title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
လိင်ဆက်ဆံစဉ် နာကျင်မှုအတွက် ဖြေရှင်းနည်းများ
လိင်မှုကိစ္စသည်လက်ထပ်ခြင်းတွင်အလွန်အရေးပါသည်။ ခင်ပွန်းနှင့်ဇနီး သည်ကြား မျှဝေခံစားခြင်း ဖြစ်သကဲ့သို့အခြားသူများနှင့်မတူသော နှစ်ဦးကြား နက်ရှိုင်းသည့်ပတ်သက်မှုလည်းဖြစ်သည်။ သို့သော်လည်း အချို့စုံတွဲများသည် လိင်ဆက်ဆံမှုပြုရန်ခက်ခဲသည်ကို တွေ့ရသည်။ အကြောင်းမှာလိင်ဆက်ဆံနေစဉ် လွန်စွာနာကျင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့်ထိုအခက်အခဲအတွက် ဖြေရှင်းနည်းများကိုရှာဖွေနေပါက ဤဆောင်းပါးကိုဖတ်ရှုပါ။ချောမွေ့မှုမရှိခြင်း။အချို့အမျိုးသမီးများ၏မွေးလမ်းကြောင်းသည် ခြောက်သွေ့နေတတ်သည့်အတွက်လိင်ဆက်ဆံမှုပြုရန်ခက်ခဲသည်ကိုတွေ့ရမည်။ ချောမွေ့မှုမရှိပါက လိင်ဆက်ဆံမှုပြုရာတွင်နာကျင်နိုင်ပါသည်။စိတ်ဖိစီးမှုများ။လုပ်ငန်းခွင် အခက်အခဲပေါင်းများစွာက သင့်ကိုစိတ်ဖိစီးစေသည်။ အိပ်ယာဝင်ချိန်အထိပင်ပန်းနွမ်းနယ်စေသည်။ ထိုကဲ့သို့သောသူများတွင်လိင်မှုရေးရာ၌ပျော်ရွှင်သာယာမှုရရန်ခက်ခဲသည့်အပြင်တစ်ခါတရံနာကျင်ခြင်းကိုပါခံစားရတတ်သည်။လိင်အဂါၤကူးစက်ရောဂါများ။လိင်အင်္ဂါတွင်ကူးစက်ရောဂါများဖြစ်ပွားနိုင်သည်။( ဥပမာ – လိင်အင်္ဂါရေယုန်၊ ထရိုင်ခိုမိုနာ ရောဂါ ) ထိုရောဂါများသည်အမျိုးသမီးအင်္ဂါစပ်နှင့်မွေးလမ်းကြောင်းတို့ကိုနာကျင် ရောင်ရမ်းစေသည့်အတွက် လိင်ဆက်ဆံရာတွင် အဆင်မချောခြင်း၊ နာကျင်ခြင်းတို့ကိုဖြစ်စေသည်။Endometriosis (သားအိမ်ဆဲလ်များ သားအိမ်ပြင်ပရောက်နေသော ရောဂါ) ဟုခေါ်သည့်မီးယပ်ရောဂါ။ပုံမှန်အားဖြင့်သားအိမ်အတွင်းရှိသောဆဲလ်များသည် သားအိမ်ပြင်ပအခြား နေရာများသို့ရောက်ရှိပါက Endometriosis ရောဂါကိုခံစားရသည်။ အမျိုးသမီးများ၏ ၇ ရာခိုင်နှုန်း ခန့်တွင်ထိုရောဂါကိုတွေ့ရတတ်ပြီး လိင်ဆက်ဆံရာတွင်နာကျင်ခြင်းကိုဖြစ်စေတတ်ပါသည်။မီးယပ်သွေးဆုံးအခြေအနေ။မီးယပ်သွေးဆုံးခါနီး(သို့မဟုတ်)သွေးဆုံးပြီးချိန်များတွင်ဟော်မုန်းဆိုင်ရာ အပြောင်းအလဲများဖြစ်ပေါ်သည့်အတွက်ထိုအချိန်များတွင်လိင်ဆက်ဆံမှုပြုပါကနာကျင်စေတတ်ပါသည်။နာတာရှည် အူလမ်းကြောင်း ရောင်ရမ်းသော ရောဂါ (IBS )။နာတာရှည် အူလမ်းကြောင်း ရောင်ရမ်းသော ရောဂါ (IBS) လက္ခဏာများမှာ ဝမ်းဗိုက်မကြာခဏရစ်နာခြင်း၊ဝမ်းချုပ်လိုက် ဝမ်းပျက်လိုက်ဖြစ်ခြင်းစသည်တို့အပြင် လိင်ဆက်ဆံရာတွင် နာကျင်ခြင်းသည်လည်း ပါဝင်ပါသည်။ကုသနည်းများ။မွေးလမ်းကြောင်း ခြောက်သွေ့တတ်သူဖြစ်ပါက သင့်တော်သောချောဆီကိုသုံးပါ။ လိင်ဆက်ဆံမှုမပြုမီကတည်းကစတင်သုံးစွဲခြင်းဖြင့်နာကျင်မှုကိုရှောင်ရှားနိုင်ပါသည်။ ထို့ပြင် လိင်မှုရေးရာမစတင်ချိန်ခင်တည်းက အသုံးပြုသောကြောင့် ဆက်ဆံနေစဉ်တွင် အသုံးပြုဖို့ရှာဖွေရန် မလိုအပ်တော့သောကြောင့် ကြည်နူးဖွယ်အချိန်လေး ပျက်စီးပြတ်တောက်သွားမည်ကိုလည်း စိုးရိမ်ဖွယ် မရှိပါ။စိတ်ဖိစီးမှုများသူများ အနေဖြင့်စိတ်လက်ပြေလျော့ရန် ယောဂကျင့်စဉ်များကိုစမ်းသပ်ကြည့်နိုင်ပါသည်။လိင်အင်္ဂါကူးစက်ရောဂါများအတွက်ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ကုသပါ။Endometriosis မီးယပ်ရောဂါအတွက်မူ ဆရာဝန်နှင့်တိုင်ပင်၍သောက်ဆေး၊ထိုးဆေးအပြင်လိုအပ်ပါကခွဲစိတ်ကုသရခြင်းများလည်းပြုလုပ်ရနိုင်ပါသည်။လိင်မှုရေးရာကိစ္စသည်အိမ်ထောင်သည်ဘဝ၏ပျော်ရွှင်မှုအတွက်များစွာ သက်ရောက်မှုရှိသည့်အတွက ်လိင်ဆက်ဆံစဉ် နာကျင်မှုကိုခံစားနေရပါက အထက်ပါအချက်အလက်များကိုလိုက်နာခြင်း အပြင်လိုအပ်ပါကကျွမ်းကျင် သော ဆေးပညာရှင်များထံမှလည်း အကြံဉာဏ်များရယူသင့်ပါသည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%86%e1%80%80%e1%80%ba%e1%80%86%e1%80%b6%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
သားအိမ်ပြင်ပသန္ဓေတည် ခြင်း
ကိုယ်ဝန်ရှိဖို့ဆိုရင် အရင်ဆုံးမျိုးအောင်ပြီးသန္ဓေတည်ရပါတယ်။ မမျိုးဥလေးနဲ့ သုက်ကောင်လေးက သားဥပြွန်မှာဆုံတွေ့မယ်။ မျိုးအောင်မယ်။ သန္ဓေသားလေးဖြစ်မယ်။ အဲ့ဒီသန္ဓေသားလေးက သားဥပြွန်ကနေပြန်ဆင်းလာပြီး သူ့အတွက် ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ သားအိမ်နံရံမှာ ပြန်လာတွယ်မယ်။ ဒါကပုံမှန်ကိုယ်ဝန်ဆောင်တဲ့ပုံစံပါ။ တချို့တွေကတော့ ထူးထူးခြားခြား သန္ဓေအောင်ပြီးခါမှ သန္ဓေတည်ခါနီးကျရင် သားအိမ်ကိုဆင်းမလာဘဲ သားဥပြွန်မှာ သန္ဓေတည်လိုက်ပါတယ်။ တချို့ကျတော့လည်း သားဥအိမ်၊ သားအိမ်ခေါင်း၊ ဝမ်းဗိုက်ထဲထိသန္ဓေတည်တတ်ပါတယ်။ ဒါကြောင့် အလွယ်ပြောရင် သားအိမ်ကလွဲပြီး တခြားနေရာမှာ သန္ဓေတည်ရင် သားအိမ်ပြင်ပသန္ဓေတည် တယ်လို့ ခေါ်ပါတယ်။သားအိမ်ပြင်ပသန္ဓေတည် တဲ့ထဲမှာသားဥပြွန်မှာ သန္ဓေတည်တာအများဆုံးပါ။ ၉၀ရာခိုင်နှုန်းလောက်ရှိပါတယ်။ သားဥပြွန်ကနေ သားအိမ်ကို ဆင်းလာတဲ့လမ်းမှာ ကြာနေတာကြောင့် သားဥပြွန်မှာ သန္ဓေတည်လိုက်တာပါ။ သားဥပြွန်မှာ ချို့ယွင်းချက်တစ်ခုခုရှိနေရင် သန္ဓေတည်ဖို့ အောက်ကိုဆင်းမလာနိုင်ဘဲ လမ်းမှာတန့်နေမှာပါ။ ဥပမာပြောရရင်။တချို့ဆိုရင် သိတောင်မသိလိုက်ပါဘူး။ တချို့ကျတော့လည်း ကိုယ်ဝန်ရှိသလိုမျိုး ရာသီထိမ်တာ၊ ပျို့တာ၊ ရင်သားနာတာစသဖြင့် ခံစားရပါတယ်။ ဆီးစစ်ကြည့်တော့လည်း ၂ကြောင်းပေါ်ပါတယ်။ နေရာလွဲတာကလွဲရင် သာမန်ကိုယ်ဝန်ဆောင်တွေနဲ့တူတူပါပဲ။ဒီသန္ဓေသားလေးကြီးလာလေလေ လက္ခဏာတွေ ပိုပေါ်လေလေပါပဲ။ အရင်ဆုံး လက္ခဏာကတော့။ဒါကြောင့် ကိုယ်ဝန်နုချိန်မှာ။သားအိမ်ပြင်ပသန္ဓေတည်တာရှိရင် အမြန်ဆုံးကုသပါ။ အချိန်ကြာလာလေလေ သားဥပြွန်ပေါက်နိုင်လေလေ သွေးထွက်လွန်ပြီး အသက်အန္တရာယ်ရှိလေလေပါ။သားအိမ်ပြင်ပ သန္ဓေတည်ခြင်း ဟုတ်၊ မဟုတ် အဖြေရှာဖို့ လူနာကို ရောဂါရာဇဝတင်မေးတာ၊ စမ်းသပ်တာတွေ လုပ်ပါလိမ့်မယ်။ အထူးသဖြင့်တော့ ရာသီသွေးပေါ်တာနဲ့ ပတ်သက်ပြီး မေးပါလိမ့်မယ်။ တချို့တွေက ရာသီထိမ်ပြီး ကိုယ်ဝန်ရှိနေတာကို သတိမထားမိတတ်ကြလို့ပါ။ ဒါ့အပြင် ပိုပြီးသေချာစေဖို့။သားအိမ်ရဲ့ အရွယ်အစားကိုလည်း စမ်းသပ်တာပါ။ ပုံမှန် ကိုယ်ဝန်တစ်ခုမှာ သားအိမ်ရဲ့ အရွယ်အစားဟာ ကြီးလာပါလိမ့်မယ်။ သားအိမ်ပြင်ပ သန္ဓေတည်ခြင်း မှာတော့ ဒီလိုမဟုတ်ပါဘူး။အာထရာစောင်း ရိုက်ပြီး သားအိမ်နဲ့ သားဥပြွန်ရဲ့ အခြေအနေကို သိနိုင်ပါတယ်။ ဒီစစ်ဆေးမှုမှာ သင့်ကိုယ်ဝန်က ဘယ်မှာသွားသန္ဓေတည်နေသလဲဆိုတာကိုပါ ရှင်းရှင်းလင်းလင်း မြင်ရပါလိမ့်မယ်။ပုံမှန်ကိုယ်ဝန်ဆောင်ခြင်းမှာ hCG ဆိုတဲ့ ဟော်မုန်းက တစ်နေ့တခြား တက်နေလေ့ရှိပါတယ်။ သားအိမ်ပြင်ပမှာ သန္ဓေတည်ရင်တော့ ဟော်မုန်းပမာဏ ကျသွားတာ၊ ဆက်တက်မလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ကုသနည်းတွေကတော့ ကိုယ်ဝန်ဘယ်နှပတ်မှာ တွေ့တာလဲဆိုတာရယ်၊ သားဥပြွန်ပေါက်မပေါက်ဆိုတာရယ်၊ လူနာရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပါတယ်။ ဆေးပေးတာ၊ ခွဲစိတ်တာ၊ အရေးပေါ် ခွဲစိတ်ဖို့ လိုအပ်တာ စသဖြင့် အမျိုးမျိုး ရှိပါတယ်။ဆေးသောက်ခြင်း။လတ်တလောမှာ သားဥပြွန်ပေါက်နိုင်ခြေလည်း နည်းတယ်။ သွေးဆင်းတာနည်းပြီး စောင့်ကြည့်လို့ရတဲ့ အနေအထားဆိုရင် Methotrexate လိုမျိုး တစ်ရှူးကြီးထွားမှုကို ရပ်စေတဲ့ ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ အားသာချက်က ခွဲစိတ်စရာမလို၊ သားဥပြွန်ဖယ်စရာ မလိုတာပဲ ဖြစ်ပါတယ်။ခွဲစိတ်ခြင်း။သားဥပြွန်ပေါက်နိုင်ခြေရှိတယ်ဆိုရင်တော့ ဝမ်းဗိုက်ကနေ အပေါက်ဖောက်ပြီး သန္ဓေသားကို ဖယ်ထုတ်ကာ ခွဲစိတ်ကုသမှု ခံယူရပါမယ်။ အဲ့ဒီမှာ သားဥပြွန်ရ၇ဲ့ အခြေအနေပေါ် မူတည်ပြီး ဖယ်ထုတ်မထုတ်ကို ဆုံ:ဖြတ်ကြပါတယ်။တကယ်လို့ သန္ဓေသားက ကြီးထွားလာပြီး သားဥပြွန်ပေါက်ကွဲလာပြီဆိုရင် အသက်ကယ်ဖို့အတွက် အရေးပေါ် ခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။ သားဥပြွန်နဲ့ သားဥအိမ်တွေ ဆိုးဆိုးဝါးဝါး ထိခိုက်လာပြီဆိုရင်တော့ ၎င်းတို့ကို ဖယ်ရှားဖို့ရာအတွက် ခွဲစိတ်ရန် လိုအပ်လာနိုင်ပါတယ်။ကာကွယ်လို့ရတဲ့ နည်းလမ်းတော့မရှိပါဘူး။ ဖြစ်နိုင်ခြေနည်းချင်ရင်တော့။သားအိမ်ပြင်ပသန္ဓေတည်ဖူးပေမယ့် နောက်တစ်ခါ ကိုယ်ဝန်ထပ်ဆောင်လို့ ရပါတယ်။ ခွဲစိတ်ထားတာဆိုရင်တော့ အနည်းဆုံး၃လလောက် ပြန်စောင့်ပြီးမှ ကိုယ်ဝန်ပြန်ဆောင်သင့်ပါတယ်။ တစ်ခါဖြစ်ဖူးရင် နောက်တစ်ခါထပ်ဖြစ်နိုင်တာကြောင့် သားအိမ်ပြင်ပသန္ဓေတည်ခြင်းရဲ့ လက္ခဏာတွေကို စောစောသတိထားမိဖို့ လိုပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/what-you-need-to-know-about-ectopic-pregnancy/
ကလေးတွေမှာ လည်ချောင်းနာခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းများ
နေပူမိုးရွာတစ်လှည့်စီဖြစ်နေတဲ့ ရာသီဥတုဒဏ်ကြောင့် လည်ချောင်းကခြောက်ကပ်ကပ်နဲ့နာနေတာကို ဘယ်လိုသက်သာအောင်လုပ်ရမလဲလို့များတွေးနေလား။ ကိုယ်တိုင်အတွက်ဖြစ်ဖြစ် မိသားစုဝင်တွေ သားသားမီးမီးလေးတွေအတွက်ပဲဖြစ်ဖြစ်ပေါ့။ရာသီဥတုအပြောင်းအလဲမှာ လည်ချောင်းနာလေ့ရှိပါတယ်။ လည်ချောင်းနာတဲ့အခါ အစားအစာတွေမျိုချရခက်တာ၊ လည်ချောင်းထဲမှာခြောက်ကပ်ကပ်ဖြစ်တာတွေကြုံဖူးကြမှာပါ။ ဒီဝေဒနာက လူကြီးတွေမှာတောင် အတော်လေးခံရခက်တဲ့ဝေဒနာပါ။ လည်ချောင်းထဲမှာ တံထွေးမျိုချဖို့တောင်တော်တော်လေးခက်ပါတယ်။ လည်ချောင်းနာတာက များသောအားဖြင့် ကူးစက်ရောဂါပိုးတွေ၊ ပတ်ဝန်းကျင်ကခြောက်သွေ့တဲ့လေထုတွေကြောင့်ဖြစ်ရတာပါ။ လည်ချောင်းနာတာကိုဆေးခန်းပြစရာမလိုဘဲ အိမ်တွင်းကုထုံးတွေနဲ့လည်း သက်သာအောင် ကုသပေးလို့ရပါတယ်။လည်ချောင်းနာတာကို ဒီလိုအမျိုးအစားခွဲတယ်။လည်ချောင်းနာတာကဖြစ်တဲ့အစိတ်အပိုင်းပေါ်မှာမူတည်ပြီး လည်ချောင်းနာတဲ့ အမျိုးအစားကိုခွဲခြားနိုင်ပါတယ်။ ဒါတွေကတော့ –။လည်ချောင်းနာတာရောဂါပိုးကူးစက်ခံထားရတဲ့လက္ခဏာတစ်ရပ်ပါ။ ကလေးတွေမှာ လည်ချောင်းနာတာဖြစ်တဲ့အခါ အရမ်းနာကျင်ပြီး ကလေးက အစားအသောက်တွေကို မျိုချဖို့ခက်ခဲတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ လည်ချောင်းနာတာက အသက်အရွယ်အားလုံးမှာဖြစ်နိုင်ပေမယ့် အသက်၂ နှစ်အောက်ကလေးငယ်လေးတွေမှာဖြစ်ရင်တော့ စိုးရိမ်ရပါတယ်။ ဒီအရွယ်မှာ လည်ချောင်းနာတာက အာခေါင်နဲ့အာသီးတွေမှာ ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့် မဟုတ်ဘဲesophagitis(အစာရေမျိုပြွန်ရောင်ခြင်း) နဲ့ အစာရေမျိုတစ်ဝိုက်မှာ ပုံမှန်မဟုတ်တဲ့အခြေအနေတွေဖြစ်နေတာကြောင့်ဖြစ်တတ်လို့ပါ။လည်ချောင်းနာတာ အဖြစ်များဆုံးအရွယ်က အသက် ၅ နှစ်ကနေ ၁၈ နှစ်ကြားအရွယ်တွေပါ။ အများစုက အသက်ရှူလမ်းကြောင်းပိုးဝင်တာကနေတဆင့် ဗိုင်းရပ်စ်တွေကူးစက်ပြီးဖြစ်ရတာပါ။ သားသားမီးမီးလေးတွေနေထိုင်မကောင်းဖြစ်တာ၊ မအီမသာနဲ့ဂျီကျနေပြီဆိုရင် စိတ်ပူတတ်တာမိဘတိုင်းလိုလိုပါ။ ကလေးက စကားပြောတတ်တဲ့အရွယ်ရောက်ပြီး သူခံစားနေရတာကိုပြောပြတတ်ရင်တော်သေးရဲ့။ ဒီလိုမှမဟုတ်ဘဲ ကလေးက အရမ်းငယ်နေသေးမယ်ဆိုရင်တော့ ကလေးကဖျားပြီဆိုရင်ဖေဖေမေမေတွေခေါင်းနပန်းကြီးပြီလေ။ ဒါကြောင့် သားသားမီးမီးလေးတွေမှာ လည်ချောင်းနာရင် ဘယ်လိုလက္ခဏာပြတတ်လဲဆိုတာကိုပြောပြပေးမယ်နော်။လည်ချောင်းနာတာအများစုက ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတာဖြစ်ပြီး အထူးတလည်ကုသမှုခံယူစရာမလိုပါဘူး။ ဒါပေမယ့် ကလေးမှာ လည်ချောင်းနာဖြစ်တဲ့အခါ ကူးစက်ပြန့်နှံ့တာမျိုးမဖြစ်ဖို့ ကာကွယ်ဖို့လိုအပ်သလိုပြင်းထန်တဲ့နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့လေးဖက်နာပိုးဝင်သွားတာမျိုးတွေမဖြစ်အောင် ကာကွယ်ဖို့လိုအပ်ပါတယ်။မိဘတွေအနေနဲ့ကတော့ ကလေးကလည်ချောင်းနာတဲ့အခါ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်တာမျိုးမလုပ်ဘဲ တတ်ကျွမ်းနားလည်သူတွေနဲ့ သွားရောက်ပြသဖို့ လိုပါလိမ့်မယ်။ ကလေးမှာလည်ချောင်းနာဖြစ်နေတဲ့အခါ အခုပြောပြမယ့် လက္ခဏာတွေထဲက တစ်ခုထက်မကဖြစ်နေတတ်ပါတယ်။ဘေဘီပိစိလေးတွေကစလို့ အရွယ်ရောက်တဲ့ဘေဘီလေးတွေအထိ လည်ချောင်းနာဖြစ်နိုင်ပါတယ်။ ဘေဘီလေးတွေကို လည်ချောင်းနာဖြစ်စေရတဲ့ အကြောင်းအရင်းတွေက –။(၁) ဗိုင်းရပ်စ်တွေ။ကလေးတွေမှာ လည်ချောင်းနာဖြစ်စေတာက ဗိုင်းရပ်စ်တွေကြောင့်ပါ။ လည်ချောင်းနာဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ပဋိဇီဝဆေးတွေအသုံးပြုပြီး ကုသလို့မရပါဘူး။ ဒီဗိုင်းရပ်စ်တွေက အဖျားတက်စေတာနဲ့ လည်ချောင်းနာကျင်မှုဝေဒနာတွေကိုဖြစ်စေနိုင်ပါတယ်။(၂) လည်ချောင်းနာခြင်းနဲ့ ချောင်းဆိုးခြင်း။အအေးမိဖျားနာခြင်းကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်က ချောင်းဆိုးတာနဲ့ လည်ချောင်းနာတာကိုဖြစ်စေနိုင်ပါတယ်။ ချောင်းဆိုးနေတာကနေလည်း လည်ချောင်းအတွင်းပိုင်းကြွက်သားတွေကို ယားယံနာကျင်စေနိုင်တာကြောင့် လည်ချောင်းနာစေနိုင်ပါတယ်။(၃)Strep Throat(စထရပ်ရောဂါပိုးကြောင့်ဖြစ်သောလည်ချောင်းနာခြင်း)။ဒီလည်ချောင်းနာမှုကတော့ strep (စထရပ်ရောဂါပိုး)ကြောင့်ဖြစ်ရတာပါ။ ဒီလိုမျိုးလည်ချောင်းနာဝေဒနာကတော့ ပဋိဇီဝဆေးဝါးတွေသောက်သုံးမှပျောက်ကင်းမှာဖြစ်ပါတယ်။(၄)Coxsackie Virus(coxsackie ရောဂါပိုးကူးစက်ခံရခြင်း)။ဒီဗိုင်းရပ်စ်က အဖျားကြီးစေနိုင်ပြီး လည်ချောင်း၊သွားဖုံးနဲ့နှုတ်ခမ်းတို့မှာ အနာတွေဖြစ်စေနိုင်ပါတယ်။ ဒါလည်း ကလေးတွေမှာဖြစ်နိုင်ပါတယ်။(၅) ဓာတ်မတည့်ခြင်း။ဓာတ်မတည့်တာက ရုတ်တရက်ဆိုသလို ကလေးငယ်တွေမှာ လည်ချောင်းနာတာကိုဖြစ်စေနိုင်ပါတယ်။ ဒီဝေဒနာက အရမ်းမပြင်းထန်ပေမယ့်ဖြည်ဖြည်းချင်းနဲ့ အချိန်အကြာကြီးဖြစ်နေတတ်ပါတယ်။(၆) ခြောက်သွေ့တဲ့လေထု။ခြောက်သွေ့တဲ့လေထုက ခံတွင်းနဲ့လည်ချောင်းထဲက အစိုဓာတ်တွေကို စုပ်ယူနိုင်တာကြောင့် လည်ချောင်းထဲမှာ ခြောက်သွေ့ယားယံပြီး နာကျင်မှုကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ဆောင်းတွင်းလိုအချိန်မျိုးမှာ ကလေးတွေ လည်ချောင်းနာတာ ပိုဆိုးတတ်ပါတယ်။(၇) ဆေးလိပ်ငွေ့တွေ၊ ဓာတုဗေဒပစ္စည်းတွေနဲ့ အခြားဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေ။နေ့စဉ်လှုပ်ရှားသွားလာနေတဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ဆေးလိပ်ငွေ့တွေ၊ လေထုညစ်ညမ်းစေတဲ့ အခိုးအငွေ့တွေ၊ ကားအိတ်ဇောပိတ်က အငွေ့တွေ၊ အိမ်သန့်ရှင်းရေးလုပ်ရာမှာ အသုံးပြုတဲ့ ဆပ်ပြာရည်တွေရဲ့ အငွေ့တွေကြောင့်လည်း ကလေးတွေမှာ လည်ချောင်းနာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့်ကလေးကို လေဝင်လေထွက်ကောင်းတဲ့ရှိနေဖို့ ဂရုစိုက်သင့်ပြီး ကလေးအနားမှာဆေးလိပ်သောက်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။လည်ချောင်းနာတာကို ဖြစ်စေတဲ့အရာတွေရဲ့ ၉၀ ရာခိုင်နှုန်းက ဗိုင်းရပ်စ်တွေပါ။ ဘယ်ဗိုင်းရပ်စ်တွေကများ ဘေဘီလေးတွေမှာ လည်ချောင်းနာတာကိုဖြစ်စေနိုင်တာလဲ။အခုပြောခဲ့တဲ့ ဗိုင်းရပ်စ်တွေကဘေဘီလေးတွေမှာ လည်ချောင်းနာတာကိုဖြစ်စေနိုင်ပါတယ်။အနာသိရင်ဆေးရှိတယ်ဆိုတဲ့ စကားအတိုင်း လည်ချောင်းနာတာကို သက်သာအောင်လုပ်လို့ရတဲ့နည်းတွေရှိပါတယ်။ လည်ချောင်းနာတာကို သက်သာစေဖို့ဆိုရင် –။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/respiratory-diseases/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%9c%e1%80%8a%e1%80%ba%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%ac/
အမျိုးသမီးများ အတွက် Hello Sayarwon
အားလုံးပဲ မင်္ဂလာပါ။ Helloဆရာဝန် အဖွဲ့သားတွေကိုယ်စား နှုတ်ခွန်းဆက်သပါတယ်။ Hello Sayarwon (Helloဆရာဝန်)ကို ၂၀၁၇ခုနှစ်မှာ စတင်တည်ထောင်ကတည်းကစပြီး ဝဘ်ဆိုက်ရဲ့ အခန်းကဏ္ဍတွေကို ဖွဲ့စည်းရာမှာအမျိုးသမီးကျန်းမာရေးကဏ္ဍဟာ မပါမဖြစ်အနေနဲ့ ဖွဲ့စည်းတည်ဆောက်ခဲ့ပါတယ်။ စတင်တည်ထောင်တဲ့အချိန်ကနေ ဒီနေ့အထိ အမျိုးသမီးများကဏ္ဍဟာ လူဖတ်အများဆုံးအဖြစ် အမြဲမှတ်တမ်းဝင်ပါတယ်။Hello Sayarwon (Helloဆရာဝန်)ဟာ အမျိုးသမီးတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုသလို အမြဲတမ်းတိုးတက်ကောင်းမွန်လာဖို့ကိုလည်း အမြဲရှေးရှုပါတယ်။ ရှေးရိုးစွဲဝါဒီတွေများတဲ့ ကျွန်တော်တို့နိုင်ငံမှာ အမျိုးသမီးတွေရဲ့ပါဝင်မှု၊ ဦးဆောင်မှုနဲ့ အခွင့်အရေးတွေကို မြှင့်တင်ဖို့ကြိုးစားရတာဟာ ထင်သလောက်မလွယ်ဘူးဆိုတာ သိကြမှာပါ။အမျိုးသမီးတွေကိုယ်တိုင်ကတောင်မှ ကိုယ့်အခွင့်အရေးကို နားမလည်နိုင်၊ အဆုံးရှုံးခံနေကြတာမျိုးတွေရှိနေကြတယ်မလား။ ဒီလိုနဲ့ပဲ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် ကဏ္ဍပေါင်းများစွာမှာ အမျိုးသမီးတွေဟာ တဆင့်နိမ့်တဲ့နေရာမှာ ဆက်ဆံခံကြရ၊ ခွဲခြားခံကြရပါတယ်။ အထူးသဖြင့် ပညာတတ်မြောက်မှုနိမ့်ပါးတဲ့နေရာတွေမှာ ဒီလိုခွဲခြားဆက်ဆံမှုတွေကို ပိုမြင်တွေ့ရပါတယ်။ ဥပမာအားဖြင့်ရာသီလာချိန်မှာ အမျိုးသမီးက အမျိုးသားနဲ့ထိတွေ့လို့မရဘူးဆိုတာမျိုး၊ အမျိုးသမီးရာသီလာတာ နိမ့်ကျတဲ့အရာဖြစ်တယ်ဆိုတာမျိုး၊အမျိုးသမီးရောဂါအကြောင်း၊ အမျိုးသမီးလိင်အင်္ဂါအကြောင်း၊လိင်ကျန်းမာရေးအကြောင်း၊ မိခင်နှင့်ကလေးကျန်းမာရေး အစရှိသဖြင့် အမျိုးသမီးကျန်းမာရေးတွေဟာ မမှန်ကန်တဲ့သတင်းအချက်တွေ၊ မှားယွင်းပြီး အန္တရာယ်များတဲ့ရှေးရိုးစွဲအယူအဆတွေ၊ ပြောဖို့မသင့် ပြောမကောင်း မဆွေးနွေးကောင်း မသင်ကြားကောင်းတဲ့အရာတွေအဖြစ် ရှုမြင်နေကြပါတယ်။ စစ်ပွဲတွေရဲ့ဒဏ်၊ ဆင်းရဲမွဲတေမှုနဲ့ ပညာတတ်မြောက်မှုနိမ့်ကျခြင်းတို့ကြီးစိုးတဲ့နေရာမှာ အမျိုးသမီးတွေရဲ့အခွင့်အရေးဟာ ဆုံးရှုံးရုံတင်မက အနိုင့်အထက်လည်း ပြုမူခံနေရပါတယ်။ဒီလိုအတားအဆီးတွေများစွာနဲ့ ရှေ့ဆက်လာခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးမြှင့်တင်ခြင်းမှာ ပူးပေါင်းပါဝင်တဲ့အနေနဲ့ မတ်လ ၈ ရက်မှာကျင်းပမယ့် အမျိုးသမီးများနေ့အထိမ်းအမှတ်မှာHelloဆရာဝန်ကလည်း ဂုဏ်ယူစွာနဲ့ပါဝင်မှာဖြစ်ပါတယ်။ ၂ပတ်ကြာကျင်းပမယ့် အမျိုးသမီးကျန်းမာရေးအထူးကဏ္ဍမှာHelloဆရာဝန်က အမျိုးသမီးကျန်းမာရေးကြောင်းစုံလင်စွာ ဖော်ပြပေးမယ့်အပြင် အမျိုးသမီးတွေရဲ့ ဦးဆောင်မှုနဲ့ ပါဝင်မှု အခန်းကဏ္ဍတွေကိုမြှင့်တင်ဖို့ရာလည်း ပြုလုပ်မှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ အမျိုးသမီးပရိသတ်ကြီးအနေနဲ့လည်း တတပ်တအားပါဝင်နိုင်ကြပါတယ်။ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို အသိအမှတ်ပြုမြှင့်တင်ဖို့ ကူညီနိုင်ကြပါတယ်။အမျိုးသားတွေအနေနဲ့လည်း ဒီလိုခွဲခြားနှိမ့်ချခံနေရတာတွေအပေါ် ဓမ္မဓိဌာန်ကျကျရှုမြင်ပြီး ဝိုင်းဝန်းမြှင့်တင်ကူညီပေးလို့ရပါတယ်။“တစ်ယောက်အားနှင့်ဆိုသော်မရ တစ်သောင်းအားနှင့်ဆိုသော်ရ၏” ဆိုတဲ့အတိုင်းပဲ အားလုံးအတူပါဝင်ကြမယ်ဆိုရင်၊ အမျိုးသား အမျိုးသမီး အားလုံးအတူရပ်တည်ပြီး ရှေးရိုးစွဲတွေ၊ မမှန်ကန်တဲ့အချက်အလက်နဲ့ အသိအမြင်အမှားတွေကို ချေဖျက်နိုင်ကြမယ်ဆိုရင် ကျွန်တော်တို့နေထိုင်တဲ့ပတ်ဝန်းကျင်ဟာ ဒီထက်ပိုပြီးလှပသာယာ နေချင့်စဖွယ်ကောင်းမယ်ဆိုတာအမှန်ပါပဲ။အမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုလျက်။ဒေါက်တာသူရိန်လှိုင်ဝင်း။အယ်ဒီတာချုပ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/hello-sayarwon-for-ladies/
ကလေးတွေကို ရိုက်ပြီးဆုံးမမှဖြစ်မှာလား
ငယ်ငယ်ကတော့ ကိုယ်တွေ စကားနားမထောင်ဘူးဆိုရင် အမေက ကြိမ်လုံးနဲ့ တီးတာပဲဟုတ်။ ဒီဘက်ခေတ်မှာတော့ ဒီအယူအဆတွေက ပြောင်းလဲလာပါပြီ။ ကလေးတွေကို ရိုက်ပြီးဆုံးမမှဖြစ်မှာလား ။ သင်ကိုယ်တိုင်ရော ဘယ်လို ထင်ပါသလဲ။ ကိုယ်တိုင်ရဲ့ ယူဆချက် မှန်ရဲ့လားဆိုတာကို ဆန်းစစ်ကြည့်ရအောင်နော်။သားသမီးကို ဆုံးမတာလည်း ဆုံးမတာပေါ့လေ။ ဒါပေမယ့် ကလေးတွေကို  ရိုက်မောင်းပုတ်မောင်း နဲ့ ဆုံးမတာမျိုးကတော့ ဘယ်လိုမှ မဖြစ်သင့်တဲ့ ဆုံးမမှုမျိုးပါ။ သားသမီးတွေကိုရိုက်နှက်ဆုံးမခြင်းအားဖြင့် ကလေးတွေဟာ-။ဒါကြောင့် ကလေးတွေကို ရိုက်နှက်ဆုံးမရတဲ့ အခြေအနေမဆိုက်ရအောင် ဘာတွေ လုပ်နိုင်မလဲဆိုတာကို ကြည့်ကြရအောင်။၁။ ပတ်ဝန်းကျင် အနေအထားကို ပြောင်းပေးပါ။မီးဖိုချောင်ထဲ၊ ကြောင်အိမ်ထဲကို သင့်ကလေးက မွှေနှောက်သောင်းကျန်းနေတယ်ဆိုရင် ကြောင်အိမ်ကို သော့ခတ်ထားပါ။ မီးဖိုချောင်နဲ့ ကလေးကို ဝေးဝေးထားပါ။ အရုပ်တရုပ်ကို ကလေးက ဖျက်လိုဖျက်ဆီးလုပ်နေတယ်ဆိုရင် အဲ့ဒီအရုပ်ကို ဘေးဖယ်ပစ်လိုက်ပါ။ ဒီလိုမျိုး ပတ်ဝန်းကျင်အနေအထားကို ကြိမ်ဖန်များစွာ ပြောင်းပေးခြင်းအားဖြင့် သင်ဘာမကြိုက်တတ်ဘူး။ ဘာကိုတော့ဖြင့် မလုပ်ရဘူးဆိုတာကို ကလေးအနေနဲ့ သဘောပေါက်လာပါလိမ့်မယ်။၂။ ကြိုတင်ပြင်ဆင်ပါ၊ ကြိုတင်ပြင်ဆင်ပါ၊ ကြိုတင်ပြင်ဆင်ပါ။ကလေးတွေနဲ့ အပြင်သွားတဲ့အခါ၊ခရီးသွားတဲ့အခါလမ်းမှာ အငြိမ်မနေလို့၊ ဂျီတိုက်နေလို့ ရိုက်ရပုတ်ရလုပ်ရတာမျိုးတွေ ရှိနေပါသလား။ ကိုယ့်ဖက်က ပြင်ဆင်သွားပါ။ ကလေးကြိုက်တတ်တဲ့ အရုပ်လေးတွေ၊ မုန့်လေးတွေကို တခါတည်း ကြိုကြိုတင်တင် ဆောင်သွားပါ။ အိပ်ချင်လို့ ဂျစ်တိုက်ဂျီကျတတ်တဲ့ ကလေးဆိုရင် မသွားခင် အိမ်မှာကတည်းက တရေးတမော သိပ်ထားပါ။ ဒါဆိုရင် သင်ရောကလေးပါ အဆင်ပြေပါလိမ့်မယ်။၃။ စည်းမျဉ်းစည်းကမ်းတွေကို သတ်သတ်မှတ်မှတ် ချပေးပါ။ဘယ်နေရာမှာမဆို စည်းမျဉ်းစည်းကမ်းတွေဟာ အသက်ပါပဲ။ အချိုတွေ ခိုးစားလို့ ရိုက်မှာထက်စာရင် ဘယ်အချိန်မှာ ဘယ်လောက်ပမာဏစားရမယ်ဆိုတာကို သတ်မှတ်ပေးပါ။ စာမကျက်ဘဲ ကာတွန်းကားခိုးကြည့်လို့ ရိုက်မယ့်အစား တနေ့တာအတွက် ကာတွန်းကားကြည့်ချိန်၊ သူလေးအပန်းဖြေချိန်ကို သတ်မှတ်ပေးထားပါ စသဖြင့်ပေါ့။ဒါပေမယ့် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်တဲ့နေရာမှာ တသမတ်တည်းဖြစ်ဖို့တော့ လိုပါလိမ့်မယ်။ ဒီနေ့ စာကျက်ရမယ့်အချိန်ကို စာမကျက်လို့ သင်အပြစ်ပေးလိုက်ပေမယ့် နောက်နေ့ဒီအချိန်မှာပဲ စာမကျက်တာကို သင်စိတ်ကြည်နေချိန်မို့ အပြစ်မပေးဘူး ဆိုတာမျိုးလည်း မဖြစ်သင့်ပါဘူး။ တသမတ်တည်း ဖြစ်ပါစေ။ ဒါဆိုရင် စည်းမျဉ်းစည်းကမ်းတွေနဲ့ အသားကျသွားတဲ့ သင့်ကလေးဟာ မကောင်းတဲ့အပြုအမူတွေ လုပ်နိုင်ခြေ နည်းသွားလို့ သင်လည်း ရိုက်ဖို့မလိုတော့ပါဘူး။၄။ ဆုပေးဒဏ်ပေးစနစ်ကို ကျင့်သုံးပါ။စည်းကမ်းတွေ ချမှတ်ပြီးတဲ့အခါ အရေးကြီးတဲ့နောက်တချက်က ဆုပေးဒဏ်ပေးစနစ် ကျင့်သုံးဖို့ပါပဲ။ သင့်ရဲ့ စည်းကမ်းတွေအတိုင်း လိုက်နာတဲ့အခါ ချီးကျူးစကားပြောတာက အစပြုလို့ ကစားကွင်းလိုက်ပို့တာ၊ အရုပ်၊ မုန့်ဝယ်ပေးတာ စသဖြင့် ဆုချနိုင်ပါတယ်။ စည်းကမ်းဖောက်ဖျက်လို့ အပြစ်ပေးရပြီဆိုရင်လည်း ရိုက်နှက်ဆုံးမတာမျိုး မလုပ်ဘဲ တီဗွီကြည့်ခွင့်ပိတ်တာ၊ ဖုန်းပေးမဆော့တာ၊ အပြင်ထွက်ဆော့ခွင့်မပြုတာ အစရှိတာလေးတွေနဲ့ ဒဏ်ပေးနိုင်ပါတယ်။အဓိက အချက်က ရိုက်နှက်ဆုံးမစရာမလိုဘဲ သားသမီးတွေကို အထာကျကျ ဆုံးမပဲ့ပြင်နိုင်ဖို့ပါ။ ဒါဆိုရင် သူတို့စိတ်ထဲမှာလည်း မဟုတ်တာတခုခုလုပ်မယ်ဆိုရင် ပြန်ပြီးတန်ဖိုးတစ်ခုခု ပေးရတော့မယ်ဆိုတာကို နားလည်သွားပါလိမ့်မယ်။ ဒါဟာ ကလေးတွေကို ရိုက်ပြီးဆုံးမတာထက် အများကြီး ပိုပြီး အဖိုးတန်ပါတယ်။၅။ မသိချင်ယောင်ဆောင်နေပါ။ကလေးတွေက အာရုံစိုက်ခံချင်တဲ့အတွက် အာပြဲကြီးနဲ့ ငိုတာ၊ဂျီကျတာမျိုး လုပ်တတ်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာ ဒေါသတကြီးနဲ့ ရိုက်မောင်းပုတ်မောင်းလုပ်တာမျိုးထက် မသိချင်ယောင်သာ ဆောင်နေလိုက်ပါ။ ကြာလာရင် ဒီလို လုပ်လို့မရဘူးဆိုတာ သူတို့လေးတွေ အလိုလို သိလာပါလိမ့်မယ်။ သင်လည်း ရိုက်စရာ မလိုတော့ဘူးပေါ့။၆။ သင့်စိတ်ကို ထိန်းပါ။ကလေးနဲ့ ပတ်သက်လို့ အရမ်းဒေါသထွက်လာပြီဆိုရင် တခြားတယောက်ဆီ လက်လွှဲပေးလိုက်ပါ။ သင့် အိမ်ထောင်ဖက်ကို ခေါ်လိုက်တာမျိုး၊ အဖိုးအဖွားနဲ့ ခဏထားခဲ့တာမျိုး လုပ်ပါ။ သင်ကိုယ်တိုင်ကတော့ အေးအေးဆေးဆေး ရေစိမ်ချိုးတာ ဒါမှမဟုတ် စိတ်ပေါ့ပါးသွားအောင် ရှုခင်းကြည့်တာ ဒါမျိုးတွေကို လုပ်နိုင်ပါတယ်။ ဒါဆိုရင် ကလေးကို ရိုက်မိမှာ မဟုတ်တော့ပါဘူး။၇။ နွေးနွေးထွေးထွေး ပွေ့ဖက်ပါ။ကလေးတွေဟာ ကလေးတွေပါပဲ။ ကြီးကြီးမားမား အပြစ်လုပ်မိတာမျိုးမဟုတ်ရင် ရိုက်နှက်ဆုံးမမယ့်အစား ပွေ့ဖက်ပြီး လေအေးလေးနဲ့ နူးနူးညံ့ညံ့ဆုံးမတာမျိုးက အများကြီးပိုပြီး တာသွားပါတယ်။ သင့်ရဲ့ ချစ်ခြင်းမေတ္တာကိုလည်း ပြပြီးသား ဖြစ်သွားတာပေါ့။အိုးကောင်း နာနာရိုက်ရမယ်ဆိုတဲ့ ဆိုရိုးစကားရှိပေမယ့် ကိုယ့်ရဲ့ ကလေးတွေကို ဒေါသအလျောက်ရိုက်နှက်ဆုံးမပြီးပြီဆိုရင်လည်း သင်ပဲ စိတ်မကောင်းဖြစ်ရမှာပါ။ အဓိက ရည်ရွယ်ချက်က သင့်ရဲ့ သားသမီးတွေ လိမ္မာရေးခြားရှိပြီး လမ်းမှားမရောက်အောင် ထိန်းသိမ်းဖို့ပဲ ဖြစ်တာကြောင့် ကလေးတွေကို ရိုက်မောင်းပုတ်မောင်း လုပ်မယ့်အစား အထက်မှာ ဖော်ပြခဲ့တဲ့အချက်လေးတွေနဲ့ တိုက်ဆိုင်ပြီး လိုက်နာကျင့်သုံးကြည့်ပါ။ အနည်းနဲ့ အများတော့ ထူးခြားမှုလေးတွေ ရှိလာမှာ ဖြစ်ပါကြောင်း။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/is-it-necessary-to-beat-the-kids/
ကိုယ်ဝန်ဆောင်တွေ အန်ပဲအန်နေမယ်ဆိုရင်
ရုပ်ရှင်ထဲမှာ မင်းသမီးအန်နေပြီဆိုရင် ကိုယ်ဝန်ရှိဖို့ ၉၉ရာခိုင်နှုန်းသေချာပါတယ်။ အပြင်မှာလည်း နေလို့မကောင်းဘူး။ အန်တယ်။ ပျို့တယ်ဆိုရင် ကိုယ်ဝန်ရှိနေလားဆိုပြီး အရင်စဥ်းစားကြပါတယ်။ကိုယ်ဝန်ဆောင်တွေ မှာ ပျို့တာ၊ အန်တာကပုံမှန်ပါပဲ။ ဒါကိုMorning sicknessလို့ခေါ်ပါတယ်။ Morning  ဆိုပေမယ့် တစ်နေကုန်အန်ချင်လည်း အန်နိုင်ပါတယ်။ ၁ရာခိုင်နှုန်းလောက်ကတော့ အပြင်းအထန်အန်တာ၊ ပျို့တာ ဖြစ်နိုင်ပါတယ်။ ဒါကိုHyperemesis gravidarum(HG)လို့ခေါ်ပါတယ်။ ပြင်းထန်လွန်းလို့အစားမဝင်တာ၊ ရေမဝင်တာအထိဖြစ်တတ်ပါတယ်။ သိပ်ဆိုးရင် ဆေးရုံတက်ရတဲ့အထိ ဖြစ်တတ်ပါတယ်။ သာမန်နဲ့ အန်တာနဲ့ မတူဘဲ ကိုယ်ဝန်ဆောင်တွေ အန်ပဲအန်နေမယ်ဆိုရင် ဒီပြဿနာကို ထည့်စဉ်းစားရပါတယ်။Hyperemesis gravidarumက ဘာကြောင့်ဖြစ်တာလဲဆိုတာ အတိအကျမပြောနိုင်သေးပေမယ့် ဟော်မုန်းအပြောင်းအလဲလို့ကြောင့်လို့ ယူဆကြပါတယ်။ အထူးသဖြင့် အချင်းကထုတ်တဲ့hCGဟော်မုန်းပါ။ သာမန်ကိုယ်ဝန်ဆောင်တွေ ပျို့အန်တာက ကိုယ်ဝန် ၃၊ ၄လလောက်ဆိုရင် သက်သာသွားတတ်ပေမယ့် HGကတော့ ဒီ့ထက်ပိုကြာတတ်ပါတယ်။ အဖြစ်များတဲ့သူတွေကတော့။HGက သာမန် morning sicknesseနဲ့ မတူတာက morning sicknessက ကိုယ်ဝန် ၃၊ ၄လလောက်ဆိုသက်သာပေမယ့် HGက ကလေးမမွေးခင်အထိ တောက်လျှောက်ခံစားရတတ်ပါတယ်။ တချို့တွေကတော့ ကိုယ်ဝန်ပတ် ၂၀လောက်ဆို သက်သာသွားတတ်ကြပါတယ်။ လက္ခဏာတွေကတော့။အမေကသာ မအီမသာဖြစ်တာ ကလေးအတွက်ကတော့ အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် အမေအစားမဝင်လို့ အားနည်းနေရင် ပေါင်မပြည့်တဲ့ ကလေးမွေးနိုင်ပါတယ်။ တစ်ခါဖြစ်ဖူးရင် နောက်ကိုယ်ဝန်တွေမှာလည်း ဖြစ်တတ်တဲ့အတွက် နောက်ထပ်ကိုယ်ဝန်ယူမယ်ဆိုရင်ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။အရင်ဆုံး အိမ်မှာနေရင်း လုပ်နိုင်တာတွေကတော့။ဒါနဲ့မှ မရဘူး။ ပိုဆိုးလာတယ်ဆိုရင် ဆေးရုံဆေးခန်းသွားပါ။ လိုအပ်ရင် အအန်ပျောက်ဆေးတွေ၊ အစားမဝင်လို့ ပုလင်းကြီးချိတ်တာတွေ လုပ်ရပါမယ်။ ဒါ့ပြင် ပုံမှန်မဟုတ်တဲ့ စပျစ်သီးကိုယ်ဝန်ရှိမရှိကိုလည်း အယ်ထွာဆောင်းရိုက်တာ၊ ဆေးစစ်တာတွေ လုပ်ဖို့ လိုပါတယ်။ စပျစ်သီးကိုယ်ဝန်ကြောင့်ဆိုရင် ဒါကိုပါ ကုသရမှာပါ။ကိုယ်ဝန်ဆောင်ချိန်မှာ သားသားမီးမီးလေးတွေကို မျှော်လင့်နေတဲ့ မေမေဟာ ဒီလိုပျို့အန်တာတွေကြောင့် စိတ်ရော ကိုယ်ပါ ပင်ပန်းတတ်ကြပါတယ်။ HGကလည်း မကုဘဲထားမယ်ဆိုရင် ကြာရင်စိတ်ကျတာ၊ ခဏခဏအန်ရလို့ အစာရေမျိုပြွန်ပြဲတာတွေ ဖြစ်တတ်ပါတယ်။ အစားမဝင်၊ အရည်မဝင်တာကြောင့် ခန္ဓာကိုယ်အားနည်းတာ၊ ရှော့ခ်ဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလောက်မဆိုးရင်တောင် အားနည်းပြီး အလုပ်မလုပ်နိုင်တာ၊ အိပ်ရာက မထနိုင်တာတွေအထိ ဖြစ်လာနိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာမှာလည်း။ဒီလိုခံစားရရင် တစ်ယောက်တည်း မမျိုသိပ်ထားပါနဲ့။ ကိုယ့်ရဲ့ ခင်ပွန်း၊ မိသားစုကို ရင်ဖွင့်ပါ။ ဒီလိုဖြစ်ရတာ သင်နဲ့ ဘာမှမဆိုင်ပါဘူး။ သင်တစ်ယောက်တည်းလည်း မဟုတ်ပါဘူး။ ဒါဟာ သဘာဝတရားတစ်ခုပါ။ ကလေးမွေးပြီးရင် သက်သာသွားမှာမို့လို့ သိပ်လည်းမစိုးရိမ်ပါနဲ့။ လိုအပ်ရင် တတ်ကျွမ်းသူနဲ့ ပြသပြီး ကုသမှုခံယူပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/hyperemesis-gravidarum-brief/
ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ ဘာလို့ အရမ်းအိပ်ချင်နေရတာလဲ။
နေ့လယ်အိပ်ငိုက်လေ့ အိပ်ငိုက်ထမရှိပါဘူး။ ညဘက်လည်း အိပ်ရေးဝရက်နဲ့ လန်းလန်းဆန်းဆန်းကို မရှိဘူး။ တစ်ချိန်လုံးလိုလို အိပ်ငိုက်နေတယ်။ အဲ့ဒါက အခြား အချိန်တွေ မဖြစ်ပေမယ့် ရာသီလာခါနီး ၃ ရက်လောက်နဲ့ရာသီလာနေစဉ်မှာမှ ဖြစ်တာ။ ဒါဆို ဒီလို ဖြစ်တာက ရာသီလာတာနဲ့ သက်ဆိုင်နေတာလား။ ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ ဘာလို့ အရမ်းအိပ်ချင်နေရတာလဲ။ ဆိုပြီး စဉ်းစား အဖြေရှာနေတဲ့လေဒီလေးတွေရှိလား ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်တော့နော်။ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ ဘာလို့ အရမ်းအိပ်ချင်နေရတာလဲ ဆိုတော့ဟော်မုန်း အပြောင်းအလဲကြောင့်ပါ။ ပုံမှန်ချိန်တွေမှာ ဘာမှမဖြစ်ပေမယ့် ရာသီလာဖို့ ၃ ရက်အလိုလောက်ကနေစလို့ ရာသီလာနေစဉ် တလျှောက် တစ်ချိန်လုံး လိုလို အိပ်ငိုက်နေရတာက လေဒီလေးတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဦးနှောက်ထဲက ခံစားမှုတွေအပေါ် သက်ရောက်စေတဲ့ ဟော်မုန်း တစ်မျိုးဖြစ်တဲ့ဆီရိုတိုနင်ဟော်မုန်း ကျဆင်းသွားတာကြောင့်ပါ။ဒီဟော်မုန်းပမာဏက ရာသီလာခါနီး ၃ ရက်အလိုလောက်မှာ သိသိသာသာကို ကျဆင်းသွားပါတယ်။ ဒီလို ကျဆင်းသွားတာကြောင့် ခန္ဓာကိုယ်ထဲမှာ အားအင် ကုန်ခမ်းသလို ဖြစ်ပြီး အမြဲလိုလို အိပ်ချင်နေရတာပါ။ ဒီလို ကျဆင်းတာက တစ်ခါတလေမှာစိတ်ခံစားမှုအပေါ်ပါ သက်ရောက်ပြီး စိတ်ဓာတ်ကျတာ၊ စိတ်အားငယ်တာမျိုးတွေကိုပါ ခံစားရတာပါ။ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ အရမ်းအိပ်ချင်တာ၊ ခြေကုန်လက်ပမ်းကျတာ၊စိတ်ခံစားမှု မကောင်းတာ၊ စိတ်ဓာတ်ကျတာ၊ စိတ်အားငယ်တာတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ လေဒီလေးတွေရဲ့ လစဉ် ကျန်းမာရေး ပြဿနာပါ။ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာအရမ်းအိပ်ချင်နေတာကို သက်သာစေဖို့ဆိုရင်။ရာသီလာနေချိန်မှာ ကဖင်းပါတဲ့ သောက်စရာတွေကို သောက်တာက ရင်သားနာကျင်မှုကို ပိုဆိုးစေနိုင်ပါတယ်။ လက်ဖက်စိမ်း ရေနွေးကြမ်းမှာပါတဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့ L-theanine ကတော့ ကြွက်သားတွေကို ပြေလျော့စေပြီး ရာသီလာချိန်မှာ အိပ်ငိုက်တာကို သက်သာစေနိုင်ပါတယ်။ရာသီစက်ဝန်းရဲ့ ဒုတိယတဝက်မှာ အစားကို များများ စားပေးပါ။ အချိုစာတွေ၊အသင့်စားသရေစာမျိုးတွေ မဟုတ်ဘဲ အာဟာရ ပြည့်ဝစေမယ့် အစားအစာတွေကို စားပေးပါ။ ဒါမှ ခန္ဓာကိုယ်က အင်အား ပြည့်ဝမှာပါ။ ချောကလက် နည်းနည်းလောက် စားပေးလို့ ရပါတယ်။ရာသီလာနေချိန်မှာ ခန္ဓာကိုယ်က ပင်ပန်းနေမှာ ဖြစ်တာကြောင့် ဒီကာလတွေမှာ လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် လုပ်တာမျိုး မလုပ်ဘဲ လမ်းလျှောက်တာ၊ ယောဂလေ့ကျင့်ခန်း ပေါ့ပေါ့ပါးပါး လေ့ကျင့်တာလိုမျိုး ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေမယ့် လေ့ကျင့်ခန်းမျိုး လုပ်ပေးပါ။ရာသီလာချိန်မှာ အိပ်ငိုက်တယ်ဆိုတာက ခန္ဓာကိုယ်က အားမပြည့်လို့ အနားတောင်းနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရမ်း အိပ်ချင်လာတဲ့အခါ နေ့လယ်ခင်းကို တစ်ရေးလောက် အိပ်လိုက်ပါ။ ညဘက်တွေမှာလည်း အိပ်ချိန်ကို အနည်းဆုံး ၇ နာရီကနေ ၈ နာရီ ရှိအောင် ထားပါ။ဒီလို အချိန်တွေမှာ ခန္ဓာကိုယ်ကို ပင်ပန်းမှု ကင်းစေဖို့ဆိုရင် အရက်အပါအဝင် အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို ရှောင်ပါ။ ဒါတွေက ပိုပင်ပန်းစေနိုင်လို့ပါ လေဒီလေးတို့ရေ။ကြွက်သားတွေပြေလျော့ပြီး နာကျင်မှုတွေ ထိုင်းမှိုင်းတာတွေကို သက်သာစေပြီး စိတ်ခံစားမှု ကောင်းစေဖို့ ရာသီလာနေချိန်မှာ ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ ဘာလို့ အရမ်းအိပ်ချင်နေရတာလဲ။ သက်သာအောင် လုပ်ချင်တယ်ဆိုရင် အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေအတိုင်း လိုက်လုပ်ကြည့်လို့ ရပါတယ် လေဒီလေးတို့ရေ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/why-so-sleepy-pre-and-during-period/
အမျိုးသမီးများ Work-Life balance မျှစေဖို့
ခုခေတ်မှာအမျိုးသမီးတွေက အိမ်မှုကိစ္စအပြင် ပြင်ပအလုပ်တွေကို တွဲဖက်လုပ်လာရပါပြီ။ ကိုယ်ပိုင်လုပ်ငန်း၊ ကုမ္ပဏီဝန်ထမ်း စတဲ့ ပုံစံအမျိုးမျိုးနဲ့ နယ်ပယ်အသီးသီးမှာ အမျိုးသားတွေနဲ့ ရင်ပေါင်တန်းပြီး လုပ်ကိုင်လာကြပါပြီ။ ဒါပေမယ့် သူတို့ရဲ့ မူရင်းအလုပ်ဖြစ်တဲ့ အိမ်မှုကိစ္စ၊ ကလေးတွေ ကိစ္စစတာတွေကိုလည်း လက်လွှတ်လို့မရသေးပါဘူး။ ဘယ်လောက်ပဲ အမျိုးသားက ကူတယ်ပြောပြော အမျိုးသမီးတွေကပဲ ဦးဆောင်လုပ်ရတာပါ။တစ်ကိုယ်တော် အမေတွေဆို ပိုပြီးအလုပ်များပါသေးတယ်။ ဒီလိုအမျိုးသမီးတွေအတွက် Work-Life balance ဆိုတာ လိုကို လိုအပ်လာပါပြီ။ ဒါကြောင့် အမျိုးသမီးများ Work-Life balance မျှစေဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။အလုပ်ရယ် ကိုယ်ပိုင်ဘဝရယ်လို့ အလွယ်တကူ ပြောလို့ရပေမယ့် တကယ်က ဒီထက် နက်ရှိုင်းပါတယ်။ Balance ဖြစ်ဖို့ဆို ပိုတောင် ခက်ပါသေးတယ်။ အလုပ်မှာဆိုရင် ဝန်ထမ်းဆိုရင် ကိုယ့်လက်အောက်ငယ်သားတွေ၊ ကိုယ်ပိုင်အလုပ်ဆိုရင် ကိုယ့်ဝန်ထမ်းတွေ စသဖြင့် တစ်ကိုယ်ရည်စာ အလုပ်ဆိုတာထက် ပိုပါတယ်။အိမ်မှာဆိုရင်လည်း ကလေးအလုပ်၊ အမျိုးသားအလုပ်၊ အိမ်မှုကိစ္စ၊ သာရေး နာရေးနဲ့ နှစ်ဖက်မိဘတွေ အရေး ဒါတွေကိုပဲ ဦးစားပေးနေရတာပါ။ ဒါကြောင့် သူတို့မှာ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်ဘဝဆိုတာ မရှိသလောက် ရှားပါတယ်။ Work-Life balance လို့ပြောရင် အလုပ်နဲ့ အိမ်ကိစ္စပဲ ရှိနေပါသေးတယ်။ တကယ်တော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝကိုပါ ပါဝင်အောင် ထည့်တွက်သင့်ပါတယ်။အမျိုးသမီးများ Work-Life balance မျှစေဖို့ ဆိုရင်။အလုပ်မှာဆိုရင်။လုပ်ငန်းခွင် စိတ်ဖိစီးမှုက ကိုယ့်ရဲ့ အိမ်အထိ လိုက်လာတတ်ပါတယ်။ ဒါကြောင့် ရွေးချယ်လို့ ရမယ်ဆို ကိုယ်ပျော်တဲ့၊ ကိုယ်နှစ်သက်တဲ့ အလုပ်ကိုပဲ လုပ်ပါ။ အလုပ်မှာ သက်သောင့်သက်သာနဲ့ အလုပ်လုပ်နိုင်တာက အိမ်ပြန်ချိန်တွေကို သာယာစေပါတယ်။နေရာတကာ ကိုယ်ဝင်ပါဖို့ မလိုအောင် တာဝန်တွေကို တိတိကျကျ ခွဲထားပါ။ အရေးကြီးတာကို ဦးစားပေးလုပ်ပါ။ အလုပ်များများ လုပ်တာထက် လုပ်သမျှအလုပ်က အရာထင်အောင် ကြိုးစားပါ။တကယ်လို့ မနက်မှာ ကလေးကျောင်းပို့ရမှာမို့လို့ နာရီဝက်နောက်ကျမယ်ဆိုရင် အလုပ်ဆင်းချိန်ကို နာရီဝက်နောက်ရွေ့ပေးမယ်လို့ ညှိနှိုင်းကြည့်ပါ။ ဒီလို လုပ်လို့ ကိုယ့်ရဲ့ လုပ်ငန်းခွင်နဲ့ အလုပ်ကို မထိခိုက်စေဘူးဆိုတာကိုတော့ အာမခံနိုင်ပါစေ။အလုပ်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် အလုပ်အားလုံးကို တစ်ယောက်တည်း သိမ်းကျုံးလုပ်စရာ မလိုပါဘူး။ မလုပ်နိုင်ရင် မလုပ်နိုင်ဘူးလို့ ငြင်းဆိုတတ်ပါစေ။ အခါအားလျော်စွာ အကူအညီတောင်းတတ်ပါစေ။အိမ်မှာဆိုရင်။‘Me time’ ဆိုတာက ကလေးနဲ့မဆိုင်၊ မိသားစုနဲ့ မဆိုင်ဘဲ ကိုယ့်ကိုယ်ကို အချိန်ပေးတာ၊ ဂရုစိုက်တာပါ။ မနက်စာ၊ နေ့လယ်စာ၊ ညစာကို ဖြစ်သလို မစားဘဲ သေချာပြင်ဆင်တာ၊ လေ့ကျင့်ခန်း လုပ်ဖို့ အချိန်ပေးတာ၊ ကိုယ့်ဝါသနာလေးတွေအတွက် အချိန်ပေးတာမျိုးပါ။ ပိတ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့ အတူထွက်လည်တာကတည်း ‘Me time’ ပဲ ဖြစ်ပါတယ်။ဒီလိုလုပ်ဖို့ဆိုရင် အလုပ်ကကိစ္စတွေကို အိမ်ကို သယ်မလာပါနဲ့။ မိသားစုနဲ့ နေရမယ့် အချိန်ကို ဖဲ့ပြီး အလုပ်အတွက် မသုံးပါနဲ့။ တတ်နိုင်ရင် အလုပ်ဖုန်းတွေ အီးမေးလ်တွေကို ကိုယ်ပိုင်ဖုန်းတွေနဲ့ မတူအောင် ခွဲထားပါ။ အိမ်ရောက်သွားရက်၊ ပိတ်ရက်ဆိုရင် အလုပ်ဖုန်းကို ပိတ်ထားလိုက်ပါ။ရုံးမှာ ရုံးအလုပ်၊ အိမ်မှာအိမ်အလုပ်တစ်ယောက်တည်း ကျုံးလုပ်နေရရင် စိတ်ပျော်မှာ မဟုတ်ပါဘူး။ ဒီလိုနဲ့ ငါပဲလုပ်နေရတယ်ဆိုပြီး ကြာလာရင် မိသားစုနဲ့ ဆက်ဆံရေး ထိခိုက်လာနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် အိမ်မှာလည်း အလုပ်တာဝန်ခွဲထားပါ။ ကလေးတွေ လုပ်နိုင်တဲ့ အလုပ်ဆို ပေးလုပ်လိုက်ပါ။ ခင်ပွန်းသည်ကို အကူအညီတောင်းပါ။တစ်ခါတလေမှာ အလုပ်မှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် အမှားလုပ်မိတာ ရှိနိုင်ပါတယ်။ တစ်ဖက်ကို ဦးစားပေးလိုက်လို့ တစ်ဖက်မှာ လစ်ဟင်းသွားတာတွေ ရှိတတ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ပြီးပြည့်စုံတဲ့သူဆိုတာ မရှိတာကြောင့် အလုပ်မှာရော၊ အိမ်မှာရော အပြစ်ကင်းအောင် နေဖို့ဆိုတာ ခက်မှာပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/tips-for-work-life-balance-in-women/
လေ့ကျင့်ခန်း လုပ်ပြီးနောက် အသားအရေ ထိန်းသိမ်းစောင့်ရှောက်ရန် နည်းလမ်းများ
ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ရာ အတွက် အသားအရေထိန်းသိမ်း စောင့်ရှောက်ခြင်းဟာ မရှိမဖြစ် လိုအပ်ပါတယ်။ အိပ်ရာမဝင်ခင်၊ အပြင်မထွက်ခင်၊ ရေချိုးပြီးစတဲ့ အချိန်တွေမှာ အသားအရေ ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာကို သင်ကြားဖူးထားမှာပါ။ သို့သော် အားကစားလေ့ကျင့်ပြီးတဲ့ အခါမှာတော့ သင့်အသားအရေကို ဘယ်လိုထိန်းသိမ်းရမယ် ဆိုတာကို သင်သတိပြုမိပါသလား။ အားကစား ပြင်းပြင်းထန်ထန် လုပ်ပြီးသွားတဲ့ အခါမှာ များသောအားဖြင့် ပင်ပန်းနေတတ်ပြီး သင့်အသားအရေကို ဂရုစိုက်ဖို့ရာ မေ့လျော့နေတတ်ပါတယ်။ အမှန်မှာတော့ အားကစား လေ့ကျင့်ပြီးတဲ့အခါမှာ အသားအရေကို ထိန်းသိမ်း စောင့်ရှောက်ခြင်းဟာ ရိုးရှင်းတယ်လို့ ဆိုရပေမယ့် အောက်ဖော်ပြပါ နည်းလမ်းတွေကတော့ သင့်အသားအရေ ထိန်းသိမ်းခြင်းအတွက် ပို၍ အသုံးဝင်မှာဖြစ်ပါတယ်။သင့်ရဲ့ လက်တွေကို ဆေးကြောပါ။အားကစားလေ့ကျင့်နေစဉ်မှာ သင့်ရဲ့ လက်တွေဟာ လေ့ကျင့် ပစ္စည်းတွေနဲ့ ထိတွေ့တဲ့ အတွက်ကြောင့် ဘက်တီးရီးယား ပိုးတွေရှိနေနိုင်ပါတယ်။ ဒီပိုးတွေဟာ သင့်ရဲ့ မျက်နှာကို ရောက်လာနိုင်ပါတယ်။ ဒါကြောင့် အားကစားလေ့ကျင့်တဲ့ အခန်းထဲက ထွက်လာပြီးတဲ့အခါမှာ လက်ကို ဆပ်ပြာနှင့် ချက်ချင်း ဆေးကြောသင့်ပါတယ်။မျက်နှာသစ်ခြင်း။သင့်ရဲ့မျက်နှာကို ညင်သာစွာ သစ်ပေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အားကစားလုပ်နေစဉ်မှာ သင့်ရဲ့ ခန္ဓါကိုယ်ကို သွေးလည်ပတ်မှု ကောင်းစေဖို့အတွက် ပုံမှန်ထက်စာရင် သွေးပမာဏများစွာ ပို့ပေးရပါတယ်။ ဒါကြောင့် သင့်ရဲ့ မျက်နှာအရေပြားဟာ ပိုပြီး ထိရှလွယ်ဖြစ်နေနိုင်ပါတယ်။ တကယ်လို့ သင့်မျက်နှာကို ကြမ်းကြမ်းတမ်းတမ်း သစ်မိမယ်ဆိုရင်တော့ ထိခိုက်ဒဏ်ရာ ရနိုင်ပါတယ်။ ဒါ့အပြင် အစိုဓါတ် ထိန်းပေးတဲ့ ပစ္စည်းပါဝင်တဲ့ မျက်နှာသစ်ဆေးတွေကိုသာ သုံးပေးသင့်ပါတယ်။အဝတ်အစားလဲခြင်း။လေ့ကျင့်ခန်း လုပ်တဲ့အခါ သင်ဟာ ချွေးတွေအများကြီးထွက်သွားပြီး ချွေးပေါက်တွေကို ပိတ်ဆို့သွားစေနိုင်ပါတယ်။ ချွေးပေါက် ပိတ်ဆို့ခြင်းဟာ သင့်အသားအရေအတွက် မကောင်းပါဘူး။ ဒါ့အပြင် ခန္ဓါကိုယ်မှာ ဝက်ခြံတွေလည်း ထွက်နိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ ချွေးစိုနေတဲ့ အဝတ်အစားတွေကို လဲပေးပြီး ချွေးပေါက်တွေ ပွင့်သွားအောင် လုပ်ပေးသင့်ပါတယ်။ရေပူနှင့် ရေချိုးခြင်းကို ရှောင်ကြဉ်ပါ။လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပြီးတဲ့ အခါမှာ ရေပူနှင့် ရေချိုးခြင်းဟာ သင့်ကို အလွန်အမင်း သက်သောင့်သက်သာ ရှိစေပါလိမ့်မယ်။ သို့သော် ရေပူဟာဆိုရင် သင့်အရေပြားမှာမရှိမဖြစ် လိုအပ်တဲ့ သဘာဝအဆီဓါတ်တွေကို ခွာချပေးလိုက်ပြီး အသားအရေကို ခြောက်သွေ့ကာ ယားယံစေနိုင်ပါတယ်။ ဒါကြောင့် အရမ်းပူတဲ့ ရေနှင့် မချိုးသင့်ပါဘူး။ ရေချိုးပြီးတဲ့ အခါမှာလည်း သင့်ရဲ့ အရေပြားကို တဘက်အေးအေးလေးနှင့် ညင်သာစွာ သုတ်ပေးသင့်ပါတယ်။သင့်အသားအရေ အစိုဓါတ် ထိန်းပေးခြင်း။လေ့ကျင့်ခန်းလုပ်စဉ်မှာ သင်ဟာ ချွေးတွေအများကြီး ထွက်သွားတာကြောင့် သင့်အသားအရေမှာ ရေဓါတ်ဆုံးရှုံးပြီး ခန္ဓါကိုယ်က အစိုဓါတ်တွေဟာ ရေငွေ့ပျံသွားပါတယ်။ ဒီအချက်ကြောင့် သင်ဟာ အသားအရေကို ရေဓါတ်ပြန်ဖြည့်ပေးဖို့ရာ အရေးကြီးတယ်လို့ ပြောရခြင်း ဖြစ်ပါတယ်။ သင့်ရဲ့အသားအရေကို ရေဓါတ်ပြန်ဖြည့်ပေးဖို့ရာ အကောင်းဆုံး အချိန်ကတော့ ရေချိုးပြီးသော အချိန်ပဲ ဖြစ်ပါတယ်။ သို့သော် အလှဆီအမျိုးအစားများစွာကို သုတ်လိမ်းပေးဖို့ မလိုပါဘူး။ ဒီလိုလုပ်ခြင်းဟာဆိုရင် လေ့ကျင့်ခန်း လုပ်ပြီးတဲ့ အခါမှာ သင့်အသားအရေကို ကျိန်းစပ်ပြီး ထိခိုက်လွယ်စေပါတယ်။သင့်အသားအရေကို ကာကွယ်ပေးခြင်း။သင်ဟာနေ့အချိန်မှာ အားကစားလေ့ကျင့်ပြီးလို့ အပြင်ထွက်တဲ့ အခါမှာ သင့်ရဲ့အသားအရေကို နေရောင်မှ ထိခိုက်ခြင်း မဖြစ်စေရန် နေလောင်ခံခရင်မ်လိမ်းခြင်း၊ အကျီၤလက်ရှည် ဝတ်ခြင်းနှင့် လျှာထိုး ဦးထုပ်ဆောင်းပေးခြင်း စတာတွေနှင့် ကာကွယ်ပေးသင့်ပါတယ်။ အားကစားလေ့ကျင့်ပြီးတဲ့ အခါ သင့်အသားအရေဟာ အားနည်းနေ ပါတယ်။ ဒါကြောင့် သေချာ ဂရုစိုက်ကာကွယ်ပေးဖို့အတွက် လိုအပ်ပါတယ်။အားကစားလေ့ကျင့်ခြင်း ကဲ့သို့ ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ပြီးတဲ့အခါ သင့်ရဲ့ အသားအရေဟာ အလွန်အားနည်းပြီး ထိခိုက်လွယ်နေပါတယ်။ ဒါကြောင့် အသားအရေပြန်လည် အားပြည့်လာဖို့အတွက် အချိန်အနည်းငယ်လိုအပ်ပါတယ်။ ဒီလိုအချိန်မှာ သင့်အသားအရေကို အလွန်ပွတ်တိုက်ခြင်း သို့မဟုတ် ထိမိခိုက်မိခြင်း စတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ အသားအရေကို အလှဆီ လိမ်းပေးခြင်းအားဖြင့် ပိုပြီးကြည့်ရကောင်းအောင် ပြုလုပ်နိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%9c%e1%80%b1%e1%80%b7%e1%80%80%e1%80%bb%e1%80%84%e1%80%b7%e1%80%ba%e1%80%81%e1%80%94%e1%80%ba%e1%80%b8-%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%b1/
ဖျားနေတဲ့ ရင်သွေးလေးကိုဘယ်လိုဂရုစိုက်မလဲ
သားသားမီးမီးလေးတွေကျန်းမာနေတာကမေမေ့အတွက်ပျော်စရာတစ်ခုပါ။ သားသမီးလေးတွေ ကျန်းကျန်းမာမာနဲ့သောင်းကျန်းဆော့ကစားနေတာက ထိန်းရသိမ်းရပင်ပန်းတယ်ဆိုပေမယ့် ဖျားနေတာထက် ပိုကောင်းတယ်ဆိုတာကို လက်ခံတယ်မှတ်လားမေမေတို့။ ဒီခံစားချက်ကိုမေမေတွေပဲပိုနားလည်မှာပါ။ ကလေးနေမကောင်းဖြစ်တာကတော်တော်လေးစိတ်ဖိစီးရသလို ပင်ပန်းခက်ခဲတဲ့ အခြေအနေတစ်ရပ်ပါ။ မိခင်ဘဝရဲ့ ခက်ခဲတဲ့ အစိတ်အပိုင်းတစ်ခုဆိုလည်း အမှန်ပဲပေါ့။မေမေတို့အတွက် အသုံးတည့်စေမယ့် ကလေးတွေဖျားနာတဲ့အခါ ဘယ်လိုစောင့်ရှောက်ပေးရမလဲဆိုတာကို အခုဆောင်းပါးလေးထဲမှာပြောပြပေးလိုပါတယ်။ ကလေးကအရမ်းငယ်နေသေးတဲ့အရွယ်ဖြစ်မယ်ဆိုရင် မိဘတွေက ကလေးရဲ့ အမူအရာလေးတွေကို ကြည့်ပြီး ဘယ်နေရာမှာနေမကောင်းဖြစ်နေလဲဆိုတာကို စဉ်းစားရတာကလည်း မိခင်ဘဝရဲ့တာဝန်တစ်ရပ်ပါ။ ကိုယ်ရဲ့ ရင်သွေးလေးတွေကို ခံစားနေရတဲ့ဝေဒနာတွေ သက်သာအောင်လုပ်ပေးချင်တာကတော့ မိဘတိုင်းလိုလိုမှာရှိနေမယ့်မေတ္တာတရားပေါ့။ဘေဘီလေးတွေနေထိုင်မကောင်းဖြစ်တဲ့အခါဘယ်လိုများပြုစုပေးမလဲ ဆက်ကြည့်လိုက်ရအောင်ပါ။(၁) ကလေးကို သက်တောင့်သက်သာဖြစ်အောင်ထားပေးပါ။ကလေးကဖျားနေတဲ့အခါမျိုးမှာ ကလေးကို သက်တောင့်သက်သာဖြစ်အောင်ထားပေးပါ။ စိတ်ပိုင်းဆိုင်ရာကျန်းမာလာစေဖို့အတွက်လည်း အားပေးစကားလေးတွေပြောပေးပါ။ အရင်ကထက်ပိုဂရုစိုက်ပေးပါ။(၂) အိပ်ရေးဝဝအိပ်ပါစေ။ကလေးတွေကိုပြည့်ပြည့်ဝဝအနားယူခွင့်ပေးတာက ကလေးတွေကို ကျန်းမာလာစေမယ့်နည်းလမ်းတစ်ခုပါ။ ကလေးကဖျားနေတဲ့အခါကျောင်းသွားခိုင်းတာမျိုး၊ ပုံမှန်လုပ်နေကျတာဝန်တွေကို လုပ်ခိုင်းတာမျိုးမလုပ်စေဘဲနေအိမ်မှာ သက်တောင့်သက်သာနဲ့နားနေနိုင်အောင်လုပ်ပေးပါ။ အိပ်ရေးဝဝ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်အောင်လုပ်ပေးပါ။(၃) ကလေးရဲ့ ဦးခေါင်းကို ခပ်မြင့်မြင့်လေးထားပေးပါ။ကလေးကို ဦးခေါင်းခပ်မြင့်မြင့်မထားပေးဘဲ လှဲလျောင်းနေစေမယ်ဆိုရင်ချောင်းဆိုးတာကိုပိုဆိုးလာစေနိုင်တာကြောင့် ကလေးကိုခေါင်းအုံးခပ်မြင့်မြင့်လေးပေးအုံးလိုက်ပါ။(၄) အစိုဓါတ်ထိန်းကိရိယာဖွင့်ထားပေးပါ။ခြောက်သွေ့တဲ့လေထုက လည်ချောင်းနာတာနဲ့ချောင်းဆိုးတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့်ကလေးရဲ့ အခန်းထဲမှာ ဒါမှမဟုတ် ကလေးရဲ့ အနီးအနားမှာ အစိုဓါတ်ထိန်းကိရိယာကိုဖွင့်ထားပေးပါ။ ဒီလိုလုပ်ပေးတာကချောင်းဆိုးတာ၊ နှာခေါင်းပိတ်တာနဲ့ မအီမသာဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။(၅) ရေများများတိုက်ပေးပါ။နေမကောင်းတဲ့အခါဖြစ်နိုင်တဲ့ အကြီးမားဆုံးပြဿနာက ခန္ဓါကိုယ်မှာရေဓါတ်ခမ်းခြောက်တာပါ။ ဒါကြောင့် ကလေးကိုအဖျားမြန်မြန်ကျပြီး ခန္ဓါကိုယ်လုပ်ငန်းစဉ်တွေ ပုံမှန်လုပ်ဆောင်စေနိုင်ဖို့အတွက်ရေများများတိုက်ပေးပါ။(၆) တိတ်ဆိတ်နေပါစေ။ကလေးကဖျားနာနေတဲ့အခါ ကလေးအနားယူနေတဲ့နေရာအနီးအနားမှာ ဆူညံသံတွေမဖြစ်အောင်လုပ်ပေးပါ။ တိတ်ဆိတ်မှုက ကလေးငယ်ကို အနားရစေနိုင်ပြီးကောင်းကောင်းအိပ်ပျော်စေနိုင်တာကြောင့် ကလေးရဲ့ခန္ဓါကိုယ်အတွက် အင်အားဖြစ်စေပါတယ်။(၇) အစာကြေလွယ်မယ့်အစားအသေက်တွေကျွေးပေးပါ။ကလေးကနေမကောင်းတဲ့အခါ အာဟာရပြည့်ဝနေဖို့လိုအပ်ပါတယ်။ ဒါပေမယ့် အစားအသောက်တွေကျွေးတဲ့အခါ ကလေးအတွက် အာဟာရဖြစ်စေပြီး အစာကြေလွယ်စေမယ့် အစားအသောက်တွေကိုရွေးချယ်ကျွေးဖို့တော့လိုပါမယ်။နေမကောင်းတဲ့ဘေဘီလေးတွေအတွက် အကောင်းဆုံးဖြစ်မယ့်အစားအစာတွေက –။ကလေးငယ်မှာ အခုလိုမျိုးလက္ခဏာတွေဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့ပြောချင်ပါတယ်။တကယ်လို့များကလေးငယ်က –။အခုပြောပြခဲ့တဲ့အကြောင်းအရာတွေကဘေဘီရှိတဲ့ မိဘတွေအတွက် အဆင်ပြေအသုံးတည့်မယ်လို့မျှော်လင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/%e1%80%96%e1%80%bb%e1%80%ac%e1%80%b8%e1%80%94%e1%80%b1%e1%80%90%e1%80%b2%e1%80%b7-%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af/
သင့်ကလေး ဆယ်ကျော်သက်အရွယ်မှာ ခံစားရလေ့ရှိတဲ့ စိတ်ခံစားမှု ပဋိပက္ခတွေကို ဘယ်လို ကူညီရင်ဆိုင်ပေးမလဲ?
ဟိုးအရင်ကတည်းက ပြောလေ့ရှိတဲ့ စကားလေးလိုပါပဲ ….. ‘ဆယ်ကျော်သက်အရွယ်ဆိုတာဟာ လေတိုက်လို့ သစ်ရွက်ကလေး လှုပ်ရင်တောင် ရယ်ချင်သလို ငိုချင်သလို ဖြစ်တဲ့အရွယ်’လေ။ ဒီလို အရွယ်ရောက်ရင် ဆယ်ကျော်သက် အတော်များများဟာ စိတ်ခံစားမှုဆိုင်ရာ ပဋိပက္ခတွေကို ခံစားရလေ့ရှိတာ ဓမ္မတာပါပဲ။ ဆယ်ကျော်သက်တိုင်းတော့ မဟုတ်ဘူးပေါ့လေ။ ခန္ဓါကိုယ်အတွင်း ဇီဝကမ္မဖြစ်စဉ်တွေကြောင့် ကြီးကောင်ဝင်လာပြီ၊စိတ်ကစားချင်လာပြီ၊ကျောင်းစာတွေကလည်း အရင်နှစ်တွေကထက် ပိုများလာမယ်၊ကျောင်းပြင်ပ အားကစားလှုပ်ရှားမှုတွေ၊အဖွဲ့အစည်းနဲ့ စုဖွဲ့လှုပ်ရှားမှုတွေကို ပိုကြုံတွေ့လာရမယ် စသဖြင့် ဒီလိုမျိုး ဘေးတီးပေးနေတဲ့ အချက်တွေကြောင့်လည်း သင့်ကလေးအနေနဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှု၊အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်လာရတတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ သင့်ဖက်ကနေ သင့်တင့်လျောက်ပတ်တဲ့ နည်းမှန်လမ်းမှန်တွေကို သုံးပြီး ထိန်းကျောင်းပေးမယ်ဆိုရင် ကလေးအတွက် များစွာ အကျိုးဖြစ်ထွန်းမယ့်အပြင် သင့်အနေနဲ့လည်း မိဘတယောက်ရဲ့ ပီတိကို အပြည့်အဝ ခံစားရမှာပါ။၁။ သူတို့လေးတွေနဲ့ စကားပြောဖို့ အချိန်သတ်သတ်မှတ်မှတ် ထားပါ။တကယ်တမ်းက ဆယ်ကျော်သက်လေးတွေဟာ သူတို့မိဘတွေဆီက အကြံဉာဏ်ကောင်းတွေကို အားကိုးတကြီး တောင်းခံချင်ပါတယ်။ ဒါပေမယ့် အဓိက အတားအဆီးက ဘာလဲဆိုတော့ ဒီလိုမျိုး အကြံဉာဏ်တောင်းချင်တဲ့အကြောင်းကို သူတို့ နှုတ်က ထုတ်ပြောဖို့ အင်မတန်ဝန်လေးကြ၊ရှက်ကြပါတယ်။ သားသမီးမြုံစိစိနဲ့ မိဘမြုံစိစိတွေ့ကြတဲ့အခါ ဇာတ်သွားတွေက မလိုအပ်ဘဲ ရှည်ကုန်တာပါ။ ဒါကြောင့်မို့ သင့်အနေနဲ့ သူတို့လေးတွေနဲ့ စကားပြောဖို့ အချိန်ကို ကြိုတင်စီမံပြီး သတ်မှတ်ထားသင့်ပါတယ်။ တခုပြန်စဉ်းစားရမှာက ဒီအရွယ်လေးတွေဟာ အင်မတန်မှ ဂျစ်တီးဂျစ်ကန် နိုင်တတ်ကြတဲ့အပြင် ကျောင်းစာ၊ကျူရှင်၊သူငယ်ချင်း၊အင်တာနက်၊ဂိမ်း၊ကျောင်းပြင်ပလှုပ်ရှားမှု စတာတွေကလည်း သူတို့ရဲ့ အချိန်တွေကို မောင်ပိုင်စီးထားတာမို့ သင့်အနေနဲ့ သိသိသာသာကြီး (ခေတ်စကားနဲ့ပြောရင်တော့ ပေါ်တင်ကြီးပေါ့လေ) စကားပြောကြစို့ ဘာညာလုပ်မယ့်အစား တပတ်တခါ အပြင်ထွက်ပြီး မုန့်လေးဘာလေးစားရင်း စကားပြောတာ၊မေမေနဲ့ သမီးဆိုရင်လည်း စီးတီးမတ်မှာ ဈေးဝယ်ထွက်ရင်း မသိလိုက်မသိဘာသာ တီးခေါက်စကားပြောတာမျိုးက အများကြီး အဆင်ပြေစေပါလိမ့်မယ်။ ဒါဆိုရင် သူတို့လေးတွေစိတ်ထဲမှာလည်း သင်ဟာ’ကူညီပါရစေခင်ဗျ/ရှင့်’ဆိုပြီး အမြဲတမ်းရပ်တည်ပေးနေကြောင်း ရိပ်စားမိပြီး လိုအပ်တဲ့အချိန်မှာ နောက်မတွန့်စတမ်း တိုင်ပင်လာပါလိမ့်မယ်။၂။ အိပ်ချိန်ကို သတ်မှတ်ပေးပါ။ဆယ်ကျော်သက်တယောက်ဟာ တနေ့ကို အနည်းဆုံး ၇-၈ နာရီလောက် အိပ်ချိန်လိုအပ်ပါတယ်။ အိပ်ရေးမဝရင် ကျောင်းတွင်း၊ကျောင်းပြင် လုပ်ငန်းတွေမှာ စွမ်းဆောင်ရည်ကျဆင်းတာ၊လူမှုပေါင်းသင်းဆက်ဆံရေး အားနည်းတာ၊ကျန်းမာရေးထိခိုက်တာ အစရှိတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက ထက်ချပ်မကွာ လိုက်ပါလာနိုင်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပါပဲ၊ဆယ်ကျော်သက်တွေ မပြောနဲ့ ကျွန်တော်တို့ လူကြီးတွေရဲ့ အိပ်ချိန်တွေကိုတောင်မှ မျက်နှာပြောင်ပြောင်နဲ့ ခိုးယူနေတာ (လူတွင်ပါလို့ နွားကျားကိုက်တာလို့လည်း ဆိုနိုင်သပေါ့လေ)ဟာ တီဗွီနဲ့ အင်တာနက် (ဖုန်း၊တက်ဘလက်၊ကွန်ပြူတာ စသည်)၊ဂိမ်း စတာတွေပါပဲ။ တချို့အရာတွေကို မလုပ်နဲ့လို့ ပြောဖို့ထက် နည်းမှန်ကမ်းမှန် စနစ်တကျ ဆောင်ရန်၊ရှောင်ရန်တွေနဲ့ ထိန်းကျောင်းကူညီပေးဖို့က မိဘတွေရဲ့ တာဝန်ပါ။ ဆိုတော့ ဖုန်း၊တက်ဘလက်စသည် အသုံးပြုတာကို လုံးဝကန့်သတ်တာမျိုး လုပ်မလုပ်ဆိုတာကတော့ မိဘတဦးချင်းစီရဲ့ ကိုယ်ပိုင်အယူအဆအတိုင်းသာ ဖြစ်ပေမယ့် ဒီလို အသုံးပြုမှုတွေက အိပ်ချိန်ကို လုံးဝမနှောင့်ယှက်ဖို့ကိုတော့ ကြပ်ကြပ်မတ်မတ် ထိန်းချုပ်ရပါမယ်။ အိပ်ယာထဲမှာ ဖုန်းသုံးတာ၊ဂိမ်းဆော့တာ တွေကို တင်းတင်းကြပ်ကြပ် ကန့်သတ်ရပါမယ်။ တနေ့ကို အနည်းဆုံး အိပ်ချိန် ၇-၈နာရီရှိဖို့ အချိန်ဇယားဆွဲပေးထားရပါမယ်။၃။ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ခိုင်းပါ။ကလေးတွေ နှုတ်ခမ်းထော်တဲ့ နောက်ထပ်ကိစ္စတခုကတော့ အပြင်ထွက်ပြီး ကိုယ်လက်လှုပ်ရှား အားကစားလုပ်ဖို့ပါပဲ။ ကျွန်တော်တို့ ခေတ်တုန်းက ဖုန်း၊ဂိမ်း၊အင်တာနက် စတာတွေ ရှားပါးခဲ့သမို့ အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့ ဆော့ကစားဖြစ်ပေမယ့် ဒီဖက်ခေတ်မှာတော့ မလွယ်တော့ပါဘူး။ ဒါကြောင့် သူတို့လေးတွေကို ပန်းခြံ၊ကန်ဘောင် စတဲ့နေရာတွေကို သွားပြီး ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ဖို့၊ပြေးဖို့၊(ပိတ်ရက်တွေမှာ) စောစောထပြီး လမ်းလျှောက်ဖို့ တိုက်တွန်းပါ။ သွေးဆောင်ပါ။ အကောင်းဆုံး နည်းလမ်းကတော့ ‘ငါပြောသလိုလုပ်၊ငါလုပ်သလိုလည်းလုပ်’ဆိုတဲ့ သဘောတရားအတိုင်း မိမိကိုယ်တိုင်က စံနမူနာကောင်းပြသခြင်းပါ။ သင့်ရဲ့ ရင်နှစ်သည်းချာ ဆယ်ကျော်သက်ကလေးတွေနဲ့ အတူတူ အားကစားလုပ်ခြင်း၊လမ်းလျှောက်ခြင်း၊ပြေးခြင်းစတာတွေကို ပြုလုပ်ပေးမယ်ဆိုရင် မိဘနဲ့သားသမီးအကြား ရင်းနှီးချစ်ခင်မှုကို ပိုမိုတိုးပွားစေတဲ့အပြင် နှစ်ကိုယ်ကြားစကားပြောဖို့ အချိန်ကိုလည်း ရစေမှာမို့ တချက်ခုတ်သုံးလေးချက်ပြတ်ပါပဲ။၄။ သူတို့လေးတွေရဲ့ စကားတွေ၊ခံစားချက်တွေကို နားထောင်ပေးပါ။ အလွန်အကျွံ ပြစ်တင်ကြိမ်းမောင်းတာမျိုး မလုပ်ပါနဲ့။သင်ကိုယ်တိုင်လည်း လက်ရှိအသက်အရွယ်ကို ဝုန်းဒိုင်းဆိုပြီး ရောက်လာတာမဟုတ်ဘဲ ငယ်ရာက ကြီးလာတာပဲမို့ ကိုယ့်ထက်အသက်ကြီးတဲ့ လူကြီးတယောက်က ဆုံးမနေရင် လျှာကိုရှည်တယ်၊အပိုတွေပြောနေတယ်လို့ပဲ ထင်ခဲ့မိမှာပါ။ သင်ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံအရ သိရှိလာခဲ့သမျှတွေကို အတင်းအကြပ် ထိုးထည့်ပေးတာမျိုးကို ရှောင်ကျဉ်ပါ။ သူတို့လေးတွေရဲ့ ပြောစကားကို အဓိက နားထောင်ပေးပြီး သူတို့ ဘယ်လိုခံစားနေရတယ်၊ဘယ်လို ပြဿနာတွေ ရှိနေတယ်ဆိုတာကို သိအောင်လုပ်ပြီး ကူညီဖြေရှင်းပေးပါ သို့မဟုတ် လမ်းပြပေးပါ။ ဆရာကြီး မလုပ်မိစေပါနဲ့။သင့်ရဲ့ ဆယ်ကျော်သက်သားသမီးလေးတွေမှာ ဖြစ်ပေါ်လာတတ်တဲ့ ပြဿနာ၊ခံစားချက်လေးတွေကို ဝိုင်းကူစဉ်းစား အဖြေရှာပေးရာမှာ အထက်ပါ အချက်လေးတွေဟာ အတိုင်းအတာတခုအထိ အကျိုးပြုနိုင်မယ်လို့ ယုံကြည်ပါတယ်။အဓိက အကျဆုံး အချက်ကတော့ ဘယ်လိုအရာမျိုးမှာပဲဖြစ်ဖြစ် မိဘကိုယ်တိုင်က စံနမူနာကောင်းပြနိုင်ဖို့ဆိုတာ မမေ့ပါနဲ့။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/mental-health-adolescents/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8-%e1%80%86%e1%80%9a%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%a1%e1%80%9b%e1%80%bd/
ပေါင်ခြံမှာ မှိုစွဲတဲ့ရောဂါ (ပေါင်ခြံပွေး)
Jock itch ဆိုတာဟာ တကယ်တော့ ပေါင်ခြံမှာ မှိုစွဲတဲ့ ရောဂါဖြစ်ပါတယ်။ သူကပွေးပုံစံတစ်မျိုးပါ။ ဒီမှိုက အရေပြားကို နီရဲကာ အရေပြားစတွေလန်နေတတ်တဲ့ ဒါမှမဟုတ် အနားသတ်မှာ အဖုသေးသေးလေးတွေရှိနေတဲ့ ယားယံတဲ့အကွက်တွေ ဖြစ်လာစေပါတယ်။ သူ့ကို ပေါင်ခြံပွေး လို့လည်း ခေါ််ပါတယ်။ကမ္ဘာအနှံ့မှာ ဖြစ်လေ့ဖြစ်ထ အရမ်းများတဲ့ အခြေအနေပါ။ တခါတလေ ပူနွေးစိုစွတ်ပြီး သန့်ရှင်းမှုညံ့ဖျင်းတတ်တဲ့ ပတ်ဝန်းကျင်နဲ့ လူပေါင်းစုံအသုံးပြုတတ်တဲ့ အများသုံးရေချိုးခန်း၊ အများသုံးအဝတ်လဲခန်းလို နေရာမျိုးတွေမှာကူးစက်ရောဂါတစ်မျိုးလိုတောင် ဖြစ်နေတတ်ပါတယ်။ပေါင်အတွင်းဘက်လိုမျိုး စိုစွတ်တတ်တဲ့နေရာတွေမှာ ယားယံတဲ့ အနီရောင်အကွက်တွေဖြစ်လာတတ်ပြီး တင်ပါးနဲ့ စအိုဝတဝိုက်ကို ပြန့်သွားနိုင်ပါတယ်။ပေါင်ခြံ၊ ကပ္ပာယ်အိတ်တို့လိုမျိုး အရေပြားခေါက်နေတဲ့နေရာတွေမှာလည်း စဖြစ်တတ်ပါတယ်။ ချွေးတွေစိုပြီး သန့်ရှင်းမှုမရှိတဲ့ လေ့ကျင့်ခန်း ဝတ်စုံတွေ၊ မသန့်ရှင်းတဲ့ အတွင်းခံတွေကြောင့် ရနိုင်ပါတယ်။ ဒါပေမယ့် ယောက်ျား မိန်းမလိင်အင်္ဂါတဝိုက်နဲ့ စအိုဝတဝိုက်မှာ တွေ့ခဲပါတယ်။တချို့တလေမှာ ယားယံတဲ့အကွက်တစ်ကွက်ပဲရှိတတ်ပြီး တချို့ကတော့ အစွန်းတွေ စုပေါင်းသွားကာ ကြီးမားတဲ့အကွက်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ီအကွက်တွေရဲ့ လက္ခဏာပုံစံတွေကတော့-။အဓိကကတော့ ပွေးဖြစ်စေတဲ့ မှိုကပေါင်ခြံတစ်ဝိုက်ကို ကူးစက်တာကြောင့်ပါ။ ကူးစက်မှုကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကတေ့။ပဋိဇီဝဆေးတချို့သောက်နေရသူတွေ၊ ကိုယ်ခံအားစနစ်အားနည်းသူတွေ၊ ဆီးချိုသွေးချိုရှိသူတွေမှာလည်း ဖြစ်နိုင်ချေများပါတယ်။ဖြစ်နိုင်ခြေများစေတဲ့ အချက်များ။တစ်ခါတလေမှာ ကိုယ်သတိမထားမိလိုက်တဲ့ အချက်တွေကလည်း မှိုစွဲဖို့ အားပေးနေသလို ဖြစ်နေတတ်ပါတယ်။ ဥပမာ။Jock itch ကို ကျန်းမာနေတဲ့လူတွေမှာလည်း တွေ့ရတတ်ပေမယ့် ဆီးချိုသွေးချိုရှိသူတွေ၊အဝလွန်သူတွေမှာ ပိုဖြစ်တတ်ပါတယ်။အရေပြားမှာ အကွက်တွေပေါ််တဲ့နေရာကို ကြည့်လိုက်တာနဲ့ ပေါင်ခြံပွေး ဟုတ်မဟုတ်ဆိုတာကို အလွယ်သိနိုင်ပါတယ်။ ရောဂါအမည်တပ်ရခက်တဲ့ အခြေအနေမှာတော့ အရေပြားဆဲလ်များကို ခြစ်ယူစစ်ဆေးပြီး ရောဂါခွဲဖို့ လိုပါတယ်။Jock itch ကို ပုံမှန်အားဖြင့် မှိုသတ်ဆေးလိမ်းဆေးဖြင့် ကုသတာများပါတယ်။ တခါတရံ ယားယံခြင်းမြန်မြန်သက်သာဖို့ hydrocortisone ပါအသုံးပြုတာလည်းရှိပါတယ်။Steroid လိမ်းဆေးကို မိမိသဘောနဲ့ ထည့်သွင်းလိမ်းခြင်းများ မလုပ်သင့်ပါဘူး။ လိမ်းဆေးကို တစ်ရက် တစ်ကြိမ်မှနှစ်ကြိမ်ထိ သုံး၊ လေးပတ်ထိ စွဲလိမ်းပေးရပါမယ်။ တကယ်လို့ မထိရောက်ပါက မှိုသတ်ဆေးသောက်ဆေးတွေ အသုံးပြုဖို့ လိုပါမယ်။Jock itch ဟာ အရှင်းပျောက်ကင်းပြီးမှ ပြန်ဖြစ်လာတာမျိုး ရှိနိုင်ပါတယ်။ ပြန်ဖြစ်တာကို လျှော့ချဖို့အတွက် အောက်ဖော်ပြပါ နေထိုင်မှုပုံစံတွေနဲ့ အိမ်တွင်းကုသမှုပုံစံများကို အသုံးပြုကြည့်နိုင်ပါတယ်။အခြားသိလိုသည်များရှိပါက မိမိအတွက်အကောင်းဆုံးဖြစ်မည့် အကြံများအတွက် ဆရာဝန်နဲ့သေချာမေးမြန်းဆွေးနွေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/jock-itch-explained/
ဇင့်၏ ကောင်းကျိုး ဆယ်ချက်
ZINC (ဇင့်) ပမာဏ အနည်းငယ်ကို ကျန်းမာစေဖို့အတွက် လိုအပ်တာကြောင့် ZINC ကို မရှိမဖြစ် ဒြပ်စင်တစ်ခုလို့ ဆိုကြပါတယ်။ ဒါပေမယ့် ZINC မလုံလောက်ခြင်းဟာ ပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေတွေဖြစ်တဲ့ ကြီးထွားနှုန်းတန့်ခြင်းနဲ့ ကလေးတွေမှာ ရုတ်တရက် ဝမ်းလျှောခြင်းနဲ့ အနာမကျက်ခြင်းတွေ ဖြစ်တတ်ပါတယ်။ လုံလောက်တဲ့ ZINC ပမာဏရှိခြင်းဟာ အောက်ပါအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။ZINC မလုံလောက်မှုကို ကိုယ်ခံအားကျဆင်းစေပါတယ်။ ZINC နည်းပါးတဲ့သူတွေဟာ ရောဂါပိုးအမျိုးမျိုးကို ပိုမို ကူးစက်ခံရနိုင်စေပါတယ်။ ကျန်းမာရန်အတွက် သင့်အစားအသောက်ထဲမှာ ZINC လုံလုံလောက်လောက် ပါဝင်သင့်ပါတယ်။ကလေးတွေမှာ ဝမ်းလျှောတာကို ကုသကာကွယ်ပေးပါတယ်။ဝမ်းလျှောခြင်းဟာ ငါးနှစ်အောက် ကလေးသန်းပေါင်းများစွာကို သေဆုံးစေပါတယ်။ လေ့လာမှုတွေက ZINC ဆေးပြားတွေကို ဆယ်ရက်လောက်သောက်ခြင်းဟာ ဝမ်းလျှောခြင်းကို ကုသပေးပြီး ပြန်ဖြစ်ခြင်းကိုလည်း ကာကွယ်စေပါတယ်။မှတ်ဉာဏ်နဲ့ သင်ယူနိုင်စွမ်း တိုးတက်စေခြင်း။လေ့လာမှုတွေက ZINC ဟာ neurons တွေ အချင်းချင်း ဆက်သွယ်မှုကို တိုးတက်စေတယ်လို့ဆိုပါတယ်။ မှတ်ဉာဏ် ဖြစ်ပေါ်တဲ့ ဖြစ်စဉ်နဲ့ လူတွေသင်ယူတဲ့ ဖြစ်စဉ်ကိုပါ အကျိုးသက်ရောက်မှု ရှိတယ်လို့လဲ ယူဆကြပါတယ်။အအေးမိခြင်းကို တိုက်ဖျက်ပေးပါတယ်။ZINC ငုံဆေးပြားတွေဟာ စဖြစ်ဖြစ်ချင်း ၂၄ နာရီ အတွင်းသောက်ရင် အအေးမိခြင်း ကြာချိန်ကို ၄၀% ထိ လျှော့ချပေးနိုင်ပြီး အအေးမိခြင်းရဲ့ လက္ခဏာတွေကို သက်သာစေတယ်လု့ိ လေ့လာမှုတစ်ခုကဆိုပါတယ်။ဒဏ်ရာကျက်တာကို အားပေးပါတယ်။အရေပြားရဲ့ တည်တံ့မှုနဲ့ တည်ဆောက်ပုံဟာ ZINC စားသုံးခြင်းပေါ်မှာ မူတည်ပါတယ်။ နာတာရှည် အနာတွေဟာ ZINC နည်းပါးခြင်းကြောင့် ဖြစ်တတ်ပါတယ်။ Diaper အနီကွက်တွေနဲ့ အခြားအရေပြားယားယံခြင်းတွေမှာ လိမ်းတဲ့လိမ်းဆေးမှာ ZINC ပါဝင်တာဟာ ဒီအကြောင်းရင်းကြောင့် ဖြစ်ပါတယ်။အသက်ကြီးတာကြောင့်ဖြစ်တဲ့ Macular ပျက်စီးခြင်းကို ကာကွယ်ခြင်း။Archives of Ophthalmology ရဲ့ လေ့လာမှုတစ်ခုက ZINC ဟာ အသက်ကြီးတာကြောင့်ဖြစ်တဲ့ Macular ပျက်စီးခြင်းကို နှေးကွေးစေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ZINC ဟာ အသက်နဲ့ဆိုင်တဲ့ အမြင်အာရုံကွယ်ပျောက်မှုတွေရဲ့ စစချင်းအဆင့်တွေမှာတော့ အစွမ်းမထက်ဘူးလို့ဆိုပါတယ်။သုက်ပိုးအရည်အသွေးကို တိုးတက်စေပါတယ်။ZINC မလုံလောက်ခြင်းဟာ သုက်ပိုးအရည်အသွေး နိမ့်ခြင်းနဲ့ ဆက်စပ်မှုရှိပါတယ်။ လေ့လာမှုတစ်ခုမှာ Zinc sulfate နဲ့ Folic acid ဖြည့်စွက်စာတွေ သောက်သုံးတဲ့ အမျိုးသားတွေမှာ သုက်ပိုးအရေအတွက် ပိုမို များပြားလာတာ တွေ့ရပါတယ်။ သုတေသီတွေက ZINC မလုံလောက်မှုနဲ့ သုက်ပိုးအရည်အသွေးညံ့ဖျင်းပြီး မြုံခြင်းနဲ့ကို ဆက်စပ်မှုရှိတယ်လို့ ကောက်ချက်ချပါတယ်။ဝက်ခြံကို သက်သာစေပါတယ်။ဝက်ခြံရှိသူတွေဟာ သူတို့သွေးထဲနဲ့ အရေပြားပေါ်မှာ ZINC ပမာဏ နည်းပါးပါတယ်။ ZINC သာက်သုံးခြင်းဟာ ဝက်ခြံပျောက်စေပါတယ်။ ဒါ့အပြင် ဇင့်ကို လိမ်းခြင်းဟာတော့ ပိုးသတ်ဆေးလိမ်းတာမပါရင် အကျိုးမရှိဘူးလို့ဆိုပါတယ်။စိတ်ကျရောဂါကို သက်သာစေပါတယ်။ပြင်းထန်တဲ့ စိတ်ကျရောဂါနဲ့ စိတ်ကျရောဂါဆေးတွေနဲ့ မသက်သာသူတွေဟာ ZINC ကို သူတို့သောက်နေတဲ့ ဆေးတွေနဲ့ ပေါင်းစပ်သောက်သုံးခြင်းဟာ အကျိုးရှိပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%87%e1%80%84%e1%80%b7%e1%80%ba%e1%81%8f-%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8-%e1%80%86%e1%80%9a%e1%80%ba%e1%80%81%e1%80%bb%e1%80%80/
တစ်ပတ်လျှင် တစ်ကြိမ်မျှသာ လိင်မှုကိစ္စပြုသူများသည် အပျော်ရွှင်ဆုံးစုံတွဲများဖြစ်ကြသည်
လူအများစုအတွက် လိင်ကိစ္စသည်နှစ်ဦးသားဆက်ဆံရေး၏ သော့ချက်ဖြစ်သဖြင့်လိင်ကိစ္စမကြာခဏပြုသူများသည် ပျော်ရွှင်သောစုံတွဲများဖြစ်လာကြသည်ဟု ထင်ကြသည်။ သို့သော်လည်း ထိုအချင်းအရာသည် အလုံးစုံ မှန်နေသည်မဟုတ်ပါ။ ချစ်ခြင်းမေတ္တာကလည်းအရေးကြီးပါသေးသည်။ ထို့ကြောင့်လိင်မှုကိစ္စသည် များတိုင်းကောင်းသည် ဟုတော့မဆိုနိုင်ပါ။လေ့လာမှုအသစ်တစ်ခုကအပျော်ရွှင်ဆုံးစုံတွဲများသည်တစ်ပတ်လျှင် တစ်ကြိမ်သာလိင်ဆက်ဆံသည်ဟုဆိုသည်။ ထိုလေ့လာမှုတွင်အမေရိကန်လူမျိုးသုံးသောင်းကျော်ကိုနှစ် ၃၀ ကျော်ကြာမျှမေးခွန်းများပြုလုပ်ခဲ့သည်။ မကြာခဏလိင်ဆက်ဆံခြင်းကပျော်ရွှင်မှုကိုဖြစ်စေသည် ဆိုခြင်းမှာ တစ်ပတ်လျှင်တစ်ကြိမ်ခန့်အထိသာဖြစ်ပါတယ်။ ထို့ထက်စိပ်သော လိင်ဆက်ဆံမှုသည်နေထိုင်ကောင်းမှုနှင့်စိတ်ကျေနပ်မှုကိုမပေးစွမ်းနိုင်ပါ။ ထို့ကြောင့်စုံတွဲများအနေဖြင့်လိင်ဆက်ဆံမှုပြုနိုင်သမျှပြုရန်မလိုအပ်ပါ။လိင်မှုကိစ္စသည်အရေးပါသည်မှန်သော်လည်းလက်တွေ့တွေ့ရှိချက်များ။နှင့်လည်းချိန်ထိုးစဉ်းစားရန်လိုအပ်ပါသည်။အမျိုးသားများသည် လိင်နှင့်ပတ်သက်လျှင်ဆန္ဒပြင်းပြပြီး ငယ်ရွယ်သူများက အသက်ကြီးသူများထက် ပို၍စိတ်ဆန္ဒရှိကြသည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော်လည်း လေ့လာမှုအရ မတူညီသော အသက်အရွယ်၊ ကျား/မ၊ လက်တွဲခဲ့သောကြာချိန်တို့ပေါ် မူတည်၍ လိင်ကိစ္စသည်ကွဲပြားမှုမရှိပါဟုဆိုသည်။ အမျိုးသား/အမျိုးသမီး ဖြစ်စေ လူငယ်/လူကြီးဖြစ်စေ ၊ဘယ်အချိန်က လက်ထပ်ထားသောသောစုံတွဲဖြစ်စေ အားလုံး အတူတူပင်ဖြစ်သည်ဟုဆိုသည်။လေ့လာမှုကစုံတွဲများကို တစ်ဦးနှင့်တစ်ဦးကြည်ဖြူငြိမ်းချမ်းရေးအတွက် ကူညီပေးခဲ့သည်။ ကျွန်ုပ်တို့သိပြီးဖြစ်သည့်အတိုင်း လိင်ဆက်ဆံခြင်းသည် တစ်ဦးနှင့်တစ်ဦးပိုမိုနီးကပ်စေခြင်း၊ တွယ်တာစေခြင်း အပြင်မိမိ၏လက်တွဲဖော်က မိမိအပေါ် အလိုရှိကြောင်း ပြသခြင်းတစ်မျိုးလည်းဖြစ်သည်။ သို့သော်အလုပ် များသောယနေ့ခေတ်လူနေမှုဘဝပုံစံအရ သားသမီးနှင့် အိမ်ထောင့်တာဝန်ထိန်းသိမ်းရခြင်းမျိုးကိုပါ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ တစ်ပတ်လျှင်တစ်ကြိမ်မျှလိင်ဆက်ဆံ ခြင်းကသာပိုမိုလက်ခံနိုင်ဖွယ်ရှိပြီးလက်တွေ့လည်းဆန်စေပါသည်။ သို့သော်လည်းရှေးရိုးစွဲယဉ်ကျေးမှုအချို့တွင်ချစ်ခင်ခြင်းကိုပြသရန် လိင်ကိစ္စကိုလည်းအချိန်ပြည့်ထည့်သွင်းထားရမည်ဟုဆိုသည်။ထို့ပြင်သိပ္ပံနည်းကျရှုထောင့်အရကြည့်ပါကလူ့ခန္ဓါကိုယ်သည် ထိုစိတ်ကူးယဉ်ဆန်စွာလုပ်ဆောင်နိုင်ရန်အတွက် ဖန်တီးထားခြင်းမဟုတ်ပါ။လိင်ဆက်ဆံမှုအကြိမ်ရေများလေ၊ သင်နှင့်သင့်အဖော်သည် ပိုမိုငြီးငွေ့လွယ်လေဖြစ်လာသည်။အကျဉ်းချုပ်ဆိုရလျှင်လိင်မှုကိစ္စသည ်စုံတွဲတစ်ဦးနှင့်တစ်ဦးလည်း မတူညီနိုင်ပြီးမိမိနှင့်မိမိအဖော်ကပါဝင်မှုရှိတိုင်းလည်း မကြာခဏပြုတိုင်းကောင်းသည်ဟု မဆိုနိုင်သည့် အချက်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ရေရှည်လက်တွဲနိုင်စေခြင်းမှာ အပြန်အလှန်နားလည်ဂရုစိုက်မှုနှင့်သင်တင့်လျှောက်ပတ်သော လိင်မှုကိစ္စပင်ဖြစ်ပါသည်။ ထို့ပြင် သင်ကိုယ်တိုင်ရော သင့်အဖော်ပါထိုကိစ္စအတွက်မဖြစ်မနေပြုဖြစ်အောင်ဖိအားမပေးသင့်ပါ။ စုံတွဲတိုင်းသည် မတူညီသောလမ်းကြောင်းပေါ်တွင် မိမိတို့ဘာသာလျှောက်လမ်းနေရခြင်း ဖြစ်ရာနှစ်ဦးနှစ်ဖက်စိတ်သက်သာ ပျော်ရွှင်ဖွယ်ကိုသာဖန်တီးရန်အကြံပြုလိုပါသည်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/%e1%80%90%e1%80%85%e1%80%ba%e1%80%95%e1%80%90%e1%80%ba%e1%80%9c%e1%80%bb%e1%80%be%e1%80%84%e1%80%ba-%e1%80%90%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%bb%e1%80%be/
သင့်အိမ်သားတွေကို အတက်ရောဂါနဲ့ ရင်းနှီးအောင် ဘယ်လိုလုပ်ပေးရမလဲ
အတက်ရောဂါ အဖြစ်များတဲ့နေရာက သင့်ရဲ့အိမ်ဖြစ်ပါတယ်။ အိမ်မှာ ရေချိုးနေချိန်နှင့် ထမင်းဟင်းချက်ပြုတ်နေချိန် တက်တာဟာ အလွန်အန္တရာယ်များပါတယ်။ အတက်ရောဂါရှိတဲ့လူကို ဝိုင်းဝန်းစောင့်ရှောက်ဖို့ပြီး အိမ်ကအန္တရာယ်ရှိတဲ့ပစ္စည်းတွေ၊ နေရာတွေကိုဖယ်ဖို့က တစ်မိသားစုလုံးအတွက် အရေးကြီးပါတယ်။သင့်အိမ်ကလူရဲ့ အတက်ရောဂါနဲ့ ရင်းနှီးဖို့ ဘေးကင်းစေဖို့ အတွက် လုပ်နိုင်တဲ့နည်းတွေ အများကြီးရှိပါတယ်။ပန်းကန်ဆေးလျှင် ရာဘာလက်အိပ်ဝတ်ပါ။Hello Health Group သည် ဆေးပညာအကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%90%e1%80%80%e1%80%b9%e1%80%b1/
ဆံပင်သန်စေသော သဘာဝနည်းလမ်းများ
သင့်ရဲ့ သိပ်မကောင်းတဲ့ ဆံပင်တွေကို သန်စွမ်းလာစေဖို့အတွက် သဘာဝနည်းလမ်းတွေကို သင်ရှာဖွေကြည့်ဖူးပါသလား။ သင့်ရဲ့ ဆံပင်တွေ မြန်မြန်ရှည်လာစေဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်း ၅ ခုကို ဖော်ပြပေးထားပါတယ်။အထူးသဖြင့် အမျိုးသမီးတွေမှာ ဆံပင်ဟာ သူမတို့ရဲ့ အလှအပကို သိသိသာသာ လွှမ်းမိုးနေပါတယ်။ ကျန်းမာလှပတဲ့ ဆံပင်ရှိခြင်းဟာ သင့်ကို ပိုပြီးယုံကြည်မှု ရှိစေမှာပါ။ သို့သော် ပြင်ပအကြောင်းအရာတွေက သင့်ရဲ့ ဆံပင်ကိုထိခိုက်စေနိုင်ပြီး ဆံပင်ကျွတ်ခြင်းနှင့် ဆံပင်သန်စွမ်းမှု မရှိခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ သင့်ရဲ့ ဆံပင်တွေ ပြန်ကောင်းလာစေဖို့နှင့် အရှည်မြန်လာစေဖို့ရာ ကူညီပေးနိုင်တဲ့ သဘာဝကုသမှု နည်းလမ်း အချို့ ရှိပါတယ်။ ဒီနည်းလမ်းတွေအားဖြင့် သင့်ကို ငွေနှင့် အချိန်အများကြီး မလိုအပ်ပဲ ကူညီပေးနိုင်မှာဖြစ်ပါတယ်။(၁) လုံလောက်သော အာဟာရဓါတ်များ ပါဝင်တဲ့ အစားအသောက်တွေ စားပေးပါ။လုံလောက်သော အာဟာရဓါတ်များ ပါဝင်တဲ့ အစားအသောက်များ စားပေးခြင်းဟာ ဆံပင်သန် လာစေဖို့ရာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ သင်ဟာ အသားဓါတ်၊ အဆီဓါတ်၊ သံဓါတ်၊ ဇင့်ဓါတ်၊ ဗီတာမင်ဓါတ် စတဲ့အာဟာရ တွေကြွယ်ဝတဲ့ အစားအသောက်တွေကို စားပေးခြင်းအားဖြင့် သင့်ရဲ့ ဆံသားကို အာဟာရ ဓါတ် ကောင်းကောင်း ပြည့်ဝနေစေပါတယ်။ ဆံပင်ဟာ ကျန်းမာရေး ကောင်းမှသာ သန်စွမ်းကာ ၊ အရှည်မြန်လာမှာ ဖြစ်ပါတယ်။အသားဓါတ် နှင့် အဆီဓါတ်များ။ ကြက်၊ ငါး၊ ဥများ၊ ပဲပိစပ် ထွက်ကုန်များ၊ မြေပဲ စတာတွေဟာ သင့်ရဲ့ ခန္ဓါကိုယ်မှာ အသားဓါတ်ကို တိုးစေပြီး ဆံပင်အတွက် လိုအပ်တဲ့ ကော်လဂျင်ဆိုတဲ့ ဓါတ်ကို ထုတ်လုပ်ရာမှာ ကူညီပေးပါတယ်။ ကော်လဂျင်ဆိုတဲ့ ဓါတ်ဟာ ဆံပင်၊ လက်သည်း စတာတွေမှာ ပါဝင်တဲ့ အရေးကြီးတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။သံဓါတ်။ အဆီမပါတဲ့ တိရိစ္ဆာန်တွေရဲ့ အသားတွေကို စားပေးခြင်းအားဖြင့် သံဓါတ်ရရှိနိုင်ပါတယ်။ ပဲပိစပ် ထွက်ကုန်များ၊ ပဲများနှင့် ပဲနီလေး စတာတွေကို စားပေးခြင်းအားဖြင့်လည်း ရနိုင်ပါတယ်။ဇင့်ဓါတ်။ ဇင့်ဓါတ်ဟာ ဆံပင်ရဲ့ ဖွဲ့စည်းပုံမှာ မရှိမဖြစ် အရေးကြီးတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ ရွှေဖရုံသီးချက်၊ ပြည်ကြီးငါး၊ အဆီနည်းသော အမဲသားချက် နှင့် cocoa အမှုန့် စတာကိုတွေ စားပေးခြင်းဟာ သင့် ဆံပင်လိုအပ်နေတဲ့ ဇင့်ဓါတ်ကို ဖြည့်စည်းပေးနိုင်ပါတယ်။ဗီတာမင်ဓါတ်များ။ ဗီတာမင်စီ ဓါတ်ဟာ အသားအရေ တင်းရင်းစေတဲ့ ကော်လဂျင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပြီး သင့်ရဲ့ အသားအရေ နှင့် ဆံပင်ကို ကျန်းမာသန်စွမ်းလာအောင် လုပ်ပေးနိုင်ပါတယ်။ သင်ဟာ ဗီတာမင်စီဓါတ် ကြွယ်ဝတဲ့ အစားအသောက် များစွာကို အလွယ်တကူ ရရှိုနိုင်ပါတယ်။ ဥပမာအားဖြင့် အချဉ်ဓါတ်များသော အသီးအနှံများ ၊ပန်းဂေါ် ဖီစိမ်း၊ ဟင်းနုနွယ် စတာတွေပဲ ဖြစ်ပါတယ်။ ဥများ၊ မြေပဲ ၊ ဘယ်ရီသီး၊ငါး၊ အသီးအရွက် စတာတွေမှာပါတဲ့ ဘိုင်အိုတင်ဓါတ်ဟာ သင့်ရဲ့ဆံပင် ပိုပြီး သန်စွမ်းလာအောင်ပြုလုပ်ပေး နိုင်ပါတယ်။ ဒါ့အပြင် အရက်သောက်ခြင်းနှင့် ဆေးလိပ်သောက်ခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အပြင် ဆံပင်သန်စွမ်းမှု ကိုလည်းပဲ ထိခိုက်စေနိုင်ပါတယ်။(၂) သင့်ရဲ့ ဦးရေပြားကို နှိပ်နှယ်ပေးပါ။ဦးရေပြားကို နှိပ်နှယ်ပေးခြင်းဟာ သင့်ကို သက်သောင့်သက်သာဖြစ်စေတဲ့ နည်းလမ်းတစ်ခု ဖြစ်ပြီး ဆံပင်လည်း မြန်မြန်သန်စွမ်းလာအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ၎င်းဟာ သင့်ရဲ့ ဆံပင်အမြစ်ကို သွေးလည်ပတ်မှု ကောင်းစေတဲ့အပြင် ဒီလိုနှိပ်နှယ်ပေးခြင်းဟာ စိတ်ဖိစီးမှုကို လည်း လျော့ကျစေကာ သင့်ကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။ သင်ဟာ အောက်ပါနည်းလမ်းအချို့ကို လိုက်နာပေးခြင်း သို့မဟုတ် ကျွမ်းကျင်သူ တစ်ယောက်ကို အောက်ပါ နည်းလမ်းအားဖြင့် ဦးရေပြားကို နှိပ်နှယ်ပေးရန် အကူအညီတောင်းခြင်းအားဖြင့် ပြုလုပ်နိုင်ပါတယ်။အဆင့် (၁) ။ သင်နှစ်သက်ရာ ခေါင်းလျှော်ရည်နှင့် ပျော့ဆေးကိုသုံးပြီး ဆံပင်ကို ညင်သာစွာ လျှော်ပါ။ သင့်ရဲ့ ဆံပင်စို နေစဉ်မှာ သင်ဟာ ဂရုစိုက်ဖို့လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆံပင်ဟာ အားနည်းနေတဲ့ အတွက်ဖြစ်ပါတယ်။အဆင့် (၂) ။ သင့်ရဲ့လက်ချောင်းတွေကို ဦးရေပြားထဲကို ထည့်ပါ။ ပြီးရင် လက်ထိပ်တွေနှင့် ဦးရေပြားကို ညင်သာစွာ ထိပါ။ သင့်ရဲ့ လက်ချောင်းတွေကို ဦးရေပြားပေါ်မှာ ကျုံ့လိုက်ဆန့်လိုက် အကြိမ်များစွာ ပြုလုပ်ပါ။အဆင့်(၃)။ ဦးရေပြားရဲ့ အစိတ်အပိုင်းအားလုံးကို ဆုပ်ကိုင်လိုက်ပြီး လက်ချောင်း နှစ်ချောင်းသာ ဦးရေပြားပေါ်မှာ လှုပ်ရှားပြီး နှိပ်ပေးပါ။ ၃ မိနစ်ကနေ ၅မိနစ်ကြား ဆက်တိုက်နှိပ်ပေးပြီး တစ်နေ့လျှင် အနည်းဆုံး တစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။(၃) ဆံပင်သန်စွမ်းဖို့ရာအတွက် သဘာဝကရတဲ့ထုတ်ကုန်တွေကို အသုံးပြုပါ။နှိပ်နေစဉ်မှာ သင့်ရဲ့ ဆံပင်သန်စွမ်းစေဖို့အတွက် သဘာဝအဆီအနှစ် အချို့ကနေပြုလုပ်ထားတဲ့ ထွက်ကုန်တွေကို သင့်ရဲ့ ဦးရေပြားမှာ သုတ်လိမ်းပေး နိုင်ပါတယ်။ အုန်းဆီ၊ သံလွင်ဆီ၊ ရှားစောင်းလက်ပပ် အနှစ် သို့မဟုတ် ပျားရည် စတာတွေဟာ ဆံပင် သန်စွမ်းဖို့ရာ လှုံ့ဆော်ပေးနိုင်တဲ့ အတွေ့ရများတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ ဒီပစ္စည်းတွေဟာ သင့်ရဲ့ဆံပင်မှာ အစိုဓါတ်ကို ထိန်းပေးထားနိုင်ပြီး ဆံပင်ကို ပိုပြီးနူးညံ့သန်စွမ်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။(၄) ဟော်မုန်း ပမာဏကို ထိန်းထားပါ။ဟော်မုန်းပမာဏ ပြောင်းလဲခြင်းဟာ ဆံပင်ကျွတ်ခြင်း သို့မဟုတ် ဆံပင် မသန်စွမ်းခြင်း စတာတွေကို ဖြစ်စေပါတယ်။ ဟော်မုန်း ပမာဏ မညီမျှခြင်းဟာဆိုလျှင်လည်း စိတ်ဖိစီးခြင်း ဖြစ်စေပြီး အိပ်ရေးပျက်ခြင်းတွေပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင်ဟာ စိတ်ဖိစီးမှု အလွန်အမင်း ဖြစ်ခြင်းကို ရှောင်ကြဉ်သင့်ပြီး လုံလုံလောက်လောက် အိပ်စက်ကာ သင့်ကျန်းမာရေးကောင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။(၅) ဆံပင်ကို ကာကွယ်ပါ။ဆံပင်ကောက်ခြင်း၊ ဆံပင်ဖြောင့်ခြင်း၊ ဆံပင်ဆေးဆိုးခြင်း စတာတွေအားလုံးဟာ သင့်ရဲ့ဆံပင်ကို ထိခိုက်စေပါတယ်။ ဒါကြောင့် သင့်ရဲ့ဆံပင်ကို အလွန်အမင်း အကြိမ်ကြိမ် အခါခါ ပုံသွင်းခြင်း စတာတွေ ပြုလုပ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဒီလိုအရာတွေ ပြုလုပ်ပြီးတဲ့အခါမှာလည်း ပျက်ဆီးသွားတဲ့ ဆံပင်တွေကို ပြန်ပြီးသန်စွမ်းလာအောင် ဆံပင် ထိန်းသိမ်းမှုတွေ များစွာပြုလုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ဆံပင်တွေကို ဖုန်မှုန့်တွေနှင့် အလွန်အမင်းထိတွေ့ခြင်း၊ နေရောင်နှင့်ထိတွေ့မှုများခြင်း၊၊ နေပူ လေပူစတာတွေနဲ့လည်း ထိတွေ့ခြင်းကိုလည်း လျှော့ချပေးသင့်ပါတယ်။ဆံပင်သန်စွမ်း ဖို့ရာအတွက် အဓိကအရေးကြီးဆုံးကတော့ သင့်ဆံပင်ကျန်းမာအောင် အရင် ပြုလုပ်ပေးရပါမယ်။ သင့်ရဲ့ဆံပင်အတွက် မရှိမဖြစ် အရေးကြီးတဲ့ အာဟာရဓါတ်တွေကို ပေးစွမ်းခြင်းနှင့် ပျက်စီးခြင်းမှ ကာကွယ်ခြင်းထက် ပိုကောင်းတဲ့ နည်းလမ်း မရှိပါဘူး။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%86%e1%80%b6%e1%80%95%e1%80%84%e1%80%ba%e1%80%9e%e1%80%94%e1%80%ba%e1%80%85%e1%80%b1%e1%80%9e%e1%80%b1%e1%80%ac-%e1%80%9e%e1%80%98%e1%80%ac%e1%80%9d%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%9c/
ဟော်မုန်း မညီမျှမှုက အမျိုးသမီး စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေသလဲ။
စိတ်ကျန်းမာရေးက နေ့စဉ်ဘဝမှာ ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းစေနိုင်ဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှ စိတ်ခံစားမှု ကောင်းမှာ ဖြစ်သလိုရုပ်ပိုင်းဆိုင်ရာလည်း ကျန်းမာမှာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာ သက်ရောက်နေတဲ့ လူတွေ သိပ်မသိတဲ့ အချက်လေး တစ်ခု ရှိပါတယ်။ ဒါကတော့ ဟော်မုန်းတွေပါ။ဟော်မုန်း မညီမျှမှုကစိတ်ကျန်းမာရေးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်စေနိုင်ပါတယ်။ဒီတော့ ဟော်မုန်း မညီမျှမှုက စိတ်ကျန်းမာရေးအပေါ် တိုက်ရိုက်အားဖြင့်ရော သွယ်ဝိုက်တဲ့ အားဖြင့်ရော ဘယ်လို သက်ရောက်နေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။စိတ်ကျန်းမာရေးဆိုင်ရာ အခြေအနေတွေက ဟော်မုန်း မညီမျှမှုက အခြေခံလာတာပါ။ နားရှင်းအောင် ပြောပြရမယ်ဆိုရင် ဟော်မုန်း မညီမျှမှုဖြစ်တာကြောင့် စိတ်ဓာတ်ကျတာလိုမျိုး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ခံစားရတာပါ။ တစ်ခါတလေမှာတော့ဟော်မုန်းဆိုင်ရာ ကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ ဖြစ်ပေါ်လာတာပါ။Norepinephrine၊dopamineနဲ့serotoninတွေက စိတ်ခံစားမှုအပေါ် အဓိက လွှမ်းမိုးနေတဲ့ ဟော်မုန်း (၃) မျိုးပါ။ ဒီဟော်မုန်း (၃) မျိုး မျှတမှလည်းစိတ်ခံစားမှု ကောင်းစေပြီးနေ့စဉ်ဘဝမှာ တက်ကြွလန်းဆန်းစွာ ကျော်ဖြတ်နိုင်မှာပါ။ဒီဟော်မုန်းတွေ မမျှတဘူးဆိုရင် စိတ်ဖိစီးတာ၊စိတ်ဓာတ်ကျတာအပါအဝင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အားနည်းတာမျိုး ဖြစ်စေနိုင်ပါတယ်။စိတ်ရော ကိုယ်ပါကျန်းမာစေဖို့ လုပ်ဆောင်ပေးနေတဲ့ ကိုယ်တွင်းက ဟော်မုန်းတွေက။အက်စထရိုဂျင် (E1၊ E2 နဲ့ E3) တွေက စိတ်ကျန်းမာရေး၊ အရိုးကျန်းမာရေး၊ စိတ်ခံစားမှု ကောင်းမွန်စေရေးနဲ့ လေဒီလေးတွေ မိန်းမဆန်ဆန် လှပေစေမှုအတွက် အရေးပါပါတယ်။ကိုယ်တွင်းမှာ အီစထရိုဂျင် ဟော်မုန်း မျှတမှ စိတ်ခံစားမှုကောင်းမွန်မှာပါ။ ကိုယ်တွင်းမှာ အီစထရိုဂျင် ဟော်မုန်း နည်းမယ်ဆိုရင် ဆီရိုတိုနင် ဟော်မုန်းပမာဏ တက်လာပြီး စိတ်ခံစားမှု အပြောင်းအလဲ မြန်တာ၊ စိတ်ဓာတ်ကျတာ၊ အာရုံစူးစိုက်ရခက်တာ၊ မောပန်းနွမ်းနယ်တာ၊ မအီမသာဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ကိုယ်တွင်းမှာ အီစထရိုဂျင် ဟော်မုန်း နည်းလွန်းတာက ပရိုဂျက်စတုန်းဟော်မုန်း မြင့်တက်စေပြီး စိတ်ဓာတ်ကျတာ၊ မအီမသာဖြစ်တာ၊ မောပန်းလွယ်တာ၊ မှတ်ဉာဏ် အားနည်းတာ၊ စိတ်ပူပန်မှု များတာတွေ ခံစားရနိုင်ပါတယ်။ပရိုဂျက်စတုန်း ဟော်မုန်း များလွန်းတာက စိုးရိမ်စိတ် များစေပြီး၊ စိတ်ဓာတ်ကျတာ၊ အိပ်မပျော်တာလိုမျိုး၊ စိတ်ခံစားမှု အပြောင်းအလဲ မြန်တာလိုမျိုး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။Dehydroepiandrosterone (DHEA) နဲ့ DHEA-S တို့ကလည်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ အရေးပါပါတယ်။ တက်စထရိုစတုန်း၊ အီစထရိုဂျင် နဲ့ DHEA တို့က စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ အရေးပါပါတယ်။Androgens DHEA နဲ့ DHEA-S တို့ ကျဆင်းမှုက စိတ်ဓာတ်ကျတာကို ဖြစ်စေနိုင်ပါတယ်။ ဒါတွေအပြင် အိပ်မပျော်တာနဲ့ ပုံမှန်မဟုတ်တဲ့ စိတ်အခြေအနေ ဖြစ်ပေါ်တာတွေကို ခံစားရစေနိုင်ပါတယ်။သိုင်းရွိုက်က ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေအတွက် အရေးပါပါတယ်။ ခန္ဓာကိုယ်ကို အင်အားဖြစ်စေနိုင်ပြီး စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။ သိုင်းရွိုက် ဟော်မုန်း ကျဆင်းနေတာက စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းလို့ လူသိများပါတယ်။ အရေးပါတဲ့ ဟော်မုန်း တစ်ရပ်ပါ။ အဖြစ်အပျက်တွေအပေါ် တုံ့ပြန်မှုမှာ အရေးပါပါတယ်။ အက်ဒရီနယ်လင်ဂလင်းတွေက ကော်တီစော ဟော်မုန်းတွေကို ထုတ်လုပ်ပါတယ်။ကော်တီစော ဟော်မုန်းတွေ အရမ်းများတာက နာတာရှည် စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်မှု ကြီးတာတွေကို ဖြစ်စေနိုင်ပါတယ်။ဟော်မုန်း မညီမျှမှုက ကိုယ်အလေးချိန် တက်စေတာ၊ဆံပင်ပါးတာ၊ အကြီးထွားလွန်တာ၊ မျက်နှာမှာ ဝက်ခြံတွေ ပေါက်တာ၊ ရာသီမမှန်တာ၊ အခြားသော ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။  ဒါတွေအပြင် စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ဒီအချက်တွေက ဟော်မုန်း မညီမျှမှုကို ဖြစ်စေနိုင်ပါတယ်။အရွယ်ရောက်ပြီးသူ ၄ ဦးမှာ ၁ ဦးက စိတ်ကျန်းမာရေး ပြဿနာကို ခံစားရပါတယ်။ ဒီလိုခံစားရတဲ့အခါ လက္ခဏာတွေအနေနဲ့။ဟော်မုန်း မညီမျှမှုက စိတ်ကျန်းမာရေးအပေါ် အခုလိုတွေ သက်ရောက်နေပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/female-hormonal-imbalance/how-can-a-hormonal-imbalance-affect-the-mind/
ဘေဘီလေးရဲ့ချက်ကို ဘယ်လိုသန့်စင်ပေးမလဲ
ဘေဘီလေးတစ်ယောက် မွေးဖွားလာရင် သေးသေးကွေးကွေးလေးတွေကို ဘယ်လောက်ပဲ အသည်းယားတယ်ပြောပြော ကိုယ်တိုင် ကိုးလလွယ် ဆယ်လဖွားထားတဲ့အတွက် ပြုစုစောင့်ရှောက်ပေးမှုကို ကိုယ်တိုင်ပဲလုပ်မိဖို့ကများပါတယ်။ ဖွားဖွားတွေရှိတယ်ဆိုရင်တောင် အနည်းဆုံးတော့ ကိုယ်ကဘေးကနေ အမြဲလိုကူညီပေးနေရမှာ အသေအချာပါ။ ဒီလိုလုပ်ဆောင်ပေးရတဲ့အထဲမှာ ဘေဘီပိစိလေးရဲ့ချက်ကြိုးနဲ့ ချက် ကို သန့်ရှင်းပေးရတာကလည်း မပါမဖြစ်ပါပဲ။ ဒီတစ်ခေါက်တော့ မေမေတို့အတွက် အသုံးတည့်စေမယ့် ဘေဘီလေးရဲ့ချက်ကို ဘယ်လိုသန့်စင်ပေးရမလဲဆိုတာလေးနဲ့ ပတ်သက်ပြီး ပြောပြမယ်နော်။အရင်တုန်းကတော့ ကျွမ်းကျင်သူတွေက ကလေးကို သေးခံလဲပေးတဲ့အခါတိုင်း ချက်ကြိုးနဲ့ ချက်နေရာကို ဂွမ်းစလေးမှာ အရက်ပြန်ဆွတ်ပြီး သန့်စင်ပေးပါ။ပြီးရင် ခြောက်သွေ့အောင်သုတ်ပါလို့ပြောခဲ့ဖူးကြပါတယ်။ တကယ်တော့သေးခံလဲတိုင်းလုပ်စရာမလိုပါဘူး။ တစ်နေ့ကို နှစ်ကြိမ်လောက် သန့်စင်ပေးရင်ကို လုံလောက်ပါပြီ။ ဘေဘီလေးရဲ့သေး ဒါမှမဟုတ်ရေစိုသွားတဲ့အခါမှာတော့ ချက်ကြိုးကိုသေချာလေး သုတ်ပေးဖို့လိုပါမယ်။ဘေဘီလေးရဲ့ ချက်ကို သန့်စင်ပေးတော့မယ်ဆိုရင် ဒီအချက်တွေအတိုင်းလိုက်လုပ်ကြည့်ဖို့လိုပါမယ်။လိုအပ်တာတွေကိုပြင်ဆင်ပါ။ဘေဘီလေးကို ချက်မသန့်စင်ပေးခင်မှာ လိုအပ်မယ့် ပစ္စည်းတွေကို တစ်စုတစည်းထဲယူထားပေးပါ။ ကလေးငယ်သေးတဲ့အချိန်မှာ ကလေးကို တစ်ယောက်တည်းထားခဲ့ပြီး သွားတာမျိုးမလုပ်ပါနဲ့။လက်ဆေးပါ။နုနယ်သေးတဲ့ဘေဘီလေးကို ပိုးဝင်ကူးစက်တာမျိုးမဖြစ်စေဖို့အတွက် ချက်ကြိုးကို မသန့်စင်ပေးခင်မှာလက်ကိုသေချာသန့်စင်အောင်ဆေးကြောပေးဖို့လိုပါမယ်။ရေအလွယ်တကူမရှိခဲ့ဘူးဆိုရင်ရေမလိုလက်သန့်ဆေးရည်ကို သုံးပေးလို့ရပါတယ်။ချက်ကို စစ်ဆေးပါ။ဘေဘီလေးရဲ့ ချက်မှာ အရည်တစ်ခုခုထွက်နေတာ၊ပြည်ရှိနေတာ၊ အနံ့ရှိနေတာ၊ သွေးထွက်နေတာမျိုးရှိလားဆိုတာကို စစ်ဆေးပါ။ ဒါတွေအပြင်ချက်တဝိုက်မှာ နီမြန်းနေလား၊ရောင်ရမ်းနေလား၊ ကလေးက အဖျားရှိနေလား၊ အစားမစားဘဲဖြစ်နေလား၊ တအီအီနဲ့ ဂျီကျနေလားဆိုတာတွေကိုပါ စစ်ဆေးဖို့လိုပါမယ်။ဂွမ်းစသန့်သန့်လေးနဲ့ သန့်စင်ပေးပါ။ခွက်သန့်သန့်လေးထဲမှာ ရေနွေးနွေးလေးထည့်ပေးပါ။ ပြီးရင် ဂွမ်းစသန့်သန့်လေးကို နှစ်လို့ရေပြန်ညှစ်လိုက်ပါ။ ပြီးရင်တော့ ချက်တဝိုက်ကို ခပ်ဖွဖွလေးတို့သုတ်ပြီး သန့်စင်ပေးပါ။ ချက်ကြိုးက သူ့အလိုလို မကြွေမချင်းနေ့တိုင်းလုပ်ပေးဖို့လိုပါမယ်။ အရင်က ကလေးရဲ့ ချက်ကြိုးနဲ့ ချက်ကို သန့်စင်ဖို့အရက်ပြန်ကို သုံးခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာတော့ ချက်ကြိုးကို ရေနွေးနွေးလေးနဲ့ သန့်စင်ခိုင်းကြပါတော့တယ်။ရေခြောက်အောင် သုတ်ပေးပါ။ဘေဘီလေးရဲ့ ချက်ကြိုးနဲ့ချက်ကို သန့်စင်ပေးပြီးပြီဆိုရင်တော့ ချက်ကြိုးမှာ ပြည်တည်တာမျိုး၊အနာဖြစ်တာမျိုးမဖြစ်စေဖို့ ဂွမ်းစသန့်သန့်လေးနဲ့ တို့တို့ပြီးရေခြောက်အောင်သုတ်ပေးပါ။ ရေချိုးပေးပြီးတိုင်းမှာလည်း ချက်ကြိုးလေးကို ရေခြောက်အောင်သုတ်ပေးဖို့ မမေ့ပါနဲ့။ ဘေဘီလေးကို ရေချိုးပေးတဲ့အခါမှာလည်းရေမြှုပ်မှာ ရေစွတ်ပြီးချိုးတာက အဆင်ပြေဆုံးပါ။ပေါင်ဒါ၊lotionတို့မသုံးပါနဲ့။ဒါတွေကမလိုအပ်ပါဘူး။ ကလေးရဲ့ချက်ကြိုးနဲ့ ချက်နေရာကို body lotion လူးပေးတာမျိုး၊ ပေါင်ဒါလူးပေးတာမျိုး၊baby oilလူးပေးတာမျိုးမလုပ်ပါနဲ့။ မလိုအပ်ဘဲ ကလေးရဲ့ ချက်ကြိုးနဲ့ချက်မှာပိုးဝင်ကူးစက်တာမျိုးဖြစ်နိုင်တာကြောင့်ပါ။သဘာဝအတိုင်း ချက်ကြွေအောင် ထားပေးပါ။ချက်ကြိုးလေးက အချိန်တန်ရင် သူ့အလိုလိုခြောက်ပြီး ကြွေသွားပါလိမ့်မယ်။ ဒါ့ကြောင့် ချက်ကြိုးကို လက်နဲ့ခြွေတာမျိုးမလုပ်မိပါစေနဲ့။ချက်ကြိုးမှာ ပိုးဝင်ကူးစက်ခံရမယ်ဆိုရင်။ဒီလို အခြေအနေမျိုးတွေ ဖြစ်လာမယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်း ပြသဖို့ လိုပါမယ်။ ဒီအခြေအနေက အချိန်ကြာမြင့်စွာ ထားမိမယ်ဆိုရင်ဘေဘီလေးရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တာကြောင့်ပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/umbilical-cord-care/
ကိုယ်ဝန်ဆောင်ချိန်မှာ ရေများများသောက်ပေးသင့်သလား...
ရေသောက်တာက ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်တဲ့ အလေ့အထတစ်ရပ်ပါ။ ဒီယူဆချက်က လူတိုင်းမှာ အကျုံးဝင်ပါတယ်။ သာမန် လူတစ်ယောက်အနေနဲ့ ရေဓာတ်ပြည့်ဝဖို့လိုသလို ကိုယ်ဝန်ဆောင် မေမေအနေနဲ့လည်းရေဓာတ်ပြည့်ဝဖို့က အင်မတန်အရေးကြီးပါတယ်။ ဒီလိုပြောရတဲ့ အကြောင်းက ရေဓာတ်ပြည့်ဝမှ မေမေရောဘေ​ဘီလေးပါ ကျန်းမာမှာ မို့ပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ရေအများကြီးသောက်တာက စိုးရိမ်စရာလို့ ယူဆပြီး ရေလျှော့သောက်တဲ့ မေမေတွေရှိတတ်ပါတယ်။ တကယ်ကတော့ ရေများများသောက်တာကမေမေရော ဘေဘီလေးကိုပါကျန်းမာစေနိုင်ပါတယ်။ ရေအများကြီးသောက်တာက ကိုယ်တွင်းမှာ ရေတွေစုနေပြီးကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ဆိုကြပေမယ့် ဒီအယူအဆက မမှန်ပါဘူး။ ရေသောက်တာကြောင့် မေမေမှာရော ဘေဘီလေးမှာပါ ထိခိုက်မှုမရှိပါဘူး။ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ရေသောက်ပေးမယ်ဆိုရင် အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။အာဟာရစုပ်ယူမှုကောင်းစေနိုင်တယ်။ရေက ခန္ဓာကိုယ်မှာရှိတဲ့ဆဲလ်တွေကို အာဟာရဓာတ်စုပ်ယူမှုကောင်းအောင် အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ကျန်းမာတဲ့ ဘေဘီလေး မွေးဖွားလာစေဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ရေဓာတ်မပြည့်ဝရင်သာ ဘေဘီလေးဆီ အာဟာရရောက်ရှိမှုနည်းစေမှာမို့ ရေသောက်ပါလို့ ပြောပါရစေနော်။ဆီးလမ်းကြောင်းပိုးဝင်တာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်တယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ရေသောက်ပေးတာက ဘေဘီလေးအတွက် လုံလောက်တဲ့ အာဟာရတွေရရှိစေဖို့ ထောက်ပံ့ပေးရုံတင်မဟုတ်ပါဘူး။ ကိုယ်တွင်းကအဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်သလို ဆီးများများသွားစေပြီး ဆီးလမ်းကြောင်းနဲ့ကျောက်ကပ်ကို ကျန်းမာစေနိုင်ပါတယ်။ဝမ်းချုပ်တာကိုလည်း သက်သာစေနိုင်ပါတယ်။ခေါင်းမူးတာကို သက်သာစေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ပင်ပန်းတာ၊ မအီမသာဖြစ်တာတွေကို သက်သာစေဖို့အတွက် ရေများများသောက်ပေးပါ။ ရေသောက်တာက မေမေအတွက်ရော ဘေဘီလေးအတွက်ပါ အထောက်အကူပြုပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အပူချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ကိုယ်ဝန်အစောပိုင်းမှာ သားအိမ်ကျုံ့တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။လေ့လာမှုအရ ကိုယ်ဝန်ဆောင်ချိန်မှာ ရေသောက်ပေးတာကရေဓာတ်နည်းတာကြောင့်ဖြစ်တဲ့ သားအိမ်ကျုံ့တာကို သက်သာစေနိုင်ပြီး မေမေရော ဘေဘီလေးကို ပါကျန်းမာစေနိုင်မှာပါ။ရေမြွာရည်များစေတယ်။ရေမြွာရည်နည်းတာက ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ ဘေဘီလေးလှုပ်ရှားရအဆင်ပြေစေဖို့နဲ့ အကောင်းဆုံးဖွံ့ဖြိုးစေဖို့ဆိုရင် မေမေက ရေပြည့်ပြည့်ဝဝသောက်ပေးပါ။မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ဆိုရင် ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ တစ်နေ့ကို ရေလုံလောက်အောင်သောက်ဖို့လိုပါမယ်။ ရေဆိုတဲ့နေရာမှာ နို့၊ အသီးဖျော်ရည်၊ ဟင်းချိုရည်နဲ့ ရေဓာတ်ပါတဲ့အသီးအနှံစားသုံးမှုအားလုံး အကျုံးဝင်ပါတယ်။ ရေသောက်လို့ ဆီးခဏခဏသွားရတယ်ဆိုပေမယ့် မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်တာကြောင့် ရေသောက်ပေးပါနော် မေမေတို့ရေ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/how-much-water-should-drink-during-pregnancy/
သပွတ်သီးရဲ့ဆေးဖက်ဝင် အာနိသင်များ
သပွတ်သီးဟာ သူ့ရဲ့အာဟာရအာနိသင်ကြောင့် အာရှတလွှားနဲ့ အမေရိကန်မှာ စိုက်ပျိုးစားသုံးနေကြတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ သပွတ်သီးကို နုတဲ့အချိန်မှာ ချက်ပြုတ်စားသောက်လို့ရပြီး အသီးကရင့်လာတဲ့အချိန်ကျရင် အရောင်ရင့်လာပြီးအမျှင်တွေယှက်နေတဲ့ သပွတ်အူကို ပန်းကန်ဆေး၊ အိုးတိုက်တဲ့ အစအဖြစ် အသုံးပြုကြပါတယ်။သူ့မှာ ကာဗိုဟိုက်ဒရိတ်နဲ့ ဗီတာမင်အေ အပြင် ပိုတက်စီယမ်၊မဂ္ဂနိစ်၊ကော့ပါး၊ ဗီတာမင် B6၊ ဗီတာမင် စီတို့လည်းပါဝင်ပါတယ်။ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင်တွေ၊ အာဟာရဓါတ်တွေနဲ့ အဆီဓါတ်၊ သတ္ထုဓါတ်တွေပါဝင်တဲ့သပွတ်သီးဟာ စွယ်စုံအသုံးဝင်တဲ့သဘာဝပစ္စည်းဖြစ်ပါတယ်။အလှအပရေးရာမှာဆို အရောင်ကျစေဖို့နဲ့ အသားအရေအဆိပ်ထုတ်ဖို့ သပွတ်သီးအမှုန့်ကို အလှကုန်ပစ္စည်းတွေမှာသုံးကြပါတယ်။ အမျိုးသမီးတွေမှာ ရာသီသွေး ထိန်ရင်လည်း သပွတ်သီးက အကျိုးပြုပါတယ်။ ကလေးငယ်ရှိတဲ့မိခင်တွေမှာလည်း နို့ထွက်များစေတယ်လို့ ဆိုပါတယ်။ တခါတရံကျရင် သပွတ်သီးအတွင်းသားကို အရေပြားမှာပွတ်ပေးရင် အရေပြားဆဲလ်သေတွေကို ဖယ်ရှားပြီး အသားအရေကို ဝင်းလက်စေတယ်လို့ပြောကြပါတယ်။ သပွတ်အူနဲ့ပြုလုပ်ဖန်တီးထားတဲ့Luffa charcoal ကို မျက်နှာနဲ့ မျက်လုံးတဝိုက်ရေယုန်တွေပေါ် လိမ်းကြတယ်လို့ လည်း သိရပါတယ်။သပွတ်သီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့သွေးတွင်းသကြားဓါတ်ကိုလျော့ကျစေပြီး ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးတဲ့အပြင် ကိုယ်အလေးချိန်ကိုကျဆင်းစေပြီး ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေကိုဖယ်ရှားသန့်စင်ပေးပါတယ်။ ကျန်တဲ့ အာနိသင်တွေကတော့ –။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%9e%e1%80%95%e1%80%bd%e1%80%90%e1%80%ba%e1%80%9e%e1%80%ae%e1%80%b8-luffa-%e1%80%9b%e1%80%b2%e1%80%b7%e1%80%86%e1%80%b1%e1%80%b8%e1%80%96%e1%80%80%e1%80%ba%e1%80%9d%e1%80%84%e1%80%ba-%e1%80%a1/
Trigeminal Neuralgia (ထရိုင်ဂျန်မီနယ် အာရုံကြောရောဂါ)
Trigeminal neuralgia သည် အလွန်ရှားသည့်ရောဂါဖြစ်ပြီး Trigeminal အာရုံကြောတွင် နာကြင်မှုဖြစ်ပေါ်ခြင်း ဖြစ်သည်။ ၎င်းသည်နားထင်တွင် တည်ရှိသော မျက်နှာတွင်ရှိသည့် အဓိကအာရုံကြောဖြစ်သည်။ ၎င်းသည် နာတာရှည်ရောဂါမျိုးဖြစ်ပြီး အလွန်ပြင်းထန်သည့်နာကြင်မှုမျိုးကြောင့် အားအင်ကုန်ခမ်းမှုကို ဖြစ်စေနိုင်သည်။ လက္ခဏာများသည် ရက်ပေါင်းများစွာမှ ရက်သတ္တပတ်များ၊ လများစွာကြာအောင် ရှိနေတတ်ပြီးနောက် လများနှစ်များကြာသည်အထိ ပျောက်သွားတတ်ပြန်သည်။လူတိုင်းတွင် ဖြစ်နိုင်၏။ သို့သော် ၎င်းသည်အသက် ၅၀ ကျော်သူများတွင် အဖြစ်များပြီး ယောက်ျားထက်မိန်းမက ပိုအဖြစ်များလေသည်။အဖြစ်များဆုံးလက္ခဏာသည် ၎င်းအာရုံကြော ထောက်ပံ့ပေးနေသည့် မျက်နှာအစိတ်အပိုင်းများတွင် ဓါးနှင့်ထိုးသလို ဓါတ်လိုက်သလို မခံမရပ်နိုင်အောင်နာခြင်းဖြစ်သည်။ တိုးတောင်ပြီး မခံမပ်အောင်နာခြင်းကို မေးရိုး၊ နှုတ်ခမ်း၊ နှာခေါင်း၊ ဦးရေပြား၊ နှဖူးနှင့် မျက်နှာတပြင်လုံးတွင်ခံစားရနိုင်သည်။ နာကြင်ခြင်းသည် ကြိုမသိနိုင်ပဲထဖြစ်သည်။ စကားပြောခြင်း၊ ဝါးခြင်း၊ မိတ်ကပ်ပြင်ခြင်း၊ မျက်နှာသစ်၊ သွားတိုက်ခြင်းတို့မှနေ စပြီးနာသွားနိုင်သည်။ တစ်ခါတစ်ရံ တစ်ချို့နေရာလေးကိုထိမိရုံနှင့်တောင် နာကြင်မှု ဖြစ်ပေါ်နိုင်ပါသည်။အထက်တွင်ဖော်ပြထားသည့်အထဲ၌မပါဝင်သော အခြားလက္ခဏာများလည်းရှိနိုင်ပါသေးသည်။ အကယ်၍ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။မျက်နှာတွင်နာကြင်မှုကိုခံစားရသည်မှာ ကြာနေလျှင် (နာကြင်မှုသည် ပျောက်လိုက်ပေါ်လိုက်နှင့်ဖြစ်ပြီး အကိုက်အခဲပျောက်ဆေး မတိုးအောင်နာလျှင်) ဆရာဝန်နှင့်ဆက်သွယ်ပါ။သင့်ဆီ၌ အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲက တစ်ခုခုများရှိနေမည်ဆိုလျှင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပင်ဖြစ်သည်။အကြောင်းရင်းကိုမသိရပါ။ တစ်ခါတစ်ရံ ရောဂါသည် သွားနှုတ်ပြီးနောက်၊ မျက်နှာအာရုံကြော ဒဏ်ရာရပြီးနောက်၊ ရေယုန်ပိုးဝင်ပြီးနောက် သို့မဟုတ် သွေကြောဖိခြင်း၊ အကြိတ်မှဖိခြင်းတို့ကြောင့် ဖြစ်တတ်ပါသည်။ဖြစ်ပွားနိုင်ချေကို မြင့်စေသည့် အချက်များစွာရှိပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်များသည် လက္ခဏာများ၊ ရောဂါရာဇဝင်များ၊ စမ်းသပ်မှုများမှ ရောဂါအမည်တပ်ခြင်းဖြစ်သည်။ တခြားဆင်ဆင်တူသည့် ရောဂါများကိုခွဲခြားနိုင်ရန် ကွန်ပျူတာဓါတ်မှန် သို့မဟုတ် သံလိုက်ဓါတ်မှန်ရိုက်ခြင်းများ လိုအပ်နိုင်ပါသည်။ကုသမှုသည် လက္ခဏာပေါ်မူတည်သည်။ အရေးကြီးဆုံးမှာ နာကြင်မှုကိုဖြစ်စေသည့်အရာကို မလုပ်ဖို့ရန်ဖြစ်သည်။ အကိုက်အခဲပျောက်ဆေးများလဲ သုံးနိုင်ပါသည်။အာရုံကြောပေါ် သို့ အကြိတ်သို့ သွေးကြောမှဖိခြင်းကြောင့် တခြားကုသမှု အသုံးမဝင်တော့လျှင် ခွဲစိတ်ကုသရမည်ဖြစ်သည်။ ခွဲစိတ်မှုအမျိုးအစားများတွင် အာရုံကြောပေါ်ရှိဖိအားကို ဖယ်ရှားဖို့ရန် contactless radiosurgery, electrical stimulation and injections နှင့် open surgery များပါ၏။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် Trigeminal neuralgia ကို ကုသတဲ့ နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့ နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• ပျော့သောအစားအစာများကိုစားပါ။• အလွယ်တကူဝယ်ယူရသည့်ဆေးများသုံးလျှင် ဆရာဝန်ကိုပြောပါ။ ကိုယ်ဝန်ရှိလျှင်သို့ ကိုယ်ဝန်ယူဖို့အစီအစဉ်ရှိလျှင်ပြောပါ။အကယ်၍ ဆရာဝန်ပေးသော ဆေးနှင့်မသက်သာလျှင်၊ ဆေးများ၏ ဘေးထွက်ဆိုးကျိုးများကို ခံစားရလျှင်၊ နှစ်ရိပ်နှစ်ထပ်မြင်လျှင်၊ ကြွက်သားများအားနည်းလျှင်၊ အကြားအာရုံပြောင်းလျှင် မျက်နှာဟန်မညီတော့လျှင် ဆရာဝန်ကိုပြောပါ။ ဒီအရာများသည် နောက်ထပ် ရောဂါတစ်ခုရှိနေသည်ကို ညွှန်ပြကောင်းညွှန်ပြနိုင်နေပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/peripheral-nervous-system-disorders/trigeminal-neuralgia-%e1%80%91%e1%80%9b%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80%82%e1%80%ba%e1%80%94%e1%80%b9%e1%80%99%e1%80%ae%e1%80%94%e1%80%9a%e1%80%b9-%e1%80%a1%e1%80%ac%e1%80%9b%e1%80%af/
Dementia (မှတ်ဉာဏ်ချို့ယွင်းခြင်း)
မှတ်ဉာဏ်ပိုင်းဆိုင်ရာ၊ တွေးခေါ်နိုင်စွမ်းနဲ့ စကားပြောနိုင်စွမ်းများ ထိခိုက်ခြင်း အစရှိသည့် လက္ခဏာများစုပြုံ ဖြစ်ပေါ်လာခြင်းကို မှတ်ဉာဏ်ချို့ယွင်းလာခြင်းလို့ ခေါ်ပါတယ်။ သို့သော်လည်း သတိမေ့ရုံမျှနဲ့ သင်ဟာ မှတ်ဉာဏ်ချို့ယွင်းနေပြီလို့ ဆိုလိုခြင်းမဟုတ်ပါ။ ဒီရောဂါဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။မှတ်ဉာဏ်ချို့ယွင်းခြင်းဟာ အသက်၆၅ နှစ် နဲ့အထက် လူကြီးတွေမှာ အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် ထိန်းချုပ်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။မှတ်ဉာဏ်ချို့ယွင်းခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။• သတိမေ့ခြင်း။• ဘာသာစကား ပြောဆိုချိတ်ဆက်နိုင်စွမ်း နဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ရာမှာ အခက်တွေ့လာခြင်း။• ရောက်ရှိနေသော အချိန်နဲ့ နေရာကို မမှတ်မိဘဲ ဝေဝါးနေခြင်း။• လိုရာကို အသေးစိတ် ကောက်နုတ်တွေးခေါ်ရာ၌ ခက်ခဲလာခြင်း။• ပစ္စည်းများ အထားမှားခြင်း။• ရုတ်တရက် ကိုယ်အမူအရာ၊ နေပုံထိုင်ပုံနဲ့ စိတ်ခံစားမှုပြောင်းလဲလာခြင်း။• ကိုယ်စွမ်းကိုယ်စများ လျော့နည်းလာပြီး အလုပ်တွင် စိတ်မပါတော့ခြင်း စတာတွေခံစားရနိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။မှတ်ဉာဏ်ချို့ယွင်းခြင်းဟာ ဦးနှောက်ဆဲလ်များ ပျက်စီးခြင်းကြောင့် ဖြစ်ပါတယ်။ ၎င်းရောဂါဟာ ဦးနှောက်ဆဲလ်များ တစ်ခုနဲ့ တစ်ခုချိတ်ဆက်မိမှုကို ပြတ်တောက်စေပြီး ကိုယ်အမူအရာနဲ့ စိတ်ခံစားမှုကိုထိခိုက်ပြောင်းလဲစေပါတယ်။မှတ်ဉာဏ်ချို့ယွင်းခြင်းကို ဖြစ်ပေါ်စေတဲ့ ဦးနှောက်တွင်းထိခိုက် ပြောင်းလဲမှုအများစုမှာ ဘဝတစ်လျှောက်လုံးမပျောက်ဘဲ အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာမှာ ဖြစ်ပါတယ်။ အောက်ပါမှတ်ဉာဏ်နဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ ထိခိုက်စေသော ပြဿနာများကို ကုသမယ်ဆိုရင်တော့ သက်သာလာမှာဖြစ်ပါတယ်။• စိတ်ကျရောဂါ။• ဆေးအချို့သောက်ခြင်း၏ ဘေးထွက်ဆိုးကျိုးများခံစားရခြင်း။• အရက်အလွန်အကျွံသောက်ခြင်း။• လည်ပင်းရှိ သိုင်းရွိုက်ဂလင်းပြဿနာ။• ဗီတာမင်ဓါတ်များ ချို့တဲ့ခြင်း စတာတွေကို ကုရမှာဖြစ်ပါတယ်။သင်ပြောင်းလဲပြုပြင် လို့မရနိုင်တဲ့ မှတ်ဉာဏ်ချို့ယွင်း ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။• အသက်အရွယ်- အသက် ၆၅ နှစ် နောက်ပိုင်းမှာ သင်ဟာ မှတ်ဉာဏ်ချို့ယွင်းခြင်း ရောဂါ ဖြစ်နိုင်ခြေများပါတယ်။ သို့သော် မှတ်ဉာဏ်ချို့ယွင်းခြင်းဟာ အသက်ကြီးလာတိုင်း ဖြစ်ရမယ်လို့တော့ မဟုတ်ပါ။ အသက်ငယ်ငယ်နဲ့လည်း ဖြစ်နိုင်ပါတယ်။• မိသားစု ရောဂါရာဇဝင်- ရောဂါရာဇဝင်ရှိတဲ့ မိသားစုကလူပင်ဖြစ်သော်လည်း ၎င်းရောဂါမဖြစ်တဲ့ သူတွေရှိသလို မိသားစုရာဇဝင် မရှိဘဲနဲ့လည်း ၎င်းရောဂါဖြစ်နိုင်ပါတယ်။ သင့်မှာ မျိုးရိုးဗီဇဆိုင်ရာ ပြဿနာများရှိမရှိကို ဆရာဝန်မှ စစ်ဆေးမှုအချို့ပြုလုပ်ပြီး သိနိုင်ပါတယ်။• ဒေါင်းရောဂါ (Down Syndrome)- ဒေါင်း မျိုးရိုးဗီဇပြဿနာနဲ့ မွေးလာတဲ့ ကလေးတွေဟာ သက်လတ်ပိုင်းမှာတင် မှတ်ဉာဏ်ချို့ယွင်းခြင်း စောစောစီးစီး ဖြစ်နိုင်ပါတယ်။• သတိ အနည်းငယ်မေ့ခြင်း- ဒါဟာလည်း မှတ်ဉာဏ်ပိုင်းဆိုငိရာ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် နေ့စဉ်လုပ်ငန်းဆောင်တာတွေ ထိခိုက်တဲ့ထိတော့ မဖြစ်သေးပါဘူး။ ထိုသို့ဖြစ်ခြင်းဟာလည်း မှတ်ဉာဏ်ချို့ယွင်းခြင်း ဖြစ်ဖို့ အခွင့်အလမ်းများစေပါတယ်။သင်ပြောင်းလဲပြုပြင် လို့ရနိုင်တဲ့ မှတ်ဉာဏ် ချို့ယွင်းခြင်း ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့ အကြောင်းရင်းတေ ွ ကတော့။• အရက်အလွန်အကျွံသောက်ခြင်း- တကယ်လို့ သင်ဟာအရက် အလွန်အကျွံသောက်သူ ဖြစ်ရင် မှတ်ဉာဏ်ချို့ယွင်းခြင်း ဖြစ်နိုင်ခြေများပါတယ်။• နှလုံးနဲ့သွေးကြောဆိုင်ရာ ပြဿနာရှိခြင်း- သွေးတိုးရောဂါ၊ သွေးအဆီများခြင်း၊ သွေးလွှတ်ကြောနံရံတွင် အဆီစုပုံ၍ သွေးကြောကျဉ်းခြင်း နဲ့ အဝလွန်ခြင်း စတာတွေဟာလည်း မှတ်ဉာဏ်ချို့ယွင်းခြင်း ဖြစ်နိုင်ခြေများစေပါတယ်။• စိတ်ကျရောဂါခံစားနေရခြင်း – ဒီရောဂါဟာလည်း မှတ်ဉာဏ်ချို့ယွင်းခြင်းဖြစ်ဖို့ အခွင့်အလမ်း များစေပါတယ်။• ဆီးချိုရောဂါ – တကယ်လို့ သင်ဟာဆီးချိုရောဂါရှိပြီး ထိန်းချုပ်မှုအားနည်းရင် ၎င်းရောဂါဖြစ်နိုင်ခြေ များပါတယ်။• ဆေးလိပ်သောက်ခြင်း – ဆေးလိပ်သောက်ခြင်းဟာ မှတ်ဉာဏ်ချို့ယွင်းခြင်း နဲ့ အခြားသွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ခြေကိုမြင့်စေပါတယ်။• အိပ်နေရင်း အသက်ရှူရပ်ရပ်သွားခြင်း- အိပ်နေစဉ် အသက်ရှူရပ်ရပ်သွားတတ်ပြီး ဟောက်သူတွေဟာ သတိမေ့လိုက် ပြန်ကောင်းလိုက်ဖြစ်တတ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။• လူနာ၏ နောက်ကြောင်း ရောဂါရာဇဝင်ကို မေးမြန်းခြင်း – ဆရာဝန်က မှတ်ဉာဏ်ချို့ယွင်းရောဂါနဲ့ ပတ်သက်တဲ့ သင့်မိသားစု ရောဂါရာဇဝင်ကို မေးမြန်းမယ့်အပြင် ယခင် ဖျားနာဖူးခြင်း၊ ထိခိုက်ဒဏ်ရာရဖူးခြင်း၊ ခွဲစိတ်ခံရဖူးခြင်း ရှိမရှိနဲ့ အရင်ထဲကနေ ယခုထိ သောက်နေသော ဆေးများအကြောင်း အပါအဝင် လတ်တလော ဖြစ်နေသော အခြေအနေများအကြောင်းကို မေးမြန်းပြီး ရောဂါဖြစ်နိုင်ခြေတွေကို တွက်ဆပါလိမ့်မယ်။• ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုပြုလုပ်ခြင်း – လတ်တလောဖြစ်နေတဲ့ရောဂါတွေ နာတာရှည်ရောဂါတွေ ရှိမရှိ သိစေရန် အမြင်အကြားဆိုင်ရာ စမ်းသပ်မှုများ၊ သွေးပေါင်ချိန်၊ သွေးခုန်နှုန်းနဲ့ အခြားသော ကျန်းမာရေးအခြေခံ စစ်ဆေးမှုများကို ပြုလုပ်ပါလိမ့်မယ်။• ဓါတ်ခွဲခန်းစမ်းသပ်မှုများပြုလုပ်ခြင်း – သင့်ရဲ့ရောဂါရာဇဝင်နဲ့ လက္ခဏာတို့ပေါ် မူတည်ပြီး သွေးစစ်ခြင်း၊ လျှပ်စစ်လှိုင်းဖြင့် ခေါင်း ဓါတ်မှန်ရိုက်ခြင်း (သို့) ဦးနှောက် ဓါတ်မှန် ရိုက်ခြင်းများ ပြုလုပ်ပါလိမ့်မယ်။• အာရုံကြောဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ခြင်း- ဦးနှောက်နဲ့ အာရုံကြောစနစ်ဆိုင်ရာ ပြဿနာများကို စစ်ဆေးရန်ဖြစ်ပါတယ်။ အတွေးအခေါ်နဲ့ အပြုအမူပိုင်းဆိုင်ရာ ပြသနာများဖြစ်စေသော အာရုံကြောစနစ်ထိခိုက်မှုကိုရှာဖွေစစ်ဆေးရန် ဖြစ်ပါတယ်။• အာရုံကြောနဲ့ စိတ်ကျန်းမာရေးကို စစ်ဆေးခြင်း-။ရောဂါ၏အတိမ်အနက်ကိုသိရန်၊ သင့်လုပ်ကိုင်နိုင်စွမ်းကို စစ်ဆေးရန်နဲ့ ယခင်ထက်စာလျှင်။မည်မျှပြောင်းလဲလာသည်ကို သိရှိရန် အဆိုပါစစ်ဆေးမှုကို ပြုလုပ်ပါလိမ့်မယ်။ဆေးသောက်ခြင်း- Cholinesterase inhibitors ၊ memantine နဲ့ ဆရာဝန်ညွှန်ကြားသော အခြားဆေးများကို မှတ်ဉာဏ်ချို့ယွင်းခြင်းကို ကုသရာမှာ သုံးနိုင်ပါတယ်။• ဆေးဖြင့်ကုသခြင်းမဟုတ်သော အခြားနည်းများလည်း ရှိပါတယ်။ ထိတွေ့နေသော ပတ်ဝန်းကျင် ပြောင်းလဲပေးခြင်း၊ အလုပ်အကိုင် ပြောင်းလဲပေးလိုက်ခြင်း စတာတွေက စိတ်ဝေဝါးခြင်းကို လျော့ကျစေပြီး အပြုအမူတွေ တိုးတက်ကောင်းမွန်လာအောင် ကူညီပေးနိုင်ပါတယ်။• အနားပေးကုသခြင်းများ- ဂီတ၊ အနုပညာအပေါ်ဈာန်ဝင်စေခြင်း၊ တိရိစ္ဆာန်မွေးမြူခြင်း နဲ့ နှိပ်နယ်ကုသပေးခြင်းများက စိတ်ခံစားမှုနဲ့ အပြုအမူတွေ တိုးတက်လာအောင် ကူညီပေးနိုင်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/dementia-and-alzheimers-disease/dementia-%e1%80%99%e1%80%be%e1%80%90%e1%80%ba%e1%80%89%e1%80%ac%e1%80%8f%e1%80%ba%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%b7%e1%80%9a%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%bc%e1%80%84/
ရေမြွာရည် များ ခြင်း
အယ်ထွာဆောင်း ရိုက်လိုက်လို့များ အဖြေက ကလေးလည်း ကောင်းတယ်။ အချင်းလည်း ပုံမှန်ပဲ။ ကလေးလည်း ပုံမှန်ကြီးတယ်။ ရေမြွာရည်လေးတော့ နည်းနည်းများနေတယ်ဆိုရင် မေမေတွေက ဒါဘာကို ပြောတာလဲဆိုပြီး မေးတတ် ကြပါတယ်။ ကိုယ်ဝန်ဆောင်ဘဝမှာ ဘာပဲစစ်စစ် အဖြေတွေ အကုန်ကောင်းချင်တာ မေမေတွေရဲ့ ဆန္ဒပါ။ ဒါဆို ရေမြွာရည် များ တယ်ဆိုတာ ဘာကိုပြောတာလဲ။ စိုးရိမ်ရလားဆိုတာ မေမေတို့ သိချင်ကြမှာပဲ။ ဒီအကြောင်းလေးကို ဒီမှာဆက်ပြောပေးသွားပါမယ်။ရေမြွာရည် ဆိုတာ ကလေးလေးကို မထိခိုက်မိအောင် ကာကွယ်ထားတဲ့ အရည်အိတ်လေးပါ။ သူက ကလေးကို ထိခိုက်ဒဏ်ရာ မရအောင်၊ အပူအအေးဒဏ် ခံနိုင်အောင်၊ ပိုးမဝင်အောင်၊ အဆုတ်နဲ့ အစာအိမ်ကို ကောင်းကောင်း ဖွံ့ဖြိုးအောင်၊ အရိုးအဆစ်တွေ သန်မာအောင်၊ ခြေချောင်း လက်ချောင်းတွေ ကပ်မနေအောင်၊ချက်ကြိုးကို မဖိမိအောင် လုပ်ပေးပါတယ်။ တစ်လက်စတည်း ပြောရရင် ဗိုက်ထဲက ကလေးတွေက အသက်မရှူသေးတာမို့လို့ ရေမြွာရည် မမွန်းတတ်သေးပါဘူး။ နောက်ပြီး ကလေးက ဒီရေမြွာရည်ကို မျိုချလိုက်၊ စွန့်ထုတ်လိုက် လုပ်နေတာပါ။ရေမြွာရည် များ တယ် ဆိုတာ အယ်ထွာဆောင်း ရိုက်လိုက်လို့ AFIတန်ဖိုး 24ထက်ပိုတာ ဒါမှမဟုတ် MVPတန်ဖိုး 8cmထက်ပိုတာပါ။ ဒါကတော့ ဆရာဝန်ကိုမေးကြည့်မှ သိနိုင်တာပါ။ ကံကောင်းတာက ဒါက ကိုယ်ဝန်ဆောင်၁၀၀မှာ ၁ယောက် ၂ယောက်လောက်ပဲဖြစ်တာပါ။ရေမြွာရည်သိပ်မများရင်တော့ လက္ခဏာ သိပ်မပြပါဘူး။ သိပ်များလွန်းရင်တော့။လနုနုလေးနဲ့ ရေမြွာရည်များနေတာက နောက်ဆက်တွဲဖြစ်ဖို့ ပိုများပါတယ်။ ဖြစ်နိုင်တာတွေကတော့။ဒီလောက်ဆို ရေမြွာရည် များတာက ဘာလဲဆိုတာ သိလောက်ပါပြီ။ အဖြစ်နည်းပေမယ့် ဖြစ်လာရင် အမေရော ကလေးပါ ထိခိုက်နိုင်တာမို့လို့ ရေမြွာရည်များတယ် ဆိုတာ သိတာနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး  စောင့်ရှောက်မှု ခံယူပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/what-you-need-to-know-about-polyhydramionos/
ပိုမိုသာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ လိင်မှုဘဝအတွက် အမူအကျင့်များ
သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ချစ်သူချင်းဆက်ဆံမှုတွေမှာတောင် ချစ်သူတွေဟာ “scripted sex” လို့ ခေါ်တဲ့ ပုံမှန်လိင် ဆက်ဆံနေကျ ပျင်းစရာကောင်းတဲ့ လုပ်ရိုးလုပ်စဉ်ကိုအဖန်တလဲလဲ ပြုလုပ်နေကြပါတယ်။ ဒီလိုပျင်းစရာကောင်းတဲ့ လိင်ဆက်ဆံမှုတွေဟာလက်ထပ်ပြီး နှစ်နှစ်ကနေသုံးနှစ်ကျော် ကြာရင်ဖြစ်တတ်ပါတယ်။ တချို့သူတွေမှာတော့ လက်ထပ်ပြီးလပိုင်းလောက်ကြာတာနဲ့ စတင်ဖြစ်တတ်ပါတယ်။ ဒီလိုသင့်ရဲ့လိင်မှုဘဝဟာပျင်းစရာကောင်းပြီးခန့်မှန်းနိုင်နေပြီဆိုရင်တော့ ပင်ကိုသဘာဝကျတဲ့ အသစ်အဆန်းတစ်မျိုးမျိုးကို ကြိုးစားကြည့်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သင်ရောသင့်ချစ်သူကိုပါ အသစ်အသစ်သောခံစားမှုတွေကိုခံစားရစေမှာပါ။ ပျင်းရိငြီးငွေ့ဖွယ် လိင်ဆက်ဆံမှုကစပြီးလိင်ဆက်ဆံမှုနည်းပါးသွားမယ့်အစားအောက်ဖေါ်ပြပါ ကျန်းမာပျော်ရွှင်စေတဲ့ အလေ့အကျင့်တို့ကိုလုပ်ဆောင်သင့်ပါတယ်။လေ့ကျင့်ခန်းများများပြုလုပ်ပါ။တကယ်လို့သင်ဟာသွေးပူချင်တယ်ဆိုရင်တော့ ခန္ဓါကိုယ်ရဲ့ သွေးလည်ပတ်မှုကို မြှင့်တင်သင့်ပါတယ်။ တကယ်တော့ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာအမျိုးသားရောအမျိုးသမီးတွေကိုပါ သွေးလည်ပတ်မှုကောင်းစေပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံရင် သာယာမှုပိုမိုရရှိစေပြီးလိင်စိတ်နိုးကြွစေပါတယ်။ လိင်အင်္ဂါတွေကိုသွားတဲ့ သွေးလည်ပတ်မှုကို မြှင့်တင် ပေးခြင်းအားဖြင့် လိင်စိတ်မြင့်မားစေတာဖြစ်ပါတယ်။အားကစားကြောင့် လိင်နဲ့ ပတ်သတ်တဲ့ ဟော်မုန်းတွေ သင့်ခန္ဓါကိုယ်အတွင်းများပြားလာခြင်းဟာလည်းသင့်ကိုစိတ်ကြည်လင်စေပြီးအားအင်ပိုမိုရရှိစေပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် သင်ခန္ဓါကိုယ်ကိုပိုမို ကြည့်ကောင်းလာစေပြီးဆွဲဆောင်မှုလည်းရှိစေပါတယ်။ကျန်းမာရေးနဲ့ ညီညွတ်စွာစားသောက်ပါ။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့ အသီးအရွက်တွေကိုစားသုံးခြင်းဟာလည်းသင့်ကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေပါတယ်။ ပိုအရေးကြီးတာကတော့ လိင်အင်္ဂါတွေကိုသွေးပိုမိုရောက်ရှိစေနိုင်ပြီးလိင်စိတ်ကို နိုးကြားစေပါတယ်။ အဝလွန်ခြင်းဟာမဟော်မုန်းoestrogenနဲ့ကျားဟော်မုန်းtestrosteroneတို့ကြားညီမျှမှုကိုထိခိုက်စေနိုင်တာကြောင့် အဝမလွန်ရန်လည်းသတိထားသင့်ပါတယ်။စိတ်ဖိစီးမှုကိုလျှော့ချပါ။လူတွေဟာအလုပ်ပိုလုပ်ပြီးစိတ်ဖိစီးမှုများလာပြီဆိုရင် ဆိုးဝါးတဲ့ လိင်မှုဘဝကို ဖြစ်ပေါ်စေပါတယ်။ စိတ်ဖိစီးမှုဖြစ်ပွားတဲ့အခါမှာ cortisol နဲ့ adrenaline ပမာဏ ခန္ဓါကိုယ်ထဲမှာပိုမိုများပြားလာပါတယ်။ ဒါ့တွေဟာလိင်နဲ့သက်ဆိုင်တဲ့ ဟော်မုန်းတွေပေါ်မှာမကောင်းတဲ့ သက်ရောက်မှုရှိပါတယ်။ ဒါ့ကြောင့် အိမ်ထောင်မှုဘဝသာယာစေချင်တယ်ဆိုရင် တရားထိုင်ခြင်း၊ ယောဂကစားခြင်း၊ ခရီးတိုထွက်ခြင်းနဲ့ နင့်စိတ်ခံစားမှုများကိုလက်တွဲဖေါ်အားဝေမျှခြင်းစတဲ့ စိတ်ဖိစီးမှု ဖြေလျှော့တဲ့နည်းတွေကို ကြိုးစားအသုံးပြုသင့်ပါတယ်။စိတ်ခံစားမှုနဲ့ လူမှုဘဝ။အရည်အတွက်ထက် အရည်အသွေးကိုဦးစားပေးပါ။သင့်ရဲ့ အိမ်ထောင်ဖက်နဲ့ ခဏခဏအတူမနေဖြစ်ဘူးဆိုရင် ဒါကိုအဓိပ္ပါယ်ဖွင့်ပြီးစိတ်ပူပန်ခြင်းမဖြစ်သင့်ပါဘူး။ အဲလိုလုပ်မယ့်အစားတစ်ယောက်နဲ့ တစ်ယောက်ရဲ့ စိတ်ခံစားမှု နှင့် ခန္ဓါကိုယ်ခြင်းနီးကပ်မှု၊ စိတ်ချင်းဆက်သွယ်မှု၊ သာယာမှု၊ ကျေနပ်မှု စသည်တို့ကိုပိုပြီးဦးစားပေးဂရုစိုက်သင့်ပါတယ်။လိင်မဆက်ဆံမီနမ်းရှုပ်ပွေ့ဖက်ခြင်း။လိင်မဆက်ဆံမီနမ်းရှုပ်ပွေ့ဖက်ခြင်းဟာလိင်စိတ်ကြွလာအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ ဒါ့အပြင်တစ်နေကုန်တင်းကျပ်နေတဲ့စိတ်တွေကိုဖြေလျော့ပေးပါတယ်။ ဒါကြောင့် စိတ်လှုပ်ရှားမှုတွေ ဖြစ်လာနိုင်စေဖို့ လိင်မဆက်ဆံခင် ပြုလုပ်မှုတွေဖြစ်တဲ့ အတူကခုန်ခြင်း၊ ရေအတူချိုးခြင်း၊ လိင်ပိုင်းဆိုင်ရာစာလွှာ (သို့) ဓါတ်ပုံများပေးပို့ခြင်းတို့ကိုအရင် ကြိုးစားသင့်ပါတယ်။ဆန်းသစ်တီထွင်ပါ။ဆန်းသစ်တီထွင်မှုများဟာလည်းသင့်လိင်မှုဘဝကိုပျင်းရိငြီးငွေ့ဖွယ် မကောင်းအောင် တားမြစ်ပေးနိုင်ပါတယ်။ သင်တို့နှစ်ယောက်ဟာအခုမှ လေယာဉ်ပေါ်မှာတွေ့သလိုမျိုး၊ အချိန်မရွေးအဖမ်းခံရနိုင်တဲ့ နေရာမျိုးမှာလိင်ဆက်ဆံခြင်းမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ လူတွေတွေ့သွားနိုင်ခြေဟာသင့်ကိုစိတ်လှုပ်ရှားမှုတွေ ဖြစ်ပေါ်စေနိုင်ပြီးတော့ လိင်စိတ်တက်ကြွစေနိုင်ပါတယ်။သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ လိင်မှုဘဝကိုသင်နဲ့ စတင်လိုက်ပါ။ လိင်ဆက်ဆံမှုကြောင့် ရရှိနိုင်တဲ့ သာယာမှု၊ အိမ်ထောင်ဘက်ရဲ့ ကျေနပ်မှုတွေကိုတန်ဖိုးထားတဲ့အတွက်သင့် ခန္ဓါကိုယ်နဲ့ ကျန်းမာရေးကိုဂရုစိုက်ကာသင့်လိင်မှုဘဝကိုတည်ဆောက်ပြီးလိင်ဆက်ဆံရန် အချိန်ပေးပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/%e1%80%95%e1%80%ad%e1%80%af%e1%80%99%e1%80%ad%e1%80%af%e1%80%9e%e1%80%ac%e1%80%9a%e1%80%ac%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9b%e1%80%bd%e1%80%be%e1%80%84%e1%80%ba%e1%80%96%e1%80%bd/
အသည်းအမြစ် ကလီစာ တွေစားသုံးခြင်းက ကျန်းမာရေးအတွက် ကောင်းသလား
ကြက်အသည်းအမြစ် အပါအဝင် အတွင်း ကလီစာ အသားတွေကိုဝမ်းတွင်းသားလို့ခေါ်ကြပါတယ်။ အင်္ဂလိပ်လိုတော့ ‘offal’ လို့ခေါ်ကြပါတယ်။ အသားတွေရောင်းချဖို့ အကောင်ဖျက် ခုတ်ထစ်တဲ့အခါ ပဲ့ကျလာတဲ့ အမြီး၊ ခြေထောက်၊ ဝှေးစေ့စတဲ့ တိရစ္ဆာန်အစိတ်အပိုင်း အားလုံးကို”off fall” လို့ခေါ်ဆိုရာကဖြစ်ပေါ်လာတဲ့စကားလုံးဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှာဆိုရင် အများစုက အသားတွေကိုသာ စားကြတာဖြစ်ပြီးဝမ်းတွင်းသား ကလီစာတွေကို မစားကြပါဘူး။ ကလီစာတွေက ဘေးထွက်ဆိုးကျိုးတချို့ရှိနိုင်ပေမယ့် သူတို့မှာပါဝင်တဲ့ အာဟာရတန်ဖိုးတွေကြောင့် အကျိုးကျေးဇူးတွေလည်း များပါတယ်။ကလီစာတွေနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်တွေကတော့ –။အတွင်းသား ကလီစာတွေဆိုတာ အစိတ်အပိုင်းမျိုးစုံပါဝင်နေပါတယ် –။သူတို့မှာ အောက်ပါဗီတာမင်နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်-။အသည်းဟာ အာဟာရဓာတ်အများဆုံး အတွင်းသားဖြစ်ပြီးဗီတာမင်အေကို ကောင်းကောင်းရရှိနိုင်တဲ့ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ ဗီတာမင်အေက မျက်လုံးအတွက် ကောင်းတဲ့အပြင် အယ်ဇိုင်းမားကစလို့ အဆစ်ရောင်ရောဂါအထိ ဝေဒနာတွေအပါအဝင် ရောင်ရမ်းမှုဖြစ်စေတဲ့ရောဂါတွေကို သက်သာလျော့ပါးစေပါတယ်။အသည်းမှာ ဖောလစ်အက်စစ်၊ သံဓာတ်၊ ခရိုမီယမ်၊ ကော့ပါးနဲ့ ဇင့်တို့လည်း ပါဝင်တာကြောင့် နှလုံးကျန်းမာရေးအတွက်လည်းကောင်း၊ သွေးတွင်းဟီမိုဂလိုဘင်ပမာဏကိုလည်း တိုးစေနိုင်ပါတယ်။အာဟာရဓာတ်တွေနဲ့ ပရိုတင်းကြွယ်ဝတဲ့ ကျောက်ကပ်မှာomega 3 fatty acidsပါဝင်ပါတယ်။ ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ အစွမ်းသတ္တိတွေလည်း ပါရှိသလို နှလုံးအတွက်ကောင်းပါတယ်။ဦးနှောက်မှာ omega 3 fatty acids အပြင် phosphatidylcholine နဲ့ phosphatidylserine တို့လို အာရုံကြောစနစ်အတွက် ကောင်းတဲ့ အာဟာရဓာတ်တွေပါဝင်ပါတယ်။ဦးနှောက်ကို စားသုံးခြင်းဖြင့်ရရှိနိုင်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက စားသုံးသူရဲ့ ဦးနှောက်နဲ့ ကျောရိုးမကြီးကို ဓာတ်တိုးပျက်စီးမှုဒဏ်တွေကနေ ကာကွယ်တားဆီးပေးပါတယ်။နှလုံးမှာ ဖောလိတ်၊ သံဓာတ်၊ဇင့်နဲ့ ဆီလီနီယမ်တို့ ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင်B2, B6, နဲ့ B12 သုံးမျိုးစလုံး ကြွယ်ဝစွာပါဝင်နေတာဖြစ်ပါတယ်။အတွင်း ကလီစာ အသားတွေမှာ ဗီတာမင် ဘီတွေကို တွေ့ရတတ်ပြီး ဒါတွေက နှလုံးရောဂါကို ကာကွယ်ပေးတဲ့ အစွမ်းသတ္တိရှိပါတယ်။ ဦးနှောက်အတွက် အကျိုးကျေးဇူးရှိစေနိုင်ပြီး အယ်ဇိုင်းမား၊ စိတ်ကျရောဂါနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာနိုင်ခြေကို လျော့ကျစေတယ်လို့ တွေ့ရှိထားပါတယ်။ ဒါ့အပြင် အိုမင်းရင့်ရော်မှုကို နှေးကွေးစေပြီး ခွန်အားတိုးစေတယ်လို့ဆိုတဲ့CoQ10ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်း ပါရှိပါတယ်။လျှာ အသားမှာ ကယ်လိုရီနဲ့ fatty acids တို့အပြင် ဇင့်၊ သံဓာတ်၊ ကိုလင်းနဲ့ ဗီတာမင်B12 တို့လည်း အများအပြားပါဝင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ထားတဲ့ အမျိုးသမီးတွေ နေမကောင်းဖြစ်ပြီးနောက် အမဲ သို့မဟုတ် ဆိတ်/ ဝက်တို့ရဲ့ လျှာအသားကို စားသုံးရင် ထူထူထောင်ထောင်ဖြစ်လာစေနိုင်တယ်လို့ပြောကြပါတယ်။လျှာအသားမှာပါတဲ့ Folate က သန္ဓေသားအတွက်ကောင်းပြီး ကလေးမှာ မွေးရာပါချို့ယွင်းချက်ပါမလာအောင် အကျိုးပြုပါတယ်။ ဒါ့အပြင် ဗီတာမင်B6ကြောင့်လည်း ကိုယ်ဝန်ဆောင်ကာစ ပျို့အန်ခြင်းဝေဒနာတွေကို သက်သာစေနိုင်တယ်လို့ သိရပါတယ်။ကလီစာအသားတွေမှာ ကိုလက်စထရောနဲ့ ပြည့်ဝအဆီတွေ ပါဝင်မှုမြင့်မားတာကြောင့် တန်သင့်ရုံသာစားသင့်ပါတယ်။အဆိပ်အတောက်ဓာတ်တွေ၊ ပိုးသတ်ဆေးတွေနဲ့ ထိတွေ့ထားတဲ့ တိရစ္ဆာန်တွေဟာ သူတို့ရဲ့ ကလီစာတွေမှာလည်း အဆိပ်အထောက်ဓာတ်တွေရှိနေတတ်ပါတယ်။ ဒါပေမယ့် အသည်းနဲ့ ကျောက်ကပ်လို အစိတ်အပိုင်းတွေဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးရတဲ့လုပ်ဆောင်ချက်ရှိတာကြောင့် သူတို့မှာအဆိပ်အတောက်တွေ မကျန်ရစ်ခဲ့နိုင်ပါဘူး။အတွင်းကလီစာ အသားတွေကို စားသုံးတဲ့အခါ ချင့်ချိန်စားသုံးသင့်သူတွေကတော့ –။ကိုယ်စားသုံးမယ့် အသားရဲ့ပိုင်ရှင်ဖြစ်တဲ့ တိရစ္ဆာန်ဟာ သားသတ်ရုံမရောက်ခင်က ဘယ်လိုအခြေအနေနဲ့ အသက်ရှင်သန်နေထိုင်ခဲ့လဲဆိုတာ သိနိုင်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ဖိစီးနှိပ်စက်ခံရတဲ့၊ ပစ်စလက်ခတ်အနေအထားမှာမွေးမြူခံရတဲ့ တိရစ္ဆာန်တွေဆီကရတဲ့ အတွင်းကလီစာတွေဟာပြဿနာရှိနိုင်ပါတယ်။ဥပမာ -နှလုံးနဲ့ကျောက်ကပ်မှာ အဆီတွေများနေတဲ့ တိရစ္ဆာန်ဟာ မကျန်းမာခဲ့သလို သူ့ရဲ့ကလီစာတွေကလည်း ကျန်းမာမှာ မဟုတ်ပါဘူး။အတွင်းကလီစာတွေနဲ့ အစိတ်အပိုင်းတွေမှာ ကောင်းကျိုးပြုတဲ့အာဟာရတွေ အများကြီးပါဝင်နေတယ်ဆိုပေမယ့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကိုလည်းမေ့မထားသင့်ပါဘူး။တကယ်တော့ ထိုက်သင့်သလောက်ပမာဏကိုသာ ချင့်ချိန်စားသုံးမယ်ဆိုရင် ကျန်းမာရေးအတွက် ပူစရာမလိုဘဲ အာဟာရညီညွတ်မျှတတဲ့ စားသောက်မှုပုံစံဖြစ်လာမှာဖြစ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/is-organ-meat-good-for-your-health/
ဆယ်ကျော်သက်များ အပျိုဖော်၊လူပျိုဖော်ဝင်ချိန် စားသင့်သော အထူးအစားအစာများ
အပျိုဖော်၊လူပျိုဖော်ဝင်ခြင်းဆိုသည်မှာ ကလေးခန္ဓါကိုယ်မှ အရွယ်ရောက်သူတစ်ဦး၏ ခန္ဓါကိုယ်အဖြစ်သို့ရုပ်ပိုင်းဆိုင်ရာ လျင်မြန်စွာ ပြောင်းလဲလာပြီး မျိုးပွားခြင်း စွမ်းဆောင်နိုင်သော အဆင့်အထိပြောင်းလဲခြင်းကိုဆိုလိုပါသည်။ဤအချိန်တွင် ဆယ်ကျော်သက်တစ်ဦး၏ ခန္ဓါကိုယ်သည် ကယ်လိုရီပိုမိုလိုအပ်လာပြီး အခြားအာဟာရများလည်းလိုအပ်လာပါသည်။လူသားများသည် အသက်ကြီးလာသည်နှင့်အမျှ ခန္ဓါကိုယ်ထဲတွင်ရှိသောကယ်လ်စီယမ်များ ကျဆင်းလာပါသည်။ အပျိုဖော်၊လူပျိုဖော်ဝင်ချိန်တွင် ကလေးများသည် အရိုးနှင့်ကြွက်သားများ ကြီးထွားဖို့အတွက် ကယ်လစီယမ်ပိုမိုလိုအပ်ပါသည်။ အရွယ်ရောက်ပြီးသူများသည် တစ်နေ့လျှင် ကယ်လ်စီယမ် တစ်ထောင့်နှစ်ရာ မီလီဂရမ် လိုအပ်ပါသည်။ ကယ်လ်စီယမ် ပါဝင်သောအစားအစာများမှာ နို့၊နို့ပူတင်း၊ဒိန်ချဉ်၊ချိစ့် စသည်တို့ဖြစ်ပါသည်။ သင့်ကလေးသည် တစ်ရက်လျှင် ကယ်လ်စီယမ်ပါဝင်သော အစားအစာသုံးမျိုး သို့မဟုတ် လေးမျိုးလောက် စားပေးသင့်ပါသည်။အသားဓါတ်သည်ကြီးထွားနေသောတစ်ရှူးများ၊ကြွက်သားများနှင့်အရိုးများအတွက် အရေးပါသော အာဟာရဖြစ်သည်။ ပရိုတင်းကို အသား၊ပဲ ၊ ပင်လယ်စာများတွင် တွေ့နိုင်သည်။ တစ်နေ့လျှင်ပရိုတင်း နှစ်မျိုး သို့မဟုတ် သုံးမျိုးစားသင့်သည်။ သင်သည် အသား၊ကြက်သား၊ဘဲသား စသည်ဖြင့်စားနိုင်သည်။ အကယ်၍သက်သတ်လွတ်စားသူဆိုပါက ပဲ သို့မဟုတ် တို့ဖူးများမှ အသားဓါတ်ရယူနိုင်သည်။ဆန်တွင် ကယ်လိုရီပမာဏ များစွာပါဝင်သည်။ ကြီးကောင်ဝင်ချိန်တွင် ဆယ်ကျော်သက်များ၏ ခန္ဓါကိုယ်သည် ကယ်လိုရီများစွာလိုအပ်သည်။ ဆယ်ကျော်သက်များသည် တစ်ရက်ကို ထမင်း ခြောက်ကြိမ် မှ ခုနှစ်ကြိမ်လောက် စားသင့်သည်။ ထမင်းနှင့်အလားတူ အစားအစာများစွာရှိသည်။ ဥပမာ-ပေါင်မုန့်၊ခေါက်ဆွဲ၊ဘီစကစ် စသည်တို့ဖြစ်သည်။ ထို့အပြင်အမျှင်ဓါတ်သည်လည်း ပဲ အစာချေ ကျန်းမာရေးစနစ် ကိုတိုးတက်ကောင်းမွန်စေသည်။ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများသည် သတ္တုဓါတ်များနှင့် အာဟာရများ၏ အကောင်းဆုံးသော အရင်းအမြစ်ဖြစ်သည်။ ဟင်းသီးဟင်းရွက်မျိုးစုံစားနိုင်သည်။ အစိမ်းရောင်အရွက်ပါသော ဟင်းသီးဟင်းရွက်များသည် ဖောလိတ်ဓါတ် ကိုပေးစွမ်းသည်။ အဝါရောင် သို့မဟုတ် လိမ္မော်ရောင်ရှိသော ဟင်းသီးဟင်းရွက်များသည် ဘီတာကယ်ရိုတင်းကိုပေးစွမ်းသည်။ ချဉ်သောအရသာရှိသည့်အသီးများသည် ဗီတာမင်စီကိုပေးစွမ်းပြီး ကင်ဆာမှကာကွယ်ပေးသည်။လူအများစုသည် ရေ၏အရေးပါမှုကို မေ့လျော့လျက်ရှိကြသည်။ ရေသည် ကလေးများ၏ခန္ဓါကိုယ်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည်။ ဂတ်စ်ပါသောဖျော်ရည်များနှင့် အယ်လ်ကိုဟော ပါသောသောက်စရာများသည် ခန္ဓါကိုယ်တွင် ကယ်လိုရီများပိုမိုများပြားစေပြီး အဆိပ်တောက်ဖြစ်ပေါ်စေနိုင်သည်။သံဓါတ်သည်မိန်းကလေးများအတွက် အထူးအရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် အပျိုဖော်ဝင်သောမိန်းကလေးများသည် ရာသီလာခြင်းဖြစ်စဉ်မှ တစ်ဆင့် သံဓါတ်ဆုံးရှုံးပြီး သွေးအားနည်းရောဂါ ခံစားနိုင်ရသောကြောင့်ဖြစ်သည်။ အသားသည် သံဓါတ်၏အရင်းအမြစ်ဖြစ်သည်။ ဆယ်ကျော်သက်မိန်းကလေးများသည် အသားကိုပုံမှန်စားသုံးသင့်သည်။ သံဓါတ်အားဖြည့်ဆေးများ သောက်ခြင်းဖြင့်လည်း မိန်းကလေးများအတွက်အပျိုဖော်ဝင်ချိန်အတွင်း လုံလောက်သော သံဓါတ်ပမာဏရရှိစေနိုင်သည်။ဇင့်ဓါတ်ကို ဝက်သား၊ အဆီမပါသော အသားများနှင့် အာဟာရထပ်ဖြည့်ထားသော စီရီယယ်များတွင် တွေ့နိုင်သည်။ လူပျိုဖော်ဝင်စ ဆယ်ကျော်သက်များသည် တစ်နေ့လျှင် ဇင့်ဓါတ် တစ်ဆယ့်တစ်မီလီဂရမ် လိုအပ်သည်။ အပျိုဖော်ဝင်စမိန်းကလေးများသည် တစ်နေ့လျှင် ဇင့်ဓါတ် ကိုးမီလီဂရမ် လိုအပ်သည်။ဖောလစ်အက်ဆစ်(ဗီတာမင်ဘီ)သည် သွေးအားနည်းခြင်းကို ကာကွယ်ပေးပြီး ဆဲလ်များကိုကြီးထွားစေသည်။ ဗီတာမင်ဘီမရှိပါက စိတ်ဓါတ်ကျခြင်း၊စိတ်ပိုင်းဆိုင်ရာမူမမှန်မှုများ၊ မှတ်ဉာဏ်မူမမှန်မှုများနှင့် မေ့လွယ်သောရောဂါများဖြစ်ပွားစေနိုင်သည်။ ထို့ကြောင့် ဖောလစ်အက်ဆစ်ကို ကလေးများ၏ နေ့စဉ်အစားအစာများတွင် မပါမဖြစ်ပါစေသင့်သည်။ ဖောလစ်အက်ဆစ်ကို အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များ၊ချဉ်သောအသီးများ၊ဂျုံပေါင်မုန့်များ၊ပဲများ စသည်တို့တွင်ရရှိနိုင်သည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%86%e1%80%9a%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%a1%e1%80%95%e1%80%bb%e1%80%ad%e1%80%af%e1%80%96%e1%80%b1/
သင့်သွားကိုစွန်းထင်းစေသော အစားအစာနှင့် အလေ့အကျင့်များ
သင်သည် သွားကိုမှန်မှန်တိုက်နေပါလျက် တောက်ပဖြူဖွေးမှုမရှိ ဖြစ်နေပါသလား။ သင့်သွားကိုစွန်းထင်းစေသည့် ဘာအမှားများရှိသလဲဟု သင့်ကိုယ်သင် ဆန်းစစ်ကြည့်ဖူးပါသလား။ အဓိကအချက်မှာ ပြင်ပအကြောင်းအရာများကသာမက သင်စားသောက်နေသည့် အရာများကလည်းသင့်သွားအရောင်ကို အဆုံးအဖြတ်ပေးနိုင်ပါသည်။ ဤဆောင်းပါးတွင် သင့်သွားအလှအပကို ထိခိုက်စေမည့် အစားအသောက်များကိုစာရင်းပြုစုထားပါသည်။ပထမဆုံးအစွန်းအထင်း၏အရင်းမြစ်ကိုမိပါစေ။သွား၏အပေါ်ယံလွှာဖြစ်သည့် သွားကြွေလွှာသည် အသက်ကြီးလာသည်နှင့်အမျှ ပြောင်းလဲလာပါသည်။ သင့်သွားကြွေလွှာသက်တမ်းရင့်လာသည်ကိုအခွင့်ကောင်းယူ၍ အစွန်းအထင်းဖြစ်စေသောအရာများသည်ကြွေလွှာမျက်နှာပြင်ပေါ်ရှိကွဲကြောင်းငယ်လေးများတွင် တွယ်ကပ်လာပါသည်။ ထိုအရာများမှာ။• Chromogens-ပြင်းထန်သောရောင်ချယ်များဖြင့်ဖွဲ့စည်းထားသော ဒြပ်ပေါင်းများ။• Tannins -အပင်မှအခြေခံထားသောသွားတွင်တွယ်ကပ်နိုင်သည့်ဒြပ်ပေါင်းများ။• Acid -သွားကြွေလွှာကိုပိုမိုပျော့ပျောင်း ကြမ်းတမ်းစေကာစွန်းထင်းရန်ပိုလွယ်ကူစေသည်။ဘာတွေကသင့်သွားကိုစွန်းထင်းစေသလဲ။ကော်ဖီနှင့်လက်ဖက်ရည်။လူအများစုသောက်နေသောကော်ဖီသည် သွားဖြူခြင်းအတွက် အဆိုးဆုံးရန်သူပင်ဖြစ်သည်။ အကြောင်းမှာ ၎င်းတု့ိ၏အရောင်ကြောင့်ဖြစ်သည်။ ကော်ဖီသည်အဆိုးဆုံးအကြောင်းအရင်းမဟုတ်သော်လည်း သင့်သွား၏အရောင်ကို သက်ရောက်မှုရှိပါသည်။ တကယ်တော့လက်ဖက်ရည်သည် သင့်သွား၏ဖြူဖွေးမှုကို ပို၍ထိခိုက်စေပါသည်။ ၎င်းတွင်အက်စစ်သာမက tannin လည်းပါဝင်သည်။ tannin သည် အစွန်းအထင်းကိုသွားတွင်ကပ်စေသည်။ သတိထားရမည်မှာကာ်ဖီ၊ လက်ဖက်ရည်သက်သက်ချည်မဟုတ်ဘဲ သင်သောက်သည့် အကြိမ်အရေအတွက်ကပေါ်မှုတည်၍ ထိခိုက်နိုင်သည်။ဝိုင်။အနီရောင်ဝိုင်သည် chromogenနှင့်tannin ပါဝင်သည့် acid ဓါတ်ပါသောအဖျော်ယမကာဖြစ်သည်။ သင့်ကျန်းမာရေးအတွက် ကောင်းနိုင်သော်လည်း သင့်ကိုတောက်ပသောအပြုံးတော့ မပေးစွမ်းနိုင်ပါ။ ထို့ပြင် အဖြူရောင်ဝိုင်သည် အရောင်ဖျော့သော်လည်း သင့်သွားအတွက် မကောင်းပါ။ ၎င်းတွင် သင့်သွားကို အစွန်းအထင်းများတွယ်ကပ်စေနိုင်သည့် tannin နှင့် acidတို့ပါဝင်သည်။ ရလဒ်အနေဖြင့် သင့်သွားသည် ခရမ်းချဉ်သီး၊ စတော်ဘယ်ရီနှင့် ဘလူးဘယ်ရီများ၏ အစွန်းများကိုလွယ်လွယ်လက်ခံနိုင်စေသည်။ဆိုးဆေးပါသောအစားအစာများ။ခရမ်းချဉ်သီးဆော့၊ ရေခဲချောင်း၊ ရေခဲမုန့်၊ သကြားလုံး(သို့) ဆိုးဆေးပါသည့် မည်သည့်အရာမဆို သင့်သွားကို စွန်းထင်းစေနိုင်သည်။ အရောင်ဆိုးဆေးပါသည့် အချိုရည်များသည်လည်း သင့်သွားမတွက်မကောင်းပါ။ သင့်သွားကိုပြောင်သောပိတ်စတစ်ထည်ဟု မှတ်ယူကြည့်လိုက်ပါ။ သင်စားသောအစာတွင် အရောင်များလေလေသင့်သွားသည်လည်းအရောင်ပိုစုံလာမည်ဖြစ်သည်။အချိုရည်များ။အထက်တွင်ဖော်ပြသည့်အတိုင်း အချိုရည်များသည် သင့်သွားဖြူဖွေးမှုကို အလွန်ဆိုးဝါးစေသည်။ ဆိုဒါတွင်acidများစွာပါသည်။ ကိုလာတွင်chromogenပါဝင်သည်။ ဝိုင်ကဲ့သို့ပင် အဖြူရောင်ဆိုဒါသည် အမည်းရောင်သောက်စရာများထက် သွားတွင်အစွန်းအထင်းပို၍ ကပ်လွယ်စေသည်။ ထို့ကြောင့် ခြုံပြောရလျှင် ဆိုဒါအားလုံး(ဖြူသည်ဖြစ်စေ၊ မည်းသည်ဖြစ်စေ) သင့်သွားများအတွက် ရန်သူပင်ဖြစ်သည်။ဘယ်ရီသီးများ။ဘယ်ရီသီးများ(ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဘလက်ခ်ဘယ်ရီ)တွင် ချယ်ရီသီးများနှင့်ခရမ်းချဉ်သီးများတွင်ပါသောchromogenများပါဝင်သည်။ စပျစ်သီးနှင့် တလည်းသီးများတွင်လည်းchromogenနှင့် tannin များရှိသည်။ ယေဘုယျအားဖြင့် သင့်ရှပ်အင်္ကျီ နှင့်ဘောင်းဘီကိုစွန်းထင်းနိုင်သည့်အသီးများသည် သင့်သွားကိုလည်း စွန်းထင်းစေနိုင်ပါသည်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%85%e1%80%bd%e1%80%94%e1%80%ba%e1%80%b8%e1%80%91%e1%80%84%e1%80%ba%e1%80%b8%e1%80%85%e1%80%b1/
အိမ်ထောင်ကျပြီးရင် မဖြစ်မနေ ကလေးယူ ရမှာလား။
အိမ်ထောင်ကျပြီးပြီဆိုရင် မကြာခင်မှာ ကြားရမယ့် စကားက ကလေးမယူသေးဘူးလားဆိုတာပါပဲ။ အိမ်ထောင်ပြုပြီးသွားရင် ကလေးယူ ရမယ်ဆိုတာက ပုံသေနည်းတစ်ခုလို ဖြစ်နေခဲ့တာ ကြာပါပြီ။ ကလေးမယူရင် ဒီအိမ်ထောင်ရေးက တည်မြဲဖို့ ခက်တယ်ဆိုတဲ့ ယဉ်ကျေးမှုကလည်း ရှိနေသေးသကိုး။ဒါပေမယ့် ခုနောက်ပိုင်းမှာChildless by choiceဆိုတဲ့ ကလေးမယူတဲ့ အလေ့အထကလည်း ခေတ်စားလာပါပြီ။ မျိုးဆက်ကို တန်ဖိုးထားပြီး အစွဲကြီးပါတယ်ဆိုတဲ့ အာရှနိုင်ငံတွေမှာတောင် ဒီအလေ့အထကို စပြီး တွေ့လာရပါပြီ။ ဒါပေမယ့် သိတဲ့အတိုင်းပဲ အိမ်ထောင်ပြုပြီးရင် ကလေးယူရမယ်ဆိုတာက အလေ့အထတစ်ခုလို ဖြစ်နေတော့ ဒါနဲ့ ပတ်သက်ပြီး ဝေဖန်မှု၊ အပြစ်တင်မှုတွေ ကြုံရတာကို တွေ့ရပါတယ်။Childless by choice ကို စပြီး ဦးဆောင်လာကြတာက အမျိုးသမီးတွေပါ။ Childless by choice ဆိုပေမယ့် ‘less’ ဆိုတဲ့ အသုံးအနှုန်းက ချို့တဲ့တဲ့ အဓိပ္ပာယ်ရောက်နေတာကြောင့် ဒါကို မသုံးတော့ဘဲ ‘Childfree’ ဆိုတာကို သုံးလာကြပါတယ်။ လွတ်လပ်တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ပါ။တကယ်တော့ ဒီလိုမျိုး ကလေးမယူဘဲ နေတာက ခုမှ ဖြစ်လာတာမျိုးတော့ မဟုတ်ပါဘူး။ ဟိုးအရင်တွေကလည်း ဆင်းရဲမှုတွေ၊ ရောဂါဘယတွေ၊ ငတ်မွတ်ခေါင်းပါးတာတွေ စတာတွေကြောင့် ကလေးယူဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ စစ်ပွဲတွေကြောင့် နေရာထိုင်ခင်း အတည်တကျ မရှိတာ၊ ဘဝအတွက် အာမခံချက် မရှိတာကြောင့် လက်ထပ်တဲ့ နှုန်းတွေ ကျလာပြီးကလေးမယူကြတာလည်း ရှိခဲ့ဖူးပါတယ်။ခုခေတ်မှာတော့ ဒီလိုမျိုးအခြေအနေတွေကြောင့် မဟုတ်ဘဲ ကိုယ့်ရဲ့ သဘောဆန္ဒအရ Childless by choice ကို လုပ်လာကြပါတယ်။ ဒီလို လုပ်လာနိုင်တာကလည်းတားဆေးတွေ အရင်ကထက် ပိုပြီး လွယ်လွယ်ကူကူရလာတာကြောင့် ကလေးတားဖို့လွယ်လာတာ၊ အမျိုးသမီးတွေ လက်ထပ်တဲ့ နှုန်း ကျလာတာ၊ လွတ်လွတ်လပ်လပ် နေချင်ကြတာ၊ ကလေးယူတာထက် ပိုပြီး လုပ်စရာတွေ ရှိလာကြတာကြောင့် ဖြစ်ပါတယ်။Childless by choice တွေမှာ။နောက်ပြီး ကလေးလိုချင်ပါလျက်နဲ့ ကျန်းမာရေးအခြေအနေကြောင့် မယူကြတာ၊မရကြတာမျိုးလည်း ရှိပါတယ်။ သူတို့ကိုတော့ Involuntary childlessness (By Chance) လို့ ခေါ်ကြပါတယ်။တကယ်တော့ ကိုယ့်ပြဿနာဆိုတာထက် ပတ်ဝန်းကျင်နဲ့ မိသားစုရဲ့ ဝေဖန်မှုတွေက ပိုများပါတယ်။ သူတို့ကြုံရလေ့ရှိတာက။ဆိုလိုတာက အိမ်ထောင်ကျပြီးရင် ကလေးယူတယ်ဆိုတာ လုပ်ကိုလုပ်ရမယ့်အလုပ်။ လူသားမျိုးနွယ်စုတွေ ရှင်ကျန်ရေးအတွက် (ဒီလောက် ကြီးကြီးကျယ်ကျယ် မဟုတ်ရင်တောင် ကိုယ့်မျိုးဆက်ကျန်ဖို့) ကလေးဆိုတာ ယူသင့်တယ်။ ဒါက မျိုးဆက်ကို ဖြတ်နေတာဆိုပြီး ဝေဖန်ခံရနိုင်ပါတယ်။ဒါပေမယ့် ပြန်စဉ်းစားကြည့်မယ်ဆိုရင် ကိုယ်မလိုချင်ဘဲ ကလေးယူတာက ကလေးကို ခေါ်ပြီး စိတ်ဒုက္ခပေးနေသလိုပါပဲ။ ကိုယ်မကြိုက်တဲ့ပစ္စည်းဆိုရင် ချောင်ထိုးထားတတ်သလို ဒီကလေးလေးကလည်း ဂရုစိုက်မှု အပြည့်အဝရချင်မှ ရမှာပါ။ ဘယ်လောက်ပဲ ဆွေမျိုးတွေက ကူကြည့်ပေးတယ်ပြောပြော မိဘတွေဆီက ဂရုစိုက်မှုလောက် မကောင်းနိုင်ပါဘူး။နောက်တစ်ခုက ကမ္ဘာပေါ်မှာ လူဦးရေက ရှိသင့်တာထက်ကို များနေပြီး ကမ္ဘာ့စားနပ်ရိက္ခာနဲ့ တခြားသော အရင်းအမြစ်တွေကလည်း လုံလောက်မှု မရှိတော့ပါဘူး။ ဒါကြောင့် မဖြစ်မနေ ကလေးမွေးပြီး လူသားမျိုးဆက်ကို ဆက်ထိန်းဖို့ မလိုပါဘူး။ နောက်ပြီး ကလေးယူတာကို ကိုယ့်လူမျိုး၊ ကိုယ့်မျိုးဆက် ကျန်ဖို့ဆိုပြီး ဘယ်သူမှ မစဉ်းစားကြပါဘူး။ ကိုယ့်မိသားစုအဆင်ပြေသလောက်ကိုပဲ ယူကြတာ ဖြစ်ပါတယ်။မိဘတွေ အသက်ကြီးရင် သားသမီးက ဂရုစိုက်ပေးတယ်ဆိုပေမယ့် ဒါက အမြဲမှန်တာတော့ မဟုတ်ပါဘူး။ သားသမီးကို ကြီးတဲ့အထိ အိုကြီးအိုမနဲ့ လုပ်ကျွေးနေရတဲ့ မိဘတွေ ရှိသလို ဘိုးဘွားရိပ်သာ ပို့ခံရတဲ့ မိဘတွေလည်း ရှိပါတယ်။ ဒါကြောင့် ကလေးယူလိုက်တာက ငါတို့အသက်ကြီးရင် ဂရုစိုက်ပေးမှာဆိုတဲ့ အာမခံချက်ကို မရစေပါဘူး။ကလေးက အိမ်ထောင်ရေးမြဲဖို့ အပေါင်ပစ္စည်းတစ်ခုလို မဖြစ်သင့်ပါဘူး။ ကလေးမရှိပေမယ့် အိုအောင်မင်းအောင် မြဲသွားကြတဲ့ အိမ်ထောင်ရေးတွေ ရှိသလို ကလေးတွေ မွေးပြီးကာမှ အိမ်ထောင်ကွဲသွားလို့Broken familyအနေနဲ့ ကြီးပြင်းရတာတွေလည်း ရှိနိုင်ပါတယ်။ကလေးမမွေးနိုင်တဲ့ အမျိုးသမီးဆိုရင် တစ်ခုခုချို့တဲ့နေသလို ကြည့်ကြတာက ခုထိရှိနေဆဲပါ။ ကလေးရနိုင်ပေမယ့် Childless by choice လုပ်တယ်ဆိုရင်ပိုဆိုး။ မိန်းမမပီသဘူး။ သူက ကလေးတွေကို မချစ်တတ်ဘူး။ ကလေးတွေကို မုန်းတယ်နဲ့ တူပါတယ်ဆိုပြီး နောက်ကွယ်မှာ ပြောခံရနိုင်ပါတယ်။ကောင်းကျိုးအနေနဲ့ဆိုရင်။အမျိုးသမီးတွေက ကလေးယူပြီးရင် သူရဲ့ အချိန်တော်တော်များများကို ဒီကလေးအပေါ်မှာ သုံးလိုက်ရတဲ့အတွက် သူ့ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ မရှိတော့ပါဘူး။ တစ်ခုခုလုပ်မယ်ကြံတိုင်းမှာ ကလေးကို အမြဲထည့်စဉ်းစားရပါတယ်။ ကလေးမယူဘူးဆိုရင်တော့ သူ့အချိန်တွေကို သူစိတ်ကြိုက်သုံးနိုင်မှာပါ။ပွင့်ပွင့်လင်းလင်း ပြောရရင် ကလေးထိန်းရတာက အချိန်တော်တော်ကုန်ပါတယ်။ ကလေးကို အချိန်ပေးထားရတဲ့အတွက် တချို့သော သင်တန်းတွေ၊ လေ့လာချချင်တာတွေ၊ လုပ်ချင်တာတွေကို ကန့်သတ်ရတော့မှာပါ။ အခန့်မသင့်ရင် အလုပ်ပါ နားရနိုင်ပါတယ်။ဆိုးကျိုးအနေနဲ့ဆိုရင်တော့။ကလေးမယူဘူးလို့ ပြန်ဖြေမိတာနဲ့ အပေါ်က စကားလေးခွန်းကို မျှော်လင့်ထားတာ ပိုကောင်းပါလိမ့်မယ်။အထူးသဖြင့် ကိုယ်ကမယူချင်ဘူး။ သူက လိုချင်တယ်ဆိုရင်ပေါ့။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/childless-by-choice/
တားဆေးသောက်တဲ့ အမျိုးသမီးတွေ စိတ်ဓာတ်ကျနိုင်ခြေ ပိုများ
တားဆေး ဆိုတာမှာ ဟော်မုန်း တစ်မျိုးတည်းပါတဲ့ တားဆေးတွေ ရှိသလို ဟော်မုန်း ၂ မျိုး ပေါင်းစပ် ပါဝင်နေ သန္ဓေတား သောက်ဆေးတွေလည်း ရှိပါတယ်။ အခုတစ်ခေါက် ပြောပြချင်တာကတော့ ဟော်မုန်း ၂ မျိုး ပါဝင်နေတဲ့ တားဆေးသောက်တဲ့ အမျိုးသမီးတွေ စိတ်ဓာတ်ကျနိုင်ခြေ ပိုများ တယ်ဆိုတဲ့ အကြောင်းအရာပါ။အမျိုးသမီးတွေထဲမှာမှ ဆယ်ကျော်သက်အရွယ်ကစပြီးသန္ဓေတားဆေးသောက်ခဲ့တဲ့ အမျိုးသမီးတွေက တားဆေး လုံးဝ မသောက်ဖူးတဲ့ အမျိုးသမီးတွေထက်စိတ်ဓာတ်ကျနိုင်ခြေသိသိသာသာကို မြင့်တက်နေပါတယ်။၄ နှစ်ကြာ လေ့လာမှုအရ သိရတာက အသက် ၂၀ မပြည့်ခင်ကစလို့ သန္ဓေတားသောက်ဆေး သောက်ကြတဲ့ အမျိုးသမီးလေးတွေမှာ အရွယ်ရလာချိန်မှာ စိတ်ဓာတ်ကျတာကို ခံစားရနိုင်ခြေက ၁၃၀ ရာခိုင်နှုန်း ပိုများနေတယ် ဆိုတာပါ။ အရွယ်ရောက်လာမှ တားဆေး သောက်ဆေး သောက်တဲ့ အမျိုးသမီးတွေမှာတော့ စိတ်ဓာတ်ကျ နိုင်ခြေက ဆေးလုံးဝ မသောက်တဲ့သူတွေထက် စိတ်ဓာတ်ကျနိုင်ခြေ ၉၂ ရာခိုင်နှုန်း ပိုများနေတယ် ဆိုတာပါ။ဟော်မုန်းပါတဲ့ သန္ဓေတားသောက်ဆေး စသောက်ပြီး ၂ နှစ်အတွင်းမှာ အများဆုံးဖြစ်တတ်ပြီး ပြီးရင်တော့ ပြန်သက်သာသွားတတ်ပါတယ်။  ဒါက အရွယ်ရောက်ပြီးသူတွေအတွက်ဖြစ်ပြီး ဆယ်ကျောက်သက်တွေကတော့ ဆက်ပြီး ခံစားရတတ်တယ်လို့ ဆိုပါတယ်။သန္ဓေတား သောက်ဆေး သောက်တာကြောင့် စိတ်ဓာတ်ကျရတာက ဟော်မုန်းပမာဏ ပြောင်းလဲမှုကြောင့် ဖြစ်နိုင်တယ်လို့ ဆွီဒင်မှာရှိတဲ့ Uppsala တက္ကသိုလ်က ကျန်းမာရေး သုတေသီတွေက ကောက်ချက်ချ ထားပါတယ်။ဆယ်ကျော်သက်အရွယ်တွေမှာ ဘာလို့ပိုဖြစ်ရတာလဲဆိုတော့ အပျိုဖော်ဝင်ချိန်မှာ ဟော်မုန်း အပြောင်းအလဲ ဖြစ်တာနဲ့ တားဆေးမှာပါတဲ့ ဟော်မုန်းတွေကြောင့် ဟော်မုန်း အပြောင်းအလဲတွေ ပေါင်းသွားတာကြောင့်ပါ။တားဆေးကြောင့် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲဖြစ်တာက လူတိုင်းမှာတော့ မဖြစ်ပါဘူး။ အများစုကလည်း ခံနိုင်ရည်ရှိကြပါတယ်။ တကယ်လို့ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးပြောင်းနိုင်ပါတယ်။တားဆေး သောက်ဆေးဆိုတာက လေဒီတော်တော်များများ အသုံးပြုဖြစ်တဲ့ သားဆက်ခြားနည်း တစ်မျိုးပါ။ ထိထိရောက်ရောက်လည်း သားဆက်ခြားပေးနိုင်တယ်လေ။ တားဆေး သောက်ဆေးက သေချာ သောက်မယ်ဆိုရင် ကိုယ်ဝန်ကို ထိထိရောက်ရောက် တားပေးနိုင်ပါတယ်။သန္ဓေတား သောက်ဆေးမှာဟော်မုန်းတွေပါဝင်နေပြီးသားဥကြွေတာကို တားဆီးပေးပါတယ်။ တားဆေးသောက်ဆေးက သားအိမ်အချွဲမြှေးကို ထူစေပြီး သားအိမ်နံရံကို ပါးစေခြင်းဖြင့် သန္ဓေမအောင်စေဖို့ တားဆီးပေးပါတယ်။ တားဆေးကို အချိန်မှန်မှန်လေး သောက်ဖို့တော့ လိုပါမယ်။ အမျိုးသမီး တော်တော်များများက တားဆေး သောက်ကြတဲ့ နည်းလမ်းနဲ့သားဆက်ခြားကြပါတယ်။တားဆေး သောက်ဆေးမှာပါတဲ့ Progestogen ဟော်မုန်းကသားအိမ်ခေါင်း အချွဲမြှေးကို ထူစေပြီး သုက်ပိုးတွေ သားအိမ်ထဲ မရောက်အောင် တားဆီးပေးပါတယ်။ estrogen ဟော်မုန်းကတော့ သားအိမ်အတွင်း နံရံကို ပါးစေပြီး မျိုးဥတွေကို မျိုးမအောင်စေဖို့ တားဆီးပေးရင်း သန္ဓေအောင်နိုင်ခြေကို ၉၉% အထိ ထားဆီးပေးပါတယ်။နေ့တိုင်း အချိန်မှန်သောက်ပေးတာက ဆေးအာနိသင်ကို ပိုထိရောက်စေပါတယ်။ ဆေးက နေ့တိုင်းသောက်ပေးမယ်ဆိုရင် ထိရောက်မှုကအမြင့်ဆုံးမှာရှိနေမှာဖြစ်ပြီး တစ်ရက်လောက် အချိန်နောက်ကျပြီးမှာသောက်မိမယ်ဆိုရင်တော့ ဆေးရဲ့ ထိရောက်မှုက ၉၉ ရာခိုင်နှုန်းကနေ ၉၁ ရာခိုင်နှုန်းအထိကျသွားနိုင်ပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့က ဖုန်းထဲမှာalarmပေးထားတာမျိုးဖြစ်ဖြစ်လုပ်ပေးပါ။နောက်ထပ်သိထားသင့်တာတစ်ချက်ကဆေးကို မပျက်မကွက်သောက်ဖို့ လိုပါတယ်။ ပျက်ကွက်သွားရင် ရက်အပေါ်လိုက်ပြီး လုပ်စရာတွေရှိတဲ့အတွက် ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။သန္ဓေတားသောက်ဆေးကို အခြား ပဋိဇီဝဆေးတွေနဲ့ တွဲဖက်သောက်သုံးတာမျိုးမလုပ်သင့်ပါဘူး။ ဆေးရဲ့ အာနိသင်ကျဆင်းနိုင်တာကြောင့်ပါ။ သင့်အနေနဲ့အော့အန်နေတာ၊ ဝမ်းလျှောနေတာတွေ ခံစားနေရတာကြောင့်ဆေးသောက်သုံးရတဲ့အခါမျိုးမှာ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကိုကွန်ဒုံးသုံးခိုင်းတာမျိုးက အကောင်းဆုံး ကာကွယ်မှုပါ။ ဒီလိုအချိန်မှာ အစာအိမ်နံရံတွေက ဆေးကိုစုပ်ယူနိုင်စွမ်းကျနေနိုင်ပါတယ်။ရာသီသွေးစဆင်းပြီး ၅ ရက်အတွင်းမှာဆေးစသောက်ရပါမယ်။ အကောင်းဆုံးက ပထမဆုံးနေ့မှာ သောက်တာပါ။ ဒါမှ ကိုယ်ဝန်မရရှိအောင် ကာကွယ်နိုင်မှာပါ။ တကယ်လို့ သင်သောက်နေတဲ့ သန္ဓေတားဆေးက ပရိုဂျက်စတုန်း ဟော်မုန်းတစ်မျိုးထဲပါတဲ့ဆေးဖြစ်မယ်ဆိုရင်ဆေးသောက်ပြီး ၂ ရက်ကြာတဲ့အထိအကာအကွယ်သုံးပြီး ဆက်ဆံတာက အကောင်းဆုံးပါ။သန္ဓေတားနည်းတစ်ခုဆီမှာဘေးထွက်ဆိုးကျိုး အနည်းအကျဉ်းတော့ရှိစမြဲပါ။ ဒီလိုပါပဲ သန္ဓေတားသောက်ဆေးမှာလည်း အရေပြားမှာ အစက်အပြောက်တွေဖြစ်တာ၊ ရင်သားတင်းတာ၊ မအီမသာဖြစ်တာ၊ အော့အန်တာ၊ လေပွတာ၊ရာသီသွေးမဆင်းဘဲ ဖြစ်တာမျိုးတွေတွေ့ကြုံရနိုင်ပါတယ်။ အက်စထရိုဂျင်ဟော်မုန်း များတဲ့ဆေးတွေ ဆိုရင်တော့ ဆေးလိပ် သောက်သုံးတဲ့ အမျိုးသမီးတွေနဲ့ မသင့်တော်ပါဘူး။ သွေးခဲတာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။ တကယ်လို့ ဆေးသောက်ပြီးချိန်မှာ ခေါင်းတစ်ခြမ်းကိုက်မယ်၊ ဗိုက်အောင့်တာမျိုးဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/women-who-used-contraceptive-pill-more-likely-to-be-depressed/
ခွဲစိတ်မှု မပါတဲ့ အလှအပဆိုင်ရာ ပြုပြင်ခြင်း နှင့် ပတ်သက်ပြီး သင် သိထားသင့်သည်များ
ခွဲစိတ်ပြုပြင်မှုမပါပဲ အလှအပဆိုင်ရာ ပြုပြင်ခြင်းဟာ သင့်ရဲ့ ပြင်ပပုံပန်းသွင်ပြင်ကို ခွဲစိတ်စရာမလိုပဲ ပိုပြီးလှပလာအောင် ပြုပြင်တဲ့နည်းလမ်းတွေကို ဆိုလိုပါတယ်။ သင့်ရဲ့ ပြင်ပပုံပန်းသွင်ပြင်ကို ပိုကြည့်ကောင်းလာအောင် ဒီလိုနည်းလမ်းတွေကို ရွေးချယ်ပြုပြင်ခြင်းဟာ သင့်ကျန်းမာရေးနှင့် မသက်ဆိုင်တဲ့ ပုဂ္ဂိုလ်ပိုင်းဆိုင်ရာ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့ အသားအရေဆိုင်ရာ ချို့ယွင်းချက်တွေကို ပြုပြင်ကုသခြင်းအားဖြင့် မိမိကိုယ်ကို ယုံကြည်မှု ရှိခြင်းနှင့် မိမိရဲ့ ရုပ်ပိုင်းဆိုင်ရာအပေါ် ကျေနပ်မှုရှိခြင်းမှာလည်း ပိုပြီးကောင်းမွန်လာအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့အသားအရေဆိုင်ရာ အခြေအနေများ။ အသက်ကြီးလာခြင်း၊ နေရောင်နှင့် ထိတွေ့ခြင်းကြောင့် အသားအရေပျက်စီးခြင်း သို့မဟုတ် အသားအရေတွင် အနာတရဖြစ်ခြင်းများကြောင့် ဒီချို့ယွင်းချက်တွေဟာ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဒီလိုခွဲစိတ်ပြုပြင်မှုမဟုတ်ပဲ အလှအပဆိုင်ရာ ပြုပြင်ခြင်း နည်းလမ်းတွေဟာ ယနေ့ခေတ်မှာ အန္တရာယ်ကင်းပြီး ထိရောက်တဲ့အတွက် ၂၀၁၅မှ စပြီး လူကြိုက်အများဆုံး ဖြစ်လာပါတယ်။ ဒီနည်းလမ်းတွေကိုသုံးပြီး အရေးအကြောင်းဖျောက်ခြင်း၊ နှုတ်ခမ်းပြုပြင်ခြင်း၊ အမာရွတ်၊မှဲ့၊ အကြောပြတ်ရာ စတာတွေကို မှေးမှိန်အောင် လုပ်ကာ အသားအရေ ချောမောလာအောင် ပြုလုပ်ကြပါတယ်။သင့်ရဲ့ အသားအရေနှင့် နှုတ်ခမ်း စတဲ့နေရာတွေမှာ ပိုပြီး ကြည့်ကောင်းလာအောင် ဆေးထိုးပြီး ပြန်ဖြည့်ခြင်းများ၊ အရေးအကြောင်းနှင့် အမာရွတ်များကို လေဆာဖြင့် ကုသခြင်းများ၊ ခွဲစိတ်ကုသမှု မဟုတ်တဲ့ နည်းလမ်းများဖြင့် သင့်ခန္ဓါကိုယ်ကို ပိုပြီးကြည့်ကောင်းလာကာ အဆီဆဲလ်များ လျှော့ချပေးခြင်း စတဲ့ ခွဲစိတ်မှု မပါတဲ့ အလှပြုပြင်ခြင်းဆိုင်ရာ နည်းလမ်းပေါင်းများစွာ ရှိပါတယ်။ လူအချို့ဟာ ဒီနည်းလမ်းတွေကို သုံးပြီး မျက်နှာအသားအရေပင့်တင်ခြင်း၊ မျက်လုံး အရေးအကြောင်းများ ပျောက်ကင်းအောင် ပြုလုပ်ခြင်းအပြင် အဖုအထစ်များ၊ အသက်ကြီး၍ပေါ်လာသော အစက်အပြောက်များ နဲ့ အမာရွတ်များကို လေဆာဖြင့်ကုသနည်း အားဖြင့် ချောမွေ့လှပအောင်လည်း ပြုလုပ်ကြပါတယ်။ သို့သော် အချို့ကတော့ မျက်နှာအသားအရေ တင်းရင်းအောင် ပင့်တင် ပြုပြင်ခြင်း၊ မျက်ခွံတွဲကျခြင်းမဖြစ်အောင် နဲ့ မျက်လုံးမျက်ခွံအရေးအကြောင်းများကို တင်းရင်းအောင် ပြုပြင်ခြင်း စတာတွေကို ပလပ်စတစ်ဆာဂျရီနည်းသုံးပြီး ခွဲစိတ်ပြုပြင်ခြင်းဖြင့် ပိုသိသာအောင် ပြုလုပ်ကြပါတယ်။ဒီကုသမှု နည်းလမ်းတွေဟာ အရေးအကြောင်းတွေ၊ ဝက်ခြံ၊ ဝက်ခြံအမာရွတ်နှင့် နေရောင်ကြောင့် ပျက်စီးသွားတဲ့ အသားအရေတွေကို ကုသဖို့ရာ များသောအားဖြင့် အသုံးပြု လေ့ရှိကြပါတယ်။ ဒီနည်းလမ်းတွေဟာ အမျိုးမျိုးသော နည်းလမ်းပေါင်းစုံကနေ အရေပြားကို ထိရောက်အောင်ကုသပေးပါတယ်။ ဒီလိုကုသမှုမှာ အရေပြားရဲ့ ပျက်စီးနေတဲ့ အပြင်ဆုံးအလွှာကို ဖယ်ရှားပစ်လိုက်ပြီး နောက်ထပ် အရေပြား အလွှာသစ်တစ်ခု ထပ်ပြီး ဖွံ့ဖြိုးကြီးထွားလာအောင် လှုံ့ဆော်ပေးခြင်းအားဖြင့် သင့်ရဲ့ အရေးအကြောင်းများ၊ အသက်ကြီး၍ ထွက်လာသော အစက်အပြောက်များ သို့မဟုတ် အဆီပိုများ စတဲ့ ပြင်ပ သွင်ပြင်ဆိုင်ရာ ချို့ယွင်းချက်တွေကို ဖယ်ရှားပစ်လိုက်နိုင်ပါတယ်။ ဒီအခါမှာ ပိုပြီးကြည့်ကောင်းကာ ငယ်ရွယ်လှပတဲ့ အသားအရေကို ရရှိပိုင်ဆိုင်စေပါတယ်။ အချို့နည်းလမ်းတွေကတော့ သင့်ရဲ့ အရေပြားဆိုင်ရာ ဖွဲ့စည်းမှု ပုံစံ ကို ပိုပြီး ထောက်ပံ့ပေးဖို့ရာအတွက် ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။များသောအားဖြင့် ဒီကုသမှုတွေကို ပြုလုပ်စဉ်မှာ ပိုးဝင်ခြင်းမှ ကာကွယ်စေဖို့အတွက် သင့်ရဲ့ဆရာဝန်က ဂျယ်အနှစ်အမျိုးအစားတစ်ခုကို သင့်ကို လိမ်းပေးပါလိမ့်မယ်။ ဒီဂျယ်မှာဆိုရင် ဗီတာမင်ဓါတ်များ၊ သတ္တုဓါတ်များ ပါဝင်ပြီး အရေပြားရဲ့ အတွင်းလွှာကို ကုသဖို့အတွက် အသုံးပြုပါတယ်။ဘယ်သူတွေက ဒီလို ခွဲစိတ်မှု မပါတဲ့ အလှပြုပြင်ခြင်းများကို ပြုလုပ်နိုင်သလဲ။တကယ်လို့သင်ဟာ ကျန်းမာရေးကောင်းမွန်ပြီး သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာကို ပြုပြင်ပြောင်းလဲချင်တယ် ပိုကောင်းအောင် လုပ်ချင်တယ်ဆိုရင်တော့ ဒီလိုခွဲစိတ်မှု မပါတဲ့ အလှပြုပြင်မှု ခြင်းများကို ပြုလုပ်နိုင်ပါတယ်။ ခွဲစိတ်မှုများကို မပြုလုပ်ချင်တဲ့ လူနာများအတွက်တော့ ဒီလိုကုသမှုတွေဟာ ပိုပြီး အန္တရာယ် ကင်းပါတယ်။ သို့သော် ဒီလိုကုသမှု နည်းလမ်းတွေဟာ သင့်ကို တစ်ချိန်တစ်ခါ လုပ်ရုံမျှနဲ့တော့ သင်လိုချင်တဲ့ ရလဒ်ကို ပေးနိုင်မှာမဟုတ်ပါဘူး။ သင်လိုချင်တဲ့ ပုံပန်းသွင်ပြင် ကို ရရှိဖို့ရာအတွက် အကြိမ်ကြိမ်အခါခါ ကုသမှုခံယူဖို့ရာ လိုအပ်ပါတယ်။ ဒီအလှပြုပြင်ခြင်း အပေါ် ထားရှိတဲ့ သင့် မျှော်လင့်ချက် တွေကို သေချာစွာ ထိန်းချုပ်စီမံဖို့နှင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်စေဖို့အတွက် သေချာဂရုစိုက်ပေးခြင်းဟာ အရမ်းအရေးကြီးပါတယ်။ တကယ်တမ်း ကုသမှုခံယူပြီးတဲ့အခါ ဖြစ်လာမယ့် အခြေအနေမှန်ကို လက်ခံနိုင်သူသာ ကုသမှုခံယူသင့်ပါတယ်။ ၎င်းကုသနည်းဟာ အကျိုးရှိတယ်လို့ ဆိုပေမယ့် ကုသမှု ရလဒ်ကတော့ လူတိုင်း မတူညီနိုင်ပါဘူး။ သင့်ရဲ့အသားအရေဟာ ပိုပြီးထိခိုက်လွယ်လာနိုင်ပြီး ပြန်ကောင်း လာစေဖို့အတွက် အချိန်လိုအပ်တယ် ဆိုတာကိုတော့ မျှော်လင့်ထားသင့်ပါတယ်။ဒါဟာ ဘာကြောင့်လဲဆိုတော့ လူတွေရဲ့ ခန္ဓါကိုယ်ဟာ မတူညီစွာ တုံ့ပြန်သောကြောင့် ဖြစ်ပါတယ်။ ကုသမှုတစ်ခုဟာ လူတစ်ယောက်နဲ့ ကိုက်ညီ အဆင်ပြေသော်လည်း အခြားသူအတွက်ကတော့ အဆင်ပြေချင်မှ ပြေမှာဖြစ်ပါတယ်။သင့်ရဲ့ ခွဲစိတ်မှုမပါတဲ့ အလှအပဆိုင်ရာ ပြုပြင်ခြင်း နှင့်ပတ်သက်ပြီး စိုးရိမ်စရာများ သောကများ ရှိပါက အရေပြားကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါတယ်။ သင့်ရဲ့ အရေပြားကျွမ်းကျင် ပညာရှင်က ဒီနည်းစနစ်တွေ လုပ်ငန်းစဉ်တွေ နှင့် ပတ်သက်ပြီး သင်နဲ့ အသင့်လျော်ဆုံးဖြစ်မယ့် နည်းလမ်း ကိုဆုံးဖြတ်ပေးပါလိမ့်မယ်။တကယ်လို့ သင့်ရဲ့ မပြောပလောက်တဲ့ ချို့ယွင်းချက်လေးကို ပြုပြင်ချင်တာဆိုရင်တော့ ဒီလိုအလှပြုပြင်မှုမလုပ်ခင်မှာ ဆရာဝန်က သင့်ရဲ့ နေ့စဉ်လုပ်ဆောင်နေကျ အမူအကျင့်လေးတွေကို ပြောင်းလဲပေးရန် နဲ့ ပုံမှန်ဆေးကုသမှုကိုသာ လုပ်ရန် ညွှန်ကြားပါလိမ့်မယ်။ သို့သော် သင့်ရဲ့ ဝက်ခြံအမာရွတ်တွေ၊ အဆီပိုတွေဟာ သက်တောင့်သက်သာ မဖြစ်စေပဲ သင့်အတွက် ရှက်ရွံ့စရာ ဖြစ်လာမယ်ဆိုရင်တော့ သင့်ဆရာဝန်နဲ့ ဘာလုပ်သင့်တယ်ဆိုတာကို တိုင်ပင် နိုင်ပါတယ်။သင်နဲ့ သင့်လျော်မှန်ကန်မှု မရှိတဲ့ အလှပြုပြင်မှုဆိုင်ရာ နည်းလမ်းတစ်ချို့လည်း ရှိပါတယ်။ တကယ်လို့ အောက်ဖော်ပြပါ အချက်တစ်ခုခု သင့်မှာ ရှိတယ်ဆိုရင် ၎င်းနည်းလမ်းကို ရှောင်ရှား သင့်ပါတယ်။• ကိုယ်ဝန်ရှိခြင်း သို့မဟုတ် နို့တိုက်မိခင်ဖြစ်ခြင်း။ တကယ်လို့ သင်ဟာ ကိုယ်ဝန်ဆောင်မိခင် ဖြစ်နေလျှင် သို့မဟုတ် နို့တိုက်မိခင်ဖြစ်နေလျှင် သင့်ရဲ့ ဟော်မုန်းတွေဟာ အမြဲတမ်းပြောင်လဲနေပြီး ဒီလိုကုသမှုတွေကို မပြုလုပ်ခင်မှာ သင့်ရဲ့ အရေပြား အခြေအနေကို အရင်ဆုံးထိန်းညှိနိုင်အောင် အရေပြားကျွမ်းကျင်ပညာရှင်က ဆန်းစစ်ဖို့ရာ လိုအပ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။• အရမ်းဆိုးရွားသော ဝက်ခြံဆိုင်ရာ ပြည်ဖုများ ၊ အရည်အိတ်များ ရှိနေခြင်း။ တကယ်လို့ သင့်မှာ ဝက်ခြံ ပြည်ဖုများ၊ ဝက်ခြံ အရည်အိတ်များစတဲ့ ဝက်ခြံ အမျိုးအစားတွေဟာ အရမ်းဆိုးလာပြီး ပိုရောင်လာတဲ့အခါတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် ကုသမှု မခံယူခင်မှာ သင့်ရဲ့ ဝက်ခြံတွေ အနာကျက် သည်အထိ စောင့်ပေးသင့်ပါတယ်။ ရိုးရိုးအဆံရှိသော ဝက်ခြံတွေနှင့် ဆားဝက်ခြံတွေလိုမျိုး အမျိုးအစားတွေမှာတော့ ဒီလိုကုမှုခံယူ နိုင်ပါသေးတယ်။• လက်ရှိမှာ isotretinoin ဆေး သောက်နေတဲ့ သူဆိုရင် သူရဲ့အရေပြား အခြေအနေဟာ ပို၍ ထိရှလွယ် ဖြစ်နေနိုင်ပါတယ်။ တကယ်လို့ ဒီဆေးကို လက်တလောမှာ သောက်နေတယ် ဆိုရင် ယခုကဲ့သို့ ကုသမှု မခံယူခင်အနည်းဆုံး ၆ လလောက် ဆေးရပ်ပြီးမှ ကုသမှု ဆက်လုပ်ဖို့ရာ ဆရာဝန်က သင့်ကို ပြောပါလိမ့်မယ်။• လတ်တလောမှာ သွေးကျဲဆေးတွေ သောက်နေခြင်း၊ Aspirin၊ NSAID နှင့် warfarin(Coumadina )ကဲ့သို့ ဆေးတွေဟာ သင့်ရဲ့ သွေးထွက်ချိန်ကို ပိုပြီးကြာစေနိုင်ပါတယ်။ ဒါဟာ သင့်အရေပြားရဲ့ အနာကျက် တဲ့ ဖြစ်စဉ်မှာ နှောင့်ယှက်နိုင်ပါတယ်။• အသားအလွန်မည်းသူများ။ ဒီလိုကုသမှု နည်းလမ်းတွေဟာ အသားအရေ အလယ်အလတ်နှင့် ဖြူတဲ့သူများအတွက်သာ ပိုပြီးထိရောက်ပါတယ်။ တကယ်လို့ သင်ဟာအလွန်မည်းသော အသားအရေရှိမယ် ဆိုရင် ရောင်ခြယ် နည်းသွားခြင်းကဲ့သို့ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်နိုင်ချေ များပါတယ်။• တကယ်လို့ သင့်အရေပြားမှာ ပေါက်ပြဲတဲ့ ဒဏ်ရာရှိနေမယ်ဆိုရင် ဒီလိုကုသမှု ခံယူဖို့ရာ မသင့်တော်ပါဘူး။ ပိုးဝင်ခြင်းကဲ့သို့ နောက်ဆက်တွဲ ဆိုးကျိုးများကို ရှောင်ရှားနိုင်စေရန် ဘယ်လိုကုသမှုမျိုးမှ မခံယူခင်မှာ သင့်အရေပြားကို လုံးဝ အနာကျက် သွားတဲ့အထိ စောင့်ပေးရမှာဖြစ်ပါတယ်။• တကယ်လို့ သင့်အရေပြားဟာ ရောင်ရမ်းနေတဲ့အခြေအနေရှိခြင်း သို့မဟုတ် မကြာခဏ ပြန်ပြန်ဖြစ်တတ် သော အအေးမိခြင်း စတာတွေ ရှိမယ်ဆိုရင် ကုသမှု မခံယူခင်မှာ ကျန်းမာရေးကောင်းအောင် အရင်လုပ်သင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လေဆာဖြင့် ကုသခြင်း သို့မဟုတ် ဓါတုပစ္စည်းအားဖြင့် ချေးချွတ်ခြင်း စတာတွေပြုလုပ်တဲ့ အခါမှာအရေပြားကို ပိုဆိုးသွားစေနိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ အရေပြားရောင်ရမ်းသည့် အခြေအနေဆိုတာကတော့ နှင်းခူ သို့မဟုတ် တစ်စုံတစ်ခုနှင့် ထိတွေ့ပြီး အရေပြားရောင်ရမ်းခြင်းများ ဖြစ်လေ့ရှိခြင်း စတဲ့ အခြေအနေတွေ ပါဝင်ပါတယ်။တကယ်လို့ သင့်ဟာ ခွဲစိတ်မပါတဲ့ အလှပြုပြင်ခြင်းဆိုင်ရာ ဘယ်လိုနည်းလမ်းကိုမဆို ဆက်ပြီး စိတ်ဝင်စားတယ်ဆိုရင်တော့ သင့်ရဲ့ အရေပြားဆိုင်ရာကျွမ်းကျင် ပညာရှင်နှင့် သတင်းအချက်အလက်တွေကို ပိုပြီးသိရှိဖို့ရာ တိုင်ပင်သင့်ပါတယ်။ဒီလိုခွဲစိတ်မှု မပါတဲ့ အလှပြုပြင်ခြင်းမှာ တွေ့ရများတဲ့ ကုသမှုတွေက ဘာတွေလဲ။သင့်ရဲ့အသားအရေ အခြေအနေပေါ်မူတည်ပြီး ကုသမှု နည်းလမ်းတွေဟာလည်း အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။ ကုသမှု တစ်ခုစီ တိုင်းဟာ လူတစ်ယောက်စီရဲ့ အရေပြားနှင့်လိုက်ပြီး အမျိုးမျိုးပြောင်းလဲနိုင်တဲ့အပြင် ပြန်ကောင်းတဲ့ အချိန်တွေဟာလည်း တစ်ယောက်နှင့်တစ်ယောက် မတူနိုင်ကြပါဘူး။ လူကြိုက်အများဆုံး ကုသမှု နည်းလမ်းအချို့ကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။Botox လို့ ခေါ်တဲ့ botulinum toxin ထိုးပေးခြင်း၊ ဒီလို Botox ထိုးပေးခြင်းဟာ Clostridium လို့ခေါ်တဲ့ ဘက်တီးရီးယားက ထုတ်တဲ့ ပရိုတင်းတစ်မျိုးကို အသုံးပြုထားတာ ဖြစ်ပြီး ၎င်းဟာ မျက်နှာကြွက်သားတွေကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ကျွန်ုပ်တို့ ပြုံးရယ်တဲ့အခါ မျက်နှာကြွက်သားတွေဟာ အရေးအကြောင်းတွေ ထင် လာစေပါတယ်။ ဒီလို Botox ကို ထိုးလိုက်တဲ့ အခါမှာတော့ မျက်နှာကြွက်သားတွေဟာ အရေးအကြောင်းတွေ အတွန့်တွေကို မဖြစ်စေတော့ပါဘူး။အရေပြားမှာ အရေးအကြောင်းထင်ခြင်း၊ ချိုင့်ခြင်း စတဲ့ လိုအပ်တဲ့နေရာတွေ ကို ပြန်ဖြည့်ရန် အသုံးပြုတဲ့ filler ကို များသော အားဖြင့် နှုတ်ခမ်းလေးတွေ ဖူးဖူးတင်းတင်းလေး ဖြစ်စေဖို့ရာ အတွက် သုံးလေ့ ရှိပါတယ်။ မျက်နှာအရေးအကြောင်းမထင်ရန် ပင့်တင်ကုသခြင်းကဲ့သို့ ကုသမှု မပေါ်လာခင်တုန်းက ဒီနည်းကို အသုံးများကြပါတယ်။Botulinum toxin ထိုးခြင်းကို များသောအားဖြင့် မျက်နှာအရေးအကြောင်းများ လျော့ကျသက်သာစေဖို့ ထိုးပါတယ်။ ဒီနည်းလမ်းဟာ အရမ်းအသုံးဝင်ပါတယ်။ ဒီနည်းအားဖြင့် ခွဲစိတ်စရာမလိုပဲ မျက်လုံး အရေးအကြောင်းများ၊ မျက်အိတ်များ တင်းရင်းအောင် ပြုလုပ်လေ့ရှိပါတယ်။ လုပ်ပြီးတဲံ့အခါမှာလည်း မျက်လုံးနေရာဟာ ပိုနေသာထိုင်သာရှိသွားပြီး ပိုကျယ်လာကာ ပြန်ပြီး နုပျိုလှပသွားပါလိမ့်မယ်။Botulinum toxin ထိုးတဲ့အခါ မျက်ခွံတွဲကျစေတဲ့ ကြွက်သားကို တားဆီးပစ်လိုက်ကာ မျက်လုံးတစ်ဝိုက်က အရေပြားကို ချောမွေ့တင်းရင်းစေပြီး သဘာဝအတိုင်းရှိနေတဲ့ မျက်ရစ်ကို မြှင့်လိုက်ပါတယ်။ ဒီအခါ မျက်ဝန်းတွေဟာ ကျယ်သွားပြီး ပိုကြည့်ကောင်းသွားတာပဲ ဖြစ်ပါတယ်။Dermal filler ဆိုတာ နှုတ်ခမ်းလေးဖူးဖူး တင်းတင်းလေး ဖြစ်အောင် လုပ်ဖို့ပဲ အသုံးဝင်တဲ့ နည်းလို့ လူအများယုံကြည်ထားတာဟာ မမှန်ပါဘူး။ ၎င်းကိုကျယ်ကျယ်ပြန့်ပြန့်သုံးနေပြီး ခွဲစိတ်မှုမပါပဲ မျက်နှာအရေပြား တင်းရင်းအောင် ပင့်တင်ကုသခြင်းနဲ့ နှာခေါင်းပိုင်းဆိုင်ရာ ပြုပြင်ကုသခြင်း ပြုလုပ်တဲ့အခါ အရေးကြီးတဲ့ ကဏ္ဍကပါဝင်နေပါတယ်။derma fillers လို့ခေါ်တဲ့ အရေပြားဖြည့်တင်းတဲ့ ဒီကုသမှုမှာ hyaluronic acid ပါဝင်ပြီး ၎င်းဟာ အရေပြားမှာ ရှိတဲ့ ရေနှင့် ပေါင်းသွားပြီး အသားအရေကို ပိုပြီးလုံးဝန်း တောင့်တင်းလာစေပါတယ်။ ခွဲစိတ်မှုမပါပဲ မျက်အိတ်ပင့်တင် အရေးအကြောင်းဖျောက်တဲ့အခါ ဒီ filler တွေကို မျက်ဝန်းရဲ့ အောက်ရစ်တစ်လျှောက် ထိုးပြီး မျက်အိတ်ကြီးကာချိုင့် နေတဲ့ နေရာတွေနဲ့ သိသာလွန်းတဲ့ မျက်ရည်အိတ်နေရာတွေကို တင်းရင်းအောင် ဖြည့်လိုက်ပါတယ်။ ဒီလိုနည်းအားဖြင့် ပိုကြည့်ကောင်းလာစေပါတယ်။Dermal fillers တွေရဲ့ ကောင်းကျိုးကတော့ botulinum toxin ထိုးရင် ရလဒ်ဟာ ၃လကနေ ၄လကြားပဲခံပေမယ့် ၎င်းကတော့ ၆လမှ ၁၈လကြားထိ ရလဒ်ကို ကြာရှည်ခံစေပါတယ်။ ဒါ့အပြင် dermal filler နဲ့ ကုသပြီးပြီးချင်းမှာ ရလဒ်ကို ထင်ထင်ရှားရှားတွေ့ရသော်လည်း botulinum toxin ထိုးပြီးရင်တော့ များသောအားဖြင့် ၂ပတ်လောက်ကြာမှသာ ရလဒ်ကို တွေ့ရမှာ ဖြစ်ပါတယ်၊။၎င်းနည်းဟာ သင့်ခန္ဓါကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့ အမွေးအမျှင်တွေကို နောက်တစ်ခေါက် ပြန်မပေါက်လာအောင် သင့်ကို စိတ်အနှောင့် အယှက် မဖြစ်အောင် ပြုလုပ်တဲ့ နည်းတစ်ခုပဲ ဖြစ်ပါတယ်။ ၎င်းနည်းဟာ ကြာရှည်ခံပြီး ခက်ခဲတဲ့နေရာတွေမှာဖြစ်တဲ့ အမွေးအမျှင်တွေကို ဖယ်ရှား နိုင်တဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြပါတယ်။ စိတ်ဝင်စားစရာပါပဲ။ အမျိုးသားများဟာလည်း ဒီနည်းကို အသုံးများနေကြပါပြီ။လေဆာသုံးပြီး အမွေးချွတ်ခြင်းဟာ အရမ်းကို ခေတ်စားနေပါတယ်။ ဒါ့အပြင် အမျိုးသားတွေဟာလည်း ၎င်းနည်းကို တန်းစီပြီးလုပ် နေကြပါပြီ။ ၎င်းနည်းကို အမျိုးသားတွေပါ လက်ခံလာရတဲ့ အချက်ကတော့ ကြာရှည်ခံပြီး ကျောကုန်း နဲ့ ပခုံးလိုမျိုး နေရာတွေက ရိတ်ရခက်တဲ့ အမွေးအမျှင်တွေပါ ဖယ်ရှားပေးနိုင်လို့ပဲ ဖြစ်ပါတယ်။Microdermabrasion နှင့် ဓါတုပစ္စည်းသုံးပြီးချေး ချွတ်ခြင်း စတဲ့နည်း ၂ခုစလုံးဟာ နည်းလမ်းအတူတူပဲ ဖြစ်ပါတယ်။ ပျက်စီးနေတဲ့ အရေပြားဆဲလ်တွေကို ဖယ်ရှားပစ်ပြီး ပိုပြီး ကျန်းမာတဲ့ ဆဲလ်အသစ်တွေ ဖွံ့ဖြိုးကြီးထွားလာအောင် လှုံ့ဆော်ပေးတဲ့နည်း ဖြစ်ပါတယ်။ သူတို့ရဲ့ နည်းလမ်းတွေဟာ ကုသမှု ပြီးတဲ့ အခါမှာ အရေပြားဟာ ပိုပြီး နီကိုင်း ရောင်ရဲလာနိုင်ပါတယ်။ ဒီလိုဖြစ်တာဟာ ကုသမှု ပြီးတဲ့နောက် ရက်အနည်းငယ်ပဲ သို့မဟုတ် ရက်သတ္တပါတ် အနည်းငယ်ပဲ ကြာတတ် ပါတယ်။Mesotherapy ဆိုတာကတော့ ဗီတာမင်ဓါတ်နှင့် အသားဓါတ်တွေကို သင့်ရဲ့ အရေပြားအောက်ကို ထိုးထည့်ပေးပြီး ထိထိရောက်ရောက်ကုသပေးခြင်းပဲ ဖြစ်ပါတယ်။ ခေတ်မီ နည်းပညာတွေကြောင့် ဒီလို mesotherapy ကုသခြင်းမှာ အပ်သုံးစရာမလိုတော့ပဲ လူနာများအတွက်လည်း နာကျင်မှု လျော့ကျ သွားစေပါတယ်။ ဒီလို ဆေးထိုး ကုသခြင်းကို ပိုထူးကဲအောင် ပြုလုပ်ပြီး အမျိုးမျိုးသော အသားအရေ ပြဿနာတွေ ဖြစ်တဲ့ အရေပြား အစိုဓါတ် ပြန်ဖြည့်ခြင်းနှင့် အရေပြား အရောင်ပြန်ညှိပေးခြင်း ၊ အဆီပိုများအဆီများ လျော့ချခြင်း စတဲ့ ကုသမှု အမျိုးမျိုးကိုလည်း ပြုလုပ် ရန် စဉ်းစားနေကြပါတယ်။ခွဲစိတ်ကုသမှု မပါတဲ့ အလှအပဆိုင်ရာပြုပြင်ခြင်းများကို ပြုလုပ်တဲ့အခါ ရရှိမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေလဲ။ဒီနည်းလမ်းတွေဟာ အန္တရာယ် မရှိတာတော့ မဟုတ်ပါဘူး။ microdermabrasion နဲ့ ဓါတုပစ္စည်းတွေနဲ့ ချေးချွတ်ခြင်းဟာ အရေပြားရဲ့ ပျက်စီးနေတဲ့ အပြင်ဆုံးအလွှာ (သို့) ခြောက်သွေ့နေတဲ့ ဆဲလ်အသေတွေရှိနေတဲ့ အလွှာကို ခွာချပစ်လိုက်ပြီး ပိုကျန်းမာပြီး နုပျိုစိုပြေတဲ့ အသားအရေကို ရရှိစေပါတယ်။ဒီကုသမှုတွေမှာလည်း ကုသမှု ခံယူထားတဲ့နေရာတွေမှာ ပိုးဝင်လွယ်နိုင်တဲ့ အခြေအနေတွေ ရှိတတ် ပါတယ်။ ကုသမှု ခံယူပြီး အရေပြားပြန်သက်သာလာတဲ့ အချိန်အတောအတွင်းမှာ သင့်ရဲ့ အသားအရေဟာ စိတ်ကျေနပ်စရာကောင်းလောက်အောင်တော့ ဖြစ်နေမှာ မဟုတ်ပါဘူး။ လက္ခဏာတွေဖြစ်တဲ့ နီရမ်းခြင်းနှင့် ရောင်ရမ်းခြင်း ဟာတော့ အဖြစ်များလေ့ရှိပါတယ်။ သို့သော် မှန်မှန်ကန်ကန် ဂရုစိုက်မယ်ဆိုရင်တော့ ဒီလက္ခဏာတွေဟာ ရက်ပိုင်းအနည်းငယ် ကြာပြီးတဲ့ အခါမှာပဲ သက်သာသွားနိုင်ပါတယ်။ သင့်ရဲ့ ကုသမှု နည်းလမ်းနှင့် အရေပြားပေါ်ကို ဘယ်လောက် နက်နက်နဲနဲ ကုသထားသည်ပေါ် မူတည်ပြီး ပြန်ကောင်းတဲ့ အချိန်ဟာလည်း ကြာနိုင်ပါတယ်။ဒီကုသမှုမှာ အသုံးပြုတဲ့ ဓါတုပစ္စည်း အချို့ဟာ ဓါတ်မတည့်မှု ဖြစ်လွယ်တဲ့ အသားအရေရှိတဲ့ သူတွေမှာဆိုရင် ဓါတ်မတည့်ခြင်းတွေ ဖြစ်လွယ်ပါတယ်။ ဓါတ်မတည့်တဲ့အခါဖြစ်ပေါ်လာတဲ့ လက္ခဏာတွေကတော့ ယားယံ ခြင်း၊ နီမြန်းခြင်းနှင့် အရေပြားရောင်ရမ်းခြင်းတို့ ဖြစ်နိုင်ပါတယ်။ အရေပြားပေါ်မှာ အနီကွက် သို့မဟုတ် အဖြူကွက်တွေ ပေါ်လာနိုင်ပါတယ်။ အချို့အခြေအနေတွေမှာဆိုရင် ပြင်းထန်တဲ့ ဓါတ်ပြုမှု တွေကြောင့် သင့်ရဲ့ အရေပြားဟာ ရက်သတ္တပတ် အနည်းငယ်လောက် ယားယံ နိုင်ပြီး ဒီလိုအဖြူကွက်တွေ ပျောက်သွားဖို့ရာအတွက် အချိန်အနည်းငယ် ကြာနိုင်ပါတယ်။ကုသမှု ခံယူပြီးတဲ့ နောက်မှာ သင့်အသားအရေကို ဂရုစိုက်ခြင်းဟာ အရေးအကြီးဆုံး အပိုင်းကနေ ပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အချို့သော ကုသမှုတွေဟာ အရေပြား ရဲ့ အပြင်ဆုံးအလွှာကို ချွတ်ပစ်လိုက်တာ ဖြစ်တဲ့အတွက် ဒဏ်ရာတစ်ခု ရသွားတယ်လို့ ဆိုနိုင်ကာ ၎င်းအတွက် သင့်လျော်တဲ့ ကုသမှု လိုအပ်ပါတယ်။ တကယ်လို့ သင့်ဆရာဝန်က ၎င်းဒဏ်ရာအတွက် အဆီ သို့မဟုတ် ခရင်မ်ကို လိမ်းပေးဖို့ ပြောတဲ့အခါမှာ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို သေချာစွာ လိုက်နာပေးဖို့ရာ အရေးကြီးပါတယ်။ ဒီလိုလိမ်းပေးပြီး အနာကို အစိုဓါတ်ပေးထားခြင်းအားဖြင့် အနာကျက် မြန်စေပြီး ရောင်ရမ်းမှုကိုလည်း လျော့ကျစေပါတယ်။တကယ်လို့သင်ဟာ ကုသမှု ခံယူပြီးတဲ့နောက်မှာ ရောင်ရမ်းလာမယ်ဆိုရင် ရေခဲဝတ် ကပ်ပေးနိုင်ပြီး aspirin သို့မဟုတ် ibuprofen ကဲ့သို့ NSAID လို့ခေါ်တဲ့ စတီးရွိက် မဟုတ်သော အကိုက်အခဲပျောက်ဆေးတွေ အရောင် သက်သာဆေးတွေကို သောက်ပေးခြင်းအားဖြင့် အရောင်ကျစေပါတယ်။ သင်ဟာတစ်နေ့ကို နှစ်ကြိမ် မျက်နှာသစ်ပေးသင့်ပြီး ဤသို့ ပြုလုပ်ပေးခြင်းဟာ ကုသမှု ခံယူထားတဲ့ နေရာတွေကို သန့်စင်စေပြီး အရေပြား အပေါ်ယံလွှာမှအညစ်အကြေးတွေကိုလည်း သန့်စင်သွားစေနိုင်ပါတယ်။ ကုသမှု ခံယူပြီး ၁ ရက် သို့်မဟုတ် ၂ရက် ကြာပြီးတဲ့အခါမှာ ဓါတုပစ္စည်းပါတဲ့ ဆပ်ပြာ သို့မဟုတ် မျက်နှာသစ် ပစ္စည်းတွေကို ရှောင်ရှားပေးခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ ၎င်းတို့ဟာ သင့်အရေပြား အနာကျက်ခြင်းကို တားဆီးနိုင် တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ သင့်ရဲ့ မျက်နှာကို ဆေလိုင်း (saline) လို့ခေါ်တဲ့ ဆေးဆိုင်တွေမှာ တွေ့ရတဲ့ ဆားရည် တစ်မျိုးနဲ့ မျက်နှာသစ်ပေးသင့်ပါတယ်။ ဒါမှသာ အနာကို ပိုးသတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဒီဆားရည်နဲ့ သစ်ပြီးမှသာ မျက်နှာကို ရေနွေးလေးနှင့် ပြန်လည်သန့်စင်ပေးသင့်ပါတယ်။ ဒီစေလှိုင်း အရည် တွေကို မျက်နှာပေါ်မှာ အကြာကြီး မထားသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆားဟာ သင့်အရေပြားကို ခြောက်သွေ့စေနိုင်တဲ့ အတွက်ဖြစ်ပါတယ်။ကုသမှုခံယူပြီးတဲ့နောက်မှာ နေရောင်နှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ရပါမယ်။ ဒါ့အပြင် နေ တိုင်း နေရောင်ခံလိမ်းဆေးကို လိမ်းပေးရပါမယ်။ အသစ်ဖြစ်လာတဲ့ အရေပြားအလွှာဟာ နေရောင်ကို အရမ်းထိခိုက်လွယ်ပြီး အခြား အစိတ်အပိုင်းများ ထက်စာရင် ပိုပြီးလွယ်လွယ် ကူကူထိခိုက်နိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%81%e1%80%b2%e1%80%bc%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%99%e1%82%88-%e1%80%99%e1%80%ab%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%9c%e1%80%bd%e1%80%a1%e1%80%95%e1%80%86%e1%80%af%e1%80%ad/
သင့်အသားအရေ ဝင်းမွတ်တောက်ပစေဖို့ နည်းလမ်းများ
အရေပြား ဝင်းမွတ်တောက်ပစေအောင် ပြုလုပ်ခြင်းဟာ အရေပြားအရောင် မညီညာခြင်း၊ အမာရွတ်ထင်ခြင်းများ မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ သင့်ရဲ့ အရေပြားဟာ ဝင်းမွတ်တောက်ပလာမယ်ဆိုရင် သင်လိုချင်တဲ့ အရေပြားအရောင် ရရှိစေဖို့အတွက် ကျေနပ်စရာတစ်ခု ဖြစ်ပါတယ်။ ယခုဖော်ပြမယ့် စာစောင်မှာ သင့်ရဲ့ အရေပြားဝင်းမွတ် တောက်ပဖို့အတွက် အန္တရာယ်ကင်းပြီး အသုံးဝင်တဲ့ နည်းလမ်းတွေ အကြောင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။လူအများဟာ အသားအရေဝင်းမွတ်တောက်ပဖြူဝင်းစေဖို့အတွက် ဆန္ဒရှိနေကြပါတယ်။ ပိုပြီးညီညာသော အသားအရေ အရောင်အဆင်း ရှိစေခြင်း၊ ရှိနေသော အမာရွတ်များကို မှေးမှိန်စေခြင်း သို့မဟုတ် တစ်ခါတစ်ရံမှာ ပို၍ ဖြူဝင်းသော အသားရောင်ကို ရရှိစေခြင်း စတာတွေကို အလိုရှိနေကြပါတယ်။ ဒါဟာလူတိုင်းရဲ့ ပုံမှန်လိုအပ်ချက်ပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူသန်းပေါင်းများစွာဟာ သင့်လိုပဲ ပိုပြီး ဝင်းမွတ်တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ရာ ဆန္ဒ ရှိနေကြပါတယ်။ ဒါဟာပုံမှန်ပဲ ဖြစ်ပြီး သင့်ရဲ့အရေပြားကို အန္တရာယ်ကင်းစွာ ဝင်းမွတ်တောက်ပစေဖို့ရာ အသုံးဝင်သော နည်းလမ်း အချို့ကို ရှာဖွေနိုင်ပါတယ်။ရှောက်ရည်၊ သံပယိုအရည်။ရှောက်ရည်၊ သံပယို အရည်တို့ဟာဆိုရင် သင့်ရဲ့ အရေပြားအရောင် တောက်ပ ကြည်လင်စေဖို့ရာအတွက် အခြေခံကျသော ကုသမှုတစ်မျိုး ဖြစ်ပါတယ်။ ဒါကို အိမ်မှာပဲ အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ ရှောက်သီး ၊သံပယိုသီးတို့ဟာ ဆိုရင်ဗီတာမင် စီဓါတ် ကြွယ်ဝပြီး အားကောင်းတဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်တဲ့အတွက် အရေပြားကျန်းမာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ သင်ဟာ ဝါဂွမ်းလုံးလေး တစ်လုံးကိုယူပြီး ရှောက်ရည်၊ သံပယိုရည်ထဲကို နှစ်လိုက်ပါ။ ပြီးတဲ့အခါ သင်ဖြူစင် ဝင်းပချင်တဲ့ နေရာကို သုတ်လိမ်းပေးပါ။ ဒါဆိုရင် ရှောက်ရည် သံပရာရည်မှာ ပါတဲ့ အက်စစ်ဓါတ်ဟာ အရေပြားရဲ့ အပေါ်လွှာကို စတင်ပြီး ဖယ်ရှားပါလိမ့်မယ်။ ထို့နောက် သင့်ရဲ့အရေပြားအရောင် မညီညာခြင်းတွေကို လျှော့ချပစ်လိုက်ပြီး အောက်က ပိုပြီးဝင်းမွတ်တောက်ပတဲ့ အရေပြားအလွှာဟာ ပေါ်လာမှာ ဖြစ်ပါတယ်။ ဤသို့ ပြုလုပ်ပြီး ဆေးကြောအခြောက်ခံပြီးတဲ့အခါ အရေပြားအစိုဓါတ် ဖြည့်တင်းပေးတဲ့ ခရင်မ် တစ်ခုခုကို သုတ်လိမ်းပေးသင့်ပါတယ်။ သင်အလိုရှိတဲ့ အရေပြားအရောင်မရမချင်း တစ်ရက်ကို ၁ ကြိမ် ဒီလိုမျိုး လုပ်ပေးနိုင်ပါတယ်။ သို့သော် တကယ်လို့သင့်ရဲ့ အရေပြားမှာ ပေါက်ပြဲနေတဲ့ ဒဏ်ရာတစ်ခုခု ရှိမယ်ဆိုရင် ရှောက်ရည် သံပရာရည်ကို သုတ်လိမ်းခြင်းဟာ မကောင်းပါဘူး။အယ်ဖာဟိုက်ဒရိုစီအက်စစ်။အချို့သော အစားအသောက် တွေမှာalpha hydroxyl acids သို့မဟုတ် AHA ပါဝင်ပါတယ်။ သို့သော် သူတို့ဟာလည်း လူတွေပြုလုပ်ထားတဲ့ အရာတွေဖြစ်ပါတယ်။ သင့်ရဲ့ အရေပြားလိမ်းတဲ့ ခရင်မ်တွေမှာ ပါတဲ့ glycolic acid သို့မဟုတ် နို့ထဲမှာပါတဲ့ လက်တစ် အက်စစ် ဟာဆိုရင် သင့်ရဲ့အရေပြား ပိုမိုဖြူဝင်းတောက်ပစေ ဖို့အတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ဒီ AHAတွေဟာ မက်လက်နင် လို့ခေါ်တဲ့ အသားမည်းစေတဲ့ ရောင်ခြယ်တွေကို သဘာဝအတိုင်း အရေပြားမှ ဖန်တီးထုတ်လုပ်ခြင်းမှာ တားဆီးပါတယ်။ ဒီအခါမှာ အညိုအမည်းအကွက်တွေ ဖြစ်ပေါ်ခြင်းကို လျှော့ချပေးလိုက်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့အရေပြားမှ မကောင်းသော အလွှာများ ကွာကျစေတဲ့ ဂုဏ်သတ္တိကြောင့် အရေပြားကို ပြန်လည်လန်းဆန်းလာမှု မြန်ဆန်စေပြီး အရောင်အသွေး ညီညာတဲ့ အရေပြား တစ်ရှူးအသစ်ကို ဖြစ်ပေါ်လာစေပါတယ်။ကိုကျစ်အက်စစ်။ကိုကျစ်အက်စစ်ဟာ မှိုများမှာတွေ့ရတဲ့ သဘာဝပစ္စည်း တစ်မျိုးဖြစ်ပါတယ်။ ၎င်းဟာ မှိုများ ဇီဝကမ္မဆိုင်ရာ ဖြစ်ပျက်ပြောင်းလဲပြီး နောက်ဆုံးရတဲ့ ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ သင်ဟာ ၎င်းကို ဆန်အရက်မှာလည်းပဲ တွေ့နိုင်ပါတယ်။ ဒီအမျိုးအစား အက်စစ်ဟာ tyrosine ဓါတ်ကို တားဆီးပေးပြီး မက်လက်နင် ထုတ်လုပ်ခြင်းကို လျှော့ချပေးပါတယ်။ ရလဒ်အနေနဲ့ကတော့ သင့်ရဲ့ အရေပြားဟာ သဘာဝအတိုင်း ဝင်းမွတ်တောက်ပပြီး အစက်အကွက်တွေ အညိုအမည်းတွေ လျော့နည်း စေပါတယ်။ သို့သော် တကယ်လို့ သင့်ရဲ့ အရေပြားဟာ ထိရှ လွယ်တယ် ဆိုရင် အရေပြားကျိန်းစပ်နိုင်ခြေများပါတယ်။ ဒါကြောင့် ခန္ဓါကိုယ်အစိတ်အပိုင်း တော်တော်များများမှာ အသုံးမပြုခင် အကွက်သေးသေးလေးတစ်ခု သုတ်လိမ်းပေးပြီး စမ်းသပ်သင့်ပါတယ်။ နောက်ထပ်သင် လုပ်သင့်တဲ့ နည်းလမ်းတစ်ခုကတော့ ကိုကျစ် အက်စစ် လက်ဖက်ရည် ဇွန်းတစ်ဇွန်းကို သင့်ရဲ့ ပုံမှန်လိမ်းနေကြ ခရင်မ်လိုးရှင်း သို့မဟုတ် ဂျယ်တစ်ခုခုနှင့် ရောပေးပါ။ ပြီးရင် ၎င်းကို သင်အသားဖြူချင်တဲ့ နေရာမှာ တစ်ရက်ကို ၂ကြိမ် လိမ်းပေးပြီး သင်လိုချင်တဲ့ ရလဒ်မရမချင်း လိမ်းပေးနိုင်ပါတယ်။နို့။နို့ထဲမှာပါတဲ့ glycolic acid၊ လက်တစ်အက်စစ်တွေဟာ အသားညိုမည်းခြင်းမဖြစ်အောင် ကူညီပေးနိုင်တဲ့အတွက် ၎င်းကို သင့်ရဲ့ အရေပြားပေါ်မှာ သုတ်လိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် နို့ထဲမှာပါတဲ့ ကယ်စီယမ်ဓါတ်ဟာ အသားအရေ အစိုဓါတ် ဆုံးရှုံးမှုမဖြစ်ရန် သိသိသာသာ ကာကွယ်ပေးနိုင်တဲ့ အလွှာကို ထိန်းသိမ်းပေး နိုင်ပါတယ်။ ဒါကြောင့် အသားအရေ အလွန်အမင်း ခြောက်သွေ့တတ်တဲ့ သူတွေမှာ အရေပြားအရောင် မညီမညာဖြစ်မယ်ဆိုရင် ဒီလိုလုပ်ပေးခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ တကယ်လို့ သင်ဟာ နို့ရည်ကို နေ့တိုင်း လိမ်းပေးမယ်ဆိုရင် သင့်ရဲ့ အရေပြား အရောင်ဟာ အချိန်ကြာလာတာနှင့် အမျှဖြူဝင်း တောက်ပလာမှာ အမှန်ပဲဖြစ်ပါတယ်။ သင့်ရဲ့ အသားအရေ တောက်ပလာစေဖို့အတွက် နို့ကို အသုံးပြုနိုင်တဲ့ အခြားနည်းလမ်း တစ်ခုကတော့ ပါးပါးလှီးထားတဲ့ ရှောက်သီး ၊သံပယို သီးကို နို့တစ်ဝက်ဖြည့်ထားတဲ့ ခွက်ထဲမှာ ၁၅ မိနစ်လောက် စိမ်ထားပါ။ ပြီးရင် သင်မအိပ်ခင်မှာ သင့်ရဲ့ မျက်နှာကို ခုနက စိမ်ထားတဲ့အရည်ကို ပွတ်လိမ်းပေးပါ။ မနက်ရောက်တဲ့အခါ သင့်ရဲ့ မျက်နှာကို သေချာ သစ်ပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။အထက်ဖော်ပြပါ နည်းလမ်းများဟာ သင့်ရဲ့ အရေပြားကို တစ်ဖြည်းဖြည်းနှင့် အန္တရာယ် ကင်းစွာ ကြည်လင်တောက်ပ လာစေဖို့ရာ ကူညီပေးနိုင်ပါတယ်။ သို့သော် သူတို့ထဲက အချို့ကို ပြုလုပ်ခြင်းဟာ သင်ထင်သလောက် မဖြစ်လာဘူးဆိုရင်လည်း အရမ်းစိုးရိမ်ဖို့ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ နည်းလမ်းအချို့ ဟာလူတိုင်းနှင့် သင့်တော်ချင်မှ သင့်တော်ပါလိမ့်မယ်။ အဲဒီအစား သင့်ရဲ့ အရေပြားဆိုင်ရာ ကျွမ်းကျင်သူ သို့မဟုတ် အရေပြားဆရာဝန်ကို သင်နှင့် သင့်တော်မယ့် အခြားနည်းလမ်းများ လမ်းညွှန်ပေးနိုင်ရန် တိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%9b%e1%80%b1-%e1%80%9d%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bd%e1%80%90%e1%80%ba%e1%80%90%e1%80%b1%e1%80%ac/
ဘီယာဗိုက်ကို ဘယ်လိုဖယ်ရှားကြမလဲ
လူမှုဆက်ဆံရေးကောင်းဖို့အတွက် တစ်ခါတစ်ရံမှာ ပါတီပွဲတွေနဲ့ ကပွဲတွေကို မဖြစ်မနေတက်ရောက်ရမှာပါ။ အဲ့ဒီမှာ အရက်တွေ ဘီယာတွေကို အလွန်အကျွံသောက်သုံးမိတတ်ပါတယ်။ ဘီယာတွေ အလွန်အကျွံသောက်တဲ့ အကျိုးဆက်အနေနဲ့ ဗိုက်ကြီးပိုပူလာပြီး ပိုပြီးလည်းကြည့်ရဆိုးလာပါတယ်။ ဒါဟာကျန်းမာရေးအတွက်မကောင်းပါဘူး။လူကြီးဖြစ်လာတဲ့အခါ ပေါင်းသင်းဆက်ဆံရေးအတွက် တက်ရောက်ရမယ့် ပါတီတွေ ကပွဲတွေ တွေ့ဆုံပွဲတွေ ပိုများလာပါတယ်။ ဘီယာတွေ ဝိုင်တွေကိုလည်း အမြဲလိုလို သောက်မိမှာပါ။ ဘီယာပမာဏအများကြီးကို အချိန်အကြာကြီးဆွဲသောက်ပါက ဗိုက်ကလည်းပူသည်ထက် ပိုပူလာမှာပါ။ တစ်နေ့ ကိုယ့်ကိုကိုယ် မှန်ထဲမှာကြည့်မိတဲ့အခါ ဘီယာဗိုက်ကြီးကိုတွေ့ရမှာပါ။ ဒါက အလွန်အန္တရာယ်များပါတယ်။ ဘီယာဗိုက်ကို လူမှုရေးလိုက်စားမှုကြောင့်ဖြစ်တဲ့ နာမကျန်းမှုအဖြစ် မှတ်ယူထားကြပါတယ်။ ဘီယာသောက်သူတိုင်းမှာတော့မဖြစ်ပါဘူး။ ကြည့်ကောင်းချင်လို့ပဲဖြစ်ဖြစ် ကျန်းမာရေးကောင်းချင်လို့ပဲဖြစ်ဖြစ် ဘီယာဗိုက်ကိုလျှော့ချနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ဘီယာဗိုက်ဆိုတာ သင့်ရဲ့ဗိုက်က ဘောင်းဘီရဲ့ရှေ့ကို ပြူထွက်နေတာမျိုးပဲဖြစ်ပါတယ်။ သင်ဟာ ကယ်လိုရီတွေအများကြီးစားမိပြီး ပြန်လည်မသုံးစွဲမိတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ နာမည်နဲ့ဆန့်ကျင်စွာဘဲ ဘီယာဗိုက်က အရက် ဘီယာနဲ့ ဝိုင်တွေ သောက်သုံးတဲ့အခါမျိုးမှာပဲ ဖြစ်တတ်တာမဟုတ်ပါဘူး။ အသင့်စားအစားအစာ၊ သကြားပါတဲ့ဖျော်ရည်ယမကာ၊ အဆီများတဲ့အစားအစာနဲ့ ပုံမှန်ထက်ပိုများတဲ့အစားအစာတွေကို စားသောက်မိတဲ့အခါ ကယ်လိုရီတွေအများကြီးတက်လာပါတယ်။ ထိုအခါမျိုးမှာလည်း ဘီယာဗိုက်ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အားကစားပြုလုပ်ဖို့ ပျင်းတဲ့သူတွေမှာလည်းဖြစ်နိုင်ပါတယ်။ အားကစားလုပ်ခြင်းက ဗိုက်ကြွက်သားတွေကို ကြီးထွားသန်မာစေပြီး အဆီများလို့ ဗိုက်ခေါက်ထွက်ခြင်းကိုတားဆီးနိုင်မှာပါ။ အရက်ဟာ ဘီယာဗိုက်ကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းမဟုတ်ပေမယ့် သင့်ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေနဲ့တော့ ဆက်စပ်နေပါတယ်။ အရက်သောက်ရင် သင့်ဗိုက်က တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးပူလာမှာပါ။ အကြောင်းက အရက်သောက်တဲ့အခါမှာ အသည်းက ဘီယာဗိုက်ဖြစ်စေမယ့် အဆီတွေကို လောင်ကျွမ်းပစ်ရမယ့်အစား အရက်တွေကို လောင်ကျွမ်းဖြိုခွဲလိုက်ရလို့ ဖြစ်ပါတယ်။ဘီယာဗိုက်ကို ချက်ချင်းကြီးလျော့ကျသွားအောင်လုပ်နိုင်တဲ့ အားကစားရယ်လို့တော့ အတိအကျမရှိပါဘူး။ ဒါဟာ မျက်လှည့်ပြတာမဟုတ်သလို အံ့ဖွယ်ဖြစ်ရပ်လည်းမဟုတ်တဲ့အတွက် ပုံမှန် ခါးအရွယ်အစားကို အချိန်တိုအတွင်းပြန်ရဖို့ ဆေးဝါးတွေသာမကနဲ့ မည့်သည့်အရာတွေကမှ မကူညီနိုင်ပါဘူး။ သင့်ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီတွေကိုလျှော့ချဖို့ တစ်ခုတည်းသော နည်းလမ်းက နေ့တိုင်းအားကစားပြုလုပ်ပေးဖို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် စားသောက်နေထိုင်မှုပုံစံကိုလည်း စနစ်တကျ ထိန်းချုပ်ရပါမယ်။ ထိုအခါ သင်စားသောက်လိုက်တဲ့ ကယ်လိုရီပမာဏက သင်သုံးစွဲလိုက်တဲ့ပမာဏအောက် လျော့နည်းသွားပြီး မျှတကောင်းမွန်တဲ့ စွမ်းအင်အခြေအနေတစ်ခုကို ရရှိပါလိမ့်မယ်။ ဒီမှာ ဘီယာဗိုက်ကို လျှော့ချဖို့ အကြံဉာဏ်အချို့နဲ့ သင်လုပ်ဆောင်နိုင်တာတွေကို ဖော်ပြထားပါတယ်။ ကယ်လိုရီကို နည်းနည်းပဲစားပြီး များများသုံးစွဲပါ။ အားကစားများများပြုလုပ်ပါ။ ဒါဟာ သင့်မှာ ပိုလျှံနေတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေမှာပါ။ နှစ်ခုစလုံးကို ပြုလုပ်နိုင်မယ်ဆိုရင် ပိုပြီးထိရောက်မှုရှိပါလိမ့်မယ်။ဒါ့အပြင် ကျန်းမာကောင်းမွန်တဲ့ လူနေမှုဘဝကိုရရှိဖို့ စားသောက်ခြင်း အလုပ်လုပ်ခြင်း ကစားခြင်း အနားယူခြင်း စသဖြင့် သင့်ရဲ့တစ်နေတာ လှုပ်ရှားမှုတွေအတွက် အချိန်ဇယားတစ်ခုပြုလုပ်ထားသင့်ပါတယ်။ ဆန္ဒရှိမယ်ဆိုရင် အဆီပိုတွေကိုလျှော့ချဖို့ ဘီယာဗိုက်ကိုဖယ်ရှားဖို့ ကျစ်လျစ်တဲ့ခါးပုံစံမျိုးရရှိဖို့ စတာတွေနဲ့ ဆိုင်တဲ့ အားကစားနည်းတွေကို အင်တာနက်မှာ ရှာဖွေနိုင်ပါတယ်။Alcohol(အရက်)ပါဝင်မှုနည်းပါးတဲ့ ဝိုင်နဲ့ ဘီယာတွေကို ရွေးချယ်ခြင်းဖြင့် အရက်သောက်သုံးမှုကို ကန့်သတ်ထားရပါမယ်။ အရက်ကိုရေနဲ့ရောသောက်တာက alcohol ပါဝင်မှုကိုလျော့နည်းစေပါတယ်။ ဘီယာနဲ့ ဝိုင်တို့ကိုလည်း ကယ်လိုရီလျော့နည်းစေတဲ့ဟာတစ်ခုခုနဲ့ တွဲသောက်သင့်ပါတယ်။အစာစားတဲ့အခါမှာလည်း ကစီဓာတ်ကြွယ်ဝတဲ့ ထမင်းနဲ့ ပေါင်မုန့်အစား ဟင်းသီးဟင်းရွက်တွေ သစ်သီးဝလံတွေကို ပိုစားသင့်ပါတယ်။ ရေကူးခြင်း၊ လမ်းလျှောက်ခြင်းအပြင် ပြင်းထန်တဲ့အားကစားတွေကိုလည်းပြုလုပ်သင့်ပါတယ်။ အားကစားခန်းမသို့သွားပြီး အချိန်ဇယားတစ်ခုဆွဲပြီးလည်း ပြင်းပြင်းထန်ထန်အားကစားပြုလုပ်နိုင်ပါတယ်။ဒါ့အပြင် နွားနို့ ဆိုဒါ ချိုချဉ်နဲ့ ဖျော်ရည်တွေကို တတ်နိုင်သမျှရှောင်ရှားရပါမယ်။ ကယ်လိုရီတွေကို မြန်မြန်လျှော့ချပစ်ဖို့ ကယ်လိုရီပါဝင်မှုနည်းပါးပြီး ဆေးဖက်ဝင်အပင်များနဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ရည်နဲ့ ရေတို့ကို ရွေးချယ်သောက်သုံးသင့်ပါတယ်။အရက်သောက်တဲ့သူတွေမှာ ဘီယာဗိုက်ရှိတာ မထူးဆန်းတော့ပါဘူး။ သင့်အနေနဲ့ စားသောက်ခြင်း အလုပ်လုပ်ခြင်း အားကစားပြုလုပ်ခြင်းနဲ့ အနားယူခြင်းတို့အတွက် သင့်လျော်မယ့် အစီအစဉ်တွေတော့ ပြုလုပ်ထားသင့်ပါတယ်။ သင့်ဆီမှာ ပိုလျှံတဲ့ကယ်လိုရီတွေများလာရင်တော့ ဘီယာဗိုက်ထွက်လာမှာပါ။ အဆီတွေက ခါးမှာသွားစုပြီး ခါးတုတ်တုတ်ကြီးဖြစ်လာမှာလည်း အသေအချာပါပဲ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/%e1%80%98%e1%80%ae%e1%80%9a%e1%80%ac%e1%80%97%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%96%e1%80%9a%e1%80%ba%e1%80%9b/
ကိုယ်ဝန်ဆောင်မေမေ တုပ်ကွေး ဖြစ်ခဲ့ရင်
ကိုယ်ဝန်ဆောင်ချိန်က အခြားအချိန်တွေထက် ထိခိုက်နိုင်ခြေပိုများတာကြောင့် သေချာလေးဂရုစိုက်ဖို့လိုမှာပါ။ ဒီတစ်ခေါက်တော့ ရာသီဥတုအေးအေးမှာ ကိုယ်ဝန်ဆောင်မေမေ တုပ်ကွေး ဖြစ်တဲ့အခါ ဆေးတွေကို ထင်တိုင်းသောက်လို့မဖြစ်တဲ့ ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ဘယ်လိုဂရုစိုက်နေထိုင်ရမလဲဆိုတာကို ပြောပြပေးပါရစေ။ကိုယ်ဝန်ရှိလာတဲ့အချိန်မှာ အရာရာကို သတိထားရပါတယ်။ အကြောင်းကတော့ ဖျားရင်ပဲဖြစ်ဖြစ်။ ထိခိုက်မှုတစ်စုံတရာဖြစ်ရင်ပဲဖြစ်ဖြစ် ထိခိုက်ခံစားရမယ့်သူက ကိုယ်တစ်ယောက်တည်းမဟုတ်တော့ပါဘူး။အဖျားဝင်ပြီဆိုရင် ဆေးသောက်ရင်ဘေဘီလေးကို ထိခိုက်မှာစိုးလို့ ကြိတ်မှိတ်ခံစားရတာကများပါတယ်။ ရိုးရိုးဖျားတာဆိုတော်သေးရဲ့ တုပ်ကွေးဖြစ်​ပြီ ဆိုရင်တော့ တော်တော်လေးအခက်တွေ့ပြီပေါ့။ ဆေးသောက်လိုက်ရင် ဘေဘီလေးကို ထိခိုက်မှာလည်း စိုးတယ်။ ဒီတော့ ဘယ်လိုသက်သာအောင်လုပ်ရမလဲ သိချင်တယ်ဆိုရင်တော့ အတူတူဆက်ကြည့်လိုက်ရအောင်လား…..။အအေးမိတာ နဲ့ တုပ်ကွေးဖြစ်တာတွေရဲ့လက္ခဏာတွေက ခပ်ဆင်ဆင်ပါ။ အအေးမိရင်ဖြစ်ဖြစ်၊ တုပ်ကွေးဖြစ်ရင်ဖြစ်ဖြစ်။တုပ်ကွေးဖြစ်မယ်ဆိုရင်တော့ ဒီလက္ခဏာတွေအပြင် ချမ်းတုန်မယ်၊ အော့အန်မယ်၊ခေါင်းကိုက်မယ်၊ ကိုယ်လက်မအီမသာဖြစ်မယ် စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ကိုယ်ဝန်ဆောင်မေမေ အနေနဲ့ တုပ်ကွေးဖြစ်ခဲ့မယ်ဆိုရင် ဒီအချက်လေးတွေက သက်သာစေနိုင်မှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာတုပ်ကွေးဖြစ်ခဲ့မယ်ဆိုရင် ပထမဆုံးအနေနဲ့ ဒီအဆင့်လေးတွေကို အရင်လုပ်ကြည့်စေချင်ပါတယ်။ အဲ့ဒါကတော့။ပြည့်ပြည့်ဝဝအနားယူပါ– အနားယူတာက ကိုယ်ခံအားကောင်းစေပြီး တုပ်ကွေးကို မြန်မြန်သက်သာစေနိုင်ပါတယ်။အရည်များများသောက်ပါ– ရေအပါအဝင်၊အုန်းစိမ်းရည်၊ စွပ်ပြုတ်တို့လိုမျိုး အရည်ကိုများများသောက်ပေးတာက ကိုယ်အပူချိန်ကို ကျစေပြီး အအေးမိ၊တုပ်ကွေးဖြစ်တာတွေကို မြန်မြန်သက်သာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်ပါတယ်။ဆားရည်နဲ့ ပလုပ်ကျင်းပါ– ဆားရည်နဲ့ ပလုပ်ကျင်းတာက လည်ချောင်းနာတာ နဲ့ ချောင်းဆိုးတာကိုတင်မဟုတ်ဘဲ အအေးမိ၊တုပ်ကွေးဖြစ်စေတဲ့ ပိုးတွေကိုပါအထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။အခုပြောခဲ့တဲ့အချက်တွေကို လုပ်ကြည့်ပေမယ့် မသက်သာဘူးဆိုရင်တော့။နှာခေါင်းထဲကို ဆားရည်အစက်ချပါ– ဒီလိုလုပ်ပေးတာက နှာခေါင်းပိတ်တာကို သက်သာစေနိုင်ပြီး နှာခေါင်းတွင်းက တစ်ရှူးတွေ ရောင်ရမ်းတာကို သက်သာစေနိုင်သလို တုပ်ကွေးကို မြန်မြန်သက်သာစေနိုင်ပါတယ်။ရေနွေးငွေ့ရှူပေးပါ– အဝကျယ် ဇလုံတစ်ခုထဲမှာ ရေနွေးထည့်ပြီး ရေနွေးငွေ့ရှူပေးတာကလည်း အဖျားသက်သာစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။ပျားသံပရာ ဖျော်ရည်သောက်ပါ– ရေနွေးနွေးထဲကို ပျားရည် နဲ့ သံပရာရည်ထည့်ပြီးသောက်ပေးတာက လည်ချောင်းနာတာကို သက်သာစေနိုင်သလို အဖျားကိုလည်း သက်သာစေနိုင်ပါတယ်။ရေနွေးဝတ်ကပ်ပါ– အဖျားကြောင့် နှာခေါင်းပိတ်နေတာကို သက်သာစေဖို့ဆိုရင် ရေနွေးဝတ်ကပ်ပေးလို့ရပါတယ်။ဒါတွေက ဆေးသောက်စရာမလိုဘဲ လုပ်နိုင်တဲ့ နည်းလမ်းလေးတွေပါ။ ဆေးသောက်မယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးပညာရှင်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကသာမန်ထက်နည်းနေတတ်ပါတယ်။ အကြောင်းကတော့ မေမေ့ရဲ့ ခန္ဓာကိုယ် မွေးမလာသေးတဲ့ ဘေဘီလေးကို ငြင်းဆန်တာမျိုးမဖြစ်စေဖို့ ကိုယ်ခံအားစနစ်ကို အားနည်းနေစေတဲ့သဘောပါ။ ဒီအနေအထားကပဲ ကိုယ်ဝန်ဆောင်မေမေကို ဖျားနာလွယ်စေတာပါ။ ကိုယ်ဝန်ဆောင်မေမေအနေနဲ့ တုပ်ကွေးဖြစ်တဲ့အခါ နောက်ဆက်တွဲအနေနဲ့ အဆုတ်ရောင်ရောဂါ၊ လေပြွန်ရောင်ရမ်းတာ၊ ထိပ်ကပ်နာစတဲ့ ရောဂါတွေကို ခံစားရစေနိုင်ပါတယ်။ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်ပါတယ်။ရောဂါတစ်ခုကို မဖြစ်ခင်က ကြိုတင်ကာကွယ်တာကအကောင်းဆုံးပါ။ အထူးသဖြင့် ဆေးတွေကို ထင်တိုင်းသောက်လို့မရတဲ့ ကိုယ်ဝန်ဆောင်မေမေတွေမှာဆိုရင်ပေါ့။ ဒီတော့ ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အအေးမိ၊တုပ်ကွေးဖြစ်တာနဲ့ ဒီရောဂါတွေကြောင့် နောက်ဆက်တွဲပြဿနာတွေ မဖြစ်စေဖို့ဆိုရင်။ဒီအချက်လေးတွေကို ဂရုစိုက်လို့ ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေးမဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်ပါ မေမေတို့ရေ…………….။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/cold-and-flu-during-pregnancy/
အရိုးနုလေးတွေ ကျန်းမာစေဖို့
ခန္ဓာကိုယ်ကိုအရိုး၊ကြွက်သား၊ အကြော၊ အရွတ်၊ အရိုးနုတို့နဲ့ ဖွဲ့စည်းထားတာပါ။ ဒီအစိတ်အပိုင်းတွေအားလုံး ကျန်းမာပြီး ကိုယ့်တာဝန်ကိုယ်ကျေမှ ခန္ဓာကိုယ်က အကောင်းဆုံးလှုပ်ရှားနိုင်မှာပါ။ အဆစ်နေရာတွေကိုကောင်းကောင်းကွေးနိုင်ဆန့်နိုင်စေဖို့အတွက် အဓိကလုပ်ဆောင်နေတဲ့ အစိတ်အပိုင်းလေးတစ်ခုလည်းရှိပါတယ်။ ဒါကတော့အရိုးနုပါ။အရိုးနုလေးတွေ ကျန်းမာနေလို့သာ ခန္ဓာကိုယ်က အဆစ်တွေကို အကောင်းဆုံးအသုံးချပြီးကွေးနိုင်ဆန့်နိုင်တာပါ။ ဒီတစ်ခေါက်တော့ ကွေးလိုက်ဆန့်လိုက်တိုင်းမှာ အဆစ်ထဲက နာတာ ၊ တကျွတ်ကျွတ်မြည်သံတွေထွက်တာကနေကင်းဝေစေဖို့အတွက် အရိုးနုလေးတွေ ကျန်းမာအောင် စားပေးသင့်တဲ့အစားအစာလေးတွေအကြောင်းပြောပြပေးပါရစေနော်။အရိုးနုဆိုတာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုပါ။တွယ်ဆက်တစ်ရှူးလို့သိထားကြပြီး ခန္ဓာကိုယ်နေရာအနှံ့မှာရှိနေနိုင် ပါတယ်။ အရိုးနုလေးတွေ ကျန်းမာကောင်းမွန်နေလို့သာ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို လိုသလို အကွေးအဆန့်လုပ်ပြီး လှုပ်ရှားနိုင်နေတာပါ။ တကယ်လို့ အရိုးနုလေးတွေသာ ထိခိုက်ပျက်စီးသွားမယ်ဆိုရင်ရောင်ရမ်းနာကျင်တာ၊ အကြောတွေတင်းတောင့်နေတာ၊ နာကျင်တာတွေခံစားရနိုင်ပါတယ်။ ဒီအခြေအနေကနောက်ပိုင်းမှာအဆစ်အမြစ်တွေရာင်ရမ်းနာကျင်တာမျိုးအထိဖြစ်စေနိုင်ပါတယ်။ပဲတောင့်ရှည်က နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်တဲ့ အာနိသင်ရှိနေပါတယ်။နာကျင်ရောင်ရမ်းမှုကိုလျော့ကျဖို့ဆိုရင် ကိုယ်တွင်းမှာကော်လာဂျင်ပရိုတင်းပြည့်ဝနေဖို့ကလည်း မဖြစ်မနေလိုအပ်မှာပါ။ ပဲတောင့်ရှည်ကိုပုံမှန်စားသုံပေးမှုက အရိုးနုလေးတွေကျန်းမာနေစေဖို့လိုအပ်တဲ့ကော်လာဂျင်ကိုပြည့်ပြည့်ဝဝရရှိစေနိုင်ပြီး အရိုးနုလေးတွေပျက်စီးခဲ့ရင်တောင်ပြန်လည်ကောင်းမွန်အောင်အားဖြည့်ပေးနိုင်စွမ်းရှိပါတယ်။ ပဲအမျိုမျိုး၊မြေပဲနဲ့ ပဲနီလေးတို့လိုမျိုး ပဲတွေစားသုံးပေးတာကလည်း အရိုးနုကျန်းမာစေဖို့ အထောက်အပံ့ပေးနိုင်မှာပါ။အရိုးနုလေးတွေအတွက် လိုအပ်တဲ့ ပရိုတင်းဖြစ်တဲ့ကော်လာဂျင်ကို ထုတ်လုပ်ဖို့ ခန္ဓာကိုယ်မှာ ဗီတာမင် C လိုအပ်မှာပါ။ ဒီဓါတ်ကို လိမ္မော်သီးက အပြည့်အဝရရှိစေနိုင်ပါတယ်။ အရိုးနုတွေ ပျက်စီးသွားခဲ့ရင်တောင် ကော်လာဂျင်ပရိုတင်းပြည့်ပြည့်ဝဝရရှိမယ်ဆိုရင် ပြန်လည်ကောင်းမွန်စေနိုင်တာကြောင့်ကော်လာဂျင်ပြည့်ယနေစေဖို့အတွက် လိုအပ်တဲ့ ဗီတာမင် C ကပြည့်ဝနေမှဖြစ်မှာပါ။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ လိမ္မော်သီးအပြင် ဗီတာမင် Cပြည့်ဝစွာပါဝင်နေတဲ့ ကီဝီသီး၊ ငရုတ်ပွ၊ ကိုက်လန်၊စတော်ဘယ်ရီတို့ကို ထည့်သွင်းစားသုံးပေးသင့်ပါတယ်။သလဲသီးက ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝသလို နာကျင်ရောင်ရမ်းမှုကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။ ဒါကြောင့်အရိုးနုလေးတွေကျန်းမာစေဖို့ စားသုံးသင့်တဲ့အစားအစာတွေထဲမှာ သလဲသီးကိုမေ့ထားလို့ မဖြစ်ပါဘူး။ တစ်ပတ်ကို တစ်ကြိမ်လောက်ဖြစ်ဖြစ်တော့ သလဲသီးစားပေးပါ။လက်ဖက်စိမ်းရေနွေးကြမ်းက ကျန်းမာရေးကောင်းစေတယ်ဆိုတာကတော့ အာလုံးလိုလိုသိထားပြီးဖြစ်မှာပါ။ ဒီလိုမျိုး များပြားလှတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ အရိုးနုလေးတွေကို ကျန်းမာစေတာကလည်း တစ်ခုအပါအဝင်ပေါ့။ လက်ဖက်စိမ်းရေနွေးကြမ်းမှာပါတဲ့catechins နဲ့ polyphenolsဒြပ်ပေါင်းတွေက အရိုးနုကို ကျန်းမာစေဖို့ အထောက်အကူပြုပေးပါတယ်။ ဒါကြောင့် နေ့စဉ်လက်ဖက်စိမ်းရေနွေးကြမ်းလေးတစ်ခွက်လောက်သောက်ပြီး ခန္ဓာကိုယ်ကျန်းမာအောင်ဂရုစိုက်လိုက်ပါ။အဆစ်တွေနာတဲ့အခါ အသုံးပြုတဲ့အရာတစ်ခုရှိပါတယ်။ ဒါကတော့ hyaluronic acid ပါ။ ဒီအက်ဆစ်က အဆစ်တွေလှုပ်ရှားလို့ကောင်းအောင်ချောဆီအဖြစ်လုပ်ဆောင်ပေးပါတယ်။ အရိုးနုပျက်စီးတာလိုမျိုး အသေးစားကိစ္စတွေကိုကုသရာမှာ hyaluronic acid ကို အသုံးပြုကြတာပါ။ ဒီအက်ဆစ်ကို အစားအသောက်ကနေရရှိနိုင်မယ့် အရင်းအမြစ်က ဆန်လုံးညိုပါ။ ဒါကြောင့် နေ့စဉ်လှုပ်ရှားမှုမှာ အရေးပါတဲ့ အရိုးနုလေးတွေ မပျက်စီးဖို့ဆိုရင် ဆန်လုံးညိုကိုလည်း စားသုံးပေးဖို့လိုပါလိမ့်မယ်။ ဆန်လုံးညိုအပြင် မုန်လာဥနီ၊ အမဲသား၊ ဖရုံစေ့တို့ကိုလည်း စားသုံးပေးလို့ရပါတယ်။ခန္ဓာကိုယ်မှာhyaluronic acid များစေဖို့အတွက် ဒီအက်ဆစ်ဓာတ်ကို ကောင်းကောင်းစုပ်ယူနိုင်စေဖို့  မဂ္ဂနီဆီယမ်ကို လိုအပ်ပါတယ်။ မဂ္ဂနီဆီယမ်ကို ရရှိဖို့ဆိုရင် အခွံမာသီးတွေဖြစ်တဲ့ သစ်ကြားသီး၊ နှမ်းတို့လိုမျိုး အရာတွေကို စားသုံးပေးဖို့လိုအပ်ပါမယ်။ မက်ကာရယ်၊ တူနာတို့လိုမျိုး ပင်လယ်ငါးတွေမှာလည်း မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်နေပါတယ်။ဟင်းလျာတွေကို အရသာကောင်းမွန်စေဖို့အတွက် သံလွင်ဆီကိုထည့်ချက်ကြပါတယ်။ သံလွင်ဆီက ဟင်းလျာတွေကို အရသာကောင်းစေရုံတင်မဟုတ်ပါဘူး။ ခန္ဓာကိုယ်လှုပ်ရှားမှုအတွက် အရေးပါတဲ့ အရိုးနုလေးတွေကိုပါကျန်းမာစေနိုင်ပါတယ်။နေ့စဉ်တိုင်းမှာကောင်းကောင်းလှုပ်ရှားနိုင်စေဖို့အတွက် ကျန်းမာတဲ့အရိုးနုလေးတွေကို ပိုင်ဆိုင်နိုင်စေဖို့ အခုပြောခဲ့တာလေးတွေကို စားသုံပေးဖို့ တိုက်တွန်းပါရစေ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%94%e1%80%af%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1-%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%85%e1%80%b1/
တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းကို ဖြစ်စေသော အကြောင်းများ
တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းတွင် ဖြစ်နေသော လက္ခဏာများထက် ဖြစ်စေသော အကြောင်းရင်းက ပိုအရေးပါပါသည်။ထို့ကြောင့် ကုသမှုများပြုလုပ်ရာတွင်လည်း ဖြစ်နေသော လက္ခဏာများသက်သာစေရန်ထက် နာကျင်မှုကို ဖြစ်စေသော အဓိကအကြောင်းရင်းများကို ပျောက်ကင်းစေရန် ဦးတည်ပါသည်။အောက်ပါတို့သည် တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းကို အဖြစ်များစေသော အခြေအနေ ၆ခု ဖြစ်ပါသည်။ခါးဆစ်များကျွံခြင်းဟုဆိုရာတွင် အာရုံကြောများညှပ်ခြင်း၊ ခါးဆစ်များ နေရာချော်ခြင်း၊ မညီလာဘဲ ဖောင်းထွက်ခြင်း၊ ပျက်စီးခြင်း၊ ပဲ့ကျိုးခြင်း တို့အကျုံးဝင်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ခါးဆစ်များအထဲပိုင်းတွင်ရှိသော ပစ္စည်းများသည် အကြောင်းအမျိုးမျိုးကြောင့် အပြင်ဘက်အလွှာကို ကျွံပြီး ဖောက်ထွက်လာခြင်းကြောင့် အာရုံကြောများကို ထိခိုက်ခြင်းကြောင့် နာကျင်မှုများဖြစ်ခြင်းဖြစ်သည်။ တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းသည် ခါးဆစ်ကျွံခြင်းကြောင့် အများဆုံးဖြစ်ရပါသည်။ယင်းဖြစ်စဉ်သည် အသက်ကြီးလာခြင်းကြောင့်ဖြစ်သော သဘာဝဖြစ်စဉ်တခုဖြစ်ပြီး အချို့လူများတွင် အာရုံကြောများထိုခိုက်မှုကြောင့် နာကျင်မှု ဝေဒနာများခံစားရနိုင်ပါသည်။အဆိုပါချပ်ပြားများသည်အသက်ကြီးလာသော အခါ အားနည်းလာပြီး လှုပ်လီလှုပ်လဲ့ဖြစ်လာပြီး တပြိုင်နက်တည်းမှာပင် ထိုချပ်ပြားများထဲမှ ရောင်ရမ်းမှုကိုဖြစ်စေသော ပရိုတင်းဓါတ်များထွက်လာပြီး အာရုံကြောများကို နာကျင်မှုဖြစ်ပေါ်စေခြင်းဖြစ်သည်။အလားတူပင် အရိုးအတက်ထွက်ခြင်းသည် ခါးရိုးတလျှောက်တွင်ဖြစ်တတ်ပြီး အထက်ပါဖြစ်စဉ်ကြောင့်ပင် နာကျင်ခြင်းများခံစားရခြင်းဖြစ်သည်။ထိုသို့ဖြစ်ခြင်းသည် ခါးကျီးပေါင်းဖြစ်ခြင်း၊ သေးငယ်သော ကျိုးပဲ့မှုများဖြစ်ခြင်းတို့ကြောင့် ကြာလာသောအခါ ခါးဆစ်များအားနည်းလာပြီး အဆစ်ချော်ခြင်းဖြစ်သွားခြင်းဖြစ်သည်။ ဥပမာ L 5 အဆစ်သည် S1 အဆစ်ပေါ်မှ ချော်ထွက်သွာခြင်းကြောင့် အာရုံကြောများထိုခိုက်မှုဖြစ်ပြီး နာကျင်မှု ဝေဒနာများခံစားရခြင်းဖြစ်သည်။ယင်းသည် ပင်မကျောရိုးအတွင်းဘက်တွင်ရှိသော အခေါင်းပေါက်ကျဉ်းသွားခြင်းကြောင်ဖြစ်ပြီး အသက်ရလာသော ကြောင့်ဖြစ်သော ဖြစ်စဉ်တခုဖြစ်ပါသည်။အများအားဖြင့် အသက် ၆၀ကျော်လျှင် ဖြစ်တတ်ပါသည်။တင်ခံအာရုံကြောများသည်Piriformis အမည်ရှိသော ပေါင်ဘေးဖက် ကြွက်သားများအောက်တွင်တည်ရှိခြင်းကြောင့် ထိုကြွက်သားများက တင်ခံအာရုံကြောများကိုဖိမိခြင်းကြောင့် နာကျင်မှုများဖြစ်ပေါ်ခြင်းဖြစ်သည်။တင်ခံအာရုံကြောများနာကျင်ခြင်း (Sciatica)ဟူသည်မှာ ဆေးပညာအားဖြင့်ပြောရလျှင် ပင်မကျောရိုးရှိ အာရုံကြောများ ဖိမိခြင်းကြောင့်ဖြစ်သော ဝေဒနာတခုသာဖြစ်ပါသည်။ သို့သော် ထိုသို့ဖြစ်လျှင် ခြေထောက်များနာကျင်ခြင်းကို ပထမဦးစွာခံစားရသောကြောင့် Sciatica ဟုခေါ်ဝေါ်သုံးနှုန်းထားခြင်းဖြစ်ပါသည်။ပင်မကျောရိုး၏အောက်ဆုံး မြှီးညှောင့်ရိုးနေရာတွင်ရှိသော ခါးဆစ်များ လုပ်ဆောင်မှုမမှန်ကန်ခြင်းကြောင့် L5 နေရာတွင်ရှိသော အာရုံကြောများကို ဖိမိခြင်းကြောင့် နာကျင်မှုများဖြစ်ခြင်းဖြစ်သည်။ ယင်းနာကျင်မှုသည် တင်ခံအာရုံကြောများနာကျင်ခြင်း (Sciatica)နှင့် နာကျင်မှုပုံစံတူညီပါသည်။အထက်တွင်ဖော်ပြထားသော အကြောင်းများသည် အလုံးစုံမဟုတ်ပါ။ မည်သို့ပင်ဆိုစေကာမူ တင်ခံအာရုံကြောများနာကျင်ခြင်း (Sciatica)ကိုဖြစ်စေသော အကြောင်းများသည် တယောက်နှင့် တယောက်မတူညီသောကြောင့် ထိုအကြောင်းရင်းများအပေါ်မူတည်ပြီး ထိရောက်သော ကုသမှုများပေးသင့်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/peripheral-nervous-system-disorders/%e1%80%90%e1%80%84%e1%80%ba%e1%80%81%e1%80%b6%e1%80%a1%e1%80%ac%e1%80%9b%e1%80%af%e1%80%b6%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%9b%e1%80%ac%e1%80%90%e1%80%b1/
တားဆေးသောက်နေရင်း ကလေးရသွားနိုင်သလား!
တားဆေးသောက်နေရင်း ကလေးရသွားနိုင်သလား ဆိုတဲ့မေးခွန်းကိုသင်ကိုယ်တိုင် တွေးမိတဲ့ အဖြေက ဘာများဖြစ်မလဲ။ ဆောင်းပါးလေးကို မဖတ်ကြည့်ခင် အရင်ဆုံး ဖြေကြည့်ပေးပါဦးနော်။တားဆေးသောက်ဆေးဆိုတာက လေဒီတော်တော်များများ အသုံးပြုဖြစ်တဲ့သားဆက်ခြားနည်းတစ်မျိုးပါ။ ထိထိရောက်ရောက်လည်း သားဆက်ခြားပေးနိုင်တယ်လေ။ ဒါပေမယ့် ဒီနေရာမှာ တစ်ခုပြောပြချင်တာကသန္ဓေတား သောက်ဆေးက ကိုယ်ဝန်ကို တားပေးနိုင်ခြေက ၁၀၀ မပြည်ဘဲ ၉၉% ဝန်းကျင်ပဲ ရှိတယ်ဆိုတာပါ။ ဒါပေမယ့် တားဆေး သောက်ဆေးက သေချာ သောက်မယ်ဆိုရင်ကိုယ်ဝန်ကိုထိထိရောက်ရောက် တားပေးနိုင်ပါတယ်။သန္ဓေတား သောက်ဆေးမှာ ဟော်မုန်းတွေ ပါဝင်နေပြီးသားဥကြွေတာကို တားဆီးပေးပါတယ်။ တားဆေးသောက်ဆေးက သားအိမ်အချွဲမြှေးကို ထူစေပြီး သားအိမ်နံရံကို ပါးစေခြင်းဖြင့် သန္ဓေမအောင်စေဖို့ တားဆီးပေးပါတယ်။ တားဆေးရဲ့ ထိရောက်မှုက ၉၉% ဝန်းကျင်ပဲ ရှိတာကြောင့် တစ်နှစ်တာမှာ တားဆေးသောက်ပေမယ့် ကိုယ်ဝန်ရရှိသူ အမျိုးသမီးတွေက အယောက် ၁၀၀ မှာ ၁ ယောက်နှုန်းလောက် ရှိနေတယ်လို့ လေ့လာမှုစစ်တမ်းတွေအရ သိရပါတယ်။တားဆေးက ပုံမှန် အားဖြင့်တော့ ထိထိရောက်ရောက် သန္ဓေတားပေးနိုင်ပါတယ်။ ဒါပေမယ့် အချို့သော အခြေအနေတွေမှာတော့တားဆေးရဲ့ ထိရောက်မှုက လျှော့ကျသွားပြီး  ကလေးရသွားနိုင်ပါတယ်။ ဘယ်လို အခြေအနေတွေလဲ ဆိုတော့။သန္ဓေတားသောက်ဆေးက နေ့စဉ် အချိန်မှန် သောက်မှ ထိရောက်မှု ကောင်းမှာပါ။ တကယ်လို့ ဆေးသောက်ဖို့ တစ်ရက်တလေမေ့သွားလို့ ပြန်သောက်တာက ပြဿနာ မဟုတ်ပေမယ့် ၂-၃ရက်လောက် မေ့တာက ထိရောက်မှုကို လျှော့ကျစေပါတယ်။ ဒီအခြေအနေကပဲ မလိုလားအပ်ဘဲ ကိုယ်ဝန်ရရှိတာမျိုး ဖြစ်စေနိုင်ပါတယ်။ဆေးကို အချိန်မှန် ရက်မှန် သောက်ပေမယ့် ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့်အော့အန်နေမယ်ဆိုရင်တော့ အော့အန်တဲ့ထဲမှာ ဆေးပါသွားတာက ဆေးရဲ့ အာနိသင်ကို ထိခိုက်စေနိုင်ပါတယ်။ ဒီအခြေအနေကလည်း ကိုယ်ဝန်ရရှိတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးသောက်ပြီး ၂နာရီအတွင်း အော့အန်ရင် ဆေးပြန်သောက်ဖို့ လိုပါတယ်။ ဒါမှမဟုတ် အအန်ပျောက်ဆေးနဲ့ တွဲသောက်လို့လည်း ရပါတယ်။ဝမ်းလျှောတာက ကိုယ်တွင်းက ရေဓာတ်ကို ဆုံးရှုံးစေနိုင်သလို တားဆေးရဲ့ ထိရောက်မှု အာနိသင်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မကြာခဏ ဝမ်းလျှောတတ်တဲ့ အူလမ်းကြောင်း ရောဂါ ရှိသူတွေက တားဆေးအမျိုးအစား ပြောင်းသင့်ပါတယ်။ဆေးကို နေ့စဉ်တော့ သောက်ပေမယ့် အချိန်မှန်မှန် မသောက်မိတာကလည်းဟော်မုန်းပမာဏကို ထိခိုက်စေပြီး ဒီကာလမှာ အကာအကွယ်မဲ့ အတူနေမိမယ်ဆိုရင်တော့ မတော်တဆ ကလေးရသွားတာမျိုး ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ‌‌ဟော်မုန်း တစ်မျိုးတည်းပါတဲ့ ဆေးတွေဆိုရင် ပုံမှန်သောက်နေကျ အချိန်နဲ့ ၃နာရီအတွင်းမှာ အမြဲသောက်မိဖို့ လိုပါတယ်။ စော ၃နာရီ၊ နောက်ကျ ၃နာရီပါ။တားဆေးကို ပုံမှန် သောက်ပေမယ့် ဆေးတစ်ကဒ် ကုန်သွားပြီး နောက်ထပ် ဆေးကဒ်အသစ်ကို သောက်သုံးချိန်မှာ ဆေးကို  ကဒ်အဟောင်း ကုန်ပြီးပြီးချင်းမှာ တစ်ဆက်တည်း မသောက်မိတာမျိုးဖြစ်ပြီး ရက်အနည်းငယ်ခြားပြီးမှ သောက်မိတာမျိုး ဖြစ်မယ်ဆိုရင်တော့ တားဆေးရဲ့ ထိရောက်မှု အာနိသင်ကျပြီး မတော်တဆ ကိုယ်ဝန်ရသွားနိုင်ပါတယ်။အချို့သော ဆေးဝါးတွေ အထူးသဖြင့် အတက်ရောဂါ သောက်ဆေး၊ HIV ပိုးအတွက် သောက်ရတဲ့ ဗိုင်းရပ်စ်သတ်ဆေး၊ သဘာဝ သစ်ဥသစ်ဖုတွေကလည်းတားဆေးရဲ့ ထိရောက်မှုကို ဟန့်တားနိုင်ပါတယ်။တားဆေး သောက်ဆေးတွေကို အေးမြခြောက်သွေ့တဲ့နေရာမှာ သိမ်းဆည်းထားရမှာပါ။ ဒါမှ ဆေးအာနိသင်ကို ထိခိုက်မှု ကင်းမှာပဲ ဖြစ်ပါတယ်။ အခန်းအပူချိန်မှာပဲ ထားရှိရမှာ ဖြစ်ပါတယ်။ ကားထဲ၊ ရေချိုးခန်းထဲမှာ သိမ်းထားမယ်ဆိုရင်တော့ ဆေးက အစိုပြန်ပြီး ထိရောက်မှု အားနည်းသွားနိုင်ပါတယ်။တကယ်လို့ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေမယ်ဆိုရင်တော့ တားဆေးရဲ့ အာနိသင် ထိရောက်မှုကို ပြည့်ပြည့်ဝဝ ရရှိနိုင်ဖို့ ခက်ပါမယ်။ ဒါကြောင့် ကိုယ်က ကိုယ်အလေးချိန် အရမ်းများနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ပြီး ဆေးပမာဏကို သေချာ  ချိန်ညှိ သောက်သုံးစေချင်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/can-get-pregnant-while-taking-the-pill/
ကိုယ်ဝန်ဆောင်ချိန် ဝမ်းပျက်ခြင်းအတွက် ကုထုံးများ
ကိုယ်ဝန်ဆောင်ချိန်မှာ အစာအိမ်အူလမ်းကြောင်းနဲ့ ပတ်သက်ပြီးဝမ်းချုပ်ခြင်းဒါမှမဟုတ် ဝမ်းပျက်ခြင်းကို ကြုံရပါတယ်။ များသောအားဖြင့် ဟော်မုန်းပြောင်းလဲခြင်း၊ စားသောက်မှုပုံစံ ပြောင်းလဲခြင်း၊ စိတ်ဖိစီးမှု ဖြစ်ပေါ်ခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။ အကယ်၍ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးဟာ ဝမ်းပျက်ခြင်းကို မကြာခဏကြုံနေရမယ်ဆိုရင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်ချိန် ဝမ်းပျက်ခြင်းအတွက် ကုထုံးများ အကြောင်း ပြောပြပေးချင်ပါတယ်။တစ်နေ့တည်းနဲ့ သုံးလေးကြိမ်လောက် ဝမ်းသွားနေမယ်၊ အရည်တွေပဲ သွားမယ်ဆိုရင်တော့ ဝမ်းပျက်ခြင်းလို့ ဆိုနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယား၊ အူလမ်းကြောင်း ကပ်ပါးကောင်များကြောင့် ဝမ်းပျက်တတ်ပါတယ်။ အစာအဆိပ်သင့်ခြင်းနဲ့ ဆေးဝါးတချို့ သောက်သုံးရာကနေလည်း ဝမ်းပျက်နိုင်ပါတယ်။ဒါတွေအပြင်IBSလို့ခေါ်တဲ့ အူလမ်းကြောင်း လှုပ်ရှားမှု မမှန်တဲ့ရောဂါ၊ ခရွမ်းရောဂါ (Crohn’s disease) ၊ စီးလိယတ်ရောဂါ (Celiac disease) ၊ အူအနာဖြစ်ပြီး ရောင်ရမ်းခြင်း စတဲ့ ပြဿနာရှိသူတွေမှာ ဝမ်းပျက်တတ်ပါတယ်။ကိုယ်ဝန်နဲ့ ဆက်နွယ်နေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ကိုယ်ဝန်ရှိနေချိန်မှာ အမျိုးသမီးများဟာ အစားအသောက် ပြောင်းလာပါတယ်။ အစားအသောက်များ ပြောင်းလဲခြင်းဟာ အစာအိမ်အူလမ်းကြောင်းကို သက်ရောက်မှုရှိပြီး ဝမ်းပျက်နိုင်ခြေ ပိုများပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက်ပြောင်းလာပြီး စားသောက်မှုပုံစံသစ်ဟာ အပြောင်းအလဲတွေ ဖြစ်ပေါ်စေပါတယ်။ မိမိစားသုံးနေကြမဟုတ်တဲ့ အစားအစာတွေ စားသုံးရာကနေ လေပွလေထခြင်း၊ အစာအိမ်အောင့်ခြင်းများ ဖြစ်စေပြီး ဝမ်းလည်းပျက်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်အားဆေးများဟာ မိခင်လောင်းအတွက်ရော ကလေးအတွက်ပါ ကျန်းမာရေး ကောင်းမွန်စေပါတယ်။ ဒါပေမယ့် အဆိုပါဗီတာမင်တွေကြောင့် အစာအိမ် အူလမ်းကြောင်း အပြောင်းအလဲဖြစ်ပြီး ဝမ်းပျက်နိုင်ပါသေးတယ်။ဟော်မုန်းပြောင်းလဲခြင်းဟာ အူလမ်းကြောင်းကို သက်ရောက်မှု ရှိပါတယ်။ အစာခြေစနစ်ကို ပိုမိုမြန်ဆန်စေပြီး ဝမ်းပျက်ခြင်းကို ဖြစ်စေပါတယ်။မွေးဖွားခါနီးလေ ဝမ်းပျက်ခြင်းကို ပိုမိုကြုံလာရတတ်ပါတယ်။ ကိုယ်ခန္ဓာကနေ မွေးဖွားဖို့အတွက် သဘာဝအလျောက် ပြင်ဆင်ခြင်းကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဦးချင်းစီပေါ်လည်း မူတည်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးဝါးတွေ သုံးစွဲဖို့ စိုးရိမ်စိတ်ရှိရင် တခြားရွေးချယ်စရာ နည်းလမ်းတချို့တော့ ရှိနေပါတယ်။ များသောအားဖြင့် ရောဂါကြောင့် မဟုတ်တဲ့ သာမန်ဝမ်းပျက်ခြင်းဟာ ကုသစရာမလိုဘဲ သူ့ဖာသာလည်း ပျောက်တတ်ပါတယ်။အိမ်တွင်းကုထုံးအနေနဲ့ ရွေးချယ်စရာနည်းလမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ဝမ်းပျက်ခြင်းအများစုဟာ ရက်အနည်းငယ်ကြာရင် သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ ဝမ်းပျက်နေချိန်အတွင်းမှာတော့ရေဓာတ်ကို ဖြည်တင်းထားဖို့ လိုအပ်ပါတယ်။ဝမ်းပျက်ဝမ်းလျှောဖြစ်ချိန်မှာ အရည်ဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ဝမ်းလျှောခြင်းကြောင့် ကိုယ်ခန္ဓာကနေ အရည်ဓာတ်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းဟာ လျင်မြန်ပြီး ဆိုးရွားတတ်တာမို့ သတိပြုဖို့ လိုပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ပိုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာအစာအိမ်အူလမ်းကြောင်းပြဿနာမကြုံနေဘူးဆိုရင်တောင် ပုံမှန်လူတွေထက် ရေကိုပိုမိုလိုအပ်ပါတယ်။ဆုံးရှုံးသွားတဲ့ အရည်ဓာတ်တွေကို ဖြည့်တင်းနိုင်ဖို့ ရေကိုလိုအပ်ပါတယ်။ ဖျော်ရည်၊ စွပ်ပြုတ်သောက်ခြင်းအားဖြင့် ဓာတ်ဆား၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ပြန်လည်ဖြည့်တင်းနိုင်ပါတယ်။ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဝမ်းပျက်ခြင်းဖြစ်တတ်ပါတယ်။ အများစုက ဆေးရပ်လိုက်ရင် ပြန်သက်သာသွားပါတယ်။ ဆေးရပ်ဖို့၊ ဆေးပြောင်းဖို့အတွက် ဆရာဝန်နဲ့ အရင်ဆွေးနွေးဖို့ လိုပါတယ်။အစားအစာတချို့ဟာ ဝမ်းပျက်ခြင်းကို ပိုမိုဆိုးရွားစေပါတယ်။ အဆီများလွန်းတဲ့အစာတွေ၊ အပူအစပ်တွေ၊ နို့နဲ့နို့ထွက်ပစ္စည်း၊အမျှင်ဓာတ်များလွန်းတဲ့ စားစရာတွေဟာ ဝမ်းပျက်ခြင်းဖြစ်ဖို့ အားပေးပါတယ်။ဒါ့ပြင် အစားအသောက်သန့်ရှင်းရေးကိုလည်း ဂရုစိုက်ပါ။ ပိုးသတ်မထားတဲ့ အစားအသောက်တွေကို မစားပါနဲ့။ မစားခင်မှာ အစားအစာတွေကို ဂရုတစိုက်ဆေးကြောပါ၊ ချက်ပြုတ်ပါ။ ညစ်ပတ်တဲ့အစားအသောက်တွေဟာ ဘက်တီးရီးယား ပိုးမွှားတွေပါနိုင်ပြီး ဝမ်းလျှောစေနိုင်ပါတယ်။ဝမ်းပျက်ခြင်းဟာ ၂ရက်၃ရက်ကြာပြီးတဲ့ထိ မရပ်ဘူးဆိုရင် ဆရာဝန်ပြသင့်ပါတယ်။ မိမိဖာသာ ပိုးသတ်ဆေးများ၊ ဝမ်းပိတ်ဆေးများ သောက်သုံးခြင်း မပြုရပါဘူး။ ဆေးဝါတွေကြောင့် ဝမ်းပျက်ခြင်း ပိုဆိုးလာတတ်ပါတယ်။ ဆရာဝန်ဟာ လိုအပ်တဲ့ စစ်ဆေးစမ်းသပ်မှုတွေ ပြုလုပ်ပါလိမ့်မယ်။ဝမ်းပျက်တာ ကြာလာရင်တော့ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်ပေါ်စေနိုင်ပါတယ်။ နှစ်ရက်သုံးရက်ထက် ကျော်လွန်ပြီး ဝမ်းပျက်နေမယ်ဆိုရင်တော့ ဆရာဝန်ပြသင့်ပါတယ်။ ရေဓာတ် ဆိုးဆိုးရွားရွား ခမ်းခြောက်ခြင်းဟာ ကိုယ်ဝန်ကို ဒုက္ခပေးတတ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ရင် ပေါ်လာတဲ့လက္ခဏာတွေကတော့။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/pregnancy-diarrhea-remedies/
ရင်သွေးလေးမှာ အစာခြေစနစ်ပြဿနာရှိနေပြီဆိုတာကို သိနိုင်မယ့် လက္ခဏာများ
တကယ်လို့ သင့်ကလေးက သူ့ရဲ့ပန်းကန်ထဲမှာထည့်ပေးထားတဲ့ အစားအသောက်တွေကို မလှုပ်တလှုပ်နဲ့ ကုန်အောင်မစားတာနဲ့ပဲ ကလေးက အစားအသောက်ကြေးများတဲ့သူလို့မြန်မြန်ဆန်ဆန်ကြီးမဆုံးဖြတ်လိုက်ပါနဲ့။ ကလေးကအစားအသောက်တွေကို ဟက်ဟက်ပက်ပက်ကြီးမစားရတဲ့အကြောင်းအရင်းတွေက အများကြီးရှိနေနိုင်ပါတယ်။ အဖြစ်နိုင်ဆုံးသောအချက်တွေထဲကတစ်ခုကတော့ ကလေးရဲ့ အစာခြေစနစ်မှာ ပြဿနာရှိနေတာဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ မေးစရာတစ်ခုရှိလာနိုင်ပါတယ်။ ဒါကတော့ ကလေးမှာ အစာခြေစနစ်ပြဿနာရှိနေလားဆိုတာကို ဘယ်လိုသိနိုင်မှာလဲ ဆိုတဲ့အချက်ပါ။အစာခြေစနစ်ပြဿနာဖြစ်စေတဲ့အကြောင်းအရင်းတွေကဘာတွေများလဲ။ အစာခြေစနစ်ကိုပြဿနာဖြစ်စေတဲ့အကြောင်းအရင်းတွေကရောဂါပိုးကူးစက်တာ၊ အစားအစာဓါတ်မတည့်တာတွေကနေစလို့ဘေဘီလေးတွေကို အခင်းကြီးသွားတတ်အောင်လုပ်ဆောင်ပေးတဲ့အလေ့အကျင့်တွေအထိဖြစ်နိုင်ခြေတွေကတော့ အဆုံးအစမရှိပါပဲ။ ကလေးမှာခံစားနေရတဲ့ အစာခြေစနစ်ပြဿနာက သိပ်မပြင်းထန်ဘူးဆိုရင်ဆေးခန်းပြစရာမလိုဘဲ အိမ်မှာတင်ဘဲ ကုသလို့ရပေမယ့်အောက်မှာပြောပြမယ့်လက္ခဏာတွေထဲက တစ်ခုခုပဲဖြစ်နေပြီဆိုရင်တော့ တတ်ကျွမ်းနားလည်သူနဲ့ အမြန်ဆုံးသွားရောက်ပြသဖို့လိုမှာဖြစ်ပါတယ်။(၁) ဝမ်းလျှောခြင်း။(၂) ဝမ်းချုပ်ခြင်း။(၃)အော့အန်ခြင်း။(၄) ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း။(၅) GEDR (Gastro esophageal reflux) စားချဉ့်ပြန်ရောဂါ။စားချဉ့်ပြန်ရောဂါက ကလေးတွေအနေနဲ့ချောကလက်၊ ပူရှိန်း နဲ့ အဆီများတဲ့ အစားအစာတွေလိုမျိုး အစားအသောက်တွေကို မစားတော့ဘူးဆိုရင် သူ့အလိုလိုသက်သာသွားနိုင်ပါတယ်။ ကလေးမှာ အခုလိုမျိုးပြင်းထန်တဲ့ စားချဉ့်ပြန်ရောဂါလက္ခဏာတွေခံစားနေရမယ်ဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။(၆) အစာကြေခဲနေမယ်။အော့အန်တာ၊ ဗိုက်အောင့်တာ၊ဝမ်းချုပ်တာ နဲ့ ဝမ်းလျှောတာတွေကအောက်မှာပြောထားတဲ့ကျန်းမာရေးပြဿနာတွေရဲ့ လက္ခဏာတွေဖြစ်နိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%be%e1%80%ac-%e1%80%a1%e1%80%85%e1%80%ac%e1%80%81%e1%80%bc%e1%80%b1%e1%80%85%e1%80%94%e1%80%85/
မေမေ ဖြစ်လာရင် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပါ။
အိမ်ထောင်ကျပြီးပြီပဲ။ မေမေ ဖြစ်လာပြီပဲ လှနေဖို့ မလိုတော့ပါဘူးဆိုပြီး ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘဲ မနေလိုက်ပါနဲ့။ မေမေ ဖြစ်လာရင် ကိုယ့်ကိုယ်ကိုကျန်းမာဖို့ကစလို့ သပ်သပ်ရပ်ရပ် စမတ်ကျကျ ဖြစ်အောင် ပိုပြီး ဂရုစိုက်ဖို့ လိုပါမယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။အမျိုးသမီးတွေဟာ အိမ်ထောင်ကျသွားတဲ့အခါ အရင်ကလောက် ကိုယ့်ကိုယ်ကို အချိန် မပေးနိုင်တော့ပါဘူး။အသားအရေ ထိန်းသိမ်းဖို့ကို မဆိုထားနဲ့ စားသောက်ဖို့ ချက်ပြုတ်ချိန်မှာတောင် ခင်ပွန်းသည်အကြိုက် ချက်ပေးရင်း အဆင်ပြေသလို စားလိုက်မယ်လို့ တွေးမိကြတတ်သူတွေပါ။သားသမီးတွေအရေးကိုလည်း အရာရာတိုင်းထက် ဦးစားပေးတတ်ကြသူတွေပေါ့။ဒါကြောင့်လည်း မေမေလို့ ခေါ်တာပါ။ ကိုယ့်ကိုယ်ထက် အခြားသူတွေကို မေတ္တာအပြည့်နဲ့ ပိုဂရုစိုက်ပေးတတ်သူကို အမြတ်တနိုးနဲ့ ခေါ်ဖို့ သတ်မှတ်ပေးထားတဲ့ အမည်နာမလေးက“မေမေ”ဆိုတာပါ။မေမေ ဖြစ်လာရင် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပါ။ ဘာကြောင့် ဒီလိုပြောရလဲဆိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။တစ်မိသားစုလုံး ကျန်းမာပျော်ရွှင်နေအောင် ဆောင်ကြဉ်းပေးမယ့် လက်အစုံပိုင်ရှင်က မေမေပါ။ မေမေ ကိုယ်တိုင် ကျန်းမာမှသားသားမီးမီးတွေကိုရော ခင်ပွန်းသည်ကိုပါကျန်းမာပျော်ရွှင်အောင်ဂရုစိုက်ပေးနိုင်မှာပါ။နေ့စဉ် စားသုံးမှုမှာ အာဟာရမျှတအောင် စီစဉ်ပေးတာ၊ သားသားမီးမီးတွေရဲ့တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ပညာရေး၊ လူမှုရေး အားလုံးကို ထောင့်စေ့အောင် လုပ်ဆောင်ပေးနိုင်သူက မေမေပါ။မနက် အိပ်ရာထချိန်ကနေစလို့မနက်စာစားတာ၊ ကျောင်းသွား၊ အလုပ်သွားဖို့ ပြင်တာ၊နေ့လယ်စာအတွက် အာဟာရသင့်တင့်မျှတပြီး ကျန်းမာရေး ညီညွတ်အောင်ချက်ပြုတ်ထားတဲ့ စားဖွယ်ရာတွေကို ထမင်းချိုင့် ထည့်ပေးတာ အပါအဝင် ညနေ ရုံးကပြန်လာတဲ့ ဖေဖေကိုရော ကျောင်းကနေ ပြန်လာမယ့် သားသားမီးမီးလေးတွေကို အမောပြေစေအောင် အစစအရာရာ ပြင်ဆင်ဖန်တီးပေးနိုင်သူကလည်း မေမေ့အပြင် မရှိပါဘူး။အရသာရှိရှိ ညစာလေးနဲ့ မိသားစုလက်ဆုံ ထမင်းဝိုင်းလေးကို ဖန်တီးပေးနိုင်တာရောပေါ့။ဒီလိုမှလည်း နွေးထွေးပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးဖြစ်မှာ ဖြစ်သလိုကျန်းမာပျော်ရွှင် ထက်မြက်တဲ့ သားသားမီးမီးလေးတွေအဖြစ် ပျိုးထောင်ပေးနိုင်တော့မှာပေါ့။ဒါကြောင့် မေမေ ကိုယ်တိုင်က ကျန်းမာနေစေဖို့ လေ့ကျင့်ခန်းလုပ်တာ၊ အာဟာရမျှတအောင် သေချာ ဂရုတစိုက်စားတာ၊ အိပ်ချိန် ပုံမှန်ထားရှိတာလိုမျိုးကျန်းမာစေမယ့် အလေ့အထလေးတွေကို မွေးမြူပြီး ကိုယ့်ကိုယ်ကို သေချာ ဂရုစိုက်ဖို့ လိုပါမယ်။အပေါ်မှာ ပြောခဲ့သလို မိသားစုလေးကို သေချာ ဂရုစိုက်နိုင်ဖို့အတွက် မေမေက ကျန်းမာဖို့ လိုသလို သပ်သပ်ရပ်ရပ်နဲ့ လှပကြော့ရှင်းတဲ့ လူနေမှုပုံစံကို မွေးမြူဖို့လည်း လိုအပ်ပါသေးတယ်။ အကြောင်းကတော့ သားသားမီးမီးတို့ရဲ့ မြင်ဆရာ သင်ဆရာက မေမေ ဖြစ်နေလို့ပါပဲ။ချစ်ရတဲ့ သားသားမီးမီးတွေကို တစ်ကိုယ်ရေသန့်ရှင်းမှု အားကောင်းပြီး သပ်ရပ်သန့်ပြန့်စွာ နေထိုင်နိုင်စေဖို့နဲ့ ကျန်းမာရေး လိုက်စားတတ်သူတွေ ဖြစ်စေဖို့ မေမေကိုယ်တိုင်က သပ်ရပ်သန့်ရှင်းစွာ နေထိုင်ဖို့ လိုပါမယ်။ ဒါမှလည်း သူတို့ရဲ့ စံပြဖြစ်တဲ့ မေမေနေထိုင်ပြုမူသလို သားသားမီးမီးတွေက နေထိုင်တော့မှာပေါ့။ ဒါကြောင့် မေမေတစ်ယောက်ဖြစ်လာပြီဆိုရင် သားသားမီးမီးတွေအတွက် အကောင်းဆုံး စံပြဖြစ်ဖို့နဲ့ ဘေဘီလေးတွေကို အကောင်းဆုံး စောင့်ရှောက်ပျိုးထောင်နိုင်ဖို့ မေမေတို့ ကိုယ့်ကိုယ်ကိုစိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ပြည့်စုံကျန်းမာအောင် သေချာ ဂရုစိုက်ပါ။ဒါကြောင့်မို့လို့ မေမေ ဖြစ်လာရင်ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပါ။ လို့ ပြောရတာပါ။ ကဲ ….. ပျော်ရွှင်ကျန်းမာတဲ့ မိသားစုလေး ဖြစ်စေဖို့အတွက် ကိုယ့်ကိုယ်ကို သေချာလေး ဂရုစိုက်ပါ လေဒီမေမေတို့ရေ …….။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/self-care-for-moms-shouldnt-be-optional/
ကျောရိုးထိခိုက်ခြင်းအတွက် သင်ဘာတွေသိထားသလဲ
ခါးနာနေတယ်၊ လှုပ်ရှားလို့မကောင်းဘူး။ ကြာကြာမထိုင်နိုင်ဘူးဆိုတဲ့ ညည်းသံက ခဏခဏကြားရတတ်ပါတယ်။ ခါးနာတယ်ပဲ သိကြတာ။ကျောရိုးမှာ ဘာပြဿနာရှိနေလဲ၊ ခါးနာရတဲ့အကြောင်းရင်းကဘာလဲဆိုတာကရောဂါရှာဖွေစစ်ဆေးမှသာ သိနိုင်ကြမှာပါ။ခါးနာခြင်းအတွက် ရောဂါရှာဖွေစစ်ဆေးတဲ့အခါ အဓိကနည်းလမ်းသုံးမျိုးရှိနိုင်ပါတယ် –။ခါးနာ၊ကျောရိုးနာတဲ့အခြေအနေပေါ်မူတည်ပြီးနာကျင်မှုသက်သာဖို့ သောက်သုံးနိုင်တဲ့ဆေးဝါးတွေကို ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ကျောရိုးနာသောအခြေအနေကိုထိရောက်စွာဖြေရှင်းနိုင်ဖို့ ကျန်းမာရေးအသိပညာလိုအပ်ပါတယ်။ လှုပ်လှုပ်ရှားရှားနေဖို့၊စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုနည်းအောင်နေထိုင်ဖို့၊ နောက်ပိုင်းမှာ ထပ်မထိခိုက်မိအောင် သတိထားဖို့ စတာတွေကို အသိပညာပေးသင့်ပါတယ်။ကိုယ်ကာယလေ့ကျင့်ခန်းတွေက ခါးနဲ့ကျောရိုးနာခြင်းကိုကုသရာမှာ သိပ်အရေးကြီးပါတယ်။ ပြန်လည်သန်စွမ်းရေးကျွမ်းကျင် ပညာရှင်များက အနာသက်သာစေရန်ကုသမှုအမျိုးမျိုး ပေးပါလိမ့်မယ်။ အနာသက်သာပြီဆိုရင် ကျောရိုးနဲ့ဗိုက်မှာရှိတဲ့ ကြွက်သားများပြန်လည်သန်စွမ်းလာစေမယ့် လေ့ကျင့်ခန်းတွေသင်ကြားပေးပါလိမ့်မယ်။သိပ်အဖြစ်မများပေမယ့် တစ်ခါတလေ ခွဲစိတ်ကုသဖို့လိုအပ်လာနိုင်ပါတယ်။ ကျောရိုးနာပြီးခြေထောက်တစ်လျှောက်နာကျင်နေတဲ့ အခါ သို့ ကြွက်သားအားနည်းလာတဲ့အခါတွေမှာ ခွဲစိတ်ကုသပါက သက်သာနိုင်ပါတယ်။ ကျောရိုးနဲ့ အာရုံကြောမ ဖွဲ့စည်းပုံမမှန်တဲ့အခြေအနေတွေဆိုရင် ခွဲစိတ်ကုသသင့်ပါတယ်။အာရုံကြောထိခိုက်ခြင်း သို့မဟုတ် တခြားရောဂါတစ်ခုခု၊ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာပြီလို့ ညွှန်ပြနေတာဖြစ်လို့ အမြန်ဆုံးကုသဖို့ လိုအပ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/back-bone-injury/
အဆစ်တွေ ချိုးတဲ့အကျင့် နဲ့ပတ်သက်လို့
လူ့ခန္ဓာကိုယ်မှာလက်ချောင်း၊ခြေချောင်းလေးတွေကနေစလို့ဒူး၊လည်ပင်းနဲ့ အစိတ်အပိုင်းတွေကိုကောင်းစွာလှုပ်ရှားနိုင်စေဖို့ အဆစ်တွေနဲ့ဖွဲ့စည်းထားတာပါ။ ဒီအဆစ်တွေကို ညောင်းတဲ့အခါမှာ ဂျွတ်ခနဲ မြည်အောင်ချိုးတတ်ကြတယ်နော်။ ဒီအလေ့အထကို လူတော်တော်များများ ၁၀၀ မှာဆိုရင် ၄၅ ရာခိုင်နှုန်းလောက် အလေ့အထတစ်ခုလိုကို လုပ်နေတတ်ကြပါတယ်။ ဒီလိုအဆစ်တွေကို အညောင်းပြေအောင်ဆိုပြီး အဆစ်တွေ ချိုးတဲ့အကျင့် က အဆစ်ရောင်ဝေဒနာကိုဖြစ်စေနိုင်တယ်ဆိုတဲ့ ပြောစကားကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒါက ယုံတမ်းစကားလား၊ တကယ်လား ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေ။အဆစ်တွေ တော်တော်များများထဲမှာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အကောင်းဆုံး လှုပ်ရှားနိုင်စေဖို့အတွက် လုပ်ဆောင်ပေးတဲ့ ချောဆီတွေ ဖြည့်ထားတဲ့ အိတ်ငယ်လေးတွေ ရှိနေပါတယ်။ စက်ပစ္စည်းတွေ လည်ပတ်မှုကောင်းအောင် အမဲဆီ၊ချောဆီတွေက လုပ်ဆောင်ပေးသလိုမျိုးပေါ့။ ဒီအရည်တွေက အဆစ်တွေလှုပ်ရှားတိုင်းမှာ အဆင်ပြေပြေ လှုပ်ရှားနိုင်ဖို့ လုပ်ဆောင်ပေးပါတယ်။အဆစ်တွေကိုဆွဲလိုက်တဲ့အခါမှာဖြစ်ဖြစ် ချိုးလိုက်တဲ့အခါမှာဖြစ်ဖြစ် အရိုးတွေတစ်ခုနဲ့ တစ်ခုကြားမှာရှိတဲ့နေရာလွတ်လေးက ဟသွားပြီး အသံတွေထွက်လာတာပါ။ ဒါက တကယ်တော့အဆစ်တွေအပေါ်မှာ မကောင်းတဲ့ဖိအားတွေသက်ရောက်စေတာပါ။ အဆစ်တွေချိုးတာက တကယ်တော့ကောင်းတာထက် ဆိုးတာကပိုများစေတယ်လို့ပြောရပါမယ်။ အဆစ်တွေချိုးတာကို နေ့စဉ်အလေ့အထတစ်ခုလို လုပ်နေမယ်ဆိုရင်တော့အာရုံကြောတွေထိခိုက်စေနိုင်ပါတယ်။ အချို့ကတော့ ဒီလိုချိုးလိုက်မှာနေသာထိုင်သာရှိသွားတယ်လို့ဆိုပါတယ်။အဆစ်တွေ ချိုးတဲ့အကျင့် နဲ့ပတ်သက်လို့ ဒါလေးတွေ သိပြီးပြီလား ! မသိသေးဘူးဆိုရင်တော့ ဒါလေးကို ဖတ်ကြည့်ဖို့ လိုပါမယ်။ အဆစ်တွေကိုချိုးတဲ့အခါ။အဆစ်တစ်ခုနဲ့တစ်ခုကြားမှာနေရာလပ်တိုးသွားနိုင်ပါတယ်။ ဒီလိုလုပ်ဆောင်မှုက အဆစ်တွေကြားက ချောဆီအဖြစ်လုပ်ဆောင်ပေးတဲ့ အရည်တွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီအနေအထားက ဘာနဲ့တူသလဲဆိုရင်လေပူဖောင်းတစ်ခုကို လေတင်းနေအောင်ဖြည့်ပြီး မပေါက်မချင်းနံရံနဲ့ဖိပြီးဖောက်သလိုဖြစ်သွားနိုင်ပါတယ်။အဆစ်တွေချိုးတာက ကြီးကြီးမားမားပြဿနာမရှိပေမယ့် အခန့်မသင့်တဲ့အခါအဆစ်လွဲသွားတာ၊အရွတ်တွေထိခိုက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုအဆစ်ချိုးတာက အချိန်ကြာလာတာနဲ့အမျှ အဆစ်တွေမှာ ထိခိုက်မှုတွေများလာပြီး အဆစ်တွေအားနည်းလာတာမျိုးအထိဖြစ်စေနိုင်ပါတယ်။ အဆစ်တွေချိုးတာကတစ်ရှူးပျော့တွေကိုရောင်ရမ်းထိခိုက်စေနိုင်ပါတယ်။အဆစ်ချိုးတဲ့အခါ ထွက်လာတဲ့အသံက အရွတ်တွေတင်းနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ တစ်ခါတလေအရမ်းတောင့်တင်းနေချိန်မှာ အဆစ်တွေကို ချိုးလိုက်မိမယ်ဆိုရင် အရွတ်ရောင်သွားတာ၊ အဆစ်လွဲသွားတာ၊အကြောညပ်သွားတာလိုမျိုးအရိုးအကြောဆိုင်ရာပြဿနာတွေဖြစ်နိုင်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/knuckle-cracking/
ဖျော်ရည်ဖြင့် ကိုယ်အလေးချိန်လျှော့ချခြင်း
ကိုယ်အလေးချိန်လျှော့ချဖို့ ထိရောက်တဲ့ နည်းလမ်းကိုရှာရတာဟာလူအတော်များများကြားမှာထင်ရှားတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။ ဒီခေတ်ကြီးမှာလူတွေဟာဖျော်ရည်သောက်ပြီးကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားလာကြပါတယ်။သို့သော်ဒါဟာထိရောက်မှု ရှိမရှိကိုတွေဝေနေကြတုံးပါပဲ။ သင့်မှာအလားတူမေးခွန်းရှိနေရင် ဒီဆောင်းပါးဟာအသုံးဝင်တဲ့ အချက်အလက်တွေ ပြောပြမှာဖြစ်ပါတယ်။ကိုယ်အလေးချိန် တစ်ပေါင် ပိုတက်လာလေလေမတူညီတဲ့ ကျန်းမာရေး ပြဿနာတွေ အခု၅၀လောက် ပိုရင်ဆိုင်ရလာလေလေ ဖြစ်ပါတယ်။ ဟားဗတ် တက္ကသိုလ်မှလေ့လာမှုတစ်ခုအရကိုယ်အလေးချိန်များတဲ့ (သို့) အဝလွန်တဲ့သူတွေဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကင်ဆာနဲ့ စိတ်ကျရောဂါတို့ကိုပိုမိုခံစားရဖွယ်ရှိတယ်လို့ ဖော်ပြပါတယ်။ကိုယ်အလေးချိန်နဲ့ စိတ်ကျခြင်း – ၂၀၁၀မှာ ထုတ်ဝေခဲ့တဲ့ စိတ်ကျန်းမာရေးလေ့လာမှုတစ်ခုအရအဝလွန်ခြင်းဟာပုံမှန်ကိုယ်အလေးချိန်ရှိတဲ့သူတွေနဲ့ ယှဉ်ရင် စိတ်ကျရောဂါဖြစ်နိုင်ခြေကို ၅၅ရာခိုင်နှုန်းပိုမိုဖြစ်ပွားနိုင်တယ်လို့ဆိုပါတယ်။ကိုယ်အလေးချိန်နှင့် ကင်ဆာ – အင်္ဂလန် ဆေးပညာဂျာနယ်တစ်ခုမှာထုတ်ဝေခဲ့တဲ့လေ့လာမှုတစ်ခုကအဝလွန်ခြင်းနဲ့ ကင်ဆာအတော်များများရဲ့ ဆက်နွယ်မှုကိုဖော်ပြခဲ့ပါတယ်။ အမျိုးသားရောအမျိုးသမီးမှာပါ အဝလွန်ခြင်းဟာအစာပြွန်၊ အူမကြီး၊ အစာဟောင်းအိမ်၊ အသည်းနဲ့ ကျောက်ကပ်ကင်ဆာတို့ကို ဖြစ်နိုင်ချေ ပိုမိုများပြားစေပါတယ်။အမျိုးသားတွေမှာ အစာအိမ် (သို့) ဆီးကျိတ်ကင်ဆာအပြင်းအထန် ခံစားနေရသူတွေဟာ ကိုယ်အလေးချိန်များသူ (သို့) အဝလွန်သူတွေ ဖြစ်ကြပါတယ်။ အမျိုးသမီးတွေမှာတော့ အဝလွန်ခြင်းဟာ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ သားဥအိမ်ကင်ဆာတို့ကနေ သေနှုန်းပိုမို မြင့်မားစေပါတယ်။ကိုယ်အလေးချိန်နဲ့ ဘဝသက်တမ်း – အဝလွန်ခြင်းဟာသင့်ဘဝရဲ့ နှစ်ပေါင်းများစွာကိုယူဆောင်သွားမှာပါ။ အင်္ဂလန် ဆေးပညာဂျာနယ်ကလေ့လာမှုတစ်ခုအရအသက် ၅၀ ကနေ ၇၁နှစ်အရွယ်မှာကိုယ်အလေးချိန်များတဲ့လူတွေဟာအခြားသူတွေထက် ပိုမိုမြန်ဆန်တဲ့ သေဆုံးခြင်းကိုကြုံရတတ်တယ်လို့ ဆိုပါတယ်။ အဝလွန်တဲ့ လူတွေကြားမှာလည်းသေနှုန်းဟာ နှစ်ဆကနေသုံးဆအထိပိုမိုများပြားပါတယ်။အဝလွန်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းများစွာရှိပါတယ်။ကာဘိုဟိုက်ဒရိတ်နည်းပါးတဲ့ အစားအစာစားသုံးခြင်း၊ ဘီယာနှင့်အရက် စွဲလမ်းမှုမှ ရှောင်ကြဉ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ သောက်သုံးခြင်းနဲ့ တရားထိုင်ခြင်းအစရှိတဲ့ အရာတွေနဲ့ ကိုယ်အလေးချိန်ကို ကြိုးစားလျှော့ချ နိုင်ပါတယ်။လူသိများတဲ့ အခြားကိုယ်အလေးချိန်လျှော့နည်းကတော့ အစာစိမ်းလို့ လူသိများတဲ့ ဖျော်ရည်သောက်ခြင်းပဲ ဖြစ်ပါတယ်။ အသီးဖျော်ရည်ကိုသောက်ခြင်းအားဖြင့် ခန္ဓာကိုယ်ကအဆိပ်အတောက်တွေ ထွက်စေပြီးလိုအပ်တဲ့ အာဟာရတွေ ပြန်လည်ရရှိတာမို့ကောင်းမွန်တဲ့ကျန်းမာရေးအခြေအနေကိုပြန်လည်ထိန်းသိမ်းထားနိုင်ပါတယ်။The Miracle of Fastingစာအုပ်ရေးသူ Paul and Patricia Bragg က အစားမစားဘဲနေခြင်းဟာ ခန္ဓာကိုယ်ကအဆိပ်အတောက်တွေကိုရှင်းထုတ်သန့်စင်ခြင်းဖြစ်ပါတယ်လို့ ဆိုပါတယ်။ဒါပေမယ့် ဒါဟာ ရေတိုနည်းလမ်းပဲ ဖြစ်ပြီး ရေရှည်မျာတော့ အစာအုပ်စု စုံစုံလင်လင်ကို မျှမျှတတနဲ့ သင့်တော်တဲ့ပမာဏစားတာက အကောင်းဆုံး ဖြစ်မှာပါ။အောက်ဖော်ပြပါ စာရင်းကတော့ ကိုယ်အလေးချိန်လျှော့ချဖို့ သောက်သုံးနိုင်တဲ့အသီးဖျော်ရည်တွေဖြစ်ပါတယ်။ကိုယ်အလေးချိန်များခြင်း (သို့) အဝလွန်ခြင်းဟာကျန်းမာရေးနဲ့ ကိုယ်ခန္ဓာကို ဆိုးကျိုးတွေ အများကြီးသယ်ဆောင်လာတတ်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုလှုပ်ရှားမှုတွေ လုပ်ရမယ် (သို့) ဘယ်လိုအသီးဖျော်ရည်က သင့်ကျန်းမာရေးအတွက် အသင့်တော်ဆုံးဖြစ်တယ် ဆိုတာကို သေချာရွေးချယ်သင့်ပါတယ်။ တကယ်လို့ မသေချာဘူးဆိုရင်တော့ ဆရာဝန်ဆီကအကြံဉာဏ်ကိုတောင်းခံသင့်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/%e1%80%96%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9b%e1%80%8a%e1%80%ba%e1%80%96%e1%80%bc%e1%80%84%e1%80%b7%e1%80%ba-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%a1%e1%80%9c%e1%80%b1%e1%80%b8/
ပါးစပ်နဲ့ ဆက်ဆံပြီးရင် သွားတိုက်ဖို့ လိုသလား
လိင်ဆက်ဆံတဲ့အခါ မိန်းမကိုယ်အပြင် စအိုတို့၊ ပါးစပ်တို့နဲ့ပါ ဆက်ဆံတတ်ကြပါတယ်။ မိန်းမကိုယ်တို့၊ စအိုတို့ဆိုရင် ဆက်ဆံပြီးတဲ့အခါ ရေနဲ့ သေချာဆေးကြသလို ပါးစပ်နဲ့ ဆက်ဆံ ပြီးရင် ချက်ချင်းသွားတိုက်တတ်ကြပါတယ်။ တကယ်တော့ အဲ့တာက မလုပ်ရပါဘူးတဲ့။ ပါးစပ်နဲ့ ဆက်ဆံပြီးရင် သွားတိုက်ဖို့ မလောစေချင်တာ ခုပြောမဲ့ အချက်တွေကြောင့်ပါ။ပါးစပ်နဲ့ ဆက်ဆံ တာက စအိုတို့၊ မိန်းမကိုယ်တို့နဲ့ယှဉ်ရင် ရောဂါပိုးကူးစက်နိုင်ခြေ နည်းပါတယ်။ ဒါပေမဲ့ လုံးဝမကူးနိုင်တာတော့ မဟုတ်ပါဘူး။ ပါးစပ်နဲ့ ဆက်ဆံရာကနေ ကူးနိုင်တဲ့ ရောဂါပိုးတွေကတော့။အထူးသဖြင့် လိင်အင်္ဂါမှာ ဒါမှမဟုတ် ပါးစပ်မှာ ပေါက်ပြဲဒဏ်ရာတွေ ရှိရင် ကူးနိုင်ခြေ ပိုများပါတယ်။ အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ကူးစက်နိုင်ပါတယ်။သွားတိုက်လိုက်တဲ့အခါ သွားဖုံးနဲ့ ခံတွင်းမှာ အနည်းနဲ့ အများတော့ ပွန်းပဲ့တာ ဖြစ်သွားပါတယ်။ ကိုယ်ကတော့ သတိထားမိချင်မှ သတိထားမိမှာပါ။ ပါးစပ်နဲ့ ဆက်ဆံထားတဲ့အခါ ပိုပြီး သန့်သွားအောင်ဆိုပြီး ခပ်ကြမ်းကြမ်းတိုက်တတ်တော့ ပွန်းပဲ့တာတွေက သာမန်ထက်တောင် ပိုများနိုင်ပါတယ်။ဒီလို ပွန်းပဲ့ရာတွေက ရောဂါပိုးတွေကို အလွယ်တကူ ဝင်စေနိုင်ပါတယ်။ သူ့ဟာသူထားလိုက်ရင် ပြဿနာမရှိဘဲ ကိုယ်က သွားတိုက်လိုက်မှ ပွန်းပဲ့ရာတွေ ဖြစ်ပြီး ရောဂါပိုးဝင်နိုင်ခြေ ပိုများသွားနိုင်ပါတယ်။တချို့ကလည်းပါးစပ်ထဲကို သုက်ရည်တွေ ဝင်သွားလို့ ကိုယ်ဝန်ရမှာစိုးလို့ လက်ထိုးအန်တာ၊ သွားတိုက်တာတွေ လုပ်ကြပါတယ်။ ပါးစပ်နဲ့ ဆက်ဆံတာ၊ သုက်ရည်မျိုချမိတာတွေက ကိုယ်ဝန်မရစေပါဘူး။ ဒါကြောင့် ဒါတွေ လုပ်စရာ မလိုပါဘူး။ပါးစပ်နဲ့ ဆက်ဆံ ပြီးပြီးခြင်းမှာ ရိုးရိုးရေနဲ့ပဲ ပလုပ်ကျင်းပါ။ နာရီဝက်လောက်နေမှ သွားတိုက်ပါ။လူမှုရေးပြဿနာနဲ့ ကျန်းမာရေးပြဿနာတွေ မဖြစ်စေဖို့။ခံတွင်းကနေရောဂါပိုး မကူးစေဖို့။ဒါတင်မကသေးပါဘူး။ ကိုယ့်ရဲ့ ခံတွင်းကျန်းမာရေးကို ပုံမှန်စစ်ဆေးပါ။ ကိုယ်မသိလိုက်ဘဲ အထဲမှာ ရောဂါတစ်ခုခု ဖြစ်နေတာမျိုး ရှိနိုင်လို့ပါ။ ဒါ့ပြင် လိင်ကူးစက်ရောဂါတွေကိုလည်း ပုံမှန်စစ်ဆေးပါ။ လက္ခဏာတွေရှိတယ်လို့ သံသယရှိတဲ့အခါ ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူပါ။# ပါးစပ်နဲ့ လိင်ဆက်ဆံပြီးရင် သွားတိုက်ဖို့ လိုမလား!။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/brushing-teeth-after-oral-sex/
လှုပ်မယ်ကြံတိုင်း အဆစ်အမြစ်တွေ တောင့်တင်းနာကျင်နေတာ ဘာကြောင့်လဲ
ငြိမ်နေတော့အကောင်းသား လှုပ်ရှားလိုက်မှ အီးအဲအသံမျိုးစုံထွက်ရတာ၊ တကျွတ်ကျွတ်နဲ့ အကြောအခြင်တောင့်တင်းနာကျင်နေရတာတွေ ကြုံဖူးကြမှာပါ။ ချက်ချင်းပေါ့ပေါ့ပါးပါးမလှုပ်ရှားနိုင်တာ အသက်ကြီးသူတွေမှမဟုတ်ပါဘူး၊ လူငယ်တွေပါဖြစ်လာတာတွေ့ရပါတယ်။ အလုပ်မှာအထိုင်များတဲ့သူတွေရှေ့ဆုံးကပေါ့။ ခါးတွေတောင့်မယ်၊ဇက်ကြောတွေတောင့်မယ်၊ လမ်းထလျှောက်ရင်ပေါင်တွေတောင့်လို့ဖြည်းဖြည်းချင်းလှုပ်ရှားရတာမျိုး။ရုတ်တရက်လှုပ်ရှားလိုက်တဲ့အခါ အဆစ်အမြစ်တွေ တောင့်တင်းနာကျင်နေရတဲ့ အကြောင်းရင်းတချို့ကို ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး။အသက်အရွယ်ကြီးလာတာနဲ့အမျှ အရိုးထိပ်မှာအကာအကွယ်ပေးထားတဲ့အရိုးနုလွှာက စတင် ခြောက်သွေ့ပြီးတောင့်တင်းလာပါတယ်။ အရိုးအဆစ်တွေကိုချောမွေ့စွာလှုပ်ရှားနိုင်ဖို့ခန္ဓါကိုယ်က ထုတ်ပေးနေကျsynovial fluidတွေလျော့နည်းလာလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် လှုပ်ရှားတဲ့အခါ အဆင်မပြေတော့ဘဲ ဂျိုးဂျိုးဂျွတ်ဂျွတ်တွေ အသံမြည်လာတာပေါ့။နာရီအတော်ကြာအိပ်ပျော်နေတဲ့အခါ အရိုးအဆစ်တွေလှုပ်ရှားမှုလွယ်ကူစေဖို့ထုတ်ပေးတဲ့synovial fluidအရည်ဓါတ်က လုပ်ဆောင်ချက်သိပ်မရှိပါဘူး။ ဒါ့ကြောင့် အိပ်ရာထကာစမှာ ဒူးတွေ၊ လက်တွေ လှုပ်ရှားရတောင့်တင်းနေတာပေါ့။ အိပ်ရာထမှာ အညောင်းဆန့်တာ၊ အကြောလျှော့တာတွေလုပ်ကြတာ ဒါကြောင့်ပါ။အရိုးတွေကြားကအဆစ်မှာ ဖုံးအုပ်ထားတဲ့အရိုးနုလွှာ ပါးလာတဲ့အခါ ဒါမှမဟုတ် ထိခိုက်ထားတဲ့အခါ အရိုးတွေကြားမှာပွတ်တိုက်မိပြီး နည်းနည်းချင်း ပွန်းစေနိုင်ပါတယ်။အရိုးအဆစ်နာအတွက် အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေးလို့ အလွယ်တကူသောက်လို့ရတဲ့ဆေးတွေကိုအားကိုးကြပါတယ်။ ဒါမှမရရင် ဆရာဝန်တွေက ထိုးဆေးပေးနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေအလွန်အကျွံသုံးစွဲရတဲ့အခါ ကြွက်သားတွေကိုအားနည်းစေနိုင်ပါတယ်။လက်ကောက်ဝတ်နဲ့လက်ချောင်းအဆစ်တွေမှာ အများဆုံးသိသာတတ်ပေမယ့် တခြားအဆစ်တွေမှာလည်း နာကျင်ကိုက်ခဲရတဲ့လေးဘက်နာအဆစ်ရောင်ရောဂါကလည်း အကြောင်းရင်းဖြစ်နိုင်ပါတယ်။ လေးဘက်နာဖြစ်ရင် အဆစ်တွေအမြဲတမ်း နာကျင်၊တောင့်တင်းနေစေနိုင်ပါတယ်။ တစ်ခါတလေတော့ရောဂါကငြိမ်နေပြီး မကြာမကြာမှ လက္ခဏာပေါ်လာတတ်ပါတယ်။ရာသီဥတုအေးလာပြီဆိုအရိုးအဆစ်ေတွလှုပ်ရှားရမကောင်းတော့ဘူးဆိုတာ လူကြီးမိဘတွေဆီက ကြားဖူးကြမှာပါ။ ရာသီဥတုပြောင်းလဲတဲ့အခါ အရိုးအဆစ်နာခြင်းက ပိုဆိုးလာတာများပါတယ်။လေးဘက်နာသမားတွေ ရာသီဥတုအေးရင် ပိုကိုက်ခဲကြတာတွေ့ရများပါတယ်။နာတာရှည်ဖြစ်တတ်တဲ့ ဒီရောဂါကြောင့် အရိုးအဆစ်နဲ့ကြွက်သားတွေနာကျင်ကိုက်ခဲစေနိုင်တဲ့အပြင် အိပ်စက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာနဲ့ မှတ်ဉာဏ်ပိုင်းပြဿနာတွေပါရှိတတ်ပါတယ်။ရောဂါတစ်ခုခု၊ ခွဲစိတ်မှု၊ စိတ်ဖိစီးမှုပြင်းထန်တာတွေနောက်ပိုင်းမှာဒီဝေဒနာပိုဆိုးစေတတ်ပါတယ်။အရိုးအဆစ်ကို ထိခိုက်မှုတခုခုရှိထားတယ်ဆိုရင်ရောင်ရမ်းခြင်းနဲ့တောင့်တင်းနာကျင်ခြင်းတွေဖြစ်နေမှာပါပဲ။ အရိုးအဆစ်တွေကို အသုံးပြုရများလွန်းရင်၊ လှုပ်ရှားမှုပုံစံမမှန်ရင်လည်း အရွတ်ပါထိခိုက်ပြီး ဒီလိုတွေဖြစ်စေနိုင်ပါတယ်။လှုပ်ရှားမှုရှိပါစေ။အရိုးအဆစ်တွေကိုလှုပ်ရှားတာများလေ၊တောင့်တင်းနာကျင်နေဖို့အခွင့်အလမ်းနည်းလေပါပဲ။ အိမ်ရှေ့ခဏလောက်လမ်းထွက်လျှောက်တာ၊ အပင်လေးတွေစိုက်တာလောက်နဲ့လည်း ကိုယ်လက်လှုပ်ရှားမှုဖြစ်ပါတယ်။ အထိုင်များတဲ့အလုပ်ဆိုလည်း ဟိုဟိုဒီဒီနည်းနည်းလမ်းလျှောက်ပေးတာ၊ခြေဆန့်လက်ဆန့်အကြောလျှော့တာတွေ လုပ်ပေးပါ။ ပိတ်ရက်တွေမှာဖြစ်ဖြစ်၊ မနက်အစောပိုင်းဖြစ်ဖြစ်လေ့ကျင့်ခန်းအနည်းငယ်လုပ်ပေးရင် အရိုးအဆစ်တွေကိုထောက်ပံ့ပေးတဲ့ကြွက်သားတွေကိုသန်မာစေပြီး အရိုးတွေလည်းသန်မာစေမယ်၊ ဟန်ချက်ထိန်းနိုင်စွမ်းပိုကောင်းစေမယ်၊ ကယ်လိုရီလောင်ကျွမ်းစေတယ်။ လှုပ်ရှားလေပိုဆိုးလေဖြစ်ရင်တော့ ချက်ချင်းရပ်ပြီးဆရာဝန်ပြပါ။အပူကုထုံး။မနက်ပိုင်းအဆစ်အမြစ်ေတာင့်တင်းနေတယ်ဆိုရေနွေးလေးနဲ့ရေချိုးကြည့်ပါ။သွေးလည်ပတ်မှုကောင်းစေပြီး အကြောအခြင်တွေပြေလျော့စေပါတယ်။ရေနွေးအိတ်လေးကပ်ပေးလည်းရပါတယ်။အအေးကုထုံး။နာကျင်နေတဲ့အဆစ်ကိုရေခဲကပ်လို့ရပါတယ်။သွေးကြောတွေကိုကျဉ်းစေပြီး နာကျင်နေတဲ့ဧရိယာမှာသွေးလည်ပတ်မှုနှေးစေတဲ့အတွက်ရောင်ရမ်းမှုကိုလျော့စေပါတယ်။ ရေခဲကိုပုဝါတစ်ခုနဲ့ပတ်ပြီး နာတဲ့နေရာမှာ ကပ်ပေးပါ။ ဒါပေမယ့် တစ်ကြိမ်မှာ မိနစ် ၂၀ ထက်မပိုပါစေနဲ့။တကယ်လို့ …။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%a1%e1%80%86%e1%80%85%e1%80%ba%e1%80%a1%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%90%e1%80%bd%e1%80%b1-%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba%e1%80%90%e1%80%84%e1%80%ba%e1%80%b8/
ကလေးအစာခြေစနစ်အတွက်အရေးပါတဲ့ အာဟာရ
လူ့ခန္ဓါကိုယ်ရဲ့အစာခြေစနစ် အတွင်းမှာ အဏုဇီဝပိုးမွှားလေးတွေ ထရီလျံနဲ့ချီပြီး ရှိနေပါတယ်။ အဲဒီထဲမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့မှိုပိုးတွေ ပါဝင်ပါတယ်။ ဘက်တီးရီးယားဆိုတာနဲ့ မကောင်းတာမဟုတ်ပါဘူး။ တချို့ဘက်တီးရီးယားတွေက အစာကိုချေဖျက်ပြီး အာဟာရဓါတ်စုပ်ယူဖို့ အထောက်အကူပေးတာကြောင့် ခန္ဓါကိုယ်အတွက်ကောင်းကျိုးပြုပါတယ်။ ဒီလိုအကျိုးပြုဘက်တီးရီးယားတွေကိုProbiotics လို့ခေါ်ပါတယ်။Probioticsတွေက အူလမ်းကြောင်းမှာ လုံလောက်တဲ့အရေအတွက်ရှိနေမှ အစာခြေစနစ်ကောင်းမွန်ပြီး ကျန်းမာစေမှာဖြစ်ပါတယ်။Probioticsတွေအတွက်က lcFOS လို Prebioticsတွေလိုအပ်ပါတယ်။Prebiotics ဆိုတာ အူထဲမှာချေဖျက်စုပ်ယူလို့မရပေမယ့် အစာခြေလမ်းကြောင်းထဲမှာကျန်ရှိနေပြီး အူတွင်းဘက်တီးရီးယားတွေအတွက် အာဟာရအဖြစ်ထောက်ပံ့ပေးတဲ့ ကာဗိုဟိုက်ဒရိတ်တွေ သို့မဟုတ် အမျှင်ဓါတ်တွေဖြစ်ပါတယ်။lcFOS ဆိုတာprebiotic တစ်မျိုးဖြစ်တဲ့long chain fructo-oligosaccharides ရဲ့ အတိုကောက်ဖြစ်ပါတယ်။ မိခင်နို့ နဲ့ နို့မှုန့်တချို့မှာ ပါရှိတဲ့ lcFOS က ကလေးရဲ့အူမကြီးအတွင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့လုပ်ဆောင်ချက်ကို နှိုးဆွပေးနိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့်ပဲ ကလေးတွေမှာ ဝမ်းမှန်စေပြီးမွေးကင်းစအရွယ်ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။Prebioticsတွေက အစာချေဖျက်နိုင်စွမ်းနဲ့ အာဟာရနဲ့သတ္တုဓါတ်တွေစုပ်ယူနိုင်စွမ်းကိုကောင်းမွန်စေတဲ့အပြင် ခွန်အားတိုးစေပြီး ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ပါတယ်။အကျိုးပြုဘက်တီးရီးယား Probiotics နဲ့ သူတို့ရဲ့အာဟာရဖြစ်တဲ့Prebioticsတွေက ကလေးရဲ့ကျန်းမာရေးအတွက် အထူးသဖြင့် အူလမ်းကြောင်းကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ကလေးရဲ့ကျန်းမာရေးကောင်းမွန်စေဖို့Prebioticsနေ့စဉ်စားသုံးဖို့လိုအပ်ပါတယ်။ ဂျုံပြောင်းနှံတွေ၊ သစ်သီး၊ အသီးအရွက်တွေနဲ့ တခြားအမျှင်ဓါတ်များတဲ့အစားအစာတွေကနေ ရရှိနိုင်တယ်ဆိုပေမယ့် ကလေးတွေအတွက်ကတော့ နို့ကနေပဲ ရရှိနိုင်မှာပါ။ ဒီဓါတ်ဟာ မိခင်နို့မှာ ပါဝင်ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် မိခင်နို့မသောက်သုံးရတဲ့ ကလေးတွေအတွက်Prebiotics ပါတဲ့ နို့မှုန့်ကိုရွေးချယ်မှ ကလေးရဲ့အစာခြေစနစ်အတွက် စိတ်ချရမှာဖြစ်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%a1%e1%80%ac%e1%80%9f%e1%80%ac%e1%80%9b%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%a1%e1%80%b1%e1%80%9b%e1%80%b8%e1%80%95%e1%80%ab%e1%80%90%e1%80%b2/
ဒူးနာတာ ကို ကုသတဲ့နေရာမှာသုံးတဲ့ ဒူးဆစ်ထဲထိုးသွင်းတဲ့ ဆေးရည်တွေ ဆိုတာ ဘာလဲ ။ ။
ဒူးနာလို့ ဆေးခန်းသွားရင် ဒူးနာတာကို သက်သာစေဖို့အတွက် ဆေးရည်တွေဒူးဆစ်ကြားထဲ ထိုးသွင်းတဲ့ကုသမှု မျိုးခံယူဖူးပါသလား။ အရပ်ထဲမှာဆိုရင် ဒူးခေါင်းက အဆီတွေ ခန်းသွားလို့ ဒူးခေါင်းထဲ အဆီတွေ ထိုးထည့်ပေးတယ်လို့ သိကြပါတယ်။ သူတို့တွေ သိကြတဲ့ အဆီပုလင်း ထိုးဆေးတွေ ဆိုတာ ဘာတွေလဲ။ ဒူးနာတာကို သူတို့က ဘယ်လို သက်သာစေတာလဲ ။ ။ဒူးနာတာကို ကုသတဲ့နည်းကိုမပြောခင် ဒီလို ဒူးနာတာ ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို အရင်ပြောပြချင်ပါတယ်။ ဆေးပညာအရဆို ဒီလို ဒူးနာတာကိုOsteoarthritisလို့ခေါ်ကြပါတယ်။ Osteoarthritis အဓိပ္ပါယ်က အရိုးအဆစ်တွေ ရောင်တယ်လို့ ပြောတာပါ။ ဒီလို ဖြစ်ရတာ လှုပ်ရှားရတာ ချောမွေ့မှုရှိစေဖို့ ဒူးခေါင်းအရိုးကို ဖုံးထားပေးတဲ့ အရိုးနုလေး ကွဲသွားတာကြောင့် ဖြစ်ရတာပါ။ ဒီလိုနဲ့ အထဲက အရိုးထိခိုက်သွားပြီး အရိုးအချင်းချင်း ပွတ်တိုက်မိတာကြောင့် ရောင်လာတာ၊ နာကျင်တာ၊ နဲ့ တောင့်တင်းတာတွေ ဖြစ်လာရတာပါ။အရင်ဆုံးကတော့ လေ့ကျင့်ခန်းလုပ်ခိုင်းပြီး ရေနွေးအိတ်ကပ်တာ၊ ရေခဲကပ်တာတွေနဲ့ အရောင်ကျအောင် လုပ်ခိုင်းပါတယ်။ ဒါတွေနဲ့ မှ မသက်သာရင်အကိုက်အခဲ ပျောက်ဆေး၊ လိမ်းဆေးတွေ လိမ်းခိုင်းပြီး မသက်သာတဲ့ နောက်ဆုံး အဆင့်ကျမှ ဒူးခေါင်းထဲ ဆေးရည်ထိုးသွင်းတဲ့ ကုသမှုကို လုပ်ပါတယ်။ဒီလိုဒူးခေါင်းမှာ ဖြစ်တဲ့အဆစ်အမြစ်ရောင်တာကို ကုသဖို့အတွက် ဒူးခေါင်းအဆစ်ထဲ ဆေးရည်ထိုးသွင်းတာမှာ ထိုးသွင်းတဲ့ ဆေးရည်မျိုးစုံရှိပါတယ်။ ဒီထဲမှာမှ။Corticosteroids ဆိုတာစတီးရွိုက်တစ်မျိုးပဲ ဖြစ်ပါတယ်။Hyaluronic acid။ဒူးဆစ်တွေ လှုပ်ရှားရတာ ချောမွေ့ဖို့အတွက် ဒူးခေါင်းထဲမှာHyaluronic acidလို့ခေါ်တဲ့ အရည်တစ်မျိုးရှိနေရပါတယ်။ ဒီအရည်လေးတွေ ဒူးခေါင်းထဲမှာ နည်းသွားတဲ့အခါ သင်ဒူးနာတာ စပြီး ဖြစ်လာပါတော့တယ်။ ဒီတော့ ဒူးနာတာ သက်သာစေဖို့အတွက် အပြင်ကနေHyaluronic acidတွေ ထိုးသွင်းဖို့လိုလာတာပေါ့။လေ့လာချက်တွေ အရ တစ်ချို့လူတွေမှာHyaluronic acidထိုးသွင်းရင် အခြား အကိုက်အခဲပျောက်ဆေးတွေ သုံးတာထက် ဒူးနာတာ သက်သာတယ်လို့ဆိုပါတယ်။ Corticosteroids တွေလိုပဲHyaluronic acidက ဒူးနာတာကို သက်သာစေတဲ့ နေရာမှာ ဆရာတစ်ဆူဆိုပေမယ့် သူ့ကို။Hyaluronic acidက ဒူးခေါင်းအဆစ်တွေ လှုပ်ရှားရတာ ချောမွေ့စေဖို့အတွက် ချောဆီအနေနဲ့ ဆောင်ရွက်ပေးပါတယ်။Hyaluronic acidဆေးရည် ၅ မျိုးရှိပြီး တစ်ချို့အမျိုးအစားတွေ ကတော့ တစ်ခါတည်း ထိုးသွင်းရုံနဲ့ ပြီးသွားပေမယ့် တစ်ချို့ကတော့ ဆေးအာနိသင် အပြည့်ရအောင် ၁ပတ်တစ်ခါ နှုန်းနဲ့ ၅ ခါထိုးပေးရပါတယ်။ဒါတွေကတော့ ဒူးနာလို့ ဆေးခန်းသွားရင် သင့်ဒူးနာတာကို ကုသတဲ့နေရာမှာ ဆရာဝန်တွေသုံးတဲ့ ဒူးခေါင်းထဲ ထိုးသွင်းတဲ့ဆေးရည်တွေ အကြောင်းပဲဖြစ်ပါတယ်။ အရပ်ထဲမှာ ပြောနေတဲ့ ဒူးဆစ်အဆီခမ်းသွားလို့ အဆီတွေ ထိုးရတယ်ဆိုတာ ဒီ ဆေးရည် နှစ်မျိုးကို ပြောတာပါ။ ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/knee-injection/
အတက်ရောဂါရှိသော လူတစ်ယောက်အတွက် ရှောင်ကျဉ်ရမည့် အစားအစာများ
အစားအစာတွေကနေ အတက်ရောဂါကို ဖြစ်စေသလားဆိုတာ လုံလောက်တဲ့သုတေသနမရှိသေးပါဘူး။ ဒါပေမယ့်လည်း သင့်ရဲ့ အတက်ရောဂါကို ပိုဆိုးစေနိုင်ပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့ အစားအစာတွေတော့ရှိပါတယ်။တကယ်လို့သင့်မှာ အတက်ရောဂါရှိနေမယ်ဆိုရင် ဂလူတန် နဲ့ပတ်သက်ပြီး သတိထားသင့်ပါတယ်။ အချို့တွေအတွက် အစာအိမ်ပြဿနာနဲ့ ဓါတ်မတည့် ပြဿနာတွေပေါ်နိုင်ပါတယ်။ ပြီးတော့ ရောင်ရမ်းမှုတွေလည်းဖြစ်စေနိင်တဲ့ အတွက်, တက်ခြင်းကိုစဖြစ်စေနိုင်ပါတယ်။Gluten ဂလူတန် မပါတဲ့အစာတွေစားခြင်းက သင့်ရောဂါကို အချိန်တိုနဲ့ ပျောက်စေနိုင်ပါတယ်။ ဒီgluten ကိုအစေ့စံပါတဲ့အစာတွေမှာ တွေ့ရတတ်ပါတယ်။ ဒါ့ပြင် စည်သွပ်ဘူး, ဆော့စ်, အသုပ်, အပင်ထွက် အစားအသောက်တွေနဲ့ ဘီယာမှာတောင် တွေ့နိုင်ပါတယ်။နို့ထွက်ပစ္စည်းများဟာ ပြဿနာပေးနိုင်တဲ့ အစားအသောက်ထဲမှာပါဝင်ပါတယ်။ ကလေးရော လူကြီးမှာပါ အလာဂျီနဲ့ အတက်ရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဒီရောဂါဖြစ်နေပြီဆိုရင် နို့ထွက်ပစ္စည်းတွေကို ရှောင်တာကောင်းပါတယ်။တကယ်လို့ သင်ကရေခဲမုန့်လို ဒိန်ချဉ်လိုအရာတွေ, အရောင်ချွတ်ပြီးသားသကြားတွေထည့်ထားတဲ့ အစားအသောက်တွေအများကြီးစားမိတယ်ဆိုရင် သင့် အတက်ရောဂါကို စဖြစ်စေနိုင်ပါတယ်။သင့်ဦးနောက်က အလုပ်လုပ်နိုင်ဖို့ glucose လိုပါတယ်။ ဒါပေမယ့် အရမ်းများနေရင်လဲ အချို့တွေမှာ အတက်ရောဂါကိုဖြစ်စေနိုင်ပါတယ်။ သင့်ရဲ့ သကြားသုံးစွဲမှုကို လျော့ချဖို့အတွက် သကြားကြမ်းနဲ့ high – fat diet တွေစားပါ။ဒါဟာ ဒီရောဂါတင်မဟုတ်ပဲ အခြား ဆီးချိုသွေးချိုလိုရောဂါတွေလည်း အသုံးဝင်ပါတယ်။ သင့်ဆရာဝန်တွေကလည်း သဘာဝသကြားဖြစ်တဲ့ သစ်သီးသစ်ရွက်တွေကရတဲ့ အချိုကိုသူံးဖို့ပြောကြပါတယ်။ကလေးတွေအတွက် အလာဂျီအပေးဆုံးထုတ်ကုန်ဖြစ်ပါတယ်။ အလွန်ပြင်းထန်ပြီး တက်တာချက်တာတွေထိဖြစ်နိုင်ပါတယါ။ ဒါ့ကြောင့် ပဲနဲ့ ထုတ်ကုန်တွေဖြစ်တဲ့ ဆော့စ်, တို့ဖူး, Edamame, နို့မှုန့် , ဖုတ်ထားတဲ့မုန့်တွေ, ကွေကာ, စည်သွပ်အစားအစာတွေ, အသုပ်, အသင့်ပြုပြီးသားအသားတွေ, ဟော့ဒေါ့, တူနာငါးသေတ္တာ, energy bar, မြေပဲထောပတ်, နဲ့ နို့ထွက်ပစ္စည်းမဟုတ်တာတွေကို လည်း ရှောင်သင့်ပါတယ်။သင့်မှာအတက်ရောဂါရှိနေရင် glucose ဂလူကို့စ် ပါဝင်မှုများတဲ့ အချို့အသီးအနှံတွေကိုရှောင်သင့်ပါတယ်။ သရက်သီး, ငှက်ပျောသီးနဲ့ အာလူးတို့လိုပေါ့။glucose level နည်းတဲ့ အချို့အသီးအနှံတွေကတော့ သင့်သွေးထဲက glucose ပမာဏကိုတက်လိုက်ကျလိုက်ဖြစ်စေဖို့ အခွင့်လမ်းနည်းပါတယ်။MSG ဆိုတာ အစားအသောက်စက်ရုံတွေမှာသုံးပြီး အစားအစာကို အသားအရသာ ပိုကဲအောင် ထည့်သွင်းတဲ့ ပစ္စည်းဖြစ်ပါတယ်။ သင်သာ အဲ့အရာကိုစားသုံးနေကြဆိုရင် တက်ခြင်းကိုစဖြစ်စေနိုင်ပါတယ်။ ဘာကြောငိလဲ ဆိုေ့တာ့-။MSG ကိုAmino acid နဲ့ glutamade ကလုပ်ထားပြီး သင့်ရောဂါကိုဆိုးစေပါတယ်။ ဒါကြောင့် စားသောက်ဆိုင်တွေမှာ စားမယ့်အစား အိမ်မှာစားတာက ဒီလိုအရသာပစ္စည်းတွေမပါအောင် ရှောင်နိုင်တဲ့အတွက် လုပ်ဆောင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%a1%e1%80%85%e1%80%ac/
ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားသင့်သော အစားအစာများ
ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတို့ဘဝမှာ အလွန်အရေးပါတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ဘယ်လိုအစားအစာတွေကို ရှောင်ရှားသင့်တယ်ဆိုတာလည်း သိထားဖို့် လိုပါတယ်။ ယခုဖော်ပြမယ့် အကြောင်းအရာတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို အစားအသောက်တွေကို ရှောင်ကြဉ်သင့်သလဲ ဆိုတာပါပဲ။ကိုယ်ဝန်ဆောင်ချိန်မှာရှောင်ရှားသင့်သော အစားအစာများ ကတော့။၁။မာကျူရီပါဝင်နှုန်းများတဲ့ ငါးများ။မာကျူရီ (ပြဒါး)ဟာ အဆိပ်ဓာတ်ရှိတဲ့အရာ ဖြစ်ပါတယ်။ ထိတွေ့မှုရှိရင် အန္တရာယ် အနည်းနဲ့ အများ ရှိနိုင်ပါတယ်။ မာကျူရီတွေကို မသန့်စင်တဲ့ ရေဆိုးတွေမှာ အများဆုံး တွေ့နိုင်ပါတယ်။ ပမာဏများများ ထိတွေ့ရင် အာရုံကြောစနစ်နဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ကလေးတွေမှာဆိုရင် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ ကြုံနိုင်ပါတယ်။ ပင်လယ်ရေတွေ ညစ်ညမ်းကုန်တဲ့အခါပင်လယ်နေရေသတ္တဝါတွေမှာလည်း မာကျူရီတွေ စုပုံလာနိုင်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ မာကျူရီဓာတ် ပါဝင်ကူးစက်နေတဲ့ ငါးတွေကို စားသုံးမှုလျှော့ချသင့်ပါတယ်။ မာကျူရီပါဝင်နှုန်းမြင့်မားနိုင်တဲ့ ငါးတွေကတော့။• ငါးမန်း။• ဓားရှည်နှုတ်သီးငါး။• မက်ကာရယ်ငါး။• တူနာငါး (အထူးသဖြင့် albacore tuna) စတာတွေ ဖြစ်ပါတယ်။၂။ ကောင်းစွာချက်ပြုတ်မထားတဲ့ ငါးများ။သားစိမ်းငါးစိမ်းများ၊ ကမာကောင်များကို စားသုံးခြင်းဟာ ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုးပေါင်းစုံ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးဝင်ပြီး အစာအဆိပ်သင့်ဖြစ်ခြင်းကြောင့် မိခင်ဖြစ်သူအနေနဲ့ ရေဓာတ်ခမ်းခြောက် အားနည်းခြင်း ဖြစ်တတ်ပါတယ်။သန္ဓေသားကိုပါ ကူးစက်မိရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ဘက်တီးရီးယားပိုးအများစုဟာ မြေကြီး၊ ရေနဲ့ အပင်တွေမှာ ကပ်ငြိနေနိုင်ပါတယ်။ ငါးတွေကို မီးခိုးကြပ်တိုက်တာဖြစ်ဖြစ်၊ အခြောက်လှမ်းတာဖြစ်ဖြစ် ပြုလုပ်တဲ့အခါ ကူးစက်နိုင်ပါတယ်။ဘက်တီးရီးယားပိုးကပ်ငြိပြီး ကောင်းစွာချက်ပြုတ်ထားခြင်း မရှိတဲ့ ငါးတွေကို စားသုံးရာကတဆင့် ရောဂါရနိုင်ပါတယ်။ အဲဒီအခါ လမစေ့ဘဲမွေးခြင်း၊ ကလေးပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ မကျက်တကျက်ငါးများ၊ ကမာကောင်များ၊ အစားအသောက်များကို မစားသုံးသင့်ပါဘူး။ ဆူရှီအစိမ်းများလည်း အပါအဝင်ဖြစ်ပါတယ်။၃။ ကောင်းစွာမချက်ထားတဲ့အသားစိမ်းများ၊ပြုပြင်ထားတဲ့ အသားများ။အဆိုပါအသားများကို စားသုံးခြင်းဟာ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးများ ဆိုးရွားစွာ ကူးစက်ခံရခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။ Toxoplasma, E. coli, Listeria နဲ့ Salmonella စတဲ့ ဘက်တီးရီးယားပိုးတွေဟာ သန္ဓေသားကို ဆိုးရွားစွာ ထိခိုက်နိုင်စေပါတယ်။ ဉာဏ်ရည်ဉာဏ်သွေးချို့ယွင်းခြင်း၊ မျက်စိကွယ်ခြင်း၊ အတက်ရောဂါဖြစ်ခြင်း စတာတွေ ကြုံတွေ့နိုင်ပါတယ်။ဘယ်အသားကိုမဆို ကောင်းစွာချက်ပြုတ်ခြင်း မရှိဘဲ မစားသုံးသင့်ပါဘူး။ ကြက်ဥအစိမ်း စားတာကိုလည်း ရှောင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ တစိတ်တပိုင်းပြုပြင်ထားတဲ့ အသားတွေကို စားသောက်တော့မယ်ဆိုရင် ပြန်လည်အပူပေးချက်ပြုပြီးမှသာ စားသုံးသင့်ပါတယ်။၄။ကလီစာများ။ကလီစာများဟာလည်း အာဟာရပြည့်ဝတဲ့ အစားအစာဖြစ်ပါတယ်။ သံဓာတ်၊ ဗီတာမင် B12၊ ဗီတာမင် A နဲ့ ကြေးနီဓာတ်တွေ ပါဝင်ပါတယ်။ ဒါဟာ မိခင်လောင်းအတွက်ရော ကလေးအတွက်ပါ အားဖြစ်စေပါတယ်။ဒါပေမယ့် တိရစ္ဆာန်အသည်းကရတဲ့ ဗီတာမင် A ကို ကိုယ်ဝန်ဆောင်ချိန်မှာ အများအပြား စားသုံးခြင်းမပြုဖို့ တိုက်တွန်းထားပါတယ်။ ဗီတာမင် A အဆိပ်သင့်ခြင်း၊ ကြေးနီဓာတ် ပုံမှန်ထက် မြင့်တက်ခြင်း စတာတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီအခါ မွေးရာပါကိုယ်အင်္ဂါ အစိတ်အပိုင်း ချို့တဲ့ခြင်း၊ အသည်းအဆိပ်တက်ခြင်း စတာတွေ ဖြစ်ပေါ်တတ်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ ကလီစာများကို တပတ်တကြိမ်ထက် ပိုမစားသင့်ပါဘူး။၅။ ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်။နို့နဲ့ နို့ထွက်ပစ္စည်းတွေက ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ရစေလို့ စားသင့်ပါတယ်။ ဒါပေမယ့် ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်တွေမှာ Listeriaဆိုတဲ့ ဘက်တီးရီးယား ပိုးပါတတ်ပါတယ်။ ဒီပိုးက ဗိုက်ထဲက သန္ဓေသားကို ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ပါတယ်။ နို့မှာတင်မကဘဲ အပြင်က ဝယ်လာတဲ့ ရယ်ဒီမိတ် ဘူးနဲ့ သစ်သီးဖျော်ရည်တွေမှာလည်း ပါတတ်တာကြောင့် ပိုးသတ်ထားတာကိုပဲ သောက်သင့်ပါတယ်။၆။ အသီးအရွက်အစိမ်း။မြန်မာနိုင်ငံမှာ အသီးအရွက်တွေကို တို့စရာအနေနဲ့ အစိမ်းစားတတ်ကြပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားသင့်ပါတယ်။ သေချာမဆေးထားဘူးဆိုရင် ပိုးတွေ ကပ်ပါလာနိုင်ပြီး ကိုယ်ဝန်ဆောင်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသီးအရွက်တွေ စားမယ်ဆို သေချာဆေးပြီး ကျက်အောင် ချက်စားပါ။ အသီးအနှံတွေဆိုရင်လည်း ရေသေချာဆေးပြီး အပြင်အခွံကို ခွာပြီးမှ စားပေးပါ။၇။ကဖိန်း။ကဖိန်းက အာရုံကြောစနစ်ကို ကောင်းစွာလှုံ့ဆော်ပေးနိုင်တဲ့ အရာဖြစ်ပြီး ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်၊ ကိုကိုး စတာတွေမှာ တွေ့ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်များအနေနဲ့ တနေ့ကို ကဖိန်း ၂၀၀ မီလီဂရမ်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။ ဒါဟာ ကော်ဖီ ၂-၃ခွက်စာနဲ့ ညီမျှပါတယ်။ကဖိန်းဟာ အချင်းကနေတဆင့် သန္ဓေသားဆီ ရောက်နိုင်ပါတယ်။ သန္ဓေသားမှာ ကဖိန်းဓာတ်ကို ချေဖျက်ဖို့ အဓိကအင်ဇိုင်းမရှိသေးတာကြောင့် ပမာဏများစွာ စုပုံလာနိုင်ပါတယ်။ ကဖိန်းဓာတ်များလွန်းရင် သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ကိုယ်အလေးချိန်လျော့နည်းစွာနဲ့ မွေးတာမျိုး တွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ကြီးပြင်းလာတဲ့အခါ အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်လာနိုင်ခြေ ရှိပါတယ်။၈။အယ်လ်ကိုဟော။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ အရက်ကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ပမာဏနည်းပါးရင်တောင် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်စေပါတယ်။ နှလုံးပိုင်းဆိုင်ရာ ချို့ယွင်းခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထိခိုက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။၉။ အဆင့်ဆင့်ပြုပြင်ထားသောအသင့်စားသရေစာများ။ကိုယ်ဝန်ဆောင်ချိန်ဟာ မိခင်အတွက်ရော ကလေးအတွက်ပါ အင်အားလိုအပ်တဲ့ အချိန်ဖြစ်ပါတယ်။ ပရိုတိန်း၊ ဖောလိတ်၊ သံဓာတ် စတာတွေ လိုအပ်ပါတယ်။ အဆိုပါ အာဟာရဓာတ်တွေကို ပြည့်ဝအောင် စားသုံးဖို့ လိုအပ်ပေမယ့် ကယ်လိုရီကိုတော့ နှစ်ဆပိုစားစရာ မလိုပါဘူး။ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရဓာတ်ပြည့်ဝဖို့ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုသာ စားသုံးသင့်ပြီး စားကောင်းအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေကို မစားသင့်ပါဘူး။ အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေမှာ အာဟာရဓာတ်နည်းပြီး ကယ်လိုရီ၊ သကြားနဲ့ ဆီသာ ပိုမိုပါဝင်လာပါတယ်။ ဒါကြောင့် အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေ မြင့်စေပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/foods-to-avoid-during-pregnancy/
ရာသီလာခါနီးမှာ ကိုယ်ခံအား မကျအောင် ဘာတွေ စားမလဲ။
လေဒီလေးတွေတစ်လတစ်ခါ ကြုံတွေ့ရတဲ့ ရာသီလာခါနီးမှာ ကိုယ်ခံအား ကောင်းပြီးဖျားနာမှုကင်းနေစေဖို့ဘာတွေ စားပေးရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒီလိုပြောလိုက်လို့ လေဒီတွေက ရာသီလာခါနီးမှာကိုယ်ခံအားကျတတ်လို့လား။ ဘာကြောင့် ကျတာလဲ။ ဘာတွေစားပေးဖို့လိုမလဲလို့ သိချင်သွားပြီလား။ ဒါဆိုရင်တော့ ဆောင်းပါးလေး ဖတ်ကြည့်လိုက်နော်။အရင်က ရာသီလာခါနီးမှာ ကိုယ်ခံအားကျတာက သိပ်စိုးရိမ်စရာ မကောင်းပေမယ့် အခုလိုမျိုး ရောဂါပိုးတွေ အနီးဝန်းကျင်မှာ ရှိနေချိန်မှာတော့ ရာသီလာခါနီးမှာ ကိုယ်ခံအားနည်းသွားတာက စိုးရိမ်စရာကောင်းတဲ့ အနေအထား တစ်ရပ်ကို ရောက်လို့ လာပါတယ်။ဟုတ်ပါတယ်။ ရာသီလာခါနီးမှာ ကိုယ်ခံအား ကျတတ်ပါတယ်။ အကြောင်းကတော့ ရာသီလာတဲ့ကာလအတွင်းမှာ ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေက မျိုးဥကြွေဖို့အတွက် ကိုယ်ခံအားကို အားနည်းအောင် လုပ်ဆောင်ထားတာကြောင့်ပါ။ မေမေတွေကိုယ်ဝန်ဆောင်တဲ့အခါဘေဘီလေးကို ခန္ဓာကိုယ်က လက်ခံအောင် ကိုယ်ခံအားကို ဖိနှိပ်ထားသလိုမျိုးပေါ့။နောက်တစ်ချက်က ရာသီလာချိန်မှာ လေဒီလေးတွေရဲ့ ခန္ဓာကိုယ်ထဲမှာprogesterone ဟော်မုန်း ပမာဏ မြင့်တက်တာtestosterone ဟော်မုန်းပမာဏ ပြောင်းလဲတာတွေကြောင့်ပါ။ ဒါတွေကြောင့် ရာသီလာခါနီးမှာ ဖျားနာမှုတွေကို ခံစားရတာ၊ကူးစက်ရောဂါတွေကို ကာကွယ်နိုင်စွမ်း ကျတာတွေ ဖြစ်လာရတာပါ။ရာသီလာခါနီးမှာ ကိုယ်ခံအားကျတာကြောင့် ရောဂါတွေ ဝင်ရောက်လာတာမျိုး မဖြစ်စေဖို့အတွက် ဒါလေးတွေ စားသုံးပေးဖို့ လိုပါမယ်။ရေဓာတ်က ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စေသလို ကိုယ်ခံအား ကောင်းစေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ဖျားနာမှု ကင်းပြီး ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ရေများများ သောက်ပေးဖို့ လိုပါမယ်။ ဒီလို လုပ်ပေးတာက သွေးစီးဆင်းမှုကိုလည်း ကောင်းမွန်စေပြီးရာသီလာချိန် ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ရာသီလာချိန်မှာ ကိုယ်ခံအားကောင်းစေဖို့အတွက် ပန်းသီး၊ ဖရဲသီး၊ စပျစ်သီး၊ ချယ်ရီသီးတို့လိုမျိုး အသီးတွေကို စားပေးပါ။ ဗီတာမင် C ကြွယ်ဝသလို ရေဓာတ်ပြည့်ဝစွာ ပါဝင်မှုက ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက အမျှင်ဓာတ် ကြွယ်ဝသလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ကိုယ်ခံအားကောင်းစေနိုင်ပါတယ်။ ဖောလိတ်နဲ့ ဇင့်ဓာတ်တွေကလည်း ကိုယ်ခံအားကို အားဖြည့်ပေးနိုင်ပါတယ်။ပင်လယ်ငါး အထူးသဖြင့် ဆယ်လ်မွန်ငါးလိုမျိုး Omega-3 fatty acid ကြွယ်ဝပြီး ပရိုတင်းပြည့်ဝတာမျိုး စားပေးဖို့ လိုပါမယ်။ ဒီလို စားသုံးပေးတာက ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ကြက်သားက ကိုယ်ခံအားကောင်းသလို သွေးအားလည်း ပြည့်စေနိုင်ပါတယ်။ ပရိုတင်း ကြွယ်ဝမှုက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို ရောဂါပိုးတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့ အားဖြည့်ပေးပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ကျန်းမာနေစေဖို့အတွက် ကြက်သားကို အရေခွံမပါဘဲ စားပေးလို့ ရပါတယ်။အချို ပါဝင်မှု နည်းတဲ့ အနက်ရောင် ချောကလက်က ကိုယ်ခံအားကို ထိထိရောက်ရောက် အားဖြည့်ပေးသလို သွေးလည်ပတ်မှု ကောင်းစေနိုင်တာကြောင့် လေဒီလေးတွေ ရာသီလာချိန်မှာ စားပေးဖို့ သင့်တော်တဲ့ အစားအစာတစ်မျိုးပါ။ အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။ကဲ ….. ရာသီလာချိန်မှာ ကိုယ်ခံအား နည်းသွားတာမျိုးကြောင့် ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ မဝင်ရောက်စေဖို့အတွက် အခုပြောခဲ့တဲ့ အစားအစာလေးတွေကို စားပေးလို့ ရပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/best-foods-to-improve-immune-during-periods-in-lady/
စပျစ်သီးကိုယ်ဝန် (Molar pregnancy)
တချို့အမျိုးသမီးတွေက ဆီးစစ်လိုက်တော့ နှစ်ကြောင်းပေါ်တယ်။ကိုယ်ဝန်ရှိတယ်လို့ထင်တယ်။ ဆေးခန်းသွားပြတယ်။ ဆီးထပ်စစ်တယ်။ နှစ်ကြောင်းပေါ်တာပဲ။ ဒီလိုနဲ့ နေရင်း လနုနုလေးနဲ့ ဗိုက်က ပိုကြီးနေတယ်။ အန်လိုက်တာဆိုတာလည်း မရပ်တော့ဘူး။ သွေးပေါင်တွေလည်းတက်၊ တစ်ချက်တစ်ချက်သွေးကလည်းဆင်းသေးတယ်။ လနဲ့မလိုက်အောင် ခံစားနေရလို့ အယ်လ်ထွာဆောင်းရိုက်ကြည့်လိုက်တဲ့အခါမှာတော့ ဗိုက်ထဲမှာ ကလေးမရှိဘဲ စပျစ်သီးလိုမျိုး အစေ့လေးတွေ အခိုင်လိုက်ရှိနေတာကို တွေ့ရလိမ့်မယ်။ ဒါဟာ စပျစ်သီးကိုယ်ဝန် ပါ။ ရှားရှားပါးပါး ကိုယ်ဝန်ဆောင် ၁၀၀၀မှာ ၁ယောက်ပဲဖြစ်တတ်ပါတယ်။အကြောင်းကမမျိုးဥမျိုးအောင်တာ မူမမှန်လို့ပါ။ လူရဲ့ဆဲလ်မှာ ခရိုမိုဆုန်း ၂၃စုံ (၄၆ခု)ရှိပါတယ်။ အဖေဆီက တစ်ခု အမေဆီကတစ်ခုပေါင်းပြီး တစ်စုံဖြစ်တာပါ။စပျစ်သီးကိုယ်ဝန်က နှစ်မျိူးရှိပါတယ်။ Completeနဲ့ Partialပါ။ Completeအမျိုးအစားမှာ ဆဲလ်မရှိတဲ့ မမျိုးဥထဲကိုသုက်ကောင်တစ်ကောင် ဒါမှမဟုတ် နှစ်ကောင်ဝင်ပေါင်းပါတယ်။ ဒါကြောင့် ဒီသန္ဓေဥထဲမှာ အဖေ့ရဲ့ မျိုးဗီဇတွေပဲပါလာပါတယ်။ အမေဘက်ကခရိုမိုဆုန်းတွေမပါပါဘူး။ ဒီဟာလေး ကြီးလာတဲ့အခါ ပုံမမှန်တဲ့ အချင်းဖြစ်လာပါတယ်။ ကလေးအစိတ်အပိုင်းမပါလာပါဘူး။Partialအမျိုးအစားမှာတော့ အမေရဲ့ ခရိုမိုဆုန်းပါပေမယ့် အဖေဘက်ကလည်း ၂ခု စုစုပေါင်း ၃ခုပါနေလို့ ပွားလိုက်တဲ့အခါ ၄၆ခုရှိရမယ့်အစား ၆၉ဖြစ်လာပါတယ်။ ဒါက မမျိုးဥတစ်လုံးကို သုက်ကောင် ၂ကောင်ဝင်ပေါင်းတဲ့အခါ ဖြစ်တတ်ပါတယ်။ ဒီအမျိုးအစားမှာတော့ ကလေးရှိနိုင်ပေမယ့် အသက်မရှင်နိုင်ပါဘူး။ လနုနုလေးမှာပဲ ပျက်ကျသွားတတ်ပါတယ်။ဒီလိုဖြစ်ရတာ မိခင်နဲ့မဆိုင်ပါဘူး။ စပျစ်သီးကိုယ်ဝန်က ဘယ်ကိုယ်ဝန်ဆောင်မှာမဆို ဖြစ်နိုင်ပါတယ်။လက္ခဏာအများစုက သာမန်ကိုယ်ဝန်ဆောင်တွေနဲ့ အတူတူပါပဲ။ သူကတော့ ပိုပြင်းထန်တတ်ပါတယ်။ တခြားထူးခြားတဲ့ လက္ခဏာတွေကတော့။စပျစ်သီးကိုယ်ဝန်က ကုသပြီးရင်တောင်မှ တစ်ရှူးတွေက ကျန်တတ်ပြီး နောက်ပိုင်းကျရင် ဆက်ပွားလာနိုင်ပါတယ်။ ဒါကို Persistent Gestational Trophoblastic Neoplasia (GTN)လို့ခေါ်ပါတယ်။ ဒါက completeအမျိုးအစားတွေရဲ့ ၁၅-၂၀%၊ partial အမျိုးအစားရဲ့ ၅%မှာ တွေ့ရပါတယ်။သူ့ရဲ့လက္ခဏာကတော့ သွေးစစ်ကြည့်ရင် သွေးထဲမှာ ကိုယ်ဝန်ဟော်မုန်းလို့ခေါ်တဲ့hCGဟော်မုန်းက အဆမတန်များနေတတ်ပါတယ်။ တစ်ခါတစ်လေ သားအိမ်ထဲကို ဖောက်ဝင်တာကြောင့် သွေးဆင်းတာမျိုးလည်း ရှိတတ်ပါတယ်။ သူ့ကို ဆေးသွင်းတာ၊ သားအိမ်ထုတ်တာလုပ်ပြီး အောင်အောင်မြင်မြင်ကုသလို့ရပါတယ်။ရှားရှားပါးပါး ကင်ဆာပြောင်းသွားတာမျိုးလည်းရှိပါတယ်။ Choriocarcinomaလို့ခေါ်ပါတယ်။ သူကလည်း စောစောသိရင် ဆေးသွင်းပြီး ပျောက်ကင်းအောင် ကုသလို့ရပါတယ်။စပျစ်သီးကိုယ်ဝန်ကုသနည်းတွေကတော့။တစ်ခါဖြစ်ဖူးသွားရင် နောက်တစ်ခါမဖြစ်အောင် သေချာစောင့်ကြည့်ရပါမယ်။ ပထမတစ်ခါဖြစ်ပြီးသွားရင် အနည်းဆုံး ၆လ ၁နှစ်စောင့်ကြည့်ပြီးမှ ကိုယ်ဝန်ပြန်ယူတာကောင်းပါတယ်။ ဒီကြားထဲမှာလဲ hCGဟော်မုန်းကို လိုသလို စစ်ဆေးနေတာက ပိုကောင်းပါတယ်။ နောက်တစ်ခါ ကိုယ်ဝန်ဆောင်ရင်လည်း စောစောစီးစီး အယ်လ်ထွာဆောင်းရိုက်ပြီးစောင့်ကြည့်တာပိုကောင်းပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/molar-pregnancy/
ခါးနာတဲ့ ဝေဒနာကို သက်သာစေနိုင်မယ့် နည်းလမ်းကောင်းတွေ
ခါးနာတဲ့ ပြဿနာကို လူတော်တော်များများ ခံစားဖူးကြမယ် ထင်ပါတယ်။ အလုပ်မှာ ပစ္စည်းအလေးကြီးတွေ မ လိုက်တဲ့အခါ၊အားကစားလုပ်နေရင်း ထိခိုက်မိတာ၊ ထိုင်တဲ့ ခါးအနေအထား ပုံစံမမှန်တာ အစရှိတဲ့ အကြောင်းရင်းတွေကြောင့် ခါးနာနိုင်ပါတယ်။ ရိုးရိုးခါးနာတာပဲ ဆိုပြီး ပေါ့ဆလို့တော့မဖြစ်ပါဘူး။ခါးနာတာကို သေချာမကုသပဲ ပစ်ထားလိုက်မယ်ဆိုရင် နေ့စဉ်ဘဝနဲ့ လုပ်ငန်းဆောင်တာကိုပါ ထိခိုက်စေနိုင်တဲ့အပြင် နာတာရှည် အဆစ်ရောင်ရောဂါ စွဲကပ်သွားသည်အထိ ဖြစ်လာနိုင်ပါတယ်။ အခုပြောပြပေးမယ့် နည်းလမ်းတွေဟာ ခါးနာဝေဒနာကို သက်သာစေဖို့အတွက် ဖြစ်ပြီး အချိန်ကြာသည်အထိ လုံးဝမသက်သာလာဘူးဆိုရင်တော့ အရိုးဆရာဝန်နဲ့ သေချာပြသကြည့်ဖို့ အကြံပေးချင်ပါတယ်။ခါးနာဝေဒနာကို အမြန်ဆုံး သက်သာစေနိုင်တဲ့ အိမ်တွင်းနည်းလမ်းကောင်းဖြစ်ပါတယ်။ ခါးနာကာစမှာ ရေနွေးအိတ်အစား ရေခဲအိတ်ကိုသာ အသုံးပြုသင့်ပါတယ်။ ရေခဲအိတ်မရှိဘူးဆိုရင်လည်း အဝတ်ထဲမှာ ရေခဲအနည်းငယ်ထည့်ပြီး ကပ်ပေးလို့ ရပါတယ်။ခါးနာဝေဒနာကို သက်သာစေဖို့အတွက်ရေခဲအိတ်ကို ၁၀မိနစ်ခန့် ဖိကပ်ပေးပါ။ နောက်တစ်ခါ ပြန်ကပ်ဖို့ ၁၀မိနစ်ခန့် ခြားပေးပါ။ တစ်နေ့ကို ကိုယ်အဆင်ပြေသလို အကြိမ်များများ ကပ်ပေးနိုင်ရင် ပိုအဆင်ပြေပါတယ်။ ၁ရက် ကနေ ၂ရက်ထိ ဝေဒနာ မသက်သာဘူးဆိုမှ ရေနွေးအိတ် ကပ်ပေးပါ။ရေခဲအိတ်ကပ်တဲ့ ပုံစံအတိုင်းပါပဲ။ ခါးပေါ်မှာ ၁၀မိနစ်ထက်ပိုပြီး မကပ်ရပါဘူး။ ရေနွေးအိတ်မကပ်ခင် အရေပြားပေါ်မှာ အဝတ်တစ်ခု ခံပြီးမှ ကပ်တာ ပိုကောင်းပါတယ်။ အပူဟာအနာကျက်ြမန်စေမယ့် ဒဏ်ရာဖြစ်ကာစမှာ ကပ်ပြီး ပိုပြီးရောင်လာနိုင်ပါတယ်။ သတိထားရမှာက ရေနွေးအိတ်ကို အကြာကြီးကပ်ထားတာ၊ ကပ်ထားပြီး အိပ်ပျော်သွားတာမျိုး လုံးဝမလုပ်ရပါဘူး။တရုတ်ရိုးရာ အပ်စိုက်ကုသနည်းဟာ ခါးနာဝေဒနာကို သက်သာစေနိုင်တယ်လို့ လေ့လာတွေ့ရှိထားကြပါတယ်။ အပ်သေးသေးလေးနဲ့ ခါးနေရာတစ်ဝိုက်မှာ စိုက်ထားတဲ့အခါ ဝေဒနာကို သက်သာစေပြီး သွေးလည်ပတ်မှုကောင်းစေတယ်။ အားအင်ကို ဖြည့်တင်းပေးနိုင်တယ်။ နာကျင်မှုကို ပြေလျော့စေပါတယ်။တစ်နေ့လုံး အလုပ်က စားပွဲခုံမှာ ထိုင်ပြီးအလုပ်လုပ်ေနတဲ့သူတွေအတွက်တော့ ခါးနာဝေဒနာဟာ ပြဿနာ ပိုဖြစ်စေနိုင်ပါတယ်။ ထိုင်ခုံကို ကိုယ့်ခြေထောက်နဲ့ မြေပြင် ထိကပ်စေပြီး သက်တောင့်သက်သာဖြစ်စေနိုင်မယ့် အမြင့်မှာ ရှိနေဖို့ သေချာပြုပြင်ပေးပါ။ ဒူးခေါင်းဟာ ထိုင်နေတဲ့ တင်ပါးနဲ့ တစ်ပြေးညီတည်း ဖြစ်ပါစေ။ ကျောမှီထိုင်ခုံ မဟုတ်ဘူးဆိုရင် ခေါင်းအုံးအသေးဖြစ်စေ၊ မျက်နှာသုတ်ပဝကို လိပ်ပြီးဖြစ်စေ ခါးအောက်ပိုင်းမှာ ခံထားပေးပါ။ကွန်ပျူတာမျက်နှာပြင်ဟာ မျက်လုံးနဲ့ တစ်ပြေးညီတည်း သို့မဟုတ် အနည်းငယ် အောက်ကို ရောက်နေပေးဖို့လည်း အရေးကြီးပါတယ်။ ထိုင်ခုံနဲ့ လက်တစ်ကမ်းအကွာမှာ ကွန်ပျူတာ မျက်နှာပြင်ရှိနေပါစေ။ကိုယ့်အတွက် အရေးကြီးတဲ့၊ အမြဲတမ်း အသုံးပြုနေရမယ့်၊ အသုံးလိုတဲ့ ပစ္စည်းတွေရှိရင် ကိုယ်လက်လှမ်းမီတဲ့ နေရာမှာ ထားပေးပါ။ မကြာခဏ ထသွား၊ ထလာလုပ်ခြင်း ခါးနာတဲ့ ဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။အရိုးနာကျင်နေတယ်ဆိုရင် လျင်မြန်စွာ သက်သာစေနိုင်ဖို့ လိုအပ်တဲ့ အာဟာရဓါတ်တွေ ပါဝင်တဲ့ အစားအစာတွေကို များများစားပေးဖို့ လိုအပ်ပါတယ်။အစာအာဟာရြပည့်ဝခြင်းဟာ ကျန်းမာရေးအတွက်သာမက ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်စေဖို့နဲ့ ပျက်စီးနေတဲ့ ဆဲလ်၊ တစ်သျှူးတွေကို ပြန်လည် ပြုပြင်ပေးဖို့ ကူညီပေးနိုင်ပါတယ်။ခါးနာနေချိန်မှာ အရိုးကျန်းမာဖို့နဲ့ သန်စွမ်းစေဖို့ကယ်လ်စီယမ်ဓါတ်၊ ဖော့စဖရပ်စ်ဓါတ်၊ဗီတာမင် Dပါဝင်တဲ့ အစားအစာတွေကို များများ စားပေးပါ။ ဒိန်ချဉ်၊ နွားနို့၊ လိမ္မော်သီး၊ ပဲ၊ ဟင်းသီးဟင်းရွက်တွေ၊ ငါး၊ ပင်လယ်စာ၊ ဥတွေအပြင်ကြက်စွပ်ပြုတ်လိုမျိုး အာဟာရဓါတ်ပေါကြွယ်ဝတဲ့ အစားအစာတွေ စားပေးနိုင်ရင် ပိုကောင်းပါတယ်။ကိုယ်အိပ်တဲ့ ပုံစံကြောင့်ခါးနာခြင်းဖြစ်စေနိုင်သလို ဝေဒနာ သက်သာဖို့လည်း ပိုပြီး ကြာသွားနိုင်ပါတယ်။ ဒါကြောင့် ခါးနာနေတဲ့အချိန်မှာ ဘေးစောင်းပြီး အိပ်ပေးပါ။ ဒူးနှစ်ဖက်ကြားမှာ ခေါင်းအုံးတစ်ခု ခံပြီး ရင်ဘတ်ကို ဦးတည် ကွေးထားပေးပါ။ ခါးကို တတ်နိုင်သလောက် တည့်နေအောင် အိပ်ပေးပါ။ ပျော့လွန်းတဲ့ အိပ်ရာမှာ အိပ်ရင်လည်း ခါးနာစေနိုင်တာကြောင့် အနည်းငယ်မာတဲ့ အိပ်ရာခင်းမျိုး၊ ကုတင်မှာ အိပ်ပေးတာ ပိုကောင်းပါတယ်။ယောဂကျင့်ခြင်းဟာ ခါးနာတဲ့ ဝေဒနာကို သက်သာစေပြီး ကိုယ်ခန္ဓါအနှံ့ ကြွက်သားတွေကို ပြေလျော့စေတယ်။ ခါးနာနေချိန်မှာ အားကစား၊ လေ့ကျင့်ခန်း လုပ်လို့ မရတာကြောင့် ယောဂကျင့်စဉ် ကျင့်ခြင်းဟာ စိတ်ဖိစီးမှုကိုလည်း ပြေလျော့စေတယ်။ အရိုးနဲ့ ကြွက်သားကိုလည်း လေ့ကျင့်ခန်းလုပ်ပေးရာ ရောက်တယ်။ တင်းနေတဲ့ အကြောတွေကိုလည်း ဖြေလျှော့ပေးနိုင်ပါတယ်။ ခါးနာနေတဲ့အကြောင်းကို ယောဂနည်းပြကို ပြောပြပေးပြီး ကိုယ့်အတွက် ဝေဒနာ သက်သာစေနိုင်တဲ့ လေ့ကျင့်ခန်းမျိုး လုပ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ခါးနာတဲ့ ဝေဒနာဟာ ကိုယ့်ရဲ့ တစ်နေ့တာမှာ နေပုံထိုင်ပုံ မမှန်ကန်တာ၊ ပစ္စည်းတစ်ခုခုနဲ့ ထိခိုက်မိတာကြောင့် အဖြစ်များတဲ့ ဝေဒနာမျိုး ဖြစ်ပါတယ်။ အချိန်တန် ပျောက်သွားမှာပါဆိုပြီး ပေါ့ဆလို့တော့ မဖြစ်ပါဘူး။ အဓိက နာနေတဲ့ ခါးကို သက်သာစေမယ့် အလေ့အကျင့်၊ နည်းလမ်းကောင်းတွေကို သေချာလိုက်နာပေးပါ။ ဆရာဝန်နဲ့လည်း လိုအပ်ရင် လိုအပ်သလို သွားပြကြည့်ပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/relieving-back-pain/
အရေးကြောင်းများ- အိုမင်းခြင်း၏လက္ခဏာများ
ကျွန်ုပ်တို့ အသက်ကြီးလာသည်နှင့်အမျှ အရေးကြောင်းများသည် မရှောင်လွှဲနိုင်သော အရာများဖြစ်လာသည်။ သို့သော် အရေးကြောင်းများ ဘယ်လိုပေါ်လာသလဲ သင်သိပါသလား။ အရေးကြောင်းများကင်းဝေးပြီး သင်၏ငယ်ရွယ်နုပျိုမှုကို ပြန်လည်ရရှိနိုင်ရန် သင်ဘာလုပ်နိုင်သလဲ။ သင့်အတွက်အသုံးဝင်မယ့် သတင်းအချက်အလက်အချို့ ဒီနေရာမှာရှိနေပါ တယ်။အရေးကြောင်းများဆိုသည်မှာ အရေပြားပေါ်ရှိ အတွန့်၊ အခေါက်၊ အရစ်များဖြစ်သည်။ အချို့အရေးကြောင်း များသည် မြောင်းနက်နက်များနှင့်တူသည်။ ၎င်းတို့သည် အိုမင်းခြင်း၏လက္ခဏာတစ်ခု အဖြစ်အသက် ၃၅ မှ ၄ဝ အ တွင်းတွင် မျက်နှာပေါ်တွင် တွေ့ရလေ့ရှိသည်။ အရေးကြောင်းများကို သိသာထင်ရှားစွာတွေ့ရသည့် နေရာများမှာ မျက်စိ နှင့် ပါးစပ်နားတစ်ဝိုက်၊ လက်နှင့်လည်ပင်းတို့ဖြစ်သည်။အရေပြားရဲ့ဖွဲ့စည်းပုံကို မျိုးရိုးဗီဇက အဓိက ဆုံးဖြတ်ပေးပါတယ်။ အသားအရေကိုတင်းရင်းစေတဲ့ ကော်လာဂျင် (collagen) နဲ့ ကျုံ့ဆန့်တစ်ရှူး (elastin) တို့ကို ခန္ဓါကိုယ်က ထုတ်လုပ်တဲ့ပမာဏဟာ အချိန်ကြာလာသည်နဲ့အမျှ ကျဆင်းလာပါသည်။ collagen နှင့် elastin မရှိခြင်းကြောင့် အသားအရေ လျော့လျဲတွဲကျလာတဲ့အခါ အရေးကြောင်းများ ဖြစ်ပေါ်ရန်လွယ်ကူလာပါသည်။ ထို့ပြင် အခြားပြင်ပသက်ရောက်မှုများကလည်း အရေးကြောင်းများဖြစ်ပေါ်ခြင်းအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။နေရောင်ခြည်ထိတွေ့ခြင်း။နေရောင်ခြည်တွင် ခရမ်းလွန်ရောင်ခြည်ပါဝင်သည်။ ခရမ်းလွန်ရောင်ခြည်များက ခန္ဓါကိုယ် တစ်ရှုးများကို တွယ်ဆက်ပေးသည့် collagen နှင့် elastin တို့ကို ပျက်စီးစေသည်။ တစ်ရှုးများတွယ်ဆက်ခြင်းမရှိတော့သည့် အခါ သင့်အသားအရေသည် တင်းရင်းမှုနည်းလာမည်။ ခရမ်းလွန်ရောင်ခြည် (UV rays) သည် အရေပြားကင်ဆာကို လည်း ဖြစ်စေသည်။ အထူးသဖြင့် အပူပိုင်းဒေသများတွင် ပိုဖြစ်သည်။ ထို့ကြောင့် အပြင်ထွက်သည့်အခါ နေရောင် ခြည်ထိတွေ့ခြင်းမှ ကာကွယ်နိုင်ရန် နေရောင်ကာ အဝတ်အစားများနှင့် နေကာမျက်မှန်များကို ဝတ်သင့်ပါသည်။ဆေးလိပ်သောက်ခြင်း – ဆေးလိပ်သောက်ခြင်းသည် သွေးလှည့်ပတ်မှုကို ထိခိုက်စေပြီး အရေပြားသို့သွေးထောက်ပံ့မှု ကို လျော့ကျစေကြောင်း လေ့လာတွေ့ရှိချက်များအရ သိရသည်။ သင်၏အရေပြားသည် အာဟာရကောင်းစွာမရရှိ သည့်အခါ ရှင်သန်မှု လျော့နည်းလာမည်။အိပ်ရေးပျက်ခြင်း။သင်သည် အိပ်ချိန်လုံလောက်စွာ မရှိလျှင် ခန္ဓါကိုယ်မှသဘာဝအလျောက် တုံ့ပြန်သည့်ဟော်မုန်း တစ်မျိုးထွက်လာကာ သင်၏အရေပြားတစ်ရှုးများကို ပျက်စီးစေသည်။ဆေးဝါးများသုံးစွဲနိုင်သလို အလှအပရေးရာနည်းလမ်းများဖြင့်လည်း အရေးကြောင်းများကို ပျောက်ကင်းစေနိုင်ပါသည်။ အရေးကြောင်းများ လျော့ချရာတွင် လူသိများကျော်ကြားစွာ အသိအမှတ်ပြုခြင်းခံရသည့် ဆေးများရှိပါသည်။ ဆေးဝါး များသုံးစွဲရာတွင် ကျွမ်းကျင်သူများ၏ လမ်းညွှန်မှုအောက်တွင် သာသုံးစွဲသင့်သည်။ သင် ၏ခန္ဓါကိုယ် နှင့် သင်သုံးစွဲသည့်ဆေးဝါးသည် သင့်တော်မှသာ သုံးစွဲသင့်သည်။Retinoids– ဤဆေးဝါးသည် ဗီတာမင်အေဖြင့် ပြုလုပ်ထားပြီး ပုံမှန်အားဖြင့် tretinoin နှင့် tazarotene ဟူ၍ ၂မျိုးပါ ဝင်သည်။ Tretinoin သည် အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့မှ အသိအမှတ်ပြုသည့် တစ်ခု တည်းသော အရေးကြောင်း ကုသသည့်ဆေးဖြစ်သည်။ဗီတာမင်စီ လိမ်းဆေး– ဗီတာမင်စီသည် collagen ထုတ်လုပ်မှုကိုများစေသောကြောင့် သင့်အသားအရေကို ပိုမိုတင်းရင်းစေသည်။Pentapeptides– ဤပစ္စည်းသည် အမျိုးသားကျန်းမာရေးအဖွဲ့မှ collagen ထုတ်လုပ်မှုအတွက်အသုံးပြုရန် အကြံပြုထားသည့် ပစ္စည်းဖြစ်သည်။ဆေးဝါးများဖြင့် တိုးတက်မှုမရှိသော အရေးကြောင်းများအတွက် အလှအပဆိုင်ရာကုထုံးများက ထိရောက်သည်။ သင့်အနေနှင့် ခွဲစိတ်ကုသမှု (သို့) ခွဲစိတ်မှုမလိုအပ်သော ကုသမှုများကို ရွေးချယ်နိုင်သည်။ ကုသမှုများကို အရည်အချင်းပြည့်ဝသော အရေပြားပညာရှင်များကသာ ပြုလုပ်ပေးသည်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9b%e1%80%b1%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%a1%e1%80%ad%e1%80%af%e1%80%99/
ဒူးပြဿနာကြောင့် စိတ်ညစ်နေရတယ်ဆိုရင် ဒူးအစားထိုးကုသမှု ခံယူနိုင်ပါတယ်
လူတွေက အရာတစ်ခုခုကိုပိုင်ဆိုင်ထားတုန်းမှာ တန်ဖိုးကို သိပ်သတိမထားတတ်ကြပါဘူး။လမ်းလျှောက်လို့ရနေတုန်းမှာခြေထောက်တွေရဲ့ တန်ဖိုးကို သိပ်မသိကြပါဘူး။ထိခိုက်မှုတစ်ခုကြောင့်ဖြစ်ဖြစ် မတော်တဆဖြစ်ရပ်တစ်ခုကြောင့်ဖြစ်ဖြစ် ခြေထောက်အသုံးပြုရခက်ခဲတဲ့အချိန်မျိုးနဲ့ ခြေထောက်လှုပ်ရှားလို့မရတော့တဲ့အချိန်မျိုးမှာမှ ပေါ့ပေါ့ပါးပါးလမ်းလျှောက်ခဲ့ချိန်တွေကို သတိရမိတတ်ကြတာပါ။ အခုတစ်ခေါက်တော့ဒူးမကောင်းတာကြောင့် ထိုင်ပြီးရင် ထရခက်တာ၊ လမ်းလျှောက်ရတာအဆင်မပြေတာ၊ လှေကားအတက်အဆင်းလုပ်ရခက်နေသူတွေအတွက် ဒူးခေါင်းအစားထိုးကုသမှုအကြောင်းပြောပြပေးမယ်နော်။ဒူးဆစ်မှာထိခိုက်မိတဲ့အခါမျိုး၊လေးဖက်နာေရာဂါကြောင့် ဒူးဆစ်ထိခိုက်သွားတဲ့အခါမျိုး၊ အရိုးပွရောဂါကြောင့် ဒူးဆစ်မှာထိခိုက်မိတဲ့အခါမျိုး နဲ့အရိုးအဆစ်ေတွရောင်ရမ်းတာကြောင့် ဒူးကွေးရဆန့်ရ သွားလာလှုပ်ရှားရခက်တဲ့အခြေအနေမျိုးမှာ တော့ ဒူးခေါင်းအစားထိုးကုသမှုတွေလုပ်ဖို့လိုအပ်မှာပါ။ အရိုးအဆစ်ကိုထိခိုက်စေနိုင်တဲ့ရောဂါတွေနဲ့ အရိုးအဆစ်တွေကိုထိခိုက်ထားတဲ့ ဒဏ်တွေက အချိန်ကြာလာတာနဲ့အမျှ အဆစ်တွေနဲ့ အဆစ်တဝိုက်မှာရှိတဲ့ တစ်ရှုးတွေကိုထိခိုက်စေနိုင်ပါတယ်။ ဒီလိုမျိုးအခြေအနေတွေဖြစ်လာတဲ့အခါ နေ့စဉ်လုပ်ဆောင်နေကျအလုပ်တွေကို မလုပ်နိုင်တော့တာမျိုးအထိဖြစ်နိုင်ပါတယ်။ ထိုင်ဖို့ ထဖို့ခက်နေသလို လှဲဖို့ဆိုတာတောင်တော်တော်လေးခက်တာမျိုးကြုံရနိုင်ပါတယ်။ ဒီလိုအချိန်မှာ အကောင်းဆုံးဖြေရှင်းနိုင်မယ့်နည်းလမ်းတစ်ခုက ဒူးခေါင်းအစားထိုးကုသတဲ့နည်းလမ်းပါ။ဒူးအစားထိုးကုသမှုကနေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်ဆောင်မှုကြောင့် ဒူးနာကျင်မှုဝေဒနာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ရာခိုင်နှုန်းအနေနဲ့ ပြောပြရရင် ၉၀ ရာခိုင်နှုန်းကျော်အထိသိသိသာသာသက်သာစေနိုင်တာပါ။ ဒူးခေါင်းတစ်ခုလုံး အစားထိုးကုသမှုကို ၁၉၆၈ ခုနှစ်ကစတင်လုပ်ဆောင်ခဲ့တာပါ။ ဒူးခေါင်းအစားထိုးကုသမှုက အရိုးအဆစ်တွေထိခိုက်မှုအတွက်တော့ စိတ်အချရဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုပါ။ဒူးခေါင်းအစားထိုးကုသမှုဆိုတာခွဲစိတ်ဆရာဝန်က ဒူးဆစ်နေရာရာမှာလာဆုံတဲ့ပေါင်ရိုးနဲ့ညို့သကျည်းရိုးတို့ရဲ့ ပျက်စီးနေတဲ့အရိုးတွေနဲ့အရိုးနုတွေကို ဖယ်ရှားလိုက်ပါတယ်။ ပြီးရင်တော့ ဒူးနေရာမှာလာဆုံတဲ့ ပေါင်ရိုးကို စတီးရိုးနဲ့ အစားထိုးပြီး ဒူးနေရာမှာလာဆုံတဲ့ ညို့သကျည်းရိုးနေရာကို Titanium သတ္တုနဲ့အစားထိုးကုသပေးလိုက်တာပါ။ ဒီအစားထိုးလိုက်တဲ့အရာတွေက ဒူးဆစ်ကိုချောျေချာမွေ့မွေ့လှုပ်ရှားနိုင်အောင်လုပ်ဆောင်ပေးပြီး နာကျင်မှုကင်းကင်းနဲ့ ဒူးကွေးဆန့်မှုကိုလုပ်နိုင်စေမှာပါ။ ဒူးခေါင်းခွဲစိတ်မှုတော်တော်များများမှာတော့ ဆရာဝန်တွေက ဒူးဂုံညင်းနေရာကို ပလပ်စတစ်Coating လုပ်ပြီး ကုသပေးလေ့ရှိကြပါတယ်။ဒူးတစ်ခုလုံးအစားထိုးကုသမှုခံယူပြီးတဲ့အခါ ဆေးရုံမှာ ၅ ရက် ကနေ ၇ ရက်လောက်အထိနေရပါမယ်။ ခွဲစိတ်ပြီးစမှာ ဒူးကို စတင်ပြီး လေ့ကျင့်ခန်း ဖြေးဖြေးနဲ့ စသင်ပေးပါတယ်။ လှုပ်ရှားဖို့လည်း ခက်ခဲနေဦးမှာပါ။ နောက်ပိုင်းမှာတော့ ဖြည်းဖြည်းချင်းနဲ့ ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းတွေ လုပ်ဆောင်ပြီး နဂိုအတိုင်းပြန်လည်ကောင်းမွန်လာအောင်လုပ်ဆောင်ရပါတယ်။ များသောအားဖြင့်ကတော့ဆေးရုံကနေမဆင်းခင်မှာပဲ မတ်တတ်ရပ်တာ၊ လမ်းလျှောက်တာတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ဒူးအစားထိုးကုသပြီးတဲ့နောက် အပြည့်အဝပြန်လည်ကောင်းမွန်ဖို့ ယူရတဲ့အချိန်ခြင်းကတော့ တစ်ယောက်နဲ့ တစ်ယောက်မတူနိုင်ပါဘူး။ များသောအားဖြင့်ကတော့ ပြန်လည်သန်စွမ်းရေး လုပ်ငန်းစဉ် အပြည့်အဝပြီးစီးဖို့ သီတင်းပတ် ၆ ပတ်ထိကြာမြင့်နိုင်သလို လုံးဝအပြီးအစီးပြန်လည်ကောင်းမွန်စေဖို့အတွက်ဆိုရင်တော့ ၃ လအထိကြာမြင့်နိုင်ပါတယ်။ခွဲစိတ်ထားတဲ့ချုပ်ရိုးေနရာကို အနာကျက်စေဖို့အတွက်လုပ်ဆောင်ဖို့လိုပါမယ်။ (ချုပ်ရိုးကို ရေမထိအောင်ဂရုစိုက်ပါ။)။အာဟာရြပည့်ဝမျှတအောင် စားသုံးပေးပါ။ (အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ၊သံဓါတ်ြပည့်ဝတဲ့ အစားအစာတွေကို စားသုံးပေးပါ။)။ဒူးကို ပုံမှန်အတိုင်းလှုပ်ရှားနိုင်အောင် ဖြည်းဖြည်းချင်းကျင့်ယူပါ။ (လက်ကိုင်တစ်ခုခုကိုကိုင်ပြီး သို့ တစ်ဦးတစ်ယောက်၏ အကူအညီယူပြီး လမ်းလျှောက်ကြည့်ပါ)။ဒူးအဆစ်ပေါ်ကို အားသက်ရောက်မှုနည်းစေပြီ ပေါ့ပေါ့ပါးပါးလုပ်လို့ရတဲ့ လေ့ကျင့်ခန်းမျိုးဖြစ်တဲ့ –ရေကူးတာ၊ ဂေါက်ရိုက်တာနဲ့ လမ်းဖြည်းဖြည်းလျှောက်တာမျိုးလုပ်ပေးပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/orthopedic-surgery/knee-replacement/
မှဲ့ကနေ ကင်ဆာဖြစ်နိုင်ပါသလား
မှဲ့ဆိုတာဘာလဲ။မှဲ့ဟာ အရည်ပြားကို အရောင်ထုတ်ပေးတဲ့ melanocytes လို့ခေါ်တဲ့ ဆဲလ်တွေ ပေါင်းစည်းဖြစ်ပေါ်လာတဲ့ သေးငယ်တဲ့ အစက်ဖြစ်ပါတယ်။မှဲ့ကို melanocytic naevi လို့လည်း ခေါ်ကြပါတယ်။မှဲ့ဟာ အများအားဖြင့် အညိုရောင် ရှိပြီး အချို့ကတော့ အရောင်ပိုရင့် (သို့) အရေပြားရောင် ရှိတတ်ပါတယ်။ ပြားနေတဲ့ မှဲ့ရှိသလို ဖေါင်းတဲ့ မှဲ့လည်းရှိပါတယ်။ ချောမွတ် (သို့) ကြမ်းတမ်းတဲ့ ပုံစံလည်း ရှိနိုင်ပါတယ်။ အချို့မှဲ့တွေဟာ သူတို့မှာ ပေါက်နေတဲ့ အမွှေးရှိတတ်ပါတယ်။ မှဲ့အများစုဟာ အဝိုင်း (သို့) ဘဲဥပုံရှိပြီး ချောမွတ်တဲ့ အစွန်းတွေ ရှိကြပါတယ်။မှဲ့တွေဟာ အရေအတွက်နဲ့ ပုံသဏ္ဍာန်ပြောင်းလဲနိုင်ပါတယ်။ အချို့ဟာ အချိန်ကြာလာတာနဲ့အမျှ သတိတောင် မထားမိပဲ ပျောက်သွားတတ်ပါတယ်။ သူတို့ဟာ ဟောမုန်းပြောင်းလဲမှုတွေကိုလည်း တုန့်ပြန်တတ်ပါတယ်။ ဥပမာ။မှဲ့အမျိုးအစားများ။မှဲ့အမျိုးအစား အမျိုးမျိုးရှိပြီး အတွေ့အများဆုံးကတော့။အတွေ့နည်းတဲ့ မှဲ့တွေကတော့ –။ဘယ်အချိန်မှာနဲ့ ဘာကြောင့် မှဲ့တွေ ဖြစ်လာပါသလဲ။မှဲ့အချို့ဟာ မွေးရာပါ ဖြစ်တတ်ပါတယ်။ အချို့ကတော့ အသက် ၃၀ ကျော်လောက်မှ ဖြစ်တာမျိုးလည်း ရှိပါတယ်။ အသားဖြူတဲ့သူတွေမှာ အသားညိုတဲ့သူတွေထက် မှဲ့တွေ ပိုတွေ့ရနိုင်ပါတယ်။မိသားစုထဲမှာ မှဲ့များရင် သင့်မှာလည်း မှဲ့များဖို့ (သို့) ပုံစံတူမှဲ့ရှိဖို့ အခွင့်အလမ်းများပါတယ်။သင်ကြီးပြင်းခဲ့တဲ့နေရာကလည်း ပြောင်းလဲမှုကို လုပ်နိုင်ပါတယ်။ ဥပမာ နေရောင်ထဲမှာ အချိန်ဖြုန်းလေ့ရှိသူဆိုရင် သင့်မှာ သေးငယ်တဲ့ မှဲ့တွေ အများကြီး ရှိနိုင်ပါတယ်။အန္တရာယ်မရှိတဲ့ မှဲ့များ။မှဲ့အတော်များများဟာ အန္တရာယ် မရှိပါဘူး။ ဒါပေမယ့် သူတို့ဟာ ကြည့်လို့မကောင်းပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ထိခိုက်စေပါတယ်။ သူတို့ဟာ စိတ်အနှောင့်အယှက်လည်း ဖြစ်စေပါတယ်။ ဥပမာ အမွှေးရိတ်နေတုံး ရှမိတာမျိုးဖြစ်ပါတယ်။ ဈေးကြီးပေမယ့် ဒီမှဲ့တွေကို ခွဲစိတ်ကုသနိုင်ပါတယ်။အလှအပဆိုင်ရာ မှဲ့ကုသမှုအတွက် ပိုက်ဆံပေးဖို့လိုအပ်ပြီး အပြင်ဆေးခန်းမှာ လုပ်နိုင်ပါတယ်။ သင့်ဆရာဝန်ကို ဘယ်မှာ လုပ်ရမလဲဆိုတာ မေးကြည့်ပါ။စိတ်အနှောင့်အယှက်ဖြစ်လို့ မှဲ့ကို ဖယ်ရှားချင်တယ်ဆိုရင် ခွဲစိတ်ဆရာဝန်က မှဲ့ကို အရေပြားနဲ့ တစ်သားတည်းဖြစ်အောင် လုပ်ပေးပါလိမ့်မယ်။ ဒါကို shave incision လို့ခေါ်ပါတယ်။ အနာကို အပူနဲ့ ပိတ်ပေးမှာဖြစ်ပြီး ဒီဖြစ်စဉ်ကို cauterisation လို့ ခေါ်ပါတယ်။အရေပြားကို စစ်ဆေးခြင်း။အရေပြားကို လအနည်းငယ်တိုင်းမှာ မှဲ့အသစ်တွေ ထပ်ပေါက်သလားဆိုတာ စစ်ဆေးသင့်ပါတယ်။ အရင်မှဲ့အဟောင်းတွေမှာလည်း ပြောင်းလဲမှု ရှိမရှိ လေ့လာသင့်ပါတယ်။ မှဲ့တစ်ခုဟာ ရက်သတ္တပတ်ပေါင်းများစွာ (သို့) လပေါင်းများစွာ အတွင်းမှာ ပြောင်းလဲနိုင်ပါတယ်။အောက်ဖေါ်ပြပါ ပြောင်းလဲမှုတွေကို ရှာဖွေကြည့်သင့်ပါတယ်။ABCDE နည်းလမ်းကို မှတ်ထားပြီး လေ့လာသင့်ပါတယ်။ဒီလိုမှဲ့တွေဟာ နေရာအနှံ့မှာ ဖြစ်နိုင်ပေမယ့် နောက်ကျော၊ ခြေထောက်၊ လက်မောင်းနဲ့ မျက်နှာတွေမှာ အဖြစ်များပါတယ်။တကယ်လို့ မှဲ့မှာ ပြောင်းလဲမှုတွေတွေ့ပြီး စိတ်ပူပန်နေတယ်ဆိုရင် ဆရာဝန်ကိုပြသသင့်ပါတယ်။ မှဲ့ပြောင်းလဲမှုဟာ အရေပြားကင်ဆာတစ်မျိုးဖြစ်တဲ့ melanoma ရဲ့ စောစီးစွာ ပြသတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ကင်ဆာဖြစ်စေတဲ့ မှဲ့များ။မှဲ့အများစုဟာ ကင်ဆာမဖြစ်ပွားစေပဲ အနည်းငယ်ကတော့ ဖြစ်ပွားစေပါတယ်။ Melanoma ဟာ ပြင်းထန်တဲ့ အရေပြား ကင်ဆာတစ်မျိုးဖြစ်ပါတယ်။Melanoma တွေဟာ များသောအားဖြင့် အရင်က သတိမထားမိတဲ့နေရာမှာ အရောင်ရင့်ပြီး အမြန်ကြီးလာတဲ့ အစက်တွေအနေနဲ့ (သို့) အရင်ရှိပြီးသားမှဲ့မှာ အရွယ်အစား၊ ပုံသဏ္ဍာန်၊ အရောင်ပြောင်းလာခြင်း၊ ယားယံခြင်း၊ နီရဲခြင်းတို့အသွင်နဲ့ တွေ့ရတတ်ပါတယ်။ Melanoma ရဲ့ အဓိက ကုသမှုကတော့ ခွဲစိတ်ကုသမှု ဖြစ်ပြီး ဒါဟာလည်း အခြေအနေပေါ်မူတည်ပါတယ်။ စောစောစီးစီး ရောဂါတွေ့ရှိခဲ့ရင် ခွဲစိတ်ကုသမှုအောင်မြင်နိုင်ပြီး နောက်တစ်ကြိမ်ပြန်ဖြစ်တာကို တားမြစ်ဖို့အတွက်ပုံမှန် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ကင်ဆာဖြစ်စေတဲ့ မှဲ့များကို ကာကွယ်ခြင်း။သင့်မှာ မှဲ့အများကြီးရှိရင် နေရောင်ထဲသွားရင် ဂရုစိုက်သင့်ပါတယ်။ Melanoma ကို အမြဲကာကွယ်နိုင်ဖို့တော့ မဖြစ်နိုင်ပေမယ့် UV light နဲ့ အလွန်အကျွံထိတွေ့မှုကို ရှောင်ကျဉ်ခြင်းဟာ ကင်ဆာဖြစ်နှုန်းကို လျော့ကျစေနိုင်ပါတယ်။အောက်ဖေါ်ပြပါ အချက်အလက်တွေကို လိုက်နာသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%99%e1%80%be%e1%80%b2%e1%80%b7%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac/
ကိုယ်ဝန်ဆောင်နဲ့ ဗိုက်ကြောပြတ် ရာများ
ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ အရင်တုန်းကနဲ့ မတူတော့ဘဲ ခန္ဓာကိုယ်ရဲ့ အတွင်းရော အပြင်မှာပါ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ ဒီထဲမှာ ဗိုက်ကြောပြတ် တာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဗိုက်ကြောပြတ် တာက ဘာဖြစ်လဲဆိုတော့ ဘာမှတော့ မဖြစ်ပါဘူး။ အမေရော ကလေးအတွက်ပါ အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် အကြည့်ရ ဆိုးတယ်လေ။ကိုယ်ဝန်ရှိတုန်းကလည်း ဗိုက်မှာ အကြောပြတ်ရာတွေ ထောင်ထောင်နဲ့၊ မွေးပြီးတော့လည်း ဗိုက်က လေရှုံ့ထားတဲ့ ဘောလုံးလို ကျုံ့သွားတဲ့ အပြင် အကြောပြတ်ရာတွေ ကလည်း အကြောင်းလိုက်ကျန်နေတော့ ရုပ်ဆိုးတာပေါ့။ မွေးခါစဆိုရင်တော့ ပြဿနာမရှိပေမယ့် ကြာလာတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ။ အကြောပြတ်ရာတွေ ဘာလို့ ပေါ်လာလဲဆိုတာ ဆက်ကြည့်ရအောင်။အကြောပြတ်ရာ ဆိုတာက အရေပြားအောက်လွှာက ပြဲသွားတာကြောင့် ဖြစ်လာတဲ့ အမာရွတ်လေးတွေပါ။ ဘာနဲ့တူလဲဆိုတော့ သားရေပင်တွေလိုပါပဲ။ ဆွဲအားကို အတိုင်းအတာတစ်ခုထိပဲ ခံနိုင်တာပါ။ ကျော်သွားရင် ပြတ်ထွက်သွားပါတယ်။ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့။[embed-health-tool-pregnancy-weight-gain]။ကိုယ်ဝန်ပတ် ၁၃ပတ်ကနေ ၂၁ပတ်ကြားလောက်ဆိုရင် ဗိုက်ကြောတွေ စပြတ်လာပါပြီ။ ဗိုက်ကြောပြတ်တာနဲ့ ပတ်သတ်လို့ စိတ်ဓာတ်မကျပါနဲ့။ ကိုယ်ဝန်ဆောင်တွေရဲ့ ၉၀ ရာခိုင်နှုန်းက ဗိုက်ကြောပြတ် တတ်ပါတယ်။ဒါကို ခုနောက်ပိုင်းမှာ ” ကိုယ်ဝန်ဆောင်အလှတရား ”  လို့ လက်ခံလာကြပါပြီ။ ဗိုက်ကြောပြတ်လို့ ပြောပေမယ့် ဗိုက်အပြင် တင်ပါး၊ ပေါင်၊ လက်မောင်းရင်းနဲ့ ရင်သားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဗိုက်ကြောပြတ်တဲ့ အရောင်တွေကတော့ အသားအရောင်ပေါ် မူတည်ပြီး ပန်းရောင်၊ အနီရောင်၊ အဝါရောင် တစ်ခါတစ်လေ ခရမ်းရောင်ကနေ အညိုရောင် အထိဖြစ်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှ ဗိုက်ကြောပြတ်ရာတွေ ပေါ်လာပြီ ဆိုတာနဲ့ အောက်က နည်းလမ်းတွေ သုံးလို့ ရပါပြီ။ ကိုယ်ဝန်ဆောင်တွေ သုံးမှာ ဖြစ်တဲ့ အတွက် လွယ်ကူတဲ့နည်းလမ်းတွေကိုပဲ ပြောပြပေးပါ့မယ်။အရေပြား ပြဿနာဆိုတာနဲ့ ရှားစောင်းလက်ပပ်က မပါမဖြစ်ပါပဲ။ ရှားစောင်းလက်ပပ် အနှစ်ကို ယူပြီး အကြောပြတ်တဲ့ နေရာကို လိမ်းပြီး အသာအယာ နှိပ်နယ်ပေးပါ။ မိနစ် ၂၀လောက်နေရင် ရေနွေးနွေးနဲ့ ဆေးချပါ။ ဒါကို နေ့တိုင်းနီးပါး လုပ်ပေးနိုင်ရင် တဖြည်းဖြည်း မှိန်သွားမှာပါ။ကိုကိုးလ်ထောပတ်က အကြောပြတ်ရာတွေ အတွက်တော့ ဆရာပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာရော ကလေးမွေးပြီးရင်ရော သေချာလိမ်းပေးမယ်ဆိုရင် အကြောပြတ်ရာတွေ ပါးသွားတာကို တွေ့ရမှာပါ။ ညအိပ်ခါနီးရင် လိမ်းအိပ်ပြီး မနက်ထိထားလိုက်တာက ပိုပြီး ထိရောက်ပါတယ်။သံပုရာသီးရဲ့ အက်စစ်ဓာတ်က အမာရွတ်တွေကို မှေးမှိန်စေတဲ့ သတ္တိရှိပါတယ်။သခွားသီးကတော့ အရေပြားကို အေးမြစေပါတယ်။  ဒါကြောင့် သံပုရာရည်နဲ့ သခွားသီးအရည်ကို ဆတူရောပြီး အကြောပြတ်တဲ့ နေရာကို လိမ်းပေးပါ။ ၁၀မိနစ်လောက်နေရင် ရေနွေးနွေးလေးနဲ့ ဆေးချပါ။ဗာဒံစေ့ရဲ့ အဆီဖြစ်ဖြစ်၊ အမှုန့်ဖြစ်ဖြစ်ကိုအုန်းဆီနဲ့ ဆတူရောလိုက်ပါ။ အကြောပြတ်တဲ့ နေရာကို စိမ့်ဝင်အောင် လိမ်းပြီး ခဏကြာရင် ရေဆေးချပါ။ သဘာဝပစ္စည်းတွေ ဖြစ်လို့ ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။ကြက်ဆူဆီက အကြောပြတ်ကို သက်သာစေတဲ့အပြင် အရေပြားကို အားဖြည့်ပြီး အစိုဓာတ်ကို ထိန်းပေးပါတယ်။ အရေပြားကို နူးညံ့စေပြီး ရေရှည်လိမ်းမယ်ဆိုရင် မှိန်သွားမှာပါ။အပေါ်မှာ ပြောထားတဲ့ နည်းလမ်းတွေက သဘာဝနည်းလမ်းတွေပဲ မို့လို့ ကိုယ်ဝန်ဆောင်တွေ စိတ်ချ လက်ချ သုံးလို့ရပါတယ်။ ဘယ်နည်းလမ်းပဲ ဖြစ်ဖြစ် ရေရှည်လိမ်းမယ်ဆိုရင် သိသာတဲ့ ရလဒ်ရမှာပါ။စိတ်မကောင်းတာက အကြောပြတ်ရာကို ကာကွယ်လို့ မရပါဘူး။ နည်းလမ်းပေါင်းစုံ ပြောနေကြပေမယ့် လက်ရှိမှာတော့ သိပ္ပံနည်းကျအတည်ပြုထားတဲ့ နည်းမရှိသေးပါဘူးတဲ့။ ဒါပေမယ့် ဖြစ်လာရင်တော့ အပေါ်က နည်းလမ်း အတိုင်း သက်သာအောင် လုပ်လို့ရပါတယ်။အချိန်တော့ ယူရမှာပါ။ ဗိုက်ကြောပြတ်ရာတွေက လုံးဝပျောက်သွားတာမျိုး မဟုတ်ပါဘူး၊၊ မှိန်ပြီး မသိသာတာပဲ ရှိပါတယ်၊၊။ကံကောင်းတာက ကလေးမွေးပြီးသွားရင် အကြောပြတ်ရာတွေက အထိုက်အလျောက်တော့ မှိန်သွားပါတယ်။ အသားနဲ့ ရောသွားလို့ သိပ်မသိသာတော့ပါဘူး။ အပေါ်က နည်းလမ်းတွေပါ လိုက်လုပ်ရင်တော့ ပိုပြီး မှိန်သွားနိုင်ပါတယ်။
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/third-trimester-being-pregnant/stretch-marks-in-pregnancy/
အရေးအကြောင်းတွေ ဘယ်လိုဖြစ်လာတာလဲ
အရေးအကြောင်းတွေဟာ ဘာတွေလဲ။အရေးအကြောင်းတွေဟာ အသက်ကြီးလာလို့ သဘာဝအလျောက် ဖြစ်လာတာဖြစ်ပြီး နေနဲ့ ထိတွေ့မှုများတဲ့ အရေပြားမှာ အများဆုံးဖြစ်တတ်ပါတယ်။ မျက်နှာ၊ လည်ပင်း၊ လက်နဲ့ လက်မောင်းတွေမှာ ပိုအဖြစ်များပါတယ်။မျိုးရိုးဗီဇကလည်း အရေပြားရဲ့ တည်ဆောက်ပုံနဲ့ အသားကို လွှမ်းမိုးမှုရှိပေမယ့် နေရောင်ထိတွေ့ခြင်းဟာတော့ အရေးအကြောင်းတွေဖြစ်စေတဲ့ အဓိက အကြောင်းရင်းပဲဖြစ်ပါတယ် (အထူးသဖြင့် အသားဖြူတဲ့ သူတွေမှာ ပိုဆိုးပါတယ်။) အခြား အချက်တွေဖြစ်တဲ့ ညစ်ညမ်းစေတဲ့ ပစ္စည်းတွေနဲ့ ဆေးလိပ်သောက်ခြင်းတွေကလည်း အရေးအကြောင်းတွေကို ဖြစ်စေပါတယ်။တကယ်လို့ အရေးအကြောင်းတွေက သင့်ကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင် သူတို့ကို ချောမွေ့သွားစေဖို့ (သို့) သိပ်မမြင်သာစေဖို့အတွက် နည်းလမ်းတွေ ရှိပါတယ်။ ဆေး၊ အရေပြား ပြန်လည်တည်ဆောက်မှု နည်းလမ်းများ၊ fillers၊ ဆေးထိုးခြင်းနဲ့ ခွဲစိတ်ခြင်းတို့ဟာ အရေးအကြောင်းကို ထိရောက်စွာ ကုသပေးနိုင်တဲ့ နည်းတွေ ဖြစ်ပါတယ်။အကြောင်းရင်း။အရေးအကြောင်းတွေဟာ ဘာကြောင့် ဖြစ်တာပါလဲ။အရေးအကြောင်းတွေဟာ အချက်အလက်တွေ ပေါင်းစုမှုကြောင့် ဖြစ်ပွားတတ်ပါတယ်။ အချို့ကို ထိန်းချုပ်နိုင်ပြီးတော့ အချို့ကတော့ ထိန်းချုပ်လို့ မရပါဘူး။လက္ခဏာများ။အရေးအကြောင်းတွေရဲ့ လက္ခဏာတွေက ဘာတွေလဲ။အရေးအကြောင်းတွေဟာ အရေပြားပေါ်မှာ ပေါ်လာတဲ့ လိုင်းတွေပဲဖြစ်ပါတယ်။ အချို့ အရေးအကြောင်းတွေဟာ နက်နဲပြီးတော့ မျက်လုံး၊ ပါးစပ်နဲ့ လည်ပင်းတစ်ဝိုက်မှာ အတွေ့များပါတယ်။ဆရာဝန်ကို ဘယ်အချိန်မှာ ပြသသင့်လဲ။အရေပြားရဲ့ ပုံစံနဲ့ ပတ်သက်လို့ စိတ်ပူမှု ရှိလာပြီဆိုရင် အရေပြားဆရာဝန်နဲ့ ပြသသင့်ပါတယ်။ သူဟာ အရေပြားကို စစ်ဆေးပြီးတော့ တစ်ယောက်ချင်းဆီအတွက် သင့်တော်တဲ့ အရေပြားထိန်းသိမ်းမှု အစီအစဉ်ကို ပြောပြနိုင်ပါတယ်။ ဆေးပညာဆိုင်ရာ အရေးအကြောင်း ကုသမှုတွေကိုလည်း အကြံပေးနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/%e1%80%a1%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%bd%e1%80%b1-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%bc/
ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ လေဒီလေးတွေ ဆိုတာ
ရှေးယခင်ကာလတွေတုန်းကလေဒီလေး တွေဆိုရင် အိမ်ထောင်မှုကိစ္စတွေ လုပ်တတ်ဖို့ ကလေးတွေ ထိန်းကျောင်းဖို့နဲ့ သေစာရှင်စာရေးတတ်ဖတ်တတ်ရင် တော်ပြီဆိုပြီး သဘောထားခဲ့ကြတာ များပါတယ်။ မြန်မာလူမျိုးအများစု လက်ခံထားတာက မိန်းကလေးဆိုတာ ဘုန်းကံနိမ့်တယ်။ မိန်းကလေးဆိုတာက အမျိုးသားတွေရဲ့ ဦးဆောင်မှု နောက်ကိုပဲ လိုက်ရမယ်ဆိုတဲ့ အယူစွဲပါ။ တကယ်ကတော့အမျိုးသမီးအထူးသဖြင့် မေမေတွေသာ မရှိရင် မိသားစုတစ်ခုက ပျော်ရွှင်စရာ မကောင်းသလို စည်းစနစ်ကျနမှုလည်း ရှိဖို့ မလွယ်ပါဘူး။ဖေဖေတွေက သားသမီးတွေ စားဝတ်နေရေး ပညာရေးအတွက် လိုလေသေးမရှိစေဖို့အတွက် ဝင်ငွေရရှိအောင် ကြိုးစားရှာဖွေရသလို မေမေတို့ကတော့ သားသားမီးမီးလေးတွေကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ထက်ထက်မြက်မြက်လေး ကြီးပြင်းလာအောင် ထိန်းကျောင်းပဲ့ပြင်ပေးရပါတယ်။အစားအသောက်ကို ကျန်းမာအောင် ပြင်ဆင် ချက်ပြုတ်ပေးရသလိုတစ်ကိုယ်ရေသန့်ရှင်းရေးကိုလည်း ဂရုစိုက်ရပါတယ်။ ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေးအောင် သင်ကြားပေးရသလို ပညာရေးကိုလည်း မလစ်လပ်အောင် ဂရုစိုက်ပေးတာ မေမေပါ။ မေမေက ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါ ထူးချွန်ထက်မြက်နေမှလည်း မွေးလာတဲ့ သားသမီးတွေက ထူးချွန် ထက်မြက်မှာပါ။ ဒါကြောင့် မေမေဖြစ်လာမယ့် အမျိုးသမီးလေးတွေက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေး အဘက်ဘက်မှာ ပြည့်စုံ ထူးချွန်နေဖို့ လိုပါမယ်။ကျန်းမာပျော်ရွှင်ထက်မြက်မှုက မွေးရာပါဗီဇဆိုတာထက် ကိုယ်တိုင်က လေ့ကျင့်မွေးမြူလို့ ရပါတယ်။ ထူးချွန်ထက်မြက်နေတဲ့ လေဒီလေးတွေက စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်စေဖို့ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေဖို့၊ လူမှုဆက်ဆံရေး ပြေပြစ်စေဖို့ ကိုယ်တိုင်အလေ့အကျင့်ကောင်းတွေကို မွေးမြူရတာပါ။ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ လေဒီလေးတွေဆိုတာ အပေါ်မှာ ပြောခဲ့သလို ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာသန်စွမ်း ကြသလို စိတ်ခံစားမှုပိုင်းဆိုင်ရာလည်း ကြံ့ခိုင်ကြပါတယ်။လူမှုဆက်ဆံရေးလည်း ပြေပြစ်ကြပါတယ်။ ဒီတော့ ကိုယ်တိုင်မှာရော ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ လေဒီလေးတစ်ယောက်မှာရှိသင့်တဲ့ စံနှုန်းတွေနဲ့ ဘယ်လောက်ထိ ကိုက်ညီမှု ရှိလဲဆိုတာကို ဆန်းစစ်ကြည့်လိုက်ရအောင်လား။ရုပ်ပိုင်းဆိုင်ရာ အနေနဲ့ ကျန်းမာတဲ့ လေဒီလေး တစ်ယောက်ဆိုတာ။စိတ်ပိုင်းဆိုင်ရာ အနေနဲ့ ကျန်းမာပျော်ရွှင်တဲ့ လေဒီလေး တစ်ယောက်ဆိုတာ။လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ အနေနဲ့ ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ လေဒီလေး တစ်ယောက်ဆိုတာ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/what-a-healthy-woman-looks-like-mental-physical-emotional/
ဝက်ခြံပေါက်နေစဉ် ရှောင်သင့်သော အစားအစာများ
ဝက်ခြံရှိနေရင် ဆေးသောက်စရာမလိုဘဲ ကုနိုင်တဲ့နည်းတွေ အများကြီး ရှိပါတယ်။ အကောင်းဆုံးကတော့ စားသောက်ပုံကို ပြောင်းလဲပစ်တာပါပဲ။ ဝက်ခြံနဲ့ အစားအသောက်နဲ့ ဆက်စပ်မှုရှိတယ်ဆိုတာ ပြသထားတဲ့ လေ့လာမှုတွေ အများကြီး ရှိပါတယ်။ ဝက်ခြံဖြစ်စေတဲ့ အစားအစာတွေကိုရှောင်ကြဉ်ခြင်းဟာ ဝက်ခြံလျော့နည်းစေရုံတင်မကပဲ ဝက်ခြံထွက်ခြင်းကိုပါ ထိန်းချုပ်နိုင်ပါတယ်။ အောက်ဖော်ပြပါ အစားအစာတွေကတော့ ရှောင်ကြဉ်သင့်တဲ့ အစားအစာ ခြောက်ခု ဖြစ်ပါတယ်။၁။ ချောကလက်။ချောကလက်ဟာ ဝက်ခြံကိုဖြစ်စေတယ်လို့ ကြားဖူးပါလိမ့်မယ်။ အမှန်ကတော့ ချောကလက်က တိုက်ရိုက်တော့ ဝက်ခြံမဖြစ်စေပါဘူး။ ချောကလက်က ဝက်ခြံဖြစ်စေတယ်ဆိုတာကို ပြနိုင်တဲ့ သက်သေ အလွန်နည်းပါးပါတယ်။ တကယ်ကတော့ သူ့မှာ သကြားဓါတ်နဲ့ အဆီဓါတ်များစွာ ပါဝင်တာမို့ ကိုယ်ခန္ဓါမှာ အဆီထွက်ခြင်းကို အားပေးပါတယ်။ ပြီးတော့ ချွေးပေါက်တွေကို ပိတ်စေတာမို့ ရောင်ရမ်းခြင်းတွေ ဖြစ်ပြီး ဝက်ခြံပေါက်လာပါ လိမ့်မယ်။ဒါဟာ ချောကလက်မစားသင့်ဘူးလို့ မဆိုလိုပါဘူး။ သကြားဓါတ်နဲ့ အဆီဓါတ်များတဲ့ အစားအစာတွေကို ရှောင်ကြဉ်သင့် ခြင်းသာဖြစ်ပါတယ်။ သင်စားနေတဲ့အစာတွေမှာ အသီးတွေထည့်စားခြင်းဟာ အချိုစားချင်စိတ်ကို လျော့ကျစေပါတယ်။၂။ စပ်တဲ့အစာများ။စပ်တဲ့အစာတွေဟာလည်း ဝက်ခြံဖြစ်စေတယ်ဆိုပေမယ့် သေတော့မသေချာပါဘူး။ ငရုတ်သီးနဲ့ ဝက်ခြံနဲ့ ဆက်စပ်မှုရှိတယ်ဆိုတာ ပြသဖို့ လေ့လာမှုတွေတော့ လိုအပ်ပါသေးတယ်။ ဆရာဝန်တွေကတော့ စပ်တဲ့ အစားတွေကို စားတဲ့အခါမှာ ချွေးပိုထွက်နိုင်ပါတယ်။ ချွေးထွက်ခြင်းဟာ ချွေးပေါက်တွေကို ပိတ်နိုင်ပါတယ်။ အရေပြားကို သန့်ရှင်းခြောက်သွေ့အောင် ထားပါ။ ဒါဆိုရင်တော့ စပ်တဲ့အစာတွေကို စားသောက်နိုင်ပါတယ်။၃။ ချိစ့်။ချိစ့်နဲ့ ဝက်ခြံပေါက်ခြင်းနဲ့ ဆက်သွယ်နေတာကို ပြသခဲ့တဲ့ လေ့လာမှုတွေရှိပါတယ်။ ချိစ့်စားခြင်းဟာ ကိုယ်ခန္ဓါကို သကြားဓါတ်စုပ်ယူစေတဲ့ အင်ဆူလင် ပိုမိုထုတ်စေပါတယ်။ ဒါဘာကိုဆိုလိုလဲဆိုတော့ ချိစ့်စားရင် သင့်အရေပြားဟာ အဆီကိုပိုထုတ်ပါလိမ့်မယ်။ ဒါဆိုရင်တော့ အဆီပိုပြန်လာပြီး ဝက်ခြံပိုထွက်လာနိုင်ပါတယ်။၄။ အစေ့။အစေ့တွေဟာ ဝက်ခြံပိုပေါက်စေတယ် ဆိုသော်လည်း လေ့လာမှုတွေတော့ လိုအပ်ပါသေးတယ်။ တကယ်တော့ အစေ့တွေဟာ glycaemic index နိမ့်ပါတယ်။ Glycaemic index ဟာ အစားအစာတစ်ခုက သကြားဓါတ်နဲ့ အင်ဆူလင် ကို ဘယ်လိုသက်ရောက်သလဲဆိုတာ ဖော်ပြပါတယ်။ Glycaemic index မြင့်နေရင် သကြားဓါတ်များတာကို ဆိုလိုတာဖြစ်ပါတယ်။ အစေ့တွေဟာတော့ သကြားဓါတ်ကို မြင့်တက်စေခြင်းမရှိပါဘူး။ Glycaemic index နိမ့်ခြင်းဟာ ကိုယ်ခန္ဓါက အစေ့တွေကို ဖြည်းညင်းစွာ စုပ်ယူပြီး ခြေဖျက်မယ်လို့ ဆိုလိုတာမို့ အစေ့တွေကို စားသုံးနိုင်ပါတယ်။၅။ မြေပဲထောပတ်။မြေပဲထောပတ်စားတဲ့ အခါ ဝက်ခြံပေါက်တာကို မြင်ဖူးကောင်း မြင်ဖူးပါလိမ့်မယ်။ ဒါပေမယ့် ဝက်ခြံနဲ့ မြေပဲထောပတ် ဆက်စပ်မှုကို ပြသတဲ့ သက်သေ မရှိပါဘူး။ မြေပဲထောပတ်ဟာ Glycaemic index နိမ့်ပြီးတော့ သကြားအများကြီး မပါဝင်ပဲ အာဟာရဓါတ်တွေပါဝင်ပါတယ်။ သူ့တို့ဟာ ယောက်ျားဟော်မုန်း ပမာဏကို မြင့်တက်စေပြီး ဝက်ခြံပေါက်စေနိုင်ပါတယ်။အဆီထွက်တာများခြင်း၊ ဘက်တီးရီးယားရောဂါပိုး တွေနဲ့ ဟော်မုန်း မညီမျှမှုတွေကြောင့် ဝက်ခြံပိုဆိုးစေပါတယ်။ မြေပဲထောပတ်ဟာ ဟော်မုန်းမညီမျှမှုတွေကို ဖြစ်စေတာကြောင့် ဝက်ခြံရှိရင် ရှောင်ကြဉ်သင့်ပါတယ်။၆။ နွားနို့။ချိစ့်လိုမျိုးပဲ နွားနို့ဟာလည်း ဝက်ခြံပေါက်စေနိုင်ပါတယ်။ သုတေသီတွေကတော့ ဒါဟာ မှန်တယ်လို့ ယူဆကြပါတယ်။ နွားနို့ထဲမှာ ဟော်မုန်းတွေပါဝင်ပြီး အရေပြားပေါ်က အဆီဂလင်းတွေကို လှုံ့ဆော်လိုက်ပါတယ်။ ဒါဟာ အရေပြားကို ချွေးပေါက်ပိုမိုပိတ်စေပြီး ဝက်ခြံပေါက်စေပါတယ်။နွားနို့မှာ ဗီတာမင်ဒီနဲ့ ကယ်လ်စီရမ်ဓါတ်ပါဝင်ပါတယ်။ နွားနို့ သောက်တာကို ကန့်သတ်လိုက်မယ်ဆိုရင် ဗီတာမင်ဒီနဲ့ ကယ်လ်စီရမ်တွေပါတဲ့ အခြားအစားအသောက်တွေကို စားသုံးသင့်ပါတယ်။ သူတို့ဟာ အရိုးတွေကို ကျန်းမာစေပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%81%80%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%b1%e1%80%95%e1%80%ab%e1%80%80%e1%80%b9%e1%80%b1%e1%80%94%e1%80%85%e1%80%a5%e1%80%b9-%e1%80%b1%e1%80%9b%e1%80%bd%e1%80%ac%e1%80%84%e1%80%b9/
ကိုယ်ဝန်ဆောင်ချိန် သွေးလှူလို့ရလား.....................
သွေးလှူတာက မွန်မြတ်တဲ့လုပ်ရပ်တစ်ခုပါ။ သွေးလှူတာက သူတစ်ပါးရဲ့ အသက်ကို ကယ်တင်ရာလည်းရောက်ပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ သွေးလှူဖို့ သင့်တော်ပါ့မလား။ အထူးသဖြင့် ကိုယ်တိုင်ကျန်းမာရေးကိုရော ဗိုက်ထဲကဘေဘီလေးရဲ့ ကျန်းမာရေးကိုပါ စောင့်ရှောက်နေရတဲ့ မေမေတို့ဆိုရင်ရော သွေးလှူလို့ ရပါ့မလား ဆိုတာမျိုးပေါ့။ဖြစ်နိုင်ရင်တော့ မလှူတာ အကောင်းဆုံးပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာ မိခင်က ကျန်းမာပြီး အင်အားပြည့်ဝနေမှ မိခင်ရဲ့ကိုယ်ခံအားနဲ့ အာဟာရဖြည့်တင်းမှုအပေါ်မှာ မှီခိုနေရတဲ့ ဘေဘီလေးက ကျန်းမာမှာပါ။ကိုယ်ဝန်ဆောင်မေမေတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက် ကိုယ်ဝန်ဆောင်နေချိန်မှာသွေးအားနည်းရောဂါကို ခံစားရတတ်ကြပါတယ်။သံဓာတ်အားနည်းမှုကြောင့်ဖြစ်တဲ့သွေးနီဥဆဲလ်အရေအတွက်နည်းပြီး သွေးအားနည်းရောဂါကို ခံစားရတာပါ။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ လေဒီတိုင်းလိုလို ခံစားရပါတယ်။လေဒီ​တွေက အမျိုးသားတွေထက် သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေက ပိုများပါတယ်။ အကြောင်းကတော့အမျိုးသမီးသဘာဝ လစဉ်ဓမ္မတာလာတဲ့ကိစ္စ ရှိနေလို့ပါ။ကိုယ်ဝန်ဆောင်နေချိန်မှာဆိုရင် ဘေဘီလေး ကျန်းမာဖို့အတွက်ပါဆိုတော့ အာဟာရလိုအပ်ချက် ပိုမြင့်မှာက ပြောနေစရာမလိုအောင်ပါ။ ဘေဘီလေး ကျန်းမာဖို့နဲ့  ပြည့်ဝလုံလောက်တဲ့ အာဟာရတွေကို ရရှိစေဖို့ မေမေက ကျန်းမာနေမှ ဖြစ်မှာပါ။ပုံမှန်အတိုင်းတောင် သွေးအားနည်းတာ၊သံဓာတ်ချို့တဲ့တာမျိုး မဖြစ်စေဖို့အတွက် ကိုယ်ဝန် ၃ လရောက်တဲ့အခါသံဓာတ်အားဖြည့်ဆေးသောက်ရတဲ့ ကိုယ်ဝန်ဆောင်မေမေအနေနဲ့ကိုယ်ဝန်ဆောင်နေရချိန်မှာ သွေးလှူဖို့ဆိုတာ စွန့်စားလွန်းရာ ကျပါတယ်။ အခန့်မသင့်ရင် မေမေရော ကလေးကို ပါထိခိုက်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်အနေနဲ့ ကိုယ်တိုင်ရော ဘေဘီလေးပါ ကျန်းမာစေဖို့ကိုယ်ဝန်ရှိစကနေမွေးဖွားပြီးချိန်အထိ သွေးလှူတာမျိုး မလုပ်သင့်ပါဘူး။ ကလေးမွေးဖွားပြီး အနည်းဆုံး ၆ ပတ်ကြာမှ သွေးလှူသင့်ပါတယ်၊ လို့ အမေရိကန်သွေးဘဏ်က ဆိုပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါ လုံလောက်စွာ သွေးစီးဆင်းရရှိစေဖို့ မိခင်ခန္ဓာကိုယ်ထဲမှာ အရင်ကသွေးပမာဏထက် ၅၀ ရာခိုင်နှုန်းလောက် တိုးလာတယ်ဆိုပေမယ့် ဒီပမာဏ မိခင်ကျန်းမာပြီးဗိုက်ထဲက ဘေဘီလေးအကောင်းဆုံး ကြီးထွားစေဖို့ အထောက်အပံ့ဖြစ်စေရုံပါ။ ပိုလျှံတဲ့ သဘောမရှိပါဘူး။ဒီတော့ ကိုယ်က ပုံမှန် သွေးလှူနေတယ်ဆိုရင်တောင်မှ ဘေဘီလေးကို လွယ်ထားရချိန်မှာတော့ ကိုယ်တိုင်ရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် သွေးမလှူတာက အကောင်းဆုံးဖြစ်မှာပါ။ကိုယ်ဝန်ဆောင်ချိန်မှာ သွေးလှူတာက သွေးအားနည်းရောဂါ ဖြစ်စေနိုင်သလို မီးဖွားချိန်မှာ သွေးဆင်းများတဲ့အခါ သွေးသွင်းရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုသွေးသွင်းတာက မလိုလားအပ်တဲ့နောက်ဆက်တွဲ ပြဿနာမျိုးတွေကို ဖြစ်စေနိုင်တာမို့ အကောင်းဆုံးကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာစေဖို့ သွေးမလှူပါနဲ့၊ လို့ အကြံပြုပါရစေ။ဘေဘီလေးကို မွေးဖွားပြီးချိန်မှာ အချင်းသွေးလှူတာ၊ stem cell သိမ်းဆည်းတာတွေလုပ်ပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့သွေးကင်ဆာနဲ့ အခြားသော ကိုယ်ခံအားဆိုင်ရာကျန်းမာရေးပြဿနာတွေအတွက် အကူအညီပေးလို့ရပါတယ်။ကလေးမွေးဖွားပြီးချိန်မှာ ပြည့်ပြည့်ဝဝ အနားယူမယ်။ အာဟာရပြည့်ပြည့်ဝဝ စားသုံးမယ်ဆိုရင်တော့ ကလေးမွေးဖွားပြီး ၆ လအကြာမှာ သွေးလှူလို့ရမှာပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/is-it-safe-to-give-blood-during-pregnancy/
ဆားလျှော့စားနိုင်မယ့် နည်းလမ်းကောင်းတွေ
သင်လျှော့စားဖို့ အချိန်တန်ပြီလား။ ဒီဆောင်းပါးမှာတော့ မနက်စာ၊ နေ့လည်စာ၊ ညစာနဲ့ မုန့်တွေ၊ ဖျော်ရည်တွေ အတွက် ဆိုဒီယမ်နည်းပါးတဲ့ အစားတွေကို သွေးပေါင်မတက်စေပဲ ဘယ်လိုစားရမလဲဆိုတာ ဖေါ်ပြမှာဖြစ်ပါတယ်။မနက်စာ – ငှက်ပျောသီး အခွံမာသီး အုတ်ဂျုံမှုန့်။ပါဝင်ပစ္စည်းများ။အုတ်ဂျုံမှုန့် တစ်ခွက်ခွဲ။ရေ တစ်ခွက်။ငှက်ပျောသီး လှီးပြီး တစ်လုံး။သစ်ကြားသီး အမှုန့်ကြိတ်ပြီး စားပွဲတင်ဇွန်း တစ်ဇွန်း။သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်းတစ်ဇွန်း။အုတ်ဂျုံမှုန့်နဲ့ ရေတို့ကို သေးငယ်ပြီး microwave မှာ သုံးလို့ရတဲ့ ပန်းကန်လုံးအတွင်းထည့်ပါ။ အပူချိန်အမြင့်မှာ သုံးမိနစ်ခန့်ထားပါ။အပေါ်က ငှက်ပျောသီး လှီးပြီးသား၊ သစ်ကြားသီးနဲ့သစ်ကြံပိုးခေါက်တို့ အုပ်ပါ။နေ့လည်စာ – မှိုဘာဂါ။ပါဝင်ပစ္စည်းများ။နှမ်းပါတဲ့ဘာဂါ ပေါင်မုန့်လုံး တစ်ခု။ဆလပ်ရွက် တစ်ရွက်။အမဲသား ၅၀ ဂရမ်။မှိုအကြီး လှီးပြီးသား လေးပွင့်။ကြက်သွန်နီ အလယ်အလတ် လှီးပြီး တစ်လုံး။ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း။ခရမ်းချဉ်သီး အလယ်အလတ် တစ်ပြား။ဆိုဒီယမ်နည်းတဲ့ ချီးစ် တစ်ပြား။မှိုနဲ့ ကြက်သွန်နီကို အသားထဲထည့်ပါ။အိုးမကပ်ဒယ်နဲ့ ပါဝင်ပစ္စည်းတွေနဲ့ အသားအရောကို ချက်ပြီး ပေါင်မုန့်အရွယ်အစားခန့် အပြားလုပ်ပါ။ပေါင်မုန့်အတွင်းသားကို ကင်ပြီး အပေါ်ဘက်မှာ ချီးစ် ပျော်ကျနေပါစေ။ပျားရည်ကို အောက်ဘက်မှာထည့်ပါ။ ဆားမထည့်ပါနဲ့။ သင်ကြိုက်ရင် ဆော့စ်ထည့်နိုင်ပါတယ်။အသားချက်ပြီးရင် ချီးစ်ပေါ်တင်ပြီး ပေါင်မုန့်ကို ပိတ်လိုက်ပါ။မုန့် – Southern Pecan နဲ့ ပန်းသီး ဆလပ်။ပါဝင်ပစ္စည်းများ။သံလွင်ဆီ။ထောပတ် စားပွဲတင်ဇွန်း နှစ်ဇွန်း။သကြား ၁/၃ ခွက်။Pecan halves တခွက်။လိမ္မော်ခွံ လက်ဖက်ရည်ဇွန်း သုံးဇွန်း။လိမ္မော်ရည်တစ်ခွက်။Dijon mustard လက်ဖက်ရည်ဇွန်း တစ်ဇွန်း။ဝိုင်ဖြူ ရှာလကာရည် စားပွဲတင်ဇွန်းတစ်ဇွန်း။သံလွင်ဆီ စားပွဲတင်ဇွန်း သုံးဇွန်း။ပင်လယ်ဆား။ငရုတ်ကောင်း။ပန်းသီးနီ (သို့) အစိမ်း နှစ်လုံး (လေးခြမ်းခြမ်း၊ (သို့) ပါးပါးလှီး)။Belgian endive နှစ်ခု။ရောထားတဲ့ အစိမ်းရောင် နှစ်ခွက် (argula, radicchio)။မုန့်ဗန်း သံလွင်ဆီသုတ်လိမ်းပြီး ဖယ်ထားပါ။ ဒယ်အိုးကြီးကြီးကို မီးအနည်းငယ်ဖြင့် အပူပေးပါ။ ထောပတ်နဲ့ သကြားထည့်ပါ။ နှစ်မိနစ်ခန့် အပူပေးပြီး သကြားပျော်ပြီး အမဲရောင်ဖြစ်မလာမချင်း မွှေနေပေးပါ။ pecan ကို ဖြည်းညင်းစွာ မွှေနေပေးပါ။ သင့်ကို လာမစင်အောင် ဂရုစိုက်ပါ။ အစေ့တွေကို မုန့်ဗန်းထဲပြောင်းပါ။ သူတို့ကို တစ်ထပ်တည်းဖြစ်အောင် ဇွန်းအောက်ခြေကို အသုံးပြုပါ။ သကြားမာလာသည်အထိ အအေးခံပါ။လိမ္မော်ခွံ၊ လိမ္မော်ရည်၊ mustard၊ ရှာလကာရည်နဲ့ ဆီတို့ကို ကြီးမားတဲ့ ပန်းကန်လုံးထဲ ထည့်ပါ။ မွှေတံနဲ့ သေချာစွာ မွှေပေးပါ။ အရသာ မြည်းကြည့်ပါ။ ရှာလကာရည်နဲ့ ဆီနဲ့ ကြားမှာ အရသာ ညီမျှမှုကို မြည်းစမ်းပါ။ လိုအပ်ရင် ညှိပေးပြီး ဆားနဲ့ ငရုတ်ကောင်းမှုန့်တို့ထည့်ပါ။ပန်းသီးနဲ့ ဟင်းသီးဟင်းရွက်စိမ်းတွေကို စားမြိန်ရည်အဖြစ် ထည့်ပါ။ အအေးခံထားတဲ့ pecans ကို ခွဲလိုက်ပြီး တစ်ဝက်ကို ပန်းကန်လုံးထဲကို ထည့်ပါ။ လက်နဲ့ ဖြည်းညင်းစွာ လှန်လှောသုတ်ပါ။ ကျန်တဲ့ pecan တစ်ဝက်ကို အပေါ်က အုပ်ပါ။ ခြောက်ပန်းကန်စာ ခွဲလိုက်ပါ။ စားသောက်နိုင်ပါပြီ။ညစာ – ဝက်သားနဲ့ နံနတ်သီး တုတ်ထိုး (ပဲနှင့် ထမင်း)။ပါဝင်ပစ္စည်းများ။၄၀၀ ဂရမ် ဝက်သား၊ ၄ စင်တီမီတာ အတုံးလေးတွေ တုံးပါ။Creole seasoning သို့ Jerk စားပွဲတင်ဇွန်းနှစ်ဇွန်းထည့်ပါ။အမွှေးအကြိုင် တစ်ဇွန်း။ငရုတ်သီးဆော့ စားပွဲတင်ဇွန်း တစ်ဇွန်း (အပိုနည်းနည်း)။သံပုရာသီး၊ အခွံ နဲ့ ဖျော်ရည်အတွက် ၁လုံး၊ ကျန် ၂လုံးကို စိတ်ပါ။နံနတ်သီး အသေး တစ်ဝက်၊ အခွံခွာ၊ အူတိုင်ထုတ်ပြီး ၄ စင်တီမီတာ အတုံးလေးတွေ လှီးပါ။ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်း။၂၀၀ ဂရမ် basmati ဆန်။၄၀၀ ဂရမ် ပဲ (ရေဆေးထားပါ)။ပြုလုပ်နည်း။ဝက်သားရယ်၊ အမွှေးအကြိုင်တွေရယ်၊ ငရုတ်သီးဆော့ရယ်၊ သံပုရာရည်ရယ်ကို ရောမွှေပါ။ ဝက်သားနဲ့ နံနတ်သီးကို တုတ်ထိုးပြီး ဆီဆွတ်ပါ။ထမင်းချက်ပါ။ ရေသေချာထုတ်ပါ။ ပြီးတော့ ဒယ်အိုးထဲထည့်ပြီး ပဲနဲ့ ရောမွှေပါ။တစ်ချိန်တည်းမှာပဲ ဒယ်ပြားကို အရမ်းပူလာအောင် အပူပေးပါ။ တုတ်ထိုးတွေကို သုံးမိနစ်လောက် တစ်ဖက်စီကို ကင်ပေးပြီး ဝက်သားကျက်သည်အထိထားပါ။ တုတ်ထိုးတွေကို ပဲထမင်း၊ ငရုတ်သီးဆော့နဲ့ ကြိုက်နှစ်သက်တယ်ဆိုရင် သံပုရာသီးစိတ်တွေနဲ့ စားသုံးနိုင်ပါပြီ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/%e1%80%86%e1%80%ac%e1%80%b8%e1%80%9c%e1%80%bb%e1%80%be%e1%80%b1%e1%80%ac%e1%80%b7%e1%80%85%e1%80%ac%e1%80%b8%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%99%e1%80%9a%e1%80%b7%e1%80%ba-%e1%80%94/
အိုမင်းရင့်ရော်သော အသားအရေကို ကာကွယ်ဖို့ အဓိကအစားအစာ (၅)မျိုး
သင် အသက်အရွယ်ကြီးပြင်းလာသည်နှင့်အမျှ အသားအရေသည် အိုမင်းရင့်ရော်လာမည် ဖြစ်သည်။ အရေးအကြောင်းများ၊ အသားခြောက်ခြင်း၊ အမည်းစက်များထွက်ပေါ်လာပြီး သင်၏ရုပ်သွင်ကို ထိခိုက်လာနိုင်ပါသည်။ ထိုသို့ပြောင်းလဲခြင်းဖြစ်စဉ်ကို နှေးကွေးစေချင်သည်ဆိုလျှင် အစားအသောက်သည် အထိရောက်ဆုံးနှင့် အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါသည်။ အောက်ဖော်ပြပါ အစားအစာများကို စားသုံးခြင်းဖြင့် တိုးတက်မှုကိုသင့်မြင်တွေ့နိုင်ပါသည်။ရေသည် ခန္ဓါကိုယ်အတွက် အရေးပါဆုံးဖြစ်သည်။ သင်၏ ခန္ဓါကိုယ်သည် ရေနှင့်အဓိက ဖွဲ့စည်းတည်ဆောက်ထားပြီး သင့် အသားအရေကို နူးညံ့ချောမွေ့စေနိုင်ပါသည်။ ရေအလုံအလောက်သောက်ခြင်းဖြင့် အသားရေခြောက်သွေ့ခြင်းကို လျော့ကျစေနိုင်ပါသည်။ ကျွန်ုပ်တို့သည် ရေကို သောက်သုံးရေနှင့် တခြားအဖျော်ယမကာနှင့် အစားအသောက်များ (ဥပမာ-စွပ်ပြုတ်) မှ ရရှိသည်။ သင်သည် ရေကိုဆာမှသောက်ခြင်းထက် တစ်နေ့ကို ရေ (၈)ခွက်လောက် သောက်သင့်သည်။ ရေကို ခန္ဓါကိုယ်မှ လိုအပ်သည်ထက်ပို၍ သောက်နိုင်ပြီး ပိုသောရေကို ခန္ဓါကိုယ်မှ စွန့်ထုတ်ပါလိမ့်မည်။ သင်သည် အပြင်ထွက်စားသောအခါ ရေတစ်ခွက်တော့ လိုအပ်မှာပါ။ ထို့ကြောင့် သင်နှင့်အတူ ရေတစ်ဘူး ဆောင်ထားနိုင်ပါသည်။လိမ္မော်သီးသည် ရေနှင့် ဗီတာမင် စီ ပါဝင်ပါသည်။ ရေသည် အသားအရေကိုရေဓါတ်ပြည့်ဝစေပြီး ဗီတာမင် စီသည် အသားအရေကို နုပျိုတင်းရင်းစေသော collagen တည် ဆောက်မှုကိုအားပေးသည်။ လိမ္မော်သီ်းတွင် ဗီတာမင် အေလည်းပါဝင် သောကြောင့် အရေပြားဆဲ(လ်) ကြီးထွားမှုကိုအထောက်အကူ ပြုပါသည်။ လိမ္မော်သီးစားသုံးခြင်းသည် အရေပြားအလွှွာကိုအားဖြည့်ပေးပြီး ဝက်ခြံထွက်ခြင်းကိုလျော့နည်းစေနိုင်ပါသည်။ အမျှင်ဓါတ်အတွက် အသီးကိုစားသုံးနိုင်ပြီးဗီတာမင်ဓါတ်တွေရရှိရန်အတွက် လိမ္မော်သီးဖျော်ရည်ကို သောက်သုံးနိုင်ပါသည်။ အကယ်၍ သင်သည် လိမ္မော်သီးနှင့် ဓါတ်မတည့်သောသူဆိုလျှင်တော့ သတိပြုပါ။ထောပတ်သီးသည် မပြည့်ဝဆီပါသောကြောင့် သင့်အသားအရေအစိုဓါတ်ကိုထိန်းပေးပါသည်။ ထောပတ်သီးတွင် ဗီတာမင်အမျိုး(၂၀)နှင့် သတ္တုဓါတ်များ၊ အသားအရေအတွက် ကောင်းမွန်သောဗီတာမင် ဘီ ၊ စီ ၊ အီး ပါဝင်ပါသည်။ ၎င်းသည် အိုမင်းရင့်ရော်စေသောလက္ခဏာများ (အရေးအကြောင်းများ၊ အမည်းစက်)ကိုလျော့နည်းစေသည်။ ထောပတ်သီးတွင် ဝက်ခြံကို ဖြစ်စေသော သကြားဓါတ်ပါဝင်မှုနည်းပါသည်။ ထောပတ်သီးကိုအသုပ် (သို့) ဖျော်ရည်ပုံစံဖြင့် စားသုံးနိုင်ပါသည်။ ၎င်းသည် အရသာရှိရုံမျှမကကျန်းမာရေးအတွက် ကောင်းမွန်ပါသည်။စပျစ်သီးသည် ဓါတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝသော အစားအစာဖြစ် သည်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများသည် သင့်အသားအရေကို ကြည်လင်စေပြီး နုပျိုစေပါသည်။ စပျစ်သီးတွင်ပါဝင်သော အရည် သည် အသားအရေအတွက် ကောင်းမွန်သောရေဓါတ်ကိုပေးပါသည်။ စပျစ်သီးသည် သင့်အသားအရေကို ခရမ်းလွန်ရောင ခြည်မှ ကာကွယ်ပေးနိုင်သော်လည်း နေပူထဲထွက်မည်ဆိုလျှင် နေရောင်ကာပစ္စည်းများကို အသုံးပြုသင့်ပါသည်။ စပျစ်သီးသည် အသားရေကိုပျော့ပြောင်းစေပြီးအိုမင်းခြင်းကို နှေးကွေးစေနိုင်ပါသည်။ဆော်လမွန်ငါးသည် ဆဲ(လ်)အမြှေးပါးကို အားဖြည့်ပေးသောအိုမီဂါသရီး ကြွယ်ဝပါသည်။ ဆော်လမွန်ငါးစားခြင်း ဖြင့် ကျန်းမာလှပပြီးအရေးအကြောင်းကင်းသော အသားအရေကိုရရှိမှာဖြစ်ပါသည်။ အိုမင်းရင့်ရော်ခြင်းကိုဖြစ်စေသော ဒြပ်ပေါင်းများကို လျော့ကျစေသောကြောင့် သင့်အသားအရေကို နုပျိုစေနိုင်ပါသည်။ အိုမီဂါသရီးပါဝင်သော အခြားပစ္စည်းများမှာ သစ်ကြားသီး ၊ မက်ကရယ်ငါးနှင့် ဥတို့ဖြစ်ပါသည်။အိုမင်းရင့်ရော်ခြင်းသည် မရှောင်လွဲနိုင်သော ပုံမှန်သဘာဝဖြစ်စဉ်ဖြစ်ပါ သည်။ သို့သော်လည်းထိုဖြစ်စဉ်ကို နှေးကွေးအောင် ပြုလုပ်နိုင် သောအိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးသောပစ္စည်းများကိုစားသုံးခြင်းဖြင့် သင့်အသားအရေကို ထိန်းသိမ်းနိုင်ပါသည်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%ad%e1%80%af%e1%80%99%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%84%e1%80%b7%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac-%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8/
မှဲ့ နဲ့တင်းတိပ် ခြားနားချက်
အရေပြားပေါ်က အစက်တစ်ခုဟာ မှဲ့လား တင်းတိပ်လားဆိုတာ စဉ်းစားဖူးပါသလား။ သူတို့နှစ်ခု ဘာကွာလဲရော သိပါသလား။ လူအတော်များများက ဒါကို ဂရုမစိုက်ကြပါဘူး။ သူတို့ဘယ်လို ကွာခြားတယ်ဆိုတာကို ဒီဆောင်းပါးက ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။Nevi လို့ အသိများတဲ့ မှဲ့တွေဟာ အညို (သို့) အမည်းရောင် အစက်တွေအနေနဲ့ အရေပြားပေါ်မှာ ရှိပါတယ်။ မှဲ့တွေဟာ melanocytes တွေ စုပြုံပြီး ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး သူတို့ဟာ အရေပြားကို အရောင်ဖြစ်စေတဲ့ အရာတွေ ဖြစ်ပါတယ်။ မှဲ့တွေဟာ နေရောင်နဲ့ ထိတွေ့ရင်၊ ဆယ်ကျော်သက်အရွယ်မှာနဲ့ ကိုယ်ဝန်ဆောင်နေစဉ်မှာ အရောင်ရင့်လာတတ်ပါတယ်။ ကလေးအရွယ်မှာ စတင်ပေါ်လာပြီးတော့ အချို့ကတော့ အသက် ၃၀ ကျော်မှာမှ စတင်ဖြစ်ပေါ်တတ်ပါတယ်။ သူတို့ဟာ ကိုယ်ခန္ဓာ အနှံ့မှာ ဖြစ်ပွားနိုင်ပြီးတော့ အချိန်ကြာလာတာနဲ့ အမျှ ပုံစံပြောင်းလဲနိုင်ပါတယ်။ ပုံသဏ္ဍာန်နဲ့ အရောင် ပြောင်းလဲနိုင်ပြီးတော့ နောက်ဆုံးမှာ ပျောက်သွားနိုင်ပါတယ်။တင်းတိပ်တွေကတော့ မျက်နှာနဲ့ လက်မောင်းမှာ ဖြစ်တတ်တဲ့ အညိုရောင် အစက်အသေးတွေပဲဖြစ်ပါတယ်။ အသားဖြူတဲ့သူတွေဟာ အခြားသူတွေထက် တင်းတိပ် ပိုဖြစ်တတ်ပါတယ်။ တင်းတိပ်တွေဟာ အန္တရာယ် မရှိပါဘူး။ မွေးကတည်းက (သို့) နေရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် တင်းတိပ်ရနိုင်ပါတယ်။မှဲ့တွေနဲ့ တင်းတိပ် အများစုဟာ အန္တရာယ် မရှိပါဘူး။ အဓိက ကွာခြားချက်ကတော့ တင်းတိပ်တွေမှာ melanocytes တွေ မပါဝင်ပါဘူး။ တင်းတိပ်တွေမှာ melanocytes တွေ မပါဝင်တာကြောင့် ပိုမိုပြင်းထန်တဲ့ အရေပြား အခြေအနေတွေကို ပြောင်းလဲခြင်း မဖြစ်နိုင်ပါဘူး။ မှဲ့တွေကတော့ အရေပြား ကင်ဆာတစ်မျိုးဖြစ်တဲ့ melanoma ဖြစ်သွားနိုင်ပါတယ်။ Melanoma ဟာ သွေးထွက်ခြင်း၊ ယားခြင်းနဲ့ နီမြန်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Melanoma ဟာ မှဲ့ကနေ ဖြစ်ပေါ်နိုင်ပြီးတော့ တစ်ခါတရံမှာ မှဲ့မရှိတဲ့ နေရာကလည်း ဖြစ်ပေါ်နိုင်ပါတယ်။မှဲ့တွေကို ကင်ဆာမဖြစ်စေဖို့အတွက် သေချာစောင့်ကြည့်သင့်ပါတယ်။တစ်ကိုယ်လုံးကို စစ်ဆေးကြည့်ရှုဖို့ အကောင်းဆုံးအချိန်ကတော့ ရေချိုးပြီးတဲ့ အချိန်ပဲဖြစ်ပါတယ်။ တကယ်လို့ မှဲ့တစ်ခုဟာ အချိန်နဲ့လိုက်ပြီး မပြောင်းလဲဘူးဆိုရင် စိတ်ပူစရာမရှိပါဘူး။ ရှိနေတဲ့ မှဲ့တစ်ခုမှာ ပြောင်းလဲမှုတွေ ရှိပြီဆိုရင် (သို့) မှဲ့ အသစ်တစ်ခု ဖြစ်ပြီဆိုရင် (သို့) အလှအပဆိုင်ရာကြောင့် မှဲ့ကို ဖယ်ထားချင်ပြီဆိုရင် အရေပြားဆရာဝန်နဲ့ ပြသသင့်ပါတယ်။သင့်အရေပြားဆရာဝန်က မှဲ့ဟာ ကင်ဆာဖြစ်စေလားဆိုတာကို အသားစ ယူကြည့်ပါလိမ့်မယ်။ ရိုးရှင်းတဲ့ လုပ်ဆောင်မှုနဲ့ပဲ မှဲ့တွေကို ဖယ်ရှားနိုင်ပါတယ်။တင်းတိပ်ရော မှဲ့ရောဟာ ကိုယ်ခန္ဓ္ဓာမှာ ရှိတဲ့ အစက်တွေဖြစ်ပေမယ့် အန္တရယ် မရှိကြပါဘူး။ ပြောင်းလဲမှုတွေ ရှိရင်တော့ သတိထားမိဖို့လိုပါတယ်။ ပြင်းထန်တဲ့ နောက်ဆက်တွေ ဖြစ်ပွားနိုင်တာကြောင့် ကင်ဆာဖြစ်ပွားမှုကို စောစီးစွာ သိရှိဖို့လိုပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%99%e1%80%be%e1%80%b2%e1%80%b7-%e1%80%94%e1%80%b2-%e1%80%b7%e1%80%90%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%ad%e1%80%95%e1%80%ba-%e1%80%81%e1%80%bc%e1%80%ac%e1%80%b8%e1%80%94%e1%80%ac/
လိင်အင်္ဂါကြွက်နို့ ကုသနည်း နဲ့ ကင်ဆာပြောင်းနိုင် မပြောင်းနိုင်
လိင်အင်္ဂါကြွက်နို့က HPV ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး လိင်ကတဆင့်ကူးစက်တဲ့ ရောဂါဖြစ်ပါတယ်။ အမျိုးသားမှာရော၊ အမျိုးသမီးမှာပါ ဖြစ်တတ်ပြီး လိင်တံ၊ မိန်းမကိုယ်နဲ့ စအိုတစ်ဝိုက်မှာ အဖုလေးတွေအနေနဲ့ ရှိတတ်ပါတယ်။ လိင်အင်္ဂါကြွက်နို့ရှိတဲ့အခါ အများစုက ရှက်တာကြောင့် လာမကုကြတာ၊ တွေ့ရာဆေးတွေ လိမ်းကြတာတွေ ရှိပါတယ်။ ဒါကြောင့် လိင်အင်္ဂါကြွက်နို့ ကုသနည်း ကို ပြောပြပေးပါ့မယ်။အရင်ဆုံး သိထားရမှာက လိင်အင်္ဂါကြွက်နို့ကို ကိုယ့်ဟာကိုယ်ကုလို့ မရဘူးဆိုတာပါ။ ဘာမှန်းမသိတဲ့ လိမ်းဆေးတွေ၊ကြွက်နို့ကပ်ခွာ၊ အသားမာကပ်ခွာ စတာတွေ မသုံးရပါဘူး။ ဒါတွေက လိင်အင်္ဂါနေရာအတွက် ထုတ်ထားတာမဟုတ်တဲ့အတွက် အရေပြားလောင်တာ၊ စားတာတွေ ဖြစ်ပြီး ပိုဆိုးတတ်ပါတယ်။လိင်အင်္ဂါကြွက်နို့ကို ကုမယ်ဆိုရင် အထွေထွေရောဂါကုဆရာဝန် ဒါမှမဟုတ် အရေပြားဆရာဝန်နဲ့ ပြသရပါမယ်။လိင်အင်္ဂါကြွက်နို့က သူ့အလိုလိုလည်း ပျောက်ပါတယ်။ ဒါပေမယ့် တချို့တွေမှာ လနဲ့ချီပြီးတော့ စောင့်ရတာမျိုးတွေ ရှိပါတယ်။ အလိုလိုပျောက်နိုင်ပေမယ့် ဘာကြောင့်ကုရသလဲဆိုရင်။များသောအားဖြင့်လည်း လူနာတွေက ကြွက်နို့ဖြစ်ရင် ကုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အတွက် သက်သောင့်သက်သာမဖြစ်လို့ရယ်၊ အဖော်ဆီ ကူးသွားမှာစိုးလို့ရယ်၊ ကင်ဆာလို့ ထင်ကြတာရယ်ကြောင့်ပါ။လိင်အင်္ဂါကြွက်နို့ ကုသနည်း က အများကြီး ရှိပါတယ်။ ဆရာဝန်က ကိုယ့်ကြွက်နို့အခြေအနေ၊ အရေအတွက်နဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး သင့်တော်တာကို ရွေးပေးမှာ ဖြစ်ပါတယ်။အကြမ်းအားဖြင့် လိမ်းဆေးရယ်၊ အသေးစားကုသနည်းရယ်ဆိုပြီး ရှိပါတယ်။လိမ်းဆေးများ။ကရင်မ်အမျိုးအစားဖြစ်ပြီး ကြွက်နို့ကို ခန္ဓာကိုယ်က တိုက်ထုတ်နိုင်အောင် ခုခံအားကို မြှင့်တင်ပေးတာ ဖြစ်ပါတယ်။ ဆေးလိမ်းထားတဲ့အချိန်ဆို အတူနေတာမျိုး မလုပ်ရပါဘူး။ ဆက်ဆံဖော်ရဲ့ အရေပြားကို စပ်ဖျင်းဖျင်း ဖြစ်စေလို့ပါ။ နောက်ပြီး ကွန်ဒုံးကို စားသွားနိုင်တဲ့ သတ္တိလည်း ရှိပါတယ်။ဘေးထွက်ဆိုးကျိုးအနေနဲ့ အရေပြားနီတာလောက်ပဲ ဖြစ်တတ်ပါတယ်။ တချို့သူတွေမှာ အရည်ကြည်ဖုပေါက်တာ၊ ကိုယ်လက်ကိုက်တာ၊ ချောင်းဆိုးတာ၊ နုံးတာ ဖြစ်တတ်ပါတယ်။ကြွက်နို့ရှိတဲ့နေရာကို တို့ပေးရတာ ဖြစ်ပါတယ်။ ဆရာဝန်က တို့ပေးရတာ ဖြစ်ပါတယ်။ အတွင်းပိုင်းနေရာတွေ (ဥပမာ မိန်းမကိုယ်အတွင်းပိုင်း၊ စအိုအတွင်းပိုင်း)မှာ မသုံးရပါဘူး။ကိုယ်ဝန်ဆောင်ချိန်မှာလည်း မသုံးရပါဘူး။ ဘေးထွက်ဆိုးကျိုးအနေနဲ့ အရေပြားစပ်ဖျင်းဖျင်း ဖြစ်တတ်ပါတယ်။အတွင်းပိုင်းကို ရောက်နေတဲ့ ကြွက်နို့တွေကို ကုသရာမှာ သုံးပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ အရေပြားစပ်ဖျင်းဖျင်း ဖြစ်တတ်ပါတယ်။ဒီကရင်မ်ကိုတော့ လိင်အင်္ဂါကြွက်နို့အပြင် စအိုနားက ကြွက်နို့အတွက်ပါ သုံးနိုင်ပါတယ်။ အရေပြားစပ်ဖျင်းဖျင်းဖြစ်တာ၊ နီရဲတာ ဖြစ်တတ်ပေမယ့် အဆိုးကြီးတော့ မဟုတ်ပါဘူး။အသေးစားကုသနည်းများ။ကြွက်နို့က ကြီးလွန်းရင် ဒါမှမဟုတ် အပေါ်က လိမ်းဆေးတွေနဲ့ မသက်သာရင် အသေးစားကုသနည်းတွေကို သုံးရတတ်ပါတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်ချိန်မို့လို့ ဆေးတွေ မသုံးချင်ဘူး။ မွေးတဲ့အချိန်မှာ ကလေးဆီရောက်သွားတာမျိုးလည်း မလိုချင်ဘူးဆိုရင် ခုပြောမယ့် နည်းလမ်းတွေနဲ့ ကုသနိုင်ပါတယ်။နိုက်ထရိုဂျင်အရည်ကို သုံးပြီး ကြွက်နို့ကို အေးခဲလိုက်တာ ဖြစ်ပါတယ်။ အေးခဲလိုက်တဲ့အတွက် ကြွက်နို့ပေါ်က အရေပြားပျက်စီးသွားပြီး ကြွက်နို့ပါ ကွာသွားပါတယ်။ ဒါကို တစ်ကြိမ်မက လုပ်ရနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ နာတာ၊ ရောင်တာ ဖြစ်တတ်ပါတယ်။ဒါကတော့ လျှပ်စီးကြောင်း အသေးစားကို သုံးပြီး ကြွက်နို့တွေကို ရှို့လိုက်တာ ဖြစ်ပါတယ်။ ကုသမှု ပြီးတဲ့အခါ နာကျင်မှုနဲ့ ရောင်ရမ်းမှုအနည်းငယ်ခံစားရတတ်ပါတယ်။ဒါကတော့ ကြွက်နို့ကို ထုံဆေးသုံးပြီး ခွဲလိုက်တာ ဖြစ်ပါတယ်။ ထုံဆေးပြယ်တဲ့အခါ အနည်းငယ်နာတတ်ပါတယ်။ဒါက စျေးပိုကြီးတဲ့အတွက် ကုရခက်တဲ့ ကြွက်နို့တွေကျမှပဲ ဒီနည်းကို သုံးပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ နာတာ၊ အမာရွတ်ကျန်တာ ဖြစ်တတ်ပါတယ်။ဘယ်လိုနည်းနဲ့ ကုမယ်၊ ဘယ်နှခါကုမယ်ဆိုတာကတော့ ရောဂါအခြေအနေပေါ် မူတည်ပါတယ်။လိင်အင်္ဂါကြွက်နို့က ကုပြီးရင်လည်း ပြန်ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုထုံးတွေ၊ လိမ်းဆေးတွေက ကြွက်နို့အဖုကိုပဲ ကုပေးနိုင်တာဖြစ်ပြီး ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို သတ်ပေးတာ မဟုတ်ပါဘူး။ ဗိုင်းရပ်စ်အတွက် တိကျတဲ့ ကုသမှုလည်း မရှိသေးတဲ့အတွက် ပြန်ဖြစ်နိုင်ပါတယ်။အထူးသဖြင့် ကိုယ်ခံအားကျနေရင် ပြန်ဖြစ်နိုင်တဲ့အတွက် ကျန်းမာအောင် နေထိုင်စားသောက်သင့်ပါတယ်။လိင်အင်္ဂါကြွက်နို့က ကင်ဆာမဟုတ်သလို ကင်ဆာလည်း မပြောင်းနိုင်ပါဘူး။ HPV ဗိုင်းရပ်စ်တွေ အများကြီးရှိပြီး လိင်အင်္ဂါကြွက်နို့ဖြစ်တဲ့ အမျိုးအစားက ကင်ဆာပြောင်းဖို့ low-risk အမျိုးအစားထဲမှာ ပါတာကြောင့်ပါ။နောက်တစ်ခုက HPV ကာကွယ်ဖို့ ထိုးဖို့ လိုမလိုဆိုတာပါ။ လိင်အင်္ဂါကြွက်နို့ဖြစ်ဖူးလည်းHPV ကာကွယ်ဆေး(သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး) ထိုးလို့ ရပါတယ်။ ခုနကပြောခဲ့သလို ကြွက်နို့ဖြစ်တဲ့ HPV အမျိုးအစားနဲ့ ကင်ဆာဖြစ်စေတဲ့ အမျိုးအစား မတူတာကြောင့်ပါ။ ခုနောက်ပိုင်းမှာCDCက အသက် ၄၅နှစ်အထိ HPV ကာကွယ်ဆေး ထိုးလို့ရတယ်လို့ ဆိုပါတယ်။များသောအားဖြင့်ကတော့ လိင်မဆက်ဆံရသေးတဲ့သူတွေကို ထိုးပေးတာပါ။ ကိုယ်က လိင်ဆက်ဆံမှုရှိပေမယ့်ကာကွယ်ဆေးမထိုးရသေးဘူးဆိုရင် ဆေးထိုးရင် အကျိုးကျေးဇူးရနိုင် မရနိုင်ကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိုးနိုင်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hpv/treatment-of-genital-warts-and-cancer-risk/
လက်နဲ့ အာသာဖြေရင် ကိုယ်ဝန်ရနိုင်လား
လက်နဲ့ အာသာဖြေရင် ကိုယ်ဝန်ရနိုင်လား။ အပြင်မှာ ပြီးရင် ကိုယ်ဝန်ရနိုင်လား။ စအိုထဲမှာ ပြီးလိုက်တယ် ကိုယ်ဝန်ရနိုင်လား စတဲ့ ကိုယ်ဝန်ရနိုင်လားဆိုတဲ့ မေးခွန်းတွေက ဒွိဟဖြစ်စရာ အဖြေရှိပါတယ်။ လက်နဲ့ အာသာဖြေတာကလည်း ဒီလို မေးခွန်းမျိုး ဖြစ်ပါတယ်။ ရနိုင်တယ်လို့ ပြောလို့ရသလို၊ မရဘူးလို့လည်း ပြောလို့ရပါတယ်။ ဘယ်အခြေအနေတွေမှာ ရနိုင်လဲ၊ ဘယ်အခြေအနေတွေမှာ မရနိုင်ဘူးလဲဆိုတာကို ဆက်ကြည့်ရအောင်။မိန်းမကိုယ်ထဲကို သုက်ကောင်ဝင်လာပြီး မမျိုးဥနဲ့ ပေါင်းတဲ့အခါ ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။ ဒီတော့ မိန်းမကိုယ်ထဲကို သုက်ကောင်ဝင်နိုင်တဲ့ အခြေအနေတွေအားလုံးက ကိုယ်ဝန်ရနိုင်ပါတယ်။ ဆိုလိုတာက မိန်းမကိုယ်ထဲကို လိင်တံကနေဖြစ်ဖြစ်၊ လက်ချောင်းကနေဖြစ်ဖြစ်၊ အပြင်မှာ ပြီးလိုက်ပြီး မိန်းမကိုယ်ထဲကို သုက်ရည်တွေ စီးကျလာရင်ဖြစ်ဖြစ် သုက်ကောင်ရောက်လာမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေ ရှိတယ်လို့ ပြောလို့ရပါတယ်။လက်ချောင်းကနေ သုက်ထွက်တာမျိုး မဟုတ်ပေမယ့် လက်မှာ သုက်ပိုးတွေ ပေနေတာ ရှိမယ်။ အဲ့ဒီလက်နဲ့ မိန်းမကိုယ်ထဲကို ထိုးသွင်းမယ်ဆိုရင် ရနိုင်ပါတယ်။လက်နဲ့ အာသာဖြေရာကနေ ကိုယ်ဝန်ရနိုင်တဲ့ အခြေအနေတွေကတော့။ဒါမျိုး အခြေအနေတွေဆိုရင် ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။ ခြုံပြောရရင် ဘယ်သူ့လက်မှာဖြစ်ဖြစ် သုက်ရည်တွေ ပေနေပြီး အဲ့ဒီလက်နဲ့ မိန်းမကိုယ်ထဲကို ထိုးသွင်းအာသာဖြေမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။ဒါဆို လက်ဆေးလိုက်ရင်ရော။မိန်းမကိုယ်ထဲကို မထည့်ခင် ပေနေတဲ့ လက်ကို သေချာဆေးမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေ နည်းပါတယ်။ လက်ကို မဆေးဖြစ်ဘူး။ အဝတ်တစ်ခုခုနဲ့ပဲ သုတ်လိုက်တယ်ဆိုရင် ရနိုင်ခြေ ရှိပါသေးတယ်။လက်နဲ့ အာသာဖြေရင် ကိုယ်ဝန်မရနိုင်တဲ့ အခြေအနေတွေက။အမျိုးသမီးအနေနဲ့ ကိုယ့်လက်နဲ့ ကိုယ်တစ်ကိုယ်ရည်အာသာဖြေရင် ကိုယ်ဝန်မရနိုင်ပါ။ ဆိုလိုတာက လက်မှာ သုက်ရည်၊ အရည်ကြည်မရှိတဲ့အတွက် ကိုယ်ဝန်ရမှာ မဟုတ်ပါဘူး။ဒီလိုပဲ အမျိုးသားက လက်မှာ ဘာမှမပေနေဘူး။ အမျိုးသမီးကို ဒီတိုင်းပဲ လက်နဲ့ အာသာဖြေပေးတယ်ဆိုရင်လည်း ကိုယ်ဝန်ရမှာ မဟုတ်ပါဘူး။လက်နဲ့ အာသာဖြေလို့ ကိုယ်ဝန်ရမရ ဆိုတာထက် အဲ့ဒီလက်မှာ သုက်ရည်၊ အရည်ကြည် ပေနေ မနေဆိုတာက ကိုယ်ဝန်ရမရနဲ့ ပိုပြီး သက်ဆိုင်ပါတယ်။လက်နဲ့ အာသာဖြေလိုက်တယ်။ သုက်ရည် ပေမပေလည်း မသေချာဘူး ဒါမှမဟုတ် ပေသွားတယ်။ ကိုယ်ဝန်လည် မလိုချင်သေးဘူးဆိုရင် ၇၂နာရီအတွင်းမှာ အရေးပေါ်တားဆေးသောက်ပါ။ ၇၂နာရီကျော်သွားပေမယ့် ၅ရက်အတွင်းပဲ ရှိသေးတယ်ဆိုရင်ကော့ပါး IUD(သားအိမ်ထဲထည့်တဲ့ပစ္စည်း)ကို အသုံးပြုပါ။ IUDကို ဆေးခန်းမှာ ထည့်ရမှာဖြစ်ပြီး သူက နှစ်ရှည်ခံ သန္ဓေတားနည်းလမ်းလည်း ဖြစ်ပါတယ်။ ဆိုလိုတာက ပြန်မထုတ်ဘဲနဲ့ သန္ဓေတားဆေးအနေနဲ့ ဆက်သုံးလို့ ရပါတယ်။အရေးပေါ်တား နည်းလမ်းတွေ လုပ်ဖို့ မမီလိုက်ဘူး။ ကိုယ်ဝန်ရသွားပြီလား မသိဘူးဆိုရင်ဆီးစစ်ကြည့်တာက အကောင်းဆုံးပါ။ ဆီးစစ်ရမယ့်ရက်က။တစ်ခုသိထားရမှာက မြန်မာနိုင်ငံမှာ မိခင်ကျန်းမာရေးကြောင့်ကလွဲပြီး တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်မရှိတဲ့အတွက် ကိုယ်ဝန်မလိုချင်သေးဘူးဆိုရင် အကာအကွယ်သုံးတာ၊ တားဆေးသုံးတာလုပ်ဖို့ အကြံပြုချင်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/can-fingering-make-you-pregnant/
ဆေးထိုးကြက်သားများရဲ့ အန္တရာယ်
ကြက်သားဟာ အရသာရှိရုံတင်မကပဲ အခြားအသားတွေနဲ့ ယှဉ်ရင် ကျန်းမာရေးနဲ့ အတော်ညီညွတ်ပါတယ်။ သို့သော်လည်း ကြက်သားစားတဲ့သူတွေဟာ ညစာအတွက်စားတဲ့ ကြက်သားချက်ဖို့ ပြန်စဉ်းစားဖို့ လိုကောင်းလိုပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကြက်သားစားသုံးခြင်းဟာ ဆေးများထိုးထားမလားပြီး အန္တရာယ်ရှိလို့ပါပဲ။ကြက်သားရဲ့ ကောင်းကျိုးများ။ကြက်သားစားခြင်းဟာ ကြွက်သားတွေကို သန်မာစေခြင်း၊ ကျန်းမာစေခြင်း၊ ကိုယ်ခံအားမြှင့်တင်ပေးခြင်း၊ နှလုံးကျန်းမာရေး ကောင်းမွန်စေခြင်း (သို့) သွေးဆုံးကိုင် လက္ခဏာတွေကို လျော့ကျစေခြင်း အစရှိတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ ဒါ့ပြင် သေချာချက်ပြုတ်ရင် ကြက်သားဟာ အလွန်အရသာ ရှိပါတယ်။ ဒါ့ကြောင့် ကြက်သားဈေးကွက်ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စပြီး သိသိသာသာ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။သို့သော်လည်း ကြက်သားဈေးကွက်မြင့်တက်လာခြင်းကပဲ မလိုလားအပ်တဲ့ သေစေလောက်တဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။ ဘာလို့လဲဆိုတော့ အဓိကအားဖြင့် အလယ်အလတ် (သို့) ကြီးမားတဲ့ ကြက်ခြံတွေမှာ ပိုးသတ်ဆေးတွေကို အလွန်အကျွံ သုံးစွဲလို့ပဲ ဖြစ်ပါတယ်။ကြက်သားစားခြင်းကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးများ။သိပ္ပံပညာရှင်တွေက လယ်သမားတွေဟာ ငှက်တွေကို ပိုမိုကြီးထွားလာဖို့၊ ဖျားနာမှု အမျိုးမျိုးကနေ ကာကွယ်နိုင်ဖို့နဲ့ ဝလာစေဖို့အတွက် ပိုးသတ်ဆေးတွေ ထိုးလေ့ရှိတယ်လို့ ဆိုပါတယ်။ ဥပဒေက ခွင့်ပြုထားတာနဲ့အညီ အသုံးပြုတဲ့ ပိုးသတ်ဆေးပမာဏနဲ့ အမျိုးအစားဟာ တိကျသေချာသင့်ပါတယ်။ သို့သော်လည်း ကြက်ခြံပိုင်ရှင်တွေဟာ အမြတ်ပိုလိုချင်တာကြောင့် ကြက်တွေကို ဆေးအမျိုးအစားများများကို ပမာဏမြင့်မြင့် ထိုးတတ်ကြပါတယ်။ ဒီအပြုအမူကတော့ လူသားတွေရဲ့ ကျန်းမာရေးအတွက် အန္တရာယ်မရှိပါဘူး။ဆေးဒဏ်ခံနိုင်တဲ့ ပိုးမွှားများ။သူတို့ဟာ ဘာကိုဖန်တီးလိုက်သလဲဆိုတော့ ဘာဆေးကိုမဆို မတိုးတော့တဲ့ အသက်ရှင်နိုင်တဲ့ ဘက်တီးရီးယားပိုဖြစ်တဲ့ ‘super bugs”တွေကို ဖန်တီးလိုက်ပါတယ်။ တခြားစကားနဲ့ ပြောရရင် ဒီပိုးမွှားတွေဟာ ဖျားနေတဲ့လူတွေကို ဘယ်ပိုးသတ်ဆေးကိုမဆို ခံနိုင်ရည်ရှိအောင် လုပ်လိုက်ပါတယ်။ ဒါ့ကြောင့် ဘယ်ပိုးသတ်ဆေးကမှ အလုပ်မလုပ်တော့တာကြောင့် ပုံမှန်အအေးမိခြင်းကတောင် သေဖွယ်ဖြစ်နေပါတယ်။အခြား ပိုးသတ်ဆေးများ။မနှစ်က Kenya Medical Research Institute က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ Nairobiမှာ ရောင်းတဲ့ကြက်မှာ ဆေးအများအပြားအထိုးခံထားရ ရုံတင်သာမက ဆေးယဉ်ပါးနေတဲ့ Ecoli ပိုး ကိုပါတွေ့ရှိခဲ့ပါတယ်။ပုံမှန်အားဖြင့် Ecoli ပိုးကို လူနဲ့ အခြားတိရိစ္ဆာန်တွေရဲ့ အူအတွင်းမှာ တွေ့ရှိရပြီးတော့ လူကို အန္တရာယ် မဖြစ်စေပါဘူး။ ဒါပေမယ့် ရောင်းတဲ့ ကြက်မှာတွေ့ရတဲ့ Ecoli ကတော့ ကုသခြင်းမရှိရင် သေနိုင်တဲ့ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေတဲ့ အတွက် အလွန်ကြောက်မက်ဖွယ် ကောင်းပါတယ်။လေ့လာမှုအရ ၇၅%သော isolates တွေဟာ အနည်းဆုံး ဆယ့်နှစ်ခုမှာ တစ်ခုသော ပိုးသတ်ဆေးတွေနဲ့ ယဉ်ပါးမှု ရှိကြပြီး သူတို့ရဲ့ ၄၀.၄%ကတော့ ပြင်းထန်တဲ့ အမျိုးအစားဆယ်ခု ပါဝင်ကြပါတယ်။Salmonella ပိုးဟာ အခြား ဘက်တီးရီးယားတစ်မျိုး ဖြစ်ပြီး အစာအဆိပ်သင့်ခြင်းကိုဖြစ်စေပါတယ်။ သူဟာလည်း ပိုးသတ်ဆေးယဉ်ပါးမှု ဖြစ်နိုင်ပါတယ်။ ဒီရောဂါပိုးကို ကြက်သားမှာသာမက အခြားအစားအစာတွေ ဖြစ်တဲ့ အသား၊ ကြက်ဥ၊ နွားနို့တွေမှာလည်း တွေ့ရတတ်ပါတယ်။ Ecoli လိုမျိုးပဲ ဒီရောဂါပိုးရရှိခဲ့မယ်ဆိုရင် ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ အန်ခြင်းနဲ့ အဖျားပြင်းထန်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ကြက်သားဟာ လူတွေကို ကျန်းမာစေရုံသာမက များပြားလှတဲ့ အကျိုးကျေးဇူးတွေ ပေးစွမ်းပါတယ်။ ဒါပေမယ့် သူ့အသားဟာ ထိုးဆေးတွေနဲ့ ညစ်ညမ်းနိုင်တာကြောင့် ကြက်သားကို တရားဝင်တဲ့နေရာတွေကပဲ ဝယ်သင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%86%e1%80%b1%e1%80%b8%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%bc%e1%80%80%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%9b%e1%80%b2%e1%80%b7-%e1%80%a1/
ကိုယ်ဝန်လနုချိန်သွေးဆင်း တာဘာကြောင့်လဲ
ကိုယ်ဝန်လနုချိန်သွေးဆင်း ရင် ဘယ်အမေမဆို စိုးရိမ်ကြပါတယ်။ သားဦးကိုယ်ဝန်ဆိုပိုဆိုးပါတယ်။ ကိုယ်ဝန်များတစ်ခုခုထိခိုက်မိပြီလားဆိုပြီး စိုးရိမ်ကြပါတယ်။ ကိုယ်ဝန်လနုတဲ့အချိန်မှာသွေးဆင်းတာက အကြောင်းအမျိုးမျိုးရှိပါတယ်။ တချို့က အန္တရာယ်မရှိပါဘူး။ တချို့အကြောင်းတွေက အရေးကြီးပါတယ်။ ကိုယ်ဝန်လနုချိန်ဆိုတာ ပထမ၃လကို ဆိုလိုတာပါ။ ဒီလတွေမှာ ဘာကြောင့် သွေးဆင်းတာလဲဆိုတဲ့ အကြောင်းရင်းတွေကို ရှာကြည့်ကြရအောင်။သန္ဓေတည်တယ်ဆိုတာ မျိုးအောင်ပြီးသား သန္ဓေသားက သားအိမ်နံရံကို တိုးဝင်တွယ်ကပ်တာပါ။ ဒါက မျိုးအောင်ပြီး ၆ရက်ကနေ ၁၂ရက်အတွင်း ဖြစ်ပါတယ်။ ကိုယ်ဝန်အနုဆုံးအချိန်ပါ။ အဲ့ဒီအချိန်မှာ သွေးနည်းနည်းဆင်းပါတယ်။ ဒါက ပုံမှန်ရာသီမလာခင် ရက်အနည်းငယ်အလိုမှာ ဖြစ်တတ်တဲ့အတွက်ရာသီလာတာနဲ့တောင် မှားတတ်ပါသေးတယ်။ကိုယ်ဝန်ကြောင့်လား၊ ရာသီလာတာလား ခွဲဖို့လည်းမလွယ်ပါဘူး။ ကြွက်နည်းနည်းတက်တာ၊ ခါးနာတာ၊ ခေါင်းကိုက်တာ၊ ပျို့တာ၊ ရင်သားနာတာ စသဖြင့် လက္ခဏာတွေက အတူတူပါပဲ။ ခွဲလို့ရတာဆိုလို့ သွေးဆင်းတဲ့အရောင်ဖျော့တာရယ်၊ နည်းနည်းနဲ့ ရက်တိုတိုဆင်းတာရယ်လောက်ပဲရှိတာပါ။ သေချာချင်ရင် ဆီးစစ်ကြည့်လိုက်ပါ။အမျိုးသမီး၁၀၀မှာ ၂ယောက်ကနေ ၅ယောက်လောက်က သားအိမ်ခေါင်းအသားပို ရှိကြပါတယ်။ သာမန်အသားပိုပဲဖြစ်ပြီး ကင်ဆာမဟုတ်ပါဘူး။ ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် ရောင်ရမ်းတာ၊ ထိခိုက်မိတာရှိရင်တော့ သွေးထွက်တတ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ကိုယ်ဝန်ဆောင်တွေမှာ အသားပိုကြောင့် သွေးဆင်းတယ်ဆိုတာ ဖြစ်ခဲပါတယ်။ အန္တရာယ်လည်း သိပ်မရှိလှပါဘူး။ကိုယ်ဝန်ရှိချိန်မှာဟော်မုန်းအပြောင်းအလဲကြောင့် မျိုးပွားအင်္ဂါတွေက နူးညံ့နေပါတယ်။ ဒါကြောင့် အရင်ကနဲ့ မတူဘဲ ကြမ်းကြမ်းတမ်းတမ်းထိမိရင် သွေးထွက်တတ်ပါတယ်။ ကိုယ်ဝန်ရှိနေတာကို မသိဘဲ အတူနေမိတာ၊ ဆေးရုံမှာ မိန်းမကိုယ်စမ်းသပ်ရင်း ထိမိတယ်ဆိုရင် သွေးထွက်တတ်ပါတယ်။ ဒါကြောင့် အတူနေပြီးပြီးချင်း၊ ဆေးရုံက ပြန်လာလာချင်း အတွင်းခံမှာ သွေးပေနေရင် လန့်မသွားပါနဲ့။ ဒါက ခဏနေရင် သက်သာသွားမှာပါ။ဒါက အားလုံးစိုးရိမ်နေတဲ့အကြောင်းပါပဲ။ အစက သွေးနည်းနည်းပဲ ဆင်းနေရာက တဖြည်းဖြည်းများလာခဲ့ရင် သတိထားပါ။ သွေးဆင်းလည်းများတယ်၊ ဗိုက်လည်းအောင့်တယ်ဆိုရင် ကိုယ်ဝန်ပျက်တာဖြစ်ဖို့ များနေပါပြီ။ ကိုယ်ဝန်ပျက်တာ တော်တော်များများကလည်း လနုချိန်မှာ ဖြစ်တာပါ။ကိုယ်ဝန်ဆောင်တွေရဲ့ ၂၀ရာခိုင်နှုန်းက ဒီလိုအချိန်မှာ အကြောင်းရင်းမရှိဘဲ ပျက်တတ်ကြပါတယ်။ ဒီလိုပြောလို့ မစိုးရိမ်ပါနဲ့။ တော်တော်များများက ကျန်းကျန်းမာမာနဲ့ ကိုယ်ဝန်ဆောင်နိုင်ကြပါတယ်။ ကိုယ်ဝန်ပျက်တော့မယ်ဆိုရင်။-သွေးဆင်းများတာ။-နီရဲ ဒါမှမဟုတ် ညိုပုပ်တဲ့ သွေးတွေဆင်းတာ။-ဗိုက်အောင့်တာ။-ခါးထဲက တဆစ်ဆစ်နာတာ။-ဗိုက်က ဆွဲညှစ်ထားသလိုနာတာ။-သွေးခဲတွေပါ ပါလာတာ စတာတွေဖြစ်ပါတယ်။ ဒါတွေခံစားရရင်တော့ ဆေးရုံကို အမြန်သွားပါ။ တစ်ခါတစ်လေ ကံကောင်းရင် မပျက်သေးဘဲ ပျက်လုပျက်ခင် (threatened miscarriage)ဆိုတာလည်း ရှိပါသေးတယ်။ သူကတော့ ဗိုက်ကို ခိုက်မိတာ၊ ချော်လဲတာ၊ ပိုးဝင်တာ၊ တချို့သောဆေးဝါးတွေကြောင့် ဖြစ်ရတာပါ။အမြွာကိုယ်ဝန်ရှိနေရင် သန္ဓေတည်လို့ သွေးဆင်းတာဖြစ်နိုင်ချေ ပိုများပါတယ်။ အမြွှာကိုယ်ဝန်တွေက ပျက်ကျနိုင်ခြေလည်း ပိုများပါတယ်။သားအိမ်ပြင်ပလို့ပြောတဲ့နေရာမှာ သားဥပြွန်မှာ တွယ်တာ အများဆုံးတွေ့ရပါတယ်။ သားဥအိမ်နဲ့ တခြားနေရာတွေမှာလည်း တည်တတ်ပါသေးတယ် ။  လက္ခဏာတွေကတော့။-သွေးဆင်းတာ (များတာ သို့မဟုတ် နည်းတာ)။​-တစ်ချက်တစ်ချက် စူးခနဲအောင့်တာ။-ဗိုက်က ဆွဲညှစ်ထားသလိုနာတာတွေဖြစ်တတ်ပါတယ်။သားဥပြွန်မှာရှိတဲ့ သန္ဓေသားတဖြည်းဖြည်းကြီးလာပြီး သားဥပြွန်ပေါက်သွားတဲ့အခါ သွေးထွက်လွန်ပြီး အသက်အန္တရာယ်ရှိလို့ ဒီလက္ခဏာတွေကို သတိထားသင့်ပါတယ်။ဒါကရှားပါတယ်။ ကိုယ်ဝန်ဆောင်၁၀၀၀မှာ ၁ယောက်လောက်ပဲ ဖြစ်တာပါ။ လက္ခဏာတွေကတော့။-နီရဲ ဒါမှမဟုတ် အညိုပုပ်ရောင်သွေးဆင်းတာ။-ဗိုက်အောင့်တာ။-ပျို့အန်တာ။သူက သာမန်ကိုယ်ဝန်လက္ခဏာတွေနဲ့ တူတူပါပဲ။ ဒါပေမယ့် သူ့မှာကိုယ်ဝန်ဆောင်ဟော်မုန်းHCGပိုများတဲ့အတွက် လက္ခဏာပိုဆိုးပါတယ်။ (ဥပမာ မရပ်မနားအန်တာမျိုး)။အချင်း သားအိမ်ကနေ နည်းနည်းကွာသွားတဲ့အခါ သွေးထွက်ပါတယ်။ ကွာသွားလို့ လွတ်နေတဲ့နေရာကြားမှာ သွေးတွေစုပြီး အရည်အိတ်ဖြစ်လာပါတယ်။ အိတ်သေးရင် သွေးဆင်းတာနည်းပြီး အိတ်ကြီးရင် သွေးဆင်းတာများပါတယ်။ တချို့တွေကတော့ အရည်အိတ်တည်တာကိုတောင် မသိဘဲ ကျန်းကျန်းမာမာကိုယ်ဝန်ဆောင်သွားကြပါတယ်။ ဒါပေမယ့် အရည်အိတ်အရမ်းကြီးရင်တော့ ကိုယ်ဝန်ပျက်ကြတဲ့အထိ အန္တရာယ်ရှိပါတယ်။ လက္ခဏာတွေကတော့။-သွေးနည်းနည်း ဒါမှမဟုတ် များများဆင်းတာ။-အရောင်ဖျော့ဖျော့ ဒါမှမဟုတ် ညိုပုပ်ပုပ်အရောင်တွေဆင်းတာ။-ဗိုက်အောင့်တာ။-ဆွဲညှစ်ထားသလို နာတာတွေဖြစ်တတ်ပါတယ်။မိန်းမကိုယ် ဒါမှမဟုတ်ဆီးလမ်းကြောင်းကို ပိုးဝင်တဲ့အခါ သွေးဆင်းတတ်ပါတယ်။ ပိုးက ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုပိုး မျိုးစုံဖြစ်နိုင်ပါတယ်။ မိန်းမကိုယ် မှိုစွဲပြီး ရောင်ရမ်း (vaginitis)ခဲ့ရင် သွေးဆင်းတာအပြင် မိန်းမကိုယ်ယားတာ၊ ဗိုက်အောင့်တာ၊ ဆီးကျဉ်တာ၊ အဖြူဆင်းတာ၊ မိန်းမကိုယ်မှာ အနာပေါက်တာ စတာတွေလည်း ဖြစ်တတ်ပါတယ်။ကိုယ်ဝန်နုချိန်မှာ ဘာကြောင့်ပဲသွေးဆင်းဆင်း ဆရာဝန်ကို အသိပေးသင့်ပါတယ်။ အထူးသဖြင့်။ကုသနည်းတွေကတော့ ရောဂါပေါ်မူတည်ပြီး စောင့်ကြည့်တာ၊ သောက်ဆေးပေးတာ၊ ခွဲစိတ်ကုတာ စတာတွေ လုပ်ရမှာပါ။ မိခင်အတွက်ရော ကလေးအတွက်ပါ စိတ်ချရတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ကုသကြပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/causes-of-bleeding-in-early-pregnancy/
မိခင်နို့ထွက်များစေမယ့် အစားအစာများ
မိခင်နို့က ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုကိုမြှင့်တင်ပေးနိုင်တဲ့ အာဟာရဓာတ်တွေများစွာပါဝင်နေတဲ့ အစားအစာတစ်ခုဖြစ်တာကြောင့် ကလေးငယ်လေးတွေကို မဖြစ်မနေ မိခင်နို့တိုက်ကျွေးသင့်ပါတယ်။ ဒီအချက်ကပဲ မိခင်လောင်းအသစ်စက်စက်တွေကို အာဟာရပြည့်ဝတဲ့ နို့ရည်ရရှိစေဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ ပိုစိတ်ဝင်စားစေတာပါ။ ဒီတော့ မိခင်နို့ထွက်များစေမယ့် အစားအစာများ အကြောင်းကို လေ့လာလိုက်ရအောင်နော်။မိခင်နို့ထွက်များစေမယ့် အစားအစာများ ကတော့။International Board Certified Lactation Consultant တစ်ဦးဖြစ်တဲ့ အာဟာရဗေဒဆိုင်ရာကျွမ်းကျင်သူ Alicia C. Simpson ကတော့ ဘာလီစေ့က prolactin လို့ခေါ်တဲ့ နို့ရည်ထွက်ရှိစေတဲ့ ဟော်မုန်းပမာဏကိုမြင့်တက်စေနိုင်တဲ့ beta-glucan ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတစ်မျိုးပါလို့ပြောကြားထားပါတယ်။ဘာလီက မိခင်နို့ကို အာဟာရပြည့်ဝစေရုံသာမက မိခင်ရဲ့ ခန္ဓာကိုယ် ကိုယ်ခံအားကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ဘာလီပြီးရင်တော့ ဒုတိယမြောက်beta-glucan ပါဝင်မှုအများဆုံးအစားအသောက်က အုတ်ဂျုံပါ။ အုတ်ဂျုံက မိခင်နို့ရည်ထွက်ရှိမှုကို တိုးစေနိုင်တယ်လို့ လူသိများတဲ့ အစားအစာတစ်ခုပါ။ အုတ်ဂျုံမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကယ်လ်လိုရီနဲ့ အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်နေတာကြောင့် မိခင်ရဲ့ အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ကိုယ်ဝန်ဆောင်ပြီးနောက်ဖြစ်နိုင်တဲ့ ဆီးချိုဝေဒနာ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။အုတ်ဂျုံအပြင် ဆန်လုံးညိုစားသုံးပေးတာကလည်း မိခင်နို့ရည်ထွက်ရှိမှုကိုကောင်းမွန်စေပါတယ်။ဟင်းနုနွယ်ရွက်မှာ သံဓာတ်၊ကယ်လ်စီယမ် နဲ့ ဖောလစ်အက်ဆစ်အပါအဝင် သတ္တုဓာတ်များစွာပါဝင်ပါတယ်။ ဒီဓာတ်တွေက မိခင်တွေကို မီးဖွားပြီးချိန်နဲ့ကလေးနို့တိုက်နေချိန်ကာလအတွင်းမှာ သွေးအားနည်းတာမျိုးဖြစ်နေရင်တောင် အားပြန်လည်ပြည့်ဝအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဟင်းနုနွယ်ရွက်မှာပါတဲ့  ဓာတုပစ္စည်းတွေက မိခင်တွေမှာ ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ကြက်သွန်ဖြူမှာ မိခင်နို့ ထွက်မှုကို တိုးစေနိုင်တဲ့ ဓာတုဒြပ်ပေါင်းတွေပါဝင်နေတယ်လို့ တော်တော်များများသိထားပြီးဖြစ်မှာပါ။ နို့ထွက်များစေရုံတင်မကပါဘူး။ ကြက်သွန်ဖြူစားသုံးပေးတာကကင်ဆာရောဂါတော်တော်များများကိုလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။ပရိုတင်းဓာတ်တွေက မိခင်နို့ရည်ထွက်ရှိဖို့ရော နို့ရည်အာဟာရပြည့်ဝဖို့ရော အထောက်အကူ ဖြစ်စေပါတယ်။ ကြက်သား၊ ဝက်သား၊ အမဲသား၊ အသည်း၊ ပင်လယ်ငါး စတာတွေ စားပေးလို့ ရပါတယ်။ ဥပမာ ဆယ်မွန်ငါး။ အနီရောင်အသားတွေစားတဲ့အခါ သံဓာတ်ပါ အားဖြည့်ပြီးသား ဖြစ်သွားပါတယ်။ ဒါပေမယ့် အဆီမပါတဲ့ အသားဖြစ်ဖို့တော့ လိုပါတယ်။ဒီအစားအစာတွေက နို့တိုက်မိခင်တွေမှာ နို့ထွက်ရှိမှုကိုတိုးစေပါတယ်။ အခွံမာသီးတွေနဲ့ အစေ့အဆန်တွေမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေအများအပြားပါဝင်နေပြီး နို့ရည်ထွက်ရှိမှုကို များစေနိုင်သလို နို့ရည်မှာ အာဟာရပါဝင်မှုကိုလည်း တိုးစေနိုင်ပါတယ်။ဒါတင်မကသေးပါဘူး။ အခွံမာသီးတွေနဲ့ အစေ့အဆန်မှာပါတဲ့omega – 3 fatty acidလိုမျိုးကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေက မိခင်ရဲ့ ဦးနှောက်လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေနိုင်သလို မှတ်မိနိုင်စွမ်းကို တိုးတက်စေတဲ့အပြင် အဆစ်တွေလှုပ်ရှားမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ဒါတွေအပြင်ဟော်မုန်းတွေကို ထိန်းညှိရာမှာ အထောက်အကူပြုနိုင်တာကြောင့် ကလေးမွေးဖွားပြီးနောက်ဖြစ်တတ်တဲ့ စိတ်ကျရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။အခွံမာသီးတွေနဲ့ အစေ့အဆန်တွေထဲမှာမှ အမြင်သာဆုံးပြောပြရရင် နှမ်းကြတ်စေ့ပါ။ နှမ်းကြတ်စေ့မှာ omega – 3 ကြွယ်ဝစွာပါဝင်နေပါတယ်။နို့ထွက်မှုကိုတိုးစေနိုင်တဲ့ အစေ့အဆန်တွေနဲ့ အခွံမာသီးတွေက။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/how-to-boost-breast-milk-supply/
HIV ပိုးရှိနေတဲ့ မေမေတွေ ကလေးကို နို့တိုက်လို့ ရသလား
ဆေးပညာ‌တွေ တိုးတက်လာတာနဲ့အမျှ HIVပိုးက အရင်ကလို ကုရာနတ္ထိဆေးမရှိတို့၊ ဖြစ်တာနဲ့ အသက်ဆုံးရှုံးမှာတို့ ဒီလိုမဟုတ်တော့ပါဘူး။ ဆေးကို အချိန်မီသောက်မယ်၊ မှန်မှန်လေးသောက်မယ်ဆိုရင် ပိုးကောင်ရေကို ကောင်းကောင်းထိန်းချုပ်နိုင်လို့ လူကောင်းတစ်ယောက်လို နေနိုင်ပါပြီ။ ဆိုလိုတာက အိမ်ထောင်ပြုလို့ရတယ်။ ကလေးယူလို့ရပါတယ်။ ဒါပေမဲ့ နောက်တစ်ခု စိုးရိမ်ကြတာက ကလေးမွေးပြီးရင်ရော HIV ပိုးရှိနေတဲ့ မေမေတွေ ကလေးကို နို့တိုက်လို့ ရသလား ဆိုတာပါ။HIV ပိုးရှိနေတဲ့ မေမေတွေ ကလေးကို နို့တိုက်လို့ရမရ ဆိုတာက အမေ့ရဲ့ ဗိုင်းရပ်စ်ကောင်ရေ (viral load) ပေါ် မူတည်ပါတယ်။ပိုးကောင်ရေ နည်းရင်တော့ တိုက်နိုင်ပါတယ်။ ပိုးကောင်ရေများရင်တော့ တခြားနည်းလမ်းကို စဉ်းစားသင့်ပါတယ်။လေ့လာချက်တွေအရ မိခင်က ကိုယ်ဝန်ဆောင်တလျှောက်လုံးနဲ့ ကလေးမီးဖွားချိန်မှာ ARTဆေးကို သေသေချာချာ သောက်ထားလို့ ပိုးကောင်ရေက ရှာလို့မရအောင် နည်းနေတယ်ဆိုရင် နို့တိုက်ရာကနေ  ကလေးဆီကို ကူးဖို့က၁%အောက် နည်းပါတယ်။ (သတိထားရမှာက ၁%အောက် နည်းတာပဲ ဖြစ်ပြီး လုံးဝမကူးတာတော့ မဟုတ်ပါ။)။မိခင်တွေမှာ ရွေးချယ်စရာ ၃မျိုးရှိပါတယ်။မိခင်က HIVဆေးကို ပုံမှန်သောက်သုံးထားတယ်ဆိုရင် ကလေးဆီကို နို့တိုက်ရာကနေ ကူးသွားဖို့ အခွင့်အလမ်းနည်းပါတယ်။ ဒါကြောင့် ဒီလိုမိခင်တွေကမိခင်နို့ တိုက်လို့ ရပါတယ်။ ဒါပေမဲ့ ကူးစက်နှုန်း လုံးဝမရှိတာမဟုတ်တဲ့အတွက် ကလေးကို ARTဆေး အချိန်တစ်ခုအထိ တိုက်ရပါတယ်။ဒီလိုမိခင်တွေကတော့ တခြားမိခင်တွေလိုပဲ ကလေးအသက်အနည်းဆုံး ၆လပြည့်တဲ့အထိ နို့တိုက်ပြီး နောက်ပိုင်းကျရင်ဖြည့်စွက်စာစကျွေးနိုင်ပါတယ်။တချို့မိခင်တွေက မိခင်နို့ချည်းပဲ မနိုင်လို့ ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် mixed feedingလို့ခေါ်တဲ့ နို့ဘူးကူရပါတယ်။ သူကလည်း မိခင်နို့ တိုက်နေသေးတာ ဖြစ်တဲ့အတွက် ကလေးကို ARTဆေး တိုက်ဖို့ လိုပါတယ်။HIV ပိုးကောင်ရေများနေလို့ ကလေးကို ကူးနိုင်ခြေများသူတွေ ဒါမှမဟုတ် ကလေးကို မိခင်နို့ကနေ လုံးဝမကူးစေချင်ဘူးဆိုသူတွေက ဖော်မြူလာနို့ကို ရွေးနိုင်ပါတယ်။အပေါ်မှာ ပြောခဲ့တဲ့နည်းလမ်းက အမေဆီကနေ ကလေးကို နို့တိုက်ရာကနေ HIVပိုး မကူးစက်စေဖို့ ချမှတ်ထားတဲ့ စည်းကမ်းတွေပါ။ ဒါပေမဲ့ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာက ဒီစည်းကမ်းတွေကို တိုင်းပြည်ရင်းမြစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ရပါတယ်။ဆိုလိုတာက ဒီမှာက မိခင်မှာ HIV ပိုးကောင်ရေများနေတာမျိုး မဟုတ်ဘူးဆိုရင် မိခင်နို့ကိုပဲ ဦးစားပေးပြီး တိုက်ခိုင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အများစုက ဖော်မြူလာ မတတ်နိုင်လို့ပါ။ ဒီတော့ ကော်ဖီဖျော်တဲ့ နို့မှုန့်တွေ ဖျော်တိုက်တာ၊ နို့ဆီဖျော်တိုက်တာ၊ နွားနို့တိုက်တာ၊ ဖော်မြူလာကို ရေများများနဲ့ ဖျော်တိုက်တာတွေ လုပ်ကြပါတယ်။ ဒါကြောင့် ကလေး အာဟာရချို့တဲ့ပြီး ဝမ်းလျှောတာ၊ ခုခံအားကျတာတွေ ဖြစ်ပြီး သေဆုံးကြရပါတယ်။နဂိုတည်းက ဆင်းရဲပြီး မွေးစကလေး သေနှုန်းမြင့်နေတဲ့ မြန်မာနိုင်ငံဖြစ်တာကြောင့် မိခင်နို့ကိုပဲ ဦးစားပေးတိုက်ခိုင်းပါတယ်။ မိခင်နို့ကို တိုက်လို့ရအောင်လည်း ကိုယ်ဝန်အပ်တည်းက HIVရှိတဲ့ မိခင်ဆိုရင်ARTဆေးကို မှန်မှန်သောက်ခိုင်းပြီး ပိုးကို နည်းနိုင်သမျှ နည်းအောင် ချထားတာ ဖြစ်ပါတယ်။နောက်တစ်ခုက ဘယ်လောက်ပဲ ဖော်မြူလာတွေ ကောင်းကောင်း မိခင်နို့လောက်တော့ မကောင်းပါဘူး။ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ခုခံအားတွေအတွက် မိခင်နို့ကသာ အကောင်းဆုံး ဖြစ်တာကြောင့် မိခင်နို့ကို ဦးစားပေးပြီး တိုက်ခိုင်းတာ ဖြစ်ပါတယ်။HIV ပိုးရှိနေတဲ့ မေမေတွေ ကလေးကို နို့တိုက်လို့ ရသလား ဆိုတာက မိခင်ရဲ့ ပိုးကောင်ရေပေါ် မူတည်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြောရရင် မိခင်နို့တိုက်ဖို့ကို ပိုပြီး အားပေးပါတယ်။ မိခင်နို့တိုက်ဖို့ ဘယ်လိုမှ အဆင်မပြေမှသာ ဖော်မြူလာ တိုက်သင့်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/can-hiv-mom-breastfeed/
ကီးလွိုက်အမာရွတ်များ-ဖြစ်စေသော အကြောင်းများ၊ရောဂါလက္ခဏာများနှင့် ကုသမှုများ
သင်၏ ခန္ဓါကိုယ်ပေါ်ရှိအမာရွတ်များကြောင့် ရှိးတိုးရှန့်တန့်မဝံ့မရဲဖြစ်နေပါသလား။ ဤအမာရွတ်များကို မိတ်ကပ်၊ အဝတ်အစားများနှင့် ဖုံးကွယ်နေရသည်ကို ပင်ပန်းနေပြီလား။ အမာရွတ်များသည် သင့်အသားအရေ၏ အသွင်အပြင် ကိုပျက်စီးစေသည်။ အထူးသဖြင့် သိသာထင်ရှားစွာ ကြွတက်နေသော ကီးလွိုက်အမာရွတ်များဖြစ်သည်။ ကီးလွိုက် အမာရွတ်ဆိုတာဘာလဲ။ ဒီကိစ္စကို ဘယ်လို ဖြေရှင်းရမလဲစသည့် မေးခွန်းများသည် လူအများစိတ်အဝင်စားဆုံး အရာများ ဖြစ်သည်။ ၎င်းတို့အတွက် အဖြေများကို အောက်တွင် ဖော်ပြသွားမည်။ကီးလွိုက်အမာရွတ် ဖြစ်စေသော အကြောင်းများ။ခွဲစိတ်ရာများ၊ ဝက်ခြံအမာရွတ်များ၊ ထိုးဖောက်ဒဏ်ရာများ၊ မီးလောင်ဒဏ်ရာများနှင့် ရေကျောက်များစသော အရေ ပြားပျက်စီးမှုများဖြစ်ပြီးနောက် အမာရွတ်တစ်ရှုးထူထူများ ကြွတက်လာကာ အနာကျက်နေသော ဧရိယာ၏ အပြင် ဘက်သို့ ထွက်လာလျှင် ကီးလွိုက် အမာရွတ်များ ဖြစ်လာပါသည်။ကီးလွိုက်အမာရွတ်ဆိုတာဘာလဲ။ကီးလွိုက်အမာရွတ်ဆိုသည်မှာ အမာရွတ်တစ်ရှူးသည် မူလထိခိုက်မိသော ဒဏ်ရာထက်ပို၍ ကြီးမားကျယ်ပြန့်စွာ ကြီး ထွားလာပြီး အရေပြားပေါ်တွင် အပုံလိုက်ကြွတက်နေသော မာကြောသော အမာရွတ်တစ်မျိုးဖြစ်သည်။ ကီးလွိုက်အမာရွတ်များသည် အများအားဖြင့် ပန်းရောင် (သို့) ခရမ်းရောင်ဖြစ်ပြီး မျက်နှာပြင် ချောမွတ်ကာ ပုံသဏ္ဍာန်အတိအကျ မရှိပေ။ ကီးလွိုက်များသည် ခန္ဓါကိုယ်၏ မည်သည့်နေရာတွင်မဆို ဖြစ်နိုင်သော်လည်း ရင်ညွန်ရိုး၊ ပခုံး၊ ရင်ဘတ်အထက်ပိုင်း၊ ကျော၊ နားရွက်နှင့် မျက်နှာတို့တွင် ပို၍ အဖြစ်များသည်။ အသက် ၁ဝနှစ်မှ ၃ဝနှစ်ကြားရှိသူများနှင့် အသားညိုသူများ တွင် ဖြစ်နိုင်ချေပိုများသည်။ ၎င်းတို့သည် ကင်ဆာအဖြစ်သို့ မပြောင်းလဲနိုင်ပါ။ သို့သော် ခံစားရသူများအနေနှင့် စိတ်ပျက်မှုများ၊ နာကျင်မှုများကို ခံစားရနိုင်သည်။သို့သော် အရေပြားပညာရှင်များကပင် ကီးလွိုက်အမာရွတ်များမည်သို့ ဖြစ်လာသည်ကို သေသေချာချာမသိပါ။ ကီးလွိုက်များသည် တစ်ရှူးများပွားခြင်း၊ ကြီးထွားခြင်းတို့ကို ထိန်းချုပ်သည့် ဆဲလ်အချက်ပြမှုများ ပြောင်းလဲခြင်းနှင့် ပတ် သက်နေသည်ဟု သူတို့က ရှင်းလင်းထားသည်။ ကီးလွိုက်များသည် မျိုးရိုးမလိုက်တတ်ပါ။ ထို့ကြောင့် သင်၏မျိုးရိုးဗီဇ နှင့် ကီးလွိုက်သည် သက်ဆိုင်ခြင်းမရှိပါ။ကီးလွိုက်အမာရွတ်များ၏ ရောဂါလက္ခဏာက ဘာတွေလဲ။ကီးလွိုက်အမာရွတ်များသည် နီရဲပြောင်တင်းနေတတ်သည်။ အချို့ကီးလွိုက်များသည် အချိန်ကြာလာသည်နှင့်အမျှ အလွန်ကြီးမားလာကာ မြင်မကောင်းရှုမကောင်း ဖြစ်လာသည်။ သင်၏ အရေပြားသည် နေရောင်နှင့် ထိတွေ့လျှင် ၎င်း တို့၏ အရောင်ရင့်လာသည်။ ၎င်းတို့သည် ယားယံစေတတ်ပြီး ထိမိရုံဖြင့်ပင် နာကျင်စေနိုင်သည်။ အဆစ်များပေါ်တွင်ဖြစ်သော ကြီးမားသော ကီးလွိုက်များသည် ယင်းအဆစ်၏ လှုပ်ရှားမှုများကို ထိခိုက်စေပြီး ၎င်းတို့ကို ပျောက်ကင်းအောင်ကုသရန် အခက်အခဲများစွာ ရှိပါသည်။ကီးလွိုက်အမာရွတ်အတွက် ကုသမှုများ။တကယ်တော့ ကီးလွိုက်အမာရွတ်များ ပျောက်ကင်းသွားရန် (သို့) ၎င်းတို့၏ပုံသဏ္ဍာန်ပြောင်းလဲစေရန် လွယ်ကူရိုးရှင်း သော အဖြေမရှိပါ။ ကုသမှုခံယူပြီးနောက် သင်၏အရေပြားသည် ယခင်ကကဲ့သို့ အပြစ်အနာအဆာကင်းသွားမည် မ ဟုတ်သော်လည်း အနည်းဆုံးသင့်အနေနှင့် စိတ်သက်သာရာရသွားမည်ဖြစ်ပြီး ယခင်လောက်လည်း သိသာတော့မည်မဟုတ်ပါ။ ကီးလွိုက်အမာရွတ်များကို ကုသရန် ခတ်ပေါ်နည်းပညာများကို ပေါင်းစပ်အသုံးပြုရန်လိုအပ်ပါသည်။အအေးဖြင့်ကုသခြင်း– ဤကုသမှုသည် သေးငယ်၍ သက်တမ်းမကြာသေးသော ကီးလွိုက်အမာရွတ်များ (ဥပမာ-ဝက် ခြံအမာရွတ်များ) အတွက်အကောင်းဆုံးဖြစ်ပါသည်။ အအေးဖြင့်ကုသခြင်း (cryotherapy) တွင် နိုက်ထရိုဂျင်အရည်ကို သုံးကာ အမာရွတ်ကို အေးခဲစေပြီး သင်၏ အသားအရေကို ဝင်းလက်စေသည်။ cryotherapy ပြီးစီးရန်အတွက် ရက် ၂ဝ မှ ၃ဝ အထိကြာတတ်သည်။သမာရိုးကျခွဲစိတ်မှု – ဤကုသမှုသည် ကီးလွိုက်အမာရွတ်များကို ရိုးရှင်းစွာဖြတ်ထုတ်သော သမားရိုးကျခွဲစိတ်မှုဖြစ်သည်။ သို့ သော်လည်း ခွဲစိတ်မှုကြောင့် ကီးလွိုက်များပိုဖြစ်နိုင်သည်။ ကီးလွိုက်များပြန်ဖြစ်ခြင်းမှ ကာကွယ်ရန် ခွဲစိတ်ကုသမှုကို အခြားနည်းလမ်းများဖြစ်သော လေဆာကုသမှု၊ ဆေးထိုးကုသမှုတို့နှင့် ပေါင်းစပ်ပြုလုပ်သင့်သည်။ ခွဲစိတ်ပြီး ၂လမှ ၆လအတွင်း အမာရွတ်ပေါ်တွင် ဆီလီကုန်းဂျယ်လ် (silicone gel) ပတ်တီးဖြင့် တစ်ရက်လျှင် ၁၂နာရီမှ ၂၄ နာရီအထိ ပတ်ထားရန် လိုအပ်သည်။ဤလုပ်ငန်းစဉ်များကို သေချာစုံစမ်းပြီးမှ ပြုလုပ်သင့်ပြီး လိုင်စင်ရ ခွဲစိတ်ဆရာဝန်များဖြင့်သာ ပြုလုပ်သင့်သည်။ကော်တီကိုစတီးရွိုက်ထိုးဆေးများ– ဤကုသမှုသည် ကီးလွိုက်အမာရွတ်များအတွက် အသုံးများသော ကုသမှုဖြစ် သည်။ ကီးလွိုက်အမာရွတ်ကုသမှုအတွက် ထောက်ခံချက်ရရှိထားသော အထူးဆေးဝါးကို သင်၏အမာရွတ်အတွင်း သို့ ထိုးသွင်း၍ ကုသသည်။ ခွဲစိတ်မှုပြီးနောက် အအေးကုသမှုခံယူပါက ရလဒ်အကောင်းဆုံးဖြစ်သည်။ ကုသမှုပြုလုပ် စဉ်တွင် သင်သည် မသက်မသာဖြစ်ကောင်းဖြစ်မည်။ ကော်တီကိုစတီးရွိုက်ဖြင့် ကီးလွိုက်အမာရွတ်များကို ကုသရန် အချိန် ၄ပတ်မှ ၆ပတ်အထိ လိုအပ်သည်။လေဆာကုသမှုများ– လေဆာရောင်ခြည်ဖြင့်ကုသမှုများသည် ကီးလွိုက်အမာရွတ်များကို ဖယ်ရှားနိုင်သည်။ သို့သော် ကီးလွိုက်အမာရွတ်များ ထာဝရပျောက်သွားလိမ့်မည်ဟု မည်သူမျှ အာမခံချက်မပေးနိုင်ပါ။ ဤလုပ်ငန်းစဉ်သည် သမားရိုးကျခွဲစိတ်မှု၏ အခြားနည်းလမ်းတစ်ခုဖြစ်သည်။ တစ်ခါတစ်ရံ ၎င်းနည်းလမ်း ၂ခုလုံးကို သုံးခြင်းသည် အကောင်း ဆုံးရလဒ်များကို ပေးစွမ်းနိုင်သည်။ဓါတ်ရောင်ခြည်ကုသမှုများ- ဓါတ်ရောင်ခြည်ကုသမှုသည် ကီးလွိုက်အမာရွတ်များအတွက် နောက်ဆုံးရွေးချယ်စရာ ဖြစ်သော အငြင်းပွားဖွယ်ကုသမှုတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဓါတ်ရောင်ခြည်များသည် ကင်ဆာဖြစ်စေ သော အန္တရာယ်ရှိသောကြောင့် ဖြစ်သည်။ စောစီးစွာသိရှိခြင်းနှင့် ကုသခြင်းတို့က သင့်အား အကောင်းဆုံး အကျိုးရလဒ်ကို ပေးစွမ်းနိုင်ပါ သည်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%80%e1%80%ae%e1%80%b8%e1%80%9c%e1%80%bd%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%a1%e1%80%99%e1%80%ac%e1%80%9b%e1%80%bd%e1%80%90%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%96%e1%80%bc/
အစားအသောက်ထိန်းစရာမလိုပဲ ကိုယ်အလေးချိန် လျှော့ချနည်း ဆယ်မျိုး
တချို့သူတွေအတွက်တော့ အစားလျှော့တယ်ဆိုတာထင်သလောက်မလွယ်ပါဘူး။ ပီဇာနဲ့ ချိစ်ဘာဂါတွေကို လျစ်လျူရှုဖို့ ဆိုတာခက်ခဲလွန်းပါတယ်။ သို့သော်လည်းသူတို့ဟာထပ်လည်းမဝချင်ပါဘူး။ ဒါဆိုစွဲဆောင်မှု မရှိတဲ့ သွားရည်ယိုစရာမကောင်းတဲ့ အစားအသောက်တွေကိုစားစရာမလိုပဲမဝအောင်နေလို့ ရပါသလား။ တကယ်တော့ နည်းလမ်းဆယ်ခုရှိပါတယ်။လူအတော်များများဟာမနက်စောစောထပြီးအလုပ်ကိုတန်းသွားရတဲ့အတွက် မနက်စာမစားပဲနေခြင်းဟာကိုယ်အလေးချိန်ကိုလျှော့ချဖို့ နည်းလမ်းကောင်းတစ်ခုလို့ထင်ပြီးတစ်နေ့တာအတွက် အရေးကြီးတဲ့ အစာဖြစ်တဲ့ မနက်စာကိုမစားပဲနေကြပါတယ်။ ဒါပေမယ့်လည်းလေ့လာချက်တွေအရပထမဆုံးအစာဖြစ်တဲ့ မနက်စာကိုမစားပဲနေခြင်းဟာနောက်စားမယ့်အစာတွေကိုပိုစားစေပါတယ်လို့ တွေ့ရှိရပါတယ်။ တကယ်လို့ မနက်စာကိုမစားဘူးဆိုရင် သင်ဟာတစ်နေကုန် ပိုပြီးတော့စားတော့မှာပါ။ ဒီပုံစံနဲ့တော့ ပိန်အောင်လုပ်ဖို့ မလွယ်ဘူးလေ။လူတွေရဲ့ ဦးနှောက်ဟာအချက်အလက်တွေကိုဆန်းစစ်ဖို့ အချိန်လိုသလိုအစာခြေဖျက်ဖို့အတွက်လည်းအချိန်လိုအပ်ပါတယ်။ ဒါ့ကြောင့် အစားတစ်ခုကိုခပ်မြန်မြန်ပြီးအောင်စားလိုက်ရင် ဗိုက်ဝသွားတယ်လို့မခံစားရပဲနောက်ထပ်ပိုစားမိဖြစ်ပါတယ်။ သုတေသန ၂၃ ခုကိုဆန်းစစ်ချက်အရအတူတူစားရင်းအရင်စားပြီးသူဟာနောက်မှ စားပြီးသူတွေထက် ဝနိုင်ခြေပိုများပါတယ်။ ဒါ့ကြောင့် ဖြည်းဖြည်းစားခြင်းအားဖြင့် သင့်ဦးနှောက်ကိုဘယ်လောက်ဗိုက်ပြည့်နေပြီလဲဆိုတာစဉ်းစားဖို့ အချိန်ပေးသလိုဖြစ်ပြီးတော့ အစားစားတာလျော့နည်းလာပါလိမ့်မယ်။ညဘက်မှာအစာစားသောက်ခြင်းဟာကိုယ်အလေးချိန်တိုးစေနိုင်ပါတယ်။ ယုံယုံမယုံယုံတစ်နေ့မှာလေးကြိမ် (သို့) ငါးကြိမ်မြောက်စားတဲ့အစာဟာသင်စားနေတဲ့ အစာကိုများပြားစေပြီးသင်လိုချင်တဲ့ ကိုယ်အလေးချိန်ကိုရဖို့ ကူညီတော့မှာမဟုတ်ပါဘူး။တကယ်တော့ မကျန်းမာတဲ့အစားအစာတွေကိုလုံးဝမစားသင့်ပါဘူး။ ဒါပေမယ့် သူတို့ကပုံမှန် အစာတွေထက် အရသာရှိနေတဲ့အခါမှာသင်ဘယ်လိုလုပ်မှာပါလဲ။ သေးငယ်တဲ့ ပန်းကန်ကိုယူပါ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာတွေကိုပန်းကန်သေးသေးနဲ့စားတဲ့အကျင့်လုပ်ပါ။ ဘာကြောင့်လဲဆိုတော့ ဒီအစာတွေကိုပန်းကန်ကြီးကြီးထဲမှာအနည်းငယ်သာထည့်စားမယ်ဆိုရင် သင့်ဦးနှောက်ကသင်လုံလောက်စွာစားရတယ်ဆိုတဲ့ ခံစားမှုရမှာမဟုတ်လို့ ပိုပိုစားမိမှာပါ။ရေဟာသင့်ကိုခဏတာတော့ ဗိုက်ပြည့်စေပါတယ်။ တကယ်လို့ ရေကိုအစာမစားခင်သောက်မယ်ဆိုရင် ဗိုက်ဆာစိတ် လျော့သွားပြီဖြစ်လို့ သင်နည်းနည်းပဲစားကောင်းစားနိုင်ပါတယ်။ ရေအစားဆိုဒါ (သို့) ကယ်လိုရီနည်းတဲ့ ဖျော်ရည်တွေ သောက်ခြင်းဟာလည်းသင်အစားအသောက်ကိုအနည်းငယ်သာစားစေမှာပါ။တီဗီ (သို့) ဗီဒီယိုဂိမ်းတွေ ဆော့တဲ့သူတွေဟာသူတို့ကိုယ်သူတို့ အစာစားသင့်သလောက် မစားဘူးလို့ အထင်ရောက်တတ်ပါတယ်။ ဒီလိုနဲ့ သူတို့ ပိုစားတတ်ပါတယ်။ ဗီဒီယိုဂိမ်းတွေ၊ ရုပ်ရှင်တွေဟာ ဆွဲဆောင်အားကောင်းတဲ့ အပန်းဖြေမှုတွေ ဖြစ်ပြီးသူတို့မှာရင်သပ်ရှုမောဖွယ် အခန်းတွေ မကြာခဏပါဝင်တတ်ပါတယ်။ ဒါ့ကြောင့် သူတို့ဟာသင့်အစားအသောက်ကိုအာရုံမရောက်အောင် အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။သိပ္ပံပညာအရကောင်းမွန်စွာမအိပ်စက်ခြင်းဟာသင့်ကိုအစားပိုစားစေပါတယ်။ အိပ်ရေးမဝရင် သင့်ကိုဗိုက်ပိုဆာစေပြီးကျန်းမာရေးနဲ့ မညီတဲ့ အစားအသောက်တွေကိုပိုတောင့်တစေမှာပါ။စိတ်ဖိစီးမှုဟာ လူတွေကိုအစာစားခြင်းကဲ့သို့သော တခြားလုပ်ငန်းကိစ္စတွေအပေါ် သတိပြုမှု နည်းစေပါတယ်။ စိတ်ဖိစီးမှုဟာပုံမှန်အိပ်ချိန်ကိုတောင် နှောင့်ယှက်နိုင်ပါတယ်။ ဒီအရာတွေဟာတစ်နေ့တာအတွင်း မလိုအပ်ဘဲ အစားအသောက်စားသုံးမှု ပမာဏကို မြင့်တတ်စေပါတယ်။ပရိုတင်းဟာ သင့်ကိုဗိုက်ဝစေပါတယ်။ ဗိုက်ဝတာကြောင့် သင်ကယ်လိုရီပိုမိုစားခြင်းကနေ ကာကွယ်ပေးမှာပါ။ ဥ၊ ငါး၊ ကြက်သားအစရှိသည်တို့ဟာအရသာရှိတာနဲ့အမျှ သင့်ရဲ့ အစားအသောက် လျှော့ချခြင်းပေါ်မှာအကျိုးသက်ရောက်မှု ရှိပါတယ်။သကြားဓာတ်ဟာကယ်လိုရီ (သို့) အရည်ပုံစံကယ်လိုရီပါဝင်ပါတယ်။ သောက်သုံးရင် သင့်ရဲ့ ဦးနှောက်ဟာအရည်ပုံစံကယ်လိုရီကိုအစားကရတဲ့ ကယ်လိုရီပုံစံလိုမျိုး တူညီစွာမသတ်မှတ်တာကြောင့် ဗိုက်ဝတယ်လို့ ခံစားရမှာမဟုတ်ပါဘူး။ ဒါဆိုလိုတာထက် ပိုစားမိပြီးခါးပိုတောင် တုတ်လာမှာပါ။ ဒါ့ပြင် သကြားဓါတ် အများအပြားသုံးစွဲမှုဟာဦးနှောက်အတွက် မကောင်းပါဘူး။ခြုံပြောရရင် အသီးအရွက်ချည်းစားတာမဟုတ်ပဲသင့်ကိုကိုယ်အလေးချိန်လျော့ကျစေတဲ့ နည်းလမ်းပေါင်းများစွာရှိပါတယ်။ ပုံမှန်စားနေကျအစာကိုစားနေရက်နဲ့ပဲဒီနည်းလမ်းတွေကိုအသုံးပြုခြင်းအားဖြင့် အစားအသောက်ကောင်းတွေကို နှစ်သက်စွာစားနိုင်မှာပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/%e1%80%a1%e1%80%9c%e1%80%b1%e1%80%b8%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba/
သားသားမီးမီးလေးတွေရဲ့ လမ်းပြကြယ်က မေမေပါ
၉ လလုံးလုံး သားအိမ်ထဲမှာနေရင်း အခြားသူတစ်ယောက်ရဲ့ စားသုံးတဲ့အစားအသောက်တွေ၊ ကာကွယ်ပေးမှု နဲ့ အနွေးဓါတ်ပေါ်မှာ မှီခိုနေခဲ့တာပါ။ လူတစ်ယောက်အပေါ်မှာမှီခိုနေရင်း အသက်ရှင်ခဲ့ရမှုကနေတဆင့်ပြောပြဖို့မလွယ်တဲ့ သံယောဇဉ်တစ်ခုတည်ဆောက်နိုင် ခဲ့သလို ရိုသေလေးစားချစ်ခင်မှုတွေပေါက်ဖွားလာခဲ့ပါတယ်။ ဒီလိုမှီခိုနေတာကို ကြည်ကြည်ဖြူဖြူခွင့်ပြုပေးရင်းစောင့်ရှောက်ပေးခဲ့သူက အခြားသူမဟုတ်ပါဘူး မေမေပါ။ ဘဝမှာတွေ့ကြုံရတဲ့ အကောင်းအဆိုးတွေမှန်သမျှကို မျှဝေခံစားပေးတဲ့ အရင်းနှီးဆုံးသူက မိခင်ပါ။ ကမ္ဘာပေါ်မှာ မေတ္တာတရားအကြီးမားဆုံးသူတွေကိုပြပါဆိုရင် မိခင်တွေပဲဖြစ်မှာပါ။ မေမေကတော့ အရွယ်ရောက်ကြီးပြင်းလာတဲ့ တစ်လျှောက်လုံး တွေ့ဆုံခဲ့ရသူတွေထဲမှာ အနွေးထွေးဆုံးသူပါ။သားသမီးတွေပျော်ရွှင်နေလား၊ စိတ်ညစ်နေလား၊ အခက်အခဲဖြစ်နေလားဆိုတာနဲ့ နှစ်သိမ့်အားပေးမှုကိုလိုအပ်နေလားဆိုတာကို မပြောဘဲသိရှိနိုင်သူကမေမေတွေပါ။ စိတ်ဓါတ်ကျစရာတွေနဲ့တွေ့တိုင်း နှစ်သိမ့်အားပေးရင်းရှေ့ဆက်လျှောက်ဖို့ အင်အားတွေဆောင်ကြဉ်းပေးတာ လုံခြုံနွေးထွေးမှုကို ခံစားရအောင်လုပ်ဆောင်ပေးနိုင်သူက မေမေအပြင်အခြားမရှိပါဘူး။ အူဝဲလို့အော်ရင်း ငိုယိုပြီး လူ့လောကထဲကို ဝင်လာနိုင်ဖို့ ခက်ခက်ခဲခဲမွေးထုတ်ပေးခဲ့ရသူတွေကမေမေတွေပေါ့။မွေးဖွားသန့်စင်ပြီးချိန်မှာ ကိုယ့်ကိုနွေးနွေးထွေးထွေးလေးပွေ့ဖက်ပြုစုစောင့်ရှောက်ပေးတဲ့ လက်တစ်စုံ ပိုင်ရှင်ကို ဘယ်သူဘယ်ဝါဆိုတာမသိသေးပေမယ့်မေမေကတော့မွေးလာတဲ့သားသားမီးမီးလေးတွေကို ဘယ်လိုပဲဖြစ်ဖြစ် ဘုရားပေးတဲ့ လက်ဆောင်အဖြစ်ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ပါပြီ။ ကိုယ်ကမရင်းနှီးပေမယ့် အနွေးထွေးဆုံးမေတ္တာနဲ့ လူ့လောကထဲ ဝင်လာတဲ့ သားသားမီးမီးလေးတွေကို ကြိုဆိုနေတတ်သူတွေပေါ့။မွေးဖွားပြီးချိန်ကနေစလို့ လူတစ်ယောက်အဖြစ်ရှင်သန်မယ်ဆိုရင် သိသင့်တဲ့အရာတွေ၊ လက်တွေ၊ခြေတွေကို ဘယ်လိုသုံးမယ်၊ စိတ်ခံစားမှုတွေကို မျက်နှာအမူအရာနဲ့ ဘယ်လိုဖော်ပြရမယ်ဆိုတာတွေကို လက်ဦးဆရာအနေနဲ့ မေမေတွေကသင်ပေးတာပါ။ စကားတတ်လာချိန်မှာတော့ မေမေပြောတာတွေထဲကနေသင်ယူရင်း မေမေတွေအကြားချင်ဆုံး စကားသံလေးဖြစ်တဲ့ မပီကလာပီကလာနဲ့မေမေလို့စခေါ်ပါပြီ။ မေမေလို့ ခေါ်သံကြားရုံနဲ့ ပင်ပန်းသမျှတွေကို မေ့သွားပြီး သားသမီးကို အကောင်းဆုံးဆိုတာတွေပဲပေးဖို့ စဉ်းစားနေတတ်ကြပါတယ်။ ကလေးတစ်ယောက်အရွယ်ရောက်လာဖို့ စလယ်ဆုံး အနားမရအောင် ပင်ပန်းကြသူတွေကမေမေတွေပါ။အခြေခံ လူ့ကျင့်ဝတ်တွေကိုမေမေဆီက သင်ယူပြီးရင်တော့လောကအလယ်မှာ တင့်တယ်စေဖို့ ပညာသင်ယူနိုင်စေဖို့ သင့်တော်မယ့် မူကြိုကို ထားဖို့ပြင်ရပါပြီ။ ကလေးငယ်တစ်ယောက်အတွက် မျက်နှာစိမ်းတွေနဲ့ စဆက်ဆံရချိန်ပေါ့၊ ဝန်းကျင်သစ်မှာ အဆင်မပြေတဲ့အခါကျောင်းမတက်ချင်ဘူးဆိုပြီး ဂျီကျတဲ့အချိန်ရောက်လာပါပြီ။ ဒီလိုအချိန်မှာ မရင်းနှီးတဲ့ မျက်နှာပိုင်ရှင်တွေကချော့ပေမယ့် တကယ်လိုချင်မိတာတော့မေမေ့ရဲ့ နှစ်သိမ့်မှုပါ။ တစ်နေ့တာလုံး မူကြိုမှာနေရတာကြောင့် စိတ်မသက်မသာဖြစ်ပေမယ့် တံခါးဝမှာနွေးထွေးတဲ့ လက်တစ်စုံနဲ့စောင့်ဆိုင်းနေတဲ့မေမေ့ကိုမြင်ရချိန်မှာတော့ တစ်နေ့တာ အဆင်မပြေသမျှကိုမေ့ပြီးပျော်ရွှင်မှုကို ခံစားရပါပြီ။တဖြည်းဖြည်းအရွယ်ရောက်လာတော့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ဆင့်တက်ရချိန်ရောက်လာပါပြီ။ မူလတန်း၊ အလယ်တန်းလောက်မှာတစ်ကိုယ်ရေ သန့်ရှင်းရေးကစလို့၊ စားရေးသောက်ရေးပြင်ဆင်ပေးတာနဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးတာအဆုံး အကုန်လုံးကို အမြဲလုပ်ပေးနေသူကမေမေပါ။ကျောင်းသွားခါနီး ခေါင်းအစခြေအဆုံးပြင်ဆင်ပေးပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် ထမင်းဗုူးပါထည့်ပေးဖို့ မပျက်မကွက် လုပ်ပေးနေသူပေ့ါ။ ဒါတင်မဟုတ်သေးပါဘူး။ ကျောင်းကပြန်လာတဲ့အခါ တစ်နေ့တာလုံးကျောင်းမှာတွေ့ကြုံခဲ့ရတဲ့ အကြောင်းအရာ အဖြစ်အပျက်တွေကိုစိတ်ရှည်လက်ရှည် နားထောင်ပေးပါသေးတယ်။အထက်တန်းရောက်လာချိန်မှာတော့ ကိုယ်တိုင် အဝတ်လဲတတ်ပြီ။ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်တတ်ပါပြီ။မေမေကတော့ဘေးကနေ လိုအပ်တာတွေကို လုပ်ပေးနေဆဲပါ။ အထက်တန်းကျောင်းတက်တဲ့အချိန်မှာ စာတွေက များလာသလို သင်ရတဲ့စာတွေထဲမှာလည်း ဘာသာရပ်အသစ်တွေပါလာပါပြီ။ အိမ်ရောက်လို့ စာပြန်လုပ်မိတဲ့အခါ အိမ်စာနားမလည်ရင် ကူလုပ်ပေးတဲ့သူငယ်ချင်းကလည်း အခြားသူမဟုတ်ပါဘူး၊မေမေပါပဲ။ မိခင်တစ်ယောက်ရဲ့ တာဝန်တွေကဒါတွေတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ရင်သွေးတွေကို လူ့လောကအကြောင်းနားလည်အောင်သင်ကြားပေးသလို အခြေခံလူ့ကျင့်ဝတ်တွေကိုလည်း သင်ကြားပေးပါတယ်။ အရွယ်ရောက်လာတာနဲ့အမျှ လမ်းမှားမရောက်အောင် မျက်ခြည်မပြတ်စောင့်ကြည့်ပေးတာ၊ သတိပေးဆုံးမတာ၊ အမုန်းခံပြီးပြောတာတွေကို ကလည်း မိခင်တွေရဲ့ တာဝန်လို့တော်တော်များများက မှတ်ယူထားပါတယ်။ ဖခင်တွေက သားသမီးကိုချစ်ကြပေမယ့်မေမေတွေလောက်တော့ အသေးစိတ် ဂရုမစိုက်နိုင်ကြပါဘူး။တက္ကသိုလ်တက်ချိန်ရောက်လို့အရွယ်ရောက်လာပြီဆိုရင်တောင်မှာမေမေတွေကတော့ သားသမီးတွေရဲ့ တီးတိုးတိုင်ပင်ဖော် သူငယ်ချင်းလိုမျိုးဖြစ်နေဆဲပါ။ တက္ကသိုလ်မှာတွေ့ရတဲ့ သူငယ်ချင်းအသစ်တွေ၊အတွေ့အကြုံအသစ်တွေနဲ့ ကြုံဆုံရသမျှ ပုဂ္ဂိုလ်ရေးခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းလင်းတိုင်ပင်ရင်းမေမေ့ဆီက အကြံဉာဏ်ယူနေရဆဲပါ။ ဘဝတစ်လျှောက်မေမေတွေရဲ့ ဆုံးမသွန်သင်မှုနဲ့ လွတ်ကင်းပြီးကြီးပြင်းဖို့ဆိုတာက တကယ်တော့ မလွယ်ကူလှပါဘူး။ မိခင်ရဲ့ကောင်းမွန်စွာ အုပ်ထိန်းသွန်သင်မှုရတဲ့ ကလေးငယ်တွေက လိမ္မာရေးခြားရှိတဲ့ သားသားမီးမီးလေးတွေအဖြစ် အရွယ်ရောက်ကြီးပြင်းလာကြတာများပါတယ်။ ကြမ်းတမ်းတဲ့လောကကြီးရဲ့ ခက်ထန်မှုတွေကနေ လုံခြုံမှုပေးနိုင်ဆုံးက မိခင်ရဲ့ ရင်ခွင်ပါ။ ဘယ်လောက်အရွယ်ရောက်ရောက် မိခင်တွေရဲ့ မျက်လုံးထဲမှာတော့ သားသမီးတွေကို ကလေးတွေလို့ပဲမြင်ပြီး လိုလေသေးမရှိ ဂရုစိုက်ပေးကြပါတယ်။ သားသမီး စိတ်ချမ်းသာဖို့ဆိုရင် ဘာကိုမဆိုပေးဆပ်ရဲတာကလည်း မိခင်တွေပါပဲ။မေမေဆိုသူက သူ့ရဲ့ရင်သွေးလေးကို အကောင်းဆုံးသော ဘဝအတွေ့အကြုံတွေကိုပေးစွမ်းနိုင်ဖို့အတွက် သူ့ရဲ့ဘဝတစ်ခုလုံးကိုပေးဆပ်ထားသူပါ။ မိဘဆိုတာမျိုးက သားသမီးကို အမှားမလုပ်မိအောင်နဲ့ လမ်းမှားမရောက်အောင် ကာကွယ်ပေးချင်သူတွေပါ။ ဘဝတစ်လျှောက်လုံးမှာမေမေကပဲဘေးက အစစအရာရာကိုဖေးမကူညီခဲ့တာပါ။ ဒါကြောင့် မိခင်တိုင်းက သားသားမီးမီးတွေရဲ့ လမ်းပြကြယ်လို့ပြောရတာပါ။ သားသားမီးမီးလေးတွေလည်း သူတို့ရဲ့ လမ်းပြကြယ်ဖြစ်တဲ့မေမေတွေရဲ့ သွန်သင်ဆုံးမမှုတွေနဲ့ အတူ လိမ္မာရေးခြားရှိတဲ့ ကလေးတွေအဖြစ် အရွယ်ရောက်ကြီးပြင်းနိုင်ကြပါစေကြောင်း။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%9e%e1%80%ac%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%80%ae%e1%80%b8%e1%80%99%e1%80%ae%e1%80%b8%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%9b%e1%80%b2%e1%80%b7-%e1%80%9c/
အာရှ အစားအစာတွေဟာ သင့်ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပြုပါတယ်။
အခုခေတ်မှာ ကျွန်မတို့ရဲ့ အမြဲအလုပ်ရှုပ်နေတတ်တဲ့ လူနေမှုဘဝပုံစံကြောင့် အပြင်ထွက်စားပြီးအမြန်ရတဲ့ အစားအစာတွေ စားသောက်ခြင်းဟာအလွန်တွေ့ရများပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ အဝလွန်ရောဂါ ခံစားရတာပါပဲ။ ဒါပေမယ့် အဝလွန်ရောဂါကိုကုသဖို့ဆိုတာအိမ်နဲ့ အလွန်နီးကပ်ပါတယ်။ အာရှအစားအစာတွေဟာသင့်ကိုယ်အလေးချိန်ကိုထိန်းသိမ်းဖို့အတွက် အထိရောက်ဆုံးနည်းလမ်းလို့ ယူဆကြပါတယ်။ဆန်ညိုဟာဆန်ဖြူကိုအပေါ်ကထူထဲတဲ့ အခွံအုပ်ထားတာဖြစ်ပါတယ်။ သူဟာသစ်ကြားသီးကိုအပေါ်ကအခွံမခွာပဲစားနေခြင်းလိုမျိုးပါ။ အခွံထဲမှာအာဟာရတွေ ပါဝင်ပေမယ့် ၎င်းတို့ဟာဇီဝဆိုင်ရာအကျိုးရှိမှု အလွန်နည်းပါးပါတယ်။ ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို နှေးကွေးသွားစေပြီးစွမ်းအင်းတွေကိုသုံးစွဲပစ်လိုက်တဲ့ အခွံကိုခြေဖျက်ခြင်းက ကျွန်မတို့ ခန္ဓါကိုယ်ကအချိန်တွေ အားအင်တွေကို ဖြုန်းတီးပစ်လိုက်ပါတယ်။လူအတော်များများဟာနီရဲသောအသားအလွန်အကျွံစားသုံးကြပြီးဒါဟာကျန်းမာရေးဆိုင်ရာ ပြဿနာအမြောက်အမြားနဲ့ သိသိသာသာဆက်စပ်မှု ရှိတာတွေ့ရှိရပါတယ်။ သတ်သတ်လွတ်စားသူတွေတော့ ဒီပြဿနာတွေ မခံစားရပေမယ့် သူတို့ကတော့ လိုအပ်တာထက် ပိုပါတယ်။ နီမှိုင်းသောအသားမစားသုံးတော့ခြင်းဟာခဏတာတိုးတက်ခြင်းတွေ ခံစားရနိုင်ပေမယ့် အတော်များများဟာရေရှည်မှာတော့ မလုံလောက်ခြင်းဖြစ်တတ်ပါတယ်။ တရုတ်တွေကတော့ နို့တိုက်သတ္တဝါတွေရဲ့ အသားကိုတစ်ပတ်ကိုနှစ်ကြိမ် နှစ်အောင်စလောက် စားသုံးသင့်တယ်လို့ တိုက်တွန်းထားပါတယ်။ငါးနဲ့ ကြက် ငှက်သားတို့ဟာကောင်းမွန်ပေမယ့်လည်းနီမှိုင်းသောအသားတွေကိုအလှည့်ကျ စားသုံးသင့်ပါတယ်။ အဖြူရောင် အသားဟာအရောင်ရင့်တဲ့ အသားထက် ပိုမကောင်းပါဘူး။ ကြက်သားဟာအမဲသားထက် ပိုမကောင်းပါဘူး။ ကြက်ဥအကာဟာလည်း အနှစ်ထက် ပိုမကောင်းပါဘူး။ ကျွန်မတို့ဟာနည်းနည်းစီအကုန်စားသင့်ပါတယ်။ ထင်ရှားတဲ့ တရုတ်ပြည်ကဆရာဝန်တစ်ဦးကတော့ သတ်သတ်လွတ်စားတယ်ဆိုတာကျောင်းတိုက်ရဲ့အရိပ်ကိုခိုလှုံပြီးသူတို့ရဲ့ နေ့ရက်တွေကိုတရားထိုင်ခြင်းနဲ့ ကုန်ဆုံးစေတဲ့ ဘုန်းကြီးတွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်လို့ ရေးသားထားပါတယ်။ ပိုပြီးတက်ကြွတဲ့ လူမှုဘဝနေထိုင်ပုံရှိတဲ့ ကျွန်မတို့တစ်တွေကတော့ ပိုပြီးအားရှိတဲ့ အစားအသောက်တွေကိုစားသုံးသင့်ပါတယ်။သေးငယ်တဲ့ တစ်ခါပြင် ပန်းကန်လုံးတွေနဲ့ သေးငယ်တဲ့ ပန်းကန်တွေဟာပိုမိုနည်းတဲ့ ပမာဏကိုစားသောက်ဖို့ ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ကျွန်မကတော့ ဆွဲဆောင်မှုရှိပြီးပုံစံနဲ့ အရွယ်အစားအမျိုးမျိုးရှိတဲ့ ပန်းကန်နဲ့ ပန်းကန်လုံးအသေးလေးတွေကိုရောစပ်ပြီးသုံးဖို့ နှစ်သက်ပါတယ်။ တူကတော့ အစာစားရင် တစ်ဂေါ်စာအများကြီးယူမိတာကရှောင်ကျဉ်ဖို့ လွယ်ကူတဲ့ နည်းလမ်းဖြစ်ပါတယ်။ ပုံမှန် မကျွမ်းကျင်တဲ့ အမေရိကန် တူသုံးစွဲသူတစ်ယောက်အတွက်ဆိုရင် တူအသုံးပြုခြင်းဟာအစာစားနှုန်းကိုလျော့ကျစေပြီးသင်ဗိုက်ဝပြီးစားဖို့ရပ်သင့်ပြီဆိုတဲ့ သတင်းကိုအစာအိမ်ကနေဦးနှောက်ကိုရောက်ဖို့ အချိန်ပိုပေးတယ်လို့ သက်သေပြထားပြီး ဖြစ်ပါတယ်။နို့ထွက်ပစ္စည်းတွေဟာကလေးတွေအတွက် ခန္ဓါကိုယ်ထဲမှာအရာဝတ္ထုတစ်ခုအဖြစ် ပြောင်းသွားစေဖို့ သဘာဝကဖန်တီးပေးထားတာပါ။ လူတွေဟာကလေးဘဝကျော်လွန်တဲ့အထိ နို့ထွက်ပစ္စည်းတွေကိုစားသုံးတဲ့ တစ်မျိုးတည်းသောသတ္တဝါ ဖြစ်ပါတယ်။ နို့ထွက်ပစ္စည်းမှာကယ်လ်ဆီရမ် ပါဝင်ပါတယ်။ ဒါပေမယ့် ကယ်လ်ဆီယံရဲ့ အရိုးတွေကိုလုယက်တဲ့ Casein လို့ ခေါ်တဲ့ ပရိုတင်းတစ်မျိုးကလွှမ်းလိုက်ပါတယ်။ အစိမ်းရောင်ပါတဲ့ အသီးအရွက်တွေဟာဘေးထွက်ဆိုးကျိုးပိုနည်းပြီး ခန္ဓါကိုယ်အတွက် ပိုကောင်းတဲ့ ကယ်လ်ဆီရမ်ဓါတ်ကိုပေးစွမ်းပါတယ်။အမေရိကန်တွေဟာရေအေး (သို့) ဆော်ဒါကိုအစားအသောက်နဲ့ တွဲသောက်တဲ့ အကျင့်ဆိုးရှိပါတယ်။ ဒီအကျင့်တစ်ခုတည်းကို ပြင်လိုက်မယ်ဆိုရင် အစာခြေဖျက်ခြင်းကိုပိုမိုကောင်းမွန်စေပါလိမ့်မယ်။ အရည်ကိုသင့်အစားနဲ့ အတူသုံးဆောင်ခြင်းကိုလျှော့ချရင်ကောင်းမွန်စွာအစာခြေရန်လိုအပ်တဲ့ အစာခြေအန်ဇိုင်းတွေကိုရေရောပစ်လိုက်ခြင်းကိုရပ်တန့်နိုင်ပါလိမ့်မယ်။ လက်ဖက်ရည်ကြမ်း (သို့) အခြားလက်ဖက်ရည်အပူကိုအစာမတိုင်ခင် သောက်ပေးခြင်းဟာအင်ဇိုင်းတွေရဲ့ လှုပ်ရှားမှုကိုအားပေးပြီးတော့ အစာခြေနိုင်တဲ့ အစွမ်းကိုတိုးမြှင့်ပေးနိုင်ပါတယ်။ အရည်တွေကိုအစာမစားခင်နဲ့ စားပြီး မိနစ်၃၀ အကြာမှာသုံးဆောင်နိုင်ပါတယ်။ အစာစားနေတုံးမသောက်သင့်ပါဘူး။ပုံမှန် အာရှစားသောက်မှုပုံစံမှာထမင်းရယ် အသီးအရွက်နဲ့ ပင်လယ် အသီးအရွက်တွေ အမြောက်အမြားပါဝင်ပါတယ်။ အရှေ့တိုင်းအစားအစာမှာအချဉ်ဖောက်ထားတဲ့ တို့ဖူး၊ မီဆို၊ ငါးစိမ်း၊ ကြက်ဥနဲ့ ကြက်သားတို့လည်းပါဝင်ပါတယ်။ အနီရောင်သမ်းတဲ့အသားတွေကိုတော့ ခန္ဓါကိုယ်ထဲက ပြည့်ဝဆီပမာဏကိုလျှော့ချဖို့ရံဖန်ရံခါ စားကြပါတယ်။အသားနဲ့ အသီးအရွက်ကို ၃:၁ စားကြပါလို့ အကြံပေးကြပါတယ်။ ဒါဟာဟင်းသီးဟင်းရွက်သုံးဆကိုအသားတစ်ဆနဲ့ စားရမှာဖြစ်ပါတယ်။ ပိုကောင်းတာကတော့ ခါးတဲ့ အရသာရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ မုန်လာဥတွေ၊ radicchio နဲ့ ခါးတဲ့ သခွားမသီးလိုမျိုးကိုသင့်ပန်းကန်ထဲမှာအနည်းအကျဉ်းထည့်သွင်းစားသင့်ပါတယ်။အားကစားဟာကျန်းမာတဲ့ လူမှုဘဝနေထိုင်ပုံနဲ့ ယဉ်ကျေးမှုတို့ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ခြေလက်ဆန့်ခြင်း၊ ဆေးသောက်ခြင်းနဲ့ ထိုက်ကျိနဲ့ ကရာတေးအားကစားတို့ကိုအစာထိန်းချုပ်မှုနဲ့အတူတကွ ပြုလုပ်ပေးပြီးကိုယ်အလေးချိန်ကိုမကြာခဏစစ်ဆေးသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/%e1%80%a1%e1%80%ac%e1%80%9b%e1%80%be-%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%90%e1%80%bd%e1%80%b1%e1%80%9f%e1%80%ac-%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80/
ကျန်းမာရေး ဗိုက်စည်းတွေနဲ့ ပတ်သက်သမျှ
ကျန်းမာရေး ဗိုက်စည်းဆိုတာဟာ ၀မ်းဗိုက်မှာပတ်ရတဲ့ ခါးပတ်တစ်ခုပါပဲ။ ဗိုက်စည်းတွေဟာ အရွယ်အစားအမျိုးမျိုး လာပါတယ်။ များသောအားဖြင့် အလတ်စတစ်သားနဲ့ လုပ်ထားကြပြီး ပတ်ဖို့အတွက် ချိတ်၊ ဒါမှမဟုတ် ပတ်တဲ့ ကွင်းတွေပါပါတယ်။ တချို့ ဗိုက်စည်းတွေမှာတော့ ခါးကိုထောက်ပံ့ပေးတဲ့ အထိန်းပါပါတယ်။ တချို့ ဗိုက်စည်းတွေမှာတော့ဗိုက်ခွဲထားတဲ့လူနာတွေမှာ  အရည်တွေစီးဆင်းဖို့ ပိုက်တွေပါ တွဲရက်ပါပါတယ်။ ဗိုက်စည်းတွေဟာ ဗိုက်ခွဲပြီးတဲ့နောက် နလန်ထတာကို မြန်စေပါတယ်။ ယေဘုယျအားဖြင့် ဗိုက်စည်းတွေကို ဒီလိုအခြေအနေမျိုးတွေမှာ တပ်ဆင်ဖို့ အကြံပေးလေ့ရှိကြပါတယ်။(၁)ဗိုက်ခွဲကလေးမွေးပြီးတဲ့အခါ။(၂) ၀မ်းဗိုက်ဖွင့် ဗိုက်ခွဲပြီးတဲ့အခါ။(၃)သားအိမ်ထုတ်ပြီးတဲ့အခါ။(၄)ခါးဆစ်ရိုးခွဲစိတ်ပြီးတဲ့အခါ တွေပဲဖြစ်ပါတယ်။ခါးဆစ်အာရုံကြောမကြီးကို ထိခိုက်ဒဏ်ရာရထားတဲ့ လူနာတွေမှာ ၀မ်းဗိုက်ကို ထောက်ပံ့ပေးဖို့၊ ၀မ်းဗိုက်အတွင်းဖိအားကို ထိန်းညှိပေးဖို့၊ အသက်ရှူခြင်းဆိုင်ရာလုပ်ငန်းဆောင်တာတွေကို အားပေးကူညီဖို့ အတွက် စနစ်တကျ နေရာတိတိကျကျသတ်မှတ်ထားတဲ့ ဗိုက်စည်းတွေကို စည်းရပါတယ်။(၁) ခွဲစိတ်ပြီးနောက်ရတဲ့ နာကျင်မှုကိုသက်သာစေတယ်။(၂) ခွဲစိတ်ပြီးတဲ့နောက်ရတဲ့ စိတ်မသက်မသာဖြစ်မှုတွေကိုလဲ လျော့နည်းစေတယ်။ အသက်ပြင်းပြင်းရှူနိုင်ဖို့ အားပေးကူညီတယ်။ခွဲပြီးလူနာတွေအတွက်ဆိုရင်။(၁)ခွဲစိတ်ထားတဲ့ အနာကိုကူညီထောက်ပံ့ပေးတယ်။(၂) နာကျင်မှုကိုသက်သာစေတယ်။(၃) ပိုပြီးလှုပ်ရှားနိုင်စေတယ်။(၄) ရောင်ရမ်းမှုကိုကျစေတယ်။ဗိုက်စည်းတွေနဲ့ ပတ်သက်လို့ သိပ္ပံနည်းကျ လေ့လာထားမှုတွေ သိပ်တော့မရှိသေးပါဘူး။ ၂၀၁၄ ခုနှစ်မှာ လေ့လာထားတဲ့ လေ့လာမှုတစ်ခုအရဆိုရင်တော့ ဗိုက်စည်းတွေဟာ ခွဲစိတ်ပြီးနောက်ရတဲ့ နာကျင်မှုကို သက်သာစေပြီး စိတ်ဖိစီးမှုကိုလဲ လျော့ကျစေပါသတဲ့။ ခွဲပြီးလူနာတွေ ချောင်းဆိုးချင်တဲ့ အခါ ဗိုက်စည်းစည်းထားပေးတဲ့ အခါ ပိုပြီး လွတ်လွတ်လပ်လပ်ဆိုးနိုင်ဖို့ ကူညီပေးပါတယ်။ ပိုပြီးတော့လဲ ခန္ဓာကိုယ်လှုပ်ရှားရ လွယ်စေတာကို တွေ့ရပါသတဲ့။ ဒါပေမယ့်လဲ ခွဲစိတ်ပြီးတဲ့ နောက် ခွဲကြောင်းဒဏ်ရာတွေမှာ အရည်စုတဲ့ ပြသနာဖြစ်တာမျိုးကိုကျ ဗိုက်စည်းတွေက တကယ်ပဲ လျော့နည်းစေသလားဆိုတာ အတွက်တော့ ခိုင်မာတဲ့ သုတေသနတွေထပ်လုပ်ဖို့ လိုနေပါသေးတယ်။ သားအိမ်ထုတ်ပြီးတဲ့ လူနာတွေမှာ ဗိုက်စည်းစည်းပေးခြင်းအားဖြင့်ဝမ်းဗိုက်ကကြွက်သားတွေကို တစုတစည်းတည်း ထိန်းပေးထားတဲ့ အတွက် နာကျင်မှုကိုသက်သာစေပါတယ်။၂၀၁၀ မှာလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရဆိုရင်တော့မတ်တတ်ရပ်တဲ့အခါ သွေးပေါင်ထိုးကျသွားတဲ့ဝေဒနာရှိသူတွေအတွက် ဗိုက်စည်းတွေဟာ အင်မတန်အသုံး၀င်ပြီး သွေးပေါင်ရုတ်တရက်ထိုးကျတဲ့ attack ကိုကာကွယ်ဖို့အတွက် ပထမဆုံး အသုံးပြုတဲ့ ပစ္စည်းဖြစ်သင့်တယ်ဆိုပါတယ်။ ဗိုက်စည်းစည်းပေးခြင်းအားဖြင့် အပေါ်သွေးပေါင်ကို 11mmHg လောက်နဲ့ အောက်သွေးပေါင်ကို 6mmHg လောက်တက်စေတယ်ဆိုပါတယ်။ဒါကြောင့် ဒီလိုဝေဒနာရှင်မျိုးတွေအတွက် ဘေးထွက်ဆိုးကျိူးတွေရှိတဲ့ ဆေးဝါးတွေအစားဗိုက်စည်းစည်းတာက ပိုအကျိုးများစေတယ်ဆိုပါတယ်။ တချို့သော အမျိုးသမီးတွေကတော့ ကလေးမွေးပြီးတဲ့ အခါ သားအိမ်၀ပ်ဖို့နဲ့ ကိုယ်အလေးချိန်ကျဆင်းစေဖို့၊ ခါးဆိုဒ်ပြန်သေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဗိုက်စည်းစည်း တတ်ကြပါတယ်။ဒါပေမယ့်လည်း ဒီလို ကိုယ်အလေးချိန်တကယ်ကျ၊မကျ ဗိုက်တကယ်ချပ်မချပ်ကတော့ တိကျတဲ့ သိပ္ပံနည်းကျသက်သေရှာမတွေ့ထားပါဘူး။ ဗိုက်စည်းဘယ်လိုစည်းကြမလဲ ခွဲစိတ်မှုအမျိုးအစားပေါ်မူတည်ပြီး ဗိုက်စည်းကိုခြောက်ပတ် ဒါမှမဟုတ် အနာလုံးလုံးကျက်တဲ့အထိ ထိလေ့ရှိပါတယ်။ ဗိုက်စည်းတွေကို သာမာန်ဆေးဆိုင် တွေမှာ အလွယ်တကူ၀ယ်လို့ရပါတယ်။ဗိုက်စည်းတစ်ခုကိုရွေးချယ်တဲ့အခါ မှန်ကန်တဲ့အရွယ်အစားရဖို့ အရေးကြီးပါတယ်။ ကိုယ်နဲ့ သင့်တော်တဲ့အရွယ်အစားကိုရဖို့ဆိုရင် ၀မ်းဗိုက်နေရာမှာ ဗိုက်စည်းကို ပတ်လိုက်ပါ။ ဗိုက်စည်းကို အရမ်းလဲ မချောင်သလို အရမ်းလဲ မကျပ်နေပါစေနဲ့။ဗိုက်စည်းစည်းထားပေမယ့်လဲ သင်ဟာ အသက်၀၀ရှူလို့ရနေရပါမယ်။ ဗိုက်စည်းကို သန့်ရှင်းနေစေဖို့ နဲ့ ခြောက်သွေ့နေဖို့ ဂရုစိုက်ပါ။ နောက်မို့အရေပြားယားယံတာမျိုးဖြစ်တတ်ပါတယ်။ ဗိုက်စည်းစည်းပြီးတဲ့နောက် နီရဲတာ၊ ရောင်ရမ်းတာ၊ အရေပြားမှာ အဖုအပိမ့်တွေဖြစ်တာ၊ ပူလာတာမျိုးခံစားရတယ်ဆိုရင် ဆရာ၀န်နဲ့ ချက်ချင်းတိုင်ပင်ပြသသင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8-%e1%80%97%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%85%e1%80%8a%e1%80%ba%e1%80%b8%e1%80%90%e1%80%bd%e1%80%b1/
အမျိုးသမီးများ မကြာခဏဆီးသွားခြင်း
မကြာခဏဆီးသွားခြင်း ဆိုတာက ပုံမှန်ထက်ပိုပြီးဆီးသွားချင်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဆီးသွားချင်တဲ့ ဆန္ဒ ရုတ်ခြည်းပေါ်လာပြီး ဆီးမထိန်းနိုင်သလိုပါ ဖြစ်တတ်ပါတယ်။ ဆီးအိမ် တင်းနေမယ်ဆိုရင် ပိုဆိုးတတ်ပါတယ်။ဒါက ဆီးအိမ်ဟာ ပုံမှန်ထက် လုပ်ဆောင်မှု လွန်ကဲနေတဲ့ အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆီးလမ်းကြောင်း အထူးကု ဆရာဝန်အချို့ရဲ့ အဆိုအရ ၂၄ နာရီအတွင်း ၈ ကြိမ်ထက်ပိုပြီး သွားချင်နေရင် ဒီပြဿနာ ဖြစ်နိုင်ပါတယ်။ အဆိုပါ ဆီးမကြာခဏ သွားချင်ရတဲ့ နောက်ခံ အကြောင်းအရင်းတွေ ရှိတတ်ပါတယ်။အမျိုးသမီးများ မကြာခဏဆီးသွားခြင်း ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့။ဆီးလမ်းကြောင်း ပိုးဝင်ခြင်း။မကြာခဏ ဆီးသွားချင်စိတ် ဖြစ်ပေါ်ခြင်းဟာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးစွန့်ပြွန်ကနေတဆင့် ဆီးအိမ်ထဲကို ဘက်တီးရီးယားပိုးတွေ ဝင်ရောက်တာကြောင့် ဖြစ်တတ်ပါတယ်။အမျိုးသမီးများရဲ့ ၅၀ မှ ၆၀ရာခိုင်နှုန်းဟာ ဘဝတစ်လျှောက်မှာ အနည်းဆုံး တစ်ကြိမ်ခန့်တော့ ဆီးပိုးဝင်ခြင်း ဖြစ်တတ်ပါတယ်။ အမျိုးသမီးများရဲ့ သုံးပုံတစ်ပုံခန့်ဟာ အသက် ၂၄ နှစ်မတိုင်မီမှာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကြုံရတတ်ပြီး ပဋိဇီဝဆေးတွေ သုံးစွဲရတဲ့အထိ ဖြစ်တတ်ပါတယ်။အမျိုးသမီးများရဲ့ဆီးလမ်းကြောင်းဟာ တိုတောင်းတဲ့အတွက် အမျိုးသားများ ထက်စာရင် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ပိုမိုကြုံတွေ့ရတတ်ပါတယ်။ ဘက်တီးရီးယားများအတွက် ဝင်ရောက်ရမယ့် လမ်းကြောင်း တိုသွားပြီး အလွယ်တကူ ကူးစက်ကာ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။ဆီးလမ်းကြောင်းပိုးဝင်ခြင်း အဖြစ်များစေတဲ့ အကြောင်းတွေကတော့။ဆီးအိမ်အလွန်အကျွံ အလုပ်လုပ်ခြင်း။ဆီးအိမ်ဟာ ပုံမှန်ထက်ပိုပြီး လှုပ်ရှားနေမယ်ဆိုရင် မကြာခဏ ဆီးသွားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ အမေရိကန် ဆီးလမ်းကြောင်းအထူးကု အသင်းကြီးရဲ့အဆိုအရ အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးများရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဆီးအိမ် အလွန်အကျွံ အလုပ်လုပ်ခြင်း ပြဿနာနဲ့ ကြုံတွေ့ရတတ်တယ်လို့ သိရပါတယ်။များသောအားဖြင့် ကြုံရတတ်တဲ့ လက္ခဏာတွေကတော့။ဆီးအိမ် အလွန်အကျွံအလုပ်လုပ်ခြင်းကိုဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေ များစွာ ရှိပါတယ်။ ၎င်းတို့ကတော့။အခြားအကြောင်းများ။မကြာခဏဆီးသွားခြင်း ကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းများ ရှိပါသေးတယ်။ အဆိုပါအချက်တွေကတော့။ကဖိန်း၊ နီကိုတင်း၊ ဆေးသကြား၊ အယ်လ်ကိုဟော စတာတွေ အများအပြား သုံးစွဲရင်လည်း ဆီးအိမ်နံရံကို အနှောင့်အယှက်ပေးတတ်လို့ မကြာခဏ ဆီးသွားချင်စိတ်ကို ဖြစ်ပေါ်စေတတ်ပါတယ်။ဆေးရုံဆေးခန်းပြသသင့်ပါတယ်။ ဆရာဝန်မှ ရောဂါရာဇဝင်ကို မေးမြန်းပြီး လိုအပ်တဲ့ စမ်းသပ်မှုတွေ ပြုလုပ်ပေးပါလိမ့်မယ်။ ဆီးနမူနာယူပြီးရောဂါပိုးရှိမရှိ၊ ဆီးထဲသွေးပါခြင်း ရှိ မရှိ၊ ပရိုတိန်း၊ သကြား စတဲ့အခြား ပုံမှန်မဟုတ်တာတွေ တွေ့ရှိရခြင်း ရှိမရှိ စစ်ဆေးပါလိမ့်မယ်။ လိုအပ်ရင် ဆီးအိမ်ကို အာထရာဆောင်းရိုက်ခြင်း၊ မှန်ပြောင်းကြည့်ခြင်း စတာတွေပါ ပြုလုပ်ပါလိမ့်မယ်။ ဒါတွေပေါ် မူတည်ပြီး ဖြစ်ရတဲ့ အကြောင်းရင်းကို သိမှ ကုသမှု ပြုလုပ်လို့ရမှာ ဖြစ်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/frequent-urination-women/
သင့်တွင်အတက်ရောဂါရှိပါက ယဉ်မောင်းနှင်ရာတွင်လုံခြုံစိတ်ချရစေရန်
အတက်ရောဂါရှိတဲ့သူတွေအတွက် မောင်းနှင်ရခြင်းသည် ခက်ခဲသောအလုပ်တစ်ခုဖြစ်ပါတယ် ။ တစ်ချို့လူနာများဆိုလျှင် တက်ခြင်းကိုထိန်းချုပ်နိုင်စွမ်းမရှိသည့်အတွက် ယာဉ်များမောင်းနှင်ခြင်းမှတားမြစ်ထားရပါတယ် ။ မောင်းနှင်ရာတွင်စိတ်ချရစေမည့်နည်းလမ်းများကိုလေ့လာခြင်းဖြင့် မောင်းနှင်ရာတွင်တက်ခြင်းမှကာကွယ်နိုင်ပါတယ် ။သင်တက်သောအခါတွင် သင့်ရဲ့မိမိကိုယ်ကိုထိန်းချုပ်နိုင်မှု တွေမရှိတော့ပါဘူး ။ အာရုံခံစားမှုနဲ့သင်ပြုမူတဲ့ပုံစံတွေဟာလည်းပြောင်းလဲသွားပါတယ်။ဒါမှမဟုတ်သင်ဟာ ရုတ်တရက်သတိမေ့သွားတဲ့အထိဖြစ်နိုင်ပါတယ် ။ ရလာဒ်အနေနဲ့ကတော့ ကားမောင်းနေစဉ်မှာတက်ခြင်းဟာ ကားကိုထိန်းချုပ်နိုင်မှုမရှိတော့ပဲ ယာဉ်တိုက်မှုတွေဖြစ်စေနိုင်ပါတယ် ။ သင်နဲ့အခြားလူများကိုပါ ထိခိုက်နာကျင်စေနိုင်ပါတယ် ။သင့်ရဲ့ယာဉ်များကိုမောင်းနှင်ရန်စွမ်းရည်ကတော့အောက်ပါအချက်များအပေါ်မှာမူတည်ပါတယ် ။– တက်စေတဲ့အကြောင်းအရင်း ။– သင်တက်သော ပုံစံအမျိုးအစား ။– လိုင်စင်ရပြီးသားကဲသို့သော ဥပဒေများ ။– သင့်ကိုသတိလက်လွတ်ဖြစ်စေတဲ့တက်ခြင်းမဖြစ်ပဲနေနိုင်သော အချိန်ပမာဏ ။သင့်မှာအတက်ရောဂါရှိတာကိုသိရတဲ့အခါမှာ သိသင့်သည်များကိုသိထားဖို့လိုအပ်ပါတယ် ။ ဒါကြောင့်သင်ဟာကားမောင်းလိုင်စင်ကိုဖြည့်တဲ့အခါတွင် အတက်ရောဂါရှိကြောင်း တင်ပြဖို့အရေးကြီးပါတယ် ။ ဒီလိုတင်ပြဖို့အတွက် ဆရာဝန်ဆီမှထောက်ခံစာတစ်စောင်လိုအပ်ပါတယ် ။မထိန်းချုပ်နိုင်တဲ့အတက်ရောဂါရှိတဲ့သူတွေဟာကားမောင်းတဲ့အခါ မတော်တဆဖြစ်ရန် အခွင့်အလမ်းများတာကြောင့် သင်ကားမောင်းနိုင် ၊ မမောင်းနိုင်ကြောင်း ဆရာဝန်ရဲ့အတည်ပြုချက်ရရှိဖို့လိုအပ်ပါတယ် ။ အခြေအနေပေါ်မူတည်၍ ၆ လ သို့ တစ်နှစ်ကြာပြီးတဲ့အခါမှာမောင်းနိုင်ပါတယ် ။အတက်ရောဂါကိုကောင်းကောင်းထိန်းချုပ်နိုင်နေတဲ့လူတစ်ယောက်ဟာ ဆရာဝန်ဆေးကုသမှုပြောင်းလဲအပြီးမှာ အတက်ရောဂါပြန်လည်ရလာခဲ့ရင်တော့ ကားကိုဆက်မောင်းနိုင်မှာမဟုတ်ပါဘူး ။အထူးဂရုစိုက်ရန် ၊ သင့်ကိုယ်သင်ဂရုစိုက်ရန် ၊ ရုတ်တရက်တက်ခြင်းဖြစ်မဖြစ်စေရန် ၊ အိပ်ရေးဝဝအိပ်ရန် အထူးဂရုစိုက်ရပါမယ် ။ သင်ကိုယ်တိုင်ရောအခြားလူတွေကိုပါ အန္တရာယ်အရောက်စေရန် ဂရုစိုက်ရပါမယ် ။ ဖြစ်နိုင်မယ့်အကောင်းဆုံးအဖြေကတော့ ထိန်းချုပ်မှုအောက်တွင် တက်ခြင်းမျိုးပဲဖြစ်ပါတယ် ။ဒီလိုဖြစ်စေရန်ဆရာဝန်နဲ့တက်ခြင်းအကြောင်းကိုပွင့်ပွင့်လင်းလင်းဆွေးနွေး၍ မှန်ကန်သောကုသမှုရစေရန် ဆရာဝန်နဲ့အတူလုပ်ဆောင်ရပါမယ် ။သင့်ရဲ့လိုင်စင်ပြန်ရနိုင်လောက်အောင် အချိန်အတန်ကြာ တက်ခြင်းမှကင်းဝေးနေတာတောင် ယာဉ်မောင်းခွင့်မရှိတော့လျှင် ..။– သင့်မိသားစုများ ၊သူငယ်ချင်းများနှင့် စက်ဘီးစီးခြင်း ၊။– taxi စီးခြင်း ၊။– ဘက်စ်ကားများစီးခြင်း ၊။– ရထားများ ၊မြေအောက်ရထားများစီးခြင်း ၊။လမ်းလျှောက်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ် ။Hello health group သည် ကျန်းမာရေးဆိုင်ရာ အကြံပေးခြင်း ၊ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို မပြုလုပ်ပေးပါ ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%a1%e1%80%90%e1%80%80%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%82%90%e1%80%bd%e1%80%ad%e1%80%95%e1%80%ab-2/
Spondylosis (အရိုးကျီးပေါင်းတက်ခြင်း)
အရိုးကျီးပေါင်းတက်ခြင်းသည် ခါးရိုးနှင့် ခါးရိုးဆစ်များကြားရှိ ချပ်ပြားများ ပျက်စီးလာခြင်းကို ဆိုလိုသည်။ အရိုးကျီးပေါင်းတက်ခြင်းသည် တနည်းအားဖြင့် ခါးကျောရိုးမ တွင် အရိုးအဆစ်များရောင်ခြင်းပင်ဖြစ်သည်။အရိုးကျီးပေါင်းတက်ခြင်းသည် ကျောရိုးမကြီးရှိ လည်းပင်းနေရာ (လည်ပင်းကျီးပေါင်း)၊ ရင်ဘတ်အပေါ်နှင့် အလယ်နေရာ၊ ခါးအောက်ပိုင်းနေရာတို့တွင်ဖြစ်နိုင်သည်။ လည်ပင်းကျီးပေါင်းနှင့် ခါးကျီးပေါင်းတို့သည် အဖြစ်များဆုံးဖြစ်သည်။အရိုးကျီးပေါင်းတက်ခြင်းသည်အဖြစ်များပါသည်။ အထူးသဖြင့် အသက်ကြီးသူများတွင် အဖြစ်များသော်လည်း မည်သည့်အရွယ်တွင်မဆိုဖြစ်နိုင်ပါသည်။ ထို့ကြောင့်ဖြစ်နိုင်ချေရှိသော အချက်များကို လျှော့ချရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။အတွေ့ရများသော ရောဂါ လက္ခဏာများမှာ။အထက်တွင်မဖော်ပြထားသော လက္ခဏာများကျန်နေနိုင်ပါသေးသည်။ ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။အသက်ကြီးလာသည်နှင့်အမျှ အရိုးများနှင့် တွယ်ဆက်ထားသော အရွတ်များအားနည်းလာခြင်းကြောင့် အရိုးပွခြင်းဖြစ်ရသည်။ ထိုနည်းတူပင် ခါးရိုးဆစ်များကြားရှိ ချပ်ပြားများ အားနည်းလာခြင်းကြောင့် အဆစ်ကျွံခြင်းဖြစ်လာကာ အရိုးကျီးပေါင်းတက်ခြင်းကဲ့သို့ပင် လက္ခဏာများ ခံစားလာရပါသည်။အရိုးကျီးပေါင်းတက်ခြင်းကို ဖြစ်နိုင်ချေများစေသော အချက်များမှာ အောက်ပါတို့ဖြစ်သည်။အရိုးကျီးပေါင်းတက်ခြင်းသည် အသက် ၂၀ မှ ၅၀ကြားတွင် အဖြစ်များသည်။ ဓါတ်မှန်လေ့လာချက်များအရ အသက်၄၀ကျော်များ၏ ၈၀%တွင်အရိုးကျီးပေါင်းတက်ခြင်း၏လက္ခါများရှိကြောင်းတွေ့ရသည်။အသက်၄၅နှစ်အောက်များတွင် အရိုးကျီးပေါင်းတက်ခြင်းသည် အမျိုးသားများတွင် ပိုဖြစ်ပြီး အသက်၄၅နှစ်အထက်များတွင် အရိုးကျီးပေါင်းတက်ခြင်းသည် အမျိုးသမီးများတွင် ပိုဖြစ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က သင့်ကို ကြည့်ရှုပြီး အရိုးကျီးပေါင်းတက်ခြင်းကို သိရှိနိုင်မည့် စစ်ဆေးမှုများကို ပြုလုပ်လိမ့်မည်။ ဓါတ်မှန်ရိုက်ခြင်း၊ သံလိုက် ဓါတ်မှန်ရိုက်ခြင်း၊ အခြားသောရောဂါများနှင့်မမှားအောင် သွေးစစ်ခြင်းတို့ကို ပြုလုပ်လိမ့်မည်။ဓါတ်မှန်ရိုက်ခြင်းသည် အရိုးကျီးပေါင်းတက်ခြင်းကို သိရှိနိုင်မည့် အကောင်းဆုံးသော နည်းဖြစ်သည်။ ဓါတ်မှန်ဖြင့် အရိုးအတက်၊ အရိုးနုနှင့် ချပ်ပြားများကိုတွေ့နိုင်သော်လည်း အရိုးနုများကို ထိခိုက်မှု ကိုမူ မမြင်နိုင်ပေ။သံလိုက် ဓါတ်မှန်ရိုက်ခြင်းဖြင့် အရိုးကြားချပ်ပြားများနှင့် အားရုံကျောများရှိရာ ကျဉ်းနေသော နေရာများကို တွေ့နိုင်သည်။ပထမဦးစွာ ကိုယ်အလေးချိန်ထိန်းစေသည်။ လူတိုင်းသည် မိမိကိုယ်အလေးချိန်ကိုထိန်းသင့်သည်။ လေ့ကျင့်ခန်းများလည်းပြုလုပ်စေသည်။ရေကူးခြင်း၊ လမ်းလျှောက်ခြင်းနှင့် အေရိုးဗစ်ကစားခြင်းတို့သည် အရိုးကျီးပေါင်းတက်ခြင်းကိုသက်သာစေသောလေ့ကျင့်ခန်းများဖြစ်သည်။ လေ့ကျင့်ခန်းများကို အောက်ပါအတိုင်း ကဏ္ဍများခွဲထားပါသည်။ထိုလေ့ကျင့်ခန်းများသည် အဆစ်များနှင့် တွဲနေသော ကြွက်သားများကို သန်မာစေပါသည်။ အလေးတုံး၊ သာရေကွင်းများကို အသုံးပြုရသော လေ့ကျင့်ခန်းများဖြစ်သည်။ထိုလေ့ကျင့်ခန်းများသည် နှလုံးနှင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေသည်။ထိုလေ့ကျင့်ခန်းများသည် ခန္ဓါကိုယ်၏ ကွေးဆန့်နိုင်စွမ်းကို ကောင်းမွန်စေသည်။အထက်ပါ လေ့ကျင့်ခန်းများပြုလုပ်ပြီးနောက် အနားယူရန်လိုပါသည်။ သို့သော် အိပ်ရာပေါ်တွင်လှဲခြင်း၊ အဆစ်များကို စည်းခြင်း၊ အလေးများဖြင့်ဆွဲခြင်းတို့ကို ပြုလုပ်ရန် ထောက်ခံထားသော အထောက်အထားများမရှိပါ။အရိုးကျီးပေါင်းတက်ခြင်းကဆေးမသောက်ဘဲနှင့်ကုသနိုင်သော ကုသနည်းများလည်းရှိပါသည်။အရိုးကျီးပေါင်းတက်ခြင်းသည် ပျက်စီးယိုယွင်းလာသည့် သဘောဖြစ်ရာ ၎င်းကို ပြန်ပျောက်စေသည့်ကုသမှုမျိုးမရှိပါ။ အရိုးကျီးပေါင်းတက်ခြင်းကို ကုသရာတွင် ကျီးပေါင်းတက်သောကြောင့်လည်ပင်းနှင့် ခါးတို့နာကျင်မှုကို လျော့နည်းစေရန်သာ ရည်ရွယ်ပါသည်။အရောင်ကျဆေး၊ အနာပျောက်ဆေး၊ NSAID နှင့် Corticosteroid ထိုးဆေးများသည် နာကျင်မှုကို သက်သာစေသည်။လေ့ကျင့်ခန်းများသည် ကြာရှည်စွာ လည်ပင်းနာ ခါးနာဖြစ်နေသူများတွင် ကြွက်သားများကို ဆန့်ပေးခြင်းဖြင့် ပြေလျော့စေခြင်းဖြစ်သည်။အာရုံကြောများထိခိုက်သွားခြင်း၊ လမ်းမလျှောက်နိုင်တော့ခြင်းတို့ဖြစ်သောအခါ ခွဲစိတ်ခြင်းက ပိုထိရောက်ပါသည်။အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။ဗီတာမင် စီနှင့် အိုမီဂါ၃ အဆီပါသောအစာများစားပါ။ အစာတမျိုးတည်းစားခြင်းထက် ကျန်းမာရေနှင့် ညီညွတ်သောအစာများကို အမျိုးစုံလင်စွာစားခြင်းက ပိုကောင်းသည်ဟု ပညာရှင်များက ပြောပါသည်။ သင်စားသော အစာများထဲတွင် အသီးအရွက်များ၊ အစေ့အဆန်များ၊ အဆီနဲသော နို့နှင့် ကြက်ဆင်သား၊ ဝက်လိုင်းသားစသည့် အဆီနဲသောအသားများ ၊ငါးများ၊ အစေ့များ၊ ထောပတ်သီး၊ သံလွင်သီးတို့မှရသော ကျန်းမာရေးအတွက် အကျိုးပြုသော ဆီများ ကို စားသုံးပါ။ညဘက်တွင်ကောင်းမွန်စွာ အိပ်စက်ခြင်းသည် သင့်နာကျင်မှုနှင့် အဆစ်ရောင်ခြင်းကြောင့်ဖြစ်သောစိတ်သောကများကို သက်သာစေလိမ့်မည်။ ကောင်းမွန်စွာ အိပ်စက်နိုင်ရန် အချိန်မှန်အိပ်ရာဝင်ပါ။ ခေါင်းအုံးများဖြင့် သင်နာနေသော အဆစ်များအောက်တွင် ခုထားပါ။ အိပ်မပျော်ခြင်းဖြစ်ပါက ဆရာဝန်နှင့်တိုင်ပင်ပါ။သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/spondylosis-%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%ba%e1%80%ae%e1%80%b8%e1%80%b1%e1%80%95%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%80%e1%80%b9%e1%80%bb%e1%80%81/
Rib Fracture (နံရိုးကျိုးခြင်း)
နံရိုးကျိုးခြင်းဟာ နံရိုးတစ်ချောင်းချောင်းကျိုးခြင်း၊ အက်ခြင်းကို ခေါ်ပါတယ်။ အဖြစ်အများဆုံးအကြာင်းရင်းကတော့ ရင်ဘတ်ပိုင်း ဒဏ်ရာရရှိမှုတွေဖြစ်တဲ့ ပြုတ်ကျခြင်း၊ ကား၊ ဆိုင်ကယ် မတော်တဆဖြစ်ခြင်းနဲ့ ကိုယ်ချင်းထိတွေ့ရတဲ့ အားကစားတွေရဲ့ ရလဒ်ပဲဖြစ်ပါတယ်။နံရိုးအတော်များများက အက်ကွဲရုံသာဖြစ်ကြပါတယ်။ ဒါဟာ နာကျင်မှုကိုဖြစ်စေပေမယ့် တစ်စစီ ကျိုးသွားတဲ့ အရိုးတွေလောက်အန္တရာယ် မရှိပါဘူး။ ကျိုးသွားတဲ့ အရိုးရဲ့ အစွန်းဟာ သွေးကြောတွေနဲ့ ကိုယ်အင်္ဂါတွေဖြစ်တဲ့ အဆုတ်ကို ထိခိုက်နိုင်ပါတယ်။အခြေအနေအတော်များများမှာ အရိုးကျိုးခြင်းဟာ သူကိုယ်တိုင် တစ်လ၊ နှစ်လအတွင်းမှာ ပြန်ကောင်းသွားတတ်ပါတယ်။ နာကျင်မှုကို ထိရောက်စွာ သက်သာစေတဲ့ဆေးတွေပေးခြင်းအားဖြင့် အသက်ပြင်းပြင်းရှူခြင်းနဲ့ အဆုတ်အအေးပတ်ခြင်းတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်လို့ အရေးကြီးပါတယ်။Rib Fracture ဟာအလွန် အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Rib Fracture ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာကတော့ နာကျင်မှုပဲဖြစ်ပါတယ်။ ဒီနာကျင်မှုဟာ အောက်ပါအချက်တွေ ပြုလုပ်ရင် ပိုဆိုးနိုင်ပါတယ်။ဒဏ်ရာကြောင့် ပုံမှန်အတိုင်း အသက်မရှူနိုင်တော့ဘူုးဆိုရင် အောက်ပါအချက်တွေကို ခံစားရနိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ဒဏ်ရာရရှိအပြီး နံရိုးရှိတဲ့နေရာမှာ အလွန်နာကျင်နေရင်၊ အသက်ရှူရခက်ခဲနေရင်၊ အသက်ပြင်းပြင်းရှူရင် နာကျင်နေရင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။ဖိအား၊ ပြည့်တင်းခြင်း၊ ညှစ်ထားသလိုနာကျင်ခြင်းတွေကို ရင်ဘတ်နေရာမှာ ခံစားရပြီး မိနစ်အနည်းငယ်ထက် ပိုကြာရင် (သို့) နာကျင်မှုဟာ လက်မောင်း၊ ပုခုံးတွေကို ရောက်သွားရင် အရေးပေါ်အကူအညီယူသင့်ပါတယ်။ ဒီလက္ခဏာတွေက နှလုံးရပ်ခြင်းရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။နံရိုးကျိုးခြင်းဟာ တိုက်ရိုက်ဒဏ်ရာရခြင်းတွေဖြစ်တဲ့ ကား၊ဆိုင်ကယ် မတော်မဆမှုများ၊ ပြုတ်ကျခြင်း၊ ကလေးငယ်အားနှိပ်စက်ခြင်းနဲ့ လူချင်းထိတွေ့ရတဲ့ အားကစားတွေကြောင့် ဖြစ်နိုင်ပါတယ်။ နံရိုးကျိုးခြင်းဟာ ဂေါက်ရိုက်ခြင်း၊ လှေလှော်ခြင်း၊ အချိန်ကြာမြင့်စွာ ပြင်းထန်စွာ ချောင်းဆိုးခြင်းတွေကြောင့် မကြာခဏ ဒဏ်ရာရရှိမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။Rib Fracture ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။စစ်ဆေးမှုအပြီးမှာ ဆရာဝန်က နံရိုးတွေကို ညင်သာစွာ ဖိကြည့်မှာဖြစ်ပါတယ်။ အဆုတ်ကို နားထောင်ပြီး သင်အသက်ရှူစဉ်မှာ နံရိုးလှုပ်ရှားမှုကို ကြည့်မှာ ဖြစ်ပါတယ်။အောက်ဖေါ်ပြပါ စစ်ဆေးမှု တစ်ခု (သို့) ပိုပြီး ပြုလုပ်နိုင်ပါတယ်။နံရိုးကျိုးခြင်းအများစုဟာ ခြောက်ပတ်အတွင်း သူတို့ကိုယ်တိုင် ပြန်ကောင်းလာတတ်ပါတယ်။ လှုပ်ရှားမှုတွေကို ကန့်သတ်ခြင်း၊ ရေခဲကပ်ခြင်းတွေဟာ နာကျင်မှုကို သက်သာစေပြီး အနာကျက်ခြင်းကိုအားပေးပါတယ်။ဆေး – နာကျင်မှုသက်သာစေတဲ့ ဆေးတွေဟာ အရေးကြီးပါတယ်။ အသက်ပြင်းပြင်းမရှူနိုင်ရင် အဆုတ်အအေးပတ်ခြင်းဖြစ်နိုင်ပါတယ်။ တကယ်လို့ သောက်ဆေးတွေနဲ့ မလုံလောက်ရင် ဆရာဝန်က ကြာရှည်ခံတဲ့ ထုံဆေးကို နံရိုးတွေကို ထောက်ပံ့ပေးတဲ့ အာရုံကြောတွေကို ထိုးပေးနိုင်ပါတယ်။ကုထုံး – တကယ်လို့ နာကျင်မှုသက်သာပြီဆိုရင် တော့ ဆရာဝန်က အသက်ရှူလေ့ကျင့်ခန်းတွေကို ပြုလုပ်စေပြီး အသက်ပြင်းပြင်းရှူစေမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အသက်ဖြည်းညင်းစွာ ရှူခြင်းဟာ သင့်ကို အဆုတ်အအေးမိခြင်း ဖြစ်စေလို့ပဲဖြစ်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Rib Fracture ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/rib-fracture-%e1%80%94%e1%80%b6%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
မိန်းမကိုယ် နာကျင်တာကို သက်သာစေဖို့
လေဒီလေးတွေ နေ့စဉ်ဘဝမှာ တက်ကြွ လန်းဆန်းပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝနေစေဖို့ဆိုရင် သေချာလေး ဂရုစိုက်ပေးဖို့ လိုမယ့် အစိတ်အပိုင်းလေး တစ်ရပ် ရှိပါတယ်။ ဒါကတော့အမျိုးသမီးလေးတွေရဲ့ ခန္ဓာကိုယ်က အနူးညံ့ဆုံး အစိတ်အပိုင်း တစ်ခုဖြစ်တဲ့မိန်းမကိုယ်လေးပါ။မိန်းမကိုယ်ကို နာကျင်စေနိုင်တဲ့ အချက်တွေကတော့ တစ်ခု မကပါဘူး။မိန်းမကိုယ် နာကျင်တဲ့အခါ အခုလို လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။အချို့ လေဒီတွေမှာ တစ်နေရာတည်းက နာကျင်နေတတ်ပြီး အချို့သူတွေမှာ မိန်းမကိုယ် တစ်ခုလုံးမှာ နာကျင်မှုကို ခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။ မြင်သာတဲ့ လက္ခဏာအနေနဲ့ ရောင်ရမ်းနေတာမျိုးလည်း ရှိနိုင်ပါတယ်။မိန်းမကိုယ် နာကျင်တာကို သက်သာစေဖို့ အခုလို နည်းလမ်းလေးတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။မိန်းမကိုယ်လေး လေဝင်လေထွက်ကောင်းပြီး သက်သောင့်သက်သာ ရှိစေဖို့နဲ့ ကျန်းမာရေး ကောင်းစေဖို့ဆိုရင် မိန်းမကိုယ်ကို အေးမြခြောက်သွေ့နေစေဖို့ လိုပါမယ်။တစ်နေ့တာမှာ အတွင်းခံ တောက်လျောက် ဝတ်ထားမယ်ဆိုရင်တော့ ညအိပ်တဲ့အခါ အတွင်းခံကို ဝတ်မထားဖို့ အကြံပြုချင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးလို့ အတွင်းခံက ချွေးစိုသွားပြီဆိုရင် ချက်ချင်းလဲပါ။ ရေကူးပြီးချိန်မှာလည်း အတွင်းခံကို ချက်ချင်း လဲဝတ်ပါ။တစ်ခါတလေ အတွင်းခံကို လျှော်တဲ့အခါ သုံးတဲ့ ဆပ်ပြာတွေကြောင့် မိန်းမကိုယ်မှာ ရောင်ရမ်းတာ နာကျင်တာတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် အတွင်းခံတွေကို တတ်နိုင်သမျှ ဆပ်ပြာအပြင်းစားတွေ၊ ဓာတုပစ္စည်းတွေ မပါတာမျိုးနဲ့ လျှော်ပေးပါ။ အဝတ်ပျော့ဆေးတွေ မသုံးပါနဲ့။အိမ်သာသုံး စက္ကူကစလို့၊ လစဉ်သုံး ပစ္စည်း၊ Tampon တွေကို အမွှေးနံ့မပါတာမျိုးရွေးပါ။ ခရင်မ်တွေ၊ ဆပ်ပြာတွေ၊ ရေချိုးဆပ်ပြာရည်တွေနဲ့ မိန်းမကိုယ်ကို မထိတွေ့မိစေဖို့ သတိထားပါ။မိန်းမကိုယ် နာကျင်တာကို သက်သာစေဖို့ဆိုရင် မိန်းမကိုယ်ကို သန့်စင်တဲ့ ရေအေးအေးနဲ့ ဆေးကြောသန့်စင်တာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။အဝတ်စ သန့်သန့်လေးထဲမှာ ရေခဲတုံးလေးတွေ ထည့်ပြီး ရေခဲဝတ်ကပ်ပေးတာကလည်း မိန်းမကိုယ် နာကျင်တာကို သက်သာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။မိန်းမကိုယ်က ရောင်ရမ်းနေမယ် နာလည်း နာကျင်နေမယ်ဆိုရင် နာကျင်နေတဲ့ နေရာကို ရေနွေးဝတ် ကပ်ပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ ရေနွေးဝတ် ကပ်ပေးတာက သွေးစီးဆင်းမှုကို ကောင်းစေပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ဒီနည်းလမ်းလေးတွေက ကိုယ်တိုင် လုပ်ဆောင်နိုင်မယ့် မိန်းမကိုယ် နာကျင်မှုကို သက်သာစေနိုင်မယ့် နည်းလမ်းကောင်းလေးတွေပါ။ ဒီနည်းလမ်းလေးတွေထဲက အဆင်ပြေဆုံးဖြစ်မယ့် နည်းလမ်းလေးတွေကို လိုက်လုပ်ပြီး မိန်းမကိုယ် နာကျင်တာကို သက်သာစေဖို့ ကိုယ်တိုင် လုပ်ဆောင်လိုက်ပါ လေဒီ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/vaginitis/home-remedies-for-vaginal-pain/
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ ခံစားရတဲ့ စိတ်ဝေဒနာများ
ရင်သွေးငယ်လေးတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆောင်မေမေတွေဟာ စိတ်ဖိစီးမှုဒါဏ်ခံကြရလေ့ရှိပါတယ်တဲ့။ အမျိုးသမီး ၇၀% သောမေမေတွေဟာ ဒီဝေဒနာကို ခံစားကြရလေ့ရှိပါတယ်။ ၇၀% ဆိုတာ အလွန်များပြားတဲ့ ပမာဏဖြစ်ပါတယ်နော်။များသောအားဖြင့် လူအများအပြားဟာကိုယ်ဝန်ဆောင်ချိန်မိခင်တွေကို ပျော်ရွှင်နေကြတယ်၊ အခွင့်အရေးတွေ လိုသလိုရနေတတ်တယ်လို့ ထင်မြင်ယူဆတတ်ကြပါတယ်။ ဒါကြောင့်လည်း သူတို့ဟာ စိတ်ချမ်းသာနေမယ်၊ ပျော်ရွှင်နေလိမ့်မယ်လို့ တွေးလေ့ရှိပါတယ်။ တကယ်တော့ ဒီအချက်ဟာ မှားပါတယ်။ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အလွန်စိတ်ဖိစီးမှုများတတ်ပါတယ်။ ဒါကြောင့်လည်း စိတ်ဖိစီးမှုဝေဒနာကို ဖျောက်ဖို့ချဉ်ခြင်းတက်တာမျိုး၊ ဂျီကျတာမျိုးတွေဖြစ်လာတတ်တာပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေထဲက ၂၀% လောက်ဟာ အလွန်အမင်းပြင်းထန်တဲ့ စိတ်ဖိစီးမှုဝေဒနာမျိုးတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ဒီလိုရင်ဆိုင်ရပြီဆိုရင်စိတ်ဓာတ်ကျတာမျိုး၊ သောကများနေတာမျိုး၊ စိတ်ဖိစီးမှုများနေတာမျိုး၊ ဝမ်းနည်းနေတာမျိုး၊ မျှော်လင့်ချက်မဲ့နေတာမျိုး၊ အဆိုးတွေပဲ တွေးနေတာမျိုး၊ ကောင်းကောင်းအိပ်မရတာမျိုး၊ အာရုံစူးစိုက်မှုနည်းပါးလာတာမျိုး၊ အစာစားချင်စိတ်ပျောက်သွားတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဂရုစိုက်ဖို့ သတိရှိဖို့ လိုအပ်ပါတယ်။များသောအားဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန်မှာစိတ်ဖိစီးမှုဖြစ်စေရတဲ့ အကြောင်းအရင်းအတော်များများ ရှိတတ်ပါတယ်။ အများဆုံးဖြစ်စေတဲ့ ပြဿနာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။တစ်ချို့က အချက်တစ်ချက်လောက်နဲ့သာ ကိုက်ညီတတ်ပေမယ့် တစ်ချို့တွေက အချက်တော်တော်များများနဲ့ ကိုက်ညီနေတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးဆိုရင်တော့ အလွန်သတိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ တကယ်လို့ကိုယ်ဝန်ဆောင်မေမေမှာ စိတ်ဖိစီးမှုများလာပြီဆိုရင် ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ဆက်ဝင်လာဖို့ အလွန်နီးစပ်လေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေဟာ စိတ်ပိုင်းဆိုင်ရာအရ အနုနယ်ဆုံးအချိန် ဖြစ်နေတတ်တာကြောင့်ပါ။ တကယ်လို့ စိတ်ကျန်းမာရေးမထိခိုက်ရင်တောင်မှ အဆိုပါစိတ်ဖိစီးမှုတွေကြောင့် ရင်သွေးငယ်တွေမှာ ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်မေမေတွေမှာ စိတ်ဖိစီးမှုများစေဖို့နဲ့ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်ရှိနေဖို့ဆိုရင် ကိုယ်ဝန်ဆောင်နေချိန်မှာ ဂရုစိုက်မှုပြုတာအပြင် ကြိုတင်အစီအစဉ်ချ ပြင်ဆင်ထားတာမျိုးတွေလည်း ပြုလုပ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါမှသာ မိခင်သာမက မွေးဖွားလာမယ့် ရင်သွေးငယ်ပါ ကျန်းကျန်းမာမာ ရှိနေမှာဖြစ်ပါတယ်။မိခင်ဖြစ်သူ ကိုယ်ဝန်ဆောင်နေချိန်မှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ရင်ဆိုင်ရရင် မွေးလာတဲ့ ရင်သွေးငယ်မှာ နှလုံးရောဂါနဲ့ အရိုးမူမမှန်တဲ့ ရောဂါတွေ စွဲကပ်လာနိုင်ခြေအလွန်မြင့်မားပါတယ်။ ဒါကြောင့် မိမိမှာကိုယ်ဝန်ရှိနေကြောင်းသိရှိရပြီဆိုတာနဲ့ အောက်ပါနည်းလမ်းတွေကို လိုက်နာပြီး စိတ်ကျန်းမာရေးအခြေအနေ ကောင်းမွန်နေအောင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့ ကိုယ်ဝန်ဆောင်နေချိန်မှာသာမက ရင်သွေးငယ်ကို ဖွားမြင်ပြီးချိန်မှာလည်း ဒီလို စိတ်ဝေဒနာတွေကို ခံစားရတတ်ပါတယ်။ ဒါကြောင့် မိခင်တွေကို စိတ်ဓာတ်မကျအောင်၊ စိတ်မပင်ပန်းရအောင် ဂရုတစိုက် ကူညီဖေးမပေးဖို့ လိုအပ်ပါတယ်နော်။ ဒါမှ ရင်သွေးရော မိခင်ပါ ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%99/
ရာသီခွက် လေးတွေကို ဘယ်လိုသန့်ရှင်းရေး လုပ်မလဲ။
ရာသီလာတဲ့အခါ သုံးတဲ့ ပစ္စည်းတွေထဲမှာPad၊Tampons၊အဝတ် Padနဲ့M cupလို့ အလွယ်ခေါ်ကြတဲ့ ရာသီခွက် လေးတွေက အသုံးများပါတယ်။ နောက်ပိုင်းမှာ ယိုစိမ့်မှု နည်းတာကြောင့်ရော၊ တစ်ခါဝယ်ပြီးရင် အကြာကြီး သုံးလို့ရတာကြောင့်ရော ရာသီခွက်လေးတွေကို လူသုံးများလာကြပါပြီ။ ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း သက်သာစေတာကြောင့် လူကြိုက်လည်း များပါတယ်။ရာသီခွက်လေးတွေက ဆီလီကွန်နဲ့ လုပ်ထားပြီး ခပ်ပျော့ပျော့ခွက်လေးတွေပဲ ဖြစ်ပါတယ်။ ဒီခွက်လေးတွေကမိန်းမကိုယ်အတွင်းထဲကို ထည့်ထားရမှာဆိုတော့ သန့်နေအောင် ထားဖို့ လိုပါတယ်။ ဒါပေမယ့်လည်း သန့်ရှင်းချင်ဇောနဲ့ ဓာတုပစ္စည်းအပြင်းစားတွေ သုံးမယ်ဆိုရင် ခွက်ပျက်စီးသွားမှာပါ။သေချာမသန့်ရှင်းရင်လည်းမိန်းမကိုယ် ပိုးဝင်ပြီး ယားယံတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရာသီခွက်လေးတွေကို နည်းလမ်းမှန်မှန်နဲ့ ဘယ်လိုပိုးသတ်သန့်စင်ရမလဲဆိုတာကို ပြောပြပေးပါမယ်။ရာသီခွက်ကို ခုမှစဝယ်လာပြီး အသုံးပြုမယ်ဆိုရင် ဒီနည်းလမ်းတွေနဲ့ သန့်ရှင်းရေး လုပ်ပေးနိုင်ပါတယ်။-အရင်ဆုံး လက်ဆေးပြီး လက်သန့်သန့်နဲ့ ရာသီခွက်ကို ကိုင်ပါ။ ပြီးရင် ဆပ်ပြာအပျော့စားလေးနဲ့ ဆေးကြောပါ။-ပြီးရင် ၁၀မိနစ် မကျော်စေဘဲ ရေနွေးထဲ ထည့်ပြုတ်ပေးပါ။-အဝတ်သန့်သန့်လေးနဲ့ ခြောက်အောင်သုတ်ပါ။ဒါဆိုရင်တော့ စပြီး အသုံးပြုလို့ရပါပြီ။ရာသီခွက်လေးတွေက တစ်ခွက်ဝယ်ထားရင် ရာသီရက်တောက်လျှောက် အသုံးပြုလို့ရပါတယ်။ရာသီရက်တွေမှာ သွေးဆင်းနေတဲ့အတွက် သာမန်အချိန်ထက်တော့ ပိုပြီးသန့်အောင် ထားဖို့ လိုပါတယ်။-ရာသီခွက်ကို ပုံမှန်လဲလှယ်ပေးပါ။ သွေးဆင်းများသူဆို ၆နာရီခြား၊ ပုံမှန်နဲ့ သွေးဆင်းနည်းသူဆို ၁၂နာရီခြားတစ်ခါ သွန်ပြီး သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။-အိမ်မှာဆိုရင်တော့ ရာသီခွက်ကို ရေသန့်သန့်၊ ဆပ်ပြာအပျော့စားနဲ့ ဆေးပြီး ခြောက်အောင်သုတ်ပါ။ ပြီးရင် ပြန်ထည့်လို့ရပါပြီ။-အပြင်ရောက်နေတယ်ဆိုရင်တော့ ဒီလိုဆေးဖို့ ခက်မှာပါ။ ဒါဆိုရင်တော့ အိမ်သာထဲ သွန်ချ၊ အမျိုးသမီးသုံး wet tissue (Feminine wipes)နဲ့ သေချာသုတ်၊ တစ်ရှူးအခြောက်နဲ့ အတွင်းရော အပြင်ရော သုတ်ပြီး ပြန်ထည့်နိုင်ပါတယ်။ရာသီလာပြီးသွားပြီဆိုရင်တော့ သေချာသန့်ရှင်းပြီး သိမ်းဆည်းဖို့ လိုပါတယ်။-အရင်ဆုံး ရာသီခွက်ကို ဆေးနေကျအတိုင်း ဆေးလိုက်ပါ။-ရေခပ်နွေးနွေးထဲမှာ ၃မိနစ်လောက် စိမ်လိုက်ပါ။ ဒါမှ ရေချေးတွေ၊ ချောင်ကြိုချောင်ကြားမှာ ကပ်နေတာတွေ ပွပြီး ထွက်လာမှာ ဖြစ်ပါတယ်။-ပြီးရင် သွားပွတ်တံ အဟောင်းတစ်ချောင်းကို သုံးပြီး သေချာသန့်စင်ပါ။ အထူးသဖြင့် အတွင်းထဲ၊ အရစ်တွေကို သေချာပွတ်ဆေးပါ။-သန့်သွားပြီဆိုရင် ရေနွေးဆူဆူထဲမှာ၁၀မိနစ်ထက် မပိုစေဘဲထည့်ပြုတ်ပေးပါ။ ဒီထက်ပိုကြာရင် ရာသီခွက်ပုံပျက်သွားနိုင်တာကို သတိပြုပါ။-အားလုံးပြီးပြီဆိုရင်တော့ အဝတ်သန့်သန့်နဲ့ အခြောက်သုတ်ပေးပါ။ရာသီခွက်တွေမှာ ဝယ်တည်းက သူ့ဘူး ဒါမှမဟုတ် အိတ်နဲ့ လာတတ်ပါတယ်။ ဒီထဲကိုပဲ ပြန်ထည့်ပါ။ ဘူးတွေ၊ အိတ်တွေကိုလည်း ပုံမှန်သန့်ရှင်းရေး လုပ်ပေးပါ။တကယ်လို့ ဘူးတွေ၊ အိတ်တွေ မရှိဘူးဆိုရင် လေဝင်လေထွက်ကောင်းတဲ့ အိတ်တစ်ခုခုနဲ့ သေချာထုပ်သိမ်းပါ။ပြီးရင် အေးမြခြောက်သွေ့တဲ့ နေရာမှာ သိမ်းပါ။ ဒါဆိုရင် နောက်တစ်ခါရာသီချိန်ကျ သန့်သန့်လေး သုံးနိုင်ပါပြီ။ရာသီခွက်ကို ဆပ်ပြာအပျော့စားနဲ့ ဆေးရင် လုံလောက်ပါပြီ။ ပိုသန့် ပိုပိုးသေအောင်ဆိုပြီး။ဒါတွေက ရာသီခွက်ကို ပျက်စီးစေနိုင်ပါတယ်။ရာသီခွက်က တစ်ခါဝယ်ပြီးရင် နှစ်နဲ့ချီခံတယ်။ရေကူးရင် သုံးလို့ရတယ်။ ယိုစိမ့်မှု မရှိဘူး။ပတ်ဝန်းကျင် ညစ်ညမ်းမှုနည်းတယ်ဆိုပေမယ့် ကရိကထတော့ များပါတယ်။ သေချာသန့်ရှင်းနိုင်ရပါမယ်။ ဒါမှ မိန်းမကိုယ်ထဲ ပိုးမဝင်မှာ ဖြစ်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/how-to-clean-mcup/
သင့်အရိုးသန်မာစေဖို့ ဒါတွေ ရှောင်ကြဉ်ကြပါစို့ ။ ။
အရိုးဆိုတာ ကိုယ်ခန္ဓါတစ်ခုလုံးမှာ အသန်မာဆုံးအရာတွေလို့ ပြောလို့ရပါတယ်။ ဒီလိုသန်မာတဲ့ အရိုးတွေဟာ သင့်ကြောင့် တဖြည်းဖြည်းယိုယွင်းလာတယ်ဆိုတာ သင်သိပါသလား။ ဒါဆို သင့်အရိုးသန်မာမှုကို ဖျက်စီးနေတဲ့ သင် အမှတ်တမဲ့ လုပ်မိနေတဲ့ အကြောင်းအရာတွေက ဘာတွေလဲ ။ ။အငန်များများစားလေ ၊ ဝင်လာတဲ့ အငန်တွေကို စွန့်ထုတ်ဖို့အတွက်ကယ်လ်ဆီယမ်ကလည်း လိုက်ထွက်ရတဲ့အတွက် အရိုးအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်တွေ လျော့ကုန်ပါတယ်။ ဒါ့ကြောင့် အရိုးကိုလည်း ပျက်စီးစေတတ်၊သွေးတိုးရောဂါကိုပါ ဖြစ်စေတတ်တဲ့ အငန်ဓါတ်ကို လျှော့စားတာကသာ အကောင်းဆုံးပါ။သန်မာတဲ့ အရိုးတစ်ခုရဖို့အတွက် ေလ့ကျင့်ခန်းတွေလုပ်ပေးဖို့၊ လှုပ်ရှားမှုတွေ များများလုပ်ပေးဖို့ လိုအပ်ပါတယ်။ ကမ္ဘာမြေရဲ့ ဆွဲအားကို ဆန့်ကျင်ပြီး လေ့ကျင့်ခန်းလုပ်ပေးလေလေ အရိုးနဲ့ ကြွက်သားတွေ သန်မာလေလေပါပဲ။ တစ်နေကုန် ထိုင်ခုံမှာပဲထိုင်ခုံမှာပဲထိုင်နေတာက သင့်ကိုသက်တောင့်သက်တာရှိစေပေမယ့် သင့်အရိုးကျန်းမာရေးကိုတော့ ထိခိုက်စေပါတယ်။စက်ဘီးစီးတဲ့ လေ့ကျင့်ခန်းဟာ သင့်နှလုံးနဲ့အဆုတ်ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုပေမယ့် သင့်အရိုးကိုတော့ ထိခိုက်စေတတ်ပါတယ်။ တစ်ချိန်လုံး ခြေထောက်ကိုကွေးပြီး စက်ဘီးနင်းနေရတာကြောင့် အဓိကဒူးခေါင်းရိုးကိုထိခိုက်စေပါတယ်။အရိုးသန်မာဖို့အတွက် အဓိကလိုအပ်တဲ့ဗီတာမင် Dကို နေရောင်ခြည်ကနေ ရနိုင်ပါတယ်။ ဒါကြောင့် အရိုးကျန်းမာရေးအတွက် သဘာဝ တရားကြီးက ဖန်တီးပေးထားတဲ့ မနက်အစောပိုင်း နေရောင်ခြည်ကို ခံပေးဖို့လိုတာပါ။ ၁၀ နာရီ နောက်ပိုင်းနေရောင်ခြည်မှာတော့ခရမ်းလွန်ရောင်ခြည်တွေ ပါတဲ့အတွက်အရေပြားကင်ဆာကိုဖြစ်စေနိုင်ပါတယ်။ကိုယ်တွင်းကယ်လ်ဆီယမ် စုပ်ယူမှုကိုအရက်က တားဆီးနိုင်ပါတယ်။ ဒါကြောင့် အရက်သောက်တာများလွန်းရင် ကယ်လ်ဆီယမ်တွေ အရိုးထဲမရောက်နိုင်တော့လို့ အရိုးသန်မာမှု စတင်ယိုယွင်းလာနိုင်ပါတယ်။ အရက်ကိုလည်း လုံးဝ မဖြတ်နိုင်ဘူးဆိုရင် ကိုယ့်ဘာသာ limit တစ်ခု သတ်မှတ်ပြီး သောက်ပါ။ အရက်မူးလွန်းရင်လည်း ချော်လဲပြီးအရိုးကျိုးတာတွေလည်း ဖြစ်တတ်သေးတယ်လေနော်။ ။ကဖင်းဓါတ်ဟာဦးနှောက်ကို တက်ကြွလန်းဆန်းစေပေမယ့် သင့်အရိုးကနေ ကယ်ဆီယမ်စုပ်ယူတာကိုတော့ တားဆီးပါတယ်။ ဒါ့အပြင် ဖျော်ရည်တွေမှာပါတဲ့ ဆိုဒါကြောင့်လည်း အရိုးသန်မာမှုတွေ ယိုယွင်းတတ်ပါတယ်။ဆေးလိပ်ေကြာင့်ရတဲ့ ကျန်းမာရေး ကောင်းကျိုးတွေ ကြားဖူးပါသလား။ ဆေးလိပ်သောက်တာ ကြာလေလေ၊ အရိုးတစ်ရှူးအသစ်တွေ ဖျက်စီးခံရလေလေပါပဲ။ ဒါ့အပြင် ဆေးလိပ်စွဲနေတဲ့သူတွေမှာအရိုးကျိုးသွားခဲ့ရင် ပြန်ဆက်ဖို့အတွက် သာမာန်လူတွေထက် အချိန်ပိုကြာတတ်ပါတယ်။စတီးရွိုက်တို့၊အတက်ရောဂါအတွက် သင်သောက်နေတဲ့ဆေးတွေဟာ အရိုးသန်မာမှုကို ထိခိုက်နိုင်တဲ့ နာမည်ကြီးဆေးတွေပါ ။ ဆေးတွေကို ကြာကြာစွဲသောက်လေ ဘေးထွက်ဆိုးကျိုးတွေ ပိုများလေလေ အရိုးပျက်စီးလေလေပါပဲ။ပိန်ချင်လို့အာဟာရ မျှတအောင် အစားတဲ့သူတွေမှာလည်း အရိုးသန်မာမှုတွေ ပျောက်ဆုံးနေတတ်ပါတယ်။BMI18.5 အောက်ရောက်ပြီး ပိန်လွန်းနေတဲ့သူတွေဟာ အရိုးကျိုးနိုင်ချေပိုများပါတယ်။အသက်ကြီးလာခြင်းဟာ ရှောင်လွဲလို့မရတဲ့ အရိုးသန်မာမှု ယိုယွင်းခြင်း အစပါ။ အသက်ကြီးတဲ့သူတွေ အရိုးကျိုးသွားရင် ပြန်ဆက်ဖို့ အတော်အချိန်ယူရတဲ့အတွက် လမ်းသွားရင် ဖြစ်ဖြစ်၊ လှေကားတက်ရင်ပဲဖြစ်ဖြစ် သေချာ သတိထားပြီး သွားစေချင်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/tip-to-avoid-for-bone-health/
ဒိန်ချဉ်စားတာနဲ့ပတ်သက်ပြီး ကိုယ်ဝန်ဆောင်မေမေတိုင်း သိချင်နေမယ့် မေးခွန်းတွေ
ကိုယ်ဝန်ဆောင်ချိန်မှာ ဒိန်ချဉ်စားတာက ကောင်းတယ်လို့ ကြားဖူးတယ်။ ဒါဆိုရင် ဘယ်ဒိန်ချဉ်ဖြစ်ဖြစ် စားလို့ရလားဆိုပြီး ဒိန်ချဉ်စားတာနဲ့ပတ်သက်ပြီး တော့များ မေးချင်နေလား…….. မေမေတို့ရေ ဒါဆိုရင် ဒီဆောင်းပါးလေး ဖတ်ကြည့်နော်။ဒိန်ချဉ်ကနို့ထွက်ပစ္စည်းတစ်မျိုးပါ။နွားနို့ကို အချဉ်ဖောက်ထားတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားစရာတစ်မျိုးပါ။ ဒိန်ချဉ်မှာ အာဟာရဓာတ်ကြွယ်ဝစွာပါဝင် နေသလိုကယ်လ်ဆီယမ်နဲ့ ပရိုတင်းတို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ကိုယ်ဝန်​ဆောင်ချိန်မှာ မေမေတစ်ယောက်လိုအပ်မယ့်အာဟာရဓာတ်​တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အစာခြေစနစ် ကျန်းမာစေတဲ့အကျိုးပြုဘက်တီးရီးယားတွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ လတ်ဆတ်တဲ့ ဒိန်ချဉ်ကို စားသုံးမိဖို့တော့ လိုပါမယ်။ဒိန်ချဉ်စားတာနဲ့ပတ်သက်ပြီး ကိုယ်ဝန်ဆောင်မေမေတိုင်း သိချင်နေမယ့် မေးခွန်းတွေ ရဲ့ အဖြေလေးတွေကို ကြည့်လိုက်ရအောင်လား။ကိုယ်ဝန်ဆောင်ချိန် ဒိန်ချဉ်စားလို့ရလား……..။ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ ဒိန်ချဉ်က ကိုယ်ဝန်ဆောင်ချိန်မှာ စားပေးသင့်တဲ့ အာဟာရတစ်ခုပါ။ လတ်ဆတ်ပြီး သန့်ရှင်းတဲ့ ဒိန်ချဉ်ဖြစ်ဖို့တော့ လိုပါမယ်။ပိုးသတ်ထားတာကိုရွေးဖို့ကလည်း မမေ့သင့်တဲ့အချက်တစ်ခုပါ။ဘယ်လို ဒိန်ချဉ်အမျိုးအစားမျိုးက အသင့်တော်ဆုံးလဲ……..။ဒိန်ချဉ်တိုင်းက စားလို့ရတယ်ဆိုပေမယ့်။ ပိုးသတ်ထားတဲ့ နွားနို့ကနေ ထုတ်လုပ်ထားတဲ့ ဒိန်ချဉ် နဲ့ အဆီထုတ်ထားတဲ့ ဒိန်ချဉ်တွေက ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ အဆင်အပြေဆုံးပါ။ဒိန်ချဉ်မှာ ဘယ်လိုအာဟာရဓာတ်တွေပါလဲ………။ဒိန်ချဉ်က နို့ကနေထုတ်ထားတာဖြစ်တာကြောင့်ပရိုတင်း၊ ကယ်လ်ဆီယမ်၊ဗီတာမင် D၊ဗီတာမင် E၊ အကျိုးပြုဘက်တီးရီးယားတို့လိုမျိုး အကျိုးပြုအာဟာရဓာတ်တွေများစွာ ပါဝင်နေပါတယ်။တစ်နေ့တာမှာ စားသုံးပေးသင့်တဲ့ ပမာဏက ဘယ်လောက်လဲ……….။ဒိန်ချဉ်ကနေ လိုအပ်တဲ့အာဟာရဓာတ်တွေပြည့်ပြည့်ဝဝရရှိစေဖို့ဆိုရင် တစ်နေ့ကို ဒိန်ချဉ် ၆၀၀ ဂရမ်လောက် စားပေးလို့ရပါတယ်။ တစ်ခါတည်းစားတာမျိုးမဟုတ်ဘဲ။ တစ်ကြိမ်ကို ၂၀၀ ဂရမ် (၁ ခွက်) နဲ့ ၃ ကြိမ်ခွဲစားပါ။ကိုယ်ဝန်ဆောင်မေမေ ရှောင်ရမယ့် ဒိန်ချဉ်အမျိုးအစားတွေကဘာတွေဖြစ်မလဲ…….။ကိုယ်ဝန်ဆောင်ချိန်မှာ ဒိန်ချဉ်စားတာက မေမေရောဘေဘီလေးအတွက်ပါကောင်းတယ်ဆိုပေမယ့်။အရသာဖြည့်စွက်ထားတဲ့ ဒိန်ချဉ်က အဆင်ပြေလား………။အရသာဖြည့်စွက်ထားတဲ့ ဒိန်ချဉ်တွေက ရှောင်ဖို့တော့ မလိုပါဘူး။ သတိထားဖို့ လိုမှာက အချို အရမ်းကဲနေတာမျိုး၊ ဓာတုဆိုးဆေးတွေ ပါနေတာမျိုး မဖြစ်စေဖို့ပါ။ ဒိန်ချဉ်ထဲကို သစ်သီးတွေ၊ပျားရည်လိုမျိုး သဘာဝ အချိုဓာတ်ပါတဲ့ အရာတွေကို ဖြည့်စွက်ပြီးတော့ စားသုံးလို့ရပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဒိန်ချဉ်သောက်ပေးတာက။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/consuming-yoghurt-during-pregnancy-is-it-safe/
HIV ဘယ်လိုကူးခံရမှန်း မသိပါဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။
လူနာတွေကို HIV ရှိနေပြီလို့ ပြောလိုက်တဲ့အခါမှာ သူက ‘မဖြစ်နိုင်ဘူး။ ကျွန်တော်/ ကျွန်မက မဟုတ်တာ ဘာမှမလုပ်ဘူး’လို့ ပြန်ပြောတာ ကြုံဖူးပါတယ်။ ဒါမှမဟုတ်ရင်တောင်  ‘သေချာလို့လား။ အဖြေမှားနေတာလည်း ဖြစ်နိုင်တာပဲ’ဆိုပြီးလည်း ပြောကြပါတယ်။ အဖြေလည်း မှားနိုင်တာကြောင့် သေချာအောင်  ၂ခါစစ်ပြီးမှ ပြောတာပါ။ HIVရှိတယ်လို့ လူနာကို ပြောရတာ အင်မတန်ခက်ခဲပါတယ်။ နောက်ဆုံး သူတို့လက်ခံလိုက်ပြီဆိုရင်တောင် သူတို့ပြောတတ်တာက  HIV ဘယ်လိုကူးခံရမှန်း မသိပါဘူးဆိုတာ ပါပဲ။ ဒါဖြစ်နိုင်ပါ့မလား။ပထမတစ်ချက်ကတော့ HIVရဲ့ သဘောသဘာဝကြောင့်ပါပဲ။ HIVမှာ သူပါလို့ သေချာသိရလောက်တဲ့လက္ခဏာတွေမရှိပါဘူး။ ပိုးကူးခံရသူ အများစုက စစကူးပြီး ၂ပတ်က ၆ပတ်အတွင်းဆို တုပ်ကွေးလို လက္ခဏာတွေလို ၂ပတ်လောက် ခံစားရတတ်ပါတယ်။ တုပ်ကွေးလို လက္ခဏာဖြစ်တဲ့အတွက် လူတိုင်းကလည်း သူ့ကိုယ်ကို တုပ်ကွေးဖြစ်နေတယ်လို့ပဲ ထင်တာပေါ့။ HIV ကူးတယ်လို့ ထင်မှာ မဟုတ်ဘူးလေ။အဲ့လိုတုပ်ကွေးလက္ခဏာတွေလည်း ပျောက်သွားရော နောက်ထပ် ဘာလက္ခဏာမှ မပြတော့ပါဘူး။ နှစ်ပေါင်းများစွာ ကိုယ်ထဲမှာနေ၊ ကိုယ်ခံအားကို ဖျက်ဆီးနေပြီး နောက်ဆုံး ခုခံအားတွေ တော်တော်ကြီး ကျလာမှပဲ သိလာပါတော့တယ်။နောက်တစ်ချက်က ကူးစက်တဲ့ နည်းလမ်းကို သေချာမသိကြလို့ပါ။ HIVပိုးရှိတယ်လို့ ပြောလိုက်ရင် ကျွန်တော်က အပျော်အပါး မလိုက်စားဘူးလို့ ပြောကြတယ်။ ပတ်ဝန်းကျင်ကလည်း သူရှုပ်လို့ ဖြစ်တာနေမှာပေါ့လို့ တွေးကြတယ်။တကယ်က HIVက လိင်ဆက်ဆံတာကြောင့်ပဲ ကူးနိုင်တာမှ မဟုတ်တာ။ တခြားနည်းတွေနဲ့လည်း ကူးနိုင်ပါတယ်။ သွေးကနေ၊ ဆေးထိုးအပ်တွေကနေ၊ ခန္ဓာကိုယ်က ထွက်တဲ့အရည်ကနေစသဖြင့် ကူးနိုင်တာတွေ ရှိပါတယ်။ကိုယ်က လိင်အပျော်အပါးမလိုက်စားလို့ HIVမရှိလောက်ဘူးလို့ ယူဆပြီး ပေါ့ပေါ့တန်တန် နေမိတာကြောင့် ကူးလို့ ကူးမှန်း မသိလိုက်တာကြောင့်ပါ။လိင်အပျော်အပါး လိုက်စားတာအပြင် ကိုယ်မသိလိုက်ဘဲ ကူးသွားနိုင်တဲ့ နည်းလမ်းတွေ၊ ကူးဖို့ ခဲယဉ်းပေမယ့် ကိုယ်နဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ကူးသွားတာတွေလည်း ရှိပါတယ်။ ဒါတွေကတော့။ကိုယ်က မူးယစ်ဆေး မသုံးဘူးဆိုရင်တောင် အရပ်ထဲမှာ လုပ်လေ့ရှိတဲ့ အပ်တစ်ချောင်းထဲနဲ့ နားဖောက်တာ၊ နောက်ကာလသားတွေ အချင်းချင်းလုပ်ပေးတတ်တဲ့ လိင်အင်္ဂါထဲ ဆီလီကွန်ထိုးတာ၊ ဂေါ်လီထည့်တာလိုမျိုးပေါ့။ ဒါတွေကနေ အခန့်မသင့်ရင် ကူးလာတတ်ပါတယ်။ဆေးရုံတွေမှာဆိုရင် လူနာကို ထိုးထားတဲ့ ဆေးထိုးအပ်က ကိုယ့်ကို စူးမိတာ၊ လူနာမှာ သုံးတဲ့ဓားက ကိုယ့်ကို ရှမိတာမျိုးပါ။ အပြင်မှာလည်း ဒီလိုဖြစ်နိုင်ပါတယ်။ ဥပမာ ရောဂါပိုးရှိတဲ့သူတစ်ယောက်ယောက် သုံးထားတဲ့ မုတ်ဆိတ်ရိတ်ဓားကို ကိုယ်က သုံးမိတယ်၊ သူကလည်း ရှထားတယ်ဆိုရင် ကူးနိုင်ခြေ ရှိပါတယ်။အရင်ကဆိုရင် ဘုန်းကြီးကျောင်းတွေမှာ ဘာမှလည်း မလုပ်ပါဘဲနဲ့ HIVပိုးကူးခံရတဲ့ ကိုယ်တော်တွေ ရှိပါတယ်။ သူတို့ ဘယ်ကကူးတာလဲလို့ ရှာကြည့်တဲ့အခါ ဆံပင်ရိတ်တဲ့ သင်တုန်းဓားကနေ ကူးတာပါ။ ပိုးရှိတဲ့သူ သုံးထားတဲ့ သင်တုန်းဓားတွေ ရှပြီး တစ်ပါးကနေ တစ်ပါးကို ကူးကြတာပါ။ဒါကြောင့် သူများနဲ့ ဒီလိုပစ္စည်းတွေ (ဥပမာ ဓား၊ မုတ်ဆိတ်ရိတ်ဓား၊ လက်သည်းညှပ်) မျှဝေသုံးမယ်ဆိုရင် အနည်းဆုံး ပိုးသတ်ပြီးမှ သုံးသင့်ပါတယ်။ကိုယ့်အသိတစ်ယောက်ယောက်က သွေးထွက်တယ်ဆိုရင် ကိုယ်ကသွားပြီးတော့ လက်နဲ့ ထိမိတယ် ဒါမှမဟုတ် အပြင်မှာ အက်ဆီးဒင့် တစ်ခုခုနဲ့ ကြုံလို့ သူများကို ကူရာကနေ  သွေးတွေပေသွားတယ် စသဖြင့်ပေါ့။ တိုက်တိုက်ဆိုင်ဆိုင် ကိုယ့်မှာလဲ ပေါက်ပြဲဒဏ်ရာတွေ ရှိနေမယ်ဆိုရင် ကူးလာနိုင်ပါတယ်။ဒီလိုမျိုး တခြားတစ်ယောက်နဲ့ သွေးနဲ့ ထိမိပြီဆိုရင် နီးရာဆေးရုံဆေးခန်းကိုသွား၊ အခြေအနေကို ပြောပြပြီး တိုင်ပင်သင့်ပါတယ်။ ၇၂နာရီအတွင်းမှာPEP(ပိုးနဲ့ ထိတွေ့ပြီးနောက် သောက်ရတဲ့ HIVဆေး)ကို သေချာသောက်ရင် မကူးအောင် ကာကွယ်နိုင်မှာပါ။သွေးသွင်းတာကနေ ကူးတာက အင်မတန်ရှားပါတယ်။ ဘာကြောင့်လည်းဆိုတော့ သွေးမလှူခင်မှာ အဆင့်ဆင့် သေချာစစ်ဆေးလို့ပါ။ ဒါကြောင့် မရှိသလောက်ကို ရှားပါတယ်။ ဒါပေမယ့်လည်း ကြားထဲမှာ တစ်ခုခုလွဲချော်သွားတဲ့အခါ သွေးသွင်းရာကနေတဆင့် ကူးလာတာမျိုး ဖြစ်နိုင်ပါတယ်။တချို့က လိင်ဆက်ဆံရင် HIVနဲ့ တခြားကူးစက်ရောဂါတွေ ကူးမှာစိုးလို့Sex toysတွေ သုံးကြပါတယ်။ ဒါပေမယ့် သူများနဲ့ မျှဝေသုံးစွဲတဲ့အခါ ပိုးရှိသူရဲ့ အရည်တွေက အဲ့မှာ ပေနေမယ်။ ကိုယ့်ရဲ့ လိင်အင်္ဂါမှာလည်း ပေါက်ပြဲတာတွေ ရှိမယ်ဆိုရင် ကူးသွားနိုင်ပါတယ်။ ဒါကြောင့် ဘာပစ္စည်းပဲ မျှသုံးသုံး ပိုးသတ်ပြီးမှပဲ သုံးစေချင်ပါတယ်။ခုခေတ်မှာ HIVနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ရှိလာတော့ ဒီလိုမျိုး တက်တူးထိုးရာကနေ ကူးတယ်ဆိုတာက တော်တော်ကြီးကို ရှားလာပါပြီ။ အများစုကတော့ အပ်သန့်သန့်တွေနဲ့ပဲ ထိုးကြတော့တာပါ။ ဒါပေမယ့် မသန့်တဲ့ဆိုင်ကနေ ထိုးလာရင်တော့ ရောဂါကူးနိုင်ခြေ ရှိတာပေါ့။ ဒါကြောင့် စိတ်ချရတဲ့ ဆိုင်မှာပဲ ထိုးဖို့၊ ဖောက်ဖို့ အကြံပြုလိုပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/is-it-possible-to-be-infected-with-hiv-without-knowing/
ရာသီမလာခင် ခံစားရတဲ့ဝေဒနာတွေကိုသက်သာအောင်ဘယ်လိုပြုမူနေထိုင်ကြမလဲ။
အမျိုးသမီးတွေဟာ မိမိတို့ရဲ့ လစဉ် ဓမ္မတာ(သို့) ရာသီမလာခင် မှာ စိတ်ရော၊ ကိုယ်ပါ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို အနည်းနဲ့ အများ ခံစားကြရပါတယ်။ သားဖွားမီးယပ်ဆရာဝန်ကြီး ဒေါက်တာစိုးလွင်ရဲ့ “ ရာသီမလာခင် လူသတ်ချင်” ဆိုတဲ့ ခေါင်းစဉ်လေးအတိုင်းပဲ လူသတ်ချင်နေလောက်အောင်စိတ်ခံစားချက်တွေက ဆိုးရွားနေတတ်ကြပါတယ်။ ဒါဟာ အမျိုးသမီးတိုင်း ရှောင်လွှဲလို့မရတဲ့ ပြသနာ ဖြစ်ပြီး လူတစ်ယောက်နဲ့ တစ်ယောက်မတူညီတဲ့ အတွက် ခံစားရတာ အနည်း၊ အများပဲ ကွာကြပါတယ်။ ရှောင်လွှဲလို့မရပေမယ့် ခံစားရတဲ့ ဝေဒနာတွေ၊ စိတ်ခံစားချက်တွေကို သက်သာအောင် အကူအညီပေးနိုင်မယ့် နည်းလမ်းလေးတွေတော့ရှိပါတယ်။ရာသီမလာခင် မှာ ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေအနေနဲ့။စိတ်ပိုင်းဆိုင်ရာ အနေနဲ့။စတဲ့ လက္ခဏာတွေကို အနည်းနဲ့ အများ ခံစားကြရပါတယ်။၁။ စိတ်ဖိစီးမှုတွေကို အတတ်နိုင်ဆုံး လျှော့ချပါ။စိတ်ဖိစီးမှုတွေကို မလျှော့ချနိုင်တဲ့အခါ ဒီလို ရာသီမလာခင်မှာ ခံစားနေရတဲ့ စိတ်ခံစားချက်တွေကို ပိုပြီးဆိုးလာစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို လျော့နည်းစေဖို့ တရားထိုင်တာ၊ yoga ဆော့တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ သီချင်းနားထောင်တာ စတဲ့ နည်းလမ်းတွေ အသုံးပြုနိုင်ပါတယ်။ ဒါဟာ အမျိုးသမီးတိုင်း ဖြစ်နိုင်တဲ့ သဘာဝတရားပဲဆိုတာကို နားလည်လက်ခံထားဖို့ကလည်း အရေးကြီးပါတယ်။၂။ လုံလုံလောက်လောက် အိပ်စက်ပါ။အိပ်စက်ခြင်းက ကိုယ်ရော စိတ်ပါ ပင်ပန်းနွမ်းနယ်မှုကို သက်သာစေနိုင်ဖို့ အတွက် အနည်းဆုံး တစ်နေ့ကို ၈နာရီ ပြည့်အောင် အိပ်စက်ပေးဖို့ကလည်း အရေးကြီးပါတယ်။ လုံလောက်စွာ အိပ်စက်ခြင်းက စိတ်ဖိစီးမှုတွေကိုလည်း သက်သာအောင် ကူညီပေးနိုင်ပါတယ်။၃။ကိုယ်လက်လေ့ကျင့်ခန်းမှန်မှန် လုပ်ပေးပါ။အကြောလျှော့လေ့ကျင့်ခန်းတွေနဲ့ အသက်ရှူလေ့ကျင့်ခန်းတွေကိုလည်း မိနစ်၃၀ လောက် ပုံမှန်လေးလုပ်ပေးတာကလည်း ရာသီမလာခင် မှာ ခံစားရတဲ့ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်တဲ့ပြင် စိတ်ဖိစီးမှုတွေ၊ စိတ်ပိုင်းဆိုင်ရာပင်ပန်း နွမ်းနယ်မှုတွေကို သက်သာစေပါတယ်။၄။ အစားအသောက် ပုံစံကို ပြောင်းလဲပါ။ကျန်းမာရေးနဲ့ ညီညွတ်အောင် အသီၤးအရွက်တွေ စားသုံးပေးပြီး ရေများများသောက်ပေးသင့်ပါတယ်။ အဆီများတဲ့ အစားအစာတွေ၊ အဆီကြော်တွေ၊ အငန်တွေ၊caffeineဓာတ်ပါဝင်တဲ့ ကော်ဖီ နဲ့ တာရှည်ခံ အစားအစာတွေ စားတာကို ရှောင်ကြဉ်ပေးသင့်ပါတယ်။၅။ လိုအပ်တဲ့ဖြည့်စွက်အားဆေးတွေကိုလည်း သောက်ပေးပါ။Folid acid  ဗိုက်တာမင် B6 ၊ ဗိုက်တာမင် D နဲ့ ကယ်ဆီယမ် စတဲ့ ဖြည့်စွက်အားဆေးလေးတွေလည်း သောက်သုံးပေးနိုင်ပါတယ်။၆။ နာကျင်ကိုက်ခဲတာတွေအတွက် အနာသက်သာစေတဲ့ ဆေး ( ဥပမာ –mefanamic acid) တစ်ခုခု သောက်နိုင်ပါတယ်။ဖော်ပြထားတဲ့ နည်းလမ်းတွေက မသက်သာဘူးဆိုရင် (သို့) ပိုဆိုးတဲ့ ရောဂါလက္ခဏာတွေ ဖြစ်နေတဲ့ အမျိုးသမီးတွေအနေနဲ့ကတော့ ဆရာဝန်နဲ့ သေသေချာချာပြသပြီး တိုင်ပင်ဆွေးနွေးကြဖို့ အကြံပေးချင်ပါတယ်။ရုပ်ပိုင်းဆိုင်ရာ ခံစားရတဲ့ ရောဂါလက္ခဏာတွေရော၊ ရာသီမလာခင် လူသတ်ချင်တဲ့ စိတ်ကိုပါ လျှော့ချနိုင်ပြီး အမျိုးသမီးအားလုံး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။ရေးသားသူ- Phoo Ngon။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/how-to-reduce-pms/
တွဲနေတဲ့ရင်သားတွေ ပြန်လည်ဦးမော့လာစေဖို့
လှပတဲ့ရင်သားတစ်စုံပိုင်ဆိုင်ဖို့ဆိုတာ အမျိုးသမီးတော်တော်များများမက်ကြတဲ့ အိပ်မက်ပါပဲ။လိင်ဆွဲဆောင်မှုရှိဖို့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးဖို့ လှပတင့်တယ်တဲ့ရင်သားကို ပိုင်ဆိုင်လိုကြပါတယ်။ ရင်သားတွေတွဲကျနေတာကိုတော့ ဘယ်အမျိုးသမီးမှ သဘောကျမယ်မထင်ပါဘူး။ ကလေး မွေးဖွားထားသူ အမျိုးသမီးတွေမှာ ရင်သားတွဲကျခြင်းဟာ ပိုအဖြစ်များတယ်ဆိုပေမယ့် ကလေးတစ်ခါမှ မမွေးဖူးသူ အပျိုတွေမှာလဲ ရင်သားတွဲကျတာမျိုး ဖြစ်တတ်ပါတယ်။ အဲတော့ ဒီလို ရင်သားတွဲကျတာမျိုးမဖြစ်ရအောင် ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ tips လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကဲ …. တွဲနေတဲ့ရင်သားတွေ ပြန်လည်ဦးမော့လာစေဖို့ ဘာတွေ လုပ်ဆောင်ရမလဲ ကြည့်လိုက်ရအောင်နော်။တွဲနေတဲ့ရင်သားတွေ ပြန်လည်ဦးမော့လာစေဖို့ ဆိုရင်တော့။(၁)ပက်လက်လှန်အိပ်ပါ။ညအိပ်ရာ၀င်တဲ့အခါ မှောက်အိပ်မယ့်အစား ပက်လက်လှန်အိပ်တာက ရင်သားပေါ်မှာ အရေးအကြောင်းဖြစ်တာ၊ ရင်သားလျော့တွဲတာတွေကို သက်သာစေပါတယ်။ ပြောင်းပြန်အနေနဲ့ မှောက်အိပ်မယ်ဆိုရင်တော့ အရေပြားလျော့တွဲတာတွေ မြန်မြန်ဖြစ်မှာပါပဲ။(၂) ရင်သားတွေကိုနှိပ်နယ်ပေးပါ။မျက်နှာအရေပြားကို နှိပ်နယ်ပေးရင် အသားအရေကောင်းသလိုမျိုးပါပဲ။ ရင်သားကို မှန်မှန်နှိပ်နယ်ပေးရင်လဲ ရင်သားရဲ့ အရွယ်အစား၊ ပုံပန်းသွင်ပြင်ကိုပြောင်းလဲစေပါတယ်။ ဒါကြောင့် ရှက်ကြောက်နေမယ့်အစား ရေချိုးပြီးချိန်မှာ ရင်သားတွေကို သေသေချာချာနှိပ်နယ်ပေးဖို့ အကြံပြုလိုပါတယ်။ ရလဒ်က သင့်ကို အံ့သြစေမှာပါ။ နှိပ်နယ်တဲ့အခါ အတွင်းနဲ့ အပေါ်ဖက်ကိုဦးတည်ပြီးနှပ်နယ်ပေးပါ။(၃)ရေဓာတ်ဖြည့်ခရမ်တွေသုံးပါ။ရေဓာတ်ဖြည့်လိမ်းဆေး ဒါမှမဟုတ် ဆီကို လိမ်းပြီး ရင်သားကို နှိပ်နယ်ပေးမယ်ဆိုရင် ချောမွေ့တောက်ပြောင်နူးညံ့တဲ့ အသားရေရှိတဲ့၊ တင်းရင်းတဲ့ ရင်သားတွေကို ရရှိစေမှာပါ။(၄) ရင်သားကိုသွေးလည်ပတ်မှုကောင်းနေပါစေ။သွေးလည်ပတ်မှုကောင်းခြင်းဟာ နုပျိုတင်းရင်းခြင်းနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ရင်သားကို သွေးလည်ပတ်မှုကောင်းလာစေဖို့ အကောင်းဆုံးနည်းကတော့ ရေနွေးနဲ့ ရေအရင်ချိုးပြီး နောက်မှာ ရေအေးနဲ့ပြောင်းချိုးဖို့ပါပဲ။(၅) ကိုယ်နဲ့တကယ် fitting ကျတဲ့အတွင်းခံကိုသာ၀တ်ပါ။ကျပ်လွန်း ချောင်လွန်းတဲ့ အတွင်းခံတွေက ရင်သားကို ကောင်းကောင်းပင့်တင်ထားနိုင်မှာ မဟုတ်ပါဘူး။အမျိုးသမီးတစ်ယောက်အနေနဲ့ သင့်ခန္ဓာကိုယ်က အံ့သြစရာကောင်းတာတွေအများကြီးကိုလုပ်နိုင်ပါတယ်။ လူသားအသစ်တစ်ယောက်ကို အာဟာရပေးတာမျိုးလဲ တစ်ခုအပါအ၀င်ပေါ့။ နို့တိုက်ခြင်းဟာ မိခင်ကို ခန္ဓာကိုယ်တင်မက စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်စေမှုကိုပေးပါတယ်။ နို့တိုက်မိခင်တစ်ယောက်အနေနဲ့ ရင်သားတွေကို ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။အမျိုးသမီးတွေရဲ့ ရင်သားတွေဟာ နို့မတိုက်မီနဲ့ နို့တိုက်ပြီးနောက်မှာ ပြောင်းလဲတတ်ပါတယ်။ နို့တိုက်ဖို့ ပြင်ဆင်တဲ့အနေနဲ့ ရင်သားတစ်ရှူးနဲ့ နို့ရည်ပြုဂလင်းတွေကြီးမားပြီး ပြည့်ဖောင်းလာပါတယ်။ နို့တိုက်ပြီးသွားတဲ့ နို့ဖြတ်လိုက်တဲ့အခါမှာတော့ သူတို့ဟာ နဂိုအနေကို ပြန်ရှုံ့သွားပါတယ်။အဲဒီအခါ ရင်သားတွေ ပိုပျော့လာပြီး အရင်ကလောက်မပြည့်ဖောင်းတော့ဘဲ ရှုံ့တွတွဖြစ်လာတာကို မြင်တွေ့ရမှာပါ။ နို့တိုက်တာကြောင့် ရင်သားတွေတကယ်တွဲကျတယ်ဆိုတာကတော့လေ့လာမှုအသစ်တွေအရ တိုက်ရိုက်မသက်ဆိုင်ပါဘူးတဲ့။ ဘာလို့လဲဆိုရင် ကိုယ်၀န်ပဲဆောင်မယ်၊ နို့မတိုက်ဘူးဆိုသူတွေမှာလဲ ရင်သားတွဲကျတတ်ပါတယ်။ကိုယ်၀န်ရှိတဲ့အခါ ရင်သားမှာရှိတဲ့ တွယ်ဆက်တစ်သျှူးတွေ ပြန့်ထွက်လာတာကြောင့် ရင်သားတွဲကျခြင်းဖြစ်ရတာပါတဲ့။ ဒါကြောင့် နို့မတိုက်တဲ့ ကလေးကိုနို့ဘူးသာတိုက်တဲ့ ကလေးမိခင်တွေမှာလဲ ရင်သားတွဲကျတတ်ပါသတဲ့။ ကဲ… ဘာကြောင့်ပဲ တွဲကျကျ နို့တိုက်မိခင် ဒါမှမဟုတ် ကလေးမွေးထားသူအမျိုးသမီးတွေ ရင်သားတွဲကျတာမျိုးမဖြစ်အောင်၊ ရင်သားပြန်လည်တင်းရင်းအောင် အထက်ပါနည်းလမ်းတွေအပြင် ဒီနည်းလမ်းတွေကိုပါ လိုက်နာသင့်ပါတယ်။(၁) ရင်သားကို ကောင်းကောင်းထိန်းပေးနိုင်တဲ့ ဘရာကိုသာ ၀တ်ဆင်ပါ။ကိုယ်၀န်ဆောင်ချိန်ကတည်းက  ကိုယ်၀န်ကြောင့်ဖြစ်မယ့် ရင်သားအပြောင်းအလဲတွေကို ထိန်းညှိပေးနိုင်ဖို့ အထိန်းကောင်းပြီး သင်နဲ့ အံ၀င်ခွင်ကျဖြစ်တဲ့ ဘရာစီရာမျိူးကို ရွေးချယ်၀တ်ဆင်ပါ။ ဒါပေမယ့် ညအိပ်ချိန်ဆိုရင်တော့ ဘရာစီရာကို ချွတ်ဖို့မမေ့ပါနဲ့။ ရင်သားကို သွေးလည်ပတ်မှုကောင်းဖို့အတွက်ပါ။(၂) လေ့ကျင့်ခန်းလုပ်ပါ။လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ရင်သားတစ်ရှူး၊ အဆီဆဲလ်တွေနဲ့ အရွတ်တွေကိုတော့ ဘာမှပြောင်းလဲစေနိုင်မှာ မဟုတ်ပေမယ့် ရင်သားအောက်ကကြွက်သားတွေကိုတော့ သန်မာအောင်လုပ်နိုင်ပါတယ်။ အဲဒီကြွက်သားတွေ သန်မာလာတဲ့အခါ ရင်သားကို ပင့်တင်သယောင်ဖြစ်စေပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း sport braဝတ်ဆင်ပြီးမှ လုပ်ဖို့ အကြံပြုလိုပါတယ်။(၃)ဆေးလိပ်ဖြတ်ပါ။လေ့လာမှုတွေအရ ဆေးလိပ်ဟာ အရေပြားရဲ့ ကျုံ့နိုင် ဆန့်နိုင်စွမ်းနဲ့ ပြန်လည်ပြုပြင်နိုင်စွမ်းကို သိသိသာသာလျော့ကျစေပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် အရေးအကြောင်း၊ အသားအရေခြောက်သွေ့ခြင်းတွေဖြစ်စေပြီး ရင်သား အရေပြားကိုလဲ သိသိသာသာတွဲကျစေပါတယ်။(၄) တိရစ္ဆာန်ကရတဲ့အဆီလျှော့စားပါ။တိရစ္ဆန်အဆီတွေအစား ပြုပြင်မထားတဲ့ ကောက်နှံ ဥပမာ အုတ်ဂျုံလိုမျိူးနဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။သံလွင်ဆီ၊ ဗိုက်တာမင် ဘီနဲ့ ဗိုက်တာမင် အီးကြွယ်၀တဲ့ အစားအသောက်တွေကို စားပေးခြင်းဟာလဲ အရေပြားကို တင်းရင်းစေပါတယ်။(၅) နို့တိုက်တဲ့အခါ သက်သောင့်သက်သာရှိပါစေ။နို့တိုက်ခေါင်းအုံးသုံးပေးတာ၊ နို့တိုက်တဲ့အနေအထားမှန်ကန်အောင်ထားပြီးမှ နို့တိုက်တာတွေဟာ ရင်သားတွဲကျနေတာ ပိုမဆိုးအောင် ကူညီပေးပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/how-to-firm-your-saggy-breasts/
Broken Collarbone (ရင်ဘတ်ညှပ်ရိုးကျိုးခြင်း)
ရင်ဘတ်ညှပ်ရိုးဟာ ပုခုံးဘက်ကိုတည့်တည့်ဝင်တိုက်မိလျှင်သော်လည်းကောင်း ၊ လက်ထောက်၍ချော်လဲခဲ့လျှင်သော်လည်းကောင်း ရင်ဘတ်ညှပ်ရိုးကျိုးတတ်ပါတယ် ။ ကားတိုက်ခြင်း သို့ အခြားမတော်တဆဖြစ်ခြင်းများတွင်လည်းရင်ဘတ်ညှပ်ရိုးကို ဒဏ်ရာရစေနိုင်ပါတယ် ။ရင်ဘတ်ညှပ်ရိုးကျိုးခြင်းဟာ ဘောလုံးကန်ခြင်း ၊ ဟော်ကီရိုက်ခြင်း နဲ့ အမြင့်ကိုပြုတ်ကျနိုင်သောအားကစားနည်းများ ( စက်ဘီးစီးခြင်း ၊ ရေခဲပြင်လျှောစီးခြင်း ၊ စကိတ်စီးခြင်း)..စသည်တို့တွင်ဖြစ်နိုင်ပါတယ် ။မွေးကင်စကလေးတွေမှာလည်းဖြစ်တတ်ပါတယ်။ ဒါဟာတော့ တော်တော်ဖြစ်တာရှားပါးပါတယ် ။ အန္တရာယ်ရှိတာတွေကိုရှောင်ရှားခြင်းဖြင့် အရိုးကျိုးခြင်းကို ရှောင်ရှားနိုင်ပါတယ် ။ အသေးစိတ်သိရဖို့ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးသင့်ပါတယ်။အဖြစ်အများဆုံးလက္ခဏာတွေကတော့….ရင်ဘတ်ညှပ်ရိုးတစ်လျှောက် ရောင်ရမ်းခြင်း ၊ တင်းနေခြင်း ၊ အညိုအမဲများစွဲနေခြင်း။လက် သို့ ပုခုံးကိုမြှောက်ဖို့ကြိုးစားတိုင်း နာကျင်၍ စူးစူးရှရှအသံကြားသလို ခံစားနေရခြင်း ။ကျိုးတဲ့နေရာအထက်တွင် ပုံစံပြောင်းနေသည်ကို မြင်ရခြင်း ။ပုခုံးအတင်အချလုပ်ရတွင် အားနည်းနေခြင်း ။မွေးကင်းစကလေးတွေမှာဆိုရင် လက်ကိုမလှုပ်နိုင်ကြတာများပါတယ် ။အထက်ဖော်ပြပါစာရင်းထဲမှာမပါတဲ့ရောဂါလက္ခဏာများလည်း ရှိနိုင်ပါသေးတယ် ။ လက္ခဏာတွေနဲ့ပတ်သတ်ပြီး သိချင်သေးရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ် ။– အကယ်၍ သင့်ရဲ့လက်ဟာ ထုံနေလျှင် သို့ အပ်နဲ့ထိုးသလိုခံစားနေရလျှင် ။– အရမ်းနာကျင်နေပြီး ဆေးတွေသောက်သော်လည်းမပျောက်လျှင် ။– သင့်ရဲ့ပုခုံးဟာပုံပျင်နေ၍ အရိုးဟာ အသားထဲမှထွက်နေလျှင် ။– သင့်ရဲ့လက်မောင်းတွေကိုမလှုပ်နိုင်လျှင် ။ဒါတွေဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသသင့်ပါပြီ။သင်ဟာအမြင့်မှပြုတ်ကျနိုင်သော အားကစားများ( ဘောလုံး ၊ ဟော်ကီ ၊ နပန်း ၊ရက်ဂဗီဘောလုံးကစားနည်း)လုပ်နေသည့် အားကစားသမားတစ်ယောက်ဖြစ်လျှင် ညှပ်ရိုးကျိုးခြင်းပိုဖြစ်နိုင်ပါတယ်။ရင်ဘတ်ညှပ်ရိုးကျိုးခြင်းဟာ ဆယ်ကျော်သက်တွေမှာပိုအဖြစ်များပါတယ် ။ ဒါပေမယ့် သင့်ရဲ့လက်ရှိအသက်မှာမဖြစ်နိုင်ဘူးလို့ပြောတာတော့မဟုတ်ပါဘူး ။အသက်အလယ်ပိုင်းရောက်လာတဲ့အခါ အရိုးကျိုးခြင်းဟာ ပိုဖြစ်နိုင်ပါတယ် ။မွေးကင်းစကလေးများ ကိုယ်အလေးချိန်များနေခြင်းဟာလည်း ရင်ဘတ်ညှပ်ရိုးကျိုးခြင်းကို မွေးဖွားနေသည့်အချိန်တွင် ဖြစ်နိုင်ချေပိုများပါတယ် ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ညှပ်ရိုးကျိုးခြင်းကို သိရဖို့ ဆရာဝန်ဟာ ခံစားရတဲ့လက္ခဏာတွေနဲ့ ဒဏ်ရာရခဲ့တဲ့ပုံစံကိုမေးမြန်းပါလိမ့်မယ် ။ ထို့နောက်အာရုံကြောများထိခိုက်မှုရှိခဲ့လျှင် ဆရာဝန်ဟာ သင်ဘယ်လိုခံစားနေရတယ်ဆိုတာနဲ့သင့်ရဲ့လက်မောင်း ၊လက်ဖျံ နဲ့လက်ချောင်းများရဲ့ကြံခိုင်မှုကိုစစ်ဆေးပါလိမ့်မယ် ။အကယ်၍ သင့်တွင်ရင်ဘတ်ညှပ်ရိုးကျိုးနေပြီလို့သံသယရှိရင်တော့ ဆရာဝန်ဟာ နောက်ထပ်ရှာဖွေစစ်ဆေးမှုတွေလုပ်ဖို့အတွက် ဓါတ်မှန်ရိုက်ခိုင်းပါလိမ့်မယ် ။ဓါတ်မှန်ဟာ ကျိုးနေတဲ့ရင်ဘတ်ညှပ်ရိုးပုံကိုပြသနိုင်ပြီးတော့ သူ့ရဲ့နေရာ ၊ ဘယ်လောက်ပြင်းထန်တယ် သို့ အခြားအရိုးများကျိုးခြင်း ရှိမရှိကို ပြသနိုင်ပါတယ်။ အချို့ကိစ္စများတွင် အခြားအရိုးများကျိုးနေခြင်း သို့ ဆရာဝန်ဟာ ကျိုးနေတဲ့အရိုးကိုအသေးစိတ်မြင်ချင်လျှင်CT scan ရိုက်ခြင်း ဆက်လက်ပြုလုပ်ပါလိမ့်မည် ။အများဆုံးကုသတဲ့နည်းလမ်းတွေကတော့…။ရေခဲကပ်ခြင်း ။ကျိုးနေတဲ့အရိုးရဲ့ပတ်လည်မှာရေခဲထုပ်လေးများကပ်ပေးခြင်းဟာ နာကျင်မှုကိုသက်သာစေပါတယ် ။ ဒီလိုလုပ်ခြင်းဟာ ဒဏ်ရာရပြီးပထမ ၁ ရက်ကနေ ၃ ရက်နေ့အထိလိုအပ်ပါတယ် ။လက်မောင်းကို အထောက်အကူပြုခြင်း ။သင့်ရဲ့လက်မောင်းကိုမလှုပ်ရှားစေရန် ဆရာဝန်ဟာ လည်သိုင်းကြိုးကို အသုံးပြုနိုင်ပါတယ် ။ ဒါဟာသင့်ရဲ့ရင်ဘတ်ညှပ်ရိုး ပြတ်ဆက်သည့်တိုင်အောင် နေရာလွဲခြင်းမှကာကွယ်ပေးပါတယ် ။ဆေးကုသမှုများ ။တခါတရံမှာ ရောဂါပိုးဝင်မှုတွေ ၊နာကျင်မှုတွေအတွက် ဆေးပေးဖို့လိုအပ်ပါတယ် ။လေ့ကျင့်ခန်းများနှင့်ကုသမှုများ ။သင့်ရဲ့လက်မောင်းကိုမလှုပ်ပဲအကြာကြီးထားပြီးတဲ့အခါမှာ စလှုပ်ရှားလျှင် ခက်ခဲနေတတ်ပါတယ် ။ သင့်ရဲ့အရိုးပြန်ဆက်ပြီး၍ ပတ်တီးစည်းထားဆဲအချိန်မှာ အပျော့စားလေ့ကျင့်ခန်းလေးတွေလုပ်ခြင်းဟာ တောင့်တင်းမှုများကို သက်သာစေပါတယ် ။နေထိုင်မှုပုံစံများပြောင်းလဲခြင်းနှင့် အိမ်တွင်းကုသမှုများ ။–အားကစားလုပ်ရာတွင်အကာအကွယ်ပစ္စည်းများဝတ်ဆင်ခြင်း ၊။– အားကစားလုပ်တဲ့အခါမှာပြုတ်ကျခြင်းတွေကို ဘယ်လိုနည်းအောင်လုပ်ရမလဲဆိုတာသင့်ရဲ့နည်းပြကို မေးမြန်းခြင်း ။– သင့်ရဲ့အရိုးများကို သန်မာစေတဲ့vitamin D နှင့် calcium ပါဝင်သောအစားအစာများ စားသုံးခြင်း ။ဒါတွေဟာရင်ဘတ်ညှပ်ရိုးကျိုးခြင်းမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အသေးစိတ်သိရဖို့တော့ ဆရာဝန်နဲ့ဆက်လက်တိုင်ပင်သင့်ပါတယ် ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/broken-collarbone-%e1%80%9b%e1%80%84%e1%80%b9%e1%80%98%e1%80%90%e1%80%b9%e1%80%8a%e1%82%87%e1%80%95%e1%80%b9%e1%82%90%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%bb/
ဇက်ကြောတက်ပြီး တောင့်တင်းနေတာ သက်သာစေဖို့ နည်းလမ်းတချို့
ဇက်ကြောတက်တယ်ဆိုတာ အရင်က အထိုင်များတဲ့ အလုပ်လုပ်သူတွေ၊ ကွန်ပျူတာ အသုံးများသူတွေမှာသာ ကြားရလေ့ ရှိပေမယ့် အခုနောက်ပိုင်းတော့ မိုဘိုင်းဖုန်းတွေ ပေါလာတာနဲ့အမျှ မဖြစ်ဖူးသူ မရှိသလောက် ဖြစ်လာပါပြီ။ တိုးတက်ခေတ်မီလာမှုရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခု ပေါ့လေ။ ဖုန်း သို့မဟုတ် လပ်တော့ကွန်ပျူတာလေးနဲ့ ဖေ့စ်ဘုတ် သုံးနေမယ်၊ ဂိမ်းဆော့နေမယ်၊ ရုပ်ရှင်ကြည့်နေမယ် ဆိုရင် ကိုယ်နေဟန်ထား ပုံစံ မမှန်တာနဲ့ဇက်ကြောတက်တာ၊ အကြောအခြင်တွေ တောင့်တင်းတာတွေ ဖြစ်လာပါလိမ့်မယ်။ ဒီတစ်ခေါက်တော့ ဇက်ကြောတက်ပြီး တောင့်တင်းနေတာ သက်သာစေဖို့ နည်းလမ်းတချို့ ကို ပြောပြပေးလိုက်ပါတယ်။ဇက်ကြောတက်ရတဲ့ အကြောင်းရင်းတွေထဲမှာ –။ဇက်ကြောတက်ပြီး တောင့်တင်းနေတာ သက်သာစေဖို့ နည်းလမ်းတချို့ ကတော့။ကွန်ပျူတာ ကြည့်တဲ့အခါ ခါးဆန့်ပြီး ထိုင်ပါ။ကွန်ပျူတာ မျက်နှာပြင် နဲ့ မျက်လုံးကို တတန်းတည်းကျပါစေ။ ခါးဆန့်ပြီး အနေအထား မှန်ကန်စွာ ထိုင်ပါ။ ကွန်ပျူတာကို ငုံ့ကြည့်နေရတာ၊မော့ကြည့်နေရတာမျိုး၊ ခါးကို ကိုင်းပြီး ထိုင်တာမျိုး၊ကွန်ပျူတာမျက်နှာပြင်ကို ကပ်ပြီး စိုက်ကြည့်တာမျိုး မဖြစ်သင့်ပါဘူး။ လပ်တော့ သို့မဟုတ် တက်ဘလက်ကိုကြည့်တဲ့အခါပေါင်ပေါ်တင်သုံးတာထက် ၄၅ ဒီဂရီအနေအထားမှာထားနိုင်ဖို့ခေါင်းအုံးလေးဖြစ်ဖြစ်ခုထားပါ။လည်ပင်းနဲ့ ပခုံးကို အကြောဆန့်ပေးပါ။လက်နှစ်ဖက်ကို ဆန့်ချထားပြီး ဘယ်ညာတစ်ဖက်စီ ခေါင်းကို စောင်းပြီး လည်ပင်းကြောတွေ ဆန့်ပေးပါ။ တစ်ခါစောင်းတိုင်း စက္ကန့် ၃၀လောက်ထားပြီး နောက်တစ်ဖက် ပြောင်းပါ။နောက်တစ်ဆင့်က ဘယ်လက်ကို တန်းအောင် မြှောက်တင်ပြီး လက်ဖျားထိပ် မော့ကြည့်ပါ (စက္ကန့် ၃၀)၊ပြီးရင် ညာလက်ကို မြှောက်ပါ။ရေနွေးသို့မဟုတ်ရေခဲကပ်ပါ။ဒဏ်သက်သာအောင် ရေခဲ ကပ်ရမလား၊ရေနွေး ကပ်ရမလား ဇဝေဇဝါ ဖြစ်တတ်ကြပါတယ်။ တကယ်တော့ ထိခိုက်ဒဏ်ရာတွေ အတွက်ရေခဲက ပိုကောင်းပြီး အရွတ်၊ အကြော၊ ကြွက်သားဒဏ် ဖြစ်တာတွေအတွက် ရေနွေးအိတ် သို့မဟုတ် ကြပ်ထုပ်က ပိုအဆင်ပြေပါတယ်။ အရမ်းတောင့်တင်းနေတာအတွက် သိပ်မပူတဲ့ ခပ်နွေးနွေး ကြပ်ထုပ်လေး ကပ်ပေးရင် အုန်းလွဲတာတောင် တဖြည်းဖြည်း သက်သာနိုင်ပါတယ်။နှိပ်နယ်ပါ။လည်ပင်းတဝိုက်ကြွက်သားတွေကို နှိပ်နယ်ပေးခြင်းကတောင့်တင်းမှုကိုလျော့ပါးသက်သာစေပါတယ်။ အသာအယာနှိပ်နယ်တာက အဆင်ပြေပေမယ့်ပြင်းထန်လို့တော့မဖြစ်ပါဘူး။ရေဓါတ်ဖြည့်ပါ။ရေသောက်တာနဲ့ဘာဆိုင်လို့လဲလို့ မတွေးပါနဲ့။ရေဓါတ်ပြည့်ဝနေတဲ့အခါ ဇက်ကြောတက်၊တောင့်တင်းနာကျင်တာတွေသက်သာနိုင်တယ်၊ မဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။ကျောရိုးမကြီးရဲ့အဆစ်ပြားလေးတွေက ဟန်ချက်ညီအောင် ထိန်းညှိနိုင်ဖို့နဲ့ ခါးဆစ်ရိုးမှာ ဖိအားမဖြစ်စေဖို့ရေကိုလိုအပ်ပါတယ်။အလွယ်လေ့ကျင့်ခန်းလုပ်ပါ။အနေအထားတစ်မျိုးတည်းနဲ့ အကြာကြီးမထိုင်ပါနဲ့။တစ်ပုံစံတည်းထိုင်နေတာကြာတဲ့အခါ လှုပ်လိုက်တာနဲ့ တစ်ကိုယ်လုံးအကြောအခြင်တွေတောင့်တင်းနေမှာသေချာလို့ပါ။မျက်မှန်တပ်သူဖြစ်ရင် ပါဝါအမြဲစစ်ပါ။လက်ရှိတပ်ထားတဲ့ မျက်မှန်က ပါဝါကိုက်မှ ဖြစ်မှပါ။ မျက်မှန်ပါဝါ တက်နေတာ အသစ် မလဲရင် မျက်ရိုးကိုက်တာ၊ ဇက်ကြောတက်တာတွေ ဖြစ်လာပါလိမ့်မယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/ways-to-ease-neck-pain/
နှလုံးကြီးနေရင် ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ!
နှလုံးကြီးတာက အဖြစ်များတဲ့နှလုံးကျန်းမာရေးပြဿနာ တစ်မျိုးပါ။ နှလုံးက ပုံမှန်အရွယ်အစားထက် ကြီးလာတဲ့ အနေအထားပါ။ ဒီတစ်ခေါက်တော့ နှလုံးကြီးနေသူတွေ အနေနဲ့ နေ့စဉ်ဘဝမှာ ကျန်းမာစေဖို့အတွက် နှလုံးကြီးနေရင် ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ! ဆိုတာကို သိရှိနိုင်စေဖို့ ဒီဆောင်းပါးလေးကနေ ဖော်ပြပေးလိုက်ပါတယ်။နှလုံးဆိုတာ ကြွက်သားပါပဲ။ ကြွက်သားတွေရဲ့ သဘာဝအရ များများအလုပ်လုပ်ရရင် ကြီးတတ်တဲ့ သဘောရှိပါတယ်။ နှလုံးကြီးတာက နှလုံးရောဂါကြောင့်ဖြစ်နိုင်သလို တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ။နှလုံးကြီးနေတဲ့ လူနာတွေက ကိုယ်ဖြစ်တဲ့ ရောဂါအခံအလိုက် ထိရောက်တဲ့ ကုသမှုတွေ ခံယူဖို့ လိုပါတယ်။ တစ်ဖက်မှာလည်း ကိုယ့်ရဲ့ စားသောက်နေထိုင်မှုကို ဂရုစိုက်ရင် ရောဂါကို ပိုမဆိုးအောင် ထိန်းနိုင်မှာပါ။ ဒါကြောင့် နှလုံးကြီးနေရင် ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ! ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။နှလုံးကြီးနေသူတွေ အနေနဲ့ နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်တဲ့ အသီးတွေ ဖြစ်တဲ့ ဘယ်ရီသီးတွေကို စားပေးဖို့ လိုပါမယ်။ စတော်ဘယ်ရီသီးတွေ၊ ဘလူးဘယ်ရီသီးတွေ၊ ဘလက်ခ် ဘယ်ရီသီးတွေ၊ ရက်စ်ဘယ်ရီသီးတွေကို စားပေးဖို့ လိုပါမယ်။ဘယ်ရီသီးတွေမှာ anthocyanins လိုမျိုးဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေတာကြောင့် ရောင်ရမ်းမှုတွေကို ကျဆင်းစေပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ဆယ်လ်မွန်ငါးနဲ့ အဆီပါဝင်မှုများတဲ့ ပင်လယ်ငါးတွေ ဖြစ်ကြတဲ့ဆာဒင်းငါး၊ မက်ကာရယ်ငါး စတာတွေမှာ အိုမီဂါသရီး ဖက်တီးအက်ဆစ် ပါဝင်နေတာကြောင့် နှလုံးစည်းချက် မမှန်တာကို သက်သာစေနိုင်သလို သွေးကြောတွေထဲက  စုပုံနေတဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သွေးတွင်းအဆီ ကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ တစ်ပတ်ကို ၂ ကြိမ်လောက် စားပေးရင်ကို လုံလောက်ပါတယ်။လေ့လာမှုတွေအရ အနက်ရောင် ချောကလက် ကိုကိုး 60 – 70 % လောက် ပါဝင်နေတဲ့ အနက်ရောင်ချောကလက်တွေက နှလုံးကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အနက်ရောင် ချောကလက်မှာပါတဲ့ ဖလေဗာနွိုက်ကသွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးခဲတာမျိုး၊ ရောင်ရမ်းတာမျိုးတွေကို သက်သာ စေနိုင်ပါတယ်။အချဉ်ဓာတ်ပါတဲ့ အသီးတွေမှာ ဖလေဗာနွိုက် ကြွယ်ဝစွာ ပါဝင်နေပြီး နှလုံးကြီးတာကို သက်သာစေနိုင်သလိုနှလုံးရောဂါနဲ့ လေဖြတ်တာမျိုး ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။နေ့စဉ် စားသုံးမှုမှာ သံပုရာသီး နည်းနည်းလောက် ပါအောင် စားသုံးပေးပါ။အာလူးမှာ ကစီဓာတ် ပါဝင်တယ်ဆိုပေမယ့် အာလူးကို ကြော်စားတာမျိုး မဟုတ်ဘူးဆိုရင် စားပေးသင့်ပါတယ်။ အာလူးမှာ နှလုံးကျန်းမာစေနိုင်တဲ့ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေသလို သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကလည်းသွေးတွင်းအဆီကို ကျဆင်းစေပြီး နှလုံးကြီးသူတွေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။အာလူးလိုပဲ ခရမ်းချဉ်သီးမှာ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေသလို နှလုံးကျန်းမာစေနိုင်ပြီး လေဖြတ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ သွေးတွင်းအဆီကို ကျဆင်းစေနိုင်တာကြောင့် နှလုံးကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။အခွံမာသီးတွေ ဆိုရာမှာ အယ်လ်မွန်စေ့၊ သစ်ကြားသီး၊ ပီစတာချီယို၊ မြေပဲ၊ မက်ကာဒေးမီးယားတို့မှာ နှလုံးကျန်းမာစေနိုင်တဲ့ အမျှင်ဓာတ် ပါဝင်နေသလို ဗီတာမင် E တို့ ပါဝင်နေတာက သွေးထဲက အဆီတွေကို ကျဆင်းစေနိုင်ပါတယ်။ အရောင်ကျစေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေနိုင်ပါတယ်။ ဆားနည်းတာကို ရွေးချယ်ဖို့တော့ လိုပါမယ်။ပဲနီလေး၊ ပဲဝါလေး၊ ပဲစင်းငုံစတဲ့ ပဲအမျိုးမျိုးက အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေသလို ပရိုတင်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကျန်းမာရေးကို ထိခိုက်စေတဲ့ အဆီတွေ ပါဝင်မှု နည်းနေပါတယ်။ သွေးတွင်းသကြားဓာတ် ထိန်းညှိပေးပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို  ကောင်းစေသလို နှလုံးကြီးတာကိုလည်း သက်သာစေနိုင်ပါတယ်။လက်ဖက်စိမ်း ရေနွေးကြမ်းက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ခြေကို ၂၀% အထိ လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ နှလုံးကြီးသူတွေအနေနဲ့ နေ့စဉ် လက်ဖက်စိမ်း ရေနွေးကြမ်း သောက်ပေးတာကနှလုံးကျန်းမာစေဖို့အတွက် ထောက်ကူပေးနိုင်ပါတယ်။ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ ဟင်းနုနွယ် စတာတွေက နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒီဟင်းသီးဟင်းရွက်တွေက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေသလို အမျှင်ဓာတ်၊ ဗီတာမင်တွေနဲ့သတ္တုဓာတ်တွေကြွယ်ဝစွာ ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေဖို့ရော နှလုံးကြီးတာကို သက်သာစေဖို့ပါ ထောက်ကူပေးပါတယ်။ကော်ဖီ စစ်စစ်ကို နှပ်ထားတဲ့ ကော်ဖီကို တစ်နေ့ကို ၂ ခွက်လောက် ပုံမှန်လေး သောက်သုံးပေးတာက နှလုံး ကျန်းမာစေပြီး နှလုံးကြီးတာကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။ ကော်ဖီ ကြိုက်တတ်တယ်ဆိုရင်တော့ သောက်ပေးလို့ ရပါတယ်။နှလုံးကြီးနေတယ်ဆိုရင် နေ့စဉ် ဘဝမှာ ကျန်းမာစေဖို့အတွက် ဒီအစားအစာလေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။# စိတ်ဖိစီးမှုကို လျှော့ချပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/cardiomyopathy/what-food-is-good-for-enlarged-heart/
ကီတုံးထုတ်ပေးတဲ့ အစားအစာတွေက တက်ခြင်းအတွက် ဘယ်လိုအကျိုးတွေရရှိစေမှာလဲ
တက်တာကို သက်သာစေမယ့် စားသောက်ခြင်းကို ရှာဖွေနေမယ်ဆိုရင်တော့ ကီတုံးထုတ်ပေးသော အစားအစာတွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ တက်တတ်တဲ့လူတွေအတွက် အထူးစီစဉ်ထားတဲ့ စားသောက်ခြင်းပါ။ တက်ခြင်းအတွက်လည်း ကောင်းကျိုးတွေရှိတယ်ဆိုတာလည်း သက်သေပြပြီးထားပါ။ကီတုံးထုတ်ပေးသော အစားအစာများ (KD) ဆိုတာ အဆီများများ၊ ကာဗွန်ဟိုက်ဒရိတ်နည်းနည်းနဲ့ အသားဓါတ် ထိန်းထိန်းသိမ်းသိမ်းပါဝင်တဲ့ ဝက်ရူးပြန်ကုသနည်းတစ်ခုပါ။ ဆေးဝါးတိုက်ကျွေခြင်းကဲ့သို့သော အခြားကုသနည်းတွေ အလုပ်မဖြစ်တော့ရင် ရွေးချယ်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ကီတုံးထုတ်ပေးသော အစားအစာတွေက ကလေးတွေအတွက်ကုသနည်းဖြစ်ပေမယ့်လည်း လူကြီးတွေမှာ အကျိုးပြုနိုင်ပါတယ်။ ဒါပေမယ့်လည်း ယင်းကုသနည်းက ကျွမ်းကျင်သူတို့ရဲ့ အကူအညီလိုအပ်ပါတယ်။ပုံမှန်အားဖြင့် ကာဗွန်ဟိုက်ဒရိတ်ကရတဲ့ သကြားဓါတ်တွေဟာ ခန္ဓါကိုယ်အတွက် စွမ်းအင်ပါ။ ခန္ဓါကိုယ်က အဆီတွေကို စွမ်းအင်အတွက် အသုံးပြုတဲ့ အခါမှာတော့ သကြားဓါတ်တွေအစား ကီတုံးတွေကို ထုတ်လုပ်လာပါတယ်။ ၂၀၁၅တွင် ပြုလုပ်သော သုသေတနအရ အထက်ပါကုသနည်းကြောင့် decanoic acid လို့ ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးထွက်လာတယ်လို့ သိရှိရပါတယ်။ အချို့လူတွေအတွက် ယင်းဒြပ်ပေါင်းက တက်ခြင်းကို လျော့ချပေးနိုင်ပါတယ်။တက်ခြင်းအတွက် အကျိုးရှိသော်လည်း လူတိုင်းအတွက်အလုပ် ဖြစ်မှာမဟုတ်ပါဘူး။ အထူးသဖြင့် ကြွက်သားကြောင့် တက်ခြင်း၊ Dravet Syndrome၊ ကလေးများတွင်တက်ခြင်း (West syndrome) နှင့် Tuberous Sclerosis လိုမျိုးရောဂါတွေမှာ အလုပ်မဖြစ်ပါ။လူမျိုးဘာသာအလိုက် စားသုံးနိုင်အောင် ပြုလုပ်ပေးလို့ ရပါတယ်။ နို့ထွက်ပစ္စည်းတွေနဲ့ မတည့်တဲ့ လူတွေအတွက်တောင် အဆင်ပြေနိုင်ပါတယ်။ ကျွမ်းကျင်သူတွေက ကလေးအကြိုက်တွေပါအောင် ကြိုးစားပြီတွက်ချက်ပေးမှာပါ။ အကယ်ရ်ျ ကလေးက အစားအသောက်ဆိုင်ရာ ပြဿနာတွေရှိမယ် ဒါမှမဟုတ် အဆီများတဲ့ အစားအစာတွေနဲ့ မတည့်ဘူးဆိုရင်တော့ ယင်းကုသနည်းက သင့်တော်မှာမဟုတ်ပါဘူး။တစ်နှစ်အရွယ်မှစကာ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့်လည်း ကလေးငယ်ငယ်လေးတွေအတွက် ကျွမ်းကျင်သူတွေက သေချာစောင့်ကြည့် ကျင့်သုံးစေမယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။ကီတုံးပါတဲ့ အစားအစာများ အမျိုးမျိုးရှိပါတယ်။ အစားအစာတွေနဲ့ တွက်ချက်နည်းတွေဟာ ကျန်းမာရေးအခြေအနေ၊ လူနေမှုဘဝပုံစံပေါ်မှာ မူတည်ပြီး အနည်းငယ်ကွဲပြားပါလိမ့်မယ်။ ဒါပေမယ့်လည်း အချို့လူတွေမှာ တက်ခြင်းအတွက် အကျိုးရှိတယ်ဆိုတာလည်း သက်သေပြပြီးပါပြီ။ယင်းစားသောက်နည်းတွင် အဆီဓါတ်များကို ကရင်၊ ထောပတ်၊ ဟင်းချက်ဆီနဲ့ အခြားအဆီဓါတ်ပါတဲ့ သဘာဝအစားအစာတွေမှ ရရှိပါတယ်။ ကာဗွန်ဟိုက်ဒရိတ်နဲ့ အသားဓါတ် အနည်းငယ်သာပါဝင်ပါမယ်။ အဆီနဲ့ ကာဗွန်ဟိုက်ဒရိတ် ပါဝင်မှုအချိုးကို တိတိကျကျတွက်ချက်ဖို့ လိုအပ်ပါတယ်။ထိုစားသောက်နည်းပုံစံကတော့ ကာဗွန်ဟိုက်ဒရိတ်နဲ့ အသားဓါတ် ပိုမိုပါဝင်ပါတယ်။ သဘာဝအစားအစာများမှ ရရှိသော အဆီများနဲ့ MCT oil/emulsion မှ ရရှိသော အဆီများလည်း ပါဝင်ပါလိမ့်မယ်။ ယင်းက အစားအစာ ဒါမှမဟုတ် နို့တို့ဖြင့် ရောနှောအသုံးပြုနိုင်ပြီး ကျွမ်းကျင်သူတို့၏ ညွှန်ကြားချက်အတိုင်းသာ ပြုလုပ်ရပါမယ်။MCT စားသောက်နည်းက စံ စားသောက်နည်းပုံစံလိုမျိုး အဆီ၊ အသား၊ကာဗွန်ဟိုက်ဒရိတ်အချိုးကို တိကျတင်းကျပ်စွာ တွက်ချက်ထားတာ မဟုတ်ပါဘူး။ အစာအုပ်စုအမျိုးမျိုးမှ ရရှိမယ့် စွမ်းအင်ရာခိုင်နှုန်းဖြင့်သာ တွက်ချက်ထားတာပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ ပြုလုပ်ပေးမည်မဟုတ်ပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/%e1%80%80%e1%80%ae%e1%80%90%e1%80%b6%e1%80%af%e1%80%b8%e1%80%91%e1%80%af%e1%80%90%e1%80%b9%e1%80%b1%e1%80%95%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%a1%e1%80%85/
ကိုယ်ဝန်ဆောင်ချိန်မှာ ဒိန်ချဉ်စားလို့ရလား.......
ကိုယ်ဝန်ဆောင်ချိန်မှာ အခြားအချိန်တွေထက် အစစအရာရာကို သတိထားကြတယ်ဟုတ်။ ဒါကကိုယ်ဝန်ဆောင်မေမေတိုင်း လုပ်ဖြစ်တဲ့ အလုပ်တစ်ခုပေါ့။ ဒါလေးက ငါကြိုက်တယ်ဆိုပေမယ့် စားလိုက်ရင် ဗိုက်ထဲက ကလေးအတွက်အဆင်ပြေပါ့မလားဆိုတာက ကိုယ်ဝန်ဆောင်တလျှောက်လုံးမှာ မေမေတို့ရဲ့ အတွေးကို အစိုးမိုးထားနိုင်ဆုံးအရာပေါ့။ ဒီတစ်ခေါက်တော့ ဒိန်ချဉ်ကြိုက်တဲ့လေဒီဗိုက်လေးတွေအတွက် ကိုယ်ဝန်ဆောင်ချိန်မှာ ဒိန်ချဉ်စားလို့ရလား……. ဆိုတဲ့ အကြောင်းလေး ပြောပြပေးပါရစေ။ကိုယ်ဝန်ဆောင်ချိန်မှာ ဒိန်ချဉ်စားလို့ရလား……. ဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဒိန်ချဉ်သောက်လို့ရပါတယ်။ ဒိန်ချဉ်ကပရိုတင်းကြွယ်ဝစွာပါဝင်နေသလိုအကျိုးပြုဘက်တီးရီးယားတွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်မေမေ အနေနဲ့ ဒိန်ချဉ်သောက်သုံးမယ်ဆိုရင် မေမေရောဘေဘီလေးပါ ကျန်းမာစေမှာအမှန်ပါ။ ဒါတွေအပြင် ဒိန်ချဉ်သောက်သုံးပေးတာက။ဒိန်ချဉ်မှာ အကျိုးပြုဘက်တီးရီးယားတွေပါဝင်နေပြီး အစာခြေစနစ်ကို ကျန်းမာစေဖို့အတွက် အူလမ်းကြောင်းတလေဆာက်မျာ အကျိုးပြုဘက်တီးရီးယားအရေအတွက်ကို အကောင်းဆုံးထိန်းညှိပေးပါတယ်။ အူနံရံကို အာဟာရစုပ်ယူမှုကောင်းစေပြီး အစာကြေလွယ်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ဒိန်ချဉ်မှာ ကယ်လ်ဆီယမ် ကြွယ်ဝစွာပါဝင်နေပါတယ်။ ကယ်လလ်ဆီယမ်ကသန္ဓေသားရဲ့ အရိုးနဲ့ သွားတွေဖွံ့ဖြိုးမှုအတွက် တော်တော်လေး အရေးပါပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေအတွက်လည်း အကောင်းဆုံးအားဖြည့် ပေးပါတယ်။ ကယ်လ်ဆီယမ်ရဲ့ နောက်ထပ်တာဝန်တစ်ရပ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဗီတာမင် Dကို အကောင်းဆုံး စုပ်ယူနိုင်စေတာပါ။သွေးတိုးတာက ကိုယ်ဝန်ဆောင်ချိန်မှာ လေဒီတော်တော်များများခံစားရတတ်တဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာကမေမေရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒိန်ချဉ်သောက်သုံးပေးတာက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးပြီးကိုယ်ဝန်ဆောင်သွေးတိုးမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။ နောက်တစ်ခုက ဒိန်ချဉ်သောက်တာကသွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီးနှလုံးကျန်းမာစေဖို့အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာဟော်မုန်းအပြောင်းအလဲကြောင့်အသားခြောက်တာ၊ အသားအရောင်ပြောင်းတာမျိုးတွေခံစားရနိုင်ပါတယ်။ ဒိန်ချဉ်မှာကဗီတာမင် Eကြွယ်ဝစွာပါဝင်နေတာကြောင့် အသားခြောက်တာ၊ အသားအရောင်မညီတာတွေကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ဒိန်ချဉ်မှာပရိုတင်းကြွယ်ဝစွာပါဝင်နေပြီး ကြွက်သားတွေ ဖွံ့ဖြိုးစေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ နောက်တစ်ခုက ကြွက်သားတွေ သန်မာစေဖို့လိုအပ်တဲ့ ကယ်လ်ဆီယမ်ကလည်း ဒိန်ချဉ်မှာ ကြွယ်ဝစွာပါဝင်နေပါတယ်။ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာက ကိုယ်ဝန်ဆောင်မေမေတော်တော်များများ ခံစားရလေ့ရှိတဲ့ လက္ခဏာတစ်ခုပါ။ ဒီပြဿနာကို ကင်းချင်တယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဒိန်ချဉ်သောက်ပေးဖို့လိုပါမယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/can-i-eat-yogurt-during-pregnancy/
Hypothyroidism in Infants, Children, and Teens (ကလေးများတွင်သိုင်းရွိုက်ဟော်မုန်းနည်းခြင်း)
ကလေးများမှာ သိုင်းရွိုက်ဟော်မုန်းဆိုးဆိုးရွားရွား နည်းခြင်းဟာ ဖွံ့ဖြိုးမှုနှေးကွေးခြင်း၊ ဉာဏ်ရည်ချို့တဲ့ခြင်း၊ ကြီးထွားမှုနှောင့်နှေးခြင်း စတာတွေကို ဖြစ်စေပါတယ်။ မွေးကင်းစမှာ လက္ခဏာတွေ မတွေ့ရသလောက်ပါပဲ။ ဘယ်အရွယ်လောက်မှာ ချို့ယွင်းချက်တွေ စတွေ့လာရမလဲဆိုတာဟာ ကလေးရဲ့ သိုင်းရွိုက်ဂလင်း ဘယ်လောက်ထိ ကောင်းကောင်းလုပ်နိုင်မလဲဆိုတာပေါ် မူတည်ပါတယ်။သိုင်းရွိုက်ဟော်မုန်းနည်းခြင်းဟာ ရှားပါးပါတယ်။ ကလေးများ၊ မွေးကင်းစများ အပါအဝင် အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။မွေးကင်းစများ။သိုင်းရွိုက်ဟော်မုန်းနည်းခြင်းဟာ ဘယ်အရွယ်မဆို ဖြစ်တတ်ပေမယ့် လက္ခဏာဟာ ကလေးတွေမှာ ကွာခြားတတ်ပါတယ်။ မွေးကင်းစကလေးတွေမှာ လက္ခဏာတွေဟာ ပထမဆုံးအပတ် (သို့) လမှာပဲ ပေါ်တတ်ပါတယ်။ လက္ခဏာတွေဟာ သိပ်မသိသာတာမို့ မိဘများ၊ ဆရာဝန်များဟာ သတိမထားဘဲ နေတတ်ပါတယ်။လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ကလေးငယ်များ။သိုင်းရွိုက်ဟော်မုန်းနည်းခြင်းရဲ့ ပြသနာများဟာ ကလေးတွေရဲ့ အသက်အရွယ်ပေါ် မူတည်ပါတယ်။ အောက်ပါအချက်တွေ တွေ့နိုင်ပါတယ်။ဆယ်ကျော်သက်များ။ဆယ်ကျော်သက်များမှာ သိုင်းရွိုက်ဟော်မုန်းနည်းခြင်းဟာ မိန်းကလေးတွေမှာ ပိုပြီးတွေ့ရများပါတယ်။ မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်တဲ့ရောဂါ (ဟာရှီမိုတို သိုင်းရွိုက်ရောင်ခြင်း) ကြောင့် အများဆုံး ဖြစ်တတ်ပါတယ်။ ဟာရှီမိုတိုသိုင်းရွိုက်ရောင်ခြင်း၊ ဂရေ့ဗ်ရောဂါ၊ အမျိုးအစား (၁) ဆီးချို စတဲ့ရောဂါတွေနဲ့ ပတ်သက်လို့ မိသားစုရာဇဝင်ရှိခြင်းဟာ သိုင်းရွိုက်ရောဂါကို ဖြစ်နိုင်ခြေ ပိုများစေပါတယ်။ ဒေါင်းရောဂါလက္ခဏာစုလို မျိုးရိုးဗီဇပြသနာတွေကလည်း ဖြစ်စေတတ်ပါတယ်။ဆယ်ကျော်သက်တွေမှာ ဖြစ်တဲ့ လက္ခဏာတွေဟာ အရွယ်ရောက်ပြီးသူတွေနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် လက္ခဉာတွေဟာ မသဲကွဲဘဲ သတိထားမိဖို့ ခဲယဉ်းပါတယ်။ အောက်ပါအချက်တွေ တွေ့နိုင်ပါတယ်။အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။မိမိကလေးမှာ အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။အဖြစ်အများဆုံးအကြောင်းအရင်းကတော့ မိသားစုတွင်းမှာ ဒီရောဂါရဲ့ ရောဂါရာဇဝင်ရှိခြင်းပဲ ဖြစ်ပါတယ်။တခြားအကြောင်းအရင်းတွေကတော့။အောက်ပါအချက်တွေက မြင့်တက်စေပါတယ်။အရွယ်ရောက်ခါစအချိန်မှာ ပိုဖြစ်တတ်ပါတယ်။ မိန်းကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ကလေးရဲ့ အသက်အရွယ်နဲ့ တခြားအကြောင်းအရာတွေပေါ် မူတည်ပြီး ဆရာဝန်ဟာ အကောင်းဆုံးနည်းလမ်းကို ဆုံးဖြတ်ပါလိမ့်မယ်။ အများအားဖြင့် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ၊ ဓါတ်ခွဲစစ်ဆေးမှုတွေနဲ့ ရောဂါရှာဖွေမှု ုလပ်ပါလိမ့်မယ်။ သိုင်းရွိုက်လှုံ့ဆော်သည့် ဟော်မုန်း (TSH)၊ သိုင်ရိုဇင်း (T4) စတဲ့ဟော်မုန်းများအတွက် သွေးစစ်ခြင်းနဲ့ ပုံရိပ်ဖော်စစ်ဆေးခြင်းတွေ ပါဝင်ပါတယ်။ ကလေး ၄၀၀၀လောက်မှာ တယောက်ဟာ မွေးရာပါသိုင်းရွိုက်ဟော်မုန်းနည်းပါးခြင်းကို တွေ့ရတတ်ပါတယ်။သိုင်းရွိုက်ဂလင်းကြီးမားခြင်းကလည်း အသက်ရှူရခက်ခြင်းနဲ့ အစာမျိုရခက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ကလေးလည်ပင်းမှာ ဒီပြသနာရှိမရှိ ကလေးဆရာဝန်က စစ်ဆေးပါလိမ့်မယ်။ကွဲပြားတဲ့ ကုသမှုနည်းလမ်းတွေ ရှိပါတယ်။ နေ့စဉ် ဟော်မုန်းနဲ့ ကုသခြင်း (levothyroxine ဆေးဖြင့်) ပါဝင်ပါတယ်။ အရွယ်ပေါ်မူတည်ပြီး သောက်သုံးရမယ့် ပမာဏကို ဆုံးဖြတ်ပါလိမ့်မယ်။မွေးကင်းစကလေးတွေအတွက် ကုသမှုကတော့ မွေးခါစ ပထမလမှာ စတင်နိုင်ရင် အကောင်းဆုံးပါပဲ။ အကုသဘဲ ထားလိုက်ရင် သိုင်းရွိုက်ဟော်မုန်းနည်းခြင်းဟာ အာရုံကြောနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာတွေမှာ နှေးကွေးခြင်း ဖြစ်စေပါတယ်။ ဆရာဝန်တွေဟာ ပထမလေးပတ်အတွင်း ပုံမှန်စစ်ဆေးမှာမို့ ဒီပြသနာတွေ မဖြစ်နိုင်ပါဘူး။ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ကလေးများတွင် သိုင်းရွိုက်ဟော်မုန်းနည်းခြင်း အတွက် အထောက်အကူ ပြုသလဲ။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/hypothyroidism-in-infants-children-and-teens-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%9e%e1%80%ad%e1%80%af%e1%80%84%e1%80%ba/
လက်ဖက်ရည် သည် လူကို စွဲလမ်းစေပါသလား
အမေရိကန်နိုင်ငံ လက်ဖက်ရည်သောက်သုံးသူများအသင်း၏ အဆိုအရ ကမ္ဘာပေါ်ရှိလူများသည် လက်ဖက်ရည်ကို အခြားဖျော်ရည်များထက် ပိုမိုသောက်သုံးကြသည်ဟု ဆိုပါသည်။ လက်ဖက်ရည် သောက်သုံးခြင်းဖြင့် အကျိုးကျေးဇူးများရရှိနိုင်သော်လည်း လက်ဖက်ရည်တွင် ပါဝင်သောကဖင်းဓာတ်မှာ ကျန်းမာရေးကို အနည်းနဲ့ အများ ထိခိုက်စေနိုင်ပါသည်။လက်ဖက်ရည် သောက်သုံးသောနည်းလမ်းနှင့် ပမာဏပေါ် မူတည်၍ ကဖင်းဓာတ်က ကောင်းကျိုးဆိုးပြစ်များ ဖြစ်စေနိုင်ပါသည်။ သင့်တော်သောပမာဏတွင် လက်ဖက်ရည်သည် လူကို လန်းဆန်းစေနိုင်ပြီး စွမ်းအင်ရအောင် နှိုးဆွပေးနိုင်သော်လည်း များပြားစွာ သောက်သုံးပါက ကဖင်းဓာတ်ကို စွဲလမ်းစေပါသည်။ကဖင်းဓာတ်သည် ဗဟိုအာရုံကြောမစနစ်ကို လှုံ့ဆော်ပေးပြီး ပုံမှန်သုံးစွဲခြင်းဖြင့်စွဲလမ်းခြင်း ဖြစ်လာနိုင်ပါသည်။ဆေးစွဲခြင်းလိုမျိုးတော့ ကဖင်းဓာတ်သည် ခန္ဓာကိုယ်၏ ကျန်းမာရေးကို အန္တရာယ်မပေးပါ။ သို့သော်လည်း ကဖင်းဓာတ်ကို စွဲလမ်းပါက စွဲလမ်းနေမှန်း သတိပြုမိမည်လည်း မဟုတ်ပါ။စွဲလမ်းသူအနေနဲ့ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများ ပြုလုပ်ရန် ကဖင်းဓာတ်ကို ပုံမှန်သုံးစွဲနေရပြီးဖြစ်သည်။ ထိုအခါ လန်းဆန်း၍ စွမ်းအင်ပြည့်ရန် ကဖင်းဓာတ်ကို ပို၍ပို၍ လိုအပ်လာသည်။ အိပ်ရာမဝင်ခင် ၆နာရီအတွင်း လက်ဖက်ရည်များများ သောက်တတ်သူများသည်အိပ်မပျော်ခြင်းဝေဒနာကို ခံစားရသည်။ ထို့ပြင်ပိုတချို့တွင် အိပ်ပျော်ရန်ခက်ခဲခြင်းနှင့်တကွ ကဖင်းဓာတ်ကြောင့်စိတ်လှုပ်ရှားခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်းနှင့်အစာအိမ်ဝေဒနာများကိုလည်း ခံစားရပါသည်။အကယ်၍ ကဖင်းကို ရုတ်တရက်ဖြတ်လိုက်လျှင် ခန္ဓာကိုယ်အတွက် ပုံမှန်ရနေကျ ကဖင်းဓာတ်မရတော့သဖြင့် ရောဂါလက္ခဏာများ ခံစားရသည်။ ကဖင်းဖြတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော လက္ခဏာများမှာ။သို့သော် မူးယစ်ဆေးဝါးများနှင့်အရက်စွဲခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော လက္ခဏာများလောက်တော့ မဆိုးရွားပါ။ ယခင်သောက်နေကြ လက်ဖက်ရည် (သို့မဟုတ်) သောက်နေကျထက် အနည်းငယ်ပိုမို သောက်သုံးလိုက်ပါက ထိုလက္ခဏာများ ချက်ခြင်းသက်သာသွားမည်။ကဖင်းစွဲခြင်းမှ ကာကွယ်ရန် အောက်ပါအကြံပြုချက်များကို လိုက်နာနိုင်ပါသည်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/caffeine-addiction-and-tea/
မေးရမှာ ရှက်နေတဲ့ အိပ်ရာပေါ်က ကိစ္စတွေကို လုံလုံခြုံခြုံမေးနိုင်ပါပြီ။
အိပ်ရာပေါ်က ကိစ္စတွေကို စုံတွဲတိုင်းကြုံရနိုင်ပေမယ့် ပွင့်ပွင့်လင်းလင်းမေးတဲ့သူက ရှားပါတယ်။ ဖြစ်နိုင်တာကတော့။ဒါပေမယ့် အိပ်ရာပေါ်က ကိစ္စဆိုတာ မျိုသိပ်ထားရုံနဲ့ အလိုလိုဖြေရှင်းသွားတဲ့ ကိစ္စမဟုတ်ပါဘူး။ဒါတွေက စုံတွဲတိုင်း သိချင်နေကြတဲ့ အကြောင်းတွေပါ။ပွင့်ပွင့်လင်းလင်း မပြောဖြစ်ကြလို့သာ လူသိပ်မသိတာပါ။ စုံတွဲတွေမှာ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး သိချင်တာတွေ၊ မေးချင်တာတွေ ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ဒါကြောင့် အပေါ်က မေးခွန်းတွေကို ပြန်ဖြေရရင်။အောက်က ‘မှတ်ချက်’ဆိုတဲ့နေရာမှာ အခမဲ့ မေးနိုင်ပါတယ်။ အသေးစိတ်ကို ပုံမှာကြည့်ပါ။ကိုယ်ရဲ့ နာမည်ကို သူများတွေ မမြင်စေချင်ဘူးဆိုရင် ‘အမည်မသိ’ အနေနဲ့ မေးခဲ့နိုင်ပါတယ်။ ‘အမည်မသိသူမှ ပို့စ်တင်ရန်’ ဆိုတာကို အမှန်ခြစ်ခဲ့ရုံပါပဲ။Helloဆရာဝန်ရဲ့ အယ်ဒီတာချုပ် ဒေါက်တာသူရိန်လှိုင်ဝင်းကနေ ဖြေကြားပေးသွားမှာဖြစ်ပါတယ်။ ဆရာ့အနေနဲ့ ဒီလိုလူနာတွေကို အများကြီး ကြုံဖူးတာဖြစ်တဲ့အတွက် ဒါက လှောင်စရာကိစ္စဘူး။ ကူညီရမယ့်ကိစ္စဆိုတာ သိထားပြီးသား ဖြစ်သလို လူအများကိုလည်း ပညာပေးနေတာ ဖြစ်ပါတယ်။မတ်လ ၂၀ရက်နေ့ အထိ မေးနိုင်ပြီး နောက်ရက်တွေမှာ ပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/expert%e2%88%92q-a-for-sexual-health/
နှလုံးမကြီးအောင် ဘယ်လို ကာကွယ်ကြမလဲ !
နှလုံးကြီးတယ်ဆိုတာက နှလုံးရဲ့ ကြွက်သားတွေ ထူလာတာကို ပြောတာပါ။ ရောဂါအကြောင်းရင်းခံကလည်း အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ မျိုးရိုးလိုက်တာကြောင့် ‌နှလုံးကြီးတာ ဖြစ်နိုင်သလို တခြားရောဂါတစ်ခုခု‌ကြောင့်လည်း နောက်ဆက်တွဲ နှလုံးကြီးတာလည်း ဖြစ်နိုင်ပါတယ်။နှလုံးကြီးတာက အခန့်မသင့်ရင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တာကြောင့် ကြိုတင်ကာကွယ်ထားနိုင်ရင် ပိုကောင်းပါတယ်။ အခုတစ်ခေါက်တော့ နှလုံးမကြီးအောင် ဘယ်လို ကာကွယ်ကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။နှလုံးကြီးစေတဲ့ အကြောင်းအရင်းတွေကတော့ တစ်ခုမကပါဘူး။ နှလုံးကြီးစေနိုင်တဲ့ အကြောင်းအရင်းတွေကတော့။နှလုံးကြီးနေပြီဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။တကယ်လို့ နှလုံးကြီးတဲ့ မျိုးရိုးရှိမယ်ဆိုရင် ပုံမှန်ကျန်းမာရေး စစ်ဆေးမှုကို ရယူဖို့ လိုမှာဖြစ်သလို ရောဂါကြောင့် နှလုံးမကြီးစေဖို့ ခုအချက်လေးတွေကို သေချာ ဂရုစိုက်ဖို့ လိုပါမယ်။နေ့စဉ် စားသုံးမှုကနှလုံး ကျန်းမာရေး အပါအဝင် စိတ်ရောကိုယ်ပါ ကျန်းမာရေးအတွက် တော်တော်လေး အရေးပါပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ လတ်ဆတ်တဲ့ အသီးအရွက်၊ ပဲအမျိုးမျိုး၊ အရေခွံ မပါတဲ့ ကြက်သား၊ ငါး စတာတွေကို စားပေးလို့ ရပါတယ်။ ဒီလိုစားတာတွေက ခန္ဓာကိုယ်ကို အာဟာရ ပြည့်ဝစေသလို နှလုံးကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။တစ်နေ့ကို မိနစ် ၃၀ ထက် မနည်း တစ်ပတ်ကို ၃ ရက် ကနေ ၄ ရက်လောက် လေ့ကျင့်ခန်း လုပ်ပေးပါ။ ဒီလို လေ့ကျင့်ခန်း လုပ်ပေးတာက နှလုံးကျန်းမာစေ ထောက်ကူပေးနိုင်ပါတယ်။ နှလုံးကြီးနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်မယ့် လေ့ကျင့်ခန်းလေးတွေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်း လုပ်သင့်တဲ့ ပမာဏကို တိုင်ပင်ပါ။သွေးပေါင်ချိန် ထိန်းညှိတာသွေးတွင်းအဆီထိန်းညှိတာတွေကလည်း နှလုံးကျန်းမာရေးကို ကောင်းစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် သွေးတိုးရောဂါ ရှိမယ်ဆိုရင် ပုံမှန် သွေးပေါင်ချိန် တိုင်းတာ၊ လိုအပ်တဲ့ ကုသမှုတွေကို ခံယူတာ လုပ်ဆောင်တာ အပြင် သွေးတိုးအတွက် သောက်နေရတဲ့ဆေးတွေ ရှိမယ်ဆိုရင်လည်း ပုံမှန်လေး သောက်ပေးဖို့ လိုပါမယ်။ကိုယ်အလေးချိန် များတာ၊ အဝလွန်တာတွေက ကျန်းမာရေးကို ထိခိုက်စေသလို နှလုံးကိုလည်း ထိခိုက်စေ နိုင်ပါတယ်။ ပုံမှန်ထက် ကိုယ်အလေးချိန် များတာက နှလုံးကြီးတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နှလုံးမကြီးအောင် ကာကွယ်ချင်တယ် ဆိုရင် ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါ။ဆေးလိပ်သောက်တာ၊ ဆေးရွက်ကြီး သောက်သုံးတာနဲ့ အခြားသော မူးယစ်ဆေးတွေ အသုံးပြုတာက နှလုံး ကျန်းမာရေးကို ထိခိုက်စေပြီး နှလုံးကြီးတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နှလုံးကြီးတာကို ကာကွယ်ချင်တယ် ဆိုရင်တော့ ဆေးလိပ်ဖြတ်ပါ။ ဆေးရွက်ကြီးနဲ့ အခြားသော မူးယစ်ဆေးတွေကို ဖြတ်ပါ။ညဘက်တွေကို အိပ်ရေးဝဝအိပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးသလို နှလုံးကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒါကြောင့် နှလုံးကျန်းမာချင်တယ်။ နှလုံးကြီးတာကို ကာကွယ်ချင်တယ် ဆိုရင်တော့ ညဘက်တွေကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မယ့် အိပ်ချိန် ၈ နာရီ ရှိအောင် ဂရုစိုက်ပါ။အရက်သောက်တာက နှလုံးကျန်းမာရေးကို ထိခိုက်စေသလို အသည်း ကျန်းမာရေးနဲ့ ကျောက်ကပ် ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အရက် အပါအဝင် အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို ဖြတ်ပါ။ဒီအချက်လေးတွေကို လိုက်နာမယ်ဆိုရင်တော့ နှလုံးကြီးတာကို ကာကွယ်နိုင်မှာ ဖြစ်သလို နှလုံး ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/cardiomyopathy/healthy-lifestyle-tips-to-prevent-enlarged-heart/
အခြေခံလိုအပ်သောအာဟာရအားလုံးပါဝင်စေမည့် ကျန်းမာသောစားသောက်မှုပုံစံ
-အစားအစာများ သည် သင်၏စိတ်ရောကိုယ်ပါကျန်းမာ ဖို့ အတွက် အာဟာရမျိုးစုံကို ထောက်ပံ့ပေးသည်။ အမျိုးစုံလင်လှသော အစားအသောက်များကို သင့်တော်သော အချိုးအစား နှင့် ပေါင်းစပ်စားသုံးခြင်းသည် သင့်ကျန်းမာရေးကို မြှင့်တင်ပြီး ရောဂါများကို ကာကွယ်နိုင်ဖို့ အတွက် အရေးကြီးသော ကဏ္ဍမှ ပါဝင်နေသည်။ကျန်းမာရေးနှင့်ညီညွတ်သောစားသောက်မှုပုံစံ။ကျန်းမာရေးနှင့်ညီညွတ်အောင်မည်သို့စားမည်နည်း။ အာဟာရဓါတ်အမယ်စုံကို အချိုးအစားမျှတစွာ စားသုံးတတ်ရပါမည်။ အစားအသောက် တစ်ခုချင်းစီတွင် အကျိုးအာနိသင်အသီးသီးရှိကြသည့် အတွက် အမယ်စုံအောင် စားမှသာလျှင် ခန္ဓါကိုယ်အတွက်လိုအပ်သော အာဟာရကိုရရှိနိုင်မည်။ ထို့ပြင် အာဟာရဓါတ်များစုံလင်အောင် စားသုံးပေးခြင်းဖြင့် အရသာနှင့်ပြည့်စုံစေပြီး ငြီးငွေ့ခြင်းမရှိဘဲ အမြဲတမ်းခံတွင်းကောင်းနေမည်ဖြစ်သည်။(၁)ဟင်းသီးဟင်းရွက်နှင့်ပဲအမျိုးမျိုး။အရန်ဟင်းအနေဖြင့် မုန်လာဥနီကြော် ၊ တရုတ်နံနံစသည်တို့ကိုအသုံးပြုနိုင်သည်။ နေ့လည်စာနှင့်ညစာတွင် အသီးအရွက်ကြော်၊ အရွက်သုပ် ၊ အစိမ်းကြော် ၊ ဟင်းရွက်ဟင်းချို စသည်တို့ကိုစားပေးနိုင်သည်။ ဟင်းသီးဟင်းရွက်များသည် အာဟာရဓါတ်ပြည့်ဝ၍ ကျန်းမာရေးနှင့် ညီညွတ်သည့်အတွက် လူတိုင်းစားပေးသင့်ပါသည်။(၂)အသီးအနှံများ။အသီးအနှံများကို အဆာပြေသာမက အစားအသောက်များနဲ့ပါ တွဲဖက်စားသုံးနိုင်သည်။ နံနက်စာ ကွေကာအုပ် နဲ့ ငှက်ပျောသီး ၊ နံနက်ခင်း လက်ဖက်ရည် အတွက်ပန်းသီး၊ ဒိန်ချဉ် ထဲမှာ ဘယ်ရီသီး ထည့်စားခြင်း စသည်ဖြင့် သင် စားဖူးပါသလား။ မစားဖူးရင် ယခုပဲ စမ်းစားကြည့်ပါ။(၃)အသား၊ ငါး ၊ ကြက်ဥ ၊ တို့ဖူး။အထက်ဖော်ပြပါ အစားအစာများမှာ ပရိုတိန်းဟုခေါ်သော အသားဓါတ်ကြွယ်ဝသည့်အတွက် မဖြစ်မနေစားပေးသင့်ပါသည်။ ပဲအမျိုးမျိုး ကို အဓိက အစာထဲမှာ ထည့်ချက်ပြီး မြေပဲ လက်တစ်ဆုပ်ကို သားရေစာ အဖြစ်စားခြင်းဖြင့် ပရိုတိန်းဓါတ် အစုံရရှိစေပါသည်။(၄)အစေ့အဆန်များ (ဆန်၊ပြောင်း၊ဂျုံ အစရှိသည့်)။ထမင်း၊ ပါစတာ ၊ ခေါက်ဆွဲစသည်တို့ သည် ဆန်၊ပြောင်း၊ဂျုံ စသည့် အစေ့အဆန်မှရသော အစာများဖြစ်သည်။ သူတို့သည် ခန္ဓါကိုယ်အတွက်လိုအပ်သော စွမ်းအင်ကို အဓိကပေးသည်။ အစေ့အဆန်မှ ရရှိသော အစားအစာများ (ဥပမာ – ထမင်း )သည် အခြားအသား ၊ ငါး ၊ အသီးအရွက်တို့နှင့်စားသုံးပါက တစ်နပ်ကောင်းစွာ ရရှိပါသည်။ ဆန်လုံးညို ၊ ပေါင်မုန့်ကြမ်း၊ အမျှင်ဓါတ် ကြွယ်ဝသော ပေါင်မုန့် ဖြူ စသည်တို့ကိုလည်းစားပေးပါ။ ထိုအစားအစာများသည် အမျှင်ဓါတ် ၊ ဗီတာမင်နှင့် သတ္ထုဓါတ်များပါ ကြွယ်ဝသည်ကိုတွေ့ရသည်။(၅)နို့ ၊ ဒိန်ချဉ် ၊ ဒိန်ခဲနှင့် အဆီလျှော့ထားသောနို့ထွက်ပစ္စည်းများ။သင်၏မနက်စာတွင် နို့တစ်ခွက် ၊ ဒိန်ခဲညှပ်ပေါင်မုန့် စသည်တို့ကိုထည့်စားပေးပါ။ ဟင်းသီးဟင်းရွက်ကြော် ၊ အသုပ်များထဲတွင်လည်းဒိန်ခဲကိုအသုံးပြုနိုင်သည်။ရှောင်ရှားသင့်သော (သို့မဟုတ်) ရံဖန်ရံခါသာစားသင့်သောအစားအစာများ။ပြည့်ဝဆီ ၊ ဖြည့်စွက်သကြားပါသောအစားအစာများနှင့် ငန်သောအစားအစာများ ၊ အရက်နှင့် အာဟာရဓါတ်နည်းပါးသော အစားအစာများကိုရှောင်ကြဉ်သင့်သည်။ တစ်ခါတစ်ရံအနည်းငယ် စားနိုင်သော်လည်း ပင်မအစားအစာအဖြစ် မစားသင့်ပါ။ ဥပမာ-။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%81%e1%80%bc%e1%80%b1%e1%80%81%e1%80%b6%e1%80%9c%e1%80%ad%e1%80%af%e1%80%a1%e1%80%95%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac%e1%80%a1%e1%80%ac%e1%80%9f%e1%80%ac%e1%80%9b%e1%80%a1%e1%80%ac/
Kegel exercise သို့မဟုတ် မျှော့ဆိုတာ တကယ်ရှိလား
မျှော့ဆိုတာ တကယ်ရှိလား သို့မဟုတ် Kegel exercise။“မျှော့ပါတယ်” ဆိုတဲ့စကားဟာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အရပ်ထဲမှာတော့ အင်မတန်ခေတ်စားတဲ့စကားမျိူးဖြစ်ပါတယ်။ အများဆုံး ပြောကြတာကတော့ မျှော့ပါတဲ့အမျိုးသမီးဆိုတာ သပ်သပ်ရှိပြီး အဲဒီလိုအမျိုးသမီးမျိုးကို အမျိုးသားတွေစွဲလန်းကြတယ်ဆိုပြီးတော့ ပြောကြလေ့ရှိပါတယ်။ ဆေးပညာအမြင်အရကြည့်မယ်ဆိုရင်တော့မိန်းမကိုယ်တဝိုက်ကကြွက်သားတွေ တောင့်တင်းသန်မာတာနဲ့ လျော့ရဲတာရယ်လို့နှစ်မျိုးပဲရှိပါတယ်။ မိန်းမကိုယ်တဝိုက်က ကြွက်သားတွေသန်မာတာကိုပဲ အရပ်ထဲမှာ မျှော့လို့ခေါ်ကြတာဖြစ်ပါတယ်။Kegel exerciseဆိုတာကတော့ အဲဒီကြွက်သားတွေ ပြန်လည်သန်စွမ်းလာအောင်လုပ်တဲ့ လေ့ကျင့်ခန်းတွေကို ဆိုလိုတာဖြစ်ပါတယ်။  သားအိမ်၊ ဆီးအိမ်၊ အူနဲ့ စအိုတွေကိုထောက်ပံ့ထားတဲ့ တင်ပဆုံအတွင်းပိုင်းဆိုင်ရာကြွက်သားတွေကို သန်မာစေပါတယ်။ ဒီလို တင်ပဆုံအတွင်းပိုင်းနဲ့ မိန်းမကိုယ်တဝိုက်က ကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်ပေးခြင်းအားဖြင့် ဆီးမထိန်းနိုင်တာကို ကာကွယ်ကုသပေးသလိုအိမ်ထောင်ရေးသုခကိုလဲ ပြည့်စုံစေပါတယ်။ ဘယ်အချိန်ဘယ်နေရာမှာမဆို လုပ်လို့ရတဲ့လေ့ကျင့်ခန်းမျိုးလဲဖြစ်ပါတယ်။ဖြစ်စေနိုင်တဲ့အကြောင်းအချက်တွေအများကြီးရှိပါတယ်။ကိုယ်ဝန်ဆောင်တာ၊ ကလေးမီးဖွားတာ၊ ခွဲစိတ်မှုခံယူထားရတာ၊ အသက်ကြီးတာ၊ ဝမ်းချုပ်တာ၊ နာတာရှည်ချောင်းဆိုးတာနဲ့ အဝလွန်တာတွေဟာ အဖြစ်များတဲ့အကြောင်းတွေပါ။ဘယ်လိုအခြေအနေတွေမှာ မဖြစ်မနေလုပ်သင့်ပြီလဲ။(၁) နှာချေခြင်း၊ ရယ်မောခြင်းနဲ့ ချောင်းဆိုးသောအခါ ဆီးထွက်ကျခြင်း။(၂) ဆီးသွားချင်စိတ်ပေါ်လာပြီဆိုတာနဲ့ မအောင့်နိုင်ဘဲ ထိန်းမရနိုင်အောင်သွားလိုစိတ်ေပါ်ခြင်း။(၃) ဝမ်းမထိန်းနိုင်ဖြစ်ခြင်း။အဲလိုအချက်တွေထဲက အနည်းဆုံးတစ်ချက်ရှိရင်တော့ သင်ဟာ kegel exercise ကို မဖြစ်မနေလုပ်သင့်တဲ့သူဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ကလေးမွေးပြီးချိန်တွေမှာလည်း ဖြစ်နေတဲ့ လက္ခဏာတွေ သက်သာဖို့ အန္တရာယ်ကင်းစွာ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းလည်းဖြစ်ပါတယ်။(၁) အသုံးပြုရမယ့် ကြွက်သားတွေကို ခံစားမှုနဲ့ သိအောင်လုပ်ပါ။တင်ပဆုံအတွင်းပိုင်းကြွက်သားတွေကို သင့်ကိုယ်သင်သေချာသိဖို့ဆိုရင် ဆီးသွားနေစဉ် ရုတ်တရက် ညှစ်ပြီးရပ်လိုက်ပါ။ အဲဒီလို ရပ်ဖို့ အသုံးပြုရတဲ့ ကြွက်သားတွေဟာ တင်ပဆုံအတွင်းပိုင်းကြွက်သားတွေပဲ ဖြစ်ပါတယ်။ ကြွက်သားတွေကို ခံစားသိနဲ့သိသွားပြီဆိုရင်တော့ အဲဒီကြွက်သားတွေကို ညှစ်လိုက်၊ ဖြည်းဖြည်းချင်းဖြေလျှော့လိုက်နဲ့ ဘယ်အချိန်၊ ဘယ်နေရာမှာမဆို kegel exercise ကိုသင်လုပ်လို့ရသွားပါပြီ။ အစပိုင်းမှာလွယ်ချင်ရင်တော့ လှဲလျောင်းနေစဉ်မှာလုပ်နိုင်ပါတယ်။(၂)အာရုံ စူးစိုက်ထားပါ။ပိုပြီးထိရောက်ဖို့ဆိုရင် တင်ပဆုံအတွင်းပိုင်းကြွက်သားတွေဆီမှာပဲ အာရုံစိုက်ထားပါ။ဗိုက်ကြွက်သားတွေ၊ ပေါင်နဲ့ တင်ပဆုံအပြင်ဖက်ကြွက်သားတွေကို ကျုံ့ဆန့်မလုပ်မိအောင်သတိထားပါ။ အသက်ရှူမအောင့်ထားပါနဲ့။(၃) ပုံမှန်လုပ်ပေးပါ။တင်ပဆုံအတွင်းပိုင်းကြွက်သား ကျုံ့ဆန့်တာကို တစ်ခါလုပ်ရင် ဆယ်ကြိမ်၊ ဆယ့်ငါးကြိမ်နဲ့ တစ်နေ့ကို သုံးကြိမ်လုပ်ပါ။Kkegel exerciseလုပ်တာဟာ သင့်ရဲ့တစ်နေ့တာ ပုံမှန်လုပ်ငန်းဆောင်တာထဲက တစ်ခုဖြစ်နေပါစေ။ ဘယ်အချိန်ဘယ်အခါမဆို စားပွဲပေါ်ထိုင်နေရင်းဖြစ်စေ၊ ဆိုဖာပေါ်လှဲနေရင်းဖြစ်စေ လုပ်လို့ရပါတယ်။Kegel exerciseကို နေ့စဉ်မှန်မှန်သာလုပ်သွားမယ်ဆိုရင်ဆီးထိန်းနိုင်လာခြင်း၊ အိမ်ထောင်ရေးသုခပြည့်စုံလာခြင်း၊ မိမိ ပါတနာအမျိုးသားကို ပိုမိုကျေနပ်အားရစေခြင်း စတဲ့အကျိုးတွေကို ရက်သတ္တပတ်အနည်းငယ် ဒါမှမဟုတ် လအနည်းငယ်အတွင်းမှာပဲ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီအကျိုးတရားတွေအမြဲရနေဖို့ဆိုရင်တော့ Kegel exercise ကို သင့်ရဲ့တစ်နေ့တာပုံမှန်လုပ်ငန်းဆောင်တာတစ်ရပ်အဖြစ် ထည့်သွင်းလုပ်ဆောင်နေဖို့တော့ လိုအပ်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/kegel-exercise/
သင့်ရဲ့ လိင်အဂါၤတောင့်တင်းမှုအပေါ် အကျိုးသက်ရောက်မှုရှိသော အစားအသောက်များ
မှန်ကန်သင့်တင့်မှုမရှိသော အစားအသောက်များစားခြင်းဟာ အမျိုးသားတစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုအပေါ်မှာ မကောင်းသော အကျိုးသက်ရောက်မှု တွေကိုစေနိုင်တဲ့ အဓိကအချက်တစ်ခု ဖြစ်တယ်ဆိုတာ သိထားရပါမယ်။ အချို့သော အစားအသောက် အမျိုးအစားတွေဟာ အမျိုးသားများရဲ့ testosterone ဟော်မုန်းပမာဏကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး သက်ရောက်လျက်ရှိပါတယ်။ ကောင်းမွန်တဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ရရှိစေရန် သို့မဟုတ် လိင်အဂါၤကောင်းမွန်စွာ တောင့်တင်းစေရန်အတွက် လိင်အဂါၤတောင့်တင်းမှု ကိုထိခိုက်စေတဲ့ အစားအသောက်များ ရှောင်ကြဉ်ခြင်းဟာ အကောင်းဆုံးသော နည်းလမ်းဖြစ်ပါတယ်။ အောက်ဖော်ပြပါ အစားအသောက်တွေဟာ သင်တို့အမျိုးသားတွေကို အဆိုးဝါးဆုံးဖြစ်စေမယ်လို့ ယူဆရပါတယ်။အမျိုးသားများရဲ့ နှလုံးပေါ်ကို ထိခိုက်စေတဲ့ အစားအသောက်တွေဟာ သူတို့ရဲ့ လိင်အဂါၤ တောင့်တင်းမှုပေါ်မှာလည်း ဆိုးရွားစွာ ထိခိုက်စေတယ်လို့ သုသေတနပြုချက် များအရ သက်သေပြလျက်ရှိပါတယ်။ သွေးလည်ပတ်မှု ကောင်းမွန်ခြင်းဟာဆိုရင် လိင်အဂါၤကို ကောင်းစွာထောင်မတ်စေနိုင်ပြီး ကျန်းမာရေးကောင်းမွန်ရန် ထိန်းသိမ်းပေးဖို့ရာ မရှိမဖြစ် အရေးကြီးတဲ့ အခန်းက ပါဝင်ပါတယ်။ တကယ်လို့ သင့်မှာ နှလုံးသွေးကြောဆိုင်ရာ ပြဿနာ ရှိနေပြီဆိုရင်တော့ သင်ဟာ လိင်အဂါၤကောင်းစွာမတောင့်တင်း နိုင်ခြင်း ဖြစ်နိုင်ခြေရှိပါတယ်။ အမျိုးမျိုးသော အသားအမျိုးအစားတွေ ဖြစ်တဲ့ ဝက်သား နှင့် အမဲသား စတာတွေဟာ အဆီနှင့် ကိုလက်စထရော ပမာဏ များစွာ ပါဝင်ပါတယ်။ ၎င်းဟာ နှလုံးအတွက် အလွန်ဆိုးရွားစေပြီး သင့်ရဲ့ လိင်အဂါၤ တောင့်တင်းမှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေဟာ သူတို့စားသောက်တဲ့ အစားအသောက်တွေထဲမှာ ကျန်းမာရေးနှင့် မညီညွတ်တဲ့ အသားတွေကို ရှောင်ကြဉ်ပြီးစား သင့်ပါတယ်။ ဒါ့အပြင် အသားဓါတ်ပါဝင်မှုများတဲ့ အသီးအရွက်တွေ စားပေးခြင်း၊ အိုမီဂါ သရီး ပါဝင်သော ငါးကြီးဆီ များ စားပေးခြင်း၊ အစေ့အဆံများ၊ ထောပတ်သီး၊ သံလွင်ဆီ စတဲ့ အဆီများ စားပေးခြင်းကိုတော့ ပြုလုပ်ပေးသင့်ပါတယ်။အကြော်အလှော်များဟာ သင့်ရဲ့နှလုံးကို ထိခိုက်စေနိုင်ပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကိုလည်း ထိခိုက်စေနိုင် ပါတယ်။ သင့်နှလုံးအတွက် မကောင်းသော အစားအသောက်ကတော့ အလွန်ပူပြင်းတဲ့ အပူချိန်မှာ အဆီတွေနှင့် ကြော်လှော်ချက်ပြုတ်ထားတဲ့ အစာတွေပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၎င်းဟာ စားသုံးသူတွေမှာ ကိုလက်စထရော ဆိုင်ရာပြဿနာများစွာကို ဖြစ်စေနိုင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီလိုအကြော်အလှော်တွေ စားမိတဲ့အခါ အဝလွန်ခြင်း စသောပြဿနာများ ဖြစ်စေတဲ့အတွက် အမျိုးသားတွေမှာ ဟော်မုန်းမညီမျှခြင်းတွေ ဖြစ်လာပါတယ်။ တကယ်လို့ သင်ဟာ ကောင်းမွန်တဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကို ရယူချင်တယ် ဆိုရင်တော့ အကြော်အလှော်တေ၊ွ ဒိုးနက်တွေနှင့် အသားကြော်တွေကို မစားသင့်တော့ပါဘူး။ ဒီအစားအသောက်တွေဟာ ဆီးကျိတ်ကင်ဆာ နှင့်ဆီးကျိတ်ကြီးခြင်း စတာတွေနဲ့လည်း ဆက်စပ်လျက်ရှိပါတယ်။ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ဟားဗက်တက္ကသိုလ်မှာ လေ့လာချက်အရ နေ့စဉ်စားသောအစာများတွင် ပဲပိစပ်ထည့်စားခြင်းဟာ ကျန်းမာရေး ကောင်းသော အမျိုးသားများရဲ့ သုက်ပိုးပမာဏကို ၄၀ ရာခိုင်နှုန်းအထိ လျော့ကျသွားနိုင်တယ်လို့ ဆိုပါတယ်။ သုတေသန ပြုသူများ ရှာဖွေတွေ့ရှိတာကတော့ သင်ဟာ ပဲပိစပ်ကို ပိုစားလေလေ သင့်ရဲ့ testosterone ဟော်မုန်းပမာဏ ဟာလည်း လျော့ကျလေလေပဲ ဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ ပဲပိစပ်မှာ ပါတဲ့ ပစ္စည်းတွေဟာ အမျိုးသမီး ဟော်မုန်းလို့ခေါ်တဲ့ အီစထရိုဂျင် ထွက်မှုကို အားပေးတာကြောင့် ဖြစ်ပါတယ်။ ဒီဟော်မုန်းဆိုရင် အမျိုးသားများရဲ့ ခန္ဓါကိုယ်မှာ ပုံမှန်အားဖြင့် အနည်းငယ်ပဲ ရှိပါတယ်။ ပဲပိစပ်စားသုံးခြင်းအားဖြင့် အီစထရိုဂျင် နဲ့ testosterone ဟော်မုန်းကြားမှာ မညီမျှမှုတွေ ဖြစ်စေပြီး အမျိုးသားများရဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဒုက္ခပေးပါတယ်။ ဒါကြောင့် အမျိုးသားများကို အထူးသဖြင့် ပဲပိစပ်ဖြင့်ပြုလုပ်ထားတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ဖို့ရာအတွက် အထူးသတိပေးပါတယ်။ သို့သော် အချဉ်ဖောက်ထားသော ပဲပိစပ် သို့မဟုတ် သဘာဝအားဖြင့် အချဉ်ဖောက်ထားသောပဲပိစပ်၊ ပဲပိစပ်နှင့် အချဉ်ဖောက်ထားသော ကိတ်မုန့်ပုံစံ မုန့်များ၊ ပဲပိစပ်မှပြုလုပ်ထားသော ဂျပန်နိုင်ငံတွင် စားသောက်သည့်မုန့် စတာတွေကတော့ ခြွင်းချက်ဖြစ်ပါတယ်။BBA လို့ခေါ်တဲ့ Bisphenol A ဟာပလပ်စတစ် အစားအသောက်ဘူး အများစုနှင့် ဆီသွပ်ဘူး တွေမှာ တွေ့ရတဲ့ ဓါတုဗေဒ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ၎င်းဟာဆိုရင် အမျိုးသားများမှာ လိင်အဂါၤတောင့်တင်းမှု မရှိခြင်း၊ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် လျော့ကျခြင်းနှင့် မြုံခြင်း စတာတွေနဲ့ ဆက်စပ်လျက်ရှိတယ်လို့ သိပ္ပံနည်းကျ လေ့လာတွေ့ရှိပြီးဖြစ်ပါတယ်။ အမျိုးသားများဟာ ဆီသွပ်ဘူး အစားအသောက်တွေကို ရှောင်ရှားဆင်ခြင် သင့်ပြီးအစားအသောက်တွေကို ပလတ်စတစ်ခွက်တွေထဲ ထည့်ပြီးသိမ်းခြင်း မပြုသင့်ပါဘူး။ ဒီလိုအမျိုးအစားခွက်တွေ ထဲမှာအစားအသောက်တွေကို ထည့်ပြီးမှ မိုက်ခရိုဝေ့ မီးဖိုမှာ အပူပေးခြင်းဟာလည်း လုံးဝကောင်းသော ရွေးချယ်မှု မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီ BBA ဆိုတဲ့ ဓါတုပစ္စည်းဟာ အပူပေးတဲ့ အခါမှာထွက်လာတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အခြားသောခွက်အမျိုးအစားကို အသုံးပြုခြင်း သို့မဟုတ် BBA free ဟု တံဆိပ်တပ်ထားသော ပစ္စည်းများကို ရှာဖွေအသုံးပြုခြင်းကို ပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် ရေတွေကို ပလတ်စတစ် ဗူးထဲကို ထည့်သောက်ခြင်း မပြုရန်လည်းပဲ အကြံပေးပါတယ်။အရက်အလွန်အကျွံ သောက်ခြင်းဟာဆိုရင် အမျိုးသားများရဲ့ လိင်အဂါၤ တောင့်တင်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကို များစွာထိခိုက်နိုင်ပါတယ်။ သိပ္ပံနည်းကျ လေ့လာတွေ့ ရှိချက်များအရ အရက်ကို တစ်နေ့လျှင် ၅ခွက်နှင့်အထက် အလွန်အမင်း သောက်သုံးသူတွေဟာ testosterone ဆိုတဲ့ ဟော်မုန်းပမာဏ သိသာစွာလျော့ကျနေပါတယ်။ အရက်ဟာ သင့်ရဲ့သွေးကြောထဲမှာ testosterone ဟော်မုန်းကို တိုက်ထုတ်ပစ်ပြီး ဒီဟော်မုန်း ထွက်လာမှုကို လျော့ကျစေပါတယ်။ အရက်အနည်းငယ်သောက်ခြင်း များသောအားဖြင့် ၁ ခွက်၊ ၂ခွက် သောက်မယ်ဆိုရင်တော့ testosterone ဟော်မုန်းပမာဏ အနည်းငယ်သာ လျော့ကျနိုင်ပြီး ချက်ချင်းသိသာတဲ့ သက်ရောက်မှုတော့ မရှိပါဘူး။ ဒါကြောင့် အမျိုးသားများဟာ အရက်ကို အနည်းငယ်သာသောက်ပေးဖို့ သင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%9b%e1%80%b2%e1%80%b7-%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%a1%e1%80%82%e1%80%ab%e1%80%84%e1%80%ba%e1%80%b9%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%b7/
ကြွက်သားတည်ဆောက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အစားအစာ ၁၀ မျိုး
ကြွက်သားတည်ဆောက်မှုအတွက်ကြိုးပမ်းနေချိန်အတွင်းမှာ လေ့ကျင့်ခန်းနဲ့ အလေးမခြင်းဆိုတာ ဖော်မြူလာရဲ့တစ်စိတ်တစ်ပိုင်းတွေသာဖြစ်တယ်ဆိုတာ သိထားဖို့အရေးကြီးပါတယ်။ သင့်အနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့အာဟာရဓါတ်စာကို စားသုံးဖို့လည်း လိုအပ်ပါတယ်။ ဒီလိုစားသုံးခြင်းက ကြွက်သားတည်ဆောက်မယ့်ပရိုတင်းဓါတ်ကိုရရှိစေနိုင်ရုံမက သင့်ရဲ့လေ့ကျင့်ခန်းတွေအပြီးအစီးလုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ ခွန်အားနဲ့အာဟာရဓါတ်တွေ ရရှိနိုင်ဖို့ ခန္ဓါကိုယ်ကိုထောက်ပံ့ပေးပါတယ်။ ကြွက်သားတည်ဆောက်ရေးမှာ ပရိုတင်းကအဓိကအာဟာရဖြစ်တယ်လို့ ယူဆထားကြတာဖြစ်ပေမယ့် ကြွက်သား သန်မာကြီးထွားဖို့အတွက် အကောင်းဆုံးဓါတ်စာထဲမှာပါဝင်တဲ့ တစ်ခုတည်းသောပါဝင်ပစ္စည်းတော့မဟုတ်ပါဘူး။ လိုအပ်တာက အာဟာရဓါတ်ညီညွတ်မျှတတဲ့ စားသောက်ပုံမှာ အသီးနဲ့ဟင်းသီးဟင်းရွက်တွေများများပါဝင်ပြီး ကြွက်သားဖွံ့ဖြိုးမှုကိုအားပေးနိုင်ဖို့ ကာဗိုဟိုက်ဒရိတ်၊ အကျိုးပြုအဆီဓါတ်တွေနဲ့ ပရိုတင်းပါတဲ့အစားအစာတွေကိုလည်း လိုအပ်ပါတယ်။ကြွက်သားတွေဖြစ်လာဖို့ ဘာတွေစားရမလဲ။ပရိုတင်းဓါတ်ကြွယ်ဝပြီးအဆီနည်းတဲ့အစားအစာတွေကို လိုအပ်ပါတယ်။ ဒါပေမယ့် ၎င်းအစားအစာတွေချည်းစားတာထက် ကျန်းမာရေးအတွက် ညီညွတ်မျှတတဲ့ စားသောက်ပုံဓါတ်စာအတွင်း ထည့်သွင်းစားသုံးတာက အကောင်းဆုံးဖြစ်ပါတယ်။(၁) သံလွင်ဆီ။သံလွင်ဆီအကြောင်း ထည့်မပြောဘဲနဲ့တော့ ကြွက်သားတွေကြီးထွားနိုင်ဖို့ အကြောင်းကို ဆွေးနွေးလို့မရပါဘူး။/ကြွက်သားကြီးထွားရေးအကြောင်း ဆွေးနွေးမယ် ဆိုရင် သံလွင်ဆီကတော့မပါမဖြစ်ပါပဲ။ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ကယ်လိုရီ ၁၂၀ ပါဝင်တဲ့ သံလွင်ဆီဟာ ကြွက်သားတည်ဆောက်မယ့်ကယ်လိုရီတွေ ပိုမိုရရှိနိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ကယ်လိုရီတွေမှာ ၂၀ မှ ၃၅ ရာခိုင်နှုန်းအထိက ကြွက်သားတည်ဆောက်ရေးစားသောက်ပုံ အာဟာရဓါတ်စာထဲမှ အဆီဓါတ်တွေကနေရရှိသင့်ပါတယ်။(၂) ဗာဒံစေ့။ကျန်းမာရေးနဲ့ညီညွတ်တဲ့ monounsaturated အဆီတွေ အများအပြားပါဝင်မှုကြောင့် အစေ့အဆန်တွေဟာ အရမ်းကို ကယ်လိုရီသိပ်သည်းပါတယ်။ ပမာဏနည်းနည်းလေးစားရုံနဲ့ ကယ်လိုရီတွေတပုံတခေါင်း ရရှိဖို့လွယ်ကူတာကြောင့် သင်ဟာ ကြွက်သားကြီးထွားဖို့ ကယ်လိုရီများများစားသုံးနိုင်ဖို့ ကြိုးပမ်းနေချိန်မှာဆိုရင် အစေ့အဆန်တွေက ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုပါပဲ။(၃) မလိုင်ထုတ်ဒိန်ခဲပျော့။ကြားရတာအံ့သြစရာဖြစ်မယ်ဆိုပေမယ့် ကိုယ်ခန္ဓါကြီးထွားရေးအတွက် တည်ဆောက်နေတဲ့သူတွေဟာ ဒိန်ခဲပျော့ကိုလည်း ထည့်သွင်းစားသုံးကြပါတယ်။ ဘာ့ကြောင့်လဲသိချင်ရင်တော့ အဆီထုတ် သို့မဟုတ် အဆီလျှော့ ဒိန်ခဲပျော့တွေမှာပါတဲ့ တံဆိပ်ဖော်ပြချက်ကိုသာ ဖတ်ကြည့်လိုက်ပါ။ အဆီလျှော့ဒိန်ခဲပျော့ လက်ဖက်ရည်ပန်းကန်လုံးတစ်ဝက်မှာ ပရိုတင်း ၁၄ ဂရမ်၊ ကယ်လိုရီ ၈၀ သာပါပြီး အဆီဓါတ်က ၂ ဂရမ်ပါဝင်ပါတယ်။ ယုံကြည်လိုက်ပါ။ ဒီတစ်ခုက အကောင်းဆုံးပါ။(၄) ကမာကောင်။ကြွက်သားတည်ဆောက်မှုအတွက် လူသိအများဆုံးအစားအစာမဟုတ်ပေမယ့်လည်း ကမာကောင်တွေဟာ အလေးမနေသူ၊ ကိုယ်ခန္ဓါကြီးထွားရေး လေ့ကျင့်နေသူတွေအတွက် အထူးအရေးပါတဲ့နောက်ထပ်လျှို့ဝှက်ချက်ဖြစ်နေပါတယ်။ ချက်ပြုတ်ထားတဲ့ကမာကောင် ၁၀၀ ဂရမ်လောက်မှာပဲ ပရိုတင်းက ၂၀ ဂရမ်အထက်ပါရှိပြီး အဆီက ၅ ဂရမ်သာပါပါတယ်။ ကမာကောင်တွေက တခြားအစားအစာတွေထက် ဇင့်ဓါတ်လည်းပိုများပါတယ်။ မဂ္ဂနီဆီယမ်လိုပဲ ဇင့်ဟာလည်း ပရိုတင်းချက်လုပ်ရေးမှာ မရှိမဖြစ်လိုအပ်တဲ့သတ္တုဓါတ်ဖြစ်ပြီး ဒါ့ကြောင့်ပဲ ကမာကောင်တွေကို ကြွက်သားကြီးထွားရေး အတွက် ထိပ်တန်းအစားအစာဖြစ်စေတာဖြစ်ပါတယ်။(၅) နွားနို့။နွားနို့ဟာ ခန္ဓါကိုယ်ဖွံ့ဖြိုးမှုအတွက်အရေးပါကြောင်းကို ငယ်ရွယ်စဉ်ကတည်းက အမျိုးသားတွေ သိထားကြပြီးဖြစ်ပါတယ်။ ဒါပေမယ့် အရွယ်ရောက်ပြီးသား အမျိုးသားတွေမှာတောင် နွားနို့က အရေးပါနေဆဲဖြစ်ပါတယ်။ နွားနို့က တိရစ္ဆာန်ဆီကရတဲ့အစားအစာဖြစ်တာကြောင့် လိုအပ်တဲ့အမိုင်နိုအက်စစ်တွေ အပြည့်ပါရှိပြီး အဆီဓါတ်လည်းနည်းပါတယ်။(အထူးသဖြင့် အဆီထုတ်နို့တွေမှာဆိုပိုနည်းပါတယ်) နွားနို့ကို နို့မဒန်းရည်နဲ့ရောနှောလိုက်မယ်ဆိုရင် ကြွက်သားတွေအပေါ် နွားနို့ရဲ့အကျိုးကျေးဇူးပိုကောင်းနိုင်ပါတယ်။(၆) အဆီထုတ်ကြိတ်ချေထားတဲ့အမဲသား။အဆီထုတ်ကြိတ်ချေထားတဲ့အမဲသားလိုမျိုး အနီရောင်အသားတွေဟာ ပရိုတင်းဓါတ်ကြွယ်ဝတာကြောင့် အနီရောင်အသားကိုကြောက်တဲ့စိတ်ကြောင့်၎င်းကို လုံးဝမစားဘဲရှောင်လိုက်တာက အမှားတစ်ခုဖြစ်သွားနိုင်ပါတယ်။ အဆီထုတ်ကြိတ်ချေထားတဲ့အမဲသား ၁၀၀ ဂရမ်လောက်မှာပဲ ပရိုတင်းက ၂၇ ဂရမ်အထက် ပါဝင်နိုင်ပါတယ်။ တစ်ခါစားပမာဏမှာ အဆီများတတ်ပေမယ့်(အဆီ ၁၁ ဂရမ်နဲ့ ကယ်လိုရီ ၂၀၀ ကျော်ပါဝင်) တခြားအသားတွေနဲ့ကွာခြားတဲ့အချက်က ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပိုများတာပဲဖြစ်ပါတယ်။ အမဲသားမှာပါတဲ့ ဗီတာမင် B12၊ ဇင့်နဲ့ သံဓါတ်တို့အားလုံးက ကြွက်သားကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးပါတယ်။(၇) ပဲပိစပ်။ပဲပိစပ်အစိမ်း၊ တို့ဟူး လုပ်စားစား ဒါမှမဟုတ် ပဲနို့အဖြစ်ပဲစားစား ပဲပိစပ်ရဲ့ကြွက်သားတည်ဆောက်မှုအစွမ်းသတ္တိတွေကို တခြားဘယ်အပင်ကမှ မယှဉ်နိုင်ပါဘူး။ ပရိုတင်းအပြည့်အဝထောက်ပံ့ပေးနိုင်တဲ့ အပင်အရင်းအမြစ်အနည်းငယ်ထဲကမှ တစ်ခုဖြစ်တဲ့ ပဲပိစပ်ကလည်း သူ့နည်းသူ့ဟန်နဲ့ ပရိုတင်းဓါတ် ထောက်ပံ့ပေးပါတယ်။ ချက်ပြုတ်ထားတဲ့ပဲပိစပ်ပန်းကန်လုံးတစ်လုံးမှာ အမိုင်နိုအက်စစ် ၂၀ ဂရမ်ပါဝင်ပါတယ်။ ပဲပိစပ်မှာ တခြားအရေးပါတဲ့ ဗီတာမင်နဲ့သတ္တုဓါတ်တွေ လည်းပါဝင်တာကြောင့် ကမ္ဘာမှာရှိတဲ့ ကျန်းမာရေးအတွက်အကောင်းဆုံး ကြွက်သားတည်ဆောက်ရေးအစားအစာတွေထဲ အပါအဝင် ဖြစ်စေတာပါ။(၈) ကြက်ဥ။ကြက်ဥတစ်လုံးမှာ ပရိုတင်း ၅ ဂရမ်မှ ၆ ဂရမ်ထိပါဝင်နိုင်ပြီး ကယ်လိုရီက ၆၀ လောက်သာပါရှိပါတယ်။ ဒါပေမယ့် ကြက်ဥကို အထူးအစားအစာဖြစ်စေတာက ပါဝင်တဲ့ပရိုတင်းပမာဏကြောင့်ပဲမဟုတ်ပါဘူး။ အမျိုးအစားကြောင့်ပါ။ ကြက်ဥပရိုတင်းဆိုတာ အစားအစာတိုင်းရဲ့အမြင့်မားဆုံးဇီဝတန်ဖိုးနဲ့ သဟဇာတအဖြစ်နိုင် ဆုံးပရိုတင်းအဖြစ် မှတ်ယူနိုင်ပါတယ်။ ဒါ့ကြောင့် ကြက်ဥမှာပါတဲ့ပရိုတင်းက ကြွက်သားကြီးထွားဖွံ့ဖြိုးမှုအတွက် အသုံးဝင်ဆုံးဖြစ်ပါတယ်။(၉) ကြက်သား။ကြက်သားဟာ ကြွက်သားတည်ဆောက်ရေးမှာ မပါမဖြစ်အစာအာဟာရဖြစ်ပါတယ်။ ကောင်းမွန်လတ်ဆတ်တဲ့ ကြက်သား ၁၀၀ ဂရမ်က သင့်ခန္ဓါကိုယ်ကို ပရိုတင်း ၃၁ ဂရမ်နဲ့ အဆီ ၄ ဂရမ်လောက် ထောက်ပံ့ပေးမှာပါ။ ဒါ့ကြောင့် ပရိုတင်းနဲ့အဆီ အချိုးချမျှတမှုနဲ့ပတ်သက်ရင်တော့ သင့်ကို စူပါစတားဖြစ်စေပါလိမ့်မယ်။ ကြက်သားရဲ့ ကောင်းမွန်လှတဲ့အရသာနဲ့ စွယ်စုံသုံးလို့ရတဲ့အားသာချက်တို့ကို ပေါင်းလိုက်တဲ့အခါ ကြက်သားဟာ ကြွက်သားတည်ဆောက်ရေးထိပ်တန်းဓါတ်စာအာဟာရတွေထဲမှာ ပါဝင်နေတယ်ဆိုတာ ငြင်းစရာမလိုတော့ပါဘူး။(၁၀) ငါး။ငါးမှာ ပြည့်ဝဆီနည်းပါးတဲ့ ပရိုတင်းအပြည့်အဝပါဝင်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ဓါတ်စာအာဟာရမှာ အမိုင်နိုအက်စစ်ရရှိနိုင်တဲ့ အရင်းအမြစ်လည်းဖြစ်ပါတယ်။ ဆော်လမွန်ငါးဟာ ကယ်လိုရီများတာကြောင့် တူနာ သို့မဟုတ် ကော့ဒ်ငါးကြီးတို့လို အဆီနည်းတဲ့ငါးတစ်ကောင်ထက် ကြွက်သားတည်ဆောက်ရေး ပရိုတင်း ပိုများပါတယ်။ သင်ဟာ တက်ကြွလှုပ်ရှားသူဖြစ်ပြီး ကြွက်သားတည်ဆောက်ဖို့ ရည်ရွယ်ထားသူဆိုရင် ဒီလိုကယ်လိုရီပိုများတာက ကောင်းတယ်လို့ ဓါတ်စာအာဟာရပညာရှင် Karen Ansel ပြောဖူးပါတယ်။ ဒါ့အပြင် အိုမီဂါ 3 အဆီ၊ ကယ်လ်စီယမ်နဲ့ ဗီတာမင် D တို့ကိုလည်းရရှိနိုင်ပါတယ်။အသီးအနှံတွေကိုလည်းမမေ့ပါနဲ့။အသီးတွေက ဗီတာမင်နဲ့သတ္တုဓါတ်တွေ ကောင်းကောင်းပါဝင်ပြီး ကာဗိုဟိုက်ဒရိတ်ရရှိနိုင်တဲ့ သဘာဝအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ ကယ်လိုရီများတဲ့အသီးတွေဆိုရင်တော့ ငှက်ပျောသီး၊ နာနတ်သီး၊ ဒါမှမဟုတ် စပျစ်ခြောက်၊ ခရမ်ဘယ်ရီသီးခြောက်တို့လို အသီးခြောက်တွေကို ရွေးချယ်နိုင်ပါတယ်။ ဒီအသီးတွေကို အုတ်ဂျုံ၊ဆန်လုံးညိုနဲ့ whole wheat ပေါင်မုန့်တို့လို အာဟာရပြည့်အနှံတွေ သို့မဟုတ် ကန်စွန်းဥလို သစ်ဥသစ်ဖုတွေနဲ့ တွဲဖက်စားသုံးပါ။ ထပ်ပြောရရင် ကန်စွန်းဥတွေဟာ အာလူးတွေထက် အာဟာရဓါတ်ပါဝင်မှု ပိုသိပ်သည်းပြီး ချေဖျက်ဖို့နှေးတဲ့ ကာဗိုဟိုက်ဒရိတ်တွေ ပါရှိပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/sports-nutrition/%e1%80%80%e1%80%bc%e1%80%bd%e1%80%80%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%90%e1%80%8a%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%a1%e1%80%90%e1%80%bd/
ဝက်ခြံကို မှန်ကန်သော နည်းလမ်းနှင့် ဘယ်လိုညှစ်ထုတ်ကြမလဲ။
ကဲ..ဝန်ခံကြပါစို့။ ကျွန်ုပ်တို့မျက်နှာပေါ်မှာ ဝက်ခြံထွက်လာတဲ့အခါ ဒီဝက်ခြံတွေကို ညှစ်ချင်စိတ်က တားဆီးလို့မရနိုင်ပါဘူး။ ကျွန်ုပ်တို့ရဲ့ လက်တွေကို နူးညံ့တဲ့ မျက်နှာနှင့် ဝေးဝေးမှာထားခြင်းဟာ အကောင်းဆုံးလို့ သိထားသော်လည်း တကယ်လို့ ဝက်ခြံတွေဟာ ဘယ်လိုနည်းနဲ့မှ သင်တားဆီးလို့မရအောင် စိတ်ညစ်စရာကောင်းလာခဲ့ရင်တော့ ၎င်းတို့ကို မှန်ကန်သော နည်းလမ်းနဲ့ ညှစ်ထုတ်ပေးသင့်တယ် ဆိုတာဦးစွာ သိသင့်ပါတယ်။ဝက်ခြံဟာ ညှစ်ထုတ်ဖို့ အချိန်ကျပြီလားဆိုတာ သိရပါမယ်။သင့်မျက်နှာပေါ်မှာ မကြာသေးခင်ကမှ ပေါ်လာတဲ့ ဝက်ခြံကိုသင် ညှစ်ထုတ်နိုင်မှာမဟုတ်ပါဘူး။ အမှန်ကတော့ ဝက်ခြံကို အဆင်ပြေပြေ ညှစ်ထုတ်ဖို့ရာအတွက် အဆံလေးပေါ်လာမှသာ ရပါလိမ့်မယ်။ ဒီလိုဖြစ်ဖို့ရာ ဝက်ခြံပေါက်နေတဲ့ နေရာကို ရေနွေးဖိကပ်ပေးခြင်းအားဖြင့် လှုံ့ဆော်နိုင်ပါတယ်။ ဝက်ခြံရဲ့အလယ်မှာ ရှိတဲ့ပြည်ဖု လိုမျိုး အဖြူရောင်အဆံလေးကို သင်တွေ့ရပြီ ဆိုရင်တော့ ၎င်းကို ညှစ်ထုတ်ဖို့ အချိန်ကျပါပြီ။အရေပြားအောက်ခြေမှာ နက်နက်နဲနဲ ရှိနေတဲ့ အနီရောင် ဝက်ခြံတွေကိုတော့ ညှစ်မထုတ်သင့် သေးပါဘူး။ ဒီလိုညှစ်ထုတ်ခဲ့မယ်ဆိုရင် ဝက်ခြံတွေကို ပိုပြီးတော့တောင် ရောင်ရမ်း၊ နီမြန်းလာစေပြီး အရေပြားပိုးဝင်ခြင်းကိုတောင် ဖြစ်စေနိုင်ပါတယ်။ ဝက်ခြံတွေကို အဆင်ပြေပြေ ပျောက်ကင်း ချင်တယ်ဆိုရင်တော့ အရေပြားကျွမ်းကျင် ပညာရှင်နှင့် တိုင်ပင်ကုသခြင်းက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ဝက်ခြံကို မှန်ကန်သော နည်းလမ်းနှင့် ဘယ်လိုညှစ်ထုတ်ကြမလဲ။တကယ်လို့ ဝက်ခြံညှစ်ထုတ်ဖို့ရာ အချိန်ကျပြီဆိုရင် လက်ကိုသန့်ရှင်းအောင် ပြုလုပ်ပြီးတဲ့အခါ သင်လိုအပ်မယ့် ပစ္စည်းတွေကတော့ သန့်ရှင်းပြီး ချွန်ထက်သောအပ်၊ အရက်ပြန်နှင့် ဂွမ်းလုံးအချို့ စတာတွေဖြစ်ပါတယ်။အပ်ကိုမီးအပူပေးပြီး အရက်ပြန်နှင့်ပွတ်ကာ ပိုးသတ်ပေးဖို့ လိုပါတယ်။ သင့်ရဲ့လက်တွေကို လှုပ်ရှားခါယမ်းမနေအောင် မျက်နှာပြင် ငြိမ်ငြိမ်တစ်ခုပေါ်မှာ တင်ထားပါ။ ဝက်ခြံပြည်ဖုရဲ့ ထိပ်တည့်တည့်ကို အပ်နဲ့ ညင်သာစွာ ဖောက်ရုံသာ ဖောက်ပါ။ ပြီးနောက် ဝက်ခြံထဲမှာ အပေါက်ငယ်လေး ပွင့်သွားအောင် အရေပြားကို ဆွဲဟပါ။ ပြီးလျှင် ဝက်ခြံ အဆံထုတ်သည့် ညှပ်အသေးစား သို့မဟုတ် သင့်ရဲ့သန့်ရှင်းသော လက်ချောင်းတွေကို သုံးပြီး ဝက်ခြံပတ်လည်ကို ဖိညှစ်ပါ။ သွေးအနည်းငယ် သို့မဟုတ် အရေကြည်ထွက်လာတဲ့အခါ ဖိညှစ်ခြင်းကို ရပ်ပါ။ တကယ်လို့ ဆက်ပြီးညှစ်မယ်ဆိုရင် ဝက်ခြံဟာ ပိုပြီးဖောင်းလာရောင်လာနိုင်ပါတယ်။ ဝက်ခြံကို အောက်ခြေနက်နက်အထိ မညစ်ပါနဲ့။ အဖြူရောင် အပိုင်းလေးကိုသာ ညှစ်ရမှာဖြစ်ပါတယ်။ ဝက်ခြံညှစ်ပြီးခါစမှာ သင့်ကိုယ်သင် မကြည့်ချင်လောက်အောင် ဖြစ်နေနိုင်ပါတယ်။ ဝက်ခြံညှစ်ထားတဲ့ နေရာတွေဟာ ကောင်းကောင်းမသက်သာခင်မှာ အနည်းငယ် ပိုကြည့်ရဆိုးနိုင်ပါတယ်။ဝက်ခြံတွေ ညှစ်ထုတ်ပြီးသွားတဲ့အခါ ဘာဆက်လုပ်ရမလဲ။ဝက်ခြံညှစ်ပြီးတဲ့အခါ ၎င်းပတ်ဝန်းကျင် တစ်ဝိုက်ကို အရက်ပြန်နှင့် အနည်းငယ် ဖိပွတ်ပြီး သန့်ရှင်းပေးဖို့ရာ သတိရပါ။ အရေပြားပိုးဝင်ခြင်းမှ ကာကွယ်ရန် ပိုးသတ်ဆေး ခရင်မ်ကို လိမ်းပေးခြင်း သို့မဟုတ် အရေပြား နီမြန်းရောင်ရမ်းခြင်းကို သက်သာစေရန်။ဆရာဝန်ညွှန်ကြားချက်မလိုပဲ မိမိဘာသာ ဝယ်ယူနိုင်သော corticosteroid ခရင်မ်ကို အနည်းငယ် လိမ်းပေးခြင်း စတာတွေကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။တကယ်လို့ သင်ဟာ ဝက်ခြံအများကြီးထွက်ခြင်း သို့မဟုတ် သင့်ကိုနာကျင်စေတဲ့ ဝက်ခြံ အကြီးကြီးတွေနှင့် ကြုံတွေ့လာရပြီဆိုရင်တော့ သင့်ပြသနာကို ဖြေရှင်းရန် ဆရာဝန် သို့မဟုတ် အရေပြားကျွမ်းကျင် ပညာရှင်နှင့် တိုင်ပင်သင့်ပါတယ်။အပေါ်မှာဖော်ပြခဲ့တဲ့ နည်းလမ်းတွေဟာ ဝက်ခြံညှစ်ထုတ်ရာမှာ သင့်ကို အန္တရာယ်အကင်းဆုံးဖြစ်အောင် ကူညီပေးသော်လည်း ဝက်ခြံကို သူ့အလိုအလျောက် ပျောက်ကင်းသည်အထိ ထားပေးခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ ဝက်ခြံကို အုပ်ဖို့ရာ ချွေးပေါက်ပိတ်ပြီး ဝက်ခြံဖြစ်စေခြင်း မရှိတဲ့ မိတ်ကပ်ကို သုံးပေးခြင်းဟာလည်း နောက်ထပ်နည်းလမ်း တစ်ခုဖြစ်ပါတယ်။ သင့်ရဲ့လက်တွေမှာ ရှိနေတဲ့ ဘတ်တီးရီးယားပိုးတွေဟာ ဘယ်အချိန်မှာ ဘယ်လိုရှိနေလဲဆိုတာ သတိမပြုမိနိုင်တဲ့အပြင် ဝက်ခြံနှင့် တွေ့တဲ့အခါ ၎င်းကို ပိုပြီးနီလာ၊ ရောင်လာ၊ ဖောင်းလာစေပြီး ပိုးဝင်စေပါတယ်။ တစ်ခါတစ်ရံမှာ အမာရွတ်တွေတောင် ဖြစ်နိုင်ပါတယ်။ ဝက်ခြံတစ်လုံးဟာ ၃ရက်မှ ၇ရက် ကြာပြီးတဲ့အခါ သူအလိုအလျောက်ပျောက်သွားနိုင်ပါတယ်။ ဒါကြောင့် သင့်မျက်နှာပေါ်က ဝက်ခြံတွေကို ညှစ်ထုတ်တော့မယ် ဆိုရင်တော့ ဂရုစိုက်ပြီးမှန်မှန်ကန်ကန် ပြုလုပ်ဖို့ရာ သတိရပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%9d%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%80%e1%80%af%e1%80%ad-%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%80%e1%80%94%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac-%e1%80%94%e1%80%8a%e1%80%b9/
နို့ထောက်ပံ့မှုနည်းခြင်းကို ရင်ဆိုင်ဖြေရှင်းခြင်း
နို့ထွက်နည်းသည်ဟုထင်ခြင်းသည် မိခင်များစွာ ရင်ဆိုင် ရသော အဖြစ်များသော နို့တိုက်ခြင်းဆိုင်ရာ ပြဿနာတစ်ခု ဖြစ်သည်။ ၎င်းသည် မိခင်များမှ နို့အလုံအလောက် ရှိသော် လည်း နို့အလုံအလောက် မထုတ်နိုင်ဘူးဟု ထင်နေသော အခြေအနေတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိခင် အသစ်များစွာသည် မိခင်နို့တစ်မျိုးတည်းသာ ကလေးအား တိုက်ကျွေးရန် စိတ်ခံစားမှုနှင့် မိမိကိုယ်ကို ယုံကြည်မှု နည်းသောကြောင့် ဖြစ်သည်။ထို့အပြင် မိခင်နို့သည် ကလေးငယ်အတွက် အကောင်းဆုံး အာဟာရ ကို ပေးနိုင်သည်ဟု သက်သေရှိသော်လည်း လူများစွာသည် ဖော်မြူလာနို့နှင့်ယှဉ်လျှင် မိခင်နို့ကို အထင်သေးကြသည်။မိခင်များသည် နို့ထောက်ပံ့မှု လုံလောက်သလား ဆုံးဖြတ် ရန် မှားယွင်းသော လက္ခဏာများကို သုံးကြသည်။ သူတို့သည် ကလေးငယ်၏ ကိုယ်အလေးချိန် တက်မှုကို အခြေခံသင့် သည်။ မိခင်နို့တိုက်သော ကလေးငယ်သည် လွန်ကဲစွာ ကျွေးမွေးထားပုံ မပေါ်ဘဲ ဖော်မြူလာနို့တိုက်သော ကလေး ကဲ့သို့ ဝဖြိုးခြင်း မရှိပါ။ ကျွမ်းကျင်သူများ၏ အဆိုအရ ကလေး ငယ်သည် ၅-၆ လတွင် မွေးခါစကိုယ်အလေးချိန် ၂ဆဖြစ်ပြီး ၁နှစ် တွင် ၃ဆ ဖြစ်သည်။မိခင်သည် အခြား ညွှန်ပြမှုတစ်ခု ဖြစ်သော ကလေးခါးတောင်းကျိုက်ပိတ်စကို ကြည့်နိုင်သည်။ ကလေးငယ်များသည် တစ်နေ့လျှင် အနည်းဆုံး ၄-၆ ကြိမ် ကလေးခါးတောင်းကျိုက်ပိတ်စကို စိုစေသည်။ ပျော့ပြီး ဝါသော ပျစ်ခဲသော ဝမ်းသွားသည်။ ထို့အပြင် မိခင်သည် ကလေး၏ အရေပြားအရောင် သို့မဟုတ် မျက်လုံးကို သတိပြု မှတ်သားနိုင်သည်။အဖြေမှာ ကောင်းလာနိုင်ပါသည်။ မှတ်တမ်းများအရ အသုံးများသော အချို့ဆေးဖက်ဝင်များသည် နို့ထွက်နည်း သော မိခင်များအတွက် ဘေးကင်းသည်။ ၎င်းတို့မှာ Fenugreek (Trigonella foenum-graecum), Milk thistle (Silybum marianum) နှင့် Goat’s rue (Galega officinalis) တို့ဖြစ်သည်။နို့တိုက်နေသော မိခင်များအတွက် မျှတသော အစားအသောက်နှင့် အရည်လုံလောက်စွာသောက်ခြင်းသည် နို့ထောက်ပံ့မှု ကောင်းစေရန် အရေးပါသည်။ အစားအသောက် တွင် ငါးနှင့် သင်္ဘောသီး ပုံမှန်ပါခြင်းသည် အန္တရာယ် မဖြစ်စေ ပါ။နို့တိုက်ခြင်း ပြဿနာရှိပါက နို့ထောက်ပံ့မှုနည်းခြင်း သည် အကြောင်းများစွာကြောင့် ဖြစ်နိုင်သည်။ နို့စို့ပုံ မမှန်ခြင်း သည် အကြောင်းရင်းတစ်ခု ဖြစ်သည်။ ကလေး နို့စို့ပုံ မမှန်ခြင်း သည် လုံလောက်သော ရင်သားလှုံ့ဆော်မှု မဖြစ်စေဘဲ နို့ထုတ်လုပ်မှုကို တားဆီးသည်။နို့ထောက်ပံ့မှု နည်းခြင်းသည် နို့သီးခေါင်း ပုံစံကြောင့်လည်း ဖြစ်နိုင်သည်။ အထူးသဖြင့် ပြားသော သို့မဟုတ် အတွင်းသို့လှန်သော နို့သီးခေါင်းသည် သင့်ကလေးအား နို့တိုက်ရန် ခက်ခဲစေသည်။ အခြား အကြောင်းရင်းတစ်ခုမှာ သင်သည် နို့သီးခေါင်းအနာ ခံစားနေရခြင်း ဖြစ်သည်။ ၎င်းသည် နို့တိုက်ခြင်းကို နှေးစေ သည်။ထို့အပြင် တစ်ခါတစ်ရံမှ နို့တိုက်ခြင်းသည် နို့ထွက်မှုကို နည်းစေနိုင်သည်။ ၎င်းကို ဖြေရှင်းရန် သင့်ကလေးကို ၂၄ နာရီတွင် ၈ ကြိမ် (သို့မဟုတ် ၈ ကြိမ်ထက်ပို၍) မကြာခဏ နို့တိုက်ပါ။ မကြာခဏ နို့တိုက်ခြင်းသည် သင့်ရင်သားများအား နို့ပိုထွက်စေရန် တွန်းအားပေးသည်။ ဖော်မြူလာနို့ သောက် သော ကလေးများသည် ထိန်းသိမ်းပြုစုရန် ခက်သည်။ ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားအပြီးတွင် မိခင်များတွင် စိတ်ဖိစီးမှု ဖြစ်ခြင်းသည် မရှောင်လွဲနိုင်သော အရာဖြစ်သည်။ ၎င်းသည် နို့ထုတ်လုပ်မှုကို လျော့ကျစေသော အဓိက အချက် တစ်ချက်ဖြစ်သည်။အထက်တွင် ပြောခဲ့သည့်အတိုင်း လုံလောက်သော အစားအစာ၊ အရည်နှင့် အနားယူခြင်းသည် သင်၏ နို့ ထွက်မှုကို များစေနိုင်သည်။ ထို့အပြင် သင်သည် နို့ဘူး သို့မဟုတ် ချိုလိမ် အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် သင့်ကလေးသည် ဘယ်အရာက နို့သီးခေါင်းဆိုတာကို မသိနိုင်သောကြောင့်ဖြစ်သည်။ ၎င်းတို့ အစား လိုအပ်ပါက ခွက်၊ ဇွန်း သို့မဟုတ် ပြွန်တံတို့ကို သုံးနိုင်သည်။ဘယ်အရာမှ အလုပ်မဖြစ်ပါက ဆရာဝန်အား အကူအညီ တောင်းသင့်သည်။ ဆရာဝန်သည် domperidone ဟုခေါ် သော ဆေးတစ်မျိုးပေးနိုင်သည်။ ထိုဆေးသည် နို့ထောက်ပံ့မှု ကို များစေသော prolactin ဟော်မုန်း ထုတ်လုပ်မှုကို တိုးမြှင့် စေနိုင်သည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/%e1%82%8f%e1%80%ad%e1%80%af%e1%82%94%e1%80%b1%e1%80%91%e1%80%ac%e1%80%80%e1%80%b9%e1%80%95%e1%80%b6%e1%80%99%e1%82%88%e1%80%94%e1%80%8a%e1%80%b9%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/