Dataset Viewer
Auto-converted to Parquet
audio
audioduration (s)
22.6
1.31k
audio_text
stringlengths
199
16.6k
book_number
int64
19
66
book_code
stringclasses
46 values
chapter_num
int64
1
150
book_name
stringclasses
46 values
chapter_url
stringlengths
64
77
လူဆိုးတွေရဲ့ အကြံဉာဏ်အတိုင်း မလိုက်တဲ့သူ၊ အပြစ်လုပ်သူတွေရဲ့ လမ်းစဉ်မှာ မရပ်တဲ့သူ၊ လှောင်ပြောင်သူတွေနဲ့အတူ မထိုင်တဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ သူဟာ ယေဟောဝါရဲ့ ပညတ်မှာ ပျော်မွေ့ပြီး ပညတ်တော်ကို နေ့ညမပြတ် ဖတ်ရွတ်ဆင်ခြင်တယ်။ ရာသီအလိုက် အသီးသီးပြီး မညှိုးနွမ်းတဲ့ သစ်ပင်၊ စမ်းချောင်းနား စိုက်ထားတဲ့ သစ်ပင်နဲ့ တူလိမ့်မယ်။ လုပ်သမျှ အောင်မြင်လိမ့်မယ်။ လူဆိုးတွေကတော့ အဲဒီလို မဟုတ်ဘူး။ လေတိုက်ရာ လွင့်ပါသွားတဲ့ ဖွဲနဲ့တူတယ်။ ဒါကြောင့် တရားစီရင်ခံရတဲ့အခါ လူဆိုးတွေ ရပ်တည်နိုင်မှာ မဟုတ်ဘူး။ ဖြောင့်မတ်သူတွေ စုဝေးတဲ့နေရာမှာ အပြစ်လုပ်သူတွေ ရပ်တည်နိုင်မှာ မဟုတ်ဘူး။ ဖြောင့်မတ်သူတွေရဲ့ လမ်းစဉ်ကို ယေဟောဝါ သိတယ်။ လူဆိုးတွေရဲ့ လမ်းစဉ်ကတော့ ပျက်စီးသွားလိမ့်မယ်။
19
Ps
1
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/1/
လူမျိုးတွေ ဘာလို့ ဆူပူအုံကြွနေကြတာလဲ။ လူတွေက အကျိုးမရှိတာကို ဘာလို့ တီးတိုး ပြောနေကြတာလဲ။ ယေဟောဝါနဲ့ ကိုယ်တော် ဘိသိက်ပေးထားသူကို ဆန့်ကျင်ဖို့ ကမ္ဘာပေါ်က ဘုရင်တွေ ရပ်ပြီး မင်းအရာရှိတွေ စုဝေးနေတယ်။ ငါတို့ကို ခတ်ထားတဲ့ ခြေထိတ်လက်ထိတ်တွေကို ဖြုတ်ပြီး တုပ်နှောင်ထားတဲ့ ကြိုးတွေကိုဖြတ်ကြစို့ လို့ ပြောကြတယ်။ အဲဒီအခါ ကောင်းကင်ပေါ်မှာ နန်းထိုင်တဲ့အရှင် ရယ်လိမ့်မယ်။ ယေဟောဝါက သူတို့ကို လှောင်ပြောင်လိမ့်မယ်။ ဘုရားက သူတို့ကို စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိမ့်မယ်။ ဒေါသတကြီး ခြောက်လှန့်ပြီး၊ ငါ့ရဲ့ဘုရင်ကို သန့်ရှင်းတဲ့ ဇိအုန်တောင်ပေါ်မှာ ငါကိုယ်တိုင် မင်းမြှောက်ပြီ လို့ပြောလိမ့်မယ်။ ယေဟောဝါရဲ့အမိန့်ကို ငါကြေညာမယ်။ ဘုရားက ငါ့ကို မင်းဟာ ငါ့သားပဲ။ ဒီနေ့ ငါဟာ မင်းရဲ့ဖခင် ဖြစ်လာပြီ။ ငါ့ဆီမှာ တောင်းပါ။ လူမျိုးတွေကို မင်းရဲ့အမွေအဖြစ်၊ ကမ္ဘာမြေတစ်ခွင်လုံးကို မင်းရဲ့ပိုင်ဆိုင်ရာအဖြစ် ငါပေးမယ်။ မင်းက သူတို့ကို သံလှံတံနဲ့ ရိုက်ချိုးရလိမ့်မယ်။ မြေအိုးလို အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် ရိုက်ခွဲရလိမ့်မယ် လို့ပြောတယ်။ ဒါကြောင့် ဘုရင်တို့၊ ထိုးထွင်းဉာဏ်ရှိကြောင်း ပြကြ။ ကမ္ဘာပေါ်က တရားသူကြီးတို့၊ တည့်မတ်ပေးတာကို လက်ခံကြ။ ယေဟောဝါကို ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့ အမှုဆောင်ကြ။ ကြည်ညိုလေးမြတ်တဲ့စိတ်နဲ့ ဝမ်းမြောက်ကြ။ သားတော်ကို ဂုဏ်တင်ကြ။ ဂုဏ်မတင်ရင် ဘုရားသခင် အမျက်ထွက်လိမ့်မယ်။ ချက်ချင်း အမျက်ထွက်ပြီး ဖြောင့်မတ်တဲ့လမ်းစဉ်ကနေ မင်းတို့ကို ပယ်ရှင်းလိမ့်မယ်။ ဘုရားဆီမှာ ခိုလှုံသူတွေကတော့ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်။
19
Ps
2
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/2/
ယေဟောဝါဘုရား၊ ကျွန်တော့်ရန်သူတွေ ဘာလို့ ဒီလောက်များရတာလဲ။ ပုန်ကန်ထကြွသူတွေ ဘာလို့ ဒီလောက်များရတာလဲ။ သူ့ကို ဘုရားသခင်ကယ်မှာ မဟုတ်ဘူး ဆိုပြီး ကျွန်တော့်အကြောင်း ပြောနေကြတယ်။ (စဲလာ) ယေဟောဝါ၊ တကယ်တော့ ကိုယ်တော်ဟာ ကျွန်တော့် ဒိုင်းလွှား၊ ကျွန်တော့် ဂုဏ်ကျက်သရေ၊ ကျွန်တော့်ကို ခေါင်းမော့စေတဲ့ အရှင်ပါ။ ယေဟောဝါကို ငါအော်ခေါ်မယ်။ သန့်ရှင်းတဲ့တောင်ပေါ်ကနေ ဘုရားပြန်ထူးမှာပဲ။ (စဲလာ) ငါလဲလျောင်းပြီး အိပ်စက်တော့မယ်။ ယေဟောဝါရဲ့ အကူအညီနဲ့ ဘေးမသီရန်မခ နိုးထလာလိမ့်မယ်။ ငါ့ကိုတိုက်ခိုက်ဖို့ လူထောင်သောင်းမက ဝိုင်းရံနေပေမဲ့ ငါမကြောက်ဘူး။ ယေဟောဝါဘုရား၊ ထတော်မူပါ။ ကျွန်တော့်ဘုရားသခင်၊ ကယ်ပါဦး။ ရန်သူတွေရဲ့ မေးရိုးကို ရိုက်ချိုးပေးပါ။ လူဆိုးတွေရဲ့သွားကို ချိုးပေးပါ။ ယေဟောဝါဘုရား၊ ကိုယ်တော်သာ ကယ်တင်ရှင်ပါ။ လူမျိုးတော်အပေါ် ကောင်းချီးသက်ရောက်ပါစေ။ (စဲလာ)
19
Ps
3
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/3/
အို ဖြောင့်မတ်တဲ့ ဘုရားသခင်၊ ကျွန်တော်ခေါ်တဲ့အခါ ထူးလှည့်ပါ။ ဒုက္ခရောက်တဲ့အခါ လွတ်လမ်းကို ပြင်ဆင်ပေးပါ။ ကျွန်တော့်ကို မျက်နှာသာပေးပါ။ ဆုတောင်းတဲ့အခါ နားထောင်ပေးပါ။ လူသားတို့၊ ငါ့ကို ဘယ်လောက်ကြာကြာ သိက္ခာချနေမှာလဲ။ တန်ဖိုးမရှိတာကို ဘယ်လောက်ကြာကြာ နှစ်သက်နေမှာလဲ။ မဟုတ်မမှန်တာကို ဘယ်လောက်ကြာကြာ လိုက်ရှာနေမှာလဲ။ (စဲလာ) ယေဟောဝါက မိမိအပေါ် သစ္စာစောင့်သိသူကို အရေးတယူ ဆက်ဆံတယ်ဆိုတာ သိထားကြပါ။ ငါခေါ်တဲ့အခါ ယေဟောဝါ ကြားလိမ့်မယ်။ စိတ်အနှောင့်အယှက် ဖြစ်ရင်တောင် အပြစ်မလုပ်မိစေနဲ့။ စိတ်ထဲမှာပဲ ထားပြီး အိပ်ရာပေါ် ဆိတ်ငြိမ်စွာ နေလိုက်ပါ။ (စဲလာ) ဖြောင့်မတ်ခြင်း ပူဇော်သက္ကာတွေကို ပူဇော်ပြီး ယေဟောဝါကို ယုံကြည်ကိုးစားကြပါ။ ကောင်းတာတွေကို ဘယ်သူပြပေးမှာလဲ လို့ပြောတဲ့သူ အများကြီးပဲ။ အို ယေဟောဝါ၊ ကျွန်တော်တို့အပေါ် မျက်နှာသာအလင်း ထွန်းလင်းပါစေ။ ကောက်နှံနဲ့ စပျစ်ဝိုင်အသစ်တွေ အလျှံပယ်ထွက်လို့ရွှင်လန်းရတာထက် ကိုယ်တော်ပေးတဲ့ ရွှင်လန်းခြင်းဟာ သာလွန်ပါတယ်။ အို ယေဟောဝါ၊ ကိုယ်တော် တစ်ပါးတည်းသာ ကျွန်တော့်ကို ဘေးကင်းလုံခြုံစွာ နေထိုင်စေတဲ့အတွက် ကျွန်တော် စိတ်အေးလက်အေး လဲလျောင်းအိပ်စက်ပါတော့မယ်။
19
Ps
4
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/4/
ယေဟောဝါဘုရား၊ ကျွန်တော့်စကားတွေကို နားထောင် ပေးပါ။ ကျွန်တော့်ညည်းတွားသံကို အာရုံစိုက်ပေးပါ။ ကျွန်တော့်ဘုရင်၊ ကျွန်တော့်ဘုရားသခင်၊ ကိုယ်တော့်ကိုသာ ဆုတောင်းတဲ့အတွက် ကျွန်တော့်ရဲ့ အကူအညီတောင်းသံကို အာရုံစိုက်ပေးပါ။ အို ယေဟောဝါ၊ မနက်မှာ ကျွန်တော့်အသံကို ကိုယ်တော် ကြားလိမ့်မယ်။ မနက်မှာ ကျွန်တော့်သောကတွေကို ပြောပြပြီး ကိုယ်တော့်အဖြေကို မျှော်လင့်တကြီး စောင့်နေပါ့မယ်။ ကိုယ်တော်ဟာ ဆိုးညစ်မှုကို နှစ်သက်တဲ့ဘုရားသခင် မဟုတ်တဲ့အတွက် ဘယ်လူဆိုးမှ ကိုယ်တော့်အနားမှာ နေနိုင်မှာမဟုတ်ဘူး။ မောက်မာသူ တစ်ယောက်မှ ရှေ့တော်မှာ ရပ်တည်နိုင်မှာ မဟုတ်ဘူး။ ယုတ်မာသူအားလုံးကို ကိုယ်တော် မုန်းတယ်။ လိမ်ပြောတတ်သူတွေကို ကိုယ်တော် ဖျက်ဆီးလိမ့်မယ်။ အကြမ်းဖက်သူတွေ၊ လှည့်စားတတ်သူတွေကို ယေဟောဝါ ရွံမုန်းတယ်။ ခိုင်မြဲတဲ့မေတ္တာ ကြီးမားလှတဲ့အတွက် အိမ်တော်ကို ကျွန်တော် လာပါ့မယ်။ သန့်ရှင်းတဲ့ ဗိမာန်တော်ကို မျက်နှာမူပြီး ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့ ဦးညွှတ်ပါ့မယ်။ အို ယေဟောဝါ၊ ရန်သူတွေလက်ထဲ မရောက်ရအောင် ကိုယ်တော်ရဲ့ ဖြောင့်မတ်တဲ့လမ်းထဲ ကျွန်တော့်ကို ပို့ဆောင်ပေးပါ။ ကိုယ်တော့်လမ်းပေါ်မှာ အနှောင့်အယှက်ကင်းကင်း လျှောက်ခွင့်ပေးပါ။ သူတို့ပြောသမျှ ယုံကြည်စိတ်ချလို့ မရဘူး။ သူတို့ဆီမှာ မလိုတမာစိတ်ပဲ ရှိတယ်။ သူတို့လည်ချောင်းဟာ ပွင့်နေတဲ့ သင်္ချိုင်းတွင်းပဲ။ သူတို့လျှာက မြှောက်ပင့်ပြောဆိုတတ်တယ်။ ဒါပေမဲ့ ဘုရားသခင်က သူတို့ကို အပြစ်ရှိသူလို့ သတ်မှတ်လိမ့်မယ်။ ကိုယ့်အတတ်နဲ့ ကိုယ်စူးကြလိမ့်မယ်။ အပြစ်တွေ များလွန်းတဲ့အတွက်၊ ကိုယ်တော့်ကို ပုန်ကန်တဲ့အတွက် သူတို့ မောင်းထုတ်ခံရပါစေ။ ကိုယ်တော့်ဆီ ခိုလှုံသူတွေကတော့ ဝမ်းမြောက်လိမ့်မယ်။ အစဉ်အမြဲ ရွှင်လန်းစွာ သီချင်းဆိုလိမ့်မယ်။ သူတို့ကို ကိုယ်တော် ကာကွယ်ပေးလိမ့်မယ်။ နာမတော်ကို ချစ်မြတ်နိုးသူတွေဟာ ကိုယ်တော်ကြောင့် ဝမ်းမြောက်လိမ့်မယ်။ ယေဟောဝါဘုရား၊ ဖြောင့်မတ်သူမှန်သမျှကို ကိုယ်တော် ကောင်းချီးပေးမယ်။ ကိုယ်တော့်မျက်နှာသာဟာ သူတို့ကို ဒိုင်းလွှားကြီးလို ကာကွယ်ပေးမယ်။
19
Ps
5
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/5/
အို ယေဟောဝါ၊ ကျွန်တော့်ကို ဒေါသတကြီး မဆုံးမပါနဲ့။ စိတ်ဆိုးမာန်ဆိုး မတည့်မတ်ပါနဲ့။ ယေဟောဝါ၊ ကျွန်တော် ခြေကုန်လက်ပန်းကျနေလို့ ကရုဏာပြလှည့်ပါ။ ယေဟောဝါ၊ ကျွန်တော့်အရိုးတွေ တုန်လှုပ်နေလို့ ပျောက်ကင်းစေပါ။ ကျွန်တော် အရမ်းစိတ်ညစ်နေပြီ။ ယေဟောဝါ၊ ကျွန်တော် မေးပါရစေ။ ဘယ်လောက်ကြာကြာ ဒီလိုခံစားနေရမှာလဲ။ ယေဟောဝါ၊ ကျွန်တော့်ကို လာကယ်ပါဦး။ ခိုင်မြဲတဲ့မေတ္တာတော်ကို ထောက်ပြီး ကယ်တင်ပါဦး။ လူသေတွေ ကိုယ်တော့်အကြောင်း မပြောနိုင်ဘူး။ သင်္ချိုင်းမှာ ကိုယ်တော့်ကို မချီးမွမ်းနိုင်ဘူး။ ညည်းတွားရလွန်းလို့ ကျွန်တော် မောပန်းနေပြီ။ တစ်ညလုံး ငိုရလွန်းလို့ အိပ်ရာဟာ မျက်ရည်တွေနဲ့ စိုရွှဲနေပြီ။ ခုတင်ကလည်း မျက်ရည်ထဲမှာ မျောနေပြီ။ သောကကြောင့် ကျွန်တော့်မျက်လုံးတွေ အားနည်းလာပြီ။ ဒုက္ခပေးသူတွေကြောင့် မျက်စိတွေ မှုန်လာပြီ။ လူယုတ်မာတို့၊ ငါ့ဆီကနေ ထွက်သွားကြ။ ငါ့ငိုကြွေးသံကို ယေဟောဝါ ကြားလိမ့်မယ်။ မျက်နှာသာပေးပါလို့ အသနားခံတာကို ယေဟောဝါ ကြားလိမ့်မယ်။ ငါ့ဆုတောင်းချက်ကို ယေဟောဝါ လက်ခံလိမ့်မယ်။ ငါ့ရန်သူအားလုံး အရှက်တကွဲဖြစ်ပြီး တုန်လှုပ်ချောက်ချားကြလိမ့်မယ်။ ရုတ်တရက် အရှက်ကွဲပြီး လှည့်ပြေးရလိမ့်မယ်။
19
Ps
6
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/6/
အို ကျွန်တော့်ဘုရား ယေဟောဝါ၊ ကိုယ်တော့်ဆီမှာ ကျွန်တော် ခိုလှုံပါတယ်။ ညှဉ်းပန်းနှိပ်စက်သူတွေရဲ့ လက်ကနေ ကယ်ပါဦး။ မကယ်ရင်တော့ သူတို့က ကျွန်တော့်ကို ခြင်္သေ့ဆွဲဖဲ့သလို အပိုင်းပိုင်း ဆွဲဖဲ့ကြလိမ့်မယ်။ ကျွန်တော့်ကို ကိုက်ဆွဲသွားလို့ ကယ်မယ့်သူ ရှိမှာ မဟုတ်ဘူး။ ကျွန်တော့်ဘုရား ယေဟောဝါ၊ ကျွန်တော် အမှားလုပ်မိခဲ့ရင်၊ မတရားတာ လုပ်မိခဲ့ရင်၊ ကိုယ့်အပေါ် ကောင်းတဲ့သူကို အဆိုးနဲ့ တုံ့ပြန်မိခဲ့ရင်၊ ရန်သူကို အကြောင်းမဲ့ လုယက်မိခဲ့ရင်၊ ကျွန်တော့်ကို ရန်သူ ဖမ်းမိပါစေ။ ကျွန်တော့်အသက်ကို မြေပေါ်မှာ နင်းခြေပစ်ပါစေ။ ကျွန်တော့်ဂုဏ်သိက္ခာကို မြေမှုန့်ထဲမှာ ဖျက်ဆီးပစ်ပါစေ။ (စဲလာ) ယေဟောဝါဘုရား၊ ဒေါသတကြီး ထတော်မူပါ။ ဒေါသထွက်နေတဲ့ ရန်သူတွေကို တိုက်ခိုက်ဖို့ ထတော်မူပါ။ နိုးထပြီး ကျွန်တော့်အတွက် တရားသဖြင့်စီရင်ဖို့ အမိန့်ပေးလိုက်ပါ။ ကိုယ်တော့်ဆီ လူမျိုးတွေ ဝိုင်းရံလာပါစေ။ အထက်အရပ်ကနေ သူတို့ကို ကိုယ်တော် တိုက်ခိုက်လိမ့်မယ်။ လူတွေကို ယေဟောဝါ ပြစ်ဒဏ် ချမှတ်လိမ့်မယ်။ အို ယေဟောဝါ၊ ကျွန်တော် ဖြောင့်မတ်တဲ့အတိုင်း၊ သမာဓိရှိတဲ့အတိုင်း တရားစီရင်ပေးပါ။ လူဆိုးတွေရဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေကို အဆုံးသတ်ပေးပါ။ ဖြောင့်မတ်သူတွေကိုတော့ ခိုင်ခံ့ မြဲမြံစေပါ။ ကိုယ်တော်ဟာ နှလုံးသားနဲ့ အနက်ရှိုင်းဆုံး ခံစားချက်တွေကို စစ်ဆေးတဲ့ ဖြောင့်မတ်တဲ့ဘုရားသခင် ဖြစ်လို့ပါ။ ဘုရားသခင်ဟာ ငါ့ဒိုင်းလွှားပါ၊ စိတ်ရိုးဖြောင့်သူတွေရဲ့ ကယ်တင်ရှင်ပါ။ ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့ တရားသူကြီးပဲ။ နေ့တိုင်း တရားစီရင်ချက်တွေ ချမှတ်နေတယ်။ လူတွေ နောင်တမယူဘူးဆိုရင် ဘုရားက ဓားကို သွေးလိမ့်မယ်။ လေးကိုတင်ပြီး ချိန်ရွယ်လိမ့်မယ်။ သေစေနိုင်တဲ့ လက်နက်တွေကို ပြင်ဆင်ပြီး မီးမြားတွေကို အသင့်ပြင်လိမ့်မယ်။ ဆိုးသွမ်းမှုကို ကိုယ်ဝန်ဆောင်ထားတဲ့သူကို ကြည့်လိုက်ပါ။ ဒုက္ခကို ကိုယ်ဝန်လွယ်ပြီး အလိမ်အညာတွေကိုသူမွေးဖွားတယ်။ တွင်းကို နက်နက်တူးပေမဲ့ အဲဒီတွင်းထဲ ပြန်ကျလိမ့်မယ်။ သူဖန်တီးတဲ့ဒုက္ခဟာ သူ့ခေါင်းပေါ် ပြန်ရောက်လိမ့်မယ်။ သူလုပ်တဲ့ အကြမ်းဖက်မှုဟာ သူ့ငယ်ထိပ်ပေါ် ပြန်ကျလိမ့်မယ်။ ငါကတော့ ယေဟောဝါရဲ့ တရားမျှတမှုကြောင့် ဘုရားကို ချီးမွမ်းမယ်။ အမြင့်ဆုံးအရှင် ယေဟောဝါရဲ့ နာမည်ကို ချီးမွမ်းသီချင်းဆိုမယ်။
19
Ps
7
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/7/
ကျွန်တော်တို့ရဲ့သခင်ယေဟောဝါ၊ နာမတော်ဟာ မြေတစ်ခွင်လုံးမှာ ခံ့ညားထည်ဝါလိုက်တာ။ ကိုယ်တော်ရဲ့ ခမ်းနားမြင့်မြတ်မှုဟာ ကောင်းကင်ထက်တောင် မြင့်မားတယ်။ ကိုယ်တော်က ရန်သူတွေကြောင့် ကလေးငယ်တွေနဲ့ နို့စို့ကလေးတွေရဲ့ နှုတ်ကနေ အစွမ်းခွန်အားကို ထွက်လာစေတယ်။ ရန်သူတွေ၊ လက်စားချေလိုသူတွေကို ဒီနည်းနဲ့ နှုတ်ဆိတ်စေတယ်။ လက်ရာတော်ဖြစ်တဲ့ ကောင်းကင်ကို၊ ဖန်ဆင်းထားတဲ့ လမင်းနဲ့ ကြယ်စင်တွေကို မြင်တဲ့အခါ၊ သေမျိုးဖြစ်တဲ့လူဟာ ဘာမို့လို့ ကိုယ်တော် အောက်မေ့နေရတာလဲ၊ လူသားဟာ ဘာမို့လို့ ကိုယ်တော် ဂရုစိုက်နေရတာလဲဆိုပြီး ကျွန်တော် တွေးမိတယ်။ ကိုယ်တော်က သူ့ကို ကောင်းကင်တမန်တွေ ထက် အနည်းငယ် နိမ့်ကျစေတယ်။ သူ့ကို ဘုန်းအသရေ၊ ခမ်းနားမြင့်မြတ်မှုနဲ့ ချီးမြှောက်တယ်။ လက်ရာတော်တွေအပေါ် အုပ်စိုးစေပြီး အရာအားလုံးကို သူ့ခြေအောက်မှာ ချထားတယ်။ သိုးနွားတိရစ္ဆာန်တွေ၊ သားရဲတွေ၊ ကောင်းကင်ငှက်တွေ၊ ပင်လယ်ငါးတွေ၊ ရေသတ္တဝါတွေ အားလုံးကို သူ့ခြေအောက်မှာ ချထားတယ်။ အို ကျွန်တော်တို့ရဲ့သခင် ယေဟောဝါ၊ နာမတော်ဟာ မြေတစ်ခွင်မှာ ခံ့ညားထည်ဝါလိုက်တာ။
19
Ps
8
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/8/
အို ယေဟောဝါ၊ ကိုယ်တော့်ကိုလှိုက်လှိုက်လှဲလှဲ ချီးမွမ်း မယ်။ အံ့ဖွယ်လုပ်ဆောင်မှုတွေအကြောင်း ပြောပြမယ်။ အမြင့်ဆုံးအရှင်၊ ကိုယ်တော်ကြောင့် ကျွန်တော် ဝမ်းမြောက်ရွှင်လန်းပြီး နာမတော်ကို ချီးမွမ်းသီချင်းဆိုမယ်။ ရန်သူတွေ လှည့်ပြေးသွားတဲ့အခါ တိုက်မိလဲပြီး ရှေ့တော်မှာ ပျက်စီးသွားလိမ့်မယ်။ ကိုယ်တော်က ရာဇပလ္လင်ပေါ် ထိုင်ပြီး ဖြောင့်မတ်စွာ တရားစီရင်တဲ့အခါ ကျွန်တော့်အမှုကို တရားသဖြင့် စီရင်ပေးတယ်။ ကိုယ်တော်ဟာ လူမျိုးတွေကို ပြစ်တင်ဆုံးမပြီး လူဆိုးတွေကို ဖျက်ဆီးပစ်တယ်။ သူတို့ရဲ့နာမည်ကို အစဉ်ထာဝရ ကွယ်ပျောက်စေတယ်။ ရန်သူတွေ ထာဝစဉ် ဖျက်ဆီးခံရပြီ။ သူတို့မြို့တွေကို ကိုယ်တော် မြေလှန်ပစ်ပြီ။ သူတို့နဲ့ပတ်သက်တဲ့ အမှတ်ရစရာအားလုံး ပျက်စီးသွားလိမ့်မယ်။ ယေဟောဝါကတော့ ထာဝစဉ် နန်းထိုင်ပြီ။ တရားသဖြင့်စီရင်ဖို့ရာဇပလ္လင်ကိုအခိုင်အမာ တည်ထားပြီ။ ဘုရားက ကမ္ဘာမြေကို ဖြောင့်မတ်စွာ တရားစီရင်ပြီး လူမျိုးတွေကို ဖြောင့်မတ်စွာ စီရင်ဆုံးဖြတ်လိမ့်မယ်။ ယေဟောဝါဟာ ဖိနှိပ်ခံရသူတွေအတွက် လုံခြုံတဲ့ခိုလှုံရာ ဖြစ်လိမ့်မယ်။ ဒုက္ခရောက်ချိန်မှာ လုံခြုံတဲ့ခိုလှုံရာ ဖြစ်လိမ့်မယ်။ ယေဟောဝါဘုရား၊ နာမတော်ကိုသိတဲ့သူတွေ ကိုယ်တော့်ကို ယုံကြည်ကိုးစားကြလိမ့်မယ်။ ကိုယ်တော့်ကို ရှာတဲ့သူတွေကို ကိုယ်တော် ဘယ်တော့မှ မစွန့်ပစ်ဘူး။ ဇိအုန်မှာ စံမြန်းတဲ့ ယေဟောဝါကို ချီးမွမ်းသီချင်းဆိုကြပါ။ ဘုရားရဲ့လုပ်ဆောင်မှုတွေအကြောင်း လူတွေကို ပြောကြပါ။ သူတို့ရဲ့သွေးအတွက် လက်စားချေပေးတဲ့အရှင်က သူတို့ကို သတိရလိမ့်မယ်။ ဒုက္ခရောက်သူတွေ အော်ဟစ်တာကို ဘုရားက မေ့လျော့မှာမဟုတ်ဘူး။ ယေဟောဝါဘုရား၊ ကျွန်တော့်ကို မျက်နှာသာပေးလှည့်ပါ။ မလိုမုန်းထားသူတွေရဲ့ ဖိနှိပ်မှုကို မြင်လှည့်ပါ။ ကျွန်တော့်ကို သေခြင်းတံခါးဝ ကနေ ပြန်ထူပေးတာ ကိုယ်တော်ပါ။ ဒါကြောင့် ချီးမွမ်းထိုက်တဲ့ ကိုယ်တော့်လုပ်ဆောင်မှုတွေအကြောင်း ဇိအုန်သမီးပျိုရဲ့ တံခါးတွေမှာ ကြေညာမယ်။ ကယ်တင်ခြင်း ကျေးဇူးကြောင့် ဝမ်းမြောက်ပါ့မယ်။ လူမျိုးတွေဟာ ကိုယ်တူးတဲ့တွင်းထဲ ပြန်ကျကုန်ပြီ။ သူတို့ခြေလည်း ကိုယ်ဆင်တဲ့ ထောင်ချောက်ထဲ ပြန်မိသွားပြီ။ ယေဟောဝါဟာ တရားစီရင်ချက်တွေကြောင့် ထင်ရှားတယ်။ လူဆိုးတွေ ကိုယ့်အတတ်နဲ့ ကိုယ်စူးနေပြီ။ ဟစ်ဂေးယန်။ (စဲလာ) ဘုရားသခင်ကိုမေ့တဲ့ လူမျိုးတွေနဲ့ လူဆိုးတွေဟာ သင်္ချိုင်းကို သွားရလိမ့်မယ်။ ဆင်းရဲသားတွေကတော့ ဘယ်တော့မှ မေ့လျော့ခံရမှာ မဟုတ်ဘူး။ စိတ်နူးညံ့သူတွေရဲ့ မျှော်လင့်ချက်ဟာ ဘယ်တော့မှ ပျက်စီးမှာ မဟုတ်ဘူး။ ယေဟောဝါဘုရား၊ ထတော်မူပါ။ သေမျိုးဖြစ်တဲ့လူတွေ အောင်နိုင်ခွင့်မရပါစေနဲ့။ ရှေ့တော်မှာ လူမျိုးတွေ တရား စီရင်ခံရပါစေ။ ယေဟောဝါဘုရား၊ လူမျိုးတွေကို ကြောက်လန့်စေပါ။ သူတို့ဟာ သေမျိုးတွေပဲဆိုတာ သိကြပါစေ။ (စဲလာ)
19
Ps
9
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/9/
အို ယေဟောဝါ၊ ဘာလို့ အဝေးမှာ ရပ်နေတာလဲ။ ကျွန်တော် ဒုက္ခရောက်ချိန်မှာ ဘာလို့ ပုန်းရှောင်နေတာလဲ။ လူဆိုးက မောက်မာတဲ့စိတ်ကြောင့် ခိုကိုးရာမဲ့သူတွေကို လိုက်ဖမ်းနေတယ်။ ဒါပေမဲ့ ကိုယ့်အကြံနဲ့ကိုယ် ပြန်ခံရလိမ့်မယ်။ လူဆိုးဟာ အတ္တဆန္ဒတွေအကြောင်း ဝါကြွားတယ်။ လောဘကြီးသူက ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းတယ်။ נ ယေဟောဝါကို မလေးမစား လုပ်တယ်။ လူဆိုးဟာ မောက်မာတဲ့အတွက် ဘာကိုမှ မဆန်းစစ်ဘူး။ ဘုရားသခင် မရှိဘူး လို့ပဲ တွေးတယ်။ သူလုပ်သမျှ အောင်မြင်တယ်။ ဒါပေမဲ့ ကိုယ်တော်ရဲ့ တရားစီရင်ချက်တွေကို သူနားလည်နိုင်စွမ်း မရှိဘူး။ ရန်သူတွေကို လှောင်ပြောင်တယ်။ ငါဘယ်တော့မှ တုန်လှုပ်ရမှာ မဟုတ်ဘူး။ နောင်လာနောက်သား အဆက်ဆက် ဘေးဆိုးကြုံရမှာ မဟုတ်ဘူး လို့ စိတ်ထဲမှာ သူပြောတတ်တယ်။ သူ့နှုတ်မှာ ကျိန်စာတွေ၊ အလိမ်အညာတွေ၊ ခြိမ်းခြောက်မှုတွေ အပြည့်ပဲ။ သူ့လျှာက ဒုက္ခရောက်စေတဲ့၊ ထိခိုက်စေတဲ့ စကားတွေကို ပြောတတ်တယ်။ သူက ရွာတွေနားမှာ စောင့်ပြီး ချောင်းမြောင်းနေတယ်။ အပြစ်မဲ့သူကို သတ်ဖို့ အဲဒီကနေ ထွက်လာတယ်။ ע အခြေမလှသူကို စောင့်ကြည့်နေတယ်။ ဂူထဲက ခြင်္သေ့လိုပဲ ကွယ်ရာကနေ စောင့်နေတယ်။ ခိုကိုးရာမဲ့သူကို ဖမ်းဖို့ စောင့်နေတယ်။ ခိုကိုးရာမဲ့သူ ကျော့ကွင်းမိတဲ့အခါ ဖမ်းခေါ်သွားပြီး၊ နင်းပြားဘဝ ရောက်သွားအောင် လုပ်လိုက်တယ်။ အခြေမလှသူတွေဟာ လူဆိုးရဲ့လက်ခုပ်ထဲ ရောက်သွားတယ်။ ဘုရားသခင်က ငါ့ရဲ့ဆိုးသွမ်းမှုတွေကို မေ့သွားပြီ။ မျက်ကွယ်ပြုလိုက်ပြီ။ လုံးဝ သတိထားမိမှာ မဟုတ်ဘူး လို့ စိတ်ထဲမှာ သူပြောတတ်တယ်။ ယေဟောဝါဘုရား၊ ထတော်မူပါ။ ဘုရားသခင်၊ လက်ကိုမြှောက်ပြီး သူ့ကို တိုက်ခိုက်တော်မူပါ။ ခိုကိုးရာမဲ့သူတွေကို မမေ့လိုက်ပါနဲ့။ လူဆိုးက ဘုရားသခင်ကို ဘာလို့ မလေးမစား လုပ်ရတာလဲ။ ငါ့ကို တရားစီရင်မှာ မဟုတ်ပါဘူး လို့ စိတ်ထဲမှာ ပြောတတ်တယ်။ ဒါပေမဲ့ ကိုယ်တော်က ဒုက္ခနဲ့သောကတွေကို တွေ့တယ်။ အဲဒါတွေကိုကြည့်ပြီး အရေးယူ ဖြေရှင်းပေးတယ်။ အခြေမလှသူတွေ ကိုယ်တော့်ဆီအကူအညီတောင်းကြတယ်။ ကိုယ်တော်ဟာ မိဘမဲ့ကလေးတွေကို ကူညီပေးသူပဲ။ ယုတ်မာတဲ့လူဆိုးရဲ့ လက်ရုံးကို ချိုးပစ်ပါ။ ဒါမှ သူ့ရဲ့ဆိုးသွမ်းမှုကို ကိုယ်တော် ရှာတွေ့တော့မှာ မဟုတ်ဘူး။ ယေဟောဝါဟာ အစဉ်ထာဝရ ဘုရင်ဖြစ်တယ်။ လူမျိုးတွေက မြေပေါ်ကနေ ပျောက်ကွယ်သွားလိမ့်မယ်။ အို ယေဟောဝါ၊ ကိုယ်တော်က စိတ်နူးညံ့သူတွေရဲ့ တောင်းဆိုချက်ကို ကြားလိမ့်မယ်။ သူတို့စိတ်နှလုံးကို ခိုင်ခံ့စေပြီး သူတို့စကားကို အာရုံစိုက်ပေးလိမ့်မယ်။ မိဘမဲ့ကလေးတွေနဲ့ ဖိနှိပ်ခံရသူတွေအတွက် တရားမျှတစွာ စီရင်ပေးလိမ့်မယ်။ ဒါကြောင့် သေမျိုးဖြစ်တဲ့လူဟာ သူတို့ကို ခြောက်လှန့်နိုင်တော့မှာ မဟုတ်ဘူး။
19
Ps
10
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/10/
ယေဟောဝါဆီမှာ ငါခိုလှုံတယ်။ မင်းတို့က ငါ့ကို ငှက်တစ်ကောင်လို တောင်ပေါ်ကိုပျံတော့။ ကြည့်လိုက်။ လူဆိုးတွေ လေးတင်ထားတယ်။ စိတ်ရိုးဖြောင့်သူတွေကို အမှောင်ထဲကနေ ချောင်းပစ်ဖို့ လေးညှို့ပေါ်မှာ မြားတင်ထားတယ်။ တရားမျှတမှုရဲ့ အခြေခံအုတ်မြစ်တွေ ပြိုလဲသွားတဲ့အခါ ဖြောင့်မတ်သူက ဘာတတ်နိုင်လို့လဲ ဆိုပြီး ပြောတယ်ပေါ့။ ယေဟောဝါဟာ သန့်ရှင်းတဲ့ ဗိမာန်တော်မှာ စံမြန်းတယ်။ ယေဟောဝါရဲ့ ရာဇပလ္လင်ဟာ ကောင်းကင်မှာ ရှိတယ်။ လူသားတွေကို မျက်စိရှင်ရှင်ထားပြီး ကြည့်ရှုစစ်ဆေးနေတယ်။ ယေဟောဝါက ဖြောင့်မတ်သူကိုရော လူဆိုးကိုပါ စစ်ဆေးတယ်။ အကြမ်းဖက်မှုနှစ်သက်သူကို မုန်းတယ်။ လူဆိုးတွေအတွက် ထောင်ချောက်ကို ကိုယ်တော် ဆင်ထားလိမ့်မယ်။ မီး၊ ကန့်နဲ့ ချစ်ချစ်တောက်ပူတဲ့ လေဟာ သူတို့ရဲ့ဝေစု ဖြစ်လိမ့်မယ်။ ယေဟောဝါဟာ ဖြောင့်မတ်တယ်။ ဖြောင့်မတ်တဲ့ လုပ်ရပ်တွေကို ချစ်မြတ်နိုးတယ်။ စိတ်ရိုးဖြောင့်သူတွေ မျက်နှာတော်ကို ဖူးမြင်ရလိမ့်မယ်။
19
Ps
11
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/11/
ယေဟောဝါဘုရား၊ကျွန်တော့်ကို ကယ်ပါဦး။ သစ္စာစောင့်သိသူ တစ်ယောက်မှ မရှိတော့ဘူး။ လူတွေထဲမှာ သစ္စာရှိသူတွေကို ရှာမတွေ့နိုင်တော့ဘူး။ လူတွေ အချင်းချင်း လိမ်ညာပြောကြတယ်။ နှုတ်ခမ်းနဲ့ မြှောက်ပင့်ပြီး လှည့်စားတတ်တဲ့စိတ်နဲ့ ပြောကြတယ်။ မြှောက်ပင့်တတ်တဲ့ နှုတ်ခမ်း၊ ကြွားလုံးထုတ်တတ်တဲ့ လျှာကို ယေဟောဝါ ဖြတ်ပစ်လိမ့်မယ်။ ငါတို့က စကားနဲ့ အနိုင်ယူမယ်။ ကိုယ်ကြိုက်သလို ကိုယ်ပြောမယ်။ ငါတို့ကို ဘယ်သူမှ ဆရာ လာမလုပ်နဲ့ လို့ သူတို့ပြောတယ်။ ဒါကြောင့် ယေဟောဝါက ဒုက္ခရောက်သူတွေ ဖိနှိပ်ခံရပြီး ဆင်းရဲသားတွေ ညည်းတွားနေရတဲ့အတွက် ငါထပြီး အရေးယူလုပ်ဆောင်မယ်။ သူတို့ကို အထင်သေးသူတွေရဲ့ လက်ကနေ ငါကယ်တင်မယ် လို့ပြောတယ်။ ယေဟောဝါရဲ့ နှုတ်ထွက်စကားတွေဟာ စင်ကြယ်တယ်။ မြေမီးဖိုထဲမှာ ခုနစ်ကြိမ် သန့်စင်ထားတဲ့ ငွေနဲ့တူတယ်။ အို ယေဟောဝါ၊ သူတို့ကို ကိုယ်တော် စောင့်ရှောက်လိမ့်မယ်။ သူတို့အားလုံးကို ဒီလူမျိုးဆက်ရဲ့ရန်ကနေ ထာဝစဉ် ကာကွယ်ပေးလိမ့်မယ်။ စာရိတ္တပျက်ပြားမှုကို လူတွေအားပေးအားမြှောက် လုပ်နေတဲ့အတွက် လူဆိုးတွေလည်း ထင်ရာစိုင်း သွားလာနေတယ်။
19
Ps
12
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/12/
ယေဟောဝါဘုရား၊ ကျွန်တော့်ကို ဘယ်လောက်ကြာကြာ မေ့ထားမှာလဲ။ ထာဝစဉ်ပဲလား။ ဘယ်လောက်ကြာကြာ မျက်နှာလွှဲထားမှာလဲ။ နေ့တိုင်း သောကရောက်ပြီး ဘယ်လောက်ကြာကြာ စိုးရိမ်ပူပန်နေရဦးမှာလဲ။ ရန်သူဟာ ကျွန်တော့်ကို ဘယ်လောက်ကြာကြာ အနိုင်ယူနေဦးမှာလဲ။ အို ယေဟောဝါ၊ ကျွန်တော့်အဖြစ်ကို ကြည့်ပြီး အဖြေပေးလှည့်ပါ။ သေခြင်းမှာ အိပ်ပျော်မသွားရအောင် ကျွန်တော့်မျက်လုံးတွေကို အလင်းပေးလှည့်ပါ။ ဒါမှ ရန်သူက သူ့ကို ငါနိုင်ပြီ လို့ မပြောနိုင်မှာ။ ကျွန်တော်ကျရှုံးသွားလို့ ရန်ဘက်တွေ ဝမ်းမြောက်ရတာမျိုး မဖြစ်စေပါနဲ့။ ကျွန်တော်ကတော့ ခိုင်မြဲတဲ့မေတ္တာတော်ကိုပဲ ယုံကြည် ကိုးစားပါတယ်။ ကိုယ်တော် ကယ်တင်တဲ့အခါ ရင်ထဲမှာ ဝမ်းမြောက်ရလိမ့်မယ်။ ယေဟောဝါ ကြွယ်ဝစွာဆုချတဲ့အတွက် ကျွန်တော် ချီးမွမ်းသီချင်းဆိုမယ်။
19
Ps
13
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/13/
မိုက်မဲသူတွေက ယေဟောဝါ မရှိဘူး လို့ စိတ်ထဲမှာ ပြောတတ်တယ်။ သူတို့ရဲ့အကျင့်တွေ ယိုယွင်းနေတယ်။ သူတို့ရဲ့လုပ်ရပ်တွေဟာ ရွံစရာကောင်းတယ်။ မှန်ရာလုပ်တဲ့သူ တစ်ယောက်မှ မရှိဘူး။ ယေဟောဝါကတော့ လူသားတွေထဲမှာ ထိုးထွင်းဉာဏ်ရှိသူ၊ ယေဟောဝါကိုရှာတဲ့သူ ရှိလေမလားဆိုပြီး ကောင်းကင်ကနေ ငုံ့ကြည့်နေတယ်။ သူတို့အားလုံး လမ်းလွဲပြီး အကျင့်ယိုယွင်းနေတယ်။ မှန်ရာလုပ်တဲ့သူ မရှိဘူး။ တစ်ယောက်တလေတောင် မရှိဘူး။ အမှားလုပ်တဲ့သူတွေ တစ်ယောက်မှ နားမလည်ကြဘူး။ ငါ့လူတွေကို အစားအစာလို ဝါးမျိုပစ်တယ်။ ယေဟောဝါဆီ ဆုမတောင်းကြဘူး။ ဒါပေမဲ့ ဖြောင့်မတ်သူရဲ့ လူမျိုးဆက်နဲ့အတူ ယေဟောဝါရှိနေလို့ သူတို့ အကြီးအကျယ် ကြောက်လန့်ရလိမ့်မယ်။ အမှားလုပ်တဲ့ မင်းတို့က နိမ့်ကျသူရဲ့ အကြံအစည်တွေကို ဖျက်ဖို့ ကြိုးစားပေမဲ့ ယေဟောဝါဟာ သူ့ရဲ့ခိုလှုံရာပဲ။ ဇိအုန်ကနေ အစ္စရေးရဲ့ကယ်တင်ခြင်း ပေါ်ထွက်လာပါစေ။ ယေဟောဝါက လူမျိုးတော်ကို သုံ့ပန်းဘဝကနေ ပြန်စုသိမ်းတဲ့အခါ ယာကုပ် ရွှင်လန်းပါစေ။ အစ္စရေး ဝမ်းမြောက်ပါစေ။
19
Ps
14
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/14/
အို ယေဟောဝါ၊ တဲတော်မှာ ဘယ်သူ တည်းခိုခွင့်ရမလဲ။ သန့်ရှင်းတဲ့တောင်ပေါ်မှာ ဘယ်သူ နေခွင့်ရမလဲ။ အမှားကင်းအောင်နေတဲ့သူ၊ မှန်ရာလုပ်တဲ့သူ၊ ဟုတ်တိုင်းမှန်ရာ ပြောတဲ့သူပါ။ သူက သူတစ်ပါးအကြောင်း သွားပုပ်လေလွင့် မပြောဘူး။ လူလူချင်းအပေါ် မကောင်းတာ ဘာမှမလုပ်ဘူး။ မိတ်ဆွေတွေအကြောင်း မကောင်းသတင်း မလွှင့်တတ်ဘူး။ ယုတ်ညံ့သူကို ရှောင်ခွာတယ်။ ယေဟောဝါကို ကြောက်ရွံ့သူတွေကိုတော့ ဂုဏ်တင်တယ်။ ကိုယ့်အကျိုး ပျက်မယ်ဆိုရင်တောင် ကတိတည်တတ်တယ်။ ငွေချေးပေးတဲ့အခါ အတိုးမယူဘူး။ အပြစ်မဲ့သူကို ဒုက္ခပေးဖို့ သူ့ဆီ လာဘ်ထိုးလို့ မရဘူး။ သူလိုလူဟာ ဘယ်တော့မှ တုန်လှုပ်ရမှာ မဟုတ်ဘူး။
19
Ps
15
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/15/
အို ဘုရားသခင်၊ ကိုယ်တော့်ဆီမှာ ခိုလှုံတဲ့အတွက်ကျွန်တော့်ကို ကာကွယ်ပေးပါ။ ယေဟောဝါကို ကိုယ်တော်ဟာ ယေဟောဝါပါ။ ခံစားရတဲ့ ကောင်းကျိုးချမ်းသာ မှန်သမျှ ကိုယ်တော့်ဆီက လာတာပါ။ ကမ္ဘာပေါ်မှာရှိတဲ့ သန့်ရှင်းသူတွေ၊ ကြီးမြတ်သူတွေကြောင့် ကျွန်တော် ပျော်ရွှင်ကြည်နူးနေပါတယ် လို့ ကျွန်တော်ပြောတယ်။ တခြားဘုရားတွေနောက် လိုက်သွားသူတွေ ဒုက္ခပင်လယ်ဝေကြရတယ်။ ကျွန်တော်ကတော့ အဲဒီဘုရားတွေဆီ ဘယ်တော့မှ သွေးကို သွန်းလောင်းပူဇော်မှာ မဟုတ်ဘူး။ အဲဒီဘုရားတွေရဲ့ နာမည်ကို တမိမှာ မဟုတ်ဘူး။ ယေဟောဝါဟာ ကျွန်တော်ရတဲ့ ဝေစု၊ ကျွန်တော်ရတဲ့ ခွဲတမ်း၊ ကျွန်တော်သောက်တဲ့ ခွက်ပဲ။ ကျွန်တော့်အမွေကို ကိုယ်တော် ကာကွယ်စောင့်ရှောက်ပေးတယ်။ ကျွန်တော့်အတွက် သာယာတဲ့နေရာတွေကို သတ်မှတ်ပေးတယ်။ ဒါကြောင့် ကိုယ်ရတဲ့အမွေနဲ့ ကျွန်တော် ကျေနပ်နေပါတယ်။ အကြံဉာဏ်ပေးတဲ့ ယေဟောဝါကို ချီးမွမ်းမယ်။ ညအချိန်မှာ အနက်ရှိုင်းဆုံး ခံစားချက်တွေက ကျွန်တော့်ကို တည့်မတ်ပေးတယ်။ ယေဟောဝါဟာ ကျွန်တော့်ရှေ့မှာ အမြဲရှိနေတယ်။ ကျွန်တော့်ညာဘက်မှာ ဘုရားရှိနေလို့ ဘယ်တော့မှ တုန်လှုပ်မှာ မဟုတ်ဘူး။ ဒါကြောင့် ရင်ထဲမှာ ဝမ်းမြောက်နေတယ်။ ကျွန်တော် အတိုင်းမသိ ရွှင်လန်းနေတယ်။ ဘေးကင်းလုံခြုံစွာ နေနေရတယ်။ ကိုယ်တော်က ကျွန်တော့်ကို သင်္ချိုင်းမှာ ပစ်ထားမှာ မဟုတ်ဘူး။ သစ္စာစောင့်သိသူကို သင်္ချိုင်းတွင်းထဲ ပုပ်ပျက်သွားတဲ့အဖြစ်မျိုး တွေ့ကြုံခွင့်ပြုမှာ မဟုတ်ဘူး။ ကိုယ်တော်ကြောင့် အသက်လမ်းကို ကျွန်တော် သိရှိရတယ်။ ရှေ့တော်မှာ နေခွင့်ရလို့ သိပ်ပျော်တယ်။ ကိုယ်တော့်ညာဘက်မှာ နေခွင့်ရလို့ ထာဝစဉ် ကြည်နူးတယ်။
19
Ps
16
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/16/
အို ယေဟောဝါ၊ တရားမျှတမှုအတွက် ကျွန်တော် အသနားခံ နေတာကို ကြားလှည့်ပါ။ ကျွန်တော် အကူအညီတောင်းတာကို အာရုံစိုက်ပေးပါ။ စိတ်ရင်းမှန်နဲ့ ဆုတောင်းတာကို နားထောင်ပေးပါ။ ကျွန်တော့်အတွက် တရားသဖြင့် ဆုံးဖြတ်ပေးပါ။ ကျွန်တော် ဖြောင့်မှန်တယ်ဆိုတာ ကိုယ်တော် တွေ့မြင်ပါစေ။ ကျွန်တော့် စိတ်နှလုံးကို ကိုယ်တော် စစ်ဆေးတယ်။ ညအချိန်မှာ ကျွန်တော့်ကို စစ်ကြောတယ်။ ကျွန်တော့်ကို သန့်စင်ပေးတယ်။ မကောင်းတာ တစ်ခုမှ မကြံစည်မှန်း၊ နှုတ်နဲ့လည်း မပြစ်မှားမှန်း ကိုယ်တော် သိတယ်။ လူတွေ ဘာတွေပဲ လုပ်နေပါစေ၊ ကျွန်တော်ကတော့ နှုတ်တော်ထွက်စကားကြောင့် ဓားပြတွေရဲ့ လမ်းစဉ်ကို ရှောင်ရှားနိုင်တာပါ။ ကျွန်တော် တိုက်မိမလဲရအောင် ကိုယ်တော့်လမ်းတွေပေါ်မှာပဲ လျှောက်လှမ်းပါရစေ။ အို ဘုရားသခင်၊ ကိုယ်တော် နားထောင်မယ်ဆိုတာသိလို့ တောင်းလျှောက်ရတာပါ။ နားကိုစွင့်ပြီး ကျွန်တော် ပြောတာကို နားထောင်ပေးပါ။ ပုန်ကန်သူတွေရဲ့ရန်ကနေ လွတ်ဖို့ ညာလက်ရုံးတော်အောက်မှာ လာခိုလှုံတဲ့သူတွေကို ကယ်တင်တဲ့အရှင်၊ ခိုင်မြဲတဲ့မေတ္တာတော်ကို အံ့ဖွယ်နည်းနဲ့ ပြသလှည့်ပါ။ ကိုယ်တော်ရဲ့ မျက်ဆန်လို ကျွန်တော့်ကို ကာကွယ်ပေးပါ။ အတောင်တော် အရိပ်အောက်မှာ ဝှက်ထားပေးပါ။ တိုက်ခိုက်နေတဲ့ လူဆိုးတွေ၊ ဝိုင်းရံထားတဲ့ ရန်သူတွေလက်ကနေ ကာကွယ်ပေးပါ။ သူတို့မှာ စာနာစိတ် မရှိဘူး။ မောက်မောက်မာမာ ပြောတတ်တယ်။ ကျွန်တော်တို့ကို ဝိုင်းရံပိတ်ဆို့ထားတယ်။ အလဲထိုးဖို့ အခွင့်ကောင်း စောင့်နေတယ်။ သားကောင်ကို အပိုင်းပိုင်းဆွဲဖြတ်ချင်တဲ့ ခြင်္သေ့လိုပဲ။ ဝပ်ပြီး ချောင်းမြောင်းနေတဲ့ ခြင်္သေ့ပျိုလိုပဲ။ အို ယေဟောဝါ၊ ထတော်မူပါ။ ရန်သူကို ထိပ်တိုက်ရင်ဆိုင်ပြီး ရှုံးနိမ့်စေပါ။ လူဆိုးရဲ့လက်ကနေ ကိုယ်တော့်ဓားနဲ့ ကယ်တင်ပေးပါ။ ယေဟောဝါဘုရား၊ ဒီလောကသားတွေလက်ကနေ လက်ရုံးတော်နဲ့ ကယ်တင်ပေးပါ။ သူတို့ရဲ့ဝေစုဟာ လက်ရှိ အသက်တာအတွက်ပဲ။ ကောင်းတဲ့အရာတွေ ကိုယ်တော် ဖြည့်ဆည်းပေးတဲ့အတွက် သူတို့လည်း သားသမီးတွေအတွက် အမွေဥစ္စာ ချန်ထားကြတယ်။ ကျွန်တော်ကတော့ ဖြောင့်မတ်တဲ့အတွက် မျက်နှာတော်ကို ဖူးမြင်ခွင့်ရလိမ့်မယ်။ နိုးထလာတဲ့အခါ ကိုယ်တော့်ကို မြင်ရရင်ပဲ ကျေနပ်ပါပြီ။
19
Ps
17
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/17/
အို ယေဟောဝါ၊ ကျွန်တော့် အစွမ်းခွန်အားဖြစ်တဲ့ ကိုယ်တော့်ကို ချစ်မြတ်နိုးလိုက်တာ။ ယေဟောဝါဟာ ငါ့ကျောက်ဆောင်၊ ငါ့ရဲတိုက်၊ ငါ့ကို ကယ်တင်တဲ့အရှင်ပါ။ ဘုရားသခင်ဟာ ငါခိုလှုံတဲ့ ကျောက်ဆောင်၊ ငါ့ရဲ့ ဒိုင်းလွှား၊ ငါ့ကို ကယ်တင်တဲ့ ဦးချို၊ လုံခြုံတဲ့ခိုလှုံရာပါ။ ချီးမွမ်းထိုက်တဲ့အရှင် ယေဟောဝါကို ငါဆုတောင်းတဲ့အခါ ရန်သူတွေလက်ကနေ ကယ်တင်ပေးမှာပဲ။ သေခြင်းရဲ့ကြိုးတွေ ငါ့ကို ရစ်ပတ်နေတယ်။ အသုံးမကျသူတွေက ရုတ်တရက် လွှမ်းမိုးတတ်တဲ့ရေလို ငါ့ကို ခြောက်လှန့်နေတယ်။ သင်္ချိုင်းရဲ့ကြိုးတွေ ငါ့ကို ပတ်ရစ်ထားတယ်။ သေခြင်းရဲ့ ကျော့ကွင်းတွေကို ငါရင်ဆိုင်နေရတယ်။ ဒုက္ခရောက်နေချိန်မှာ ယေဟောဝါကို ငါဆုတောင်းတယ်။ ကူညီပါလို့ ဘုရားသခင်ကို တစာစာ တောင်းလျှောက်တယ်။ ငါ့အသံကို ဗိမာန်တော်ထဲကနေ ကြားတယ်။ ငါ့ရဲ့ အကူအညီတောင်းသံဟာ ဘုရားရဲ့နားထဲ ရောက်သွားတယ်။ အဲဒီအခါ မြေကြီး တုန်ခါလာတယ်။ တောင်ရဲ့ အခြေအမြစ်တွေလည်း သိမ့်သိမ့်တုန်လာတယ်။ အမျက်တော်ကြောင့် အဲဒါတွေ ယိမ်းထိုးလာတယ်။ ဘုရားရဲ့နှာခေါင်းထဲကနေ မီးခိုးတွေ၊ ခံတွင်းထဲကနေ ကျွမ်းလောင်စေတဲ့မီးတွေ ထွက်လာတယ်။ ဘုရားဆီကနေ မီးကျီးခဲတွေ ထွက်လာတယ်။ ဘုရား ဆင်းသက်တဲ့အခါ ကောင်းကင် ညွှတ်ကျလာတယ်။ ခြေတော်ရင်းမှာ မည်းမှောင်တဲ့တိမ်ထု ရှိနေတယ်။ ဘုရားက ခေရုဗိမ်ကို စီးပြီး ပျံသန်းလာတယ်။ ကောင်းကင်တမန် ရဲ့တောင်ပံကို စီးပြီး ထိုးဆင်းလာတယ်။ မှောင်မိုက်ကို လွှမ်းခြုံထားတယ်။ မည်းမှောင်နေတဲ့ မိုးတိမ်နဲ့ တိမ်ထုကြီးကို ပတ်လည်မှာ ခြံရံထားတယ်။ မိုးသီးတွေ၊ မီးကျီးခဲတွေက ရှေ့တော်မှာရှိတဲ့ လျှပ်စီးတွေထဲကနေ တိမ်ထုကို ဖောက်ထွက်ပြီး ကျလာတယ်။ အဲဒီနောက် ယေဟောဝါက ကောင်းကင်မှာ မိုးခြိမ်းစေတယ်။ အမြင့်ဆုံးအရှင်က အသံကို လွှင့်တဲ့အခါ မိုးသီးတွေ၊ မီးကျီးခဲတွေ ကျလာတယ်။ မြားတွေပစ်လွှတ်ပြီး ရန်သူတွေကို ကစဉ့်ကလျားဖြစ်စေတယ်။ လျှပ်စီးလက်ပြီး သူတို့ကို ဖရိုဖရဲဖြစ်စေတယ်။ အို ယေဟောဝါ၊ ကိုယ်တော် ဆုံးမလိုက်တဲ့အတွက်၊ နှာခေါင်းထဲကနေ လေမှုတ်ထုတ်လိုက်တဲ့အတွက် မြစ်ကြမ်းပြင်တွေ ထင်ရှားလာတယ်။ မြေကြီးအုတ်မြစ်တွေ ပေါ်လာတယ်။ အထက်အရပ်ကနေ လက်တော်ကို ဆန့်လိုက်တယ်။ ငါ့ကိုကိုင်ပြီး နက်ရှိုင်းတဲ့ ရေထဲကနေ ဆယ်ယူတယ်။ အင်အားကြီးတဲ့ ရန်သူတွေ၊ အင်အားပိုကြီးပြီး ငါ့ကို မုန်းတီးနေသူတွေလက်ကနေ ကယ်တင်တယ်။ ငါဒုက္ခရောက်နေချိန်မှာ သူတို့ တိုက်ခိုက်ပေမဲ့လည်း ငါ့ကို ယေဟောဝါ ထောက်မပေးတယ်။ ဘေးကင်းလုံခြုံတဲ့ နေရာဆီ ငါ့ကို ပို့ဆောင်ပေးတယ်။ ငါ့ကိုနှစ်သက်တဲ့အတွက် ကယ်တင်တယ်။ ယေဟောဝါက ငါဖြောင့်မတ်တဲ့အတိုင်း ဆုချတယ်။ ငါ့လက်တွေ အပြစ်ကင်းတဲ့အတိုင်း ပြန်ဆပ်ပေးတယ်။ ယေဟောဝါရဲ့ လမ်းစဉ်တွေအတိုင်း ငါအမြဲလိုက်လျှောက်တယ်။ ဘုရားသခင်ကို ကျောခိုင်းတာဟာ ဆိုးညစ်တဲ့ လုပ်ရပ်ဖြစ်လို့ ငါမလုပ်ဘူး။ ဘုရားရဲ့ တရားစီရင်ချက်တွေအကြောင်း ငါအမြဲစဉ်းစားတယ်။ ဘုရားရဲ့ဥပဒေတွေကို လျစ်လျူမရှုဘူး။ ရှေ့တော်မှာ အပြစ်ပြောစရာမရှိအောင် ငါနေမယ်။ မပြစ်မှားမိအောင် စောင့်ထိန်းမယ်။ ယေဟောဝါက ငါဖြောင့်မတ်တဲ့အတိုင်း၊ ရှေ့တော်မှာ ငါ့လက်တွေ အပြစ်ကင်းတဲ့အတိုင်း ပြန်ဆပ်ပေးပါစေ။ သစ္စာစောင့်သိသူကို ကိုယ်တော်ကလည်း သစ္စာစောင့်သိတယ်။ အပြစ်ပြောစရာမရှိသူကို အပြစ်ပြောစရာမရှိအောင် ဆက်ဆံတယ်။ ဖြူစင်တဲ့သူကို ဖြူစင်တဲ့သဘောနဲ့ ဆက်ဆံတယ်။ ကောက်ကျစ်သူကိုတော့ ပါးနပ်စွာ ဆက်ဆံတယ်။ နိမ့်ကျသူတွေကို ကယ်တင်တယ်။ မောက်မာသူတွေကိုတော့ ချိုးနှိမ်ပစ်တယ်။ အို ယေဟောဝါ၊ ကျွန်တော့်မီးခွက်ကို ထွန်းညှိပေးသူဟာ ကိုယ်တော်ပါ။ ဘုရားသခင်က ကျွန်တော့်ရဲ့ မှောင်မိုက်ကို ထွန်းလင်းစေတယ်။ ကိုယ်တော့် အကူအညီကြောင့် ဓားပြအုပ်စုကို ဖြိုခွင်းနိုင်ပြီ။ ဘုရားသခင်ပေးတဲ့ ခွန်အားကြောင့် မြို့ရိုးကို တက်နိုင်ပြီ။ စစ်မှန်တဲ့ဘုရားသခင်ရဲ့ လမ်းစဉ်ဟာ ပြည့်ဝစုံလင်တယ်။ ယေဟောဝါရဲ့ နှုတ်ထွက်စကားဟာ သန့်စင်တယ်။ ဘုရားဟာ ခိုလှုံသူတွေအတွက် ဒိုင်းလွှားပဲ။ ယေဟောဝါကလွဲလို့ ဘယ်ဘုရား ရှိသလဲ။ ငါတို့ဘုရားသခင်ကလွဲလို့ ဘယ်သူဟာ ကျောက်ဆောင်ဖြစ်သလဲ။ စစ်မှန်တဲ့ဘုရားသခင်က ငါ့ကိုအစွမ်းခွန်အားနဲ့ လွှမ်းခြုံပေးတယ်။ ငါ့လမ်းခရီးကို ချောမွေ့စေတယ်။ ငါ့ခြေကို သမင်ခြေလို ဖြစ်စေတယ်။ မြင့်မားတဲ့နေရာတွေမှာ ရပ်စေတယ်။ ငါ့လက်တွေကို စစ်ရေးကျွမ်းကျင်အောင် လေ့ကျင့်ပေးတယ်။ ကြေးနီလေးကို ငါ့လက်ရုံးအားနဲ့ တင်နိုင်တယ်။ ကိုယ်တော်က ကျွန်တော့်ကို ကယ်တင်ခြင်းဒိုင်းလွှား ပေးတယ်။ ညာလက်ရုံးတော်နဲ့ ထောက်မတယ်။ ကိုယ်တော့်နှိမ့်ချမှုကြောင့် ကျွန်တော် ကြီးမြတ်လာတယ်။ ကျွန်တော် ခြေချမယ့်လမ်းကို ကိုယ်တော် ကျယ်ဝန်းစေတယ်။ ကျွန်တော် ခြေချော်မှာ မဟုတ်ဘူး။ ရန်သူတွေကို လိုက်လံဖမ်းဆီးမယ်။ သုတ်သင်ဖယ်ရှားလို့ မပြီးမချင်း ပြန်မလာဘူး။ သူတို့ ပြန်မထနိုင်အောင် နင်းခြေပစ်မယ်။ ကျွန်တော့်ခြေရင်းမှာ ပြိုလဲသွားလိမ့်မယ်။ ကျွန်တော် စစ်တိုက်နိုင်အောင် ကိုယ်တော် အစွမ်းခွန်အား ပေးလိမ့်မယ်။ ရန်သူတွေကို ခြေအောက်မှာ ပြိုလဲစေလိမ့်မယ်။ ရန်သူတွေကို နောက်လှည့်ပြေးစေမယ်။ ကျွန်တော့်ကို မုန်းတဲ့သူတွေ ဇာတ်သိမ်းသွားအောင် ကျွန်တော်လုပ်မယ်။ သူတို့ အော်ဟစ်အကူအညီတောင်းပေမဲ့ ကယ်တင်မယ့်သူ တစ်ယောက်မှ မရှိဘူး။ သူတို့အော်ခေါ်ရင်တောင် ယေဟောဝါ ပြန်မထူးဘူး။ သူတို့ကို လေထဲလွင့်နေတဲ့ ဖုန်မှုန့်လို ဖြစ်သွားအောင် ကျွန်တော် ထုထောင်းပစ်မယ်။ လမ်းပေါ်က ရွှံ့တွေလို လွှင့်ပစ်မယ်။ ကျွန်တော့်ကို အပြစ်ရှာသူတွေလက်ကနေ ကိုယ်တော် ကယ်တင်လိမ့်မယ်။ လူမျိုးတွေရဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်လိမ့်မယ်။ ကျွန်တော်မသိတဲ့ လူမျိုးတစ်မျိုးက ကျွန်တော့်ဆီမှာ ကျွန်ခံလိမ့်မယ်။ ကျွန်တော့်အကြောင်းကို ကြားရုံနဲ့ သူတို့ နာခံလိမ့်မယ်။ တိုင်းတစ်ပါးသားတွေ ရှေ့မှာလာပြီး ဝပ်တွားကြလိမ့်မယ်။ တိုင်းတစ်ပါးသားတွေ သတ္တိမရှိတော့ဘူး။ ရဲတိုက်တွေထဲကနေ ကြောက်ရွံ့တုန်လှုပ်ပြီး ထွက်လာလိမ့်မယ်။ ယေဟောဝါဟာ အသက်ရှင်နေတဲ့ ဘုရားပဲ။ ငါ့ကျောက်ဆောင်ကို ချီးမွမ်းကြပါ။ ငါ့ကိုကယ်တင်တဲ့ ဘုရားသခင်ကို ချီးမြှောက်ကြပါ။ စစ်မှန်တဲ့ဘုရားသခင်က ငါ့အတွက် လက်စားချေ ပေးတယ်။ လူတွေကို ငါ့ခြေအောက်မှာ နှိမ်နင်းတယ်။ ဒေါသထွက်နေတဲ့ ရန်သူတွေလက်ကနေ ကယ်တင်ပေးတယ်။ တိုက်ခိုက်သူတွေရဲ့ အထက်မှာ ကျွန်တော့်ကို ချီးမြှင့်ပေးတယ်။ အကြမ်းဖက်သူရဲ့ လက်ကနေ ကယ်တင်ပေးတယ်။ ဒါကြောင့် ယေဟောဝါဘုရား၊ လူမျိုးတွေအလယ်မှာ ကိုယ်တော့်ကို ဂုဏ်တင်ချီးမွမ်းပါ့မယ်။ နာမတော်ကို ချီးမွမ်းသီချင်းဆိုပါ့မယ်။ ဘုရားက ခန့်အပ်ထားတဲ့ ဘုရင်ကို ကယ်တင်ဖို့ ကြီးမြတ်တဲ့အရာတွေ လုပ်ဆောင်တယ်။ ဘိသိက်ပေးထားသူကို၊ ဒါဝိဒ်နဲ့ သူ့မျိုးနွယ်ကို ခိုင်မြဲတဲ့မေတ္တာ ထာဝစဉ်ပြတယ်။
19
Ps
18
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/18/
ကောင်းကင်က ဘုရားသခင်ရဲ့ ဂုဏ်ကျက်သရေကို ကြေညာနေတယ်။ အထက်မိုးကောင်းကင်က ဘုရားရဲ့လက်ရာတွေအကြောင်း ပြောကြားနေတယ်။ သူတို့က နေ့စဉ်နေ့တိုင်း တတွတ်တွတ် ပြောနေတယ်။ ညစဉ်ညတိုင်း ဘုရားသခင်အကြောင်း ဖော်ပြနေတယ်။ တကယ်တော့ သူတို့ ဘာစကားမှ မပြောဘူး။ စကားတစ်ခွန်းမှ မဟဘူး။ ဘာစကားသံမှလည်း မကြားရဘူး။ ဒါပေမဲ့ သူတို့ရဲ့အသံဟာ မြေတစ်ပြင်လုံးအထိ၊ သူတို့ရဲ့သတင်းစကားဟာ မြေကြီးစွန်းအထိ ပျံ့နှံ့သွားတယ်။ ဘုရားသခင်က ကောင်းကင်မှာ နေမင်းအတွက် တဲတစ်ဆောင် ဆောက်ပေးတယ်။ နေမင်းဟာ မင်္ဂလာအိပ်ခန်းထဲက ထွက်လာတဲ့ သတို့သားနဲ့တူတယ်။ ခွန်အားကြီးသူလို ကိုယ့်လမ်းကြောင်းအတိုင်း ပြေးရင်းနဲ့ ရွှင်လန်းနေတယ်။ ကောင်းကင် တစ်ဖက်စွန်းကနေ ထွက်လာပြီး နောက်တစ်ဖက်စွန်းအထိ လှည့်ပတ်သွားတယ်။ သူ့အပူရှိန်နဲ့ လွတ်ကင်းတာ ဘာမှမရှိဘူး။ ယေဟောဝါရဲ့ပညတ်ဟာ ပြည့်ဝစုံလင်တယ်။ လူကို အစွမ်းခွန်အား ပြည့်စေတယ်။ ယေဟောဝါရဲ့ သတိပေးချက်ဟာ ယုံကြည်စိတ်ချထိုက်တယ်။ အတွေ့အကြုံမရှိသူကို ဉာဏ်ပညာရှိစေတယ်။ ယေဟောဝါရဲ့ မိန့်မှာချက်တွေဟာ ဖြောင့်မတ်တယ်။ စိတ်နှလုံးကို ရွှင်လန်းစေတယ်။ ယေဟောဝါရဲ့ ပညတ်ချက်ဟာ သန့်စင်တယ်။ မျက်စိကို လင်းစေတယ်။ ယေဟောဝါကို ကြောက်ရွံ့ခြင်းဟာ စင်ကြယ်တယ်။ ထာဝစဉ်တည်တယ်။ ယေဟောဝါရဲ့ တရားစီရင်ချက်တွေဟာ စစ်မှန်တယ်၊ အလုံးစုံ ဖြောင့်မတ်တယ်။ အဲဒါတွေဟာ ရွှေထက်မက ရွှေစင်အမြောက်အမြားထက် နှစ်သက်စရာ ကောင်းတယ်။ ပျားအုံကနေ တစက်စက်ကျနေတဲ့ ပျားရည်ထက် ချိုမြိန်တယ်။ အဲဒါတွေက ကျွန်တော်မျိုးကို သတိပေးနေတယ်။ အဲဒါတွေကို စောင့်ထိန်းတဲ့အတွက် အကျိုးကြီးလှပါတယ်။ ကိုယ့်အမှားကိုယ်သိတဲ့သူ ဘယ်သူရှိသလဲ။ မသိဘဲလုပ်မိတဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးလှည့်ပါ။ ရောင့်တက်တဲ့ လုပ်ရပ်တွေ မလုပ်မိအောင် ကျွန်တော်မျိုးကို တားဆီးပေးပါ။ အဲဒါတွေဟာ ကျွန်တော့်ကို အနိုင်မယူပါစေနဲ့။ ဒါမှ ကျွန်တော်ဟာ အပြစ်ပြောစရာမရှိတဲ့သူ၊ ပြောင်ပြောင်တင်းတင်း ကျူးလွန်တဲ့ အပြစ်တွေနဲ့ ကင်းစင်တဲ့သူ ဖြစ်နိုင်မှာပါ။ အို ယေဟောဝါ၊ ကျွန်တော့်ကျောက်ဆောင်၊ ကျွန်တော့်ရွေးနုတ်ရှင်၊ ကျွန်တော့်နှုတ်ကထွက်တဲ့ စကားတွေနဲ့ စိတ်ထဲက အတွေးတွေဟာ ကိုယ်တော် နှစ်သက်တာတွေ ဖြစ်ပါစေ။
19
Ps
19
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/19/
ဒုက္ခရောက်ချိန်မှာ မင်းကြီးရဲ့ ဆုတောင်းချက်ကို ယေဟောဝါ အဖြေပေးပါစေ။ ယာကုပ်ကိုးကွယ်တဲ့ ဘုရားသခင်ရဲ့ နာမည်က မင်းကြီးကို ကာကွယ်ပေးပါစေ။ ဘုရားက မင်းကြီးအတွက် အကူအညီကို သန့်ရှင်းရာအရပ်ကနေ စေလွှတ်ပေးပါစေ။ ဇိအုန်တောင်ကနေ ဖေးမပေးပါစေ။ မင်းကြီးဆက်သတဲ့ ပူဇော်သက္ကာတွေကို ဘုရား သတိရပါစေ။ မီးရှို့ရာ ပူဇော်သက္ကာကို နှစ်သက်လက်ခံပါစေ။ (စဲလာ) မင်းကြီးရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးပါစေ။ မင်းကြီးရဲ့ အစီအစဉ်အားလုံးကို အောင်မြင်ခွင့်ပေးပါစေ။ မင်းကြီးရဲ့ အောင်ပွဲတွေအတွက် ကျွန်တော်တို့ ရွှင်လန်းစွာ သီချင်းဆိုပါ့မယ်။ ဘုရားသခင်ရဲ့ နာမည်နဲ့ အောင်လံလွှင့်ထူပါ့မယ်။ မင်းကြီးတောင်းသမျှ ဆုကို ယေဟောဝါ ဖြည့်ဆည်းပေးပါစေ။ ယေဟောဝါဟာ ဘိသိက်ပေးထားသူကို ကယ်တင်တယ်ဆိုတာ ကျွန်တော်တို့ သိပြီ။ သူ့ဆုတောင်းချက်တွေကို သန့်ရှင်းတဲ့ ကောင်းကင်ကနေ နားထောင်ပြီး အားကြီးတဲ့ ညာလက်ရုံးနဲ့ ကယ်တင်တယ်။ တချို့က မြင်းရထားတွေ၊ တချို့ကမြင်းတွေကို အားကိုးပေမဲ့ ကျွန်တော်တို့ကတော့ ယေဟောဝါဘုရားရဲ့ နာမည်ကိုခေါ်ပြီး ဆုတောင်းမယ်။ အဲဒီလူတွေ ပြိုလဲ ကျရှုံးကုန်ပြီ။ ကျွန်တော်တို့ကတော့ ပြန်ထပြီး ရပ်တည်နိုင်ပြီ။ အို ယေဟောဝါ၊ မင်းကြီးကို ကယ်တင်ပေးပါ။ ကျွန်တော်တို့အကူအညီတောင်းတဲ့အခါ ကူညီပေးလှည့်ပါ။
19
Ps
20
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/20/
အို ယေဟောဝါ၊ မင်းကြီးဟာ ကိုယ်တော်ပေးတဲ့ အစွမ်းခွန်အားကြောင့် ဝမ်းမြောက်နေတယ်။ ကိုယ်တော် ကယ်တင်ပေးလို့ သိပ်ဝမ်းမြောက်နေတယ်။ သူ့ရဲ့လိုအင်ဆန္ဒကို ကိုယ်တော် ဖြည့်ဆည်းပေးတယ်။ သူတောင်းဆိုတာကိုလည်း မငြင်းပယ်ဘူး။ (စဲလာ) သူ့ကို ကောင်းချီးတွေ အလျှံပယ်ပေးတယ်။ ရွှေစင်သရဖူ ဆောင်းပေးတယ်။ အသက်ရှည်ဖို့ သူ ဆုပန်တဲ့အတိုင်း ဖြည့်ဆည်းပေးတယ်။ အစဉ်ထာဝရ အသက်ရှည်စေတယ်။ ကိုယ်တော် ကယ်တင်ပေးလို့ သူ့ရဲ့ဂုဏ်ကျက်သရေ တိုးလာတယ်။ ကိုယ်တော်က ဂုဏ်သိက္ခာနဲ့ခမ်းနားမြင့်မြတ်မှုကို သူ့ဆီ အပ်နှင်းတယ်။ သူ့ကို ထာဝစဉ် ကောင်းချီးခံစားစေတယ်။ သူနဲ့အတူ ရှိနေပြီး သူ့ကို ပျော်ရွှင်စေတယ်။ ယေဟောဝါကို သူ ယုံကြည် ကိုးစားတယ်။ အမြင့်ဆုံးအရှင်ရဲ့ ခိုင်မြဲတဲ့မေတ္တာကြောင့် သူ ဘယ်တော့မှ တုန်လှုပ်မှာ မဟုတ်ဘူး။ ကိုယ်တော်က ရန်သူတွေကို လက်နဲ့ ကိုင်ဖမ်းမယ်။ မလိုမုန်းထားသူတွေကို ညာလက်ရုံးနဲ့ ကိုင်ဖမ်းမယ်။ စစ်ကြောချိန်ရောက်တဲ့အခါ သူတို့ဟာ မီးဖိုထဲ ပစ်ချခံရသလို ဖြစ်လိမ့်မယ်။ ယေဟောဝါက သူတို့ကို ဒေါသတကြီး ဝါးမျိုမယ်။ သူတို့ကို မီးလောင်ကျွမ်းသွားမယ်။ သူတို့ရဲ့ သားစဉ်မြေးဆက်တွေကို ကမ္ဘာမြေပေါ်ကနေ၊ သူတို့ရဲ့သားမြေးတွေကို လူသားတွေထဲကနေ ဖျက်ဆီးလိမ့်မယ်။ ကိုယ်တော့်အပေါ် သူတို့ မကောင်းကြံကြတာကိုး။ အောင်မြင်မှာမဟုတ်တဲ့ အကြံတွေ ကြံစည်ကြတာကိုး။ ကိုယ်တော်က သူတို့ကို လေးနဲ့ချိန်ရွယ်ပြီး နောက်လှည့်ပြေးစေလိမ့်မယ်။ ယေဟောဝါဘုရား၊ အစွမ်းခွန်အားနဲ့ ထတော်မူပါ။ ကိုယ်တော်ရဲ့ ခွန်အားကြီးမားမှုအကြောင်း ကျွန်တော်တို့ ချီးမွမ်းသီချင်းဆိုပါ့မယ်။
19
Ps
21
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/21/
ကျွန်တော့်ဘုရား၊ ကျွန်တော့်ဘုရား၊ ကျွန်တော့်ကို ဘာလို့ စွန့်ပစ်တာလဲ။ ဘာလို့ မကယ်တာလဲ။ ကျွန်တော် ညည်းတွားအော်ဟစ်တာကို ဘာလို့ မကြားတာလဲ။ ကျွန်တော့်ဘုရားသခင်၊ နေ့ဘက်မှာ တဖွဖွခေါ်ပေမဲ့ ကိုယ်တော် ပြန်မထူးဘူး။ ညဘက်မှာလည်း နှုတ်ဆိတ်မနေဘဲ ခေါ်နေပါတယ်။ ကိုယ်တော်ဟာ သန့်ရှင်းမြင့်မြတ်တယ်။ အစ္စရေးတို့ရဲ့ ချီးမွမ်းခြင်းတွေ ကိုယ်တော့်ကို ဝိုင်းရံနေတယ်။ ဘိုးဘေးတွေ ကိုယ်တော့်ကို ယုံကြည်ကိုးစားခဲ့တယ်။ အဲဒီလိုယုံကြည်ကိုးစားလို့ ကိုယ်တော် အမြဲကယ်တင်ခဲ့တယ်။ ကိုယ်တော့်ကို အော်ဟစ်အကူအညီတောင်းလို့ သူတို့ ကယ်တင်ခံရတယ်။ ကိုယ်တော့်ကို ယုံကြည်ကိုးစားလို့ သူတို့ စိတ်မပျက်ခဲ့ရဘူး။ ကျွန်တော်ဟာ လူမဟုတ်ပါဘူး၊ တီကောင်ပါ။ လူတွေ အထင်သေးတာ၊ ရွံရှာတာကို ခံနေရပါတယ်။ မြင်သူတိုင်း ကျွန်တော့်ကို သရော်ကြတယ်။ နှာခေါင်းရှုံ့ပြီး လှောင်ပြောင်တဲ့အနေနဲ့ ခေါင်းကို ခါကြတယ်။ ယေဟောဝါဆီ သူ ပုံအပ်ထားတာပဲ။ ဘုရားပဲ ကယ်ပါစေ။ ဘုရားက သူ့ကို သိပ်ချစ်တာဆိုတော့ ဘုရားကပဲ ကယ်ပါစေပေါ့ လို့ သရော်ကြတယ်။ ကိုယ်တော်က ကျွန်တော့်ကို အမေ့ဝမ်းထဲကနေ ခေါ်ထုတ်ပြီး အမေ့ရင်ခွင်မှာ ဘေးကင်းလုံခြုံစေတယ်။ ကျွန်တော်ဟာ မွေးကတည်းက ကိုယ်တော်ဂရုစိုက်တာ ခံခဲ့ရသူပါ။ အမေ့ဝမ်းထဲမှာ ရှိကတည်းက ကိုယ်တော်ဟာ ကျွန်တော့်ဘုရားသခင်ပါ။ ကျွန်တော် ဒုက္ခရောက်တော့မှာမို့လို့ ဝေးဝေးမနေပါနဲ့။ ကျွန်တော့်ကို ကူညီမယ့်သူ တစ်ယောက်မှ မရှိဘူး။ နွားပေါက်အများကြီးက ကျွန်တော့်ကို ဝိုင်းထားတယ်။ သန်မာတဲ့ ဗာရှန်နွားတွေလည်း ပတ်လည်မှာ ရှိနေတယ်။ ကျွန်တော့်ကို ရန်မူဖို့ ပါးစပ်ကို အကျယ်ကြီး ဟထားကြတယ်။ သားကောင်ကို အပိုင်းပိုင်းဆွဲဖဲ့ပြီး ဟိန်းဟောက်နေတဲ့ ခြင်္သေ့လိုပါပဲ။ ကျွန်တော်ဟာ ရေလို သွန်ချခံနေရပြီ။ အရိုးအဆစ်တွေ လွဲကုန်ပြီ။ နှလုံးသားကလည်း ပျားဖယောင်းလို အရည်ပျော်ကုန်ပြီ။ အားအင်ကုန်ခန်းပြီး အိုးခြမ်းပဲ့လို ဖြစ်နေပြီ။ လျှာကလည်း အာခေါင်မှာ ကပ်နေပြီ။ ကျွန်တော့်ကို သေတွင်းထဲ ကိုယ်တော် ပို့လိုက်ပြီ။ ခွေးတွေက ဝိုင်းအုံပြီး လူယုတ်မာတွေလို အုပ်လိုက်ကြီး အနားကပ်လာတယ်။ ကျွန်တော့်ခြေလက်တွေကို ခြင်္သေ့လို ကိုက်ဖဲ့ကြတယ်။ ကျွန်တော့်အရိုး ဘယ်နှစ်ချောင်းရှိမှန်းတောင် ရေတွက်လို့ရတယ်။ ရန်သူတွေ ကျွန်တော့်ကို စိုက်ကြည့်နေတယ်။ ကျွန်တော့်ဝတ်လုံတွေကို အပိုင်းပိုင်း ခွဲယူပြီး အင်္ကျီကိုလည်း မဲချယူကြတယ်။ ယေဟောဝါဘုရား၊ ဝေးဝေးမှာ မနေပါနဲ့။ ကိုယ်တော်ဟာ ကျွန်တော့်ရဲ့ အစွမ်းခွန်အားပါ။ အမြန်လာကူလှည့်ပါ။ ကျွန်တော့်ကို ဓားဘေးကနေ၊ ကျွန်တော့်ရဲ့ အဖိုးတန်တဲ့အသက်ကို ခွေးတွေလက်ကနေ ကယ်တင်ပေးပါ။ ခြင်္သေ့ခံတွင်းထဲ မရောက်အောင်၊ နွားရိုင်းဦးချိုနဲ့ အဝှေ့မခံရအောင် ကယ်တင်ပေးပါ။ ပြန်ထူးပြီး ကယ်တင်ပေးပါ။ နာမတော်ကို ညီအစ်ကိုတွေသိအောင် ကြေညာပါ့မယ်။ လူစုလူဝေးအလယ်မှာ ကိုယ်တော့်ကို ချီးမွမ်းပါ့မယ်။ ယေဟောဝါကို ကြောက်ရွံ့သူတို့၊ ဘုရားကို ချီးမွမ်းကြ။ ယာကုပ်ရဲ့ သားမြေးအပေါင်းတို့၊ ဘုရားကို ဂုဏ်တင်ချီးမွမ်းကြ။ အစ္စရေးရဲ့ သားမြေးအပေါင်းတို့၊ ဘုရားကို ရိုသေကိုင်းရှိုင်းကြ။ ဘုရားဟာ ဖိနှိပ်ခံရသူရဲ့ဒုက္ခကို အရေးမစိုက်ဘဲ မနေဘူး၊ မရွံရှာဘူး။ သူ့ကို မျက်နှာမလွှဲဘူး။ သူအော်ဟစ်အကူအညီတောင်းတဲ့အခါ ကြားတယ်။ လူစုလူဝေးကြီးအလယ်မှာ ကိုယ်တော့်ကို ကျွန်တော် ချီးမွမ်းမယ်။ ကိုယ်တော့်ကို ကြောက်ရွံ့သူတွေရှေ့မှာ သစ္စာကတိပြုခဲ့တဲ့အတိုင်း လုပ်ဆောင်မယ်။ စိတ်နူးညံ့သူတွေ ဝဝလင်လင် စားသောက်ရလိမ့်မယ်။ လူတွေက ယေဟောဝါကို ရှာပြီး ချီးမွမ်းလိမ့်မယ်။ ဘဝကို ထာဝစဉ် ပျော်မွေ့နိုင်ကြပါစေ။ မြေတစ်ခွင်လုံးဟာ သတိရပြီး ယေဟောဝါဆီ ပြန်လာလိမ့်မယ်။ လူမျိုးနွယ်အားလုံးလည်း ရှေ့တော်မှာ ဦးညွှတ်ကြလိမ့်မယ်။ ယေဟောဝါဟာ ရှင်ဘုရင်ပဲ။ လူမျိုးတွေကို အုပ်စိုးနေတယ်။ ကမ္ဘာပေါ်က ကြီးပွားနေသူတွေ စားသောက်ပြီး ဦးညွှတ်ကြလိမ့်မယ်။ မြေမှုန့်ထဲ ဆင်းသက်နေသူအားလုံး ရှေ့တော်မှာ ဒူးထောက်ကြလိမ့်မယ်။ တစ်ယောက်မှ ကိုယ့်ကိုယ်ကိုယ် အသက်ဆက်ရှင်အောင် မလုပ်နိုင်ဘူး။ သူတို့ရဲ့ သားစဉ်မြေးဆက်တွေ ဘုရားအတွက် အမှုဆောင်ကြလိမ့်မယ်။ နောင်လူမျိုးဆက်ဟာ ယေဟောဝါအကြောင်း ကြားသိရလိမ့်မယ်။ ဘုရားရဲ့ ဖြောင့်မတ်မှုအကြောင်း သူတို့ လာပြောပြလိမ့်မယ်။ ဘုရားလုပ်ဆောင်ခဲ့ရာတွေအကြောင်း နောင်လာနောက်သားတွေကို ပြောပြလိမ့်မယ်။
19
Ps
22
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/22/
ယေဟောဝါဟာငါ့သိုးထိန်းပါ။ လိုလေသေးမရှိ ငါပြည့်စုံနေတာ။ ငါ့ကို စိမ်းစိုတဲ့စားကျက်တွေမှာ နားနေစေတယ်။ ရေပေါများတဲ့နေရာဆီ ဦးဆောင်ခေါ်သွားတယ်။ ငါ့ကို လန်းဆန်းစေတယ်။ နာမတော်ကိုထောက်ပြီး ဖြောင့်မတ်ခြင်းလမ်းထဲ ဦးဆောင်ခေါ်သွားတယ်။ မှောင်မိုက်တဲ့ ချိုင့်ဝှမ်းထဲ လျှောက်ရပေမဲ့ ကိုယ်တော်ရှိနေလို့ ဘာအန္တရာယ်မှ မကြောက်ဘူး။ နှင်တံနဲ့ တောင်ဝှေးတော်ကြောင့် ကျွန်တော် စိတ်အေးလက်အေး ဖြစ်နေတယ်။ ကိုယ်တော်က ရန်သူရှေ့မှာ ကျွန်တော့်အတွက် စားသောက်ပွဲ တည်ခင်းပေးတယ်။ ကျွန်တော့်ခေါင်းကို ဆီလိမ်းပေးတယ်။ ကျွန်တော့်ခွက်ဟာ ပြည့်လျှံနေတယ်။ ကောင်းမြတ်ခြင်းကျေးဇူးနဲ့ ခိုင်မြဲတဲ့မေတ္တာကို အသက်ထက်ဆုံး ကျွန်တော် ခံစားရလိမ့်မယ်။ ယေဟောဝါရဲ့ အိမ်တော်မှာ တစ်သက်လုံး နေထိုင်သွားမယ်။
19
Ps
23
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/23/
ယေဟောဝါဟာ ကမ္ဘာမြေနဲ့ ကမ္ဘာမြေပေါ်ရှိသမျှကို ပိုင်တယ်။ မြေကြီးနဲ့ မြေကြီးပေါ် နေထိုင်သူတွေကို ပိုင်တယ်။ ဘုရားက ကမ္ဘာမြေကို ပင်လယ်ရဲ့အထက်မှာ အခိုင်အမာ တည်စေတယ်။ မြစ်ချောင်းတွေအထက်မှာ ခိုင်ခံ့မြဲမြံစေတယ်။ ယေဟောဝါရဲ့ တောင်ပေါ်ကို ဘယ်သူ တက်ခွင့်ရှိသလဲ။ သန့်ရှင်းရာဌာနမှာ ဘယ်သူ ရပ်နေခွင့်ရှိသလဲ။ အပြစ်ကင်းတဲ့လက်နဲ့ ဖြူစင်တဲ့စိတ်နှလုံး ရှိသူ၊ ဘုရားရဲ့အသက်ကို တိုင်တည်ပြီး မဟုတ်မမှန် မကျိန်ဆိုတဲ့သူ၊ အလိမ်အညာစကားတွေနဲ့ မကျိန်ဆိုတဲ့သူပဲပေါ့။ သူဟာ ယေဟောဝါရဲ့ ကောင်းချီးတွေ ခံစားရလိမ့်မယ်။ ကယ်တင်ရှင် ဘုရားသခင်က သူ့ကို ဖြောင့်မတ်သူလို့ သတ်မှတ်လိမ့်မယ်။ ယာကုပ်ရဲ့ဘုရားသခင်၊ ဒီလူမျိုးဆက်ဟာ ကိုယ်တော့်ကိုရှာတဲ့သူတွေ၊ ကိုယ်တော့်မျက်နှာသာ ရချင်တဲ့သူတွေရဲ့ လူမျိုးဆက်ပါ။ (စဲလာ) မြို့တံခါးတို့၊ မင်းတို့ရဲ့မုခ်ဦးတွေကို မြှင့်လိုက်ကြ။ ရှေးဟောင်းတံခါးတို့၊ ဖွင့်လိုက်ကြ။ ဘုန်းကြီးတဲ့ ဘုရင်မင်းမြတ် ဝင်လာတော့မယ်။ ဘုန်းကြီးတဲ့ ဘုရင်မင်းမြတ်ဟာ ဘယ်သူလဲ။ အစွမ်းခွန်အားကြီးမားတဲ့ ယေဟောဝါ၊ စစ်မှုမှာ ပြိုင်ဘက်ကင်းတဲ့ ယေဟောဝါပဲပေါ့။ မြို့တံခါးတို့၊ မင်းတို့ရဲ့မုခ်ဦးတွေကို မြှင့်လိုက်ကြ။ ရှေးဟောင်းတံခါးတို့၊ ဖွင့်လိုက်ကြ။ ဘုန်းကြီးတဲ့ ဘုရင်မင်းမြတ် ဝင်လာတော့မယ်။ ဘုန်းကြီးတဲ့ ဘုရင်မင်းမြတ်ဟာ ဘယ်သူလဲ။ ဘုန်းကြီးတဲ့ ဘုရင်မင်းမြတ်ဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပဲပေါ့။ (စဲလာ)
19
Ps
24
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/24/
အို ယေဟောဝါ၊ ကိုယ်တော့်ကိုဆုတောင်းအသနားခံပါတယ်။ ဘုရားသခင်၊ ကိုယ်တော့်ကို ယုံကြည်ကိုးစားပါတယ်။ ကျွန်တော် အရှက်မကွဲပါရစေနဲ့။ ရန်သူတွေ ကျွန်တော့်ဒုက္ခကိုကြည့်ပြီး ကျိတ်ဝမ်းသာနေတာမျိုး မဖြစ်ပါစေနဲ့။ ကိုယ်တော့်ကို မျှော်လင့်သူတွေ အရှက်ကွဲရမှာ မဟုတ်ဘူး။ သက်သက်မဲ့ သစ္စာဖောက်သူတွေကိုတော့ အရှက်ကွဲခြင်းက စောင့်ကြိုနေတယ်။ အို ယေဟောဝါ၊ ကိုယ်တော့်လမ်းစဉ်တွေအကြောင်း ကျွန်တော့်ကို သိနားလည်စေပါ။ နည်းလမ်းတွေအကြောင်း သင်ကြားပေးလှည့်ပါ။ ကိုယ်တော့် အမှန်တရားလမ်းပေါ် လျှောက်လှမ်းစေပါ။ ကျွန်တော့်ကို သင်ကြားပေးပါ။ ကိုယ်တော်ဟာ ကျွန်တော့်ကိုကယ်တင်တဲ့ ဘုရားသခင်ပါ။ ו ကိုယ်တော့်ကို တစ်နေ့လုံး မျှော်လင့်နေပါတယ်။ အို ယေဟောဝါ၊ ကိုယ်တော် အမြဲပြတဲ့ ကရုဏာနဲ့ ခိုင်မြဲတဲ့မေတ္တာကို အောက်မေ့လှည့်ပါ။ ငယ်ရွယ်စဉ်က ကျွန်တော်ကျူးလွန်ခဲ့တဲ့ အပြစ်တွေ၊ အမှားတွေကို မေ့ပျောက်ပေးပါ။ အို ယေဟောဝါ၊ ကိုယ်တော့်ကောင်းမြတ်ခြင်းကို ထောက်ပြီး ခိုင်မြဲတဲ့မေတ္တာနဲ့အညီ ကျွန်တော့်ကို သတိရလှည့်ပါ။ ယေဟောဝါဟာ ကောင်းမြတ်ပြီး ဖြောင့်မှန်တယ်။ ဒါကြောင့် အပြစ်လုပ်သူတွေကို လျှောက်သင့်တဲ့လမ်းဆီ ပြညွှန်ပေးတယ်။ စိတ်နူးညံ့သူတွေကို လမ်းမှန်ပေါ်ရောက်အောင် လမ်းညွှန်ပေးလိမ့်မယ်။ စိတ်နူးညံ့သူတွေကို မိမိရဲ့လမ်းစဉ်အကြောင်း သင်ကြားပေးလိမ့်မယ်။ ဘုရားရဲ့ပဋိညာဉ်နဲ့ သတိပေးချက်တွေကို စောင့်ထိန်းသူတွေအတွက် ယေဟောဝါရဲ့ လမ်းစဉ်အားလုံးဟာ ခိုင်မြဲတဲ့မေတ္တာနဲ့ သစ္စာတရားပါပဲ။ အို ယေဟောဝါ၊ ကျွန်တော့်အပြစ်က ကြီးလေးပေမဲ့ နာမတော်ကိုထောက်ပြီး ခွင့်လွှတ်ပေးပါ။ ဘယ်သူဟာ ယေဟောဝါကို ကြောက်ရွံ့သလဲ။ သူ့ကို ရွေးချယ်သင့်တဲ့ လမ်းစဉ်အကြောင်း သွန်သင်ပေးလိမ့်မယ်။ သူဟာ ကောင်းကျိုးချမ်းသာ ခံစားရလိမ့်မယ်။ သူ့သားစဉ်မြေးဆက်တွေလည်း ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်။ ယေဟောဝါကို ကြောက်ရွံ့သူတွေဟာ ဘုရားနဲ့ ခင်မင်ရင်းနှီးခွင့်ရတယ်။ ဘုရားရဲ့ကတိသစ္စာအကြောင်း သူတို့ကို အသိပေးတယ်။ ယေဟောဝါက ငါ့ခြေကို ကျော့ကွင်းထဲကနေ လွတ်မြောက်စေမှာမို့လို့ ဘုရားကို အမြဲ မျှော်ကြည့်နေတယ်။ ကျွန်တော့်ဘက် မျက်နှာလှည့်ပြီး မျက်နှာသာပြပါဦး။ အထီးကျန်ပြီးခိုကိုးရာမဲ့နေလို့ပါ။ ရင်ထဲမှာ သောကတွေ သိပ်များနေပြီ။ ဝေဒနာတွေကို ပျောက်ကင်းစေပါ။ ကျွန်တော့် ဒုက္ခဝေဒနာတွေကို မြင်ပြီး အပြစ်မှန်သမျှ ခွင့်လွှတ်ပေးပါ။ ရန်သူတွေ ဘယ်လောက်တောင် များနေတယ်၊ သူတို့ရဲ့ မုန်းတီးစိတ် ဘယ်လောက် ပြင်းထန်နေတယ်ဆိုတာ မြင်လှည့်ပါ။ ကျွန်တော့်အသက်ကို စောင့်ရှောက်ပြီး ကယ်တင်ပေးပါ။ ကိုယ်တော့်ဆီ ခိုလှုံတဲ့အတွက် အရှက်မကွဲပါရစေနဲ့။ ကိုယ်တော့်ကို မျှော်လင့်နေတဲ့အတွက် သမာဓိနဲ့ ဖြောင့်မှန်မှုက ကျွန်တော့်ကို ကာကွယ်စောင့်ရှောက်ပါစေ။ အို ဘုရားသခင်၊ အစ္စရေးကို ဆင်းရဲဒုက္ခအားလုံးကနေ ကယ်တင်ပေးပါ။
19
Ps
25
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/25/
အို ယေဟောဝါ၊ ကျွန်တော် သမာဓိရှိရှိ လျှောက်လှမ်းတဲ့အတွက် တရားသဖြင့် စီရင်ပေးပါ။ ယေဟောဝါကို ယုံကြည်ကိုးစားပါတယ်။ မယိမ်းယိုင်ပါဘူး။ ယေဟောဝါဘုရား၊ ကျွန်တော့်ကို စစ်ဆေးပါ။ စမ်းသပ်တော်မူပါ။ အနက်ရှိုင်းဆုံး ခံစားချက်တွေကို၊ ကျွန်တော့်နှလုံးသားကို သန့်စင်ပေးပါ။ ခိုင်မြဲတဲ့မေတ္တာတော်ကို အမြဲ အမှတ်ရပြီး အမှန်တရားလမ်းအတိုင်း ကျွန်တော် လျှောက်လှမ်းတယ်။ လူလိမ်လူညာတွေနဲ့ မပေါင်းဘူး။ သရုပ်မှန်ဖုံးကွယ်ထားသူတွေကို ရှောင်တယ်။ လူယုတ်မာအုပ်စုကို မုန်းတယ်။ လူဆိုးတွေနဲ့လည်း မပေါင်းဘူး။ ယေဟောဝါဘုရား၊ ကျွန်တော့်လက်ကို အပြစ်မဲ့ခြင်းနဲ့ ဆေးကြောပါ့မယ်။ ပူဇော်ရာပလ္လင်ကို လှည့်ပတ်ပြီး လျှောက်ပါ့မယ်။ ကျေးဇူးတင်ချီးမွမ်းသံကို ကြားသိစေဖို့၊ ကိုယ်တော်ရဲ့ အံ့ဖွယ်လုပ်ဆောင်မှုတွေအကြောင်း ကြေညာနိုင်ဖို့ပါ။ အို ယေဟောဝါ၊ ကိုယ်တော့်ဂုဏ်ကျက်သရေ တည်ရှိတဲ့နေရာ၊ စံမြန်းရာအိမ်တော်ကို ကျွန်တော် ချစ်မြတ်နိုးလိုက်တာ။ ကျွန်တော့်ကို အပြစ်လုပ်သူတွေနဲ့အတူ မဖယ်ရှားလိုက်ပါနဲ့။ ကျွန်တော့်အသက်ကို အကြမ်းဖက်သူတွေနဲ့အတူ မနုတ်ယူလိုက်ပါနဲ့။ သူတို့လက်က ရှက်စရာကောင်းတာတွေကို လုပ်တယ်။ ညာလက်မှာလည်း လာဘ်စားမှုတွေ အပြည့်ပဲ။ ကျွန်တော်ကတော့ သမာဓိရှိရှိ လျှောက်လှမ်းပါ့မယ်။ ကျွန်တော့်ကို ကယ်တင်ပြီး မျက်နှာသာပေးလှည့်ပါ။ ညီညာတဲ့မြေပေါ် ကျွန်တော် ရပ်နေတယ်။ လူစုလူဝေးကြီးအလယ်မှာ ယေဟောဝါကို ချီးမွမ်းမယ်။
19
Ps
26
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/26/
ယေဟောဝါဟာ ငါ့အလင်း၊ ငါ့ကယ်တင်ခြင်းပဲ။ ဘယ်သူ့ကို ကြောက်နေရမှာလဲ။ ယေဟောဝါဟာ ငါ့အသက်ရဲ့ ရဲတိုက်ပဲ။ ဘယ်သူ့ကို ကြောက်လန့်နေရမှာလဲ။ လူယုတ်မာတွေက ငါ့အသားကိုဝါးမျိုဖို့ တိုက်ခိုက်ပေမဲ့ ငါ့ရန်သူတွေ၊ ရန်ဘက်တွေဖြစ်တဲ့ သူတို့ပဲ တိုက်မိပြီး လဲကျကုန်တယ်။ တပ်မကြီးတစ်ခုလုံး ငါ့ကိုဝိုင်းထားရင်တောင် ငါမကြောက်ဘူး။ သူတို့တိုက်ခိုက်လာရင်တောင် ငါ့မှာ ယုံကြည်စိတ်ချမှု အပြည့်ရှိနေလိမ့်မယ်။ ယေဟောဝါဆီမှာ ငါဆုပန်ထားတာ တစ်ခုပဲရှိတယ်။ ငါတောင့်တတဲ့ အဲဒီဆုကတော့ ယေဟောဝါရဲ့အိမ်တော်မှာ အသက်ထက်ဆုံး နေထိုင်ခွင့်ရဖို့ပါပဲ။ အဲဒီလိုသာဆိုရင် ယေဟောဝါရဲ့ကောင်းမြတ်ခြင်းကို ငါမြင်တွေ့နိုင်မယ်။ ဗိမာန်တော်ကိုလည်း တန်ဖိုးထားစိတ်နဲ့ ကြည့်နိုင်မယ်။ ငါဒုက္ခရောက်ချိန်မှာ ဘုရားက သူ့ရဲ့ နားနေရာမှာ ငါ့ကို ဝှက်ထားပေးမယ်။ လျှို့ဝှက်နေရာဖြစ်တဲ့ တဲတော်မှာ ဝှက်ထားပေးမယ်။ ကျောက်ဆောင်ပေါ် တင်ထားပေးမယ်။ အခုဆို ငါဟာ ဝိုင်းရံထားတဲ့ရန်သူတွေရဲ့ အထက်မှာ ဦးမော့နိုင်ပြီ။ ရွှင်လန်းစွာ သီချင်းဆိုရင်း တဲတော်မှာ ပူဇော်သက္ကာတွေ ဆက်သမယ်။ ယေဟောဝါကို ချီးမွမ်းသီချင်းဆိုမယ်။ အို ယေဟောဝါ၊ ကျွန်တော်ခေါ်တဲ့အခါ ကြားလှည့်ပါ။ မျက်နှာသာပေးပြီး ပြန်ထူးလှည့်ပါ။ ငါ့မျက်နှာသာရဖို့ ကြိုးစားကြ လို့ ဘုရားမိန့်မှာထားတယ် ဆိုပြီး စိတ်ထဲ တွေးမိတယ်။ ဒါကြောင့် ယေဟောဝါဘုရား၊ မျက်နှာသာရဖို့ ကျွန်တော် ကြိုးစားပါ့မယ်။ ကျွန်တော်မျိုးကို မျက်နှာမလွှဲလိုက်ပါနဲ့။ ဒေါသနဲ့ မောင်းမထုတ် လိုက်ပါနဲ့။ ကိုယ်တော်ဟာ ကူညီမစရှင်ပါ။ ကယ်တင်ရှင် ဘုရားသခင်၊ ကျွန်တော့်ကို မစွန့်ပစ်ပါနဲ့။ မထားခဲ့ပါနဲ့။ မိရင်းဖရင်းက ကျွန်တော့်ကို စွန့်ပစ်ခဲ့ရင်တောင် ယေဟောဝါ လက်ခံထားမှာပါ။ အို ယေဟောဝါ၊ ကိုယ်တော့်လမ်းစဉ်အကြောင်း သွန်သင်ပေးပါ။ ရန်သူ့လက်ထဲ မရောက်ရလေအောင် ဖြောင့်မှန်တဲ့လမ်းထဲ ပို့ဆောင်ပေးပါ။ ရန်သူ့လက်ထဲ မအပ်လိုက်ပါနဲ့။ ကျွန်တော့်အကြောင်း မဟုတ်မမှန် သက်သေထွက်ဆိုသူတွေ ထကြွနေပြီ။ အကြမ်းဖက်ပြီး ခြိမ်းခြောက်နေပြီ။ သက်ရှိလောကမှာ ယေဟောဝါရဲ့ကောင်းမြတ်ခြင်းကို ခံစားရမှာပါဆိုတဲ့ ယုံကြည်ချက်သာ မရှိခဲ့ရင် ကျွန်တော် ဘယ်ဆီကိုများ ရောက်နေမလဲ။ ယေဟောဝါကို မျှော်လင့်ပါ။ ရဲစွမ်းသတ္တိရှိပါ။ ယေဟောဝါကိုသာ မျှော်လင့်နေပါ။
19
Ps
27
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/27/
ကျွန်တော့်ကျောက်ဆောင် ယေဟောဝါ၊ကျွန်တော် မပြတ်တမ်း ခေါ်နေပါတယ်။ မကြားဘဲ မနေပါနဲ့။ ကိုယ်တော် နှုတ်ဆိတ်နေရင် ကျွန်တော်ဟာ သေတွင်းထဲ ဆင်းတော့မယ့်လူလို ဖြစ်သွားလိမ့်မယ်။ သန့်ရှင်းရာဌာနတော်မှာရှိတဲ့ အတွင်းခန်းဘက်ကို လက်ဖြန့်ပြီး ကူညီလှည့်ပါလို့ အသနားခံတဲ့အခါ ကြားတော်မူပါ။ လူဆိုးတွေ၊ နစ်နာအောင်လုပ်တဲ့သူတွေ၊ အပြောချိုပေမဲ့ စိတ်ထားယုတ်မာသူတွေနဲ့အတူ ကျွန်တော့်ကို ဆွဲခေါ်မသွားပါနဲ့။ သူတို့ရဲ့ ယုတ်မာတဲ့အကျင့်တွေ၊ အပြုအမူတွေအတိုင်း ပြန်ဆပ်ပေးပါ။ သူတို့လုပ်ခဲ့တာတွေ၊ လုပ်ရပ်တွေအတိုင်း ပြန်ခံစေပါ။ ယေဟောဝါရဲ့ လုပ်ဆောင် မှုတွေ၊ လက်ရာတော်တွေကို သူတို့ အရေးမလုပ်တဲ့အတွက် ဘုရားက သူတို့ကို မတည်ဆောက်ဘဲ ဖြိုဖျက်လိမ့်မယ်။ ယေဟောဝါကို ချီးမွမ်းကြပါ။ ငါအသနားခံတာကို ဘုရားကြားတယ်။ ယေဟောဝါဟာ ငါ့အစွမ်း ခွန်အား၊ ငါ့ဒိုင်းလွှားပဲ။ ဘုရားကိုပဲ ယုံကြည်ကိုးစားတယ်။ ဘုရားကူညီပေးလို့ ဝမ်းသာတယ်။ သီချင်းတွေဆိုပြီး ဘုရားကို ချီးမွမ်းမယ်။ ယေဟောဝါဟာ လူမျိုးတော်အတွက် အစွမ်းခွန်အားပဲ။ ဘိသိက်ပေးထားသူကို ကယ်တင်တဲ့ ရဲတိုက်ပဲ။ လူမျိုးတော်ကို ကယ်တင်လှည့်ပါ။ အမွေတော်ကို ကောင်းချီးပေးလှည့်ပါ။ သူတို့ကို ထိန်းကျောင်းပြီး ထာဝစဉ် ချီပိုက်ထားလှည့်ပါ။
19
Ps
28
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/28/
ခွန်အားကြီးသူတို့၊ ယေဟောဝါ ရထိုက်တာကို ပေးကြ။ ယေဟောဝါက ဘုန်းအသရေနဲ့ အစွမ်းခွန်အားရှိတဲ့အတွက် ဘုရားရထိုက်တာကို ပေးကြ။ ယေဟောဝါရဲ့ ဘုန်းအသရေနဲ့ ပြည့်စုံတဲ့ နာမည်ကို ဂုဏ်တင် ချီးမွမ်းကြ။ သန့်ရှင်းတဲ့အဝတ်တွေ ဝတ်ပြီး ယေဟောဝါကို ဦးချကြ။ ရေပြင်ပေါ်မှာ ယေဟောဝါရဲ့ အသံကို ကြားရတယ်။ ဘုန်းတန်ခိုးကြီးတဲ့ ဘုရားရဲ့ အသံဟာ မိုးခြိမ်းသံနဲ့ တူတယ်။ ရေပြင်ကြီးအထက်မှာ ယေဟောဝါ တည်ရှိတယ်။ ယေဟောဝါရဲ့အသံဟာ တန်ခိုးပါတယ်။ ယေဟောဝါရဲ့အသံဟာ ထည်ဝါတယ်။ ယေဟောဝါရဲ့အသံကြောင့် သစ်ကတိုးပင်တွေ ကျိုးပဲ့ကုန်တယ်။ ယေဟောဝါဟာ လက်ဘနွန်က သစ်ကတိုးပင်တွေကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်စေတယ်။ လက်ဘနွန်တောင်တန်းကို နွားပေါက်လေးလို၊ စိရုန်တောင်ကို နွားရိုင်းပျိုလို ခုန်ပေါက်စေတယ်။ ယေဟောဝါရဲ့ အသံကြောင့် လျှပ်စီးတွေ လင်းလက်သွားတယ်။ ယေဟောဝါရဲ့ အသံကြောင့် တောကန္တာရဟာ သိမ့်သိမ့်တုန်သွားတယ်။ ယေဟောဝါဟာ ကာဒေရှတောကန္တာရကို သိမ့်သိမ့်တုန်စေတယ်။ ယေဟောဝါရဲ့ အသံကြောင့် သမင်မဟာ တဆတ်ဆတ် တုန်ပြီး သားဖွားတော့တယ်။ သစ်တောတွေ ပြောင်တလင်းခါကုန်တယ်။ ဘုရားကို ဂုဏ်တင်ချီးမွမ်းကြ ဆိုပြီး ဗိမာန်တော်ထဲက လူအားလုံး ကြွေးကြော်ကြတယ်။ ယေဟောဝါဟာ ရေပြင်ကျယ်ကြီးပေါ်မှာ နန်းထိုင်တယ်။ ယေဟောဝါဟာ ထာဝရဘုရင်အဖြစ် နန်းထိုင်တယ်။ လူမျိုးတော်ကို ယေဟောဝါ အစွမ်းခွန်အားပေးလိမ့်မယ်။ ငြိမ်သက်ခြင်းကောင်းချီးကို ယေဟောဝါ ပေးလိမ့်မယ်။
19
Ps
29
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/29/
အမှားတွေ ခွင့်လွှတ်ခံရသူ၊ အပြစ်တွေ ဖုံးအုပ်ခံရသူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ အပြစ်ရှိတယ်လို့ ယေဟောဝါ မသတ်မှတ်တဲ့သူ၊ မလှည့်စားတတ်တဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ အပြစ်ကို ဝန်မခံဘဲ နှုတ်ပိတ်နေတဲ့အခါ တစ်နေ့လုံး ညည်းတွားနေရတဲ့အတွက် အရိုးတွေ ဆွေးမြည့်ကုန်တယ်။ နေ့ရောညပါလက်တော်နဲ့ပိနေလို့ ကျွန်တော့်မှာ လေးလိုက်တာ။ ကျွန်တော့်အစွမ်းခွန်အားတွေဟာ နွေရာသီမှာ အငွေ့ပျံသွားတဲ့ ရေလို ဖြစ်နေပြီ။ (စဲလာ) နောက်ဆုံးတော့ အပြစ်ကို ဝန်ချတောင်းပန်ရပါတယ်။ အမှားတွေကို မဖုံးကွယ်ထားတော့ဘူး။ အပြစ်တွေကို ယေဟောဝါဆီ ဝန်ချတောင်းပန်ပါတယ် လို့ပြောတဲ့အခါ အမှားတွေ၊ အပြစ်တွေကို ကိုယ်တော် ခွင့်လွှတ် ပေးတယ်။ (စဲလာ) ဒါကြောင့် သစ္စာစောင့်သိသူတွေဟာ ကိုယ်တော့်ကို တွေ့နိုင်တုန်းမှာ ဆုတောင်းလိမ့်မယ်။ အဲဒီအခါ လွှမ်းမိုးတဲ့ရေတွေတောင် သူတို့ဆီ ရောက်နိုင်တော့မှာ မဟုတ်ဘူး။ ကိုယ်တော်ဟာပုန်းခိုရာနေရာပါ။ ကျွန်တော် ဒုက္ခမရောက်ရအောင် ကာကွယ်စောင့်ရှောက်ပေးလိမ့်မယ်။ လွတ်မြောက်သွားလို့ ရွှင်လန်းစွာသီဆိုတဲ့ သီချင်းသံတွေနဲ့ ကျွန်တော့်ကို ခြံရံပေး လိမ့်မယ်။ (စဲလာ) မင်းကို ငါထိုးထွင်းဉာဏ် ရှိစေမယ်၊ သွားသင့်တဲ့လမ်းကို ညွှန်ပြပေးမယ်။ မပြတ်ကြည့်ရှုပြီး အကြံဉာဏ်ပေးမယ်။ သိနားလည်မှုမရှိတဲ့ မြင်းတွေ၊ လားတွေလို မဖြစ်ပါနဲ့။ အဲဒီတိရစ္ဆာန်တွေကို လိုသလို သုံးနိုင်ဖို့ဆိုတာ အရင်ဆုံး သူတို့ရဲ့စိတ်ရိုင်းကို ဇက်ကြိုးတွေ၊ လည်ကြိုးတွေနဲ့ ထိန်းချုပ်ရတာ။ လူဆိုးတွေ ဒုက္ခပင်လယ်ဝေနေပေမဲ့ ယေဟောဝါကို ယုံကြည်ကိုးစားသူကိုတော့ ခိုင်မြဲတဲ့မေတ္တာတော် ဝိုင်းရံနေတယ်။ ဖြောင့်မတ်သူတို့၊ ယေဟောဝါကြောင့် ဝမ်းမြောက်ရွှင်လန်းကြ။ စိတ်ရိုးဖြောင့်သူအပေါင်းတို့၊ ရွှင်လန်းစွာ သီချင်းဆိုကြ။
19
Ps
32
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/32/
ယေဟောဝါကို အချိန်တိုင်း ချီးမွမ်းမယ်။ မရပ်မနား ချီးမွမ်းမယ်။ ယေဟောဝါအကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောမယ်။ စိတ်နူးညံ့သူတွေ ကြားပြီး ဝမ်းမြောက်လိမ့်မယ်။ ယေဟောဝါကို ငါနဲ့အတူ ဂုဏ်တင်ချီးမွမ်းကြပါ။ နာမတော်ကို အတူချီးမြှောက်ကြပါစို့။ ယေဟောဝါက ငါမေးလျှောက်တဲ့အခါ ပြန်ဖြေတယ်။ ကြောက်လန့်စရာမှန်သမျှကနေ ငါ့ကို ကယ်တင်တယ်။ ဘုရားကို မျှော်ကြည့်သူတွေဟာ မျက်နှာဝင်းပနေတယ်။ အရှက်ကွဲပြီး မျက်နှာပျက်ရမှာ မဟုတ်ဘူး။ ဟောဒီနိမ့်ကျတဲ့လူ ခေါ်တာကို ယေဟောဝါ ကြားတယ်။ ဒုက္ခမှန်သမျှကနေ သူ့ကို ကယ်တင်တယ်။ ယေဟောဝါကို ကြောက်ရွံ့သူတွေရဲ့ ပတ်လည်မှာ ကောင်းကင်တမန် ခြံရံနေတယ်။ သူတို့ကို ကယ်တင်တယ်။ ယေဟောဝါ ဘယ်လောက် ကောင်းမြတ်သလဲဆိုတာ မြည်းစမ်းပြီး ကိုယ်တိုင်ခံစားကြည့်ပါ။ ဘုရားကို ခိုလှုံသူဟာ ပျော်ရွှင် ချမ်းမြေ့တယ်။ သန့်ရှင်းသူအပေါင်းတို့၊ ယေဟောဝါကို ကြောက်ရွံ့ကြ။ ဘုရားကို ကြောက်ရွံ့သူတွေဟာ လိုလေသေးမရှိ ပြည့်စုံတယ်။ အားကြီးတဲ့ ခြင်္သေ့ပျိုတွေ မဝရေစာ စားနေရရင်တောင် ယေဟောဝါကို ရှာတဲ့သူတွေကတော့ ကောင်းမွန်ရာတစ်ခုမှ ချို့တဲ့မှာ မဟုတ်ဘူး။ ငါ့သားတို့၊ လာကြ။ ငါပြောတာကို နားထောင်ကြ။ ယေဟောဝါကို ကြောက်ရွံ့တတ်အောင် သင်ပေးမယ်။ မင်းတို့ထဲမှာ ဘဝကို ပျော်မွေ့ချင်သူ၊ ကောင်းမွန်တဲ့နေ့ရက်တွေကို မြင်တွေ့ချင်သူ ရှိသလား။ အဲဒီလိုနေချင်ရင် မကောင်းတဲ့စကား မပြောမိအောင် လျှာကိုထိန်းချုပ်ပါ။ လှည့်ဖြားတဲ့စကား မပြောမိအောင် နှုတ်ကိုစောင့်စည်းပါ။ မကောင်းမှုကို ရှောင်ပါ။ ကောင်းမှုကို လုပ်ဆောင်ပါ။ ငြိမ်သက်ခြင်းရှိအောင် လုပ်ဆောင်ပြီး ငြိမ်သက်ခြင်း အမြဲရှိနိုင်အောင် အစွမ်းကုန်ကြိုးစားပါ။ ယေဟောဝါက ဖြောင့်မတ်သူတွေကို ကြည့်ရှုနေတယ်။ သူတို့ရဲ့ အော်ဟစ်အကူအညီတောင်းသံကို နားထောင်နေတယ်။ မကောင်းမှုပြုသူတွေကိုတော့ ယေဟောဝါ မျက်နှာလွှဲတယ်။ သူတို့နဲ့ပတ်သက်တဲ့ အမှတ်ရစရာအားလုံးကို ကမ္ဘာမြေပေါ်ကနေ ဖျောက်ဖျက်ပစ်တယ်။ ဖြောင့်မတ်သူတွေ အော်ဟစ်တဲ့အခါ ယေဟောဝါ ကြားတယ်။ ဒုက္ခမှန်သမျှကနေ သူတို့ကို ကယ်တင်တယ်။ ယေဟောဝါဟာ စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ရှိတယ်။ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ကယ်တင်တယ်။ ဖြောင့်မတ်သူဟာ အခက်အခဲ အများကြီးကြုံရပေမဲ့ ယေဟောဝါက အခက်အခဲမှန်သမျှကနေ သူ့ကိုကယ်တင်တယ်။ ဘုရား ကာကွယ်ပေးတဲ့အတွက် သူ့အရိုးတစ်ချောင်းမှ မကျိုးဘူး။ လူဆိုးတွေဟာ ဘေးဒုက္ခကြောင့် သေဆုံးရလိမ့်မယ်။ ဖြောင့်မတ်သူကို မုန်းတဲ့သူတွေဟာ အပြစ်ရှိသူတွေလို့ ယူမှတ်ခံရလိမ့်မယ်။ ယေဟောဝါက မိမိကျေးကျွန်တွေရဲ့ အသက်ကို ရွေးယူတယ်။ ဘုရားဆီ ခိုလှုံသူတစ်ယောက်မှ အပြစ်ရှိသူလို့ ယူမှတ်ခံရမှာ မဟုတ်ဘူး။
19
Ps
34
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/34/
အို ယေဟောဝါ၊ ကျွန်တော့်ကို ဆန့်ကျင်သူတွေရဲ့ စွဲချက်ကို ထုချေပေးပါ။ တိုက်ခိုက်လာသူတွေကို ပြန်တိုက်ခိုက်ပေးပါ။ ဒိုင်းလွှားကြီးတွေ၊ ဒိုင်းလွှားငယ်တွေ ကိုင်ပြီး ကျွန်တော့်ကို ကာကွယ်ပေးဖို့ ထတော်မူပါ။ လိုက်ဖမ်းနေသူတွေကို တိုက်ခိုက်ဖို့ လှံနဲ့ စစ်ပုဆိန်ကို ကိုင်မြှောက်ပြီး ငါဟာ မင်းကို ကယ်မယ့်သူပဲ လို့ ပြောလှည့်ပါ။ ကျွန်တော့်ကို လိုက်သတ်နေသူတွေ အရှက်တကွဲ အကျိုးနည်း ဖြစ်သွားပါစေ။ ကျွန်တော့်ကို ဖျက်ဆီးဖို့ မတရားကြံစည်နေသူတွေ အရှက်ကွဲပြီး နောက်လှည့်ပြေးကြပါစေ။ လေတိုက်ရာ လွင့်ပါသွားတဲ့ ဖွဲလို ဖြစ်ပါစေ။ သူတို့ကို ယေဟောဝါရဲ့ ကောင်းကင်တမန် မောင်းထုတ်ပါစေ။ သူတို့ကို ယေဟောဝါရဲ့ ကောင်းကင်တမန် လိုက်ဖမ်းတဲ့အခါ သူတို့ရဲ့လမ်းဟာ မည်းမှောင်ပြီး ချော်နေပါစေ။ သူတို့က အကြောင်းမရှိဘဲ ကျွန်တော့်ကိုဖမ်းဖို့ ပိုက်ထောင်ထားတယ်။ အကြောင်းမရှိဘဲ ကျွန်တော့်အတွက် တွင်းတူးထားတယ်။ သူတို့အပေါ် ဘေးဒုက္ခ ရုတ်တရက် ကျရောက်ပါစေ။ ကိုယ်ထောင်ထားတဲ့ ပိုက်ထဲ ပြန်မိပါစေ။ ပိုက်ထဲကျပြီး ပျက်စီးသွားပါစေ။ ကျွန်တော်ကတော့ ယေဟောဝါကြောင့်ဝမ်းမြောက်လိမ့်မယ်။ ဘုရားရဲ့ကယ်တင်ခြင်းကြောင့် ရွှင်လန်းလိမ့်မယ်။ အို ယေဟောဝါ၊ ကိုယ်တော်နဲ့ ဘယ်သူတူသလဲ။ ကိုယ်တော်က ခိုကိုးရာမဲ့သူကို အားကြီးသူတွေလက်ကနေ၊ ခိုကိုးရာမဲ့သူနဲ့ ဆင်းရဲသားကို ဓားပြတွေလက်ကနေ ကယ်တင်တယ် လို့ ကျွန်တော် အားပါးတရ ပြောပါရစေ။ မလိုတမာစိတ်နဲ့ သက်သေထွက်ဆိုသူတွေ ပေါ်လာပြီး ကျွန်တော် လုံးဝမသိတဲ့အကြောင်းတွေကို မေးမြန်းကြတယ်။ ကျွန်တော်လုပ်တဲ့ ကောင်းမှုကို မကောင်းမှုနဲ့ တုံ့ပြန်ကြတယ်။ ကျွန်တော် ဝမ်းနည်းပူဆွေးအောင် လုပ်ကြတယ်။ ကျွန်တော့်မှာတော့ သူတို့ဖျားနာတဲ့အခါ အထည်ကြမ်း ဝတ်ခဲ့တာ။ အစာရှောင်ပြီး ကိုယ့်ကိုယ်ကိုယ် ဒဏ်ပေးခဲ့တာ။ ဆုတောင်းချက်တွေ အဖြေမရတဲ့အခါ၊ မိတ်ဆွေ ဒါမှမဟုတ် ညီအစ်ကိုသေဆုံးလို့ ငိုကြွေးနေသူလို ကျွန်တော် ငိုကြွေးခဲ့ရတာ။ မိခင်ဆုံးပါးလို့ ငိုကြွေးနေသူလို ဝမ်းနည်းမှိုင်တွေခဲ့ရတာ။ ကျွန်တော် ခလုတ်တိုက်လဲတဲ့အခါကျတော့ သူတို့ ဝမ်းသာအားရဖြစ်ပြီး စုရုံးကြတယ်။ ကျွန်တော့်ကို ချောင်းမြောင်း တိုက်ခိုက်ဖို့ စုရုံးကြတယ်။ ကျွန်တော့်ကို အပိုင်းပိုင်းဆွဲဖဲ့ပြီး စကားတွေနဲ့ မနားတမ်း ထိုးနှက်ကြတယ်။ ဘုရားတရားမဲ့သူက ကျွန်တော့်ကို အထင်သေးပြီး လှောင်ပြောင်တယ်။ ဒေါသထွက်ပြီး အံကြိတ်ထားတယ်။ ယေဟောဝါဘုရား၊ ဘယ်လောက်ကြာကြာ ဒီအတိုင်းကြည့်နေမှာလဲ။ ကျွန်တော့်ကို သူတို့ရဲ့ တိုက်ခိုက်မှုတွေကနေ၊ ကျွန်တော့်ရဲ့ အဖိုးတန်တဲ့အသက်ကို ခြင်္သေ့ပျိုတွေရဲ့လက်ကနေ ကယ်တင်ပေးပါ။ အဲဒီလိုဆိုရင် လူစုလူဝေးကြီးအလယ်မှာ ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းမယ်။ လူအုပ်အလယ်မှာ ချီးမွမ်းမယ်။ အကြောင်းမရှိဘဲ ရန်မူသူတွေ ကျွန်တော့်ဒုက္ခကို ကြည့်ပြီး ကျိတ်ဝမ်းသာနေတာမျိုး မဖြစ်ပါစေနဲ့။ အကြောင်းမရှိဘဲ မုန်းတီးနေသူတွေ မလိုတမာစိတ်နဲ့ မျက်စပစ်နေတာမျိုး မဖြစ်ပါစေနဲ့။ သူတို့က ရန်ငြိမ်းစေတဲ့စကားတွေ မပြောကြဘူး။ သင့်သင့်မြတ်မြတ်နေတတ်တဲ့ ပြည်သားတွေကို အကောက်ကြံနေကြတယ်။ အာပေါင်အာရင်း သန်သန်နဲ့ ကျွန်တော့်ကို စွပ်စွဲနေကြတယ်။ ဟား ဟား၊ သူကျရှုံးတာကို မြင်ရပြီဟေ့ လို့ ပြောကြတယ်။ အို ယေဟောဝါ၊ ဒါကို ကိုယ်တော်တွေ့ပါတယ်။ နှုတ်ဆိတ်မနေပါနဲ့။ ယေဟောဝါဘုရား၊ ကျွန်တော်နဲ့ ဝေးဝေးမနေပါနဲ့။ ယေဟောဝါဘုရား၊ ကျွန်တော့်ဘက်ကနေ ခုခံကာကွယ်ပေးဖို့ နိုးထလှည့်ပါ။ ကျွန်တော့်အမှုအတွက် ခုခံကာကွယ်ပေးပါ။ ယေဟောဝါဘုရား၊ ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းနဲ့အညီ တရား စီရင်ပါ။ ကျွန်တော့်ဒုက္ခကိုကြည့်ပြီး သူတို့ ကျိတ်ဝမ်းသာနေတာမျိုး မဖြစ်ပါစေနဲ့။ ဟား ဟား၊ ငါတို့ဖြစ်စေချင်တာ ဒါပဲ လို့ ဘယ်တော့မှ ပြောခွင့်မရကြပါစေနဲ့။ သူ့ကို ငါတို့ဝါးမျိုလိုက်ပြီ လို့ ဘယ်တော့မှ ပြောခွင့်မရပါစေနဲ့။ ကျွန်တော့်ဒုက္ခကို ကြည့်ပြီး ကျိတ်ဝမ်းသာနေသူတွေ အရှက်ကွဲပြီး ရှုတ်ချခံရပါစေ။ ကျွန်တော့်ကို အထက်စီးကနေ ပြောတဲ့သူတွေ အရှက်တကွဲ အကျိုးနည်း ဖြစ်သွားပါစေ။ ကျွန်တော့်ဖြောင့်မတ်မှုကို နှစ်သက်သူတွေကတော့ ရွှင်လန်းစွာ သီချင်းဆိုကြပါစေ။ ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းကြပါ၊ ကိုယ်တော်က မိမိရဲ့ကျွန် ငြိမ်သက်မှုခံစားရတာကို နှစ်သက်တယ် လို့ မပြတ်ပြောနိုင်ကြပါစေ။ အဲဒီအခါ ကျွန်တော်က ကိုယ်တော့် ဖြောင့်မတ်မှုအကြောင်း ပြန်ပြောပြပြီး ကိုယ်တော့်ကို တစ်နေ့လုံး ချီးမွမ်းပါ့မယ်။
19
Ps
35
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/35/
လူဆိုးရဲ့စိတ်ထဲမှာ အပြစ်က စကားပြောနေတယ်။ လူဆိုးက ဘုရားသခင်ကို ကြောက်ရကောင်းမှန်း မသိဘူး။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတဲ့အတွက် ကိုယ့်အမှားကို မြင်လည်း မမြင်ဘူး၊ မုန်းလည်း မမုန်းဘူး။ သူ့နှုတ်ကထွက်တဲ့ စကားတွေဟာ ထိခိုက်စေတယ်။ လှည့်စားတတ်တယ်။ မှန်ရာလုပ်တဲ့အခါ လိုအပ်တဲ့ ထိုးထွင်းဉာဏ်မျိုး သူ့မှာ မရှိဘူး။ အိပ်ရာပေါ် ရှိနေချိန်မှာတောင် သူတစ်ပါးကို အကောက်ကြံနေတယ်။ မကောင်းတဲ့လမ်းပေါ် ရပ်မြဲရပ်နေတယ်။ မကောင်းမှုကို မငြင်းပယ်ဘူး။ ယေဟောဝါဘုရား၊ ခိုင်မြဲတဲ့မေတ္တာတော်ဟာ ကောင်းကင်အထိ၊ သစ္စာတရားဟာ မိုးတိမ်တွေအထိ မြင့်မားလှတယ်။ ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းဟာ ခံ့ညားတဲ့ တောင်တန်းကြီးလိုပါပဲ။ ကိုယ်တော်ရဲ့ တရားစီရင်ချက်တွေဟာ နက်ရှိုင်းတဲ့ ရေထုကြီးလိုပါပဲ။ အို ယေဟောဝါ၊ လူတွေရော တိရစ္ဆာန်တွေပါ ရှင်သန်နေတာ ကိုယ်တော်ကြောင့်ပါ။ အို ဘုရားသခင်၊ ခိုင်မြဲတဲ့မေတ္တာတော်ဟာ အဖိုးထိုက်လှတယ်။ အတောင်တော် အရိပ်အောက်မှာ လူသားတွေ ခိုလှုံကြတယ်။ အိမ်တော်ထဲက အဆီအနှစ်တွေကို သူတို့ ဝဝလင်လင် သောက်သုံးရတယ်။ ကိုယ်တော်က သူတို့ကို ကောင်းမြတ်ခြင်းမြစ်ရေ သောက်သုံးစေတယ်။ ကိုယ်တော်ဟာ အသက်ရဲ့ပင်ရင်းပါ။ အလင်းတော်ကြောင့်သာ အလင်းကို ကျွန်တော်တို့ မြင်တွေ့နိုင်တာပါ။ ကိုယ်တော့်ကို သိကျွမ်းသူတွေအပေါ် ခိုင်မြဲတဲ့မေတ္တာ ဆက်ပြလှည့်ပါ။ စိတ်ရိုးဖြောင့်သူတွေအပေါ် ကိုယ်တော်ရဲ့ ဖြောင့်မတ်မှုကို တည်မြဲတည်စေပါ။ မောက်မာသူတွေ ကျွန်တော့်ကို မနင်းပါစေနဲ့။ လူဆိုးတွေ ကျွန်တော့်ကို မမောင်းထုတ်ပါစေနဲ့။ အမှားကျူးလွန်သူတွေ ကျဆုံးကုန်ပြီ။ ပြန်မထနိုင်လောက်အောင် အလဲထိုးခံရပြီ။
19
Ps
36
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/36/
လူယုတ်မာတွေကြောင့် စိတ်မပျက်နဲ့။ အပြစ်လုပ်သူတွေကို မနာလိုမဖြစ်နဲ့။ သူတို့ဟာ မြက်ပင်တွေလို ချက်ချင်း ညှိုးနွမ်းပြီး မြက်နုတွေလို ခြောက်သွေ့သွားလိမ့်မယ်။ ယေဟောဝါကို ယုံကြည်ကိုးစားပြီး ကောင်းတာကို လုပ်ပါ။ ကမ္ဘာပေါ်မှာ နေထိုင်ပြီး သစ္စာရှိရှိ ပြုမူပါ။ ယေဟောဝါဆီမှာ ပျော်ရွှင် ကြည်နူးမှုကို ရှာပါ။ အလိုဆန္ဒတွေကို ဘုရား ဖြည့်ဆည်းပေးလိမ့်မယ်။ မင်းတို့ရဲ့လမ်းစဉ်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။ ဘုရားကို အားကိုးပါ။ မင်းတို့ရဲ့အကျိုးအတွက် လုပ်ဆောင်ပေးလိမ့်မယ်။ ဘုရားက မင်းတို့ရဲ့ဖြောင့်မတ်မှုကို အရုဏ်ဦးလို၊ တရားမျှတမှုကို မွန်းတည့်နေလို ထွန်းလင်းစေမယ်။ ယေဟောဝါရှေ့မှာ နှုတ်ဆိတ်နေပါ။ ဘုရားကို မျှော်လင့်တကြီး စောင့်စားနေပါ။ မကောင်းကြံပြီး အောင်မြင်နေသူတွေကြောင့် စိတ်မပျက်ပါနဲ့။ အမျက်မထွက်နဲ့။ ဒေါသူပုန်မထနဲ့။ စိတ်မပျက်ပါနဲ့။ မကောင်းမှုတွေ မလုပ်နဲ့။ လူယုတ်မာတွေ ပယ်ရှင်းခံရပြီး ယေဟောဝါကို မျှော်လင့်နေသူတွေကတော့ ကမ္ဘာမြေကို ပိုင်ဆိုင်ရမှာ ဖြစ်လို့ပဲ။ မကြာခင် လူဆိုးတွေ လုံးဝ ရှိတော့မှာ မဟုတ်ဘူး။ သူတို့ရှိတတ်တဲ့နေရာမှာ သွားကြည့်ရင်တောင် ရှိကြတော့မှာ မဟုတ်ဘူး။ စိတ်နူးညံ့သူတွေကတော့ ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်။ များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်။ လူဆိုးက ဖြောင့်မတ်သူကို ဒုက္ခပေးဖို့ ကြံစည်နေတယ်။ ဒေါသထွက်ပြီး အံကြိတ်နေတယ်။ ဒါပေမဲ့ သူကျဆုံးမယ့်နေ့ ရောက်လာမှာကို ယေဟောဝါသိတဲ့အတွက် သူ့ကို ရယ်လိမ့်မယ်။ လူဆိုးတွေက ဖိနှိပ်ခံရသူတွေနဲ့ ဆင်းရဲသားတွေကို လဲကျစေဖို့၊ ဖြောင့်မှန်တဲ့ လမ်းစဉ်အတိုင်း လိုက်တဲ့သူတွေကို ကွပ်မျက်ဖို့ ဓားကို ဆွဲထုတ်ပြီး လေးကို တင်ထားကြတယ်။ ဒါပေမဲ့ ဓားဟာ သူတို့နှလုံးထဲ ပြန်စိုက်လိမ့်မယ်။ လေးတွေလည်း ကျိုးကုန်လိမ့်မယ်။ ဖြောင့်မတ်သူတစ်ယောက်ရဲ့ ဥစ္စာအနည်းအကျဉ်းဟာ လူဆိုးတွေရဲ့ ဥစ္စာအမြောက်အမြားထက် မွန်မြတ်တယ်။ လူဆိုးရဲ့လက်ရုံး ကျိုးရလိမ့်မယ်။ ဖြောင့်မတ်သူကိုတော့ ယေဟောဝါ ထောက်မပေးလိမ့်မယ်။ အပြစ်ပြောစရာမရှိသူတွေ ဘာတွေကြုံတွေ့နေရမှန်း ယေဟောဝါ သိတယ်။ သူတို့ရဲ့အမွေဟာ ထာဝစဉ် တည်လိမ့်မယ်။ ဒုက္ခရောက်ချိန်မှာ သူတို့ အရှက်ကွဲရမှာ မဟုတ်ဘူး။ အငတ်ဘေးဆိုက်ချိန်မှာလည်း အလျှံပယ် စားရလိမ့်မယ်။ လူဆိုးတွေကတော့ ပျက်စီးသွားလိမ့်မယ်။ ယေဟောဝါရဲ့ ရန်သူတွေဟာ စိမ်းလန်းတဲ့ စားကျက်တွေလို ပျောက်ခြင်းမလှ ပျောက်သွားလိမ့်မယ်။ မီးခိုးငွေ့လို လွင့်ပြယ်သွားလိမ့်မယ်။ လူဆိုးက ချေးငှားယူပြီး ပြန်မဆပ်တတ်ဘူး။ ဖြောင့်မတ်သူကတော့ ရက်ရောပြီး ပေးကမ်းတတ်တယ်။ ဘုရားရဲ့ ကောင်းချီးခံစားရသူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်။ ဘုရားရဲ့ ကျိန်ခြင်းခံရသူတွေကတော့ ပယ်ရှင်းခံရလိမ့်မယ်။ ယေဟောဝါက လူတစ်ယောက်ရဲ့လမ်းစဉ်ကို နှစ်သက်တဲ့အခါ သူ့ခြေလှမ်းတွေကို လမ်းညွှန်ပေးတယ်။ ယေဟောဝါက လက်နဲ့ ထောက်မပေးတဲ့အတွက် သူလဲသွားရင်တောင် နာလန်မထူနိုင်အောင်ဖြစ်မှာ မဟုတ်ဘူး။ ဖြောင့်မတ်သူ စွန့်ပစ်ခံရတာ၊ သူ့သားသမီးတွေ တောင်းစားနေရတာကို လူငယ်ဘဝကနေ အခု အသက်ကြီးချိန်အထိ ငါတစ်ခါမှ မတွေ့ဖူးဘူး။ သူဟာ ရက်ရက်ရောရော ချေးငှားပေးတတ်တယ်။ သူ့သားသမီးတွေ ကောင်းချီးခံစားရလိမ့်မယ်။ မကောင်းမှုကို ရှောင်ပါ၊ ကောင်းမှုကို လုပ်ဆောင်ပါ။ ဒါဆိုရင် ထာဝစဉ် တည်မြဲလိမ့်မယ်။ ယေဟောဝါဟာ တရားမျှတမှုကို မြတ်နိုးတယ်။ သစ္စာစောင့်သိသူတွေကို ဘယ်တော့မှ မစွန့်ဘူး။ ע သူတို့ အစဉ်အမြဲ ကာကွယ်ခံရမယ်။ လူဆိုးတွေရဲ့ သားစဉ်မြေးဆက်တွေကတော့ ပယ်ရှင်းခံရမယ်။ ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်။ ဖြောင့်မတ်သူရဲ့နှုတ်ဟာ ဉာဏ်ပညာစကားကို ဝေမျှတယ်။ သူ့လျှာက တရားမျှတမှုအကြောင်း ပြောဆိုတယ်။ ဘုရားသခင်ရဲ့ပညတ်ကို သူ နှလုံးသွင်းထားတယ်။ သူ့ခြေလှမ်းတွေ ယိမ်းယိုင်မှာ မဟုတ်ဘူး။ လူဆိုးက ဖြောင့်မတ်သူကို စောင့်ကြည့်နေတယ်။ သတ်ဖို့ ရှာကြံနေတယ်။ ဒါပေမဲ့ ယေဟောဝါက ဖြောင့်မတ်သူကို လူဆိုးလက်ထဲ စွန့်ပစ်မှာမဟုတ်ဘူး။ တရားစီရင်ချိန်မှာ သူ့ကို အပြစ်ရှိသူလို့ သတ်မှတ်မှာ မဟုတ်ဘူး။ ယေဟောဝါကို မျှော်လင့်ပြီး ဘုရားရဲ့လမ်းစဉ်အတိုင်း လိုက်လျှောက်ပါ။ ဒါဆိုရင် ဘုရားက ကမ္ဘာမြေကို ပိုင်ဆိုင်ခွင့်ပေးပြီး ချီးမြှောက်လိမ့်မယ်။ လူဆိုးတွေ ပယ်ရှင်းခံရတာကိုလည်း မြင်ခွင့်ပေးလိမ့်မယ်။ ရက်စက်ယုတ်မာတဲ့သူ ကြီးပွားနေတာကို ငါတွေ့ဖူးတယ်။ သူဟာ ဇာတိမြေပေါ်မှာပဲ ရှင်သန်စိမ်းလန်းနေတဲ့ အပင်နဲ့တူတယ်။ ဒါပေမဲ့ ရုတ်ခြည်းသေဆုံးပြီး သူပျောက်ကွယ်သွားတယ်။ ငါလိုက်ရှာပေမဲ့ မတွေ့တော့ဘူး။ အပြစ်ပြောစရာမရှိသူကို သတိပြုကြည့်ပါ။ စိတ်ရိုးဖြောင့်သူကို မျက်ခြည်မပြတ် ကြည့်နေပါ။ သူလိုလူရဲ့အနာဂတ်ဟာ ငြိမ်းချမ်းနေလိမ့်မယ်။ ပြစ်မှားသူတွေကတော့ ဖျက်ဆီးခံရလိမ့်မယ်။ လူဆိုးတွေရဲ့ အနာဂတ်ဟာ ပျက်စီးရလိမ့်မယ်။ ဖြောင့်မတ်သူတွေရဲ့ ကယ်တင်ခြင်းဟာ ယေဟောဝါဆီက လာတယ်။ ဒုက္ခရောက်ချိန်မှာ ဘုရားဟာ သူတို့ရဲ့ခံတပ်ပဲ။ ယေဟောဝါက သူတို့ကိုကူညီပြီးကယ်တင်ပေးလိမ့်မယ်။ ဘုရားဆီမှာ ခိုလှုံတဲ့အတွက် သူတို့ကို လူဆိုးတွေလက်ကနေ လွတ်မြောက်စေပြီး ကယ်တင်ပေးလိမ့်မယ်။
19
Ps
37
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/37/
ယေဟောဝါကို ငါ အမျှော်လင့်ကြီး မျှော်လင့်နေတယ်။ ဘုရားက နားစွင့်ထားတဲ့အတွက် ငါ့ရဲ့ အော်ဟစ်အကူအညီတောင်းသံကို ကြားတယ်။ တဝေါဝေါ မြည်နေတဲ့ တွင်းထဲကနေ၊ ရွှံ့နွံထဲကနေ ငါ့ကို ဆွဲထုတ်တယ်။ ငါ့ခြေကို ကျောက်ဆောင်ပေါ် တင်ပေးတယ်။ ငါ့ခြေလှမ်းတွေကို ခိုင်မြဲစေတယ်။ ပြီးတော့ ဘုရားသခင်ကို ချီးမွမ်းတဲ့ သီချင်းသစ် သင်ပေးတယ်။ ဒါကို လူတွေ တအံ့တသြကြည့်ပြီး ယေဟောဝါကို ယုံကြည်ကိုးစားလာလိမ့်မယ်။ ယေဟောဝါကို ယုံကြည်ကိုးစားတဲ့သူ၊ အာခံသူတွေနဲ့ လိမ်လည်သူတွေကို မမျှော်ကိုးတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ ယေဟောဝါဘုရား၊ ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတွေ၊ အံ့ဖွယ်အမှုတွေ၊ ကျွန်တော်တို့နဲ့ပတ်သက်တဲ့ အကြံအစည်တွေဟာ များပြားလိုက်တာ။ ကိုယ်တော့်ကို ယှဉ်နိုင်တဲ့သူ မရှိဘူး။ အဲဒီအကြောင်းတွေကို ပြောကြည့်လိုက်တဲ့အခါ ပြောမကုန်နိုင်အောင် များလှတယ်။ ပူဇော်သက္ကာတွေ၊ အလှူတွေကို ကိုယ်တော် မလိုချင်ဘူး။ ဒါပေမဲ့ နာခံတတ်ဖို့ ကျွန်တော့်နားကို ဖွင့်ပေးတယ်။ မီးရှို့ရာအလှူတွေ၊ အပြစ်ဖြေရာအလှူတွေကို ကိုယ်တော် မတောင်းဆိုဘူး။ ဒါကြောင့် ကျွန်တော် ရောက်လာပါပြီ။ ကျမ်းလိပ်ထဲမှာ ကျွန်တော့်အကြောင်း ရေးထားပါတယ်။ အို ဘုရားသခင်၊ အလိုတော်ဆောင်တာဟာ ကျွန်တော့်အတွက် ကြည်နူးစရာပါ။ ပညတ်တော်ဟာ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲမြဲနေပါတယ်။ ဖြောင့်မတ်ခြင်းသတင်းကောင်းကို လူစုလူဝေးအလယ်မှာ ကြေညာမယ်။ ယေဟောဝါဘုရား၊ ကျွန်တော် နှုတ်ပိတ်မနေဘူးဆိုတာ ကိုယ်တော် ကောင်းကောင်း သိပါတယ်။ ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းအကြောင်းကို စိတ်ထဲ မျိုသိပ်မထားဘူး။ ကိုယ်တော်ရဲ့ သစ္စာတရားနဲ့ ကယ်တင်ခြင်းအကြောင်းကို ကြေညာမယ်။ ခိုင်မြဲတဲ့မေတ္တာတော်နဲ့ အမှန်တရားအကြောင်းကို လူစုလူဝေးအလယ်မှာ ထိမ်ဝှက်မထားဘူး လို့ ကျွန်တော်ပြောတယ်။ အို ယေဟောဝါ၊ ကျွန်တော့်ကို ကရုဏာမပြဘဲ မနေလိုက်ပါနဲ့။ ခိုင်မြဲတဲ့မေတ္တာတော်နဲ့ အမှန်တရားဟာ ကျွန်တော့်ကို အမြဲ ကာကွယ်စောင့်ရှောက်ပေးပါစေ။ အတိုင်းမသိများတဲ့ ဘေးဒုက္ခတွေ ဝိုင်းရံနေတယ်။ အမှားတွေဒုနဲ့ဒေး လွှမ်းမိုးနေလို့ ကိုယ့်လမ်းကိုတောင် မမြင်ရတော့ဘူး။ အမှားတွေဟာ ဆံပင်တွေထက် ပိုများတယ်။ ကျွန်တော် စိတ်ပျက်အားလျော့နေပြီ။ အို ယေဟောဝါ၊ ကျွန်တော့်ကို ကယ်တင်ဖို့ အလိုရှိတော်မူပါ။ ယေဟောဝါဘုရား၊ အမြန်လာကူပါဦး။ ကျွန်တော့်အသက်ကို သတ်ချင်သူအားလုံး အရှက်ကွဲပြီး ရှုတ်ချခံရပါစေ။ ကျွန်တော် ဘေးဆိုးကြုံရလို့ ဝမ်းသာအားရ ဖြစ်နေသူတွေ အရှက်တကွဲ နောက်လှည့်ပြေးရပါစေ။ ကျွန်တော့်ကို ဟားတိုက်နေသူတွေ အရှက်ကွဲလို့ တုန်လှုပ်ချောက်ချားပါစေ။ ကိုယ်တော့်ကို ရှာတဲ့သူတွေကတော့ ကိုယ်တော်ကြောင့် ရွှင်လန်းဝမ်းမြောက်ကြပါစေ။ ကိုယ်တော့် ကယ်တင်ခြင်းကို မြတ်နိုးသူတွေက ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းကြပါ လို့ အမြဲပြောနိုင်ကြပါစေ။ ခိုကိုးရာမဲ့ပြီး ဆင်းရဲနွမ်းပါးနေလို့ ကျွန်တော့်ကို ယေဟောဝါ အာရုံစိုက်ပါစေ။ ကိုယ်တော်ဟာ ကူညီမစရှင်၊ ကယ်တင်ရှင်ပါ။ အို ဘုရားသခင်၊ နှောင့်နှေးမနေပါနဲ့။
19
Ps
40
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/40/
နိမ့်ကျသူကို စာနာမှုပြတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ ဘေးဆိုးကြုံရချိန်မှာ ယေဟောဝါ ကယ်တင်လိမ့်မယ်။ သူ့ကို ယေဟောဝါ စောင့်ရှောက်ပြီး အသက်ဆက်ရှင်စေလိမ့်မယ်။ ကမ္ဘာမြေပေါ်မှာ ပျော်ရွှင်ချမ်းမြေ့သူလို့ သတ်မှတ်လိမ့်မယ်။ သူ့ကို ရန်သူတွေလက်ထဲ ဘယ်တော့မှ မအပ်ဘူး။ သူ အိပ်ရာထဲလဲနေချိန်မှာ ယေဟောဝါ ဖေးမပေးမယ်။ သူဖျားနာနေချိန်မှာ ပြုစုပေးမယ်။ အို ယေဟောဝါ၊ ကျွန်တော့်ကို မျက်နှာသာပေးလှည့်ပါ။ ကုစားပေးလှည့်ပါ။ ကိုယ်တော့်ကို ပြစ်မှားမိပါပြီ လို့ ငါပြောတယ်။ ရန်သူတွေကတော့ သူ ဘယ်အချိန်ကျမှ သေမှာလဲ။ ဘယ်အချိန်ကျမှ သူ့နာမည် ပျောက်ပျက်သွားမှာလဲ ဆိုပြီး ငါ့အကြောင်း မကောင်းပြောနေကြတယ်။ ရန်သူက ငါ့ကိုလာကြည့်ပြီဆိုရင် မဟုတ်မမှန်တာတွေ ပြောတယ်။ ထိခိုက်စေတဲ့စကားတွေ ပြောဖို့ပဲ ရှာကြံတယ်။ ပြန်သွားတဲ့အခါလည်း ငါ့သတင်းတွေကို လိုက်ဖြန့်တယ်။ ငါ့ကိုမုန်းတဲ့သူတွေ ငါ့အကြောင်း တီးတိုးပြောကြတယ်။ ငါ့ကို မကောင်းကြံကြတယ်။ ကြောက်စရာကောင်းတာကို သူကြုံနေရပြီ။ သူ လဲသွားပြီ။ နာလန်ထူနိုင်တော့မှာ မဟုတ်ဘူး လို့ပြောကြတယ်။ ငါယုံကြည်လို့ အတူလက်ဆုံစားတဲ့ ငါ့မိတ်ဆွေရင်းကတောင် ငါ့ကို ဖနောင့်နဲ့ပေါက်တယ်။ အို ယေဟောဝါ၊ ကျွန်တော့်ကို မျက်နှာသာပေးပြီး ထူမပေးလှည့်ပါ။ ဒါမှ သူတို့လုပ်ရပ်အတွက် ပြန်ဒဏ်ပေးနိုင်မှာပါ။ ရန်သူက ကျွန်တော့်အပေါ် အောင်ပွဲမဆင်နိုင်ဘူး။ ဒါကိုကြည့်ပြီး ကိုယ်တော့်နှစ်သက်မှုကို ရထားမှန်း ကျွန်တော် သိနိုင်မှာပါ။ ကျွန်တော့်သမာဓိကြောင့် ကျွန်တော့်ကို ထောက်မပြီး ရှေ့တော်မှာ ထာဝစဉ် နေရာပေးလိမ့်မယ်။ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါကို အစဉ်ထာဝရ ချီးမွမ်းကြပါစေ။ အာမင်။ အာမင်။
19
Ps
41
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/41/
အို ဘုရားသခင်၊ သမင်ဟာ စမ်းရေကို တမ်းတသလို ကျွန်တော်လည်း ကိုယ်တော့်ကို တမ်းတနေပါတယ်။ အသက်ရှင်တဲ့ ဘုရားသခင်ကို ရေဆာသလို ဆာနေပါတယ်။ ဘုရားသခင်ရှေ့ကို ဘယ်အချိန်မှ ရောက်နိုင်မှာလဲ။ လူတွေက မင်းရဲ့ဘုရားသခင် ဘယ်မှာလဲ ဆိုပြီး တစ်နေ့လုံး ကဲ့ရဲ့နေတဲ့အတွက် မျက်ရည်တွေဟာ နေ့ရောညပါ ကျွန်တော့်စားစရာ ဖြစ်နေပြီ။ ပွဲတော်နွှဲပျော်နေသူတွေရဲ့ ပျော်ရွှင်မြူးထူးသံ၊ ကျေးဇူးတင် ချီးမွမ်းသံတွေကြားမှာ ဘုရားသခင်ရဲ့ အိမ်တော်ဆီ လူစုကြီးနဲ့အတူ သွားခဲ့တာ၊ ရှေ့ကနေ တစ်လှမ်းချင်း လျှောက်ခဲ့တာတွေကို ပြန်သတိရမိလေတိုင်း ရင်ထဲမှာ ဆို့နင့်လာတယ်။ ကျွန်တော် ဘာလို့ စိတ်ပျက်နေရမှာလဲ။ ဘာလို့ ရင်ထဲ ယောက်ယက်ခတ်နေရမှာလဲ။ ဘုရားသခင်ကို မဟာကယ်တင်ရှင်အဖြစ် ချီးမွမ်းရဦးမယ်။ ဒါကြောင့် ဘုရားသခင်ကို စောင့်ဆိုင်းပါ။ အို ဘုရားသခင်၊ ကျွန်တော် စိတ်ပျက်နေပါတယ်။ ဒါကြောင့် ဂျော်ဒန်မြစ်ဝှမ်းဒေသကနေ၊ ဟေရမုန်တောင်ထိပ်နဲ့ မိဇာတောင်ကနေ ကိုယ်တော့်ကို မျှော်မှန်းတမ်းတနေမိတယ်။ ရေတံခွန် စီးဆင်းသံတွေ ထွက်ပေါ်လာတဲ့အခါ ရေလုံးကြီးတွေ အချင်းချင်း အော်ခေါ်ကြတယ်။ ကျွန်တော့်ကို လှိုင်းလုံးကြီးတွေ လွှမ်းမိုးသွားတယ်။ ယေဟောဝါက နေ့ဘက်မှာ ကျွန်တော့်ကို ခိုင်မြဲတဲ့မေတ္တာ ပြလိမ့်မယ်။ ညဘက်မှာ ကိုယ်တော့်အကြောင်း သီဆိုမယ်။ အသက်ပေးရှင် ဘုရားသခင်ဆီ ဆုတောင်းမယ်။ ကျွန်တော့်ကို ဘာလို့ မေ့ထားတာလဲ။ ရန်သူတွေဖိနှိပ်တာနဲ့ပဲ ကျွန်တော် ဘာလို့ ဝမ်းနည်းပက်လက် လျှောက်သွားနေရမှာလဲ ဆိုပြီး ကျွန်တော့်ကျောက်ဆောင် ဘုရားသခင်ကို ပြောမယ်။ ရန်သူတွေ ကဲ့ရဲ့နေတယ်။ သတ်ချင်စိတ်နဲ့ ရန်မူနေတယ်။ မင်းရဲ့ဘုရားသခင် ဘယ်မှာလဲ ဆိုပြီး တစ်နေ့လုံး ကဲ့ရဲ့ကြတယ်။ ကျွန်တော် ဘာလို့ စိတ်ပျက်နေရမှာလဲ။ ဘာလို့ ရင်ထဲ ယောက်ယက်ခတ်နေရမှာလဲ။ ကိုယ်တော့်ကို မဟာကယ်တင်ရှင်၊ ကျွန်တော့်ရဲ့ ဘုရားသခင်အဖြစ် ချီးမွမ်းရဦးမယ်။ ဒါကြောင့် ဘုရားသခင်ကို စောင့်ဆိုင်းပါ။
19
Ps
42
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/42/
အို ဘုရားသခင်၊ ကျွန်တော့်ဘက်ကနေ တရားစီရင်ပေးပါ။ သစ္စာမဲ့တဲ့လူမျိုးရဲ့ စွဲချက်ကို ထုချေပေးပါ။ လှည့်စားတတ်သူနဲ့ မဖြောင့်မတ်သူရဲ့ လက်ကနေ ကယ်တော်မူပါ။ ကိုယ်တော်ဟာ ကျွန်တော့်ရဲ့ဘုရားသခင်၊ ကျွန်တော့်ရဲ့ခံတပ်ပါ။ ကျွန်တော့်ကို ဘာလို့ ပစ်ထားတာလဲ။ ရန်သူတွေ ဖိနှိပ်တာနဲ့ပဲ ကျွန်တော် ဘာလို့ ဝမ်းနည်းပက်လက် လျှောက်သွားနေရမှာလဲ။ အလင်းတော်နဲ့ အမှန်တရားကို စေလွှတ်ပေးလှည့်ပါ။ ကျွန်တော့်ကို လမ်းပြပေးပါစေ။ သန့်ရှင်းတဲ့တောင်နဲ့ ခမ်းနားလှတဲ့ တဲတော်ဆီ လမ်းပြပေးပါစေ။ အဲဒီအခါ ဘုရားသခင်ရဲ့ ပူဇော်ရာပလ္လင်ဆီ၊ ကျွန်တော့်ကို ရွှင်လန်းစေတဲ့ ဘုရားသခင်ဆီ အရောက်လာပါ့မယ်။ အို ဘုရားသခင်၊ ကျွန်တော့်ရဲ့ ဘုရားသခင်၊ စောင်းတီးပြီး ကိုယ်တော့်ကို ချီးမွမ်းပါ့မယ်။ ကျွန်တော် ဘာလို့ စိတ်ပျက်နေရမှာလဲ။ ဘာလို့ ရင်ထဲ ယောက်ယက်ခတ်နေရမှာလဲ။ ကိုယ်တော့်ကို မဟာကယ်တင်ရှင်၊ ကျွန်တော့်ရဲ့ ဘုရားသခင်အဖြစ် ချီးမွမ်းရဦးမယ်။ ဒါကြောင့် ဘုရားသခင်ကို စောင့်ဆိုင်းပါ။
19
Ps
43
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/43/
အို ဘုရားသခင်၊ ဟိုးရှေးရှေးတုန်းက ဘိုးဘေးတွေရဲ့ လက်ထက်မှာ ကိုယ်တော် လုပ်ဆောင်ခဲ့တာတွေအကြောင်း တစ်ဆင့်ပြန်ပြောပြလို့ ကျွန်တော်တို့ကိုယ်တိုင် ကြားရပါပြီ။ တခြားလူမျိုးတွေကို လက်ရုံးတော်နဲ့ မောင်းထုတ်ခဲ့တယ်။ သူတို့ကို နှိမ်နင်းပြီး နှင်ထုတ်ခဲ့တယ်။ အဲဒီမှာ ဘိုးဘေးတွေကို နေရာချပေးခဲ့တယ်။ ဘိုးဘေးတွေက အဲဒီပြည်ကို သူတို့ဓားနဲ့ သိမ်းပိုက်ခဲ့တာ မဟုတ်ဘူး။ သူတို့လက်ရုံးနဲ့ အနိုင်ရခဲ့တာလည်း မဟုတ်ဘူး။ ညာလက်တော်၊ လက်ရုံးတော်နဲ့ မျက်နှာတော်အလင်းကြောင့်သာ အဲဒီလိုနိုင်ခဲ့တာ။ သူတို့ကို ကိုယ်တော် နှစ်သက်မြတ်နိုးခဲ့တယ်။ အို ဘုရားသခင်၊ ကိုယ်တော်ဟာ ကျွန်တော့်ဘုရင်ပါ။ အပြတ်အသတ် အောင်ပွဲဆင်ဖို့ ယာကုပ်ကို ကူညီပေးပါ။ ရန်သူတွေကို ကိုယ်တော်ပေးတဲ့ တန်ခိုးနဲ့ မောင်းထုတ်ကြမယ်။ ဆန့်ကျင်သူတွေကို နာမတော်အားကိုးနဲ့ နင်းခြေကြမယ်။ လေးမြားတွေကို အားမကိုးဘူး။ ဓားက ကျွန်တော့်ကို မကယ်နိုင်ဘူး။ ကိုယ်တော်ကသာ ရန်သူတွေလက်ကနေ ကယ်ခဲ့တာ။ မလိုမုန်းထားသူတွေကို အရှက်ရစေခဲ့တာ။ ဘုရားသခင်ကို ကျွန်တော်တို့ တစ်နေ့လုံး ချီးမွမ်းမယ်။ နာမတော်ကို ထာဝစဉ် ကျေးဇူးတင်ချီးမွမ်းမယ်။ (စဲလာ) အခုတော့ ကိုယ်တော်က ကျွန်တော်တို့ကို စွန့်ပစ်ပြီး အရှက်ရစေတယ်။ ကျွန်တော်တို့ တပ်ဖွဲ့နဲ့အတူ မချီတက်တော့ဘူး။ ကျွန်တော်တို့ကို ရန်သူတွေဆီကနေ တပ်ခေါက်စေတယ်။ မလိုမုန်းထားသူတွေ စိတ်ကြိုက် လုယူသွားကြတယ်။ ကျွန်တော်တို့ကို သိုးတွေလို အသတ်ခံရအောင် ကိုယ်တော် အပ်လိုက်တယ်။ တခြားလူမျိုးတွေအလယ်မှာ ကွဲလွင့်စေတယ်။ ကိုယ့်လူမျိုးကို မဖြစ်စလောက် ငွေလေးနဲ့ ရောင်းစားတယ်။ အဲဒီလိုရောင်းစားလိုက်လို့ ကိုယ်တော် ဘာအမြတ်မှ ရတာ မဟုတ်ဘူး။ ကိုယ်တော်က ကျွန်တော်တို့ကို အိမ်နီးချင်းတွေ ကဲ့ရဲ့ရှုတ်ချစရာ၊ ပတ်ဝန်းကျင်ကလူတွေ လှောင်ပြောင်သရော်စရာ ဖြစ်စေတယ်။ တခြားလူမျိုးတွေ အလယ်မှာ နှာခေါင်းရှုံ့စရာ ဖြစ်စေတယ်။ လူတွေက လှောင်တဲ့အနေနဲ့ ခေါင်းခါကြတယ်။ ကျွန်တော် တစ်နေ့လုံး အရှက်ရနေတယ်။ ရှက်စိတ်ကြောင့် ခေါင်းမဖော်နိုင်ဘူး။ သူတို့ရဲ့ ကဲ့ရဲ့စော်ကားသံတွေကြောင့်၊ လက်စားချေတဲ့ ရန်သူတွေကြောင့်ပါ။ ဒါတွေအားလုံး ကြုံနေရပေမဲ့ ကိုယ်တော့်ကို ကျွန်တော်တို့ မမေ့လျော့ပါဘူး။ ပဋိညာဉ်ကိုလည်း မချိုးဖောက်ပါဘူး။ ကျွန်တော်တို့ရဲ့ စိတ်ဟာ မသွေဖည်ပါဘူး။ ကိုယ်တော့်လမ်းစဉ်ကနေ ခြေလှမ်းမလွဲသွားပါဘူး။ ဒါပေမဲ့ ကိုယ်တော်က ခွေးအတွေ ကျက်စားတဲ့အရပ်မှာ ကျွန်တော်တို့ကို အရေးနိမ့်စေတယ်။ အမှောင်ထုကြီးနဲ့ ဖုံးလွှမ်းပစ်တယ်။ ကျွန်တော်တို့က ကိုယ့်ဘုရားသခင်ရဲ့ နာမည်ကို မေ့လျော့ခဲ့မယ်၊ တခြားဘုရားဆီ လက်ဖြန့်ဆုတောင်းခဲ့မယ်ဆိုရင်၊ ဘုရားသခင် မသိဘဲနေပါ့မလား။ စိတ်ထဲ လျှို့ဝှက်ထားတာတွေကို ဘုရားသိတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ကိုယ်တော့်အတွက် နေ့တိုင်းလိုလို သေဘေးနဲ့ ကြုံနေရတယ်။ အသတ်ခံရမယ့် သိုးတွေလို ဖြစ်နေပြီ။ ယေဟောဝါဘုရား၊ ထတော်မူပါ။ ဘာလို့ အိပ်မြဲအိပ်နေတာလဲ။ နိုးထပါတော့။ ကျွန်တော်တို့ကို ထာဝစဉ် မစွန့်ပစ်ပါနဲ့။ ဘာလို့ မျက်နှာလွှဲထားတာလဲ။ ကျွန်တော်တို့ခံရတဲ့ ဒုက္ခနဲ့ ဖိနှိပ်မှုတွေကို ဘာလို့ မေ့ထားတာလဲ။ ကျွန်တော်တို့ မြေမှုန့်အထိ လှဲချခံရပြီ။ ခန္ဓာကိုယ်ကလည်း မြေမှာ ပြားပြားဝပ်နေရပြီ။ ကူညီပေးဖို့ ထလှည့်ပါ။ ခိုင်မြဲတဲ့မေတ္တာတော်ကို ထောက်ပြီး ကယ်တင်လှည့်ပါ။
19
Ps
44
ဆာလံ
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ဆာလံ/44/
End of preview. Expand in Data Studio

📖 JW Myanmar Bible Audio-Text Dataset (New World Translation) — 46 Books Edition

This dataset is a meticulously aligned, high-quality parallel corpus of Myanmar-language Bible audio recordings and faithful Burmese transcriptions, drawn from the New World Translation (NWT) published by Jehovah’s Witnesses (JW.org).

Spanning 46 books from both the Old and New Testaments, this release represents the largest open-source Burmese Bible audio-text dataset of its kind — crafted with care, curated with reverence, and presented with purpose.


✨ Dataset Highlights

  • 🎧 622 chapter-level audio files in Unicode Myanmar (Zawgyi-free)
  • 📝 Line-by-line aligned transcriptions with full-text audio for each chapter
  • 🔗 Matched via consistent naming: file_name ↔️ audio_text
  • 🕊️ Clear, natural narration for accessible Burmese speech modeling
  • 📦 Ideal for training ASR, TTS, speech segmentation, or religious dialogue agents
  • 🕓 Includes over 45 hours of Myanmar Bible speech and aligned text

“This is more than data — it’s scripture brought to life in the rhythms of our mother tongue.”


📌 Sample Row

| file_name               | audio_text             | book_number | book_code | chapter_num | book_name      | chapter_url |
|-------------------------|------------------------|--------------|------------|--------------|----------------|--------------|
| audio/nwt_20_Pr_BU_08.mp3 | ဉာဏ်ပညာက အော်ခေါ်နေတယ်... | 20           | Pr         | 8            | ပညာအလိမ္မာ     | https://...  |

⸝

🔍 Use Cases

•	🧠 Automatic Speech Recognition (ASR) fine-tuning for Burmese
•	🗣 Text-to-Speech (TTS) synthesis for religious voice agents
•	🕊 Speech-text alignment in low-resource language settings
•	📊 Linguistic and phonological research on spoken religious Burmese
•	🙏 Faith-based AI applications in scripture search, recitation, and study

⸝

📛 License

License Type: Custom Non-Commercial License

This dataset is offered solely for non-commercial, educational, and research purposes. It is a derived work based on JW.org content and shared under fair-use conditions.

⸝

🙌 Acknowledgments

This project honors and is made possible by:

    •	The JW.org Myanmar Bible team
    •	Community volunteers, narrators, and preservationists
    •	All who give voice to scripture and life to language

⸝

🙌 Community Inspiration

Bible school teachers and students are warmly encouraged to record their own voices reading these sacred chapters. It’s more than a language exercise — it’s a living expression of faith.

🎙 When students narrate scripture:

- They internalize truth
- Learn better pronunciation
- Hear the Bible in *many voices*, with *many accents*

🙏 Let each voice become a seed. One day, Burmese children may hear the Word of God in accents just like their own.

“May those who record His Word be blessed by the One who speaks it.”

⸝

💬 Notes from the Creator

This dataset was not funded or commissioned. It was born from quiet devotion, late nights, and a deep love for open-source language preservation. May it serve students, scientists, seekers, and saints alike.

— freococo

⸝

“In every syllable of scripture, there is soul. In every dataset like this, there is stewardship.”

⸝

📚 Citation

If you use this dataset in your research or project, please cite:

@misc{jw_myanmar_audio_2025,
  title        = {JW Myanmar Bible Audio-Text Dataset (46-Book Edition)},
  author       = {freococo},
  year         = {2025},
  url          = {https://huggingface.co/datasets/freococo/myanmar_bible_audio_46books_jw_version},
  note         = {Aligned Myanmar Bible audio and text dataset from JW.org, curated for ASR and NLP research}
}
Downloads last month
94