title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ကလေးထိန်းနှင့် နေ့ပိုင်းစောင့်ရှောက်မှုစင်တာ ၊ ဘယ်ဟာက သင့်ကလေးအတွက် အကောင်းဆုံးလဲ
သင့်ကလေးသည် တဖြည်းဖြည်း ကြီးပြင်းလာပြီး သင် သည် ပုံမှန်အလုပ်များ သွားရောက်လုပ်ကိုင်ရသောအခါ မေးခွန်းတစ်ခု ရှိလာပါသည်။ သင်အိမ်မှာမရှိလျှင် သင့် ကလေးကို ဘယ်သူစောင့်ရှောက်ပေးမလဲ။ နောက်ပြီး သင့် ကလေးတွေအတွက် ဘယ်ဟာက အကောင်းဆုံးဖြစ်မလဲ။ ကလေးထိန်းလား ဒါမှမဟုတ် နေ့ပိုင်းစောင့်ရှောက်မှု စင်တာ လား။ ဤနှစ်ခု၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကို သိခြင်း သည် ကူညီနိုင်သည်။ကလေးထိန်းသည် ကလေး၏ အစောပိုင်း ဖွံ့ဖြိုးမှုများ အကြောင်းကို သေချာလေ့ကျင့်သင်ကြားထားသည်။ မိဘ များနှင့် လိုအပ်ချက်အပေါ်မူတည်၍ အချိန်ပြည့် သို့မဟုတ် အချိန်ပိုင်း အလုပ်လုပ်သည်။ အချို့အချိန်များတွင် ကလေး ကို ထိန်းပေးရန် ငှားထားသော ကလေးကြည့်ပေးသူနှင့် ယှဉ်လျှင် ကလေးထိန်းသည် ပိုပြီး အလုပ်ကျွမ်းကျင်ပါသည်။ကလေးထိန်းအမျိုးအစား နှစ်မျိုးရှိသည်။ အတူနေ နှင့် အတူမနေဖြစ်သည်။ အတူနေကလေးထိန်းကို နေစရာ (သင့် အိမ်ရှိ အခန်းတစ်ခန်း) ပေးရသည်။ အတူမနေ ကလေးထိန်း သည် နေ့စဉ် လာပြီး ပြန်သည်။ သင်သည် ကုန်ကျစရိတ် သက်သာစေရန် ကလေးထိန်းကို အခြားမိသားစုများဖြင့် မျှဝေငှားနိုင်သည်။အထူးကျွမ်းကျင်အောင် လေ့ကျင့်ပေးသော နေရာမှ ကလေးထိန်းကို ငှားပါ။ သို့မဟုတ် သင့်အသိများမှ ကောင်းစွာ ထောက်ခံမှု ပေးထားသော ကလေးထိန်းကို ငှားပါ။အချိန်ပြည့် ကလေးထိန်းရှိခြင်းသည် သင့်အား အောက် ပါ အလုပ်များလုပ်ရခြင်းမှ ကင်းဝေးစေသည်။ကလေးထိန်းသည် သင့်ကလေး ဖျားနာပါက သင့်က လေးနှင့်အတူ အိမ်တွင် နေပေးနိုင်သည်။ ချက်ပြုတ်ရေး၊ သန့်ရှင်းရေးစသော အိမ်အလုပ်များကို လုပ်နိုင်သော ကလေးထိန်းများလည်း ရှိသည်။ လူများစွာသည် နေ့ပိုင်း စောင့်ရှောက်မှု စင်တာထက် ကလေးထိန်းမှ ထိန်းသိမ်းပြုစုခြင်းသည် သင့်ကလေးအား ပို၍ ရင်းနှီးခြင်း၊ သက်တောင့်သက်တာ ရှိခြင်းဖြစ်စေသည်ဟု ယုံကြည်ကြ သည်။ကလေးထိန်းငှားခြင်းသည် ဈေးကြီးပါသည်။ တစ်ခါတစ်ရံ ကလေးထိန်း နေမကောင်းသောအခါ မိသားစုတစ်ခုလုံး၏ အချိန်ဇယားများ အခက်အခဲဖြစ်သည်။ ထို့အပြင် ကလေး ထိန်းသည် နေ့ပိုင်းစောင့်ရှောက်မှုစင်တာများ ကဲ့သို့ ကလေး များအား သင်ရိုးညွှန်းတမ်းဖြင့် သင်မပေးနိုင်ပါ။နေ့ပိုင်းစောင့်ရှောက်မှုစင်တာ နှစ်မျိုးရှိသည်။ သီးခြား ရပ်တည်သောစင်တာနှင့် ထောက်ပံ့သူများက သူတို့အိမ်တွင် ဖွင့်ထားသော နေ့ပိုင်းစောင့်ရှောက်မှုအိမ် ဖြစ်သည်။ နှစ်မျိုး စလုံးတွင် လိုင်စင်ရှိရမည်။နေ့ပိုင်းစောင့်ရှောက်မှုစင်တာကို ရွေးချယ်ရာတွင် မိဘ များသည် အောက်ပါတို့ကို ဆောင်ရွက်သင့်သည်။နေ့ပိုင်းစောင့်ရှောက်မှုစင်တာတွင်ထားပါက သင့်ကလေး အတွက် နေ့လည်စာပြင်ဆင်ပေးရန် မလိုအပ်ပါ။ သင့်ကလေး သည် လုံလောက်သော လူမှုဆက်ဆံရေးနှင့် ကောင်းမွန် သော လှုပ်ရှားမှု၊ အခြေအနေများကို ထိတွေ့ခွင့်ရှိမည်ဟု ယုံကြည်ပြီး သင် အနားယူနိုင်သည်။ ထို့အပြင် အရန် ဆရာ များလည်း ရှိသည်။ ထို့ကြောင့် သင့်ကလေး၏ အတန်းပိုင် ဆရာ နေမကောင်းလျှင်ပင် သင်အလုပ်အတွက် နောက်မကျ နိုင်ပါ။သင့်ကလေးသည် အခြားကလေးများနှင့် ထိတွေ့မှုရှိ သောကြောင့် ကူးစက်သော ရောဂါများ ရနိုင်ချေ မြင့်ပါသည်။ သူငယ်ချင်းများထံမှ မကောင်းသော အပြုအမှုများလည်း ရနိုင်သည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%91%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%94%e1%80%b1%e1%80%b7%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%ba/
၂၀၂၂ မြန်မာနိုင်ငံ နှလုံးရောဂါစစ်တမ်း ရဲ့ စိတ်ဝင်စားစရာအချက်များ
Hello ဆရာဝန်မှ၂၀၂၂ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့အထိမ်းအမှတ်အဖြစ် နှလုံးရောဂါစစ်တမ်း ကောက်ခံခဲ့ရာ ၁၁၉ယောက်သော ဖြေဆိုသူများရဲ့ နှလုံးကျန်းမာရေးနဲ့ ပတ်သက်တဲ့သဘောထားကို ခုလိုသိရှိခဲ့ရပါတယ်။နှလုံးရောဂါက အသံတိတ်လူသတ်သမားလို့ နာမည်ကြီးတဲ့ ရောဂါပါ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်နေထိုင်ပုံ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ မျိုးဗီဇကြောင့် နှလုံးနဲ့ သွေးကြောရောဂါတွေ အဖြစ်များလာပါတယ်။ ဒီရောဂါက ကြိုတင်ကာကွယ်လို့ မရတာတော့ မဟုတ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေရဲ့ သဘောထားကရော ဘယ်လိုရှိသလဲဆိုတာ စစ်တမ်းကနေ လေ့လာကြည့်ရအောင်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/2022-world-heart-day-survey-info-mm/
မတက်ခင် ဖြစ်လာမယ့် လက္ခဏာတွေကို ဘယ်လိုသတိထားနိုင်သလဲ
အတက်ရောဂါကို မထိန်းချုပ်နိုင်ဘူးဆိုလျှင် ရုတ်တရက် ဆက်ကာဆက်ကာ တက်တတ်ပါတယ်။ မတက်ခင်ဖြစ်တတ်တဲ့ လက္ခဏာတွေကို သိထားခြင်းဖြင့် အန္တရာယ်ရှိတဲ့အရာတွေနဲ့ ဒဏ်ရာအနာတရဖြစ်ခြင်းကနေ ရှောင်နိုင်ပါတယ်။တက်တာဟာ သင်အိပ်နေချိန်ပဲဖြစ်ဖြစ်၊ နိုးနေချိန်ပဲဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။ ဒါတွေက အတက်ရောဂါ အမျိုးအစားတွေဖြစ်ပြီး လက္ခဏာတွေကတော့ အနည်းငယ်စီ ကွဲပြားနိုင်ပါတယ်။ အတက်ရောဂါက အဓိကအားဖြင့် ၂မျိုးရှိတယ်။– တစ်နေရာပဲကွက်ပြီး အတက်ရောဂါ။– တစ်ကိုယ်လုံးပါတဲ့ အတက်ရောဂါ။တစ်နေရာပဲကွက်ပြီး အတက်ရောဂါ ဖြစ်နေချိန်မှာ သင်ဟာသတိကောင်းနေပါမယ်။တစ်နေရာပဲကွက်ပြီး အတက်ရောဂါရဲ့ လက္ခဏာတွေထဲမှာ အောက်ပါ အခြေအနေတွေပါဝင်ပါလိမ့်မယ်။–ဖော်ပြရခက်တဲ့ ထူးဆန်းတဲ့ ခံစားချက်။– လူကမြင့်တက်နေသလို ခံစားရခြင်း။ ဒါက ရိုလာကိုစတာစီးနေချိန်မှာ ဗိုက်ထဲမှာဖြစ်တဲ့ ခံစားချက်နဲ့ ဆင်တူပါတယ်။– အရင်တစ်ခါက ဖြစ်ခဲ့ဖူးသလို ပြန်ခံစားမိခြင်း။– ပုံမှန်မဟုတ်တဲ့ အနံ့နဲ့ အရသာကို ခံစားမိနေခြင်း။– ခြေ၊ လက်တွေကို ပင်အပ်နှင့်ထိုးသလို စူးခနဲခံစားရခြင်း။– ရုတ်တရက် ကြောက်လန့်သလို ပျော်သလို ခံစားရခြင်း။– ကိုယ်ခန္ဓာအစိတ်အပိုင်း ဥပမာ-ခြေ၊လက်စသည်တို့ တောင့်တင်းခြင်း။ဒီအခြေအနေဟာ သင်အာရုံလွတ်သွားတဲ့ အထိတက်သွားနိုင်တယ်။ အတက်ကျပြီးနောက် တက်တာကို မမှတ်မိတတ်ဘူး။ ဒီအတက်ရောဂါရဲ့ လက္ခဏာတွေက ထူးဆန်းတဲ့ အမူအရာတွေပြတတ်တယ်။ ဥပမာ-။–နှုတ်ခမ်းကို တပြတ်ပြတ် အသံမြည်အောင်လုပ်ခြင်း။– လက်တွေကိုပွတ်သပ်ခြင်း။– ရုတ်တရက် ဆူဆူညံညံလုပ်ခြင်း။– လက်ဝှေ့ယမ်းခြင်း။– အဝတ်အစားတွေ ဆွဲချွတ်ခြင်း။– ပစ္စည်းတွေကို နေရာရွှေ့ခြင်း။– ပုံမှန်မဟုတ်တဲ့ ကိုယ်ဟန်တွေလုပ်ခြင်း။– ဝါးခြင်း၊ မြိုချခြင်း။ဒီအတက်ရောဂါအမျိုးအစား ၆မျိုးရှိပါတယ်။– Absences။ဒီအတက်ရောဂါရတဲ့လူဟာ ပတ်ဝန်းကျင်ကို သတိမပြုမိတော့တာမျိုးဖြစ်တတ်တယ်။ ပုံမှန်အားဖြင့် ၁၅မိနစ်လောက်ကြာတတ်တယ်။ တခြားလူတွေက မျက်တောက်တွေခတ်၊ ပါးစပ်က အသံတွေထွက်နေပေမယ့် ဒီလူဟာ တနေရာရာကို စူးစိုက်ပြီး ကြည့်နေတတ်တယ်။ သူဟာ တက်တာကို လုံးဝမမှတ်မိတတ်ဘူး။– Myoclonic seizures။ဒီအတက်ရောဂါက သင့်ရဲ့ လက်တွေ၊ ခြေထောက်တွေနဲ့ ကိုယ်ခန္ဓာအပေါ်ပိုင်းကို ဓာတ်လိုက်သလို တုန်ခါစေပါတယ်။ တစ်ခါတစ်လေ ၁စက္ကန့်၊ ၂စက္ကန့်သာကြာတတ်ပါတယ်။ ပုံမှန်ဆိုလျှင် ဒီအခြေအနေမှာ သတိကောင်းနေ တတ်ပါတယ်။ဒီအတက်ရောဂါက မနက်နိုးပြီး နာရီအနည်းငယ်အတွင်းမှာ ဖြစ်တတ်ပါတယ်။ တစ်ခါတလေ တစ်ကိုယ်လုံးတက်တဲ့ အတက်ရောဂါနဲ့လည်း တွဲပြီးတွေ့ရတတ်ပါတယ်။– Clonic seizures။ဒီအတက်ရောဂါက အပေါ်က myoclonic jeck နဲ့တူသော်လည်း ဒါက ပုံမှန်အားဖြင့် ၂မိနစ်လောက်အထိ ကြာတတ်ပါတယ်။ တက်နေစဉ်မှာ သတိလစ်နေတတ်ပါတယ်။– Atonic seizures။ဒီအတက်ရောဂါဖြစ်လျှင် ကြွက်သားတွေ ရုတ်တရက် ပျော့ခွေသွားပြီး သင်ဟာ မြေပြင်ပေါ်ကျခြင်း၊ဒဏ်ရာရခြင်း ဖြစ်တတ်ပါတယ်။– Tonic seizures။ဒီအတက်ရောဂါရလျှင် ကြွက်သားတွေ ရုတ်တရက်တောင့်တင်းသွားပါတယ်။ သင်ဟာ ကိုယ့်ကို ထိန်းချုပ်ဖို့ခက်ပြီး လဲကျနိုင်ပါတယ်။ အပေါ်က အတက်ရောဂါလိုပဲ ဒီဟာကလည်း ဒဏ်ရာရစေနိုင်ပါတယ်။– Tonic-clonic seizures။ဒီအတက်ရောဂါကို Grand Mal လို့ခေါ်ကြပြီး အဆင့် ၂ဆင့် ပါဝင်ပါတယ်။ သင့်ကိုယ်ခန္ဓာဟာ ရုတ်တရက်တောင့်တင်းပြီး လက်တွေ၊ခြေတွေက ရုတ်တရက် တဆက်ဆက်တုန်နိုင်ပါတယ်။  ဒီအတက်ရောဂါဟာ မိနစ်အနည်းငယ်သာ ကြာနိုင်သလို ဒီထက်ပိုကြာတာလည်း ဖြစ်နိုင်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/%e1%80%99%e1%80%90%e1%80%80%e1%80%b9%e1%80%81%e1%80%84%e1%80%b9-%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%9c%e1%80%ac%e1%80%99%e1%80%9a%e1%80%b9%e1%80%b7-%e1%80%9c%e1%80%80%e1%81%a1%e1%80%8f%e1%80%ac/
ကလေးသွားပိုးစားခြင်း
ကလေးသွားပိုးစားခြင်း (Baby bottle tooth decay ) ဆိုတာဘာလဲ။ကလေးများမှာ ဖြစ်လေ့ရှိတဲ့ သွားပိုးစားခြင်းကို baby bottle tooth decay ကလေးသွားပိုးစားခြင်းလို့ခေါ်ပါတယ်။ အချိုအရသာ ထည့်သွင်းထားသော ဖျော်ရည်များ၊ နွားနို့၊ အသီးဖျော်ရည် အစရှိတဲ့ သဘာဝ အချိုဓါတ်ပါဝင်သော အရည်များ သောက်သုံးသောအခါထိုအချိုဓါတ်များသည် ကလေးများ၏ သွားများကြားထဲတွင် အချိန်အတော်ကြာတည်ရှိခြင်းဖြင့် ထိုသွားပိုးစားခြင်း (baby bottle tooth decay)ကို ဖြစ်ပေါ်စေတတ်ပါတယ်။ ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားတွေဟာ ထိုအချိုဓါတ်တွေနဲ့ အာဟာရပြုပြီး အက်စစ်တွေ ထုတ်လုပ်ခြင်းအားဖြင့် သွားများကို ထိခိုက်စေနိုင်ပါတယ်။ ရလဒ်ကတော့ ကလေးတွေမှာ ပြင်းထန်တဲ့ သွားပိုးစားခြင်း (baby bottle tooth decay) ကို ဖြစ်စေတော့တာပါပဲ။ကလေးသွားပိုးစားခြင်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။လူကြီးတွေသွားပိုးစားတာနဲ့ မတူညီတာကတော့ လူကြီးတွေမှာ သွားပိုးစားခြင်းဟာ တိုက်ရိုက်မမြင်နိုင်တဲ့ နေရာတွေမှာ ဖြစ်လေ့ရှိပြီး ကလေးတွေမှာတော့ ရှေ့သွားတွေရဲ့ သိသာထင်ရှားတဲ့ နေရာများတွေမှာ ဖြစ်ပွားလေ့ရှိပါသည်။ ကလေးရဲ့သွားတွေဟာ ဖြည်းဖြည်းချင်း အားနည်းလာတဲ့ အချိန်တွေမှာ ပျက်စီးမှုတွေကို မမြင်ရသေးတာကြောင့် မိဘတွေကလည်း စိတ်အေးချမ်းသာစွာနေတတ်ကြပါတယ်။ သွားတွေကို ကာကွယ်ပေးထားတဲ့ကြွေလွှာပျက်စီးသွားပြီဆိုရင်တော့ အရုပ်ဆိုးစေမယ့်လုပ်ငန်းစဉ်ဖြစ်တဲ့ သွားပျက်စီးခြင်း အရှိန် ဟာ ပိုမြန်လာပါတော့တယ်။အချို့ရိုးရှင်းသော ဂရုစိုက်မှုလေးတွေက ဒီပြဿနာမဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ ငယ်ရွယ်စဉ်ကာလတွေမှာ ခံတွင်းကျန်းမာရေးနှင့် ပတ်သက်ပြီး ကောင်းမွန်စွာ ဂရုစိုက်ပေးရမှာပါ။ဖလိုရိုက်ဟာ သွားပိုးပေါက်များဖြစ်ပေါ်ခြင်းကို လျော့နည်းစေတဲ့အတွက် ကလေးတွေမှာ ဖလိုရိုက်ပမာဏ လုံလုံလောက်လောက် ရရှိအောင် ဂရုစိုက်ပေးပါ။ လက်ရှိသောက်သုံးနေသောရေတွင် ဖလိုရိုက်မပါဝင်ပါက လိုအပ်တဲ့ ပမာဏကို ဘယ်လိုရယူရမလဲဆိုတာ နီးစပ်ရာ ဆရာဝန် သို့မဟုတ် သွားဆရာဝန် တစ်ဦးဦးထံ မေးမြန်းသင့်ပါတယ်။ကလေးများအတွက် ပုံမှန် သွားကျန်းမာရေး စစ်ဆေးမှုပြုလုပ်ပေးပါ။ သွားဆရာဝန်တွေကတော့ ကလေးတွေအတွက် သွားပိုးစားခြင်းကို ကာကွယ်ပေးနိုင်တဲ့ special sealant coating တွေကိုပေးလေ့ရှိပါတယ်။ မကောင်းတဲ့အကျင့်ကို ပြုပြင်ဖို့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ တကယ်လို့ သင့်ကလေးဟာ အချိုရည်တွေ သောက်လေ့ရှိတာ သို့မဟုတ် သောက်ပြီးအိပ်လေ့ရှိတယ်ဆိုရင် ဒီအလေ့အထကို ခုပဲ ရပ်လိုက်ပါ။ ဒီရောဂါအခြေအနေဖြစ်လာခြင်းကို ရပ်တန့်နိုင်ဖို့အတွက် ဘူးထဲပါဝင်တဲ့အရည်တွေမှာ ရေကို အနည်းငယ်စီရောပြီး ၂ပတ် ၃ပတ်ခန့်ဖြည့်ဖြည်းချင်းတိုက်ပါ။ ဒီအချိန်တွေပြီးဆုံးသွားပြီဆိုရင်တော့ ဘူးထဲမှာ ရေသာထည့်ပြီးတိုက်လိုက်ပါ။ ငယ်သွားများကို ဂရုစိုက်ခြင်းသည် နောင်တစ်ချိန် ကျန်းမာ ခိုင်ခံ့သော သွားများရရှိစေရန် ဖြစ်သည် ဆိုတာကို မမေ့ပါနဲ့။ကလေးရဲ့သွားမှာ သွားပိုးပေါက်တွေဖြစ်နေတာကို သင်သတိထားမိမှာမဟုတ်ပါဘူး။ ဒါကြောင့် သွားတွေထွက်လာပြီဆိုတာနဲ့ သွားကျန်းမာရေးစစ်ဆေးဖို့နဲ့ သန့်ရှင်းရေးလုပ်ဖို့က အရေးကြီးတာပေါ့။ ဒါပေမယ့် မူမမှန်တာတစ်ခုခုတွေ့ပြီဆိုရင် သင့်ကလေးကို သွားဆရာဝန်ဆီအမြန်ဆုံးခေါ်သွားပါ။ဘယ်လိုကာကွယ်ရမလဲ။သွားပိုးစားခြင်းကို ကာကွယ်ဖို့အတွက် အစာကျွေးတဲ့နေရာမှာ-။ဖျော်ရည်တွေ နို့တွေထည့်ထားတဲ့ နို့ဘူးနဲ့ လမ်းလျှောက်နေတာမျိုးကို ခွင့်မပြုပါနဲ့။ နို့သီးခေါင်းတုများကိုကြာရှည်စွာမသုံးစွဲပါနဲ့။ နို့သီးခေါင်းတုထိပ်မှာ ပျားရည်၊ သကြားရည် သုတ်လိမ်းခြင်းကိုလည်း ရှောင်ကြဉ်ပါ။ကလေး အသက် ၆လမှစပြီး ခွက်နဲ့ သောက်သုံးတတ်အောင် သင်ပေးပါ။ ၁၂လ မှ ၁၄လ အရွယ်မှာ နို့ဘူးဖြတ်ပါ။တစ်ရက်တစ်ရက် အစာစားချိန်တွေမှာ ဖျော်ရည်တွေကို ၆အောင်စထက်ပိုပြီးမတိုက်ပါနဲ့။ကလေးတွေရဲ့သွားတွေကို ဂရုစိုက်ပေးတဲ့အခါအသုံးဝင်မယ့်အချက်တွေကတော့။ကလေးတွေရဲ့ ခံတွင်းမှာ စားကြွင်းစားကျန်များ မကျန်ရှိစေဖို့အတွက် အစားအစာကျွေးပြီးတိုင်း သွားနဲ့သွားဖုံးတွေကို သန့်ရှင်းသော အဝတ်စ သို့မဟုတ် ဂွမ်းစဖြင့် ညင်သာစွာ သန့်ရှင်းပွတ်တိုက်ပေးပါ။သွားစပေါက်သည့်အချိန်မှစပြီး သွားတိုက်ပေးပါ။ အနည်းဆုံး အိပ်ရာမဝင်ခင် တစ်ကြိမ် သင်နဲ့အတူ သွားတိုက်ပေးပါ။ ကလေးဟာ ငယ်လွန်းသေးတာ သို့မဟုတ် လမ်းလျှောက်တတ်စအရွယ်လေးဆိုရင် ဖလိုရိုက်မပါဝင်တဲ့ သွားတိုက်ဆေး အနည်းငယ်ကို သန့်ရှင်းတဲ့အဝတ်စထဲထည့်ပြီး သွားတွေကို ညင်သာစွာ ပွတ်တိုက်သန့်စင်ပေးပါ။ သင့်ကလေးက ပါးစပ်ထဲက သွားတိုက်ဆေးတွေကို အကုန်ထွေးထုတ်နိုင်ပြီဆိုရင် ဖလိုရိုက်ပါဝင်တဲ့ သွားတိုက်ဆေးကို ပြောင်းသုံးနိုင်ပါပြီ်။ အသက်အနည်းငယ်ကြီးတဲ့ကလေးတွေအတွက်တော့ နူးညံ့ပြီး နိုင်လွန်အမွေးတွေပါဝင်တဲ့ သွားတိုက်တံကိုသုံးပေးပါ။ သွားတိုက်ဆေး အနည်းငယ်သာသုံးပါ။ (ပဲစေ့ခန့်အရွယ်အစားထက်မပိုပါစေနဲ့)။ငယ်သွားတွေအားလုံး စုံပြီဆိုရင် ကြိုးမျှင်ဖြင့် သွားကြားသန့်ရှင်းခြင်း (flossing) ကို စတင်ပြုလုပ်သင့်ပါသည်။ (များသောအားဖြင့် အသက်၂နှစ်ခွဲလောက်မှာဖြစ်တတ်ပါတယ်)။သင့်ကလေးက အသက် ၆လနှင့် ဖလိုရွိုက်ပါဝင်တဲ့ရေကိုသုံးပါ။ ဒါမှမဟုတ် ရေမှာ ဖလိုရွိုက်မပါဘူးဆိုရင် ဖလိုရွိုက်အားဖြည့်ဆေး (supplement)တွေကိုသုံးပါ။ ရေသန့်ဘူးသောက်မယ်ဆိုရင်တော့ ဖလိုရွိုက်ပါတာသေချာပါစေ။သင့်ကလေးရဲ့ သွားတွေကို ပုံမှန် ဂရုစိုက်ပေးပါ။ ငယ်သွားစုံတဲ့အချိန် သို့မဟုတ် အသက် ၂နှစ် နှင့် ၃နှစ် အရွယ်တွေမှာ သွားဆေးခန်းကိုခေါ်သွားပေးပါ။ (ဒီဖြစ်ရပ်၂ခုထဲက ဘယ်ဟာအရင်လာလာ သွားဆေးခန်းကိုခေါ်သွားပါ။)။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/pediatric-dentistry/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%85%e1%80%ac%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ပန်းကလေးတို့ အမြဲသန့်ရှင်း လန်းဆန်းစေဖို့
ပျိုမေ တို့ရဲ့ ကျန်းမာရေးမှာ အရေးကြီးတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုကို ဂရုစိုက်ပေးဖို့ မေ့မေ့လျော့လျော့ ဖြစ်တတ်ကြပါတယ်။ အမျိုးသမီးကျန်းမာရေး နဲ့ ပတ်သက်လို့ မစိုးရိမ်ရစေဖို့ မိန်းမကိုယ် သန့်ရှင်းမှု၊ တစ်ကိုယ်ရည်သန့်ရှင်းမှုတို့ကို ဂရုစိုက်သင့်ပါတယ်။မိန်းမကိုယ် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းရင်းတွေကိုလည်း ပျိုမေတို့ သိကိုသိထားသင့်ပါတယ် –။မိန်းမကိုယ် ကို ဓါတုပစ္စည်းတွေနဲ့ထိတွေ့မိတဲ့အခါ ယားယံခြင်းကိုဖြစ်စေပါတယ်။ အဲဒီပစ္စည်းတွေက မိန်းမကိုယ်အပါအဝင် ခန္ဓါကိုယ်ရဲ့နေရာအတော်များများကို နီမြန်း၊ယားယံစေတဲ့ ဓါတ်မတည့်တုံ့ပြန်မှုတွေဖြစ်လာစေနိုင်ပါတယ်။Parabens ၊Methylchloroisothiazolinone ၊ Benzethonium Chloride တို့လို ဓါတုပစ္စည်းတွေကြောင့်အရေပြားကိုထိခိုက်စေနိုင်ပါတယ်။ပေါင်ခြံတဝိုက်ယားယံတာနဲ့ လောင်တာလိုမျိုး မှိုပိုးဝင်တဲ့လက္ခဏာတွေက အမျိုးအစား ၂ ဆီးချိုရောဂါ ရဲ့လက္ခဏာတွေဖြစ်ပါတယ်။ ဆီးချိုရှိတဲ့သူတွေမှာ သွေးတွင်းသကြားဓာတ်က များနေတာကြောင့် မှိုပိုးတွေပေါက်ဖွားလွယ်တဲ့အနေအထားကို ဖန်တီးပေးလိုက်သလိုဖြစ်စေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ရောဂါကာကွယ်နိုင်စွမ်းကိုပါ လျော့နည်းစေပါတယ်။မိန်းကလေး တော်တော်များများမှာခံစားရတတ်တဲ့ပြဿနာပါ။ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတာရယ်၊ အတွင်းခံကျပ်ကျပ်တွေ ဝတ်တာရယ်ကြောင့် မိန်းမကိုယ်မှာ မှိုပိုးဝင်တာများပါတယ်။နောက်တစ်ချက်က ပဋိဇီဝဆေးတွေသောက်ပြီးနောက်ပိုင်း ခန္ဓာကိုယ်ထဲကကောင်းတဲ့ဘက်တီးရီးယားတွေရော၊ မကောင်းတဲ့ ဘက်တီးရီးယားတွေရောရှင်းပစ်လိုက်တာကြောင့်ရောဂါပိုးကာကွယ်ပေးမယ့် အကျိုးပြုဘက်တီးရီးယားလေးတွေ မလုံလောက်တော့တာမျိုးဖြစ်စေနိုင်ပါတယ်။ မှိုပိုးဝင်တဲ့လက္ခဏာတွေကတော့ ယားယံတာ၊ လောင်တာ၊ ကပ်စေးတဲ့ အချွဲအဖြူဆင်းတာတွေ ပါဝင်ပါတယ်။မိန်းမကိုယ်မှာရှိတဲ့ သဘာဝဘက်တီးရီးယားပမာဏကိုပုံမှန်မထိန်းညှိနိုင်တဲ့အခါ မိန်းမကိုယ် ရောင်ရမ်းခြင်း(BV)ဖြစ်လာနိုင်ပါတယ်။ သူက အမြဲတော့ လက္ခဏာပြလေ့မရှိပေမယ့် အနံ့နံသောအဖြူဆင်းခြင်း၊ ယားယံခြင်း၊အနံ့ဆိုးထွက်ခြင်းတို့ဖြစ်လေ့ရှိပါတယ်။ အဖြူဆင်းရင် အရောင်ညစ်ညစ် ဒါမှမဟုတ် အကြည်ရောင်လည်းဖြစ်နိုင်ပါတယ်။အတွင်းခံကျပ်ကျပ်ဝတ်ထားတော့ တစ်နေ့တာသွားလာလှုပ်ရှားတဲ့အခါချွေးတွေနဲ့ပိတ်လှောင် စိုစွတ်နေတဲ့အရေပြားမှာ ဘက်တီးရီးယားတွေမွေးမြူထားသလိုပါပဲ။ အတွင်းခံရဲ့ပိတ်စအသားကလည်းချွေးစုပ်ပြီးနေရသက်သာတဲ့အမျိုးအစားဖြစ်သင့်ပါတယ်။အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကြောင့် ဒီရောဂါတွေကိုရရှိနိုင်ပြီး မိန်းမကိုယ်ကို ယားယံစေနိုင်ပါတယ်။ဒီရောဂါတွေရှိနေရင် ပုံမှန်မဟုတ်တဲ့ဖြစ်ပေါ်ကြီးထွားမှုတွေ၊ အဝါရောင်၊အစိမ်းရောင် အရည်၊ အချွဲတွေမိန်းမကိုယ်ကနေဆင်းတာ၊ ဆီးသွားရင်နာကျင်တာ စတဲ့ လက္ခဏာတွေလည်းဖြစ်နိုင်ပါတယ်။သွေးဆုံးချိန်ရောက်နေတဲ့ ဒါမှမဟုတ် သွေးဆုံးပြီး အမျိုးသမီးတွေမှာ မိန်းမကိုယ် ယားယံခြင်းခံစားရနိုင်ခြေ ပိုများပါတယ်။ သွေးဆုံးချိန်အတွင်းမှာ အက်စထရိုဂျင်ဟော်မုန်းပမာဏလျော့နည်းသွားတာကြောင့် မိန်းမကိုယ်ခြောက်သွေ့ခြင်းဖြစ်လာနိုင်ပါတယ်။ မိန်းမကိုယ်အတွင်းနံရံက အကျိအချွဲလေးတွေ ပါးသွားတာကြောင့် ခြောက်သွေ့လွန်ပြီး ယားတာ၊ စပ်တာတွေဖြစ်လာနိုင်တဲ့အတွက် ကုသမှုခံယူသင့်ပါတယ်။ခန္ဓာကိုယ်ပင်ပန်းမှုနဲ့ စိတ်ပင်ပန်းမှုတွေက မိန်းမကိုယ်ယားယံခြင်းကိုဖြစ်စေနိုင်ပေမယ့် သိပ်တော့အဖြစ်မများပါဘူး။ စိတ်ဖိစီးမှုကြောင့် ကိုယ်ခံအားကို အားနည်းစေပြီး ယားယံမှုတွေဖြစ်စေနိုင်တဲ့ ရောဂါပိုးဝင်ခြင်းတွေ ပိုအဖြစ်များစေနိုင်ပါတယ်။ဖြစ်ခဲတဲ့အခြေအနေဆိုပေမယ့် မိန်းမကိုယ် ယားယံခြင်းက အမျိုးသမီးအင်္ဂါကင်ဆာရဲ့လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်အတွင်း၊ အပြင်နှုတ်ခမ်းသားတွေ၊ မလိင်စေ့နဲ့ မိန်းမကိုယ်အဝ တို့ပါဝင်တဲ့vulva အစိတ်အပိုင်းမှာ ကင်ဆာဖြစ်တာပါ။ ဒီကင်ဆာက လက္ခဏာပြလေ့မရှိဘဲ လက္ခဏာပေါ်လာခဲ့ရင်လည်း အဲဒီအစိတ်အပိုင်းတွေမှာ ယားယံခြင်း၊ ပုံမှန်မဟုတ်တဲ့သွေးဆင်းခြင်းနဲ့ နာကျင်ခြင်းစတာတွေဖြစ်စေနိုင်ပါတယ်။Vulvar ကင်ဆာကို အစောပိုင်းအဆင့်မှာ သိရှိခဲ့ရင် ကုသပျောက်ကင်းနိုင်ပါတယ်။ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကို သိရပြီဆိုတော့ မိန်းမကိုယ်ယားယံတာကို ဘယ်လိုကာကွယ်မလဲ၊ ဘယ်လိုသက်သာအောင်လုပ်မလဲဆိုတာ ဆက်ကြည့်ရအောင်။ဆေးကုသမှုက ဖြစ်ရတဲ့အကြောင်းရင်းကိုမူတည်ပြီးသောက်ဆေး၊လိမ်းဆေး တစ်မျိုးမျိုး ဒါမှမဟုတ် နှစ်မျိုးလုံးဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ဆေးကိုချည်း အားမကိုးဘဲ ကိုယ်တိုင်ဂရုစိုက်လို့ရတဲ့အချက်တွေကိုတော့ သိထားဖို့လိုပါလိမ့်မယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/%e1%80%99%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba/
ခြေလက်ဆုံးရှုံးခြင်း
ခြေလက် ဆုံးရှုံးခြင်း၊ ခြေလက်ဖြတ်ခြင်းဆိုတာအရေပြားနဲ့ ဖုံးအုပ် ကာကွယ်ထားတဲ့ ကိုယ်ခန္ဓါ အစိတ်အပိုင်းတခုခု (လက်၊ ခြေထောက်၊ လက်ချောင်း) ကို ဖြတ်တောက်ဖယ်ထုတ်ခြင်း ဖြစ်ပါတယ်။အောက်ပါ အခြေအနေတွေမှာခွဲစိတ်ဖြတ်တောက်ခြင်းလုပ်ဆောင်တတ်ပါတယ်။• ခြေလက်တခုခုမှာသွေးမလျှောက်တော့ဘဲအသားပုပ်ခြင်း။ ပင်မမဟုတ်သောအစွန်အဖျားသွေးလွှတ်ကြောတွေမှာရောဂါရရင် ဖြစ်တတ်ပါတယ်။• ခြေလက်များတွင် ရောဂါဖြစ်ခြင်း။ ကင်ဆာ၊ ရောဂါပိုး ဆိုးဆိုးရွားရွားဝင်ခြင်းစတဲ့ အခြေအနေတွေမှာအသက်အန္တရာယ်ကြုံနိုင်လို့ ဖြတ်တောက်နိုင်ပါတယ်။• ခြေလက်ကို ပြင်းထန်စွာထိခိုက်မိခြင်း။ ဥပမာ- ကားကြိတ်မိခြင်း၊ ပေါက်ကွဲမှုဖြစ်ခြင်း။• ခြေလက်ပုံပျက်ခြင်း၊ အပြည့်အ၀ မသုံးနိုင်ဘဲအမြဲနာကျင်နေခြင်း။ဆီးချိုရှိသူများဟာခြေလက်ဖြတ်တောက်ရနိုင်ခြေများပါတယ်။ ဆီးချိုဟာခြေလက်မှာရှိတဲ့ အာရုံကြောကိုထိခိုက်စေပြီးတော်ရုံဒဏ်ရာကိုသတိမပြုဘဲ ဖြစ်တတ်ပါတယ်။ဆီးချိုရှိသူများဟာသွေးလွှတ်ကြောရောဂါ ဖြစ်လာနိုင်ခြေများပြီးအနာကျက်နှေးတတ်ပါတယ်။ ဒါပေမယ့် စောစီးစွာသတိထားမိပြီးကုသနိုင်ရင်တော့ လူနာအများစုဟာ ဖြတ်တောက်ခြင်းကိုရှောင်လွှဲနိုင်ပါတယ်။ခွဲစိတ်ဖြတ်တောက်ခြင်းကိုဆေးရုံတွေမှာ ပြုလုပ်ပေးပြီးအသားပုပ်ခြင်း ပြန့်နှံ့မသွားအောင် ဖြစ်ပါတယ်။ အသားပုပ်ခြင်းဟာဆီးချို၊ နှင်းကိုက်ခြင်း၊ ဒဏ်ရာရခြင်း၊ သွေးကြောကျဉ်းခြင်းနဲ့ သွေးလည်ပတ်မှုကိုထိခိုက်စေတဲ့ ရောဂါတွေကြောင့် ဖြစ်တတ်ပါတယ်။ အရိုးကင်ဆာမပြန့်အောင်၊ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရထားတဲ့ လူနာတွေ သွေးထွက်လွန်ခြင်းမဖြစ်အောင် ခွဲစိတ်ဖြတ်တောက်ခြင်းလည်းရှိပါတယ်။ ယာဉ်တိုက်မှု၊ စက်ပစ္စည်းမတော်တဆဖြစ်မှု စတာတွေကြောင့် ခြေလက်ကိုတပိုင်းတစဖြတ်ပစ်ခြင်း၊ တချောင်းလုံး ဖြတ်ပစ်ခြင်းတွေ ရှိနိုင်ပါတယ်။ အဲဒီအခြေအနေတွေမှာလူနာရဲ့ ခြေလက်ဟာတစိတ်တပိုင်းဖြစ်ဖြစ်၊ တခုလုံး ဖြစ်ဖြစ် ဆိုးရွားစွာထိခိုက်နိုင်ပါတယ်။ ဆေးကုသမှု ချက်ချင်းခံယူဖို့လိုပါတယ်။ခြေလက်ဖြတ်ရဖို့ ဖြစ်နိုင်ခြေကတော့ ခြေလက်ကိုသွေးစီးဆင်းမှု မကောင်းတာကြောင့် အဓိကပါပဲ။ အဓိကအကြောင်းအရာတွေကတော့ ဆီးချိုနဲ့ ကိုယ်ခန္ဓါအစွန်အဖျားမှာဖြစ်တဲ့ သွေးကြောရောဂါပဲဖြစ်ပါတယ်။ ဆီးချို သွေးလွှတ်ကြောတွေကိုမာစေပြီးအနာကျက်ခြင်းကိုဟန့်တားပါတယ်။ သွေးကြောရောဂါဟာလည်းသွေးလွှတ်ကြောတွေကိုမာစေပါတယ်။ ဒီပြဿနာတွေဟာဆေးလိပ်သောက် တတ်တဲ့ အသက်ကြီးသူတွေမှာ ဖြစ်ပွားတတ်ပါတယ်။ သွေးကြောပြသနာတွေကြောင့် ခြေလက်ဖြတ်ရခြင်းဟာဒီအုပ်စုမှာအများဆုံးတွေ့ရတတ်ပါတယ်။ခြေလက်ကိုသွေးစီးဆင်းမှု မကောင်းတော့ရင် ဆရာဝန်ဟာခွဲစိတ်ဖြတ်တောက်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။ တစ်သျှူးတွေ အသက်ရှင်ကျန်းမာဖို့ သွေးဟာမရှိမဖြစ် အရေးကြီးပါတယ်။ ခွဲစိတ်ဆရာဝန်တွေဟာ ရောဂါရှိတဲ့၊ ဒဏ်ရာရှိတဲ့ အပေါ်ကနေ ဖြတ်တောက်တတ်ပါတယ်။ တစ်ခါတရံမှာ ဖြတ်တောက်တဲ့နေရာဟာခြေတုလက်တုတပ်ဆင်ဖို့ အဆင်ပြေမယ့်နေရာ ဖြစ်တတ်ပါတယ်။ ဘယ်လောက်ထိ ဖြတ်တောက်မယ် ဆိုတာ ခွဲစိတ်တဲ့ဆရာဝန်ကပဲ ဆုံးဖြတ်ပါလိမ့်မယ်။ အသားကောင်းပြီးသွေးစီးဆင်းမှုရှိနေသေးရင် အသေးစားဖြတ်တောက်မှု လုပ်ပါတယ်။ အသားမှာဆိုးရွားစွာဒဏ်ရာရထားပြီးသွေးစီးဆင်းမှု မကောင်းရင် အကြီးစားဖြတ်တောက်မှု၊ ဒါမှမဟုတ် ခြေလက်တချောင်းလုံး ဖြတ်တောက်တာမျိုးလုပ်ပါတယ်။အတွေ့ရအများဆုံးနောက်ဆက်တွဲပြဿနာကတော့ သေဆုံးခြင်းပဲ ဖြစ်ပါတယ်။ တခြားပြဿနာတွေကတော့။• ရောဂါပိုးဝင်ခြင်း။• ရင်ဘတ်အောင့်ခြင်း။• နှလုံးထိခိုက်ခြင်း။• လေဖြတ်ခြင်း။• အိပ်ရာပူနာဖြစ်ခြင်း။• အနာတွင်ပိုးဝင်ခြင်း။• သွေးပြန်ကြောသွေးခဲပိတ်ဆို့ခြင်းစတာတွေ ဖြစ်ပါတယ်။ဖြတ်တောက်လိုက်ရတဲ့ ခြေလက်တွေရှိနေပြီးနာကျင်တယ်လို့ မှားယွင်းခံစားမိနေခြင်းတွေလည်းရှိပါတယ်။ လူနာအများအပြားဟာအဲ့ဒီပြသနာကိုတွေ့ကြုံရပါတယ်။ ဖြစ်ပွားတဲ့ အတိုင်းအဆဟာတယောက်နဲ့တယောက် ကွာခြားနိုင်ပါတယ်။ အများစုဟာတော့ ပျောက်ကင်းဖို့ ကြာတတ်ပါတယ်။ခြေလက်ဖြတ်တောက် ထားရသူတွေဟာအောက်ပါအခြေအနေတွေအပေါ် မူတည်ပါတယ်။• အသက်။ ငယ်ရွယ်သူတွေဟာပိုပြီးခံနိုင်ရည် ရှိပြီးလိုအပ်ချက်တွေကိုညှိယူနိုင်ပါတယ်။• ဖြတ်တောက်လိုက်ရတဲ့ အတိုင်းအတာ။• ခြေလက်ဖြတ်လိုက်ရခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအပေါ် ခံနိုင်ရည်။• ခြေလက်ဖြတ်တောက်ရခြင်းကိုပိုပြီးခက်ခဲစွာရင်ဆိုင်ရမည့် အခြားအခြေခံအကြောင်းရာများ။ခြေလက်ဖြတ်တောက်လိုက်ရသူများဟာမိမိချစ်ခင်သူသေဆုံးသွားသလို ပူဆွေးဝမ်းနည်းမှု ခံစားရပါတယ်။လူတချို့ဟာ ဖြတ်တောက်လိုက်တဲ့ အစိတ်အပိုင်းဟာရှိနေသေးတယ်၊ နာကျင်နေတယ်လို့ ခံစားရတတ်ပါတယ်။ဒါပေမယ့် ကာလတာရှည် အားပေးခြင်း၊ ပြန်လည်ထူထောင်ခြင်းကြောင့် လူနာများအထူးသဖြင့် ပိုပြီးငယ်ရွယ်သူများဟာလုပ်ငန်းခွင်၊ အားကစားနဲ့ တခြားလှုပ်ရှားမှုတွေကိုတဖြည်းဖြည်း ပြန်လည် ဝင်ရောက် နိုင်ပါတယ်။ဘယ်လောက်ဖြတ်တောက်ရမယ်ဆိုတဲ့ ခြေလက်နဲ့ ဘယ်လောက်ချန်ထားမယ်ဆိုတာအပေါ် မူတည်ပြီး ဖြတ်တောက်ခြင်းအမျိုးမျိုးရှိပါတယ်။ခြေထောက်ဖြတ်ခြင်း။ ခြေထောက်၊ ခြေဖဝါး၊ ခြေမစတာတွေဖြတ်တောက်ရတာအများဆုံးဖြစ်ပြီးသွေးကြောရောဂါ၊ ဆီးချိုရောဂါ ရှိနေတဲ့ လူကြီးတွေမှာတွေ့ရတတ်ပါတယ်။လက်ဖြတ်ခြင်း။ လက်မောင်း၊ လက်၊ လက်ချောင်းစတာတွေ ဖြတ်တောက်ရခြင်း ဖြစ်ပါတယ်။ ဒီအမျိုးအစားကတော့ ကြုံတွေ့ရတာပိုနည်းပါတယ်။ လူငယ်တွေမှာအဖြစ်များပြီးဆိုးရွားတဲ့ ထိခိုက် ဒဏ်ရာကြောင့် ဖြစ်နိုင်ပါတယ်။ခြေဖြတ်ခြင်းရောလက်ဖြတ်ခြင်းပါ မေ့ဆေး၊ ဒါမှမဟုတ် ခါးဆစ်ရိုးထုံဆေးနဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ခွဲစိတ်ဖြတ်တောက်ချိန်မှာနာကျင်မှုကိုမခံစားရပါဘူး။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/orthopedic-surgery/%e1%80%b1%e1%80%bb%e1%80%81%e1%80%9c%e1%80%80%e1%80%b9%e1%80%86%e1%80%af%e1%80%b6%e1%80%b8%e1%80%9b%e1%80%bd%e1%80%b3%e1%80%b6%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
အတက်ကျဆေးတွေရဲ့ ဓါတ်ပြုမှုတွေကို ဘယ်လိုကာကွယ်မလဲ
ဆေးအချင်းချင်းဓါတ်ပြုခြင်းများဟာ အတက်ရောဂါကုသမှုခံယူနေရတဲ့လူတွေအတွက် အန္တရာယ်ရှိစေနိုင်ပါတယ် ။ အတက်ရောဂါတွင်သောက်သည့်ဆေးများသည် အချို့ဆေးတွေရဲ့အာနိသင်တွေကိုလျော့ကျစေပါတယ် ။ ဒါအပြင် ဆေးအချို့ဟာ အတက်ရောဂါဆေးတွေနဲ့အာနိသင်တူကြပါတယ် ။ဒါဆိုရင် အခြေအနေဟာ ပိုမိုဆိုးဝါးသွားစေနိုင်ပါတယ် ။ သို့ပေမယ့် ကျွမ်းကျင်သူများကတော့ ဆေးအချင်းချင်းသက်ရောက်မှုများမှုရှောင်ကျဉ်ရန် နည်းများကို ပြောပြထားပါတယ် ။သင်သုံးစွဲနေတဲ့ဆေးတွေအကြောင်းကိုဆရာဝန်ကိုပြောပြဖို့အရေးကြီးပါတယ် ။ ညွှန်ကြားထားတဲ့ဆေးတွေကပဲဆေးအချင်းချင်းသက်ရောက်မှုတွေဖြစ်နိုင်တာမဟုတ်ပါဘူး ။ ညွှန်ကြားခြင်းမရှိတဲ့ဆေးတွေကလည်း ဘေးထွက်ဆိုးကျိုး တွေဖြစ်စေနိုင်ပါတယ် ။ ဆေးမသုံးစွဲခင်မှာ ဆေးအညွှန်းကိုသေချာဖတ်သင့်ပါတယ် ။အကယ်၍ ဓါတ်မတည့်မှုကို တွေ့ရှိခဲ့လျှင်တော့ ဓါတ်ပြုမှုဟာ အသေးစားလေးပင်ဖြစ်စေကာမူ ဘာမှမလုပ်သေးပဲ ဆရာဝန်ကိုမေးမြန်းရပါမယ် ။ အခြားတစ်ဖက်မှာတော့ ညွှန်ကြားထားတဲ့ရှောင်ရမယ့်ဆေးတွေကိုရှောင်ကျဉ်ပြီးသောက်သုံးရမယ့်ဆေးတွေကိုသောက်သုံးရပါမယ် ။ ဆရာဝန်ကိုမပြောပဲဆေးသုံးစွဲမှုကိုရပ်တန့်ခြင်းမျိုးမလုပ်ရပါဘူး ။ဆေးအစားထိုးခြင်း သို့ ဆေးအသစ်သုံးစွဲခြင်းမပြုမီမှာ ဆေးဝါးအကြောင်းကိုသေချာရှာဖွေရန်လိုအပ်ပါတယ် ။ ဆေးတစ်ခုချင်းစီရဲဓါတ်ပြုနိုင်မှုအကြောင်းများ ၊ ဓါတ်ပြုမှုရဲ့ရလာဒ်များကို လေ့လာထားရပါမယ် ။ သင့်ရဲ့ဆေးတွေနဲ့အစားအစာတွေ၊ရောဂါတွေနဲ့တည့်မတည့်ကိုလည်းလေ့လာထားသင့်ပါတယ် ။ သင်သိချင်တာကို ဆရာဝန် ၊သူနာပြာ ၊ ဆေးဝါးကျွမ်းကျင်ပညာရှင်ဆီမှာမေးမြန်းနိုင်ပါတယ် ။သင်ဟာဆေးတွေကို ကုမ္ပဏီတစ်ခုထဲမှဝယ်ယူလျှင် ဆေးအညွှန်းအကြောင်းတွေနဲ့ ဆေးအချင်းချင်းသက်ရောက်မှုတွေအကြောင်းကို ပုံမှန်လေ့လာနိုင်ပါလိမ့်မယ် ။ ဆေးအသစ်တွေနဲ့ ရပ်တန့်မည့်ဆေးတွေအကြောင်းကို ဆရာဝန် သို့ ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်မေးမြန်းသင့်ပါတယ် ။ဆေးတွေကိုမညွန်ကြားခင်မှာ ဆရာဝန်ဟာ သင်စားသုံးနေတဲ့အစားအစာနဲ့သင်သုံးစွဲနေတဲ့ဆေးတွေအကြောင်းကို မေးမြန်းပါလိမ့်မယ် ။ ဗီတာမင်K ပါဝင်တဲ့အစားအစာတွေဟာ ဆေးဝါးတွေနဲ့ဓါတ်ပြုနိုင်ချေများပါတယ် ။ သူဟာသွေးကိုကျဲစေပြီး ဆိုးကျိုးများကို လျော့စေပါတယ်။ အချို့အသီးဖျော်ရည်များဟာလည်း သွေးထဲရှိဆေးပမာဏကို ပြောင်းလဲစေပါတယ် ။ ဒါ့အပြင်ကယ်စီယမ်ဟာ ဆေးအချို့နဲ့ပေါင်း၍ ခန္ဓါကိုယ်မှဆေးများကိုစုပ်ယူမှကို အတားအဆီးဖြစ်စေပါတယ်။အသက် ၊ အလေးချိန်၊ ကျန်းမာရေးအခြေအနေများအပေါ်မူတည်၍ လူတစ်ယောက်နှင့်တစ်ယောက် ဆေးညွှန်ကြားမှုခြင်းမတူညီကြပါဘူး ။ ဒါ့အပြင် သင့်အတွက်မဟုတ်တဲ့ဆေးတွေကိုသောက်တဲ့အခါ ဆေးအချင်းချင်းသက်ရောက်မှုဖြစ်နိုင်ချေဟာ များပါတယ် ။ သင့်ရဲ့ဆရာဝန်ဟာ သင့်ရဲ့ကျန်းမာရေးအခြေအနေပေါ်မူတည်၍ ဓါတ်ပြုနိုင်သောဆေးများကို ကြိုးကြိုးစားစား ရှာဖွေဆပးပါလိမ့်မယ် ။သင့်ရဲ့ဆေးဘူးမှာပါဝင်တဲ့ဆေးသောက်ရမယ့် ပါမာဏတွေ၊ ပုံစံတွေရှိပါတယ် ။ အချို့ဆေးအချင်းချင်းဓါတ်ပြုမှုတွေဟာအစာအိမ်တွင်ဆေးတစ်ခုနှင့် တစ်ခု ပေါင်း၍ ဖြစ်ပေါ်လာပါတယ် ။ ဒီလိုဓါတ်ပြုနိုင်မှုကိုသတိထားနိုင်ဖို့ဆ ရာဝန်ဟာဆေးဘူးမှာ ကပ်ခွာလေးတစ်ခုကပ်ပေးပါလိမ့်မယ် ။ဆေးအချင်းချင်းဓါတ်ပြုမှုများမှာကာကွယ်နိုင်ရန် ဆေးတွေကို အချိန်ခြား၍ သောက်သုံးသင့်ပါတယ် ။ ဆေးတစ်မျိုးနဲ့ တစ်မျိုးကို ၂ နာရီ သို့ ၄ နာရီခြား၍ သောက်သုံးရပါမည် ။Hello health group သည် ကျန်းမာရေးဆိုင်ရာအကြံပေးခြင်း ၊ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို မပြုလုပ်ပေးပါ ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/%e1%80%a1%e1%80%90%e1%80%80%e1%80%b9%e1%80%80%e1%80%ba%e1%80%b1%e1%80%86%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%9b%e1%80%b2%e1%80%b7-%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%bb%e1%80%95%e1%80%b3/
အတက်ရောဂါအတွက် ရှေးဦးသူနာပြုနည်းလမ်းများ
တက်တယ်ဆိုတာဟာ အချိန်ကိုက် သင့်တော်တဲ့ ရှေ့ဦးပြုစုမှုမပေးဘူးဆိုရင် တော်တော်လေးကို အသက်အန္တရယ်ရှိပါတယ်။ တက်ခြင်းရဲ့ ရှေးဦးပြုစုနည်းတွေကို သိရှိခြင်းက မဖြစ်သင့်သည်များမဖြစ်လာဖို့အတွက် အရေးပါ ပါတယ်။ ယင်းကိစ္စနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို အောက်တွင် ဖော်ပြပေးပ့ါမယ်။တက်ခြင်း အမျိုးအစား များစွာရှိပါတယ်။ အများစုကတော့ မိနစ်အနည်းငယ်သာ ကြာပါတယ်။ အောက်ဖော်ပြသည့် အကြောင်းအရာများကတော့ ဘာကြောင့်ပဲတက်တက် အသုံးပြုနိုင်မယ့် ရှေးဦးပြုစုနည်းတွေပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများ မလုပ်ဆောင်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/%e1%80%a1%e1%80%90%e1%80%80%e1%80%b9%e1%80%b1%e1%80%b9%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%b1%e1%80%9b%e1%80%bd%e1%80%b8%e1%80%a5%e1%80%ae%e1%80%b8/
ကလေးတွေမှာ ကြုံတွေ့ရတတ်တဲ့ လက်သည်း၊ခြေသည်းပြဿနာတွေ
ကလေးတွေမှာ လက်သည်း၊ခြေသည်းပြဿနာတွေ ရင်ဆိုင်ရတာဟာ ပုံမှန်ပဲ လို့တောင် ပြောလို့ရတဲ့အတွက် သင့်အနေနဲ့ အထူးအထွေ စိုးရိမ်ပူပန်စရာ၊သောကရောက်စရာ မလိုပါဘူး။ သာမန်အလှအပရေးရာ ပြဿနာတခုအဖြစ်သာ ရှုမြင်ကြလေ့ရှိပါတယ်။ သင့်ကလေးမှာ အများဆုံးတွေ့ကြုံလာရနိုင်တဲ့ လက်သည်း၊ခြေသည်းဆိုင်ရာ ပြဿနာတွေကို အောက်မှာဖော်ပြထားပါတယ်။Beau’s lines ဆိုတာဟာ လက်သည်းမှာ ကန့်လန့်ဖြတ်ချိုင့်နေတာကို ဆိုလိုပါတယ်။Beau’s lines တွေဟာ သင့်ကလေးရဲ့ လက်သည်းခွံလေးမှာ ကန့်လန့်ဖြတ်ပြီး အချိုင့်ကြီးအနေနဲ့ ရှိနေပါမယ်။ တကယ်တမ်းပြောရရင် ပုံမှန်မွေးကင်းစကလေးအများစုမှာ Beau’s lines တွေ ရှိနေတတ်ပါတယ်။ နည်းနည်းကြီးတဲ့ ကလေးတွေမှာတော့ အပြင်းဖျားပြီးတဲ့အခါ တွေ့မြင်နိုင်သလို ဇင့်ဓါတ်ချို့တဲ့ နေတဲ့ ကလေးတွေမှာလည်း ရှားရှားပါးပါး တွေ့မြင်နိုင်ပါတယ်။ကလေးတွေမှာ Koilonychia ဒါမှမဟုတ် ဇွန်းပုံစံ ခြေသည်း၊လက်သည်းတွေဟာ အနည်းငယ် အဖြစ်များပါတယ်။Koilonychia ဝေဒနာခံစားနေရတဲ့ ကလေးတွေရဲ့ လက်သည်းခြေသည်းတွေ(အထူးသဖြင့် ခြေမခြေသည်း)ဟာ ခပ်ပျော့ပျော့ဖြစ်ပြီး ခွက်နေလေ့ရှိပါတယ်။ ကလေးတွေရဲ့ ပါးလွှာ၊နူးညံ့တဲ့ လက်သည်း၊ခြေသည်းခွံတွေကြောင့် Koilonychia ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။Koilonychia ဟာ ပုံမှန်ဖြစ်နေကျ အခြေအနေတခုမျှသာဖြစ်ပြီး နှစ်အနည်းငယ်အတွင်းမှာ ပျောက်ကွယ်သွားမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Koilonychia ဟာ သံဓါတ်ချို့တဲ့ခြင်းရဲ့ လက္ခဏာတခုလည်း ဖြစ်နေနိုင်တယ်ဆိုတာကို သတိချပ်ရပါမယ်။ကလေးတွေရဲ့ လက်သည်း၊ခြေသည်းတွေ မနာမကျင်ဘဲနဲ့ ကွာထွက်တဲ့ အခြေအနေကို Onycholysis လို့ခေါ်ပြီး psoriasis အရေပြားရောဂါ၊ထိခိုက်ဒါဏ်ရာရရှိခြင်း၊ခုခံအားစနစ် ထကြွလွန်းပြီး မိမိခန္ဓါကိုယ်ရဲ့ ဆဲလ်အကောင်းတွေကို တိုက်ခိုက်တဲ့ ရောဂါများ (autoimmune diseases)၊မှိုစွဲရောဂါများ သို့မဟုတ် ပွေးရောဂါများကြောင့် ဖြစ်ပွားနိုင်ပါတယ်။Onychoschizia သို့မဟုတ် လက်သည်းတွေ ကွဲထွက်ခြင်းဟာ အရေပြားဆရာဝန်တွေ တွေ့မြင်နေကျ ပြဿနာတမျိုး ဖြစ်ပါတယ်။ လက်သည်း၊ခြေသည်းတွေ (အထူးသဖြင့် လက်မနဲ့ ခြေမ) ကွဲထွက်ခြင်း၊ကြွပ်ဆတ်ခြင်း၊နူးညံ့ပါးလွှာခြင်း စတဲ့အခြေအနေတွေကို ရင်ဆိုင်ရမှာပါ။ မကြာခဏ ထိခိုက်ဒါဏ်ရာ ရရှိခြင်း၊လက်မစုပ်ခြင်း ဒါမှမဟုတ် လက်သည်းကိုက်တတ်ခြင်းတွေကြောင့် ကလေးတွေမှာ Onychoschizia ခံစားရလေ့ရှိပါတယ်။နာကျင်ရောင်ရမ်းတာမျိုးမရှိဘဲနဲ့ လက်သည်း၊ခြေသည်းတွေ အရင်းကနေပြီး လုံးဝကွာထွက်သွားတဲ့ အခြေအနေမျိုးကို Onychomadesis လို့ ခေါ်ပါတယ်။ လက်-ခြေ-ပါးစပ် ရောဂါလို့ခေါ်တဲ့ ရောဂါတမျိုး၊Kawasaki disease လို့ခေါ်တဲ့ ရောဂါတမျိုး ဒါမှမဟုတ် အပြင်းဖျားစေတဲ့ ဗိုင်းရပ်စ်ပိုးကူးစက်ရောဂါတွေကြောင့် ကလေးတွေမှာ Onychomadesis ဖြစ်ပွားနိုင်ပါတယ်။Paronychia ဝေဒနာ ခံစားနေရတဲ့ ကလေးတွေဟာ လက်သည်းထောင့်နားလေးမှာ နီရဲ၊ရောင်ရမ်းနာကျင်ခြင်း ဒါမှမဟုတ် ပြည်တွေနဲ့ ဖောင်းကားနေခြင်း အစရှိတဲ့ ဆိုးရွားပြင်းထန်တဲ့ လက္ခဏာတွေကို ခံစားရမှာ ဖြစ်ပြီး လက်သည်းထောင့်အစွန်နားမှာ ကူးစက်ပိုးဝင်တာကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ကလေးရဲ့ လက်သည်းခွံတွေမှာ အဖြူကွက်တွေ ဖြစ်ပေါ်လာတာကို Leukonychia လို့ခေါ်ပြီး ဒါဏ်ရာအသေးအဖွဲလေးတွေကတဆင့် ဖြစ်ပေါ်လာနိုင်ပါတယ်။Leukonychia ကို ဗီတာမင် ဒါမှမဟုတ် သတ္တုဓါတ်တွေ အလွန်အကျွံစားသုံးတာကြောင့် ပေါ်လာတဲ့ လက္ခဏာတခုအဖြစ် အမှတ်မမှားသင့်ပါဘူး။Onychomycosis ဟာ မှိုစွဲရောဂါတမျိုးဖြစ်ပြီး ခြေသည်းရောလက်သည်းရောမှာ ဖြစ်ပေါ်နိုင်ပါတယ်။Onychomycosis ဟာ ကလေးတွေနဲ့ စာရင် အရွယ်ရောက်ပြီးလူကြီးတွေမှာ ပိုဖြစ်တတ်တယ်ဆိုပေမယ့် ဖြစ်လာရင်လည်း ကုရခက်တာမို့ သင့်ကလေးရဲ့ လက်သည်းခွံမှာ စတင်ဖြစ်ပေါ်လာတဲ့ လက္ခဏာအသေးအဖွဲလေးက အစ လျစ်လျူမရှုသင့်ပါဘူး။ကလေးတွေရဲ့ လက်သည်းခွံလေးတွေမှာ အပ်ခေါင်းပေါက်အရွယ် အချိုင့်သေးသေးလေးတွေပေါ်ပေါက်လာတာကို ဆိုလိုပြီး psoriasis အရေပြားရောဂါ၊နှင်းခူ၊ကူးစက်ပိုးကြောင့် အဆစ်အမြစ်ရောင်ခြင်း ဒါမှမဟုတ် alopecia areata လို့ခေါ်တဲ့ အမွှေးတွေ အကွက်လိုက်ကျွတ်တဲ့ ရောဂါတမျိုးတို့ရဲ့ လက္ခဏာဖြစ်ပါတယ်။ကလေးတွေမှာ ကြုံတွေ့ရတတ်တဲ့ လက်သည်း၊ခြေသည်းခွံပြဿနာလေးတွေဟာ နောက်ခံရောဂါဇစ်မြစ်တခုခုကို တခါတရံ ညွှန်ပြနေလေ့ရှိပါတယ်။ တကယ်လို့ သင့်ကလေးရဲ့ လက်သည်း၊ခြေသည်းခွံမှာ ဖြစ်ပွားနေတဲ့ ပြဿနာနဲ့ ပတ်သက်လို့ စိတ်ထဲမရှင်းဖူး၊စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်ဆိုရင် ကလေးအထူးကု ဒါမှမဟုတ် ကလေးအရေပြားအထူးကုဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါကြောင်း။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%80%e1%80%bc%e1%80%af%e1%80%b6%e1%80%90%e1%80%bd%e1%80%b1%e1%80%b7%e1%80%9b%e1%80%90%e1%80%90%e1%80%ba/
သွေးကြောထုံးခြင်းနဲ့ပတ်သက်လို့ ဘာတွေ မှားသိထားသေးလဲ!
ခြေထောက် အထူးသဖြင့်ခြေသလုံးနောက်ဖက်တွေမှာ အထုံးလေးတွေလိုဖြစ်နေတဲ့ သွေးကြောပြာပြာလေးတွေကို မြင်ဖူးကြမယ် ထင်တယ်နော်။ ဒီလိုဖြစ်တာကို အရေပြား အပြင်ကတောင် မြင်ရနိုင်ပြီး ဒီအခြေအနေကို သွေးကြောထုံးတယ်လို့ ခေါ်ပါတယ်။ သွေးကြောထုံးတာက အရေပြားကို ထိခိုက်ပျက်စီးစေနိုင်သလို ပိုဆိုးလာမယ်ဆိုရင်တော့ အန္တရာယ်ရှိတဲ့ သွေးခဲတာတွေကို ဖြစ်စေနိုင်ပါတယ်။ဒီလို သွေးကြောထုံးတာက အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ ဖြစ်နိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာတော့ ပိုအဖြစ်များပါတယ်။ ခြေထောက်သွေးပြန်ကြောမှာရှိတဲ့ အဆို့ရှင်လေးတွေ အားနည်းလာတဲ့အခါ သွေးတွေက ခြေထောက်ကနေ နှလုံးဆီကို ပြန်မသွားနိုင်တော့ဘဲ ခြေထောက်မှာ စုလာပါတယ်။သွေးပြန်ကြောထဲမှာ သွေးတွေ အိုင်လာတာကြောင့် သွေးဖိအားတွေ များလာပြီးခြေထောက်မှာ သွေးကြောထုံးတဲ့အဖုအထစ်လေးတွေ ဖြစ်လာပါတယ်။ ဒီတစ်ခေါက်တော့ သွေးကြောထုံးခြင်းနဲ့ပတ်သက်လို့ ဘာတွေ မှားသိထားသေးလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။သွေးကြောထုံးခြင်းနဲ့ပတ်သက်လို့ ဘာတွေ မှားသိထားသေးလဲ ဆိုတာကို တစ်ခုချင်းစီ ဖတ်ရင်း သေချာလေး ဆန်းစစ်ကြည့်လိုက်ဦးနော်။ဒီအယူအဆက မှားနေပါတယ်။ ခြေချိတ်ထိုင်တာက သွေးကြောထုံးတာကို မဖြစ်စေပါဘူး။ ဒါ့အပြင် ဖိနပ်ကျပ်ကျပ်တွေ စီးတာ၊ ဘောင်းဘီကျပ်ကျပ်တွေ ဝတ်တာက သွေးကြောထုံးတာကို မဖြစ်စေပါဘူး။ အပြင်ကနေရတဲ့ ဖိအားတွေက သွေးကြောတွေထဲက အဆို့ရှင်တွေကို အားနည်းစေတာမျိုး မဖြစ်သလို သွေးကြောနံရံတွေ အားနည်းတာကိုလည်း မဖြစ်စေပါဘူး။ကိုယ်ဝန်ဆောင်တာက ခြေထောက်မှာ သွေးကြောထုံးတာကို ပိုဆိုးစေ၊ ပိုသိသာစေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တာကြောင့် သွေးကြောထုံးတာကို ဖြစ်စေတာတော့ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ပိုထင်းလာပြီး မွေးဖွားပြီးချိန်မှာတော့ မှိန်သွားတတ်ပါတယ်။မိဘမှာ သွေးကြောထုံးတာ၊ ဘိုးဘွားတွေမှာ သွေးကြောထုံးတာတွေဖြစ်တာကြောင့် ကိုယ့်ဆီမှာ သွေးကြောထုံးတာ မဖြစ်မနေဖြစ်လာမှာ မဟုတ်ပါဘူး။ သွေးကြောထုံးတဲ့ လူနာတွေရဲ့ တစ်ဝက်လောက်ကပဲ မိဘမျိုးရိုးမှာ သွေးကြောထုံးတဲ့ ပြဿနာရှိတာ ဖြစ်ပါတယ်။နှိပ်နယ်ပေးတာက သွေးကြောထုံးတာကြောင့် ခြေထောက်ဖောင်းတာ၊ နေရထိုင်ရခက်တာကို သက်သာစေနိုင်တယ်ဆိုပေမယ့် သွေးကြောထုံးတာကိုတော့ အရှင်းမပျောက်စေပါဘူး။  အရှင်းပျောက်ဖို့အတွက်ဆိုရင်တော့ လေဆာပစ်တာ၊ sclerotherapyလို့ခေါ်တဲ့ သွေးကြောထဲ ဆေးထိုးတာတွေ လုပ်နိုင်ပါတယ်။သွေးကြောထုံးတာက အလှပျက်စေတဲ့အရာပဲ မဟုတ်ပါဘူး။ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အရေပြားမှာ အရောင်ထင်းတာ အထုံးလေးတွေ ဖြစ်တာကြောင့် အလှပျက်စေရုံတင် မဟုတ်ပါဘူး။  တချို့လူတွေမှာ သွေးကြောထုံးတာကြောင့်  ခြေထောက် ထုံကျဉ်တာ၊အရေပြား ခြောက်သွေ့တာ၊ ယားယံတာ၊ ခြေထောက်လေးလံတာ၊ ခြေထောက်တွေ ရောင်ရမ်းတာတွေကို ဖြစ်စေနိုင်ပါတယ်။၁၀%လောက်မှာအရေပြားမှာ သွေးထွက်တာ၊ အရောင်ပြောင်းတာ၊ အရေပြား ထူတာ၊ အနာဖြစ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလို အရေပြား ပျက်စီးတာတွေက ပြန်ကောင်းဖို့ ခက်ပါတယ်။ သွေးကြောထုံးတတ်တဲ့ သူတွေမှာ နောက်ပိုင်းမှာ ခြေထောက်သွေးပြန်ကြော သွေးခဲပိတ်တာလည်း ဖြစ်တတ်ပါတယ်။သွေးကြောထုံးတာက အသက်ကြီးလာရင် ပိုဆိုးလာတယ်ဆိုပေမယ့် လူငယ်တွေမှာလည်း ဖြစ်နိုင်ပါတယ်။ အသက်အရွယ်ရလာရင် သွေးကြောထုံးတာက ပိုပိုဆိုးလာတာတော့ အမှန်ပါပဲ။ဟော်မုန်းပြောင်းလဲမှုကလည်း သွေးကြောထုံးတာကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာတော့ ပိုဆိုးလာမှာပါ။သွေးကြောထုံးတာက အမျိုးသမီးတွေမှာ အဖြစ်များတယ်ဆိုပေမယ့် အမျိုးသားတွေမှာလည်း ဖြစ်တတ်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ အမျိုးသား ၁၀၀ မှာ ၁၀ ဦးနှုန်း သွေးကြောထုံးတတ်ပြီး အမျိုးသမီး အယောက် ၁၀၀ မှာ ၂၅ ဦးနှုန်း သွေးကြောထုံးတတ်ပါတယ်။ပြေးတာအပါအဝင်လေ့ကျင့်ခန်း လုပ်တာက သွေးကြောတွေအတွက် ကောင်းပါတယ်။ လေ့ကျင့်ခန်း လုပ်တာက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ခြေသလုံးကြွက်သားတွေက သွေးညှစ်ထုတ်တာနဲ့ နှလုံးဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ ပြေးရုံသက်သက်နဲ့တော့ သွေးကြောထုံးတာ မဖြစ်စေပါဘူး။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/varicose-veins-myths/
အသက်ကြီးတဲ့အခါထွက်လာတဲ့ နေလောင်စက်တွေကို ဖြေရှင်းဖို့ နည်းလမ်းများ
အသက်ကြီးလာတဲ့အခါ သဘာဝအတိုင်း ထွက်လာတဲ့ အရေပြားအညိုအမည်းအစက်အကွက်တွေကို ကျွန်ုပ်တို့ဟာ ရှောင်ရှားလို့မရနိုင်ပါဘူး။ သို့သော် အောက်ဖော်ပြပါ နည်းလမ်းအချို့ကို လိုက်နာပေးခြင်းအားဖြင့် သင့်ရဲ့အရေပြား ပေါ်မှာဖြစ်လာတဲ့ အညိုအမည်းအစက်အကွက်တွေကို ထိန်းချုပ်ကာကွယ်နိုင်ပြီး ပို၍ကျန်းမာကာ နုပျိုနေသောအသား အရေကို ထိန်းသိမ်းထားနိုင်ပါတယ်။တကယ်လို့ ကျွန်ုပ်တို့ဟာ အရေပြားကျန်းမာရေးကို သေချာစွာဂရုစိုက်မှုမရှိခဲ့ရင် အရွယ်မတိုင်ခင်မှာပဲ အသားအရေမှာ နေလောင်စက်တွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ထိုအစက်အကွက်တွေ အတွက် ကုသမှု ဟာ အချိန်အကြာကြီးယူနိုင်ပြီး အရေပြား အညိုအမည်း အစက်အကွက်အားလုံးကို ချက်ခြင်း ဖျောက်ဖျက်ပစ်ဖို့ရာလည်း အရမ်းခက်ခဲပါတယ်။ ဒါကြောင့် သင့်ရဲ့အရေပြားကို နူးနူးညံ့ညံ့နဲ့ ဖြူဝင်းလာစေပြီး ဒီလိုအညိုအမည်းအကွက်များနှင့် မလိုလားအပ်တဲ့ အရေပြားဒဏ်ရာ အနာတရတွေ မဖြစ်စေအောင် ပြုလုပ်နိုင်တဲ့နည်းလမ်းများစွာ ရှိပါတယ်။သင့်ရဲ့ ဒီလို အရေပြားအနာအဆာတွေကို ဖယ်ရှားဖို့ နည်းလမ်းတွေကို မရှာဖွေခင်မှာ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေ ကို သင်ဟာ သိထားဖို့ လိုအပ်ပါတယ်။ နေလောင်စက်တွေ ဆိုတာဟာ သင် အသက်ကြီးလာတဲ့ အခါမှာသင့်ရဲ့ အရေပြားပေါ်မှာ အရောင်ပြောင်းလဲ မှုတွေ ဖြစ်လာပြီး အစက်အပြောက်အကွက်တွေ ဖြစ်လာတဲ့ အခြေအနေကိုခေါ်ပါတယ်။ ပထမမှာတော့ သူတို့ဟာ သေးငယ်တဲ့ အစက်အဝိုင်းလေးတွေပဲ ဖြစ်ပါတယ်။ အချိန်ကြာလာတာနှင့် အမျှသူတို့ဟာ အရောင် တဖြည်းဖြည်း ပြောင်းလာပြီး အညိုအမည်းဘက်ကို ပြောင်းလဲလာပါတယ်။ သင့်ရဲ့ အရေပြားပေါ်က keratin ဆိုတဲ့ အလွှာဟာ အရေပြားကို ကာကွယ်ပေးတဲ့ အလွှာတစ်ခုဖြစ်ပါတယ်။ မယ်လနင်ဆိုတဲ့ အရာကတော့ သင့်အရေပြားရဲ့ အရောင်ညီညာမှုနဲ့ အရောင်အသွေးကို ထိန်းချုပ်ထားတဲ့ ဓါတ်တစ်မျိုးဖြစ်ပါတယ်။ အချို့သော အကြောင်း အရာများကြောင့် သင့်အရေပြားကို ကာကွယ်ရန် မယ်လနင်ဓါတ် ထုတ်လွှတ်မှု များပြားလာတဲ့အခါ အရေပြားဟာ ပိုမည်းလာကာ အညိုရောင် အစက်အကွက်တွေအဖြစ် ပေါ်လာတာပဲ ဖြစ်ပါတယ်။လိမ်းဆေးများ။သင်ဟာ အရေပြားလိမ်းဆေးတွေကို သုံးပြီး သင့်ရဲ့ အညိုအမည်းကွက်တွေကို အရောင်မှိန်သွားပြီး အသားအရေတောက်ပလာဖို့ရာအတွက် ကြိုးစားနိုင်ပါတယ်။ တကယ်လို့ ဒီအစက်အကွက်တွေဟာ အရမ်း မည်းနက်မနေဘူးဆိုရင် အရောင်လျော့စေတဲ့ ခရင်မ်ပဲ သုံးပြီး အသားအရေ ဝင်းပလာအောင် လုပ်ဆောင်နိုင်ပါတယ်။ တကယ်လို့ သင့်ရဲ့ အရေပြားပေါ်က အညိုအမည်း ကွက်တွေဟာ အရမ်းကို မည်းညစ်ပြီး ခရင်မ်လိမ်းခြင်းကတောင် မကူညီပေးနိုင်ဘူးဆိုရင်တော့ နောက်ထပ် အဖြေတစ်ခုရရှိရန် သင့်ရဲ့ အရေပြားကျွမ်းကျင် ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာဖို့ရာအတွက် သင်ဟာ အထူးဂရုစိုက်သင့်ပါတယ်။ သင်ဟာ ဒီလိမ်းဆေး ခရင်မ်တွေကို သင့်ရဲ့အရေပြားပေါ်မှာ အချိန်အကြာကြီး မထားသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကုသမှုတွေက သင့်အရေပြားကို ကျိန်းစပ်စေနိုင်ပါတယ်။ဓါတုပစ္စည်းများနှင့် ချေးချွတ်ခြင်း။သင့်ရဲ့ နေလောင်စက် တွေကို ထိန်းချုပ်ဖို့ရာအတွက် သင်ယုံကြည်ရလောက်တဲ့ ဆေးခန်းအချို့မှာ ဓါတုပစ္စည်းများနှင့် ချေးချွတ်ခြင်း ပြုလုပ်ဖို့ရာ သင်ရွေးချယ်နိုင်ပါတယ်။ ဒီလို လုပ်ခြင်းဟာ အရေပြားရဲ့ အပေါ်ယံလွှာကို အက်စစ်ဖြင့် စားလိုက်ခြင်းပဲ ဖြစ်ပြီး ရလဒ်အနေနဲ့က ဒီဖြစ်စဉ်ပြီးလို့ အရေပြား အနာကျက် သွားတဲ့အခါ အရေပြားဆဲလ်အသစ်တွေ ဖြစ်ပေါ်လာစေတာပဲ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ပြီးတဲ့နောက်မှာ သင်ဟာ ပိုပြီးကြည်လင်တောက်ပပြီး ငယ်ရွယ်နုပျိုတဲ့ အသားအရေကို ရနိုင်ပါတယ်။ရှားစောင်းလက်ပပ်အနှစ်။ရှားစောင်းလက်ပပ်အနှစ် ထဲမှာတွေ့ရတဲ့ အချို့သော ဓါတုပစ္စည်းတွေဟာ အရေပြားဆဲလ်အသေတွေကို ဖယ်ရှားပေးရာမှာ ကူညီပေးပြီး ကျန်းမာတဲ့ အရေပြားဆဲလ်အသစ်တွေ အဖြစ် ကြီးထွားလာမှုကို အားပေးတယ်လို့ ယုံကြည်ကြပါတယ်။ တကယ်လို့သင်ဟာ ၎င်းအနှစ်ကို မကြာခဏ အသုံးပြုပေးမယ်ဆိုရင် သင့်ရဲ့အရေပြား အစက်အကွက်အချို့ကို ဖယ်ရှားပေးနိုင်မှာဖြစ်ပြီး အသားအရေ ပိုပြီးကြည်လင်တောက်ပ လာနိုင်ပါတယ်။ သင်လုပ်ပေးရမှာကတော့ လတ်ဆတ်တဲ့ ရှားစောင်းလက်ပပ် အနှစ်ကို သင့်ရဲ့ အညိုအမည်းအရေပြားအစက်အကွက်တွေပေါ်မှာ တစ်ရက်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် လိမ်းပေးရမှာ ဖြစ်ပါတယ်။ တကယ်လို့သင်ဟာ အပင်လတ်လတ် ဆတ်ဆတ်ကနေ ရတဲ့ ရှားစောင်းလက်ပပ် အစစ်ကိုမရနိုင်ဘူးဆိုရင် သဘာဝ ရှားစောင်းလက်ပပ်ကနေ ထုတ်လုပ်ထားတဲ့ သဘာဝထုန်ကုန် တစ်ခုခုကို အစားထိုးအသုံးပြုနိုင်ပါတယ်။နေလောင်ခံခရင်မ်။တကယ်လို့သင်ဟာ အသက်ကြီးလို့ထွက်လာတဲ့ နေလောင်စက်တွေကို မဖြစ်စေလိုတဲ့ ဆန္ဒရှိသူဆိုရင် နေလောင်ခံခရင်မ်ဟာ သင်နေတိုင်းအသုံးပြုရမယ့် ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ သင်အပြင်မထွက်ခင် မိနစ် ၃၀ အလိုမှာ နေလောင်ခံခရင်မ်ကို လိမ်းပေးသင့်ပါတယ်။ ၎င်းမှာ နေရောင်ခြည်ဒဏ်ကို ကာကွယ်သည့် ပစ္စည်း SPF ၁၅ ဆ အနည်းဆုံး ရှိနေရပါမယ်။ ဒါ့အပြင် ဇင့်အောက်ဆိုဒ်နှင့် တိုက်တေနီယမ်အောက်ဆိုဒ် ပါဝင်တဲ့ နေလောင်ခံခရင်မ်ကိုသာရွေးချယ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ အမည်းအစက်အကွက်တွေ ပိုမဆိုးလာနိုင်အောင် ထိရောက်ရောက် ကာကွယ်အပေးနိုင်ဆုံးပစ္စည်း တွေပဲ ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ အပြင်ကို အချိန်အကြာကြီး ထွက်မယ်လို့ ယူဆရင် ၂ နာရီ ကြာပြီးတိုင်း ကြာပြီးတိုင်းမှာ နေလောင်ခံခရင်မ်ကို ပြန်ပြန်ပြီးလိမ်းပေးဖို့ရာ လိုအပ်ပါတယ်။အသက်ကြီးချိန်မှာ ထွက်လာတဲ့ နေလောင်စက်တွေဟာ သင့်ရဲ့ အရေပြား ကျန်းမာရေး သို့မဟုတ် သင့်ရဲ့ ခန္ဓါကိုယ်ကျန်းမာရေး ကိုဆိုးဆိုးဝါးဝါး အန္တရာယ် မဖြစ်စေ ပါဘူး။ သို့သော် သင့်ရဲ့ ပုံပန်းသွင်ပြင်နဲ့ မိမိကိုယ်ကို ယုံကြည်မှု ရှိခြင်းကို သိသိသာသာ ထိခိုက်လာစေပါတယ်။ တကယ်လို့ ဒီလို နေလောင်စက်တွေ ထွက်လာတာဟာ ကြီးမားလာခြင်း ၊ထူလာခြင်း ၊အရောင်ပြောင်းလဲလာခြင်း၊ သွေးထွက်ခြင်း သို့မဟုတ် ယားယံ ခြင်း စတာတွေဖြစ်လာမယ်ဆိုရင် ဆရာဝန်ထံ စစ်ဆေးဖို့ရာအတွက် ချက်ချင်းသွားပြပေးသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9e%e1%80%80%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81%e1%80%ab%e1%80%91%e1%80%bd%e1%80%80%e1%80%ba%e1%80%9c%e1%80%ac%e1%80%90%e1%80%b2/
ကလေးငယ်များ နေလောင်ခြင်း ကာကွယ်စေရန် မိဘများ အတွက် လမ်းညွှန်ချက် အပိုင်း၂
ကလေးငယ်များသည် နေလောင်ခြင်း နှင့် အပူလျှပ်ခြင်း လျင်မြန်စွာ ဖြစ်နိုင်သည်။ ထို့ကြောင့် ကလေးငယ်များကို နေ အပူတွင် ကာကွယ်ပေးရန် အရေးပါသည်။ နေလောင်ခြင်း သည် နာကျင်ခြင်း၊ အဖျားတက်ခြင်း၊ ရေဓါတ်ခန်းခြောက်ခြင်း ကို ဖြစ်စေနိုင်သည်။ ကလေးဘဝတွင် နေလောင်ခြင်းသည် melanoma ( သေစေနိုင်သော အရေပြားကင်ဆာ) ဖြစ်နိုင်ခြေ ကို မြင့်စေသည်။ အသက်ကြီးလာပါက အရေပြားတွန့်ခြင်း ပိုဖြစ်နိုင်သည်။ကလေးငယ်များ နေလောင်ခြင်း ကာကွယ်စေရန် မိဘများ အနေနဲ့။နေဒဏ်ကာကွယ်မှုပစ္စည်း (SPF) အနည်းဆုံး ၁၅ ပါဝင် သော နေလောင်ခံလိမ်းဆေးကို အသုံးပြုပါ။ တံဆိပ်တွင် broad spectrum ဟူသော စာလုံးကိုရှာပါ။ Broad spectrum ဆိုသည်မှာ UVA နှင့် UVB ရောင်ခြည်နှစ်မျိုးလုံးကို ကာကွယ် ပေးနိုင်သော ထုတ်ကုန်ဖြစ်သည်။ UVA ရောင်ခြည်များသည် နေလောင်ခြင်းနှင့် အရေပြားတွန့်ခြင်းကို ဖြစ်စေနိုင်ပြီး UVB ရောင်ခြည်များသည်အရေပြားတွင် နက်ရှိုင်းသော ထိခိုက်မှု များ ဖြစ်စေသည်။နေလောင်ခံလိမ်းဆေးကို အပြင်မသွားမီ ၁၅ မိနစ်မှ ၃၀ မိနစ်တွင် သုံးသင့်ပြီး ၂နာရီ တစ်ခါ ပြန်လည် အသုံးပြုပါ။ သင့်ကလေး၏ နားရွက်ထိပ်၊ လည်ပင်းအနောက် ပိုင်း၊ ခြေထောက်ထိပ် စသော မြင်သာသော နေရာများအား လုံးကို သေချာလိမ်းပါ။ သင့်ကလေးသည် ရေထဲဆင်းပါက ရေသုတ်ပြီးလျှင်ပြီးချင်း နေလောင်ခံ လိမ်းဆေးကို ပြန်လိမ်းပါ။ ၂နာရီ မကြာသေးသော်လည်း ပြန်လည် လိမ်းရမည်။သင့်ကလေးသည် ပူပြင်းသော နွေရာသီတွင်အပူလျှပ်ခြင်း ဖြစ်ရန် လွယ်ကူသည်။ အပူလျှပ်ခြင်းကို ကာကွယ် ရန်။သင့်ကလေး၏ အရေပြားသည် အလွန်ထိခိုက်လွယ်ပါ သည်။ ကာကွယ်ရန် အကောင်းဆုံးကြိုးစားပါသော်လည်း နေလောင်ခြင်း တစ်ခါတရံ ဖြစ်နိုင်သည်။ သင့်ကလေး နေလောင်ခံရသည်ကို ချက်ချင်း မသိနိုင်ပါ။နီရဲခြင်းနှင့် နာကျင်မှု ပေါ်လာစေရန် နာရီအနည်းငယ် ကြာနိုင်သည်။နေလောင်ရာသည် နီရဲပြီး နာကျင်လာပါက။နေလောင်ခြင်း သည် ပြင်းထန်ပြီး အရေပြားသည် ရောင်ရမ်း ဖောင်းကြွလာပါက ဆရာဝန် ခေါ်ပါ။ ဆရာဝန်သည် ချောမွေ့စေသော လိမ်းဆေးပေးခြင်း၊ အနာအတွက် ပတ်တီး စီးခြင်း ပြုလုပ်ပေးနိုင်သည်။ နာကျင်မှု သက်သာစေရန် ကလေးသောက် paracetamol ပေးနိုင်သည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/skin-diseases-in-children/keeping-your-baby-safe-in-the-sun/
Spinal Injury (ကျောရိုးထိခိုက်ခြင်း)
Spinal Injury ဟာ ကျောရိုးမကို ဝန်းရံထားတဲ့ အာရုံကြောတွေကို တိုက်ရိုက်ထိခိုက်မိခြင်းကြောင့် သော်လည်းကောင်း၊ အရိုးတွေ၊ တစ်ရှူးတွေ၊ သွေးကြောတွေကို တိုက်ရိုက်မဟုတ်ပဲ ထိခိုက်မိခြင်းကြောင့် သော်လည်းကောင်း ဖြစ်တာဖြစ်ပါတယ်။ကျောရိုးမပျက်စီးခြင်းဟာ လှုပ်ရှားခြင်း၊ ခံစားမှု အစရှိတဲ့ လုပ်ငန်းဆောင်တာတွေ ပျောက်ဆုံးခြင်း ဖြစ်ပါတယ်။ Spinal Injury ရှိသူ အများစုမှာ ကျောရိုးမဟာ လုံးဝပျက်စီးသွားခြင်းမရှိပဲ ရောင်ရမ်းခြင်း၊ ပျက်စီးခြင်းတွေ ဖြစ်တာ ဖြစ်ပါတယ်။ Spinal Injury ဟာ ခါးကို ထိခိုက်မိပြီး အာရုံကြောညှပ်ခြင်း၊ disks ပျက်စီးခြင်းတွေနဲ့ တူညီခြင်း မရှိပါဘူး။လူတစ်ယောက်ဟာ ကျောရိုးဆစ်ပျက်စီးရင်တော့ ကျောရိုးမ မထိခိုက်ခဲ့ရင် Spinal Injury မရနိုင်ပါဘူး။Spinal Injury ဟာ ကြာမြင့်ပြီး သိသာစွာ နေ့စဉ်ဘဝကို ထိခိုက်နိုင်တဲ့ ကိုယ်ခန္ဓါ ထိခိုက်မှုတစ်ခုဖြစ်ပါတယ်။Spinal Injury ဟာ တိုးတက်တဲ့နိုင်ငံတွေမှာ နှစ်စဉ် လူဦးရေ အယောက်တစ်သိန်းမှာ ၃ ယောက် ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ငါးဆ ပိုဖြစ်နိုင်ပါတယ်။ဒါပေမယ့် ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Spinal Injury ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။ဆရာဝန်ကို ချက်ချင်းပြသင့်တဲ့ အရေးပေါ်လက္ခဏာတွေကတော့။ဒါ့ပြင် ကျောရိုးမထိခိုက်ခြင်းကြောင့် မလှုပ်ရှားနိုင်ခြင်းကို အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်။ခေါင်း၊ လည်ချောင်းကို သိသိသာသာ ထိခိုက်မိသူတွေဟာ ကျောရိုးမဒဏ်ရာရရှိခြင်း ကို သိရှိဖို့ စစ်ဆေးသင့်ပါတယ်။ ဒဏ်ရာရသူတွေကို အခြားအကြောင်းရင်း သိရှိမှု မရှိမချင်း ကျောရိုးမဒဏ်ရာရရှိခြင်းလို့ ယူဆထားတာ စိတ်အချရဆုံး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ကျောရိုးမဒဏ်ရာရရှိခြင်းဟာ ခန့်မှန်းမရနိုင်တဲ့ မတော်တဆမှု၊ အကြမ်းဖက်မှုတွေမှာ ဖြစ်ပွားနိုင်ပါတယ်။ ကျောရိုးမဒဏ်ရာရရှိခြင်းဟာ အောက်ပါအခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။Torso အလယ်ပိုင်း ပြင်းထန်စွာ လိမ်ခြင်း။Spinal Injury ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ရေ တိမ် မတိမ်၊ ကျောက်ရှိမရှိ မစစ်ဆေးပဲ ဒိုင်ဗင် ထိုးချခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အရေးပေါ်အခန်းထဲမှာ ဆရာဝန်က အာရုံခံစားမှုတွေကို စစ်ဆေးခြင်း၊ မေးခွန်းမေးခြင်း အားဖြင့် ကျောရိုးမဒဏ်ရာရရှိခြင်းကို သိရှိနိုင်ပါတယ်။ဒါပေမယ့် ထိခိုက်မိသူဟာ လည်ပင်းနာကျင်ခြင်း ရှိပြီး ကောင်းကောင်း သတိမရရင် (သို့) အာရုံကြောပိုင်းဆိုင်ရာ ထိခိုက်မှုရှိရင် အရေးပေါ် စစ်ဆေးမှုတွေလိုလာ နိုင်ပါတယ်။ဒီ စစ်ဆေးမှုတွေကတော့ –။– Computerized tomography (CT) scan။– X-rays။– Magnetic resonance imaging (MRI) တို့ပဲဖြစ်ပါတယ်။ကျောရိုးမဒဏ်ရာရရှိခြင်းကို ကုသနိုင်မယ့် နည်းလမ်း မရှိသေးပါဘူး။ ဒါပေမယ့် လေ့လာမှုတွေဟာ ကုသမှုအသစ်တွေ ဖြစ်တဲ့ အစားထိုးထည့်ခြင်း၊ အာရုံကြောဆဲလ် ပြန်ပွားနိုင်ပြီး လုပ်ငန်းဆောင်တာ ပြန်လုပ်ဆောင်နိုင်တဲ့ ဆေးပေးခြင်းတွေကို ဆက်တိုက် ကြိုးစားရှာဖွေနေကြပါတယ်။တစ်ချိန်တည်းမှာပဲ ကျောရိုးမဒဏ်ရာရရှိခြင်းရဲ့ ကုသမှုဟာ နောက်ထပ်ဒဏ်ရာရရှိခြင်းကို ကာကွယ်ခြင်းနဲ့ ကျောရိုးမဒဏ်ရာရရှိခြင်းအပြီးမှာ ပုံမှန် လှုပ်လှုပ်ရှားရှားဘဝကို ပြန်ရောက်အောင် အားပေးခြင်းတွေကို အဓိကထားပါတယ်။အရေးပေါ် အခြေအနေတွေမှာတော့ အောက်ပါ အချက်တွေကို လိုက်နာသင့်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Spinal Injury ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/spinal-injury-%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
အီဘိုလာ ဗိုင်းရပ်စ်ပိုးသည် သုက်ရည်ထဲတွင် နေနိုင်သလား
သိပ္ပံပညာရှင် များက စောစောပိုင်းတွင် အီဘိုလာဗိုင်းရပ်စ်ပိုးသည် ရောဂါရှိသော အမျိုးသားများ၏ သုက်ရည်ထဲ၌လအနည်းငယ်သာ အသက်ရှင်နိုင်သည်ဟု တွေးထင်ခဲ့ကြသည်။ ယခုအခါတွင်မူ Lancet Global Health စာစောင်တွင်။ဖော်ပြခဲ့သော လေ့လာမှုအသစ်တစ်ခုက သေဆုံးမှုမြင့်မားသော ဗိုင်းရပ်စ်ပိုးသည် သုက်ရည်ထဲ၌ ကျွန်ုပ်တို့ မျှော်လင့်သည်ထက် ပိုမိုကြာရှည်စွာနေနိုင်သည်ဟု ဖော်ပြခဲ့ပါသည်။လိုင်ဘီးရီးယား အမျိုးသားကျန်းမာရေး စစ်ဆေးမှုတွင် အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသူ အမျိုးသား ၄၄၆ ဦး၏ သုက်ရည်တို့ကိုလေ့လာခဲ့ကြသည်။ ထိုအထဲမှ ၃၈ ဦးသည် ရောဂါသက်သာပြီး အနည်းဆုံး ၁နှစ်ကြာအထိ သုက်ရည်ထဲတွင်။အီဘိုလာပိုးရှိနေသည်ကို တွေ့ရသည်။ မှတ်တမ်းများအရ အများစုမှာ အသက် ၄၀ ကျော် အမျိုးသားများ ဖြစ်ကြသည်။အံ့အားသင့်စရာမှာ အမျိုးသားတစ်ဦးသည် ရောဂါလုံးဝပြန်လည်ကောင်းမွန်ပြီး ၅၆၅ ရက်ကြာအထိ သူ၏ သုက်ရည်ထဲတွင် ဗိုင်းရပ်စ်ပိုး ရှိနေခြင်းဖြစ်သည်။ ထိုတွေ့ရှိချက်မတိုင်မီက ဗိုင်းရပ်စ်ပိုးသည် ရောဂါသက်သာပြီး ၃ လအကြာအထိသာ ရောဂါဖြစ်သူ၏ သုက်ရည်ထဲ၌ ရှိနေနိုင်သည်ဟု အများစုကဆိုခဲ့ကြသည်။ ယခုအခါတွင်မူ ဗိုင်းရပ်စ်ပိုးသည်။သုက်ရည်ထဲတွင် တစ်နှစ်ကျော်ကြာသည်အထိပင် ရှိနေနိုင်သည်ကို သဘောပေါက်ခဲ့ကြသည်။ကူးစက်ရောဂါထိန်းချုပ်ရေးဌာန CDC က ၂၀၁၅ ခုနှစ် မေလတွင် အီဘိုလာသည် လိင်ဆက်ဆံမှုမှတစ်ဆင့်လည်း ကူးစက်နိုင်ကြောင်း ယုံကြည်ခဲ့သည်။ ထိုယုံကြည်ချက်ကို အခြားဆေးကုသမှု ဌာနများမှလည်း သဘောတူခဲ့ကြသည်။လိုင်ဘေးရီးယား အမျိုးသမီးတစ်ဦးသည် အီဘိုလာကူးစက်ခဲ့ရပြီး သေဆုံးခဲ့ဖူးသည်။ ထိုအချိန်တွင် လိုင်ဘေးရီးယား နိုင်ငံ၌ အီဘိုလာကင်းစင်ကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူမရောဂါကူးစက်ခံရခြင်းမှာ ရောဂါဖြစ်ဖူးသူ။အမျိုးသားနှင့် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကြောင့်ဟု ယူဆခဲ့ကြသည်။ လိင်ဆက်ဆံဖက် အမျိုးသား၏ သုက်ရည်ထဲတွင်။ရောဂါဖြစ်ပွားပြီးချိန်အထိ ရောဂါပိုးကိုစစ်ဆေးတွေ့ရှိခဲ့သည်။ ထိုအမျိုးသားသည်လည်း ရက်ပေါင်း ၁၉၉ ရက်။ကြာသည်အထိနေကောင်းလျက်ရှိသည်။CDC က ရောဂါပိုးရှိနေသော သုက်ရည်ကြောင့် ရောဂါပိုး ကူးစက်ခြင်း။ဟုတ်မဟုတ် အခိုင်မာမပြောနိုင်သော်လည်း ရောဂါဖြစ်ဖူးသူ အမျိုးသားများကို လိင်ဆက်ဆံရာ၌ ကွန်ဒုံးသုံးရန်အခိုင်အမာတိုက်တွန်းထားသည်။သိပ္ပံနည်းကျတွေ့ရှိချက်များအပြင် လေ့လာမှု၌ အန္တရာယ်ကင်းသော လိင်ဆက်ဆံမှုကိုပါ အသိပညာပေးခြင်း ဆောင်ရွက်ခဲ့သည်။ လေ့လာမှုတွင် ပါဝင်သော အမျိုးသား ၇၅%သည် လိင်ဆက်ဆံရာ၌ ယခင်က ကွန်ဒုံး အသုံးမပြုသော်လည်း ထိုအန္တရာယ်ကို သိရှိပြီးသောအခါ ကွန်ဒုံးသုံးရန် ဆုံးဖြတ်ခဲ့ကြသည်။ ရောဂါပိုး ပြန်လည်ပြန့်နှံ့ခြင်း။မရှိရန် ပြည်သူလူထု၏ သတိပြုဆင်ခြင်ခြင်းကလည်း အလွန် အရေးကြီးသည်။ ထို့ကြောင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းစွမ်းရည်ပိုင်းတွင်ရင်းနှီးမြှုပ်နှံ ခြင်းသည် အသက်ပေါင်း များစွာကို ကယ်တင်နိုင်ကြောင်းသိရှိနားလည်လာသည်။လေ့လာမှုတွင် ပါဝင်သူများ မဖြေကြားသောမေးခွန်းများကို ချန်လှပ်ခဲ့သည်။ဥပမာ-အီဘိုလာရောဂါတွင် ကုသသောဆေးဝါးများသည် ရောဂါပိုးကို သုက်ရည်ထဲမှ ရှင်းထုတ်ခြင်းကို ပို၍မြန်ဆန်စေခြင်း ရှိမရှိ စသည် တို့ဖြစ်သည်။ သို့သော်လည်း လေ့လာမှုက ရောဂါပိုးရှိသူနှင့် သူ၏ ချစ်သူများကို ကာကွယ်နိုင်ရန် ရောဂါပိုးနှင့် ပတ်သက်သောအသိအမြင်များကို ပေးစွမ်းလျက်ရှိပါသည်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။သိပ္ပံပညာရှင်များက စောစောပိုင်းတွင် အီဘိုလာဗိုင်းရပ်စ်ပိုးသည် ရောဂါရှိသော အမျိုးသားများ၏ သုက်ရည်ထဲ၌ လအနည်းငယ်သာ အသက်ရှင်နိုင်သည်ဟု တွေးထင်ခဲ့ကြသည်။ ယခုအခါတွင်မူ Lancet Global Health စာစောင်တွင် ဖော်ပြခဲ့သော လေ့လာမှု အသစ်တစ်ခုက သေဆုံးမှုမြင့်မားသော ဗိုင်းရပ်စ်ပိုးသည် သုက်ရည်ထဲ၌ ကျွန်ုပ်တို့ မျှော်လင့်သည်ထက် ပိုမိုကြာရှည်စွာ နေနိုင်သည်ဟု ဖော်ပြခဲ့ပါသည်။(၁)လေ့လာမှုအသစ်ပါဖော်ပြချက်။လိုင်ဘီးရီးယား အမျိုးသားကျန်းမာရေး စစ်ဆေးမှုတွင် အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသူ အမျိုးသား ၄၄၆ ဦး၏ သုက်ရည်တို့ကို လေ့လာခဲ့ကြသည်။ ထိုအထဲမှ ၃၈ ဦးသည် ရောဂါသက်သာပြီး အနည်းဆုံး ၁နှစ်ကြာအထိ သုက်ရည်ထဲတွင် အီဘိုလာပိုး ရှိနေသည်ကို တွေ့ရသည်။ မှတ်တမ်းများအရ အများစုမှာ အသက် ၄၀ ကျော် အမျိုးသားများ ဖြစ်ကြသည်။အံ့အားသင့်စရာမှာ အမျိုးသားတစ်ဦးသည် ရောဂါလုံးဝ ပြန်လည်ကောင်းမွန်ပြီး ၅၆၅ ရက်ကြာအထိ သူ၏ သုက်ရည်ထဲတွင် ဗိုင်းရပ်စ်ပိုး ရှိနေခြင်းဖြစ်သည်။ ထိုတွေ့ရှိချက် မတိုင်မီက ဗိုင်းရပ်စ်ပိုးသည် ရောဂါသက်သာပြီး ၃ လအကြာအထိသာ ရောဂါဖြစ်သူ၏ သုက်ရည်ထဲ၌ ရှိနေနိုင်သည်ဟု အများစုက ဆိုခဲ့ကြသည်။ ယခုအခါတွင်မူ ဗိုင်းရပ်စ်ပိုးသည် သုက်ရည်ထဲတွင် တစ်နှစ်ကျော်ကြာသည် အထိပင် ရှိနေနိုင်သည်ကို သဘောပေါက်ခဲ့ကြသည်။(၂)အကာအကွယ်မဲ့ လိင်ဆက်ဆံမှုက အီဘိုလာဗိုင်းရပ်စ်ကို ပြန်လည်ကူးစက်စေနိုင်သည်။ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန CDC က ၂၀၁၅ ခုနှစ် မေလတွင် အီဘိုလာသည် လိင်ဆက်ဆံမှု မှတစ်ဆင့်လည်း ကူးစက်နိုင်ကြောင်း ယုံကြည်ခဲ့သည်။ ထိုယုံကြည်ချက်ကို အခြားဆေးကုသမှု ဌာနများမှလည်း သဘောတူခဲ့ကြသည်။လိုင်ဘေးရီးယား အမျိုးသမီးတစ်ဦးသည် အီဘိုလာကူးစက်ခဲ့ရပြီး သေဆုံးခဲ့ဖူးသည်။ ထိုအချိန်တွင် လိုင်ဘေးရီးယား နိုင်ငံ၌ အီဘိုလာကင်းစင်ကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူမရောဂါ ကူးစက်ခံရခြင်းမှာ ရောဂါဖြစ်ဖူးသူ အမျိုးသားနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကြောင့်ဟု ယူဆခဲ့ကြသည်။ လိင်ဆက်ဆံဖက် အမျိုးသား၏ သုက်ရည်ထဲတွင် ရောဂါဖြစ်ပွားပြီးချိန်အထိ ရောဂါပိုးကို စစ်ဆေးတွေ့ရှိခဲ့သည်။ ထိုအမျိုးသားသည်လည်း ရက်ပေါင်း ၁၉၉ ရက်ကြာသည်အထိ နေကောင်းလျက်ရှိသည်။ CDC က ရောဂါပိုးရှိနေသော သုက်ရည်ကြောင့် ရောဂါပိုး ကူးစက်ခြင်း ဟုတ်၊ မဟုတ် အခိုင်မာမပြောနိုင်သော်လည်း ရောဂါဖြစ်ဖူးသူ အမျိုးသားများကို လိင်ဆက်ဆံရာ၌ ကွန်ဒုံးသုံးရန် အခိုင်အမာ တိုက်တွန်းထားသည်။(၃)လိုင်ဘေးရီးယန်းလူထုထဲတွင် လေ့လာမှု၏ အကျိုးသက်ရောက်မှု။သိပ္ပံနည်းကျ တွေ့ရှိချက်များအပြင် လေ့လာမှု၌ အန္တရာယ်ကင်းသော လိင်ဆက်ဆံမှုကိုပါ အသိပညာပေးခြင်း ဆောင်ရွက်ခဲ့သည်။ လေ့လာမှုတွင် ပါဝင်သော အမျိုးသား ၇၅%သည် လိင်ဆက်ဆံရာ၌ ယခင်က ကွန်ဒုံး အသုံးမပြုသော်လည်း ထိုအန္တရာယ်ကို သိရှိပြီးသောအခါ ကွန်ဒုံးသုံးရန် ဆုံးဖြတ်ခဲ့ကြသည်။ ရောဂါပိုး ပြန်လည်ပြန့်နှံ့ခြင်း မရှိရန် ပြည်သူလူထု၏ သတိပြုဆင်ခြင်ခြင်းကလည်း အလွန် အရေးကြီးသည်။ ထို့ကြောင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းစွမ်းရည်ပိုင်းတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အသက်ပေါင်း များစွာကို ကယ်တင်နိုင်ကြောင်း သိရှိနားလည်လာသည်။လေ့လာမှုတွင် ပါဝင်သူများ မဖြေကြားသော မေးခွန်းများကို ချန်လှပ်ခဲ့သည်။ ဥပမာ-အီဘိုလာရောဂါတွင် ကုသသော ဆေးဝါးများသည် ရောဂါပိုးကို သုက်ရည်ထဲမှ ရှင်းထုတ်ခြင်းကို ပို၍မြန်ဆန်စေခြင်း ရှိမရှိ စသည် တို့ဖြစ်သည်။ သို့သော်လည်း လေ့လာမှုက ရောဂါပိုးရှိသူနှင့် သူ၏ ချစ်သူများကို ကာကွယ်နိုင်ရန် ရောဂါပိုးနှင့် ပတ်သက်သော အသိအမြင်များကို ပေးစွမ်းလျက် ရှိပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/%e1%80%a1%e1%80%ae%e1%80%98%e1%80%ad%e1%80%af%e1%80%9c%e1%80%ac-%e1%80%97%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%95%e1%80%ba%e1%80%85%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%b8/
သစ်သီး များကိုနည်းမှန်လမ်းမှန်ဘယ်လို စားသုံးကြမလဲ
သစ်သီး ဝလံများတွင် ကျန်းမာရေးအတွက် အကျိုးပြုသောဗီတာမင်များ၊ သတ္ထုဓာတ်များ ၊ ပိုတက်ဆီယမ်၊ဖောလစ်အက်စစ် ၊ အမျှင်ဓာတ် နှင့်ကင်ဆာကို အံတုနိုင်သော ဓါတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်သည်။သစ်သီးများကို နေ့စဉ်စားသုံးသူများတွင် နာတာရှည်ရောဂါ ဖြစ်ပွားမှု လျော့နည်းသည်ကို တွေ့ရသည်။ သို့သော် သစ်သီးများ မစားသုံးမီ သတိပြုဖွယ် အချက်အချို့တော့ရှိပါသည်။သစ်သီးများ အားလုံးတွင် လိုအပ်သောအာဟာရများအားလုံးပါဝင်နေသည်ဟု ယူဆမိခြင်းသည်(လုံးဝ)မှားယွင်းသောအယူအဆဖြစ်ပါသည်။ ဥပမာအားဖြင့်နာနတ်သီးနှင့် ဘလူးဘယ်ရီသီး ကိုကြည့်ပါ။နှစ်မျိုးစလုံးတွင်ဗီတာမင်ဓါတ်များပါဝင်သော်လည်းကာဘိုဟိုက်ဒရိတ်၊သကြားဓါတ်နှင့်အမျှင်များပါဝင်မှုမှာကွဲပြားသည်။ ကိုယ်အလေးချိန် လျှော့ချလိုသူ အနေဖြင့် နာနတ်သီး၊ ငှက်ပျောသီး၊ ဖရဲသီးများသည် အချိုဓါတ် လွန်စွာ များပြားသည့်အတွက် မရွေးချယ်သင့်ပါ။အရောင်ရင့်အသီးများဥပမာ-စပျစ်သီးနှင့် ဘလူးဘယ်ရီသီးများကိုသာရွေးချယ်ပေးပါ။ ထို့ကြောင့်အသီးများအားလုံးကိုပမာဏအတူတူမစားသင့်ပါ။ မိမိအတွက်သင့်တော်မည့်အသီးကိုစဉ်းစားပြီးရွေးချယ်စားသုံးသင့်သည်။ကိုယ်အလေးချိန်လျှော့ချလိုသော အစီစဉ်ရှိလျှင် ထိုသို့မတွေးသင့်ပါ။ ကစီဓါတ် မပါသော ဟင်းသီးဟင်းရွက်များကို ကြိုက်သလောက် စားနိုင်သော်လည်း သစ်သီးများကိုတော့ ထိုသို့မဟုတ်ပါ။သစ်သီး များသည် ချို၍ အရသာရှိသောကြောင့် သင့်အနေဖြင့် ထပ်၍ ထပ်၍ စားချင်ပေလိမ့်မည်။အသီးအနှံများကို လွန်ကဲစွာ စားသုံးပါက သကြားဓါတ်နှင့် ကယ်လိုရီ အချိုးမညီဖြစ်ပြီး ကိုယ်အလေးချိန် မြင့်တက်လာနိုင်သည်။သင် သစ်သီးဘယ်လောက်စားလို့ရသလဲဆိုသည်မှာအသက်အရွယ်နှင့်ကြံ့ခိုင်မှုအပေါ်မူတည်၍စဉ်းစားမှသာအသီးအနှံများကသင့်အတွက်အကောင်းဆုံးကိုပေးနိုင်လိမ့်မည်။အသီးတစ်ကိုက်စားခြင်းက မုန့်အချိုတစ်ခုစားခြင်းထက် ပိုကောင်းသော်လည်း သွေးတွင်းသကြားဓါတ် မြင့်တက်စေနိုင်သည့် အန္တရာယ်မှာမူ ရှိနေသေးသည်။ထိုသို့ မဖြစ်ရန် အသီးများကို အသားဓါတ်ပါသော ဒိန်ခဲ (သို့မဟုတ်) ထောပတ်ဆီ နှင့် ရော၍ စားပေးပါ။အသီးများက အင်ဆူလင် ဟော်မုန်းကို ထွက်စေချိန်တွင် အသားဓာတ်ကဂလူကာဂွန် ဟော်မုန်းကိုထွက်စေသည်။ ထိုဟော်မုန်းနှစ်ခုသည် သွေးတွင်းသကြားဓါတ်အပေါ်တွင် အာနိသင် မတူသည့်အတွက် အတူတကွ အလုပ်လုပ်ခြင်းဖြင့် သကြားဓာတ် ကို ထိန်းညှိပေးသည်။အော်ဂဲနစ် သစ်သီးများသည် ဈေးကြီးသည်ဖြစ်သော်လည်း လွန်စွာကောင်းမွန်သဖြင့် ရွေးချယ်စားသုံးရကျိုးနပ်သည်ဟု ပညာရှင်တို့က ဆိုကြပါသည်။ဓါတ်မြေသြဇာမသုံးဘဲ သဘာ၀ နည်းဖြင့် စိုက်ပျိုးထားသောပန်းသီး၊ စပျစ်သီး (သို့မဟုတ်) အခြားအသီးသီးတစ်မျိုးမျိုးတွင် ပိုးသတ်ဆေးပါဝင်မှုမှာအလွန်နည်းပါးသည်။ ထို့ကြောင့်စားသုံးခြင်းဖြင့်အာဟာရဓါတ်များကိုပိုလျှံစွာရရှိနိုင်သည့်အပြင်အန္တရာယ်ရှိသောဓါတုဆေးဝါးများရန်မှလည်းကင်းဝေးနိုင်သည်။အသီးများတွင် အခွံသည် ဗီတာမင်နှင့် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သော အစိတ်အပိုင်းဖြစ် သည်။ဥပမာ-ပန်းသီး၏ အခွံတွင် သတ္ထုဓာတ်၊ ဗီတာမင်စီနှင့် ဗီတာမင်အေတို့ပါဝင်သည်။အသီးများ ၏ အခွံကိုပါစားပေးခြင်းအားဖြင့် အဝလွန်ခြင်းကိုကာကွယ်နိုင်သည့်အပြင် ကင်ဆာရောဂါကိုလည်း ကင်းဝေးစေသည်။သင့်အနေဖြင့်အခွံကိုမစားချင်သော်လည်းရေနှင့်သေချာဆေးကြော၍ စားပေးပါ။ အသီးများ၏အခွံကိုပါစားသုံးခြင်း၏အကျိုးကျေးဇူးကို သိထားသင့်ပါသည်။အသီးဖျော်ရည်များသည် အသီးများကို စားသုံးရခြင်းထက် ပို၍ အဆင်ပြေသည်။ သို့သော်လည်း ပန်းသီး ဖျော်ရည် နှင့် ပန်းသီးကို ဒီအတိုင်းစားခြင်း၏အာဟာရတန်ဖိုးကို နားလည်လျှင်သင် ဖျော်ရည်သောက်ချင်စိတ် ရှိတော့မည်မဟုတ်ပါ။သစ်သီးဖျော်ရည်များတွင် အမျှင်ဓါတ်များ မပါဝင်တော့ဘဲ ကြာရှည်ခံ ပစ္စည်းများနှင့် ဖြည့်စွက်ထားသော သကြားများသာ ပါဝင်သည်။ ထို့ကြောင့် သစ်သီးများကို  ဆေးကြာသန့်စင်၍ အစိတ်အပိုင်းအားလုံး ပါဝင်အောင် စားပေးခြင်းဖြင့် ကျန်းမာရေးနှင့် ပြီးပြည့်စုံသည့်အပြင် ဓါတုပစ္စည်းများ၏ ရန်မှလည်း ကင်းဝေးနိုင်သည်။သစ်သီး များကို စားသုံးခြင်းသည် ကျန်းမာရေးအတွက် ကောင်းသော်လည်း နည်းလမ်းမှန်စွာ စားသုံးပါက ပို၍ အကျိုးရှိနိုင်သဖြင့် အထက်ပါ အကြံပြုချက်များကိုလိုက်နာသင့်ပါသည်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/right-way-to-eat-fruits/
လေ့လာချက်အရ အရေပြားအချင်းချင်းထိတွေ့မှုသည် ကလေးငယ်များ၏ ဦးနှောက်ကို အကျိုးရှိစေသည်
ကလေးငယ်တစ်ယောက်၏ ညဏ်စွမ်းရည် ကျန်းမာမှု သည် မိခင်တိုင်း၏ အဓိက ဦးစားပေးမှု ဖြစ်သည်။ ထို့ကြောင့် ကလေးငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှု အားကောင်းစေရန် အကောင်းဆုံး အာဟာရများကို ရှာဖွေ ကျွေးမွေးကြခြင်း ဖြစ်သည်။ သို့သော်လည်း မိဘများသည် အလွန်အရေးကြီးပြီး ရိုးရှင်းသော အချက်တစ်ခုကို မေ့နေ တတ်ကြသည်။ ၎င်းသည် အရေပြားအချင်းချင်း ထိတွေ့မှု ဖြစ်သည်။လေ့လာမှုများအရ မိခင်နှင့် ရင်သွေးငယ်ကြား တွင် အရေပြားအချင်းချင်း ထိတွေ့မှု ရှိခြင်းသည် ကလေး ၏ ဦးနှောက်ကို အလွန်အကျိုးရှိစေသည်ဟု ဆိုသည်။ကလေးမွေးဖွားပြီးပါက ကလေးကို ဝမ်းလျားမှောက်ပြီး ရင်ဘတ်ပေါ်တွင် ထားပါ။ အရေပြားအချင်းချင်း ထိတွေ့မှု သည် သင်နှင့် သင့်ကလေးငယ်ကို ပူးကပ်ထိတွေ့စေပြီး တစ်ဦးနှင့် တစ်ဦး သိရှိရင်းနှီးစေသည်။ လူသိများသော အရေပြားအချင်းချင်း ထိတွေ့မှုပုံစံတစ်မျိုးကို သားပိုက် ကောင် စောင့်ရှောက်မှုဟုခေါ်သည်။ ကလေးငယ်ကို သူ့ မိဘ၏ အဝတ်ထဲတွင် အနည်းဆုံး တစ်နာရီကြာ ထည့် ထားခြင်း ဖြစ်သည်။တစ်နိုင်ငံလုံးအနှံ့ ကလေးဆေးရုံနှင့် Vanderbilt တက္ကသိုလ် ဆေးပညာ စင်တာမှ မမွေးဖွားမီအချိန် သုတေသနပြုလုပ်သူ Nathalie Maitre နှင့် သူမ၏အဖွဲ့ သည် electroencephalogram (EEG) ၏ အကူအညီဖြင့် မွေးကင်းစကလေးငယ် ၁၂၅ တွင် ဦးနှောက်တုံ့ပြန်မှု အမျိုးမျိုးကို တိုင်းတာပြီး လေ့လာမှုတစ်ခု ပြုလုပ်ခဲ့သည်။ လေ့လာမှုကို ၂၄-၃၆ ပတ်တွင် မွေးသော ကလေးများနှင့် ၃၈-၄၂ ပတ်တွင်မွေးသော ကလေးများတွင် ပြုလုပ်ခဲ့သည်။သုတေသနပြုလုပ်သူများသည် စောစီးစွာ ထိတွေ့ပွတ်သပ်ခံ ရသော ကလေးများတွင် သိမြင်မှု၊ နားလည်မှု၊ ဆက်ဆံရေး ဖွံ့ဖြိုးမှု တို့နှင့် ဆိုင်သော somatosensory brain scaffolding ပုံသွင်းဖန်တီးနိုင် သည်ဟု တွေ့ရှိရသည်။ ထို့အပြင် နှစ်သိမ့်ပေးသော အထိအတွေ့သည် အာရုံကြောဖွံ့ဖြိုးမှုရလဒ်ကို ပိုကောင်း စေသည်။ အထူးသဖြင့် လမစေ့ဘဲမွေးသော ကလေးများ တွင် ဖြစ်သည်။ ထို့ကြောင့် အရေပြားအချင်းချင်း ထိတွေ့မှု သည် ရေရှည်တွင် ကျန်းမာသော ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အခြေခံဖြစ်သည်။Maitre သည် သားပိုက်ကောင် စောင့်ရှောက်မှု၏ ကောင်းကျိုးများအပေါ် သုတေသနလုပ်ခဲ့သည်။ သူမနှင့် သူမ၏ အဖွဲ့သည် စောင့်ရှောက်မှုပေးသော နည်းလမ်း သည် လမစေ့သော မွေးဖွားမှုများတွင် ကိုယ်အပူချိန် ကျဆင်းမှုဖြစ်နိုင်ချေကို နည်းစေနိုင်သည်ဟု ရှာဖွေ တွေ့ရှိ ခဲ့သည်။Gene Cranston Anderson, Ph.D., R.N., professor emeritus of nursing at Case Western Reserve University in Cleveland ၏အဆိုအရ ကလေး ငယ်များသည် သားအိမ်အတွင်းမှပင် မိဘများ၏ အသံကို မှတ်မိနိုင်သည်။ သားပိုက်ကောင်ကဲ့သို့ စောင့်ရှောက်မှု သည် ကလေးငယ်နှင့် မိခင် သံယောဇဉ်ကို ခိုင်မာ စေရုံသာမက ကလေးငယ်နှင့် ဖခင် သံယောဇဉ်ကိုပါ ခိုင်မာ စေသည်။အရေပြားအချင်းချင်း ထိတွေ့မှု ၁၀ မိနစ်သည်ပင် ကလေး၏ စိတ်ဖိစီးမှုဟော်မုန်း cortisol ပမာဏကို လျော့ချ ပေးနိုင်သည်။ parasympathetic အာရုံကြောစနစ်ကို လှုံ့ဆော်ပေးသော oxytocin ပမာဏကို တက်စေသည်။ ထိုနည်းဖြင့် ကလေးငယ်ကို တည်ငြိမ်မှုပေးသည်။ လမစေ့ ဘဲမွေးသော ကလေးငယ်များတွင် ရင်ဘတ်အချင်းချင်း ထိတွေ့ ကိုင်တွယ်ပေးခြင်းသည် heel sticks နှင့် နာကျင် ခြင်း ဖြစ်နိုင်ချေ နည်းပါစေသည်။ပုခက်ထဲတွင်ထားသော ကလေးငယ်များထက် မိဘ ရင်ခွင်တွင် ထွေးချီထားသော ကလေးများသည် ပို၍ နှစ်ခြိုက်စွာ လွယ်ကူစွာ အိပ်ပျော်သည်။ သူတို့၏ စိတ်ဖိစီးမှု လည်း လျော့ကျသည်။သားပိုက်ကောင် စောင့်ရှောက်မှု၏ ပထမ ၂နာရီသည် ကလေးငယ်အား လူ့လောကတွင် အဆင်ပြေစေရန် အလွန် အရေးကြီးသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ ထို ၂နာရီပြီးနောက် အရေပြားအချင်းချင်း ထိတွေ့မှု ဆက် လက် ရှိခြင်းသည် အလွန်အထောက်အကူဖြစ်ပြီး သင်နှင့် သင့်ကလေး ပျော်ရွှင်ကျေနပ်သ၍ ဆက်လက် လုပ်နိုင် သည်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%b1%e1%80%9c%e1%80%b7%e1%80%9c%e1%80%ac%e1%80%81%e1%80%ba%e1%80%80%e1%80%b9%e1%80%a1%e1%80%9b-%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%a1%e1%80%81%e1%80%ba%e1%80%84/
Snapping Hip Syndrome (တင်ပါးဆုံရိုးမှအသံမြည်ခြင်း)
လမ်းလျှောက်တဲ့အခါ၊ ထိုင်ရာမှထရပ်တဲ့အခါ၊ ခြေထောက်လွှဲတဲ့အခါ တင်ပါးဆုံရိုးမှ တဇက်ဇက်အသံမြည်ခြင်း၊ ခံစားချက်ရခြင်းတို့ဖြစ်ပါတယ်။လူအများစုအတွက် ထိုအခြေအနေက စိတ်အနှောင့်အယှက်ဖြစ်စရာပေမယ့် တစ်ခုထဲသောလကဏာက ထိုအသံမြည်ခြင်း၊ ထိုကဲ့သို့ခံစားချက်ရခြင်းတစ်ခုထဲပါ။ ဒါပေမယ့် အကသမားတွေ၊ အားကစားသမားတွေအတွက်တော့ ထိုအခြေအနေမှာ နာကျင်ခြင်း၊ လှုပ်ရှားကိုအနှောင့်အယှက်ဖြစ်မယ့် တင်ပါးဆုံရိုးအားနည်းအားလျော့ခြင်းတွေပါ ဖြစ်လာနိုင်ပါတယ်။အလွန်ကိုအဖြစ်များပြီး အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ချေကိုတက်စေတဲ့အရာတွေ၊ အကြောင်းအချက်တွေကို ရှောင်ခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်ကို ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။အများအားဖြင့် တင်ပါးဆုံရိုးပေါ်မှာရှိတဲ့ ကြွက်သားတွေ၊ အရွတ်တွေလှုပ်ရှားမှုကြောင့်ဖြစ်တာပါ။အဖြစ်အများဆုံးနေရာကတော့ တင်ပါးဆုံရိုးအပြင်ဘက်၊ iliotibial band ဟုခေါ်သော တွယ်ဆက်တစ်သျူးကြွက်သားက ပေါင်ရိုးပေါ်ရှိအရိုးဖုပေါ်ဖြတ်သွားရာနေရာမှာ အဖြစ်များပါတယ်။မတ်တပ်ရပ်နေစဉ်မှာ ထိုတစ်သျူးကအရိုးဖုနောက်တွင်ရှိပြီး ပေါင်ကွေးလိုက်သောအခါ အရိုးဖုကိုဖြတ်ကာ အရှေ့ဘက်ရွေ့သွားရာမှ အသံထွက်လာခြင်းဖြစ်တယ် ။ပေါင်အပေါ်ပိုင်း အတွင်းဘက်ကိုတွယ်ထားသော iliopsoas အရွတ်ကြောင့်လည်း အသံထွက်လာနိုင်ပါတယ်။တခြားတစ်နေရာကတော့ ပေါင်ရိုးထိပ်ရှိအရိုးလုံး တင်ပါးဆုံရိုးရှိအရိုးခွက်ထဲဝင်နေရာဖြစ်တယ်။ ပေါင်ကွေးတဲ့အခါ၊ ပြန်ဆန့်တဲ့အခါ ပေါင်ရိုးအတွင်းဘက်မှ တင်ပါးဆုံရိုးဆီသွားပြီး တွယ်ဆက်ထားသော rectus femoris အရွတ်က ပေါင်ရိုးထပ်ရှိအရိုးလုံးကိုဖြတ်ကာ လှုပ်ရှားရာမှ အသံထွက်လာခြင်းဖြစ်ပါတယ်။အဖြစ်အနည်းဆုံးအကြောင်းကတော့ အဆစ်ကြားထဲသို့ အရိုးပျော့အပိုင်းအစ သို့ အရိုးအပိုင်းအစ ညက်နေရာမှလည်း အသံထွက်နိုင်ပါတယ်။ ဒီအချက်ကြောင့်ဆိုရင်တော့ နာကျင်နိုင်ပြီး မလှုပ်ရှားနိုင်ဖြစ်တတ်ပါတယ်။ဖေြာ်ပထားသောအချက်တွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ။်။အထက်တွင်ဖော်ပြထားသောလက္ခဏာတွေခံစားရရင် သို့မဟုတ် သိရှိလိုသည်များရှိပါက ဆရာဝန်နဲ့ဆွေးနွေးနိုင်ပါတယ်။ လူတိုင်းတစ်ယောက်နဲ့ တစ်ယောက်မတူနိုင်တာကြောင့် သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့ဆွေးနွေးကြည့်တာအကောင်းဆုံးပါ။တင်ပါးဆုံရိုး၊ ဆီးခုံရိုးတို့ရဲ့ အရိုးငြမ်းဖွဲ့စည်းတည်ဆောက်ပုံ၊ တင်ပါးဆုံရိုးတဝိုက်ရှိ ကြွက်သား၊ အရွတ်၊ အရိုးနုစသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။အတွင်း၊ အပြင်၊ အနောက်ပိုင်း စသည့်နေရာများမှ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး အဖြစ်အများဆုံးကတော့ iliotibial ကြွက်သား ပေါင်ရိုးအရိုးဖုပေါ် ဖြတ်သွားမှုကြောင့်ဖြစ်နိုင်သလို၊ iliopsoas အရွတ် iliopectineal အရိုးဖုပေါ်ဖြတ်သွားလှုပ်ရှားမှုကြောင့်လည်းဖြစ်နိုင်ပါတယ။်။အပြင်ပိုင်းနေရာမှအကြောင်းအရင်းကတော့ ပေါင်ရိုးဖုပေါ် iliotibial ကြွက်သားဖြတ်သန်းသွား၊ ချော်သွားရာမှဖြစ်ပြီး ထိုပေါင်ရိုးဖုအား တင်ပါးဆုံရိုးပေါ်ရှိကြွက်သားနှုတ်ခမ်းသတ် ပွတ်တိုက်မှုကြောင့်လည်းဖြစ်နိုင်တယ်လို့ဆိုပါတယ်။အတွင်းပိုင်းနေရာမှအကြောင်းအရင်းကတော့များပြားပြီး-။အဖြစ်အများဆုံးအကြောင်းတော့ iliopectineal အရိုးဖုပေါ် iliopsoas အရွတ်ဖြတ်သွားခြင်းကြောင့်ဖြစ်တယ်။ ပေါင်ကွေးနေရာမှ ရုတ်တရတ်ဆန့်လိုက်သောအခါ၊ အတွင်းဘက်ခြေထောက်လှည့်သောအခါ အသံများထွက်တတ်ပါတယ်။တင်ပါးဆုံရိုးပေါ်ရှိ သို့မဟုတ် ပေါင်ရိုးပေါ်ရှိ အရိုးငုတ်များ၊ အရိုးဇောင်းများပေါ် iliopsoas အရွတ် ရုတ်တရတ်ဖြတ်သွားခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။အဖြစ်အနည်းဆုံးအကြောင်းကတော့ ပေါင်ရိုးခေါင်း၊ သို့ တင်ပါးရိုးအရှေ့ပိုင်းပေါ် iliofemoral အရိုးနုဖြတ်သန်းသွားခြင်းကြောင့်ဖြစ်တယ်။အနောက်ပိုင်းနေရာမှအကြောင်းအရင်းကတော့ ဖြစ်လေ့မရှိဘဲ တင်ပါးရိုးအစွန်းပေါ် ပေါင်ကြွက်သားအစွန်း ဖြတ်သွားသောကြောင့်ဖြစ်နိုင်ပါတယ်။အားကစားသမားများ၊ ပြင်းထန်သောလှုပ်ရှားမှုများ ထပ်ခါထပ်ခါလုပ်ရခြင်း။ဘဲလေးအကသမားများ။မြင်းစီးသူများ။ဘောလုံးသမားများ။ပြင်းထန်စွာအလေးမခြင်း၊ ပြေးခြင်း။အသက် ၁၅-၄၀ ကြားလူများမှာ အများစုတွေ့ရပါတယ။်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။နာကျင်ခြင်း၊ အားကစားလုပ်ခြင်း၊ လုပ်ရှားခြင်းတွေမှာ အခက်အခဲဖြစ်ခြင်းတွေ မကြုံရသ၍ဆရာဝန်မပြကြပါဘူး။စစ်ဆေးမှုတွေမှာဆိုရင်-။အယ်လ်ထရာဆောင်းရိုက်ခြင်း – တင်ပါးဆုံးရိုးလှုပ်၇ှားမှုကို ကြည့်ပြီး အရွတ်များလှုပ်ရှားမှု၊ အခြေအနေကိုကြည့်နိုင်ပါတယ်။MRI – အရိုးတွင်းရှိအခြေအနေများကို စစ်ဆေးသိရှိနိုင်ပါတယ်။မနာကျင်သ၍ ကုသစရာမလိုပါဘူး။ တင်ပါးဆုံရိုးလှုပ်၇ှားမှု အနည်းငယ်ပြင်ဆင်ပြုပြင်ခြင်းက တိုးတက်ကောင်းမွန်စေပါလိမ့်မယ်။ ဒါပေမယ့် နာကျင်လာပြီဆိုရင်တော့ နာကျင်မှုပိုဆိုးစေသော လှုပ်ရှားမှုများကိုရပ်သင့်ပါတယ်။အိမ်တွင်းကုသမှုများနဲ့မသက်သာပါက ဆရာဝန်ပြသင့်ပါတယ။် လေ့ကျင့်ခန်းကုသမှုတွေက အကူအညီဖြစ်နိုင်ပြီး တခါတရံ ရောင်ရမ်းမှုသက်သာအောင် corticosteroid ဆေးထိုးရနိုင်ပါတယ်။ ရှားရှားပါးပါးခွဲစိတ်ရသည်လည်း ရှီနိုင်ပါတယ်။နေထိုင်မှုပုံစံ၊ အိမ်တွင်းကုသမှု။လှုပ်ရှားမှုလျှော့ချခြင်း၊ ပုံပြောင်းခြင်း။ရေခဲကပ်ခြင်း။အလွယ်တကူဝယ်ရသော အနာသက်သာဆေးများသောက်ခြင်း။သိလိုသည်များရှိပါက အကောင်းဆုံးအဖြေအတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/snapping-hip-syndrome-%e1%80%90%e1%80%84%e1%80%ba%e1%80%95%e1%80%ab%e1%80%b8%e1%80%86%e1%80%af%e1%80%b6%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%99%e1%80%be%e1%80%a1%e1%80%9e%e1%80%bc%e1%80%b6/
အီစထရိုဂျင်ဟော်မုန်းဟာ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုရှိသလား
အီစထရိုဂျင်ဟော်မုန်းဟာ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုရှိသလား ….. အမျိုးသမီးများအတွက်အီစထရိုဂျင်ဟော်မုန်းဟာ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုရှိတယ်လို့ ပြောလို့ရပါတယ်။ အထူးသဖြင့် သွေးဆုံးခါနီးမှာ ဖြစ်ပါတယ်။ အမျိုးသမီးများအနေနဲ့ သွေးဆုံးပြီးရင် ကိုယ်အလေးချိန် တက်လာကြောင်း၊ ကိုယ်အလေးချိန်လျှော့ချဖို့ ခက်ခဲကြောင်း ဆိုကြပါတယ်။အီစထရိုဂျင်ဟာ တကယ်လည်းကိုယ်အလေးချိန်တက်လာခြင်းနဲ့ ဆက်စပ်နေပြီး ဟော်မုန်းအတက်အကျဟာ ကိုယ်အလေးချိန် အတက်အကျနဲ့လည်း ဆက်စပ်နေပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့အမျိုးသမီးများမှာ အီစထရိုဂျင်ဟော်မုန်းပမာဏနဲ့ ကိုယ်အလေးချိန် အတက်အကျကြား ဆက်စပ်မှု ဘယ်လိုရှိသလဲ ဖြစ်ပါတယ်။အီစထရိုဂျင်ဆိုတာဟာ အမျိုးသမီးများအတွက် အရေးကြီးတဲ့ ဟော်မုန်းနှစ်မျိုးအနက် တစ်မျိုးဖြစ်ပြီးအပျိုဖော်ဝင်ခြင်းနဲ့ ဓမ္မတာစက်ဝန်းလည်ပတ်ခြင်းအတွက် အရေးပါပါတယ်။ သွေးတွင်း ကိုလက်စထရောဓာတ်ကို ထိန်းသိမ်းပေးခြင်း၊ အရိုးများကို သန်မာစေခြင်း၊ ဦးနှောက်နှင့် စိတ်ကျန်းမာရေး ကောင်းမွန်စေခြင်း စတဲ့ လုပ်ငန်းတာဝန်တွေကိုလည်း ထမ်းဆောင်ပါသေးတယ်။အီစထရိုဂျင်ကို သားဥအိမ်များမှ အဓိက ထုတ်လွှတ်ပေးပါတယ်။ အဒရီနယ်ဂလင်းနဲ့ အဆီတစ်ရှူးတွေကလည်း အနည်းငယ် ထုတ်လွှတ်ပါတယ်။အဓိကအားဖြင့် အီစထရိုဂျင်ကို အောက်ပါအတိုင်း သုံးမျိုးခွဲခြားနိုင်ပါတယ်။၁။ Estrone (သို့) E1 (သွေးဆုံးပြီးချိန်မှာ ထုတ်လွှတ်ပါတယ်)။၂။ Estradiol (သို့) E2 (ကလေးမွေးနိုင်တဲ့ အသက်အရွယ်မှာ ထုတ်လွှတ်ပါတယ်)။၃။ Estriol (သို့) E3 (ကိုယ်ဝန်ဆောင်ချိန်မှာ ထုတ်လွှတ်ပါတယ်)။အမျိုးသမီးများမှာ အီစထရိုဂျင်ဟော်မုန်းပမာဏဟာ အကြောင်းမျိုးစုံနဲ့ ကျဆင်းနိုင်ပါတယ်။ အဓိက အကြောင်းအရင်းကတော့သွေးဆုံးခြင်းပဲ ဖြစ်ပါတယ်။ သွေးဆုံးချိန်မှာ အမျိုးသမီးများရဲ့ မျိုးပွားဟော်မုန်းများ ကျဆင်းသွားပြီး ဓမ္မတာစက်ဝန်းလည်း ရပ်တန့်သွားပါတယ်။ အီစထရိုဂျင်ဟော်မုန်း တစ်မျိုးဖြစ်တဲ့ estradiol ဟာ သွေးဆုံးချိန်မှာ ကျဆင်းသွားပါတယ်။ အဆိုပါ ဟော်မုန်းဟာ ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်ပျက်မှုကို ပုံမှန်ဖြစ်အောင် ကူညီတာမို့ ကျဆင်းသွားချိန်မှာ ကိုယ်အလေးချိန်တက်လာတာမျိုး တွေ့ရပါတယ်။အမျိုးသမီးများဟာ သူတို့ရဲ့ ဘဝတစ်လျှောက်မှာ ခါးနဲ့ ပေါင်မှာ စတင်အဆီစုပြီး ဝလာခြင်းကို သတိထားမိခဲ့ကြပါတယ်။ ဒါပေမယ့် သွေးဆုံးပြီးချိန်မှာတော့ ဗိုက်မှာ ပိုပြီး အဆီစုလာပါတယ်။ ဗိုက်မှာ စုလာတဲ့ အဆီတွေဟာ လူကို ပိုပြီး ဒုက္ခပေးတတ်ပါတယ်။ ဆီးချို၊ လေဖြတ်ခြင်း၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတချို့ဟာ ဝမ်းဗိုက်မှာ အဆီများပြားစွာ စုဝေးခြင်းနဲ့ ဆက်စပ်နေပါတယ်။အမျိုးသမီးများ အသက်ကြီးလာတာနဲ့အမျှ အီစထရိုဂျင်ကျဆင်းလာတဲ့အပြင် လှုပ်ရှားမှုနည်းခြင်း၊ ကြွက်သားစိုင်များ ကျဆင်းလာခြင်းကြောင့် တနေ့တာကယ်လိုရီလောင်ကျွမ်းနှုန်းဟာ လျော့နည်းလာပါတယ်။အီစထရိုဂျင်ဟော်မုန်း နည်းလာခြင်းရဲ့ လက္ခဏာများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။– ဓမ္မတာမမှန်ခြင်း၊ ထိမ်ခြင်း။– ညအိပ်ချိန်ချွေးထွက်ခြင်း။– အိပ်မပျော်ခြင်း။–မိန်းမကိုယ်လမ်းကြောင်း ခြောက်သွေ့ခြင်း။– လိင်စိတ်လျော့နည်းခြင်း။– သည်းမခံနိုင်ဖြစ်ခြင်း။– ခေါင်းကိုက်ခြင်း။– အရေပြားခြောက်သွေ့ခြင်း။သွေးဆုံးခြင်းအပြင် အမျိုးသမီးများကို အီစထရိုဂျင်လျော့စေတဲ့ အကြောင်းအရင်းတွေ ရှိပါသေးတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။အမျိုးသမီးများ သားဥအိမ်မှာ အရည်အိတ်လေးများ အများအပြားဖြစ်ပေါ်တဲ့ အခြေအနေဖြစ်ပြီး ဟော်မုန်းတွေ မညီမျှခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။ တက်စတိုစထရုန်းဟော်မုန်းကို မြင့်တက်စေပြီး အီစထရိုဂျင်နဲ့ ပရိုဂျက်စထရုန်းဟော်မုန်းတွေ မညီမျှခြင်းကို ဖြစ်ပေါ်စေပါတယ်။ အဆိုပါ အခြေအနေမှာ ကိုယ်အလေးချိန်တက်ခြင်း၊ အင်ဆူလင်မတိုးခြင်း၊ နှလုံးရောဂါ စတာတွေကို ဖြစ်စေတတ်ပါတယ်။အီစထရိုဂျင်ဟော်မုန်းဟာ ကလေးမွေးပြီး မိခင်နို့တိုက်နေချိန်မှာ လျော့နည်းနေတတ်ပါတယ်။ အဆိုပါအပြောင်းအလဲဟာ နို့ရည်ကို ပိုမိုထွက်ရှိလာစေဖို့ အားပေးပြီး သားဥကြွေခြင်း၊ နောက်ထပ်ကလေးရခြင်းကို တားဆီးပေးထားပါတယ်။ကျန်းမာရေးနဲ့ တခြားအခြေအနေအရ သားဥအိမ်တွေကို ခွဲစိတ်ဖယ်ရှားရတဲ့အခါ သွေးဆုံးသွားနိုင်ပါတယ်။ သားဥလည်း မကြွေတော့သလို အီစထရိုဂျင်နဲ့ ပရိုဂျက်စထရုန်းဟော်မုန်းတွေကို ထုတ်လုပ်ခြင်း မရှိတော့ဘူး။ဒီပြသနာကြောင့် ခန္ဓာကိုယ်ကနေ လုံလောက်တဲ့ အာဟာရဓာတ်နဲ့ ကယ်လိုရီ လုံလောက်စွာ မရနိုင်ရင် အီစထရိုဂျင်ဟော်မုန်း ထုတ်လုပ်ခြင်းလည်း ကျဆင်းသွားနိုင်ပါတယ်။အပြင်းစားလေ့ကျင့်ခန်းတွေ ပြုလုပ်တဲ့အခါ အဆီဓာတ်လည်း လျော့နည်းသွားလို့ အီစထရိုဂျင်ပမာဏ ကျဆင်းသွားတတ်ပါတယ်။အထက်ပါအကြောင်းခြင်းရာများ ကြုံတွေ့ချိန်မှာ အီစထရိုဂျင်ဟော်မုန်း နည်းပါးသွားပြီး ကိုယ်အလေးချိန် အတက်အကျအပေါ် သက်ရောက်မှုရှိနိုင်တာကြောင့် ကျန်းမာရေးအတွက် သင့်တင့်မျှတအောင် စားသောက်နေထိုင်သင့်ပါတယ်။ အသေးစိတ်သိရှိလိုရင် ဆရာဝန် (သို့) နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်သင့်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/female-hormonal-imbalance/estrogen-and-body-weight/
အတက်ရောဂါကို သက်သာစေမယ့် အစားအသောက်များ
အတက်ရောဂါဟာ ကမ္ဘာပေါ်မှာ အဖြစ်များတဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အတက်ရောဂါက မျက်တောင်တဖြတ်ဖြတ်ခတ်ခြင်း လို အသေးစားအခြေအနေမှ လုံးဝတက်တဲ့ဆိုးရွားတဲ့ အခြေအနေအထိ ဖြစ်နိုင်ပါတယ်။ဆရာဝန်က အတက်ရောဂါကို ထိန်းချုပ်ဖို့အတွက် တချို့လူနာတွေကို ketogenic (အော်ဂန်းနစ်ဒြပ်ပေါင်း)ပါတဲ့ အစားအသောက်တွေကို စားဖို့ ညွှန်းဆိုကြပါတယ်။ketogenic (အော်ဂန်းနစ်ဒြပ်ပေါင်း)ပါတဲ့ အစားအသောက်ဆိုတာ များသောအားဖြင့် အဆီများပြီး ကာဗွန်ဟိုက်ဒြိတ်နည်းတဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ ဒါဟာ ကာဗွန်ဟိုက်ဒြိတ်တွေကို စွမ်းအင်တွေအဖြစ်သုံးပြီး အဆီတွေကို လောင်ကျွမ်းဖို့အတွက် အစားထိုးတာကို လျော့ကျစေနိုင်တယ်။ketone (အော်ဂန်းနစ်ဒြပ်ပေါင်း)ကို အစားအသောက်များမှ တစ်ဆင့် ကိုယ်တွင်းမှာ ထုတ်လုပ်ပေးပြီး အတက်ရောဂါကို ထိန်းချုပ်စေနိုင်ပြီး အတက်ရောဂါဖြစ်စေတဲ့ အရာတွေကို တားဆီးပေးတယ်။ ဒါ့ကြောင့် ဆရာဝန်နှင့် သေသေချာချာ ဆွေးနွေးပြီး ရက်ချိန်းမှန်မှန်ပြဖို့တော့ လိုပါတယ်။အတက်ကျဆေးတွေနဲ့ မသက်သာတဲ့ အတက်ရောဂါရှိတဲ့ ကလေးတွေကို Ketoneပါတဲ့ အစားအသောက်တွေစားဖို့ ညွှန်းဆိုထားတယ်။ ဒါပေမယ့် ဒီနည်းကို အရွယ်ရောက်သူတွေမှာ အသုံးနည်းတယ်။ လူကြီးတွေက အစားအသောက်ကန့်သတ်ချက်တွေကို လိုက်နာနိုင်တာနည်းတယ်။ တချို့သောလူတွေမှာ ketogenic (အော်ဂန်းနစ်ဒြပ်ပေါင်း)ပါတဲ့ အစားအသောက်တွေကို အတက်ရောဂါပျောက်အောင် ကုသဖို့ သုံးနေဆဲပဲဖြစ်တယ်။ketogenic (အော်ဂန်းနစ်ဒြပ်ပေါင်း)ပါတဲ့ အစားအသောက်တွေက တချို့သောအတက်ရောဂါတွေမှာ (ဥပမာ – infantile spasms, Rett syndrome, tuberous sclerosis complex, Dravet syndrome, Doose syndrome, and GLUT-1 deficiency) အထောက်အကူဖြစ်ပါတယ်။ ကလေးတွေမှာ တနေရာထဲ ကွက်ပြီးတက်တတ်တဲ့ရောဂါအတွက်လည်း ကောင်းပါတယ်။ယေဘူယျအားဖြင့် အသုံးမပြုရမယ့် အခြေအနေမတွေ့ခဲ့ရင် အစားအသောက်နဲ့ကုတာက အဆင်ပြေပါတယ်။လေ့လာမှုအချို့အရ Ketogenic အစားအသောက်တွေစားတဲ့ ကလေးတွေရဲ့ အတက်ရောဂါ ဖြစ်နှုန်းဟာ မစားတဲ့ ကလေးတွေရဲ့ ဖြစ်နှုန်းနဲ့စာရင် ၄ပုံ ၁ပုံပဲ ရှိပါတယ်။ Ketogenic အစားအသောက်တွေဟာ ဆေးတွေလိုပဲ ကလေးတွေမှာ အတက်ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကလေးတွေရဲ့ ၁၀-၁၅%ကို မတက်အောင်လုပ်ပေးနိုင်ပါတယ်။Ketogenic အစားအသောက်တွေက အတက်ရောဂါလူနာတွေကို အထောက်အကူ ပေးသော်လည်း တခြားဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါတယ်။ ဥပမာ-။အစားအသောက်ကို တကြိမ်ပဲစားမယ်ဆိုလျှင် ကောင်းကျိုးကို မခံစားရပါဘူး။ ဒါ့ကြောင့် ညွှန်ကြားချက်အတိုင်း တိတိကျကျစားဖို့ အရမ်းအရေးကြီးပါတယ်။Hello Health Group သည် ဆေးပညာနှင့်ဆိုင်သော အကြံဉာဏ်ပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများကို မလုပ်ဆောင်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/%e1%80%a1%e1%80%90%e1%80%80%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%80%e1%80%ad%e1%80%af-%e1%80%9e%e1%80%80%e1%80%b9%e1%80%9e%e1%80%ac%e1%80%b1%e1%80%85%e1%80%99%e1%80%9a%e1%80%b9/
ဆိုရီရေးစစ် (Psoriasis) ၏ နှလုံးရောဂါနောက်ဆက်တွဲပြဿနာ
Psoriasis ကို အလိုအလျောက်ခုခံအားစနစ်မှ တိုက်ခိုက်သောရောဂါဟု အသိများကြပြီး၊ အရေပြားတွင် ယားယံခြင်း၊ ရောင်ယမ်းခြင်း၊ နှင့် အရေပြားအနာများကြွတက်လာခြင်းတို့ ဖြစ်သည်။ သင်၏ Psoriasis လက္ခဏာသည် အပျော့စားဖြစ်သော်လည်း Heart attack ကဲ့သို့သော နှလုံးရောဂါနောက်ဆက်တွဲ ပြသနာများဖြစ်တတ်ကြောင်း သိထားဖို့ အရေးကြီးသည်။ Psoriasis ဖြစ်သော လူနာများသည် များသောအားဖြင့် နာတာရှည် အရေပြားရောဂါဖြစ်တတ်ပြီး Heart attack ဖြစ်နိုင်ချေများသည်။ ပုံမှန်လူများထက် ဖြစ်နိုင်ချေ သုံးဆများကြောင်း လေ့လာမှုများက ဖော်ပြထားသည်။Psoriasis တွင် မတူညီသောပုံစံကွဲများရှိသည်။Psoriasis ရှိသော လူများတွင် Psoriasis မရှိသောသူများထက် နှလုံးရောဂါနှင့် လေဖြတ် နိုင်ချေ သုံးဆမြင့်တက်ကြောင်း အခိုင်အမာ ပြဆိုထားသော လေ့လာချက်များ ပေါ်ထွက်လာသည်။ ထိုအရာသည် ပြင်းထန်သော Psoriasis ရောဂါရှိသောသူများအတွက် မှန်ကန်သည်။ Psoriasis သည် အလိုအလျောက် ခုခံအားစနစ်မှ တိုက်ခိုက်သော ရောဂါဖြစ်သည့်အတွက် ခုခံအားစနစ်မှ ခန္ဓါကိုယ်၏ နေရာများသို့ ခုခံအားစနစ် အလုပ်လုပ်သည့်အတွက် ရောင်ယမ်းခြင်းများဖြစ်နိုင်ပါသည်။ လတ်တလော တွေ့ရှိချက်များအရ ရောင်ယမ်းခြင်းများသည် နှလုံးရောဂါနှင့် အလွန်ဆက်စပ်မှုရှိကြောင်း ပြဆိုထားကြသည်။ သွေးကြောများ ရောင်လာသောကြောင့် သွေးကြောကျဉ်းခြင်းကို ဖြစ်စေနိုင်သည်။ သွေးကြောကျဉ်းခြင်း သည် အဆီများ သွေးကြောနံရံများတွင် အနည်ထိုင်လာသည့် အတွက် သွေးကြောနံရံများ မာပြီးထူလာသည့် အတွက် သွေးကြောကျဉ်းသွားခြင်းဖြစ်သည်။ ထိုမှတဆင့် နှလုံးသို့သွားသော သွေးစီးဆင်းမှုကို နှေးစေပြီး နှလုံးရောဂါဖြစ်နိုင်ချေကို များစေသည်။ အချို့သော ဆေးကုသမှုများတွင် နှလုံးကို ထိခိုက်စေနိုင်သော ကုသမှုများပါဝင်ပြီး သွေးထဲရှိ ကိုလက်စထရော ပမာဏကို ပုံမမှန်ဖြစ်စေသည်။ ကိုလက်စထရော ပမာဏပြောင်းလဲသည့် အခါ သွေးကြောများကို မာစေပြီး နှလုံးရောဂါဖြစ်ပွားနီုင်ချေကို မြင့်တက်စေသည်။ အရေပြားအထူးကု များ၏ အဆိုအရ Psoriasis ရောဂါရှိသော လူနာများသည် နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ချေ ပိုများကြောင်းတွေ့ရှိရသည်။ ထိုအချက်သည် ရောဂါအပြင်းစားရှိသောလူနာများနှင့် အသက် ၆၀ အောက်လူများတွင် ဆိုလိုသည်။နှလုံးရောဂါ ဖြစ်နိုင်ချေပိုများသည်ဆိုသော်လည်း အစားအသောက်၊ လေ့ကျင့်ခန်းနှင့် စိတ်ဖိစီးမှုများကို လျော့ချခြင်းဖြင့် ဖြစ်နိုင်ချေကို လျော့ချနိုင်သော နည်းလမ်းများစွာရှိပါသည်။တစ်ပတ်တွင် ၇၅ မိနစ် မှ ၁၅၀ မိနစ်အထိ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ချနိုင်ပါသည်။ သင်လုပ်လိုသော မည်သည့်လေ့ကျင့်ခန်းမဆို၊ ကခြင်း၊ လမ်းလျောက်ခြင်း၊ ရေကုူးခြင်း၊ ကြိုးခုန်ခြင်း စသည်ဖြင့် လုပ်နိုင်ပါသည်။ လမ်းဖြည်းဖြည်းလျေက်ခြင်းကို ပုံမှန်ပြုလုပ်ပေးလျှင် သင်၏ နှလုံးကျန်းမာရေးကို ကောင်းစေပြီး နှလုံးရောဂါဖြစ်ပွားနိုင်ချေကို လျော့ကျစေနိုင်သည်။ နေထိုင်မှု ပုံစံများကို ပြောင်းလဲခြင်း ဥပမာအားဖြင့် ဆေးလိပ်ဖြတ်ခြင်း နှင့် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းသည် သင်၏ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး ပြသနာများကို ပြေလည်စေသော အခြားဖြေရှင်းနည်းများဖြစ်သည်။စိတ်ဖိစီးမှုများခြင်းသည် နှလုံးကျန်းမာရေးကို ဆိုးရွားစေနိုင်သောကြောင့် စိတ်ဖိစီးမှုကို လျော့ချခြင်းသည် အရေးကြီးပါသည်။အစားအသောက်နှင့် အာဟာရသည်လည်း Psoriasis လူနာများတွင် နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ရာတွင် အရေးကြီးပါသည်။ ထိုအချက်သည် Psoriasis ရောဂါအတွက်လည်း အထောက်အကူပြုသည်။ Psoriasis ရောဂါရှိသူများတွင် နှလုံးကျန်းမာရေးအတွက် ကောင်းသော အဆီနှင့် ဆိုဒီယမ်နည်းသော အစားအသောက်များကို စားပေးသင့်သည်။ ထို့အပြင် ကိုယ်အလေးချိန်လျော့ချသည့် အစားအသောက်ပုံစံမျိုးကို Psoriasis ရောဂါလက္ခဏာပြင်းထန်သောသူများတွင် စားရန် အကြံပြုသင့်သည်။Psoriasis ရောဂါရှိသူများတွင် နှလုံးရောဂါဖြစ်ပွားနိုင်ချေ များသော်လည်း၊ ထိုသို့ဖြစ်နိုင်ချေကို လျော့ချရန်နည်းလမ်းများစွာ ရှိပါသည်။ သင့်တွင် Psoriasis ရောဂါရှိပြီး နှလုံးရောဂါဖြစ်ပွားနိုင်ချေများနေလျှင် သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/psoriasis/%e1%80%86%e1%80%ad%e1%80%af%e1%80%9b%e1%80%ae%e1%80%9b%e1%80%b1%e1%80%b8%e1%80%85%e1%80%85%e1%80%bb-psoriasis-%e1%81%8f-%e1%80%94%e1%80%be%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%b1/
သွား၊သွားဖုံး ပြည်တည်နာ
Dental abscess (သွား၊သွားဖုံးပြည်တည်နာ) ဆိုတာ သွားတွေ၊သွားဖုံးတွေနဲ့ အရိုးတွေစတဲ့ ခံတွင်းထဲကနေရာတွေ ပိုးဝင်တဲ့အခါမှာဖြစ်တတ်ပြီး ပြည်တွေအစုလိုက်တည်တတ်ပါတယ်။ မှန်ကန်တဲ့ကုသမှုသာမရှိခဲ့ရင် ပြည်တည်နာ ဟာပိုဆိုးပြီး ပိုပြီးပျံ့နှံ့ လာကာ အခြားသောကျန်းမာရေးအခြေအနေတွေကိုပါ ထိခိုက်လာနိုင်ပါတယ်။ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကတော့။ပြည်တည်နာတွေ ပါးစပ်ထဲမှာမဖြစ်လာဖို့အတွက် ခံတွင်းသန့်ရှင်းရေးကောင်းကောင်းလုပ်ဖို့လိုပါတယ်။ဘယ်လိုသွားပျက်စီးခြင်းကိုမဆို စောစီးစွာကုသမှုခံယူပါ။ ဒါတင်မကဘဲ အရက်သောက်ခြင်းနဲ့ စီးကရက်သောက်ခြင်းကို ကန့်သတ်လိုက်ခြင်းကလည်း အိုင်းအနာမဖြစ်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။Dental abscesses (သွား၊သွားဖုံးပြည်တည်နာ) တွေဟာ အလွန်အမင်းနာကျင်စေတဲ့အပြင် အန္တရာယ်လည်းများလှပါတယ်။ ဒါကြောင့် သင့်ပါးစပ်ထဲမှာ ပြည်တည်နာဖြစ်နေတယ်လို့ သံသယဝင်နေရင် ကျွမ်းကျင်သူနဲ့ အမြန်ဆုံးစစ်ဆေးသင့်ပါတယ်။ ဒီအနာတွေကို ဆေးဝါးတွေ၊ ရိုးရှင်းတဲ့ ပြည်ဖောက်ခြင်း စသည်အားဖြင့် ကုသပျောက်ကင်းစေနိုင်ပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/gum-mouth-diseases/%e1%80%9e%e1%80%bc%e1%80%ac%e1%80%b8%e1%81%8a%e1%80%9e%e1%80%bc%e1%80%ac%e1%80%b8%e1%80%96%e1%80%b6%e1%80%af%e1%80%b8-%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%90%e1%80%8a%e1%80%b9%e1%80%94%e1%80%ac/
အမျိုးသားတွေ အချိန်မတန်ခင်သုက်လွှတ်ခြင်း ကို ဘာကြောင့်ခံစားရတာလဲ
အချိန်မတန်ခင်သုက်လွှတ်ခြင်း ဆိုတာက အမျိုးသားတွေမှာလိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုအနည်းငယ်ရရှိရုံနဲ့သုက်လွှတ်ခြင်းကို ဆိုလိုပါတယ်။ ဆရာဝန်တွေက အမျိုးသားတွေရဲ့ ၂၀-၃၀% လောက်က အချိန်မတန်ခင် သုက်လွှတ်ခြင်းကို တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ ကြုံတွေ့ရတတ်တယ်လို့ ဆိုပါတယ်။ ရံဖန်ရံခါ ဖြစ်တာကတော့ ပြဿနာမရှိပေမဲ့ အတူနေတိုင်း ဖြစ်လာပြီဆိုရင်တော့ အကြောင်းအရင်းကို ရှာဖွေသင့်ပါတယ်။စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အကြောင်းရင်းများစွာ ရှိပါတယ်။စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းတွေကတော့။ရုပ်ပိုင်းဆိုင်ရာနဲ့ အခြားအကြောင်းရင်းတွေကတော့။စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် အချိန်မတန်ခင်သုက်လွှတ်ခြင်း ဖြစ်တယ်ဆိုရင်တော့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှု ယူသင့်ပါတယ်။ တကယ်လို့ ရုပ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုခုကြောင့် ဖြစ်မယ်ဆိုရင်တော့ ဆေးသေချာကုလိုက်ရင် ပြန်ကောင်းသွားနိုင်ပါတယ်။  တခြားနည်းလမ်းတွေ အနေနဲ့ကတော့။လိင်ဆက်ဆံမှု မပြုခင် တစ်နာရီ (သို့) နှစ်နာရီလောက်ကြိုပြီး အာသာဖြေထားခြင်းဟာ သုက်ပိုးလွှတ်ခြင်းကို အချိန်ရွှေ့နိုင်ပြီး သင့်လိင်ဆက်ဆံဖက်ကို လိင်မဆက်ဆံခင်လိင်စိတ် နှိုးဆွထားခြင်းဟာ တစ်ပြိုင်တည်းမှာလိင်စိတ်အထွတ်အထိပ်ရောက်မှုကို ဖြစ်ပွားနိုင်ပါတယ်။အမျိုးသားတွေဟာ လိင်စိတ် အထွတ်အထိပ်ရောက်တော့မယ်လို့ ခံစားရရင် လှုံ့ဆော်မှုကို လျှော့ချသင့်ပါတယ်။ လိင်တံကိုသာ ထောင်မတ်လာစေပြီး ပြီးမြောက်ခြင်း မဖြစ်အောင် ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ကျော်လွန်သွားရင်တော့ လိင်ဆက်ဆံနိုင်ပြီ ဖြစ်ပါတယ်။အမျိုးသား လိင်စိတ်အထွတ်အထိပ်ရောက်ခါနီးရင်  လိင်တံကို ညှစ်နိုင်ပါတယ်။ စက္ကန့်အတော်ကြာအောင် သုက်လွှတ်ချင်တဲ့ ဆန္ဒ မပျောက်မချင်း ညှစ်ထားသင့်ပါတယ်။ မိနစ်ဝက်လောက်ကြာရင်တော့ လိင်ဆက်ဆံမှုကို ဆက်လက်ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ ဒီအတိုင်း ပြန်လည်လုပ်ဆောင်ခြင်းဟာ အချိန်မတန်ခင်သုက်လွှတ်ခြင်း ကနေ ကိုယ်ခန္ဓာကို လေ့ကျင့်ပေးပြီး ဖြစ်သွားပါလိမ့်မယ်။ကွန်ဒုံးအထူသားကို သုံးခြင်းက အမျိုးသားရရှိနေတဲ့ လှုံ့ဆော်မှုတွေကို ဖြတ်တောက်နိုင်ပြီး အချိန်ပိုမို ကြာမြင့်စေပါတယ်။သူတို့ဟာ လိင်တံအရေပြားကို ခဏတာထုံစေတဲ့ အစွမ်း ရှိပါတယ်။နောက်ဆုံးအနေနဲ့ လိင်စိတ်အထွတ်အထိပ်ရောက်တော့မယ် ဆိုရင် ဘေ့စ်ဘောအကြောင်း စဉ်းစားလိုက်ပါဆိုတဲ့ဟာသ တောင်ရှိပါတယ်။ လိင်ကိစ္စနဲ့ မဆိုင်တဲ့ အရာတွေကို တွေးတောခြင်းဟာ လိင်တံထောင်မတ်မှုကို ကြာရှည်ခံစေပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/causes-of-premature-ejaculation/
ဓမ္မတာစောလာစေမည့် နည်းလမ်းအချို့
အမျိုးသမီးတချို့ဟာ အရေးကြီးဆောင်ရွက်ဖွယ်ရာ ကိစ္စရပ်တွေ မတိုင်မီ မိမိတို့ရဲ့ ဓမ္မတာကိစ္စရပ်တွေကို စောပြီး ကြုံချင်ကြပါတယ်။ ဓမ္မတာဆိုတာ ကိုယ်ကစောနိုင်သမျှ စောစေချင်အောင် တရက်နှစ်ရက်အတွင်း ရောက်လာအောင် လုပ်ယူနိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ သူ့ပုံမှန်အချိန်အတိုင်းအတာ အနီးဝန်းကျင်မှာပဲ ရှိနေမှာ ဖြစ်ပါတယ်။ အောက်ဖော်ပြမယ့် နည်းလမ်းတွေကတော့ဓမ္မတာစောလာစေချင်ရင် လုပ်ဆောင်နိုင်တဲ့ ကိစ္စတချို့ဖြစ်ပါတယ်။ ဒီနေရာမှာ ရာသီပထမဆုံးလာခြင်းကို ဆိုလိုတာမဟုတ်ဘဲ ပုံမှန်လာပြီးသူများကို ရက်စောပြီး လာစေဖို့သာ ရည်ရွယ်ပါတယ်။ ကဲ ….. ဓမ္မတာစောလာစေမည့် နည်းလမ်းအချို့ ကို မျှဝေပေးလိုက်ပါတယ်။အဓိကအားဖြင့်ဟော်မုန်းပါဝင်တဲ့ သန္ဓေတားဆေးတွေဖြစ်ပြီး စားသောက်မှုပုံစံ၊ လေ့ကျင့်ခန်း၊ စိတ်ဖိစီးမှု လျှော့ချခြင်း စတာတွေ ဖြစ်ပါတယ်။ဓမ္မတာစောလာစေမည့် နည်းလမ်းအချို့ ကတော့။အီစထရိုဂျင်နဲ့ ပရိုဂျက်စတင်ဟော်မုန်းတွေ ပေါင်းစပ်ထားတဲ့ ကိုယ်ဝန်တားဆေးဟာ အထိရောက်ဆုံးဖြစ်ပါတယ်။ အမျိုးသမီးတချို့ဟာ ဓမ္မတာစောလာစေဖို့ ဟော်မုန်းတားဆေးတွေ သောက်သုံးခြင်းကို စောစီးစွာ ရပ်ပစ်ကြပါတယ်။ အဆိုပါဆေးဝါးများ သောက်သုံးခြင်းအားဖြင့်လည်း ဓမ္မတာကာလကို ကျော်လွှားခြင်းတွေ ရှိတတ်ပါတယ်။ ကောင်းတာကတော့ ဆေးဝါးတွေနဲ့ ပတ်သက်ရင် ဆရာဝန် (သို့) နားလည်တတ်ကျွမ်းသူ ပညာရှင်များနဲ့ တိုင်ပင်သင့်ပါတယ်။ဖြေးဆေးနူးညံ့စွာ ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေဟာ ကြွက်သားများကို ပျော့ပျောင်းစေပြီးဓမ္မတာကာလကို အတန်ငယ် စောစေနိုင်ပါတယ်။ ဒါပေမယ့် တိကျသေချာခြင်း မရှိသေးဘဲ သုတေသနတွေ ထပ်မံပြုလုပ်ဖို့ လိုပါသေးတယ်။ အမျိုးသမီးတချို့ကတော့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကြောင့်ဓမ္မတာမမှန်ခြင်းမျိုးတွေ ရှိတတ်ပါတယ်။ လေ့ကျင့်ခန်းကို အသင့်အတင့်ပြုလုပ်ပေးခြင်းကသာ ဟော်မုန်းတွေကို မျှတစေပြီး ဓမ္မတာမှန်စေမှာ ဖြစ်ပါတယ်။သိပ္ပံနည်းကျ လေ့လာစမ်းသပ်မှုတွေအရ စိတ်ဖိစီးမှုများခြင်းဟာ ဓမ္မတာမမှန်ခြင်းနဲ့ ဆက်စပ်မှု ရှိနေပါတယ်။စိတ်ဖိစီးမှုဖြေလျှော့ခြင်း၊ သက်တောင့်သက်သာဖြစ်အောင်နေခြင်း စတာတွေဟာ အထောက်အကူ ပြုပါလိမ့်မယ်။ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း၊ မိတ်ဆွေသူငယ်ချင်းများနှင့် တွေ့ဆုံခြင်း စတာတွေဟာ စိတ်ဖိစီးမှုကို လျှော့ချပေးပါလိမ့်မယ်။ယုံဖို့တော့ ခက်ပါလိမ့်မယ်။ လိင်ဆက်ဆံခြင်းနဲ့ လိင်မှုကိစ္စပြီးမြောက်ခြင်းဟာ ဓမ္မတာစောလာစေဖို့ အထောက်အကူ ပြုပါတယ်။ လိင်ဆက်ဆံချိန်မှာ ထွက်လာတဲ့ ဟော်မုန်းများနဲ့ လိင်စိတ်အထွတ်အထိပ်ရောက်ချိန်မှာ ဖြစ်လာတဲ့ သားအိမ်ကျုံ့ခြင်းဟာ သားအိမ်ခေါင်းကို ပိုကျယ်လာစေပြီး သားအိမ်နံရံအမြှေးများကို ကွာကျစေပါတယ်။လူတဦးရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ သူ့ရဲ့ ဓမ္မတာစက်ဝန်းနဲ့ ပတ်သက်နေပါတယ်။ ကိုယ်အလေးချိန်နည်းလွန်းရင် ဓမ္မတာမမှန်ခြင်း၊ ဓမ္မတာထိန်ခြင်း စတာတွေ ဖြစ်စေတတ်ပါတယ်။ အကြောင်းအရင်းကတော့ ဓမ္မတာစက်ဝန်းနဲ့ ဆက်စပ်မှုရှိတဲ့ ဟော်မုန်းတွေကို ထုတ်လုပ်ဖို့လိုအပ်တဲ့ အဆီဓာတ် မရှိလို့ ဖြစ်ပါတယ်။ ကိုယ်အလေးချိန် များလွန်းရင်၊ ကိုယ်အလေးချိန် အတက်အကျမြန်လွန်းရင်လည်း ဓမ္မတာမမှန်ဘဲ ရှိတတ်ပါတယ်။စားသောက်မှုပုံစံနဲ့လည်း ဆက်စပ်မှု ရှိပါတယ်။ စားသောက်မှုပုံစံကြောင့် ကိုယ်အလေးချိန် ပြောင်းလဲမှု ရှိနိုင်သလို အဆီဓာတ်၊ ပရိုတိန်းနဲ့ အခြားအာဟာရဓာတ်များကြောင့် ဓမ္မတာပမာဏနဲ့ ကြာချိန်ကို သက်ရောက်မှု ရှိပါတယ်။ ကယ်လိုရီလျှော့လွန်းခြင်းနဲ့ လေ့ကျင့်ခန်း အပြင်းအထန်လုပ်ခြင်း နှစ်မျိုးစလုံးဟာ မျိုးပွားခြင်းဆိုင်ရာ ဟော်မုန်းများနဲ့ မျိုးဥကြွေခြင်းအပေါ် သက်ရောက်မှု ရှိပါတယ်။အမျိုးသမီးအများစုဟာ ဓမ္မတာကို စောလာအောင် သဘာဝနည်းလမ်းတွေ ဆေးဝါးတွေ သုံးစွဲတတ်ကြပါတယ်။ နည်းလမ်းတချို့ဟာ သိပ္ပံနည်းကျ အထောက်အထား ခိုင်မာမှု မရှိပေမယ့် လက်တွေ့အလုပ်ဖြစ်တာကို တွေ့ရပါတယ်။ အဆိုပါနည်းလမ်းတွေမှာ ဆိုးကျိုးအနည်းငယ်ရှိတာလည်း တွေ့ရပါတယ်။အောက်ပါသဘာဝနည်းလမ်းအချို့ကတော့ ဓမ္မတာစောလာစေတယ်လို့ လူအများက ယုံကြည်ကြပါတယ်။နာနတ်သီး။နာနတ်သီးမှာ ဘရိုမီလိန်းလို့ခေါ်တဲ့ အင်ဇိုင်းတမျိုးကြွယ်ဝပါတယ်။ အဆိုပါအင်ဇိုင်းဟာ အီစထရိုဂျင်နဲ့ တခြားဟော်မုန်းတွေအပေါ် သက်ရောက်မှုဖြစ်စေပါတယ်။ သုတေသနအချို့အရ ဘရိုမီလိန်းဟာ ရောင်ရမ်းခြင်းကို သက်သာစေပြီး ဓမ္မတာမမှန်ခြင်းကို လျော့နည်းစေတယ်လို့ သိရပါတယ်။ ဒါပေမယ့် သိပ္ပံနည်းကျအထောက်အထားတွေ လိုအပ်ပါသေးတယ်။ဗီတာမင်စီ။ဗီတာမင်စီ များများစားခြင်းဟာ ဓမ္မတာစောလာစေတယ်လို့ ယုံကြည်ကြပါတယ်။ ဗီတာမင်စီဟာ အီစထရိုဂျင်နဲ့ ပရိုဂျက်စထရုန်းဟော်မုန်းများနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ အဆိုပါဟော်မုန်းများဟာလည်း ဓမ္မတာစက်ဝိုင်းအတွက် အရေးကြီးတဲ့ ဟော်မုန်းတွေ ဖြစ်ပါတယ်။ ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာတွေကတော့ အစိမ်းရောင်ရှိသော သစ်သီးသစ်ရွက်များ (ဟင်းနုနွယ်၊ ကိုက်လန် စသည်တို့)၊ အချဉ်ဓာတ်ရှိသော အသီးများ (လိမ္မော်သီး၊ ဂရိတ်ဖရု)၊ ပန်းပွင့်စိမ်း၊ ပန်းဂေါ်ဖီစသော ဟင်းသီးဟင်းရွက်များ စတာတွေပဲ ဖြစ်ပါတယ်။ဆေးဖက်ဝင်အပင်များ။Emmenagogues ဟာ ဓမ္မတာလာစေတဲ့ ဆေးဘက်ဝင်အပင်မျိုးဖြစ်ပါတယ်။ ချာမိုမိုင်းပန်းပွင့်၊ တရုတ်နံနံ၊ သစ်ကြမ်းပိုး၊ ရို့စ်မေရီ၊ ကလျာဏီ၊ အော်ရီဂါနို စတဲ့ ဆေးဖက်ဝင်အပင်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကိုလည်း အသုံးပြုကြပါသေးတယ်။…….။နည်းလမ်းအများစုကတော့ ဘေးကင်းစိတ်ချရပါတယ်။ ဒါပေမယ့် ဆေးဘက်ဝင်အပင်နဲ့ ဓာတ်စာတွေကို သုံးစွဲမယ်ဆိုရင်တော့ အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ ထောက်ခံမှုကို ရထားတဲ့ တရားဝင် ဆေးဝါးပစ္စည်းတွေ ဖြစ်ဖို့ လိုအပ်ပါတယ်။ များသောအားဖြင့် ဓာတ်စာဆေးဝါးတွေဟာ တရားမဝင် ရောက်ရှိလာကြတာမို့ ပါဝင်ပစ္စည်းများ၊ ဓာတ်ပြုမှုများနဲ့ ပတ်သက်ပြီး သတိပြုဖို့ လိုအပ်ပါတယ်။ဟော်မုန်းတားဆေးတွေဟာ အများစုအတွက်တော့ အဆင်ပြေပါတယ်။ ဘေးထွက်ဆိုးကျိုးဟာ ရှားပါးပေမယ့် အမျိုးသမီးအချို့မှာ သွေးခဲခြင်း၊ လေဖြတ်ခြင်း၊ နှလုံးထိခိုက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။အကောင်းဆုံးကတော့ ဆရာဝန် (သို့မဟုတ်) တတ်ကျွမ်းနားလည်သူများကို တိုင်ပင်ဖို့ပါပဲ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/women-health/
Parkinson's Disease (ပါကင်ဆန်ရောဂါ)
ပါကင်ဆန်ရောဂါဆိုသည်မှာdopamine(ဒိုပါမင်း)ဟုခေါ်သည့် ဦးနှောက်တွင်းရှိ ဓာတ်တစ်မျိုးကို ထုတ်လုပ်ပေးသည့် ဆဲလ်များ ထိခိုက်မှုခံရတဲ့အာရုံကြောရောဂါတစ်မျိုးဖြစ်ပါတယ်။ Dopamine နည်းလာသည်နှင့်အမျှ လူတစ်ယောက်ရဲ့လှုပ်ရှားမှုများ၊ ကိုယ်ခန္ဓာဟန်ချက်ညီအောင် ထိန်းချုပ်ရခြင်းတို့တွင် အားနည်းပျက်စီးလာပါတယ်။အသက်၆၀ အထက် လူကြီးများဟာ ရောဂါဖြစ်နိုင်ချေပိုများပါတယ် ။ သို့သော် လူငယ်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ယောက်ျားလေးများဟာ မိန်းကလေးများထက်ပိုပြီး အဖြစ်များပါတယ်။ရောဂါလက္ခဏာများဟာ တစ်ယောက်နဲ့ တစ်ယောက်မတူညီနိုင်ပါဘူး။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့..။ပါကင်ဆန်ရောဂါ ဖြစ်စေတဲ့အကြောင်းအရာကိုမသိရှိရသေးပါဘူး။ လေ့လာစမ်းသပ်မှုများလုပ်နေကြတုန်းပါပဲ။ ဖြစ်နိုင်တဲ့အကြောင်းအရာတွေကတော့..။ရောဂါကိုရှာဖွေစမ်းသပ်ဖို့ အသေးစိတ်စမ်းသပ်မှုတွေမရှိပါဘူး။ သင့်ရဲ့ကျန်းမာရေးမှတ်တမ်း၊ ရောဂါလက္ခဏာများ အပေါ်မှာမူတည်ပြီး ဆရာဝန်ဟာ အာရုံကြောနဲ့အစိတ်အပိုင်းတွေကိုစမ်းသပ်ပါလိမ့်မယ်။သင့်ရောဂါလက္ခဏာတွေကို ဖြစ်စေတဲ့အခြေအနေတွေကိုသိရဖို့ သွေးစစ်ခြင်းကဲ့သို့ စမ်းသပ်မှုတွေကိုလည်း လုပ်ပါလိမ့်မယ်။ သံလိုက်ဓာတ်မှန် ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန် ရိုက်ခြင်း၊ SPETC နှင့် PET scan ရိုက်ခြင်းတို့ကို အခြားရောဂါများကို ရှာဖွေနိုင်ရန်အတွက် အသုံးပြုပါလိမ့်မည်။ဆရာဝန်ဟာ သင့်ကို ပါကင်ဆန်ရောဂါကုသရာတွင်သုံးသည့် carbidopa – levodopa ဆေးကိုပေးပါလိမ့်မယ်။ တစ်ရက် နှစ်ရက်စာ ပေးခြင်းဟာ မသက်သာစေတဲ့အတွက် ဆေးရဲ့အာနိသင်ရဖို့ ဆေးပမာဏလုံလုံလောက်လောက်ပေးပါလိမ့်မယ်။ ဒီဆေးသောက်သုံး၍ သက်သာလာခြင်းဟာလည်း ပါကင်ဆန်ရောဂါဟု အတည်ပြုရာတွင် အသုံးဝင်ပါတယ်။တစ်ခါတရံမှာ ပါကင်ဆန်ရောဂါကို ရှာဖွေစမ်းသပ်ခြင်းသည် အချိန်ကြာမြင့်တတ်ပါတယ်၊ ဦးနှောက်နဲ့ အာရုံကြောဆရာဝန်များနဲ့ မှန်မှန်တွေ့စေပြီး သင့်အခြေအနေနဲ့ ရောဂါလက္ခဏာများကို ရှာဖွေပြီး ပါကင်ဆန်ရောဂါဟုတ်မဟုတ် စမ်းသပ်စစ်ဆေးကြပါတယ် ။ပါကင်ဆန်ရောဂါကို အပြီးပျောက်အောင် ကုသ၍မရနိုင်ပါဘူး။ သို့သော်လည်း ဆေးဝါးများဟာတော့ သင့်ရဲ့ရောဂါလက္ခဏာများကိုသက်သာစေပါတယ်။ဆေးဝါးကုသမှုတွေဟာ သင့်ရဲ့လမ်းလျှောက်ခြင်း၊ လှုပ်ရှားခြင်းနဲ့ ခြေ၊ လက်များတုန်ခြင်း စတဲ့ပြဿနာတွေကို သက်သာစေပါလိမ့်မယ်။ ဒီလိုကုသမှုတွေဟာ dopamine ကိုများလာစေပါတယ်။ ကုသမှုခံယူပြီးတဲ့နောက်မှာ သင့်ရဲ့ရောဂါလက္ခဏာတွေဟာ သိသိသာသာ ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်။ဆေးဝါးကုသမှုတွေကတော့..။Carbidopa-levodopa။levodopa ဆေးဟာ ပါကင်ဆန်ရောဂါကိုကုသရာတွင်အထိရောက်ဆုံးဆေးဖြစ်ပါတယ်။ သူဟာ ဦးနှောက်ကိုဖြတ်ပြီး dopamine အဖြစ်သို့ပြောင်းနိုင်တဲ့သဘာဝ ဓာတုပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ levodopa ကို carbidopa နှင့်တွဲပေးရခြင်းဟာ carbidopa ဟာ levodopa ဦးနှောက်ဆီသို့မရောက်မီ dopamine အဖြစ်သို့ပြောင်းခြင်းမှ ကာကွယ်ပေးပြီး ပျို့အန်ခြင်းကဲ့သို့သောဆိုးကျိုးများကိုပါကာကွယ်ပေးပါတယ်။ အချိန်တွေကြာလာရင်တော့ ဆေးရဲ့အာနိသင် မတိုးတာမျိုး ဖြစ်သွားတတ်ပါတယ်။ ဆေးလွန်သွားရင်လည်း လှုပ်ရှားမှုတွေမညီမညွတ်ဖြစ်တတ်ပါတယ်။ ဒီလိုဆိုးကျိုးတွေကို ကာကွယ်နိုင်ဖို့ ဆရာဝန်ဟာ ဆေးပမာဏကိုလျှော့ချခြင်းဖြစ်စေ၊ ဆေးသောက်ချိန်များကို ညှိ၍ဖြစ်စေ ပြုလုပ်ပါလိမ့်မယ်။Carbidopa-levodopa သွင်းဆေး။ဒါဟာ carbidopa နှင့် levodopa ပေါင်းစပ်ပြုလုပ်ထားပြီး အစာအိမ်နှင့် ဆက်သွယ်ထားသောပြွန်မှထည့်သွင်းရပါတယ်။ ဒီလိုထည့်သွင်းခြင်းဟာ အူသိမ်ဆီသို့ဆေးကို gel ပုံစံဖြင့်ရောက်ရှိစေပါတယ် ။Dopamine agonist။levodopaနှင့် carbidopa ကဲ့သို့ dopamineအဖြစ်သို့ မပြောင်းသော်လည်း dopamine ရဲ့အာနိသင်များကို လုပ်ဆောင်နိုင်ပါတယ်။ levodopa ကဲ့သို့ အာနိသင်မကောင်းလှသော်လည်းဆေးရဲ့ကြာမြင့်ချိန်ကို ပိုမိုကြာစေပြီး levodopa ပေးလိုက်၊ ရပ်လိုက်နဲ့ အာနိသင်ကို ချောမွေ့ကောင်းမွန်စေပါတယ်။MAO-B inhibitors။dopamine ကိုချေဖျက်တဲ့အင်ဇိုင်း monoamine oxidase ကိုပိတ်ခြင်းဖြင့် dopamine များကိုများစေပါတယ်။ carbidopa ၊ levodopa ဆေးများနှင့်တွဲပေးတဲ့အခါ ထင်ယောင်ထင်မှားဖြစ်မှုကို ပိုဆိုးစေပါတယ်။ ဒီလိုဆေးတွေက ရှားပါးပေမယ့် ပြင်းထန်တဲ့ဓာတ်ပြုမှုတွေ ဖြစ်နိုင်တာကြောင့် စိတ်ကျဆေးတွေနဲ့ တွဲမပေးပါဘူး။ MAO b inhibitor ဆေးသုံးစွဲနေစဉ်အခြားဆေးများသုံးစွဲမည်ဆိုပါကဆရာဝန်နှင့် အရင်တိုင်ပင်သင့်ပါတယ်။COMT inhibitor။dopamine ကိုဖျက်စီးတဲ့အင်ဇိုင်းကိုပိတ်ခြင်းဖြင့် levodopa ရဲ့အာနိသင်ကိုကြာမြင့်စေပါတယ်။Anticholenergic။ပါကင်ဆန်ရောဂါတွင် လက်များခြေများတုန်ခြင်းကိုသက်သာစေရန်အသုံးပြုကြပါတယ်။ anticholenergic ဆေးများစွာရှိပြီး benztropine သို့ trihexyphenidyl ဆေးများပါဝင်ပါတယ် ။Amantadine။ပါကင်ဆန်ရောဂါဖြစ်တာ မကြာသေးသူများတွင်levodopa carbidopa ကြောင့်ဖြစ်သော အလိုအလျောက်လှုပ်ရှားသည့် ရောဂါလက္ခဏာများ ခဏတာသက်သာစေရန် amantadine ဆေးတစ်မျိုးတည်းပေးပါတယ် ။မတည်ငြိမ်တဲ့တုံ့ပြန်မှုတွေရနေတဲ့၊ ပိုဆိုးတဲ့ ပါကင်ဆန်ရောဂါသည်များအတွက် ဦးနှောက်ကို ခွဲစိတ်ရန်လိုအပ်ပါတယ်။ ဒီနည်းလမ်းဟာ ရောဂါလက္ခဏာတွေကို သက်သာစေသော်လည်း ပါကင်ဆန်ရောဂါဆက်လက်မဖြစ်ပွားအောင်တော့မတားဆီးနိုင်ပါဘူး ။ပါကင်ဆန်ရောဂါ သည် အသက်ကြီးသူများတွင် အဖြစ်များသည့် နာတာရှည် ရောဂါဖြစ်ပါတယ်။ ကုသလို့ မပျောက်ပေမယ့် လက္ခဏာတွေ သက်သာအောင် ထိန်းထားလို့ရပါတယ်။ စိတ်ဓာတ်မကျဖို့နဲ့ အိမ်သားတွေရဲ့ ဖေးမမှုက အရေးပါပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/parkinsons-disease/parkinsons-disease/
နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ မနက်ခင်း အလေ့အထ ၅ ခု
နှလုံး ကျန်းမာနေတာက ကျန်းမာစွာ အသက်ရှင်နေတယ်ဆိုတဲ့ လက္ခဏာလေး တစ်ရပ်ပါ။ ရင်ဘတ်ရဲ့ ဘယ်ဘက်ခြမ်းထဲက နှလုံးလေး စည်းချက်မှန်မှန် လှုပ်ရှားနေမှ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို သွေးနဲ့ အောက်ဆီဂျင်တွေ ရောက်ရှိမှာ ဖြစ်သလို နေ့စဉ် လှုပ်ရှားမှုတွေကိုလည်း ကောင်းကောင်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ မနက်ခင်း အလေ့အထ ၅ ခုအကြောင်း ပြောပြပေးချင်ပါတယ်။ကျန်းမာတဲ့ ဘဝနေထိုင်မှု အလေ့အထတွေက အချိန်ကြာလာတာနဲ့အမျှ နှလုံးကို ကျန်းမာစေနိုင်သလို သွေးလည်ပတ်မှု လုပ်ငန်းစဉ်တွေကိုလည်း ကောင်းမွန်စေပါတယ်။ မနက်ခင်းမှာ ကျန်းမာတဲ့ အလေ့အထတွေနဲ့ စတင်တာက တစ်နေ့တာလုံးမှာ သက်လုံကောင်းကောင်းနဲ့ အကောင်းဆုံး လှုပ်ရှားနိုင်စေမှာပါ။ကဲ …. နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့မနက်ခင်း အလေ့အထ ၅ ခုကို အတူတူ ကြည့်လိုက်ရအောင်နော်။အိပ်ရာထပြီး သိပ်မကြာခင်မှာ ရေသောက်ပါ။ ခန္ဓာကိုယ်က အိပ်စက်နေတုန်းမှာ ရေဓာတ်ဆုံးရှုံး ထားတာတွေ ရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ဖြည့်တင်းဖို့အတွက် အိပ်ရာနိုးနိုးချင်းမှာ ရေတစ်ခွက်ကို သောက်ချလိုက်ပါ။ဒီလိုမျိုး ရေသောက်လိုက်တာက ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝစေပြီးနှလုံး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စေသလို ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် ရောက်ရှိမှု ကောင်းမွန်စေပါတယ်။မနက်ခင်းမှာ သွားတိုက်တာက အကောင်းဆုံး နည်းလမ်းပါ။ မနက်စောစောထပြီး သွားတိုက်တာက ခံတွင်းကိုတင် ကျန်းမာစေတာ မဟုတ်ဘဲ နှလုံး ကိုပါ ကျန်းမာစေနိုင်ပါတယ်။ ခံတွင်းက ဘက်တီးရီးယားပိုးတွေ သွေးကြောတွေဆီကနေတဆင့် နှလုံးကို ရောက်ပြီး အန္တရာယ်မဖြစ်စေဖို့ဆိုရင် သွားပုံမှန်တိုက်ပေးဖို့ လိုပါတယ်။ မနက် အိပ်ရာထချိန်နဲ့ ညဘက် အိပ်ရာမဝင်ခင်မှာ သွားမှန်မှန် တိုက်ပေးတာက သွေးကြောတွေကို ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။တရားထိုင်တာက တစ်နေ့တာရဲ့ ဘယ်အချိန်မှာမဆို ထိုင်လို့ ရပါတယ်။ တရားထိုင်တာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးသလိုနှလုံး ရဲ့ လုပ်ဆောင်မှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ မနက်ခင်းမှာ တရားထိုင်တာက နှလုံး ကျန်းမာစေပြီး သွေးစီးဆင်းမှု ကောင်းစေနိုင်ပါတယ်။ မနက်ခင်းမှာတော့ အာရုံစိုက်စရာတွေ သိပ်မရှိသေးတော့ ပိုပြီး စူးစိုက်လို့ ကောင်းမှာပါ။တစ်နေ့ကို အနည်းဆုံး ၅ မိနစ်လောက် ပုံမှန် တရားထိုင်ပေးပါ။ စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်တာကြောင့် နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။မနက်ခင်းမှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက စိတ်ခံစားမှု ကောင်းစေပြီး ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေနိုင်ပါတယ်။ ကယ်လ်လိုရီတွေ လောင်ကျွမ်းစေတာကြောင့် ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပြီး  နှလုံးသွေးကြောတွေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ဒါကြောင့် လမ်းလျှောက်တာ၊ ကာဒီယို လေ့ကျင့်ခန်းလုပ်တာ၊ Zumba ကတာတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။ မနက်ခင်း gym ဆော့ပေးတာကလည်း နှလုံး ကျန်းမာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။တစ်နေ့တာမှာ မနက်စာက အတော်လေး အရေးပါပါတယ်။ မနက်စာကို အာဟာရပြည့်ဝအောင် စားသုံးပေးတာက နှလုံး ကျန်းမာစေပြီး ခန္ဓာကိုယ်ကို ရောဂါကင်းစေဖို့ ထောက်ကူပေးပါတယ်။မနက်စာကို သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ ပါဝင်အောင် စားသုံးပေးတာကလည်း နှလုံး ကျန်းမာစေမယ့် နည်းလမ်းကောင်းပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/morning-heart-health-habits/
ပြောင်းပြန်သုက်လွှတ်ခြင်း၊ ဆီးအိမ်ထဲသို့ သုက်ဝင်သွားသည့်အခါ
ပြောင်းပြန်သုက်လွှတ်ခြင်းဟာ လိင်စိတ်အထွတ်အထိပ်ရောက်စဉ်မှာ သုက်ရည်တွေ လိင်တံကို ဖြတ်သန်းသွားရမယ့်အစား ဆီးအိမ်ထဲကို ဝင်ရောက်သွားခြင်းကို ဆိုလိုပါတယ်။ လိင်စိတ်အထွတ်အထိပ်ကိုတော့ ရောက်ပေမယ့် သုက်ရည် အနည်းငယ်သာ (သို့) လုံးဝ ထုတ်လွှတ်ခြင်း မရှိပါဘူး။ ဒါကို Dry orgasm လို့ ခေါ်ပါတယ်။ ပြောင်းပြန်သုက်လွှတ်ခြင်းဟာ အန္တရာယ် မရှိပေမယ့် အမျိုးသားတွေမှာ မြုံခြင်းကိုတော့ ဖြစ်ပေါ်စေနိုင်ပါတယ်။ပြောင်းပြန်သုက်လွှတ်ခြင်းဟာ လိင်တံထောင်မတ်ခြင်း (သို့) လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းကို သက်ရောက်ခြင်း မရှိပါဘူး။ ဒါပေမယ့် လိင်စိတ်အထွတ်အထိပ်ရောက်တဲ့အခါမှာတော့ သုက်ပိုးတွေဟာ လိင်တံကနေ ထွက်လာရမယ့်အစား ဆီးအိမ်ထဲကို ဝင်သွားတာဖြစ်ပါတယ်။ ပြီးသွားရင် ဆီးတွေမှာ သုက်ရည်ပါဝင်တာကြောင့် အရောင်နောက်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ပြောင်းပြန်သုက်လွှတ်ခြင်းဟာ အန္တရာယ်မရှိပေမယ့် ကလေးလိုချင်ရင်တော့ ကုသဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် သင့်မှာ ဒီအခြေအနေရှိနေခဲ့ရင် ကုသဖို့ လိုအပ်တဲ့ ရောဂါအခံ ရှိမနေဘူးဆိုတာ သေချာစေဖို့ ဆရာဝန်ကို ပြသသင့်ပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ ကိုယ်ခန္ဓါဟာ မတူညီစွာပြုမူကြတာကြောင့် သင့်အခြေအနေအတွက် ဘယ်အရာကအကောင်းဆုံးလဲဆိုတာ သိရှိအောင် ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။ပြောင်းပြန်သုက်လွှတ်ခြင်းရဲ့ အကြောင်းရင်းတွေက သုက်လွှတ်စဉ်မှာ ဆီးအိမ်ဟာ ပိတ်နေရမယ့်အစား ပွင့်နေတာကြောင့် သုက်ရည်တွေ ဆီးအိမ်အတွင်းဝင်သွား ခြင်း ဖြစ်နိုင်ပါတယ်။အခြေအနေအတော်များများဟာ သုက်လွှတ်စဉ် ဆီးအိမ်ကို ပိတ်စေတဲ့ ကြွက်သားကို ပြဿနာ ဖြစ်စေနိုင်ပါတယ်။အောက်ဖေါ်ပြပါ အရာတွေရှိရင် ပြောင်းပြန်သုက်လွှတ်နှုန်းကို မြင့်တက်စေပါတယ်။ပြောင်းပြန်သုက်လွှတ်ခြင်းကို သိရှိဖို့ ဆရာဝန်က အောက်ပါ အချက်တွေကို ပြုလုပ်နိုင်ပါတယ်။သင့်ဆရာဝန်က ပြောင်းပြန်သုက်လွှတ်ခြင်းကို ဖြစ်စေတဲ့ ဆေးတွေ သောက်သုံးမှုကို ရပ်ခိုင်းနိုင်ပါတယ်။ ဆီးချို (သို့) ခွဲစိတ်မှု တစ်ခုခုကြောင့် ဖြစ်တဲ့ ပြောင်းပြန်သုက်လွှတ်ခြင်းရှိတဲ့ လူနာ သုံးပုံတစ်ပုံဟာ ဆီးအိမ် ကို ပိတ်စေတဲ့ ဆေးတွေသောက်အပြီးမှာ ပြန်ကောင်းသွားတတ်ကြပါတယ်။ (ဥပမာ pseudoephedrine, phenylephrine, chlorpheniramine, brompheniramine, or imipramine)။ ဒါပေမယ့် ဆေးအတော်များများဟာ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ကို တက်စေတာမို့ သွေးပေါင်တက်ပြီး နှလုံးရောဂါ ရှိတဲ့ အမျိုးသားတွေမှာ အန္တရာယ် ရှိနိုင်ပါတယ်။အောက်ဖေါ်ပြပါ လူနေမှု ပုံစံတွေနဲ့ အိမ်လုပ်ဆေးတွေဟာ ပြောင်းပြန်သုက်လွှတ်ခြင်းကို ကူညီပေးနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%bc%e1%80%94%e1%80%ba%e1%80%9e%e1%80%af%e1%80%80%e1%80%ba%e1%80%9c%e1%80%bd%e1%80%be%e1%80%90%e1%80%ba%e1%80%81%e1%80%bc/
Memory Loss (မှတ်ဉာဏ်ပျောက်ဆုံခြင်း)
မှတ်ဉာဏ်ပျောက်ဆုံးခြင်းဆိုသည်မှာ အချက်အလက်၊ အကြောင်းအရာ၊ အတွေ့အကြုံ၊များကဲ့သိုသော မှတ်ဉာဏ်များပျောက်ဆုံးခြင်းဖြစ်သည်။ မှတ်ဉာဏ်ပျောက်တတ်သောသူများသည် များသောအားဖြင့် အချိန်အတိုင်းအတာတစ်ခုတွင် ဖြစ်ပေါ်သည်။ သူတို့ကိုယ်သူတို့လည်း မှတ်မိပြီး၊ အသစ်သင်ယူခြင်းနှင့် မှတ်ဉာဏ်အသစ်ပြုလုပ်ခြင်းများတွင် အခက်အခဲရှိနိုင်သည်။မှတ်ဉာဏ်ပျောက်ဆုံးခြင်းသည် အလွန်အဖြစ်များသော ကျန်းမာရေးအခြအနေဖြစ်သည်။ ငယ်ရွယ်သူများထက် အသက်ကြီးသူများတွင်ပိုဖြစ်သည်။ သို့သော် အသက်အရွယ်မရွေးတွင် ဖြစ်နိုင်ပါသည်။ ၎င်းကို အဖြစ်များစေနိုင်သော အချက်များကို ရှောင်ခြင်းဖြင့် ဖြစ်ပွားခြင်းကိုထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။အဖြစ်များသော လက္ခဏာများမှာအောက်ပါအတိုင်းဖြစ်သည်။– မှတ်ဉာဏ်အသစ်များကို မမှတ်မိခြင်း။– ယခင်က အဖြစ်အပျက်များကိုမမှတ်မိခြင်း၊။– မမှန်ကန်သော မှတ်ဉာဏ်အသစ်များ ဖန်တီးခြင်း၊ သို့မဟုတ် အသိမှားယွင်းနေခြင်း။– စိတ်ရှုပ်ထွေးခြင်း၊ သေချာစွာမသိခြင်း။အထက်တွင်ဖော်ပြထားသော အချက်များမဟုတ်ပဲ အခြားသော လက္ခဏာများလည်း ရှိနိုင်သည်။ သင့်တွင်ရောဂါလက္ခဏာနှင့် ပတ်သတ်၍စိတ်ပူနေသည်များရှိလျင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။အထက်တွင်ဖော်ပြထားသောလက္ခဏာများရှိလျင်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်သည် တုံ့ပြန်မှုမတူညီကြသည့်အတွက်သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။သတိမေ့ခြင်းသည် စိတ်ခံစားမှုနှင့် မှတ်ဉာဏ်ကိုထိန်းချုပ်သော ဦးနှောက် ဖွဲ့စည်းပုံပျက်စီးခြင်းကြောင့်ဖြစ်သည်။ ထိုဖွဲ့စည်းပုံများတွင် သင့်ဦးနှောက်၏ အတွင်းဘက် အလယ်တွင် နက်ရှိုင်းစွာတည်ရှိသည့် Thalamus နှင့်ဘေးဘက်တွင် တည်ရှိသော Hippocampal ဖြစ်ပေါ်ခြင်းများ ပါဝင်သည်။အောက်ပါတို့သည် မှတ်ဉာဏ်ပျောက်ဆုံးခြင်းကို အဖြစ်များစေသောအကြောင်းရင်းများဖြစ်သည်။-ဦးခေါင်းကိုထိခိုက်ဒဏ်ရာရပြီး ခွဲစိတ်မှုပြုလုပ်ထားခြင်း။-လေဖြတ်ထားခြင်း။-အရက်အရမ်းသောက်ခြင်း။-အတက်ရောဂါရှိခြင်း။-စိတ်ကျဆေးများ၊ အိပ်ဆေးများကဲ့သို့သော ဆေးဝါးများ သုံးစွဲခြင်း။-စိတ်ဖိစီးမှုနှင့်စိတ်ဓါတ်ကျရောဂါ။-ဗီတာမင် B1 B12 ချို့တဲ့ခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။မှတ်ဉာဏ်ပျောက်ဆုံးခြင်းကို စစ်ဆေးရန် သင့်ဆရာဝန်မှ ဆေးပညာရာဇဝင်နောက်ကြောင်းကိုမေးမြန်းပြီး၊ ကိုယ်ကာယစစ်ဆေးဆေးခြင်း ပြုလုပ်နိုင်သည်။ စိတ်ပိုင်းဆိုင်ရာ မေးခွန်းများလည်း မေးနိုင်သည်။ အဖြေပေါ်မူတည်၍ အခြားလိုအပ်သော စစ်ဆေးချက်များဖြစ်သော သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ အာရုံကြောစနစ်စစ်ဆေးခြင်း နှင့် CT, MRI စက်များကို အသုံးပြု၍ ဦးနှောက်ကိုစစ်ဆေးခြင်းများကို ပြုလုပ်နိုင်သည်။မှတ်ဉာဏ်ပျောက်ဆုံးခြင်းကို ကုသရန်သည် ဖြစ်သော အကြောင်းရင်းပေါ်တွင် မူတည်သည်။ မှတ်ဉာဏ်ပျောက်ဆုံးခြင်း၏ အကြောင်းရင်းအများစုအတွက် ယခုအချိန်တွင် ဆေးမရှိသေးပါ။ အာဟာရချို့တဲ့သည့်အကြောင်းရင်းအတွက်မူ သင့်တော်သော အာဟာရနှင့်ဖြည့်စွက် ဗီတာမင်များပေးနိုင်သည်။မှတ်ဉာဏ်ပျောက်ဆုံးနေသောသူသည် အလုပ်ပိုင်းဆိုင်ရာကုသရေးပညာရှင်နှင့် တိုင်ပင်ပြီး ပျောက်ဆုံးနေသော မှတ်ဉာဏ်နေရာတွင် မှတ်ဉာဏ်အသစ်များကို အစားထိုးခြင်း၊ အရေးကြီးသော မှတ်ဉာဏ်များပြန်ရစေရန် နည်းပညာအသစ်များကို သုံးခြင်း သိုမဟုတ် ဆေးသောက်ခြင်း အားဖြင့် ကုသနိုင်သည်။အောက်ပါတို့သည် သင့်ကို မှတ်ဉာဏ်ပျောက်ဆုံးခြင်းနှင့် ပတ်သတ်ပြီး အကူအညီဖြစ်စေရန် နည်းလမ်းများဖြစ်ပါသည်။– အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ပါ။– ကိုယ်ကာယကြံ့ခိုင်ရေးကို ပြုလုပ်ပါ။– လေ့လာသင်ယူခြင်းကို စဉ်ဆက်မပြတ်လုပ်ပါ။– ဆေးလိပ်မသောက်ပါနှင့်။– ကျန်းမာသော အာဟာရပုံစံကို ထိန်းသိမ်းပါ။– ညဘက် အိပ်ရေး၀၀အိပ်ပါ။သင့်တွင်မေးမြန်းလိုသည်များရှိလျင် သင့်အတွက် အကောင်းဆုံး အကြံဉာဏ်ကို ရရှိနိုင်ရန် ဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/dementia-and-alzheimers-disease/memory-loss-%e1%80%99%e1%80%be%e1%80%90%e1%80%ba%e1%80%89%e1%80%ac%e1%80%8f%e1%80%ba%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%86%e1%80%af%e1%80%b6%e1%80%81%e1%80%bc%e1%80%84/
Brain Hemorrhage (ဦးနှောက်တွင်းသွေးယိုခြင်း)
ဦးနှောက်တွင်းသွေးယိုခြင်းဟာ ဦးနှောက်တစ်သျှူးများထဲသို့ သွေးကြောပေါက်ကာ သွေးများရုတ်တရတ်စီးဝင်ခြင်းဖြစ်ပြီး ဦးနှောက်ကိုထိခိုက်စေပါတယ်။ ထိခိုက်မှုကြောင့် ထွက်လာတဲ့သွေးတွေက ဦးနှောက်တစ်သျှူးတွေကို သွားရောက်ထိခိုက်စေပြီးရောင်ရမ်းခြင်းများဖြစ်စေနိုင်ပါတယ်။ ဒါကိုဦးနှောက်ဖောရောင်ခြင်းလို့ခေါ်လေ့ရှိတယ်။ သွေးတွေစုသွားတဲ့အခါ သွေးလုံးကြီးတစ်ခုဖြစ်လာကာ ဘေးပတ်ဝန်းကျင်မှတစ်သျူးများကိုဖိပြီး ဆဲလ်များကိုသေစေနိုင်ပါတယ်။သွေးယိုခြင်းကဦးနှောက်ထဲမှာဖြစ်နိုင်တယ်၊ ဦးနှောက်နဲ့အမြှေးပါးကြား၊ အမြှေးပါးနှစ်လွှာကြား၊ ဒါမှမဟုတ် ဦးနှောက်အမြှေးပါးနဲ့ ဦးခေါင်းခွံကြားမှာဖြစ်နိုင်ပါတယ်။ဦးနှောက်သွေးယိုခြင်းဟာ ချက်ခြင်းကုသမှုလိုအပ်သော အရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီး အများစုမှာ ထာဝရချို့ယွင်းမှု အနည်းနဲ့အများဖြစ်သွားနိုင်ပါတယ်။ တချို့လူတွေမှာတော့ လုံးဝပြန်ကောင်းနိုင်ပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ နောက်ဆက်တွဲပြဿနာတွေကတော့ လေဖြတ်ခြင်း၊ ဦးနှောက်လုပ်ငန်းဆောင်တာများချို့ယွင်းခြင်း၊ ဆေးကုသမှုများ၏ ဘေးထွက်ဆိုးကျိုးကိုခံစားရခြင်းတို့ဖြစ်နိုင်ပါတယ်။ သေနိုင်ပြီး ချက်ခြင်းကုသမှုပေးနေရင်းနဲ့တောင်မှ တိမ်းပါးသွားတာမျိုးရှိနိုင်ပါတယ်။အလွန်ကိုအဖြစ်များပြီး အရွယ်မရွေးဖြစ်နိုင်တယ်။ အမျိုးသားတွေမှာပိုဖြစ်လေ့ရှိပြီး သွေးယိုစေတဲ့အခြေအနေတွေကိုရှောင်ခြင်းဖြင့် ဖြစ်ရပ်ကိုထိန်းသိမ်းနိုင်ပါတယ်။ အသေးစိတ်အချက်အတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။အဖြစ်များတဲ့လက္ခဏာတွေကတော့ –။ဖော်ပြထားသောလက္ခဏာများအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။တကယ်လို့ဖော်ပြထားတဲ့လက္ခဏာတွေခံစားရမယ်၊ သိလိုသည်များရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတဲ့အတွက် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်လက္ခဏာတွေပေါ်မူတည်ပြီး ဦးနှောက်၏မည့်သည့်အပိုင်း ထိခိုက်သလဲစစ်ဆေးပါလိမ့်မယ်။ အတွင်းအင်္ဂါသွေးယိုစီးမှု၊ သွေးစုမှုတွေကိုဖောပြနိုင်တဲ့စီတီစကင်၊ အမ်အာအိုင် စတဲ့ ပုံရိပ်ရိုက်ယူစစ်ဆေးမှုများ များစွာလုပ်ကောင်းလုပ်နိုင်ပါတယ်။ အမြင်အာရုံကြောရောင်ရမ်းမှုကိုသိရှိနိုင်မယ့် အာရုံကြောဆိုင်ရာ စစ်ဆေးမှုများ၊ အမြင်အာရုံစစ်ဆေးမှုများလည်းလုပ်နိုင်ပြီး ရိုးတွင်းခြင်ဆီစစ်ဆေးမှုများလည်းလုပ်နိုင်ပါတယ်။ကုသမှုမှာ သွေးယိုသောနေရာ၊ အကြောင်းအရင်း၊ ပမာဏပေါ် မူတည်နိုင်တယ်။ ရောင်ရမ်းခြင်းကိုသက်သာပြီး သွေးယိုခြင်းကို ကာကွယ်နိုင်ဖို့အတွက် ခွဲစိတ်ရန်လိုကောင်းလိုနိုင်ပြီး သွေးခဲရှိနေသောနေရာပေါ်မူတည်ကာ ဦးခေါင်းခွံဖောက် ဖယ်ထုတ်ရခြင်းမျိုးရှိနိုင်ပါတယ်။ အနာပျောက်ဆေး၊ စတီးရွိုက်၊ ဆီးဆေး၊ အတက်ကျဆေး စသည့်ဆေးများလည်းပါဝင်နိုင်တယ်။ဦးနှောက်ထိခိုက်ခြင်းကြောင့်ရသော လက္ခဏာတွေသက်သာစေဖို့အတွက် အချိန်ကြာကုသဖို့လိုပြီး လက္ခဏာတွေပေါ်မူတည်ကာ ရုပ်ပိုင်းဆိုင်ရာ၊ စကားပြောဆိုမှု၊ စသည်ဖြင့်ကုသမှုအမျိုးမျိုးလိုနိုင်ပါတယ်။သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/brain-hemorrhage-%e1%80%a5%e1%80%ae%e1%80%b8%e1%80%b1%e1%80%94%e1%80%bd%e1%80%ac%e1%80%80%e1%80%b9%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%9a%e1%80%af/
အမျိုးသမီးများမေးရန်ကြောက်ရွံ့ကြသည့် လိင်နှင့်ပတ်သက်သည့်မေးခွန်းများ
လူအတော်များများမှာ အခြားသူတွေကို မပြောတဲ့အကြောင်းတွေ (ဥပမာ လိင်ဆက်ဆံမှုဆိုင်ရာ အကြောင်းအရာများ) ရှိပြီး အခြားသူတွေနဲ့ အထူးသဖြင့် အမျိုးသမီးတွေနဲ့ မျှဝေလို့ မရပါဘူး။ ဒါကြောင့် အချစ်ဆုံးသူငယ်ချင်းကို မေးမယ့်အစား Google ကိုပဲ မေးသင့်ပါတယ်။ဒီအကြောင်းကို ပြောပါ။ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ မရှက်သင့်ပါဘူး။ အရမ်းသေးနေပြီး သင့်ကို သာယာမှု မရစေဘူးဆိုရင် သူသင့်ကို အခြားနည်းတွေနဲ့ သာယာအောင် လုပ်ပေးနိုင်ပါတယ်။ လက်နဲ့ (သို့) ပါးစပ်နဲ့ သာယာမှု ရအောင် လုပ်ရာမှာ ကျွမ်းကျင်သူ ဖြစ်နိုင်ပါတယ်။ တကယ်လို့ ပြောင်းပြန်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ချောဆီ အများကြီးအသုံးပြုနိုင်ပြီး ဖြည်းညင်းစွာ ပြုလုပ်နိုင်ပါတယ်။ အမျိုးသမီးဟာ အရှိန်ကို ထိန်းနိုင်ပြီး သာယာမှုရအောင်ညှိနိုင်တဲ့ အပေါ်ကနေတဲ့ ပုံစံကိုလည်း လုပ်ကြည့်နိုင်ပါတယ်။ပါးစပ်နဲ့လိင်ဆက်ဆံစဉ်မှာ အမျိုးသမီးတွေဟာ လှုံ့ဆော်မှု အမျိုးမျိုးကို လိုအပ်ပါတယ်။ ဒါကြောင့် ဒီအကြောင်းကို သူ့ကို ပွင့်လင်းစွာဖွင့်ပြောဖို့လိုပြီး သင်ကြိုက်တဲ့ အရှိန်၊ လမ်းကြောင်းတွေအကုန်လုံးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသင့်ပါတယ်။ ပြီးတော့ သင်ဘယ်လောက် သာယာမှု ရတယ်ဆိုတာကို သူစိတ်ချမ်းမြေ့စေဖို့ ဖေါ်ပြသင့်ပါတယ်။ဒါဟာ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါပေမယ့် ဒါဟာ အဆင်ပြေနိုင်ပါတယ်။ ဖြစ်နိုင်ခြေများတာကတော့ မှန်ကန်တဲ့နေရာကို ရှာဖွေမှု မှားယွင်းတာ ဖြစ်နိုင်ပါတယ်။ အမျိုးသမီး အတော်များများဟာ မိန်းမကိုယ်နဲ့ လိင်ဆက်ဆံခြင်း တစ်ခုတည်း (သို့) clitoris လှုံ့ဆော်မှု (သို့) တစ်ကိုယ်ရည် အာသာဖြေခြင်းတွေ တစ်မျိုးတည်းနဲ့ လိင်စိတ်အထွတ်အထိပ် မရောက်တာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်လို့ ဒါဟာ အကြောင်းရင်းမဟုတ်ခဲ့ရင် ကျန်းမာရေး အခြေအနေတွေ ဖြစ်တဲ့ ဆီးချို၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ စိတ်ကျခြင်း၊ စိတ်ဖိစီးခြင်းနဲ့ ဟော်မုန်းကျဆင်းခြင်းတွေဟာ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းအပေါ်သက်ရောက်မှု ရှိနိုင်ပါတယ်။လိင်ဆက်ဆံအပြီး သွေးထွက်တတ်တဲ့ အမျိုးသမီးတွေဟာ ကျန်းမာရေးစောင့်ရှောက်သူနဲ့ ပြသသင့်ပါတယ်။ ရောဂါပိုးဝင်ခြင်း (သို့) endometriosis ဖြစ်နိုင်ပါတယ်။ ပုံမှန် Pap test နဲ့ လည်း ဆက်စပ်နိုင်ပါတယ်။ နာကျင်မှုဟာ ရောဂါပိုးဝင်ခြင်းရဲ့ လက္ခဏာ တစ်မျိုးပဲ ဖြစ်ပါတယ်။Emily Morse, host of Sex with Emily ရဲ့ အဆိုအရ လိင်ဆက်ဆံစဉ် ဆီးသွားချင်ခြင်းဟာ သတင်းကောင်း ဖြစ်ပါတယ်။ ဒါဟာ သင့်ရဲ့ G-spot ကို မှန်ကန်စွာ လှုံ့ဆော်ခြင်း ဖြစ်နိုင်ပြီး လိင်စိတ်အထွတ်အထိပ် ပိုရောက်နိုင်ပါတယ်။ လိင်ဆက်ဆံစဉ် ဆီးအနည်းငယ်ထွက်ခြင်း ဖြစ်နိုင်ပါတယ်။ အချို့တွေက ဒါဟာ ဆီးမဟုတ်ပဲ လိင်စိတ်အထွတ်အထိပ်ရောက်တဲ့ အခါ အမျိုးသမီး အရည်ထွက်ခြင်းလို့ ယုံကြည်ကြပါတယ်။အထက်မှာ ဖေါ်ပြခဲ့သလိုပဲ squirting ဆိုတာဟာ အမျိုးသမီး အရည်အချို့ ဆီးပြွန်ကနေ ပန်းထွက်တာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီအရည်ဟာ G-spot ကို လှုံ့ဆော်ခြင်းနဲ့ တွဲလျက်ရှိတာ ဖြစ်ပါတယ်။ ဒါဟာ ဆီးမဟုတ်ပေမယ့် လူတွေက ဆီးလို့ထင်တတ်ပါတယ်။ သူဟာ အမျိုးသားတွေထ့က သုက်ရည်နဲ့ အလွန်တူပြီး သုက်ပိုး မပါရှိပါဘူးလို့ Morse က ပြောပါတယ်။ porn မှာ ဘယ်လိုပဲ မြင်လာသည်ဖြစ်စေ ဒါဟာ အမျိုးသမီးတွေ အကုန်လုံးမှာ တစ်ချိန်လုံး ဖြစ်နေတဲ့ အရာတော့ မဟုတ်ပါဘူး။အထက်ဖေါ်ပြပါ အရာတွေနဲ့ ပတ်သက်ပြီး ဒုက္ခတွေ့နေတယ်ဆိုရင် ဒီဆောင်းပါးဖတ်ခြင်းဟာ အခြားသူကို မေးခြင်းထက် ပိုကောင်းပြီး ဆရာဝန်ဆီကို သွားမေးမယ့်အချိန်လည်း သက်သာသွားမှာ ဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%99%e1%80%b1%e1%80%b8%e1%80%9b%e1%80%94%e1%80%ba%e1%80%b1%e1%80%bc/
သွားများအား အရောင်စွန်းထင်းစေနိုင်သည့် အစားအစာ ၈ မျိုး
ကျွန်တော်တို့ နေ့စဉ် စားသောက်နေတဲ့ အစားအစာများဟာ ကျွန်တော်တို့သွားတွေကို အရောင်စွန်းထင်းစေနိုင်တယ်ဆိုတာ သင်သတိထားမိပါသလား။ တကယ်တော့ ကျွန်တော်တို့ဟာ သွားတွေကို အထောက်အကူပြုပစ္စည်းများ အသုံးပြုခြင်း၊ ဒါမှမဟုတ် သွားကျန်းမာရေးနဲ့ ပတ်သက်တဲ့ အလေ့အကျင့်ကောင်းများ မွေးမြူခြင်းဖြင့် ဂရုစိုက်နိုင်ပါတယ်။ ပြီးပြည့်စုံတဲ့ အပြုံးတစ်ခုကို ပိုင်ဆိုင်ဖို့ဆိုရင်တော့ ကျွန်တော်တို့ သွားတွေဟာ ဖြူဖွေးသန့်စင်ပြီး ကျန်းမာဖို့ လိုအပ်ပါတယ်။ ယခုအကြောင်းအရာမှာ ကျွန်တော်တို့သွားတွေကို အရောင်စွန်းထင်းစေနိုင်တဲ့ အစားအသောက် ၈မျိုးကို ဖော်ပြသွားမှာပါ။ လှပတဲ့အပြုံးတစ်ခုကို ပိုင်ဆိုင်ချင်ရင်တော့ အောက်မှာရေးသားထားတဲ့စာတွေကို ဖတ်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ဘယ်ရီ။ဘယ်ရီသီးတွေဟာ အရည်ရွှမ်းပြီး အဟာရရှိပေမယ့် သူ့မှာပါဝင်တဲ့ ရောင်ခြယ်ပစ္စည်းတွေကတော့ သင့်သွားတွေရဲ့ ကြွေလွှာပေါ်မှာ ကပ်ကျန်ခဲ့ပြီး သင့်သွားပေါ်မှာ ပါးလွှာတဲ့ အလွှာပါးလေးတစ်ခုလို ဖြစ်ပေါ်လာစေပါတယ်။ သင်ဟာ ဘယ်ရီသီးဖျော်ရည်သောက်သုံးမယ်ဆိုရင် ပိုက်ကို အသုံးပြုသင့်ပါတယ်။ ပိုက်တွေက ဖျော်ရည်နဲ့ သင့်သွားတွေ တိုက်ရိုက်ထိတွေ့မှုကို ကာကွယ်ပေးပြီး သွားပျက်စီးမှုနှုန်းကို လျှော့ချပေးပါတယ်။ သင် ဘယ်ရီသီးစားမယ်ဆိုရင်တော့ စားပြီးပြီးချင်း ရေနဲ့ ပလုတ်ကျင်းဖို့တော့ မမေ့နဲ့နော်။ဥနီ။သူ့ရဲ့ နီနီရဲရဲအရောင်က သင့်သွားကို နီရဲသွားစေမှာ အမှန်ပါပဲ။ သူ့ရဲ့အရောင်ဟာ အရမ်းစွန်းထင်းလွယ်တဲ့အတွက် သင် ဥနီဖျော်ရည်သောက်နေတုန်း အင်္ကျီ ပေသွားမယ်ဆိုရင် စိတ်ရှုပ်ရမှာ အမှန်ပါပဲ။ ဒါကြောင့် ဥနီကို အလွန်အကျွံ စားခြင်းဟာ သင့်သွားတွေကို ထိခိုက်စေနိုင်တယ် ဆိုတာ သံသယဝင်စရာ မလိုတော့ပါဘူး။ အဲ့အတွက် စားပြီးတိုင်း သွားတိုက်ပါ။ အဲ့ဒါမှ သင့်သွားတွေ နီနီရဲရဲ ဖြစ်မသွားအောင် ကာကွယ်နိုင်မှာပါ။ စားပြီးတိုင်း ချက်ချင်း ပလုတ်ကျင်းပေးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။ဘီစကွတ်မုန့်များ။ဘယ်သူက ထင်မိမှာလဲ။ ဒါပေမယ့် ဘီစကွတ်မုန့်တွေဆိုတာ သန့်စင်ထားတဲ့ကစီဓါတ်တွေကို သကြားဓါတ်အသွင်ပြောင်းပြီး ပြုလုပ်ထားတာတွေပါ။ အဲ့ဒီသကြားဓါတ်တွေက ကျွန်တော်တို့သွားတွေမှာ နဂိုရှိပြီးသားဖြစ်တဲ့ ဘက်တီးရီးယားတွေအတွက် အဓိကအဟာရလို ဖြစ်သွားပါတယ်။ ဒါကြောင့် သကြားဓါတ်နဲ့ ကစီဓါတ် အလွန်အကျွံပါဝင်တဲ့ သရေစာတွေစားပြီး သွားမတိုက်ဘူးဆိုရင် သွားပိုးပေါက်တွေ ဖြစ်လာမှာ အမှန်ပါပဲ။Balsamic Vinegar (သစ်ဆီမွှေးတစ်မျိုးမှထုတ်လုပ်သော အမည်းရောင် အချိုအရသာ ဗာနီဂါ)။ဗာနီဂါအမျိုးအစားအားလုံးကတော့ အက်စစ်ဓါတ်များပါဝင်တာမို့ အစာခြေဖျက်ခြင်းမှာ အထောက်အကူပြုကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့သွားတွေအတွက်တော့ မကောင်းပါဘူး။ ဗာနီဂါမှာ ပါဝင်တဲ့ အက်ဆစ်ဓါတ်တွေက သွားတွေရဲ့ ကြွေလွှာတွေကို ဖျက်ဆီးပြီး သွားများကို ထိခိုက်စေနိုင်ပါတယ်။ balsamic vinegar ဆိုရင်တော့ အက်ဆစ်ဓါတ်အပြင် အရောင်ကလဲ ရင့်တဲ့အတွက် သွားများကို အလွယ်တကူ စွန်းထင်းစေနိုင်ပါတယ်။ ကံကောင်းတာကတော့ balsamic vinegar ကို အများအားဖြင့် အရွက်သုပ်တွေနဲ့ စားလေ့ရှိတာပါပဲ။ အရွက်တွေက (အများအားဖြင့် ဆလပ်ရွက်) သွားများအပေါ် အကာကွယ်တစ်ခုအနေနဲ့ ဖုံးအုပ်ပေးပြီး ဗာနီဂါကြောင့် အရောင်စွန်းထင်းမှုကို လျော့နည်းစေလို့ပါ။ချဉ်ဖတ် (pickles)။အချို့အစားအစာတွေ စားသောက်ရာမှာ ချဉ်ဖတ်နဲ့ဆိုရင် တော်တော်လိုက်ဖက်တာ သိကြမှာပါ။ အဲဒီ ချဉ်ဖတ်ဟာလည်း သင့်သွားကို ထိခိုက်စေတဲ့ အချက်ထဲက တစ်ချက်ပါပဲ။ ချဉ်ဖတ်မှာ ပါဝင်တဲ့ အချဉ်ဓါတ်က သင့်သွားရဲ့ကြွေလွှာတွေကို ပျက်စီးစေနိုင်ပါတယ်။ ဗာနီဂါနဲ့ တခြားအက်ဆစ်ဓါတ်များများပါဝင်တဲ့ ပစ္စည်းတွေနဲ့ နှပ်ထားတဲ့ ချဉ်ဖတ်တွေကို သွားတွေအတွက် အဓိကရန်သူလို့ သွားဆရာဝန်များက သတ်မှတ်ထားတာပါ။ သင်အရမ်းကြိုက်လို့စားမယ်ဆိုရင်တော့ အရေအတွက် သတ်မှတ်ပြီး စားသင့်ပါတယ်။ စားပြီးပြီးချင်း သွားတိုက်ဖို့တော့ မမေ့နဲ့နော်။ကော်ဖီနဲ့ လက်ဖက်ရည်။လူတိုင်းနီးပါး မနက်မိုးလင်းပြီဆို လန်းလန်းဆန်းဆန်းဖြစ်ဖို့ ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည် သောက်လေ့ရှိကြပါတယ်။ ကော်ဖီနဲ့ လက်ဖက်ရည် အလွန်အကျွံ သောက်ခြင်းဖြင့် သင့်သွားတွေကို ဝါကျင်ကျင်အရောင် ပြောင်းလဲသွားစေနိုင်ပါတယ်။ခရမ်းချဉ်သီး ဆော့စ်။ခရမ်းချဉ်သီးမှာ အက်ဆစ်ဓါတ်ပမာဏ အများအပြား ပါဝင်လေ့ရှိပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီးဆော့စ် တွေက သင့်သွားကို ထိခိုက်စေနိုင်ပါတယ်။ အရောင်ကလဲ အနီရောင် တောက်တောက်ဆိုတော့ သွားကြွေလွှာတွေ မပျက်စီးဖို့ဆိုရင် စနစ်တကျ စားဖို့လိုပါတယ်။ အီတလီအစားအစာတွေကို စိတ်ချလက်ချ စားချင်ရင်တော့ ပန်းမုန်လာ ၊ ဟင်းနုနွယ် တို့ကို ဆော့စ်ထဲ ရောစပ်စားသောက်သင့်ပါတယ်။ ထိုအရွက်တွေက သင့်သွားအပေါ်လွှာကို ဖုံးအုပ်ပေးပြီး ပျက်စီးခြင်းကို လျှော့ချပေးလို့ပါ။အဲ့ဒါဆို ငါတို့က ဘာစားရမှာလဲလို့ တွေးပြီး စိတ်ရှုပ်သွားပြီလား။ ဘဝက တိုတိုလေးပါ။ အစားအသောက်တွေ လိုက်ရှောင်နေရင် ကုန်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဂရုစိုက်ဖို့ပဲ လိုအပ်တာပါ။ စားပြီးတိုင်း ပလုတ်ကျင်းမယ်၊ သွားမှန်မှန်တိုက်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။လူတိုင်း သန့်ရှင်းဖြူဖွေးတဲ့ သွားအလှကို ပိုင်ဆိုင်ချင်ကြတာပါပဲ။ ဒါကြောင့်လဲ သွားဆရာဝန်တွေထံ ပြသပြီး သွားဖြူအောင်ကြိုးစားနေကြတာပေါ့။ ဒါတွေ ထိရောက်ဖို့ဆိုရင်တော့ အစားအသောက် ဆင်ခြင်ဖို့ လိုအပ်ပါတယ်။ သွားဖြူစေတဲ့ ကုထုံးများဖြင့်လဲ သွားဆရာဝန်များက ကုသပေးနေပါပြီ။ ကျွန်တော်တို့ ကိုယ်တိုင်ကလဲ သွားနဲ့ခံတွင်း ကျန်းမာရေးကို ဂရုပြုမယ်ဆိုရင် လှပတဲ့ အပြုံးများ သေချာပေါက် ပိုင်ဆိုင်နိုင်မှာပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%a1%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%bd%e1%80%94%e1%80%ba%e1%80%b8/
Horner's syndrome (ဟော်နားစ် ဆင်ဒရုန်း)
ဦးနှောက်ကနေ မျက်နှာနဲ့မျက်လုံးကို သွားတဲ့ခန္ဓါကိုယ်တစ်ခြမ်းမှာရှီတဲ့အာရုံကြောလမ်းကြောင်း ပျက်စီးသွားခြင်းကြောင့် ဖြစ်တဲ့ လက္ခဏာပေါင်းစုဖြစ်ပါတယ်။ မျက်လုံးအာရုံကြောဆိုင်ရာလေဖြတ်ခြင်းလို့လည်း ခေါ်ပါတယ်။ဒီရောဂါဟာ ရှားပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။မျက်နှာတစ်ဘက်ခြမ်းကိုပဲ ထိခိုက်လေ့ရှိပါတယ်။ဟော်နားစ် ဆင်ဒရုန်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့-။လက္ခဏာများ အထူးသဖြင့်မျက်ခွံကျခြင်းနဲ့ ချွေးမထွက်ခြင်းက သိပ်မသိသာပြီး ရောဂါအတည်ပြုဖို့ခက်ပါတယ်။ကလေးတွေမှာ ထပ်တွေ့ရလေ့ရှိတဲ့လက္ခဏာတွေကတော့-။တစ်နှစ်အောက်ကလေးတွေမှာ ဖြစ်တဲ့အခြမ်းမျက်လုံးမျက်ဆန် အရောင်ဖျော့ခြင်း။ပူခြင်း၊ မောပန်းခြင်းနဲ့ စိတ်ခံစားချက်အပြောင်းအလဲမှာ သာမန်အတိုင်းဖြစ်ပေါ်လေ့ရှိတဲ့ မျက်နှာနီခြင်းကင်းမဲ့ခြင်း။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အကြောင်းအများကြီးကြောင့် ဖြစ်နိုငပြီး အချို့တွေက အခြားအကြောင်းတွေထက် ပိုဆိုးရွားတတ်ပါတယ်။ လျင်မြန်တိကျတဲ့ရောဂါအတည်ပြုမှုရဖို့ အရေးကြီးပါတယ်။ ရုတ်တရက်ရောဂါလက္ခဏာတွေပေါ်လာခဲ့မယ်ဆိုရင် ထိခိုက်မှုကြောင့်ပေါ်လာခဲ့မယ်ဆိုရင် ဒါမှမဟုတ် အောက်ပါလက္ခဏာတွေနဲပတွဲနေခဲ့မယ်ဆိုရင် အရေးပေါ်ကုသမှုချက်ချင်းခံယူသင့်ပါတယ်။အာရုံကြောစနစ်ထဲက sympathetic nervous systemလမ်းကြောင်းကို ထိခိုက်စေတာကြောင့်ြဖ်စပါတယ်။ ဒီအာရုံကြောအဖွဲ့အစည်းက နှလုံးခုန်နှုန်း၊ သူငယ်အိမ်အရွယ်အစား၊ ချွေးထွက်ခြင်း၊ သွေးပေါင်ချိန်နဲ့ အခြားပတ်ဝန်းကျင်အပြောင်းအလဲကို လျင်မြန်စွာတုန့်ပြန်မှုပတေဲ့လုပ်ဆောင်ချက်တွေကို ထိန်းညှိပေးပါတယ်။အာရုံကြောအမျိုးအစားသုံးမျိုး သက်ရောက်မှုခံရပါတယ်။First-order neurons။ဦးနှောက်အောက်ခြေဟိုက်ပိုသယ်လမတ်စ်ကနေ ထွက်လာပြီး ဦးနှောက်အသိမ်ပိုင်းနောက်ဆုံးပိုင်းတစ်လျှောက် အာရုံကြောမကြီးအပေါ်ပိုင်းထိဆင်းသွားပါတယ်။ ဒီလမ်းကြောင်းတစ်လျှော က်မှာ အာရုံကြောလုပ်ဆောင်ချက်ကိုပျက်စီးစေနိုင်တဲ့ပြဿနာတွေကတော့။Second-order neurons။ကျောရိုးတိုင်တစ်လျှောက်ဆင်းလာပြီး ရင်ဘတ်အပေါ်ပိုင်းကိုဖြတ်ကာ လည်ပင်းဘေးဘကိကိုဝင်သွားပါတယ်။ ဒီလမ်းောကင်းတစ်လျှောက်အာရုံကြောကိုထိခိုက်စေနိုင်တာတွေကတော့-။Third-order neurons။လည်ပင်းဘေးဘက်တစ်လျှောက်ကနေ မျက်နှာအရေပြား၊ မျက်ဆန်ကြွက်သားနဲ့ မျက်ခွံကြွက်သားတေါဆီကို သွားပါတယ်။ ဒီလမ်းကြောင်းတစ်လျောက် အာရုံကြောပျက်စီးသွားခြင်းက။ကလေးငယ်များတွင် ဖြစ်ပွားမှုအကြောင်းရင်းများ။တွေ့ရများဆုံးအကြောင်းရင်းတွေကတော့-။အချို့ကိစ္စတွေမှာ ဘာကြောင့်ဖြစ်မှန်းမသိနိုင်ပါဘူး။ idiopathic Horner syndromeလို့ခေါ်ပါတယ်။ဘယ်အရာတွေက ဟော်နားစ် ဆင်ဒရုန်းဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။အထွေထွေကျန်းမာရေးစစ်ဆေးမှုတွေအပြင် သင့်ဆရာဝန်က လက္ခဏာတွေရဲ့သဘောသဘာဝကို ဆုံးဖြတ်ဖို့နဲ့ ဖြစ်နိုင်ချေရှိတဲ့အကြေင်းရင်းကို သတ်မှတ်ဖို့ စစ်ဆေးမှုတွေလုပ်ဆောင်ပါလိမ့်မယ်။သင့်ရဲ့ကျန်းမာရေးရာဇဝင်နဲ့ သင့်လက္ခဏာတွေပေါ်မူတည်ပြီး ရောဂါရှာနိုင်ပါလိမ့်မယ်။မျက်စိဆရာဝန်က သင့်မျက်လုံးနှစ်လုံးစလုံးထဲကို မျက်လုံးသူငယ်အိမ်ကျယ်စေတဲ့သို့ ကျဉ်းစေတဲ့ အရည်တစ်စက်ကိုထည့်ပြီး ရောဂါအတည်ပြုချက်ကိုခိုင်မာပါစေလိမ့်မယ်။ သံသယရှိတဲ့မျက်လုံးနဲ့ နဂိုကောင်းတဲ့မျက်လုံးတုန့်ပြန်မှုတွေကို နှိုင်းယှဉ်ခြင်းဖြင့် ဆရာဝန်က အာရုံကြောပျက်စိးမှုက အကြောင်းရင်းဟုတ်မဟုတ်ကို ဆုံးဖြတ်နိုင်ပါလိမ့်မယ်။အချို့လက္ခဏာတွေရဲ့သဘာဝက ဆရာဝန်ကိုအကြောင်းရင်းကိုရှာရာမှာ ရှာဖွေရနည်းအောင်ကူညီပေးနိုင်ပါတယ်။ ဆရာဝန်က အာရုံကြောလမ်ကြေင်းပျက်စီးတဲ့နေရာကို ရှာဖွေဖို့ ခန့်မှန်းပုံရိပ်ဖော်တဲ့နည်းတွေ နောက်ထပ်နည်းလမ်းတွေ ပြုလုပ်ပါလိမ့်မယ်။လည်ပင်းဒါမှမဟုတ်လည်ပင်းအထက်တစ်နေရာမှာ အာရုံကြောပျက်စီးမှုဖြစ်ခဲ့တယ်ဆိုရင် ပျက်စီးသွားတဲ့ဘက်ခြမ်းမျက်လုံးမှာ သူငယ်အိမ်အနည်းငယ်ကျယ်သွာေးစမယ့် မျက်လုံးအကောင်းမှာ သူငယ်အိမ်သိသိသာကျယ်သွားစေမယ့် မျက်စဉ်းအမျိုးအစားတစ်မျိုးကို ပေးပါလိမ့်မယ်။ ရောဂါိကိုဖြစ်စေတဲ့မူမမှန်မှုနေရာကိကုရှာဖွေဖို့ အောက်ပါပုံရိပ်ဖော်နည်းလမ်းများကို အသုံးပြုပါလိမ့်မယ်။ရောဂါသည်ကလေးတွေအတွက် ဟော်မုန်းနဲ့အာရုံကြောဆိုင်ရာအလုံးအကျိတ်တွေါကို ရောဂါရှာအတည်ပြုဖို့အတွက် သွေးစစ်ခြင်း၊ ဆီးစစ်ခြင်းကိုအသုံးပြုပါလိမိမယ်။ဒီရောဂါအတွက် ကုသမှုမရှိပါဘူး။ လက္ခဏာတွေကိုသက်သာစေဖို့အကောင်းဆုံးနည်းလမ်းက ဖြစ်ရတဲ့အကြောင်းရင်းပြဿနာကိုကုသဖြင်းဖြစ်ပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဟော်နားစ် ဆင်ဒရုန်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဟော်နားစ် ဆင်ဒရုန်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/horners-syndrome-%e1%80%9f%e1%80%b1%e1%80%ac%e1%80%ba%e1%80%94%e1%80%ac%e1%80%b8%e1%80%85%e1%80%ba-%e1%80%86%e1%80%84%e1%80%ba%e1%80%92%e1%80%9b%e1%80%af%e1%80%94%e1%80%ba%e1%80%b8/
သင့်တံတောင် နာကျင်ရခြင်းအကြောင်းရင်းများကို လေ့လာပါ။
သိုင်းပညာမှာတံတောင်ဆစ်ဟာအမာဆုံးအရိုးလို့ ပြောတာ ကြားဖူးကြပါလိမ့်မယ်။ တံတောင်ဆစ် နာကျင်တာကိုလည်းခဏဖြစ်ဖြစ် ကြုံဖူးနိုင်ပါတယ်။တံတောင်ဆစ်ဟာအရိုး၊ အရိုးနု၊ အရည်တချို့နဲ့ ဖွဲ့စည်းထားပါတယ်။ ကြွက်သားနဲ့ ကြွက်သားအရွတ် တွေဟာတံတောင်ဆစ်ကို လှုပ်ရှားနိုင်ဖို့ ပြုလုပ်ပေးပါတယ်။ အဲဒီအရာတွေထဲကတခုခုထိခိုက်မိရင်ဖြစ်ဖြစ်၊ ရောဂါရရင် ဖြစ်ဖြစ် တံတောင်ဆစ်မှာပြဿနာရှိပါတယ်။ ကိစ္စပေါင်းများစွာဟာတံတောင်ဆစ်ကိုထိခိုက်စေ နိုင်ပါတယ်။• အလွန်အကျွံသုံးခြင်း၊ အားကစားပြုလုပ်စဉ် ဒဏ်ရာရခြင်း။• မတော်တဆလဲကျ၊ ပြုတ်ကျခြင်း။• ထိခိုက်မှုပြင်းထန်သောအားကစားများ ပြုလုပ်ခြင်း။• ခန္ဓါကိုယ်အစိတ်အပိုင်းများကိုထိခိုက်စေသောရောဂါများ၊ ချို့ယွင်းမှုများ။လဲကျခြင်းကြောင့်ဖြစ်စေ၊ လက်ကိုပြင်းထန်စွာဆွဲဆန့်ခြင်းကြောင့် ဖြစ်စေတံတောင်ဆစ်ဟာ ကျိုးပဲ့တာ၊ အဆစ်လွဲတာတွေ ဖြစ်နိုင်ပါတယ်။ သင့်ဆရာဝန်ဟာ အဆစ်လွဲခြင်းကို ပြန်တည့်ပေးနိုင်ပါတယ်။ မိမိဖာသာတော့ မလုပ်ပါနဲ့။အဆစ်လွဲမယ်၊ ကျိုးပဲ့မယ်ဆိုရင် ရှေးဦးသူနာပြုစုခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ တံတောင်ဆစ်ကိုမလှုပ်ရှားစေဘဲကျပ်စည်းပေးရပါမယ်။ ရောင်နေတဲ့နေရာကိုရေခဲအိတ် ကပ်ပေးနိုင်ပါတယ်။အကောင်းဆုံးကုသမှုကိုရရှိဖို့ သင့်တံတောင်ဆစ်ကိုဘယ်အရာကနာကျင်စေသလဲဆိုတာသိထားဖို့ လိုပါတယ်။ အောက်ပါအချက်တွေကြောင့် တံတောင်ဆစ်ကိုထိခိုက်နာကျင်စေနိုင်ပါတယ်။• ကြွက်သားအရွတ်။ကြွက်သားအရွတ်ဒဏ်ရာရရင် တံတောင်ဆစ် နာတတ်ပါတယ်။ လက်ကောက်ဝတ်နဲ့ တံတောင်ဆစ်ကိုအသုံးပြုလွန်းတာဥပမာဘေ့စ်ဘောပစ်တာ၊ ဂေါ့ဖ်ရိုက်တာ၊ တင်းနစ်ရိုက်တာတွေဟာတံတောင်ဆစ် ပတ်လည်က ကြွက်သားအရွတ်တွေကိုရောင်ရမ်းစေပါတယ်။ ၂မျိုးရှိပါတယ်။ အတွင်းဘက်ရောင်ခြင်းကိုဂေါ့ဖ်သမားတံတောင်ဆစ်လို့သုံးပြီးအပြင်ဘက် ရောင်ခြင်းကိုတင်းနစ်သမားတံတောင်ဆစ်လို့ သုံးပါတယ်။ ကြွက်သားအရွတ်ရောင်လို့ နာကျင်တာဟာအနားယူခြင်း၊ ကာယကုထုံး၊ အရောင်ကျဆေးသောက်ခြင်းစတာတွေနဲ့ ပျောက်ကင်းနိုင်ပါတယ်။• အိုလီခရေနွန်အရိုးမှ အရည်အိတ်ရောင်ခြင်း။တစ်ခါတရံမှာ နာကျင်ခြင်းဟာ တံတောင်ဆစ်လှုပ်ရှားမှုကို ချောမွေ့စေတဲ့ အရည်အိတ်ငယ်လေးတွေဆီကနေ လာပါတယ်။ တံတောင်ဆစ်ကိုပဲ မှီနေခြင်း၊ တံတောင်ဆစ်ကို ထိခိုက်မိခြင်း၊ ရောဂါပိုးဝင်ခြင်း၊ အဆစ်ရောင်ခြင်း စတာတွေဟာ အဲဒီအိတ်ငယ် ကလေးတွေကို ထိခိုက်စေပါတယ်။ ဆေးသောက်ခြင်း၊ တံတောင်ဆစ်အစွပ်စွပ်ခြင်း စတာတွေနဲ့ ကာကွယ်နိုင်ပါတယ်။ အရမ်းဆိုးရွားရင်တော့ ခွဲစိတ်ဖို့ လိုပါတယ်။• အရိုးအဆစ်ရောင်ရမ်းခြင်း။အဆစ်ရောင်ခြင်းတမျိုး ဖြစ်ပါတယ်။ သင့်လက်ကို နာကျင်စေပြီး လှုပ်ရှားနိုင်မှုကို ကျဆင်းစေပါတယ်။ အရိုးအဆစ်ရောင်ခြင်းဟာ ဘယ်အဆစ်မှာမဆို ဖြစ်ပွားနိုင်ပေမယ့် လက်၊ ဒူးခေါင်း၊ ပေါင်၊ ကျောရိုးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အရိုးအဆစ်ရောင်ခြင်းဟာ လှုပ်ရှားမှု ပြင်းထန်ခြင်းကို ကာကွယ်ပေးတဲ့ အရိုးနုတွေကို ထိခိုက်စေပါတယ်။ အဲဒီလိုဖြစ်ရင် သင့်အရိုးတွေဟာ ပွတ်တိုက်မိလာပါတယ်။ ကြာလာရင် အဆစ်ကို ထိခိုက်လာပါတယ်။လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ဆေးသောက်ခြင်း၊ တခါတရံ ဆိုးရွားတဲ့ အခြေအနေတွေမှာ မဆစ်အစားထိုး ခွဲစိတ်ကုသခြင်း စတာတွေနဲ့ ကုသနိုင်ပါတယ်။အများအားဖြင့် ပြင်းပြင်းထန်ထန် ထိခိုက်မှုကို ကုသပြီးချိန်မှာ ကာယကုသလေ့ကျင့်ခန်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကာယကုသမှုဟာ ကျောက်ပတ်တီး (သို့) လက်စည်း ဖယ်ပြီးချိန်မှာ၊ ခွဲစိတ်ပြီးချိန်မှာ လှုပ်ရှားမှု ပိုကောင်းလာအောင် အထောက်အကူ ပြုပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%9e%e1%80%84%e1%80%b7%e1%80%b9%e1%80%90%e1%80%b6%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9-%e1%80%94%e1%80%ac%e1%80%80%e1%80%ba%e1%80%84%e1%80%b9%e1%80%9b%e1%80%bb%e1%80%81%e1%80%84%e1%80%b9/
မိန်းမကိုယ် အသားပို ထွက်ခြင်း
ခန္ဓာကိုယ်ရဲ့ တခြားနေရာမှာ အသားပို ထွက်သလိုမျိုးမိန်းမကိုယ်မှာလဲ အသားပို ထွက်နိုင်ပါတယ်။ ရိုးရိုး အသားပို ဆိုတာသေချာရင် စိုးရိမ်စရာ မလိုပါဘူး။ ဒါဟာ ကင်ဆာလည်း မဟုတ်သလို လိင်က တဆင့်ကူးစက်တတ်တဲ့ ရောဂါတို့၊ လိင်အင်္ဂါ ကြွက်နို့တို့နဲ့လည်း မတူပါဘူး။ ဒါပေမယ့် ရုတ်တရက် ကိုယ့်မှာ ဖြစ်လာခဲ့ရင် သို့လော သို့လော တွေးပြီး စိုးရိမ်နေမှာပါ။ ဒါကြောင့် ဒီအသားပို ဘာလို့ ထွက်ရတာလဲ။ ဘယ်လို ကုသနိုင်လဲဆိုတာ လေ့လာကြည့်ရအောင်။တခြား နေရာမှာ ဖြစ်တဲ့ အသားပိုတွေနဲ့ အတူတူပါပဲ။ မိန်းမကိုယ် အသားပို ကို ဆေးပညာအရ Fibroepithelial Polyp လို့ ခေါ်ပါတယ်။ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေမှာ တွေ့ရတတ်ပါတယ်။ ဖြစ်တာ ရှားပါတယ်။ ဘယ်လူမျိုးမှာ ဖြစ်တယ်။ ဘယ်နေရာမှာ နေတဲ့ သူတွေ ဖြစ်တာမျိုး မရှိပါဘူး။ခုထက်ထိတော့ ဘယ်သူတွေကတော့ဖြင့် ပိုဖြစ်နိုင်တယ်ဆိုတာမျိုး မရှိသေးပါဘူး။ ဘယ်သူမှာမဆို ဖြစ်နိုင်ပါတယ်။ခုထက်ထိတော့ အကြောင်းရင်းကို သေချာ မသိကြသေးပါဘူး။ ပညာရှင်တွေက ဒါနဲ့ ပတ်သတ်ပြီး စမ်းသပ်မှုတွေ လုပ်နေဆဲပါပဲ။ ဒါပေမယ့် ကံကောင်းတာက ဒါဟာHPVလို့ ခေါ်တဲ့လိင်အင်္ဂါ ကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ သက်ဆိုင်မှု မရှိပါဘူးလို့ လေ့လာချက်တွေက ဆိုပါတယ်။ နောက်ပြီး ဒါက လိင်က တဆင့် ကူးစက်တဲ့ ရောဂါ မဟုတ်သလို၊ တစ်ယောက်နဲ့ တစ်ယောက်လည်း မကူးစက်နိုင်ပါဘူး။ထူးခြားတဲ့ လက္ခဏာတော့ မရှိပါဘူး။ တခြား အသားပိုတွေနဲ့ တူတူပါပဲ။သာမန်အားဖြင့်တော့ ဒီအသားပိုက အသက်အန္တရာယ် မပေးတတ်ပါဘူး။ ဒါပေမယ့်။မဖြစ်မနေ ကုသစရာတော့ မလိုပါဘူး။ အရွယ်လည်း သေးမယ်၊ ခုနက ဆိုးကျိုးတွေလည်း မခံစားရဘူးဆိုရင် ဒီတိုင်းထားလို့ရပါတယ်။ ကုသမယ်ဆိုရင်တော့အသေးစား ခွဲစိတ်မှုလေး လုပ်ပြီး ဒီ အသားပိုကို ဖယ်ရှားနိုင်ပါတယ်။ ဒါပေမယ့် ခွဲစိတ်ပြီးရင်လည်း တချို့လူတွေမှာ ပြန်ဖြစ်တတ်တယ်ဆိုတာ သိထားရပါမယ်။ နောက်တစ်ခုက ဒီအသားပိုကို ပျောက်ချင်ဇောနဲ့ဆပ်ပြာအပြင်းစားတွေ တိုက်တာ၊ ကုတ်ဖဲ့တာမျိုးတွေ မလုပ်ရပါဘူး။ ဒါက ပိုးဝင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ ပေးတတ်ပါတယ်။စိတ်မကောင်းတာက ဖြစ်ရတဲ့ အကြောင်းရင်းကို သေချာ မသိသေးတဲ့ အတွက်  ကာကွယ်ဖို့ နည်းလမ်းရယ်လို့ မရှိသေးပါဘူး။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/fibroepithelial-polyp-in-vulva/
အစားလျှော့တဲ့အခါ လိုက်နာစရာ မလိုတဲ့စည်းကမ်းတွေကဘာတွေလဲ
အစားလျှော့တဲ့အခါ လိုက်နာစရာ မလိုတဲ့ စည်းကမ်းတွေ။ကိုယ်အလေးချိန် လျှော့ချချင်တဲ့သူတိုင်းဟာ အစားအသောက်ဆင်ခြင်ဖို့ ပြင်ဆင်တတ်ကြပါတယ်။ တချို့သော အဓိပ္ပါယ်မရှိတဲ့ စည်းကမ်းတွေကို သင့်အနေနဲ့ ကြားဖူးလိမ့်မယ်။ လိုက်လုပ်ကောင်းလည်း လုပ်ဖူးပါလိမ့်မယ်။ အစားအသောက်ထိန်းခြင်းနဲ့ ပတ်သက်ပြီး သင်အများဆုံးကြားဖူးထားတဲ့ နည်းအချို့ဟာ တကယ်တမ်းမှာ သင့်ကိုယ်အလေးချိန်ကို လျှော့ချဖို့ ကူညီမပေးနိုင်ကြပါဘူး။ဒီနည်း(၈)ခုကတော့ သင့်အနေနဲ့ လိုက်မလုပ်လည်း ရတဲ့ နည်းတွေ ဖြစ်ပါတယ်။၁။ ညဘက်မှာ အစာစားခြင်းက သင့်ကို ဝစေတယ်။တကယ်တော့ အဆီတက်တယ်ဆိုတာဟာ ၂၄နာရီအချိန်အတွင်းမှာ သင်ဘယ်လောက်စားသောက်နေသလဲ ဆိုတာနဲ့ အဓိကဆိုင်ပါတယ်။ သင်ဘာတွေ စားတယ်၊ ဘယ်လောက်ပမာဏစားတယ်၊ သင်ဘယ်လောက် လှုပ်ရှားမှုရှိတယ် ဆိုတာတွေက သင်ဘယ်အချိန်စားတယ် ဆိုတာထက် ပိုအရေးကြီးပါတယ်။၂။ ပုံမှန်အချိန်သတ်မှတ်ပြီး တစ်နေ့ကို ၅ကြိမ်စားပါ။အကောင်းဆုံးကတော့ နာရီက သင့်ကို အစားစားချိန်ရောက်ပြီလို့ ပြောတာထက် ဗိုက်ဆာတဲ့အချိန် စားလိုက်တာပါပဲ။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဇီဝဖြစ်စဉ်တွေဟာ မတူကြတာမို့ ဘယ်စည်းကမ်းကိုတော့ မဖြစ်မနေလိုက်နာရမယ်ဆိုတာမျိုး မရှိပါဘူး။ တစ်နေ့(၅)ကြိမ် အချိန်မှန်စားပြီး လှုပ်ရှားမှုမရှိဘူးဆိုရင် သင့်ရဲ့ခန္ဓါကိုယ်မှာ အဆီတွေတက်လာမှာ အသေအချာပါပဲ။၃။ အဆီပါဝင်တဲ့ အစာတွေဟာ သင့်ကို ကြာကြာဗိုက်ပြည့်နေစေတာမို့ သင် သိပ်မစားဖြစ်တော့ပါဘူး။ဒီစည်းကမ်းကတော့ အဆီဟာ အစာချေဖျက်ဖို့ အချိန်ကြာမြင့်တယ် ဆိုတဲ့အချက်ကိုယူပြီး ပြောထားတာပါ။ တကယ်တော့ ချေဖျက်ဖို့ကြာတယ် ဆိုတာ အစားမစားချင်တော့ဘူးဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။ တကယ်ဆို ပရိုတိန်းပါတဲ့ အစာတွေကတောင် ပိုလို့အဆာခံပါသေးတယ်။၄။ တကယ်လို့ အစားအသောက်မှားသွားရင် တစ်ရက်လောက်စောင့်ပြီးမှ ပုံမှန်စားနေကျအတိုင်း ပြန်စားသင့်တယ်။အကောင်းဆုံးကတော့ အစားအသောက်မှားမိတယ်ဆိုလည်း ပုံမှန်ကိုယ်ထိန်းနေကျပုံစံအတိုင်း ချက်ချင်းသာ ပြန်စားပါ။၅။ အိမ်လည်တဲ့အခါ၊ ပါတီပွဲတွေမှာ အစားအသောက် စားဖို့ငြင်းဆန်တာက ရိုင်းရာကျတယ်။ဒီလိုရှေးကျတဲ့ အတွေးအခေါ်မျိုးက ဒီခေတ်မှာ အသုံးမဝင်တော့ပါဘူး။ သင့်အနေနဲ့ အစားတစ်ခုဟာ ကျန်းမာရေးနဲ့ မသင့်တော်ဘူး၊ သင့်ရဲ့ ဝိတ်ချနေတဲ့ အစီအစဉ်ကို အနှောင့်အယှက်ဖြစ်စေမယ်ထင်ရင် ငြင်းဆန်လို့ရပါတယ်။ လူတွေကလည်း သင့်ကို နားလည်ပေးကြမှာပါ။၆။ အစားမစားဘဲ တစ်ခါတစ်ရံနေခြင်းက သင့်ကို ပိန်စေလိမ့်မယ်။ပုံမှန်မစားဘဲနေမယ်ဆိုရင် သင်ဟာ ဗိုက်ပိုဆာလာပြီး နောက်တစ်ကြိမ်ကျ အများကြီးစားမိပါလိမ့်မယ်။ သင့်ရဲ့ ဇီဝဖြစ်စဉ်ကိုလည်း ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။၇။ အဆီက ဝစေတယ်။အဆီဆိုတာသင်စားရမယ့်အာဟာရတွေထဲမှာ မဖြစ်မနေပါဝင်ပြီး ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ဗိုက်တာမင်တွေနဲ့ ကျန်းမာနေဖို့အတွက် အာဟာရဓါတ်တွေပါဝင်ပါတယ်။ ထပ်ပြောရမယ်ဆိုရင် ကောင်းမွန်တဲ့အဆီတချို့က အဆီသိမ်းဆည်းတတ်တဲ့ မျိုးဗီဇကို အဆီချေဖျက်တဲ့ မျိုးဗီဇအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။၈။ အစားအသောက်တွေအားလုံးဟာ အတူတူပဲ။ဒါကိုတော့ ပညာရှင်အားလုံက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ထားပါတယ်။ အစားအသောက်တစ်ခုနဲ့ တစ်ခုဟာ မတူညီကြသလို အာဟာရတန်ဖိုးချင်းလည်း ကွာခြားပါတယ်။နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ သင့်အနေနဲ့ မှန်တယ်ထင်နေတဲ့ အစားအသောက်ထိန်းခြင်း စည်းကမ်းတွေက လက်တွေ့မှာ အသုံးမကျပါဘူး။ သင်လိုက်နာသင့်တဲ့ စည်းကမ်းရယ်လို့ တစ်ခုတည်းရှိပါတယ်။ အဲဒါကတော့ သဘာဝနည်းနဲ့ မလုပ်ထားတဲ့ အစားအသောက်တွေကို ရှောင်ဖို့ပါပဲ။ အဆိပ်အတောက်တွေ၊ ဓါတုပစ္စည်းတွေသာ မရှိဘူးဆိုရင် သင့်ခန္ဓါကိုယ်က သင့်တော်တဲ့ကိုယ်အလေးချိန်ကို သူ့အလိုအလျောက် ထိန်းပေးပါလိမ့်မယ်။ဟယ်လိုဒေါက်တာ သည် မည်သည့်ကျန်းမာရေးဝန်ဆောင်မှုကိုမျှ မပေးပါ။ အကယ်၍ မိမိကျန်းမာရေးနှင့် ပတ်သက်ပြီး မူမမှန်မှုတစ်ခုခုရှိသည်ထင်ပါက ဆရာဝန်၊ ဆရာမနှင့် တိုင်ပင်ဆွေးနွေးပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%9c%e1%80%bb%e1%80%be%e1%80%b1%e1%80%ac%e1%80%b7%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81%e1%80%ab-%e1%80%9c%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%94/
ဇီးဖြူသီး (Goose Berry)
ဇီးဖြူသီးကို ဖျော်ရည်လုပ်သောက်တာ၊ ကြော်စားတာ၊ ထောင်းစားတာမျိုးတွေ ရှိပါတယ်။ဆေးဖက်ဝင်တဲ့အသီး တစ်မျိုးလို့လည်း ဆိုကြပါတယ်။ ဇီးဖြူသီးမှာ ဗီတာမင် C နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်ပါတယ်။ ဇီးဖြူသီးကို နေ့စဉ်မှန်မှန် စားသုံးမယ်ဆိုရင် သက်ရှည်ကျန်းမာစေမယ်လို့လည်း ဆိုပါတယ်။ ဇီးဖြူသီးရဲ့ ကျန်းမာရေးအပေါ် ဘယ်လိုအကျိုးပြုတာလဲ ဆိုတာကို သိရှိနိုင်စေဖို့ ရှာဖွေသိရှိထားတာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ဇီးဖြူသီးက လူတိုင်းနဲ့ ရင်းနှီးပြီးသား အသီးတစ်မျိုးပါ။ အရောင်လေး လှသလို ပုံစံလေးကလည်း ချစ်စရာကောင်းပါတယ်။ အစိမ်းရောင်ဖျော့ဖျော့လေးနဲ့ ကြည်ကြည်လေးပါ။အရသာက ဖန်သလိုလို ရှိပေမယ့် ကျန်းမာစေတဲ့ အာနိသင်တေါကတော့ အပြည့်ပါပဲ။ ဇီးဖြူသီးကို ထောင်းစားလို့ရသလို သနပ်ထည့်စားတာ၊ အချဉ်စိမ်စားတာအမျိုးမျိုးစားလို့ ရပါတယ်။ ကြော်စားကြတာလည်း ရှိပါတယ်။ဇီးဖြူသီး (Goose Berry) မှာ။ဇီးဖြူသီး (Goose Berry) က ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။ဇီးဖြူသီးက မျိုးပွားမှုဆိုင်ရာ တစ်ရှုးတွေအပါအဝင် ခန္ဓါကိုယ်ရဲ့ တစ်ရှုး ၇ မျိုးကို အားဖြည့်ပေးပါတယ်။ ဇီးဖြူသီးက အမျိုးသား မျိုးပွားအင်္ဂါ စနစ်ကိုရော အမျိုးသမီးမျိုးပွားအင်္ဂါစနစ်တွေကိုပါကောင်းမွန်အောင်ထောက်ပံ့ပေးပါတယ်။ အမျိုးသားတွေမှာ သုတ်ပိုးရဲ့အရည်အသွေးကိုကောင်းမွန်စေပါတယ်။ဇီးဖြူသီးရဲ့အဆီအနှစ်က အရိုးတွေကိုပျက်စီးစေနိုင်တဲ့ဆဲလ်တွေဖြစ်တဲ့osteoclasts ဆဲလ်တွေရဲ့ လုပ်ဆောင်မှုကိုနှေးကွေးစေနိုင်တာကိုတွေ့ရှိရပါတယ်။ ဇီးဖြူသီးမှာရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့်လေးဖက်နာဝေဒနာသည်တွေမှာ အရိုးအဆစ်တွေရောင်ရမ်းနာကျင်တာတွေကို သက်သာစေပါတယ်။ဇီးဖြူသီးက မျက်လုံးကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်။ အသက်အရွယ်ကြီးရင့်လာတာကြောင့်ဖြစ်ပေါ်ခံစားရတဲ့ အမြင်အာရုံ ဆုံးရှုံးမှုမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။ ဇီးဖြူသီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းကမျက်ကြည်လွှာကိုoxidative stressတွေကြောင့်ပျက်စီးမှုကနေ ကာကွယ်ပေးပြီးရေတိမ်ဖြစ်နိုင်ခြေကိုလည်းလျှော့ချပေးပါတယ်။ ဇီးဖြူသီးကိုရေစိမ်ပြီး စိမ်ထားတဲ့အရည်နဲ့ မျက်စဉ်းခပ်ပေးရင် အမြင်အာရုံကိုကြည်လင်စေမှာဖြစ်ပါတယ်။ဇီးဖြူသီးက စိတ်ဖိစီးမှုကိုလျော့ပါးစေပြီး အိပ်ပျော်စေပါတယ်။ ဦးရေပြားကို ဇီးဖြူသီးအဆီလူးပြီးနှိပ်နယ်ပေးပါက အိပ်ပျော်စေမှာဖြစ်သလိုခေါင်းကိုက်တာကကိုလည်းသက်သာစေပါတယ်။ရေမချိုးခင်မှာ ဇီးဖြူသီး အဆီကိုဦးရေပြားမှာလိမ်းပေးမယ်ဆိုရင် ကြက်မျက်သင့်တာနဲ့ မအိမသာဖြစ်တာတွေကို သက်သာစေမှာဖြစ်ပါတယ်။ဇီးဖြူသီးကသွေးလည်ပတ်မှုကိုကောင်းမွန်စေတာကြောင့် အာရုံကြောကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ ဇီးဖြူသီးနေ့တိုင်းစားသုံးပေးမယ်ဆိုရင် သိမြင်မှုစွမ်းရည်ကိုတိုးတက်စေနိုင်သလို အာရုံစိုက်မှုနဲ့မှတ်ဉာဏ်ကိုပိုမိုကောင်းမွန်စေပါတယ်။free radicalတွေကြောင့် အာရုံကြောဆဲလ်တွေပျက်စီးမှုမဖြစ်အောင်ကာကွယ်ပေးပြီး မှတ်ဉာဏ်ချို့ယွင်းခြင်း (dementia)၊ အယ်လ်ဇိုင်းမာရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဇီးဖြူသီးမှာ သံဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် အောက်ဆီဂျင်လည်ပတ်မှုကိုတိုးတက်စေပြီး ဦးနှော်က်ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။ဇီးဖြူသီးမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဇီးဖြူသီးမှာပါတဲ့ ဗီတာမင် စီက အအေးမိတာ၊ချောင်းဆိုးတာတွေကို သက်သာစေတဲ့ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ဇီးဖြူသီးက ကိုယ်ခံအားကိုတိုးတက်စေပြီး တုပ်ကွေးဖြစ်တာနဲ့ လည်ချောင်းအတွင်း ပိုးကူးစက်မှုတွေကိုလျော့ပါးစေပါတယ်။ နာတာရှည်ချောင်းဆိုးခြင်း၊ တီဘီရောဂါ (tuberculosis)တွေကိုကုသရာမှာအထောက်အကူပြုနိုင်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါ (Asthma) လက္ခဏာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ပိုးမွှားတွေကိုသေစေနိုင်တဲ့ အစွမ်းသတ္တိက ခန္ဓါကိုယ်မှာ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကြောင့်ဖြစ်ပေါ်တဲ့ကူးစက်ရောဂါတွေမဖြစ်အောင် တိုက်ထုတ်ရာမှာအထောက်အကူပေးပါတယ်။ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်ကိုတိုးစေနိုင်ပါတယ်။ဇီးဖြူသီးက ခန္ဓါကိုယ်ရဲ့ ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုဖြစ်စဉ်ကိုမြင့်တင်ပေးပြီး အဆီတွေစုပုံမှုကိုလျော့ချပေးနိုင်ပြီး အဆာခံစေနိုင်တာကြောင့်ကိုယ်အလေးချိန်ကိုလျှော့ချရာမှာ အထောက်အကူပြုနိုင်ပါတယ်။ဇီးဖြူသီးက နှလုံးသွေးကြောစနစ်ကိုကောင်းမွန်စေနိုင်ပါတယ်။ ဇီးဖြူသီးမှာ နှလုံးအတွက်အကျိုးပြုနိုင်တဲ့ အာဟာရဓါတ်တွေပါဝင်တာကြောင့် နှလုံးသွေးကြောပိတ်တာတွေမဖြစ်အောင်ကာကွယ်ပေးသလိုသွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကိုလည်းလျှော့ချပေးပါတယ်။ နှလုံးကြွက်သားတွေကို ကျန်းမာစေပြီး ကိုလက်စထရောကိုလျော့ကျစေတဲ့အပြင်သွေးမတိုးအောင်လည်း ထိန်းညှိပေးပါတယ်။ ဇီဖြူသီးက အကျိုးပြုကိုလက်စထရောတွေတိုးလာအောင်လည်းလုပ်ဆောင်ပေးပါတယ်။ နှလုံးသွေးကြောတွေထဲမှာ အဆီတွေစုပုံ ပိတ်ဆို့တာမျိုးမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။ဇီးဖြူသီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်တာကြောင့်carcinogenic ဆဲလ်တွေကြီးထွားဖြစ်ပေါ်မှုကို ကန့်သတ်ပေးခြင်းဖြင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဇီးဖြူသီးက ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက အန္တရာယ်ရှိတဲ့free radicalတွေကို ကန့်သတ်ထိန်းချုပ်ပေးတာကြောင့် အစာအိမ်(stomach cancer)၊အရေပြား နဲ့အသည်းကင်ဆာ(liver cancer) တွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကင်ဆာကျိတ်တွေကြီးမလာအောင်လည်းထိန်းသိမ်းပေးပါတယ်။ ဇီးဖြူသီးမှာ ကင်ဆာဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို တုံ့ပြန်နိုင်တဲ့ အစွမ်းလည်းရှိပါတယ်။ဇီးဖြူသီးမှာ သကြားဓါတ်ပါဝင်မှုနည်းပြီး အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် ဆီးချိုသမားတွေစားသုံးဖို့သင့်တော်ပါတယ်။ ဆီးချိုသမားတွေမှာ သွေးတွင်းသကြားဓါတ်ကိုကျဆင်းစေနိုင်ပါတယ်။chromium ကြွယ်ဝစွာပါဝင်တာကြောင့် ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။ ဇီးဖြူသီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းကသွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးပြီးchromium ပမာဏကိုကျဆင်းစေပါတယ်။ဇီးဖြူသီးက အမျှင်ဓါတ်ကြွယ်ဝတာကြောင့် အူမကြီးနဲ့ အစာချေအူလမ်းကြောင်းသန့်ရှင်းအောင်လုပ်ဆောင်ပေးပါတယ်။ အစာချေစနစ်ကို အားဖြည့်ပေးပြီး ခန္ဓါကိုယ်ရဲ့ အာဟာရဓါတ်စုပ်ယူနိုင်စွမ်းကို တိုးတက်စေပါတယ်။ ဇီးဖြူသီးရဲ့ ချဉ်ပြီးဖန်တဲ့အရာသာက အစာချေအင်ဇိုင်းတွေထွက်လာအောင်လှုံ့ဆော်ပေးပါတယ်။အေးမြပြီး ဝမ်းသွားစေနိုင်တဲ့အာနိသင်တွေရှိတာကြောင့် ဝမ်းလျှောတာကိုကုသရာမှာအသုံးပြုနိုင်ပါတယ်။ ဝမ်းချုပ်တာနဲ့ အူမကြီးဆိုင်ရာဝေဒနာတွေကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်မျိုးပါ။ဇီးဖြူသီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက အရေပြားကို ကြည်လင်ဝင်းပစေပြီး အဆိပ်အတောက်တွေကိုဖယ်ရှားပေးပါတယ်။ ဝက်ခြံတွကိုကင်းစေပြီး ချွေးပေါက်တွေကိုကျဉ်းစေပါတယ်။ အရေပြားမှာဖြစ်တတ်တဲ့ရောဂါတွေမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။ free radicalတွေကြောင့်အရေပြားပျက်စီးတာတွေကိုလျှော့ချပေးပါတယ်။ဇီးဖြူသီးမှာ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တာကြောင့် ဆံပင်မကျွတ်အောင်ကာကွယ်ပေးနိုင်သလို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကလည်း ဆံပင်ကိုသန်စွမ်းနက်မှောင်စေပါတယ်။ ဆံပင်တွေကိုသန်စေပြီးဗောက်လည်းကင်းစေပါတယ်။ ကျန်းမာသန်စွမ်းတဲ့ဆံကေသာကိုပိုင်ဆိုင်နိုင်စေဖို့ ဇီးဖြူသီးကိုအသုံးပြုပေးနိုင်ပါတယ်။နှာခေါင်းသွေးလျှံတဲ့အခါ ဇီးဖြူသီးအရည်ကိုနှာခေါင်းထဲကို အစက်ချပေးမယ်ဆိုရင် နှာခေါင်းသွေးလျှံတာကို သက်သာစေမှာဖြစ်ပါတယ်။ဇီးဖြူသီးဖျော်ရည်က သွားတွေနဲ့ လက်သည်းခြေသည်းတွေကို ကျန်းမာသန်စွမ်းစေပါတယ်။ဇီးဖြူသီးက သံဓါတ်ပါဝင်မှုများတာကြောင့်သွေးဖြူဥပမာဏကိုတိုးစေပြီးသွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။ဇီးဖြူသီးမှုန့်ကို ပျားရည်နဲ့သောက်ပေးမယ်ဆိုရင်သွေးသန့်စေမှာဖြစ်ပါတယ်။ဇီးဖြူသီးအမှုန့်ကို မုန်လာဥအဖြူနဲ့တွဲဖက်စားပေးတာကကျောက်ကပ်ကျောက်တည်တာကို သက်သာစေနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/goose-berry/
သွားကျန်းမာရေး - ခံတွင်းနံ့ဆိုးခြင်း
ခံတွင်းနံ့ နံခြင်း ဆိုတာ ရှက်ဖွယ်ကောင်းပြီး စိတ်မချမ်းမြေ့ဖွယ်အခြေအနေတစ်ခုပါ။ သင်က ခံတွင်းနံ့ဆိုးနေတယ်ဆိုရင် သွားဆရာဝန်ကို သွားပြပါ။ ခံတွင်းနံ့ဆိုးခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး အကြောင်းရင်းကိုရှာဖွေနိုင်မှသာ အကောင်းဆုံးကုသနည်းကို ဆုံးဖြတ်နိုင်ပါတယ်။ခံတွင်းနံ့ဆိုးခြင်းဟာ ဖြစ်ရတဲ့အကြောင်းရင်းပေါ်မူတည်ပြီး အနံ့အမျိုးမျိုးကွဲပါတယ်။ အချို့လူတွေက သူတို့မှာ ခံတွင်းနံ့မရှိပေမယ့် သိပ်ပြီးစိုးရိမ်ပူပန်တတ်ကြပါတယ်။ အချို့လူတွေကတော့ ခံတွင်းနံ့ဆိုးနေပေမယ့် သူတို့ကိုယ်တိုင် မသိကြပါဘူး။ ကိုယ့်ခံတွင်းနံ့ဘယ်လိုရှိလဲဆိုတာ ကိုယ်ကိုယ်တိုင်အနံ့ခံလို့မရနိုင်ဘူးလေ။ ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက် သို့မဟုတ် ဆွေမျိုးတစ်ယောက်ကို သင့်ခံတွင်းနံ့အကြောင်းမေးမြန်းနိုင်ပါတယ်။အထက်မှာဖော်ပြထားတာတွေအပြင် အခြားလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့သင့်မှာ လက္ခဏာတွေပြနေခဲ့ရင် ဆရာဝန် သို့မဟုတ် ဆေးပညာကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။· ဘာလုပ်သင့်သလဲ။ခံတွင်းနံ့ဆိုးတဲ့ပြဿနာအများစုကို အိမ်မှာပဲဖြေရှင်းလို့ရပါတယ်။ အချို့သော အိမ်မှာသုံးနိုင်တဲ့နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။တစ်ရက်မှာ အနည်းဆုံး၂ကြိမ် သွားတိုက်ခြင်းနဲ့ လျှာကိုသန့်စင်ခြင်းအပြင် တစ်ရက်မှာအနည်းဆုံးတစ်ကြိမ် သွားပွတ်ကြိုးသုံး၍ သွားကြားထိုးခြင်းဖြင့် ခံတွင်းသန့်ရှင်းရေးပြုလုပ်နိုင်ပါတယ်။နံနံပင် နဲ့ ပူစီနံစတာတွေကိုစားသုံးခြင်းဖြင့် အနံ့ဆိုးတွေကိုယာယီဖုံးကွယ်နိုင်ပါတယ်။ဘယ်အချိန်မှာ သွားဆရာဝန်နဲ့ တွေ့သင့်သလဲ။သင်ဟာခံတွင်းနံ့ဆိုးနေရင် သင့်ရဲ့ခံတွင်းသန့်ရှင်းရေး အလေ့အထတွေကို ပြန်ကြည့်ပါ။ နေထိုင်မှုပုံစံပြောင်းလဲကြည့်ပါ။ ဥပမာ အစာစားပြီး သွားနဲ့လျှာတိုက်ပေးခြင်း၊ သွားပွတ်ကြိုး အသုံးပြု၍ သွားကြားထိုးခြင်း နဲ့ ရေများများသောက်ခြင်း စတာတွေကိုပေါ့။သင်ကအထက်ပါအချက်တွေပြောင်းလဲပြီးတာတောင် ခံတွင်းနံ့ဆိုးနေတုန်းဆိုရင် ဆရာဝန်နဲ့တွေ့သင့်ပါပြီ။ တကယ်လို့ ဆရာဝန်က သင့်ရဲ့ခံတွင်းနံ့ဆိုးစေတဲ့အကြောင်းရင်းက အတော်ဆိုးတဲ့အခြေအနေမှာရှိတယ်လို့သံသယဖြစ်ရင် အနံ့ဆိုးရခြင်းအကြောင်းရင်းကိုရှာဖို့ အထူးကုသမားတော် ထံ လမ်းညွှန်ပေးပါလိမ့်မယ်။· ဘယ်လိုကာကွယ်ရမလဲ။ခံတွင်းနံ့ဆိုးခြင်းကိုလျှော့ချဖို့ သို့မဟုတ် ကာကွယ်ဖို့အတွက်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/bad-breath-basics-lifestyle-home-remedies/
အငှားဖြင့် ကလေးထိန်းခြင်း
ယနေ့ခေတ်တွင် မိဘများစွာသည် သူတို့၏ အချိန် သို့မဟုတ် ကျွမ်းကျင်မှု လိုအပ်သောကြောင့် အငှားဖြင့် ကလေးထိန်းခြင်းကို ရွေးချယ်နေကြသည်။ မကြာသေးမီက လေ့လာမှု တစ်ခုအရ အငှားဖြင့် ကလေးထိန်းခြင်းသည် ကလေးနှင့် မိသားစု တစ်ခုလုံးကို အန္တရာယ်ဖြစ်စေနိုင်သည်ဟု ဆိုသည်။ သင့်တွင် တာဝန်ရှိသောအလုပ်များကို အခြား တစ်ယောက်အား ငှား၍ လုပ်ခိုင်းရန် တကယ်ပဲ လိုအပ် ပါသလား။အငှားဖြင့် ကလေးထိန်းခြင်းဆိုသည်မှာ အချို့အလုပ်များ ဥပမာ- လက်မစုပ်သည့်အကျင့်ကို တားခြင်း၊ သင့်အိမ်တွင် ကလေးအား ကာကွယ်ပေးခြင်း၊ သင့်ကလေးအား အိပ်ယာ ပို့ပေးခြင်း၊ ကျောပုတ်ပေးခြင်း အစရှိသည်ကို ဆောင်ရွက်ရန် တစ်စုံတစ်ယောက်အား ငှားရမ်းခြင်းဖြစ်သည်။အချို့တွင် မိဘများသည် ကလေးကို ထိန်းသိမ်းရန်အတွက် ဗီဒီယိုဂိမ်း၊ စမတ်ဖုန်း၊ ကွန်ပြူတာ အစရှိသော မလိုအပ်သည်များကို ဝယ်ယူ ပေးကြသည်။ များသောအားဖြင့် အလုပ်အလွန်ရှုပ် သော သို့မဟုတ် ကလေးကို မွေးမြူထိန်းသိမ်းရာတွင် ညံ့သော မိဘများသည် ဤနည်းလမ်းကို ရွေးချယ်ကြသည်။၎င်းသည် အလုပ်ရှုပ်သော မိဘများအတွက် ကောင်းသော ရွေးချယ်မှုတစ်ခု ဖြစ်နိုင်သည်။ သို့သော်လည်း အငှားဖြင့် ကလေး ထိန်းခြင်းသည် ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။ သင့်ကလေး သည် သူတို့ကိုသင်ပေးသော တစ်စုံ တစ်ယောက်ဖြင့် ရှိနေ သောကြောင့် သင်သည် မိဘဟူသော အနေအထား ဆုံးရှုံး နိုင်သည်။ သို့မဟုတ် သင့်ကလေး တစ်ယောက်တည်း မအိပ်ရဲ၍ တစ်ယောက်ယောက် လာအိပ်ရန်လိုသောအခါ သင့်ကို ရွေးချယ်ခြင်း မရှိနိုင်ပါ။သင့်ကလေးသည် အကျင့်ဆိုးများရှိ လာပါက သင်သည် သွန်သင်ဆုံးမရန် အာဏာအပြည့်မရှိ ဖြစ်နိုင်သည်။ ထိုအခါ သင်ကလေးကြီးပြင်းလာသောအခါ ဘယ်သူ့ကို လေးစားမလဲ။ သင့်ကိုလား သို့မဟုတ် ကလေး ထိန်းကိုလား။ ထို့အပြင် တစ်စုံတစ်ယောက်အား သင့်ကလေး ကို စောင့်ရှောက်ခိုင်းခြင်းသည် သင့်ကလေးနှင့် သင့်မိသားစု ကို အဆက်အသွယ်ပြတ်စေပါသည်။ အဘယ်ကြောင့်ဆိုသော် သင့်ကလေးသည် အချိန်တိုင်း ကလေးထိန်းဖြင့်သာ ရှိနေပြီး သင့်နှင့်အတူမရှိသောကြောင့် ဖြစ်သည်။သင့်တွင်ပိုက်ဆံရှိပြီး ကူညီရန် တစ်စုံတစ်ယောက်လိုပါ က မဆိုးပါ။ သို့သော် အပြင်ဘက်မှအကူအညီသည် စိတ်မချရ ပါ။ အသုံးဝင်နိုင်သော အကြံပြုချက်အချို့ကို အောက်တွင် ဖော်ပြထားသည်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%a1%e1%80%84%e1%80%be%e1%80%ac%e1%80%b8%e1%80%96%e1%80%bc%e1%80%84%e1%80%b7%e1%80%ba-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%91%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%81%e1%80%bc%e1%80%84/
စီစဉ်ထားခြင်းမရှိဘဲ ညစာအပြင်ထွက်စားသည့်အလေ့အထ
ညစာကိုအပြင်စားသောက်ဆိုင်များတွင်စားခြင်းသည် ပျော်ရွှင်ဖွယ်ကောင်းသကဲ့သို့အပေါင်းအသင်းများနှင့်လည်း တွေ့ဆုံနိုင်သည့်အပြင်သင်ကိုယ်တိုင်က ဂရုစိုက်ပါက ကျန်းမာရေးနှင့် ညီညွတ်မျှတ၍ ကိုယ်အလေးချိန်ကျအောင်ရွေးချယ်စားသောက်နိုင်ပါသည်။ကျွန်ုပ်အနေဖြင့်ညစာကို သေချာစွာပြင်ဆင်စားဖြစ်သည့်အတွက် မကြာခဏအပြင်ထွက်မစားဖြစ်ပါ။ ကျန်းမာ၍ကိုယ်ခန္ဓါကျစ်လျစ်ရန်အစားအစာကို ကိုယ်တိုင်ပြင်ဆင်သင့်သည်ဟုကျွန်ုပ်ကယုံကြည်ပါသည်။ သို့သော်လည်း Saigon ကဲ့သို့မြို့ကြီးများတွင်များပြားသောစားသောက်ဆိုင်များတည်ရှိသည့်အတွက်လူမှုရေးအရသော်လည်းကောင်းသူတို့၏အစားအသောက်များကို စားသောက်မှသာသင့်တော်ပေလိမ့်မည်။ထို့ကြောင့်ညစာကိုအပြင်ထွက်စားဖြစ်သည့်အခါကျန်းမာရေးနှင့်လည်းညီအောင်၊ အရသာရှိ၍ ကယ်လိုရီများစွာလည်းမစားမိအောင် အောက်ပါအချက် (၈) ချက်ကိုလိုက်နာသင့်ပါသည်။(၁) ဆီပြင်းပြင်းနှင့်ကြော်ထားသော အစားအစာမပါသည့်ဟင်းလျာများကိုရွေးချယ်ပါ။ဆီနှင့်ထပ်ခါထပ်ခါကြော်ထားသော အစားအစာများသည ် ပြည့်ဝဆီပါဝင်မှုနှင့်ကယ်လိုရီများပြားသည့်။အတွက်ကျန်းမာရေးအတွက်မသင့်တော်ပါ။ ပြည့်ဝဆီများကို ဆီနှင့်ကြော်ရာမှထွက်လာသောအဆီဓါတ်များသည်လူကိုဒုက္ခများစွာပေးတတ်ပါသည်။ ထို့ပြင် ဆီပြင်းပြင်းနှင့်ကြော်ထားသောအစားအစာများတွင်အာဟာရဓါတ်များလည်းကုန်ခမ်းသွားသဖြင့်။နာတာရှည်ကျန်းမာရေးပြဿနာများဖြစ်နိုင်ပါသည်။(၂) ဆီကြော်များကိုမေ့ထားလိုက်ပါ။ဆီကြော်အစားအစာများနေရာတွင်လတ်ဆတ်သော ဟင်းသီးဟင်းရွက်ဟင်းလျာတစ်ခုကို စားသုံးပေးပါ။ အထူးသဖြင့်အစိမ်းရောင်ခြယ်ဟင်းသီးဟင်းရွက်များသည်စွမ်းအင်မြင့်တက်စေနိုင်သည့်အပြင်ခန္ဓါကိုယ်မှအဆိပ်အတောက်များကိုဖယ်ရှားပေးသည်။ ထို့ကြောင့်အစားအစာတစ်ခုစားတော့မည်ဆိုလျှင်ဟင်းသီးဟင်းရွက်က အဓိကအခရာပါသင့်ပါသည်။(၃) အချိုမှုန့်နှင့်အဆီများသော ဟင်းရည်များကိုရှောင်ပါ။အာရှတိုက်သားများအနေဖြင့်အချိုမှုန့်နှင့်သကြားဓါတ်၊ အဆီဓါတ်ကဲ့သောအစားအစာများကိုရှောင်ရန်ခက်ခဲပေလိမ့်မည်။ ထိုဟင်းလျာများသည် ရောင်ရမ်းခြင်းကိုဖြစ်စေသည့်အပြင်ဦးနှောက်၏လုပ်ငန်းဆောင်တာများကို ကျဆင်းစေနိုင်သည့်အတွက်မရွေးချယ်သင့်ပါ။(၄) အချိုဓါတ်ကဲသော အချဉ်ရည် အစား လိမ္မော် (သို့မဟုတ်) သံပရာရည်ကိုသုံးပါ။အချိုဓါတ်ကဲလွန်းသော တို့စားစရာအချဉ်ရည်များ အစား လိမ္မော် (သို့မဟုတ်) သံပရာရည် သင်ကြိုက်နှစ်သက်သလို အသုံးပြုနိုင်ပါသည်။(၅) သရေစာများရှောင်ပါ။သရေစာများတွင်အဆီဓါတ်နှင့် အချိုဓါတ်အပြင် အငန်ဓါတ်ပါသည့်အတွက် သင့်ကိုရေဆာစေပေလိမ့်မည်။ အစားအစာအတွက်ငွေကြေးအကုန်အကျ ခံရသည်ဖြစ်ရာ ထိုအာဟာရမဖြစ်သောအစားအစာများကိုစား၍ ဗိုက်ပြည့်နေခြင်းမဖြစ်အောင် ရှောင်ပါ။(၆) မဖြစ်မနေအချိုပွဲစားရမည်ဟုမတွေးပါနှင့်။ထမင်းစားပြီးအချိုတည်းရန် မုန့်အချိုများအစား ဗီတာမင်နှင့်သတ္ထုဓါတ်များပါဝင်သောအသီးအနှံတစ်မျိုးမျိုးကိုစားပေးပါ။ သင်၏အစား စားပြီးအချိုတည်း လိုသောအာသာဆန္ဒကိုဖြည့်စွမ်းပေးမည့်အပြင်အမျှင်ဓါတ်နှင့် ဓါတ်တိုးဆန့်ကျင်သတ္တိများကိုပါ ရရှိစေပါသည်။(၇) အချိုရည်၊ အရက်နှင့်ဘီယာသောက်သုံးခြင်းကိုရှောင်ပါ။ဝိုင်တစ်ခွက်တွင်ကယ်လိုရီ ၁၅၀ မှ၂၀၀ အထိပါဝင်သည်။ ဆိုဒါတစ်ခွက်တွင်သကြား ၁၀ ဇွန်းစာ ပါဝင်သည်။ ဘီယာသည် တစေးကိုအချဉ်ဖောက်၍ထုတ်လုပ်ထား ခြင်းဖြစ်ရာ အစာအိမ်မှ အဆီများ ချေဖျက်ခြင်း ကိုတားဆီးသော အာနိသင်လည်းရှိသည်။အချိုရည်များကို များများသောက်သော်လည်း ဗိုက်ပြည့်သည်ဟုမခံစားရသည့်အတွက် ကယ်လိုရီများစွာရရှိစေပြီး လွန်ကဲစွာစားသုံးခြင်းဖြစ်စေသည်။ အရက်သောက်ခြင်းကြောင့်အိပ်စက်ခြင်း ဖြစ်စဉ်ကိုထိခိုက်နိုင်ပြီး ကိုယ်တွင်းအင်္ဂါများ၏စနစ်များကမောက်ကမဖြစ်ခြင်း၊ အဆီကိုပိုမိုသိုလှောင်ခြင်း တို့ဖြစ်စေပါသည်။(၈) ဖြည်းညင်းစွာ ဝါး၍မြိုချပါ။အစာစားခြင်းမြန်နှုန်းနှင့်ကိုယ်အလေးချိန်အညွှန်းကိန်း (BMI) သည်ဆက်စပ်လျက်ရှိပါသည်။ မြန်မြန်စားလေ BMI တက်လေဖြစ်သည်။ အစာကိုလောကြီးစွာမြန်မြန်စားခြင်းသည်ဆိုးကျိုးများဖြစ်စေ တတ်ပြီး အဝလွန်သူများတွင်တွေ့ရတတ်သောအလေ့အထဖြစ်သည်။ အစားအစာကိုဖြည်းညင်းစွာ ကျေညက်အောင်ဝါးစားပါက အစားကိုတင်းတိမ်စေနိုင်သည့်အတွက ်ကိုယ်အလေးချိန်လျှော့ချရာတွင် ကူညီပေးသည်။သင့်အနေဖြင့်ကိုယ်အလေးချိန်လည်းမတက်စေလို၊ အပြင်တွင်ညစာထွက်စားရသည့်အကျင့်ကိုလည်း နှစ်သက်တတ်သူဖြစ်လျှင်မည်သည့်နေရာတွင်စားမည်၊ မည်သည့်အစားအစာကိုစားမည်၊ မည်သို့ပုံစံနှင့်စားမည်ကို အရင်စဉ်းစားပါ။ အထက်ပါအချက်များကိုသင်ကျင့်သုံးလျှင် ကျန်းမာခြင်းနှင့်တကွ ပျော်ရွှင်ခြင်းကိုပါသင်ရရှိပေလိမ့်မည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%85%e1%80%ae%e1%80%85%e1%80%89%e1%80%ba%e1%80%91%e1%80%ac%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%9b%e1%80%be%e1%80%ad%e1%80%98%e1%80%b2-%e1%80%8a%e1%80%85%e1%80%ac/
Mad Cow Disease (နွားရူးပြန်ရောဂါ)
Mad cow ရောဂါဆိုသည်မှာ ကျွဲနွားများတွင် ဦးနှောက်နှင့် အာရုံကြောမကြီးကိုထိခိုက်ပျက်စီးစေသောသေနိုင်သည့်ရောဂါဖြစ်သည်။ ၎င်းကို Bovine Spongiform Encephalopathy (BSE) ဟုလည်းခေါ်သည်။လူများတွင် mad cow ရောဂါမဖြစ်နိုင်ပေ။ သို့သော် လူများတွင်ဖြစ်နိုင်သော Mad cow ရောဂါလည်း ရှိသည်။ Varient Creutzfeldt-Jakob (VCID) ရောဂါဟုခေါ်ပြီး သေစေနိုင်သည်။ထိုရောဂါ၏ပထမဆုံးဖြစ်ပွားသောလူနာကို ၁၉၉၆ တွင်စတင်တွေ့ရှိခဲ့သည်။ ထိုအချိန်မှစ၍ ကမ္ဘာပေါ်တွင် ထိုရောဂါဖြစ်ပွားသောလူနာအနည်းငယ်ကို ဆက်လက်တွေ့ရှိရသည်။ အများစုသည် အင်္ဂလန်နိုင်ငံ၏ ဒေသများတွင် တွေ့ရှိရသည်။၎င်းရောဂါသည်ပြင်းထန်သော်လည်း ရှားပါးသည်။ တစ်နှစ်လျင် လူတစ်သန်းတွင် တစ်ယောက်လောက်သာ ဖြစ်နိုင်သည်ဟု ခန့်မှန်းတွက်ချက်ထားပြီး၊ အသက်ကြီးသူများတွင်ဖြစ်နိုင်ပါသည်။သို့သော် ၎င်းကိုဖြစ်စေနိုင်သောအကြောင်းရင်းများကိုလျော့ချခြင်းဖြင့် ရောဂါဖြစ်ခြင်းကိုထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။Creutzfeldt-Jakob ရောဂါသည်လပိုင်းအတွင်းတွင် စိတ်ပိုင်းဆိုင်ရာ လျင်မြန်စွာဆိုးရွားသွားနိုင်သော ရောဂါတစ်မျိုးဖြစ်သည်။ ရောဂါလက္ခဏာများတွင် အောက်ပါတို့ပါဝင်သည်။– ကိုယ်အမူအရာများပြောင်းလဲခြင်း။– စိတ်ပူပင်စိုးရိမ်ခြင်း။– စိတ်ဓါတ်ကျခြင်း။– မှတ်ဉာဏ်ပျောက်ဆုံးခြင်း။– အမြင်အာရုံေဝဝါးခြင်း၊ မျက်စိကွယ်ခြင်း။– အိပ်မပျော်ခြင်း၊။– စကားပြောရန်ခက်ခဲခြင်း။– အစာမျိုချရန် ခက်ခဲခြင်း။– အကြောလိုက်သလိုဖြစ်ခြင်း။ရောဂါဆိုးရွားလာသည်နှင့်အမျှ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများလည်း ဆိုးရွားလာသည်။ လူအများစုသည် သတိလစ်မေ့မြောသည့် အခြေအနေအထိ ရောက်သွားနိုင်သည်။နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါ၊နမိုးနီးယား သို့မဟုတ် အခြားသောရောဂါပိုးသည် သေဆုံးခြင်း၏ အဓိက အကြောင်းရင်းများဖြစ်ကြသည်။ တစ်နှစ်အတွင်း သေဆုံးနိုင်သည်။ ရှားပါးသော VCJD ရောဂါနှင့် လူနာများသည် အစပိုင်းတွင် စိတ်ပိုင်းဆိုင်ရာလက္ခဏာများ ပို၍ထင်ရှားပြီး မှတ်ဉာဏ်ပျောက်ဆုံးတတ်သည်။ ရောဂါဖြစ်ပြီးနောက်ပိုင်းတွင် စဉ်းစားတွေးခေါ်နိုင်ခြင်းပျောက်ဆုံးလာသည်ကိုတွေ့ရသည်။ ထို့အပြင်ဤအမျိုးမျိုးသော လက္ခဏာများသည် ဖြစ်နေကျလက္ခဏာများထက် လူငယ်များတွင် ပိုဖြစ်သည်ကို တွေ့ရပြီး ၁၂လမှ ၁၄လအထိကြာမြင့်သည်ကို တွေ့ရသည်။ထိုရောဂါလက္ခဏာများဖြစ်ပေါ်ပါက ဆရာဝန်နှင့် ချက်ခြင်းပြသသင့်သည်။ Mad cow ရောဂါသည် ချက်ခြင်းကုသမှုခံယူရမည့် အသက်အန္တရာယ်ရှိသော ရောဂါဖြစ်သည်။အခြားသော လက္ခဏာများရှိပါက သို့မဟုတ် မေးမြန်းလိုသည်များရှိပါက သင့်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းသည် ရောဂါကို တုံ့ပြန်မှုမတူညီကြပေ။ပညာရှင်များသည်လည်း mad cow သိုမဟုတ် VCJD ရောဂါကို ဖြစ်စေသော အကြောင်းရင်းများကို အသေအချာမသိကြပေ။စာပေများတွင် ဖော်ပြထားသည်မှာ ၎င်းရောဂါသည် Prion ဟုခေါ်သောပရိုတင်းတစ်မျိုးကြောင့်ဖြစ်ပြီး ကျွဲနွားများတွင် ဖြစ်သည်။ ထိုပရိုတင်းသည် ဦးနှောက်၊ အာရုံကြောမနှင့် အူသိမ်တို့တွင်တွေ့ရသည်။ Prion ပရိုတင်းသည် အသားနှင့် နို့တွင်တွေရသည်ဟု သက်သေသာဓကမရှိပေ။နွားကို သားသတ်ရုံတွင်သတ်သောအခါ အချို့သော အစိတ်အပိုင်းများကို လူများစားနိုင်ရန်၊ အချို့ကို တိရိစ္ဆာန်များစားနိုင်ရန် အသုံးပြုကြသည်။ ရောဂါပိုးရှိသော နွားကို သတ်သောအခါ အာရုံကြောတစ်သျှူးများကို အခြားသော ကျွဲနွားများကို ကျွေးသည့်အခါ ရောဂါကူးစက်နိုင်သည်။ ရောဂါရှိသော ဦးနှောက်နှင့် အာရုံကြောအစိတ်အပိုင်းများကို စားမိလျှင် လူတွင်လည်း ရောဂါကူးနိုင်သည်။ဖြစ်နိုင်ချေသည် မများလှပေ။ ရောဂါသည် ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ထိေတွေ့ခြင်းအားဖြင့် မကူးစက်နိုင်ပေး။အောက်ပါအကြောင်းရင်းများကြောင့် ကူးစက်နိုင်သည်။-အကြောင်းရင်းမရှိပဲ ရောဂါဖြစ်ခြင်း။– မျိုးရိုးလိုက်ခြင်း။ ။အမေရိကန်ပြည်ထောင်စုတွင်၅-၁၀% သော လူနာများတွင် မိသားစုရာဇဝင်ရှိကြသည်။-ထိတွေ့ကူးစက်ခြင်း။ ။ ရောဂါဖြစ်သော လူများထဲမှအနည်းငယ်သည် ရောဂါဖြစ်နေသောသူကို ဆေးကုသနေစဉ် ရောဂါကူးစက်ကြသည်။ ရောဂါပိုးသတ်သည့် နည်းလမ်းများသည် Prion ပရိုတင်းကို မသေစေနိုင်ပေ။ လူအနည်းငယ်သည် ရောဂါပိုးကူးစက်ထားသော ခွဲခန်းသုံးပစ္စည်းများကြောင့် ရောဂါပိုးကူးစက်ကြသည်။အများစုသည် အကြောင်းရင်းမသိပဲဖြစ်ကြသည်။ ဖြစ်နိုင်ချေကို များစေသော အကြောင်းရင်းများ ခွဲခြားမသိနိုင်ပေ။ သို့သော် အချို့သော အချက်အနည်းငယ်သည် VCJD နှင့် ဆက်စပ်မှုရှိနိုင်သည်။-အသက်အရွယ်။ ။VCJD သည် အသက်ငယ်သောသူများတွင် အဖြစ်များပြီး အသက်၂၀ နောက်ပိုင်းတွင် အဖြစ်များသည်။-မျိုးရိုးဗီဇ။ ။VCJD ရှိသော လူများတွင် မျိုးရိုးဗီဇ ပြောင်းလဲမှုရှိသည့်အတွက် ရောဂါဖြစ်ပွားသည်။ သင့်တွင် မျိုးရိုးဗီဇ ပြောင်းလဲမှုရှိလျှင် သင့်ကလေးတွင် ဖြစ်နိုင်ချေ ၅၀%ရှိသည်။-ရောဂါရှိသော အရာများနှင့် ထိတွေ့ခြင်း။ ။ဦးနှောက်ရှိ ဂလင်းတစ်ခုမှထွက်သော ဟော်မုန်းကိုရရှိသော သို့မဟုတ် ဦးနှောက်ကို အုပ်ထားသော တစ်သျှူးစကို အစားထိုးရသော သူများသည် ရောဂါရနိုင်ချေရှိသည်။ အသားစားခြင်းကြောင့်ရောဂါကူးခြင်းသည် အတိအကျပြောရန်ခက်သည်။ ပြည်သူ့ကျန်းမာရေးကို သေချာလုပ်ဆောင်သောနိုင်ငံများတွင် ကူးစက်နိုင်ချေသည် မရှိသလောက်ပင်ဖြစ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဦးနှောက်အသားစယူခြင်း သို့မဟုတ် သေပြီးနှောက် ဦးနှောက်ကို စစ်ဆေးခြင်းဖြင့်သာရောဂါကို သိနိုင်သည်။ သို့သော် ဆရာဝန်များမှ လူနာ၏ ဆေးရာဇဝင်ကို မေးမြန်းပြီး အာရုံကြောစစ်ဆေးမှုများပြုလုပ်ခြင်းဖြင့် ရောဂါကို အမည်တပ်နိုင်ပါသည်။ထို့အပြင် အောက်ပါတို့သည် ရောဂါရှာဖွေရန်သုံးသော အခြားသော စစ်ဆေးချက်များဖြစ်ပါသည်။Electroencephalogram (EEG)။ဦးနှောက်၏ လုပ်ဆောင်ချက်များကို လျှပ်စစ်စီးကြောင်းဖြင့် တိုင်းတာခြင်းဖြစ်သည်။ ရောဂါရှိသူသည် ပုံမှန်မဟုတ်သော ပုံစံများဖြင့် ဖော်ပြသည်။MRI။သံလိုက်လှိုင်းများကို အသုံးပြုခြင်းဖြင့် ဦးခေါင်းနှင့် ခန္ခါကိုယ်ကို ကန့်လန့်ဖြတ် ပုံရိပ်များရရှိနိုင်သည်။ ဦးနှောက်တွင် ဖြစ်သောရောဂါများကို သိရှိနိုင်ရန် အဓိက အသုံးပြုသည်။Spinal fluid tests။ခါးရိုးထဲမှ အရည်ကို စစ်ဆေးခြင်းဖြင့် VCJD ရောဂါတွင်ရှိသော ပရိုတင်းကို စစ်ဆေးခြင်းဖြစ်သည်။ဤရောဂါအတွက် ထိရောက်သောကုသမှုမရှိသေးပါ။ စတီးရွိုက် ပိုးသတ်ဆေးနှင့် ဗိုင်းရပ်စ်သတ်သော ဆေးများသည် သိသာစွာ အကျိုးမရှိလှချေ။ ထို့ကြောင့် ဆရာဝန်များသည် လူနာ၏ ရောဂါလက္ခဏာသက်သာစေရန်ကို အဓိကကုသကြသည်။အောက်ပါနည်းလမ်းများဖြင့် ကျန်းမာသော နေထိုင်နည်းပုံစံသည် သင့်တွင်ဖြစ်နိုင်ချေများလျင် အရေးကြီးသည်။– အခြားနိုင်ငံများမှ တင်သွင်းသော ကျွဲနွားများကို သေချာစွာ စစ်ဆေးခြင်း။– တိရိစ္ဆာန်အစားအစာများကို စိစစ်ခြင်း။– နေမကောင်းသော တိရိစ္ဆာန်များနှင့် ထိတွေ့ခြင်းကို သတိပြုဆောင်ရွက်ခြင်း။– ကျွဲနွားများ၏ ကျန်းမာရေးကို စောင့်ကြည့်စစ်ဆေးခြင်း။– ကျွဲနွားများ၏ မည်သည့် အစိတ်အပိုင်းကို အစားအစာအဖြစ်အသုံးပြုမည်ကို စိစစ်ခြင်း။သင့်တွင် မေးမြန်းလိုသည်များရှိလျင် သင့်တွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/mad-cow-disease-%e1%82%8f%e1%80%bc%e1%80%ac%e1%80%b8%e1%80%9b%e1%80%b0%e1%80%b8%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab/
လူပျို၊ အပျိုဘဝကို ဘယ်အချိန်မှာ ဆုံးရှုံးခံသင့်သလဲ
လူပျို၊ အပျိုဘဝကို ဘယ်အချိန်မှာ ဆုံးရှုံးခံသင့်သလဲ …… လူအတော်များများကအပျိုစင်ဘဝ လူပျို၊ အပျိုဘဝကို ဆုံးရှုံးဖို့ မှန်ကန်တဲ့အချိန်ဟာ လက်ထပ်တဲ့ ညလို့ ထင်ကြပါတယ်။ ဒါပေမယ့် ဒီအချိန်အထိစောင့်ဖို့ဟာ မလွယ်ကူမှန်း သိကြပြီး ဖြစ်မှာပါ။ အထူးသဖြင့် သင့်သူငယ်ချင်းက သူ (သို့) သူမ ချစ်သူနဲ့လိင်ဆက်ဆံတဲ့ အတွေ့အကြုံဟာ ဘယ်လောက်ကောင်းကြောင်း ဆက်တိုက်ပြောနေခဲ့ရင်ပဲ ဖြစ်ပါတယ်။အဖြေကတော့ သင့်ရဲ့ ယဉ်ကျေးမှုဆိုင်ရာ အတွေးအခေါ်တွေနဲ့ ဘာသာတရား လက်ခံမှုအပေါ်မှာ မူတည်ပါတယ်။ မိဘတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေဟာ သူတို့အချင်းချင်းဆက်ဆံမှုမှာ ပွင့်လင်းရိုးသားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် လူငယ်တွေ ရင့်ကျက်လာပြီး ချစ်သူနဲ့ စတင်ချိန်းတွေ့ချိန်တွေမှာ ဖြစ်ပါတယ်။လိင်ဆက်ဆံမှုအစပြုသင့်တဲ့ အသက်အရွယ်ရယ်လို့ အတိအကျ မရှိပါဘူး။ လူတချို့က သူတို့ချစ်တဲ့သူတွေ့တဲ့အထိ (သို့) လက်ထပ်ပြီးတဲ့အထိ (သို့) အခြေကျတဲ့အထိ စောင့်တတ်ပါတယ်။ ဒါပေမယ့် ဒါဟာ ရွေးချယ်မှု တစ်ခုသာ ဖြစ်ပါတယ်။ ဘာကိုပဲ ရွေးချယ်၊ ရွေးချယ် ကိုယ့်တာဝန် ကိုယ်ယူရမှာ ဖြစ်ပါတယ်။ ဒါဆို လူပျို၊ အပျိုဘဝကို ဘယ်အချိန်မှာ ဆုံးရှုံးခံသင့်သလဲ ဆိုတာ ဆောင်းပါးကို ဆက်ဖတ်ကြည့်လိုက်ပါ။ပထမဦးစွာ နောက်ပိုင်းမှာ ဖြစ်လာမယ့် ဆိုးကျိုးတွေကို ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်။ ဥပမာ လိင်မှတဆင့် ကူးစက်ရောဂါတွေ၊ ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်ခြင်းတွေနဲ့ အခြား ထည့်သွင်း စဉ်းစားသင့်တဲ့ အရာတွေလည်း ရှိပါသေးတယ်။ဥပမာ သင့်ရဲ့ ပထမဆုံး အတွေ့အကြုံတွေဟာ သာယာဖွယ် မဖြစ်ရင် ဒါဟာ သင့်ဘဝတစ်လျှောက်လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံတွေကို ကြောက်လန့်သွားနိုင်ပါတယ်။နောက်တစ်ချက်ကတော့ လိင်ပိုင်းဆိုင်ရာ ဆန္ဒတွေ၊ စိတ်တက်ကြွမှုတွေဟာ ပုံမှန်သာ ဖြစ်ပါတယ်။ ဒီခံစားမှုတွေကို ထုတ်လွှတ်ပေးဖို့ နည်းလမ်းတစ်ခုကတော့ အာသာဖြေတာပဲ ဖြစ်ပါတယ်။လိင်အာသာဖြေခြင်းဟာ လိင်ပိုင်းဆိုင်ရာ တင်းကျပ်မှုတွေကို လျော့ကျစေပြီး သင့်ကိုယ်ခန္ဓာနဲ့ တုံ့ပြန်ပုံတွေအကြောင်းကို ပိုမိုသိရှိစေပါတယ်။ လိင်အာသာဖြေခြင်းဟာ ပုံမှန်အပြုအမူ တစ်ခုသာ ဖြစ်တာကြောင့် မရှက်သင့်ပါဘူး။တတိယအနေနဲ့ ထိုးသွင်းမှု မရှိဘဲ လိင်ဆက်ဆံဖို့ ကြိုးစားသင့်ပါတယ်။ သူ (သို့) သူမကို နှိပ်နယ်ပေးခြင်း၊ ရေတူတူချိုးခြင်း၊လိင်အာသာဖြေခြင်း၊ လက်ဖြင့် လိင်ဆက်ဆံခြင်းတွေ ပြုလုပ်ပေးနိုင်ပါတယ်။ဒါဟာ လိင်မှ တဆင့်ကူးစက်ရောဂါပိုးတွေ၊ ကိုယ်ဝန် ရရှိခြင်းတွေ မဖြစ်စေဘဲ တစ်ယောက်နဲ့ တစ်ယောက် အနီးစပ်ဆုံးသိရှိနိုင်တဲ့ နည်းတွေ ဖြစ်ပါတယ်။အမှန်တကယ် လိင်ဆက်ဆံဖို့ အဆင်သင့်မဖြစ်သေးရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ရင်ဆိုင်နိုင်ချိန်အထိ စောင့်ဆိုင်းသင့်ပါတယ်။နောက်တစ်ချက်ကတော့ သင့်လိုပဲ သင့်ချစ်သူဟာ တူညီတဲ့ မျှော်လင့်ချက်တွေ၊ အတွေးအခေါ်တွေ ရှိမယ်လို့ မမျှော်လင့်ပါနဲ့။ လိင်ဆက်ဆံခြင်း ဆိုတာ နှစ်ဦးနှစ်ဖက်  ကိစ္စဖြစ်တာကြောင့် ပွင့်ပွင့်လင်းလင်းတိုင်ပင်သင့်ပါတယ်။နောက်ဆုံး အနေနဲ့ကတော့ ကိုယ့်အကြောင်းကိုသိပါ။ သင့်သူငယ်ချင်းက သူ့ချစ်သူနဲ့ အတူနေတိုင်း သင်လိုက်လုပ်စရာ မလိုပါဘူး။ လိင်ဆက်ဆံခြင်း မှာ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲတွေကို သင်ဘယ်လောက်ထိ နားလည် လက်ခံနိုင်သလဲ ဆိုတာက အရေးကြီးဆုံးပါ။ရေးသားသူ- Dr Phyu Mon Latt။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/are-you-ready-to-lose-your-virginity/
သီဟိုဠ်စေ့ ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး ၉ ချက်
သီဟိုဠ်စေ့ ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး တွေက ဘာတွေဖြစ်မလဲဆိုတာကို သိရှိနိုင်စေဖို့ အခုပဲ လေ့လာလိုက်ပါ။သီဟိုဠ်စေ့က နှလုံးကျန်းမာရေး၊ အာရုံကြောကျန်းမာရေး၊ ကြွက်သားလုပ်ဆောင်ချက်ကောင်းမွန်စေခြင်း၊တို့လို ကျန်းမာရေးအကျိုးကျေးဇူးတွေအပြင်သွေးအားနည်းခြင်း၊ ဆီးချိုရောဂါတို့လိုရောဂါအခြေအနေတွေကိုပါ သက်သာလျော့ပါးစေနိုင်တဲ့ အစေ့အဆံတစ်မျိုးဖြစ်ပါ တယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့်လည်းသွေးနီဥဆဲလ်ဖြစ်ပေါ်မှုကို ကူညီပေးပြီး ကိုယ်ခံအားကိုကောင်းစေပါတယ်။သီဟိုဠ်စေ့ ဆိုတာက သီဟိုဠ်သီးရဲ့ အစေ့ပါ။ လှော်ပြီး စားလေ့ရှိကြပြီး ဆိမ့်ဆိမ့်ချိုချိုလေးပါ။ အချိုပွဲတွေမှာ ထည့်စားကြသလို သူ့ချည်း သက်သက်လည်း စားကြပါတယ်။သီဟိုဠ်စေ့မှာ အာဟာရဓါတ်ပြည့်ဝတဲ့အပြင်ကော့ပါး၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓါတ်၊ပိုတက်စီယမ်နဲ့ဇင့်အပါအဝင် သတ္ထုဓါတ်တွေနဲ့ ပရိုတင်းတွေပါဝင်ပါတယ်။ သူ့မှာ ဗီတာမင်C ၊B1(thiamin)၊ B2(riboflavin) ၊B3(niacin)၊B6၊ folate ၊ ဗီတာမင် E(alpha-tocopherol) နဲ့ ဗီတာမင် K(phylloquinone) တို့ပါဝင်တဲ့အပြင် သင့်တင့်စွာ စားသုံးမယ်ဆိုရင် monounsaturated အဆီတွေနဲ့polyunsaturated အဆီတွေ၊ အကျိုးပြုကိုလက်စထရောတွေကိုကောင်းမွန်စွာထိန်းသိမ်းနိုင်ပါတယ်။သီဟိုဠ်စေ့ ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး တွေကတော့ –။(၁) နှလုံးရောဂါကာကွယ်ပေးခြင်း။သီဟိုဠ်စေ့ဟာ အဆီမှာပျော်ဝင်လွယ်တဲ့ ဗီတာမင် A ၊ D၊E ၊ K တို့ကို စုပ်ယူနိုင် ဦးနှောက်ဖွံ့ဖြိုးမှုနဲ့သွေးခဲပိတ်ဆို့ခြင်းတို့အတွက် အရေးပါတဲ့ အကျိုးပြုအဆီတွေ၊ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့သွေးခဲပိတ်ဆို့မှုအတွက် အဓိကကျတဲ့ အဆီအက်စစ်တွေပါဝင်ပါတယ်။ စားသုံးပုံမှန်ကန် မယ်ဆိုရင် ဒီအဆီဓါတ်တွေက ဆိုးကျိုးပေးတဲ့ကိုလက်စထရော(LDL cholesterol)တွေကိုလျှော့ချပေးနိုင်ပြီး နှလုံးအတွက် အကျိုးပြုပါတယ်။(၂) ကြွက်သားနဲ့အာရုံကြောအားကောင်းစေခြင်း။သီဟိုဠ်စေ့တွေမှာအရိုး၊ကြွက်သား၊တစ်ရှူးနဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကျန်းမာဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ မဂ္ဂနီဆီယမ်ပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်ကသွေးဖိအားကိုထိန်းညှိပေးပြီးကိုယ်ခံအားကောင်းစေ၊အာရုံကြောလုပ်ဆောင်ချက်ကောင်းစေတဲ့အပြင် အရိုးကို သန်မာစေပါတယ်။အင်ဆူလင်လုပ်ဆောင်ချက်ကိုလည်း ထိန်းညှိပေးပြီးသွေးတွင်းသကြားဓါတ်ကို မှန်ကန်စေတယ်လို့ ဆိုပါတယ်။(၃) ဆီးချိုသွေးချိုအန္တရာယ်လျော့နည်းစေခြင်း။သကြားဓါတ်နဲ့မကောင်းတဲ့ကိုလက်စထရောပါဝင်မှု နည်းပါးလွန်းခြင်းကြောင့် ဆီးချိုဝေဒနာသည်တွေအတွက်ဘေးဥပါဒ်ကင်းပါတယ်။ ရောဂါမရှိသေးသူတွေမှာလည်းအမျိုးအစား ၂ ဆီးချိုေရာဂါဖြစ်လာနိုင်တဲ့အန္တရာယ်လည်းနည်းပါးစေတယ်လို့ သိရပါတယ်။(၄) ကင်ဆာဆေးတွေပိုထိရောက်စေခြင်း။သီဟိုဠ်စေ့မှာပါဝင်တဲ့anacardic acids၊ cardanols နဲ့ cardols တို့လို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝမှုကြောင့် အကျိတ်နဲ့ ကင်ဆာတို့အတွက် ကုသမှုခံယူနေဆဲ လူနာတွေအတွက် ထိရောက်မှုရှိစေတယ်လို့ သုတေသနတွေကတွေ့ရှိထားပါတယ်။(၅) သွေးနီဥဆဲလ်ဖြစ်ပေါ်မှုကို အားပေးခြင်း။သီဟိုဠ်စေ့မှာ သံဓါတ်ရဲ့ဇီဝဖြစ်စဉ်အတွက် အထောက်အကူပေးတဲ့ ကော့ပါးဓါတ်ကြွယ်ဝပြီးသွေးနီဥဆဲလ်ဖြစ်ပေါ်မှုကို အားပေးကာ အရိုးနဲ့ကိုယ်ခံအားစနစ်ကို ကျန်းမာစေပါတယ်။ ဒါ့အပြင် အာရုံကြောစနစ်နဲ့ကျောရိုးစနစ်အတွက်လည်း အရေးပါပါတယ်။ကော့ပါးဓါတ်ချို့တဲ့ရင် အရိုးပွရောဂါ၊ နှလုံးခုန်မမှန်တာ၊သွေးအားနည်းရောဂါတွေဖြစ်စေတတ်ပါတယ်။(၆) အရိုးနဲ့ ခံတွင်းကျန်းမာရေးကောင်းစေခြင်း။အရိုးနဲ့သွား ဖွံ့ဖြိုးမှုကျန်းမာရေးအတွက်လည်း အရေးပါတဲ့ phosphorous ဓါတ်ပါဝင်တာကြောင့်လည်း ပရိုတင်းချက်လုပ်မှုကို အထောက်အကူပေးပြီး ကာဗိုဟိုက်ဒရိတ်၊ အဆီဓါတ်တွေစုပ်ယူခြင်းနဲ့ ကလာပ်စည်းများရဲ့ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ပေးပါတယ်။(၇) သွေးအားနည်းခြင်းကို ကာကွယ်ပေးခြင်း။သီဟိုဠ်စေ့တွေမှာ ခန္ဓါကိုယ်အနှံ့ အောက်ဆီဂျင်ပို့ဆောင်ရာမှာ အရေးပါတဲ့ သံဓါတ်ကြွယ်ဝပြီး အင်ဇိုင်းနဲ့ ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်တွေကိုကောင်းမွန်စေပါတယ်။ သံဓါတ်ချို့တဲ့ရင်မောပန်းနွမ်းနယ်ခြင်း၊သွေးအားနည်းခြင်းတွေဖြစ်စေနိုင်ပြီးရောဂါကူးစက်မှုတွေ ဝင်ရောက်နိုင်ဖို့လွယ်ကူစေပါတယ်။(၈) သည်းခြေကျောက်မဖြစ်အောင် ကာကွယ်ပေးခြင်း။သည်းခြေကျောက်ဆိုတာ သည်းခြေအတွင်း စုပုံလာတဲ့ ကိုလက်စထရောအပါအဝင်ကျောက်ခဲလိုလိုအနယ်အနှစ်တွေဖြစ်ပါတယ်။ သီဟိုဠ်စေ့လို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစေ့အဆံတွေကို မကြာခဏစားသုံးပေးရင် သည်းခြေကျောက်တည်နိုင်တဲ့ အန္တရာယ် နည်းပါးစေမှာဖြစ်ပါတယ်။(၉) ကိုယ်ခံအားကောင်းစေခြင်း။ရောဂါပိုးမွှားတွေရဲ့ ရန်ကနေ ကိုယ်ခံအားစနစ်ရဲ့ခုခံကာကွယ်နိုင်စွမ်းကိုထောက်ကူပေးပြီး ပရိုတင်းချက်လုပ်မှုနဲ့ အနာကျက်မြန်ခြင်းအတွက် အရေးပါတဲ့ ဇင့် ဓါတ်က သီဟိုဠ်စေ့မှာ ပါရှိပါတယ်။ ဒီဓါတ်က ကိုယ်ဝန်ဆောင်တွေမှာ သန္ဓေသားဖွံ့ဖြိုးမှုအတွက်လည်း အရေးပါသလို ကလေးငယ်ရဲ့ဖွံ့ဖြိုးစအသက်အရွယ်အပိုင်းအခြားတွေမှာလည်း ခန္ဓါကိုယ်အနေအထားတည်ငြိမ်အောင် ထိန်းသိမ်းနိုင်စေပါတယ်။(၁၀) အဆီပါဝင်မှု။သီဟိုဠ်စေ့မှာ ဗီတာမင်နဲ့ အာဟာရတွေအများကြီးပါဝင်တယ်ဆိုပေမယ့် အဆီဓါတ်ကလည်း များပါတယ်။ ဒါပေမယ့် ဒီအဆီတွေဟာလည်း အများစုက မပြည့်ဝဆီတွေနဲ့ အကျိုးပြုအဆီတွေဖြစ်ပါတယ်။ဒီထက်ပိုပြီးပြင်းထန်လာရင်တော့glottisedemaဒါမှမဟုတ် anaphylaxis လို့ခေါ်တဲ့ အသက်ဆုံးရှုံးရတဲ့အထိဖြစ်စေနိုင်တဲ့ အခြေအနေမျိုးကိုရောက်သွားနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/surprising-benefits-of-cashews-nuts/
Encephalitis (ဦးနှောက်ရောင်ရောဂါ)
ဦးနှောက်ရောင်ရမ်းရောဂါ (encephalitis) ဆိုတာ ဦးနှောက်ရောင်ရမ်းမှုအခြေအနေတစ်ခုပါ။ ဗိုင်းရပ်စ်ကြောင့် အဓိကဖြစ်ပြီး သင့်ရဲ့ ဘာသာစကား၊ မှတ်ဉာဏ်ဆိုင်ရာ ပြဿနာတွေဖြစ်လာနိုင်ပြီး သေဆုံးတဲ့ထိဖြစ်နိုင်ပါတယ်။အဖြစ်များတဲ့ရောဂါတော့မဟုတ်ပါဘူး။ ကလေးတွေနဲ့ လူကြီးရွယ်အိုတွေလို ကိုယ်ခံအားနည်းသူတွေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကလေးတွေမှာပိုဖြစ်တယ်။ သင့်ဆရာဝန်နဲ့ ဆွေးနွေးပြီးအချက်အလက်ရယူပါ။အဖြစ်များသော လက္ခဏာတွေကတော့ တုပ်ကွေးနဲ့ အစာအိမ်ပိုးဝင်သောရောဂါတွေနဲ့ ဆင်တူပါတယ်။• ဖျားခြင်း။• ခေါင်းကိုက်ခြင်း။• အဆစ်အမြစ်ကိုက်ခြင်း။• မောပန်းခြင်း၊ ခံတွင်းပျက်ခြင်း။• စိတ်ရှုပ်ထွေးခြင်း၊ မူးဝေခြင်း၊ ဝေခွဲနိုင်စွမ်းမရှိခြင်း။• အပြုအမူ ပိုင်းဆိုင်ရာ ရုတ်တရက် ပြောင်းလဲလာတဲ့လက္ခဏာတေ။• တက်ခြင်း။• အမြင်အာရုံထိခိုက်ခြင်း။• အကြားအာရုံ နဲ့ စကားပြောတွင် အခက်အခဲ များရှိခြင်း။• မူးဝေအော့အန်ခြင်း။• သည်းထန်စွာငိုခြင်း (တစ်နှစ်အောက်ကလေး)တို့ဖြစ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဖြစ်စေနိုင်တဲ့ အချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။• ပိုးဝင်ခြင်း။ဗိုင်းရပ်စ်ပိုးဝင်ခြင်းဟာ ဦးနှောက်ရောင်ရမ်းခြင်းကို တိုက်ရိုက် ဖြစ်စေပါတယ်။ ဘက်တီးရီးယားနဲ့ ကပ်ပါးကောင်တွေ ကြောင့်တော့ အဖြစ်နည်းပါတယ်။• ရောဂါပိုး ကူးစက်ခဲ့ဖူးခြင်း။ရှေ့ကကူးစက်ဖူးပြီးသားရောဂါပိုးကို ကိုယ်ခံအားစနစ်က တိုက်ခိုက်တုံ့ပြန်တဲ့အခါ ရောင်ရမ်းခြင်းကိုဖြစ်စေတတ်ပါတယ်။• Autoimmue( ကိုယ့်ကိုယ်ခံအားစနစ်က ကိုယ့်ကိုပြန်တိုက်ခြင်း )။ကိုယ်ခံအားစနစ်က အခြား အကျိတ်တွေလို ကိုယ့်ခန္ဓါကိုယ်ကို တန်ပြန်သက်ရောက်တဲ့အခါ ဒီရောဂါဖြစ်စေပါတယ်။• HIV လိုနာတာရှည်ရောဂါတွေက ရောင်ရမ်းတာကိုဖြစ်စေပါတယ်။• ရေယုန်ဗိုင်းရပ်စ်၊ ခြင်နဲ့ မှက် တွေကနေ တစ်ဆင့် ကူးစက်တဲ့ဗိုင်းရပ်စ်နဲ့ ခွေးရူးပြန်ဗိုင်းရပ်စ်ပိုးတွေဟာ ဦးနှောက်ရောင်ရမ်းခြင်း ကိုဖြစ်စေပါတယ်။ဖြစ်ပွားနိုင်ချေ မြင့်မားစေ အခြေအနေများစွာရှိပါတယ်။ ဥပမာ ။• အသက်အရွယ် ။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ဖြစ်ပွားနိုင်ချေရှိပါတယ်။ ဒါ့အပြင် အသက် ၂၀ ကနေ ၄၀ ကြား လူအချို့တွေမှာလည်း ဖြစ်နိုင်ပါတယ်။• ကိုယ်ခံအားနည်းခြင်း ။ HIV / AIDS ရှိသူတွေနဲ့ ကိုယ်ခံအား ကျဆင်းနေသူတွေမှာ ဦးနှောက်ရောင်ရောဂါ ဖြစ်နိုင်ချေ မြင့်တက်လျက်ရှိပါတယ်။• ခြင်နဲ့ မှက် တွေကနေ ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ရောဂါထူထပ်တဲ့နေရာတွေမှာ နေရင်သင့်ကို ကူးစက်နိုင်ချေ မြင့်မားပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က သင့်ရောဂါအတွက် ရောဂါရာဇဝင်နဲ့ လက္ခဏာတွေကို စမ်းသပ်ပါမယ်။ အောက်တွင်ဖော်ပြထားသော စမ်းသပ်စစ်ဆေးမှုများလည်း ပြုလုပ်နိုင်ပါတယ်။• ကွန်ပျူတာဓါတ်မှန် ၊ သံလိုက်ဓါတ်မှန်ရိုက်ခြင်း လုပ်ဆောင်ပြီး ဦးနှောက် ရောင်ရမ်းခြင်းကို စစ်ဆေးသိရှိစေကာ လေဖြတ်ခြင်းနဲ့ ဦးနှောက်အကျိတ်ကဲ့သို့ အခြား ရောဂါပြဿနာများ မရှိ ကြောင်းကိုလည်း တစ်ခါတည်း ရှာဖွေဖော်ထုတ်ပေးပါတယ်။• ဦးနှောက်ရည်ကြည် စစ်ဆေးခြင်း (Spinal fluid analysis ) ပြုလုပ်ပြီး သွေးဖြူဥ၊ ပရိုတိန်းနဲ့ ဗိုင်းရပ်စ်တွေ ပွားများနေသလားစစ်ဆေးကုသပါမယ်။• ဦးနှောက်လျှပ်စီးလှိုင်း တိုင်းတာခြင်း (EEG ရိုက်ခြင်း) သုံးပြီး စစ်ဆေးမှုလုပ်ပါမယ်။• သွေးစစ်ပြီး ဦးနှောက်ရောင်ရောဂါ (encephalitis) ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကိုသိရှိနိုင်ပါတယ်။ဦးနှောက်ရောင်ရောဂါ (encephalitis) ကိုကုသနည်းကတော့ ရောဂါကိုထိန်းချုပ်နိင်ဖို့နဲ့ ဒီရောဂါကြောင့်ဖြစ်တဲ့ ရေရှည်အကျိုးဆက်တွေကို ဆက်မတိုးအောင်လုပ်ဆောင်ဖို့တွေဖြစ်ပါတယ်။ဆေးဝါးတွေကတော့ ။ ။• အဖျားနဲ့ခေါင်းကိုက်ခြင်းလိုမပြင်းထန်တဲ့ ရောဂါ လက္ခဏာတွေအတွက် အရောင်ကျဆေး၊ ပိုးသတ်ဆေး တွေပေးပြီး ကုသနိုင်ပါတယ်။ ဒီဆေးတွေဟာ ရေယုန်ဗိုင်းရပ်စ် လိုပိုးတွေအတွက်ပါထိန်းချုပ်နိုင်ပါတယ်။• တစ်ချို့ ကိစ္စတွေမှာ စတီးရွှိက်ဆေးတွေ ( corticosteroids )ပေးပြီး ဦးနှောက်တွင်း ရောင်ရမ်းနေတာကို လျော့ချပေးနိုင်ပါတယ်။• ‘တက်’ ခြင်းဖြစ်ပြီဆိုရင် အတက်ရောဂါပျောက်ဆေး တွေပေးဖို့ဆရာဝန်ကညွှန်ပါလိမ့်မယ်။• အထောက်အကူပြု ကုသနည်းများ ။ ဆရာဝန်က သင့်ကို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေပေးပြီး ရောဂါတိုးတက်ဖို့ထိန်းချုပ်နိုင်ဖို့နဲ့ ရောဂါကိုတန်ပြန်ဖို့ လုပ်ဆောင်ပါလိမ့်မယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/encephalitis-%e1%80%a5%e1%80%ae%e1%80%b8%e1%80%b1%e1%80%94%e1%80%bd%e1%80%ac%e1%80%80%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab/
ဟင်းသီးဟင်းရွက်တို့၏စွမ်းအားသတ္တိ
ဟင်းသီးဟင်းရွက်များကိုစားသုံးပေးသင့်ကြောင်း ကျွန်ုပ်တို့အားလုံးမကြာခဏကြားဖူးကြသည်။ အစာအာဟာရ၏အစွမ်းသည် အံ့အားသင့်စရာကောင်းပြီးထိုအစားအစာများထဲတွင် ဟင်းသီးဟင်းရွက်များကထိပ်ဆုံးမှပါဝင်နေသည်။ သို့သော် ကျွန်ုပ်တို့နေ့စဉ်စားသမျှထဲတွင် ဟင်းသီးဟင်းရွက်များမှာအဓိကပါဝင်ခွင့်မရကြပါ။ လူအများစုကရိုးရှင်းလွယ်ကူသောဟင်းသီးဟင်းရွက်များအမယ်စုံအောင် စားပေးဖို့ရန် ပျက်ကွက်ကြသည်။ ကျန်းမားရေးအတွက် အဆီချခြင်းနှင့် အမျှင်ဓါတ်များသောဟင်းသီးဟင်းရွက်များစားဖို့အရေးဦးစားပေးလုပ်သင့်ပါသည်။(၁)Bok Choy (မုန်ညင်းတစ်မျိုး)--ဗီတာမင်စီနှင့် အရိုးကျန်းမာရေးအတွက်ကောင်းသော ဗီတာမင်ကေများစွာ ပါဝင်ပါသည်။ ကယ်လစီယမ် ၊ ဖော့စဖောရပ် ၊ ပိုတက်စီယမ် ၊ မန်းဂနိစ် ဓါတ် ၊ သံဓါတ်နှင့် မဂ္ဂနီဆီယမ် စသောသတ္ထုဓါတ်များ လည်းပါဝင်ပါသည်။(၂)ပန်းဂေါ်ဖီစိမ်း— အာဟာရစွမ်းအင်မြင့်သော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ သွေးပေါင်ချိန်ကိုထိန်းညှိပေးခြင်း ၊ နေလောင်ဒဏ်ကိုကာကွယ်ပေးခြင်း ၊ အရိုးကျန်းမာရေးအတွက်ကူညီပေးခြင်း၊ ခုခံအားစနစ်ကိုကောင်းမွန်စေခြင်း၊၊ကင်ဆာရောဂါကိုကာကွယ်ပေးခြင်းစသောအာနိသင်များ။ရရှိနိုင်ပါသည်။(၃)Kale (အူတိုင်မပါ ပန်းဂေါ်ဖီတစ်မျိုး)-လွန်စွာအံ့အားသင့်ဖွယ် အစွမ်းရှိသောဟင်းသီးဟင်းရွက်ဖြစ်သည်။ ထိုအစိမ်းရောင် အစားအစာသည် သင့်ကိုလက်နက်ဖြင့်တိုက်ခိုက်နေသော ရောဂါများကိုခုခံကာကွယ်ပေးသည့် တပ်သားနှင့်တူသည်။ ခန္ဓါကိုယ်၏ အဆိပ်အတောက် ဖယ်ထုတ်ခြင်းဖြစ်စဉ် (၁) နှင့် (၂) နှစ်ခုစလုံးတွင် အဓိကပါဝင်ပေးသည်။ ထို့ကြောင့် ဗီယက်နမ်နိုင်ငံတွင် အများအပြားစိုက်ပျိုးလာကြသည်။ Kale တစ်ခွက်တွင် ရောဂါများ၏ အဓိကတရားခံဖြစ်သော ရောင်ရမ်းခြင်းဖြစ်စဉ်ကိုကာကွယ်ပေးသည့် အိုမီဂါ ၃ အက်ဆစ် ၁၀ %ခန့်ပါဝင်သည်ကိုတွေ့ရသည်။(၄)ထောပတ်သီး— ကမ္ဘာပေါ်တွင် ကျန်းမာရေးအတွက် အထောက်အကူပြုဆုံး အစားအစာအဖြစ် သတ်မှတ်ခံရသည်။ ရှင်းပြရပါလျှင် ဒေါက်တာမယ်ရိုလာ ဆိုသူက ထောပတ်သီးကိုဟင်းချက်ရာတွင် သုံးသော ဆီအစားထိုးအဖြစ် အသုံးပြုသင့်ကြောင်းပင် ဆိုထားသည်။ အခြားစွပ်ပြုတ် ၊ ဟင်းရည်နှင့် ဟင်းချိုများတွင်လည်း အလားတ ူအသုံးပြုသင့်သည်။ ကလေးများအစားအစာ စ စားတတ်လျှင် ကျွေးသင့်သော အသီးလည်းဖြစ်သည်။ ထို့ကြောင့်ပင် မြန်မာ နိုင်ငံတွင်လည်း လွယ်ကူစွာရရှိနိုင်သော ထောပတ်သီးကို အံ့အားသင့်ဖွယ် ကျန်းမာရေးအထောက်အကူပြု ဟင်းသီးဟင်းရွက်များစာရင်းမှ ချန်ထားခဲ့၍ မရနိုင်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%9f%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%9f%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%bd%e1%80%80%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%b7%e1%81%8f%e1%80%85%e1%80%bd/
လေးညှင်း (Cloves)
လေးညှင်း (Cloves) က ဟင်းခတ် အမွှေးအကြိုင် ဆိုတာထက် ပိုပြီး ဆေးဖက်လည်း ဝင်ပါတယ်။ ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။လေးညှင်း (Cloves) ကို ဗိုက်နာခြင်းအတွက် အသုံးပြုပြီးသလိပ်ပျော်ဆေးအဖြစ်လည်း အသုံးပြုကြပါတယ်။ လေးညှင်းပွင့်နဲ့ လေးညှင်းဆီတွေကို လေထခြင်း၊ ပျို့အန်ခြင်းတွေအတွက်လည်း အသုံးပြုကြပါတယ်။လေးညှင်းပွင့်ကို သွားနာခြင်းအတွက် သွားဖုံးပေါ်ကို တိုက်ရိုက်လိမ်းနိုင်ပြီး သွားနှုတ်စဉ်မှာလည်း နာကျင်မှုကို သက်သာစေကာ dry socket လို့ ခေါ်တဲ့ သွားနှုတ်အပြီး ဖြစ်တတ်တဲ့ ဆိုးကျိုးအတွက်လည်း အသုံးပြုနိုင်ပါတယ်။ သူ့ကို ပါးစပ်နဲ့ လည်ချောင်းရောင်ရမ်းခြင်းအတွက်နဲ့ နာကျင်မှုကို သက်သာစေဖို့လည်း အသုံးပြုနိုင်ပါတယ်။ အခြားပါဝင်ပစ္စည်းတွေနဲ့ ပေါင်းစပ်ပြီး လေးညှင်းပွင့်ကို အမျိုးသားများ အချိန်မတိုင်မီ သုက်လွှတ်ခြင်းကို ကာကွယ်ဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။လေးညှင်းပွင့် ဘယ်လိုအလုပ်လုပ်လဲ ဆိုတာနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ဒါပေမယ့် လေ့လာမှုအချို့က လေးညှင်း ဟာ prostaglandin , cydooxygenaseနဲ့ lypooxigenase ထုတ်လုပ်မှုတွေကို တားမြစ်တယ်လို့ သိရပါတယ်။ လေးညှင်းပွင့်ရဲ့ ပါဝင်ပစ္စည်းတစ်ခု ဖြစ်တဲ့ Eugenol ဟာ ထုံကျင်စေတဲ့ အာနိသင်နဲ့ ပိုးသတ်ပေးတဲ့ အာနိသင်တွေ ရှိပါတယ်။လေးညှင်း ကို အေးမြခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ လေးညှင်းပွင့် ကို essential oil တွေနဲ့ ရောသုံးသင့်ပါတယ်။ လေးညှင်းကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ချိန်ဆစဉ်းစားသင့်ပါတယ်။လေးညှင်းပွင့်ကို ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေမှာ တိုင်းရင်းဆေးကျွမ်းကျင်သူရဲ့  ညွှန်ကြားချက်မရှိဘဲ အသုံးမပြုသင့်ပါဘူး။ သာမန်လူတွေအနေနဲ့လည်း အလွန်အကျွံ အသုံးပြုတာကို ရှောင်သင့်ပါတယ်။လေးညှင်း ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖော်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် တိုင်းရင်းဆေးပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။လေးညှင်းဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓာတ်ပြုနိုင်ပါတယ်။ ဒါကြောင့် အသုံးမပြုခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ သွေးမခဲစေတဲ့ ဆေးတွေကလည်း လေးညှင်းပွင့်နဲ့ ဓာတ်ပြုနိုင်ပါတယ်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နဲ့ တိုင်ပင်ပါရန်။အချိန်မတိုင်မီ သုက်လွှတ်ခြင်းအတွက် အမျိုးသားတွေမှာ လိမ်းဆေးအနေနဲ့ပဲ အသုံးပြုသင့်ပါတယ်။ ပုံမှန်အားဖြင့် လိင်မဆက်ဆံခင် တစ်နာရီလောက်ကြိုပြီး လိမ်းပေးထားသင့်ပြီး လိင်ဆက်ဆံမှု ပြီးပြီးချင်း ဆေးကြော သင့်ပါတယ်။ ခံတွင်းနဲ့ သွားဖုံးရောင်ရမ်းတာတွေအတွက် အာလုပ်ကျင်းဆေးရည်အနေနဲ့ အသုံးပြုနိုင်ပါတယ်။လေးညှင်းပွင့်ကိုအသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ ကိုယ်အသုံးပြုရမယ့် ပမာဏကို သိစေဖို့ တိုင်းရင်းဆေးပညာရှင်နဲ့ တိုင်ပင်ပါ။လေးညှင်းပွင့် ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။ရေးသားသူ− Dr Phyu Mon Mon Latt။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/cloves-health-benefits/
သင့်အသားအရေ ဝင်းမွတ်တောက်ပစေဖို့ နည်းလမ်းများ။
လူအများဟာ အသားအရေဝင်းမွတ် တောက်ပ ဖြူဝင်းစေဖို့အတွက် ဆန္ဒရှိနေကြပါတယ်။ ပိုပြီးညီညာသော အသားအရေ အရောင်အဆင်း ရှိစေခြင်း၊ ရှိနေသော အမာရွတ်များကို မှေးမှိန်စေခြင်း သို့မဟုတ် တစ်ခါတစ်ရံမှာ ပို၍ ဖြူဝင်းသော အသားရောင်ကို ရရှိစေခြင်း စတာတွေကို အလိုရှိနေကြပါတယ်။ ဒါဟာလူတိုင်းရဲ့ ပုံမှန်လိုအပ်ချက်ပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူသန်းပေါင်းများစွာဟာ သင့်လိုပဲ ပိုပြီး ဝင်းမွတ်တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ရာ ဆန္ဒ ရှိနေကြပါတယ်။ ဒါဟာပုံမှန်ပဲ ဖြစ်ပါတယ်။ ဤဆောင်းပါးမှာ သင့်ရဲ့အရေပြားကို အန္တရာယ်ကင်းစွာ ဝင်းမွတ်တောက်ပစေဖို့ရာ အသုံးဝင်သော နည်းလမ်း အချို့ကို ရှာဖွေနိုင်ပါတယ်။ရှောက်ရည်၊ သံပယိုအရည်။ရှောက်ရည်၊ သံပယိုအရည်တို့ဟာဆိုရင် သင့်ရဲ့ အရေပြားအရောင် တောက်ပ ကြည်လင်စေဖို့ရာအတွက် အခြေခံကျသော ကုသမှုတစ်မျိုး ဖြစ်ပါတယ်။ ဒါကို အိမ်မှာပဲ အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ ရှောက်သီး ၊သံပယိုသီးတို့ဟာ ဆိုရင် ဗီတာမင် စီဓါတ်ကြွယ်ဝပြီး အားကောင်းတဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်တဲ့အတွက် အရေပြားကျန်းမာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ သင်ဟာ ဝါဂွမ်းလုံးလေး တစ်လုံးကိုယူပြီး ရှောက်ရည်၊ သံပယိုရည်ထဲကို နှစ်လိုက်ပါ။ ပြီးတဲ့အခါ သင်ဖြူစင် ဝင်းပချင်တဲ့ နေရာကို သုတ်လိမ်းပေးပါ။ ဒါဆိုရင် ရှောက်ရည် သံပရာရည်မှာ ပါတဲ့ အက်စစ်ဓါတ်ဟာ အရေပြားရဲ့ အပေါ်လွှာကို စတင်ပြီး ဖယ်ရှားပါလိမ့်မယ်။ ထို့နောက် သင့်ရဲ့အရေပြားအရောင် မညီညာခြင်းတွေကို လျှော့ချပစ်လိုက်ပြီး အောက်က ပိုပြီးဝင်းမွတ်တောက်ပတဲ့ အရေပြားအလွှာဟာ ပေါ်လာမှာ ဖြစ်ပါတယ်။ ဤသို့ ပြုလုပ်ပြီး ဆေးကြောအခြောက်ခံပြီးတဲ့အခါ အရေပြားအစိုဓါတ် ဖြည့်တင်းပေးတဲ့ ခရင်မ် တစ်ခုခုကို သုတ်လိမ်းပေးသင့်ပါတယ်။ သင်အလိုရှိတဲ့ အရေပြားအရောင်မရမချင်း တစ်ရက်ကို ၁ ကြိမ် ဒီလိုမျိုး လုပ်ပေးနိုင်ပါတယ်။ သို့သော် တကယ်လို့သင့်ရဲ့ အရေပြားမှာ ပေါက်ပြဲနေတဲ့ ဒဏ်ရာတစ်ခုခု ရှိမယ်ဆိုရင် ရှောက်ရည် သံပရာရည်ကို သုတ်လိမ်းခြင်းဟာ မကောင်းပါဘူး။အယ်ဖာဟိုက်ဒရိုစီအက်စစ်။အချို့သော အစားအသောက်တွေမှာ alpha hydroxyl acids (အယ်ဖာဟိုက်ဒရိုစီအက်စစ်) သို့မဟုတ် AHA ပါဝင်ပါတယ်။ သို့သော် သူတို့ဟာလည်း လူတွေပြုလုပ်ထားတဲ့ အရာတွေဖြစ်ပါတယ်။ သင့်ရဲ့ အရေပြားလိမ်းတဲ့ ခရင်မ်တွေမှာ ပါတဲ့ glycolic acid သို့မဟုတ် နို့ထဲမှာပါတဲ့ လက်တစ် အက်စစ်ဟာဆိုရင် သင့်ရဲ့အရေပြား ပိုမိုဖြူဝင်းတောက်ပစေ ဖို့အတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ဒီ AHAတွေဟာ မယ်လနင် လို့ခေါ်တဲ့ အသားမည်းစေတဲ့ ရောင်ခြယ်တွေကို သဘာဝအတိုင်း အရေပြားမှ ဖန်တီးထုတ်လုပ်ခြင်းကို တားဆီးပါတယ်။ ဒီအခါမှာ အညိုအမည်းအကွက်တွေ ဖြစ်ပေါ်ခြင်းကို လျှော့ချပေးလိုက်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့အရေပြားမှ မကောင်းသောအလွှာများ ကွာကျစေတဲ့ ဂုဏ်သတ္တိကြောင့် အရေပြားကို ပြန်လည်လန်းဆန်းလာမှုဖြစ်စဉ် မြန်ဆန်စေပြီး အရောင်အသွေး ညီညာတဲ့ အရေပြားတစ်ရှူးအသစ်ကို ဖြစ်ပေါ်လာစေပါတယ်။ကိုဂျစ်အက်စစ်(kojic acid)။ကိုဂျစ်အက်စစ်ဟာ မှိုများမှာတွေ့ရတဲ့ သဘာဝပစ္စည်း တစ်မျိုးဖြစ်ပါတယ်။ ၎င်းဟာ မှိုများ ဇီဝကမ္မဆိုင်ရာ ဖြစ်ပျက်ပြောင်းလဲပြီး နောက်ဆုံးရတဲ့ ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ သင်ဟာ ၎င်းကို ဆန်အရက်မှာလည်းပဲ တွေ့နိုင်ပါတယ်။ ဒီအမျိုးအစား အက်စစ်ဟာ tyrosine ဓါတ်ကို တားဆီးပေးပြီး မယ်လနင် ထုတ်လုပ်ခြင်းကို လျှော့ချပေးပါတယ်။ ရလဒ်အနေနဲ့ကတော့ သင့်ရဲ့ အရေပြားဟာ သဘာဝအတိုင်း ဝင်းမွတ်တောက်ပပြီး အစက်အကွက်တွေ အညိုအမည်းတွေ လျော့နည်း စေပါတယ်။ သို့သော် တကယ်လို့ သင့်ရဲ့ အရေပြားဟာ ထိရှလွယ်တယ်ဆိုရင် အရေပြား ကျိန်းစပ်နိုင်ခြေများပါတယ်။ ဒါကြောင့် ခန္ဓါကိုယ်အစိတ်အပိုင်း တော်တော်များများမှာ အသုံးမပြုခင် အကွက်သေးသေးလေးတစ်ခု သုတ်လိမ်းပေးပြီး စမ်းသပ်သင့်ပါတယ်။ နောက်ထပ်သင် လုပ်သင့်တဲ့ နည်းလမ်းတစ်ခုကတော့ ကိုဂျစ်အက်စစ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို သင့်ရဲ့ ပုံမှန်လိမ်းနေကြ ခရင်မ်လိုးရှင်း သို့မဟုတ် ဂျယ်တစ်ခုခုနှင့် ရောပေးပါ။ ပြီးရင် ၎င်းကို သင်အသားဖြူချင်တဲ့ နေရာမှာ တစ်ရက်ကို ၂ကြိမ် လိမ်းပေးပြီး သင်လိုချင်တဲ့ ရလဒ်မရမချင်း လိမ်းပေးနိုင်ပါတယ်။နို့။နို့ထဲမှာပါတဲ့ glycolic acid၊ လက်တစ်အက်စစ်တွေဟာ အသားညိုမည်းခြင်းမဖြစ်အောင် ကူညီပေးနိုင်တဲ့အတွက် ၎င်းကို သင့်ရဲ့အရေပြားပေါ်မှာ သုတ်လိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် နို့ထဲမှာပါတဲ့ ကယ်စီယမ်ဓါတ်ဟာ အသားအရေ အစိုဓါတ် ဆုံးရှုံးမှုမဖြစ်ရန် သိသိသာသာ ကာကွယ်ပေးနိုင်တဲ့အလွှာကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါကြောင့် အသားအရေ အလွန်အမင်း ခြောက်သွေ့တတ်တဲ့သူတွေမှာ အရေပြားအရောင် မညီမညာဖြစ်မယ်ဆိုရင် ဒီလိုလုပ်ပေးခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ တကယ်လို့ သင်ဟာ နို့ရည်ကို နေ့တိုင်း လိမ်းပေးမယ်ဆိုရင် သင့်ရဲ့ အရေပြား အရောင်ဟာ အချိန်ကြာလာတာနှင့် အမျှဖြူဝင်း တောက်ပလာမှာ အမှန်ပဲဖြစ်ပါတယ်။ သင့်ရဲ့ အသားအရေ တောက်ပလာစေဖို့အတွက် နို့ကို အသုံးပြုနိုင်တဲ့ အခြားနည်းလမ်း တစ်ခုကတော့ ပါးပါးလှီးထားတဲ့ ရှောက်သီး ၊သံပယို သီးကို နို့တစ်ဝက်ဖြည့်ထားတဲ့ ခွက်ထဲမှာ ၁၅ မိနစ်လောက် စိမ်ထားပါ။ ပြီးရင် သင်မအိပ်ခင်မှာ သင့်ရဲ့ မျက်နှာကို ခုနက စိမ်ထားတဲ့အရည်ကို ပွတ်လိမ်းပေးပါ။ မနက်ရောက်တဲ့အခါ သင့်ရဲ့ မျက်နှာကို သေချာ သစ်ပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။အထက်ဖော်ပြပါ နည်းလမ်းများဟာ သင့်ရဲ့ အရေပြားကို တစ်ဖြည်းဖြည်းနှင့် အန္တရာယ်ကင်းစွာ ကြည်လင်တောက်ပလာစေဖို့ရာ ကူညီပေးနိုင်ပါတယ်။ သို့သော် သူတို့ထဲက အချို့ကို ပြုလုပ်ခြင်းဟာ သင်ထင်သလောက် မဖြစ်လာဘူးဆိုရင်လည်း အရမ်းစိုးရိမ်ဖို့ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ နည်းလမ်းအချို့ဟာလူတိုင်းနှင့် သင့်တော်ချင်မှ သင့်တော်ပါလိမ့်မယ်။ အဲဒီအစား သင့်ရဲ့ အရေပြားဆိုင်ရာ ကျွမ်းကျင်သူ သို့မဟုတ် အရေပြားဆရာဝန်ကို သင်နှင့်သင့်တော်မယ့် အခြားနည်းလမ်းများ လမ်းညွှန်ပေးနိုင်ရန် တိုင်ပင်သင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%9b%e1%80%b1-%e1%80%9d%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bd%e1%80%90%e1%80%ba%e1%80%90%e1%80%b1-2/
ခန္ဓါကိုယ်တွင်းအဆီဓါတ် ကိုလက်စထရောဆိုင်ရာ ဒဏ္ဍာရီသို့မဟုတ် ယုံတမ်းစကား
လူတစ်ဦးအတွက် တစ်နေ့ သို့မဟုတ် တစ်ပတ်အတွက် ကြက်ဥမည်မျှ များများ အန္တရာယ် မရှိဘဲစား နိုင်သနည်း ဆိုသည်ကို ဆေးပညာရှင် တစ်ဦးအနေဖြင့် မကြာခဏအမေးခံရဖူးသည်။ကိုလက်စထရောဟုခေါ်သော အဆီဓါတ်သည် နှလုံးရောဂါကိုဖြစ်စေသည်ဟုယုံကြည်ကြသည့်အတွက် ကိုလက်စထရော ကြွယ်ဝသော ကြက်ဥများကိုစားသုံးခြင်းသည် ကျွန်ုပ် ကျန်းမာရေးအတွက် မကောင်းနိုင်ဟု မှားယွင်းယူဆမိကြသည်။ကျွန်ုပ်တို့နေ့စဉ်စားသော အစားအစာများတွင် ကြက်ဥသည် ကြက်သားကဲ့သို့ပင်ကောင်းမွန်သည် ကိုတွေ့ရသည်။ ကြက်ဥတွင် ကိုလက်စထရောပါဝင်ခြင်းသည်အဓိက မကျလှဘဲ အထဲတွင် ပါဝင်သောအိုမီဂါ အက်စစ် အချိုးအစားက ပို၍အရေးပါသည်။ ပုံမှန်အားဖြင့် ကြက်ဥတွင် အိုမီဂါ အက်စစ် နံပါတ်၃ ကတစ်ဆ၊အိုမီဂါအက်စစ် နံပတ်၆က ၄ဆအထိပါဝင်နိုင်သည်။ သို့သော် မွေးမြူရေးကြက်ဥများတွင် အိုမီဂါအက်စစ် နံပါတ်၆သည် ၁၆ ဆမှ ၃၀ ဆအထိများပြားစွာပါဝင်တတ်သည်။ ထို အိုမီဂါအက်စစ် နံပါတ်၆သည် ခန္ဓါကိုယ်တွင် ရောင်ရမ်းခြင်းကိုဖြစ်စေတတ်ပြီး ရောင်ရမ်းခြင်းမှ တစ်ဆင့် နာတာရှည်ရောဂါများ ဖြစ်လာစေနိုင်သည်။ကြက်ဥတွင် အထူးသဖြင့်အနှစ်တွင် အာဟာရများပါဝင်ပြီး အဆီနှင့်ကိုလက်စထရောများ ပါဝင်သော်လည်း လက်စီသင်(Lecithin)ဟုခေါ်သောဓါတ်တစ်မျိုးလည်းပါဝင်နေသည်။ ထို လက်စီသင ်သည်ကြက်ဥတွင်ပါသော အဆီနှင့် ကိုလက်စထရော များကို မျှတအောင် ပြုလုပ်ပေးခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော သဘာဝအစားအစာဖြစ်စေသည်။ ထို့ကြောင့် သဘာဝမှ ရသောကြက်ဥများကို များများ စားပေးသင့်ပါသည်။ကိုလက်စထရောနှင့်ပတ်သက်သော ယုံတမ်းစကားများကြောင့် ကြက်ဥကို လူအများက ရှောင်ကြဉ်တတ်ကြသည်။ ကိုလက်စထရောသည် ကျန်းမာရေးကို ထိခိုက်ပြီး နှလုံးရောဂါရစေနိုင်သည်ဟု မှားယွင်းသော ကောက်ချက်စွဲမှုများလည်း လွန်ခဲ့သော နှစ် ၃၀ ခန့်ကတည်းက ရှိခဲ့ဖူးသည်။ များစွာသော သိပ္ပံနည်းကျ လေ့လာချက်များက နှလုံးရောဂါ၏အဓိက အကြောင်းရင်းမှာ ကိုလက်စထရောမဟုတ်ဘဲ ရောင်ရမ်းခြင်းဖြစ်စဉ်၊ဓါတ်တိုးခြင်းဖြစ်စဉ်၊စိတ်ဖိစီးမှုနှင့် သကြားဓါတ်များကြောင့်ဖြစ်သည်ကိုသက်သေပြ နိုင်ခဲ့ကြသည်။အမှန်စင်စစ် ကိုလက်စထရောသည် ခန္ဓါကိုယ်အတွက် အရေးပါသောလုပ်ငန်းဆောင်တာများကို ပြုလုပ်ပေးပါသည်။-ကိုယ်ခန္ဓါဆဲလ်များ၏အမြှေးပါးကို တည်ဆောက်ထိန်းသိမ်းပေးသည်။-အဆီဓါတ်ချေဖျက်ရာတွင်လိုအပ်သော သည်းခြေရည်ထုတ်ရာတွင် ကူညီပေးသည်။-အဆီတွင်ပျော်ဝင်သော ဗီတာမင် A၊D၊E၊K တို့ကို တည်ဆောက်သုံးစွဲရာတွင် အရေးပါသည်။-ဗီတာမင် D တည်ဆောက်ရာတွင်အရေးပါသည့်အတွက် အရေပြားကျန်းမာရေးအတွက် မရှိမဖြစ်။လိုအပ်သည်။-စတီးရိုက်ဟော်မုန်း(Steroid) စတင်ထုတ်လုပ်ခြင်းအဆင့်တွင်ပါဝင်သည့်အတွက် ထိုစတီးရိုက်ဟော်မုန်း ကိုသုံးစွဲသော ဦးနှောက်၊အာရုံကြောဆဲလ်များ၊လိင်အင်္ဂါများ၏ ဖွံ့ဖြိုးကြီးထွားမှုတွင် အရေးပါသည်။-ခန္ဓါကိုယ်၏ ကိုယ်ခံအားစနစ်အတွက်လည်း လိုအပ်သည်။-ဦးနှောက်အတွက် လိုအပ်သည့်အတွက် ကိုလက်စထရောနည်းပါးလျှင် မှတ်ဉာဏ်အားနည်းခြင်း ဖြစ်နိုင်သည်။-အချို့လေ့လာချက်များတွင် ကိုလက်စထရောသည် ဓါတ်တိုးဆန့်ကျင်သည့် အာနိသင်ရှိသည်ဟုလည်း ဖော်ပြကြသည်။ ထိုအချက်များကြောင့် ကိုလက်စထရော ပါဝင်သောကြက်ဥသည် ကလေးများနှင့် လူငယ်များတွင်ကြီးထွားမှု အတွက်အရေးပါသည်။`Foods that heal´ဟူသောအာဟာရဆောင်းပါးရေးသားသူဒေါက်တာဘားနက်ဂျန်ဆန်က ကြက်ဥတွင် ဦးနှောက်၊အာရုံကြောနှင့် ဂလင်းအကျိတ်များအတွက် လုံလောက်သောအာဟာရအားလုံး ပါဝင်ကြောင်းဖော်ပြထားသည်။အောက်ပါအချက်အလက်များသည် Jonny Bowden(PhD,CNS) နှင့် Stephen Sinatra(MD,FACN)တို့ရေးသားသော`The Great Cholesterol Myth´စာအုပ်မှ ဒဏ္ဍာရီ သဖွယ ်ယုံတမ်းစကား နှင့် အချက်အလက် မှန်တို့ကိုယှဉ်တွဲဖော်ပြထားသည်။ယုံတမ်းစကား။ ။ ကိုလက်စထရောပမာဏများပြားခြင်းကိုကြည့်၍နှလုံးရောဂါဖြစ်နိုင်ချေကို ကောင်းစွာခန့်မှန်းနိုင်သည်။အချက်အလက်မှန်။ ။ ကိုလက်စထရောများခြင်းတစ်ခုကိုသာကြည့်၍နှလုံးရောဂါဖြစ်နိုင်ချေကို ခန့်မှန်းရခက်သည်။ယုံတမ်းစကား။ ။ ကိုလက်စထရောများပြားခြင်းသည် နှလုံးရောဂါ၏အကြောင်းရင်းဖြစ်သည်။အချက်အလက်မှန်။ ။ ကိုလက်စထရောသည်နှလုံးရောဂါဖြစ်ပွားရာတွင်အရေးမပါလှပါ။ယုံတမ်းစကား။ ။ ကိုလက်စထရောများလေလေ အသက်တိုလေလေ ဖြစ်သည်။အချက်အလက်မှန်။ ။Framinghamလေ့လာချက်အရ အသက်ရှည်သူများတွင် ကိုလက်စထရော များပြားသည်ကိုတွေ့ရသည်။ယုံတမ်းစကား။ ။ ကာဗိုဟိုက်ဒရိတ်(ကစီဓါတ်) များသောအစားအစာများသည် နှလုံးရောဂါ ကိုကာကွယ်ပေးသည်။အချက်အလက်မှန်။ ။ ပြည့်ဝဆီအစား ကစီဓါတ်ကို အစားထိုးအသုံးပြုသော အစားအစာများက နှလုံးရောဂါဖြစ်နိုင်ချေ ကိုပိုများစေသည်။ ထို့ကြောင့် နှလုံး ကျန်းမာရေးအတွက် ကြက်ဥကို စိတ်ချလက်ချစားသုံးနိုင်သည်။ထို့ပြင် အသက်ရှည်ကျန်းမာရေး အတွက် စိတ်ဖိစီးမှုလျှော့ချခြင်း၊ အချိုဓါတ်လျှော့၍စားသုံးခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊အိုမီဂါ အက်စစ် ၃ ကိုများများစား၍ အိုမီဂါအက်စစ်၆ကို နည်းနည်း စားခြင်းများကိုလည်းပြုလုပ်သင့်ပါသည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/%e1%80%81%e1%80%94%e1%80%b9%e1%80%93%e1%80%ac%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%86%e1%80%ae%e1%80%93%e1%80%ac%e1%80%90%e1%80%ba/
သုက်ပိုးစွမ်းရည် မြင့်တက်စေသော အထူး အစားအစာများ
သင်နဲ့ သင့်ချစ်သူဟာ ဆက်ဆံမှုရဲ့ နောက်တစ်ဆင့်ကို တက်ပြီး ကလေးယူချင်လာနိုင်ပါတယ်။ သူမဟာ သင့်အတွက် ချစ်စရာကောင်းတဲ့ကလေးလေးကို ဗိုက်ထဲမှာ ကိုးလလွယ်ထားပါလိမ့်မယ်။ ဒါဆို အရိုးရှင်းဆုံး သင်လုပ်ရမှာကတော့ ဒီဖြစ်စဉ်ကို အစပြုဖို့အတွက် မျိုးစေ့ချ ရမှာပါပဲ။ သင့်အကြံအစည် အထမြောက်ဖို့အတွက် သုက်ပိုးအရေအတွက်နဲ့ အရည်အသွေးကို တိုးမြှင့်ဖို့လိုပါတယ်။ မှန်ကန်တဲ့ အစားအသောက်တွေဟာ သင့်ရဲ့ ဖခင် ဖြစ်ပွားနိုင်ခြေကို မြှင့်တင်ပေးပါလိမ့်မယ်။ကြက်ဥတွေဟာ ဗီတာမင် အီးနဲ့ ပရိုတင်းဓါတ်တွေ ပါဝင်တာမို့ ကျန်းမာပြီး သန်စွမ်းတဲ့ သုက်ပိုးတွေ ပိုင်ဆိုင်ချင်တယ်ဆိုရင် သင့်အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။ ဒီအာဟာရတွေဟာ သုက်ပိုးတွေကို ဓါတ်တိုးပစ္စည်း တွေကနေ ကာကွယ်ပေးပြီး သုက်ပိုး အရေအတွက်ကို တိုးမြှင့်ပေးပါလိမ့်မယ်။ဟင်းနုနွယ်နဲ့ အခြားအစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ပါတဲ့ ဖောလစ်အက်စစ် ဟာ သုက်ပိုးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ လှုပ်ရှားမှုအတွက် အရေးကြီးပါတယ်။ ဖောလစ်အက်စစ် အများအပြား ပါဝင်ခြင်းဟာ သန်စွမ်းတဲ့ သုက်ပိုးထုတ်လုပ်မှုကို မြင့်တက်စေပါတယ်။ ဖောလစ်အက်စစ် နည်းပါးခြင်းကတော့ မျိုးဥအိမ်ကို သုက်ပိုး ရောက်နိုင်ခြေကို ကန့်သတ်ပါတယ်။ငှက်ပျောသီးတွေမှာ ရှားပါးတဲ့ အရောင်ကျ အင်ဇိုင်းတစ်မျိုး ဖြစ်တဲ့ ဘရိုမီလိမ်း (bromelain) နဲ့ အခြားဗီတာမင် တွေ ဖြစ်တဲ့ ဗီတာမင် အေ၊ ဘီဝမ်းနဲ့ စီ တို့ ပါဝင်ပါတယ်။ ဒါကြောင့် ငှက်ပျောသီးဟာ ကိုယ်ခန္ဓါကို ပိုမိုကျန်းမာ သန်စွမ်းတဲ့ သုက်ပိုးတွေ ထုတ်ပေးအောင် အကူအညီပေးနိုင်ပြီးတော့ သုက်ပိုးရဲ့ စွမ်းဆောင်ရည်ကိုလည်း မြင့်တက်စေပါလိမ့်မယ်။သင်နဲ့ သင့်ချစ်သူ ဟန်းနီးမွန်းသွားနေချိန်မှာ ခုတင်ဘေးမှာ ရှန်ပိန်တစ်ခွက်နဲ့အတူ ချောကလက်ထဲနှစ်ထားတဲ့ စတော်ဘယ်ရီတွေနဲ့ ပြင်ဆင်ကျွေးမွေးတာမျိုး ကြုံတွေ့ရနိုင်ပါတယ်။ ဒါဟာ ဘာလို့လဲဆိုတော့ ချောကလက်အမဲမှာ သုက်ရည်နဲ့ သုက်ပိုးပမာဏကို မြင့်တက်စေတဲ့ L-Arginine HCL လို့ ခေါ်တဲ့ ဓါတ်တွေ ပါဝင်လို့ပဲဖြစ်ပါတယ်။သုက်ပိုးတွေ အရေအတွက်များစေဖို့နဲ့ သူတို့ရဲ့ လှုပ်ရှားမှုကို မြှင့်တင်ပေးဖို့အတွက် ကညွတ်ကို စားသုံးနိုင်ပါတယ်။ ကညွတ်မှာ ဗီတာမင်စီပါဝင်ပြီး သူဟာ ဝှေးစေ့ရဲ့ ဆဲလ်တွေကို ကာကွယ်ပေးပြီး ဓါတ်တိုးပစ္စည်း တွေကို တိုက်ထုတ်ပေးမှာ ဖြစ်ပါတယ်။ပန်းဂေါ်ဖီစိမ်းမှာ folic acid နဲ့ ဗီတာမင် B9 ပါဝင်တာမို့ ကလေးရရှိခြင်းအတွက် အရေးကြီးပါတယ်။ လေ့လာမှုတစ်ခုမှာ အမျိုးသားတွေဟာ ပန်းဂေါ်ဖီစိမ်းကို နေ့တိုင်းစားရင် သူတို့ရဲ့ သုက်ပိုးအရေအတွက်ကို ၇၀% မြှင့်တင်ပေးနိုင်တယ်လို့ ဖေါ်ပြထားပါတယ်။တလည်းသီးဟာ အါကရသာ ရှိပြီး အရည်ရွှမ်းရုံသာမက သူ့ကို သုက်ပိုး အရေအတွက်ရော အရည်အသွေးရော တိုးတက်ဖို့အတွက် အသုံးပြုကြပါတယ်။ တလည်းသီးဟာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ ရှိတာမို့ ကိုယ်ဝန် ရရှိမှုကို အားပေးပါတယ်။ ဒီအသီးဟာ သုက်ပိုးအရေအတွက်ကို တိုးတက်စေဖို့နဲ့ သုက်ရည်ရဲ့ အရည်အသွေးကို ကောင်းမွန်စေဖို့အတွက် စွမ်းအားရှိတဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ်။သစ်ကြားသီးမှာ အိုမီဂါ ၃ ပါဝင်ပြီး ဝှေးစေ့ကို သွေးရောက်ရှိမှု တက်စေတာကြောင့် သုက်ပိုးတွေရဲ့ ပမာဏရော ထုတ်လုပ်မှုကိုပါ များစေပါတယ်။ သစ်ကြားသီးမှာ ပါဝင်တဲ့ Arginine ဟာ တစ်မျိုးဖြစ်ပြီး သုက်ရည်ပမာဏကို တက်စေပါတယ်။ သစ်ကြားသီးမှာ အခြားအသီးတွေထက် ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ နှစ်ဆ ပိုမိုပါဝင်ပြီးတော့ သွေးထဲက ဓါတ်တိုးပစ္စည်း တွေကို တိုက်ထုတ်ပေးပါတယ်။ကြက်သွန်ဖြူဟာ ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပြီး ကျန်းမာတဲ့ သုက်ပိုးထုတ်လုပ်မှုကိုလည်း အားပေးပါတယ်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဗီတာမင်ဘီ ၆ နဲ့ ဆီလီနီယမ် ဟာ သွေးကို သန့်စင်ပေးပြီး ဝှေးစေ့သွေးရောက်ရှိမှုကို အားပေးကာ ကိုယ်ခံအား ကောင်းမွန်စေပါတယ်။ဇင့်ဓါတ် ပြည့်ဝဖို့အတွက် မုယောစပါး၊ အနီရောင် ရှိတဲ့ အသားနဲ့ ပဲတွေကို စားသုံးသင့်ပါတယ်။ သူဟာ သုက်ပိုးတွေကို ပိုမို သန်စွမ်းစေပြီး လှုပ်ရှားမှု မြင့်တက်စေပါတယ်။ ဒါပေမယ့် ဇင့်ပမာဏ နည်းလွန်းခြင်း (သို) များလွန်းခြင်းဟာ ဆိုးကျိုးတွေကို သယ်ဆောင်လာတတ်ပါတယ်။ သင့်လျော်တဲ့ ဇင့်ပမာဏကတော့ တစ်နေ့ကို ၁၅ မီလီဂရမ် ဖြစ်ပါတယ်။ဒီအစားအစာတွေအပြင် မုန်လာဥနီ၊ တူနာငါး၊ အစေ့၊ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ ရွှေဖရုံသီး၊ ဂျင်ဆင်း နဲ့ ထောပတ်သီးတို့ကို စားသုံးခြင်းဟာလည်း သုက်ပိုးထုတ်လုပ်နှုန်းကို မြင့်တက်စေပါတယ်။ အလယ်အလတ် ပမာဏလောက် စားသောက်ခြင်းဟာ သင်ရဲ့ မကြာခင်မှာ ရောက်လာမယ့် ဖခင်ဘဝအတွက် အကောင်းဆုံး ပြင်ဆင်မှုပဲ ဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/%e1%80%9e%e1%80%af%e1%80%80%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%85%e1%80%bd%e1%80%99%e1%80%ba%e1%80%b8%e1%80%9b%e1%80%8a%e1%80%ba-%e1%80%99%e1%80%bc%e1%80%84%e1%80%b7%e1%80%ba%e1%80%90/
နှလုံးရောဂါ ဖြစ်နိုင်ခြေရှိလား ကိုယ်ကိုယ်တိုင် ဆန်းစစ်လိုက်ပါ
နှလုံးရောဂါ ဆိုတဲ့ စကားရပ်ထဲမှာ သွေးတိုးတာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ နှလုံး အဆို့ရှင်နဲ့ဆိုင်တဲ့ ရောဂါ၊ လေဖြတ်တာ၊ နှလုံးခုန် စည်းချက်မမှန်တာ၊ နှလုံးသွေးကြောကျဉ်းတာ၊နှလုံးကြွက်သားပုပ်တာစတာတွေ အားလုံး ပါဝင်နေပါတယ်။ နှစ်စဉ် ကမ္ဘာ့ပေါ်မှာ လူဦးရေ ၁၇ သန်းလောက်ဟာ နှလုံးရောဂါကြောင့် အသက်ဆုံးရှုံးနေရပါတယ်။နှလုံးရောဂါကအဖြစ်အများဆုံး ကျန်းမာရေး ပြဿနာဖြစ်ပြီး ကင်ဆာက ဒုတိယနေရာမှာ ရှိနေပါတယ်။ ကံကောင်းတာက သုတေသီတွေရဲ့ လေ့လာမှုတွေကြောင့် ဘယ်အချက်တွေက နှလုံးရောဂါ ဖြစ်စေနိုင်ပြီး ဘယ်လို ကာကွယ်ရမလဲဆိုတာတွေကို သိရှိခွင့်ရရှိတာပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်မှာ နှလုံးရောဂါ ဖြစ်နိုင်ခြေရှိလား ကိုယ်တိုင် ဆန်းစစ်နိုင်နေပြီ ဖြစ်သလို ကိုယ်တိုင် ဂရုစိုက် ကာကွယ်လို့လည်း ရပါတယ်။ဒီတစ်ခေါက်တော့ ကိုယ်တိုင်မှာ နှလုံးရောဂါ ဖြစ်နိုင်ခြေရှိလား ကိုယ်ကိုယ်တိုင် ဆန်းစစ်နိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။နှလုံးရောဂါဖြစ်နိုင်ခြေရှိလားကိုယ်ကိုယ်တိုင် ဆန်းစစ်လိုက်ပါ ….. ဘယ်လို ဆန်းစစ်ရမလဲဆိုတာကို လိုက်ပါဖတ်ရှုပြီး အတူတူ ဆန်းစစ်ကြည့်စို့နော်။နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းခံတွေကို နှစ်ပိုင်းခွဲပြီး မှတ်ထားလို့ ရပါတယ်။ ဒါတွေကတော့ နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ ပင်မ အကြောင်းအရင်း နဲ့ နှလုံးရောဂါ ဖြစ်စေအောင် ပံ့ပိုးနေတဲ့ အကြောင်းအရင်း ဆိုပြီးပါ။နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းခံတွေ ပိုများလေလေ နှလုံးရောဂါ ဖြစ်နိုင်ခြေကလည်း ပိုများလေလေပါ။ အချို့သော နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းခံတွေက ပြုပြင်တာ၊ ပြောင်းလဲတာ၊ ကုသတာတွေ လုပ်လို့ရပေမယ့် အချို့ကိုတော့ မရပါဘူး။နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ ပင်မ အကြောင်းအရင်းတွေက။သွေးတိုးရောဂါရှိတာက နှလုံးရောဂါ ဖြစ်နိုင်ခြေ များစေသလို ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာတွေ ဖြစ်နိုင်ခြေ များစေပါတယ်။ တကယ်လို့ အဝလွန်နေမယ်၊ ဆေးလိပ်သောက်မယ်၊ သွေးတွင်းကိုလက်စထရော များမယ်၊ ဒါတွေနဲ့အတူ သွေးလည်း တိုးမယ်ဆိုရင်တော့ နှလုံးရောဂါ ဖြစ်နိုင်ခြေ နဲ့ လေဖြတ်နိုင်ခြေက တော်တော်များနေပါပြီ။သွေးပေါင်ချိန်ကကိုယ်လက်လှုပ်ရှားမှုအတိုင်းအတာ၊ အသက်အရွယ်တွေကို လိုက်ပြီး ကွာခြားနိုင်ပါတယ်။သွေးတွင်းကိုလက်စထရော များတာကလည်း နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ အဓိက အကြောင်းအရင်း တစ်ရပ်ပါ။ ပြည့်ဝဆီ များတဲ့ အစားအစာတွေ၊ အသားတွေကနေရတဲ့ အဆီတွေကသွေးတွင်းကိုလက်စထရော များစေနိုင်ပါတယ်။နှလုံးသွေးကြောတွေထဲမှာ အဆီများတာကနှလုံးသွေးကြော ကျဉ်းတာ၊ ပိတ်တာတွေ ဖြစ်စေပြီး နှလုံးဆီ သွေးရောက်ရှိမှု နည်းစေတာကြောင့် ရုတ်တရက် နှလုံးရပ်နိုင်ခြေ များစေပါတယ်။ဆီးချိုရှိသူတွေကို အသက်ဆုံးရှုံးစေတဲ့ အဓိက အကြောင်းအရင်း တစ်ရပ်က နှလုံးရောဂါပါ။ အမျိုးအစား -၂ ဆိးချိုရှိသူတွေရဲ့ ၆၅ % လောက်က နှလုံးရောဂါကို ခံစားကြရပါတယ်။ ဒါကြောင့် ဆီးချိုရှိမယ်ဆိုရင် နှလုံးကို ပုံမှန် စစ်ဆေးဖို့ လိုပါမယ်။အဝလွန်နေတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေတာက သွေးတွင်းကိုလက်စထရော များတာ၊ သွေးတိုးတာ၊ ဆီးချိုရောဂါတွေကို ဖြစ်စေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေ တိုးစေပါတယ်။ဒါကြောင့်BMIကို ပုံမှန် တွက်ချက်ပေးပါ။ဆေးလိပ်သောက်တာက အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကိုပဲ တိုးစေတာလို့ ထင်စရာ ရှိပေမယ့် နှလုံးရောဂါ ဖြစ်နိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။ ဆေးလိပ်သောက်သုံးသူတွေက သွေးကြောတွေ ပိတ်ဆို့မှုကြောင့် နှလုံး ထိခိုက်ပြီး အသက်ဆုံးရှုံးရပါတယ်။ ဆေးလိပ်မှာပါတဲ့ ကာဗွန်မိုနောက်ဆိုဒ်က နှလုံး ထိခိုက်စေပါတယ်။ဆေးလိပ်သောက်တာက နှလုံးခုန်နှုန်း မြန်စေပြီး နှလုံးရဲ့ အဓိက သွေးကြောတွေကို တင်းစေသလို နှလုံးစည်းချက် မမှန်တာကို ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေတွေက နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေကို  လုပ်ဆောင်ရ ခက်ခဲစေနိုင်ပါတယ်။ ဆေးလိပ်သောက်တာက သွေးပေါင်ချိန်ကို မြင့်စေတာကလည်း နှလုံး ထိခိုက်ရတဲ့ အကြောင်းအရင်း တစ်ရပ်ပါ။ကိုယ်လက်လှုပ်ရှားမှု နည်းသူတွေ၊ မရှိသူတွေ ရုတ်တရက် နှလုံးရပ်နိုင်ခြေ များပါတယ်။ လေ့ကျင့်ခန်း လုပ်တာက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီး သွေးတွင်းကိုလက်စထရောကို ထိန်းပေးပါတယ်။ ဆီးချို မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။အမျိုးသားတွေက အမျိုးသမီးတွေထက် ရုတ်တရက် နှလုံးရပ်နိုင်ခြေ ပိုများပါတယ်။ ဒါပေမယ့် သွေးဆုံးချိန်ရောက်လာပြီး အသက် ၆၅ နှစ်ကျော်လာချိန်မှာတော့ နှလုံးရောဂါ ခံစားရနိုင်ခြေက အတူတူ ဖြစ်လာပါတယ်။ အမျိုးသမီးတွေက နှလုံးသွေးကြောကျဉ်းတာကို အမျိုးသားတွေထက် ခံစားရနိုင်ခြေ ပိုများသလို ပိုလည်း ပြင်းထန်နိုင်ပါတယ်။မျိုးရိုး ထဲမှာ နှလုံးရောဂါ ခံစားရဖူးသူ ရှိတာ၊ သွေးတိုး၊ ဆီးချို ခံစားဖူးတာတွေ ရှိမယ်ဆိုရင်လည်း မျိုးရိုးလိုက်တတ်ပြီး နှလုံးရောဂါ ခံစားရနိုင်ခြေ များနိုင်ပါတယ်။အသက်ကြီးလာလေလေ နှလုံးရောဂါ ခံစားရနိုင်ခြေက များလာလေလေပါ။ အသက် ၆၅ နှစ်အထက် ရောက်လာပြီဆိုရင် နှလုံးတွေက ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။ နှလုံး ကြွက်သား နံရံထူလာတာ၊ သွေးကြောတွေ တောင့်တင်းတာ၊ ကျဉ်းမြောင်းမာကြောလာတာတွေ ဖြစ်ပြီး နှလုံးက သွေးတွေကို ညှစ်ထုတ်နိုင်စွမ်း ကျလာပါတယ်။ မျိုးပွားဟော်မုန်းတွေကြောင့် အမျိုးသမီးတွေဟာ သွေးမဆုံးမီကာလမှာ နှလုံးရောဂါ ခံစားရနိုင်ခြေနည်းနေပေမယ့် သွေးဆုံးပြီးပြီဆိုရင်တော့ နှလုံးရောဂါ ခံစားရနိုင်ခြေ များလာနိုင်ပါတယ်။နှလုံးရောဂါ ဖြစ်စေအောင် ပံ့ပိုးနေတဲ့ အကြောင်းအရင်းတွေကတော့။စိတ်ဖိစီးတာကလည်း နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။ စိတ်ခံစားမှုကြောင့် ရုတ်တရက်နှလုံးရပ်တာအထိ ခံစားရနိုင်ပါတယ်။ နာတာရှည်စိတ်ဖိစီးတာက သွေးတိုးစေနိုင်သလို နှလုံးကို အောင်ဆီဂျင် ပိုမို လိုအပ်စေနိုင်ပါတယ်။ နှလုံးတစ်ရှူးတွေက အောက်ဆီဂျင် ကြွယ်ဝတဲ့ သွေးတွေကို လုံလောက်စွာ မရတဲ့အခါ ရင်ဘတ်အောင့်တာကို ခံစားရနိုင်ပါတယ်။စိတ်ဖိစီးတာကြောင့် သွေးကြောတွေထဲမှာ သွေးခဲပိတ်ဆို့တာ၊ သွေးတိုးပြီး သွေးကြော နံရံတွေ ပျက်စီးတာ၊ ရုတ်တရက် နှလုံးရပ်တာတွေ ဖြစ်စေနိုင်ပါတယ်။မျိုးပွားဟော်မုန်းတွေကလည်း နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။ အသက် ၄၀ အောက် အမျိုးသမီးတွေမှာ နှလုံးရောဂါ ခံစားရနိုင်ခြေ နည်းပေမယ့် သွေးဆုံးပြီးချိန် အသက် ၆၀ နောက်ပိုင်းမှာ နှလုံးရောဂါ ခံစားရနိုင်ခြေက ပိုများလာပါတယ်။တားဆေး သောက်ဆေးတွေမှာ estrogen နဲ့ progestin ဟော်မုန်းတွေ ပမာဏ များစွာ ပါဝင်နေတာကြောင့် နှလုံးရောဂါ ခံစားရနိုင်ခြေနဲ့ လေဖြတ်နိုင်ခြေ တိုးစေနိုင်ပါတယ်။  ဟော်မုန်းပါဝင်မှု နည်းတာတွေတော့ အခုနောက်ပိုင်းမှာ ရှိလာပြီပဲ ဖြစ်ပါတယ်။အယ်လ်ကိုဟော အလွန်အကျွံ သောက်တာက သွေးတိုးစေပြီး နှလုံးခုန်နှုန်း မမှန်တာ၊ နှလုံးကြွက်သားရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။အခုပြောခဲ့တဲ့ အချက်တွေကို များများ လုပ်မိလေလေ နှလုံးရောဂါ ဖြစ်နိုင်ခြေက ပိုများလေလေပါ။ ဒီအချက်တွေနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေရှိလား ကိုယ်ကိုယ်တိုင် ဆန်းစစ်လိုက်ပါ ……..။# ကျန်းမာစေမယ့် နေထိုင်မှုပုံစံ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/know-your-risk-for-heart-disease/
Copper (ကြေးနီ)
Copper ဟာ သတ္တုဓါတ်တစ်မျိုးဖြစ်ပါတယ်။ သူ့ကို အစားအစာတွေမှာ၊ အထူးသဖြင့် အသားတွေမှာနဲ့ ပင်လယ်စာတွေမှာ၊ အခွံမာသီးတွေ၊ cocoa ထုတ်ကုန်တွေမှာ တွေ့ရပါတယ်။ ကိုယ်ခန္ဓါဟာ Copper ကို အရိုးတွေနဲ့ ကြွက်သားတွေထဲမှာ များသောအားဖြင့် သိမ်းဆည်းထားပါတယ်။ အသည်းဟာ သွေးထဲမှာ ရှိတဲ့ Copper ပမာကို ထိန်းညှိပေးပါတယ်။Copper ကို Copper ချို့တဲ့မှုတွေနဲ့ သူ့ကြောင့် ဖြစ်တဲ့ သွေးအားနည်းမှုတွေကို ကုသဖို့ အသုံးပြုကြပါတယ်။ Copper ချို့တဲ့မှုကတော့ ရှားပါတယ်။ Copper ချို့တဲ့မှုတွေဟာ အစားအသောက်ကနေ ဇင့်ဓါတ်များပြားစွာ ရရှိတဲ့သူတွေ၊ အူဖြတ်ထုတ်ထားတဲ့သူတွေနဲ့ အစာပြွန်ကနေ အစာစားရသူတွေမှာ ဖြစ်တတ်ပါတယ်။ အာဟာရချို့တဲ့တဲ့ ကလေးတွေဟာလည်း Copper ချို့တဲ့မှု ဖြစ်နိုင်ပါတယ်။Copper ကို အနာကျက်ခြင်းကို အားပေးဖို့လည်း အသုံးပြုပါတယ်။ အဆစ်ရောင်ခြင်းနဲ့ အရိုးပွခြင်းကို ကုသဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ပုံမှန် အစားအသောက်စားသူတွေဟာ Copper ဓါတ်လိုအပ်တယ်ဆိုတဲ့ သက်သေ မရှိပါဘူး။ အားကစားသမားတွေတောင်မှ ကျန်းမာစွာ စားသောက်ရင် Copper ဓါတ် မလိုအပ်တတ်ပါဘူး။Copper ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဒါပေမယ့် ကိုယ်ခန္ဓါဟာ Copper အနည်းငယ်သာ လိုအပ်ပြီးတော့ သူဟာ အစားအသောက်တွေမှာ သဘာဝအတိုင်း အနည်းငယ်ပါဝင်တာကြောင့် လေ့လာမှုတွေက အပိုဖြည့်စွက်စာအဖြစ် အသုံးပြုဖို့ မလိုဘူးလို့ ဆိုပါတယ်။ Copper ချို့တဲ့မှုဟာ သွေး၊ အာရုံကြောဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ် (Menkes disease, Wilson’s disease, နဲ့ ကင်ဆာရောဂါ)။Copper ကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Copper ကို ကလေးတွေမှာ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးနို့တိုက်နေသူတွေ၊ Haemodialysis နဲ့ Wilson’s disease ရှိသူတွေမှာ ပမာဏ အများကြီး အသုံးပြုဖို့ မသင့်ပါဘူး။ မွေးရာပါ ရောဂါ ရှိသူတွေ (Copper အဆိပ်သင့်သူတွေနဲ့ ကလေးငယ်တွေမှာ အသည်းခြောက်ရောဂါဖြစ်သူ)မှာ Copper အပိုအသုံးပြုခြင်းဟာ ရောဂါကို ပိုဆိုးစေပါတယ်။Copper ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။Copper ဟာ အသည်းနဲ့ အစာအိမ်လမ်းကြောင်း ပျက်စီးမှုတွေအပါအဝင် အခြားဆိုးကျိုးတွေလည်း ဖြစ်နိုင်ပါတယ်။လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။Copper ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။Copper ကို တစ်နေ့မှာ 900 mcg အသုံးပြုနိုင်ပါတယ်။Copper ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။Copper ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။သောက်ဆေးပြား၊ သောက်ဆေးတောင့်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/copper-%e1%80%b1%e1%81%be%e1%80%80%e1%80%b8%e1%80%94%e1%80%ae-2/
Endophthalmitis (မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း)
မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်းသည် Staphylococcus , Streptococcus နှင့် Gram negative ဘက်တီးရီးယားများ၊ Candida , Aspergillus မှိုများကြောင့် မျက်စိ၏အတွင်းပိုင်းရှိ တစ်သျူးများပြင်းထန်စွာရောင်ရမ်းမှုဖြစ်ခြင်း ဖြစ်သည်။ရေယုန်ဖြစ်စေသော Herpes simplex နှင့် Herpes zoster ဗိုင်းရပ်စ်နှငိ Toxocara, Toxoplas Protozoa များကြောင့် ဖြစ်သောမျကိစိရောင်ခြင်းများရှိသော် လည်း ရှားပါသည်။ပိုးကောင်များကြောင့်မဟုတ်သော ရောင်ရမ်းမှုများသည် မျက်လုံးတိမ်ခွဲစိတ်မှုများအပြီး၊ သို့မဟုတ် မျက်လုံးထဲသို့ ဆေးထိုးသွင်းပြီးကုသရသော ကုသမှုများအပြီး တွင် ဖြစ်လေ့ရှိပါသည်။မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်းသည်လူများ၏၂-၁၅ %အထိသာဖြစ်နိုင်သောကြောင့်ရှားပါးသောရောဂါဖြစ်သည်။ ဆေးရုံတက်သူလူတစ်သောင်တွင် ၅ယောက်သာလျှင် ပျမ်းမျှအားဖြင့် ထိုရောဂါဖြစ်ပြီး မျက်စိတဖက်တည်းရောင်သောလူနာများတွင် ညာဖက်မျက်စိသည် ဘယ်ဖက်မျက်စိထက် ထိခိုက်နိုင်ချေ ၂ ဆပိုများသည်။အကြောင်းမှာ ညာဖက်မျက်စိသည် မျက်စိကို ထောက်ပံ့ပေးနေသော ညာဖက်သွေးလွှတ်ကြောမကြီးနှင့် ပို နီးသောကြောင့်ဖြစ်သည်။ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။တွေ့ရများသော ရောဂါလက္ခဏာများမှာ မျက်စိအမြင်အာရုံချို့ယွင်းခြင်းနှင့် မျက်လုံးနာခြင်းတို့ဖြစ်ပြီး အခြားသောရောဂါလက္ခဏာများလည်းရှိပါသည်။ ယင်းတို့သည် ရောဂါဖြစ်စေသော အကြောင်းရင်းအပေါ်မူတည်ပါသည်။မျက်စိခွဲပြီးချိန် မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း။မျက်စိဒဏ်ရာရသောကြောင့် မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း။မျက်စိကို တခုခု ထိုးမိခြင်းကြောင့် ဖြစ်လျှင်။သွေးထဲတွင်ရောဂါပိုးများ ပြန့်နှံ့ခြင်းကြောင့် မျက်လုံးပိုးဝင်ခြင်း။သွေးထဲတွင်ရောဂါပိုးများ ပြန့်နှံ့ခြင်းကြောင့် မျက်လုံးပိုးဝင်ပြီး ရောင်ရမ်းခြင်းဖြစ်သည်။ ရောဂါ လက္ခဏာများသည် ဖြေးဖြေးချင်းဖြစ်ပြီး မပြင်းထန်ပါ။မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်းသည် ရောဂါကို စောသိပြီး ကုသမှု မခံယူပါက မျက်စိလုံးဝကွယ်သွားနိုင်ပါသည်။ ထို့ကြောင့်သိသိခြင်း ဆရာဝန်ထံသွားကာ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုခံယူရပါမည်။ရောဂါကို စောစီးစွာသိရပြီး ကုသနိုင်ပါက ရောဂါပိုမဆိုးလာစေရန် နှင့် အရေးပေါ်ကျန်းမာရေးပြသနာများ မကြုံလာစေရန် ကူညီပေးပါသည်။အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။ သင့်တွင်။လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်းကိုဖြစ်စေသော အကြောင်းများစွာရှိသည်။Herpes simplex virus။Candida spp. Fusarium။Toxoplasma gondii, Toxocara။နောက်ကျမှသိရသော မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်းများသည် Proprionobacterium acne အကောင်ကြောင့်အများဆုံးဖြစ်သည်။ ပိုးကောင်များကြောင့်မဟုတ်သော ရောင်ရမ်းမှုများသည် မျက်လုံးတိမ်ခွဲစိတ်မှုများအပြီး၊ သို့မဟုတ် မျက်လုံးထဲသို့ ဆေးထိုးသွင်းပြီးကုသရသော ကုသမှုများအပြီး တွင် ဖြစ်လေ့ရှိပါသည်။မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း ကို ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်းသည် ပြင်းထန်ပြီး မျက်စိကွယ်သွားနိုင်သည့်အတွက် မျက်စိဆရာဝန်နှင့် ပြသပြီး ကုသမှုခံယူရပါမည်။ဆရာဝန်က သင့်ရောဂါလက္ခဏာများ၊ သင့်မျက်လုံးကိုထိခိုက်မှု၊ ခွဲစိတ်မှု ရှိမရှိ မေးမြန်းပြီး မျက်လုံးကို စစ်ဆေးမှုများပြုလုပ်ပါလိမ့်မည်။ မျက်လုံး နှစ်ဖက်လုံးကို စစ်ဆေးပါမည်။ထို့နောက် မျက်လုံးအတွင်းပိုင်းအထိမြင်ရသော မှန်ဘွလူးဖြင့်ကြည့်ပြီး စစ်ဆေးပါသည်။ အသံလှိုင်းဓါတ်မှန်ရိုက်ခြင်းဖြင့် မျက်လုံးအလယ်တွင် အစအနများရှိမရှိ သိနိုင်ပါသည်။မျက်စိအတွင်းပိုင်းရှိ အရည်ကိုထုံးဆေးသုံးကာ အပ်ဖြင့် စုပ်ယူခြင်း ဖြင့် ဘက်တီးရီးယားနှင့် အခြား ပိုးကောင်များရှိမရှိ ဓါတ်ခွဲစစ်ဆေးနိုင်ပါသည်။ကုသမှုများသည်။အပေါ်မူတည်ပြီး ကွာခြားပါသည်။မျက်စိရောင်ခြင်းသည် ဘက်တီးရီးယားကြောင့် ဖြစ်ပါက အောက်ပါနည်းများဖြင့်ကုသရမည်။ပိုးသတ်ဆေးအရည်ကို မျက်လုံးအတွင်းပိုင်းအရည်ရှိရာသို့ ထိုးသွင်းခြင်း သည် များသောအားဖြင့် မျက်လုံးအတွင်းပိုင်းအရည်များကို စုပ်ထုပ်ပြီးမှ ပိုးသတ်ဆေး ထိုးလေ့ရှိသည်။မျက်စိဆရာဝန်သည် စတီးရွိုက်အရောင်ကျဆေးများကို မျက်လုံးထဲသို့ ထိုးသွင်းခြင်းဖြင့် အရောင်ကျစေကာ အနာကျက်မြန်စေမည်ဖြစ်သည်။ရောဂါပြင်းသော လူနာများတွင် ပိုးသတ်ဆေးအရည်ကို သွေးပြန်ကြောထဲသို့ထိုးသွင်းပြီး ကုသခြင်းဖြစ်သည်။မျက်လုံးအတွင်းပိုင်းရောင်ခြင်း အပြင် မျက်လုံးအပြင်ဘက်တွင် ရောင်ရမ်းမှုများ ဒဏ်ရာများရှိပါက ပိုးသတ်ဆေးလိမ်းရသည်။မျက်လုံးအတွင်းပိုင်းတွင် ရှိသော ပိုးဝင်နေသည့်အရည်များကို ဖယ်ရှားပြီး ဆားရည်သို့မဟုတ် အခြားသင့်တော်သော ဆေးရည်တမျိုးမျိုးကို ပြန်အစားထိုးခြင်းဖြစ်သည်။ ထိုကုသမှုကို အမြင်အာရုံဆုံးရှုံးလုနီးပါးဖြစ်နေသောသူများ နှင့် ရောဂါပြင်းထန်သောသူများတွင် သုံးပါသည်။မျက်စိရောင်ခြင်းသည် မှိုကြောင့်ဖြစ်ပါက ဖြစ်နေသော မျက်လုံးထဲသို့ မှိုသတ်ဆေးထိုးသွင်းခြင်း၊ သွေးပြန်ကြောထဲသို့ ထိုးခြင်း နှင့် မှိုသတ်ဆေးသောက်ခြင်းတို့ဖြင့်ကုသနိုင်ပါသည်။မျက်စိဆရာဝန်သည် သင့်ကိုကုသနေစဉ်အတွင်း သင့်အခြေအနေ တိုးတက်မှုနှင့် သင့်အမြင်အာရုံတိုးတက်မှု ရှိမရှိကို စောင့်ကြည့်နေရမည် ဖြစ်သောကြောင့် သင့်အနေဖြင့် ဆေးခန်းသို့ ရက်ချိန်း မှန်မှန်လာပြရန် အရေးကြီးပါသည်။နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့်မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း။သူများအတွက်ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-diseases/endophthalmitis-%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%85%e1%80%ad%e1%80%a1%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%95%e1%80%ad%e1%80%af%e1%80%b9%e1%80%84%e1%80%b9%e1%80%b8%e1%80%b1/
Febrile seizures in children (ကလေးများတွင်အဖျားကြောင့်တက်သောရောဂါ)
လျင်မြန်စွာ ကိုယ်ပူချိန်မြင့်တက်လာသော ကလေးများတွင်အဖျားကြောင့်တက်တတ်သည်။ သင့်ကလေးများ။တွင် အဖျားရှိကြောင်းသင်မသိနိုင်သည်လည်းဖြစ်နိုင်သည်။ ထိုသို့။တက်ခြင်းသည် ကိုယ်ပူချိန်တက်လာသည့် အချိန်ခဏအတွင်းတွင်ပင်ဖြစ်ပွားတတ်သည်။ ကိုယ်ပူချိန်သည်အလွန်မြင့်သွားသောအခါ တက်နိုင်ချေသည် ကုန်ဆုံးသွားနိုင်သည်။ ကလေးအများစုသည် 39*C အထက်တွင် ထိုရောဂါဖြစ်ပွားတတ်သည်။ အကယ်၍ အောက်ပါကဲ့သို့ဖြစ်ပါက တက်ခြင်းသည် အဖျားနှင့် ပတ်သတ်နိုင်သည်။အဖျားကြောင့်တက်ခြင်းသည် ထိတ်လန့်ဖွယ်ကောင်းသော်လည်း ကလေးကို အများအားဖြင့် ဘေးရန်မပေးနိုင်သည့်အပြင် ဦးနှောက် ထိခိုက်ခြင်း၊ဉာဏ်ရည်ထိခိုက်ခြင်း၊(သို့)ဉာဏ်ရည်နိမ့်ပါးခြင်း စသော နာတာရှည်ပြဿနာများကိုလည်း မဖြစ်စေနိုင်ပါ။ဒီရောဂါဟာ 2ရာခိုင်နှုန်းမှ 5ရာခိုင်နှုန်းသော ကလေးများတွင် ဖြစ်ပွားနိုင်ပါသည်။ ကလေးများတွင်နောက်ထပ်တက်နိုင်ပါသည်။ထပ်၍တက်သွားနိုင်ချေမှာ အသက်ပေါ်မူတည်သော်လည်း 30မှ 50ရာခိုင်နှုန်းသော ကလေးများတွင် ပထမတခေါက်တက်ထားပြီးသော နှစ်ဝက်အတွင်း တွင် ပြန်တက်နိုင်ပါသည်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။မိနစ်အနည်းငယ်အတွင်းတွင် အဖျားကြောင့်တက်ခြင်းသည် ပြီးသွားတတ်သော်လည်း ရှားပါးသောအခြေအနေများတွင် 15မိနစ်ထိကြာမြင့်နိုင်သည်။ ထိုကဲ့သို့တက်နေစဉ်တွင်ထိုကလေး၏တစ်ကိုယ်လုံးသည် တုန်ခြင်း၊တက်ခြင်းနှင့် တဆက်ဆက်လှုပ်ရမ်းခြင်း၊မျက်ဖြူလန်ခြင်းနှင့် ငြည်းညူကာ သတိလစ်ခြင်းတို့ဖြစ်နိုင်ပါသည်။ တက်နေစဉ် တခါတရံတွင် ကလေးများသည် အန်ခြင်း(သို့)ရှူးပေါက်ခြင်းတို့လည်း ပြုလုပ်တတ်သည်။ ရှူပ်ထွေးသော အဖျားကြောင့်တက်သောအခြေအနေများတွင် 15မိနစ်ထက်ကြာမြင့်နိုင်ပြီး 24နာရီတွင် တစ်ကြိမ်ထက်ပိုမိုဖြစ်ပွားနိုင်ပါသည်။ ကိုယ်အစိတ်အပိုင်းတခုခု။သည် တဆက်ဆက်တုန်ခြင်း(သို့)လှုပ်ရှားမှုပုံစံတခုခုလည်း ဖြစ်နေနိုင်သည်။ အဖျားသည် ဆက်၍ရှိနိုင်သော်လည်း အဖျားကြောင့်တက်ခြင်းသည် အလိုလိုပျောက်သွားတတ်သည်။ အချို့ကလေးများသည် တက်ပြီးသောအခါ အိပ်ချင်မူးတူးဖြစ်နေတတ်သောလည်း အချို့ကလေးများတွင်မည်သည့် အာနိသင်မျှ မကျန်တတ်ပေ။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အောက်ပါအခြေအနေများတွင် အရေးပေါ်ကုသမှုကို ခံယူပါ။အောက်ပါအခြေအနေများတွင် ဆရာဝန်နှင့်ပြသပါ။အဖျားကြောင့်တက်ခြင်းသည် မည်သည့်အကြောင်းကြောင့် ဖြစ်ပွားသည်ကို မည်သူမျှမသိကြသော်လည်း သက်သေအထောက်အထားများအရ အချို့သောဗိုင်းရပ်စ်ပိုးများနှင့် အချို့သောကလေးများ၏ဦးနှောက်များမှ ကိုယ်ပူရှိန်တက်လာသောအခါ တုံ့ပြန်မှုများတွင် ပတ်သတ်မှုရှိနေ။ကြောင်းတွေ့ရှိရသည်။အဖျားကြောင့်တက်သည့်မျိုးရိုးရှိသောကလေးများတွင် ပိုတက်နိုင်ချေများပြီး တက်ဖူးသောကလေးသုံးယောက်တွင် တစ်ယောက်သည် နောက်ထပ်တစ်ခါ ထပ်တက်နိုင်သည်။ ပို၍ငယ်သောကလေးများတွင် (15လအောက်များတွင်) ပထမဆုံးအဖျား။ကြောင့်တက်ဖူးသောအခါလည်း ထပ်ကာ အဖျားကြောင့်တက်နိုင်ချေများသည်။ အဖျားကြောင့်တက်သောကလေးအများစုသည် အသက်ငါးနှစ်ရှိကြသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည်သင့်ကလေးကို ကိုင်တွယ်စစ်ဆေးကာ သင့်အား တက်သွားသည့်အကြောင်းပြောပြခိုင်းတတ်သည်။ အများအားဖြင့် မည်သည့်အပိုဆောင်းကုသမှုမှ မလိုအပ်ပါ။ အကယ်၍သင့်ကလေးသည်1နှစ်အောက်ဖြစ်ပြီး အော့အန်ခြင်း(သို့)ဝမ်းလျှောခြင်းစသည့်အခြားသောရောဂါ။လက္ခဏာများရှိပါက စမ်းသပ်မှုများကို ပြုလုပ်ရနိုင်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ကလေးများတွင်အဖျားကြောင့်တက်သောရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။သင့်ကလေးတက်နေစဉ်တွင် ထိခိုက်ဒဏ်ရာမရစေရန် ကာကွယ်ပေးပါ။ခြင်းဖြင့် အသက်ရှူလမ်းကြောင်းအားပိတ်နေသော လျှာကိုဖယ်ထုတ်ကာ ကလေးကိုအသက်ရှူနိုင်စေသည်။ခေါင်းနှင့်မေးစေ့ကို မော့ထားကာ အသက်ရှူလမ်းကြောင်းကို ပွင့်လာအောင်လုပ်ပါ။အနီးကပ်စောင့်ကြည့်လေ့လာပါ။ ကလေးဆရာဝန်ကို ပြန်ပြောပြနိုင်ရန်ဖြစ်သည်။တက်ပြီးပါက သင့်ကလေးတွင် ဒဏ်ရာအနာတရရှိမရှိစစ်ဆေးပါ။ဖြစ်သည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/neurological-diseases/febrile-seizures-in-children/
အသက်ရလာလျှင် ဖြစ်ပေါ်လာသည့် အစက်အပြောက်များကို မည်သို့ ထိန်းသိမ်းမည်နည်း
မှတ်တမ်းများအရ အသက် ၄၀ ကျော်လာလျှင် မျက်နှာပေါ်တွင် အစက်ပြောက်များ ဖြစ်ပေါ်တတ်ပါသည်။ ထိုသို့ ပြောသော်လည်း အသက်အရွယ်မရွေး ဖြစ်ပေါ်တတ်ပါသည်။ ထိုသို့ ဖြစ်ပေါ်ခြင်းသည် ပျောက်ကင်းရန် အချိန်ယူရသော်လည်း ပျောက်ကင်းအောင် ကုသရန် နည်းလမ်းပေါင်းများစွာ ရှိပါသည်။ အသားအရေကိုလည်း မထိခိုက်နိုင်ပါ။ဘယ်လို ထိန်းသိမ်းရမည် ဆိုတာကို မရှင်းခင် ဘယ်လို ဖြစ်ပေါ်လာသည်ကို ဦးစွာသိသင့်ပါသည်။ ထိုအစက်များမှာ အညိုစက်များ၊ နေလောင်စက်များ စသည်တို့သည် အသက်ကြီးလာသည် နှင့်အမျှ တဖြည်းဖြည်း ပေါ်လာတတ်သော အရာများ ဖြစ်ပါသည်။ အစပိုင်းတွင် သေးသေးလေး ဖြစ်သော်လည်း နောက်ပိုင်းတွင် ကြီးလာနိုင်ပါသည်။ အရောင်မှာလည်း အရောင်ဖျော့မှ အရောင်ရင့်သို့ ပြောင်းလဲသွားနိုင်ပါသည်။ ကရတင် ဟုခေါ်သော ရောင်ခြယ်တစ်မျိုးသည် အကာအကွယ်အဖြစ် ပြုလုပ်ပေးပါသည်။ မလနင်ဟုခေါ်သော ရောင်ခြယ်မှာ အသားအရောင်ကို ထိန်းညှိပေးပါသည်။ နေရောင်ခြည်ဒဏ်ကြောင့် အသားအရေရှိ မင်လနင်ဓါတ်မှာ တိုးပွားလာပြီး ကာကွယ်ရန် အသားအရောင်ကို ရင့်စေပါသည်။ ထို့အပြင် အညိုစက်များလည်း ဖြစ်ပေါ်လာတတ်ပါသည်။လိမ်းဆေးများ။မျက်နှာလိမ်းဆေးများ သုံး၍ အသားအရေကို ပြန်လည် တောက်ပအောင် ပြုလုပ်နိုင်ပါသည်။ အစက်အပြောက်များမှာ အရမ်းမညိုလျှင် လိမ်းဆေးနှင့် ၂ ရာခိုင်နှုန်း ဟိုက်ဒရိုကွီနုန်း သုံး၍ ကုသနိုင်ပါသည်။ အစက်အပြောက်များမှာ အရမ်းညိုလျှင် အရေပြား အထူးကုနှင့် တိုင်ပင်၍ ၃ ရာခိုင်နှုန်းအထိ တိုးမြင့် နိုင်ပါသည်။ သို့သော် အထုပ်ပေါ်မှ ညွှန်ကြားချက်များကို သေချာစွာ ဖတ်ရှုသင့်ပါသည်။သို့သော် ထိုလိမ်းဆေးများသည် မျက်နှာပေါ်တွင် အချိန်ကြာမြင့်စွာ မရှိနေသင့်ပါ။ မျက်နှာ အသားအရေကို ထိခိုက်နိုင်ပါသည်။ဓါတုပစ္စည်းများဖြင်း ချေးချွတ်ခြင်း။ဓါတုပစ္စည်းများဖြင့် ချေးချွတ်ခြင်း နည်းလမ်းကိုလည်း အသုံးပြုနိုင်ပါသည်။ ထိုအချက်မှာ မျက်နှာ အသားအရေရှိ ချေးများကို အက်ဆစ်အပျော့ဖြင့် တိုက်စားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဆဲလ်အသစ်များ ဖြစ်ပေါ်လာစေပါသည်။ ကျန်ရှိခဲ့သည်မှာ မိမိ၏ နုပျိုချောမွေ့သော မျက်နှာပြင် ဖြစ်ပါသည်။ မိမိမျက်နှာ၏ အပေါ်ယံအလွှာကိုသာ တိုက်စားမည် ဆိုပါက ကုသမှုဆေးများ အများကြီး မသုံးသင့်ပါ။ ပို၍ နာကျင်စေသည့်အပြင် ပျောက်ကင်းရန် ကြာမြင့်နိုင်ပါသည်။ရှားစောင်းလက်ပက် လိမ်းဆေး။ရှားစောင်းလက်ပပ်တွင် ပါဝင်သော ဓါတုပစ္စည်းများသည် ဆဲလ်သေများကို ဖယ်ရှားပေးပြီး ဆဲလ်သစ်များ ဖြစ်ပေါ်လာခြင်းကို အားပေးပါသည်။ မကြာခဏ သုံးပါက မျက်နှာ အသားအရေကို ဝင်းပစေပြီး အစက်အပြောက်များကို ဖယ်ရှားပေးပါသည်။ မိမိလုပ်ဆောင်ရမည်မှာ တစ်နေ့နှစ်ကြိမ် ရှားစောင်းလက်ပပ်ကို လိမ်းပေးရန် ဖြစ်ပါသည်။ အပင်မှ မရနိုင်သော အခြေအနေ ဖြစ်ခဲ့လျှင်လည်း အသင့် လုပ်ထားပြီးသား ဘူးများလည်း သုံးနိုင်ပါသည်။နေရောင်ကာဆေးများ။ထိုလိမ်းဆေးများသည် နေ့စဉ် အသုံးပြုသင့်သော ပစ္စည်းတစ်မျိုး ဖြစ်ပါသည်။ လိမ်းဆေးကို မျက်နှာ၊ လက်တို့ကို အပြင်မထွက်ခင် မိနစ် ၃၀ မတိုင်ခင် လိမ်းရပါမည်။ နေရောင် ကာကွယ်နိုင်စွမ်း (SPF) သည် အနည်းဆုံး ၁၅ ရှိရပါမည်။ ဇင့်အောက်ဆိုဒ်နှင့် တိုင်တေနီယမ်ဒိုင်အောက်ဆိုဒ် ပါဝင်သော ပစ္စည်းများကို အသုံးပြုရပါမည်။ နှစ်နာရီတစ်ခါ ထိုလိမ်းဆေးကို ပြန်၍ လိမ်းပေးရပါမည်။ထိုအစက်အပြောက်များသည် အသားအရေနှင့် ကျန်းမာရေးကို မထိခိုက်နိုင်ပါ။ သို့သော် ထိုအစက်များ ကြီးလာလျှင်၊ ထူလာလျှင်၊ အရောင်ပြောင်းလာလျှင်၊ သွေးထွက်လာလျှင်၊ ယားလာလျှင် ဆရာဝန်နှင့် ချက်ချင်းပြရပါမည်။ လိုအပ်လျှင် နှစ်စဉ် ကုသမှုခံယူရပါမည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9e%e1%80%80%e1%80%b9%e1%80%9b%e1%80%9c%e1%80%ac%e1%80%9c%e1%80%bd%e1%80%ba%e1%80%84%e1%80%b9-%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%b1%e1%80%95%e1%81%9a%e1%80%9c%e1%80%ac%e1%80%9e/
လျှာကျန်းမာစေဖို့ လိုက်နာသင့်တဲ့အချက်အချို့
အရွယ်အစားသေးငယ်ပေမယ့်ခန္ဓာကိုယ်မှာတော်တော်လေးအရေးပါတဲ့ အစိတ်အပိုင်းတစ်ခုရှိပါတယ်။ ဒါကတော့လျှာပါ။ လျှာက အရသာခံပေးတယ်၊ စကားပြောလို့ရအောင်လုပ်ပေးတယ်။ အရွယ်အစားကသေးငယ်ပေမယ့် မရှိလို့မဖြစ်တဲ့ အစိတ်အပိုင်းလေးတစ်ခုပေါ့။ ဒီတော့ လျှာလေးကျန်းမာနေအောင်ဂရုစိုက်ဖို့ကလည်း မေ့ထားလို့မဖြစ်တဲ့အချက်တွေထဲကတစ်ခုပေါ့။ ဒီတော့ လျှာကျန်းမာစေဖို့ လိုက်နာသင့်တဲ့အချက်အချို့ ကို လေ့လာကြည့်ရအောင်။လူတော်တော်များများက ခံတွင်းကျန်းမာရေးဂရုစိုက်ပါလို့ ပြောလိုက်တိုင်း အရင်ပြေးမြင်မိတာကသွားနဲ့သွားဖုံးပါ။ လျှာကိုတော့ မေ့နေတတ်ကြတာများပါတယ်။ တကယ်တော့ လျှာကျန်းမာရေးကလည်း မေ့ထားလို့မဖြစ်ပါဘူး။ လျှာလေးကျန်းမာနေစေဖို့ အမြဲမပြတ်လုပ်ပေးသင့်တဲ့ အလေ့အထလေးတွေရှိနေပါတယ်။သွားတိုက်တဲ့အခါ အများစုက သွားကြိုသွားကြားတွေကိုသာ သတိထားတိုက်တတ်ကြပြီး လျှာကို တိုက်ဖို့တော့မေ့နေတတ်ကြပါတယ်။ အမှန်ကတော့ သွားတိုက်တဲ့အခါတိုင်း လျှာကိုသွားပွတ်တံလေးနဲ့ တိုက်ပေးသင့်ပါတယ်။ ဒါမှလျှာပေါ်မှာ ကပ်ငြိနေတဲ့ အရာတွေ၊ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ဘက်တီးရီးယားလေးတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်မှာပါ။လျှာကကြွက်သားအစိုင်အခဲလေးတစ်ခုပေါ့။ ဒါကြောင့် အခြားကြွက်သားတွေလိုပဲ ကျန်းမာသန်စွမ်းနေစေဖို့အတွက် အာဟာရကိုလိုအပ်မှာ အသေအချာပါ။ ဒါကြောင့် လျှာကျန်းမာနေစေဖို့အတွက် ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ချင်း(ဂျင်း) ၊အုန်းသီးတို့ကို စားပေးပါ။ဒီအစားအစာတွေက လျှာကို မကျန်းမမာဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါ့အပြင် လျှာကျန်းမာရေးအတွက်လိုအပ်တဲ့သံဓာတ်ပြည့်ဝနေစေဖို့အတွက်လည်းဟင်းနုနွယ်၊ အနီရောင်အသား၊ ပင်လယ်စာ၊ကြက်သားတို့ကို စားပေးပါ။ရေဓာတ်ပြည့်ဝမှုကလည်း လျှာကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပေးတာပါ။ရေသောက်နည်းတဲ့အခါတံထွေးထွက်တာ နည်းသွားနိုင်ပါတယ်။တံထွေးက ခံတွင်းထဲက ဘက်တီးရီးယားတွေကို အဓိကတိုက်ထုတ်ပေးနေတဲ့အရာပေါ့။ ဒါကြောင့် လျှာကျန်းမာရေးကောင်းစေဖို့အတွက် တစ်နေ့ကိုရေ ၂ လီတာပုံမှန်သောက်ပေးပါ။ဆေးလိပ်သောက်တာက လျှာကျန်းမာရေးကို တော်တော်လေးထိခိုက်စေနိုင်တာပါ။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် ခံတွင်းကင်ဆာလည်း ဖြစ်နိုင်ပါတယ်။ဆေးလိပ်သောက်တာက လျှာရဲ့ အရသာခံနိုင်စွမ်းကို ကျဆင်းစေနိုင်သလို လျှာကင်ဆာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လျှာကျန်းမာဖို့ဆိုရ င်ဆေးလိပ်ဖြတ်ဖို့လိုပါမယ်။ပုံမှန်ခံတွင်းကျန်းမာရေးစစ်ဆေးမှုက လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်ပါ။ ဒီလို ပုံမှန်သွားနဲ့ခံတွင်း ကျန်းမာရေးစစ်ဆေးတာက သွားနဲ့သွားဖုံးတွေမှာ ဖြစ်လာနိုင်တဲ့ရောဂါတွေနဲ့ လျှာကင်ဆာဖြစ်နိုင်ခြေကိုပါ သိသိသာသာလျော့ကျစေနိုင်မှာပါ။ ဒါကြောင့် သွားဆေးခန်းကို ၆ လတစ်ကြိမ်ပုံမှန်သွားပေးပါ။ကဲ………….ဒီအချက်လေးတွေကို လိုက်နာလို့ လျှာကျန်းမာရေးကို သေချာလေး ဂရုစိုက်လိုက်ရအောင်လား။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/healthy-habits-for-healthy-tongue/
အိုမင်းရင့်ရော်လာတဲ့ အသားအရေကို ဘယ်လို ဂရုစိုက်မလဲ
တစ်နေ့မှာ သင့်အရေပြားဟာ တွန့်လာပြီး အရေးအကြောင်းတွေ ထင်လာပါလိမ့်မယ်။ သွေးကြောတွေနဲ့ အရိုးတွေဟာ ပိုမို ထင်ရှားလာပြီး ထိရှဒဏ်ရာတွေဟာ အနာကျက်ဖို့ အချိန်ပိုယူလာရပါလိမ့်မယ်။ ဒီလိုနေ့ကိုရောက်ဖု့ိ ကို ကြောက်လန့်နေကြသော်လည်း ဒါဟာ လူတိုင်းအတွက် မဖြစ်မနေ ဖြစ်လာမယ့် အရာတွေပါပဲ။ နှစ်ပေါင်းများစွာ အသားညိုစေဖို့ နေရောင်ခံခြင်း (သို့) နေရောင်အောက်မှာ အကြာကြီးနေခြင်းတွေဟာ အရေးအကြောင်းတွေ၊ အရေပြား ခြောက်သွေ့မှုတွေ၊ အစက်အပြောက်တွေနဲ့ ကင်ဆာရောဂါကိုတောင် ဖြစ်စေနိုင်ပါတယ်။ ဒီလို အရေပြား တွန့်လာခြင်းကို အနည်းငယ်တော့ နှေးကွေးအောင် ပြုလုပ်နိုင်ပေမယ့် ရှောင်လွှဲလို့တော့ မရပါဘူး။ဒါပေမယ့် သင့်အသားအရည်ကို ကာကွယ်ပေးပြီး ပိုမိုကြည့်ကောင်းစေတဲ့ နည်းလမ်းတွေ ရှိပါတယ်။အရေပြားခြောက်သွေ့ခြင်းနဲ့ ယားယံခြင်း။အရေပြားဟာ အသက်ကြီးလာတာနဲ့ အမျှ ရေဓါတ်ဆုံးရှုံးလာတတ်ပါတယ်။ လူကြီးအတော်များများဟာ သူတို့ရဲ့ အရေပြားပေါ်၊ အထူးသဖြင့် ခြေထောက်၊ တံတောင်ဆစ်နဲ့ လက်မောင်အောက်ပိုင်းတွေမှာ အစက်အပြောက်တွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုခြောက်သွေ့တဲ့ အရေပြားဖြစ်စေတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ဒီလို ခြောက်သွေ့တဲ့ အရေပြားကို သက်သာစေဖို့ အစိုဓါတ်ထိန်းအလှကုန် တွေကို လိုးရှင်းပုံစံနဲ့ရော လိမ်းဆေးအနေနဲ့ပါ အသုံးပြုနိုင်ပါတယ်။ ဆပ်ပြာကို ပြောင်းလဲအသုံးပြုနိုင်ပြီး ရေပူနဲ့ ရေချိုးအစား ရေနွေးနဲ့သာ ချိုးသင့်ပါတယ်။ အခန်းထဲမှာ ရေဓါတ်ကိုထိန်းပေးဖို့အတွက် စိုထိုင်းမှု ထိန်းစက်တွေကို အသုံးပြုသင့်ပါတယ်။သွေးခြေဥခြင်း။အသက်ကြီးတဲ့သူတွေဟာ ငယ်ရွယ်သူတွေထက် ပိုသွေးခြည်ဥလွယ်ပြီး ပျောက်ကင်းဖို့လည်း အချိန်ကြာတတ်ပါတယ်။ ဆေးတွေနဲ့ ရောဂါတွေဟာလည်း သွေးခြည်ဥစေပါတယ်။ ဘာကြောင့် ဖြစ်မှန်းမသိတဲ့ အညိုအမည်းစွဲခြင်းတွေ ဖြစ်လာခဲ့ရင် ဆရာဝန်ကို တိုင်ပင်သင့်ပါတယ်။အရေးအကြောင်းများ။အရေးအကြောင်းတွေဟာ အသက်ကြီးလာခြင်းရဲ့ ပထမ လက္ခဏာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအရွယ်တစ်ခုရောက်ရင် လူတိုင်းအရေးအကြောင်းတွေ ဖြစ်လာတယ်ဆိုတဲ့ မှော်နံပါတ် တစ်ခုတော့ မရှိပါဘူး။ နေနဲ့ ထိတွေ့မှုများခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနဲ့ မျိုးရိုးဗီဇတို့က အရေးအကြောင်းထွက်ခြင်းကို ဖြစ်စေပါတယ်။အရေးအကြောင်းတွေနဲ့ ပတ်သက်လို့ကတော့ ရှောင်လွှဲလို့ကို မရနိုင်ပါဘူး။ အလှကုန် ပစ္စည်း အတော်များများက အရေးအကြောင်း သက်သာစေတယ်ဆိုပေမယ့် တကယ်တော့ မဟုတ်ပါဘူး။ အရေးအကြောင်းကို တကယ်သက်သာစေတဲ့ ခွဲစိတ်ခြင်း (သို့) ဆေးထိုးခြင်းတွေ ရှိပေမယ့် သူတို့က ပြန်ဖြစ်လာတတ်ပါတယ်။ ပြီးတော့ ဒီလို ခွဲစိတ်မှုတွေဟာ အန္တရာယ်ရှိပြီး လိုင်စင်ရှိတဲ့ ဆရာဝန်ကသာ ပြုလုပ်သင့်တာဖြစ်ပါတယ်။အရေပြား အစက်အပြောက်များ။အသက်ကြီးလို့ပေါ်လာတဲ့ အစက်အပျောက်တွေကို အသက်ကြီးရင့်သူတွေမှာ တွေ့ရပြီး များသောအားဖြင့် မှည့်ခြောက် အရွယ်အစားထက် ကြီးတတ်ပါတယ်။ လည်ပင်း၊ လက်၊ လက်မောင်း၊ နောက်ကျောနဲ့ ခြေထောက်တွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။ သူတို့တွေကို အသည်းအစက်အပြောက်တွေလို့ ခေါ်ကြပြီး နေရောင်ခြည်နဲ့ ထိတွေ့မှုကြောင့်ဖြစ်စေတယ်လို့ ယူဆကြပါတယ်။အသားပို တွေဟာ သေးငယ်ပြီး ဖေါင်းနေတဲ့ အရေပြားတွေ ဖြစ်ပါတယ်။ သူတို့ဟာ အသားရောင်ရှိပြီး အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ မျက်ခွံ၊ လည်ပင်းနဲ့ ကိုယ်ခန္ဓါ ချောင်ကြိုချောင်ကြားတွေမှာ အဖြစ်များပါတယ်။ အစက်အပြောက်တွေနဲ့ အသားပိ တွေဟာ အန္တရာယ် မရှိပါဘူး။အရေပြား ကင်ဆာ။အရေပြားကင်ဆာဟာ အဖြစ်အများဆုံး ကင်ဆာတစ်ခုဖြစ်ပါတယ်။ အရေပြား ကင်ဆာဟာ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် တွေကြောင့် ဖြစ်တာ ဖြစ်ပါတယ်။ လူတိုင်းက အရေပြားကင်ဆာ ဖြစ်နိုင်ပြီး မှဲ့ခြောက်ရှိတဲ့ အသားဖြူသူတွေက ပိုမိုဖြစ်နိုင်ခြေ ရှိပါတယ်။ အရေပြား ကင်ဆာဟာ အခြားနေရာတွေဆီကို ပြန့်ပွားမသွားခင် တွေ့ရှိရင် ကုသ ပျောက်ကင်းနိုင်ပါတယ်။အရေပြားကင်ဆာဟာ နာကျင်ခဲပါတယ်။ အရေပြား (သို့) အရေပြား ကင်ဆာရဲ့ လက္ခဏာတွေကို ရှာဖွေသင့်ပါတယ်။ အသစ်ဖြတ်လာတဲ့ အဖု (သို့) အနာ မကျက်တော့ရင် (သို့) သွေးထွက်နေတဲ့ မှဲ့တွေက အရေပြားကင်ဆာ ဖြစ်နိုင်ခြေ ရှိပါတယ်။အရေပြား ကင်ဆာကို ကာကွယ်ဖို့ နေရောင်ထဲမှာ အသားညိုစေဖို့ အကြာကြီးမနေသင့်ပါဘူး။ အထူးသဖြင့် နေအလွန်ပူတဲ့ နေ့လည်ချိန်တွေမှာ မနေသင့်ပါဘူး။ ရေထဲမှာ နေရင်လည်း နေလောင်နိုင်ပါတယ်။နေ့လည်မှာ နေပူစာလှုံခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အသားညိုစေတဲ့ အလှပြင်ဆိုင်တွေ ကိုလည်း မသွားသင့်ပါဘူး။ အသားညိုစေတဲ့ နည်းတွေဟာ အရေပြားကင်ဆာ ဖြစ်ပွားနှုန်းကို မြင့်တက်စေပါတယ်။အပြင်မထွက်ခင် နေလောင်ခံလိမ်းဆေးတွေကို လိမ်းသင့်ပါတယ်။ SPH 15 အထက်တွေဟာ အကောင်းဆုံးဖြစ်ပါတယ်။ နေလောင်ခံလိမ်းဆေး တွေကို ၂နာရီ ၃နာရီ ခြားတစ်ခါလိမ်းသင့်ပြီး ရေကူးပြီးရင် (သို့) လှုပ်ရှားမှု လုပ်လို့ ချွေးထွက်ပြီးရင်လည်း ပြန်လိမ်းသင့်ပါတယ်။နေရောင်ကာကွယ်တဲ့ အဝတ်စားတွေဖြစ်တဲ့ ဘောင်းဘီရှည်၊ အင်္ကျီလက်ရှည် တွေကို နေလောင်ဒဏ်ကို ကာကွယ်ဖို့ အသုံးပြုသင့်ပါတယ်။ နားပန်းအကျယ်ကြီး ပါတဲ့ ဦးထုပ်ဟာ ခေါင်း၊ မျက်နှာ၊ လည်ပင်းတွေကို နေရောင်ကနေ ကာကွယ်ပေးပါတယ်။အကာအကွယ်ပေးတဲ့ အဝတ်အစားတွေကို အသုံးပြုပါ။ နားပန်းအကျယ်ကြီးပါတဲ့ ဦးထုပ်ဟာလည်ပင်း၊ နားရွက်၊ မျက်လုံးနဲ့ ခေါင်းတွေကို အရိပ်ရစေပါတယ်။ နေရောင်ခြည်ကို ၉၉ရာခိုင်နှုန်း ကနေ ၁၀၀ရာခိုင်နှုန်း အထိ ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်တွေကို အသုံးပြုနိုင်ပါတယ်။ တကယ်လို့နေရောင်ထဲမှာ နေမှဖြစ်မယ်ဆိုရင် ပွပြီး ပေါ့တဲ့ အဝတ်အစားတွေ။ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်နဲ့ စကတ်ရှည်တို့ိကိ ဝတ်ဆင်သင့်ပါတယ်။သင့်အရေပြားဟာ အသက်ကြီးလာတာနဲ့ အမျှ ပြောင်းလဲမှု ရှိပါတယ်။ ဒါဟာ သင့်ရဲ့ ဉာဏ်ပညာကြွယ်ဝမှု ရင့်ကျက်လာမှုကို ဖော်ပြတာဖြစ်တာမို့ ဒီလိုအပြောင်းအလဲတွေကို လက်ခံသင့်ပါတယ်။ ဒါပေမယ့် သင့်ကိုစိတ်ပူစေတဲ့ အပြောင်းအလဲတွေ ရှိနေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%ad%e1%80%af%e1%80%99%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%84%e1%80%b7%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%ba%e1%80%9c%e1%80%ac%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%9e/
ကျန်းမာတဲ့ နှလုံးလေးကို ပိုင်ဆိုင်နိုင်စေမယ့် ဘဝနေထိုင်မှုပုံစံဆီသို့ ၁၂ ပတ်တာ ခရီးစဉ်
နှလုံးရောဂါက လူတွေကို ဇီဝိန်ခြွေနေတဲ့ ထိပ်တန်း ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ လူတိုင်းလိုလိုဟာ နေ့စဉ်ဘဝမှာနှလုံးရောဂါ ခံစားရနိုင်တဲ့ အလေ့အထတွေကို သိလို့ဖြစ်စေ၊ မသိလို့ဖြစ်စေ အကြောင်းအရင်း အမျိုးမျိုးနဲ့ လုပ်မိနေကြပါတယ်။ တကယ်ကတော့ နှလုံး ထိခိုက်စေနိုင်တဲ့ အနေအထားတွေကို လျှော့ချပစ်နိုင်လေလေ အသက်ရှည်လေလေပါ။သုတေသနရလဒ်တွေအရ ဘဝနေထိုင်မှုပုံစံ ပြောင်းလဲတာက နှလုံးရောဂါ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီတစ်ခေါက်တော့ ၁၂ ပတ်တာအတွင်း ကျန်းမာတဲ့ နှလုံးလေးကို ပိုင်ဆိုင်နိုင်စေမယ့် ဘဝနေထိုင်မှုပုံစံဆီသို့ ဘယ်လို ပြောင်းလဲရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ပိုမို ကျန်းမာပြီး ပိုမိုပျော်ရွှင်တဲ့ နေ့စဉ်ဘဝကို စတင်ဖို့ အသင့်ပဲလား ……။ကျန်းမာတဲ့ နှလုံးလေးကို ပိုင်ဆိုင်နိုင်စေမယ့်ဘဝနေထိုင်မှုပုံစံဆီသို့ ၁၂ ပတ်တာ ခရီးစဉ် ကို အတူတူ ကြည့်လိုက်ကြစို့နော်။နေ့စဉ်ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းမလုပ်တာက နှစ်စဉ် လူပေါင်းများစွာ အသက်ဆုံးရှုံးနေရတဲ့ အကြောင်းအရင်း တစ်ရပ်ပါ။ ဒါကြောင့် နှလုံး ကျန်းမာစေဖို့အတွက် တစ်ပတ်ကို ၃ ကြိမ်လောက်တော့ လေ့ကျင့်ခန်း လုပ်ဖို့လိုပါမယ်။ ဒီလိုကနေမှ တဖြည်းဖြည်းချင်း တိုးသွားဖို့ လိုပါမယ်။လေ့ကျင့်ခန်းကို ပုံမှန် လုပ်ဖြစ်အောင် ကြိုးစားပါ။ ရက်သတ္တပတ်တိုင်းမှာ အေရိုးဗစ်လိုမျိုး ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းကို မိနစ် ၁၅၀ လောက် လုပ်ပေးပါ။တစ်နေ့ကို မိနစ် ၃၀ ကနေ ၄၀ လောက်နှုန်းနဲ့ တစ်ပတ်ကို ၄ ရက် ကနေ ၅ရက် လုပ်ပေးလို့လည်း ရပါတယ်။ လေ့ကျင့်ခန်းကို ပိုပြီး တိုးလုပ်နိုင်လေလေ ကျန်းမာရေးအတွက် အကျိုးများလေလေပါ။ဆေးလိပ်ဖြတ်တာက နှလုံးကျန်းမာစေဖို့ တော်တော်လေး ထောက်ကူပေးနိုင်ပါတယ်။ ဆေးလိပ်ဖြတ်ရတာက ခက်ခဲလှတဲ့ အပြောင်းအလဲတွေထဲက တစ်ရပ်ဖြစ်နိုင်ပါတယ်။တကယ်လို့ ဆေးလိပ်မသောက်တတ်ဘူးဆိုရင်တော့ တစ်ဆင့်ခံ ဆေးလိပ်ငွေ့တွေကို ရှောင်ဖို့ လိုပါမယ်။ဆေးလိပ်သောက်တာကတင် နှလုံး ကျန်းမာရေးကို ထိခိုက်စေတာ မဟုတ်ဘဲတဆင့်ခံ ဆေးလိပ်ငွေ့ကလည်း နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ရက်သတ္တပတ် ၃ – အဆီနည်းနည်းပဲ စားပါ။အဆီက ခန္ဓာကိုယ်အတွက် ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ပြည့်ဝဆီတွေ၊ အသွင်ပြောင်းဆီတွေကို တတ်နိုင်သမျှ လျှော့တာက ကိုယ်အလေးချိန်ကို ထိန်းညှိနိုင်သလို နှလုံးရောဂါ နဲ့ ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ပြည့်ဝဆီနေရာမှာ မပြည့်ဝဆီကို အစားထိုး စားသုံးတာကအကျိုးမပြု ကိုလက်စထရော ပမာဏကို ကျဆင်းစေပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ပြည့်ဝဆီတွေကို ပြုပြင်ထားတဲ့အစားအစာတွေဖြစ်ကြတဲ့ မာဂျရင်း၊ အသင့်စား အစားအစာတွေ၊ ပြုပြင်ထားတဲ့ အမြန်စား အစားအစာတွေ၊ သရေစာတွေမှာ ပါဝင်ပါတယ်။အချိုပွဲတွေမှာလည်း ပါဝင်ပါတယ်။ အဆီမပါတဲ့ အသား၊ အဆီထုတ်နို့တွေကို စားသုံးပေးလို့ရပါတယ်။ ဆီကြော်စာတွေနဲ့ ပြုပြင်ထားတဲ့ အသားတွေကို ရှောင်ပါ။နေ့စဉ်စားသုံးမှုမှာပါဝင်တဲ့ ကိုလက်စထရောပမာဏကို တတ်နိုင်သမျှ လျှော့ချပါ။ နေ့စဉ်စားသုံးမှုမှာ ကိုလက်စထရော ပါဝင်မှု နည်းလေလေ နှလုံးသွေးကြောရောဂါတွေ ခံစားရနိုင်ခြေ နည်းလေလေပါ။ဒါကြောင့် နေ့စဉ် စားသုံးမှုမှာဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊ ကောက်နှံတွေ၊ အဆီထုတ် နို့ထွက်ပစ္စည်းတွေ ထည့်သွင်း စားသုံးပေးပါ။ အနီရောင် အသားတွေအစား ငါးနဲ့ အရေခွံ မပါတဲ့ ကြက်သားတွေကို ရွေးစားပါ။ ပဲအမျိုးမျိုးကို စားပါ။ အချိုရည်လျှော့သောက်ပါ။ဆားနဲ့အငန်လွန်ကဲတာတွေစားတာ ပြုပြင်ထားတဲ့ အစားအစာတွေ စားသုံးတာက ဆိုဒီယမ် စားသုံးမှု များစေပြီး နှလုံး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာရဲ့ ဆား စားသုံးမှုကို ကန့်သတ်ပါ။ရက်သတ္တပတ် ၇ – အမျှင်ဓာတ် များများစားပါ။သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ နှံစားသီးနှံတွေက အမျှင်ဓာတ် ကြွယ်ဝပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတာက သွေးတွင်းကိုလက်စထရော ကျဆင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။တစ်နေ့တာ စားသုံးမှုမှာ နှံစားသီးနှံ ၃ အောင်စ၊ သစ်သီး ၂ ခွက်စာ၊ အသီးအရွက် ၂ ခွက်ခွဲစာလောက် ပါဝင်အောင် စားသုံးပေးတာက ရေများများသောက်ပေးတာကကအစာခြေစနစ်ကို ကျန်းမာစေပြီး သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။ရက်သတ္တပတ် ၈ –စိတ်ဖိစီးမှုဖြေလျှော့ပါ။စိတ်ဖိစီးမှု များတာက နှလုံးရောဂါ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ ဒေါသကြီးတာ၊ စိတ်ဖိစီးလွန်းတာက သွေးပေါင်ချိန်ကို မြင့်တက်စေပြီး နှလုံးကို အနားမရစေဘဲ ပျက်စီးစေနိုင်ပါတယ်။ဒါကြောင့် နှလုံး ကျန်းမာစေဖို့ စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။ လေ့ကျင့်ခန်း လုပ်တာ၊ ယော့လေ့ကျင့်တာ၊ တရားထိုင်တာတွေက စိတ်ဖိစီးမှုကို ထိန်းချုပ်ပေးနိုင်ပြီး နှလုံး၊ အဆုတ်နဲ့ ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။ရက်သတ္တပတ်  ၉ – အစားအစာတွေကို သေချာလေး ရွေးချယ်ပါ။အစားအစာတွေကို ရွေးချယ်တဲ့အခါအာဟာရတန်ဖိုး ကြွယ်ဝတာကို ရွေးချယ်ပေးတာက နှလုံးကျန်းမာရေးကို ထောက်ကူပေးနိုင်ပါတယ်။ အဆီ၊ အချိုဓာတ် နဲ့ ဆားပါဝင်မှုတွေကို သေချာလေး ဂရုစိုက် ရွေးချယ်ပါ။ရက်သတ္တပတ် ၁၀ –ကိုယ်လက်လှုပ်ရှားမှုအသစ်တွေ လုပ်ဆောင်ပါ။လုပ်ဆောင်နေကျ ကိုယ်လက်လေ့ကျင့်ခန်းတွေအပြင် အသစ်အသစ်သော ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်ဆောင်ပေးပါ။ ယောဂ အပြင် ထိုက်ချိပါ တိုးကစားတာ၊ ရေကူးတာကိုပါ ထပ်ဆောင်း လုပ်တာမျိုးပါ။အစားအစာတွေ စားတဲ့အခါ အိမ်မှာပဲ စားစား၊ အပြင်မှာပဲ စားစားကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံထဲကနေ သွေဖည်သွားတာမျိုး မဖြစ်အောင် ဂရုစိုက်ပါ။အကြော်အလှော်တွေအစား ပေါင်းထားတာ ပြုတ်ထားတာမျိုးကို စားပေးတာမျိုးပါ။မနက်တိုင်းမှာ တစ်နေ့တာအတွက် အင်အားပြည့်ဝနေစေဖို့အတွက် မနက်စာ စားဖို့ လိုပါမယ်။ လူတော်တော်များများက မနက်စာကို မစားဘဲ ကျော်သွားတတ်ကြပါတယ်။တကယ်ကတော့ ကျန်းမာတဲ့ အစားအစာတွေကို မနက်စာ အဖြစ် စားသုံးဖို့ လိုပါမယ်။ ဒါမှ ခန္ဓာကိုယ်ရော နှလုံးပါ ကျန်းမာမှာပါ။အခုပြောခဲ့တဲ့ အချက်လေးတွေကို တစ်ပတ်ကို ၁ ချက်နှုန်းနဲ့ သေချာစွာ ပြောင်းလဲပြီး ကျန်းမာတဲ့ နှလုံးလေးကို ပိုင်ဆိုင်နိုင်စေမယ့် ဘဝနေထိုင်မှုပုံစံဆီသို့ ၁၂ ပတ်တာ ခရီးစဉ်ကို အောင်အောင်မြင်မြင် ကျော်ဖြတ်ရင်း အသက်ရှည်ရှည် ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ကြပါစေကြောင်း ………။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/weeks-to-a-heart-healthy-lifestyle/
တက်ခြင်းကို သက်သာစေဖို့ စားသောက်နည်းများ
အစားအစာအမျိုးမျိုးမှ သင့်တင့်မျှတတဲ့ အာဟာရ ရရှိခြင်းက အချို့လူများအတွက် တက်နိုင်ခြေကို လျော့ချပေးတယ်လို ယုံကြည်ရပါတယ်။ သင်က တက်တတ်တဲ့ လူဆိုရင်တော့ အစားအစားတွေကို ချင့်ချိန်စားဖို့ လိုအပ်ပါတယ်။သင့်တင့်မျှတစွာ စားသောက်ခြင်းက သင့်ရဲ့ အရေးကြီးတဲ့ အာဟာရဓါတ်တွေနဲ့ စွမ်းအင်လိုအပ်ချက်တွေကို မျှမျှတတရှိအောင် ထိန်းသိမ်းပေးထားနိုင်ပါတယ်။ အိပ်ချိန်၊အိပ်ပုံမှန်အောင်နဲ့ တက်ကြွနေအောင်၊ ကျန်းမာသန်စွမ်းနေအောင် လုပ်ပေးတယ်ဆိုတာလဲ သက်သေပြပြီးပါပြီ။ သင့်တင့်မျှတစွာ စားသောက်ခြင်းဆိုတာဟာ သင့်အလုံးစုံကျန်းမာခြင်းအတွက် အလွန့်အလွန် အရေးကြီးပါတယ်။အိပ်စက်ခြင်းကို အကျိုးပြုသဖြင့် အိပ်ရေးမဝတာကြောင့်ဖြစ်တတ်တဲ့ တက်နိုင်ခြေကို လျော့ချပေးနိုင်ပါတယ်။ သင့်တင့်မျှတစွာ စားသောက်မယ်ဆိုရင် သင်ပိုပြီး အကောင်းမြင်လာရုံသာမက၊ အာရုံလည်းစိုက်နိုင်လာပါလိမ့်မယ်။ ဒါ့အပြင် သင့်ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်ပြီး တက်ခြင်းကိုလည်း ရင်ဆိုင်နိုင်လာပါလိမ့်မယ်။သင့်တင့်မျှတစွာ စားသောက်ခြင်းဆိုတာ ကာဘွန်ဟိုက်ဒရိတ်၊ အဆီဓါတ်၊ အသားဓါတ်၊ အသီးအရွက်တွေစားရတာနဲ့ အရည်များများသောက်ပေးရတာကို ခေါ်တာပါ။သင့်တင့်မျှတစွာ စားသောက်ခြင်းဆိုတာ သိရှိသွားပေမယ့်လည်း ကိုယ်ဘာတွေစားရမယ်၊ ဘာတွေက သင့်တော်မယ်ဆိုတာ သိရှိသင့်ပါသေးတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများ ပြုလုပ်ပေးမည်မဟုတ်ပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/%e1%80%90%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%9e%e1%80%80%e1%80%b9%e1%80%9e%e1%80%ac%e1%80%b1%e1%80%85%e1%80%96%e1%80%ad%e1%80%af%e1%82%94/
ကိုယ်ဝန်ဆောင်မေမေ အရက်သောက်တဲ့အခါ
မေမေတွေက ကိုယ်ဝန် ရှိတာကို သိလို့ပဲဖြစ်ဖြစ် မသိလို့ပဲဖြစ်ဖြစ် ကိုယ်ဝန်ဆောင်မေမေ အရက်သောက်တဲ့အခါFetal alcohol spectrum disorderလို့ ခေါ်တဲ့ပြဿနာပေါ်လာပါတယ်။ကိုယ်ဝန် ဆောင်မေမေတွေအတွက် စိတ်ချလက်ချသောက်လို့ရတဲ့ အရက်ပမာဏဆိုတာ မရှိပါဘူး။ အရက်အပါအဝင် ဝိုင်နဲ့ ဘီယာကို ကိုယ်ဝန် ဆောင်မေမေ သောက်မိတာနဲ့ ကလေးမှာFetal alcohol spectrum disorderဖြစ်ဖို့ အလားအလာရှိပါတယ်။ အရက်က သင့်ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာနဲ့ သင်ကြားရေးကို ထိခိုက်စေပါတယ်။ ပိုဆိုးတာက ဒါတွေက သေရာပါစွဲပြီး ပြန်ကောင်းလာနိုင်ချေမရှိပါဘူး။ကိုယ်ဝန်ဆောင်မေမေ အရက်သောက်တဲ့အခါ။မွေးလာတဲ့ကလေးက Fetal alcohol spectrum disorder ရှိမရှိကို အောက်ကအချက်တွေကိုကြည့်ပြီး သိနိုင်ပါတယ်။ ခံစားရပုံခြင်းက ကလေးတစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ဒါကြောင့် လက္ခဏာအစုအဝေး spectrum disorder လို့ခေါ်တာပါ။ သူ့အောက်မှာ။Fetal alcohol syndrome (FAS)ကတော့ အဆိုးဆုံးပါ။ ဘယ်လိုပဲဖြစ်ဖြစ် မွေးလာတဲ့ ကလေးမှာ ရုပ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် နေ့စဉ်ဘဝမှာ အခက်အခဲတွေ အများကြီးရှိနိုင်ပါတယ်။ရုပ်ပိုင်းဆိုင်ရာထိခိုက်မှု။ဦးနှောက်နဲ့ မှတ်ဉာဏ်ပိုင်းထိခိုက်မှု။အပြုအမူပိုင်းဆိုင်ရာထိခိုက်မှု။Fetal alcohol spectrum disorderနဲ့ မွေးလာတဲ့ ကလေးတွေက နောက်ပိုင်းကျရင်။တကယ်တော့ Fetal alcohol spectrum disorder ဆိုတာ ကာကွယ်လို့ရတဲ့ ရောဂါပါ။ အမေသာ အရက်မသောက်ရင် ရာနှုန်းပြည့်ကာကွယ်နိုင်ပါတယ်။ ကိုယ်ဝန် ဆောင်ချိန်မှာ အရက်များများသောက်လေလေ ကလေးကို ထိခိုက်နိုင်ခြေပိုများလေပါ။ ဒါ့ပြင် ကိုယ်ဝန် ဆောင်ချိန်မှာ စိတ်ချလက်ချ သောက်လို့ရတဲ့ အရက်ပမာဏနဲ့ သောက်လို့ရတဲ့အချိန်ဆိုတာ မရှိပါဘူး။ လုံးဝမသောက်တာက စိတ်အချရဆုံးပါ။ခုလက်ရှိသောက်လက်စဖြစ်နေတယ်ဆိုရင်လည်း ဖြတ်လိုက်ပါ။အရက်ဖြတ်ဖို့ သင့်တော်တဲ့အချိန်ဆိုတာ ခုလက်ရှိအချိန်ပါပဲ။ ကလေးရဲ့ ကိုယ်တွင်းအင်္ဂါတွေက တောက်လျှောက်ဖွံ့ဖြိုးနေတာမို့လို့ ခုရပ်လိုက်တာနဲ့ နောက်ပိုင်းဆက်ဖွံ့ဖြိုးမယ့် ကိုယ်တွင်းအစိတ်အပိုင်းတွေကို မထိခိုက်နိုင်တော့ပါဘူး။ Fetal alcohol spectrum disorderကို ကာကွယ်ဖို့ဆိုရင်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/fetal%e2%88%92alcohol%e2%88%92spectrum%e2%88%92disorder/
စော်ကားခံရပြီးနောက် ပြစ်တင်ဝေဖန်ခံစားရခြင်းတွေကို ဘယ်လိုဖြေရှင်းမလဲ။
လိင်ပိုင်းဆိုင်ရာ စော်ကားခံစားပြီးရင် လူတွေဟာ သူတို့ကိုယ်သူတို့ victimization လို့ ခေါ်တဲ့ မတရားဖိနှိပ်ခံရမှု အခြေအနေတစ်ခုကို ကျော်ဖြတ်ကြရပါတယ်။ ပြန်ကောင်းတဲ့အဆင့်ဟာ ရက်သတ္တတ်ပေါင်း၊ လပေါင်း၊ နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပြီး လူတစ်ယောက်နဲ့တစ်ယောက် ကွာခြားမှု ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီအဆင့်ကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတဲ့ အချက်အလက်တွေ ဖေါ်ပြထားပါတယ်။ရှော့ခ်ရခြင်းနဲ့ ထုံထိုင်းသွားခြင်း။ရှော့ခ်ရခြင်းနဲ့ ထုံထိုင်းသွားခြင်း ဟာ အနိုင်ကျင့်ခံရပြီးပြီးချင်း စတင်ကြုံတွေ့ရတဲ့ အခြေအနေပဲဖြစ်ပါတယ်။ ကြောက်စရာကောင်းပြီး ဘာမှ မတတ်နိုင်တဲ့ အခြေအနေတစ်ခုကို ကျော်ဖြတ်ပြီးရင် အချို့ စော်ကားခံရသူတွေဟာ ရုတ်တရက် ရှော့ခ်ရသွားတတ်ပြီး အချိန်အတိုင်းအတာ တစ်ခုအထိ ဘာဖြစ်သွားမှန်းကို မသိတော့ပါဘူး။ ပြီးတော့ စော်ကားခံရသူတွေမှာ flight or flight (သဘာဝတရားအရ အလိုအလျောက်တုံ့ပြန်မှု) လို့ခေါ်တဲ့ ရောဂါအခြေအနေတစ်ခုကိုလည်း ခံစားရပါတယ်။ ဒီအခြေအနေဟာ ထိုသူက ထိန်းချုပ်လို့မရတဲ့ သဘာဝအလျောက် တုန့်ပြန်မှုကို ခေါ်ပါတယ်။ ဒီလိုဖြစ်ရင် နားလည်မှုနဲ့ ဗဟုသုတ မရှိတာကြောင့် စော်ကားခံရသူ အတော်များများဟာ ဘာဖြစ်လို့ ပြန်တိုက်ခိုက်ရမယ့်အစား ထွက်ပြေးမိတာလဲ (ဒါမှမဟုတ်ပြောင်းပြန်) ဆိုတာကို မသိတော့ပါဘူး။ ဥပမာ အရင်က ကရာတေးသင်ထားတဲ့အမျိုးသမီးတစ်ယောက်ဟာ သူ့ကိုတိုက်ခိုက်တဲ့သူတစ်ယောက်နဲ့ ကြုံတွေ့ရစဉ်မှာ သူသင်ထားတဲ့ ပညာတွေကို အသုံးမပြုနိုင်ပဲ သူ့ကိုယ်သူ မကာကွယ်နိုင်တာကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်းကို ဆိုလိုပါတယ်။ ထို့အတူ အမျိုးသားတစ်ယောက်ဟာ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတစ်ခုကို ပြန်မတိုက်ခိုက်ခဲ့ရင် ဒါကို မေးခွန်းထုတ်ပြီး ဝေဖန်ခံရနိုင်ပါတယ်။ ဒီလိုကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေအတွက် စော်ကားခံရသူရဲ့ တုန့်ပြန်မှုကို မေးခွန်းထုတ်ခြင်းဟာ ထိုသူကို ဒုတိယအကြိမ် ထပ်မံဒဏ်ရာရစေပြီးတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ အဆုံးမှာ သေကြောင်းကြံမယ့်အတွေးတွေပါ ဝင်လာစေပါတယ်။ ကိစ္စအတော်များများမှာ စော်ကားခံရသူတွေဟာ မှန်ကန်တဲ့ ဆုံးဖြတ်မှုတွေဖြစ်တဲ့ တိုက်ခိုက်သူကို ရဲတိုင်ခြင်း (သို့) ကျန်းမာရေး စောင့်ရှောက်မှုတွေ ရယူခြင်းတွေ မလုပ်နိုင်တဲ့အခါမှာ ကိုယ်ခန္ဓါရော စိတ်ပိုင်းဆိုင်ရအရပါ တုန့်ဆိုင်းမှုတွေ ဖြစ်ပါတယ်။ စော်ကားခံရသူဟာ သူ/သူမ ကိုယ်တိုင် ထိန်းချုပ်မှုတွေ မရှိနိုင်တော့ပဲ အထိခိုက်လွယ်ခြင်း၊ အထီးကျန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းတွေ ခံစားရနိုင်ပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုဟာလည်း ပျောက်သွားနိုင်ပါတယ်။လိင်ပိုင်းဆိုင်ရာ စော်ကားခံရပြီးနောက် ခံရသူကို အပြစ်တင်ခြင်းတွေကို ဘယ်လိုကျော်ဖြတ်မလဲ။အောက်ဖေါ်ပြပါ အချက်တွေက လိင်ပိုင်းဆိုင်ရာ စော်ကားခံရပြီး အခြေအနေကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်တဲ့ အကြံဉာဏ်တွေ ပဲဖြစ်ပါတယ်။• သင်ယုံကြည် ချစ်မြတ်နိုးရသူတစ်ယောက်ကို ဘာဖြစ်လဲဆိုတာနဲ့ သင့်မှာ သေကြောင်းကြံဖို့ အကြံတွေ ရှိနေပြီလားဆိုတာ ပြောပြပါ။ သူတို့ ဖုန်းနံပါတ်ကို အမြန်ခေါ်ဆိုနိုင်တဲ့ speed dial လို့ခေါ်တဲ့ အမြန်ခေါ်နံပါတ်ထဲ ထည့်ထားပါ။ ဒါဆို ရုတ်တရက် လိုအပ်လာတဲ့အချိန်၊ ကြောက်ရွံလာတဲ့အချိန်မှာ အချိန်မရွေးခေါ်ဆိုနိုင်လာပါလိမ့်မယ်။• သင်ကိုယ်သင် နာကျင်ခံစားခွင့်ပေးလိုက်ပါ။ ဒါဟာ ကြာရှည်မဟုတ်ပါဘူး။ စိတ်နာကျင်မှုကို သက်သာဖို့ ကိုယ်ခန္ဓါကို ထိခိုက်မှုတွေ (ဥပမာ အသားကို ဓါးနဲ့လှီးတာ) မျိုးတွေ ပြုလုပ်မိပြီဆိုရင် ဆရာဝန်နဲ့ ချက်ချင်း ပြသသင့်ပါတယ်။• ဒီအခြေအနေကို တစ်ယောက်တည်း ရင်မဆိုင်နိုင်ဘူးဆိုရင် (သို့) တစ်ယောက်တည်း မနေနိုင်ဘူးဆိုရင် သင်ချစ်တဲ့သူတွေနဲ့သာ အချိန်ကို ကုန်ဆုံးပါ။• စိတ်နဲ့ ကိုယ်ခန္ဓါကို ဂရုစိုက်ပါ။ နားနားနေနေ နေပါ။ အိပ်ပျော်အောင်အိပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားတွေကိုစားပါ။ ပုံမှန်အတိုင်း လေ့ကျင့်ခန်း ပြုလုပ်ပါ။• ဖြစ်ပျက်ခဲ့တဲ့ အဖြစ်တွေဟာ သင့်အမှားမဟုတ်ဘူးဆိုတာ စိတ်ထဲထည့်ထားပါ။ သင်ဟာ အပြစ်တင်စရာ မဟုတ်ပါဘူး။ အပြစ်ကင်းစင်သူပါ။ သင့်ကိုယ်သင် အပြစ်တင်ခြင်းဟာ အခြေအနေကို ပိုမိုဆိုးရွားစေပါတယ်။လိင်ပိုင်းဆိုင်ရာအ ကြမ်းဖက်မှုကို ခံရပြီးသူဟာ ဘယ်တော့မှ ပုံမှန်အတိုင်း ပြန်မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် ဒါဟာ သင့်ဘဝတစ်ခုလုံးကို အခြားသူရဲ့ အမှားကြောင့် စိတ်ဆင်းရဲစွာ နေရမယ်လို့ မဆိုလိုပါဘူး။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/%e1%80%85%e1%80%b1%e1%80%ac%e1%80%ba%e1%80%80%e1%80%ac%e1%80%b8%e1%80%81%e1%80%b6%e1%80%9b%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%95%e1%80%bc%e1%80%85/
မျက်စိနာခြင်း အမျိုးမျိုး
မျက်စိဖိုးအလွှာရောင်ခြင်း (သို့) မျက်စိနာခြင်းဆိုတာ မျက်သားအဖြူနဲ့ မျက်ခမ်းအတွင်းပိုင်းကြားက အလွှာရောင်ရမ်းခြင်း ဖြစ်ပါတယ်။မျက်စိနာခြင်းဟာ ဓါတ်မတည့်ခြင်း၊ ကလမိုင်ဒီးယားပိုး ဝင်ခြင်း၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စပ်၊ မှို၊ ကပ်ပါး စတဲ့ ပိုးများဝင်ခြင်း၊ အဆိပ်ဓါတ် ထိတွေ့ခြင်း စတဲ့ပြသနာတွေကြောင့် ဖြစ်တတ်ပါတယ်။မျက်ကပ်မှန်ကို ဖြစ်သလိုတပ်ဆင်ရင်လည်း ဖြစ်တတ်ပါတယ်။ တစ်ခါတရံမှာ မျက်စိနာခြင်းဟာ လူတစ်ဦးကနေ တစ်ဦးကို ပစ္စည်းအတူသုံးရာကတဆင့်၊ လက်မဆေးဘဲ ထိတွေ့မိရာကတဆင့် ကူးတတ်ပါတယ်။ချောင်းဆိုးခြင်း၊နှာချေခြင်းတို့ကြောင့် ပိုဆိုးတတ်ပါတယ်။ဘယ်အရာက ဖြစ်ပွားစေသလဲဆိုတာပေါ် မူတည်ပြီး မျက်စိနာခြင်း အမျိုးအစားများစွာ ရှိပါတယ်။ အောက်ပါအချက်များဟာ အဖြစ်များတဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။အဖြစ်မြန်ပြီး မျက်ရည်များစီးကျပြီး မျက်လုံးဟာ နီနေတတ်ပါတယ်။ အနည်းငယ် နာတတ်ပါတယ်။ ကူးစက်လွယ်ပြီး အစုလိုက် အပြုံလိုက် ဖြစ်တတ်ပါတယ်။ ဒီပြသနာရှိသူများဟာ အလင်းရောင်ကို မခံနိုင်ခြင်း၊ မျက်စိထဲ တခုခုဝင်နေသလို ခံစားရခြင်းများ ဖြစ်တတ်ပါတယ်။ရုတ်တရက် ဖြစ်ပွားကာ ကူးစက်လွယ်ပြီး နာကျင်နေတတ်ပါတယ်။ staphylococcus နဲ့ streptococcus စတဲ့ဘက်တီးရီးယား၂မျိုးကြောင့် အဖြစ်များပါတယ်။ မိမိကိုယ်တိုင်ရဲ့ အသက်ရှူလမ်းကြောင်း၊ အရေပြား၊ ဒါမှမဟုတ် တခြားသူဆီကနေ ကူးစက်တတ်ပါတယ်။ မျက်လုံးကနေ ပြည် ဒါမှမဟုတ် မျက်ဝတ်များ ထွက်တတ်ပါတယ်။ မျက်လုံးနီတတ်ပါတယ်။ ကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။နာတာရှည်ဖြစ်ပွားတတ်ပြီး နာကျင်ပြီး ယားယံတတ်ပါတယ်။ ရောဂါရှိသူနဲ့ လိင်ဆက်ဆံမိရင် ဖြစ်တတ်ပြီး လိင်မှတဆင့် ကူးစက်ရောဂါလို့ ခေါ်နိုင်ပါတယ်။ မျက်လုံးကနေ မျက်ဝတ်များထွက်တတ်ပြီး နီရဲနေတတ်ပါတယ်။ ဒီရောဂါကို ကုသဖို့ doxycycline ဒါမှမဟုတ် erythromycin စတဲ့ ဆေးဝါးများကို ပေးပါတယ်။ရုတ်တရက် ပြင်းထန်စွာ ဒါမှမဟုတ် သိပ်မပြင်းထန်ဘဲ ဖြစ်ပွားတတ်ပါတယ်။ ရင်ကျပ်ပန်းနာ၊ ဓါတ်မတည့်မှုကြောင့် ဖျားနာခြင်း၊ နှင်းခူစတဲ့ ဓါတ်မတည့်ခြင်း ဖြစ်တတ်သူတွေမှာ ဖြစ်နိုင်ခြေ များပါတယ်။ မွှား၊ ဝတ်မှုန် စတာတွေကလည်း ဖြစ်စေတတ်ပါတယ်။ မျက်ရည်ကျခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ မျက်စိနာလိုက် ပျောက်လိုက်ဖြစ်ခြင်း စတာတွေ ဖြစ်ပွားတတ်ပါတယ်။ တစ်ခါတရံ ဖြစ်ပွားတဲ့နေရာမှာ မျက်သားဟာ ရောင်ရမ်းနေပြီး မျက်လုံးအဖြူဆန်ပေါ်မှာ အရည်ကြည်ဖုလို ဖြစ်နေတတ်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%85%e1%80%ad%e1%80%94%e1%80%ac%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8-%e1%80%a1%e1%80%99%e1%80%ba%e1%80%b3%e1%80%ad%e1%80%b8%e1%80%99%e1%80%ba%e1%80%b3/
Eyelid Ptosis (မျက်ခွံတွဲကျခြင်း)
အသက်အရွယ်ကြီးလာသည့်အခါ တစ်ခါတစ်ရံ မျက်ခွံများသည် မျက်လုံးနှင့်ဝေးရာ အောက်ဖက်သို့ တွဲကျလာတတ်ပါသည်။ တွဲကျလာခြင်းသည် မျက်ခွံကို ထိန်းချုပ်သည့် ကြွက်သားအရည်အသွေး ကျဆင်းလာခြင်း၏ ရလဒ်ပင်ဖြစ်သည်။အပေါ်မျက်ခွံသည် အတော်လေးတွဲလာသည့်အခါ (Ptosis) သို့မဟုတ် မျက်ခွံ၏အရေပြားအခေါက်သည် မျက်ခမ်းစွန်းကို ကျော်လာသည့်အခါတွင် မြင်ကွင်းကို ထိခိုက်နိုင်ပါသည်။အခြေအနေ၏ ဆိုးဝါးမှုပေါ်မူတည်ကာ တွဲကျသောမျက်ခွံသည် သူငယ်အိမ်အား ပိတ်မိသလောက် လုံး၀ မြင်ကွင်းကွယ်ခြင်း သို့ မြင်ကွင်းအကျယ် လျော့ကျသွားခြင်းတို့ ဖြစ်နိုင်ပါသည်။ဖြစ်ရပ်အများစုတွင် သူ့အလိုလိုသော်လည်းကောင်း သို့မဟုတ် ဆေးဝါးကြောင့်သော်လည်းကောင်း ပျောက်ကင်းနိုင်ပါသည်။မျက်ခွံတွဲကျခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။မျက်ခွံတွဲကျခြင်း၏ အဓိကလက္ခဏာသည် မျက်ခွံတစ်ဖက် သို့ နှစ်ဖက်လုံး အိကျလာခြင်းဖြစ်သည်။ တစ်ချို့ဖြစ်ရပ်များတွင် အမြင်အာရုံကို ထိခိုက်စေနိုင်ပါသည်။ သို့သော် လူအများတွင် မျက်ခွံအိလာခြင်းအား သတိမထားမိတတ်သလို အချိန်တိုင်း ဖြစ်နေသည်မျိုးလဲ မဟုတ်ပါ။သင့်၌ မျက်လုံးအလွန်ခြောက်သွေ့ခြင်း သို့ မျက်ရည်များခြင်းတို့ ရှိနေနိုင်ပြီး သင့်မျက်နှာကို မြင်ရသည်မှာ စိုးရိမ်နေသလိုလို သို့ ပင်ပန်းနေသလိုလို ထင်နေရမည်ကို သတိပြုမိနိုင်သည်။အဓိက ပြဿနာဖြစ်နေသောနေရာသည် မျက်လုံးတစ်ဝိုက်တွင်ဖြစ်ပြီး ကိုက်ခဲခြင်းဖြစ်စေနိုင်ကာ ထို့ကြောင့် သင့်ပုံက ပင်ပန်းနေသလို ထင်ရခြင်းဖြစ်သည်။ အခြေအနေပြင်းထန်သော လူနာတစ်ချို့တွင် စကားပြောစဉ်တွင် ခေါင်းကို နောက်ဖက်သို့ စောင်းစောင်းသွားတတ်ပါသည်။အမြဲတမ်းဖြစ်နေသော မျက်ခွံတွဲကျခြင်းအတွက် အောက်ခံရောဂါရှိမရှိကို ဆရာဝန်မှ စူးစမ်းသင့်သည်။ မျက်ခွံတွဲကျခြင်းကို သတိထားမိကတည်းက ခေါင်းတစ်ခြမ်းကိုက်ခြင်း သို့မဟုတ် တခြားလက္ခဏာများ ပေါ်လာသည်ကို သတိပြုမိပါက ပိုအရေးကြီး၏။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။မျက်ခွံတွဲကျခြင်းသည် သင့်ပုံပန်းသဏ္ဍာန် သို့မဟုတ် အမြင်အာရုံကို ထိခိုက်နေသည့်အခါ။မျက်ခွံတစ်ဖက်တည်း ရုတ်တရတ်အိကျခြင်း သို့မဟုတ် ပိတ်သွားခြင်း။တခြားလက္ခဏာများဖြစ်သော နာခြင်း အမြင်ဝါးခြင်းတို့နှင့် တွဲလာသည့်အခါ။ကလေးများတွင် မျက်ခွဲတွဲကျသည့်အခါ။အရွယ်ရောက်ပြီးသူများတွင် မျက်ခွံကျခြင်း မြန်မြန်ဖြစ်ပေါ်ခြင်း သို့မဟုတ် အခုမှစဖြစ်ခြင်း။သဘာဝအရဖြစ်ခြင်း –။လူတိုင်း မျက်ခွံတွဲကျနိုင်သည်။ သို့သော် လူကြီးပိုင်းများတွင်သာ အဖြစ်များ၏။ အသက်ကြီးရင့်ခြင်းကြောင့် ဖြစ်ရခြင်းပင်။ လီဗေတာကြွက်သားနှင့် ဆက်နေသော အရွတ်သည် မျက်ခွံမရန်အတွက် ဖြစ်သည်။အသက်ကြီးလာသည်နှင့် ထိုကြွက်သားသည် ဆန့်လာပြီး ရလဒ်အနေဖြင့် မျက်ခွံကျလာခြင်းဖြစ်သည်။ သို့သော် မှတ်ထားရမည်မှာ အသက်ကြီးသူတိုင်း ဒါမျိုးဖြစ်နိုင်ပါသည်။ ကလေးများတွင် မွေးရာပါဖြစ်နိုင်သော်လည်း အလွန်ရှား၏။တစ်ခါတစ်ရံ အကြောင်းအရင်းကို တိတိကျကျ မသိရ။ သို့သော် တချို့တွင် ထိခိုက်မိခြင်းကြောင်း ဖြစ်နိုင်သည်။ အာရုံကြောစနစ်ကြောင့်လည်း ဖြစ်နိုင်ပါသည်။ မွေးရာပါ မျက်ခွံတွဲကျခြင်း၏ အဖြစ်များသော အကြောင်းရင်းမှာ လီဗေတာကြွက်သား ကောင်းကောင်းဖွံဖြိုးမလာပဲ မျက်လုံးဖွင့်နိုင်မှုကို သက်ရောက်စေသောကြောင့် ဖြစ်သည်။မျက်ခွံတွဲကျသောကလေးများတွင် အမ်ဘလီအိုပီးယား ဟုခေါ်သော ပျင်းရိသောမျက်လုံးဆိုသည့် ရောဂါ ဖြစ်လာနိုင်သည်။ ဒီရောဂါသည် အမြင်အာရုံချို့တဲ့ခြင်းကို ဖြစ်စေနိုင်ပါသည်။ရောဂါများ –။မျက်ခွံများ တွဲလာသည့်အခါ အောက်ခံရောဂါတစ်ခုကြောင့်လဲ ဖြစ်နိုင်သည်။ အထူးသဖြင့် မျက်ခွံနှစ်ဖက်လုံး ဖြစ်လာသည့် အခါမျိုးတွင် ပိုဖြစ်နိုင်သည်။ မျက်ခွံတစ်ဖက်တည်းသာ တွဲကျပါက အာရုံကြောထိခိုက်မိခြင်း သို့မဟုတ် ခဏတာဖြစ်သော stye (များသေားအားဖြင့် အန္တရာယ်မရှိသော မျက်ခွံရောင်ရမ်းခြင်း) တို့ကြောင့် ဖြစ်နိုင်သည်။Routine LASIK သို့မဟုတ် အတွင်းတိမ်ခွဲစိတ်မှုကြောင့်လဲ တစ်ခါတစ်ရံ မျက်ခွံတွဲကျခြင်းဖြစ်နိုင်သည်။ ခွဲစိတ်စဉ် ကြွက်သားနှင့် ရွတ်ကို ဆွဲဆန့်မိသောကြောင့် ဖြစ်ရခြင်းဖြစ်သည်။ပြင်းထန်သော အခြေအနေများ –။တစ်ချို့ဖြစ်ရပ်များတွင် မျက်ခွံတွဲကျခြင်းသည် လေဖြတ်ခြင်း၊ ဦးနှောက်အကျိတ် သို့မဟုတ် ကြွက်သားနှင့် အာရုံကြောတို့လို ပြင်းထန်သည့် အခြေအနေများကြောင့် ဖြစ်နိုင်၏။ Myasthenia Gravis လို မျက်ခွံ၏ အာရုံကြောနှင့် ကြွက်သားများအား ထိခိုက်စေသော အာရုံကြောရောဂါများသည်လည်း မျက်ခွံတွဲကျခြင်းကို ဦးတည်နိုင်သည်။မျက်ခွံတွဲကျခြင်းကို ဖြစ်စေနိုင်သည့် တခြားသော ရောဂါများမှာ –။မျက်လုံးနောက်ဖက် သို့မဟုတ် တစ်ဝိုက်ရှိ အကျိတ်များ။ဆီးချို။Horner Syndrome။Stye နှင့်တွဲသော မျက်ခွံရောင်ခြင်း။မျက်ခွံတွဲကျခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ဥပမာအားဖြင့်-။အသက်အရွယ်ကြီးခြင်း။ဆီးချို။လေဖြတ်ခြင်း။Horner Syndrome။ဦးနှောက်အကျိတ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်မှ စမ်းသပ်ကြည့်ရှု့ခြင်း ရောဂါရာဇဝင်မေးခြင်းများ ပြုလုပ်ပါလိမ့်မည်။ ဘယ်နှခါ တွဲကျကြောင်း တစ်ခါလျှင် ဘယ်လောက်ကြာကြောင်း သင်ရှင်းပြပြီးနောက် ဆရာဝန်မှ အကြောင်းရင်းကို ရှာရန် အောက်ပါတို့ကို စစ်ဆေးခိုင်းနိုင်ပါသည်။Slit-lamp ဖြင့် စစ်ဆေးခြင်း –အလင်းပြင်းအားကောင်းသည့် slit-lamp ဖြင့် ဆရာဝန်မှ မျက်လုံးကို အနီးကပ် စစ်ဆေးနိုင်မည်ဖြစ်သည်။ ဒီစမ်းသပ်မှုတွင် သင့်မျက်လုံးများ ကျယ်သွားပြီး အလင်းစူးရှမှုကြောင့် မသက်မသာဖြစ်နိုင်ပါသည်။Tensilon test –ဆရာဝန်မှ Tensilon (edrophonium) ဟုခေါ်သော ဆေးကို အကြောမှ ထိုးပါလိမ့်မည်။ မျက်လုံးကြွက်သားများကို လှုပ်ရှားစေမည့် မျက်လုံးအလယ်သို့ စုကြည့်ခိုင်းတာမျိုး ပြုလုပ်ခိုင်းပါလိမ့်မည်။ Tensilon ဆေးမှ မျက်လုံးကြွက်သားများကို အားကောင်းအောင် လုပ်နိုင်မနိုင် ဆရာဝန်မှ စောင့်ကြည့်မည်ဖြစ်သည်။ထိုမှ မျက်ခွံတွဲကျခြင်းသည် ကြွက်သားပြဿနာကြောင့် ဟုတ်မဟုတ် ဆုံးဖြတ်နိုင်မည်ဖြစ်သည်။မြင်ကွင်းပမာဏ စစ်ဆေးခြင်း။မျက်ခွဲတွဲကျခြင်းကို ကုသရာတွင် ဖြစ်ရသည့်အကြောင်းရင်းပေါ် မူတည်ပါသည်။ အသက်ကြီးခြင်း သို့မဟုတ် မွေးရာပါဆိုပါက ကုသရန်မလိုပါ။ ထိုသို့ဆိုပါက ရောဂါသည် အန္တရာယ်မရှိကြောင်း ဘာမှလုပ်ရန်မလိုကြောင်း ဆရာဝန်မှရှင်းပြလိမ့်မည်။သို့သော် မျက်ခွဲတွဲခြင်းကို လျော့ချလိုလျှင် ပလက်စတစ်ဆာဂျူရီ ပြုလုပ်နိုင်ပါသည်။ မျက်ခွံမှ အမြင်အာရုံကို ပိတ်နေလျှက် ဆေးကုသရန် လိုအပ်ပါသည်။ ဆရာဝန်မှ ခွဲစိတ်ရန် အကြံပြုပါလိမ့်မည်။ မျက်ခွံအား မတင်ထားနိုင်သည့် မျက်မှန်များသည်လည်း ရွေးချယ်စရာတစ်ခုပင်ဖြစ်သည်။ဒီကုထုံးသည် အမြဲတမ်းမျက်ခွံကျခြင်းမဟုတ်တာကြောင့် အမြဲတမ်း မျက်မှန်တပ်စရာ မလိုသည်မို့ အကျိုးသက်ရောက်မှု ကောင်းပါသည်။ ခွဲစိတ်ရန်မသင့်တော်သူဆိုပါက မျက်မှန်တပ်ဖို့ လမ်းညွှန်နိုင်ပါသည်။ဆရာဝန်မှ မျက်ခွံတွဲကျခြင်းအား ခွဲစိတ်ဖို့ရန် လမ်းညွှန်နိုင်သည်။ ခွဲစိတ်နေစဉ် လီဗေတာကြွက်သားအား ချည်ပစ်မည်ဖြစ်သည်။ ထို့ကြောင့် မျက်ခွံအား လိုအပ်သည့်အနေအထားထိ မတင့်ထားနိုင်မည်။နောက်ထပ် ရွေးချယ်ကုသစရာတစ်ခုသည် “Sling” ခွဲစိတ်ခြင်းဖြစ်ပြီး ၎င်းတွင် မျက်ခွံကိုမတင်ရန် နှဖူးကြွက်သားများကို အသုံးချခြင်းဖြစ်သည်။မျက်ခွံတွဲကျသေ ကလေးများတွင် တစ်ခါတစ်ရံ အမ်ဘလီအိုပီးယား သို့ ပျင်းရိသောမျက်လုံး ရောဂါကို ကာကွယ်ရန် ခွဲစိတ်ကုသဖို့ လမ်းညွှန်နိုင်ပါသည်။သင့်မျက်ခွံတွဲခြင်းသည် အောက်ခံအကြောင်းရင်း တစ်ခုကြောင့် ဖြစ်ရသည်ကို ဆရာဝန်မှ တွေ့ရှိပါက ထိုဟာကို အရင်ကုသပေးပါလိမ့်မည်။ ထို့မှသာ မျက်ခွံအိကျခြင်းကို တားနိုင်မည်ဖြစ်သည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကမျက်ခွံတွဲကျခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။ဘယ်အိမ်တွင်းကုထုံးမှ မျက်ခွံတွဲကျခြင်းအား မကုသနိုင်ပါ။ သို့သော် တစ်ခါတစ်ရံ ခွဲစိတ်ကုသမှု ခံယူခြင်းသည် အထောက်အကူပြုပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/eyelid-ptosis-%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%81%e1%80%bd%e1%80%b6%e1%80%90%e1%80%bd%e1%80%b2%e1%80%80%e1%80%bb%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ပရိုတင်း နဲ့ အရိုးကျန်းမာရေး
အရိုးတွေကခန္ဓါကိုယ်ကိုကောင်းကောင်းရပ်တည်နိုင်အောင်ထောက်မထားတဲ့ အရာတွေပေါ့။ အရိုးတွေကောင်းနေလို့ကောင်းကောင်းသွာလာနိုင်နေတာပါ။ ဒီတော့အရိုးတွေကျန်းမာရေးနဲ့ပတ်သက်ပြီး ဘာတွေသိထားပြီလဲ။ ကယ်လ်ဆီယမ် နဲ့ဗီတာမင် Dတို့က အရိုးအတွက်ကောင်းတယ်ဆိုတာကို ကျန်းမာရေးဆောင်းပါးတွေ၊ ကြော်ငြာတွေထဲမှာ ဖန်တရာတေအောင်သိထား၊ ကြားထားပြီးဖြစ်မှာပါ။ ဒါဆိုပရိုတင်းကရော အရိုးအတွက်ဘာတွေသက်ရောက်မှုရှိစေလဲဆိုတာကို သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးဖတ်ရင်း ဆန်းစစ်ကြည့်ပါ။ခန္ဓါကိုယ်ကြံ့ခိုင်သန်စွမ်းစေဖို့၊ ခန္ဓါကိုယ်က ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်စေဖို့အတွက် ပရိုတင်းကအထောက်အပံ့ပေးပါတယ်။ ဒါပေမယ့် အရိုးကျန်းမာရေးအပေါ် ပရိုတင်းက ဘယ်လိုမျိုးသက်ရောက်မှုရှိနေလဲဆိုတာကို သိတဲ့သူက ရှားပါတယ်။ ပရိုတင်းက ခန္ဓါကိုယ်ကျန်းမာသန်စွမ်းဖို့ လိုအပ်တယ်ဆိုပေမယ့် ပရိုတင်းအရမ်းများတဲ့ အစားအစာတွေက အရိုးတွေအတွက် ဘယ်လိုအထောက်အကူပေးလဲဆိုတာကိုတော့ သိပ်မသိကြပါဘူး။ပရိုတင်းကကြွက်သားတွြေဖစ်ပေါ်သန်စွမ်းစေသလိုအနာကျက်အောင်လုပ်ဆောင်ပေးပါတယ်။ လူတော်တော်များများလက်ခံထားတာကလည်း ပရိုတင်းက ခန္ဓါကိုယ်အတွက်ကောင်းကျိုးပြုတဲ့ဓါတ်တစ်ခုအနေနဲ့ပေါ့။ ဒါဆို ပရိုတင်းပါဝင်တဲ့အစားအစာတွေက အရိုးတွေကို ထိခိုက်စေနိုင်တာလား ဒါမှမဟုတ် အရိုးတွေကို အထောက်အကူပြုပေးတာလား။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပရိုတင်းတွေကို စားသုံးပေးမှုက ကြွက်သားတွေကို ဖွံ့ဖြိုးစေနိုင်သလို အရိုးတွေကိုလည်း အရိုးပါးတာ၊ ပွတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်.။ အရိုးနဲ့ကြွက်သားတွေကျန်းမာသန်စွမ်းဖို့အတွက်နေ့စဉ်ဆိုသလို ပရီုတင်း၊ ဗီတာမင် D နဲ့ ကယ်လ်ဆီယမ်တို့လိုမျိုးဓါတ်တွေကိုပြည့်ဝလုံလောက်စွာစားသုံးပေးပါ။လေ့လမှုတွေအရလည်း ပရိုတင်းက အရိုးတွေကို ထိခိုက်စေတာမျိုးမရှိဘဲ အရိုးကျန်းမာကြံ့ခိုင်ဖို့လိုအပ်တဲ့ ဓါတ်တွေကို အကောင်းဆုံးစုပ်ယူနိုင်စေတာြော့င့် အားကစားသမားတွေရော၊ သာမန်လူတွေအတွက်ပါ စားသုံးပေးဖို့သင့်တော်တဲ့ ဓါတ်တစ်ခုပါ။အရိုးပွ၊အရိုးပါးရောဂါတွမခံစားရစေဖို့ ပရိုတင်းကလိုအပ်တဲ့ဓါတ်တစ်ခုလို့ပြောပါရစေ။ အသက်အရွယ်ကြောင့် အရိုးဆုံးရှုံးမှုမဖြစ်စေဖို့ဆိုရင်တော့ ပရိုတင်းကိုနေ့စဉ်လုံလောက်စွာ စားသုံးပေးကြဖို့ပြောပါရစေ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/role-of-protein-in-bone-health/
အမျိုးသမီးများ မငြင်းဆန်နိုင်သော အမျိုးသားများ
အမျိုးသားတစ်ယောက်မှာ အမျိုးသမီးတွေက အထင်ကြီးစေဖို့ ဘယ်အချက်အလက်တွေ လိုအပ်ပါသလဲ။ လေ့လာမှုတစ်ခုအရ အောက်ဖေါ်ပြပါ ကိုယ်ရည်ကိုယ်သွေးတွေ ပိုင်ဆိုင်တဲ့ အမျိုးသားတစ်ယောက်ကို အမျိုးသမီးတွေ ငြင်းဆန်နိုင်ဖို့ ခက်ခဲပါတယ်လို့ ဆိုပါတယ်။သူ့မှာ စိတ်ဝင်စားစရာကောင်းပြီး ဉာဏ်သုံးရတဲ့ စကားပြောဆိုမှုတွေ ရှိပြီး့ အမျိုးသမီးတွေရဲ့ တုန့်ပြန်မှုပေါ်ကို အာရုံစိုက်တတ်တဲ့ နားထောင်ကောင်းသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် သူမကို ရယ်မောအောင်လုပ်နိုင်တဲ့ ဟာသဉာဏ်ရွှင်သူဖြစ်ပြီး နိုင်ငံရေးတွေကို စိတ်ဝင်စားအောင် ပြောတတ်တဲ့ တမူထူးတဲ့ စွမ်းအင်ကို ပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။ ဒါ့ပြင် ပျင်းစရာမကောင်းလောက်အောင် နာရီပေါင်းများစွာ စကားပြောနိုင်သူလည်း ဖြစ်ပါတယ်။ဘာလို့ ဒီလိုအမျိုးသားမျိုးဟာ ဆွဲဆောင်မှု ရှိရတာလဲ။အမျိုးသမီးတွေဟာ သူတို့နဲ့ ဆက်ဆံရေးမှာ အသိပညာကြွယ်ဝတဲ့ ဆက်စပ်မှုကို တည်ဆောက်နိုင်တဲ့ အမျိုးသားတွေကို စိတ်ဝင်စားကြလို့ဖြစ်နိုင်ပါတယ်။သူဟာလုံးဝ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပြီး သံသယယုံမှားမှု လုံးဝမရှိပါဘူး။ တင်ပြပုံ ပြတ်သားပြီး စွမ်းအင်နဲ့ ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။ ဆက်ဆံရေးတစ်ခုမှာ သူမကို အခြား ယောက်ျားလေးတွေကြောင့် ဆုံးရှုံးရမှာ လုံးဝ ပူပန်မှု မရှိသလို သဝန်လည်း လုံးဝမတိုပါဘူး။ ယုံကြည်မှုရှိတဲ့ ယောက်ျားလေးကို မိန်းကလေးတွေ ကြိုက်နှစ်သက်ရခြင်းကတော့ သူတို့ကိုယ်သူတို့ ယုံကြည်တာကြောင့် မိန်းကလေးတွေကိုလည်း ယုံကြည်စေတာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ယုံကြည်မှုရှိတဲ့အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့ သဘောတူညီမှုကို ရှာဖွေခြင်းမရှိပါဘူး။ ဒါကပဲ သူမအတွက် သူ့ကို လိုချင်စရာ ဖြစ်နေတာ ဖြစ်ပါတယ်။အနုပညာ အရည်အသွေး ရှိတဲ့အမျိုးသားတွေဟာ တုန့်ပြန်မှု မြန်ပြီး လက်ရှိအချိန်မှာပဲ အသက်ရှင်ကြပါတယ်။ ပြီးတော့ သူ့ရဲ့ ဖန်တီးမှုနဲ့ သူမကို ပိုးပန်းနိုင်ပါတယ်။ ဥပမာ သူမအတွက် ရေးထားတဲ့ အချစ်သီချင်းတစ်ပုဒ် (သို့) သူမ ပုံတူ ပန်းချီကားတွေနဲ့ သူမကို ပျော်ဝင်စေတာ ဖြစ်ပါတယ်။အနုပညာ အရည်အချင်းရှိတဲ့သူတွေဟာ အမျိုးသမီးတွေရဲ့ သူတို့ဟာ ထူးခြားပြီး အဖိုးတန်တယ်လို့ ခံစားချင်မှုကို သိရှိတာကြောင့် အမျိုးသမီးတွေ ဂရုစိုက်မှုကို ခံရတတ်ပါတယ်။ ဒါကြောင့် သူမအရေးကြီးကြောင်း ပြဖို့အတွက် အကောင်းဆုံးနည်းကတော့ သူမအတွက် ကဗျာ (သို့) သီချင်း ရေးပေးခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုဖန်တီးနိုင်စွမ်းနဲ့ သူ့ရဲ့ အနုပညာ အလုပ်ထဲကို သူမကို ထည့်သွင်းလုပ်ဆောင်တာကို ကြိုက်နှစ်သက်ကြပါတယ်။သူဟာ သူမကို ကားတံခါးဖွင့်ပေးရုံတင်မကပါဘူး။ ကားထဲကပါ ဆွဲထုတ်ပေးပါလိမ့်မယ်။ ဒါ့အပြင် အစားအသောက်အတွက် ကုန်ကျစရိတ်ကို ရှင်းပေးပြီး သူမကို အချိုပွဲ ဆက်လက်သုံးဆောင်စေပါလိမ့်မယ်။ သူဟာ သူမကို သင့်လျော်တဲ့ အကြောင်းပြချက်တစ်ခုနဲ့ အပြင်ကို ခေါ်ထုတ်ဖို့ တံခါးရှေ့ကို အရောက်လာပါလိမ့်မယ်။ သူဟာ သူမရဲ့ ဆန္ဒနဲ့ ခံစားမှုကိုလည်း အလေးအနက်ထားတတ်ပါတယ်။ဘာကြောင့် စဉ်းစားပေးတတ်တဲ့အမျိုးသားတွေက တောင့်ခံဖို့ ခက်လဲရတာလဲ။ရိုင်းစိုင်းတဲ့ အမျိုးသားတွေ၊ ပြန်ဖုန်းမခေါ်တဲ့ အမျိုးသားတွေနဲ့ တွေ့ခဲ့တဲ့ အတွေ့အကြုံအရ သူမဟာ သူမရဲ့ အဓိက အချက်တွေကို ပြန်စဉ်းစားပါလိမ့်မယ်။ အမျိုးသမီးတွေဟာ သူတို့ကို အချိန်အကြာကြီး ကြင်နာစွာ ဆက်ဆံတတ်တဲ့သူကို လိုလားကြပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%99%e1%80%bb%e1%80%84%e1%80%84%e1%80%b9%e1%80%b8%e1%80%86%e1%80%94/
နှင်းခူရောဂါနောက်ဆက်တွဲပြဿနာများ
တခါတရံမှာ နှင်းခူဟာအရေပြားပေါ်က စိတ်ညစ်စရာပြသနာတွေထက်ပိုတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်စေတတ်ပါတယ်။ အမြဲတစေ အနာကိုကုတ်ဖဲ့နေလို့ အရေပြားကိုပိုးဝင်တာဟာ နှင်းခူ ရဲ့အဖြစ်များတဲ့ နောက်ဆက်တွဲပြသနာပါ။ ဒီပြသနာတွေကို ကြိုသိထားမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေနည်းသွားအောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ကြိုတင်ကာကွယ်ရန်နဲ့ ကုသရန်အတွက် သင့်ရဲ့ဆရာဝန်ကလည်း အကြံဉာဏ်ပေးနိုင်ပါတယ်။ ဒီတော့ နှင်းခူရောဂါနောက်ဆက်တွဲပြဿနာများ အကြောင်း လေ့လာလိုက်ရအောင်နော်။နှင်းခူရောဂါနောက်ဆက်တွဲပြဿနာများ ကတော့။ပိုးဝင်ခြင်း။ပိုးဝင်တဲ့လက္ခဏာတွေကို သတိပြုပါ။ အရေပြားကိုပိုးဝင်တယ်ထင်ရင် ဆရာဝန်ပြဖြစ်အောင်ပြပါ။ ပိုးဝင်တဲ့လက္ခဏာတွေကတော့ –။ပိုးဝင်တာကို မကုသမိရင် တခြား နောက်ဆက်တွဲပြသနာတွေလည်း ဖြစ်လာစေပါတယ်။ နာမကျန်းဖြစ်ပြီး ဆေးရုံတက်ရနိုင်တ့အထိ ဖြစ်တတ်ပါတယ်။အာရုံကြောအရေပြားရောင်ရမ်းခြင်း။အာရုံကြောအရေပြားရောင်ရမ်းခြင်းဟာ မကြာခဏကုတ်ဖဲ့နေခြင်းကြောင့် ဖြစ်တတ်ပါတယ်။ အဲဒီအခြေအနေမှာ အရေပြားဟာ နီရဲ ထူအမ်း တောင့်တင်းလာပြီး တခြားနေရာက အရေပြားတွေထက် အရောင်ပိုရင့်နေတတ်ပါတယ်။ အန္တရာယ်သိပ်မရှိပေမယ့် နှင်းခူပျောက်သွားသည့်တိုင်အောင် အရေပြားဟာ အမြဲ ထူပြီး အကွက်လိုက်ဖြစ်သွားတတ်ပါတယ်။အမာရွတ်ဖြစ်ခြင်း။အရေပြားကိုအမြဲကုတ်ဖဲ့နေရင် အမာရွတ်ကျန်သွားနိုင်ပါတယ်။ အမာရွတ်မထင်စေတဲ့ တခုတည်းသောနည်းလမ်းကတော့ မကုတ်ဖို့ပါပဲ။ မကုတ်မိဖို့တော့ ခက်ပါလိမ့်မယ်။ အရေပြားပေါ်မှာ ကွဲနေတာတွေ ပျောက်သွားရင် အမာရွတ်ဖြစ်လာနိုင်ပါတယ်။ တခါရောင်ထားဖူးတဲ့ အရေပြားနေရာမှာ ဖောင်းပြီး အမှတ်တခု အမြဲတမ်း ကျန်သွားတတ်ပါတယ်။နေထိုင်မှဆိုင်ရာ နောက်ဆက်တွြဲပသနာများ။မိမိကိုယ်ကိုယုံကြည်မှု။နှင်းခူဖြစ်ဖူးသူ လူကြီးလူငယ်မရွေးဆီကနေ ကြားသိရတာကတော့ သူတို့ဟာ ဒီအရေပြားကို အမြဲသတိထားနေမိပြီး ရှက်ရွံ့နေတတ်ပါတယ်။ အရေပြားပေါ်က အကွက်တွေဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုကို ထိခိုက်စေပါတယ်။ သင့်တော်တဲ့ဆေးကုသမှုနဲ့ ဖိအားတွေကို လျှော့ကျခြင်းတွေက အရေပြားအခြေအနေကို သက်သာစေနိုင်ပါတယ်။ကူညီဖေးမတဲ့အဖွဲ့တွေကတော့ ဒီဝေဒနာရှင်တွေကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအတွက်ပါ ကူညီဖေးမကြပါတယ်။ အမျိုးသားနှင်းခူရောဂါအဖွဲ့ (NEA) ကတော့ နိုင်ငံတဝှမ်းမှာ ကူညီပေးတဲ့အဖွဲ့အစည်းတွေအကြောင်း သတင်းပေးပါတယ်။ ဖုန်းကနေတဆင့်လည်း ကူညီတတ်ပါတယ်။ကိုယ်ကာယလှုပ်ရှားမှုကြောင့် မသက်မသာဖြစ်ရခြင်း။နှင်းခူဟာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ရခက်စေပါတယ်။ ချွေးထွက်လာရင် ယားတတ်တာကြောင့်ပါ။ ဒါကြောင့် တချို့တွေဟာ ဒီရောဂါဖြစ်လာရင် သူတို့နှစ်သက်တဲ့ လှုပ်ရှားမှုတွေတောင် မလုပ်ကြတော့ပါဘူး။လေ့ကျင့်ခန်းလုပ်စဉ်မှာ သက်သက်သာသာဖြစ်မယ့် အဝတ်တွေ ဝတ်ဆင်သင့်ပါတယ်။ ချွေးထွက်သက်သာအောင် အခန်းတွင်း သို့ လေအေးစက်ဖွင့်ထားတဲ့ နေရာမှာ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။နှင်းခူရောဂါ ဖြစ်နေချိန်မှာ စိတ်ရောကိုယ်ပါ မသက်မသာ မဖြစ်ရအာင် ပြင်းထန်တဲ့ကိုယ်ကာယလေ့ကျင့်ခန်းတွေ ရှောင်ရပါမယ်။နှင်းခူရောဂါရဲ့ နောက်ဆက်တွဲပြသနာအများစုကို မဖြစ်အောင် ကုသမှုခံယူခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ရောဂါဆိုးမသွားအောင် ကာကွယ်ရင် ပိုးဝင်ဖို့လည်း အခွင့်လမ်းလျော့နည်းသွားမှာမို့ ကိုယ့်ကိုကိုယ်ယုံကြည်မှုမပျက်စီးအောင် ကာကွယ်နိုင်ပါတယ်။လှောင်ပြောင်အနိုင်ကျင့်ခံရခြင်း။နှင်းခူဝေဒနာရှင် ကျောင်းသူကျောင်းသားများဟာ စနောက်လှောင်ပြောင်ခြင်း ခံရနိုင်ပါတယ်။ ဘယ်လိုစနောက်လှောင်ပြောင်ခြင်းဖြစ်စေ ကလေးများအတွက်တော့ စိတ်ဒဏ်ရာဖြစ်စေပြီး ပြေပျောက်ဖို့ ခက်ခဲပါတယ်။ ကလေးများဟာ တိတ်ဆိတ်ငြိမ်သက်နေပြီး ပတ်ဝန်းကျင်နဲ့ ကင်းကွာသွားတတ်ပါတယ်။ဒီလိုဖြစ်လာရင် ကလေးရဲ့ ဆရာဆရာမနဲ့ ဆွေးနွေးသင့်ပြီး ကလေးကိုလည်း သူဘယ်လိုခံစားနေရတယ်ဆိုတာ ပြောပြဖို့ စည်းရုံးတိုက်တွန်းရပါမယ်။ အမျိုးသားနှင်းခူအဖွဲ့ (NES) အနေနဲ့လည်း ဒေသခံအကူအညီပေးရေးအဖွဲ့တွေကို သတင်းအချက်အလက်တွေ ဝေမျှထောက်ပံ့ပါတယ်။ အဲဒီအဖွဲ့တွေမှာ အခြား နှင်းခူ ဝေဒနာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်ပါတယ်။အိပ်စက်ခြင်းပြဿနာများ။နှင်းခူ ဝေဒနာသည်တွေမှာအိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ ပြဿနာတွေလည်း ရှိတတ်ပါတယ်။ အိပ်ရေးပျက်ခြင်းကြောင့် စိတ်အနေအထားကိုရော အပြုအမူပေါ်မှာ အကျိုးသက်ရောက်တတ်ပါတယ်။ ကျောင်းမှာ သို့ အိမ်မှာ အာရုံစိုက်နိုင်ဖို့ ခက်ခဲလာနိုင်ပါတယ်။ အကယ်၍ သင့်ကလေးဟာ နှင်းခူရောဂါကြောင့် မအိပ်နိုင်ဖြစ်နေပြီဆိုရင်ကျောင်းစာတွေမှာလည်း နောက်ရောက်လာတတ်ပါတယ်။ သူတို့အကြောင်းနဲ့ပတ်သက်ပြီး ထည့်သွင်းစဉ်းစားနိုင်အောင် ဆရာဆရာမတွေကို ပြောပြထားသင့်ပါတယ်။နှင်းခူ ရောဂါအခြေအနေဆိုးရွားနေချိန်မှာ ကျောင်းမတက်ခိုင်းဖို့ လိုအပ်ပါတယ်။ ဒီရောဂါဟာ သူတို့ရဲ့ သင်ယူနိုင်စွမ်းကို သက်ရောက်မှုရှိတတ်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/atopic-dermatitis-complications/
ချစ်သူဘဝမှာ အတူနေမယ်ဆို ဒီအချက်တွေကို ကြိုပြင်ဆင်ပါ။
ချစ်သူဘဝမှာ ရင်းနှီးလာတဲ့အခါ သမီးရည်စားလည်းမက အိမ်ထောင်သည်လည်း မကျတဲ့ အခြေအနေတစ်ခုကို ရောက်လာနိုင်ပါတယ်။ ဒါကတော့premarital sexလို့ ခေါ်တဲ့ အိမ်ထောင်မကျခင် အတူနေ (လိင်ဆက်ဆံ)တာပါ။ အန္တရာယ်ကင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံမှုမျိုး ဖြစ်စေဖို့အတွက် ချစ်သူဘဝမှာ အတူနေမယ်ဆို ကြိုပြီး ပြင်ဆင်ထားရမယ့် အချက်လေးတွေ ရှိပါတယ်။ချစ်သူဘဝမှာ အတူနေတာက စိန်ခေါ်မှု များပါတယ်။ ပတ်ဝန်းကျင်ရဲ့ အမြင်တွေ၊ ထုံးတမ်းစဉ်လာတွေကိုပါ ထည့်စဉ်းစားကြတဲ့အတွက် လွယ်ကူတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အိပ်ရာပေါ်က ကိစ္စဆိုတာက နှစ်ဦးသဘောတူဖြစ်မှ သာယာဖွယ်ဖြစ်မှာပါ။ဒါကြောင့် နှစ်ဦးသဘောတူဖြစ်ဖို့လိုသလို တစ်ဖက်ဖက်က သဘောမတူဘူးဆိုရင်လည်း အတင်းအကျပ် မလုပ်ဖို့ လိုပါတယ်။HIV၊ ဘီပိုး၊ စီပိုး အပါအဝင်လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေဖြစ်တဲ့ ဆစ်လဖစ်တို့၊ ဂနိုတို့က တစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်နိုင်ပါတယ်။ လက္ခဏာမပြဘဲနဲ့လည်း ခန္ဓာကိုယ်မှာ ရှိနေနိုင်တဲ့အတွက် မသိလိုက်ဘဲနဲ့ကို ကူးသွားနိုင်ပါတယ်။လိင်ကတဆင့်ကူးစက်ရောဂါတွေက အမျိုးသမီးတွေမှာ မကုသဘဲ ထားလိုက်ရင် မျိုးပွားအင်္ဂါတွေ ပျက်စီးပြီး ကလေးမရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အတူမနေခင်မှာ စုံတွဲလိုက် ကူးစက်ရောဂါတွေကို စစ်ဆေးထားသင့်ပါတယ်။လက်မထပ်ရသေးဘဲ အတူနေတဲ့ စုံတွဲတွေ နောက်ထပ် စိုးရိမ်တတ်တာ တစ်ခုက မလိုချင်သေးဘဲ ကိုယ်ဝန်ရသွားမှာပါ။ မြန်မာနိုင်ငံမှာ မလိုချင်တဲ့ ကိုယ်ဝန်ကို တရားဝင် ဖျက်ချခွင့်မရှိတဲ့အတွက် တရားမဝင် ဖျက်ချရာကနေ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရတာ၊ အသက်အန္တရာယ်နဲ့ ကြုံတာတွေ ဖြစ်တတ်ပါတယ်။ဒါကြောင့်သန္ဓေတားတဲ့ နည်းလမ်းတစ်ခုခုကို သုံးပါ။ တစ်အိမ်တည်း အတူနေတဲ့ living together စုံတွဲတွေ၊ မကြာခဏ အတူနေဖြစ်တဲ့အတွဲတွေဆိုရင် အိမ်ထောင်သည် တွေ သုံးသလို တားဆေးသောက်ဆေး၊ ထိုးဆေး၊ သားအိမ်ထဲထည့်တဲ့ ပစ္စည်း၊ လက်မောင်းအောက်ထည့်တဲ့ ပစ္စည်း စသဖြင့် မိမိနဲ့ သင့်တော်ရာကို အသုံးပြုပါ။တကယ်လို့ တစ်ခါတလေမှ နေဖြစ်တယ်ဆိုရင်လည်း ကွန်ဒုံး ဒါမှမဟုတ် အရေးပေါ်သန္ဓေတားဆေးကို သုံးသင့်ပါတယ်။တချို့စုံတွဲတွေက လက်မထပ်ရသေးပေမယ့် တစ်ယောက်အကြောင်း တစ်ယောက် သိဖို့ တစ်အိမ်တည်းမှာ နေကြတာ ရှိပါတယ်။ ဒါဆိုရင် လိင်မှုကိစ္စအပြင် လူမှုရေးနဲ့ ငွေရေးကြေးရေး ကိစ္စတွေပါ ပါလာပါပြီ။တကယ်လို့ ကိုယ်တွေက ဒီလိုမျိုး တစ်အိမ်တည်းမှာ နေဖို့ စဉ်းစားထားတယ်ဆိုရင်တော့ အပေါ်မှာ ပြောခဲ့တဲ့ အချက်အပြင် အတူမနေခင်မှာ။အတူနေတဲ့အခါ ကိုယ်ပိုင်အသုံးစရိတ်အပြင် အိမ်စရိတ်ပါ ပါလာနိုင်တာကြောင့် ငွေကြေးသုံးစွဲမှုကို နှစ်ဖက်မျှတအောင် ခွဲထားဖို့ လိုပါတယ်။အရင်လို အိမ်ပြန်ရောက်တာနဲ့ နားလို့မရတော့ဘူး။ ကိုယ့်အိမ်အလုပ်ကိုယ် လုပ်ရမှာ ဖြစ်တဲ့အတွက်  ဘယ်သူကတော့ ဘာလုပ်မယ်ဆိုတာကို ကြိုတင်တိုင်ပင်ထားဖို့ လိုပါတယ်။ ဒီခေတ်မှာ အမျိုးသမီးတွေကပဲ အိမ်အလုပ်လုပ်ရမယ်ဆိုတာ မရှိတော့တဲ့အတွက် မျှမျှတတ ခွဲဝေပြီး လုပ်ဖို့ လိုပါတယ်။အိမ်ကို သူ့ဘက် ကိုယ့်ဘက်က သူငယ်ချင်းတွေ လာလည်တာနဲ့ ပတ်သက်ပြီး ဘယ်လိုနားလည်မှု ယူမလဲဆိုတာကိုလည်း ညှိနှိုင်းသင့်ပါတယ်။ သူငယ်ချင်းတွေ အိမ်လာပြီး သောက်စားပျော်ပါးတာကြောင့် ကတောက်ကဆဖြစ်ရတဲ့ စုံတွဲတွေလည်း ရှိလို့ပါ။ချစ်သူဘဝမှာ အတူနေလိုက်တာက နောက်ပိုင်းမှာ မဖြစ်မနေလက်ထပ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် အတူနေစဉ်အတွင်းမှာ ပျော်ရွှင်စရာကောင်းပြီး အန္တရာယ်ကင်းဖို့ လိုပါတယ်။ ဒါကြောင့် ချစ်သူဘဝမှာ အတူနေမယ်ဆို ဒီအချက်တွေကို ကြိုပြင်ဆင်ဖို့ အကြံပြုချင်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/what-you-should-prepare-for-premarital-sex/
သင့်အရေပြားအတွက် လိုအပ်တဲ့ ဗီတာမင် ၅မျိုး
အရေပြားကျန်းမာရေးဆိုတာ ခန္ဓါကိုယ်ထဲ ဝင်ရောက်သွားတဲ့ အာဟာရဓါတ်တွေနဲ့ သက်ဆိုင်ပါတယ်။ သဘာဝနည်းမဟုတ်ဘဲ ပြုပြင်ထားတဲ့ အစားအသောက်တွေကိုချည်း စားမယ်ဆိုရင် သင့်အရေပြားဟာ အဆီပြန်ခြင်း၊ အရောင်မညီခြင်းတို့ ဖြစ်တတ်ပါတယ်။ဗီတာမင် ပြည့်ဝစွာ စားသောက်မယ်ဆိုရင်တော့ ပိုပြိး ကျန်းမာတဲ့ ပုံပန်းသွင်ပြင်ကို ရရှိမှာပါ။ ဒါဆို ဘယ်လိုဗီတာမင်မျိုးတွေ လိုအပ်သလဲ။ သူတို့က ဘယ်လိုအလုပ်လုပ်သလဲ ကြည့်ရအောင်။အရေပြားပေါ်က တစ်ရှူးတွေ ထိန်းသိမ်းခြင်း၊ ပြန်လည်သန်စွမ်းခြင်းတို့အတွက် ဗီတာမင် အေက အရေးကြီးပါတယ်။ ဗီတာမင် အေ အားနည်းရင်း အရေပြားက မွဲခြောက်ခြောက်ဖြစ်နေတတ်ပါတယ်။ အာလူး၊ မုန်လာဥနဲ့ အစိမ်းရင့်ရောင် အရွက်တွေမှာ ဗီတာမင် အေ လုံလုံလောက်လောက် ပါဝင်ပါတယ်။ အရေပြားအပေါ်မှာလိမ်းတဲ့ လိုးရှင်းတွေမှာဆိုလည်း ဗီတာမင် အေ ပါဝင်ပြီး ဝက်ခြံနဲ့ အရေးအကြောင်းတွေကို သက်သာစေပါတယ်။ဂျုံ၊ ဆန်၊ ဥ၊ ငှက်ပျောသီး စတဲ့ အစားအသောက်တွေမှာ ဗီတာမင်ဘီ ပါဝင်ပါတယ်။ ဗီတာမင်ဘီ အစားနည်းရင် အရေပြားရောဂါနဲ့ ဆံပင်ဆုံးရှုံးမှုတွေ ဖြစ်တတ်ပါတယ်။ ဗီတာမင်ဘီနဲ့ ပြုလုပ်ထားတဲ့ လိမ်းဆေးတွေက သင့်အရေပြားကို ကျန်းမာစေပြီး ရောင်ရမ်းမှုတွေကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။အရည်ရွှမ်းတဲ့ အသီးတွေ၊ အရွက်တွေ၊ ငရုတ်ပွနဲ့ ပန်းဂေါ်ဖီတို့မှာ ပါဝင်တဲ့ ဗီတာမင် စီဟာ အအေးမိခြင်းကို ကာကွယ်ပေးသလို၊ အရေပြားမှာ အရေးအကြောင်းတွေကိုလည်း ပျောက်စေပါတယ်။ အရေပြားကိုလည်း နူးညံ့စေပြီး နေရောင်ခြည်ကြောင့် အရေပြားပျက်စီးမှုတွေကို နည်းစေပါတယ်။ဗီတာမင်အီးကတော့ အရေပြားမှာ အမာရွတ်ကျန်တာ၊ မွဲခြောက်တာတွေကို ပျောက်စေပါတယ်။ အခွံမာသီးနဲ့ သံလွင်ဆီတို့ကို စားပေးခြင်းဖြင့် ဗီတာမင်အီးကို ရနိုင်ပါတယ်။ အရေပြားနူးညံ့မှုကို ဖြစ်စေရုံတင်မကဘဲ သင့်ဆံပင်ကိုပါ အကျိုးပြုပါတယ်။ အမာရွတ်အတွက်လည်း ဗီတာမင်အီးကို မှန်မှန်လိမ်းပေးခြင်းအားဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။အရေပြားပေါ်က အမဲကွက်တွေ၊ အညိုအမဲစွဲတာတွေအတွက် အကောင်းဆုံးကတော့ ဗီတာမင် ကေပါပဲ။ ဗီတာမင်ကေက အရေပြားပေါ်က အရောင်မညီညာမှုတွေကို လျော့ပါးစေသလို အရေးအကြောင်းတွေကိုလည်း ပျောက်ကင်းစေတယ်။ အစိမ်းရင့်ရောင် အရွက်တွေ စားပေးခြင်းဖြင့် ဗီတာမင်ကေကို ရယူနိုင်သော်လည်း အကောင်းဆုံးကတော့ ဒါကို လိမ်းပြီး အသုံးပြုဖို့ပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%a1%e1%80%9b%e1%80%b1%e1%80%95%e1%80%bc%e1%80%ac%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%9c%e1%80%ad%e1%80%af%e1%80%a1%e1%80%95%e1%80%ba/
လက်ဦးဆရာ ပီသပါစေ
ကလေးတစ်ယောက်ရဲ့လက်ဦးဆရာတွေကဘယ်သူများလဲ…. လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနဲ့ဖ ဆိုတဲ့စကားအတိုင်း ကလေးတစ်ယောက်အတွက် လက်ဦးဆရာတွေက မိဘနှစ်ပါးပါ။ လက်ဦးဆရာဆိုတာက အမည်နာမနဲ့ညီအောင် လက်ဦးဆရာပီသဖို့လည်း လိုပါမယ်။ ဒီလိုလက်ဦးဆရာပီသအောင်လုပ်ဆောင်တဲ့နေရာမှာကျန်းမာပျော်ရွှင်စွာကြီးပြင်းစေဖို့လိုသလို သူတို့လေးတွေရဲ့ ပြင်းပြနေတဲ့ ဖြစ်ချင်တဲ့ဆန္ဒကို အကောင်းဆုံးပျိုးထောင်ပေးတတ်ဖို့လည်း လိုပါမယ်။ကလေးတစ်ယောက်ကို ကိုးလလွယ် ဆယ်လဖွားရုံနဲ့ တာဝန်ကျေတာမဟုတ်ပါဘူး။ အကောင်းဆုံးကြီးပြင်းအရွယ်ရောက်လာအောင် ပျိုးထောင်ပေးဖို့လိုပါမယ်။ ကလေးတစ်ယောက်အကောင်းဆုံး ကြီးပြင်းစေဖို့ကအာဟာရပြည့်ဝစေဖို့လိုသလို ကောင်းမွန်တဲ့အလေ့အကျင့်အနေအထိုင်တွေဖြစ်ပေါ်လာအောင် အကောင်းဆုံးပျိုးထောင်ပေးဖို့လိုပါမယ်။ကလေးဆိုတာမျိုးက ဖယောင်းလေးတွေလိုပါပဲ လိုသလိုပုံသွင်းလို့ရပါတယ်။ ငယ်စဉ်မှာကတည်းက အကောင်းဆုံးပျိုးထောင်ပေးမှ အရွယ်ရောက်လာတဲ့အခါ ထူးချွန်ပြီးအရည်အသွေးပြည့်ဝသူတစ်ယောက်အဖြစ်ကြီးပြင်းလာစေမှာပါ။ ကလေးတစ်ယောက်အကောင်းဆုံး ကြီးပြင်းလာစေဖို့က ဖေဖေမေမေတို့အနေနဲ့ ဒီအချက်လေးတွေကို ပြည့်စုံအောင်လုပ်ဆောင်ပေးဖို့လိုပါမယ်။ကလေးတစ်ယောက် ရုပ်ပိုင်းဆိုင်ရာရောဉာဏ်ရည်ဉာဏ်သွေးပါထူးချွန်ထက်မြက်သူအနေနဲ့ ကြီးပြင်းလာစေဖို့ဆိုရင် ဒီအာဟာရဓာတ်တွေကို ပြည့်ဝအောင် ကျွေးမွေးပေးဖို့လိုပါမယ်။ ကလေးကို ငယ်စဉ်ကတည်းက။ပရိုတင်း– ကလေးရဲ့ ခန္ဓာကိုယ်ဆဲလ်တွေဖြစ်ပေါ်စေဖို့၊ အရိုးနဲ့ကြွက်သားတွေကြီးထွားသန်မာစေဖို့အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်မှာ အင်အားဖြစ်စေနိုင်ပြီး သွေးတွင်းအောက်ဆီဂျင်သယ်ဆောင်မှုကောင်းစေဖို့နဲ့ကူးစက်ရောဂါတွေကနေ ကာကွယ်ပေးဖို့လည်း အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ကာဗိုဟိုက်ဒရိတ်– ခန္ဓာကိုယ်မှာ အင်အားပြည့်နေစေဖို့ အရေးပါတဲ့ ဓာတ်တစ်ခုပါ။ တစ်ရှူးတွေဖြစ်ပေါ်စေဖို့နဲ့ ပျက်စီးသွားတဲ့ တစ်ရှူးတွေနေရာမှာ အစားထိုးမယ့်တစ်ရှူးအသစ်တွေဖြစ်ပေါ်စေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးပါတယ်။နေ့စဉ်လှုပ်ရှားမှုတွေအတွက်လည်း အရေးပါပါတယ်။အဆီ– အဆီဆိုတဲ့နေရာမှာ အကျိုးပြုတဲ့အဆီရယ် အကျိုးမပြုတဲ့အဆီရယ်ဆိုပြီးရှိပါတယ်။ ဒီအဆီနှစ်မျိုးထဲမှာမှ ကလေးကို အကျိုးပြုတဲ့အဆီ ကျွေးမိဖို့က အရေးကြီးပါတယ်။ ဒါကြောင့်ကလေးကို ကြီးထွားဖွံ့ဖြိုးဖို့အကောင်းဆုံးထောက်ပံ့ပေးတဲ့ အဆီပါတဲ့ အစားအစာတွေကို သတိထားကျွေးပေးပါ။ကယ်လ်ဆီယမ်– ကလေးမှာ ကျန်းမာတဲ့ အရိုးနဲ့သွားတွေကြီးထွားဖွံ့ဖြိုးစေဖို့အတွက် အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ သွေးတိတ်စေဖို့၊ အာရုံကြော၊ ကြွက်သားနဲ့နှလုံးစွမ်းဆောင်ရည်ကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ကြီးထွားဖွံ့ဖြိုးရမယ့်အချိန်မှာ အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေဖို့ ထောက်ပံ့ပေးနိုင်ပါတယ်။သံဓာတ်– ခန္ဓာကိုယ်က ဆဲလ်တွေဆီအောက်ဆီဂျင်ရောက်ရှိစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပြီး သွေးအားကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ အာရုံစူးစိုက်မှုကောင်းစေပြီး အမြဲတက်ကြွလန်းဆန်းနေစေမှာပါ။ဖောလိတ်– ကလေးအတွက် မဖြစ်မနေလိုအပ်တဲ့အာဟာရဓာတ်တစ်မျိုးပါ။ ဆဲလ်တွေဖွံ့ဖြိုးစေဖို့ရော ကျန်းမာစွာကြီးပြင်းစေဖို့ရော ဦးနှောက်ဖွံ့ဖြိုးမှုကောင်းစေဖို့ပါ အရေးပါတဲ့ဓာတ်တစ်မျိုးပါ။ သွေးအားနည်းရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။အမျှင်ဓာတ်– အစာခြေစနစ်ကျန်းမာပြီး ဝမ်းမှန်စေဖို့အတွက် အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါ နှလုံးရောဂါ နဲ့ ကင်ဆာမဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အမျှင်ဓာတ်ပြည့်ဝအောင် ဂရုစိုက်ဖို့လည်း မမေ့ပါနဲ့။ဗီတာမင်A– အမြင်အာရုံကောင်းစွာဖွံ့ဖြိုးစေဖို့၊ အရေပြားကျန်းမာစေဖို့၊ ရောဂါပိုးတွေအန္တရာယ်ကနေ ကာကွယ်ပေးဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ဗီတာမင်C– အအေးမိ၊တုပ်ကွေးဖြစ်တာတွေကနေ ကာကွယ်ပေးပြီး သွေးကြောနံရံတွေကိုကျန်းမာစေသလို အရေပြားကျန်းမာစေဖို့အကောင်းဆုံးလုပ်ဆောင်ပေးပါတယ်။ အနာကျက်စေနိုင်ပြီး ကျန်းမာတဲ့ အရိုးနဲ့သွားတွေဖြစ်ပေါ်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ဗီတာမင်D– ကယ်လ်ဆီယမ်စုပ်ယူမှုကောင်းစေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ အရိုးနဲ့သွားတွေကို သန်မာစေနိုင်သလို တက်ကြွလန်းဆန်းစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ သဘာဝကပေးတဲ့ ဗီတာမင်တစ်မျိုးပါ။ကလေးကို အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေဖို့ဆိုရင် အာဟာပြည့်ဝအောင်ကျွေးမွေးတာအပြင် ဒီအချက်လေးတွေကိုလည်း လုပ်ဆောင်ပေးဖို့လိုပါမယ်။ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ– ကလေးကို တစ်နေ့မှာ အနည်းဆုံး နာရီဝက်လောက် ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ။ ကလေးကို ကိုယ့်နဲ့အတူတူ ကိုယ်လက်လှုပ်ရှားမှုလုပ်ခိုင်းပေးပါ။စာဖတ်တဲ့အကျင့်မွေးပေးပါ-ကလေးကို အသိဉာဏ်ပညာကြွယ်ဝသူအဖြစ်ကြီးပြင်းလာစေဖို့ ငယ်ငယ်ကတည်း စာဖတ်ဝါသနာပါသူဖြစ်အောင်ပျိုးထောင်ပေးပါ။ ကလေးကို သုတရသအကုန်ဖတ်တတ်အောင် သင်ပေးတာက သင့်ကို လက်ဦးဆရာပီသစေမယ့်အချက်တွေထဲကတစ်ခုပေါ့။ ကိုယ်တိုင်လည်း စာဖတ်ပါ။ဝါသနာကိုအသိအမှတ်ပြုပါ– မိဘတွေမှာ အတ္တတစ်ခုရှိကြပါတယ်။ ဒါကလည်း သားသမီးကို အကောင်းဆုံးဖြစ်စေချင်တဲ့ အဖြူရောင်အတ္တပါ။ ဒါကတော့ ကလေးဝါသနာပါရာထက် အောင်မြင်နိုင်ခြေများတဲ့အရာတွေကိုဖြစ်အောင်လုပ်စေချင်တာပါ။ တကယ်ကတော့ လူတစ်ယောက်ကို ထိပ်ဆုံးရောက်အောင်ပို့ပေးနိုင်တာက သူဝါသနာပါရာကို လုပ်ဆောင်ခွင့်ရခြင်းပါ။ ဒါကြောင့် ငယ်စဉ်ကတည်းက ကလေးရဲ့ ဝါသနာပါရာကို အောင်မြင်အောင်မြေတောင်မြှောက်ပေးပါ။ပေါင်းသင်းဆက်ဆံရေးကောင်းအောင်သင်ကြားပေးပါ– ကလေးတစ်ယောက်ကို အကောင်းဆုံးကြီးပြင်းစေဖို့က IQ ရောEQကိုပါကောင်းအောင်လုပ်ဆောင်ပေးဖို့လိုပါမယ်။ ဒါကြောင့် ငယ်ငယ်ကတည်းက ပေါင်းသင်းဆက်ဆံရေးကောင်းသူလေးဖြစ်အောင် ပျိုးထောင်ပေးပါ။ ကိုယ်တိုင်ကလည်း ဆက်ဆံရေးကောင်းသူတစ်​ယောက်ဖြစ်အောင်နေပေးပါ။အချိန်ပေးပါ– ကလေးကို ရင်ဖွင့်တိုင်ပင်ဖို့အတွက် အချိန်ပေးပါ။ ဒါမှ မိဘနဲ့ သားသမီးကြားမှာ ပွင့်လင်းတဲ့ဆက်ဆံရေးရရှိပြီး ကလေးကို ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးစေမှာပါ။ ယုံကြည်မှုပြည့်ဝတဲ့ ကလေးတွေက ဘဝမှာ ပိုမိုအောင်မြင်တတ်ကြပါတယ်။ကလေးကိုရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေရော စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကိုပါ ပြည့်စုံအောင်ဖြည့်ပေးလို့ လက်ဦးဆရာပီသလိုက်ပါ မေမေဖေဖေတို့ရေ…..။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/childs-first-teacher-parents/
သင့်ချစ်သူက သင့် နှလုံး ကို ကျန်းမာစေနိုင်ပါတယ်။
ချစ်ခြင်းမေတ္တာအကြောင်းကို ဖွဲ့ဆိုထားတဲ့ သီချင်းတွေ၊ ကဗျာတွေ၊ ကိုယ့်ချစ်သူကို ကိုယ်ရည်ညွှန်းတဲ့အထဲမှာ ‘နှလုံး သား’ဆိုတဲ့ စကားရပ်က အမြဲပါပါတယ်။ နှလုံးက အသက်ရှင်ဖို့ အရေးကြီးတဲ့အတွက် ကိုယ့်ချစ်သူကိုလည်း အသက်တမျှ တန်ဖိုးထားပါတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ပါ။ လက်တွေ့ဘဝမှာလည်းအချစ်ရေးကနှလုံးကို ကျန်းမာစေတယ်ဆိုတာကို သိပ္ပံနည်းကျ လေ့လာတွေ့ရှိထားကြပါတယ်။ဘယ်လိုလဲဆိုတာ ဆက်ကြည့်ကြရအောင်။Psychosomatic Medicineဂျာနယ်မှာ ပါဝင်တဲ့ သုတေသနရလဒ်အရ ချစ်သူနဲ့ အတူအချိန်ဖြုန်းတာက သူစိမ်းနဲ့ အချိန်ဖြုန်းတာနဲ့ ယှဉ်ရင် သွေးဖိအားကို သိသိသာသာ ကျစေပါတယ်တဲ့။ အထူးသဖြင့် အတူရှိနေချိန်မှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကိုယ်ပြောတာကို နားထောင်ပေးရုံနဲ့တင် စိတ်ဖိစီးမှုတွေ လျော့ကျပြီး သွေးဖိအား ကျလာတာပဲ ဖြစ်ပါတယ်။ဒီလို မဟုတ်ဘဲ ပူညံပူညံလုပ်နေရင်တော့ စိတ်တွေရှုပ်ပြီး သွေးတွေ တိုးလာနိုင်တာပေါ့နော်။အကြည့်ချင်းဆုံရင် ရင်ခုန်တာကစလို့ ခရက်ရှ်လေးက ကိုယ့်ကို စာပြန်တာတွေက ရင်ထဲမှာ တဒိတ်ဒိတ်ဖြစ်စေတဲ့ အခိုက်အတန့်လေးပဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဦးနှောက်ကနေဒိုပါမင်း၊ အဒရီနယ်လင်း၊နော်အပီနယ်ဖရင်းတွေ ထွက်လာတာကြောင့် နှလုံး ကို အားနဲ့ ခပ်မြန်မြန်လေး ခုန်စေပါတယ်။ဒီလိုမျိုး အချိန်ခဏလေးလောက် နှလုံးခုန်မြန်နေတာက လေ့ကျင့်ခန်းလုပ်တာနဲ့ အလားသဏ္ဍာန်တူပါတယ်။ ဒါကြောင့် ရင်ခုန်နေပြီဆိုသွေးလည်ပတ်မှု ကောင်းပြီး ပူရှိန်းရှိန်းလေး ဖြစ်လာတာပါ။University of North Carolinaရဲ့ လေ့လာချက်အရ ချစ်သူနဲ့ ဖြစ်ဖြစ်၊ သူငယ်ချင်းနဲ့ဖြစ်ဖြစ် ပွေ့ဖက်လိုက်တာက ခန္ဓာကိုယ်ကို နွေးထွေးစေပြီး စိတ်ကို စိတ်ကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ဒီလိုဖြစ်ရတာက အောက်စီတိုစင် ဟော်မုန်းထွက်လာလို့ပါ။ ဒီဟော်မုန်းက စိတ်ဖိစီးမှုကို ကျစေပြီး သွေးဖိအားကိုလည်း နည်းစေပါတယ်။၂၀၁၁ European Society of Cardiology (ESC) ကကျင်းပတဲ့ ဆေးပညာညီလာခံမှာ University Of Maryland School of Medicine က စိတ်ဖိစီးမှုများရင် သွေးကြောတွေ ကျဉ်းလာတယ်ဆိုတဲ့ အချက်ကို တင်ပြခဲ့ပါတယ်။ ဒီလို သွေးကြောကျဉ်းတာက နောက်ပိုင်းမှာ သွေးကြောတွေ မာပြီး ပျက်စီးတာကို ဖြစ်လာစေနိုင်ပါတယ်။ချစ်သူနဲ့ အတူရှိချိန်မှာ ရယ်မောပျော်ရွှင်နေရတာကတော့ အထက်ပါအချက်ကို ကာကွယ်နိုင်မှာပါ။ ကိုယ်ချစ်တဲ့သူနဲ့ ပေါ့ပေါ့ပါးပါး ရယ်မောနေရတာက စိတ်ဖိစီးမှုကို လျော့ကျစေလို့ သွေးကြောတွေကို ကျန်းမာစေမှာပါ။ကိုယ့်ချစ်သူအကြောင်းကို တဖွဲ့တနွဲ့ ရေးတာကလည်း နှလုံး ကို သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ကျန်းမာစေပါသေးတယ်။ဒါကိုHuman Communication Researchက ကျောင်းသားတွေကို ၂ဖွဲ့ခွဲပြီး လေ့လာခဲ့ပါတယ်။ စမ်းသပ်ချက်မှာ ကျောင်းသားတစ်ဖွဲ့ကို သူတို့ချစ်ရတဲ့ သူတွေအကြောင်း ရေးခိုင်းပြီး နောက်တစ်ဖွဲ့ကိုတော့ ကိုယ်နှစ်သက်တဲ့ အကြောင်းကို မိနစ် ၂၀ကြာ ရေးခိုင်းခဲ့ပါတယ်။ရလဒ်ကတော့ ချစ်သူအကြောင်းကို ရေးတဲ့အဖွဲ့မှာသွေးတွင်းကိုလက်စထရောပမာဏက သိသိသာသာ ကျဆင်းတာ (၁၇၀mg/dLကနေ ၁၅၉ mg/dL)ကို တွေ့ရပါတယ်။ ကျန်တဲ့အဖွဲ့မှာတော့ ထူးခြားချက်မရှိပါဘူး။ရည်းစားစာပေးတာက ဒီခေတ်မှာ မသုံးတော့ဘူးဆိုပေမယ့် ကိုလက်စထရောကျချင်ရင်တော့ စမ်းကြည့်သင့်တယ်နော်။European Heart Journalကနေ ပြုလုပ်တဲ့ လေ့လာချက်အရ ကောင်းမွန်တဲ့ ခံစားချက်တွေက သင့်နှလုံးကို ကျန်းမာစေပါတယ်တဲ့။ ချစ်သူနဲ့ရှိချိန် ပျော်ရွှင်ရတာ၊ ရယ်မောရတာ၊ စိတ်လှုပ်ရှားရတာ၊ စိတ်ထဲမှာ သက်သောင့်သက်သာဖြစ်နေတာတွေကနှလုံးရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေပါတယ်။ဒီအချက်ကို အမျိုးသမီးတွေမှာ ပိုတွေ့ရပါတယ်။ ဒါ့ပြင် ကိုယ့်ချစ်သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေတဲ့ သူတွေက ဆေးလိပ်သောက်နိုင်ခြေ နည်းတာ၊ သွေးတွင်း ကိုလက်စထရောကျဆင်းတာ၊ စိတ်သဘောထား နူးညံ့ပြီး ဆက်ဆံရေး ကောင်းမွန်တာတွေကို တွေ့ရှိရပါတယ်။Psychological Scienceမှာ ဖော်ပြထားတဲ့ လေ့လာချက်တစ်ခုအရ ချစ်သူရဲ့ လက်ကို ကိုင်ထားတာက စိတ်ကို တည်ငြိမ်စေတဲ့ အစွမ်းရှိပါတယ်တဲ့။လေ့လာချက်မှာ အမျိုးသမီးတွေရဲ့ ခြေကျင်းဝတ်ကို ကျင်စက်လေးနဲ့ တို့ပြီး သူတို့ဦးနှောက်ရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်ခဲ့ပါတယ်။ နာကျင်တာမှန်ပေမယ့် ချစ်သူအမျိုးသားရဲ့ လက်ကို ကိုင်ဆွဲထားတဲ့ အမျိုးသမီးတွေက နာကျင်တာကို ပိုခံနိုင်ရည်ရှိကြပါတယ်တဲ့။ သူစိမ်းရဲ့ လက်ကိုလည်း ကိုင်ခိုင်းပြီး စမ်းသပ်ပေမယ့် ချစ်သူလက်လောက် နာကျင်မှုကို ခံနိုင်စွမ်း မရှိပါဘူး။ဒါကြောင့် နောက်ပိုင်းမှာ မီးဖွားမယ့် အမျိုးသမီးတွေနားမှာ ခင်ပွန်းသည်ကို အဖော်ပြုခိုင်းကြတာ ဖြစ်ပါလိမ့်မယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/how-your-lover-makes-your-heart-healthy/
နာတာရှည်ခါးနာခြင်းအကြောင်းကို ဖြစ်စေသော အဓိကအကြောင်းရင်း
ခါးနာမှု ဖြစ်စေတဲ့ အရာတွေအကြောင်းကို နားလည်ဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ခါးနာခြင်းဟာ အခြားနာကျင်ခြင်းတွေဆီကို ဦးတည်သွားပြီး ကိုယ်ခန္ဓါအနှံ့အပြားမှာ အခြားပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။လူနာတစ်ယောက်ဟာ ဆရာဝန်ကို ခါးနာလို့လာပြရင် တစ်ခုတည်းသောနည်းက သူ့ကို ကုသလိုက်တာပါပဲ။ လူနာကို ပိုမို အသေးစိတ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ထက် နာကျင်မှုကုသတဲ့ဆရာဝန်ဟာ ခါးနာတာပျောက်အောင်သာ ကုသလိုက်ပါတယ်။ ဒီလိုကုသမှုဟာ ပြဿနာများစွာကိုဖြစ်စေတတ်ပါတယ်။ဒီလိုလုပ်မယ့်အစား ဘာဖြစ်လို့ခါးနာနေတာလဲဆိုတာ ရှာကြည့်သင့်ပါတယ်။ စဖြစ်စေတဲ့ အကြောင်းအရာတွေ အမြောက်အမြားရှိပေမယ့် ခါးနာခြင်းဟာ အောက်ဖေါ်ပြပါ အချက်ငါးခုထဲက တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။• ကြွက်သား ပိုမို အားစိုက်ရခြင်း။• အဆစ်မျက်နှာပြင် နာကျင်ခြင်း။• Disc ဖေါင်းခြင်း။• Discogenic Pain နဲ့။• Sacroiliac Joint pain တို့ပဲဖြစ်ပါတယ်။ကြွက်သားပိုမို အားစိုက်ရခြင်းကြောင့် ဖြစ်တဲ့ခါးနာခြင်းဟာ ရုတ်တရက် ခါးနာခြင်းတွေထဲက အဖြစ်အများဆုံးအချက်ဖြစ်ပြီး ၉၅% လောက် ရှိပါတယ်။ နောက်ကျောက ကြွက်သားတွေကို ပိုမိုအလုပ်လုပ်စေတဲ့အခါမှာ ဒီ ကြွက်သားတွေ ဒဏ်ရာရတာကို ကာကွယ်ဖို့အတွက် သူတို့ဟာ ဖျတ်ခနဲ ရုန်းလိုက်ပါတယ်။ ဒီလိုဖြစ်ခြင်းနဲ့ နာကျင်ခြင်းတွေဟာ လက္ခဏာတွေ ဖြစ်ပြီး လျစ်လျူမရှုသင့်ပါဘူး။ ကံကောင်းစွာနဲ့ပဲ ကြွက်သားပိုမိုအားစိုက်တာကြောင့် ဖြစ်တဲ့ ခါးနာခြင်းဟာ ပျော့ပြီးတော့ အခြားပြဿနာတွေ ဘာမှ ဆက်မဖြစ်စေပဲ ကုသလိုက်တာနဲ့ ပျောက်ကင်းနိုင်ပါတယ်။ ပုံမှန်အားဖြင့် နှစ်ရက်ကနေ တစ်ပတ်အတွင်း ပျောက်ကင်းနိုင်ပါတယ်။ကြွက်သားကြောင့် ခါးနာခြင်းဟာ အတော်များများအတွက် လွယ်လွယ်ကူကူ ပျောက်ကင်းနိုင်ပေမယ့် အချို့လူတွေအတွက်ကတော့ သူဟာ အခြားကြီးမားတဲ့ ပြဿနာရဲ့ အစဖြစ်တတ်ပါတယ်။ ကြွက်သား ဆက်လက်အားစိုက်နေရမယ်ဆိုရင် ကြွက်သားတွေကို ဒဏ်ရာရစေပြီးတော့ နာတာရှည် ခါးနာခြင်းကို ဖြစ်စေတတ်ပါတယ်။ ဒါဟာ နှစ်ပတ်ထက်ပိုပြီး ကြာမြင့်နေမယ်ဆိုရင် ဒါဟာ ကြွက်သားနာကျင်ခြင်းရော ဟုတ်ရဲ့လား၊ နာကျင်နေတဲ့ တစ်ခုခုကို ကြွက်သားက ကာကွယ်ပေးနေတာများလားဆိုတာကို သေချာ ထည့်သွင်းစဉ်းစာသင့်ပါတယ်။Facet Joint Pain ဟာ ကျောရိုးမရဲ့ Facet Joint တွေရောင်ရမ်းလို့ ဖြစ်တာဖြစ်ပြီးတော့ ခါးနာခြင်းတွေရဲ့ ဒုတိယ အတွေ့အများဆုံးအကြောင်းရင်းဖြစ်ပါတယ်။ Facet Joint တွေဟာ ကျောရိုးဆစ်တွေနဲ့ တွယ်ဆက်နေပါတယ်။ နာတာရှည် ခါးနာတဲ့သူတွေမှာ Facet Joint တွေဟာ ၉၀%မှာ စစချင်း ဒဏ်ရာရတဲ့နေရာတွေပဲဖြစ်ပြီး နာတာရှည် ခါးနာခြင်းကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် Facet Joint Pain ရှိတဲ့ လူနာတွေဟာ သူပြန့်မသွားခင် အလျင်အမြန် ကုသသင့်ပါတယ်။Disc Bulge ကတော့ MRI မှာ တွေ့ရတဲ့ ကျောရိုးဆစ်နှစ်ခုကြားကို ခံထားတဲ့ ပျော့ပျောင်းတဲ့ disc လေးတွေဟာ နောက်ဘက်က ကြောရိုးတူးမြောင်းဆီကို ဖေါင်းလာပြီး နာကျင်မှု ဖြစ်စေတာပဲဖြစ်ပါတယ်။ ဒီလိုဖြစ်တာမျိုး ပုံစံမျိုးစံရှိပြီးတော့ အကုန်လုံးကို ကုသမှု တူညီစွာ ကုသနိုင်ပါတယ်။ Disc Bulge Pain ဟာ ဒုတိယ အတွေ့အများဆုံး နာတာရှည်ခါးနာခြင်း အကြောင်းရင်းဖြစ်ပြီးတော့ MRI မှာ အလွယ်တကူ ပြသနိုင်တာကြောင့် အများဆုံး အလွန်အကျွံ ရောဂါအမည်တပ်ခံရတဲ့ နာကျင်မှုတစ်မျိုး ဖြစ်ပါတယ်။ဒီ Disc Buldge Pain ဟာ အနီးအနားက အာရုံကြောတွေ၊ တစ်ရှူးတွေဆီကိုပါ နာကျင်မှုဖြစ်ပွားစေပေမယ့် Discogenic Pain ကတော့ သူ့ရဲ့ အမှန်တကယ်ရှိတဲ့ Disc နေရာမှာပဲ နာကျင်စေတာဖြစ်ပါတယ်။ Disc ကနေ လာတဲ့ နာကျင်မှုဖြစ်တာကြောင့် ရောဂါခံစားရသူဟာ လှုပ်လိုက်တာနဲ့ နာနိုင်ပါတယ်။ Discogenic Pain ကိုတော့ ကျောအလည်မှာ ခံစားရပြီး Facet Pain နဲ့ နာကျင်ပုံခြင်း ဆင်ဆင်တူတာကြောင့် သေချာစွာ စစ်ဆေးဖို့လိုပါတယ်။ Facet Pain နဲ့ Disc Bulge Pain တို့လိုမျိုးပဲ discogenic pain ဟာ ဒဏ်ရာရရှိမှုကနေ စတင်ဖြစ်ပွားနိုင်ပြီးတော့ အကြောင်းရင်းကတော့ တည်ငြိမ်မှု မရှိခြင်းနဲ့ Bracing Muscles အားနည်းခြင်းကြောင့် ဖြစ်ပါတယ်။ခါးနာမှုကို ဖြစ်စေတဲ့ Bracing Muscles နှစ်မျိုးကတော့ gluteus bracing နဲ့ deep bracing muscles of the spine တို့ ဖြစ်ပါတယ်။Sacroiliac Joint Pain ကတော့ သူ့ နာမည်မှာပြောထားသလိုပဲ Sacroiliac Joint မှာ နာကျင်မှုဖြစ်ပါတယ်။ သူဟာ ကျောရိုးမက တင်ပါးဆုံကို ဆက်တဲ့နေရာမှာ တည်ရှိပါတယ်။ဒီအဆစ်ဟာ အရွတ်တွေနဲ့ ကာရံထားပြီး မလှုပ်ရှားနိုင်အောင် ပြုလုပ်ထားတာပါ။ ဒါပေမယ့် Bracing muscles အားနည်းတာကြောင့် ကျောရိုးမက ကောင်းကောင်းမတည်ငြိမ်ဘူးဆိုရင် ကိုယ်ခန္ဓါဟာ လမ်းလျှောက်ခြင်းကို ပုံစံတစ်မျိုးနဲ့ လျှောက်နိုင်ပါတယ်။ ဒီလိုလျှောက်ခြင်းဟာ ကျောရိုးမကိုတော့ ငြိမ်အောင်ထိန်းပေးနိုင်ပေမယ့် သူဟာ SI Joint ပတ်ပတ်လည်က အရွတ်တွေကို ဆွဲဆန့်သလိုဖြစ်ပြီး ပိုမိုအလုပ်လုပ်စေကာ နောက်ဆုံးမှာ အဆစ်ကို ငြိမ်အောင် မထိန်းနိုင်တော့ပါဘူး။ လှုပ်လိုက်တာနဲ့ နာကျင်မှု ဖြစ်ပေါ်နိုင်ပါတယ်။ SI Joint Pain တွေဟာ ခိုက်မိတာ (သို့) မျိုးရိုးဗီဇကြောင့် ဖြစ်ပွားနိုင်ပေမယ့် သူဟာ အဓိကအားဖြင့် Bracing muscle အားနည်းခြင်းက ဖြစ်စေတဲ့ နာတာရှည် ခါးနာတာတစ်မျိုး ဖြစ်ပါတယ်။တကယ်လို့လူနာတွေဟာ တိကျတဲ့ ရောဂါစစ်ဆေးမှုနဲ့ ကုသမှုကို မရရှိဘူးဆိုရင် နာတာရှည် ခါးနာခြင်းတွေဟာ ပိုဆိုးလာမှာပါ။ ဒါဟာနောက်တစ်ပြန် bracing muscles တွေကို အားနည်းစေပြီးတော့ ပိုမိုနာကျင်စေပါတယ်။ဒီအခြေအနေကို ရှောင်ကျဉ်ဖို့ ဆရာဝန်နဲ့ လူနာတွေဟာ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကို အတူစဉ်းစားသင့်ပါတယ်။ ခါးနာတာ ပိုပိုဆိုးလာတဲ့ အခြေအနေကနေ စပြီး စဉ်းစားသင့်ပါတယ်။ လူ့ကိုယ်ခန္ဓါတွေဟာ စက်ကိရိယာတွေ မဟုတ်တာကြောင့် အမြဲ ကောင်းကောင်းအလုပ်လုပ်အောင် ဂရုစိုက်ပေးသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%94%e1%80%ac%e1%80%90%e1%80%ac%e1%80%9b%e1%80%be%e1%80%8a%e1%80%ba%e1%80%81%e1%80%ab%e1%80%b8%e1%80%94%e1%80%ac%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%80%e1%80%bc%e1%80%b1/
လိင်ဆက်ဆံတဲ့ အိပ်မက်တွေ မက်တာ ဘာကြောင့်လဲ
အိပ်မက်ဆိုတာမျိုးက ကိုယ်ထိန်းချုပ်လို့ရတာ မဟုတ်တဲ့အတွက် သူမက်ချင်တာ မက်မှာပါ။ အိပ်မက်တွေက သိပ္ပံနယ်ပယ်မှာ ခုထက်ထိ ဖြေရှင်းရခက်တဲ့ ပုစ္ဆာတွေ ဖြစ်နေတုန်းပါပဲ။ အိပ်မက်ထဲမှာ ပျော်စရာတွေ၊ ဝမ်းနည်းစရာတွေ၊ ကြောက်စရာတွေ အကုန်ကြုံရနိုင်ပါတယ်။ ဒီလိုပဲ လိင်ဆက်ဆံတဲ့ အိပ်မက်တွေလည်း မက်တတ်ပါသေးတယ်။လူတစ်ယောက်က တစ်ညကို ၂နာရီလောက် အိပ်မက်တတ်ကြပါတယ်။ ဒါပေမယ့် အများစုက မမှတ်မိကြပါဘူး။ လိင်ဆက်ဆံတဲ့ အိပ်မက်တွေကလည်း ဒီအိပ်မက်တွေထဲက တစ်ခုပါပဲ။ လူတိုင်း မမက်တတ်ကြပေမယ့် မက်ကြတဲ့သူကလည်း မနည်းလှပါဘူး။လိင်ဆက်ဆံတဲ့ အိပ်မက်တွေနဲ့ ပတ်သက်ပြီး လေ့လာချက်တွေ ရှိနေပေမယ့် ဒါတွေက ဘာလို့မက်တာလဲ။ ဘာအဓိပ္ပာယ်လဲဆိုတာကိုတော့ သေချာမသိကြသေးပါဘူး။တချို့သီအိုရီတွေမှာ လူသားတွေ ဖြစ်ချင်တာကို မက်တယ်လို့ ပြောကြပါတယ်။ တချို့ကလည်း ဒါက ဦးနှောက်က သူသိမ်းထားတဲ့ မှတ်ဉာဏ်အပိုင်းအစတွေကို ဆက်ချင်သလို ဆက်တာ ဒါမှမဟုတ် ဖြစ်နိုင်တာတွေကို မက်ပြတာလို့ ဆိုပါတယ်။ တချို့ကျပြန်တော့လည်း ဒါက ခံစားနေရတဲ့စိတ်ဒဏ်ရာတွေ၊စိတ်ဖိစီးမှုတွေကို ကျော်လွန်ဖို့ ခန္ဓာကိုယ်က တုံ့ပြန်တဲ့ နည်းတစ်ခုလို့ ပြောကြပါတယ်။လိင်ဆက်ဆံတဲ့အိပ်မက်မယ်တယ်လို့ ဘယ်သူမှ ထုတ်ဖော်မပြောကြတဲ့အတွက် ကိုယ်ပဲ ဖြစ်နေတာလား။လိင်စိတ်တွေ တအားဖြစ်နေတာလားလို့ ထင်မိစရာ ရှိပါတယ်။လိင်ဆက်ဆံတဲ့ အိပ်မက်တွေ မက်တာက ပုံမှန်ပါ။ ၇၀%လောက်က ဘဝမှာ တစ်ခါလောက် လိင်ဆက်ဆံတဲ့ အိပ်မက်ကို မက်ဖူးကြပါတယ်။ အိပ်မက်ဆိုတဲ့အတိုင်း မက်ချင်ရာ မက်တာဖြစ်တဲ့အတွက် အိပ်မက်ထဲမှာ ကိုယ့်အထက်လူကြီး ဒါမှမဟုတ် ကိုယ့်သူငယ်ချင်းနဲ့ လိင်ဆက်ဆံတာကို မက်ချင်လည်း မက်မှာပါ။ ဒီလိုမက်လို့ သူတို့အပေါ်မှာ တစ်ခုခု ခံစားချက်ရှိနေတယ်လို့ ပြောလို့မရပါဘူး။ အိပ်မက်တွေကို ကိုယ်မှ ထိန်းချုပ်လို့မှ မရတာ။ဒီလိုအိပ်မက်တွေက ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေနဲ့ မက်တတ်တာ များပါတယ်။ ဒါကလည်း မထူးဆန်းပါဘူး။ ခဏခဏတွေ့တဲ့သူ၊ နေ့စဉ်ပြောဆိုဆက်ဆံနေတဲ့သူတွေက အိပ်မက်ထဲရောက်လာတတ်တာ သဘာဝပါပဲ။ဒါကြောင့် လိင်ဆက်ဆံတဲ့အိပ်မက်တွေ မက်တာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ပုံမှန်မဟုတ်ဘူးလို့ မထင်သင့်ပါဘူး။ပြင်ပမှာတော့ အိပ်မက်တွေနဲ့ ပတ်သက်ပြီး အစွဲတွေ၊ အယူတွေ ရှိနိုင်ပါတယ်။ သိပ္ပံပညာရပ်မှာတော့ လိင်ဆက်ဆံတဲ့အိပ်မက်တွေနဲ့ ပတ်သက်ပြီး လေ့လာနေဆဲပဲ ရှိပါတယ်။ ဒီလိုဖြစ်ရတာကလည်း အိပ်မက်တွေကို မက်တဲ့သူက ပြန်ပြောရတာဖြစ်ပြီး အများစုကလည်း သေသေချာချာ မမှတ်မိကြပါဘူး။ဒါကြောင့် လိင်ဆက်ဆံတဲ့ အိပ်မက်တွေက တစ်ခုခုကို ညွှန်းဆိုနေတယ်လို့ပြောဖို့ခက်ပါတယ်။အိပ်မက်ထဲမှာ လိင်ဆက်ဆံတာအပြင်နမ်းရှုံ့တာ၊အာသာဖြေတာ စတာတွေလည်း မက်တတ်ပါသေးတယ်။ အများစုမက်တတ်တဲ့ အိပ်မက်တွေကတော့။အတွဲရှိတဲ့သူတွေက လက်ရှိအတွဲ ဒါမှမဟုတ်  ရည်းစားဟောင်းနဲ့ အတူနေတာကို မက်တတ်ကြပါတယ်။ ဒါက လက်ရှိအချစ်ရေးနဲ့ ပတ်သက်ပြီး တစ်ခုခု ခံစားနေရတာ ဒါမှမဟုတ် ရည်းစားဟောင်းကို မမေ့နိုင်သေးတာလည်း ဖြစ်ပါတယ်။ FAလေးတွေရော ဘာတွေမက်ကြလဲ။ ဒီနေရာမှာ အတွဲမရှိတဲ့ FAလေးတွေကတော့ သူတို့ ဒိတ်လုပ်ထားတဲ့ သူတွေနဲ့ အတူနေတယ်လို့ မက်တာ ရှားပါတယ်တဲ့။ကိုယ်မသိတဲ့ သူစိမ်းနဲ့ အတူနေတယ်လို့ မက်တာကလည်း ဖြစ်တတ်ပါတယ်။ ဒါက ပုံမှန်လိင်စိတ်ပဲ ဖြစ်ပါတယ်။ ဒီလိုမက်လို့ ကိုယ့်ရဲ့ လက်ရှိအတွဲကိုဖောက်ပြန်ချင်တာ၊ ဖောက်ပြန်ဖို့ စိတ်ကူးနေတာလို့ ပြောလို့မရပါဘူး။အိပ်မက်ထဲမှာ ဖောက်ပြန်တာနဲ့ အပြင်မှာ ဖောက်ပြန်နိုင်တယ်လို့ သတ်မှတ်လို့ မရပါဘူး။ ဒီလို မက်ရတာာ လက်ရှိအတွဲကိုသဝန်တိုနေတာ ဒါမှမဟုတ်  အနေဝေးနေတာကြောင့် ဖြစ်နိုင်ပါတယ်။ကိုယ့်သူဌေး၊ အထက်အရာရှိနဲ့ အတူနေတယ်လို့ မက်တာက သူတို့နဲ့ နေ့တိုင်း အတူအလုပ်လုပ်နေရတာ၊ သူတို့ဆီက တစ်ခုခု ခွင့်ပြုချက်တောင်းစရာ ရှိတာ၊ သူတို့နဲ့ အလုပ်လုပ်ရတာ စိတ်ဖိစီးပြီး အချိန်တိုင်း သူတို့အကြောင်းပဲ တွေးနေရရင်ဖြစ်တတ်ပါတယ်တဲ့။ဒါတွေအပြင် ဆွေမျိုးသားချင်းနဲ့ အတူနေတာ၊လိင်တူဆက်ဆံတာ၊ လူအများကြီးနဲ့ ဆက်ဆံတာ စသဖြင့် မျိုးစုံမက်တတ်ပါသေးတယ်။ အိပ်မက်တွေက ထိန်းချုပ်လို့ မရတဲ့အတွက် သူမက်ချင်ရာ မက်မှာပါ။ ဒါတွေကို လက်တွေ့ဘဝထဲထိ ခေါ်လာပြီး မခံစားဖို့ လိုပါတယ်။အများစုက အကြာကြီးနေမှ တစ်ခါမက်တတ်ကြတဲ့အတွက် ပြီးရင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြပါတယ်။ ဒါပေမယ့် ခဏခဏမက်နေရင်၊ ဒီလို အိပ်မက်တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရရင် စိတ်ကျန်းမာရေးပညာရှင်နဲ့ ဆွေးနွေးသင့်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/why-you-have-sex-dreams/
Brachial plexus injury (လက်မောင်းနာ့ဗ်ကြောကွန်ရက် ထိခိုက်ဒဏ်ရာရခြင်း)
လက်မောင်းနာ့ဗ်ကြောကွန်ရက်ဆိုတာဟာ အာရုံကြောတွေ။စုထားတဲ့ကွန်ရက်တစ်ခုဖြစ်ပြီး ၎င်းက သင့်ကြောရိုးမကြီးက။နေ သင့်ပုခုံး၊လက်မောင်းနဲ့လက်တွေကို အချက်ပြခြင်းတွေ။လွှတ်တာဖြစ်ပါတယ်။ လက်မောင်းနာ့ဗ်ကြောကွန်ရက်ထိခိုက်ဒဏ်ရာရမှုဟာ အာရုံကြောတွေကို ဆွဲဆန့်သလိုဖြစ်ခြင်း။ဖိထားခြင်း ၊တအားဆိုးတဲ့အခြေအနေမျိုးကတော့ ကြောရိုး။မကြီးကနေ ဆုတ်ဖြဲခံရသလိုဖြစ်တဲ့အခါ မျိုးတွေဖြစ်ပါတယ်။သိပ်မဆိုးတဲ့ထိခိုက်ဒဏ်ရာရမှုတွေဖြစ်တဲ့ ဘောလုံးကစားရာ။မှာထိခိုက်တတ်တဲ့ ဟာမျိုးတွေမှာရတတ်ပါတယ်။ ကလေး။မွေးတဲ့အခါမှာလည်း ကလေးတွေကို မီးဖွားရင်းနဲ့ လက်မောင်းနာ့ဗ်ကြောကွန်ရက်ထိခိုက်နိုင်ပါတယ်။ တစ်ခြား။အခြေအနေတွေကတော့ အလုံးအကြိတ်ဖြစ်ခြင်း၊ ရောင်ခြင်း။တွေကနေ ဒီနာ့ဗ်ကြောတွေကို ဖိနိုင် ထိနိုင်ပါတယ်။အရမ်းဆိုးတဲ့ ထိခိုက်မှုမျိုးကတော့ ဆိုင်ကယ်၊ကားတို့ မတော်တဖြစ်မှုတွေကနေရတတ်ပါတယ်။ အရမ်းဆိုးတဲ့လက်။မောင်းနာ့ဗ်ကြောကွန်ရက်ထိခိုက်မှုက သင့်လက်မောင်းကို။အကြောသေသလိုဖြစ်စေပြီး အာရုံခံစားမှု နဲ့လုပ်ဆောင်မှုတွေမလုပ်နိုင်လောက်တဲ့အထိဖြစ်စေနိုင်ပါတယ်။ အာရုံကြောအစားထိုးခြင်း၊ အာရုံကြောလွှဲပြောင်းခြင်း သို့။မဟုတ် ကြွက်သားလွှဲပြောင်းခြင်း အစရှိတဲ့ခွဲစိတ်မှုနည်းလမ်း။တွေကနေပြီး ပုံမှန်လုပ်ဆောင်မှုရအောင်လုပ်နိုင်ပါတယ်။အခြားအချက်အလက်များသိရဖို့ သင့်ဆရာဝန်နှင့်တိုင်ပင်။ဆွေးနွေးပါ။လက်မောင်းနာ့ဗ်ကြောကွန်ရက်ထိခိုက်ခြင်းမှာတွေ့ရတဲ့။ရောဂါလက္ခဏာတွေက ဘာတွေလဲ။ဖြစ်တဲ့နေရာရယ် ပြင်းထန်မှုရယ်ပေါ်ကို မူတည်ပြီး ပြသတဲ့။ရောဂါလက္ခဏာတွေကလည်း အများကြီးပါပဲ။ များသော။အားဖြင့်ကတော့ လက်မောင်းတစ်ဖက်တည်းသာ ထိခိုက်ပါ။တယ်။သိပ်မဆိုးတဲ့ ထိခိုက်ဒဏ်ရာရခြင်း။ဘောလုံးကန်တဲ့အခါ သို့မဟုတ် နပန်းကစားတဲ့အခါမှာ လက်မောင်းနာဗ့်ကြောတွေကို ဆွဲဆန့်သလိုဖြစ်ပြီး သို့မဟုတ်ဖိလိုက်သလိုဖြစ်ပြီးအသေးစားထိခိုက်မှုလေးတွေ။ဖြစ်တတ်ပါတယ်။ တစ်ခုခုနဲ့ထိုးလိုက်သလို ကျင်သွားခြင်း။သို့မဟုတ် မီးနဲ့ထိုးသလိုဖြစ်ခြင်းမျိုးခံစားရပါမယ်။ နောက်ပြီး။အောက်မှာပြောပြမယ့် ရောဂါလက္ခဏာတွေ ဖြစ်နိုင်ပါမယ်။-ဓါတ်လိုက်သလိုဖြစ်သွားခြင်း သို့မဟုတ် လက်မောင်းကို မီးရှို့လိုက်သလို ခံစားချက်မျ ိုးရတတ်ပါတယ်။-လက်မောင်းမှာ ထုံကျင်တာ အားနည်းတာမျိုး ခံစားရတတ်ပါတယ်။ဒီရောဂါလက္ခဏာတွေကများသောအားဖြင့် မိနစ်အနည်းငယ် သို့မဟုတ် second ပိုင်းသာကြာတတ်ပါ။တယ်။ သို့သော် တစ်ခြားလူတွေမျာတော့ ရက်တွေအများကြီး။ထိကြာနေတတ်တာမျိုးရှိပါတယ်။ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာရမှု။ပြင်းထန်တဲ့လက္ခဏာတွေကတော့ အရမ်းဆိုးတဲ့ထိခိုက်ဒဏ်။ရာရခြင်း သို့်မဟုတ် အာရုံကြော စုတ်ပြဲခြင်းတွေမှာ ရတတ်။ပါတယ်။ အပြင်းထန်ဆုံး လက်မောင်းနာဗ့်ကြောကွန်ရက်။ထိခိုက်မှုဟာ အာရုံကြောမကြီးကနေ အာရုံကြော အမြစ်က။ဆွဲလှန်သလို ဖြစ်ပြီး စုတ်ပြဲသွားရင် ဖြစ်တတ်ပါတယ်။တစ်ခြား ပိုဆိုးတဲ့ ရောဂါလက္ခဏာတွေကတော့။-သင့်လက်၊လက်မောင်းနဲ့ ပုခုံးမှာရှိတဲ့ကြွက်သားတွေ အသုံး။ပြ ုတဲ့အခါမှာ အားနည်းခြင်း ၊မလှုပ်ရှားနိုင်ခြင်း။-သင့်လက်မောင်းကို လုံးဝမလှုပ်ရှားနိုင်ခြင်း၊ခံစားမှုမရှိခြင်း။-အရမ်းနာခြင်း။(အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)။သင့်မှာအောက်ကပြောတဲ့ဟာတွေရှိပါက သင့်ဆရာဝန်နဲ့။ဆက်သွယ်ပါ။-ပူတာ ကျင်တာတွေ ခဏခဏ ပြန်ဖြစ်နေရင်။-လက်နဲ့လက်မောင်းမှာ အားပျော့သလိုဖြစ်ရင်။-ဒဏ်ရာရပြီးနောက် သင့်လက်မောင်းအစိတ်အပိုင်းတစ်ခုခု။မှာအားနည်းသလိုဖြစ်ရင်။-ဒဏ်ရာရပြီးနောက် လက်က လုံးဝပျော့ခွေနေရင်။-လည်ပင်းနာရင်။-လက်မောင်းနှစ်ဖက်လုံးမှာ ရောဂါလက္ခဏာတွေပြရင်။-ခြေတွေလက်တွေအားလုံးမှာ ရောဂါလက္ခဏာတွေပြရင်။ထိခိုက်ဒဏ်ရာရပြီး ၆လမှ ၇လအတွင်းမှာ ကုသမှုခံယူဖို့အရေးကြီးပါတယ်။ ကုသမှုခံယူဖို့နှောင့်နှေးနေပါ။က အာရုံကြောခွဲစိတ်မှုတွေမှာရလာဒ်မကောင်းတာတွေဖြစ်။စေတတ်ပါတယ်။လက်မောင်းနာဗ့်ကြောကွန်ရက်ကို ဖွဲ့စည်းထားတဲ့အပေါ်ပိုင်း။နာ့ဗ်ကြောတွေထိခိုက်မှုဟာ သင့်ပုခုံးကို အားနဲ့ဖိထားသလို။ဖြစ်ပြီးသင့်လည်ပင်းက အပေါ်ကိုမော့နေတဲ့အချိန်မှာ ရတတ်ပါတယ်။ အောက်ပိုင်းနာ့ဗ်ကြောကိုထိခိုက်မှုကတော့။သင့်လက်မောင်းတွေကို အားနဲ့အပေါ်ကိုမြှောက်စေသလိုဖြစ်တဲ့အခါရတတ်ပါတယ်။ ဒီလိုဒဏ်ရာတွေဟာ နည်းမျိုးစုံနဲ့ရနိုင်ပါတယ်။၎င်းတို့ကတော့။-ထိမိတဲ့ အားကစားနည်းမျိုး။ ဘောလုံးအားကစားသမား။တော်တော်များများဟာ အချင်းချင်း တိုက်မိကြပြီး အာရုံကြောတွေကိုဆွဲဆန့်သလိုဖြစ်ပြီး ထုံတာကျင်တာမျိုး။လက်မောင်းနာဗ့်ကြောထိခိုက်တာတွေခံစားရတတ်ပါတယ်။-မီးဖွားရခက်ခဲခြင်း။ မွေးကင်းစကလေးတွေဟာ မွေးဖွားချိန်။ခက်ခဲပါက လက်မောင်းနာဗ့်ကြောကွန်ရက်ထိခိုက်မှုဖြစ်။တတ်ပါတယ်။ မီးဖွားရခက်တဲ့အခြေအနေတွေကတော့ မီးဖွား။ချိန်ကြာခြင်း ဒါမဟုတ် တင်ပဆုံဖွားဖြစ်ခြင်းတို့ဖြစ်ကြပါ။တယ်။ တကယ်လို့ မွေးဖွားစကလေးငယ်ရဲ့ပုခုံးဟာ မီးဖွားတဲ့။လမ်းကြောင်းမှာတစ်နေတယ်ဆိုပါက လက်မောင်းနာ့ဗ်။ကြော ကွန်ရက် ထိခိုက်မှု ပိုဖြစ်နိုင်ပါတယ်။ အပေါ်ပိုင်းက အာရုံကြောတွေကို ထိခိုက်မှုဖြစ်တာကိုတော့ Erb’s palsy။လို့ခေါ်ပတယ်။ အပေါ်ပိုင်းကော အောက်ပိုင်း အာရုံကြောတွေပါ ထိခိုက်ဒဏ်ရာရခဲ့ပါက လက်မောင်းနာ့ဗ်။ကြောကွန်ရက်ကို လုံးဝထိခိုက်ခြင်းဖြစ်နိုင်ပါတယ်။-အရမ်းပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရခြင်း-စက်တပ်ယာဉ် မတော်တဆထိခိုက်မှု၊ မော်တော်ဆိုင်ကယ် မတော်တဆထိ။ခိုက်မှု၊ပြ ုကျခြင်း သို့မဟုတ် ကျည်ဆံဒဏ်ရာသင့်မှုတွေ။ကြောင့်လည်း လက်မောင်းနာ့ဗ်ကြော ကွန်ရက် ထိခိုက်မှု။တွေဖြစ်စေပါတယ်။-ရောင်ရမ်းခြင်းကနေလည်း လက်မောင်းနာ့ဗ်ကြောကွန်ရက်။ထိခိုက်မှုကို ဖြစ်စေနိုင်ပါတယ်။ အရမ်းရှားတဲ့အခြေအနေ တစ်ခုဖြစ်တဲ့ Parsonage-Turner syndrome လို့ခေါ်တဲ့။လက်မောင်းနာ့ဗ်ကြောရောင်ခြင်းဟာ ဘာထိခိုက်ဒဏ်ရာရ။တာမှ မရှိပဲ လက်မောင်းက ကြွက်သားတွေ ပျော့ခွေပြီး အသုံးပြ ုမရတဲ့ထိဖြစ်စေတတ်ပါတယ်။-ကင်ဆာမဟုတ်သော အကြိတ်များ၊ သို့မဟုတ် ကင်ဆာ အကြိတ်များဟာ လက်မောင်းနာ့ဗ်ကြောတွေမှာ ကြီးထွားမှု။ဖြစ်စေတာ သို့မဟုတ် ဖိအား များစေတာတွေ ဖြစ်စေတာကြောင့် လက်မောင်းနာ့ဗ်ကြောထိခိုက်မှုကို ဖြစ်စေတာပါ။-ဓါတ်ရောင်ခြည်ပြပြီးကုသမှုပေးခြင်း။ ဓါတ်ရောင်ခြည် ပြပြီး ကုသမှုပေးခြင်းတွေကလည်း လက်မောင်းနာ့ဗ်ကြော ကွန်ရက်ထိခိုက်မှုကို ဖြစ်စေပါတယ်။လက်မောင်းနာ့ဗ်ကြော ကွန်ရက်ထိခိုက်မှုကို ဘယ်အချက်တွေက ပိုပြီးအန္တရာယ်ဖြစ်စေသလဲ။အချက်တွေအများကြီးရှိပါတယ်။၎င်းတို့ကတော့။-ထိမိတိုက်မိနိုင်တဲ့ အားကစားတွေမှာ ပါဝင်ဆောင်ရွက်ခြင်း။အထူးသဖြင့် နပမ်းသတ်ခြင်း၊ ဘောလုံးကန်ခြင်း။-အရှိန်များတဲ့ မတော်တဆမှုမှာ ပါဝင်ခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်အခြေအနေကို ရောဂါရှာအမည်တပ်နိုင်ဖို့ သင့်ဆရာဝန်။က သင့်ရဲ့ရောဂါလက္ခဏာတွေကိုကြည့်ပါမယ် ပြီးတော့ စမ်းသပ် စစ်ဆေးမှုပြ ုလုပ်ပါမယ်။ထိခိုက်မှုက ဘယ်လောက်ပြင်းထန်လဲ ဆိုတာကိုမူတည်ပြီး။အောက်ပါ စမ်းသပ်မှုတစ်ခု သို့မဟုတ် တစ်ခုထက်ပိုတာတွေ။ကိုလည်း စမ်းသပ်ပါလိမ့်မယ်။-Electromyography (EMG) ဒီနည်းကတော့ အပ်ပါတဲ့ လျှပ်စစ် ခေါင်း electrode လေးကို သင့်အရေပြားထဲကို ထိုး။ထည့်ပြီး ကြွက်သားတွေကို စမ်းသပ်တာဖြစ်ပါတယ်။ ဒီစမ်း။သပ်မှုကတော့ ကြွက်သားတွေ ဟာ ကျုံနိုင်စွမ်းရှိလားဆို။တာကို လျှပ်စစ်သုံးပြီးစမ်းသပ်တာဖြစ်ပါတယ်။ လျှပ်စစ်ခေါင်း။လေးတွေထည့်တဲ့အချိန်မှာတော့ နည်းနည်းနာတာမျိုး ဖြစ်။တတ်ပေမယ့် လူတော်တော်များများကတော့ စမ်းသပ်နည်း။တစ်ခုလုံးပြီးတဲ့ထိ တအား ခက်ခဲမှုမရှိပဲပြီးအောင် စမ်းသပ်ခံ။နိုင်ကြပါတယ်။-nerve conduction study ။ ဒီနည်းကတော့ EMG ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ပြီး သင့်ရဲ့အာရုံကြောထဲကို လျှပ်စီးကြောင်းအသေးစားတစ်ခုဖြတ်စီးစေပြီး သင့်အာရုံကြောတွေ ကောင်းကောင်းအလုပ်လုပ်လား ဆိုတာကို ကြည့်တာပါ။-MRI ရိုက်ခြင်း။ ဒီနည်းကတော့ အားပြင်းတဲ့ သံလိုက်ဓါတ်နဲ့။ရေဒီယိုလှိုင်းတွေကိုအသုံးပြ ုပြီး သင့်ခန္ဓါကိုယ်ကို ရှုထောင့်။မျိုးစုံကနေကြည့်တာပါ။ လက်မောင်းနာ့ဗ်ကြောကွန်ရက်ထိ။ခိုက်မှုဘယ်လောက်ထိပြင်းထန်လဲဆိုတာရယ် နောက်ပြီးလက်အတွက်အရေးကြီးတဲ့သွေးကြောတွေ ဘယ်လောက်ထိခိုက်ပျက်စီးသွားလဲဆိုတာတွေကိုပါကြည့်နိုင်ပါတယ်။ နည်းလမ်းအသစ်တစ်ခုအနေနဲ့ကတော့ ပုံဖော်အားပိုကောင်းတဲ့ MRI နည်းလမ်းတစ်ခုဖြစ်တဲ့ Magnetic resonance neurography ကိုလည်း အသုံးပြ ုလို့ရပါတယ်။-CT ရိုက်ခြင်း၊ ဒီနည်းလမ်းကတော့ ဓါတ်မှန်တွေအချပ်။ပေါင်းများစွာပုံဖော်ကြည့်ခြင်းနဲ့ သင့်ခန္ဓါကိုယ်ရဲ့ပုံရိပ်တွေကို။ကြည့်ရတဲ့နည်းလမ်းပါ။CT Myelography ကတော့ ပုံရိပ်။ဖော်ဆေး သုံးပြီး သင့်ရဲ့ အာရုံကြောမကြီးတစ်လျှောက်ရယ်နောက်ပြီး အာရုံကြောအမြစ်တွေရယ်ကို CT သုံးပြီး ရိုက်ခြင်းဖြစ်ပါ။တယ်။ ဒီနည်းလမ်းကတော့ MRI ရိုက်ပြီး လုံလောက်တဲ့အ။ဖြေမရမှပဲ သုံးကြလေ့ရှိပါတယ်။-တကယ်လို့သင့်ဆရာဝန်က သင့်လက်မောင်းကို သွားတဲ့။သွေးကြောတွေထိခိုက်တယ်လို့ သံသယရှိရင်တော့ သွေးကြောပေါ်အောင်ရိုက်ရတဲ့ပုံရိပ်ဖော်နည်း Angiogram ကို သုံးပါတယ်။ ဒီနည်းကတော့ သင့်သွေးကြောထဲကနေ ပုံ။ရိပ်ဖော်ဆေးတစ်ခုခုသုံးပြီး သင့်သွေးကြောတွေရဲ့အခြေအ။နေကို ကြည့်ရှုခြင်းဖြစ်ပါတယ်။ ဒီအချက်အလက်ကတော့ သင့်ကို ခွဲစိတ်မှုလုပ်ဖို့ပြင်တဲ့အခါ အရေးကြီးတဲ့နေရာကပါ။ဝင်ပါတယ်။ကုသမှုကတော့ အချက်တွေအများကြီးအပေါ်မှာမူတည်ပါတယ်။ ၎င်းတို့ကတော့ ထိခိုက်မှုရဲ့ ပြင်းထန်မှု၊ဘယ်လိုပုံစံထိခိုက်လဲဆိုတာရယ်၊ထိခိုက်မှုဖြစ်ပြီး။အချိန်ဘယ်လောက်ကြာသွားပြီလဲဆိုတာရယ် တစ်ခြား ကိုယ့်မှာရှိပြီးသား ရောဂါအခြေအနေတွေရယ်ပေါ်မူတည်။ပါတယ်။အနည်းငယ်သာဆွဲဆန့်ခံရတဲ့အာရုံကြောတွေဆိုပါက အများ။ကြီးကုသမှုပေးစရာမလိုပဲ ပြန်ကောင်းတတ်ပါတယ်။သင့်ဆရာဝန်ကသင့်ရဲ့အဆစ်တွေ၊ကြွက်သားတွေကောင်းကောင်းအလုပ်လုပ်အောင်ရယ် လှုပ်ရှားမှုကို သေချာထိန်းသိမ်းနိုင်အောင်။ရယ်၊အဆစ်တွေတောင့်တာကို ကာကွယ်နိုင်အောင်ရယ် လေ့ကျင့်ခန်းလုပ်ဖို့အကြံပေးပါလိမ့်မယ်။အနာကပြန်ကျက်သွားတဲ့အခါ အမာရွတ်တစ်ရှုးတွေဖြစ်ကျန်။ခဲ့တာတွေကို ခွဲစိတ်ပြီးဖယ်ရှားခြင်းနဲ့ အာရုံကြော လုပ်ငန်း။တွေပြန်ကောင်းလာအောင်လုပ်ရပါတယ်။ ခွဲစိတ်ပြီးပြန်ပြ ုပြင်။ရတာကတော့ အာရုံကြောတစ်ဝိုက်မှာ အမာရွတ်တစ်ရှုးတွေ။တအားများနေရင် ဒါမှမဟုတ် စုတ်ပြဲသွားတာမျိုးတွေမှာ လိုအပ်တတ်ပါတယ်။လက်မောင်းနာ့ဗ်ကြောကွန်ရက် ထိခိုက်ဒဏ်ရာရပြီး ခြောက်လမှ ၇လအတွင်းမျာ ခွဲစိတ်ပြီးပြန်ပြ ုပြင်ဖို့လိုပါက ပြ ုပြင်သင့်ပါတယ်။ တကယ်လို့ အာရုံကြောထိခိုက်မှုက ၆လမှ ၇လထက်ကျော်သွားပါက ကြွက်သားတွေက သူတို့ရဲ့ပုံမှန်။လုပ်ငန်းတွေပြန်လုပ်နိုင်ဖို့ခက်သွားပါပြီး။အာရုံကြောအစားထိုးခြင်း။ ဒီနည်းလမ်းမှာတော့ ပျက်စီးနေတဲ့။လက်မောင်းနာ့ဗ်ကြောမကြီးကို ဖယ်ရှားလိုက်ပြီး သင့်ရဲ့ခန္ဓါ။ကိုယ်ရဲ့တစ်ခြားအစိတ်အပိုင်းတွေကနေ ပွားထားတဲ့အာရုံ။ကြောကို ယူပြီးအစားထိုးခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းက။တော့ သင့်ရဲ့လက်မောင်း လှုပ်ရှားမှု လုပ်ငန်းများကို ပြန်ကောင်းအောင် ကူညီနိုင်မှာပါ။အာရုံကြောလွှဲခြင်း၊။တကယ်လို့ အာရုံကြောက အာရုံကြောမကြီးကနေ ဆွဲဖြဲခြင်းခံလိုက်ရမယ်ဆိုပါက ခွဲစိတ်ဆရာဝန်က အာရုံကြောမကြီးကနေ ဆက်တွဲနေသေးတဲ့ သိပ်အရေးမ။ကြီးတဲ့ အာရုံကြောကိုယူလိုက်ပြီး ခုနက ပြတ်သွားတဲ့ အာရုံ။ကြောမကြီးနဲ့မဆက်တော့တဲ့ နာ့ဗ်ကို နှစ်ခုတွဲဆက်ပေးလိုက်။ခြင်းဖြစ်ပါတယ်။ တစ်ခါတစ်လေမှာတော့ ခွဲစိတ်ဆရာဝန်က။အာရုံကြောဆက်ခြင်းနဲ့ အာရုံကြောအစားထိုးခြင်းကို ပူးပေါင်းလုပ်ဆောင်ပေးတာလည်းရှိပါတယ်။အာရုံကြောတစ်ရှုးတွေဟာ တစ်လကို လက်မဝက် လောက်သာကြီးထွားပါတယ်။ အဲ့ဒါကြောင့် ခွဲစိတ်မှုရဲ့ အကျိုး။ကိုအပြည့်အဝရဖို့ကတော့ နှစ်များစွာကြာတတ်ပါတယ်။ နာ။လန်ထတဲ့အချိန်မှာ သင်က သင့်အဆစ်တွေကို ပျော့ပျောင်း။အောင်လှုပ်ရှားရလွယ်အောင် လေ့ကျင့်ခန်းတွေလုပ်ရပါမယ်။သင့်လက်မောင်းနဲ့လက်တွေအတွင်းကို ကောက်မသွား။အောင် လိုအပ်ရင်ကျောက်ပတ်တီးစည်းတာ လုပ်ရပါမယ်။ကြွက်သားလွှဲပြောင်းခြင်း၊ကြွက်သားအစားထိုးခြင်း၊။ဒီနည်းကတော့ သင့်ခွဲစိတ်ဆရာဝန်က သင့်ခန္ဓါကိုယ်ရဲ့ သိပ်။အရေးမကြီးတဲ့ နေရာက ဥပမာ ပေါင်လို နေရာကကြွက်သား။ကို ဖယ်ထုတ်ယူလိုက်ပြီး သင့်လက်မောင်းမှာကပ်ပေးခြင်း၊။ကြွက်သားအချင်းချင်း၊ အာရုံကြောအချင်းချင်း၊ သွေးကြော။အချင်းချင်း ကပ်ပေးခြင်းတို့ပြ ုလုပ်ပေးခြင်းဖြစ်ပါတယ်။အနာသက်သာအောင်ကုသပေးခြင်း။နာကျင်မှုကတော့ ပြောမပြနိုင်အောင်နာခြင်း၊ကြိတ်ချေလိုက်။သလိုနာကျင်သောခံစားမှုမျိုး သို့မဟုတ် မီးလောင်သလို နာကျင်မှုမျိုးကိုခံစားရတတ်ပါတယ်။ အစပိုင်းမှာတော့ မူးယစ်။ဆေးဝါးပါတဲ့ဆေးတွေကိုပေးရပါတယ်။ သို့သော်နောက်ပိုင်း။မှာတော့ သင့်အနာသက်သာလာမှုအပေါ်မူတည်ပြီးဆေး။တွေပြန်ပြီးပြောင်းပေးရပါတယ်။လက်မောင်းနာ့ဗ်ကြောထိခိုက်မှုမှာ သက်သာအောင်ကူညီ။ပေးနိုင်မယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံး။တွေက ဘာတွေလဲ။အခြားအချက်အလက်တွေသိရဖို့သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။(တကယ်လို့ သင့်ဆီမှာမေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံးအဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/peripheral-nervous-system-disorders/brachial-plexus-injury-%e1%80%9c%e1%80%80%e1%80%ba%e1%80%99%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%ac%e1%80%b7%e1%80%97%e1%80%ba%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%80/
Connective Tissue Disease (ချိတ်ဆက်တစ်ရှူးရောဂါ )
Connective tissue disease ဆိုတာ ခန္ဓါကိုယ် တည်ဆောက်ရာမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ရာတွင် လိုအပ်သော ခန္ဓါကိုယ် အစိတ်အပိုင်းများကို သက်ရောက်မှုရှိတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ Connective tissue တွေမှာ Collagen ကိုလဂျင် နှင့် Elastin အီလတ်စတင် ဆိုပြီး ပရိုတင်း (၂)မျိုးနှင့် တည်ဆောက်ထားတာပါ။Collagen ဆိုတာ အရွတ်၊ အရေပြား၊ မျက်ကြည်လွှာ၊ အရိုးနု၊ အရိုးနှင့် သွေးကြောများမှာ တွေ့ရတဲ့ ပရိုတင်း (၁)မျိုး ဖြစ်ပါတယ်။ Elastin ဆိုတာ သားရေကွင်းနှင့်တူသော ဆွဲဆန့်လို့ရတဲ့ ပရိုတင်း (၁)မျိုးဖြစ်ပြီး အရွတ်များနှင့် အရေပြားမှာ အဓိကပါဝင်တဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။လူနာတစ်ယောက်မှာ Connective tissue ရောဂါရှိပြီဆိုရင် Collagen နှင့် Elastin ပရိုတင်းများကို ရောင်ရမ်းစေပါတယ်။ ဒါကြောင့် ၎င်းတို့နှင့် ဖွဲ့စည်းတည်ဆောက်ထားတဲ့ ခန္ဓါကိုယ် အစိတ်အပိုင်းများနှင့် ပရိုတင်းများကိုလည်း အန္တရာယ်ဖြစ်စေပါတယ်။Rheumatoid arthritis ခေါ် အဆစ်အမြစ်ရောင် လေးဘက်နာ ရောဂါဟာ အမျိုးသားများမှာထက် အမျိုးသမီးများမှာ ပိုမိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။Scleroderma ဟာ အမျိုးသမီးများမှာ အမျိုးသားများထက် (၃)ဆပိုမိုအဖြစ်များပြီး ကိုယ်ဝန်ဆောင်နိုင်ချိန်၊ ကလေးမွေးဖွားနိုင်တဲ့ အသက်အရွယ်ရှိတဲ့ အမျိုးသမီးများမှာ (၁၅)ဆ ပိုမိုဖြစ်တတ်ပါတယ်။Systemic Lupus erythematous ခေါ် သွေးလေးဖက်နာရောဂါဟာ အမျိုးသားများထက် အမျိုးသမီးများမှာ (၉)ဆ ပိုမိုအဖြစ်များပါတယ်။Connective tissue ရောဂါတွေဟာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များ ထပ်မံသိရှိနိုင်ဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Connective tissue ရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာကတော့ ပင်ပန်းနွမ်းနယ်နှုံးချိနေခြင်း ဖြစ်ပါတယ်။ Connective tissue ရောဂါအမျိုးအစားများနှင့် ရောဂါကြွနေချိန်ပေါ် မူတည်ပြီး ရောဂါလက္ခဏာများစွာ ရှိပါတယ်။ ဖျားနာခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ အဆစ်များနာကျင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် အခြားသော ရောဂါလက္ခဏာများ ဖြစ်ပါတယ်။Rheumatoid arthritis ခေါ် အဆစ်အမြစ်ရောင်ရောဂါမှာ တွေ့ရတဲ့ ရောဂါလက္ခဏာများကတော့။Scleroderma ရောဂါမှာ တွေ့ရတဲ့ ရောဂါလက္ခဏာများကတော့။Systemic lupus erythemotosus (SLE) ခေါ် သွေးလေးဖက်နာရောဂါမှာ တွေ့ရတဲ့ ရောဂါလက္ခဏာများကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။Connective tissue ရောဂါအများစုကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများကို တိတိကျကျ မသိရှိသေးပါ။ သို့သော်လည်း Connective tissue ရောဂါများကို ဖြစ်ပွားစေတယ်လို့ ထင်ရတဲ့ မျိုးရိုးဗီဇ ပုံစံများရှိပါတယ်။အများအားဖြင့် Connective tissue ရောဂါများဟာ မျိုးရိုးဗီဇလက္ခဏာများနှင့် ပတ်ဝန်းကျင်မှ ဖြစ်စေတဲ့အကြောင်းအရာများ ပေါင်းစည်းပြီး ဖြစ်ပွားတယ်လို့ ယူဆကြပါတယ်။Connective tissue ရောဂါရဲ့လက္ခဏာများကို ပိုမိုဖြစ်ပွားစေတဲ့ အကြောင်းအရာများကတော့။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။တစ်ခါတစ်ရံဆရာဝန်များ ခန္ဓါကိုယ် စမ်းသပ်စစ်ဆေးခြင်းကြောင့် Connective tissue ရောဂါကို တွေ့ရှိတာမျိုးလည်း ရှိပါတယ်။ များသောအားဖြင့် သွေးဖောက်စစ်ခြင်း၊ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းနှင့် အခြားသောရောဂါ ရှာဖွေစစ်ဆေးမှုများဖြင့် Connective tissue ရောဂါ ဟုတ်မဟုတ် သိရှိနိုင်ပါတယ်။Rheumatoid arthritis ခေါ်အဆစ်အမြစ်ရောင်ရောဂါ။ဆေးဝါးများ။ကုထုံးများ။အဆစ်အမြစ်များအသုံးပြုပြီး နေ့စဉ်လှုပ်ရှားမှုများကို လွယ်ကူစေမယ့် နည်းလမ်းများကို ကုထုံးပညာရှင်က လမ်းညွှန်ပြသပေးမှာ ဖြစ်ပါတယ်။ခွဲစိတ်ကုသခြင်း။ဆေးဝါးများနှင့် ကုသလို့မရခဲ့လျှင် ပျက်စီးနေသော အဆစ်အမြစ်များကို ပြန်လည်ပြုပြင်ပေးနိုင်တဲ့ ခွဲစိတ်ကုသမှုများကို ဆရာဝန်က စဉ်းစားပြသပေးမှာ ဖြစ်ပါတယ်။ ခွဲစိတ်ကုသခြင်းဖြင့် အဆစ်အမြစ်များကို ပြန်လည်အသုံးပြုနိုင်တဲ့ စွမ်းရည်ကို ပြန်လည်ပိုင်ဆိုင်နိုင်ပါတယ်။ ခွဲစိတ်ကုသခြင်းဖြင့် နာကျင်ခြင်းနှင့် ပုံပန်းသဏ္ဍာန်ပျက်စီးမှုများကို လျော့ကျစေပါတယ်။အခြားသော ကုထုံးများ။အဆစ်အမြစ်ရောင်ရောဂါအတွက် အခြားသော ကုထုံးများမှာ ငါးကြီးဆီ၊ သစ်ဥသစ်ဖုမှ ရရှိသော အဆီများနှင့် ထိုင်ချီ ကစားခြင်းတို့ ဖြစ်ပါတယ်။Scleroderma။ဆေးဝါးများ။ကုထုံးများ။ကိုယ်ကာယ ကုထုံးပညာရှင်များက သင့်ကို။နာကျင်မှုကို စီမံခြင်း၊ ခံနိုင်ရည်စွမ်းရည်နှင့် လှုပ်ရှားမှုစွမ်းရည်တို့ကို မြှင့်တင်ပေးခြင်းနှင့်။နေ့စဉ်လုပ်ငန်းဆောင်တာများကို တစ်ကိုယ်ရည်တစ်ကိုယ်ရ လုပ်ဆောင်စေနိုင်ခြင်း တို့ကို ကူညီပေးနိုင်ပါတယ်။ခွဲစိတ်ကုသခြင်း။Scleroderma ရောဂါရဲ့ နောက်ဆက်တွဲ ပြဿနာများကို ဖြေရှင်းပေးနိုင်တဲ့ ခွဲစိတ်ကုသမှုများကတော့။Systemic Lupus crythemaosus ခေါ် သွေးလေးဖက်နာရောဂါ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Connective tissue ရောဂါကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။Rheumatoid arthritis ခေါ် အဆစ်အမြစ်ရောင်ရောဂါ။Scleroderma။Systemic Lupus crythematosus (SLE) ခေါ် သွေးလေးဖက်နာရောဂါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/connective-tissue-disease-%e1%80%81%e1%80%ba%e1%80%ad%e1%80%90%e1%80%b9%e1%80%86%e1%80%80%e1%80%b9%e1%80%90%e1%80%85%e1%80%b9%e1%80%9b%e1%80%bd%e1%80%b4%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82/
သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့
သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ လို့ ပြောရတဲ့ အကြောင်းအရင်းလေးကို ရှင်းပြချင်ပါတယ်။ ဒီအကြောင်းလေးကို ပြောဖို့စိတ်ဖိစီးမှုကနှလုံးကို ဘယ်လို ထိခိုက်စေလဲဆိုတဲ့ အကြောင်းကနေ စလိုက်ကြရအောင်နော်။စိတ်ဖိစီးမှုတွေ များလာတာကသွေးပေါင်ချိန်တွေတက်လာတာ [သွေးတက်တာပါ]၊သွေးတိုးတာ၊ နှလုံးခုန် မြန်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ခဏခဏ စိတ်ဖိစီးမယ်၊ ကြာရှည်စိတ်ဖိစီးမယ်ဆိုရင် ဓာတ်တိုးပစ္စည်းတွေထွက်ပြီး သွေးကြောတွေ ထိခိုက်ပျက်စီးတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှု များလေလေ နှလုံးထိခိုက်နိုင်ခြေ များလေလေပါ။စိတ်ဖိစီးမှုတွေကို ကာလရှည်ကြာ ခံစားနေရခြင်းက နှလုံးရောဂါ၊ လေဖြတ်တာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ အစားတွေ အလွန်အကျွံစားတာ၊မူးယစ်ဆေးသုံးတာ၊ လှုပ်ရှားမှု မရှိတာတွေလိုမျိုး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အပြုမူတွေကိုပါ တွဲဖက်လုပ်ဆောင်မိရင်တော့ နှလုံးကျန်းမာရေးကို ပိုထိခိုက်စေမှာပါ။နောက်တစ်ချက်ကစားသောက်မှုပုံစံပြောင်းလဲသွားတာပါ။ စိတ်ဖိစီးမှုကြောင့် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားရမယ့်အစား အမြန်စား၊ အသင့်စား အစားအစာတွေ စားတာ၊ အချိုများတာတွေ စားတာ၊ အဆီများတာတွေစားတာက သွေးတက်စေနိုင်သလို ဆီးချိုဖြစ်စေဖို့လည်း အားပေးနေပါတယ်။ဒီလို စားသုံးမှုတွေက သွေးကြောတွေကို ပျက်စီးစေပြီး ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟောတွေ အလွန်အကျွံသောက်တာ၊ ဆေးလိပ်သောက်တာတွေကလည်းနှလုံးသွေးကြော နံရံတွေကို ပျက်စီးစေနိုင်ပါတယ်။စိတ်ဖိစီးမှုတွေ ဖြစ်တဲ့အခါ နှလုံးကျန်းမာရေးကို ထိခိုက်စေတာ အပါအဝင်စိတ်ဓာတ်ကျတာကိုပါ ဖြစ်လာစေပါတယ်။ စိတ်ဓာတ်ကျတာက နှလုံးရောဂါကို ဖြစ်စေနိုင်ပါတယ်။အကြောင်းကတော့ စိတ်ဓာတ်ကျတာ အချိန်ကြာမြင့်လာတဲ့အခါ ကိုယ်တွင်းမှာ နှလုံးကို ထိခိုက်စေနိုင်တဲ့ ကော်တီစော နဲ့အက်ဒရီနယ်လင်ဟော်မုန်းတွေ ထွက်ရှိမှု များလာပါတယ်။ အန္တရာယ် ဖြစ်စေနိုင်လောက်တဲ့အထိ များလာတာပါ။ဒီလို ဟော်မုန်းတွေ များလာတာက ရင်ဘတ်အောင့်တာ နဲ့ အသက်ရှူရ ပြတ်တောင်းပြတ်တောင်း ဖြစ်တာလိုမျိုး ရုတ်တရက်နှလုံးရပ်တာရဲ့ လက္ခဏာတွေကို ခံစားရစေပြီး ရုတ်တရက် နှလုံးရပ်စေနိုင်ပါတယ်။ကိုယ်တွင်းမှာ အက်ဒရီနယ်လင်ဟော်မုန်းတွေ အဆမတန် များလာမယ်ဆိုရက် ရုတ်တရက်နှလုံးရပ်တာကို ခံစားရမှာပါ။ မကြာသေးခင်က သုတေသီတွေ တွေ့ရှိခဲ့တာက amygdala လို့ ခေါ်တဲ့ ဦးနှောက်ထဲက စိတ်ဖိစီးမှုဖြစ်တာနဲ့ ဆက်စပ်နေတဲ့ ဦးနှောက်အပိုင်းရဲ့ လုပ်ဆောင်မှုတွေ မြင့်နေတာက နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ် ဆိုတာပါ။စိတ်ဖိစီးမှုကို ကာလရှည်ကြာ ခံစားရတဲ့သူတွေမှာ သွေးဥမွှားတွေ ပိုကပ်စေးလာပြီး နှလုံးသွေးကြောကျဉ်းတာနဲ့ နှလုံးရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။စိတ်ဖိစီးမှု ဆိုတာက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကနေ အစပြုလာနိုင်သလို ပတ်ဝန်းကျင်က ပြောင်းလဲမှု တစ်ရပ်ရပ် ဒါမှမဟုတ် ပြောင်းလဲမှုတွေကို ချိန်ညှိဖို့ နဲ့တုံ့ပြန်ဖို့ လိုအပ်လာတဲ့ အခြေအနေကနေလည်း အစပြုလာနိုင်ပါတယ်။ကိစ္စ သေးသေးမွှားမွှားလေးတွေကနေ စတင်လာတဲ့ စိတ်ဖိစီးမှုတွေ ရှိနိုင်သလို ဘဝကြီး တစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်တဲ့ အပြောင်းအလဲကြောင့်လည်း စိတ်ဖိစီးမှု ဖြစ်နိုင်ပါတယ်။  ဒီအခြေအနေ တစ်ရပ်တည်းကြောင့် ဖြစ်နိုင်သလို နှစ်ရပ်လုံး ပေါင်းစုပြီး ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေလည်း ရှိနိုင်ပါတယ်။ဒီလို စိတ်ဖိစီးမှုတွေက အချိန်ကြာမြင့်စွာ ဖိစီးတာ၊ ပြင်းပြင်းထန်ထန် ဖိစီးတာတွေက နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်စေဖို့ စိတ်ဖိစီးမှုကို ဖြေလျော့ဖို့ လိုပါမယ်။သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ …. စိတ်ဖိစီးမှုကြောင့် နှလုံးလေး မထိခိုက်စေဖို့ဆိုရင်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-failure/how-stress-affect-heart/
ဒူးနာတာကို ဘယ်လိုကုကြမလဲ
ဒူးနာရင်လှုပ်ရှားသွားလာ၊အလုပ်လုပ်ရ၊နေရထိုင်ရတာ ဘာဆိုဘာမှ အဆင်မပြေပါဘူး။ ဒူးနာတာကိုကုသဖို့အတွက် နည်းလမ်းအသွယ်သွယ်ရှိပေမယ့် ဘယ်လောက်ထိပြင်းထန်သလဲဆိုတဲ့ အချက်နဲ့လက္ခဏာတွေအပေါ်မူတည်ပြီး သင့်အတွက်အကောင်းဆုံးနဲ့အသင့်တော်ဆုံးဖြစ်နိုင်မယ့် ကုသမှုနည်းလမ်းကို စိတ်ရှည်ရှည်နဲ့ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ နည်းလမ်းလေးတွေက ဒူးနာဝေဒနာခံစားနေရသူတွေအတွက် အတိုင်းအတာတခုထိ အထောက်အကူ ဖြစ်စေမှာပါ။စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများ(NSAIDs)။ဒီဆေးတွေဟာ ရောင်ရမ်းခြင်းကို လျော့နည်းသက်သာစေပါတယ်။ စတီးရွိုက်မဟုတ်သောအကိုက်အခဲပျောက်ဆေးတွေကို ရောင်ရမ်းနာကျင်တဲ့အခြေအနေအများစုမှာ လူနာရဲ့အနေအထားပေါ်မူတည်ပြီး အသုံးပြုလေ့ရှိပါတယ်။ ဥပမာ- ကျောက်ကပ် ဒါမှမဟုတ် အသည်းရောဂါရှိသူတွေမှာ NSAIDs တွေကို မသုံးစွဲသင့်ပါဘူး။ NSAIDs တွေကို ဆရာဝန်ဆေးစာမလိုဘဲ အလွယ်တကူဝယ်ယူနိုင်သလို ဆရာဝန်ဆေးစာလိုတဲ့ NSAIDs တွေလည်း ရှိပါတယ်။ စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေး (NSAIDs)တွေကို အဆစ်အမြစ်ရောင်ရောဂါမှာ အများဆုံးအသုံးပြုပါတယ်။ Cox-1 နဲ့ Cox-2 လို့ခေါ်တဲ့ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်တဲ့ အင်ဇိုင်းတွေကို ပိတ်ဆို့ခြင်းအားဖြင့် NSAIDs တွေအာနိသင်ပြပါတယ်။ တစ်ရှူးထိခိုက်တဲ့နေရာ ဒါမှမဟုတ် ပိုးဝင်တဲ့နေရာတွေမှာ prostaglandins လို့ခေါ်တဲ့ အရာတွေထွက်လာပြီး ရောင်ရမ်းနာကျင်ခြင်းကို ဖြစ်ပေါ်စေဖို့ အဆိုပါအင်ဇိုင်းတွေက အဓိကဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် NSAIDs တွေဟာ Cox အင်ဇိုင်းမ်တွေကိုပိတ်ဆို့လိုက်ခြင်းအားဖြင့်prostaglandins တွေကို မထွက်စေတော့တဲ့အတွက် ရောင်ရမ်းနာကျင်ခြင်းတွေကို သက်သာစေပါတယ်။ကော်တီကိုစတီးရွိုက်ဆေးများ။ကော်တီကိုစတီးရွိုက်တွေကို စတီးရွိုက်ဆေးတွေလို့အလွယ်ခေါ်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီနေရာမှာတခုသိထားသင့်တဲ့အချက်က အခုပြောမယ့်စတီးရွိုက်ဟာ အားကစားသမားတွေ ကြွက်သားထုထည်ကြီးအောင် ဒါမှမဟုတ် စွမ်းဆောင်ရည်ပိုမြင့်မားအောင်သုံးစွဲတဲ့ စတီးရွိုက်နဲ့အမျိုးအစားမတူပါဘူးဆိုတာပါပဲ။ အားကစားသမားတွေသုံးတဲ့ စတီးရွိုက်ကို anabolic steroid လို့ခေါ်ပြီး တားမြစ်ဆေးဖြစ်ပါတယ်။ ကော်တီကိုစတီးရွိုက်တွေကို ဓါတုဗေဒနည်းအသုံးပြုကာ ထုတ်လုပ်ထားတာဖြစ်ပြီး ခန္ဓါကိုယ်မှာထွက်ရှိတဲ့ကော်တီဆုန်းဟော်မုန်းနဲ့ဆင်တူအောင် ဖန်တီးပြုလုပ်ထားတာ ဖြစ်ပါတယ်။ သူတို့ဟာ ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ ဓါတ်ပစ္စည်းတွေထွက်ရှိမှုကို တားဆီးပိတ်ပင်ပေးနိုင်ပါအယ်။ ကော်တီကိုစတီးရွိုက်တွေကို ပါးစပ်ကသောက်လို့ရသလို ဒူးထဲကိုလည်း တိုက်ရိုက်ထိုးထည့်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုထိုးရာမှာ လအနည်းငယ်ကြာတိုင်းတခါထိုးပေးဖို့တော့လိုပါလိမ့်မယ်။ရိုးရိုးအကိုက်အခဲပျောက်ဆေးများ။ဒီအကိုက်အခဲပျောက်ဆေးတွေဟာ ခွဲစိတ်မှုပြုလုပ်နေစဉ်အချိန်အတွင်းမှာ လူနာကိုထုံကျင်အောင် ဒါမှမဟုတ် သတိမေ့သွားအောင် ပြုလုပ်ပေးခြင်းအားဖြင့် နာကျင်မှုကိုသက်သာလျော့ပါးစေနိုင်ပါတယ်။ သူတို့ဟာ အနာသက်သာဖို့တခုတည်းသာရည်ရွယ်ပြီး ဗိုက်နာဗိုက်အောင့်တာ ဒါမှမဟုတ်ရင် ပူတာအစရှိတဲ့ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ တကယ်လို့ သင့်မှာအသည်း၊ ကျောက်ကပ် ပြဿနာရှိတာ ဒါမှမဟုတ် ဓါတ်မတည့်တာမျိုးရှိတဲ့အတွက် NSAIDs တွေသောက်လို့မရဘူးဆိုရင် သင့်ဆရာဝန်အနေနဲ့ဒီရိုးရိုးအကိုက်အခဲပျောက်ဆေးတွေပဲပေးပါလိမ့်မယ်။ချင်း။ဂျင်းဟာ ခေတ်အဆက်ဆက်အသုံးပြုလာခဲ့ကြတဲ့ သဘာဝအကိုက်အခဲပျောက်ဆေးစစ်စစ်ဖြစ်ပါတယ်။ ဂျင်းကို ပုံစံအမျိုးမျိုးနဲ့ရရှိနိုင်ပါတယ်။ ဗိုက်အောင့်ဗိုက်နာ၊ အစာမကြေပျို့အန်တာက အစပြုလို့ဒူးနာတာ၊ အဆစ်အမြစ်ရောင်တာအထိ ဂျင်းကိုနည်းလမ်းအမျိုးမျိုးနဲ့ထိရောက်အကျိုးရှိစွာအသုံးပြုနိုင်ပါတယ်။ အဆစ်အမြစ်ရောင်လူနာတွေကို လေ့လာသုတေသနပြုချက်တွေအရ အခြားသောအဆစ်အမြစ်ရောင်ပျောက်ကင်းဆေးတွေနဲ့တွဲဖက်အသုံးပြုမယ်ဆိုရင် ဂျင်းဟာနာကျင်ကိုက်ခဲမှုတွေကို သက်သာလျော့ပါးစေတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။နနွင်း။ရွှေရောင်အဆင်းရှိပြီး တမူထူးကဲတဲ့အနံ့အရသာကိုလည်း ပိုင်ဆိုင်ထားတဲ့နနွင်းဟာ အိန္ဒိယဟင်းလျာတွေမှာမပါမဖြစ်တဲ့ ပွဲတိုင်းကျော်မင်းသားဖြစ်ပါတယ်။ နနွင်းမှာ curcuminလို့ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတမျိုး (antioxidant) ပါဝင်တဲ့အတွက် ခန္ဓါကိုယ်ရဲ့ ဆဲလ်နဲ့တစ်ရှူးတွေကိုထိခိုက်စေတဲ့ ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်တွေရဲ့ရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ အဆစ်အမြစ်ရောဂါသည်တွေမှာ နာကျင်ရောင်ရမ်းမှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။မိုးမခပင်အခေါက်။မိုးမခပင်အခေါက်နဲ့အခြားသောကုသမှုတွေကို တွဲဖက်အသုံးပြုမယ်ဆိုရင် ဒူးနာတာကိုသက်သာစေတယ်လို့လေ့လာချက်တွေအရ သိရှိရပါတယ်။ မိုးမခပင်အခေါက်ကို ဝါးစားနိုင်သလို ရေနွေးကြမ်းထဲစိမ်ပြီး သောက်လို့လည်းရပါတယ်။ ဒါပေမယ့် အလွန်အကျွံသုံးစွဲမိရင် အဆိပ်အတောက်ဖြစ်စေတာမို့သတိထားရပါမယ်။ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း။နေ့စဉ် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ အဆစ်အမြစ်တွေကိုအမြဲလှုပ်ရှားနေစေတာမို့ဒူးနာတာအပါအဝင် နာကျင်တောင့်တင်းမှုတွေကိုလျော့ပါးစေပါတယ်။ သင်ဝလေလေ ဒူးအပေါ်ဖိထားတဲ့ ခန္ဓါကိုယ်ရဲ့ဖိအားအလေးချိန်ကများလာလေဖြစ်တာမို့ကိုယ်အလေးချိန်ကိုလည်း သင့်တင့်လျောက်ပတ်တဲ့ပမာဏအတွင်းမှာပဲ ရှိနေအောင်ထိန်းသိမ်းထားရပါမယ်။အပူ ဒါမှမဟုတ် အအေးကိုအသုံးပြုကုသခြင်း။အပူ ဒါမှမဟုတ် အအေးဟာလည်း ဒူးနာတာကိုသက်သာစေပါတယ်။ နာကျင်တဲ့နေရာတဝိုက်ကို ရေခဲအိတ် ဒါမှမဟုတ် ရေနွေးအိတ်လေးကပ်ပေးမယ်ဆိုရင် နာကျင်ကိုက်ခဲမှုတွေ သက်သာလျော့ပါးစေမှာ ဖြစ်ပါတယ်။ထိုက်ချိ။ထိုက်ချိကစားခြင်းဟာ သင့်ခန္ဓါကိုယ်ဟန်ချက်နဲ့ပျော့ပျောင်းမှုကို မြှင့်တင်ပေးနိုင်တဲ့ အားကစားနည်းတမျိုးဖြစ်ပါတယ်။ ဒါ့အပြင် ထိုက်ချိဟာစိတ်အာရုံစူးစိုက်မှုရှိအောင်လည်း လေ့ကျင့်ပေးနိုင်ပါသေးတယ်။ ဒါကြောင့် ထိုက်ချိကစားပေးခြင်းအားဖြင့် ဒူးနာခြင်းကို သက်သာစေပြီး လှုပ်ရှားမှုတွေကိုလည်း ပိုပြီးလုပ်လာနိုင်မှာ ဖြစ်ပါတယ်။ဒူးနာရောဂါကိုအိမ်မှာနေရင်းကုသဖို့အတွက် အောက်ပါနည်းလမ်းလေးတွေကို လိုက်နာနိုင်ရင်အကောင်းဆုံးပဲ ဖြစ်ပါတယ်။• ဒူးကို တတ်နိုင်သမျှအနားပေးပါ။ အလုပ်အရမ်းမခိုင်းပါနဲ့။• အနာသက်သာစေဖို့ရေခဲကပ်ပေးပါ။• ရောင်ရမ်းတာတွေကိုသက်သာစေဖို့ဒူးတဝိုက်ကိုပတ်တီးစည်းပေးထားပါ ဒါမှမဟုတ် ဒူးပတ်ပတ်ထားပါ။• ဒူးအောက်မှာ ခေါင်းအုံးဖြစ်ဖြစ်ခုထားခြင်းအားဖြင့် ဒူးကိုအပေါ်မြင့်နေပါစေ။ဒူးနာတာကိုကုသနိုင်တဲ့နည်းလမ်းတွေအများကြီးရှိတဲ့အတွက် သင်နဲ့အသင့်လျော်ဆုံးနည်းလမ်းကိုသိရှိနိုင်ဖို့ရာဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%92%e1%80%b0%e1%80%b8%e1%80%94%e1%80%ac%e1%80%90%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%80%80%e1%80%af%e1%81%be%e1%80%80%e1%80%99%e1%80%9c/
နှလုံးရောဂါနဲ့ ပတ်သက်ပြီး မှားသိထားတဲ့ အချက်များ
နှလုံးရောဂါက ကမ္ဘာမှာ အဖြစ်များဆုံး ရောဂါတစ်ခု ဖြစ်သလို သေဆုံးမှုလည်း များစေပါတယ်။ နှလုံးရောဂါနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ ဗဟုသုတတွေ ရှိနေတာက နှလုံးရောဂါ ဖြစ်နိုင်ခြေနဲ့ နှလုံးကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြေကို မြင့်တက်စေမှာပါ။ခုပြောပြမယ့် အချက်တွေကတော့ နှလုံးရောဂါနဲ့ ပတ်သက်ပြီး အသိမှားနေကြတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ခုလက်ရှိ ကိုယ့်ရဲ့ စားသောက်နေထိုင်မှု ပုံစံက နောင်တချိန်မှာနှလုံးရောဂါဖြစ်နိုင်မလား။ မဖြစ်နိုင်ဘူးလားဆိုတာကို အဆုံးအဖြတ်ပေးပါတယ်။ နှလုံးသွေးကြောကျဉ်းတာတွေ၊ သွေးခဲပိတ်တာတွေက တစ်ရက်တစ်မနက်နဲ့ ဖြစ်လာတာမဟုတ်။ ခုလိုအရွယ်ထဲက သွေးကြောတွေမှာ စပြီး အနည်အနှစ်တွေ ကျလာတာက စတာပါ။အထူးသဖြင့် ခုခေတ်လို ငယ်ငယ်ရွယ်ရွယ်နဲ့ အဝလွန်တာ၊ ဆီးချိုရောဂါဖြစ်တာ စတဲ့ အခြေအနေတွေမှာ ငယ်သေးလို့ နှလုံးရောဂါမဖြစ်ဘူးဆိုတာ မရှိတော့ပါဘူး။သွေးတိုးရောဂါကို အသံတိတ်လူသတ်သမားလို့ ကျန်းမာရေးဝန်ထမ်းတွေက နာမည်ပေးထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာလက္ခဏာမှ မပြဘဲ သွေးတက်နေနိုင်လို့ပါ။ ခေါင်းမူးမှ၊ ခေါင်းကိုက်မှ သွေးတိုးလို့ ထင်မယ်။ သွေးတိုးကို ကုမယ်ဆိုလို့ကတော့ သွေးတိုးက သင့်ကို ဒုက္ခလှလှပေးသွားမှာပါ။သွေးတိုးရှိ၊ မရှိ စစ်ဆေးရတာကလည်း ခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘူး။ လက်မောင်းပတ်လေးနဲ့ သွေးပေါင်ချိန်ရုံပါ။ ငွေကုန်ကြေးကျမများသလို နာကျင်မှုလည်း မရှိပါဘူး။ သွေးပေါင်ချိန်လို့ ပေါ်လာတဲ့ ဂဏန်းတွေကို ကြည့်ပြီး သွေးတိုးရှိမရှိ အလွယ်တကူ သိနိုင်တာပဲလေ။ဒါကြောင့် အသက် ၄၀ကျော်လာတာနဲ့ သွေးပေါင်ပုံမှန်ချိန်ပါ။ အဝလွန်ရင်၊ သွေးတိုးမျိုးရိုးရှိရင်၊ ဆီးချိုရောဂါရှိရင် ပိုသတိထားပါ။ ခေါင်းမူးဇက်ထိုးမှ ချိန်တာမျိုးက အန္တရာယ်များပါတယ်။ဆီးချိုဆေးတွေ ပုံမှန်သောက်တာ၊ ဆီးချိုကို သတ်မှတ်ထားတဲ့ ပမာဏထဲမှာ ထိန်းထားတာက နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် လျှော့ချပေးနိုင်ရုံပဲဖြစ်ပြီး လုံးဝမဖြစ်စေတာတော့ မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ဆီးချိုနဲ့ နှလုံးရောဂါမှာ ဖြစ်စေတဲ့ အချက်တွေ တူနေလို့ပါ။ဥပမာ ဆေးလိပ်သောက်တာ၊ အဝလွန်တာ၊ အထိုင်များတာ ဒါတွေက ဆီးချိုရောဂါကိုပဲ ဖြစ်စေတာ မဟုတ်ပါဘူး။ နှလုံးရောဂါကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိတဲ့သူတွေကို သွေးပေါင်ချိန်တာ၊ နှလုံးစစ်ဆေးတာတွေ လုပ်ရတာပါ။မိသားစုထဲမှာ နှလုံးရောဂါ မျိုးရိုးရှိရင် ကိုယ့်မှာလည်း ဖြစ်နိုင်ခြေ များနိုင်ပါတယ်။ ဒါပေမယ့် ဖြစ်ကို ဖြစ်လာမယ်လို့ တထစ်ချပြောလို့မရပါဘူး။ အနေအထိုင်နဲ့ အစားအသောက်တွေ ဆင်ခြင်ရင် ဖြစ်မလာအောင် ကာကွယ်လို့ရပါတယ်။ဥပမာ ကိုယ့်ရဲ့ မိဘတွေမှာ သွေးတိုးရောဂါ ရှိနေတာလား။ ကိုယ့်မှာ ဖြစ်မလာချင်ဘူးဆိုရင် လှုပ်လှုပ်ရှားရှားနေပါ။ အာဟာရပြည့်အောင်စား၊ အငန်နဲ့ အဆီတွေလျှော့စား။ အဝမလွန်စေနဲ့။ ဆေးလိပ်မသောက်နဲ့။ ဒါတွေကို လူငယ်ဘဝတည်းက လိုက်နာရင် အသက်ကြီးလာတဲ့အခါ ဖြစ်နိုင်ခြေ တော်တော်နည်းသွားပါပြီ။နှလုံးရောဂါလူနာတို့၊ သွေးတိုးလူနာတို့ သောက်ရတဲ့ အဆီကျဆေးဆိုတာသွေးတွင်းကိုလက်စထရောကျစေတဲ့ ဆေးပါ။ ‘သွေးထဲက ကိုလက်စထရောတွေက အသည်းကနေ သဘာဝထုတ်လို့ ရောက်လာသလို နေ့စဉ်စားနေကျ အစားအစာတွေကနေလည်း ရောက်လာပါတယ်။သူတို့သောက်တဲ့ Statin ဆိုတဲ့ အဆီကျဆေးက အသည်းက ထုတ်တဲ့ အဆီတွေကို နည်းစေတာပါ။ ဒီတော့ သွေးထဲမှာပါ နည်းပြီး သွေးကြောတွေမှာ အဆီမစုတော့ပါဘူး။ ဒီဆေးက အသည်းက ထုတ်တဲ့ ကိုလက်စထရောကိုပဲ ကျစေပြီး အပြင်က အစားအစာကြောင့်ဖြစ်လာတဲ့ ကိုလက်စထရောကို မကျစေပါဘူး။ဒါကြောင့် ဆေးအားကိုးနဲ့ အဆီအဆိမ့်တွေ အလွန်အကျွံမစားသင့်ပါဘူး။ အများစုက အသိမှားပြီး ဆေးသောက်နေတာပဲ။ စားလို့ရတယ်ဆိုပြီး စားကြတဲ့အခါ ကိုလက်စထရောက မကျတဲ့အပြင် ပိုတောင်တက်လာပါတော့တယ်။နှလုံးရောဂါနဲ့ ပတ်သက်ပြီး ဒါကလည်း မှားနေကြတဲ့ အချက်တစ်ခုပါပဲ။ နှလုံးရောဂါ ကာကွယ်ဆေး ဆိုပြီး မရှိပါဘူး။ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့ ဗီတာမင် အီး၊ စီနဲ့ beta carotene တွေက နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်တယ်ဆိုပေမယ့် ဒါတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ လေ့လာချက်တွေ မရှိသေးပါဘူး။အထူးသဖြင့် နှလုံးရောဂါမဖြစ်အောင် ဒီဗီတာမင်တွေသောက်မယ်။ ပြီးရင် စားချင်တာစား၊ နေချင်သလိုနေမယ်ဆိုရင် နှလုံးရောဂါ ဖြစ်လာမှာပါပဲ။ နောက်တစ်ချက်က အားဆေးတွေက ရတဲ့ ဗီတာမင်ထက်စာရင် အစားအသောက်တွေက ရတဲ့ သဘာဝဗီတာမင်တွေက ပိုပြီးကောင်းပါတယ်။ဒါကြောင့် နှလုံးရောဂါကာကွယ်ချင်တယ်ဆို ဗီတာမင်ကြွယ်ဝတဲ့ အစားတွေ များများစား၊ အဆီအစိမ့်နဲ့ အငန်တွေ လျှော့၊ လှုပ်လှုပ်ရှားရှားနေကြပါ။ ‘ဒီဆေးလုံးလေး သောက်လိုက်တာ နှလုံးရောဂါမဖြစ်ဘူးတဲ့’ ဆိုတာကတော့ ခုထိ မရှိသေးပါဘူး။ဒါကတော့ ‘ခင်ဗျားမှာ နှလုံးသွေးကြောကျဉ်းရောဂါရှိတယ်။ ဆေးလိပ်ဖြတ်နော်’ လို့ ပြောလိုက်တဲ့အခါ လူနာတွေပြန်ပြောတတ်တာပါ။ ဆေးလိပ်ဖြတ်လိုက်ပြီဆိုတာနဲ့ မိနစ်ပိုင်းအတွင်းမှာကို သူ့ရဲ့ ကောင်းကျိုးတွေက စပြီး ခံစားရပါပြီ။ဘယ်လောက်ပဲ ချိုးကပ်အောင် နှစ်ချီသောက်ခဲ့သောက်ခဲ့ ဆေးလိပ်ဖြတ်ဖို့ နောက်ကျနေပြီဆိုတာ မရှိပါဘူး။ဆေးလိပ်ကို တစ်နှစ်လောက်ပဲ ဖြတ်လိုက်ရင်တောင် နောက်၁၀နှစ်အတွင် နှလုံးရောဂါဖြစ်နိုင်ခြေက၅၀%လောက်ထိ ကျသွားပါတယ်။ ဒါက ဆေးလိပ်မသောက်တဲ့သူနဲ့ အတူတူနီးပါး ဖြစ်နေပါပြီ။(ဒီလိုဆိုလို့ ဆေးလိပ်သောက်မယ်၊ နောက်မှ ဖြတ်ကြတာပေါ့။ မသောက်တဲ့သူတွေကတောင် လူဖြစ်ရှုံးသေးလို့ မတွေးလိက်ပါနဲ့။ ဆေးလိပ်က ကိုယ်တွင်းအင်္ဂါတွေအားလုံးကို ထိခိုက်စေပြီး ကင်ဆာလည်း ဖြစ်စေနိုင်တာကြောင့် မသောက်တတ်ရင် အစမလုပ်ဖို့ အကြံပေးချင်ပါတယ်။)။ဒါကအစွန်းရောက်နေတဲ့ အသိမှားတစ်ခုပါ။ နှလုံးရောဂါရှိရင် အဆီရှောင်ရတာ မှန်ပါတယ်။ ဒါတွေက ပြည့်ဝဆီတွေ၊ အသွင်ပြောင်းဆီတွေပါ။ တစ်နည်းအားဖြင့် တိရစ္ဆာန်ကရတဲ့ အဆီတွေပါ။ဒါပေမယ့်မပြည့်ဝဆီတွေကို စားပေးလို့ရပါတယ်။ ဟင်းရွက်ဆီတွေ၊ ငါးကြီးဆီတွေဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေကိုတောင် လျှော့ချပေးပါသေးတယ်။ဒါ့ပြင် အဆီလျှော့ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အသားဆိုရင်လည်း အဆီမပါအသားတွေကို စားပေးနိုင်ပါတယ်။ ဒါမှ အာဟာရမျှတမှာပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/myths-about-heart-disease/
ဆီးခုံသန်း အတွက် အိမ်တွင်းကုသနည်းများ
လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေထဲမှာ ဘက်တီးရီးယားလည်း မဟုတ်၊ ဗိုင်းရပ်စ်လည်း မဟုတ်ဘဲအင်းဆက်ဖြစ်နေရဲ့နဲ့ ပါနေတဲ့ ရောဂါတစ်ခု ရှိပါတယ်။ ဒါကတော့ ဆီးခုံသန်း ပါ။ သန်းတွေ အများစုက အနီးကပ်ထိတွေ့မိရုံနဲ့ ကူးစက်တတ်တာဖြစ်ပြီး ဆီးခုံသန်းကတော့ လိင်ကတဆင့် ကူးစက်ပါတယ်။မိမိရဲ့ အဖော်မှာ ဆီးခုံသန်း ရှိတယ်ဆိုရင် အတူနေရင်းကနေ မိမိဆီကို ရောက်လာတတ်ပါတယ်။ ဒါကတော့ တွေ့ရအများဆုံးပါ။လိင်ဆက်ဆံလို့ မဟုတ်ဘဲ ကူးနိုင်တဲ့ အခြေအနေလည်း ရှိပါတယ်။ ဒါကတော့။ဆီးခုံသန်းရဲ့အဓိက ပြဿနာက ယားတာပါ။ နောက်တစ်ခု အမွေးရှိတဲ့ ဘယ်နေရာမှာမဆို ရှိနေနိုင်တာပါ။ ဆီးခုံက သန်းက ခြေသလုံးမွေး၊ ချိုင်းမွေး၊ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးတွေထိ ရောက်ပြီး ယားနိုင်ပါတယ်။သန်းကိုက်ရာလေးတွေ ရှိနိုင်ပါတယ်။သန်းက လူရဲ့ သွေးကို စုပ်တာဖြစ်တဲ့အတွက် အရေပြားမှာ အညိုအမည်း စွဲလာနိုင်ပါတယ်။ယားလို့ ကုတ်ရင်းနဲ့အနာတွေ ဖြစ်လာနိုင်ပါတယ်။အရင်ဆုံးတော့ အိမ်မှာ အရင်ကုသနိုင်ပါတယ်။ ဆေးဆိုင်မှာ ဆေးစာမလိုဘဲ ဝယ်လို့ရတဲ့ သန်းသေဆေးတွေ သုံးနိုင်ပါတယ်။ကုသနည်းကတော့။အသုံးအဆောင်များမှ သန်းဖယ်ရှားနည်း။များသောအားဖြင့်တော့ အိပ်ရာခင်းတွေ၊ အဝတ်အစားတွေ၊အတွင်းခံတွေမှာ ကပ်နေတာ များပါတယ်။မိမိအဖော်ကို မကူးစက်စေဖို့။ဆီးခုံသန်းကလိင်ကတဆင့် ကူးစက်တာဖြစ်တဲ့အတွက် မိမိကနေ သူများကို ကူးတာကို ဖြစ်နိုင်သလို သူများကနေ  မိမိကို ကူးလာတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်။ဆီးခုံသန်းက အတူနေတဲ့သူကတဆင့် ကူးစက်တာဖြစ်ပြီးတစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ မဆိုင်ပါဘူး။ ဒါ့ပြင် ဆီးခုံသန်း သေအောင်ဆီးခုံမွေးကို ရိတ်တာကလည်း အကျိုးမထူးပါဘူး။ ဒါပေမယ့်ဆီးခုံမွေးရိတ်ထားတာက သန်းမတွယ်အောင် အထိုက်အလျောက် ကာကွယ်ပေးပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/more-stis-stds/how-to-treat-pubic-lice-at-home/
ဒီလက္ခဏာတွေ ရှိနေရင် နှလုံးလေး ကို ဂရုစိုက်ဖို့ လိုနေပါပြီ။
လူတော်တော်များများ ယူဆလက်ခံထားတာကရင်ဘတ်အောင့်မှ နှလုံးရောဂါလို့ပါ။ တကယ်ကတော့နှလုံးရောဂါဖြစ်တိုင်း ရုပ်ရှင်တွေထဲကလို ရင်ဘတ်ပဲ အောင့်တာ မဟုတ်ပါဘူး။ နှလုံးလေး ထိခိုက်နေတယ်လို့ ဆက်စပ် ယူဆလို့ မထင်ရလောက်တဲ့ လက္ခဏာတွေလည်း ရှိနိုင်ပါတယ်။ဘယ်လို လက္ခဏာတွေလဲဆိုတာက သတိထားလို့ရအောင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်စို့နော်။နှလုံးရောဂါနှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကြောင့် ကမ္ဘာတလွှားမှာ အသက်ဆုံးရှုံးမှုတွေ အတော်များလာပါတယ်။ အကြောင်းကတော့ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံ မရှိသလောက် နည်းလာတာ၊ အစားအသောက်၊ အထိုင်များတာတွေကြောင့်လည်းနှလုံးကျန်းမာရေးကို ထိခိုက်လာရတာပါ။အလုပ်တွေ အရမ်းလုပ်ပြီး အအိပ်နည်းတာ၊အိပ်ရေးပျက်တာများတာ၊ လေ့ကျင့်ခန်းတွေ မလုပ်တာ၊ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို စားသုံးမှု များလာတာကြောင့်လည်း နှလုံးကျန်းမာရေးကို ထိခိုက်တာတွေ ရှိလာရတာပါ။ ဒီလို လုပ်ဆောင်မှုတွေကို နေ့စဉ် လုပ်ဆောင်လာတဲ့အခါ နှလုံးကို ဘယ်လိုတွေများ ထိခိုက်လာစေနိုင်သလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ရင်ဘတ်အောင့်မှ မဟုတ်ဘဲ အခုလို လက္ခဏာတွေ ခံစားနေရပြီဆိုရင်လည်း နှလုံးလေး ကျန်းမာရေး ထိခိုက်တာ ဖြစ်နိုင်ပါတယ်။ခြေကုန်လက်ပမ်းကျတာက ကောင်းကောင်း မအိပ်ရတာကြောင့် ဖြစ်နိုင်သလို နှလုံးရောဂါရဲ့ အစောပိုင်း လက္ခဏာ တစ်ရက်လည်း ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ်ထဲမှာသွေးပမာဏနည်းလာတာကြောင့် နှလုံးစည်းချက်မမှန်တာ၊ နှလုံးက ပုံမှန်ထက် ပိုပြီး အလုပ်လုပ်ရတာမျိုးတွေ ခံစားရနိုင်ပါတယ်။ဒီလိုဖြစ်တဲ့အခါနေ့ရောညပါ ပင်ပန်းနွမ်းနယ်မှုကို ခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။မကြာခဏဆိုသလို မိုက်ခနဲ မူးမယ်ဆိုရင် နှလုံးသွေးကြောကျန်းမာရေး ထိခိုက်နေတာပါ။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန် လုပ်တာ၊ နာကျင်မှု နဲ့ရေဓာတ်နည်းတာတွေကြောင့်လည်း မိုက်ခနဲ မူးတာ၊ သတိလစ်တာတွေ ဖြစ်လာနိုင်ပါတယ်။သွေးပေါင်ကျတာ၊ သွေးတွင်းအောက်ဆီဂျင်နည်းတာတွေကြောင့်လည်း မူးလဲတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုက်ခနဲမူးတယ်။ သတိလစ်တယ်ဆိုရင် ဆေးခန်းပြကြည့်ဖို့ အကြံပြုပါရစေ။ရုတ်တရက် အချိန်တိုအတွင်းမှာ ကိုယ်အလေးချိန် တအားတက်လာတာက အစားတွေ အများကြီးစားတာကြောင့် ဖြစ်နိုင်သလို နှလုံးရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ အရည်တွေ စုပုံနေတာကလည်း နှလုံးရောဂါရဲ့ လက္ခဏာ တစ်ရပ်ပါ။ဒီလိုဖြစ်တဲ့အခါ အစားအသောက် ဂရုစိုက်ဖို့ လိုသလို လိုအပ်တဲ့ စစ်ဆေးမှုကို ခံယူဖို့လည်း လိုပါမယ်။မအီမသာဖြစ်မယ်။ အစာမကြေဖြစ်မယ်။ အစားစားချင်စိတ် ပျောက်မယ်ဆိုရင် နှလုံးထိခိုက်နေတာ ဖြစ်နိုင်ပါတယ်။ ကျန်းမာရေး စစ်ဆေးမှု ခံယူဖို့ လိုပါမယ်။ တစ်ခါတလေမှာ မအီမသာဖြစ်တာ၊ အစားပျက်တာတွေက အစာအိမ်ရောဂါကြောင့် ဖြစ်နိုင်သလို ကိုယ်ဝန်ရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။နှလုံးခုန်သံက ပုံမှန် မဟုတ်တာ၊ နှလုံးခုန်နှုန်းမမှန်တာတွေ ခံစားရမယ်ဆိုရင် လိုအပ်တဲ့ကျန်းမာရေး စစ်ဆေးမှုကို ခံယူဖို့ လိုပါမယ်။ နှလုံးခုန်နှုန်း မမှန်တာက သေချာ ကုသမှု မခံယူဘူးဆိုရင် လေဖြတ်တာမျိုး ဖြစ်နိုင်ပါတယ်။အဆုတ်ထဲမှာ အရည်တွေ ဖြစ်တာကြောင့် ချောင်းဆိုးတာ၊ အသက်ရှူရခက်တာ၊ အသက်ရှူရင် တရွှီရွှီမြည်တာတွေ ခံစားရနိုင်ပါတယ်။ ချောင်းဆိုးတာကို သက်သာအောင် နည်းလမ်းမျိုးစုံ လုပ်ဆောင်နေပေမယ့် မသက်သာဘူးဆိုရင် နှလုံးစစ်ဆေးမှု ခံယူဖို့ လိုပါမယ်။နှလုံးက သွေးတွေကို ထိထိရောက်ရောက် မညှစ်ထုတ်နိုင်တဲ့အခါ သွေးတွေက ခန္ဓာကိုယ် အောက်ပိုင်းဆီကနေ နှလုံးဆီကို ရောက်ရှိဖို့ ခက်ခဲသွားနိုင်ပါတယ်။ ဒီလို ခက်ခဲတဲ့အခါ ခြေထောက်၊ ဝမ်းဗိုက်၊ ပေါင်၊ ခြေချင်းဝတ်၊ လက်ကောက်ဝတ်တွေမှာ အရည်တွေ စုပြီး ရောင်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ကဲ …… အခုလို လက္ခဏာတွေ ရှိနေရင် နှလုံးလေးကို ဂရုစိုက်ဖို့ လိုနေပါပြီ။ လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုကို အမြန်ဆုံး ခံယူပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-failure/signs-of-heart-failure-everyone-should-know/
Daisy (ဒေစီ)
ဒေစီပန်း ကို အနာသက်သာဖို့နဲ့ ဝမ်းလျှောခြင်း၊ ချောင်းဆိုးခြင်း၊ ဗိုက်နာခြင်းတွေအတွက် အသုံးပြုကြပါတယ်။ ဒေစီပန်း လက်ဖက်ရည်ကို ချောင်းဆိုးခြင်း၊ လေပြွန်ရောင်ခြင်း၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ ရောင်ရမ်းခြင်းတွေအတွက် လူအချို့က သောက်သုံးကြပါတယ်။ သူ့ကို သွေးတိတ်စေတဲ့အရာအဖြစ်လည်းကောင်း၊ သွေးသန့်စင်ပေးတဲ့အရာအဖြစ်လည်းကောင်း အသုံးပြုကြပါတယ်။ဒေစီပန်းကို အနာတွေနဲ့ အရေပြားရောဂါတွေအတွက် တိုက်ရိုက်လိမ်းပြီး အသုံးပြုနိုင်ပါတယ်။ဒေစီပန်း ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် လေ့လာမှု အချို့က ဒေစီပန်းဟာ မှိုတွေကို သတ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ volatile oil တစ်မျိုးဖြစ်တဲ့ thujone ဟာ တံတွေးထွက်မှုနဲ့ သွေးစီးဆင်းမှုကို မြင့်တက်စေနိုင်ပြီး စိတ်ကိုပါ ပြောင်းလဲစေတယ်လို့ ဆိုပါတယ်။ဒေစီပန်း ကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဒေစီပန်း ကို ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်နေတဲ့ မိခင်တွေမှာ၊ ကလေးတွေမှာ အသုံးမပြုသင့်ပါဘူး။ဒေစီပန်း ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။ဒေစီပန်း ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။ဒေစီပန်း ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ဒေစီပန်း ကို အပင်ခြောက်ပုံစံမျိုးနဲ့ ရရှိနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/daisy-%e1%80%b1%e1%80%92%e1%80%85%e1%80%ae-2/
နွေရဲ့ အပူချိန်ကို အံတုဖို့ ဒီ အသီးတွေ သင့်ကလေးကို ကျွေးသင့်ပါတယ်။
နွေရာသီရဲ့ အပူဒဏ်ဟာ ကလေးတွေ မပြောနဲ့ လူကြီးတွေတောင် လှိမ့်ပိမ့်ပြီး ခံနေရလောက်အောင် ရာသီဥတုရဲ့ အပူဒဏ် ပြင်းထန်ပါတယ်။ ဒီလို အချိန်ဆို သက်ကြီးရွယ်အိုတွေရော နုနယ်လှတဲ့ကလေးတွေကိုရော အရိပ်တကြည့်ကြည့် ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ဒီ အပူဒဏ်ကြောင့် ဖြစ်လာတဲ့ချွေးထွက်များပြီး ပင်ပန်းနွမ်းနယ်တာ၊ခေါင်းကိုက်တာတွေကို တိုက်ထုတ်ဖို့အတွက် အသီးတွေ လောက် ကောင်းတာတွေ မရှိတော့ပါဘူး။ နွေရဲ့ အပူချိန်ကို အံတုဖို့ ဒီ အသီးတွေ သင့်ကလေးကို ကျွေးသင့်ပါတယ်။ ဒီတော့ နွေရာသီမှာ ဘယ်လို အသီးတွေကို ကလေးတွေကို ကျွေးသင့်သလဲ။နွေရဲ့ အပူချိန်ကို အံတုဖို့ ဒီအသီးတွေ သင့်ကလေးကို ကျွေးသင့်ပါတယ်။ ဘာအသီးလေးတွေလဲ ဆိုတော့။ရာသီ ပေါင်းစုံမှာ ကြိုက်တဲ့အချိန်ဝယ်လို့ ရတဲ့ ဒီသံပုရာသီးဟာဗီတာမင် Cအကြွယ်ဝဆုံး အသီးတစ်ခုဖြစ်တဲ့အပြင် သူ့ရဲ့ မွှေးပျံ့လှတဲ့ အနံ့ကြောင့် ခေါင်းကို ကြည်လင်ပြီး စိတ်ကို လန်းဆန်းစေမယ်ဆိုတာ အားလုံးသိကြမှာပါ။သခွားသီးမှာ ရေဓာတ်များများ ပါဝင်တာကို အားလုံး ခံစားမိမှာပါ။ ။ ပူပြင်းလွန်းတဲ့ နွေရာသီမှာရေဓာတ်များများ လိုအပ်တာကြောင့် အရည်ရွှမ်းလွန်းတဲ့ သခွားသီး ကလေးတွေကို ကျွေးသင့်ပါတယ်။ သခွားသီးမှာ pectin လိုမျိုး အမျှင်ဓာတ်တွေ ပါဝင်ပြီး ကိုလက်စထရောကိုလည်း လျှော့ကျတာမို့ နှလုံးကျန်းမာရေးအတွက်လည်း အထူးကောင်းပါတယ်။ဘယ်ရီသီးတွေမှာပါတဲ့ ရောင်ခြယ်ပစ္စည်းတွေက အသားအရေကို လှပစေတဲ့အပြင် များပြားလှတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခုခံအားကို အားပေးတာကြောင့် ဘယ်ရောဂါမှ ကလေးကိုယ်ထဲဝင်လာလို့ မရနိုင်တော့ဘူးပေါ့။ဖရဲသီးကတော့ နွေရာသီမှာ မဖြစ်မနေ စားဖို့ လိုအပ်တဲ့ အသီးပါပဲ။ ဘာလို့လဲဆိုတော့ ဖရဲသီးဟာ ရေဓာတ်များများ ပေးနိုင်တဲ့ စူပါဟီးရိုးအသီးတစ်မျိုး ဖြစ်တာကြောင့်ပါ။ ရေဓာတ်များခြင်းကြောင့် ခန္ဓာကိုယ် စွမ်းအင်တွေ ပြည့်စေပြီး Lycopene လည်းပါဝင်တာကြောင့် နေရောင်ကြောင့်အသားအရေဆဲလ်တွေ ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ ဒီနီရဲရဲ ချိုရွှမ်းတဲ့ အသီးလေးကို ကလေးတွေ ဘယ်တုန်းက မစားဘူးလို့ ငြင်းဖူးလို့လဲနော်။လိမ္မော်သီးမှာပိုတက်စီယမ်နဲ့ဗီတာမင် Cများများပါဝင်တာကြောင့် နွေရာသီမှာ စားပေးဖို့ လိုပါတယ်။ ပိုတက်စီယမ်က ချွေးထွက်ခြင်းကို လျှော့ချပေးပြီး ကြွက်သားတွေ တောင့်တင်းခြင်းကိုလည်း လျော့ကျစေပါတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ (၈၀) ရာခိုင်နှုန်း ရေဓာတ်ပါဝင်တာကြောင့်ရေဓာတ်ခမ်းခြောက်ခြင်းတွေ မဖြစ်စေဘဲ ဗီတာမင် C ကြောင့် ခုခံအားကောင်းပြီး ဖျားနာခြင်းတွေပါ ကင်းစေမှာပါ။နွေရာသီမှာခရမ်းလွန်ရောင်ခြည်တွေ ပြင်းထန်ပြီး အသားအရေကို ပျက်စီးစေမယ်ဆိုတာ အာလုံးသိကြမယ်လို့ထင်ပါတယ်။ ဒီအတွက် စိတ်မပူပါနဲ့။ အသားအရေအတွက် လိုအပ်တဲ့အာဟာရတွေရော ဓာတ်တိုးဆန့်ကျင်တဲ့ပစ္စည်းတွေ ရော ကြွယ်ဝတဲ့ ခရမ်းချဉ်သီးရှိပါတယ်။ နုနယ်တဲ့ ကလေးတို့ အသားအရေအတွက်ခရမ်းချဉ်သီးက မရှိမဖြစ်နော် ။ဒါတွေကတော့ မကြာခင်ရောက်တော့မယ့် နွေရဲ့ အပူဒဏ်ကို အံတုဖို့အတွက် ကလေးတွေကို ကျွေးသင့်တဲ့ အသီးတွေ ဖြစ်ပါတယ်။ အစားအသောက်တွေထဲမှာ အသီးအနှံတွေလောက် ကျန်းမာရေးကို အထောက်အကူပြုတဲ့ အရာတွေ မရှိတာကြောင့် ကလေးတွေ ကြေးများနေလည်း မဖြစ်မနေကျွေးဖို့က မေမေတို့ တာဝန်နော်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/fruit-for-summer/
ဆယ်ကျော်သက်အရွယ်လိင်ဆက်ဆံခြင်းနှင့်ပတ်သက်သည့် ယုံတမ်းစကားများ
ဆယ်ကျော်သက်တွေကြားမှာ ပြန့်နှံ့နေတဲ့ ယုံတမ်းစကားတွေ များစွာ ရှိပါတယ်။ ဒါပေမယ့် အကုန်လုံးဟာ မှန်ကန်ခြင်း မရှိပါဘူး။ လိင်ဆက်ဆံမှုနဲ့ ပတ်သက်ပြီး မှားယွင်းစွာ နားလည်ထားခြင်းဟာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။လိင်အာသာဖြေခြင်းဟာ လူတွေ နှစ်သက်စွာပြုလုပ်တတ်တဲ့ ပုံမှန်အပြုအမူ တစ်ခုဖြစ်ပြီး မြုံခြင်းနဲ့ လုံးဝဆက်စပ်မှု မရှိပါဘူး။ အခြားတစ်ဖက်မှာတော့ ဆယ်ကျော်သက်တွေကို လိင်အာသာဖြေခြင်းကနေ ပိတ်ပင်ခြင်းဟာ အခြားဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။Hymen ဟာ ထိခိုက်ဒဏ်ရာရနိုင်တဲ့ ပါးလွှာတဲ့ အရေပြား တစ်ခုဖြစ်ပါတယ်။ အားကစားလုပ်ရင်၊ စက်ဘီးစီးရင် (သို့) ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ရင် hymenဧာ သွေးထွက်နိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံမှု တစ်ခုတည်းကပဲ သွေးထွက်စေတာ မဟုတ်ပါဘူး။ဒီယုံတမ်းစကားကိုတော့ လူတွေကို လိင်အာသာဖြေခြင်းကနေ တားမြစ်ဖို့ အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် သွေးနဲ့ သုက်ပိုးတွေဟာ ဆက်စပ်မှု မရှိတာကြောင့် လိင်အာသာဖြေခြင်းဟာ သွေးထွက်မှုကို မဖြစ်စေပါဘူး။ဒါဟာ လုံးဝကို သဘာဝမကျပါဘူး။ အမျိုးသမီးတွေဟာ အမျိုးသားတွေလိုပဲ လိင်ကိစ္စကို သာယာကြပါတယ်၊ အမျိုးသားတွေထက်တောင် ပိုပါသေးတယ်။ အမျိုးသမီးတွေဟာ သူမရဲ့ လိင်ဆက်ဆံဖက်ဟာ ကျွမ်းကျင်မှု ရှိတယ်ဆိုရင် ပိုပြီးတော့ လိင်ကိစ္စကို သာယာနိုင်ပါတယ်။ ဒါ့ပြင် အမျိုးသမီးတွေဟာ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းကို အခေါက်များစွာ ဖြစ်ပွားနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ ဒီလိုမဟုတ်ပါဘူး။တကယ်တော့ မွေးလာမယ့်ကလေးရဲ့ လိင်ဟာ အဖေပေါ်မှာမူတည်ပြီး သူ့ဆီက chromosome ပေါ်မှာ မူတည်ပါတယ်။ chromosome X နဲ့ chromosome Y ပေါင်းစပ်ခြင်းဟာ ကလေးရဲ့ လိင်ကို ဆုံးဖြတ်ပေးပါတယ်။လိင်အင်္ဂါတွေဟာ သင့်ကိုယ်ခန္ဓါ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ လူအချို့က လိင်အင်္ဂါတွေဟာ ညစ်ညမ်းတာကြောင့် ဆေးကြောဖို့အတွက်တောင် မထိသင့်ဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် ရေချိုးတိုင်းမှာ လိင်အင်္ဂါတွေကို ဆေးကြောသင့်ပါတယ်။ အချိန်အကြာကြီး မဆေးပဲထားခြင်းဟာ ရောဂါပိုးပေါက်ပွားနိုင်ပါတယ်။အမျိုးသမီးရဲ့ ကိုယ်ဝန်ဟာ ခန့်မှန်းလို့ မရပါဘူး။ အမျိုးသမီးအကုန်လုံးဟာ ပထမဆုံးလိင်ဆက်ဆံစဉ်မှာ ကိုယ်ဝန်ရရှိခြင်း မရှိတာကြောင့် ကိုယ်ဝန်ရရှိဖို့ မှန်ကန်တဲ့ အချိန်မှာ အကာအကွယ်မပါပဲ လိင်ဆက်ဆံဖို့လိုပါတယ်။ ဒါဟာ အမျိုးသမီးက ကိုယ်ဝန်အရနိုင်ဆုံးအချိန်နဲ့ သားဥ လွှတ်လိုက်ချိန်တွေပဲဖြစ်ပါတယ်။ရာသီလာစဉ် လိင်ဆက်ဆံခြင်းဟာ အန္တရာယ် မရှိပါဘူး။ အချို့ အချက်အလက်အချို့က အမျိုးသမီးတွေဟာ ဒီအချိန်အတွင်းမှာ ချောဆီပိုထွက်တာမို့ လိင်ဆက်ဆံစဉ် သာယာမှု ပိုမို ရရှိနိုင်ပါတယ်။မမွေးသေးတဲ့ကလေးကို နှုတ်ခမ်းကွဲလေးဖြစ်စေတယ်လို့ ယူဆကြပြီး ဒါဟာ အခုထိတော့ မှန်ကန်ပါတယ်။ ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေဟာ ပင်ပန်းစေတဲ့ လှုပ်ရှားမှုတွေကို ရှောင်ကျဉ်သင့်ပေမယ့် အပ်ချုပ်ခြင်းကတော့ တစ်ခုအပါအဝင် မဟုတ်ပါဘူး။သင့်လိင်အင်္ဂါဟာ အခြားသူတွေလောက် မကြီးရင်စိတ်မညစ် သင့်ပါဘူး။ အမျိုးသမီးရဲ့ မိန်းမကိုယ်ဟာ လိင်တံအရွယ်အစား အကုန်ကို ဆံ့နိုင်တာမို့ အရွယ်အစားဟာ အမျိုးသမီးတွေရဲ့ ခံစားမှုနဲ့ ဆက်စပ်မှု မရှိပါဘူး။သင့်မှာ ဆယ်ကျော်သက်သား၊ သမီး၊ မောင်နှမတွေ ရှိနေရင် လူသိများတဲ့ ယုံတမ်းစကားတွေနဲ့ လိင်မှုဆိုင်ရာ ပညာပေးအချက်အလက်တွေကို သိထားသင့်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/%e1%80%86%e1%80%9a%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%a1%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%86%e1%80%80/
နှလုံးသွေးကြော ကျဉ်းရင် ဒါတွေရှောင်ပါ။
နေ့စဉ် စားသောက်မှုတွေကနှလုံးသွေးကြောကျန်းမာရေးအပေါ် အများကြီး သက်ရောက်နေတယ်ဆိုတာကို ကြားဖူးပြီးသား ဖြစ်မယ် ထင်ပါတယ်။ ဒါကြောင့် နှလုံး ကျန်းမာပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ကင်းစေဖို့ဆိုရင်အစားအစာတွေကို သေချာလေး စိစစ် စားသုံးဖို့ လိုပါမယ်။အစားအစာတွေကို သေချာ ဂရုစိုက် စားသောက်တာက နှလုံးသွေးကြောတွေထဲ အညှိတက်ပြီး သွေးကြောကျဉ်းတာ၊ သွေးကြောပိတ်တာတွေ အပါအဝင် နှလုံးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။အချို့သော အစားအစာတွေက အလွန်အကျွံ စားသုံးမယ်ဆိုရင် သွေးထဲမှာ ကိုလက်စထရော များစေပါတယ်။ ကိုလက်စထရော များရုံနဲ့ ပြီးသွားတာလားဆိုတော့ မဟုတ်သေးပါဘူး။ ကိုလက်စထရောက အဆီ၊ကယ်လ်ဆီယမ်နဲ့ သွေးထဲမှာပါတဲ့ အချို့သောအရာတွေနဲ့ ပေါင်းမိပြီးအညှိတွေ ဖြစ်လာပြီး သွေးကြောကျဉ်းတာ၊ သွေးကြောတွေ မာကြောတာမျိုးကို ဖြစ်စေနိုင်ပါတယ်။ဒီအခြေအနေကို နှလုံးသွေးကြော ကျဉ်းတယ်လို့ ခေါ်ပါတယ်။ နှလုံးသွေးကြောကျဉ်းတာကြောင့်နှလုံးရောဂါ၊ ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာတွေကို ခံစားရတာပါ။သတင်းကောင်းတစ်ရပ်ကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသုံးတာက နှလုံးသွေးကြောကျဉ်းရောဂါကို ပိုမဆိုးလာအောင် ကာကွယ်ပေးနိုင်တယ်ဆိုတာပါ။ ကျွမ်းကျင်သူတွေကတော့သွေးတွင်းကိုလက်စထရောကို မြင့်တက်စေနိုင်တဲ့ ပြည့်ဝဆီ အများကြီးပါတဲ့ အစားအစာတွေ၊ အသွင်ပြောင်းဆီ၊ နို့ထွက်ပစ္စည်းမှာပါဝင်တဲ့ ကိုလက်စထရောတွေက နှလုံးသွေးကြော ကျဉ်းစေတဲ့ အဓိက အကြောင်းအရင်းတွေလို့ ဆိုပါတယ်။ဒါကြောင့် နှလုံးသွေးကြောကျဉ်းတာကို ခံစားနေရမယ်ဆိုရင် ဘာတွေကို ရှောင်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။နှလုံးသွေးကြောကျဉ်းရင်ဒါတွေကို နေ့စဉ် စားသုံးမှုမှာ မပါအောင် ရှောင်ဖို့ လိုပါမယ်။ပြည့်ဝဆီက သွေးကြောထဲမှာ အနယ်အနှစ်တွေ စုပုံစေတဲ့ အဓိကအစားအသောက်တစ်ခုပါ။ ဒါ​ကြောင့် နေ့စဉ် စားသုံးမှုမှာ ပြည့်ဝဆီ ပါဝင်မှုကို ၇ ရာခိုင်နှုန်းအောက် လျှော့ချဖို့ လိုပါမယ်။ပြည့်ဝဆီ အဓိက ပါဝင်နေတာကတော့ တိရစ္ဆာန်ကနေရတဲ့ အစားအစာတွေပါ။ စားသုံးဆီ အချို့ကလည်း ပြည့်ဝဆီ များစွာ ပါဝင်နေတတ်ပါတယ်။ ဒါကြောင့် နှလုံးသွေးကြောကျဉ်းနေတယ်ဆိုရင်နေ့စဉ် စားသုံးမှုမှာ။အသွင်ပြောင်း အဆီက လူလုပ် အဆီ တစ်မျိုးပါ။ ဒီအဆီတွေကို များသောအားဖြင့်။Dietary cholesterolကတော့ အကျိုးမပြု ကိုလက်စထရော အများဆုံး ပါဝင်နေတဲ့ အဆီ တစ်မျိုးပါ။ ဒီကိုလက်စထရော အမျိုးအစားကို တိရစ္ဆာန်ကနေရတဲ့ အစားအစာတွေ၊ ဥအမျိုးမျိုး၊ အသား၊ ချိစ်တို့မှာ ပါဝင်နေပါတယ်။ဒီအဆီ အမျိုးအစားကို တစ်နေ့တာမှာ ၂၀၀ မီလီဂရမ်ထက် လျှော့စားသင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။ဒီလို အစားအသောက်တွေကို ဂရုစိုက်တာအပြင် နှလုံး သွေးကြောကျဉ်းတာ သက်သာစေဖို့နဲ့ ရောဂါပိုမဆိုးအောင် ကာကွယ်ဖို့ဆိုရင် နှလုံး ကျန်းမာစေမယ့် ဘဝနေထိုင်မှုပုံစံကို ရွေးချယ်စေချင်ပါတယ်။ ဆေးလိပ်ဖြတ်တာ၊ လေ့ကျင့်ခန်း မှန်မှန် လုပ်ဆောင်တာတွေကို လုပ်ဆောင်ပေးဖို့ လိုပါမယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/coronary-artery-disease/foods-to-avoid-atherosclerosis/
မျက်စိမကောင်းတဲ့ သက်ကြီးရွယ်အိုတွေကို ဘယ်လိုကူညီကြမလဲ
အချိန်ကြာလာတာနဲ့ အမျှအမြင်အာရုံြေပါင်းလဲခြင်းဟာ အသက်ကြီးခြင်းရဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပြောင်းလဲမှုတွေဟာ အသက်ကြီးသူတွေကို ထိခိုက်စရာ မလိုပါဘူး။ သင်က အသက်ကြီးသူတွေကို ဘာတွေ မျှော်လင့်ထားရမလဲဆိုတာ သိစေပြီး နေ့စဉ်ဘဝမှာ ပံ့ပိုးကူညီသင့်ပါတယ်။မျက်လုံးမှ ပြောင်းလဲမှုတွေဟာ အသက်ကြီးသူတွေကို စိုးရိမ်ပူပန်စေပါလိမ့်မယ်။ ဒါကြောင့် သူတို့ကို အဖြစ်များပြီး သူတို့ ဖြစ်နိုင်တဲ့မျက်စိရောဂါအကြောင်းတွေကို ပြောပြထားသင့်ပါတယ်။ ဒါမှသာ ဒီပြဿနာတွေဖြစ်လာရင် ကြိုတင်ပြင်ဆင်ပြီး ဖြစ်နိုင်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ အဖြစ်များတဲ့ မျက်လုံးပြဿနာတွေ ဖြစ်ပါတယ်။ဒါဟာ အဖြစ်များတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ အသက်ကြီးသူတွေမှ မျက်ရည် ဂလင်းဟာ မျက်ရည်ကို ကောင်းစွာ မထုတ်နိုင်တော့ပါဘူး (မျက်ရည် လုံလောက်စွာ မထုတ်ခြင်း (သို့) မျက်ရည် အရည်အသွေးကျဆင်းခြင်း)။ ဒါကြောင့်မျက်လုံးတွေဟာ ရေဓါတ်ကို မထိန်းသိမ်းနိုင်တော့ပါဘူး။ အသက်ကြီးသူတွေရဲ့မျက်လုံးနီနေတာကို မြင်နိုင်ပါတယ်။ မျက်လုံးဟာ ပူလောင်ပြီး ယားယံနိုင်ပါတယ်။ ရှားရှားပါးပါးမှာတော့ မျက်လုံးကွယ်သည်အထိ ဖြစ်နိုင်ပါတယ်။မျက်လုံးခြောက်ခြင်းကြောင့် အသက်ကြီးသူဟာ စာအုပ်ဖတ်ခြင်း၊ ကွန်ပျူတာ အသုံးပြုခြင်းတွေ ပြုလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။သင့်ဆရာဝန်က အသက်ကြီးသူတွေအတွက် အထူးပြုလုပ်ထားတဲ့ ရေဓါတ်ထိန်းဆေးတွေကို ပေးနိုင်ပါတယ်။ ပြင်းထန်တဲ့ အခြေအနေတွေမှာတော့ ပြင်းထန်တဲ့ ဆေး (သို့) ခွဲစိတ်ကုသမှုကို ပြုလုပ်နိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာသင့်ပါတယ်။အမြင်အာရုံမကြည်လင်ရင် နေ့စဉ်အလုပ်တွေဖြစ်တဲ့ စာအုပ်ဖတ်ခြင်း၊ လမ်းလျှောက်ခြင်း၊ ဟင်းချက်ခြင်း၊ မျက်မှန်မပါပဲ ဘောလုံးပွဲကြည့်ခြင်း၊ မျက်ကပ်မှန်တတ်ခြင်း၊ ဆေးသောက်ခြင်း၊ အခြားကုသမှု ယူခြင်းတွေ ပြုလုပ်ဖို့ ခက်ခဲနိုင်ပါတယ်။ဒါပေမယ့် ခေတ်ပေါ်ဆေးတွေက အသက်ကြီးသူတွေကို ဒီအခြေအနေမှာ အကောင်းဆုံးနေနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ဒီအခြေအနေမှာ လူနာတွေဟာ ပုံရိပ်ရဲ့ အလယ်ပိုင်းကို မမြင်နိုင်တော့ပါဘူး။ Age-related Macular Degeneration ဟာ အမြင်အာရုံပျောက်ဆုံးခြင်းရဲ့ အဖြစ်များတဲ့ အဓိက အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ သူဟာ မျက်လုံးရဲ့ တိကျတဲ့ အစိတ်အပိုင်းကို အမြင်အာရုံပျောက်ဆုံးစေပြီး ဒီအပိုင်းကတော့ ပြတ်သားတဲ့ပုံရိပ်တွေ မြင်စေဖို့ အရေးကြီးတဲ့ အပိုင်းဖြစ်ပါတယ်။ သူကောင်းကောင်း အလုပ်လုပ်ရင် အရာဝတ္ထုတွေကို ကြည်ကြည်လင်လင် မြင်နိုင်ပါတယ်။Age-related Macular Degeneration အသက်အရွယ်နှင့်ဆိုင်သောမျက်စိရောဂါ ရဲ့ ပြင်းထန်မှုပေါ်မူတည်ပြီး ကုသဖို့အတွက် ဆေး၊ ထိုးဆေး၊ အထူးကုထုံးတွေနဲ့ လေဆာကုထုံးတွေ လိုအပ်နိုင်ပါတယ်။အတွင်းတိမ်ဟာ အမြင်အာရုံကို ပျက်ယွင်းစေတဲ့ တိမ်ပဲဖြစ်ပါတယ်။ အတွင်းတိမ်ကို အသက်ကြီးသူတွေမှာ အများဆုံးတွေ့ရပါတယ်။ မျက်လုံးတစ်ဖက် (သို့) နှစ်ဖက်လုံးမှာ ဖြစ်ပွားနိုင်ပေမယ့် တစ်ဖက်က တစ်ဖက်ကို ကူးစက်ခြင်းမရှိပါဘူး။မျက်လုံးထဲမှာ ဖိအားများတဲ့အခါ ဖြစ်နိုင်ပါတယ်။ မျက်လုံးထဲက အရည်တွေဟာ ပုံမှန်မဟုတ်ပဲ စီးဆင်းနိုင်ပြီး မျက်လုံးအာရုံကြောကို ထိခိုက်နိုင်ပါတယ်။ တကယ်လို့ လူနာဟာ ဒါကို မကုသရင် အမြင်အာရုံဆုံးရှုံးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါရဲ့ စောစီးတဲ့ လက္ခဏာ မရှိတာကြောင့် အသက်ကြီးသူတွေမှာ မျက်လုံးကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ရေတိမ်ကို မျက်စဉ်းတွေ၊ သောက်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။အသက်ကြီးသူကို ကျန်းမာရေးဌာနကို ခေါ်သွားပြီး စစ်ဆေးမှုတွေကို ပုံမှန်ပြုလုပ်သင့်ပါတယ်။မျက်လုံးစစ်ဆေးမှုတွေဟာ အရေးကြီးပါတယ်။ တကယ်လို့ အသက်ကြီးသူဟာ မျက်မှန်ဝတ်နေရင် မျက်လုံးစစ်ဆေးခြင်း ပြုလုပ်ပြီး မျက်မှန်တွေဟာ အခုလောလောဆယ်အခြေအနေနဲ့ သင့်တော်မှု ရှိမရှိစစ်ဆေးသင့်ပါတယ်။ မျက်စိစစ်ဆေးမှုတွေက ပုံမှန်မဟုတ်တဲ့ အခြေအနေကို တွေ့နိုင်မှာ ဖြစ်ပါတယ်။လူနာမှာ အတွင်းတိမ်၊ ရေတိမ်နဲ့ အမြင်အာရုံကို ထိခိုက်နိုင်တဲ့ အခြားပြဿနာတွေဖြစ်တဲ့ဆီးချို၊သွေးပေါင်တက်ခြင်းတွေ ရှိခဲ့ရင် မျက်စိစစ်ဆေးခြင်းက ကူညီပေးနိုင်ပါတယ်။မျက်စိစစ်ဆေးခြင်းကို ဆေးရုံနဲ့ ကျန်းမာရေး ပြင်ပလူနာဌာနမှာ ပြုလုပ်နိုင်ပါတယ်။ သင်နဲ့ သင့်လျော်တဲ့ အချိန်နဲ့ လိုအပ်ချက်တွေကို ရွေးချယ်နိုင်ပါတယ်။ သူတို့ဘာဖြစ်ချင်လဲဆိုတာကို လူကြီးနဲ့ ဆွေးနွေးနိုင်ပါတယ်။တကယ်လို့ အသက်ကြီးသူဟာ အမြင်အာရုံချို့ယွင်းခဲ့ရင် အိမ်မှာ သူတို့အတွက် စိတ်ချရဖို့ လိုအပ်ပါတယ်။ သူတို့ဟာ ကောင်းကောင်းမမြင်ရတာကြောင့် ချော်လဲခြင်းနဲ့ အခြားဒဏ်ရာရမှုတွေဖြစ်တဲ့ မီးလောင်ခြင်း၊ ပျက်ရှဒဏ်ရာတွေနဲ့ လျှပ်စစ်ဓါတ်လိုက်ခြင်းကို ပိုဖြစ်နိုင်ပါတယ်။အသက်ကြီးလာရင် မျက်လုံးစောင့်ရှောက်မှုက အလွန်အရေးကြီးပါတယ်။ အသက်ကြီးသူကို သူတို့ကိုယ်တိုင် မျက်လုံးစောင့်ရှောက်ဖို့ သင်က ကူညီပေးနိုင်ပါတယ်။အလင်းရောင်ကောင်းတဲ့ ကိရိယာတွေကို အသုံးပြုပါ။ အလင်းရောင်ကောင်းကောင်းရခြင်းဟာ မျက်လုံးကို အလုပ်ကောင်းကောင်းလုပ်စေပါတယ်။ သူတို့ဟာ အမှောင်ထဲမှာ မြင်နိုင်စေဖို့ သင့်ကို လာနှိုးစရာ မလိုတော့ပါဘူး။ အခန်းအတွင်း အလင်းရောင်ကို မြှင့်တင်ပေးခြင်း (သို့) အသက်ကြီးသူတွေကို မီးအိမ်ဝယ်ပေးခြင်းတွေ ပြုလုပ်သင့်ပါတယ်။မျက်လုံးတွေဟာ လူတွေနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကူညီပေးပြီး ပတ်ဝန်းကျင်ကို မြင်စေနိုင်ပါတယ်။ ဒါပေမယ့် အသက်ကြီးလာတာနဲ့ အမျှ အမြင်အာရုံဟာ ပြောင်းလဲနိုင်ပါတယ်။ ဒါပေမယ့် အသက်ကြီးသူတွေကို အသက်ကြီးခြင်းကြောင့် ဖြစ်လာတဲ့ မျက်စိပြဿနာတွေကို ထိန်းချုပ်ဖို့နဲ့ မျက်လုံးကို ထပ်မံပျက်စီးခြင်းက ကာကွယ်ဖို့ သင်က ကာကွယ်ပေးနိုင်ပါတယ်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%85%e1%80%ad%e1%80%99%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%9e%e1%80%80%e1%80%b9%e1%81%be%e1%80%80%e1%80%ae/
ပေါ့ဆမှုနဲ့ ဗဟုသုတနည်းမှုတွေကြောင့် အဖြစ်များလာတဲ့ ဝက်သက်ရောဂါ
အခုတလော ဆက်တိုက်ဆိုသလိုကြားနေရတဲ့ အကြောင်းအရာကတော့ ဝက်သက်ပါ။ ဝက်သက်ဟာ အရမ်းကို ပြန့်ပွားလွယ်တဲ့ ရောဂါတစ်ခုဖြစ်ပြီး ကလေးရောလူကြီးတွေပါ ကူးစက်ဖြစ်ပွားနိုင်ပါတယ်။ ဒီရောဂါက လျှော့တွက်လို့ရတဲ့ရောဂါတစ်ခုလုံးဝမဟုတ်ဘူး။ အသက်သေဆုံးတဲ့အထိ ဆိုးရွားနိုင်တဲ့ ပြင်းထန်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးထားမယ်ဆိုရင် အလွယ်တကူကာကွယ်နိုင်တဲ့ ဒီရောဂါဆိုးကြီးက ကာကွယ်ဆေးထိုးဖို့ တာဝန်ရှိတဲ့မိဘတွေနဲ့ အုပ်ထိန်းသူတွေရဲ့ ပေါ့ဆမှုနဲ့ ဗဟုသုတနည်းမှု အယုံလွယ်မှုတွေကြောင့် ကာကွယ်ဆေးမထိုးဖြစ်ဘဲ တကျော့ပြန်ခေါင်းထောင်လာပြီး ဆိုးရွားတဲ့ပြန့်ပွားမှုတစ်ခုအဖြစ်ကို ရောက်ရှိပြန်လာပါတယ်။ဒီဆောင်းပါးဟာ ဝက်သက်ရောဂါရဲ့ ပြင်းထန်ဆိုးရွားတဲ့နောက်ဆက်တွဲတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်ရမလဲ၊ အယုံမလွယ်သင့်တဲ့ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ ကောလာဟလတွေကြောင့်ဘယ်လိုတွေ ပြဿနာရှိနိုင်လဲဆိုတာကို သေချာရှင်းပြထားပါတယ်။နာမည်မှာ ဝက်ပါနေတာကြောင့် ဝက်ကနေ တစ်ဆင့်ကူးစက်တဲ့ ရောဂါလို့ မထင်လိုက်ပါနဲ့။ ဝက်သက်ဆိုတာ လေထဲကနေတဆင့် အလွန်လျင်မြန်စွာ ကူးစက်ပြန့်ပွားတတ်တဲ့ရောဂါတစ်ခုပါ။ကာကွယ်ဆေးတစ်ခါမှ ထိုးထားဖူးခြင်းမရှိတဲ့သူဆီ ဒီ ဗိုင်းရပ်စ်ပိုးဝင်သွားလို့ကတော့ အခြား ကာကွယ်ဆေးမထိုးထားတဲ့သူတွေဆီကိုပါ လျင်လျင်မြန်မြန် ပြန့်သွားနိုင်တဲ့ ဆိုးကျိုးများတဲ့ ကူးစက်မြန်ကြောက်စရာရောဂါတစ်ခုပါ။ဝက်သက်လို့ဆိုလိုက်တာနဲ့အဖျားကြီးပြီး ကိုယ်ပူမှာအပြင် ခုပြောပြမယ့် ရောဂါလက္ခဏာတွေထဲက တစ်ချက်ဖြစ်စေ အားလုံးဖြစ်စေ ပါကိုပါရပါမယ် ။ ။ သူတို့ကတော့။အဲဒါတွေအပြင်။နေရာယူခြင်း –ဝက်သက်ရောဂါပိုးနဲ့ ထိတွေ့ပြီး ၁၀ ရက်ကနေ ၁၄ ရက်အတွင်းမှာ ဗိုင်းရပ်စ်ပိုးက ကိုယ်တွင်းကို ကျူးကျော်ဖို့ အရင်ဆုံး ကိုယ်တွင်းခုခံအားစနစ်နဲ့ တိုက်နေရတာကြောင့် လက္ခဏာတွေ မပြတတ်သေးပါဘူး။လက္ခဏာ စပြတဲ့အဆင့်– စစ်ပွဲမှာ ဝက်သက်အနိုင်ရသွားပြီဆိုတာနဲ့ လက္ခဏာတွေ စပြလာပါပြီ။ အဓိက လက္ခဏာဖြစ်တဲ့အဖျားတက်တာ ( အဖျားငွေ့ငွေ့လေးလည်း ဖြစ်နိုင်သလို အဖျားကြီးတာ( အပူချိန်၄၁ ဒီဂရီ စင်တီဂရိတ်) မျိုးလည်း ဖြစ်နိုင်ပါတယ် ) အဖျားက တက်လိုက်ကျလိုက်ဖြစ်နေတတ်ပြီး အနီကွက်တွေပေါ်တဲ့အချိန်မှာတော့ အဖျားပြန်တက်တတ်ပါတယ်။ ဒါ့အပြင် ချောင်းခြောက်ဆိုးတာ၊နှာစေးတာ၊မျက်စိနာတာနဲ့ လည်ချောင်းနာတာတွေ ဖြစ်တတ်ပါတယ်။ ဒီလက္ခဏာတွေက ၃ ရက်ကနေ ၄ ရက်လောက်အတွင်းရှိနေတတ်ပါတယ်။အနီကွက်တွေပေါ်တဲ့ အဆင့်– ဝက်သက်လို့ ဆိုလိုက်တာနဲ့ အရေပြားပေါ်မှာပေါက်တဲ့ အနီကွက်တွေကိုချန်ခဲ့လို့ မရပါဘူး။ အကွက်တွေလည်းဖြစ်သလို အဖုလေးတွေလည်း ဖြစ်တတ်ပြီး အစုလိုက်ရှိနေတတ်ပါတယ်။ အဲဒီ အကွက်တွေ အဖုတွေဟာ စစချင်း မျက်မှာပေါ်မှာ အရင်ပေါ်တာပါ။ တဖြည်းဖြည်းနဲ့ ကိုယ်ခန္ဓာ အောက်ပိုင်းဖြစ်တဲ့ လက်တွေ၊ ရင်ဘတ်တွေ၊ ခြေထောက်တွေ၊ ခြေဖဝါးတွေဆီ ပြန့်သွားတတ်ပါတယ်။ အဲဒီ အကွက်တွေ ပေါ်ပြီဆိုတာနဲ့ ကိုယ်ပြန်ပူလာတတ်ပါတယ်။ အကွက်တွေပျောက်တော့မယ်ဆိုရင်လည်း သူပေါက်ခဲ့တဲ့အတိုင်း မျက်နှာကနေ အရင်စပျောက်ပြီး ခြေထောက်က နောက်ဆုံးမှ ပျောက်တာပါ။ကူးစက်နိုင်တဲ့အဆင့်– ဝက်သက် အနီကွက်တွေ မပေါ်ခင် ၄ ရက်နဲ့ အနီကွက်ပေါ်ပြီး ၄ ရက် ဒီ ၈ရက်ဟာ လူတစ်ယောက်ကနေ နောက်တစ်ယောက်ဆီကို ဝက်သက် ကူးစက် အပျံ့နှံ့နိုင်ဆုံး အချိန်ပါ။သေချာ ကုသတဲ့ နည်းလမ်းပဲ မရှိဘဲ ခုခံအားကိုသာ အားထားပြီး တိုက်ထုတ်ရတဲ့ ရောဂါတစ်ခုဖြစ်တာကြောင့် ဝက်သက် ရောဂါဟာ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီးရှိတဲ့ ရောဂါတစ်ခုပါ။အဖြစ်များဆုံး နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ ဝမ်းလျှောတာနဲ့ နားပြည်ယို ပိုးဝင်တာပဲ ဖြစ်ပါတယ်။အဖြစ်နည်းပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေလည်းရှိပါသေးတယ် ။ ။ ဒါတွေကတော့။ဒီလို ကုသနည်းလည်း သေချာမရှိဘဲ ခုခံအားကိုပဲ မူတည်ပြီး တိုက်ထုတ်ရတဲ့ ရောဂါတစ်ခုဖြစ်တာကြောင့် ကြိုတင်ကာကွယ်ထားနိုင်မှ တော်ရုံကျမှာနော်။ ဒီအတွက် စိတ်မပူပါနဲ့။ ဝက်သက်ကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတွေ ရှိနေပါပြီ။ ကာကွယ်ဆေးအောင်သွားရင် ဝက်သက်ဆိုတာ လုံးဝကို ကြောက်စရာ မလိုလောက်တော့အောင် ကာကွယ်ဆေးက အစွမ်းထက်ပါတယ်။ ။အချုပ်အနေနဲ့ ဝက်သက်နဲ့ ပက်သက်လို့ သိထားသင့်တဲ့အချက်တွေက။အသားချင်းထိတွေ့မှ မဟုတ်ဘဲ လေထဲကနေတောင်ကူးစက်တဲ့အထိပြင်းထန်တဲ့ ဝက်သက်ရောဂါကိုခပ်ပေါပေါ့လေးသဘောမထားသင့်တာကတော့ အမှန်ပါ။ ဒီရောဂါက ကလေးတွေမှာတင်မဟုတ် လူကြီးတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ဒီရောဂါကို မေမေတို့အနေနဲ့ အမှုမဲ့အမှတ်မဲ့မထားစေချင်ပါဘူး။ အကြောင်းကတော့ ကိုယ်ခံအားစနစ်က ဖွံ့ဖြိုးဆဲဖြစ်ပြီး နုနယ်လွန်းတဲ့ ကလေးငယ်လေးတွေမှာ ဝက်သက်ရောဂါကြောင့် အသက်သေဆုံးတာမျိုးအထိဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ သားသမီးလေးတွေကို ဒီရောဂါဆိုးကြီးကနေ ကာကွယ်ပေးကြဖို့ တိုက်တွန်းပါရစေ။ဝက်သက်ရောဂါပိုးက လေထုထဲကနေတဆင့် ကူးစက်နိုင်သလို ပြင်ပလေထုထဲမှာ နာရီတော်တော်ကြာ ကြာတဲ့အထိရှင်သန်နေနိုင်ပါတယ်။ ရောဂါပိုး ကူးစက်ခံထားရပြီး ၁၀ ရက်ကနေ ၁၄ ရက်ကြာမှ ရောဂါလက္ခဏာပြတတ်တာပါ။ များသောအားဖြင့်ကတော့အရေပြားမှာ အနီရောင် အဖုအပိမ့်လေးတွေထွက်လာတာပါ။ ပါးစပ်ထဲမှာလည်း အဖုငယ်လေးတွေဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေတွေကို စစ်ဆေးပြီးမှ ဆရာဝန်ကကလေးမှာ ဝက်သက်ဖြစ်နေပြီဆိုတာကို ဆုံးဖြတ်ပေးတာပါ။ အတိကျဆုံးအဖြေထွက်ဖို့အတွက်ကတော့ သွေးစစ်တာ၊ ဆီးစစ်တာတွေလုပ်ပြီး စစ်ဆေးတာမျိုးရှိနိုင်ပါတယ်။ဝက်သက်ရောဂါပိုးကူးစက်ခံရမှုအတွက် ကုသမှုရယ်လို့တိတိကျကျမရှိပါဘူး။ အကောင်းဆုံးနည်းလမ်းကတော့ကာကွယ်ဆေးထိုးတာဒါမှမဟုတ် ရောဂါပိုးကူးစက်မခံရအောင် ကာကွယ်ထားတာပါ။ ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်အနီးအနားတွေမှာ ဝက်သက်ဖြစ်တယ်ဆိုရင် ကာကွယ်ဆေးမဖြစ်မနေထိုးဖို့လိုအပ်ပါတယ်။အဖျားကျဆေးတွေပေးနိုင်တယ်– ဝက်သက်ဖြစ်တဲ့အခါ အဖျားကြီးတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ဆရာဝန်က ကလေးကို အဖျားကျစေတဲ့ဆေးတွေပေးပြီး ဝက်သက်ကြောင့် အဖျားကြီးတာကို သက်သာအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ပဋိဇီဝဆေးဝါးတွေ ပေးနိုင်တယ်– ဝက်သက်နဲ့အတူ ကလေးငယ်မှာ အဆုတ်ရောင်တာ၊ နားပိုးဝင်ကူးစက်တာလိုမျိုး ဘက်တီးရီးယားကူးစက်ခံရတာမျိုးဖြစ်လာမယ်ဆိုရင် ဆရာဝန်က ပဋိဇီဝဆေးတွေတိုက်ကျွေးနိုင်ပါတယ်။ဗီတာမင် A –ကလေးတွေမှာ ဗီတာမင် A နည်းတဲ့အခါ ဝက်သက်ရောဂါကိုခံစားရနိုင်ပါတယ်။ ဗီတာမင် A ဖြည့်စွက်ပေးတာကြောင့် ကလေးမှာ ဝက်သက်ကြောင့်ဖြစ်တဲ့ လက္ခဏာတွေပြင်းပြင်းထန်ထန်ခံစားရနိုင်ခြေနည်းသွားမှာပါ။ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းပါတယ်။ ဝက်သက်လိုမျိုးရောဂါမှာဆိုရင် ပိုပြီးတောင် မှန်နေပါတယ်နော်။ ဝက်သက်က ခံစားရဆိုးသလို နောက်ဆက်တွဲပြဿနာတွေကလည်း ပြင်းထန်ပါတယ်။ ကြောက်စရာအကောင်းဆုံး အချက်တစ်ခုကဝက်သက်ရောဂါက အဆိုးဆုံးနောက်ဆက်တွဲအနေနဲ့ အသက်သေဆုံးတာမျိုးအထိဖြစ်စေနိုင်တာပါ။ဝက်သက်ကို ကာကွယ်ဖို့အကောင်းဆုံးသောနည်းလမ်းကတော့ ကာကွယ်ဆေးထိုးတာပါပဲ။ ကလေးက အရမ်းငယ်သေးရင်တော့ ကာကွယ်ဆေးထိုးလို့မရသေးပါဘူး။ ကလေးရဲ့ ကိုယ်ခံအားစနစ်က အပြည့်အဝမဖွံ့ဖြိုးသေး တာကြောင့်ပါ။ ကလေးလေးတွေကို အသက် ကိုးလကနေစပြီး ကာကွယ်ဆေးထိုးနိုင်တယ်။ မဖြစ်မနေ ထိုးပေးထားဖို့လိုအပ်တယ်။ အနည်းဆုံးနှစ်ကြိမ်ထိုးရမယ်။ ကာကွယ်ဆေးထိုးပေးတာကြောင့် ကလေးငယ်မှာ ထိခိုက်သွားတာမျိုးမရှိပါဘူး။ မေမေတို့တွေထင်နေသလို ဝက်သက်ကာကွယ်ဆေးကြောင့် ကလေးမှာ အော်တစ်ဇင်ရောဂါ လိုမျိုး ရောဂါတွေခံစားရနိုင်တယ်ဆိုတဲ့ အထောက်အထားလေ့လာချက်တစ်စုံတစ်ရာမရှိပါဘူး။ ဒီနေရာမှာ ပြင်းပြင်းထန်ထန်သတိပေးချင်တာက ဝက်သက်ကာကွယ်ဆေးထိုးလို့ ထိခိုက်မှုတစ်စုံတရာမဖြစ်နိုင်ပါဘူး။ ကာကွယ်ဆေးမထိုးရင်သာ ကလေးမှာ အကြီးအကျယ်ထိခိုက်နိုင်တယ်။ ကံအကြောင်းမသင့်ရင် ဆုံးရှုံးနိုင်တယ်ဆိုတာ သတိထားစေချင်တယ်။ကလေးယူဖို့ ဆန္ဒရှိတဲ့ မေမေလောင်းလျာတွေအနေနဲ့လည်း ကာကွယ်ဆေးကိုကြိုတင်ထိုးနှံထားတာက အကောင်းဆုံးဖြစ် မှာပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာ ဝက်သက်ကာကွယ်ဆေးထိုးလို့မရသလို ကိုယ်ဝန်ဆောင်ချိန် ဝက်သက်ရောဂါပိုးကူးစက်ခံရမယ်ဆိုရင် သန္ဓေသားအတွက် ထိခိုက်မှုကကြီးပါတယ်။ကလေးငယ်တွေမှာ ဝက်သက်ဖြစ်လာပြီဆိုရင် အကောင်းဆုံးကတော့ ဆရာဝန်ဆီအမြန်ဆုံးသွားရောက်ပြသတာပါပဲ။ ကလေးက ဝက်သက်ပေါက်နေတဲ့အခါ မေမေတို့အနေနဲ့ ကလေးကို သက်တောင့်သက်သာဖြစ်စေဖို့ ဒီအချက်လေးတွေဂရုစိုက်ပေးသင့်ပါတယ်။သက်သောင့်သက်သာထားပါ– ကလေးကို လှုပ်လှုပ်ရှားရှားမနေခိုင်းပါနဲ့။ တတ်နိုင်သမျှ သက်တောင့်သက်သာနေခိုင်းပါ။ရေဓာတ်ပြည့်ဝအောင်ဂရုစိုက်ပါ– ကလေးကို နို့များများတိုက်ပါ၊ ရေတိုက်ပေးပါ။ ရေဓာတ်ပြည့်ဝနေအောင် သေချာလေး ဂရုစိုက်ပေးပါ။အစိုဓာတ်ထိန်းစက်လေးဖွင့်ပေးပါ– ဝက်သက်ကြောင့် လည်ချောင်းနာတာမျိုးဖြစ်နိုင်တဲ့အတွက် လည်ချောင်းနာတာကို သက်သာစေဖို့ အခန်းထဲမှာ အစိုဓာတ်ထိန်းစက်လေးဖွင့်ပေးထားပါ။မျက်လုံးလေးတွေကို အနားပေးပါ– ကလေးရဲ့ မျက်လုံးတွေက အလင်းဒဏ်ကိုမခံနိုင်ဘဲ ကျိန်းစပ်နေတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခန်းမီးကို ခပ်မှိန်မှိန်လေးပဲထွန်းပေးပါ။ ကလေးရဲ့ မျက်လုံးလေးတွေကို အနားပေးနိုင်အောင် ကူညီပေးပါ။နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ ဒီလိုမျိုးကြောက်စရာကောင်းတဲ့ ဝက်သက်ရောဂါကို အကောင်းဆုံးကာကွယ်ပေးနိုင် မယ့်နည်းလမ်းက ကာကွယ်ဆေးထိုးနှံတာဖြစ်တာကြောင့် မိမိတို့ရဲ့ ရင်သွေးလေကို ဝက်သက်ကာကွယ်ဆေးမပျက်မကွက်ထိုးနှံပေးကြဖို့ပြောပါရစေ။ ကာကွယ်ဆေးကြောင့် ဆိုးရွားတဲ့ ထိခိုက်မှုမရှိနိုင်ပါဘူးနော်။ ကာကွယ်ဆေးမထိုးရင်သာ ထိခိုက်မှုဖြစ်လာနိုင်တာပါ။လက်ရှိ ဝက်သက်ရောဂါဖြစ်ပွားမှု မြင့်မားနေတဲ့ရန်ကုန်မြို့ ၇မြို့နယ်မှာ ဝက်သက်ကာကွယ်ဆေးထိုးနှံပေးနေပါတယ်။ ဖေဖော်ဝါရီလ ၁၇ရက်နေ့ကနေ ၂၈ရက်နေ့အထိ မနက်၈နာရီကနေ ၄နာရီအထိ သွားရောက်ထိုးနှံနိုင်ပါတယ်။ အသက် ၉လကနေ ၁၅နှစ်အတွင်း ကလေးလူငယ်တွေအားလုံး ထိုးဖူးသည်ဖြစ်စေ မထိုးဖူးသည်ဖြစ်စေ အခမဲ့သွားရောက်ထိုးနိုင်ပါတယ်။ နဂိုထိုးပြီးသားလား မထိုးရသေးလား မသေချာလည်း ထိုးလို့ရပါတယ်။ ထိုးပြီးသားဆက်ထိုးလို့ ဘာမှ ပြဿနာမရှိနိုင်ပါဘူး။ ထိုးနှံနိုင်တဲ့နေရာတွေကတော့။ဒါတွေက ကာကွယ်ဆေးထိုးတာကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲအပျော့စားဆိုးကျိုးတွေဖြစ်ပါတယ်။ ရေရှည်မှာ ဘေးထွက်ဆိုးကျိုးမရှိပါဘူး။ ပြဿနာကြီးကြီးမားမားမရှိတတ်ပါဘူး။ ကာကွယ်ဆေးမဖြစ်မနေထိုးပါ။ ကိုယ့်ပေါ့ဆမှုနဲ့ ယုံလွယ်မှုကြောင့်တန်ဖိုးရှိတဲ့ အသက်တွေမဆုံးရှုံးပါစေနဲ့။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/infectious-diseases-in-children/%e1%80%95%e1%80%b1%e1%80%ab%e1%80%b7%e1%80%86%e1%80%99%e1%80%be%e1%80%af%e1%80%94%e1%80%b2%e1%80%b7-%e1%80%97%e1%80%9f%e1%80%af%e1%80%9e%e1%80%af%e1%80%90%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%99/
Cucumber (သခွားသီး)
မိရိုးဖလာ ဆေးပညာအရ သခွားသီးကို ဆီးဆေးအဖြစ်သုံးပြီး သွေးပေါင်တက်ခြင်းနဲ့ ကျခြင်းတွေကို ကုသဖို့ အသုံးပြုပါတယ်။ သူ့ကို အရေပြားယားယံခြင်းကို သက်သာစေဖို့လည်း အသုံးပြုပါတယ်။ သခွားသီးစေ့တွေဟာ helminth တွေကို သတ်ပစ်နိုင်ပါတယ်။သခွားသီး ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။သူ့ကို ဆီးဆေးအပျော့တစ်မျိုးအဖြစ် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ ဆီးသွားစေတဲ့အာနိသင်ဟာ သူ့မှာပါတဲ့ cucurbitin ဆိုတဲ့ glycoside တစ်မျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူ့အသုံးဝင်ပုံနဲ့ပတ်သက်တဲ့ အချက်အလက်တွေဟာ မိရိုးဖလာ ဆေးပညာတွေက တစ်ဆင့် ဆင်းသက်လာပြီး သိပ္ပံနည်းကျ လေ့လာမှုတွေ ပြုလုပ်ထားခြင်း မရှိပါဘူး။သခွားသီး ကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။သခွားသီး ကို ကလေးတွေအတွက် အသုံးမပြုသင့်ပါဘူး။ ကိုယ်ဝန်ရှိနေရင် (သို့) ကလေးနို့တိုက်နေရင်လည်း သူ့ကို မသုံးသင့်ပါဘူး။ သခွားသီး နဲ့ ဓါတ်မတည့်သူတွေမှာလည်း အသုံးမပြုသင့်ပါဘူး။သခွားသီး ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။• ရင်ပူခြင်း၊ လေတက်ခြင်း။• Fluid and electrolyte imbalance။လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။သခွားသီး ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။သခွားသီးဟာ အခြားဆီးဆေးတွေရဲ့ အာနိသင်ကို မြင့်တက်စေပြီး potassium ပမာဏကို ကျဆင်းစေပါတယ်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။သခွားသီးအစေ့ ၁-၂ အောင်စကို ရေနဲ့ရောပြီး အရည်ပုံစံမျိုး ပြင်ဆင်နိုင်ပါတယ်။ လိမ်းဆေးအနေနဲ့လည်း လိုအပ်သလို အသုံးပြုနိုင်ပါတယ်။သခွားသီး ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။သခွားသီး ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။• ဖျော်ရည်။• အစေ့။• ခေါင်းလျှော်ရည်၊ ဆံပင်ပျော့ဆေး။• သခွားသီးပါတဲ့ အလှကုန်ပစ္စည်းများ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/cucumber-%e1%80%9e%e1%80%81%e1%80%bc%e1%80%ac%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8-2/
Vestibular neuritis (ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြော ရောင်ရမ်းမှု )
အတွင်းနားတွင် ရှိသော ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြော တွင် ရောဂါကူးစက်ခြင်း ကို ခေါ်သည်။ ထိုသို့ရောဂါကူးစက်ခြင်းက ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြောကို အနာဖြစ်စေပြီး သင့်ရဲ့ ကိုယ်နေဟန်ချက်ကို နောက်ယှက်သည်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြော ရောင်ရမ်းမှု ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြောယောင်ရမ်းခြင်း နှင့် အတွင်း နားစည်ရောင်ရမ်းခြင်းတို့သည် ဆက်စပ်နေသည်။ ကိုယ်နေဟန်ချက်ထိန်းသောအာရုံကြော ယောင်ရမ်းခြင်း တွင် ကိုယ်နေဟန်ချက်နှင့် အကြားအာရုံထိန်းပေးသော အာရုံကြော၏ ကိုယ်နေဟန်ချက်အပိုင်းသာ ထိခိုက်သည်။အတွင်းနားစည်ရောင်ခြင်းတွင်း ထိုအာရုံကြော ၏လုပ်ဆောင်ချက်နှစ်ခုလုံးထိခိုက်သောကြောင့် ကိုယ်နေဟန်ချက်ရော အကြားအာရုံပါ ထိခိုက်သည်။ ထို့ကြောင့် အတွင်းနားစည်ယောင်ရာတွင် ကိုယ်နေဟန်ချက်ထိန်းသောအာရုံကြော တွင် တွေ့ရသော ရောဂါ လက္ခဏာများ အပြင် အပိုထပ်ဆောင်းအနေနှင့် နားအူခြင်း ( နားထဲတွင် တတီတီကြားနေရခြင်း) နှင့်/သို့ အကြားအရုံ ချို့ရွင်း ခြင်းတို့တွေ့ရမည်။ယေဘုယျအားဖြင့် ပြင်းထန်သော လက္ခဏာများဖြစ်သည့် ခေါင်းချာချာလည်မူးခြင်း ခေါင်းတရိပ်ရိပ်မူးခြင်းတို့သည် နှစ်ရက်မျှသာ ကြာမြင့်သော်လည်း ထိုအချိန်တွင် နေ့စဉ်လုပ်ငန်းဆောင်တာများ မလုပ်နိုင်လောက်အောင် ဆိုးရွားသည်။ ထိုပြင်းထန်သော ရောဂါလက္ခဏာများ သက်သာလာပြီးနောက် လူနာအများစုသည် ရက်သတ္တပါတ်များစွာ ခန့်မှန်းခြေ ၃ပတ်လောက် အတွင်း မူလလူကောင်းပကတိပြန်ဖြစ်သည်။သို့သော်လည်းအချို့လူများတွင် ဟန်ချက်မညီခြင်း ခေါင်းရိပ်ရိပ်မူးခြင်းတို့ကို လပေါင်းများစွာခံစားရသည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဗိုင်းရပ်ပိုးကူးစက်ခံရခြင်းကြောင့်ဖြစ်သည်။ ထိုဗိုင်းရပ်ပိုးသည် လည်ချောင်းနာခြင်း ၊ နှာစေးချောင်းဆိုးခြင်းတိုကနေစတင်နိုင်သည်။ဘက်တီရီးယား ကူးစက်ခြင်းကြောင့်လည်းဖြစ်နိုင်သည်။ဥပမာအားဖြင့် အတွင်းနားရောင်ယမ်းခြင်း။သို့မဟုတ် ဦးနှောက် အမြှေးရောင်ခြင်း သို့သော် အဖြစ်နည်းသည်။ ဦးခေါင်းထိခိုက်မှုကနေပြီး ဘက်တီရီးယားများသည်အတွင်းနား အတွင်းသို့ ဝင်လာနိုင်သည်။အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။စစ်ဆေးခြင်း။အကြားအာရုံနှင့် သူငယ်အိမ်လှုပ်ရှားမှု စစ်ဆေးခြင်းဖြင့် ဆရာဝန်သည် ခေါင်းချာချာလည်ခြင်းကိုဖြစ်စေသော။အကြောင်းကို အတည်ပြုနိုင်လိမ့်မည်။လျှပ်စစ်သံလိုက်ဖြင့်ပု့ံဖော်ခြင်းဖြင့် အခြားသောအကြောင်းများ ဥပမာ ဦးနှောက် အကျိတ်ကြောင့်ဖြစ်သော ရောဂါ လက္ခဏာ မဟုတ် ကြောင်း သေချာရန်ဖြစ်သည်။ရောဂါလက္ခဏာတွေဟာ ဆေးကုသမှုမခံယူရင်တောင် ရက်သတ္တပတ်အနည်းငယ်အတွင်း သက်သာသွားမှာဖြစ်တယ်။ သို့သော်လည်း ရောဂါဝေဒနာလျှောချဖို့ သင်ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့နည်းလမ်းအချို့ရှိတယ်။ဆေးက ရောဂါသက်သာလာမယ့်အချိန်ကိုမြန်အောင်လုပ်လို့။မရပေမယ့် ရောဂါဝေဒနာကိုသက်သာစေတယ်။သင်၏ဆရာဝန်အနေနှင့် ပြင်းထန်သောရောဂါဝေဒနာများသက်သာဖို့ အောက်ဖော်ပြပါဆေးတွေကိုညွှန်ကြားလိမ့်မယ်။ဘန်ဇိုဒိုင်ယာဆီဖန်း – စိတ်ငြိမ်ဆေး။ကိုယ်နေဟန်ထိန်းအဖွဲ့ကနေပို့လွှတ်တဲ့ ပုံမှန်ဟုတ်တဲ့ အချက်ပြမှုတွေကြောင့်ဖြစ်လာတဲ့ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကိုလျှော့ချပေးတယ်။အ အန်ပျောက်ဆေး။ပိုးသတ်ဆေး – ဘတ်တီရီးယားကြောင့် ဖြစ်သည်ဟုယူဆသောအခါပေးသည်။ဖြစ်နိုင်ချေရှိသော ဆေး၏ဆိုးကျိုးများကို ဆေးနှင့်အတူတွဲပါလာသော အညွှန်းတွင်ဖတ်ကြည့်ပါ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြော ရောင်ရမ်းမှု ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။ပျို့အန်ချင်တယ်လို့ခံစားရရင် ရေဓါတ်မဆုံးရုံးရအောင် ရေများများသောက်ပါ။ ပမာဏနည်းနည်းကို ခဏခဏသောက်ပေးပါ။ခေါင်းချာချာလည်အောင်မူးနေပါက ထိခိုက်မှုမရှိစေရန်။အိပ်ရာထဲတွင်အနားယူပါ။ ရက်အနည်းငယ်ကြာပြီးနောက် တွင်ဆိုးရွားသော ရောဂါ။လက္ခဏာများပျောက်သွားမည်။ အချိန်တိုင်းမူးဝေနေမည်မဟုတ်ပါ။မူးဝေခြင်း ၊ချာချာလည်ခြင်းသက်သာအောင် သင်လုပ်ဆောင်နိုင်သော အရာများရှိသည်။အရက်မသောက်ခြင်း။စူးရှသောအလင်းရောင်များကိုရှောင်ခြင်း။ပတ်ဝန်းကျင်တွင်ဆူညံသော အသံ မဖြစ်အောင်ထားခြင်း။ခေါင်းမူးပြီးကိုယ်နေမမှန်သေးဘူးဆိုရင်။ကားမောင်းခြင်း ၊အမြင့်တွင် အလုပ်လုပ်ခြင်း ၊စက်ပစ္စည်းများနဲ့အလုပ်လုပ်ခြင်းကို မလုပ်သင့်ပါဘူး။ခေါငးမူးခြင်းသက်သာလာပြီဆိုရင်။ပုံမှန်လုပ်နေကျအလုပ်။တွေကိုဖြေးဖြေးခြင်းလုပ်နိုင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် လမ်းလျှောက်ပါ။ သင့်ကိုသင်ယုံကြည်မှုရှိသည့်အချိန်ထိ။ဘေးကအကူနှင့်လျှောက်ပါ။တက်ကြွလှုပ်၇ှားခြင်းကသင့်အခြေအနေကိုဆိုးမလာနိုင်။သော်လည်းခေါင်းမူးခြင်းကိုဖြစ်စေသည်။ပြန်လည်ကောင်းမွန်ဆဲအခြေအနေမှာလူရှုပ်ထွေးသော။နေရာတွေကိုမသွားသင့်သေးပါဘူး။ဥပမာ — ကုန်တိုက် ၊ ဈေး ၊ လူများသောလမ်း။မျက်လုံးကိုခဏခဏလှုပ်ရှားရခြင်းကြောင့် သင့်ကိုခေါင်းမူးလာစေလိမ့်မည်။ ဘေးပတ်ဝန်းကျင်ကိုကြည့်နေသည်ထက်စာရင်။အရာဝတ္ထုတစ်ခုထဲကိုစူးစိုက်ကြည့်ပါ။ရောဂါ၏အဆိုးရွားဆုံးအခြအနေကိုကျော်လွန်သွားလျှင် ကိုယ်လက်လှုပ်ရှားခြင်းကသင့်ကိုမြန်မြန်သက်သာစေမည်။သို့သော် အစပိုင်းတွင် မအီမသာ ခံစားရလိမ့်မည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/vestibular-neuritis-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%b1%e1%80%94%e1%80%9f%e1%80%94%e1%80%b9%e1%80%81%e1%80%ba%e1%80%80%e1%80%b9%e1%80%91%e1%80%ad%e1%80%94%e1%80%b9%e1%80%b8/
ခန္ဓာကိုယ်ရဲ့ အဓိကကြွက်သားအုပ်စုကြီး ၁၁ခု
ကြွက်သား တွေကို အမျိုးအစားအချို့ ခွဲခြားနိုင်ပါတယ်။ ဘယ် ကြွက်သားကို ပစ်မှတ်ထားရမလဲဆိုတာ သိခြင်းဟာ နေ့စဉ် လေ့ကျင့်ခန်းလုပ်ဖို့အတွက် အသုံးဝင်ပါတယ်။Quadriceps ဟာ ကြီးမားတဲ့ ကြွက်သားလေးခု ပါဝင်ပြီးတော့ ပေါင်ရဲ့ အရှေ့မှာ ရှိပါတယ်။ သူတို့ကို ဆောင့်ကြောင့်ထိုင်ခြင်းနဲ့ ရှေ့ကို ဆတ်ခနဲ လှမ်းတဲ့ လေ့ကျင့်ခန်းတို့အတွက် ပစ်မှတ်ထားသင့်ပါတယ်။လူတွေဟာ လေ့ကျင့်ခန်းလုပ်ရင် မမြင်နိုင်တဲ့ Hamstring ကြွက်သားကို မေ့လျော့နေတတ်ကြပါတယ်။ Hamstring ကြွက်သားဟာ ပေါင်အနောက်မှာ ရှိပါတယ်။ ဒီ ကြွက်သားဟာ ဆောင့်ကြောင့်ထိုင်စဉ်မှာ အသုံးဝင်ပါတယ်။ကိုယ်ခန္ဓါ တည်ဆောက်ဖို့နဲ့ ပတ်သက်ရင် ခြေသလုံး ကြွက်သားတွေကို လျစ်လျူရှုတတ်ကြပါတယ်။ ပညာရှင်တွေတောင် ကြီးမားတဲ့ ကိုယ်ခန္ဓါရှိပေမယ့် သေးငယ်တဲ့ ခြေသလုံး ကြွက်သားလေးတွေ ပိုင်ဆိုင်ကြပါတယ်။ ဒိ ကြွက်သားကို ကြီးအောင်လုပ်ဖို့ ခက်ခဲပါတယ်။ ခြေသလုံးနေရာက ကြွက်သားတစ်ခုစီကို လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။ရင်ဘတ် ကြွက်သားတွေဟာ မီးအလင်းရောင်တွေ ထိုးခဲ့ရင် အများဆုံးမြင်ရတဲ့ ကြွက်သားဖြစ်ပါတယ်။ ဒီ ကြွက်သားဟာ အလွယ်ဆုံး ကြွားနိုင်တဲ့အတွက် လူတွေက ဒီ ကြွက်သားကိုပဲ လေ့ကျင့်ချင်ကြပါတယ်။ ဒါပေမယ့် ရင်ဘတ် ကြွက်သားတွေကို အခြား ကြွက်သားတွေကို လေ့ကျင့်သလောက် လေ့ကျင့်သင့်ပါတယ်။နောက်ကျော ကြွက်သားတွေဟာ ကိုယ်ခန္ဓါမှာ အကြီးဆုံးကြွက်သားတွေ ဖြစ်ပါတယ်။ ဒီ ကြွက်သားတွေကို ကြီးထွားအောင်လုပ်ဖို့ အလွန်လေးလံတဲ့ အလေးတွေ လိုအပ်ပါတယ်။ ဒါပေမယ့် သင့်ပုံစံနဲ့ နည်းလမ်းတွေကို ဂရုစိုက်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အလေးကို ပုံစံမှန်အောင် အသုံးမပြုနိုင်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ပခုံး ကြွက်သားတွေမှာ အရှေ့ deltoids၊ ဘေး deltoids နဲ့ အနောက် detoids တွေ ပါဝင်ပါတယ်။ လူအတော်များများဟာ ပခုံးနာကျင်မှုကို ခံစားကြရပါတယ်။ ဒါကြောင့် ပခုံးကို သန်မာစေဖို့ လေ့ကျင့်ခန်းတွေ လုပ်သင့်ပါတယ်။Triceps ကြွက်သား တွေဟာ လက်မောင်းရဲ့ သုံးပုံနှစ်ပုံကို နေရာယူထားပါတယ်။ ဒါပေမယ့် လူအများစုဟာ လက်မောင်းရဲ့ သုံးပုံတစ်ပုံသာ နေရာယူထားတဲ့ biceps ကြွက်သားကိုသာ ဂရုစိုက်တတ်ကြပါတယ်။ ပိုမိုသန်မာတဲ့ လက်မောင်ကို ရချင်ရင် triceps ကြွက်သား လေ့ကျင့်ခန်းတွေကို မမေ့သင့်ပါဘူး။အပေါ်မှာ ပြောခဲ့သလိုပဲ Biceps ကြွက်သားတွေဟာ လက်မောင်းအပေါ်ဘက်ရဲ့ သုံးပုံတစ်ပုံကို နေရာယူထားပါတယ်။ နောက်ကျော လေ့ကျင့်ခန်းတွေလုပ်ရင် သူတို့ဟာ လှုပ်ရှားပြီးတော့ ပုံမှန်လူတစ်ယောက်ဟာ biceps ကြွက်သား လေ့ကျင့်ခန်းတွေ မလိုအပ်ပါဘူး။လက်ဖျံ ကြွက်သားတွေကို လေ့ကျင့်ခန်းအတော်များများနဲ့ သန်မာအောင်လုပ်နိုင်ပါတယ်။ တစ်ခုခုကို ကိုင်ရုံကိုင်ခြင်းကတောင် ဒီ ကြွက်သားကို လေ့ကျင့်ပြီးဖြစ်ပါတယ်။ လက်ဖျံကို ပိုပြီးတော့ ဂရုစိုက်သင့်ပါတယ်။ ဒီ ကြွက်သားအုပ်စုက လှုပ်ရှားမှုအတော်များများပါဝင်နေတာကြောင့် အားနည်းတဲ့ လက်ဖျံ တွေဟာ အခြားလေ့ကျင့်ခန်းတွေကို အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။Trapezius ဟာ ကြီးမားတဲ့ နောက်ကျော အပေါ်ပိုင်း ကြွက်သားဖြစ်ပါတယ်။ နောက်ကျော အပေါ်ဘက်ကို အလယ်ထားပြီး ဒီ ကြွက်သားဟာ တြိဂံ ပုံစံရှိပါတယ်။ အလေးတွေမရင် ဒီ ကြွက်သား လှုပ်ရှားမှု ရှိပါတယ်။လူအတော်များများဟာ ကောင်းမွန်တဲ့ ဗိုက် ကြွက်သား ရှိပေမယ့် သူတို့ကို အဆီက ဖုံးလွှမ်းနေပါတယ်။ သင့်မှာ အဆီနည်းပါးခဲ့ရင် ဒီ ကြွက်သားဟာ ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီ ကြွက်သားလေ့ကျင့်ခန်းတွေဟာ ဗိုက်ပတ်ပတ်လည်က အဆီတွေကို မလောင်ကျွမ်းစေနိုင်ပါဘူး။ ကျန်းမာရေးနဲ့ ပုံမှန် လေ့ကျင့်ခန်းလုပ်ငန်းကပဲ ဖြစ်စေမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/11-muscle-groups/
Farsightedness (အနီးမှုန်)
Farsighted ကို hyperopia လို့ ခေါ်ကြပြီးသူဟာ အဝေးက ပစ္စည်းတွေကို ကွဲပြားစွာ မြင်နိုင်ပေမယ့် အနီးကပစ္စည်းတွေ မမြင်နိုင်ခြင်းကို ဆိုလိုပါတယ်။ Farsighted ဟာ အာရုံစူးစိုက်မှုကို ထိခိုက်နိုင်ပါတယ်။ ရောဂါပြင်းထန်သူတွေမှာ အလွန်ဝေးတဲ့ အနေရာက ပစ္စည်းတွေကိုသာ မြင်ရပါတော့တယ်။ ဒီအခြေအနေဟာ အသက် အလွန်ငယ်စဉ်မှာအဖြစ်များပြီး မျိုးရိုးလိုက်နိုင်ပါတယ်။Farsighted ဟာ အမြင်အာရုံချို့ယွင်းတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ သူဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် အများစုကတော့ ငယ်ရွယ်စဉ်မှာ ဖြစ်ကြပါတယ်။ အသက်ကြီးလာခြင်း (သို့) ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Farsighted ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အထက်ဖေါ်ပြပါ အချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင်(သို့) ပုံမှန်အလုပ်တွေမလုပ်နိုင်ဖြစ်ခဲ့ ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။ မကြာခဏ မျက်စိစစ်ဆေးခြင်းကို သင့်မှာ မျက်စိပြဿနာတွေ ရှိနေခဲ့ရင် လိုအပ်နိုင်ပါတယ်။လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။Farsighted ဟာ အမြင်အာရုံက ပုံရိပ်တွေမျက်ကြည်လွှာ ပေါ်မှာ တိုက်ရိုက်ပေါ်ရမယ့်အစား အနောက်ဘက်ကို ပြန်သွားတဲ့အခါ ဖြစ်ပေါ်ပါတယ်။ ဒါဟာ အောက်ပါအခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။ရှားပါးတဲ့အခြေအနေတွေမှာ retinopathy သို့ မျက်လုံးအကျိတ်တွေဟာလည်း Farsighted ကို ဖြစ်စေနိုင်ပါတယ်။Farsighted ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။Retinopathy သို့ မျက်လုံးအကျိတ်တွေ ရှိနေရင်လည်း ဖြစ်နိုင်ပါတယ်။Farsighted ကို မျက်လုံးစစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါတယ်။ သင့်ဆရာဝန်က စစ်ဆေးမှု ပြုမှာဖြစ်ပါတယ်။ ဆရာဝန်က အမြင်ကို စစ်ဆေးဖို့ lens နဲ့ သူငယ်အိမ်ကို စစ်ဆေးမှာဖြစ်ပါတယ်။ကလေးတွေမှာဖြစ်တဲ့ Farsighted ဟာ ဒီအချိန်မှာ မျက်လုံးတွေဟာ flexible ဖြစ်ပြီး အသက်ကြီးလာရင် ပြန်ကောင်းလာတတ်တာကြောင့် ကုဖို့ မလိုပါဘူး။လူကြီးတွေမှာတော့ အကောင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းကတော့ မျက်ကပ်မှန်နဲ့ မျက်မှန်တပ်ခြင်းပဲ ဖြစ်ပါတယ်။မျက်ကပ်မှန်၊ မျက်မှန် မတပ်ချင်သူတွေအတွက် ဆရာဝန်က Farsighted ကို ကုသဖို့ ခွဲစိတ်မှုကို ပြုလုပ်ဖို့ အကြံပေးနိုင်ပါတယ်။ လေဆာကုထုံးကို flat cornea နဲ့ retina ပေါ် ပုံရိပ်ထင်ခြင်းကို ထိန်းညှိဖို့ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဒီကုသမှုတွေဟာ မျက်မှန်တပ်တာလောက် စိတ်ချရမှုမရှိပဲ အချို့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာနိုင်တာကြောင့် အကောင်းဆုံး ကုသမှုကို ရရှိဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ရှားပါးတဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အမြင်အာရုံ ဆုံးရှုံးခြင်း။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Farsighted ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/vision-impairment-loss/farsightedness-%e1%80%a1%e1%80%94%e1%80%ae%e1%80%b8%e1%80%99%e1%80%bd%e1%80%b3%e1%80%94%e1%80%b9/
ဝက်ခြံအမာရွတ်တွေကိုထိရောက်စွာဖယ်ရှားပေးနိုင်မယ့်အစားအစာ၅မျိုး
ဝက်ခြံအမာရွတ်တွေကို ထိရောက်စွာ ဖယ်ရှားပေးနိုင်မယ့် အစားအစာ၅မျိုး။မျက်နှာမှာရှိတဲ့ ဝက်ခြံအမာရွတ်တွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်မယ့် အစားအစာ၅မျိုးရှိပါတယ်။ ဒီအစားအစာ ၅မျိုးကို ပုံမှန် စားပေးခြင်းအားဖြင့် သင့်ရဲ့လှပပြီး ပြစ်မျိုးမှဲ့မထင်တဲ့မျက်နှာလေးကို ပြန်လည် ပိုင်ဆိုင်စေနိုင်မှာပါ။ အဆိုပါအစားအစာ၅မျိုးကတော့။သံပုရာရည်။သံပုရာရည်ဆိုတာ သဘာဝတရားက လက်ဆောင်ပေးထားတဲ့ အစွန်းချွတ်ပစ္စည်းတစ်မျိုးပါ။ ဒါကြောင့်မို့သံပုရာရည်ကို သင့်မျက်နှာပေါ်မှာရှိတဲ့ အမဲစက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို ဖယ်ရှားရာမှာ အသုံးပြုနိုင်ပါတယ်။ အသုံးပြုပုံကလည်း ရိုးရှင်းလွယ်ကူပါတယ်။ သံပုရာရည်ကို နေ့စဉ်မနက်တစ်ခါ ၊နေ့ခင်းတစ်ခါ ပုံမှန်သောက်ခြင်းအားဖြင့် သင့်ခန္ဓါကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားရှင်းလင်းပေးနိုင်တဲ့အတွက် သင့်အသားအရေဟာ ဝင်းလက်တောက်ပလာမှာမလွဲပါဘူး။ အမဲစက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကိုလည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားစေပါတယ်။ဗာဒံသီး။ဗာဒံသီးဟာ အသားအရေပျက်စီးမှုကို ပြုပြင်ပေးနိုင်ပြီး အသားအရေကို တင်းတင်းရင်းရင်းရှိစေတာမို့ ထူးခြား အကျိုး များတဲ့ အသီးတမျိုးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဗာဒံသီးဟာ အရေးအကြောင်းတွေ နည်းသွားအောင်၊ အသားရေနုပျိုလှပ ကျန်းမာနေအောင် ကူညီပေးပါတယ်။ ဗာဒံသီးကိုေ န့စဉ်စားခြင်းအားဖြင့် ဝက်ခြံကြောင့်ဖြစ်တဲ့ အသားအရေပျက်စီးမှုကို ပြန်လည်ကောင်းမွန်စေတဲ့အပြင် ဝက်ခြံအမာရွတ်တွေကိုလည်း ပျောက်ကင်း သက်သာ စေပါတယ်။ ဗာဒံသီးမှာပါဝင်တဲ့ Omega-3-fatty acid ဟာ ရောင်ရမ်းခြင်းတွေကို လျှော့ချပေးတဲ့အပြင် အရေပြားကိုလည်း ပြန်လည်ပြုပြင် ပေးလို့ ဖြစ်ပါတယ်။အာလူး။အာလူးမှာ အသားအရေအတွက် အရေးကြီးတဲ့ ဗီတာမင်စီနဲ့အေတို့ အလျှံပယ် ပါဝင်ပါတယ်။ အားလူးကို ပုံမှန် စားပေး ခြင်းအားဖြင့် ဝက်ခြံအမာရွတ်တွေကို တဖြည်းဖြည်းချင်းေ ပျာက်ကွယ်သွားစေပါတယ် ။ ချွေးပေါက် ကျယ်ခြင်းကို ကာကွယ်ဖို့အတွက်လည်း အာလူးကိုစားပေးနိုင်ပါတယ်။ ဒါ့ကြောင့် အာလူးရဲ့ အကျိုး အာနိသင်တွေ ရရှိနိုင်ဖို့အာလူးကို မှန်မှန်စားပေးသင့်တဲ့အပြင် မျက်နှာမှာလည်း ကပ်ထားလို့ရပါတယ်။သခွားသီး။သခွားသီးမှာ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးတဲ့ဓါတ်တွေ ပါဝင်တာကြောင့် ဝက်ခြံအမာရွတ်တွေကို ဖယ်ရှား ပေးနိုင် ပါတယ်။ သခွားသီးကို ပုံမှန် စားပေးခြင်းအားဖြင့် သန့်ရှင်းတောက်ပလန်းဆန်းတဲ့ အသားအရေကို ပိုင်ဆိုင်နေစေမှာပါ။ ဒါတင် မကသေးပါဘူး။ သခွားသီးဟာ အသားရေကို အတွင်းပိုင်းထဲအထိ နူးညံ့စေပြီး အရေပြားလ ပျက်စီးမှုကို ပြန်လည် ပြုပြင် ပေးတဲ့အတွက် အသားအရေကို ကျန်းမာ လှပစေပါတယ်။ ဒါကြောင့် နေ့စဉ်နေ့တိုင်း သခွားသီးကို စားပေးဖို့ မမေ့နဲ့နော်။ဇာတိပ္ဖုလ်သီးနဲ့ပျားရည်။ဇာတိပ္ဖုလ်သီးနဲ့ ပျားရည်ကို အသုံးပြုခြင်းအားဖြင့် ဝက်ခြံအမာရွတ်တွေကို ဖယ်ရှားပေးပြီး ပင်ကိုယ် မူလအလှတရားကို ပြန်လည် ပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။ ဇာဒိဖ္ဖိုလ်သီးနဲ့ ပျားရည်ကိုရောပြီး မျက်နှာမှာလိမ်းပေးရမှာပါ။ သောက်စရာ မလိုဘဲ လိမ်းပေးရုံပဲ ဖြစ်တဲ့အတွက် ဥပါဒ်ဖြစ်မှာလည်း မပူရပါဘူး။ မျက်နှာမှာကပ်တဲ့ mask အနေနဲ့လည်း သုံးလို့ ရပါ သေးတယ်။ အသုံးပြုပုံက လွယ်ကူပါတယ်။ ဇာတိပ္ဖုလ်သီးနဲ့ ပျားရည်ကို အတူတကွရောပြီး မျက်နှာမှာလိမ်းထားကာ မိနစ်၃၀လောက် ထားထားရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် မျက်နှာကို ရေခပ်နွေးနွေးလေးနဲ့သစ်လိုက်ရုံပါပဲ။အဲ့ဒါကြောင့် သင့်အနေနဲ့ မျက်နှာမှာရှိတဲ့ ဝက်ခြံအမာရွတ်တွေကို ဖယ်ရှားချင်တယ်ဆိုရင် အထက်မှာဖော်ပြခဲ့တဲ့ ထိရောက်အကျိုးရှိလှသော အစားအစာ၅မျိုးကို မှန်မှန်စားပေး၊ လိမ်းပေးရမှာပဲ ဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9d%e1%80%80%e1%80%bb%e1%80%81%e1%80%bd%e1%80%b6%e1%80%a1%e1%80%99%e1%80%ac%e1%80%9b%e1%80%be%e1%80%90%e1%80%bb%e1%80%90%e1%80%be%e1%80%80%e1%80%b1%e1%80%ad%e1%80%af%e1%80%91%e1%80%ad%e1%80%b1/
အသားအရေ ကြည်လင်စေမယ့် အစားအစာ ၇ မျိုး
နေ့ရယ်ညရယ်လို့ခွဲခြားပြီး သိလာနိုင်တာ နေရဲ့ကျေးဇူးပါပဲ။ နေကပေးတဲ့ အရေးအကြောင်းတွေအတွက်လည်း လေးလေးနက်နက်ကို ကျေးဇူးတင်ရမလိုပါပဲလေ။ အသားအရည်တွေဟာ နေ့စဉ်နေရောင်ခြည်နဲ့ထိတွေ့နေရတဲ့အခါမှာ ပြင်းထန်စွာထိခိုက်ပျက်စီးသွားနိုင်ပါတယ်။ခုချိန်မှာတော့ သင်မြင်ရဦးမှာမဟုတ်ပေမယ့် အချိန်တွေကုန်လွန်သွားပြီး တစ်နေ့မှာ သင့်မှာအရေးအကြောင်းတွေ၊ အမဲစက်တွေနဲ့ မျက်နှာတစ်ပြင်လုံးက အသားအရည်တွေလျော့တွဲနေတာကို သင်တွေ့ရမှာပါ။ဒါပေမယ့် ဒါတွေကြောင့်ပဲ သဘာဝတရားကြီးက နေရောင်ခြည်ကြောင့် အသားအရည်ပျက်စီးတာကို ပြန်လည်တိုက်ခိုက်ပေးနိုင်မယ့် နည်းလမ်းတွေ လက်ဆောင်ပေးထားတယ်ဆိုတာ သိကြရတာပေါ့။ အသားအရည်ကိုကြည်လင်စေမယ့် အစားအစာ ၇ မျိုးကို အောက်မှာဖော်ပြထားပါတယ်။လန်းဆန်းစေတယ်မဟုတ်လား။ ယနေ့ခေတ်ရဲ့ သဘာဝစားသောက်ကုန်ထုတ်လုပ်ရေးတွေမှာ ပူဒီနာကို အသုံးများကြပါတယ်။ ပူဒီနာရွက် အနည်းငယ်ပါဝင်တဲ့ ပန်းသီးလက်ဖက်ရည်တစ်ခွက်ဟာ မငြင်းဆန်ရက်စရာပါပဲ။ ပူဒီနာကို သူ့ရဲ့ကုစားပေးနိုင်စွမ်းနဲ့ အေးမြစေတဲ့အစွမ်းတွေကြောင့် လူသိများတာအပြင် သူက သင့်ကိုငြိမ်းချမ်းအေးဆေးမှုကို ခံစားရစေနိုင်တယ်လေ။ဒါက စိတ်ဖိစီးမှုတွေကို လျှော့ချပေးတဲ့အစားအစာပါပဲ။ ကျွန်တော်တို့အားလုံးဟာလည်း စိတ်ဖိစီးမှုတွေက ဘာတွေပေးနိုင်သလဲ သိနေကြတာမဟုတ်လား။ ဝက်ခြံတွေလေ။ရေဓါတ်ပြည့်နေချင်တယ်ဆိုရင် အထူးသဖြင့်သင့်အသားအရည်ကိုရေဓါတ်ဖြည့်ပေးချင်တယ်ဆိုရင် အာလူးတွေက အကောင်းဆုံးပါပဲ။ အာလူးတွေမှာ ဗီတာမင် အေ တွေပြည့်ဝစွာ ပါဝင်တာကြောင့် လှပတဲ့အသားအရောင်ကိုပိုင်ဆိုင်စေပါတယ်။ မုန်လာဥနီကဲ့သို့သော အရောင်တွေပါဝင်တဲ့အသီးအရွက်တွေဟာလည်း တူညီတဲ့အကျိုးသက်ရောက်မှုကို ပေးစွမ်းနိုင်ပါတယ်။၁၉၀၀ပြည့်နှစ်လောက်တုန်းမှာ လျှမ်းလျှမ်းတောက်ခဲ့တဲ့ကာတွန်းတွေထဲက နာမည်ကြီးသင်္ဘောသား Popeye ဟာ ဘာလို့ ဟင်းနုနွယ် တွေစားရတာလဲဆိုတဲ့ အကြောင်းပြချက်က ရှိပြီးသားပါ။ ဟင်းနုနွယ်က ပိုသန်မာစေပြီး ကျန်းမာရေးလည်းပိုကောင်းစေလို့ပါ။ သင်လည်းစားသင့်ပါတယ်။ဟင်းနုနွယ်ဟာ အမျှင်ဓါတ်တွေထုတ်ပေးပြီး အသားအရည်ကြည်လင်စေတဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင် တွေလည်း ထုတ်ပေးပါတယ်။ သူက ကင်ဆာဖြစ်စေတဲ့ဆဲလ်တွေကြီးထွားတာကို ကာကွယ်ပေးခြင်းအားဖြင့် အလုံးအကျိတ်တွေဖြစ်ပေါ်လာခြင်းကို လျှော့ချပေးနိုင်ပါတယ်။ဒါ့အပြင် အသားတွေပိုပြည့်လာတာကြောင့် အရေးအကြောင်းလည်း အနည်းငယ်ပဲရှိတော့မှာပါ။ ရိုးရိုးသားသားပြောရရင်တော့ အစိမ်းရောင်အရွက်တွေကို စားသုံးခြင်းက အလားတူကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။ဗီတာမင်စီ က အရေပြားအတွက် အရေးကြီးတဲ့ ကော်လာဂျင်ကိုထုတ်ပေးတဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးတွေမှာ ဗီတာမင်စီ အမြောက်အများပါဝင်ပါတယ်။ အရေပြားသွေးလည်ပတ်ခြင်းကို လှုံ့ဆော်ပေးတဲ့ Lycopene တွေကလည်း ခရမ်းချဉ်သီးမှာပါဝင်တာကြောင့် အသားအရေကို တောက်ပပြီးဆွဲဆောင်မှုရှိစေပါတယ်။စပျစ်သီးတွေက တကယ်အံ့သြစရာပါပဲ။ အစာစားပြီးတိုင်း စပျစ်သီးအနည်းငယ်စားပေးခြင်းက လိုအပ်တာထက်ပိုမိုစားချင်စိတ်ဖြစ်ခြင်းကိုလျှော့ချပေးပါတယ်။ ဒါ့အပြင် အနီရောင် စပျစ်သီးတွေက အသားအရည်ရောင်ရမ်းခြင်းကို ကုသပေးနိုင်တဲ့ သဘာဝဓါတုပစ္စည်းတွေနဲ့ ဓါတ်တိုးဆန့်ကျင်သတ္တိ တွေရဲ့ စွမ်းအင်ပြည့်အရင်းအမြစ်ဖြစ်ပါတယ်။တစ်ခါတလေမှာ တို့ဖူးဟာ အသားတွေပဲပါဝင်နေတဲ့ နေ့လည်စာအတွက် အကောင်းဆုံး အစားထိုးဟင်းလျာပါပဲ။ သူ့ရဲ့ကောင်းကျိုးတွေကတော့ အများကြီးပါပဲ။ ပရိုတိန်း၊ ကယ်လ်စီယမ်၊ဓါတ်တိုးဆန့်ကျင် ပစ္စည်း၊ သတ္တုဓါတ်၊သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ကျန်းမာစေသော မပြည့်ဝဆီ အစရှိတာတွေရဲ့ အရင်းအမြစ်ဖြစ်နေတာမျိုးပေါ့။ဒါပေမယ့် တို့ဖူး ရဲ့အကောင်းဆုံးအချက်ကတော့ အရသာပါပဲ။ ပျော့ပျော့လေးကြော်ထားတဲ့ တို့ဖူးဟာ အကောင်းဆုံးဖြစ်ပြီး စားတဲ့အခါကြွပ်ရွနေကာ တစ်ချိန်တည်းမှာပဲ ကျန်းမာရေးအတွက်လည်း အကောင်းဆုံးဖြစ်နေပါတယ်။ထောပတ်သီးကို လူတွေသိကြတာကတော့ ဗီတာမင် အီး ကြောင့်ပါပဲ။ အသားအရည်တောက်ပအားကောင်းခြင်းကို တိုးတက်စေတဲ့ အဓိကရင်းမြစ်လည်းရှိနေပါတယ်။ ထပ်ပြောရရင် ထောပတ်သီးမှာပါဝင်တဲ့ ဗီတာမင် စီ ဟာ အသားအရည်ကိုပိုမိုကောင်းမွန်စေတဲ့ ကော်လာဂျင်တွေထုတ်ပေးတဲ့နေရာမှာလည်း ကူညီပေးနိုင်ပါသေးတယ်။ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားသောက်နေထိုင်ခြင်းဟာ ကျေနပ်လောက်စရာရလဒ်တွေကို အမြဲပေးပါတယ်။ ဒါကြောင့် နေ့စဉ်စားနေကျအစားအစာတွေကို ချိန်ညှိလိုက်ခြင်းက အချိန်တိုအတွင်း သင့်ကျန်းမာရေးကို ပိုပြီးကောင်းမွန်လာစေပါတယ်။ဒါ့အပြင် ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အခြားစားစရာတွေလည်းအများကြီးရှိနေပါသေးတယ်။ သင့်အတွက်အကောင်းဆုံးကဘာတွေဖြစ်မလဲဆိုတာကို လေ့လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ရေးသားသူ- Wuthun Myat Chal။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%9b%e1%80%b1-%e1%80%80%e1%80%bc%e1%80%8a%e1%80%ba%e1%80%9c%e1%80%84%e1%80%ba%e1%80%85%e1%80%b1%e1%80%99%e1%80%9a%e1%80%b7%e1%80%ba-%e1%80%a1%e1%80%85/
Black Pepper (ငရုတ်ကောင်း)
ငရုတ်ကောင်းမှုန့်ကို Piper nigrum အပင်ရဲ့ မမှည့်သေးတဲ့ အသီးကနေပြီးတော့ အခြောက်ခံအမှုန့်လုပ်ခြင်းအားဖြင့် ရရှိပါတယ်။ ငရုတ်ကောင်းကို အစာထဲထည့်စားခြင်းအားဖြင့် အစာအိမ်အူလမ်းကြောင်း လက္ခဏာတွေနဲ့ အောက်ပါလက္ခဏာတွေ အတွက် အသုံးပြုပါတယ်။• လေတက်ခြင်း၊ အစာမကြေခြင်း၊ ရင်ပူခြင်း၊ အစာအိမ်နာခြင်း။• အစားအသောက်ပျက်ခြင်း။• အစာအိမ် အနာဖြစ်ခြင်း။• ဗိုက်နာခြင်း၊ ဗိုက်အောင့်ဖြင်း။• ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း။• လေပြွန်ရောင်ခြင်း။• ကင်ဆာရောဂါ။ငရုတ်ကောင်းကို အဆစ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ကုသဖို့ အသုံးပြုပြီး စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်တွေကို လှုံ့ဆော်ဖို့လည်း သုံးကြပါတယ်။ ငရုတ်ကောင်းကို အာရုံကြောကြောင့် နာကျင်ခြင်းနဲ့ ဝဲပေါက်ခြင်းတွေမှာလည်း လိမ်းဆေးအဖြစ် အသုံးပြုကြပါတယ်။ငရုတ်ကောင်း ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဒါပေမယ့် အချို့လေ့လာမှုတွေက ငရုတ်ကောင်းဟာ microbes တွေကို တိုက်ခိုက်နိုင်ပြီး အစာအိမ်ကို အစာခြေရည်တွေ ပိုမို စီးဆင်းအောင် ပြုလုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ကင်ဆာရောဂါမှာ သူတို့ရဲ့ အစွမ်းကတော့ အငြင်းပွားဖွယ်ပဲဖြစ်ပါတယ်။ အချို့သက်သေပြချက်တွေက ငရုတ်ကောင်းဟာ အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် အချို့ကတော့ သူဟာ အသည်းကင်ဆာ ဖြစ်စေတယ်လို့ ဆိုပါတယ်။Alkaloids တစ်မျိုးဖြစ်တဲ့ piperine ဟာ ငရုတ်ကောင်းရဲ့ antiandrogenic နဲ့ အရောင်ကျတဲ့ အစွမ်းကို ဖြစ်ပေါ်စေပြီး အသည်းကို ကာကွယ်ပေးနိုင်ပါတယ်။ Amide feruperine ဟာ antioxidant တစ်မျိုး ဖြစ်ပါတယ်။ငရုတ်ကောင်း ကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ဓါတ်မတည့်တဲ့ လက္ခဏာတွေကို သတိထားစောင့်ကြည့်သင့်ပါတယ်။ ရှိလာခဲ့ရင် ငရုတ်ကောင်း ကို အသုံးမပြုသင့်တော့ပဲ antihistamine (သို့) အခြားသင့်လျော်တဲ့ နည်းတစ်ခုခုကို အသုံးပြုသင့်ပါတယ်။ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ကိုယ်ဝန်ဆောင်တွေမှာ အစားအသောက်ထဲမှာ ငရုတ်ကောင်း ထည့်သွင်းစားသောက်နိုင်ပါတယ်။ ပမာဏ အများကြီးစားခြင်းဟာတော့ လုံခြုံစိတ်ချရမှု မရှိပါဘူး။ ငရုတ်ကောင်းကို ပမာဏ အများကြီး စားသုံးခြင်းဟာ ကလေးပျက်ကျစေနိုင်ပါတယ်။ ငရုတ်ကောင်းမှုန့်ကိုအရေပြားပေါ် လိမ်းခြင်းလည်း ပါဝင်ပါတယ်။ ကိုယ်ဝန် ရှိစဉ်မှာ ငရုတ်ကောင်းလိမ်းခြင်းနဲ့ ပတ်သက်တဲ့ စိတ်ချရမှုကို သက်သေပြထားခြင်း မရှိပါဘူး။နို့တိုက်နေရင်တော့ အစာထဲမှာပါတဲ့ ငရုတ်ကောင်းပမာဏကို ကန့်သတ်သင့်ပါတယ်။ ပမာဏ အများကြီး သောက်သုံးခြင်းရဲ့ စိတ်ချရမှုကို သိရှိခြင်း မရှိပါဘူး။ငရုတ်ကောင်း ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။• မျက်လုံးယားခြင်း၊ ရောင်ခြင်း။• ဓါတ်မတည့်ခြင်း။• ကင်ဆာဖြစ်စေခြင်း အနည်းငယ်။• ကလေးတွေမှာ ပမာဏ အများကြီး သုံးရင် အသက်ရှူ ရပ်နိုင်ပါတယ်။လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။ငရုတ်ကောင်း ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ငရုတ်ကောင်း ဟာ ဆီးသွားစေတဲ့ အစွမ်းရှိပါတယ်။ ငရုတ်ကောင်းစားသုံးခြင်းဟာ ကိုယ်ခန္ဓါက lithium ထုတ်လုပ်မှုကို လျော့ကျစေပါတယ်။ ဒါဟာ သွေးထဲမှာ ရှိတဲ့ lithium ပမာဏကို တိုးတက်စေပြီး ပြင်းထန်တဲ့ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ငရုတ်ကောင်းနဲ့ ဓါတ်ပြုတဲ့ ဆေးတွေရဲ့ အာနိသင်တွေဟာ ပြောင်းလဲနိုင်ပါတယ်။ ဆေးတွေကတော့ Cytochrome P450, Phenytoin, Propranolol, Theophylline တို့ပဲဖြစ်ပါတယ်။Cytochrome P450, Phenytoin, Propranolol, Theophylline တို့ရဲ့ သွေးစစ်ဆေးမှု အဖြေတွေ ပြောင်းလဲနိုင်ပါတယ်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။တစ်နေ့ကို ငရုတ်ကောင်း 300-500mg စားသုံးနိုင်ပြီး အများဆုံးကတော့ တစ်နေ့ကို 1.5g မကျော်သင့်ပါဘူး။ငရုတ်ကောင်း ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ငရုတ်ကောင်း ကို အမှုန့် ပုံစံနဲ့ ရရှိနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/black-pepper-%e1%80%84%e1%80%9b%e1%80%af%e1%80%90%e1%80%b9%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8-2/
ကြမ်းတမ်း တွယ်ဆက်တစ်ရှူး Fascia တွေ အကြောင်း
Fascia စနစ်ဟာ ကိုယ်ခန္ဓါတစ်ခုလုံးက စနစ်တိုင်း လုပ်ဆောင်မှုတိုင်းကို အကျိုးသက်ရောက်မှုရှိပါတယ် (ကြွက်သားနဲ့ အရိုးဆိုင်ရာ၊ အာရုံကြောဆိုင်ရာ၊ ဇီဝဓါတုဖြစ်စဉ် ဆိုင်ရာ)။ အသားတစ်မျိုးမျိုး (ဥပမာ ကြက်သား)ကို အရေပြားကို ဆွဲခွာလိုက်တဲ့ အခါတွေ့ရတဲ့ အဖြူရောင် ရွှန်းစိုနေတဲ့ အမျှင်တွေဟာ Fascia ပဲဖြစ်ပါတယ်။Fascia ဆိုတာဘာလဲ။Fascia ဆိုတာဟာ ကြမ်းတမ်းတဲ့ တွယ်ဆက်တစ်ရှူး (connective tissue ) တစ်မျိုးဖြစ်ပြီး ပုံရိပ်ကြွ ကွန်ရက် ပုံစံမျိုးရှိကာ ခေါင်းကနေ ခြေဖျားအထိ ရှိနေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ Fascia ဟာ ကြွက်သား၊ အရိုး၊ အာရုံကြော၊ သွေးကြောနဲ့ ကိုယ်တွင်းအင်္ဂါ အားလုံးကို ဆဲလ် အဆင့် အထိ ကာရံပေးထားတဲ့ အရာတစ်ခုဖြစ်ပါတယ်။Fascia ကို ဘာနဲ့ လုပ်ထားသလဲ။Fascia မှာ သုံးပိုင်းပါဝင်ပါတယ်။၁။ Elastic အမျှင်များ – ဒါဟာ ကျုံ့နိုင်ဆန့်နိုင်တဲ့ အစွမ်း ရှိတဲ့ အပိုင်းဖြစ်ပါတယ်။၂။ Collagen အမျှင်များ – ဒီအမျှင်တွေကတော့ ကြမ်းတမ်းပြီး ပုံသဏ္ဍာန်ဖြစ်တည်မှုကို ထောက်ပံ့ပေးပါတယ်။၃။ Ground substance/ Matrix – ပျစ်ခဲတဲ့ အရာတစ်မျိုးဖြစ်ပြီး ဓါတုဇီဝပစ္စည်းတွေကို ခန္ဓါကိုယ်အနှံ့ ပို့ဆောင်ပေးပါတယ်။Fascia ဟာ ဘာလုပ်ပေးပါသလဲ။Fascia စနစ်ဟာ ပံ့ပိုးပေးတယ်၊ တည်ငြိမ်အောင်လုပ်ပေးပြီးတော့ အခုအခံအနေနဲ့ ဆောင်ရွက်ပေးပါတယ်။ Fascia ဟာ သွေးကြော၊ အင်္ဂါ၊ အရိုးတွေနဲ့ ကြွက်သားတွေကြားမှာ ခွဲခြားထားပေးပါတယ်။ သူဟာ အာရုံကြောတွေ၊ သွေးကြောတွေကြားမှာ အရည်ဖြတ်သန်းစီးဆင်းဖို့အတွက် နေရာဖန်တီးပေးပါတယ်။Fascial restrictions တွေကဘာတွေလဲ။ကျန်းမာနေတဲ့ အခြေအနေမှာ collagen အမျှင်တွေဟာ ကျုံ့ဆန့်အမျှင် တွေကို ရစ်ပတ်ထားပြီး လှိုင်းပုံသဏ္ဍာန် ရှိပါတယ်။ ဒဏ်ရာရရင်၊ ရွေ့လျားမှုများရင်၊ ရောင်ရမ်းရင် (သို့) နေပုံမမှန်ရင် Fascia ကို ခဲပြီး တိုသွားစေပါတယ်။ ဒီ ထူသွားတဲ့ Fascia ကို fascial restrictions လို့ ခေါ်ပါတယ်။ Fascial restrictions မှာ ကန့်သတ်ထားတဲ့ နေရာတစ်ခုမှာ တစ်လက်မပတ်လည်ကို ပေါင် ၂၀၀၀ ဖိအား အထိ ဖန်တီးနိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒီလို ဖိအားတွေဟာ ကိုယ်ခန္ဓါရဲ့ စနစ်တွေကို ပျက်စီးစေနိုင်ပြီးတော့ နာကျင်ခြင်းနဲ့ လုပ်ငန်းဆောင်တာ မဆောင်ရွက်နိုင်ခြင်းတွေ ဖြစ်တတ်ပါတယ်။ကိုယ်ခန္ဓါတစ်ခုလုံးက Fascia တွေဟာ ဆွယ်တာတစ်ထည်ရဲ့ ချည်ခင်တွေလို (သို့) ရှုပ်ထွေးနေတဲ့ ပင့်ကူအိမ်နေလိုမျိုး ဆက်နွယ်နေတာ ဖြစ်ပါတယ်။ တစ်နေရာမှာ ကန့်သတ်မှု ရှိခြင်းဟာ ကွန်ရက်တစ်ခုလုံးမှာ ဖိအားသက်ရောက်စေပြီးတော့ အခြားနေရာတွေမှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒါ့ကြောင့် အချို့လူတွေဟာ သူတု့ိ ဒဏ်ရာရတဲ့ နေရာနဲ့ မဆိုင်တဲ့နေရာတွေမှာ နာကျင်မှု ခံစားရတာဖြစ်ပါတယ်။ ဒါ့အပြင် Myofascial restrictions တွေဟာ ပုံမှန် စမ်းသပ်မှုတွေဖြစ်တဲ့ ဓါတ်မှန်၊ သံလိုက်ဓါတ်မှန် ကွန်ပျူတာဓါတ်မှန်တို့မှာ ပေါ်ခြင်း မရှိပါဘူး။Fascial restrictions တွေဟာ ကိုယ်ခန္ဓါကို ပုံမှန် ဖြောင့်တန်းမှုကနေ သွေဖယ်စေပြီး အဆစ်နံရံတွေ၊ ဖေါင်းကြွနေတဲ့ အပြားတွေကို ဖိပြီးတော့ နာကျင်မှုတွေ၊ မလှုပ်ရှားနိုင်မှုတွေနဲ့ အားနည်းမှုတွေကို ဖြစ်ပွားစေနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/%e1%80%80%e1%80%bc%e1%80%99%e1%80%ba%e1%80%b8%e1%80%90%e1%80%99%e1%80%ba%e1%80%b8-%e1%80%90%e1%80%bd%e1%80%9a%e1%80%ba%e1%80%86%e1%80%80%e1%80%ba%e1%80%90%e1%80%85%e1%80%ba%e1%80%9b/
ကလေးသံဓါတ်မချို့တဲ့စေဖို့ မေမေတွေဒီလိုကာကွယ်ပေးကြမယ်
ကြီးထွားဖွံ့ဖြိုးနေဆဲ အရွယ်ဖြစ်တဲ့ကလေးတွေမှာ နေ့စဉ် လိုအပ်တဲ့ အာဟာရနဲ့ဗီတာမင်တွေကို ပြည့်စုံစွာ ရရှိဖို့ အရေးကြီးပါတယ်။ ဒီအာဟာရဓါတ်တွေဟာ ကလေးတွေကို ကြီးထွားသန်စွမ်းပြီးဉာဏ်ရည်ထက်မြက်စေနိုင်ရုံသာမက အရွယ်ရောက်လာတဲ့အခါ ရောဂါတွေကို မဖြစ်စေဖို့ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ကလေးတွေအတွက် ဗီတာမင်နဲ့ အာဟာရဓါတ်အကြောင်းလို့ ဆိုရာမှာသံဓါတ်ကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ယနေ့ခေတ်မှာ သံဓါတ်ချို့တဲ့မှုကြောင့် နောက်ဆက်တွဲသွေးအားနည်း ဝေဒနာခံစားနေရပြီး အသက်ဆုံးရှုံးရတဲ့ ကလေးတွေ ပိုများလာပါပြီ။ဒီနေ့မှာတော့ ကလေးအရွယ်တွေအတွက် လိုအပ်တဲ့ သံဓါတ်အကြောင်း၊ သံဓါတ်ချို့တဲ့နေတဲ့ ကလေးတွေမှာ ဘယ်လိုကျန်းမာရေးထိခိုက်စေနိုင်လဲ၊ ဘယ်အစားအစာတွေက သံဓါတ်ကြွယ်ဝလဲ၊ သံဓါတ်ချို့တဲ့မှု မဖြစ်စေဖို့ ဘယ်လိုကာကွယ်ပေးမလဲဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။သံဓါတ်ဆိုတာ ကလေးတွေအတွက် အလွန်အရေးကြီးတဲ့ သတ္တုဓါတ်တွေထဲက တစ်မျိုးဖြစ်ပါတယ်။ သွေးထဲမှာ ရှိတဲ့ အောက်စီဂျင်ကို ကိုယ်ခန္ဓါအနှံ့ သယ်ယူပို့ဆောင်ပေးပြီး အဆုတ်အားကောင်းစေတယ်။ ကိုယ်ခန္ဓါက အောက်စီဂျင်ကို အလုံအလောက် မရရှိတဲ့အခါ ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းမယ်။ကိုယ်ခံအားနည်းပြီး ရောဂါတွေ အလွယ်တကူဝင်လာနိုင်တယ်။ကလေးတွေမှာ အဖြစ်များတဲ့ သွေးအားနည်းရောဂါတွေ မဖြစ်လာစေဖို့ သံဓါတ်က ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အရေပြား၊ဆံသားကျန်းမာရေးအတွက် အထောက်အပံ့ပေးနိုင်တယ်။ ဒါကြောင့်ကိုယ်ဝန်ဆောင်မိခင်ေတွအပြင် ကလေးတွေအတွက် သံဓါတ်ဟာ မရှိမဖြစ် လိုအပ်တဲ့ သက်စောင့်ဓါတ်ဆိုရင်လည်း မမှားပါဘူး။၁။ သတ်မှတ်ရက်ထက် စောမွေးတဲ့ ကလေးတွေ။၂။ ကိုယ်အလေးချိန် နည်းတဲ့ ကလေးတွေ။၃။ အသက် ၁ နှစ်မပြည့်ခင် နွားနို့၊ ဆိတ်နို့ သောက်ခဲ့တဲ့ ကလေးတွေ။၄။ သံဓါတ်မပါဝင်တဲ့ နို့မှုန့်တွေကို သောက်ခဲ့ရတဲ့ ကလေးတွေ။၅။ အသက် ၁ နှစ်မှ ၅ နှစ်အတွင်း နွားနို့၊ ဆိတ်နို့၊ ပဲနို့ အလွန်အကျွံ သောက်ခဲ့တဲ့ ကလေးတွေ။၆။အစာအာဟာရမျှတမှုမရှိတဲ့ ကလေးတွေ၊ အသားမစားတဲ့ ကလေးတွေ။၇။ ပတ်ဝန်းကျင်ကနေ တစ်ဆင့်ခဲဆိပ်သင့်တဲ့ ကလေးတွေမှာ အဖြစ်များတာ တွေ့ရပါတယ်။၁။ အသားအရေ ဖြူဖပ်ဖြူရော် ဖြစ်တာ။၂။ သက်လုံမကောင်းတာ၊ အမောမခံနိုင်တာ။၃။ ကြီးထွားမှုနှုန်း နှေးလွန်းတာ။၄။ အစာစားချင်စိတ် မရှိတာ။၅။ ပုံမှန်ထက်ပိုပြီး အသက်ရှူမြန်တာ။၆။ အပြုအမူပိုင်းဆိုင်ရာမှာ ပြဿနာရှိတာ။၇။ မကြာခဏ ဖျားနာပြီး ရောဂါဖြစ်လွယ်တာ။၈။ ခေါင်းမူးခေါင်းကိုက် ဖြစ်တာ အစရှိတဲ့ လက္ခဏာတွေကို သံဓါတ်အားနည်းတဲ့ ကလေးတွေမှာ မကြာခဏ တွေ့ရတတ်ပါတယ်။၁။ မွေးကင်းစမှ အသက် ၆လ အထိ ကလေးတွေကို မိခင်နို့ တစ်မျိုးတည်းကိုသာ ပြည့်ဝစွာ တိုက်ကျွေးပေးပါ။မိခင်နို့မှာ သံဓါတ်အပြင် ကလေးတွေကို ကျန်းမာစေတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်များစွာ ပါဝင်ပါတယ်။ နို့မှုန့်တိုက်ကျွေးမယ်ဆိုရင်လည်း သံဓါတ်ပါဝင်မှုများတဲ့ နို့မှုန့်မျိုးကို အဓိကရွေးချယ်သင့်ပါတယ်။၂။ ကလေး အသက် ၅နှစ် မပြည့်ခင်အချိန်အထိ မသန့်ရှင်းတဲ့ နွားနို့၊ ဆိတ်နို့၊ ပဲနို့တွေ တိုက်တာမျိုး ရှောင်သင့်ပါတယ်။ တိုက်မယ်ဆိုရင်လည်း တစ်ရက်ကို ၂၄ အောင်စ (၇၁၀ မီလီ လီတာ) ထက် ပိုပြီး မတိုက်သင့်ပါဘူး။၃။ သံဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကို များများကျွေးပေးပါ။ အနီရောင်ရှိတဲ့ အသားတွေ (ဥပမာ- အမဲသား၊ ဝက်သား) ၊ ကြက်သား၊ ကြက်ဆင်သား၊ ကရုကမာကောင်၊ ပဲနီကလေး၊ ပဲတောင့်ရှည် အစရှိတဲ့ ပဲအမျိုးမျိုး၊ တို့ဟူး၊ အာလူး၊ သီဟိုဠ်စေ့၊ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ပေါင်မုန့်ကြမ်းတွေကို အဓိက ကျွေးပေးပါ။၄။ ဗီတာမင် C ဟာ ကိုယ်ခန္ဓါရဲ့ သံဓါတ်စုပ်ယူမှုကို အားကောင်းစေတဲ့အတွက် မေ့ထားလို့ မဖြစ်ပါဘူး။ ချဉ်တဲ့ အရသာရှိတဲ့ အသီးအနှံတွေ၊ စတော်ဘယ်ရီသီး၊ သခွားမွှေးသီး၊ ခရမ်းချဉ်သီး၊ ငရုတ်ပွ၊ ဟင်းသီးဟင်းရွက်တွေကိုလည်း ကလေးတွေကို သေချာကျွေးပေးပါ။၅။ ကိုယ့်ရဲ့ ကလေးမှာ သံဓါတ်ချို့တဲ့မှုနဲ့ သွေးအားနည်းရောဂါ ရှိ၊ မရှိကို သွေးစစ်ကြည့်ပါ။ အသက် ၉လ မှ တစ်နှစ်အရွယ်မှာ တစ်ကြိမ် စစ်ဆေးသင့်ပြီး နောက်ပိုင်းမှာလည်း ကလေးရဲ့ ကျန်းမာရေးကို မျက်ခြေမပြတ် စောင့်ကြည့်စစ်ဆေးသင့်ပါတယ်။၆။ ကလေးက သံဓါတ်အားနည်းနေတယ်၊ တချို့အစားအစာတွေလည်း မစားဘူးဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သံဓါတ် ဖြည့်စွက်အားဆေးတွေ၊ multivitamin ဆေးဝါးတွေ တိုက်ပေးသင့်ပါတယ်။ သံဓါတ်အားနည်းမှုကို ကျန်းမာမျှတတဲ့ အစာအာဟာရနဲ့ ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/malnutrition/fight-iron-deficiency/
အသက်အရွယ် ကြီးရင့်သူများတွင် ဖြစ်သော မျက်စိတိမ်စွဲခြင်း
လူတို့သည် အသက်အရွယ်ကြီးလာသည်နှင့်အမျှ ရောဂါဖြစ်နိုင်ခြေပိုများလကြသည်။ အတွင်းတိမ်စွဲခြင်းသည် အသက်ကြီးသူများတွင် အဖြစ်များပြီးမျက်စိ ၁လုံး၊ ၂လုံးလုံးကို ပါကွယ်စေနိုင်ပါသည်။ ထို့ကြောင့် သက်ကြီးရွယ်အိုများသည် မျက်လုံးအတွင်းတိမ်စွဲခြင်းနှင့် ပက်သက်၍ပိုကောင်းအောင် ပြုလုပ်နိုင်သောကျန်းမာရေးအသိရှိသင့်ပါသည်။မျက်လုံးတိမ်စွဲခြင်းသည် မျက်လုံးအတွင်းရှိ မျက်နက်ဝန်းနှင့် သူငယ်အိမ်၏အနောက်တွင်ရှိသောမှန်ဘီလူးတွင် တိမ်စွဲခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် အလင်းတန်းများသည် မျက်လုံးအတွင်းရှိမှန်ဘီလူးမှတဆင့် မျက်ကြည်လွှာပေါ်သို့ရောက်ရှိကြပြီးဦးနှောက်သို့ ရောက်ကြသည်။ ထို့ကြောင့် ပြတ်သားသောပုံရိမ်များမြင်နိုင်ရန် မှန်ဘီလူးကြည်လင်နေဖို့လိုပါသည်။ မှန်ဘီလူးတိမ်စွဲနေလျှင် အမြင်ဝါးနေမည်ဖြစ်သည်။အသက်ကြီးသူများ၏ ၄၀ % ခန့်သည် အတွင်းတိမ်စွဲကြပြီး ၎င်းသည် ကမ္ဘာပေါ်တွင်မျက်စိကွယ်နေသူများ၏ အဓိကအကြောင်းရင်းတရပ်ဖြစ်သည်။မျက်လုံးတွင်းမှန်ဘီလူးသည် ရေ၊ ပရိုတင်းဓါတ်တို့ဖြင့်ဖွဲ့စည်းထားသည်။ ပရိုတင်းဓါတ်သည် မှန်ဘီလူးကို ကြည်လင်နေရန်နှင့် အလင်းတန်းများဖြတ်သွားနိုင်ရန် လုပ်ဆောင်ပေးသည်။ ကျွနုပ်တို့ အသက်ကြီးလာသည်နှင့်အမျှ ပရိုတင်းများသည် မှန်ဘီလူးထဲတွင် တစ်ခုနှင့် တစ်ခုကပ်သွားပြီး တိမ်ဖြစ်သွားခြင်းဖြစ်သည်။ မှန်ဘီလူးတွင် တိမ်များပိုဆိုးလာသောအခါ မြင်ရရန်ပိုခက်လာမည်ဖြစ်သည်။မျက်လုံးတိမ်စွဲရခြင်းအကြောင်းများ။• နေနှင့် အခြားမှလာသောခရမ်းလွန်ရောင်ခြည်များ။• ဆီးချိုရောဂါ။• သွေးတိုးရောဂါ။• အဝလွန်ခြင်း။• ဆေးလိပ်သောက်ခြင်း။• မိသားစုဝင်များတွင် မျက်လုံးတိမ်စွဲဖူးခြင်း။• Corticosteroid ဆေးများကို ကြာရှည်စွာသောက်သုံးနေရခြင်း။• မျက်လုံးကိုအနာတရဖြစ်ဖူးခြင်း၊ ထိခိုက်ဖူးခြင်း။• မျက်လုံးခွဲစိတ်ဖူးခြင်း။• ဟော်မုန်းဆေးများသောက်နေရခြင်း။• အရက်ကိုလွန်ကျွံစွာသောက်ခြင်း။• မျက်လုံးမှန်ဘီလူးထဲတွင် ဓါတ်တိုးပြောင်းလဲမှုဖြစ်ပေါ်ခြင်း။• အမြင်ဝါးလာခြင်း။• အရောင်များကိုယခင်လောက် လင်းထင်းစွာမမြင်ရတော့ခြင်း။• အလင်းရောင်၊ မီးအိမ်၊ နေအလင်းတန်းစသည်တို့ကိုမြင်လျှင် မျက်စိကြိမ်းခြင်း၊ မြင်ကွင်းထဲတွင် သက်တံ့ရောင်စုံများမြင်ရခြင်း။• ညဘက်တွင် မြင်ရရန်ခက်ခဲခြင်း၊ မည်သည်ကိုမျှမမြင်ခြင်း။• မျက်လုံးတဖက်ထဲတွင် ပုံရိပ်များမြင်ခြင်းနှင့် ပုံရိပ် ၁ ထပ်မြင်ခြင်း (၎င်းလက္ခဏာသည် အတွင်းတိမ်ဆိုးလာသည်နှင့် အမျှ မခံစားရတော့ပေ။)။• မျက်မှန်နှင့်မျက်ကပ်မှန် ပါဝါများ မကြာခဏလဲရခြင်း။အထက်ပါလက္ခဏာများသည် မျက်စိပြဿနာများဖြစ်သောကြောင့် ၎င်းတို့ကိုခံစားနေရပြီဆိုလျှင် မျက်စိဆရာဝန်နှင့် ပြကာ အတွင်းတိမ်ရှိမရှိ စစ်ဆေးသင့်သည်။ နောက်ဖြစ်လာမည့် ဆိုးကျိုးများကိုကာကွယ်ရန် ဆရာဝန်နှင့်အချိန်မီသွားပြဖို့ ဝန်မလေးပါနှင့်။ဗီတာမင်နှင့် အာဟာဓါတ်ကြွယ်ဝသော အစာများနှင့် ဖြည့်စွက်စာများသည် အတွင်းတိမ်ဖြစ်နိုင်ချေကိုလျော့နည်းစေသည်။ အောက်ပါတို့ကိုစားသုံးပါ။• Vitamin E : အစိမ်းရင့်ရောင် အရွက်များ၊ အစေ့အဆန်များ၊ ထောပတ်သီး၊ အခွံမာရေသတ္တဝါများ၊ ငါးများ၊ ကင်းမွန်။ ပန်းစိမ်း၊ အပင်များမှရသောအဆီများ၊ အသီးများ။• Lutein and Zeaxanthin : ဥအမျိုးမျိုး၊ ကိုက်လန်၊ဟင်းနုနွယ် ၊မုနန်လာထုပ်၊ဂေါ်ဖီ ၊ဆလပ်ရွက် ၊ပန်းစိမ်းစသည့် အစိမ်းရောင်အရွက်များနှင့် ပဲအမျိုးမျိုး၊ ဘူးသီး၊ ပဲပင်ပေါက် ။• Vitamin C and Omega 3 fatty acid : ပင်လယ်စာများနှင့် အသီးအနှံများ။မျက်မှန်လဲခြင်း၊ အနီး အဝေးမြင်သော မျက်မှန်များတပ်ဆင်ခြင်း၊ ပုံရိပ်ကိုချဲ့ပေးသောမျက်မှန်များတပ်ဆင်ခြင်းနှင့် အခြားသောအမြင်အာရုံအထောက်အကူပြုပစ္စည်းများကအတွင်းတိမ်အတွင်များစွာအထောက်အကူဖြစ်ပါလိမ့်မည်။ သို့သော်သင့်နေ့စဉ်ဘဝကိုထိခိုက်လာပါက ခွဲစိတ်ကုသမှုခံယူသင့်သည်။အချုပ်ဆိုရသော် ကျွနုပ်တို့သည် အသက်ကြီးလာသည်နှင့်အမျှ ကျန်းမာရေးပြသနာများနှင့် ပိုရင်ဆိုင်လာရမည်ဖြစ်သည်။ အထက်ပါအချက်များကို သိထားခြင်းဖြင့် သင့်တွင် မျက်လုံးတိမ်စွဲခြင်းကြောင့် အမြင်အာရုံကွယ်ပျောက်ခြင်းမဖြစ်ရလေအောင် ဂရုပြုနိုင်ပေလိမ့်မည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/cataracts/%e1%80%a1%e1%80%9e%e1%80%80%e1%80%ba%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%9b%e1%80%84%e1%80%b7%e1%80%ba%e1%80%9e%e1%80%b0%e1%80%99%e1%80%bb%e1%80%ac%e1%80%b8/
သုက်လွှတ်မြန်တာ ကို ဆေးမလိုဘဲ ဒီလိုဖြေရှင်းနိုင်ပါတယ်။
သုက်လွှတ်မြန်တယ်ဆိုတာက အမျိုးသားတွေ အိပ်ရာပေါ်မှာ စိုးရိမ်ရတဲ့ ပြဿနာတစ်ခုပါ။ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင် ပြစ်မျိုးမှဲ့မထင်ဖြစ်ချင်တဲ့ အမျိုးသားတွေအတွက် သုက်လွှတ်မြန်တာ က အားနည်းချက်တစ်ခုလို  ခံစားရမှာပါ။ ပိုဆိုးတာက အမျိုးသားတွေရဲ့ ထုံးစံအတိုင်း ဆေးခန်းပြရမှာ၊ ဒါကို တစ်ယောက်ယောက်ကို ဖွင့်ပြောရမှာ ရှက်ကြပါတယ်။ဒီတော့ သုက်လွှတ်မြန်တာက မသက်သာဘဲလိင်မှုကိစ္စမှာ ထိခိုက်လာတာ၊ မှားယွင်းတဲ့ နည်းလမ်းတွေနဲ့ ကုသမိတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင်  သိပ္ပံနည်းကျ စမ်းသပ်ထားပြီး ကိုယ်တိုင်လိုက်လုပ်လို့ရတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုပါတယ်။ဆေးပညာမှာတော့ သုက်လွှတ်မြန်တယ်ဆိုတာကို။သုက်လွှတ်မြန်တာ က စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် (ဥပမာ အလုပ်ပင်ပန်းတာ၊ စိုးရိမ်ပူပန်စိတ်များတာ) ဖြစ်နိုင်သလို ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။အရေးကြီးဆုံးက မိမိအဖော်ကို ပြောပြပါ။ သူ့ရဲ့ နားလည်ပေးမှုနဲ့ ကူညီမှုက ကုသမှုအတွက် အများကြီး အထောက်အကူ ဖြစ်ပါတယ်။လွယ်ကူတဲ့ နည်းလမ်းတွေကတော့။အတူမနေခင် ၁-၂ နာရီအလိုမှာ အာသာဖြေနိုင်ပါတယ်။ တစ်ခါလောက် ပြီးသွားရင် နောက်ထပ် လိင်တံထောင်မတ်ဖို့နဲ့ ပြီးမြောက်ဖို့ ပိုပြီး အချိန်ယူရမှာ ဖြစ်တာကြောင့် ကြာကြာနေနိုင်မှာ ဖြစ်ပါတယ်။ကွန်ဒုံးအထူ (နှစ်ထပ်စွပ်တာမဟုတ်) သုံးတာကလည်း လိင်တံမှာ ခံစားချက်ကို နည်းစေတာကြောင့် ပြီးမြောက်ဖို့ ဆွဲဆန့်ထားနိုင်ပါတယ်။ အလွှာခြားရင် ကမ္ဘာခြားတယ်ဆိုတာကို ဒီမှာ အသုံးချလို့ရပါတယ်။အတူနေနေတုန်း သုက်လွှတ်ချင်လာပြီဆိုရင် အသက်ပြင်းပြင်း ရှူသွင်းပြီး အောင့်ချလိုက်ပါ။ ဒါက သုက်လွှတ်တာကို ထိန်းချုပ်တဲ့ အာရုံကြောစနစ်ကို ခဏရပ်လိုက်သလို ဖြစ်စေပါတယ်။အတူနေတဲ့အခါ အဖော်ကို အပေါ်က နေခိုင်းပြီး သုက်လွှတ်ချင်လာပြီဆိုရင် ဖယ်ခိုင်းလို့ရပါတယ်။အတူနေတဲ့အခါ ဆက်တိုက် မနေဘဲ ကြားထဲမှာ နားနားပေးပါ။သုက်လွှတ်ချင်စိတ်ပေါ်လာပြီဆို ခဏရပ်ပြီး တခြားအကြောင်းအရာတစ်ခု တွေးတာ၊ ပြောတာ လုပ်နိုင်ပါတယ်။သင့်ရဲ့ လိင်တံကို အထိ မခံဘဲ သင့်အဖော်ကို စိတ်ကြွလာအောင်နှိုးဆွပါ။ သူပြီးမြောက်ဖို့ နီးလာတော့မှ အတူနေလိုက်ပါ။ ဒါက နှစ်ယောက်သား အတူတူပြီးမြောက်ဖို့ အကူအညီပေးနိုင်ပါတယ်။လုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေကတော့။ဒါက သုက်မလွှတ်အောင် လက်နဲ့ ထိန်းလိုက်တဲ့ နည်းလမ်းပါ။ ဘယ်အချိန်မှာ သုက်လွှတ်တော့မှာလဲဆိုတာကို ကြိုပြီး သိနိုင်တဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ ဒီနည်းလမ်းက လိင်တံကို သုက်လွှတ်ချင်လာအောင် လှုံ့ဆော်ပြီး ပြီးမြောက်တော့မယ်ဆိုရင်  လိင်တံကို ညှစ်လိုက်တာ ဖြစ်ပါတယ်။ဒီလိုလုပ်လိုက်တာက လိင်တံထောင်မတ်တာကို အနည်းငယ်ကျသွားစေပြီး ပြီးချင်စိတ် လျော့သွားပါတယ်။ဒီနည်းလမ်းက ဘယ်တော့ပြီးမလဲဆိုတာကို ကြိုသိနိုင်သလို ဒီလိုသိခြင်းကလည်း သုက်လွှတ်မမြန်အောင် ချုပ်ထိန်းစေနိုင်ပါတယ်။ဒါက နောက်ထပ် နည်းလမ်းတစ်ခုပါ။ အမျိုးသား လိင်တံကို စိတ်ကြွပြီး ပြီးမြောက်ခါနီးအထိ နှိုးဆွပေးလိုက်ပါ။ ပြီးတော့မယ်ဆိုရင် ရပ်ပြီး သုက်လွှတ်ချိန်စိတ်ကို လုံးဝပျောက်သွားတဲ့အထိ  စောင့်လိုက်ပါ။ပြီးရင် ပြန်ဆွ၊ ပြီးခါနီးရင် ရပ်ပြီး ထပ်စောင့်ပါ။ ၃ကြိမ်လောက်ထိ လုပ်ပြီး ၄ကြိမ်မြောက်မှာ သုက်လွှတ်လိုက်ပါ။တင်ပဆုံကွင်းထဲမှာ ရှိနေတဲ့ ကြွက်သားတွေကို သန်မာအောင် လုပ်တဲ့ လေ့ကျင့်ခန်းပါ။ ဒီကြွက်သားတွေ သန်မာနေရင် သုက်လွှတ်မြန်တာ ကို ပိုပြီး ထိန်းရတာ လွယ်ပါတယ်။လေ့လာချက်တစ်ခုမှာ အမျိုးသားတွေကို ၁၂ပတ်ကြာအောင် တင်ပဆုံလေ့ကျင့်ခန်း လုပ်ခိုင်းပြီးတဲ့နောက်မှာ အမျိုးသားတွေက သူတို့ရဲ့ သုက်လွှတ်တဲ့ အာရုံကြောကို ပိုထိန်းနိုင်ပြီး ပြီးမြောက်ဖို့ အချိန်ပိုကြာတာ တွေ့ရပါတယ်။Kegel exercises ကို လုပ်မယ်ဆိုရင် အရင်ဆုံး ကြွက်သားတွေကို သိဖို့ လိုပါတယ်။ ကြွက်သားတွေကို သိဖို့ဆိုရင် ဆီးသွားရင်း အားနဲ့ အောက်ပိုင်းကြွက်သားတွေကို ညှစ်ကြည့်လိုက်ပါ။ ဆီးရပ်သွားရင် ကိုယ်လေ့ကျင့်ချင်တဲ့ ကြွက်သားတွေကို ညှစ်မိနေလို့ပါ။ (ဒါပေမယ့် ဒီလေ့ကျင့်ခန်းကို ဆီးသွားရင်းနဲ့ မလုပ်ရပါဘူး)။ကြွက်သားတွေကို သိသွားပြီဆိုရင် ကြမ်းပြင်မှာလှဲပြီး ခုနက ကြွက်သားတွေကို အားနဲ့ ညှစ်ကြည့်ပါ။ ၅စက္ကန့်လောက်ကြာအောင် ညှစ်ပြီး ပြန်လျှော့ပါ။ ညှစ်လိုက် လျှော့လိုက်နဲ့ ၁၀ကြိမ် ၂ကျော့လုပ်ပါ။အားဆေးများ။ဇင့်ဓာတ်က သုက်လွှတ်မြန်တာကို တိုက်ရိုက်သက်သာစေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဇင့်ပါတဲ့ အားဆေးတွေက လိင်ပိုင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေပြီး သွေးထဲက တက်စတိုစတီရုန်း ပမာဏကို တက်စေပါတယ်။ လိင်စိတ်ကို တက်စေပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို တက်စေပါတယ်။ ဒါက သွယ်ဝိုက်နဲ့ နည်းလမ်းနဲ့ သုက်လွှတ်မြန်တာကို သက်သာစေမှာပါ။မဂ္ဂနီဆီယမ်က သုက်ကောင်တွေ ထုတ်လုပ်မှုကို ကောင်းစေပါတယ်။ လေ့လာချက်တစ်ခုမှာ မဂ္ဂနီဆီယမ်နည်းတာက သုက်လွှတ်စောတာနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ အကြောင်းက မဂ္ဂနီဆီယမ်က ပြီးမြောက်ဖို့ လိုအပ်တဲ့ ကြွက်သားတွေ ကျုံ့ဆန့်တာကို ထိန်းချုပ်ပေးလို့ပဲ ဖြစ်ပါတယ်။တခြားလိုအပ်တဲ့ ဓာတ်တွေကတော့ ကယ်ဆီယမ်၊ ကော့ပါး၊ မဂ္ဂနိစ်နဲ့ ဆီလီနီယမ်တို့ပဲ ဖြစ်ပါတယ်။ဒီအားဆေးတွေက သုက်လွှတ်မြန်တာ ကို ကုသပေးတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တချို့အမျိုးသားတွေမှာ သက်သာလာတာကိုတော့ တွေ့ရပါတယ်။ဆေးဝါးတွေမှာ သောက်ဆေးနဲ့ လိမ်းဆေးဆိုပြီး ရှိပါတယ်။လိမ်းဆေးအနေနဲ့ကတော့lidocaine, prilocaine, benzocaine စတာတွေကို သုံးနိုင်ပါတယ်။ အတူနေခင် နာရီဝက်အလိုမှာ လိင်တံထိပ်မှာ လိမ်းထားနိုင်ပါတယ်။ အတူနေဖို့ ၅မိနစ်အလိုလောက်ဆိုရင် ရေဆေးချပြီး နေနိုင်ပါတယ်။ သူက ထုံဆေးတွေ  ဖြစ်တာကြောင့် လိင်တံကို ခံစားမှု လျော့နည်းစေပါတယ်။ ဒါက ယာယီပဲ ဖြစ်ပါတယ်။သောက်ဆေးတွေကတော့ စိတ်ကျရောဂါတွေမှာ ကုသတဲ့ ဆေးတွေပဲ ဖြစ်ပြီး ဆရာဝန်ညွှန်ကြားနဲ့မှ မှီဝဲသင့်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/self-care-tips-for-premature-ejaculation/
အထိုင်များခြင်းကြောင့် ဖြစ်လာနိုင်သော ပြဿနာများ
အခုခေတ်မှာ လူသားတွေဟာ ခန္ဓါကိုယ်လုပ်အားကို အသုံးပြုရတဲ့ အလုပ်တွေ ပျောက်ဆုံးပြီး ခေတ်ပေါ်စက်ကိရိယာတွေက လူတွေအစား လုပ်ပေးတဲ့ ကမ္ဘာကြီးမှာ နေနေကြရပါတယ်။ အမေရိကန် ၃၄ သန်းကျော်ဟာ ရုံးခန်း (သို့) အရောင်းအလုပ်တွေ လုပ်နေရတာမို့ သူတို့ကို တစ်နေ့ ရှစ်နာရီ (သို့) ဒီထက်ကြာအောင်ထိုင်နေဖို့ တွန်းအားပေးနေသလိုပါပဲ။Annuals of Internal Medicine မှာ ပါတဲ့ အစီရင်ခံချက် တစ်ခုအရ ပုံမှန်လူတစ်ယောက်ဟာ သူ့ရဲ့နိုးနေတဲ့ အချိန်တွေရဲ့ တစ်ဝက်ကျော်ကျော်ကို မလှုပ်ရှားတဲ့ ပုံစံ (ကွန်ပျူတာ ရှေ့မှာ ထိုင်တာ၊ တီဗွီ ကြည့်တာ၊ အလုပ်ကနေ သွား၊ ပြန်တာ) မျိုးနဲ့ ဖြတ်သန်းတတ်ကြပါတယ်။နည်းပညာက သိသာထင်ရှားတဲ့ အကျိုးကျေးဇူးတွေကို ယူဆောင်လာပေးတဲ့အတွက် အချိန်အနည်းငယ်အတွင်းမှာ အလုပ်များများပြီးတာမျိုး၊ အားအင် သက်သာတာမျိုး၊ အမြန် ရောက်ရှိနိုင်တာမျိုးတွေ ဖြစ်လာနိုင်ပါပြီ။ ဒါပေမယ့် သူ့မှာလည်း ဆိုးကျိုးတွေ အများကြီး ရှိနိုင်ပါသေးတယ်။အချိန်အကြာကြီး ထိုင်နေခြင်းဟာ ခါးနာခြင်း၊ လူနေထိုင်ပုံမမှန်ခြင်းနဲ့ အခြားရောဂါတွေဖြစ်တဲ့ ဆီးချို၊ နှလုံးရောဂါနဲ့ အဝလွန်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။သင့်အလုပ်မှာ အချိန်အကြာကြီး ထိုင်ဖို့လိုတယ်ဆိုရင် ဒါဟာ သင့်ကျန်းမာရေးကို ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာ လေ့လာကြည့်လိုက်ပါလို့ ကျွမ်းကျင်သူ လေးယောက်က ပြောပါတယ်။ကိုယ်ခန္ဓါကို လှုပ်ရှားတယ်ဆိုတာ သွေးနဲ့ အောက်ဆီဂျင်တွေကို ဦးနှောက်ကို ပိုမို စီးဆင်းခြင်းပြီး ဉာဏ်ကောင်းစေကာ အရာရာကို ကြည်လင်ပြတ်သားစွာ မြင်စေနိုင်ပါတယ်။ ဒါပေမယ့် အချိန်အကြာကြီး ထိုင်နေမယ်ဆိုရင် ဦးနှောက်ကို သွေးစီးဆင်းမှု ကျဆင်းလာပြီးတော့ ကြည်လင်ပြတ်သားစွာ တွေးတောနိုင်တဲ့ စွမ်းအားကို တားမြစ်ပါတယ်။ကွန်ပျူတာကို ကြည့်ဖို့ လူကရှေ့ကိုကိုင်းပြီး အလုပ်လုပ်ခြင်းဟာ လည်ပင်း (အထူးသဖြင့် လည်ပင်း ကျောရိုး) ပေါ်ကို ကြီးမာတဲ့ ဖိအားသက်ရောက်စေပါတယ်။ ကိုယ်နေဟန် မမှန်ခြင်းဟာ သင့်ရဲ့ ခါးနဲ့ ပုခုံး ကြွက်သားတွေကို ပျက်စီးစေပြီးတော့ ကီးဘုတ် ရှေ့ကို အချိန်အကြာကြီး ကုန်းကြည့်နေတဲ့အတွက် ကြွက်သားတွေ လိုတာထက် ပိုဆန့်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ကိုယ်နေဟန် မမှန်ခြင်းကြောင့် ဖြစ်ပွားနိုင်တဲ့ အဓိက ပြဿနာ တစ်ခုကတော့ ခါးနာခြင်းပဲဖြစ်ပါတယ်။ လှုပ်ရှားမှုဟာ ကျောရိုးမထဲက ကျောရိုးဆစ်တွေကြားက ပျော့ပြောင်းတဲ့ အဆစ်ပြားတွေကို ကျုံ့ခြင်း ဆန့်ခြင်းတွေ ဖြစ်ပေါ်စေပြီးတော့ သွေးနဲ့ အာဟာရတွေကို ဖြည့်တင်းပေးပါတယ်။ အကြာကြီး ထိုင်နေမယ်ဆိုရင် ဒီ အဆစ်ပြား တွေဟာ မညီမျှပဲ သိပ်သည်းလာပြီးတော့ ကော်လာဂျင် တွေကို အရွတ်တွေကြားမှာ ဖြစ်လာစေပါတယ်။ဒီလိုပဲ ခါးရိုးဆစ် တွေ ကျွံကျခြင်းဟာ ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီးနေတတ်တဲ့ လူတွေမှာ အဖြစ်များပါတယ်။ထိုင်နေခြင်းဟာ သင့်ကြွက်သားတွေ အသုံးပြုဖို့ မလိုအပ်တာကြောင့် မသုံးပဲ အကြာကြီး ထားမယ်ဆိုရင် ဒါဟာ သင့်ကို Swayback လို့ခေါ်တဲ့ ကြောရိုးမရဲ့ သဘာဝအတိုင်း ကိုင်းညွတ်မှုကို လိုတာထက်ပိုပြီး ဆန့်စေခြင်း ဖြစ်ပေါ်စေပါတယ်။ ဒါ့ပြင် အချိန်အကြာကြီး ထိုင်ခြင်းဟာ အထူးသဖြင့် တင်ပဆုံနဲ့ ခါးတို့ရဲ့ ယေဘုယျ ပျော့ပြောင်းမှုကို လျော့ကျစေပါတယ်။ ပျော့ပြောင်းတဲ့ တင်ပဆုံးနဲ့ ခါးတွေဟာ ကိုယ်ခန္ဓါ ညီမျှမှုကို ထိန်းသိမ်းပေးပြီး အချိန်အကြာကြီး ထိုင်ခြင်းကတော့ တင်ပဆုံ ကွေးတဲ့ ကြွက်သားတွေကို တိုစေပြီး တောင့်တင်းစေပါတယ်။Glute muscles တွေဟာ မသုံးတာကြာရင် ပိုပြီးတော့ ပျော့လာနိုင်ပြီးတော့ ဒါဟာ သင့်ကို ခြေလှမ်းကြဲကြဲ လျှောက်နိုင်စွမ်းနဲ့ ကိုယ်ခန္ဓါကို တည်ငြိမ်အောင် ထိန်းထားနိုင်စွမ်းတွေကို လျော့ကျစေပါတယ်။အချိန်အကြာကြီး ထိုင်ခြင်းဟာ နှလုံးရောဂါ၊ နှလုံးသွေးကြောရောဂါနဲ့ အူမကြီးကင်ဆာတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။ ခြုံပြောရရင် ဒီပြဿနာတွေဟာ ကိုယ်ခန္ဓါမလှုပ်ရှားတာကြောင့် ဖြစ်တဲ့ အင်ဆူလင် ပိုထွက်ခြင်းနဲ့ အင်္ဂါတွေကို သွေးရောက်နှုန်းနှေးခြင်းကြောင့် ဖြစ်ပေါ်တာ ဖြစ်ပါတယ်။ ပုံမှန် လှုပ်ရှားခြင်းဟာ ကင်ဆာဆဲလ်တွေကို သတ်ပေးပြီး ဓါတ်တိုးပစ္စည်း တွေကို သုတ်သင်ပေးတဲ့ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ ပစ္စည်းတွေကို အားပေးပါတယ်။အင်ဆူလင်ပိုထုတ်ခြင်းဟာ ကိုယ်အလေးချိန်ကို တက်လာစေပြီး ဆီးချိုနဲ့ အဝလွန်ခြင်းတွေကို ဖြစ်စေတတ်ပါတယ်။သိသာထင်ရှားစွာပဲ အချိန်အကြာကြီး ထိုင်ခြင်းဟာ ခြေထောက်တွေထဲမှာ သွေးလှည့်ပတ်မှုကို တားဆီးပါတယ်။ ဒါဟာ ခြေချင်းဝတ် သွေးစုပြုံခြင်း ဖြစ်စေပြီးတော့ ခြေချင်းဝတ် ရောင်ခြင်း၊ သွေးကြောထုံးခြင်းနဲ့ အန္တရာယ်ပေးနိုင်တဲ့ သွေးခဲဖြစ်ပေါ်မှုတွေကိုပါ ဖြစ်လာနိုင်စေပါတယ်။ နောက်ပြဿနာတစ်ခုကတော့အရိုးတွေဟာ ပိုပြီးတော့ အားနည်းလာပြီး သိပ်သည်းမှု နည်းပါးလာတာပါပဲ။ ပြေးခြင်း၊ လမ်းလျှောက်ခြင်း အစရှိတဲ့ ပုံမှန် လှုပ်ရှားမှု ပြုခြင်းဟာ အရိုးတွေကို သန်စွမ်းစေပါတယ်။ ဒါဟာ အသက်ကြီးတဲ့သူတွေမှာ အထိုင်များတာကြောင့် ဘာကြောင့် အရိုးပွရောဂါ ဖြစ်စေလဲဆိုတဲ့ အချက်ကို ရှုင်းပြနိုင်ပါတယ်။တီဗွီကို သက်တမ်းတစ်လျှောက်မှာ ၈ နှစ်ခွဲ ထက်ပိုပြီး ကြည့်တဲ့သူတွေဟာ တစ်နေ့ကို တစ်နာရီတောင် မကြည့်တဲ့ သူတွေနဲ့ ယှဉ်ရင် အရွယ်မတိုင်မီ သေဆုံးမှု ၆၁ ရာခိုင်နှုန်း ပိုမို များပြားတယ်လို့ လေ့လာမှုတစ်ခုက ပြောပါတယ်။ပထမဆုံးအနေနဲ့ အလုပ်အတွက်ဖြစ်စေ၊ အခြားရည်ရွယ်ချက်နဲ့ ဖြစ်စေ အချိန်အကြာကြီး ထိုင်စရာမလိုပါဘူး။ မတ်မတ်ထိုင်ပါ။ ကီးဘုတ်ရှေ့ကို ကုန်းနေခြင်းကို ရှောင်ပါ။ လေ့ကျင့်ခန်းလုပ်တဲ့ ဘောလုံးကို ဝယ်မယ်ဆိုရင် ဒါဟာ သင့်ကြွက်သားတွေကို အလုပ်လုပ်စေပြီး သင့်ကိုယ်ခန္ဓါကို သဘာဝအတိုင်း ဖြောင့်မတ်စွာ ရှိနေစေပါတယ်။ နောက်ကျောမှီမပါတဲ့ ထိုင်ခုံကိုလဲ လေ့ကျင့်ခန်း ဘောလုံးအစား အသုံးပြုနိုင်ပါတယ်။ဒုတိယ အချက်ကတော့ ကိုယ်ခန္ဓါအကြောဆန့်ဖို့ ပုံမှန် ထသင့်ပါတယ်။ ဒါကို ဘယ်လောက်တစ်ခါလုပ်ရမှာလဲ။ အနည်းဆုံး မိနစ်သုံးဆယ်တစ်ခါလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ထပြီးတော့ သင့်ရုံးမှာ မိနစ်အနည်းငယ်လောက် လမ်းလျှောက်ခြင်းဟာ သွေးစီးဆင်းနှုန်းကို မြှင့်တင်ပေးပြီး ဦးနှောက်နဲ့ ကြွက်သားတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေပါတယ်။တတိယအနေနဲ့ ယောဂပြုလုပ်ခြင်းဟာ သင့်ကြွက်သားတွေကို ပျော့ပြောင်းစေပြီး စိတ်ကို အေးချမ်းစေကာ တစ်နေ့တာ အလုပ်တွေကနေ ဖိအားလျော့စေနိုင်ပါတယ်။ မတ်တပ်အနေနဲ့ အလုပ်လုပ်ဖို့ တွန်းအားပေးမယ့် မတ်တပ်ရပ် အလုပ်လုပ်ရတဲ့ အလုပ်ခုံကိုလည်း ဝယ်နိုင်ပါတယ်။ ဒါဟာ သွေးနဲ့ အောက်ဆီဂျင် စီးဆင်းနှုန်းကို ကူညီပေးပြီး သွေးခဲဖြစ်ပေါ်နှုန်းနဲ့ အခြား မကောင်းတဲ့ ကျန်းမာရေး ပြဿနာတွေကို လျော့ကျစေပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%a1%e1%80%91%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba/
Neurofibromatosis (အာရုံကြောတစ်ရှူးများတွင် အလုံးအကျိတ်ဖြစ်သော မျိုးရိုးဗီဇရောဂါ)
Neurofibromatosis ဆိုတာ မျိုးရိုးလိုက်တဲ့အာရုံကြောစနစ် ပုံမှန်မဟုတ်တဲ့ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ အဓိကအားဖြင့် ဒီရောဂါက ဖွံ့ဖြိုးကြီးထွားမှုနဲ့ အာရုံကြောဆဲလ်တစ်ရှုးတွေဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။ ဒီရောဂါကိုneurofibromatosis type 1(NF1) andneurofibromatosistype 2 (NF2) နဲ့ ရှားပါးတဲ့ neurofibromatosisရောဂါတစ်မျိုးတို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီရောဂါအကြောင်းကိုတော့ လူသိပ်မသိကြပါဘူး။neurofibromatosis type 1(NF1) ကအဖြစ်များပါတယ်။neurofibromatosisရောဂါ မျိုးရဲ့ရောဂါလက္ခဏာတွေက တစ်ခုနဲ့တစ်ခုမတူပါဘူး။Neurofibromatosis 1။Neurofibromatosis 1 (NF1) ကများသောအားဖြင့်မွေးကတည်းက (သို့)မွေဒပြီးသိပ်မကြာခင်ကာလမှာကတည်းကပေါ်လာတတ်တာဖြစ်ပါတယ်။မွေးကင်းစအရွယ်ကနေ အသက် ၁၀ နှစ်အတွင်းမှာရောဂါလက္ခဏာတွေပေါ်လာတတ်ပပါတယ်။ရောဂါလက္ခဏာတွေအနေနဲ့ကတော့ အရေပြားပေါ်မှာကော်ဖီရောင် အစက်အပြောက်လေးတွေထွက်လာတာပဲဖြစ်ပါတယ်။ လူအများစုမှာ အဆိုပါလက္ခဏာလိုမျို းအရေပြားပေါ်မှာ အညိုရောင်ဖျော့ဖေျာ့ အစက်အပြောက်လေးတွေထွက်ပေါ်တတ်ပြီး အန္တရာယ်တော့မရှိပါဘူး။မွေးကတည်းကအရေပြားပေးမှာ အစက်အပြောက်တွေပါလာတတ်သလိုမွေးပြီးတစ်နှစ်အတွင်းမှာလည်းပေါ်လာတတ်ပါတယ်။ နာက်ပိုင်းမှာ အမြဲတမ်းလိုလို အရေပြားပေါ်မှာ အစက်အပြောက်လေးတွေဖြစ်သွားတတ်ပါတယ်။အညိုရောင်အစက်အပြောက်တွေက ချိုင်းကြား (သို့)ပေါင်ခြံဗတွမှာ ထွက်ပေါ်လေ့ရှိပါတယ်။ အညိုရောင်အစက်အပြောက်တွေက အသက် ၃ နှစ်ကနေ ၅ နှစ်လောက်အရွယ်မှာ ထွက်ပေါ်လာတတ်ပါတယ်။ အညိုရောင်အစက်အပြောက်တွေကမွေးရာပါအမှတ်တွေထက်သေးငယ်ပြီး အရေပြားပေါ်မှာ အစုလိုက်ကလေးတွေတွေ့ရတတ်ပါတယ်။မျက်လုံးထဲမှာအဖုငယ်လေးတွေပေါက်တတ်ပါတယ်။ အန္တရာယ်မဖြစ်စေနိုင်တဲ့ အဆိုပါအဖုလေးတွေက အလွယ်တကူမမြင်နိုင်သလို အမြင်အာရုံကိုလည်း မထိခိုက်စေနိုင်ပါဘူး။ပျော့ပျော့ပျောင်းပျောင်းရှိတဲ့ အရေပြားအပေါ်နဲ့အတွင်းပိုင်းကအဖုလေးတွေက (neurofibromas) – ဒီပျော့ပျောင်းတဲ့ အကျိတ်တွေက အရေပြားအတွင်းပိုင်းနဲ့ အရေပြားအောက်ဘက်ပိုင်းမှာအဖြစ်များပြီး ခန္ဓါကိုယ်အတွင်းပိုင်းမှာလည်းဖြစပေါ်လေ့ရှိပါတယ်။ တခါတလေမှာ အဆိုပါအကျိတ်ဖုလေးတွေထဲမှာ အာရုံကြောတွေပါ ပါဝင်နေတတ်ပါတယ်။အရိုးတွေ ပုံပန်းမကျခြင်း – ပုံမှန်မဟုတ်တဲ့ အရိုးဖွံ့ဖြိုးမှုနဲ့ အရိုးတွင်းမှာ သတ္တုဓါတ် သိပ်သည်းဆလျော့နည်းနေမှုတွေက ကျောရိုးကွေးတာ (သို့) ခြေထောက်ခွင်တာလိုမျိုး အရိုးတွေ ပုံပန်းမကျတာကိုဖြစ်စေနိုင်ပါတယ်။မြင်အာရုံကြောပေါ်မှာ အကျိတ်တည်တာ – ဒီအကျိတ်တွေက အသက် ၃ နှစ်အရွယ်လောက်မှာပေးလာတတ်ပါတယ်။ ၃ နှစ်နောက်ပိုင်းအရွယ်နဲ့မြီးကောင်ပေါက်အရွယ်တွေမှာတော့ဖြစ်နိုင်ခြေနည်းသွားပါပြီ။ အရွယ်ရေယက်လာတဲ့အချိန်မှာတော့လုံးဝကို မဖြစ်တော့ပါဘူး။သင်ယူမှုပိုင်းမှာ အားနည်းတာ – NF1ဝေဒနာခံစားနေရတဲ့ ကလေငယ်တွေမှာတွေးတောမှုပိုင်းမှာ ချို့ယွင်းအားနည်းလေ့ရှိပါတယ်။ ဒါပေမယ့် သိပ်တော့ပြင်းထန်လေ့မရှိပါဘူး။ သင်ယူမှုပိုင်းမှာ မလုပ်ဆောင်နိုင်တာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ စာဖတ်တာ (သို့) သချာၤစွမ်းရည်ပိုင်းမှာ အားနည်းတာမျိုးတွေ ကြုံရနိုင်ပါတယ်။ အာရုံစိုက်နိုင်စွမ်းနည်းတာ၊ အတက်ကြွလွန်တာ (ADHD) လိုမျိုး လက္ခဏာတွေကတွေ့ရများပါတယ်။ပုံမှန်ထက် ဦးခေါင်းအရွယ်အစားကြီးနေတာ – NF1ဝေဒနာရှိနေတဲ့ ကလေးငယ်တွေမှာ ဦးနှောက်အရွယ်အစားကပုံမှန်ထက် ပိုကြီးနေတာကြောင့် ဦးခေါင်းကပုံမှန်ထက်ပိုကြီးနေတာဖြစ်ပါတယ်။ပုံမှန်ထက် အရပ်နိမ့်တာ – NF1ရောဂါရှိတဲ့ ကလေးငယ်တွေက ပုံမှန်ထက်အရပ်အမောင်းနိမ့်နေတတ်ပါတယ်။Neurofibromatosis 2။Neurofibromatosis 2 (NF2) က NF1လောက်အဖြစ်မများပါဘူး။ NF2 ကပုံမှန်အားဖြင့်တော့ပျော့ပျောင်းတဲ့အကျိတ်တွေဖြစ်ပေါ်တတ်တာဖြစ်ပါတယ်။ နားနှစ်ဖက်စလုံးမှာ အကျိတ်ဖုလေးတွေ တဖြည်းဖြည်းချင်းဖြစ်ပေါ်လာတာဖြစ်ပါတယ်။ vestibular schwannomas လို့သိကြပြီး အဆိုပါအကျိတ်လေးတွေက အတွင်းနားဆီကနေ ဦးနှောက်ဆီကို အသံတွေနဲ့ သတင်းအချက်အလက်တွေပေးပို့ပေးတဲ့ အာရုံကြောပေါ်မှာဖြစ်တာဖြစ်ပါတယ်။ရောဂါလက္ခဏာတွေက ပုံမှန်အားဖြင့်တော့ ဆယ်ကျော်သက်အရွယ်နဲ့ အရွယ်ရောက်ပြီးတဲ့အချိန်မှာဖြစ်ပေါ်လာတတ်ပြီးရောဂါပြင်းထန်ရင်တော့ရောဂါလက္ခဏာတွေကပြောင်းလဲနိုင်ပါတယ်။ရောဂါ လက္ခဏာတွေက –။Schwannomatosis။ဖြစ်ခဲလှတဲ့neurofibromatosisရောဂါတစ်မျိုးဖြစ်ပါတယ်။ အသက် ၂၀ နှစ်အထက်လူတွေမှာ အဖြစ်များပါတယ်။Schwannomatosis ကဦးခေါင်းခွံ၊ ကျောရိုးမကြီးနဲ့ ခြေဖျားလက်ဖျားတွေက မှာ အကျိတ်တွေဖြစ်ပေါ်တာဖြစ်ပါတယ်။ ဒါပေမယ့်Schwannomatosis ကတော့ အတွင်းကနေ ဦးနှောက်ဆီကို သတင်းအချက်အလက်တွေပေးပို့တဲ့ အာရုံကြောပေါ်မှာ မဖြစ်ပါဘူး။Schwannomatosis ကNF2ဝေဒနာခံစားနေရတာကြောင့် အကြားအာရုံဆုံးရှုံးတာမျိုးတော့မဖြစ်စေပါဘူး။ အကျိတ်တွေက အကြားအာရုံဆိုင်ရာ နာဗ်ကြောနှစ်ခုစလုံးအပေါ်မှာဖြစ်ပေါ်လေ့မရှိပါဘူး။Schwannomatosis ကခန္ဓါကိုယ်ရဲ့ ဘယ်နေရာမှာမဆိုဖြစ်နိုင်ပါတယ်။ နာတာရှည် နာကျင်နေတာမျိုးခံစားရနိုင်ပါတယ်။ အခြားတွေ့ရ နိုင်တဲ့ရောဂါလက္ခဏာတွေကတော့။Neurofibromatosis ကမျိုးဗီဇချို့ယွင်းမှုကြောင့်ဖြစ်တာဖြစ်ပါတယ်။ မိဘတွေဆီကနေ လက်ဆင့်ကမ်းရရှိလာတာဖြစ်သလို ကိုယ်ဝန်ဆောင်ချိန်မှာ ကတည်းကကူးစက်ခံနေရတာလည်းဖြစ်ပါတယ်။neurofibromatosisရောဂါအမျိုးအစားပေါ်မှာမူတည်ပြီးအခြေတည်ဖြစ်ပေးတဲ့ မျိုးဗီဇချင်းကွာခြားပါတယ်။NF1 – NF1 ရဲ့မျိုးဗီဇကchromosome 17 မှာဖြစ်တည်တာဖြစ်ပါတယ်။ အဆိုပါ မျိုးဗီဇက ပုံမှန်အားဖြင့် ဆဲလ်တွေကြီးထွားမှုကို ထိန်းညှိရာမှာ အထောက်အကူပြုတဲ့neurofibromin လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးကိုထုတ်လွှတ်ပေးပါတယ်။NF2 – NF2 ရဲ့မျိုးဗီဇက chromosome 22 မှာဖြစ်တည်တာဖြစ်ပါတယ်။ သန္ဓေပြောင်းထားတဲ့ မျိုးဗီဇကmerlin ဆုံးရှုံမှုကိုဖြစ်ပေါ်စေပြီး မထိန်းချုပ်နိုင်လောက်အောင် ဆဲလ်ကြီးထွားမှုကိုဖြစ်စေပါတယ်။Schwannomatosis – အခုထိတော့schwannomatosis ကိုဖြစ်စေနိုင်တဲ့ မျိုးဗီဇ နှစ်မျိုးရှိတယ်၊လို့ပဲသိရပါသေးတယ်။Neurofibromatosisရောဂါရှိ၊မရှိကိုအောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေအပါအဝင် များစွာသောစမ်းသပ်မှုတွေလုပ်ဆောင်ပြီး စစ်ဆေးသိရှိနိုင်ပါတယ်။အမြင်အာရုံ (သို့) အကြားအာရုံဆိုင်ရာ နဗ်ကြောပေးမျာ အကျိတ်ဖြစ်နေမယ်ဆိုရင်တော့ အမြင်အာရုံ နဲ့ အကြားအာရုံဆိုင်ရာပြဿနာတွေတွေ့ကြုံခံစားရနိုင်ပါတယ်။ ကလေးငယ်တွေအနေနဲ့ သင်ယူမှုပိုင်းဆိုင်ရာ အခက်အခတြွေနဲ့တွေ့ကြုံရနိုင်သလို အပြုအမူပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့တွေ့ကြုံခံစားရနိုင်ပါတယ်။ NF1ဝေဒနာရှိနေတဲ့ ကလေးငယ်တော်တော်များများက သင်ယူမှုပိုင်းမှာ အခက်အခဲရှိတာမျိုးတွေတွေ့ကြုံခံစားရနိုင်ပါတယ်။ထဒင်္ဂမှတ်ဉာဏ်၊ အကွာအဝေးခန့်မှန်းတာနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုအပိုင်းမှာအားနည်းတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။အခြားဖြစ်တတ်တဲ့နောက်ဆက်တွဲရောဂါတွေကတော့ –။Nf2ဝေဒနာခံစားရတဲ့သူတွေမှာ အရေပြားအကျိတ်တွေဖြစ်စေနိုင်ပါတယ်။ အကျိတ်တွေ ကြီးထွားလာသလား၊ ပုံသဏ္ဍာန်ပြောင်းလဲလာ သလားဆိုတာနဲ့ နာကျင်သလားဆိုတာတွေကိုတော့စောင့်ကြည့်ဖို့လိုပါတယ်။ဦးနှောက်ထဲမှာဖြစ်တဲ့ အကျိတ်တွေက ဦးနှောက်အစိတ်အပိုင်းတွေအပေါ်မှာ ဖိအားသက်ရောက်တာမျိုးတွေဖြစ်စေနိုင်သလို တက်တာ၊အကြောဆွဲတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်သလို အမြင်အာရုံထိခိုက်ပျက်စီးတာနဲ့မူးဝေတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကင်ဆာဖြစ်တာမျိုးအထိလည်းခံစားရနိုင်ပါတယ်။ပင်မကျောရိုးမမှာ အကျိတ်တွေဖြစ်ပေါ်လာမယ်ဆိုရင်တော့ကျောရိုးတဝိုက်က အာရုံကြောတွေပေါ်မှာ ဖိအားသက်ရောက်တာမျိုးတွေဖြစ်ပြီးခြေလက်တွေ တုန်တုန်ယင်ယင်ဖြစ်တာ၊ခြေလက်တွေ ထုံကျဉ်တာ၊နာကျင်တာတွေဖြစ်ပေးခံစားရနိုင်ပါတယ်။ လည်ပင်းတယိုက်မှာ အကျိတ်တွေဖြစ်ပေးမယ်ဆိုရင်တော့ပြုံးရခက်တာ၊ မျက်တောင်ခတ်မရတာနဲ့ အစားအစာေတွေမျိုချရခက်တာမျိုေးတွဖြစ်ပေါ်ခံစားရနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/neurofibromatosis-%e1%80%a1%e1%80%ac%e1%80%9b%e1%80%af%e1%80%b6%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%90%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%b0%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8/
အဖြစ်များလာသော ခါးနာခြင်းဝေဒနာ
ခါးနာခြင်းဟာ လူတိုင်းခံစားရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အရိုးအိမ်ရဲ့နောက်ကျော အောက်ပိုင်းကို ခါးနေရာလို့ ခေါ်ပါတယ်။ ဒီနေရာမှာ နာကျင်ခြင်းဟာ ပြင်းထန်ပြီးတော့ အလုပ်မလုပ်နိုင်တဲ့ အဓိကကျတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ကံကောင်းတာကတော့ ခါးနာခြင်းဟာ ပြန်ကောင်းသွားတတ်ပါတယ်။ မကောင်းရင်လဲ အစွမ်းထက်တဲ့ ဆေးတွေ ရှိပါတယ်။လက္ခဏာတွေကတော့ စူးရှတဲ့ နာကျင်မှုကနေ ဓါးနဲ့ထိုးသလိုမျိုး နာကျင်မှုမျိုး ဖြစ်နိုင်ပါတယ်။ နာကျင်မှုဟာ လှုပ်ရှားဖို့ (သို့) မတ်တပ်ရပ်ဖို့တောင် ခက်ခဲတာမျိုး ဖြစ်နိုင်ပါတယ်။ ခါးနာခြင်းဟာ အားကစားလုပ်ပြီး (သို့) လေးလံတဲ့ အရာတစ်ခု လုပ်အပြီးမှာ ရုတ်တရက်ဖြစ်လာတတ်ပါတယ်။ သုံးလထက်ပိုကြာတတ်တဲ့ နာကျင်မှုတွေကို နာတာရှည်လို့ သတ်မှတ်ပါတယ်။ သုံးရက်အတွင်းမှာ မသက်သာရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ပြုတ်ကျအပြီး (သို့) ဒဏ်ရာရအပြီးမှာ ပြင်းထန်စွာ ခါးနာခြင်းဟာ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။ အခြား လက္ခဏာတွေကတော့ ဆီး၊ဝမ်း မထိန်းနိုင်ခြင်း၊ ခြေထောက် အားနည်းခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးစဉ် (သို့) ဆီးသွားစဉ် နာကျင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။”ခါးနာမှု ဖြစ်စေသော အရာများ”။(၁)အလုပ်။သင့်အလုပ်ဟာ မခြင်း၊ တွန်းခြင်း အစရှိတဲ့ ကျောရိုးမကို လိမ်စေတဲ့အရာတွေ ပါဝင်ရင် ခါးနာစေနိုင်ပါတယ်။ စားပွဲမှာ တစ်နေကုန်ထိုင်နေခြင်းဟာလည်း ခုံက သက်တောင့်သက်သာ မရှိရင် (သို့) လူက ကုန်းနေရင် ခါးနာစေနိုင်ပါတယ်။(၂)လွယ်အိတ်။ပိုက်ဆံအိတ်၊ ကျောပိုးအိတ် (သို့) briefcase ကို ပုခုံးပေါ်မှာ လွယ်မယ်ဆိုရင် ဒီအပိုအလေးချိန်အပါအဝင် ကိုယ်ခန္ဓါ အပေါ်ပိုင်းကို ခါးအောက်ပိုင်းက အထောက်အပံ့ပေးပါတယ်။ ဒါ့ကြောင့် အလေးချိန်များတဲ့အိပ်ကို နေ့တိုင်းလွယ်မယ်ဆိုရင် ခါးနာနိုင်တာကြောင့် အလေးချိန်များရင် ဘီးပါတဲ့ briefcase ကို ပြောင်းလဲ အသုံးပြုသင့်ပါတယ်။(၃)လေ့ကျင့်ခန်းလုပ်ခြင်း။ခါးနာခြင်းကို ဖြစ်စေတဲ့ အဖြစ်များတဲ့ အချက်တစ်ခုကတော့ အားကစားရုံမှာ (သို့) ဂေါက်ရိုက်တဲ့နေရာမှာ အလွန်အကျွံ ကစားခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ပတ်လုံး ဘာမှ မလုပ်ပဲ အပြင်းအထန် လုပ်မိရင်လည်း ပိုဖြစ်နိုင်ပါတယ်။(၄)ကိုယ်နေဟန်ထား။မတ်မတ်ထိုင်သင့်ပါတယ်။ သင့်နောက်ကျောဟာ သင်မကုန်းနေဘူးဆိုရင် ကိုယ်အလေးချိန်ကို အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ မတ်တပ်ရပ်နေမယ်ဆိုရင်တော့ ခြေထောက်နှစ်ချောင်းပေါ်မှာ ကိုယ်အလေးချိန်ကို ညီမျှစွာ ကျစေသင့်ပါတယ်။ခါးနာတာဟာ သူ့ဘာ့သူ ပျောက်သွားနိုင်ပါတယ်။ ဒါပေမယ့် သက်တောင့်သက်သာရှိဖို့တော့ လိုပါတယ်။ နာကျင်မှုကို ခဏသက်သာစေဖို့ အပူပေးထားတဲ့အဝတ် (သို့) ရေပူနဲ့ နေချိုးခြင်းတွေ ပြုလုပ်သင့်ပါတယ်။ ခါးနာနေရင် ကုတင်ပေါ်က မဆင်းချင်ကြပါဘူး။ ဒါပေမယ့် ကြွက်သားတွေကို ပိုမို အားစိုက်ရတာကြောင့် ဆရာဝန်တွေက တတ်နိုင်သလောက် ပုံမှန် လှုပ်ရှားမှုတွေကို မြန်မြန်လုပ်စေကြပါတယ်။ လေ့လာမှုတွေက တစ်ရက် (သို့) နှစ်ရက်လောက် အိပ်ရာပေါ်မှာလှဲနေခြင်းဟာ နာကျင်မှုကို ပိုဆိုးစေပြီး ကြွက်သားတွေရဲ့ တင်းခြင်းနဲ့ ပျော့ပျောင်းမှုကိုပါ လျော့ကျစေတယ်လို့ ဆိုပါတယ်။ သုံးလအတွင်းမသက်သာဘူးဆိုရင် ယောဂက ကူညီပေးနိုင်ပါတယ်။ လေ့လာမှုတစ်ခုက ယောဂကို ၁၂ ပတ်ပြုလုပ်သူတွေဟာ ခါးနာခြင်းကို သက်သာစေတယ်လို့ဆိုပါတယ်။ နှိပ်ခြင်းဟာလည်း အထူးသဖြင့် လေ့ကျင့်ခန်းနဲ့ အကြောဆန့်ခြင်းတွေပါ ပေါင်းလုပ်မယ်ဆို ခါးနာမှုကို သက်သာစေပါတယ်။အသက်ကြီးလာတာနဲ့ အမျှဖြစ်လာတဲ့ ခါးနာခြင်းကို ကာကွယ်ပေးဖို့ သေချာတဲ့ နည်းလမ်းမရှိပါဘူး။ လျှော့ချဖို့အောက်ပါတို့ကို ပြုလုပ်သင့်ပါတယ်။ခါးနာခြင်း အပါအဝင် ခန္ဓါကိုယ်နာကျင်ကိုက်ခဲမှုများကို မိနစ်ပိုင်းအတွင်း ပျောက်ကင်းစေသည့် နည်းလမ်းများကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။*ခါးနာခြင်း*။၁။ ကုလားထိုင်ပေါ်မှာ မတ်မတ်ထိုင်ပါ။၂။ ခြေထောက်တစ်ဖက်ကို ရင်ဘတ်အထိ မြှောက်ပြီးတော့ လက်တစ်ဖက်နဲ့ ကိုင်ထားပါ။၃။ ကိုယ်ခန္ဓါကို ရှေ့ကိုကုန်းပါ။၄။ ဒီပုံစံကို စက္ကန့် ၃၀ လောက်ပြုလုပ်ပါ။၅။ ခြေထောက်ကို ဖြည်းညင်းစွာ လွှတ်ပါ။၆။ နောက်အခြားတစ်ဖက်ကို ပါ ပြုလုပ်ပါ။*ဇက်နာခြင်း*။၁။ ထိုင်ခုံပေါ်မှာ မတ်မတ်ထိုင်ပါ။၂။ ခေါင်ကို တစ်ဖက်ကို စောင်းပါ။၃။ ဒီအတိုင်း ၃၀ စက္ကန့်လောက် နေပါ။၄။ ခေါင်းကို အရင်ပုံစံကို ဖြည်းဖြည်းချင်း ပြန်ထားပါ။၅။ အခြားတစ်ဖက်ကိုလည်း တစ်ပုံစံတည်း ပြန်လည် ပြုလုပ်ပါ။*ပုခုံးနာခြင်း*။၁။ အသက်ပြင်းပြင်းရှူပြီး ပုခုံးတွေကို နားရွက်ထံကို မတင်ပါ။၂။ ဒီအတိုင်း ၃ စက္ကန့်လောက် နေပါ။၃။ အသက်ရှူထုတ်ပြီး ပုခုံးကို ပြန်ချလိုက်ပါ။၄။ ၁၀ ကြိမ် (သို့) ဒီထက်ပိုပြီး ပြုလုပ်ပါ။*ခြေထောက်နာခြင်း*။၁။ ခြေထောက်တစ်ဖက်ကို အခြားခြေထောက်ရှေ့မှာထားပါ။၂။ နောက်က ခြေထောက်ကို ဖြောင့်ဖြောင့် ထားပြီး ခြေချောင်းတွေကို ခြေဖဝါးဘက်ကို ကွေးလိုက်ပါ။၃။ ဒီအတိုင်း ၃၀ စက္ကန့်လောက် နေပါ။၄။ ခြေချောင်းတွေကို ဖြည်းဖြည်းချင်း ဖြောင့်လိုက်ပါ။၅။ ခြေထောက်ကို လဲပြီး ဒီပုံစံအတိုင်း အခြားတစ်ဖက်ကို ပြုလုပ်ပါ။*လက်မောင်းဆစ် နာကျင်ခြင်း*။၁။ လက်နှစ်ဘက်လုံးနဲ့ လက်သီးဆုပ် ပြုလုပ်ပါ။၂။ သင့်ရှေ့မှာ လက်သီးဆုပ်ကို ထားပါ။၃။ အဆစ်တွေနဲ့ လေထဲမှာ စက်ဝိုင်းပုံစံ ပြုလုပ်ပါ။၄။ ဦးတည်ရာ နှစ်ဘက်လုံးမှာ ဆယ်ကြိမ်ခန့် ပြုလုပ်ပါ။*တင်ပါးဆုံ နာကျင်ခြင်း*။၁။ ထိုင်ခုံအစွန်းမှာ မတ်မတ်ထိုင်ပါ။၂။ နောက်ကျောကို မတ်ထားပြီး ရင်ဘတ်ပိုင်းကို ညာဘက်ကို အနည်းငယ် လှည့်ပါ။၃။ အနောက်က ဘယ်ခြေထောက်ကို ဆန့်ထုတ်ပါ။၄။ ညာခြေထောက်ကို ၉၀ ဒီဂရီထားပါ။၅။ ရင်ဘတ်ကို မတ်ထားပြီး တင်ပါးဆုံးကို ဖိပါ။၆။ ဒီအတိုင်း ၃၀ စက္ကန့်လောက် နေပါ။၇။ ဖြည်းညင်းစွာ လွှတ်ပြီး စစချင်း ပုံစံကို ပြန်သွားပါ။၈။ ဒီပုံစံအတိုင်း အခြားတစ်ဖက်ကို ပြုလုပ်ပါ။*တင်ပါးကြွက်သား နာကျင်ခြင်း*။၁။ ကုလားထိုင်ပေါ်မှာ မတ်မတ်ထိုင်ပါ။၂။ ညာဘက်ခြေချင်းဝတ်ကို ဘယ်ဒူးပေါ်တင်ပါ။၃။ ရှေ့ကို ကုန်းပါ။၄။ တင်ပါးကြွက်သားတွေ တင်းမာလာတာကို ခံစားရပါလိမ့်မယ်။ လိုတာထက် ပိုမတင်းပါစေနဲ့။၅။ ဒီအတိုင်း ၃၀ စက္ကန့်လောက် နေပါ။၆။ ဖြည်းဖြည်းချင်း ပြန်မတ်ပါ။၇။ ကျန်ခြေထောက်တစ်ဖက်နဲ့ ပုံစံတူ ပြုလုပ်ပါ။*ဒူးနာခြင်း*။၁။ ထိုင်ခုံပေါ်မှာ မတ်မတ်ထိုင်ပါ။၂။ ဖြည်းဖြည်းချင်း မတ်တပ်ရပ်ပါ။၃။ လှုပ်ရှားမှုတစ်ခုအဖြစ် မတ်တပ်ရပ်ပါ။၄။ ဖြည်းညင်းစွာ ထိုင်ပါ။၅။ ဒီပုံစံအတိုင်း ၁၀ ကြိမ်ခန့် ပြုလုပ်ပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%81%e1%80%ab%e1%80%b8%e1%80%94%e1%80%ac%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
Lecithin (လက်စီသင်)
လက်ဆီသင် က အာရုံကြောမှ ထုတ်လွှတ်တဲ့ပစ္စည်း acetylcholine သို့ကူးပြောင်း နိုင်ပါတယ်။ လက်ဆီသင်ကို အသည်းရောဂါကုသသော ဆေးဝါးအတွက် အသုံးပြုခဲ့တာဖြစ်ပါတယ်။လက်ဆီသင်သည် သည်းခြေနှင့်ဆိုင်သောရောဂါ၊ အယ်လ်ဇိုင်းမားရောဂါနှင့်ပတ်သက်သောစိတ်ဖောက်ပြန်ရောဂါ၊ အသက်အရွယ်နှင့်ဆက်စပ်သောမှတ်ဉာဏ်ဆုံးရှုံးမှု နှင့် ဦးခေါင်းဒဏ်ရာကုသရန်အသုံးပြုလျက်ရှိပါတယ်။ သို့သော်သုတေသနပြုချက်များအရ လက်ဆီသင်က ဤအခြေအနေများကုသရာတွင် ထိရောက်မှု သိပ်မရှိကြောင်းပြသခဲ့ပါတယ်။အခြားသောသုတေသနနှင့်အတူ သက်သေမပြသော်လည်း အသုံးပြုသည့်ရောဂါများကတော့ ကိုလက်စထရောမြင့်မားခြင်း၊ စိတ်ကျရောဂါ၊ အရေပြားရောင်ရမ်းမှု၊ အားကစားစွမ်းဆောင်ရည်တိုးတက်ရန်၊ ပါကင်ဆန်ရောဂါ၊ စိတ်ဖိစီးမှု၊ အိပ်မပျော်ခြင်း နှင့်အခြားအခြေအနေများ ဖြစ်ပါတယ်။လက်ဆီသင်ကို အထက်ဖော်ပြပါ အချက်များတွင် မပါသော အခြားရည်ရွယ်ချက်များအတွက်လည်း အသုံးပြုနိုင်ပါတယ်။ညွှန်ကြားတဲ့အတိုင်းအစာလမ်းကြောင်းအတိုင်းသောက်သုံးနိုင်ပါတယ်။ ထုတ်ကုန်အထုပ်ပေါ်မှာရှိသမျှလမ်းညွန်ကိုလိုက်နာပါ။ သင်သတင်းအချက်အလက်နှင့် ပတ်သက်ပြီး မရေမရာဖြစ်တယ်ဆိုရင် သင့်ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့်တိုင်ပင်ပါ။သင့်ရဲ့အခြေအနေ ဆက်ရှိနေသေးရင် သို့မဟုတ် ပိုဆိုးလာရင် ဒါမှမဟုတ် သင် ရောဂါလက္ခဏာအသစ် တေခံစားလာရလျှင် သင့်ဆရာဝန်ကိုပြောပြပါ။ သင်အလေးအနက်ပြုစရာ ဆေးဘက်ဆိုင်ရာပြဿနာရှိမယ်ထင်ရင် ချက်ချင်းဆေးဘက်ဆိုင်ရာ အကူအညီရယူပါ။လက်ဆီသင်ကို အကောင်းဆုံးကထိန်းသိမ်းနည်းကတော့ တိုက်ရိုက်အလင်းနှင့်အစိုဓါတ်ထိတွေ့မှု မရှိပဲ အခန်းအပူချိန်မှာသိမ်းဆည်းထားခြင်းဖြစ်သည်။ ဆေးထိခိုက်ပျက်စီးမှုမှကာကွယ်ရန်, သင့်ရေချိုးခန်းသို့မဟုတ်ရေခဲသေတ္တာထဲမှာပလက်ဆီသင်ကို သိုလှောင်ထားတာမျိုး မလုပ်သင့်ပါ။ ကွဲပြားခြားနားသော သိုလှောင်မှုလိုအပ်ချက်ရှိတဲ့ လက်ဆီသင်အခြား အမှတ်တံဆိပ်ရှိကောင်းရှိနိုင်ပါတယ်။ ဒါ့ကြောင့်အထုပ်မှာပါတဲ့ အညွှန်းကိုကြည့်ဖို့နဲ့ သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအား မေးရန်အရေးကြီးပါသည်။ ဘေးကင်းလုံခြုံမှုရှိစေရန် သင့်ကလေးများနှင့်အိမ်မွေးတိရစ္ဆာန်များနှင့်ဝေးရာမှာထားရှိပါ။မညွှန်ကြားထားလျှင် လက်ဆီသင်ကိုအိမ်သာ သို့မဟုတ် ပိုက်ထဲ စွန့်ပစ်တာမျိုး မလုပ်သင့်ပါ။ ဒိတ်ကုန်ဆုံးခြင်း သို့မဟုတ် မလိုအပ်သည့်အခါ ဒီထုတ်ကုန်ကို စနစ်တကျ စွန့်ပစ်ရန် အရေးကြီးပါသည်။လက်ဆီသင်အသုံးမပြုခင် သင်လက်စီသင်နဲ့ တည့်မတည့်ဆိုတာ သင့်ဆရာဝန်ကိုပြောပြထားသင့်ပါတယ်။ကိုယ်ဝန်သို့မဟုတ်နို့တိုက်ကျွေးနေစဉ်အတွင်းသုံးရင် စိတ်ချရပါသလား။ကိုယ်ဝန်နှင့် နို့တိုက်ကျွေးနေစဉ်အတွင်းလက်ဆီသင်ကို အသုံးပြု ခြင်းရဲ့ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်ပြီး လုံလောက်သောအချက်အလက်မရှိပါ။ လက်ဆီသင်ကို အသုံးမပြုမီ အကျိုးကျေးဇူးများနှင့်အန္တရာယ်များကို ချင့်ချိန်နိုင်ရန် သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။သင့်အရေပြား အနီကွက်ထရောင်ရမ်းခြင်း၊ အသက်ရှူခက်ခြင်း၊ သင်၏မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ သို့မဟုတ် လည်ချောင်းတွေ ရောင်ရမ်းခြင်း ကဲ့သို့ ဓါတ်တမတည့်တုံ့ပြန်မှု လက္ခဏာများရှိပါက အရေးပေါ်ဆေးဘက်ဆိုင်ရာ အကူအညီကိုရယူပါ။ လက်ဆီသင်ရဲ့ ဆိုးကျိုးအကုန်လုံးကို မသိပေမယ့် လူအများစုအတွက် အန္တရာယ်ကင်းတဲ့ဆေးအဖြစ် သုံးနိုင်ပါတယ်။အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ဝမ်းလျှောခြင်း၊ ပျို့ခြင်း၊ ဝမ်းဗိုက်နာကျင်တင်းမာခြင်း စတာတွေဖြစ်ပါတယ်။လူတိုင်း ဤဘေးထွက်ဆိုးကျိုးကို တွေ့ကြုံရတာမဟုတ်ပါ။ အထက်စာရင်းမှာမပါတဲ့ အချို့ဘေးထွက်ဆိုးကျိုးတွေ ရှိကောင်းရှိနိုင်ပါသည်။ သင့်မှာ ဒီဆိုးကျိုးတွေနှင့် ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများရှိပါက သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။လက်ဆီသင်က သင်လက်ရှိသုံးစွဲနေတဲ့ဆေးတွေနဲ့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ဒီလိုဖြစ်ရင် သင့်ဆေးအလုပ်လုပ်ပုံပြောင်းလဲတာ ဒါမှမဟုတ် ဆိုးကျိုးတွေဖြစ်တာ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်စေတဲ့အရာတွေ ရှောင်ရှားရန် သင် သုံးစွဲနေတဲ့ ဆေးစာရင်း (ဆရာဝန်ညွှန်ကြားတဲ့ဆေး၊ မညွှန်ကြားထားတဲ့ဆေး တွေနှင့်ဆေးဖက်ဝင်အပင်ထုတ်ကုန်အပါအဝင်) ကို သင့်ဆရာဝန်နှင့် ဆေးဝါးကျွမ်းကျင်သူတို့အား ပြောပြထားသင့်ပါတယ်။ သင့်ရဲ့ဘေးကင်းလုံခြုံရေးအတွက် သင့်ဆရာဝန်၏ခွင့်ပြုချက်မရှိဘဲ မည့်သည့်ဆေးကိုမျှ စသောက်ခြင်း၊ ရပ်ခြင်း နဲ့ပြောင်းလဲခြင်းတွေ မလုပ်သင့်ပါ။အစားအစာ သို့မဟုတ် အရက်တွေက လက်ဆီသင်နှင့် အပြန်အလှန် ဓါတ်ပြု ပါသလား။လက်ဆီသင်က အစားအစာ သို့မဟုတ် အရက်နှင့်အပြန်အလှန် ဓါတ်ပြုခြင်း ဖြင့် လုပ်ဆောင်ပုံပြောင်းလဲရုံမက ဘေးထွက်ဆိုးကျိုးများရဲ့ အန္တရာယ်ကို တိုးမြှင့်စေနိုင်ပါတယ်။ ဒီဆေးမသုံးမီ သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် အစားအစာ သို့မဟုတ် အရက် အကျိုးဆက်တွေကိုဆွေးနွေးပေးပါ။ဘယ်လို ကျန်းမာရေး အခြေအနေက လက်ဆီသင်နဲ့ သက်ရောက်ဓါတ်ပြုမှု ရှိနိုင်သလဲ။လက်ဆီသင်က သင်၏ကျန်းမာရေး အခြေအနေ အထူးသဖြင့် အစာစုပ်ယူမှု မကောင်းတာနဲ့ သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါဟာ သင့်ရဲ့ကျန်းမာရေးအခြေအနေ ပိုမိုဆိုးဝါးလာစေတာ ဒါမှမဟုတ် ဆေးအလုပ်လုပ်ပုံ ပြောင်းလဲစေနိုင်ပါတယ်။ အမြဲသင့်ဆရာဝန်ပါရန် အရေးကြီးပါသည်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။အရွယ်ရောက်ပြီးသူများ အတွက် လက်ဆီသင်၏ ဆေးပမာဏကဘာလဲ။သောက်ဆေး၊ဖြည့်စွက်စာအဖြစ်။ ။အရွယ်ရောက်ပြီးသူများတွင် နေ့စဉ် ၃-၉ ဂရမ်ကို အကြိမ်ရေ ခွဲသောက်ပါ။ကလေးတစ်ဦးအတွက် အလက်ဆီသင်၏ ဆေးပမာဏကဘာလဲ။ကလေးလူနာအတွက် မထောက်ခံထားပါ။ ကလေးအတွက် အန္တရာယ် မကင်းတာဖြစ်နိုင်ပါတယ်။ အသုံးမပြုခင် ဆေးဝါးများ၏ ဘေးကင်းလုံခြုံမှုကိ အပြည့်အဝ နားလည်သဘောပေါက်ရန် အမြဲအရေးကြီးပါတယ်။ ပိုမိုသိရှိလိုပါက သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူတွေနဲ့ တွေနဲ့တိုင်ပင်ပါ။လက်ဆီသင်ကို အောက်ပါပုံစံနှင့် အချိုးအစားများအတိုင်း ရရှိနိုင်ပါတယ်။ဂျဲဆေးတောင့်ပျော့ ။ ။ ၁၂၀၀ မီလီဂရမ်။အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။လက်ဆီသင် ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/lecithin-%e1%80%9c%e1%80%80%e1%80%b9%e1%80%85%e1%80%ae%e1%80%9e%e1%80%84%e1%80%b9/
ကိုယ်ဝန်ရရှိမှုနဲ့ ပတ်သက်လို့ သိထားမိနိုင်တဲ့ အလွဲများ
စုံတွဲတွေအနေနဲ့ အတူနေတဲ့အခါကိုယ်ဝန်လည်း မရချင်ဘူး။ သားဆက်ခြားနည်းတွေ အကာအကွယ်တွေလည်း မသုံးချင်ဘူးဆိုပြီး ရုပ်ရှင်တွေထဲမှာ ကြားဖူးတဲ့ နည်းလမ်းတွေ၊ ပုရိသတွေကြားမှာ အချင်းချင်းပြောထားတဲ့ နည်းတွေနဲ့ ကိုယ်ဝန်မရအောင် လုပ်လို့ရတယ်ဆိုပြီးကိုယ်ဝန်ရရှိမှုနဲ့ ပတ်သက်လို့ လွဲမှားစွာ သိထားမိနိုင်တဲ့ အချက်လေးတွေ ရှိနိုင်ပါတယ်။ဒီတစ်ခေါက်တော့ပုရိသတွေသိထားတဲ့ ကိုယ်ဝန်ရရှိခြင်း၊ မရရှိခြင်း အယူအဆတွေမှာဘာတွေက လွဲမှားနေလဲဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း မှားနေတာရှိရင် အမှန်လေး ပြင်ပြီး မှတ်လိုက်ဦးစို့နော်။ကိုယ်ဝန်ရရှိမှုနဲ့ ပတ်သက်လို့ သိထားတာတွေက မှန်ရဲ့လားဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း ဆန်းစစ်ကြည့်လိုက်ကြပါဦး။မှားပါတယ်။ တကယ်ကတော့ ရေထဲမှာပဲ လိင်ဆက်ဆံဆက်ဆံ၊ ကုန်းပေါ်မှာပဲ အတူနေနေ ကိုယ်ဝန်ကတော့ ရနိုင်ပါတယ်။ ရေကူးကန် နဲ့ ရေနွေးစိမ်တဲ့ ကန်ထဲမှာ အတူနေမယ်ဆိုရင်လည်း ကိုယ်ဝန်ရနိုင်ခြေက လျော့သွားတာမျိုး မရှိပါဘူး။ မိန်းမကိုယ်ထဲကို သုက်လွှတ်တာနဲ့ ကိုယ်ဝန်ရနိုင်ခြေက ရှိပါတယ်။တစ်ခုရှိတာက အတူမနေဘဲ ရေကူးကန်ထဲမှာ ဒီတိုင်း သုက်လွှတ်လိုက်တာကတော့ အကျုံးမဝင်ပါဘူး။ ဆိုလိုတာက အမျိုးသားတစ်ယောက်က ရေထဲမှာ သုက်လွှတ်လိုက်ရုံနဲ့ အတူကူးနေတဲ့ ဘေးနားက အမျိုးသမီးတွေကို ကိုယ်ဝန်မရစေနိုင်ပါဘူး။ သုက်ကောင်လေးတွေက ခန္ဓာကိုယ်ပြင်ပမှာ အကြာကြီး အသက်မရှင်နိုင်ပါဘူး။မှားပါတယ်။ အတူနေပြီးချိန်မှာ ဘယ်လောက်ပဲ ခုန်ခုန် သုက်ပိုးကမိန်းမကိုယ်ထဲကနေ ထွက်ကျလာတာမျိုး မရှိပါဘူး။ ခုန်တဲ့ ဘုတ်ပြားပေါ်မှာ ခုန်ရင်တောင် ကိုယ်ဝန်ရရှိမှုကို မတားဆီးနိုင်ပါဘူး။ဒီနည်းလမ်းက ကိုယ်ဝန်ရနိုင်ခြေ နည်းတယ်ဆိုပေမယ့် သုက်လွှတ်ချိန်ကို အတိအကျ မှန်းဖို့ ခက်သလို သုက်မလွှတ်ခင်မှာ ထိန်းချုပ်နိုင်မယ်လို့ တထစ်ချ မဆိုနိုင်ပါဘူး။ မတော်တဆဆိုတဲ့ အခြေအနေကြောင့် ကိုယ်ဝန်ရရှိနိုင်ပါတယ်။ရုပ်ရှင်တွေထဲမှာ ပါသမျှကို အလုံးစုံ မှန်တယ်လို့ မယူဆပါနဲ့။အမျိုးသမီးကို အပေါ်မှာ ထားပြီး လိင်ဆက်ဆံတဲ့အခါ ကမ္ဘာမြေရဲ့ ဆွဲအားကြောင့် သုက်ပိုးတွေက မမျိုးဥတွေဆီကို ရောက်ရှိအောင် မကူးခတ်နိုင်တာကြောင့် ကိုယ်ဝန် မရနိုင်ဘူးဆိုတာ မဟုတ်ပါဘူး။ သုက်ပိုးတွေက အထက်ကို ဆန်ပြီးလည်း ကူးခတ်နိုင်ပါတယ်။အရက်သောက်ထားသည် ဖြစ်စေ၊ မူးယစ်စေတတ်တဲ့ သောက်စရာတစ်မျိုးမျိုးကို သောက်ထားသည် ဖြစ်စေမျိုးအောင်နိုင်စွမ်း အပေါ်မှာ သက်ရောက်မှု မရှိပါဘူး။ အရက်သောက်ထားတာကြောင့် ကိုယ်ဝန် မရနိုင်တာမျိုး မရှိပါဘူး။သားဥကြွေချိန်နဲ့သာ ကိုက်ညီနေမယ်ဆိုရင် ပထမဆုံး အကြိမ်မှာမှ မဟုတ်ပါဘူး။ ၁၀၁ ကြိမ်မြောက် ဆက်ဆံရင်လည်း ကိုယ်ဝန်ကတော့ ရမှာပါပဲ။ ကိုယ်ဝန်မရရှိအောင် ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ အတူမနေတာပါပဲ။ဒီအယူအဆက မှားနေပါတယ်။အတူနေပြီးချိန်မှာ ဆီးသွားတာ၊ မိန်းမကိုယ်ကို ဆေးကြောတာ၊ မိန်းမကိုယ်ကို အတွင်းပိုင်းထဲအထိ ဆေးကြောသန့်စင်တာက ကိုယ်ဝန်ရရှိမှုကို မတားဆီးနိုင်ပါဘူး။ကဲ ……. ပုရိသတွေ သိထားတာတွေထဲမှာ ဘယ်နှခုလောက်များ လွဲနေလဲ။ အဖြေမှန်လေးကို သေချာသိရှိပြီး မှန်ကန်တဲ့ နည်းလမ်းနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်ရရှိမှုတွေကို တားဆီးလိုက်ပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/myths-and-truths-about-pregnancy/
External compression headaches (အပြင်မှဖိအားကြောင့်ခေါင်းကိုက်ခြင်း)
သင်၏ဦးခေါင်းပေါ်တွင် ဝတ်ဆင်သော မည်သည့် အရာ မဆို ဦးရေပြားပေါ်တွင် တောက်လျှောက် တင်းကျပ်စေပါက အပြင်မှ ဖိအားကြောင့် ခေါင်းကိုက်ခြင်း ကို ဖြစ်စေသည်။ အားကစား ပြုလုပ်ရာတွင် ဦးထုတ်ဆောင်းရသော ၊ မျက်လုံးအကာအကွယ် အသုံးပြုရသော အားကစား သမားများအနေနှင့် ပိုမို ခံစားရသည်။ တစ်ခါတစ်ရံတွင် ခေါင်းကိုက်စေသော ပစ္စည်းကို အစွဲပြုကာလည်း ခေါ်သည်။ ဥပမာအားဖြင့် ရေကူးမျက်မှန် ကြောင့်ဖြစ်သောခေါင်းကိုက်ခြင်းနှင့် ဘောလုံးဦးထုတ်ကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း တို့ဖြစ်သည်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ထိုခေါင်းကိုက်ခြင်းကြောင့်ဖြစ်တဲ့ နာကျင်မှု ကို သက်ရောက်သော ဖိအား၊ တင်းကျပ်မှုကို မူတည်ပြီးဖော်ပြလေ့ရှိတယ်။ ဖိအား ၊ တင်းကျပ်မှုအများဆုံးနေရာမှာ အနာဆုံးဖြစ်တယ်။ ဝတ်ထားတဲ့ကြာချိန်ပေါ်မူတည်ပြီး နာကျင်မှုပိုမို ဆိုးရွားလာနိုင်သည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ခေါင်းပေါ်တွင် တင်းကျပ်သောဖိအားကိုဖြစ်စေသော မည်သည့်အရာမဆို ထိုခေါင်းကိုက်ခြင်းကိုဖြစ်စေသည်။ ကျပ်သော ဦးထုတ်များ၊ ခေါင်းဆောင်းများ ၊ ခေါင်းစည်းများ ၊ အားကစားမျက်မှန်များ ကလည်း ဖြစ်စေသည်။ခေါင်းဆောင်းများကို ဝတ်ဆင်သူမည်သူမဆို ထိုသို့ခေါင်းကိုက်ခြင်းဖြစ်စေပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အဖြေရှာအတည်ပြုခြင်းအတွက် အောက်ပါစံသတ်မှတ်ချက်များရှိသည်။A –အောက်ဖော်ပြပါခေါင်းကိုက်ခြင်းခံစားရပါက C နှင့် D ဟု သတ်မှတ်သည်။တဒိန်းဒိန်း မမြည်သော ခေါင်းကိုက်ခြင်း။မိနစ်ပိုင်းအတွင်း ပိုမိုဆိုးရွားလာခြင်း။အခြားသောတွဲဖြစ်သောရောဂါလက္ခဏာများမရှိပါ။B — တင်းကျပ်သော အရာကို ဦးခေါင်းတွင် ကြာမြင့်စွာ ဝတ်ဆင်ထားခြင်း။C — တင်းကျပ်စွာဖိထားသော နေရာတွင် ခေါင်းကိုက်ခြင်း အဆိုးဆုံး ခံစားရခြင်း။D — ခေါင်းစည်း ၊ ခေါင်းဆောင်းကို ဖယ်ပြီးနောက် သက်သာလာခြင်း။တင်းကျပ်သော ဖိအားဖြစ်နေသော ခေါင်းဆောင်းကို ဖယ်လိုက်ပါက ခေါင်းကိုက်ခြင်းကို ရပ်တန့်ပေးလိမ့်မည်။ သင့်တွင်ခေါင်းတစ်ခြမ်းကိုက်သော ရောဂါရှိပါက တင်းကျပ်သော ခေါင်းဆောင်းများ က ခေါင်းတစ်ခြမ်းကိုက်ရန်လှုံဆော်ပေးသည်။ ထို အခါတွင် ခေါင်းကိုက်ခြင်း သက်သာစေရန် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ကုသဖို့လိုသည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အပြင်မှဖိအားကြောင့်ခေါင်းကိုက်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။မလိုအပ်ဘဲခေါင်းဆောင်းများဆောင်းခြင်း မဆောင်းပါနဲ့ ။အန္တရာယ်ကိုကာကွယ်ရန် – ဥပမာ အားကစားနှင့် ဆောက်လုပ်ရေးလုပ်ငန်းတွင် အသုံးပြုရမည်ဆိုရင် သင့်တော်သော အရွယ် ရှိသော ဦးထုတ် ကို သေချာနေရာချဝတ်ဆင်ပါ။ သက်တောင့်သက်သာအဖြစ်ဆုံး ဦးထုတ်ရရှိရန် အရွယ်အစား ၊ပုံစံ အမျိုးမျိုးရှိသော ဦးထုတ်များကို စမ်းသပ် ဝတ်ဆင်ပါ။ ဖြစ်နိုင်မယ်ဆိုရင် ဦးထုတ်ကို ခဏ ခဏ ယာယီချွတ်ပေးခြင်းဖြင့် တင်းကျပ်မှုဖိအားကို သက်သာစေသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/external-compression-headaches-%e1%80%a1%e1%80%bb%e1%80%95%e1%80%84%e1%80%b9%e1%80%99%e1%80%bd%e1%80%96%e1%80%ad%e1%80%a1%e1%80%ac%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9/
Exercise headaches (ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း )
အပြင်းအထန် လေ့ကျင့်ခန်းလုပ်နေချိန် သို့မဟုတ် လေ့ကျင့်ခန်းလုပ်ပြီးချိန်တွင် ခံစားရသော ခေါင်းကိုက်ခြင်းကို ခေါ်သည်။ အပြေးအားကစား ၊ လှေလှော် အားကစား ၊ တင်းနစ် ၊ ရေကူးခြင်း နှင့် အလေးမခြင်းတို့က လည်း ထိုသို့ခေါင်းကိုက်ခြင်းကို ဖြစ်စေသည်။ဆရာဝန်များက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းကို နှစ်မျိုး ခွဲထားသည်။ကိုယ်လက်လှုပ်ရှား ခြင်းကြောင့် အဓိကဖြစ်သော ခေါင်းကိုက်ခြင်း သည် ပုံမှန်အား ဖြင့် အန္တရာယ် မရှိပါ ။ အခြားဖြစ်စေသော အကြောင်းများနှင့် တွဲမနေသော ကြောင့် ဆေးဖြင့်ကုသကာကွယ်နိုင်သည်။ကိုယ်လက်လှုပ်ရှားမှုကြောင့် မဟုတ်သော ခေါင်းကိုက်ခြင်း သည် ပြင်းထန်သော ဦးနှောက်ရောဂါများနှင့် ဆက်နွယ်နေသည်။ ဥပမာအားဖြင့် ဦးနှောက်အတွင်းသွေးထွက်ခြင်း ၊ ဦးနှောက်ကင်ဆာ ၊ နှလုံးသွေးကြော ရောဂါများ တို့ဖြစ်သည်။ ကိုယ်လက်လှုပ်ရှားမှုကြောင့် မဟုတ်သော ခေါင်းကိုက်ခြင်းသည် အရေးပေါ် ဆေးကုသမှု ခံယူရန်လိုသည်။ဒီရောဂါဟာ အသက်ငယ်တဲ့သူတွေ ၊ မြီးကောင်ပေါက် အရွယ် ကနေ ပြီး အသက် ၅၀ အထိ ဖြစ်နိုင်ပါတယ် အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့် ဖြစ်သော ခေါင်းကိုက်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့်အဓိကဖြစ်သော ခေါင်းကိုက်ခြင်း။ထိုခေါင်းကိုက်ခြင်းဟာ။တစစ်စစ်ကိုက်တယ်လို့ဖော်ပြလေ့ရှိပါတယ်။ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုလုပ်ပြီးချိန်နှင့် လုပ်နေချိန်အတွင်း ကိုက်လေ့ရှိသည်။ခေါင်းနှစ်ဖက်လုံးကိုက်လေ့ရှိသည်။ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့် မဟုတ်သော ခေါင်းကိုက်ခြင်း။ထိုခေါင်းကိုက်ခြင်း၏လက္ခဏာများမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း၏လက္ခဏာများနှင့်တူသည်။ခေါင်းကိုက်ခြင်း။အန်ခြင်း။သတိလစ်ခြင်း။အမြင်နှစ်ထပ်မြင်ခြင်း။လည်ပင်းတောင့်ခြင်း။ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့်အဓိကဖြစ်သော ခေါင်းကိုက်ခြင်းသည်။ပုံမှန်အားဖြင့် ၅ မိနစ်မှ ၄၈ နာရီ အထိကြာနိုင်သည်။ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့် မဟုတ်သော ခေါင်းကိုက်ခြင်းကတော့ အနည်းဆုံးတစ်ရက်ကနေ ရက်များစွာကြာနိုင်သည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဦးနှောက် အတွင်းမှ သွေးကြောတွေရဲ့သွေးုဖိအားများလာခြင်း ကြောင့်ဖြစ်သည်။ သွေးပြန်ကြောဖိအားဟုခေါ်သည်။ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့်အဓိကဖြစ်သော ခေါင်းကိုက်ခြင်းသည် ပုံမှန်အားဖြင့် အန္တရာယ်မရှိပါ။ သို့သော် ပထမဦးဆုံးအနေနှင့် ယခုခေါင်းကိုက်နေခြင်းသည် ပြင်းထန်သော အခြားခေါင်းကိုက်စေသော အကြောင်းများ ကြောင့် ဟုတ်၊ မဟုတ်ကို ရှာဖွေဖယ်ထုတ်ရမည်။ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့် ပိုပိုဆိုးရွားလာသော ခေါင်းကိုက်ခြင်း ၊ ထိုခေါင်းကိုက်ခြင်းသည် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့် သာဖြစ်လျှင် အန္တရာယ်မရှိပါ ဟု ယူဆသည်။ကိုယ်လက်လှုပ်ရှားခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းသည် လှုပ်လှုပ်ရှားရှားနေထိုင်မှုပုံစံများကြောင့်ဖြစ်သည်။အလေးမခြင်း။တင်းနစ်ကစားခြင်း။တာရှည်ပြေးခြင်း။လှေလှော်ခြင်း။ရေကူးခြင်း။ရေငုပ်ခြင်း။လိင်ဆက်ဆံခြင်း တို့ကဖြစ်စေသည်။ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ပူသောရာသီဥတုတွင် လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်း၊။အမြင့်ဒေသများတွင်လေ့ကျင့်ခန်းလုပ်ခြင်း။ခေါင်းတစ်ခြမ်းကိုက်သော မျိုးရိုးရှိခြင်း။အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့် ဖြစ်သောခေါင်းကိုက်ခြင်း မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်မှာအောက်ဖော်ပြပါတစ်ခုခုရှိနေရင် သင့်ဆရာဝန် အနေနှင့် ဦးနှောက်ပုံရိပ်ဖော်ခြင်း စစ်ဆေးမှုလုပ်ခြင်းကို ဆောင်ရွက်ဖို့ အကြံပေးပါလိမ့်မယ်။နာရီ အတော်ကြာခေါင်းကိုက်ခြင်း။ရုတ်တရက်မိုးကြိုးပစ်သကဲ့သို့ခေါင်းကိုက်ခြင်း။အသက်လေးဆယ်ကျော်ခြင်း။အခြားသော ပျို့အန်ခြင်း ၊ အမြင်မှုန်ဝါးခြင်း စသော လက္ခဏာများရှိခြင်း ၊။ထိုသို့သော အခြေအနေများရှိခဲ့လျှင် ဦးနှောက်ပုံရိပ်ဖော်ခြင်းပြုလုပ်ခြင်းဖြင့်သင်၏ ဆရာဝန် အနေနှင့် လှုပ်ရှားမှုလေ့ကျင့်ခန်းများကြောင့်ဖြစ်သော အန္တရာယ်မရှိသော ခေါင်းကိုက်ခြင်းနှင့် အခြားသော ဦးနှောက်အတွင်း ပုံစံ မမှန်ခြင်း ၊ သွေးကြောဖွဲ့စည်းမှု မမှန်သော ခေါင်းကိုက်ခြင်း တို့ကို ခွဲခြားနိုင်သည်။သံလိုက်စက်ကွင်းနှင့် ရေဒိယို လှိုင်းများကိုသုံးကာ သင့်ဦးနှောက်၏ ကန့်လတ်ဖြတ်ပုံရိပ်များကို ပုံဖော်ပေးသည်။ဥိးနှောက်သွေးကြောများကို ပုံရိပ်ဖော်သည်။ကွန်ပျူတာဓါတ်မှန် — ဓါတ်မှန်ကိုအသုံးပြုကာ ဦးနှောက်၏ကန့်လတ်ဖြတ်ပုံရိပ်များကို ပုံဖော်ပေးသည်။ ဦးနှောက်အတွင်း ယခုသွေးယိုစီးမှု ၊ ယခင်သွေးယိုစီးမှုများကို ဖော်ပြပေးနိုင်သည်။ ခေါင်းကိုက်မှု ၄၈ နာရိ ထက် မကြာသေးလျှင် အသုံးပြုနိုင်သည်။ တစ်ခါတစ်ရံတွင် ရုတ်တရက် ခေါင်းကိုက်ခြင်းခံစားလာရပြီး ဦးနှောက်ပုံရိပ်ဖော်ရာတွင် ပုံမှန်ဖြစ်နေလျှင်။ကျောရိုးဆစ်ဖောက်ထုတ်ခြင်းပြုလုပ်ရန်လိုအပ်တတ်သည်။အကယ်လို့သင့်၏ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့် ဖြစ်သောခေါင်းကိုက်ခြင်း သည် ဦးနှောက်အတွင်း ပုံစံမမှန်ခြင်း၊ သွေးကြောပုံစံမမှန်ခြင်းတို့ကြောင့် မဟုတ်ခဲ့လျှင် ဆရာဝန်ကထိုခေါင်းကိုက်ခြင်းမဖြစ်စေရန် ဆေးများညွှန်ကြားပေးပါလိမ့်မယ်။Indomethacin အရောင်ကျဆေး ကို အများအားဖြင့်ညွှန်ကြားသည်။Propanolol သွေးဖိအားထိန်းဆေး ကို ထိုခေါင်းကိုက်ခြင်းမဖြစ်စေရန် အသုံးပြုသည်။အခြားကုသမှုအနေနှင့် Naproxen, phnelzine, ergonovine တို့သည်လည်း အချို့သူများတွင် ခေါင်းကိုက်ခြင်းသက်သာသည်ကိုတွေ့ရသည်။အကယ်လို့ သင့်ခေါင်းကိုက်ခြင်းက ခန့်မှန်းလို့ရရင် စီစဉ်ထားသော ပွဲများ( တင်းနစ်ကစားပွဲ ၊ တောင်တက်ခြင်း ) တို့ မလုပ်မီ တစ်နာရီ သို့ နှစ်နာရီ ကြိုကာဆေးသောက်နိုင်သည်။ အကယ်လို့ ခန့်မှန်းလို့ မရ တာ သို့ ခဏဏ ကိုက်နေရင်တော့ နေ့တိုင်း ဆေးမှန်မှန်သောက်ပြီးကာကွယ်ပေးလို့ရပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့် ဖြစ်သောခေါင်းကိုက်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။စိုစွတ်ပူနွေးသောရာသီဥတု မှာ ပိုဖြစ်လေ့ရှိပါတယ်။ အမြင့်ပိုင်းဒေသတွေမှာ လေ့ကျင့်ခန်းလုပ်ခြင်းတွေကလည်းဖြစ်လေ့ရှိပါတယ်။သင်က ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကြောင့် ခေါင်းကိုက်ခြင်းဖြစ်တတ်တယ်ဆိုရင် အထက်ပါဖော်ပြပါ အခြေအနေတွေမှာလေ့ကျင့်ခန်းလုပ်ခြင်းကိုရှောင်ရပါမယ်။အချို့သူတွေကတော့ သူတို့ခေါင်းကိုက်ခြင်းခံစားရတဲ့ လူနေမှုပုံစံလုပ်ဆောင်မှုတွေသီးသန့် ရှိတတ်ကြပါတယ်။ ထိုသူတွေအနေနဲ့တော့ ထိုလုပ်ဆောင်မှုတွေကိုရှောင်ရှားရပါမယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/exercise-headaches-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%9c%e1%80%80%e1%80%b9%e1%80%9c%e1%82%88%e1%80%95%e1%80%b9%e1%80%9b%e1%80%bd%e1%80%ac%e1%80%b8-%e1%80%b1%e1%80%9c%e1%80%b7%e1%80%80/