုင်ပါသည်။ယင်းသည် ဖြစ်လေ့ဖြစ်ထရှိသော အခြေအနေဖြစ်ပြီး စိတ်ဓါတ်ကျဆင်းခြင်း၊ ပင်ပန်းခြင်း၊ ဟော်မုန်းပြောင်းလဲခြင်းနှင့် အခြားသော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြသနာများနှင့် အထူးသဖြင့် အမျုးသမီးများတွင် ချောဆီထဲ့ရန် လိုအပ်နေခြင်းကြောင့် ဖြစ်နိုင်ပါသည်။အောက်ပါဆောင်းပါးသည် အမျိုးသမီးများသည် လိင်ဆက်ဆံစဉ် ချောဆီအသုံးပြုရန် အရေးကြီးကြောင်းနှင့် အသာယာဆုံးသော အချိန်များကို ပိုင်ဆိုင်နိုင်ကြောင်းဖော်ပြထားပါသည်။လိင်မှုကိစ္စများ စတင်ချိန်တွင် အမျိုးသမီးများ၏ လိင်စိတ်နှင့် အီထရိုဂျင်ဟော်မုန်းများ မြင့်တက်မှုကြောင့် မိန်းမကိုယ်မှ အနံ့မဲ့သော အရည်ကြည်တမျိုး ထွက်လာပါသည်။ထိုချောဆီသည် အမျိုးသမီးများ လိင်ဆက်ဆံစဉ်တွင် နာကျင်မှုများမဖြစ်စေရန်နှင့် အမျိုးသားလိင်အင်္ဂါနှင့် ထိတွေ့စဉ်တွင် အနာတရမဖြစ်စေရန် ကြားခံတစ်ခုအနေနှင့် ဆောင်ရွက်ပေးသည့်အတွက် အလွန် အရေးကြီးပါသည်။သို့သော် အမျိုးသမီးများသည် အကြောင်းအမျိုးမျိုးကြောင့် အီထရိုဂျင်ဟော်မုန်းများ မထုတ်လွှတ်နိုင်ကြသည့်အခါ ချောဆီ မရှိတော့ခြင်းကြောင့် လိင်မှုကိစ္စများ အဆင်မပြေဖြစ်လာနိုင်ပါသည်။ ထိုအခြေအနေမျိုးတွင် အစိုဓါတ်ဖြည့်တင်းပေးသာ ချောဆီမျိုးကို အသုံးပြုရန် အကြံပေးလိုက်ပါသည်။ရေကို အခြေခံထုတ်လုပ်ထားသောချောဆီ။ယင်းသည် စိတ်ချရခြင်းနှင့် မပေမကွက်ခြင်းတို့ကြောင့် လူသုံးများပါသည်။ အသုံးပြုပြီးလျှင် ရေဖြင့်ဆေးကြောလိုက်ပါက အစွန်းအထင်းများ မရှိစေပါ။သို့သော် ယင်းသည် မိန်းမကိုယ်တွင် အထပ်ထပ်လိမ်းပေးရခြင်း၊ ကြာရည်စွာ မခံခြင်းကြောင့် ကြားဖြတ်ပြီး ထပ်လိမ်းရခြင်းတို့ကြောင့် စိတ်ကသိကအောင့် ဖြစ်စေနိုင်ပါသည်။ဆီကို အခြေခံထုတ်လုပ်ထားသောချောဆီ။ထိုအမျိုးအစားသည် ဆီကို အခြေခံထားသည့်အတွက် လိမ်းပြီးလျှင် ကြာရှည်ခံခြင်း၊ ခရင်မ်ပုံစံ ဖြစ်ခြင်း စသည့် အချက်များရှိပါသည်။ သို့သော် အဆိုးရွားဆုံးအချက်မှာ ကွန်ဒုံးများကို ပေါက်ပြဲစေခြင်း၊ ယိုစိမ့်စေခြင်းတို့ ဖြစ်ပါသည်။ ထို့ကြောင်းယင်းကို မိမိဘာသာ လိင်စိတ်ဖြေဖျောက်ခြင်းများပြုလုပ်သည့်အခါမျိုးတွင်သာ အသုံးပြုသင့်ပါသည်။ဆီလီကွန်ကို အခြေခံထုတ်လုပ်ထားသောချောဆီ။ထိုအမျိုးအစားသည် ကြာရှည်ခံပြီး စုပ်ယူနိုင်ခြင်း မရှိသောကြောင့် ရေချိုးခွက်များ၊ ရေကန်များတွင် အသုံးပြုနိုင်ပါသည်။ သို့သော် ချက်ချင်း ပြောင်အောင်ဆေးချရန် ခက်ခဲပါသည်။ရေနံကို အခြေခံထုတ်လုပ်ထားသောချောဆီ။သင်သည် ထိုအမျိုးအစားကို အခြားသော အမျိုးအစားများ မရှိသည့်အခါမျိုးမှလွဲပြီး အသုံးမပြုသင့်ပါ။ ရေနံကို အခြေခံပြီး ပြုလုပ်ထားသည့်အတွက် မိန်းမကိုယ်နှင့် ဓါတ်မတည့်ခြင်း၊ မှိုရောဂါများဖြစ်ကာ မိန်းမကိုယ်ရောင်ရမ်းခြင်း၊ မိန်းမကိုယ်ရှိ အက်ဆစ်ဓါတ်များ ပြောင်းလဲခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။အများထင်နေကြသလို မဟုတ်ဘဲ ချောဆီများသည် လိင်စိတ်ကျဆင်းခြင်းနှင့် မိန်းမကိုယ်အစိုဓါတ်လျော့နည်းခြင်းတို့ ဖြစ်နေသူများအတွက် အသက်ကြီးငယ် ကျားမ မရွေး စိတ်ချစွာ အသုံးပြုနိုင်ပါသည်။၂၀၁၃ တွင် ပြုလုပ်ခဲ့သော သုတေသန ပြုချက်များအရ အသက် ၁၆ နှစ်မှ ၆၈ နှစ်အတွင်းအမျိုးသမီး ၂၄၀၀ တွင် ၂၃၅၃ ယောက်သည် ချောဆီသည် လိင်မှုကိစ္စတွင် သာယာမှုကို မြင့်တက်စေကြောင်းနှင့် အမျိုးသမီး ၇၅ % ကမူ တစ်ပတ်တစ်ခါ ဈေးဝယ်တိုင်းချောဆီကို ပါဝယ်ကြောင်း ၊ ယင်းည် လိင်ကိစ္စများတွင် အရေးပါကြောင်း ပြောထားပါသည်။ ထို့ပြင် အိမ်ထောင်ဖက်များကလည်း ချောဆီအသုံးပြုခြင်းကို ပိုပြီး နှစ်သက်သဘောကျကြောင်း အမျိုးသမီး အများစုက ပြောထားပါသည်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/why-women-need-lubricant-in-bed/
သွေးတိုး ခြင်း ရဲ့ ကြောက်စရာ နောက်ဆက်တွဲ ပြဿနာ (၁၁) ခု
သွေးတိုး ပြီ ဆိုရင်လေ သိပ်ပြီး အိပ်လို့ကောင်းတာနော်။ ခေါင်းထိုးမယ်၊ မူးပြီး အိပ်ပျော်သွားတယ်၊ မျက်နှာတွေ မို့အစ်နေမယ်။ ဒီလောက်နဲ့ ပြီးသွားပြီ ထင်ပါသလား။သွေးတိုးပြင်းရင် လေဖြတ်နိုင်တယ်၊ဦးနှောက်သွေးကြော ပြတ်နိုင်တယ်၊ သွေးတိုး ဖြစ်ရင်ဆီးချိုလည်းဖြစ်လာနိုင်တယ် ဆိုတာတွေပဲ သိထားတာ များတယ်။ဒါပေမယ့် ကြောက်စရာကောင်းတဲ့ တခြားထိခိုက်မှုတွေ၊ နောက်ဆက်တွဲ ပြဿနာတွေလည်း ဖြစ်လာနိုင်သေးတယ်ဆိုတာ သိထားစေချင်ပါတယ်နော်…။(၁) သွေးကြော ထိခိုက်ပျက်စီးခြင်း။သွေးကြော တွေဟာ အောက်ဆီဂျင်သယ်ဆောင်ရမယ့် အဆုတ် နဲ့နှလုံးဆီကနေ ကိုယ်တွင်းအင်္ဂါတွေ နဲ့ တခြားတစ်ရှူးတွေ ဆီကို သွေးလည်ပတ်ရ လွယ်ကူစေဖို့ ကြံ့ခိုင်မှု၊ ပျော့ပျောင်းနိုင်မှု၊ အတားအဆီးကင်းမှု တွေ ပြည့်စုံနေသင့်ပါတယ်။သွေးတိုး ကြောင့် အဲဒီသွေးကြောတွင်းမှာ ထိခိုက်မှုတွေ ဖြစ်စေပြီး အဆီချေးတွေ ပိုပြီး ကပ်တွယ်စေနိုင်တယ်။ ဒီလိုကပ်တွယ်ရာကနေ သွေးကြောတွေကို ပိုတောင့်တင်း မာကျောစေပြီး သွေးကြောကျဉ်းစေနိုင်တာကြောင့် အန္တရာယ်ကြီးပါတယ်။(၂) သွေးကြောဖောင်းခြင်း။သွေးကြောနံရံ တစ်စိတ်တစ်ပိုင်းကို ဖိအားများတဲ့အခါ အခုလို ဖြစ်လာတတ်ပါတယ်။ သွေးကြောသာ ပေါက်ပြီး ခန္ဓာကိုယ်ထဲ သွေးယိုတဲ့အခါ ဆိုးရွားတဲ့အခြေအနေ ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာက ဘယ်သွေးကြောမှာမဆို ဖြစ်နိုင်ပေမယ့် ပင်မသွေးလွှတ်ကြောထဲမှာ အဖြစ်များဆုံးပါ။သွေးလွှတ်ကြော တစ်ခုမှာ ထိခိုက်ထားတယ်ဆိုရင် သွေးတိုးရောဂါ မရှိရင်တောင် သွေးကြောဖောင်းခြင်းပြဿနာ ဖြစ်လာနိုင်ပါတယ်။(၃) ရုတ်တရက် နှလုံးအမောဖောက်ခြင်း။နှလုံးဆီကို ပို့တဲ့သွေးလွှတ်ကြောတစ်ခုကို ပိတ်ဆို့စေလောက်တဲ့အထိ အဆီချေးတွေ စုနေခဲ့ရင် ရုတ်တရက် နှလုံးဖောက်ခြင်း(heart attack) ဖြစ်လာနိုင်ပါတယ်။ ဒီလိုပိတ်ဆို့မှုကြောင့် နှလုံးကြွက်သားတွေ ဆီကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ မရနိုင်တော့ပါဘူး။ဒီလိုဖြစ်လာရင်ရင်ဘတ်အောင့်တာ၊ မွန်းကျပ်တာ ခံစားရလေ့ရှိပေမယ့် တစ်ခါတလေ လက်မောင်း၊ လည်ပင်း သို့မဟုတ် မေးရိုးထဲမှာ လည်း နာကျင်မှုခံစားရနိုင်ပါတယ်။လူက အသက်ရှူလို့လည်းခက်မယ်၊ ခေါင်းမူးမယ်၊ မအီမသာဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာတွေဖြစ်လာရင် နီးစပ်ရာဆေးရုံ၊ဆေးခန်းကို အမြန်ဆုံးပြသင့်ပါတယ်။(၄) နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း။သွေးတိုး ကြောင့် နှလုံးသွေးကြောတွေကို ကျဉ်းစေနိုင်ပါတယ်။ အချိန်ကြာလာတဲ့အခါ နှလုံးရဲ့လုပ်ဆောင်ချက်တွေ ခက်ခဲလာပြီး အားနည်းလာနိုင်ပါတယ်။နောက်ဆုံးမှာ ခန္ဓာကိုယ်အနှံ့ကို သွေး အလုံအလောက် မပို့လွှတ်နိုင်တော့တဲ့အထိ အားနည်းလာပါလိမ့်မယ်။(၅)နှလုံးကြီးခြင်း။သွေးလည်ပတ်စေဖို့ အတွက် လုပ်ဆောင်ရခက်ခဲနေတဲ့အခါ နှလုံးကြွက်သားတွေ ထူလာပါတယ်။ ရလဒ် အနေနဲ့တော့ နှလုံးတစ်ခုလုံး ပိုကြီးလာပါတယ်။နှလုံးက ကြီးလာလေ သူ့ရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေ အတွက် စွမ်းဆောင်ရည် ကျဆင်းလာလေ ပါပဲ။(၆) လေဖြတ်ခြင်း။သွေးတိုးက လေဖြတ်ခြင်း ရဲ့ အဓိက အကြောင်းရင်း ပါပဲ။ လေဖြတ်ခြင်း နှစ်မျိုး ရှိပါတယ် –။(၇)မှတ်ဉာဏ်ချို့ယွင်းခြင်း။သွေးတိုး ကြောင့် ဦးနှောက်ကို သွေးပို့လွှတ်တဲ့ သွေးကြောတွေ ထဲမှာ အဆီချေးတွေ ပိတ်ဆို့တဲ့ အခါ သွေးလည်ပတ်မှု ကို နှေးစေနိုင်ပါတယ်။ဦးနှောက် ရဲ့လုပ်ဆောင်ချက် ပြောင်းလဲကုန်တဲ့အခါ “vascular dementia” လို့ခေါ်တဲ့ အခြေအနေ ဖြစ်စေနိုင်ပါတယ်။ဒီလိုဖြစ်လာရင် တွေးပုံ၊ ပြောပုံ၊ မြင်တွေ့ပုံ၊ မှတ်မိပုံတွေ အပြင် ကိုယ့်ရဲ့လှုပ်ရှားပုံတွေ မှာပါ ထိခိုက်မှုရှိလာနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ အချိန်နဲ့အမျှ တဖြည်းဖြည်းဖြစ်လာတတ်ပါတယ်။(၈)ကျောက်ကပ်ပျက်စီးခြင်း။သွေးတိုးက ကျောက်ကပ်ပျက်စီးစေတဲ့ ဒုတိယမြောက်အဖြစ်များဆုံးအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ အဆိပ်အတောက်တွေနဲ့ အရည်ပိုတွေကို စစ်ထုတ်ဖယ်ရှားရာမှာ ကျောက်ကပ်ကအသုံးပြုတဲ့ သွေးကြောတွေကို ကျဉ်းပြီး မာကျောစေနိုင်ပါတယ်။အဲဒီမှာ nephrons လို့ခေါ်တဲ့ အထူးစစ်ထုတ်မှုအစိတ်အပိုင်းတွေကို သွေးနဲ့အာဟာရ အလုံအလောက် မရစေနိုင်တော့ပါဘူး။ နောက်ဆုံးမှာ ကျောက်ကပ်ကို ပျက်စီးစေတာဖြစ်ပါတယ်။(၉) မျက်စိ ပြဿနာ။သွေးတိုး ဖြစ်တာ အချိန်ကြာလာတဲ့အခါ မြင်လွှာဆီကို သွေးပို့လွှတ်မှုနှေးစေပါတယ်။ ဒါ့အပြင် ဦးနှောက်ကို သတင်းပို့ပေးတဲ့ အမြင်အာရုံကြောဆီကို သွေးပို့လွှတ်မှုလည်းနှေးစေနိုင်ပါတယ်။သွေးတိုးကြောင့် မြင်လွှာအောက်မှာ အရည်တွေစုလာစေနိုင်ပြီး အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။(၁၀) လိင်မှုရေးရာ ပြဿနာ။‌သွေးတိုးခြင်းက ခန္ဓာကိုယ်အနှံ့မှာ သွေးလည်ပတ်မှုနှေးစေနိုင်ပါတယ်။ ဒါ့ကြောင့် အမျိုးသားတွေမှာ သွေးလည်ပတ်မှုမကောင်းတဲ့အခါ လိင်တံထောင်မတ်မှုပြဿနာဖြစ်လာနိုင်ပါတယ်။(၁၁) အရိုးအားနည်းခြင်း။သွေးတိုးရှိတဲ့သူတွေရဲ့ ဆီးထဲမှာ ကယ်လ်စီယမ်တွေပါသွားတာ များတတ်ပါတယ်။ အရိုးကျန်းမာရေးအတွက် အရေးပါတဲ့ ဒီဓာတ်ကို ခန္ဓာကိုယ်ကစွန့်ထုတ်တာများတဲ့အခါ အရိုးကျိုးအက်တာတွေ ဖြစ်လွယ်လာနိုင်ပါတယ်။ဒါ့ကြောင့်အငန်တွေလျှော့စားကြပါ၊ အဆီတွေ လျှော့စားပါ၊ ပြုပြင်ထားတဲ့ အစားအစာတွေ ကို ကန့်သတ်စားပါ၊ စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။ သွေးတိုး အန္တရာယ်ကို ပေါ့ပေါ့ဆဆ သဘောမထားကြပါနဲ့လို့ သတိပေးလိုက်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/complications-of-hypertension/
Gout (ဂေါက် ရောဂါ )
ဂေါက်ရောဂါဆိုတာ အဆစ်ရောင်ရောဂါတစ်မျိုးဖြစ်ပြီး အဆစ်တွေမှာ ရုတ်တရက် ကိုက်ခဲခြင်း၊ နီခြင်း၊ နှင့် ရောင်ခြင်းတွေကို ဖြစ်စေပါတယ်။ခြေမမှာ အများဆုံးဖြစ်တတ်ပေမယ့် ခြေထောက်ပိုင်းမှာ တခြားအဆစ်တွေ ဖြစ်တဲ့ ဒူးဆစ်၊ ခြေချင်းဝတ် နှင့် ခြေဆစ်တွေမှာ လည်း တခါတရံ ဖြစ်တတ်ပြီး လက်မှာ ရှိတဲ့ လက်ဆစ်၊ လက်ကောက်ဝတ် နှင့် တံတောင်ဆစ်တွေမှာ တော့ အဖြစ်နည်းပါတယ်။ ကျောရိုးဆစ်ကတော့ တော်တော်ရှားရှားပါးပါးမှ ဖြစ်တတ်ပါတယ်။လူ ၂၀၀ မှာ ၁ ယောက် ဂေါက်ရောဂါဖြစ်နိုင်ပါတယ်။ လူတိုင်း အရွယ်မရွေး ယောင်္ကျား၊မိန်းမ အကုန်ုဖြစ်နိုင်ပေမယ့် ယောင်္ကျားတွေက မိန်းမတွေထက် ပိုဖြစ်နိုင်ပြီး သက်လတ်ပိုင်းတွေက ပျိုဖော်ဝင်အရွယ်တွေထက် ပိုဖြစ်နိင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဂေါက်ရဲ့ အဖြစ်အများဆုံး လက္ခဏာတွေကတော့-။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အထက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။ ဂေါက်ရောဂါကို မကုပဲ ထားလျှင် အဆစ်တွေကို ထိခိုက်လာနိုင်စေပါတယ်။ထို့ပြင် သင့်မှာ အဖျားရှိလာပြီး သင့်အဆစ်တွေပူလာတယ်၊ ရောင်လာတယ်လို့ ခံစားရလျှင် ရောဂါပိုးဝင်တဲ့ ခက္ခဏာဖြစ်နိုင်တဲ့အတွက် ချက်ချင်း ကူသမှု ခံယူဖို့ လိုအပ်ပါတယ်။ဂေါက်ကို သွေးထဲမှာ ရှိတဲ့ uric acid(urate) ဆိုတဲ့ ဓါတုပစ္စည်းတစ်မျိုးက ဖြစ်စေပါတယ်။ Uric acid က အန္တရာယ်ရှိတဲ့ အရာမဟုတ်ပဲ ခန္ဒါကိုယ်ထဲမှာ ထုတ်လုပ်ပါတယ်။ အများစုက ဆီးနဲ့ပါသွားတတ်ပြီး တချို့ကတော့ ဝမ်းနဲ့ ပါသွားပါတယ်။ဂေါက်ရှိတဲ့ လူတွေမှာ တော့ uric acid ထုတ်လုပ်မှုက ပိုများပါတယ်။ ပမာဏ အရမ်းမများခင်မှာ အခဲသေးသေးတွေအနေနဲ့ Uric acid တွေ ပေါ်လာပါတယ်။ ဒီအခဲလေးတွေက အဆစ်တွေမှာ အနည်ထိုင်လာပြီး အဆစ်ရောင်ခြင်းနှင့် နာကျင်ကိုက်ခဲ စေခြင်းတို့ကို ဖြစ်စေပါတယ်။goutဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်မှာ ဂေါက်ရှိမရှိ သွေးစစ်ရုံနဲ့ မသိနိုင်ပါဘူး။ ဆရာဝန်က ရောင်နေတဲ့ အဆစ်အတွင်းမှ အရည်အချို့ကို လဲ အပ် နှင့် ဆေးထိုးအပ်သုံးပြီး ထုတ်ယူနိုင်ပါတယ်။၎င်းအရည်ကို မိုက်ခရိုစကုပ်အောက်မှာ ကြည့်ပြီး ရောဂါ အဖြေရှာ အတည်ပြုနိုင်ပါတယ်။ဂေါက်ရောဂါအတွက် လုံး၀ အရှင်းပျောက်စေတဲ့ ကုသနည်းမရှိသေးပေမယ့် ထိန်းချုပ်လို့ရနိုင်ပါတယ်။ ကုသမှု အပြီးမှာ နာကျင်တာတွေ၊ ရောင်တာတွေ လျှော့နည်းသွားတယ်လို့ ခံစားရနိုင်ပြီး ကျန်းမာတဲ့ နေထိုင်မှု စနစ်ကို ကျင့်သုံးမယ်ဆိုလျှင် အနာဂတ်မှာ နာတာရှည် ဂေါက်ရောဂါကို တခါတည်း ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။ဂေါက်ကို အဓိက ကုသတဲ့ ဆေးဝါးများမှာ-။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကGout ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Gout ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။သင့်မှာ ရုတ်တရက် ဂေါက်ဖြစ်လာချိန်မှာ လက်ထဲမှာ ဂေါက်အတွက် ဆေးမရှိသေးတဲ့ အချိန်မှာ အောက်ပါနည်းလမ်းများနဲ့ ဂေါက်ကို သက်သာအောင်လုပ်နိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/gout-%e1%80%b1%e1%80%82%e1%80%ab%e1%80%80%e1%80%b9-%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab/
ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပါ။
ကိုယ်ဝန်ရှိပြီဆိုရင် နှစ်ယောက်စာ စဉ်းစားရတယ်နော်။ ဘာလုပ်လုပ် နှစ်ယောက်စလုံး အဆင်ပြေမလားပေါ့။ ဒီတစ်ခေါက်တော့မေမေရော ဘေ​ဘီလေးပါ အဆင်ပြေစေမယ့် အရာလေး တစ်ခုပြောပြပေးမယ်နော်။ ဒါကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပါ ဆိုတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်တာက မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ အထောက်အကူ ပေးနိုင်ပါတယ်။တော်တော်များများ လက်ခံထားတာကကိုယ်ဝန်ဆောင်ချိန်မှာ အရမ်း မလှုပ်ရှားရဘူးလို့ပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ မလှုပ်ရှားရဘူး ဆိုပေမယ့် လေ့ကျင့်ခန်းတော့ လုပ်ပေးလို့ ရပါတယ်။ ပေါ့ပေါ့ပါးပါး ဖြစ်မယ့် လေ့ကျင့်ခန်းမျိုး၊ ကိုယ်ဝန်ဆောင်တွေ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းမျိုးပေါ့။ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပါ။ လို့ ပြောရတာက။လေ့ကျင့်ခန်း လုပ်ရင်စိတ်ရောကိုယ်ပါကျန်းမာတယ်ဆိုတာ အားလုံး သိပြီးဖြစ်မှာပါ။ ဒီလိုပါပဲ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက မေမေရော ဘေဘီလေးအတွက်ပါ အခုလိုအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တယ်။အထူးသဖြင့် အဝလွန်တဲ့ ကိုယ်ဝန်ဆောင်တွေအတွက်  ပိုလိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အစားရှောင်ပြီး ဝိတ်ချတာက အာဟာရချို့တဲ့မှုကို ဖြစ်စေနိုင်တဲ့အတွက် လေ့ကျင့်ခန်းလုပ်တာက ကိုယ်အလေးချိန်ထိန်းညှိရာမှာ အထောက်အကူ ဖြစ်စေပါတယ်။၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရ  လေ့ကျင့်ခန်းလုပ်တဲ့ မိခင်တွေကခွဲမွေးရနိုင်ခြေနည်းသလိုကိုယ်ဝန်ဆောင် ဆီးချိုခံစားရနိုင်ခြေလည်း နည်းပါတယ်။ ကိုယ်ဝန်ကြောင့် ခံစားရနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေလည်း နည်းပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်တာက မေမေရော ဗိုက်ထဲက ဘေဘီလေးကိုရောပါကိုယ်အလေးချိန်ထိန်းပေးနိုင်ပြီး ကလေးအဝလွန်တာ၊ မွေးဖွားရခက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ မိခင်ရော ဘေဘီလေးပါ ရှိသင့်တဲ့ ကိုယ်အလေးချိန်နဲ့ ကျန်းမာစေဖို့ တစ်ပတ်ကို ၃ ကြိမ် လေ့ကျင့်ခန်း လုပ်ပေးရုံပါ။ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်တာက မွေးဖွားပြီးချိန်မှာ မြန်မြန် အားပြည့်ပြီးလုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း လုပ်ဆောင်နိုင်စေပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့စိတ်ကျရောဂါ။ ကလေးမွေးဖွားပြီးချိန်မှာ ခံစားရနိုင်တဲ့ စိတ်ဓာတ်ကျတာတွေကို ရှောင်ရှားချင်တယ် ဆိုရင်တော့ လေ့ကျင့်ခန်း လုပ်တာက အကောင်းဆုံး ဖြေရှင်းနည်းပါ။ လေ့ကျင့်ခန်း လုပ်တာက စိတ်ခံစားမှုကို ကောင်းစေပြီးစိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။လေ့ကျင့်ခန်း လုပ်တာက ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်တက်တာ၊သွေးတိုးတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ လမ်းပုံမှန် လျှောက်ပေးရင်ကို အဆင်ပြေပါတယ်။ကိုယ်ဝန်ဆောင် မေမေတိုင်း မလွဲမသွေ ခံစားရတဲ့ ပြဿနာက ခါးနာတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာရော မွေးဖွားပြီးချိန်မှာပါ ခါးနာတာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ခါးနာကို မခံစားချင်ဘူးဆိုရင် လေ့ကျင့်ခန်း လုပ်ပေးပါ။ဒါတွေအပြင် ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်ပေးတာက။ကိုယ်ဝန်ဆောင်ချိန်မှာ လုပ်ရမယ့်လေ့ကျင့်ခန်းက အခြားအချိန်တွေမှာလုပ်ရတဲ့ လေ့ကျင့်ခန်းတွေနဲ့ မတူနိုင်ပါဘူး။ ဒီတော့ လေ့ကျင့်ခန်း မလုပ်ခင်မှာ ဆ၇ာဝန်နဲ့ အရင်တိုင်ပင်ပါ။ အကြမ်းအားဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရောဘေဘီလေးပါကျန်းမာစေဖို့အတွက် ကိုယ်ဝန်ဆောင်ကာလအလိုက် အခုလိုလေ့ကျင့်ခန်းလေးတွေလုပ်ပေးရင် အဆင်ပြေပါတယ်။ကိုယ်ဝန်ဆောင် ပထမ ၃ လပတ်မှာမိနစ် ၃၀ လောက်လမ်းလျှောက်မယ်။တရားထိုင်မယ်။ ကိုယ်ဝန်ဆောင်ယောဂလေ့ကျင့်တာမျိုးလုပ်ပေးလို့ရပါတယ်။ကိုယ်ဝန်ဆောင် ဒုတိယ ၃ လပတ်မှာရေကူးတာ၊ ယောဂလေ့ကျင့်ခန်းလုပ်တာ၊ ခပ်ရွရွလေးပြေးတာ၊ လမ်းလျှောက်တာမျိုးတွေ တစ်နေ့ကို မိနစ် ၃၀ လောက်လုပ်ပေးလို့ရပါတယ်။ကိုယ်ဝန်ဆောင် တတိယ ၃ လပတ်မှာရေကူးတာ နဲ့လမ်းလျှောက်တာက အဆင်အပြေဆုံးဖြစ်မှာပါ။Gymသွားပြီး လေ့ကျင့်ခန်းတွေ မလုပ်နိုင်ဘူးဆိုရင်တောင် ဒီလိုအပေါ့စား လေ့ကျင့်ခန်းတွေ လုပ်ပေးနိုင်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/benefits-of-exercise-during-pregnancy-time/
ကလေးတစ်ယောက် အရွယ်ရောက်ချိန်တွင် ဖြစ်လာမည့်အရပ်ကို ဘယ်လိုခန့်မှန်းနိုင်မလဲ
မိဘများသည် မိမိတို့၏ ကလေး အရွယ်ရောက်လာချိန်တွင် အရပ် မည်မျှရှည်လာမလဲကို သိချင်ကြပါလိမ့်မည်။ ထိုသို့ ခန့်မှန်းခြင်းသည် အနည်းငယ်ရယ်စရာကောင်းနေပါလိမ့်မည်။ကလေးအထူးကုဆရာဝန်များက သင့်ကလေးသည် မျှော်မှန်းထားသလောက် ကြီးထွားမှုရှိမရှိ သေချာအောင် စောင့်ကြည့်သင့်သည်ဟုဆိုပါသည်။ မိဘများနှင့် ကလေးဆရာဝန်များအတွက် ကလေး၏ အရပ်မြင့်နိုင်ချေကို ခန့်မှန်းနိုင်သည့် နည်းလမ်းများရှိပါသည်။သို့သော် မိဘများအနေဖြင့် မိမိကလေးတစ်ယောက်အရွယ်ရောက်ချိန်တွင် ဖြစ်လာမည့်အရပ်ကို ဘယ်လိုခန့်မှန်းနိုင်မည့် အခြားနည်းလမ်းများစွာရှိပါသည်။ အများဆုံး ပြုလုပ်ကြသော နည်းမှာ မိဘများ၏ အရပ် အပေါ်မူတည်ပြီး တွက်ဆခြင်းဖြစ်ပါသည်။အရွယ်ရောက်ချိန်အရပ်ကို ခန့်မှန်းရန် အရိုးရှင်းဆုံးနည်းမှာ ကလေးအသက် ၂ နှစ်တွင် ရှိသော အရပ်ကို နှစ်ဆတိုးခြင်းပင်ဖြစ်သည်။ မိန်းကလေးများသည် ကြီးထွားမှုပိုပြီး မြန်ကြသည့်အတွက် သူတို့ ကလေးအရွယ် ၁၈ လတွင်ရှိသော အရပ်ကို နှစ်ဆတိုးခြင်းပင်ဖြင့်အရွယ်ရောက်ချိန်အရပ်ကို ခန့်မှန်းနိုင်သည်။ အဆိုပါနည်းသည် လူသုံးများသော ကြာပြီဖြစ်သော နည်းဖြစ်သော်လည်း ယင်းနည်း၏တိကျမှုကို သုတေသန မပြုထားပါ။မှတ်ချက်- ထိုနည်းသည် ပျမ်းမျှရှည်နိုင်မည့်အရပ်ကို ခန့်မှန်းခြင်းဖြစ်သည့်အတွက် ၁/ ၂စင်တီမီတာခန့် အတိမ်းအစောင်းရှိနိုင်ပါသည်။ မိဘများသည် အရပ်ပိုရှည်လေလေ ကလေးသည်လည်းအရပ်ရှည်နိုင်ချေများလေလေဖြစ်ပါသည်။အလားတူပင် မိဘများသည် အရပ်ပုလေလေ ကလေးသည်လည်းအရပ်ပုနိုင်ချေများလေလေဖြစ်ပါသည်။ကလေးငယ်တစ်ဦး၏ ပုံမှန်ကြီးထွားမှုဖြစ်စဉ်ကို အဆိုပါဇယားတွင်ပါရှိသည့် အတိုင်း အရပ်၊ ကိုယ်အလေးချိန်၊ ခေါင်းအရွယ်အစားတို့ကို ပုံမှန်တိုင်တာခြင်းဖြင့် သိနိုင်ပါသည်။ကလေးဆရာဝန်များသည် စံသတ်မှတ်ထားသော ကြီးထွားဖွံ့ဖြိုးမှု ဇယားဖြင့် ကလေး၏ကြီးထွားမှုကို ကြည့်ကြပါသည်။ ထို ကြီးထွားဖွံ့ဖြိုးမှု ဇယားသည် ကလေးကြီးများအတွက် ပျိုဖော် လူပျိုဖော်ဝင်ချိန်ကို သိရှိရန်လည်း အသုံးဝင်ပါသည်။ မိန်းကလေးများတွင် ဆီးခုံမွေးနှင့် ရင်သားများစတင်ကြီးထွားလာမှုသည် အသက် ၆ နှစ်အရွယ်ကတည်းက စောဖြစ်နိုင်ချေရှိသည်။ထို့ကြောင့် ထိုကြီးထွားဖွံ့ဖြိုးမှု ကို မှတ်သားသော ဇယားကွက်သည် ကလေးငယ်များ၏ အရွယ်မတိုင်မီ ဖွံ့ဖြိုးမှုမြန်ဆန်ခြင်းကို ပြနိုင်သောကြောင့် ကလေးဆရာဝန်များအတွက်လည်း အသုံးဝင်ပါသည်။အရပ်ရှည်ခြင်း ကြီးထွားခြင်းဖြစ်စဉ်များသည် များသောအားဖြင့် ပုံမှန်ဖြစ်တတ်ကြသည်။ ထို့ကြောင့် ကလေးဆရာဝန်များက သင့်ပင်ကိုယ်အရပ်ကို မေးမြန်းခြင်းဖြင့် သင့်မျိုးရိုးဗီဇအရ သင့်ကလေးရှည်နိုင်မည့်အရပ်ကို ခန့်မှန်းနိုင်ကြသည်။ အခြားသော မိသားစုဝင်များ၏ အရပ်ကိုလည်း ဆရာဝန်က မေးကောင်းမေးနိုင်ပါသည်။ထို့ပြင် သင့်ကလေးသည် ကျောင်းနေရွယ်တွက် အရပ်ပုပြီး ရွယ်တူကလေးများကြီးထွားမှုရပ်သွားသည့်အချိန်မှ သင့်ကလေးက ပိုပြီး အရပ်ရှည်လာသလား၊ ပိုထွားလာသလား။ လူပျို အပျိုဖော်ဝင်ချိန်စောနေသလား စသည့်မေးခွန်းများကို မေးနိုင်ပြီး ထိုအချက်များသည် သင့်ကလေးဆရာဝန်က သင့်ကလေးအရွယ်ရောက်ချိန်တွင်ဖြစ်လာမည့်အရပ်ကို ခန့်မှန်းနိုင်ရန် အသုံးဝင်သော အချက်များဖြစ်ပါသည်။ကလေး၏ အရပ်ကို သက်ရောက်မှုရှိစေသောအရာများက ဘာတွေလဲ။ကလေးငယ်တစ်ဦး၏အရပ်သည် မိဘမျိုးရိုးနှင့် လည်းများစွာသက်ဆိုင်ပါသည်။ (ဥပမာ – မိဘများသည် အရပ်ပုလေလေ ကလေးသည်လည်းအရပ်ပုနိုင်ချေများလေလေဖြစ်ပါသည်။)ထို့ပြင် အစာအာဟာရ၊ ဟော်မုန်းဓာတ်များ၊ သောက်နေသော ဆေးများ၊ ကျန်းမာရေးအခြေအနေများနှင့် မျိုးရိုးဗီဇများသည်လည်း သင့်ကလေး၏ အရပ်ရှည်မှုကို သက်ရောက်သော အချက်များဖြစ်ပါသည်။ထပ်လောင်းပြီးပြောရသော် လေ့ကျင့်ခန်းလုပ်ခြင်း၊ လေထုညစ်ညမ်းမှု။ အိပ်စက်ချိန်၊ ရာသီဥတု၊ ကျန်းမာရေး ၊ အစားအသောက်ပုံစံ နှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေများသည်လည်း သင့်ကလေး၏ အရပ်ရှည်မှုကို သက်ရောက်သော အချက်များဖြစ်ပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%85%e1%80%ba%e1%80%9a%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%a1%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%80%e1%80%ba/
မိန်းမကိုယ်အနံ့ဆိုးထွက်လျှင် လုပ်သင့်တဲ့ ရှောင်ရန်ဆောင်ရန်အချက်တွေ။ ။
မိန်းမကိုယ်အနံ့ဆိုးထွက်လျှင် လုပ်သင့်တဲ့ ရှောင်ရန်ဆောင်ရန်အချက်တွေက ဘာတွေဖြစ်မလဲ။ မိန်းမကိုယ်ဆိုတာ တခြားခန္ဓါကိုယ်ေပါ်က အရာတွေလိုပဲ သန့်သန့်ရှင်းရှင်း မထားရင် အနံ့ဆိုးတွေ ထွက်တတ်ပါတယ်။ မိန်းမကိုယ်မှာ ပုံမှန်အနံ့တစ်မျိုးရှိတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ရာသီလာချိန်၊သွေးဆုံးချိန်တို့နဲ့လိုက်ပြီး အနံ့က ပြောင်းလဲတတ်ပါတယ်။ ပုံမှန်ရှိတတ်တဲ့ အနံ့ကလွဲလို့ အခြား အနံ့ဆိုးဆိုးတွေ မိန်းမကိုယ်ကထွက်နေပြီဆိုရင်တော့ သတိပြုရမယ့် အနေအထားဖြစ်နေပါပြီ။အနံ့ဆိုးဆိုးဆိုတာကလည်း သူတစ်ယောက်တည်းမလာတတ်ပါဘူး။ သူနဲ့အတူမိန်းမကိုယ်ယားတာ၊ မိန်းမကိုယ်ကနေ အရည်တွေ ဆင်းတာ၊မိန်းမကိုယ်ရောင်တာတွေပါ ပါလာပြီဆိုရင်တော့ သင့်မိန်းမကိုယ်မှာပုံမှန်မဟုတ်တာတစ်ခုခုဖြစ်နေပါပြီ။ ဒါကြောင့် မိန်းမကိုယ်ကနေ အနံ့နံတယ်၊ တခြား ယားယံတဲ့ လက္ခဏာတွေလည်းရှိနေတယ် ဆိုရင် ဘာတွေလုပ်သင့်လဲ၊ ဘာတွေမလုပ်သင့်ဘူးလဲဆိုတာကို ပြောပြပေးချင်ပါတယ်။မိန်းမကိုယ်အနံ့ဆိုးထွက်လျှင် လုပ်သင့်တဲ့ ရှောင်ရန်ဆောင်ရန်အချက်တွေက ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။အဓိကကတော့ မိန်းမကိုယ်အနံ့နံတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ရှောင်ရှားတာ ပဲဖြစ်ပါတယ်။ရှောင်ရန်တွေပြီးသွားတော့ ဆောင်ရန်တွေ လာပါပြီ။ ။မိန်းမကိုယ်အနံ့နံခြင်းဟာ မိန်းကလေးတစ်ယောက်အတွက်တော့ လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှု လျော့ကျတာ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုလျော့နည်းလာတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ ပါပါတယ်။ ဒါကြောင့် မဖြစ်ခင်ကြိုတင်ကာကွယ်တဲ့ အနေနဲ့ မိန်းမကိုယ်ကိုသန့်သန့်ရှင်းရှင်းထားသင့်ပါတယ်။ ဖြစ်လာရင်လည်းလုပ်သင့်တဲ့ ရှောင်ရန်ဆောင်ရန်တွေကိုသိထားပြီး လိုက်နာရင် အမျိုးသမီးတွေရှက်ရကြောက်ရတဲ့ မိန်းမကိုယ် အနံ့ဆိုးထွက်တာ အမြန်ဆုံးသက်သာသွားမှာပါ။ ။ရေးသားသူ- Dr Thin Yadanar@ Frances။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/avoid-vaginal-odour/
ပိန်ချင်တာကြောင့် အဆီကျဆေးတွေသောက်ဖို့ စဉ်းစားနေပြီလား
အထိုင်များလာတဲ့ ဘဝနေထိုင်မှုပုံစံ၊ များပြားလှတဲ့ အသင့်စားအစားအစာတွေနဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အချိန်မပေးနိုင်လောက်အောင် များပြားလှတဲ့ နေစဉ်လုပ်ငန်းတာဝန်တွေကြောင့် မကြာသေးခင်နှစ်တွေအတွင်း အဝလွန်တဲ့သူဦးရေတွေသိသိသာသာများလာနေပါတယ်။ ဝမှလှတာဆိုပေမယ့် ဝရင်ခန္ဓါကိုယ်ကလေးလံထိုင်းမှိုင်းလာပြီး ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်တာမျိုးတွေရှိလာနိုင်ပါတယ်။ ခန္ဓါကိုယ်က ဝလာတဲ့အခါ လှလှပပ စမတ်ကျကျနေဖို့က နည်းနည်းတော့ အခက်တွေ့လာတာပေါ့။ ဒီလိုဖြစ်တဲ့အခါ အလွယ်လမ်းလိုက်တဲ့အနေနဲ့ အဆီကျဆေးသောက်ဖို့ရွေးချယ်တာတွေ၊ အဆီကျကော်ဖီဆိုတာတွေကိုသောက်ဖို့ရွေးချယ်မိတာများမယ်ထင်ပါတယ်။ ဒါတွေက တကယ်ရောကျန်းမာရေးနဲ့ သင့်တော်ပါ့မလား။အရာရာတိုင်းမှာ အကောင်းနဲ့အဆိုးကဒွန်တွဲနေစမြဲပါ။ ဝတာက ကျန်းမာရေးကိုထိခိုက်စေနိုင်သလို အရမ်းပိန်နေတာမျိုးကျလည်းမကောင်းပြန်ပါဘူး။ အခုဆောင်းပါးလေးထဲမှာ နည်းစနစ်မှန်မှန်နဲ့ ကိုယ်အလေးချိန်ကျပြီး ကျန်းမာကျစ်လျစ်တဲ့ခန္ဓါကိုယ်ကို ပိုင်ဆိုင်နိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးပါရစေ။ဘော်ဒီအချိုးအစားကျနလှပချင်တဲ့ ကိုကို မမတွေစိတ်ဝင်စားမယ့် ကိုယ်အလေးချိန်ကျစေနိုင်မယ့် နည်းလမ်းတွေကတော့ –။ပရိုတင်းကြွယ်ဝတဲ့ မနက်စာစားပေးပါ– မနက်ခင်းမှာ ပရိုတင်းကြွယ်ဝစွာပါဝင်တဲ့ မနက်စာကို စားသုံးတာက အစာစားချင်စိတ်ကိုလျော့ကျစေပြီး တစ်နေ့တာလုံး ကယ်လိုရီစားသုံးမှုပမာဏကိုလျော့နည်းစေနိုင်ပါတယ်။အချိုရည်တွေကိုရှောင်ပါ– အချိုရည်တွေက ခန္ဓါကိုယ်ကို ဝစေနိုင်တဲ့ အဓိကအကြောင်းရင်းခံတွေပါ။ ဒါကြောင့် အချိုရည်ကို နှစ်နှစ်သက်သက်သောက်နေတယ်ဆိုရင်တော့ မသောက်ပါနဲ့လို့ပြောပါရစေ။အစားမစားခင် နာရီဝက်အလိုမှာရေသောက်ပါ-လေ့လာမှုတစ်ရပ်အရ အစားအစာတစ်ခုခုမစားခင် နာရီဝက်အလိုမှာရေတစ်ခွက်လောက်သောက်ပေးတာကို ၃ လကျော်ကြာလုပ်ခဲ့ပြီးတဲ့နောက် ကိုယ်အလေးချိန် ၄၄ ရာခိုင်နှုန်းကျသွားတာကိုတွေ့ရှိရပါတယ်။အမျှင်ဓါတ်ပါတဲ့ အစားအစာတွေကို စားသုံးပေးပါ-အမျှင်ဓါတ်ပါတဲ့ အစားအစာတွေက ခန္ဓါကိုယ် အထူးသဖြင့် ဝမ်းဗိုက် အဆီတွေကိုလျော့ကျစေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ အမျှင်ဓါတ်ပါတဲ့ အစားအစာတွေပါဝင်အောင်စားသုံးပေးပါ။ရေနွေးကြမ်းသောက်ပါ-ရေနွေးကြမ်းသောက်တတ်တဲ့သူဖြစ်မယ်ဆိုပါကရေနွေးကြမ်းသောက်ပေးပါ။ကော်ဖီကြိုက်နှစ်သက်တယ်ဆိုရင်လည်းကော်ဖီသောက်ပေးလို့ရပါတယ်။ ကဖင်းဓါတ်က ခန္ဓါကိုယ်တွင်းက ဇီဝဖြစ်စဉ်တွေကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။အသင့်စား အစားအစာတွေမစားပါနဲ့-ဖြစ်နိုင်ရင် အိမ်မှာပြင်ဆင်ပြုလုပ်တဲ့ အစားအစာတွေကိုပဲစားသုံးပေးပါ။ အသင့်စားအစားအစာတွေထဲမှာ အဆီနဲ့အငန်ဓါတ်တွေပါဝင်တာကြောင့် ခန္ဓါကိုယ်ကို ဝစေနိုင်ပါတယ်။အစားစားတဲ့အခါ ဖြည်းဖြည်းချင်းစားပေးပါ– အစားအသောက်ကိုမြန်မြန်စားတဲ့သူတွေက အချိန်ကြာလာတာနဲ့အမျှ ကိုယ်အလေးချိန်တက်လာတတ်ပါတယ်။ အစားအစာတွေကိုဖြည်းဖြည်းချင်းစားတာက ဗိုက်ပြည့်တယ်လို့ ခံစားရစေနိုင်ပြီး ခန္ဓါကိုယ်တွင်းက ကိုယ်အလေးချိန်ကျစေတဲ့ဟော်မုန်းတွေကိုတိုးစေနိုင်ပါတယ်။မနက်စာမစားဘဲ မနေပါနဲ့– မနက်စာမစားဘဲနေတာက ကိုယ်အလေးချိန်ကို မကျစေနိုင်ပါဘူး။ မနက်စာမစားဘဲနေလိုက်ခြင်းက ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေကို မစားမိတာမျိုးပဲဖြစ်သွားစေမှာပါ။ မနက်စာမစားမိတဲ့အခါနောက်ဆုံးရရှိလာမယ့် ရလဒ်က တစ်နေကုန် အဆာပြေစားစရာတွေကို တသွတ်သွတ်စားမိရင်း ကိုယ်အလေးချိန်တိုးလာတာပဲဖြစ်မှာပါ။အိပ်ရေးဝဝအိပ်ပါ– ညဘက်အိပ်ရေးမဝတာကလည်း ကိုယ်အလေးချိန်တက်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဒါကြောင့် ညတိုင်း အိပ်ရေးဝဝအိပ်ဖို့မမေ့ပါနဲ့။တစ်ခုခုစားပြီးတိုင်း ခံတွင်းသန့်ရှင်းရေးလုပ်ပေးပါ –အစားတစ်ခုခုစားပြီးတိုင်း ခံတွင်းသန့်ရှင်းရေးလုပ်ပေးတာက မလိုအပ်ဘဲနောက်ထပ်အစားမစားမိအောင် အထောက်အကူဖြစ်စေပါတယ်။ သွားတိုက်ပြီးပြီးချင်းမှာ အစားအစာတွေရဲ့ အရသာကိုသေချာမခံစားမိနိုင်တာကြောင့်လည်း မလိုအပ်ဘဲ အစားစားမိတာမျိုးမဖြစ်အောင်ကာကွယ်ပြီးသားဖြစ်သွားပါမယ်။ပန်းကန်အကြီးအစား အသေးလေးတွေအသုံးပြုပါ –လေ့လာမှုတွေအရ အစားအသောက်တစ်ခုခုကို စားတဲ့အခါ ပန်းကန်ခပ်ကြီးကြီးတွေအစား ခပ်သေးသေးပန်းကန်လေးတွေအသုံးပြုမယ်ဆိုရင် အစားများများမစားမိအောင်လုပ်ဆောင်ပေးနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ ဒီအချက်ကလည်း ကိုယ်အလေးချိန်ကျချင်သူတွေအတွက် အသုံးတည့်မယ့် အပန်းမကြီးတဲ့အချက်တစ်ရပ်ပါ။ကိုယ်လက်လှုပ်ရှားမှုရှိပါစေ– ကိုယ်လက်လှုပ်ရှားမှုရှိတာက ကိုယ်အလေးချိန်ကျဖို့အတွက်တော်တော်လေးအထောက်အကူပြုနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူးနေ့စဉ် ကိုယ်လက်လှုပ်ရှားမှုကိုတော်သင့်ရုံပမာဏလောက် လုပ်ပေးမယ်ဆိုရင် ကျန်းမာရေးအတွက်တော်တော်လေးအထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကျန်းမာကျစ်လျစ်တဲ့ခန္ဓါကိုယ်လေးရရှိစေဖို့အတွက် ကြိုးပမ်းနေတယ်ဆိုရင်နေ့စဉ် ပုံမှန် ၁၅ မိနစ်ကနေ မိနစ် ၃၀လောက်အထိလေ့ကျင့်ခန်းလုပ်ပေးပါ။အလုပ်ခွင်လိုအပ်ချက်ကြောင့်ဖြစ်ဖြစ် ကိုယ်တိုင်ကိုက ကျစ်လျစ်တဲ့ခန္ဓါကိုယ်လေးကို ပိုင်ဆိုင်ချင်တာကြောင့်ဖြစ်ဖြစ်ကိုယ်အလေးချိန်ကျဖို့ ကြိုးစားတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်တဲ့နည်းလမ်းနဲ့ပဲ ကိုယ်အလေးချိန်ကျအောင်လုပ်ဖို့ တိုက်တွန်းပါရစေ။ အခုနောက်ပိုင်းကာလတွေမှာဆိုရင် အဆီကျကော်ဖီ၊ အဆီကျသောက်ဆေးဆိုပြီးဆေးတွေအမျိုးမျိုးကို ပုံစံအမျိုးမျိုးနဲ့ရောင်းချနေတာကို အွန်လိုင်းမှာ အများအပြားတွေ့နေရပါတယ်။ ဒါတွေကကျန်းမာရေးနဲ့တကယ်ရောညီညွတ်ရဲ့လား။အဆီကျစေဖို့သောက်ရတဲ့ဆေးတွေနဲ့ အခြာသောအရာတွေထဲမှာ ကျန်းမာရေးကို အကျိုးမပြုတဲ့အရာတွေတော်တော်များများပါဝင်နေပါတယ်။ ဒီအရာတွေကမျှော်လင့်မထားတဲ့ဘေးထွက်ဆိုးကျိုးတွေကိုဖြစ်စေနိုင်ပါတယ်။ အဆီကျဆေးတွေသောက်သုံးမှုကြောင့် နှလုံးခုန်မြန်လာတာ၊သွေးတိုးတာ နဲ့လေဖြတ်တာတွေဖြစ်နိုင်သလို အဆိုးဆုံးအနေနဲ့ အသက်အန္တရာယ်ထိခိုက်တာမျိုးအထိဖြစ်စေနိုင်ပါတယ်။ FDA ရဲ့ခွင့်ပြုချက်ရထားတဲ့ ပိန်ဆေးက အနည်းငယ်သာရှိတာကြောင့် မဖြစ်မနေသောက်မယ်ဆိုရင်လည်း ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှသောက်သင့်ပါတယ်။အဆီကျဆေးတွေကို မသောက်ကြဖို့ပြောရတဲ့ အဓိကအချက်က အဆီကျပိန်ဆေးတော်တော်များများက နိုင်ငံတိုင်းလိုလိုမှာ FDA ခွင့်ပြုချက်ရထားတာသိပ်မရှိပါဘူး။သောက်သုံးလို့ရတယ်ဆိုပေမယ့်တောင်ရေရှည်မှာ ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။မြင်သာအောင်ပြောပြရရင်တော့ အဆီကျဆေးတော်တော်များများမှာ အဓိကပါဝင်နေတာက ဝမ်းနှုတ်ဆေးပါ။ ဝမ်းနှုတ်ဆေးက အလွန်အကျွံသောက်သုံးမယ်ဆိုရင် ခန္ဓါကိုယ်ထဲကelectrolyte ပမာဏမမျှတတာမျိုးဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင်ပိန်ဆေးတွေထဲမှာပါတဲ့Guarana ဆိုတဲ့ အပင်တစ်မျိုးက ဆီးရွှင်စေနိုင်ပါတယ်။ ဒီအပင်က ကဖင်းဓါတ်ပါဝင်နေတဲ့ အပင်တစ်မျိုးဖြစ်ပြီးသွေးပေါင်ချိန်တက်တာမျိုးဖြစ်စေနိုင်ပါတယ်။ ဒါတင်မကပါဘူး။ ခန္ဓါကိုယ်ထဲမှာ မအီမသာဖြစ်တာ၊ ညီးစီစီဖြစ်တာ နဲ့ စိတ်ဖိစီးတာမျိုးတွေဖြစ်စေနိုင်ပါတယ်။ဒါတွေအပြင် ပိန်ဆေးတွေထဲမှာ ပါလေ့ရှိတဲ့juniper berries နဲ့ horse tail လိုမျိုး အပင်တွေကလည်းဆေးဖက်ဝင်အပင်တွေဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုသလိုပါ။ ပမာဏအရမ်းများလာမယ်ဆိုရင်ကျောက်ကပ်ထိခိုက်တာနဲ့ ဦးနှောက်ထိခိုက်တာတွေအပါအဝင်ပြင်းထန်တဲ့ကျန်းမာရေးနောက်ဆက်တွဲပြဿနာတွေခံစားရနိုင်ပါတယ်။ဆီးအရမ်းရွှင်စေတဲ့ ပိန်ဆေးတွေဆိုရင်ခေါင်းမူးတာ၊သွားဖုံးသွေးယိုတာ၊ဝမ်းမည်းမည်းတွေသွားတာ၊ စိတ်ရှုပ်ထွေးတာမျိုးတွေခံစားရနိုင်ပါတယ်။ sibutramine ပါဝင်နေတဲ့ အချို့ ပိန်ဆေးတွေဆိုရင် ရုတ်တရက်နှလုံးရပ်တာ နဲ့ လေဖြတ်တာတွေဖြစ်နိုင်ပါတယ်။ဒါကြောင့် ခန္ဓါကိုယ် ကျန်းမာကျစ်လျစ်တဲ့ ခန္ဓါကိုယ်ကို ပိုင်ဆိုင်ချင်တဲ့ ကိုကိုမမတွေအနေနဲ့ အပေါ်မှာပြောခဲ့တဲ့ နည်းလေးတွေအတိုင်းလိုက်လုပ်ကြည့်ပြီး ကိုယ်အလေးချိန်ချကြပါလို့ တိုက်တွန်းပါရစေ။ ကျန်းမာကျစ်လျစ်ပြီး အချိုးအစားကျနလှပတဲ့ ခန္ဓါကိုယ်ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/%e1%80%95%e1%80%ad%e1%80%94%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8-%e1%80%a1%e1%80%86%e1%80%ae%e1%80%80%e1%80%ba%e1%80%b1%e1%80%86%e1%80%b8/
လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုနဲ့နှောင့်ယှက်မှု
လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့အနိုင်ကျင့်မှုတို့ဟာ တားဆီးကာကွယ်ကြရမယ့် ပြစ်မှုကြီးတစ်ခုဖြစ် ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်ပါဆောင်းပါးက အကြံဉာဏ်အချက်အလက်တွေ ဖော်ပြပေးထားပါ တယ်။အနိုင်ကျင့်မှုတခြားအမျိုးအစားတွေမှာလိုပဲ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုမှာ တခြားသူတစ်ဦး တစ်ယောက်ကို ရန်စ၊စော်ကား၊ ထိခိုက်စေဖို့ ဒါမှမဟုတ် ခြိမ်းခြောက်ဖို့ရည်ရွယ်တဲ့ အာရုံစိုက်မှု၊ မှတ်ချက်ပြောဆိုမှု၊ အမူအရာနဲ့ လုပ်ရပ်တွေ ပါဝင်ပါတယ်။လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုမှာ လိင်အမျိုးအစား တစ်ခုတည်းကိုပဲ အန္တရာယ်ရှိတာမဟုတ်ပါဘူး။ ယောကျာ်းလေးအချင်းချင်း၊ မိန်းကလေးအချင်းချင်း၊ ယောကျာ်းလေးတွေက မိန်းကလေးတွေကို၊ မိန်းကလေး တွေက ယောက်ျားလေးတွေကို ကာယိန္ဒြေပျက် အောင် ကျူးလွန်နိုင်ပါတယ်။ ဒါ့အပြင် အသက်အရွယ် အကန့်အသတ်မရှိ ပါဘူး။ ဆိုရရင် အရွယ်ရောက်ပြီးသူတွေက ငယ်သူတွေကို နှောင့်ယှက်လာနိုင်ပြီး ငယ်သူတွေက လည်း အသက်ပိုကြီးသူကိုနှောင့်ယှက်လာနိုင်ပါတယ်။လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတို့က မလိုလားတဲ့ အာရုံစိုက်ခံရမှု၊ မှတ်ချက်စကားတွေ၊ လုပ်ရပ်တွေ၊ ခြေလက်အမူအရာတွေနဲ့ အသားချင်းထိတွေ့မှုတွေ ပါဝင်တာချင်းတူတာကြောင့် အတော်လေး ဆင်တူပါ တယ်။လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့အနိုင်ကျင့်မှုမှာ –။လူတစ်ဦး၏ ဆန္ဒကိုဆန့်ကျင်ပြီး နမ်းရှုပ်ခြင်း၊ လိင်ဆက်ဆံစေခြင်းတို့ကို အတင်းအကျပ် လုပ်ဆောင်တာဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်းနဲ့အနိုင်ကျင့်ခြင်းတို့ကိုကျော်လွန်သွား ပြီဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်မျိုးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ မုဒိမ်းမှုတို့ဖြစ်နေပြီ ဖြစ်ကာ ပြစ်မှုကြီးတွေဖြစ်ပါတယ်။ဖြစ်ရပ်တစ်ခုစီက မတူကြတာကြောင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု အားလုံးကို ကိုင်တွယ်ဖြေရှင်းနိင်ဖို့ မှန်ကန်တဲ့ တစ်ခုတည်းသော နည်းလမ်းမရှိပါဘူး။ ဒါ့အပြင် သင့်ကိုလိင်ပိုင်းအရ နှောင့်ယှက်အနိုင်ယူနေတာကို ထိုလူကို ပြောဆိုပြီး ရပ်တန့်ခိုင်းတာက အထောက်အကူဖြစ်စေ နိုင်မှာပါ။ ဒီလိုလုပ်ရပ်တွေကို တချို့က ရယ်စရာထင်ပြီး အရေးမကြီးဘူးထင်နေတယ်။ ဒါ့ကြောင့် သူတို့က သင်နဲ့ သင့်ရဲ့နေ့စဉ်ဘဝ ကို ကိုထိခိုက်စေနေတဲ့အကြောင်း၊ စတင် ပြောပြတာက ကောင်းပါလိမ့်မယ်။တနည်းအားဖြင့် သူတို့က မရပ်ခဲ့ရင် ယုံကြည်ရတဲ့ လူကြီးတစ်ဦးဦး၊ သူနာပြု ၊ဆရာမ၊ အုပ်ချုပ်သူ၊ ကျောင်းအတိုင်ပင်ခံပုဂ္ဂိုလ် စတဲ့သူတွေဆီက အကြံဉာဏ်တောင်းခံနိုင်ပါတယ်။ ကျောင်းအများစု ဟာ သင့်ကိုကူညီဖို့ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှု နဲ့ နှောင့်ယှက်မှုဆိုင်ရာ မူဝါဒရှိတာကြောင့် တိတ်တိတ် ကျိတ်ခံပြီး နစ်နာသူမဖြစ်ပါစေနဲ့။ဖြစ်ခဲ့ကြုံခဲ့သမျှကို မှတ်တမ်းယူသိမ်းဆည်းနိင်ပါတယ်။ ဒါတွေက အမှုတွေဖြစ်လာခဲ့ရင်တရားခံကို ဥပဒေအရ အရေးယူချင်လာမှာဖြစ်တဲ့အတွက် သက်သေဖြစ်လာနိုင်ပါတယ်။လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့အနိုင်ကျင့်မှုက လူတွေ ရဲ့ဘဝကိုပျက်စီးစေနိုင်ပါတယ်။ ပေါ့ပေါ့လေးကျူးလွန် ပြီး ရယ်စရာ၊ စိတ်ဝင်စားစရာအဖြစ်မြင်နေ တတ်ကြပါတယ်။ သင်၊ သင့်မိတ်ဆွေ၊ ဒါမှမဟုတ် သင်သိတဲ့လူတစ်ယောက်ကို အနိုင်ကျင့်ခံရ၊ နှောင့်ယှက်ခံရရင် တရားခံအနေနဲ့ ဒါတွေထပ်မကြုံရအောင် ချက်ချင်းတားဆီးသင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9b%e1%80%ac%e1%80%a1%e1%80%94%e1%80%ad%e1%80%af%e1%80%84/
လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့အနိုင်ကျင့်ခံရမှု
လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့အနိုင်ကျင့်ခံရမှုဟာ လူတစ်ယောက်ရဲ့ဘဝကို အရမ်းကိုဆိုးရွားတဲ့ သက်ရောက်မှုပေးနိုင်တာကြောင့် တားဆီးကာကွယ် ကြရမယ့် ပြစ်မှုကြီးတစ်ခုဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်ပါဆောင်းပါးက အကြံဉာဏ်အချက်အလက်တွေ ဖော်ပြပေးထားပါ တယ်။လိင်ပိုင်းဆိုင်ရာစော်ကား၊အနိုင်ကျင့်ခံရမှု ကြုံရနိုင်တဲ့ အန္တရာယ်နည်းပါးစေဖို့ အောက်ပါအချက်တွေကို လုပ်ဆောင်ပါ။လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ အနိုင်ကျင့်ခံရမှုတို့က လူတိုင်းမှာဖြစ်လာနိုင်တာကြောင့် ကိုယ့်ကိုယ်ကိုယ်အပြစ် တင်မနေသင့်ပါဘူး။ အတိတ်ကို အတိတ်မှာထားခဲ့ပြီး ပုံမှန်ဘဝကို ပြန်လည်စတင်နိုင်ဖို့အတွက် ဘာတွေလုပ်သင့်သလဲဆိုတာ ဆရာဝန်တွေ၊ ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး အကြံဉာဏ်ရယူပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9b%e1%80%ac%e1%80%85%e1%80%b1%e1%80%ac%e1%80%ba%e1%80%80/
အမျိုးသမီးတွေဟာ အမျိုးသားတွေထက်ပိုပြီး သွေးခဲနိုင်ချေ မြင့်မား ။ ။
အမျိုးသားတွေထက် အမျိုးသမီးတွေဟာသွေးခဲနိုင်ချေပိုမြင့်မားတယ် ။deep vein thrombosisလို့ခေါ်တဲ့သွေးပြန်ကြော သွေးခဲပိတ်ခြင်း ရောဂါ ဖြစ်နိုင်ချေ ပိုများတယ်ဆိုရင် အံ့သြသွားမလား။ ဒီကိစ္စက အမှန်ပါ။နာတာရှည်သွေးပြန်ကြော ရောဂါတွေ၊ သွေးခဲတဲ့ ပြဿနာတွေအမျိုးသားတွေမှာလည်းဖြစ်နိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာ တွေ့ရပိုများပါတယ်။ထိခိုက်ဒဏ်ရာ တစ်ခုခုရလို့ သွေးထွက်တဲ့အခါ ကိုယ်ခန္ဓါက သွေးခဲစေပြီးသွေးတိတ်ေအာင် လုပ်ရပါတယ်။ ဒါကကောင်းတဲ့ကိစ္စတစ်ခုဖြစ်ပေမယ့် deep vein thrombosis လို့ခေါ်တဲ့ သွေးပိတ်ကြောပိတ်တဲ့ ပြဿနာမှာတော့ ဒီသွေးခဲတဲ့ ကိစ္စက တရားခံပါ။ ဒါတင်မက ခဲနေတဲ့သွေးခဲလေးတွေပြုတ်ထွက်ပြီး အဆုတ်သွေးကြော နှလုံးသွေးကြောတွေမှာ သွားပိတ်ရင် ပိုပြီး ပြဿနာကြီးသွားပါပြီ။ ဒီလောက် ကြောက်ဖို့ကောင်းတဲ့ ပြဿနာတွေက မိန်းကလေးတွေမှာမှ ဘာ့ကြောင့် ပိုဖြစ်ရတာလဲ။ကိုယ်ဝန်စဆောင်ထားတဲ့အချိန်ကစပြီးမီးဖွားခါနီး အချိန်အထိ ပြောင်းလဲလာတဲ့ ဟော်မုန်းနဲ့ ကိုယ်ခန္ဓါအခြေအနေများကြောင့် အခြားသူများထက် သွေးခဲနိုင်ချေ ၅ ဆပိုပြီးမြင့်နေပါလိမ့်မယ်။ ကြီးလာတဲ့ သားအိမ်ကသွေးကြောတွေကို သွားဖိတာကြောင့်ရယ်၊ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ နားနားနေနေ နေတာက ပိုများတာရယ်ကြောင့်လည်း ပါတာပေါ့။ ဆရာဝန်ဆီသွားပြဖို့ရောလိုလားလို့ သိချင်တဲ့သူတွေ ရှိနေမှာပါ။သားဆက်ခြားနည်း။သားဆက်ခြားနည်းတွေထဲမှာမှ အီစတိုဂျင်ဟော်မုန်း ၊ ဟော်မုန်းနှစ်မျိုးစပ်ပါတဲ့ သားဆက်ခြားနည်တွေက DVT ဖြစ်နိုင်ချေပိုများပါတယ်။ ဟော်မုန်းပေါင်းထားတဲ့ သားဆက်ခြားနည်းတွေကDVTဖြစ်နိုင်ချေ ၃ ဆ ပိုမြင့်ပါတယ်။ ဒီတော့ ဒီလို ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းကို ရှောင်သင့်တဲ့သူတွေ ရှိပါတယ်။အီစတိုဂျင် ဟော်မုန်းမပါတဲ့ သားဆက်ခြားနည်းတွေဖြစ်တဲ့ သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း၊ ပရိုဂျက်စတုန်းဟော်မုန်း တစ်မျိုးတည်းပါတဲ့သားဆက်ခြားနည်းတွေကို ရွေးသုံးပါ။တစ်ချို့သွေးဆုံးသွားပြီးနောက်ပိုင်း သွေးဆုံးချိန် ခံစားရတဲ့ဝေဒနာတွေကို သက်သာစေဖို့ ဟော်မုန်းအစားထိုးကုသခြင်းကို ခံယူနေတဲ့ အမျိုးသမီးကြီးတွေရှိပါတယ်။ ဟော်မုန်းအစားထိုးဆိုတော့အီစတိုဂျင်ရော ပရိုဂျက်စတုန်းရော ၂ မျိုးလုံး ပါမှာ ဖြစ်တာကြောင့် DVT ဖြစ်နိုင်ချေ များပါတယ်။ အထူးသဖြင့် အသက်ကြီးလာလို့ အဝလွန်နေတဲ့ အမျိုးသမီးတွေ၊ ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့ အမျိုးသမီးတွေ ၊နှလုံးရောဂါ ရှိတဲ့အမျိုးသမီးတွေနဲ့ အရိုးကျိုးနေတဲ့ အမျိုးသမီးတွေက ပိုပြီး ဖြစ်နိုင်ချေများပါတယ်။ ဒီတော့ ဟော်မုန်းအစားထိုးကုသခြင်းကြောင့် ရလာမယ့် ကောင်ကျိုး ဆိုးကျိုးတွေကို သေချာ ချိန်ဆပြီးတော့မှ ကုသသင့်မသင့် ဆရာဝန် နဲ့ တိုင်ပင်ဆုံး ဖြတ်ပါ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/dvt/
၂ နှစ်သား ကလေးကို ဘယ်လို ကျွေးမွေးပြုစုသင့်သလဲ
အသက်၂နှစ်ရောက်တဲ့အခါ သင့်ကလေးရဲ့စားသောက်မှုပုံစံက ပြောင်းလဲလာပါပြီ။ သူတို့လေးတွေ ကျန်းမာရေးနဲ့သင့်တော်မျှတတဲ့ စားသောက်မှုပုံစံကို အသားကျပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံကို ရရှိလာစေဖို့အတွက် သူတို့စားတဲ့အစားအသောက်တွေ၊ ဗီတာမင်တွေကို သင့်အနေနဲ့ထိန်းညှိပေးဖို့လိုလာပါတယ်။အသက်၂နှစ်အရွယ် သင့်ရင်သွေးလေးဟာ လူကြီးတွေစားသလို တစ်နေ့ကိုသုံးကြိမ်စားသင့်ပါပြီ။ ကြားထဲမှာလည်း အဆာပြေသရေစာလေးတစ်ကြိမ်နှစ်ကြိမ်စားပေါ့။ ဒါပေမယ့် သင့်ကလေးကို ဗီတာမင်နဲ့သတ္တုဓါတ်တွေလုံလောက်အောင် ဖြည့်ဆည်းပေးနိုင်မယ့် သစ်သီးအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်တွေနဲ့ပရိုတင်းဓါတ်တွေကို ရွေးချယ်ပေးဖို့လိုအပ်ပါလိမ့်မယ်။ ဒါမှသာ အာဟာရမပြည့်ဝခြင်း၊ ဗီတာမင်ဓါတ်ချို့တဲ့ခြင်းတွေရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။အခုဆိုရင် သင့်ကလေးဟာ ဇွန်းနဲ့စားတတ်လာပါပြီ။ ရေခွက်ကို လက်တဖက်တည်းနဲ့ကိုင်ပြီးသောက်တတ်လာပါပြီ။ ပြီးတော့ အစားအမျိုးမျိုးလည်း စားတတ်လာပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် သင့်ကလေးဟာ ငယ်ရွယ်သေးတာမို့တချို့အစားအစာတွေစားတဲ့အခါ ကစားချင်ဇောနဲ့အလျင်စလိုစားတဲ့အခါ ဒါမှမဟုတ် တခြားကိုအာရုံရောက်သွားတဲ့အခါမျိုးမှာ အစာနင်တာ၊ သီးတာတွေ ဖြစ်နိုင်သေးတဲ့အတွက် သူတို့လေးတွေ အစာစားချိန်ဆိုရင် ဘေးကနေစောင့်ကြည့်ပေးဖို့လိုအပ်တုန်းပဲ ဖြစ်ပါတယ်။ကလေးတွေဟာ သူတို့စားနေကျ၊ သူတို့ကြိုက်တဲ့အစားအစာတွေကိုသာ တောင့်တလေ့ရှိကြတာမို့အစားအစာအသစ်တခုစားဖို့ဆိုရင် ငြင်းဆန်တတ်ကြတာ၊ ထွက်ပြေးတတ်ကြတာဟာသဘာဝပဲ ဖြစ်ပါတယ်။ ဒါကြောင့်အစားအစာတွေကို ကလေးတွေကြိုက်တတ်တဲ့ ပုံစံလေးတွေ၊ အရုပ်လေးတွေ ပုံဖော်တာ၊ အရောင်အသွေးစုံလင်အောင်လုပ်ပေးတာ၊ ဆန်းသစ်အောင်တီထွင်တာစသဖြင့် ပြုလုပ်ပေးပြီး ကလေးတွေကိုအစာစားချင်လာအောင် ဆွဲဆောင်ရမှာပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ကလေးတွေဟာ အစားအစာပေါ်ကို ပိုစိတ်ဝင်စားအာရုံရောက်လာပြီး အသစ်သစ်သောအစားအစာတွေကို မငြင်းဆန်ဘဲစားလာမှာ ဖြစ်ပါတယ်။ လူကြီးမိဘတွေဟာ ဟင်းသီးဟင်းရွက်တွေနဲ့တခြားအစားအစာတွေကို ကလေးတွေသတိမထားမိအောင် အချဉ်ရည်စတာတွေနဲ့ဖုံးဖိပြီး ညာကျွေးနိုင်ပေမယ့် ကလေးတွေအနေနဲ့ အစားအစာအသစ်အဆန်းတွေ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို သူတို့ပန်းကန်ထဲမှာနေ့စဉ်မြင်တွေ့ပြီး နောက်ဆုံးမှာ သူတို့ကိုယ်တိုင်လိုလိုလားလားနဲ့စားလာဖို့ကအရေးကြီးဆုံးပဲ ဖြစ်ပါတယ်။အစားအသောက်ကို အစုံစားတဲ့ကလေးတွေအဖို့ ဗီတာမင် ဖြည့်စွက်အားဆေးတွေ တိုက်စရာမလိုပါဘူး။ ဒါပေမယ့် အသားစားတာနည်းတဲ့ကလေးတွေ၊ သံဓါတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေအစားနည်းတဲ့ ကလေးတွေအတွက်တော့ သံဓါတ်အားဆေးတွေ။တိုက်ဖို့လိုပါလိမ့်မယ်။တကယ်လို့ သင့်ကလေးအနေနဲ့ တစ်နေ့ကို နွားနို့၃၂အောင်စ (၉၆၀စီစီလောက်)ထက် ပိုပြီးသောက်တယ်ဆိုရင် နွားနို့ဟာ သံဓါတ်ကို ခန္ဓါကိုယ်ကစုပ်ယူမှုကိုတားဆီးနှောင့်ယှက်နိုင်တာကြောင့် သူလေးအနေနဲ့သံဓါတ်ချို့တဲ့မှု ခံစားရနိုင်ချေပိုပြီးများပါတယ်။ အဆီနည်းတဲ့/အဆီမပါတဲ့နွားနို့ကို တစ်နေ့၁၆အောင်စ (၄၈၀စီစီလောက်) သောက်တာ အသင့်တော်ဆုံးပမာဏဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပမာဏဟာ အသက်၂နှစ်အရွယ် ကလေးတစ်ယောက်အတွက် သင့်တော်မျှတတဲ့အာဟာရဓါတ်ကိုပေးမှာဖြစ်သလို သံဓါတ်စုပ်ယူမှုကိုလည်း အနှောင့်အယှက်မပေးတဲ့ ပမာဏဖြစ်ပါတယ်။သင့်ကလေး အသက်၂နှစ်အရွယ်ရောက်တဲ့အခါ အမျိုးမျိုးသော အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို စတင်မိတ်ဆက်စားသောက်ဖို့အားပေးရမယ်ဆိုပေမယ့် ဒီလိုစားနေကျမဟုတ်တဲ့ အစားအစာအသစ်တွေကပေးလာနိုင်တဲ့ ဓါတ်မတည့်မှုတွေကိုလည်း သတိထားပြီး စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ သင့်မိသားစုအရင်းအခြာတစ်ယောက်မှာ ဒါမှမဟုတ် တယောက်ထက်ပိုပြီး ဓါတ်မတည့်တတ်တဲ့အခြေအနေမျိုး ရှိမယ် ဒါမှမဟုတ် ဓါတ်မတည့်တာကြောင့် ဖြစ်တတ်တဲ့ရောဂါတွေ (ပန်းနာရင်ကျပ်၊ နှင်းခူ၊ အစားအသောက်ဓါတ်မတည့်တာ စသဖြင့်ပေါ့) ရှိနေမယ်ဆိုရင် သင့်ရင်သွေးလေးမှာ ဓါတ်မတည့်တာ ဖြစ်နိုင်ချေပိုပြီးများပါလိမ့်မယ်။သကြားလုံး၊ ပြောင်းဖူးပေါက်ပေါက်၊ အခွံမာသီးတွေ၊ စပျစ်ခြောက်စတဲ့ နင်တတ်တဲ့အစားအစာတွေ စားတဲ့အခါမှာ ပိုပြီး သတိထားစောင့်ကြည့်ရပါမယ်။ ပုံမှန်အစားအစာတွေ စားနေချိန်မှာလည်း အနီးကပ်စောင့်ကြည့်ပေးပါ။တကယ်လို့သင့်ရဲ့အသက်၂နှစ်အရွယ်ရင်သွေးလေးကို ပြုစုစောင့်ရှောက်ရတာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ပြဿနာတစ်ခုရှိမယ်ဆိုရင် နှောင့်နှေးတုံ့ဆိုင်းမနေဘဲ မိသားစုဆရာဝန် ဒါမှမဟုတ် ကလေးဆရာဝန်နဲ့ ပြသတိုင်ပင်ဆွေးနွေးအကြံဉာဏ်တောင်းခံရမှာပဲ ဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/%e1%81%82-%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%ba/
ကိုဗစ်ကာကွယ်ဆေး ထိုးပြီးရင် Antibody စစ်ဖို့ လိုမလို
အရင်က ကာကွယ်ဆေးထိုးပြီးရင် ဆေးအောင် မအောင်Antibody(Ab)လေး စစ်ကြည့်ကြပါတယ်။ ဥပမာ အသည်းရောင် အသားဝါ ဘီပိုးကာကွယ်ဆေးဆိုရင် ထိုးပြီး ဆေးအောင် မအောင် စစ်ကြသလို ဒီအဖြေကို ကြည့်ပြီး ပြန်ထိုးဖို့ လိုမလို ဆုံးဖြတ်ကြပါတယ်။ကိုဗစ်ကာကွယ်ဆေး မှာရော ဒီလို လုပ်ဖို့ လိုသလား။ယူအက်စ် FDAကတော့ Antibody ကို စစ်ပြီး လူနာကရောဂါခုခံနိုင်စွမ်းရမရ တစ်နည်းအားဖြင့် ရောဂါပြီးမပြီး မဆုံးဖြတ်သင့်ဘူးလို့ ဆိုပါတယ်။ အထူးသဖြင့်ကာကွယ်ဆေးထိုးပြီး ခုခံအား ရမရကို Antibody စစ်ပြီး မကြည့်သင့်ဘူးလို့ ဆိုပါတယ်။ရောဂါလက္ခဏာပြထားတဲ့ သူတွေမှာ Antibody စစ်ကြည့်လိုက်လို့ ရှိနေရင် အရင်ကကိုဗစ်ပိုးကူးခဲ့တယ်လို့ ပြောလို့ရပေမယ့် ကာကွယ်ဆေးထိုးပြီး ဆေးအောင်မအောင် Antibodyစစ်ပြီး ပြောဖို့ လေ့လာချက်တွေ အများကြီး လိုပါသေးတယ်။ လက်ရှိ ခွင့်ပြုထားတဲ့ Antibody စစ်တာတွေက ကာကွယ်ဆေးထိုးပြီး ဆေးအောင်မအောင်ကို စစ်ပေးနိုင်စွမ်း မရှိပါဘူး။ပိုဆိုးတာက Antibody စစ်ပြီး အဖြေတွေကို မှားဖတ်မိတာ၊ မှားပြီး ယူဆမိတာတွေကြောင့် ပေါ့လျော့ပြီး ကိုဗစ်ပြန်ကူးမှာ စိုးလို့ပါ။ ကာကွယ်ဆေး အပြည့်ထိုးထားတာတောင်ကိုဗစ်က ပြန်ကူးနိုင်စွမ်းရှိတာကို သတိထားသင့်ပါတယ်။လက်ရှိမှာတော့ ကာကွယ်ဆေးထိုးပြီး Antibody စစ်တာကို (အထူးသဖြင့်test kitနဲ့ စစ်တာကို) အားမပေးပါဘူး။ ဘာကြောင့်လည်း ဆိုတော့။-ကာကွယ်ဆေးထိုး၊ စစ်လို့ ပေါ့စတစ်ထွက်နေရင် Antibodyထွက်၊ နဂ္ဂတစ်ဆိုရင် မထွက်ဘူးလို့ အကြမ်းဖျင်းပြောလို့ ရပေမယ့် လက်တွေ့မှာ ဒီလောက်မလွယ်ပါဘူး။-လက်ရှိ ခွင့်ပြုထားတဲ့ Antibodyစစ်တာတွေကလည်း ပေါ့စတစ်ထွက်သည့်တိုင် ကိုဗစ်ကို ခံနိုင်သွားပြီ၊ မဖြစ်တော့ဘူးလို့ ယတိပြတ်ပြောလို့ မရပါဘူး။-ကာကွယ်ဆေးထိုးပြီး ထွက်တဲ့ Antibodyဆိုတာ ကာကွယ်ဆေးမှာ ပါတဲ့ ဗိုင်းရပ်စ်ပရိုတင်းကို ခုခံအားက တုံ့ပြန်လို့ ထွက်တာပါ။ ဥပမာ  mRNAကာကွယ်ဆေးတွေဆိုရင် သူ့မှာ ပါတဲ့ Spike protein ဆူးချွန်ပရိုတင်းတွေကြောင့် Antibodyထွက်ပါတယ်။ ပိုးကူးခံရတဲ့ သူကျတော့ ပိုးမှာပါတဲ့ nucleocapsid ပရိုတင်းကြောင့် Antibody ထွက်ပါတယ်။-ဒါကြောင့် ကိုယ်စစ်တဲ့ Antibody စစ်နည်းက ကာကွယ်ဆေးကြောင့် ထွက်တဲ့ Antibodyကို မစစ်နိုင်ဘူး၊ ပိုးကူးတာကြောင့် ထွက်တဲ့ Antibodyကိုပဲ စစ်နိုင်တယ်ဆိုရင် ဆေးအောင်တာတောင် နဂ္ဂတစ်ပြနေမှာပါ။mRNAကာကွယ်ဆေး ထိုးတဲ့သူတွေဆိုရင်တော့ ဓာတ်ခွဲခန်းမှာ ဆူးချွန်ပရိုတင်းတွေကြောင့် ထွက်တဲ့ Antibodyကို သီးသန့်စစ်နိုင်ပါတယ်။ဆေးထိုးတယ် စစ်ကြည့်လိုက်လို့ ပေါ့စတစ်ထွက်နေရင် ငါတော့ ဆေးအောင်သွားပြီ၊ ရောဂါပြီးသွားပြီဆိုပြီး စိတ်ချလက်ချ နေမိတတ်ပါတယ်။ ဒီတော့ ကာကွယ်ရေး နည်းလမ်းတွေဖြစ်တဲ့နှာခေါင်းစည်းတပ်တာ၊လက်ဆေးတာ၊ ခပ်ခွာခွာနေတာကို ပေါ့ပေါ့ဆဆ လုပ်မိတတ်ပါတယ်။ ကာကွယ်ဆေးတွေက ရတဲ့ ခုခံအားကလည်း ပိုးကူးထားတဲ့သူလိုပဲ ဘယ်လောက် ခံမလဲဆိုတာ အတိအကျ မပြောနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ဆီ ပိုးပြန်ကူးတာ ဖြစ်နိုင်ပါတယ်။ ကိုယ့်ဆီမှာ ပိုးပါလာပြီး ကိုဗစ်ကာကွယ်ဆေး မထိုးရသေးတဲ့ သူများကို ကူးတာလည်း ဖြစ်နိုင်ပါတယ်။ဆေးထိုးပြီး စစ်တယ်၊ နဂ္ဂတစ်ထွက်နေရင် ဆေးမအောင်ဘူးလို့ ထင်သွားတတ်ပါတယ်။  ဆေးမအောင်ဘူးထင်ပြီး သူများ ၂ကြိမ်ထိုးဖို့ ကြိုးစားနေချိန်မှာ ကိုယ်က ၃ကြိမ်မြောက် Booster ထိုးဖို့ လိုက်ရှာနေတာ၊ ဆေးထိုးပေးတဲ့သူတဲ့ ပြဿနာဖြစ်တာ၊ စိတ်သောကတွေများတာ စတာတွေ ဖြစ်တတ်ပါတယ်။ကိုဗစ်ကာကွယ်ဆေး ထိုးပြီးရင် ခုခံအားရဲ့ တုံ့ပြန်မှုကြောင့် ဖျားတာ၊ ထိုးတဲ့နေရာမှာ နာတာ၊ ရောင်တာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလိုတွေ ခံစားရရင် ဆေးအောင်တယ်လို့ အလွယ်မှတ်ထားကြပါတယ်။ ဒါက အများစုပါ။ တချို့က ဆေးအောင်သည့်တိုင် ဘာလက္ခဏာမှ မခံစားရတာတွေ ရှိပါတယ်။ဒါကြောင့် ဆေးထိုးပြီး ဒီလက္ခဏာတွေ ခံစားရရင် ဆေးအောင်တယ်လို့ အကြမ်းဖျင်း သတ်မှတ်လို့ရတယ်။ ဒါပေမယ့် ဒီလက္ခဏာတွေ မခံစားရလို့ ဆေးမအောင်ပါဘူးလို့ တထစ်ချဆုံးဖြတ်လို့ မရပါဘူး။လက်ရှိအချိန်မှာတော့ ကာကွယ်ဆေးကိုသာ အကြိမ်ရေပြည့်အောင် ထိုးလိုက်ပါ။ ဆေးအောင်မအောင် သီးသန့်မစစ်ပါနဲ့လို့သာ အကြံပေးချင်ပါတယ်။-Antibody ထွက်တာက ခုခံအား ရှိတာကိုပဲ ပြပြီး ဘယ်လောက်ကြာကြာခံမယ်၊ ဘယ်လောက်ထိကာကွယ်နိုင်မယ်ဆိုတာ အတိအကျ မပြောနိုင်သေးတဲ့အတွက် ကာကွယ်ဆေးထိုးပြီးလည်း လက်ဆေးတာ၊ နှာခေါင်းစည်းတပ်တာ၊ ခပ်ခွာခွာနေတာကို ဆက်လုပ်ရဦးမှာပါပဲ။-လက်ရှိ ကိုဗစ်ကာကွယ်ဆေး တွေက အကြိမ်ရေပြည့်အောင် ထိုးရင် သူ့ရာခိုင်နှုန်းအလိုက် ကာကွယ်နိုင်စွမ်းရှိတယ်ဆိုတာကို အထပ်ထပ်အခါခါ စမ်းပြီးသားပါ။ ဒါကြောင့် WHOက ခွင့်ပြုပေးခဲ့တာပါ။ စိတ်ချရတဲ့ ဆေးကိုသာ စနစ်တကျ ထိုးခဲ့ရတယ်ဆိုရင် ဆေးအာနိသင်ရမှာပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/antibody-test-after-covid-vaccine/
ချစ်တင်းနှောရာတွင် အသုံးမကျသူဖြစ်ကြောင်း သိနိုင်မယ့် အချက် ၆ချက်
အများစုသောလူတွေဟာ “အိပ်ယာပေါ်မှာ အသုံးမကျဖြစ်နေလား” ဆိုတဲ့မေးခွန်းကို အနည်းဆုံး တစ်ကြိမ် တစ်ခါလောက်တော့ သိချင်ကြပါတယ်။ အဲဒါက ခက်ခဲတဲ့မေးခွန်းတစ်ခုပါ။ တစ်ကယ်တော့ သင်က သင့်ချစ်သူကို အဲဒီအကြာင်းကို အားမွေးပြီး ပြောခဲ့၊မေးခဲ့ရင်တောင် သူက မှန်ကန်တဲ့ တုံ့ပြန်မှုကို ပေးချင်မှ ပေးမှာပါ။ ဒါတွေက ရှက်ကြောက်စရာကိစ္စတွေ မဟုတ်ပါဘူး။ သင့် လိင်ဆက်ဆံဖော်က စိတ်ကျေနပ်မှုရှိတယ်လို့ မခံစားရဘူးဆိုရင် သင့်အတွက် စိတ်မနှစ်မြို့စရာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလို မခံစားသင့်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ချစ်တင်းနှောရာမှာ သင်ဘယ်လို စွမ်းဆောင်နိုင်သလဲ ဆိုတာ ကိစ္စ အများကြီးအပေါ်မူတည်နေလို့ပါ။ လူအများစုမှာလည်း ဒီလို ဖြစ်နိုင်ပါတယ်။ ကောင်းတဲ့ အချက် ကတော့ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာနိုင်ပါတယ် ဆိုတဲ့အချက်ပါ။ဒါဆို တိုးတက်လာမှု တချို့ရှိ/ မရှိဆိုတာ ဘယ်လိုသိနိုင်မလဲ။ လွယ်ကူပြီး ပြင်လို့ရတဲ့ အချက်တစ်ချို့ ကိုဆက်လက်ဖော်ပြပါမယ်။၁။ သင့်ပထဆုံးဦးစားပေးမှုက သင့်စိတ်ကျေနပ်မှုဖြစ်နေခြင်း။သင့် လိင်ဆက်ဆံဖော် စိတ်ကျေနပ်မှု ထက် သင့်ရဲ့ နှစ်သက်မှု ကျေနပ်မှုကိုပဲ အာရုံစိုက်နေမယ်ဆိုရင်တော့ အနည်းငယ်ပြန်စဉ်းစားသင့်ပြီး လိင်ဆက်ဆံတာ တစ်ခုလုံးကို ပြန်လည် သုံးသပ်သင့်ပါတယ်။ သင့် လိင်ဆက်ဆံဖော် အတွက် စိတ်ကြွလာအောင် စိတ်ကျေနပ်လာအောင် လုပ်ခြင်းက ကောင်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲတာက နှစ်ယောက်လုံးကို အချင်းချင်းစိတ်ကျေနပ်အောင် လုပ်ဖို့ အားပေးစေနိုင်ပြီး အပြန်အလှန် ပျော်ရွှင်မှုရနိုင်ပါတယ်။၂။ သင်ဟာ ကိစ္စမြန်မြန်ပြီး အောင် လောနေခြင်း။ဘယ်သူမှ မာရသွန်ပြိုင်ပွဲလို မြန်မြန်လိင်ဆက်ဆံတာကို မလိုချင်ပါဘူး။ အမှန်တကယ်တော့ အမျိုးသမီး အများစုဟာ ဖြည်းဖြည်းမှန်မှန် ကိုလိုချင်ကြပါတယ်။ တကယ်လို့ သင်ဟာ ပွေ့ဖက်တာ ကစပြီး အစပျိုးတာ ၊ ချစ်တင်းနှောတာထိကိုမြန်မြန်လုပ်နေမယ်ဆိုရင် ဖြည်းဖြည်းလုပ်ဖို့ လိုကောင်းလိုပါလိမ့်မယ်။ အထူးသဖြင့် ယောက်ျားနဲ့ မိန်းမနှီးနှောရာမှာ ထိုးသွင်းခြင်းမပြုလုပ်မီ စိတ်ပါလာဖို့ အချိန်အနည်းငယ်လိုအပ်ပါတယ်။ ဒါ့ကြောင့် စိတ်ပါလာအောင်ဆွဲဆောင်မှု၊ အစပျိုးမှုတွေကို မကျော်သင့်ပါ။ အဲဒါက သင်ထင်တာထက် ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။၃။ သင်က ခံစားမှု အထွတ်အထိပ်ရောက်ဖို့ကိုပဲ အာရုံစိုက်နေခြင်း။နှစ်ယောက်လုံးခံစားချက် အထွတ်အထိပ် ကိုတစ်ပြိုင်နက် အတူတူရတာ ကတော့ အလွန်သာယာဖို့ ကောင်းပြီး လိုအပ်တဲ့ အချက်ဖြစ်ပါတယ်။ ဒါပေမယ့် တစ်စုံ တစ်ယောက်က မပြီးနိုင်တဲ့ အခြေအနေ တွေရှိပါတယ်။ ရောဂါကြောင့်၊ စိတ်ကျဆေးတွေသောက်သုံးတာကြောင့်၊ အရက်မူးနေတာကြောင့်၊(သို့) စိတ်ဖိစီးမှုများနေခြင်း၊ပင်ပန်းခြင်း စတာတွေကြောင့်လည်း မပြီးနိုင်တာရှိတတ်ပါတယ်။ သင့် လိင်ဆက်ဆံဖော်ကို မြန်မြန်ပြီးဖို့ ဖိအားပေးခြင်းကလည်း သူ့ကိုပို သတိထားမိစေပြီး မနှစ်မြို့ခြင်းဖြစ်စေနိုင်ပါတယ်။၄။ သင်လိုချင်တာကို ထုတ်မပြောခြင်း။အိပ်ယာပေါ်မှာ အသုံးမကျဖြစ်ရခြင်းဟာ သင့် လိင်ဆက်ဆံဖော်ကို စိတ်ကျေနပ်မှုမပေးနိုင်တာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ လိင်ဆက်ဆံတာကို ဒီအတိုင်း အလိုက်အထိုက် စိတ်ကျေနပ်ချင်ယောင်ဆောင် နေခဲ့ရင်၊ တကယ်တမ်းမှာတော့ သင်လည်းလိုချင်တာကိုမရဘဲ သင့် လိင်ဆက်ဆံဖော်ကိုလည်း စိတ်ပျက်စေပါတယ်။ သင့်အဖော်ကလည်း သင်လျှို့ဝှက်တာကိုသိရင် စိတ်ပျက်ပြီး၊ စိတ်ဆင်းရဲ တာမျိုးဖြစ်နိုင်ပါတယ်။ ကောင်းတဲ့ အဖော်တစ်ယောက်ဖြစ်ဖို့က သင့်ကိုယ်သင်ရော၊ သင့် အဖော်အပေါ်ကိုပါ ရိုးသားဖို့ လိုအပ်ပါတယ်။၅။ ကိစ္စပြီးတဲ့ အခါမှာ သင့်ဆက်ဆံဖော်က မနှစ်မြို့ခြင်း။ချစ်တင်းနှောပြီးနောက် သင်တို့ နှစ်ယောက်ကြားမှာ တစ်မျိုးကြီးဖြစ်နေတယ်ဆိုရင် ချစ်တင်းနှောနေတုန်းမှာ တစ်ခုခု မနှစ်မြို့ စရာဖြစ်သွားတာ ဖြစ်နိုင်ပါတယ်။ ချစ်တင်းနှော တဲ့ အချိန်ဟာ အလွန် ချစ်စရာ ကောင်းပြီး ဘာမှစဉ်းစားစရာမလိုဘဲ နှစ်ယောက်လုံးအတွက် တောက်ပတဲ့ အချိန်လေးတွေ ဖြစ်သင့်ပါတယ်။ ဒါကြောင့် တကယ်လို့ သင့်လိင်ဆက်ဆံဖော်ဟာ အဆင်မပြေဘူးလို့ ထင်ရင် အဆင်ပြေ၊မပြေ မေးသင့်ပါတယ်။ ပြီးတော့ နောက်တစ်ခေါက်ကျရင် သက်တောင့် သက်သာဖြစ်အောင် ဘယ်လို လုပ်ပေးသင့်တယ်ဆိုတာ ဆွေးနွေးသင့်ပါတယ်။၆။ သင်ဟာအဲဒီ အကြောင်းကို ထုတ်ဖော် မပြောရင်။အိပ်ယာထဲမှာ အသုံးမကျဘူးဆိုတာဟာ ချစ်တင်းနှောနေစဉ်ချိန်မှာပဲ ဖြစ်တဲ့ကိစ္စ တစ်ခုတည်း မဟုတ်ပါဘူး။ အပေါ်မှာ ဖော်ပြထားတဲ့ကိစ္စတွေက တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဆွေးနွေးခြင်းဖြင့် ပြုပြင်နိုင်ပါတယ်။ အဲဒီ အကြောင်းကိုသာ ထုတ်ဖော်မပြောဘူးဆိုရင် တိုးတက်လာအောင် လုပ်ဖို့က ခက်ခဲပါလိမ့်မယ်။ ဒါ့အပြင် သင်ဘာကြိုက်လဲဆိုတာကို သင်ဘာမကြိုက်ဘူးလဲ ဆိုတာနဲ့ အတူတူ ထုတ်ဖော်ပြောပြ ဖို့လည်းလိုအပ်ပါတယ်။ တကယ်လို့ သင်တို့ ချစ်တင်းနှောတာသာ ကောင်းနေမယ်ဆိုရင် စကားပြောဆိုဖို့ ခက်ခဲနေတဲ့ အခြေအနေမျိုး မဖြစ်နေသင့်ပါဘူး။ ကောင်းတာတွေ အတွက် အာရုံစိုက်ရင်း သိပ်မကောင်းတာတွေကို ပြောဆိုဖို့ ပိုလွယ်ကူစေပါလိမ့်မယ်။ သင်တို့ကြားမှာ ပုံမှန် ပွင့်ပွင့်လင်းလင်း ပြောဆို ဆက်ဆံမှုရှိတယ် ဆိုတာကို သာ သေချာအောင်လုပ်ဖို့ လိုအပ်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/%e1%80%81%e1%80%ba%e1%80%85%e1%80%b9%e1%80%90%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%94%e1%80%bd%e1%80%ac%e1%80%9b%e1%80%ac%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%a1%e1%80%9e%e1%80%b6%e1%80%af/
တန်ဆေးလွန်ဘေး
“လူနာရဲ့အနေအထားကတော့တော်တော်လေးစိုးရိမ်နေရပါတယ်။အသည်းရော ကျောက်ကပ်ပါ မကောင်းတော့ဘူး။ ကျောက်ကပ်ကို ရက်တိုင်းဆေးနေဖို့လိုပါဦးမယ်။”။“အသက်ရှုတဲ့ပုံစံကရော ဆရာရယ်”။“လူနာကကျောက်ကပ်ထိထားပြီးဆီးလုံးဝမထွက်တော့အဆုတ်မှာ ရေတွေ ပြည့်ပြီး မောနေတာ၊ အဲ့ဒါကြောင့်လည်း ကျောက်ကပ်ဆေးနေရတာ၊ ပြီးတော့အသက်ရှူစက်နဲ့ပါကူပေးနေရတာပါ။”။“အခြေအနေကောင်းနိုင်ပါ့မလားဆရာ”။“အမှန်အတိုင်းပြောရရင်တော့အခြေအနေက မကောင်းတဲ့ဘက်ကို ပိုများနေနိုင်ပါတယ်။ ပြောရတာ စိတ်တော့မကောင်းပါဘူး။” ဒေါက်တာကျော်ဆက်ရှင်းပြနေသည်။“ခုလောက်ထိအခြေအနေဆိုးသွားတာ သူ့ကိုတိုက်ထားတဲ့အရွက်ကိုကျိုပြီးသောက်လိုက်တာကြောင့်ဖြစ်နိုင်ပါတယ်။ နဂိုဝင်တဲ့ပိုးက အဲ့လောက်ဆိုးလေ့မရှိပါဘူး။ ဒါပေမယ့်အသည်းရောင်ပိုးကြောင့်အသည်းထိထားတဲ့အချိန်အဲ့အရွက်ကျိုတာထပ်သောက်လိုက်တော့ပိုဆိုးသွားတာ။”။“ကျွန်တော်တို့က သူများစီးပွားရေး ကိုဖျက်လိုဖျက်ဆီးလုပ်ချင်လို့ပြောတာမဟုတ်ပါဘူး။ အပင်လိုမျိုးက ရတဲ့ပစ္စည်းတွေက သဘာဝဆိုတာ မှန်ပေမယ့်အရွက်တစ်ရွက်မှာ လိုချင်တဲ့ ဆေးဓါတ်ပမာဏဘယ်လောက်ပါလဲဆိုတာမျိုးက အတိအကျ သိပ်တွက်လို့မရဘူး။ အဲ့တော့ ဘေးထွက်ဆိုးကျိုးက များချင်လည်းများမယ်။ ဆေးအာနိသင်ကလည်း များချင်လည်းများမယ်။ နည်းချင်လည်း နည်းမယ်။ ပြောရခက်တယ်။”။“ပြီးတော့တချို့ပစ္စည်းတွေက ဆေးမဟုတ်ဘူး။ဓါတ်စာပါလို့ပြောပြီးလာရောင်းနေတာတွေ ကြုံဖူးကောင်း ကြုံဖူးလိမ့်ပါမယ်။ ဓါတ်စာလို့ပြောပြီး ဟိုရောဂါပျောက်တယ်၊ ဒီရောဂါပျောက်တယ်ပြောနေတာတွေလည်း ကြုံဖူးပါလိမ့်မယ်။ ပြီးတော့ဘာဘေးထွက်ဆိုးကျိုးမှ မရှိဘူးဆိုပြီး လာလာပြောနေတာတွေလည်း တွေ့ဖူးလိမ့်မယ်။ တကယ်တမ်းက ဘေးထွက် ဆိုးကျိုးရှိ၊ မရှိဆိုတာ သေချာတဲ့သုတေသနလုပ်ထားတာတွေ ရှိမှသေချာပေါက်ပြောလို့ရမှာ။”။……………..။လူနာရှင်များကိုရှင်းပြပြီး ဒေါက်တာကျော်တစ်ယောက်သက်ပြင်းအရှည်ကြီးချမိသည်။ တကယ်ဆိုလူနာက အသက်၂၅ နှစ်ကျော်ကျော်၊ အသည်းရောင်အသားဝါဖြစ်သည်။အသည်းရောင် အေပိုးဖြစ်သည်။ အသည်းရောင်အေပိုးသည်ပုံမှန်အားဖြင့်သူ့ဘာသာ သက်သာပျောက်ကင်းသွားတတ်သောပိုးဖြစ်သည်။ နာတာရှည်ဖြစ်လေ့ရှိသည့်ပိုးမျိုးမဟုတ်။အသည်းထိခိုက်သည်ဆိုသော်လည်း အလွန်အမင်းပြင်းထန်သော အခြေအနေဖြစ်ခဲသည်။ သို့သော် ဒီလူနာ အလှည့်တွင်ကျ အိမ်နီးချင်းက ညွှန်လိုက်သည့်အသည်းအတွက်ကောင်းသည်ဟုဆိုသော အရွက်ကိုကျိုပြီး သောက်သုံးလိုက်သည်။ ဆရာဝန်က တွေ့ကရာဆေးမသောက်ရန် မှာလိုက်သော်လည်း အိမ်နီးချင်းက ညွှန်းသည်ကိုပိုယုံကြည်ပြီး သောက်လိုက်သည်။ ထိုအရွက်များ ကျိုသောက်ပြီး နောက်၂ ရက်လောက်နေတော့အသားတွေ ပိုဝါလာသည်။ နောက်ပိုင်း ဆီးပါမထွက်တော့ဘဲ ဆေးရုံရောက်လာခြင်းဖြစ်သည်။……………………………..။ဆေးဖက်ဝင်သည်ဟုဆိုသော အရွက်၊ ဆေးမြီးတို၊ ဓါတ်စာ စသည်တို့ကိုသောက်သင့်၊မသင့်မေးလိုက်လျှင်ဆရာဝန်အများစုက မသောက်စေချင်ပါဟုသာ ဖြေကြမည်ဖြစ်သည်။ အဘယ့်ကြောင့်နည်း။ ဆရာဝန်များက သူတို့သင်ထားသော အင်္ဂလိပ်ဆေးမဟုတ်၍ လက်မခံခြင်းဖြစ်သည်ဟုအများက ထင်လေ့ရှိသည်။အင်္ဂလိပ်ဆေးများကိုဆရာဝန်များအနေဖြင့်အတိအကျ ညွှန်နိုင်ခြင်းသည်အဓိကအားဖြင့် ဆေးတစ်လုံးတွင်ဆေးဓါတ်ပမာဏမည်မျှရှိသည်ကိုအတိအကျ တွက်ထားနိုင်ခြင်း၊ ထိုဆေးများ၏ ရေတိုရေရှည်ဘေးထွက်ဆိုးကျိုးများနှင့်ကောင်းကျိုးများကိုအတိအကျ လေ့လာထားသည့် သုတေသနများရှိခြင်းကြောင့်ပင်ဖြစ်သည်။အရွက်များကိုကျိုသောက်ခြင်း၊ ဆေးမြီးတိုများသုံးစွဲခြင်း၏ အဓိကပြဿနာမှာ အပေါ်တွင်ဖော်ပြခဲ့သလို ဆေးဓါတ်ပမာဏကိုအတိအကျ တွက်ချက်၍ မရခြင်းပင်ဖြစ်သည်။ ထို့အပြင်ရေတိုရေရှည်ဖြစ်တတ်သော ဘေးထွက်ဆိုးကျိုးများကိုလည်း အတိအကျလေ့လာထားသော သုတေသန နည်းပါးခြင်းသည်လည်း ညွှန်ရခက်စေသော အချက်များထဲတွင်ပါဝင်သည်။………………………..။တချို့ဓါတ်စာ အဖြစ်အမည်ခံရောင်းချနေကြသည့်ပစ္စည်းတစ်ချို့ကိုလေ့လာကြည့်လျှင် ဘယ်ရောဂါများကိုပျောက်ကင်းသည်၊ ဘယ်သူတွေကတော့ဘာရောဂါတွေ ပျောက်ကုန်ကြပြီ စသည်ဖြင့်ကြော်ငြာရောင်းချနေကြသည်ကိုတွေ့ဖူးကြပေလိမ့်မည်။ ဘာဘေးထွက်ဆိုးကျိုးရှိသလဲမေးလျှင်ဘာမှမရှိပါဟု ပြန်လည်ဖြေကြားလေ့ရှိကြပါသည်။အဆိုပါ ပစ္စည်းများကိုဆေးအဖြစ်အမည်မခံဘဲ ဓါတ်စာ အဖြစ်သာ အမည်ခံ ရောင်းချနေကြသည်မှာ အမှန်တကယ်တွင်တော့ရောဂါများကိုတကယ်တမ်းပျောက်ကင်းပါသည်၊ ဘေးထွက်ဆိုးကျိုးမရှိပါဟူသည့်ခိုင်လုံသော သုတေသနများ မရှိသေးခြင်းကြောင့်ဖြစ်သည်။ ထိုသို့ သုတေသနမရှိသည့်ပစ္စည်းများကိုဆေးအဖြစ်အမည်တပ်၍ မရခြင်းကြောင့်ဖြစ်သည်။ဓါတ်စာများသည်လည်းရောဂါကုသမှုတွင်တစ်ခန်းတစ်ကဏ္ဍ မှပါနေသည်မှာ မှန်သော်လည်း ဓါတ်စာ ရောင်းသူများ၏ အလွန်အမင်းကြော်ငြာမှုများကြောင့်ဆေးဝါးများနှင့်တွဲဖက်ပြီး စနစ်တကျ တွဲဖက်ကုသမှုခံယူရမည့်အစား ဓါတ်စာ ကိုသာ စားနေပြီး ဆေးဝါးများ မသောက်သုံးတော့ခြင်းကြောင့်ရောဂါပိုဆိုးလာသည့်အဖြစ်များကိုလည်း တွေ့ရှိဖူးပါသည်။ ထို့အပြင်တန်ဆေးလွန်ဘေးဆိုသကဲ့သို့တကယ်ကောင်းသည့်ပစ္စည်းသည်ပင်လိုအပ်သည်ထက်ပိုမို။စားသောက်မိပါက ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်လာတတ်ရာ ဓါတ်စာကိုလိုအပ်သည့် ပမာဏထက်ပိုမိုပြီး စားခြင်း၊ အချိန်ကာလ အကန့်အသတ်မရှိစားခြင်းများကြောင့် ဘေးထွက်ဆိုးကျိုးများ ဝင်လာသည်ကိုလည်း တွေ့ရှိဖူးပါသည်။…………………….။တစ်ခါတရံစိတ်မကောင်းဖွယ်တွေ့ရှိရသည်မှာ ဆရာဝန်မှညွှန်ကြားသည့်ဆေးကိုတော့ ပုံမှန်မသောက်ဘဲ နီးစပ်ရာ ပတ်ဝန်းကျင်မှညွှန်သမျှ၊ လာရောင်းသူအပြောကောင်းသမျှဆေးမြီးတိုဓါတ်စာများကိုသာ သောက်သုံးနေကြသူများကိုတွေ့ရှိနေရတတ်ပါသည်။ တစ်ခါတရံ တကယ်ကောင်းသည့်တိုင်းရင်းဆေးများ၊ ဓါတ်စာများကိုပင်အတိုင်းအဆမရှိသုံးစွဲမိသည့်အခါ ဘေးထွက်ဆိုးကျိုးများပေါ်ပေါက်လာရသည်ကိုလည်းတွေ့ရှိရပါသည်။ အထူးသဖြင့်။အထက်လူနာကဲ့သို့ကျောက်ကပ်အသည်းစသည်ထိခိုက်သွားသည့်လူနာများကို မကြာခဏတွေ့ရှိနေရပါသည်။အင်္ဂလိပ်ဆေးများတွင်လည်း အသည်းမကောင်းသော လူနာတွင်မသုံးရသောဆေး၊ ကျောက်ကပ်မကောင်းသောလူနာတွင်မသုံးရသောဆေး၊နှလုံးမကောင်းသော လူနာတွင် မသုံးရသောဆေးစသဖြင့်ရှိကြပါသည်။ ထို့ကြောင့်လည်း ဆေးများကိုဆရာဝန်များ၏ ညွှန်ကြားချက်မဟုတ်ဘဲ ပတ်ဝန်းကျင်မှပြောကြ ညွှန်ကြသလိုသောက်သုံးပါကလည်း။ဘေးထွက်ဆိုးကျိုးများကို ပိုမိုခံစားကြရနိုင်ပါသည်။ ဆေးကိုကောင်းသည်ထင်၍ ညွှန်ကြသူများအနေဖြင့်လည်း တစ်ခါတရံမိမိက စေတနာနှင့်လုပ်ပေးလိုက်သည်မှန်သော်လည်း တခြားသူနှင့်မသင့်တော်သည့်အခါ ဝေဒနာဖြစ်သွားတတ်သည်ကိုသတိပြုစေချင်ပါသည်။အချုပ်ဆိုသော်အသက်ကို ဉာဏ်စောင့်ဆိုသကဲ့သို့သူများစကားတွင်လမ်းမဆုံးစေဘဲ တကယ်တတ်ကျွမ်းနားလည်သော ဆရာဝန်များ သမားတော်များ၏ ညွှန်ကြားချက်များအတိုင်းသာ ရောဂါများကိုကုသမှုခံယူသင့်ပါကြောင်းတိုက်တွန်းလိုက်ရပါသည်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/%e1%80%90%e1%80%94%e1%80%b9%e1%80%b1%e1%80%86%e1%80%b8%e1%80%9c%e1%80%bc%e1%80%94%e1%80%b9%e1%80%b1%e1%80%98%e1%80%b8/
ကိုဗစ်ဖြစ်ပြီးရင် ကာကွယ်ဆေး ထိုးဖို့ လိုမလို
ကိုဗစ်တတိယလှိုင်းကလည်း ငြိမ်စပြုလာပြီ။ကာကွယ်ဆေး တွေလည်း ထိုးလို့ရပြီဆိုလို့ သွားထိုးနေကြပြီ။ ကိုယ်က တတိယလှိုင်းမှာ ဖြစ်ထားတယ် ဒါမှမဟုတ် ရှေ့လှိုင်းတွေမှာ ဖြစ်ဖူးတယ်။ ကိုဗစ်ဖြစ်ရင် တော်တော်အခြေအနေဆိုးတာတွေကို တွေ့ထားတော့ ကာကွယ်ဆေးကလည်း ထိုးချင်တယ်။ ထိုးသင့် မထိုးသင့်ဆိုတာ ပြောပြပေးပါမယ်။ဆိုလိုတာကတော့ သူက ရောဂါဖြစ်ပြီးသွားပြီ။Antibodyစစ်ကြည့်တော့လည်းIg Gလေး ပေါ်နေတယ်။ ဒါမှမဟုတ် စစ်မထားဘူး။ ဖြစ်ဖူးတာ သေချာတယ်။ ကာကွယ်ဆေးထိုးရမှာလား။ ရောဂါကနေ ခုခံအား ရပြီးပြီ မဟုတ်ဘူးလားဆိုတဲ့ မေးခွန်းပါ။တစ်ခွန်းတည်း ဖြေရရင်တော့ ထိုးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုဗစ်ဖြစ်တုန်းက ထွက်ထားတဲ့ Antibodyက ဘယ်လောက်ကြာကြာ ကိုယ့်ကို ကာကွယ်ပေးနိုင်သလဲဆိုတာ မသိလို့ပါပဲ။ ရှားပေမယ့် ကိုဗစ်ဖြစ်ပြီးသား လူက နောက်တစ်ခါ ထပ်ဖြစ်တာမျိုးတွေ ရှိနိုင်ပါတယ်။ ရှိလည်း ရှိပါတယ်။ကာကွယ်ဆေးထပ်ထိုးတာက ရောဂါပိုးကြောင့် ထွက်ထားတဲ့ Antibodyကို အားဖြည့်ပေးသလို ဖြစ်စေပါတယ်။ ဒါကြောင့် ထိုးသင့်ပါတယ်။ဒါပေမယ့်။-ကိုဗစ်ဖြစ်တုန်းကသွေးရည်ကြည်ကုထုံးခံယူထားတဲ့သူတွေ၊Monoclonal antibodiesနဲ့ ကုထားတဲ့ သူတွေကတော့ ရောဂါအရှင်းပျောက်ပြီး ရက် ၉၀နေမှ ထိုးသင့်ပါတယ်။-တစ်ကိုယ်လုံး ရောင်ရမ်းတဲ့ Multisystem inflammatory syndrome in adults (MIS-A) ဖြစ်ထားတဲ့ သူတွေဆိုလည်း လုံးဝကောင်းပြီး ရက် ၉၀ စောင့်သင့်ပါတယ်။ခုလက်ရှိ ကိုဗစ်ဖြစ်နေရင်ဖြစ်ဖြစ်၊ကိုဗစ်လက္ခဏာတွေ ခံစားနေရရင် ဖြစ်ဖြစ် ကာကွယ်ဆေး သွားမထိုးသင့်ပါဘူး။-ကိုဗစ်ကြောင့် နေမကောင်းဘဲ အားနည်းနေတာနဲ့ ကာကွယ်ဆေးကြောင့် ဖျားမှာ ရောသွားနိုင်ပါတယ်။-ကိုယ်တိုင် ကိုဗစ်ဖြစ်နေတာကို သွားထိုးရင် တခြားကာကွယ်ဆေးလာထိုးတဲ့သူတွေပါ ကူးသွားနိုင်ပါတယ်။လက်ရှိမှာ ကိုဗစ်ဖြစ်နေတဲ့ သူတွေက။-သာမန်နဲ့ မပြင်းထန် ၁၁ရက်ကျော်ရင်၊ ပြင်းထန်လူနာ ၂၁ ရက်ကျော်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိုးလို့ရပါတယ်။-ဒီရက်တွေ ကျော်နေပေမယ့် ကိုဗစ်လက္ခဏာတွေ ကျန်နေသေးရင် (ဥပမာ ဖျားတာ၊ ချောင်းဆိုးတာ) အရှင်းပျောက်မှ ထိုးသင့်ပါတယ်။-Antibody ထွက်ပြီဆိုလည်း သွားမထိုးပါနဲ့ဦး။ တချို့က ကိုဗစ်ဖြစ်နေတာကို Antibodyစစ်ပြီး Antibodyထွက်တယ်ဆိုရင် ကောင်းတယ်လို့ ယူဆပြီး သွားထိုးတတ်ကြပါတယ်။ Antibodyကို ကြည့်ပြီး သူများကို ကူးနိုင်၊ မကူးနိုင်၊ ရောဂါပျောက်မပျောက် ပြောလို့ မရတဲ့အတွက် အပေါ်က ၂ချက်နဲ့ပဲ ကိုက်မှပဲ သွားထိုးသင့်ပါတယ်။ဟိုးအရင် လှိုင်းတွေက ဖြစ်ခဲ့တာဖြစ်ဖြစ်၊ ဒီတတိယလှိုင်းမှာ ဖြစ်ပြီးသွားတာ ဖြစ်ဖြစ် ကိုဗစ်ဖြစ်ပြီးလည်း ကာကွယ်ဆေး ထိုးရမယ်ဆိုပေမယ့် လိုအပ်တဲ့သူတွေကို ဦးစားပေးပါ။ ရောဂါဖြစ်ထားဖူးတဲ့သူတွေက ကိုယ်ထဲမှာ Antibody လပိုင်း (၆လ-၈လ) လောက် ရှိတဲ့အတွက် နောက်တစ်ခါ ထပ်မကူးအောင် အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေး ရှားပါးနေတဲ့ အချိန်မှာ။-ရောဂါတစ်ခါမှ မဖြစ်ဖူးတဲ့လူတွေ။-အသက်ကြီးတဲ့သူတွေ။–ရောဂါအခံရှိတဲ့သူတွေကို ဦးစားပေးပေးပါ။ သူတို့တွေ အရင်ထိုးပါစေ။ကပ်ရောဂါဖြစ်တဲ့အတွက် ကိုယ်တစ်ယောက်တည်း ကာကွယ်ဆေးထိုးထားလို့ မပြီးပါဘူး။ လူများများ ကာကွယ်ဆေးထိုးပြီး ခုခံအား ရနေမှ ကူးစက်မှုတွေကို ရပ်နိုင်မှာပါ။အရင်ကဖြစ်တာ ၆-၈ လလောက်ရှိနေပြီ ဒါမှမဟုတ် ကိုယ်က နောက်တစ်ခါများ မတော်တဆထပ်ဖြစ်ခဲ့ရင် ကိုဗစ်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံရနိုင်တဲ့ လူကြီးဖြစ်နေတယ်ဆိုရင်တော့ ထိုးထားသင့်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-recovered-patient-and-vaccine/
ရောဂါပိုးမွှားကာကွယ်တဲ့ အမျိုးသမီးသန့်စင်ဆေးရည်သုံးရင် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၈) ချက်
တစ်လတစ်ကြိမ် ဒီအချိန်ရောက်တိုင်း ပင်ပန်းရတာ မိန်းကလေးတွေရှောင်လွှဲလို့မရပါဘူး။ ကိုက်တာခဲတာတွေ မဖြစ်ရင်တောင် အားနည်းသလို၊ခြေလက်မသယ်ချင်သလို၊ မလန်းသလိုဖြစ်လွယ်တာက အနည်းနဲ့အများပါပဲ။ဖြစ်နေကျပဲဆိုပြီးပေါ့ပေါ့ဆဆတော့ မထားသင့်ဘူးနော်။ မိန်းကလေးရဲ့ဘဝမှာ ဓမ္မတာမှန်ခြင်း၊မမှန်ခြင်း၊သားအိမ်နဲ့မိန်းမကိုယ်ကျန်းမာရေးတို့က အရေးပါဆုံးအပိုင်းတွေအဖြစ် ပါဝင်နေလို့ပါ။ တွေးကြည့်ပါ။ ရာသီလာနေတဲ့အချိန်မှာ တခြားလုပ်စရာကိစ္စတွေကိုတောင်မပျက်မကွက်အာရုံစိုက်နိုင်သေးတာပဲ၊ ကိုယ့်ကျန်းမာရေးအတွက် ဘာလို့ဂရုမစိုက်နိုင်ရမှာလဲနော်။ရာသီလာချိန် နာကျင်ကိုက်ခဲမှုတွေသက်သာဖို့ကိုပဲ အာရုံစိုက်ကြတာ သန့်ရှင်းရေးအတွက်ရောသေချာဂရုစိုက်မိရဲ့လား။တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့မိန်းမကိုယ်သန့်ရှင်းရေးဆိုတာ အမြဲဂရုစိုက်နေသင့်တဲ့အရာတွေဖြစ်တဲ့အပြင် ရာသီလာချိန်မှာဆို ပိုအရေးကြီးပါတယ်တဲ့။ ရာသီသွေးဆိုတာ ခန္ဓါကိုယ်ပြင်ပရောက်တာနဲ့ ဘက်တီးရီးယားကပ်တွယ်ရှင်သန်ဖို့ လွယ်ကူစေတဲ့ စိုထိုင်းတဲ့အနေအထားကိုဖြစ်စေတဲ့အပြင် ရာသီလာတဲ့အချိန်မှာသားအိမ်ခေါင်းအဝကပွင့်နေတဲ့အချိန်ဖြစ်လို့ ပိုးမဝင်ဖို့ပိုသတိထားသင့်ပါတယ်။ကဲ သန့်ရှင်းရေးတော့ခဏခဏလုပ်နေတာပဲ၊ အိမ်သာခန်းထဲမှာ ဆပ်ပြာသီးသန့်ထားပြီး အမြဲသန့်စင်ပေးတယ် ဆိုတာမျိုးက ပိုဆိုးပါတယ်နော်။ ဆပ်ပြာတွေမှာက မိန်းမကိုယ် pH အဆင့်ထိန်းညှိမှုကို အနှောင့်အယှက်ဖြစ်စေ၊ယားယံစေနိုင်၊ဓါတ်မတည့်ဖြစ်စေနိုင်၊ ခြောက်သွေ့စေနိုင်မယ့်ဓါတုပစ္စည်းတွေနဲ့ အနံ့အသက်မွှေးစေမယ့် အနံ့တုတွေပါဝင်နေမှာသေချာပါတယ်။ သန့်ရှင်းစေတာထက် မိန်းမကိုယ်အတွင်းမှာ သဘာဝအလျောက်ရှိနေမယ့် အကျိုးပြုဘက်တီးရီးယားလေးတွေ(ရောဂါပိုးတွေကိုကာကွယ်ပေးတဲ့)ကိုပါ ရှင်းထုတ်ပစ်လိုက်မှာကို စိုးရပါတယ်။ ဒါ့ကြောင့် အလွန်ဆုံး ရေသန့်သန့်နဲ့ဆေးကြောပေးရင်တောင် အဆင်ပြေပါတယ်တဲ့။ ဆပ်ပြာတော့မသုံးပါနဲ့။ သုံးချင်ရင် သန့်ရှင်းကျန်းမာဖို့နဲ့ဘေးကင်းစိတ်ချရဖို့ သီးသန့်ထုတ်လုပ်ထားတဲ့ အမျိုးသမီးသန့်စင်ဆေးရည်ကိုပဲ သုံးပါ။သုံးနေကျမဟုတ်လို့ မသုံးရဲဘူးလား။ ဒါဆိုအမျိုးသမီးသန့်စင်ဆေးရည်ကိုသုံးရင် ဘယ်လိုအကျိုးထူးနိုင်မလဲဆိုတာပြောပြမယ်နော်။ သူတို့လေးတွေက –။ရာသီလာတဲ့အချိန်မှာ သန့်ရှင်းမှုကိုဂရုမစိုက်တာကဘက်တီးရီးယားတွေတစ်မျိုးလုံးတစ်ဆွေလုံးကို ဖိတ်ခေါ်နေသလိုပါပဲ။ အဲဒီဘက်တီးရီးယားတွေက မိန်းမကိုယ်အဝ သို့မဟုတ်မွေးလမ်းကြောင်းကိုပဲ ဝင်ရောက်မယ်ထင်လို့လား။ သူတို့က ဆီးလမ်းကြောင်းကိုဝင်သွားခဲ့ရင်ဗိုက်အောင့်တာ၊ ဆီးစပ်ကအောင့်တာလိုမျိုး ဆီးလမ်းကြောင်းပိုးဝင်တဲ့ ဝေဒနာတွေအပြင်ကျောက်ကပ်ရဲ့လုပ်ငန်းစဉ်တွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ရာသီလာတဲ့အချိန်မှာပေါင်ပွန်းတာ၊လောင်တာ(နီရဲနေတတ်တာ)၊ဆေးကြောသန့်စင်ပြီးနောက်ပိုင်းခြောက်သွေ့ယားယံတာတွေဆိုတာ အဖြစ်များကြပါတယ်။လောင်တယ်၊ပွန်းတယ်ဆိုတာ ရာသီလာတာများလို့ ဒါမှမဟုတ်လစဉ်သုံးပစ္စည်းကို လဲသင့်တဲ့အချိန်မလဲမိလို့ဖြစ်တတ်ပါတယ်။အခုနောက်ပိုင်းထုတ်တဲ့ လစဉ်သုံးတွေက စုပ်ယူမှုပိုအားကောင်းကြတာကြောင့် မလဲမိဘဲ ကြာကြာသုံးမိတတ်ပါတယ်။ လစဉ်သုံးပစ္စည်းဆိုတာ (၄) နာရီ သို့မဟုတ် (၆) နာရီထက်ကြာတဲ့အထိ အသစ်မလဲရင် အသုံးပြုထားတဲ့ဧရိယာတဝိုက်မှာရောဂါပိုးဝင်စေပြီး ဒီပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။အဖြူဆင်းတာဖြစ်တတ်တဲ့သဘာဝရှိလို့ အဖြူဆင်းတိုင်းစိုးရိမ်စရာမရှိဘူးဆိုပေမယ့်ရောဂါပိုးဝင်လို့အဖြူဆင်းတာက မကောင်းပါဘူး။ ရာသီလာတဲ့အချိန်မှာ သန့်ရှင်းရေးကိုဂရုမစိုက်တာက မိန်းမကိုယ်မှာ ဘက်တီးရီးယားအသိုက်အမြုံတစ်ခုဖန်တီးသလိုဖြစ်လာစေပြီးနောက်ပိုင်းကျမှ အရောင်ညစ်ပြီးအနံ့အသက်ဆိုးတဲ့ အဖြူဆင်းခြင်းကို ခံစားရနိုင်ပါတယ်။ရိုးရိုးဆပ်ပြာဆို အမွှေးရနံ့တွေကြောင့် အနံ့အသက်ဆိုးကို ခဏတာပျောက်စေနိုင်ပေမယ့် တာရှည်မခံပါဘူး။ ဖြစ်လာမယ့်နောက်ဆက်တွဲဆိုးကျိုးတွေကရှိသေးတယ်။ မိန်းမကိုယ်မှာ သန့်ရှင်းမှ၊ရောဂါကင်းမှ အနံ့ဆိုးပျောက်မှာမို့ ကာကွယ်မှုအပြည့်အဝပေးနိုင်ပြီးဘေးထွက်ဆိုးကျိုးနည်းတဲ့ အမျိုးသမီးသန့်စင်ဆေးရည်တွေကပဲ ကူညီနိုင်မှာပါ။မိန်းမကိုယ်မှာ ရှိသင့်တဲ့ pH အဆင့်က 3.8 ကနေ 4.5 အတွင်းဆို ပုံမှန်ပါပဲ။ pH အဆင့် မထိန်းညှိနိုင်ရင်ရောဂါပိုးဝင်နိုင်ခြေပိုများပါတယ်။ ပိုးဝင်တဲ့အခါ အနံ့ဆိုးထွက်တာ၊ ပုံမှန်မဟုတ်တဲ့ အဖြူဆင်းတာတွေဖြစ်လာနိုင်တဲ့အပြင် ယားတာ၊ အနာဖြစ်တာတွေပါဖြစ်လာနိုင်ပါတယ်။မိန်းမကိုယ်မှာအကျိုးပြုဘက်တီးရီးယားလေးတွေရှိပါတယ်။ အဲဒီအကျိုးပြုဘက်တီးရီးယားတွေကို ရှိသင့်တဲ့ပမာဏမှာမထိန်းညှိနိုင်ရင် မှိုပိုးဝင်တာတွေပိုဖြစ်နိုင်ပါတယ်။ မှိုပိုးဝင်ပြီဆို ယားတာ၊ရောင်ရမ်းတာ၊ အဖြူဆင်းတာ၊ အနံ့ဆိုးထွက်တာလို လက္ခဏာတွေဖြစ်လာရော။ရောဂါပိုးမွှားတွေကို ကာကွယ်တားဆီးပေးတဲ့ Povidone Iodine ကိုအခြေခံပြီးထုတ်လုပ်ထားတဲ့အမျိုးအစားဆိုရာသီလာချိန်မှာ သုံးဖို့ပိုပြီးသင့်တော်ပါတယ်။ ဒီလိုမျိုးအချိန်မှာ ရွေးချယ်သင့်တဲ့ အမျိုးသမီးသန့်စင်ဆေးရည်ဆိုတာ ရာသီလာတဲ့အချိန်ဖြစ်တတ်တဲ့ ယားခြင်း၊ စပ်ခြင်းစတဲ့ လက္ခဏာတွေ မခံစားရအောင် ရောဂါပိုးတွေကာကွယ်ရှင်းလင်းပေးနိုင်ရမယ့်အပြင် မိန်းမကိုယ်တဝိုက် ထိခိုက်မှုမရှိအောင်လည်း အရည်အသွေးယုံကြည်စိတ်ချရမှဖြစ်ပါမယ်။ အမျိုးသမီးသန့်စင်ဆေးရည်ကိုတစ်ပတ် နှစ်ကြိမ်အသုံးပြုပေးရင် မိန်းမကိုယ်မှာ ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေဖြစ်ပေါ်မှုကြောင့် အနံ့အသက်ဆိုးဖြစ်တာကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/vaginal-yeast-infection/
ရေယုန် လက္ခဏာများ
ရေယုန် ဆိုHSVလို့ခေါ်တဲ့ Human Herpes Virusကြောင့် ဖြစ်တာပါ။ ရေယုန် လက္ခဏာများ အနေနဲ့ နှုတ်ခမ်းတဝိုက်နဲ့ လိင်အင်္ဂါမှာ အရည်ကြည်ဖုများ ပေါက်တတ်ပါတယ်။ အနာကျက်ရန် ရက်သတ္တပတ်အနည်းငယ်ကြာတတ်ပေမယ့် အမာရွတ်တော့မကျန်ခဲ့တတ်ပါဘူး။ ပိုးဝင်မှသာ အမာရွတ်ကျန်တာ ဖြစ်ပါတယ်။ရေယုန်တွေက အနာကိုထိတွေ့မိပါက ကူးနိုင်ပါတယ်၊ ဥပမာ-အနမ်းပေးခြင်းကဲ့သို့ဖြစ်တယ်။ ရေယုန်ဗိုင်းရပ်စ် Herpes Simplex Virus(ဟားပီးစ် ဆင်းပလတ်စ် ဗိုင်းရပ်စ်) (HDV-1) နဲ့ HSV-2 တို့ကြောင့်ဖြစ်ရခြင်းဖြစ်တယ်။ ဗိုင်းရပ်စ်နှစ်မျိုးစလုံးက ပါးစပ်နဲ့ လိင်အင်္ဂါနေရာများကို ထိခိုက်စေတတ်ပါတယ်။ HSV-2 ကတော့ များသောအားဖြင့် လိင်အင်္ဂါနေရာမှာပဲ အနာဖြစ်စေတယ်။ ခံတွင်းဖြင့် ကာမစပ်ယှက်တဲ့အခါမျိုးမှာ ကူးစက်တတ်ပါတယ်။ ဗိုင်းရပ်စ်ရှိတာနဲ့ ရေယုန်ပေါက်မယ်လို့ မဆိုလိုပါဘူး။ အနာတွေမတွေ့ရလည်း ရောဂါပိုးကူးစက်နေတာဖြစ်နိုင်ပါတယ်။အခုအချိန်ထိ HSV ဗိုင်းရပ်စ်အတွက် ကုသဖို့ဆေးမရှိသေးပါဘူး။ ဆိုလိုတာက လက္ခဏာတွေက အချိန်မရွေးပြန်ဖြစ်နိုင်ပါတယ်။ အတတ်နိုင်ဆုံး ကုသမှုကတော့ အနာများ အမြန်သက်သာပြီး ပြန်ဖြစ်တာကို လျှော့ချဖို့ ဗိုင်းရပ်စ်သတ်ဆေးများသာ သုံးနိုင်ပါသေးတယ်။ရေယုန် လက္ခဏာများ ကတော့။ကလေးတွေမှာလည်းဖြစ်နိုင်ပါတယ်။ herpes simplex gingivostomatitis(ဂျင်ဂျီဗိုစတိုမတိုင်းတစ်ဆ်) လို့ခေါ်တယ်။ ငါးနှစ်ထက်ငယ်တဲ့ကလေးတွေမှာဖြစ်နိုင်ပြီး လက္ခဏာတွေကတော့-။• သွားဖုံးရောင်ရမ်းနာကျင်ခြင်း။• ပါးစပ်တဝိုက်အနာငယ်များပေါက်ခြင်း။• လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်း။• မကြာခဏသွားရည်ကျခြင်း။• ဖျားခြင်း – ၃၈ ဒီဂရီဆဲလ်စီးယပ်စ် ဝန်းကျင်။• ရေဓါတ်ခန်းခြောက်ခြင်း။• ပျို့ခြင်း။• ခေါင်းကိုက်ခြင်း တို့ဖြစ်တယ်။herpes simplex gingivostomatitis ဟာကလေးတွေမှာဖြစ်လေ့ရှိပေမယ့် လူကြီးတွေမှာလည်းဖြစ်နိုင်ပါတယ်။ လူကြီးတွေမှာ ၇ရက်မှ ၁၄ ရက်ခန့်ထိကြာနိုင်ပြီး၊ အနာကျက်ဖို့ သုံးပတ်လောက်ကြာကာ ပြန်တော့မဖြစ်တတ်ပါဘူး။ပထမဆုံးအကြိမ်လက္ခဏာတွေပြတဲ့အခါ ‘ပထမဆုံး၊ကနဦး ရောဂါပိုးဝင်ခြင်း’ လို့သတ်မှတ်တတ်ပြီး အာသီးရောင်ကာ၊ သို့မဟုတ် အာသီးရောင်ခြင်းမရှိဘဲ လည်ချောင်းနာတတ်ပါတယ်။ ပါးစပ်တဝိုက်မှာ အနာများပေါက်ပြီး ခံတွင်းနံ့ဆိုးတတ်တယ်။ အနာတွေက အလည်ဗဟိုမှာ အဝါရောင် သို့မဟုတ် မီးခိုးရောင်တွေ ဖြစ်တတ်ပါတယ်။HSV ဗိုင်းရပ်စ်ရှိတဲ့ ကလေးတွေဟာ နောက်ပိုင်းမှ ရေယုန်တွေ ထပ်ပြီးပေါက်လာနိုင်ပါတယ်။ အခါအားလျော်စွာ ထပ်ကာထပ်ကာ ပေါက်လာနိုင်ပြီး ပထမဆုံးအကြိမ်လောက်တော့ မပြင်းထန်တော့ပါဘူး။HSV ဗိုင်းရပ်စ်နောက်တစ်ကြိမ်ရောဂါပြန်ဖြစ်ခြင်းတွေဟာ ပထမဆုံးအကြိမ်တွေထက်ပိုပြီး သက်သာပါတယ်။ အချိန်လည်းပိုတိုပြီး ပြင်းထန်မှုလည်း အရင်ထက်နည်းလေ့ရှိတယ်။ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း မရှိတတ်တော့ဘဲ ရေယုန်တွေ ပေါက်ရုံလောက်ပဲဖြစ်တတ်ပါတယ်။ အာသီးတော့ရောင်ကောင်းရောင်နိုင်ပါသေးတယ်။ရေယုန်တွေရဲ့ အချက်ပြလက္ခဏာတွေကတော့ ပါးစပ်တဝိုက်မှာ ယားယံမယ်၊ စပ်ဖျင်းဖျင်းဖြစ်ပါလိမ့်မယ်။ ပြီးတဲ့အခါ အောက်နှုတ်ခမ်းစွန်းမှာ အရည်ကြည်ဖုလေးတွေပေါက်လာပါမယ်။နောက်တစ်ကြိမ် ပြန်ပေါက်တဲ့ ရေယုန်တွေဟာ ပထမအကြိမ်နဲ့ နေရာတူတူပြန်ပေါက်တတ်ပါတယ်။ အရွယ်အစားကတော့ ပိုကြီးလာပြီး ပိုနေရထိုင်ရခက်စေနိုင်ပါတယ်။ အချက်ပြ လက္ခဏာစပေါ်ချိန်မှ ၄၈ နာရီအကြာလောက်မှာ အဖုတွေ ပေါက်သွားကာ အရည်တွေထွက်လာပြီး နောက်အနာကျက်သွားပါတယ်။ ကုသမှုမရှိလည်း ၇ ရက်မှ ၁၀ ရက်အတွင်း ပျောက်တတ်ပြီး အမာရွတ် မကျန်ခဲ့ပါဘူး။HSV ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်။ ဗိုင်းရပ်စ် နှစ်မျိုးရှိပါတယ်။HSV-1 ဗိုင်းရပ်စ်– ထိုဗိုင်းရပ်စ်က များသောအားဖြင့် နှုတ်ခမ်းတဝိုက် ရေယုန်တွေသာ ပေါက်စေပြီး။HSV-2 ဗိုင်းရပ်စ်ကတော့ လိင်အင်္ဂါနေရာတွေမှာ အနာတွေ၊ ရေယုန်တွေဖြစ်စေလေ့ရှိပါတယ်။ဒါပေမယ့် နှစ်မျိုးစလုံးက နှစ်နေရာစလုံးမှာ ရေယုန် ပေါက်နိုင်စေပါတယ်။ တချို့အခါတွေမှာ ရောဂါပိုးကူးစက်ထားပေမယ့် ရေယုန်လုံးဝမပေါက်တာ၊ လက္ခဏာတွေမပြတာလည်းဖြစ်နိုင်ပါတယ်။အနာတွေကနေ အရည်တွေထွက်နေတဲ့အခါ ကူးစက်နိုင်နှုန်းအများဆုံးဖြစ်တယ်။ ဒါပေမယ့် လက္ခဏာမပြဘဲ ပိုးရှိနေတာလည်းဖြစ်နိုင်တာကြောင့် ရေယုန်မပေါက်လည်း ရောဂါပိုးကူးစက်နိုင်ပါတယ်။ HSV ဗိုင်းရပ်စ်နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ထိတွေ့မိပါက ရောဂါကူးစက်နိုင်ပါတယ်။ စားသောက်ပစ္စည်းများအတူတူသုံးခြင်း၊ မုတ်ဆိတ်ရိတ်ဓါး တူတူသုံးခြင်း၊ နမ်းခြင်း တွေဟာ HSV-1 ဗိုင်းရပ်စ်ကူးစက်စေပြီး ခံတွင်းဖြင့်ကာမစပ်ယှက်ခြင်းက HSV-1 ကိုလိမ်အင်္ဂါဆီကူးစေပြီး HSV-2 ကိုပါးစပ်ဆီ ကူးစေနိုင်ပါတယ်။ရေယုန်အနာတွေ ပျောက်သွားတာဟာ ဗိုင်းရပ်စ်မရှိတော့ဘူး လို့ဆိုလိုတာမဟုတ်ပါဘူး။ ရောဂါပိုးဟာ ခန္ဓါကိုယ်ထဲမှာနေပြီး ရေယုန်တွေ ပြန်ပြန်ဖြစ်စေနိုင်ပါတယ်။လက္ခဏာတွေပြန်ပေါ်လာအောင်လှုံ့ဆော်နိုင်တဲ့ အရာတွေကတော့-။• ဖျားခြင်း၊ အခြားဗိုင်းရပ်စ်ပိုးတစ်မျိုးထပ်ဝင်ခြင်း။• ဟော်မုန်းပြောင်းလဲခြင်း (ဓမ္မတာလာချိန်ကဲ့သို့)။• စိတ်ဖိစီးမှု။• ပင်ပန်းနွမ်းနယ်ခြင်း။• နေ၊ လေ ထိခြင်း။• ကိုယ်ခံအားစနစ်ပြောင်းလဲခြင်း။ကံဆိုးစွာနဲ့ပဲ ရေယုန် အနာတွေကိုရော HSV ဗိုင်းရပ်စ်ကိုရော ကုသနည်းမရှိသေးပါဘူး။ရေယုန်တွေကသူ့အလိုလိုပျောက်သွားတတ်ပြီး အမြန်ပျောက်ဖို့အတွက်တော့ ခရင်မ်တစ်မျိုးမျိုး၊ ဆေးတစ်မျိုးမျိုးသုံးပေးနိုင်ပါတယ်။ပထမဆုံးရောဂါပိုးဝင်ခြင်းအတွက်။ပထမဆုံးအကြိမ်အနာတွေအတွက်ကတော့ ဗိုင်းရပ်စ်သတ်ဆေးသောက်ဆေးတချို့က နာကျင်မှုသက်သာစေနိုင်ပြီး အမြန်အနာကျက်စေနိုင်ပါလိမ့်မယ်။ကလေးတွေအတွက် ပထမဆုံးအကြိမ်ဖြစ်တဲ့ အနာတွေဟာ နာကျင်လွန်းတာကြောင့် စားသောက်ဖို့၊ အိပ်ဖို့ အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ ကလေးကိုရေသောက်ဖို့၊ အရည်တွေသောက်ဖို့ အားပေးခြင်းဖြင့် ရေဓါတ် မဆုံးရှုံးအောင် ကာကွယ်ရပါမယ်။လူကြီးတွေနဲ့ ကလေးကြီးတွေအတွက်တော့ အနာသက်သာစေဖို့ ပါးစပ်ဆေးရည်တစ်မျိုးသုံးစွဲနိုင်ပါတယ်။ပြန်ဖြစ်သောအနာတွေအတွက်။နောက်တစ်ကြိမ်ပြန်ဖြစ်တဲ့အခါ ဒီအချက်တွေနဲ့ နေရာသက်သာစေနိုင်ပါတယ်-။ခရင် လိမ်းဆေးတွေဟာ နာကျင်မှု၊ ယားယံမှုကိုသက်သာစေနိုင်ပြီး အနာကျက်မြန်စေပါလိမ့်မယ်။ဗိုင်းရပ်စ်သတ်ဆေးသောက်ဆေးတွေဟာလည်း ပထမဆုံးလက္ခဏာတွေ (ယားယံခြင်း၊ စပ်ဖျင်းဖျင်းဖြစ်ခြင်း) တွေဖြစ်စဉ် သောက်ထားနိုင်ပါတယ်။ အနာပေါက်ချိန်မှသောက်ရင် အာနိသင်သိပ်မရှိတတ်ပါဘူး။မကြာခဏ အနာတွေ ပြန်ပေါက်တတ်သူတွေအတွက် နေ့စဉ်ဗိုင်းရပ်စ်သတ်ဆေး မှီဝဲခြင်းဖြင့် ပြန်ဖြစ်နှုန်းကို လျှော့ချနိုင်ပါလိမ့်မယ်။ကိုယ်ခံအား နည်းသူတွေ အတွက်ကတော့ ရေယုန် ပြန်မပေါက်အောင် ကာကွယ်နိုင်ဖို့အတွက် ကိုယ်ခံအားကောင်းအောင် နေပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/genital-and-oral-herpes/cold-sores/