title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံရတတ်တဲ့ သွားပြဿနာများ
ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြာင်းအလဲတွေ၊ စားသောက်နေထိုင်ပုံတွေကြောင့် တချို့သော သွားပြဿနာများ ကို ပိုပြီး ခံစားရနိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် မိခင်အများစုက ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဂရုစိုက်ကြတာဖြစ်လို့သွားကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ မေ့တတ်ကြပါတယ်။ကိုယ်ဝန်နုချိန်မှာ အန်တာရော၊ ခဏခဏ စားတာကြောင့်ရော သွားကြွေလွှာတွေက အက်စစ်နဲ့ မကြာခဏ ထိတွေ့ရတတ်ပါတယ်။ ဒါ့ပြင် ကိုယ်ဝန်ရင့်လာတဲ့အခါ စားချဉ့်ရည်ဆန်တက်တဲ့ ပြဿနာလည်း ဖြစ်လာတာကြောင့် သွားကြွေလွှာက အက်စစ်နဲ့ ထပ်ထိတွေ့ရပြန်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန် တလျှောက်လုံးမှာ သွားကြွေလွှာတွေက အက်စစ်နဲ့ ဆက်တိုက် ထိတွေ့နေရမှာပါ။ဖြေရှင်းနည်း– ဒါကိုဖြေရှင်းဖို့ဆိုရင် စားသောက်တဲ့ ပုံစံကို ပြောင်းဖို့ လိုပါတယ်။ ခဏခဏ အန်နေတယ်ဆိုရင် ဆရာဝန်ညွှန်ကြားချက်နဲ့ အအန်သက်သာဆေးတွေ မှီဝဲနိုင်ပါတယ်။ အန်ပြီးသွားတဲ့အခါမှာလည်း အက်စစ် ဓာတ်ပြယ်အောင် မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေတစ်ခွက်နဲ့ ဖျော်ပြီး အာလုပ်ကျင်းပေးရပါတယ်။ သွားတွေ မပျက်စီးအောင် အန်ပြီးပြီးချင်းမှာ သွားမတိုက်ဖို့၊ သွားပွတ်တံကို အနုစားတွေပဲ သုံးဖို့ လိုပါတယ်။ သွားကြွေလွှာတွေ ပျက်စီးတာ သက်သာဖို့ ဖလိုရိုက်ဒ်ပါတဲ့ သွားတိုက်ဆေးကို တိုက်ပေးနိုင်ပါတယ်။အရွယ်ရောက်ပြီး အမျိုးသမီး ၄ယောက်မှာ ၁ယောက်က သွားပိုးပေါက်ရှိပါတယ်။ ထမင်းကို အဓိကထားစားတဲ့ မြန်မာနိုင်ငံမှာဆို ပိုတောင် များပါသေးတယ်။ ကာဘိုဟိုက်ဒရိတ်ကို ခံတွင်းထဲမှာ ရှိတဲ့ ဘက်တီးရီးယားက အချဉ်ဖောက်လိုက်တဲ့အခါ အက်စစ်ဓာတ်ထွက်လာပြီး သွားပေါက်တွေ ဖြစ်စေလို့ပါ။ကိုယ်ဝန်ဆောင်ချိန်မှာ သွားပိုးပေါက် ဖြစ်နိုင်ခြေက ပိုတောင်များပါသေးတယ်။ ခံတွင်းထဲမှာ အက်စစ်ဓာတ်များတာ၊ အချိုတွေ ခဏခဏ စားမိတာ၊ သွားကျန်းမာရေးကို လျစ်လျူရှုမိတာ စတာတွေ အားလုံးက သွားပိုးပေါက်ဖြစ်ဖို့ ဦးတည်နေပါတယ်။ဖြေရှင်းနည်း– သွားပိုးပေါက်တွေက မကုသရင် နောက်ပိုင်းမှာ ပြည်တည်နာတွေ၊ ပိုးဝင်ရောင်ရမ်းတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် ကိုယ်ဝန်ဆောင်တွေအနေနဲ့ တစ်နေ့နှစ်ကြိမ်ဖလိုရိုက်ဒ်ပါတဲ့ သွားတိုက်ဆေးနဲ့ သွားတိုက်ပါ။ အချိုလျှော့စားပါ။ သွားပိုးပေါက်တွေ ပိုဆိုးပြီး ပိုးဝင်တဲ့အထိ ဖြစ်လာရင် သွားဆရာဝန်နဲ့ မဖြစ်မနေ ပြသဖို့ လိုပါတယ်။ခံတွင်းအကျိတ်က ကိုယ်ဝန်ဆောင်တွေရဲ့ ၅ရာခိုင်နှုန်းမှာ ဖြစ်တတ်ပြီး ပြည်တည်နာနဲ့ ဆင်တူပါတယ်။ ဒီသွေးကြောကျိတ်က ကိုယ်ဝန်ဆောင်ချိန်မှာ မြင့်တက်လာတဲ့ ပရိုဂျက်စတုန်းဟော်မုန်း၊ ခံတွင်းထဲမှာရှိတဲ့ စားတတ်တဲ့ ဓာတ်ပစ္စည်းတွေနဲ့ ဘက်တီးရီးယားတွေကြောင့် ဖြစ်လာတာပဲ ဖြစ်ပါတယ်။အကျိတ်ပုံစံက အနီရောင် အဖုအလုံးအနေနဲ့ ရှိတတ်ပြီး သွားဖုံးမှာ အတွေ့ရများပါတယ်။ ဒါ့ပြင် လျှာ၊ အာခေါင်၊ ပါးစောင် စတဲ့နေရာတွေမှာလည်း တွေ့ရတတ်ပါတယ်။ဖြေရှင်းနည်း– ဒီလိုအကျိတ်တွေက ကိုယ်ဝန်နုစဉ်ဆို စထွက်တတ်ပြီး အကြီးလည်း မြန်ပါတယ်။ ကံကောင်းတာက ကလေးမွေးပြီးသွားရင် အလိုလို ပျောက်သွားတတ်ပါတယ်။ ဒါကြောင့် ဘာမှဒုက္ခမပေးဘူးဆိုရင် ဒီတိုင်း စောင့်ကြည့်လို့ရပါတယ်။ အကျိတ်က သွေးထွက်တာ၊ အစာဝါးလို့ မရတာ၊ ကလေးမွေးပြီးတာတောင် ပျောက်မသွားဘူးဆိုရင်တော့ သွားဆရာဝန်နဲ့ ပြသင့်ပါတယ်။ ကိုယ်ဝန်ရှိချိန်မှာ ဒီအကျိတ်ကို ခွဲပြီး ဖယ်လို့ရပေမယ့် ဟော်မုန်းရှိနေတာကြောင့် ပြန်တော့ ထွက်တတ်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ သွားဖုံးရောဂါ မရှိသည့်တိုင် သွားနဲ့တာ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရတာ ကိုယ်ဝန်ဆောင်ချိန်မှာ မြင့်တက်လာတဲ့ ပရိုဂျက်စတုန်းနဲ့ အီစထရိုဂျင် ဟော်မုန်းက သွားပတ်လည်က တစ်ရှူးတွေကို လျော့ရဲ့စေလို့ပါ။ဖြေရှင်းနည်း– သွားဖုံးရောဂါ မရှိဘဲ ကိုယ်ဝန်ကြောင့် သွားနဲ့တာဆိုရင် သိပ်စိုးရိမ်စရာတော့ မလိုပါဘူး။ ဒါက ကလေးမွေးပြီးရင် ပြန်သက်သာသွားမှာပဲ ဖြစ်ပါတယ်။ သွားကျွတ်ထွက်တဲ့အထိ အခြေအနေဆိုးမှာ မဟုတ်ပါဘူး။ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်အများဆုံး သွားနဲ့ ခံတွင်း ပြဿနာပါ။ ကိုယ်ဝန်ဆောင်တွေရဲ့ ၆၀-၇၅ ရာခိုင်နှုန်းအထိ ဖြစ်တတ်ပါတယ်။ နဂိုတည်းက သွားဖုံးရောင်တတ်တဲ့ အမျိုးသမီးတွေဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ဝက်လောက်က သိသိသာသာ ပိုဆိုးတတ်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ သွားဖုံးရောင်ရတာက အီစထရိုဂျင်၊ ပရိုဂျက်စတုန်း ဟော်မုန်းအပြောင်းအလဲကြောင့်ရယ်၊ ခံတွင်းထဲက ဘက်တီးရီးယားတွေ အပြောင်းအလဲရယ်၊ ကိုယ်ခံအား နည်းလာတာရယ်ကြောင့်ပါ။ဖြေရှင်းနည်း– သာမန်သွားဖုံးရောင်တာကို ပုံမှန်လုပ်နေကြ သွားတိုက်တာ၊ သွားပွတ်ကြိုးသုံးတာနဲ့ ဖြေရှင်းလို့ရပါတယ်။ အခြေအနေဆိုးတဲ့ သွားဖုံးရောင်ခြင်းမျိုးဆိုရင်တော့ သွားဆရာဝန်နဲ့ ပြသပြီး ကုသတာ၊ chlorhexidine ပါဝင်တဲ့အာလုပ်ကျင်းဆေးတွေ သုံးတာ လုပ်ပေးနိုင်ပါတယ်။အရွယ်ရောက်ပြီးသား အမျိုးသမီးတွေရဲ့ ၃၀ ရာခိုင်နှုန်းလောက်မှာ ဒီပြဿနာတွေ့ရတတ်ပါတယ်။ သွားဖုံးတစ်ရှူးတွေကို ဘက်တီးရီးယားတွေ ဝင်လာပြီး အဆိပ်အတောက်တွေ ထုတ်တဲ့အခါ နာတာရှည်ရောင်ရမ်းမှုတွေ ဖြစ်လာပါတယ်။ ဒါကြောင့် သွားဖုံးတစ်ရှူးတွေ ပျက်စီးပြီး ရောင်ရမ်းလာတာပဲ ဖြစ်ပါတယ်။ဒီလိုမျိုး ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ များလာတာက သွေးထဲမှာပါ လိုက်များစေပြီး ရောင်ရမ်းစေတဲ့ ဓာတ်ပစ္စည်းတွေကို ထွက်စေပါတယ်။ ဒီဓာတ်ပစ္စည်းတွေက ရေမြွာရည်ထဲကို ရောက်ပြီး လမစေ့ဘဲ ကလေးမွေးတာကို ဖြစ်စေပါတယ်။ဖြေရှင်းနည်း– အကောင်းဆုံးကတော့သွားဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူတာပဲ ဖြစ်ပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/common-dental-problems-in-pregnancy/
မြီးညှောင့်ရိုးနာနေတာ ဘယ်လိုသက်သာအောင်လုပ်မလဲ
ထိုင်လို့မရဘူး မြီးညှောင့်ရိုး နာနေတယ်၊ ထိုင်လိုက်တိုင်း အခင်းလေးခုပြီးထိုင်ရတယ်ဆိုတာတွေ တွေ့ရဖူးပါတယ်။ ပိန်တဲ့သူတွေ၊ အသက်ကြီးတဲ့သူတွေမှာ အဖြစ်များပေမယ့် လူတိုင်းဖြစ်နိုင်ခြေရှိတဲ့ဝေဒနာပဲဖြစ်ပါတယ်။မြှီးညှောင့်ရိုးနာတယ်ဆိုတာကျောရိုးမကြီးအဆုံးနားက အရိုးထိပ်ပိုင်းအတွင်းနဲ့ပတ်လည်က နာကျင်မှုဖြစ်ပါတယ်။ဘာလို့နာတတ်လဲဆိုတော့ချော်လဲလို့၊ မာကျောတဲ့ကြမ်းပြင် ဒါမှမဟုတ်နေရာကျဉ်းကျဉ်းလေးမှာ အချိန်ကြာကြာထိုင်ရလို့၊ အသက်ကြီးလာတဲ့အခါ အရိုးအဆစ်တွေမကောင်းတော့လို့၊ ဒါမှမဟုတ် ရိုးရိုးမီးဖွားထားလို့ စတဲ့အကြောင်းရင်းတွေရှိပါတယ်။မြီးညှောင့်ရိုးနာနေတာ က ဒီအတိုင်းဆိုသိပ်မသိသာဘဲ နည်းနည်းပဲနာနေတတ်ပေမယ့် ထိုင်ချလိုက်တဲ့အချိန်၊ ထိုင်နေရာကနေ မတ်တပ်ရပ်လိုက်တာ ဒါမှမဟုတ် ကြာကြာမတ်တပ်ရပ်လိုက်တဲ့အချိန် လိုမျိုး လှုပ်ရှားမှုတွေ လုပ်လိုက်တဲ့အခါမှာ စူးပြီးနာကျင်ရပါတယ်။ဝမ်းသွားတဲ့အချိန် နဲ့လိင်ဆက်ဆံတဲ့အချိန်မှာလည်း နာကျင်လာနိုင်ပါတယ်။ မိန်းကလေးတွေဆို ရာသီလာတဲ့အချိန်မှာ ပိုပြီးအဆင်မပြေဖြစ်ရတတ်ပါတယ်။ပုံမှန်အားဖြင့်တော့ တစ်ပတ်နှစ်ပတ် ဒါမှမဟုတ် လအနည်းငယ်အထိ ခံစားရတတ်ပါတယ်။ဖြစ်နေတဲ့အချိန်မှာ နာကျင်မှုသက်သာအောင် ဒီအချက်လေးတွေ သတိထားသင့်ပါတယ် –။ထိုင်တဲ့အခါလျှောပြီးထိုင်ပါ။ထိုင်တဲ့အခါ ဒိုးနတ်ပုံစံ အခင်းပျော့အဝိုင်းကို ခုထိုင်ပါ ဒါမှမဟုတ် ဆိုဖာလိုပျောပျောင်းတဲ့အရာတစ်ခုခုနဲ့ထိုင်ပါ။နာကျင်တဲ့နေရာကိုရေနွေး ဒါမှမဟုတ်ရေခဲကပ်ပေးပါ။(နှစ်မျိုးလုံးတပြိုင်တည်းမလုပ်ရပါဘူးနော်)။ဖြစ်နိုင်ရင် ကြာကြာမထိုင်ပါနဲ့။ ရံဖန်ရံခါ မတ်တပ်ထရပ်ပြီးလမ်းလေးလျှောက်တဲ့ ပုံမှန်အကျင့်လုပ်ပေးပါ။မကျပ်တဲ့အဝတ်အစားကို ဝတ်ဆင်ပါ။ ဂျင်းဘောင်းဘီအကျပ်တွေကိုမဝတ်ပါနဲ့။မြှီးညှောင့်ရိုးကို ဖိအားဖြစ်စေနိုင်ပါတယ်။ဆရာဝန်ဆေးညွှန်းမလိုတဲ့ အကိုက်အခဲပျောက်ဆေးသောက်ပါ။ Acetaminophen ၊ Ibuprofen တို့သောက်လို့ရပါတယ်။တကယ်လို့မသက်သာရင်တော့ အကြာကြီးကြိတ်မခံဘဲ ဆရာဝန်ပြတာကောင်းပါတယ်။မြှီးညှောင့်ရိုးကျိုးအက်မှုများရှိသလား၊ အရိုးအဆစ်ယိုယွင်းမှုတွေရှိနေသလား ဒါမှမဟုတ်ဖြစ်ခဲတဲ့အကျိုးဆက်တွေလား ဆရာဝန်က စစ်ဆေးကုသပေးပါလိမ့်မယ်။မြီးညှောင့်ရိုးနာနေတာ ပိုဆိုးလာပြီး အလုပ်မသွားနိုင်တာ၊ အိမ်အလုပ်မလုပ်နိုင်တော့တာလိုမျိုး အခြေအနေဆုတ်ယုတ်လာပြီဆို ဆရာဝန်ပြသင့်ပါတယ်။နောက်ပြီး –။ဝေဒနာတာရှည်နေတဲ့မြီးညှောင့်ရိုးနာကျင်မှုအတွက် ကုသနိုင်တဲ့ နည်းလမ်းတွေကတော့ –။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%99%e1%80%bc%e1%80%ae%e1%80%b8%e1%80%8a%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%94%e1%80%ac%e1%80%94%e1%80%b1%e1%80%90%e1%80%ac-%e1%80%98/
ဇက်ကြောတောင့်နေရင် ချိုးလိုက်ပါဦး..ဖြောင်းခနဲမြည်အောင်
ဇက်ကြောလေးတက်တယ်၊ ညောင်းလာတယ်ဆိုတာနဲ့ ဇက်ကလေးဘယ်ညာစောင်းပြီး ဖြောင်းခနဲချိုးလိုက်တာပဲလား။ ကိုယ့်အနီးအနားကလူတွေရော အဲ့လိုအညောင်းဖြေတာ မကြာခဏကြားနေရလား။တော်တော်များများက လက်ဆစ်တွေချိုးတယ်၊ ဇက်ကို လှည့်တယ် အသံမြည်တဲ့အထိ ဆတ်ခနဲ ဆတ်ခနဲရယ်။ ဒီလိုလုပ်လိုက်ရင် ပခုံးကြော၊ ဇက်ကြောတွေ ပြေသွားတယ်၊ ပေါ့ပါးသွားတယ်လို့ ခံစားရတယ်လေ။ တကယ်တော့ အများစုက တကယ်သက်သာတာထက် အကျင့်ပါနေတော့ စိတ်ထင်တာလည်းပါပါတယ်။ ဇက်ကြောတောင့်နေရင် ဖြောင်းခနဲမြည်အောင် ချိုးတာ မသက်သာပါဘူး။ဒါပေမယ့် ဒီလိုချိုးတာ လုံးဝမကောင်းတာလားဆိုတော့ မဟုတ်ပြန်ပါဘူး။ ကောင်းတာနဲ့ဆိုးတာ ဒွန်တွဲနေပါတယ်နော်။ ဇက်ကိုချိုးတာ၊လေ့ကျင့်ခန်းလုပ်တာက တော်တန်ရုံဆို ထိခိုက်မှုမရှိနိုင်ပါဘူး။ ဒါပေမယ့် လှုပ်ရှားပုံ နည်းမမှန်တာ၊ အရမ်းကို  မကြာခဏလုပ်လွန်းတာ၊ သိပ်ကြမ်းလွန်းတာတွေကြောင့် ဇက်ကြောတက်မသက်သာဘဲ ပိုဆိုးနိုင်တဲ့အပြင် နာကျင်ရနိုင်ပါတယ်။ဇက် အပါအဝင် ဘယ်အဆစ်ကိုပဲချိုးချိုး အဆစ်နားတဝိုက်က အရည်အိတ်အလွှာတွေပြန့်သွားပါတယ်။ အဲဒီအလွှာမှာ အရည်တွေပါဝင်တာဖြစ်ပြီး ဒီလိုပြန့်သွားရင် အရည်တွေကို အဆစ်ပေါ်ဖိအားလျော့သွားစေပါတယ်။ဖိအားလျော့သွားလေ အဆစ်ထဲကအရည်တွေက အငွေ့ဖြစ်သွားလေဖြစ်ပါတယ်။ ဒီလိုဖြစ်ရင် အသံမြည်လာပါတယ်။ ဒီဖြစ်စဉ်ကို boiling သို့မဟုတ် cavitation လို့ခေါ်ပါတယ်။ ပုံမှန်တော့ အန္တရာယ်မရှိတတ်ပါဘူး။ဇက်ကြောဆိုတာက လှုပ်ရှားလို့ကောင်းစေဖို့ သဘာဝကဖန်တီးထားတဲ့ ကျောရိုးရဲ့ အဆစ်တွေ စုပေါင်းထားတာဖြစ်ပါတယ်။ လည်ပင်းဘေးတစ်ဖက်စီမှာရှိနေတဲ့ ဒီအဆစ်တွေဟာ ကိုယ်ကဇက်ကြောချိုးလိုက်တိုင်း အထက်ကဖြစ်စဉ်အတိုင်းဖြစ်လာမယ်။ နောက်ဆုံး အသံမြည်လာပြီး ဇက်ကြောမှာ ဖိအားလျော့သွားတဲ့ခံစားချက်ကိုရစေတာပါ။ဇက်ကြောလျှော့တာ နေရသက်သာစေတယ်ဆိုပေမယ့် မကြာခဏလုပ်မယ်ဆိုရင်တော့ သတိထားသင့်ပါတယ်။ လေ့လာမှုတစ်ခုအရ ဇက်ကြောချိုးလိုက်တဲ့ တဖြောင်းဖြောင်းအသံထွက်လာရင် နေရသက်သာသွားတယ်လို့ ခံစားရတာ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုရှိနေတယ်လို့တွေ့ရပါတယ်။တစ်ခါတလေဇက်ကြောတောင့်နေတာ တကယ်ပေါ့သွားသလားတောင် သတိမထားမိဘဲ ဒီအသံမြည်တာနဲ့တင် ပေါ့သွားသလိုခံစားရတာ၊ အကြောတင်သွားလို့ ဇက်ချိုးလိုက်တာ ပြန်တည့်သွားတယ်တောင် ပြောကြတာတွေရှိပါတယ်။ ဒါကို စိတ်ကြောင့်သက်သာရာရတဲ့ placebo effect လို့ ခေါ်ပါတယ်။ဇက်ကြောချိုးခြင်းက လည်ပင်းအဆစ်ဧရိယာမှာ အန်ဒိုဖင်(endorphin) ဟော်မုန်းတွေကိုလည်း ထုတ်ပေးပါတယ်။ ဒီဟော်မုန်းတွေကို ပစ်ကျူထရီဂလင်းကနေထုတ်ပေးတာဖြစ်ပြီး ခန္ဓါကိုယ်ကို နာကျင်မှုသက်သာစေပါတယ်။ ဒါ့ကြောင့်ပဲ ဇက်ကြောချိုးလိုက်တဲ့အခါ အန်ဒိုဖင်ဟော်မုန်းတွေကြောင့် စိတ်ကျေနပ်မှုနဲ့ စိတ်သက်သာမှုကိုခံစားရတာဖြစ်ပါတယ်။ဇက်ကြောချိုးတာက အခန့်မသင့်ရင်၊ နည်းမမှန်ရင်၊ မကြာခဏ လုပ်လွန်းရင် အရိုးအဆစ်ကို ထိခိုက်စေနိုင်ပါတယ်။တော်တန်ရုံအညောင်းပြေရုံမဟုတ်ဘဲ အားကြီးနဲ့ ဖြောင်းခနဲမြည်အောင် ချိုးတာက လည်ပင်းတဝိုက်က အာရုံကြောတွေကို ထိုးဆွသလို ဖြစ်စေပါတယ်။ ဒီလိုနဲ့ အာရုံကြောတွေကို နာကျင်စေပြီး လည်ပင်းလှုပ်မရအောင် ဇက်ခိုင်သွားတာမျိုး ဖြစ်စေနိုင်ပါတယ်။ခဏခဏကို ဇက်ကြောချိုးမိနေတာကလည်း အဆစ်မှာရှိတဲ့ အရွတ်တွဲတွေကို အနေအထားပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီလိုနဲ့ အဆစ်နာ (osteoarthritis)ဖြစ်လာနိုင်တဲ့ အန္တရာယ်ပိုများစေပါတယ်။လည်ပင်းဇက်ကြောဆိုတာ အရေးပါတဲ့ သွေးကြောကြီးတွေရှိတဲ့နေရာမို့ ဇက်ကြောချိုးလွန်းရင်၊ ပြင်းထန်ရင်သွေးကြောတွေကို ထိခိုက်စေ၊ ပေါက်ပြဲလာစေနိုင်တယ်။ အဲဒီကနေ သွေးခဲပိတ်ဆို့တာ ဖြစ်စေနိုင်ပြီး ဦးနှောက်ကိုသွေးပို့လွှတ်မှု အနှောင့်အယှက်ဖြစ်သွားရင် အန္တရာယ်ရှိနိုင်ပါတယ်။တကယ်လို့ –။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/cracking-neck-to-relieve-stiffness/
ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအစခြေလှမ်း
ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအစခြေလှမ်း က ဘာများ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်။ ပတ်ဝန်းကျင်မှာ အရမ်းဉာဏ်ကောင်းပြီး ထက်ထက်မြက်မြက်ရှိတဲ့ ကလေးတွေကို တွေ့ဖူးကြမှာပါ။ ဒီလိုကလေးတွေရဲ့ ဘဝကို အနီးကပ်လေ့လာကြည့်မယ်ဆိုရင် ပင်ကိုယ်သဘာဝကိုက ကြိုးစားချင်စိတ်ရှိတယ်၊ မိဘတွေကလည်း နောက်ကွယ်ကနေ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုတွေ၊ လိုအပ်တဲ့ပညာရေးဆိုင်ရာ အထောက်အပံ့တွေ ပေးနိုင်တဲ့အပြင် သားသမီးနဲ့ မိဘကြားမှာ အဆင်ပြေပြေ စကားပြောဆိုဆက်ဆံလို့ရတဲ့ ငြိမ်းချမ်းတဲ့ ဆက်ဆံရေးတစ်ခု ရှိနေတတ်ပါတယ်။ နောက်တစ်ခုကတော့ ကလေးတွေက အသက်အရွယ်အလိုက် လိုအပ်တဲ့ အာဟာရတွေကိုလည်း ပြည့်ပြည့်ဝဝ ရရှိကြတာပါ။ကိုယ့်သားသမီးကိုလည်း သူတို့လိုမျိုး ဉာဏ်ရည်ထက်မြက် ပျော်ရွှင်ကျန်းမာစွာနဲ့ ကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ စေတနာ မေတ္တာပါပဲ။ ဒီဆောင်းပါးလေးမှာ ကိုယ့်ကလေးကို ဘယ်လိုထူးချွန်ထက်မြက်အောင် ပုံသွင်းပေးနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိဘတွေ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြပေးချင်ပါတယ်။မိဘတိုင်း သိချင်နေတဲ့ ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအစခြေလှမ်း ကတော့ အခုလို စတင်တာပါတဲ့နော်။၁။ကိုယ်ဝန်ဆောင်နေစဉ်ကာလသည်ပထမခြေလှမ်းပါ။မေမေတွေ ကိုယ်ဝန်ရှိနေတဲ့အချိန် စားလိုက်သမျှ အစားအစာတွေ၊ နေထိုင်စားသောက်မှုပုံစံတွေ၊ ကိုယ့်ကျန်းမာရေးနဲ့ပတ်သက်ပြီး အလေးထားမှု ရှိ၊ မရှိ စတဲ့အချက်တွေက ဗိုက်ထဲမှာ ရှိနေတဲ့ သန္ဓေသားရဲ့ဦးနှောက်ဉာဏ်ရည်ကို သွားပြီး သက်ရောက်မှု ရှိစေနိုင်ပါတယ်။ဒါကြောင့် ကိုယ်ဝန်ဆောင်နေစဉ် ကာလတွင်းမှာ မေမေတွေ အိပ်ချိန်မှန်အောင် ဂရုစိုက်ပါ။ အစာအာဟာရကို စုံလင်စွာ စားပေးပါ။ စားချင်စိတ် မရှိဘူးဆိုရင်တောင် ဗိုက်ထဲက ကလေးရဲ့ ကျန်းမာရေးအတွက်လို့ တွေးပြီး စားပေးပါ။၂။ကလေးအသက်၆လမပြည့်မချင်းမိခင်နို့တစ်မျိုးတည်းကိုသာတိုက်ပါ။မိခင်နို့မှာ ကလေးရဲ့ ကျန်းမာရေး၊ ကြီးထွားဖွံ့ဖြိုးခြင်းအပြင်ဦးနှောက်ဉာဏ်ရည်ကို မြှင့်တင်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်နေပါတယ်။ ဒါကြောင့် ကိုယ့်ကလေး အသက် ၆လအထိကို မိခင်နို့တစ်မျိုးတည်း ဝဝလင်လင် တိုက်ကျွေးဖို့ လိုအပ်ပါတယ်နော်။ကလေး အသက် ၆လ ပြည့်ပြီးတဲ့အခါ မိခင်နို့အပြင် ဖြည့်စွက်စာ၊ DHA၊ သံဓာတ်၊ Dual Fiber နဲ့ ဗီတာမင် သတ္တုဓာတ်တွေလိုမျိုး ကလေးတစ်ယောက်ကို ပြီးပြည့်စုံတဲ့ ဖွံ့ဖြိုးမှု ရစေမယ့် ဖော်မြူလာနို့ကိုပါ ရောတိုက်နိုင်ရင် ပိုကောင်းပါတယ်။၃။ကလေးကြီးလာတဲ့အခါအစာအာဟာရကိုစုံလင်စွာကျွေးပေးပါ။ဒီခေတ်မှာ အာဟာရ မပြည့်လို့ ပိန်လွန်း၊ ဝလွန်းနေတဲ့ ကလေးတွေ အရမ်းများလာတာ သတိထားမိမှာပါ။ အဓိကတရားခံကတော့ ကလေးဗိုက်ဝရင်ပြီးရော၊ သူတို့ ကြိုက်တာ စားပါစေဆိုပြီး လွှတ်ပေးလိုက်တာကြောင့်ပါပဲ။ ကြီးထွားဖွံ့ဖြိုးနေဆဲအရွယ်မှာအာဟာရမဖြစ်တဲ့ အသင့်စား အစားအစာတွေ၊ ဆီကြော်၊ အချိုများတဲ့ မုန့်၊ အအေးဖျော်ရည်တွေပဲ ကျွေးနေရင်တော့ ကလေးရဲ့ ကျန်းမာရေးအပြင် ဦးနှောက်ဉာဏ်ရည်ကိုပါ သွားပြီးထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် ကလေးရဲ့ နေ့စဉ် အစာအာဟာရ ပြည့်ဝနေစေဖို့ မေမေတို့ကိုယ်တိုင် သေချာချက်ပြုတ်ပြင်ဆင်ပေးပါ။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ အစေ့အဆန်တွေကို စုံလင်စွာ ကျွေးပေးပါ။ မုန့်ပဲသရေစာ အနေနဲ့ သစ်သီးဝလံတွေကို စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ပြီး ကျွေးပါ။ အိပ်ခါနီး နွားနို့နွေးနွေးလေး တစ်ခွက် ဒါမှမဟုတ် ဖော်မြူလာနို့ တစ်ခွက်တိုက်ပြီးမှ အိပ်ခိုင်းပါ။လူတချို့ရဲ့ အမြင်မှာ ဝါသနာဆိုတာ အချိန်ကုန် အကျိုးမရှိတဲ့ အလုပ်သက်သက်လို့ ယူဆထားကြတာမျိုးတွေ ရှိပါတယ်။ တကယ်တော့ ဒီလိုဝါသနာက ကလေးအရွယ်မှာသာမက လူကြီးတွေမှာလည်း ရှိနေဖို့လိုပါတယ်။ အထူးသဖြင့် ကလေးတွေ ကိုယ်ဝါသနာပါတာ လုပ်နေရတဲ့အခါ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ဦးနှောက်ဉာဏ်ရည်ကို ထက်အောင် သွေးပေးလိုက်သလို ဖြစ်သွားပါတယ်။ဒါကြောင့် ကလေးကို အားလပ်ချိန် တစ်ချိန် သတ်မှတ်ပေးထားပြီးတော့ သူတို့ဝါသနာပါတဲ့၊ ပျော်ရွှင်စေတဲ့ အရာတွေကို လုပ်ခွင့်ပေးလိုက်ပါ။ မိဘတွေအနေနဲ့ ကိုယ့်ကလေး ဘာကို ဝါသနာပါလဲ ဆိုတာ အမြဲလေ့လာအကဲခတ်နေဖို့ လိုပြီး သူတို့ဝါသနာအတွက် အထောက်အကူဖြစ်စေမယ့်အရာတွေကို ဝယ်ပေးပါ။ ဝါသနာဆိုတဲ့ နေရာမှာ ကလေးရဲ့ပျော်ရွှင်မှုကိုသာ ဦးစားပေးပြီး ရွေးချယ်ခွင့်ပေးပါ။ အဓိကကတော့ ကလေးဘဝကို စာချည်းပဲလုပ်ပြီး ကုန်ဆုံးသွားတာမျိုး မလုပ်ပါနဲ့။၅။ကလေးကိုအိမ်ထဲမှာပဲလှောင်ပိတ်မထားပါနဲ့။ပညာရေးသည် အရေးကြီးတာ မှန်ပေမယ့် ကလေးဆိုတာ အရာရာကို စူးစမ်းလေ့လာချင်စိတ်ရှိတဲ့အရွယ်ကောင်းပါ။ ဒီလိုအရွယ်မှာ အသစ်အဆန်းတွေကို လေ့လာမယ့်အစား ထိုင်ခုံမှာပဲ ငြိမ်ငြိမ်လေး ထိုင်ပြီး စာလုပ်နေတော့ ကိုယ်လက်လှုပ်ရှားမှု မရှိဘူး။ အဲ့ဒီအခါ ကလေးက ဦးနှောက်ကထိုင်းမှိုင်းလာပြီး စာလုပ်ချင်စိတ် နည်းသွားတယ်။ တီထွင်ဖန်တီးနိုင်စွမ်း ကျဆင်းလာတယ်။ ကျန်းမာရေးဘက်ကနေ ကြည့်ရင်လည်း အဝလွန်လာတော့ ကလေးရဲ့ အနာဂတ်မှာ ရောဂါတွေ အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။ ဒါကြောင့် ကလေးရဲ့ တစ်နေ့တာအတွက် စာလုပ်ချိန်တန် စာလုပ်၊ ကစားချိန်တန် ကစား၊ စားချိန်တန် စား အချိန်ဇယားတစ်ခု သတ်မှတ်ထားပေးဖို့ လိုပါတယ်။၆။ကလေးရဲ့ကျန်းမာရေးကိုလည်းဂရုစိုက်ပါ။ကလေးဆိုတာကိုယ်ခံအားနည်းတဲ့အတွက် လူကြီးတွေထက်ပိုပြီး ဖျားနာလွယ်ပါတယ်။ ဒါကြောင့် မေမေတွေအနေနဲ့ ကလေးအလွယ်တကူ နေမကောင်း မဖြစ်စေဖို့ အိပ်ချိန်ကို တစ်နေ့ ၈နာရီအနည်းဆုံးရအောင် အိပ်စက်အနားယူခိုင်းပါ။ ညနောက်ကျမှ အိပ်တာမျိုး လုံးဝပေးမလုပ်ပါနဲ့။ အစာအာဟာရကို မျှတစွာ ကျွေးဖို့၊ ကိုယ်လက်လှုပ်ရှားမှု ရှိဖို့ ဂရုစိုက်ပါ။ ကလေးတွေကိုလည်း တစ်နှစ်တစ်ကြိမ် ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ပေးပါ။ အာဟာရ မပြည့်ဘူးလို့ သံသယရှိရင် ကလေးအထူးကု ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး လိုအပ်တဲ့အာဟာရပေါ် မူတည်ပြီး လိုအပ်မယ် ဆိုရင် အားဆေးတွေကို တိုက်ပေးလို့ ရပါတယ်။ကလေးထူးချွန်ထက်မြက်ဖို့ဆိုတာ ပညာရေးတစ်ခုတည်းသာမက သူတို့တွေရဲ့ ကျန်းမာရေး၊ အစာအာဟာရ၊ ဝါသနာ၊ အမူအကျင့်၊ ပျော်ရွှင်မှုစတာတွေနဲ့လည်း သက်ဆိုင်တယ်ဆိုတာ မေ့ထားလို့မဖြစ်ပါဘူး။ ဒါကြောင့် ကိုယ့်ကလေးကို ပြီးပြည်စုံတဲ့ ဖွံ့ဖြိုးမှု ရစေဖို့ ခုပြောပြပေးသွားတဲ့အချက်တွေကို မေမေတို့အနေနဲ့ သေချာလိုက်နာပေးဖို့ အကြံပေးလိုက်ချင်ပါတယ်နော်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-growth-development/first-step-for-child/
သားသားမီးမီးတို့ကို မျှစ်ကျွေးလို့ ရလား ....
မျှစ်ဆိုတာကသားသားမီးမီးတို့နဲ့ နီးစပ်တဲ့ အစားအစာ မဟုတ်ဘူးဆိုပေမယ့် သားသားမီးမီးတို့က ပဲပြုတ်ကြိုက်လို့ပဲပြုတ်နဲ့မျှစ်ရောကြော်ထားတာလေးကို စားချင်တယ်ဆိုပြီး ဂျီကျနေလို့ ကျွေးလို့ ရပါ့မလား။ သားသားမီးမီးတို့ကို မျှစ်ကျွေးလို့ တည့်ပါ့မလားဆိုပြီး စိတ်ပူနေတဲ့ ဖွားဖွားတို့ တီတီတို့ အဖွားလေးတို့ မေမေတို့ ရှိကြလား …….။ဒါဆိုရင်တော့ ပဲပြုတ် နဲ့ မျှစ်ကြော် စားချင်ပေမယ့် ကလေးက မစားရလို့ဆိုပြီး ငိုမှာစိုးလို့ဆိုပြီး စိတ်မပူခင် ဆောင်းပါးလေးကို အရင်ဖတ်ကြည့်လိုက်နော်။သားသားမီးမီးတို့ကို မျှစ်ကျွေးလို့ ရလား ……… ဆိုတော့ ရပါတယ်။ကလေးက ကောင်းကောင်းဝါးနိုင်ပြီ၊ မနင်အောင် သေချာမျိုချနိုင်ပြီဆိုရင်တော့ သေချာချက်ပြုတ်ထားတဲ့ မျှစ်ကို ပြင်ဆင်ကျွေးမွေးလို့ ရပါပြီ။ဒီနေရာမှာ သတိထားရမှက မျှစ်က။မျှစ်မှာ အခုလိုအာဟာရဓာတ်တွေပါဝင်နေပါတယ်။သားသားမီးမီးတို့ကို မျှစ်ကျွေးပေးတဲ့အခါ အခုလို အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။မျှစ်မှာ ကယ်လ်လိုရီ၊ ကာဗိုဟိုက်ဒရိတ် နဲ့ သကြားဓာတ်တွေ ပါဝင်တယ်ဆိုပေမယ့် အများကြီး ပါဝင်နေတာမျိုး မဟုတ်ပါဘူး။ နောက်တစ်ချက်က အမျှင်ဓာတ် ကြွယ်ဝတာကြောင့် ကလေးတွေကို အဝလွန်တာမျိုး မဖြစ်အောင် ကာကွယ်ပေးမှာပါ။မျှစ်မှာ ပရိုတင်း ကြွယ်ဝသလို ဗီတာမင် C အပါအဝင် ကိုယ်ခံအား ကောင်းစေနိုင်တဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကလေးကို ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်မှာ ဖြစ်ပါတယ်။မျှစ်မှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေနိုင်ပြီး ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။မျှစ်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ရပ်ကတော့ အရောင်ကျစေနိုင်တာပါ။ ဒါကြောင့် ကလေးတွေမှာ ထိခိုက်တာတွေ၊ အနာတွေ ဖြစ်တဲ့အခါ အရောင်ကျစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ကလေးတွေမှာ ခံစားရတဲ့ ပန်းနာရင်ကျပ် နဲ့ ချောင်းဆိုးခြင်း အမျိုးမျိုးကို သက်သာစေဖို့အတွက်လည်း မျှစ်ကို အသုံးပြုပေးလို့ ရပါတယ်။ မျှစ်ကို ကျွေးပေးတာက အသက်ရှူလမ်းကြောင်းမှာရှိနေတဲ့ ချွဲသလိပ်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်မှာပါ။မျှစ်မှာ ပရိုတင်းနဲ့ ကယ်လ်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေပြီး အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဒါ့အပြင် မျှစ်မှာ ဗီတာမင် နဲ့ သတ္တုဓာတ်များစွာ ပါဝင်နေမှုကလည်း ကလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်မှာပါ။မျှစ်မှာ သံဓာတ် ပါဝင်နေတာကလည်း ကလေးကို သံဓာတ်ပြည့်ဝစေပြီး သွေးအားကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သံဓာတ်ချို့တဲ့မှုကြောင့် ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ ကင်းဝေးစေမှာပါ။သားသားမီးမီးတို့ကို မျှစ်ကျွေးလို့ ရလား …. ဆိုတဲ့ မေးခွန်းအတွက် အဖြေထွက်လောက်ပြီ ထင်ပါတယ်နော်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/kids-can-eat-bamboo-shoot/
ဆံပင် ဖြောင့်တဲ့အခါ
ဆံပင် ဖြောင့်တဲ့အခါ ဘာတွေ သိထားရမလဲ ပြောပြပေးချင်ပါတယ်။အမျိုးသမီးတစ်ယောက်ရဲ့ဆံကေသာအလှ ဟာ နဂိုကောင်းတာကြောင့်ဆိုတာထက် ဆံပင် ကို သူဘယ်လိုစောင့်ရှောက်ပေးသလဲ ဆိုတာနဲ့ ပိုသက်ဆိုင်ပါတယ်။ဆံပင်ဆိုတာ ဘာအရေးကြီးလို့လဲ ဆိုသူတွေကိုပြောချင်တာက ဆံပင်ဟာ လူတစ်ယောက်အတွက်တော့ ဒုတိယ မျက်နှာပါပဲ။ ဆံကေသာ အလှ လို့ဆိုတဲ့နေရာမှာ ဆံသားရဲ့ ကျန်းမာသန်စွမ်းလှပမှု အပြင် ဆံပင်ပုံစံကိုလည်း ထည့်စဉ်းစားကြရပါတယ်။ကမ္ဘာအနှံ့က တချို့သောအမျိုးသမီးတွေက လှပသန်စွမ်းပြီး နူးညံ့တဲ့ ဆံပင် အပြင် သူတို့နဲ့ လိုက်ဖက်မယ်ထင်တဲ့  ရှည်ပြီးဖြောင့်တဲ့ ဆံပင်ရဖို့ စိတ်ကူးယဉ်ကြပါတယ်။ ဘာကြောင့် ဆံပင်အဖြောင့်ကို ကြိုက်တာလဲ ကြည့်ကြည့်ရအောင်။ အမျိုးသမီးတွေက ဆံပင်ပုံစံအမျိုးမျိုးနဲ့ မွေးဖွားလာကြတာပါ။ အကောက်၊ လှိုင်းတွန့်၊ အရှည်၊ အတို အစုံပေါ့။ ဒါပေမဲ့ တချို့အမျိုးသမီးတွေရဲ့အဆိုအရ ဆံပင်အဖြောင့်ထက် ကောင်းတာ မရှိဘူးတဲ့။ ဒီကမ္ဘာပေါ်မှာ ကိုယ်လိုချင်တဲ့ ဆံပင်အဖြောင့်ကို ရဖို့ဆို ဘာမဆိုလုပ်မယ့် အမျိုးသမီးတွေ ရှိနေပါတယ်တဲ့။နည်းလမ်းတွေအများကြီးထဲက တစ်ခုကဆံပင်ဖြောင့်ခြင်းပါ။ အဲဒီနည်းလမ်းက ၁၉၈၀ လောက်ထဲကကတည်းက အသုံးပြုနေတာပါ။ ဖြောင့်စင်းတောက်ပတဲ့ ဆံပင်ပုံစံရဖို့ ဆံပင်ကို ပိပြားအောင်လုပ်ပြီး ဆွဲဖြောင့်ပစ်လိုက်တာပါပဲ။ ဆံပင်ဖြောင့်တဲ့နေရာမှာ ယာယီအဖြောင့် (သို့) တာရှည်ခံအဖြောင့်ဆိုပြီး အမျိုးအစားနှစ်မျိုး ရှိနိုင်ပါတယ်။ ဆံပင်ဖြောင့်ရာမှာ သုံးတဲ့ ဖြောင့်စက် (သို့) ဆံပင်ဖြောင့်ဆေး သုံးပြီး ယာယီဆံပင်ဖြောင့်နိုင်ပြီး အများအားဖြင့် ခေါင်းထပ်မလျှော်ခင်ထိ ခံပါတယ်။ တာရှည်ခံ ဆံပင်ဖြောင့်နေစေဖို့  ဆံပင်ဖြောင့်ဆေးတို့နဲ့အတူ dye နဲ့ အခြားဓာတုပစ္စည်းတွေ အသုံးပြုဖို့ လိုအပ်ပါတယ်။ မှန်မှန်ကန်ကန် ဂရုစိုက်ရင် တာရှည်ခံ ဆံပင်ဖြောင့်ခြင်းက တစ်နှစ်အထိ အသာလေး ခံပါတယ်။စျေးကြီးပေးဖြောင့်ပြီးမှတော့ တာရှည်ခံအောင်နဲ့ဆံသားမပျက်စီးအောင်ဆောင်ရန်၊ ရှောင်ရန်တွေကို လေ့လာဖို့ အချိန်ကျပါပြီ။ ဆံပင်ဖြောင့် ပေါင်းတင်တာမျိုးအတွက် အိပ်ထဲက ပိုက်ဆံတွေ ပျံမထွက်ခင် ဒါတွေ သိထားတာ မမှားပါဘူးနော်။၁။   နေ့စဉ်အစားအစာထဲမှာ ရေဓာတ်များများ ပါပါ စေ။ ကိုယ် နဲ့ အသင့်တော်ဆုံး ဖြစ်မယ့် ခေါင်းလျှော်ရည်နဲ့ ဆံပင်ပြုပြင်ဆေးရည်ကို အမြဲတမ်း သုံးပါ။ ဖြောင့်ထားတဲ့ဆံသားအတွက် သီးသန့် ပစ္စည်းတွေရှိတာမို့။ဘာသုံးသင့်တယ်ဆိုတာ ဆံသဆရာ/မကို မေးဖို့ သတိရပါ။၂။     အပူပေးခံထားရတဲ့ဆံသားအတွက်  တစ်လကို တစ်ကြိမ် ပေါင်းတင်ပေးပါ။၃။     ဖြောင့်စက်ကို မလိုအပ်ဘဲ ခဏခဏ ပြန်ဆွဲတာမျိုးမလုပ်ပါနဲ့။၁။    ဆံပင်ပြုပြင်ပေါင်းတင်ပြီးနောက် အနည်းဆုံး သုံးရက် ဆံပင်ရေစိုမခံရပါဘူး။၂။     သင့်ဆံပင်ကို နားအနောက်ဘက် သိမ်းတာမျိုး မလုပ်ပါနဲ့။၃။    စိုနေတဲ့ သင့်ဆံပင်ကို တာဝါအုပ်ပြီး လိမ်ညှစ်တာမျိုး ရှောင်ပါ။၄။ခေါင်းလျှော်ရည်သုံးပြီး လျှော်နေတုန်း ခေါင်းကို အားနဲ့ ကုတ်ပြီးလျှော်တာမျိုး ရှောင်ပါ။၅။    တစ်ကြိမ်လေး ဆံပင်ဖြောင့်တာတင် ဆံသားပျက်စီးမှုကို အကြီးအကျယ် ဖြစ်စေနိုင်ပါတယ်၊ ဒါကြောင့် ထပ်ခါထပ်ခါ မလုပ်ပါနဲ့။တစ်ခါတစ်လေ ဆံပင်ဖြောင့်တာက အဆင်ပြေပါတယ်၊ ဒါပေမဲ့ အမြဲလုပ်ရင် နောက်ဆက်တွဲဆိုးကျိုး အများကြီး ရှိလာနိုင်လို့ အားမပေးပါဘူး။ ဆံပင်ဖြောင့်တာလည်း ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ဓာတုပစ္စည်းနဲ့ ဓာတ်မတည့်ခြင်း၊ ခေါင်းမူးခြင်း၊ တစ်သက်တာ ဆံပင်ထိခိုက်ပျက်စီးခြင်း၊ ဦးရေပြားခြောက်သွေ့ခြင်း၊ အရေပြား စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ ယားယံခြင်းနဲ့ ဓာတုပစ္စည်းကြောင့် အပြင်းအထန် အပူလောင်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးမျိုးပါ။ ဆံပင်ဖြောင့်ဖို့အတွက် ကမ္ဘာအနှံ့ တူညီတဲ့ နည်းလမ်းကို သုံးပြီးလုပ်နေပေမဲ့ ဆံပင်အမျိုးအစားက လူမျိုး၊ လူမျိုးစုနဲ့ နေထိုင်ရာ နေရာဒေသနဲ့ လိုက်ပြီးကွာတာမို့ ဆံပင်ဖြောင့်တဲ့အခါ ဆံပင်အလှအပရေးရာ ထုတ်ကုန်ပစ္စည်းအမျိုးအစား အမျိုးမျိုးကို လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင် လုပ်တာထက် ကျွမ်းကျင်ပညာရှင်တစ်ယောက်က ဆံသဆိုင်မှာ လုပ်ပေးတာမျိုးက အမြဲတမ်း ပိုကောင်းပါတယ်။ရေးသားသူ – နှင်းရိပ်မှုန်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%86%e1%80%b6%e1%80%95%e1%80%84%e1%80%ba/
ကိုယ်ဝန်ဆောင်ချိန် ရေကူးလို့ ရလား
ကိုယ်ဝန်ဆောင်ချိန်မှာလေ့ကျင့်ခန်း လုပ်ပေးတာက မွေးဖွားရလွယ်တယ်။မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေတယ်ဆိုပြီး ကြားဖူးကြမယ်ထင်ပါတယ်။ ဒီလို လေ့ကျင့်ခန်း လုပ်တယ်ဆိုတဲ့နေရာမှာလည်း ကိုယ်ဝန်ဆောင်ချိန်ဖြစ်တဲ့အတွက် မေမေရော ဘေဘီလေးပါ ထိခိုက်မှု မရှိစေတဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်ဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ကိုယ်ဝန်ဆောင်ချိန်ရေကူးလို့ ရလား ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန် ရေကူးလို့ ရလား ဆိုတော့ အဖြေက ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရေကူးတာက မေမေရော ဘေဘီလေးအတွက်ပါ ဘေးအကင်းဆုံးနဲ့ အကျိုးကျေးဇူး အများဆုံးသောကိုယ်လက်လေ့ကျင့်ခန်း တစ်ရပ်ပါ။ ရေကူးတာက အေရိုးဗစ်လေ့ကျင့်ခန်းတွေလိုမျိုး သိပ်အားမစိုက်ရဘဲ ပေါ့ပေါ့ပါးပါး လုပ်ဆောင်လို့ ရပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ရေကူးတာက သွေးလည်ပတ်မှု ကောင်းစေပြီးသွေးတွင်းအောက်ဆီဂျင်ပမာဏတိုးစေနိုင်ပါတယ်။ မေမေရော ဘေဘီလေးကို အောက်ဆီဂျင်ပြည့်ပြည့်ဝဝ ရရှိစေနိုင်မှာပါ။ရေကူးတာက ကြွက်သားတွေ အားလုံးကို လှုပ်ရှားဖြစ်စေပြီး ရေထဲမှာ ဖြစ်တာကြောင့် ကိုယ်အလေးချိန်ကိုလည်း ထမ်းထားစရာ မလိုပါဘူး။ ရေကူးတာက ဘေးကင်းစိတ်ချရသလိုသက်တောင့်သက်သာလည်း ဖြစ်စေမှာပါ။ကိုယ်ဝန်ဆောင် မေမေအနေနဲ့ ​ရေကူးတဲ့အခါ ရေကူးကန်ထဲကို ဆင်းတဲ့အချိန်နဲ့ ပြန်တက်ချိန်မှာ မတော်တဆ ချော်ကျတာမျိုး မဖြစ်စေဖို့အတွက် ဘေးကနေ ထိန်းပေးမယ့်သူ တစ်ဦးနဲ့ သွားတာက ပိုအဆင်ပြေပါမယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်ထက် ပိုပြီး မောပန်းလွယ်တာကြောင့် ဖြစ်နိုင်ရင် ရေကူးကန်ထဲမှာပဲ ကူးပေးတာက အကောင်းဆုံးပါ။ ကမ်းခြေလို နေရာမျိုးမှာဆိုရင်လည်း ကမ်းနဲ့ ဝေးဝေးကူးတာမျိုး မလုပ်ဖို့ လိုပါမယ်။ရေကူးကန်ထဲမှာ တည့်ထားတဲ့ကလိုရင်းက မေမေရော ဘေဘီလေးကိုပါ ထိခိုက်မှု မရှိစေဘူးဆိုပေမယ့် ရေအပူချိန်ကိုတော့ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ရေအပူချိန်က 102.2°F (39°C) ထက် မကျော်ရပါဘူး။ ရေပူပူကကြွက်သားတွေကို ပြေလျော့ပြီး သက်တောင့်သက်သာ ဖြစ်စေတာမှန်ပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာတော့ မသင့်တော်ပါဘူး။ရေအပူချိန် မြင့်တာက မွေးဖွားရ ခက်တာ၊ကိုယ်ဝန်ပျက်ကျတာနဲ့ အခြား ပြင်းထန်တဲ့ကိုယ်ဝန်ဆောင်ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်လို့ပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ရေကူးတာက မေမေ​ရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပြီးမွေးဖွားရတာလည်း လွယ်ကူစေတဲ့အပြင် အခုလို အကျိုးကျေးဇူးတွေလည်း ရရှိစေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန် ရေကူးတာက။ကဲ …….. ကိုယ်ဝန်ဆောင်ချိန် ရေကူးလို့ ရလားဆိုတဲ့ အဖြေကို ရှင်းရှင်းလင်းလင်း သိလောက်ပြီ ထင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရေကူးတာက မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/can-pregnant-mom-swim/
ဖရက်တို့ သကြားဆိုတာ ဘာလဲ
Fructooligosaccharide ဆိုသည်မှာ ဖရက်တို့ သကြားမော်လီကျူး အတိုလေးများ စုပေါင်းထားသော ကာဗိုဟိုက်ဒြိတ်အမျိုးအစား ဖြစ်ပါသည်။oligoဆိုသည်မှာ အနည်းငယ်ဟု အဓိပ္ပာယ်ရပြီးsaccharideဆိုသည်မှာ သကြားဟု အဓိပ္ပာယ်ရပါသည်။Fructooligosaccharide ကို တခါတရံတွင် oligofructose ဟုခေါ်ပါသည်။ဖရက်တို့ သကြားဓါတ်သည် သဘာ၀ အစားအစာများဖြစ်သော ဌက်ပျောသီး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ချီကိုရီပင်၊ ဂေါ်ဖီထုပ်၊ ယာကွန်ပင်၊ ဘာလီနှင့် ဂျုံပင် တို့မှ ရရှိပါသည်။ဂေါ်ဖီထုပ် အနွယ်ဝင်ဖြစ်သော ယာကွန်ပင်တွင် ဖရက်တို့ သကြားဓါတ်အများအပြား ပါဝင်ပါသည်။ သို့သော် အစာအိမ် အကျိုးပြု အစားအစာများ၊ သကြားတုများတွင် ပါဝင်သော ဖရက်တို့ သကြားဓါတ်များမှာ မူ လူတို့ပြုလုပ်ထားသော သဘာဝမဟုတ်သော ဖရက်တို့ သကြားဓါတ်များ ဖြစ်ပါသည်။အချို့သော ဖရက်တို့ သကြားဓါတ်များကို ချီကိုရီပင်ကို ဓါတုဖြင့် ဖြိုခွဲခြင်းဖြင့် ရရှိပါသည်။ ဖရက်တို့ သကြားဓါတ်များသည် အစာအိမ်ကို အကျိုးပြုစေသေ အစားအစာများတွင် အများဆုံးပါဝင်ပြီး ယင်းသည် အင်နျူလင်နှင့် အလားသဏ္ဍာန် တူပါသည်။ ယင်းသည် အောက်ပါနည်းများဖြင့် ကျန်းမာရေးကို အထောက်အကူ ပြုပါသည်။· ဖရက်တို့ သကြားဓါတ်များကို လူတို့၏ အစာချေစနစ်မှ မစုပ်ယူနိုင်သောကြောင့် အူမကြီး ထဲသို့ရောက်သွားသောအခါ အကျိုးပြု ဘက်တီးရီးယားများအတွက် ကောင်းမွန်စေပါသည်။· ဖရက်တို့ သကြားဓါတ်သည် အာဟာရတန်ဖိုး နည်းပါသည်။· ဖရက်တို့ သကြားဓါတ်သည် အူမကြီး ထဲတွင် ဘီဖီဒိုအကျိုးပြု ဘက်တီးရီးယားများကို ပွားများစေပါသည်။· ဖရက်တို့ သကြားဓါတ် အူလမ်းကြောင်းမှ မစုပ်နိုင်သော အမျှင်ဓါတ်များ အနေဖြင့် ရှိနေခြင်းကြောင့် ဝမ်းချုပ်သူများတွင် အသုံးဝင်ပါသည်။ဖရက်တို့ သကြားဓါတ်သည် မဂ္ဂနီဆီယမ်နှင့် ကယ်လ်ဆီယမ် စုပ်ယူမှုကို အားကောင်းစေပါသည်။အင်နျူလင်း အမျှင်များ ကဲ့သို့ပင် ဖရက်တို့ သကြားဓါတ်သည် ကောင်းကျိုးများသော်လည်း ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများကို သိထားသင့်ပါသည်။ဖရက်တို့ သကြားဓါတ်များကို မသုံးဆောင်မီ အောက်ပါ အချက်များကို သိထားသင့်ပေသည်။· ဖရက်တို့ သကြားဓါတ်သည် မကောင်းသော ဘက်တီးရီးယားများ ဖြစ်သည့် Klebsiella Pneumonia, E. Coli နှင့် အခြားသော Clostridium မျိုးနွယ် ပိုးကောင်များကို များပြားလာစေပါသည်။ Klebsiella Pneumonia သည် ကိုယ်ခံအားစနစ်နှင့် ဆိုင်သော ခါးနာရောဂါနှင့် ဆက်စပ်နေပါသည်။· ဖရက်တို့ သကြားဓါတ်သည် အလွန်အကျွှံစားသုံးလျှင် လေပွခြင်း၊ ဗိုက်မအီမသာဖြစ်ခြင်းတို့ကို ဖြစ်စေပါသည်။ဖရက်တို့ သကြားဓါတ်တွင် ကောင်းကျိုးများနှင့် ဆိုးကျိုးများ ဒွန်တွဲနေကြောင်း ဖော်ပြပြီး ဖြစ်ပါသည်။ဖရက်တို့ သကြားဓါတ်သည် အူမကြီး ထဲသို့ရောက်သွားသောအခါ အကျိုးပြု ဘက်တီးရီးယားများအတွက် ကောင်းမွန်စေသည်ဟု ယုံကြည်ထားသော်လည်း အလွန်အကျွှံစားခြင်းသည် မကောင်းပါ။ဖရက်တို့ သကြားဓါတ်များကို အကျိုးပြု ဘက်တီးရီးယားများကို ဖြစ်စေသော အစားအစာများ၊ အားဖြည့်ဆေးများနှင့် စီမံဖော်စပ်ထားသော အစားအစာများတွင် တွေ့နိုင်ပါသည်။သဘာ၀ အစားအစာများတွင် ပါဝင်သောဖရက်တို့ သကြားဓါတ်သည် နည်းပါးသော်လည်း။ထိုပမာဏသည် သင့်ကိုယ်ခန္ဓာ၏ လိုအပ်မှုများအပေါ် မူတည်ပါသည်။အူလမ်းကြောင်းတွင် ဇီဝဖြစ်စဉ်များ မူမမှန်ခြင်း၊ မှိုရောဂါများဖြစ်ခြင်း၊ အစာများ မခံနိုင်ခြင်းတို့သည် အကျိုးပြုဘက်တီးရီးယားများ မမျှတခြင်းကြောင့် ဖြစ်ခြင်းဖြစ်ရာ ထိုအခြေအနေမျိုးတွင် ဖရက်တို့ သကြားဓါတ်ပါသော အစားအစာများကို ရှောင်ကျဉ်သင့်ပါသည်။ထိုအခြေအနေမျိုးတွင် အကျိုးပြုဘက်တီးရီးယားပါသောဆေးများ၊ အစားအစာများကိုစားခြင်း၊ ဖရက်တို့ သကြားဓါတ်မပါသော အကျိုးပြုအစာများကို စားခြင်းတို့ ပြုလုပ်သင့်ပါသည်။ကိုယ်ခံအားစနစ်နှင့် ဆိုင်သော ခါးနာရောဂါခံစားနေရသူများသည် ဖရက်တို့ သကြားဓါတ်ကို ရှောင်သင့်ပါသည်။ထို့ကြောင့် ဖရက်တို့ သကြားဓါတ်များကို မမှီဝဲခင် သင့်ကျန်းမာရေး အခြေအနေများကို ဆရာဝန်နှင့်တိုင်ပင်ခြင်း၊နည်းနည်းခြင်းစီ စစားခြင်းတို့ကို ပြုလုပ်သင့်ပါသည်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%96%e1%80%9b%e1%80%80%e1%80%b9%e1%80%90%e1%80%ad%e1%80%af%e1%82%95-%e1%80%9e%e1%82%80%e1%80%80%e1%80%ac%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac-%e1%80%98%e1%80%ac%e1%80%9c%e1%80%b2/
ဘေဘီလေးတွေ သံဓာတ် ပြည့်ဝစေချင်
သံဓာတ်အရင်က မရင်းနှီးပေမယ့် အခုနောက်ပိုင်းတော့ သံဓာတ် ဆိုတဲ့ စကားလုံးလေးတွေက လူတိုင်းနဲ့ ရင်းနှီးလာခဲ့ပါတယ်။ သံဓာတ်ပြည့်အောင် ဘာစားရမလဲ မသိပေမယ့်သံဓာတ်ချို့တဲ့ရင် မူးမောတာတွေဖြစ်သလို သွေးအားနည်းတာဖြစ်စေမယ်။ဘေဘီလေးတွေမှာဆိုရင်ဉာဏ်ရည် ဖွံ့ဖြိုးမှုအားနည်းမယ်ဆိုတာတွေကိုတော့ ကျန်းမာရေး အသိပေးမှုတွေကနေတဆင့် လူတိုင်းလိုလို သိလာကြပါတယ်။သံဓာတ်ဆိုတာက ဘေဘီလေးတွေသန္ဓေသားအရွယ်ကစလို့ အရွယ်ရောက်တဲ့အချိန်အထိ ကောင်းကောင်း ဖွံ့ဖြိုးဖို့ လိုအပ်တဲ့အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ သန္ဓေသားဘဝ၊ မွေးဖွားပြီး ၂၈ ရက်အကြာနဲ့မွေးကင်းစဘေဘီ၊ လမ်းလျှောက်တတ်စ ဘေဘီလေးတွေအကုန်လုံးမှာ သွေးနီဆဲလ်တွေ အသစ်ဖြစ်ပေါ်စေဖို့၊ ကြွက်သားဆဲလ်တွေ ဖြစ်ပေါ်စေဖို့ နဲ့ ဦးနှောက် ဖွံ့ဖြိုးစေဖို့ မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်က သံဓာတ်ပါ။ဒါကြောင့်လည်းကိုယ်ဝန်ဆောင်ချိန်မှာ အများဆုံးသောက်ရတဲ့အားဆေးက ဖောလစ်အက်စစ်နဲ့သံဓာတ်အားဆေးတွေပေါ့။ ကိုယ်ဝန်ဆောင်ချိန်ကတည်းက ဘေဘီလေးရော မေမေပါ သံဓာတ်ပြည့်ဝဖို့ လိုအပ်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ကို သံဓာတ် အားဆေးသောက်ဖို့ ဆရာဝန်တွေက ညွှန်ကြားကြတာပါ။သံဓာတ်က အပေါ်မှာ ပြောခဲ့သလို ဘေဘီလေးတွေကို အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပါတယ်။ သန္ဓေသား ဘဝမှာကတည်းကဦးနှောက်နဲ့ အာရုံကြောတွေအကောင်းဆုံး ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးတာပါ။ သွေးနီဥဆဲတွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးသလိုအဆုတ်နဲ့ ခန္ဓာကိုယ်အနှံ့က တစ်ရှူးတွေဆီကို အောက်ဆီဂျင် ရောက်ရှိစေဖို့လည်း ထောက်ကူပေးပါတယ်။ဘေဘီလေးကို အသက်အရွယ် အလိုက် လိုအပ်မယ့် သံဓာတ်ပမာဏကို ပြည့်ဝအောင် ဖြည့်တင်းပေးနိုင်မှ ဘေဘီလေးက အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးပြီး ရုပ်ပိုင်းဆိုင်ရာရော ဦးနှောက်နဲ့ဉာဏ်ရည်ပါ အကောင်းဆုံး ဖွံ့ဖြိုးနိုင်မှာပါ။ဘေဘီလေးရဲ့ အသက်အရွယ်ကို လိုက်ပြီး သံဓာတ်လိုအပ်ချက် ကွာခြားနိုင်ပါတယ်။ဘေဘီလေးတွေ အနေနဲ့ဦးနှောက် ဖွံ့ဖြိုးမှုကောင်းစေဖို့ သံဓာတ်ကို လိုအပ်ပါတယ်။ ဘေဘီလေးတွေက သံဓာတ်မလုံလောက်တဲ့အခါ  ကိုယ်လက်လှုပ်ရှားနိုင်စွမ်း နည်းကြသလို ကြီးထွားမှုလည်း နှေးနိုင်ပါတယ်။ ဒါတွေအပြင်။ဘေဘီလေးတွေ အကောင်းဆုံး ဖွံ့ဖြိုးကြီးထွားစေဖို့နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ ကိုယ်ဝန်ဆောင်ချိန်ကစလို့ ဘေဘီလေးကို အရွယ်တိုင်းမှာ သံဓာတ်လိုအပ်ချက် ပြည့်မီအောင် သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/why-is-iron-so-important-for-babies/
ခြေထောက်မှာသဲဝဲရှိကြောင်း သတိပေးနေသည့်လက္ခဏာများ
သဲဝဲက ခြေထောက်ကိုအဓိကအသုံးပြုနေရတဲ့သူတွေနဲ့ အားကစားသမားတွေမှာပဲ ရနိုင်တယ်လို့သင်တွေးကောင်းတွေးထင်နိုင်ပေမဲ့အသက်အရွယ်မရွေးဖြစ်နိုင်တဲ့ အတွေ့ရများတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ခြေထောက်ကို အများဆုံးအသုံးပြုပြီးလှုပ်ရှားနေရတဲ့ အားကစားသမားတွေမှာ အများဆုံးတွေ့လေ့ရှိတာကြောင့် သဲဝဲ (athlete’s foot) လို့ခေါ်ခြင်း ဖြစ်ပါတယ်။ အသက်အရွယ်မရွေး၊ ကျား၊ မ မရွေးဖြစ်နိုင်ပါတယ်။ ခြေဖဝါးနဲ့ခြေချောင်းတွေကြားမှာဖြစ်တတ်တဲ့ အလွန်အတွေ့ရများတဲ့အခြေအနေတစ်ခု ဖြစ်ပါတယ်။အရေပြားအကြေးခွံထသလို နီပြီးပေါက်ပြဲနာကနေတစ်ဆင့် အရည်တွေတစိမ့်စိမ့်ထွက်နေတာမျိုးလည်း ရှိနေနိုင်ပါတယ်။ မှိုပိုးစွဲခြင်းကြောင့် အများဆုံးဖြစ်တတ်ပါတယ်။ အချို့သောကိစ္စတွေမှာ ဆုံးဖြတ်ရခက်တာကြောင့် အကြောင်းရင်းကိုဆုံးဖြတ်ရာမှာ သင့်တော်တဲ့စမ်းသပ်စစ်ဆေးမှုတွေလည်း လိုအပ်နိုင်ပါတယ်။ခြေထောက်မှာ သဲဝဲကူးစက်ပိုးဝင်နေကြောင်းကို ဖော်ပြနေတဲ့လက္ခဏာတွေ အများကြီးရှိနေပါတယ်။ လူတစ်ဦးချင်းစီအလိုက် မတူနိုင်ပါဘူး။ အောက်ပါလက္ခဏာတွေ သင့်မှာတစ်ခုသို့တစ်ခုထက်ပိုပြိးရှိခဲ့မယ်ဆိုရင် သဲဝဲဖြစ်နေတာဖြစ်နိုင်ပါတယ်။ရှူးဖိနပ်နဲ့ခြေအိတ်ကို ချွတ်လိုက်တဲ့အခါမှာ ယားယံခြင်းကပိုဆိုးပါတယ်။ ခြေဖဝါးစောင်းတွေမှာ နာတာရှည်ခြောက်သွေ့ခြင်း၊ အရေပြားအကြေးခွံအဖတ်များထခြင်းတွေတောင် ဖြစ်စေနိုင်ပါတယ်။ နှင်းခူရောဂါ၊ အရေပြားခြောက်ခြင်းစတာတွေနဲ့ အထင်မှားနိုင်ပါတယ်။မှိုပိုးစွဲခြင်းကြောင့်ဖြစ်တဲ့ ခြေထောက်သဲဝဲစားတာက ဘက်တီးရီးယားပိုးတွေကူးစက်ဝင်ရောက်တဲ့အခါမျိုးမှာ အလွန်အမင်းနာကျင်စေတဲ့အနီဖိမ့်များ၊ ခြေထောက်ဖောရောင်ခြင်း၊ အရည်ကြည်ထခြင်းနဲ့ ကူးစက်ခံရတဲ့နေရာမှာအနာပေါက်တွေတောင် ဖြစ်စေနိုင်ပါတယ်။ ပြင်းပြင်းထန်ထန်နာခြင်း၊ နီခြင်း၊ ရောင်ခြင်း၊ဖျားခြင်းနဲ့အတူ ပြည်ထွက်ခြင်းတွေ တွေ့ရမယ်ဆိုရင် သင့်ဆရာဝန်ကိုအမြန်ဆုံးခေါ်သင့်ပါတယ်။အချို့အခြေအနေတွေမှာ သတိပေးလက္ခဏာတွေမတွေ့ရတာကြောင့် အားကစားသမားခြေထောက်ရနေကြောင်း လုံးဝသတိမထားမိတာမျိုးဖြစ်နိုင်ပါတယ်။ သူ့နာမည်အတိုင်း လူအများစုက အားကစားသမားစစ်စစ်တွေမှာသာ ဖြစ်တတ်တယ်လို့ယူဆနေဆဲထင်နေဆဲ ဖြစ်ပါတယ်။ သတိပေးလက္ခဏာတွေကို စစ်ဆေးရာမှာ အခက်အခဲဖြစ်စေပါတယ်။လူတွေက သိပ်မပြင်းထန်တဲ့လက္ခဏာတစ်ချို့ကို လျစ်လျူရှုတတ်ကြပြီး အခြားအခြေအနေတွေကြောင့် ဖြစ်တယ်လို့တွေးထင်နေတာကြောင့် သတိထားမိဖို့ခက်ပါတယ်။မကုသဘဲထားမယ်ဆိုရင် ပိုဆိုးနိုင်ပြီးနာကျင်မှုကို ဖြစ်စေပါတယ်။ ဒါကြောင့် လက္ခဏာတွေကိုသတိထားမိမိချင်း ဆရာဝန်နဲ့တတ်နိုင်သမျှ မြန်မြန်သွားတွေ့သင့်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/infectious-skin-diseases/%e1%80%a1%e1%80%ac%e1%80%b8%e1%80%80%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%99%e1%80%ac%e1%80%b8%e1%80%81%e1%80%bc%e1%80%b1%e1%80%91%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9b%e1%80%be%e1%80%ad/
ကြွက်သားများ နာတာရှည်ကိုက်ခဲခြင်း
ကြွက်သားများ နာတာရှည်ကိုက်ခဲခြင်းဆိုတာ သင့်ဦးနှောက်ရဲ့ နာကျင်မှုအချက်ပြခြင်းတွေအပေါ် သက်ရောက်မှုရှိတဲ့ ရောဂါတမျိုးဖြစ်ပါတယ်။ ကြွက်သားနဲ့ အရိုးတွေပါ နာကျင်နေတတ်ပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်စက်မှုပုံစံ၊ မှတ်ဉာဏ်နဲ့ စိတ်ပိုင်းဆိုင်ရာကိစ္စတွေ ပါဝင်ပတ်သက်နေပါတယ်။ဒီရောဂါဟာ တွေ့ရများတတ်ပါတယ်။ အမျိုးသားများထက် အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒီရောဂါလို့ အမည်တပ်လိုက်ရတဲ့ ကေ့စ်တွေရဲ့ ၉၀%ဟာ အမျိုးသမီးတွေမှာ ဖြစ်ပါတယ်။ ဘယ်အသက်အရွယ်မှာမဆို ဖြစ်တတ်ပါတယ်။ ဖြစ်ပွားနိုင်ခြေ အချက်တွေကို လျှော့ချပြီး ကာကွယ်နိုင်ပါတယ်။ အချက်အလက်ပိုသိလိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။အတွေ့များတဲ့ လက္ခဏာတွေကတော့။အထက်ပါစာရင်းမှာ မပါတဲ့လက္ခဏာတွေလည်း ရှိပါသေးတယ်။ လက္ခဏာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ကြွက်သားများ နာတာရှည်နာကျင်ပြီး ပင်ပန်းနွမ်းနယ်နေရင် ဆရာဝန်ပြသင့်ပါတယ်။ရှင်းလင်းစွာ မသိရသေးပါဘူး။ ဒါပေမယ့် ဒီရောဂါကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းလို့ ယူဆနိုင်တဲ့အရာတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့။အောက်ပါအချက်တွေဟာ ဖြစ်ပွားနိုင်ခြေ မြင့်မားတဲ့ အရာတွေ ဖြစ်ပါတယ်။ယခုဖော်ပြပါ အချက်အလက်များဟာ ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များ နေရာမှာ အစားထိုးရန် မဟုတ်ပါ။ အချက်အလက်များ ပိုသိရအောင် ဆရာဝန်နဲ့ အမြဲ ဆွေးနွေးတိုင်ပင်ပါ။ကြွက်သားများ နာတာရှည် ကိုက်ခဲခြင်းကို သွေးစစ်ပြီး သိနိုင်ပါတယ်။ အောက်ပါစစ်ဆေးနည်းတေါ စစ်ဆေးရင် ပုံစံတူလက္ခဏာတေါကနေ ခွဲခြားပြီး သိနိုင်ပါတယ်။ဆေးဝါးကုသခြင်းဟာ နာကျင်မှုကို သက်သာစေပြီး အိပ်စက်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ အောက်ပါဆေးတွေ ပါဝင်ပါတယ်။အောက်ပါနေထိုင်မှုပုံစံများ၊ အိမ်တွင်းကုထုံးများဟာ အသုံးဝင်ပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်တာ အကောင်းဆုံးဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%80%e1%80%bc%e1%80%bd%e1%80%80%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%94%e1%80%ac%e1%80%90%e1%80%ac%e1%80%9b%e1%80%be%e1%80%8a%e1%80%ba%e1%80%80%e1%80%ad/
ကိုယ်ဝန်ဆောင်မေမေ ဇီးပန်းသီး စားလို့ ရလား။
ကိုယ်ဝန်ဆောင်ချိန်မှာ သစ်သီးလေးတွေ စားပေးတာက မေမေရာ ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ စားလို့ကောင်းတဲ့ ဇီးပန်းသီးကို ကိုယ်ဝန်ဆောင်ချိန်မှာ စားလို့ရလား။ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဇီးပန်းသီး စားပေးလို့ ရပါတယ်။ အများကြီးတော့ မဟုတ်ဘူးပေါ့။ ထိုက်သင့်တဲ့ ပမာဏလောက် စားပေးလို့ ရပါတယ်။ ဇီးပန်းသီး စားရင် ကိုယ်ဝန်ဆောင် မေမေနဲ့ ဘေဘီလေးအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ဇီးပန်းသီး ဆိုတာ အသားခပ်မွမွ ချိုချိုလေးနဲ့ အရည်ရွှမ်းတဲ့ အသီး တစ်မျိုးပါ။ အခြား သစ်သီးတွေလိုပဲ အစိမ်းလိုက် စားလို့ ရပါတယ်။ ဖျော်သောက်ကြတာ ရှိသလို အသီးကို ဆားနဲ့ ငရုတ်သီးမှုန့်လေးနဲ့ အရသာမှုန့် လုပ်ပြီးတော့လည်း စားလို့ ရပါတယ်။ အသီးအရွယ်အစားကတော့ ခပ်သေးသေးကနေ ပန်းသီး အသေးစား အရွယ်လောက်ထိ ရှိပါတယ်။စားလို့ကောင်းတဲ့ ဇီးပန်းသီးမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။ကိုယ်ဝန်ဆောင်မေမေ ဇီးပန်းသီး စားရင် မေမေရာ ဘေဘီလေးပါ ကျန်းမာစေမှာပါ။ အခုလိုကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရရှိစေနိုင်ပါတယ်။ဇီးပန်းသီးက ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝသလို ကိုယ်ဝန်ဆောင်ချိန်မှာ ဘေဘီလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်မယ် အာဟာရဓာတ်​တွေ ပြည့်ဝစွာ ပါဝင်နေတာကြောင့် ဗိုက်ထဲက ဘေဘီလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာကို သက်သာစေဖို့အတွက် ဇီးပန်းသီး စားပေးလို့ ရပါတယ်။ ဇီးပန်းသီးက အမျှင်ဓာတ် ပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ဇီဝကမ္မဖြစ်စဉ် ကောင်းစေသလို ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ဇီးပန်းသီးလေးကို ရှေးယခင် ကာလတွေတုန်းက အိပ်မပျော်တာကို သက်သာစေဖို့နဲ့ ကောင်းကောင်း အိပ်ပျော်စေဖို့ တရုတ်လူမျိုးတွေက အသုံးပြုခဲ့ကြပါတယ်။ အသီးရော အစေ့ရောက အာရုံကြောစနစ်တွေကို ပြေလျော့စေပြီး ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသီးကို ဒီအတိုင်း စားပေးလို့ ရသလို ဖျော်ရည်လုပ်ပြီး သောက်လို့လည်း ရပါတယ်။ ရေနွေးထဲ စိမ်သောက်ပေးလို့လည်း ရပါတယ်။ဇီးပန်းသီးမှာ ဗီတာမင် A နဲ့ C ပါဝင်နေတာ​ကြောင့် ကိုယ်တွင်းက အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေကို ဖယ်ရှားပေးပါတယ်။ ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပြီး ရာသီအဖျားတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ နာတာရှည် ရောင်ရမ်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ဇီးပန်းသီးသတ္တုရည် နဲ့ ဇီးပန်းသီးအစေ့ကနေရတဲ့ အဆီက အရောင်ကျစေနိုင်ပြီး ကြွက်သားတွေ နာကျင်တာ အဆစ်တွေ နာတာကို သက်သာစေနိုင်ပါတယ်။ အဆစ်နာရောဂါ ရှိသူတွေနဲ့ သင့်တော်ပါတယ်။ အဆစ်တွေကို အရောင်ကျစေနိုင်ပါတယ်။စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာတွေကို သက်သာစေဖို့အတွက် ဇီးပန်းသီးကို စားပေးလို့ရပါတယ်။ အာရုံကြောစနစ်ကို ကျန်းမာစေနိုင်သလို ကော်တီစောပမာဏကို ထိန်းညှိပေးနိုင်တာကြောင့် စိတ်ရောကိုယ်ပါ သက်သောင့်သက်သာဖြစ်စေပြီး စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ် များတာတွေကို သက်သာစေနိုင်ပါတယ်။ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာ​ကြောင့် သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ သွေးနဲ့ပတ်သက်တဲ့ ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ကိုယ်ဝန်ဆောင်မေမေ ဇီးပန်းသီးစားရင် မေမေရာ ဘေဘီလေးပါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရရှိစေနိုင်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/milk-jujube-fruit-benefits-in-pregnancy/
လိင်ဆက်ဆံရင်း သေနိုင်တဲ့ အကြောင်းခြင်းရာ (၇)ချက်
လိင်ဆက်ဆံရင် သေနိုင်တယ်လားဆိုပြီး တွန့်မသွားပါနဲ့ဦး။ ခုပြောမှာက ဖြစ်တတ်တဲ့ အကြောင်းတရားတွေပါ။ အတူနေတဲ့အခါ ဒီအချက်တွေကို ဆင်ခြင်လိုက်ရင် လိင်ဆက်ဆံရင်း သေနိုင်တဲ့ အထိ ဖြစ်တော့မှာ မဟုတ်ပါဘူး။ခုပြောမယ့် အကြောင်းရင်းတွေကလိင်ဆက်ဆံရင်း ကူးစက်ခံရတဲ့ HIVလို၊ အသည်းရောင်အသားဝါ ဘီပိုးတွေလို ဖြည်းဖြည်းချင်း သေဆုံးနိုင်တဲ့ အကြောင်းအရာတွေ မဟုတ်ပါဘူး။ လိင်ဆက်ဆံရင်း တန်းလန်းနဲ့ကို ကုတင်ပေါ်မှာတင် သေဆုံးနိုင်တဲ့ အခြေအနေတွေပါ။ဒါဆို စကြည့်လိုက်ရအောင်။(၁) ရုတ်တရက် နှလုံးရပ်တာ။ရှားပါးပေမယ့် ဖြစ်တတ်ပါတယ်။UKမှာလုပ်တဲ့ လေ့လာချက်မှာဆိုရင် ငယ်ရွယ်တဲ့ ဆက်ဆံသူတွေနဲ့ အမျိုးသမီးတွေမှာပါ ဖြစ်နေတာကို တွေ့ရပါတယ်။ အဲ့စာတမ်းအရဆိုရင် အဖြစ်အများဆုံးအကြောင်းရင်းက sudden arrhythmic death syndromeလို့ ခေါ်တဲ့နှလုံးခုန်မမှန်တဲ့ ရောဂါကြောင့်လို့ ဆိုပါတယ်။ ဒီရောဂါရှိတဲ့ လူနာတွေမှာက နှလုံးက အကောင်းအတိုင်းပဲ ရှိနေပြီး နှလုံးစည်းချက်မမှန်ရုံပဲ ဖြစ်ပါတယ်။သူ့နောက်မှာတော့ သွေးလွှတ်ကြောမကြီးပြဲတဲ့ ရောဂါရှိနေပြီး အဲ့ဒီနောက်မှာတော့ တခြားနှလုံးရောဂါတွေ ရှိနေပါတယ်။အသက်ကြီးရင်၊ နှလုံးရောဂါရှိရင် လိင်ဆက်ဆံတဲ့အခါ သတိထားရမယ်ဆိုတာကို လူတိုင်းသိကြပေမယ့် ခုဆိုရင် လူငယ်တွေမှာပါ သတိထားဖို့ လိုလာပါပြီ။ အထူးသဖြင့် ကိုယ့်မှာ ဒါမှမဟုတ် ကိုယ့်အဖော်မှာ နှလုံးရောဂါအခံရှိရင် အတူနေဖို့ သင့်မသင့်ကို ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဒါက ဖြစ်ခဲပေမယ့် သတိထားတာ ကောင်းပါတယ်။(၂) Sexual asphyxiation။ဒါကိုerotic asphyxiationလို့လည်း ခေါ်ပြီး ထူးခြားတဲ့ လိင်ဆက်ဆံပုံတစ်မျိုးပါ။ ကိုယ့်အဖော် အသက်ရှူကျပ်နေတာကို ကြည့်ပြီး လိင်စိတ်သာယာမှုကို ခံစားကြတာ ဖြစ်ပါတယ်။ တချို့ကလည်း ကိုယ်ကိုယ်တိုင် အသက်ရှူကျပ်အောင်လုပ်ပြီး လိင်စိတ်သာယာမှုကို ခံစားကြတာပါ။အသက်ရှူကျပ်‌အောင်  လုပ်တာ ဖြစ်တဲ့အတွက် အခန့်မသင့်ရင် နေရာမှာတင် အသက်ရှူမရဘဲ သေဆုံးသွားနိုင်ပါတယ်။ တကယ်လို့ ကိုယ်နဲ့ ကိုယ့်အဖော်က ဒီလိုဆက်ဆံပုံကို ကြိုက်နှစ်သက်တယ်ဆိုရင် အစွန်းရောက်မသွားအောင်၊ အသက်အန္တရာယ်မဖြစ်အောင် သတိထားဖို့ လိုပါတယ်။ တစ်ဖက်ဖက်က အသက်ရှူကျပ်လာပြီ၊ မခံနိုင်တော့ဘူးလို့ အချက်ပြလိုက်တာနဲ့ ချက်ချင်းရပ်လိုက်ဖို့ လိုပါတယ်။(၃) ကြမ်းတမ်းတဲ့ လိင်ဆက်ဆံမှုကို သာယာခြင်း (BDSM)။ဒါကိုလည်း တော်တော်များများသိကြမှာပါ။ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံတာကို ပြုလုပ်ရတာ ဒါမှမဟုတ် ခံရတာကို နှစ်သက်ကြသူများပဲ ဖြစ်ပါတယ်။သူတို့တွေမှာ အချင်းချင်းရိုက်နှက်တာ၊ နည်းလမ်းတစ်ခုခုနဲ့ နာကျင်စေတာ၊ ဖယောင်းစက်ချတာ စသဖြင့် ကိုယ့်ဆန္ဒကို သာယာစေမယ့် နည်းလမ်းတွေကို အသုံးပြုကြတာ ဖြစ်ပါတယ်။ဒီနေရာမှာလည်း Sexual asphyxiation နည်းတူ အလွန်အကျွံဖြစ်သွားခဲ့ရင် အသက်အန္တရာယ်ရှိပါတယ်။ အချင်းချင်းကြားမှာ ကိုယ်ခံနိုင်တဲ့ပမာဏကို ကျော်လွန်လာပြီ၊ အန္တရာယ်ရှိလာပြီဆိုတာနဲ့ ရပ်တန့်ဖို့ ကြိုတင်သဘောတူညီချက် ယူထားသင့်ပါတယ်။(၄) လိင်တံထောင်မတ်ဆေးများ။Sildenafilလို့ခေါ်တဲ့ ဗိုင်ရာဂယာကို အလွန်အကျွံသောက်သုံးတဲ့သူတွေမှာ တွေ့ရပါတယ်။ လိင်တံမထောင်မတ်တဲ့ ပြဿနာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး ပမာဏကို တွက်ချက်ပြီးသောက်ရင် ပြဿနာမဟုတ်ပေမယ့် ကိုယ့်သဘောနဲ့ကိုယ် ဝယ်သောက်ကြတဲ့အခါ အန္တရာယ်များပါတယ်။ဒီဆေးက ပမာဏများသွားရင် သွေးပေါင်ကျသွားတတ်သလို နှလုံးရောဂါအခံရှိသူတွေ သောက်မိရင် နှလုံးထိခိုက်ပြီး အသက်အန္တရာယ်ဖြစ်နိုင်ခြေ ရှိတာကို သတိထားသင့်ပါတယ်။ဒါကြောင့်  လိင်တံထောင်မတ်စေတဲ့ ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသောက်ဖို့၊ ညွှန်ထားတာထက် ပိုမသောက်ဖို့ လိုပါတယ်။(၅) မူးယစ်ဆေး လွန်ကဲခြင်း။လိင်ဆက်ဆံတဲ့အခါ တချို့က မူးယစ်ဆေးသုံးပြီး ဆက်ဆံတတ်ကြတဲ့ အလေ့အထ ရှိပါတယ်။ ဒါကိုChemsexလို့ခေါ်ပြီး လိင်တူဆက်ဆံတဲ့ အမျိုးသားတွေကြားထဲမှာပိုပြီး အတွေ့ရများပါတယ်။လိင်ဆက်ဆံမှု ပိုမိုလွတ်လပ်အောင်၊ ခံစားမှုပိုမိုကောင်းမွန်အောင် Methamphetamine, GHB စတာတွေကို သုံးကြတာ ဖြစ်ပါတယ်။ လိင်ခံစားချက်ပိုမိုကောင်းချင်တဲ့ ရည်ရွယ်ချက်နဲ့ သုံးကြတာ ဖြစ်ပေမယ့် တစ်ဖက်မှာလည်း ဆေးလွန်ပြီး (Overdose) အသက်အန္တရာယ်ဖြစ်သွားနိုင်ပါတယ်။(၆) လိင်ဆက်ဆံရင်း ထိခိုက်ဒဏ်ရာရခြင်း။မိန်းမကိုယ်၊စအိုထဲကို ခပ်ကြမ်းကြမ်း ဆက်ဆံတာ၊ sex toysတွေနဲ့ ဆက်ဆံရာကနေ မိန်းမကိုယ်၊ စအိုတွေ ကွဲထွက်တာပါ။ ဒဏ်ရာကြီးရင် သွေးထွက်လွန်ပြီး အန္တရာယ်ဖြစ်နိုင်ပါတယ်။(၇) Latex ကွန်ဒုံးနဲ့ ဓာတ်မတည့်ခြင်း။ဒါကတော့ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေပါ။Latex ကွန်ဒုံးနဲ့ဖြစ်ဖြစ်၊ သုက်ပိုးသတ်ဆေးနဲ့ ဖြစ်ဖြစ် ဓာတ်မတည့်တဲ့အခါ တချို့သူတွေမှာ ယားယံတာ၊ အင်ပြင်ထွက်တာလောက်ပဲ ဖြစ်ပေမယ့် တချို့တွေမှာတော့ ရုတ်တရက် အသက်ရှူကျပ်ပြီး သွေးပေါင်ကျတာတွေ ဖြစ်တတ်ပါတယ်။ ဒါက အချိန်မီကုသမှု မခံယူရင် Shockဖြစ်ပြီး ဆုံးနိုင်ပါတယ်။ ဆေးဓာတ်မတည့်တာ၊ မြေပဲဓာတ်မတည့်တာနဲ့ အလားတူပါတယ်။ဒီလိုဆို ကွန်ဒုံးမသုံးရဘူးလား။ မဟုတ်ပါဘူး။ Latex  free ကွန်ဒုံးတွေ သုံးလို့ရပါတယ်။လိင်ဆက်ဆံတဲ့အခါ နှစ်ဦးနှစ်ဖက် သာယာစိတ်ဖြစ်ဖို့ အဓိကဆိုပေမယ့် တစ်ဖက်မှာလည်း ကိုယ်နဲ့ ကိုယ့်အဖော်ရဲ့ အသက်အန္တရာယ်ကို မထိခိုက်စေဖို့ လိုပါတယ်။ ဒီအချက်တွေကို သတိပြုလိုက်မယ်ဆိုရင် ပိုပြီး ပျော်ရွှင်စရာကောင်းပြီး အန္တရာယ်ကင်းတဲ့ လိင်မှုဘဝကို ရရှိမှာ ဖြစ်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/causes-of-sudden-death-during-intercourse/
တစ်ပတ် ဘယ်နှစ်ကြိမ်လောက် တစ်ကိုယ်တော် လိင်စိတ်ဆန္ဒဖြေဖျောက်ခြင်း ပြုလုပ်သင့်သလဲ
အမျိုးမျိုးသော လေ့လာတွေ့ရှိချက်များအရ တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်းဟာ အတူနေချစ်သူ မရှိသူများအဖို့တော့ အခြေခံလိုအပ်ချက် အများကြီးထဲမှာ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒါဟာလည်းပဲ တစ်ကမ္ဘာလုံးမှာ ကျင့်သုံးနေကြတဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူ တစ်မျိုး ဖြစ်ပါတယ်။ အမျိုးသမီးများရော အမျိုးသားများရော နှစ်ဦးစလုံးပါ တစ်ကိုယ်တော် လိင်စိတ် ဖြေဖျောက်လေ့ရှိကြပါတယ်။ သို့သော် လူအချို့ကတော့ ဒါကို ဝန်ခံလေ့ရှိပြီး အများစုကတော့ ဝန်ခံလေ့ မရှိပါဘူး။တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်းဟာဆိုရင် လိင်ပိုင်းဆိုင်ရာ တက်ကြွလှုပ်ရှားမှုတွေထဲမှာမှ လူသိအများဆုံး တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းနဲ့ ပတ်သက်ပြီး မှားယွင်းစွာ ယုံကြည်နေကြတဲ့ အချက်တွေလည်း ပတ်ဝန်းကျင်မှာ အများကြီး ရှိပါတယ်။ တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်တဲ့ အခါမှာ အသုံးပြုတဲ့ ပစ္စည်းတွေပေါ် အခြေခံပြီး လိင်စိတ်ဖြေဖျောက်ခြင်း အမျိုးအစား ပေါင်းများစွာ ရှိပါတယ်။ သို့သော် လိင်စိတ်ဖြေဖျောက်ခြင်းကို ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ လုပ်သင့်တယ်ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ များစွာ ရှိနေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ၎င်းဟာ သင့်ရဲ့ ကျန်းမာရေး စိတ်အခြေအနေနဲ့ အလေ့အထတွေအပေါ် ဆက်စပ်မှုရှိနေတာကြောင့် ဖြစ်ပါတယ်။တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်းကို နေ့ရက်တွေ၊ ရက်သတ္တပတ်တွေ၊ လတွေ စသဖြင့် အချိန်အတိအကျနဲ့ ဘယ်နှစ်ကြိမ်ပြုလုပ်ရမယ်ဆိုပြီး မရှိပါဘူး။ ဒါကြောင့် များသောအားဖြင့် လိင်စိတ်ဖြေဖျောက်ခြင်း မလုပ်တာထက်စာရင် လုပ်လိုက်တဲ့ အချိန်မှာ သင့်ကိုအလွန်အမင်း ပင်ပန်းခြင်း၊ အားအင် နည်းစေခြင်း သို့မဟုတ် စိတ်ဖိစီးမှု များစေခြင်း စတာတွေ မဖြစ်ရင်တော့ သင့်ရဲ့ လိင်စိတ်ဖြေဖျောက်ခြင်းနှင့် ပတ်သက်ပြီး စိတ်ပူစရာအကြောင်း မရှိပါဘူး။ လူတော်တော်များများဟာ တစ်ရက်ကို အကြိမ်ပေါင်းများစွာ တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ကြပါတယ်။ ဒါပေမယ့် သူတို့ဟာ ပို၍ကျန်းမာပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နေကြတုန်းပဲ ဖြစ်ပါတယ်။ သို့သော် သင်ဟာ လိင်စိတ်ဖြေဖျောက်ခြင်းအကြောင်းကိုပဲ အမြဲတမ်းတွေးနေမယ် သို့မဟုတ် အမြဲတမ်း လိင်ဆက်ဆံချင်နေမယ် ၊သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ် လက်တွဲဖော်နဲ့ပဲ ဖြစ်ဖြစ် အမြဲတမ်း လိင်ဆက်ဆံလိုစိတ်ဖြစ်နေပြီး ဆိုးရွားနေမယ် ဆိုရင်တော့ သင့် ဘဝအစိတ်အပိုင်းတွေကိုပါ ထိခိုက်လာနိုင်ပါတယ်။တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်းဟာ ပုံမှန်အရာတစ်ခုပဲ ဖြစ်ပါတယ်။ သို့သော် သင့်ရဲ့ လိင်စိတ်ဖြေဖျောက်တဲ့ အရေအတွက်ကို သင်ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အမျိုးသားများဟာ တစ်ရက်လျှင် သုံးကြိမ်နဲ့ တစ်ပတ်လျှင် ငါးရက်လောက် လိင်စိတ်ဖြေဖျောက်လေ့ရှိတယ်လို့ သုတေသနများစွာက ဖော်ပြနေပါတယ်။ ဒါဟာအလွန် များတဲ့ လိင်စိတ် ဖြေဖျောက်ခြင်း အရေအတွက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အချိန်တွေအများကြီး ကုန်သွားစေပါတယ်။သို့သော် လိင်စိတ်ဖြေဖျောက်ခြင်းကို မလုပ်ဖို့ရာ ဆိုလိုခြင်း မဟုတ်ပါဘူး။ ပုံမှန် လိင်ဆက်ဆံခြင်း၊ မိမိချစ်သူနှင့် လိင်ဆက်ဆံခြင်း စတာတွေကတော့ သဘာဝအားဖြင့် လိင်ဆက်ဆံမှုဆိုင်ရာ လှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။ လိင်ဆက်ဆံလိုစိတ်ဟာ သဘာဝအတိုင်းဖြစ်လာလေလေ ပိုပြီးစွမ်းအားပြင်းထန်လေလေ ဆိုပြီး လူအချို့ကပြောကြပါတယ် ။ ဒါကြောင့် သင်ဟာတကယ်လို့ တစ်ကိုယ်တော် လိင် စိတ် ဖြေဖျောက်ခြင်းအတွက် စွမ်းအင်တွေ အများကြီး မသုံးမိဘူးဆိုရင် အခြားနေရာမှာ ဒီစွမ်းအင်တွေကို သုံးဖို့ရာ စဉ်းစားပေးသင့်ပါတယ်။လိင်ဆက်ဆံမှု ပိုင်းဆိုင်ရာ လှုပ်ရှားတက်ကြွမှု တွေနဲ့ ပတ်သက်တဲ့ လေ့လာတွေ့ရှိမှုတွေ များစွာရှိတဲ့ အထဲကမှ တစ်ကိုယ်တော် လိင်စိတ် ဖြေဖျောက်ခြင်းဟာလည်း စိတ်ဝင်စားဖို့ အကောင်းဆုံး အကြောင်းအရာတစ်ခုထဲမှာ ပါဝင်ပါတယ်။ ၎င်းဟာ သင်ကိုယ်တိုင်ရဲ့ အလေ့အကျင့်တွေ အလေ့အထတွေပေါ်မှာ မူတည်ပါတယ်။ ဖော်ပြမယ့်အချက်အလက်တွေဟာ သင့်ကို အနည်းငယ် ထိတ်လန့်သွားစေမယ့် အကြောင်းအရာတွေ ဖြစ်လာပါလိမ့်မယ်။ပထမဦးစွာပြောရလျှင် တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်မှု အမြင့်ဆုံးနှုန်းကတော့ တစ်ပတ်လျှင် ၄ ကြိမ်ဖြစ်ပြီး ၎င်းကို အသက် ၂၅ နှစ် နှင့် ၂၉ ကြားအမျိုးသမီးများတွင် ၅ ရာခိုင်နှုန်း နှင့် အမျိုးသားများတွင် ၂၀.၁ ရာခိုင်နှုန်း အထိတွေ့ရပါတယ်။ နောက်ထပ်ပြောပြမှာကတော့ ၂၅နှစ် နှင့် ၂၉ နှစ်ကြား အမျိုးသား၂၅.၄ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၂၅.၁၁ ရာခိုင်နှုန်းဟာ တစ်လလျှင် အကြိမ်ပေါင်း များစွာ လိင်စိတ် ဖြေဖျောက်လေ့ရှိကြတယ်လို့ တွေ့ရှိရပါတယ်။ အချုပ်အားဖြင့် ပြောရမယ်ဆိုရင် သင်ဟာ အသက်ပိုကြီးလာလေလေ အမျိုးသားများတွင်သာမက အမျိုးသမီးများတွင်ပါ လိင်စိတ်ဖြေဖျောက်ခြင်းနှင့် ပတ်သက်ပြီး စိတ်ဝင်စားမှု နည်းပါးသွားကြပါတယ်။လိင်စိတ် ဖြေဖျောက်ခြင်းဟာ လူသားတွေကို ပျော်ရွှင်ခြင်း၊ သက်သောင့် သက်သာဖြစ်စေခြင်း နှင့် စိတ်ဖိစီးမှုကို လျော့ကျစေခြင်း စတာတွေကို ပြုလုပ်ကူညီပေးပါတယ်။ သို့သော် အဓိက အကြောင်းအရင်းကတော့ အရမ်းကို ရယ်စရာကောင်းပါတယ်။ တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်းရဲ့ အကျိုးကျေးဇူး အချို့ကတော့ အမျိုးသားများတွင် သုက်ပိုးအဟောင်းများကို ဖယ်ရှားပေးလိုက်သကဲ့သို့ ဖြစ်ပြီး အမျိုးသမီးများတွင်လည်း လိင်ဆက်ဆံတဲ့အခါ ထွက်လာသည့် အရည်တွေ စုပုံခြင်း မဖြစ်အောင် ပြုလုပ်ပေးသကဲ့သို့ ဖြစ်နေပါတယ်။ သင်ဟာ လက်ထပ်ထားသည်ဖြစ်စေ၊ လက်မထပ်ထားသည်ဖြစ်စေ၊ ငယ်ရွယ်သည်ဖြစ်စေ၊ အသက်ကြီးသည်ဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်းဆိုတာကတော့ သင်တို့ကို အမြဲတမ်းပေးနေမယ့် ဆုလဒ်တစ်ခုပဲ ဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/%e1%80%80%e1%80%bb%e1%80%bd%e1%80%94%e1%80%ba%e1%80%af%e1%80%95%e1%80%ba%e1%80%9f%e1%80%ac-%e1%80%90%e1%80%85%e1%80%ba%e1%80%95%e1%80%90%e1%80%ba%e1%80%9c%e1%80%bb%e1%80%be%e1%80%84%e1%80%ba-%e1%80%98/
ကိုယ်ဝန်ဆောင် မေမေ ပြောင်းဖူး စားလို့ ရလား
ပြုတ်ပဲ စားစား၊ ပြောင်းဖူးပြုတ်ကို ဆီဆမ်းပြီး နယ်စားစား၊ ကင်စားစား၊ ဟော့ပေါ့၊ စွပ်ပြုတ်တို့ထဲ ထည့်စားစား၊ ကြော်စားစား စားလို့ ကောင်းတဲ့ပြောင်းဖူး ကို စားချင်ပေမယ့် ဗိုက်ထဲမှာ ဘေဘီလေး ရှိနေလို့ စားလို့ ရပါ့မလားဆိုပြီး စိတ်ပူနေတဲ့လေဒီဗိုက်လေးတွေရှိလား ……။ဒါဆိုရင်တော့ ပြောင်းဖူး စားလို့ရလား၊ မရဘူးလားဆိုတာကို သေချာ သိရှိရအောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ဒီဆောင်းပါးလေးထဲမှာ ကိုယ်ဝန်ဆောင် မေမေ ပြောင်းဖူး စားလို့ ရလား …… ဘယ်လို ကောင်းကျိုးတွေ ရှိလဲဆိုတာကို ပြောပြပေးသွားပါမယ်။ပြောင်းဖူး ဆိုတာက အခွံစိမ်းစိမ်းလေးနဲ့ အဝါ​ရောင် အစေ့လေးတွေရှိတဲ့ ကောက်နှံ တစ်မျိုးပါ။ ပြောင်းဖူးမှာသကြားပြောင်းရှိသလို ခရမ်းရောင် နဲ့ အဖြူရောင် အစေ့လေးတွေနဲ့ ပလို့ပြောင်းလေးတွေလည်း ရှိပါတယ်။ပြောင်းဖူးကအာဟာရ ပြည့်ဝသလို ကျန်းမာရေးကိုလည်း ထောက်ကူပေးပါတယ်။ပြောင်းဖူးက အာဟာရ ကြွယ်ဝတဲ့ စားစရာ တစ်မျိုးပါ။ ပြောင်းဖူးမှာ။ကိုယ်ဝန်ဆောင် မေမေ ပြောင်းဖူး စားလို့ရလား ဆိုတော့ အနည်းအကျဉ်း စားလို့ ရပါတယ်။ အလွန်အကျွံ စားသုံးတာမျိုးတော့ မသင့်တော်ပါဘူး။ ပြောင်းဖူးကို အလွန်အကျွံ စားသုံးတာက အစာမကြေတာနဲ့အစာခြေစနစ် ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့်ပါ။ကိုယ်ဝန်ဆောင် မေမေအနေနဲ့ ပြောင်းဖူး စားပေးမယ်ဆိုရင်။ပြောင်းဖူးမှာ အမျှင်ဓာတ် ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ ဝမ်းချုပ်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ပြောင်းဖူးမှာ Zeaxanthin ပါဝင်နေတာကြောင့် မေမေတို့ကို အမြင်အာရုံ ကျန်းမာစေသလို ဘေဘီလေးရဲ့ အမြင်အာရုံကိုလည်း အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။ပြောင်းဖူးမှာ ဖောလစ်အက်ဆစ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့်ဘေဘီ​လေးကို အကောင်းဆုံး ဖွံ့ဖြိုးစေပြီး မွေးရာပါ ချို့ယွင်းမှု  ကင်းစေဖို့ ထောက်ကူပေးပါတယ်။သီရာမင်း ပါဝင်နေတာကြောင့် ဇီဝကမ္မဖြစ်စဉ် ကောင်းမွန်စေနိုင်သလို ကြွက်သားနဲ့ အာရုံကြောစနစ်တွေရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေနိုင်ပါတယ်။ ဘေဘီလေးရဲက အာရုံကြောစနစ်ကို အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။ဘီတာကယ်လ်ရိုတင်း ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေပြီး ဘေဘီလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။ ကျန်းမာတဲ့ ဘေဘီလေး မွေးဖွားစေမှာပါ။ဒါ့အပြင် ပြောင်းဖူးက ဘေဘီလေးရဲ့ မှတ်ဉာဏ် ကောင်းစေတယ်၊ ကြွက်သားတွေ သန်မာစေတယ်၊ အမြင်အာရုံ ကျန်းမာစေတယ်၊ အာရုံကြောစနစ် ကောင်းကောင်း ဖွံ့ဖြိုးစေတယ်၊၊။လတ်ဆတ်ပြီး အရမ်း မရင့်တဲ့ ပြောင်းဖူးကို ရွေးချယ် စားသုံးဖို့တော့ လိုပါမယ်။ အခွံက ခြောက်နေမယ်။ မှိုတွေ ဖြစ်နေမယ်၊ ပြောင်းဖူးက ခြောက်နေမယ်ဆိုရင်  မစားပါနဲ့။အလွန်အကျွံ စားသုံးတာကိုလည်း ရှောင်ပါ၊၊ ကြွက်ကလေးတွေမှာ လေ့လာချက်အရ polyunsaturated fatty acids ပါဝင်မှု များတဲ့အစားအစာ (ဥပမာ ပြောင်းဖူးလိုမျိုး)က ကလေးလေးရဲ့ အပြုအမူကို ပြောင်းလဲစေတာကို တွေ့ရှိရပါတယ်၊၊ ဒါကြောင့် စိတ်ချရအောင် သင့်တင့်တဲ့ ပမာဏပဲ စားပေးပါ၊၊။အလွန်အကျွံစားတာကမေမေမှာအစာမကြေတာ၊ ရင်ပြည့်တာကိုလည်း ဖြစ်စေနိုင်တာကြောင့်ပါ၊၊။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/pregnant-mom-can-eat-corn/
null
null
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/why-do-my-nipples-itch/
အများသုံးဘိုထိုင်အိမ်သာတွေကနေ လိင်ကတဆင့်ကူးစက်ရောဂါတွေ ကူးနိုင်သလား
Shopping mallတို့၊ စားသောက်ဆိုင်တို့ သွားလို့ အိမ်သာတက်ကြရင် ဘယ်လိုများ တက်ကြလဲ။ တင်ပါးနဲ့ အိမ်သာနဲ့ မထိအောင် ကြွပြီး တက်ကြတယ်ဟုတ်။မြန်မာထိုင်အိမ်သာဆိုရင် ပြဿနာ မရှိပေမယ့် ဘိုထိုင်ဆိုရင် မထိအောင် ကြိုးစားပြီး တက်ကြပါတယ်။ အကြောင်းကတော့ ရောဂါကူးမှာ ကြောက်လို့ပါတဲ့။ အထူးသဖြင့်တော့ လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါတွေပေါ့။ တကယ်ပဲ အများသုံးဘိုထိုင်အိမ်သာတွေကနေ လိင်ကတဆင့်ကူးစက်ရောဂါတွေ ကူးနိုင်သလား။လူအများစိုးရိမ်ကြတာကတော့ ကိုယ်ထိုင်မယ့် အိမ်သာခွက်မှာ ရောဂါပိုးတွေ ရှိနေမှာကိုပါပဲ။ ပိုးဆိုတာ မျက်စိနဲ့လည်း မမြင်ရဘူးလေ။လိင်ကတဆင့်ကူးစက်ရောဂါတွေထဲမှာဆိုရင်။ဒါတွေက အိမ်သာထဲမှာ ရှိနေနိုင်လားဆိုရင် ရှိနေနိုင်ပါတယ်။ပိုးတွေ ရှိနေနိုင်တယ်ဆိုတော့ ရောဂါရော ကူးနိုင်သလား။ သီအိုရီအရ ဖြစ်နိုင်ချေ ရှိပေမယ့် လက်တွေ့မှာတော့ မကူးပါဘူး။ ဘာကြောင့်လဲဆိုတော့။ဒါကြောင့် အိမ်သာအိုးမှာ ပေခဲ့တယ်ဆိုရင်တောင် ခဏနေ သေသွားပါပြီ။အိမ်သာမှာ လူများနေလို့ ရှေ့လူထွက်တာနဲ့ တန်းဝင်လိုက်တာ၊ ရှေ့ကလူမှာ ပိုးရှိနေရင်ရော။ဒါကြောင့် လက်တွေ့မှာကူးနိုင်ခြေက အင်မတန် နည်းပါတယ်။လိင်ကတဆင့် ကူးစက်ရောဂါတွေ ကူးနိုင်ခြေနည်းတယ်ဆိုပြီး စိတ်ချထားလို့တော့ မရပါဘူး။ အိမ်သာဆိုတာ ပိုးပေါင်းစုံတဲ့ နေရာတစ်ခုမဟုတ်လား။ တခြားပိုးတွေ အများကြီး ကျန်ပါ‌သေးတယ်။အိမ်သာကနေ ရောဂါကူးတာက အိမ်သာထိုင်ခုံမှာ ထိုင်လို့ဆိုတာထက် အဓိက တရားခံက ‘လက်’ပါ။ လက်ကနေ ကူးတာ များပါတယ်။ လက်နဲ့ အိမ်သာတံခါးတွေ၊ ရေပိုက်တွေ၊ လက်ရန်းတွေ၊ ဘေစင်တွေကို ကိုင်မယ်ဆိုရင် ပိုးတွေ ကပ်ပါလာနိုင်ပါတယ်။ဒါကြောင့် အိမ်သာက ထွက်လာရင် လက်ဆေးဖို့ ပြောတာပါ။ လက်မဆေးရင် ဒီရောဂါပိုးတွေက ကိုယ်ထဲကို အလွယ်တကူ ဝင်လာနိုင်ပါတယ်။ အိမ်သာကနေ ပါလာတတ်တဲ့ ပိုးတွေကတော့။တုပ်ကွေးတို့၊ အအေးမိ ဗိုင်းရပ်စ်တို့ကတော့ အိမ်သာမှာ လူများတဲ့အခါ အချင်းချင်း နှာချေချောင်းဆိုးရာကနေ ကူးနိုင်ပါတယ်။လိင်ကတဆင့်ကူးစက်ရောဂါတွေ ကူးနိုင်ခြေက မရှိသလောက်ပဲဆိုတာ သိသွားပြီဆိုတော့ နောက်တစ်ခါ အိမ်သာဝင်ရင် စိတ်ချလက်ချ ထိုင်လို့ ရပါပြီ။ တင်ပါးမှာ ထိခိုက်ဒဏ်ရာတွေ ရှိနေရင်တော့ သတိထားပေါ့။သူများထိုင်ထားတာကြောင့် မသတီဘူး။ အညစ်အကြေးတွေ ပေနေမှာ စိုးရိမ်တယ်ဆိုရင်တော့။ဒီလောက်ဆိုရင် အိမ်သာကနေ ကူးမယ့်ရောဂါပိုးတွေကို ကာကွယ်နိုင်ပါပြီ။ နောက်တစ်ခါ အိမ်သာဝင်ရင်လည်း ကွတလေး ထိုင်စရာမလိုတော့ဘူးပေါ့။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/more-stis-stds/can-stis-transmit-through-public-toilets/
Priapism (လိင်အင်္ဂါအချိန်ကြာမြင့်စွာတောင့်တင်းနေခြင်း)
Pariapism ဆိုတာ မလိုအပ်ပဲ အချိန်ကြာကြာ လိင်အင်္ဂါထောင်မတ်နေခြင်းဖြစ်ပါတယ်။ အဓိကနှစ်မျိုးရှိပါတယ်။ သွေးစီးအားများပြီး ထောင်နေခြင်း နှင့် သွေးစီးအားနည်းပြီးထောင်မတ်ခြင်းတို့ဖြစ်ကြပါတယ်။ပထမတစ်မျိုးကတော့ လိင်တံအတွင်းမှ သွေးတွေလွတ်မြောက်ဖို့ ခက်ခဲခြင်းကြောင့်ဖြစ်ရပါတယ်။ဒုတိယတစ်မျိုးမှာတော့ လိင်တံအတွင်းသို့ သွေးတွေ အများအပြား စီးဆင်းတာကြောင့်ဖြစ်ရပါတယ်။Piriapism က ဖြစ်ခဲတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဒီရောဂါကတော့ sickle cell anemia (သွေးနီဥ ပုံသဏ္ဍာန်မမှန် သွေးအားနည်းရောဂါ)ဖြစ်နေတဲ့ အသက် ၅-၁၀ နှစ်ကောင်လေးတွေ နှင့် အသက် ၂၀-၅၀ ယောင်္ကျားတွေမှာ အဖြစ်များပါတယ်။ သိလိုသည်များအား ဆရာဝန်နဲ့ ဆက်လက်တိုင်ပင်ဆွေးနွေးပါ။Priapism က ခဏခဏပြန်ဖြစ်နိုင်ပါတယ်။ ပြန်ဖြစ်တဲ့အခါမှာ လိင်တံထောင်မတ်မှုဟာ ထပ်ခါထပ်ခါဖြစ်နေပြီး ကြာချိန်အနည်းဆုံး ၃ နာရီရှိပြီး နာလည်း နာကျင်စေပါတယ်။ ဒီအခြေအနေကဖြစ်တတ်ပြီး ၁၀-၄၀ ရာခိုင်နှုန်း ကတော့ အမျိုးသားတွေ လိင်ဆက်ဆ့တဲ့ အခါဖြစ်တတ်ပါတယ်။အများစုကတော့ priapism ဟာ နာရီပိုင်းအကြာမှာ ပြီးဆုံးသွားနိုင်ပေမယ့် ရက်တွေ သို့ နှစ်တွေကြာအောင်လည်းဖြစ်နိုင်ပါတယ်။ထို့ကြောင့် သူ့ကို ချက်ချင်းရုတ်တရက်ဖြစ်တဲ့ရောဂါ လို့လည်း ခေါ်နိုင်သလို နာတာရှည်လည်းဖြစ်နိုင်ပါတယ်။ရုတ်တရက်ခဏဖြစ်တဲ့ priapism က နာရီပိုင်း သို့ ရက်ပိုင်းကြာတတ်ပါတယ်။ ၎င်းထောင်မတ်နေခြင်းက နာကျင်မှု နဲ့ လိင်စိတ်လျော့နည်းခြင်းကို ဖြစ်စေပါတယ်။စွဲမြဲစွာ ဖြစ်တဲ့ priapism က ရက်သတ္တပတ်ပေါင်းများစွာ မှ နှစ်နဲ့ချီအောင်ကြာနိုင်ပြီး ရောဂါတစ်ခုခု ရုတ်တရက်ဖြစ်ပြီးနောက် မှာ ဖြစ်လာတတ်ပါတယ်။ ထောင်မတ်ခြင်းကြောင့် နာကျင်မှုတော့ မဖြစ်စေနိုင်ပါဘူး။ လိင်တံက ထောင်နေသော်လည်း (သွေးတွေသိုလှောင်ထားရခြင်းကြောင့်) တောင့်တင်းခြင်းတော့ မရှိပါ။ ဒီအခြေအနေက anaphrodisia ကိုဖြစ်စေနိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ရဲ့ လိင်တံက ၄ နာရီထက်ပိုပြီးတောင့်တင်းနေလျှင် ဆေးရုံကားခေါ်ပါ။ ၄ နာရီလောက်တော့ မကြာပေမယ့် နာကျင်မှုရှိနေလျှင် ဆရာဝန်ခေါ်ပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။အခုလောလောဆယ်မှာတော့ Priapism ဖြစ်ရခြင်း အကြောင်းအရင်းကို မသိရသေးပါ။ ကလေးတွေမှာတော့ priapism က ကင်ဆာ သို့ sickle cell anaemia နှင့် ဆက်စပ်မှု ရှိနိုင်ပါတယ်။ ပုံမှန်မဟုတ်တဲ့ သွေးနီဥက လိင်တံသို့သွားရာ သွေးလမ်းကြောင်းအား ပိတ်ဆို့စေနိုင်ပါတယ်။ အိပ်နေတုန်းလဲ ရုတ်တရက်ဖြစ်တတ်ပါတယ်။ယောက်ျားတွေမှာ လိင်စိတ်လျော့နည်ခြင်း ကို ကုသတဲ့ဲ့ ဆေးတွေက priapism ဖြစ်ပွားနိုင်ချေကို များစေပါတယ်။ သွေးကျဲဆေး၊ စိတ်ပူပန်မှုကို သက်သာစေသောဆေး၊ အရက်နှင့် တခြားမူးယစ်ဆေးတွေကလည်း ဒီရောဂါကို ဖြစ်လာနိုင်စေပါတယ်။ တခြားဖြစ်စေတဲ့ အရာတွေကတော့ မတော်တဆထိခိုက်မှုတွေ၊ ကြောရိုးထိခိုက်ခံရခြင်း ၊ စိတ်ပိုင်းဆိုင်ရာရောဂါများ၊ ဇီဝကမ္မဖြစ်စဉ် နှင့် သွေးခဲပိတ်ဆို့ခြင်းတွေ ဖြစ်ပါတယ်။Priapism ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။သွေးလမ်းကြောင်းစီးဆင်းလည်ပတ်နေမှုကို ထိခိုက်စေနိုင်သော ရောဂါများ။တရားမဝင် မူးယစ်ဆေးများ သုံးစွဲခြင်း။အရက်နှင့် ဟော်မုန်း androgen steroids(ကြွက်သားကြီးဆေးများ) တွေပါတဲ့ ထုတ်ကုန်တွေကို လွန်ကျူးစွာ သုံးစွဲခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ကို မေးမြန်းစမ်းသပ်ခြင်း၊ သွေးစစ်ခြင်း သို့ Doppler ultrasound တို့ဖြင့် ရောဂါအဖြေရှာ အတည်ပြုနိုင်ပါတယ်။ ထို့ပြင် ဆီးနှင့် ကျောက်ကပ်ပညာရှင်မှ ရောဂါကို ရှာဖွေရာမှာလည်း အကူအညီပေးလာနိုင်ပါတယ်။ သင့်မှာ sickle cell anaemia လိုမျိုးသွေးနဲ့ဆိုင်တဲ့ ရောဂါရှိနေမယ်ဆိုလျှင်လည်း သွေးပညာရှင်က ကူညီနိုင်ပါလိမ့်မယ်။ပြန်ဖြစ်နေတတ်သော priapism ကို အိမ်မှာပဲ ကုလို့ရနိုင်ပါတယ်။ လိင်တံတောင့်တင်းနေတဲ့ အခါ ရေများများသောက်ခြင်းနှင့် သေးများများပေါက်ခြင်းက အကောင်းဆုံးကုသနည်းဖြစ်ပါတယ်။ ရေနွေးဖြင့် ရေချိုးခြင်း နှင့် ကာယလေ့ကျင့်ခန်းလုပ်ခြင်းဖြင့်လဲ ပြန်ဖြစ်လာတာတွေကို သက်သာသွားနိုင်ပါတယ်။ ၃ နာရီအတွင်း ထောင်မတ်နေခြင်းက မကျဘူးဆိုလျှင် ဆေးရုံသို့ သွားပါ။နာတာရှည် Priapism ဖြစ်နေတဲ့ လူနာတွေကို တော့ ဆေးရုံတင်ရပါတယ်။ ဆရာဝန်က ရေနဲ့ desensitizer တွေကို ပေးပါလိမ့်မယ်။ သွေးသွင်းခြင်း သို့ သွေးလဲခြင်းတွေလဲ လုပ်ရနိုင်ပါတယ်။ သွေးသွင်းဖို့ အတွက်ကိုတော့ သင့်ကို သွေးဟောင်းနှင့် သွေးသစ်လဲလှယ်ပေးတဲ့ စက်မှာ တပ်ဆင်ပါလိမ့်မယ်။ဒီနည်းနဲ့ အဆင်မပြေလျှင် ဆရာဝန်က လိင်တံမှ သွေးတွေကို စုပ်ထုတ်ပါလိမ့်မယ်။လိင်တံကြာရှည်စွာ ထောင်မတ်ခြင်းကို ကုသတဲ့ တခြားသတ်မှတ်ထားတဲ့ ကုသနည်းတွေတော့ မရှိပါဘူး။ လိင်စိတ်လျော့နည်းခြင်း ကို ကုဖို့အတွက် Vaccum Penile Pump သို့မဟုတ် traction device ကဲ့သို့ ကိရိယာ တွေ သုံးလာနိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Priapism ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• ဆီးကျန်ခြင်းကို ကာကွယ်ရန် ဆီးအိမ်တင်းတာနဲ့ အမြဲတမ်း ဆီးသွားပါ။• ရေဓါတ်ခမ်းခြောက်ခြင်းများ ရှောင်ကြဉ်ပါ။• ကြာရှည်တဲ့ လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/priapism-%e1%80%9c%e1%80%ad%e1%80%84%e1%80%b9%e1%80%a1%e1%80%82%e1%81%a4%e1%80%ab%e1%80%a1%e1%80%81%e1%80%ba%e1%80%ad%e1%80%94%e1%80%b9%e1%81%be%e1%80%80%e1%80%ac%e1%80%bb%e1%80%99%e1%80%84%e1%80%b9/
Cervical spinal stenosis (လည်ပင်းရိုးဆစ်အပေါက်ကျဉ်းခြင်း)
လည်ပင်းရိုးဆစ်အပေါက်ကျဉ်းခြင်းဆိုတာ လည်ပင်းပိုင်းမှာရှိတဲ့ ဗဟိုအာရုံကြောလမ်းကြောင်း ကျဉ်းမြောင်းခြင်းကို ခေါ်ပါတယ်။ ခန္ဓါကိုယ် အလယ်ဗဟိုတလျောက်က အပေါက်ပါတဲ့ ကျောရိုးဆစ်တွေ စီတန်းလိုက်တဲ့အခါ ဗဟိုအာရုံကြောလမ်းကြောင်းဆိုတာ ဖြစ်လာပါတယ်။ အဲဒီဗဟိုအာရုံကြောလမ်းကြောင်းတလျောက် ဦးနှောက်ကနေ ခါးအောက်ပိုင်းအထိ တဖြောင့်ထဲဆင်းသွားတဲ့ အာရုံကြောအစုအဝေးကိုတော့ ဗဟိုအာရုံကြောမကြီးလို့ ခေါ်ပါတယ်။ ဒီအာရုံကြောတွေက ခံစားမှု၊ လှုပ်ရှားမှု၊ ဆီးဝမ်းသွားခြင်းနဲ့ ကိုယ်ခန္ဓါရဲ့ အခြားလုပ်ငန်းဆောင်တာတွေကို ထိန်းညှိပေးပါတယ်။ လည်ပင်းရိုးဆစ်မှာရှိတဲ့ ဗဟိုအာရုံကြောလမ်းကြောင်း ကျဉ်းမြောင်းလာတဲ့အခါ ဗဟိုအာရုံကြောမကြီးကနေ အာရုံကြောတွေ ခွဲဖြာထွက်တဲ့ အရင်းပိုင်းနေရာကို ညှပ်မိဖိမိတဲ့အပြင် ဗဟိုအာရုံကြောမကြီးကိုပါ သွားဖိမိတဲ့အထိ ဖြစ်တတ်ပါတယ်။ လည်ပင်းရိုးဆစ်ဆိုတာက ဦးခေါင်းပိုင်းနဲ့ ရင်ခေါင်းပိုင်းကြားက ကျောရိုးဆစ်ခုနစ်ခုကို ခေါ်တာဖြစ်ပါတယ်။ ဒီအရိုးဆစ်တွေကြား ဖြတ်သန်းသွားတဲ့ အာရုံကြောတွေနဲ့ ဗဟိုအာရုံကြောမကြီးရဲ့ အစိတ်အပိုင်းကို ညှစ်မိခြင်းအားဖြင့် ၎င်းတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပြောင်းလဲစေနိုင်သလို နာကျင်မှု၊ တောင့်တင်းမှု၊ ထုံကျင်မှု ဒါမှမဟုတ် လည်ပင်း၊ လက်မောင်းနဲ့ ခြေထောက်ပိုင်း အားနည်းမှု စတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆီးဝမ်းထိန်းတဲ့ နေရာမှာလည်း ပြဿနာဖြစ်စေနိုင်ပါတယ်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အသက်၅၀နဲ့အထက် လူကြီးပိုင်းတွေမှာ ဗဟိုအာရုံကြောလမ်းကြောင်း ကျဉ်းမြောင်းတတ်ပေမယ့် လက္ခဏာပြတဲ့အဆင့်ထိ မရောက်တတ်ပါဘူး။ လည်ပင်းရိုးဆစ်အပေါက်ကျဉ်းခြင်းဟာလည်း ဗဟိုအာရုံကြောမကြီး သို့မဟုတ် အာရုံကြောတွေ ညှပ်မိတဲ့အချိန်မှသာ တဖြည်းဖြည်းချင်း လက္ခဏာပြမှာ ဖြစ်ပါတယ်။ ဒီရောဂါရဲ့ အဖြစ်အများဆုံးလက္ခဏာတွေကတော့-။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။တဖြည်းဖြည်း အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ကျောရိုးဆစ်တွေ ပျက်စီးယိုယွင်းလာခြင်းရဲ့ ရလဒ်တစ်ခုအနေနဲ့ ဒီရောဂါဖြစ်လာရပြီး မျိုးရိုးဗီဇကြောင့်လည်း ဖြစ်လေ့ရှိပါတယ်။ ကျောရိုးဆစ်နှစ်ခုကြားမှာရှိတဲ့ အရိုးနုချပ်ပြား ပျက်စီးတဲ့အခါမှာလည်း ဒီရောဂါဖြစ်နိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ပုံမှန်အားဖြင့် ရောဂါလက္ခဏာ ဖြစ်ပွားမှုရာဇဝင်နဲ့ ခန္ဓါကိုယ်စမ်းသပ်စစ်ဆေးမှုတွေကတဆင့် ဒီရောဂါရှိမရှိ အဖြေရှာနိုင်ပါတယ်။ သင့်ဆရာဝန်အနေနဲ့ သင် လည်ပင်းလှုပ်ရှားမှုတွေ လုပ်တဲ့အခါ နာတာ၊ ထုံတာ၊ အားနည်းတာ ရှိမရှိ မေးမြန်းမှာဖြစ်ပါတယ်။ တကယ်လို့ လည်ပင်းရိုးဆစ် အပေါက်ကျဉ်းနေတယ်လို့ သံသယရှိခဲ့မယ်ဆိုရင်တော့ ရောဂါအတည်ပြုဖို့နဲ့ ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းကိုရှာဖွေဖို့ လည်ပင်းပိုင်းနဲ့ ကျောပိုင်းကို ဓါတ်မှန်၊ ကွန်ပြူတာဓါတ်မှန် (CT)၊ သံလိုက်လှိုင်းအသုံးပြု ပုံရိပ်ဖော်ခြင်း (MRI) စတဲ့ ပုံရိပ်ဖော်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ အကြံပြုပါလိမ့်မယ်။ ဒါ့အပြင် ဒီရောဂါနဲ့ အလားတူလက္ခဏာတွေ ဖြစ်စေနိုင်တဲ့ Multiple sclerosis လို့ခေါ်တဲ့ ဗဟိုအာရုံကြောထိခိုက်တဲ့ရောဂါ၊ ဗီတာမင် ဘီ ၁၂ ချို့ယွင်းတဲ့ရောဂါတွေကို သံသယစာရင်းထဲက ဖယ်ထုတ်ဖို့ ပုံရိပ်ဖော်စစ်ဆေးမှုတွေနဲ့ သွေးစစ်ဆေးမှုတွေလည်း ပြုလုပ်ရဖို့ အလားအလာရှိပါတယ်။ရောဂါမပြင်းထန်တဲ့ အခြေအနေတွေမှာ အကိုက်အခဲပျောက်ဆေးသောက်ခြင်း၊ ခွန်အားနဲ့လှုပ်ရှားနိုင်မှုကို ထိန်းထားနိုင်ဖို့ လေ့ကျင့်ခန်းလုပ်ခြင်း၊ ကာယကုထုံးနဲ့ ကုသခြင်း စတဲ့နည်းလမ်းတွေအသုံးပြုပြီး ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ ရောဂါအခြေအနေ ပြင်းထန်မယ်၊ ကြွက်သားတွေ ပိုပိုပြီး အားနည်းလာမယ်၊ ပုံရိပ်ဖော်စစ်ဆေးမှုအရ ကျောရိုးဆစ်တွေဟာ ဗဟိုအာရုံကြောမကြီး သို့မဟုတ် အာရုံကြောတွေကို တင်းတင်းကျပ်ကျပ် ညှပ်မိနေမယ်ဆိုရင်တော့ အာရုံကြောပေါ်သက်ရောက်နေတဲ့ ဖိအားကို လျော့ချနိုင်အောင် ခွဲစိတ်ကုသမှုခံယူဖို့ သင့်ဆရာဝန်က အကြံပြုပါလိမ့်မယ်။ ခွဲစိတ်မှုကို လည်ပင်းရဲ့ အရှေ့ပိုင်း သို့မဟုတ် အနောက်ပိုင်းကနေ ပြုလုပ်မှာဖြစ်ပြီး အာရုံကြောအရင်းပိုင်းတွေပေါ် ဖိမိနေတဲ့ အရိုး၊ တစ်ရှုး၊ အရိုးနုချပ်ပြား အစိတ်အပိုင်းတချို့ကို ဖယ်ထုတ်ပစ်မှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ကျောရိုးဆစ်တွေ တည်ငြိမ်နေစေဖို့ ပြန်ဆက်ရမှာဖြစ်ပါတယ်။ဒီရောဂါဟာ ဆီးဝမ်းမထိန်းနိုင်ခြင်း၊ လက်မောင်း၊ လက်နဲ့ ခြေထောက်များ အားမသုံးနိုင်ခြင်း၊ အာရုံမခံနိုင်ခြင်း စတာတွေအပါအဝင် ကြီးမားတဲ့ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်ဆရာဝန်အနေနဲ့ ရောဂါလက္ခဏာ ဆိုးဆိုးရွားရွား ပေါ်လာတဲ့အထိ အချိန်ဆိုင်းမနေဘဲ လိုအပ်တဲ့ကုသမှုပြုလုပ်ဖို့ အမြန်ဆုံးစီစဉ်မှာပဲဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/cervical-spinal-stenosis-%e1%80%9c%e1%80%8a%e1%80%b9%e1%80%95%e1%80%84%e1%80%b9%e1%80%b8%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%86%e1%80%85%e1%80%b9%e1%80%a1%e1%80%b1%e1%80%95%e1%80%ab%e1%80%80/
ဘူနီယွန် ဘယ်သူတွေမှာ ဖြစ်နိုင်ချေများလဲ
Bunion ရဲ့ လက္ခဏာတွေကို သတိထားမိပြီဆိုရင် သတိရသင့်တဲ့ အရေးကြီးအချက်များစွာ ရှိပါတယ်။ ပထမအချက်ကတော့ ကုသမှုမြန်မြန်ခံယူလေလေ ဒီအခြေအနေကို သက်သာနိုင်ဖို့ အခွင့်အလမ်းများလေလေ ဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ Bunion တွေဟာ သူတို့ဘာ့သာ ပျောက်မသွားနိုင်ပါဘူး။ တကယ်လို့ မကုသဘူးဆိုရင်တော့ ပိုဆိုး၊ ပိုနာကျင်ပြီး ပိုမာလာကာ ပျောက်ဖို့ ခက်လာပါလိမ့်မယ်။ တတိယတစ်ချက်ကတော့ Bunion ကြောင့်မသေနိုင်ပေမယ့် သူဟာ ပြင်းထန်တဲ့ နာကျင်မှုကိုဖြစ်စေနိုင်ပါတယ်။Bunion တွေဟာ အချိန်တိုင်းမှာ ဖြစ်နိုင်ပြီးကလေးမှာရော လူကြီးမှာပါ ဖြစ်နိုင်ပါတယ်။ ကံကောင်းတာကတော့ သင်ဟာ Bunion နဲ့ ဖြစ်စေနိုင်တဲ့အချက်တွေကို သိထားတယ်ဆိုရင် သင့်ကိုယ်သင် ကာကွယ်နိုင်ပါတယ်။Bunion ဟာ ခြေမအောက်ခြေမှာ ဖြစ်တဲ့ မာကျောတဲ့အဖုတစ်ခုဖြစ်ပါတယ်။ အရိုး၊ တစ်ရှူးတွေ အဆစ်ပတ်ပတ်လည်မှာ ကြီးထွားတယ်ဆိုရင် Bunion ဖြစ်နိုင်ပါတယ်။ ဒါဟာ ခြေမကို အခြားခြေချောင်းတွေဘက်ကို မျက်နှာမူအောင် တွန်းလိုက်နိုင်ပါတယ်။ Bunion အပေါ်မှာလည်း အသားမာတက်ခြင်း ဖြစ်နိုင်ပါတယ်။သင့်မှာအောက်ပါအချက်တွေရှိရင် Bunion ပိုဖြစ်စေနိုင်ပါတယ်။Bunion က မပြင်းထန်ဘူးဆိုရင် သင့်ခြေချောင်းတွေကို သက်တောင့်သက်သာရှိစေမယ့် ဖိနပ်ပြောင်းလဲခြင်းနဲ့ သက်သာစေနိုင်ပါတယ်။ ကုသမှုတွေမှာတော့ အောက်ပါနည်းတွေ ပါဝင်ပါတယ်။ကုသမှုမခံယူဘူးဆိုရင် Bunion တွေဟာ နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ သင့်မှာ ဆီးချို၊ အခြားသွေးလှည့်ပတ်မှုဆိုင်ရာ ရောဂါရှိတယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုး ဖြစ်နိုင်ခြေ မြင့်မားပါတယ်။သင့်ခြေထောက်ကို ပြဿနာရှိမရှိ ပုံမှန်စစ်ဆေးသင့်ပြီး ပြဿနာတစ်ခုခု တွေ့ခဲ့ရင် ကျန်းမာရေး စောင့်ရှောက်သူကို ပြောပြသင့်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/%e1%80%98%e1%80%b0%e1%80%94%e1%80%ae%e1%80%9a%e1%80%bd%e1%80%94%e1%80%ba-%e1%80%98%e1%80%9a%e1%80%ba%e1%80%9e%e1%80%b0%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%96%e1%80%bc%e1%80%85/
သင့်အရိုးအတွက် ကောင်းမွန်စေတဲ့ သင်မထင်ထားတဲ့ စားစရာ ၁၁မျိုး
သန်မာတဲ့ အရိုးတွေ ဖြစ်လာဖို့အတွက် အနည်းဆုံးတော့ အဓိကအာဟာရ (၂)မျိုး လိုအပ်ပါတယ်။ ကယ်လ်စီယမ်နဲ့ ဗီတာမင် D တို့ပါ။ ကယ်လ်စီယမ်က အရိုးတွေ သန်မာစေဖို့နဲ့ ကျစ်လျစ်သိပ်သည်းစေဖို့ အားပေးပြီးဗီတာမင် Dကတော့ ကယ်လ်စီယမ် စုပ်ယူနိုင်အားကို တိုးမြင့်စေပြီး အရိုးကြီးထွားမှုကို အားပေးပါတယ်။ ဒါတွေအပြင် အရိုးသန်မာစေဖို့ တခြားအာဟာရတွေလည်း မျှတနေဖို့ လိုပါတယ်။ခုဆက်ပြောမှာကတော့ သင့်အရိုးအတွက် ကောင်းမွန်စေတဲ့ သင်မထင်ထားတဲ့ စားစရာ ၁၁မျိုး ပဲ ဖြစ်ပါတယ်။သင့်အရိုးအတွက် ကောင်းမွန်စေတဲ့ သင်မထင်ထားတဲ့ စားစရာ ၁၁မျိုး ကတော့။အများအားဖြင့်တော့ ကယ်လ်စီယမ်ကို နို့ထွက်ပစ္စည်းတွေကနေရရှိနိုင်ပေမယ့် အမျိုးမျိုးသော ဟင်းသီးဟင်းရွက်တွေကနေလည်းရရှိနိုင်ပါသေးတယ်။ ကိုက်လန်၊ အာရူးဂူလာ(Arugula) ၊ကန်စွန်းရွက်နဲ့ collard greens တွေလို အစိမ်းရင့်ရောင်အရွက်တွေဟာ ကယ်လ်စီယမ်ရရှိနိုင်တဲ့ နို့ထွက်ပစ္စည်းမဟုတ်သော အသီးအရွက်တွေပဲ ဖြစ်ပါတယ်။ ချက်ထားတဲ့ မုန်လာဥဝါ (turnip greens) တစ်ခွက်ဟာ ကယ်လ်စီယမ် ၂၀၀မီလီဂရမ်လောက်ပါဝင်ပြီး ဒါဟာ နေ့စဉ်လိုအပ်တဲ့ ကယ်လ်စီယမ်ရဲ့ ၂၀%ပါပဲ။အပင်မှာသီးတဲ့ အခွံမာသီးတွေ အားလုံးနဲ့ ယှဉ်လိုက်ရင်တော့ တစ်ခါပြင်စာ၊ တစ်ခါစားစာမှာဆို ဗာဒံသီးတွေမှာ ကယ်လ်စီယမ် ပမာဏ အမြင့်ဆုံး ပါဝင်ပါတယ်။ ဒီကယ်လ်စီယမ်တွေကို ဗာဒံသီးကို ထောပတ်ပုံလုပ်ပြီးတော့လည်း ရယူနိုင်ပါတယ်။ဒါ့အပြင် ဗာဒံသီးထောပတ်မှာ ကိုလက်စထရော လုံးဝမပါဝင်တဲ့အပြင် မြေပဲထောပတ်နဲ့စာရင်လည်း အဆီပိုနည်းပါတယ်။ဒိန်ချဉ်ကို ပြင်ဆင်ရတဲ့အဆင့်တွေကြောင့် ဒိန်ချဉ်မှာလည်း တကယ်တမ်း မူလနို့ထက်ကို ကယ်လ်စီယမ်တွေ ပိုပြီးပါဝင်ပါတယ်။ အဆီနည်းဒိန်ချဉ် ၈အောင်စ တစ်ခွက်မှာ တစ်နေ့တာ ကယ်လ်စီယမ် လိုအပ်ချက်တွေရဲ့ ၄၂%ပါဝင်ပါတယ်။ဥတွေမှာတော့ ဗီတာမင်ဒီ ပမာဏမြောက်များစွာ ပါဝင်ပါတယ်။ ဒါပေမဲ့ ဗီတာမင် ဒီကိုတော့ ကြက်ဥအနှစ်တွေမှာပဲ ရှာတွေ့နိုင်တာပါ။ ဒါကြောင့် Omelets (မွှေကြော်) တွေကို ပိုကြိုက်တယ်ဆိုရင်တော့ သင်က ဗီတာမင်ဒီကို ပိုပြီး ရနိုင်ပါတယ်။လိမ္မော်ရည်က ကယ်လ်ဆီယမ်ကြွယ် ရင်းမြစ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါကြောင့် နောက်ပိုင်းမှာ လိမ္မော်ရည်တွေကို ကယ်ဆီယမ်ဖြည့်စွက်ပြီး ထုတ်လုပ်လာကြပါပြီ။ ဒီလို လိမ္မော်ရည်ကို သောက်မယ်ဆိုရင်တော့ လိုအပ်တဲ့ ကယ်ဆီယမ်ကို ရနိုင်ပါတယ်။သာမန်ပေါင်မုန့်ယိုမဟုတ်ဘဲအရိုးအတွက်အာဟာရတွေ ပါဝင်တဲ့ ပေါင်မုန့်ယို လုပ်နည်းလေးပါ။ အပေါ်မှာ ပြောခဲ့တဲ့ ဗာဒံစေ့ထောပတ် စားပွဲဇွန်း (၂)ဇွန်းမှာ ကယ်လ်စီယမ် ၁၁၂မီလီဂရမ်ပါဝင်ပါတယ်။ ဒါ့အပြင် ဗာဒံစေ့တွေမှာ ပိုတက်စီယမ် (စားပွဲဇွန်း (၂)ဇွန်းကို ၂၄၀မီလီဂရမ်) ပါဝင်ပြီး ပရိုတိန်းနဲ့ အခြားသော အရိုးသန်မာ ကြံ့ခိုင်စေတဲ့နေရာမှာ ကူညီထောက်ပံ့မှုတွေပေးနိုင်တဲ့ အာဟာရတွေလည်း ပါဝင်ပါသေးတယ်။တို့ဟူးက အာရှဘက်မှာတော့ အဓိက ဟင်းလျာတစ်ခုဖြစ်ပြီး ဘက်စုံအာဟာရကြွယ်ဝမှုတွေအပြင် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတွေ စုစည်းနေတဲ့ အရာတစ်ခုပါပဲ။ တို့ဟူး ခွက်တစ်ဝက်မှာ ကယ်လ်စီယမ် ၄၀၀ မီလီဂရမ်ထက် ပိုပြီးပါဝင်ပါတယ်။ဒါတွေထက် လေ့လာမှုတွေကလည်း တို့ဟူးမှာ ပါဝင်တဲ့ isoflavonesက အမျိုးသမီးတွေမှာ သွေးဆုံးပြီးရင် ဖြစ်တတ်တဲ့အရိုးရောဂါတွေကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပြန်ပါတယ်။ပြုပြင်ထားတဲ့ သကြားတွေလိုမဟုတ်ဘဲ molasses တွေဟာ အံ့သြစရာကောင်းလောက်အောင်ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတဲ့ စားစရာပါ။ ဒီအချိုရည် စားပွဲဇွန်းတစ်ဇွန်းနဲ့တင် ကယ်လ်စီယမ် ၄၁မီလီဂရမ်လောက် ရနိုင်ပါတယ်။ (Molassesဆိုတာ ကြံသကာက ထုတ်ထားတဲ့ အချိုရည်အနှစ်ပါ။)။Molasses မုန့်ဖုတ်တာအပြင် ဒိန်ချဉ်ကိုဆမ်းဖို့ ပျားရည်ကို မသုံးဘဲ ဒါကိုပဲသုံးလိုက်တာမျိုး၊ စမူသီ (smoothie)ထဲ ရောထည့်လိုက်တာမျိုး၊ အုတ်ဂျုံနဲ့ ရောစားတာမျိုး လုပ်လို့ရပါတယ်။အရိုးတွေကို ကျန်းမာစေတဲ့ အခြား အာဟာရနှစ်မျိုးကတော့ မဂ္ဂနီစီယမ်နဲ့ ပိုတက်ဆီယမ် တို့ပါပဲ။ တကယ်လို့ သင့်မှာ မဂ္ဂနီစီယမ်ဓာတ်လျော့နေတယ်ဆိုရင် ဗီတာမင်ဒီ ညီမျှမှုအတွက် ပြဿနာတက်ပါလိမ့်မယ်။ ဒါကလည်း သင့်အရိုးတွေရဲ့ ကြံ့ခိုင်မှုကို ထိခိုက်စေနိုင်တာပါပဲ။သင့်ခန္ဓာကိုယ်ထဲကPotassium neutralizes acidဟာ ကယ်လ်စီယမ်တွေကို အရိုးထဲကနေ ထုတ်ပစ်လိုက်နိုင်ပါတယ်။ ဒီအာဟာရဓာတ် နှစ်ခုလုံးကို အရသာရှိရှိစားသုံးနိုင်မယ့် နည်းလမ်းကတော့ ကန်စွန်းဥဖုတ်ကို ဆားမပါဘဲ စားတာပါပဲ။ကန်စွန်းဥအရွယ်တော် တစ်လုံးမှာ မဂ္ဂနီစီယမ် ၃၁ မီလီဂရမ်နဲ့ ပိုတက်ဆီယမ် ၅၄၂မီလီဂရမ်တို့ပါဝင်ပါတယ်။တကယ်လို့များ သင်က အရိုးတွေကျန်းမာစေမယ့် အသီးတွေကို ရှာဖွေနေတယ်ဆိုရင် သဖန်းသီးက အကောင်းဆုံးပါပဲ။ အရွယ်တော် သဖန်းသီး ၅လုံးမှာ ကယ်လ်ဆီယမ် ၉၀မီလီဂရမ်လောက်ပါဝင်ပြီး အခြားသော အရိုးအတွက် ကောင်းမွန်တဲ့ အာဟာရတွေဖြစ်တဲ့ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့လည်း ပါဝင်နေပါသေးတယ်။လတ်ဆတ်တဲ့ သဖန်းသီးတွေဟာ အများအားဖြင့်တော့ နွေဦးနဲ့ နွေရာသီတွေမှာ ရတတ်ပါတယ။် ဒါပေမဲ့ အသီးခြောက်တွေကိုတော့ တစ်နှစ်ပတ်လုံးရနိုင်ပါတယ်။သဖန်းသီးခြောက်ဟာ ကယ်လ်စီယမ်ရင်းမြစ်ကောင်းတစ်ခုပါ။ သဖန်းသီးခြောက် ခွက်တစ်ဝက်မှာ ကယ်လ်စီယမ် ၁၂၀ မီလီဂရမ်ပါဝင်ပါတယ်။ ဒါ့ပြင် တခြား ဆီးသီးခြောက်၊ စပျစ်သီးခြောက်တွေလည်း စားပေးလို့ ရပါတယ်။ အသီးခြောက်တွေက သကြားဓာတ်များတတ်လို့ သတိထားစားဖို့တော့ လိုပါတယ်။လေ့လာမှုတွေကတော့ အထက်ဖော်ပြပါ အစားအစာတွေအပြင် လိုအပ်ရင် ကယ်လ်စီယမ်၊ ဗီတာမင်ဒီ အားဖြည့်ဆေးတွေပေါင်းပြီး သောက်ပေးတာက အရိုးပြိုကွဲမှုကို နှေးကွေးစေပြီး အရိုးကျစ်လျစ်မှုကို ဖွံ့ဖြိုးစေနိုင်တယ်လို့ဆိုပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/11-foods-for-your-bones/
ကာဗိုဟိုက်ဒရိတ် အမျိုးအစား ၂ မျိုး
ကာဘိုဟိုက်ဒရိတ်က စွမ်းအင်ကိုပေးပါတယ်။ လူရဲ့ကိုယ်က အဲဒီစွမ်းအင်ကို လူရဲ့လုပ်ငန်းစဉ်တွေ လည်ပတ်ဖို့အသုံးပြုပါတယ်။ သင်အစားအသောက်တွေစားသုံးတဲ့အခါ ကာဘိုဟိုက်ဒရိတ်ဘက်ကိုလည်း သတိထားသင့်ပါတယ်။ သူတို့က သင့်ရဲ့ သွေးချိုအဆင့်ကို သက်ရောက်နိုင်ပါတယ်။ ကာဗိုဟိုက်ဒရိတ် အမျိုးအစား ၂ မျိုး က ဘာတွေဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။ကာဗိုဟိုက်ဒရိတ် အမျိုးအစား ၂ မျိုး က ဘာတွေဖြစ်မလဲ။လူရဲကိုယ်က ကာဘိုဟိုက်ဒရိတ်ကို Glucose လုပ်ဖို့သုံးပါတယ်။ သင့်ရဲ့ကိုယ်ဟာ glucose တွေကို ချက်ချင်းသုံးလိုက်နိုင်သလို အသည်းနဲ့ ကြွက်သားတွေထဲမှာလည်းသိုလှောင်ထားနိုင်ပါတယ်။ကာဘိုဟိုက်ဒရိတ်ကို အောက်ပါအစားအစာတွေမှာ တွေ့နိင်ပါတယ်။– သစ်သီးများ။– ဟင်းသီးဟင်းရွက်များ။– သကြား။– ဆန်ပြောင်းအစေ့အဆန်များ။– နို့ထွက်ထုတ်ကုန်များ။ကာဘိုဟိုက်ဒရိတ် အမျိုးအစား နှစ်မျိုး ရှိပါတယ်။ ရိုးရှင်းတဲ့ ကာဘိုဟိုက်ဒရိတ် နဲ့ ရှုပ်ထွေးတဲ့ ကာဘိုဟိုက်ဒရိတ် ပါ။ရှုပ်ထွေးတဲ့ ကာဘိုဟိုက်ဒရိတ်မှာ အမျိုးအစား နှစ်မျိုး ရှိပါတယ်။ ကစီနဲ့ အမျှင်ဓာတ် ဖြစ်ပါတယ်။ ကစီဓာတ်က လူကိုယ်က glucose အဖြစ် အသုံးမပြုခင် ပြိုကွဲရပါသေးတယ်။ကစီဓါတ်ပါဝင်တဲ့ အစားအစာတချို့က။– အာလူး၊ ပဲ၊ ပြောင်းဖူး စတဲ့ စေကပ်တဲ့ ဟင်းသီးဟင်းရွက်များ။– ပေါင်မုန့်၊ ဆန်၊ဂျုံ။အမျှင်ဓာတ် ကိုတော့။– Oatmeal။– အစေ့အဆံများ။ သစ်ကြားသီး၊ မြေပဲ၊ အယ်လ်မွန်စေ့ စတာတွေ စားကြည့်ပါ။ သူတို့က အမျှင်ဓာတ်အများကြီးပါပြီး ကျန်းမာစေတဲ့ အဆီတွေလည်း ပါပါတယ်။– သစ်သီးများ (ဘယ်ရီသီးများ၊ ပန်းသီးများ )။– ပဲခြောက်များ။– ဂျုံအပြည့်ပေါင်မုန့်။– ဆန်ညို။– Whole grain( ဥပမာ – whole grain cereals, whole grain ပါစတာ၊ whole grain ပေါင်မုန့်) Whole grain တွေက အမျှင်ဓာတ်နဲ့ အာဟာရဓာတ်တွေအပြင် တချို့မှာဆို သံဓာတ်နဲ့ ဖောလစ်အက်ဆစ်ပါ ပါဝင်ပါတယ်။ ဥပမာ ထမင်းဖြူ၊ ပေါင်မုန့်ဖြူ။– သစ်သီးများ။– ဟင်းသီးဟင်းရွက်များ။သင့်အနေနဲ့ ရှုပ်ထွေးတဲ့ ကာဘိုဟိုက်ဒရိတ် နှစ်မျိုးလုံး စားသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တစ်ခုစီမှာ သက်ဆိုင်ရာ အကျိုးကျေးဇူးတွေ ပါလို့ပါ။ သူတို့ဆီမှာပါတဲ့ အာဟာရက တခြား ဘယ်မှာမှ ရှာမရပါဘူး။ရိုးရှင်းတဲ့ ကာဘိုဟိုက်ဒရိတ်မှာ သဘာဝသကြားနဲ့ ပေါင်းထည့်ထားတဲ့ သကြား ပါဝင်ပါတယ်။ သဘာဝသကြား ဆိုတာက အသီးတွေ ဟင်းသီးဟင်းရွက်တွေ နို့ထွက်ထုတ်ကုန်တွေမှာ တွေ့ရတဲ့သကြားဓာတ်ဖြစ်ပြီး ပေါင်းထည့်ထားတဲ့ သကြားကတော့ ချက်ပြုတ်နေစဉ် ထပ်ထည့်လိုက်တဲ့ သကြားပါ။ သဘာဝ သကြားတွေက ပေါင်းထည့် သကြားတွေထက် အာဟာရ ပိုပြည့်ပါတယ်။ပေါင်းထည့် သကြားတွေကို အစားအစာတွေမှာ အောက်ပါအတိုင်း စာတန်းထိုးထားပါတယ်။– Sugar (raw, brown, white, invert)။– Syrup (corn sweetened, high-fructose corn, malt, maple)။–Glucose။– Fructose။– Maltose။– Lactose။– Sucrose။– Honey။– Fruit juice concentrate။ဒီလို ထိုးထားရတဲ့ အကြောင်းကတော့ သင် ဆီးချိုရှိနေရင် ရှောင်လို့ရအောင် ပါ။ ဒါကြောင့် အပေါ်မှာ ပြောထားသလို အစားအစာတွေမှာ စာတန်းထိုးထားရင် ဂရုစိုက်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/types-of-carbohydrates/
Hernia (အူကျခြင်း)
အူကျွံခြင်းသည် ကိုယ်တွင်းအင်္ဂါ သို့မဟုတ် တစ်ရှူးများ ( အူအခွေ စသော) သည် သူတို့နှင့် မသက်ဆိုင်သော နေရာများသို့ တိုးထွက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ကြွက်သား နံရံရှိ အပေါက် သို့မဟုတ် ပျော့သောနေရာများကို တိုးပြီး အလုံးအဖြစ် ထွက်ပေါ်လာပါသည်။အူကျွံခြင်းသည် ဖိအား စိုက်ထားသော အချိန်တွင်သာ ဖြစ် ပါက ပြန်သွင်း၍ ရသည်ဟုခေါ်ပြီး အန္တရာယ် မများလှပါ။အပေါက်ထဲတွင် တစ်ရှူးများ ပိတ်မိပြီး ပြန်ဆွဲ၍ မရခြင်းကို ချုပ်နှောင်ထားသော အူကျွံခြင်းဟုခေါ်ပြီး ဆိုးရွားသော ပြဿ နာဖြစ်ပါသည်။ အန္တရာယ်အများဆုံး အူကျွံခြင်းမှာ လိမ်ညစ် ခြင်းဖြစ်သည်။ ပိတ်မိသော တစ်ရှူးများသည် သွေးထောက်ပံ့မှု မရဘဲ သေဆုံးပါသည်။ကလေးငယ်များတွင် အဖြစ်အများဆုံးမှာ အပြင်ပိုင်း အူကျွံခြင်း ဖြစ်သည်။ ပေါင်ခြံတွင်ကျွံခြင်း နှင့် ချက်အနီးတွင် ကျွံ ခြင်းတို့ ပါဝင်သည်။ ချက်အနီးတွင်ကျွံခြင်းသည် အထူးသဖြင့် လမစေ့ဘဲမွေးသော ကလေးများ၊ အမျိုးသမီးများ နှင့် အချို့ ရောဂါများရှိသော ကလေးများတွင် အလွန်အဖြစ်များပါသည်။ပေါင်ခြံတွင် ကျွံခြင်းသည် အမျိုးသမီးများနှင့် လမစေ့သော ကလေးများ ထက် အမျိုးသားများတွင် ပိုဖြစ်ပါသည်။ ကလေး များတွင် အဖြစ်အများဆုံး အတွင်းပိုင်း အူကျွံခြင်းများမှာ မွေးရာပါ ရင်ဝမ်းတား ကြွက်သားတွင်ကျွံခြင်း နှင့် အစာအိမ် ကျွံခြင်းတို့ဖြစ်ပါသည်။အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် အူကျွံမှု ဖြစ်ပွားခြင်းကို လျော့ချ နိုင်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ရောဂါလက္ခဏာများသည် အူကျွံမှု အမျိုးအစားအပေါ် မူ တည်ပါသည်။ပေါင်ခြံ နှင့် ချက်အနီးတွင် ကျွံခြင်း၏ လက္ခဏာများမှာ သူ့အလိုလို ပျောက်ကင်းသွားနိုင်သော မနာကျင်ဘဲ ရောင်ရမ်း ခြင်း ဖြစ်သည်။ရောဂါ လက္ခဏာများသည် ငိုခြင်း၊ အားစိုက်ခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် လမ်းလျှောက်ခြင်း တွင် အသိသာဆုံးဖြစ်ပါသည်။ ပေါင်ခြံတွင် အူကျွံခြင်း သည် ယောက်ျာလေးများကို ကပ်ပယ်အိတ် (ဝှေးစေ့ထည့်ထားသော ) ကို ကြီးစေပါသည်။ မိန်းကလေးများတွင် မိန်းမအင်္ဂါ နှုတ်ခမ်း (မွေးလမ်းကြောင်း ဝန်းကျင်ရှိ တစ်ရှူး) ကို ရောင်ရမ်းစေနိုင် ပါသည်။အတွင်းပိုင်း အူကျွံခြင်းသည် ရောဂါလက္ခဏာများ မပြ သော်လည်း အော့အန်ခြင်းနှင့် ရင်ပူခြင်းကို ဖြစ်စေနိုင်ပါသည်။ချုပ်နှောင်ထားသော အူကျွံခြင်းများသည် မာသော အလုံး အခဲများ၊ နာကျင်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းပိတ်ခြင်း နှင့် ယား ယံနာကျင်ခြင်းကို ဖြစ်စေသည်။လိမ်ညစ်၍ ကျွံခြင်းသည် အဖျားတက်ခြင်း၊ ရောင်ရမ်းနီရဲ ခြင်းနှင့် အလွန်နာကျင်ခြင်းတို့ကို ဖြစ်စေပါသည်။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။မွေးရာပါ တိုက်ရိုက်မဟုတ်သော ပေါင်ခြံတွင် အူကျွံခြင်း သည် ဖွံ့ဖြိုးမှုတွင် မှားယွင်းမှုကြောင့် ဖြစ်ပွားပါသည်။ တိုက် ရိုက်ဖြစ်သော ပေါင်ခြံတွင် အူကျွံခြင်းသည် မွေးဖွားပြီးမှ ဖြစ်ပွားပါသည်။ချက်အနီးတွင် အူကျွံခြင်းသည် ချက်အကွင်း ကောင်းစွာ မပိတ်သောကြောင့် ဖြစ်ပွားပါသည်။ အခြား အူကျွံ ခြင်းများသည် အမြှေးပါး၊ ကြွက်သားနံရံ သို့မဟုတ် အခြား အစိတ်အပိုင်းများ ကောင်းစွာ ဖြစ်ပေါ်မလာသောကြောင့် ဖြစ် ပွားပါသည်။ သို့မဟုတ် ထိုအစိတ်အပိုင်းများ ထိခိုက်မိပြီး လျော့ရဲလာသောကြောင့် ဖြစ်ပါသည်။အူကျွံခြင်းဖြစ်နိုင်ချေကို မြင့်စေသော အချက်များစွာ ရှိပါ သည်။ ဥပမာ-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် ဆေးမှတ်တမ်းယူခြင်းနှင့် လဲလျောင်းခြင်း နှင့် မတ်တပ်ရပ်ခြင်း ပြုလုပ်ပြီး ခန္ဓါကိုယ်စစ်ဆေးခြင်း တို့ ပြုလုပ်နိုင်ပါသည်။ သွေးစစ်ခြင်း၊ laparoscopy လုပ်ခြင်း လို အပ်နိုင်ပါသည်။ အချို့ ဖြစ်ပွားမှုများတွင် ဓါတ်မှန်ရိုက်ခြင်း နှင့် ultrasonography စသော ပုံရိပ်ဖော် စစ်ဆေးမှုများကို ပြုလုပ်နိုင်ပါသည်။ကုသမှုသည် အူကျွံခြင်း အမျိုးအစားအပေါ် မူတည်ပါသည်။ ချက်အနီးတွင် အူကျွံခြင်းသည် မသက်မသာဖြစ်စေပြီး အများ စုသည် အသက် ၁-၂နှစ်တွင် အလိုလို ပိတ်သွားပါသည်။ ဆရာဝန်သည် ၎င်းတို့ကို လွယ်ကူစွာ တွန်းထည့်နိုင်ပါသည်။ ဆရာဝန်သည် ထိုအူကျွံခြင်းများကို စောင့်ကြည့်ရန် အကြံပြု ပါသည်။အူကျွံခြင်းသည် အသက် ၄-၅ နှစ်အထိ ပြန်လည် မကောင်းမှသာ သို့မဟုတ် အူများကို ညပ်မိပြီး ပိတ်ဆို့မှသာ ခွဲစိတ် ကုသမှု ပြုလုပ်ရန် လိုအပ်ပါသည်။ ပေါင်ခြံတွင် အူကျွံခြင်း တွင် အူချုပ်နှောင်ခြင်းကို ကာကွယ်ရန် ခွဲစိတ် ကုသမှု ကို ပြုလုပ်ပါသည်။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် အူကျွံခြင်း ကို ထိန်းချုပ်နိုင်ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/hernia-%e1%80%a1%e1%80%b0%e1%80%80%e1%80%ba%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
တက်ကြွပျော်ရွှင်တဲ့ ဆယ်ကျော်သက်အရွယ် ဖြစ်စေဖို့
ဆယ်ကျော်သက်အရွယ်ဆိုတာက ပျော်ရွှင်စရာ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေတဲ့ အသက်အရွယ် အပိုင်းအခြား တစ်ခုပါ။ ဒါပေမယ့် ဆယ်ကျော်သက်တိုင်းကရော ပျော်ရွှင်နေရဲ့လား။ ဆယ်ကျော်သက်အရွယ်မှာ မပျော်ရွှင်ခဲ့ရလို့ဆိုပြီး အသက်ကြီးမှ နောင်တရနေတာမျိုး မဖြစ်စေဖို့အတွက် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ဒီလိုပြောရတာက ဒီဆောင်းပါးလေးထဲမှာပျော်ရွှင်စိတ်လှုပ်ရှားစရာကောင်းတဲ့ ဘဝရဲ့ အပိုင်းအခြားလေးတစ်ခုဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်မှာ တက်ကြွပျော်ရွှင်တဲ့ ဆယ်ကျော်သက်လေးတွေဖြစ်စေဖို့အတွက်မွေးမြူသင့်တဲ့ အလေ့အထလေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။လူသားတိုင်းက ပျော်ရွှင်မှုကို လိုလားပါတယ်။ ဒါပေမယ့် ပျော်ရွှင်မှုဆိုတာက လူသားတွေ ကိုယ်ဆိုင် ဖန်တီးယူဖို့ ထိန်းချုပ်ဖို့ လွယ်ကူတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူးလို့ တော်တော်များများက လက်ခံယူဆထားကြပါတယ်။တကယ်က ပျော်ရွှင်မှုကတစ်နေ့တာမှာ ကြုံတွေ့ရတဲ့အခြေအနေ အရပ်ရပ်နဲ့လည်း သက်ဆိုင်နေပါတယ်။ ဒီလို တစ်နေ့တာ တွေ့ကြုံရမယ့် ကိစ္စတွေထဲမှာ မမျှော်လင့်တဲ့ အခြေအနေတွေ ရှိနိုင်ပေမယ့် နေ့စဉ် လည်ပတ်နေကျ အနေအထားတွေကို  အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်တာက ပျော်ရွှင်မှုကို ကိုယ်တိုင် ဖန်တီးယူလိုက်တာပါပဲ။လေ့လာချက်တွေအရကတော့ ပျော်ရွှင်မှုတွေက လူတစ်ယောက်ရဲ့ အခြေအနေအပေါ်မှာ ၁၀% လောက်ပဲ မူတည်နေပြီး ကျန်တဲ့ ၉၀% က ကိုယ်တိုင်ရဲ့ အလေ့အထတွေနဲ့ သက်ဆိုင်နေတယ်ဆိုတာပါ။ ဒီတော့ လူတိုင်း လိုလားတဲ့ ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးလိုက်ပါ။ဆယ်ကျော်သက်အရွယ်မှာအခက်အခဲတွေစိန်ခေါ်မှုတွေ များစွာကို ကြုံတွေ့ရနိုင်တယ်ဆိုပေမယ့် အခုလိုမျိုး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလို့ ရပါတယ်။ကဲ ….. ပျော်ပျော်ရွှင်ရွှင်ဆယ်ကျော်သက် အရွယ်လေးဖြစ်စေဖို့ စိတ်ပိုင်းဆိုင်ရာအရရောရုပ်ပိုင်းဆိုင်ရာအရပါ ကျန်းမာဖို့ လိုပါမယ်။ ဒီတော့ သွက်လက်ပျော်ရွှင်တဲ့ ဆယ်ကျော်သက်လေး ဖြစ်စေဖို့ဆိုရင်။ဆယ်ကျော်သက်အရွယ်မှာ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးပြီး ကျန်းမာနေစေဖို့အတွက် အာဟာရ မျှတအောင် စားဖို့က အရေးကြီးပါတယ်။ ဒါကြောင့် တစ်နေ့တာ စားသုံးမှုမှာ အသင့်စား၊ အမြန်စား အစားအစာတွေ အစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံကို မွေးမြူပေးပါ။တစ်နေ့တာ စားသုံးမှုမှာ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝမျှတစွာ ပါဝင်အောင် စားသုံးပေးပါ။ မနက်စာ၊ နေ့လယ်စာ၊ ညစာ တစ်နေ့ကို သုံးနပ်တော့ သေချာလေး စားဖြစ်အောင် စားပေးပါ။ဆယ်ကျော်သက်အရွယ်မှာ ပျော်ရွှင်ဖို့ မေ့မထားသင့်တဲ့ အချက်တစ်ချက်က ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ပါ။ ကျန်းမာရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေး အားလုံးကို ကိုယ်တိုင် သေချာ ဂရုစိုက်ပါ။ ဒါမှ စမတ်ကျကျနဲ့ လူဝင်ဆန့်ပြီး သွက်လက်တဲ့ ဆယ်ကျော်သက်လေး ဖြစ်မှာပါ။ဆယ်ကျော်သက် အရွယ်မှာ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းဖို့ ထိုက်သင့်တဲ့ အရပ်အမြင့် နဲ့ ကိုယ်အလေးချိန် ရရှိစေဖို့အတွက် တစ်နေ့ကို မိနစ် ၆၀ ပုံမှန် လေ့ကျင့်ခန်း လုပ်ဖို့ လိုပါမယ်။ လမ်းလျှောက်တာ၊ Gym ဆော့တာ၊ ရေကူးတာ၊ စက်ဘီးစီးတာ စတဲ့ ကိုယ်လက်လှုပ်ရှားမှု ဖြစ်စေမယ့် လေ့ကျင့်ခန်းတွေကို ကိုယ်တိုင် စိတ်ကြိုက် ရွေးချယ် လုပ်ဆောင်ပေးလို့ ရပါတယ်။လေ့ကျင့်ခန်း လုပ်တာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာစေပြီး ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေကိုလည်း ထွက်ရှိစေနိုင်ပါတယ်။ဆယ်ကျော်သက်အရွယ်မှာ အဝလွန်နေတာက ပျော်ရွှင်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အဝလွန်တာက နာတာရှည် ကျန်းမာရေး ပြဿနာတွေကို ဖြစ်နိုင်သလို စိတ်ဓာတ်ကျတာ၊ အနိုင်ကျင့်ခံရတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ဆယ်ကျော်သက်အရွယ်မှာ အဝလွန်တာမျိုး မဖြစ်စေဖို့ သေချာလေး ထိန်းသိမ်းစေချင်ပါတယ်။ဆယ်ကျော်သက်အရွယ်မှာ အိပ်ချိန်က တစ်ညကို ၉ နာရီ ကနေ ၉ နာရီခွဲလောက် ရှိဖို့လိုပါမယ်။ ဆယ်ကျော်သက်အရွယ်မှာ အိပ်ရေးပျက်တာက အာရုံစူးစိုက်နိုင်စွမ်းကို ထိခိုက်စေပြီး နေ့စဉ် လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှုမှာ အခက်တွေ့စေနိုင်ပါတယ်။ဆယ်ကျော်သက်အရွယ်မှာ ပြင်းထန်စွာ နေလောင်ခံရတာက နောင်တစ်ချိန်မှာ အရေပြားကင်ဆာ ဖြစ်နိုင်ခြေ များစေပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်အရွယ်မှာ အရေပြားကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒါမှ ဆယ်ကျော်သက်အရွယ်မှာ အဖြစ်များတဲ့ ဝက်ခြံလိုမျိုး အရေပြားပြဿနာကြောင့် အသားအရေ ထိခိုက်နိုင်ခြေ နည်းမှာပါ။ဆယ်ကျော်သက်အရွယ်မှာ သီချင်းမြူးမြူးလေးတွေကို အသံကျယ်ကျယ် နားထောင်တတ်ပေမယ့် ကျန်ရှိနေတဲ့ ဘဝသက်တမ်းမှာ အကြားအာရုံ ပြဿနာ   မခံစားရစေဖို့ဆိုရင် သီချင်းတွေကို အသံကျယ်ကျယ် နားထောင်ပါနဲ့။ဆယ်ကျော်သက်အရွယ်မှာ ပျော်ရွှင်စေဖို့ ဒီအချက်လေးတွေကို အလေ့အကျင့်ဖြစ်အောင် မွေးမြူကြည့်လိုက်နော်။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/milestones-and-development/good-habits-for-happy-tennagers-life/
အမွေးထူပြီး မဲနေသော လျှာ
Black hairy tongue (အမွေးထူပြီး မဲနေသော လျှာ) ဆိုတာ အန္တရာယ်မရှိတဲ့ ခံတွင်းပိုင်းဆိုင်ရာ ယာယီပြဿနာတစ်ခုပါ။ အဲဒီအခြေအနေမှာ သင့်လျှာဟာ မည်းမှောင်တဲ့အမွှေးမျှင်တွေနဲ့ ဖုံးအုပ်ထားသလိုမျိုး ဖြစ်နေပါလိမ့်မယ်။ ဖြစ်ပေါ်စေတဲ့အကြောင်းအရင်းကတော့ သင့်လျှာပေါ်မှာ ရှိတဲ့အဖုလေးတွေအပေါ်မှာ (ရသာခံဖုလေးတွေ အပါအဝင်) အများအပြားပေါ်ထွက်လာတဲ့ ဆဲလ်အသေလေးတွေကြောင့်ပဲ ဖြစ်ပါတယ်။ ပုံမှန်ထက် အနည်းငယ်ပိုရှည်နေတဲ့ အဖုလေးတွေပေါ်မှာ ဆေးရွက်ကြီး၊ ဘက်တီးရီးယားနဲ့ အမြှုပ်တွေဟာ ပုံမှန်ထက် ကြာမြင့်စွာ တည်ရှိတတ်ပါတယ်။Black hairy tongue ရဲ့ပုံစံဟာ အန္တရာယ်များသလို ထင်ရပေမယ့် တကယ်တော့ မဟုတ်ပါဘူး။ များသောအားဖြင့် သင်ဟာ နာကျင်မှုတောင် မခံစားရပါဘူး။ ဒီပြဿနာဟာ အများအားဖြင့် ကုသမှုခံယူစရာ မလိုဘဲ အလိုအလျောက် ပျောက်ကင်းလေ့ရှိပါတယ်။Black hairy tongue ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။• သင့်လျှာဟာ ဘယ်လိုအရောင်ဖြစ်နေပါစေ အမည်းရောင် ပြောင်းလဲသွားပါလိမ့်မယ်။• သင့်လျှာပေါ်မှာ အမွှေးအမျှင်တွေ ပေါက်နေသလို ဖြစ်နေပါမယ်။• ခံတွင်းအရသာ ပြောင်းလဲသွားပါလိမ့်မယ် (သတ္တုအရသာကဲ့သို့)။• ခံတွင်းအနံဆိုးလာပါမယ်။လျှာပေါ်ရှိအဖုလေးတွေပိုမိုများပြားလာရင်တော့ ယားယံမှု ဖြစ်ပေါ်နိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Black hairy tongue ဟာ ကြည့်ရဆိုးသော်လည်း ဘေးအန္တရာယ်မရှိသော ယာယီ ပြဿနာတစ်ခုပါ။ဒါကြောင့် သင်ဟာ သင့်အသွင်အပြင်ကို ဂရုစိုက်သူတစ်ဦးဖြစ်မယ်ဆိုရင်တော့ ဖြစ်ဖြစ်ချင်း စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။ခံတွင်းကျန်းမာရေးကို ဂရုစိုက်ခြင်းဟာ black hairy tongue မဖြစ်ပွားစေဖို့ အဓိကသော့ချက်ပါပဲ။ သွားတိုက်တိုင်း လျှာကိုပါပုံမှန်တိုက်ပေးခြင်းဖြင့် လျှာပေါ်ရှိ အဖုလေးများများပြားစွာ ထွက်ပေါ်လာခြင်းကို ကာကွယ်ပေးပါတယ်။ ခံတွင်းရနံ့ကိုလည်း သင်းပျံစေပါတယ်။ ဆေးလိပ်မသောက်ခြင်းဖြင့်လည်း black hairy tongue မဖြစ်အောင် တစ်ဖက်တစ်လမ်း ကာကွယ်နိုင်ပါတယ်။သင့်မှာ ဆီးချိုသွေးချိုရောဂါ ရှိပါက ဆရာဝန်ထံ ပုံမှန် စစ်ဆေးမှုခံယူပြီး သတ်မှတ်ပမာဏအတွင်း ထိန်းထားသင့်ပါတယ်။လျှာကို ပွတ်တိုက်ပေးခြင်း နဲ့ သွားပွတ်ကြိုးသုံးပြီး သန့်ရှင်းခြင်း တို့ဟာ ဦးခေါင်းနဲ့ လည်ပင်း ကင်ဆာတို့ကို Chemotherapy (ဆေးဝါးဖြင့်ကုသခြင်း) Radiation Therapy (ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း) လုပ်နေချိန်အတွင်း အရေးကြီးပါတယ်။ ထိုကုသမှု ခံယူစဉ်အတွင်း သွားဆရာဝန်ထံ ပုံမှန်စစ်ဆေးမှုကိုလည်း ခံယူသင့်ပါတယ်။ ထိုသို့ စစ်ဆေးမှုခံယူခြင်းဖြင့် သင့်ကင်ဆာကုသမှုကို အထောက်အကူပေးနိုင်မယ့် အချက်အလက် (သင့်ခံတွင်းထဲမှာ ပိုးဝင်နေခြင်း အစရှိတဲ့ အခြေအနေများ) များကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ခံတွင်းကျန်းမာရေးကောင်းမွန်ရန်နဲ့ လျှာအရောင်ပြောင်းလဲမှုကိုဖယ်ရှားရန်။လျှာကို ပွတ်တိုက်ပါ။ သင်သွားတိုက်တဲ့အချိန်တိုင်း လျှာပေါ်ရှိ ဆဲလ်အသေများ၊ ဘက်တီးရီးယားများ၊ စားကြွင်းစားကျန်များကို ဖယ်ရှားရန် လျှာကိုပါ ညင်သာစွာ ပွတ်တိုက်ရပါမယ်။ နူးညံ့တဲ့ သွားပွတ်တံ ဒါမှမဟုတ် လျှာပွတ်တံကို အသုံးပြုသင့်ပါတယ်။စားသောက်ပြီးတိုင်း သွားတိုက်ပါ။ အကယ်၍ မတတ်နိုင်ပါက ရေဖြင့် ပလုတ်ကျင်းပေးပါ။ တနေ့ အနည်းဆုံး သွား ၂ကြိမ်တိုက်ရပါမယ်။သွားပွတ်ကြိုးနဲ့သွားကြားသန့်ရှင်းရေး ကို အနည်းဆုံး တစ်နေ့တစ်ကြိမ် လုပ်ပေးရပါမယ်။ ပုံမှန်သွားကြားသန့်ရှင်းရေး လုပ်ပေးခြင်းဟာ သင့်သွားကြားထဲရှိ စားကြွင်းစားကျန်များကို ဖယ်ရှားပေးပါတယ်။ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပါ။ ပုံမှန် သွားဆရာဝန်ထံတွင် စစ်ဆေးမှု ခံယူပါ။ သို့မှသာ ခံတွင်းနဲ့ဆိုင်တဲ့ တစ်စုံတစ်ခု ပြဿနာရှိပါက စောစီးစွာ သိရှိပြီး လျှင်မြန်စွာ ကုသမှုခံယူနိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/%e1%80%a1%e1%80%b1%e1%80%99%e1%80%bc%e1%80%b8%e1%80%91%e1%80%b0%e1%80%bb%e1%80%95%e1%80%ae%e1%80%b8-%e1%80%99%e1%80%b2%e1%80%b1%e1%80%94%e1%80%b1%e1%80%9e%e1%80%ac-%e1%80%9c%e1%80%bd%e1%80%ba%e1%80%ac/
သားသားလေး ရွှေပန်းထောင်တာစိတ်ပူစရာလား
ရွှေပန်းဒါမှမဟုတ်ဂျိူးကလေးမာပြီးထောင်တယ်ဆိုတာတကယ်တော့ကျန်းမာတဲ့ယောက်ျားလေးတစ်ယောက်ဆိုတာကိုပြသနေတာပါ။ဒါပေမယ့်ကလေးငယ်တွေမှာဖြစ်တာကိုစတွေ့မိတဲ့အခါမိဘတွေအထူးသဖြင့်အမေတွေအနေနဲ့စိုးရိမ်ပူပန်တတ်ကြပါတယ်။ယောက်ျားလေးတစ်ယောက်ဟာငယ်ရွယ်လွန်းတဲ့အသက်အရွယ်၊အတိအကျပြောရရင်မမွေးသေးခင်မိခင်ရဲ့ဝမ်းဗိုက်ထဲမှာကတည်းကစပြီးထောင်မတ်တတ်ပါတယ်။ဒါကြောင့်သင့်မွေးကင်းစကလေးငယ်လေးကိုဒိုင်ဘာလဲပေးတဲ့အခါဒါမှမဟုတ်ရေချိူးပေးတဲ့အခါဂျိူးလေးထောင်နေတာတွေ့ရင်သိပ်မအံ့သြပါနဲ့။ဒါဟာသဘာဝတရားသာဖြစ်ပြီးသင့်ကလေးကျန်းမာတယ်ဆိုတာကိုပြသနေတာပါ။မွေးကင်းစကလေးငယ်ဟာတဖြည်းဖြည်းအရွယ်ရောက်လာတာနဲ့အမျှသူ့ခန္ဓာကိုယ်မှာဘာတွေရှိလဲဆိုတာကိုစတင်စူးစမ်းပါတော့တယ်။အဲလိုစူးစမ်းတဲ့အခါသူတို့ရဲ့ရွှေပန်းလေးကိုကိုင်ကြည့်တာမျိူးလဲပါဝင်တတ်ပါတယ်။ဒါကြောင့်သူတို့လိင်အင်္ဂါလေးထောင်မတ်တာဟာလည်းအဆန်းတကြယ်တော့မဟုတ်လှပါဘူး။အရွယ်ရောက်ပြီးအမျိုးသားတစ်ယောက်ရဲ့လိင်အင်္ဂါထောင်မတ်မှုနဲ့မတူတာကကလေးငယ်တွေရဲ့လိင်အင်္ဂါထောင်မတ်မှုဟာသုက်မထွက်တတ်ပါဘူး။ အသက်ဆယ့်တစ်နှစ်ဝန်းကျင်ဒါမှမဟုတ်ဒီ့ထက်ပိုကြီးတဲ့အရွယ်ရောက်မှသာလူပျိုပေါက်ဘဝကိုစတင်ပြောင်းလဲပြီးသုက်လွှတ်တာမျိူးစရှိတာပါ။ကလေးတွေဘာကြောင့်လိင်အင်္ဂါထောင်မတ်ရတာလဲဆိုတာအကြောင်းအရင်းအမျိုးမျိုးရှိပါတယ်။သေချာတာကတော့လိင်စိတ်နိုးထတာကြောင့် မဟုတ်ပါဘူး။မွေးကင်းစကလေးတွေမှာတော့ဘာအကြောင်းမှမရှိဘဲလေအေးနဲ့ထိတွေ့တဲ့အခါ၊ဆီးသွားချင်တဲ့အခါထောင်မတ်တတ်ပါတယ်။ဒီ့ထက်နည်းနည်းပိုကြီးတဲ့ကလေးတွေမှာတော့လိင်တံကိုထိတွေ့မိတာ၊ပွတ်မိတာဒါမှမဟုတ်လက်နဲ့ကစားတာဟာခံစားလို့ကောင်းလို့ကစားတာမျိူးလည်းရှိတတ်ပါတယ်။တချို့သောကလေးတွေကတော့အိပ်ရာမဝင်ခင်မှာကိုယ့်ဘာသာနှစ်သိမ့်soothing effectရစေဖို့ကစားတာမျိုးလဲရှိတတ်ပါတယ်။ဒါပေမယ့်သိထားသင့်တာကအဲလိုဖြစ်ရင်တောင်ဒါဟာရာနှုန်းပြည့်ပုံမှန်အခြေအနေပဲဆိုတာပါ။ဒါပေမယ့်ဒီလိုအခြေအနေကိုကောင်းမွန်စွာကိုင်တွယ်နိုင်မယ့်နည်းလမ်းတွေရှိပါတယ်။အရေးအကြီးဆုံးတစ်ချက်ကသင့်ကလေးဒီလိုလိင်တံကိုကိုင်တွယ်ကစားတာဟာရှက်စရာဒါမှမဟုတ်မှားယွင်းတဲ့ကိစ္စလို့ကလေးအနေနဲ့မခံစားမိစေဖို့ပါပဲ။ဒါပေမယ့်တပြိုင်နက်တည်းမှာကလေးကိုသင့်အနေနဲ့ဒီကိစ္စဟာပုဂ္ဂလိကဆန်တဲ့ကိစ္စမျိူးဖြစ်တယ်။ဒါမျိူးဟာprivateကိစ္စဖြစ်လို့သီးသန့်နေရာနဲ့အချိန်မှာပဲလုပ်ရမယ်ဆိုတာပေးသိထားသင့်ပါတယ်။တချို့ကလေးတွေအတွက်တော့လိင်အင်္ဂါကိုကစားတာ၊ဒါမှမဟုတ်ထောင်မတ်လာတာဟာပျော်စရာလုံးဝမဟုတ်ပါဘူး။အဲလိုဖြစ်တဲ့အချိန်လိင်အင်္ဂါအရွယ်အစားပြောင်းလဲသွားမှုအပေါ်ကြောက်တတ်ပြီးတချိူ့ကတော့သက်တောင့်သက်သာမရှိဘဲနာကျင်တတ်တာမျိူးတောင်ရှိတတ်ပါတယ်။ဒါကြောင့်ဒီလိုဖြစ်လို့သင့်ကလေးနာကျင်တယ်ဒါမှမဟုတ်ငိုတယ်ဆိုရင်လည်းမအံ့သြပါနဲ့။အဲလိုထောင်မတ်တာကိုသင်ကြုံတဲ့အခါဒါဟာယောက်ျားလေးတွေမှာတစ်ခါတစ်ရံဖြစ်တတ်တဲ့ပုံမှန်ကိစ္စပဲဆိုတာပြောပြပါ။သက်တောင့်သက်သာရှိဖို့ပွပွချောင်ချာင်ဘောင်းဘီဝတ်တာ၊ရေချိူးတာမျိူးလုပ်ပေးနိုင်ပါတယ်။အများစုသောလိင်အင်္ဂါထောင်မတ်မှုတွေဟာပုံမှန်ပဲဖြစ်ပြီးအန္တရာယ်မရှိဘဲသူ့အလိုလိုပျောက်သွားတတ်ပါတယ်။ဒါပေမယ့်ဒီလိုထောင်မတ်တာဟာအချိန်တစ်ရာရီနဲ့အထက်ကြာနေတာမျိုး၊ဖျားတာ၊လိင်အင်္ဂါနီရဲတာ၊အဖုအပိန့်ထတာမျိူးရောင်နေတာမျိူးအတော်ကိုနာကျင်နေတာမျိုးရှိရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြသသင့်ပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/%e1%80%9e%e1%80%ac%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%9c%e1%80%b1%e1%80%b8-%e1%80%9b%e1%80%bd%e1%80%be%e1%80%b1%e1%80%95%e1%80%94%e1%80%ba%e1%80%b8%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/
Cervical Herniated Disc (လည်ပင်းရိုးဆစ်အရိုးနုပြားကျွံခြင်း)
လည်ပင်းကျောရိုးဆစ် နှစ်ခုကြားမှာရှိတဲ့ အရိုးနုချပ်ပြားရဲ့ အလည်အူတိုင် ကျွံထွက်ခြင်းကြောင့်ဖြစ်စေ၊ အရိုးနုချပ်ပြားဆီမှ ချော်ထွက်ခြင်းကြောင့်ဖြစ်စေ ၎င်းနှင့်ကပ်လျက် အာရုံကြောအရင်းပိုင်းကို ဖိမိမယ်ဆိုရင် ဒါကို လည်ပင်းရိုးဆစ် အရိုးနုပြားကျွံခြင်းလို့ ခေါ်ပါတယ်။အရိုးနုပြားကျွံထွက်ခြင်းဟာ ကျောရိုးမကြီးရဲ့ ဘယ်နေရာမှာမဆို ဖြစ်ပေါ်နိုင်ပြီး လည်ပင်းပိုင်းနဲ့ ခါးအောက်ပိုင်းမှာ အများဆုံးဖြစ်တတ်ပါတယ်။အသက် ၃၀မှ ၅၀ကြား အုပ်စုတွေမှာ ဖြစ်လေ့ရှိပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဒီရောဂါကြောင့် လည်ပင်း၊ ပုခုံး၊ ရင်ဘတ်၊ လက်မောင်းနဲ့ လက်တွေ နာကျင်ခြင်း၊ ထုံခြင်း၊ အားနည်းခြင်းတို့ ဖြစ်နိုင်ပါတယ်။ ကျွံထွက်တဲ့ လည်ပင်းအရိုးနုပြားက အလွန်ကြီးနေမယ်ဆိုရင်တော့ ခြေထောက်အပါအဝင် ခန္ဓါကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေ အားနည်းတာ၊ ထူးထူးခြားခြား ကျင်နေတာကို ခံစားရတတ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။အရိုးနုပြားကျွံရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ အရိုးနုပြားပျက်စီးယိုယွင်းလာခြင်းပဲ ဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဒီအရိုးနုပြားတွေကို လှုပ်ရှားရလွယ်အောင် ကူညီပေးတဲ့ အရည်တွေ နည်းပါးလာတာကြောင့်ပဲ ဖြစ်ပါတယ်။ ကျောရိုးမကြီး ထိခိုက်ဒဏ်ရာရခြင်းကြောင့် အရိုးနုပြားရဲ့ အပြင်ဘက်အလွှာ (အခွံ) မှာ ဖြစ်ပေါ်လာတဲ့ သေးငယ်တဲ့ အပေါက်အပြဲ၊ အက်ကွဲကြောင်းတွေကတဆင့် အရိုးနုပြားအတွင်းထဲက နူးကလိယပ်စ်လို့ခေါ်တဲ့ ဂျယ်လီနဲ့တူတဲ့ ပစ္စည်းတစ်မျိုးကို တွန်းထုတ်လိုက်သလိုဖြစ်ပြီး ရလဒ်အနေနဲ့ အရိုးနုပြား ဖောင်းထွက်ခြင်း၊ ပွင့်ထွက်ခြင်း၊ ကွဲကျေထွက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ပုံမှန်အားဖြင့် ရောဂါလက္ခဏာ ဖြစ်ပွားမှုရာဇဝင်နဲ့ ခန္ဓါကိုယ်စမ်းသပ်စစ်ဆေးမှုတွေကတဆင့် ဒီရောဂါရှိမရှိ အဖြေရှာနိုင်ပါတယ်။ သင့်ဆရာဝန်အနေနဲ့ လည်ပင်းကျောရိုးဆစ်ထဲမှာရှိတဲ့ အာရုံကြောတွေ ထိခိုက်ခံရမှုကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်ခြင်း၊ ထုံခြင်း စတဲ့လက္ခဏာတွေအကြောင်း မေးမြန်းမှာဖြစ်ပြီး အကယ်၍ လည်ပင်းရိုးဆစ်အရိုးနုပြားကျွံတယ်လို့ သံသယရှိမယ်ဆိုရင်တော့ နောက်ထပ်စစ်ဆေးမှုတွေ မလုပ်ခင်မှာ အနားယူဖို့နဲ့ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းလုပ်ဖို့ အကြံပြုပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ တခြားရောဂါတစ်ခုခုကို သံသယရှိမယ်၊ အနားယူ၊ လေ့ကျင့်ခန်းလုပ်ပြီးတာတောင် မသက်သာဘူးဆိုရင်တော့ ဓါတ်မှန်၊ MRI၊ CT စတဲ့ နောက်ဆက်တွဲစစ်ဆေးမှုတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။များသောအားဖြင့် ဒီရောဂါကို အနားယူခြင်း၊ လိုအပ်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေပြုလုပ်ခြင်း၊ အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေးတွေသောက်ခြင်း၊ ဆရာဝန်ညွှန်ကြားတဲ့ လေ့ကျင့်ခန်းတွေလုပ်ခြင်း စသည်ဖြင့် ခွဲစိတ်စရာမလိုတဲ့ နည်းလမ်းတွေနဲ့ ကုသလေ့ရှိပါတယ်။ ကာယကုသပညာရှင်နဲ့ တွေ့ဆုံပြီး လေ့ကျင့်ခန်းလုပ်ဖို့၊ လည်ပင်းပိုင်းကို ကာကွယ်တဲ့နည်းစနစ်တွေ သင်ယူဖို့၊ ခဲဆွဲခြင်းကဲ့သို့ အခြားကုသမှုတွေခံယူဖို့ သင့်ဆရာဝန်က အကြံပြုနိုင်ပါတယ်။ ဒီရောဂါအတွက် ခဲဆွဲနည်းကတော့ လည်ပင်းဆန့်လျက်သားအနေအထားမှာ ဦးခေါင်းကို ငြိမ်နေအောင် ညင်ညင်သာသာ ထိန်းထားပြီး လည်ပင်းကျောရိုးဆစ်တွေကြားက အဆစ်ငယ်လေးတွေကို အနည်းငယ်ဆန့်ထွက်စေခြင်းပဲ ဖြစ်ပါတယ်။ ရောဂါမသက်သာဘူးဆိုရင် သင့်ဆရာဝန်က ကော်တီကိုစတီးရွိုက်ကဲ့သို့ ပိုအားကောင်းတဲ့ဆေးဝါးတွေ ညွှန်ကြားပေးမှာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ ရောဂါလက္ခဏာတွေ ဖြည်းဖြည်းချင်းသက်သာလာမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ကျွံထွက်နေတဲ့ အရိုးနုပြားဟာ ဗဟိုအာရုံကြောမကြီး သို့မဟုတ် အာရုံကြောတွေကို ဖိမိတဲ့အတွက် ခြေလက်တွေအားနည်းမယ်၊ အဆက်မပြတ် နာကျင်မယ်၊ ဆီးဝမ်းမထိန်းနိုင်ဖြစ်မယ်ဆိုရင်တော့ ခွဲစိတ်ကုသမှုခံယူဖို့ စဉ်းစားရမှာဖြစ်ပါတယ်။ ရှားရှားပါးပါးဆိုသလို ဖယ်ထုတ်လိုက်တဲ့ အရိုးနုပြားနေရာမှာ အရိုးနုပြားအတု အစားထိုးအသုံးပြုနိုင်ပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကလည်ပင်းရိုးဆစ်အရိုးနုပြားကျွံ့ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/cervical-herniated-disc-%e1%80%9c%e1%80%8a%e1%80%b9%e1%80%95%e1%80%84%e1%80%b9%e1%80%b8%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%86%e1%80%85%e1%80%b9%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8/
စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အားကစားလုပ် ကြစို့
အားကစားလုပ် ခြင်းဟာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုကျန်းမာကြံ့ခိုင်စေဖို့နဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို တက်ကြွစွာ လုပ်ကိုင်ဖို့ အထောက်အကူပေးနိုင်တယ်ဆိုတာ လူတွေ သိပြီးသား ဖြစ်မှာပါ။ ဒီနေ့ ပြောပြချင်တဲ့ အကြောင်းအရာကတော့အားကစားက လူတစ်ယောက်ရဲ့စိတ်ကျန်းမာရေးကို ဘယ်လို ကောင်းသောပြောင်းလဲမှုတွေ ဖြစ်လာစေနိုင်လဲ ဆိုတဲ့အကြောင်းပဲ ဖြစ်ပါတယ်။Gym ကို သွားပြီး အလေးမနေမှ မဟုတ်ပါဘူး။ ပုံမှန် လမ်းလျှောက်တာ၊ ပြေးတာ၊ရေကူးတာ၊ စက်ဘီးစီးတာတွေဟာလည်း လေ့ကျင့်ခန်း လုပ်တာနဲ့ အတူတူပါပဲ။ နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးခြင်းဖြင့် အမောခံနိုင်တယ်၊ သက်လုံကောင်းလာတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်။ အရိုးနဲ့ ကြွက်သားကို သန်မာစေတယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး မှတ်ဉာဏ်ကောင်းစေတယ်။ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်လွန်တဲ့ ရောဂါ အစရှိတဲ့ စိတ်ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်။အိမ်ထောင်သည်တွေ ကိုယ်လက်လေ့ကျင့်ခန်းမှန်မှန် လုပ်ပေးခြင်းဖြင့်လိင်မှုကိစ္စတွေမှာ ပိုပြီး သာယာမှုရနိုင်တဲ့အပြင် ပျော်ရွှင်ဖွယ် အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ရနိုင်ပါတယ်။စိတ်ဓာတ်ကျတယ်ဆိုတာ အရွယ်မရွေး၊ ကျား၊ မ မရွေး ဖြစ်နိုင်တဲ့ စိတ်ရောဂါအခြေအနေတစ်မျိုးပါ။ လောကဓံကြောင့် နေ့စဉ်ကြုံလာရတဲ့ ပြဿနာတွေကြောင့်စိတ်ဓာတ်ကျနိုင်ပါတယ်။ စိတ်ဓာတ်ကျတဲ့အခါ နေ့စဉ် လုပ်နေရတဲ့ လုပ်ငန်းဆောင်တာတွေမှာ ထိခိုက်လာနိုင်ပါတယ်။ အချိန်ကြာလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာမှာ ဆိုးရွားစွာ ထိခိုက်နိုင်ပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြံစည်သည်အထိ ဖြစ်လာနိုင်ပါတယ်။အားကစားပုံမှန်လုပ်ပေးတဲ့သူတွေမှာ စိတ်ဓာတ်ကျတဲ့ ရောဂါလက္ခဏာ ဖြစ်လာနိုင်ခြေ နည်းပါတယ်။ အားကစားလုပ်ပေးခြင်းဖြင့် စိတ်ကိုတည်ငြိမ်စေတယ်။ ကိုယ်ခန္ဓာကနေ စိတ်ဓာတ်ကို တက်ကြွစေတဲ့ endorphin လို့ ခေါ်တဲ့ ဟော်မုန်းတွေ ထုတ်လွှတ်ပေးပါတယ်။ ဒါ့အပြင် အားကစားလုပ်နေတဲ့အချိန်မှာ စိတ်ဓာတ်ကျခြင်းရဲ့ နောက်ဆက်တွဲ မကောင်းတဲ့ အတွေးတွေ ဝင်မလာနိုင်အောင် တားဆီးပေးနိုင်ပါတယ်။လူငယ်ပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့်စိုးရိမ်ပူပန်စရာတွေ ကြုံလာရနိုင်ပါတယ်။ ကိုယ်လက်အားကစားလုပ်ပေးတဲ့အခါ စိတ်ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး စိတ်ပိုင်းဆိုင်ရာကိုရော ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွေ ဖြစ်စေပါတယ်။ပြင်းပြင်းထန်ထန် အားကစားလုပ်တာမျိုးအပြင် ယောဂလေ့ကျင့်ခန်းလို စိတ်အေးချမ်းတည်ငြိမ်စေတဲ့ လေ့ကျင့်ခန်းမျိုးကို လုပ်ပေးခြင်းဖြင့် နေ့စဉ် ကြုံတွေ့နေရတဲ့ စိုးရိမ်ပူပန်စရာတွေကို ပြေလျော့သက်သာစေနိုင်ပါတယ်။စိတ်ဖိစီးမှုဟာ လူ့ခန္ဓာကိုယ်ကို ဆိုးကျိုးများစွာ သက်ရောက်စေနိုင်တဲ့ စိတ်ဝေဒနာ တစ်မျိုးပါ။စိတ်ဖိစီးမှုဖြစ်နေတဲ့အခါ မျက်နှာ၊ လည်ပင်းနဲ့ ပုခုံးကြွက်သားတွေ နာကျင်ကိုက်ခဲနေမယ်။ ဇက်ကျောတွေ နာကျင်နေပြီး ပြင်းပြင်းထန်ထန် ခေါင်းကိုက်နေမယ်။ ရင်ဘတ်မှာလည်း အသက်ရှူရကြပ်သလို ခံစားရမယ်။ ညဘက်တွေမှာ ကောင်းစွာအိပ်မပျော်နိုင်တာ၊ ဆီးမကြာခဏ သွားတာ၊ ဝမ်းလျှောတာ၊ ဗိုက်အောင့်တာ အစရှိသဖြင့် ရုပ်ပိုင်းဆိုင်ရာမှာ ဒုက္ခများစွား ပေးနိုင်တဲ့ စိတ်ဝေဒနာတစ်မျိုးပါ။ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးခြင်းဖြင့် ဦးနှောက်ကနေ endorphin ဟော်မုန်းတွေ များစွာထုတ်လွှတ်ပေးနိုင်ပြီး စိတ်ကို တက်ကြွစေတယ်။ ကြွက်သားတွေကို ပြေလျော့စေတယ်။ စိတ်နဲ့ ခန္ဓာဟာ တစ်ထပ်တည်း ကျတာမို့ စိတ်ပျော်ရွှင်နေမှုဟာ ကိုယ်ခန္ဓာကျန်းမာရေးအပေါ်မှာ သက်ရောက်မှု ရှိစေပါတယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/mental-health-and-exercise/
ပန်းရောဂါ နှင့် ဗီတာမင်
အမျိုးသားတွေမှာ ပန်းသေပန်းညှိုးဖြစ်လေ့ရှိတဲ့ အဓိက အကြောင်းအရင်းတွေကတော့ ဆီးချိုရောဂါ ၊ နှစ်ခြိုက်စွာအိပ်မပျော်တာ၊  သွေးအတွင်းအဆီဓာတ်များတာ ၊ သွေးကြောကျဉ်းရောဂါ၊ နှလုံးရောဂါ တို့ကြောင့် ဖြစ်လေ့ရှိပါတယ်။ အထက်ပါ ရောဂါများကြောင့်မဟုတ်သည့်တိုင် အချို့သောယောကျာ်းများဟာ ပန်းသေ ပန်းညှိုးမဟုတ်ပေမယ့် လိင်ပိုင်းဆိုင်ရာ အားနည်းတာ၊ မိမိအနေအထားကို အားရကျေနပ်မှုမရှိတာမျိုးတွေကို ခံစားရလေ့ရှိပါတယ်။ အချို့တွေက တစ်ပွဲတိုးနည်းနဲ့ ဆေးသောက်ပြီး ဖြေရှင်းကြပေမယ့် ဒါဟာရှေရှည် အတွက်တော့ မကောင်းပါဘူး။ ဆောင်ရန်ရှောင်ရန်တွေ များတဲ့ အတွက် ဆရာဝန် နဲ့ တိုင်ပင်ဆွေးနွေးပြီးမှသောက်သင့်ပါတယ်။ဒါ့အပြင် သောက်တာကြာလာတဲ့အခါ ဆေးမပါရင် အလုပ်မဖြစ်တော့တာမျိုးတွေ ရှိလာတတ်ပါတယ်။အစားလည်းဆေး ဆေးလည်းအစာဆိုသလို ဗီတာမင် ဘီ၊ စီ၊ ဒီ ပေါ ကြွယ်၀ တဲ့ အစားအစာတွေကို ပုံမှန်စားသောက် ပေးခြင်းအပြင် ဖြည့်စွက် အားဆေးများကို ပုံမှန်သောက်သုံးပေးခြင်းကလည်း ပန်းသေပန်းညှိုး ပြဿနာကို တစ်နည်းတစ်ဖုံ ကူညီဖြေရှင်းပေးနိုင်ပါတယ်။ ဆေးပညာအရ သုသေတနစာတမ်းတွေကနေ ခိုင်ခိုင်မာမာ မညွှန်းဆိုထားပေမယ့် အချို့ စာတမ်းတွေအရတော့ ထိရောက်မှုရှိကြောင်း ဆိုကြပြန်တယ်။ မည်သို့ပင် ဆိုစေကာမူ တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင်စုံတဲ့ အစားအစာတွေစားတာ ဖြည့်စွက်အားဆေးတွေသောက်တာဟာ သင့်ကျန်းမာရေးအတွက် ထိခိုက်မှုမရှိနိုင်တဲ့ အတွက် အရှုံးတော့ မရှိပါဘူး။ဗီတာမင် ဒီ။ပန်းသေပန်းညှိုးရောဂါ ခံစားရလေ့ရှိတဲ့ အမျိုးသားတော်တော်များများကို စစ်ဆေးကြည့်တဲ့အခါ ဗီတာမင် ဒီ ဓာတ်ချို့တဲ့နေတာကို တွေ့ရတတ်ပါတယ်။ အကယ်၍သင့်မှာသာ ဗီတာမင် ဒီ   ဓာတ်သိသိသာသာ ချို့တဲ့နေရင် အရိုးအဆစ်တွေ ၊ ကြွက်သားတွေနာတာ၊ အားနည်းတာ ခံစားရလေ့ရှိပါတယ်။ နို့ နဲ့နို့ထွက် ပစ္စည်းတွေကို ပုံမှန်သောက်သုံးပေးခြင်းကလည်း လိုအပ်တဲ့ ဗီတာမင် ဒီ ဓါတ်ကို ရရှိနိုင်ပါတယ်။ဗီတာမင် စီ။ခန္ဓာကိုယ်ထဲ မှာ သွေးကောင်းမွန်စွာ မစီးဆင်းနိုင်ခြင်းကလည်း ပန်းသေပန်းညှိုး ရောဂါ ဖြစ်စေတဲ့ အကြောင်းအရင်းများထဲက တစ်ခု ဖြစ်ပါတယ်။ ဗီတာမင် စီ က သင့်သွေး ခန္ဓာကိုယ်အတွင်း ကောင်းမွန်စွာလှည့်ပတ် စီးဆင်း နိုင်ဖို့ကူညီပေးနိုင်ပါတယ်။ ဗီတာမင် စီ ကို သင့်ခန္ဓာကိုယ်ထဲမှာ ကြာရှည်စွာ မထိန်းသိမ်း နိုင်တဲ့အတွက် ဗီတာမင် စီ ပေါကြွယ်ဝတဲ့ အစာတွေ နေ့စဉ်စားသုံးပေးဖို့လိုပါတယ်။ သစ်သီးဝလံများထဲမှ ချဉ်တဲ့အသီးတွေ၊ အရည်ရွှမ်းတဲ့ အသီးတွေပုံမှန်စားခြင်းအားဖြင့် ဗီတာမင် စီ ရနိုင်ပါတယ်။ဗီတာမင် ဘီ နှင့် ဖောလစ် အက်ဆစ်။ခန္ဓာကိုယ်ထဲ မှာ ဗီတာမင် ဘီ-၁၂ ဓာတ် ချို့တဲ့ခြင်းဟာ ပန်းသေပန်းညှိုးရောဂါ နဲ့ အများကြီး ဆက်စပ်မှုရှိပါတယ်။ ဗီတာမင် ဘီ-၃၊ ဘီ-၁၂ နဲ့ ဖောလစ် အက်ဆစ်ကို ငါး၊ အသား၊ ပဲ၊ မှို၊ ဂျုံ၊ အာလူး နဲ့ဥ အမျိုးမျိုးတို့ကနေ ရနိုင် ပါတယ်။သတ္တုဓာတ်။ဗီတာမင် မဟုတ်ဘဲ နောက်ထပ်လိုအပ်တဲ့ ဓာတ်တစ်မျိုးကတော့ သတ္တုဓာတ်ပဲ ဖြစ်ပါတယ်။ သတ္တုဓာတ်ဟာ လိင်အင်္ဂါထောင်မတ်ရာမှာ လိုအပ်တဲ့ Testosterone အမည်ရှိ အမျိုးသားဟော်မုန်းကို ထိန်းညှိပေးရာမှာ အရေးကြီးပါတယ်။ သတ္တုဓာတ်ကို အမဲသား၊ ကြက်သား၊ ဆယ်လ်မွန်ငါး၊ တို့ဟူး၊ ဒိန်ချဉ်၊ အစေ့အဆန်၊ ပဲအမျိုးမျိုး စားခြင်းဖြင့်ရနိုင်ပါတယ်။အစားအသောက်ကိုအမျိုးအစားအစုံ ပုံမှန် စားသောက်ဖို့အခက်အခဲရှိသူတွေကတော့ အမျိုုးသားများအတွက်သီးသန့်ထုတ်လုပ်ထားသောအားဆေးများကို သောက်သုံးပေးခြင်းဖြင့် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို ရရှိနိုင်ပါတယ်။ အမျိုးသားများအားလုံး စိတ်သွားတိုင်း ကိုယ်ပါနိုင်ကြပါစေ………။ရေးသားသူ – Dr.Z။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/%e1%80%95%e1%80%94%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab-%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%97%e1%80%ae%e1%80%90%e1%80%ac%e1%80%99%e1%80%84%e1%80%ba/
သင်္ကြန်မှာ ရေကြောင့်ဖြစ်နိုင်တဲ့ အရေပြားရောဂါပြဿနာများနှင့် ကာကွယ်ပုံနည်းလမ်းများ
သိပ်မကြာခင်မှာမြန်လူမျိုးတွေရဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ သင်္ကြန်ပွဲတော်ကရောက်လာတော့မယ်နော်။ လူငယ်တွေကတော့ လူငယ်ပီပီ သင်္ကြန်မျာပျော်ကြကဲကြမှာပေါ့။ ရိပ်သာဝင်တာ သာသနာ့ဘောင်ဝင်တာတွေလည်းရှိနိုင်ပါတယ်။အခုဒီဆောင်းပါးကို ဖတ်နေတဲ့ ပရိသတ်ရော သင်္ကြန်မှာဘာတွေလုပ်မယ်လို့ စဉ်းစားထားလဲ။ သင်္ကြန်ကို ကားနဲ့လည်မှာလား၊ မဏ္ဍပ်ထိုင်မှာလား။ ဒီနှစ်ခုထဲက ဘယ်တစ်ခုခုရွေးရွေး သင်္ကြန်ရေကတော့ စိုမှာအသေအချာပါပဲ။သင်္ကြန်ရေဆိုတာ အန္တရာယ်ကင်းတယ်လို့ သီချင်းလေးတောင်ရှိသေးတယ်နော်။ အခုခေတ်မှာရော သင်္ကြန်ရေက အန္တရာယ်ကင်းလား၊ သင်္ကြန်ရေတိုင်းကရော သန့်ရဲ့လား။ သင်္ကြန်အတွင်းမှာရေပက်ခံရင်ပဲဖြစ်ဖစ်၊ရေပက်ရင်ပဲဖြစ်ဖြစ်ရေအမျိုးစုံနဲ့ထိတွေ့တာနဲ့နေဒဏ်၊လေဒဏ်တွေကြောင့် အရေပြားပြဿနာတွေခံစားရနိုင်ပါတယ်။သင်္ကြန်မှာရေတိုင်းက အန္တရာယ်မကင်းပါဘူး။ရေတွေမသန့်တဲ့အခါ အရင်ဆုံးထိခိုက်နိုင်တဲ့ အစိတ်အပိုင်းက ခန္ဓါကိုယ်ရဲ့ အကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ အရေပြားပါ။ သင်္ကြန်မှာ ဖြစ်နိုင်တဲ့ အရေပြားပြဿနာတွေအများကြီးရှိနိုင်ပါတယ်။အရေပြားနေလောင်ပျက်စီးခြင်း။တစ်နှစ်မှာ တစ်ခါပဲကြုံရတာဆိုပြီး သင်္ကြန်ကို မနက်ကစလို့ ညနေအထိတစ်နေကုန်အောင်လည်ကြပျော်ကြတာများမယ်ထင်ပါတယ်။ ဒီလိုလည်တဲ့အခါ သင်္ကြန်လည်တာပဲရေစိုရင် အရေပြားပေါ်မှာလူးထားတာတွေမထူးဘူး ပျက်သွားမှာပဲလို့တွေးပြီး ဘာမှမလူးဘဲ လည်မလို့စဉ်းစားနေလား။ သင်္ကြန်မှာနေလောင်ဒဏ်ခံရနိုင်ခြေက ပုံမှန်ထက်ပိုများပါတယ်။သေချာတာက သင်္ကြန်လည်ပါတယ်ဆိုမှ ဘယ်သူမှ ကားကိုအလုံပိတ်ပြီး မလည်ဘူးလေ။ ဒီလိုပဲ မဏ္ဍပ်ထိုင်ရင်လည်းနေပူပူထဲမှာအမိုးအောက်ထဲနေပြီးလေဒဏ်ခံရင်း ရေပက်ကြတာပဲလေ။အရေပြားမှာ အဖုအပိမ့်တွေထွက်ခြင်း။သင်္ကြန်ရေတွေထဲမှာ သန့်ရှင်းတဲ့ရေတွေရှိသလို ကန်တွေ၊ သိုလှောင်ထားတဲ့ရေတွေနဲ့ပက်တဲ့အခါရေထဲမှာ မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးမွှားလေးတွေပါနေခဲ့ရင် အရေပြားမှာ ကပ်ငြိနေပြီး အရေပြားမှာ ယားယံစေတဲ့ အဖုအပိမ့်လေးတွေ ထွက်လာတာမျိုးဖြစ်နိုင်ပါတယ်။အရေပြားမှာ အင်ပျဉ်ထွက်ခြင်း။ဒါကရေမသန့်တာကြောင့်ဖြစ်နိုင်သလိုနေဒဏ်နဲ့ ပတ်ဝန်းကျင်ကညစ်ညမ်းတဲ့အရာတွေနဲ့ ထိတွေ့မိတာကြောင့်လည်းဖြစ်နိုင်ပါတယ်။နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုက သင်္ကြန်တွင်းမှာ ဘီယာသောက်တာကြောင့် မုယောစပါးနဲ့ဓါတ်မတည့်ဖြစ်တာ၊ အယ်လ်ကိုဟော ဓါတ်မတည့်တာတွေဖြစ်တာကြောင့် အရေပြားမှာ အင်ပျဉ်ထွက်လာတာပါ။နှင်းခူ။ဒါကတော့ ချက်ချင်းမဖြစ်နိုင်ပါဘူး။ ဒါပေမယ့်နေ့စဉ်ရက်ဆက်နေလောင်ဒဏ်၊လေဒဏ်တွေခံရတာ၊ရေသောက်နည်းတာကြောင့် အရေပြားခြောက်သွေ့တာတွေကနေတဆင့် အချိန်ကြာလာတာနဲ့အမျှ အရေပြားမှာ နှင်းခူဖြစ်လာနိုင်ပါတယ်။ပွေး။ရေညှိတွေမှာပေါက်ဖွားနေထိုင်တာ၊ ကန်တွေထဲမှာပေါက်ဖွားရှင်သန်နေတဲ့ ဘက်တီးရီးယားလေး၊ မှိုပိုးလေးတွေ ရေထဲမှာပါဝင်တာကနေတဆင့် အရေပြားကိုထိခိုက်ပျက်စီးစေပြီး အရေပြားမှာပွေးတွေဖြစ်စေတာပါ။အရေပြားခြောက်သွေ့ပျက်စီးခြင်း။ရေထဲမှာ ပိုးသတ်ဆေးတွေ၊ အပင်သုံးဓါတ်မြေသြဇာတွေပျော်ဝင်နေမယ်ဆိုရင် အဆိုပါရေတွေနဲ့ ထိတွေ့မိတဲ့အခါအပေါ်ယံအရေပြားကိုခြောက်သွေ့တာတွေ ထိခိုက်ပျက်စီးတာတွေကိုဖြစ်စေနိုင်ပါတယ်။ အရေပြားကိုရေနဲ့အချိန်ကြာမြင့်စွာထိတွေ့တာကလည်း အပေါ်ယံအရေပြားကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ အရေပြားအဖတ်တွေလန်ပြီးခြောက်သွေ့ကွဲအက်ပျက်စီးတာတွေဖြစ်စေနိုင်ပါတယ်။တခြားအရေပြားပြဿနာအမျိုးမျိုး။ဒါတွေတင်မကသေးပါဘူး သင်္ကြန်မှာ ဆပ်ပြာရည်တွေနဲ့အခြား အမွှေးအကြိုင်ထည့်ထားတဲ့ရေတွေနဲ့ ထိတွေ့မိတဲ့အခါ အရေပြားဓါတ်မတည့်တာ၊ အရေပြားမှာ အနီကွက်တွေထတာ၊ခြောက်သွေ့ပျက်စီးတာ၊ မျက်နှာမှာ ဝက်ခြံထွက်တာနဲ့ အမျိုးမျိုးသော အရေပြားပျက်စီးစေနိုင်တဲ့ အခြေအနေတွေတွေ့ကြုံရနိုင်ပါတယ်။လေဒီတွေမှာဆိုရင်ရေစိုခံမိတ်ကပ်တွေနဲ့ အရောင်မပျက်တဲ့ နှုတ်ခမ်းနီတွေ၊ အိုင်းလိုင်နာတွေကြောင့် မျက်နှာ၊မျက်ဝန်းတဝိုက်နဲ့ နှုတ်ခမ်းအသားအရေတွေထိခိုက်ပျက်စီးတာမျိုးအထိပါကြုံရနိုင်ပါသေးတယ်။သင်္ကြန်ကိုပျော်လည်းပျော်ပြီးပြီးသွားတဲ့အခါမှာလည်း နှစ်ဆန်းတစ်ရက် ဘုရားသွားတာ၊ လျှောက်လည်တာတွေလုပ်တဲ့အခါ အလှမပျက်ရလေအောင်သင်္ကြန်လည်ပြီးပြန်လာတိုင်း အသားအရေကိုပြန်ထိန်းသိမ်းဖို့ပြောပါရစေ။အများကြီးမလုပ်နိုင်ရင်တောင်မှ သင်္ကြန်လည်ပြီးပြန်လာတဲ့အခါရေသန့်သန့်လေးနဲ့ ဆပ်ပြာသုံးပြီးရေချိုးသန့်စင်ပေးပါ။ပြီးရင်တော့ တစ်နေ့တာလုံး ထိခိုက်လာတဲ့အသားအရေကို Moisturizerလေးလိမ်းပေးပါ။ အသားအရေကို အာဟာရဓါတ်တွေဖြည့်ပေးနိုင်တဲ့ Body lotion လူးပေးဖို့လည်းမမေ့ပါနဲ့။ မျက်နှာကိုလည်း သခွားသီးကပ်ပေးတာနဲ့ အခြား mask ကပ်တာမျိုးတွေလုပ်ပေးလို့လည်းရပါတယ်။နောက်တစ်ခုက အိမ်တိုင်းလိုလိုမှာရှိတဲ့ သနပ်ခါးပါ။ သနပ်ခါးလူးပေးတာကလည်း အသားအရေကိုပြုပြင်ထိန်းသိမ်းရာရောက်ပါတယ်။ အရေပြားဓါတ်မတည့်တာမျိုးဖြစ်တဲ့အခါမှာတော့ ဘာမီတွန်လိုမျိုးဆေးကိုသောက်လို့ရတယ်ဆိုပေမယ့် အရမ်ပြင်းထန်ရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့ပြောပါရစေ။တစ်နေ့တာလုံးမှာရေဓါတ်ပြည့်ဝအောင် မရခဲ့တာမျိုးဖြစ်နိုင်တာကြောင့်ရေဓါတ်ပြည့်ဝအောင်သောက်သုံးပေးဖို့ကိုလည်းမေ့မထားပါနဲ့။နောက်တစ်ခုက မနက်ခင်း အပြင်ထွက်မလည်ခင်မှာ တစ်ကိုယ်လုံးကိုနေလောင်ကာခရင်မ်လူးသွားဖို့ပါ။လူတစ်ယောက်ရဲ့ သွင်ပြင်အပေါ်တော်တော်လေးသက်ရောက်မှုရှိနေတဲ့ အသားအရေကို သင်္ကြန်ရေကြောင့် ထိခိုက်ပျက်စီးတာမျိုး မဖြစ်ရလေအောင် အခုပြောပြတဲ့နည်းလမ်းလေးတွေသုံးပြီး ကာကွယ်ကြည့်ဖို့ပြောပါရစေ။Moisturizer လူးပေးပါ– ပတ်ဝန်းကျင်မှာရှိနေတဲ့ မီးခိုငွေ့တွေ ဖုန်မှုန့်တွေနဲ့ ရေထဲမှာပါတဲ့ဘက်တီးရီးယာတွေကြောင့် အရေပြားထိခိုက်ပျက်စီးတာမျိုးမဖြစ်ရလေအောင် အသားအရေကိုMoisturizer လူးပေးပါ။နေလောင်ကာခရင်မ်လူးပါ– ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေထိခိုက်ပျက်စီးသွားတာမျိုးမဖြစ်စေဖို့အတွက် သင်္ကြန်မလည်ခင် နာရီဝက်အလိုမှာနေလောင်ကာခရင်မ်လူးပေးပါ။ သင်္ကြန်မှာနေလောင်ကာခရင်မ်ကိုရေစိုခံတာမျိုးရွေးချယ်ရပါမယ်။ ဒါ့အပြင်ရေစိုနေတာကြောင့် နှစ်နာရီခြားအများဆုံးခြားပြီးပြန်ပြန်လူးပေးရပါမယ်။အရေပြားအတွက် အထောက်အကူဖြစ်စေမယ့် အစားအစာတွေစားပေးပါ– ဗီတာမင် C ရရှိစေနိုင်တဲ့ အစားအစာတွေကို စားသုံးပေးပြီး အရေပြားအတွက် လိုအပ်တဲ့ ဓါတ်တွေဖြည့်ပေးပါ။ ဗီတာမင် C ကအသားအရေအတွက်သာမက ခန္ဓါကိုယ် ကျန်းမာဖို့လည်း အထောက်အကူပြုပေးပါတယ်။အရေပြားကိုချေးချွတ်သန့်စင်ပါ– သင်္ကြန်လည်ပြီးပြန်လာတဲ့အခါ ခန္ဓါကိုယ်မှာလူးထားသမျှတွေကို ဖယ်ရှားသန့်စင်ပြီးရေချိုးသန့်စင်ပါ။ မျက်နှာကို သန့်စင်ပြီး ညလိမ်းခရင်မ်တစ်ခုခုလူးပေးပါ။ ခန္ဓါကိုယ်ကိုလည်း အစိုဓါတ်ထိန်းပေးတဲ့ lotion တစ်မျိုးမျိုးလူးပေးပါ။ရေသောက်ပါ– ကဖင်းဓါတ်ပါတဲ့သောက်စရာတွေနဲ့ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကို တတ်နိုင်သမျှရှောင်ပြီး ခန္ဓါကိုယ်ကိုရေဓါတ်ပြည့်ပြည့်ဝဝရရှိစေဖို့ရေသောက်ပေးပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%9e%e1%81%be%e1%80%80%e1%81%a4%e1%80%94%e1%80%b9-%e1%80%b1%e1%80%9b%e1%80%99%e1%80%9e%e1%80%94%e1%80%b9%e1%80%b7/
အမာရွတ်နဲ့အကျည်းမတန်စေဖို့ အနာကျက်မြန်အောင် ဘယ်လိုဂရုစိုက်မလဲ
ထိခိုက်အနာတရဖြစ်လာပြီဆိုရင် အနာအမြန်ကျက်ဖို့ကို ဦးစားပေးလုပ်ကြတာပါပဲ။ အများကြီးတွေးမနေကြပါဘူး။ အနာထဲကိုဆေးထည့်လိုက်တာနဲ့ပဲ အနာကျက်သွားလိမ့်မယ်လို့ ယူဆကြပါတယ်။ ကျေးလက်အယူအဆတချို့ဆို တိုင်းရင်းဆေးပညာလည်း သိပ်မသိပါဘဲ ဒီအရွက် အနာကျက်တယ်ဆိုပြီး အရွက်တစ်မျိုးမျိုး ထုထောင်းပြီး အနာမှာ အုံလိုက်တာမျိုး ပြုလုပ်တတ်ကြပါတယ်။ ဆေးဖက်ဝင် အရွက်တွေ၊ သစ်ဥသစ်ဖုတွေ၊ ဆေးမြစ်တွေက အစွမ်းထက်ကြပေမယ့် မသိနားမလည်တဲ့ ဆေးမြီးတိုတွေကြောင့် အနာပိုးဝင်ပြီး ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အမာရွတ်နဲ့အကျည်းမတန်စေဖို့ အနာကျက်မြန်အောင် ဘယ်လိုဂရုစိုက်မလဲ ဆိုတာကို ပြောပြပေးပါမယ်။ဒဏ်ရာသေးသေးကြီးကြီး ခန္ဓာကိုယ်ရဲ့ အရေပြားပေါက်ပြဲသမျှ အနာတရအားလုံးကို စနစ်တကျဂရုစိုက်ပေးမှ အနာကျက်မြန်ပြီး အမာရွတ်မကျန်စေမှာဖြစ်ပါတယ်။ အသားအရေမှာ အကျည်းတန်စေတဲ့ အမာရွတ်တွေဖြစ်မလာစေဖို့ အနာကျက်ခြင်းဖြစ်စဉ်ကို အထောက်အကူဖြစ်စေမယ့် ဂရုစိုက်ကုသမှုတွေလိုအပ်ပါတယ်။မတော်တဆမှု သို့မဟုတ်ခွဲစိတ်မှုကြောင့်အရေပြားမှာ ဒဏ်ရာအနာ တစ်ခုခု ရှိလာတဲ့အခါတိုင်း အနာကျက်ဖို့ ခန္ဓာကိုယ်က အလိုအလျောက်လုပ်ဆောင်တာဖြစ်ပါတယ်။ အနာကျက်လာတဲ့အခါ အသားတက်လာတာက သဘာဝ ဖြစ်စဉ် တစ်ခုပါ။ အဲဒီအခါ အမာရွတ်ဖြစ်ကျန်မကျန်က အနာ ကောင်းကောင်းကျက်မကျက်ကိုမူတည်ပါတယ်။ဒူးနဲ့တံတောင်ဆစ်တို့လို အရိုးအဆစ်နေရာတွေမှာ ဖြစ်တဲ့ဒဏ်ရာတွေနဲ့ ခွဲစိတ်ဒဏ်ရာတွေက အမာရွတ်ဖြစ်တာ ရှောင်လွှဲရခက်ပေမယ့် တော်တန်ရုံ ပြတ်ရှဒဏ်ရာ၊ ခြစ်မိတဲ့အနာတွေကိုတော့ အိမ်မှာပဲ ဂရုစိုက်ပေးရုံနဲ့ အမာရွတ် မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။အမာရွတ် မဖြစ်အောင် ဘာတွေသတိထားရမလဲ။ဒီလိုလေး ဂရုစိုက်လိုက်မယ်ဆိုရင် အနာကနေ အမာရွတ် ဖြစ်ဖို့ အခွင့်အလမ်း နည်းသွားမှာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/how-to-treat-a-wound-to-reduce-your-chances-of-scarring/
ကလေးများနဲ့ သွေးချိုအတိုင်းအတာ
ဆီးချိုလူကြီးတွေမှာပဲ အဖြစ်များတာပါ။ ကလေးတွေမှာ မဖြစ်လောက်ပါဘူးလို့ ယူဆနေတုန်းလား။အမျိုးအစား – ၁ ဆီးချိုကတော့ မွေးရာပါဆီးချိုမို့လို့ ကလေးတွေမှာ အဖြစ်များတယ်။အမျိုးအစား -၂ ဆီးချိုကတော့ အသက် ၄၀ ကျော်လောက်မှ ဖြစ်နိုင်တယ်လို့ ယူဆနေတုန်းလား ……. ဒါဆိုရင်တော့ မေမေဖေဖေတို့ သတိထားနိုင်ဖို့ ဒီဆောင်းပါးလေးကနေတဆင့် ကလေးတွေရဲ့ သွေးချိုအတိုင်းအတာနဲ့ ပတ်သက်ပြီး ပြောပြပေးသွားပါမယ်။ဂလူးကို့စ်လို့ သိကြတဲ့သွေးတွင်းသကြားဓာတ်က ခန္ဓာကိုယ်ကို စွမ်းအင်ထောက်ပံ့ပေးနေတဲ့ အဓိကအရင်းအမြစ် တစ်ရပ်ပါ။ အရေးပါတဲ့ဓာတ် တစ်ခုဆိုပေမယ့် အရမ်းများရင်တော့ မကောင်းတာ အမှန်ပါ။ဆီးချိုရှိနေတဲ့သူတွေမှာဆိုရင် သွေးတွင်းသကြားဓာတ်က ကျန်းမာတဲ့ အတိုင်းအတာထဲမှာ မရှိနေတာ များပါတယ်။ လူကြီးတွေရော ကလေးတွေပါ ကျန်းမာနေစေဖို့အတွက် ကျန်းမာတဲ့ သွေးတွင်းသကြားဓာတ် ပမာဏ ရှိနေဖို့ လိုအပ်ပါမယ်။စားသုံးလိုက်တဲ့ အစားအစာတွေထဲကကာဗိုဟိုက်ဒရိတ်တွေကို ခန္ဓာကိုယ်က ဂလူးကို့စ်အဖြစ် ပြောင်းလဲလိုက်တာပါ။ ပြီးရင်တော့ ဒီဂလူးကို့စ်တွေကို သွေးထဲကနေဖယ်ရှားပြီး ဆဲလ်တွေဆီကို ရောက်ရှိစေဖို့အတွက် ဟော်မုန်းတစ်မျိုးဖြစ်တဲ့အင်ဆူလင်က ကူညီပို့ဆောင်ပေးပါတယ်။ ဒီလို ဆဲလ်တွေထဲကိုဂလူးကို့စ်တွေ ပို့ဆောင်ပေးလိုက်မှ စွမ်းအင်အဖြစ် ပြောင်းလဲ အသုံးချနိုင်မှာဖြစ်ပါတယ်။ဒီဖြစ်စဉ်လေး ပုံမှန် လည်ပတ်နေမှ သွေးတွင်းသကြားဓာတ်က ပုံမှန်အတွင်း ရှိနေမှာပါ။ ဆီးချိုရှိနေသူတွေမှာတော့အင်ဆူလင်ဟော်မုန်းတွေက သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို ကောင်းစွာ မလုပ်ဆောင်နိုင်တာကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်တာပါ။သွေးတွင်းသကြားဓာတ် ပမာဏက ကလေးတွေမှာရော အရွယ်ရောက်ပြီးသူတွေမှာပါ အစာကို ဘယ်အချိန်က နောက်ဆုံး စားထားတာလဲ။ စားထား၊ သောက်ထားတဲ့အစားအသောက်တွေအပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။ ကလေးတွေအနေနဲ့ ရှိသင့်တဲ့ သွေးတွင်းသကြားဓာတ်က အခုပြောပြမယ့် ပမာဏအတွင်းမှာ ကျရောက်ရမှာ ဖြစ်ပါတယ်။ကလေးတွေမှာ ရှိသင့်တဲ့ သွေးတွင်းသကြားဓာတ်ထက် များနေတာ ရှိနိုင်သလို ရှိသင့်တဲ့ သွေးတွင်းသကြားဓာတ်ထက် ပိုနည်းနေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီနေရာမှာ တစ်ချက်သတိထားရမှာကကလေးတွေရဲ့ သွေးတွင်းသကြားဓာတ်ကျဆင်းမှုက လူကြီးတွေထက် ပိုမြန်တယ်ဆိုတာပါ။သွေးချိုတိုင်းလိုက်လို့ ကလေးရဲ့ သွေးချိုပမာဏက 70 mg/dL ထက် နည်းနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ် နည်းနေတာပါ။ ဒီလို သွေးတွင်းသကြားဓာတ် နည်းတဲ့အခါ ကလေးမှာ။ကလေးတွေမှာ အဖြစ်များတာက အမျိုးအစား -၁ ဆီးချိုပဲ ဖြစ်ပါတယ်။ စသိတဲ့ အသက်အရွယ်ကတော့ ၁၃၊ ၁၄နှစ် ပတ်ဝန်းကျင်တွေပါ။ ဒါပေမယ့် ဘေဘီလေးတွေနဲ့ အသက် ၄၀ကျော်အရွယ် လူကြီးတွေမှာလည်း အမျိုးအစား -၁ ဆီးချိုရောဂါရှိနေနိုင်ပါတယ်။ ဒါက ရှားတော့ရှားပါတယ်။ကလေးတွေမှာ အမျိုးအစား -၁ ဆီးချိုက အဖြစ်များတာ မှန်ပေမယ့် မိသားစုမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချိုဖြစ်တဲ့မျိုးရိုးရှိမယ်။ကျန်းမာရေးနဲ့ မညီတဲ့ နေထိုင် စားသောက်မှုပုံစံတွေရှိနေမယ်။ အဝလွန်နေမယ်ဆိုရင် ကလေးတွေမှာလည်း အရွယ်မတိုင်ခင် အမျိုးအစား – ၂ ဆီးချို ဖြစ်နိုင်ပါတယ်။ကလေးတွေက ဆီးချိုခံစားနေရမယ်ဆိုရင်လည်း သူတို့ ခံစားနေရတာတွေကို သေချာ မပြောပြနိုင်တာကြောင့် လူကြီးမိဘတွေကလက္ခဏာတွေကို သေချာလေး ဆန်းစစ်ကြည့်ဖို့ လိုပါမယ်။ ကလေးက ဆီးချိုရောဂါ ခံစားနေရမယ်ဆိုရင်။ဒါကြောင့် ကလေးများနဲ့ သွေးချိုအတိုင်းအတာ ကို သေသေချာချာ သိရှိပြီး ဂရုစိုက်လိုက်ကြစို့လား ….. မေမေဖေဖေတို့ရေ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/blood-sugar-level-in-toddler/
အာသာဖြေဖို့ပဲ ချောင်းနေတဲ့ဘော်ဒါတွေ ကိုယ့်စိတ်ကို ထိန်းချုပ်ဖို့လိုအပ်နေပြီလား
အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်အတွက် တစ်ကိုယ်ရေ အာသာဖြေတယ်ဆိုတာ ဆန်းတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အာသာဖြေခြင်းဟာ စိတ်ရော ကိုယ်ခန္ဓာအတွက်ပါ အကျိုးရှိစေသလို ကိုယ့်ရဲ့ လိင်မှုဘဝကိုလည်း တစ်ဖက်တစ်လမ်းကနေ ကောင်းသောပြောင်းလဲမှုတွေ ဖြစ်စေပါတယ်။ဆီးလမ်းကြောင်း၊ ကျောက်ကပ်ထဲမှာ ရှိတဲ့ မကောင်းတဲ့ အမှုန်အမွှား၊ ပိုးမွှားတွေကိုလည်းသုက်ရည်ကနေတစ်ဆင့် အပြင်ကို စွန့်ထုတ်ပေးနိုင်တယ်။ ဒါပေမဲ့ လိုတာက် ပိုလာရင်တော့ ဘယ်အရာမှ မကောင်းဘူးပေါ့။ အထူးသဖြင့် အချိန်ပြည့် အာသာဖြေဖို့ပဲ ချောင်းနေတဲ့ဘော်ဒါတွေရှိရင် ကိုယ့်စိတ်ကို ထိန်းချုပ်ဖို့လိုအပ်နေပါပြီ။အာသာဖြေဖို့ပဲ ချောင်းနေတဲ့ဘော်ဒါတွေ ကိုယ့်စိတ်ကို ထိန်းချုပ်ဖို့လိုအပ်နေပြီလား။အမျိုးသားကျန်းမာရေးအရလည်း အကျိုးရှိစေတဲ့ အာသာဖြေခြင်း အလေ့အထကို ထိန်းချုပ်ဖို့လိုအပ်လို့လားဆိုပြီး မေးဖို့ ဖြစ်လာပါတယ်။ ဒီမေးခွန်းကို ပြန်ဖြေပေးရမယ်ဆိုရင်။ဒီလိုအမျိုးသားတွေအတွက်ကတော့ ကိုယ့်ရဲ့အာသာဖြေချင်စိတ်ကို ထိန်းချုပ်ဖို့ လိုပါတယ်။ ဘယ်နေရာမှာမဆို တန်ဆေး၊ လွန်ဘေးဆိုတာ ရှိပါတယ်။ အာသာဖြေတယ်ဆိုတာ ကျန်းမာတဲ့ အလေ့အကျင့်တစ်ခု ဆိုပေမယ့် လွန်သွားရင်တော့ ကိုယ်တိုင်အတွက်ရော တခြားလူတွေအတွက်ပါ အဆင်ပြေတော့မှာ မဟုတ်ပါဘူး။အမျိုးသားတစ်ယောက်နဲ့ တစ်ယောက် လိင်အင်္ဂါ အရွယ်အစား မတူညီသလိုပါပဲ။ သုက်လွှတ်နိုင်စွမ်း၊ ထောင်မတ်နိုင်စွမ်း၊ လိင်စိတ်ဆန္ဒတွေဟာလည်း တူညီနိုင်မှာ မဟုတ်ပါဘူး။ တချို့အမျိုးသားတွေမှာ တစ်နေ့ ၂ကြိမ်ကနေ ၃ကြိမ်လောက်ထိသုက်လွှတ်လည်း ဘာမှမဖြစ်သလို ပေါ့ပါးသွက်လက်နေပြီး တချို့တွေကျ တစ်ပတ်ကို တစ်ကြိမ်လောက်ပဲ သုက်လွှတ်ဖို့ တတ်နိုင်တာတွေလည်း ရှိပါတယ်။ ကိုယ့်ရဲ့စိတ်နဲ့ လိင်အင်္ဂါက တတ်စွမ်းနိုင်တဲ့ အတိုင်းအတာတစ်ခုကို ကျော်လွန်သွားတဲ့အခါ။၁။ ရေအေးအေးနဲ့ လောင်းချိုးလိုက်ပါ။ရေနွေး၊ ရေပူထက်စာရင် ရေအေးရဲ့ အအေးဓာတ်က လိင်တံအတွင်း သွေးစီးဆင်းမှုနဲ့ အာသာဖြေစိတ်ကို ထိန်းချုပ်လိုက်သလို ဖြစ်ပြီး နည်းနည်းစိတ်ပြေပျောက်သွားမှာပါ။ အကယ်လို့ အပြင်မှာ ရောက်နေတယ်ဆိုရင်လည်း အိမ်သာထဲ ဝင်ပြီး လက်ဆေးလိုက်တာ၊ မျက်နှာသစ်ချလိုက်တာမျိုး လုပ်လို့ရပါတယ်။၂။ ကိုယ့်ရဲ့ စိတ်အာရုံကို လွှဲဖို့ အလုပ်တစ်ခုခု ထလုပ်ပါ။အိမ်သန့်ရှင်းရေးလုပ်တာ၊ ကိုယ့်ရုံးက ပါလာတဲ့အလုပ်တွေ၊ မပြီးပြတ်သေးတဲ့ စာတွေ ကျက်လိုက်တာမျိုး လုပ်လို့ရပါတယ်။ အဲ့လိုမဟုတ်ဘဲ ကိုယ့်သူငယ်ချင်း ဘော်ဒါတွေနဲ့ အပြင်ထွက်လျှောက်သွားတာ၊ မုန့်ပတ်စားတာ၊ စကားပြောတာမျိုးဆိုလည်း အဆင်ပြေပါတယ်။၃။Gymသွားပြီးတော့ ချွေးထွက်လောက်တဲ့အထိ လေ့ကျင့်ခန်းလုပ်လိုက်တာ၊ ယောဂကျင့်တာ၊ အလေးမတာမျိုး၊ ဒါမှမဟုတ် ကိုယ့်အိမ်မှာပဲ ဒိုက်ထိုးလိုက်တာ၊ ထိုင်ထ၊ အိပ်ထမတင် လုပ်လိုက်တာမျိုး၊ လမ်းပတ်လျှောက်တာ၊ ပြေးတာ၊ ရေချိုးတာမျိုး လုပ်ပေးလို့ရပါတယ်။၄။ ညအိပ်တဲ့အချိန်မှာ ကိုယ်တုံးလုံးအိပ်တာ၊အတွင်းခံနဲ့ပဲ အိပ်တာမျိုး မလုပ်ဘဲ အဝတ်အစား အပြည့်အစုံဝတ်ပြီး အိပ်ဖို့ ကြိုးစားကြည့်ပါ။၅။ ဖုန်း၊ ကွန်ပျူတာထဲမှာ ရှိတဲ့ အပြာရုပ်ရှင်တွေ အကုန်ဖျက်ထားပါ။ အမျိုးသားတွေအတွက် အပြာရုပ်ရှင်ဆိုတာလိင်စိတ်ဆန္ဒထကြွအောင် လှုံ့ဆော်ပေးနိုင်တဲ့ အရာတွေထဲက တစ်ခုဖြစ်တာကြောင့် တတ်နိုင်သလောက် ကင်းကင်းနေဖို့ လိုပါတယ်။ အပြာရုပ်ရှင်ဝက်ဘ်ဆိုဒ်တွေထဲ လျှောက်ဝင်ကြည့်တာမျိုးလည်း လုံးဝမလုပ်ပါနဲ့။၆။ တစ်ယောက်ထဲ အခန်းအောင်းပြီး သီးသန့် မနေပါနဲ့။ အပြင်ထွက်ပြီး မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတူ ရှိနေပါ၊ စကားပြောပါ၊ အလုပ်အတူလုပ်ပါ၊ ထမင်းလက်စုံစားကြည့်ပါ။၇။ နောက်တစ်ခုက စိတ်ဖိစီးမှုများတဲ့သူတွေမှာလည်း စိတ်ထွက်ပေါက်အနေနဲ့ အာသာဖြေတတ်ကြတာကြောင့် စိတ်ဖိစီးမှုကို ဖြေလျှော့ဖို့ လိုပါတယ်။အပေါ်မှာ ပြထားတဲ့ နည်းလမ်းတွေလုပ်လို့ အဆင်မပြေသေးဘူး၊ ကိုယ့်ရဲ့ အာသာဖြေချင်စိတ်ကို ထိန်းချုပ်မရဘူးဆိုရင်တော့ စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ သေချာပြကြည့်သင့်ပါတယ်။အာသာဖြေမှု လွန်ကဲခြင်းဆိုတာ စိတ်ရောဂါလို့ ခေါင်းစဉ်တပ်ရလောက်တဲ့အထိတော့ ပြင်းထန်တာမဟုတ်တဲ့အတွက် ကုသဖို့လည်း လွယ်ကူပါတယ်။ ကုထုံးပညာရှင်အနေနဲ့ တစ်နေ့တာ ကိုယ့်ရဲ့ စိတ်ကို စွဲလမ်းစေတဲ့ ပြဿနာကို ဘယ်အရာတွေက ဖြစ်စေတာလဲ၊ ဘယ်လောက်ထိ ဒုက္ခပေးနေလဲဆိုတာပေါ် မူတည်ပြီး ကိုယ့်ရဲ့လိင်စိတ်ကို ထိန်းချုပ်ပေးနိုင်မယ့် နည်းလမ်းတွေနဲ့ ကုသပေးမှာ ဖြစ်ပါတယ်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/how-to-stop-masturbating/
သားသားမီးမီးတို့နဲ့ လိုင်ဆင်းဓာတ် (Lysine)
လိုင်ဆင်းဓာတ်(Lysine) ဆိုတဲ့ စကားလုံးကို TV ကြော်ငြာတွေကနေတဆင့်တော့ မေမေတိုင်းလိုလို ရင်းနှီးနေနိုင်ပါတယ်။ ဒီရင်းနှီးပြီးသား စကားလုံးလေးဖြစ်တဲ့ လိုင်ဆင်း (Lysine) လေးကဘာလဲ။သားသားမီးမီးတွေအတွက်ဘယ်လို အကျိုးပြုပေးလဲ။ ဘယ်အရွယ်တွေဆို သောက်လို့ ရပြီလဲဆိုတာတွေကို ဆောင်းပါးလေးထဲမှာ အတူတူ ကြည့်လိုက်ရအောင်လား …..။လိုင်ဆင်း (Lysine) ဆိုတာကအမိုင်နိုအက်ဆစ်တစ်မျိုးပါ။ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးပေါ့။ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တာကြောင့် နေ့စဉ် စားသုံးမှုတွေကနေဆင့် ရယူနေရတဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးပေါ့။လိုင်ဆင်းက အစားစားချင်စိတ်ကို တိုးစေနိုင်ပြီး သားသားမီးမီးတို့ကို အစားများများ စားစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါတွေအပြင် လိုင်ဆင်းက အူတွေရဲ့ ကယ်လ်ဆီယမ် စုပ်ယူမှုကို ကောင်းမွန်စေပြီး အရိုးတွေ ကြံ့ခိုင်စေဖို့ ထောက်ကူပေးပါတယ်။ သားသားမီးမီးတို့ကိုကြီးထွားဖွံ့ဖြိုးစေဖို့နဲ့ ကိုယ်အလေးချိန် တိုးစေဖို့လည်း ထောက်ကူပေးပါသေးတယ်။လိုင်ဆင်းဓာတ်ကို အဓိကသောက်သင့်တဲ့ သားသားမီးမီးတွေကတော့ အစားရွေးတဲ့ သားသားမီးမီးတွေပါ။ အကြောင်းကတော့ လိုင်ဆင်းက အစားစားချင်စိတ်ကို တိုးစေနိုင်တာကြောင့် အစာရွေးတဲ့ သားသားမီးမီးတွေကို အာဟာရ ပြည့်ဝလုံလောက်စွာ ရရှိစေဖို့အတွက် တိုက်ပေးသင့်တာပါ။ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ သားသားမီးမီးတွေက အစာအုပ်စုတွေကို ပြည့်ပြည့်ဝဝ စားမိပြီး လုံလောက်တဲ့ အာဟာရကို ရရှိမှ ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးမှာ ဖြစ်သလို ကိုယ်ခံအားလည်း ကောင်းမှာပါ။ဖျားနာမှု ကင်းပြီး ကျန်းမာပျော်ရွှင်စွာနဲ့ အရွယ်ရောက် ကြီးပြင်းလာမှာပါ။အရမ်းငယ်သေးရင် သားသားမီးမီးတွေကို လိုင်ဆင်း တိုက်လို့ မရသေးပါဘူး။ သားသားမီးမီးလေးတွေက အသက် ၂ နှစ် ပြည့်ပြီးမှ လိုင်ဆင်းကို တိုက်ပေးသင့်ပါတယ်။ အသက်၂နှစ်ကနေစလို့ လူ​ကြီးတွေအထိ လိုင်ဆင်းကို သောက်ပေးလို့ ရပါတယ်။လိုင်ဆင်းက သားသားမီးမီးတို့ကို ကြီးထွားဖွံ့ဖြိုးစေဖို့ ထောက်ကူပေးသလိုfatty acidsကို စွမ်းအင်အဖြစ် ပြောင်းလဲပေးပြီး သွေးတွင်းကိုလက်စထရော ကျဆင်းစေဖို့ ထောက်ကူပေးတဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်တဲ့ carnitine ထွက်ရှိစေဖို့ လုပ်ဆောင်ပေးပါတယ်။ကော်လာဂျင် ထွက်ရှိစေဖို့ထောက်ကူပေးသလို သားသားမီးမီးတို့သွားတွေနဲ့ အရိုးတွေ သန်မာစေဖို့လိုအပ်တဲ့ ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်စေဖို့လည်း ထောက်ကူပေးပါတယ်။သားသားမီးမီးတို့က ငယ်စဉ်မှာ လိုင်ဆင်းကို ပြည့်ပြည့်ဝဝ မရရှိဘူးဆိုရင် ပင်ပန်းလွယ်တာ၊ မအီမသာဖြစ်တာ၊ မူးဝေတာ၊ အစားစားချင်စိတ် မရှိတာ၊ ကြီးထွားမှု နှေးတာတွေကို ခံစားရနိုင်ပါတယ်။လိုင်ဆင်း (Lysine)ကို ငယ်စဉ်ကတည်းက ပြည့်ဝလုံလောက်အောင် ကျွေးမွေးတာက ကျန်းမာဖွံ့ထွားတဲ့ သားသားမီးမီးတွေ အဖြစ် ကြီးပြင်း အရွယ်ရောက်လာစေမှာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/lysine-benefits-for-child/
အသုံးများသော ကိုယ်ဝန်တားနည်း ၅မျိုး
သန္ဓေတားခြင်း ဆိုတာ အစီအစဉ်မချဘဲ ကိုယ်ဝန်ရသွားမှာကို ကာကွယ်ချင်တာကြောင့် ကိုယ်ဝန်တားခြင်းကို ဆိုလိုပါတယ်။ ကိုယ်ဝန်တားနည်း များစွာရှိပါတယ်။ ဆေးသောက်ခြင်း၊ ကိုယ်ဝန်တားသည့် ပစ္စည်းများကို ထည့်၍ ကိုယ်ဝန်တားခြင်း သို့မဟုတ် အသေးစားခွဲစိတ်မှု များပြုလုပ်ခြင်း စသဖြင့် အမျိုးမျိုးရှိပါတယ်။သင့်ရဲ့အသက်အရွယ်၊ ကိုယ်အလေးချိန်၊ နောက်ပိုင်းလိုချင်သော ကလေးအရေအတွက်၊ သင့်ရဲ့ကျန်းမာရေး အခြေအနေနဲ့ အခြားသောအချက်များအပေါ် မူတည်ပြီး ကိုယ်ဝန်တား နည်းလမ်းတစ်မျိုး သို့မဟုတ် နှစ်မျိုးပေါင်းပြီး ရွေးချယ်နိုင်ပါတယ်။ အောက်မှာ အသုံးများတဲ့ ကိုယ်ဝန်တားနည်း ၅မျိုးအကြောင်းကို ဖော်ပြပေးထားပါတယ်။အသုံးများသောကိုယ်ဝန်တားနည်း တွေကတော့။သင့်ရဲ့ ကျန်းမာရေး အခြေအနေပေါ် မူတည်ပြီး ဒီဆေးတွေ မသောက်ခင်မှာ သင့်ရဲ့ မိသားစု ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ကိုယ်ဝန်တားဆေးသောက်တဲ့ နည်းလမ်းဟာ အလွယ်ကူဆုံးဖြစ်ပြီး လူများစွာ အသုံးပြုတာကို တွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ ဒီနည်းဟာ အလွန်အသုံးဝင်တဲ့အပြင် ငွေကုန်ကြေးကျလည်း မများစေပါဘူး။မကောင်းတဲ့ အချက်တစ်ခုကတော့ ဒီဆေးအမျိုးအစားဟာ အသက်၃၅နှစ်အောက် အမျိုးသမီးများနဲ့ ဆေးလိပ်မသောက်သော အမျိုးသမီးများအတွက်သာ အသုံးဝင်ပါတယ်။ ဆေးအာနိသင် အကျိုးရှိစေဖို့အတွက် သင်ဟာဆေးကို ၂၁ရက်လုံးဆက်တိုက် အချိန်မှန်သောက်ဖို့လိုအပ်ပြီး ၇ ရက် နားပေးဖို့လိုပါတယ်။၇ ရက်ပြီးတာနဲ့ဲ့နောက်ထပ်ရာသီစက်ဝန်းအတွက် ဆက်သောက်ပေးဖို့ရာ လိုအပ်ပါတယ်။အထက်ဖော်ပြပါ ကိုယ်ဝန်တားဆေးတွေဟာ သင့်ကို ကိုယ်ဝန်ရှိခြင်းမှသာ ကာကွယ်ပေးနိုင်ပါတယ်။ ကွန်ဒုံးကို အသုံးပြုခြင်းကတော့ လိင်မှ တစ်ဆင့်ကူးစက်သော ရောဂါပိုး အမျိုးအစားများမှ သင့်ကို ကာကွယ်ပေးနိုင်ပါတယ်။အမျိုးသားများအတွက် အသုံးပြုစရာ ကွန်ဒုံးများ ရှိသည့်အပြင် အမျိုးသမီးများအတွက် သီးသန့်ထုတ်လုပ်ထားသော ကွန်ဒုံးများလည်း ရှိပါတယ်။ အမျိုးသားများ အသုံးပြုသည့် ကွန်ဒုံးများကို အမျိုးသားလိင်တံပေါ်မှာ တပ်ဆင်ရမှာ ဖြစ်ပါတယ်။အမျိုးသမီးများအတွက်ကတော့ မိန်းမကိုယ်ထဲမှာ တပ်ဆင်ရမှာ ဖြစ်ပါတယ်။ ကွန်ဒုံးက အမျိုးသားသုက်ပိုးနှင့် အမျိုးသမီးရဲ့ မမျိုးဥကြားမှာ နံရံအဖြစ် လုပ်ဆောင်ပေးပါတယ်။ဒါကြောင့် သန္ဓေအောင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ကျွန်ုပ်တို့ဟာ ကွန်ဒုံးကို ကြားခံပစ္စည်းအနေနဲ့ အသုံးပြုတာဖြစ်တဲ့အတွက် ဒါကို မှန်မှန်ကန်ကန် ဝယ်ယူခြင်း၊ သိုလှောင်ခြင်း၊ အသုံးပြုခြင်းတို့ ရှိသင့်ပါတယ်။ရက်လွန်နေသော ကွန်ဒုံးများကို အသုံးမပြုပါနဲ့ဲ့ ဒါ့အပြင် လိင်ဆက်ဆံမှု တစ်ခါပြုလုပ်တိုင်းမှာ ကွန်ဒုံးတစ်ခုကိုသာ အသုံးပြုသင့်ပါတယ်။ဒါက ကိုယ်ဝန်တားဆေးများနဲ့ သဘောတရားတူပါတယ်။ သူကတော့ ပိုပြီးအစွမ်းထက်တဲ့ အနေအထားပုံစံနဲ့ လာတာဖြစ်ပါတယ်။ မိန်းမကိုယ်တွင်း ထည့်တဲ့ ကွင်းတွေကိုတော့ ပလတ်စတစ် အပျော့စားနဲ့ ပြုလုပ်ထားပြီး သင့်ရဲ့ မိန်းမကိုယ်ထဲမှာ ၂၁ ရက် ထည့်ထားရမှာ ဖြစ်ပါတယ်။ ဒီ၂၁ ရက်ပြီးရင်တော့ ကွင်းကို ၇ ရက် လောက်ဖယ်ရှားပြီး ရာသီလာစေမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ပြန်ထည့်နိုင်ပါတယ်။မိန်းမကိုယ်ထဲမှာ ထည့်သောကွင်းမှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စထရုန်းလို့ ခေါ်တဲ့ ဟော်မုန်း ၂ မျိုး ပါရှိပါတယ်။ ဒီဟော်မုန်း ၂မျိုးဟာ သင့်ရဲ့ ခန္ဓာကိုယ်မှာ သားဥထုတ်လုပ်ခြင်းနဲ့ မျိုးအောင်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ ၎င်းကိုယ်ဝန်တားနည်းကို အသုံးပြုတဲ့ အမျိုးသမီးတွေကို လေ့လာကြည့်တဲ့အခါ ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးမျိုး မရှိဘူးဆိုတာကို တွေ့ရပါတယ်။ ဒါပေမယ့် မကောင်းတဲ့ ဆိုးကျိုးတစ်ခုကတော့ လိင်မှတစ်ဆင့် ကူးစက်သော ပိုးများကို မကာကွယ်ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ဒီလို ကိုယ်ဝန်တားပစ္စည်း ထည့်ခြင်းဟာ ကျွမ်းကျင်သူက ထည့်ပေးဖို့ လိုအပ်ပါတယ်။ ဆရာဝန်ဟာ သင့်ရဲ့လက်မောင်းမှာ ပလတ်စတစ်ပြွန် အသေးစားလေးတစ်ချောင်းကို ထည့်မြှုပ်ပါလိမ့်မယ်။ ဒီပစ္စည်းလေးဟာ သင့်ရဲ့ သွေးထဲကို ပရိုဂျက်စထရိုဂျင်တွေ ဖြည်းဖြည်းချင်းထုတ်လွှတ်ပါလိမ့်မယ်။ဒီလို ထုတ်လွှတ်ခြင်းအားဖြင့် သင့်ရဲ့ သားဥအိမ်မှ သားဥထုတ်လုပ်ခြင်းကို ရပ်တန့်စေပါလိမ့်မယ်။ ဒီနည်းလမ်းဟာ အချိန်ကြာကြာ ကိုယ်ဝန်တားလိုသူများအတွက် ပြည့်စုံတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ဘာကြောင့်လဲ ဆိုတော့ ဒီလို လက်မောင်းတွင်းထည့်ပြီး ကိုယ်ဝန်တားတဲ့ ပစ္စည်းဟာ ၃ နှစ်ကနေ ၅နှစ်လောက် ကြာရှည်ခံတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ သိသာထင်ရှားတဲ့ ဘေးထွက်ဆိုးကျိုးများ မရှိပါဘူး။ သို့သော် ရာသီမမှန်ခြင်းတော့ ဖြစ်စေနိုင်ပါတယ်။ဒီလို သန္ဓေတားခြင်း နည်းစနစ်ကို ဆေးထိုးခြင်းနဲ့ အရေပြားကပ်ခွာပုံစံအားဖြင့်လည်း ရနိုင်ပါတယ်။ ဒါပေမယ့် ဆေးတစ်ခါထိုးခြင်းက ၈ ပတ်မှ ၁၃ ပတ်အထိသာ တားပေးနိုင်ပြီး အရေပြားကပ်ခွာ သုံးခြင်းကတော့ ၃ပတ်လောက်ထိပဲ ကိုယ်ဝန်တား နိုင်ပါတယ်။သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း IUD ဟာ သင့်သားအိမ်တွင်းစနစ်နဲ့ သက်ဆိုင်ပါတယ်။ ဒီပစ္စည်း ဟာ T ပုံသဏ္ဌာန် သေးငယ်တဲ့ ပစ္စည်းလေးဖြစ်ပြီး ကျွမ်းကျင်ဆရာဝန်က သားအိမ်ထဲသို့ ထည့်ပေးမှာ ဖြစ်ပါတယ်။ ထည့်ပြီးတဲ့နောက်မှာ ဒါက ပရိုဂျက်စထရိုဂျင်ဟော်မုန်း ကို ထုတ်လွှတ်ပါတယ်။ ဒီပစ္စည်းဟာလည်း ၃ နှစ်မှ ၅ နှစ်အထိ ကြာရှည် ခံပါတယ်။ကြေးနီနဲ့ လုပ်ထားတဲ့ ကော့ပါး IUD လို့ခေါ်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းလည်း ရှိပါတယ်။ ကွာခြားတာ တစ်ခုကတော့ ကော့ပါး IUD ဟာ သင့်သားအိမ်ထဲကို ပရိုဂျက်စထရိုဂျင် မထုတ်လွှတ်ပါဘူး။ ကော့ပါးက သုက်ကောင်တွေကို သေစေတဲ့နည်းနဲ့ သန္ဓေတားပေးပါတယ်။ ကော့ပါး IUD ပစ္စည်းကတော့ ၅နှစ်ကနေ ၁၀ နှစ်အထိ ကြာရှည်ခံပါတယ်။တကယ်လို့ သင်ဟာ ၄၅ နှစ်အထက် အမျိုးသမီး ဖြစ်ပြီး အထက်ဖော်ပြပါ နည်းလမ်းများထဲမှာ တစ်ခုခုကို အသုံးပြုမယ်လို့ စဉ်းစားထားရင် သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းကို အသုံးပြုနိုင်ပြီး သင်သွေးမဆုံးမချင်း လို့ရပါတယ်။ဒီ ကိုယ်ဝန်တားနည်း တွေထဲက မိမိနဲ့ အဆင်ပြေမယ့် ကိုယ်ဝန်တားနည်း တစ်မျိုးမျိုးကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ရွေးချယ်လိုက်ပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/contraception-guide/
Hydrocele (မုတ္တရောဂါ)
hydrocele (မုတ္တရောဂါ)ဆိုသည်မှာ ဝှေးစေ့တစ်လုံး သို့ နှစ်ဖက်လုံး ပတ်လည်တွင် နာကျင်ခြင်းမရှိ ရေများစုဝေးပြီး ကပ်ပယ်အိတ် သို့ ပေါင်ခြံနေရာတွင် ဖောင်းလာစေတဲ့ ရောဂါဖြစ်ပါတယ်။ ၎င်းရောဂါဟာ ကြည့်ရဆိုးပြီး နေရခက်သော်လည်း ပုံမှန်အားဖြင့် နာကျင်မှုမရှိသလို အန္တရာယ်လည်း မရှိနိုင်ပါဘူး။မုတ္တရောဂါ အများစုဟာ မွေးတဲ့အချိန်မှာ ရှိတတ်ပါတယ်။ မွေးကင်းစ ၁ ရာခိုင်နှုန်း မှ ၂ ရာခိုင်နှုန်း လောက်မှာ မုတ္တရောဂါ ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာ မုတ္တရောဂါ ကို အသက် ၄၀ နောက်ပိုင်းတွေမှာ အဖြစ်များပါတယ်။hydrocele က လက္ခဏာမပြတတ်ပေမဲ့ ကပ်ပယ်အိတ် ကြီးလာတာတော့ သတိပြုမိမှာပါ။ဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့ နာခြင်း၊ ရောင်ခြင်း သို့ ကပ်ပယ်အိတ် နီခြင်း သို့ လိင်တံအခြေ မှာ ဖိအားတစ်ခု ခံစားနေရခြင်းတို့ ဖြစ်နိုင်ပါတယ်။ မုတ္တရောဂါ ဟာ တစ်ဖက် သို့ နှစ်ဖက်လုံးတွင် ဖြစ်နိုင်ပါတယ်။တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင် သို့ သင့်ကလေးမှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။• ကပ်ပယ်အိတ်ရောင်လာခြင်း။ ကုသခံယူရန်လိုသည့် ဖြစ်စဉ်ဟုတ်မဟုတ် ခွဲခြမ်းစိတ်ဖြာပေးရန်လိုအပ်ပါသည်။• တစ်နှစ်ကျော်သည် အထိ ကလေးမှာ မုတ္တရောဂါ ဆက်လက် ဖြစ်နေခြင်း။• သင် (သို့) သင့်ကလေးဟာ ကပ်ပယ်အိတ် ကိုထိခိုက်မိပြီး နာရီတော်တော်ကြာ အောင့်နေသေးလျှင် အရေးပေါ်ကုသရန် လိုအပ်ပါတယ်။ဖြစ်ပွားမှုအကြောင်းအရင်းကို တော့ မသိရသေးပါ။မွေးခင်းစတွေမှာ ဖြစ်တဲ့ မုတ္တရောဂါ ကတော့ ကလေးရဲ့ ဝမ်းဗိုက်နှင့် ကပ်ပယ်အိတ် ကြားအပေါက်ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။ပုံမှန်အားဖြင့် ၎င်းအပေါက်ဟာ မမွေးခင် သို့ မွေးပြီးပြီးချင်းခဏအတွင်း ပိတ်သွားတတ်ပါတယ်။နောက်ပိုင်း ဖြစ်လာတဲ့ မုတ္တရောဂါ တွေကတော့ ကပ်ပယ်အိတ် (သို့) ပေါင်ကြား ထိခိုက်မှု သို့ ခွဲစိပ်မှုတို့ကြောင့် ဖြစ်ပါတယ်။ သို့မဟုတ် ကျားအစေ့ရောင်ခြင်း (သို)့ ဝှေးစေ့ ရောင်ခြင်း၊ ပိုးဝင်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ရှားရှားပါးပါး ဝှေးစေ့ ကင်ဆာ (သို့) ဘယ်ဘက်ကျောက်ကပ် ကင်ဆာတွေမှာ လည်း ဖြစ်နိုင်ပါသေးတယ်။ ဒီလိုမျိုး မုတ္တရောဂါ တော့ အသက်အရွယ် မရွေး အထူးသဖြင့် အသက် ၄၀ ကျော်တွေမှာ အဖြစ်များဆုံးဖြစ်ပါတယ်။နေ့စေ့လစေ့ မမွေးတဲ့ ကလေးတွေမှာ မုတ္တရောဂါ အဖြစ်များပါတယ်။အမျိုးသားတွေမှာ အသက် ၄၀ အထက်တွေမှာ အဖြစ်များပါတယ်။hydrocele ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ဥပမာ-။• ကပ်ပယ်အိတ် ထိခိုက်မိခြင်း။• ကူးစက်ရောဂါပိုးများ အထူးသဖြင့် လိင်ဆက်ဆံရာမှ ကူးစက်သော ရောဂါများ (STDS)။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က အောက်ပါ လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်ပါလိမ့်မယ်။ကလေးငယ် ယောက်ကျားလေးတွေအတွက်ဆိုရင် မုတ္တရောဂါ ဟာ တစ်နှစ်အတွင်း အလိုအလျောက်ပြန်လည် ပျောက်ကင်းနိုင်ပါတယ်။ အကယ် တစ်နှစ်အတွင်း ပြန်မပျောက်ခဲ့လျှင် ဒီထက်ပိုကြီးလာရင် ခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။လူကြီးယောက်ကျားတွေမှာဆိုလိုရှိရင် ၆ လ အတွင်း သူ့ဟာသူ ပြန်ပျောက်နိုင်တယ်။ မုတ္တရောဂါ ဟာ နေရ ခက်လာလျှင် သို့မဟုတ် ပုံဆိုးပန်းဆိုးဖြစ်လာမှသာ ကုသဖို့ လိုအပ်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/hydrocele-%e1%80%99%e1%80%af%e1%80%90%e1%81%b1%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab/
ပျားရည်နဲ့ ဓါတ်မတည့်တဲ့သူတွေ ရှိလား
ပျားရည်ဆိုတာ သဘာဝပျားကောင်လေးတွေ ပန်းဝတ်ရည်ကို စုပ်ပြီးနောက်မှ ရရှိတာဖြစ်ပါတယ်။ ပျားရည်မှာသကြားပါဝင်မှုများပေမယ့် အမိုင်နိုအက်ဆစ်တွေ၊ ကိုယ်ခန္ဓါအကျိုးပြုဓါတ်တိုးဆန့်ကျင်ပစ္စည်းေတွအပြင် ဗီတာမင်အာဟာရလည်း များစွာပါဝင်ပါတယ်။ ဒီဓါတ်တွေကြောင့် ပျားရည်ကို အာဟာရဖြစ် အစားအစာအဖြစ်သာမကအနာကျက်မြန်ေစပြီး ဘက်တီးရီးယားပိုးသေစေတဲ့ ကုထုံးနဲ့ ချောင်းဆိုးချွဲကြပ်ပျောက်ဆေးအဖြစ် အသုံးပြုကြပါတယ်။ဘက်စုံကောင်းမွန်တဲ့ ဆေးဖက်ဝင်အစာဖြစ်ပေမယ့် ဓါတ်မတည့်တဲ့သူတွေလည်း ရှိပါတယ်။ ဒီလိုဓါတ်မတည့်ဖြစ်ရခြင်းဟာ ပျားရည်မှာ ပါဝင်တဲ့ ပန်းဝတ်ရည်၊ ဝတ်မှုန်တွေကြောင့် ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ပျားရည်နဲ့ ဓါတ်မတည့်တဲ့အခါ ပန်းဝတ်မှုန်ဓါတ်မတည့်ြခင်းနဲ့ ဆင်တူတဲ့ လက္ခဏာတွေ ပြတာကိုတွေ့ရပါတယ်။ အဲ့ဒီလက္ခဏာတွေကတော့။ဓါတ်မတည့်ခြင်း ပြင်းထန်တဲ့သူတွေမှာဆိုရင် ပျားရည်ကို စားမိတာ၊ အသားနဲ့ ထိမိလိုက်တာနဲ့။ကိုယ့်မှာပျားရည်နဲ့ ဓါတ်မတည့်တဲ့ လက္ခဏာတွေရှိရင်တော့ ဆရာဝန်နဲ့ စောစီးစွာ ပြသထားတာ အကောင်းဆုံးပါပဲ။ ဒါမှလည်း လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို ခံယူလို့ ရမှာပါ။ပျားရည်ဟာ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိစေတဲ့ အစာအာဟာရဖြစ်ပေမယ့် အလွန်စေးကပ်ပါတယ်။ ဒါကြောင့် အစာခြေစနစ်နဲ့ကိုယ်ခံအားစနစ်သိပ်မကောင်းသေးတဲ့ ကလေးတွေကို တိုက်ရင်တော့ သတိထားပေးရပါမယ်။ အထူးသဖြင့် အသက် ၁နှစ်အောက် ကလေးတွေမှာ ပျားရည်ကို မြိုချရခက်တာ၊ လည်ချောင်းထဲ နင်နေတာ၊ ဓါတ်မတည့်မှုလက္ခဏာ ပိုပြင်းထန်တာတွေ ဖြစ်နိုင်ပါတယ်။ဒါ့အပြင်ဝမ်းချုပ်တာ၊ အသက်ရှူရခက်တာ၊ ခြေတွေလက်တွေ ကောင်းစွာ မလှုပ်တာ၊ ထမင်းစားချင်စိတ် မရှိတာ၊ မျက်နှာအမူအရာ မကောင်းတာ အစရှိတဲ့ လက္ခဏာတွေကိုလည်း တွေ့နိုင်ပါတယ်။ ဒါကြောင့် အသက် ၁နှစ် အနည်းဆုံးရှိမှ ကလေးကို ပျားရည်စတိုက်သင့်ပြီး ၅နှစ်ပြည့်ပြီးနောက်ပိုင်းမှ တိုက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ဆေးဆိုင်တွေမှာ Antihistamine ပါဝင်တဲ့ ဆေးတွေကို အလွယ်တကူမေးပြီး ဝယ်လို့ရပါတယ်။ ဒီဆေးသောက်ပြီး မသက်သာလာတာ၊ ဝေဒနာပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်မှာ ဓါတ်မတည့်တဲ့ပြဿနာတွေ ရှိရင် ဆရာဝန်ဆီမှာ ကုသမှုခံယူဖို့နဲ့ ဓါတ်မတည့်တဲ့ အရာတွေကို မစားမိ၊ အရေပြားနဲ့ မထိမိစေဖို့ သေချာဂရုစိုက်ဖို့တော့ လိုပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/food-allergies/%e1%80%95%e1%80%ba%e1%80%ac%e1%80%b8%e1%80%9b%e1%80%8a%e1%80%b9%e1%80%94%e1%80%b2%e1%82%94-%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%99%e1%80%90%e1%80%8a%e1%80%b9%e1%80%b7%e1%80%90%e1%80%b2%e1%80%b7/
ငှက်ပျောသီးလိုပဲ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေ
တော်တော်များများကပိုတက်ဆီယမ်ဓာတ်ရအောင် ငှက်ပျောသီး စားကြပါတယ်။ ကျောက်ကပ်၊ နှလုံးတို့ကအစ ကြွက်သားတွေ၊ အာရုံကြောတွေအထိ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးနီးပါး ပိုတက်ဆီယမ်ကို လိုအပ်တာကြောင့်ပါ။ ဒါပေမယ့် ငှက်ပျောသီး တစ်မျိုးတည်းကိုပဲ အားကိုးပြီး စားနေဖို့တော့မလိုပါဘူး။ ဒီဓာတ်ကို ရနိုင်တဲ့ တခြားအရင်းအမြစ်တွေက အများကြီးရှိနေသေးလို့ပါ။ ငှက်ပျောသီးလိုပဲ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေ က ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်နော်။ငှက်ပျောသီးအပြင် ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေ ကတော့။နှစ်ပြန်ကြော်တွေထဲမှာ ပါတတ်တဲ့ ပဲစိမ်းလေးတွေကို သိမှာပါ။ အဲဒီပဲတွေက ပိုတက်ဆီယမ် ကြွယ်ဝတဲ့အပြင် သံဓာတ်နဲ့ အမျှင်ဓာတ် ပါဝင်မှု များပါတယ်။ အချိုဓာတ် နဲ့ အဆီဓာတ်တော့ နည်းပါးပါတယ်။အရွယ်တော် အာလူးလေးတွေမှာ ဗီတာမင်B1၊ B3 နဲ့ B6 တို့လည်း ကြွယ်ဝပါသေးတယ်။ အာလူးကြော် စားမယ့်အစား ကျန်းမာရေးနဲ့ ညီအောင်လို့ မီးဖုတ်စားတာ၊ ပူတင်း လုပ်စားတာ လိုမျိုး နည်းလမ်း အမျိုးမျိုးကို စဉ်းစားသင့်ပါတယ်။ထောပတ်သီးကို ငှက်ပျောသီးလို တစ်လုံးလုံး စားစရာတောင် မလိုပါဘူး။ တော်ရုံ စားတာနဲ့တင် ပိုတက်ဆီယမ် အပြင် ဗီတာမင် A၊ C၊ E တို့ပါ တော်တော်လေးရနိုင်ပါတယ်။ သူ့မှာပါတဲ့ အကျိုးပြု အဆီဓာတ်တွေကြောင့် ကိုလက်စထရောတောင် ကျနိုင်ပါသေးတယ်။ဘယ်အချိန်စားစား ရင်အေးစေတဲ့ ဖရဲသီးက ရေဓာတ် ပြည့်ဝစေတဲ့အပြင် ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ lycopene လို အာဟာရဓာတ်တွေ အများကြီး ပေးစွမ်းနိုင်ပါတယ်။နေကြာစေ့က စားရတာ အလုပ်ရှုပ်လို့ သိပ်မစားဖြစ်တဲ့သူတွေအတွက် အခုဆိုရင် အခွံခွာပြီးသား အစေ့သီးသန့်ဘူးတွေ ဈေးကွက်မှာ ရှိနေပါတယ်။ နေကြာစေ့က ခန္ဓာကိုယ် အတွက် မရှိမဖြစ် အရေးပါတဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်တာကြောင့် စားသုံးသင့်တဲ့ အစေ့အဆန်ထဲမှာ ပါဝင်ပါတယ်။ ဒါ့အပြင် အခုဆို ကျန်းမာရေးနဲ့ ညီတဲ့ ဟင်းချက်ဆီ အဖြစ် နေကြာဆီကို အသုံးများလာကြပြီ ဖြစ်ပါတယ်။ပိုတက်ဆီယမ်တင် မကဘူး၊ သူ့မှာ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ အမျှင်ဓာတ် နဲ့ ဗီတာမင် C တို့ ပါရနိုင်ပါတယ်။ ထမင်းဝိုင်းမှာ ဆီနည်းတဲ့ အရွက်ကြော်လေး တစ်ခွက်ကတော့ မပါမဖြစ် ပါပဲ။အချိုကဲတဲ့ စပျစ်ခြောက်တော့ အမြဲ မစားနဲ့ပေါ့။ မုန့်ထဲ ထည့်လုပ်တဲ့ စပျစ်ခြောက်လေးတွေ ဝယ်ထား၊ စားစရာတွေထဲ ထည့်စားစား၊ ဒီအတိုင်း စားစား အဆင်ပြေပါတယ်။ခရမ်းချဉ်သီးမှာ lycopene ပါဝင်မှု များတာကြောင့် ကင်ဆာ၊ နှလုံးရောဂါနဲ့ ကိုလက်စထရော များခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။လိမ္မော်ရည် တစ်ခွက်ဟာ ပိုတက်ဆီယမ်၊ ဗီတာမင် C နဲ့တခြား အာဟာရဓာတ်တွေအပြင် အမျှင်ဓာတ်တောင် အဆစ်ပါသေးတာမို့ အစာချေဖျက်မှုအတွက်လည်း ကောင်းပါတယ်။ပိုတက်ဆီယမ် လိုချင်ရင် ငှက်ပျောသီးလည်း စား၊ ဒါလေးတွေလည်း တစ်လှည့်စီ စားပေးပေါ့။ အာဟာရဓာတ် ညီညွတ်မျှတပြီး ကျန်းမာတဲ့ နေထိုင်မှုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/potassium-rich-foods-like-banana/
ကလေးငယ်များတွင်ဖြစ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများနှင့် ပတ်သက်ပြီး သိထားရမည့် အချက်များ
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဆိုသည်မှာ အအေးမိတုပ်ကွေးဖြစ်ခြင်းကိုဆိုလိုပြီး ယင်းသည် ကလေးငယ်များတွင် အဖြစ်အများဆုံးဖြစ်ပါသည်။ ထိုသို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပိုးဝင်လျှင် နှာခေါင်း၊ လည်ချောင်း၊ နားများနှင့် နှာခေါင်းဘေးတွင်းရှိလေအိတ်ငယ်များသို့ ပျံ့နှံ့ခြင်းများ ဖြစ်နိုင်ပါသည်။ကလေးငယ်များသည် တစ်နှစ်လျှင် ၅ ကြိမ်မှ ၈ ကြိမ်အထိ အအေးမိတုပ်ကွေး ဖြစ်တတ်ကြပြီး အသက် ၆ နှစ်ကျော်သွားလျှင် အအေးမိတုပ်ကွေးဖြစ်နိုင်ချေ ကျဆင်းသွားကြောင်း တွေ့ရသည်။အအေးမိတုပ်ကွေးဖြစ်ခြင်းသည် ယင်းကိုဖြစ်စေသော ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်ခြင်းဖြစ်ပြီး အဆိုပါဗိုင်းရပ်စ်ပိုးများသည် ချောင်းဆိုးခြင်း၊ နှာချေခြင်းများကြောင့် လေထဲမှတဆင့်ကူးစက်ခြင်း၊ ဗိုင်းရပ်စ်ပိုးရှိသော လူ သို့မဟုတ် အရာဝတ္ထုပစ္စည်းများနှင့် ထိတွေ့မိခြင်းတို့မှ ကူးစက်ခြင်းဖြစ်ပါသည်။အအေးမိလျှင် အောက်ပါ ရောဂါလက္ခဏာများ ခံစားနိုင်ပါသည်။· နှာရည်ယိုခြင်း၊ နှာစေးခြင်း။· နှာချေခြင်း၊ ချောင်းဆိုးခြင်း။· လည်ချောင်းယားခြင်း၊ အသံနာခြင်း။· မျက်လုံးများနီရဲနေခြင်း၊ ဖောင်းနေခြင်း၊ မျက်ရည်ပူများထွက်ခြင်း။· ပင်ပန်းနွမ်းနယ်ခြင်း။· ၁ ရက်မှ ၃ရက်ကြာအောင် ချမ်းတုန်ဖျားခြင်း။· ခေါင်းကိုက်ခြင်း။· ကိုယ်လက် ကိုက်ခဲခြင်း။· ကြွက်သားများ နာကျင်ခြင်း တို့ခံစားရနိုင်ပါသည်။အအေးမိခြင်းကြောင့်ဖြစ်သော ဝေဒနာအများစုသည် ၁ ပတ် ၂ ပတ်ခန့်အကြာတွင် အလိုလိုပျောက်ကင်းသွားတတ်ကြပါသည်။ သင့်ကလေးငယ်သည် အသက် ၄ နှစ်အောက်ဖြစ်ပါက ဆေးဆိုင်တွင် ဝယ်ပြီး ဆေးတိုက်ခြင်း မပြုလုပ်ပါနှင့်။ ထိုဆေးများသည် သင့်ကလေးကို မမျှော်လင့်သော ဘေးထွက်ဆိုးကျိုးများခံစားရစေနိုင်သောကြောင့်ဖြစ်ပါသည်။သင့်ကလေး၏ ဝေဒနာများကို acetaminophen သို့မဟုတ် NSAIDs အကိုက်အခဲပျောက်ဆေးများတိုက်ခြင်းဖြင့် သက်သာစေနိုင်ပါသည်။ သို့သော် ထိုဆေးများသည် ၆ လအောက်ကလေးများတွင် ဆရာဝန်၏ ညွှန်ကြားချက်ရှိမှသာ သောက်သင့်သော ဆေးများဖြစ်ပါသည်။ သင်တိုက်နေသောဆေးများသည် ကလေးငယ်၏ရောဂါလက္ခဏာများကို ထင်ထားသလောက် မသက်သာစေသောအခါ ဆရာဝန်နှင့် ပြသင့်ပါသည်။· သင့်ကလေးကို ကောင်းမွန်စွာအနားယူစေပါ။ အစာဝင်အောင်ကျွေးပါ။ အရည်များများတိုက်ပါ။· ချွဲပျော်စေရန်နှင့် ရေဓာတ်ပြည့်ဝစေရန် ရေနှင့် သစ်သီးဖျော်ရည်များတိုက်ပါ။ သကြားပါဝင်မှု နည်းပါစေ။ ကဖိန်းဓာတ်များသော အရည်များ၊ အစားအစာများသည် ရေဓာတ်ခမ်းခြောက်စေသောကြောင်း ယင်းတို့ကို ကလေးများအား မတိုက်ပါနှင့်။· ကလေးငယ်၏ နှာခေါင်းထဲတွင် ပိတ်နေသော နှပ်များကို ဖယ်ရှားသန့်စင်ပေးပါ။· လည်ချောင်းနာပျောက်စေရန် ဆားရည်နှင့် အာလုပ်ကျင်းပေးပါ။· သင့်ကလေးကို အသက်ရှူရပိုကောင်းစေရန် လေကို စိုထိုင်းဆပေးသော လေအေးပေးစက်များကို အသုံးပြုနိုင်ပါသည်။· နီကိုတင်း ပါသော ဆေးလိပ်ငွေ့များသည် ကလေးငယ်၏ ရောဂါဝေဒနာများကို ပိုဆိုးစေသည့်အတွက် ယင်းတို့ကို ရှောင်ကြဉ်ပါ။· အအေးမိတုပ်ကွေးဖြစ်စေသော ဗိုင်းရပ်စ်ပိုးများသည် တုပ်ကွေးစဖြစ်သည့်နေ့မှစ၍ ၃ရက်မှ ၅ရက်အတွင်းတွင် အပြန့်နိုင်ဆုံးဖြစ်သည့်အတွက် ထိုရက်များတွင် သင့်ကလေးအား အခြားကလေးများနှင့် နီးကပ်စွာနေထိုင်ခြင်း မပြုလုပ်စေပါနှင့်။· ကလေးများအား လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးရန်၊ နှာချေခြင်း၊ ချောင်းဆိုးခြင်းများပြုလုပ်စဉ်တွင် ရောဂါပိုးများ ပြန့်ပွားမှုကို ကာကွယ်ရန် နှာခေါင်းနှင့် ပါးစပ်တို့ကို လက်ကိုင်ပဝါဖြင့် အုပ်ရန် သင်ပေးပါ။· သင့်ကလေး နေမကောင်းဖြစ်နေစဉ် ကစားစရာများ၊ ချိုလိမ်များ၊ အရုပ်များ၊ မျက်နှာသုတ်ပဝါ၊ အစားအစာများနှင့် အစားအသောက်ထည့်သော ပန်းကန်ခွက်ယောက်များ စသည်တို့ကို အခြားကလေးများနှင့် မျှဝေသုံးစွဲခြင်း မပြုလုပ်ပါနှင့်။သင့်ကလေးသည် နေမကောင်းဖြစ်ရာမှ နာလန်မထနိုင်လျှင် အထူးသဖြင့်။· ကိုယ်အပူချိန် ၃၈ ဒီဂရီ ဆဲလ်ဆီယက်ထက်ကျော်လွန်နေလျှင်။· ရောဂါလက္ခဏာများသည် ၁၀ ရက်ထက်ပိုကြာနေလျှင်။· ရောဂါလက္ခဏာများသည် ဆေးဆိုင်တွင်ဝယ်သောက်သော အအေးမိပျောက်ဆေးများနှင့် မသက်သာလျှင် ဆရာဝန်ထံသွားပြသင့်ပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/respiratory-diseases/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%9e%e1%80%b1/
Paraphimosis (လိင်တံထိပ်ဖုံး အရေပြားပြဿနာ)
Paraphimosis ဆိုတာ လိင်တံထိပ်အရေပြားဟာ နောက်ဆုတ်သွားပြီး နဂိုနေရာကိုပြန်ဆွဲမရတော့ဘဲ လိင်တံထိပ်အား ညှစ်ထားသကဲ့သို့ ဖြစ်သော အခြေအနေကို ခေါ်ပါတယ်။ ဒီအခြေအနေဟာ လိင်တံထိပ်အရေပြား မဖြတ်ထုတ်ရသေးတဲ့ ယောက်ျားငယ်လေးတွေမှာသာ တွေ့ရပြီး လူတွေဟာ ၎င်းအခြေအနေကို များသောအားဖြင့် လိင်တံထိပ် အရေပြားငုံခြင်း (Phimosis) နှင့်ရောထွေးနေတတ်ပါတယ်။လိင်တံထိပ်အရေပြား ငုံခြင်း၊ မပွင့်ခြင်း နောက်ကို ဆွဲလို့မရခြင်း (Phimosis) ဟာ ငယ်ရွယ်တဲ့ ယောင်္ကျားလေးတွေအတွက် သဘာဝအခြေအနေတစ်ခုဖြစ်ပါတယ်။ သို့သော် Paraphimosis လို့ခေါ်တဲ့ လိင်တံကို ဆွဲညှစ်ထားသလိုဖြစ်နေတဲ့ အခြေအနေကတော့ အရေးပေါ်အခြေအနေ တစ်ခုဖြစ်လာပြီး လိင်တံထိပ်သို့သွားသော သွေးလည်ပတ်မှုကိုပါ ရပ်သွားစေနိုင်တဲ့ အခြေအနေ တစ်ခုဖြစ်ပါတယ်။ ဒီလိုအခြေအနေဟာ ဆရာဝန်နှင့် ချက်ချင်းတိုင်ပင် ကုသရန် လိုအပ်ပါတယ်။အဖြစ်အများဆုံး အကြောင်းအရင်းကတော့ လိင်တံထိပ်အရေပြားကို ကောင်းစွာမကိုင်တွယ်ခြင်း (သင့်ကျန်းမာရေးကို ဂရုစိုက်ပေးသူဟာ ဆေးကုသမှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို လုပ်နေစဉ်မှာ လိင်တံထိပ်အရေပြားကို ပုံမှန်နေရာသို့ ပြန်မထားပေးခြင်းကြောင့် ဖြစ်နိုင်ပါတယ်)။အခြားသော Paraphimosis ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။•ပိုးဝင်ခြင်း။• လိင်အဂါၤနေရာများ၌ ထိခိုက်ဒဏ်ရာရရှိခြင်း။• လိင်တံထိပ်အရေပြားကို နောက်သို့အားကုန်ဆွဲမိခြင်း။• ပုံမှန်ထက်စာရင် လိင်တံထိပ်အရေပြားဟာ ပို၍တောင့်တင်းနေခြင်း။• လိင်တံထိပ်အရေပြားကို အချိန်အကြာကြီး နောက်သို့ ဆွဲထားခြင်းစတာတွေ ဖြစ်ပါတယ်။Paraphimosis အခြေအနေကို ဖြစ်စေတဲ့ အခြားသော အကြောင်းအရင်း များလည်းရှိပါတယ်။လိင်တံကိုဆေးကြောခြင်း ကဲ့သို့ တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုတစိုက် ပြုလုပ်ခြင်းမရှိသောကြောင့်လည်း Paraphimosis အခြေအနေဖြစ်လာနိုင်ပါတယ်။ဒါ့အပြင် လိင်တံကို တစ်စုံတစ်ခုဖြင့် ဖောက်ထွင်းပြီး ပစ္စည်း ထည့်ခြင်း ပြုလုပ်တဲ့အခါ ရောင်ရမ်းပြီး နာကျင်လာတဲ့ အတွက်ကြောင့် လိင်တံထိပ် အရေပြားကို သူ၏နဂိုနေရာကို ပြန်မရောက်နိုင်ဖြစ်ကာ လိင်တံကိုဆွဲညှစ် သလိုဖြစ်စေတတ်ပါတယ်။ လိင်ဆက်ဆံခြင်းဟာလည်း Paraphimosis ဖြစ်စေတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခု ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ လိင်တံထောင်မတ်နေတဲ့ အချိန်မှာ သင့်ရဲ့ လိင်တံထိပ်အရေပြားကို အနောက်သို့ အချိန်အကြာကြီး ဆွဲလိုက်တဲ့အခါ ၎င်းဟာ ဖောင်းရောင်လာပြီး လိင်တံရဲ့ အနောက်ဖက်မှာ သွားစုနေနိုင်ကာ နဂိုနေရာ အရှေ့သို့ ပြန်မရောက်နိုင်တော့ဘဲ လိင်တံကို ဆွဲညှစ်ထားသလို ဖြစ်စေပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ရဲ့အသက်အရွယ် နဲ့ Paraphimosis ရဲ့ ဆိုးဝါးမှုပေါ်အခြေခံပြီး ကုသမှုကို ပေးနိုင်ပါတယ်။ များသောအားဖြင့် အရေးပေါ်ခန်းထဲမှာ ကုသရမှာ ဖြစ်ပါတယ်။ သင့်ရဲ့ လိင်တံထိပ် အရေပြားကို လျော့ရဲ သွားအောင် လက်နှင့် မပြုလုပ်ခင်မှာ ယေဘုယျအားဖြင့် ပြုလုပ်ရမယ့် ပထမအဆင့်ကတော့ နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်း လျော့ကျအောင် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။အချို့သော ကုသမှုများကတော့။• ဖြစ်သည့်နေရာကို ရေခဲဝတ် ကပ်ပေးခြင်း။• လိင်တံထိပ်အရေပြားတွင် အပေါက်လေးများ ပြုလုပ်ပြီး အရည်များထွက်သွားစေရန် အပ်နှင့် အရည်များဆင်းသွားအောင် ပြုလုပ်ခြင်း။• hyaluronidase ထိုးပေးခြင်း။ ၎င်းဟာ ရောင်ရမ်းခြင်းသက်သာ စေတဲ့ အန်ဇိုင်းတစ်ခု ဖြစ်ပါတယ်။ရောင်ရမ်းခြင်းကို ကုသပေးပြီးတဲ့ နောက်မှာဆိုရင် ဆရာဝန်ဟာ လိင်တံထိပ်အရေပြားကို နဂိုနေရာ ကိုထားပေးရန် ကြိုးစားပါလိမ့်မယ်။ ဒီဖြစ်စဉ်ကို မပြုလုပ်ခင်မှာ သင့်ကို အနာသက်သာစေတဲ့ ဆေးတွေ ပေးပါလိမ့်မယ်။ဘာကြောင့်လဲ ဆိုတော့ ၎င်းဟာအလွန်နာကျင်စေသောကြောင့် ဖြစ်ပါတယ်။ အသုံးအများဆုံး အနာသက်သာစေတဲ့ ဆေးတွေကတော့ ထုံဆေး၊ နာကျင်မှုအာရုံခံသော အာရုံကြောကို ပိတ်ခြင်း သို့မဟုတ် သောက်ဆေးများကို ပေးခြင်း စတာတွေကို ပေးပါလိမ့်မယ်။လိင်တံနှင့် လိင်တံထိပ်အရေပြားကို ချောမွေ့အောင် ပြုလုပ်ပြီးတဲ့နောက်မှာ သင့်ရဲ့ ဆရာဝန်ဟာ လိင်တံထိပ်ကို ညှစ်ပြီး လိင်တံထိပ်အရေပြားကို သူ၏နဂိုနေရာ ရောက်အောင် ပြုလုပ်ပေးပါလိမ့်မယ်။အလွန်ဆိုးဝါးတဲ့ အခြေအနေတွေမှာဆိုရင် လိင်တံထိပ်အရေပြားကို လုံးဝ ဖြတ်တောက်လိုက်ခြင်း သို့မဟုတ် လိင်တံထိပ်အရေပြားကို လုံးဝဖယ်ရှားပစ်လိုက်ခြင်းကို ပြုလုပ်နိုင်ပါတယ်။ ဒီလို ဖယ်ရှားလိုက်မယ်ဆိုရင်တော့ သင်ဟာ နောက်ထပ် Paraphimosis အခြေအနေထပ်ဖြစ်မှာကို စိတ်ပူစရာ မလိုတော့ပါဘူး။Paraphimosis ဆိုတဲ့ အခြေအနေဟာ မကုသပဲ ထားမယ်ဆိုရင် အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုရောင်ရမ်း ၊ ဖောင်းတင်းလာမှု ဟာဆိုရင် လိင်တံကိုသွားတဲ့ သွေးလည်ပတ်မှုကို လျော့ကျစေပြီး လိင်တံအသားစတစ်ရှူးတွေဟာ အောက်စီဂျင် ရရှိမှာမဟုတ်တော့ပါဘူး။Paraphimosis ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့။တကယ်လို့ သင့်ရဲ့ လိင်တံဟာ ရောင်ရမ်းပြီး နာကျင်ခြင်းတွေ ခံစားရပြီဆိုရင်၊ လိင်တံရဲ့ အရောင်ဟာ အနီပုပ်ရောင် သို့မဟုတ် အပြာပုပ်ရောင် အဖြစ်သို့ ပြောင်းလာပြီဆိုရင် ဆရာဝန်နှင့် ချက်ချင်းပြသ သင့်ပါတယ်။ ဒါဟာလွယ်ကူသော ကိစ္စမဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ Paraphimosis ဆိုတဲ့ အခြေအနေဟာ လိင်တံကင်ဆာ ဖြစ်စေနိုင်ပြီး သင့်ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/paraphimosis-%e1%80%9c%e1%80%ad%e1%80%84%e1%80%b9%e1%80%90%e1%80%b6%e1%80%96%e1%80%b6%e1%80%af%e1%80%b8-%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%90%e1%80%84%e1%80%b9/
လူခြောက် လေးက စီးပွားတက်စေသလား။
လူခြောက် လေးမွေးပြီဆိုရင် မိဘတွေက စီးပွားတက်တယ်။ ဒီကလေးက အိပ်မက်ပေးတယ်။ အသက်ရှိနေတဲ့ ကလေးလိုပဲ ကျွေးရတယ်။ အဝတ်အစားတွေ ဆင်ပေးရတယ်။ အရွယ်ရောက်လာရင် အိမ်ထောင်ထောင်တောင် ချပေးရတယ်တဲ့။ ဒါကတော့ လောကီထဲက အယူတွေပေါ့။သိပ္ပံပညာမှာတော့ လူခြောက်လေးတွေ ဘယ်လိုဖြစ်လာတယ်ဆိုတာက သိပ်စိတ်ဝင်စားစရာ ကောင်းပါတယ်။လူခြောက်ဆိုတာက ပြောရမယ်ဆိုရင် သန္ဓေသားလေးကမိခင်ရဲ့ ဝမ်းထဲမှာတင် ဆုံးသွားတာပါ။ ကိုယ်ဝန်ပတ် ၂၀ကျော်ကနေ မမွေးမချင်း မိခင်ရဲ့ ဝမ်းထဲမှာ ဆုံးသွားတာတွေ အကုန်လုံးအကျုံးဝင်ပါတယ်။အရင်ကတော့ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ကောင်းကောင်း မရကြလို့ အမေ့ဗိုက်ထဲမှာတင် ဆုံးသွားတဲ့ကလေးတွေ များပါတယ်။ ဒီတော့ လူခြောက်လေးတွေလည်း များပါတယ်။ ခုနောက်ပိုင်းတော့ ကိုယ်ဝန်စောစောအပ်ကြတဲ့ မိခင်တွေ များလာကြတော့ ဒီလိုမျိုးဆုံးတာတွေ နည်းသွားပါပြီ။ ဒီတော့ လူခြောက်လေးတွေလည်း အတွေ့ရနည်းသွားတာပေါ့။ ဒါပေမယ့် ရှိတော့ရှိနေပါသေးတယ်။ဗိုက်ထဲက ကလေးလေး ဆုံးသွားတဲ့အခါ ပြင်ပကလူတွေ ဆုံးသလိုပဲ ပုပ်သွားတတ်ပါတယ်။ သူပုပ်တာက အချိန်နဲ့အမျှ အဆင့်ဆင့် ဖြစ်ပေါ်နေပါတယ်။ပုပ်ခြင်းအဆင့် 0။သေဆုံးပြီးကြာချိန်- < ၈နာရီ။လက္ခဏာများ-အရေပြားတွေနီပြီး အပူလောင်တာနဲ့ ဆင်တူပါတယ်။ပုပ်ခြင်းအဆင့်I။သေဆုံးပြီးကြာချိန်- > ၈နာရီ။လက္ခဏာများ-အရေပြားလေးတွေ အဖက်လန်လာပါပြီ။ပုပ်ခြင်းအဆင့်II။သေဆုံးပြီးကြာချိန်- ၂-၇ရက်။လက္ခဏာများ –အဖက်လန်တာတွေ ပိုသိသာလာပါပြီ။-ဗိုက်နဲ့ ရင်ဘတ်တွေမှာ သွေးရောင်တွေနဲ့ နီရဲနေတတ်ပါပြီ။ပုပ်ခြင်းအဆင့်III။သေဆုံးပြီးကြာချိန်- >= ၈ရက်။လက္ခဏာများ –အသည်းက ဝါနေပါပြီ။-ကလေးရဲ့ ကိုယ်တွင်းအရည်တွေ နောက်နေပါပြီ။-ခြောက်ပြီး မာသွားပါပြီ။ (လူခြောက်လေး ဖြစ်သွားပါပြီ။)။အမေတွေက ကလေးဗိုက်ထဲမှာ ဆုံးသွားတာကို ချက်ချင်းသိချင်မှ သိမှာပါ။ ၁ပတ်လောက်ကြာမှ သိလို့ မွေးထုတ်လိုက်ရပြီဆိုရင် လူခြောက်လေးဖြစ်နေပါပြီ။လူခြောက်လေး ဖြစ်သွားတယ်ဆိုတာက ကလေးက ဗိုက်ထဲမှာတင် ဆုံးပါးသွားလို့ပါ။ ဒီလိုဆုံးရတဲ့ အကြောင်းရင်းတွေကတော့။ဒီလိုအကြောင်းအရင်းတွေ ရှိပေမယ့် ဗိုက်ထဲမှာတင် ဆုံးသွားတဲ့ ကလေး ၃ယောက်မှာ ၁ယောက်က အကြောင်းအရင်းမရှိဘဲ ဆုံးသွားတာပဲ ဖြစ်ပါတယ်။များသောအားဖြင့်တော့ ကလေးက ဗိုက်ထဲမှာ သိပ်မလှုပ်တော့ဘူးဆိုပြီး စမ်းလိုက်မှ သတိထားမိတာ များပါတယ်။ ပိုသေချာချင်ရင်တော့အယ်ထွာဆောင်းရိုက်ပြီး အတည်ပြုရပါတယ်။ကလေးလေးက ဆုံးသွားပြီ။ မွေးဖို့ရက်ကလည်း လိုသေးတယ်ဆိုရင်တော့ ရွေးချယ်စရာ ၃ခုရှိပါတယ်။မွေးမယ့်ရက်က လိုသေးတယ်ဆိုပေမယ့် အချိန်ကြာကြာစောင့်လို့တော့ မရပါဘူး။ အထူးသဖြင့် မိခင်က ကိုယ်ဝန်ဆိပ်တက်နေတာ၊ ပိုးဝင်နေတာ၊ ရေမြွာပေါက်သွားတာ၊ သွေးရောဂါတွေ ရှိနေရင် ပိုပြီးမြန်မြန်မွေးသင့်ပါတယ်။ဒါကြောင့် သောက်ဆေးတွေ၊ အကြောဆေးတွေ၊ မိန်းမကိုယ်ထည့် ဆေးတောင့်တွေကို သုံးပြီး ဗိုက်နာလာအောင်၊ မွေးသွားအောင် လှုံ့ဆော်ပေးရပါတယ်။လစေ့ဖို့ သိပ်မလိုတော့ရင် မွေးရမယ့်အထိ စောင့်ချင်စောင့်နိုင်ပါတယ်။ မွေးရမယ့်ရက်ရောက်ရင် သဘာဝအတိုင်း ဗိုက်နာပြီး မွေးသွားမှာပါ။ ဒါပေမယ့် တစ်ခုရှိတာက ကလေးက ရက်ကြာလာလေလေ အထဲမှာ ပျက်စီးလာလေလေပါ။ မွေးလာတဲ့အခါ ပုံပျက်ပန်းပျက် ဖြစ်နေနိုင်ပါတယ်။နောက်တစ်ချက်က ကြာကြာထားရင် မိခင်ရဲ့ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။လေ့လာချက်တွေအရသေဆုံးပြီးသားကလေးကို မွေးရတဲ့ မိခင်တွေကသာမန်ကိုယ်ဝန်ဆောင်တွေထက် သွေးဆိပ်သင့်နိုင်ခြေ ၁၄ဆ၊ ကျောက်ကပ်ပျက်စီးနိုင်ခြေ ၁၃ဆနဲ့ နှလုံးထိခိုက်နိုင်ခြေ ၁၀ဆပိုများနိုင်ပါတယ်။ဒါကြောင့် စောစောမွေးလိုက်တာ ပိုသင့်တော်ပါတယ်။ တချို့မိခင်တွေကျတော့လည်း ကလေးက ဆုံးသွားတာကို သတိမထားမိဘဲ လစေ့လို့ မွေးလိုက်မှ လူခြောက်လေးဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ဒါကတော့ ပုံမှန်အားဖြင့် ရွေးလေ့မရှိပါဘူး။ ကလေးလည်း အဖက်မတင်ဘဲ ခွဲကြောင်းပဲ အဖက်တင်ခဲ့လို့ပါ။ ရိုးရိုးမွေးတာထက်လည်း အန္တရာယ်များပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/macerated-stillbirths/
Mold allergy ( မှိုဖြင့်ဓါတ်မတည့်ခြင်း)
Mold ဆိုတာဟာ မှိုအသေးစားလေးတွေဖြစ်ပြီး ယင်းတို့ရဲ့ မျိုးမှုန်တွေဟာ လေထဲကနေပြန့်နှံ့တတ်ကြပါတယ်။ သူတို့ဟာ စိုထိုင်းသော ပတ်ဝန်းကျင်ကို ကြိုက်ကြပြီး အာဟာရ၊ လေ၊ သင်တော်မယ့်အပူချိန်နဲ့ ရေ စသည့်အရာ၄မျိုးကို ကြီးထွားဖို့ လိုအပ်ပါသည်။ မှိုတွေကို အပြင်မှာဖြစ်စေ၊ အိမ်မှာဖြစ်စေ၊ အခြားအဆောက်အအုံတွေမှာဖြစ်စေ တွေ့နိုင်ပါတယ်။လူတိုင်းက မှိုမျိုးမှုန်တွေကို ရှုသွင်းကြပြီး ပမာဏများတဲ့အခါ ဓါတ်မတည့်ခြင်း သို့မဟုတ် ပန်းနာရင်ကြပ်တို့ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုအခြေအနေကို မှိုဖြင့်ဓါတ်မတည့်ခြင်းလို့ခေါ်ပါတယ်။မှိုဖြင့်ဓါတ်မတည့်တဲ့အခါ ခန္ဓါကိုယ်က မှိုမျိုးမှုန်တွေကို ရှုသွင်းမိတဲ့အခါ လိုတာထက်ပိုပြီး တုံ့ပြန်ကြပါတယ်။ မှိုမျိုးမှုန်တွေက ချောင်းဆိုးအောင်၊ မျက်လုံးယားအောင်နဲ့ အခြားစိတ်ရှုတ်စရာကောင်းတဲ့ရောဂါလက္ခဏာတွေပေါ်လာအောင် ပြုလုပ်ပါတယ်။ အချို့လူတွေမှာ ပန်းနာရင်ကြပ်နဲ့ ဆက်စပ်နေနိုင်ပြီး မှိုမျိုးမှုန်တွေကို ရှုသွင်းမိလိုက်သည့်အခါ အသက်ရှုခက်ခြင်းနဲ့ အခြားသောလေပြွန်ပိုင်းဆိုင်ရာ လက္ခဏာတွေ ဖြစ်ပေါ်လာပါတယ်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။မှိုဖြင့်ဓါတ်မတည့်ခြင်းက အခြားလေပြွန်ဓါတ်မတည့်မှုလက္ခဏာတွေမှာ ဖြစ်တဲ့ ရောဂါလက္ခဏာတွေကို ရရှိစေပါတယ်။ မှိုဖြင့်ဓါတ်မတည့်ခြင်းကြောင့် ဖြစ်ပေါ်လာမယ့် ရောဂါလက္ခဏာတွေက အောက်ပါတို့ပဲဖြစ်ပါတယ်။မှိုဖြင့်ဓါတ်မတည့်ခြင်းရဲ့ ရောဂါလက္ခဏာတွေဟာ လူတစ်ယောက်နဲ့တစ်ယောက် ကွဲပြားနိုင်ပြီး အနည်းငယ်ကနေ ပြင်းထန်သည်အထိရှိနိုင်ပါတယ်။ နှစ်စဉ်ပြန်ဖြစ်တတ်ပြီး တစ်ခါတစ်ရံ နှစ်တစ်နှစ်ရဲ့ ပေါ်နေကျအချိန်တွေမှာ ဖြစ်ပေါ်လာတတ်ပါတယ်။ ရာသီဥတုက စိုထိုင်းနေရင် သို့မဟုတ် ပတ်ဝန်းကျင်မှာ မှိုတွေအရမ်းများနေရင် ရောဂါလက္ခဏာတွေကို သတိထားမိနိုင်ပါတယ်။မှိုဖြင့်ဓါတ်မတည့်ခြင်းနှင့်ပန်းနာရင်ကြပ်ရောဂါ။ပန်းနာရင်ကြပ်လက္ခဏာတွေဟာ မှိုမျိုးမှုန်များဖြင့် ထိတွေ့ကာ ဖြစ်ပေါ်လာနိုင်ပါတယ်။ မှိုဖြင့်ထိတွေ့မိတဲ့ အချို့လူတွေမှာ ပြင်းထန်တဲ့ပန်းနာရင်ကြပ်ရောဂါဖောက်တာတွေ တွေ့ရတတ်ပါတယ်။ ပန်းနာရင်ကြပ်ရဲ့ ရောဂါလက္ခဏာတွေက အောက်ပါတို့ပဲဖြစ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အောက်ပါတို့ရှိနေပါက ဆရာဝန်ဖြင့်ဆက်သွယ်သင့်ပါတယ်။နှာရည်ယိုခြင်း၊ နှာချီခြင်း၊ မျက်ရည်ကျခြင်း၊ အသက်ရှုကြပ်ခြင်း၊ အသက်ရှုလျှင်တရွှီရွှီမြည်ခြင်းနှင့် တော်တောင်ဖြင့်မပျောက်နိုင်သောအခြားစိတ်ညစ်စရာကောင်းသည့် လက္ခဏာများ။သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။တခြားဓါတ်မတည့်ခြင်းတွေလိုပဲ မှိုဖြင့်ဓါတ်မတည့်ခြင်းဟာ အလွန်အကျွန်တုံ့ပြန်တဲ့ ကိုယ်ခံအားစနစ်ကြောင့် ဖြစ်ရတာပါ။ မှိုမျိုးမှုန်သေးသေးလေးတွေကို ရှုသွင်းမိတဲ့အခါ ခန္ဓါကိုယ်က ယင်းတို့ကို ပြင်ပကျူးကျော်သူတွေအဖြစ်သတ်မှတ်ပြီး ပဋိပစ္စည်းတွေ ထုတ်လုပ်ကာ တိုက်ခိုက်ပါတယ်။ထိတွေ့ပြီးနောက်လည်း ထိုကျူးကျော်သူတွေကို မှတ်မိတဲ့ ပဋိပစ္စည်းတွေ ထပ်ထုတ်နေတဲ့အတွက်ကြောင့် မှိုနဲ့ထိတွေ့မိရင် ဓါတ်ပြုအုန်းမှာပါပဲ။ ထိုဓါတ်ပြုမှုက ဟစ်စတမင်းလိုမျိုး ဒြပ်ပေါင်းတွေထုတ်လုပ်စေပြီး မှိုဖြင့်ဓါတ်မတည့်မှု ဖြစ်လာစေပါတယ်။မှိုတွေမှာ အပြင်ကော၊ အတွင်းမှာပါ အတွေ့များပါတယ်။ အမျိုးအစားများစွားရှိသော်လည်း မှိုအမျိုးအစားအချို့ကသာ ဓါတ်မတည့်မှုဖြစ်စေတာပါ။ ဓါတ်မတည့်မှုအဖြစ်များဆုံးမှိုတွေကတော့ Alternaria, Aspergillus, Cladosporium နှင့် Penicillium တို့ဖြစ်ပါတယ်။မှိုတစ်မျိုးမျိုးဖြင့် ဓါတ်မတည့်တာက အခြားသော မှိုအမျိုးအစားတွေနဲ့လည်း ဓါတ်တည့်မှာမဟုတ်ဘူးလို့ ဆိုလိုခြင်းမဟုတ်ပါ။မှိုဖြင့်ဓါတ်မတည့်ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် အောက်ပါတို့ဖြစ်ပါတယ်။နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။ရောဂါလက္ခဏာတွေကို မစဉ်းစားခင်မှာ ဆရာဝန်က အခြားသောရောဂါတွေကို သိရှိဖယ်ထုတ်ဖို့ရာ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ အမည်တပ်နိုင်သော ဓါတ်မတည့်မှုရှိမရှိကိုသိဖို့ စစ်ဆေးမှုအချို့လည်း ပြုလုပ်ခိုင်းနိုင်ပါတယ်။ အောက်ပါတို့ပဲဖြစ်ပါတယ်။မှိုဖြင့်ဓါတ်မတည့်ခြင်းကို ဘယ်လိုကုသလဲ။ဓါတ်မတည့်မှုတိုင်းအတွက် အကောင်ဆုံးနည်းလမ်းကတော့ ဓါတ်မတည့်တဲ့အရာတွေနဲ့ ရှောင်ကျဉ်ခြင်းပါပဲ ဒါပေမယ့်လည်း မှိုတွေက အတွေ့ရများတာကြောင့် အပြည့်အဝတော့ ရှောင်ကျဉ်နိုင်မှာမဟုတ်ပါဘူး။ မှိုဖြင့်ဓါတ်မတည့်မှုကြောင့်ဖြစ်သော နှာခေါင်းအတွင်းပိုင်းရောင်ခြင်းအတွက် ရေရာတဲ့ နည်းလမ်းမရှိသေးသော်လည်း ဆေးတော်တော်များများက ရောဂါလက္ခဏာတွေ သက်သာစေနိုင်ပါတယ်။ အောက်ပါတို့ဖြစ်ပါတယ်။ကော်တီကိုစတီးရွိုက်နှာခေါင်းတွင်းဖြန်းဆေး –ထိုဆေးက မှိုဖြင့်ဓါတ်မတည့်ခြင်းကြောင့်ဖြစ်သော အသက်ရှုလမ်းကြောင်းပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ လူတော်တော်များများအတွက် ယင်းတို့က အထိရောက်ဆုံးဆေးတွေဖြစ်ပြီး ဦးစားပေးတဲ့ဆေးတွေလည်းဖြစ်ပါတယ်။ဥပမာအားဖြင့် ciclesonide (Omnaris), fluticasone (Flonase), mometasone (Nasonex), triamcinolone (Nasacort AQ) နှင့် budesonide (Rhinocort Aqua) တို့ပါဝင်ပါတယ်။ နှာခေါင်းသွေးလျှံခြင်းနှင့် နှာခေါင်းခြောက်ခြင်းတို့က ထိုဆေးရဲ့ အတွေ့ရများဆုံး ဘေးထွက်ဆိုးကျိုးတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း များသောအားဖြင့်တော့ ရေရှည်အသုံးပြုဖို့ ဘေးကင်းကြပါတယ်။ဟစ်စတမင်းဆန့်ကျင်ဆေးများ– ယားယံခြင်း၊ နှာချေခြင်းနှင့် နှာရည်ယိုခြင်းတို့ကို သက်သာစေနိုင်ပါတယ်။ ဓါတ်မတည့်မှုဖြစ်ပေါ်တဲ့အချိန်မှာ ကိုယ်ခံအားစနစ်ကနေ ထုတ်လွှတ်ပေးလိုက်တဲ့ ဓါတုဒြပ်ပေါင်းတွေ မထွက်အောင် ပိတ်ပေးတာဖြစ်ပါတယ်။အလွယ်တကူဝယ်ယူရရှိနိုင်မယ့် ဟစ်စတမင်းဆန့်ကျင်ဆေးတွေက loratadine (Alavert, Claritin), fexofenadine (Allegra) နှင့် cetirizine (Zyrtec Allergy) တို့ဖြစ်ပါတယ်။ ယင်းတို့က အိပ်ငိုက်စေနိုင်သလို၊ မအိပ်ငိုက်တာလည်းရှိပါတယ်။ ခံတွင်းတော့ခြောက်မှာပါ။ Clemastine လိုမျိုး အရင်ဟစ်စတမင်းဆန့်ကျင်ဆေးတွေလည်းရှိပေမယ့် အိပ်ငိုက်စေပြီး ကျောင်းနဲ့အလုပ်တို့ကို အနှောက်အယှက်ဖြစ်စေကာ ခံတွင်းလည်းခြောက်စေပါတယ်။azelastine (Astelin, Astepro) နှင့် olopatadine (Patanase) တို့လိုမျိုး နှာခေါင်းတွင်းဖြန်းဆေးတို့ကိုလည်း ဆရာဝန်ညွှန်ကြားချက်ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။ နှာခေါင်းတွင်းဖြန်းဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကတော့ ခံတွင်း၌ခါးခြင်းနဲ့ နှာခေါင်းခြောက်တို့ဖြစ်ပါတယ်။ရင်ကျပ်ပျောက်ဆေး –Sudafed နဲ့ Drixoral တို့ဖြစ်ပါတယ်။ ရင်ကျပ်ပျောက်ဆေးတွေက သွေးပေါင်ချိန်မြင့်တက်စေတဲ့အတွက်ကြောင့် သွေးတိုးရှိနေရင် ရှောင်ကျဉ်ရပါမယ်။ ဖြစ်ပွားလာနိုင်မယ့် ဘေးထွက်ဆိုးကျိုးတွေက သွေးတိုးခြင်း၊ အိပ်မပျော်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ရင်တုန်ခြင်း၊ စိတ်လှုပ်ရှားခြင်းနှင့် ယောက်ယက်ခတ်ခြင်းတို့ဖြစ်ပါတယ်။နှာခေါင်းပွင့်ဆေးများ –Oxymetazoline (Afrin နှင့်အလားတူဆေးဝါးများ) ပါဝင်ပါတယ်။ သုံး၊လေးရက်ထက်ပိုပြီးမသုံးပါနှင့်။ ဆေးဖြတ်လိုက်တဲ့အခါ ပိုဆိုးတဲ့ နှာပိတ်ခြင်းမျိုးဖြစ်လာတတ်ပါတယ်။ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းတို့လည်းဖြစ်နိုင်ပါတယ်။မွန်တီလုကပ် –Montelukast (Singulair) ဟာ အကျိအချွဲတွေထွက်စေသော ကိုယ်ခံအားက ဓါတ်မတည့်မှုကို တုံ့ပြန်ပေးသည့် လူကိုတရွိုင်အင်းကို ပိတ်သောဆေးဖြစ်ပါတယ်။ ပန်းနာရင်ကြပ်နဲ့ မှိုဖြင့်ဓါတ်မတည့်ခြင်းတို့ကို ကုသရာမှာ ထိရောက်ကြောင်း သက်သေပြပြီးပါပြီ။ ဟစ်စတမင်းဆန့်ကျင်ဆေးလိုပဲ ကော်တီကိုစတီးရွိုက်ဖြန်းဆေးတွေလောက်တော့ ထိရောက်မှာမဟုတ်ပါဘူး။ ခန္ဓါကိုယ်က နှာခေါင်းဖြန်းဆေးတွေကို မခံနိုင်ဘူး သို့မဟုတ် ပန်းနာရင်ကြပ်အနည်းငယ်ရှိမယ်ဆိုရင် ထိုဆေးကိုအသုံးပြုနိုင်ပါတယ်။မှိုဖြင့်ဓါတ်မတည့်ခြင်းရဲ့အခြားသောကုသမှုများ။ကိုယ်ခံအားစနစ်အားကုသခြင်း –ဓါတ်မတည့်စေသောအရာအား ထိုးသွင်းခြင်းက ဟေးဖီဖာလိုမျိုးရောဂါတွေအတွက် အများကြီးထိရောက်ပါတယ်။ မှိုဖြင့်ဓါတ်မတည့်ခြင်းအချို့အမျိုးအစားတွေအတွက်သာ အသုံးပြုနိုင်ပါတယ်။နှာခေါင်းဆေးခြင်း –နှာခေါင်းအတွင်း၌နေရထိုင်ရခက်ခြင်းအတွက် နှာခေါင်းကို ဆားရည်ဖြင့် နေ့စဉ်ဆေးဖို့ အကြံပြုပါတယ်။ နှာခေါင်းအတွင်းသို့သွင်းရန် ဆေးဘူးအတူအထုပ်ထဲတွင်ပါလာသော အထူးပြုလုပ်ထားသော ညှစ်လို့ရသည့်ဘူးများကို အသုံးပြုနိုင်ပါတယ်။ Nasal Lavage လို့ခေါ်သော ထိုအိမ်တွင်းဆေးနည်းက နှာခေါင်းကို နေရထိုင်ရခက်အောင်လုပ်နေသော အရာတွေ ရှင်းသွားစေမှာပါ။ပေါင်းပြန်ထားသော၊ ပိုးသတ်ထားသော၊ အပူပေးပြီးအအေးခံထားသော၊ ၁မိုက်ခရွန်အရွယ်အစားသာရှိသောအပေါက်များပါသည့်ရေစစ်ဖြင့် စစ်ထားသော ရေကိုအသုံးပြုပါ။ ခုနကရေကိုပဲ အသစ်ပြန်သုံးပြီး သုံးပြီးသွားတဲ့ ပစ္စည်းကိရိယာတွေကို ဆေးကြောပေးပါ။ လေဖြင့် အခြောက်ခံပေးပါ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် မှိုဖြင့်ဓါတ်မတည့်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/other-allergies/mold-allergy-%e1%80%99%e1%82%88%e1%80%ad%e1%80%bb%e1%80%96%e1%80%84%e1%80%b9%e1%80%b7%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%99%e1%80%90%e1%80%8a%e1%80%b9%e1%80%b7%e1%80%bb%e1%80%81%e1%80%84/
ဗီတာမင်ဓါတ်များနှင့် လိင်ကျန်းမာရေး
ငယ်ရွယ်တဲ့ အမျိုးသားအားလုံးနီးပါးဟာချစ်တင်းနှော လိုစိတ် ဆန္ဒခွန်အားပြင်းထန်မှုနှင့် လိင်မှုကိစ္စတွင် ယောက်ျားပီသစွာ စွမ်းဆောင်နိုင်စွမ်း စတာတွေကို အမှန်တကယ် အလိုရှိနေကြပါတယ်။ သို့သော် အမျိုးသားများဟာ သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိန်းသိမ်းဖို့ရာ ခက်ခဲပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အမျိုးမျိုးသော အချက်တွေဖြစ်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ၊ အသက်အရွယ် ဆိုင်ရာ သို့မဟုတ် ဖျားနာခြင်း စတဲ့ အကြောင်းအရာ အချက်အလက်တွေဟာ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အမြဲတမ်းလွှမ်းမိုးနေပါတယ်။ ဒီတစ်ခေါက်တော့ ဗီတာမင်ဓါတ်များနှင့် လိင်ကျန်းမာရေး အကြောင်းလေး နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ဗီတာမင်ဓါတ်များနှင့် လိင်ကျန်းမာရေး အကြောင်း အတူတူ ကြည့်လိုက်ရအောင်နော်။လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် လွှမ်းမိုးနေတဲ့ အသက်အရွယ်နှင့် မျိုးရိုးဗီဇကဲ့သို့ ရှောင်လွှဲလို့ မရသော အချက်တွေ မှလွဲ၍ သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြင့်တက်စေတဲ့ နည်းလမ်းကတော့ လိုအပ်တဲ့ ဗီတာမင်ဓါတ်တွေကို လုံလောက်စွာ စားပေးခြင်းပဲ ဖြစ်ပါတယ်။ အောက်ဖော်ပြပါ ဗီတာမင်ဓါတ်တွေဟာ သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ဖို့အတွက် အသုံးဝင်မယ်လို့ ကျွန်ုပ်တို့ ယုံကြည်ပါတယ်။ဗီတာမင်စီဟာ ဓါတ်တိုးဆန့်ကျင် ပစ္စည်းဖြစ်ပြီး ဓါတ်တိုးပစ္စည်းတွေကို တိုက်ခိုက်တဲ့အတွက် နိုက်ထရစ်အက်စစ် ပမာဏကို လျော့ကျမှု မရှိအောင်ပြုလုပ်နိုင်ပါတယ်။ နိုက်ထရစ်အက်စစ် ပမာဏကို ထိန်းသိမ်းခြင်းဟာ အရေးကြီးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၎င်းဓါတ်ဟာ အောက်စီဂျင် နှင့် တိုက်ရိုက်ဆက်စပ်နေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဗီတာမင်စီ ဓါတ်ကို ရရှိရန် လတ်ဆတ်သော ဘယ်ရီသီး၊ ကီဝီသီး၊ ရှောက်သီး၊ သံပယိုသီးနှင့် လိမ္မော်သီး စတဲ့ ဗီတာမင်စီဓါတ် ပမာဏ ကြွယ်ဝတဲ့ အသီးအနှံ အချို့ကို စားသောက်ပေးပါ။ဗီတာမင်အေဓါတ် ချို့တဲ့ခြင်းဟာ အမျိုးသားတွင်ရော အမျိုးသမီးများတွင်ပါ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းပမာဏ လျော့နည်းခြင်းနှင့် ဆက်စပ်နေပါတယ်။ ဒီလိုဖြစ်လာတဲ့ အခါ ရလဒ်အနေနဲ့ အမျိုးသားများတွင် ဝှေးစေ့ ရှုံ့သွားခြင်းနှင့် အမျိုးသမီးများတွင် မမျိုးဥ သေးသိမ်ကာ အရည်အသွေးမပြည့်မီ ဖြစ်သွားပါတယ်။ ဗီတာမင်အေကို မုန်လာဥနီ၊ ငရုတ်သီး၊ တရုတ်ဇီးသီး စတဲ့ အသီးအနှံ၊ အသီးအရွက်တွေမှာ တွေ့ရပါတယ်။၎င်းဟာ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်ပြီး သင့်ရဲ့ endorphin ဟော်မုန်း ပမာဏ ကို မြင့်တက်စေပါတယ်။ ဒီလိုမြင့်တက်ခြင်း အားဖြင့် ၎င်းဟာ ကာမခွန်အားတိုးဆေးအဖြစ် ဆောင်ရွက်ပေးကာ သင့်ရဲ့ စိတ်စွမ်းရည်ကို မြှင့်တင်ပါတယ်။ Phenylalanine အကြွယ်ဝဆုံးဖြစ်သော အစားအသောက်တွေမှာ ချောကလက်ဖြစ်ပြီး မက်မွန်စေ့၊ ထောပတ်သီး ၊နာနတ်သီး၊ မြေပဲနှင့် ဟင်းနုနွယ် စတဲ့အခြားသော အစားအသောက်တွေထဲမှာလည်း အများကြီးတွေ့ရပါတယ်။လိင်မှုဆိုင်ရာ ကျန်းမာရေးမှာဆိုရင် ဗီတာမင်အီးရဲ့ အကျိုးသက်ရောက်မှုဟာ သင့်ကို ပီတိဖြစ် စေပြီး ဘဝင်ကျစေမှာဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ လိင်ပိုင်းဆိုင်ရာ ဟော်မုန်း၊ စွမ်းဆောင်နိုင်စွမ်းနဲ့ စိတ်ခံစားမှု တွေ ထွက်ပေါ်လာခြင်းကို များစွာ ထောက်ပံ့ကူညီပေးပါတယ်။ ဗီတာမင် အီးဟာ အသက်ကြီးလို့ အိုမင်းရင့်ရော်လာတဲ့ လက္ခဏာ တွေကို နှေးကွေးစေတဲ့ အားပြင်းသော ဓါတ်တိုး ဆန့်ကျင် ပစ္စည်းဖြစ်ရုံသာမကပဲ သင့်ရဲ့ လိင်မှုဆိုင်ရာဘဝကိုလည်း ပိုပြီး သက်တန်းရှည်အောင် သွယ်ဝိုက်ပြုလုပ်ပေးနေပါတယ်။ ဗီတာမင် အီး အများဆုံးကို မက်မွန်သီးစေ့၊ မြေပဲ၊ စား၍ရသော ထင်းရှူးသီးစေ့နဲ့ ဟင်းနုနွယ်စတာတွေမှာ အလွယ်တကူတွေ့ရပါတယ်။Citrulline ဆိုတာအပင်မှရတဲ့ အာဟာရဓါတ် တစ်မျိုးဖြစ်ပြီး သဘာဝ ကာမခွန်အားတိုးဆေးဆိုပြီး “Longevity Medicine Review” ကနေ ဖော်ပြခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၎င်းဟာ နိုက်ထရစ် အက်စစ် ပမာဏများစွာကို ထုတ်ပေးနိုင်တဲ့အတွက်ကြောင့်လို့ ဆိုနိုင်ပါတယ်။ ၎င်းဟာသွေးလည်ပတ်မှု ကောင်းစေပြီး ကလီစာများတွင် သွေးစီးဆင်းမှုအား ပိုကောင်းလာကာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကိုလည်း ပိုကောင်းစေတယ်လို့ ဆိုလိုပါတယ်။ ဖရဲသီးမှာဆိုရင် citrulline ဓါတ် ပမာဏ များစွာ ပါဝင်ပါတယ်။အိုမီဂါ သရီး ဟာဆိုရင် သင့်ရဲ့နှလုံးကျန်းမာရေး နှင့် ဟော်မုန်းဆိုင်ရာ နှစ်မျိုးလုံးကို ကောင်းစေပါတယ်။ အိုမီဂါ ၃ အဆီတွေဟာ မပြည့်ဝအဆီတွေဖြစ်တဲ့အပြင် အသည်းက ထိုအဆီကို ချေဖျက်ပြီး လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေဖြစ်တဲ့ testosterone နဲ့ oestrogen ဟော်မုန်းတွေကို ထွက်စေပါတယ်။ Forbes မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာကတော့ အိုမီဂါ သရီး ဟာ သင့်ရဲ့ အာရုံကြောစနစ် လုပ်ငန်းဆောင်တာတွေကို ပိုမိုကောင်းမွန်အောင် ကူညီပေးနိုင်ပြီး အာရုံကြောဆိုင်ရာ လှုပ်ရှားမှုတွေ ပိုကောင်းလာကာ သွေးလည်ပတ်မှုကို ပိုကောင်းစေပါတယ်။ အိုမီဂါ သရီး တွေကို ဆော်လမွန်ငါး မှာတွေ့ရပြီး သစ်ကြားသီး နှင့် flax seed စသည်တို့တွင်လည်း တွေ့ရသည်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/vitamins-are-good-for-sexual-stamina/
အမျိုးသားတွေအတွက် အရေးပါတဲ့ ဗီတာမင်တွေကဘာတွေများလဲ
သက်ရှိတိုင်းကျန်းမာနေစေဖို့ လိုအပ်တဲ့အာဟာရတွေကို နေ့စဉ်မှီဝဲမိဖို့လိုပါမယ်။ ဒီလိုမှီဝဲတဲ့အခါ အခြေခံလိုအပ်ချက်တွေက အတူတူပဲဆိုပေမယ့် ကလေးလေးဖြစ်နေတာ၊ အမျိုးသားဖြစ်နေတာ၊ အမျိုးသမီးဖြစ်နေတာ၊ ဖိုးဖိုးဖွားဖွားဖြစ်နေတာကြောင့်ဆိုပြီး အာဟာရလိုအပ်ချက်က ကွာခြားနိုင်ပါတယ်။ ဒီကွာခြားချက်အလိုက်ပြည့်မီအောင် ဖြည့်ပေးနိုင်မှ နေ့ရက်တိုင်းကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်​တော့မပေါ့။ ဒီတော့ ကျန်းမာတက်ကြွတဲ့ အမျိုးသားတစ်ယောက်ဖြစ်စေဖို့ ဘယ်လိုအာဟာရတွေပြည့်မီဖို့လိုမလဲဆိုတာကို သိရှိနိုင်စေဖို့ ဒီဆောင်းပါးလေးကနေ အမျိုးသားတွေအတွက် အရေးပါတဲ့ ဗီတာမင်တွေကဘာတွေများလဲ ဆိုတာကိုပြောပြပေးလိုက်ပါတယ်။နေ့ရက်တိုင်းမှာ ကျန်းမာတက်ကြွတဲ့ အမျိုးသားတစ်ဦးဖြစ်ဖို့ဆိုရင်တော့။ဗီတာမင် D ကိုအဓိကရနိုင်တာကနေရောင်ခြည်ကနေပါ။ ဒါပေမယ့် ဗီတာမင် D ကိုနေရောင်ခြည်ကနေ လုံလောက်စွာရရှိစေဖို့ လိုပါမယ်။ အစားအသောက်ကနေရနိုင်လားဆိုတော့ ဗီတာမင် D ရနိုင်တဲ့ အစားအသောက်က သိပ်များများစားစားမရှိပါဘူး။ အမျိုးသားတစ်ယောက်ဟာ ကျန်းမာနေစေဖို့ဆိုရင် တစ်နေ့တာကို ဗီတာမင် D ၁၀၀၀ IU လိုအပ်ပါမယ်။ဗီတာမင် D က အသက်အရွယ်ရလာတာနဲ့အမျှ ပိုအရေးပါလာပါတယ်။အရိုးနဲ့ကြွက်သားတွေကျန်းမာစေဖို့ လိုအပ်တဲ့ ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်စေဖို့ အကောင်းဆုံး ပံ့ပိုးပေးပါတယ်။ ရုတ်ရက်နှလုံးရပ်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ပေးသလို ပင်ပန်းနွမ်းနယ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ဘယ်ကနေရနိုင်လဲ….။ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ ငါးကြီးဆီ၊ နို့၊ ချိစ်၊ ကြက်ဥအနှစ်၊ လိမ္မော်သီးဖျော်ရည်၊ ဒိန်ချဉ်၊ ဗီတာမင် D ဖြည့်စွက်ထားတဲ့ cereal တို့ကို စားပေးသင့်ပါတယ်။ခန္ဓာကိုယ်အတွက် အရေးပါတဲ့ဓာတ်တွေထဲကတစ်ခုပါ။ ပုံမှန်အစားအသောက်တွေကနေ ရရှိနိုင်ပါတယ်။ ကလေးလေးအရွယ်ကနေစလို့ အသက်ကြီးတဲ့အထိ မဖြစ်မနေပြည့်ဝနေဖို့လိုအပ်တဲ့ ဓာတ်တစ်ခုပါ။ တစ်နေ့တာကို ဖောလိတ် ၄၀၀ မိုက်ခရိုဂရမ်လိုအပ်ပါမယ်။ဖောလိတ်က ဘာလုပ်ပေးလဲ………..။နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။ သွေးကြေလေးတွေကို ကျန်းမာစေပြီး သွေးတွင်းမှာ အဆီဓာတ်တွေမများအောင် အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ဘယ်ကနေရနိုင်လဲ….။အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေဖြစ်ကြတဲ့ ဟင်းနုနွယ်၊ ကညွတ်၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ထောပတ်သီး၊ ပဲထောပတ်တို့ကနေရရှိနိုင်ပါတယ်။ဦးနှောက်နဲ့ အာရုံကြောကျန်းမာစေဖို့ အရေးပါတဲ့ ဓာတ်တစ်မျိုးပါ။ အသက်အရွယ်ရလာတဲ့သူတွေမှာ ပိုလိုအပ်နိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ တစ်နေ့တာမှာ ဗီတာမင် B12 ၂.၄ မိုက်ခရိုဂရမ်လိုအပ်ပါမယ်။ဗီတာမင် B12ကဘာတွေလုပ်ပေးလဲ……။ဗီတာမင် B12 က ဦးနှောက်ကို ကျန်းမာစေနိုင်ပြီး အာရုံကြောစနစ်ကို အကောင်းဆုံးစွမ်းဆောင်ရည်ရရှိစေဖို့ ထောက်ပံ့ပေးပါတယ်။ မှတ်ဉာဏ်ကောင်းစေသလို စိတ်ပူပန်တာ၊စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာတွေကို ပြေလျော့သက်သာစေနိုင်ပါတယ်။ဘယ်ကနေရနိုင်လဲ…..။ဆယ်လ်မွန်၊ ပုဇွန်ဆိတ်၊ အမဲသား၊ ကြက်သား၊ ခုံး၊ ဥအမျိုးမျိုး၊ နို့၊ ချိစ် တို့ကနေရရှိနိုင်ပါတယ်။အစားအစာတွေကနေ အလွယ်တကူရရှိစေနိုင်ပါတယ်။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကနေ အများဆုံးရရှိစေနိုင်ပါတယ်။ တစ်နေ့တာမှာ ဗီတာမင် A ၃၀၀၀ IU လိုအပ်မှာဖြစ်ပါတယ်။ဗီတာမင် A ကဘာတွေလုပ်ပေးလဲ………..။ဗီတာမင် A က အမြင်အာရုံကျန်းမာစေနိုင်သလို ကိုယ်ခံအားလည်းကောင်းစေနိုင်ပါတယ်။ အရိုးတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အရမ်းများလည်းမကောင်းသလို အရမ်းနည်းရင်လည်း အဆင်မပြေပါဘူး။ဘယ်ကနေရနိုင်လဲ……။မုန်လာဥနီ၊ ဟင်းနုနွယ်၊ ကန်စွန်းဥ၊ တရုတ်ဇီးသီး၊ သခွားမွှေး၊ ပန်းဂေါ်ဖီစိမ်း၊ ဥအမျိုးမျိုး၊ နို့၊ ငါးကြီးဆီတို့ကနေ ရရှိနိုင်ပါတယ်။နေ့စဉ်ကျန်းမာနေစေဖို့ အရေးပါတဲ့ဓာတ်တစ်ခုပေါ့။ အရေပြားကနေစလို့ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်း ကျန်းမာနေစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ သစ်သီးတွေဟင်းသီးဟင်းရွက်တွေကနေရရှိနိုင်ပါတယ်။ တစ်နေ့တာကို ဗီတာမင် C ၉၀ မီလီဂရမ်လိုအပ်မှာပါ။ဗီတာမင် C ကဘာတွေလုပ်ပေးလဲ……..။ကိုယ်ခံအားကောင်းစေတယ်။ အသားအရေကြည်လင်စေတယ်၊ အရွယ်တင်နုပျိုစေတယ်၊အအေးမိဖျားနာနဲ့ ကူးစက်ပိုးတွေကနေ ကာကွယ်ပေးတယ်။အနာကျက်မြန်စေတယ်။ အာဟာရစုပ်ယူမှုကို ပိုကောင်းအောင်ထောက်ပံ့ပေးတယ်။ဘယ်ကနေရနိုင်လဲ……။လိမ္မော်သီး၊ ငရုတ်ပွ၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ အာလူး၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး၊ ကီဝီသီး၊ သံပရိုသီး၊ သံပရာသီး၊ နာနတ်သီး၊ ဖရဲသီး၊ ကညွတ်တို့ကနေရရှိ နိုင်ပါတယ်။ဒါတွေအပြင် ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် K၊ Omega – 6၊Omega – 3တို့ကိလည်း ပြည့်ဝလုံလောက်ဖို့လိုအပ်ပါမယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/best-vitamins-for-men/
ဗိုက်တစ်လုံးနဲ့ ပြဿနာတက်နေတဲ့ ဘရိုတို့အတွက် အလွယ်ဆုံးဖြေရှင်းနည်း (၅) ခု
ယောကျာ်းလေးတွေကို ဒီပျက်ရှင် ဝင်စေနိုင်တဲ့ အရာ တစ်ခု ရှိတယ်…အဲဒါ ဘီယာဗိုက် ပါပဲ။ ကဲ …. ဗိုက်တစ်လုံးနဲ့ ပြဿနာတက်နေတဲ့ ဘရိုတို့အတွက် အလွယ်ဆုံးဖြေရှင်းနည်းတွေ ရှိပါတယ်။ဘီယာဗိုက်ကို ကိတ်မုန့်လှီးသလို လှီးထုတ်လို့ မရတော့လည်း အပင်ပန်းတော့ ခံရပါမယ်။ ဗိုက်အဆီ နဲ့ ကိုယ်အလေးချိန် များခြင်းက လိင်ကိစ္စအတွက် တင် မဟုတ်ဘဲ အဝလွန်ခြင်း၊ နှလုံးရောဂါ၊ သွေးတိုး နဲ့ ဆီးချိုတို့လို ရောဂါကြီးတွေပါ ဖြစ်နိုင်ခြေ သိပ်များတာမို့ အမြန် ဖြေရှင်းသင့်၊ ကြိုတင် ကာကွယ်သင့်တဲ့ အချက် ဖြစ်ပါတယ်။လူက မဝဘဲနဲ့တောင် ဗိုက်က ကိုယ်ဝန်ဆောင် တစ်ယောက်လို ပူဖောင်းဖောင်းလေး ဖြစ်နေတာက အတော်ကို ရှိုးပဲ့လှပါတယ်။ ဝနေရင်တော့ ပိုဆိုးရော။ ဒါဆိုဘယ်လို လုပ်မလဲ ဒီ ဗိုက် ပျောက်သွားအောင်..။ဗိုက်တစ်လုံးနဲ့ ပြဿနာတက်နေတဲ့ ဘရိုတို့အတွက် အလွယ်ဆုံး ဖြေရှင်းနည်း ကတော့။(၁) ကြည့်ကျက်သောက်ပါ။ဗိုက်အဆီ ကျဖို့ဆိုရင် အစားကို ဆင်ခြင်ဖို့ လိုသလိုပဲ အသောက်ကိုလည်း ဆင်ခြင်ဖို့ အရေးကြီးတယ်။ ဆိုလိုတာက ရေသောက်တာကို ပြောတာ မဟုတ်ဘူးနော်။ ကိစ္စ ရှိလို့ ရံဖန်ရံခါ သောက်ရတာ တော်သေးတယ်။ အရက်၊ ဘီယာတွေ၊ ဝိုင်တွေကို နေ့တိုင်းလိုလို ကစ်နေရင်တော့ ဗိုက်ပျောက်ဖို့ ကိစ္စကို မေ့သာ မေ့လိုက်ပါတော့။ဘီယာဗိုက် မဖြစ်အောင် ဘီယာ မသောက်ဘူး၊ တခြားဟာ သောက်တယ်ဆိုလည်း ပူမှာပါပဲ။ အယ်လ်ကိုဟော ပါတာတွေ သောက်နေသမျှ ဗိုက်ချပ်လာဖို့ မမျှော်လင့်ပါနဲ့။ အယ်လ်ကိုဟော၊ အချိုရည် နဲ့ အစားများခြင်း တို့က ဗိုက်အဆီ တက်စေတဲ့ အရာတွေ ဖြစ်ပါတယ်။(၂) ရေဓာတ်ပြည့်ဝအောင်နေပါ။ဘီယာသောက်တဲ့အခါ ရေဓာတ်မဆုံးရှုံးရစေဖို့ ရေလည်းသောက်ပေးရပါမယ်။ ဘီယာလည်းအရည်ပဲဆိုပြီး ကပ်သပ်မပြောနဲ့နော်။ အရက်ဘီယာတွေက ရေဓာတ်ပိုဆုံးရှုံးစေနိုင်တယ်။(၃)ကယ်လိုရီလျှော့စားပါ။ဝိတ်နည်းနည်းကျချင်တယ်ဆို စားသောက်မှုအလေ့အထကိုပြောင်းလဲဖို့တော့လိုပါမယ်။ အဆီတွေလောင်ကျွမ်းအောင်လုပ်တဲ့ သင့်ရဲ့လေ့ကျင့်ခန်းတွေကို ပိုထိရောက်စေဖို့ ကယ်လိုရီတွက်ပြီးစားပါ။အမြည်းတွေကို သတိထားပါ။အာလူးကြော်၊ စားသောက်ဆိုင်က အမြည်းဟင်းပွဲတွေ၊ တခြားအစားအစာတွေအပါအဝင် အမြည်းလုပ်တဲ့အရာမှန်သမျှ ကယ်လိုရီ၊ အငန်နဲ့ အဆီတွေ ပါဝင်မှုများပါတယ်။(၄) ကျန်းမာရေးနဲ့ညီတာတွေ စားပါ။အားကစားတွေ နင်းကန်လုပ်နေလည်း တနေကုန်အပြင်စာတွေလှိမ့်စားနေရင် ဗိုက်က ပူသထက်ပူလာမှာနော်။ ပြုပြင်စီမံထားတာတွေလည်းမစားသင့်ဘူး။ အသားဓာတ်ရအောင် အသားငါးနဲ့ကြက်ဥ၊ အသီးအရွက်တွေ၊ အသီးအနှံတွေ၊ ငါးကြီးဆီလို ကျန်းမာရေးအကျိုးပြုအဆီတွေ၊ ကာဗိုဟိုက်ဒရိတ်ရအောင် ဆန်လုံးညို၊ အုတ်ဂျုံ စတာတွေစားပေးပေါ့။မနက်စာမစားတာ၊နေ့လယ်စာလွတ်တာ၊ ညစာမစားဘဲသောက်ပဲသောက်တာမျိုးတွေ မလုပ်ပါနဲ့။ အာဟာရပြည့်တဲ့အစားအစာတွေကို ထိုက်သင့်တဲ့ပမာဏနဲ့ အချိန်မှန်စားပေးပါ။(၅) အားကစားလုပ်ပါ။ဂျင်မ်သွားတာ ဓာတ်ပုံရိုက်ဖို့လောက်ပဲတော့ မလုပ်နဲ့လေ။ ကြွက်သားကျစ်မယ့်လေ့ကျင့်ခန်းတွေလုပ်တာက အဆီကျပြီး ခန္ဓာကိုယ်ကျစ်လျစ်သန်မာစေတယ်။ ဗိုက်ကြွက်သားတွေ ချပ်ရပ်ပြီး six pack ဖြစ်လာပါလိမ့်မယ်။လေ့ကျင့်ခန်းမလုပ်နိုင်၊ ဂျင်မ်မသွားရင်တောင်မှ တတ်နိုင်သလောက် လှုပ်လှုပ်ရှားရှားနေပေးပါ။ ဖြစ်နိင်ရင် တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ လောက်တော့ လေ့ကျင့်ခန်းခပ်ပြင်းပြင်း လုပ်တာကောင်းပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/beer-and-your-belly/
ထမင်းဖြူနဲ့ ဆန်လုံးညို ဘယ်သူက ပိုကောင်းလဲ ။ ။
မြန်မာနိုင်ငံဆိုတာထမင်းကို အဓိကထား စားသုံးတဲ့ နိုင်ငံတစ်ခုပါ။ နေ့တိုင်း စားနေတဲ့ အနပ်တွေထဲမှာ ထမင်းက လုံးဝကို မပါမဖြစ်ပါ။ ဆန်အမျိုးအစားအများကြီးရှိတဲ့အတွက် ထမင်းတွေလည်း အမျိုးမျိုးရှိပါတယ်။ ဒီမှာတော့ဆန်လုံးညိုနဲ့ ထမင်းဖြူ အကြောင်းကို အဓိက ထားပြောပြပေးမှာဖြစ်ပါတယ်။ ကြားဖူးကြမှာပါ။ ထမင်းဖြူထက်စာရင် ဆန်လုံးညိုက ကျန်းမာရေးအတွက် ပိုကောင်းတယ်ဆိုတာမျိုးပေါ့။ ထမင်းဖြူနဲ့ ဆန်လုံးညို ဘယ်သူက ပိုကောင်းလဲ ။ဆန်လုံးညိုပဲ ဖြစ်ဖြစ် ထမင်းဖြူပဲ ဖြစ်ဖြစ် သေချာတာကတော့ နှစ်ခုလုံးက ဗိုက်ပြည့်စေပြီးကစီဓါတ်တွေ ကြွယ်ဝတယ်ဆိုတာပါပဲ။ တစ်ခြား အချက်တွေ ကြောင့်သာ သူတို့ နှစ်ခုကို နှိုင်းယှဉ်ပြီး ခွဲပြောနေရတာပါ။အရင်ဆုံး ပါဝင်တဲ့ အာဟာရ ညွှန်းကိန်းတွေကို ကြည့်ရအောင် ။ ။၂၄၈ ကယ်လိုရီ။ပရိုတင်း၄.၂၅ ဂရမ်။၅.၅၃ ဂရမ်။၁.၉၆ ဂရမ်။၅၁.၆၇ ဂရမ်။အမျှင်ဓါတ်ဝ.၆ ဂရမ်။၃.၂ ဂရမ်။ထမင်းဖြူဟာကယ်လိုရီနဲ့ အဆီ ပိုနည်းတယ်ဆိုပေမယ့် ဆန်လုံးညိုကျတော့ ပရိုတင်းနဲ့ အမျှင်ဓါတ် ပိုများနေပြန်ရော။ ဒီတော့ သူတို့ နှစ်ခု ဘယ်သူကပိုကောင်းလဲ ။ ။ထမင်း ကို အဓိက အစာအဖြစ်ထားစားကြတဲ့ လူတိုင်း ထမင်းဖြူကိုပဲ စားကြတာများပါတယ်။ ထမင်းဖြူဟာ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတဲ့ အကြောင်းတွေ ကြားဖူးကြပေမယ့် သူ့မှာလည်း ကောင်းတဲ့အချက်လေးတွေ ရှိပါသေးတယ် ။ ။ကဲ အကုန်လုံး ပြန်ချိန်ကြည့်လိုက်တော့ ထမင်းဖြူနဲ့ ဆန်လုံးညို ဘယ်သူက ပိုကောင်းလဲ။ ခု အချိန်ထိ အာဟာရ ဆိုင်ရာ ပညာရှင်တွေ သတ်မှတ်ထားကြတာကတော့ ဆန်လုံးညိုဟာ ထမင်းဖြူထက် ပိုကောင်းတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါပေမယ့်လည်း သေချာ ဖွတ်ထားခြင်း မရှိတဲ့အတွက် ဆန်လုံးညိုမှာ အာဆင်းနစ် ( arsenic ) အဆိပ် ပါဝင်မှု နှုန်းပိုမြင့်တက်နိုင်ပါတယ်။ ဒီတော့ သူတို့နှစ်ခုမှာ ဘယ်သူကပိုကောင်းလဲဆိုတာတော့ မရှိပါဘူး။ နှစ်ခုလုံးမှာ ကောင်းကျိုးလည်းရှိသလို ဆိုးကျိုးလည်း ရှိတဲ့အတွက် သူတို့နှစ်မျိုးကို မျှတအောင်စားပါ။ တစ်ပါတ်စားတဲ့ ထမင်းတွေထဲမှာ ထမင်းဖြူကို ၄ ရက်လောက်စားပြီးဆန်လုံးညိုကို ၃ ရက်လောက်တော့ စားပေးသင့်ပါတယ်။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/brown-and-white-rice/
Posterior cruciate ligament (PCL) injury (အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်း)
အနောက် ခရုစိတ်အရွတ်က ဒူးခေါင်းတွင်ရှိသည်။ အရွတ်သည် မာသော တစ်သျူးအမျှင်ဖြစ်ပြိး အရိုးများကို ဆက်ပေးသည်။အနောက်ခရုစိတ်အရွတ်သည် အရှေ့ခရုစိတ်အရွတ်နင့်ဆင်တူသည်။ ပေါင်အရိုးနှင့်အခြေထောက်အရိုးကိုဆက်ပေးသည်။ အရှေ့ခရုစိတ်အရွတ်ထက်ပိုကြီးပိုသန်သော်လည်း ပျက်စီးနိုင်သည်။အနောက်ခရုစိတ်အရွတ်ကိုထိခိုက်မိက ဒူးခေါင်းရှိ အခြားအရွတ်များကိုလည်း ပျက်စေသည်။ အချို့သောကိစ္စများတွင် အရွတ်သည် အောက်ရှိ အရိုးကိုပါ တစ်စစီကျိုးစေနိုင်သည်။ဒူးခေါင်း ၏၂၀ရာခိုင်နှုန်းသည် အနောက်ခရုစိတ်အရွတ်ထိခိုက်မိခြင်းဖြစ်သည်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အနည်းငယ်မှ အတန်သင့်ဒူးတွင်နာခြင်းကြောင့် လမ်းလျောက်ရန်ခက်ခြင်း။ဒူးခေါင်းတွင်ယောင်ခြင်း နာရီအနည်းငယ်အတွင်း အမြန်ဖြစ်လာသည်။ဒူးမခိုင်ခြင်း။ဒူးခေါင်းအပြင် အခြားထိခိုက်မှုများနှင့်ဆက်စက်နေပါက အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်းရောဂါလက္ခဏာသိပ်မပြသောကြောင့် သတိမထားမိဖြစ်တတ်သည်။ အချိန်ကြာလာသည်နှင့် အနာပြင်းလာပြီး ဒူးမခိုင်ပဲဖြစ်လာမည်။ ဒူးခေါင်းအခြားနေရာပါထိခိုက်မိပါကရောဂါလက္ခဏာပိုပြင်းထန်နိုင်သည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ဒူးခေါင်းအောက် ပိုင်းခြေသလုံးအရိုးထိခိုက်မိခြင်း သို့မဟုတ် ဒူးကွေးရင်းလဲကျခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ ထိုသို့ထိခိုက်မှုသည်များသောအားဖြင့်အောက်ပါအခြေအနေများကြောင့်ဖြစ်နိုင်သည်။မော်တော်ကားကိုက်ခြင်း။ ယာဉ်မောင်းရှေ့ရှိ ဒိုင်ခွက်ဘောင်ထိခိုက်မှ သည် ကားမောင်းသူသည် ဒူးကွေးနေစဉ် ထိခိုက်မိခြင်းကြောင့်ဒူးအောက်ကိုတွန်းမိပြီး အနောက်ခရုစိတ်အရွတ်ကိုပျက်စေသည်။ထိခိုက်စေသောအားကစားများ။ အားကစားသမားများ အားကစားအချိန် ဥပမာ ဘောလုံးကန်ခြင်း ဆော်စာကစားခြင်း တွင်ဒူးကွေးခြေဖဝါးထောက်ချော်လဲပါက အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်းကိုဖြစ်စေနိုင်သည်။ ခြေသလုံးအရိုးက မြေပြင်နှင့်တိုက်ပြီး နောက်သို့ရောက်သွားလိမ့်မည်။ ထိုကြောင့်ထိုထိခိုက်မှုကိုဖြစ်စေသည်။အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။မော်တော်ကားမတော်မဆမှု။အားကစား ဥပမာ ဘောလုံးတွင်ပါဝင်ကစားခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါသမိုင်းကြောင်း။ ထိခိုက်မှုဖြစ်နေချိန် သင်ဘာလုပ်နေလဲ ဥပမာ ကားနှင့်ခရီးသွားနေသလား သို့မဟုတ် အားကစားကစားခြင်းတို့ကိုမေးလိမ့်မည်။ ထိုပြင်အောက်ပါတို့ကိုမေးနိုင်သည်။ထိခိုက်မိချိန်တွင်ဒူးခေါင်းကွေးနေလားဆန့်နေလားလိမ်နေလား။ထိခိုက်မိပြီးဒူးခေါင်းမှာဘယ်လိုခံစားရလဲ။သင်မထိခိုက်မီတည်းက ရောဂါလက္ခဏာရှိမရှိ။ရုပ်ပိုင်းဆိုင်ရာစမ်းသက်ခြင်း။ အလုပ်များဆုံးစမ်းသပ်မှုဖြစ်သည်။ ကျောဖြင့်လဲပြီး ဒူးခေါင်းကွေးထားရမည်။ ထိုနောက်ဆရာဝန်မှ ဒူးခေါင်းကိုစမ်းသက်ခြင်းနှင့်ခြေသလုံးအပေါ်ကိုဖိပြီးစမ်းခြင်းတို့လုပ်လိမ့်မည်။ ပုံမမှန် ဒူးခေါင်းလှုပ်ရှားမှုများရှိပါက အနောက် ခရုစိတ်အရွတ်ထိခိုက်သည်ကိုပြသည်။အာထရိုမီတာဟုခေါသော အရိုးစမ်းသပ်သောကိရိယာကိုလည်းသုံးနိုင်သည်။ အရွတ်တင်းမာမှုကို သင့်ခြေထောက်အားဖိပြီးစမ်းလိမ့်မည်။ဆရာဝန်မှ လမ်းလျောက်ခိုင်းနိုင်သည်။ လမ်းလျောက်ပုံမမှန်က အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်းဟုဆိုနိုင်သည်။ဓါတ်မှန်ရိုက်ခြင်း။ အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်းအတွက် သတင်းအချို့ကိုပေးနိုင်သည်။ ထိခိုက်မှုကြောင့်ကျိုးသောအရိုးများကိုမြင်နိုင်သည်။သံလိုက်ပဲ့တင်အားဖြင့်ပုံရိပ်ဖော်ခြင်း သည်အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်း ပုံရိပ်များကိုဖော်ပြပေးနိုင်သည်။ ထိခိုက်မိသောနေရာအတိအကျကိုလည်းပြနိုင်သည်။နှာတာရှည် အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်းရှိပါက အရိုးပုံရိပ်ဖော်ခြင်းက ပျက်နေသောအရိုးကိုသိနိုင်သည်။ကုသမှုသည် ထိခိုက်မှုပြင်းထန်ပေါ်မူတည်သည်။ ခုမှထိမိသလား အရင်ထဲကရှိသလားပေါ်လည်းမူတည်သည်။ များသောအားဖြင့် ခွဲစိတ်မှုမလိုတတ်ပါ။ဆေးဝါးကုသမှု။ဆေးဆိုင်တိုင်းရနိုင်သော အနာသက်သာစေသောဆေး ဥပမာ အိုင်ဗျူမရိုဖန်(အက်ဗေး၊ မော်ထရေး အိုင်ဘီ နှင့်အခြား) သို့မုတ် နပရိုဇန် ဆိုဒီယန်(အလိ) တို့က နာကျင်ခြင်းနှင့်ယောင်ခြင်းအားသက်သာစေနိုင်သည်။ကုထုံးများ။ရုပ်ပိုင်းဆိုင်ရာကုထုံးပညာရှင်က သင်ဒူးခေါင်းသန်မာလာစေရန် လုပ်ဆောင်ရည်ပိုကောင်းလာစေရန်လေ့ကျင့်ခန်းများကိုသင်ပေးလိမ့်မည်။ ဒူးခေါင်းအစွပ် သို့မဟုတ် ချိုင်းထောက်များက ပြန်လည်တည်ဆောက်နေချိန်တွင်လိုနိုင်သည်။ခွဲစိတ်ခြင်း။သင့်ထိခိုက်မှုသည်ပြင်းထန်ပါက- အဓိကအားဖြင့် အခြားအရွတ် အရိုးကျိုးပျက်စီးမှုများနှင့်တွဲနေပါက- အရွတ်အားပြန်တည်ဆောက်ရန်ခွဲစိတ်မှုလိုအပ်နိုင်သည်။ ပြန်လည်တည်ဆောက်နေချိန်အတွင်း ဒူးမခိုင်မှုဆက်ရှိနေပါက ခွဲစိတ်မှုကိုစဉ်းစားနိုင်သည်။ခွဲစိတ်မှုကို ဖိုင်ဖာ အမြင်ကင်မရာနှင့် ရှည်သောကိရိယာပါဝင်သည့်အရိုးမှန်ပြောင်း ဖြင့်အဓိကကုသသည်။ ဒူးခေါင်းနားတွင်ခွဲစိတ်မှုသေးသေးလေးပြုလုပ်သည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် အနောက် ခရုစိတ်အရွတ်ထိခိုက်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။ထိခိုက်သောအရိုးကိုထပ်မထိခိုက်အောင်ကာကွယ်ပါ။ ချိုင်းထောက်များလည်းလိုအပ်နိုင်သည်။ရေခဲကို မိနစ် ၂၀ ၃၀ သုံးလေးနာရီကြားတခါ နှစ်ရက်သုံးရက်လောက်ကပ်ပါ။ကျုံဆန့်နိုင်သောအစီးကိုသင့်ဒူးခေါင်းနားတွင်ပတ်ပါ။လှဲနေပါက ဒူးခေါင်းအောက်တွင် ခေါင်းအုံးထားခြင်းဖြင့်ယောင်ခြင်းကိုသက်သာစေနိုင်သည်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/posterior-cruciate-ligament-pcl-injury-%e1%80%a1%e1%80%94%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%81%e1%80%9b%e1%80%af%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%a1%e1%80%9b%e1%80%bd%e1%80%90/
ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံ
ကိုယ်ဝန်ဆောင်ချိန်က အမျိုးသမီးတိုင်းအတွက် အတော်လေး စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်ပါ။ ဒီကာလမှာ ကျန်းမာတဲ့ မေမေတွေတောင် အတော်လေး ဂရုစိုက်ရတဲ့အချိန်ပါ။ ဒီလို အစစအရာရာ အတိမ်းအစောင်း မခံတဲ့ ကာလမှာ နာတာရှည် ကျန်းမာရေးပြဿနာ တစ်မျိုးဖြစ်တဲ့ ဆီးချို ခံစားနေရတဲ့ မေမေတွေအနေနဲ့ ပုံမှန်ထက် အတော်လေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံ အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။ကိုယ်ဝန်ဆောင် မေမေအနေနဲ့ ဆီးချိုရှိမယ်ဆိုရင် ကိုယ်ဝန်မဆောင်ခင်နဲ့ ကိုယ်ဝန်ဆောင်နေချိန်အတွင်းမှာ သွေးတွင်းသကြားဓာတ်ကို သေချာလေး ထိန်းသိမ်းဖို့ လိုပါမယ်။ ဒါမှ ကျန်းမာတဲ့ ကလေးလေးတွေ မွေးဖွားလာမှာပါ။ ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိတာက ဆီးချိုကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ကလေးလေးပါ ကျန်းမာမှာပါ။ကျန်းမာတဲ့ ဘေဘီလေး မွေးဖွားလာစေဖို့အတွက် ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံ ကတော့။ကိုယ်ဝန်မဆောင်ခင်မှာ ဆရာဝန်နဲ့ သေချာတွေ့ပြီး တိုင်ပင်ပါ။ သွေးတွင်းသကြားဓာတ် ထိန်းညှိတာကစလို့ ဆေးသောက်တာကို ပြောင်းလဲတာ၊ ကိုယ်အလေးချိန်ကို ထိန်းညှိတာတွေကို လုပ်ဆောင်တာမျိုးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။ကိုယ်ဝန်က မမျှော်လင့်ဘဲ ရသွားတာဆိုရင် သိပြီဆိုတာနဲ့ မြန်နိုင်သမျှ မြန်မြန် ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။ ပုံမှန် ကိုယ်ဝန်ဆောင်တွေ ရက်ချိန်းပြတာထက် မကြာခဏဆိုသလို ဆရာဝန်နဲ့ သွားပြပေးဖို့ လိုပါမယ်။ ဒါမှ မေမေရော ဗိုက်ထဲက ဘေဘီလေးပါ ကျန်းမာမှာပါ။ဆီးချိုရှိတဲ့ မေမေတွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလမှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ဆိုရင် နေ့စဉ် ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအစာတွေကို စားသုံးဖို့ လိုပါမယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်မယ့် အစားအစာတွေကို စားပေးဖို့ လိုပါမယ်။ အချိုကဲ၊ အငန်ကဲတာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စား အစားအစာတွေကို မစားဖို့ လိုပါမယ်။ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ကာလအတွင်းနေ့စဉ် မိနစ် ၃၀ ထက်မနည်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့ လိုပါမယ်။ တစ်ပတ်ကို ၅ ရက်လောက် လုပ်ပေးမယ်ဆိုရင် ဆီးချိုရှိတဲ့ မေမေကိုရော ဗိုက်ထဲက ဘေဘီလေးကိုပါ ကျန်းမာစေမှာပါ။ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ပေးလို့ ရလဲဆိုတော့ လမ်းလျှောက်တာ၊ ရေကူးတာ၊ ကိုယ်ဝန်ဆောင်ယောဂ ဆော့ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ဆီးချိုရှိနေမယ်ဆိုရင် ဆေးတွေကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ဆေးတွေကို အချိန်မှန်မှန် အချိုးအစား မှန်မှန် သောက်ဖို့ လိုပါမယ်။ ဒါမှသွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေမှာပါ။သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်းထိန်းချုပ်တာက သွေးချိုကျစေနိုင်ပါတယ်။ ဒါကြောင့် သွေးချိုကို ပုံမှန်စစ်ပေးပြီး သွေးတွင်းသကြားဓာတ် အရမ်းကျနေချိန်မှာ စားဖို့ သကြားလုံးလေးတွေ ဆောင်ထားတာမျိုးက အဆင်ပြေပါတယ်။နောက်တစ်ချက် သတိထားရမှာက မူးဝေတာ၊ ကတုန်ကယင်ဖြစ်တာလိုမျိုး သွေးချိုကျတဲ့ လက္ခဏာတွေကို သေချာ စောင့်ကြည့်ဖို့ လိုပါမယ်။ကိုယ်ဝန်ဆောင်နေချိန်မှာ ခန္ဓာကိုယ်က အင်အားတွေ ပိုမို လိုအပ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကလည်း အလျင်အမြန်ဆိုသလို ပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့  မကြာခဏဆိုသလို သွေးချို တိုင်းဖို့ လိုပါမယ်။ ဒါကြောင့် အစားအစာကို ဂရုစိုက်တာ၊ လေ့ကျင့်ခန်း အတိုင်းအတာ၊ အင်ဆူလင် ပမာဏတွေကို တိုင်းတာချင့်ချိန်ဖို့ လိုသလို မကြာခဏဆိုသလိုသွေးချိုတိုင်းဖို့လည်း လိုပါမယ်။ဆီးချိုရှိတဲ့ မေမေတို့အနေနဲ့ ကိုယ်ဝန်ရရှိဖို့ ကြိုးစားနေချိန်မှာဖောလစ်အက်ဆစ်သောက်သုံးဖို့ လိုသလို ကိုယ်ဝန်ဆောင်နေချိန်မှာလည်း ဘေဘီလေးမှာ မွေးရာပါ ချို့ယွင်းချက် ပါမလာစေဖို့အတွက် ဖောလစ်အက်ဆစ် ပုံမှန်သောက်သုံးဖို့ လိုပါမယ်။ကဲ … ဆီးချိုရှိနေပေမယ့်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာစေဖို့ ဒီအချက်လေးတွေက ထောက်ကူပေးနိုင်မှာပါ။ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ အိမ်မှာပုံမှန် သွေးချိုတိုင်းတာစစ်ဆေးဖို့ လိုပါမယ်။ ဒီလိုစစ်ဆေးတဲ့အခါ။ဒီဂဏန်းတွေက ကိုယ်ဝန်ဆောင်မေမေတွေရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။ ဒီဂဏန်းတွေနဲ့ ထပ်တူညီမှ မဟုတ်ပါဘူး။ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ကလေးရော မေမေပါ ကျန်းမာစေဖို့အပေါ်မှာ ပြောခဲ့တဲ့ နည်းလမ်းလေးတွေကို လိုက်နာဖို့ လိုပါမယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/tips-for-women-with-diabetes/
အစိမ်းစားသင့်လား၊ ချက်ပြုတ်စားသင့်သလား
အဆီအဆိမ့်တွေ အငန်တွေလျှော့၊ အသီးတွေ အရွက်တွေ စားရမယ်ဆိုတာကတော့ ဟုတ်ပါပြီ။ အသီးအရွက်တွေကို ဘယ်လိုစားနေကြပါသလဲ။ ဘယ်လိုစားရမလဲ ပါးစပ်နဲ့ စားတာပေါ့နော်။ ဒါကိုပြောချင်တာ မဟုတ်ပါဘူး။ အစားအစာတွေကို စားတဲ့အခါ အစိမ်းစားသင့်လား၊ ချက်ပြုတ်စားသင့်သလား ဆိုတာပါ။ဆိုလိုတာက ဘယ်အသီးအရွက်ကို အစိမ်းစားပြီး ဘယ်အသီးအရွက်ကို ချက်ပြုတ်စားတာကောင်းသလဲဆိုတာ သင်သိပါသလား။ တချို့က ဟင်းသီးဟင်းရွက်တွေရဲ့ သဘာဝအာဟာရဓာတ်တွေက အပူနဲ့ထိတွေ့တဲ့အခါ ပျက်ပြယ်သွားတတ်ကြတာမို့ အစိမ်းစားတာ ပိုကောင်းပါတယ်၊ တချို့ကျတော့ အပူပေးလည်း အာဟာရဓာတ်ဆုံးရှုံးမှု မရှိနိုင်တာကြောင့် ချက်ပြုတ်စားတာက သန့်ရှင်းမှုအတွက် စိတ်ချရပါတယ်၊ ဘယ်ဟာတွေကို ဘယ်လိုစားတာ အာဟာရဓာတ်ပိုရနိုင်မလဲ ဆက်ကြည့်ရအောင်။အစိမ်းစားသင့်လား၊ ချက်ပြုတ်စားသင့်သလား ဆိုတော့။ဟင်းချက်တိုင်းပါတတ်တဲ့ ကြက်သွန်ဖြူကို အစိမ်းစားတာလည်း ကောင်းပါတယ်။ ကြက်သွန်ဖြူမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝလို့ သွေးဖိအားကိုထိန်းညှိနိုင်ပြီး ကင်ဆာကာကွယ်ပေးနိုင်ပါတယ်။ ချက်စားတာလည်း ဒီဓာတ်တွေရနိုင်ပေမယ့် အစိမ်းထက်တော့ အာဟာရဓာတ်တွေ လျော့စေနိုင်ပါတယ်။ မြန်မာ့ဓလေ့မှာတော့ လက်ဖက်သုပ်နဲ့ ကြက်သွန်ဖြူတွဲစားကြတာက ဆေးဖက်ဝင်အာနိသင်ကို ထည့်တွေးထားပုံရပါတယ်။ခုခေတ်မှာတော့ ကြက်သွန်ဖြူရော၊ အနီရော အစိမ်းစားရင် ခံတွင်းနံမှာကြောက်လို့ သိပ်မစားကြပါဘူး။ ဒီတော့ ကြက်သွန်ဖြူအစိမ်းစားဖို့က အချဉ်ထောင်းစားတာ၊ ငါးပိထောင်းစားတာတွေနဲ့ဆို အိုကေပဲ။ ထိုင်းအစားအစာဆိုပြီး အထောင်းတွေတောင်အမျိုးမျိုး စားကြတယ်မဟုတ်လား။မြင်းခွာရွက်လို တို့စားလို့ရတဲ့ အစိမ်းရောင်အရွက်တွေကို အစိမ်းလည်းစားပေးပါ။ သဘာဝအရောင်ဖြစ်တဲ့ အစိမ်းရောင်က chlorophyll ပါဝင်မှုကြောင့် ကျန်းမာရေးအကျိုးကျေးဇူးရှိနေတာပါ။ အစိမ်းရောင်မပျက်အောင် ချက်နိုင်ရင်တော့ အာဟာရဓာတ်တွေ ထိုက်သင့်သလောက်ရနိုင်ပါတယ်။ခရမ်းချဉ်သီးကို အစိမ်းအနေနဲ့ ဘာဂါထဲမှာ၊ ဆန်းဒဝစ်ထဲမှာ၊ အသုပ်တွေထဲမှာ ထည့်ကြတာပေါ့။ ဒါပေမယ့် ကင်ဆာကာကွယ်တယ်ဆိုတဲ့ lycopene ဓာတ်ကို ချက်ထားတဲ့ ခရမ်းချဉ်သီးကနေ ပိုရနိုင်ပါတယ်။မုန်လာဥနီမှာ carotenoids လို့ခေါ်တဲ့ သဘာဝဓာတ်ပစ္စည်းတွေကြောင့် မျက်စိအားကောင်းစေတယ်၊ ကင်ဆာကာကွယ်နိုင်တယ်။ Carotenoids ဟာလည်း အပူပေးလိုက်မှ ခန္ဓာကိုယ်က စုပ်ယူရလွယ်ကူစေနိုင်ပါတယ်။အစိမ်းစားတဲ့အခါ အစာမကြေဖြစ်တတ်တာ၊ ပိုးသတ်ဆေးအန္တရာယ်စိုးရိမ်ရတာကြောင့် ပေါင်းတာလောက်တော့ လုပ်ပါ။ အရည်ဆူဆူမှာတည်တာ၊ ကြော်တာက ပေါင်းတာထက် glucosinolate လို့ခေါ်တဲ့ ကင်ဆာကာကွယ်တဲ့ ဒြပ်ပေါင်းကိုဆုံးရှုံးရနိုင်ပါတယ်။မှိုက ကယ်လိုရီနည်းပြီး အမျှင်ဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ သေချာတာကတော့ အစိမ်းစားလို့ မရတာပါပဲ။ ပေါင်း၊ ချက်၊ ကင် အမျိုးစုံ လုပ်စားပါ။ တချို့ မှိုတွေက အပူပြင်းပြင်းနဲ့ အမြန်ချက်ရင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပိုရစေပါတယ်။အမျှင်ဓာတ်၊ ဗီတာမင်A နဲ့ C ၊ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ ကြွယ်ဝတဲ့ ကန်စွန်းဥက အရိုးကို ကျန်းမာစေပါတယ်။ ဒါပေမယ့် ပြုတ်လိုက်တဲ့ အရည်မှာ သူ့ရဲ့ အာဟာရတွေ ပါသွားစေနိုင်လို့ မီးဖုတ်စားတာ အကောင်းဆုံးပါ။ ဒါမှမဟုတ်လည်း ပေါင်းစားပါ။အသီးတွေ၊ အရွက်တွေကို ကြိတ်သောက်မယ်ဆိုရင်အာဟာရဓာတ်တွေ အများကြီး ရနိုင်ပေမယ့် အဲဒီအသီး၊ အရွက်တွေက လတ်ဆတ်ရဲ့လား၊ သန့်ရှင်းရဲ့လား၊ အဆိပ်အတောက် ကင်းစင်ရဲ့လား ဆိုတာ သေချာအောင် လုပ်ပါ။ သေချာဆေးကြောသန့်စင်မှ ဝမ်းပျက်ခြင်း၊ အစာအဆိပ်သင့်ခြင်းကို ကာကွယ်နိုင်မှာပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/eating-raw-vs-cooked/
အာလူးသုံးပြီး မျက်နှာလေး လှအောင်ပြုလုပ်ကြမယ်
အာလူးလေးကတော့ လွယ်လွယ်ကူကူ ရနိုင်တဲ့ အသီးတစ်မျိုး ဖြစ်တာကြောင့် အားလုံးအတွက် အဆင်ပြေစေမှာပါ။ ပုံမှန်အားဖြင့်တော့ ရှားစောင်းလက်ပပ်၊ သခွားသီးတွေနဲ့ ပေါင်းတင်ကြတာများပါတယ်။ ခု အာလူးလေးနဲ့ ပေါင်းတင်နိုင်မယ့် နည်းလမ်းလေးတွေ ပြောပြမယ်နော်။အာလူးမှာ Catecholase အင်ဇိုင်းဓါတ်တွေ ပါဝင်တာကြောင့် အမည်းစက်တွေကို လျှော့ချပေးနိုင်တဲ့အပြင် ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေလည်း ပျောက်ကင်းစေပါတယ်။ အာလူးမှာ ပိုတက်စီယမ်တွေလည်း ပါဝင်တာကြောင့် ရေဓါတ်ကို ထိန်းထားပေးတဲ့အပြင် အသားအရေကိုလည်း စိုပြေစေနိုင်ပါတယ်။ ဗီတာမင် B 6 ကတော့ ဆဲလ်အသစ်တွေ ပြန်လည်ဖြစ်စေပါတယ်။ ကယ်လ်စီယမ် ပါဝင်မှုကတော့ အရေပြားခြောက်သွေ့တာကို ကာကွယ်ပေးတဲ့အပြင် အပေါ်ယံ အရေပြား ထိခိုက်မှုလည်း လျှော့နည်းစေပါတယ်။ မဂ္ဂနီဆီယမ်ကတော့ မျက်ကွင်းညိုတာတွေကို လျှော့နည်းအောင် စွမ်းဆောင်နိုင်ပါတယ်။ အသားအရေကို ကြည်လင်တောက်ပစေပြီး မျက်နှာမှာ အရေးအကြောင်းတွေ မဖြစ်စေဖို့ များစွာ အထောက်အကူပြုပါတယ်။အာလူးကို အမည်းစက်တွေ ပျောက်ဖို့အတွက် အသုံးပြုနိုင်မယ့် နည်းလမ်းကတော့ ပထမဦးဆုံး အာလူးကို အခွံနွှာပြီး ကျေညက်သွားအောင် ကြိတ်ချေပါ။ ပြီးရင်တော့ မျက်နှာပေါ်က အမည်းစက်တွေပေါ်မှာ လိမ်းထားလိုက်ပါ။ ငါးမိနစ်လောက်တော့ကြာအောင် ထားပေးပါ။ ပြီးမှ ရေအေးလေးနဲ့ မျက်နှာသစ်ပေးပါ။ ခဏခဏ လုပ်ပေးမယ်ဆိုရင် အမည်းစက်လေးတွေ ကင်းစင်သွားမှာပါ။အသားအရေလေးတွေ ကြည်ကြည်လင်လင်လေးနဲ့ ကြည့်ကောင်းဖို့ အာလူးတစ်လုံးပဲ လိုတာပါနော်။ အာလူးအစိမ်းကို ပါးပါးလေး လှီးပြီး မျက်နှာမှာ နာရီဝက်လောက် ကပ်ထားလိုက်ပါ။ ပြီးရင်တော့ ပုံမှန်အတိုင်း မျက်နှာသစ်လိုက်ပါ။ ညတိုင်း ပြုလုပ်ပေးမယ်ဆိုရင် အသားအရေ ကြည်လင်လာမှာ အသေအချာပါပဲ။အသားအရေ ခြောက်သွေ့တာကတော့ မိန်းကလေး တော်တော်များများ ဖြစ်တတ်ပါတယ်။ ဒီလို ပြဿနာတွေ ကင်းဝေးဖို့အတွက် အာလူးကို ပါးပါးလေးတွေ လှီးကာ ဒိန်ခဲ ဒါမှမဟုတ် ဒိန်ချဉ်နဲ့ ရောစပ်လိုက်ပါ။ ပြီးရင်တော့ မျက်နှာမှာ မိနစ် (၂၀) လောက် ကြာအောင် လိမ်းထားလိုက်ပါ။ တပတ်ကို (၂) ကြိမ်လောက် ပြုလုပ်ပေးမယ်ဆိုရင် ကောင်းမွန်တဲ့ ရလဒ်တစ်ခု ပိုင်ဆိုင်ရမှာ သေချာပါတယ်။အသက်အရွယ်မတိုင်ခင် အရေးအကြောင်းတွေ ဖြစ်စေတာက စိတ်ပျက်စရာ တစ်ခုပါပဲ။ ဒီလိုအရေးအကြောင်းတွေကို ကြိုတင်ကာကွယ်ချင်တယ်ဆိုရင်တော့ အာလူးနဲ့ ကြက်ဥကို အသုံးပြုလို့ ရတယ်နော်။ အာလူးကို ကျေအောင် ချေလိုက်ပြီးနောက် ကြက်ဥအကာလေးနဲ့ ရောပါ။ ပြီးတော့ မျက်နှာမှာ လိမ်းပေးထားလိုက်ပါ။ မျက်နှာ ခပ်တင်းတင်းလေး ခံစားလာရပြီဆိုရင် ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ တစ်ပတ်ကို (၃) ကြိမ်လောက် လုပ်မယ်ဆိုရင် အရေးအကြောင်းတွေ သက်သာလာမှာ ဖြစ်သလို ထပ်လည်း မဖြစ်ပါဘူး။ဝက်ခြံတွေကြောင့် စိတ်ညစ်နေရသူတွေ အများကြီးပါပဲ။ ဝက်ခြံကို သက်သာပျောက်ကင်းစေတဲ့အထဲမှာ အာလူး ပါဝင်ပါတယ်။ အာလူးကို အပြားအချပ်လေးတွေ လှီးပြီး ဝက်ခြံတွေပေါ်မှာ ကပ်ထားပေးပါ။ ပြီးမှ မျက်နှာသစ်ပါ။ မကြာခဏ ပြုလုပ်ပေးမယ်ဆိုရင် ဝက်ခြံလေးတွေ သက်သာသွားပါလိမ့်မယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/55198-2/
Slipped capital femoral epiphysis (ပေါင်ရိုးချော်ခြင်း)
ပေါင်ရိုးချော်ခြင်းသည် တင်ပါးအဆစ်ရှိအလုံးသည် ပေါင်ရိုးမှခွဲထွက်သွားခြင်းဖြစ်သည်။ အရို၏ကြီးထွားနှုန်းကိုဖြစ်စေသောနေရာတွင်ဖြစ်သည်။ ပေါင်ရိုးချော်ခြင်းသည် တင်ပါးအဆစ်နှစ်ဖက်လုံးတွင်ဖြစ်နိုင်သည်။ အပီဖိုက်ဆစ်သည် အရိုးရှည်၏အဆုံးပိုင်းဖြစ်သည်။ ထိုအဆုံးပိုင်းနှင့် အဓိကအရိုးဆစ်ကြားကို အရိုးကြီးထွားစေသောနေရာနှင့်ခြားထားသည်။ ဒီအခြေအနေတွင်အရိုးကြီးထွားနေသောအပေါ်ပိုင်းတွင်ချော်ခြင်းဖြစ်သည်။ဒီရောဂါဟာ ကလေးအယောက်တသိန်းတွင် နှစ်ယောက်ခန့်ဖြစ်သည်။ ကြီးထွားနေသောကလေးငယ် အသက် ၁၁ မှ ၁၅ များသောအားဖြင့်ယောကျာ်းလေး ဝသောကလေး ကြီးထွားမြန်သောကလေးနှင့် အခြားအကြောင်းကြောင့်ဟော်မှန်းမျှတမှုမရှိသောကလေးများတွင်ပိုဖြစ်တတ်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ပေါင်ရိုးချော်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။လမ်းလျောက်ရခက်ခြင်း။ ထော့နဲ့ထော့နဲ့လမ်းလျောက်ခြင်း။ဒူးခေါင်းနာခြင်း။တင်ပါးရိုးနာခြင်း။တင်ပါးရိုးတောင့်ခြင်း။ခြေထောက်အပြင်သို့ထွက်နေခြင်း။တင်ပါးဆစ်လှုပ်ရှားမှုသိပ်မလုပ်နိုင်ခြင်း။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ြဖစ်စေသောအကြောင်းကိုမသိပါ။ပေါင်ရိုးချော်ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အဝလွန်ခြင်း။ဆေးများ(ဥပမာ စတီးရွိုက်)။သိုင်းရွိုက်ပြသာနာများ။ဓါတ်ရောင်ခြည်ကုထုံးများ။ကျောက်ကပ်ရောဂါနှင့်ဆိုင်သော အရိုးပြသာနာများ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။စမ်းသက်ခြင်းတွင် ဆရာဝန်မှ ကလေးကျန်းမာရေးအခြေအနေ ရောဂါသမိုင်းကြောင်းစသည်ကို့ကိုမေးလိမ့်မည်။ ထိုနောက် ကလေးလက္ခဏာများ လက္ခဏာမည်မျှပေါ်သည်တို့ကိုမေးလိမ့်မည်။ကလေးလှဲသည့်အချိန်တွင် ဆရာဝန်မှဖြစ်သော တင်ပါးဆစ် နှင့်ခြေထောက်ကိုသေချာစမ်းသက်ပြီးအောက်ပါတို့ကိုရှာလိမ့်မည်။လှုပ်ရှားမှုများက နာခြင်း။တင်ပါးဆစ်လှုပ်ရှားနိုင်မှုနည်းခြင်း အဓိကအားဖြင့် အတွင်းကိုလှည့်ခြင်း။တမင်လုပ်တာမဟုတ်ပဲ ကြွက်သားများတောင့်နေခြင်း အကြောဆွဲခြင်း။ကလေးလမ်းလျောက်ပုံကိုလည်းကြည့်လိမ့်မည်။ ထိုကလေးများတွင် ပုံမှန်မဟုတ်သောလမ်းလျောက်ပုံနှင့် ထော့နဲ့ထော့နဲ့လျောက်ခြင်းတို့ရှိတတ်သည်။ဓါတ်မှန်ရိုက်ခြင်း။ထိုလေ့လာချက်များက သိပ်သည်းဆများသောအဂါ် ဥပမာ အရိုးပုံရိပ်ကိုပြစေသည်။ တင်ပါးစုံ တင်ပါးရိုး ပေါင်ရိုးတို့ကို ထောင့်မျိုးစုံမှရိုက်ထားသော ဓါတ်မှန်များက ရောဂါအတည်ပြုရန်အထောက်အကူဖြစ်နိုင်သည်။ထိုလူနာတွင် ပေါင်ရိုးခေါင်းသည် အရိုးမှချော်ပြီး ထွက်နေသည်ကိုတွေ့နိုင်သည်။ကုထုံး၏ရည်ရွယ်ချက်မှာ အနည်းငယ်ချော်နေသော ပေါင်ရိုးကိုထပ်မချော်အောင်လုပ်ခြင်းဖြစ်သည်။ များသောအားဖြင့်ခွဲစိတ်သည်။စောစီးစွာသိပါက တင်ပါးဆစ်ကို တည်ငြိမ်အောင်လုပ်ခြင်း နှင့်နောက်ဆက်တွဲများကိုကာကွယ်ပေးနိုင်ခြင်းတို့လုပ်နိုငသည်။ အစောဆုံးနှင့်အထိရောက်ဆုံးကုသပါက တင်ပါးရိုးကြာရှည်လုပ်ဆောင်နိုင်စွမ်းပိုကောင်းသည်။ထိုရောဂါသေမျာပါက ပေါင်ပေါ်သို့ အလေးဖြစ်စေသော အရာများကို ခွင့်မပြုတော့ပါ။ ဆေးရုံတက်ရန်လိုပြီး များသောအားဖြင့် ၂၄ နာရီမှ ၄၈ နာရီအတွင်းခွဲစိတ်မှုကိုလုပ်သည်။လုပ်ဆောင်ချက်များ။ခွဲစိတ်မှုလုပ်ဆောင်ချက်သည် ပျင်းထန်မှုအပေါ်မူတည်သည်။ ကုသသည့်ပုံစံအများစုတွင်။အထဲတွင်တည်ငြိမ်အောင်လုပ်ခြင်း။ ရောဂါအခြေအနေတည်ငြိမ်ပြီးမပြင်းထန်သောသူများတွင်လုပ်လေ့ရှိသည်။ ဆရာဝန်မှ ပေါင်ရိုးနားတွင် အပေါက်သေးလုပ်ပြီး သတ္ထုမူလီကို ကြီးထွားစေသည့်နေရာတွင် ထည့်ပေးသည်။ ထိုကြောင့်ပေါင်ရိုးခေါင်းကိုတည်ငြိမ်စေပြီး နောက်ထပ်ချော်ခြင်းကိုသက်သာစေသည်။ အချိန်ကြာသည်နှင့် အရိုးကြီးထွားစေသည့်အနေရာသည် ပိတ်သွားသည်။ ပိတ်သွားပါက နောက်ထပ်ချော်ခြင်းမျိုးမဖြစ်တော့ပါ။ဖွင့်ပြီးပြန်ပြင်ခြင်း။ အခြေအနေသိပ်မကောင်းသောကိစ္စများတွင် တင်ပါးရိုးကိုဖွင့်ပြီး ပေါင်ရိုးခေါင်းကိုပုံမှန်နေရာသို့ပြန်သွင်းလိမ့်မည်။ ထို့နောက် သတ္ထု မူလီ ဖြင့် ကြီးထွားသည့်နေရာပြန်ပိတ်သည့်အထိ ရစ်ထားလိမ့်မည်။ ဈေးပိုကြိးပြီး ပြန်ကောင်းရန်အချိန်ကြာတတ်သည်။ဆန့်ကျင်ဘက်တင်ပါးဆစ်တွင် ထည့်ခြင်း။ အချို့သောသူမျူားတွင် ဆန့်ကျင်ဘက်ဘက်တွင်ပါဖြစ်နှုန်းပိုများတတ်သည်။ ထိုကိစ္စမျိုးတွင် မဖြစ်သောဘက်ကိုပါ အချိန်တစ်ပြိုင်နက်ထည့်ခြင်းအားဖြင့် ဖြစ်နှုန်းကိုသက်သာစေနိုင်သည်။ ဆရာဝန်က သင့်တော်သည်မသင့်တော်သည်ကိုပြောလိမ့်မည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကပေါင်ရိုးချော်ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။ပေါင်ရိုးချော်ခြင်းသည် လူတိုင်းမကာကွယ်နိုင်ပါ။ ကျန်းမာသောကိုယ်အလေးချိန်က အရိုးအဆစ်များကိုဝန်မပိစေပဲ ပျက်ဆီးခြင်း အားနည်းခြင်းကိုသက်သာစေနိုင်သည်။ ကလေးကအဝလွန်နေပါက လုံခြုံသောအာဟာရနှင့်လေ့ကျင့်ခန်း ပုံစံကိုဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/slipped-capital-femoral-epiphysis-%e1%80%95%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba/
ကလေးတွေမှာ အဖြစ်များတဲ့ လိင်တံထိပ်အရေပြားကျပ်ခြင်း
လိင်တံထိပ်အရေပြား ကျပ်ခြင်း (Phimosis) ဆိုတာ အမျိုးသားတွေရဲ့ လိင်အင်္ဂါထိပ်မှာ ရှိနေတဲ့ အရေပြားဟာ နောက်ပြန်လှန်ဆွဲလို့ မရလောက်တဲ့အထိ ကျပ်နေတဲ့ အခြေအနေကို ပြောတာဖြစ်ပါတယ်။ထိပ်အရေပြားဖြတ်မထားတဲ့ အမျိုးသားတွေမှာသာ ဖြစ်တတ်ပါတယ်။ မွေးကင်းစကလေးအရွယ်မှာ စတင်ဖြစ်ပြီး အသက် ၃နှစ်အရွယ်မှာ ဒီပြဿနာက ပျောက်ကင်းသွားတတ်ပါတယ်။ လိင်တံထိပ်အရေပြားကျပ်ခြင်းသည် သဘာဝအတိုင်း သူ့အလိုလို ဖြစ်တတ်သလို အမာရွတ်ထိခိုက်ဒဏ်ရာတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆီးသွားဖို့ အခက်အခဲမဖြစ်ဘူးဆိုရင်တော့ ကလေးအရွယ်မှာ ဘာကုသမှုမှ လုပ်ပေးဖို့ မလိုပါဘူး။ အသက်ကြီးလာတဲ့အခါလိင်တံထိပ်အရေပြား ပိုရှည်ထွက်လာတဲ့အတွက် နောက်လှန်ဆွဲရတာ၊ ဆီးသွားတာ၊ လိင်ဆက်ဆံတဲ့အခါ အခက်အခဲတွေ၊ နာကျင်မှုတွေ ဖြစ်စေနိုင်တဲ့အတွက် သေချာ ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူဖို့တော့ လိုအပ်ပါတယ်။ဒီပြဿနာရှိတဲ့ ကလေးအများစုမှာ လိင်တံထိပ်ကို ဖုံးလွှမ်းနေတဲ့ အရေပြားကို အောက်သို့လုံးဝ ဆွဲချလို့မရဘဲ ကျပ်နေတဲ့ဖြစ်စဉ်ကို အများဆုံး တွေ့ရမှာပါ။ ပုံမှန်အားဖြင့် အသက် ၃နှစ်အရွယ်မှာ ဒီအရေပြားသည် ချောင်ချောင်ချိချိ ဖြစ်သွားပြီး နောက်လှန်ဆွဲဖို့ လွယ်ကူသွားမှာဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့လိင်တံထိပ်အရေပြားကို အဆင်ပြေသလို နောက်ဆွဲလှန်လို့ ရသင့်ပါတယ်။ နောက်ထပ် အတွေ့များတဲ့ လက္ခဏာကတော့ လိင်တံထိပ်ဖူးဟာ နီရဲရောင်ရမ်းနေခြင်းပါ။ အဓိကကတော့ အရေပြားက နောက်လှန်ဆွဲမရတဲ့အတွက် လိင်တံထိပ်ဖူးအောက်မှာ ရှိနေတဲ့ အဖြူရောင်အဖတ်၊ အရိအချွဲတွေကို သန့်ရှင်းရေးလုပ်လို့မရနိုင်တာကနေ ဘက်တီးရီးယာပိုးတွေ ပေါက်ဖွားပြီး ရောင်လာတာပါ။မွေးကင်းစအရွယ်မှာတော့ ဒီလိုဖြစ်တာ သဘာဝအတိုင်းဖြစ်တာကြောင့် သိပ်ပြီးစိုးရိမ်စရာမလိုပါဘူး။ အသက်ကြီးလာတဲ့အခါ (အထူးသဖြင့် အသက် ၁၇-၁၈ နောက်ပိုင်းမှာ) အမျိုးသားတွေ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိတာကြောင့် ပိုအဖြစ်များပါတယ်။လိင်တံထိပ်အရေပြားကို ဖြတ်မထားတဲ့အခါ အမျိုးသားတွေ လိင်အင်္ဂါထိပ်ဖူးရဲ့ အောက်နားမှာ အဆီ၊ ချွေး၊ ဖုန်မှုန့်တွေ ရောပြီး အဖြူရောင်အရိအချွဲတွေ ဖြစ်ကာ အနံ့ဆိုးဖြစ်စေပါတယ်။ ဒီအရိအချွဲတွေ ခြောက်ပြီး ခဲသွားတဲ့အခါ အရေပြားနဲ့ ကပ်ငြိနေပြီး ထိပ်ဖူးရောင်ရမ်းတဲ့ ပြဿနာ (Balanitis) ဖြစ်ရာကနေ လိင်တံထိပ်အရေပြား နောက်လှန်ဆွဲမရဘဲ ကျပ်လာတာဖြစ်ပါတယ်။နောက်ပြဿနာတစ်ခုကတော့ ပုံမှန်မဟုတ်တဲ့ ဟော်မုန်းပြောင်းလဲခြင်း၊ ကိုယ်ခံအားစနစ်ကြောင့် ဖြစ်တဲ့ အရေပြားပြဿနာ (Lichen Sclerosus) ပဲ ဖြစ်ပါတယ်။ ဒီအရေပြားရောဂါဟာ လိင်အင်္ဂါနဲ့ စအိုပတ်လည်မှာ အဖြစ်များပြီး အဖြူကွက်၊ အဖုအပိမ့်များပေါက်ကာ အလွန်ယားယံပြီး ပွန်းပဲ့ထိခိုက်ဖို့၊ အရေပြားစုတ်ပြဲသွားဖို့ ပိုလွယ်ကူစေပါတယ်။ပုံမှန်အားဖြင့်တော့ ကလေးမွေးပြီးကာစအရွယ်မှာ ဆရာဝန်အနေနဲ့ ကလေးရဲ့ လိင်တံအနေအထားကို စစ်ဆေးပြီး ဒီပြဿနာရှိလား၊ မရှိလားဆိုတာကို ဆုံးဖြတ်ပေးမှာပါ။ အကယ်လို့ ပြဿနာရှိတယ်ဆိုရင် ထိပ်အရေပြားကို လုံးဝဖြတ်ထုတ်ပစ်လိုက်တာမျိုး လုပ်လိုက်ရင်တော့ အကောင်းဆုံးပဲပေါ့။ အကယ်လို့ အရေပြားမဖြတ်ချင်ဘူးဆိုရင်တော့ စောင့်ကြည့်ဖို့ကို အကြံပေးပါလိမ့်မယ်။ လူပျိုဖြစ်ပြီးနောက်ပိုင်းမှာ ဒီပြဿနာက ထပ်ပြီးဖြစ်လာတယ်၊ ဆီးသွားရတာ၊ လိင်ဆက်ဆံရတာလည်း နာကျင်စေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြန်ပြပြီး ကုသမှုခံယူဖို့လိုအပ်ပါတယ်။ဆရာဝန်အနေနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုနည်းလို့ ဖြစ်တာလား၊ အရေပြားပြဿနာကြောင့် ဖြစ်တာလားဆိုတာ သေချာစစ်ဆေးပြီးတော့မှ ပဋိဇီဝပိုးသတ်ဆေး သို့မဟုတ် မှိုပိုးသတ်ဆေးတွေကို ပေးမှာဖြစ်ပါတယ်။ ဒီဆေးတွေကိုတော့ ဆရာဝန်ရဲ့ ဆေးအညွှန်းအတိုင်း အတိအကျသောက်ဖို့ လိုအပ်ပါတယ်။ ရောဂါပျောက်ကင်းသွားတဲ့အခါမှသာ လိင်တံထိပ်အရေပြားကို နောက်လှန်ဆွဲရလွယ်ကူစေမယ့် လိမ်းဆေးအဆီကို ပေးမှာဖြစ်ပြီး ရေချိုးပြီး တစ်နေ့ကို ၂ကြိမ်ခန့်လိမ်းပေးကာ အရေပြားကို ဖြည်းဖြည်းချင်း နောက်လှန်ဆွဲကျင့်ဖို့ လိုပါတယ်။ ဒီနေရာမှာ ထိပ်အရေပြားဖြတ်ဖို့လည်း ဆရာဝန်အနေနဲ့ ထပ်ပြီး အကြံပေးမှာဖြစ်ပါတယ်။ လုပ်သည်၊ မလုပ်သည်ကတော့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ပါ။ ဒီပြဿနာဟာ ကုသပျောက်ကင်းဖို့ အလွန်လွယ်ကူတာကြောင့် ရောဂါခံစားရတာနဲ့ အချိန်မဆွဲဘဲ ဆရာဝန်နဲ့ အမြန်သွားပြဖို့ အကြံပေးလိုက်ပါတယ်။အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းမြေ့ဖွယ်ရာ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေနော်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%a1%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%b2%e1%80%b7/
ကျားဟော်မုန်းဆေးရည် ထိုးသွင်းခြင်း အကြောင်း လေ့လာကြမယ်
ဒီဆေးနဲ့ပတ်သက်ပြီး မပြောခင် ကျားဟော်မုန်း အကြောင်းကို အနည်းငယ်ရှင်းပြပေးချင်ပါတယ်။ကျားဟော်မုန်းလို့ ခေါ်တဲ့ တက်စတိုစတီရုန်းဟော်မုန်း (Testosterone) က အမျိုးသားတို့ရဲ့ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှု၊ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုနဲ့ မျိုးပွားနိုင်စွမ်းအပေါ် အကျိုးသက်ရောက်မှုများစွာ ဖြစ်စေပါတယ်။ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ကိုယ်ခန္ဓာမှာ ရှိသင့်ရှိထိုက်တဲ့ကျားဟော်မုန်းပမာဏတစ်ခုရှိပါတယ်။ ဒီပမာဏထက် နည်းသွားတဲ့အခါဖြစ်စေ၊ များလွန်းနေတဲ့အခါဖြစ်စေ ဟော်မုန်းမျှခြေပျက်စီးခြင်း (Hormone Imbalance) လို့ ခေါ်ပါတယ်။ ဒီလို ဟော်မုန်းပမာဏတွေ ကမောက်ကမဖြစ်လာတဲ့အခါ အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒလျော့နည်းလာမယ်။ လိင်တံနဲ့ဝှေးစေ့အရွယ်အစား အနည်းငယ်သေးသွားမယ်။  လိင်တံမထောင်မတ်နိုင်ခြင်း၊ပန်းသေပန်းညှိုးဖြစ်ခြင်း၊ သုက်လွှတ်မြန်ခြင်း၊ ကြွက်သားထုနည်းသွားပြီး ပိန်လှီလာခြင်း၊ အဆီတက်ပြီး အဝလွန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်အာရုံစုစည်းမရခြင်းတို့ ဖြစ်တတ်ပါတယ်။ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ပြသဖို့လိုအပ်လာပြီလဲ။အထက်မှာ ပြောပြခဲ့တဲ့ လက္ခဏာတွေ တော်တော်များများကို တွေ့ရတယ်၊ ဒီလက္ခဏာတွေကြောင့် ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ စိတ်ကျန်းမာရေး၊ လုပ်ငန်းခွင်နဲ့လိင်မှုကိစ္စမှာ အခက်အခဲတွေ ဖြစ်လာပြီဆိုရင် ဆေးရုံ၊ ဆေးခန်းတွေမှာ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးကြည့်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ လူနာရဲ့ စိတ်နဲ့ ခန္ဓာကျန်းမာရေး၊ စားသောက်နေထိုင်မှုပုံစံ၊ အာဟာရမျှတမှုရှိမရှိ၊ ရောဂါတွေ၊ သောက်နေတဲ့ ဆေးဝါးတွေအကြောင်းကို အရင်ဆုံးမေးမြန်းမှာ ဖြစ်ပါတယ်။ လိုအပ်ရင် လူနာရဲ့ လိင်အင်္ဂါကို စစ်ဆေးပြီး ကျားဟော်မုန်းပမာဏကို စစ်ဆေးမှာ ဖြစ်ပါတယ်။ကျားဟော်မုန်းပမာဏက အမျိုးသားတစ်ယောက်အတွက် သတ်မှတ်ထားတဲ့ ပမာဏ (300-1000 ng/dL) အောက် အလွန်နည်းနေတယ်ဆိုတဲ့ ဆေးစစ်ချက်အဖြေ ထွက်လာပြီဆိုမှသာ ကျားဟော်မုန်းအစားထိုးကုထုံးဖြင့် စတင်ကုသမှုခံယူဖို့ အကြံပေးမှာဖြစ်ပါတယ်။ ဒီကုထုံးတွေမှာ။•ကျားဟော်မုန်းဂျယ်လ်လိမ်းခြင်း။• ကျားဟော်မုန်းဆေးရည် ကပ်ခွာကပ်ခြင်း။• ကျားဟော်မုန်း ဆေးရည်ထိုးသွင်းခြင်း ကုထုံးတွေ ပါဝင်ပါတယ်။ဒီကုထုံးတွေမှာ ဂျယ်လ်လိမ်းခြင်းနဲ့ ကပ်ခွာကပ်ခြင်းတို့သည် အန္တရာယ်အကင်းဆုံးလို့ ယူဆလို့ရပြီး ဆေးရည်ထိုးသွင်းတဲ့ကုထုံးကတော့ အနည်းငယ် ဘေးထွက်ဆိုးကျိုးရှိနိုင်တဲ့အတွက် ဒီနေ့ဆောင်းပါးမှာ ဒီကုထုံးနဲ့ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ဒီဆေးရည်ကို ဆရာဝန်ရဲ့ ခွင့်ပြုချက်ဖြင့်သာ ထိုးသွင်းသင့်ပါတယ်။ အပြင်ဆေးဆိုင်တွေမှာလည်း ဆေးရောင်းတာမျိုး သိပ်မရှိသလို ကိုယ့်သဘောနဲ့ ကိုယ်ထိုးတာမျိုးလည်း မလုပ်သင့်ပါဘူး။ ကျားဟော်မုန်း တော်တော့်ကို နည်းလွန်းနေတဲ့ အခြေအနေ၊ ဒါမှမဟုတ် အသက် ၄၀ နောက်ပိုင်း အသက်ကြီးတဲ့ အရွယ် အမျိုးသားတွေကိုသာ ဆရာဝန်က ဒီဆေးရည်ထိုးသွင်းဖို့ အကြံပေးပါလိမ့်မယ်။ဆေးရည်ထိုးသွင်းခြင်းမပြုခင်မှာ ဆရာဝန်အနေနဲ့ လူနာရဲ့ သွေးနီဆဲလ်အရေအတွက်ကိုလည်း စစ်ပါလိမ့်မယ်။ အကြောင်းရင်းကတော့ ဒီကျားဟော်မုန်း တိုးစေတဲ့ ဆေးရည်ထိုးသွင်းတဲ့အခါ လူနာအနေနဲ့ ပုံမှန်ထက် သွေးနီဆဲလ်အရေအတွက် များသွားနိုင်တာကြောင့် ကိုယ်ခန္ဓာအတွက် တခြားဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မဖြစ်စေဖို့ စစ်ဆေးရတာပဲဖြစ်ပါတယ်။ဆရာဝန်က ဆေးထိုးတော့မယ်ဆိုရင် တင်ပါးမှာရှိတဲ့ တင်ပါးကြွက်သားအတွင်းကို ထိုးသွင်းတာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဆရာဝန်ဆေးပေးလိုက်ပြီး ကိုယ့်ဘာသာအိမ်မှာ ထိုးမယ်ဆိုရင်တော့ ပေါင်မှာရှိတဲ့ ကြွက်သားတွေကို ကိုယ်တိုင်ဆေးရည်ထိုးသွင်းတာမျိုးတွေလည်း ရှိပါတယ်။ဒီဆေးရည်ကို ထိုးသွင်းနေစဉ်နဲ့ ထိုးသွင်းပြီး နာရီဝက်အတွင်းမှာ လူနာအနေနဲ့ အသက်ရှူကျပ်တဲ့ ပြဿနာတွေ၊ ဓာတ်မတည့်တဲ့ လက္ခဏာတော်တော်များများကို ပြတတ်ပါတယ်။ ဒါကြောင့် လူနာအနေနဲ့ ဆေးရည်ထိုးသွင်းပြီးတာနဲ့ ဆေးရုံမှာ ခဏအနားယူဖို့လိုအပ်ပြီး ချက်ချင်းထပြန်တာမျိုးတော့ လုပ်လို့မရပါဘူး။ ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်ပေးသူက အဆင်ပြေပြီလို့ သတ်မှတ်လို့ရတဲ့ အနေအထားရောက်မှသာ လူနာကို ပြန်လွှတ်ပေးမှာဖြစ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်တဲ့ လက္ခဏာတွေကတော့။နောက်ထပ်ဘေးထွက်ဆိုးကျိုးအနေနဲ့ အသည်းနဲ့ နှလုံးထိခိုက်ခြင်း၊ သွေးခဲခြင်း၊ ဆီးကျိတ်ကြီးခြင်းအန္တရာယ်တွေတော့ ဖြစ်နိုင်ခြေပိုများလာနိုင်ပါတယ်။ဒီဆေးရည်ဟာ ခန္ဓာကိုယ်ရဲ့ ကျားဟော်မုန်းထုတ်လွှတ်တဲ့ ပမာဏကို တိုးမြှင့်ပေးပြီး ဟော်မုန်းတွေကို ကိုယ်ခန္ဓာရဲ့ နေရာအနှံ့လှည့်လည်ပို့ဆောင်ပေးတဲ့နေရာမှာလည်း ကူညီပေးပါတယ်။ အထူးသဖြင့် ကျားဟော်မုန်းနည်းလွန်းတဲ့ အမျိုးသားတွေ ဆေးရည်ထိုးသွင်းပြီးနောက်မှာ။ကျန်တဲ့ ကုထုံးတွေနဲ့ယှဉ်လိုက်ရင် ကျားဟော်မုန်းဆေးရည်ထိုးသွင်းခြင်းဟာ ကုန်ကျစရိတ် အနည်းငယ်ပိုများနိုင်ပြီး ၂ပတ်မှ ၄ပတ်အတွင်း တစ်ကြိမ် ပုံမှန်ဆေးရည်ထိုးဖို့ လိုအပ်ပါတယ်။ ဆေးထိုးဖို့ ရက်ချိန်းကိုတော့ ဆရာဝန်ကိုယ်တိုင် သတ်မှတ်ပေးမှာဖြစ်ပြီး အဲ့ဒီရက်ချိန်းအတိုင်း မပျက်မကွက်ပြဖို့လိုအပ်ပါတယ်။ဒီကုထုံးတွေက အချိန်တစ်ခုယူတာကြောင့် သေချာစိတ်ရှည်ပြီး ကုသမှုခံယူဖို့နဲ့ အိမ်တွင်းနည်းလမ်းအနေနဲ့ အိပ်ရေးဝအောင်အိပ်ဖို့၊ အစာအာဟာရ ပြည့်ဝစွာ စားသုံးဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့လည်း လိုအပ်တယ်ဆိုတာ ထပ်ဆောင်းအကြံပေးလိုက်ချင်ပါတယ်။အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းမြေ့စရာကောင်းတဲ့နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-hormone-issues/what-you-should-know-about-testosterone-injection/
အလှအပနဲ့ ကျန်းမာရေးအတွက် အနက်ရောင်ချောကလက်
ချောကလက်ကို လူအများစု ကြိုက်နှစ်သက်ကြသလိုအချိုမကြိုက်တဲ့သူတွေလည်း ရှိကြပါတယ်။ အဖြူရောင် နို့ချောကလက်၊ အညိုရောင် ချောကလက်နဲ့ အနက်ရောင် အခါးအရသာရှိတဲ့ ချောကလက်ဆိုပြီး မျိုးစုံရှိပါတယ်။ ဒီနေ့မှာတော့ လူတွေ သိပ်မစားတတ်ကြတဲ့ အနက်ရောင် ချောကလက်ခါးခါးရဲ့ အသားအရေနဲ့အလှအပဆိုင်ရာ ကျန်းမာရေးကောင်းကျိုးတွေကို ဝေမျှပေးချင်ပါတယ်။အနက်ရောင် ချောကလက်ကို ကိုကိုးပင်ကနေတစ်ဆင့် ပြုလုပ်ထားတာဖြစ်ပြီး ခါးသက်တဲ့ အရသာရှိပါတယ်။ တခြားချောကလက်နဲ့ မတူတဲ့ အရသာကြောင့် လူတွေ မကြိုက်နှစ်သက်ကြပေမယ့် အနက်ရောင်ချောကလက်ဟာဆံသားနဲ့ အရေပြားအလှအပကို ကောင်းကျိုးများစွာ ဖြစ်စေတဲ့အပြင် ကိုယ်ခန္ဓာကျန်းမာရေးအတွက်လည်း အထောက်အကူပေးနိုင်ပါတယ်။၁။ Antioxidant တွေ ပေါကြွယ်ဝလို့အသားအရေကို နူးညံ့လှပလာစေတယ်။ အရွယ်တင်နုပျိုစေတယ်။ အရေပြားကို ဝင်းမွတ်တောက်ပလာစေနိုင်ပါတယ်။၂။ နေရောင်ခြည်မှာ ပါဝင်တဲ့ခရမ်းလွန်ရောင်ခြည်ဒဏ်ေကြာင့် အသားအရေ မပျက်စီးစေဖို့ ကာကွယ်ပေးနိုင်တယ်။ နေပူလောင်တာ၊ အရေပြားကင်ဆာ တချို့ကိုလည်း မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။၃။ တစ်နေ့ကို အနက်ရောင်ချောကလက် တစ်တုံး ပုံမှန်စားပေးခြင်းဖြင့် အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ ပြည့်ဝစေပြီး နူးညံ့ချောမွေ့လာစေတယ်။ စိုစိုပြေပြေလေးနဲ့ အသားအရေအဆီပြန်တာ၊ ခြောက်သွေ့တာမျိုး မဖြစ်စေပဲ သဘာဝအတိုင်း အစိုဓါတ် ထိန်းပေးထားနိုင်ပါတယ်။၄။ ကဖင်းဓါတ်ပါဝင်လို့ ချွေးပေါက်ထဲမှာ ရှိနေတဲ့ အညစ်အကြေး၊ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်။ အရေပြား အပေါ်ယံမှာ ကျန်နေတဲ့ ဆဲလ်အသေတွေကို ကွာကျစေပြီး အသားအရေကို ပြန်လည် ကျန်းမာတောက်ပလာစေနိုင်ပါတယ်။၁။ ဦးရေပြား သွေးလည်ပတ်မှုကောင်းစေပြီး ဆံသားတွေကို ကျန်းမာစေတယ်။ အရောင်တောက်ပလာစေတယ်။ ဒါ့အပြင် ဆံသားကျွတ်တဲ့ ပြဿနာကိုပါ ဖြေရှင်းပေးနိုင်ပါတယ်။၂။ ဆံသားကို တောက်ပြောင်ချောမွေ့စေပြီး ဆံပင်ကို အုံထူစေတယ်။ဆံသားမပျက်စီးစေဖို့နဲ့ မပါးစေဖို့ ကာကွယ်ပေးနိုင်တယ်။၃။ ဦးရေပြား မှိုစွဲတာ၊ ဗောက်ထတဲ့ ပြဿနာကို လျော့နည်းစေတယ်။ ဦးရေပြား ယားယံတာမျိုးလည်း မဖြစ်စေပါဘူး။၁။ Antioxidant တွေဟာ အလှအပအတွက်သာမကနှလုံးကျန်းမာရေးကိုပါ ကောင်းကျိုး များစွာဖြစ်စေနိုင်တယ်။ အရွယ်မတိုင်ခင် အိုမင်ရင့်ရော်မှုကို တားဆီးပေးနိုင်လို့ နှလုံးရောဂါ ဖြစ်နိုင်ခြေကိုပါ လျှော့ချပေးနိုင်ပါတယ်။၂။ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်လို့ဆီးချိုရောဂါသည်တွေပုံမှန်စားပေးလို့ အဆင်ပြေပါတယ်။၃။ အနက်ရောင်ချောကလက်ကို ပုံမှန်စားပေးခြင်းဖြင့် နှလုံးနဲ့ သွေးလွှတ်ကြောထဲမှာ ရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးနိုင်တယ်။၄။စိတ်ဖိစီးမှုတွေကို ပြေလျော့စေတယ်။ ဦးနှောက်ထဲက စိတ်ပျော်ရွှင်မှုကို ဖြစ်စေတဲ့ ဟော်မုန်းထုတ်လုပ်မှုနှုန်းကို မြှင့်တင်ပေးနိုင်လို့ စိတ်ကို ရွှင်လန်းပြီး လန်းဆန်းတက်ကြွစေပါတယ်။၅။ ရုတ်တရက် သတိလစ်တာ၊ ဦးနှောက်သွေးကြောပြတ်တာ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။၆။ အာဟာရချို့တဲ့သူတွေမှာ တွေ့ရတတ်တဲ့ သွေးအားနည်းရောဂါကို ကုသဖို့နဲ့ ဝေဒနာသက်သာစေဖို့ အထောက်အကူဖြစ်စေပါတယ်။၇။ အမြင်အာရုံကို ကြည်လင်စေတယ်။ မျက်စိမှုန်တဲ့ ကလေးတွေ၊ မျက်စိအားနည်းတဲ့ ကလေးတွေ၊ ကွန်ပျူတာရှေ့မှာ အထိုင်များပြီး အလုပ်လုပ်နေရသူတွေအတွက် မျက်စိအားဆေးစာ အဖြစ် စားသုံးပေးနိုင်ပါတယ်။၈။ သွေးတိုးရောဂါရှင်တွေ၊ သွေးပေါင်ချိန် အတက်အကျ မြန်တဲ့သူတွေ စားပေးသင့်ပြီး သွေးပေါင်ချိန်ကိုလည်း ပုံမှန်အတိုင်းဖြစ်စေပါတယ်။၉။ ကိုယ်ခန္ဓါ ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ပရိုတင်းဓါတ်၊ နေ့စဉ်ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့ ကစီဓါတ်တွေ ပါဝင်ပါတယ်။ ကျန်းမာရေးလိုက်စားသူတွေ၊ အားကစား ပုံမှန်လုပ်သူတွေ၊ ကိုယ်အလေးချိန် ထိန်းညှိလိုသူတွေအတွက် အချိုနည်းပြီး အခါးဓါတ်အရသာကဲတဲ့ အနက်ရောင်ချောကလက်ဟာ အကောင်းဆုံးပါပဲ။၁၀။ သက်လုံကောင်းစေတယ်။ အမောခံနိုင်ရည်တိုးစေတယ်။ ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်တယ်။ ကျန်းမာပြီး သန်စွမ်းစေပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/dark-chocolate/
Multiple sclerosis (အာရုံကြောစနစ် ယိုယွင်းမှုကြောင့် ကိုယ်လက်လှုပ်ရှားမှုနှင့် စကားပြောဆိုမှုထိန်းမနိုင်သည့်ရောဂါ) ဖြစ်နေတဲ့ သင်ချစ်တဲ့သူကို သင်ဘယ်လိုကူညီမလဲ
သင်ချစ်တဲ့သူ တစ်စုံတစ်ဦးမှာ multiple sclerosis ရောဂါဖြစ်နေတယ်ဆိုတာက ရောဂါဖြစ်နေသူတင်မကဘဲ သင့်တစ်မိသားစုလုံးကို သက်ရောက်မှုရှိပါတယ်။ အစပိုင်းမှာ သင့်အနေနဲ့ သူ့ကိုဘယ်လိုပြုစု ကူညီရမလဲ မသိပေမယ့် ရောဂါအကြောင်း ပွင့်ပွင့်လင်းလင်း အရင်ဆုံးပြောဆိုထားခြင်းက အကောင်းဆုံးပါ။ သူ့ရဲ့လိုအပ်မှုက အချိန်နဲ့အလိုက် မတူညီဘဲကွဲပြားနိုင်ပါတယ်။ ဥပမာ – multiple sclerosis ဖြစ်နေတဲ့ သင်ချစ်တဲ့သူက သူတစ်နေရာရာသွားလာဖို့ သင့်ကိုလိုအပ်ချင် လိုအပ်နေလိမ့်မယ်၊ ဒါမှမဟုတ် သူ့ကိုဂရုစိုက်ပေးဖို့ စကားတူတူပြောဖို့ တစ်စုံတစ်ဦးကို လိုအပ်ချင်လိုအပ်နေပါလိမ့်မယ်။ အခုပြောပြသွားမှာက သူ့ကိုကူညီနိုင်မယ့်အချက်လေးတွေပါ။Multiple sclerosis ရောဂါအကြောင်းကို လေ့လာပါ။တစ်စုံတစ်ယောက်က ဒီ Multiple sclerosis ရောဂါဖြစ်နေပြီဆိုပါက သင့်အနေနဲ့လုပ်ရမှာက ထိုရောဂါအကြောင်းကို လေ့လာထားဖို့ဘဲ ဖြစ်ပါတယ်။ Multiple sclerosis ဆိုတာဘာလဲ ? ဒီရောဂါက ခန့်မှန်းလို့မရတဲ့ရောဂါမျိုးဆိုတာကို သင်သိထားဖို့လိုတဲ့အပြင် သူက အာရုံကြောစနစ်ချို့ယွင်းမှုကြောင့် လူကိုမသန်မစွမ်းဖြစ်စေတဲ့ ရောဂါတစ်မျိုးပါ။ ဒီရောဂါက ဦးနှောက်နဲ့ ခန္ဓါကိုယ်အကြားက ဆက်သွယ်မှုတွေကို ကြားဖြတ်နှောင့်ယှက်ပါတယ်။ ဒါ့ကြောင့် Multiple sclerosis ဖြစ်နေတဲ့ သင်ချစ်တဲ့သူတစ်ယောက်က သူ့ရဲ့တချို့လှုပ်ရှားမှုတွေကို သူကိုယ်တိုင် ထိန်းနိုင်မှာမဟုတ်ပါဘူး။ လှုပ်ရှားမှုမှာ အခက်အခဲရှိစေတဲ့အပြင် ဒီရောဂါကြောင့် ရောဂါရှိသူဟာ အင်အားနည်းနေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အမြင်အာရုံချို့ယွင်းခြင်း၊ ဆီးဝမ်းမထိန်းနိုင်ခြင်း စတာတွေကိုလည်း ခံစားရနိုင်ပါတယ်။ သင့်အနေနဲ့ ဒီရောဂါအကြောင်းနားလည်ထားခြင်းက ရောဂါခံစားနေရတဲ့ သင်ချစ်တဲ့သူရဲ့ဘဝကို ပိုမိုလွယ်ကူအောင် ကူညီပေးနိုင်ပါတယ်။မျှဝေဖို့ အားပေးခြင်း။အပေါ်မှာပြောသွားတဲ့အတိုင်း Multiple sclerosis ရောဂါက ခန့်မှန်းမရတဲ့ရောဂါဖြစ်တဲ့ ကုသမရတဲ့ရောဂါဖြစ်ပါတယ်။ စိတ်ဂယောက်ဂယက်ဖြစ်ခြင်းက သာမန်ပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ကြောက်လန့်ခြင်း ဒေါသထွက်ခြင်း အကူညီမဲ့ခြင်း စတာတွေကို ခံစားရနိုင်ပါတယ်။ ဒီလိုခံစားချက်တွေထဲ နစ်မြုပ်မနေအောင်လို့ သင့်အနေနဲ့ သင်ခံစားနေရတဲ့အကြောင်းတွေကို သင်ချစ်တဲ့သူနဲ့ ပြောဆိုသင့်ပါတယ်။ တစ်ဦးနဲ့တစ်ဦးရိုးသားကြဖို့ လိုအပ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နေလို့ကောင်းပါတယ် ဘာမှဖြစ်မနေပါဘူးလို့ ပြောနေကြတာက ခံစားချက်အစစ်အမှန်တွေကိုဖုံးကွယ်နေတာပါပဲ။ ကိုယ့်ရဲ့ခံစားချက်တွေကို မျှဝေနိုင်ပြီဆိုရင် ကိုယ်ချစ်တဲ့သူကို ကူညီပေးဖို့အတွက် ဘယ်လောက်လွယ်လာလဲဆိုတာကို သင်တွေ့နိုင်ပါလိမ့်မယ်။ ကိုယ့်ခံစားချက်တွေကို မပြောဘဲ မျိုသိပ်ထားခြင်းက အခြေအနေတွေကိုခန့်မှန်းမရဖြစ်လာစေပြီး ကောင်းကျိုးထက် ဆိုးကျိုးကိုများစေပါတယ်။အကောင်းမြင်ပါ အကောင်းဘက်ကတွေးပါ။အကောင်းမြင်တတ်ဖို့က အရေးကြီးပါတယ်။ သင့်ရဲ့အကောင်းမြင်ခြင်းက ရောဂါခံစားနေရတဲ့ သင်ချစ်တဲ့သူကိုလည်း ပိုပြီးအဆင်ပြေစေပါတယ်။ သင်သူ့အတွက် ဘယ်လောက်ဘဲစိတ်ပူနေပါစေ အမြဲတမ်းပြုံးထားပါ။ သင့်အနေနဲ့ ရောဂါရှိတဲ့ သင်ချစ်တဲ့သူရဲ့ နေ့စဉ်ဘဝကို နေထိုင်ဖို့ ပိုမိုလွယ်ကူအောင် စီစဉ်ပေးပါ။ လုံးဝလက်မလျှော့လိုက်ပါနဲ့။ သင့်ရဲ့အကောင်းမြင်မှုက သင့်ဘေးကလူတွေအားလုံးကို ကူးစက်သွားပြီး သူတို့ကိုပါ အကောင်းမြင်စေလာနိုင်ပါတယ်။သူ့ရဲ့လိုအပ်ချက်တွေကိုကြိုတင်ခန့်မှန်းပါ၊ ကျရောက်လာနိုင်တဲ့ဘေးရန်တွေကိုလည်း ရှောင်ရှားပါ။ရောဂါရှိနေတဲ့ သင်ချစ်တဲ့သူက ဘာလိုအပ်နေလဲဆိုတာ သိဖို့အရေးကြီးပါတယ်။ သင့်အနေနဲ့ သူ့ရဲ့အပြုအမူတွေကိုလည်း အာရုံစိုက်ထားပေးဖို့လိုပါတယ်။ သူကတော့ သူဘာလိုလဲဆိုတာ သင့်ကိုအမြဲတမ်းပြောနေမှာ မဟုတ်ပါဘူး။ ဥပမာ သူက လမ်းလျှောက်ရင်းနဲ့မောလာတာကိုတွေ့ရင် ခဏနားပေးပါ။ သင့်အိမ်က ပရိဘောဂတွေကိုလည်း သူ့အတွက်နေရထိုင်ရအဆင်ပြေအောင် ပြန်လည်နေရာချထားပေးနိုင်ပါတယ်။ တကယ်လို့သူက အပူမခံနိုင်တဲ့သူဆိုရင် သူ့အတွက်အေးအောင်စီစဉ်ပေးလိုက်ပါ။ ကြိုတင်စီစဉ်ခြင်းက ကြုံလာနိုင်တဲ့ ဘေးရန်တွေကို ရှောင်ရှားနိုင်ပါတယ်။စိတ်ရှည်ပါ။ဒီရောဂါမျိုးက နောက်ဘာဆက်ဖြစ်မလဲဆိုတာ ခန့်မှန်းလို့မရပါဘူး။ သင်ချစ်တဲ့သူဟာ သူ့အတွက် အဆင်ပြေတဲ့နေ့ရှိသလို မပြေတဲ့နေ့လည်းရှိနိုင်ပါတယ်။ သူအားငယ်ချိန်တွေမှာ အားပေးဖို့လိုအပ်ပါတယ်။ အရေးအကြီးဆုံးကတော့ သင်ရော ရောဂါရှိသူရော စိတ်ရှည်ဖို့နဲ့ အကောင်းမြင်တတ်ဖို့ပဲဖြစ်ပါတယ်။ သင့်အနေနဲ့ သူ့ကို ဘယ်တော့မှလက်မလျှော့ဖို့အားပေးပါ။ သင်တို့နှစ်ယောက် အချင်းချင်းအားပေးရင်း မျှော်လင့်ချက်တွေ ယုံကြည်ချက်တွေ အပြည့်နဲ့ multiple sclerosis ရောဂါကိုအတူတိုက်ထုတ်ကြပါ။Multiple sclerosis ရောဂါစွဲကပ်ခြင်းက သင်ချစ်တဲ့သူကို သူ့မှာဒီရောဂါရှိတယ်ဆိုတာ လက်ခံဖို့ ထိန်းညှိဖို့ ခက်ခဲစေပါတယ်။ အပေါ်ကပြောသွားတဲ့ နည်းလမ်းတွေအတိုင်းလုပ်ဆောင်ခြင်းက သင်ချစ်တဲသူကို သူ့ရဲ့ရောဂါကို ပြန်တိုက်ခိုက်ဖို့ ခွန်အားတွေပေးပါလိမ့်မယ်။ တကယ်လို့ အခြေအနေဆိုးလာရင် ဆရာဝန်ဆီဆက်သွယ်ဖို့ ဝန်မလေးပါနဲ့။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/multiple-sclerosis/multiple-sclerosis-%e1%80%a1%e1%80%ac%e1%80%9b%e1%80%b6%e1%80%af%e2%80%8b%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%85%e1%80%94%e1%80%85%e1%80%b9%e2%80%8b-%e1%80%9a%e1%80%ad%e1%80%af%e1%80%9a%e1%80%bc/
Chondromalacia patella (ဒူးခေါင်းရှိအရိုးနုပျော့ခြင်း)
ဒူးခေါင်းရှိအရိုးနုပျော့ခြင်းခြင်း ဒူးခေါင်းဆစ်အတွင်းရှိအရိုးနုများပုံမှန်မဟုတ်ပဲပျော့နေခြင်းဖြစ်သည်။ ထို့ကြောင့် ဒူးခေါင်းရှေ့ပိုင်းနာကျင်ခြင်းကိုဖြစ်စေသည်။ ဒူးခေါင်းရှိအရိုးနုပျော့ခြင်းသည် နှာတာရှည်ဒူးခေါင်းနာခြင်းတွင်အဖြစ်အများဆုံးသောအကြောင်းအရာဖြစ်သည်။ ဒူးခေါင်းရှိအရိုးနုပျော့ခြင်သည် ဒူးခေါင်းအရိုးပုံမှန်မဆက်သောကြောင့်အရိုးနုများပျက်ဆီးခြင်းဖြစ်သည်။ ထိုအခြေအနေကို ဒူးခေါင်းနှင့် ပေါင်ရောဂါဟုခေါသည်။ဒီရောဂါဟာငယ်ရွယ်သော၊ အားကစားသမားများတွင်ပိုဖြစ်တတ်သော်လည်း အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဒူးခေါင်းရှိအရိုးနုပျော့ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။ဒူးခေါင်းပတ်ပတ်လည်တွင်နာခြင်း။ များသောအားဖြင့်ဒူးခေါင်းအရှေ့ ပတ်ပတ်လည် သို့မဟုတ်အနောက်တွင်နာတတ်သည်။ လှေကားအတက်အဆင်းတွင်သိသိသာသာပိုနာတတ်သည်။ ကြာရှည်ထိုင်သူများတွင်ပိုဖြစ်တတ်သည်။ဒူးခေါင်းလှုပ်ခြင်းကြောင့်အသံများကြားခြင်း(ခရပ်ပစ်တပ်)။ရှားပါးစွာ အချို့အရည်များ(အဖျူးရှင်း) ဒူးခေါင်းတွင်စုပုံတတ်သည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ဒူးခေါင်းအဖုံးသည်များသောအားဖြင့် ဒူးခေါင်းအရွတ်ရှေ့ကသွားသည်။ ဒူးခေါင်းကွေးပါက ဒူးခေါင်းအဖုံးနောက်သို့ဆုတ်ခြင်းနှင့်အတူပေါင်၏အရိုးနုသည်လည်း ရွေ့လျားလာသည်။ အရွတ် တွယ်ဆက်အမျှင် များက ဒူးခေါင်းအဖုံးကို ခြေသလုံးနှင့်ပေါင်ကြွက်သားများအားတွယ်ဆက်ပေးသည်။ ထိုထဲက တစ်ခုခုသာကောင်းစွာမလုပ်နိုင်လျင်ဒူးခေါင်းအရိုးဖုံးကို ပေါင်အရိုးနှင့်ပွတ်တိုက်စေသည်။ ခဏခဏပွတ်တိုက်ပါက ဒူးခေါင်းအရိုးပါးလာပြီးဒူးခေါင်းရှိအရိုးနုပျော့ခြင်း သို့မဟုတ် အပြေးသမားခြေထောက်ဖြစ်လာလိမ့်မည်။ပုံမမှန်မဟုတ်သော ဒူးခေါင်းဆစ်အဖုံးလှုပ်ရှားမှုများသည်အောက်ပါတို့ကြောင့်ဖြစ်နိုင်သည်။မွေးရာပါအခြေအနေကြောင့် မညီညာဖြစ်နေခြင်း။ဒူးခေါင်းကြောအားနည်းခြင်း နှင့် ကွာထရီစတ်( ပေါင်အရှေ့အနောက်ရှိကြွက်သား) အားနည်းခြင်း။စုဆုံသည့်ကြွက်သား နှင့် ခွာပေးသည့်ကြွက်သားမညီမျှခြင်း( ပေါင် အတွင်းနှင့်အပြင်ရှိကြွက်သား)။သင့်ဒူးခေါင်းအဆစ်အားခဏခဏဖိအားပေးခြင်း ဥပမာ မြေးခြင်း စကိတ်စီးခြင်းနှင့်ခုန်ခြင်း။ဒုူးခေါင်းသို့တိုက်ရိုက်ထိခိုက်မှုများ။ဒူးခေါင်းရှိအရိုးနုပျော့ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အသက်။ အရွယ်ရောက်ချိန်နှင့်ငယ်သောသူများတွင်ပိုဖြစ်တတ်သည်။ ဖွံဖြိုးနေသောအချိန်တွင် ကြွက်သားနှင့် အရိုးများအမြန်ဖွံဖြိုးလာခြင်းကြောင့် ခဏတာ ကြွက်သားမညီမျှမှုများဖြစ်တတ်သည်။လိင်။ မိန်းကလေးများတွင်ပိုဖြစ်တတ်သည်။ ကြွက်သားများပိုနည်းသောကြောင့်ဖြစ်သည်။ ထိုကြောင့် ဒူးခေါင်းပုံမမှန်ခြင်းနှင့် ဒူးခေါင်းဘေးရှိ ဖိအားပိုများခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ခြေဖဝါးပြားခြင်း။ ခြေဖဝါးအကွေးမြင့်ခြင်းထက် ပြားနေပါက ဒူးခေါင်းတွင်ပိုဖိအားများစေတတ်သည်။အရင်ထိခိုက်မှုရှိခြင်း။ ဒူးခေါင်းအရင်ထိခိုက်မှု ဥပမာ အဆစ်ချော်ခြင်းတို့ရှိဖူးကပိုဖြစ်နိုင်သည်။လှုပ်ရှားမှုများခြင်း။ လှုပ်ရှားမှုများခြင်းသို့မဟုတ် ခဏခဏလေ့ကျင်းခန်းလုပ်ခြင်းတို့ကလည်းဒူးခေါင်းတွင်ဖိအားများစေတတ်သည်။ ထိုကြောင့်ဒီအခြေအနေကိုပိုဖြစ်စေနိုင်သည်။အဆစ်ယောင်ခြင်း။ အဆစ်ယောင်ခြင်းလက္ခဏာရှိသူများတွင်လည်း ဒီရောဂါပိုဖြစ်နိုင်သည်။ ယောင်နေပါက ဒူးခေါင်းအဖုံးပုံမှန်အလုပ်လုပ်ခြင်းကိုတားဆီးသောကြောင့်ဖြစ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဒူးခေါင်းရှိအရိုးနုပျော့ခြင်းဟု ဒူးခေါင်းအရှေ့ပိုင်းနာခြင်း အဓိကအားဖြင့် ဆယ်ကျော်သက်မိန်းကလေးများနှင့် ငယ်သောသူများတွင်ရှိပါက သတိထားသင့်သည်။ ကွာဒရီဆက် ကြွက်သားမာချိန်တွင် ဒူးခေါင်းအားလက်ဖြင့်ဖိထားခြင်းကြောင့်လည်းနာနိုင်သည်။ ထိုအရာကို ရှရက် လက္ခဏာရှိသည်ဟုဆိုသည်။ ပုံမှန်အားဖြင့် ဒူးခေါင်းဖောင်းခြင်း အရည်ရှိခြင်းနှင့်မတွဲတတ်ပါ။ဓါတ်မှန်ရိုက်ခြင်း သို့မဟုတ် သံဓါတ်ပဲ့တင်အားဖြင့်ပုံရိပ်ဖော်ခြင်းတို့ကို ဒူးခေါင်းနောက်ပိုင်းယောင်မယောင်အတွင်သေချာစေရန်သုံးသည်။အဓိကကုသမှု၏ရည်ရွယ်ချက်မှာ ဒူးခေါင်းဆစ်အား ဖိအားလျော့ချစေရန်ဖြစ်သည်။ အနားယူခြင်း၊ ရေခဲကပ်ခြင်းတို့က ပထမဆုံးကုသနည်းများဖြစ်သည်။ အရိုးနုပျက်ဆီးခြင်းကြောင့် ဒူးခေါင်းရှိအရိုးနုပျော့ခြင်းဖြစ်ပြီး အနားယူလိုက်ရုံဖြင့်ပြန်သက်သာသွားနိုင်သည်။ဆရာဝန်မှ အပါတ်အနည်းငယ်ထိ အယောင်ကျဆေး ဥပမာ အိုင်ဗျူပရိုဖန် ကိုပေးလိမ့်မည်။ ဖောင်းခြင်း နာခြင်းဆက်ရှိနေပါက အောက်ပါကုထုံးများလုပ်နိုင်သည်။ရုပ်ပိုင်းဆိုင်ရာကုထုံး။ဒီကုထုံးသည် ကွာဒရီဆက် ဒူးကောက်ကြော စုစုံကြွံက်သား ခွာပေးသောကြွက်သားများသန်မာလာစေခြင်း ထိန်းညှိနိုင်ခြင်းများခြင်းတို့ကိုဖြစ်စေသည်။ ကြွက်သားများကောင်းမွန်စွာထိန်းညှိနိုင်ခြင်းကြောင့် ဒူးခေါင်းအဆစ်လွဲခြင်းကိုပိုကောင်းလာစေသည်။အဓိကအနေနှင့်အလေးမပါသော အားကစားများ ဥပမာ ရေကူးခြင်း သို့မဟုတ် စက်ဘီးစီးခြင်းအားပေးသည်။ ထို့အပြင် လှုပ်ရှားမှုမပါသောလေ့ကျင့်ခန်းများ ဥပမာ ကြွက်သားတင်းခြင်းပျော့ခြင်းလုပ်သောနည်းများကလည်း ကြွက်သားကြီးလာစေသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကဒူးခေါင်းရှိအရိုးနုပျော့ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ဒူးခေါင်းရှိအရိုးနုပျော့ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။ဒူးခေါင်းကိုထပ်ခါထပ်ခါဖိအားပေးခြင်းရှောင်ပါ။ ဒူးခေါင်းကိုကြာရှည်အသုံးပြုရမည်ဆိုပါက ဒူးခေါင်းအစွပ်ကိုသုံးပါ။ကြွက်သားထိန်းညှိမှုမှန်စေရန် ကွာဒရီဆက် စုဆုံကြွက်သားခွာပေးသောကြွက်သားကိုသန်မာအောင်လုပ်ပါ။ခြေဖဝါးပြားခြင်းကိုပြင်ပေးထားသောဖိနပ်ကိုစီးပါ။ ထိုကြောင့်ဒူးခေါင်းအားဖိသော ဖိအားကိုနည်းစေပြီး ဒူးခေါင်းအထိန်းကိုပုံမှန်စေသည်။နောက်ဆုံး ကိုယ်အလေးချိန်ထိန်းပါ။ ကျန်းမာသောကိုယ်အလေးချိန်ထိန်းခြင်းဖြင့်ဒူးခေါင်းနှင့်အခြားအဆစ်များအားဖိအားများစေခြင်းကိုလျော့ချနိုင်သည်။ ပိန်စေရန် သကြားလျော့စားခြင်း အဆီလျော့စားခြင်း အသီးအရွက် များများစားခြင်း တစ်ပါတ် ငါးရက် တစ်ရက်အနည်းဆုံး နာရီဝက်လောက်အားကစားလုပ်ခြင်းတို့ပြုလုပ်သင့်သည်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/chondromalacia-patella-%e1%80%92%e1%80%b0%e1%80%b8%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%be%e1%80%ad%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%94%e1%80%af/
အဝလွန်ခြင်းနဲ့ ဦးနှောက်ကျုံ့ခြင်း ဆက်နွှယ်နေ
အဝလွန်တဲ့ သက်လတ်ပိုင်းအရွယ်တွေမှာဦးနှောက်တစ်ရှူးတွေကျုံ့နေတာတွေ့ရတယ်လို့ဗြိတိန်သုတေသနတစ်ခုကလေ့လာတွေ့ရှိခဲ့ပါတယ်။ အထူးသဖြင့် ဗိုက်မှာအဆီပိုတွေစုနေတဲ့သူတွေမှာပိုဆိုးတယ်လို့ ဆိုပါတယ်။အဝလွန်သူတွေဟာ ပုံမှန်ကိုယ်အလေးချိန်ရှိတဲ့သူတွေနဲ့ယှဉ်ရင် ဦးနှောက်ရဲ့ gray matter အရွယ်အစားကျုံ့နေတာကို အင်္ဂလန် Loughborough University သုတေသနအဖွဲ့က တွေ့ရှိခဲ့တာပါ။Gray matter မှာ ဦးနှောက်ရဲ့အာရုံကြောဆဲလ်အများစုပါဝင်နေတာဖြစ်ပြီး White matter မှာတော့ ဦးနှောက်ရဲ့အစိတ်အပိုင်းတွေကိုချိတ်ဆက်ပေးတဲ့အာရုံကြောမျှင်တွေပါရှိပါတယ်။အရင်သုတေသနမှာတော့gray matterကျုံ့ခြင်းကdementia(ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ)ဖြစ်နိုင်ခြေပိုများစေတယ်လို့ ဆက်နွှယ်မှုကိုတွေ့ရှိထားပါတယ်။ ဒါပေမယ့် ဒီသုတေသနမှာတော့ ဆက်နွှယ်မှုကိုသာတွေ့ရှိတာဖြစ်ပြီး အချိန်ကြာရှည်လေ့လာထားတာမဟုတ်တဲ့အတွက် အဝလွန်ခြင်းက ဦးနှောက်ကျုံ့စေတယ်လို့ သက်သေမပြနိုင်သေးပါဘူးလို့ ဦးဆောင်တဲ့သုတေသီMark Hamer ကပြောပါတယ်။အသက် ၅၅ နှစ်အရွယ် လူဦးရေ ၉၆၅၂ ဦးကိုလေ့လာခဲ့တာဖြစ်ပြီး သူတို့ထဲက ၁၉ ရာခိုင်နှုန်းက အဝလွန်နေသူတွေဖြစ်ပါတယ်။ ဦးနှြေက် MRI စကင်န်စစ်ဆေးတဲ့အခါ အဝလွန်နေတဲ့သူတွေမှာ gray matter အရွယ်အစား ကျုံ့နေတာတွေ့ရပါတယ်။ဘာလို့ ဒီလိုဖြစ်ရလဲဆိုတော့ဖြစ်နိုင်ခြေတစ်ခုကို Harmerကပြောပြပါတယ်။ အဝလွန်ခြင်းနဲ့ သူရဲ့နောက်ဆက်တွဲအဖော်တွေ(သွေးတိုး၊ဆီးချိုတို့လို) က နှလုံးနဲ့သွေးကြောတွေကိုထိခိုက်စေနိုင်လို့ ဦးနှောက်ကိုသွေးပို့လွှတ်မှုအပေါ် သက်ရောက်မှုရှိစေတာဖြစ်နိုင်ပါတယ်။သုတေသနအဖွဲ့က ဒီလူတွေမှာ နှလုံးရောဂါ၊ဆီးချိုရောဂါနဲ့သွေးတိုးရှိမရှိ၊ဆေးလိပ်သောက်သလား၊ အရက်သောက်သလား၊ ကိုယ်လက်လှုပ်ရှားမှုရှိသလားဆိုတာကို ဆက်လေ့လာခဲ့တာတောင်မှ အဝလွန်တာတစ်ခုတည်းကနေပဲ gray matter ကျုံ့ခြင်းနဲ့ဆက်နွှယ်နေတာတွေ့ရပါတယ်။ ဒါ့ကြောင့် တခြားဆက်လေ့လာစရာတွေရှိနေနိုင်သေးတယ်လို့ ဆိုတာပါ။အဆီတစ်ရှူးတွေကဦးနှောက်ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ဟော်မုန်းအမျိုးမျိုးကိုထွက်ရှိစေတာကြောင့်လည်းဖြစ်နိုင်တယ်လို့ သုတေသနက အဆိုပြုထားပါတယ်။ဒီသုတေသနအကြောင်းကို Neurology ဂျာနယ် မ ဇန်နဝါရီ ၉ ရက်က ဖော်ပြခဲ့တာဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/%e1%80%a1%e1%80%9d%e1%80%9c%e1%80%bd%e1%80%94%e1%80%ba%e1%80%9b%e1%80%84%e1%80%ba-%e1%80%a6%e1%80%b8%e1%80%94%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%80%e1%80%bb%e1%80%af%e1%80%b6/
ဘေဘီလေးတွေမှာအဖြစ်များတဲ့ အသားအရေပြဿနာတွေနဲ့ ဖြေရှင်းနည်းများ
ဘေဘီလေးတွေက မေမေတိုင်းအတွက်တော့ ချစ်မဝတဲ့သူတွေပေါ့။ ဒီလို ချစ်မဝတဲ့ ဘေဘီလေးတွေကို အစစအရာရာကျန်းမာနေစေချင်တဲ့ ဆန္ဒကလည်း မေမေတိုင်းမှာရှိနေမယ်ဆိုတာ ထွေထွေထူးထူးပြောနေဖို့တောင် မလိုပါဘူး။ အခုတစ်ခါပြောပြပေးမှာက ကိုယ့်ရဲ့ ရင်သွေးငယ်လေးတွေမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာတွေနဲ့ အဲဒီအရေပြားပြဿနာတွေများ ကြုံတွေ့ခဲ့ရမယ်ဆိုရင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို သိချင်နေမယ ထင်တယ်နော်။ ဒီတော့ ဘေဘီလေးတွေမှာအဖြစ်များတဲ့ အသားအရေပြဿနာတွေနဲ့ ဖြေရှင်းနည်းများ အကြောင်း ပြောပြပေးချင်ပါတယ်။ကလေးငယ်လေးတွေရဲ့ အရေပြားက ကောင်းစွာ မဖွံ့ဖြိုးသေးတာကြောင့် ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ အပူချိန်၊ အအေးဒဏ်၊ မှိုပိုးတွေ၊ ဘက်တီးရီးယားတွေ၊ သွားရည်တွေကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေ၊ ညစ်ပေနေတဲ့သေးခံနဲ့ အကြာကြီးထိတွေ့ရာကနေဖြစ်လာတဲ့ အရေပြားပြဿနာတွေကို ခုခံနိုင်ရည်တော်တော်လေးနည်းနေပါသေးတယ်။ကလေးတွေမှာ အရေပြားပြဿနာမဖြစ်ဖူးတဲ့ ကလေးရယ်လို့မရှိပါဘူး။ ကလေးတိုင်းဟာ ပတ်ဝန်းကျင်မှာရှိနေတဲ့ အရာတစ်ခုခုနဲ့ ထိတွေ့မှုကြောင့် အနည်းဆုံးတစ်ကြိမ်လောက်တော့ အရေပြားပြဿနာကို ကြုံဖူးကြမှာပါ။ ဒါပေမယ့် အရေပြားပြဿနာတော်တော်များများက အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ သူ့အလိုလိုပျောက်သွားတတ်ကြပါတယ်။ အရမ်းပြင်းထန်တာမျိုးဆိုရင်တော့ သင့်တော်တဲ့ဆေးကုသမှုကိုခံယူဖို့လိုမှာပဲဖြစ်ပါတယ်။ဘေဘီလေးတွေမှာအဖြစ်များတဲ့ အသားအရေပြဿနာတွေနဲ့ ဖြေရှင်းနည်းများ ကတော့။၁) သေးခံလောင်ခြင်း။ဒါကတော့ ကလေးတွေမှာ အဖြစ်များတဲ့အရေပြားပြဿနာတစ်ခုပါ။ ညစ်ပေနေတဲ့သေးခံကို အကြာကြီးဝတ်ထားမိရာကနေ ဖြစ်လာတာဖြစ်ပါတယ်။ ဒါကြောင့် ကလေးသေးခံစိုတာကို တွေ့တာနဲ့ လဲပေးဖို့လိုပါမယ်။ အထူးသဖြင့် ကလေးငယ်ရဲ့ အသားအရေက ထိခိုက်လွယ်တဲ့ အသားအရေမျိုးဆိုရင် ပိုပြီးတေတောာင် ဂရုစိုက်ပေးဖို့ လိုပါတယ်။သေးခံလောင်ရင် ဒီလိုလက္ခဏာရှိမယ်။ဖြစ်ရတဲ့ အကြောင်းအရင်းတွေ။ဘယ်လိုစောင့်ရှောက်မှုပေးမလဲ။၂) မိတ်။ရာသီဥတု အရမ်းပူတဲ့အခါ ကလေးငယ်တွေမှာ အပူလွန်ကဲပြီး မိတ်ထွက်လာတာမျိုးတွေဖြစ်နိုင်ပါတယ်။ ရာသီဥတုပူတာကြောင့် ချွေးထွက်တဲ့အခါ ကလေးတွေရဲ့ ချွေးဂလင်းတွေက သေချာမဖွံ့ဖြိုးသေးတာကြောင့် ချွေးဂလင်းတွေ ပိတ်ဆို့ရာကနေ ကလေးငယ်လေးတွေမှာ မိတ်တွေဖြစ်လာတာ ဖြစ်ပါတယ်။မိတ်ထွက်ရင် ဒီလိုလက္ခဏာတွေရှိမယ်။အရေပြားပေါ်မှာ နီရဲတဲ့ အဖုငယ်လေးတွေ ဖြစ်တာကို တွေ့ရနိုင်ပါတယ်။ ကျော နဲ့ တင်ပါးပိုင်းတွေမှာ အဖြစ်များပါတယ်။မိတ်ဖြစ်ရတဲ့ အကြောင်းအရင်းတွေ။ဘယ်လိုစောင့်ရှောက်မှုပေးမလဲ။၃) နှင်းခူ။ဒီအရေပြားပြဿနာကတော့ ကလေးရော လူကြီးမှာပါဖြစ်တတ်တဲ့ အရေပြားပြဿနာပါ။ ကလေးအသက်တစ်နှစ်လောက်အရွယ်မှာကတည်းဖြစ်တတ်ပါတယ်။ မျိုးရိုးရှိတဲ့ ကလေးငယ်တွေမှာလည်း အရေပြားခြောက်တဲ့အခါမှာ နှင်းခူဖြစ်တတ်ပါတယ်။နှင်းခူဖြစ်ရင် ဒီလိုလက္ခဏာတွေရှိမယ်။နှင်းခူဖြစ်ရတဲ့အကြောင်းအရင်းတွေ။ဘယ်လိုစောင့်ရှောက်မှုပေးမလဲ။၄) ကလေးဝက်ခြံ။ဒီအရေပြားပြဿနာကတော့ ကလေးအသက် ၂ ပတ်ကနေ ၄လ၊ ၅လအတွင်းအရွယ်မှာ အဖြစ်များပါတယ်။ အချင်းကနေတဆင့် မိခင်ထံကနေလက်ခံရရှိတဲ့ဟော်မုန်းကြောင့် ကလေးငယ်လေးတွေမှာ ဝက်ခြံဖြစ်ရတာဖြစ်ပါတယ်။ ဒီဟော်မုန်းတွေက ကလေးအရေပြားမှာ အဆီထွက်များစေတာကြောင့် ဝက်ခြံထွက်လာတာပါ။ဘယ်လိုစောင့်ရှောက်မှုပေးမလဲ။၅) အင်ပျဉ်။အင်ပျဉ်က ခန္ဓာကိုယ်နေရာအနှံ့မှာ ပေါက်တတ်ပါတယ်။ ရင်ဘတ်၊ ဝမ်းဗိုက်ပိုင်းနဲ့ နောက်ကျောဘက်တွေမှာ အဖြစ်များပါတယ်။ လည်ပင်းနဲ့ ခြေလက်တွေမှာလည်း အင်ပျဉ်ဖြစ်တတ်ပါတယ်။အင်ပျဉ်အချို့ကတော့ ဆေးကုသမှုခံယူစရာမလိုဘဲ ရက်အနည်းငယ်အတွင်းမှာ ပျောက်ကင်းသွားနိုင်ပါတယ်။ တကယ်လို့ အင်ပျဉ်က အချိန်အတော်ကြာတဲ့အထိ ပျောက်မသွားဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုပါမယ်။အင်ပျဉ်ဖြစ်ရတဲ့ အကြောင်းအရင်းတွေ။ကလေးတွေမှာ အင်ပျဉ်ဖြစ်ရတဲ့အကြောင်းအရင်းတွေအမျိုးမျိုးရှိပါတယ်။ဘယ်လိုစောင့်ရှောက်မှုပေးမလဲ။၆) အရေပြားခြောက်သွေ့တာ။မွေးစကလေး‌တွေမှာအသားခြောက်တာက အဖြစ်များတဲ့ ပြဿနာပါ။ အထူးသဖြင့် အေးတဲ့အချိန်ဆို ပိုပြီးတော့တောင် ဖြစ်တတ်ပါတယ်။အရေပြားခြောက်သွေ့ရတဲ့ အကြောင်းရင်းတွေ။ဘယ်လိုစောင့်ရှောက်မှုပေးမလဲ။၇) နို့ပွေး။နို့ပွေးလို့ခေါ်ပေမဲ့ တကယ့်ပွေးရောဂါ မဟုတ်ပါဘူး။ Atopic eczemaလို့ခေါ်တဲ့နှင်းခူရောဂါတစ်မျိုးပါ။ ပါးပတ်လည်မှာ ပွေးလို အကွက်လေးတွေ အဖြစ်တွေ့ရတတ်လို့ နို့ပွေးလို့ ‌ခေါ်ကြတာပါ။ အကွက်လေးက နီရဲခြောက်သွေ့ပြီး ယားလည်း ယားပါတယ်။ တစ်ခါတလေ အရည်ကြည်လေးတွေ စိမ့်ထွက်တတ်ပါတယ်။နို့ပွေးဖြစ်ရတဲ့ အကြောင်းရင်းများ။ဘယ်လိုစောင့်ရှောက်မှုပေးမလဲ။တချို့ကလေးတွေမှာ ၅-၆နှစ်လောက်နေရင် သက်သာသွားပေမဲ့ တချို့က ကြီးတဲ့အထိ ရှိတတ်ပါတယ်။နို့ပွေးသက်သာစေဖို့။ကလေးငယ်ကို ငယ်စဉ်ကတည်းက သေချာဂရုစိုက်ပေးပြီးအရေပြားကျန်းမာတဲ့ကလေးငယ်လေးတွေအဖြစ် ပျိုးထောင်နိုင်ကြပါစေကြောင်း။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/common-skin-problems-in-babies/
Levator ani syndrome (တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါ)
တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါဆိုသည်မှာ တင်ပဆုံကြားကြွက်သားသည် မပျော့ပျောင်းတော့ပဲအလွန်အမင်း။တင်းမာနေခြင်းကိုဆိုလိုသည်။ ထိုတင်ပဆုံကြားကြွက်သားလွှာ။သည် စအိုလမ်းကြောင်းနှင့် ဆီးပြွန်တို့ကို ထောက်ကန်ပေးထား။သည်။ အမျိုးသမီးများတွင် သားအိမ်နှင့် မိန်းမကိုယ်ကိုပါ ထောက်ကန်ပေးသည်။ ထိုရောဂါသည် နာတာရှည်ရောဂါတခုဖြစ်ပြီး။ကာလရှည်အတွင်း စအိုလမ်းကြောင်းနှင့်စအိုဝတွင် ပျောက်လိုက်နာလိုက်ဖြစ်နေတတ်သည်။ဒီရောဂါဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ Levator syndrome (သို့) levator ani spasm syndrome ဟုလည်းခေါ်ကြသည်။ ယေဘုယျ ပျမ်းမျှ လူဦးရေတွင် 7.4ရာခိုင်နှုန်းသောအမျိုးသမီးများနှင့်5.7 ရာခိုင်နှုန်းသောအမျိုး။သားများတွင် ဖြစ်ပွားနေသည်ဟုခန့်မှန်းသိရှိရသည်။ ထိုရောဂါစု၏။လက္ခဏာများပြနေသောဝေဒနာရှင်တဝက်ကျော်ကျော်သည်။အသက်30မှ 60အတွင်းရှိသည်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။နာကျင်ကိုက်ခဲမှု။ဝေဒနာရှင်များသည် အူလှုပ်ရှားမှုနှင့်မဆိုင်သော စအိုလမ်းကြောင်း။နာကျင်မှုကိုခံစားရနိုင်ပြီး ခဏတာမျှ(သို့)ပေါ်လိုက်ပျောက်လိုက်ဖြစ်ပြီး နာရီပေါင်းများစွာနှင့်။ရက်ပေါင်းများစွာကြာခံစားရနိုင်ပါသည်။ ထိုင်လိုက်သောအခါ (သို့)။လှဲအိပ်သောအခါ နာကျင်မှုသည် ဆက်ရှိနေခြင်း(သို့)ပိုဆိုးလာ။ခြင်းတို့လည်းဖြစ်တတ်သည်။ သင့်၏အိပ်စက်ခြင်းအားနှောင့်ယှက်တတ်သည်။ စအိုလမ်းကြောင်းအထက်ပိုင်းတွင်ပုံမှန်နာကျင်ကိုက်ခဲ။တတ်သည်။ တစ်ဘက်ခြမ်း အများအားဖြင့် ဘယ်ဘက်အခြမ်းသည်။ကျန်သည့်ဘက်ထက်စာလျှင်ပို၍နာကျင်ကိုက်ခဲတတ်သည်။ ပေါင်ခြံ(သို့)ပေါင်နှစ်ဖက်သို့နာကျင်မှုပြန့်နှံ့သွားနိုင်သည့် ကျောအောင့်။ဝေဒနာကိုလည်းခံစားရနိုင်ပါသည်။ အမျိုးသားများတွင် နာကျင်ကိုက်ခဲမှုသည် ဆီးကျိတ်၊ဝှေးစေ့၊လိင်တံထိပ်နှင့် ဆီးပြွန်။သို့လည်း ပျံ့နှံ့သွားနိုင်ပါသည်။ဆီးလမ်းကြောင်းနှင့် အူလမ်းကြောင်းပြဿနာများ။သင်သည် ဝမ်းချုပ်ခြင်း၊ဝမ်းထွက်ရန်တအားညှစ်နေရခြင်း(သို့)။ဝမ်းဗိုက်ထဲအူများလှုပ်ရှားနေမှုကြောင့်ဖြစ်သည့် ပြဿနာမျိုးစုံကို။ကြုံတွေ့ရနိုင်ပါသည်။ အူများလှုပ်ရှားမှုမှာ မပြီးစီးနိုင်သေးသည့် ခံစားချက်မျိုးလည်း ရလာနိုင်ပါသည်။ အပိုဆောင်း ရောဂါလက္ခဏာ။များမှာ။လိင်ဆက်ဆံမှုပြဿနာများ။အမျိုးသမီးများတွင် လိင်မဆက်ဆံခင်(သို့)လိင်ဆက်ဆံအပြီးတွင်။နာကျင်ကိုက်ခဲနေစေတတ်သည်။ အမျိုးသားများတွင် သုက်ရည်ထုတ်လွှတ်သောအခါ နာကျင်နေစေတတ်ခြင်း၊သုက်လွှတ်စောခြင်း(သို့)လိင်တံမတင်းမာ။မထောင်မတ်လာနိုင်ခြင်း စသည်တို့ဖြစ်ပွားတတ်သည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ထိုရောဂါ၏ တိကျသေချာသောအကြောင်းအရင်းအား မသိရှိရသေးပေ။တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ဖက်ခံရခြင်းအပါအဝင်ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့်။ဒဏ်ဖြစ်နေခြင်း။အိမ်တစ်ရှူးစများ ပုံမှန်မဟုတ်သည့်နေရာများတွင် တည်နေခြင်း(သို့)ဆီးအိမ်ရောင်ရမ်းခြင်း စသည်တို့ရှိခြင်း စသည်ဖြင့်ဖြစ်ကြသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အတည်ပြုပုံမှာ ဆင်တူရောဂါလက္ခဏာများဖြစ်ပွားစေသော အခြားရောဂါများအားအတည်ပြုစစ်ဆေးဖယ်ထုတ်ခြင်းပေါ်တွင်။အခြေခံသည်။ ထိုသို့ပြုလုပ်ရန်မှာ ကိုင်တွယ်ကြည့်ရှူစစ်ဆေးခြင်း။နှင့် ဆေးစစ်ချက်များမှ တဆင့်ပြုလုပ်ရသည်။ကျန်းမာရေးရာဇဝင်မေးခြင်းနှင့် ကြည့်ရှူကိုင်တွယ်စစ်ဆေးခြင်း။ဆရာဝန်သည် ဦးစွာ ပြည့်စုံသောကျန်းမာရေးရာဇဝင်အားမေးမြန်း။ရယူပြီး ကြည့်ရှူကိုင်တွယ်စစ်ဆေးမှုကို ပြုလုပ်တတ်သည်။ စအိုလမ်းကြောင်းအားနှိုက်၍စစ်ဆေးသောအခါ တင်ပဆုံကြားကြွက်သားတွင် နာကျင်သည့်ဝေဒနာဖြစ်တတ်သည်။ဆရာဝန်သည် အောက်ပါအခြေအနေများတွေ့ရှိရပါက တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါဖြစ်နေသည်ဟုသံသယရှိသွားနိုင်သည်။စစ်ဆေးမှုများ။ရောဂါအားအတည်ပြုအဖြေရှာပေးနိုင်သော အခြားသောရောဂါများအားအတည်ပြုဖယ်ထုတ်ပေးနိုင်သည့် စစ်ဆေးမှုဥပမာများမှာ။ကုသမှုနည်းလမ်းများမှာ။ကာယကုသမှု – တင်ပဆုံနေရာအား ကာယကုသမှုပေးသောအခါ ဥပမာ နှိပ်ပေးသောအခါ တင်ပဆုံကြားကြွက်သားလွှာများတွင် တင်းမာခြင်းနှင့် ကိုက်ခဲခြင်းတို့ကို လျှော့ချပေးသည်။Electrogalvanic stimulation – စအိုအတွင်းသို့အချောင်းတစ်ချောင်းထိုးသွင်းကာလျှပ်စစ်ဖြင့်လှံူဆော်နှိုးဆွပေးခြင်းဖြင့် ကာယကုသမှုထက်ပိုမိုထိရောက်မှုရှိကြောင်း။တွေ့ရှိရသည်။Biofeedback – လေ့ကျင့်ခန်းများပြုလုပ်ပြီးသောအခါ အထူးပြုလုပ်ထားသော ကိရိယာ အားအသုံးပြုပြီး ကြွက်သားလှုပ်။ရှားမှုအား တိုင်းတာခြင်းဖြစ်သည်။ ထိုမှတဆင့် ဝေဒနာရှင်များသည်။ရောဂါလက္ခဏာများသက်သာစေရန် အချို့သောကြွက်သားများအားပျော့ပျောင်းလျှော့ချထိန်းချုပ်နိုင်။ရန် လေ့လာသင်ကြားကြရသည်။Botox injections – ထိရောက်သောကုသမှုဖြစ်လာနိုင်သည်ဟုစမ်းသပ်တွေ့ရှိရသည်။Botoxဆေးများအားပုံမှန်ထိုးခြင်းဖြင့် ကြွက်သားတင်းမာမှုများမှ သက်သာမှုရှိနေသည်ဟု လေ့လာမှုတစ်ရပ်ကဆိုသည်။2004ခုနှစ်ရှိ။လေ့လာမှုတစ်ခုမှလည်းထိုအတိုင်းဆိုသည်။အခြားသောကုသမှုများ – Gabapentin နှင့် Pregabalin ကဲ့သို့သော ကြွက်သားပျော့ပျောင်းသည့်ဆေးများ(သို့)အနာသက်သာသည့်ဆေးများ၊အပ်စိုက်ကုသခြင်း၊အာရုံကြောအားလှံူ့ဆော်ပေးခြင်း၊လိင်ပိုင်းဆိုင်ရာကုသမှု များပါဝင်သည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။တင်ပဆုံကြားနေရာအား ရေနွေးစိမ်ခြင်း။လူအများစုသည် ထိုသို့ရေနွေးစိမ်ခြင်းဖြင့် သက်သာမှုရကြသည်။ပြုလုပ်မှုအဆင့်များ။ခေါင်းအုံးပေါ်တွင်ခွထိုင်ခြင်း။အချို့သော မုန့်လက်ကောက်ပုံစံဖက်ခေါင်းအုံးပေါ်တွင် ခွထိုင်သူများသည် စအိုဝတွင် ဖိအားနည်းကာရောဂါလက္ခဏာများကို သက်သာစေသည်။လေလည်စေခြင်း(သို့)အူအားလှုပ်ရှားစေခြင်းဖြင့်လည်း တင်ပဆုံ။ကြားကြွက်သား များတင်းမာမှုကို ပျောက်စေသည်။လေ့ကျင့်ခန်းများလုပ်ခြင်း။တင်ပဆုံကြားကြွက်သားလွှာများ ချောင်ချိစေရန် အောက်ပါလေ့ကျင့်ခန်းများကို ပြုလုပ်နိုင်သည်။ဆောင့်ကြောင့်ထိုင်ခြင်း။Happy baby နည်းအားအသုံးပြုခြင်း။၃ကြိမ်မှ၅ကြိမ်လောက်လုပ်ပေးပါ။နံရံသို့ခြေထောက်ထောင်၍ကပ်ထားပါ။Kegel လေ့ကျင့်ခန်းမျာသည်လည်း အထောက်အကူပြုနိုင်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/levator-ani-syndrome-%e1%80%90%e1%80%84%e1%80%b9%e1%80%95%e1%80%86%e1%80%b6%e1%80%af%e1%80%bb%e1%80%80%e1%80%ac%e1%80%b8%e1%80%bb%e1%80%80%e1%80%bc%e1%80%80%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8/
ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်အနေနဲ့ ဒါတွေသိထားသင့်တယ်နော်
ဒီအရွယ် ကလေး မဟုတ်တော့ဘူးလို့ လူတွေကပြောကြတယ်။ လူကြီး ဖြစ်ပြီလားဆိုတော့လည်း အရွယ်မရောက်သေးဘူးတဲ့။ ဖွံ့ဖြိုးမှုက ကလေးတဝက် လူကြီးတဝက်အဆင့်မှာပဲရှိသေးတဲ့ မြီးကောင်ပေါက်အရွယ်တဲ့လေ။ ဟုတ်ပါတယ်၊ သမီးတို့ကလည်း ကလေးလိုမနေတော့သလိုခန္ဓာကိုယ်ရောစိတ်ကပါ သဘာဝအလျောက် လူကြီးဖြစ်လာဖို့ ပြင်ဆင်နေပါပြီ။ခန္ဓာကိုယ်မှာ ဖွံ့ဖြိုးပြောင်းလဲတာတွေ စပြီးဖြစ်လာတဲ့အပြင် စိတ်ကလေးတွေလည်း ပြောင်းလဲလာပါပြီ။ ဒီအချိန်မှာ အရေးကြီးတာကဆယ်ကျော်သက်အရွယ်ရဲ့ သဘာဝဖြစ်တဲ့ အပြောင်းအလဲတွေကို စိတ်ညစ်မနေဖို့၊ ကျင့်သားရအောင် နေတတ်ထိုင်တတ်ဖို့၊ ဒီအပြောင်းအလဲတွေက ကိုယ့်အတွက်ဘယ်လိုကောင်းကျိုးရှိတာလဲဆိုတာ သိထားဖို့၊ အခက်အခဲတွေရှိရင် ကျော်လွှားနိုင်ဖို့ပါပဲ။မကြာခင်မှာ ကျန်းမာလှပတဲ့ အရောင်အသွေးစုံလိပ်ပြာလေးတွေ ဖြစ်လာတော့မယ့် ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်အတွက် အကျိုးရှိစေမယ့် အရေးကြီးတဲ့ ဒီငါးချက်ကို သိထားသင့်ပါတယ်။လွတ်လပ်ပေါ့ပါးစွာနဲ့ ပျော်ရွှင်နေခဲ့တဲ့ ကလေး တစ်ယောက်က ရုတ်တရက် ကြုံလာရတဲ့ မိန်းကလေးဓမ္မတာကြောင့် ကန့်သတ်ချက်တွေရှိလာသလို ခံစားလိုက်ရနိုင်တယ်။ အိမ်ကလည်း ပိုစိတ်ပူပြီး ပိုချုပ်ချယ်လာမှာ။ ပြီးတော့ ဒီလိုစိတ်ညစ်စရာကြီးက လစဉ်လတိုင်းလည်း ကြုံရဦးမယ်။ ဒီလိုတွေးမိတတ်တာ ဆယ်ကျော်သက်မိန်းကလေးတိုင်းလိုလိုပါပဲ။ဓမ္မတာဆိုတာကြီး မလာတော့ရင်၊ ချုပ်သွားရင်၊ ရာသီထိမ်သွားရင်ကောင်းမယ်လို့တောင်တွေးပြီး လူကြီးတွေရှောင်ခိုင်းသမျှ၊ မတည့်ဘူးဆိုတာမှန်သမျှ အကုန်စားပစ်တာတွေ၊ လုပ်ပစ်တာတွေ ရှိပါတယ်။တကယ်တော့ ဒီလိုမမြင်သင့်ပါဘူး။ မိန်းကလေးတွေရဲ့သဘာဝ ရာသီပန်းပွင့်လန်းတယ်ဆိုတာ အရောင်အသွေးစုံလင်လှပတဲ့ လိပ်ပြာလေးတွေအဖြစ် ပြောင်းလဲပေးနိုင်ဖို့ပါ။ အပျိုဖော်ဝင်တဲ့ကာလမှာ အသားအရေလှလာ၊ ဖွံ့ဖြိုးကျန်းမာလာမယ်။အရွယ်ရောက်လာလို့ ပိုလှလာတတ်ကြတာ မျက်မြင်ပါပဲ။နောက်တစ်ချက်က ပျိုဖော်ဝင်တယ်ဆိုတာ တစ်ချိန်မှာ ပုခက်လွှဲနိုင်တဲ့လက်တစ်စုံဖြစ်လာဖို့ အစပျိုးပေးတဲ့ သဘာဝလက်ဆောင်ပါ။ ဒါမှ အချိန်တန်တဲ့အခါ ကိုယ့်အသွေးအသားနဲ့ ဖြစ်တည်လာမယ့် ကိုယ့်ရင်သွေးလေးတွေ မွေးဖွားပြီး ကိုယ်ချစ်တဲ့မိသားစုတစ်ခုကိုတည်ဆောက်နိုင်မှာလေ။ပျိုဖော်ဝင်ပြီဆို ရင်သားတွေဖွံ့ဖြိုးလာတာ၊ ခန္ဓာကိုယ်အမွေးအမျှင်တွေ ထွက်လာတာ၊ဝက်ခြံတွေ ဖြစ်လာတာ စတဲ့ ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေ ဖြစ်လာတာ သဘာဝပါ။ ဒီလိုပြောင်းလဲလာတဲ့အပေါ် ကလေးတွေအနေနဲ့ နေရခက်တာ၊ ရှက်ရွံ့တာတွေ ခံစားရပြီး စိတ်ညစ်ရပါတယ်။ဒါတွေ ကျင့်သားရဖို့၊ အံဝင်ခွင့်ကျ နေထိုင်ဝတ်စားတတ်ဖို့ ကြိုးစားပါ။ ပျိုဖော်ဝင်တဲ့ အပြောင်းအလဲတွေကို စိတ်ဆင်းရဲနေဖို့ မလိုပါဘူးနော်။ ကိုယ်ပိုလှလာစေဖို့ ပြောင်းလဲလာတဲ့ သဘာဝတရားကို ကြည်ဖြူစွာနဲ့ လက်ခံပေးလိုက်ပါ။ဒီလိုစပ်ကူးမပ်ကူးကာလမှာ အာဟာရဓာတ်တွေလုံလောက်ပြည့်ဝအောင်ရရှိဖို့၊ အစားစားဖို့ လိုအပ်ပါတယ်။ ဘာလို့ဆို ခန္ဓာကိုယ်က ဆက်လက်ဖွံ့ဖြိုးဖို့အရေးကြီးတဲ့ အကူးအပြောင်းကာလဖြစ်နေလို့ပါ။ရာသီစလာတဲ့ အရွယ်မို့ သံဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ သွေးအားနည်းတတ်တဲ့သူ ဒါမှမဟုတ် အသားသိပ်မစားတတ်တဲ့သူတွေမှာဆို သံဓာတ်ပြည့်ဝဖို့ဖြည့်စွက်စာလိုအပ်ပါလိမ့်မယ်။နုပျိုတဲ့ ဖူးပွင့်စအလှနဲ့ ဆယ်ကျော်သက်လေးတွေက ကိုယ့်ခန္ဓာကိုယ်နဲ့ အသွင်အပြင်ကို ရွယ်တူချင်းယှဉ်ကြည့်တတ်ကြပါတယ်။ ကိုယ်က သူ့လောက် မထွားဘူး၊ ဝတယ်၊ ပိန်တယ်၊ အသားလှတယ်နဲ့ စိတ်ဖိစီးမှုမခံယူပါနဲ့။လူတိုင်း အလှကိုယ်စီရှိကြသလို မိန်းကလေးတစ်ယောက်နဲ့ တစ်ယောက်လည်း ဖွံ့ဖြိုးမှုချင်းမတူညီကြပါဘူး။ ကိုယ့်အသွင်အပြင်နဲ့ပတ်သက်တဲ့ ယုံကြည်မှုကို အားမနည်းစေဖို့ ဂရုစိုက်ပါ။ ခုနေချိန် အသွင်အပြင်နဲ့ပတ်သက်ပြီး သုံးသပ်နိုင်ဖို့ကစောပါသေးတယ်။ဆယ်ကျော်သက်အရွယ်မှာ မိဘနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ် ဘယ်ဆက်ဆံရေးကိုမဆို ခံစားချက်၊ တုံ့ပြန်ချက် ပြင်းနေတတ်တယ်။ စိတ်အတက်အကျမြန်တယ်၊ သီးခြားလွတ်လပ်မှုကိုလိုလားပြီး အပေါင်းအသင်းမင်တယ်၊ သူငယ်ချင်းတွေနဲ့ပတ်သက်ရင် ခံစားချက်ပြင်းထန်တယ်။သူငယ်ချင်းတွေက ကိုယ့်ကို မခေါ်တော့မှာ၊ အပေါင်းအသင်းတွေကြား အရာမဝင်မှာကို သိပ်စိုးရိမ်ကြတာမျိုး။ သူတို့လုပ်ရင် လိုက်လုပ်ချင်တယ်၊ သူငယ်ချင်းတွေနဲ့ဆို တိမ်ပေါ်ထိတက်ချင်တဲ့စိတ်ကို ထိန်းညှိပါ။ မိဘနဲ့ဆက်ဆံရေးကိုလည်း ဂရုစိုက်သင့်ပါတယ်။လွတ်လပ်မှုကိုမက်မောတာ ဒီအရွယ်မှာဖြစ်တတ်တဲ့သဘာဝဖြစ်ပေမယ့် အစွန်းနှစ်ဖက်ကိုမရောက်အောင် ထိန်းနိုင်လေ အနာဂတ်အတွက်ကောင်းလေဖြစ်ပါတယ်။ မိဘနဲ့ရော အပေါင်းအသင်းနဲ့ပါ အချိန်ပေးပြီး ရင်းနှီးချစ်ခင်ပေးပါလို့။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/milestones-and-development/teenage-girl-secrets/
သင်ဟာ လိင်စိတ်အထွတ်အထိပ်ရောက်ပြီး အချိန်ဘယ်လောက်အကြာတွင် နောက်တစ်ကြိမ် ပြန်စနိုင်သလဲ
အမျိုးသားနှင့် အမျိုးသမီးများတွင် ဘယ်သူက လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး ပိုစိတ်ဝင်စားမှု ရှိတယ်ဆိုတာကို ပြောရခက်ပါတယ်။ လိင်တစ်ခါဆက်ဆံတိုင်းမှာ အကြိမ်များစွာ ဆန္ဒပြီးမြောက်နိုင်တယ်လို့ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံရှိသူ အမျိုးသမီး အချို့ကပြောလေ့ရှိကြပါတယ်။ အချို့အမျိုးသားများကတော့ သူတို့ရဲ့ လိင်တံ ထောင်မတ်မှု ဆုံးရှုံးသွားခြင်းမရှိဘူးဆိုရင် အကြိမ်ပေါင်းများစွာ စိတ်ဆန္ဒ ပြီးမြောက်နိုင်တယ်လို့ ဆိုကြပါတယ်။ အခြားသူများကတော့ လိင်စိတ်အထွတ်အထိပ် နောက်ထပ် မဖြစ်ခင် အချိန်စောင့်ရတယ်လို့ ဆိုကြပါတယ်။အမျိုးသားများဟာ ဒီ ပြန်စောင့်ရသော အချိန်ကာလသည် အနည်းဆုံး မိနစ် ၃၀ မှ ၄၀ ကြား လိုအပ်တယ်လို့ လူအများက ယုံကြည်ကြပါတယ်။ သို့သော် လွတ်လပ်စွာ တွေးခေါ်နိုင်ပါတယ်။ ကျွန်ုပ်တို့မှာ ၎င်းနှင့် ပတ်သက်ပြီး အချက်အလက် အတိအကျမရှိပါဘူး။ ဒါကြောင့် မတူညီသော ကြာချိန်များကို ပုံမှန် မဟုတ်ဘူးလို့ မပြောနိုင်ပါဘူး။ ပြဿနာကတော့ ဒီကြာတဲ့ အချိန်ကို ကျွန်ုပ်တို့ဟာ မစစ်ဆေးနိုင်ပါဘူး။ အခြေအနေပေါ်မူတည်ပြီး ဒီ ကြာချိန်ဟာ အမျိုးမျိုး ကွဲပြားခြားနားနိုင်ပါတယ်။ဒီ လိင်စိတ်အထွတ်အထိပ် တစ်ခု နှင့် တစ်ခု ကြားကြာချိန်ဟာ လိင်စိတ်ဆန္ဒပြီးမြောက်ချိန် နှင့် ဟာ မိမိရဲ့ လိင်ဆက်ဆံဖော်က နောက်တစ်ကြိမ် လိင်ဆက်ဆံလိုစိတ်ပေါ်မှာလည်း မူတည်ပါသေးတယ်။ ဘယ်လိုအကြောင်းပြချက်မျိုးပဲ ရှိနေပါစေ ကိစ္စ မရှိပါဘူး။ တကယ်လို့ အမျိုးသားဟာ မိမိရဲ့ ဆက်ဆံဖော် အကြောင်းကို သေချာအားလုံး သိနေမယ်ဆိုရင် နောက်ပိုင်းမှာ အမျိုးသားရဲ့ လိင်စိတ်အထွတ်အထိပ်ကြား ကြာချိန်ဟာလည်း တိုတောင်းလာနိုင်ပါတယ်။အမျိုးသမီးများနှင့် မတူတာကတော့ အမျိုးသားများဟာ နောက်တစ်ကြိမ် အတူမနေခင်မှာ အချိန်ယူရပါတယ်။ ၎င်းအချိန်ဆိုတာ သင့်ရဲ့ ပထမဆုံး လိင်စိတ်ပြီးမြောက်ခြင်း အချိန်ကနေ စပြီးနောက်တစ်ကြိမ် သုက်ရည်ထွက်ကာ လိင်စိတ်ပြီးမြောက်သွားတဲ့ အချိန်ကြား ကြာတဲ့ ကာလကို ပြောတာဖြစ်ပါတယ်။ တစ်ဖက်ကပြောရမယ်ဆိုရင် ရုပ်ရှင်တွေထဲမှာ တွေ့ရတဲ့ လိင်မှု ဆိုင်ရာ အခြေအနေတွေဟာ တကယ်ဘဝနဲ့ အရမ်းကို ကွာခြားပါတယ်။ ရုပ်ရှင်တွေထဲမှာ ဆိုရင် မင်းသားဟာ တစ်ညမှာ အကြိမ်ပေါင်းများစွာ ချစ်တင်းနှော ပြီး နာရီအနည်းငယ်အတွင်းမှာပင် ၃၊ ၄ ကြိမ်လောက် တောင် ထပ်ပြီး ချစ်တင်းနှော နိုင်ပါတယ်။ သို့သော် ဒါဟာ မမှန်ကန်ပါဘူး။ ဆီးနှင့် ကျောက်ကပ်ဆိုင်ရာ ကုသသော ဆရာဝန်များက ၎င်းမင်းသားများကဲ့သို့ လိုက်မလုပ်ကြဖို့ အကြံပေးထားပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဒါဟာ အရမ်း အန္တရာယ်များလွန်းတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ အမျိုးသားတစ်ယောက်ဟာ သုက်ရည်ထွက်သွားပြီးလို့ နောက်တစ်ကြိမ် လိင်အဂါၤ ပြန်တောင့်တင်းလာဖို့အတွက်ကတော့ အနည်းဆုံး ၂နာရီကနေ ၃ နာရီကြား အချိန်ယူရပါတယ်။သုက်ရည်ထွက်သွားခြင်းဟာ သုက်ပိုးပမာဏကို ချက်ချင်း ကျသွားစေနိုင်ပြီး သာမန် အမျိုးသား တစ်ယောက်ဟာဆိုရင် ၎င်းကို ပြန်ဖြည့်ဖို့ရာ အချိန်လိုပါတယ်။ တကယ်လို့ အမျိုးသား တစ်ယောက်ဟာ အချိန်တိုအတွင်းမှာပဲ သုက်ရည်ကို ၂ ကြိမ်ထက်ပိုပြီး ထုတ်လွှတ်တယ်ဆိုရင် ၎င်းဟာ မျိုးမအောင်ခြင်း၊ မြုံခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူများက အမျိုးသားများဟာ သုက်ပိုးပမာဏ အမြင့်ဆုံးရအောင် နောက်တစ်ကြိမ် သုက်ရည် မထုတ်လွှတ်ခင် အနည်းဆုံး ၂ရက်လောက် စောင့်သင့်တယ်လို့ အကြံပေးထားပါတယ်။အတိုချုံ့ပြောရမယ်ဆိုရင် အမျိုးမျိုးသော လူနေမှု ပုံစံ အချက်အလက်များက သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ ဥပမာ အားဖြင့် ပုံမှန် တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်း သို့မဟုတ် အရက်သောက်ခြင်းဟာဆိုရင် သင့်ကို ပြန်လည်အားပြည့်ဖို့ရာ အချိန်များစွာ လိုပါလိမ့်မယ်။ လိင်စိတ်ဆန္ဒ ပြီးမြောက်ခြင်း အချိန် ၂ခုကြားမှာ ဘယ်လိုပဲ ပုံမှန် အချိန်ကြာသည်ဖြစ်ပါစေ တစ်ရက်လောက် စောင့်လိုက်ခြင်းကတော့ အန္တရာယ် ကင်းစေနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/%e1%80%9e%e1%80%84%e1%80%ba%e1%80%9f%e1%80%ac-%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%a1%e1%80%91%e1%80%bd%e1%80%90%e1%80%ba%e1%80%a1%e1%80%91%e1%80%ad%e1%80%95/
ငှက်ပျောအူစားရင် ကျန်းမာရေးအတွက် ဘာတွေကောင်းလဲ
မုန့်ဟင်းခါးစားရင် ငှက်ပျောအူတွေ အသည်းအသန်ဖယ်ခိုင်းတဲ့သူတွေရှိလား။ ကိုယ်တွေကတော့ ဟင်းရည်တောင်းရင် ငှက်ပျောအူဖတ်လေးထည့်ပေးပါလို့ကို ထည့်တောင်းတာ။ ငှက်ပျောပင်ဟာ အသီး၊အခွံ၊အရွက်၊ ပင်စည်အထိကို တစ်ပင်လုံးဆေးဘက်ဝင်နေတာ တကယ်အံ့သြဖို့ကောင်းပါတယ်။ငှက်ပျောသီးက ဗီတာမင်နဲ့သတ္တုဓါတ်တွေပါဝင်တယ်၊အခွံကလည်း အသားအရေအတွက် အသုံးဝင်တယ်၊ အရွက်ဆိုလည်း ဟိုရှေးတည်းကမြန်မာမုန့်လုပ်တဲေ့နရာမှာ အမြဲထည့်သုံးလေ့ရှိတာ အဆိပ်အတောက်ကင်းတဲ့ သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးကြောင့်ပါ။ အခုတော့ ပင်စည်ဖြစ်တဲ့ ငှက်ပျောအူရဲ့ဆေးဘက်ဝင်ပုံကိုပြောပြချင်လို့ ဖတ်ကြည့်လိုက်ပါဦး။ သူများနိုင်ငံမှာဆို ငှက်ပျောအူကို ကြိတ်ပြီးအရည်ကိုဖျော်ရည်တောင်လုပ်သောက်တာနော်။ငှက်ပျောအူဟာ ခန္ဓါကိုယ်ထဲကအဆိပ်အတောက်ဓါတ်ေတွကို ဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်။ ဆီးလည်းရွှင်စေသလို အမျှင်ဓါတ်လည်း ကြွယ်ဝပါတယ်။ငှက်ပျောအူနဲ့ဖာလာစေ့ ပေါင်းစပ်လိုက်ရင် ဆီးအိမ်ကို ပြေလျော့စေပြီး ဆီးကျောက်တွေကို ကြေစေနိုင်ပါတယ်လို့ ဆိုကြပါတယ်။ ငှက်ပျောအူနဲ့ သံပရာသီး ပေါင်းစပ်ရင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့် ခံစားရတဲ့ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။အမျှင်ဓါတ်ကြွယ်ဝလွန်းတဲ့ ငှက်ပျောအူက ခန္ဓါကိုယ်ရဲ့ ဆဲလ်တွေထဲ သကြားဓါတ်နဲ့အဆီဓါတ်တွေ မစုပုံလာအောင် တားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် အစာကိုချေဖျက်နိုင်စွမ်းပိုကောင်းစေပြီး ကယ်လိုရီပါဝင်မှုလည်း နည်းပါးပါတယ်။ငှက်ပျောအူကသွေးတွင်းသကြားဓါတ်ကို ကျစေတဲ့၊၊ ထိန်းစေတဲ့အစွမ်းအာနိသင်ရှိပါတယ်။သွေးတွင်းသကြားဓါတ်ကိုထိန်းညှိနိုင်ဖို့ ခန္ဓါကိုယ်ထဲမှာ အင်ဆူလင်ထုတ်လုပ်မှုကိုတိုးစေနိုင်ပါတယ်။ဗီတာမင် B6 နဲ့ သံဓါတ် ကြွယ်ဝပြီး ဟီမိုဂလိုဘင်အရေအတွက်ကို တိုးစေနိုင်ပါတယ်။ ပိုတက်ဆီယမ်ပါဝင်မှုလည်း မြင့်မားပြီး ကိုလက်စထရောကို ချေဖျက်နိုင်ပါတယ်။ငှက်ပျောအူက ခန္ဓါကိုယ်အတွင်းက အက်စစ်ဓါတ်ထွက်ရှိမှု ပမာဏကို ထိန်းပေးပြီး ညီညွတ်မျှတမှုရှိအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ အစာအိမ်အချဉ်ပေါက်တာ၊ ဗိုက်ထဲမှာ မအီမသာဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။ကဲ ဒီလောက်အကျိုးများတဲ့ ငှက်ပျောအူကို ဖယ်မစားနဲ့တော့နော်။ နည်းနည်းစားကြည့်ပါ၊ ကြိုက်ရင်ကြိုက်သွားမှာပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/banana-stem/
ကိုလက်စရော မြင့်တက်စေတဲ့ အစားအသောက်များ ။ ။
သွေးတွင်း အဆီဓာတ်များရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ကိုလက်စရောမြင့်တက်စေတဲ့ အစားအသောက်တွေကို မဆင်မခြင်စားမိတာကြောင့်ဖြစ်ရတာပါ။ ဒီလိုနဲ့ အဆီတွေ အနည်ကျလာလို့ သွေးကြောတွေ ကျဉ်းလာပါတော့တယ်။ဒီလိုသွေးကြောကျဉ်းရောဂါကိုဖြစ်စေတဲ့ ကိုလက်စရောတွေ သွေးထဲမှာ များမနေချင်ဘူးဆိုရင်တော့ ကိုလက်စရော တက်စေတဲ့ အစားအသောက်တွေက ဘာလဲဆိုတာ သင်သိထားဖို့လိုပါတယ်။Expresso တို့၊ အသင့်ဖျော်ကော်ဖီတို့မှာပါတဲ့ cafestol ဟာ မကောင်းတဲ့ အဆီဓာတ်ဖြစ်တဲ့LDL ကိုလက်စရောကို မြင့်တက်စေပါတယ်။ ဒါပေမယ့် ခွက်သေးသေးနဲ့ တစ်နေ့ တစ်ခွက်လောက်ပဲ ကော်ဖီ သောက်တတ်ရင်တော့ ကိစ္စမရှိပါဘူး။ နှပ်ကော်ဖီဟာ သွေးတွင်း ကိုလက်စရောကို မြင့်တက်စေခြင်း မရှိတာကြောင့် နှပ်ကော်ဖီကြိုက်တဲ့ သူတွေအတွက်ကတော့ ဝမ်းသာစရာပါပဲ ။ဟင်းဆိုလည်း ဆီပြန်ဟင်းမှ အသားဆိုလည်း ဝက်သားသုံးထပ်သားမှ ကြိုက်တဲ့သူတွေဆီမှာ ကိုလက်စရောတို့ အလွန်ပျော်ပါတယ်။ဈေးကြီးလွန်းပြီး စားလိုက်ရင် စိမ့်အိမ့်နေတဲ့ ပုစွန်ထုတ်ကလည်းသွေးတွင်း ကိုလက်စရော ကိုမြင့်တက်စေတဲ့ အစားအသောက်တစ်ခုပါ။ဝက်ကလီစာ၊ ဆိတ်ကလီစာ၊ အမဲအူစုံသဲစုံ တို့ဟာ လူတိုင်းနီးပါး ကြိုက်နှစ်သက်ကြတဲ့ အစားအသောက်တွေပါ။ နာမည်အကြီးဆုံးကတော့ ဝက်သားတုတ်ထိုးပေါ့။ ဒီလို ကလီစာတွေထဲမှာ အသည်းတို့၊ကျောက်ကပ်တို့၊ ဟာ ကိုလက်စရော ကို အများဆုံးတက်စေတဲ့အရာတွေပါ။ဒီလို နို့ကနေထုတ်ထားတဲ့ ဒိန်ခဲတို့၊ထောပတ်တို့မှာအဆီ အစိမ့်တွေ အများကြီးပါပြီး စားလိုက်တဲ့သူတိုင်းကို သွေးတွင်း အဆီဓာတ်များစေပါတယ်။ခေါက်ဆွဲခြောက်တွေမှာပြည့်ဝဆီတွေ အများကြီးပါပြီး ဖယောင်းတွေ ထည့်ထားတဲ့အပြင် တာရှည်ခံအောင်လုပ်ထားတဲ့ ဓါတုပစ္စည်းတွေ ထည့်ထားတာကြောင့် သွေးတွင်း ကိုလက်စရောကိုလည်း မြင့်တက်စေ၊ ကျန်းမာရေးကိုလည်း ထိခိုက်စေတဲ့ အစားအစာတစ်ခုပါ။ကြက်သားနဲ့ ယှဉ်ရင် ဘဲက အသားပိုနည်းတယ်ဆိုပေမယ့် ကိုလက်စရော ပိုများတဲ့ အစားအသောက်တစ်ခုပါ။ကြက်ဥအကာမှာသာပရိုတင်းဓာတ်တွေပြည့်ဝနေတာပါ။အနှစ်ကတော့ ကိုလက်စရော အပြည့်နဲ့ဖြစ်ပါတယ်။စားချင်စိတ်ကို ဆွပေးတဲ့ ၊ စားလို့လည်းကောင်း အပျင်းလည်းပြေတဲ့ ဆီကြော်မုန့်တွေဟာ ကိုလက်စရောတက်စေတဲ့ အစားအသောက်တွေပါ။အားလုံးရဲ့ သည်းခြေကြိုက်ဖြစ်တဲ့ ရေခဲမုန့်ဟာ ကိုလက်စရော မြင့်တက်စေတဲ့ ထိပ်ဆုံး အစားအသောက်တွေထဲက တစ်ခုပါ။ ။သွေးတွင်း အဆီဓာတ်များတယ်ဆိုတာ ပိန်တာ၊ ဝတာ ၊ ကလေးဖြစ်လို့ လူကြီးဖြစ်လို့နဲ့ မဆိုင်ပါဘူး။ လူတိုင်း အရွယ်မရွေး သွေးတွင်းအဆီဓာတ် ကိုလက်စရော များတာ ဖြစ်နိုင်ပါတယ်။ သွေးတွင်းမှာ ကိုလက်စရောတွေ များလာပြီး နောက်ပိုင်းစုလာတဲ့ အဆီတွေကြောင့်သွေးကြောတွေ ကျဉ်းသွားလို့ ကိုယ်ခန္ဓာတစ်ခုလုံးဆီ သွားနေတဲ့ သွေးလည်ပတ်မှုတွေ မကောင်းတော့ဘဲ မလိုလားအပ်တဲ့ ရောဂါဝေဒနာတွေ တစ်ပုံကြီးစတင်ဖြစ်လာပါတယ်။ ဒါကြောင့် သွေးကြောကျဉ်း ရောဂါတွေ မဖြစ်ချင်ဘူးဆိုရင် ကိုလက်စရော မြင့်တက်စေတဲ့ အစားအစာတွေကို ရှောင်စားရမှာ ဖြစ်ပါတယ်။ ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/cholesterol-rich-food/
ဘေဘီလေးတွေမှာဖြစ်တဲ့ အသားခြောက်တဲ့ပြဿနာ ဘယ်လိုဖြေရှင်းမလဲ။
အသားအရေလှပကျန်းမာဖို့ကလေဒီလေးတွေနဲ့ပဲ သက်ဆိုင်တယ်လို့ထင်လား။ မဟုတ်ပါဘူးနော်။ ဒီအချက်ကဘေဘီလေးတွေနဲ့ပါသက်ဆိုင်တာပါ။ တကယ်ကတော့ အရွယ်ပါးသုံးပါးစလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စပါ။အရေပြားကျန်းမာမှခန္ဓါကိုယ်ကလည်းကျန်းမာမှာပါ။ နူးညံ့တဲ့အရေပြားပိုင်ရှင်ဘေဘီလေးတွေကိုဆို ပိုပြီး ဂရုစိုက်ပေးဖို့လိုပါမယ်။နုနယ်လှတဲ့ဘေဘီလေးတွေရဲ့ အသားအရေက ထိခိုက်နိုင်ခြေတော်တော်လေးများပါတယ်။ဘေဘီလေးတွေမှာအဖြစ်များတဲ့အရေပြားပြဿနာတွေကတော့။အရေပြားရောဂါရဲ့အစကအရေပြားခြောက်သွေ့တာပါ။ အရေပြားခြောက်သွေ့ခြင်းဟာ နှင်းခူတစ်မျိုးဖြစ်တဲ့ Atopic Dermatitis နဲ့ဆက်စပ်နေပါတယ် ဒါကြောင့်ဘေဘီလေးတွေကို အရေပြားခြောက်သွေ့မှုမဖြစ်အောင် သေချာလေးဂရုစိုက်ပေးဖို့လိုပါတယ်။အရေပြားခြောက်သွေ့မှုမှ စပြီးအရေပြားကိုနီမြန်းစေသလို ယားယံမှုကိုပါခံစားရစေနိုင်ပါတယ်။ ဒီ အရေပြားပြဿနာက အရွယ်မရွေးခံစားရနိုင်ပေမယ့်ဘေဘီလေးတွေမှာပိုအဖြစ်များကြပါတယ်။ ဒီအရေပြားပြဿနာကိုခံစားရသူတွေထဲက ၆၅ ရာခိုင်နှုန်းလောက်က အသက် ၁ နှစ်ကနေ ၂ နှစ်အရွယ်ရှိတဲ့ ကလေးတွေပါ။ ဒီအရေပြားပြဿနာက တစ်ခဏနဲ့ပျောက်သွားတာမျိုးမဟုတ်ဘဲကာလရှည်ကြာခံစားရနိုင်ပါတယ်။ မျိုးရိုးရှိတဲ့ဘေဘီလေးတွေနဲ့ ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်ဘေဘီလေးတွေမှာ ပိုအဖြစ်များပါတယ်။ဒီအရေပြားရောဂါတွေရဲ့ လက္ခဏာတွေက တစ်ယောက်နဲ့တစ်ယောက်တော့ မတူနိုင်ပါဘူး။အထက်ဖော်ပြပါ အချက်အလက်များနှင့် ရောဂါလက္ခဏာများကို။ကိုယ်တိုင်အသားအရေစောင့်ရှောက်မှုမလုပ်နိုင်သေးတဲ့ဘေဘီလေးအတွက်မေမေတို့ကအသားအရေကိုသေချာလေးဂရုစိုက်ပေးဖို့လိုမှာပါ။ ဒီတော့ဘေဘီလေးမှာ အသားအရေခြောက်သွေ့မှုကင်းစေဖို့ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ပေးစေချင်ပါတယ်နော်။အသားအရေကိုအစိုဓါတ်ထိန်းပေးပါ– ဘေဘီလေးကို အသားအရေခြောက်သွေ့မှု ကင်းစေဖို့ဆိုရင် တစ်နေ့ကို နှစ်ကြိမ် အစိုဓါတ်ထိန်းခရင်မ်လူးပေးဖို့လိုပါမယ်။ဘေဘီလေးက ခြောက်သွေ့ပြီး တုံ့ပြန်လွယ်တဲ့ အသားအရေပိုင်ရှင် ဖြစ်မယ်ဆိုရင်တော့ အသားအရေကို အစိုဓာတ်ထိန်းပေးပြီး အရေပြားယားယံမှုကိုလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်တာမျိုးဖြစ်ဖို့ လိုပါမယ်။အသားအရေကို ထိခိုက်စေနိုင်တဲ့အရာတွေကို သတိထားပါ-ဘေဘီလေးရဲ့ အသားအရေကို ထိခိုက်စေနိုင်တဲ့အရာတွေကို မထိတွေ့မိစေဖို့သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။ချွေးထွက်တာ၊ ပတ်ဝန်းကျင်က ဖုန်မှုန့်တွေ၊ ဝတ်မှုန်တွေ၊ အဝတ်တွေကိုလျှော်တဲ့အခါအသုံးပြုတဲ့ ဆပ်ပြာမှုန့်လိုမျိုးအရာတွေကိုသေချာလေး သတိထားရွေးချယ်ဖို့လိုပါမယ်။ဘေဘီလေးကိုကျွေးတဲ့ အစားအစာတွေကိုလည်းသေချာလေးဂရုစိုက်ဖို့လိုပါမယ်။ရေအကြာကြီးမချိုးပေးပါနဲ့-ရေအကြာကြီးချိုးပေးတာကလည်းဘေဘီလေးတွေကို အသားခြောက်စေနိုင်တဲ့ အချက်တစ်ခုပါ။ ဒါကြောင့်ဘေဘီလေးတွေကိုရေချိုးပေးတဲ့အခါ ခပ်နွေးနွေးရေလေးနဲ့မြန်မြန်လေးချိုးပေးပါ။ရေချိုးဆပ်ပြာသတိထားရွေးချယ်ပါ-ရေချိုးဆပ်ပြာရွေးတဲ့အခါ ခပ်ပျော့ပျော့လေးနဲ့ဘေဘီလေးအသားအရေကို ထိခိုက်မှုနည်းစေတာမျိုးရွေးချယ်ပေးဖို့လိုပါမယ်။ အရေပြားခြောက်သွေ့လွယ်တဲ့ဘေဘီလေးတွေအတွက်ဆိုရင်တော့ခြောက်သွေ့ယားယံမှုကင်းစေပြီး အရေပြားကို အထိရောက်ဆုံး သန့်စင်ပေးနိုင်မယ့် ဆပ်ပြာမျိုးဖြစ်ဖိုပလိုပါမယ်။အရေပြားကိုရေခြောက်အောင်သုတ်ပါ– ရေချိုးပြီးတိုင်း အရေပြားကို ခပ်ဖွဖွလေးခြောက်သွေ့အောင်သုတ် ပြီးရင်အစိုဓါတ်ထိန်းခရင်မ်လိမ်းပေးပါ။ ဒီလိုလုပ်ပေးတာကလည်း အရေပြားခြောက်သွေ့မှုကို အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။ကဲ..ကိုယ့်ရဲ့ရင်သွေးလေးကို အရေပြားပြဿနာကင်းတဲ့ ကလေးလေးတစ်ယောက်အဖြစ်ကြီးပြင်းလာစေချင်ရင်တော့ အခုပြောခဲ့တဲ့နည်းလမ်းလေးတွေကို လိုက်နာပြီး အရေပြားပြဿနာကင်းစင်တဲ့ဘေဘီလေးအဖြစ် ကြီးပြင်းနိုင်ကြပါစေကြောင်း………………….။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%98%e1%80%b1%e1%80%98%e1%80%ae%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%9e/
စိတ်လှုပ်ရှားစရာကောင်းတဲ့ လိင်ဆက်ဆံမှုပုံစံများ
လိင်မှုဘဝကို အမြဲ စိတ်လှုပ်ရှားစရာ ဖြစ်အောင် လုပ်ထားနိုင်ခြင်းက ကိုယ်နဲ့ ကိုယ့်အဖော်ကြားမှာပျော်ရွှင်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားဖို့အတွက် နည်းလမ်းကောင်း တစ်ခုပါပဲ။ ကိုယ်တွေရဲ့ ချစ်ခရီးကို သမားရိုးကျ ဘောင်တွေထဲကနေ ဆွဲထုတ်ပြီး ပျော်ရွှင်နိုင်ဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ခုပြောမယ့် လိင်ဆက်ဆံမှု ပုံစံတွေကတော့ ကိုယ့်ရဲ့ လိင်မှုဘဝကို ပိုပြီး ရင်ခုန်စိတ်လှုပ်ရှားစေပါလိမ့်မယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ လိင်ဆက်ဆံမှုပုံစံများ အကြောင်း ဗဟုသုတ အနေနဲ့ လေ့လာလိုက်နော်။စိတ်လှုပ်ရှားစရာကောင်းတဲ့ လိင်ဆက်ဆံမှုပုံစံများ ကတော့။၁။ မြန်ဆန်စွာဆက်ဆံခြင်း။မြန်ဆန်တဲ့ လိင်ဆက်ဆံမှုဟာ သွေးထဲမှာAdrenalieဟော်မုန်းကိုရုတ်တရက် အများကြီးတက်စေပါတယ်။ အဲဒါက ကိုယ်ရော ကိုယ့်အဖော်ကိုပါ ငလျင်တစ်ခုလိုလှုပ်ခတ်သွားစေနိုင်ပြီး ဆက်ဆံမှုအပြီးမှာ ဒူးတွေ အားနည်းပြီး ဖြစ်ကျန်နေခဲ့တတ်ပါတယ်။ ခပ်သွက်သွက် ဆက်ဆံခြင်းက ကိုယ့်အဖော်ကို ကိုယ်ကဘယ်လောက်ထိ တပ်မက်တယ်ဆိုတာကို ပြသလိုက်တာ ဖြစ်လို့ နှစ်ဦးသား ဆက်ဆံရေးကိုလည်း အဆင်ပြေ ချောမွေ့စေတယ်။ တစ်နေကုန် စိတ်ဖိစီးမှု အပြည့်နဲ့ အလုပ်လုပ်ပြီးတဲ့နောက်မှာ အချိန်လည်း သိပ်မယူ၊ အဝတ်အစားတွေတောင် ချွတ်မနေတော့ဘဲ မြန်ဆန်တဲ့ ချစ်တင်းနှောမှု တစ်ခု လုပ်လိုက်ခြင်းကဆေးတစ်ခွက် သောက်ရသလိုကိုယ့်ကိုရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာအရ လန်းဆန်းစေပါလိမ့်မယ်။ ဒီလိုပုံစံမျိုး မြန်မြန်ဆန်ဆန် ဆက်ဆံမယ်ဆိုရင် ချောဆီ တစ်ခုခုဆောင်ထားဖို့တော့ မဖြစ်မနေ လိုမှာ ဖြစ်ပါတယ်။၂။ သရုပ်ဆောင်ပြီး ဆက်ဆံခြင်း။ကိုယ်မဟုတ်တဲ့ ခြားနားတဲ့ စရိုက်ပုံစံမျိုး သရုပ်ဆောင်ပြီး ဆက်ဆံခြင်းကလည်း ကိုယ့်ရဲ့ လိင်မှုဘဝ ပျော်ရွှင်မှုကို နောက်တစ်ဆင့် တက်စေနိုင်ပါတယ်။ ဒီပုံစံကကိုယ့်ကို ထူးခြားမှု တခုခု လုပ်ဖြစ်စေရုံတင်မကဘဲ ကိုယ့်နေ့စဉ်ဘဝမှာ ပြုလုပ်နေရတဲ့ ချုပ်တည်းမှုတွေကိုလည်း လျော့ပါးစေပါတယ်။ဥပမာအားဖြင့် တစ်ယောက်က ဘာအတွေ့အကြုံမှ မရှိသေးတဲ့ ပုံစံ သရုပ်ဆောင်ပြီး နောက်တစ်ယောက်က ဦးဆောင်သွားတာမျိုး၊ ဒါမှမဟုတ် သူဌေးနဲ့ သူ့ရဲ့ အတွင်းရေးမှူးတို့ ဆက်ဆံကြသလိုမျိုး သရုပ်ဆောင်နိုင်ပါတယ်။၃။ ပြင်းပြင်းထန်ထန် ဆက်ဆံခြင်း။ပြင်းထန်အားပါပြီး ကြမ်းတမ်းတဲ့ ဆက်ဆံမှုမျိုးက သူ့လိင်မှုဘဝကို ပျော်ရွှင်စေတဲ့ အကောင်းဆုံး နည်းလမ်း တစ်ခု ဖြစ်ပါတယ်။ အဲဒီလို ဆက်ဆံမှုမျိုး ဆိုတာက ဘေးပတ်ဝန်းကျင်ကတောင် အသံတွေ ကြားလောက်တဲ့အထိ၊ ကုတင်တိုင်တွေ လှုပ်ခါကုန်တဲ့အထိ၊ အိမ်မှာ မွေးထားတဲ့ တိရစ္ဆာန်တွေတောင် ကြောက်လန့်ကုန်တဲ့အထိ ဆက်ဆံတာမျိုးကို ဆိုလိုတာပါ။ ဒီပုံစံမှာ ကိုယ်ဟာဘာကိုမှ ဂရုစိုက်နေစရာ၊ စိတ်ထဲထားနေစရာ မလိုဘဲ အကုန်ဖွင့်ထုတ်ပစ်လိုက်တာမို့ ဒီပုံစံနဲ့ ဆက်ဆံအပြီးမှာကိုယ့်ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းမှာ ဖိစီးနေတာတွေ သက်သာသွားနိုင်ပါတယ်။ လုပ်ရမယ့် အရာကတော့ ကိုယ့်အဖော်ကို အချက်ပြပြီး သဘောတူညီမှု ယူလိုက်ရုံပါပဲ။၄။ အမျိုးသမီးကဦးဆောင်ခြင်း။လိင်ဆက်ဆံမှုကို အမျိုးသမီးက ဦးဆောင်ခြင်းက အမျိုးသားဖြစ်သူကို ကျေနပ်ပျော်ရွှင်စေပါတယ်။ အမျိုးသားတွေဟာ လိင်မှုကိစ္စကို သူတို့ချည်းဦးဆောင်နေရမယ်ဆိုရင် အလွယ်တကူ ရိုးသွားတတ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့လည်း ဒီတာဝန်ကို ယူဖို့လိုပါတယ်။ အဲဒီလိုသာ လိင်မှုဆိုင်ရာစွဲဆောင်မှုအပြည့်နဲ့ အမျိုးသားကို အံ့သြသွားအောင် လုပ်နိုင်ခဲ့မယ်ဆိုရင် အဲဒီအမျိုးသားကတော့ တကယ့်ကို တမ်းတမ်းစွဲ ဖြစ်သွားမှာ အသေအချာပါပဲ။၅။ ငြင်သာစွာဆက်ဆံခြင်း။အားလုံးကတော့ ပြင်းထန်အားပါတဲ့ဆက်ဆံမှုမျိုးကို လုပ်ချင်ကြမှာမဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ ငြင်သာပြီး ဖြည်းညင်းတဲ့ ဆက်ဆံမှုမျိုးတွေကလည်း ကိုယ့်ကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။ အဲဒီပုံစံမျိုးက နှစ်ယောက်စလုံးကို အချစ် ဆိုတဲ့ ခံစားမှုမျိုး ပေးပါတယ်။ အဲဒီခံစားမှုဟာ စုံတွဲတွေ လိင်ဆက်ဆံရခြင်းရဲ့ အဓိက အရေးကြီးဆုံး အကြောင်းရင်း ဖြစ်ပါတယ်။ကိုယ့်ရဲ့ အိပ်ခန်းထဲက အပြုအမူများဟာ ကိုယ့်ရဲ့ လိင်မှုဘဝနဲ့ ဆက်ဆံရေးကို အထောက်အပံ့ ပေးပါတယ်။ ခုပြောခဲ့တဲ့ ဆက်ဆံမှုပုံစံတွေကတော့ ပိုပြီးအဆင်ပြေစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/ways-to-make-sex-more-fun/
ဗိုက်ထဲက ဘေဘီလေး ကိုယ်အလေးချိန် တက်စေဖို့
ကလေးလေးတစ်ယောက် ဘယ်လိုပုံစံလေးဆိုတာကို မသိခင် ဗိုက်ထဲမှာ ဘေဘီလေးရှိနေပြီဆိုကတည်းက ဘေဘီလေးကို ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းလာစေချင်တဲ့ ဆန္ဒမေမေတိုင်းမှာ ရှိပါတယ်။ဗိုက်ထဲက ဘေဘီလေးအကောင်းဆုံးမှ ဖွံ့ဖြိုးရဲ့လား။ အသက်အရွယ်အလိုက် ရှိသင့်တဲ့ အလေးချိန်၊ အရွယ်အစား ရှိရဲ့လားဆိုတာကိုလည်း အမြဲမပြတ် စိတ်ပူနေမိမယ် ထင်ပါတယ်။ကိုးလလွယ် ဆယ်လဖွားရတဲ့ ကိုယ်ဝန်ဆောင်ကာလ ပြီးလို့ မျက်နှာမြင်ရချိန်မှာ ကျန်းကျန်းမာမာ ဖြစ်စေချင်တဲ့ မေမေ့စိတ်ကူးလေးကို အကောင်အထည် ဖော်နိုင်စေဖို့အတွက် ဗိုက်ထဲက ဘေဘီလေး ကျန်းမာဖွံ့ဖြိုးစေဖို့ မေမေတို့ လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံ တွေက ဘာတွေ ဂရုစိုက်ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ဘေဘီလေး တစ်ယောက် ကျန်းကျန်းမာမာနဲ့ လူ့လောကထဲ ရောက်လာဖို့ဆိုရင် ဗိုက်ထဲမှာကတည်းကအာဟာရပြည့်ပြည့်ဝဝ ရရှိဖို့နဲ့ လအလိုက် ရှိသင့်တဲ့ ဖွံ့ဖြိုးမှုလေးတွေ ရရှိဖို့ လိုပါမယ်။ကိုယ်ဝန်ဆောင်ကာလမှာ အစားအသောက်က အရေးအကြီးဆုံးပါ။ နေ့စဉ် စားသုံးမှုမှာ လတ်ဆတ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ကောက်နှံတွေ၊ အသား၊ ကြက်သားတွေကို ထည့်သွင်းပြီး မျှတအောင် စားသုံးပေးတာက ဗိုက်ထဲက ဘေဘီလေးရဲ့ ကိုယ်အလေးချိန်ကို တက်စေမှာပါ။ ဒီတော့ ဗိုက်ထဲက ဘေဘီလေး ကိုယ်ဝန်အပတ်ရေ အလိုက် ရှိသင့်တဲ့ ကိုယ်အလေးချိန် ရရှိစေဖို့ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ပေးဖို့ လိုပါမယ်။ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေ စုံစုံလင်လင် ရရှိဖို့ အစားရှောင်လွန်းတာ၊ တစ်မျိုးတည်းကို တရားလွန်စားလွန်းတာကို ဆင်ခြင်ရပါမယ်။ အဲ့ဒီအစား အသီးအရွက်၊ အသီးအနှံ၊ ကောက်နှံ၊ အသားငါး စတာတွေကို နေ့စဉ်ပါဝင်အောင် စားပေးပါ။ သင့်တင့်တဲ့ ပမာဏစားပေးပါ။နေ့စဉ် စားသုံးမှုမှာ အခွံမာသီးတွေ သစ်သီးခြောက်တွေဖြစ်ကြတဲ့ အယ်လ်မွန်စေ့၊ ဇီးသီးခြောက်၊ သဖန်းသီးခြောက်၊ သစ်ကြားသီးတွေကို ထည့်သွင်းစားသုံးပေးတာက ကိုယ်ဝန်ဆောင် မေမေကို ကျန်းမာစေသလို ဗိုက်ထဲက ဘေဘီလေးကိုလည်း အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။ကိုယ်ဝန်ဆောင်ချိန်မှာ OG နဲ့ တိုင်ပင်ပြီး အသင့်တော်ဆုံးဖြစ်မယ့် ကိုယ်ဝန်ဆောင် အားဆေး တစ်မျိုးမျိုးကို သောက်ဖို့ လိုပါမယ်။ ဒီလို သောက်ပေးတာက ကလေးလေးကို ကိုယ်အလေးချိန်တက်စေဖို့နဲ့ လအလိုက် ရှိသင့်တဲ့ ဖွံ့ဖြိုးမှုတွေ ရရှိစေဖို့ အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။ကိုယ်ဝန်ဆောင်ကာလမှာ ရေဓာတ်ပြည့်ဝဖို့က အတော်လေး အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်ခမ်းခြောက်မယ်ဆိုရင် ပြင်းထန်တဲ့ ကျန်းမာရေးနောက်ဆက်တွဲပြဿနာတွေ ခံစားရနိုင်ပါတယ်။ ရေဓာတ် ပြည့်ဝစေဖို့ ဆိုတဲ့နေရာမှာ ရေပဲ သောက်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေ၊ နို့၊ ရေတို့လိုမျိုး ကဖင်းဓာတ် နဲ့ သကြားဓာတ် ကင်းပြီး ရေဓာတ်ဖြည့်ပေးနိုင်မယ့် သောက်စရာတွေကို သောက်ပေးပါ။ကိုယ်ဝန်ဆောင်မေမေအတွက် ပြည့်ပြည့်ဝဝ အနားယူဖို့က အတော်လေး အရေးပါပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မလိုအပ်ဘဲ ဖိအားများတာ၊ အိပ်ရေးပျက်တာ၊ အနားမရတာတွေကသန္ဓေသားရဲ့ ဖွံ့ဖြိုးမှုအပေါ်မှာ ထိခိုက်စေနိုင်ပါတယ်။ ဒါ​ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် တစ်နေ့ကို အနည်းဆုံး အိပ်ချိန် ၈ နာရီ ပြည့်အောင် ဂရုစိုက်ပါ။ သက်သောင့်သက်သာနေပေးပါ။ကိုယ်ဝန်ဆောင်ချိန်မှာရုပ်ပိုင်းဆိုင်ရာ ဂရုစိုက်မှုနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့လည်း သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ စိတ်ဖိစီးတာ၊ စိုးရိမ်စိတ် များတတာတွေက ဗိုက်ထဲက ဘေဘီလေး ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ များတာက အလွန်အကျွံစားတာ၊ အစား မစားဘဲနေတာ၊ မတည့်တာတွေစားတာတွေကို လုပ်မိစေပြီး ဗိုက်ထဲက ဘေဘီလေးကို ထိခိုက်စေနိုင်ပါတယ်။ကလေးက ရှိသင့်တဲ့ ကိုယ်အလေးချိန် မရှိဘူး။ ဗိုက်ထဲမှာ ထွားမလာဘူးဆိုရင်  ဖြည့်စွက် အာဟာရတွေ နဲ့ စားသောက်မှုပုံစံတွေ ဘယ်လို ပြောင်းလဲရမလဲဆိုတာကို သေချာသိရှိနိုင်ဖို့အတွက် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူဖို့ လိုပါမယ်။အခုပြောပြခဲ့တဲ့ အချက်တွေက ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ထဲက ဘေဘီလေး ကျန်းမာဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေကို မလုပ်ဆောင်ခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ အကြံပြုချင်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/to-increase-fetal-weight-while-pregnant/
ပုရိသတို့ရဲ့ လိင်အင်္ဂါယားယံခြင်းအတွက် အိမ်တွင်းနည်းလမ်းကောင်းများ
လိင်အင်္ဂါပတ်လည်မှာ ရှိတဲ့အရေပြားသည် တခြားနေရာတွေထက် ဘက်တီးရီးယားပေါက်ဖွားဖို့ ပိုလွယ်သလို အနံ့အသက်ထွက်ခြင်း၊ ယားယံခြင်း၊ မှိုစွဲခြင်း အစရှိတဲ့ အရေပြားပြဿနာတွေ ဖြစ်ဖို့ ပိုများပါတယ်။ အထူးသဖြင့် အမျိုးသားတွေဟာ အမျိုးသမီးတွေထက်စာရင်တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတတ်တာကြောင့် လိင်အင်္ဂါတစ်ဝိုက်မှာ ပိုပြီး ယားယံတတ်ပါတယ်။ ဒီတစ်ခေါက်တော့ ပုရိသတို့ရဲ့ လိင်အင်္ဂါယားယံခြင်းအတွက် အိမ်တွင်းနည်းလမ်းကောင်းများ အကြောင်းကို ဝေမျှပေးသွားချင်ပါတယ်။ယားတဲ့နေရာကို လက်နဲ့ကုတ်တယ်ဆိုတာ သိပ်ကိုကြည့်ရဆိုးတဲ့အပြင် ဝေဒနာကို ခဏလေးပဲ သက်သာစေနိုင်သလို မတော်တဆ ပွန်းပဲ့သွားရာကနေ ပိုးဝင်ပြီး ပိုဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ ပြရမှာလည်း ရှက်တယ်ဆိုတဲ့ ဘော်ဒါတွေအတွက် အသုံးဝင်မယ့် အိမ်တွင်းနည်းလမ်းကောင်းတွေကို ပြောပြပေးမှာမို့ သေချာဖတ်ကြည့်လိုက်ကြရအောင်။ပုရိသတို့ရဲ့ လိင်အင်္ဂါယားယံခြင်းအတွက် အိမ်တွင်းနည်းလမ်းကောင်းများ ကတော့။၁။ ရေခဲဝတ်ကပ်ခြင်း။သန့်ရှင်းတဲ့ အဝတ်ထဲ ရေခဲ ၂တုံး ၃တုံးလောက်ထည့်ပြီး လိင်တံရဲ့ ယားယံနေတဲ့ နေရာတစ်ဝိုက်ကို ၅မိနစ်ကနေ ၁၀ မိနစ်အထိ ကပ်ထားပေးပါ။ ဒီနည်းလမ်းဟာ ဝဲခြောက်၊ ဝဲစို၊အရေပြားမှိုစွဲခြင်း၊ အရေပြားခြောက်သွေ့ခြင်းကြောင့် ဖြစ်တဲ့ ယားယံခြင်းကို သက်သာစေပြီး နီရဲရောင်ရမ်းတာကို ကျစေပါတယ်။ တကယ်လို့ ရေခဲဝတ်ကပ်လို့ အဆင်မပြေရင်လည်း အဝတ်သန့်သန့်ကို ရေစွတ်ပြီး လိင်တံပေါ်မှာ ၁၀မိနစ်လောက် အုပ်ထားပေးလို့ ရပါတယ်။၂။ အုတ်ဂျုံ။အနောက်နိုင်ငံမှာတော့ ကျန်းမာတဲ့ မနက်စာအဖြစ် လူတော်တော်များများ စားသုံးကြတဲ့ အုတ်ဂျုံမှာ အရေပြားကို အေးမြစေတဲ့ အာနိသင်ပါဝင်ပါတယ်။ ဒီအုတ်ဂျုံကို ရေခဲသေတ္တာထဲထည့်သိမ်းထားပြီး အသုံးပြုကာနီးမှ ရေကျက်နွေးထဲ တစ်ဇွန်းလောက်ထည့်မွှေပြီး ရလာတဲ့အနှစ်ကို လိင်အင်္ဂါပေါ် သုတ်လိမ်းရမှာပါ။ တစ်နေ့ကို တစ်ကြိမ်မှ နှစ်ကြိမ်၊ တစ်ကြိမ်လျှင် ၁၀မိနစ်ခန့်လုပ်ပေးရင် လုံလောက်ပါတယ်။ ပြီးသွားရင်တော့ ရေအေးနဲ့ အုတ်ဂျုံဖတ်တွေ မကျန်ခဲ့အောင် သေချာဆေးကြောသန့်စင်ပေးပါ။၃။ ပန်းသီးရှာလကာရည်။အသား၊ ငါးတွေ ဆေးတဲ့နေရာမှာလည်း အသုံးပြုသလို ဟင်းချက်တဲ့အခါဖြစ်စေ၊ ကိုယ်အလေးချိန်ကျဖို့အတွက်လည်း အသုံးပြုတတ်ကြပါတယ်။ သာမန်ယားယံတာမျိုးထက် မှိုပိုးကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေအတွက် သုံးဖို့ ပိုသင့်လျော်ပါတယ်။ အရေပြားမှာ ပွန်းပဲ့ဒဏ်ရာ၊ သွေးထွက်နေရင်တော့ ပူစပ်ပူလောင်ဖြစ်နိုင်တဲ့အတွက် မသုံးသင့်ပါဘူး။ပန်းသီးရှာလကာရည်တစ်ဇွန်း၊ ရေတစ်ဇွန်း ဆတူရောစပ်ပြီး လိင်တံ၊ ကပ္ပာယ်အိတ်နဲ့ ပေါင်ခြံတလျှောက်ကို လိမ်းပေးရမှာပါ။ ခြောက်သွားရင်တော့ ရေနဲ့ သေချာပြန်ဆေးလိုက်ရုံပါပဲ။၄။ ပင်လယ်ဆား။စတိုးဆိုင်တော်တော်များများမှာ အရေပြားကို ကြေးချွတ်ဖို့အတွက် ပင်လယ်ဆားတွေ ရောင်းတာကို တွေ့ဖူးကြမယ်ထင်ပါတယ်။ ပင်လယ်ဆားမှာပါတဲ့ အငန်ဓာတ်ဟာ ယားယံနေတဲ့ ပိုးမွှားတွေကို သေစေပြီး နီရဲရောင်ရမ်းတာကို ကျစေတယ်၊ အစိုဓာတ်ထိန်းပေးလို့ အသားခြောက်ပြီး ထပ်ယားတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ရေစိမ်ကန်ထဲမှာ ရေနွေးအပြည့်နဲ့ ပင်လယ်ဆား လက်တစ်ဆုပ်စာဖြူးပြီး ၁၅ မိနစ်ခန့် စိမ်ထားပေးရမှာပါ။ ရေစိမ်ကန်မရှိရင်တော့ လိင်တံကို ရေနွေးများများစွတ်ပေးပြီး ပင်လယ်ဆားကို လက်မှာယူပြီး လိင်တံအရေပြားကို ဖြည်းဖြည်းချင်းတိုက်ချွတ်ပေးရမှာပါ။ ပြီးသွားရင်တော့ ရေအေးနဲ့ ပြန်ဆေးချရမှာဖြစ်ပါတယ်။ပွန်းပဲ့ထားတာတွေရှိရင်တော့ အရေပြား စပ်ဖျဉ်းဖျဉ်း ဖြစ်တတ်လို့ ဂရုစိုက်ပါ။၅။ မုန့်ဖုတ်ဆိုဒါ။လိင်တံအရေပြားမှိုစွဲနေတဲ့ အမျိုးသားတွေအတွက် ဝေဒနာသက်သာစေဖို့မုန့်ဖုတ်ဆိုဒါကို အသုံးပြုနိုင်ပါတယ်။ ရေနွေးထဲ မုန့်ဖုတ်ဆိုဒါ ၂ဇွန်းထည့်ပြီး အနှစ်ရတဲ့အထိ မွှေပေးရမှာပါ။ အဲ့ဒီအနှစ်ကို လိင်အင်္ဂါအရေပြားပေါ် သုတ်လိမ်းပြီး မိနစ်အနည်းငယ်ကြာရင် ရေအေးနဲ့ ပြန်ဆေးချရမှာဖြစ်ပါတယ်။ဒီနည်းလမ်းတွေဟာ မခံမရပ်နိုင်အောင် လိင်အင်္ဂါအရေပြားက ယားယံလာတဲ့အခါမျိုးမှာ ဝေဒနာသက်သာစေဖို့အတွက် အိမ်တွင်းနည်းလမ်းတွေပဲဖြစ်ပါတယ်။ အရေပြားပြဿနာဆိုတာ ရှက်စရာမဟုတ်တဲ့အတွက်ကြောင့် ဘယ်လိုနည်းလမ်းနဲ့ဖြစ်ဖြစ် လုံးဝမသက်သာလာဘူး၊ ဒါမှမဟုတ် တစ်ပတ်ထက်ပိုပြီး ယားယံနေတယ်၊ ပုံမှန်မဟုတ်တဲ့ အရည်တွေပါ စိမ့်ထွက်နေတယ်ဆိုရင်တော့ အရေပြားဆရာဝန်နဲ့ သေချာပြသဖို့ လိုအပ်ပါတယ်။ဝေဒနာရှင်ရဲ့ လိင်အင်္ဂါကို သေချာစစ်ဆေးကြည့်ရှုပြီး လိင်အပျော်အပါးလိုက်စားခြင်းရှိမရှိ၊ ကျန်းမာရေးပြဿနာ၊ နေထိုင်စားသောက်မှုပုံစံ စတာတွေကို စစ်ဆေးပြီး ကိုယ့်မှာဖြစ်နေတဲ့ အရေပြားပြဿနာနဲ့ လိုအပ်တဲ့ လိမ်းဆေး၊ သောက်ဆေးတွေကို ပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းမြေ့ဖွယ်ရာနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/tips-for-penis-itches/
ကိုယ်ဝန်ဆောင်နဲ့ သွားကျန်းမာရေး
ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးကို မထိခိုက်အောင် ဟိုဟိုဒီဒီ ကြိုပြင်လေ့ရှိပေမယ့် အရေးမကြီးပါဘူးဆိုပြီး မေ့ထားတတ်တဲ့ အရာတစ်ခုရှိပါတယ်။ ဒါက သွားကျန်းမာရေး ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်အနေနဲ့သွားနဲ့ ခံတွင်းပြဿနာတချို့ကို ပိုပြီး ခံစားရနိုင်ခြေ ရှိပါတယ်။ ပိုဆိုးတာက သွားပြဿနာတွေက ကလေးအပေါ်မှာ သက်ရောက်မှု ရှိနေတာပါပဲ။ကိုယ်ဝန်ဆောင်ချိန်မှာ သွားကျန်းမာရေး ထိခိုက်တာက မိခင်တိုင်းလိုလို ကြုံရတဲ့ ကိစ္စပါ။ သတိမထားမိလို့သာ မဖြစ်ဘူးလို့ ထင်ကြတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သွားကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်တွေကတော့။လူတိုင်းက ညဘက်ရောက်ပြီဆို သွားတိုက်ရမှာ ပျင်းကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ဆို ပိုဆိုးပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့် လူက ပင်ပန်းနေတဲ့အတွက် သွားတိုက်ဖို့၊သွားပွတ်ကြိုးသုံးဖို့ကို စိတ်မပါတော့ပါဘူး။ ဒါ့ပြင် အရင်က ၆လတစ်ကြိမ် သွားဆေးခန်းသွားပြီး စစ်ဆေးမှု လုပ်ဖြစ်ရင်တောင် ခုချိန်မှာ ကိုယ်ဝန်က တစ်ဖက်ဖြစ်နေတာကြောင့် သွားဆေးခန်း မသွားလည်း ရတယ်လို့ ယူဆပြီး ပျက်ကွက်လာပါတယ်။ဒီလိုနဲ့သွားကျောက်တွေ စုဝေးပြီး ဘက်တီးရီးယားတွေပေါက်၊ သွားတွေ ပျက်စီးလာပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် သွားဖုံးတွေ ရောင်တတ်ပါတယ်။Pregnancy gingivitisလို့ခေါ်ပါတယ်။ ဒီကနေမှ မကုသမိဘူးဆိုရင် သွားပတ်ချာလည်က သွားဖုံးတွေပါ ကြွပြီး ရောင်ရမ်းလာတတ်ပါတယ်။ ဒါက သေချာမကုသဘူးဆိုရင် သွားကျွတ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။တချို့လေ့လာချက်တွေမှာ သွားဖုံးရောင်တာကလမစေ့ပေါင်မပြည့်ကလေးမွေးဖွားတယ်နဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ကိုယ်ဝန်အစပိုင်းမှာ ပျို့အန်တာက သွားနဲ့ ခံတွင်းကျန်းမာရေးအပေါ် အများကြီး သက်ရောက်မှု ရှိပါတယ်။ အစာအိမ်ထဲက အက်စစ်တွေက သွားနဲ့ ခဏခဏ ထိတွေ့နေရတာကြောင့်သွားကြွေလွှာတွေ ပျက်စီးပြီး သွားပေါက်တွေ  ဖြစ်လွယ်စေပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ချဉ်ခြင်းတက်လို့ အရင်ကထက် အစားများများ စားဖြစ်ကြပါတယ်။ ဒီလို ခဏခဏ စားတာက အစားအစာထဲမှာ ပါတဲ့ အက်စစ်ဓာတ်နဲ့ သွားတွေကို ခဏခဏ ထိတွေ့စေပါတယ်။ ဒါ့ပြင် အက်စစ်ဓာတ်ကို ကြိုက်တဲ့Streptococcus mutansဆိုတဲ့ ဘက်တီးရီးယားကို ပွားများစေပါတယ်။ ဒီဘက်တီးရီးယားက အက်စစ်ဓာတ်ကို ပိုထွက်စေတဲ့အတွက် ကြွေလွှာတွေကို ပျက်စီးစေပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ်အက်စစ် အပါအဝင်  ဗီတာမင်တော်တော်များများကို မှီဝဲကြပါတယ်။ ဗီတာမင်တွေက ပြဿနာမဟုတ်ပေမယ့် ဆေးရဲ့ ပုံစံက သတိထားသင့်ပါတယ်။ သာမန်ဆေးတွေလိုမျိုး ရေနဲ့ မျှောချရတဲ့ အမျိုးအစား မဟုတ်ဘဲ ဝါးလို့ရတဲ့ ဂျယ်လီလို ပုံစံဆိုရင် သွားမှာ ကပ်နေနိုင်ပါတယ်။ ဒီလို ဆေးလုံးတွေက သောက်ရကောင်းအောင် အပြင်မှာ အချိုဓာတ်လေး အုပ်ထားတတ်တော့ သွားတွေကို ပျက်စီးစေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်မေမေရဲ့ သွားကျန်းမာရေးက မမွေးလာသေးတဲ့ ကလေးလေးအပေါ်မှာ အများကြီး သက်ရောက်မှု ရှိနေပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ သွားကျန်းမာရေးကို စောင့်ရှောက်တာက သာမန်အချိန်တွေမှာ စောင့်ရှောက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒီလိုရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့ သွားကျန်းမာရေးကို ဂရုစိုက်တာက မိခင်ကိုရော ကလေးကိုပါ ကျန်းမာစေတာကြောင့် သေချာလေး လိုက်နာဖို့ လိုပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/pregnancy-and-dental-health/
ဦးနှောက်စွမ်းဆောင်ရည်ကို မြင့်တက်စေပြီး မှတ်ဉာဏ်ကိုကောင်းမွန်စေတဲ့ အစားအသောက်များ ။ ။
သင့်တစ်ကိုယ်လုံးက ပေးပို့တဲ့ အချက်ပြစနစ်တွေကို တုန့်ပြန်ရတယ်၊ တွေးခေါ် စဉ်းစားရတယ်၊ လေ့လာသင်ယူဖို့အတွက်လည်း ဦးနှောက် ကမရှိမဖြစ်ဆိုတော့ သူက အလုပ်အများဆုံးဖြစ်ပြီးအာရုံကြောသန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့အတွက် အရှုပ်ထွေးဆုံး အစိတ်အပိုင်းတစ်ခုပါ။အသက်ကြီးလာရင် ဦးနှောက်က ဆဲလ်တွေကျုံ့လာတတ်သလို ၊ ကိုယ်စားတဲ့အစားအသောက်တွေ ကိုယ့်အနေအထိုင် အပြုအမူတွေ မဆင်ခြင်တဲ့အခါ ဦးနှောက်ကို ထိခိုက်ပြီး မှတ်ဉာဏ်ချို့ယွင်းလာကြပါတယ်။ တစ်ခုခုပြောပြီး လုပ်ပြီးတာနဲ့ မေ့လွယ်တာ(dementia)၊ အတိတ်ကို လုံးဝ သတိမရတော့တဲ့ ရောဂါ (Alzheimer) တို့ဆိုတာ အဖြစ်များတဲ့၊ လူတိုင်းဖြစ်မှာ ကြောက်ကြတဲ့ ဦးနှောက် မှတ်ဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေပါ။ ဒါဆို ဒီလို မှတ်ဉာဏ်ပျောက်ဆုံးတဲ့ အဖြစ်ဆိုးမျိုး မကြုံတွေ့အောင် ကြိုတင်ကာကွယ်လို့ရလား ။ ။ကြီးလားတဲ့ အခါ မှတ်ဉာဏ်ပျောက်ဆုံးတာမျိုး မဖြစ်အောင် ငယ်ငယ်လေးထဲကဦးနှောက်စွမ်းဆောင်ရည်နဲ့ မှတ်ဉာဏ် ကို တိုးတက်ကောင်းမွန်စေတဲ့ အစားအသောက်တွေ စားပေးလို့ရပါတယ်။ ကိုယ့်နေ့စဉ်စားနေတဲ့ အစားအသောက်တွေထဲမှာ ထင်မထားရလောက်အောင် ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေတဲ့အစားအသောက်တွေရှိပါတယ်။ဆယ်လ်မွန်ငါးတို့၊ ထရောက်ငါးတို့၊ ဆားဒင်းကငါးတို့ဟာomega 3 fatty acidကြွယ်ဝတဲ့ငါးတွေပါ။ ဦးနှောက်ရဲ့ ၆၀ ရာခိုင်နှုန်းဟာ အဆီတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းလောက်က omega 3 fatty acid တွေနဲ့ဖွဲ့စည်းထားတာပါ။ဦးနှောက်ကဆဲလ်တွေ တည်ဆောက်ဖို့၊ အသက်ကြီးလာရင်မေ့လွယ်တတ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့အတွက် omega 3 fatty acid က မရှိမဖြစ်ဆိုတော့ သူကြွယ်ဝတဲ့ ငါးတွေ စားပေးရင် ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းတာကို ကာကွယ်ပြီးသားဖြစ်မှာနော်။ ။လူတိုင်းကြိုက်နှစ်သက်စွာ သောက်ကြတဲ့ကော်ဖီမှာ ကောင်းကျိုးရှိသလို ဆိုးကျိုးလည်းရှိပေမယ့် ဦးနှော်က် အပေါ်မှာတော့ ကောင်းကျိုးပဲ ပေးပါတယ်။ တက်ကြွစေတယ်၊ စိတ်ကိုလန်းဆန်းစေတယ်။ အာရုံစူးစိုက်မှု အားကောင်းစေတဲ့ အပြင်ကဖင်းဓါတ်မှာ ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းတွေက ဦးနှောက်ဆဲလ်တွေ အပေါ် သက်ရောက်တဲ့ မကောင်းတဲ့ ဓါတုပစ္စည်းတွေကို ဓါတ်တိုးဆန့်ကျင်ပေးပါတယ်။ ဒါဟာ ကော်ဖီကြိုက်တဲ့သူတွေ အတွက်တော့ ဝမ်းသာစရာ သတင်းတစ်ခုပါပဲ။ဒီလို အရောင်ရင့်ရင့် ဘလူးဘယ်ရီသီးတွေမှာ ပါဝင်တဲ့anthocyaninsဟာရောင်ရမ်းခြင်းကို လျော့ကျစေပါတဲ့အပြင် အာရုံကြောအချင်းချင်းကြားထဲက အချက်ပြစနစ်တွေ ပို့ဆောင်မှုကိုလည်း ချောမွေ့စေပါတယ်။ ဓါတ်တိုးဆန့်ကျင်တဲ့ပစ္စည်းတွေ အများကြီးပါလို့ အသက်ကြီးတာကြောင့်ဖြစ်တဲ့ ဦးနှောက်ဆဲလ်တွေ ရှုံ့သွားတာကို ကာကွယ်ပေးပြီး မှတ်ဉာဏ်အားကို ကောင်းစေပါတယ်။နနွင်းမှုန့်ကြောင့် ဟင်းကောင်းတစ်ခွက်ရသလို ကျန်းမာရေးဘက်ကကြည့်ရင်လည်း ခုခံအားကိုမြင့်တက်စေပြီး ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းတွေကြောင့်ကင်ဆာနဲ့ Alzheimer ရောဂါတို့ကို ကာကွယ်နိုင်စွမ်းရှိပါတယ်။ဦးနှောက်ရဲ့ ၆၀ ရာခိုင်နှုန်းကို အဆီတွေနဲဖွဲ့စည်းထားတယ်ဆိုတာ သိပြီးကြပြီးဖြစ်မှာပါ။ ဒါကြောင့် အဆီမှာပျော်ဝင်တဲ့ ဗီတာမင် A,D,E,K အားလုံးဟာ ဦးနှောက်အတွက် လိုအပ်တဲ့ အာဟာရတွေပါ။ ပန်းဂေါ်ဖီစိမ်းမှာဆိုဗီတာမင် Kတွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် ဦးနှောက်ရဲ့ မှတ်ဉာဏ်ကောင်းမွန်စေချင်ရင် ပန်းဂေါ်ဖီစိမ်းကို သင်နေ့စဉ် စားတဲ့ အစားအသောက်တွေထဲမှာ ထည့်စားသင့်ပါတယ်။ဖရုံစေ့မှာ အာရုံကြောအချက်ပြစနစ်ကို ကောင်းမွန်စေတဲ့ဇင့်ဓါတ်ပါတယ်။ သင်ယူလေ့လာမှုနဲ့ မှတ်ဉာဏ်ကိုကောင်းမွန်စေတဲ့ မဂ္ဂနီဆီယမ် သတ္တုဓါတ်တွေ၊ ဦးနှောက်စွမ်းဆောင်ရည်ကို ချောမွတ်စေတဲ့သံဓါတ်နဲ့Alzheimerရောဂါကို အဓိက ကာကွယ်ပေးတဲ့ Copper သတ္တုဓါတ်တို့ပါပါတယ်။ချော့ကလက်စားလိုက်ရင် စိတ်ပျော်ရွင်ပြီး တက်ကြွလာတဲ့ ခံစားမှုမျိုး ရတတ်တယ်ဆိုတာ ချော့ကလက်စားတဲ့သူတိုင်းသိမှာပါ။ ဒါ့အပြင် ချော့ကလက်မှာပါတဲ့ flavonoids ကြောင့် ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေ ပိုပြီး ချောမွေ့စေပါတယ်။အစေ့အဆံ တွေမှာဗီတာမင် Eတွေ ကြွယ်ဝစွာ ပါဝင်တဲ့အပြင် ဦးနှောက် အတွက် လိုအပ်တဲ့ အာဟာရတွေ ဖြစ်တဲ့မပြည့်ဝဆီတွေ အများကြီးပါပါတယ်။Choline နဲ့ဗီတာမင် Bတွေကြွယ်ဝစွာပါတဲ့ ဥအမျိုးမျိုးဟာ ဦးနှောက် စွမ်းဆောင်ရည်ကို အားပေးတဲ့ အစားအသောက်တွေပါ။အသက်ကြီးလာတဲ့အခါ ကိုယ်ဘယ်သူဆိုတာကို အမှတ်မရတော့ဘူး၊ ကိုယ့်မိသားစုဝင်တွေ၊ ကိုယ်ချစ်တဲ့သူတွေကို မမှတ်မိတော့ဘူးဆိုတာ တကယ်ကို ခံစားရခက်တဲ့ ဝေဒနာတစ်ခုပါ။ ဒါကြောင့် ကိုယ်နေ့စဉ်စားတဲ့ အစားအသောက်တွေမှာ ဒါတွေလည်း ထည့်စားပေးဖို့ မမေ့နဲ့နော် ။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/brain-memory/
ဉာဏ်ကောင်းပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာစေဖို့
ကိုယ်ရဲ့ရင်သွေးလေးကို ဉာဏ်ကောင်းပျော်ရွှင်တဲ့ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာစေချင်တဲ့ ဆန္ဒမိဘတိုင်းမှာရှိမှာပါ။ ဒီလိုဖြစ်စေဖို့ကမိဘတွေအနေနဲ့ သေချာလေးပျိုးထောင်ပေးဖို့လည်း လိုပါမယ်။ ဒီတော့ ကလေးကို ဉာဏ်ကောင်းပျော် ရွှင်စေဖို့ ဘယ်အချက်လေးတွေကို လုပ်ဆောင်ပေးသင့်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးပါရစေ။ကိုးလလွယ်လို့ ဆယ်လဖွားထားရတဲ့ ကိုယ့်ရင်သွေးလေးကို ဉာဏ်ကောင်းပျော်ရွှင်စွာကြီးပြင်းစေဖို့ဆိုရင်အစားအသောက်ကိုဂရုစိုက်ဖို့လိုသလို နေ့စဉ်လုပ်ဆောင်မှုလေးတွေကိုပါ သေချာလေးဂရုစိုက်ပေးဖို့လိုပါမယ်။ကိုယ်လက်လှုပ်ရှားမှုလုပ်စေပါ– ကလေးကို ကိုယ်လက်လှုပ်ရှားမှုလုပ်စေတာကကိုယ်ခံအားကောင်းစေနိုင်သလို အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေပြီး ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ကလေးကို အလေးထားဆက်ဆံပေးပါ– ကလေးကို ငယ်စဉ်မှာကတည်းက အလေးထားဆက်ဆံပေးတာက ကိုယ့်ကိုယ်ကို ယုံကြည်ချက်ပြည့်ဝပြီး ဉာဏ်ရည်ဉာဏ်သွေးထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာစေမှာပါ။ကလေးကို ကိုယ်ပိုင်အချိန်လေးပေးပါ– လူကြီးတွေပဲ တစ်ယောက်တည်းတွေးနေဖို့ အချိန်လိုအပ်တာမဟုတ်ပါဘူး။ ဘေဘီလေးတွေမှာလည်း သူတို့ရဲ့ စိတ်ကူးအတွေးတွေကို ဖြန့်ကြတ်ဖို့နဲ့ စိတ်ဝင်စားရာတွေကို လုပ်ဆောင်နိုင်စေဖို့ ကိုယ်ပိုင်ချိန်လေးလိုအပ်ပါတယ်။ ဒါကြောင့် ကလေးကဦးနှောက်ကို အလုပ်ပေးပြီး တွေးတောနိုင်စေဖို့ ကလေးကို ကိုယ်ပိုင်အချိန်လေးပေးလိုက်ပါ။ပြည့်ဝတဲ့အိပ်စက်ချိန်ထားရှိပါ– ဦးနှောက်ရော ခန္ဓာကိုယ်ပါကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေး တစ်ယောက်အဖို့ ပြည့်ဝတဲ့ အိပ်စက်ချိန်လိုအပ်မယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါ။ ဒါကြောင့် ကလေးကို အနည်းဆုံးတစ်နေ့ကို ၈ နာရီ အိပ်စက်ချိန်ထားပေးပါ။ဝါသနာပါရာကို လုပ်ခွင့်ပေးပါ-လူတိုင်းက ဝါသနာပါရာကို လုပ်ခွင့်ရတဲ့အခါ အကောင်းဆုံးလုပ်ဆောင်နိုင်ကြပါတယ်။ ဒီလိုပါပဲ ကလေးတွေမှာလည်း ငယ်စဉ်ကတည်း သူတို့ဝါသနာပါရာကို ပေးလုပ်ပါ။ ဒါမှ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်တဲ့ ဘေဘီလေးအဖြစ်ကြီးပြင်းလာမှာပါ။ကလေးနဲ့ အတူတူကစားပေးပါ– ဒီအချက်ကလည်း မေ့ထားလို့မဖြစ်ပါဘူး။ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးစေဖို့နဲ့ ပျော်ရွှင်ထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ် အရွယ်ရောက်ကြီးပြင်းလာစေဖို့ ကလေးနဲ့ အတူတူအချိန်ပေးကစားပေးပါ။စာဖတ်ဖို့အားပေးပါ-ခန္ဓာကိုယ်အတွက် အာဟာရပြည့်အောင်စားရသလို စိတ်ကျန်းမာစေဖို့ကလည်း စာဖတ်ဖို့လိုပါမယ်။ ဒါကြောင့် ကလေးကို ဉာဏ်ကောင်းပျော်ရွှင်စေချင်တယ်ဆိုရင် ငယ်စဉ်ကတည်းက စာအုပ်ဖတ်ဖို့ အားပေးပါ။ ကိုယ်တိုင်လည်း သူနဲ့အတူစာဖတ်ပေးပါ။ထမင်း– မြန်မာလူမျိုးတွေအတွက် အဓိကအစားအစာတစ်ခုပါ။ ကလေးရဲ့ နေ့စဉ်စားသုံးမှုမှာ ထမင်းကို သင့်တင့်မျှတအောင် ထည့်သွင်းလို့ အာဟာရပြည့်ဝအောင်ကျွေးမွေးပေးပါ။ ထမင်းက ကစီဓာတ်အပြင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေပြည့်ပြည့်ဝဝရရှိစေမှာပါ။ကြက်သား– အာဟာရပြည့်ဝပြီး ခန္ဓာကိုယ်ကျန်းမာဖွံံဖြိုးဖို့ လိုအပ်တဲ့ အာဟာရတွေကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်မယ့်အစားအစာတစ်ခုပါ။ ကလေးကို ကြက်သား​ကြော်ကျွေးတာ၊ ကြက်စွပ်ပြုတ်လုပ်တိုက်တာ၊ ကြက်သာဟင်းချက်ကျွေးတာမျိုးတွေ လုပ်ပေးလို့ရပါတယ်။ပဲအမျိုးမျိုး– ပဲအမျိုးမျိုးမှာ ပရိုတင်းကြွယ်ဝစွာပါဝင်နေသလို ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက်အရေးပါတဲ့ အစာခြေစနစ်ကကျန်းမာရေးကို အကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ ကာဗိုဟိုက်ဒရိတ်နဲ့ ဗီတာမင် B တို့ ကြွယ်ဝစွာပါဝင်နေမှုကလည်း ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ဥအမျိုးမျိုး–ဥအမျိုးမျိုးမှာ ကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ ပရိုတင်း၊ ဗီတာမင် D၊ ဗီတာမင် B12၊ သံဓာတ် အပြင် ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ omega-3 fatty acids ပါဝင်နေပါတယ်။ဆယ်လ်မွန်ငါး– ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက်ရော ဉာဏ်ရည်ထက်မြက်ဖို့အတွက်ပါအရေးပါတဲ့ omega-3 fatty acids အပြင် ကိုယ်ခံအားကောင်းစေနိုင်တဲ့ ဗီတာမင် A နဲ့ ဗီတာမင် D တို့လည်း ပါဝင်နေပါတယ်။ကန်စွန်းဥ– ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကို အကောင်းဆုံးဖြည့်တင်းပေးပြီး နှလုံးကျန်းမာစေနိုင်တဲ့ ပိုတက်ဆီယမ်၊ ကိုယ်ခံအားကောင်းစေတဲ့ ဗီတာမင် A နဲ့ အစာခြေစနစ်အတွက်အရေးပါတဲ့ အမျှင်ဓာတ်တို့ပါဝင်နေပါတယ်။နို့၊ မုယောအားဖြည့်နို့– အရိုးတွေကိုသန်မာစေနိုင်တဲ့ ကယ်လ်ဆီယမ်နဲ့ဗီတာမင် D တို့ဝင်နေသလို ဖော့စဖရိတ်၊ ဗီတာမင် B12၊ ပိုတက်ဆီယမ် နဲ့ ပရိုတင်းတို့ပါဝင်ပါတယ်။ ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးဖို့အတွက်ရော ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်စေဖို့အတွက်ပါ အရေးပါပါတယ်။ ဒါကြောင့် ကလေးကိုနေ့စဉ်နို့တိုက်ပေးသင့်ပါတယ်။ဒိန်ချဉ်– ကလေးတိုင်းကြိုက်တဲ့ အစားအစာတစ်ခုပါ။ သစ်သီးတွေနဲ့တွဲစားရင်လည်း အရသာရှိတဲအချိုပွဲလေးဖြစ်တာကြောင့် ကလေးကိုကျွေးရတာလည်း အဆင်ပြေမှာပါ။ ဒိန်ချဉ်မှာ ပရိုတင်းဓာတ်ပါသလို အစာခြေစနစ်အတွက် အကျိုးပြုဘက်တီးရီးယား probiotics တွေလည်းပါဝင်နေပါတယ်။အစေ့အဆန်တွေ–ကလေးကို omega-3 fatty acids ကြွယ်ဝတဲ့ သစ်ကြားသီး၊ အယ်လ်မွန်စေ့တို့အပါအဝင် အစေ့အဆန်တွေကျွေးပေးတာက ကျန်းမာစေနိုင်သလို ဓာတ်မတည့်မှုဖြစ်နိုင်ခြေကိုလည်း နည်းစေနိုင်မှာပါ။အခုပြောခဲ့တဲ့နည်းလမ်းလေးတွေအတိုင်း လိုက်လုပ်ကြည့်လို့ ရင်သွေးလေးကို ဉာဏ်ကောင်းပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်လိုက်ရအောင်လား မေမေဖေဖေတို့ရေ………………….။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/tips-for-grow-healthy-and-happy-kids/
ကျားဟော်မုန်းကို ဘယ်နေရာမှာ အသုံးချလဲ
ကျားဟော်မုန်းကိုတက်စတိုစတီရုန်းဟော်မုန်း(Testosterone) လို့လည်း ခေါ်ပြီး အမျိုးသား၊ အမျိုးသမီးမရွေး ကိုယ်ခန္ဓာမှာ ပမာဏတစ်ခုထိ ရှိဖို့လိုအပ်ပါတယ်။ အမျိုးသားတွေမှာတော့ ကျားဟော်မုန်းပမာဏ ပိုများတတ်ပြီး အမျိုးသမီးတွေမှာတော့ သတ်မှတ်ထားတဲ့ ပမာဏအနည်းငယ်လောက်ကိုပဲ ကိုယ်ခန္ဓာမှာ သိမ်းဆည်းထားတာ သဘာဝပါပဲ။ ဒီဟော်မုန်း ကိုယ်ခန္ဓာတွင်း ဖြစ်ပျက်ပြောင်းလဲနေတဲ့ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းစွာလည်ပတ်အလုပ်လုပ်စေဖို့ ကူညီပေးတယ်။ လူတစ်ယောက်ရဲ့ စိတ်နဲ့ခန္ဓာ ကျန်းမာစေခြင်း၊ လိင်ပိုင်းဆိုင်ရာ စိတ်ခံစားချက်တွေကို ဖြစ်ပေါ်စေခြင်း၊ ကိုယ်ခန္ဓာကြီးထွားမှုဖြစ်စဉ်မှာလည်း ကူညီပေးနိုင်ပါတယ်။အမျိုးသားတွေမှာ လိင်အင်္ဂါအနောက်ကပ္ပါယ်အိတ်အတွင်းမှာ ရှိနေတဲ့ ဝှေးစေ့ကနေ ထုတ်လွှတ်ပေးပြီး အမျိုးသမီးတွေမှာတော့ သားဥအိမ်ကနေ ထုတ်လွှတ်ပေးပါတယ်။ ကျောက်ကပ်ထဲမှာရှိတဲ့ အက်ဒရီနယ် ဂလန်း (Adrenal Glands) ကနေလည်း ထုတ်လွှတ်ပေးနိုင်ပါတယ်။ယောက်ျားတွေအတွက် မရှိမဖြစ်ကျားဟော်မုန်းသည် ကိုယ်တွင်းအင်္ဂါတွေကောင်းစွာ အလုပ်လုပ်နိုင်စေဖို့၊ ကိုယ်ခန္ဓာအပြင်ဘက်မှာ ရှိနေတဲ့ ကြွက်သားထုတွေ ဖွံ့ဖြိုးစေဖို့၊ စိတ်ကျန်းမာရေးပြဿနာတွေကို တိုက်ထုတ်ပေးနိုင်ဖို့ အဓိကကူညီပေးပါတယ်။ ကျားဟော်မုန်းရဲ့ လုပ်ဆောင်ချက်တွေကတော့ အမျိုးသားတွေမှာဆိုရင်။• ကိုယ်ခန္ဓာ ကြီးထွားစေဖို့။•အရပ်ရှည်စေဖို့။• ကြွက်သားထုတက်စေဖို့။• အသံသြလာစေဖို့။• မျက်နှာ၊ ချိုင်း၊ဆီးခုံနဲ့ ကိုယ်ခန္ဓာအနှံ့အပြားမှာ အမွေးအမျှင်များ ပေါက်လာစေဖို့။• လိင်အင်္ဂါ ကြီးထွားစေဖို့ ကူညီပေးတယ်။•စိတ်ခွန်အားတက်ကြွနေစေဖို့။• သုက်ပိုးရဲ့ ကျန်းမာရေးနဲ့ ကူးခတ်နိုင်စွမ်း၊ မျိုးအောင်နိုင်စွမ်း ကောင်းစေဖို့။•လိင်စိတ်ဆန္ဒမြင့်တက်လာစေဖို့ အဓိက ကူညီပေးပါတယ်။အမျိုးသမီးတွေမှာလည်း ရှိသင့်တဲ့ ပမာဏအလိုက် ထိန်းထားမယ်ဆိုရင် လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးပြီး အိမ်ထောင်ရေးသုခကို အပြည့်အဝရစေတယ်။ ရာသီလာချိန်ကို မှန်စေပြီး ဒီလိုအချိန်မှာ ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာကို အနည်းငယ်သက်သာစေတယ်။ သွေးနီဆဲလ်အသစ်တွေကို အလျင်အမြန်ထုတ်လုပ်ပေးဖို့ ကိုယ်ခန္ဓာကို လှုံ့ဆော်ပေးပါတယ်။လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့အတွက် ရှိသင့်ရှိထိုက်တဲ့ ကျားဟော်မုန်းပမာဏကိုတော့ အတိအကျ တွက်ပြလို့ မရပါဘူး။ ရှိသင့်တဲ့ ပမာဏထက် နည်းတဲ့အခါ (အမျိုးသား) သို့မဟုတ် များနေတဲ့အခါ (အမျိုးသမီး) ကိုယ်ခန္ဓာကနေ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ပြလာတတ်တာကိုတော့ တွေ့ရမှာပါ။• လိင်စိတ်ဆန္ဒနည်းသွားတာ။• လိင်တံမထောင်မတ်နိုင်တော့တာ။• ဝမ်းဗိုက်မှာ အဆီဖုံးနေတာ။•ရင်သားဆူထွက်လာတာ။• မျိုးမအောင်ဘဲ မြုံတာ။• ကိုယ်ခန္ဓာမှာ အမွေးအမျှင်နည်းလာတာ၊ သို့မဟုတ် ကျွတ်လာတာ။• အသံက မသြဘဲ ညှောင်နာနာဖြစ်နေတာ။• ကြွက်သားထု လျော့နည်းလာတာ စတဲ့ ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။အမျိုးသမီးတွေမှာလည်း ကျားဟော်မုန်းနည်းလာတဲ့အခါ လိင်စိတ်ဆန္ဒနည်းလာခြင်း၊ သန္ဓေမတည်နိုင်တော့ခြင်း၊ ရာသီစက်ဝန်း ကမောက်ကမဖြစ်ပြီး ရာသီလာချိန် စောခြင်း သို့မဟုတ် နောက်ကျခြင်းတွေ ဖြစ်နိုင်ပါတယ်။ ကျားဟော်မုန်းများလွန်းတဲ့အခါမှာလည်း။• အသံက ယောက်ျားအသံကဲ့သို့ သြသြကြီးဖြစ်နေခြင်း။• မလိုအပ်ဘဲအမွေးအမျှင်များထူနေခြင်း။• ကိုယ်လုံးကိုယ်ပေါက် ထွားလွန်းခြင်း။• ကိုယ်အလေးချိန်တက်လွယ်ခြင်း။• ဝက်ခြံ အလွန်အကျွံထွက်ခြင်း။• လိင်စိတ်ဆန္ဒနည်းလွန်းနေခြင်း။• ဆံပင်ကျွတ်ပြီးထိပ်ပြောင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။• အာရုံစူးစိုက်မရခြင်း။• ကိုယ်လုပ်နေတဲ့ အလုပ်ပေါ် စိတ်ပါဝင်စားမှုနည်းသွားခြင်း။• စိတ်ဓာတ်ကျခြင်း။• မှတ်ဉာဏ်မကောင်းတော့ခြင်း။• သတိမေ့လွယ်ခြင်း။• ညဘက်အိပ်မပျော်တော့တာ စတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။အမျိုးသားတွေမှာ ရှိသင့်ရှိထိုက်တဲ့ ကျားဟော်မုန်းပမာဏထက် နည်းလွန်းနေရင် ဆရာဝန်အနေနဲ့ လူနာရဲ့ စိတ်နဲ့ ခန္ဓာကျန်းမာရေးအခြေအနေ၊ နေထိုင်စားသောက်မှုပုံစံ၊ သောက်နေတဲ့ ဆေးဝါးတွေအကြောင်းကို အရင်ဆုံးစစ်ဆေးမှာဖြစ်ပါတယ်။ လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး သင့်တော်တဲ့ ကျားဟော်မုန်းအစားထိုးကုသနည်းတွေဖြစ်တဲ့ ဆေးရည်ကပ်ခွာ ကပ်ခြင်း၊ သွေးကြောထဲသို့ ဟော်မုန်းဆေးထိုးသွင်းခြင်း ကုထုံးတွေနဲ့ ကုသပေးမှာဖြစ်ပါတယ်။အမျိုးသမီးတွေမှာတော့ ကျားဟော်မုန်းများခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်လာတဲ့ ပြဿနာကို အရင်ဆုံးစစ်ဆေးပြီး လိုအပ်တဲ့ လိမ်းဆေး၊ သောက်ဆေးတွေကို ပေးတတ်ပါတယ်။ တချို့သောအခြေအနေမှာတော့ ကျားဟော်မုန်းဆန့်ကျင်ကုထုံး (Anti-Androgen Therapy) ဖြင့် ကုသမှုခံယူဖို့အတွက်ကို လူနာနဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကျားဟော်မုန်းပမာဏသည် ကိုယ်ခန္ဓာနဲ့ ကျန်းမာရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်အားဖြည့်နေတာကြောင့် ကိုယ့်မှာဒီလိုပြဿနာတွေ ဖြစ်နေတယ်လို့ သံသယရှိတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး စစ်ဆေးကြည့်ဖို့ အကြံပေးလိုက်ပါတယ်နော်။အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-hormone-issues/%e1%80%80%e1%80%bb%e1%80%ac%e1%80%b8%e1%80%9f%e1%80%b1%e1%80%ac%e1%80%ba%e1%80%99%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%ba%e1%80%94%e1%80%b1%e1%80%9b/
ရေခဲတုံးလေးတွေသုံးပြီး လှအောင်နေကြမယ်
ရေခဲတုံးလေးတွေသုံးပြီး လှအောင်နေကြမယ် လို့ ပြောရတာကရေခဲကို တော်တော်များများကတော့ ဒဏ်ရာအနာတရ ဖြစ်တဲ့အခါ ရောင်ရမ်းတာတွေ မရှိစေဖို့ ကပ်ကြသလို အအေးထဲ ထည့်ဖျော်ကြတာလည်း ရှိပါတယ်။ တကယ်တော့ ရေခဲကို အလှအပအတွက် သုံးပေးလို့ ရပါသေးတယ်။ ရေခဲမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေဟာ မျက်နှာလေး လှပဖို့အတွက် အထောက်အကူ ပြုပါတယ်။ ဒါဆိုရင်တော့ ရေခဲက မျက်နှာလေးလှဖို့ ဘာတွေ အသုံးဝင်မလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်နော်။ရေခဲတုံးလေးတွေသုံးပြီး လှအောင်နေကြမယ် ဆိုတော့ ဘယ်လိုနေရမလဲဆိုပြီး တွေးနေပြီလား။ ဒါဆိုဖတ်ကြည့်လိုက်နော်။မျက်ကွင်းညိုခြင်း ဖြစ်ရခြင်းဟာ သွေးလည်ပတ်စီးဆင်းမှုမှာ ပြဿနာရှိတာကြောင့် ဖြစ်ပါတယ်။ ဒီလို မျက်ကွင်းညိုတာတွေအတွက်လည်း ကောင်းမွန်တဲ့ skin careတွေ သုံးလို့ ရသလို ရေခဲတုံးလေးတွေ ကပ်ပေးတာမျိုးလည်း လုပ်လို့ရပါသေးတယ်။ရေခဲအတုံးသေးလေးတွေ ပြုလုပ်တဲ့အခါမှာ ရေခဲပြုလုပ်မယ့် ရေထဲကို နွားနို့လေး နည်းနည်းလောက်ထည့်ပေးပါ။ နွားနို့နည်းနည်းပါဝင်တဲ့ ရေခဲတုံးလေး ရပြီဆိုရင်တော့ ရေခဲတုံးကို ပလတ်စတစ် ဒါမှမဟုတ် အဝတ်စတစ်မျိုးမျိုးလေးနဲ့ ထုပ်ပြီး မျက်ကွင်းညိုတဲ့ နေရာတဝိုက်မှာ ကပ်ထားပေးပါ။ အေးလာတဲ့အထိပဲ ရပါတယ်။ ဒီလိုလေး လုပ်ပေးမယ်ဆိုရင် မျက်ကွင်းညိုတာ သက်သာစေမှာပါ။အသက်အရွယ်အရအရေးအကြောင်းတွေဖြစ်လာတာကို ရှောင်လွှဲလို့ မရပေမယ့် အရွယ်မတိုင်ခင်ကတည်းက အရေးအကြောင်းတွေ မဖြစ်အောင်တော့ လုပ်ဆောင်လို့ ရနိုင်ပါတယ်။ ဒီ အတွက် ရေခဲက စွမ်းဆောင်နိုင်ပါတယ်။ မျက်နှာကို ရေကျက်သီးနွေး ဒါမှမဟုတ် ရေအေးလေး သုံးပြီးတော့ မျက်နှာသစ်လိုက်ပါ။ ပြီးရင်တော့ ရေခဲတုံးလေးတွေကို အဝတ်စလေးနဲ့ ထုပ်ပြီး အရေးအကြောင်းရှိတဲ့ နေရာတွေမှာ ညင်ညင်သာသာလေး ရွေ့လျားပေးပါ။ တစ်ပတ်ကို (၂) ကြိမ်လောက်ဆိုရင်တောင် သိသာပါတယ်။မိတ်ကပ်လေး တစ်နေကုန် မျက်နှာမှာ ရှိနေစေချင်တယ်ဆိုရင်တော့ ရေခဲလေး သုံးလို့ ရပါသေးတယ်။ အောက်ခံမိတ်ကပ်မလိမ်းခင်မှာ primer လိမ်းကြသလိုမျိုးပါပဲ မိတ်ကပ်မလိမ်းခင်မှာ ရေခဲလေး မျက်နှာမှာ ကပ်ထားပေးပါ။ ဒီလို လုပ်ပေးတာကချွေးပေါက်တွေကို ကျဉ်းစေပြီး အဆီမပြန်စေတာမို့ မိတ်ကပ်ကွက်ခြင်း၊ ပျက်ခြင်းမရှိဘဲ တစ်နေကုန် လှပနေမှာပါ။မျက်နှာအဆီတဝင်းဝင်း ဖြစ်လို့ မလှဘူး ထင်နေရင်တော့ အဆီပြန်ခြင်းတွေကို နှုတ်ဆက်လိုက်ဖို့ ဝန်မလေးသင့်ပါဘူး။ အဆီပြန်တဲ့ အသားအရေက ဝက်ခြံလည်း ဖြစ်စေနိုင်ပါတယ်။ ရေခဲတုံးလေးတွေကို ထုပ်ပြီး မျက်နှာမှာ ကပ်ပေးပါ။ အထူးသဖြင့် T zone မှာပါ။ ခပ်အေးအေးလေး ဖြစ်တဲ့အထိ ကပ်ထားပေးပါ။ ဒါဆိုရင် အဆီပြန်ခြင်းတွေ ကင်းဝေးမှာပါ။ အကယ်လို့ မျက်နှာကို စိုစိုအိအိလေး ဖြစ်ချင်တယ်ဆိုရင်တော့အစိုဓာတ်ထိန်းခရင်မ်လေး လိမ်းပေးပါ။သတိထားရမှာက သိပ်အေးလွန်းရင်တော့ မျက်နှာ စပ်ဖျင်းဖျင်းဖြစ်တာ၊ ယားယံတာ၊ အသားခြောက်တာတွေ ဖြစ်လာနိုင်ပါတယ်။ရေခဲကတော့ဝက်ခြံကြောင့် ‌ရောင်ရမ်းတာတွေနဲ့ ဝက်ခြံထပ်မထွက်စေဖို့ အစွမ်းဆောင်ပေးနိုင်ဆုံး ပစ္စည်းပါပဲ။ ပြင်ပဒဏ်ရာကြောင့် ဖြစ်တဲ့ အမာရွတ်တွေကိုလည်း ပျောက်စေပါတယ်။ သတိထားရမှာကတော့ ဝက်ခြံက ဘက်တီးရီးယားတွေကြောင့် ပြည်တည်သလို အဆံဖြူဖြူတွေ ရှိနေပြီး ရောင်ရမ်းနေတယ်ဆိုရင် ရေခဲကပ်တဲ့အခါမှာ အထူးသတိထားပါ။ ဝက်ခြံအတွက် ရေခဲကပ်မယ်ဆိုရင်တော့ ကြာချိန်(၁) မိနစ်ထက် မပိုပါစေနဲ့နော်။ တစ်မိနစ်လောက် ကပ်ပြီးတဲ့အခါမှာ ကိုယ်နဲ့တည့်တဲ့ အဆီလေး တစ်မျိုးမျိုး လိမ်းထားတာမျိုး လုပ်နိုင်ပါတယ်။ကဲ..အခုဆိုရင် ရေခဲက ပေးစွမ်းနိုင်တဲ့ အလှအပတွေကို သိရပြီဆိုတော့ မျက်နှာလေး လှပသွားအောင် အိမ်မှာ လုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/benefits-applying-ice-skin/
မိတ်ကပ်သုံးပစ္စည်းတွေကို သန့်ရှင်းရေးမလုပ်ဘူးဆိုရင်
မိန်းကလေးတိုင်းလိုလို လှလှပပလေး နေချင်ကြပါတယ်။ မိန်းကလေးတိုင်း လှအောင်လည်း အလှပြင်ကြတာချည်းပါပဲ။ အလှအပအတွက် skin care လည်း လုပ်တယ်၊ မိတ်ကပ်နဲ့ အစားအသောက်လည်း ဂရုစိုက်ပါလျက်နဲ့ မျက်နှာမှာ ဝက်ခြံနဲ့ အပြစ်အနာအဆာတွေ ရှိနေတယ်ဆိုရင်တော့ ပြန်လည်စဉ်းစားဖို့ လိုလာပါပြီ။ တကယ်တော့ မျက်နှာလေး လှချင်တယ်ဆိုရင် Skin care တွေအပြင် မိတ်ကပ်လိမ်းတဲ့ ပစ္စည်းတွေကိုပါ သန့်ရှင်းအောင် ထားဖို့လိုပါတယ်။မိတ်ကပ်ပေါင်ဒါမှုန့်ဗူးတွေ ဝယ်တဲ့အခါမှာ လိမ်းတဲ့ တို့ဖတ်လေးတွေ တပါတည်း ပါလာပြီးသားပါ။ မိန်းကလေးတော်တော်များက မိတ်ကပ်ကုန်မှ တို့ဖတ်ကိုပါ လွှင့်ပစ်လေ့ ရှိပါတယ်။ တကယ်တော့ မိတ်ကပ်မကုန်ခင်မှာ တို့ဖတ်ကို လဲလှယ်ပေးတာမျိုး လိုပါတယ်။ အနည်းဆုံးတော့ အရောင်လေး နည်းနည်း ညစ်ထေးလာတာနဲ့ လျှော်တာမျိုး သန့်ရှင်းရေး လုပ်ပေးပါ။ တို့ဖတ်နည်းတူပါပဲ မျက်နှာပေါ်ကို ထိတွေ့တဲ့ ဘရက်ရှ်တွေကိုလည်း လဲလှယ်ပေးတာ သန့်ရှင်းရေးလုပ်တာမျိုး လုပ်ပါ။ အညစ်အကြေးရှိနေတဲ့ မိတ်ကပ်သုံး ပစ္စည်းတွေကို ထားမယ်ဆိုရင်တော့ ဘာတွေဖြစ်မလဲဆိုရင်..။တစ်ခါတစ်လေမှာ ဘာကြောင့်မှန်း မသိ မျက်နှာအသားရေ ယားယံနေတတ်ပါတယ်။ ဒါဟာ မသန့်ရှင်းတဲ့ ဘရက်ရှ်တွေနဲ့ မျက်နှာကို ထိတွေ့မိပြီး ဘက်တီးရီးယားတွေ ဝင်တာကြောင့်ပါပဲ။ ယားယံတာတွေ မဟုတ်ဘဲ အနီစက်တွေ ပေါက်တာလည်း ဖြစ်နိုင်ပါသေးတယ်။ချွေးပေါက်ကျယ်ဆိုရင် တိုနာသုံးဖို့ စိတ်ကူးကြပါတယ်။ တိုနာသုံးတဲ့အခါမှာ သုံးတဲ့ ဂွမ်းဖတ်လေးတွေ မသန့်ရှင်းဘူးဆိုရင်တော့ ချွေးပေါက်တွေထဲကို ဘက်တီးရီးယားတွေ ဝင်သွားပြီး ချွေးပေါက် ပိုကျယ်လာမှာပါ။ ဒါ့အပြင် မျက်နှာမှာ အဆီဖုတွေတောင် ဖြစ်နိုင်ပါသေးတယ်။စိတ်ဖိစီးမှုတွေကြောင့်လည်း အရေးအကြောင်းဖြစ်နိုင်ပြီး အသက်အရွယ်မတိုင်ခင် ရင့်ရော်တာကြောင့်လည်း အရေးအကြောင်း ဖြစ်လွယ်ပါတယ်။ မိတ်ကပ်ဘရက်ရှ်တွေ မသန့်ရှင်းတာနဲ့ အချိန်ကြာကြာ သုံးတာကြောင့် ဘရက်ရှ်အမွှေးလေးတွေ မနုတော့တဲ့အခါမှာလည်း အသားအရေ တင်းရင်းမှုကို ထိခိုက်စေပြီး အရေးအကြောင်း ဖြစ်စေပါတယ်။မျက်လုံးအတွင်းဘက်မှာ နီရဲပြီး နာကျင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကတော့ မျက်တော့ကော့ဆေးတွေနဲ့ Liner ပစ္စည်းတွေ မသန့်ရှင်းတာကြောင့်ပါ။ မျက်တောင်ကော့ဆေးတွေ စုတ်တံလေးတွေမှာ ဘက်တီးရီးယားတွေ ရှိနေနိုင်ပြီး မျက်စိထဲကို ဝင်တာကြောင့်ပါ။ အထူးသတိပြုဖို့တော့ လိုပါတယ်နော်။ဝက်ခြံကတော့ မသန့်ရှင်းကြောင့်ဖြစ်တဲ့ အလှအပပျက်စီးရခြင်း အကြောင်းရင်းမှာ ထိပ်ဆုံးက ပါဝင်ပါတယ်။ ဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေဟာ မျက်နှာကို သန့်ရှင်းတဲ့ ပစ္စည်းတွေနဲ့သာ ထိဖို့ လိုပါတယ်။ မဟုတ်ရင် ဘယ်လိုမှ မပျောက်နိုင်ပါဘူး။ လက်သည်းအပါအဝင် မိတ်ကပ်သုံးပစ္စည်းတွေမှာ ဘက်တီးရီးယားတွေ ရှိနေခြင်းဟာ ဝက်ခြံဖြစ်စေပါတယ်။ ဘက်တီးရီးယားတွေကြောင့် အဆီပြန်တာတွေ ပိုဖြစ်နိုင်ပြီး အဆီပြန်လိုက် ဝက်ခြံထွက်လိုက် သံသရာလည်နေမှာမို့ သန့်ရှင်းအောင် ထားပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/55030-2/
မွေးကင်းစကလေး လေဖြတ်ခြင်း
လူအများစုက လေဖြတ်ခြင်းဟာ သက်ကြီးပိုင်းတွေ ဖြစ်တာလိုပပဲ ထင်ကြပါတယ်။ ဒါပေမယ့် မွေးကင်းစတွေမှာလည်း သက်ကြီးပိုင်းတွေလိုပဲ လေဖြတ်နိုင်ပါတယ်။ မွေးပြီးစ ၂၈ ရက်အတွင်းမှာ လေဖြတ်ခြင်းဟာ တွေ့ရများတတ်ပြီး မိဘတွေ သတိမထားမိဘဲရှိတတ်ပါတယ်။ကလေးတွေ၊ သက်ကြီးရွယ်အိုတွေမှာ လေဖြတ်ခြင်းဟာ သတိမပြုမိဘဲ နေတတ်ပြီး ကုသခြင်း မပြုမိကြပါဘူး။လေဖြတ်ခြင်းဆိုတာ ဦးနှောက်ကိုသွားတဲ့ သွေးစီးဆင်းမှု ရပ်တန့်သွားခြင်း၊ လျော့နည်းသွားခြင်းကြောင့် ဦးနှောက်ကို ထိခိုက်စေတဲ့ အခြေအနေဖြစ်ပါတယ်။ လေဖြတ်ခြင်း ၂မျိုးရှိပါတယ်။ သွေးကြောပိတ်ပြီး လေဖြတ်ခြင်းနဲ့ သွေးကြောပေါက်ပြီး လေဖြတ်ခြင်းတို့ ဖြစ်ပါတယ်။သွေးကြောပိတ်၍ လေဖြတ်ခြင်းဟာ ဦးနှောက်သွေးကြော အတွင်းမှာ သွေးခဲပိတ်ဆို့သွားလို့ သွေးစီးဆင်းမှုလျော့နည်းသွားလို့ လေဖြတ်ခြင်း ဖြစ်ပါတယ်။ ကလေးတွေ အထူးသဖြင့် မွေးကင်းစအရွယ်တွေမှာဖြစ်တတ်တဲ့ သွေးကြောပိတ်လေဖြတ်ခြင်း ၂မျိုး ရှိပါတယ်။သွေးပြန်ကြောထဲမှာ သွေးခဲပိတ်လို့ လေဖြတ်ခြင်းနဲ့ သွေးလွှတ်ကြောထဲမှာ သွေးခဲပိတ်လို့ လေဖြတ်ခြင်း ဖြစ်ပါတယ်။သွေးကြောပေါက်၍ လေဖြတ်ခြင်းကတော့ ဦးနှောက်သွေးကြောဟာ ပေါက်ပြဲသွားပြီး ဦးနှောက်ထဲ သွေးယိုသွားရင် ဖြစ်တတ်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုတိန်းတွေဟာ အချင်းမှတဆင့် မိခင်ဆီကနေ ကလေးဆီကို ရောက်ရှိနိုင်ပြီး သွေးယိုနိုင်ခြေကို ကျဆင်းစေပါတယ်။ ဒါပေမယ့် သူတို့က သွေးခဲစေပြီး လေဖြတ်နိုင်ခြေရှိနေပါတယ်။ တစ်ခါတရံမှာ အချင်းထဲမှာ သွေးခဲဖြစ်ပေါ်ပြီး ကလေးဆီကို ရောက်သွားနိုင်ပါတယ်။ကလေးရဲ့ဦးနှောက်ထဲကို သွေးခဲရောက်သွားရင် လေဖြတ်နိုင်ပါတယ်။မီးဖွားခြင်းဟာ မွေးကင်းစကလေးငယ်တွေ လေဖြတ်ခြင်း ဖြစ်ပွားတတ်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ မွေးဖွားစဉ်မှာ ခေါင်းထိခိုက်ရင် သွေးကြောတွေကိုပါ ဒဏ်ဖြစ်စေပြီး သွေးခဲဖြစ်ပေါ်ခြင်း၊ လေဖြတ်ခြင်းတွေ ကြုံနိုင်ပါတယ်။ဒါ့အပြင် မွေးကင်းစကလေးတွေဟာ လူကြီးတွေထက် သွေးနီဥများတာကြောင့် သွေးပိုပျစ်တတ်ပြီး သွေးခဲနိုင်ခြေ ပိုများပါတယ်။ မွေးပြီးခါစ ရက်ပိုင်းတွေမှာ ရေဓာတ်ဆုံးရှုံးရင် သွေးခဲခြင်း ဖြစ်တတ်ပါတယ်။ မွေးကင်းစကလေးတွေ လေဖြတ်တဲ့အခါ လက္ခဏာ မပြတတ်တာကြောင့် ဒီပြဿနာကို သတိမပြုမိဘဲ ကြီးလာသည်အထိ ကုသခြင်း မရှိဘဲ ဖြစ်တတ်ပါတယ်။အရွယ်ရောက်ပြီးသူတွေမှာ လေဖြတ်ရင် တွေ့ရတတ်တဲ့ စကားပြောခက်ခဲခြင်း၊ ထုံခြင်း၊ ဟန်ချက်မညီခြင်း စတာတွေဟာ မွေးကင်းစကလေးတွေမှာ တွေ့ရဖို့ မဖြစ်နိုင်ပါဘူး။ကလေးအများစုရဲ့ လက္ခဏာဟာ တက်ခြင်းဖြစ်ပါတယ်။ မွေးကင်းစအရွယ်ပိုင်းတွေမှာ အသိသာဆုံးလက္ခဏာပဲ ဖြစ်ပါတယ်။ တစ်ခါတရံမှာ တက်ခြင်းဟာ ခန့်မှန်းရ ခက်တတ်ပါတယ်။ အောက်ပါအချက်တွေ တွေ့နိုင်ပါတယ်။အရွယ်ရောက်ပြီးသူတွေ လေဖြတ်ရင် ကိုယ်ခန္ဓာတစ်ဖက်ဖက်မှာ အားနည်းသွားတာ ဖြစ်တတ်ပါတယ်။ မွေးကင်းစကလေးတွေမှာတော့ ဦးနှောက်ဖွံ့ဖြိုးမှု မရှိသေးတာကြောင့် ဒီလက္ခဏာတွေ မပေါ်နိုင်သေးပါဘူး။ယေဘုယျအားဖြင့် လေဖြတ်တဲ့ မွေးကင်းစကလေးတွေရဲ့ ၁၅%ရဲ့ ကိုယ်ခန္ဓာတစ်ဖက်ဖက်က လှုပ်ရှားမှု နည်းတတ်ပါတယ်။ ကလေးကြီးလာတာနဲ့အမျှ ဒီလက္ခဏာကို သတိပြုရတာ ပိုမိုလွယ်ကူလာပါတယ်။လက်ရွေးခြင်းဟာ မွေးကင်းစကာလအလွန် ၆ပတ်ကနေ ၆လအတွင်း အရွယ်တွေမှာ ပြတတ်တဲ့ လေဖြတ်ခြင်းရဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ ဒီကလေးတွေဟာ ဘယ် သို့ ညာလက်ကို ပိုမိုအားပြုလုပ်ကိုင်တတ်ကြပါတယ်။ တချို့မိဘတွေဟာ သူတို့ကလေးတွေ သူတို့အရွယ်ထက် ပိုပြီးဖွံ့ဖြိုးတတ်တယ်လို့ ထင်တတ်ကြပေမယ့် တကယ်တမ်းတော့ လေဖြတ်ထားတဲ့ လက္ခဏာပါပဲ။ ကျန်းမာတဲ့ကလေးတွေမှာ ဘယ်ညာလက်ရွေးခြင်းဟာ ပုံမှန်အားဖြင့် ၁၂လအောက်ပိုင်းမှာ မပေါ်တတ်ပါဘူး။မွေးကင်းစကလေးတွေကို လေဖြတ်စေတဲ့ တခြားအကြောင်းအရာတွေ ရှိပါသေးတယ်။ နှလုံးမှာ အပေါက်ပါလာတာလိုမျိုး မွေးရာပါချို့ယွင်းချက်ဟာ သွေးခဲတွေနှလုံးကိုဖြတ်သန်းပြီး ဦးနှောက်ကို ရောက်သွားစေဖို့ ပိုမိုလွယ်ကူစေပါတယ်။သွေးခဲတတ်တဲ့ ပြဿနာ မိသားစုရာဇဝင်မှာရှိရင် မွေးကင်းစ ကလေးတွေမှာလည်း လေဖြတ်နိုင်ခြေ ပိုများပါတယ်။ ပိုးဝင်ခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်း စတဲ့ ရောဂါမျိုးတွေကြောင့်လည်း သွေးခဲခြင်းဖြစ်စေပါတယ်။ တခြားဖြစ်ပွားနိုင်ခြေတွေကတော့ ဖော်ပြခဲ့ပြီးသလို ရေဓာတ်ခမ်းခြောက်ခြင်း၊ မီးဖွားခြင်း စတာတွေ ဖြစ်ပါတယ်။မွေးကင်းစကာလမှာ လေဖြတ်တာဖြစ်ရင် သတိထားမိဖို့ဟာ မိဘတွေအတွက် အရေးကြီးပါတယ်။ သင့်ကလေး တစ်ခုခုဖြစ်နေတယ်ထင်ရင် ဆရာဝန်ပြပါ။ သိပ်ပြီး လွန်ကဲနေတယ်လို့ ထင်မှာ မစိုးရိမ်ပါနဲ့။ ဘေးကင်းခြင်းဟာ ဝမ်းနည်းရခြင်းထက်စာရင် ပိုကောင်းပါတယ်။သင့်ဆရာဝန်ဟာ ကလေးဟာ လေဖြတ်တာဖြစ်နိုင်ပြီဆိုရင် ကလေးအထူးကုဆရာဝန်ဆီမှာ လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်ဖို့ညွှန်ပါလိမ့်မယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/%e1%80%b1%e1%80%99%e1%80%bc%e1%80%b8%e1%80%80%e1%80%84%e1%80%b9%e1%80%b8%e1%80%85%e1%80%80%e1%80%b1%e1%80%9c%e1%80%b8-%e1%80%b1%e1%80%9c%e1%80%bb%e1%80%96%e1%80%90%e1%80%b9%e1%80%bb%e1%80%81%e1%80%84/
ကိုယ်ဝန်ဆောင်အဖွဲ့အစည်း မှာ ပါဝင်သင့်တဲ့ အကြောင်းရင်း (၈) ချက်
Hello ဆရာဝန်မှာ ကိုယ်ဝန်ဆောင်အဖွဲ့အစည်း ဆိုပြီး ကိုယ်ဝန်ဆောင်မေမေတွေအတွက် သီးသန့်အဖွဲ့လေး လုပ်ထားပေးပါတယ်။ ဒီအဖွဲ့အစည်းလေးက မေမေတို့ အချင်းချင်း အတွေ့အကြုံတွေကို နွေးနွေးထွေးထွေးမျှဝေဖို့အတွက်ဆိုလည်း ဟုတ်ပါတယ်။ အတွေ့အကြုံတွေမျှဝေပေးတာအပြင် ဒီအဖွဲ့အစည်းမှာ ပါဝင်ထားတဲ့အခါ မေမေတို့မှာ တခြားကျေးဇူးတွေလည်း ရရှိနိုင်ပါသေးတယ်။ကိုယ်ဝန်ယူဖို့ ကြိုးစားနေတဲ့ စုံတွဲတွေ၊သားဦးမေမေတွေ၊ အတွေ့အကြုံရှိပြီးသား မေမေတွေ၊ လက်ရှိမှာ ကိုယ်ဝန်ဆောင်ထားတဲ့ မေမေတွေ၊ မီးနေသည် မေမေတွေ အားလုံးပါဝင်လို့ရပါတယ်။ဒါ့ပြင် ကလေးရဖို့ ကြိုးစားနေတဲ့ ဖေဖေတွေ၊ ကိုယ်ဝန်ဆောင်ဇနီးသည်ကို ဘယ်လိုစောင့်ရှောက်ရမလဲဆိုတာ သိချင်တဲ့ ဖေဖေတွေလည်း ပါဝင်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာ ဖြစ်တဲ့အတွက် ဒါကို စိတ်ဝင်စားတဲ့ ဘယ်သူမဆို ပါဝင်နိုင်ပါတယ်။Facebook groupနဲ့ အလားသဏ္ဍာန်တူပေမယ့် ဒီမှာက မေမေတို့ကို ကူညီပေးဖို့ မော်ဒရေတာတွေ၊ ကျွမ်းကျင်ပညာရှင်တွေပါ ရှိနေပါတယ်။ကိုယ်ဝန်ဆောင်အဖွဲ့အစည်းမှာ ပါဝင်တဲ့အခါ မေမေတို့အနေနဲ့ ဒီလိုအကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ကလေးယူဖို့ စပြီးပြင်ဆင်တာကစလို့ နောက်ဆုံး ကလေးမွေးပြီးလို့ မီးနေသည်ဖြစ်တဲ့အချိန်အထိ ကိုယ်ဝန်ဆောင်ကာလတလျှောက် မေမေတို့ သိဖို့ လိုအပ်တဲ့ အကြောင်းအရာတွေကို မျှဝေပေးသွားမှာပါ။ ဒီဆောင်းပါးတွေကို မေမေတို့ နှစ်သက်ရင် သိမ်းဆည်းပြီး နောင်အခါမှာ ပြန်ဖတ်လို့လည်း ရပါတယ်။ဒီအဖွဲ့အစည်းထဲမှာသားဥကြွေခြင်းကို တွက်ချက်တဲ့ ကိရိယာ၊ မေမေတို့ ဘယ်တော့မွေးမှာလဲဆိုတာ တွက်လို့ရတဲ့due datecaclculator၊ ကိုယ်ဝန်ဆောင်တဲ့အချိန် မေမေတို့ ကိုယ်အလေးချိန်ဘယ်လောက်ရှိသင့်လဲဆိုတာ တွက်ပေးတဲ့ ကိရိယာ စတာတွေကိုလည်း အသုံးပြုလို့ရပါတယ်။[embed-health-tool-due-date]။ကိုယ်ဝန်ဆောင်ကျန်းမာရေးနဲ့ ပတ်သက်ပြီး မေမေတို့ သိချင်တာတွေ ရှိရင်လည်း ပို့စ်တင်ပြီး မေးလို့ရပါတယ်။ ဆေးပညာကျွမ်းကျင်သူများက မေမေတို့ရဲ့ အခက်အခဲတွေကို ကူညီဖြေကြားပေးမှာ ဖြစ်ပါတယ်။ လိုအပ်ရင် မိမိပြနေကျ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးတွေနဲ့ ပြန်ပြခိုင်းမှာ ဖြစ်ပါတယ်။တစ်ခါတလေ အဖွဲ့ထဲက မေမေတွေ ပျော်အောင် ဆုလက်ဆောင်တွေ မဲဖောက်ပေးတာ၊ ဂိမ်းလေးတွေ ဆော့တာ၊ မေးခွန်းလေးတွေ ဖြေတာ စတဲ့ အစီအစဉ်တွေလည်း ရှိပါတယ်။ကိုယ်ဝန်ဆောင်အဖွဲ့အစည်း မှာ မိခင်လောင်းတွေ သိသင့်သိထိုက်တဲ့၊ သတိထားရမယ့် ကျန်းမာရေးပြဿနာတွေကို သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးတွေ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ စကားဝိုင်းလေးတွေ လုပ်ပေးဦးမှာပါ။ ဒီစကားဝိုင်းတွေမှာ မေမေတို့လည်း ပါဝင်နိုင်ပါတယ်။မိခင်တွေရဲ့ ခံစားချက်ကို မိခင်တွေသာ နားအလည်ဆုံးပါ။ ဒါကြောင့် ကိုယ့်တုန်းက ဘယ်လိုတွေ ကြုံရတယ်။ ဘာလက္ခဏာတွေ ခံစားရတယ် စတာတွေကို မျှဝေပေးနိုင်ပါတယ်။ မေမေလောင်းတွေကလည်း ရှေ့က စီနီယာ မေမေတွေဆီကနေ အတွေ့အကြုံတွေ မေးမြန်းနိုင်ပါတယ်။ဆိုရှယ်မီဒီယာဆိုတာက သိတဲ့အတိုင်းအမုန်းစကားတွေ ဝေမျှတာ၊ မေမေတို့ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ နည်းလမ်းတွေကို မျှဝေတာ၊ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တာ စတာတွေ ရှိပါတယ်။ ဒီနေရာက မေမေတို့ လုံလုံခြုံခြုံနဲ့ သက်သောင့်သက်သာ မေးမြန်းဆွေးနွေးလို့ရစေချင်လို့ ဖွဲ့ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒါမျိုးတွေကို လက်မခံပါဘူး။ မေမေတို့ကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ပို့စ်တွေ တက်မလာအောင် မော်ဒရေတာတွေက စောင့်ကြည့်ထိန်းကျောင်းပေးပါတယ်။အဖွဲ့ဝင်အဖြစ် စာရင်းသွင်းတာက စလို့ မေးခွန်းတွေ မေးမြန်းတာ၊ ဆွေးနွေးပွဲတွေ တက်ရောက်တာ၊ ဆောင်းပါးတွေ ဖတ်တာ၊ ကျန်းမာရေးကိရိယာတွေ အသုံးပြုတာတွေ အားလုံးက အခမဲ့ ဖြစ်ပါတယ်။ ငွေရေးကြေးရေး စိတ်ပူစရာမလိုဘဲ မေမေတို့ရဲ့ ကျန်းမာရေးအခြေအနေတွေကို ဆွေးနွေးလို့ ရအောင် စီစဉ်ထားတာ ဖြစ်ပါတယ်။ စာရင်းသွင်းပြီးတာနဲ့ အပေါ်မှာ ပြောခဲ့တာတွေ အားလုံးကို မေမေတို့ လုပ်လို့ရပါပြီ။
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/8-reasons-you-should-join-pregnancy-community/
ပျော်ရွှင်သာယာဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးဖြစ်စေဖို့ လျို့ဝှက်ချက် လေးချက်
သာယာပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံမှုတစ်ခုရဲ့ လျှို့ဝှက်ချက်တွေဟာ ဘာတွေလဲဆိုတာ သင့်ကိုယ်သင် မေးကြည့်ဖူးပါသလား။ အပြင်မှာ အများကြီး ပြောနေကြပေမယ့် ချစ်ခြင်းမေတ္တာကို ကြာရှည်အောင် ထိန်းသိမ်းနိုင်ဖို့ဆိုရင် အရမ်းအရေးကြီးတဲ့ အချက်လေးချက် ရှိပါတယ်။ဆက်ဆံမှုတစ်ခုမှာ သင်နဲ့ သင့်ချစ်သူနဲ့ရဲ့ တစ်ဦးနဲ့ တစ်ဦီး လိုချင်တာတွေ၊ လိုအပ်ချက်တွေကို နားလည်မှုဟာလည်း အရမ်းအရေးပါ ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် သိကျွမ်းအောင် လုပ်ရုံတင်သာမက ပြဿနာတွေ၊ အခက်အခဲတွေကို အတူဖြေရှင်းဖို့အတွက် အမြဲ ဆက်သွယ်နေဖို့က အရေးကြီးပါတယ်။ ဒီနည်းထက်ပိုကောင်းတာ ဘာရှိအုံးမှာလဲ။ တကယ်တော့ လေ့လာမှုအတော်များများက စကားပြောဖြစ်တဲ့ စုံတွဲတွေဟာ နောက်ဆုံးမှာ ကွာရှင်းဖြစ်တာ (သို့) ကွဲသွားတာ ဖြစ်စေတဲ့ ရန်ဖြစ်မှုတွေကို ဖြစ်ပွားမှုနှုန်းနည်းတယ်လို့ ပြောပါတယ်။လူတွေဖြစ်တဲ့အားလျော်စွာ အရူးအမူးချစ်တာတွေ (သို့) မြင်မြင်ချင်းချစ်မိတာတွေ အစရှိတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ သင့်ကို အဲဒီလူနဲ့ အမြန် လက်ထပ်ရမယ်လို့ မဆိုလိုပါဘူး။ လက်ထပ်ခြင်းဆိုတာ အလေးထားအပ်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပြီးတော့ သူ၊သူမ ဘယ်သူလဲဆိုတာ သေချာသိမှသာ လက်ထပ်ဖို့ စဉ်းစားသင့်ပါတယ်။ သူ၊သူမ ဘယ်သူဆိုတာဟာ ဒီအတိုင်းကြည့်ရင် မြင်ရတာထက် အများကြီးပိုနိုင်ပြီးတော့ ပင်ကိုစရိုက်ကို သိနားလည်ဖို့ဆိုတာ အချိန်ယူရပါတယ်။ ဒါ့ကြောင့် သင်ဘာလုပ်နေသလဲဆိုတာ သေချာ သိထားပြီး သင့်ချစ်သူကို လက်မထပ်ခင် အတွင်းထိ သိထားဖို့ လိုအပ်ပါတယ်။ ဒါဟာ လက်ထပ်ပြီးရင် အမျက်ထွက်စေတဲ့ အရင်က တစ်ခါမှ သတိမထားမိခဲ့တဲ့ သေးငယ်တဲ့ အရာတွေအပေါ်မှာ အငြင်းပွားမှုကနေ သင့်ကို ကာကွယ်ပေးမှာပါ။လက်ထပ်မှုဟာ လူနှစ်ယောက်လိုအပ်ပြီးတော့ လက်ထပ်ပြီးချိန်ကစပြီး သင်တို့နှစ်ယောက်ဟာ တစ်ယောက်တည်းဖြစ်သွားတာကို နားလည်ဖို့လိုပါတယ်။ ဒါ့ကြောင့် သင့်ချစ်သူကို ပံ့ပိုးပေးဖို့လိုအပ်ပြီး အခက်အခဲတွေ ဖြစ်လာတဲ့ အကျိုးဆက်တွေကို အတူဖြေရှင်းဖို့လိုပါတယ်။ တစ်ခုခုက သင့်ကို စိတ်တိုစေပြီဆိုရင် သင့်ချစ်သူကို မပြောပြတော့တာကြောင့် ဒါဟာ သူ့အနေနဲ့ကြည့်ရင် သူ့ကို မလေးစားရာရောက်ပြီး အထီးကျန်စေပါတယ်။ ဒါဟာ နောက်ဆုံးမှာ စိတ်ကျရောဂါကို ဖြစ်စေပြီး ခဏခဏ အငြင်းပွားမှုတွေကို ဖြစ်စေကာ အိမ်ထောင်ကွဲသွားတာမျိုးတောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။သင်ဟာ အချိန်ကြာမြင့်စွာ တည်ရှိတဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံမှုတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားနေတယ်ဆိုတာ မမေ့သင့်ပါဘူး။ သင့်ချစ်သူဟာလည်း ဒီလိုလုပ်နေတဲ့အချိန်မှာ ပါဝင်သင့်ပါတယ်။ အရည်အချင်းရှိတဲ့ ကောင်းမွန်တဲ့ လက္ခဏာတွေရှိတဲ့ (ဥပမာ စမတ်ကျတာ၊ ရယ်ရတာ၊ ဂရုစိုက်တတ်တာ) သူကိုသာ ရွေးချယ်သင့်တယ်လို့ အများက ယုံကြည်ထားကြပါတယ်။ ဒါပေမယ့် ကောင်းတဲ့အချက်တွေ အကုန်ရှိတဲ့သူကို လိုက်ရှာမယ့်အစား သင်နဲ့ ကိုက်ညီတဲ့သူ၊ သင်ဟာ ဒီလူနဲ့ဆို အနာဂတ်ကို မြင်နိုင်တဲ့သူမျိုးကိုသာ ရွေးချယ်သင့်ပါတယ်။ပျော်ရွှင်ပြီး ကြာမြင့်တဲ့ဆက်ဆံမှုတစ်ခုကို ထိန်းသိမ်းဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဒါဟာ စိတ်ရှည်မှု၊ နားလည်မှု၊ အသိအမှတ်ပြုဖို့ လိုအပ်တဲ့ သတ္တိနဲ့ သင့်ချစ်သူကို ချီးကျူးမှုတွေ လိုအပ်ပါတယ်။ ဒါ့ကြောင့် အထက်ဖေါ်ပြပါ အချက်တွေကို နေ့စဉ်လိုက်နာသင့်ပါတယ်။ ဒါပေမယ့် ပြဿနာတွေ ဖြစ်လာပြီး သင်တို့ မဖြေရှင်းနိုင်တော့ဘူးဆိုရင် အိမ်ထောင်ရေး ကျွမ်းကျင်သူ (သို့) လက်ခံဆွေးနွေးပေးသူနဲ့ နောင်အနာဂတ်အတွက် အကြံဉာဏ်တွေ၊ လမ်းပြမှုတွေနဲ့ ကုသမှုတွေ ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9b%e1%80%bd%e1%80%be%e1%80%84%e1%80%ba%e1%80%9e%e1%80%ac%e1%80%9a%e1%80%ac%e1%80%96%e1%80%bd%e1%80%9a%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1%80%84/
လေဖြတ်ခြင်းကြောင့် သိမြင်နားလည်မှုပိုင်းဆိုင်ရာ ပြောင်းလဲမှုများ
သိမြင်နားလည်ခြင်းဆိုတာ ဦးနှောက်ဟာ အာရုံ၅မျိုး (အမြင်၊ အကြား၊ အထိအတွေ့၊ အနံ့၊ အရသာ) ကနေ သတင်းအချက်အလက်တွေ လက်ခံစိစစ်တဲ့ နည်းလမ်းကို ဆိုလိုပါတယ်။ လေဖြတ်ခြင်းဟာ သင့်ရဲ့သိမြင်နားလည်ခြင်းကို သိသာစွာ ပြောင်းလဲသွားစေပါတယ်။ ဖြစ်နိုင်တဲ့ အပြောင်းအလဲတွေကတော့။ကောင်းစွာ မရပ်နိုင်ခြင်း စတာတွေ ဖြစ်ပါတယ်။ အဆိုပါ သိမြင်နားလည်မှု ပြောင်းလဲခြင်းတွေဟာ သင့်ဘဝကို ဘက်ပေါင်းစုံကနေ ကြီးမားတဲ့လွှမ်းမိုးမှု ရှိပါတယ်။ အဝတ်အစားလဲခြင်း၊ ရေချိုးခြင်းစတဲ့ နေ့စဉ်လှုပ်ရှားမှုတွေဟာ ခက်ခဲလာပါလိမ့်မယ်။ တခြားတယောက်ယောက်က ကိုယ့်ကို ဘာပြောလိုက်တယ်ဆိုတာ အလွယ်တကူ မေ့သွားနိုင်ပါတယ်။ နာမည်တွေကို မမှတ်မိဘဲ ဖြစ်တတ်ပါတယ်။ လူမှုဆက်ဆံရေးနဲ့ ပတ်သက်သမျှဟာ သင့်အတွက် အိပ်မက်ဆိုးလို ဖြစ်နေပါတယ်။ တခါတရံမှာ မီးဖိုပိတ်ဖို့ မေ့သွားတာ၊ ဆေးသောက်ဖို့ မေ့သွားတာစတဲ့ ဘေးမကင်းတဲ့ကိစ္စတွေ ကြုံလာနိုင်ပါတယ်။ လမ်းမပေါ် လမ်းလျှောက်ခြင်းဟာ မိမိရင်းနှီးတဲ့နေရာဆိုရင်တောင်အန္တရာယ်များပါတယ်။ကံမကောင်းတာက ဒီပြသနာအတွက် အမြန်နည်းနဲ့ ဖြေရှင်းလို့ မရပါဘူး။ လုပ်နိုင်တဲ့တခုတည်းသော အရာကတော့ သင့်ရဲ့ ကုသမှုပုံစံနဲ့ ပတ်သက်ပြီး ကုထုံးဆရာနဲ့ တိုင်ပင်ဖို့ပါပဲ။ စကားပြောခြင်းကတော့ အရေးအကြီးဆုံးအပိုင်းပါပဲ။ စကားပြောဆိုရ ခက်ခဲလို့ သင်ချစ်ခင်တဲ့သူတွေနဲ့ ဆက်သွယ်ပြောဆိုခြင်းကို မရပ်တန့်လိုက်ပါနဲ့။ သင့်မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေဟာ သင့်ကိုကူညီလိုပေမယ့် သင်က အရင်ပြောမှ သိမှာပါ။ သင်ဘာတွေကြောင့် အနှောင့်အယှက်ဖြစ်သလဲ၊ သင်နေလို့ ပိုကောင်းအောင် ဘာတွေကူညီရမလဲဆိုတာ သူတို့ကို ပြောပြပါ။ မှတ်ဉာဏ်ပိုင်းအားနည်းရင် မှတ်စုချရေးထားပြီး ဆောင်ထားပါ။ အရေးကြီးကိစ္စတွေဆိုရင် ဖုန်းနှိုးစက်ကို သုံးပြီး သတိပေးနိုင်ပါတယ်။ သိမြင်နားလည်ခြင်း ပြောင်းလဲသွားတာဟာ လေဖြတ်ပြီး သင်ရင်ဆိုင်ရတဲ့ တခြားအရာတွေလိုပါပဲ။ သင့်ဦးနှောက်ကို များများအလုပ်ပေးလေ ပိုကောင်းလေ ဖြစ်ပါတယ်။ ဒါပေမယ့် ကိစ္စအားလုံးဟာ အချိန်တော့ ယူရပါတယ်။ ကြိုးစားတာကောင်းပေမယ့် သိပ်ပြီးပြင်းပြင်းထန်ထန် မလုပ်သင့်ပါဘူး။ သင်လုပ်နိုင်တာထက်ပိုပြီး မိမိကိုယ်ကို တွန်းအားပေးမိရင် စိတ်ဓါတ်ကျဆင်းလာပြီးပြန်ပြီးသက်သာလာခြင်းဟာ နှေးသွားနိုင်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/%e1%80%b1%e1%80%9c%e1%80%bb%e1%80%96%e1%80%90%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%82%94-%e1%80%9e%e1%80%ad%e1%80%bb%e1%80%99/
မျက်ခုံးတက်တူးထိုးခြင်းအကြောင်း သိထားသင့်သမျှ
အခုနောက်ပိုင်းမှာ ကျန်းမာရေးအတွက်မဖြစ်မနေခွဲစိတ်ပြုပြင်တာမျိုးတွေတင်မဟုတ်ဘဲ အလှအပအတွက် ခွဲစိတ်ပြုပြင်တာတွေတောင်ရှိလာနေပါတယ်။ အလှအပအတွက်ပြုပြင်ဖန်တီးမှုတွေကလည်း တိုးတက်လာတဲ့ခေတ်နဲ့အညီ အမှီတိုးတက်လာတယ်လို့ပဲပြောရမလားပါ။ မျက်လုံး မျက်ရစ်ဖော်တာ၊ မျက်ခုံးတက်တူးထိုးတာ၊ နှာတံဖော်တာ၊မေးရိုးကို V shape လုပ်တာ၊ အမာရွတ်ဖျောက်တာတွေအပြင် အမျိုးမျိုးသောခွဲစိတ်ပြုပြင်မှုတွေကိုပြုလုပ်နေကြပြီပဲဖြစ်ပါတယ်။ အခုတစ်ခေါက်တော့ မျက်ခုံးကမလှလို့ ပါးလို့ဆိုပြီး စိတ်ညစ်နေတာကြောင့် မျက်ခုံးပြုပြင်ချင်သူတွေအတွက် မျက်ခုံးတက်တူးထိုးတာနဲ့ ပတ်သက်ပြီး သိသင့်သမျှတွေကိုပြောပြပေးချင်ပါတယ်။မျက်ခုံးတက်တူးထိုးတယ်ဆိုတာက ကြာရှည်ခံတာမျိုးတော့မဟုတ်ပမယ့် အချိန်အခိုက်အတန့်ခံတဲ့ အလှအပဆိုင်ရာပြုပြင်မှုတစ်ရပ်ပါ။ အရေပြားအပေါ်ယံအလွှာထဲကို ထိုးဖောက်ပြီး အရောင်ထည့်သွင်းတဲ့ အသေးစားအလှပြုပြင်မှုတစ်ရပ်ပါ။ ဒီထည့်သွင်းလိုက်တြ့ အရောင်က လူတစ်ယောက်ချင်းစီရဲ့ အရေပြားအမျိုးအစားပေါ်မူတည်ပြီး တစ်နှစ်ကနေ ၂ နှစ်လောက်အထိခံပါတယ်။ တစ်နှစ်ကျော် ၂ နှစ်လောက်ဖြစ်လာတဲ့အခါ အချိန်ကြာလာတာကြောင့်ကတစ်ကြောင်း နေရောင်နဲ့ထိတွေ့တာကြောင့်တစ်ကြောင်း မျက်ခုံးအရောင်က အစိမ်းရောင် ဒါမှမဟုတ် လိမ္မော်ရောင်ပြောင်းသွားတာမျိုးရှိနိုင်ပါတယ်။ မျက်ခုံးတက်တူးထိုးထားရင် အားသာချက်တစ်ခုကနေ့စဉ် မျက်ခုံးမွှေးဆွဲတာလိုမျိုးပြင်ဆင်မှုမလုပ်ရတာပါပဲ။မျက်ခုံးတက်တူးထိုးတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီလား လေဒီ။ ဒါလေးအရင်ဖတ်ကြည့်ဖို့ အကြံပြုပါရစေ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%81%e1%80%b6%e1%80%af%e1%80%b8%e1%80%90%e1%80%80%e1%80%b9%e1%80%90%e1%80%b0%e1%80%b8/
အသက်အရွယ်အရ လိင်တံ ဘယ်လိုပြောင်းလဲလာသလဲ
အမျိုးသားတွေဟာ အသက်ကြီးလာတဲ့အခါမှာ သူတို့ရဲ့ လိင်တံပြောင်းလဲမှုတွေ ကြုံရတယ်ဆိုတာ သဘာဝပဲဖြစ်ပါတယ်။ သူတို့ ကိုယ်ခန္ဓါထဲမှာ ယောက်ျားဟော်မုန်း ကျဆင်းလာတဲ့အတွက် အရွယ်အစား၊ ပုံသဏ္ဍာန်နဲ့ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတို့ဟာ ပြောင်းလဲလာတာ ဖြစ်ပါတယ်။အကြီးအကျယ်မဟုတ်ပေမယ့် လင်တံဟာ အသက်ကြီးလာတဲ့အခါမှာ အရှည်ရော အထူပါ ပြောင်းလဲလာတယ်ဆိုတာကို အမျိုးသားတွေ သတိထားမိမှာပါ။ ဒီလို ကျုံ့လာရခြင်းရဲ့ အဓိက အချက်တွေကတော့ –။လိင်တံအရွယ်အစားပြောင်းလဲလာစေတဲ့ နောက်တစ်ချက်ကတော့ ကိုယ်အလေးချိန်တက်လာလို့ပဲဖြစ်ပါတယ်။ ဗိုက်အောက်ပိုင်းမှာ အဆီစုဝေးလာတာဟာလည်း လိင်တံကို တိုတယ်လို့ ထင်ရစေပါတယ်။လိင်တံတင်မကပဲ၊ ဝှေးစေ့တွေနဲ့ ကပ်ပယ်အိပ်ကပါ အသက်ကြီးလာတာနဲ့အမျှ အရွယ်အစားသေးလာမှာပါ။ ယောက်ျားဟော်မုန်း ပမာဏ နည်းလာတာကြောင့် သုက်လွှတ်တာ နည်းလာပြီးတော့ သုက်ဖြစ်စေတဲ့ ကပ်ပယ်အိပ်ကလည်း ကျုံ့လာတာဖြစ်ပါတယ်။ ဒါ့အပြင် ငယ်ရွယ်စဉ်ကလို ကြွက်သားတွေက ကောင်းကောင်း အလုပ်မလုပ်တော့ဘဲ သင့်အရေပြားရဲ့ ကျုံ့ဆန့်နိုင်ခြင်းဟာလည်း ကျဆင်းလာပြီး အရွယ်အစားကို သေးငယ်လာစေပါတယ်။အသိသာဆုံး ပုံသဏ္ဍာန်ပြောင်းလဲမှုကတော့ လိင်တံရဲ့ ပုံပန်းသဏ္ဍာန်နဲ့ ဆီးခုံမွှေးဖြစ်ပါတယ်။ အရွယ်အစားရော၊ လုံးပတ်ရော ပြောင်းလဲမှုတွေဟာ အသက်အရွယ်နဲ့ အတူတူဖြစ်ပေါ်ပါတယ်။ Peyronie’s disease လို့ခေါ်တဲ့ ရောဂါဟာ လိင်တံမှာ ရှိတဲ့ အမာရွတ်တစ်ရှူးတွေ စုပြုံလာပြီးတော့ လိင်တံ ကွေးသွားတဲ့ အခြေအနေကို ခေါ်တာ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ လူလတ်ပိုင်း အမျိုးသားတွေမှာ အဖြစ်များပြီး ခွဲစိတ်ကုသခြင်း (သို့) ဆေးသောက်ခြင်းတို့နဲ့ ကုသနိုင်ပါတယ်။ဆီးခုံမွှေးတွေဟာလည်း ကိုယ်ခန္ဓါက အခြားအမွှေးအမျှင်တွေလိုမျိုး ပါးလာပြီးတော့ ဖြူလာပါလိမ့်မယ်။ ကျွမ်းကျင်သူတွေက လိင်တံဟာ အရွယ်မရောက်ခင် အခြေအနေကို ပြန်လည်ရောက်ရှိသွားပြီးတော့ ယောက်ျားဟော်မုန်း ပမာဏ ကျဆင်းလာတာကြောင့် အမွှေးအမျှင် မရှိတော့တာမျိုးဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။လိင်တံထိပ်ဖျားမှာလည်း ပြောင်းလဲမှုရှိနိုင်ပြီး သူ့ရဲ့ ခရမ်းပြာရောင် မရှိနိုင်တာမျိုးဖြစ်နိုင်ပါတယ်။အမျိုးသားတွေဟာ အသက်ကြီးလာတဲ့အခါမှာ သူတု့ိရဲ့ လိင်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာတွေ ကျဆင်းလာတယ်ဆိုတာ မှန်ကန်ပါတယ်။ လိင်တံအတွင်းမှာ အာရုံကြောတွေရဲ့ အာရုံခံနိုင်မှုတွေ ကျဆင်းလာပြီးတော့ ယောက်ျားဟော်မုန်း ပမာဏ ကျဆင်းခြင်းဟာ သာယာမှုနဲ့ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းတွေကို ကျဆင်းစေပါတယ်။ သုက်ရည်ပမာဏနဲ့ သုက်ပိုးအရည်အသွေးဟာ အသက်ကြီးလာလေလေ ကျဆင်းလာလေလေပါပဲ။ ပန်းသေပန်းညှိုး ရောဂါဟာ လူလတ်ပိုင်းမှာ အဖြစ်များပါတယ်။ လေ့လာမှုတွေက မြုံနေတဲ့ အမျိုးသားတွေရဲ့ရာခိုင်နှုန်းဟာ အသက် ၄၀ ကနေ ၇၀ အတွင်းမှာ ၆၀ ရာခိုင်နှုန်း ကနေ အကြမ်းမျဉ်း ၃၀ ရာခိုင်နှုန်း အထိ ကျဆင်းသွားတယ်လို့ ပြောပါတယ်။ကျွမ်းကျင်သူတွေက လိင်မှုဆိုင်ရာ လုပ်ငန်းဆောင်တာတွေ ပြောင်းလဲခြင်းဟာ သင့်ကို မာကျောမှုတွေ ပျောက်ဆုံးစေပေမယ့် သင့်ရဲ့ လိင်ဆက်ဆံမှု ပြုလုပ်နိုင်တဲ့ စွမ်းအားပေါ်မှာ အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သူတို့ဟာ သင့်ရဲ့ ရမ္မက်ကြွဖွယ် ဘဝကိုတော့ သေချာပေါက် ပြောင်းလဲမှာ မဟုတ်ပါဘူး။လိင်တံပြောင်းလဲမှုတွေဟာ အသက်ကြီးလာခြင်းရဲ့ ပုံမှန် အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သင့်ဘဝနဲ့ ဆက်ဆံရေးတွေမှာ အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေပြီဆိုရင် သင့်ဆရာဝန်ကို အကြောင်းကြားသင့်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/%e1%80%a1%e1%80%9e%e1%80%80%e1%80%ba%e1%80%a1%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%a1%e1%80%9b-%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%90%e1%80%b6-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad/
သွေးအမျိုးအစားများ နဲ့ ၎င်းတို့နှင့် ဆက်စပ်လျက်ရှိသော လိင်ပိုင်းဆိုင်ရာကျန်းမာရေးဗဟုသုတများ
ထူးဆန်းတယ်လို့ထင်ရပေမယ့် သွေးအမျိုးအစားများနှင့် လိင်ပိုင်းဆိုင်ရာ မျိုးပွားမှု ကျန်းမာရေးဟာ ဆက်နွယ်မှုရှိပါတယ်။ သွေးအမျိုးအစားပေါ်မူတည်ပြီး လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဘယ်လို သက်ရောက်မှုရှိတယ်ဆိုတာကို အောက်ဖော်ပြပါအချက်အလက်များဖြင့် သိရှိနိုင်ပါတယ်။နောက်ခံသမိုင်း။၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း Tehran-Iron ရှိ သွေးဌာနတွင် လှူဒါန်း ထားသောသွေးများတွင် ABO နှင့် Rh သွေးအမျိုးအစားများနှင့် သွေးမှတစ်ဆင့် ကူးစက်တတ်သောရောဂါများကြား ဆက်နွယ်မှုရှိမရှိ လေ့လာမှု (၁)ခု ပြုလုပ်ခဲ့ပါတယ်။ ဒီလေ့လာမှုရဲ့ ရည်ရွယ်ချက်ကတော့ သွေးအမျိုးအစားများနှင့် သွေးမှတစ်ဆင့်ကူးစက်သောရောဂါများကြား ဆက်နွယ်မှုရှိ/မရှိကို လေ့လာခြင်းပဲဖြစ်ပါတယ်။ လေ့လာမှုမှာ ပါဝင်တဲ့ ကူးစက်ရောဂါတွေကတော့ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ HIV (ခုခံအားကျဆင်းမှုကူးစက်ရောဂါ) နှင့် ကာလသား ရောဂါတို့ ဖြစ်ပါတယ်။လေ့လာမှုနည်းလမ်းများ။လေ့လာမှုကို Tehran Blood transfusion Centre (TBTC) မှာနောက်ပြန်ခြေရာကောက်စစ်ဆေးမှုပုံစံနှင့် လေ့လာခဲ့ပါတယ်။ သွေးလှူရှင်များရဲ့ သွေးရည်ကြည်နမူနာ အားလုံးကိုယူပြီး လျင်မြန်စွာသိရှိနိုင်တဲ့ 3rd generation ELISA kits နှင့် RPR test တို့နှင့် အသည်းရောင်အသားဝါဘီပိုး၊ စီပိုး၊ HIV နှင့် ကာလသားရောဂါပိုးရှိမရှိ စစ်ဆေးပါတယ်။လေ့လာမှုမှ တွေ့ရှိသုံးသပ်ချက်များ။ယေဘုယျအားဖြင့် ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း သွေးလှူရှင်များရဲ့ ၂၀၃၁၄၅၁ ခုသော သွေးရည်ကြည် နမူနာများထဲမှ ပျမ်းမျှ ၁၀၄၅၂ ခုသော သွေးရည်ကြည်နမူနာများတွင် အသည်းရောင်အသားဝါဘီပိုး၊ စီပိုး၊ HIV ပိုးနှင့် ကာလသားရောဂါပိုးရှိကြောင်း တွေ့ရှိရပါတယ်။သွေးမှတစ်ဆင့် ကူးစက်သောရောဂါများထဲမှ အသည်းရောင်အသားဝါ ဘီပိုးနှင့် HIV ပိုးတို့ဟာ သွေးလှူရှင်များရဲ့ သွေးအမျိုးအစားများနှင့် သိသာထင်ရှားတဲ့ဆက်နွယ်မှုရှိကြောင်း တွေ့ရပါတယ်။ တိတိကျကျပြောရမယ် ဆိုရင် HIV Ag/Ab ပမာဏဟာ အေ သွေးအမျိုးအစား သွေးလှူရှင်တွေမှာ အများအပြားရှိနေပြီး HBS Ag (အသည်းရောင်အသားဝါ ဘီပိုး) ပမာဏဟာ အိုသွေးအမျိုးအစား သွေးလှူရှင်တွေမှာ အနည်းငယ်သာတွေ့ရှိရပါတယ်။ တစ်ဖက်က ကြည့်မယ်ဆိုရင် ABO နှင့် Rh သွေးအမျိုးအစားများနှင့် အသည်းရောင်အသားဝါစီပိုးနှင့် ကာလသားရောဂါတို့ကြား ထင်ရှားသောဆက်နွယ်မှုမရှိကြောင်း တွေ့ရှိရပါတယ်။သွေးအလှူရှင်များထဲမှာ HIV ရောဂါပိုးဟာ အေသွေးအမျိုးအစားသွေးအလှူရှင်တွေမှာ အများဆုံးတွေ့ ရှိရပါတယ်။ တစ်ချိန်တည်းမှာပဲ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဘီသွေးအမျိုးအစား သွေးအလှူရှင်တွေမှာ HIV ရောဂါပိုးကူးစက်ခံရသူ အလွန်နည်းကြောင်း တွေ့ရှိရပါတယ်။လေ့လာမှု တစ်ခုအရဆိုရင် HIV ရောဂါပိုးကို အိုအပေါင်းသွေးများတွင် အများဆုံးတွေ့ရပြီး ABအနုတ်သွေးများတွင် ဖြစ်ပွားမှု အနည်းဆုံးဖြစ်ကြောင်း တွေ့ရှိရပါတယ်။အထက်ဖော်ပြပါ အချက်အလက်များအရ လူတစ်ဦးတစ်ယောက်ရဲ့ သွေးအမျိုးအစားဟာ တစ်နည်းနည်းနှင့် ၎င်းရဲ့ မျိုးပွားမှုလိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သက်ရောက်မှုရှိကြောင်း တွေ့ရှိရပါတယ်။ တစ်နည်းပြောရရင် သွေးအမျိုး အစား ကွဲပြားခြားနားမှုအရ ခန္ဓါကိုယ်ရဲ့ ဇီဝလုပ်ဆောင်ချက်များလည်း အပြောင်းအလဲရှိပြီး အသည်းရောင်အသားဝါ ဘီပိုးနှင့် HIV ပိုးကူးစက်နိုင်ချေဟာလည်း တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားမှုရှိပါတယ်။ဒါကြောင့် ကမ္ဘာအနှံ့အပြား သွေးအမျိုးအစားများနှင့် အသည်းရောင်အသားဝါဘီပိုးနှင့် HIV ပိုးကူးစက်ခြင်းကြား ဆက်နွယ်မှုများကို စူးစမ်းရှာဖွေလေ့လာမှုများ ဆက်လက်တိုးချဲ့ပြုလုပ်သင့်ပါတယ်။သွေးအမျိုးအစားကွဲပြားခြင်းဟာ သင့်ရဲ့လိင်ပိုင်းဆိုင်ရာ မျိုးဆက်ပွား ကျန်းမာရေးအပေါ် သက်ရောက်မှုရှိသော်လည်း လိင်ဆက်ဆံရာမှာ အကာအကွယ်ယူရမယ်ဆိုတာ အမြဲသတိရှိနေပါမယ်။ ဒါကြောင့် ဆေးရုံဆေးခန်းများတွင် တစ်နှစ် တစ်ကြိမ်သွားရောက် စစ်ဆေးခြင်းဖြင့် ကျန်းမာပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%a1%e1%80%99%e1%80%ba%e1%80%b3%e1%80%ad%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%94%e1%80%b2%e1%82%94-%e1%81%8e/
ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း နှင့် ပိုးကူးစက်ခြင်းများ
လတ်တလော လေ့လာတွေ့ရှိချက်များအရ လိင်ပိုင်းဆိုင်ရာ တက်ကြွမှုရှိတဲ့ လူအများဟာ သူတို့ရဲ့ လိင်မှုဆိုင်ရာ ဘဝမှာ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို အကြိမ်ပေါင်းများစွာ ပြုလုပ်တယ်လို့ ဆိုကြပါတယ်။ ဒီလို လိင်ဆက်ဆံခြင်း အမျိုးအစားဟာဆိုရင် စုံတွဲတွေကြားက ရင်းနှီးဆက်သွယ်မှုကို ပိုပြီး ကောင်းမွန်လာစေနိုင်ပါတယ်။ သို့သော် အကာအကွယ်မဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာဆိုရင် တချို့သော ရောဂါပိုးကူးစက်ခြင်းတွေ ဖြစ်စေနိုင်တယ်ဆိုတာကို သိရပါမယ်။ ဒီဆောင်းပါးမှာတော့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကနေ ဖြစ်လာနိုင်တဲ့ ရောဂါပိုးကူးစက်ခြင်း အန္တရာယ်တွေကို ပြောပြမှာ ဖြစ်ပါတယ်။ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဆိုတာ ပါးစပ်၊ နှုတ်ခမ်းနဲ့ လျှာ စတာတွေကို သုံးပြီး လိင်ဆက်ဆံဖက်ရဲ့ မျိုးပွားအင်္ဂါနဲ့ အင်္ဂါတဝိုက်ကို လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ လိင်ဆက်ဆံခြင်းကို လိင်တူ ဆက်ဆံခြင်းမှာရော လိင်ကွဲဆက်ဆံခြင်းမှာပါ တွေ့ရလေ့ရှိပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းနှင့် ပတ်သက်ပြီး အဓိကအမျိုးအစား အချို့ရှိပါတယ်။ ဒါတွေကတော့။ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ကြောင့် အခုလို ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ဆီးပူညောင်းကျ ရောဂါဟာ Neisseria gonorrhoeae လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပါတယ်။ ဒီပိုးဟာ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။လည်ချောင်း ၊ လိင်အင်္ဂါ၊ ဆီးလမ်းကြောင်းနဲ့ စအို စတဲ့ နေရာတွေက ဘက်တီးရီးယားပိုး အများဆုံး ကူးစက်နိုင်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ ဆီးပူညောင်းကျ ရောဂါ ဖြစ်တဲ့အခါ ခံစားရလေ့ရှိတဲ့ လက္ခဏာအချို့ကတော့။−အမျိုးသမီးတွေမှာ မိန်းမကိုယ်မှာဖြစ်စေ၊ အမျိုးသားများရဲ့ လိင်တံမှာဖြစ်စေ များသောအားဖြင့် အစိမ်းရောင် သို့မဟုတ် အဝါရောင် အရည်များ ဆင်းခြင်း၊။−ဆီးသွားသည့်အခါ နာကျင်ခြင်း၊။အမျိုးသမီးများမှာရာသီစက်ဝန်း နှစ်ခုကြား သွေးဆင်းခြင်း စတာတွေပဲ ဖြစ်ပါတယ်။ပိုးသတ်ဆေး တစ်ကြိမ်ထိုးပြီး ဆေးသေချာသောက်မယ်ဆိုရင် လက္ခဏာအများစုဟာ သက်သာသွားပါလိမ့်မယ်။ တကယ်လို့သာ မကုသဘဲ နေမယ်ဆိုရင်တော့ ဆီးပူညောင်းကျရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်တဲ့ အရေပြားရောင်ရမ်းခြင်းနဲ့ အဆစ်များနာကျင်ခြင်း စတာတွေ ခံစားရနိုင်ပါတယ်။လိင်အင်္ဂါမှာ ကာလသားရောဂါပိုးဝင်နေတဲ့ အနာတွေ သို့မဟုတ် အရေပြားအကွက်တွေ ရှိတဲ့သူကို ပါးစပ်နဲ့ လိင်ဆက်ဆံမိမယ်ဆိုရင် ကာလသားရောဂါပိုး ကူးစက်နိုင်ပါတယ်။ ကာလသားရောဂါပိုး ရှိတဲ့ သူတွေဟာ။−ရောဂါပိုးဝင်နေတဲ့ နေရာမှာ နာကျင်မှု မရှိတဲ့ အနာတွေဖြစ်ခြင်း၊။−လက်ဖဝါး ခြေဖဝါး သို့မဟုတ် ခန္ဓာကိုယ်ထည်ပေါ်မှာ အနီရောင် အကွက်ပြင်လိုက်ဖြစ်ခြင်း၊။−မိန်းမကိုယ်အင်္ဂါစပ်သို့မဟုတ် စအိုပတ်လည်မှာ သေးငယ်သော အသားပိုများ ဖြစ်ခြင်း စတာတွေကို ခံစားရလေ့ရှိပါတယ်။−ဒါ့အပြင် ပင်ပန်းခြင်း ၊ ခေါင်းကိုက်ခြင်း၊ ဖျားခြင်းကဲ့သို့သော တုပ်ကွေးရောဂါ လက္ခဏာတွေလည်း ခံစားရလေ့ရှိပါတယ်။ကာလသားရောဂါကို ကုသရန် သင့်ရဲ့ တင်ပါးကို ပိုးသတ်ဆေး ထိုးပေးနိုင်ပါတယ်။ သို့မဟုတ် ပိုးသတ် ဆေးတွေကိုလည်း သောက်ပေးနိုင်ပါတယ်။ မကုသဘဲ နေမယ်ဆိုရင်တော့ ဦးနှောက်လိုမျိုး ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကိုပါ ရောဂါပိုးပြန့်သွားနိုင်ပါတယ်။Chlamydia (ကလက်မိုင်ဒီယား)ရောဂါပိုးရှိနေတဲ့ လိင်ဆက်ဆံဖော်ကို ပါးစပ်နဲ့ လိင်ဆက်ဆံမိတဲ့အခါ ကူးစက်ခံရတတ်ပါတယ်။ Chlamydia ရောဂါပိုး ကူးစက်ခံရနိုင်တဲ့ နေရာတွေကတော့ လည်ချောင်း၊ လိင်အင်္ဂါများ၊ ဆီးလမ်းကြောင်းနဲ့ စအိုတို့ပဲ ဖြစ်ပါတယ်။ များသောအားဖြင့် Chlamydia ရောဂါပိုး ကူးစက်တဲ့ အခါမှာ လက္ခဏာ ပြလေ့မရှိပါဘူး။ သို့သော် ရောဂါပိုး ရှိလာမယ်ဆိုရင်တော့။−လည်ချောင်းနာခြင်း၊။−မိန်းမကိုယ် သို့မဟုတ် အမျိုးသားလိင်တံမှ အရည်များဆင်းခြင်း၊။−ဆီးသွားတဲ့အခါ ပူလောင်မှုကို ခံစားရခြင်း၊။−အမျိုးသားတွေမှာ ဝှေးစေ့များ နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။Chlamydia ရောဂါပိုးကို ဆေးသောက်ပြီး ကုသနိုင်ပါတယ်။ တကယ်လို့ မကုသဘဲ ထားမယ်ဆိုရင်တော့ သင့်ကျန်းမာရေးကို ထိခိုက်လာနိုင်ပြီး သင့်ရဲ့ ဆက်ဆံဖော်ကိုလည်း ကူးစက်သွားစေနိုင်ပါတယ်။ဒီရောဂါပိုး ဖြစ်ပေါ်စေတဲ့ အဓိက ဗိုင်းရပ်စ်ပိုးကတော့ HSV လို့ခေါ်တဲ့ ရေယုန်ရောဂါ ဗိုင်းရပ်စ်ပိုး အမျိုးအစား ၁နဲ့ ၂ ပဲ ဖြစ်ပါတယ်။ လိင်အင်္ဂါ ရေယုန်ဟာဆိုရင် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမှတစ်ဆင့် အခြားသူကို ကူးစက်သွားစေနိုင်ပြီး နှုတ်ခမ်း၊ ပါးစပ်၊ လည်ချောင်း၊ လိင်အင်္ဂါ ၊ စအို၊ တင်ပါး စတဲ့ နေရာမှာ အများဆုံးတွေ့ရပါတယ်။ကူးစက်ခံရတဲ့ နေရာအနီးတစ်ဝိုက်မှာ ယားယံပြီး နာကျင်စေတဲ့ အရည်ကြည်ဖုများ ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်။ လိင်အင်္ဂါ ရေယုန် ဖြစ်တဲ့ သူတွေမှာဆိုရင် ပိုးဝင်တဲ့အခါ အစပိုင်းမှာ ခေါင်းကိုက်ခြင်း သို့မဟုတ် ဖျားခြင်း ကို ခံစားရလေ့ရှိပါတယ်။ လိင်အင်္ဂါ ရေယုန်ကို အပြီးပျောက်အောင် ကုသလို့တော့ မရသေးပါဘူး။ ဒါပေမယ့် ရောဂါလက္ခဏာတွေကို သက်သာစေဖို့အတွက်တော့ ဗိုင်းရပ်စ်သတ်ဆေးတွေကို သောက်ပေးလို့တော့ ရပါတယ်။ဒါ့အပြင် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကနေ ကူးစက်တတ်ပေမယ့် ဖြစ်နိုင်ခြေနည်းတဲ့ အခြားရောဂါပိုးတွေကတော့ HIV ရောဂါပိုး၊ အသည်းရောင်အသားဝါ အေ ပိုး၊ ဘီ ပိုး၊လိင်အင်္ဂါ ကြွက်နို့နဲ့ ဆီးခုံမွေး သန်းတွယ်ခြင်း စတာတွေပါ။ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း အားဖြင့် ရောဂါပိုး ကူးစက်ခြင်းကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါက  လက်တွေ့တော့ မကျလှပါဘူး။ ဒီတော့ ပါးစပ်နဲ့ ဆက်ဆံမယ် ဒါပေမယ့် ရောဂါပိုးတော့ မကူးချင်ဘူးဆိုရင် ကွန်ဒုံး ဒါမှမဟုတ် dental dam (ပါးစပ်အကာ) ကို သုံးပါ။နောက်ထပ်သတိထားရမှာက အပေါ်မှာပြောခဲ့တဲ့ ရောဂါပိုး ကူးစက်ခံရတဲ့သူတွေဟာ ဆေးကုသလို့ မပြီးမချင်းမှာ လုံးဝ လိင်ဆက်ဆံမှု မရှိသင့်ပါဘူး။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/more-stis-stds/infection-risks-associated-with-oral-sex/
ပြောလို့တောင် မကုန်နိုင်တဲ့ နွားနို့ ရဲ့ ကောင်းကျိုးတွေ
ကိုယ်နေ့တိုင်းသောက်နေတဲ့ နွားနို့ မှာ ကောင်းကျိုးတွေ အများကြီးရှိတယ်ဆိုတာကို သင်သိပါသလား။ဗီတာမင်၊သတ္တုဓာတ်နဲ့ ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါတဲ့ ဒီနွားနို့ဟာ သောက်လို့ ကောင်းတဲ့ အပြင် သင့်ကျန်းမာရေး အတွက် အကျိုးပြုပေးတဲ့ အရာတွေ အများကြီးရှိပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင်။နွားနို့မှာကယ်လ်ဆီယမ်နဲ့ဗီတာမင် Dတွေ ပါတာကြောင့်အရိုးနဲ့ သွားသန်မာစေဖို့ သူ့ကို နေ့တိုင်းသောက်သင့်တယ်ဆိုတာ ပြောစရာလိုမယ်တောင် မထင်ပါဘူး။ ငယ်ငယ်လေးထဲက နွားနို့သောက်လာခဲ့တဲ့ ကလေးတစ်ယောက်ဟာ ဖွံဖြိုးမှု အပိုင်းမှာ အခြားသူတွေထက် မြန်ဆန်သလို နွားနို့က အသက်ကြီးရင်ဖြစ်တတ်တဲ့အရိုးပါးရောဂါ၊အရိုးပွရောဂါတွေကိုလည်း ကာကွယ်ပေးဦးမှာပါ။နွားနို့ မှာပါတဲ့ ကယ်လ်ဆီယမ်ဟာ သွေးကြောတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်အားကို ပိုကောင်းစေလို့ သွေးကြောဖိအားများလို့ ဖြစ်ရတဲ့သွေးတိုးရောဂါကိုကာကွယ်ပေးပါတယ်။ ဒါ့အပြင်အိုမီဂါ3 လည်း ပါဝင်တာကြောင့် နှလုံးကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်တဲ့ အစားအသောက်တစ်ခုပါ။ဦးနှောက် စွမ်းဆောင်ရည်ကိုလည်း မြင့်တက်စေတယ်။ဗီတာမင် Bတွေ ကြွယ်ဝစွာ ပါဝင်တဲ့ နွားနို့ ဟာ ဦးနှောက်စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်စေတဲ့အပြင် အာရုံကြောစနစ်ကိုလည်း သန်စွမ်းစေပါတယ်။နွားနို့မှာပါတဲ့ ဗီတာမင် B ကြောင့် သင့်အိပ်စက်ခြင်း စက်ဝန်းကို မျှတစေပါတယ်။ ဒါကြောင့် အိပ်ရာဝင်ခါနီးတိုင်း နွားနို့်သောက်ပေးရင် ညဘက်ကောင်းကောင်း အိပ်ပျော်စေပါတယ်။သကြားမပါ အဆီထုတ်ထားတဲ့ နွားနို့ တစ်ခွက်ဟာသွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးလို့ ဆီးချိုသမားအတွက် နွားနို့ဟာ အထူးအားထားရတဲ့ အာဟာရဖြစ်စေတဲ့ အစားအသောက်တစ်ခုပါ။နွားနို့မှာပရိုတင်းအများကြီးပါဝင်တာကြောင့် သောက်ပြီးတာနဲ့ သင့်ကို ဗိုက်ပြည့်လွယ်စေမှာဖြစ်ပြီး အဆီတွေကျကာ ကြွက်သားတည်ဆောက်မှု ကိုလည်း အားပေးပါသေးတယ်။နွားနို့မှာပါဝင်တဲ့ အိုမီဂါ 3 fatty acid တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပေးတဲ့ ပစ္စည်းတွေကြောင့် နွားနို့ဟာ ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့ အရာတစ်ခုပါ။နွားနို့မှာ အက်ဆစ်ရဲ့ ပြင်းအားတွေကို ပြေလျော့စေတဲ့ alkali ဓာတ်တွေ အများကြီးပါပါတယ်။ ဒါကြောင့်အက်ဆစ်တွေအများကြီးထွက်တတ်တဲ့ အစာအိမ်သမားများအတွက်ဆို နွားနို့က အားထားရာတစ်ခုပါ။နွားနို့မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အပြင် ဓာတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းတွေ အများကြီးပါတာကြောင့် နွားနို့ကကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ အရာတစ်ခုဆိုတာ ယုံမှားဖွယ်မရှိပါဘူး။ ။နွားနို့ရဲ့ ကောင်းကျိုးတွေက ပြောလို့တောင် ကုန်မယ်မထင်ပါဘူး။ ဒီလောက်တောင် ကောင်းတဲ့ နွားနို့ကို နေ့တိုင်း ဘာလို့ မသောက်ဘဲနေကြမှာလဲ။ ဒါကြောင့်ကျန်းမာရေးအတွက်လည်း အကျိုးရှိ လူတိုင်းနဲ့လည်း သင့်တော်တဲ့ နွားနို့ကို တစ်နေ့တစ်ခွက် မှန်မှန်သောက်ပေးရအောင်နော်။နို့ဓာတ်မတည့်တာမျိုး ဖြစ်မယ်ဆိုရင်တော့ မသောက်ဖို့ လိုပါမယ်။ အချို့သူတွေမှာ နို့သကြားဓာတ် မစုပ်ယူနိုင်တာမျိုး ဖြစ်နိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/cow-milk-health-benefits/
ကိုယ်ဝန်ဆောင်ချိန်မှာ ပြုပြင်ထားတဲ့ အစားအစာတွေ မစားပါနဲ့
ကိုယ်ဝန်ဆောင်ချိန်မှာ စားသောက်မှုပုံစံပြောင်းလဲတတ်ကြပါတယ်။ စားနေကျ အစားအစာတွေကို မစားချင်ဘဲ အရင်က မကြိုက်ဖူးတာတွေကိုမှ ခံတွင်းတွေ့တာမျိုးတွေတောင် ရှိနိုင်ပါတယ်။ ဒီလို ပြောင်းလဲ ခံတွင်းတွေ့တာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေပဲဆိုရင် ကိစ္စ မရှိပေမယ့်  ပြုပြင်ထားတဲ့ အစားအစာတွေ ဆိုရင်တော့ သတိထားဖို့ ပြောချင်ပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။ကိုယ်ဝန်ဆောင်ချိန်မှာ ပြုပြင်ထားတဲ့ အစားအစာတွေ မစားပါနဲ့ လို့ပြောရတာကကိုယ်ဝန်ဆောင်ချိန်မှာ ဟော့ဒေါ့၊ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက် စတာတွေက ပြင်ဆင်ရလွယ်သလို အရသာက ခံတွင်းတွေ့စရာဆိုပေမယ့် မေမေတွေအနေနဲ့ လျှော့စားတာ အကောင်းဆုံးပါ။ အကြောင်းက ပြုပြင်ထားတဲ့ အသားတွေ၊ အစားအစာတွေထဲမှာ အာဟာရ ပါဝင်မှု နည်းသလို ဘက်တီးရီးယားတွေ များစွာ ပါဝင်နေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ အာဟာရပြည့်ဝစွာ ရရှိစေဖို့အတွက် ပရိုတင်း အပါအဝင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ပြည့်ဝစေဖို့ အသား အသီးအရွက်တွေကို မျှတအောင် စားသုံးဖို့ လိုပေမယ့် ဒီလို စားသုံးရမယ့်ထဲမှာ ပြုပြင်ထားတဲ့ အသား၊ ငါးတွေနဲ့ အသင့်စား အသီးအနှံ ဆီသွတ်ဗူးတွေ မပါပါဘူး။ အကြောင်းကတော့ ဒီလို တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအစာတွေမှာ လုံလောက်တဲ့ အာဟာရ မပါဝင်သလိုတာရှည်ခံပစ္စည်းတွေပါဝင်နေနိုင်လို့ပါ။နောက်တစ်ချက်ကတော့ သိမ်းဆည်းသိုလှောင်ထားတဲ့ ပုံစံ မှားမယ်ဆိုရင် ဘက်တီးရီးယားတွေက ပုံမှန်ထက် ပိုပြီး ပေါက်ဖွားနိုင်ပါတယ်။ နောက်တစ်ခုက ချက်ပြုတ်တဲ့အခါ သေချာ ကျက်အောင် မချက်မိတာ၊ အပူချိန် ပျော့ပျော့နဲ့ပဲ ချက်မိတာတွေကြောင့်လည်းဘက်တီးရီးယားတွေမသေဘဲ ကျန်နေခဲ့ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။လေ့လာမှုတွေအရ ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ပတ်ကို ပြုပြင်ထားတဲ့ အသားတွေ ၅၀ ဂရမ်ထက် ပိုစားတဲ့ မေမေတွေက ပြုပြင်ထားတဲ့ အသားတွေ မစားတဲ့ မေမေတွေထက်နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေခံစားရနိုင်ခြေ ၄၆ ရာခိုင်နှုန်း ပိုများနေပြီး အဝလွန်နိုင်ခြေနဲ့ အသက်အန္တရာယ် ထိခိုက်နိုင်ခြေက ၅၁ ရာခိုင်နှုန်း လောက်ပိုများနေပါတယ်။နောက်တစ်ခုက ရေဓာတ် နဲ့ အမျှင်ဓာတ် ပါဝင်မှု နည်းတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ပြုပြင်ထားတဲ့ အသားတွေ စားတာကlisteriaပိုး ကူးစက်ခံရနိုင်ခြေ များစေပါတယ်။ပြုပြင်ထားတဲ့ အသား နဲ့ စားစရာတွေက listeria ပိုး ကူးစက်ခံရနိုင်ခြေ ရှိတာကြောင့် ဗိုက်ထဲက ဘေဘီလေးအတွက်လည်း ဘေးမကင်းပါဘူး။ အေးခဲထားတဲ့ အသားတွေ၊ ပင်လယ်စာတွေနဲ့ ပိုးမသတ်ထားတဲ့ နို့ထွက်ပစ္စည်း၊ ပြုပြင်ထားတဲ့ အသားတွေမှာ တွေ့ရတဲ့ listeria ပိုးတွေက အစာခြေလမ်းကြောင်းမှာ ဝင်ရောက်ကူးစက်ပြီး မေမေ့ကို အော့အန်တာ၊ ဝမ်းပျက်တာလိုမျိုး အစာခြေစနစ် ပြဿနာတွေ ဖြစ်စေနိုင်သလို အချင်းကနေတဆင့် ကလေးဆီကို ဘေဘီလေးမှာ ဝင်ရောက်ကူးစက်မှု ဖြစ်စေနိုင်ပါတယ်။အကျိုးဆက် အနေနဲ့ကတော့ မေမေကိုတင် ဖျားနာစေတာ မဟုတ်ဘဲ ဗိုက်ထဲက ဘေဘီလေးကိုပါ ဖျားနာစေပြီးကိုယ်ဝန်ပျက်ကျတာမျိုး ဖြစ်စေနိုင်ပါတယ်။ ကလေးက ကိုယ်ခံအား မဖွံ့ဖြိုးသေးတာကြောင့် ရောဂါပိုးကို မခုခံနိုင်တဲ့အခါ ဗိုက်ထဲမှာ အသက်ဆုံးရှုံးတာမျိုး ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာမေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့တတ်နိုင်သမျှ ပြုပြင်ထားတဲ့ အစားအစာတွေကို ရှောင်နိုင်သမျှ ရှောင်ပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/processed-foods-and-pregnancy/
ကိုယ်ဝန်ဆောင်မေမေ သန်ချလို့ရလား
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဗိုက်ထဲက ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် အနေအထိုင် အစားအသောက် အစစအရာရာကို ဂရုစိုက် ရပါတယ်။ အစားအသောက်ကိုတောင် ဂရုစိုက်နေရချိန်မှာ ဆေးသောက်ဖို့ဆိုရင် ပိုပြီးတောင် ဂရုစိုက်ရမှာပါ။ ဒီလို အစစအရာရာ ဂရုစိုက်နေရချိန်မှာ သိချင်နေလောက်မယ့် မေးခွန်းလေးတစ်ခု အကြောင်း ပြောပြပေးချင်ပါတယ်။ ဒါကတော့ ကိုယ်ဝန်ဆောင်မေမေ သန်ချလို့ရလား ဆိုတာပါ။ကိုယ်ဝန်ဆောင်ချိန်မှာ သန်ချလို့ရလား ဆိုတာကို မပြောခင် သန်ချတာနဲ့ ပတ်သက်တဲ့ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ကိုယ်ဝန်ဆောင် မေမေတွေကိုသန်ထစေတဲ့ အကြောင်းအရင်းတွေကတော့။ကိုယ်ဝန်ဆောင်ချိန်မှာ သန်ထနေရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ကိုယ်ဝန်ဆောင်မေမေ သန်ချလို့ရလား ဆိုတော့ ရပါတယ်။ မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့လေ့လာမှု တစ်ရပ်အရတော့ ကိုယ်ဝန်ဆောင်ချိန်မှာ သန်ချပေးတာက ဘေဘီလေးကို မွေးဖွားပြီး ပထမဆုံး ၄ ပတ်တာအတွင်း သေဆုံးနိုင်ခြေကို ၁၄ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ နောက်တစ်ခုကတော့ ကိုယ်ဝန်ဆောင်မေမေ သန်ချတာက ပေါင်မပြည့်တဲ့ ကလေးလေးတွေ မွေးဖွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ကိုယ်ဝန်ပထမ၃လပတ် (၁၂ပတ်) ကျော်တာနဲ့ သန်ချလို့ ရပါပြီ။ အများစုကတော့ albendazole (400 mg) ဒါမှမဟုတ်  mebendazole (500 mg)ကို တစ်ကြိမ်သောက်ရင် လုံ‌ေလောက်ပါပြီ။ ဒါပေမယ့် မသောက်ခင်မှာ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဖို့ လိုပါမယ်။ကိုယ်ဝန်ဆောင်ချိန်မှာသန်ချဆေးသောက်တာ ဘေးကင်းပါတယ်။ ကိုယ်ဝန်ကို ထိခိုက်စေတာမျိုး မရှိပါဘူး။ မိခင်ကို ထိခိုက်စေတာမျိုး မရှိသလို ကလေးကိုလည်း ထိခိုက်စေတာမျိုး မရှိပါဘူး။ကိုယ်ဝန်ဆောင်ချိန်မှာ သန်ထတဲ့ လက္ခဏာ တစ်မျိုးမျိုး ရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ပြီး သန်ချဆေး သောက်လို့ ရပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/symptoms-of-worms-in-stomach-during-pregnancy/
သုက်လွှတ်စောခြင်း ဖြစ်နေပါသလား။ ဒါကို ဘယ်လို ကုသမလဲ။
အိပ်ခန်းထဲမှာ သုက်အလွှတ်မြန်လို့ ရှက်ရွံ့မှုကို ခံစားနေရပါသလား။ ဒါကို အချိန်မတိုင်မီသုက်လွှတ်ခြင်းသို့မဟုတ် သုက်လွှတ်စောခြင်း လို့ ခေါ်ပါတယ်။လှုံ့ဆော်မှု လွန်ကဲတဲ့အခါအချိန်မတိုင်မီ သုက်လွှတ်ခြင်းအဖြစ်များပါတယ်။ ဒါပေမယ့် အချိန်မတိုင်မီ သုက်လွှတ်တတ်တဲ့ လူတွေဟာလှုံ့ဆော်မှုအနည်းငယ်နဲ့တောင်မှ ဖြစ်တတ်တာကို တွေ့ရပါတယ်။ ဒါဟာ စိတ်ကျေနပ်ဖွယ်မကောင်းတဲ့ လိင်ဆက်ဆံမှုကို ဖြစ်ပေါ်စေပြီး နှစ်ဖက်လုံး စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ဒီအခြေအနေကို စိတ်ခံစားမှုတွေက ပိုမိုဆိုးဝါးစေပါတယ်။ စိတ်ပူပန်မှု၊ အပြစ်တင်မှု၊ စိတ်ကျမှုတွေဟာ ဒါကို ပိုဆိုးစေပါတယ်။ သုက်လွှတ်စောခြင်းက အမျိုးသားတွေအတွက် အဖြစ်များတဲ့လိင်ပိုင်းဆိုင်ရာ မစွမ်းဆောင်နိုင်ခြင်းတစ်မျိုး ဖြစ်ပါတယ်။ဒါက အမျိုးသားတွေရဲ့ ဘဝတလျှောက်မှာ တစ်ချိန်ချိန်မှာ ကြံရနိုင်ပေမယ့် အမျိုးသားတွေဟာ အသက်အရွယ်နဲ့ အတွေ့အကြုံအရ လိင်ဆက်ဆံစဉ်မှာ သုက်လွှတ်စောခြင်း ကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ သင်ယူလာတတ်ကြပါတယ်။အချို့ကိစ္စတွေမှာတော့ ဟော်မုန်း ပြဿနာတွေ၊ လိင်အင်္ဂါဒဏ်ရာ ရရှိမှုတွေနဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ အစရှိတဲ့ဆေးဘက်ဆိုင်ရာ အကြောင်းရင်းတွေနဲ့ ဆက်စပ်မှု ရှိတတ်ပါတယ်။ပထမဆုံးလုပ်ရမှာကတော့ သင့်မှာ အချိန်မတိုင်ခင် သုက်လွှတ်ခြင်းကို ဖြစ်စေတဲ့ ဆေးဘက်ဆိုင်ရာ အကြောင်းရင်းတွေ ရှိလားဆိုတာ သိစေဖို့ ဆရာဝန်နဲ့ ပြသရမှာပါ။ ရှိတယ်ဆိုရင်တော့ နောက်တစ်ဆင့်က ဒီရောဂါတွေကို ကုသဖို့ပါပဲ။လူနာအများစုမှာ အချိန်မတိုင်ဘဲ သုက်လွှတ်ခြင်းဟာ အချိန်နဲ့ အမျှ သက်သာလာတတ်ပါတယ်။ သင်ဟာ အရက်၊ ဆေးလိပ်သောက်သုံးသူဆိုရင် ဒါတွေကို ဖြတ်လိုက်တာကလည်း ဒီအခြေအနေကို သက်သာစေမှာပါ။သင့်လိင်ဆက်ဆံဖက်နဲ့ သုက်လွှတ်ချိန်ကို နှောင့်နှေးစေမယ့် နည်းလမ်းတွေကို လေ့ကျင့်သင့်ပါတယ်။ ဥပမာ-သုက်လွှတ်ခြင်းကို ဖြစ်စေမယ့် အာရုံခံစားမှုတွေကို ခွဲခြားပြီး ထိန်းချုပ်နိုင်အောင် သင်ယူနိုင်ပါတယ်။သုက်လွှတ်စောခြင်း ပြဿနာက အဖြစ်များပေမယ့် ကုသလို့ မရတာတော့ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေကို သေချာကုသလိုက်မယ်ဆိုရင် အရင်လိုပဲ ပြန်လည်စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/how-to-treat-premature-ejaculation/
လမ်းပုံမှန်လျှောက်ပေးခြင်းက ဒူးနာခြင်းကို ကာကွယ်ပေးနိုင်တယ်
ဒူးနာတဲ့ ဝေဒနာကို သူသူကိုယ်ကိုယ် ခံစားရလေ့ရှိပါတယ်။ ဒူးနာတဲ့အတွက် လမ်းလျှောက်နိုင်ပါ့မလား ဒါမှမဟုတ် ဒူးလှုပ်ရှားရတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်နိုင်ပါ့မလားဆိုပြီး သင်တွေးကောင်းတွေးနေပါလိမ့်မယ်။ ဒါပေမယ့် လမ်းပုံမှန်လျှောက်ပေးခြင်းက ဒူးနာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။အလွန်အကျွံလှုပ်ရှား အသုံးပြုမိခြင်း၊ထိခိုက်ဒါဏ်ရာရခြင်း ဒါမှမဟုတ် (အရိုးနဲ့အဆစ်အမြစ်ရောင်ခြင်းကဲ့သို့သော) တခြား ရောဂါတွေရှိနေခြင်းတို့ကြောင့် ဒူးနာဝေဒနာကို ခံစားရနိုင်ပါတယ်။ ဘယ်သူမဆို တသက်မှာ တခါလောက်တော့ ဒူးနာဖူးမှာပါ။ နည်းနည်းနာတာနဲ့ ဆိုးဆိုးရွားရွား နာတာပဲ ကွာမှာ ဖြစ်ပါတယ်။ဒူးနာတိုင်း ဆရာဝန်ပြဖို့ မလိုပါဘူး။ သင့်ဒူးဟာ ခန္ဓါကိုယ်တခုလုံးရဲ့ အလေးချိန်ကို ထမ်းပိုးထားရတဲ့အပြင် ပြေးခြင်း၊အမြင့်တက်ခြင်း ဒါမှမဟုတ် ခုန်ခြင်းတို့ ပြုလုပ်တဲ့အခါ ပိုပြီးအားစိုက်လှုပ်ရှားရတာမို့ ဒူးဟာ ထိခိုက်လွယ်တဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်လို့ပြောရင် မမှားပါဘူး။အသက်အရွက်ကြီးရင့်သူတွေ၊အဝလွန်သူတွေ ဒါမှမဟုတ် ဘောလုံး၊ဘော်လီဘော၊ဘက်စကတ်ဘော အစရှိတဲ့ အားကစားပြုလုပ်သူတွေမှာ ဒူးနာခြင်းကို ပိုမိုခံစားရနိုင်ပါတယ်။ဒူးနာခြင်းဟာ တခါတလေ ပြဿနာသိပ်မပေးပေမယ့် တခါတလေကျတော့လည်း ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ်မရှိအောင်ကို နာကျင်နေတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ သင့်ခန္ဓါကိုယ်အလေးချိန်တက်လာပြီး ဒူးက ပိုလို့တောင် နာကျင်လာမှာ ဖြစ်ပါတယ်။ဒါကြောင့် လမ်းလျှောက်ခြင်းဟာ ဒူးနာဝေဒနာအတွက် အကျိုးရှိပါတယ်။ တကယ်လို့ ဒူးကို လှုပ်ရှားလိုက်တာနဲ့ အရမ်းနာတယ်ဆိုရင်တောင် တနေ့ကို ဆယ်မိနစ်လောက်တော့ လမ်းလျှောက်ပေးရမှာဖြစ်ပြီး တဖြည်းဖြည်း တိုးသွားရမှာပါ။ ဒီလိုနည်းနဲ့ သင့်ဒူးဟာ လှုပ်ရှားမှုအတိုင်းအဆကို ကျင့်သားရလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒူးနာဝေဒနာကို ကုသရာမှာ လမ်းလျှောက်ခြင်းဟာ အခြားသော အကျိုးကျေးဇူးများကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။ခြေထောက်ကြွက်သားတွေကို သန်စွမ်းစေတဲ့ လေ့ကျင့်ခန်း ဒါမှမဟုတ် အားကစားတွေကို ရွေးချယ်ရင် အကောင်းဆုံး ဖြစ်ပါတယ်။ သန်စွမ်းတဲ့ ကြွက်သားတွေဟာ သင့်ဒူးကို ကောင်းကောင်း ထောက်မ,ပေးနိုင်သလို လှုပ်ရှားရလွယ်ကူအောင်လည်း ကူညီပေးနိုင်တဲ့အပြင် ဒူးဆစ်နဲ့ ဒူးမှာရှိတဲ့ အရိုးနုတွေပေါ်မှာ သက်ရောက်နေတဲ့ ဖိအားတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ဒူးဆစ်မှာ ပါဝင်တဲ့ အရိုးတွေ တခုနဲ့တခု မပွတ်တိုက်ဘဲ ကောင်းစွာ လှုပ်ရှားနိုင်ဖို့အတွက် ဒူးမှာရှိတဲ့ အရိုးနုတွေကို ကူညီဆောင်ရွက်ပေးနိုင်ပါတယ်။ လမ်းလျှောက်တဲ့အခါ ဒူးပေါ်ကို ဖိအားသက်ရောက်လိုက်၊ပြန်ပေါ့သွားလိုက် တလှည့်စီဖြစ်ပေါ်နေတာမို့ ဒူးဆီကို။အာဟာရဓါတ်တွေပါဝင်တဲ့ သွေးတွေ ကောင်းစွာ လည်ပတ်ရောက်ရှိနိုင်မှာဖြစ်ပြီး အကျိုးဆက်အနေနဲ့ ဒူးမှာဖြစ်ပေါ်နေတဲ့ ဒါဏ်တွေဟာ အမြန်ဆုံးပြန်လည်သက်သာလာမှာ ဖြစ်ပါတယ်။ကိုယ်အလေးချိန်များလာတဲ့အခါ ဒူးက ထမ်းပိုးထားရတဲ့ ဖိအားက ပိုလို့လာပါတယ်။ လမ်းလျှောက်ခြင်းဟာ ကိုယ်အလေးချိန်ကိုလည်း ကျစေနိုင်တာမို့ ကျန်းမာရေးနဲ့ ညီညွတ်သင့်တော်တဲ့ ကိုယ်အလေးချိန်ပမာဏမှာ ထိန်းထားရမှာ ဖြစ်ပါတယ်။လမ်းလျှောက်တာဟာ ဒူးနာခြင်းအတွက် ကောင်းတယ်ဆိုပေမယ့် ဘယ်အရာမဆို လှေနံဓါးထစ်မလုပ်သင့်ပါဘူး။ သင့်ခန္ဓါကိုယ်က ပြသတဲ့ အရိပ်အယောင်တွေကိုလည်း ဂရုတစိုက် စောင့်ကြည့်ရမှာဖြစ်ပြီး သင့်ဒူးပိုဆိုးလာပြီဆိုတဲ့ လက္ခဏာတွေကို မြင်ရရင်တော့ ချက်ချင်းရပ်ပစ်လိုက်သင့်ပါတယ်။လမ်းလျှောက်ခြင်းဟာ ဒူးခေါင်းကြွက်သားတွေကို သန်စွမ်းစေပြီး ဒါဏ်တွေကိုလည်း သက်သာပျောက်ကင်းစေကာ ကိုယ်အလေးချိန်လည်း ကျစေတဲ့အတွက် ဒူးနာဝေဒနာအတွက် အင်မတန်အကျိုးရှိပါတယ်။ အကောင်းဆုံးသော ရလာဒ်တွေကို ရရှိဖို့အတွက် သင့်တော်မှန်ကန်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို သုံးစွဲဖို့လိုသလို တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေရဲ့ အကြံပြုချက်တွေကိုလည်း တလေးတစား လိုက်နာရမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%95%e1%80%af%e1%80%b6%e1%80%99%e1%80%be%e1%80%94%e1%80%ba%e1%80%9c%e1%80%bb%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%95%e1%80%bc%e1%80%b1%e1%80%b8/
Turf toe (ခြေမအဆစ်လွဲခြင်း)
ခြေချောင်းအဆစ်လွဲခြင်းသည် ခြေမရှိ အဆစ်လွဲခြင်းဖြစ်သောအခြေအနေများကိုပေါင်းခေါ်ခြင်းဖြစသည်။ များသောအားဖြင့် ဘောလုံးသမားများတွင်ဖြစ်တတ်သော်လည်း အခြားအားကစားသမား များ( ဆောစာ ဘက်စကတ်ဘော နပမ်းသမား နှင့် အကသမား)များတွင်လည်းဖြစ်တတ်သည်။ပြေးခြင်းခုန်ခြင်းတွင် ခြေမကိုခဏခဏဖိခြင်း သို့မဟုတ် တွန်းထားခြင်းတို့ကြောင့်ပိုဖြစ်နိုင်သည်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ခြေမအဆစ်လွဲခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ နာခြင်း ယောင်ခြင်း နှင့် ခြေမအောက်မှ မလှုပ်ရှားနိုင်ခြင်းတို့ဖြစ်တတ်သည်။ မကြာခဏထိခိုက်မိကြောင့်ဖြစ်ပါကထိုလက္ခဏာများသည် ဖြည်းဖြည်းချင်း ပိုဆိုးလာတတ်သည်။ ရုတ်ချည်း အင်အားများထိခိုက်ခြင်းကြောင့်ဖြစ်ပါက အနာသည် ၂၄နာရီအတွင်း နာပြီးပိုဆိုးလာတတ်သည်။ တခါတရံ။ထိခိုက်မိချိန်တွင် ဖောက်ခနဲမြည်သံကြားရနိုသည်။ အဆစ်တစ်ခုလုံးပါတတ်ပြီး ခြေမမလှုပ်နိုင်ပဲဖြစ်တတ်သည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ခြေမအဆစ်လွဲခြင်းသည် ခြေမနားတွင် တွယ်ထားသောအရွတ်လွဲခြင်းကြောင့်ဖြစ်သည်။ ခြေမအဆစ်နောက်တွင် သင့်ခြေထောက်အရိုးသည် ပဲစေ့ပုံသဏာန်အရိုးနှစ်ခု အရွတ်ကြားမြှုပ်နေပြီး ဆက်စီမွိုက်ဟုခေါ်ကာခြေခကိုလှုပ်ရှားပေးနိုင်သည်။ ထိုအရိုးများသည် အရွတ်အတွက် ပူလီပုံစံလုပ်ပေးပြီး သင်ပြေးခြင်း လမ်းလျောက်ခြင်းကိုလုပ်နိုင်သည်။ ခြေထောက်အပေါ်အလေးချိန်ကျမှုကိုလည်း ခြေထောက်ရှိထိုအရိုးများကထိန်းထားပေးသည်။သင်ပြေးခြင်းသို့မဟုတ် လမ်းလျောက်ပါက ခြေလှမ်းတလှမ်းခြင်းကို ခြေဖနောင့်မပြီး ခန္ဓါကိုယ်အလေးချိန်ကို ခြေထောက်အရှေ့ပိုင်းသို့ကျစေသည်။ကိုယ်ကိုရှေ့သို့ ရွေ့ဖို့ခြေမနဲ့အားယူလိုက်တဲ့အခါ ကျန်ခြေထောက်ပေါ် ကိုယ်အလေးချိန်လုံးလုံးသက်ရောက်သွားတယ်။ အဲ့လိုခြေမတွန်းအားသုံးတဲ့အခါ ခြေချောင်းလေးတွေသာလိုက်မရွေ့လဲမြေပေါ်မှာ မျက်နှာပြင် အတိုင်းကျန်ခဲ့မယ်ဆိုရင် အရိုးအဆစ်တွေကိုရုတ်တရက်ထိခိုက်မိစေတယ်။ အာ့ဘာနဲ့တူလဲဆိုတော့လက်နဲ့ခြေချောင်းလေးတွေကို သူ့ခံနိုင်အားထက်ပိုပြီး အပေါ်ကိုလှန်ချိုးနေတာနဲ့တူတယ်။ ခြေချောင်းလေးတွေကိုခံနိုင်တာထက်ခဏခဏပိုလှန်ချိုးမိနေတယ် ဒါမှမဟုတ် ရုတ်တရက်အားနဲ့ လှန်ချိုးမိသလိုဖြစ်မယ်ဆိုရင် အရိုးအဆစ်နဲ့ပတ်ပတ်လည် အရွတ်တွေထိခိုက်ပျက်စီးစေနိုင်တယ်။ခြေချောင်းအဆစ်လွဲခြင်းတွင် ထိခိုက်မှုလဲရုတ်တရက်ဖြစ်သည်။ အားကစားသမားများ ကွင်းပြင်အတု မြက်ခင်းထက်မာသောနေရာတွင်ကစားခြင်းတွင်တွေ့တတ်သည်။ မြက်ခင်းပြင် အဓိကအားဖြင့် ဖိနက်ပျက်ပြီး ခြေထောက်အားလုံလောက်စွာမထောက်ပံ့နိုင်ပါကလည်းဖြစ်တတ်သည်။ တခါတရံ ခြေထောက်အားအရမ်းကွေးအရမ်းရှေ့စိုက်စေသောဖိနပ်စီးသော အားကစားသမားများတွင်လည်းဖြစ်တတ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်နဲ့တွေ့ချိန်တွင် ဆရာဝန်မှ သင့်ကျန်းမာရေးအခြေအနေ နင့် ခြေထောက်လက္ခဏာများ မည်သို့ထိခိုက်ပုံများကိုမေးလိမ့်မည်။စမ်းသက်မှုပြုလုပ်ရာတွင် ဖောင်းနေခြင်း အညိုအမဲစွဲခြင်း ခြေမအဆစ် မလှုပ်ရှားနိုင်ခြင်းရှိမရှိကိုစမ်းလိမ့်မည်။ ခေမြကိုကွေးခြင်း အပေါ်အောက်ဘေးတိုက်စမ်းဖြင်းဖြင့် ပလန်တာတွင် ပျက်စီးမှုကိုဖော်ပြသော် အဆစ်မတည်ငြိမ်မှုရှိမရှိကိုဖော်ပြနိုင်သည်။ ကျန်းမာသောခြေမကိုလည်း နှိုင်းယှဉ်သည့်သဘောဖြင့်ထိုစမ်းသက်မှုများလုပ်လိမ့်မည်။ခြေမကိုလှုပ်ရှားမှုစမ်းသက်ရာတွင်နာနိုင်သည်။ လိုအပ်ပါက ထုံစေသောဆေးကိုသွင်းပြီးမှစမ်းသက်လိမ့်မည်။အခြားရောဂါအတည်ပြုနိုင်သောစမ်းသက်မှုများတွင် အောက်ပါတို့ပါဝင်သည်။ဓါတ်မှန်ရိုက်ခြင်း။ ဓါတ်မှန်ရိုက်ခြင်းသည် သိပ်သည်းဆများသော အဂါၤ ဥပမာ အရိုးတို့၏တိကျသောပုံကိုဖော်ပေးသည်။ ပလန်တာအစုအဝေးသည် နူးညံ့သောတစ်သျူးဖြင့်လုပ်ထားသော်လည်း အခြားပြသာနာများမဟုတ်သည်ကိုသေချာစေရန်ဓါတ်မှန်ရိုက်ခိုင်းလိမ့်မည်။ပလန်တာအစုအဝေးတွယ်သောအရိုးသေးများကြိုးခြင်း ဆက်ဆီမွိုက်အရိုး သေးနှစ်ခု ကျိုးခြင်းတို့ပါဝင်နိုင်သည်။သံလိုက်ပဲ့တင့်အားဖြင့်ပုံရိပ်ဖော်ခြင်း(အန်အာအိုင်) နူးညံတစ်သျူးများကိုကောင်းမွန်စွာပုံရိပ်ဖော်နိုင်ခြင်း နူးညံတစ်သျူးနှင့်အရိုးထိခိုက်မှုကိုပြသနိုင်သည်။ အဆင့် ၂ နှင့် ၃ ထိခိုက်မှုများသို့မဟုတ် ဓါတ်မှန်တွင်မူမမှန်မှုပြထားသော အရာများကိုအသုံးဝင်နိုင်သည်။ခြေမအဆစ်လွဲခြင်းကုသမှုအခြေခံမှာ အနားယူခြင်း ရေခဲကပ်ခြင်း ဖိခြင်း မြှောက်ထားခြင်းတို့ဖြစ်သည်(အတိုကောက် အာအိုင်စီအီး) အခြေခံကုထုံးသည် အနာကျက်ရန်အချိန်ပေသည့်သဘောဖြစ်သည် ဆိုလိုသည်မှာ ခြေထောက်သည်အနားယူရန်လိုပြီး အဆစ်များကို နောက်ထပ်ထိခိုက်မှုမှကာကွယ်ရန်အချိန်လိုသည်။ ဆေးဆိုင်တိုင်းရနိုင်သောဆေးဝါး ဥပမာ အိုင်ဗျူပရိုဖန် သည် နာခြင်းယောင်ခြင်းကိုသက်သာစေသည်။ ခြေချောင်းကို အနားရစေရန် တိပ် သို့မဟုတ် ကြိုးဖြင့်ချည်ထားနိုင်သည်။ အခြားနည်းလမ်းမှာ ခြေထောက်ကို ပတ်တီးစီးထားခြင်းဖြင့်မလှုပ်အောင်လုပ်ခြင်း သို့မဟုတ် အထူးပြုလုပ်ထားသောခြေအိတ်များစီးခြင်းတို့လုပ်နိုင်သည်။ ထိခိုက်သောအဆစ်ပေါ်သို့ အလေးချိန်မကျရန် ချိုင်းထောက်သုံးဖို့ပြောနိုင်သည်။ ဆိုးသောကိစ္စများတွင် အရိုးခွဲစိတ်ဆရာဝန်မှခွဲရန်အကြံပေးလိမ့်မည်။အနာသက်သာရန် နှစ်ပါတ်သုံးပါတ်ကြာနိုင်သည်။ မလှုပ်ရှားမှုလုပ်ပြီးက အရိုးအဆစ်ကုထုံးများယူခြင်းလိုအပ်နိုင်သည်။ ထိုကုထုံးက လှုပ်ရှားနိုင်မှုများ သန်မာခြင်း နှင့်ထိခိုက်မိသောခြေချောင်းအခြေအနေကိုပိုကောင်းစေသည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ခြေမအဆစ်လွဲခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။ကာကွယ်သောနည်းလမ်းတစ်ခုမှာ ခြေချောင်းအဆစ်များကို အလွန်ကွေးစေခြင်း တွန်းစေခြင်းကိုသက်သာစေသည့်ဖိနပ်များစီးခြင်းဖြစ်သည်။ ဆရာဝန်သို့မဟုတ် အရိုးအဆစ်ပညာရှင်ညွန်ကြားသည့်အထူးပြုလုပ်ထားသည့်ပစ္စည်းများကိုသုံးရန်လိုနိုင်သည်။ အရိုးဆစ်ပညာရှင်သို့မဟုတ် အားကစားနှင့်ပတ်သတ်သောဆေးဝါးပညာရှင် ထိခိုက်မှုဖြစ်စေသော ထိခိုက်မှုအားပြင်ပေးခြင်း ထိခိုက်မှုနည်းသော နည်းလမ်းများဖြင့် သင်ပေးခြင်းတို့လုပ်ပေးလိမ့်မည်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/turf-toe-%e1%80%b1%e1%80%bb%e1%80%81%e1%80%99%e1%80%a1%e1%80%86%e1%80%85%e1%80%b9%e1%80%9c%e1%80%bc%e1%80%b2%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
သင်္ကြန်မှာကဲတဲ့အခါ
သင်္ကြန်မှာကဲတဲ့အခါ ဘာတွေ သတိထားရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေသာမက မြန်မာနိုင်ငံရောက် နိုင်ငံခြားသားတွေပါ ပျော်ပျော်ပါးပါးကြီး ပါဝင်ဆင်နွှဲကြတဲ့ နှစ်သစ်ကူးသင်္ကြန်ပွဲကြီးကတော့ တစထက်တစ နီးကပ်လို့ လာပါပြီ။ သင်္ကြန်ရေဆိုတာ “အန္တရာယ်ကင်းတယ် ပက်စမ်းခင်ရယ်” ဆိုပေမယ့်လည်း ရာတီဥတုကလည်း တနေ့တခြား ပိုပိုပြင်းလာတာမို့ အသက်ဉာဏ်စောင့်ဆိုသလိုသင်္ကြန်ရေကစားတဲ့အခါ အသိသတိလေးနဲ့ယှဉ်ပြီး ချင့်ချိန်နေထိုင် သွားလာဆော့ကစားဖို့ အထူးပဲ အရေးကြီးပါတယ်။ လူကြီး၊လူငယ် အရွယ်သုံးပါးမရွေး ပျော်ကြတဲ့ ဒီပွဲတော်ကြီးမှာ အပျော်ကနေ အပျက်မဖြစ်စေဖို့ Hello ဆရာဝန် ပရိသတ်ကြီးအတွက် အောက်ဖော်ပြပါ အချက်လေးတွေကို မျှဝေပေးလိုက်ရပါတယ်။သင်္ကြန်မှာကဲတဲ့အခါ။၁။ အဝတ်အစား။သင်္ကြန်မှာ အပြင်ထွက်ပြီဟေ့ဆိုတာနဲ့ နေဒါဏ်၊ရေဒါဏ်တွေကို ခံရတော့မှာမို့ အပူစုပ်တဲ့ အနက်ရောင်လို အဝတ်အစားမျိုးကို တတ်နိုင်သမျှ ရှောင်ကျဉ်ပြီး အရောင်လွင်လွင် အဝတ်အစားလေးတွေကို ဝတ်ပေးဖို့ လိုပါလိမ့်မယ်။ သင်္ကြန်ဆိုတော့ အရောင်ပြူးပြူးပြဲပြဲ လွင်လွင်ကြီးတွေ ဝတ်လို့လည်း ကြောင်တောင်တောင်ဖြစ်နေစရာမလိုဘူးဆိုတော့ အိုကေပဲပေါ့။ အတိုအပြတ်လေးတွေ ဝတ်ချင်ကြတာကောင်းပါတယ်၊မြင်သူလည်း မျက်စိအေးတယ်ဆိုပေမယ့် သင့်အတွက်တော့ မကောင်းပါဘူး။ ဖြူဖွေးလှပ ရွှန်းစိုကြည်လင်တဲ့ အသားအရေလေးတွေပျက်စီးသွားမှာ အင်မတန်စိုးရိမ်ရပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ သင့်အသားအရေနဲ့ နေရောင်ခြည်တိုက်ရိုက်မထိတွေ့ဖို့ ကြိုးစားပါ။ အတိုအပြတ်ဝတ်ချင်သပ ဆိုရင်လည်း crop top လိုဟာမျိုးအပေါ်ကနေ ခပ်ပါးပါး အင်္ကျီလေးတွေ ထပ်ဝတ်နိုင်ပါတယ်။ ဒါဆိုရင် အလှလည်း မပျက်၊နေလောင်ဒါဏ်ကိုလည်း အထိုက်အလျောက် ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။၂။ အစားအသောက်။အပြင်ထွက်ပြီဟေ့ဆိုတာနဲ့ လူတိုင်း စားကြမှာဖြစ်သလို လူအတော်များများလည်း သောက်ကြမှာပါ။ အသောက်ကိစ္စကို နောက်မှ ထပ်ပြောပါမယ်။ အဓိက လူတိုင်းစားတဲ့ အစားအစာနဲ့ ပတ်သက်ပြီး ပြောချင်တာကတော့ ကိုယ့်ဝမ်းနာကိုယ်သိပါ။ ကိုယ်ဟာ ဗိုက်မကောင်းတတ်သူလား၊ဝမ်းလွယ်တတ်သူလားဆိုတာကို ဂရုပြုပါ။ အပြင်စာတွေကို မစားမဖြစ် စားရတော့မယ်ဆိုရင် အသန့်ရှင်းဆုံးလို့ ယူဆရတဲ့ အစားအသောက်တွေကိုပဲ အတတ်နိုင်ဆုံး ရွေးချယ်စားပါ။ ဖြစ်နိုင်ရင် လမ်းဘေးစာတွေ မစားပါနဲ့။ နေပူပူ၊ရေစိုစိုမှာ ဝမ်းပျက်ရင် ဘယ်လောက်တိုင်ပတ်မလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ကျောချမ်းစရာပါ။ စားနေကျမဟုတ်တဲ့ အစားအသောက်တွေကိုလည်း မြည်းစမ်းဖို့ စိတ်မကူးပါနဲ့။ဝမ်းလျှောဝမ်းပျက်အပြင် အစာအဆိပ်သင့်တာတွေပါ အပိုဆုအဖြစ် ပါလာနိုင်ပါတယ်။၃။ ကာလံဒေသံ။ရန်ကုန်ဟာ နွေမှာသေအောင်ပူသလို မြန်မာပြည်တနံတလျားမှာလည်း ဧပရယ်လ်လဟာ သူ့နည်းသူ့ဟန်နဲ့ ပူကြတာချည်းပါပဲ။ ဒါပေမယ့် ရန်ကုန်ကလူတွေ နယ်သွားမယ်၊နယ်ကလူတွေ ရန်ကုန်တက်မယ်ဆိုရင်တော့ ကိုယ်နေထိုင်နေကျ ရေမြေသဘာဝနဲ့ မတူတာမို့ အစားအသောက်၊အနေအထိုင်ကို ရောက်ခါစတရက်နှစ်ရက်မှာ တတ်နိုင်သမျှ ဆင်ခြင်သင့်ပါတယ်။၄။ နေ့လည်နေ့ခင်း အနားယူပါ။သင်္ကြန်မှာ နေဝင်နေထွက်ပျော်ချင်တာ သဘာဝပါ။ ဒါပေမယ့် မြန်မာနိုင်ငံလို ရာသီဥတုမျိုးမှာ နေ့လည်နေ့ခင်းလေးတော့ အိမ်ပြန်နားတာပဲဖြစ်ဖြစ်၊အပြင်မှာဆိုလည်း ကန်တော်ကြီးလိုမျိုး၊ရင်ပြင်ထဲလိုမျိုး အရိပ်အာဝါသကောင်းတဲ့ တနေရာရာမှာ ခဏတဖြုတ်အနားယူသင့်ပါတယ်။ ဒါမှ နေဒါဏ်ကို ကာကွယ်နိုင်မှာဖြစ်တဲ့အပြင် ညနေဆက်ကဲဖို့လည်း အားရှိမှာပေါ့။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတို့၊အပူဒါဏ်သတိပေးချက်တို့လို ဟာမျိုးတွေကိုလည်း စောင့်ကြည့်ဖတ်ရှုသင့်ပါတယ်။၅။ ရေဓါတ်မခမ်းခြောက်ပါစေနဲ့။သင့်တကိုယ်လုံးရေတွေရွှဲနေတယ်ဆိုပေမယ့် ရာသီဥတုအပူဒါဏ်က ပြင်းလွန်းတာကြောင့် ခန္ဓါကိုယ်ထဲမှာတော့ ရေဓါတ်ခမ်းခြောက်နေနိုင်ပါတယ်။ ဒါကြောင့် အရည်များများကို ခဏခဏ သောက်ပေးဖို့ လိုပါတယ်(အရက်ဘီယာကို ဆိုလိုတာမဟုတ်ပါ)။ ရေနဲ့ ဓါတ်ဆားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ အရည်တွေကို ရံဖန်ရံခါ သောက်ပေးပါ။၆။ နေလောင်ဒါဏ်ကာကွယ်ပါ။သင့်တော်တဲ့ sunblock(နေလောင်ခံခရင်မ်) လိမ်းပါ။ ကားနဲ့လည်မယ်ဆိုရင် နေပူကာဖို့ စောင်၊တဘက် စသည်ယူသွားပါ။ နေကာမျက်မှန်တပ်ပါ။ဦးထုပ်ဆောင်းပါ (တကယ့်ဦးထုပ်ကို ဆိုလိုပါတယ်)။သင်ဟာ အဘိုးကြီး၊အဘွားကြီးဖြစ်နေရင်တောင် တူးပို့သံလေးကြားရင် ဒူးလေးနှံ့၊လက်လေးလှုပ်လို့ စည်းဝါးလိုက်မိနေမယ့်အထိ မြန်မာလူမျိုးတွေရဲ့ သင်္ကြန်ပိုးက ကြီးလှပါတယ်။ ဒါကြောင့် နှစ်သစ်ကူးရိုးရာပွဲကို ပျော်ပျော်ပါးပါး ကျန်းကျန်းမာမာနဲ့ နွှဲပျော်နိုင်ရလေအောင် အကြံပေးလက်တို့ချက်လေးတွေကို မျှဝေပေးလိုက်ရပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/safety-thingyan-tips/
ကွမ်းရွက်လေးနဲ့ အလှအပ ထိန်းသိမ်းပါ
ကွမ်းရွက်လို့ ပြောလိုက်ရင် ကွမ်းယာစားဖို့အတွက်ပဲ အသုံးဝင်တယ်လို့ ယူဆနေတုန်းလား။ ကွမ်းရွက်ကကွမ်းယာအတွက်ပဲ မဟုတ်ပါဘူး။ အလှအပအတွက်လည်း အသုံးဝင်ပါသေးတယ်။ ဒီတစ်ခေါက်တော့ ကွမ်းရွက်လေးနဲ့အလှအပထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေး အကြောင်း ပြောပြပေးပါရစေ။ကွမ်းရွက်လေးက။ကွမ်းရွက်ကိုဆံသားနဲ့ဦးရေပြားပြဿနာ အမျိုးမျိုးအတွက် အသုံးပြုပေးလို့ ရပါတယ်။ ဆံပင်ကျွတ်တတ်သူတွေအနေနဲ့။ကွမ်းရွက် ၅ ရွက် ကနေ ၆ ရွက်ခန့်ကို ကြိတ်ခြေပါ။ ကြိတ်ခြေထားတဲ့ ကွမ်းရွက်ထဲကိုနှမ်းဆီဒါမှမဟုတ်အုန်းဆီလက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ထည့်လို့ သမအောင် မွှေပါ။ ရလာတဲ့ အနှစ်ကို ဦးရေပြားပေါ်မှာ လိမ်းလို့လက်ချောင်းလေးတွေသုံးပြီး နှိပ်နယ်ပါ။ မိနစ် ၂၀ လောက်ထားပြီးရင် ခေါင်းကို လျှော်နေကျခေါင်းလျှော်ရည်သုံးလို့ လျှော်ပါ။ကွမ်းရွက်ကရောင်ရမ်းမှုကို သက်သာစေနိုင်သလိုဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ဝက်ခြံတွေကြောင့် စိတ်ညစ်နေတယ်ဆိုရင်တော့ ကွမ်းရွက်လေးကို စိတ်ချ လက်ချ သုံးပေးလို့ရပါတယ်။ကွမ်းရွက်ကို ရေသန့်သန့်ထဲမှာ မိနစ် ၂၀ လောက် စိမ်ပါ။ ပြီးရင် အရိုးတံကို ဖယ်ထုတ်ပြီး အရွက်ကို သေချာလေး ကြိတ်ခြေပါ။ ရလာတဲ့အနှစ်ထဲကိုပျားရည်လက်ဖက်ရည်ဇွန်း တစ်ဝက်စာ ထည့်ပြီးဆား၁ မှုန် ၂ မှုန်လောက်ထည့်ပါ။ ပြီးရင် သမအောင် မွှေလို့ သန့်စင်ထားတဲ့မျက်နှာပေါ်မှာ လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီး ရေဆေးချလိုက်ပါ။တစ်ပတ်တစ်ကြိမ် ကနေ နှစ်ကြိမ်လောက် လုပ်ပေးရုံနဲ့ ဝက်ခြံ၊ဝက်ခြံအမာရွတ်နဲ့အမည်းစက်တွေကို သိသိသာသာ သက်သာစေမှာပါ။အသားအရေလေး ချောမွေ့စေဖို့လည်း ကွမ်းရွက်ကို အသုံးပြုပေးလို့ရပါတယ်။ ရေစင်အောင်ဆေးထားတဲ့ ကွမ်းရွက် ၂ ရွက် ၃ ရွက်ခန့်ကို သေချာလေး ကြိတ်ခြေလို့နနွင်းနည်းနည်းလောက်ထည့်ပြီး သမအောင်မွှေပါ။ ရလာတဲ့အနှစ်ကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းလို့ မိနစ် ၂၀ လောက်ထားပြီးရေနွေးနွေးနဲ့ ဆေးချပါ။တစ်ပတ်ကို ၂ ကြိမ်လောက်အထိ လုပ်ပေးလို့ရပါတယ်။ရောင်ရမ်းတာကို သက်သာစေပြီး မျက်နှာ အသားအရေကို ချောမွေ့စေမှာပါ။ကွမ်းရွက်ရဲ့ အရာင်ကျစေနိုင်တဲ့ အာနိသင်ကအရေပြားပြဿနာဖြစ်တဲ့ အင်ပျဉ်တွေ သက်သာစေဖို့လည်း အသုံးဝင်ပါတယ်။ ရေနွေးဆူဆူထဲကို သန့်စင်ထားတဲ့ ကွမ်းရွက် ၁၀ ရွက်လောက် ထည့်ပြုတ်ပါ။ ရလာတဲ့ အရည်ကို အအေးခံပြီး ရေချိုးချလိုက်တာ ဒါမှမဟုတ် အင်ပျဉ် ဖြစ်တဲ့နေရာကို ဆွတ်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ အင်ပျဉ်ကို သက်သာစေသလို အရေပြားပေါ်က ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်မှာပါ။ ယားယံတာကို သက်သာစေဖို့လည်း အထောက်အကူ ပြုပေးပါသေးတယ်။ကွမ်းရွက်နဲ့ အရင်က ဓာတ်မတည့်တာ ဖြစ်ဖူးသူတွေ၊ အရေပြားပြဿနာရှိသူတွေက သတိထားပြီး သုံးစွဲသင့်ပါတယ်။ မသုံးခင်မှာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ကွမ်းရွက်ကို အရေပြားပေါ်မှာ သုံးတာက များသောအားဖြင့် ပြဿနာ မရှိပါဘူး။ ဒါပေမယ့် ကွမ်းရွက်နဲ့ ထိတွေ့ပြီး ယားယံတာ၊ အင်ပျဉ်ထတာတွေ ဖြစ်လာရင်တော့ သုံးစွဲမှုကို ရပ်တန့်သင့်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/beauty-uses-of-betel-leaves/
ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်ပေးပါ
ကိုယ်ဝန်ဆောင်ကာလမှာ ဗိုက်ထဲက ဘေဘီလေး ကျန်းမာစေဖို့ မေမေတွေက အစစအရာရာ ဂရုစိုက်ရပါတယ်။ ပုံမှန် လှုပ်ရှားမှုလေးတွေကိုတောင် ဂရုစိုက်နေမိတဲ့ ကာလပေါ့။ ဒီတစ်ခေါက်တော့ ကြားဖူးနေကျ ဖြစ်မယ့် ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်နော် ဒါမှမွေးဖွားရလွယ်မယ် လို့ လူကြီးတွေ ပြောရတဲ့ အကြောင်းအရင်းကို နည်းနည်းလောက် လေ့လာကြည့်ရအောင်နော်။ကိုယ်ဝန်ဆောင်ကာလ ပထမ တစ်လတာကနေ ၅လတာအတွင်းမှာ တက်ကြွလှုပ်ရှားစွာ နေထိုင်တာကနာကျင်ကိုက်ခဲတာတွေကို သက်သာစေနိုင်ပါတယ်။ အရင်က ကိုယ်လက်လှုပ်ရှားမှုတွေ မလုပ်ဖြစ်ဖူးဆိုရင်တောင်မှ ကိုယ်ဝန်ဆောင်ချိန်မှာတော့ ထိုက်သင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို လုပ်ဆောင်ပေးဖို့ လိုပါမယ်။ ကိုယ်ဝန်နဲ့မို့ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်ချင်ဘူးဆိုသူတွေကို အကြံပြုချင်တာကတော့ ကိုယ်ဝန်ဆောင်ချိန် မေမေရော ဗိုက်ထဲက ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်ပေးပါ ….။လမ်းလျှောက်တာကအေရိုးဗစ်တစ်မျိုးဖြစ်ပြီး သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို ရရှိစေနိုင်သလို ဘေးကင်းစိတ်ချရတဲ့ ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်း တစ်မျိုးပါ။ဒါဆို ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လောက်လောက်လမ်းလျှောက်ရမလဲ၊ ဘာတွေ သတိထားရမလဲဆိုတာကို သိချင်နေမယ် ထင်ပါတယ်။ အတူတူ ကြည့်လိုက်ရအောင်နော်။ကိုယ်လက်လှုပ်ရှားမှုအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်ပေးတာက မေမေ့ကို ကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်တာမျိုး မဖြစ်စေဖို့အတွက် ကိုယ်အလေးချိန်ကို ထိန်းညှိပေးသလို မွေးလာမယ့် ဘေဘီလေးကိုလည်း ကျန်းမာတဲ့ ကိုယ်အလေးချိန် ရရှိစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန် လမ်းလျှောက်ပေးတာက ကိုယ်ဝန်ဆောင် သွေးတိုး၊ ကိုယ်ဝန်ဆောင် ဆီးချိုလိုမျိုး ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။လေ့ကျင့်ခန်း လုပ်တာက ခန္ဓာကိုယ်မှာ စိတ်ခံစားမှု ကောင်းစေတဲ့ endorphins ဟော်မုန်းကို ထွက်ရှိစေပါတယ်။ လမ်း ပုံမှန်လျှောက်ပေးတာက စိတ်ဖိစီးတာ၊ စိုးရိမ်စိတ် များတာ၊ စိတ်ဓာတ်ကျတာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်တာက နှလုံးကို ကျန်းမာစေပြီး သွေးလည်ပတ်မှု ကောင်းစေပါတယ်။ နှလုံးကြွက်သားတွေ သန်မာစေဖို့လည်း ထောက်ကူပေးပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်တာက ကြွက်သားတွေကို သန်မာစေပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်စွမ်းစေတာ၊ အင်အား ပြည့်ဝစေတာတွေကြောင့် ဘေဘီလေးကို မွေးဖွားရ လွယ်စေမှာပါ။ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်ပေးတာက အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ အများဆုံး ကြုံရတဲ့ ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/walking-benefits-during-pregnancy/
ကြာစေ့လေးတွေ စားရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက
မိုးတွေရွာလာပြီဆိုရင် ကန်တွေထဲမှာပေါက်နေတဲ့ ကြာတွေလည်း တဖြည်းဖြည်းနဲ့ ရှင်သန်ကြီးထွားလာပါတယ်။ ကြာပင်တွေရှင်သန်ကြီးထွားလာမှုက မြင်ရတဲ့သူတွေအတွက် စိတ်အေးချမ်းမှုကိုပေးနိုင်သလို ကြာပင်က ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်းပေးပါသေးတယ်။ ကြာပင်ရဲ့ ကြာရိုး၊ ကြာစွယ်နဲ့ ကြာစေ့တွေကို စားသုံးလို့ရပါတယ်။ အခုတစ်ခေါက်ကတော့ကလေးလေးတွေကစလို့ လူကြီးတွေအထိ ကြိုက်နှစ်သက်ကြတဲ့ ကြာစေ့လေးတွေ စားရင်းရရှိမယ့် အကျိုးကျေးဇူးတွေအကြောင်းကို ပြောပြပေးချင်တာပါ။ ကြာစေ့လေးတွေကို အစိမ်းလိုက်စားသုံးလို့ရသလို ဟင်းချက်ပြီးတော့လည်း စားသုံးလို့ရပါတယ်။ တရုတ်လူမျိုးတွေနဲ့ ဂျပန်လူမျိုးတွေရဲ့ ရိုးရာဟင်းလျာတွေထဲမှာ ကြာစေ့၊ ကြာစွယ်၊ ကြာရိုး နဲ့ ကြာရွက်တို့ကို ထည့်သွင်းချက်ပြုတ်စားသုံးကြပါတယ်။ကြာစေ့ ဆိုတာက ကြာပန်း အလယ်ပိုင်းက ဝတ်ဆံလေးတွေ ရင့်မာသွားတာဖြစ်ပြီး အပြင်ခွံစိမ်းစိမ်းလေးနဲ့ အတွင်းက အဆံလေးကတော့ ဖြူဖြူလေးပါ။ ကြာစေ့ကို စားတဲ့အခါ ဖန်တွန့်တွန့် အရသာရှိတဲ့ အပြင်ခွံစိမ်းစိမ်းလေးကိုဖယ်ပြီး အတွင်းက အဆံဖြူဖြူလေးကို စားရတာပါ။ နုလေချိုလေ အရသာရှိလေပါပဲ။ကြာစေ့မှာ phosphorus၊ပရိုတင်း၊ပိုတက်ဆီယမ်နဲ့မဂ္ဂနီဆီယမ်တို့ကြွယ်ဝပါတယ်။ ဒါတွေတင်မကပါဘူး။ ကြာစေ့လေးတွေမှာ ဇင့်နဲ့သံဓာတ်တို့လည်းကြွယ်ဝစွာပါဝင်နေပါသေးတယ်။ကြာစေ့လေးတွေမှာအချိုဓာတ်၊အငန်ဓာတ်၊ကိုလက်စထရောနဲ့ ပြည့်ဝဆီတွေက မပါသလောက်ကို နည်းပါတယ်။ ကြာစေ့ တစ်အောင်စမှာ ကယ်လိုရီပမာဏက ၉၄.၃ ကယ်လိုရီလောက်ပဲ ပါဝင်တာပါ။ကြာစေ့လေးတွေ ထဲမှာ L-isoaspartyl methyltransferase လို့ခေါ်တဲ့အရွယ်တင် စေနိုင်တဲ့ အင်ဇိုင်းပါဝင်တာကြောင့်အသားအရေလှပစေဖို့အတွက် အထောက်အကူဖြစ်စေမယ့်သဘာဝအစားအစာတစ်မျိုးပေါ့။အသားအရေကိုတင်းရင်းလှပနေစေမယ့်အပြင် ဖလေဗာနွိုက်ပါဝင်မှုကြောင့်အရေပြားမှာဖြစ်တဲ့ရောင်ရမ်းမှုတွေကိုလည်းလျော့ပါးသက်သာစေနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါကတော့ အသားအရေအတွက် ကြာစေ့လေးကနေရရှိနိုင်မယ့် အကျိုးကျေးဇူးတွေပါ။စားသုံးလို့အရသာရှိတဲ့ ကြာစေ့လေးတွေက ခန္ဓာကိုယ်ကျန်းမာဖို့အတွက် အရေးကြီးတဲ့ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်တဲ့ကျောက်ကပ်ကိုလည်း ကျန်းမာစေနိုင်ပြီး ခန္ဓာကိုယ်အတွက် အင်အားဖြစ်စေနိုင်ပါတယ်။သရက်ရွက်ကျန်းမာစေဖို့အတွက်လည်း ကြာစေ့လေးတွေကို စားသုံးပေးလို့ရပါတယ်။အစာခြေစနစ်ကို ကျန်းမာစေပြီးဝမ်းလျှောတာကို သက်သာစေနိုင်စွမ်းလည်းရှိပါတယ်။ ဝမ်းလျှောနေသူတွေအနေနဲ့ ကြာစေ့လေးတွေကို ဆန်ပြုတ်ထဲထည့်ပြုတ်ပြီး စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်ကို အားပြည့်စေမယ့်အပြင် ဝမ်းလျှောတာကို သက်သာစေနိုင်စွမ်းရှိပါတယ်။ကြာစေ့ကို စားသုံးပေးမယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်တာကြောင့် ညဘက်အိပ်မပျော်တဲ့သူတွေအနေနဲ့ စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုပါ။ ကြာစေ့က သဘာဝအိပ်ဆေးတစ်မျိုးပါ။အာရုံကြောတွေကိုလည်း ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။သွေးတိုးရောဂါရှိသူတွေအနေနဲ့ ကြာစေ့ကို အထဲကအဆံစိမ်းလေးမဖယ်ဘဲ စားသုံးပေးမယ်ဆိုရင်သွေးတိုးကျစေမှာဖြစ်ပါတယ်။ ဒါတင်မကပါဘူး။ သွေးကြောတွေနဲ့နှလုံးကိုပါ ကျန်းမာစေမှာ အသေအချာပါ။ဆီးအောင့်တာ၊ ဆီးကျဉ်တာလိုမျိုး ဆီးနဲ့ဆိုင်တဲ့ဝေဒနာတွေသက်သာစေဖို့အတွက် ကြာစေ့လေးတွေကို စားသုံးပေးလို့ရပါတယ်။ သွားနဲ့သွားဖုံးတွေမှာ အနာဖြစ်နေခဲ့ရင်လည်း ကြာစေ့လေးတွေကို စားသုံးပေးပါက တစ်ရှုးတွေကို အသစ်ဖြစ်ပေါ်စေပြီးအနာတွေကို သက်သာစေမှာပါ။ကြာစေ့လေးတွေမှာမဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်တဲ့အတွက် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးတွင်းအောက်ဆီဂျင်ပမာဏကို တိုးတက်ကောင်းမွန်စေနိုင်သလို ခန္ဓာကိုယ်အတွက်လည်း ပြည့်ဝတဲ့ အာဟာရကိုရရှိစေမှာပါ။ နှလုံးကိုကျန်းမာစေနိုင်တဲ့folateပါဝင်တာကြောင့် နှလုံးရောဂါကင်းဝေးချင်သူတွေ စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုပါ။ကိုယ်အလေးချိန်ကျချင်သူတွေအနေနဲ့လည်း အဆီနဲ့ကယ်လ်လိုရီပါဝင်မှုနည်းတဲ့ ကြာစေ့လေးတွေကို သရေစာအနေနဲ့ စားသုံးပေးပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးလို့ရပါတယ်။အရေပြားမှာဖြစ်တဲ့ အနာတွေကိုသက်သာစေဖို့၊ အနာကျက်စေဖို့အတွက်လည်း ကြာစေ့လေးတွေကို စားသုံးပေးလို့ရပါတယ်။ မျက်နှာမှာဖြစ်တတ်တဲ့ဝက်ခြံတွေနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွတ်တွေကို လျော့ပါးသက်သာစေဖို့အတွက်လည်း ကြာစေ့လေးတွေကို စားသုံးပေးလို့ရပါတယ်။အပျင်းပြေစားလို့ရသလို အရသာလည်းရှိတဲ့ ကြာစေ့လေးတွေစားရင်း အခုပြောခဲ့တဲ့ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ…။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-lotus-seeds/
လေဖြတ်သူများကို ပြုစုစောင့်ရှောက်သူများအတွက် နေ့စဉ်ပြုဖွယ်ရာစာရင်း
သင့်အနေနဲ့ လေဖြတ်ပြီး နာလန်ထစ လူနာတယောက်ကို ပြုစုရတဲ့အခါ သင့်ရဲ့အဓိက ဦးတည်ချက်တခုကတော့ လူနာကို တတ်နိုင်သလောက် အမှီအခိုကင်းကင်း ပြန်ပြီး နေထိုင်နိုင်အောင် ဖြစ်ပါတယ်။ ပြုဖွယ်ရာစာရင်းဟာ သင့်ကို ကူညီနိုင်ပါတယ်။လူနာကို သွားတိုက်နိုင်အောင် ကူညီတဲ့အခါ လက်ကိုင်ရှည်တဲ့ သွားပွတ်တံကို အသုံးပြုပါ။ အလွယ်တကူ ဖွင့်နိုင်တဲ့ သွားတိုက်ဆေးဘူးကို သုံးပါ။ သူတို့ကို လက်တဖက်တည်းနဲ့ သုံးနိုင်ပါတယ်။သန့်ရှင်းရေးသုံးပစ္စည်းများ ပုလင်းများကို အလွယ်တကူ ကောက်ယူနိုင်ပြီး လက်တဖက်တည်းနဲ့ သုံးနိုင်အောင် ထားပါ။ စားပွဲပေါ်မှာ စုပ်ခွက်များကပ်ပြီး လုံခြုံစွာထားပါ။ လက်တဖက်တည်းနဲ့ ကိုင်နိုင်ပြီး ၎င်းလက်နဲ့ပဲ ဖွင့်ပတ်လုပ်နိုင်တဲ့ ခရီးဆောင် ဘူးလေးများထဲ အရည်များကိုထည့်ပါ။ လျှပ်စစ်မုတ်ဆိတ်ရိတ်ဆက်ဟာ ဘလိတ်ဓါးထက် ဘေးကင်းပါတယ်။ရေချိုးကန်ဟာ ရေပန်းနဲ့ချိုးတာထက် ပိုပြီး ခက်ခဲစေပါတယ်။ ရေချိုးကန်သုံးရမယ်ဆိုရင်တော့ အထူးပြုလုပ်ထားတဲ့ခုံကို သုံးသင့်ပါတယ်။ ဘေးအန္တရာယ်ကင်းဖို့အတွက် လက်ကိုင်တန်း၊ မချော်စေတဲ့ကြမ်းခင်း၊ ရေချိုးထိုင်ခုံ၊ လက်ကိုင် ရေပိုက်ခေါင်း စတာတွေ အသုံးပြုသင့်ပါတယ်။ရေချိုးထိုင်ခုံပေါ် လူနာမရွှေ့ပြောင်းခင်မှာ လက်တွန်းလှည်းရဲ့ ဘရိတ်တွေ ပိတ်ထားခြင်း ရှိမရှိ စစ်ဆေးပါ။ လူနာအတွက် အချိန်သေချာပေးပါ။ သူ့ဖာသာ ရေချိုးချင်ရင် လိုရင်ကူညီရအောင် အနားမှနေပါ။ရေချိုးခန်းသုံးပစ္စည်းများ အသင့်ထားပါ။ လက်ကိုင်ရှည်တဲ့ ဘရပ်ရှ်များသုံးတာ ပိုလွယ်ပါတယ်။ ရေချိုးပြီးချိန်ဝတ်တဲ့ ဝတ်စုံနဲ့ အဖုအထစ်လေးတွေပါတဲ့ ခြေအိတ် ဝတ်ဆင်စေပါ။ ချောမွေ့စေတဲ့ လိမ်းဆေးဆီများဟာ အရေပြားကို ရေမြန်မြန် ခြောက်စေပါတယ်။လူနာအဝတ်ဝတ်တာကို ကူညီမယ်ဆိုရင် ဘာအရင်လုပ်မယ်ဆိုတာ အရင်ကြိုပြောပါ။ ကိုယ့်ဖာသာလဲမယ်ဆိုရင်လည်း အကူအညီပေးနိုင်အောင် အနားမှာစောင့်ပါ။ ခြေအိတ်၊ ရှူးဖိနပ်စတာတွေ စီးတဲ့အခါ ထိုင်ခုံငယ်လေးများသုံးပါ။ လူနာဟာ ကိုယ့်ဖာသာ အဝတ်ဝတ်မယ်ဆိုရင် အားနည်းတဲ့ဖက်ကို သန်တဲ့လက်သုံးကာ အရင်ဝတ်ခိုင်းပြီး ချွတ်မယ်ဆိုရင် အားနည်းတဲ့ဖက်ကို အရင်ချွတ်ခိုင်းပါ။လေဖြတ်ရာက ပြန်ကောင်းခါစ လူနာများအတွက် ဝတ်ဆင်ရာမှာ လွယ်ကူအောင် ပေါ့ပေါ့ပါးပါး အဝတ်များ၊။အသင့်ထိုးစီးနိုင်သော ရှူးဖိနပ်များ၊ ကျုံ့နိုင်ဆန့်နိုင်တဲ့ ခါးပတ်များ၊ ကလစ်သုံးနိုင်တဲ့ နားဆွဲများ၊ လည်စည်းများ သုံးနိုင်ပါတယ်။စားသောက်ရတာလွယ်ကူအောင် အစာပျော့ပျော့တွေကို စွပ်ပြုတ်နဲ့ တိုက်ကျွေးသင့်ပါတယ်။ အစားကောင်းကောင်း မစားရင် အာဟာရဖြစ်တဲ့ သောက်စရာတွေ၊ ဖြည့်စွက်စာ အရည်မျိုးတွေ တိုက်ပါ။ပုံမှန်ပစ္စည်းတွေ သုံးရခက်ရင် သုံးရလွယ်မယ့် ဇွန်းခက်ရင်းများ၊ လက်ကိုင်ကြီးတဲ့ ဇွန်းခက်ရင်းများသုံးပါ။ ပန်းကန်ပြားများကို ရာဘာခံသုံးပါ။လူနာဟာ ကိုယ်အလေးချိန်လျှော့ဖို့လိုရင်၊ ကိုလက်စထရောကျဖို့လိုရင် အစားအစာပြင်ရာမှာ ဆရာဝန်ညွှန်ကြားတဲ့ စားသောက်မှုပု့စ့ကို လိုက်နာပါ။နေ့စဉ်ကိုယ်လက်လှုပ်ရှားရာမှာ ပါဝင်ကူညီစရာ မလိုပေမယ့် အနီးမှာတော့ နေပေးပါ။ လေ့ကျင့်ခန်းဘယ်လိုလုပ်ရမလဲ မေ့သွားတဲ့အခါ၊ စာဖတ်ရခက်တဲ့အခါ သင့်ကို လိုအပ်ပါလိမ့်မယ်။ဖဲကတ်ဆော့နည်းများ၊ မှတ်ဉာဏ်သုံးဂိမ်းနည်းများ၊ ပဟေဠိများဟာ မှတ်ဉာဏ်နဲ့ တွေးခေါ်နိုင်စွမ်းကို တိုးတက်စေနိုင်ပါတယ်။ဦးနှောက်ထိခိုက်တဲ့ဖက်နဲ့ ဆန့်ကျင်ဖက်မှာသီချင်းဖွင့်ပေးပါ။ အဲ့ဒီအခါ နားထောင်ဖို့ လှည့်လာပါလိမ့်မယ်။ အရောင်အသွေးစုံမြင်ကွင်းတွေကို လူနာအာရုံစိုက်မှုရစေဖို့ ကွန်ပျူတာက ကူညီပေးနိုင်ပါတယ်။လေဖြတ်ခြင်းကနေ ပြန်လည်သက်သာခြင်း အချိန်ယူရပါတယ်။ တိုးတက်မှုဟာ တစ်လ၊ တစ်နှစ် ဒါမှမဟုတ် ဒီထက်ပိုကြာနိုင်ပါတယ်။ ပြုစုသူတယောက်အနေနဲ့ သင်ချစ်ခင်သူတယောက်ရဲ့ မျှောင်လင့်ချက်တွေရှင်သန်စေပြီး ပြသနာများကို ကူညီဖြေရှင်းကာ နည်းလမ်းသစ်များရှာဖွေ ကူညီပေးနိုင်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/%e1%80%b1%e1%80%9c%e1%80%bb%e1%80%96%e1%80%90%e1%80%b9%e1%80%9e%e1%80%b0%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%80%e1%80%af%e1%80%ad-%e1%80%bb%e1%80%95%e1%80%b3%e1%80%85%e1%80%af%e1%80%b1%e1%80%85/
ကြောင်နဲ့ ဓါတ်မတည့်တဲ့သူတွေရှိကြလား ။ ။
ခုစာဖတ်နေတဲ့ ပရိသတ်ကြီးထဲမှာ ကြောင်ချစ်တဲ့ ပရိတ်သတ်လည်းရှိသလို ကြောင်နဲ့ မတည့်တဲ့ ပရိတ်သတ်လည်းရှိမယ်လို့ထင်ပါတယ်။ ကြောင်နဲ့ မတည့်ဘူးဆိုတာ ကြောင်ကို မချစ်တာ၊ ကြောင်ကို ကြည့်မရတာကို ပြောတာမဟုတ်ပါဘူး။ ကြောင်အနားကပ်လိုက်တာနဲ့ ဓါတ်မတည့်တဲ့ လက္ခဏာတွေ စခံစားရတာကို ပြောတာပါ။ကြောင်ရဲ့ တံတွေး၊ အမွှေးမျှင်မှာ ကပ်နေတဲ့ဖုန်တွေ၊ ဆီး၊ ဝမ်းတို့ကို ကြောင်နဲ့ ဓါတ်မတည့်တဲ့သူတွေရဲ့ ကိုယ်ခန္ဓါက ပြင်းထန်စွာ တုန့်ပြန်တတ်ပါတယ် ။ တစ်ချို့ကြောင်နဲ့ လုံးဝ ဓါတ်မတည့်သူတွေဆို ကြောင်ရှိတဲ့အိမ်ကို သွားလိုက်မိတာနဲ့တင် ဓါတ်မတည့်မှု ဆိုးဆိုးဝါးဝါး ဖြစ်တတ်ပါတယ်။ ဒီလို ဓါတ်မတည့်မှုဟာ သိပ်မပြင်းထန်တဲ့အဆင့်ကနေAnaphylaxisလို့ ခေါ်တဲ့ ပြင်းထန် ဓါတ်မတည့်မှု အထိပြောင်းသွားနိုင်ပြီးအသက်ကို အန္တရာယ်ရှိတဲ့အထိ ပြောင်းသွားနိုင်ပါတယ် ။ ဓါတ်မတည့်မှုဝေဒနာတွေ ခံစားနေတဲ့သူ၊ ပန်းနာရင်ကြပ်ရှိနေတဲ့သူတွေက ကြောင်နဲ့ ဓါတ်မတည့်မှု ပိုဖြစ်တတ်ပါတယ်။ကြောင်မချစ်တဲ့သူတွေမှာ ဒီလို ကြောင်နဲ့ဓါတ်မတည့်တဲ့ လက္ခဏာတွေရှိရင် ပြဿနာ မရှိပေမယ့် ကြောင်ချစ်တဲ့သူတွေ အဖို့ကတော့ ဒီလို ကိုယ်ချစ်တဲ့ ကြောင်လေးနဲ့ ကိုယ်နဲ့ကဓါတ်မတည့်ဘူးဆိုတဲ့ ခံစားမှုဟာ တော်တော်ကိုခံရခက်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ကျန်းမာရေးကရှိနေပြန်တော့ ကိုယ့်ဆီမှာ ဒီလို ကြောင်နဲ့ ဓါတ်မတည့်တဲ့ လက္ခဏာတွေ စတင်ခံစားနေရပြီဆို သတိထားဖို့လိုပါတယ်။ ။ ကြောင်အနားကပ်လာပြီ ( ဒါမှမဟုတ် ) ကြောင်ရှိတဲ့ အိမ်ကို ရောက်သွားပြီဆိုတာနဲ့။လူအနည်းစုလောက်ကပဲ ြပြင်းထန်ဓါတ်မတည့်ခြင်းဖြစ်တဲ့ Anaphylaxis shock ဝေဒနာကို ခံစားရတတ်ပါတယ်။ ပြင်းထန်ဓါတ်မတည့်ခြင်း လက္ခဏာတွေကတော့အသက်ရှူကြပ်တာ၊ ေသွးပေါင်တွေ ထိုးကျသွားတာ၊သတိလစ်သွားတာတို့ပါ။ ဒီလက္ခဏာတွေက ပြင်းထန်ဓါတ်မတည့်ခြင်း လက္ခဏာတွေ ဖြစ်လို့ ဒီလက္ခဏာတွေ ရှိရင် ဆေးကုသမှုချက်ချင်းခံယူဖို့ မပေါ့ဆသင့်ပါဘူး။ကြောင့်ရဲ့ အမွေးတွေ၊ ကြောင်ဆီက အမှုန်တွေက ပရိဘောဂတို့၊ ကြမ်းပြင်တို့၊ ကောဇောတို့မှာ ကပ်ကျန်နေတတ်တာကြောင့် ကြောင်မရှိတော့ရင်တောင် ဓါတ်မတည့်တဲ့ လက္ခဏာတွေ ဆက်ပြီးခံစားရတတ်ပါတယ်။ကြောင်နဲ့ ဓါတ်မတည့်တဲ့ ပြဿနာဟာ အခြားဓါတ်မတည့်တဲ့ ပြဿနာတွေလိုပဲ ကုသလို့ရတဲ့ ဓါတ်မတည့်မှုတစ်မျိုးပါ။ ဆေးကုသလိုက်ရင် ကြောင်နဲ့ ဓါတ်မတည့်တာမျိုး မရှိတော့တာကို ပြောတာမဟုတ်ပါဘူး။ ဓါတ်မတည့်တဲ့ လက္ခဏာတွေကို ပိုဆိုးမသွားအောင်ထိန်းထားနိုင်တာမျိုးပါ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/animal-insect/cat-allergy/
Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ
Andropause ဆိုတာဘာလဲလို့ တွေးနေတာလား။ နားလည်လွယ်အောင် ပြောပြရရင် Andropause ဆိုတာက အမျိုးသားတွေ သွေးဆုံးတာပါ။ အမျိုးသမီးတွေမှာ သွေးဆုံးတယ်ဆိုတာက အီစထရိုဂျင် ဟော်မုန်း ပမာဏ ကျဆင်းလာတာပါ။ အမျိုးသားတွေမှာတော့ Andropause ကာလ ရောက်လာပြီဆိုရင် တက်စထရိုစတုန်းဟော်မုန်း ပမာဏ ကျဆင်းလာပါတယ်။ဒီကာလမှာ အမျိုးသားတွေဟာလည်း အမျိုးသမီးတွေလိုပဲ ကိုယ်တွင်းဟော်မုန်းတွေ ကမောက်ကမ ဖြစ်တာကြောင့် စိတ်ခံစားမှု ပြောင်းလဲတာ၊ ကြွက်သားဆုံးရှုံးတာတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။ ဒီလိုမျိုး ဟော်မုန်းအပြောင်းအလဲ များတဲ့ Andropause ကာလ ကျန်းမာစေဖို့ အရေးပါတဲ့ အချက်တစ်ခုက အာဟာရ ပြည့်ဝမှုပါ။ ဒီတော့ Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ ဆိုတာ ပြောပြပေးမှာမို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။အမျိုးသားတွေမှာ အသက် ၄၀ နောက်ပိုင်း ရောက်လာပြီဆိုရင်တက်စတိုစထရုန်း ဟော်မုန်း ထုတ်လုပ်မှုက ၁ နှစ်ကို ၁ ရာခိုင်နှုန်းလောက် ကျဆင်းလာပါတယ်။ ဒါပေမယ့် အသက်ကြီးတဲ့ အမျိုးသား အများစုမှာတော့တက်စတိုစထရုန်း ပမာဏက ပုံမှန်အနေအထားမှာ ရှိတတ်ကြပါတယ်။ ဒါကြောင့် သွေးဆုံးတာကို အမျိုးသားတိုင်း မဖြစ်မနေ ကြုံတာမျိုးတော့ မရှိပါဘူး။အမျိုးသားတွေမှာ တက်စတိုစတီရုန်းကို ဝှေးစေ့ကနေ ထုတ်ပေးတာပါ။ ဒီဟော်မုန်းက အမျိုးသားတွေရဲ့လိင်စိတ်ဆန္ဒအတွက်ပဲ မဟုတ်ပါဘူး။လူပျိုဖော်ဝင်ချိန်အပြောင်းအလဲတွေ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ၊ ကြွက်သားဖွံ့ဖြိုးမှုတွေ စတာတွေ လုပ်ပေးပါတယ်။Andropause ကာလ မှာ အမျိုးသားတွေ အနေနဲ့။အမျိုးသားတွေ သွေးဆုံးချိန်ကာလလို့ ခေါ်တဲ့ Andropause ကာလ ကျန်းမာစေဖို့ဆိုရင်အာဟာရပြည့်ဝမျှတအောင်စားသုံးဖို့ လိုပါမယ်။ အာဟာရ ပြည့်ဝအောင် စားသုံးမှ ကိုယ်အလေးချိန်ကို ထိန်းညှိနိုင်မှာ ဖြစ်သလို ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Andropause ကာလ ကျန်းမာစေဖို့ဆိုရင်။တက်စထရိုစတုန်း ဟော်မုန်းက အရိုးတွေ သန်မာစေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ ဟော်မုန်း ကျဆင်းလာတာက အရိုးပွတာကို ဖြစ်စေနိုင်ပြီး အရိုးပါးတာ၊ အရိုးပွတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ နို့၊ ဒိန်ချဉ်၊ ချိစ်၊ ပဲအမျိုးမျိုး၊ အခွံမာသီး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို နေ့စဉ် စားသုံးပေးလို့ ရပါတယ်။ဇင့်က မျိုးပွားစနစ်ကို ကျန်းမာစေပါတယ်။ တက်စထရိုစတုန်း အပါအဝင် ဟော်မုန်းတွေကို မျှတစေပါတယ်။ ဇင့်ဓာတ် နည်းတာက ကိုယ်ခံအား နည်းစေနိုင်သလို စိတ်ခံစားမှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဇင့် ကြွယ်ဝစေဖို့ အနီးရောင် အသား၊ ကမာ၊ ပင်လယ်စာ၊ ပဲအမျိုးမျိုး၊ ကြက်အသည်း၊ အာလူး၊ အခွံမာသီး၊ အနက်ရောင် ချောကလက်တွေ စားပေးပါ။ဒီ fatty acidsက နှလုံး ကျန်းမာစေနိုင်သလို Andropause ကာလမှာ ဖြစ်တတ်တဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အိုမီဂါ သရီး ပြည့်ဝစေဖို့ ဆူးတောင်ပြာ ငါးသေတ္တာ၊ ဆယ်လ်မွန်၊ ဆာဒင်းငါး၊ တူနာ၊ အသည်း၊ ငါးကြီဆီ စတာတွေကို စားလို့ ရပါတယ်။ အခွံမာသီးတွေ အစေ့အဆန်တွေကို စားပေးလို့ ရပါတယ်။ဗီတာမင် D က တက်စထရိုစတုန်း ထုတ်လုပ်မှု တိုးစေနိုင်ပါတယ်။ ဗီတာမင် D က အမျိုးသားတွေကို ကျန်းမာစေနိုင်ပါတယ်။ ဗီတာမင် D ရရှိစေဖို့ အဆီများတဲ့ငါး၊ အသား၊ မှို၊ ငါးအသည်းအဆီ၊ နို့၊ ဥအမျိုးမျိုး နဲ့ ထောပတ်တွေကို စားပေးဖို့ လိုပါမယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းက ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ကော်တီစောကြောင့် ရောင်ရမ်းမှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဒါကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစေဖို့ ဘယ်ရီသီး၊ စပျစ်သီး၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ လက်ဖက်စိမ်း၊ ချောကလက်စတာတွေ စားပေးလို့ ရပါတယ်။သံလွင်ဆီစစ်စစ်၊ ထောပတ်သီး၊ အခွံမာသီးတွေမှာပါတဲ့ ဗီတာမင် E က တက်စထရိုစတုန်း ဟော်မုန်း ထုတ်လုပ်မှုကို တိုးစေနိုင်ပါတယ်။ နေ့စဉ်ပုံမှန် စားသုံးပေးလို့ ရပါတယ်။ဟင်းသီးဟင်းရွက်တွေ ဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုတ်၊ ကိုက်လန်စတာတွေက အမျှင်ဓာတ် ကြွယ်ဝသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ ဇင့်ဓာတ်တွေက အီစထရိုဂျင် ထုတ်လုပ်မှုကို ထိန်းချုပ်ပေးပြီး တက်စထရိုစတုန်းဟော်မုန်း ထုတ်လုပ်မှုကို တိုးစေနိုင်ပါတယ်။ဒါကြောင့် Andropause ကာလ ကျန်းမာစေဖို့ အာဟာရပြည့်ဝအောင်စားပါ။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။ ရေများများ သောက်ပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-hormone-issues/foods-for-andropause/
ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားလေး ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိစေဖို့ ဒါလေးတွေ စားပေးပါ
ဘေဘီလေး ရှိနေပြီလား! ဝမ်းသာပါတယ်။ အခုချိန်မှာ အစားအစာတွေကို ဘေဘီလေးအတွက်ပါ စဉ်းစားပြီး စားရတော့မှာ ဖြစ်သလို ကျန်းမာရေး ဂရုစိုက်မှုကလည်း ၂ ယောက်စလုံးအတွက် ဖြစ်နေပါပြီ။ ကိုယ်ဝန်ဆောင်ကာလတလျှောက်လုံး မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့နဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားလေး ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိစေဖို့ အတွက် အာဟာရကို ပြည့်ဝလုံလောက်စွာ စားဖြစ်ဖို့ လိုပါမယ်။ မေမေက အာဟာရ ပြည့်ဝအောင် စားသုံးမှ ဗိုက်ထဲက ဘေဘီလေးက ရှိသင့်တဲ့ ကိုယ်အလေးချိန်ကို ရရှိမှာဖြစ်ပါတယ်။ကိုယ်ဝန်ရှိနေပြီဆိုရင် နေ့စဉ် ကယ်လ်လိုရီ ပမာဏက အရင်ကထက် ၂၀၀ ကနေ ၃၀၀ လောက်အထိ ပိုမို လိုအပ်မှာဖြစ်ပါတယ်။ မေမေက အဝလွန်မနေဘူးဆိုရင်ပေါ့။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရတွေ ပြည့်ဝလုံလောက်စွာ ဖြည့်တင်းမိစေဖို့အတွက် အဆီနည်းတဲ့ အနီရောင်အသား၊ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေနဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ နှံစားသီးနှံတွေကို စားသုံးမိဖို့ လိုပါမယ်။ အာဟာရ ကြွယ်ဝပြီး အချိုနည်းတာတွေကို အဓိကထား စားမိဖို့ လိုပါတယ်။နေ့စဉ် စားသုံးမှုမှာ ဒါလေးတွေ ပါအောင် စားပေးဖို့ လိုပါမယ်။ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားလေး ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိစေဖို့ ဒါလေးတွေ စားပေးပါ။ ဘာတွေလဲဆိုတော့။ဒိန်ချဉ်မှာ အကျိုးပြုဘက်တီးရီးယား အာဟာရ၊ ပရိုတင်း၊ ကယ်လ်ဆီယမ်တို့ ပါဝင်နေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရ လိုအပ်ချက်ကို ပြည့်မီစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ငါးက သန္ဓေသား ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပါတယ်။ Omega-3 fatty acids ပါဝင်နေတာက ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပါတယ်။ ငါးမှာ ပရိုတင်း ပါဝင်နေတာကလည်း ကလေးရဲ့ ဆံပင်၊ အရေပြား၊ ကြွက်သားနဲ့ အခြားဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။ငါးစားတဲ့အခါ သေချာ သန့်စင်ပြီး ကျက်အောင် ချက်စားဖို့ လိုပါမယ်။ ပြဒါး ပါဝင်မှု များတဲ့ တူနာငါး၊ မက်ကာရယ်ငါးတွေကို မစားသင့်ပါဘူး။ ဆယ်လ်မွန်ငါးကို စားသုံးပေးလို့ ရပါတယ်။အာဟာရကြွယ်ဝပြီး မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သစ်သီးခြောက်တွေ နဲ့ အခွံမာသီးတွေမှာ သံဓာတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် E တို့ ပါဝင်နေပါတယ်။ဗီတာမင် C၊ ဖောလိတ် နဲ့ ဗီတာမင် B6 တို့ ပါဝင်နေပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ ပါဝင်နေတာကြောင့် ထောပတ်သီးက ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးပေးသင့်တဲ့ အသီးတစ်မျိုးပါ။ကြက်သားကသန္ဓေသားလေးရဲ့ ကိုယ်အလေးချိန် တက်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ပရိုတင်း ကြွယ်ဝမှုက ဆဲလ်တွေနဲ့ ကြွက်သားတွေ ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးသလို သံဓာတ် ပါဝင်နေမှုကလည်း ကလေးရော မိခင်ကိုပါ သွေးအားနည်းရောဂါ မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ပရိုတင်း၊ သံဓာတ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ၊ အမျှင်ဓာတ်တွေ ပါဝင်နေသလို သတ္တုဓာတ် များစွာလည်း ပါဝင်နေပါတယ်။ ဘေဘီလေးကို ကိုယ်အလေးချိန် တိုးစေသလို မေမေ့ကိုလည်း ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ဗီတာမင် B၊ ကယ်လ်ဆီယမ် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ ပန်းဂေါ်ဖီစိမ်းက ဘေဘီလေးကို အကောင်းဆုံး ဖွံ့ထွားစေပြီး မေမေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ပဲအမျိုးမျိုးမှာ သံဓာတ် နဲ့ ပရိုတင်း ပါဝင်နေသလို အမျှင်ဓာတ်၊ ဖောလိတ် နဲ့ ကယ်လ်ဆီယမ်တို့လည်း ပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်ချိန် တာရှည်တာ၊ ပေါင်မပြည့်ဘဲ မွေးတာ၊ လမစေ့ဘဲ မွေးတာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။တစ်နေ့တာကို လတ်လတ်ဆတ်ဆတ် ဖျော်ထားတဲ့ လိမ္မော်ရည်လေးနဲ့ စတင်လိုက်တာက ခန္ဓာကိုယ်ကို ဗီတာမင် C၊ ပိုတက်ဆီယမ်၊ ဖောလိတ်တို့ကို မြှင့်တင်လိုက်တာပါပဲ။  ဖောလိတ်နဲ့ ဖောလစ်အက်ဆစ် ပြည့်ဝမှုက မေမေရော ဗိုက်ထဲက ဘေဘီလေးကိုပါ အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ဖြစ်ကြတဲ့ ဟင်းနုနွယ်၊ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ ကညွတ်စတာတွေက အာဟာရကြွယ်ဏသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်း ကြွယ်ဝကြပါတယ်။ မေမေရော ဘေဘီလေးကိုပါ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရရှိစေဖို့ ထောက်ကူပေးနိုင်မှာပါ။ဥအမျိုးမျိုးက ပရိုတင်း၊ ဗီတာမင် A၊ ဗီတာမင် D တို့လိုမျိုး သန္ဓေသားလေး ကြီးထွားစေဖို့ လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစွာ ပါဝင်နေပါတယ်။ ဖောလစ်အက်ဆစ် နဲ့ သံဓာတ် ကြွယ်ဝမှုကလည်း မွေးရာပါ ချို့ယွင်းချက်ပါတာ၊ ပေါင်မပြည့်ဘဲ မွေးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။တစ်နေ့ကို နို့ ၂၀၀ မီလီလီတာ ကနေ ၅၀၀ မီလီလီတာအတွင်း သောက်သုံးပေးတာက သန္ဓေသားရဲ့ ကိုယ်အလေးချိန်ကို တိုးစေမှာပါ။ နို့မှာ ပရိုတင်းနဲ့ ကယ်လ်ဆီယမ် ကြွယ်ဝမှုက ကလေးကို အကောင်းဆုံး ဖွံ့ထွားစေမှာပါ။မေမေ့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အခုပြောခဲ့တာလေးတွေကို စားသုံးပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားလေး ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဒါပေမယ့် မစားသုံးခင် ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဖို့တော့ အကြံပြုပါရစေ။ကိုယ်ဝန်ဆောင်ချိန်မှာ ဒီအစားအစာတွေကို ပြည့်ဝမျှတအောင် စားသုံးပေးမှုနဲ့အတူ ဒါလေးတွေကို ရှောင်ဖို့ လိုပါမယ်။ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားလေး ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိစေဖို့ အခုပြောပြမှာလေးတွေကို သတိထား ရှောင်စေချင်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/maternal-diet-influences-fetal-growth/
အလှအပအတွက် မန်ကျည်းသီးချဉ်ချဉ်လေးရဲ့အသုံးဝင်ပုံ
လူတိုင်း တစ်နေကုန် လန်းဆန်းတက်ကြွပြီး လုပ်ငန်းဆောင်တာတွေ ပြီးမြောက်ဖို့ ဆိုတာ ခန္ဓာကိုယ်ရဲ့ အတွင်းကလီစာတွေ လည်ပတ်မှုကောင်းမွန်နေပြီး ကိုယ်ခံအားစနစ် ကောင်းမွန်နေဖို့ လိုပါတယ်။ ဒီလို အားပြည့်နေစေဖို့ ဖြည့်ဆည်းပေးနိုင်တာဟာ အစားအစာတွေ ပါပဲ။ ဒါကြောင့် ဘယ်လို အစားအစာမဆို စားပေးဖို့ လိုပါတယ်။ အစားအစာတိုင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာနိသင်တွေ ရှိပြီးသားပါ။ ဒီထဲမှာ မန်ကျည်းသီးလည်း ပါဝင်ပါတယ်။ မန်ကျည်းသီးကို ဟင်းထဲ ထည့်ချက်ကြသလို ဖျော်ရည် ချဉ်ချဉ်လေး အဖြစ်လဲ စားသုံးကြပါတယ်။ မန်ကျည်းသီးက အလှအပ အတွက် ဘယ်လို ကောင်းကျိုးတွေ ပေးသလဲ ဆိုတာ မျှဝေလိုက်ပါတယ်။ အလှအပအတွက် မန်ကျည်းသီးချဉ်ချဉ်လေးရဲ့အသုံးဝင်ပုံ ကို တစ်ချက်လောက် ရှိုးလိုက်ရအောင်နော်။အလှအပအတွက် မန်ကျည်းသီးချဉ်ချဉ်လေးရဲ့အသုံးဝင်ပုံ ကတော့။မန်ကျည်းသီးက အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ အသီးတွေ၊ အစားအစာတွေထဲမှာ နာမည်ကြီးတဲ့ အသီးတစ်မျိုးပါပဲ။ ဘာလို့လဲဆိုတော့ မန်ကျည်းသီးမှာ အမျှင်ဓာတ်တွေ များများ ပါဝင်တာကြောင့်ပါ။ မန်ကျည်းသီး နည်းနည်းလောက် စားသုံးပေးမယ် ဆိုရင်တောင် အူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ကြွက်သားတွေကို ကောင်းမွန်စေပြီး အစာခြေစနစ်ကို တိုးတက်စေပါတယ်။ အစာ မြန်မြန်ကြေလွယ်အောင်လည်း စွမ်းဆောင်နိုင်ပါသေးတယ်။ ဒါကြောင့် ဝမ်းချုပ်ခြင်းတွေ ကင်းစေပါတယ်။ ဒီလိုဆိုရင်တော့ အပူတွေ ရှိတာကြောင့် ဝက်ခြံပေါက်တာမျိုး မဖြစ်စေတော့ပါဘူး။နေရောင်ခြည် များများ ထိတာကြောင့် အသားအရေ ပျက်စီးပြီး ခြောက်သွေ့နေတယ် ဆိုရင်တော့ မန်ကျည်းသီးတွေ စားပေးလို့ ရသလို ပေါင်းတင် တဲ့အခါမှာလည်း ထည့်သုံးလို့ ရပါတယ်။ မန်ကျည်းသီးလေးကို ခပ်ပျစ်ပျစ်လေး ဖျော်လိုက်ပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့ နနွင်းမှုန့် လက်ဖက်စားဇွန်း တစ်ဝက်လောက် ထည့်ပြီးရောပါ။ မျက်နှာ တစ်ဝိုက် လိမ်းထားပါ။ အဓိက ခြောက်သွေ့တဲ့ နေရာတွေကိုပဲ လိမ်းပါ။ တစ်ပတ်ကို (၂) ကြိမ်လောက် လုပ်မယ် ဆိုရင်တောင် သိသိသာသာလေး ကောင်းမွန်လာပါလိမ့်မယ်။အရွယ်မတိုင်ခင် အသက်အရွယ် ကြီးရင့်တာကြောင့် မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ဖြစ်တာကို ဖယ်ရှားချင်တယ်ဆိုရင်တော့ မန်ကျည်းသီး သုံးလို့ ရပါတယ်။ မန်ကျည်းသီးမှာ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်မှုနဲ့Free radicals တွေကို တိုက်ထုတ်ပေးနိုင်တဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်တာကြောင့် အရွယ်မတိုင်ခင် အရေးအကြောင်း ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တာပါ။ မန်ကျည်းရည် လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ ပျားရည်လေး နည်းနည်းလောက် ရောပြီး မျက်နှာပေါ် အနှံ့ လိမ်းပေးပါ။ တစ်ပတ်ကို (၃) ကြိမ်လောက် လုပ်ပေးရင် နုပျိုလာမှာနော်။မန်ကျည်းသီးကဝက်ခြံတွေကုသရာမှာလည်း အရမ်းကို အသုံးဝင်ပါတယ်နော်။ မန်ကျည်းသီးမှာ ဗီတာမင် စီနဲ့ အေတွေ ပါဝင်တာကြောင့် ဝက်ခြံတွေ ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ မန်ကျည်းသီးလေးကို ခပ်ပျစ်ပျစ် အနှစ်လေးရအောင် ဖျော်ပါ။ ပြီးရင်တော့ ဒိန်ချဉ်(အဆီမပါ) နဲ့ ရောစပ်ပြီး ဝက်ခြံရှိတဲ့နေရာ တစ်ဝိုက်မှာ လိမ်းပေးပါ။ (၁၀) မိနစ်လောက် ထားပြီးရင်တော့ ခြောက်သွားမှာပါ။ နောက်တော့ ရေနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပြီး အစိုဓာတ်ထိန်းခရင်မ်လေး လိမ်းထားပေးနိုင်ပါတယ်။ဝက်ခြံလေးတွေချပ်လာမှာပါ။မန်ကျည်းသီးရဲ့ အသုံးဝင်ပုံလေးတွေ သိထားပြီးပြီဆိုတော့ လိုက်လုပ်ကြည့်ပါဦးနော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/amazing-benefits-of-tamarind/
တံတောင်ဆစ်နာကျင်ခြင်းကို ဘယ်လိုကုသနိုင်သလဲ
သင့်အနေနဲ့ တံတောင်ဆစ်နာကျင်ခြင်းကို တခါတရံ ခံစားရနိုင်ပြီး အဆိုပါအချိန်တွေမှာ အားနည်းခြင်း၊အရာဝတ္ထုတွေကို ကိုင်တွယ်ရာမှာ အခက်အခဲဖြစ်ခြင်း စတာတွေကို ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။ သင့်အနေနဲ့ လက် အသုံးပြုပြီး နိစ္စဓူဝကိစ္စတွေကို ဆောင်ရွက်ရပါတယ်။ဒါကြောင့် တံတောင်ဆစ်နာကျင်ခြင်းကို ခံစားရပြီဆိုရင် ရောဂါလက္ခဏာတွေကို အမြန်ဆုံး ထိထိရောက်ရောက် ကုသပေးနိုင်မယ့် နည်းလမ်းကို ရှာဖွေဖို့ အရေးကြီးပါတယ်။ ဘယ်လိုနည်းလမ်းတွေလဲဆိုတာ သိရှိနိုင်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။တံတောင်ဆစ်နာကျင်ခြင်းအပါအဝင် နာကျင်မှုတွေကို ကုသရာမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်းဟာ အကောင်းဆုံးသော ရွေးချယ်မှုတခု ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်းဟာ တံတောင်ဆစ်နေရာကို ပြန်လည်ကြံ့ခိုင်သန်စွမ်းလာစေတဲ့အပြင် နောက်တကြိမ်ထပ်ဖြစ်မှာကိုလည်း ကာကွယ်တားဆီးပေးပါသေးတယ်။တံတောင်ဆစ်တောင့်တင်းနာကျင်ခြင်းကို သက်သာပျောက်ကင်းစေဖို့အတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်းတွေကို ပြုလုပ်ရာမှာ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေကို သင့်ကို ကူညီပေးပါလိမ့်မယ်။ တံတောင်ဆစ်နားတဝိုက်မှာရှိတဲ့ ကြွက်သားတွေကို ဒါဏ်ပိမနေစေဘဲ ကျန်းမာသန်စွမ်းလာစေဖို့အတွက် အခြားသော ရိုးရှင်းတဲ့ လေ့ကျင့်ခန်းတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ကျန်းမာသန်စွမ်းတဲ့ ကြွက်သားတွေဟာ အဆစ်အမြစ်တွေနဲ့ အရိုးတွေကို ထောက်မ ကူညီပေးနိုင်ပါတယ်။ သင့်အနေနဲ့ ဒီလေ့ကျင့်ခန်းတွေကို အနည်းဆုံး တရက်တခါတော့ ပြုလုပ်ဖို့ လိုပါလိမ့်မယ်။ သင့်တံတောင်ကိုလည်း အခါအားလျော်စွာ လှုပ်ရှားပေးပါ။ လေ့ကျင့်ခန်းမလုပ်၊လှုပ်ရှားမှုမရှိရင် နာကျင်မှုပိုဆိုးလာနိုင်ပြီး တံတောင်ဆစ်ဟာ တောင့်တင်းလာနိုင်ပါတယ်။အပ်စိုက်ခြင်းကိုလည်း အသုံးပြုနိုင်ပါတယ်။ အပ်စိုက်ကုသတဲ့အခါ သင့်အာရုံကြောတွေကို နှိုးဆွပေးနိုင်ဖို့အတွက် အထူးပြုလုပ်ထားတဲ့ အပ်တွေကို သတ်မှတ်ထားတဲ့ နေရာတွေမှာ သင့်အရေပြားအောက်ထဲကို ထိုးစိုက်ရပါတယ်။ ဒီအချိန်မှာ သင့်ခန္ဓါကိုယ်ကနေ endorphins လို့ခေါ်တဲ့ ဟော်မုန်းတမျိုးကို ထုတ်လုပ်ပေးပြီး အဆိုပါ ဟော်မုန်းဟာ နာကျင်မှုတွေကို သက်သာစေပါတယ်။အပ်စိုက်ကုသခြင်းရဲ့ ထိရောက်မှုအာနိသင်ကို အတိအကျ သုတေသနပြုထားတဲ့ လေ့လာမှုတွေ မရှိသေးပေမယ့် အခြားသော (ခွဲစိတ်မှုမဟုတ်တဲ့) ကုသမှုတွေနဲ့ မသက်သာရင်တော့ ဒီနည်းလေးကို စမ်းကြည့်သင့်ပါတယ်။ရောင်ရမ်းနာကျင်မှုတွေကို လျော့ပါးသက်သာစေပြီး အဆစ်အမြစ်တွေကို ကာကွယ်ပေးဖို့အတွက် ဆေးဝါးတွေကိုလည်း သုံးစွဲနိုင်ပါတယ်။ ဆရာဝန်ဆေးစာပါမှ ဝယ်ယူလို့ရတဲ့ ဆေးနဲ့ မိမိဖာသာ ဝယ်ယူသုံးစွဲနိုင်တဲ့ဆေး ပုံစံနှစ်မျိုးလုံးကို သုံးစွဲနိုင်ပါတယ်။သုံးစွဲလေ့ရှိတဲ့ ဆေးတွေကတော့ စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေ (ဥပမာ အက်စ်ပရင်)ပဲ ဖြစ်ပါတယ်။ မိမိဖာသာ ဝယ်ယူသုံးစွဲနိုင်တဲ့ဆေးတွေနဲ့ မသက်သာရင် ပိုပြီးအာနိသင်ပြင်းတဲ့ဆေးကို သုံးစွဲဖို့ သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရှောင်ရှားနိုင်ဖို့အတွက် ဆရာဝန်ရဲ့ လမ်းညွှန်သတိပေးချက်တွေကို အတိအကျ လိုက်နာရမှာပဲ ဖြစ်ပါတယ်။ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ပျောက်မသွားတဲ့ ပြင်းထန်ဆိုးရွားသော နာကျင်မှုဝေဒနာတွေအတွက် စတီးရွိုက်ထိုးဆေးတွေကို သုံးစွဲနိုင်ပါတယ်။ ဆေးထိုးပြီး နာရီအနည်းငယ်အကြာမှာ နာကျင်မှုဝေဒနာ ပိုဆိုးလာနိုင်ပေမယ့် ဒီလိုနာကျင်ပြီးရင် သက်သာသွားလေ့ ရှိပါတယ်။သင့်အနေနဲ့ ဒုတိယတကြိမ် ဆေးထပ်ထိုးဖို့ လိုကောင်းလိုပါလိမ့်မယ်။ စတီးရွိုက်ထိုးဆေးတွေဟာ အင်မတန် ထိရောက်ပါတယ်။ သူတို့ဟာ နာကျင်မှုကို သက်သာအောင် ကူညီပေးနိုင်သလို လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာအောင်လည်း အားပေးပါတယ်။ သင့်အနေနဲ့ တံတောင်ဆစ်နာတိုင်း ဆေးထိုးရမယ်လို့တော့ မဆိုလိုပါဘူး။ယေဘုယျအားဖြင့် ခွဲစိတ်ကုသမှု ပြုလုပ်လေ့ မရှိပါဘူး။ တံတောင်ဆစ်နာကျင်ခြင်းဟာ မခွဲမစိတ်ဘဲ ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။ ဒါပေမယ့် အခြားသော ထူးထူးခြားခြား ပြဿနာတွေ ရှိနေရင် ဒါမှမဟုတ် လေ့ကျင့်ခန်း၊သောက်ဆေး၊ထိုးဆေးတွေနဲ့ နာကျင်မှုမသက်သာဖူးဆိုရင်တော့ ခွဲစိတ်မှုပြုလုပ်ဖို့ လိုကောင်းလိုပါလိမ့်မယ်။· တံတောင်ဆစ် တောင့်တင်းနေခြင်း: ပုံမှန်မဟုတ်တဲ့ အရိုးတွေ ဖြစ်ပေါ်လာတဲ့အတွက် သင့်တံတောင်ဆစ်က တောင့်တင်းလာပါလိမ့်မယ်။ ဒီလို အခြေအနေ ဖြစ်ပေါ်လာပြီဆိုရင် ခွဲစိတ်ကုသမှုကို ခံယူမှသာ ပုံမမှန်ဖြစ်ပေါ်နေတဲ့ အရိုးနဲ့ အခြားသော တစ်ရှုးတွေကို ဖယ်ရှားပစ်နိုင်မှာ ဖြစ်ပါတယ်။ခွဲစိတ်မှု ခံယူပြီးတဲ့နောက်မှာ သင့်ရဲ့ လှုပ်ရှားမှုတွေက ပုံမှန်ပြန်ဖြစ်လာမှာ ဖြစ်ပါတယ်။· အဆစ်အမြစ်ရောင်ခြင်း: တံတောင်ဆစ်ရောင်ရမ်းနာကျင်တဲ့အခါ ပစ္စည်းတွေကို သယ်ဖို့၊မ,ဖို့ ခက်ခဲလာပါတယ်။ ခွဲစိတ်ကုသခြင်းဟာ ပုံမမှန်ဖြစ်ပေါ်နေတဲ့ အရိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။သင့်ရောဂါအခြေအနေပြင်းထန်မှုပေါ် မူတည်ပြီး သင့်တော်တဲ့ ခွဲစိတ်ကုသမှု ပုံစံကို သင့်ဆရာဝန်ကို ဆုံးဖြတ်ရွေးချယ်မှာ ဖြစ်ပါတယ်။ ခွဲစိတ်မှုပြုလုပ်ပြီးချိန်မှာ ပုံမှန်လှုပ်ရှားသွားလာမှုတွေကို အချိန်တိုအတွင်း ပြန်လည်ပြုလုပ်နိုင်ဖို့အတွက် ခန္ဓါကိုယ်လှုပ်ရှားလေ့ကျင့်ကုသမှုတွေကို ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။တံတောင်ဆစ်နာကျင်ခြင်းဟာ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကို ထိခိုက်စေပြီး နေရထိုင်ရတာ အဆင်မပြေ ဖြစ်လာစေနိုင်ပါတယ်။ ဒါပေမယ့် မပူပါနဲ့၊ထိရောက်တဲ့ ကုသမှုတွေ ရှိနေပါပြီ။သင့်အနေနဲ့ မခွဲမစိတ်တဲ့ နည်းလမ်းတွေကို ဦးစွာ အသုံးပြုနိုင်ပြီး မသက်သာတော့မှ ခွဲစိတ်ကုသမှု ခံယူရမှာ ဖြစ်ပါတယ်။ အသင့်တော်ဆုံးသော ကုသမှုနည်းလမ်းကို ရွေးချယ်နိုင်ဖို့ သင့်ဆရာဝန်က ကူညီပေးပါလိမ့်မယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%90%e1%80%b6%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%86%e1%80%85%e1%80%ba%e1%80%94%e1%80%ac%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80/
ဆယ်ကျော်သက်အရွယ်သမီးကို အင်အားပြည့်ဝနေစေဖို့ ဘယ်လိုလုပ်ပေးမလဲ
သားသမီးတွေကို မျက်ခြည်ပြတ်မခံ အမြဲတစေစောင့်ကြည့်နေတတ်တာက မေမေတွေပါ။ အမူအရာလေးတစ်ခုခုပြောင်းလဲနေရင်တောင် စက္ကန့်ပိုင်းနဲ့ သိကြတဲ့သူတွေပေါ့။ ကမ္ဘာပေါ်မှာ နားလည်မှုအပေးနိုင်ဆုံးကလည်းမေမေတွေပါပဲ။ မေမေတစ်ယောက်ဖြစ်လာတဲ့အခါ ကိုယ့်သားသမီးတွေကို အချိန်ပြည့်စောင့်ကြည့်တာက မသိလိုက်ဘဲနဲ့တောင်လုပ်နေမိတတ်ပါတယ်။ ဒီလိုစောင့်ကြည့်နေတဲ့အခါဆယ်ကျော်သက်သမီးက ကျန်းမာပျော်ရွှင်နေရင် ကိစ္စမရှိပေမယ့် ကြည့်ရတာ ပင်ပန်းနေပုံပေါက်နေရင် အနည်းနဲ့အများတော့ စိတ်ညစ်မိမှာပါ။ကလေးဘဝက အရာရာက ဘာမှ အပူအပင်သိပ်မရှိတော့ ပူပင်စရာမရှိဘူးပေါ့။ အရွယ်ရောက်လာတဲ့အခါ ကျက်ရတဲ့စာတွေကများလာတယ်။ တာဝန်တွေက ကြီးလေးလာတယ်။ ဒီကြားထဲမှာ သမီးမိန်းကလေးတွေရင်ဆိုင်ရတဲ့ အပြောင်းအလဲက သားယောက်ျားလေးတွေရင်ဆိုင်ရတဲ့ အပြောင်းအလဲထက်ပိုများပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်ပြောင်းလဲမှုကြောင့် စိတ်ပင်ပန်းရသလို အပျိုဖော်ဝင်စမှာကြုံတွေ့ရတဲ့ ရာသီသွေးစပေါ်တဲ့ပြဿနာကလည်း သမီးတွေကို ပိုပင်ပန်းစေတာပါနော်။ ဒီအချိန်မှာ ခန္ဓာကိုယ်ရဲ့ ဖွံဖြိုးပြောင်းလဲမှုကြောင့် လိုအပ်တဲ့အာဟာရဓာတ်တွေကလည်း ပိုများလာမှာပါ။ ဒီအနေအထားကိုမေမေတို့ကကောင်းကောင်းနားလည်ဖို့လိုပါမယ်။ဆယ်ကျော်သက်အရွယ်ကလေးတစ်ယောက်အဖို့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေက များပါတယ်။ မူလတန်းကနေ အလယ်တန်းကိုပြောင်းတဲ့ ပညာရေး၊ပြောင်းလဲလာတဲ့ ခန္ဓာကိုယ် အချိုးအဆစ်၊ သွေးသားပြောင်းလဲမှုနဲ့ စိတ်အခြေအနေပြောင်းလဲမှု၊ လူဝင်ဆံ့ချင်လာတဲ့ စိတ်အခြေအနေ စတာတွေက ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေပါ။ ဒီစိန်ခေါ်မှုတွေကို အကောင်းဆုံးရင်ဆိုင်ကျော်လွှားနိုင်စေဖို့ဆိုရင်မေမေတို့ဘက်က အခုလိုလေးဂရုစိုက်ပေးဖို့လိုပါမယ်။ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရတွေပြည့်စေဖို့က မနက်စာကို မဖြစ်မနေစားဖို့လိုမှာပါ။ ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်အတွက် အာဟာရပြည့်ဝဖို့လိုနေတဲ့ သမီးတွေအတွက်ဆိုရင်တော့ ပိုလို့တောင်လိုအပ်ပါဦးမယ်။ ဒါကြောင့် မနက်စာကို ပေါင်မုန့်၊ ထမင်းကြော်၊ ကြက်ဥကြော်၊ ကွေကာအုပ်စတဲ့ အစားအသောက်တွေကိုအာဟာရပြည့်အောင်ပြင်ပြီး ကျွေးမွေးပေးပါ။ဒီအရွယ်က လှချင်ပချင်နေတဲ့အရွယ်ဖြစ်တာကြောင့် အများကြီးကျွေးရင် ကလေး ဝလာတာမျိုးဖြစ်နိုင်သလို နည်းနည်းပဲကျွေးမိပြန်ရင်လည်း ကလေးက ကြီးထွားသင့်သလောက် မကြီးထွားတာမျိုးလည်းဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့အာဟာရပြည့်မီအောင်ဂရုစိုက်ရင်း အများကြီးမကျွေးမိစေဖို့လည်း သတိပြုပါ။ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်နေစေဖို့ ကလေးကို တစ်နေ့ရေ ၇ ခွက်ကနေ ၈ ခွက်လောက်အထိတိုက်ပေးပါ။ ရေဓာတ်ပြည့်အောင်ဆိုပြီး အားဖြည့်အချိုရည်တွေ၊ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်တွေတိုက်တာမျိုးတော့ မလုပ်ပါနဲ့။ ရေကအကောင်းဆုံးပါ။ ဒါကြောင့် ကလေးကို သွားလေရာ ရေဗူးလေးထည့်ပေးပြီး ရေသောက်ဖြစ်အောင် ဂရုစိုက်ပါ။အရိုးတွေ ဖွံ့ဖြိုးကြီးထွားတဲ့ အရွယ်မို့ ကယ်လ်ဆီယမ်လိုအပ်ချက်ကလည်း မြင့်မှာပါ။ မိန်းကလေးတွေက အသက် ၂၀ ကျော်လောက်အထိ အရိုးတွေ ဖွံ့ဖြိုးဆဲဖြစ်တာကြောင့်အရိုးတွေသိပ်သည်းဆကောင်းကောင်းနဲ့ အကောင်းဆုံး ဖွံ့ဖြိုးနိုင်စေဖို့ ကယ်လ်ဆီယမ်ကို အကောင်းဆုံးဖြည့်ဆည်းပေးရပါမယ်။ ကယ်လ်ဆီယမ်ဖြည့်ထားတဲ့ နို့၊ သစ်သီးဖျော်ရည်။ ကွေကာအုပ်စတာတွေ တိုက်ပေးလို့ရပါတယ်။ အဆီထုတ်ထားတဲ့ သောက်စရာတွေဖြစ်ဖို့တော့ ဂရုစိုက်ရပါမယ်။ရာသီသွေးဆင်းနေပြီဖြစ်တဲ့ ကလေးတစ်ယောက်အတွက် သံဓာတ်လိုအပ်ချက်က ပုံမှန်ထက်ပိုလိုအပ်လာမှာပါ။ ဒီအချိန်မှာ ပြည့်မီအောင် ဖြည့်ပေးနိုင်မှလည်း ကလေးက သံဓာတ်အားနည်းတာကြောင့်ဖြစ်တဲ့ မောပန်းလွယ်တာ၊ နုံးချိတာနဲ့ သွေးအားနည်းရောဂါတွေမဝင်လာမှာပါ။ ဒါကြောင့် ကလေးကို သံဓာတ်ပါဝင်မှုများတဲ့ အစားအသောက်တွေကျွေးပေးဖို့ လိုပါမယ်။ ၉ နှစ် ကေနေ ၁၃ နှစ်အရွယ် မိန်းကလေး တစ်ယောက်ဟာ တစ်နေ့ကို သံဓာတ်ပမာဏ ၈ mg အထိလိုအပ်ပြီး ၁၄ နှစ် ကနေ ၁၈ နှစ်အရွယ် မိန်းကလေးတစ်ယောက်အတွက်ကတော့ တစ်နေ့တာမှာ သံဓာတ် ၁၅ mg အထိလိုအပ်ပါမယ်။ သံဓာတ်ရစေဖို့ အသည်း၊ အနီရောင်အသား၊ ဥအမျိုးမျိုး၊ ဟင်းနုနွယ်စတာတွေကို ကျွေးမွေးပေးဖို့လိုမှာပါ။ကြီးထွားဖို့ အရှိန်ယူနေတဲ့ ကလေးတစ်ယောက်အတွက် ဒီအချက်ကလည်း မေ့ထားလို့ မဖြစ်ပြန်ပါဘူး။ အပြင်က သရေစာတွေစားမိရင် မလိုအပ်ဘဲ ကလေးက အဝလွန်တာမျိုးဖြစ်နိုင်တာကြောင့် မေမေတို့က ကယ်လ်လိုရီပါဝင်မှုကို သေချာစစ်ပြီး သရေစာလေးတွေဝယ်ပေးတာမျိုး၊ သစ်သီးလေးတွေပြင်ဆင်ပေးတာမျိုး၊ ကြက်ဥပြုတ်ပေးတာမျိုးနဲ့ ကိုယ်တိုင်လုပ်ထားတဲ့ မြန်မာမုန့်လေးတွေကို သရေစာအဖြစ် ပြင်ဆင်ပေးလိုက်ပါ။နေ့တိုင်း ကလေးနဲ့အတူ လမ်းလျှောက်ပေးတာမျိုး၊ ခပ်ရွရွလေးပြေးတာမျိုး၊ ရေကူးတာ၊ Zumba ကတာ၊ Gym ဆော့တာမျိုး လုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်တာက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက်ရော ကိုယ်ခံအားအတွက်ပါ ကောင်းစေနိုင်ပါတယ်။ မေမေနဲ့သမီးအတူတူယောဂဆော့တာကလည်း ထိရောက်တဲ့ လေ့ကျင့်ခန်းတစ်ခုပေါ့။ကလေးကို တစ်ချိန်လုံးဖြစ်စေချင်ဇောနဲ့ စာကျက်ဖို့ကျောင်းတက်ဖို့၊ကျောင်းပြင်ပ သင်တန်းတွေတက်ဖို့ အတင်းကြီးဖိအားမပေးပါနဲ့။ ကလေးကိုယ်တိုင်က လိုလိုလားလားတက်ချင်တာမျိုးကိုပဲပေးတက်ပါ။ ကလေးအတွက် တိတ်ဆိတ်စွာနဲ့ပြည့်ပြည့်ဝဝအနားယူနိုင်မယ့် ကိုယ်ပိုင်ချိန်လေးပေးဖို့မမေ့ပါနဲ့။ ခန္ဓာကိုယ်မှာရင်ဆိုင်ရတဲ့ ပြောင်းလဲမှုတွေကို လက်ခံနိုင်ဖို့ ကြိုးစားနေတဲ့ ကလေးတစ်ယောက်အဖို့ သူစိတ်ဝင်စားတာကို လုပ်ဖို့နဲ့ ပြည့်ဝစွာ အနားယူနိုင်ဖို့ တစ်နေ့တာမှာ အနည်းဆုံး ကိုယ်ပိုင်အချိန် နာရီဝက်ကနေ ၄၅ မိနစ်အထိလိုနိုင်ပါတယ်။သမီးမိန်းကလေးတစ်ယောက်ကို တစ်နေ့မှာအနည်းဆုံး အိပ်ချိန် ၇နာရီပြည့်အောင်ဂရုစိုက်ပါ။ ညစဉ် အိပ်ရာစောစောဝင်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ပေးပါ။ အိပ်ရာဝင်ခါနီးကော်ဖီသောက်တာ၊ လက်ဖက်ရည်သောက်တာ၊ လက်ဖက်သုပ်စားတာမျိုး မလုပ်စေပါနဲ့။ အိပ်ခါနီးတိုင်း အဝတ်အစားသန့်သန့်လေးဝတ်ပေးပြီး အိပ်စေတာမျိုးလုပ်ပါ။ကလေးကိုရေပုံမှန်ချိုးတာ၊ခေါင်းလျှော်တာနဲ့ အရွယ်ရောက်လာတဲ့ မိန်းကလေးတစ်ယောက်အတွက် လိုက်နာသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးတွေကိုမေမေက ဂရုစိုက်ပေးပါ။ အရွယ်ရောက်လာတဲ့ မိန်းကလေးတစ်ယောက်အဖို့ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ဖို့က အခြားသူတွေထက်ပိုလိုအပ်လာပြီဖြစ်တာကြောင့် စမတ်ကျကျ လေဒီလေးဖြစ်စေဖို့မေမေတို့ကသေချာလေးဂရုစိုက်ပေးရမယ့်အရွယ်ပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးက စိတ်ကြည်လင်လန်းဆန်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့အရာတစ်ခုဆိုတာ မမေ့ပါနဲ့။အခုပြောခဲ့တဲ့ အချက်လေးတွေကိုသေချာလေးဂရုစိုက်ပေးလို့ ကိုယ့်ရဲ့ သမီးကိုနေ့ရက်တိုင်းမှာ အားအင်ပြည့်နေစေဖို့ ဂရုစိုက်လိုက်ပါမေမေတို့ရေ………….။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/tiips-to-boost-energy-in-teenager-girls/
ကလေးတွေ ဉာဏ်ရည် ဖွံ့ဖြိုးမှုအတွက် ကျွေးသင့်သော အစားအစာများ
ကလေးတွေအတွက်မနက်စာ၊ နေ့လယ်စာ၊ ညစာ ပြင်ဆင်ပေးတဲ့ အခါမှာ အခုဖော်ပြထားတဲ့ အစားအစာလေးတွေ ထည့်ပေးဖို့ လိုအပ်ပါတယ်။၁။ဆော်လမွန်ငါး– ဆော်လမွန်ငါးမှာOmega 3 fatty acidတွေဖြစ်တဲ့ဦးနှောက်ဖွံ့ဖြိုးမှုနှင့် မှတ်ဉာဏ် စွမ်းအား အတွက် မရှိမဖြစ်လိုအပ်တဲ့ EPA နှင့်DHAပါဝင်ပါတယ်။ ကလေးတွေ က ငါးဆိုရင် ဒီတိုင်း ကျွေးရင် မစားချင်ကြပါဘူး။ ဒါကြောင့် sandwich လို လုပ်ပြီး ကျွေးတာမျိုး လုပ်ပေးရင်တော့ ပိုကြိုက်ကြပါလိမ့်မယ်။ တချို့ ကလေးတွေက ဆော်လမွန် မကြိုက်ဘူးဆိုရင်တော့တူနာငါးကျွေးလို့လည်းရပါတယ်။ ဒါပေမယ့် ဆီသွပ်ဘူးတွေ မှာပါတဲ့ တူနာကတော့ အသားချည်းပဲပါပြီး ငါးအဆီ မပါတဲ့အတွက် omega 3 fatty acid ကတော့ နည်းပါတယ်။၂။ကြက်ဥကျွေးပါ– အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း ကြက်ဥက အသားဓါတ်ကြွယ်ဝတဲ့ အတွက် ကလေးတွေ ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် အလွန်အသုံးဝင်ပါတယ်။ နောက်တစ်ခု ကောင်းတဲ့ အချက်ကတော့ ကြက်ဥအနှစ်မှာပါဝင်တဲ့ ကိုလင်း(Choline) ဓါတ်က မှတ်ဉာဏ် စွမ်းအားကို မြှင့်တင်ပေးပါတယ်။ ဒါပေမယ့် တဖက်က ကိုလက်စထရောလည်း များတဲ့အတွက် တစ်နေ့ ကို ၂ လုံး ထက်ပို ပြီး မကျွေးသင့် ပါဘူး။ တစ်ခုရှိတာက ကလေးတွေမှာ ကြက်ဥ နှင့် တည့်မတည့် ကို စမ်းဖို့တော့ လိုပါတယ်။ စကျွေးတဲ့နေရာမှာ တည့်မတည့် ကိုအရင် အကာချည်း တစ်ဇွန်းလောက် နောက်တစ်ရက်မှာ အနှစ်ချည်း တစ်ဇွန်းလောက် ကျွေးကြည့်ပြီး နာရီဝက် တစ်နာရီလောက် စောင့်ကြည့်ပါ။ အနီကွက်တွေ မထွက်လာဘူးဆိုရင်တည့်တယ်လို့ ယူဆလို့ရပါတယ်။ နောက်နေ့ဆို ဆက်ကျွေးလို့ အဆင်ပြေပါပြီ။ ဒါပေမယ့် ကလေးတွေ ကို ကျွေးတဲ့ နေရာမှာ အစိမ်းလုံးဝ မကျွေးသင့်ပါ။ အကျက် (သို့မပါုတ်) အကာကျက်လေး ပြုတ်ပြီး ကျွေးရပါမယ်။၃။မြေပဲထောပတ်ကျွေးပါ– အခုနောက်ပိုင်း Supermarket တော်တော် များများမှာ မြေပဲထောပတ် peanut butter ဝယ်လို့ရနေပါပြီ။ peanut butter က ဗီတာမင် E ကြွယ်ဝပြီးဓါတ်တိုးဆန့်ကျင်သတ္တိရှိတဲ့ အတွက် အာရုံကြောဆဲလ်လေးတွေရဲ့ အမြှေးပါး ပျက်စီးမှုဒဏ်မှ ကာကွယ်ပေးပါတယ်။ နောက်ထပ်လည်း Thiamin (ဗီတာမင် B1) ကြွယ်ဝတဲ့ အတွက်ဦးနှောက်နှင့် အာရုံကြော လုပ်ငန်းဆောင်တာတွေအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးပါတယ်။ ဒါပေမယ့် မြေပဲကလည်း လူတိုင်းနှင့် မတည့်တတ်တဲ့ အတွက် ကလေးတွေကို စကျွေးရင် တည်၊့မတည့် သိရအောင် လက်တစ်တို့လောက်ကျွေးပြီး နာရီဝက် စောင့်ပြီး မှ အနီစက်ထွက်တာ အသက်ရှု ကြပ်တာတွေ မရှိမှဆက်ကျွေးပါ။ ဒါက အရင်ကတည်းက မြေပဲတစ်ခါ မှ မကျွေးဘူးတဲ့ ကလေးတွေ အတွက်သာ ဖြစ်ပါတယ်။၄။Whole grainsကျွေးပေးပါ– whole grains ဆိုတာကတော့ အလွယ်ပြောရင် ဂံျုကြမ်း၊ ဆန်ကြမ်းတွေပါ။ Whole grains တွေ မှာ ဗီတာမင် B complex ပါဝင်တဲ့အတွက် ဦးနှောက် နှင့်အာရုံကြောအတွက် အထူးကောင်းမွန် စေပါတယ်။၅။Oatmealကျွေးပါ– ကလေးတွေကို မနက်စာ အနေနဲ့ ဗီတာမင် B၊ E၊ ပိုတက်ဆီယမ် နှင့် ဇင့် ဓါတ် ကြွယ်ဝတဲ့ oatmeal ကျွေးသင့်ပါတယ်။၆။နွားနို့နှင့်ဒိန်ချဉ်ကျွေးပေးပါ– ဦးနှောက် တစ်ရှုး၊ အင်ဇိုင်း တွေကို ဖွံ့ဖြိုးစေပါတယ်။ အခုနောက်ပိုင်း ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ထပ်ဖြည့်ထားတဲ့ Fortified Milk တွေတိုက်လည်းအဆင်ပြေပါတယ်။၇။ဘယ်ရီသီးတွေများများကျွေးပါ– ဘယ်ရီသီးတွေ ဆိုတာကတော့ စတော်ဘယ်ရီသီး၊ ချယ်ရီသီး၊ ဘလူးဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဘလက်ဘယ်ရီသီးစတဲ့ အသီးတွေကို ဆိုလိုတာပါ။ ဗီတာမင် စီ ကြွယ်ဝလို့ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့အတွက် ကလေးတွေမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် တွေကြောင့် ဖြစ်တဲ့ နှာစေး၊ ချောင်းဆိုး ဖြစ်တာတွေ ကို လျှော့ချပေးပါတယ်။၈။ပဲအမျိုးမျိုးကျွေးပေးပါ– Omega 3 fatty acid ကြွယ်ဝတဲ့ kidney bean နှင့် pinto bean ကျွေးခြင်း အားဖြင့် ဦးနှောက်ဖွံ့ဖြိုးမှု ကို တစ်ဖက်တစ်လမ်းက အားပေးပါတယ်။ တစ်ခု သတိထားသင့်တာကတော့ တချို့သော ပဲအမျိုးအစားတွေက ကလေးတွေမှာ မတည့်တတ်ပါဘူး။ အထူးသဖြင့်G6PDကလေးတွေ မှာ ဆိုရင် သက်ဆိုင်ရာဆရာဝန်တွေ နှင့် တိုင်ပင်ပြီးမှ ကျွေးသင့်ပါတယ်။၉။အရောင်စုံအောင်အသီးအရွက်တွေကျွေးပါ–။ဥပမာ(၁) အနီရောင်– ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ။(၂) အဖြူရောင်– မုန့်ညှင်းဖြူ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်။(၃) အဝါရောင် (သို့) လိမ္မော်ရောင်– လိမ္မော်သီး၊ မုန်လာဥနီ။(၄) အစိမ်းရောင်– ကန်စွန်းရွက်၊ ပါင်းနုနွယ်၊ ပန်းပွင့်စိမ်း။(၅) ခရမ်းရောင်–စပျစ်သီး စတာတွေ ထဲ မှ တစ်နေ့ကို သုံးမျိုးလောက် ပါအောင်ကျွေးပေးပါ။ ကန်းစွန်းဥ နှင့် ရွှေဖရုံသီးကျွေးလည်း ရပါတယ်။ ကလေးတွေ ပိုကြိုက်ပါတယ်။၁၀။သံဓါတ်အားကောင်းစေတဲ့အမဲသားကျွေးပေးပါ– သံဓါတ်ပါာ ဦးနှောက်ဖွံ့ဖြိုးမှု နှင့်မှတ်ဉာဏ်စွမ်းအားကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် သံဓါတ် ကြွယ်ဝတဲ့ အမဲသား ကျွေးပေးဖို့လိုပါတယ်။ ဒါပေမယ့် တစ်ပတ်ကို နှစ်ကြိမ်ထက်တော့ မပိုသင့်ပါဘူး။လေးစားစွာဖြင့်။ဒေါက်တာ ညီညီကျော်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%90%e1%80%bd%e1%80%b1-%e1%80%89%e1%80%ac%e1%80%8f%e1%80%ba%e1%80%9b%e1%80%8a%e1%80%ba-%e1%80%96%e1%80%bd%e1%80%b6-%e1%80%b7/
ဆောင်းအေးအေးမှာ ဘေဘီလေးကျန်းမာနေစေဖို့ဆိုရင်
မေမေဖေဖေတို့ရဲ့ အကြီးမားဆုံးဆန္ဒတစ်ရပ်က သူတို့ရဲ့ အသက်တမျှချစ်ရတဲ့ဘေဘီလေးကျန်းမာပျော်ရွှင်နေစေဖို့ပါ။ ကလေးတစ်ယောက်ကို ကျန်းမာအောင်စောင့်ရှောက်ဖို့ကလည်း လွယ်ကူတဲ့အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ အကြောင်းကတော့ နုနယ်လွန်းတဲ့ ဘေဘီလေးက ထိခိုက်နိုင်ခြေအရမ်းများလို့ပါ။ မေမေံဗိုက်ထဲမှ နေစဉ်တုန်းက သိပ်ပြဿနာမရှိပေမယ့် ပြင်ပရာသီဥတုနဲ့ ထိတွေ့တဲ့အချိန်မျာ ရာသီဥတုအခြေအနေကလည်း ဘေဘီလေးအပေါ်မှာ တော်တော်လေးသက်ရောက်မှုရှိပါတယ်။ ဒီတစ်ခေါက်တော့ဆောင်းအေးအေးမှာ ချစ်ရတဲ့ ဘေဘီလေးကျန်းမာနေစေဖို့ မေမေတို့ဘက်က ဘာတွေဂရုစိုက်ပေးရမလဲဆိုတာတွေကို ပြောပြပေးမယ်နော်။ဘေဘီလေးဖျားနာနေရင် မေမေဖေဖေတို့အရမ်းစိတ်ညစ်နေမယ်ဆိုတာပြောနေစရာတောင်မလိုပါဘူး။ ဒီတော့ ဆောင်းအအေးဒဏ်ကြောင့် ဘေဘီလေး မဖျားစေဖို့ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ဖို့လိုအပ်ပါမယ်။ကာကွယ်ဆေးထိုးပါ– ကာကွယ်ခြင်းက ကုသခြင်းထက်ပိုထိရောက်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို ၆ လပြည့်ပြီးပြီဆိုတာနဲ့တုပ်ကွေးကာကွယ်ဆေးထိုးနှံပေးပါ။ဆေးလိပ်ငွေ့မထိတွေ့မိပါစေနဲ့ –ဖွံ့ဖြိုးစ ကလေးတစ်ယောက်ကို ဆေးလိပ်ငွေ့ထိတွေ့စေမှုက တော်တော်လေး ပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေကိုဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို ဆေးလိပ်ငွေ့မထိတွေ့စေဖို့ သေချာလေးဂရုစိုက်စေချင်ပါတယ်။သက်တောင့်သက်သာဝတ်ပေးပါ–ဆောင်းရာသီမှာ ဘေဘီလေးကို နွေးနွေးထွေးထွေးဝတ်ပေးတာကမဖြစ်ခင်မှာ ကြိုတင်ကာကွယ်ရာရောက်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ ဘေဘီလေးကို ကျန်းမာနေစေဖို့ သက်တောင့်သက်သာဝတ်စားပေးပါ။ မထူမပါးလေးက အဆင်ပြေမှာပါ။ ချွေးထွက်တာကလည်း မကောင်းသလို အရမ်းအေးတာကလည်း မကောင်းပါဘူး။အိမ်ထဲမှာ ဖိနပ်စီးပေးမထားပါနဲ့ –ဘေဘီလေးကို အပြင်သွားတဲ့အခါ ပြင်ပလေထုထဲကအဆိပ်အတောက်တွေကို ထိတွေ့မိနိုင်တာကြောင့် ဖိနပ်ဝတ်ပေးထားတာ ကောင်းတယ်ဆိုပေမယ့် အိမ်မှာနေချိန်မှာတော့ ဖိနပ်မဝတ်ပေးထားပါနဲ့။နို့များများတိုက်ပါ– ဆောင်းအအေးဒဏ်ကြောင့် ဘေဘီလေး ကျန်းမာရေးမထိခိုက်စေဖို့ဆိုရင် ဘေဘီလေးကို မိခင်နို့များများတိုက်ပေးပါ။မိခင်နို့က ဘေဘီလေးကိုကိုယ်ခံအားကောင်းစေမယ့် အကောင်းဆုံးအာဟာရတစ်မျိုးပါ။ရေဓါတ်ပြည့်ဝအောင် ထားပါ–ရေဓါတ်ပြည့်ဝမှုက ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့်ဆောင်းရာသီမှာ အသက်ရှုလမ်းကြောင်းကျန်းမာပြီး ကိုယ်ခံအားကောင်းဖို့ ဘေဘီလေးကို ရေများများတိုက်ပါ။အရုပ်တွေကို သန့်ရှင်းအောင်ထားပါ –ဘေဘီလေးတွေ ကိုင်တွယ်ထိတွေ့နေတဲ့ အရုပ်တွေ ပါးစပ်ထဲထည့်ဝါးတတ်တဲ့ အရုပ်တွေကို အမြဲသန့်ရှင်းရေး လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ရောဂါပိုးတွေကနေ ကာကွယ်ပြီးသားဖြစ်စေမှာပါ။ရေနွေးနဲ့ရေချိုးပေးပါ –ဆောင်းတွင်းမှာ ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာက ဘေဘီလေးကို ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို ရေနွေးနွေးလးနဲ့ချိုးပေးပါ။Baby Lotionလူးပေးပါ– အသားအရေက ခန္ဓါကိုယ်ရဲ့ ခံတပ်ဆိုတော့ ဘေဘီလေးကို ရောဂါပိုးမွှားတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ အကောင်းဆုံးလုပ်ပေးရမှာက အရေပြားကို ခြောက်သွေ့ကွဲအက်မှုကင်းစေဖို့အတွက် ဘေဘီလေးကို Lotion လိမ်းပေးပါ။ရေမလိုလက်သန့်ဆေးရည်မသုံးပါနဲ့ –ဘေဘီလေးတွေက သူတို့ရဲ့ လက်တွေကို ပါးစပ်ထဲထည့်တာမျိုးရှိနိုင်တဲ့အတွက် ရေမလိုလက်သန့်ဆေးရည်မှာပါတဲ့ အယ်လ်ကိုဟော တွေ ဘေဘီလေးဝမ်းထဲကိုရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် အခြေခံလိုက်နာသင့်တဲ့အချက်က လက်ဆေးပါဆိုပေမယ့် ရေမလိုလက်သန့်ဆေးရည်ကို မသုံးပါနဲ့။လွတ်လွတ်လပ်လပ် ကစားခွင့်ပေးပါ –ဆောင်းရာသီမှာ ကျန်းမာစေဖို့ကကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့လည်း လိုပါမယ်။ ဒါကြောင့် ဘေဘီလေးကို လွတ်လွတ်လပ်လပ်ပေးကစားလိုက်ပါ။ဆောင်းရာသီမှာ ဖျားနာမှုကင်းတဲ့ ဘေဘီလေးဖြစ်စေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးလိုက်ပါ ဖေဖေမေမေတို့ရေ………။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%b1%e1%80%b8%e1%80%a1%e1%80%b1%e1%80%b8%e1%80%99%e1%80%be%e1%80%ac-%e1%80%98%e1%80%b1%e1%80%98%e1%80%ae%e1%80%9c%e1%80%b1-2/