url
stringlengths
33
37
title
stringlengths
2
255
content
stringlengths
17
96.5k
category
stringclasses
16 values
image
stringlengths
52
582
⌀
date
stringlengths
20
23
admin
stringclasses
6 values
https://www.myawady.net.mm/node/291
ဘယ်လို တိရစ္ဆာန်တွေက လိင်နှစ်မျိုးပိုင်ဆိုင်ပြီး လိင်အမျိုးအစားကို ပြောင်းလဲနိုင်တာလဲ
ဒါဝင်ရဲ့ ဆင့်ကဲပြောင်းလဲမှု သီအိုရီအရဆိုရင် သားရဲတွေဟာ သူတို့ရဲ့ကမ္ဘာမှာ အသက်ရှင် သန်ရပ်တည်နိုင်ဖို့နဲ့ အောင်မြင်စွာ မျိုးပွားနိုင်ဖို့အတွက် ဇီဝရုပ်တွေကို ပတ်ဝန်းကျင် အခြေအနေနဲ့ လိုက်လျောညီထွေမှုရှိစွာ ပြောင်းလဲရလေ့ရှိတယ်လို့ ဆိုပါတယ်။။အမဲလိုက်ဖို့နဲ့ ထွက်ပြေးဖို့အတွက် ပုံဖျက်ဖုံးကွယ်မှုကို အသုံးပြုတဲ့ တောရိုင်းတိရစ္ဆာန်များမှသည် သစ်ပင်တွေမှာထက် အဆောက်အအုံတွေမှာ အသိုက်ဖွဲ့ရတဲ့ မြို့ပေါ်ရှိငှက်တွေအထိ သူတို့အားလုံးရဲ့ အသက်ရှင်သန် ရပ်တည်ရေးအတွက် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ပြောင်းလဲနိုင်မှုက အရေးပါ ပါတယ်။။ဒီလိုဆင့်ကဲပြောင်းလဲမှုမှာမှ ရှားရှားပါးပါးအနေနဲ့ အထီးလိင်ကော၊ အမလိင်ကောနှစ်မျိုးစလုံးကို ပိုင်ဆိုင်ထားတဲ့ တိရစ္ဆာန်တွေလည်း ရှိပါသေးတယ်။ တချို့တိရစ္ဆာန်တွေဆိုရင် မျိုးပွားဖို့အတွက် သူတို့ရဲ့လိင်အင်္ဂါတွေကိုတောင်မှ ပြောင်းလဲနိုင်စွမ်း ရှိတာတွေ့ရပါတယ်။ အဲဒီတိရစ္ဆာန်တွေထဲကမှ တချို့ကို ထုတ်နုတ်ဖော်ပြလိုပါတယ်။။ဖားများ။သုတေသီတွေဟာ ဆင်ခြေဖုံးဒေသမှာရှိတဲ့ ညစ်ညမ်းမှုရှိရာ ရေကန်တွေထဲမှာနေတဲ့ ဖားတွေကို လေ့လာရာမှာ ထူးခြားလှတဲ့ တိရစ္ဆာန်တွေရဲ့ သဘာဝတစ်ခုကို တွေ့ရှိလိုက်ရပါတယ်။ အဲဒါကတော့ သုတေသနပြုရာမှာ ပါဝင်တဲ့ ဖားအထီးအများအပြားဟာ သူတို့ရဲ့လိင်အင်္ဂါတွေကို ပြောင်းလဲနိုင်ခြင်း ပါပဲ။ ဒီလိုပြောင်းလဲနိုင်ခြင်းဟာ ပိုးသတ်ဆေးမှာပါတဲ့ အထရာဇင်းလို့ခေါ်တဲ့ ဓာတုပစ္စည်း တစ်မျိုး ကြောင့်ဖြစ်ပါတယ်။။ဒီလိုဓာတုပစ္စည်းတွေက ရေကန်တွေ၊ မြစ်ချောင်းတွေထဲ ပျော်ဝင်သွားတဲ့အခါ ဖားအထီးရဲ့လိင်အင်္ဂါ ဟော်မုန်းဖြစ်တဲ့ တက်စတိုစတီရုန်းကို မထွက်ရှိစေတော့ဘဲ အီစထရိုဂျင်လို့ခေါ်တဲ့ အမလိင်အင်္ဂါ ဟော်မုန်းတွေသာ တိုးမြင့်ထွက်ပေါ်လာတာကြောင့် ဖားတွေဟာလိင်ပြောင်းသွားရတာဖြစ်ပါတယ်။။မြွေများ။မြွေအများစုကတော့ မိတ်လိုက်ခြင်းမှ တစ်ဆင့်သာ မျိုးပွားမှုကို လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။ မြွေအမျိုးအစားအပေါ်မူတည်ပြီး တချို့က ဥဥတာ၊ တချို့က အကောင်လိုက်မွေးတာမျိုးနဲ့ မျိုးပွားခြင်း ဖြစ်ပါတယ်။။ဒါပေမဲ့ တချို့မြွေတွေကတော့ မိတ်လိုက်စရာမလိုဘဲ မျိုးပွားမှုကို လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ အဲဒီ ဖြစ်စဉ်ဖြစ်ပေါ်ပုံကတော့ သူတို့ကိုယ်တိုင်မျိုးစပ်ပြီး သူတို့ကိုယ်တိုင် ဥဥကာ မျိုးပွားခြင်းဖြစ်ပါတယ်။ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ သဘာဝသမိုင်းပြတိုက်ရဲ့ အဆိုအရတော့ ကမ္ဘာ့အသေးဆုံး မြွေမျိုးဖြစ်တဲ့ ဘရာမင်နီ မျက်ကန်းမြွေလိုမျိုး မြွေမျိုးစိတ်တချို့ဟာ မြွေသားပေါက်အမတွေကို မွေးဖွားနိုင်စွမ်းရှိ တယ်လို့ သိရပါတယ်။။လိပ်ပြာများ။လိပ်ပြာတိုင်းကတော့ လိင်ပြောင်းလဲနိုင်တာ မဟုတ်ပါဘူး။ ဂိုင်နန်ဒရိုမော့လို့ခေါ်တဲ့ လိပ်ပြာလိုမျိုး လိပ်ပြာမျိုးစိတ်တချို့ကတော့ လိင်ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ တစ်နည်းပြောရရင် ဒီလိုလိပ်ပြာမျိုး တွေမှာ အထီးလိင်အင်္ဂါနဲ့ အမလိင်အင်္ဂါနှစ်ခုစလုံး ပါလာတာဖြစ်ပါတယ်။ ဒီလိုလိပ်ပြာမျိုးတွေကို ဘယ်လိုခွဲခြားနိုင်လဲဆိုရင် သူတို့ရဲ့အတောင်ပံကိုကြည့်ပြီး ခွဲခြားနိုင်ပါတယ်။။သူတို့ရဲ့အတောင်ပံဟာ မတူကွဲပြားတဲ့ရောင်စုံ အတောင်ပံလေးတွေဖြစ်ပြီး အထီးဒီအန်အေနဲ့ အမဒီအန်အေတို့ကို အကောင်းဆုံး ပေါင်းစပ်ထားမှု ပုံစံဖြစ်ပါတယ်။။သန္တာကောင်များ။သန္တာကောင်လေးတွေကို တချို့က အပင်မျိုးစိတ်အနေနဲ့ မှားယွင်းတတ်လေ့ရှိပါတယ်။ တကယ် တမ်းတော့သန္တာကောင်လေးတွေဟာ တိရစ္ဆာန်မျိုးစိတ် တစ်မျိုးဖြစ်ပြီး အလွန်သေးငယ်တဲ့ ပင်လယ် ကျောက်ခက်ကောင်လေးတွေနဲ့ ဖွဲ့စည်းဖြစ်တည်နေတာ ဖြစ်ပါတယ်။။သူတို့မှာလည်း မျိုးစိတ်အပေါ်လိုက်ပြီး လိင်အင်္ဂါပြောင်းလဲမှု ရှိပါတယ်။ ကြယ်ပုံစံသန္တာကောင်လေး တွေလို မျိုးစိတ်ကတော့ အထီးလိင်ကော၊ အမလိင်ကောပါဝင်ပါတယ်။ မှိုပွင့်ပုံစံသန္တာကောင်လေးတွေ လိုမျိုး သန္တာကောင်မျိုးစိတ်တွေကတော့ နှစ်သက်ရာလိင်အင်္ဂါပုံစံကို ထပ်တလဲလဲ ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။ သူတို့ရဲ့ သဘာဝဖြစ်စဉ်ကတော့ အလွန်ဆန်းကြယ်ပေမယ့်လည်း သူတို့အကြောင်းကို နား လည်ဖို့ နောက်ထပ်သုတေသနေတွေ လုပ်ဖို့ လိုအပ်နေပါသေးတယ်။။ငါးများ။နောက်ထပ် လိင်ပြောင်းလဲနိုင်တဲ့၊ လိင်အင်္ဂါနှစ်မျိုးစလုံးပိုင်ဆိုင်တဲ့ တိရစ္ဆာန်မျိုးစိတ်တစ်မျိုးကတော့ ငါးတွေပဲ ဖြစ်ပါတယ်။ ကကတစ်လိုမျိုး ငါးတချို့ဟာ သူတို့ရဲ့မျိုးဥကို အထီးလိင်အင်္ဂါထဲထည့်ပြီး မျိုးပွားနိုင်သလို ဟော့ငါးတွေကတော့ သူတို့ရဲ့လိင်အင်္ဂါတွေကို လိုသလိုပြောင်းလဲ နိုင်စွမ်းရှိပါတယ်။။နီမိုကိုရှာဖွေခြင်းဆိုတဲ့ ကာတွန်းကားလေးထဲက အဓိကဇာတ်ဆောင်နီမိုဆိုတဲ့ ကလောင်းငါးလေး တွေဆိုရင် မွေးလာတုန်းက အထီးအဖြစ်သာ မွေးလာတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ လိုအပ်တဲ့ အချိန်မှာအမအဖြစ် ပြောင်းလဲကာ ဥတွေကိုဥတာ ဖြစ်ပါတယ်။ တချို့ငါးတွေကတော့ သူတို့ သဘာဝအလျောက် လိင်အင်္ဂါပြောင်းလဲ သွားတယ်ဆိုပေမယ့် တချို့ငါးမျိုးစိတ်တွေကတော့ ဆိုးဝါးလှ တဲ့သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ပြောင်းလဲတာမျိုး ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံမှာရှိတဲ့ ကကတစ်ငါးအထီး ၇ဝ ရာခိုင်နှုန်းကနေ ၉ဝ ရာခိုင်နှုန်းအတွင်းဟာ ပိုးသတ်ဆေးများနဲ့ သန္ဓေတားဆေးများမှ ထွက်လာတဲ့ ဆေးဝါးဒြပ်ပေါင်းတွေကြောင့် လိင်ပြောင်း လဲသွားရတာ ဖြစ်ပါတယ်။
null
null
Sat, 08/08/2020 - 12:15
admin_webportal
https://www.myawady.net.mm/node/292
သံတွဲမြို့နယ်၌ Cash For Work စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် သံတွဲမြို့နယ်၌ Cash For Work စီမံကိန်းကျေးရွာ ၁၈ ရွာတွင် လုပ်ငန်း အမျိုးအစားအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက သြဂုတ် ၆ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးသည်။။အဆိုပါအဖွဲ့သည် Cash For Work စီမံကိန်းလုပ်ငန်းများ အရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ် ကာလအတွင်းပြီးစီးရေး၊ စီမံကိန်းကျေးရွာများမှ ပြည်သူများပါဝင်သည့် လုပ်သားအင်အားစာရင်းများ၊ နေ့တွက်ပေးချေမှုများ စနစ်တကျရှိ၊ မရှိစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက် ပေးကြသည်။။နိုင်ငံတော်မှချမှတ်ပေးထားသည့် COVID-19 ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ကျေးလက် ဒေသနေမိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက Cash For Work နှင့် Village Revolving Fund Project ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်သည်။။အလားတူ ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ရမ်းဗြဲမြို့နယ် အတွင်း Cash For Work စီမံကိန်းကျေးရွာများအဖြစ် ကျေးရွာအုပ်စု ၂ဝ အုပ်စုအတွင်းမှ ကျေးရွာ ၅ဝ တွင် နိုင်ငံတော်ထောက်ပံ့ငွေကျပ် သိန်း ၁ဝဝ စီဖြင့် ကျေးရွာတွင်း လမ်း၊ တံတားပြုပြင် တည်ဆောက်ခြင်း၊ ရေကန်ခြံစည်းရိုးကာရံခြင်း၊ ကျေးရွာတွင်းရေမြောင်း တူးဖော်ခြင်းလုပ်ငန်းများကို ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။။ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား ကျောက်ဖြူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…t/files/1_11.jpg
Sat, 08/08/2020 - 12:34
admin_webportal
https://www.myawady.net.mm/node/294
တာချီလိတ်မြို့နယ်အတွင်း ငွေကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ယမ်းခေါင် ကျေးရွာအနီး တာချီလိတ် -ဘူရှီးသွားကားလမ်းပေါ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့ ညနေ ၄ နာရီ မိနစ် ၅ဝ ခန့်တွင် သတင်းအရစစ်ဆေးစဉ် ယမ်းခေါင်ကျေးရွာဘက်မှ တာချီလိတ်မြို့ ဘက်သို့ မောင်းနှင်လာသည့် FORTUNER အမျိုးအစား မော်တော်ယာဉ်အမှတ်၊ SHN 6R/---- အား ရပ်တန့်စစ်ဆေးရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ မော်တော် ယာဉ်ကို လမ်းဘေးတွင်ရပ်တန့်ထားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။။အဆိုပါရပ်တန့်ထားသည့် မော်တော်ယာဉ်အား ပူးပေါင်းအဖွဲ့က စစ်ဆေးရာ မော်တော်ယာဉ်အတွင်းရှိ ဆာလာအိတ် ၆၄ အိတ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၄ သိန်းပြား(ခန့်မှန်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၉၆ဝဝဝ ကျော်) ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။။အဆိုပါသိမ်းဆည်းရမိ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများကို တာချီလိတ်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
မှူခင်းသတင်း
https://www.myawady.net.…lt/files/3_6.jpg
Sat, 08/08/2020 - 12:35
admin_webportal
https://www.myawady.net.mm/node/295
ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ လိန်းလီတံတား စစ်ဆေးရေးဂိတ်၌ ထိန်းချုပ်ဓာတုပစ္စည်းများ သယ်ဆောင်လာသူများ ဖမ်းဆီးရမိ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ လိန်းလီတံတား စစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးဆောင်ရွက်စဉ် သြဂုတ် ၅ ရက် နံနက် ၁ဝ နာရီ မိနစ် ၄ဝ ခန့်တွင် နေပြည်တော်ဘက်မှ ပင်လောင်းဘက်သို့ ရှားရယ်(ဘ)ဦးရှဲလ်ရယ် မောင်းနှင်ပြီး ဗျားရယ်(ဘ)ဦးဖျားရယ် လိုက်ပါလာသည့် Nissan အမျိုးအစား ၁၂ ဘီးယာဉ်အမှတ်၊ KYH 3D/----- အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် အဖြူရောင် ပုံဆောင်ခဲများထည့်ထားသော သံပီပါ ၁ဝ လုံး၊ ၂ဝဝဝ ကီလို(ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၁ဝဝ)ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။။ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းချက်အရ ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအနီးရှိ လိန်းလီ-ဖယ်ခုံ-လွိုင်ကော်သွားကားလမ်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက စောင့်ဆိုင်းစဉ် ညနေ ၅ နာရီ မိနစ် ၂ဝ ခန့်တွင် ဆက်စပ်တရားခံဖြစ်သူ အေးကျော်(ဘ)ဦးကြာကို ၎င်းစီးနင်းလာသည့် မော်တော်ဆိုင်ကယ်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။။အဆိုပါမော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိသူများ အား ဖိုးကုန်းနယ်မြေ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
null
https://www.myawady.net.…ault/files/a.jpg
Sat, 08/08/2020 - 12:36
admin_webportal
https://www.myawady.net.mm/node/296
ယနေ့ဓာတ်ခွဲ အဖြေများတွင် COVID-19 ရောဂါပိုးတွေ့ လူနာသစ်နှစ်ဦး ထပ်တိုး
နေပြည်တော် သြဂုတ် ၇။ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီနှင့် ည ၈ နာရီတို့တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှု နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်များအရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာသစ်နှစ်ဦး ထပ်တိုးကြောင်း သိရသည်။။အဆိုပါ ထုတ်ပြန်ချက်များတွင် (၆-၈-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာ၌ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL)မှ ဒုတိယအသုတ်အဖြစ် စစ်ဆေးပြီးစီးခဲ့ သောဓာတ်ခွဲနမူနာ ၄၄ဝ ခုတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ်နှစ်ဦး တွေ့ရှိရသည်။။(၆-၈-၂ဝ၂ဝ) ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ ဓာတ်ခွဲနမူနာ၈၁၆ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၁၃၅ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ ၁၅၈ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ ၈ဝ ခုနှင့် ရန်ကုန်မြို့ အမှတ် (၁)တပ်မတော် ဆေးရုံကြီး ကုတင်- ၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၁၁၉ ခု စုစုပေါင်း ၁၃ဝ၈ ခုအား စစ်ဆေးခဲ့သည်။။(၇-၈-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL)မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၃၇ဝခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၁၁၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ ၁၆၆ ခုနှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ ၃၁ ခု စုစုပေါင်း ၆၇၈ ခု အား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိရပါ။။(၇-၈-၂ဝ၂ဝ)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၅၉ ဦးရှိသည်။ ဓာတ်ခွဲအတည်ပြုလူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင် နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့ရှိသူတစ်ဦး (Case-254) ရှိသဖြင့် ယနေ့အထိ COVID-19 ရောဂါပိုး ကင်းစင်လာသူစုစုပေါင်း ၃ဝ၉ ဦးရှိသည်။ ၎င်းတို့အနက် ၂၉၆ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိ သည်။။ဓာတ်ခွဲ အတည်ပြု လူနာများအနက် သေဆုံးသူခြောက်ဦးရှိသည်။ (၆-၈-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂ နာရီမှ (၇-၈-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂ နာရီ အတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာ အသစ် ၂၄ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ကျန်းမာရေး
https://www.myawady.net.…t/files/1_12.jpg
Sat, 08/08/2020 - 12:47
admin_webportal
https://www.myawady.net.mm/node/297
လမ်းလျှောက်ခြင်းသည် ပန်ကရိယ ခေါ် မုန့်ချိုအိတ်ကို ကျန်းမာစေသည်
ပန်ကရိယလို့ခေါ်တဲ့ မုန့်ချိုအိတ်က မိမိတို့စားသောက်သမျှ အစာတွေအားလုံးကို ခန္ဓာကိုယ်ရဲ့ ကလာပ်စည်းတွေအတွက် လိုအပ်တဲ့လောင်စာအဖြစ် ပြောင်းလဲပေးတဲ့တာဝန်ကိုထမ်းဆောင်ပါတယ်။ သူ့မှာ လုပ်ငန်းကြီးနှစ်ခုရှိပါတယ်။ အဲဒါတွေကတော့ အစာခြေရည်ထုတ်ပေးခြင်းနဲ့ သွေးတွင်းသကြား ဓာတ်ကို ထိန်းညှိပေးခြင်းတို့ပါပဲ။။ပုံမှန်လမ်းလျှောက်ပေးခြင်းက သွေးတွင်းသကြားဓာတ် ပမာဏကို ကောင်းမွန်တဲ့ အခြေအနေ တစ်ခု မှာပဲ ရှိနေစေဖို့ ကူညီပေးပါတယ်။ လမ်းလျှောက်တဲ့သူနဲ့ ပြေးတဲ့သူနှိုင်းယှဉ်လိုက်ရင် လမ်းလျှောက်တဲ့ သူက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သွေးတွင်းသကြားဓာတ် ပမာဏကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ဆီးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်ရာမှာ လမ်းလျှောက်ခြင်းဟာ ပြေးခြင်းထက်ပိုပြီး ထိရောက်မှု ရှိတယ်လို့ ဆိုတာပါ။
ကျန်းမာရေး
https://www.myawady.net.…lt/files/3_7.jpg
Sat, 08/08/2020 - 12:58
admin_webportal
https://www.myawady.net.mm/node/298
ဆပ်ပြာနဲ့ရေကို အသုံးပြုပြီး စက္ကန့် ၂ဝ ကြာအောင် လက်ဆေးဖို့ လိုအပ်ရခြင်းမှာ -
၁။ကိုရိုနာဗိုင်းရပ်ပိုး ကပ်တင်နေတဲ့ အရာဝတ္ထုတွေကို ကိုင်တွယ်ထားမိတဲ့ လက်နဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ကိုင်တွယ်မိရင် ရောဂါကူးစက်ခံရနိုင်ပါတယ်။။၂။ ကိုရိုနာဗိုင်းရပ်အား အပေါ်ယံ အဆီမျက်နှာပြင်အလွှာနဲ့ ဖုံးအုပ်ထားပါတယ်။။၃။ ဆပ်ပြာမော်လီကျူးဟာ အဲ့ဒီအဆီ မျက်နှာပြင်ကို ပျက်စီးစေပြီး စက္ကန့် ၂ဝ ခန့်အကြာမှာ ကိုရိုနာဗိုင်းရပ်ကို အပိုင်းပိုင်း ဖြစ်သွားစေပါတယ်။
ကျန်းမာရေး
https://www.myawady.net.…t/files/1_13.jpg
Sat, 08/08/2020 - 12:58
admin_webportal
https://www.myawady.net.mm/node/299
WLC ပထမဆုံး အမျိုးသမီး ချန်ပီယံလုပွဲအဖြစ် ဆိုရိစ်မန်ဖရက်ဒီနှင့် မိုင်ရှာကက်ဇ်တို့ ရင်ဆိုင်မည်
ကမ္ဘာ့အဆင့် မြန်မာ့ရိုးရာလက်ဝှေ့ပွဲများ စီစည်နေသည့် အကြီးဆုံးအဖွဲ့အစည်း ဖြစ်သော WLC သည် သက်ဆိုင်ရာမှ ခွင့်ပြုချက်ရရှိလျှင် သြဂုတ် ၂၈ ရက်တွင် ပရိသတ်မပါသည့် နိုင်ငံတကာပွဲ ကျင်းပရန် စီစဉ်ထားသည်။။WLC ၏ (၁၂) ကြိမ်မြောက် ပြိုင်ပွဲတွင် ခေါင်ပွဲအဖြစ် ပြင်သစ်လက်ဝှေ့မယ် ဆိုရိစ်မန်ဖရက်ဒီနှင့် စပိန် လက်ဝှေ့မယ် မိုင်ရှာကက်ဇ်တို့ ဘင်တန်ဝိတ်တန်းအမျိုးသမီး ကမ္ဘာ့ချန်ပီယံ ခါးပတ်လုပွဲ ရင်ဆိုင်ကြရ မည် ဖြစ်ကာ ဒုတိယခေါင်ပွဲတွင် ပရိသတ် အချစ်တော် စိုးမင်းအောင်က ဉဇဘက်ကစ္စတန် ကစားသမား အာသာတီနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆိုပါတွဲဆိုင်းများကို ထိုင်းနိုင်ငံ၌ ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။။WLC: Hideout Battle ကို သြဂုတ် ၂၈ ရက်တွင် ကျင်းပဖြစ်လျှင် CANAL+ မှ ထုတ်လွှင့်ပြသမည် ဖြစ်ပြီး UFC Fight Pass မှလည်း ထုတ်လွှင့်ပြသမည် ဖြစ်ကာ ယခုပွဲကို စံချိန်တင်အဖြစ် နိုင်ငံပေါင်း ၁ဝဝ ကျော်တွင် ထုတ်လွှင့်ပြသဖွယ်ရှိသည်။။ဆိုရိစ်မန်ဖရက်ဒီသည် WLC အမျိုးသမီးပွဲစဉ်များတွင် အလဲထိုးနိုင်ပွဲရယူနိုင်သည့် ပထမဆုံးကစား သမားဖြစ်ပြီး ကမ္ဘောဒီးယား ကစားသမား အဲယာနက်နှင့် ဗီယက်နမ်ကစားသမား ထရန်သီလျူအာ တို့ကို အနိုင်ရထားသူဖြစ်သည်။ ပြင်သစ်နိုင်ငံ၌ မွေးဖွားပြီး လက်ရှိတွင် ထိုင်းနိုင်ငံ၌ နေထိုင်ကာ ပထမဆုံး အမျိုးသမီးကမ္ဘာ့ချန်ပီယံဖြစ်လာရန် လေ့ကျင့်ကြိုးပမ်းနေသူဖြစ်သည်။။မိုင်ရှာကက်ဇ်သည် တိုက်ခိုက်ရေး အားကစားလောက၏ တိုးတက်မှု အလျင်မြန်ဆုံး ကစားသမား တစ်ဦးဖြစ်ပြီး ကမ္ဘာတစ်လွှားတွင် ပွဲ ၂ဝ ယှဉ်ပြိုင်ကာ ၁၇ ပွဲ အနိုင်ရထားသူဖြစ်သည်။ ကမ္ဘာအနှံ့ ပြိုင်ပွဲ များတွင် အတွေ့အကြုံရင်ကျက်သူ မိုင်ရှာကက်ဇ်မှာ မြန်မာ့ရိုးရာ လက်ဝှေ့မယ်အဖြစ် ကူးပြောင်းယှဉ် ပြိုင်ရန် စိတ်အားထက်သန် နေသူဖြစ်သည်။။စိုးမင်းအောင်သည် ဘင်တန်ဝိတ် ၅၁-၅၄ ကီလိုတန်းတွင် ကမ္ဘာ့အကောင်းဆုံး စာရင်းဝင်သူဖြစ်ပြီး နောက်မဆုတ်တန်း ရင်ဆိုင်တတ်သည့် ပုံစံကြောင့် နာမည်ကျော်သူဖြစ်သည်။ WLC နှင့် ပွဲဦးထွက်တွင် ပြိုင်ဘက်ကို အလဲထိုးအနိုင်ယူကာ အဖွင့်လှခဲ့သူဖြစ်သည်။။Max FC ကစ်ဘောက်ဆင် ကမ္ဘာ့ ချန်ပီယံဟောင်းဖြစ်သည့် အာသာတီမှာ ကိုရီးယားသွေးနှောသည့် ဉဇဘက်ကစ္စတန် ကစားသမားဖြစ်ပြီး ၎င်း၏ယဉ်ပြိုင်ရင်ဆိုင်ပုံမှာ မြန်မာ့ရိုးရာ လက်ဝှေ့နှင့် သင့်လျော်ကိုက်ညီသော အနေအထားတွင် ရှိကြောင်း သိရသည်။
အားကစား
https://www.myawady.net.…/%E1%81%82_3.jpg
Sat, 08/08/2020 - 13:29
admin_webportal
https://www.myawady.net.mm/node/300
ဘောလုံးပြိုင်ပွဲများ ကျင်းပရန် ခွင့်ပြုချက် မရသေးသဖြင့် ရခိုင် ယူနိုက်တက်အသင်း လေ့ကျင့်မှု ပြန်လည်ရပ်နား
မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများကျင်းရန် ခွင့်ပြုချက် မရသေးသဖြင့် မြန်မာနေရှင်နယ်လိဂ် ကလပ် ရခိုင်ယူနိုက်တက်အသင်းသည် လေ့ကျင့်မှုပြန်လည် ရပ်နားထားကြောင်း အဆိုပါ အသင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။။ရခိုင်ယူနိုက်တက်အသင်းသည် ဇူလိုင်လဆန်းပိုင်းမှ စ၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လေ့ကျင့်မှုများ ပြုလုပ်ခဲ့သော်လည်း ပြိုင်ပွဲကျင်းပမည့်ရက် အတိအကျ မထုတ်ပြန်နိုင်၍ သြဂုတ်ပထမပတ်က လေ့ကျင့်မှု ပြန်လည်ရပ်နားခဲ့သည်။။''မြန်မာနေရှင်နယ်လိဂ်က ဘယ်ရက်ကျင်းပမယ်ဆိုတာ မသိသေးတဲ့အတွက် လေ့ကျင့်မှု ရပ်နား ထားပါတယ်။ ကစားသမားတွေကို ကိုယ်ပိုင်လေ့ကျင့်မှုလုပ်ဖို့ မှာထားပါတယ် ကြံ့ခိုင်မှုပိုင်းကို ဦးစား ပေးလေ့ကျင့်ခိုင်းထားပါတယ်။ လေ့ကျင့်မှု ဘယ်ရက်ပြန်စမယ်ဆိုတာ ပြောရခက်ပါတယ်။ မြန်မာနေ ရှင်နယ်လိဂ်ကျင်းပမယ့်ရက် အတိအကျထုတ်ပြန်တာနဲ့ လေ့ကျင့်မှုပြန်စမှာပါ'' ဟု ၎င်းကပြောသည်။။မြန်မာနေရှင်နယ်လိဂ်မှ ကြီးမှူးကျင်းပသည့် ဘောလုံးပြိုင်ပွဲကို မတ်လ တတိယပတ်က စတင် ရပ်နားထားပြီး ပြန်လည်ကျင်းပရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနထံ တင်ပြထားသော် လည်းသြဂုတ်ပထမပတ်အထိ ခွင့်ပြုချက်မရသေးကြောင်း သိရသည်။
အားကစား
https://www.myawady.net.…t/files/1_14.jpg
Sat, 08/08/2020 - 13:29
admin_webportal
https://www.myawady.net.mm/node/301
လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် စာစစ်ဌာနများမှ တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို မြန်မာ့အသံက ထုတ်လွှင့် ကြေညာပေးမည်
နေပြည်တော် သြဂုတ် ၇။၂ဝ၂ဝ ပြည့်နှစ် မတ်လတွင် ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းကို တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်း၊ တစ်ရက်တည်းဖြင့် အပြီးထုတ်ပြန် ကြေညာသွားမည်ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများမှ အောင်မြင်ကြ သူများအတွက် ယခင်နှစ်များကအတိုင်း သြဂုတ် ၉ ရက် နံနက် ၆ နာရီတွင် မြန်မာ့အသံ(ရေဒီယို) တိုင်းရင်းသားအစီအစဉ်များမှ စတင်ထုတ်လွှင့်ကြေညာပေးမည် ဖြစ်ကြောင်း သိရသည်။။ထုတ်လွှင့်ပေးမည့်စာစစ်ဌာနများမှာကချင်ပြည်နယ်မှဆင်ဘို၊ တနိုင်း၊ ရှင်ဗွေယန်၊ ချီဗွေ၊ ခတ်ချို၊ ဆဒုံး၊ မိုင်းနား၊ ဖားကန့်၊ ကာမိုင်း၊ ဆိပ်မူ၊ တာမခန်၊ လုံးခင်း၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ ပူတာအို၊ ဒုတ္တန်၊ လေယာဉ်ကွင်း၊ ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်၊ မချမ်းဘော့နှင့် နောင်မွန်စာစစ်ဌာန၊ကယား ပြည်နယ်မှရှားတော၊ ဒီးမော့ဆို၊ ဒေါငံခါး၊ နန်းမယ်ခုံ၊ ထ(၁)ငွေတောင်၊ ဒေါတမငယ်၊ ဖရူဆို၊ ဘော လခဲ၊ ဖားဆောင်းနှင့် မယ်စဲ့ စာစစ်ဌာန၊ကရင်ပြည်နယ်မှလိပ်သို၊ ဖာပွန်၊ ကမမောင်း၊ ကြာအင်း ဆိပ်ကြီး၊ ကျိုက်ဒုံ၊ ဘုရားသုံးဆူ၊ တံခွန်တိုင်၊ ခလယ်၊ သင်္ကန်းညီနောင်နှင့် ထ(ခွဲ)ဝါးတောစာစစ် ဌာန၊ချင်းပြည်နယ်မှရိခေါဒါရ်၊ ကျီခါး၊ ခိုင်ကမ်း၊ ထုတ်လိုင်၊ တွီးထန်၊ မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေး၊ မတူပီ၊ လိုင်လင်းပီ၊ ရေဇွာ၊ လုံငိုး၊ ဆဘောင်သဲ၊ ပလက်ဝနှင့် ဆမီးစာစစ်ဌာန၊ရခိုင်ပြည်နယ်မှပုဏ္ဏား ကျွန်း၊ ကျွဲထိုး၊ အလယ်ချောင်း၊ ယိုးတရုတ်၊ ပိုးရှီပြင်၊ သဝင်ချောင်း၊ လက်ပံပြား၊ ရသေ့ တောင်၊ ဦးဂါ၊ စေတီပြင်၊ ဇီးကိုင်း၊ လောင်းချောင်း၊ ကူတောင်၊ မြောက်ဦး၊ တိန်ညို၊ ကျီရာပြင်၊ မြောင်းဘွေ၊ ကျောက် တော်၊ ကန်စောက်၊ ညောင်ပင်လှ၊ ဒုက္ကန်ချောင်း၊ ကျားနင်းကန်၊ ရွှေပြည်၊ သရက်တပင်၊ အပေါက်ဝ၊ မင်းပြား၊ ကမ်းနီ၊ ပန်းမြောင်း၊ မင်းရွာ၊ ယိုးဆနွင်း၊ ကမ်းထောင်းကြီး၊ ရက်ချောင်း၊ သရက်တောင်၊ ကြာအင်းတောင်၊ မောင်တော၊ ဘူးသီးတောင်နှင့် လက်ဝဲဒက်ပုဇွန်ချောင်း စာစစ်ဌာန၊ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှမိုင်းခတ်၊ မိုင်းယန်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ နှင့် မိုင်းပျဉ်း စာစစ်ဌာန၊ရှမ်းပြည်နယ် (မြောက်ပိုင်း)မှကွမ်းလုံ၊ ဟိုပန်၊ လောက်ကိုင်၊ နမ့်ဆန်(မြောက်)၊ မန်တုံ၊ မိုးမိတ်၊ မန်ကျည်း ပင်၊ မဘိမ်းနှင့် ငါးအိုးစာစစ်ဌာန၊ရှမ်းပြည် နယ်(တောင်ပိုင်း)မှပင်ခွန်၊ တင်းတက်၊ ဆောင်း ပြောင်း၊ ထီရယ်၊ လွယ်ဘောင်း၊ ကွန်ဟိန်း၊ မိုင်းကိုင်၊ ကျေးသီးမံစံ၊ မိုင်းနောင်၊ မိုင်းရှူး၊ ဝမ်ကန်၊ မိုင်းပန်၊ တုန်ဟုန်းနှင့် မောက်မယ်စာစစ်ဌာန၊တနင်္သာရီတိုင်း ဒေသကြီးမှမေတ္တာ၊ ကတ္တလူ၊ စခန်းသစ်၊ ကံမော်၊ သဇင်၊ ပုလော၊ ရှပ်ပုံ၊ ပလောက်၊ ပလ၊ ဘုတ်ပြင်းနှင့် ပြည်ကြီးမဏ္ဍိုင်စာစစ် ဌာန၊မကွေးတိုင်း ဒေသကြီးမှပေါက်၊ စသိန်း၊ ဇီးပြား၊ ကိုင်းလယ်၊ ရေပြာ၊ သရက္ကန်၊ ကမ်းပျို၊နံ့သာ၊ ဒီးဒုတ်ကွင်း၊ စေ တုတ္တရာ၊ ဘူး၊ တန့်လည်ကျင်း၊ ငဖဲ၊ ပဒါန်း၊ ထီးလင်း၊ ညောင်ကန်၊ ဆေးမင်းတော၊ ကျင်းရွာ၊ ရေမျက်နီ၊ အကြည်ဘန်း၊ ဆော၊ ကျောက်ထု၊ တပြင်း၊ ကံကြီး၊ လောင်းရှည်၊ လက်ပန်းနှင့် ကြီး စာစစ်ဌာန၊စစ်ကိုင်းတိုင်းဒေသကြီးမှမော်လိုက်၊ ကင်းတပ်၊ ပန်းသာ၊ ဖောင်းပြင်၊ မင်းယား၊ သရောင်း၊ ရေအောက် တောင်း၊ ကရား၊ မိုင်းချောင်း၊ စန္ဒား၊ လေရှီး၊ ဆွမ္မရာ၊ လဟယ်၊ နန်းယွန်းနှင့် ပန်ဆောင်စာစစ် ဌာန၊ရန်ကုန်တိုင်းဒေသကြီးမှ ကိုကိုးကျွန်း စာစစ်ဌာနတို့ဖြစ်သည်။။အဆိုပါ တက္ကသိုလ်ဝင် စာမေးပွဲအောင် စာရင်းကြေညာချက်များကို မြန်မာနိုင်ငံ အထက်ပိုင်းဒေသရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများအတွက် လှိုင်း တို ၅ဝ ဒသမ ၇၁ မီတာ(၅၉၁၅ ကီလိုဟက်ဇ်) နှင့် လှိုင်းတို ၃ဝ ဒသမ ၈၅ မီတာ(၉၇၃ဝ ကီလိုဟက်ဇ်)တို့မှလည်းကောင်း၊ မြန်မာနိုင်ငံ အောက်ပိုင်းဒေသရှိ လမ်းပန်းဆက် သွယ်ရေးခက်ခဲ သော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများအတွက် လှိုင်းလတ် ၄၁၁ ဒသမ ၅၂ မီတာ (၇၂၉ ကီလိုဟက်ဇ်)မှလည်းကောင်း ဖမ်းယူနား ဆင်နိုင်ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/local.jpg
Sat, 08/08/2020 - 13:39
admin_webportal
https://www.myawady.net.mm/node/302
နောင်ချိုမြို့နယ်၊ နောင်ချို ပူးပေါင်း စစ်ဆေးရေး ဂိတ်၌ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော်၊ သြဂုတ်- ၈။ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ရှိ နောင်ချို ပူးပေါင်း စစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ယာဉ်ဖြတ်သန်း သွားလာမှုများအား စစ်ဆေး ဆောင်ရွက်စဉ် သြဂုတ် ၇ ရက်ည ၉ နာရီခွဲခန့်တွင် ကျောက်မဲဘက်မှ ပြင်ဦးလွင် ဘက်သို့ မောင်းနှင်လာသော ရွှေအိုးစည် ခရီးသည် ယာဉ်လိုင်းမှ Nissan AD Ban အမျိုး အစား ယာဉ်အမှတ်၊ SHN-EE/-- အား ရပ်တန့်စစ်ဆေးရာ ခရီးသည်ဖြစ်သူ စိုင်းဘအေး (ဘ)ဦးလှမောင်အား ၎င်းပိုင်ဆိုင်သည့် မုန့်ညှင်းချဉ်များဖြင့် ဖုံးအုပ်ထာသည့် ဝါးခြင်း အတွင်းမှ ဘိန်းစိမ်း အမဲရောင်အစေး ၁၀ ကီလိုခန့်(ခန့်မှန်း တန်ဖိုးငွေကျပ်သိန်း ၉၀ ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။။အဆိုပါ ဖမ်းဆီးရမိသူနှင့် မူးယစ်ဆေးဝါးများအား တရားဥပဒေအရ ဆောင်ရွက် နိုင်ရေး နောင်ချိုမြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
မှူခင်းသတင်း
https://www.myawady.net.…lt/files/7_2.jpg
Sat, 08/08/2020 - 22:43
admin_webportal
https://www.myawady.net.mm/node/303
လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာ အနီး၌ ငွေကျပ်သိန်း ၂၁၀၀ ကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများ သယ်ဆောင် လာသူများအား ဖမ်းဆီးရမိ
နေပြည်တော်၊ သြဂုတ်- ၈။ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် လွိုင်လင်မြို့၊ ဟိုတင့်ကျေးရွာအနီးရှိ လွိုင်လင်- တောင်ကြီးသွား ကားလမ်း၌ ယာဉ်ဖြတ်သန်း သွားလာမှုများအား စစ်ဆေးစဉ် သြဂုတ် ၇ ရက်မွန်းလွဲ ၁ နာရီခန့်တွင် လွိုင်လင်မြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ မောင်ထွန်း(ဘ) ဦးတေသ မောင်းနှင်ပြီး ခွန်ထွန်းရွှေ(ဘ)ဦးမောင်စန်း၊ အူးသက်ကျန်း(ဘ)ဦးရားမလနှင့် ကျော်စိုး(ဘ) အူးသက်ကျန်းတို့ လိုက်ပါလာသည့်မတ်တူး အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းရှိ ဆာလာအိတ်အတွင်းမှ ဘိန်းဖြူအမှုန့်များ ထည့်ထားသည့် ဆပ်ပြာခွက် ၇၄၈ ခွက်(၇ ဒသမ ၄၈ ကီလိုဂရမ်)နှင့် WY စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား၂၈၀၀၀ပြား(စုစုပေါင်းမူးယစ်ဆေးဝါးများ ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၂၁၀၀ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။။အဆိုပါ ဖမ်းဆီးရမိသူများ၊ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများအား တရား ဥပဒေအရ ဆောင်ရွက်နိုင်ရေး လွိုင်လင်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။
မှူခင်းသတင်း
https://www.myawady.net.…lt/files/6_1.jpg
Sat, 08/08/2020 - 22:44
admin_webportal
https://www.myawady.net.mm/node/304
မူဆယ်မြို့နယ်၊ နမ့်ပေါ် စစ်ဆေးရေးဂိတ်၌ တရားမဝင် ဝင်ရောက်လာသော တရုတ် နိုင်ငံသား ၃ ဦး ဖမ်းဆီးရမိ
နေပြည်တော် ၊ သြဂုတ် - ၈။ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ နမ့်ပေါ်စစ်ဆေးရေးဂိတ်၌ လုံခြုံရေး တပ်ဖွဲ့ ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်ဖြတ်သန်း သွားလာမှုများအား စစ်ဆေးစဉ် ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် မူဆယ်မြို့ဘက်မှ ကွတ်ခိုင်မြို့ဘက်သို့ မောင်းနှင်လာသော မော်တော်ဆိုင်ကယ် ၄ စီးအား ရပ်တန့်စစ်ဆေးရာ ညီသူအောင်(ဘ) ဦးဝင်းမြင့် နှင့်အတူ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသား ၃ ဦး တို့ကို ဖမ်းဆီးရမိ ခဲ့သည်။။အဆိုပါ မော်တော်ဆိုင်ကယ်များနှင့် ဖမ်းဆီးရမိ သူများအား တရားဥပဒေအရ ဆောင် ရွက်နိုင်ရေး မူဆယ်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိ သည်။
မှူခင်းသတင်း
https://www.myawady.net.…lt/files/2_4.jpg
Sat, 08/08/2020 - 22:45
admin_webportal
https://www.myawady.net.mm/node/305
တပ်ပြင်နေ တပ်မတော်သား မိသားစုဝင်များ မဲဆန္ဒရှင်စာရင်း သွားရောက်ကြည့်ရှု စစ်ဆေးနိုင်ရေး နှိုးဆော်ခြင်း
နေပြည်တော်၊ သြဂုတ် - ၈။၁။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် မဲဆန္ဒရှင်စာရင်းများကို ၂၅-၇-၂၀၂၀ ရက်နေ့မှ ၇-၈-၂၀၂၀ရက်နေ့အထိ ၁၄ ရက်ကြာ ကပ်ထားကြေငြာခဲ့ပြီး ယခု ၈-၈-၂၀၂၀ ရက်နေ့မှ ၁၄-၈-၂၀၂၀ ရက်နေ့အထိ ၇ ရက်ထပ်မံတိုးမြှင့်ကပ်ထား ကြေငြာသွားမည် ဖြစ်ကြောင်း အသိပေး ကြေငြာခဲ့ပါသည်။။၂။ တပ်မတော်ဌာနချုပ်၊ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးရှိ တပ်တွင်းနေ တပ်မိသားစုဝင် များ၏ မဲဆန္ဒရှင်စာရင်းများ ကပ်ထား ကြေငြာထားမှုကို တပ်မတော်သားများ၊ မိသားစု ဝင်များက သွားရောက်ကြည့်ရှု စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။ အလားတူ တပ်ပြင်နေ တပ်မတော်သား မိသားစုဝင်များ အနေဖြင့်လည်း မဲဆန္ဒရှင်စာရင်း သွား ရောက် ကြည့်ရှုခြင်း၊ စစ်ဆေးခြင်းတို့ကို သက်ဆိုင်ရာ နေရာအလိုက် ပြုလုပ်သွားနိုင်ရေး အသိပေး နှိုးဆော်အပ်ပါသည်။
တပ်မတော်သတင်း
https://www.myawady.net.…t/files/1_15.jpg
Sat, 08/08/2020 - 22:46
admin_webportal
https://www.myawady.net.mm/node/306
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ (၄၈)နှစ်မြောက်တိုင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆုပေးပွဲ ပြုလုပ်
နေပြည်တော်၊သြဂုတ်-၈။အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏(၄၈)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဆုပေးပွဲကိုယနေ့နံနက်ပိုင်းတွင်တိုင်းစစ်ဌာနချုပ်၊ရန်အောင်မြင်ခန်းမ၌ပြုလုပ်ရာတိုင်းမှူးဗိုလ်မှူးချုပ်ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊မန္တလေးတိုင်း ဒေသကြီး၊လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊အရာရှိ၊စစ်သည်၊ မိသားစုများနှင့်ဆုရရှိသူများတက်ရောက် ကြသည်။။ဦးစွာတိုင်းမှူးကအဖွင့်အမှာစကား ပြောကြားသည်။ထို့နောက်တိုင်းမှူးနှင့်အဖွဲ့ဝင်များကသင်တန်းများတွင်ထူးချွန်ဆု ရရှိသူများ၊မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုး မွေးမြူရေးတွင်အကောင်းဆုံးဆု ရရှိသည့် အိမ်ထောင်သည် ရဲမေများအားဂုဏ်ပြုဆုများအသီးသီးပေးအပ်သည်။။ယင်းနောက်တိုင်းစစ်ဌာနချုပ်မှအရာရှိ၊စစ်သည်၊မိသားစုများနှင့်အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာ(မန္တလေး)မှမိသားစုဝင်များကိုဗလာမပါ ကံစမ်းမဲ ဖောက်ပေး ခြင်းနှင့်တိုင်းနှစ်ပတ်လည် အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲနှင့် အားကစား ပြိုင်ပွဲများပြုလုပ် ပေးခဲ့ကြောင်းသတင်းရရှိသည်။
တပ်မတော်သတင်း
https://www.myawady.net.…t/files/1_16.jpg
Sat, 08/08/2020 - 22:52
admin_webportal
https://www.myawady.net.mm/node/307
တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသမှု ခံယူနေသူများအား ကြည့်ရှု အားပေး
နေပြည်တော်၊ သြဂုတ် - ၈။ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူ လျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦး ချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသ ပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှု အခြေအ နေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။။ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည် ကြည့်ရှု၍ လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်း
https://www.myawady.net.…lt/files/2_5.jpg
Sat, 08/08/2020 - 22:53
admin_webportal
https://www.myawady.net.mm/node/308
နွားထိုးကြီးမြို့နယ်ရှိ သဘင် အစည်းအရုံး အဖွဲ့ဝင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် စားသောက်ဖွယ်များ ပေးအပ်
နေပြည်တော်၊ သြဂုတ် - ၈။Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင် ရွက်လျက်ရှိပြီး သွားလာမှု ကန့်သတ်ချက်များ ရှိလာသဖြင့် မန္တလေး တိုင်းဒေသကြီး၊ နွားထိုး ကြီးမြို့ရှိ သဘင်အစည်းအရုံး အဖွဲ့ဝင်များအတွက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် မှ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် ဆန်၊ဆီ၊ ဆား၊ပဲ စသည့် စားသောက် ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံ တပ်ရင်းခန်းမ၌ ပြုလုပ်ရာ မိတ္ထီလာ တပ်နယ်မှ ဗိုလ်ချုပ် ထင်လင်းနှင့် အဖွဲ့ဝင်များ၊ သဘင် အစည်းအရုံး ဥက္ကဋ္ဌနှင့် သဘင်ပညာရှင်များ တက်ရောက်ကြသည်။။ဦးစွာ တာဝန်ရှိသူတစ်ဦးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် နွားထိုးကြီးမြို့နယ်ရှိ သဘင် အစည်းအရုံးအဖွဲ့ဝင် ၁၇၀ ဦးအတွက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် ဆန် ၃၈ အိတ်၊ ဆီ ၆၇ ပိဿာ၊ ဆား ၅၉ ပိဿာ၊ ပဲ ၁၀၁ ပိဿာတို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ် သဘင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇာနည်အောင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။။ယနေ့လှူဒါန်းမှု အပါအဝင် တိုင်းစစ်ဌာနချုပ် အနေဖြင့် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မန္တလေးမြို့၊ မလှိုင်မြို့နယ်၊ တောင်သာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ ကျောက်ပန်းတောင်း မြို့နယ်၊ နွားထိုးကြီးမြို့နယ်နှင့် မိတ္ထီလာမြို့နယ်များရှိ သဘင် အစည်းအရုံး အဖွဲ့ဝင်စုစုပေါင်း ၂၅၂၈ ဦးတို့ကို ထောက်ပံ့ ပေးအပ်ခဲ့ပြီးကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်း
https://www.myawady.net.…t/files/1_17.jpg
Sat, 08/08/2020 - 23:00
admin_webportal
https://www.myawady.net.mm/node/309
တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက တနင်္သာရီ တိုင်းဒေသကြီး သဘင် အစည်းအရုံး အဖွဲ့ဝင်များအတွက် ဆန်၊ ဆီ၊ ဆား စသည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း
နေပြည်တော်၊ သြဂုတ် - ၈။Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင် ရွက်လျက်ရှိပြီး သွားလာမှု ကန့်သတ်ချက်များ ရှိလာသဖြင့် စားသောက်ရေး အထောက် အကူဖြစ်စေရန် တနင်္သာရီ တိုင်းဒေသကြီး သဘင်အစည်းအရုံး အဖွဲ့ဝင်များအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ဆန်၊ဆီ၊ ဆား စသည့် စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်းခြင်းကို ယနေ့ နေ့လယ်ပိုင်းတွင် ထားဝယ်မြို့၊ နယ်မြေခံ တပ်နယ်ခန်းမ၌ ပြုလုပ်ရာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး သဘင် အစည်းအရုံးဥက္ကဋ္ဌ ဦးတင်သိန်း၊ သဘင် အစည်းအရုံး အဖွဲ့ဝင်များနှင့် မိသားစုများ တက်ရောက်ကြသည်။။ဦးစွာ တိုင်းမှူးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး သဘင်အစည်းအရုံး အဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား စသည့် စားသောက် ဖွယ်ရာများကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး သဘင်အစည်းအရုံး ဥက္ကဋ္ဌ၊ သဘင် အစည်းအရုံး အဖွဲ့ဝင် မိသားစုများက လက်ခံရယူကြပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်း
https://www.myawady.net.…lt/files/2_6.jpg
Sat, 08/08/2020 - 23:00
admin_webportal
https://www.myawady.net.mm/node/310
ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဟင်္သာတမြို့၊ မြန်အောင်မြို့နှင့် ကနောင်မြို့တို့၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ သြဂုတ် - ၈။ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ လွန်ဆေးမြိုင်ပန်းခြံ အနောက်ဘက်နှင့် ကနောင်မြို့၊ အမှတ်(၄) ရပ်ကွက်တို့၌ ဧရာဝတီမြစ်ရေ တိုက်စားပြီး တာရိုးကမ်းပါးပြိုကျမှုနှင့် ဟင်္သာတမြို့၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာတို့၌ တာရိုးကျိုးပေါက်ပြီး ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ရာ သြဂုတ် ၁ ရက်မှစ၍ အနောက် တောင်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက သွားရောက်၍ ကူညီကယ် ဆယ်ရေး လုပ်ငန်း များဆောင်ရွက်ပေးလျက်ရှိသည်။။အဆိုပါ တာရိုးကျိုးပေါက်ပြီး ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများသို့ ယနေ့တွင် လည်း တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ သဲအိတ်၊ ကျောက်အိတ်များဖြင့် ရေဦးတိုက် ရေကြောင်း ပြောင်းလဲစေရန် ပြုလုပ်ပေးခြင်း၊ ရေပေါ်လွှဲဝါးဖောင်များ ထပ်မံပြုလုပ်ခြင်း၊ သဲအိတ်များဖြင့် တာထိန်း ၊ တာထုတ်ခြင်းနှင့် လိုအပ်သည့် ကူညီမှုများ ဆက်လက် ဆောင်ရွက်ပေးသည်။။ထို့ပြင် ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သည့် အိပ်ပျက်ကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာမှ ဒေသခံပြည်သူ ၄၁ ဦးတို့ကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေး အဖွဲ့က ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိ ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်း
https://www.myawady.net.…t/files/1_18.jpg
Sat, 08/08/2020 - 23:09
admin_webportal
https://www.myawady.net.mm/node/311
လေပြင်းတိုက်ခတ်ပြီး ပင်လယ်ရေလှိုင်း ပုတ်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် လမိုင်းမြို့၊ ပသျှူးချောင်းကျေးရွာမှ ဒေသခံ ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် အသုံး အဆောင်ပစ္စည်းများ ပေးအပ်
နေပြည်တော်၊ သြဂုတ် - ၈။မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ကုလားကုတ် ကျေးရွာအုပ်စု၊ ပသျှူးချောင်း ကျေးရွာ၌ သြဂုတ် ၄ ရက်မွန်းလွဲပိုင်းတွင် လေပြင်းတိုက်ခတ်ပြီး ပင်လယ်ရေလှိုင်း ပုတ်ခတ်မှုကြောင့် နေအိမ် ၁၃ လုံးနှင့် ငါးလှမ်းကြပ်စင် ၄ ခု ပျက်စီးမှု ဖြစ်ပေါ်ခဲ့သဖြင့် လေဘေးသင့် ပြည်သူအိမ်ထောင်စု ၁၃ စုမှ လူဦးရေ ၄၃ ဦးတို့သည် အဆိုပါကျေးရွာရှိ နီးစပ်ရာဆွေမျိုးများအိမ်သို့ ယာယီရွှေ့ပြောင်းနေထိုင်လျက်ရှိသည်။။အဆိုပါ လေဘေးသင့် ပြည်သူများအား ယနေ့မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာ နချုပ်၊ သံဖြူဇရပ် တပ်နယ်နှင့် ရေးတပ်နယ်တို့မှ တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် စသည့်စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းကို သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်း
https://www.myawady.net.…lt/files/2_7.jpg
Sat, 08/08/2020 - 23:09
admin_webportal
https://www.myawady.net.mm/node/312
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်ချီးဒေသ၊ လိုခါးလိုချောင်းကူးတံတား ရေကျော်မှု အား လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်
နေပြည်တော်၊ သြဂုတ် - ၈။ကယားပြည်နယ်၊ မော်ချီးဒေသတွင် သြဂုတ် ၇ ရက်ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လိုခါးလိုကျေးရွာအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် လိုခါး လိုချောင်းကူး တံတား၏ အောက်ခြေတွင် သဲ၊ နုန်းနှင့်အမှိုက်များ ပိတ်ဆို့ပြီး တံတား ပေါ်သို့ သဲ၊နုန်းများ တင်ကျန်ခြင်းနှင့် ရေကျော်စီးဆင်းမှုများ ဖြစ်ပေါ်ခဲ့သဖြင့် လူနှင့် ယာဉ်များ ဖြတ်သန်းသွားလာ နိုင်ခြင်းမရှိဘဲ ရပ်တန့်မှုများ ဖြစ်ပေါ်ခဲ့သည်။။အဆိုပါ တံတားရေကျော်မှုအား ယနေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဖားဆောင်း တပ်နယ်မှ တပ်မတော်သားများက တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မော်တော်ယာဉ်များ ဖြင့် တံတားပေါ်ရှိ သဲနှင့်နုန်းများ၊ တံတားအောက်ခြေရှိ သဲ၊ နုန်းများနှင့် အမှိုက်များ ဖယ်ရှားရှင်းလင်း ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ယနေ့ညနေပိုင်းမှစ၍ လူနှင့် ယာဉ်များ ပုံမှန်ဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်း
https://www.myawady.net.…lt/files/3_9.jpg
Sat, 08/08/2020 - 23:10
admin_webportal
https://www.myawady.net.mm/node/313
အခြေခံပညာ ကျောင်းများ၌ စုပေါင်း သန့်ရှင်းရေး ပြုလုပ်
နေပြည်တော်၊ သြဂုတ် - ၈။ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့တွင် မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့၊ ပညာရေးကောလိပ် လေ့ကျင့်ရေး အလယ်တန်းကျောင်း၌ အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများက လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ အမှတ်(၆)ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများ ကလည်းကောင်း ကျောင်းဝင်းများ အတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်း များ တူးဖော်ပေးခြင်း၊ စာသင်ခုံနှင့် ပရိဘောဂများ နေရာချထားပေးခြင်း စသည့်သန့်ရှင်း ရေး လုပ်ငန်းများ အသီးသီး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်း
https://www.myawady.net.…lt/files/4_8.jpg
Sat, 08/08/2020 - 23:11
admin_webportal
https://www.myawady.net.mm/node/314
Covid-19 ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့် သူများအား စစ်ကြောရေးနှင့် တည်းခိုရေး စခန်းများ၌ ဆက်လက်လက်ခံ
နေပြည်တော်၊ သြဂုတ် - ၈။Coronavirus Disease 2019 (COVID-19) ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့် သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းနှင့် ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်းတို့၌ လက်ခံဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ လာသူ အမျိုးသား ၁၂ ဦး၊ အမျိုးသမီ ၅ ဦးထပ်မံရောက်ရှိလာပြီး လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းနှင့် ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်းသို့ ထပ်မံရောက် ရှိလာသူမရှိကြောင်း သိရသည်။။စောင့်ကြပ်ကြည့်ရှု ထားသူများအနက်မှ ၂၁ ရက်ပြည့်မြောက်သည့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၂၉ ဦးနှင့် ရွှေညောင်မြို့ တည်းခိုရေးစခန်းမှ ၈၄ ဦးတို့ကို ယနေ့တွင် ကျန်းမာရေး ဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှုရေး စခန်းတို့မှ Quarantine စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်း လက်မှတ်များနှင့် Covid-19 ရောဂါ နှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန် စာရွက်စာတမ်းများကို တာဝန်ရှိသူများက ပေးအပ် ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများသို့ တပ်မတော်နှင့် တာဝန်ရှိ သူများက စီစဉ်ပေးသည့် မော်တော်ယာဉ် များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။။ထိုသို့လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ၃၁၀ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ၃၁၁ ဦးတို့ကို အသီးသီး လက်ခံထားရှိပြီး စောင့်ကြည့်သူများ အားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်းနှင့် အဆိုပါ သီးသန့် စောင့်ကြည့်ရမည့် သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်း
https://www.myawady.net.…t/files/1_19.jpg
Sat, 08/08/2020 - 23:18
admin_webportal
https://www.myawady.net.mm/node/315
ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေး ဝန်ထမ်းများကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန် ပစ္စည်းများ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေး
နေပြည်တော်၊ သြဂုတ် - ၈။Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလ အတွင်း ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်း များ စားရေးသောက်ရေးတွင် အဆင်ပြေစေရန်အတွက် ယနေ့တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ပြည်သူ့ဆေးရုံ၊ ရှမ်း ပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီး၊ အမျိုးသမီးနှင့် ကလေးအထူးကု ဆေးရုံကြီးနှင့် အောင်ပန်းမြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အထွေထွေ ရောဂါကုဆေးရုံကြီးနှင့် တာချီလိတ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ဆေးရုံကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နှင့် ဘုတ်ပြင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ တာမွေမြို့နယ်၊ အလုပ်သမားဆေးရုံကြီး၊ တောင်ဥက္ကလာပ မြို့နယ်၊ အမျိုးသမီးနှင့်ကလေး ဆေးရုံကြီး၊ မြောက်ဥက္ကလာမြို့နယ်နှင့် အင်းစိန်မြို့နယ် တို့ရှိ သင်ကြားရေးနှင့် အထွေထွေ ရောဂါကုဆေးရုံကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကျုံပျော်မြို့နှင့် မအူပင်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့ ပြည်သူ့ဆေးရုံနှင့် ချင်းပြည်နယ်၊ ဟားခါးမြို့ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးမြို့၊ အထွေထွေရောဂါကု ဆေးရုံကြီးနှင့် မိတ္ထီလာမြို့နယ် ပြည်သူ့ ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နှင့် ပြည်မြို့တို့ရှိ အထွေထွေ ရောဂါကု ဆေးရုံကြီးများ၊ ဇီးကုန်းမြို့ပြည်သူ့ဆေးရုံတို့၌ တန်ဖိုးသင့် ထမင်း၊ ဟင်းနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့ကို တပ်မတော်က သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။။ထို့ပြင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေးအထောက်အကူ ဖြစ်စေ ရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော် သားများနှင့် မိသားစုဝင်များက စားသောက်ကုန် ပစ္စည်းများနှင့် တန်ဖိုးသင့် ထမင်းဟင်း များကို ရောင်းချပေးခဲ့သည်။။ထိုသို့ရောင်းချရာတွင် နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင် တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်း ရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များ၊ တပ်မတော်စက်ရုံထုတ် စားသောက်ကုန် ပစ္စည်းများ၊ တန်ဖိုးသင့် ထမင်း၊ ဟင်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်း ရရှိသည်။
တပ်မတော်သတင်း
https://www.myawady.net.…t/files/3_10.jpg
Sat, 08/08/2020 - 23:19
admin_webportal
https://www.myawady.net.mm/node/316
Covid - 19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများ အထောက်အကူ ဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း
နေပြည်တော်၊ သြဂုတ် - ၈။ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌ ဆေးရုံ တက်ရောက်ကုသမှု ခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေး ဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အာဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာန ချုပ်များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ် လှူဒါန်း လျက်ရှိ သည်။။ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းပြည်သူ့ ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့ပြည်သူ့ဆေးရုံနှင့် ဓနုကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ၊ ပင်းတယမြို့ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့ပြည်သူ့ ဆေးရုံ၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရေဖြူမြို့ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့တိုက်နယ်ဆေးရုံ၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ ပြည်သူ့ ဆေးရုံ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံတို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦး လက်ဖက်ရည် ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်)စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာ များကို ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်း
https://www.myawady.net.…t/files/1_20.jpg
Sat, 08/08/2020 - 23:27
admin_webportal
https://www.myawady.net.mm/node/317
ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ သြဂုတ် - ၈။Covid-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလ အတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်း အဆင်ပြေစေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ရွှေနတ်တောင်ဘုန်းတော်ကြီး ကျောင်းနှင့် သီပေါမြို့နယ်၊ ဘော်ကြိုဘုရားကြီး ကျောင်းတိုက်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ငွေဟင်္သာကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ ဝေနေယျသုခပရဟိတ ဘုန်းတော်ကြီးကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့၊ ရေလည်ကင်းကွင်း ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ လက်ပံတန်းမြို့၊ ခေါင်းလောင်းတိုင် ကျေးရွာ ဘုန်း တော်ကြီးကျောင်း၊ ဒိုက်ဦးမြို့၊ ကျွဲတဲကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ရွှေကျင်မြို့၊ ကျွဲတဲရပ်ကွက်၊ မဟာပညာဗိမာန် ပရဟိတ ဘုန်းတော်ကြီးကျောင်း၊ ပြည်မြို့၊ မအူတောကျေးရွာ၊ ကမ္ဘာစံဘုန်းတော်ကြီးကျောင်းနှင့် သဲဖြူကျေးရွာ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်း ခဲ့ကြသည်။။ထို့အပြင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အထောက်အကူ ဖြစ်စေရန်အ တွက် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြု ဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိသည်။။ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နှင့် သီပေါမြို့နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့၊ ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ တီကျစ်မြို့၊ ဖယ်ခုံ မြို့၊ ပင်လောင်းမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့၊ ဘောလခဲမြို့နှင့် ဖားဆောင်းမြို့၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ လှည်းကူးမြို့နယ်၊ ရဲမွန်တပ်မြို့နှင့် ဒလမြို့နယ်၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့၊ လက်ပံတန်းမြို့၊ ဒိုက်ဦးမြို့၊ ရွှေကျင်မြို့နှင့် ပြည်မြို့တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ ရှင်သာမဏေ များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာ ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို Covid-19 ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အပူချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်းတို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့်ဆေးရည် များ၊Mask များ၊ ဆေးပစ္စည်းနှင့် ဆေးဝါးများဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်း
https://www.myawady.net.…t/files/3_11.jpg
Sat, 08/08/2020 - 23:28
admin_webportal
https://www.myawady.net.mm/node/321
Politic magazine features its interview with Senior General Min Aung Hlaing under the heading “The Armed Forces is the guarantee for the perpetuation of peace, sovereignty and territorial integrity of a nation”
( From previous day)။QUE: Myanmar is the largest and richest in natural resource country in Southeast Asia. For many years it was under the sanctions of the USA and Western states under various far-fetched pretexts. And now the West is trying to dictate the conditions, which significantly slows down the development of the country and affects the welfare of the people. Do you think this is fair?။ANS: You are absolutely right. Myanmar is actually the largest country in land areas in Southeast Asian region, and rich in abundant natural resources. I have already counted the situations in post-independence period of our country. We practised the Parliamentary Democracy System, but with various pressures at that time. Domestically we have both Pro-Western Bloc and Pro-Eastern Bloc of which rivalry had a great impact on the country. Because of this dissimilarity, political parties and groups became separated, and even within Defence Services. Later we applied to introduce Socialism, and faced with many pressures from those who opposed this system. Even today, many people are still putting the blame on this system. After that, Myanmar Defence Services led the country for transforming the political system into Multi-party Democracy System as in fulfilling the people’s desire. Even this transformation, we are still being placed under the pressures as you mentioned. Possibly there may be many underlying reasons. Mostly given reasons are about the democratic values. Likewise, Russian Federation is also practising Multi-party Democracy System, but will not be similar to Western Democracy systems. Though, Russian Federation is on the successful runway with integrated developments enjoying peace and tranquility. Even human beings have to fix their clothes themselves accordingly with their respective body measurements. On that point, we must practise suitable Democracy System which is harmonious with our history, racism, characteristics, environment, and terms and conditions. Next point is that most people try to cover by human rights. There will be no possibility of being identical between the human rights that we meet with our sole criteria upon our cultural aspects and their human rights met with their cultural aspects. You should kindly consider how much they are not fair enough by criticizing, and impose sanctions on us after measuring with their criteria.။QUE: The country has many armed ethnic organizations. In 2015, eight factions signed the Nationwide Ceasefire Agreement. Then two more groups joined this Agreement.။You, as the Commander-in-Chief of Defence Services, have several times come forward with an initiative peaceful proposal for a ceasefire in those areas where certain irreconcilable armed detachments continue to operate. Tell us about these offers. What do they really mean?။ANS: Myanmar Defence Services is the ultimate organization that desires for the peace most. If armed conflicts are going on and there is no peace, the direct impact on our soldiers and they have to sacrifice their lives. Given that, Myanmar Defence Services has been actively participated in the peace process implemented by successive governments. We had released “Statement on Ceasefire and Eternal Peace”, the unilateral ceasefire announcement by Myanmar Defence Services from 21 December 2018 to 21 September 2019, and such kind of measure had never been in the history of peace process of Myanmar. The duration is 9 months in total. In that statement, we urged Ethnic Armed Organizations to hold talks on peace including ceasefire with National Reconciliation and Peace Centre (NRPC). Moreover, an 8-member Myanmar Defence Services negotiating team was founded if direct discussion with Myanmar Defence Services is needed. Our wish is to strengthen the trust by ceasing fire and moving on for peace talks with respective organizations to implement the peace process in real situation. However, we feel frustrated with the result of peace process, discussions and negotiation. On 1 July, 2019, after 7 months of the first statement, Myanmar Defence Services also released an additional statement on “Exhortation to carry out peace process during the term of unilateral ceasefire” to get attention of the respective person. Another statement, “Notification on effectively engaging in peace talks without delay for eternal peace during ceasefire period”, was also released. The aim beyond these statements is to negotiate and find the solution in accordance with the essence of democracy and to maintain the political harmony. Another aim is to help National Reconciliation and Peace Centre (NRPC) which is the leading body for peace process in Myanmar to put full effort in the process and not to delay peace process because of armed conflicts. NRPC cannot utilize well upon this opportunity. They were not able to use Myanmar Defence Services negotiating team effectively as necessary. We are frustrated to learn that Ethnic Armed Organizations strengthened their power, expanded their controlled areas and put burden on the local people. Their actions became serious and worst that they collected extortion money on main communication route, set mines and destroyed roads and bridges, and fired inside the urban cities. I have committed to have eternal peace by 2020. Peace is the most important for our country and I really desire for it. However, peace cannot be implemented unilaterally. It needs all-inclusiveness. Relating to this point, there is no relation between peace process and drugs manufacturing. However, Myanmar Defence Services will proceed for the eternal peace and ceasefires.။QUE: As you can see from a number of your real actions, as well as from your statements during negotiations with repre-sentatives of ethnic groups, you are putting the country together so that Myanmar is a country without ethnic contradictions, so that all the peoples of the country live in peace and harmony. This is a high patriotic duty on your part. This, as we see, is your firm position. How do you think, what is needed in order to end hostilities that have been going on for more than 70 years, to establish peace in all border regions, to ensure their successful socio-economic development and to incorporate them fully into the life of the country on the principles of federalism?။ANS: For the existence of a country, the Constitution is the predominant factor for well-running the pillars of legislation, administration and jurisdiction. Otherwise, Constitution is also the commitments: How a government will rule and obey the people which elected the government and how it will exercise each sector of legislation, admi-nistration and jurisdiction. In the Constitution of our country, the fundamental rights and duties of the entire citizens are adequately defined in the Chapter I: Basic Principles of the Union and Chapter VIII: Citizen, Fundamental Rights and Duties of the Citizens.။It can also be assumed that the rights defined in the Constitution are not less than the values and norms of human rights described in the Universal Declaration of Human Rights-UDHR. Regarding the ethnic affairs, the Section 22 of the Constitution clearly describes the points what the Union shall assist to develop the language, literature, fine arts of the national races, mutual amity and respect and mutual assistance among the national races besides to promote socio-economic development including education, health, economy, transport and communication.။While doing so, all the people from respective sectors have to try themselves to reach the goal. For me myself, I have been too many places where ethnic groups are residing in our country. I have also met with them friendly manners, and I have listened and explained to them. To conclude, what all I have said was to have local technicians and intellectuals, to implement practically the development of their region under the leadership technicians and intellectuals, and the opportunities for their region. My opinion is very simple. I want to mention an example here. If you want to pass the exam, there are a lot of factors to consider. Step 1 is you have to enrol the school, and Step 2 is you have to learn the subjects, then as Step 3, you have to takethe exam. If you don’t enrol the school, don’t learn and don’t sit in the exam, you cannot pass the exam. Likewise, if everyone cooperates with pragmatic actions, the questions that you have raised will be solved.။QUE: In recent years, the activities of ARSA and AA terrorist groups which were declared as terrorists by the Government of Myanmar in March this year, have intensified in the western regions of the country. The army bears the main burden of fighting them.။What is needed in order to defeat terrorism?။ANS: All the people have to accept whole-heartedly that terrorism is a bad ideology.။Some of the media are intentionally propagat-ing the actions of terrorist groups, terrorists and people who are getting involved in acts of terror as racial issue. It is needed to cut off the resources and support of them to eliminate terrorism. A terrorist cannot launch a terrorist attack without arms however they are enthusiastic to launch. And, they cannot attack without ammunitions although they have arms. How they are getting arms, ammunition, and support? Where do they get money to purchase those arms and ammunition? How do they manage to get it? That’s the answer. They collect extortion money from the people. Then, their main income is derived from drug trafficking. They got money from drug trafficking business and trafficking of natural resources. So that, Myanmar Defence Services is trying to eradicate the drug trafficking as a national endangerment. During 2019 and 2020, our security troops could seize drugs which worth over Ks-872.216 billion, more than 636 million in US dollars. I also would liketo highlight here that, chemical precursors which are used to produce Metha-mphetamine and ICE are not manufactured in Myanmar. It is needed to import from other countries. We have a lot of questions. How do they import and how do they maintain that process? I would like to say we need international cooperation to cut out those tracks. So, when eliminating terrorism, it is not enough to consider only on a single terrorist group. It is also needed to consider background situations, and their backups. All countries in the world have to cooperate to eliminate them.။QUE: Currently, in the context of the spread of terrorism on a global scale, the security of one state cannot be ensured by itself, alone. Myanmar is no exception. Russia has rich experience in combating terrorism and solving the problems of separatism in the 1990s of the 20th century. What interaction with Russia, as the Commanderin-Chief of Defence Services, would you like to see on the path to resolving the terrorist threat in Myanmar?။ANS: I know well that Russia has rich experience in combating terrorism. Information is important in counter-terrorism operations. It is much better to cooperate for accessing of information. But, like what I said, terrorist groups have hidden networks and connections. Those are the roots of terrorism. It is necessary to share information and to cooperate among us to bring them out and to eliminate them. The best way to eliminate terrorism is cooperation—especially cooperation among neighbouring countries, cooperation among friendly countries and cooperation between countries with the same goal to eliminate terrorism.။(To be continued)
English News
https://www.myawady.net.…les/2-982020.jpg
Sun, 08/09/2020 - 09:07
admin_webportal
https://www.myawady.net.mm/node/322
တပ်မတော်သည် နိုင်ငံတစ်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာ နယ်နိမိတ်တည်တံ့ ခိုင်မြဲရေးအတွက် အာမခံချက်ဖြစ်သည်'' ဟူသောခေါင်းစဉ်ဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Politic မဂ္ဂဇင်းတို့၏
မေး။ ။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာ ဧရိယာအားဖြင့် အကြီးဆုံး၊ သဘာဝသယံဇာတ အကြွယ်ဝဆုံး နိုင်ငံတစ်ခုဖြစ်ပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံအချို့ဟာ စိတ်သဘောထားမမှန်စွာနှင့် ယိုးမယ်ဖွဲ့ပြီး နှစ်ပေါင်းများစွာ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ အနောက်နိုင်ငံတွေ ဟာ နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးမှု နှောင့်နှေးနှေးကွေးအောင်၊ ပြည်သူများ၏သာယာဝပြောရေးကို ထိပါးနိုင်သည့် အခြေအနေရောက်အောင် ဖန်တီးနေကြပါတယ်။ သို့သော် ဆောင်ရွက်နေမှုများဟာ တရားမျှတမှုရှိတယ်လို့ ထင်ပါသလား။။ဖြေ။ ။ ခင်ဗျားပြောတာမှန်ပါတယ်။ မြန်မာဟာအရှေ့တောင်အာရှဒေသမှာ ဧရိယာအားဖြင့် အကြီးဆုံးဖြစ်ပြီး သဘာဝသယံဇာတပေါကြွယ်ပါတယ်။ လွတ်လပ်ရေးရပြီးစ ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေကိုပြောပြီး ဖြစ်ပါတယ်။ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ကျင့်သုံးခဲ့တယ်။ အဲဒီခေတ်မှာကတည်းက ဖိအားအမျိုးမျိုးပါ။ ပြည်တွင်းမှာလည်း အနောက်ကို လိုလားတဲ့အုပ်စုရှိသလို၊ အရှေ့ကိုလိုလားတဲ့အုပ်စု ရှိပါတယ်။ ဒီအားပြိုင်မှုတွေဟာ နိုင်ငံအပေါ်မှာ တော်တော်အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ ဒီကိစ္စတွေကြောင့် နိုင်ငံရေးပါတီတွေကွဲခဲ့သလို နိုင်ငံရေးအင်အားစုတွေလည်းကွဲခဲ့တယ်။ကျွန်တော်တို့ တပ်ထဲမှာတောင် ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆိုရှယ်လစ်စနစ်ကျင့်သုံးခဲ့တယ်။ ဒီစနစ်နဲ့ ဆန့်ကျင်ဘက်အုပ်စု တွေရဲ့ဖိအားပေးမှု ပိုမိုများလာတာပေါ့။ ဒီနေ့ထိတောင် ဒီစနစ်ကိုလက်ညှိုးထိုးအပြစ်တင်လို့မပြီးသေးပါဘူး။ နောက်ပိုင်းမှာ ကျွန်တော်တို့ပြည်သူတွေလိုလားတောင့်တခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်ကပဲ ဦးဆောင်ပြီး ပြောင်းလဲခဲ့တယ်။ ဒီလိုပြောင်းလဲပြီး နောက်ပိုင်းမှာလည်း ခုခင်ဗျားပြောတဲ့ ဖိအားတွေ ရှိနေတုန်းပါပဲ။ အကြောင်းအမျိုးမျိုးတော့ ရှိမှာပေါ့လေ။ ဒီမိုကရေစီစံချိန်၊ စံညွှန်းဆိုတဲ့စကားကတော့ ခဏခဏပြောနေတာပေါ့။ ရုရှားနိုင်ငံလည်း ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးနေတာပဲ။ ရုရှားရဲ့ ဒီမိုကရေစီနဲ့ အနောက်နိုင်ငံရဲ့ဒီမိုကရေစီ ဘယ်တူမလဲ။ သို့သော် ခုခင်ဗျားတို့နိုင်ငံအောင်မြင်နေတယ်။ ဖွံ့ဖြိုးတိုးတက် နေတယ်။ တည်ငြိမ်အေးချမ်းနေတယ်ဗျာ။လူတွေတောင်အင်္ကျီဟာ ကိုယ့်ကိုယ်တိုင်းနဲ့ကိုယ် ဝတ်ရတာပဲလေ။ ကျွန်တော်တို့လည်း ကျွန်တော်တို့ နိုင်ငံရဲ့သမိုင်း၊ လူမျိုးရေး၊ စရိုက်လက္ခဏာ၊ ပတ်ဝန်းကျင်အနေအထား၊ အခြေအနေ၊ အချိန်အခါနဲ့ လိုက်လျောညီထွေရှိတဲ့ ဒီမိုကရေစီ စနစ်ကိုကျင့်သုံးရမှာပဲဖြစ်ပါတယ်။ နောက်တစ်ခုက လူ့အခွင့်အရေးကိစ္စတွေကို အကြောင်းပြပါတယ်။ သူတို့ယဉ်ကျေးမှုအရ ကျင့်သုံးနေတဲ့ လူ့အခွင့် အရေးတွေနဲ့ ကျွန်တော်တို့ယဉ်ကျေးမှု အရရှိနေ၊ ကျင့်သုံးနေတဲ့ လူ့အခွင့်အရေးတွေ ဘယ်လိုလုပ် ထပ်တူကျနိုင်မလဲ။ ဒီအပေါ်မှာ သူတို့ပေတံ၊ သူတို့စံနှုန်းနဲ့လာတိုင်းပြီး ဝေဖန်တာတွေ၊ ပိတ်ဆို့တာတွေ လုပ်တာဟာ တရားမျှတမှုရှိ၊မရှိ ခင်ဗျားပဲစဉ်းစားကြည့်ပါ။။မေး။ ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များစွာရှိပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ ရှစ်ဖွဲ့ဟာ တစ်နိုင်ငံလုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးခဲ့ပြီး နောက်ထပ်နှစ်ဖွဲ့လည်း ဆက်လက် ပါဝင်လက်မှတ်ရေးထိုး ခဲ့ပါတယ်။ အဆိုပါ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ဒေသတွေမှာ အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တစ်ယောက်အနေဖြင့် ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို အကြိမ်ပေါင်းများစွာ အဆွေတော်အဆိုပြု ကမ်းလှမ်းခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ အဆိုပြု ကမ်းလှမ်းချက်များ အကြောင်းပြောပြပေးပါ။ ကမ်းလှမ်းချက်တွေရဲ့အဓိပ္ပာယ်နဲ့အနှစ်သာရများက ဘာတွေပါလဲ။။ဖြေ။ ။တပ်မတော်သည် ငြိမ်းချမ်းရေးကိုအလိုချင်ဆုံး အဖွဲ့အစည်းပါ။ မငြိမ်းချမ်းရင် လက်နက်ကိုင် ပဋိပက္ခတွေ ဆက်ဖြစ်နေရင် ကျွန်တော်တို့စစ်သည်တွေပဲ အသက်၊ ခန္ဓာပေးဆပ်ပြီး တိုက်ရိုက်ထိခိုက်ရတာပါ။ ဒါကြောင့် တပ်မတော်ဟာ ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်မှာ ငြိမ်းချမ်းရေးရအောင် တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ပါတယ်။ ၂ဝ၁၈ ခုနှစ်ဒီဇင်ဘာ ၂၁ ရက်ကနေ ၂ဝ၁၉ ခုနှစ် စက်တင်ဘာ ၂၁ ရက်အထိ ကျွန်တော်တို့မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သမိုင်းမှာ တစ်ခါမှမရှိဘူးတဲ့ ''ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်'' တွေထုတ်ပြန်ပြီး တစ်ဖက်သတ် ကျွန်တော်တို့ အပစ်အခတ် ရပ်စဲပေးခဲ့တယ်။ ကိုးလတာကာလပါ။ အဲဒီထုတ်ပြန်ချက်မှာ ''တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးသွားရန်''လို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် လိုအပ်လာရင် တပ်မတော်နဲ့ တိုက်ရိုက် ဆွေးနွေးနိုင်ရေး အဖွဲ့ဝင်ရှစ်ဦးပါတဲ့ တပ်မတော် ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ကိုလည်း ဖွဲ့ပေးခဲ့ပါတယ်။ အဓိကက ပစ်ခတ်တိုက်ခိုက်မှုတွေရပ်စဲပြီး ယုံကြည်မှု ပိုမိုခိုင်မာလာအောင် တည်ဆောက်၊ သက်ဆိုင်ရာ အဖွဲ့တွေနဲ့ ဆွေးနွေးပြီးရင် ငြိမ်းချမ်းရေးကို လက်တွေ့အကောင်အထည် ဖော်နိုင်ဖို့ပါ။ ဒါပေမဲ့ ဒီလိုအချိန်မှာ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေတာတွေ၊ ဆွေးနွေးနေတာတွေ၊ ညှိနှိုင်းနေတာတွေက အားမရစရာဘဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သက်ဆိုင်သူအားလုံး သတိထားနိုင်အောင် ခုနစ်လပြည့်ခါနီးကာလ ၂ဝ၁၉ ခုနှစ်ဇူလိုင် ၁ ရက်မှာ တပ်မတော်က ''ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလ အတွင်း ငြိမ်းချမ်းရေး လုပ်ငန်းရပ်များ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး တိုက်တွန်းချက်''ကို သီးခြားထုတ်ပြန် တိုက်တွန်းခဲ့ပါတယ်။ ထပ်ပြီး သြဂုတ် ၁၄ ရက်မှာ ''ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပေးထားချိန်တွင် ထာဝရငြိမ်းချမ်းရေးအတွက် အချိန်မဆိုင်းဘဲ ထိထိရောက်ရောက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြရေး အသိပေးချက်''ကို ထပ်မံထုတ်ပြန်ခဲ့ပါတယ်။ ဒါတွေ ထုတ်ပြန်ရခြင်းက ငြိမ်းချမ်းရေးအပြင် ဒီမိုကရေစီ စနစ်ရဲ့ အနှစ်သာရဖြစ်တဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာရေး၊ နိုင်ငံရေး သဟဇာတ ဖြစ်စေရေးအတွက် ဆောင်ရွက်ရခြင်းလည်း ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကိစ္စတွေကို ဦးဆောင်ဆောင်ရွက်နေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ဖို့၊ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေလို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်ရတာ နှောင့်နှေးနေတယ် မဖြစ်ရအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ NRPC အနေနဲ့ ဒါကိုအကောင်အထည် မဖော်နိုင်ခဲ့ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ လိုအပ်လို့ရှိရင် တပ်ကညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းပေးခဲ့တာကိုလည်း ထိထိရောက်ရောက် မသုံးနိုင်ခဲ့ပါဘူး။ ဒီအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့က အင်အားတိုးချဲ့တာတွေ၊ နယ်မြေတိုးချဲ့တာတွေ၊ ပြည်သူလူထုအပေါ်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် လုပ်ရပ်တွေလုပ်နေတာကို စိတ်မကောင်းဖွယ် တွေ့ရတယ်။ အဓိကက ဆက်သွယ်ရေးလမ်းကြောင်းပေါ် ထိတက်လာပြီး ဆက်ကြေး ကောက်တာ၊ လမ်းတံတားတွေကို မိုင်းထောင်၊ မိုင်းခွဲတာ၊ မြို့ပြတွေကို ပစ်ခတ်တာတွေထိ လုပ်လာတယ်။ ကျွန်တော့်အနေနဲ့ ၂ဝ၂ဝ ပြည့်နှစ်မှာ ငြိမ်းချမ်းရေးရအောင် လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်စကားပြောခဲ့ပါတယ်။ ငြိမ်းချမ်းရေးရရှိဖို့ဟာ တိုင်းပြည်အတွက် အရေးကြီးသလို တကယ်လည်း လိုချင်ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးက တစ်ဖက်တည်းလုပ်လို့ မရပါဘူး။ သက်ဆိုင်သူတွေအားလုံး ပါမှရတာပါ။ ဒီနေရာမှာ ထပ်ပြောချင်တာက ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း ဘယ်လိုမှမအပ်စပ်၊ မဆက်စပ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော် အနေနဲ့ကတော့ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ တဒင်္ဂမဟုတ်တဲ့ ထာဝရငြိမ်းချမ်းရေး ရရှိရေး ဆက်လက်ဆောင်ရွက်လျက် ရှိပါတယ်။။မေး။ ။အဆွေတော်ရဲ့ ပကတိလုပ်ဆောင်ချက်တွေ အရရော တိုင်းရင်းသား အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနဲ့ ညှိနှိုင်းဆွေးနွေးမှု ဆောင်ရွက်စဉ်အတွင်း အဆွေတော်၏ ပြောကြားချက်အရရော၊ တိုင်းရင်းသား လူမျိုးများအချင်းချင်း ဝိရောဓိမဖြစ်၊ အမြင်တွေကွဲပြားမှု မရှိဘဲ၊ အေးချမ်းပျော်ရွှင် သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံကို တစုတစည်းတည်း ဖြစ်အောင် အဆွေတော် ဆောင်ရွက်နေတာ သိသာပါတယ်။ ဒါဟာမျိုးချစ်စိတ်ရှိတဲ့ အဆွေတော်တို့ အတွက် မြင့်မားတဲ့ တာဝန်တစ်ရပ် ဖြစ်ပါတယ်။ ဒါဟာအဆွေတော်ရဲ့ ခိုင်မြဲတဲ့ရပ်တည်ချက် ဖြစ်ပါတယ်။ နှစ် ၇ဝ ကျော် ကြာညောင်းနေတဲ့ စစ်ပွဲပဋိပက္ခတွေ အဆုံးသတ်ဖို့၊ နယ်စပ်ဒေသတွေမှာ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့နဲ့ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရေးကို အာမခံနိုင်ဖို့၊ ဖက်ဒရယ်မူများအသွင် အပြည့်အဝပေါင်းစပ် ဆောင်ရွက်နိုင်ရေး ဘာတွေလိုအပ်တယ်လို့ အဆွေတော် ထင်မြင်ယူဆပါသလဲ။။ဖြေ။ ။ (က)နိုင်ငံတစ်ခု ရပ်တည်နိုင်ဖို့ နိုင်ငံရဲ့ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်ကြီးတွေ ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ အခြေခံ ဥပဒေက အဓိကပါပဲ။ တစ်နည်းအားဖြင့် အခြေခံ ဥပဒေဆိုတာ နိုင်ငံတော်ကို အုပ်ချုပ်တဲ့ အစိုးရက သူ့ကိုရွေးချယ် တင်မြှောက်လိုက်တဲ့ ပြည်သူ့အပေါ် သူဘယ်လို အုပ်ချုပ်မယ်၊ ဘာတွေလိုက်နာမယ် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ကဏ္ဍအလိုက် ဘယ်လို ကျင့်သုံးမယ်ဆိုတာ ပေးထားတဲ့ ကတိကဝတ်တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ နိုင်ငံသူ၊ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအတွက် အခွင့်အရေးတွေ၊ ကတိကဝတ်တွေကို အခန်း(၁)၊ နိုင်ငံတော် အခြေခံမူများ အခန်းနဲ့ အခန်း(၈)၊ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များအခန်းမှာ ပြည့်ပြည့်စုံစုံ ထည့်သွင်းရေးသား ပြဋ္ဌာန်းထားပါတယ်။ ပြောရရင် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights- UDHR)ပါ လူသားတိုင်းအတွက် ရပိုင်ခွင့်စံချိန်၊ စံညွှန်းတွေထက် မလျော့ပါဘူး။ တိုင်းရင်းသား ကိစ္စတွေနဲ့ ပတ်သက်ရင်လည်း အခြေခံဥပဒေ ပြဋ္ဌာန်းချက် ၂၂ မှာ တိုင်းရင်းသားတွေရဲ့ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ အချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစား ရိုင်းပင်းကူညီရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် နိုင်ငံတော်က ကူညီဆောင်ရွက် ရမှာတွေကို ဖော်ပြထားပါတယ်။။(ခ)သို့သော် ဒီလိုဆောင်ရွက်တဲ့နေရာမှာ သက်ဆိုင်ရာ Respective ဧရိယာက ပြည်သူလူထုကလည်း ကိုယ်တိုင်ကြိုးစားမှ အရာရောက်မှာ၊ အလုပ်ဖြစ်မှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော်တို့နိုင်ငံထဲက တိုင်းရင်းသား ဒေသတွေ တော်တော်များများကို ရောက်ဖူးပါတယ်။ သူတို့နဲ့ ရင်းရင်းနှီးနှီး အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးဖူးပါတယ်။ ဒီမှာ ကျွန်တော်နားထောင် ခဲ့ရတာတွေ၊ ပြောခဲ့တာတွေ အများကြီးပါပဲ။ သို့သော် အနှစ်ချုပ်လိုက်ရင် မိမိဒေသကနေ ဒေသခံအသိ ပညာရှင်၊ အတတ်ပညာရှင်တွေ ပေါ်ထွက်လာဖို့၊ သူတို့က ဦးဆောင်ပြီး ဒေသဖွံ့ဖြိုးရေးကို လက်တွေ့ကျကျ လုပ်ဆောင်ဖို့၊ ဒေသအတွက် လုပ်ဆောင်နိုင်တဲ့ အလုပ်နဲ့ အခွင့်အလမ်းတွေ အကြောင်းပါပဲ။ အယူအဆကတော့ ရှင်းရှင်းလေးပါဗျာ။ အတန်းစာမေးပွဲ အောင်ချင်ရင် နံပါတ်တစ်က ကျောင်းနေရမယ်။ နံပါတ်နှစ်က စာသင်ရမယ်။ နံပါတ်သုံးက စာမေးပွဲဖြေရမှာပဲ လေဗျာ။ ကျောင်းမနေဘဲ၊ စာမသင်ဘဲ၊ စာမေးပွဲမဖြေဘဲ၊ အတန်းစာမေးပွဲ အောင်ချင်လို့ ဘယ်လိုလုပ်ဖြစ်နိုင်မလဲဗျာ။ အားလုံးက ပူးပေါင်းဆောင်ရွက်ရင်၊ လက်တွေ့ကျကျ ဆောင်ရွက်ရင် ခင်ဗျားခုနမေးတဲ့ ကိစ္စတွေဟာ ဖြစ်လာမှာ အမှန်ပါပဲ။။မေး။ ။ ယခုနှစ် မတ်လအတွင်းက အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် အစိုးရက ကြေညာထားတဲ့ ARSA နဲ့ AA အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေဟာ မကြာသေးမီနှစ်ပိုင်းတွေမှာ နိုင်ငံရဲ့အနောက်ပိုင်းမှာ ပိုမိုများပြား ပြင်းထန်လာပါတယ်။ ၎င်းတို့ကို တိုက်ဖျက်ဖို့အတွက် တပ်မတော်မှာ အဓိက တာဝန်ရှိလာပါတယ်။ အကြမ်းဖက်ဝါဒကို တိုက်ဖျက်နိုင်ဖို့အတွက် ဘာတွေလိုအပ်ပါသလဲ။။ဖြေ။ ။အကြမ်းဖက် ဝါဒဆိုတာ မကောင်းဘူးဆိုတာ ပြည်သူတွေက နှစ်နှစ်ကာကာ သိလာဖို့လိုပါတယ်။ အချို့မီဒီယာတွေ ကလည်း ဒီအကြမ်းဖက်မှု ကျူးလွန်နေတဲ့အဖွဲ့တွေ၊ လူတွေ၊ အားပေးနေတဲ့လူတွေကို သိလျက်နဲ့ လူမျိုးရေးကိစ္စလို လိုပုံဖော်ပြီး မှိုင်းတိုက်နေတာတွေ ရှိပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး အတွက် သူတို့ရဲ့အရင်းအမြစ်၊ အထောက်အပံ့တွေကို ဖြတ်တောက်ပစ်ဖို့လိုပါတယ်။ သူတို့မှာ အကြမ်းဖက်မှု လုပ်ဖို့ အကြမ်းဖက်လိုတဲ့ စိတ်ဘယ်လိုပဲရှိရှိ လက်နက်မရှိရင်လုပ်လို့မရပါဘူး။ လက်နက်ဘယ်လိုပဲရှိရှိ ခဲယမ်းမရှိရင် လုပ်လို့မရပါဘူး။ ဒီလက်နက်၊ ခဲယမ်းတွေ၊ ပစ္စည်းတွေ ဘယ်လိုရနေသလဲ။ ဒါတွေဝယ်ဖို့ ငွေဘယ်ကရနေသလဲ။ ဒါတွေကို ဘယ်လိုနည်းနဲ့ ရယူနေသလဲ။ ဒါကအဖြေပါပဲ။ သူတို့အနေနဲ့ ငွေကို ပြည်သူလူထုထံက အတင်းအဓမ္မ ဆက်ကြေးကောက်ခံပြီး စုနေတယ်။ ပြီးရင် အဓိက မူးယစ်ဆေးဝါး လုပ်ငန်းတွေက ရနေတယ်။ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်၊ ရောင်းချတဲ့ လုပ်ငန်းတွေက ရနေတယ်။ ဒါ့အပြင် သဘာဝ သယံဇာတတွေကို ခိုးထုတ်ရောင်းချခြင်းက ရနေတယ်။ ဒါ့ကြောင့် တပ်မတော်အနေနဲ့ တစ်မျိုးသားလုံးရဲ့ အန္တရာယ်လည်းဖြစ်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးကို ကြိုးစားဆောင်ရွက်လျက် ရှိတယ်။ ၂ဝ၁၉ ခုနှစ်နဲ့ ၂ဝ၂ဝ ပြည့်နှစ်အတွင်းမှာပဲ ကျွန်တော်တို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မူးယစ်ဆေးဝါး မြန်မာကျပ်ငွေ ၈၇၂ ဒသမ ၂၁၆ ဘီလီယံ ကျော်ဖိုး၊ အမေရိကန်ဒေါ်လာ ၆၃၆ သန်းကျော်ဖိုးကို ဖမ်းဆီးဖော်ထုတ် ဖျက်ဆီးနိုင်ခဲ့တယ်။ ဒီမှာထပ်ပြီးပြောချင်တာက ဒီမူးယစ်ဆေးဝါး၊ စိတ်ကြွဆေးပြား (မက်သာဖက်တမင်း Methamphetamine) တို့ (ICE) တို့ကို ထုတ်လုပ်တဲ့ ဓာတုပစ္စည်း ပရီကာဆာတွေနဲ့ ချက်လုပ်တဲ့ ပစ္စည်းတွေက မြန်မာနိုင်ငံမှာမထွက်ပါဘူး။ တခြားနိုင်ငံကနေ တင်သွင်းရတယ်။ သူတို့ဘယ်လို တင်သွင်းနေသလဲ၊ ဘယ်လိုရယူနေသလဲ။ ဒီလမ်းကြောင်းတွေ ဖြတ်တောက်ပစ်ဖို့ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု လိုတယ်လို့ ကျွန်တော်ပြောရတာ ဖြစ်တယ်။ ဒါ့ကြောင့် အကြမ်းဖက် တိုက်ဖျက်ရေးမှာ ဒီအဖွဲ့ တစ်ခုကိုပဲ ကြည့်လို့မရဘူး။ နောက်ကွယ်က ပံ့ပိုးနေတဲ့အကြောင်း တရားတွေ၊ အဖွဲ့အစည်းတွေကိုလည်း မြင်အောင်ကြည့်ရမယ်။ ဒါတွေကို နိုင်ငံအားလုံးပူးပေါင်း ဆောင်ရွက်တိုက်ဖျက်ဖို့ လိုပါတယ်။။မေး။ ။လက်ရှိကာလမှာ အကြမ်းဖက်ဝါဒဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ပျံ့နှံ့နေတဲ့ အတွက်ကြောင့် မြန်မာနိုင်ငံ အပါအဝင် မည်သည့်နိုင်ငံကမှ သူ့နိုင်ငံရဲ့လုံခြုံရေးကို သူကိုယ်တိုင်တစ်နိုင်ငံတည်းကနေ ကာကွယ်ပေးနိုင်ခြင်း မရှိကြတော့ပါဘူး။ ရုရှားနိုင်ငံအနေနဲ့ ၂ဝ ရာစုရဲ့ ၁၉၉ဝ ပြည့်နှစ်များ အတွင်းမှာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနဲ့ ခွဲထွက်ရေး သမားများကို နှိမ်နင်းတဲ့ စစ်ဆင်ရေး အတွေ့အကြုံများစွာ ရှိပါတယ်။ မြန်မာနိုင်ငံအပေါ် အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှုကို ဖြေရှင်းဆောင်ရွက်ရန်အတွက် အဆွေတော်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တစ်ယောက်အနေနဲ့ ရုရှားနိုင်ငံနှင့် ဘယ်လိုအပြန်အလှန် ပူးပေါင်း ဆောင်ရွက်တာမျိုး မြင်ချင်ပါသလဲ။။ဖြေ။ ။ရုရှားနိုင်ငံဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အတွေ့အကြုံကောင်းတွေ ရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ စစ်ဆင်ရေးမှာ ''သတင်း'' ရရှိဖို့လိုပါတယ်။ ဒီလို ''သတင်း'' ရရှိရေး၊ ရယူနိုင်ရေးကိစ္စမှာ ပူးပေါင်းဆောင်ရွက်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ကျွန်တော် ပြောခဲ့သလို ဒီအကြမ်းဖက် အဖွဲ့အစည်းတွေဟာ ကွန်ရက်တွေရှိပါတယ်။ နောက်ကွယ်မှာ ချိတ်ဆက်မှုတွေ ရှိပါတယ်။ ဒါတွေဟာ အကြမ်းဖက်ဝါဒရဲ့ အရင်းမြစ်တွေပါပဲ။ ဒါတွေကို ဖော်ထုတ်နိုင်ဖို့၊ ထိထိရောက်ရောက် ချေမှုန်းနိုင်ဖို့ သတင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုတာကတော့ အမှန်ပါပဲ။ အထူးသဖြင့် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ မိတ်ဆွေနိုင်ငံများရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အကြမ်းဖက် ဝါဒကို ကမ္ဘာပေါ်က ပျောက်ကွယ်သွားစေလိုတဲ့ နိုင်ငံများနဲ့ အဖွဲ့အစည်းများရဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာ အကြမ်းဖက်ဝါဒကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ အထောက်အပံ့ကောင်းတွေပဲ ဖြစ်ပါတယ်။ ဆက်လက်ဖော်ပြပါမည်။
ခေါင်းကြီးပိုင်းသတင်း
https://www.myawady.net.…/1140---560-.jpg
Sun, 08/09/2020 - 09:37
admin_webportal
https://www.myawady.net.mm/node/323
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မဟာဓာတ်အားလိုင်း၊ ပင်မဓာတ်အားခွဲရုံများဖွင့်ပွဲနှင့် လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ခြင်း အခမ်းအနားကျင်းပ
ကျိုင်းတုံ သြဂုတ် ၈။နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက်ပိုင်းတွင် ၂၃ဝ ကေဗွီ နမ့်စန်- မိုင်းပျဉ်း-ကျိုင်းတုံ မဟာ ဓာတ်အားလိုင်း၁၅၁ ဒသမ ၈ မိုင်၊ ၂၃ဝ/၆၆/၁၁ ကေဗွီ ၁ဝဝ အမ်ဗွီအေ ကျိုင်းတုံပင်မဓာတ်အားခွဲရုံ၊ ၂၃ဝ/၆၆/၁၁ ကေဗွီ ၆ဝ အမ်ဗွီအေ မိုင်းပျဉ်းပင်မ ဓာတ်အားခွဲရုံဖွင့်ပွဲနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ နိုင်ငံံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ခြင်း အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်၍ မိန့်ခွန်းပြောကြားသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် နိုင်ငံတော် သမ္မတက မဟာဓာတ်အားလိုင်း၊ ပင်မဓာတ်အားခွဲရုံများ ဖွင့်ပွဲနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)သို့ နိုင်ငံံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ခြင်း အခမ်းအနား အဖွင့်မိန့်ခွန်းပြောကြားရာတွင်။---။ထို့နောက် လျှပ်စစ်နှင့် စွှမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ရေး လုပ်ငန်းမှ ရရှိသော အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် မြို့မိမြို့ဖ ဦးစိုင်းအောင်ခမ်းက ဒေသခံပြည်သူများ ကိုယ်စားကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် နိုင်ငံတော် သမ္မတသည် ကျိုင်းတုံပင်မ ဓာတ်အားခွဲရုံ အပေါ်ထပ် ရှုရပ်နေရာမှ ပင်မဓာတ်အားခွဲရုံ၏ Switch Yard အား ကြည့်ရှုသည်။ ယင်းနောက် နိုင်ငံတော်သမ္မတ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့သည် ကျိုင်းတုံပင်မ ဓာတ်အားခွဲရုံ Control Room သို့ရောက်ရှိကြပြီး စက်ခလုတ်နှိပ်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ပေးကြသည်။ ထို့နောက် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီးတို့က ၂၃ဝ ကေဗွီနမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ မဟာဓာတ်အားလိုင်း (၁၅၁ ဒသမ ၈)မိုင်၊ ၂၃ဝ/၆၆/၁၁ ကေဗွီ ၁ဝဝ အမ်ဗွီအေ ကျိုင်းတုံပင်မ ဓာတ်အားခွဲရုံ၊ ၂၃ဝ/၆၆/၁၁ ကေဗွီ ၆ဝ အမ်ဗွီအေ မိုင်းပျဉ်းပင်မဓာတ်အား ခွဲရုံ ဖွင့်ပွဲနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)သို့ နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ခြင်း အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် နိုင်ငံံတော် သမ္မတ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က ၂၃ဝ/၆၆/၁၁ ကေဗွီ ၁ဝဝ အမ်ဗွီအေ ကျိုင်းတုံပင်မဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော် သမ္မတသည် တက်ရောက် လာကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ထို့နောက် နိုင်ငံတော် သမ္မတသည် ကျိုင်းတုံမြို့ Amazing Kengtong Resortခန်းမ၌ လွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌများ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတက မိမိတို့အားလုံးသည် နိုင်ငံံ့ဝန်ထမ်းများ ဖြစ်ကြပြီး နိုင်ငံတော်မှ ချီးမြှင့်သည့် လစာစရိတ်၊ အဆောင်အယောင်များကို ခံစားနေကြသူများ ဖြစ်ကြကြောင်း၊ ထို့ကြောင့် မိမိတို့သည် ဝန်ထမ်းများ လိုက်နာရမည့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာပြီး နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရန် သန္နိဋ္ဌာန်ချမှတ်ထားပြီး ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းဖြင့် ပြည်ထောင်စု စနစ်ကို ခိုင်မာစေမည်ဖြစ်ပြီး ပြည်ထောင်စုစနစ် တည်ဆောက်ခြင်းဖြင့် ဒီမိုကရေစီအုတ်မြစ် ခိုင်မာလာမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများက ဦးစီးဦးဆောင်ပြုသော်လည်း ဝန်ထမ်းများ၏ မောင်းနှင်အားသည် အဓိကဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ မောင်းနှင်အား ကောင်းမွန်မှုအပေါ် မူတည်ပြီး နိုင်ငံတော်၏ ဒီမိုကရေစီ ယန္တရား မြန်ဆန်ကောင်းမွန်မည် ဖြစ်ကြောင်း။ နိုင်ငံသားတိုင်း တရားမျှတမှုကို ခံစားခွင့်ရှိသည့်အတွက် ဝန်ထမ်းများ အနေဖြင့် ပြည်သူကို ဝန်ဆောင်မှုပေးရာတွင် တရားမျှတမှုဖြင့် အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုမျိုး ပေးစေလိုကြောင်း၊ မိမိကိုယ်ကို မိမိအုပ်ချုပ်သူအဖြစ် မမြင်စေလိုဘဲ ပြည်သူကို အလုပ်အကျွေး ပြုသူအဖြစ် ပြောင်းလဲကျင့်သုံး ခံယူရန် လိုအပ်ကြောင်း၊ အရာထမ်း၊ အမှုထမ်းများ အနေဖြင့်လည်း အပြန်အလှန် နားလည်မှုဖြင့် ညီရင်းအစ်ကို မောင်ရင်းနှမသဖွယ် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကဏ္ဍာပေါင်းစုံပြုပြင် ပြောင်းလဲရာတွင် မိမိတို့၏ အလေ့အကျင့် အလေ့အထများကို ခေတ်စနစ်နှင့်အညီ ခေတ်ရေစီးကြောင်း အပြောင်းအလဲအပေါ် မူတည်၍ လိုက်ပါပြောင်းလဲရမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြုပြင်ပြောင်းလဲ ရခြင်းသည် ရတောင့်ရခဲ အချိန်အခါကောင်းတွှင် ဆောင်ရွက်ရခြင်းဖြစ်သည့် အတွက် အားလုံး တက်ညီလက်ညီ လိုက်ပါဆောင်ရွက်ကြရန် လိုအပ်ကြောင်း။ ထို့ပြင် ငြိမ်းချမ်းသာယာဝပြောပြီး တန်းတူရည်တူ အခွင့်အရေးရှိသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လူမျိုး၊ ဘာသာ၊ ဒေသ၊ နယ်မြေ မခွဲခြားဘဲ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ကျိုင်းတုံမြို့မှ တပ်မတော် အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြကြောင်း သတင်းရရှိသည်။
ခေါင်းကြီးပိုင်းသတင်း
https://www.myawady.net.…60%20%20copy.jpg
Sun, 08/09/2020 - 09:49
admin_webportal
https://www.myawady.net.mm/node/324
ပြည်သူ့အတွက်ဆိုပါလျှင်
တပ်မတော်သည် ပြည်သူကြားမှ ပေါက်ဖွားလာပြီး တိုင်းပြည်ကိုကာကွယ်ရန်၊ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်တာဝန်များကိုထမ်းဆောင်လျက်ရှိသည်။ ထိုသို့ ထမ်းဆောင်လျက်ရှိသည်မှာ တပ်မတော်တစ်ရပ်အဖြစ်စတင်ပေါ်ပေါက်သည်မှ ယနေ့တိုင်ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)၊ အခန်း(၇) ပုဒ်မ ၃၄၁-နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသား များအတွက် ဘေးအန္တရာယ်များကျရောက်လာလျှင် တပ်မတော်ကကူညီဆောင်ရွက်ရမည်ဟု သတ်မှတ် ပြဋ္ဌာန်း ထားသည့်အတိုင်း ပြည်သူလူထုဘေးအန္တရာယ်ကြုံလေတိုင်း တပ်မတော်ကကူညီလျက်ရှိသည်။ နိုင်ငံတော်တွင် ယခုအခါကပ်ရောဂါဘေး ဆိုက်ရောက်နေသည့်အပြင် သဘာဝဘေးအန္တရာယ်များလည်း ကျရောက်လျက်ရှိရာ တပ်မတော်သည် ပြည်သူအတွက်ဆိုလျှင် အင်တိုက်အားတိုက်ပံ့ပိုး ကူညီလုပ်ဆောင် လျက်ရှိသည်။ COVID-19 စစ်မျက်နှာပြင်တွင် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဆရာဝန်၊ သူနာပြု ဆေးဝန်ထမ်း များသည် မိမိအသက်ကိုပဓာနမထားဘဲ စွန့်စွန့်စားစားကြိုးစား ဆောင်ရွက်ကြသည့်နည်းတူ တပ်မတော်ဆေး ဝန်ထမ်းတပ်ဖွဲ့သည်လည်း နိုင်ငံတော်အတွက် နောက်မတွန့်ဘဲ အချိန်နှင့်တစ်ပြေးညီ COVID-19 ရောဂါ ရှာဖွေရေး၊ ကုသရေး၊ ကာကွယ်ရေး၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ဆောင်ရွက်လျက်ရှိသည်။ တပ်မတော် ဆေးတပ်ဖွဲ့ဝင်များသည် တပ်မတော်သားများနှင့် တပ်မတော်သားများ၏ ဇနီး၊ သားသမီး၊ မိဘများ၊ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအား ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့်အပြင် ဆေးကုသမှု ခံယူရန် အခက်အခဲရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသများသို့ သွားရောက်၍ ဆေးကုသမှုများ ဆောင်ရွက်လျက်ရှိသည်။ တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် ဆေးတပ်ဖွဲ့ဝင်များသည် မိမိတို့ဒေသရှိ ပြည်သူများအား နယ်လှည့်ဆေးကုသမှု ဆောင်ရွက်ပေးနေစဉ် လိုအပ်ပါက တပ်မတော်ဆေးရုံ များသို့ တက်ရောက်စေ၍ ခွဲစိတ်မှု၊ ကုသမှုများ ပြုလုပ်ပေးလျက် ရှိသည်။ ကုန်းလမ်းခရီးတွင် မော်တော်ယာဉ်များဖြင့် လည်းကောင်း၊ ရေလမ်းခရီးတွင် တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော(သံလွင်)၊ တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု) စသည်တို့ဖြင့် လည်းကောင်း ပြည်သူလူထု ကျန်းမာရေးအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိသည်။ ထိုသို့စဉ်ဆက်မပြတ် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေသည့်အပြင် COVID-19 ကပ်ရောဂါကာလတွင် တပ်မတော်သား တို့သည် ပြည်သူအတွက်ဆိုလျှင် လက်မနှေး၊ နောက်မကျစေဘဲ ရောဂါကာကွယ်ရေး၊ ကုသရေး၊ ပညာပေးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာတွင် ဖြစ်ပွားခဲ့သော COVID-19 ရောဂါအတွက် တပ်မတော်တွင် ဇန်နဝါရီ ၂၄ ရက်နေ့မှစတင်၍ တပ်တွင်းအသိပညာ ပေးခြင်း၊ လေ့ကျင့် ပညာပေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ရောဂါဖြစ်ပွားမှု ထောက်လှမ်းခြင်းများ စတင် ဆောင်ရွက်ခဲ့ကြသည်။ ရောဂါနှင့် ပတ်သက်သော လက်ကမ်းစာစောင်၊ စီဒီခွေများပေးဝေခြင်းတို့ကို ပြုလုပ်ကာ ဖြန့်ဝေပေးခြင်း၊ တပ်မတော်သားများ၊ စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များအား ကျန်းမာရေး စစ်ဆေးခြင်း၊ အသိပညာ ပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။ ၂ဝ၂ဝ ပြည့်နှစ် မတ်လ ၁၉ ရက်နေ့မှစ၍ ဃဥဠှီု-၁၉ ပိုးတွေ့သီးသန့် လူနာကု ဆေးရုံများအဖြစ် တပ်မတော် ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေး ဆေးရုံ၊ တပ်မတော် အသည်းရောဂါ ကုဆေးရုံ၊ ကျန်းမာရေးနှင့် ရောဂါနှိမ်နင်းရေးတပ်၊ တပ်မတော် ဆေးရုံခုတင်-၇ဝဝ နှင့် တပ်မတော်ဆေးရုံ ခုတင်-၅ဝဝ တို့တွင် COVID-19 ရိုးရိုးလူနာများနှင့် အရေးပေါ်လူနာများထားနိုင်ရန် ပြင်ဆင်ဆောင်ရွက် ခဲ့သည်။ စစ်ရေယာဉ်မုတ္တမ၊ တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော(သံလွင်)နှင့် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)တို့ကိုလည်း အသင့်ပြင်ဆင်ထားရှိသည်။ COVID-19 ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့် သူများအား စစ်ကြော ရေးနှင့်တည်းခိုရေး စခန်းများ၌ ဆက်လက်လက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်းပြီး COVID-19ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး၌ ဆက်လက်ဆောင်ရွက်နေသည်။ ထို့ပြင် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများ အထောက်အကူဖြစ်စေရန် အာဟာရ ဖြည့်စား သောက်ဖွယ်ရာများနှင့် ဆေးရုံသုံးပစ္စည်းများ ကိုလည်း ဆက်လက်လှူဒါန်း လျက်ရှိသည်။ ပြည်သူ့ ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေး ဝန်ထမ်းများကို တန်ဖိုးသင့် ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက် ရှိသည်။ ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြစ်ရေတိုက်စားခြင်း၊ လေပြင်းတိုက်ခြင်း စသောသဘာဝ ဘေးဒဏ်များကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်သည့် နေရာတိုင်းတွင် တပ်မတော်သားတို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ တံတားကျိုးသွားလျှင် ချက်ချင်းပြန်ဆောက် ပေးသည်။ တာရိုးကျိုးပေါက်လျှင်လည်းချက်ချင်းပင် ရေထိန်းတာနှင့် သဲအိတ်များဖို့ပေးသည်။ သဘာဝ ဘေးဒဏ် ခံနေရသူများအတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာ များကိုလည်း တပ်မတော်ကပင် ပေးအပ်လျက်ရှိပေရာ တပ်မတော်သည် ပြည်သူ့အတွက်ဆိုပါလျှင် မိမိတို့၏အသက်ကို ပဓာနမထား၊ ပင်ပန်းဆင်းရဲသည်ကို ဂရုမမူ ပြည်သူများဘေးကင်း ရန်ကင်းနေထိုင်ဖို့အရေး မေတ္တာစေတနာ အပြည့်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။
အယ်ဒီတာ့အာဘော်
https://www.myawady.net.…es/%E1%81%81.jpg
Sun, 08/09/2020 - 09:56
admin_webportal
https://www.myawady.net.mm/node/325
ရန်ကုန်ဆိပ်ကမ်းသို့ ပင်လယ်ကူး သင်္ဘောကြီးများ ပိုမိုဝင်ထွက် သွားလာနိုင်ရန် ရေစူးတိုးမြှင့်သတ်မှတ်
ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်ဆိုက်ကပ်မည့် သင်္ဘောကြီးများအနက် ယခင်ရေစူး ၉ မီတာအနက်ရှိ သင်္ဘောကြီးများကိုသာ ခွင့်ပြုပေးရာမှ ဇူလိုင်လမှစ၍ အပြင်ပိုင်း သီလဝါဆိပ်ကမ်း၌ ဆိုက်ကပ်မည့် သင်္ဘောများကို ရေစူး ၉ ဒသမ ၅ မီတာအထိလည်းကောင်း၊ အတွင်းပိုင်း ရန်ကုန်ဆိပ်ကမ်း၌ ဆိုက်ကပ်မည့် သင်္ဘောများကို ရေစူး ၉ ဒသမ ၃ မီတာအထိလည်းကောင်း ပိုမိုတိုးမြှင့်သတ်မှတ်ပေးကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ သိရသည်။ ယခင် ရေစူးကန့်သတ်ချက်ကြောင့် သင်္ဘောများ အတွင်းဆိပ်ကမ်းသို့ တိုက်ရိုက် မဝင်ရောက်နိုင်ဘဲ အပြင်ဆိပ်ကမ်း၌ ကုန်အလေးချိန် လျှော့ချပြီးမှ ဝင်ရောက်ရခြင်း၊ ရေစူးများသော ရေယာဉ်ကြီးများသည်လည်း အတွင်းဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာရာတွင် အတွင်းစည်းခုံကို ဖြတ်သန်းနိုင်ရန် ရေချိန်စောင့်ထွက်ရခြင်းတို့ကြောင့် အပြင်စည်းခုံကို ဆက်လက်ဖြတ်သန်းနိုင်ရန် အချိန်မမီခြင်း ကန့်သတ်ချက် များရှိခဲ့သည်။ ရေအနက်ပိုမိုရရှိသည့်အတွက် မလိုအပ်သည့် အဆင့်ဆင့် ကုန်တင်၊ ကုန်ချစရိတ်များ လျှော့ချနိုင်ခြင်း၊ ကုန်တင်နိုင်မှုပမာဏ တိုးလာခြင်းကြောင့် ကုန်စည်ပို့ဆောင်မှု စရိတ်လျော့ကျလာခြင်း၊ ရေယာဉ်ကြီးများ၏ ဝင်ထွက်မှုခရီးစဉ်တွင် အချိန်ကြာမြင့်မှု လျော့နည်းသည့်အတွက် ရေယာဉ်ဝင်ထွက် မှု အခေါက်ရေ ပိုမိုရရှိခြင်းနှင့် ဆိပ်ကမ်းများ၌ ရေယာဉ်များ ပို၍လက်ခံဆိုက်ကပ်ပေးနိုင်ခြင်းတို့ကြောင့် ဆိပ်ကမ်းများမှ ရရှိသော ဝင်ငွေတိုးလာမည်ဖြစ်သည်။ ရေစူးသတ်မှတ်ချက် တိုးမြှင့်ခွင့်ပြုပေး ခြင်းကြောင့် သင်္ဘောများတွင် တင်ဆောင် နိုင်သည့်ကုန်ပမာဏ ပိုမိုများပြားလာပြီး တင်ပို့စရိတ် ကုန်ပစ္စည်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ သုံးဒေါ်လာမှ ငါးဒေါ်လာအထိ သက်သာလာမည်ဖြစ်ကာ နိုင်ငံစီးပွားရေး အတွက် များစွာ အထောက်အကူပြုကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဒုတိယရေကြောင်း ဌာနမှူးချုပ် ဦးဝင်းမြင့်အောင်က ပြောသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…t/files/2_10.jpg
Sun, 08/09/2020 - 10:00
admin_webportal
https://www.myawady.net.mm/node/326
တပ်ပြင်နေ တပ်မတော်သား မိသားစုဝင်များ မဲဆန္ဒရှင် စာရင်းသွားရောက် ကြည့်ရှု စစ်ဆေးနိုင်ရေး နှိုးဆော်ခြင်း
နေပြည်တော်သြဂုတ်၈။၁။ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည်မဲဆန္ဒရှင်စာရင်းများကို ၂၅-၇-၂ဝ၂ဝ ရက်နေ့မှ ၇-၈-၂ဝ၂ဝ ရက်နေ့အထိ ၁၄ ရက်ကြာ ကပ်ထား ကြေညာခဲ့ပြီး ယခု ၈-၈-၂ဝ၂ဝ ရက်နေ့မှ ၁၄-၈-၂ဝ၂ဝ ရက်နေ့ အထိ ၇ ရက် ထပ်မံတိုးမြှင့် ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာခဲ့ပါသည်။။၂။တပ်မတော် ဌာနချုပ်၊ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးရှိ တပ်တွင်းနေ တပ်မိသားစုဝင်များ၏ မဲဆန္ဒရှင် စာရင်း များ ကပ်ထား ကြေညာထားမှုကို တပ်မတော်သားများ၊ မိသားစုဝင်များက သွားရောက်ကြည့်ရှု စစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိပါသည်။ အလားတူ တပ်ပြင်နေ တပ်မတော်သား မိသားစုဝင်များ အနေဖြင့်လည်း မဲဆန္ဒရှင် စာရင်း သွားရောက်ကြည့်ရှုခြင်း၊ စစ်ဆေးခြင်းတို့ကိုသက်ဆိုင်ရာ နေရာအလိုက်ပြုလုပ်သွားနိုင်ရေး အသိပေး နှိုးဆော် အပ်ပါသည်။။တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
ပြည်တွင်းသတင်း
https://www.myawady.net.…s/5-982020_0.jpg
Sun, 08/09/2020 - 10:02
admin_webportal
https://www.myawady.net.mm/node/327
ပြည်တွင်းသတင်း
https://www.myawady.net.…t/files/3_12.jpg
Sun, 08/09/2020 - 10:04
admin_webportal
https://www.myawady.net.mm/node/329
မိတ္ထီလာ၊ ဒေသဖွံ့ဖြိုးရေး ကျေးရွာတွင်းလမ်း ဂျင်းခင်းခြင်းနှင့် ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ဆူးဖြူကွက်ကျေးရွာ၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ယခုကာလစီးပွားရေး အကျပ်အတည်းကို လျော့နည်းသက်သာစေရန် အထောက်အကူပြုစေပြီး ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ဆူးဖြူကွက်ကျေးရွာတွင် ကျေးရွာတွင်းလမ်းများကို ဂျင်းခင်းခြင်းလုပ်ငန်းနှင့် ရေနုတ်မြောင်း တူးဖော်ခြင်းကို ဇူလိုင်တတိယပတ်မှစတင်၍ ကျေးရွာသူ၊ ကျေးရွာသားများက ဆောင်ရွက် လျက်ရှိသည်။ အဆိုပါ အရှည်ပေ ၃ဝ၆ဝ ရှိ ကျေးရွာတွင်းလမ်း ဂျင်းခင်းခြင်း လုပ်ငန်းနှင့် လမ်းဘေး ဝဲ/ယာ ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုမှာ ၆ဝ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။ ထိုသို့ Cash For Work စီမံကိန်း ဆောင်ရွက်ခြင်းကြောင့် ကျေးရွာတွင်းလမ်းများ ကောင်းမွန်လာခြင်းနှင့် ရေစီးရေလာ ကောင်းမွန်သည့်အပြင် ကျေးလက်နေ ပြည်သူများလည်း အလုပ်အကိုင်များ ရရှိစေပြီး ဝင်ငွေလည်း ရရှိကြောင်း ဆူးဖြူကွက် ကျေးရွာမှ ရပ်မိရပ်ဖ ဦးမောင်မြင့်က ပြောသည်။ ယင်း Cash For Work စီမံကိန်းဖြင့် မြို့နယ်အတွင်းရှိ တောင်းကောက်၊ ကန်သာ၊ ကျောက်အိုး၊ ကျေးသာအိုင်၊ ဂွေးချို၊ သပြေကုန်း၊ အိုင်ကြီးလည်၊ ပျော်ဘွယ်၊ တောင်ကုန်း၊ ဆူးဖြူကွက်၊ ညောင်ပင်ကုန်း၊ အင်း၊ ချောင်းနား၊ တပ်ပိုး၊ သီးပင်ခင်း၊ ကံခြား(တောင်)၊ ညောင်အိုင်၊ ဂွေးကုန်း၊ ရေငံ(ရှေ့)၊ ကုန်းတန်းကျေးရွာတို့၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်ထံမှ သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…lt/files/6_2.jpg
Sun, 08/09/2020 - 10:22
admin_webportal
https://www.myawady.net.mm/node/330
ကုန်မျိုးစုံ အရောင်းဆိုင်များအား ကုန်အညွှန်းအမှတ်အသားအတိုင်း ရောင်းချမှုရှိ မရှိ ရှောင်တခင်စစ်ဆေး
ကလေး၊ ကျန်းမာရေးစစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများသည် ကလေးမြို့ ဗိုလ်ချုပ်လမ်းဘေးရှိ ကုန်မျိုးစုံဆိုင်များ၌ စားသုံးသူရေးရာ ဦးစီးဌာနက ထုတ်ပြန်ထားသော ကုန်အညွှန်း အမှတ်အသား အတိုင်းရောင်းချမှုနှင့် ထုတ်ပြန်ထားသည့် ဥပဒေများအတိုင်း လိုက်နာမှု ရှိ၊ မရှိတို့ကို သြဂုတ် ၇ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။ ''မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး ကော်မရှင် ကနေပြီးတော့ ကုန်စည်အမျိုးအစား အလိုက် ကုန်အညွှွန်း အမှတ်အသားကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ သတ်မှတ်ချက် များနှင့်အညီ ဖော်ပြနိုင်ရန် စီးပွားရေး လုပ်ငန်းရှင်များကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာတစ်နိုင်ငံလုံး နီးပါးတွင် ဖြစ်ပွားလျက်ရှိတဲ့ ယခုကာလအတွင်းမှာ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းတွေကို ဈေးကွက် စောင့်ကြည့်လေ့လာ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး ကုန်အညွှန်း အမှတ်အသားကို ဆောင်ရွက်ကြရန် အသိပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။ ကုန်စည်တစ်ခုမှာ ပါရှိရမယ့် ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နဲ့ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ ကြိုတင်သတိပေးချက် စတာတွေပါ ရှိရမှာဖြစ်ပါတယ်။ ဒီလို သတ်မှတ်ထားတဲ့ ကုန်အညွှန်း အမှတ်အသားတွေ မပါဘူးဆိုရင် စားသုံးသူ ကာကွယ်ရေး ဥပဒေနှင့် စီမံခန့်ခွဲရေး နည်းလမ်းများအရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ကလေးခရိုင် စားသုံးသူရေးရာ ဦးစီးဌာန ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက ပြောသည်။ ကလေးခရိုင် စားသုံးသူရေးရာ ဦးစီးဌာန အနေဖြင့် ကုန်မျိုးစုံဆိုင်များသို့ စစ်ဆေးခြင်းကို လစဉ်ပုံမှန် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ သန့်ရှင်းလတ်ဆတ်သည့် အစားအသောက်များ၊ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးဥပဒ် မဖြစ်စေသည့် အစားအစာများကို စားသုံးနိုင်ရန် အတွက် မိတ်ဖက်ဌာနများ ဖြစ်သော မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့များ၊ FDA၊ စည်ပင်သာယာရေး ကော်မတီ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…lt/files/5_4.jpg
Sun, 08/09/2020 - 10:22
admin_webportal
https://www.myawady.net.mm/node/331
သွေးတိုးနှလုံးရောဂါရှိသူများအတွက် သစ်သီးဝလံများ
သစ်သီးဝလံတွေဆိုတာ ကျန်းမာရေးနဲ့ညီညွတ်တာများပါတယ်။ အဆိပ်ရှိတဲ့ အသီးအနှံတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ စားလို့ရတဲ့၊ စားသုံးရန်သင့်လျော်တဲ့ အသီးအနှံတွေကတော့ အကျိုးကျေးဇူးများလှပါတယ်။ အဆာပြေ၊ ရေငတ်ပြေရုံသာမက ရောဂါကာကွယ်တဲ့ ဗီတာမင်ဓာတ်တွေ၊ အင်အားဖြစ်စေတဲ့ အာဟာရ တန်ဖိုးတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် တစ်မျိုးစီတစ်မျိုးစီမှာ အထူးပြုတဲ့ ဂုဏ်ထူးဆောင် အစွမ်းသတ္တိတွေ ရှိနေတာကို တွေ့ရပါတယ်။ ဥပမာ- မင်းကွတ်သီးဟာ ကင်ဆာရောဂါတွေကို ကာကွယ်နိုင်တယ်။ ငှက်ပျောသီးဟာ ဝမ်းမှန်စေတယ်၊ တလည်းသီးဟာ ဆီးချိုရောဂါအတွက် ကောင်းတယ် စသဖြင့်ပေါ့လေ။ ဒီတစ်ခါလည်း သွေးတိုးလူနာတွေ၊ နှလုံးသွေးကြော ရောဂါတွေအတွက် စားသုံးသင့်တဲ့ သစ်သီးဝလံတွေကို ရွေးချယ်တင်ပြပါရစေ။(၁) ပန်းသီးအနေတော်ပန်းသီးတစ်လုံးမှာ ကွာစီတင်ဆိုတဲ့ ဖလေဗိုနွိုက်ဓာတ် ၁၃ ဒသမ ၂၁ မီလီဂရမ်ပါဝင်ပါတယ်။ အဲဒီဓာတ်က သွေးကြောထဲမှာရှိတဲ့ မကောင်းတဲ့အဆီဓာတ်တွေကို ဓာတ်မတိုးစေဖို့ တားဆီးပေးပါတယ်။ ဒီအဆီတွေက ဓာတ်တိုးမှုဖြစ်ပေါ်ရင် သွေးကြောတွေ မာပြီးထူလာမယ်။ နောက်ပိုင်းမှာ နှလုံးသွေးကြော ကျဉ်းရောဂါ၊ သွေးတိုးရောဂါနဲ့ လေဖြတ်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ကွာစီတင်ရဲ့ နောက်တစ်မျိုး အစွမ်းက ပုံမှန်မဟုတ်တဲ့ သွေးခဲခြင်းတွေကို မဖြစ်စေတာပါပဲ။ အဲဒီအချက်နှစ်ချက်ကြောင့်ပဲ ကွာစီတင်ဟာ နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းတွေ မဖြစ်စေတာပေါ့။ ၁၉၈၈- ၁၉၉၃ ငါးနှစ်တာကာလအတွင်း အသက် ၆၅ နှစ်မှ ၈၄ နှစ်အတွင်းရှိတဲ့ လူပေါင်း ၈ဝ၅ ယောက်ကို လေ့လာခဲ့ရာမှာ ဖလေဗိုနွိုက်ဓာတ် ပါဝင်တဲ့ အစားအစာတွေ စားသုံးမှုများရင် နှလုံးသွေးကြောပိတ်ပြီး ရုတ်တရက်သေဆုံးခြင်းနဲ့ ဦးနှောက် သွေးကြော ပိတ်ပြီး လေဖြတ်ခြင်းတို့ဟာ အတော်လျော့နည်း လာတာကို တွေ့ရပါတယ်။ အမေရိကန် နိုင်ငံကလည်း အမျိုးသမီးပေါင်း လေးသောင်းနီးပါးကို ခုနစ်နှစ်လေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုအရ ဖလေဗိုနွိုက်ပါဝင်တဲ့ အစာတွေကို စားသုံးရင် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနှုန်း ၃၅ ရာခိုင်နှုန်းအထိ လျော့နည်းစေကြောင်း တွေ့ရပါတယ်။ အထူးသဖြင့် ပန်းသီးနဲ့ ဂေါ်ဖီပန်းပွင့်စိမ်းတွဲစားရင် ပိုကောင်းပါတယ်။ ပန်းသီးမှာပါတဲ့ ကက်တီချင်နဲ့ အက်ပီကက်တီချင်ဓာတ်တွေကလည်း နှလုံးသွေးကြောကျဉ်းနဲ့ သွေးကြောပိတ်ပြီး သေဆုံးခြင်း တို့ကို လျော့နည်းစေနိုင်ကြောင်း သိရပါတယ်။ ပန်းသီးမှာပါတဲ့ ကက်တီချင်ဓာတ်ဟာ တခြားသော အစားအစာ တွေမှာပါတဲ့ ဓာတ်ထက် ပိုမိုကောင်းမွန် တယ်လို့လည်း ဆိုကြပါတယ်။ ပန်းသီးအခွံမှာ ဆေးဖက်ဝင် ဓာတ်ပစ္စည်းတွေ ဖြစ်တဲ့ ဖလေဗိုနွိုက်များ၊ ကယ်ရိုတီနွိုက်များ အဓိက ပါဝင်တာကြောင့် အခွံကိုရေ သေချာဆေးပြီး အခွံပါ ဝါးစားရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။ ပန်းသီးအစေ့မှာ ''ဆိုင်ယာနိုဂျန်းနစ် ဂလိုင်ကိုဆိုက်'' အဆိပ်တစ်မျိုး ပါဝင်တာကြောင့် မစားမိဖို့ အထူးဂရုစိုက်ရပါမယ်။ ပန်းသီးအစေ့များများ စားမိရင် ဆိုင်ယာနိုက်အဆိပ်သင့်ပြီး သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။(၂) သင်္ဘောသီးအနေတော် သင်္ဘောသီးတစ်လုံးမှာ ဗီတာမင်စီ ၆ဝ ဒသမ ၉ မီလီဂရမ်၊ ပိုတက်စီယမ် ၁၈၂ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၂၁ မီလီဂရမ်၊ ကယ်စီယမ် ၂ဝ မီလီဂရမ်စသဖြင့် ပါဝင်ပါတယ်။ အဲသလို သင်္ဘောသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ကယ်စီယမ် အစရှိတဲ့ သတ္တုဓာတ်များနဲ့ အခြားသော ဗီတာမင်ဓာတ် များက သွေးပေါင်ကျစေဖို့ အထောက်အကူပြုပါတယ်။ ပိုတက်စီယမ်ဓာတ်က ဆိုဒီယမ်ဓာတ်တွေကို ဆီးမှ တစ်ဆင့် စွန့်ထုတ်စေပါတယ်။ ဒါကြောင့် ပိုတက်စီယမ်ဟာ သွေးတိုးရောဂါအတွက် အလွန်သင့်လျော်ပါတယ်။ သင်္ဘောသီးဟာ ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းခြင်းနဲ့ အဆီကျစေပါတယ်။ ဒါကြောင့် နှလုံးသွေးကြော ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ သင်္ဘောသီးဟာ အရောင်ရင့်လာလေလေ ကယ်ရိုတီနွိုက် များလေလေ၊ စိမ်းလေလေ ပပိန်းဓာတ်များလေလေ ဖြစ်ပါတယ်။ ပပိန်းဓာတ်က အသားငါးများကို နူးညံ့စေခြင်း၊ ရင်ပြည့်ရင်ကယ် သက်သာစေခြင်း၊ အသားနုတက် အနာကျက်မြန်စေခြင်း၊ အရိုးကျိုးခြင်းနဲ့ အရိုးကျီးပေါင်း တက်ခြင်းကို သက်သာစေခြင်း၊ သန္ဓေတားခြင်း စတဲ့အာနိသင်တွေရှိပါတယ်။ ကယ်ရိုတီနွိုက်ဆိုတဲ့ ဆေးဖက်ဝင် ပစ္စည်းတွေကတော့ ကင်ဆာရောဂါတွေကို ကာကွယ်ခြင်း၊ အရေပြားကျန်းမာရေး၊ မျက်လုံး ကျန်းမာရေး စတာတွေကို အကျိုးပြုပါတယ်။ သွေးတိုးနှလုံးသမားတွေ အနေနဲ့လည်း သင်္ဘောသီးမှည့်ကို စားပေးသင့်ပါတယ်။(၃) မာလကာသီးမာလကာသီးဟာ သွေးတိုးကျစေနိုင်တဲ့ အတွက်ကြောင့် သွေးတိုးရောဂါ ရှိသူတွေအနေနဲ့ စားသုံးသင့် တဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ မာလကာသီး နေ့စဉ်စားပေးရင် သွေးပေါင်ချိန်တဖြည်းဖြည်းကျလာတာကို စမ်းသပ်ချက်များအရ တွေ့ခဲ့ရပါတယ်။ ဘာလို့ ဒီလိုအကျိုးကျေးဇူးတွေ ရရှိသလဲဆိုရင် မာလကာသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ် ဓာတ်တွေကြောင့် ဖြစ်ပါတယ်။ ပိုတက်စီယမ်တွေ ခန္ဓာကိုယ်ထဲ ဝင်လာတဲ့အခါ မကောင်းတဲ့ ဓာတ်ဆားဓာတ်ဖြစ်တဲ့ ဆိုဒီယမ်ဓာတ်တွေက ဆီးမှတစ်ဆင့် ခန္ဓာကိုယ်ပြင်ပကို ထွက်သွားရပါ တယ်။ ထို့အတူ သွေးထဲမှာရှိတဲ့ မကောင်းတဲ့အဆီတွေ ဖြစ်တဲ့ အယ်လ်ဒီအယ်လ်နဲ့ ထရွိုင်ဂလစ်စရိုက်ဒ်များပါ ကျလာပါတယ်။ ဒုတိယအနေနဲ့ မာလကာသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်နဲ့ ပက်တင်တွေက ခန္ဓာကိုယ်နဲ့ အဆီစုပ်ယူမှုကို လျော့နည်းစေပါတယ်။ ဗီတာမင်စီက သွေးကြောတွေမာပြီး ထူမလာစေရန်နဲ့ မကောင်းတဲ့ အဆီများ ဓာတ်တိုးမှု မဖြစ်စေရန် ကာကွယ်ပေးပြန်တယ်။ အဲဒီအချက်တွေကြောင့် မာလကာသီးဟာ သွေးတွင်းရှိ မကောင်းတဲ့ အဆီဓာတ်များကို ကျဆင်းစေပြီး သွေးတိုးရောဂါကို သက်သာလာစေတာ ဖြစ်ပါတယ်။ မာလကာသီးကို ဖြည့်စွက်စာအနေနဲ့ သွေးတိုးရောဂါသည်တွေက မကြာခဏ စားပေးသင့် ပါတယ်။ ဒါပေမဲ့ မာလကာသီး အစေ့က မာကျောလွန်းတာကြောင့် အစာကြေညက်ဖို့ ခက်ခဲပါတယ်။ အစာခြေရည် အထွက်နည်းသူ၊ အသက်ကြီးသူများနဲ့ ကလေးငယ်တွေအတွက် ကြေညက်ဖို့ ပိုခက်ပါတယ်။ မကြေညက်တဲ့ အစေ့တွေက အူအတက်ပိတ်ပြီး အူအတက်ရောင်ခြင်း ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်က မာလကာသီး မှာ ပိုတက်စီယမ်ဓာတ် ကြွယ်ဝတာကြောင့် ကျောက်ကပ်မကောင်းတဲ့သူတွေ မစားသုံးသင့်ပါဘူး။(၄) နာနတ်သီးနာနတ်သီးမှာ ပါဝင်တဲ့ ဘရိုမယ်လိန်းဆိုတဲ့ ပရိုတီရိုလိုက်တစ်အင်ဇိုင်း တစ်မျိုးက သွေးကြောထဲမှာ သွေးမခဲ စေရန်နဲ့ သွေးကျဲစေရန် ဆောင်ရွက်ပေးပါတယ်။ သွေးထဲမှာ ပလိတ်လက်ဆိုတဲ့ သွေးဥမွှားလေးတွေ ရှိပါတယ်။ သာမန်အားဖြင့် ဒဏ်ရာ အနာတရဖြစ်ရင် သွေးထွက်မလွန်အောင် ပိတ်ဆို့တားဆီး ပေးတာပေါ့။ သူတို့ အချင်းချင်း ကပ်ပြီးသွေးခဲ သွားရင်တော့ သွေးကြောပိတ်၊ ခန္ဓာကိုယ် တစ်သျှူးတွေဆီ သွေးမရောက် တော့ပါဘူး။ ဥပမာ အနေနဲ့ပြောရရင် နှလုံးကို ထောက်ပံ့ပေးတဲ့ သွေးကြောကလေးတွေ ပိတ်သွားရင် နှလုံး ချက်ချင်းရပ်ပြီး သေဆုံးနိုင်ပါတယ်။ ဦးနှောက်ကို ထောက်ပံ့ပေးတဲ့ သွေးကြောလေးတွေ ပိတ်သွားရင် လေဖြတ်နိုင်ပါတယ်။ နိုင်ငံတကာ သုတေသနစာတမ်းများအရ ဘရိုမယ်လိန်းဟာ ပလိတ်လက်တွေစုခဲ မသွားအောင် ဟန့်တားနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် နာနတ်သီးကို နှလုံးသွေးကြောကျဉ်း ရောဂါ ရှိသူများ၊ ရင်ဘတ်မကြာခဏ အောင့်သူများ၊ သွေးတိုးရောဂါရှိသူများ၊ ခြေထောက်ရှိ သွေးကြောများ သွေးသိပ် မလျှောက်လို့ နာကျင်ခြင်း၊ ကြွက်တက်ခြင်း၊ ခြေထောက်များဖောခြင်း၊ သွေးကြောများ ဖောင်းနေခြင်း၊ သွေးကြောများ ရောင်ရမ်းပိတ်ဆို့ခြင်း ရှိသူများအတွက် အထူးသင့်လျော်လှပါတယ်။(၅) ငှက်ပျောသီးငှက်ပျောသီးဟာ ပိုတက်စီယမ် ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးတိုးရောဂါကို ကာကွယ် နိုင်ရုံမက ကုသရာမှာလည်း အသုံးပြုနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲက ဆိုဒီယမ်ဓာတ်တွေဟာ ရေကိုဆွဲငင်တဲ့ သတ္တိရှိပါတယ်။ အငန်ဓာတ်များလေ၊ သွေးထဲမှာ သွေးရည်တွေ များလာလေ သွေးပေါင်ချိန် ပိုတက်လာ လေပါပဲ။ အဲဒီဆိုဒီယမ်တွေကလည်း အစားအသောက်ကနေတစ်ဆင့် ဝင်ရောက်လာတာပါပဲ။ ငှက်ပျောသီးမှာ ပါတဲ့ ပိုတက်စီယမ်ဓာတ်ကတော့ ဆိုဒီယမ်တွေကို မောင်းထုတ်နိုင်ပါတယ်။ ဆီးကနေ ထွက်သွားတဲ့ ဆိုဒီယမ်နဲ့အတူ ခန္ဓာကိုယ်သွေးကြောထဲက ရေဓာတ်များပါ ထွက်သွားတာကြောင့် သွေးပေါင်ချိန် ကျလာနိုင်ပါတယ်။ ငှက်ပျောသီးရဲ့ ထူးခြားတဲ့အာနိသင်ကတော့ ဝမ်းမှန်စေခြင်းပဲ ဖြစ်ပါတယ်။ ငှက်ပျောသီး အခွံမှာပါတဲ့ အမျှင်လေးများက ဝမ်းမှန်စေပါတယ်။ ဝမ်းချုပ်တဲ့ သူတွေအတွက် သင့်လျော်ပါတယ်။ အခွံစိမ်း ငှက်ပျောသီးကို ဝမ်းပျက်ဝမ်းလျှော ဖြစ်နေတဲ့ကလေးတွေကို ကျွေးနိုင်ပါတယ်။ အခွံစိမ်းတဲ့ ငှက်ပျောမှာ အော်လီဂိုဆက်ကရိုက် ဓာတ်ပစ္စည်းက ဝမ်းရပ်စေနိုင်ပါတယ်။ ဝမ်းလျှောရင် ခန္ဓာကိုယ်ထဲက ပိုတက်စီယမ် ဓာတ်များ လျော့သွားတာကြောင့် အာဟာရဖြည့်တင်းနိုင်ဖို့ မမှည့်သေးတဲ့ ငှက်ပျောသီးကို ကျွေးနိုင်ပါတယ်။ အာဟာရတန်ဖိုး အပြည့်အဝ လိုချင်သူများ အနေနဲ့ သဘာဝအတိုင်း အစိမ်းစားတာ အကောင်းဆုံးပါပဲ။ မီးဖုတ်စားတာမျိုးက ဗီတာမင်စီ၊ ဗီတာမင်ဘီအုပ်စုတွေ ပျက်စီးဆုံးရှုံးနိုင်ပါတယ်။ ဒါပေမဲ့ မီးဖုတ်လိုက်တာက ခိုက်တီနေ့စ်တွေကို ပျက်စီးစေတာကြောင့် ဓာတ်မတည့်ခြင်းနဲ့ ကင်းဝေးစေပါတယ်။ ငှက်ပျောသီးနဲ့ ဓာတ်မတည့်သူများ မီးဖုတ်စားကြည့်ပေါ့။ ငှက်ပျောသီးကို ပေါင်းခြင်း၊ ကောက်ညှင်းနဲ့ ရောပြီး ငှက်ပျောထုပ် လုပ်စားခြင်းတွေ ကတော့ အာဟာရလေလွင့်မှု မရှိနိုင်ပါဘူး။(၆) စပျစ်သီးစပျစ်သီးအခွံမှာ ပေါ်လီဖီနောလစ် အုပ်စုဝင်တွေ ပါဝင်ပြီး ရက်စ်ဗရာထရောနဲ့ ပရိုအင်သို ဆိုင်ရာနီဒင်တို့ ကတော့ အလွန်အစွမ်းထက်တဲ့ အင်တီအောက်ဆီဒင့်တွေပဲ ဖြစ်ပါတယ်။ အင်တီအောက်ဆီဒင့် ဆိုတာ ခန္ဓာကိုယ်ကြီးကို တိုက်ခိုက်ဖျက်ဆီးပြီး ရောဂါဖြစ်စေတဲ့ ဖရီးရယ်ဒီကယ် ဓာတ်ပစ္စည်းတွေကို တွန်းလှန်ချေဖျက် ပေးနိုင်တဲ့ သဘာဝပစ္စည်းတွေပါပဲ။ အနီရောင်ဝိုင်တွေက နှလုံးနဲ့ သွေးကြောရောဂါ ဖြစ်ပွားနှုန်းကို သိသိသာသာ လျှော့ချပေးနိုင်တာကို စတင်သိရှိခဲ့ကြပါတယ်။ ၂ဝဝ၁ ခုနှစ်ရောက်မှ စပျစ်ဝိုင်မှာ အဓိကပါဝင်တဲ့ ရက်စ်ဗာရာထရောတွေကြောင့် နှလုံးသွေးကြောတွေ ကောင်းမွန်လာတာကို သိရှိခဲ့ပြန်တယ်။ ဒီအင်တီ အောက်ဆီဒင့်တွေက သွေးကြော ပျက်စီးခြင်းနဲ့ သွေးကြောပိတ်ဆို့ခြင်းတို့ကို မဖြစ်စေပါဘူး။ ၂ဝဝ၅ ခုနှစ်မှာ ရက်စ်ဗာရာထရောက သွေးခဲခြင်း၊ သွေးပျစ်ခြင်းကိုဖြစ်ပေါ်စေတဲ့ ပလိတ်လက်တွေကို မလိုအပ်ဘဲ ခဲမသွားစေရန် ဆောင်ရွက်ပေးနိုင်မှန်း သိရှိပြန်ပါတယ်။ အဲဒီနောက်မှာတော့ စပျစ်သီးမှာ ပါဝင်တဲ့ ရက်စ်ဗာရာ ထရောဟာ နှလုံးနဲ့သွေးကြောရောဂါ ဝေဒနာသည်တွေ အတွက် အစွမ်းလည်းထက်မြက် ဘေးထွက်ဆိုးကျိုး လည်းမရှိတဲ့ သဘာဝ ဆေးစွမ်းကောင်းလို့ သတ်မှတ်ခဲ့ပါတယ်။ သတိထားရမှာက စပျစ်သီးရဲ့ အပေါ်ဆုံးအလွှာက မှိုနဲ့ဆင်တူတဲ့ အဖြူရောင် အမှုန့်လေးတွေပဲ ဖြစ်ပါတယ်။ ဒါလေးတွေကို အန္တရာယ်ရှိတဲ့ မှိုလို့ အထင်မှားနေကြပါတယ်။ တကယ်တော့ ကျန်းမာရေး အထောက်အကူပြု ရိစ်များသာဖြစ်ပါတယ်။ ဝိုင်ဖောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတစ်မျိုးပါ။ကိုးကား။ ။သစ်သီးများနှင့်ကျန်းမာရေး(ဒေါက်တာခင်မောင်လွင်- FAME)
ကျန်းမာရေး
https://www.myawady.net.…lt/files/7_3.jpg
Sun, 08/09/2020 - 10:32
admin_webportal
https://www.myawady.net.mm/node/332
လက်ရက်ကန်းနှင့် အိတ်ချုပ်နည်းလက်တွေ့သင်တန်းဆင်း
မြစ်ကြီးနား၊ လက်မှုပညာကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းရှိ သင်တန်းခန်းမ၌ ကချင်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ကြီးမှူး၍ ယခုကာလအတွင်း စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် လက်ရက်ကန်းနှင့် အိတ်ချုပ်နည်း လက်တွေ့လုပ်ငန်း သင်တန်းဆင်းပွဲကို သြဂုတ် ၈ ရက်တွင် ကျင်းပသည်။ ရှေးဦးစွာ ကချင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးအောင်မောင်းက ကချင်ပြည်နယ်အတွင်း ယခုပြည်ထောင်စု ဘတ်ဂျက်ဖြင့် အဆိုပါ သင်တန်းအား ပထမဦးဆုံး အကြိမ်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းတွင် ရောင်းတမ်းဝင်မည့် ပစ္စည်းများကို လက်တွေ့ထုတ်လုပ်ကာ ဈေးကွက်တွင်ရောင်းချပေးမည် ဖြစ်ကြောင်း၊ ရောင်းရသည့်ငွေကို နိုင်ငံတော်အခွန် ပြန်လည်ပေးဆောင်ရမည် ဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆင်း လက်မှတ်ပေးအပ်ရာ လက်ရက်ကန်းနှင့် အိတ်ချုပ်နည်းသင်တန်းမှ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူသည်။ ယင်းနောက် ပြည်နယ်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးအောင်မောင်းနှင့် တာဝန်ရှိသူများက လက်ရက်ကန်းနှင့် အိတ်ချုပ်နည်းလက်တွေ့ လုပ်ငန်းမှာ ထုတ်ကုန်များကို လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါ လက်ရက်ကန်းနှင့် အိတ်ချုပ်နည်း လက်တွေ့သင်တန်းသို့ သင်တန်းသူများ တက်ရောက်ကြပြီး သင်တန်းကာလမှာ ခြောက်ရက်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…lt/files/8_1.jpg
Sun, 08/09/2020 - 10:36
admin_webportal
https://www.myawady.net.mm/node/333
တစ်ပတ်အတွင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့သော အခြေခံ စားသောက်ကုန် ဈေးနှုန်းများ
အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်စပါး၊ မတ်ပဲ၊ ပဲစင်းငုံနီ၊ ပဲတီစိမ်း၊ စားတော်ပဲလုံး၊ ကြက်သွန်နီ၊ ငရုတ်ပွ၊ အာလူး၊ နှမ်းနက်(စမုန်)၊ နှမ်းဖြူ၊ စီပီပြောင်း၊ ကြက်ဆူနဲ့ ဆန်ပြောင်းဖြူတို့ရဲ့ တစ်ပတ်အတွင်း ဈေးနှုန်း အတက်အကျတွေကို ဖော်ပြလိုက်ပါတယ်။ဆန် စပါးဒီတစ်ပတ်မှာ ဆန်၊ စပါးဈေးနှုန်း ငြိမ်နေပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက ဈေးငြိမ်နေတာဖြစ်ပြီး ဆန်ကောင်းမှ ဈေးကောင်းရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်း ဆန်တစ်အိတ်ကို ငွေကျပ် ၃၈၅ဝဝ ကနေ ၄၁ဝဝဝ ကြားဈေးရှိပါတယ်။ ဖျာပုံပေါ်ဆန်း ဆန်တစ်အိတ်ကိုငွေကျပ် ၃၅၅ဝဝ ကနေ ၃၈ဝဝဝ ကြားဈေးရှိပါတယ်။ ဒေးဒရဲပေါ်ဆန်း ဆန်တစ်အိတ်ကို ငွေကျပ် ၃၅၅ဝဝ ကနေ ၃၈ဝဝဝ ကြားဈေးရှိပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ မြီးတုံးဆန်တစ်အိတ်ကို ငွေကျပ် ၂၉ဝဝဝ ကနေ ၃ဝဝဝဝ ကြားဈေးရှိပြီး ဧည့်မထဆန်တစ်အိတ်ကို ငွေကျပ် ၂၂၅ဝဝ ကနေ ၂၃၂ဝဝ ကြားဈေး ရှိပါတယ်။ ဧည့်မထ ၂၅ မှတ်ဆန် တစ်အိတ်ကို ငွေကျပ် ၁၉ဝဝဝ ကနေ ၂ဝဝဝဝ ကြားဈေးရှိပါတယ်။ ပေါင်းတည်မှာ အင်းလယ်စပါး တင်း၁ဝဝ ကို ငွေကျပ် ၆၈ဝဝဝဝ ကနေ ၇ဝဝဝဝဝ ကြားဈေးရှိပြီး ငွေကျပ် ၁ဝဝဝဝ ကျော် ဈေးတက်လာပါတယ်။ ဧရာဝတီတိုင်း ဒေသကြီးမှာတော့ ဆန်ဈေးရော စပါးဈေးပါ ငြိမ်နေပါတယ်။မတ်ပဲမတ်ပဲကတော့ ပြီးခဲ့တဲ့တစ်ပတ်ကတည်းက ဈေးငြိမ်နေပါတယ်။ ကုန်သည်တွေအနေနဲ့ စောင့်ကြည့်နေချိန် ဖြစ်ပြီး ပဲဝင်ရောက်မှု မရှိတဲ့အတွက် ဈေးအတက်အကျ သိပ်မရှိဘဲ ငြိမ်နေတာဖြစ်ပါတယ်။ ကုန်သည်တွေ ကတော့ ပွင့်လင်းရာသီရောက်မှသာ ပဲဈေးပြန်တက်နိုင်မယ်လို့ သုံးသပ်ထားပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲတစ်တန်ကို ငွေကျပ် ၉၄၅ဝဝဝ ဈေးရှိပါတယ်။ မန္တလေးဈေးကွက်မှာတော့မတ်ပဲ သုံးတင်းဝင်တစ်အိတ်ကို ငွေကျပ် ၉၃ဝဝဝ ကနေ ၉၅ဝဝဝ ကြားဈေးရှိပါတယ်။ပဲစင်းငုံနီပြီးခဲ့တဲ့ တစ်ပတ်ကတည်းက ဈေးနှုန်းတဖြည်းဖြည်း ကျဆင်းနေတဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာလည်း ဈေးကျဆင်းသွားပါတယ်။ ဈေးကွက်ထဲမှာ ပဲလက်ကျန်တွေ မရှိတော့သလို အိန္ဒိယနိုင်ငံရဲ့ ဝယ်ယူမှုကလည်း လတ်တလောငြိမ်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ငွေကျပ် ၈ဝ၅ဝဝဝ ဈေးရှိပြီး ပြီးခဲ့တဲ့ တစ်ပတ်ကအတိုင်း ဈေးနှုန်းငြိမ်နေပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲစင်းငုံနီ တစ်အိတ်ကို ငွေကျပ် ၇၅ဝဝဝ ကနေ ၇၅၅ဝဝ ကြားဈေးရှိပြီး ဈေးငြိမ်နေပါတယ်။ပဲတီစိမ်းပဲတီစိမ်းကတော့ ရက်အတော်ကြာ အရောင်းအဝယ် မရှိပေမယ့် ဒီတစ်ပတ်မှာ အတက်ဈေးနဲ့ ရပ်တည်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ပဲခူးရွှေဝါ၊ ခရမ်းရွှေဝါ၊ ဝါးခယ်မ)တို့က တစ်ပိဿာကို ငွေကျပ် ၁၈၆၅ ကျပ်ကနေ ၂၁၇ဝ ကြားဈေးရှိပါတယ်။ မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်းသုံးတင်းဝင် တစ်အိတ်ကို ငွေကျပ် ၁၁ဝဝဝဝ ကနေ ၁၁၅ဝဝဝ ကြားဈေးရှိပြီး ငွေကျပ် ၁ဝဝဝ လောက် ဈေးတက်လာပါတယ်။စားတော်ပဲလုံးစားတော်ပဲလုံးက ပြည်တွင်းဝယ်ယူမှု ပိုလာတဲ့အတွက် ဒီတစ်ပတ်မှာ ဈေးနှုန်းမြင့်တက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာ စားတော်ပဲလုံး တစ်ပိဿာကို ငွေကျပ် ၁၇၅ဝ ကနေ ၂၅ဝဝ ကြားဈေးရှိပြီး ငွေကျပ် ၁၆၅ ကျပ်လောက် ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ စားတော်ပဲလုံး သုံးတင်းဝင်တစ်အိတ်ကို ငွေကျပ် ၁၁၅ဝဝဝ ကနေ ၁၂၅ဝဝဝ ကြားဈေးရှိပါတယ်။ကြက်သွန်နီဒီတစ်ပတ်အတွင်း ဈေးကွက်ထဲကို ကြက်သွန်နီဝင်ရောက်မှု လျော့နည်းနေတဲ့အတွက် ဈေးနှုန်းမြင့်တက် လာပါတယ်။ ရာသီဥတုကြောင့် ကြက်သွန်နီတွေ ဈေးကွက်ထဲကို ထိန်းဝင်နေလို့ ဈေးတက်နေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ(ဆိပ်ဖြူ၊ မုံရွာ၊ မြင်းခြံ) တစ်ပိဿာကို ငွေကျပ် ၄၂၅ ကျပ်ကနေ ၅၇၅ ကျပ်ကြားဈေးရှိပြီး ငွေကျပ် ၇၅ ကျပ်လောက် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီ တစ်ပိဿာကို ငွေကျပ် ၃ဝဝ ကနေ ၄၇၅ ကျပ်ကြားဈေးရှိပြီး ငွေကျပ် ၂၅ ကျပ်လောက် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ငွေကျပ် ၃ဝဝ ကနေ ၄၃၅ ကျပ်ကြားဈေးရှိပြီး ငွေကျပ် ၁၅ ကျပ်လောက် ဈေးတက်လာပါတယ်။။ငရုတ်ပွငရုတ်ဈေးတွေက ဒီတစ်ပတ်မှာ ထင်မထားလောက်အောင် ပြန်တက်လာခဲ့ပါတယ်။ ပြည်တွင်းဝယ်ယူမှုများပြီး ဈေးကွက်အတွင်း ဝင်ရောက်မှုနည်းနေတဲ့ အတွက် ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ငရုတ်ပွ(ဆင်ဖြူကျွန်း) တစ်ပိဿာကို ငွေကျပ် ၇၅ဝဝ ကနေ ၈ဝဝဝ ကြားဈေးရှိပြီး ငွေကျပ် ၂ဝဝဝ ဈေးတက်လာပါတယ်။ ငရုတ်ပွ(မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ငွေကျပ် ၆ဝဝဝ ကနေ ၇ဝဝဝ ကြားဈေးရှိပြီး ငွေကျပ် ၂၅ဝဝ ဈေးတက်လာပါတယ်။အာလူးအာလူးဈေးက ဒီတစ်ပတ်မှာလည်း ထပ်ပြီးတက်လာပါတယ်။ ဈေးကွက်ထဲ အဝင်နည်းနေတဲ့အတွက် အာလူးဈေးတက်လာတာဖြစ်ပါတယ်။ အာလူး(အောင်ပန်း) တစ်ပိဿာကို ငွေကျပ် ၅၅ဝ ကနေ ၈၈ဝ ကြားဈေးရှိပြီး ငွေကျပ် ၈ဝ ဈေးတက်လာပါတယ်။နှမ်းနက်(စမုန်)နှမ်းမျိုးစုံရှိတဲ့အနက် နှမ်းနက်(စမုန်)ကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ် ထပ်တက်လာပါတယ်။ တရုတ်နိုင်ငံက ဝယ်ယူမှုများလာတဲ့အတွက် ဈေးတက်လာတာ ဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုန်)သုံးတင်းဝင်တစ်အိတ်ကို ငွေကျပ် ၁၅ဝဝဝဝ ကနေ ၂၁၃ဝဝဝ ကြားဈေးရှိပြီး ငွေကျပ် ၁ဝဝဝဝ ကျော် ဈေးတက်လာပါတယ်။နှမ်းဖြူနှမ်းဖြူကလည်း တရုတ်နိုင်ငံက ဝယ်ယူမှုရှိလာတဲ့အတွက် ဒီတစ်ပတ်အတွင်း ဈေးနှုန်းမြင့်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာ နှမ်းဖြူတစ်အိတ်ကို ငွေကျပ် ၁၁ဝဝဝဝ ကနေ ၁၂၄ဝဝဝ ကြားဈေးရှိပြီး ငွေကျပ် ၂ဝဝဝ ဈေးတက်လာပါတယ်။စီပီပြောင်းစီပီပြောင်းလည်း ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ တရုတ်နိုင်ငံကို ပုံမှန်တင်ပို့မှုတွေပြုလုပ်နေလို့ ဈေးအနည်းငယ်တက်လာတာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာ စီပီပြောင်းတစ်အိတ်ကို ငွေကျပ် ၂၇ဝဝဝ ကနေ ၂၇၅ဝဝ ကြားဈေးရှိပြီး ငွေကျပ် ၅ဝဝ ဈေးတက်လာပါတယ်။ ဈေးအတက်အကျ အပြောင်းအလဲ သိပ်မရှိတဲ့ ကြက်ဆူ(ရှမ်း၊ ဗမာ)က ဒီတစ်ပတ်မှာတော့ ဝယ်ယူမှုများတဲ့အတွက် ဈေးတက်လာပါတယ်။ ကြက်ဆူတစ်အိတ်ကို ငွေကျပ် ၄၅ဝဝဝကနေ ၄၆ဝဝဝ ကြားဈေးရှိပြီး ငွေကျပ် ၁ဝဝဝ ဈေးတက်လာပါတယ်။။ဆန်ပြောင်းဖြူဆန်ပြောင်းဖြူလည်း ဒီတစ်ပတ်မှာဈေးတက်လာပါတယ်။ ကုန်ဝင်ရောက်မှုနည်းတဲ့အတွက် ဈေးတက်လာတာ ဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာ ဆန်ပြောင်းဖြူ ၅၉ ဒသမ ၂၅ ပိဿာဝင်တစ်အိတ်ကို ငွေကျပ် ၃၁ဝဝဝ ကနေ ၃၂ဝဝဝ ကြားဈေးရှိပြီး ငွေကျပ် ၁ဝဝဝ ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ငွေကျပ် ၁ဝဝဝဝ ဈေးရှိပြီး ငွေကျပ် ၅ဝဝ ဈေးတက်လာပါတယ်။
ပြည်တွင်းသတင်း
https://www.myawady.net.…lt/files/9_1.jpg
Sun, 08/09/2020 - 10:53
admin_webportal
https://www.myawady.net.mm/node/334
ကမ်းရိုးတန်း ကာကွယ်ရေးအတွက် ရုရှားက အသုံးပြုမယ် Iskander ဒုံးကျည်
ရုရှားစစ်ဘက်က သူတို့ရဲ့ကမ်းရိုးတန်းကို ကာကွယ်ဖို့အတွက် Iskander နည်းဗျူဟာမြောက် တာတိုပစ် ဒုံးကျည်တွေကို ဖြန့်ကြက်အသုံးပြုသွားဖို့စီစဉ်ထားပါတယ်။ ဒါ့အပြင် ဒုံးတပ်မတွေကလည်း ှုျုညေိနမ ဒုံးကျည်တွေကို အသုံးပြုပြီး ကုန်းရေနှစ်သွယ်သွားစစ်ရေယာဉ်တွေ၊ တိုက်ခိုက်ရေးစစ်သင်္ဘောတွေကို တိုက်ခိုက်နိုင်ဖို့အတွက် ဒီနှစ်ကနေစပြီး လေ့ကျင့်သွားရတော့မှာပါ။ Iskander ဒုံးကျည်တွေဟာ ပစ်မှတ်တစ်ခု ကိုရှာဖွေဖျက်ဆီးနိုင်ဖို့အတွက် အချိန်အနည်းငယ်သာလိုပါတယ်။ အနာဂတ်မှာဆိုရင်တော့ ဒီဒုံးကျည်တွေဟာ တိုက်ပွဲဝင်လေ့ကျင့်ရေး စံပြုဒုံးကျည်တွေဖြစ်လာနိုင်ပါတယ်။ မကြာသေးခင်ကလုပ်တဲ့ ရုတ်တရက် တိုက်ပွဲဝင် လေ့ကျင့်မှုမှာ ကမ်းရိုးတန်းရှိ ပစ်မှတ်တွေဆီဦးတည်လာတဲ့ လက်နက်တွေကို Iskander ဒုံးကျည်တွေက အောင်မြင်စွာ ဖျက်ဆီးလိုက်နိုင်တာ တွေ့ရတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ ဒုံးတပ်မအားလုံးကို Iskander ဒုံးကျည်တွေတပ်ဆင် ပေးထားပြီးပြီလို့ ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။ ဒုံးတပ်မ ၁ဝ မမှာရှိတဲ့ Tochka-U ဒုံးကျည်တွေနေရာမှာ Iskander ဒုံးကျည်တွေကို အစားထိုး တပ်ဆင်ပေးထားတာဖြစ်ပြီး နောက်ထပ် ဒုံးတပ်မ အသစ်သုံးမကိုလည်း ဖွင့်လှစ်ထားတယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြထားပါတယ်။ Iskander ဒုံးကျည်ဆိုတာ တာတိုပစ်ဒုံးကျည်အမျိုးအစားဖြစ်ပြီး Oka ဒုံးကျည်နေရာကို ဆက်ခံသူဖြစ်ပါတယ်။ Oka ဒုံးကျည်ကတော့ တာလတ်ပစ် နျူကလီးယားတပ်ဖွဲ့ သဘောတူစာချုပ်အရ ဖျက်သိမ်းခံလိုက်ရတဲ့ ဒုံးကျည်တွေပါ။ ရုရှားကြည်းတပ်ကတော့ Iskander-M ဒုံးကျည်တွေကို ၂ဝဝ၆ ခုနှစ်ကတည်းက တရားဝင်စတင် အသုံးပြုနေတာ ဖြစ်ပါတယ်။ Iskander-M ဒုံးကျည်ဟာ အကွာအဝေးကီလိုမီတာ ၄ဝဝ ကနေ ၅ဝဝ ကြားရောက်ရှိနိုင်ပြီး ပစ်မှတ်ရဲ့ပတ်လည် ၁ဝ မီတာမှ မီတာ ၃ဝ ပတ်လည်အတွင်း ထိမှန်နိုင်တဲ့ တိကျမှုရှိပါတယ်။ ဒီဒုံးကျည်တွေအနေနဲ့ သမားရိုးကျထိပ်ဖူးအပြင် နျူကလီးယားထိပ်ဖူးတွေကိုလည်း အလေးချိန်ကီလိုဂရမ် ၇ဝဝ အထိသယ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် ထိန်းချုပ်ဖို့လွယ်ကူပြီး လေထုထဲပြန်ဝင်နိုင်စွမ်းရှိတဲ့ ယာဉ်တစ်စင်းကိုလည်း ဖြန့်ကြက်နိုင်ကာ စစ်နယ်ဝန်း အဆင့် ဒုံးကျည်ကာကွယ်ရေးစနစ်တွေကိုလှည့်စားအနိုင်ယူဖို့ တည်ကြက်ပစ်မှတ်တွေကိုလည်း စေလွှတ်နိုင် ပါတယ်။ Iskander-M ဒုံးကျည်တွေကို MZKT-79306 စစ်သုံးထရပ်ကားပေါ်မှာ တင်ထားတဲ့ ရွေ့လျားဒုံးပစ် စင်ပေါ်မှာ တပ်ဆင်ထားတာပါ။ Iskander စနစ်က ဒုံးကျည်အမျိုးအစား နှစ်မျိုးကိုပစ်လွှတ်တာပါ။ တစ်မျိုးက မြင့်မားတဲ့ ဝေဟင်ကနေ ပျံသန်းနိုင်တဲ့အပြင် ရန်သူ့လေကြောင်း ရန်ကာကွယ်ရေး စနစ်တွေကို ရှုပ်ထွေးစေမယ့် လမ်းကြောင်းပြောင်းလဲမှုကို လုပ်ဆောင်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေ ဖြစ်ပါတယ်။ ဒုတိယ တစ်မျိုးကတော့ မြေပြင်ကနေ အလွန်နိမ့်တဲ့ အနေအထားကနေ ပျံသန်းနိုင်ပြီး အလွယ်တကူ လမ်းကြောင်း ပြောင်းလဲနိုင်တဲ့ ခရု(စ်)ဒုံးကျည်ဖြစ်ပါတယ်။ ဒုံးကျည်နှစ်မျိုး စလုံးကတော့ ကီလိုမီတာ ၅ဝဝ အထိရောက်ရှိ နိုင်ပါတယ်။ သာမန်အားဖြင့်ဆိုရင် Iskander ဒုံးကျည်တွေကို မြေပြင်ပစ်မှတ်တွေ အတွက်ပဲ အဓိက အသုံးပြုတာ ဖြစ်ပါတယ်။ ဒါကြောင့် ရေပြင်ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ဆိုရင်တော့ ရေတပ်ကနေ ကြည်းတပ်ကိုပေးတဲ့ သတင်းအချက် အလက်တွေက အလွန်တိကျ မှန်ကန်ဖို့လိုပါတယ်။ ပစ်မှတ်တစ်ခုကို ဖျက်ဆီးဖို့အတွက် Iskander ဒုံးကျည် အမြောက်အမြားကို ပစ်လွှတ်နိုင်တဲ့အပြင် ကမ်းရိုးတန်း ကာကွယ်ရေး လက်နက်တွေနဲ့ ကြည်းတပ်တပ်ဖွဲ့တွေကလည်း ရန်သူကို တိုက်ခိုက်မှာ ဖြစ်တဲ့အတွက် အလွန်စွမ်းအားပြင်းတဲ့ ဦးနှိမ်တိုက်ခိုက်မှုကို ရရှိစေမှာ ဖြစ်ပါတယ်။ Iskander ဒုံးကျည်တွေက ရေပြင်ပစ်မှတ်တွေကို ပိုမိုထိမှန်လေ ရန်သူတွေအနေနဲ့ ကမ်းရိုးတန်းမှာရှိတဲ့ တပ်ဖွဲ့တွေကို ချေမှုန်းနိုင်စွမ်း နည်းလေဖြစ်စေမှာပါ။ လက်ရှိမှာတော့ ရုရှားတပ်မတော်က ကမ်းရိုးတန်းကာကွယ်ရေး အတွက် အမြောက်တွေနဲ့ ရေတပ်ရဲ့ ကမ်းရိုးတန်းပစ် ဒုံးကျည်တွေကို အသုံးပြုနေပါတယ်။ ဒီနေရာမှာ Iskander ဒုံးကျည်တွေကို ထပ်ပေါင်းထည့်လိုက်မယ် ဆိုရင် ကမ်းရိုးတန်းကာကွယ်မှုစွမ်းရည်ကို ပိုမိုတိုးမြှင့်နိုင်မှာဖြစ်ပါတယ်။
နိုင်ငံတကာသတင်း
https://www.myawady.net.…ult/files/11.jpg
Sun, 08/09/2020 - 11:10
admin_webportal
https://www.myawady.net.mm/node/335
အမေရိကန်ကို အဓိက ခြိမ်းခြောက်နေတဲ့ တရုတ်ရဲ့ ဒုံးကျည်ကာကွယ်ရေး စနစ်များ
ပြီးခဲ့တဲ့ လနှောင်းပိုင်းမှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းတစ်ပုဒ် ထုတ်ပြန်လိုက်ပါတယ်။ ဘာလဲဆိုတော့ တရုတ်နဲ့ရုရှားတို့ဟာ ဒုံးကျည်ကာကွယ်ရေး စနစ်ရဲ့ စွမ်းဆောင်ရည်နဲ့ အရေအတွက်တွေကို တိုးမြှင့်ထုတ်လုပ် နေတဲ့အပြင် သူတို့က အမေရိကန်ကို ယှဉ်ပြိုင်ဖို့အတွက် ကာကွယ်ရေး မဟာဗျူဟာမှာ အဲဒီလေကာ စနစ်တွေကို ပေါင်းစပ်ထည့်သွင်း ထားတယ်လို့ ဆိုတာပါပဲ။ ဒါပေမဲ့ အမေရိကန်တွေကို အဓိက ခြိမ်းခြောက်နေတာကတော့ တရုတ်တပ်မတော်ရဲ့ ဒုံးကျည်ကာကွယ်ရေး စနစ်တွေဖြစ်ပါတယ်။ ဒီလိုဒုံးကျည် ကာကွယ်ရေး စနစ်တွေဟာ စစ်ဘက်ရဲ့ ရည်မှန်းချက်တွေ အတွက် အဓိကကျတဲ့ အစိတ်အပိုင်းတွေ ဖြစ်တယ်လို့ တရုတ်တပ်မတော်က ယုံကြည်ထားပါတယ်။ တရုတ်လေတပ်ဆိုရင် ပိုင်နက်နယ်မြေရဲ့ လေကြောင်းရန် ကာကွယ်ရေး ကိုသာမက ခံစစ်နဲ့တိုက်စစ်အတွက် စွမ်းဆောင်ရည်တွေကို ပိုမိုတိုးမြှင့်လာ ပါတယ်။ ဒါ့အပြင် မဟာဗျူဟာမြောက် ကြိုတင်သတိပေးစနစ်၊ လေကြောင်းတိုက်ခိုက်မှု၊ လေကြောင်းရန်နဲ့ ဒုံးကျည်ကာကွယ်ရေး စနစ်တွေရဲ့ စွမ်းဆောင်ရည်ကိုလည်း တိုးမြှင့်လာနေပါတယ်။ တရုတ်တပ်မတော်ဟာ ရုရှားနိုင်ငံထုတ် S-300PMU2 လေကြောင်းရန် ကာကွယ်ရေး စနစ်ကို ပထမဆုံး ဝယ်ယူသူဖြစ်ပါတယ်။ အဲဒါကတော့ တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြစ်ပြီး လေယာဉ်တွေ၊ ခရု(စ်)ဒုံးကျည်တွေ၊ စစ်နယ်ဝန်းအဆင့် ပဲ့ထိန်းဒုံးကျည်တွေကို ဖျက်ဆီးနိုင်စွမ်း ရှိပါတယ်။ ဒီစနစ်က 48N6E2 မြေပြင်မှဝေဟင်ပစ် ဒုံးကျည်တွေကို အသုံးပြုပစ်ခတ်တာဖြစ်ပြီး အမြင့် ၁ဝ မီတာမှ မီတာ ၂၇ဝဝဝ အတွင်းပျံသန်းနေတဲ့ အကွာအဝေး ၃ ကီလိုမီတာမှ ကီလိုမီတာ ၂ဝဝ အတွင်းရှိ ဝေဟင်ပစ်မှတ်တွေကို ထိမှန်နိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် S-300PMU2 လေကြောင်းရန် ကာကွယ်ရေး စနစ်ဟာ တစ်ချိန်တည်းမှာ ပစ်မှတ်ခြောက်ခုကို ပစ်ချနိုင်ပြီး ဒုံးကျည် ၁၂ စင်းအတွက် လမ်းညွှန်မှုတွေကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။ ဆိုလိုတာက ပစ်မှတ်တစ်ခုအတွက် ဒုံးကျည်နှစ်စင်းကို အသုံးပြုတာကြောင့် ထိမလွဲ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါတယ်။ တရုတ်တပ်မတော်ဟာ ရုရှားနိုင်ငံထုတ် S-400 Triumph လေကြောင်းရန် ကာကွယ်ရေး စနစ်ကိုလည်း ပထမဆုံး ဝယ်ယူသူဖြစ်ပြီး တပ်ရင်းနှစ်ရင်းစာ ဝယ်ယူထားတာပါ။ လက်ရှိအချိန်အထိ တပ်ရင်းတစ်ရင်းစာ လက်ခံရရှိ ထားပြီးပါပြီ။ S-400 Triumph လေကြောင်းရန် ကာကွယ်ရေး စနစ်ဟာ တာဝေးနဲ့တာလတ် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်စနစ်ဖြစ်ပြီး လေယာဉ်၊ ခရု(စ်)ဒုံးကျည်နဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ပစ်ခတ်နိုင်စွမ်း ရှိတဲ့အပြင် မြေပြင်ပစ်မှတ်တွေကိုလည်း ဖျက်ဆီးနိုင်စွမ်း ရှိပါတယ်။ ဒီဒုံးကျည်တွေဟာ ရန်သူရဲ့ အပြင်းအထန် ပစ်ခတ်မှုနဲ့ နှောင့်ယှက်မှုတွေ ကြားထဲကနေမှ အမြင့်ကီလိုမီတာ ၃ဝ ကနေပျံသန်းပြီး ကီလိုမီတာ ၄ဝဝ အကွာအဝေးမှာရှိတဲ့ ပစ်မှတ်တွေကို ပစ်ချနိုင်ပါတယ်။ တရုတ်တပ်မတော်ဟာ သူတို့ကိုယ်ပိုင်လေကြောင်းရန် ကာကွယ်ရေး စနစ်တွေကို ထုတ်လုပ်ဖို့အတွက်လည်း သုတေသနနဲ့ ဖန်တီးထုတ်လုပ်မှုတွေ လုပ်ဆောင်နေပါ သေးတယ်။ အဲဒီအထဲမှာ HQ-19 လေကြောင်းရန် ကာကွယ်ရေး စနစ်လည်း အပါအဝင်ဖြစ်ပါတယ်။ ဒီစနစ်ဟာ ကမ္ဘာပတ်လမ်း အနိမ့်ရဲ့အောက်ဆုံး လမ်းကြောင်းပေါ်မှာရှိတဲ့ ဒုံးကျည်တွေနဲ့ ဂြိုဟ်တုတွေကို ပစ်ချ ဖျက်ဆီးနိုင်စွမ်း ရှိတာကြောင့် အမေရိကန်နိုင်ငံရဲ့ THAAD လေကြောင်းရန် ကာကွယ်ရေး စနစ်နဲ့ စွမ်းဆောင်ရည်ချင်း အတူတူပဲလို့ လေ့လာသူတွေက ဆိုပါတယ်။ HQ-19 လေကြောင်းရန် ကာကွယ်ရေး စနစ်ဟာ ကီလိုမီတာ ၁ဝဝဝ ကနေ ၃ဝဝဝ ကြားမှာရှိတဲ့ ပစ်မှတ်တွေကို ပစ်ခတ်နိုင်တာကြောင့် တချို့ အခြေအနေတွေမှာ ကီလိုမီတာ ၃ဝဝဝ ကနေ ၅၅ဝဝ ကြားပျံသန်းနိုင်တဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်တွေကို ပစ်ချနိုင်စွမ်း ရှိနိုင်တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ကွန်ဂရက်သို့ တင်ပြချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတကာသတင်း
https://www.myawady.net.…t/files/10_1.jpg
Sun, 08/09/2020 - 11:11
admin_webportal
https://www.myawady.net.mm/node/336
ဆီနိုဗက် ကာကွယ်ဆေး၏ နောက်ဆုံးအဆင့် စမ်းသပ်မှု အင်ဒိုနီးရှား၌ လုပ်မည်
တရုတ်နိုင်ငံရှိ ဆီနိုဗက်ကုမ္ပဏီက ဖော်စပ်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၏ နောက်ဆုံး အဆင့်ဖြစ်သော တတိယအဆင့်စမ်းသပ်မှုကို အင်ဒိုနီးရှားနိုင်ငံ၌ သြဂုတ် ၁၁ ရက်မှစ၍လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ ထိုကာကွယ်ဆေးကို ဘန်ဒေါင်းမြို့ရှိ ဒေသခြောက်ခု၌ လုပ်ဆောင်မည်ဖြစ်သော်လည်း အစမ်းသပ်ခံမည့် ပရဟိတသမား အရေအတွက် ထက်ဝက်ခန့်လိုနေသေးကြောင်း ပက်ဂျာဂျာရန် တက္ကသိုလ်ရှိ ဆေးကျောင်းမှ ပါမောက္ခ ကူစနန်ဒီရက်စမေးက ပြောသည်။ လက်တွေ့စမ်းသပ်မှုအတွက် လိုအပ်သည့် အရေ အတွက်မှာ ၁၆၂ဝ ခန့်ဖြစ်ပြီး လက်ရှိတွင် ပရဟိတသမား အယောက် ၈ဝဝ ခန့်သာ စာရင်းပေးထားကြောင်း ၎င်းကဆက်ပြောသည်။ လက်တွေ့စမ်းသပ်မှုကို ခြောက်လအတွင်း အပြီးသတ် လုပ်ဆောင်မည်ဖြစ်ပြီး စမ်းသပ်ရာတွင် ပါဝင်သူထက်ဝက်ခန့်ကို ဆီနိုဗက်ကုမ္ပဏီထုတ် ကာကွယ်ဆေး ထိုးပေးမည်ဖြစ်ကာ ကျန်တစ်ဝက်ကို အာနိသင်မဲ့ဆေးထိုးပေးမည်ဖြစ်သည်။ စမ်းသပ်မှုလုပ်ရာတွင် ပထမအကြိမ် ကာကွယ်ဆေး ထိုးပြီးသူတိုင်းကို သီတင်းပတ်နှစ်ပတ် အကြာတွင် နောက်ထပ်ကာကွယ်ဆေး တစ်လုံး ထိုးပေးမည်ဖြစ်ကာ စမ်းသပ်ခံသူများတွင် ဆေးနှင့်တည့်ခြင်းရှိ၊ မရှိ နာရီဝက်ကျော် စောင့်ကြည့်ပြီးနောက် ထိုသူများကို အိမ်ပြန်ခွင့် ပြုမည်ဖြစ်သည်။ ထို့နောက် ကာကွယ်ဆေး နောက်တစ်လုံး ထိုးပြီးသူများကို ခြောက်လကြာ စောင့်ကြည့် သွားမည်ဖြစ်ပြီး စမ်းသပ်မှု ခံယူသူ နှစ်ဖွဲ့စလုံး၏ ရလဒ်များကို နှိုင်းယှဉ်လေ့လာသွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…t/files/12_0.jpg
Sun, 08/09/2020 - 11:20
admin_webportal
https://www.myawady.net.mm/node/337
ရောဂါပိုးကူးစက်မှု ဆက်လက်မြင့်တက် နေဆဲဖြစ်သည့် ဂျပန်
ဂျပန်နိုင်ငံ တိုကျိုမြို့တော်၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နိုဗယ်ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်မှု စံချိန်တင် မြင့်တက်လာသောကြောင့် လာမည့် ရက်သတ္တပတ်အတွင်း ရောက်ရှိတော့မည့် ဂျပန်လူမျိုးတို့၏ ခရီးသွား ရာသီအတွက် အခက်အခဲဖြစ်စေခဲ့သည်။ တိုကျိုမြို့အပါအဝင် နိုင်ငံအတွင်းရှိ စီရင်စုများ၌ သြဂုတ် ၇ ရက်က စုစုပေါင်း လူဦးရေ ၄၅၂ ဦး ရောဂါပိုးထပ်မံ ကူးစက်ခံခဲ့ရသည်။ တိုကျိုတစ်မြို့တည်း၌ပင် လူဦးရေ ၂ဝဝ ကျော်ကူးစက်ခံခဲ့ရသည်ဟု အာဏာပိုင်အဖွဲ့ကထုတ်ပြန်သည်။ အလားတူ အိုကီနာဝါနှင့် အိုဆာကာ စီရင်စု တို့၌လည်း ရောဂါပိုးထပ်မံကူးစက်မှု ဖြစ်ပွားလျက်ရှိသည်။ သြဂုတ် ၇ ရက်က ဖြစ်ပွားသည့် ရောဂါပိုး ကူးစက်မှုများသည် နိုင်ငံအတွင်း ၁၁ ရက်ဆက်တိုက် ဖြစ်ပွားသည့် စံချိန်တင်ရောဂါပိုး ကူးစက်မှုဖြစ်သည်။ ထို့ကြောင့် ရောဂါပိုးကူးစက်မှု မြင့်တက်နေစဉ် ပြည်သူများက ၎င်းတို့၏ ဇာတိမြေသို့ အလည်အပတ် သွားလာခြင်းနှင့် စပ်လျဉ်း၍ ရောဂါပိုး ထပ်မံကူးစက်ပျံ့နှံ့မည်ကို စိုးရိမ်မကင်း ဖြစ်လျက်ရှိသည်။ အကြောင်းမှာ ရောဂါပိုးထပ်မံ ကူးစက်ခံရသူများ အနက် ၈ဝ ရာခိုင်နှုန်းခန့်မှာ သက်ကြီးရွယ်အိုများ မဟုတ်ဘဲ အသက် ၂ဝ မှ ၄၉ နှစ်ကြား အရွယ်များဖြစ်သော ကြောင့်ပင်ဖြစ်သည်။ သာမန်အားဖြင့် ကြည့်ပါက အသက် ၂ဝ နှင့် ၃ဝ နှစ်ကြား အရွယ်များသည် သက်ကြီးရွယ်အိုများ ထက်စာလျှင် ကိုယ်ခံအားစနစ် ကောင်းမွန်သူများဖြစ်သည်။ ဂျပန်နိုင်ငံ၌ ပြီးခဲ့သည့်နှစ်ရက်အတွင်း နိုဗယ်ကိုရိုနာဗိုင်းရပ်ပိုး ထပ်မံကူးစက်ခံရသူ ၄ဝဝ ကျော်အထိမြင့်တက် လာစဉ် သြဂုတ် ၂ ရက်တွင်လည်း လူဦးရေ ၂၉၂ ဦး ရောဂါပိုး ကူးစက်ခံရကြောင်း တိုကျိုအုပ်ချုပ်ရေးမှူး ကိုအိကေယူရီကိုက ပြောကြားသည်။ တိုကျိုမြို့တော်၌ ရောဂါပိုးကူးစက်မှု ပိုမိုဆိုးရွားလာပါက အစိုးရ အနေဖြင့် အရေးပေါ် အခြေအနေ ထုတ်ပြန်နိုင်ဖွယ် ရှိသည်ဟု အုပ်ချုပ်ရေးမှူး ယူရီကိုက အစောပိုင်းတွင် ပြောသည်။ သို့သော် မြို့တော်၌ ဖြစ်ပွားနေသည့် ရောဂါပိုး ကူးစက်မှုကို မည်သို့တုံ့ပြန်ဖြေရှင်းမည်နှင့် စပ်လျဉ်း၍ အစိုးရ အဖွဲ့အတွင်း အငြင်းပွားလျက်ရှိသည်။ အစိုးရသည် လက်ရှိဖြစ်ပွားနေသည့် ရောဂါပိုး ကူးစက်မှုကို ထိန်းချုပ်ရန်နှင့် နိုင်ငံစီးပွားရေး၊ အထူးသဖြင့် ခရီးသွားလာရေး တိုးတက်လာစေရန် ကြိုးပမ်းလျက် ရှိသည်။ ဆိုလိုသည်မှာ ရောဂါပိုးကူးစက်မှု ဆက်လက်မြင့်တက် နေသော်လည်း အစိုးရ အနေဖြင့် တင်းကျပ်သည့် ကန့်သတ်ချက်များကို ပြန်လည်ချမှတ်ရန် တုံ့ဆိုင်းနေဖွယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် တင်းကျပ်သည့် ကန့်သတ်ချက်များ ပြန်လည်ချမှတ်ပါက စီးပွားရေး ကျဆင်းနေခြင်းကို ပိုမိုဆိုးရွားစေမည်ဟု စိုးရိမ်မကင်း ဖြစ်နေဖွယ်ရှိသည်။ နိုင်ငံအတွင်း ဖြစ်ပွားနေသည့် ရောဂါပိုးကူးစက်မှု ထိန်းချုပ်နိုင်ရန်နှင့် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ဟန်ချက်ညီညီ လုပ်ဆောင်ရန် အလွန်ခက်ခဲလျက်ရှိသည်။ ထို့ပြင် အစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ ဒေဝါလီခံခြင်းမှ ရှောင်ရှားနိုင်ရေးအတွက် ချေးငွေထုတ်ပေးခြင်း ကဲ့သို့သော အကူအညီပေးရေး အစီအစဉ်များမှ တစ်ဆင့် ကူညီထောက်ပံ့ပေး နေသော်လည်း ရောဂါပိုး ကူးစက်မှုကို အလျင်အမြန် ထိန်းချုပ်ရန် လိုအပ်လျက်ရှိသည်။ ရောဂါပိုးကူးစက်မှု ထိန်းချုပ်နိုင်ခြင်း မရှိပါက စီးပွားရေးကို ဆက်လက်ထိခိုက်စေမည် ဖြစ်သည်။
နိုင်ငံတကာသတင်း
https://www.myawady.net.…%81%E1%81%84.jpg
Sun, 08/09/2020 - 11:31
admin_webportal
https://www.myawady.net.mm/node/338
သံတမန် စစ်ပွဲဆင်နွှဲခြင်းကို စိတ်ဝင်စားမှုမရှိဟု ပြောဆိုလိုက်သည့် တရုတ်
တရုတ်နိုင်ငံ အနေဖြင့် လိုအပ်ပါက မိမိကိုယ်မိမိ ကာကွယ်မည် ဖြစ်သော်လည်း အမေရိကန် ပြည်ထောင်စုနှင့် သံတမန်စစ်ပွဲ ဖြစ်ပွားမည်ကို စိတ်ဝင်စားမှု မရှိကြောင်း တရုတ်အစိုးရက ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ပြောကြားသည်။ သံတမန်စစ်ပွဲဆင်နွှဲခြင်းသည် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားကိုသာ ထိခိုက်စေသောကြောင့် တရုတ်အနေဖြင့် အမေရိကန် အစိုးရနှင့် သံတမန် စစ်ပွဲဆင်နွှဲရန် ရည်ရွယ်ထားခြင်း မရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက သြဂုတ် ၄ ရက်တွင်ပြောသည်။ ထို့ပြင် အမေရိကန် ပြည်ထောင်စု ကဲ့သို့သော နိုင်ငံမျိုးနှင့် သံတမန်စစ်ပွဲ ဆင်နွှဲခြင်းသည် ယင်းနိုင်ငံ၏ စွမ်းအားကို တိုးမြင့်စေမည် မဟုတ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ အကယ်၍ အမေရိကန် အစိုးရက နှစ်နိုင်ငံကြား သံတမန်စစ်ပွဲ ဆင်နွှဲမည်ဆိုပါက တရုတ်နိုင်ငံက လက်တုံ့ပြန်မည့် အလားအလာ ရှိနေသည်။ တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ အကယ်၍ အမေရိကန် အစိုးရက နှစ်နိုင်ငံကြားရှိ သံတမန်ပဋိပက္ခ တစ်ရပ်ကို ဖြစ်ပေါ်စေမည် ဆိုပါက တရုတ်နိုင်ငံက လက်တုံ့ပြန်ရန် အသင့်ဖြစ်နေသည်ဟု တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ တရုတ်အစိုးရ၏ အဆိုပါ ပြောဆိုချက်သည် အင်အားကြီး နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေး တင်းမာမှုများ ဖြစ်ပွားနေစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ အကြောင်းမှာ အမေရိကန် အစိုးရက ဟျူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို ပြီးခဲ့သည့် လနှောင်းပိုင်းတွင် ပိတ်ပစ်လိုက်သောကြောင့် ဖြစ်သည်။ အမေရိကန်၏ လုပ်ဆောင်ချက်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်အစိုးရက ချန်ဒူးမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးကို ဇူလိုင် ၂၄ ရက်တွင် ပိတ်ပစ်ရန် အမိန့်ပေးခဲ့ရာမှ နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာလာခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးကို တရုတ်အစိုးရက သူလျှိုလုပ်ဆောင်ခြင်းနှင့် တခြားနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းခြင်းကြောင့် ဖြစ်သည်ဟု တရုတ်က ပြောကြားသည်။ တရုတ်နှင့် အမေရိကန်တို့ကြား သံတမန် ဆက်ဆံရေး တင်းမာမှုသာမက ကုန်သွယ်ရေး ၌လည်း ပဋိပက္ခ ဖြစ်လျက်ရှိသည်။ သို့ရာတွင် နှစ်နိုင်ငံကြား ဖြစ်ပွားနေသည့် ကုန်သွယ်ရေး တင်းမာမှုကို လျှော့ချနိုင်ရေးအတွက် နှစ်နိုင်ငံစလုံးမှ တာဝန်ရှိသူများက သြဂုတ် ၁၅ ရက်တွင် အဆင့်မြင့် တွေ့ဆုံပွဲတစ်ရပ် ကျင်းပရန် စီစဉ်ထားသည်။ ထို့ကြောင့် အင်အားကြီးနှစ်နိုင်ငံ အနေဖြင့် ၎င်းတို့ကြားရှိ သံတမန် ဆက်ဆံရေး တင်းမာမှု လျှော့ချနိုင်ရေးအတွက် အရေးတကြီး လုပ်ဆောင်ရန် လိုအပ်လျက်ရှိသည်။
နိုင်ငံတကာသတင်း
https://www.myawady.net.…t/files/13_0.jpg
Sun, 08/09/2020 - 11:32
admin_webportal
https://www.myawady.net.mm/node/339
ဟိုပုံးမြို့၌ (VRFP) စီမံကိန်း ရန်ပုံငွေများ ဒေသခံ ပြည်သူများအား ထုတ်ချေး
ဟိုပုံး၊ လူမှုရေးရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် Village Revolving Fund Project စီမံကိန်းဖြင့် ဆောင်ရွက်သော ဒေသခံပြည်သူများအား ရန်ပုံငွေ ထုတ်ချေးပေးအပ်ခြင်းကို သြဂုတ် ၇ ရက် မွန်းလွဲပိုင်းတွင် ဟိုပုံးမြို့နယ် လွယ်အွန့်ကျေးရွာအုပ်စု ဝါးဆို့ ကျေးရွာ၌ ကျင်းပသည်။ အဆိုပါ ရန်ပုံငွေ ထုတ်ချေးပေးအပ်ရာတွင် လွယ်အွန့်ကျေးရွာအုပ်စု ဝါးဆို့ကျေးရွာ (အပစန၃) တွင် စိုက်ပျိုးရေးလုပ်ကိုင်သူ ၁ဝ ဦး၊ မွေးမြူရေးလုပ်ကိုင်သူသုံးဦး စုစုပေါင်း ၁၃ ဦးအတွက် ဠွၤျဏ စီမံကိန်း ရန်ပုံငွေကျပ်သိန်း ၁ဝဝ အား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် တာဝန်ရှိသူများက ဒေသခံ ပြည်သူများထံ အသီးသီး ထုတ်ချေးပေးအပ်ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…t/files/15_0.jpg
Sun, 08/09/2020 - 11:38
admin_webportal
https://www.myawady.net.mm/node/340
ကျောက်မဲမြို့နယ်၌ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်
ကျောက်မဲ၊ ကျန်းမာရေးရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် ကျန်းမာရေး ဦးစီးဌာန လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းကို မိခင်ကလေး ကျန်းမာရေးဌာန၌ လစဉ်လဆန်းပိုင်းတွင် ပုံမှန်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ ထိုသို့ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးပေးရာတွင် မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်(ဗီစီဗွီ)၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါ(ရိုတာကာကွယ်ဆေး)၊ ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် ပိုလီယိုအကြောသေ ကာကွယ်ဆေး တို့ကိုတိုက်ကျွေးသွားမည် ဖြစ်ကြောင်း သိရသည်။ ကျောက်မဲမြို့ပေါ်တွင် ရပ်ကွက်ကိုးရပ်ကွက် ရှိသောကြောင့် ယခု ကာလအတွင်း လူစုလူဝေး မဖြစ်စေရန် အတွက် တစ်ရက်လျှင် သုံးရပ်ကွက်နှုန်းဖြင့် အချိန်ခွဲ၍ ကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးပေးလျက် ရှိကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…ult/files/16.jpg
Sun, 08/09/2020 - 11:38
admin_webportal
https://www.myawady.net.mm/node/341
မန်စီးတီးအသင်း သွင်းယူသည့် နှစ်ဂိုးစလုံး မိမိအမှားကြောင့် ပေးခဲ့ရသည့်အတွက် ရီးယဲလ်ခံစစ်မှူးဗာရာနီ တောင်းပန်
သြဂုတ် ၇ ရက်ညက ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ရီးယဲလ် အသင်းသည် မန်စီးတီးအသင်းကို ၂ ဂိုး-၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည့်အတွက် နှစ်ကျော့ပေါင်း ရလဒ် ၄ ဂိုး-၂ ဂိုးဖြင့် ရှုံးပြီး ပြိုင်ပွဲမှထွက်ခဲ့ရသည်။ ထိုပွဲတွင် မန်စီးတီးအသင်းသွင်းယူသော နှစ်ဂိုးစလုံးမှာ မိမိအမှားကြောင့် ပေးခဲ့ရခြင်းဖြစ်ကြောင်း ရီးယဲလ်ခံစစ်မှူး ဗာရာနီက အသင်းဖော်များနှင့် ပရိသတ်များကို တောင်းပန်ခဲ့သည်။ ပွဲစပြီး ရှစ်မိနစ်မှာပင် စတာလင်း သွင်းယူသည့်ဂိုးသည် ဗာရာနီ လူပေးမှားခဲ့သဖြင့် ပေးလိုက်ရခြင်းဖြစ်ပြီး ရီးယဲလ်ဘက်မှ ချေပဂိုး ပြန်သွင်းသော်လည်း ဒုတိယပိုင်းတွင် ဗာရာနီသည် ထပ်မံအမှား ကျူးလွန်ခဲ့သဖြင့် ဂျီးဆက်က ဂိုးသမားကိုကျော်ကာ ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ တွဲဖက်ဗဟိုခံစစ်မှူး အသင်းခေါင်းဆောင်ရာမို့စ် ပွဲပယ်ခံထားရ၍ မပါဝင်နိုင်သည့် ထိုပွဲစဉ်တွင် ဗာရာနီ၏ ဆိုးရွားသောအမှားနှစ်ခုကြောင့် ရီးယဲလ်အသင်း ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းဖြစ်သည်။ ဗာရာနီက ''ကျွန်တော် အမှားကျူးလွန်ခဲ့တယ်။ ကျွန်တော်တို့ ပြိုင်ပွဲက ထွက်လိုက်ရတယ်။ အသင်းဖော်တွေကို တောင်းပန်ချင်ပါတယ်။ ပြိုင်ပွဲက ထွက်လိုက်ရလို့ ဝမ်းနည်းမိတယ်။ ကျွန်တော့် ကစားသမားဘဝမှာ ဒီလိုအမှားမျိုး အများကြီး မရှိခဲ့ဖူးပါဘူး။ အခု အမှားအတွက် ကျွန်တော် ဝန်ခံပါတယ်။ ပွဲကလည်း တကယ့်ကို ခက်ခဲခဲ့ပါတယ်''ဟု ပြောသည်။ မန်စီးတီး အသင်းသည် ကွာတား ဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်တွင် လိုင်ယွန်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
အားကစား
https://www.myawady.net.…t/files/18_0.jpg
Sun, 08/09/2020 - 11:51
admin_webportal
https://www.myawady.net.mm/node/343
ချန်ပီယံလိဂ်မှ ထွက်ခဲ့ရသော်လည်း စီရော်နယ်ဒို အသင်း၌ဆက်ရှိမည်ဟု ဂျူဗင်တပ်စ် အသင်းပိုင်ရှင် ယုံကြည်
ဂျူဗင်တပ်စ်အသင်းသည် လိုင်ယွန်ကို ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ်တွင် အဝေးဂိုး စည်းမျဉ်းဖြင့် ပြိုင်ပွဲမှထွက်ခဲ့ရသည့်အတွက် ထိုပွဲတွင် နှစ်ဂိုးစလုံးသွင်းခဲ့သည့် တိုက်စစ်မှူး စီရော်နယ်ဒိုသည် ဂျူဗင်တပ်စ်မှ ထွက်ခွာရပြီး ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့သွားလိမ့်မည်ဟု သတင်းများထွက်ပေါ်လာသည်။ သို့သော် ဂျူဗင်တပ်စ်အသင်းပိုင်ရှင် အန်ဒရီယာအက်ဂနယ်လီက ၎င်းအနေဖြင့် စီရော်နယ်ဒို ဂျူဗင်တပ်စ်တွင် ဆက်ရှိသွားမည်ကို ရာနှုန်းပြည့် ယုံကြည်ကြောင်း ထုတ်ဖော်ပြောသည်။ စီရော်နယ်ဒိုနှင့် ပတ်သက်ပြီး အက်ဂနယ်လီက ''စီရော်နယ်ဒို ပီအက်စ်ဂျီမှာကစားဖို့ စိတ်ဝင်စားတယ်ဆိုတဲ့ သတင်းက ဟိုးအရင် အင်တာဗျူး ခဲ့စဉ်က အကြောင်းတရားတွေကို အခြေခံပြီး လျှောက်ပြောတဲ့ သတင်းမျိုးပါ။ ကျွန်တော်ကတော့ သူအသင်းမှာ ဆက်ရှိမယ်လို့ ရာနှုန်းပြည့် ယုံကြည်တယ်။ အခု ကျွန်တော်တို့က ပြင်သစ်အသင်းဖြစ်တဲ့ လိုင်ယွန်နဲ့ကစားရ တာဖြစ်လို့ တခြားပြင်သစ်အသင်း တစ်သင်းကို စီရော်နယ်ဒို ပြောင်းရွှေ့ချင်နေပြီဆိုတဲ့ သတင်းမျိုးက ခေတ်ဟောင်းပြင်သစ် မီဒီယာတွေရဲ့ လုပ်ကွက်ပါပဲ။ ဂျူဗင်တပ်စ် အသင်းမှာ အနာဂတ် စီမံကိန်းကောင်းတွေ ရှိတဲ့အတွက် နောက်နှစ်ပြန်လာနိုင်မှာပါ''ဟု ပြောသည်။
အားကစား
https://www.myawady.net.…%81%E1%81%89.jpg
Sun, 08/09/2020 - 11:53
admin_webportal
https://www.myawady.net.mm/node/344
ဆေးလ်ဗားကို တစ်ပတ်လစာပေါင် ၅၂ဝဝဝ အပြင် ဂျက်လေယာဉ်ပါစီစဉ်ပေးမည်ဟု လာဇီယိုကမ်းလှမ်း
ယခုရာသီကုန်တွင် မန်စီးတီးအသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ထားပြီးဖြစ်သော အသက် ၃၄ နှစ် အရွယ် ဝါရင့် စပိန်ကွင်းလယ် ကစားကွက်ဖန်တီးရှင် ဒေးဗစ်ဆေးလ်ဗားကို လာဇီယိုအသင်းက တစ်ပတ်လစာ ပေါင် ၅၂ဝဝဝ အပြင် ရောမမြို့မှ ခမ်းနားသော နေအိမ်၊ သီးသန့်ဂျက်လေယာဉ်တစ်စင်းပါ အသုံးပြုနိုင်ရန် စီစဉ်ပေးမည်ဟု ဆိုကာ ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ ဒေးဗစ်ဆေးလ်ဗားကို ပြောင်းရွှေ့ကြေး မပေးရဘဲ ခေါ်ယူနိုင်မည်ဖြစ်၍ လာဇီယိုအပြင် ဗလင် စီယာ၊ ဘက်တစ်၊ ဒေးဗစ်ဘက်ခမ်းပိုင် မေဂျာလိဂ် ကလပ်အသစ် အင်တာမီယာမီနှင့် ယူအေအီး ကလပ်များကလည်း ကမ်းလှမ်းမှုများ ပြုလုပ်ထားကြသည်။ အီတလီ၌ ဘောလုံး ကစားသမားများ အခွန်ကောက်ခံမှု ပိုမိုများပြားသည့်ကြားမှ လာဇီယိုသည် ဆေးလ်ဗားကို အခွန်ဆောင်အပြီး တစ်ပတ်လစာ ပေါင် ၅၂ဝဝဝ အပြင် ခမ်းနားသည့် နေအိမ်၊ သီးသန့်ဂျက်လေယာဉ် တစ်စင်းပါ စီစဉ်ပေးပြီး နှစ်နှစ်စာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ သို့သော် ဆေးလ်ဗားဘက်မှ တစ်ပတ်လစာအဖြစ် အနည်းဆုံးပေါင် ၈၆ဝဝဝ ရမှ လက်ခံနိုင်မည်ဖြစ်ကြောင်း တုံ့ပြန်ထားသည်ဟု သတင်းများအရ သိရသည်။ ဆေးလ်ဗားသည် မန်စီးတီးတွင် တစ်ပတ်လစာ ပေါင် ၂၂ဝဝဝဝ ရရှိနေကြောင်း သိရသည်။
အားကစား
https://www.myawady.net.…ult/files/17.jpg
Sun, 08/09/2020 - 11:53
admin_webportal
https://www.myawady.net.mm/node/345
မင်းကွန်းနှင့် ပုဂံဒေသမှ ဘုရားစေတီပုထိုးများ ပိတ်ထားခြင်းကြောင့် မရမ်းခြံဆိပ်ကမ်းမှ သင်္ဘောအစင်းရေ ၅ဝ ကျော် ယာယီရပ်နား
မင်းကွန်းနှင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသမှ ဘုရားစေတီပုထိုးများ ပိတ်ထားခြင်းကြောင့် မရမ်းခြံ ဆိပ်ကမ်းမှ သင်္ဘောအစင်းရေ ၅ဝ ကျော် ပြန်လည်ပြေးဆွဲရန် အခက်အခဲဖြစ်နေပြီး ယာယီရပ်နားထားကြောင်း နိုင်ငံခြားသား ပို့ဆောင်ရေး ရေယာဉ်အသင်း (မန္တလေး)ဥက္ကဋ္ဌ ဦးသက်ထွန်း၏ ပြောပြချက်အရ သိရသည်။ လက်ရှိတွင် မင်းကွန်းနှင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ဘုရားစေတီပုထိုးများအား ဘုရားဖူးများ လည်ပတ်ခွင့် ယာယီပိတ်ထားခြင်းကြောင့် ဧရာဝတီမြစ်ရေ လမ်းကြောင်းတစ်လျှောက် မန္တလေးမြို့ မရမ်းခြံ ဆိပ်ကမ်းမှ မင်းကွန်းနှင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ ခရီးသည်တင်ဆောင် ပြေးဆွဲပေးနေသည့် သင်္ဘောများ ယာယီရပ်နားထားခြင်းဖြစ်သည်။ ''သင်္ဘောနဲ့ မရမ်းခြံဆိပ်ကမ်းကနေ မင်းကွန်းဒေသကို အလည်အပတ် သွားတဲ့ ခရီးသွားများတယ်။ ပုဂံဘက်ကိုသွားတဲ့ ခရီးသွားနည်းတယ်။ အခု မင်းကွန်းဒေသက မြသိန်းတန်စေတီနဲ့ ပုထိုးတော်ကြီးကို ဘုရားဖူးခွင့်ယာယီ ပိတ်ထားတာကြောင့် မရမ်းခြံ ဆိပ်ကမ်းကနေ ခရီးသည်တင် သင်္ဘောတွေ ပြေးဆွဲမှု ရပ်နားထားပါတယ်။ အခု ဘုရားစေတီပုထိုးတွေ ပိတ်ထားတာကြောင့် ခရီးသွား မရှိသလောက် ဖြစ်နေတော့ သြဂုတ်လအတွင်းမှာ ခရီးသည်တင် သင်္ဘောတွေပြန်ပြီး ပြေးဆွဲပေးဖို့ အခက်အခဲ ဖြစ်နေပါတယ်။ မင်းကွန်းနဲ့ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသက ဘုရားစေတီပုထိုးတွေ ပြန်ဖွင့်မှပဲ ပုဂ္ဂလိကရေယာဉ် လုပ်ငန်းရှင်တွေလည်း ဝင်ငွေပြန်ပြီး ရရှိမယ့် အနေအထား ဖြစ်နေပါတယ်။ လောလောဆယ် ခရီးသည်ရှားပါးတော့ ပြန်ပြေးဆွဲဖို့ အခက်အခဲ ဖြစ်နေပါတယ်။ သင်္ဘောအစင်းရေ ၅ဝ ကျော်လောက် ရပ်နား ထားရပါတယ်'' ဟု ဦးသက်ထွန်းကပြောသည်။ မင်းကွန်းနှင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသမှ ဘုရားစေတီ ပုထိုးများသို့ ပြည်တွင်း ခရီးသွားများ လာရောက် လည်ပတ်ခွင့်ကို ပြန်လည်ခွင့်ပြုပေးသည့် အချိန်မှသာ မရမ်းခြံ ဆိပ်ကမ်းမှ ယာယီရပ်နားထားသည့် ခရီးသည်တင် သင်္ဘောများ ပြန်လည်ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…ult/files/21.jpg
Sun, 08/09/2020 - 12:01
admin_webportal
https://www.myawady.net.mm/node/346
စိမ်းစိုလန်းဆန်းနေစေဖို့ လူတိုင်းသစ်ပင်စိုက်ကြစို့
ကမ္ဘာကြီးတွင် ပူပြင်းခြောက်သွေ့ခြင်း၊ ရာသီဥတုဆိုးရွားလာခြင်း၊ တောမီးလောင်ခြင်း၊ ရေကြီးရေလျှံခြင်း၊ ရောဂါအသစ်အဆန်းများ ပေါ်ပေါက်လာခြင်း စသည်ဖြင့်ဘေးဒဏ် အမျိုးမျိုးတို့ကို လူသားတို့ တွေ့ကြုံရင်ဆိုင် နေကြရသည်။ အကြောင်းအကျိုး ဆက်စပ်မှု ဖြစ်စဉ်အရ ကမ္ဘာကြီးပူနွေး အရည်ပျော်ကာ ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာသည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာသည်။ လူသားတို့နေထိုင်ရန်၊ စက်မှုလုပ်ငန်းများတိုးချဲ့ရန်၊ သဘာဝသယံဇာတများထုတ်ယူရန် စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် သစ်ပင်များခုတ်လှဲမှုက သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များကို ပျက်စီးစေကာ ဥတုရာသီများ ဖောက်ပြန်ခြင်း၊ အပူလွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်းတို့ ဖြစ်ပေါ်လာရသည်။ စက်မှုလုပ်ငန်းများမှ စွန့်ထုတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များကြောင့် အိုဇုန်းလွှာပျက်စီးကာ တစ်နှစ်ထက်တစ်နှစ် အပူချိန်မြင့်တက် လာနေသည်။ ဘယ်သူမပြု မိမိမှုဆိုသလို လူသားတို့၏ သဘာဝ ပတ်ဝန်းကျင် ဖျက်ဆီးမှုများကြောင့် ဖြစ်ပေါ်လာရသော ကြောင်းကျိုးဆက်နွှယ်မှု အကြောင်းရင်းများပင် ဖြစ်သည်။ ကမ္ဘာမြေပေါ်တွင် နေထိုင်ကြသည့် လူသားတိုင်း မိမိတို့သုံးစွဲသော ပစ္စည်းများကို ပြန်လည်သုံးစွဲနိုင်အောင် ကိုယ်တိုင်ဆောင်ရွက်ပြီး အများက လိုက်ပါဆောင်ရွက်နိုင်အောင် ကူညီဆောင်ရွက်ခြင်း၊ ပလတ်စတစ် သုံးစွဲမှု လျှော့ချခြင်း၊ လေထုသန့်စင် စေရန်နှင့် ရာသီဥတု မျှတစေရန် လူတိုင်းသစ်ပင် စိုက်ပျိုးခြင်း၊ စိုက်ပြီးသစ်ပင်များ ရှင်သန်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကမ္ဘာကြီး အတွက် အဘက်ဘက်က အကူအညီပေးနိုင်သည့် လူသားကောင်း တစ်ယောက်ဖြစ်စေရန် မိမိကိုယ်ကို တည်ဆောက်ခြင်းတို့ဖြင့် မိမိတို့ဝန်းကျင် တစ်ခုမှသည် ကမ္ဘာ့ပတ်ဝန်းကျင် သာယာလှပရေး အားသွန်ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုက်ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ရာသီဥတု ဆိုးရွားစွာ ပြောင်းလဲမှုကို ရင်ဆိုင်နေရသည့် နိုင်ငံဖြစ်ရာ မိုးရာသီတွင် ရေကြီးမှု၊ နွေရာသီတွင် အပူချိန်မြင့်မားမှုကြောင့် သောက်သုံးရေ ရှားပါးမှု၊ ဆောင်းရာသီကာလ တိုတောင်းမှု ဒဏ်များကို နှစ်အနည်းငယ် အတွင်း ပြင်းပြင်းထန်ထန် ခံစားလာကြရသည်။ ထိုသို့သော အခြေအနေမျိုးအတွက် အကြောင်းရင်းများစွာ ရှိသော်လည်း လူသားတို့၏ ပယောဂကြောင့် သစ်ပင်၊ သစ်တောများ ပြုန်းတီးခြင်းမှာ အဓိက အချက်ဖြစ်သည်။ အထူးသဖြင့် စီးပွားဖြစ် တရားမဝင်သစ်ခုတ်မှု၊ သယံဇာတတူးဖော်မှု၊ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမှု၊ ကျေးလက်နေ ပြည်သူများ အတွက် ထင်းလောင်စာလိုအပ်မှု၊ အိမ်ရာဆောက်လုပ်ရန် လိုအပ်မှု၊ လမ်းဖောက်လုပ်မှု၊ လျှပ်စစ်ဓာတ်အား လိုင်းများနှင့် မလွတ်ကင်းသဖြင့် ခုတ်ထွင်ရှင်းမှုတို့ကြောင့် သစ်ပင်သစ်တောများ အချိန်နှင့်အမျှ ပြုန်းတီးလျက် ရှိသည်။ သစ်ပင်၊ သစ်တော ခုတ်ထွင်မှုများကို ကြပ်မတ်ထိန်းသိမ်းခြင်း၊ စိုက်ကွက်စိုက်ခင်းများ အစားထိုးခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်း များကို လုပ်ဆောင်ရန်မှ တစ်ပါး အခြားမရှိပေ။ သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန် လာစေရေးအတွက် မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းကို ၂ဝ၁၇-၂ဝ၁၈ မှ၂ဝ၂၆-၂ဝ၂၇ အထိ ၁ဝ နှစ်စီမံကိန်း ရေးဆွဲ၍ အကောင်အထည် ဖော်လျက်ရှိသည်ဟု သိရသည်။ သစ်တောများလျင်မြန်စွာ ပြုန်းတီးနေမှုကို ကုစားနိုင်ရေးအတွက် ၂ဝ၁၄ ခုနှစ်တွင် ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုရပ်ဆိုင်းခြင်း၊ ၂ဝ၁၆ ခုနှစ်မှစ၍ ပဲခူးရိုးမတွင် သစ်ထုတ်လုပ်မှု ၁ဝ နှစ်ရပ်ဆိုင်းခြင်းများ လုပ်ဆောင်ခဲ့သည်။ သို့ရာတွင် တရားမဝင် သစ်ထုတ်လုပ်မှုများ၊ တရားမဝင် သယံဇာတ တူးဖော်မှုများကြောင့် မြန်မာ့သစ်တောများ ပြုန်းတီးနေဆဲဖြစ်သည်။ သစ်ပင်စိုက်ပျိုးရေးသည် စိုစွတ်ရာသီဖြစ်သော မိုးတွင်းကာလ ဇွန်၊ ဇူလိုင်နှစ်လတည်းသာ အချိန်ရှိသဖြင့် ဇူလိုင်လကို သစ်ပင်စိုက်ပျိုးရေး လအဖြစ် သတ်မှတ်ပြီး လူထုလှုပ်ရှားမှု အသွင်ဖြင့် စိုက်ပျိုးလျက်ရှိသည်။ သို့ရာတွင် နှစ်စဉ်သန်းနှင့်ချီကာ စိုက်ပျိုးခဲ့သော အပင်များ ဆက်လက်ရှင်သန်ရေး အတွက် ထိန်းသိမ်းရေး လုပ်ငန်းများအပေါ် အာရုံစိုက်မှု အားနည်းခြင်း၊ စိုက်ပျိုးစဉ်ကပင် နည်းစနစ်မှန်ကန်စွာ မစိုက်ခဲ့ခြင်းနှင့် ရန်သူမျိုးငါးပါး အန္တရာယ်များရှိနေခြင်းတို့ကြောင့် အပင်အရေအတွက် အများစုမှာ ပျက်စီးဆုံးရှုံးမှုနှင့် ရင်ဆိုင်ကြရသည်။ ယခုနှစ်တွင်လည်း သစ်စေ့မြေလုံး များကို ရဟတ်ယာဉ်ဖြင့် ကြဲချခြင်း၊ အပင်ပေါက်ရောက်နိုင်သော တောင်ကုန်းများ၌ လူအင်အားဖြင့် ဆူးထိုး စိုက်ပျိုးခြင်း၊ အစုအဖွဲ့အလိုက် စိုက်ပျိုးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံ၌လည်း အမြဲစိမ်း သစ်တော ၄၁ ရာခိုင်နှုန်း၊ ရွက်ပြတ်ရောနှောတော ၃၇ ရာခိုင်နှုန်း၊ ခြောက်သွေ့တော ၁ဝ ရာခိုင်နှုန်း၊ အင်တိုင်းတော ၅ ရာခိုင်နှုန်း၊ ပလပ်မြေ ၃ ရာခိုင်နှုန်းရှိနေကြောင်း သစ်တောနှင့်ဆိုင်သော စာပေများမှ မှတ်သားရသည်။ ထိုသစ်တောများတွင် အမြဲစိမ်း သစ်တောသည် ရာခိုင်နှုန်း အများဆုံး ပေါက်နေသောကြောင့် မြန်မာနိုင်ငံအတွက် သစ်တောထွက် ပစ္စည်းကိုသာမက ရေ၊ လေ၊ ရာသီဥတုတို့ကိုပါ ညီမျှစေသည်ဟုလည်း လေ့လာသိရှိရသည်။ သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် လေ့လာရေး အဖွဲ့များက သစ်တောသုံးမျိုး ရှိသည်ဟု ဆိုထားရာ ယင်းတို့မှာ သက်ရင့်သစ်တော၊ တောရိုင်းတိရစ္ဆာန်များ မှီခိုနေထိုင်ကြသော သစ်တောဟူ၍ ရှာဖွေတွေ့ရှိကြောင်း မှတ်တမ်းရေးသားထားပြီး ထပ်မံတိုးလာသည့် နှောင်းဖြစ်သစ်တော (ခုတ်လှဲပြီး သစ်တောများ နေရာ၌ပြန်၍ ပေါက်လာသော သစ်တောများ)၊ စိုက်ခင်းသစ်တော (စိုက်ပျိုးထားသည့် သစ်တောများ)ဟူ၍ တွေ့ရှိရကြောင်း ဆိုကြသည်။ တစ်ကမ္ဘာလုံး သစ်တောဖုံးလွှမ်းနေမှု ဧရိယာမှာ ဟက်တာသန်းပေါင်း ၃၄၄ဝ ရှိပြီး ရေမြေရာသီဥတု ဖောက်ပြန်မှုကြောင့် သစ်တောပြုန်းတီးမှု များစွာရှိခဲ့သည်။ ထိုသို့ ပျက်စီးမှုများတွင် ပျက်စီးမှု အများဆုံး ဒေသမှာ အရှေ့တောင်အာရှဟုလည်း ပါဝင်ကြသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း တစ်ကမ္ဘာလုံးရှိ ဒီရေတော ၃ဝ ရာခိုင်နှုန်း ပျက်စီးခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ သစ်ပင်၊ သစ်တောများသည် သဘာဝအလျောက် ဖြစ်ထွန်းနေသည် မှန်သော်လည်း သဘာဝဘေးကြောင့် ပျက်စီးခြင်း၊ လူတို့မဆင်မခြင် ခုတ်လှဲမှုကြောင့် ပျက်စီးခြင်းတို့နှင့် ကြုံရသောကြောင့် တစ်ကမ္ဘာလုံးရှိ သစ်တောများ၏ ထက်ဝက်မက ပျက်စီးမှုများ ရှိခဲ့သည်။ မိမိပတ်ဝန်းကျင် မှသည် တိုင်းနိုင်ငံ၊ ကမ္ဘာတစ်ဝန်းနှင့် သက်ဆိုင်သော နေရာဒေသများကို ဆိုလိုခြင်းဖြစ်သည်။ မိမိ ပတ်ဝန်းကျင်တွင် စိမ်းစိုလန်းဆန်းနေပါက မိမိစိတ်ကို အေးချမ်းစေသလို တိုင်း၊ နိုင်ငံဒေသ အသီးသီး ကမ္ဘာတစ်ဝန်းတွင်လည်း စိမ်းစိုလန်းဆန်းအေးချမ်းစေသည်။ သစ်ပင်စိုက်ပျိုးခြင်းသည် ငွေကြေးကုန်ကျမှု သက်သာသည့်အပြင် အကျိုးကျေးဇူးများစွာ ရရှိစေသည်။ သစ်ပင်တစ်ပင် ရှင်သန်ဖြစ်ထွန်းလာပြီဆိုလျှင် သက်ရှိလောကအားလုံး အကျိုးဖြစ်ထွန်းစေသည်။ အရိပ်အာဝါသ ကောင်းသော သစ်ပင်ကြီးများသည် ကျေးလက်နေ ပြည်သူများအတွက် လေအေးပေးစက် ထက်ပင် တန်ဖိုးကြီးမားသည်။ အရိပ်ရပင်ဖြစ်စေ၊ စားပင်သီးပင်ဖြစ်စေ ရှင်သန်ဖြစ်ထွန်းမည် ဆိုလျှင် များစွာအကျိုးရှိသည်။ မြန်မာနိုင်ငံအတွင်း အကြောင်း အမျိုးမျိုးကြောင့် သစ်တောများ တဖြည်းဖြည်း ပြုန်းတီးလျက်ရှိသည်။ ထိုသို့ ပြုန်းတီးသွားသော သစ်တောများ နေရာတွင် အစားထိုးသစ်ပင်များ ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်စွမ်းမရှိလျှင် မဝေးတော့သည့် အနာဂတ်တွင် သဲကန္တာရများ ဖြစ်လာနိုင်ပေသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၌ သစ်တောများ ပြုန်းတီးလာမှုကြောင့် ကမ္ဘာကြီး ပူနွေးလာပြီး ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များနှင့် သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ခံစားနေကြရပြီဖြစ်သည်။ နှစ်စဉ်မိုးရာသီတွင် သစ်ပင်စိုက်ပျိုးရာ၌ တာဝန်ကျေစိုက်ပျိုးနေသည်ထက် စိတ်စေတနာဖြင့် ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးသင့်ပေသည်။ သစ်တောပြုန်းတီးမှု များပြားလာသော မြို့၊ ရွာများတွင် လမ်းများနှင့် အဆောက်အအုံများသည် အပူပိုမို စုပ်ယူလေ့ရှိသည်။ သစ်တောသစ်ပင် ထူထပ်သော မြို့၊ ရွာများတွင် အရိပ်အာဝါသကောင်းမွန်သဖြင့် လမ်းများနှင့် အဆောက်အအုံများကို အေးမြစေသည်။ ''ပတ်ဝန်းကျင် ဆိုသည်မှာ မြေထု၊ ရေထု၊ လေထု၊ ရာသီဥတု၊ အသံ၊ အနံ့၊ အရသာတို့ ပါဝင်သည့် လူသားတို့ ပတ်ဝန်းကျင်ရှိ ရုပ်ပိုင်းဆိုင်ရာ အကြောင်းအချက် များကိုလည်းကောင်း၊ တိရစ္ဆာန်များနှင့် အပင်အမျိုးမျိုးတို့၏ သက်ရှိဇီဝဆိုင်ရာ အကြောင်းအချက်များကို လည်းကောင်း၊ သမိုင်း၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့် ပဒေသာ အလှအပဆိုင်ရာ အကြောင်းအချက် များကိုလည်းကောင်း စသည်တို့ကို ဆိုလိုသည်''ဟု ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်က အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ သစ်ပင်စိုက်ပျိုးခြင်းသည် လူ့အဖွဲ့အစည်းအတွက် အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်ရာ အစိုးရအနေဖြင့် စိုက်ပျိုးပြီး အပင်များ ရှင်သန်မှုကို လေ့လာဆန်းစစ်သည့် အစီအမံများ ချမှတ် အကောင်အထည်ဖော်ခြင်း၊ တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ ကြီးထွားနေသည့် အပင်များကို ထိခိုက်မှု အနည်းဆုံး ဖြစ်စေခြင်း၊ သယံဇာတ တူးဖော်ထုတ်လုပ်မှုအတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ရှိစေသည့် မည်သည့်အပြုအမူ မျိုးမဆို ထိရောက်စွာ အရေးယူခြင်းတို့ကို ဟန်ချက်ညီ လုပ်ဆောင်နိုင်ပါက မြန်မာ့သစ်တောများ ထိန်းသိမ်းရေးမူဝါဒကို များစွာ အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။မေယု-မျိုးအောင်(MANA)
ကျန်းမာရေး
https://www.myawady.net.…ult/files/22.jpg
Sun, 08/09/2020 - 12:16
admin_webportal
https://www.myawady.net.mm/node/347
ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ သြဂုတ် - ၉COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေ စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလော မြို့နယ်၊ ပလောက်မြို့၊ ဘုရားကြီးကျောင်းနှင့် ပုလောမြို့၊ ရှပ်ပုံရွာ၊ ဇေယျဘုမ္မိကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတိုက်၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့၊ လေသာတောင်ဘုန်းတော်ကြီးကျောင်း၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ စံနန်းဦးဘုန်းတော်ကြီးကျောင်းနှင့် စက်မှုရပ်ကွက်၊ သီရိသုဓမ္မာဘုန်းတော်ကြီးကျောင်း၊ ကျောက်ကြီးမြို့၊ ဆင်ဆိပ်ကျေးရွာ၊ ဗုဒ္ဓရက္ခိတဘုန်းတော်ကြီးကျောင်းနှင့် လိန်ပင်ကျေးရွာ၊ သာသနာ့အလင်းရောင်ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။ထို့အပြင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအထောက်အကူဖြစ် စေရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြုဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၊ ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ တီကျစ်မြို့၊ ဖယ်ခုံမြို့၊ ပင်လောင်းမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဖားဆောင်းမြို့၊ ဒီးမော့ဆိုမြို့၊ ဘောလခဲမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီ မြို့နယ်၊ လှည်းကူးမြို့နယ်၊ ကျောက်တန်းမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ လှည်းလမ်းကူးကျေးရွာတို့၌ တပ်မတော်မှဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ ရှင်သာမဏေများ၊ သာသနာနွယ်ဝင်သီလရှင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူ များကို COVID-19 ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စနစ်တကျလက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်းတို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့်ဆေးရည် များ၊ Mask များ၊ ဆေးပစ္စည်းနှင့် ဆေးဝါးများဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်း
https://www.myawady.net.…ult/files/24.jpg
Sun, 08/09/2020 - 22:00
admin_webportal
https://www.myawady.net.mm/node/348
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း
နေပြည်တော်၊ သြဂုတ် - ၉ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိ သည်။ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီပြည်သူ့ ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံကြီး၊ ညောင်ရွှေမြို့၊ ပြည်သူ့ဆေးရုံ၊ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ဒေါ်ငြိမ်းတိုက်နယ် ဆေးရုံ၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပြည်သူ့ဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ခရိုင် ပြည်သူ့ဆေးရုံ၊ ကျောက်မြောင်းမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန် မြို့နယ်နှင့် သာစည်မြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့၊ ပဒဲကော တိုက်နယ်ဆေးရုံတို့၌ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူ များက သွားရောက်၍ ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလက်ဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်)စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်း
https://www.myawady.net.…ult/files/25.jpg
Sun, 08/09/2020 - 22:03
admin_webportal
https://www.myawady.net.mm/node/349
ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး
နေပြည်တော်၊ သြဂုတ် - ၉။COVID-19ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်း များ စားရေးသောက်ရေးတွင် အဆင်ပြေစေရန်အတွက် ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေး အထူးကုဆေးရုံကြီး၊ ရပ်စောက်မြို့၊ ပြည်သူ့ဆေးရုံ၊ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ မြောက် ဥက္ကလာပမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ရှိ သင်ကြားရေးနှင့်အထွေထွေရောဂါကုဆေးရုံကြီး၊ လှိုင်သာယာမြို့နယ်၊ ပြည်သူ့ဆေးရုံကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဟိုင်းကြီးကျွန်းမြို့နှင့် ဟင်္သာတမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမျိုးသမီးသားဖွား မီးယပ်နှင့်ကလေးဆေးရုံ၊ ချင်းပြည်နယ်၊ မတူပီမြို့ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးနှင့် မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့နှင့် ပြည်မြို့တို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးများ၊ မြို့လှတိုက်နယ် ဆေးရုံတို့၌ တန်ဖိုးသင့် ထမင်း၊ ဟင်းနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့ကို တပ်မတော်များနှင့် မိသားစုဝင်များက သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး ခဲ့သည်။ထို့ပြင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေးအထောက်အကူ ဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော် သားများနှင့် မိသားစုဝင်များက စားသောက်ကုန်ပစ္စည်းများနှင့် တန်ဖိုးသင့်ထမင်းဟင်းများကို ရောင်းချပေးခဲ့သည်။ထိုသို့ရောင်းချရာတွင် နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင် တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များ၊ တပ်မတော်စက်ရုံထုတ်စားသောက်ကုန်ပစ္စည်းများ၊ တန်ဖိုးသင့် ထမင်း၊ ဟင်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်း ရရှိသည်။
တပ်မတော်သတင်း
https://www.myawady.net.…ult/files/26.jpg
Sun, 08/09/2020 - 22:06
admin_webportal
https://www.myawady.net.mm/node/350
COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ဆက်လက်လက်ခံ
နေပြည်တော်၊ သြဂုတ် - ၉။Coronavirus Disease 2019 (COVID-19) ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းနှင့် ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်းတို့၌ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြော ရေးနှင့် တည်းခိုရေးစခန်းသို့ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး၊ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၅ ဦးတို့ ထပ်မံရောက်ရှိလာပြီး လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းနှင့် ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်းသို့ ထပ်မံရောက်ရှိလာသူမရှိကြောင်း သိရသည်။စောင့်ကြပ်ကြည့်ရှုထားသူများအနက်မှ ၂၁ ရက်ပြည့်မြောက်သည့် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၁၃ ဦးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၁၄ ဦးတို့ကို ယနေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှုရေးစခန်းတို့မှ Quarantine စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်း လက်မှတ်များနှင့် COVID-19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန် စာရွက်စာတမ်းများကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။ထိုသို့လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ၃၁၆ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေး နှင့်တည်းခိုရေးစခန်း၌ ၂၉၇ ဦးတို့ကို အသီးသီး လက်ခံထားရှိပြီး စောင့်ကြည့်သူများအားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းနှင့် အဆိုပါသီးသန့်စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်း
https://www.myawady.net.…ult/files/30.jpg
Sun, 08/09/2020 - 22:11
admin_webportal
https://www.myawady.net.mm/node/351
အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်
နေပြည်တော်၊ သြဂုတ် - ၉ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ လယ်ဝိုင်းကြီးကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ တောင်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက ကျောင်းဝင်းအတွင်း၊ အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန် စေရန် ရေနုတ်မြောင်းများတူးဖော်ပေးခြင်း၊ စာသင်ခုံနှင့် ပရိဘောဂများနေရာချထားပေးခြင်း စသည့်သန့်ရှင်းရေးလုပ်ငန်းများ အသီးသီးဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်း
https://www.myawady.net.…ult/files/31.jpg
Sun, 08/09/2020 - 22:12
admin_webportal
https://www.myawady.net.mm/node/352
မိုးညိုမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများပေးအပ်
နေပြည်တော်၊ သြဂုတ် - ၉ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာရှိ အိမ်ထောင်စု ၂၀ စုမှ ရေဘေးသင့်ပြည်သူ ၉၇ ဦးနှင့် ညောင်လေးပင်ကျေးရွာရှိ အိမ်ထောင်စု ၄၃ စုမှ ရေဘေးသင့် ပြည်သူ ၁၇၉ ဦး တို့ကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အင်းမတပ်နယ်မှ တပ်မတော်သားများက သွားရောက်တွေ့ဆုံ၍ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်း
https://www.myawady.net.…ult/files/32.jpg
Sun, 08/09/2020 - 22:51
admin_webportal
https://www.myawady.net.mm/node/353
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ညောင်ဦးမြို့နယ်ရှိ သဘင် အစည်းအရုံးအဖွဲ့ဝင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့်စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်း
နေပြည်တော်၊ သြဂုတ် - ၉တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ နှင့် ကူညီထောက်ပံ့မှုများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ညောင်ဦးမြို့နယ်ရှိ သဘင်အစည်းအရုံးအဖွဲ့ဝင်များအတွက် စားသောက်ရေးအထောက်အကူဖြစ်စေရန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် ဆန်၊ဆီ၊ ဆား၊ ပဲ စသည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံ တပ်ရင်းခန်းမ၌ ပြုလုပ်ရာ ကျောက်ပန်းတောင်းတပ်နယ်မှ ဗိုလ်မှူးချုပ် ကျော်ကျော်နှင့် တာဝန်ရှိသူများ၊ ညောင်ဦးမြို့နယ် သဘင်အစည်းအရုံးအတွင်းရေးမှူး ဒေါ်အေးအေးမော်နှင့် သဘင်ပညာရှင်များ တက်ရောက်ကြသည်။ဦးစွာ တာဝန်ရှိသူတစ်ဦးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ညောင်ဦးမြို့နယ် သဘင်အစည်းအရုံးအဖွဲ့ဝင် ၂၀၁ ဦးအတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် ဆန် ၄၈ အိတ်၊ ဆီ ၈၄ ပိဿာ၊ ဆား ၇၃ ပိဿာ၊ ပဲ ၁၂၃ ပိဿာ၊ Mask ၂၅၀ ခုတို့ကို ပေးအပ်လှူဒါန်းရာ ညောင်ဦးမြို့နယ် သဘင် အစည်းအရုံးအတွင်းရေးမှူးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ယနေ့လှူဒါန်းမှုအပါအဝင် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ မန္တလေးမြို့၊ မလှိုင်မြို့နယ်၊ တောင်သာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ ကျောက်ပန်းတောင်း မြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ ညောင်ဦးမြို့နယ်နှင့် မိတ္ထီလာမြို့နယ်များရှိ သဘင်အစည်းအရုံး အဖွဲ့ဝင် အင်အား ၂၇၂၉ ဦးကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်း
https://www.myawady.net.…ult/files/34.jpg
Sun, 08/09/2020 - 22:52
admin_webportal
https://www.myawady.net.mm/node/354
ကျိုက်မရောမြို့၊ အောင်ဓမ္မသိဒ္ဓိမဟာအောင်စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ပွဲ ပြုလုပ်
နေပြည်တော်၊ သြဂုတ် - ၉မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ အောင်ဓမ္မသိဒ္ဓိမဟာအောင်စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ဘုရားကြီး ကျောင်းတိုက် ဆရာတော် နိုင်ငံတော်ဗဟိုသံဃာဝန်ဆောင် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ဇောတိကဓဇ ဘဒ္ဒန္တဝါရိန္ဒ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး အရှေ့ တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ဦးစွာ ကျိုက်မရောဘုရားကြီးကျောင်းတိုက် ဆရာတော်၊ တိုင်းမှူးနှင့် တာဝန်ရှိသူ များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို မင်္ဂလာရထားပျံဖြင့် ပင့်ဆောင်၍ စေတီတော်အထွဋ်သို့ တင်လှူကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းကာ သံဃာတော်များက အောင်ဓမ္မသိဒ္ဓိမဟာ အောင်စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ကြသည်။၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဘုရားကြီးကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်း
https://www.myawady.net.…%83%E1%81%86.jpg
Sun, 08/09/2020 - 22:53
admin_webportal
https://www.myawady.net.mm/node/355
စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များနှင့် တပ်ပြင်နေ တပ်မတော်သားမိသားစုဝင်များ မဲဆန္ဒရှင်စာရင်း သွားရောက်ကြည့်ရှုစစ်ဆေးနိုင်ရေး ထပ်မံအသိပေးနှိုးဆော်ခြင်း
နေပြည်တော်၊ သြဂုတ် - ၉။၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒရှင်စာရင်းများကို ၈-၈-၂၀၂၀ ရက်မှ ၁၄-၈-၂၀၂၀ ရက်အထိ ရက်ထပ်မံတိုးမြှင့်ကပ်ထားကြေညာထားရှိမှု၊ တပ်မတော် ဌာနချုပ်၊ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးတို့ရှိ တပ်တွင်းနေ တပ်မိသားစုဝင်များ၏ မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာထားမှုများကို ကြည့်ရှုစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိမှုနှင့် တပ်ပြင်နေ တပ်မတော်သားမိသားစုဝင်များလည်း မဲဆန္ဒရှင်စာရင်း သွားရောက်ကြည့်ရှု စစ်ဆေးခြင်းများကို သက်ဆိုင်ရာနေရာအလိုက်ပြုလုပ်သွားနိုင်ရေး အသိပေးနှိုးဆော်ခြင်း များကို သြဂုတ် ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။။၂။ ထို့အတူ စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များနှင့် တပ်ပြင်နေ တပ်မတော်သား မိသားစုဝင်များအနေဖြင့် မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ အချက်အလက်ပြင်ဆင်လိုပါက ပုံစံ(၄-ဂ)ဖြင့် ဖြည့်စွက်ပြင်ဆင်ခြင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်နှင့်အညီ ဆောင်ရွက်နိုင်ရေး၊ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရန် သက်ဆိုင်ရာသို့ အချိန်မီသတင်းပို့တင်ပြနိုင်ရေး မဲဆန္ဒရှင်စာရင်းကြည့်ရှုစစ်ဆေးခြင်းများနှင့် သတင်းပို့တင်ပြခြင်းများ ပြုလုပ်သွားရန် ထပ်မံ အသိပေးနှိုးဆော်အပ်ပါသည်။
တပ်မတော်သတင်း
https://www.myawady.net.…ult/files/37.jpg
Sun, 08/09/2020 - 22:57
admin_webportal
https://www.myawady.net.mm/node/358
Politic magazine features its interview with Senior General Min Aung Hlaing under the heading “The Armed Forces is the guarantee for the perpetuation of peace, sovereignty and territorial integrity of a nation”
( From previous day)။QUE: The constitutional norm in Myanmar enshrines the presence in the state management structure of such an important body as the National Defence and Security Council. You are a member of this council. True, we did not hear anything about its meetings. What do you think: Are these meetings are needed? Could they help in stabilizing the situation and in the fight against terrorism?။ANS: I do think that these meetings are needed. Every country in the world has “National Defence and Security Council” or an organization under different names. National Defence and National Security are the soul of the country. Can we longer call a body without a soul as a “man”? As I have mentioned several times, there is no “sorry” in this matter. If there were “sorry”, the sovereignty would have been lost. It is too dangerous to decide by only one person without compromising, negotiating, analysing with others. It is also difficult to reach having right and effective decision, and pragmatic actions. It is only responsible for the person who has the authority to call on this meeting or not. For us, we have to think deeply and broadly for the national defence and national security of our country and the people.။QUE: June 24 this year, you attended a military parade on Red Square on the occasion of the 75th anniversary of the victory day of the Soviet people in the Great Patriotic War. We are very pleased that you, Mr. Senior General, and the members of your high delegation are the first historical guests from Myanmar who shared these celebrations with the Russian people. Please share your impressions!။ANS: Military parade was really impressive and truly a grand ceremony. The unity and the patriotic spirit of Russian people could be witness through this occasion although there were limitations and restrictions due to COVID-19 pandemic. The victory of this ceremony is the victory of Russian People. But here, Russian people are not just celebrating for their country; they are also celebrating the victory against worst ideology – Fascism, Nazi regime. The main point is Russian People revolted that worst ideology. In the past, that ideology was worst enough to create World War. But nowadays, what are the worst ideologies that can affect the world? That is “Terrorism”. We need to aware of that ideology. At present, Russian people won over the fascism. The Victory Day Military Parade is also a way to prove the defence capability of Russian Federation. Every country is celebrating military parade for Armed Forces Day, Independence Day and National Day, and the reason is to demonstrate their defence capability, patriotism, and unity inside the nation as indivisible between military personnel and the its people.။QUE: During your visit to Russia to the Military Parade, you visited the Main Temple of the Armed Forces of Russian Armed Forces in the Patriot Park near Moscow.။On the territory of the temple, you familiarized yourself with the Gallery of Remembrance for the Fallen in the Great Patriotic War. What feelings did you experience while visiting the Temple and the Gallery of Memory?။ANS: The battle is not shooting with flowers. We have to fight each other with weapons and ammunition. Soldiers sacrificed their lives for the people and the country. Innocent people were dead. This kind of incidents is tragic and we need to take as the lesson learnt.။We must prevent intrusion, annexation, and unjustified actions not to happen again.။I also would like to convey my deepest sympathy for the losses during the patriotic war. As being the uniform personnel who serve for the country and the people, I found myself distressing for them with deep comradeship spirit. I also wish these incidents were meant to be only for lessons to learn.။Moreover, it is really impressive that Gallery of Remembrance for the Fallen in the Great Patriotic is the honour for the fallen heroes, and that place can motivate the national defence capacity and patriotic spirit of the people. In our country, Memorial to the Fallen Heroes was built in honour of sacrificed fallen heroes for the nation and people in 2017-2018 which is during my tenure as Commander-in-Chief of Defence Services. Who will honour if we do not honour them? Who will praise them, if we do not praise them? Who will appreciate their sacrifices if we do not appreciate them? I am assured that the Gallery of Remembrance for the Fallen in the Great Patriotic War is an impressive and significant place.။QUE: Myanmar’s military and military-technical cooperation with Russia has been developing for 20 years—actively and at a good level. Thanks to you, such cooperation has assumed a strategic character and is developing dynamically. What are the prospects for such cooperation between Russia and Myanmar?။ANS: Russian technology is the top in the world. Technology can bear positive changes to a country. When we look back to the history of the world, the balance of the world was harmonized due to the Russian technology. Indeed, the technology of the Russian Federation is being used in many countries. Technological sharing and cooperation are great support in the development of the country. Myanmar Defence Services sent its military personnel to Russian Federation to learn advanced technologies. We are still sending the trainees to Russian Federation, and the technologies learnt are being applied for the country and Armed Forces. It will be a great support for the development of the country and regional development.။(To be continued)
English News
https://www.myawady.net.…files/108181.jpg
, 08/10/2020 - 08:08
admin_webportal
https://www.myawady.net.mm/node/359
တပ်မတော်သည် နိုင်ငံတစ်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာ နယ်နိမိတ်တည်တံ့ ခိုင်မြဲရေးအတွက် အာမခံချက်ဖြစ်သည်''ဟူသော ခေါင်းစဉ်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Politic မဂ္ဂဇင်းတို့၏ မေ
တပ်မတော်သည် နိုင်ငံတစ်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာ နယ်နိမိတ်တည်တံ့ ခိုင်မြဲရေးအတွက် အာမခံချက်ဖြစ်သည်''ဟူသော ခေါင်းစဉ်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Politic မဂ္ဂဇင်းတို့၏ မေးမြန်းဖြေကြားမှုများကို Politic မဂ္ဂဇင်း၌ ထည့်သွင်းဖော်ပြ။ယမန်နေ့မှအဆက်။.မေး။ ။ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကို နိုင်ငံတော်စီမံ ခန့်ခွဲရေးအတွက် အရေးပါတဲ့ အစိတ်အပိုင်း တစ်ရပ်အဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်သွင်း ရေးဆွဲထားပါတယ်။ အဆိုပါ ကောင်စီရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ အချို့သော ကိစ္စရပ်တွေဟာ ကျွန်ုပ်တို့အမြင်အရ အဆိုပါ ကောင်စီမှာ ဆွေးနွေးရမယ့် ကိစ္စရပ်တွေဖြစ်နေပေမယ့် ကောင်စီမှာ ဆွေးနွေးတာနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ မကြားမိသေးဘူး။ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးတွေ လိုအပ်တယ်လို့ အဆွေတော် ထင်ပါသလား။ အဆိုပါ အစည်းအဝေးက အခြေအနေတွေ တည်ငြိမ်အောင်ဆောင်ရွက်ရေးနဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတွေ အထောက်အကူဖြစ်စေနိုင်တယ်လို့ ထင်ပါသလား။။ဖြေ။ ။ ထင်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေ အားလုံးလောက်နီးပါးမှာ ဒီ ''ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ''ကို ဒီနာမည်နဲ့ပဲဖြစ်ဖြစ်၊ အခြားနာမည်နဲ့ပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ဖွဲ့စည်းလုပ်ကိုင် ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေး ကိစ္စတွေဟာ နိုင်ငံတစ်ခုရဲ့ အသက်ဝိညာဉ်တွေပဲ ဖြစ်ပါတယ်။။အသက်ဝိညာဉ် မရှိတဲ့လူကို လူလို့ဆက်ပြီးခေါ်လို့ ရဦးမလား။ ဒီလောက်အထိ အရေးကြီးပါတယ်။ ကျွန်တော်မကြာခဏ ပြောခဲ့သလိုပါပဲ။ ဒီကိစ္စတွေမှာ Sorryဆိုတာမရှိပါဘူး။ Sorry ဆိုရင် နိုင်ငံရဲ့အချုပ်အခြာအာဏာ ဆုံးရှုံးပြီး ဖြစ်နေပါလိမ့်မယ်။။ဒါတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ၊ သုံးသပ်မှုတွေမလုပ်ဘဲ၊ တစ်ဦးတည်းက ဆုံးဖြတ်နေတာ အန္တရာယ်သိပ်ကြီးပါတယ်။ ထိရောက်တဲ့၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်တွေ ဖြစ်ဖို့အလွန် အလှမ်းဝေးလှပါတယ်။ ဒီအစည်းအဝေးတွေ ခေါ်ယူခြင်း၊ မခေါ်ယူခြင်းဟာ ခေါ်ယူလုပ်ဆောင်ရန် တာဝန်ရှိသူတွေရဲ့ အပိုင်းသာဖြစ်ပြီး ကျွန်တော်တို့က မိမိနိုင်ငံ၊ မိမိလူမျိုးရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားလုပ်ဆောင်တာတွေ လုပ်ဆောင်လျက်ရှိပါတယ်။။မေး။ ။ဇွန်လ ၂၄ ရက်နေ့ ရင်ပြင်နီမှာ ပြုလုပ်ကျင်းပခဲ့တဲ့ ဆိုဗီယက်ပြည်သူလူထု၏ (၇၅) နှစ်မြောက် မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို အဆွေတော် တက်ရောက်ခဲ့ပါတယ်။ အဆွေတော်နဲ့ အဆွေတော်ရဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားပြည်သူများနှင့်အတူ မျှဝေအောင်ပွဲခံခဲ့ကြတဲ့ သမိုင်းဝင်ပထမဆုံး မြန်မာဧည့်သည်တော်ကြီးများ ဖြစ်ကြတဲ့အတွက် အရမ်းကျေနပ်မိပါတယ်။ အဆွေတော်ရဲ့ ထင်မြင်ယူဆချက်တွေကို မျှဝေပေးပါဦး။။ဖြေ။ ။အင်မတန်ဂုဏ်ယူစရာကောင်းတဲ့၊ ကြီးကျယ်လှတဲ့ အခမ်းအနားတစ်ခုပါပဲဗျာ။ COVID-19ကြောင့် ကန့်သတ်ချက်တွေ၊ စိတ်သွားတိုင်း ကိုယ်မပါတာတွေ ရှိပေမယ့် ရုရှားနိုင်ငံရဲ့ အမျိုးသားရေး စိတ်ဓာတ်နဲ့ စည်းလုံးညီညွတ်မှုကို ဖော်ပြနိုင်တဲ့ အခမ်းအနားကြီးပဲဖြစ်ပါတယ်။ ဒီအောင်ပွဲဟာ ရုရှားပြည်သူတစ်ရပ်လုံးရဲ့ အောင်ပွဲပါ။ ဒီနေရာမှာ ရုရှားပြည်သူတွေအောင်ပွဲခံခဲ့တာဟာ နိုင်ငံအပေါ် အောင်ပွဲခံခဲ့တာ မဟုတ်ပါဘူး။။ဆိုးရွားလှတဲ့ ဖက်ဆစ်စနစ်၊ နာဇီစနစ်အပေါ် အောင်ပွဲခံခဲ့တာပါ။ ဒီစနစ်တွေကို တွန်းလှန်ဖယ်ရှားခဲ့တာဖြစ်ပါတယ်။ ဒါဟာ အဓိကအချက်ပါပဲ။ ယခင်အတိတ်က ဒီစနစ်၊ ဒီဝါဒတွေဟာ ကမ္ဘာမှာ ကမ္ဘာစစ် (World War)) ဖြစ်တဲ့အဆင့်အထိ ဆိုးရွားလှတဲ့ စနစ်တွေဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ ကမ္ဘာကို ညစ်နွမ်းစေတဲ့စနစ်တွေ၊ ဝါဒတွေကဘာလဲ။ အကြမ်းဖက်စနစ်ပါပဲ။ ဒါကို ကျွန်တော်တို့ သတိရှိရပါမယ်။ ဒီအချိန်မှာ ရုရှားဟာ ဒီဆိုးရွားလှတဲ့ စနစ်အပေါ် အောင်ပွဲခံနိုင်ခဲ့ပါပြီ။ ဒါ့ကြောင့် ဒီ Victory Day စစ်ရေးပြပွဲဟာ ရုရှားရဲ့ နိုင်ငံတော် ကာကွယ်ရေး စွမ်းပကားကို ပြသနိုင်ခဲ့ပါတယ်။ ဒီလိုပါပဲ။ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ တပ်မတော်နေ့၊ လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့ စစ်ရေးပြ အခမ်းအနားတွေ ပြုလုပ်နေကြပါတယ်။ ရည်ရွယ်ချက်ကတော့ မိမိနိုင်ငံရဲ့ ကာကွယ်ရေး စွမ်းပကားကိုပြသဖို့၊ တိုင်းချစ်၊ ပြည်ချစ်၊ နိုင်ငံချစ် စိတ်ဓာတ်ကိုပြသဖို့၊ တပ်မတော်နဲ့ပြည်သူ တစ်သားတည်းရှိပြီး နိုင်ငံတွင်း စည်းလုံးညီညွတ်မှုကို ပြသဖို့ စတာတွေပဲဖြစ်ပါတယ်။။မေး။ ။ စစ်ရေးပြ အခမ်းအနား တက်ရောက်ရန် ရုရှားနိုင်ငံသို့ လာရောက်စဉ်အတွင်း မော်စကိုမြို့အနီး၊ မျိုးချစ်ပန်းခြံမှာရှိတဲ့ ရုရှားတပ်မတော်၏ ပင်မဘုရားကျောင်းဆောင်ကြီးကို အဆွေတော် လည်ပတ်ခဲ့ပါတယ်။ ဘုရားကျောင်းဝင်းကြီး အတွင်းမှာ မဟာမျိုးချစ် စစ်ပွဲကြီးအတွင်း ကျဆုံးသွားခဲ့ကြသူတွေရဲ့ အမှတ်တရဓာတ်ပုံပြခန်းကို အကျွမ်းတဝင် လေ့လာခွင့်ရရှိခဲ့ပါတယ်။။ဘုရားကျောင်းကြီးနဲ့ အမှတ်တရ ဓာတ်ပုံပြခန်းကို ကြည့်ရှုလေ့လာနေတဲ့ အချိန်မှာ မည်သည့် ခံစားမှုမျိုးကို အဆွေတော် ရရှိခံစားရပါသလဲ။။ဖြေ။ ။(က)စစ်ပွဲဆိုတာ ပန်းနဲ့ပေါက်တာမဟုတ်ပါဘူး။ လက်နက်၊ ခဲယမ်းမီးကျောက်တွေနဲ့ တိုက်ခိုက်တာဖြစ်ပါတယ်။ စစ်သည်တွေ နိုင်ငံနဲ့လူမျိုးအတွက် အသက်ပေး လှူဒါန်းခဲ့ကြရတယ်။ အပြစ်မဲ့ပြည်သူတွေ သေကျေခဲ့ကြရတယ်။ တကယ်ကို စိတ်မကောင်းစရာပါ။ ဒါကို သင်ခန်းစာရယူကြရမှာပါ။ ဒီလိုကျူးကျော်စစ်တွေ၊ နယ်ချဲ့မှုတွေ၊ မတရားမှုတွေ ဖြစ်မလာအောင် တားဆီးကြရမှာဖြစ်တယ်။ ဒီမျိုးချစ်စစ်ပွဲကြီးအတွင်း ကျဆုံးသွားရသူတွေအတွက် တကယ် စိတ်မကောင်းပါဘူး။ နိုင်ငံတော်နှင့် ပြည်သူလူထု အတွက် တာဝန်ထမ်းဆောင်နေတဲ့ စစ်သားအချင်းချင်း ရဲဘော်ရဲဘက်စိတ်အပြည့်နဲ့ ဝမ်းနည်းပါတယ်။ ဒါတွေဟာ သင်ခန်းစာယူဖို့အတွက်ပဲ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။။(ခ)ဒါ့အပြင် ဒီလိုမျိုးချစ်စစ်သည်တွေ၊ ရဲဘော်တွေအတွက် အထိမ်းအမှတ်နေရာတွေ ဆောင်ရွက်ပေးတာဟာ သူတို့ကိုလေးစားရာ၊ အသိအမှတ်ပြုရာ ရောက်သလို နိုင်ငံတော်နဲ့ တပ်မတော်အတွက် နိုင်ငံ့ကာကွယ်ရေး ခွန်အားနဲ့ တိုင်းချစ်ပြည်ချစ်စိတ်ကို လှုံ့ဆော်ပေးရာ၊ Motivate လုပ်ပေးရာနေရာလည်းဖြစ်ပါတယ်။။ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီလိုနိုင်ငံတော်၊ ပြည်သူနဲ့ တပ်မတော်အတွက် အသက်စွန့်လွှတ်ခဲ့ရသူတွေအတွက် ယခင်က အညတရစစ်သည်များ ဗိမာန် ဆောင်ရွက်ခဲ့သလို ကျွန်တော်တပ်မတော် အကြီးအကဲ တာဝန်ထမ်းဆောင်နေချိန် ၂ဝ၁၇-၂ဝ၁၈ ခုနှစ်အတွင်းမှာ သူရဲကောင်း စစ်သည်ဗိမာန်ကို ခမ်းခမ်းနားနား ဆောက်လုပ်ပေးခဲ့ပါတယ်။ ဒီလိုနိုင်ငံတော်နဲ့ ပြည်သူအတွက် အသက်ကိုစွန့်လွှတ် အနစ်နာခံခဲ့သူတွေကို ကျွန်တော်တို့ စစ်သည်တွေကမှ မချီးကျူးရင် ဘယ်သူက ချီးကျူးမှာလဲ။ သူတို့ရဲ့ကျေးဇူးတရားကို ကျွန်တော်တို့ကမှ မဖော်ထုတ်ရင် ဘယ်သူကဖော်ထုတ်မှာလဲ။ ဒါဟာ ဂုဏ်ယူစရာကောင်းတဲ့ လုပ်ရပ်၊ ဝင့်ကြွားစရာ ကောင်းတဲ့ နေရာဖြစ်ပါတယ်လို့ ကျွန်တော်ပြောလိုပါတယ်။။.မေး။ ။ ရုရှား-မြန်မာစစ်ဘက်နဲ့ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဟာ နှစ်ပေါင်း ၂ဝ ကျော်ကြာဖွံ့ဖြိုး တိုးတက်လျက်ရှိနေပြီး တက်တက်ကြွကြွနဲ့ ကောင်းမွန်တဲ့အဆင့်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပါတယ်။ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်တဲ့ အဆင့်ကိုရောက်ရှိနေပြီး ရွေ့လျားတိုးတက်နေတဲ့အတွက် အဆွေတော်ကို ကျေးဇူးတင်ရှိပါတယ်။ ရုရှား-မြန်မာ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုရဲ့ အလားအလာနဲ့ မျှော်လင့်ချက်တွေက ဘာတွေပါလဲ။။ဖြေ။ ။ ရုရှားနိုင်ငံရဲ့ နည်းပညာတွေဟာ ကမ္ဘာမှာ ထိပ်တန်းအဆင့်ဖြစ်ပါတယ်။ နည်းပညာဟာ နိုင်ငံတစ်ခုကို ကောင်းသော ပြောင်းလဲ တိုးတက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာရဲ့ဖြတ်သန်းလာခဲ့ရတဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ပါ။ ရုရှားရဲ့ နည်းပညာတွေကြောင့် ကမ္ဘာ့ရဲ့ဟန်ချက်ကို ထိန်းထားနိုင်တယ်လို့ပဲ ပြောလိုပါတယ်။ ဒါ့ကြောင့်လည်း ရုရှားရဲ့နည်းပညာတွေကို ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ လက်တွေ့အသုံးချ နေကြပါတယ်။ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ဖလှယ်မှုတွေဟာ တိုင်းပြည်တိုးတက်ရေး အတွက် ကြီးမားတဲ့ အထောက်အပံ့တွေ ဖြစ်ပါတယ်။။မြန်မာ့တပ်မတော်အနေနဲ့ တပ်မတော်အရာရှိများကို ရုရှားက အဆင့်မြင့် နည်းပညာတွေ သင်ယူစေခဲ့ပါတယ်။ လက်ရှိလည်း လုပ်ဆောင်နေဆဲပါ။ နိုင်ငံတော်နဲ့ တပ်မတော်အတွက် လက်တွေ့ အသုံးချလျက်ရှိပါတယ်။ ဒါတွေဟာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်မှာဖြစ်ပါတယ်။။ဆက်လက်ဖော်ပြပါမည်။
ခေါင်းကြီးပိုင်းသတင်း
https://www.myawady.net.…files/108111.jpg
, 08/10/2020 - 08:27
admin_webportal
https://www.myawady.net.mm/node/360
တပ်မတော်သည် နိုင်ငံတစ်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာ နယ်နိမိတ်တည်တံ့ ခိုင်မြဲရေးအတွက် အာမခံချက်ဖြစ်သည်''ဟူသော ခေါင်းစဉ်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Politic မဂ္ဂဇင်းတို့၏ မေ
တပ်မတော်သည် နိုင်ငံတစ်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာ နယ်နိမိတ်တည်တံ့ ခိုင်မြဲရေးအတွက် အာမခံချက်ဖြစ်သည်''ဟူသော ခေါင်းစဉ်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Politic မဂ္ဂဇင်းတို့၏ မေးမြန်းဖြေကြားမှုများကို Politic မဂ္ဂဇင်း၌ ထည့်သွင်းဖော်ပြ။ယမန်နေ့မှအဆက်။.မေး။ ။ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကို နိုင်ငံတော်စီမံ ခန့်ခွဲရေးအတွက် အရေးပါတဲ့ အစိတ်အပိုင်း တစ်ရပ်အဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်သွင်း ရေးဆွဲထားပါတယ်။ အဆိုပါ ကောင်စီရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ အချို့သော ကိစ္စရပ်တွေဟာ ကျွန်ုပ်တို့အမြင်အရ အဆိုပါ ကောင်စီမှာ ဆွေးနွေးရမယ့် ကိစ္စရပ်တွေဖြစ်နေပေမယ့် ကောင်စီမှာ ဆွေးနွေးတာနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ မကြားမိသေးဘူး။ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးတွေ လိုအပ်တယ်လို့ အဆွေတော် ထင်ပါသလား။ အဆိုပါ အစည်းအဝေးက အခြေအနေတွေ တည်ငြိမ်အောင်ဆောင်ရွက်ရေးနဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတွေ အထောက်အကူဖြစ်စေနိုင်တယ်လို့ ထင်ပါသလား။။ဖြေ။ ။ ထင်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေ အားလုံးလောက်နီးပါးမှာ ဒီ ''ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ''ကို ဒီနာမည်နဲ့ပဲဖြစ်ဖြစ်၊ အခြားနာမည်နဲ့ပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ဖွဲ့စည်းလုပ်ကိုင် ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေး ကိစ္စတွေဟာ နိုင်ငံတစ်ခုရဲ့ အသက်ဝိညာဉ်တွေပဲ ဖြစ်ပါတယ်။။အသက်ဝိညာဉ် မရှိတဲ့လူကို လူလို့ဆက်ပြီးခေါ်လို့ ရဦးမလား။ ဒီလောက်အထိ အရေးကြီးပါတယ်။ ကျွန်တော်မကြာခဏ ပြောခဲ့သလိုပါပဲ။ ဒီကိစ္စတွေမှာ Sorryဆိုတာမရှိပါဘူး။ Sorry ဆိုရင် နိုင်ငံရဲ့အချုပ်အခြာအာဏာ ဆုံးရှုံးပြီး ဖြစ်နေပါလိမ့်မယ်။။ဒါတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ၊ သုံးသပ်မှုတွေမလုပ်ဘဲ၊ တစ်ဦးတည်းက ဆုံးဖြတ်နေတာ အန္တရာယ်သိပ်ကြီးပါတယ်။ ထိရောက်တဲ့၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်တွေ ဖြစ်ဖို့အလွန် အလှမ်းဝေးလှပါတယ်။ ဒီအစည်းအဝေးတွေ ခေါ်ယူခြင်း၊ မခေါ်ယူခြင်းဟာ ခေါ်ယူလုပ်ဆောင်ရန် တာဝန်ရှိသူတွေရဲ့ အပိုင်းသာဖြစ်ပြီး ကျွန်တော်တို့က မိမိနိုင်ငံ၊ မိမိလူမျိုးရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားလုပ်ဆောင်တာတွေ လုပ်ဆောင်လျက်ရှိပါတယ်။။မေး။ ။ဇွန်လ ၂၄ ရက်နေ့ ရင်ပြင်နီမှာ ပြုလုပ်ကျင်းပခဲ့တဲ့ ဆိုဗီယက်ပြည်သူလူထု၏ (၇၅) နှစ်မြောက် မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို အဆွေတော် တက်ရောက်ခဲ့ပါတယ်။ အဆွေတော်နဲ့ အဆွေတော်ရဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားပြည်သူများနှင့်အတူ မျှဝေအောင်ပွဲခံခဲ့ကြတဲ့ သမိုင်းဝင်ပထမဆုံး မြန်မာဧည့်သည်တော်ကြီးများ ဖြစ်ကြတဲ့အတွက် အရမ်းကျေနပ်မိပါတယ်။ အဆွေတော်ရဲ့ ထင်မြင်ယူဆချက်တွေကို မျှဝေပေးပါဦး။။ဖြေ။ ။အင်မတန်ဂုဏ်ယူစရာကောင်းတဲ့၊ ကြီးကျယ်လှတဲ့ အခမ်းအနားတစ်ခုပါပဲဗျာ။ COVID-19ကြောင့် ကန့်သတ်ချက်တွေ၊ စိတ်သွားတိုင်း ကိုယ်မပါတာတွေ ရှိပေမယ့် ရုရှားနိုင်ငံရဲ့ အမျိုးသားရေး စိတ်ဓာတ်နဲ့ စည်းလုံးညီညွတ်မှုကို ဖော်ပြနိုင်တဲ့ အခမ်းအနားကြီးပဲဖြစ်ပါတယ်။ ဒီအောင်ပွဲဟာ ရုရှားပြည်သူတစ်ရပ်လုံးရဲ့ အောင်ပွဲပါ။ ဒီနေရာမှာ ရုရှားပြည်သူတွေအောင်ပွဲခံခဲ့တာဟာ နိုင်ငံအပေါ် အောင်ပွဲခံခဲ့တာ မဟုတ်ပါဘူး။။ဆိုးရွားလှတဲ့ ဖက်ဆစ်စနစ်၊ နာဇီစနစ်အပေါ် အောင်ပွဲခံခဲ့တာပါ။ ဒီစနစ်တွေကို တွန်းလှန်ဖယ်ရှားခဲ့တာဖြစ်ပါတယ်။ ဒါဟာ အဓိကအချက်ပါပဲ။ ယခင်အတိတ်က ဒီစနစ်၊ ဒီဝါဒတွေဟာ ကမ္ဘာမှာ ကမ္ဘာစစ် (World War)) ဖြစ်တဲ့အဆင့်အထိ ဆိုးရွားလှတဲ့ စနစ်တွေဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ ကမ္ဘာကို ညစ်နွမ်းစေတဲ့စနစ်တွေ၊ ဝါဒတွေကဘာလဲ။ အကြမ်းဖက်စနစ်ပါပဲ။ ဒါကို ကျွန်တော်တို့ သတိရှိရပါမယ်။ ဒီအချိန်မှာ ရုရှားဟာ ဒီဆိုးရွားလှတဲ့ စနစ်အပေါ် အောင်ပွဲခံနိုင်ခဲ့ပါပြီ။ ဒါ့ကြောင့် ဒီ Victory Day စစ်ရေးပြပွဲဟာ ရုရှားရဲ့ နိုင်ငံတော် ကာကွယ်ရေး စွမ်းပကားကို ပြသနိုင်ခဲ့ပါတယ်။ ဒီလိုပါပဲ။ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ တပ်မတော်နေ့၊ လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့ စစ်ရေးပြ အခမ်းအနားတွေ ပြုလုပ်နေကြပါတယ်။ ရည်ရွယ်ချက်ကတော့ မိမိနိုင်ငံရဲ့ ကာကွယ်ရေး စွမ်းပကားကိုပြသဖို့၊ တိုင်းချစ်၊ ပြည်ချစ်၊ နိုင်ငံချစ် စိတ်ဓာတ်ကိုပြသဖို့၊ တပ်မတော်နဲ့ပြည်သူ တစ်သားတည်းရှိပြီး နိုင်ငံတွင်း စည်းလုံးညီညွတ်မှုကို ပြသဖို့ စတာတွေပဲဖြစ်ပါတယ်။။မေး။ ။ စစ်ရေးပြ အခမ်းအနား တက်ရောက်ရန် ရုရှားနိုင်ငံသို့ လာရောက်စဉ်အတွင်း မော်စကိုမြို့အနီး၊ မျိုးချစ်ပန်းခြံမှာရှိတဲ့ ရုရှားတပ်မတော်၏ ပင်မဘုရားကျောင်းဆောင်ကြီးကို အဆွေတော် လည်ပတ်ခဲ့ပါတယ်။ ဘုရားကျောင်းဝင်းကြီး အတွင်းမှာ မဟာမျိုးချစ် စစ်ပွဲကြီးအတွင်း ကျဆုံးသွားခဲ့ကြသူတွေရဲ့ အမှတ်တရဓာတ်ပုံပြခန်းကို အကျွမ်းတဝင် လေ့လာခွင့်ရရှိခဲ့ပါတယ်။ ဘုရားကျောင်းကြီးနဲ့ အမှတ်တရ ဓာတ်ပုံပြခန်းကို ကြည့်ရှုလေ့လာနေတဲ့ အချိန်မှာ မည်သည့် ခံစားမှုမျိုးကို အဆွေတော် ရရှိခံစားရပါသလဲ။။ဖြေ။ ။(က)စစ်ပွဲဆိုတာ ပန်းနဲ့ပေါက်တာမဟုတ်ပါဘူး။ လက်နက်၊ ခဲယမ်းမီးကျောက်တွေနဲ့ တိုက်ခိုက်တာဖြစ်ပါတယ်။ စစ်သည်တွေ နိုင်ငံနဲ့လူမျိုးအတွက် အသက်ပေး လှူဒါန်းခဲ့ကြရတယ်။ အပြစ်မဲ့ပြည်သူတွေ သေကျေခဲ့ကြရတယ်။ တကယ်ကို စိတ်မကောင်းစရာပါ။ ဒါကို သင်ခန်းစာရယူကြရမှာပါ။ ဒီလိုကျူးကျော်စစ်တွေ၊ နယ်ချဲ့မှုတွေ၊ မတရားမှုတွေ ဖြစ်မလာအောင် တားဆီးကြရမှာဖြစ်တယ်။ ဒီမျိုးချစ်စစ်ပွဲကြီးအတွင်း ကျဆုံးသွားရသူတွေအတွက် တကယ် စိတ်မကောင်းပါဘူး။ နိုင်ငံတော်နှင့် ပြည်သူလူထု အတွက် တာဝန်ထမ်းဆောင်နေတဲ့ စစ်သားအချင်းချင်း ရဲဘော်ရဲဘက်စိတ်အပြည့်နဲ့ ဝမ်းနည်းပါတယ်။ ဒါတွေဟာ သင်ခန်းစာယူဖို့အတွက်ပဲ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။။(ခ)ဒါ့အပြင် ဒီလိုမျိုးချစ်စစ်သည်တွေ၊ ရဲဘော်တွေအတွက် အထိမ်းအမှတ်နေရာတွေ ဆောင်ရွက်ပေးတာဟာ သူတို့ကိုလေးစားရာ၊ အသိအမှတ်ပြုရာ ရောက်သလို နိုင်ငံတော်နဲ့ တပ်မတော်အတွက် နိုင်ငံ့ကာကွယ်ရေး ခွန်အားနဲ့ တိုင်းချစ်ပြည်ချစ်စိတ်ကို လှုံ့ဆော်ပေးရာ၊ Motivate လုပ်ပေးရာနေရာလည်းဖြစ်ပါတယ်။။ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီလိုနိုင်ငံတော်၊ ပြည်သူနဲ့ တပ်မတော်အတွက် အသက်စွန့်လွှတ်ခဲ့ရသူတွေအတွက် ယခင်က အညတရစစ်သည်များ ဗိမာန် ဆောင်ရွက်ခဲ့သလိုကျွန်တော်တပ်မတော် အကြီးအကဲ တာဝန်ထမ်းဆောင်နေချိန် ၂ဝ၁၇-၂ဝ၁၈ ခုနှစ်အတွင်းမှာ သူရဲကောင်း စစ်သည်ဗိမာန်ကို ခမ်းခမ်းနားနား ဆောက်လုပ်ပေးခဲ့ပါတယ်။ ဒီလိုနိုင်ငံတော်နဲ့ ပြည်သူအတွက် အသက်ကိုစွန့်လွှတ် အနစ်နာခံခဲ့သူတွေကို ကျွန်တော်တို့ စစ်သည်တွေကမှ မချီးကျူးရင် ဘယ်သူက ချီးကျူးမှာလဲ။ သူတို့ရဲ့ကျေးဇူးတရားကို ကျွန်တော်တို့ကမှ မဖော်ထုတ်ရင် ဘယ်သူကဖော်ထုတ်မှာလဲ။ ဒါဟာ ဂုဏ်ယူစရာကောင်းတဲ့ လုပ်ရပ်၊ ဝင့်ကြွားစရာ ကောင်းတဲ့ နေရာဖြစ်ပါတယ်လို့ ကျွန်တော်ပြောလိုပါတယ်။။မေး။ ။ ရုရှား-မြန်မာစစ်ဘက်နဲ့ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဟာ နှစ်ပေါင်း ၂ဝ ကျော်ကြာဖွံ့ဖြိုး တိုးတက်လျက်ရှိနေပြီး တက်တက်ကြွကြွနဲ့ ကောင်းမွန်တဲ့အဆင့်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပါတယ်။ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်တဲ့ အဆင့်ကိုရောက်ရှိနေပြီး ရွေ့လျားတိုးတက်နေတဲ့အတွက် အဆွေတော်ကို ကျေးဇူးတင်ရှိပါတယ်။ ရုရှား-မြန်မာ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုရဲ့ အလားအလာနဲ့ မျှော်လင့်ချက်တွေက ဘာတွေပါလဲ။။ဖြေ။ ။ ရုရှားနိုင်ငံရဲ့ နည်းပညာတွေဟာ ကမ္ဘာမှာ ထိပ်တန်းအဆင့်ဖြစ်ပါတယ်။ နည်းပညာဟာ နိုင်ငံတစ်ခုကို ကောင်းသော ပြောင်းလဲ တိုးတက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာရဲ့ဖြတ်သန်းလာခဲ့ရတဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ပါ။ ရုရှားရဲ့ နည်းပညာတွေကြောင့် ကမ္ဘာ့ရဲ့ဟန်ချက်ကို ထိန်းထားနိုင်တယ်လို့ပဲ ပြောလိုပါတယ်။ ဒါ့ကြောင့်လည်း ရုရှားရဲ့နည်းပညာတွေကို ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ လက်တွေ့အသုံးချ နေကြပါတယ်။ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ဖလှယ်မှုတွေဟာ တိုင်းပြည်တိုးတက်ရေး အတွက် ကြီးမားတဲ့ အထောက်အပံ့တွေ ဖြစ်ပါတယ်။။မြန်မာ့တပ်မတော်အနေနဲ့ တပ်မတော်အရာရှိများကို ရုရှားက အဆင့်မြင့် နည်းပညာတွေ သင်ယူစေခဲ့ပါတယ်။ လက်ရှိလည်း လုပ်ဆောင်နေဆဲပါ။ နိုင်ငံတော်နဲ့ တပ်မတော်အတွက် လက်တွေ့ အသုံးချလျက်ရှိပါတယ်။ ဒါတွေဟာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်မှာဖြစ်ပါတယ်။။ဆက်လက်ဖော်ပြပါမည်။
null
null
, 08/10/2020 - 08:30
admin_webportal
https://www.myawady.net.mm/node/367
စစ်မှုထမ်းဟောင်းများ၊ မိသားစု ဝင်များနှင့် တပ်ပြင်နေ တပ်မတော်သား မိသားစုဝင်များ မဲဆန္ဒရှင်စာရင်း သွားရောက် ကြည့်ရှု စစ်ဆေးနိုင်ရေး ထပ်မံအသိပေး နှိုးဆော်ခြင်း
နေပြည်တော် သြဂုတ် ၉။၁။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် မဲဆန္ဒရှင် စာရင်းများကို ၈-၈-၂ဝ၂ဝ ရက်မှ ၁၄-၈- ၂ဝ၂ဝ ရက် အထိ ရက်ထပ်မံတိုးမြှင့်ကပ်ထားကြေညာ ထားရှိမှု၊ တပ်မတော်ဌာနချုပ်၊ တပ်ရင်း၊ တပ်ဖွဲ့အသီးသီး တို့ရှိ တပ်တွင်းနေ တပ်မိသားစု ဝင်များ၏ မဲဆန္ဒရှင်စာရင်းများ ကပ်ထား ကြေညာထားမှုများကို ကြည့်ရှုစစ်ဆေး မှုများ ဆောင်ရွက်လျက် ရှိမှုနှင့် တပ်ပြင်နေ တပ်မတော်သား မိသားစုဝင်များလည်း မဲဆန္ဒရှင်စာရင်း သွားရောက် ကြည့်ရှုစစ်ဆေးခြင်းများကို သက်ဆိုင်ရာ နေရာအလိုက် ပြုလုပ်သွားနိုင်ရေး အသိပေး နှိုးဆော်ခြင်းများကို သြဂုတ် ၈ ရက်နေ့တွင် သတင်း ထုတ်ပြန် ခဲ့ပြီးဖြစ်ပါသည်။။၂။ ထို့အတူ စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များနှင့် တပ်ပြင်နေ တပ်မတော်သား မိသားစုဝင်များအနေဖြင့် မိမိအမည် မဲစာရင်းတွင်မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင်အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မပါဝင် သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ အချက်အလက်ပြင်ဆင် လိုပါက ပုံစံ(၄-ဂ) ဖြင့် ဖြည့်စွက် ပြင်ဆင်ခြင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက် နှင့်အညီ ဆောင်ရွက်နိုင်ရေး၊ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရန် သက်ဆိုင်ရာသို့ အချိန်မီ သတင်းပို့ တင်ပြနိုင်ရေး မဲဆန္ဒရှင် စာရင်း ကြည့်ရှု စစ်ဆေးခြင်းများနှင့် သတင်းပို့ တင်ပြခြင်းများ ပြုလုပ်သွားရန် ထပ်မံ အသိပေးနှိုးဆော်အပ်ပါ သည်။။တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
ပြည်တွင်းသတင်း
https://www.myawady.net.…es/1-1082020.jpg
, 08/10/2020 - 09:02
admin_webportal
https://www.myawady.net.mm/node/368
တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများ၏ ဝမ်းသာပီတိ စကားသံများ
၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို သြဂုတ် ၉ ရက် နံနက်အစောပိုင်းတွင် ပညာရေးဝန်ကြီးဌာန website များဖြစ်သောwww.moe.gov.mmနှင့်www.myanmarexam.orgတို့မှထုတ်ပြန်ခဲ့ရာ စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူအချို့နှင့် ကျောင်းသားမိဘတို့၏ အမှတ်တရ ဝမ်းသာပီတိစကားသံများကို လူကိုယ်တိုင်တွေ့ဆုံ၍ လည်းကောင်း၊ တယ်လီဖုန်းဖြင့်လည်းကောင်း မေးမြန်းမှုများက ိုဖော်ပြပေးလိုက်ပါသည်။။မောင်ဇင်လှိုင်ထူး ၊ တစ်နိုင်ငံလုံးအဆင့်(၃)။-ကျွန်တော်က စာကိုပြန်လည် လေ့ကျင့်ခန်းလုပ်တဲ့အပြင် ခက်ခဲတဲ့ပုစ္ဆာတွေကို သေချာလေ့လာ ကျက်မှတ်ပြီး တွက်ချက်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာ အဆင့် (၃) ရခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ည ၁၂ နာရီခွဲ ပုံမှန်အိပ်ပြီး နံနက် ၇ နာရီမှာ ပုံမှန်အိပ်ရာထပါတယ်။ တစ်ရက်ကို စာကျက်ချိန် ခြောက်နာရီလောက် ရအောင် ကျက်ပါတယ်။ ရည်မှန်းချက်ကတော့ ဆရာဝန်ဖြစ်ချင်ပါတယ်။။မောင်တေဇာထက် ၊(ခြောက်ဘာသာဂုဏ်ထူးရှင်)။-အခုက COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလဖြစ်တဲ့အတွက် အောင်စာရင်းကို အွန်လိုင်းကနေကြည့်ရတာ အတွေ့အကြုံသစ် တစ်ခုရပါတယ်။ ကျွန်တော်က အင်ဂျင်နီယာ တစ်ယောက်ဖြစ်ဖို့ ရည်မှန်းထားပါတယ်။ ရှေ့ဆက်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါ့မယ်။ စာမေးပွဲ မအောင်မြင်တဲ့သူတွေကိုလည်း စိတ်ဓာတ်မကျဘဲ ဆက်လက်ကြိုးစားဖို့ အကြံပေးချင်ပါတယ်။။မောင်မင်းသုမွန် ၊ (ခြောက်ဘာသာဂုဏ်ထူးရှင်)။တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုတဲ့အချိန်မှာလည်း ကြိုတင်လေ့လာ ကျက်မှတ်ထားသလို ဆရာ၊ ဆရာမတွေရဲ့ သင်ပြပေးမှုအတိုင်း အကောင်းဆုံး ဖြေဆိုနိုင်ခဲ့ပါတယ်။ အခုလို ဂုဏ်ထူးရအောင် အဘက်ဘက်က ဝိုင်းဝန်း သင်ပြပေးကြသူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ဆေးတက္ကသိုလ် တက်ရောက်ပြီး ထူးချွန်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်ချင်ပါတယ်။။မမေသူခင်၊(ခြောက်ဘာသာဂုဏ်ထူးရှင်)။-အောင်စာရင်းထွက်တော့ အွန်လိုင်းကနေပဲ ကြည့်ရတဲ့အတွက် အရင်နှစ်တွေကလို သွားရောက်ကြည့်ရှုရတဲ့ အခက်အခဲတွေ မရှိတော့ပါဘူး။ မိဘ၊ ဆရာ၊ ဆရာမတွေရဲ့ လမ်းညွှန်ချက်တွေအတိုင်း ကြိုးစားလေ့လာခဲ့လို့ ဘာသာစုံဂုဏ်ထူး ရရှိခဲ့တာပါ။ အနာဂတ်မှာလည်း ထူးချွန်ထက်မြက်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်ဖို့ ရည်မှန်းထားပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ပါတယ်။။မခင်ကြည်ဖြူသန့်၊(ငါးဘာသာဂုဏ်ထူးရှင်)။-တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေတဲ့အချိန်မှာ ကျန်းမာရေး ကောင်းမွန်ဖို့အတွက် ရော စာကြည့်ချိန်တွေ အဆင်ပြေဖို့အတွက် ပါ မိဘ၊ ဆရာတွေက စီစဉ်ပေးပါတယ်။ အောင်စာရင်းကို အွန်လိုင်းက ကြည့်ရတဲ့အတွက် အရင်နှစ်တွေကထက် ပိုပြီးအဆင်ပြေပါတယ်။။မောင်စိုင်းမျိုးမင်းခန့်၊(ခြောက်ဘာသာဂုဏ်ထူးရှင်)။အခုလိုအောင်မြင်မှု ရရှိအောင် ၉ တန်းစာမေးပွဲ အောင်မြင်တဲ့အချိန်ကနေစပြီး နောက်တက်ရောက်မယ့် တက္ကသိုလ်ဝင် စာမေးပွဲအတွက် နွေရာသီ ကျောင်းပိတ်ချိန်တွေမှာတောင် မနားမနေ စာတွေကိုစတင်ပြီး လေ့ကျင့်ကျက်မှတ်ခဲ့ရပါတယ်။ ကျောင်းမှာဆိုလည်း သီတင်းကျွတ် ကျောင်းပိတ်ရက်ပါမကျန် ပိတ်ရက်မရှိ သင်ကြားလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ရတဲ့အတွက် အခုလို။အောင်မြင်မှုရရှိခဲ့ရတာပါ။ အမှတ်အနေအထားအရ ဆရာဝန်တစ်ယောက်ဖြစ်နိုင်ပေမယ့်လည်း စီးပွားရေးကိုပဲ စိတ်ဝင်စားပြီး စီးပွားရေးပညာရှင် တစ်ယောက်ဖြစ်အောင် လုပ်ဆောင်သွားမှာပါ။။မမေဖူးခိုင်၊(ခြောက်ဘာသာဂုဏ်ထူးရှင်)။-တစ်နှစ်ပတ်လုံး ဆရာ၊ ဆရာမတွေ သင်ကြားပေးတဲ့စာတွေကို ရက်မှန်၊ အချိန်မှန် နားရက်မထားဘဲ လေ့ကျင့်ကျက်မှတ်ပြီး ဒီနှစ်အောင်ရမယ်လို့ စိတ်ထားပြီးတော့ တစ်နေ့တာတစ်နေ့ သင်ကြားပေးတဲ့စာတွေနဲ့သာ အချိန်ကုန်အောင် လေ့ကျင့်ကျက်မှတ်ပါတယ်။ နောင်ဖြေဆိုကြမယ့် ညီမလေး၊ မောင်လေးတွေအတွက်ကတော့ အစွမ်းကုန်ကြိုးစား မှတ်သားလေ့ကျင့်ကျက်မှတ်ကြပါလို့ ပြောချင်ပါတယ်။။မောင်ပြည့်ဖြိုးဟိန်း၊ (သုံးဘာသာဂုဏ်ထူးရှင်)။-ကျွန်တော့်အဖေက တပ်မတော်သား တစ်ဦးဖြစ်ပြီး မိသားစုဝင်ငွေ ညီမျှအောင် နေထိုင်ရတဲ့အတွက် သူများတွေလို တက်ရောက်ချင်ပေမယ့်လည်း အရာရာကြိုးစားရင် အောင်မြင်ရမယ်ဆိုတဲ့ အတွေးတစ်ခုနဲ့ ကျောင်းက ဆရာ၊ ဆရာမတွေသင်ကြားပေးတဲ့စာတွေကို တစ်နေ့စာတစ်နေ့ ကျောင်းမှာ အိမ်မှာပါမကျန် လေ့ကျင့်ကျက်မှတ်ရပါတယ်။ ဒါမှလည်း ကိုယ်တိုင်။မျှော်မှန်းရည်မှန်းထားတဲ့ ပန်းတိုင်ကိုရောက်ရှိမှာဖြစ်ပါတယ်။ ကျွန်တော့်ရည်မှန်းချက်ကတော့ အမှတ်ပေါ်မူတည်ပြီး အင်ဂျင်နီယာ တစ်ဦးဖြစ်ချင်ပါတယ်။။ဆရာမ ဒေါ်ခင်စန်းဝင်း၊(ကျောင်းသားမိဘ)။-ကျွန်မက သုံးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့ မောင်ပြည့်ဖြိုးဟိန်းရဲ့ မိခင်ဖြစ်ပြီး အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း(နေပြည်တော်)မှ အလယ်တန်းပြ ဆရာမ တစ်ဦးလည်းဖြစ်ပါတယ်။ ကျွန်မရဲ့ သားလေးက ငယ်ငယ်ကတည်းက ကျန်းမာရေး အားနည်းတဲ့ ကလေးဖြစ်တဲ့အတွက် တက္ကသိုလ်ဝင်တန်းဆိုတော့ ပိုပြီးဂရုစိုက်ပေးခဲ့ရပါတယ်။ မိဘတွေအနေနဲ့ကလည်း မိမိကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ လိုအပ်တဲ့ လိမ္မာယဉ်ကျေးမှု၊ စာတော်မှုတို့ဆိုတာကလည်း ဆရာ၊ ဆရာမတွေနဲ့ ချိတ်ဆက်မှသာ ကိုယ့်သားသမီး အခြေအနေကို သိနိုင်မှာဖြစ်ပါတယ်။ အဲ့လိုသိမှသာ မိဘဘက်က ကလေးရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေနဲ့ စဉ်ဆက်မပြတ် ဆွေးနွေးနေရပါမယ်။။ကလေးရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးပါ။အဲလိုဆရာ၊ မိဘ ပူးပေါင်းထိန်းကျောင်း ပေးမယ်ဆိုရင် ထူးချွန်ထက်မြက်တဲ့ ကလေးတွေဖြစ်လာမှာပါလို့ အကြံပြုပြောကြားလိုပါတယ်။။မချောပြည့်ပြည့်သိမ့်၊ (သုံးဘာသာဂုဏ်ထူးရှင်)။-သမီးအခုလို အောင်မြင်ခဲ့တာဟာ ဆရာ၊မိဘ၊ ကျောင်းသားအားလုံး ပူးပေါင်းဆောင်ရွက်လို့ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ နောက်နှစ်တွေမှာ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမယ့် မောင်လေး၊ ညီမလေးတွေကိုလည်း တစ်နေ့စာတစ်နေ့ပြတ်အောင် လုပ်ပါ။ စာကျက်ချိန်ကို သတ်သတ်မှတ်မှတ် ထားပြီး တတ်နိုင်သမျှ များအောင်ရယူပါ။ တစ်ရက်စာ၊ တစ်ပတ်စာအချိန်။ဇယားဆွဲပြီး စာကျက်ပါ။ တစ်နှစ်လုံးမလျှော့တဲ့ဇွဲ၊ လုံ့လတို့နဲ့ကြိုးစားကြပါလို့ အားပေးစကား ပြောချင်ပါတယ်။
null
null
, 08/10/2020 - 09:17
admin_webportal
https://www.myawady.net.mm/node/369
ပလိပ်အင်းအနီးရှိ ညောင်ပင်များ၌ ဘုံမတီးငှက်များ လာရောက် ကျက်စားနေခြင်းကို ငှက်ချစ်သူများ မှတ်တမ်းတင်
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ပလိပ်အင်း ရေတိမ်ဒေသအနီးရှိ ညောင်ပင်များ ညောင်သီးသီးချိန်တွင် ဘုံမတီးငှက်များ လာရောက် ကျက်စားကြသဖြင့် ငှက်ချစ်သူများက မှတ်တမ်းဓာတ်ပုံယူကာ ရိုက်ကူးမှုများ ပြုလုပ်လျက်ရှိကြောင်း ငှက်ချစ်မြတ်နိုးသူ ဓာတ်ပုံဆရာများထံမှ သိရသည်။။ဘုံမတီးငှက်သည် ခိုမျိုးစိတ်ထဲတွင် ပါဝင်ပြီး ဘုံမတီးငှက် ၁၃ မျိုးရှိကာ အခြားခိုမျိုးစိတ် ကိုးမျိုးအပါအဝင် ၂၂ မျိုးရှိကြောင်း သိရသည်။ ၎င်းမျိုးစိတ်ထဲတွင် ဘုံမတီးငှက်များကို ညောင်သီးသီးချိန်တွင် များစွာတွေ့မြင်ရသည်။ ၎င်းကာလတွင် ငှက်ချစ်သူ ဓာတ်ပုံပညာရှင်များက ငှက်အလှဓာတ်ပုံများကို အားထား ရိုက်ကူးလျက်ရှိသည်။။ပလိပ်အင်းဒေသတွင် ငှက်မျိုးစိတ်များစွာ ကျက်စားကြသည်။ ဆောင်းခိုငှက်များသည် နိုဝင်ဘာလဆန်းပိုင်းမှစကာ ဝင်ရောက်လေ့ရှိသည်။ ပလိပ်အင်းမှာ ဧရာဝတီ မြစ်လက်တက်ဖြစ်သော မြစ်ငယ်မြစ်မှ အင်းအတွင်း ရေဝင်/ရေထွက်ပြုလုပ်သည်။။အင်းအတွင်း ရေငှက်မျိုးစိတ် ၃၇ မျိုး၊ အခြားငှက်မျိုးစိတ်ခုနစ်မျိုး၊ ငါးမျိုးစိတ်ရှစ်မျိုး ကျက်စားကြောင်း မှတ်တမ်းပြုထားသည်။။၂ဝ၁၂-၂ဝ၁၃ ခုနှစ် ကွင်းဆင်းလေ့လာမှု မှတ်တမ်းများအရ ရေငှက်မျိုးစိတ် ၃ဝ၊ ရာသီအလိုက် ပြောင်းရွှေ့ကျက်စားသည့် ဆောင်းခိုငှက် ၁၁ မျိုးနှင့် ဒေသမျိုးရင်း ငှက်မျိုးစိတ် ၁၉ မျိုး ကျက်စားကြောင်း သိရသည်။။လက်ရှိကာလတွင် ငှက်ချစ်မြတ်နိုးသည့် ဓာတ်ပုံဆရာများ အနေဖြင့် ပလိပ်အင်းအနီးရှိ ညောင်ပင်များ ညောင်သီးသီးချိန်၌ ငှက်အလှဓာတ်ပုံများ လာရောက်ရိုက်ကူးလျက်ရှိသည်။ ရိုက်ကူးမှုတွင် ငှက်များအနှောင့်အယှက် မဖြစ်ရေး သဘာဝအတိုင်း နေထိုင်ကျက်စားမှုကို အထူးဂရုပြု ရိုက်ကူးရကြောင်းနှင့် အနယ်နယ်အရပ်ရပ်မှ ငှက်ချစ်မြတ်နိုးသည့် ဓာတ်ပုံဆရာများ အနေဖြင့် ဘုံမတီးငှက်များ ကျက်စားပုံရိုက်ကူးရန် အကောင်းဆုံး ရာသီဖြစ်သည့်အတွက် ပလိပ်အင်းအနီး လာရောက်ရိုက်ကူးနိုင်ပြီဖြစ်ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/10861.jpg
, 08/10/2020 - 09:25
admin_webportal
https://www.myawady.net.mm/node/370
မြစ်တို့၏သဘော
ယမန်နေ့မှအဆက်။သူသည် မခင်ရီနှင့် အသက်ချင်း သိပ်ကွာခြားဟန်မရှိ။ မခင်ရီထက် အရပ်မြင့်၍ မခင်ရီထက် တုတ်ခိုင်၏။။မခင်ရီက လျှို့ဝှက်သိပ်သည်းသော ဟန်ဆောင်ပေမယ့် မမြသွေးမှာ အညာသူပီပီ ပွင့်လင်းဟန်ရှိသည်။။''ဒါဖြင့် အန်ကယ်သောင်းတော့ အိမ်တစ်ဆောင် မီးတစ်ပြောင်ဖြစ်ဦးမှာပေါ့''။ပန်းက မင်းစေကလေး လာပို့သောကော်ဖီကို မိခင်ရှေ့တွင်ချပေးရင်းပြောရာ''ဟ အခုတော့ အိမ်မရှိလို့လား''။''အခုရှိတဲ့အိမ်က အိမ်ရှင်မ မရှိတဲ့အိမ်ပဲ။ ဘယ်မှာအိမ်နဲ့တူပါ့မလဲ''။''ပြောပြော၊ နင်ပဲပြော။ ဒါပေမဲ့ ပန်းပြောတာ ဟုတ်သကွ။ အေးလေ ဖြည်းဖြည်းတော့ဖြစ်လိမ့်မယ်ထင်ပါရဲ့''။''အန်ကယ့်စကားကလည်း ဘာပြောတယ်ဆိုတာတောင် အဓိပ္ပာယ်ကောက်လို့ မရတော့ဘူး''။မခင်ရီရော မမြသွေးပါ ကိုချစ်သောင်းအား အဓိပ္ပာယ်တစ်မျိုးစီဖြင့်ကြည့်နေကြ၏။။''ဒီလိုမခင်ရီရေ့။ ကျွန်တော်စောင့်နေတဲ့ ချစ်သူဟောင်း ရောက်လာတာမှန်ပါရဲ့။ သူကလည်း လက်ထပ်ပါ့မယ်တဲ့။ သို့သော် ကိစ္စလေးတစ်ခု မပြတ်သေးလို့ဆိုတော့။ မောတာပေါ့ မခင်ရီရယ်''။''သြော် သြော် ဟုတ်ကဲ့''။''ကျွန်တော့်တော့ မေးနေပြီး ခင်ဗျားတို့သားအမိကို ကျွန်တော်ကမေးရဦးမယ်။ ဘာတွေမေးလိုက်သလဲ''။''အရင်တုန်းက မေးခွန်းတွေပါပဲရှင်''။''ပန်းကော''။''ဒီလိုပါပဲ အန်ကယ်''။တယ်လီဖုန်းမြည်လာသည်။ ဦးချစ်သောင်းက ကောက်ယူနားထောင်၏။။''ဟုတ်ပါတယ်ခင်ဗျား။ ပန်းလား၊ ရှိပါတယ်ခင်ဗျား။ ပန်းရော့ဟေ့''။ဦးချစ်သောင်းက ပန်းအားလှမ်းပေးသည်။ ပန်းသည် များများပြောရခြင်းမရှိ။ ဟုတ်ပါတယ်နှင့် မမှန်ပါဘူး တို့ကိုသာဖြေပြီး ပြန်ချလိုက်၏။။ဘယ်ကလာသော တယ်လီဖုန်းနည်း။ ဘာတွေပြောကြသနည်း။။ဒီအခန်းထဲတွင်ရှိသောလူများအနက် မမြသွေးကသိချင်၏။ သိချင်သော မျက်လုံးတို့ဖြင့် ကြည့်နေသည်။။မခင်ရီကလည်း သိချင်သည်။ သို့ကြောင့် သူက ''ဘယ်ကလဲ သမီး''ဟု လှမ်းမေး၍ ''ရဲမင်းကြီးဆီကပါ မေမေ''ဟု ဖြေသည့်ခဏဝယ် မမျှော်လင့်သော ကိစ္စတစ်ရပ်ဖြစ်ပွားလာလေ၏။။ပန်းပါးစပ်က အဖြေထွက်လာလျှင် ချက်ချင်း၊ မမြသွေး၏နှုတ်ခမ်းသည် ဖြူရော်ကာ၊ မျက်လုံးပြူးထွက်လာပြီး ပက်ခနဲ လဲကျသွားလေသည်။။''ဟင်။ ဦးချစ်သောင်း လုပ်ပါဦး၊ လုပ်ပါဦး''။မခင်ရီက ပြေးပွေ့ရင်းပြော၏။။ကိုချစ်သောင်းက ''မြသွေး၊ မြသွေး''ဟုခေါ်ကာ လှုပ်သည်။။''မေမေ မေမေ့သွေးဆေးရှူပေးပါ။ ရေမွှေးလည်း ပါတယ်မဟုတ်လား''။''ဟုတ်သားပဲ ပါတယ်''။မခင်ရီမှာ မူးဝေတတ်သူဖြစ်သဖြင့် ပစ္စည်းအပြည့်အစုံ ပါသည့်အတွက် သွေးဆေးမှုတ်ပေး အော်ဒီကလုံး ရေမွှေးတေ့ပေးကြသည်။။''ဆရာဝန်ခေါ်လိုက်မယ်''။''ရပါတယ် နှလုံးလေရိုက် သွားတာထင်ပါတယ်''။မခင်ရီ ပြန်ပြောရင်းနှိပ်နယ်ပေးရာ မမြသွေးမှာ သတိရလာပြီး မခင်ရီ၏ ရင်ခွင်ကိုမှီလျက် ထထိုင်နိုင်သည်။။''မြသွေး သတိရလာပြီလား''။''ကြောက်တယ် မောင်ကြီး၊ မြသွေးကြောက်တယ်''။''ကျွန်မတို့ဖက်ထားတယ်လေ။ ဒီအခန်းထဲမှာ ဘာမှ ကြောက်စရာမရှိပါဘူး''။မမြသွေးသည် မောပန်းစွာ အသက်ရှူ၏။ ချွေးပြန်နေ၏။ တစ်စုံတစ်ရာကို တကယ်ကြောက်ရွံ့သည့် အလား ပြူးကြောင်စွာ လှည့်ပတ်ကြည့်သည်။။''ဘာမှမရှိပါဘူး မြသွေးရဲ့။ မောင်ကြီးဆီမှာသွားပြီး အိပ်နေမလား''။''မြသွေးကိုပစ်မထားပါနဲ့ မောင်ကြီးရယ်။ မြသွေး မြသွေး''။''မောင်ကြီးက ဘာဖြစ်လို့ပစ်သွားရမှာလဲကွယ့်။ ကဲ ပန်းရေ တွဲခဲ့ပါကွယ်။ အန်ကယ့်အိမ်ကို ခေါ်သွားရအောင်''။မမြသွေးအားကူတွဲပေးရာ မခင်ရီနှင့်ပန်းပါ ကိုချစ်သောင်း၏ ကားဖြင့် လိုက်ပါသွားကြသည်။။မခင်ရီက မမြသွေး၏မျက်လုံးကို တစ်လမ်းလုံး အကဲခတ်လာခဲ့သည်။ မမြသွေးမှာ တစ်စုံတစ်ရာ လျှို့ဝှက်သောရန်သူ သို့မဟုတ် ဘေးအန္တရာယ်ကို ကြောက်ရွံ့ဟန်တူ၏။။သို့စဉ်တွင် ကိုချစ်သောင်းက ကားမောင်းလျက် လှမ်းပြော၏။။မခင်ရီတို့သားအမိလည်း ကိုယ့်အိမ်ကိုယ့်ရာကို ပြန်ပြီးပြောင်းသင့်ပြီထင်တယ်။။''ဘာဖြစ်လို့လဲ အန်ကယ်''။ပန်းက စိတ်ဝင်စားသံဖြင့်မေးသည်။။''ဦးသန်းနိုင် စိတ်ကောင်းအောင်လို့ပေါ့ကွယ်။။ခုနေသာပြန်ပြောင်းလာကြရင် သူလည်း စိတ်အားတက်သွားမယ်။ သြော် သူတို့ဟာ လောကကို ရင်ဆိုင်ခဲ့ကြပါကလား၊ ငါ့အယူအဆကို သဘောပေါက်ကြပါကလားလို့ ဝမ်းတောင်သာလိမ့်ဦးမယ်''။''အရင်လိုပဲ ပြောမြဲပြောနေရင်ကော အန်ကယ်ရယ်''။''ဒီဘဝရောက်မှတော့ အပြောအဆိုခံရမှာ ကြောက်နေရသေးသလား ပန်းရယ်။ အဆုံးစွန်ကိုရောက်နေပြီ မဟုတ်လား ပန်းရဲ့''။ဆက်လက်ဖော်ပြပါမည်။
null
null
, 08/10/2020 - 09:33
admin_webportal
https://www.myawady.net.mm/node/371
ယနေ့ဓာတ်ခွဲ အဖြေများတွင် COVID-19 ရောဂါပိုးတွေ့ လူနာသစ် တစ်ဦး ထပ်တိုး
နေပြည်တော် သြဂုတ် ၉။ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ယနေ့နံနက် ၈ နာရီနှင့် ည ၈ နာရီတို့တွင် COVID-19 ရောဂါ စောင့်ကြပ် ကြည့်ရှု မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်များ အရ ယနေ့ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး တွေ့ လူနာသစ် တစ်ဦး ထပ်တိုးကြောင်း သိရသည်။။အဆိုပါထုတ်ပြန်ချက်များတွင် (၈-၈-၂ဝ၂ဝ) ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲ စစ်ဆေးရာတွင် ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL-MLM)မှ ဓာတ်ခွဲနမူနာ ၃၂ဝ ခုအား စစ်ဆေး ပြီး စီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိရပါ။။(၈-၈-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာ ဌာန(ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ ၆ဝ၃ ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၇၇ ခု ၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL-MDY) မှ ဓာတ်ခွဲနမူနာ ၁၈၈ ခု၊ ပြည်သူ့ ကျန်း မာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန (မော်လမြိုင်) (PHL-MLM) မှ ဓာတ်ခွဲနမူနာ ၃၂ဝခုနှင့် ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော် ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ၁ဝ၃ ခု စုစုပေါင်း ၁၂၉၁ ခုအား စစ်ဆေးခဲ့သည်။။(၉-၈-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်) (NHL) မှဓာတ်ခွဲနမူနာ ၅၂၆ ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၂၇၁ခုနှင့် ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (မန္တလေး) (PHL-MDY)မှ ဓာတ်ခွဲနမူနာ ၂၆၆ ခု စုစု ပေါင်း ၁ဝ၆၃ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် တစ်ဦးတွေ့ရှိသည်။။(၉-၈-၂ဝ၂ဝ)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၆ဝ ဦးရှိပြီ ဖြစ်သည်။။ဓာတ်ခွဲအတည်ပြု လူနာဟောင်း (Old Confirmed Case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင် နှစ်ကြိမ်ဆက် တိုက်ပိုး မတွေ့ ရှိသူ တစ်ဦး (Case-350) ရှိသဖြင့် ယနေ့အထိ COVID-19 ရောဂါပိုး ကင်းစင်လာ သူစုစုပေါင်း ၃၁၂ ဦးရှိသည်။ ၎င်းတို့ အနက် ၃ဝ၈ဦးအား ဆေးရုံမှ ဆင်းခွင့်ပြု ခဲ့ပြီးဖြစ်ကာ သတ်မှတ် နေရာများတွင် အသွား အလာ ဆက်လက် ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုလျက်ရှိသည်။။ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူ ခြောက်ဦး ရှိသည်။။(၈-၈-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂နာရီမှ (၉-၈-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့် လူနာ အသစ် ကိုးဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…es/3-1082020.jpg
, 08/10/2020 - 09:34
admin_webportal
https://www.myawady.net.mm/node/372
လေဖိအားနည်း ရပ်ဝန်း ဆက်လက်တည်ရှိနေ
နေပြည်တော် သြဂုတ် ၉။ယနေ့ည ၆ နာရီခွဲအချိန်တိုင်းထွာ ချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ သြရိဿ ပြည်နယ် မြောက်ပိုင်းကမ်းလွန်- အနောက်ဘင်္ဂလား ပြည်နယ်ကမ်းခြေ) တို့တွင် ဖြစ်ပေါ်နေသော လေဖိအား နည်း ရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက သတင်း ထုတ်ပြန်ထားသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…es/4-1082020.jpg
, 08/10/2020 - 09:41
admin_webportal
https://www.myawady.net.mm/node/373
မတူပီမြို့နယ်အတွင်း ယမ်းပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိ
နေပြည်တော် သြဂုတ် ၉။ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မတူပီမြို့၏အနောက်ဘက် ၃၅ မိုင်ခန့်အကွာရှိ ဘွေလီတံတား၌ လူ၊ ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် ယနေ့နံနက် ၆ နာရီခွဲခန့်တွင် မတူပီမြို့ဘက်မှ ဆမီးမြို့ဘက်သို့ ဦးယန်ထွန်း(ဘ)ဦးပါဝင်း မောင်းနှင်လာသည့် ANBO-125အမျိုးအစား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်တွင် အပြာရောင်ဆာလာအိတ်ဖြင့် ထုပ်ထားသော ယမ်းပြုလုပ်ရာတွင် အသုံးပြုသည့် အဖြူရောင်အမှုန့် ခဲတစ်ထုပ်လျှင် ၇၀ ကျပ်သားပါ ၁၂ ထုပ်၊ SUN FLOWER တံဆိပ်ပါ သစ်သားမီးခြစ်ဘူး တစ်ထုပ်လျှင် ၁၀ ဘူးပါ ၁၀ ထုပ် (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁ သိန်းကျော်ခန့်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။။အဆိုပါ ဖမ်းဆီးရမိသူနှင့် ကြီးကြပ်ကန့်သတ်ပစ္စည်းများအား တရားဥပဒေအရ ဆောင်ရွက်နိုင်ရေး မတူပီမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မှူခင်းသတင်း
https://www.myawady.net.…t/files/3_13.jpg
, 08/10/2020 - 09:45
admin_webportal
https://www.myawady.net.mm/node/374
မြိတ်မြို့နယ်အတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ
နေပြည်တော် သြဂုတ် ၉။တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် သြဂုတ် ၈ ရက် နံနက် ၅ နာရီခန့်တွင် မြိတ်မြို့၏အရှေ့ဘက် ၅ မိုင်အကွာရှိ ကမ်းသာယာကျေးရွာကမ်းစပ်၌ အလျား ၆၆ ပေ၊ အနံ ၁၂ ပေခန့်ရှိ တရားမဝင်သစ်ခိုး လှေတစ်စင်းပေါ်တွင် ဦးထွန်းနိုင်ဦး (ဘ) ဦးသိန်းနိုင်နှင့် ဦးကျော်နိုင် (ဘ) ဦးအောင်မျိုးတို့ နှစ်ဦးအား တောသစ်ခွဲသားဆိုဒ်စုံ ၁၄ တန်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။။အဆိုပါ ဖမ်းဆီးရမိသူများနှင့် တရားမဝင်သစ်များအား မြိတ်မြို့သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး ဖြစ်ကြောင်း သတင်းရရှိသည်။
မှူခင်းသတင်း
https://www.myawady.net.…t/files/4_12.jpg
, 08/10/2020 - 09:46
admin_webportal
https://www.myawady.net.mm/node/375
လောက်ကိုင်မြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၂၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
နေပြည်တော် သြဂုတ် ၉။ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် သြဂုတ် ၈ ရက်မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် လောက်ကိုင်မြို့၊ ရပ်ကွက်(၃)၊ စွမ်းဖုန်းလမ်းပေါ်ရှိ ဟုန်ချိန်ဟိုတယ် အခန်းအမှတ်၊ ၈၁၀၂ ၌ သတင်းအရ စောင့်ဆိုင်းနေစဉ် လီကျားနိမ်(ဘ)ဦးလီကောချိန်၊ လော်ချိန်ရှိန်း(ဘ)ဦးလော်လောက်ဖာနှင့် လီဖားမင်(ဘ)ဦးလီရှိယွိတို့ သုံးဦးသည် အခန်းအတွင်း ဝင်ရောက်လာသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းတို့သုံးဦး သယ်ဆောင်လာသည့် အဝါရောင်ဆာလာအိတ်အတွင်းမှ မှိုင်းကိုင်စက္ကူဖြင့် ထုပ်ပိုးထားသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၃၈၀၀၀ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၂၇၆၀ ခန့်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။။အဆိုပါ ဖမ်းဆီးရမိသူများနှင့် မူးယစ်ဆေးဝါးများအား တရားဥပဒေအရ ဆောင်ရွက်နိုင်ရေး လောက်ကိုင်မြို့ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
မှူခင်းသတင်း
https://www.myawady.net.…iles/10820c1.jpg
, 08/10/2020 - 09:47
admin_webportal
https://www.myawady.net.mm/node/376
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အင်းတော်မြို့နယ်၌ စပါးစိုက်ခင်းများနှင့် တံတားနှစ်စင်း ထိခိုက်ပျက်စီး
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နမီးကျေးရွာအုပ်စု နမီးချောင်း၌ သြဂုတ် ၈ ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရေကြီးရေလျှံမှု ဖြစ်ပွားရာ စပါးစိုက်လယ် ၁၉ ဒသမ ၇ဝ ဧကနှင့် တံတားနှစ်စင်း ထိခိုက်ပျက်စီးကြောင်း မော်လူးမြို့ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း ကပြောသည်။။အဆိုပါ ရေကြီးရေလျှံမှုကြောင့် နမီးကျေးရွာအုပ်စု နမီးကျေးရွာ ကွင်းအမှတ် (၄၉၉/၄၄၇)ရှိ တောင်သူ ၁၄ ဦး၏ စပါးစိုက်ဧက ၈ ဒသမ ၂ဝ၊ လေဘိုကျေးရွာ ကွင်းအမှတ်(OSS)ရှိ တောင်သူရှစ်ဦး၏ စပါးစိုက်ဧက ၁၁ ဒသမ ၅ဝ စုစုပေါင်း တောင်သူ ၂၂ ဦးတို့၏ စပါးစိုက်လယ်ဧက၁၉ ဒသမ ၇ဝ ခန့် ရေလွှမ်း ပျက်စီးခဲ့သည်။။ထို့ပြင် အင်းတော်မြို့နယ် မံဟဲကျေးရွာအုပ်စုတွင် လေးတန်ချောင်း ရေကြီးရေလျှံမှုကြောင့် လေးတန်ချောင်းနှင့် နန့်စီးအောင်ချောင်းဆုံ၌ ကမ်းပါးပြိုကျသဖြင့် ချောင်းအနီး ပေကုန်းကျေးရွာရှိ ဒေါ်သန်းသန်းအေး ၏နေအိမ်ကို ဒေသခံများက ဘေးလွတ်ရာသို့ ဝိုင်းဝန်းရွှေ့ပြောင်းရသည်။။အလားတူ နမီးချောင်း ရေကြီးရေလျှံမှုကြောင့် ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသော နားဖာ-ဆားမှော် ကျေးရွာချင်းဆက် ချောင်းကူးတံတားအရှည်ပေ ၂၂ဝ၊ အကျယ်၁၂ ပေ၊ အမြင့် ၃၅ ပေရှိ သစ်သားတံတားသည် ပေ ၁၅ဝ ခန့်ရေထဲမျောပါခဲ့ပြီး ကာလတန်ဖိုးငွေ ကျပ်သိန်း ၁၈ဝ ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။ ၎င်းအပြင် နမီးကျေးရွာအုပ်စု မြစိမ်းရောင်ရန်ပုံငွေမှ အတိုးရစုဆောင်းငွေ ကျပ် ၇၄ သိန်း၊ ဒေသခံပြည်သူများ ထည့်ဝင်ငွေ ကျပ် ၄၇၆ သိန်းဖြင့် ဆောက်လုပ်ထားသည့် နမီး-ကွင်းငို့ ကျေးရွာချင်းဆက် အရှည်ပေ ၁၇ဝ၊ အကျယ် ၁၃ ပေ၊ အမြင့် ၃၅ ပေရှိ အုတ်ခံပျဉ်ခင်း တံတားမှာလည်း ရေထဲသို့ ပေ ၁၄ဝ ခန့်မျောပါသဖြင့် ငွေကျပ်သိန်း ၅၅ဝ ခန့်ဆုံးရှုံးရကြောင်း သိရသည်။။ရေကြီးရေလျှံမှုကြောင့် ရေလွှမ်းပျက်စီးမှု ဖြစ်ပွားရာနေရာများသို့ အင်းတော်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းတန်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးဆွေအေးနှင့် အဖွဲ့၊ မော်လူးမြို့အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ် ဦးစီးဌာန ဦးစီးမှူး ဦးလှမျိုးလွင်နှင့် အဖွဲ့တို့က ကွင်းဆင်း၍ ပျက်စီးသွားသော လယ်ဧက စာရင်းများကို ကောက်ယူခြင်း၊ မျောပါသွားသော တံတားအပိုင်းများကို ဆယ်ယူခြင်း၊ နေအိမ်ရွှေ့ပြောင်းခြင်း လုပ်ငန်းများကို ဒေသခံများနှင့် ပူးပေါင်း လုပ်ဆောင်ကြကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/10871.jpg
, 08/10/2020 - 09:48
admin_webportal
https://www.myawady.net.mm/node/378
တနိုင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲသူများ ဖမ်းဆီးရမိ
နေပြည်တော် သြဂုတ် ၉။ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ကောင်ရာကျေးရွာအနီးရှိ တနိုင်း-မြစ်ကြီးနားသွားကားလမ်း၌ သြဂုတ် ၈ ရက် နံနက် ၁၁ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ စစ်ဆေးစဉ် ရှဒူဇွပ်ကျေးရွာဘက်မှ တနိုင်းမြို့ဘက်သို့ ချစ်ကိုကို(ဘ)ဦးချစ်ဆွေ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ တစ်ခွက်လျှင် ၁၀ ဂရမ်ခန့်ပါ ဘိန်းဖြူဆပ်ပြာခွက် ၇၃ ခွက်၊(စုစုပေါင်း ၇၃၀ ဂရမ်)၊ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၇၄၀၀ ပြားကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။။ဖမ်းဆီးရမိသူအား စစ်ဆေးမေးမြန်းချက်အရ တနိုင်းမြို့နယ်၊ ရှဒူဇွပ်ကျေးရွာနေ ဒေါ်ဘန်မွန်း(ဘ) ဦးလသျှမ်းလ၏ နေအိမ်အား ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ ဒေါ်ဘန်မွန်းကို တစ်ခွက်လျှင် ၁၀ ဂရမ်ခန့်ပါ ဘိန်းဖြူဆပ်ပြာခွက် ၁၉ ခွက်၊ (စုစုပေါင်း၁၉၀ ဂရမ်)၊ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀ ပြားနှင့်အတူ ထပ်မံတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။။ဒေါ်ဘန်မွန်းအား စစ်ဆေးမေးမြန်းချက်အရ အဆိုပါကျေးရွာနေ ဦးဇော်လင်းထွန်း၏ နေအိမ်အား ဆက်လက်၍ ဝင်ရောက်ရှာဖွေရာ ၎င်းအား တွေ့ရှိခြင်း မရှိဘဲ နေအိမ်၌ ဒေါ်ဒွဲလိန်(ဘ)ဦးတန်ဂွမ်း၊ အောင်ကျော်ဦး (ဘ)ဦးကိုဦး၊ စိုးနိုင် (ဘ) ဦးအိုက်အေးနှင့် ပြည့်စုံအောင်(ဘ)ဦးလှဦးတို့ လေးဦးကို တစ်ခွက်လျှင် ၁၀ ဂရမ်ခန့်ပါ ဘိန်းဖြူဆပ်ပြာခွက် ၂၆ ခွက်၊ (စုစုပေါင်း ၂၆၀ ဂရမ်)၊ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅၆၅ ပြားနှင့်အတူ ထပ်မံတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။။အဆိုပါမော်တော်ဆိုင်ကယ်၊ မူးယစ်ဆေးဝါး၊ ဘိန်းဖြူ ၁၁၈၀ ဂရမ်ခန့်၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈၅၆၅ ပြား၊ စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ်သိန်း ၁၁၀၀ ကျော်နှင့်အတူ ဖမ်းဆီးရမိသူများအား မြစ်ကြီးနားခရိုင် မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
မှူခင်းသတင်း
https://www.myawady.net.…t/files/2_11.jpg
, 08/10/2020 - 09:49
admin_webportal
https://www.myawady.net.mm/node/379
ရန်ကုန်ယူနိုက်တက်အသင်း AFC Cup လက်ကျန်ပွဲအတွက် ခေါ်ဆောင်သွားမည့် ကစားသမားများကို မသတ်မှတ်ရသေး
ရန်ကုန်ယူနိုက်တက် အသင်းသည် AFC Cup အာဆီယံဇုန် အုပ်စုလက်ကျန်ပွဲစဉ်များ ယှဉ်ပြိုင်ရန် ခေါ်ဆောင်သွားမည့် ကစားသမားများကို မသတ်မှတ်ရသေးကြောင်း အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။။ရန်ကုန်ယူနိုက်တက်အသင်း ယှဉ်ပြိုင်မည့် AFC Cup အာဆီယံဇုန် အုပ်စု (စ) လက်ကျန်ပွဲစဉ်များကို ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်သည်။။မူလက င်္ဗဃ ဃကစ ပြိုင်ပွဲကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်သော်လည်း COVID-19 ရောဂါအခြေအနေကြောင့် ခရီးသွားလာမှုလျော့နည်းစေရန် အာရှဘောလုံးအဖွဲ့ချုပ် (AFC)က သင့်လျော်သည့် အိမ်ရှင်နိုင်ငံ ရွေးချယ်၍ တစ်ကျော့တည်း ကျင်းပစေခြင်း ဖြစ်သည်။။“ဗီယက်နမ်နိုင်ငံကို ခေါ်ဆောင်သွားဖို့ ကစားသမားရွေးချယ်မှု မလုပ်ရသေးပါဘူး။ AFC ကလည်း ကစားသမား အရေအတွက် ဘယ်နှဦးခေါ်ဆောင်ရမယ်ဆိုတာ မသတ်မှတ်ရသေးတဲ့အတွက် မဆုံးဖြတ်ရသေးတာပါ။ ပြိုင်ပွဲက နှစ်ရက်ခြားတစ်ကြိမ်ကစားရမှာဖြစ်လို့ ကစားသမားအလုံအလောက်ခေါ်ဖို့ လိုပါတယ်။ AFC ရဲ့ သတ်မှတ်ချက်အတိုင်း ကစားသမားဦးရေကို ခေါ်ဆောင်သွားမှာပါ”ဟု ၎င်းကပြောသည်။။ရန်ကုန်ယူနိုက်တက်အသင်း ပါဝင်သည့် AFC Cup အာဆီယံဇုန် အုပ်စု (စ) လက်ကျန်ပွဲစဉ်များကို စက်တင်ဘာ ၂၃ ရက်၊ ၂၇ ရက်နှင့် ၂၉ ရက်တို့တွင် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ သောင်နုတ်အားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။။ရန်ကုန်ယူနိုက်တက် အသင်းသည် ယခုနှစ် AFC Cup အာဆီယံဇုန် ပထမအကျော့သုံးပွဲ ကစားပြီးချိန်တွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေ ရမှတ်ခုနစ်မှတ်ဖြင့် အုပ်စုဒုတိယနေရာ၌ ရပ်တည်နေကြောင်း သိရသည်။။ကိုရဲ
အားကစား
https://www.myawady.net.…lt/files/6_3.jpg
, 08/10/2020 - 09:50
admin_webportal
https://www.myawady.net.mm/node/380
မြန်မာနေရှင်နယ်လိဂ်ကလပ် အသင်းများ၏ အုပ်ချုပ်သူနည်းပြနှင့် ကစားသမားများကို COVID-19 ရောဂါပိုး ရှိ မရှိ စစ်ဆေးပြီးမှသာ ပြိုင်ပွဲကျင်းပခွင့်ပြုမည်
မြန်မာနေရှင်နယ်လိဂ်-၁ ကလပ်အသင်းများ၏ အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများကို COVID-19 ရောဂါပိုးရှိ၊ မရှိစစ်ဆေးပြီးမှသာ ပြိုင်ပွဲကျင်းပခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီက ထုတ်ပြန်ထားသည်။။မြန်မာနေရှင်နယ်လိဂ် တာဝန်ရှိသူများသည် သြဂုတ် ၆ ရက်က ပြည်တွင်းဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပခွင့်ရရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများအား သွားရောက်တွေ့ဆုံ၍ ဆွေးနွေးတင်ပြခဲ့သည်။။ယင်းဆွေးနွေးမှုအပြီး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း သြဂုတ်ဒုတိယပတ်တွင် မြန်မာနေရှင်နယ်လိဂ်-၁ ကလပ်အသင်းများ၏ အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများကို COVID-19 ရောဂါပိုးရှိ၊ မရှိစစ်ဆေးမည်ဖြစ်သည်။။“ဝန်ကြီးဌာနရဲ့ ကျန်းမာရေးလမ်းညွှန်ချက်အတိုင်း ကစားသမား၊ အုပ်ချုပ်သူ၊ နည်းပြနဲ့ တာဝန်ရှိသူတွေကို ဆေးစစ်ပါမယ်။ ရန်ကုန်ယူနိုက်တက်အသင်းကတော့ စစ်ဆေးပြီးဖြစ်လို့ ကျန်ကိုးသင်းကို စစ်ဆေးမှာပါ။ လူဦးရေ ၂၀၀ ကျော် စစ်ရမှာဖြစ်လို့ နှစ်ရက် ဒါမှမဟုတ် သုံးရက်လောက် စစ်ရပါမယ်” ဟု မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။။အဆိုပါ စစ်ဆေးမှုရလဒ်တွင် COVID-19 ရောဂါပိုး မတွေ့ရှိမှသာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ပြန်လည်ကျင်းပ ခွင့်ပေးမည်ဖြစ်သည်။။ထို့ပြင် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများကို သြဂုတ်ဒုတိယပတ်မှစ၍ ပြိုင်ပွဲပြီးဆုံးချိန်အထိ အဆောင်များ၌။Quarantine ထားရှိရန်လည်း စီစဉ်ထားကြောင်း သိရသည်။။ကိုရဲ
အားကစား
https://www.myawady.net.…lt/files/7_4.jpg
, 08/10/2020 - 09:51
admin_webportal
https://www.myawady.net.mm/node/381
ဆာရီအားထုတ်ပယ်မှုကို စီရော်နယ်ဒိုအပါအဝင် ကစားသမားများထောက်ခံ ဂျူဗင်တပ်စ် ယူ-၂၃ နည်းပြဖြစ်သူ ပီယာလိုကို အစားထိုးခန့်အပ်
ဂျူဗင်တပ်စ်အသင်းသည် လိုင်ယွန်ကိုကျော် ဖြတ်နိုင်ခြင်းမရှိဘဲ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှ ထွက်ခဲ့ရပြီးနောက် နည်းပြဆာရီကို ရာထူးမှ ထုတ်ပယ်ကြောင်း အတည်ပြု ကြေညာခဲ့သည်။။ဂျူဗင်တပ်စ်အသင်းဥက္ကဋ္ဌ အက်ဂနယ်လီသည် ပြီးခဲ့သည့်နွေရာသီက ဆာရီကိုချယ်လ်ဆီးထံမှ အရခေါ်ယူမှုတွင် တာဝန်ရှိခဲ့သည့်အသင်း ဘောလုံးအမှုဆောင်ချုပ် ပါရာတီစီကို အပြစ်မတင်သော်လည်း ဆာရီသည် အသင်းကစား သမားများနှင့် အဆင်မပြေမှုများစွာ ရှိနေသည်ကို သိသည့်အပြင် လိုင်ယွန်ကို ချန်ပီယံလိဂ် ၁၆ သင်းအဆင့်၌ ကျော်ဖြတ်နိုင်ခြင်း မရှိသဖြင့် သည်းမခံနိုင်တော့ဘဲ သြဂုတ် ၈ ရက်မှာပင် ရာထူးမှ ထုတ်ပယ်လိုက်သည်။။ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေချန်ပီယံဆုကို ရရှိခဲ့သော်လည်း ဆာရီ၏ပင်တိုင် ကစားကွက်ဖြစ်သော ၄-၃-၃ ကစားပုံမှာ တိုက်စစ်ဦးစားပေးကစားခြင်းတွင် ထိရောက်မှုမရှိသည့် အနေအထားများရှိခဲ့၍ စီရော်နယ်ဒိုအပါအဝင် အသင်းကစားသမားများက မကျေမနပ်ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် အက်ဂနယ်လီသည် ဆာရီအား ထုတ်ပယ်ကြောင်းကို အတည်မပြုမီ အသင်းစီနီယာ ကစားသမားများ ဖြစ်သော ချီရယ်လီနီ၊ ဘူဖွန်၊ ဘိုနော့ချနှင့် စီရော်နယ်ဒိုတို့ကို ဦးစွာ အသိပေးခဲ့ရာ အားလုံးက ဆာရီကိုထုတ်ပယ်ရန် ကန့်ကွက်ခြင်းမရှိခဲ့ကြောင်း သတင်းများကဆိုသည်။။ဂျူဗင်တပ်စ်အသင်းသည် ဆာရီကို ထုတ်ပယ်လိုက်သဖြင့် လက်ကျန်စာချုပ်သက်တမ်း နှစ်နှစ်အတွက် ပေါင် ၂၂ သန်းအထိပေးလျော်ရမည်ဖြစ်သည်။ အက်ဂနယ်လီသည်ဆာရီနေရာ၌ ပိုချက်တီနိုနှင့် ဇီဒန်းတို့ကို အစားထိုး လိုကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ပိုချက်တီနိုအတွက် တစ်နှစ်ပေါင်ရှစ်သန်း၊ ဇီဒန်းအတွက် ပေါင် ၁၁ သန်းအထ ိပေးရဖွယ်ရှိ၍ ပြီးခဲ့သည့် ကိုးရက်က ယူ-၂၃ နည်းပြအဖြစ် ခေါ်ယူခဲ့သော အသင်းကွင်းလယ် ကစားသမားဟောင်း ပီယာလိုကို ဆာရီနေရာ၌ အစားထိုးခန့်အပ်ကြောင်း သြဂုတ် ၈ ရက်ညပိုင်းက အတည်ပြု ကြေညာခဲ့သည်။။ပီယာလိုသည် ဂျူဗင်တပ်စ်အသင်းတွင် ပွဲပေါင်း ၁၀၀ ကျော် ကစားပေးခဲ့သူဖြစ်ပြီး ၂၀၁၁ ခုနှစ်က အေစီမီလန် အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ကာ ၂၀၁၅ ခုနှစ်က မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးသို့ သွားရောက်ကစားပြီး ကစားသမား အဖြစ်မှ အနားယူခဲ့သည်။။Ref:Dailymail
အားကစား
https://www.myawady.net.…lt/files/5_5.jpg
, 08/10/2020 - 09:52
admin_webportal
https://www.myawady.net.mm/node/382
အိန္ဒိယနိုင်ငံရှိ စီရင်စုပေါင်း ၇၀၀ ကျော်အထိ COVID-19 ရောဂါကူးစက်ပျံ့နှံ့
ကမ္ဘာပေါ်၌ သြဂုတ် ၉ ရက်အထိ Worldometers အရ COVID-19 ရောဂါကူးစက်မှုပေါင်း ၁၉၈၈၀၉၆၆ အထိရှိပြီး နေ့စဉ် ကူးစက်မှုမှတ်တမ်းသစ်များကလည်း တစ်ခုပြီးတစ်ခု စံချိန်ချိုးလျက်ရှိသည်။ အမေရိကန်၌ ကူးစက်မှု အနည်းငယ် ကျဆင်းလာသော်လည်း ၂၄ နာရီအတွင်း ကူးစက်မှု ၅၀၀၀၀ အထက်ရှိနေပြီး လက်ရှိ အာရှ၌ နေ့စဉ်ကူးစက်မှုအများဆုံး စံချိန်တင်နေသည့်နိုင်ငံမှာ ကမ္ဘာ့ဒုတိယ လူဦးရေအထူထပ်ဆုံး အိန္ဒိယနိုင်ငံဖြစ်သည်။။ဇွန်လ၌စတင်ခဲ့သည့် မုတ်သုံမိုးကြောင့် အိန္ဒိယ၌ ဗိုင်းရပ်ကူးစက်မှု သိသိသာသာ မြင့်တက်လာခဲ့ပြီး သြဂုတ် ၈ ရက်က တစ်ရက်အတွင်း ကူးစက်ခံရသူ ၆၅၁၅၆ ဦးအထိ ရှိသည်။ ထို့ပြင် နေ့စဉ်ကူးစက်မှု ၅၀၀၀၀ ကျော်အထိ ကိုးရက်ဆက်တိုက်ရှိလာခဲ့ပြီး သြဂုတ် ၉ ရက်အထိ ကူးစက်သူပေါင်း ၂၁၈၇၄၈၂ အထိ ရှိလာခဲ့သည်။။ထို့ကြောင့် အိန္ဒိယနိုင်ငံ၌ ယခုလကုန်တွင် ရောဂါကူးစက်ခံရသူ သုံးသန်းအထိ ရှိလာမည်ဟု ခန့်မှန်းထားကြသည်။ မြို့ပေါ်ဆင်းရဲသား ရပ်ကွက်များသာမက လူနေထူထပ်သော ဆင်းရဲသည့် တောရွာများအထိပါ ရောဂါကူးစက်မှု အဆိုးဆုံးဖြစ်နေပြီး ရွာများအတွက် လုံလောက်သော ဆေးဝါးအခြေခံပစ္စည်းချို့တဲ့ခြင်းနှင့် ရောဂါ ရှိ၊ မရှိ အချိန်နှင့် တစ်ပြေးညီ မစစ်ဆေးနိုင်ခြင်းတို့က ထိန်းချုပ်ရေးအတွက် အဓိက အခက်အခဲ ဖြစ်လာသည်။။ယခုလည်း အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့် အနောက်တောင်ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာသွန်းနေသည့်အတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေရကာ သေဆုံးသူဦးရေ ဆယ်နှင့်ချီသည်အထိ မြင့်တက်လာသည်။ သြဂုတ် ၇ ရက်ကပင် အိန္ဒိယနိုင်ငံတောင်ပိုင်း ကာရာလာပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒူဘိုင်းမှ ပျံသန်းလာသည့် ခရီးသည်တင်လေယာဉ်တစ်စင်းမှာ ပြေးလမ်းချော်ကာ လေယာဉ်ကိုယ်ထည် ထက်ပိုင်း ကျိုးသွားသည့်အတွက် အနည်းဆုံး ၁၈ ဦးသေဆုံးပြီး ၁၂၅ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။။ထို့ကြောင့် ဗိုင်းရပ်နှင့် လုံးပန်းနေရချိန်တွင် ကူညီကယ်ဆယ်ရေး များကိုပါ ဆောင်ရွက်ခဲ့ရသော အိန္ဒိယနိုင်ငံ၌ ယခုလည်း ဗိုင်းရပ်သာမက ရေကြီးမှု၊ မြေပြိုမှု၊ လမ်းတံတားများ ကျိုးပျက်မှုတို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည်အထိ ဖြစ်လာသည်။။ထိုအချိန် အိန္ဒိယနိုင်ငံ၌ စီရင်စုပေါင်း ၇၃၉ ခုရှိသည့်အနက် ၇၁၁ ခုတွင် ဗိုင်းရပ်ပျံ့နှံ့မှုက လျင်မြန်စွာ ရောက်ရှိလာကာ ထိုအထဲမှ စီရင်စုပေါင်း ၁၀၀ က ဆင်းရဲသည့် စီရင်စုများဖြစ်သည်။ ဗိုင်းရပ်ကူးစက်မှုကို အဓိကထိန်းချုပ်နိုင်ရန် တစ်ဦးနှင့်တစ်ဦး ခြောက်ပေခြားပြီး ခပ်ခွာခွာနေရမည် ဖြစ်သော်လည်း အခြေခံလူတန်းစားများ နေထိုင်သည့် ရပ်ကွက်များ၌ အိမ်တစ်အိမ်လျှင် လူပေါင်းဆယ်နှင့် ချီနေကြရုံသာမက ရေချိုးခန်းနှင့် အိမ်သာတို့ကို ခွဲဝေ သုံးစွဲကြရသည့်အတွက် ဗိုင်းရပ်ကူးစက်မှုက ထင်ထားသည်ထက် ပိုမိုမြန်ဆန်လာခြင်း ဖြစ်သည်။။မွမ်ဘိုင်းမြို့ရှိ ဆင်းရဲသားရပ်ကွက်များ၌ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ခြင်း မရှိသည့်အတွက် အိန္ဒိယအစိုးရက ဖွံ့ဖြိုးမှုနောက်ကျ ကျန်နေသော ကျေးရွာများအထိ ရောဂါကူးစက်ခံရမည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် ကူးစက်နိုင်ခြေရှိသော ဆင်းရဲသည့် ဒေသများကို အိန္ဒိယအစိုးရက ထပ်မံ၍ Lockdown ချခဲ့ကာ အလုပ်အကိုင် တချို့ကိုလည်း ကန့်သတ်ချက်ဖြင့် ဖွင့်လှစ်စေခဲ့သည်။။သို့သော်လည်း Lockdown ကာလမှာပင် ဆင်းရဲသည့် ဒေသများနှင့် ကျေးရွာများသို့ ဗိုင်းရပ်ပျံ့နှံ့လာခဲ့ကာ ကာရာလာပြည်နယ် ဗာလတ်ရွာ၌ဆိုလျှင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဗိုင်းရပ်ကူးစက်မှု ၂၃၆ ခုအထိရှိခဲ့သည်။ ထို့ပြင် အရှေ့ဘက် အိုရှိဒါပြည်နယ် ကတ္တပါလီရွာ၌ ရောဂါကူးစက်မှု မပျံ့နှံ့ခင်အထိ ရက် ၅၀ Lockdown ချခဲ့သော်လည်း ကူးစက်မှုပေါင်း ၂၀၀ နီးပါးရှိခဲ့သည်။။ဗိုင်းရပ်ထိန်းချုပ်ရေးက ထင်သလောက်ခရီးမပေါက်ခဲ့၍ လူနေထူထပ်သည့် ကျေးရွာများအထိ ရောက်ရှိသွားသော်လည်း အိန္ဒိယနိုင်ငံ၏ အားသာချက်က လူငယ်လူရွယ်များသည့်အတွက် သေဆုံးမှုနှုန်း နိမ့်ကျနေခြင်း ဖြစ်သည်။ အချမ်းသာဆုံး မြို့တော် မွမ်ဘိုင်း၏ ဆင်းရဲသားရပ်ကွက်များ၌ လေးဦးလျှင် နှစ်ဦးအထိ ကူးစက်ခံရသော်လည်း သေဆုံးမှုက ထင်ထားသည်ထက် များစွာ နိမ့်ကျခဲ့ကာ ကူးစက်မှု နှစ်သန်းကျော်တွင် သြဂုတ် ၉ ရက်အထိ သေဆုံးသူ ၄၃၈၄၄ ဦးသာရှိသည်။။တစ်ချိန်တည်းမှာပင် လူငါးသန်းကျော် ကူးစက်ခံထားရသော အမေရိကန်၌သြဂုတ် ၇ ရက်က သေဆုံးသူ ၁၂၉၀၊ သြဂုတ် ၈ ရက်က သေဆုံးသူ ၁၀၀၀ နီးပါးရှိသည့်အတွက် သြဂုတ် ၈ ရက်အထိ သေဆုံးသူစုစုပေါင်း ၁၆၄၃၇၈ ဖြစ်လာ။ကာ ကူးစက်မှု သုံးသန်းဝန်းကျင်ရှိသော ဘရာဇီးနိုင်ငံကတော့ စုစုပေါင်းသေဆုံးမှု ၁၀၀၅၄၃ ဦးအထိ ရှိနေသည်။။ဘရာဇီးနိုင်ငံ၌ နေ့စဉ်ကူးစက်မှု ၅၀၀၀၀ အောက်သို့ ရောက်လာ၍ အိန္ဒိယက တဖြည်းဖြည်းချင်း ကျော်တက်လာနေပြီး အမေရိကန်က ခရီးသွားကန့်သတ်မှု အဆင့်(၄)ထဲတွင် အိန္ဒိယနိုင်ငံကို ထိပ်ဆုံးမှ ထည့်ထားလိုက်ရသည်အထိ ဖြစ်သည်။ အိန္ဒိယနိုင်ငံနှင့်အတူ အဆင့်(၄)အတွင်းဝင်လာသည်က အမေရိကန်နှင့် အိမ်နီးချင်း မက္ကဆီကိုဖြစ်ပြီး သြဂုတ် ၈ ရက်အထိ စုစုပေါင်းကူးစက်မှု ၄၇၅၉၀၂ ဦးအထိ ရှိသည်။။ထို့ကြောင့် သြဂုတ်လတွင် အနီရောင်အဆင့် အရေးပေါ် ကြေညာရသည့် နိုင်ငံများစွာ ထပ်မံပေါ်ထွက်လာပြီး အာဖရိက တိုက်၏ ဖွံ့ဖြိုးမှုအရှိဆုံး တောင်အာဖရိက၌လည်း ကူးစက်မှု ၅၅၃၁၈၀ အထိ ချက်ချင်းမြင့်တက်လာခဲ့သည်။ အမေရိကန်။ကူးစက်ရောဂါထိန်းချုပ်ရေး CDC အကြီးအကဲ ဖူချီက ၂၀၂၁ ခုနှစ်တွင် ကာကွယ်ဆေးရရန် မျှော်လင့်နေပြီး ကူးစက်မြန် COVID-19 ရောဂါက ကမ္ဘာပေါ်၌ ပျောက်ကွယ်သွားမည် မဟုတ်ဟု တရားဝင်ကြေညာထားပြီး ဖြစ်သည်။။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ဗိုင်းရပ်နှင့် ပူးတွဲနေထိုင်ရင်း လူနေမှုပုံစံသစ်ဆီသို့ သွားရန် ကမ္ဘာ့နိုင်ငံ အသီးသီးကို တိုက်တွန်းထားပြီး လက်ရှိအချိန်ထိ ကမ္ဘာပေါ်၌ ကာကွယ်ဆေးထုတ်နိုင်ရန် ကြိုးပမ်းနေသည့် ဆေးအမျိုးအစားပေါင်း ၁၈၀ ကျော်အထိရှိသည်။ ထို့ကြောင့် COVID-19ရောဂါအတွက် ကာကွယ်ဆေးရမှသာ ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာနိုင်မည် ဖြစ်ပြီး အမေရိကန် ဦးဆောင်သော ကာကွယ်ဆေးကုမ္ပဏီများက ဖွံ့ဖြိုးဆဲနိုင်ငံများရော ဆင်းရဲသည့်နိုင်ငံများကိုပါ ကာကွယ်ဆေးရရှိနိုင်ရန် ဆောင်ရွက်မည်ဟု ကတိပေးထားကြောင်း တင်ပြလိုက်ရပါသည်။ ။။ရှိန်းထက်။Ref;India Express
နိုင်ငံတကာသတင်း
https://www.myawady.net.…lt/files/8_2.jpg
, 08/10/2020 - 09:53
admin_webportal
https://www.myawady.net.mm/node/383
စစ်ကိုင်းတိုင်းဒေသကြီး အတွင်း၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် မီးလောင်မှု အကြိမ် ၁၉ဝ ရှိ
၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ငွေကျပ် ၆၈၄ ဒသမ ဝ၄ သန်းအထိ ဆုံးရှုံးမှုရှိခဲ့သည့် မီးလောင်မှု အကြိမ် ၁၉ဝ ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးထံမှ သိရသည်။။အဆိုပါမီးလောင်မှုများတွင် ပေါ့ဆမီးကြောင့် လောင်ကျွမ်းမှု ၄၅ ကြိမ်၊ မီးဖိုမီးကြောင့်လောင်ကျွမ်းမှု ၄၆ ကြိမ်၊ လျှပ်စစ်မီးကြောင့် လောင်ကျွမ်းမှု ၃၈ ကြိမ်၊ ရှို့မီးကြောင့် လောင်ကျွမ်းမှု ၃၈ ကြိမ်၊ အလိုအလျောက်လောင်ကျွမ်းမှု လေးကြိမ်၊ တောမီးကြောင့် လောင်ကျွမ်းမှု ၁၇ ကြိမ်၊ မိုးကြိုးမီးကြောင့်လောင်ကျွမ်းမှု နှစ်ကြိမ် စုစုပေါင်း မီးလောင်ကျွမ်းမှု အကြိမ် ၁၉ဝ ရှိသည်။။ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် မီးလောင်မှု၂ဝ၆ ကြိမ်ဖြစ်ပွားမှုကြောင့် တန်ဖိုးငွေကျပ်၂၂ဝ ဒသမ ၉၃ သန်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/10881.jpg
, 08/10/2020 - 09:53
admin_webportal
https://www.myawady.net.mm/node/384
အာဖဂန်နစ္စတန်၌ တာလီဘန် အကျဉ်းသားများ လွှတ်ပေးရေး သဘောတူပြီးနောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နီးကပ်လာ
အာဖဂန်နစ္စတန် နိုင်ငံရှိ အရေးပါသော ဒေသခံ ထောင်ပေါင်းများစွာက တာလီဘန်အဖွဲ့ အကျဉ်းသားအယောက် ၄၀၀ လွှတ်ပေးရေး သဘောတူပြီးနောက် အာဖဂန်အစိုးရနှင့် တာလီဘန်တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကျင်းပရန် နီးကပ်လာကြောင်း အာဖဂန်အစိုးရဘက်မ ှစေ့စပ်ညှိနှိုင်းရေးမှူးက သြဂုတ် ၉ ရက်တွင် ပြောသည်။။အာဖဂန်မျိုးနွယ်စုမှ သက်ကြီးရွယ်အိုများနှင့် အခြားပါဝင်သူတို့က အငြင်းပွားကိစ္စရပ်များကို ဆုံးဖြတ်ရန် လိုယာဂျာဂါ အမည်ရှိ ရိုးရာဆွေးနွေးပွဲကို သုံးရက်ကြာ ကျင်းပပြီးနောက် ထိုဆုံးဖြတ်ချက်ကို ချမှတ်ခြင်း ဖြစ်သည်။။တိုက်ခိုက်မှုများရပ်တန့်ရေး၊ ပြည်သူများဘဝကောင်းစားရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပိတ်ဆို့နေသည့် အတားအဆီး အခက်အခဲများကို ဖယ်ရှားရေးအတွက် အကျဉ်းသားအယောက် ၄၀၀ ကိုလွှတ်ပေးရန် ထိုဆွေးနွေးပွဲက အတည်ပြုခြင်းဖြစ်ကြောင်း ဂျာဂါအဖွဲ့ဝင် အေတီဖာတာယတ်က ကြေညာသည်။။ထိုအကျဉ်းသားများအနက် အများစုမှာ ပြင်းထန်သောပြစ်မှုများကို ကျူးလွန်ထားပြီး အခြားအကျဉ်းသားများမှာ အာဖဂန်ပြည်သူများနှင့် နိုင်ငံခြားသားများစွာကို သေဆုံးစေသော တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့ကြောင်း သိရသည်။။လိုယာဂျာဂါ၏ ဆုံးဖြတ်ချက်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အတားအဆီးများကို ဖယ်ရှားပေးခြင်း ဖြစ်ကြောင်း၊ အကျဉ်းသားများကို လွှတ်ပေးပြီးနောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် ရက်ပိုင်းအတွင်း ထွက်ပေါ်လာမည် ဖြစ်ကြောင်း အာဖဂန်အစိုးရ စေ့စပ်ညှိနှိုင်းရေးမှူးက ပြောသည်။ ထိုသဘောတူညီချက်တွင် ပြည်ပနိုင်ငံသား အကျဉ်းသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန်လည်း ပါဝင်ကြောင်း သိရသည်။။Ref: The Straits Times
နိုင်ငံတကာသတင်း
https://www.myawady.net.…lt/files/9_2.jpg
, 08/10/2020 - 09:54
admin_webportal
https://www.myawady.net.mm/node/385
လွဲမှားတဲ့ စိုက်ပျိုးမွေးမြူရေး စနစ်ကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ
စိုက်ပျိုးမွေးမြူရေး ဆိုတာကတော့ စားနပ်ရိက္ခာထုတ်လုပ်ရေး ဆိုတဲ့ ရည်မှန်းချက်တစ်ခုအတွက် ကောက်ပဲသီးနှံများကို စိုက်ပျိုးခြင်းနဲ့ ဒေသမျိုးရင်း တိရစ္ဆာန်များကို မွေးမြူခြင်း ဖြစ်ပါတယ်။။ဒီလိုရည်မှန်းချက်ကြောင့် စိုက်ပျိုးမွေးမြူရေးက လူသားတွေ အသက်ရှင်သန် ရပ်တည်ရေးအတွက် အလွန်အရေးပါ နေပေမယ့်လည်း ကျင့်သုံးတဲ့ စနစ်တွေက သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု တွေရှိနေပါတယ်။။အဲဒီအကျိုးသက်ရောက်မှုတွေထဲမှာ ရာသီဥတုပြောင်းလဲမှု၊ သစ်တောပြုန်းတီးမှု၊ ညစ်ညမ်းမှုနဲ့ အထွေထွေ ပတ်ဝန်းကျင် အခြေအနေ ကျဆင်းမှုတို့လည်း ပါဝင်ပါတယ်။။ရာသီဥတုပြောင်းလဲမှု။စိုက်ပျိုးမွေးမြူရေးနဲ့ ရာသီဥတုပြောင်းလဲမှုက တစ်ခုနဲ့တစ်ခု အပြန်အလှန် ဆက်နွှယ်မှု ရှိနေပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ အပူချိန် မညီမျှခြင်းကဲ့သို့ ရာသီဥတုပြောင်းလဲမှုက စိုက်ပျိုးမွေးမြူရေးအပေါ် သက်ရောက်မှုရှိသလို အပြန်အလှန်အနေနဲ့ မှားယွင်းတဲ့ စိုက်ပျိုးမွေးမြူရေး စနစ်တွေက ရာသီဥတုပြောင်းလဲမှုကို တိုးမြင့်ဖြစ်ပေါ် စေပြန်ပါတယ်။။စိုက်ပျိုး မွေးမြူရေးကြောင့်ဖြစ်တဲ့ အဓိက အကျဆုံးသော ရာသီဥတုပြောင်းလဲမှု ဖြစ်ပွားရခြင်း အကြောင်းရင်းတွေက မီသိန်း၊ နိုက်ထရပ်အောက်ဆိုက်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေကြောင့်ပဲ ဖြစ်ပါတယ်။။အဲဒီဓာတ်ငွေ့တွေ အားလုံးဟာ စိုက်ပျိုးမွေးမြူရေးကြောင့် ကမ္ဘာ့လေထုထဲကို ရောက်ရှိလာတဲ့ ဖန်လုံအိမ် ဓာတ်ငွေ့တွေ ဖြစ်ပါတယ်။ ပိုးသတ်ဆေးတွေ၊ ဓာတ်မြေသြဇာတွေ အသုံးပြုမှုကြောင့်လည်း ဖော့စဖရပ်၊ နိုက်ထရိတ်နဲ့ အမိုးနီးယား ဒြပ်ပေါင်းတွေကို လေထုထဲရောက်ရှိ လာစေတာကြောင့် လေထုသန့်ရှင်းမှု အပေါ်ကိုလည်း အကျိုးသက်ရောက်မှု ရှိစေပါတယ်။။ညစ်ညမ်းမှု။စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တွေအနေနဲ့ အရေအတွက် အရသာမက အရည်အသွေးအရပါ အရှိန်အဟုန်နဲ့ ထွက်လာစေဖို့အတွက် မြေကြီးထဲကို အားဖြည့်ဒြပ်ပေါင်းတွေ ထည့်ပြီး အသုံးပြုနေရပါတယ်။။အများဆုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရတာတွေကတော့ ဓာတ်မြေသြဇာတွေနဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေ ဖြစ်ပါတယ်။ အဲဒီဓာတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေဟာ မြေပေါ်ကနေ စီးဆင်းသွားတဲ့ ရေထဲမှာ ညစ်ညမ်းပစ္စည်း တွေအဖြစ် ပျော်ဝင်စီးဆင်းသွားပါတယ်။။ဒီလိုနည်းနဲ့ ပျော်ဝင်စီးဆင်းသွားတဲ့ ညစ်ညမ်းပစ္စည်းတွေဟာ လူသားတွေကို သာမက တိရစ္ဆာန်တွေကိုပါ ဆိုးဆိုးဝါးဝါး ထိခိုက်စေပါတယ်။။မြေအရည်အသွေးကျဆင်းမှု။ဂေဟစနစ်အားလုံးမှာ မြေကြီးပေါ်မှာ ပူးတွဲတည်ရှိနေတဲ့ သက်ရှိအမျိုးမျိုးရဲ့ ပမာဏက အလွန်ကိုပဲ များပြားတာကို တွေ့ရပါတယ်။ စားနပ်ရိက္ခာ အလျှံပယ် ထွက်ရှိဖို့အတွက် အရည်အသွေး ကောင်းမွန်တဲ့မြေက အသက်တမျှ အရေးပါပါတယ်။ ဒီလိုအရေးပါလှတဲ့ မြေကြီးရဲ့ အရည်အသွေးကို ကျဆင်းစေတာက မှားယွင်းတဲ့ စိုက်ပျိုးမွေးမြူရေး စနစ်တွေကြောင့်ပါပဲ။။အထူးသဖြင့်တော့ ပိုးသတ်ဆေးတွေ ညစ်ညမ်းမှု၊ ရေဝပ်မှုနဲ့ဆားပေါက်မှုတွေကြောင့် မြေအရည်အသွေး ကျဆင်းရတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြေတိုက်စားခြင်းကလည်း မြေသြဇာဓာတ်တွေနဲ့ မြေဆီမြေလွှာတွေကို ပျက်စီးဆုံးရှုံး စေနိုင်ပါတယ်။။သစ်တောပြုန်းတီးမှု။ယနေ့ကမ္ဘာတစ်ဝန်းမှာ စိုက်ပျိုးမွေးမြူရေး လုပ်မယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ တောရှင်းမှုတွေကြောင့် သစ်တော ပြုန်းတီးမှုတွေ ဖြစ်ပေါ်လာရပါတယ်။။ဒါတောင်မှပဲ လူသားတွေက သစ်တောတွေကို ရှင်းလင်းသည်ထက် ရှင်းလင်းပြီး စိုက်ပျိုးမွေးမြူရေးကို လုပ်နိုင်သည်ထက် ပိုလုပ်နိုင်ဖို့ ကြိုးပမ်းလာနေဆဲပါပဲ။။တစ်ဖက်မှာတော့ သစ်တောပြုန်းတီးမှုက စားကျက်မြေတွေကို ပိုမိုဖန်တီးပေးနိုင်သလို စိုက်ပျိုးမြေ အများအပြား ကိုလည်း ထွက်ပေါ်လာစေပါတယ်။။ကျန်တဲ့တစ်ဖက်မှာတော့ သစ်တောပြုန်းတီးမှုဟာ ရာသီဥတုပြောင်းလဲမှုကို ပိုမိုဆိုးဝါးလာစေ ပြန်ပါတယ်။ သစ်တောပြုန်းတီးတဲ့အတွက် တိရစ္ဆာန်မျိုးစိတ်တွေရဲ့ စားကျက်နေရာတွေ ပျက်စီးပြီး သူတို့ကို မျိုးသုဉ်းပျောက်ကွယ် သွားစေတဲ့အထိ ဖြစ်မှုတွေ ရှိနေပါသေးတယ်။။ဒါ့အပြင် အလွန်အမင်း သစ်တောပြုန်းတီးခြင်းဟာ ရေသံသရာလည်မှုကိုလည်း ကမောက်ကမဖြစ်စေပြီး အဲဒီလို ကမောက်ကမ ဖြစ်မှုက မိုးရွာသွန်းမှု၊ အပူချိန်ပြောင်းလဲမှုတို့အပေါ် ဆိုးဝါးတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေပြန်ပါတယ်။။ဒီလိုဆိုးကျိုးတွေကို ဘယ်လိုလျှော့ချမလဲ။ကြီးမားပြီး မှားယွင်းတဲ့ စိုက်ပျိုးမွေးမြူရေး စနစ်ကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုကို လျှော့ချနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်း တစ်ခုကတော့ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးနည်းစနစ်တွေကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။။ရေရှည်တည်တံ့တဲ့ စိုက်ပျိုးနည်းစနစ် ဆိုတာက ရရှိအသုံးပြုနိုင်တဲ့ သယံဇာတတွေကို ထိန်းထိန်းသိမ်းသိမ်း အသုံးပြုဖို့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ရည်ရွယ်တဲ့ စိုက်ပျိုးမွေးမြူရေး စနစ်တွေကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။။အထူးသဖြင့် ဓာတုဒြပ်ပေါင်းတွေ အသုံးပြုမှုကို လျှော့ချရမှာဖြစ်ပြီး ဒီလိုလျှော့ချမှသာလျှင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
နိုင်ငံတကာသတင်း
https://www.myawady.net.…t/files/10_2.jpg
, 08/10/2020 - 09:55
admin_webportal
https://www.myawady.net.mm/node/386
ကလေးခရိုင်အတွင်း ဖမ်းဆီးရမိခဲ့သော သစ်များကို လေလံတင် ရောင်းချမည်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်း ဖမ်းဆီးရမိခဲ့သော သစ်များကို သြဂုတ် ၁၃ ရက်တွင် ကလေးမြို့ ခရိုင်သစ်တော ဦးစီးမှူးရုံး၌ လေလံတင် ရောင်းချမည်ဖြစ်ကြောင်း ကလေးခရိုင်သစ်တော ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး၏ ပြောကြားချက်အရ သိရသည်။။''သစ်တောဦးစီးဌာနက ဖမ်းဆီးပြီးတော့ အမှုတွဲပြီးပြတ်သွားတဲ့ ပုံစံ-၈ စာရင်းဝင်ထားတဲ့ သစ်တွေကို ကျွန်တော်တို့က ပြည်သူတွေ အသုံးပြုနိုင်အောင် ဈေးပြိုင်စနစ်နဲ့ လေလံတင် ရောင်းချပေးတာပါ''ဟု ကလေးခရိုင် သစ်တောဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်ဟန် ကပြောသည်။။ပြီးခဲ့သည့် ၂ဝ၁၇၊ ၂ဝ၁၈၊ ၂ဝ၁၉ ခုနှစ်က ဖမ်းဆီးရမိခဲ့သည့် ကလေးခရိုင် ကလေးမြို့နယ်တွင် ကျွန်းသစ်ခွဲသား ၂၉ ဒသမ ဝ၁၈၂ တန်၊ တမလန်းသစ်ခွဲသား ၃ ဒသမ ၅၄၆ဝ တန်၊ ပိတောက်သစ်ခွဲသား သုည ဒသမ ၃၅ဝဝ တန်၊ အုပ်စု(၁)သစ်ခွဲသား ၄၂ ဒသမ ၈၉၇၂ တန်၊ ကလေးဝမြို့နယ်၌ ကျွန်းသစ်ခွဲသား ၂၅၉ ဒသမ ၇ဝ၇၃ တန်၊ တမလန်းသစ်ခွဲသား ၁၇၈ ဒသမ၆၆၉၆ တန်၊ ပိတောက်သစ်ခွဲသား ၁၂ ဒသမ ၈၂၄၄ တန်၊ အုပ်စု(၁)သစ်ခွဲသား ၂ဝ၂ ဒသမဝ၃၉၈ တန်နှင့် မင်းကင်းမြို့နယ်၌ ကျွန်းသစ်ခွဲသား ၂၁ ဒသမ ၅၆၁၄ တန်၊ တမလန်းသစ်ခွဲ။သား ၆၃ ဒသမ ၃၆၈၇ တန်၊ ပိတောက်သစ်ခွဲသား ၁၆၃ ဒသမ ၅၂၆ဝ တန်အား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/10891.jpg
, 08/10/2020 - 09:58
admin_webportal
https://www.myawady.net.mm/node/387
လားရှိုးမြို့မှ ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်ငယ်များ ကြားယာဉ်လိုင်းကြောင့် ခရီးသည်ရရှိမှု နည်းပါးနေ
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မန်ဆူကားလေးဝင်းမှ ဒေသအသီးသီးသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်း ၅၂ လိုင်းရှိပြီး ခရီးသည်များ တင်ဆောင်၍ ပြေးဆွဲနေသော်လည်း လက်ရှိတွင် ကြားကားများပါ ဝင်ရောက်ပြေးဆွဲနေသောကြောင့် ဂိတ်ဝင်လိုင်းကားများ၌ ခရီးသည်ရရှိမှု နည်းပါးနေကြောင်း လားရှိုး-လောက်ကိုင် ပြေးဆွဲနေသည့် ယာဉ်မောင်း စိုင်းမွန်းဖထံမှ သိရသည်။။''ကျွန်တော်တို့ ယာဉ်လိုင်းတွေက ဂိတ်ပတ်နဲ့ ထွက်ရတာ၊ ကြားကားတွေကတော့ ခရီးသည်ရတာနဲ့ အလွတ်ပြေးဆွဲနေကြတာ၊ နောက်တစ်ခုက ကျွန်တော်တို့ လိုင်းဝင်ကားတွေက ကားဝင်းအတွင်းကနေပြီး ခရီးသည်တင်ရတာ၊ ကြားကားတွေကတော့ ကားဝင်းအနီး လားရှိုး-သိန်းနီလမ်းကနေဖြတ်ပြီး ခရီးသည် တင်ကြရတာဆိုတော့ ကားဝင်းထဲအထိ ခရီးသည်အရောက်။နည်းတယ်။ အဲဒီလို ကြားဖြတ်ပြီး ခရီးသည်တင်နေတဲ့ ကြားကားတွေကြောင့် ဂိတ်ပတ်နဲ့ထွက်တဲ့ ကျွန်တော်တို့လို ကားတွေက ခရီးသည် ရရှိမှု နည်းပါးနေတာဖြစ်ပါတယ်''ဟု ယာဉ်မောင်းစိုင်းမွန်းဖ ကပြောသည်။။လားရှိုးမြို့မှတစ်ဆင့် သိန်းနီ၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ မူဆယ်၊ တန့်ယန်း၊ မိုင်းရယ်၊ ပန်ဆန်း၊ လောက်ကိုင်၊ ချင်းရွှေဟော်နှင့် တခြားမြို့နယ်များဖြစ်သည့် သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ပြင်ဦးလွင်၊ မန္တလေး အစရှိသည့်မြို့နယ်တို့နှင့် အခြားဒေသများသို့ ပြေးဆွဲလျက်ရှိသည်။။ဂိတ်ပတ်ဖြင့် ပြေးဆွဲနေသည့် ယာဉ်လိုင်းများအနေဖြင့် ခရီးသည်ရရှိမှု နည်းပါးနေသောကြောင့် စီးပွားရေး အဆင်မပြေကြောင်း ယာဉ်မောင်းများထံမှ သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/10892.jpg
, 08/10/2020 - 10:03
admin_webportal
https://www.myawady.net.mm/node/388
တက္ကသိုလ်ဝင် စာမေးပွဲတွင် အကျဉ်း ဦးစီးဌာနက ၆ဝ ဒသမ ၆၇ ရာခိုင်နှုန်းအောင်မြင်
ရန်ကုန် သြဂုတ် ၉။၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ပြည်ထဲရေး ဝန်ကြီးဌာန အကျဉ်း ဦးစီးဌာနရှိ အကျဉ်း သားနှင့် အချုပ်သားများ ဝင်ရောက်ဖြေဆိုရာ ၆ဝဒသမ ၆၇ရာခိုင်နှုန်း အောင်မြင်ကြောင်း သိရသည်။။အကျဉ်းထောင် ၁၁ ခုမှ အကျဉ်းသား ၁၆၂ ဦး၊ အကျဉ်းသူ ၁၃ ဦး၊ အချုပ်သား နှစ်ဦး၊ အချုပ်သူတစ်ဦး စုစုပေါင်း ၁၇၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၁ဝ၈ ဦးအောင်မြင်သဖြင့် ၆ဝ ဒသမ ၆၇ ရာခိုင်နှုန်း အောင်မြင်ခဲ့ခြင်း ဖြစ်သည်။။ထိုသို့အောင်မြင်သူများမှာ လေးဘာသာ ဂုဏ်ထူးရှင်တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၁ ဦး၊ နှစ်ဘာသာ ဂုဏ်ထူး ရှင် ၂၈ ဦး၊ တစ် ဘာသာဂုဏ်ထူးရှင် ၃၈ ဦး၊ ရိုးရိုးအောင်မြင်သူ ၃ဝ ဦးဖြစ်ကြောင်း သိရသည်။။ဆုလာဘ်
ပြည်တွင်းသတင်း
https://www.myawady.net.…es/6-1082020.jpg
, 08/10/2020 - 10:04
admin_webportal
https://www.myawady.net.mm/node/389
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား မြန်မာ အမျိုးသား လေကြောင်းလိုင်း (MNA) ဖြင့် သွားရောက် ခေါ်ဆောင်
ရန်ကုန် သြဂုတ် ၉။ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသည့် COVID-19 ရောဂါကြောင့် နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်း မှု ယာယီ ရပ်ဆိုင်းထားသည့်အတွက် ထိုင်းနိုင်ငံတွင် ရောက်ရှိ ပိတ်မိနေပြီး အခက်အခဲဖြစ်နေသည့် မြန်မာ နိုင်ငံသား များအား ကယ်ဆယ်ရေး လေယာဉ် မြန်မာ အမျိုးသား လေကြောင်းလိုင်း (MNA) ဖြင့် ယနေ့တွင် သွားရောက် ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။။အဆိုပါကယ်ဆယ်ရေး လေယာဉ် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ဖြင့် မြန်မာနိုင်ငံသား ၈၃ဦး ပြန်လည် လိုက်ပါလာကြပြီး ယနေ့ည ၇ နာရီ မိနစ် ၄ဝ တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိ ခဲ့သည်။ ယနေ့ခရီးစဉ်သည် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား ခြောက်ကြိမ်မြောက် ပြန်လည် ခေါ်ဆောင်ပေးသည့် ခရီးစဉ်ဖြစ်သည်။။ပြည်ပနိုင်ငံ များတွင် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံ သားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့် ဗဟိုကော်မတီ၏ လမ်းညွှန် ချက်နှင့်အညီ ကယ်ဆယ်ရေး လေယာဉ်များ၊ အထူး လေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ် ဆောင်ပေး နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။။ဝန်းရံခ
ပြည်တွင်းသတင်း
https://www.myawady.net.…es/7-1082020.jpg
, 08/10/2020 - 10:16
admin_webportal
https://www.myawady.net.mm/node/392
အချိန်ကို အကျိုးရှိအောင် အသုံးပြုပါ
အယ်ဒီတာ့အာဘော်။(၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ် ၁ဝ ရက်)။လူတို့၏အသက်သည် အချိန်ကိုမှီ၍ဖြစ်တည်နေခြင်းဖြစ်သည်။ သို့အတွက် အချိန်ကိုနှမြောရမည်။ အချိန်ကို ချွေတာလျှင် ငွေကိုစု၍ အတိုးချသည်ထက် ပိုမို၍ကြီးသော အတိုးအမြတ် ရနိုင်သည်။ လူတစ်ဦး၏ စိတ်သ ဘောကို သိလိုလျှင် အားလပ်သောအချိန်များကို သူမည်ကဲ့သို့ အသုံးပြုသလဲဆိုသည်ကိုကြည့်ရမည်။ အချိန်ဟု ဆိုလိုက်သည်နှင့် ပြီးခဲ့သောအတိတ်ကအချိန်ကို ပြန်လည်မတွေးသင့်သလို အနာဂတ်ကိုလည်း ကြိုတင်၍ မကြံထား သင့်ပါ။ ယခုလက်ရှိတွေ့ကြုံနေရသောအချိန်တို့ကိုသာ နေရာတကျ အသုံးပြုရမည်ဖြစ် ပေသည်။ ပစ္စုပ္ပန် အချိန်ကို အကျိုးရှိစွာအသုံးချလျှင် အနာဂတ်အရေးတို့သည် အလိုလိုပြည့်စုံလိမ့်မည်သာ ဖြစ်သည်။ သာသနာတွင် ထင်ရှားကျော်ကြားခဲ့သော ကျေးဇူးရှင်လယ်တီဆရာတော်ကြီးသည် များစွာသော ကျမ်းများကို ခရီးသွားရင်း ရေးသားပြုစုစီရင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ယခုခေတ်အခါသမယထင်ပေါ်ကျော်စော သူပုဂ္ဂိုလ်ကြီး များတွင် လယ်တီဆရာတော်သည် ဝီရိယ အကြီးဆုံးသော ပုဂ္ဂိုလ်ထူးဖြစ်ပေသည်။။အလုပ်ကိုစိတ်ထဲမှာစွဲမြဲထားသူတို့မှာ ယင်းတို့၏စိတ်သည် မအားလပ်သဖြင့် အခြားသော သူများကဲ့သို့ သေးနုပ် သိမ်ဖျင်းသော အကြံအစည်တို့ကို လည်းကောင်း၊ မကောင်းသော စိတ်အကြံအစည်တို့ကို လည်းကောင်း တွေးတော ကြံစည်ရန် အချိန်မရှိတော့ပေ။ မကောင်းသောစိတ်အကြံအစည်သည်လည်း ဝင်ရောက်ခွင့် မရသဖြင့် ထိုသူတို့၏ စိတ်သည် မြင့်သည်ထက်မြင့်၊ မြတ်သည်ထက်မြတ်၊ ရင့်သည်ထက်ရင့်၊ ကြီးမားထက်သန်သည်ထက် ကြီးမား ထက်သန်ပြီးလျှင် အများသူငါတို့၏ လေးစားပူဇော်ခြင်းကို ခံကြရလေသည်။။ကမ္ဘာပေါ်၌ထင်ရှား ကျော်ကြားသူ မှန်သမျှသည် အချိန်ကို ကပ်စေးနှဲသူများ၊ အချိန်လောဘကြီးသူများ ဖြစ်ကြ လေသည်။ အချိန်ကိုဖြုန်းခြင်း၌ အချိန်ထက်နှမြောစရာ ကောင်းသောအရေးသည် ဖြုန်းတီးကုန်ဆုံး ဆုတ်ယုတ်သော စိတ်အား သတ္တိဖြစ်ပေသည်။ စိတ်အားသတ္တိ ယုတ်လျော့သောအခါ ပျင်းရိခြင်းသည် ကြီးစိုးသွား လေသည်။ ပျင်းရိခြင်းသည် စိတ်အားကိုယ်အားဉာဏ်အားကို သံချေးတက်၍ ဖျက်သည်နှင့်အလားတူသည်။ အလုပ်မှာ စနစ် ရှိသော်လည်း ပျင်းရိခြင်းတွင် ဘာမျှမရှိပါ။။အချိန်ရှိခိုက်လုံ့လစိုက်ဟူသော စကားအရ လူတစ်ဦးသည် တစ်နေ့လျှင် ၁၅ မိနစ်မျှ စာအုပ်ကောင်း များကို ဖတ်လျှင် လေးနှစ်အတွင်း သိပ္ပံပညာနှင့်ညီမျှသော အသိအလိမ္မာပညာကိုရနိုင်သည်။ ၁၅ မိနစ်သည် ထိုမျ ှလောက်သော အကျိုးရှိပါက မိနစ် ၃ဝ၊ တစ်နာရီမျှအသုံးပြုလျှင် နှစ်ပေါင်းအနည်းငယ် အတွင်းကြီးမား သော ပြောင်းလဲခြင်း၊ တိုးတက်ခြင်းများဖြစ်လာနိုင်သည်။ တစ်နေ့လျှင် တစ်နာရီမျှ ပညာတစ်ခုခုကိုသင်ယူပါက မကြာမီ ဘာသာစကားနှစ်မျိုး၊ သုံးမျိုးကိုတတ်မြောက်နိုင်သည်။ တစ်နေ့လျှင် တစ်နာရီမျှ တိုးတက်အောင် ကြိုးစား သူများမှာ သုံးနှစ်အတွင်း လူသာမန် အနိမ့်စားအဖြစ်မှ အမြင့်စားအဖြစ်သို့ ရောက်နိုင်သည်မှာ မလွဲဧကန် အမှန် ပင် ဖြစ်ပေသည်။။မြန်မာ့သမိုင်းတွင် အချိန်ကိုမေ့လျော့စွာ နေခဲ့၍ နှစ်ပေါင်း ၆ဝ ကြာသည့်တိုင် စာပေမတတ်ဘဲရှိခဲ့ရာ မှ အချိန်၏ တန်ဖိုးကိုသိ၍ ကြိုးစားလိုက်သောအခါ ပိဋကတ်စာပေ တတ်မြောက်သွားခဲ့သော ဖြစ်ရပ်ရှိခဲ့လေသည်။ ပုဂံပြည် တွင် ကျစွာမင်းကြီး လက်ထက်(၅၉၆-၆၁၂)၌ အသက် ၆ဝ အရွယ်ရဟန်းအိုကြီး တစ်ပါးရှိသည်။ ထိုရဟန်းကြီး သည် နေ့တိုင်းသွားတိုက်သောတံပူ (သွားတိုက်တံ) တို့ကို ကျောင်းအောက်ရှိ ၄ တောင်မျှနက် ကျယ်သော တွင်းထဲသို့ ပစ်ချလေ့ရှိသည်။ ပစ်ချဖန်များ လာသော် ထိုတွင်းပြည့်မောက် သွားလေသည်။။တစ်နေ့၌ ထိုတံပူကိုကြည့်၍''ငါသည်တစ်နေ့လျှင် တံပူတစ်ချောင်းမျှသာ တိုက်၍ပစ်ခဲ့ရာ ယခု တွင်းပြည့်လေပြီ။ ဤမျှသေးငယ်သော တံပူတို့ပင်ဖြစ်သော်လည်း နေ့စဉ်မှန်မှန် ပစ်ချ၍ ကာလကြာသော် တွင်းတစ်ခု လုံးပြည့် လေပြီတကား။ ငါသည်ယခုအသက် ၆ဝ တိုင် အချိန်ကိုအမှတ်မဲ့နေခဲ့၍ စာပေမတတ်ရှိခဲ့သည်။ တစ်နေ့တစ်နေ့ တွင် ယခုတံပူလောက် အနည်းငယ် စာသင်ခဲ့ပါလျှင် ကာလကြာသော် များစွာ တတ်ရန်ရှိပေသည်'' ဟု တွေးတော မိလေသည်။။စာပေသင်ရန်အတွက် မင်းကြီးထံမှာ ကံ့ကူဆံအလှူခံသည်။ မင်းကြီးက''အရှင်ဘုရား အသက်ကြီးလှ ပေပြီ၊ ယခုမှ စာသင်၍ အဘယ်မှာ တတ်နိုင်မည်နည်း။ ကျည်ပွေ့ အတက်ပေါက်မှ စာတတ်လိမ့်မည်'' ပြက်ရယ် ဆို၍ ကံ့ကူဆံကို လှူလိုက်သည်။ စိတ်ဆန္ဒ ရည်မှန်းချက်ကြီးမားစွာ အချိန်ကိုအကျိုးရှိရှိ အသုံးပြုလိုက်သောအခါ တကယ်ပင် ကျည်ပွေ့က အတက်ပေါက်သည့်အလား ပညာဉာဏ်ပြီးမြောက်ခဲ့လေသည်။ ရဲရဲဝံ့ဝံ့ပင် ဘုရင် ထံ မှောက်ဝင်၍''ငါ-ယခုစာတတ်ပြီ၊ မေးလိုရာ မေးလော့'' ခပ်မာမာပင် မိန့်ဆိုလေ၏။ မေးသမျှအလုံးစုံကို လျင်မြန်စွာ ဖြေဆိုနိုင်ခဲ့သည်။ နောက်ဆုံးတွင်ဘုရင်ကိုယ်တိုင်က ''ဒိသာပါမောက္ခ '' ဟူသော ဘွဲ့တံဆိပ်ကို လှူ တော် မူလိုက်သည်။ ဤကားအချိန်ကို တန်ဖိုးရှိစွာ အသုံးပြုခြင်း၏ ကောင်းကျိုး ချမ်းသာဖြစ်ပါကြောင်း ရေးသား လိုက် ရပေသည်။ ။
အယ်ဒီတာ့အာဘော်
https://www.myawady.net.…2000022%20_0.jpg
, 08/10/2020 - 11:29
admin_webportal
https://www.myawady.net.mm/node/394
၂ဝ၂ဝ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် မန္တလေးတိုင်း ဒေသကြီးက အောင်ချက် အကောင်းဆုံးဖြစ်
နေပြည်တော် သြဂုတ် ၉။၂ဝ၂ဝ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ကြေညာခဲ့ရာ မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ ၉၁ဝ၂၂၉ ဦးအနက် အောင်မြင်သူ ၂၉၁၇၉၈ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၃၂ ဒသမ ဝ၆ ရာခိုင်နှုန်းဖြစ်ကာ မြန်မာ တစ်နိုင်ငံလုံးတွင် မန္တလေးတိုင်းဒေသကြီးမှ အောင်ချက်အကောင်းဆုံးဖြစ်ကြောင်း သိရသည်။။၂ဝ၁၉ ခုနှစ် အောင်ချက်နှင့် နှိုင်းယှဉ်ပါက အောင်ချက်ရာခိုင်နှုန်း သုည ဒသမ ၆၂ ရာခိုင်နှုန်းတိုးလာကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…es/8-1082020.jpg
, 08/10/2020 - 11:43
admin_webportal
https://www.myawady.net.mm/node/395
တစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်း ရမှတ်အများဆုံး မမေသက်ထွန်းနှင့် တွေ့ဆုံခြင်း
ရန်ကုန် သြဂုတ် ၉။၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် မြန်မာ တစ်နိုင်ငံလုံး၌ သိပ္ပံတွဲ အထူးပြုဘာသာရပ် ဖြင့် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ မမေသက်ထွန်းက ဘာသာစုံ ဂုဏ်ထူးရမှတ်ပေါင်း ၅၅၂ မှတ်ဖြင့် အမှတ် အများဆုံးရရှိသည်။။''သမီးအနေနဲ့ အထက်တန်းရောက်လာ တဲ့အခါမှာ အခုလို Top Ten ဝင်ချင်တဲ့ စိတ်လေးဖြစ်လာခဲ့မိတယ်။ Top Ten ထဲမှာ တစ်နေရာရာတော့ ဝင်ရမယ်ပေါ့။ ဒီအတွက် ရည်မှန်းချက်ထားပြီး တက္ကသိုလ်ဝင်တန်း ရောက်လာတဲ့ အခါမှာ အကောင်းဆုံး ကြိုးစားခဲ့တာပါ။။အခုလိုအောင်မြင်မှုရရှိလာတဲ့အပေါ်မှာ ကြိုးစားအားထုတ်မှုကတော့ အားနည်းတဲ့ဘာသာတွေကို အချိန်ပိုပေးပြီး တော့ ပိုကျက်ဖြစ်တယ်။ ကျက်လို့မရတဲ့စာတွေ ဆိုရင် မကျက်ဘဲ အထပ်ထပ်အခါခါ ဖတ်တယ်။ တွက်စာတွေ ဆိုရင်လည်း တချို့ မလွယ်တဲ့ ပုဒ်စာတွေဆိုရင် အထပ်ထပ်အခါခါ ပြန်ပြီးလေ့ကျင့်ဖြစ်တယ်။ စာကြည့်တဲ့ အချိန် ဇယားဆွဲပြီး အတတ်နိုင်ဆုံး အချိန်ဇယားထဲ ဝင်အောင်လေ့ကျင့်ဖြစ်ပါတယ်။ ကျောင်းတို့ ပြင်ပ ကျူရှင်တို့ရဲ့ စာမေးပွဲတွေကြောင့် ကျောင်းက ဆရာမတွေပေးတဲ့ အိမ်စာတွေ မပြီးတာရှိရင်လည်း အိပ်ချိန်ကို လျှော့ပြီး အချိန်ပိုမှာ အိမ်စာတွေပြီးအောင် လုပ်ဖြစ်ပါတယ်။။ရှေ့ဆက်ပြီး အနာဂတ်ရည်မှန်းချက် အနေနဲ့ကတော့ ကလေးတွေကိုချစ်တယ်။ ကလေးတွေနဲ့အတူ နေချင်တဲ့ အတွက် သူတို့ နဲ့နီးစပ်တဲ့ ကလေးအထူးကုဆရာဝန်ကြီး တစ်ယောက်ဖြစ်ချင်ပါတယ်။ ဖြစ်အောင်လည်း ကြိုးစားသွားပါမယ်။ သမီးအနေနဲ့ အရင်ရှစ်တန်းနှစ်မှာ သင်္ချာအိုလံပစ်ဝင်ပြိုင် ခဲ့ပါတယ်။ ကိုးတန်း၊ ဆယ်တန်းမှာလည်း ဆက်တိုက်ပြိုင်ခဲ့တာတွေ ရှိတယ်။ ကျောင်း စာပြင်ပအနေနဲ့ ရေကူး၊ ကြက်တောင်နဲ့ စက်ဘီးစီး အားကစားတွေလုပ်တယ်။ ပန်းချီ ဆွဲတယ်။ စာဖတ်တယ်။ သီချင်းတွေလည်း နားထောင်ဖြစ်ပါတယ်။။ဒါကြောင့် တက္ကသိုလ်ဝင်တန်းကို အသစ်တက်ကြမယ့် မောင်ငယ်ညီမငယ်တွေအနေနဲ့လည်း ကြိုးစားကြပါ။ လူတိုင်း မှာ ကိုယ်ရဲ့ ရည်မှန်းချက်အတိုင်း အကောင်းဆုံး ဖြစ်အောင်လုပ်ကြပါ''ဟု မမေသက်ထွန်း ကပြောသည်။။မမေသက်ထွန်းသည် ယခုအခါတွင် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ပန်းလှိုင်လမ်းရှိ ပန်းလှိုင် အိမ်ရာ တိုက် အမှတ်(၉)၌ မိဘနှင့် အတူ နေထိုင်လျက်ရှိ ကြောင်းသိရသည်။။မောင်မျိုး(ဧရာဝတီ)
ပြည်တွင်းသတင်း
https://www.myawady.net.…s/11-1082020.jpg
, 08/10/2020 - 11:56
admin_webportal
https://www.myawady.net.mm/node/399
မြန်မာ့ရော်ဘာ ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အထောက်အကူ ပြုရန် ပံ့ပိုးကူညီမည်
ရန်ကုန် စီးပွားရေး။မြန်မာ့ရော်ဘာကဏ္ဍဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုရန် ပံ့ပိုးကူညီမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။။အရည်အသွေးပြည့်မီသည့် မြန်မာ့ ရော်ဘာများတင်ပို့နိုင်ရေးအတွက် နည်းပညာဆိုင်ရာအထောက်အကူများကို တစ် စိတ်တစ်ပိုင်းအနေဖြင့် ဖြည့်ဆည်းထားပြီး ကဏ္ဍတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်စေရန် တခြားလို အပ်ချက် များဖြစ်သော ဓာတ်ခွဲခန်း ဝန်ထမ်း ထပ်မံဖြည့်တင်းရေးနှင့် ဓာတ်ခွဲ ခန်းအဆောက်အအုံတိုးချဲ့ရေးတို့ကိုလည်း ဆောင် ရွက် ပေးမည်ဖြစ်သည်။ ထို့ပြင် ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ (JICA) ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး နည်းပညာ အကူ အညီများ ရယူဆောင်ရွက်မည် ဖြစ်သည်။။မြန်မာ့ရော်ဘာကဏ္ဍတွင် ထုတ်လုပ်မှု မြှင့်တင်ရေး၊ ဈေးနှုန်းရရှိရေးနှင့် အရည်အသွေးမြှင့်တင်ရေးတို့အတွက် လိုအပ်သောထိန်းကျောင်းမှုများ ဆောင်ရွက်နိုင် ရန် ရန်ကုန်မြို့၌ နှီးနှောဖလှယ်ပွဲတစ်ရပ် ကျင်းပမည်ဖြစ်သည်။။''အစိုးရရဲ့ပံ့ပိုးမှုလိုအပ်သလို တစ်ဖက် မှာလည်း တွေ့ကြုံနေရတဲ့အခက်အခဲတွေ ကို နှီးနှောဖလှယ်ပွဲကနေ အဖြေရှာ နိုင်ကြ ဖို့ ကျင်းပမှာဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်ထူးကပြောသည်။။၂ဝ၁၆ ခုနှစ်က စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ် သူများ အသင်းတို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး၍ စားသုံးသူရေးရာဦးစီးဌာန ကုန်ပစ္စည်း စမ်းသပ် စစ်ဆေးရေးနှင့် အရည် အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၌ မြန်မာ့သဘာဝ ရော်ဘာအရည်အသွေး။စမ်းသပ် စစ်ဆေးရေး ဓာတ်ခွဲခန်း (MNRQTL) ကို တည်ထောင်ခဲ့ကြောင်း သိရသည်။။သုသု(AMIA)
စီးပွားရေး
https://www.myawady.net.…10-1082020_0.jpg
, 08/10/2020 - 14:51
admin_webportal
https://www.myawady.net.mm/node/402
ပန်းချီကားများ ဝယ်ယူစုဆောင်းသူများလာ
ပန်းချီကားများကို ဝယ်ယူစုဆောင်းသူ များလာခြင်းကြောင့် ပြည်တွင်းဈေးကွက် အတွင်း ပန်းချီကားများ အနည်းငယ်အဝယ်လိုက်လာကြောင်း ရန်ကုန်မြို့ရှိ ပန်းချီနှင့်အနုပညာပစ္စည်း အရောင်းဆိုင်ပိုင်ရှင်များထံမှ သိရသည်။။''အခုနောက်ပိုင်းတော့ ပြည်တွင်းဝယ်လက်တွေ အဝယ်နည်းနည်း လိုက်လာတယ်။။ဒါကလည်း အခုလို ပန်းချီအပါအဝင် အနုပညာလက်ရာတွေကို တန်ဖိုးထားပြီး စုဆောင်းသူတွေ များလာတာကြောင့်ဖြစ်တယ်လို့ မြင်မိပါတယ်''ဟု ပန်းချီဆရာ ဦးမြင့်ဦးကပြောသည်။။ပန်းချီဈေးကွက်မှာ ယခင်က နိုင်ငံခြား ခရီးသွားဧည့်သည်များ အပေါ် မှီခိုနေရသော အခြေအနေဖြစ်သော်လည်း ပြည်ပခရီးသွား ဝင်ရောက်မှုမရှိသည့် ယခုကာလတွင် ပြည်တွင်းဝယ်လက်များ ဝယ်ယူလာကြခြင်းကြောင့် အရောင်းအဝယ် အနည်းငယ် ပြန်ဖြစ်လာခြင်းဖြစ်သည်။။ယခင်က နိုင်ငံခြားခရီးသွား ဧည့်သည်များကို ရောင်းချရာတွင် အမေရိကန်ဒေါ်လာ ၅ဝ ကျော်မှ ၄ဝဝ ဝန်းကျင်အထိ ဈေးနှုန်းအသီးသီးဖြင့် ရောင်းချပြီး ပြည်တွင်းဝယ်လက်များမှာ ငွေကျပ် သိန်းဂဏန်း အောက်တန်ကြေးရှိသော ပန်းချီကားများကို အများဆုံးဝယ်ယူကြကြောင်း၊ တချို့မှာ ငွေကျပ် နှစ်သိန်းမှ သုံးသိန်းကြားရှိသော ပန်းချီကားများကို ဝယ်ယူကြကြောင်း သိရသည်။
အနုပညာ
https://www.myawady.net.…40_560%20%20.jpg
, 08/10/2020 - 15:03
admin_webportal
https://www.myawady.net.mm/node/403
ယခုနှစ်အတွင်း နှံစားပြောင်း ပြည်ပတင်ပို့မှု ဈေးကွက် ကောင်းမွန်ရန် မျှော်မှန်းထား
ပင်းတယ၊ စီးပွားရေး။ပြီးခဲ့သည့် နှစ်က ပြည်ပသို့ နှံစားပြောင်းတင်ပို့မှု လျော့နည်းခဲ့သဖြင့် ယခုနှစ်အတွင်း ဈေးကွက်ကောင်းမွန်ရန် မျှော်မှန်း ထားကြောင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့နယ်၌ နှံစားပြောင်းစိုက်ပျိုးသူ ဦးခင်မောင်၏ ပြောဆို ချက်အရ သိရသည်။။နှံစားပြောင်းကို စက်တင်ဘာလအတွင်း စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် ရိတ် သိမ်းမည်ဖြစ်ရာ ယခုနှစ်အတွင်း ပြည်ပသို့ တင်ပို့မှုကောင်းမွန်ရန် မျှော်မှန်းထားခြင်း ဖြစ်သည်။။''ကျွန်တော်တို့က နှံစားပြောင်းကို အစေ့ ထုတ်ပြီးတင်ပို့တာပါ။ ပြီးခဲ့တဲ့နှစ်ကစပြီး တရုတ်နိုင်ငံက အဝယ်နည်း သွားလို့ ထိုင်းနိုင်ငံကို ပြောင်းပြီးတင်ပို့တာ ထိုင်းနိုင်ငံက ကြက်စာအတွက်ဝယ်တယ်။ စက်တင်ဘာ လဆိုရင် နှံစားပြောင်း စပြီးစိုက်တော့မှာပါ။ အခုကြိုပြီးပြင်ဆင်နေပြီ။ ပြီးခဲ့တဲ့နှစ်က ပြည်ပတင်ပို့တဲ့ဈေးကွက် မကောင်း ခဲ့ တော့ ဒီနှစ်ကောင်းမွန်ဖို့ မျှော်လင့်နေရတယ်''ဟု ဦးခင်မောင်ကပြောသည်။။ပြည်တွင်း၌ စိုက်ပျိုးသည့် နှံစားပြောင်းကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ခဲ့ရာမှ ပြီးခဲ့သည့်ဘဏ္ဍာနှစ်မှစပြီး တရုတ်နိုင်ငံက ဝယ်ယူမှုလျော့နည်းခဲ့သဖြင့် ဈေးနှုန်း ကျဆင်းခဲ့သည့်အတွက် ထိုင်းနိုင်ငံသို့ ပြောင်းလဲ တင်ပို့ခဲ့ရသည်။ ထို့ပြင် ပြည်တွင်း ရှိ တိရစ္ဆာန်အစာထုတ်လုပ်သည့်လုပ်ငန်း များမှ ပြောင်းဝယ်လိုအား မြင့်တက် လာကြောင်း သိရ သည်။။ပြည်တွင်း၌ နှစ်စဉ် ပြောင်းသီးနှံကို ပိုလျှံစွာ စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည် နယ်နှင့် ကရင်ပြည်နယ်တို့၌ နှစ်စဉ် ဧက တစ်သန်းကျော် စိုက်ပျိုးကြကြောင်း သိရသည်။။အက္ခရာ (AMIA)
စီးပွားရေး
https://www.myawady.net.…11-1082020_0.jpg
, 08/10/2020 - 15:04
admin_webportal
https://www.myawady.net.mm/node/404
ပြည်တွင်းဝါး လက်မှုအကြမ်း ထည်ဈေးကွက် အလုပ်တွင် ကျယ်သော်လည်း အချောထည် ဈေးကွက် ကျဆင်း
ရန်ကုန်၊ စီးပွားရေး။ပြည်တွင်းဝါးလက်မှုအကြမ်းထည်ဈေးကွက် အလုပ်တွင် ကျယ်နေသော်လည်း အချောထည်ဈေးကွက် ကျဆင်း လျက်ရှိ ကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်း၏ပြောပြချက်အရ သိရ သည်။။ဝါးလက်မှုအကြမ်းထည်များသည် ပြည်တွင်းသုံးဖြစ်သည့်အတွက် ဈေးကွက်အတွင်း မဖြစ်မနေဝယ်ယူသုံးစွဲသူများ ပုံမှန်ဝယ်ယူ မှုရှိသောကြောင့် အလုပ်တွင်ကျယ်နေခြင်း ဖြစ်ကြောင်း သိရသည်။။ထို့ပြင် ဝါးလက်မှုအချောထည်ကို COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလမတိုင်မီက ပြည်ပသို့ တစ်ပိုင် တစ်နိုင် တင်ပို့သူအနည်းငယ်ရှိခဲ့ပြီး နိုင်ငံခြား ခရီးသွားဧည့်သည်များ ဝယ်ယူမှုရှိခဲ့သော် လည်း လက်ရှိတွင် ပြည်တွင်း၌ နိုင်ငံခြား ခရီးသွားဧည့်သည်ဝင်ရောက်မှုရပ်တန့်နေ သည့်အတွက် ဝါးလက်မှု အချော ထည်ဈေး ကွက်ကျ ဆင်းလျက်ရှိကြောင်း သိရသည်။ ဝါးကုန်ကြမ်းမှ အချောထည်များအဖြစ် မီးအုပ်ဆောင်း၊ နာရီဒိုင်ခွက်၊ ဓာတ်ပုံမှန် ပေါင်၊ တစ်သျှူးဘောက်စ်၊ သစ်သီးထည့် သည့်ခြင်း၊ ဖုန်းတင်စင်၊ နှီးခမောက်၊ မီးအိမ်၊ ပန်းအိုး၊ ရေခွက်နှင့် ကရားအိုးများ ထုတ် လုပ်ရောင်းချကြကြောင်း သိရသည်။။နေနေ
စီးပွားရေး
https://www.myawady.net.…12-1082020_0.jpg
, 08/10/2020 - 15:14
admin_webportal
https://www.myawady.net.mm/node/405
ရုပ်ရှင်ရုံပြသခွင့် ရပ်နားထားသည့် ကာလတွင် ရုံအတွင်းအပြင် အကြီးစားပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်
မြန်မာနိုင်ငံတွင် COVID-19 ရောဂါပြန့်ပွားမှု ထိန်းချုပ်ကာကွယ်နိုင်ရန် အတွက် လူစုလူဝေးဖြစ်ပေါ်မှု မဖြစ်စေရေး ရုပ်ရှင်ပြသခြင်း လုပ်ငန်းများအား မတ်လအတွင်းမှ စတင်၍ ယာယီပိတ်ထားသည့် ကာလ၌ ရုပ်ရှင်ပြန်လည်ပြသခွင့်ရရှိသည့် အချိန်တွင် ရုပ်ရှင်ကြည့်ပရိသတ်များ စိတ်အေးချမ်းသာစွာ ကြည့်ရှုနိုင်ရန်အတွက် ရုပ်ရှင်ရုံ အတွင်းအပြင်ကို ဇူလိုင်လမှစတင်၍ အကြီးစားပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ သီတာအေး ရုပ်ရှင်ရုံမန်နေဂျာ ဦးသာချိုက ပြောသည်။။''ရုပ်ရှင်လုပ်ငန်း ရပ်ထားရတာ လေးလကျော်သွားပြီ။ အခုရက်ပိုင်းတော့ ရုံအတွင်းအပြင် ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ အဲဒါမှလည်း ရုပ်ရှင်ပြန်လည်ပြခွင့် ရတဲ့အခါကျရင် ရုပ်ရှင်ကြည့်ပရိသတ်တွေ စိတ်အေးချမ်းသာစွာ ကြည့်ရှုနိုင်တာပေါ့။ ကိုဗစ်ကာလဆိုတော့ ရုပ်ရှင်လာကြည့်တဲ့သူတွေ ကျန်းမာရေးအတွက် လက်ဆေးဘေစင် ထားရှိဖို့ ပြုလုပ်တာတွေကိုလည်း ကြိုတင်ပြင်ဆင်ထားပါတယ်''ဟု ၎င်းကပြောသည်။။သီတာအေးရုပ်ရှင်ရုံသည် ရုံအပြည့် လူသွင်းနိုင်ပါက ပရိသတ်လေးရာကျော် အထိ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း၊ ယခုနှစ် မတ် ၁၆ ရက်မှစတင်၍ လူစုလူဝေးမဖြစ်စေရန် အခြားအခမ်းအနားများ အပါအဝင်ရုပ်ရှင်ရုံများကို ယာယီပိတ်ထားရသည်။ ၎င်းကာလအတွင်း ဝင်ငွေရရှိခြင်း မရှိသည့် အတွက် ရုပ်ရှင်ရုံလုပ်ငန်း လုပ်ကိုင်သူမိသားစုများ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်လာရာ ဝန်ထမ်းအင်အား ၁ဝ ဦးရှိရာမှ လုံခြုံရေးဝန်ထမ်းနှင့် သန့်ရှင်းရေးဝန်ထမ်းသာ ထားရှိပြီး ကျန်ဝန်ထမ်းများအား လျှော့ချထားရကြောင်း၊ ယခုအခါ ရုပ်ရှင်ပြသခွင့် ယာယီရပ်ဆိုင်းသည့် အချိန်ကာလတွင် ရုပ်ရှင်ရုံ အတွင်းအပြင်ကို အကြီးစားပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အနုပညာ
https://www.myawady.net.…files/108251.jpg
, 08/10/2020 - 15:23
admin_webportal
https://www.myawady.net.mm/node/406
အဝေးပြေး ကုန်တင်ယာဉ်များ၌ ကျွမ်းကျင် ယာဉ်မောင်းရှားပါးမှု ဖြစ်ပေါ်နေ
ရန်ကုန် စီးပွားရေး။တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး သို့ပြေးဆွဲလျက်ရှိသည့် အဝေးပြေးကုန်တင်ယာဉ်များ၌ ကျွမ်းကျင်ယာဉ် မောင်း ရှားပါး နေမှုကြောင့် ကျွမ်းကျင်ယာဉ်မောင်းများ မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းလျက်ရှိ ကြောင်း မြန်မာ နိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်း အထွေထွေအတွင်းရေးမှူး ဦးအောင်မိုး၏ပြောကြားချက်အရ သိရသည်။။'' ယာဉ်မောင်းတွေကို နိုင်ငံတော်က ခွင့်ပြုထားတာကတော့ လိုင်စင်အနီရှိမှ မောင်းနှင်ခွင့်ပြုထားတယ်။ ဒါပေမဲ့ လိုင်စင် အနီရှိတဲ့သူရှားလာတော့ လိုင်စင်အနက် ရှိတဲ့သူလည်း မောင်းနေကြတယ်။ လော လောဆယ်မှာ ယာဉ်မောင်းတွေက နှစ်နှစ် လောက်မောင်းတတ်ပြီဆိုရင် လိုင်စင်အနက် တွေနဲ့ တက်မောင်းနေကြတယ်။ လိုင်စင် အနီရှိမှမောင်းရမယ်ဆိုတော့ ကျွမ်းကျင်တဲ့ ယာဉ်မောင်းလိုအပ်ချက်တွေရှိ နေတယ်။။ဒါကြောင့်လည်း ဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်းပြီး ကျွမ်းကျင်ယာဉ်မောင်းတွေ မွေးထုတ် ပေးနိုင်ဖို့ အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်''ဟု ဦးအောင်မိုးကပြောသည်။။ထိုသို့ညှိနှိုင်းရာတွင် လိုင်စင်အနက် နှစ်နှစ်ကိုင်ဆောင်သူကို လိုင်စင်အနီ ထုတ်ပေးနိုင်ရန်ညှိနှိုင်းခဲ့သော်လည်း ဥပဒေ အရ ထုတ်ပေး၍မရသောကြောင့် လိုင်စင် အနက် သုံးနှစ်ပြည့်သူများကို နေပြည် တော်၌ ယာဉ်ကြီး မောင်းနှင် သင်တန်း တက်စေကာ ယင်းသင်တန်းမှ လေ့ကျင့် အောင်မြင်ပြီးသူများကိုသာ လိုင်စင်အနီ ထုတ်ပေး နိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို သင်တန်းကိုတက်ရောက်ခြင်းဖြင့် ကျွမ်းကျင်ယာဉ်မောင်းများထွက်ပေါ်စေရန် ကြိုးပမ်း လျက်ရှိသကဲ့သို့ အသင်းအနေဖြင့် သင်တန်းတက်ရောက်သည့် ယာဉ်မောင်း များအတွက် လိုအပ်သော ပံ့ပိုးကူညီမှုများ လုပ်ဆောင်ပေးမည်ဖြစ်သည်။ လက်ရှိ ကာလအထိ ကုန်တင်ယာဉ်မောင်း စုစု ပေါင်းဦးရေ ၂ဝဝဝ ခန့်ကို သင်တန်း ပို့ချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။။ထက်ခိုင်(စမ်းချောင်း)
စီးပွားရေး
https://www.myawady.net.…s/13-1082020.jpg
, 08/10/2020 - 15:23
admin_webportal
https://www.myawady.net.mm/node/407
ရန်ကုန်ရွှေဈေးကွက် အတွင်း အရောင်းအဝယ် ပုံမှန်ရှိပြီး အလုပ်ပြတ်လပ်သွားသည့် အခြေအနေမျိုး မရှိသေး
ရန်ကုန်၊ ရွှေဈေးကွက်။ရန်ကုန်ရွှေဈေးကွက်အတွင်း အရောင်း အဝယ်ပုံမှန်ရှိနေပြီး အလုပ်ပြတ်လပ်သွားသည့် အခြေအနေမျိုး မရှိသေးကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးကျော်ဝင်း၏ပြောပြချက်အရ သိရသည်။။ရွှေဈေးကွက် အတွင်း ရွှေလုပ်ငန်းများ ပုံမှန်အတိုင်းလည်ပတ်လျက်ရှိပြီး လက်ဝတ်ရတနာသာ အရောင်း အေးကြောင်း၊ ပန်းထိမ်လုပ်ငန်းများအနေဖြင့် ပုံမှန် အလှည့်ကျ လုပ်ကိုင်နေရသည့်အတွက် လုပ်ငန်းပြတ်လပ်မှုမရှိသော်လည်း ပန်းထိမ်အလုပ်သမား ၂ဝ ဦးရှိသော ရွှေလုပ်ငန်းတွင် အနည်းဆုံး ငါးဦး ခန့်သည် အလှည့်ကျစနစ်ဖြင့် လုပ်ငန်းခွင်ဝင် ရောက်နေရကြောင်း သိရသည်။။အဓိကအားဖြင့် ပန်းထိမ်အလုပ်သမား များ၏ မိသားစုစားဝတ်နေရေးနှင့် ဝင်ငွေများအတွက် အလုပ်သမားများ အဆင်ပြေ စေရန် အလှည့်ကျစနစ်ဖြင့် စီစဉ်ဆောင် ရွက်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။။''လက်ရှိကာလမှာ ရွှေဈေးက သိပ်တည်ငြိမ်မှုမရှိတော့ လုပ်ငန်းတွေ ပုံမှန်လည် ပတ်မှုရှိနေပေမယ့် အရောင်း အဝယ်အေးတယ်။ လုံးဝအလုပ်ပြတ်လပ်တဲ့အခြေအနေမျိုး မရောက်သေးပါဘူး။ ရွှေဝယ်ပြီးလုပ် နေတဲ့လုပ်ငန်း တွေက လုပ်ငန်းလည်ပတ် နေပါသေးတယ်။ အခက်အခဲက တော့ အလုပ်ရှင်၊ အလုပ်သမား အားလုံးမှာရှိပါ တယ်'' ဟု ဦးကျော်ဝင်းက ပြောသည်။။ရန်ကုန် ရွှေဈေးကွက်အတွင်း ယခင်က ရွှေဝယ်ယူမှုနှင့် ရွှေအလဲအလှယ်လုပ်ခြင်း များရှိသော်လည်း ယခုကာလ အတွင်း ပြန်လည် ရောင်းချသူများပြားကြောင်း၊လက်ရှိတွင် ရွှေဈေးနှုန်းတည်ငြိမ်မှုမရှိ သည့် အတွက် ရွှေလုပ်ငန်း လုပ်ကိုင်သူများ လည်း အခက်အခဲတွေ့ကြုံနေရကြောင်း သိရသည်။။COVID-19 ရောဂါကာလအလွန်တွင် ရွှေအရောင်းအဝယ်လုပ်ငန်းများ ပုံမှန် ဖြစ်လာနိုင်ပြီး လက်ရှိတွင် ယာယီ ရပ်ဆိုင်း ထားသော ရွှေဆိုင်တချို့ပြန်လည် ဖွင့်လှစ်လာကြောင်း၊ ပိတ်ထားသည့်ဆိုင်များတွင် လုပ်ကိုင်နေသော ပန်းထိမ်အလုပ် သမားများသည်လည်း လုပ်ငန်းလည်ပတ် ခြင်းမရှိသဖြင့်န ယ်ပြန် သွားသူများရှိပြီး ယခု ပြန်လည် ဖွင့်လှစ်ခြင်းကြောင့် လုပ်ငန်း ခွင်ဝင်ရောက်မှုလည်းရှိကြောင်း၊ ရန်ကုန် ရွှေဈေး ကွက်သည် တခြားသော တိုင်းဒေသ ကြီးနှင့်ပြည်နယ်များရှိရွှေဆိုင်များနှင့် ချိတ်ဆက်လုပ်ဆောင် မှုများလည်း ရှိနေသဖြင့် အလုပ်ပြတ် လပ်မှုမျိုးမရှိနိုင် ကြောင်း သိရသည်။။စိုးမိုး
စီးပွားရေး
https://www.myawady.net.…s/14-1082020.jpg
, 08/10/2020 - 15:34
admin_webportal
https://www.myawady.net.mm/node/408
ပြည်ပတင်သွင်း ယာဉ်မှတ်ပုံတင်ခ နှုန်းထားများ ဖြေလျှော့လိုက်ခြင်းကြောင့် မော်တော်ယာဉ်ဈေးနှုန်းများ ကျ ဆင်းနိုင်
ရန်ကုန်၊ မော်တော်ယာဉ်။လူစီးမော်တော်ယာဉ်များအတွက် မူလတန်ဖိုး (FOB) အပေါ် ကောက်ခံလျက်ရှိ သည့် ပြည်ပတင်သွင်း ယာဉ်မှတ် ပုံတင်ခ နှုန်းထားများကို ဖြေလျှော့ကောက်ခံလိုက် ခြင်းကြောင့် ၄ဝ ရာခိုင်နှုန်းအထိ မော်တော်ယာဉ်ဈေးနှုန်းများ ကျဆင်းနိုင်ကြောင်း သိရသည်။။''အကောက်ခွန်ရော၊ က.ည.န ပါ ဖြေလျှော့ ပေးလိုက်ပြီဆိုတော့ အဓိကက ပြည်ပကနေ တင်သွင်းတဲ့ ကားတွေ ဈေးနှုန်း သက်သာနိုင်တယ်။ အခုဖြေလျှော့လိုက်လို့ ချက်ချင်းဈေးကျသွားမှာ မဟုတ်ပါဘူး။ နောက်ပိုင်းမှ ဈေးကွက်ပေါ် သက်ရောက် နိုင်ပါတယ်။ ပြည်တွင်းမှာထုတ်တဲ့ SKD ကားတွေ ဈေးအများကြီး မကျနိုင်ဘူး။ ပြည်ပ ကနေ အစီးလိုက် သွင်းတဲ့ကားတွေက အထိုက်အလျောက်ဈေးကျနိုင်တယ်'' ဟု မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေး နှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြော သည်။။ထို့ကြောင့် SKD စနစ်ဖြင့် ထုတ်လုပ် နေသည့် ယာဉ်များမှာ ၅ ရာခိုင်နှုန်းအထိကျဆင်းနိုင်ပြီး ပြည်ပမှ အစီး လိုက်တင် သွင်းသည့်ယာဉ်များမှာ ၂ဝ ရာခိုင်နှုန်းမှ ၄ဝ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း သိရသည်။။'' SKD စနစ်နဲ့ ထုတ်တဲ့ ကားတွေက အရင်က ၁ဝ ရာခိုင်နှုန်း ကားရဲ့ထုတ်လုပ်မှု အပေါ်မှာ ကောက်တာဆိုတော့ ဈေးကွက်ကို သက်ရောက်မှုမရှိပါဘူး။ အများကြီးတော့ ဈေးလျော့သွားမှာမဟုတ်ဘူး'' ဟု မော်တော် ယာဉ် ရောင်းဝယ်ရေး အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ပြောသည်။။ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (က.ည.န)အနေဖြင့် COVID-19 ရောဂါကြောင့် ဖြစ်ပေါ်လာသော စီးပွားရေး ကျဆင်းမှုများကို ကုစားသည့် အနေဖြင့် လက်ရှိ နှုန်းထား၏ ရာခိုင်နှုန်း ထက်ဝက်ခန့် လျှော့ချ သတ်မှတ်ပေးခြင်းဖြစ်သည်။။သြဂုတ် ၇ ရက်မှစ၍ ပြည်ပတင်သွင်း ယာဉ်မှတ်ပုံတင် လာရောက်ဆောင်ရွက်သည့် ယာဉ်အားလုံးကို နှုန်းထား အသစ်ဖြင့် ဆောင်ရွက် ပေးမည်ဖြစ်ပြီး ငွေမသွင်းရသေးဘဲ ငွေတွက်ထားသည့် ယာဉ်များကိုလည်း ပြင်ဆင် တွက်ချက် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။။ကျော်ကို
စီးပွားရေး
https://www.myawady.net.…s/15-1082020.jpg
, 08/10/2020 - 15:53
admin_webportal
https://www.myawady.net.mm/node/409
ရန်ကုန် ဆိပ်ကမ်းသို့ ပင်လယ်ကူး သင်္ဘောကြီးများ ပိုမိုဝင်ထွက်သွား လာနိုင်ရန် ရေစူး တိုးမြှင့်သတ်မှတ်
ရန်ကုန်၊ စီးပွားရေး။ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်ဆိုက်ကပ်မည့် သင်္ဘောကြီးများအနက် ယခင်ရေစူး ၉ မီတာအနက်ရှိ သင်္ဘောကြီး များကိုသာ ခွင့်ပြုပေးရာမှ ဇူလိုင်လမှစ၍ အပြင်ပိုင်း သီလဝါဆိပ်ကမ်း၌ ဆိုက်ကပ် မည့် သင်္ဘော များကို ရေစူး ၉ ဒသမ ၅ မီတာ အထိလည်းကောင်း၊ အတွင်းပိုင်း ရန်ကုန်ဆိပ်ကမ်း၌ ဆိုက်ကပ်မည့် သင်္ဘောများကို ရေစူး ၉ ဒသမ ၃ မီတာအထိလည်းကောင်း ပိုမိုတိုးမြှင့်သတ်မှတ်ပေးကြောင်း မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် အဖွဲ့မှ သိရသည်။။ယခင် ရေစူး ကန့်သတ်ချက်ကြောင့် သင်္ဘောများ အတွင်းဆိပ်ကမ်းသို့တိုက် ရိုက်မဝင်ရောက်နိုင်ဘဲ အပြင် ဆိပ်ကမ်း၌ ကုန်အလေးချိန်လျှော့ချပြီးမှ ဝင်ရောက်ရခြင်း၊ ရေစူးများသော ရေယာဉ်ကြီးများ သည်လည်း အတွင်း ဆိပ်ကမ်းမှ ပြန်လည် ထွက်ခွာရာတွင် အတွင်းစည်းခုံကိုဖြတ် သန်းနိုင်ရန် ရေချိန်စောင့်ထွက်ရခြင်း တို့ကြောင့် အပြင်စည်းခုံကို ဆက်လက်ဖြတ် သန်းနိုင်ရန် အချိန်မမီခြင်း ကန့်သတ်ချက်များရှိခဲ့သည်။။ရေအနက်ပိုမိုရရှိသည့်အတွက် မလိုအပ် သည့်အဆင့်ဆင့် ကုန်တင်၊ ကုန်ချစရိတ်များ လျှော့ချနိုင်ခြင်း၊ ကုန်တင် နိုင်မှု ပမာဏ တိုးလာခြင်းကြောင့် ကုန်စည်ပို့ဆောင်မှု စရိတ်လျော့ကျလာခြင်း၊ ရေယာဉ်ကြီးများ၏ ဝင်ထွက်မှု ခရီးစဉ်တွင် အချိန်ကြာမြင့်မှု လျော့နည်းသည့်အတွက် ရေယာဉ်ဝင်ထွက် မှု အခေါက်ရေပိုမိုရရှိခြင်းနှင့် ဆိပ်ကမ်း များ၌ ရေယာဉ်များ ပို၍လက်ခံဆိုက်ကပ် ပေးနိုင်ခြင်းတို့ကြောင့် ဆိပ်ကမ်းများမှ ရရှိသောဝင်ငွေ တိုး လာ မည်ဖြစ်သည်။။ရေစူးသတ်မှတ်ချက် တိုးမြှင့်ခွင့်ပြုပေး ခြင်းကြောင့် သင်္ဘောများတွင် တင်ဆောင် နိုင်သည့်ကုန်ပမာဏ ပိုမိုများ ပြားလာပြီး တင်ပို့စရိတ် ကုန်ပစ္စည်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ သုံးဒေါ်လာမှ ငါးဒေါ်လာအထိ သက်သာ လာမည်ဖြစ်ကာ နိုင်ငံစီးပွားရေးအတွက် များစွာအထောက် အကူပြုကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဒုတိယ ရေကြောင်း ဌာနမှူးချုပ် ဦးဝင်း မြင့်အောင်ကပြောသည်။။ဝန်းရံခ
စီးပွားရေး
https://www.myawady.net.…s/16-1082020.jpg
, 08/10/2020 - 16:06
admin_webportal
https://www.myawady.net.mm/node/410
အထက်မြန်မာပြည်ဓာတ်ပုံအသင်းက လစဉ်ဓာတ်ပုံပြိုင်ပွဲကျင်းပ
အထက်မြန်မာပြည် ဓာတ်ပံြအသင်း၏ ၂၀၂၀ပြည့်နှစ် လစဉ် ဓာတ်ပုံပြိုင်ပွဲ သ◌ြဓုတ်လ မော်ဒယ်အလှ ဓာတ်ပုံပြိုင်ပွဲကို ယနေ့တွင် မန္တလေးမြို့ ရတနာပုံ စူပါစင်တာ စတုတ္တထပ်ရှိ အထက်မြန်မာပြည် ဓာတ်ပုံအသင်း ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အနုပညာ
https://www.myawady.net.…les/YDB%2001.jpg
, 08/10/2020 - 16:14
admin_webportal
https://www.myawady.net.mm/node/411
သရုပ်ဆောင် ဖွေးဖွေးက မွေးနေ့ အလှုအဖြစ် သက်ကြီး အနုပညာရှင်များအတွက် ငွေကျပ် ၇၆ သိန်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ လှူဒါန်း
သရုပ်ဆောင်ဖွေးဖွေးက ၎င်း၏မွေးနေ့ အလှူအဖြစ် သက်ကြီး အနုပညာရှင်များအတွက် ငွေကျပ် ၇၆ သိန်းကို ယနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ လှူဒါန်းခဲ့ကြောင်းသိရသည်။
အနုပညာ
https://www.myawady.net.…les/YDB%2002.jpg
, 08/10/2020 - 16:26
admin_webportal
https://www.myawady.net.mm/node/412
ပြည်တွင်း၌ ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်း အများဆုံးဖြစ်
ရန်ကုန်၊ ရင်းနှီးမြှုပ်နှံမှု။ပြည်တွင်း၌ ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံ မှုမြင့်တက်လာပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်း အများဆုံးဖြစ်ကြောင်း မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေး ၏ ပြောဆိုချက်အရ သိရသည်။။ဂျပန်နိုင်ငံက မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှုမှာ ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါအထူး စီးပွားရေး ဇုန်အတွင်း အများ ဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ခန့်ရှိသည်။ ၂ဝ၁၆ ခုနှစ် မတ်လကုန်အထိ ပြည်တွင်း၌ ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၆ဝဝကျော် သာရှိခဲ့သော်လည်း လေးနှစ်တာကာလ အတွင်း ရင်းနှီးမြှုပ်နှံမှု သုံးဆကျော်မြင့် တက်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံ အနေဖြင့် သီလဝါ အထူးစီးပွားရေးဇုန် အကောင် အထည်ဖော်ရေးအပါအဝင်တိုယိုတာ၊ ဆူဇူကီး စသည့် မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ် ရောင်းချရေး လုပ်ငန်းများပါ ဝင်ရောက် လုပ်ကိုင်လာခဲ့ကြောင်း သိရသည်။ ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းက ဂျပန်ကုမ္ပဏီကြီး သုံးခုသည် ပြည်တွင်းမှ ကုမ္ပဏီများနှင့်ပူးပေါင်း၍ သီလဝါအထူး စီးပွားရေးဇုန်၌ သဘာဝ ဓာတ်ငွေ့ရည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းကို ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။။''ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်နေတာက မြန်မာ့စီးပွားရေး အတွက် အားတစ်ခုပါပဲ။ သူတို့က သေချာလေ့လာပြီးမှ ဝင်ရောက်လုပ်ကိုင်လေ့ရှိ တယ်။ မြန်မာနိုင်ငံက အလားအလာကောင်း တွေရှိလာလို့ ဂျပန် လုပ်ငန်းရှင်တွေ စိတ် ဝင်စားလာကြတာပါ။ ဒီလေးနှစ်တာကာလ အတွင်း လုပ်ငန်းတော်တော်များများမှာ သိသိ သာသာ တိုးတက်ဝင်ရောက် လာကြတယ်။ သီလဝါ အထူးစီးပွားရေးဇုန်မှာ ဆိုရင် ဂျပန်လုပ်ငန်းစုတွေ အများဆုံး ဝင်ရောက်ထားတာ တွေ့ရတယ်။ နောက် ထပ်ဝင်ရောက်လာဖို့လည်း ရှိနေပါတယ်။ မြန်မာ လုပ်ငန်း ရှင်တွေ အတွက်လည်း ပူးပေါင်းလုပ်ဆောင်မှုတွေကနေ တစ်ဆင့် နည်းပညာတွေ ရရှိလာမယ်''ဟု ဒေါက်တာ မောင်မောင်လေးက ပြောသည်။။ထို့ပြင် မြန်မာနိုင်ငံအတွင်း ဂျပန်နိုင်ငံမှ ဘဏ်များနှင့် အာမခံ ကုမ္ပဏီတချို့ ဝင်ရောက်လုပ်ကိုင်နေခြင်းမှာ စီးပွားရေး ထပ်မံတိုးချဲ့ရန် အခွင့်အလမ်း တစ်ခုဖြစ်လာ မည်ဖြစ်ပြီးမြန်မာနိုင်ငံအတွင်း ရင်းနှီး မြှုပ်နှံ ထားသည့် နိုင်ငံပေါင်း ၅၁ နိုင်ငံတွင် ဂျပန်နိုင်ငံသည် အဆင့် (၉) နေရာ၌ ရပ်တည်လျက်ရှိကြောင်း၊ ထပ်မံ ဝင်ရောက် လုပ်ကိုင်ရန်လည်း ဂျပန်စီးပွားရေးလုပ်ငန်း များကို ဖိတ်ခေါ်ထားကြောင်း သိရသည်။။မြန်မာနိုင်ငံ၌ လေးနှစ်တာကာလ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံ ကျော် ဝင်ရောက် ထားကြောင်း သိရသည်။။စိုးမိုး
စီးပွားရေး
https://www.myawady.net.…s/17-1082020.jpg
, 08/10/2020 - 16:30
admin_webportal
https://www.myawady.net.mm/node/414
ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး၌ ဆက်လက် ဆောင်ရွက်
နေပြည်တော်၊ သြဂုတ်-၁၀။COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၌ ဆွမ်း၊ကွမ်းအဆင်ပြေ စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ကိုးနဝင်းကျောင်းတိုက်နှင့် ကြာအင်းဆိပ်ကြီးမြို့၊ မဏိရတနာကမ်းနား ကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ သာသနာ့ဂုဏ်ရည် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်းတိုက်၊ ရွှေကျင်မြို့၊ ရွှေကူဘုန်းတော်ကြီးကျောင်းနှင့် ရေတာရှည်မြို့၊ သိုင်းဝဘုန်းတော်ကြီးကျောင်း များသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ထို့အပြင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အထောက်အကူဖြစ် စေရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ အပါအဝင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြု ဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေညောင်မြို့နယ်၊ ရပ်စောက်မြို့၊ ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ တီကျစ်မြို့၊ ဖယ်ခုံမြို့၊ ပင်လောင်းမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ လွိုင်လင်မြို့၊ နမ့်စန်မြို့၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့၊ ဖားဆောင်းမြို့နှင့် ဘောလခဲမြို့၊ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရွှေကျင်မြို့နှင့် ရေတာရှည်မြို့တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ ရှင်သာမဏေများ၊ သာသနာနွယ်ဝင်သီလရှင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို covid-19 ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာ ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စနစ်တကျလက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်းတို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလို လက်သန့်ဆေးရည်များ၊Maskများ၊ ဆေးပစ္စည်းနှင့် ဆေးဝါးများ ဖြန့်ဝေပေးခြင်း၊ အသံချဲ့ စက်ဖြင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်း
https://www.myawady.net.…iles/1081001.jpg
, 08/10/2020 - 22:50
admin_webportal