Dataset Viewer
Auto-converted to Parquet
audio
audioduration (s)
22.6
1.31k
audio_text
stringlengths
210
16.6k
book_number
stringclasses
57 values
book_code
stringclasses
57 values
chapter_num
stringclasses
151 values
book_name
stringclasses
57 values
chapter_url
stringlengths
2
77
ကမ္ဘာဦးကျမ်း အခန်းကြီး (၁) အစအဦးမှာ ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတယ်။ မြေကြီးဟာ ပုံစံ မပီပြင်သေးဘူး။ လဟာပြင်ကြီး ဖြစ်နေတယ်။ ရေပြင်ကြီးပေါ်မှာ အမှောင်ထု ဖုံးလွှမ်းနေတယ်။ ရေမျက်နှာပြင်ပေါ်မှာ ဘုရားသခင်ရဲ့ စွမ်းအားတော် သက်ရောက်လှုပ်ရှားနေတယ်။ ဘုရားသခင်က အလင်းဖြစ်စေ လို့ ပြောတဲ့အခါ အလင်း ဖြစ်လာတယ်။ အဲဒီအလင်း ကောင်းတယ်ဆိုတာကို မြင်ပြီးနောက် အလင်းနဲ့ အမှောင်ကို ဘုရားသခင် ခွဲခြားလိုက်တယ်။ အလင်းကို နေ့၊ အမှောင်ကိုတော့ ညလို့ ခေါ်တယ်။ ညဦး ကုန်လွန်သွားပြီးနောက် နံနက် ရောက်လာတယ်။ ဒါဟာ ပထမနေ့ ဖြစ်တယ်။ ဘုရားသခင်က ရေထုကြားမှာ ဟင်းလင်းပြင်ကြီး ဖြစ်ပေါ်ပြီး ရေထုနှစ်ခုကို ခြားထားစေလို့ ပြောတယ်။ ဟင်းလင်းပြင်ကြီးကိုဖန်ဆင်းပြီး ဟင်းလင်းပြင်အောက်က ရေထုနဲ့ ဟင်းလင်းပြင်ပေါ်က ရေထုကို ခွဲခြားလိုက်တယ်။ အဲဒီအတိုင်း ဖြစ်လာတယ်။ ဘုရားသခင်က ဟင်းလင်းပြင်ကြီးကို မိုးကောင်းကင်လို့ ခေါ်တယ်။ ညဦး ကုန်လွန်သွားပြီးနောက် နံနက် ရောက်လာတယ်။ ဒါဟာ ဒုတိယနေ့ ဖြစ်တယ်။ ဘုရားသခင်က မိုးကောင်းကင်အောက်က ရေတွေအားလုံး တစ်နေရာမှာ စုဝေးစေ၊ ကုန်းမြေ ပေါ်စေ လို့ ပြောတဲ့အခါ အဲဒီအတိုင်း ဖြစ်လာတယ်။ ကုန်းမြေကို မြေကြီး၊ ရေအစုအဝေးကိုတော့ ပင်လယ်လို့ ခေါ်တယ်။ အဲဒါကောင်းတယ်ဆိုတာကို ဘုရားသခင် မြင်တယ်။ မြေပေါ်မှာ မြက်ပင်တွေ၊ မျိုးစေ့ပါတဲ့ အပင်တွေ၊ မျိုးစေ့ပါတဲ့ သီးပင်တွေ အမျိုးအလိုက် ပေါက်စေ လို့ ပြောတဲ့အခါ အဲဒီအတိုင်း ဖြစ်လာတယ်။ မြေပေါ်မှာ မြက်ပင်တွေ၊ မျိုးစေ့ပါတဲ့ အပင်တွေ၊ မျိုးစေ့ပါတဲ့ သီးပင်တွေ အမျိုးအလိုက် ပေါက်လာတယ်။ အဲဒါကောင်းတယ်ဆိုတာကို ဘုရားသခင် မြင်တယ်။ ညဦး ကုန်လွန်သွားပြီးနောက် နံနက် ရောက်လာတယ်။ ဒါဟာ တတိယနေ့ ဖြစ်တယ်။ ဘုရားသခင်က နေ့နဲ့ညကို ပိုင်းခြားဖို့ ကောင်းကင်ပြင်မှာ အလင်းအိမ်တွေ ပေါ်လာစေ။ အလင်းအိမ်တွေက ဥတုရာသီတွေ၊ နေ့ရက်တွေ၊ နှစ်တွေကို သတ်မှတ်ပေးမယ်။ ကမ္ဘာမြေကို အလင်းပေးဖို့ ကောင်းကင်ပြင်မှာ အလင်းအိမ်တွေအဖြစ် ရှိနေလိမ့်မယ် လို့ ပြောတယ်။ အဲဒီအတိုင်း ဖြစ်လာတယ်။ ဘုရားသခင်က နေ့ကို အလင်းပေးဖို့ အလင်းအိမ်ကြီး တစ်လုံး၊ ညကို အလင်းပေးဖို့ အလင်းအိမ်ငယ်တစ်လုံးနဲ့ ကြယ်တွေကိုလည်း ပြုလုပ်တယ်။ အဲဒီအလင်းအိမ်တွေကို ကောင်းကင်ပြင်မှာ ထားလိုက်တယ်။ ကမ္ဘာမြေကို အလင်းပေးဖို့၊ နေ့နဲ့ ညကို ကြီးစိုးဖို့၊ အလင်းနဲ့ အမှောင်ကို ပိုင်းခြားဖို့ပဲ။ အဲဒါကောင်းတယ်ဆိုတာကို ဘုရားသခင် မြင်တယ်။ ညဦး ကုန်လွန်သွားပြီးနောက် နံနက် ရောက်လာတယ်။ ဒါဟာ စတုတ္ထနေ့ ဖြစ်တယ်။ ဘုရားသခင်က ရေထဲမှာ သတ္တဝါတွေ ပေါက်ဖွားစေ။ ပျံတတ်တဲ့ သတ္တဝါတွေလည်း မြေပြင်အထက် မိုးကောင်းကင်မှာ ပျံသန်းစေ လို့ ပြောပြီး၊ ပင်လယ်သတ္တဝါကြီးတွေ၊ ရေထဲမှာ သွားလာတဲ့ သတ္တဝါတွေ၊ ပျံတတ်တဲ့သတ္တဝါတွေကိုအမျိုးအလိုက် ဖန်ဆင်းတယ်။ အဲဒါကောင်းတယ်ဆိုတာကိုဘုရားသခင်မြင်တယ်။ ဒါနဲ့ မျိုးပွားပြီး များပြားကြ။ ပင်လယ်ကို ပြည့်စေကြ။ မြေပေါ်မှာလည်း ပျံတတ်တဲ့ သတ္တဝါတွေ ပွားများစေကြ ဆိုပြီး သူတို့ကို ကောင်းချီးပေးတယ်။ ညဦး ကုန်လွန်သွားပြီးနောက် နံနက် ရောက်လာတယ်။ ဒါဟာ ပဉ္စမနေ့ ဖြစ်တယ်။ ဘုရားသခင်ကသားယဉ်၊ တွားသွားသတ္တဝါ၊ သားရဲစတဲ့ သတ္တဝါတွေမြေပေါ်မှာ အမျိုးအလိုက် ပေါက်ဖွားစေ လို့ ပြောတဲ့အခါ အဲဒီအတိုင်း ဖြစ်လာတယ်။ သားယဉ်၊ သားရဲ၊ တွားသွားသတ္တဝါတွေကို အမျိုးအလိုက် ပေါက်ဖွားစေတယ်။ အဲဒါကောင်းတယ်ဆိုတာကို ဘုရားသခင် မြင်တယ်။ ဘုရားသခင်က ငါတို့ရဲ့ ပုံသဏ္ဌာန်အတိုင်း၊ ငါတို့နဲ့တူတဲ့ လူကို ဖန်ဆင်းကြစို့။ သူက ပင်လယ်ငါးတွေ၊ မိုးကောင်းကင်မှာ ပျံတဲ့ ငှက်တွေ၊ သားယဉ်တွေ၊ တွားသွားသတ္တဝါတွေနဲ့ မြေတစ်ပြင်လုံးကို အုပ်စိုးစေ လို့ ပြောတယ်။ ဘုရားသခင်က မိမိပုံသဏ္ဌာန်အတိုင်း လူကို ဖန်ဆင်းတယ်။ ဘုရားသခင့် ပုံသဏ္ဌာန်အတိုင်း ယောက်ျားနဲ့ မိန်းမကို ဖန်ဆင်းတယ်။ ပြီးတော့ သားသမီးတွေ အများကြီး မွေးကြ။ ကမ္ဘာမြေကို ပြည့်စေပြီး အုပ်ထိန်းကြ။ ပင်လယ်ငါးတွေ၊ မိုးကောင်းကင်မှာပျံတဲ့ ငှက်တွေ၊ ကုန်းသတ္တဝါတွေကို အုပ်စိုးကြ လို့ ပြောပြီး သူတို့ကို ကောင်းချီးပေးတယ်။ ဘုရားသခင်က မြေတစ်ပြင်လုံးမှာရှိတဲ့ မျိုးစေ့ပါတဲ့ အပင်တွေ၊ မျိုးစေ့ပါတဲ့ သီးပင်တွေကို ငါပေးတယ်။ ဒါတွေဟာ မင်းတို့ စားဖို့ပဲ။ သားရဲတွေ၊ မိုးကောင်းကင်မှာ ပျံတဲ့ ငှက်တွေ၊ မြေပေါ်မှာ သွားလာတဲ့ သက်ရှိသတ္တဝါတွေ စားဖို့ စိမ်းလန်းတဲ့ အပင်အားလုံးကိုလည်း ငါပေးပြီ လို့ ပြောတယ်။ အဲဒီအတိုင်း ဖြစ်လာတယ်။ ဘုရားသခင်က ဖန်ဆင်းထားရာအားလုံး သိပ်ကောင်းတယ်ဆိုတာကို မြင်တယ်။ ညဦး ကုန်လွန်သွားပြီးနောက် နံနက် ရောက်လာတယ်။ ဒါဟာ ဆဋ္ဌမနေ့ ဖြစ်တယ်။
1
Ge
1
ကမ္ဘာဦး
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ကမ္ဘာဦး/1/
အခန်းကြီး (၂) ကောင်းကင်နဲ့ မြေကြီးကို၊ အဲဒါတွေပေါ် ရှိသမျှကို ဖန်ဆင်းပြီးသွားပြီ။ သတ္တမနေ့မတိုင်ခင်မှာ ဘုရားသခင်က အလုပ်တွေကို လက်စသတ်လိုက်ပြီ။ သတ္တမနေ့မှာ ဖန်ဆင်းတဲ့ အလုပ်အားလုံးကနေ စတင် အနားယူတယ်။ ဘုရားသခင်ဟာ ရည်ရွယ်ထားသမျှကို ဖန်ဆင်းပြီးသွားလို့ သတ္တမနေ့မှာ အနားယူနေတဲ့အတွက် အဲဒီနေ့ကို ကောင်းချီးပေးပြီး မြင့်မြတ်တဲ့နေ့ လို့ သတ်မှတ်တယ်။ ကောင်းကင်နဲ့ မြေကြီးကို ယေဟောဝါ ဘုရား ဖန်ဆင်းတဲ့နေ့မှာ ကောင်းကင်နဲ့မြေကြီး ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကတော့ ယေဟောဝါဘုရားက မြေပေါ် မိုးမရွာစေတဲ့အတွက်၊ ထွန်ယက်စိုက်ပျိုးသူလည်း မရှိတဲ့အတွက် မြေပေါ်မှာ ဘာချုံပင်၊ ဘာအပင်မှ မပေါက်သေးဘူး။ ဒါပေမဲ့ မြေထဲကနေ ရေခိုးရေငွေ့တွေ တက်လာပြီး မြေတစ်ပြင်လုံး စိုစွတ်နေတယ်။ ယေဟောဝါဘုရားက လူကို မြေမှုန့်နဲ့ ပုံဖော်ပြီး နှာခေါင်းထဲ အသက်စွမ်းအားကို မှုတ်လိုက်တဲ့အခါ လူဟာ အသက်ရှင်သူ ဖြစ်လာတယ်။ ယေဟောဝါဘုရားက အရှေ့ဘက်၊ ဧဒင်အရပ်မှာ ဥယျာဉ်စိုက်ပျိုးပြီး ဖန်ဆင်းထားတဲ့လူကို အဲဒီမှာ နေစေတယ်။ ယေဟောဝါဘုရားက စားချင်စရာကောင်းပြီး လှပတဲ့ အပင်အမျိုးမျိုးကို မြေပေါ်မှာ ပေါက်စေတယ်။ အကောင်းအဆိုး သိကျွမ်းရာအပင်ကို ပေါက်စေတယ်။ ဥယျာဉ်ထဲမှာ အသက်ပင်ကိုလည်း ပေါက်စေတယ်။ ဥယျာဉ်ကို ရေပေးဖို့ ဧဒင်အရပ်ကနေ မြစ်တစ်စင်း စီးဆင်းလာပြီး မြစ်လေးသွယ်အဖြစ် ဖြာထွက်သွားတယ်။ ပထမမြစ်က ဖိရှုန် ဖြစ်ပြီး ရွှေထွက်တဲ့ ဟဝိလနယ်မြေ တစ်လျှောက်လုံးကို ကွေ့ပတ်စီးဆင်းတယ်။ အဲဒီနယ်မြေက ရွှေဟာ အရည်အသွေး ကောင်းတယ်။သစ်စေးမွှေး နဲ့ မဟူရာကြောင်ဝင်ကျောက်လည်း ထွက်တယ်။ ဒုတိယမြစ်က ဂိဟုန် ဖြစ်ပြီး ကုရှနယ်မြေ တစ်လျှောက်လုံးကို ကွေ့ပတ်စီးဆင်းတယ်။ တတိယမြစ်က တိုက်ဂရစ် ဖြစ်ပြီး အဆီးရီးယားပြည် အရှေ့ဘက်ကို စီးဆင်းတယ်။ စတုတ္ထမြစ်က ယူဖရေးတီး ဖြစ်တယ်။ ယေဟောဝါဘုရားက လူကို ဧဒင်ဥယျာဉ်မှာ နေခိုင်းတယ်။ ဥယျာဉ်ကို ထွန်ယက်စိုက်ပျိုးပြီး ထိန်းသိမ်းစောင့်ရှောက်ခိုင်းတယ်။ ပြီးတော့ ယေဟောဝါဘုရားက ဥယျာဉ်ထဲမှာရှိတဲ့ အပင်အားလုံးရဲ့ အသီးကို မင်း စိတ်ကြိုက်စားခွင့်ရှိတယ်။ ဒါပေမဲ့ အကောင်းအဆိုး သိကျွမ်းရာအပင်ရဲ့ အသီးကိုတော့ မစားနဲ့။ စားတဲ့နေ့မှာ မင်း သေကိုသေရမယ် လို့ သူ့ကို မိန့်မှာတယ်။ ယေဟောဝါဘုရားက လူဟာ တစ်ယောက်တည်း ဆက်နေဖို့ မသင့်တော်ဘူး။ သူ့ကို ကူညီမယ့်သူ၊ သူနဲ့ တွဲဖက်ညီသူကို ငါလုပ်ပေးမယ် လို့ ပြောတယ်။ ယေဟောဝါဘုရားက မြေမှုန့်နဲ့ ဖန်ဆင်းထားတဲ့ သားရဲတွေ၊ ပျံတတ်တဲ့ သတ္တဝါတွေကို လူရှိရာဆီ ခေါ်လာပြီး နာမည်ပေးခိုင်းတယ်။ သတ္တဝါအားလုံး သူပေးတဲ့အတိုင်း နာမည်တွင်သွားတယ်။ လူက သားယဉ်၊ သားရဲ၊ ပျံတတ်တဲ့ သတ္တဝါတွေကို နာမည်ပေးတယ်။ သူ့ဆီမှာတော့ ကူညီမယ့်သူ၊ တွဲဖက်ညီသူ မရှိသေးဘူး။ ဒါကြောင့် ယေဟောဝါဘုရားက လူကို အိပ်မောကျစေတယ်။ သူအိပ်ပျော်နေတုန်း နံရိုးတစ်ချောင်း ထုတ်ယူပြီး အဲဒီနေရာကို အသားနဲ့ ပြန်ပိတ်လိုက်တယ်။ ယေဟောဝါဘုရားက အဲဒီနံရိုးနဲ့ မိန်းမတစ်ယောက် ဖန်ဆင်းပြီး လူရှိရာဆီ ခေါ်လာတယ်။ အဲဒီအခါ လူက ဒါမှ ငါ့အရိုးထဲက အရိုး၊ ငါ့အသားထဲက အသားပဲ။ လူယောက်ျားထဲက ထုတ်ယူတာမို့ လူမိန်းမလို့ ခေါ်မယ် ဆိုပြီး ပြောတယ်။ ဒါကြောင့် ယောက်ျားက မိဘကို ထားခဲ့ပြီး ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်။ သူတို့ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်။ လူလင်မယားဟာ အဝတ် မဝတ်ထားပေမဲ့ မရှက်ကြဘူး။
1
Ge
2
ကမ္ဘာဦး
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ကမ္ဘာဦး/2/
အခန်းကြီး (၃) မြွေဟာ ယေဟောဝါဘုရား ဖန်ဆင်းတဲ့ တိရစ္ဆာန်တွေထဲမှာ သတိအကြီးဆုံးပဲ။ မြွေက မိန်းမကို ဥယျာဉ်ထဲမှာရှိတဲ့ အပင်အားလုံးရဲ့ အသီးကို မစားနဲ့လို့ ဘုရားသခင် တကယ်ပဲ ပြောသလား ဆိုပြီး မေးတယ်။ မိန်းမက ဥယျာဉ်ထဲမှာရှိတဲ့ အပင်တွေရဲ့ အသီးကို ကျွန်မတို့ စားလို့ ရပါတယ်။ ဥယျာဉ်ထဲက အပင်တစ်ပင်ရဲ့ အသီးကိုတော့ မစားနဲ့၊ မထိနဲ့။ စားမယ်၊ ထိမယ်ဆိုရင် သေရမယ် ဆိုပြီး ဘုရားသခင် မှာထားတယ် လို့ ပြန်ဖြေတယ်။ မြွေကလည်း မင်းတို့ လုံးဝ သေမှာ မဟုတ်ဘူး။ တကယ်တော့ အဲဒီအသီးကို စားတဲ့နေ့မှာပဲ မျက်စိပွင့် လာမယ်၊ အကောင်းအဆိုးကို သိလာပြီး ဘုရားလို ဖြစ်လာမယ်ဆိုတာ ဘုရားသခင် သိတယ် လို့ ပြောတယ်။ အဲဒီအပင်ရဲ့ အသီးဟာ စားချင်စရာ၊ လှပပြီး မက်မောစရာကောင်းတာကို မိန်းမ မြင်တဲ့အခါ ခူးစားလိုက်တယ်။ လူယောက်ျားကို ပေးတော့ သူလည်း စားတယ်။ အဲဒီအခါ နှစ်ယောက်စလုံး မျက်စိပွင့်လာပြီး အဝတ် မဝတ်ထားမှန်း သိလာကြတယ်။ ဒါကြောင့် သဖန်းရွက်တွေကို သီပြီး ဝတ်ကြတယ်။ ညနေပိုင်းရောက်တော့ လူလင်မယားဟာ ဥယျာဉ်ထဲ လျှောက်လာတဲ့ ယေဟောဝါဘုရားရဲ့ အသံကို ကြားရတယ်။ ဒါနဲ့ ယေဟောဝါဘုရား မမြင်အောင် သစ်ပင်တွေကြားမှာ ပုန်းနေကြတယ်။ ယေဟောဝါဘုရားက မင်း ဘယ်မှာလဲ ဆိုပြီး ယောက်ျားကို အကြိမ်ကြိမ် ခေါ်တယ်။ နောက်ဆုံးမှာ ယောက်ျားက ဥယျာဉ်ထဲမှာ ကိုယ်တော့်အသံကို ကြားပါတယ်။ ဒါပေမဲ့ ကျွန်တော် အဝတ် မဝတ်ထားလို့ ကြောက်ပြီး ပုန်းနေတာပါ ဆိုပြီး ပြောတယ်။ အဲဒီအခါ ဘုရားသခင်က မင်း အဝတ် မဝတ်ထားဘူးလို့ ဘယ်သူ ပြောသလဲ။ မစားနဲ့လို့ ငါမိန့်မှာထားတဲ့ အပင်ရဲ့ အသီးကို စားလိုက်ပြီလား လို့ မေးတော့၊ ယောက်ျားက ကိုယ်တော် ပေးတဲ့ မိန်းမက အဲဒီအပင်ရဲ့ အသီးကို ကျွေးလို့ ကျွန်တော် စားမိတာပါ ဆိုပြီး ဖြေတယ်။ ဒါနဲ့ ယေဟောဝါဘုရားက မင်း ဘယ်လို လုပ်လိုက်တာလဲ လို့ မေးတဲ့အခါ မိန်းမကမြွေလှည့်စားလို့စားမိတာပါ လို့ ဖြေတယ်။ ဒါနဲ့ ယေဟောဝါဘုရားက မြွေကို အခုလို လုပ်တဲ့အတွက် သားယဉ်၊ သားရဲတွေထဲမှာ မင်း ကျိန်စာသင့်ပြီ။ ဝမ်းနဲ့ တွားသွားပြီး မြေမှုန့်ကို တစ်သက်လုံး စားရမယ်။ မင်းနဲ့ မိန်းမကိုရော မင်းရဲ့ မျိုးနွယ်နဲ့ မိန်းမရဲ့ မျိုးနွယ်ကိုပါ ငါရန်ငြိုးဖွဲ့စေမယ်။ သူက မင်းရဲ့ ခေါင်းကို ကြိတ်လိမ့်မယ်။ မင်းလည်း သူ့ဖနောင့်ကို ပေါက်ရလိမ့်မယ် လို့ ပြောတယ်။ မိန်းမကိုလည်း မင်းဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဒုက္ခအများကြီး ကြုံရမယ်။ ဝေဒနာ ခံစားပြီး သားဖွားရမယ်။ ကိုယ့်ယောက်ျားကို တမ်းတမ်းစွဲ ဖြစ်နေလိမ့်မယ်။ သူက မင်းကို ဩဇာလွှမ်းမိုးလိမ့်မယ် လို့ ပြောတယ်။ အာဒံ ကိုတော့ မင်းက မိန်းမစကား နားထောင်ပြီး မစားနဲ့ လို့ ငါမိန့်မှာထားတဲ့ အပင်ရဲ့ အသီးကို စားတဲ့အတွက် မြေကြီးဟာ ကျိန်စာသင့်ပြီ။ မြေထွက်သီးနှံ စားရဖို့ တစ်သက်လုံး မင်း ပင်ပင်ပန်းပန်း လုပ်ကိုင်ရလိမ့်မယ်။ မြေပေါ်မှာ ဆူးပင်တွေ၊ ချုံပင်တွေ ပေါက်လာမယ်။ မြေပေါ်မှာ ပေါက်တဲ့ အပင်တွေကို မင်း စားရမယ်။ မြေကြီးက ဖြစ်လာတဲ့ မင်းဟာ မြေကြီးကို ပြန်သွားချိန်အထိ ချွေးထွက်အောင် ပင်ပင်ပန်းပန်း လုပ်မှ အစာစားရမယ်။ မင်းဟာ မြေမှုန့် ဖြစ်တဲ့အတွက် မြေမှုန့်ကိုပဲ ပြန်ရမယ် လို့ ပြောတယ်။ အဲဒီနောက် အာဒံက ဇနီးကို ဧဝ လို့ နာမည်ပေးတယ်။ ဧဝဟာ အသက်ရှင်သူအားလုံးရဲ့ မိခင် ဖြစ်လာမှာမို့လို့ပဲ။ ယေဟောဝါဘုရားက အာဒံနဲ့ သူ့မိန်းမ ဝတ်ဆင်ဖို့ သားရေဝတ်လုံရှည် လုပ်ပေးတယ်။ ပြီးတော့ယေဟောဝါဘုရားက ဒီလူဟာငါတို့လိုပဲအကောင်းအဆိုးကို သိလာပြီ။ အခု အသက်ပင်ရဲ့ အသီးကို ယူစားပြီး ထာဝစဉ် အသက်ရှင်တာမျိုး မဖြစ်ရလေအောင် တစ်ခုခု လုပ်မှ ဖြစ်မယ် လို့ ပြောတယ်။ ဒါနဲ့ ယေဟောဝါဘုရားက မြေကြီးကဖြစ်လာတဲ့ လူကို မြေကို ထွန်ယက်စိုက်ပျိုးဖို့ ဧဒင်ဥယျာဉ် အပြင်ဘက် နှင်ထုတ်လိုက်တယ်။ အဲဒီလိုနှင်ထုတ်ပြီးနောက် အသက်ပင်ဆီ သွားတဲ့ လမ်းကို စောင့်ကြပ်ဖို့ အဆက်မပြတ် လည်နေတဲ့ မီးဓားစက်နဲ့ ခေရုဗိမ်တွေ ကို ဧဒင်ဥယျာဉ်အရှေ့မှာ ထားလိုက်တယ်။
1
Ge
3
ကမ္ဘာဦး
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ကမ္ဘာဦး/3/
အခန်းကြီး (၄) အာဒံက ဇနီးဧဝနဲ့ အတူအိပ်တော့ ဧဝမှာ ကိုယ်ဝန်ရှိလာတယ်။ ကာအိနကို မွေးတဲ့အခါ ဧဝက ယေဟောဝါဘုရားရဲ့ အကူအညီနဲ့ သားလေး မွေးပြီ လို့ ပြောတယ်။ နောက်တော့ ညီအာဗေလကို မွေးတယ်။ အာဗေလဟာ သိုးထိန်း၊ ကာအိနဟာ ထွန်ယက်စိုက်ပျိုးသူ ဖြစ်လာတယ်။ အချိန်အတော်ကြာပြီးနောက်မှာ ကာအိနက ယေဟောဝါဆီ ပူဇော်ဖို့ သီးနှံတချို့ ယူလာတယ်။ အာဗေလလည်း သိုးအုပ်ထဲက သားဦးတချို့နဲ့ သိုးအဆီကို ယူလာတယ်။ ယေဟောဝါက အာဗေလနဲ့ သူပူဇော်တဲ့ အလှူကို နှစ်သက်ပေမဲ့၊ ကာအိနနဲ့ သူပူဇော်တဲ့ အလှူကိုတော့ မနှစ်သက်ဘူး။ ဒါကြောင့် ကာအိန အရမ်း ဒေါသထွက်ပြီး မျက်နှာပျက်သွားတယ်။ ဒါနဲ့ ယေဟောဝါက ကာအိနကို ဘာလို့ ဒီလောက်တောင် ဒေါသထွက်ပြီး မျက်နှာပျက်နေရတာလဲ။ မင်းသာ အခုကစပြီး ကောင်းတာ လုပ်မယ်ဆိုရင် မျက်နှာသာ ပြန်ရမှာပဲ။ ကောင်းတာ မလုပ်ရင်တော့ အပြစ်က မင်းကို ခုန်အုပ်ချင်လို့ တံခါးဝမှာ ချောင်းနေတယ်။ အပြစ်ကို မင်း အနိုင်ယူလိုက်ပါ လို့ ပြောတယ်။ အဲဒီနောက် ကာအိနက ညီအာဗေလကို လယ်ထဲ သွားရအောင် လို့ ပြောတယ်။ လယ်ထဲ ရောက်တဲ့အခါ ကာအိနက ညီအာဗေလကို ရန်ရှာပြီး သတ်လိုက်တယ်။ နောက်တော့ ယေဟောဝါက မင်းရဲ့ ညီအာဗေလ ဘယ်မှာလဲ လို့ မေးတဲ့အခါ ကာအိနက ဘယ်သိမလဲ။ ကျွန်တော်က သူ့ရဲ့ အုပ်ထိန်းသူမှ မဟုတ်တာ လို့ ဖြေတယ်။ ဘုရားသခင်က မင်း ဘယ်လို လုပ်လိုက်တာလဲ။ မင်းညီရဲ့ သွေးက မြေကြီးထဲကနေ ငါ့ကို အော်ဟစ်နေပြီ။ အခု မင်း ကျိန်စာသင့်ပြီ။ မင်းသတ်ခဲ့တဲ့ ညီရဲ့ သွေးကို သောက်လိုက်တဲ့ မြေပေါ်ကနေ နှင်ထုတ်ခံရပြီ။ မြေကို မင်း ထွန်ယက်စိုက်ပျိုးတဲ့အခါ သီးနှံဖြစ်ထွန်းမှာ မဟုတ်ဘူး။ မြေပေါ်မှာ လှည့်လည်သွားလာနေရတဲ့ ဝရမ်းပြေး ဖြစ်လိမ့်မယ် လို့ ပြောတယ်။ ကာအိနက ယေဟောဝါကို ကိုယ်တော် ပေးတဲ့ အပြစ်ဒဏ်ဟာ ပြင်းထန်လွန်းပါတယ်။ ဒီနေ့၊ ကျွန်တော့်ကို ဒီအရပ်ကနေ ကိုယ်တော် နှင်ထုတ်လိုက်ပြီ။ ရှေ့တော်ကနေ ထွက်သွားရတော့မယ်။ မြေပေါ်မှာ လှည့်လည်သွားလာတဲ့ ဝရမ်းပြေး ဖြစ်ရတော့မယ်။ တွေ့တဲ့သူတိုင်း ကျွန်တော့်ကို သတ်တော့မှာပေါ့ လို့ ပြောတယ်။ ဒါကြောင့် ယေဟောဝါက ကာအိနကို သတ်တဲ့သူဟာ ခုနစ်ဆ လက်စားချေခံရမယ် လို့ ပြောတယ်။ ကာအိနကို ဘယ်သူမှ မသတ်ရအောင် အမှတ်အသားတစ်ခု ယေဟောဝါ ပေးလိုက်တယ်။ ကာအိနက ယေဟောဝါရှေ့ကနေ ထွက်သွားပြီး ဧဒင်ဥယျာဉ်အရှေ့ဘက် နယ်နှင်ခံတွေရဲ့ နယ်မြေမှာ နေထိုင်တယ်။ ကာအိနဟာ ဇနီးနဲ့ အတူအိပ်တော့ ဇနီးမှာကိုယ်ဝန်ရှိလာပြီး ဧနောက်ကို မွေးတယ်။ ကာအိနက မြို့တစ်မြို့ တည်ပြီးအဲဒီမြို့ကိုသားဧနောက်နာမည်နဲ့ မှည့်တယ်။ နောက်ပိုင်းမှာ ဧနောက်က သားအိရတ်ကို ရတယ်။ အိရတ်ရဲ့ သားက မဟုယေလ၊ မဟုယေလရဲ့ သားက မသုရှေလ၊ မသုရှေလရဲ့ သားက လာမက် ဖြစ်တယ်။ လာမက်မှာ ဇနီးနှစ်ယောက် ရှိတယ်။ တစ်ယောက်က အေဒါ၊ နောက်တစ်ယောက်က ဇိလ။ အေဒါက သားယာဗလကို မွေးတယ်။ ယာဗလဟာ တဲထိုးနေထိုင်ရင်း တိရစ္ဆာန် မွေးမြူသူတွေရဲ့ ဖခင်ကြီးပဲ။ သူ့ညီ ယုဗလကတော့ စောင်း၊ ပလွေတီးမှုတ်သူတွေရဲ့ ဖခင်ကြီးပဲ။ ဇိလလည်း သားတုဗလကာအိနကို မွေးတယ်။ တုဗလကာအိနဟာ ကြေးထည်နဲ့ သံထည်အမျိုးမျိုး ထုလုပ်သူပဲ။ သူ့နှမက နေမ ဖြစ်တယ်။ နောက်တော့ လာမက်က ဇနီးအေဒါနဲ့ ဇိလအတွက် ကဗျာတစ်ပုဒ် စပ်တယ် လာမက်ဇနီးတို့၊ နားထောင်ကြ၊ ငါ့စကားကို နားစိုက်ကြ၊ ငါ့ကို ရိုက်တဲ့ လူငယ်လေး၊ ငါသတ်လိုက်တယ်ဟေ့။ ကာအိနကို သတ်မိရင် ကလဲ့စား ခုနစ်ဆ ခံရမတဲ့။ ဒီလာမက်ကို သတ်မိရင် ခံပေတော့ ကလဲ့စား ၇၇ ဆ။ အာဒံဟာ ဇနီးဧဝနဲ့ အတူအိပ်တော့ ဧဝက သားတစ်ယောက် ထပ်မွေးတယ်။ ဒါနဲ့ အာဗေလကို ကာအိန သတ်လိုက်လို့ အာဗေလအစား နောက်ထပ်မျိုးနွယ်ကို ငါ့အတွက် ဘုရားသခင် ခန့်လိုက်ပြီ လို့ ပြောပြီး ရှေသ လို့ နာမည်ပေးတယ်။ ရှေသလည်း သားတစ်ယောက် ရပြီး ဧနုတ်လို့ နာမည်ပေးတယ်။ အဲဒီအချိန်မှာ ယေဟောဝါရဲ့ နာမည်ကို လူတွေ ခေါ်စပြုကြပြီ။
1
Ge
4
ကမ္ဘာဦး
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ကမ္ဘာဦး/4/
အခန်းကြီး (၅) အာဒံရဲ့ သမိုင်းမှတ်တမ်းကတော့ ဘုရားသခင်က အာဒံကို ဖန်ဆင်းတဲ့နေ့မှာ မိမိနဲ့တူအောင် ဖန်ဆင်းတယ်။ ယောက်ျားနဲ့ မိန်းမကို ဖန်ဆင်းတယ်။ ဖန်ဆင်းတဲ့နေ့မှာ သူတို့ကို ကောင်းချီးပေးပြီး လူ ဆိုတဲ့ နာမည်ပေးလိုက်တယ်။ အာဒံဟာ အသက် ၁၃၀ မှာ သူနဲ့တူတဲ့ သားတစ်ယောက် ရတယ်။ အဲဒီသားကို ရှေသလို့ နာမည်ပေးတယ်။ ရှေသကို ရပြီးနောက် အနှစ် ၈၀၀ အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ အသက် ၉၃၀ မှာ အာဒံ သေဆုံးသွားတယ်။ ရှေသဟာ အသက် ၁၀၅ နှစ်မှာ သားဧနုတ်ကို ရတယ်။ ဧနုတ်ကို ရပြီးနောက် ၈၀၇ နှစ် အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ အသက် ၉၁၂ နှစ်မှာ ရှေသ သေဆုံးသွားတယ်။ ဧနုတ်ဟာ အသက် ၉၀ မှာ သားကေနန်ကို ရတယ်။ ကေနန်ကို ရပြီးနောက် ၈၁၅ နှစ် အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ အသက် ၉၀၅ နှစ်မှာ ဧနုတ် သေဆုံးသွားတယ်။ ကေနန်ဟာ အသက် ၇၀မှာ သားမဟာလေလကို ရတယ်။ မဟာလေလကို ရပြီးနောက် အနှစ် ၈၄၀ အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ အသက် ၉၁၀ မှာ ကေနန် သေဆုံးသွားတယ်။ မဟာလေလဟာ အသက် ၆၅ နှစ်မှာ သားယာရက်ကို ရတယ်။ ယာရက်ကို ရပြီးနောက် အနှစ် ၈၃၀ အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ အသက် ၈၉၅ နှစ်မှာ မဟာလေလ သေဆုံးသွားတယ်။ ယာရက်ဟာ အသက် ၁၆၂ နှစ်မှာ သားဧနောက်ကို ရတယ်။ ဧနောက်ကိုရပြီးနောက် အနှစ် ၈၀၀ အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ အသက် ၉၆၂ နှစ်မှာ ယာရက် သေဆုံးသွားတယ်။ ဧနောက်ဟာ အသက် ၆၅ နှစ်မှာ သားမသုရှလကို ရတယ်။ မသုရှလကို ရပြီးနောက် စစ်မှန်တဲ့ဘုရားသခင်ရဲ့ လမ်းစဉ်အတိုင်း အနှစ် ၃၀၀ ဆက်လျှောက်လှမ်းတယ်။ တခြားသားသမီးတွေကိုလည်း ရသေးတယ်။ ဧနောက်ဟာ ၃၆၅ နှစ် အသက်ရှင်တယ်။ ဧနောက်ဟာ စစ်မှန်တဲ့ဘုရားသခင်ရဲ့ လမ်းစဉ်အတိုင်း ဆက်လျှောက်လှမ်းတယ်။ အဲဒီနောက် သူ့ကို ဘုရားသခင်သိမ်းယူတဲ့အတွက် နောက်ထပ်မတွေ့ရတော့ဘူး။ မသုရှလဟာ အသက် ၁၈၇ နှစ်မှာ သားလာမက်ကို ရတယ်။ လာမက်ကို ရပြီးနောက် ၇၈၂ နှစ် အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ အသက် ၉၆၉ နှစ်မှာ မသုရှလ သေဆုံးသွားတယ်။ လာမက်ဟာ အသက် ၁၈၂ နှစ်မှာ သားတစ်ယောက် ရတယ်။ ယေဟောဝါဘုရား ကျိန်လိုက်တဲ့မြေပေါ်မှာ ပင်ပင်ပန်းပန်း အလုပ်ကြမ်းလုပ်ရတဲ့ ငါတို့ကို ဒီသားက စိတ်သက်သာရာရစေမှာပဲ ဆိုပြီး သားကို နောဧ လို့နာမည်ပေးတယ်။ လာမက်ဟာ နောဧကို ရပြီးနောက် ၅၉၅ နှစ် အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ အသက် ၇၇၇ နှစ်မှာ လာမက် သေဆုံးသွားတယ်။ နောဧဟာ အသက် ၅၀၀ မှာ သားရှေမ၊ ဟာမ၊ ယာဖက် တို့ကိုရတယ်။
1
Ge
5
ကမ္ဘာဦး
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ကမ္ဘာဦး/5/
အခန်းကြီး (၆) ကမ္ဘာပေါ်မှာ လူဦးရေတိုးများလာပြီး သမီးတွေ ရလာတဲ့အခါ၊ စစ်မှန်တဲ့ ဘုရားသခင်ရဲ့သားတွေက လူ့သမီးတွေ ချောမောလှပတာကို သတိပြုမိလာတယ်။ ဒါနဲ့ သူတို့နှစ်သက်သူတွေကို ဇနီးအဖြစ် ယူကြတယ်။ ယေဟောဝါက လူတွေဟာ အသွေးအသားပဲ ဆိုပြီး ငါအမြဲသည်းခံနေမှာ မဟုတ်ဘူး။ ဒါကြောင့် သူတို့ အနှစ် ၁၂၀ ပဲ အသက်ရှင်ရမယ် လို့ပြောတယ်။ အဲဒီတုန်းက ကမ္ဘာပေါ်မှာ နက်ဖလင်တွေ ရှိတယ်။ နောက်ပိုင်းမှာလည်း ရှိတယ်။ ဘုရားသခင်ရဲ့သားတွေက လူ့သမီးတွေနဲ့ဆက်ဆံပြီး သားတွေ မွေးဖွားလာတယ်။ အဲဒီသားတွေဟာ နက်ဖလင်တွေဖြစ်ပြီး ရှေးခေတ်က လူထွားကြီးတွေ၊ နာမည်ကျော်ကြားသူတွေ ဖြစ်တယ်။ ကမ္ဘာပေါ်မှာလူတွေသိပ်ဆိုးသွမ်းနေတာ၊ လူတွေရဲ့စိတ်အကြံအစည်ရှိသမျှဟာ အမြဲဆိုးညစ်နေတာကို ယေဟောဝါမြင်တယ်။ ယေဟောဝါက ကမ္ဘာပေါ်မှာ သူဖန်ဆင်းခဲ့တဲ့ လူတွေကြောင့် စိတ်မကောင်းဖြစ်တယ်၊ စိတ်ထိခိုက်မိတယ်။ ဒါနဲ့ ယေဟောဝါက ငါဖန်ဆင်းခဲ့တဲ့လူတွေကို သားယဉ်တွေ၊ တွားသွားသတ္တဝါတွေ၊ ပျံတတ်တဲ့သတ္တဝါတွေနဲ့အတူ မြေပေါ်ကနေ ဖယ်ရှားတော့မယ်။ ငါဖန်ဆင်းခဲ့တဲ့ လူတွေကြောင့် စိတ်မကောင်းဖြစ်ရတယ် လို့ပြောတယ်။ နောဧကတော့ ယေဟောဝါရှေ့မှာ မျက်နှာသာရသူဖြစ်တယ်။ နောဧရဲ့သမိုင်းမှတ်တမ်း နောဧဟာ ဖြောင့်မတ်သူ၊ တစ်ခေတ်တည်းသားတွေထဲမှာ အမှားကင်းသူ၊ ဘုရားသခင့်လမ်းစဉ်အတိုင်း လျှောက်လှမ်းသူဖြစ်တယ်။ ရှေမ၊ ဟာမ၊ ယာဖက်ဆိုတဲ့ သားသုံးယောက် သူရလာတယ်။ ကမ္ဘာမြေဟာ ဘုရားသခင့်အမြင်မှာ ပျက်စီးယိုယွင်းနေပြီး အကြမ်းဖက်မှုတွေ ပြည့်နေတယ်။ ဘုရားသခင် ကြည့်လိုက်တဲ့အခါ ကမ္ဘာမြေဟာ ပျက်စီးယိုယွင်းနေတယ်။ လူတွေ အကျင့်ပျက်နေကြတယ်။ ဘုရားသခင်က နောဧကို မိန့်မှာတယ် ကမ္ဘာပေါ်မှာ လူတွေရဲ့ အကြမ်းဖက်မှုနဲ့ ပြည့်နေပြီ။ ဒါကြောင့် လူအားလုံးကို အဆုံးစီရင်ဖို့ ငါဆုံးဖြတ်လိုက်ပြီ။ ကမ္ဘာမြေကိုလည်း ဖျက်ဆီးမယ်။ ဒီတော့ ထင်းရှူးသားနဲ့ သင်္ဘောဆောက်ပါ။ အခန်းတွေဖွဲ့ပြီးအတွင်းအပြင်ကို ကတ္တရာစေးသုတ်ပါ။ သင်္ဘောဟာ အလျားအတောင် ၃၀၀၊ အနံအတောင် ၅၀၊ အမြင့်အတောင် ၃၀ ရှိရမယ်။ အလင်းရောင်ရဖို့ အမိုးအောက် တစ်တောင်အကွာမှာ ပြတင်းပေါက် ဖောက်ပါ။ သင်္ဘောထဲဝင်ဖို့ တံခါးပေါက်ကိုလည်း ဖောက်ပါ။ ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်ဆိုပြီး သုံးထပ်ရှိရမယ်။ ကမ္ဘာမြေပေါ်မှာ ငါရေလွှမ်းမိုးစေမယ်။ ကောင်းကင်အောက်က အသက်စွမ်းအားရှိတဲ့ သတ္တဝါအားလုံးကို ဖျက်ဆီးမယ်။ မြေပေါ်မှာရှိသမျှ ပျက်စီးရလိမ့်မယ်။ မင်းနဲ့ငါ ကတိသစ္စာပြုမယ်။ မင်းက သားမယား၊ ချွေးမတွေနဲ့အတူ သင်္ဘောထဲ ဝင်ပါ။ မင်းနဲ့အတူ အသက်ရှင်ကျန်ရစ်ဖို့ သတ္တဝါအမျိုးမျိုးထဲက အထီးအမတစ်စုံစီကို သင်္ဘောထဲ သွင်းပါ။ ပျံတတ်တဲ့သတ္တဝါတွေ၊ သားယဉ်တွေ၊ တွားသွားသတ္တဝါတွေအားလုံး အသက်ရှင်ကျန်ရစ်ဖို့ အမျိုးအလိုက် တစ်စုံစီကို သင်္ဘောထဲ သွင်းပါ။ ကိုယ့်အတွက်ရော တိရစ္ဆာန်တွေအတွက်ပါ စားစရာအမျိုးမျိုး စုဆောင်းသိုလှောင်ထားပါ။ နောဧလည်း ဘုရားသခင်မိန့်မှာသမျှအတိုင်း လုပ်တယ်။ မှာထားတဲ့အတိုင်း သူလုပ်တယ်။
1
Ge
6
ကမ္ဘာဦး
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ကမ္ဘာဦး/6/
အခန်းကြီး (၇) အဲဒီနောက် ယေဟောဝါက နောဧကို ဒီလူမျိုးဆက်ထဲမှာ မင်းဟာ ဖြောင့်မတ်သူပဲဆိုတာ ငါသိတယ်။ ဒါကြောင့် မင်းနဲ့အိမ်သားတွေ သင်္ဘောထဲဝင်ပါ။ သန့်ရှင်းတဲ့ တိရစ္ဆာန်တွေထဲက တစ်မျိုးကို အထီးအမ ခုနစ်ကောင်စီ၊ မသန့်ရှင်းတဲ့ တိရစ္ဆာန်တွေထဲက တစ်မျိုးကို အထီးအမ နှစ်ကောင်စီ၊ ပျံတတ်တဲ့ သတ္တဝါတွေထဲက တစ်မျိုးကို အထီးအမ ခုနစ်ကောင်စီ ခေါ်သွားပါ။ ဒါမှ မြေတစ်ပြင်လုံးမှာ သူတို့ အသက်ရှင် ကျန်ရစ်ပြီး မျိုးပွားနိုင်မယ်။ နောက်ခုနစ်ရက်ကျရင် မြေပေါ်မှာ ရက်ပေါင်း ၄၀ ကြာ နေ့ညမပြတ် မိုးရွာစေမယ်။ ငါဖန်ဆင်းခဲ့တဲ့ သတ္တဝါ မှန်သမျှကို မြေပေါ်ကနေ ဖယ်ရှားမယ် လို့ပြောတယ်။ နောဧလည်း ယေဟောဝါမှာတဲ့အတိုင်း လုပ်တယ်။ ကမ္ဘာမြေပေါ် ရေလွှမ်းမိုးတဲ့အခါ နောဧဟာ အသက် ၆၀၀ ရှိနေပြီ။ ရေမလွှမ်းမိုးခင်မှာ နောဧက သားမယား၊ ချွေးမတွေနဲ့အတူ သင်္ဘောထဲ ဝင်တယ်။ သန့်ရှင်းတဲ့တိရစ္ဆာန်၊ မသန့်ရှင်းတဲ့တိရစ္ဆာန်၊ ပျံတတ်တဲ့သတ္တဝါ၊ မြေပေါ်သွားလာတဲ့ သတ္တဝါအမျိုးမျိုးထဲက၊ အထီးအမအစုံလိုက် သင်္ဘောထဲ ဝင်ကြတယ်။ နောဧကို ဘုရားသခင် မှာထားတဲ့အတိုင်းပါပဲ။ ခုနစ်ရက်စေ့တဲ့အခါ ကမ္ဘာမြေပေါ် မိုးရွာချတော့တယ်။ နောဧ အသက် ၆၀၀ ပြည့်တဲ့နှစ်၊ ဒုတိယလ၊ ၁၇ ရက်နေ့မှာ ကောင်းကင်မှာရှိတဲ့ ရေထုကြီး ဒလဟောရွာချပြီး ကောင်းကင်ရေတံခါးတွေ ပွင့်ထွက်သွားတယ်။ အရက် ၄၀ လုံးလုံး မြေပေါ်မှာသဲကြီးမဲကြီး မိုးရွာချတော့တယ်။ အဲဒီနေ့မှာ နောဧက ဇနီး၊ သား ရှေမ၊ ဟာမ၊ ယာဖက်၊ ချွေးမသုံးယောက်တို့နဲ့အတူ သင်္ဘောထဲ ဝင်တယ်။ သားယဉ်တွေ၊ သားရဲတွေ၊ တွားသွားသတ္တဝါတွေ၊ ငှက်အမျိုးမျိုးနဲ့ ပျံတတ်တဲ့သတ္တဝါတွေလည်း အမျိုးအလိုက် သင်္ဘောထဲ ဝင်ကြတယ်။ အသက်စွမ်းအားရှိတဲ့ တိရစ္ဆာန်အမျိုးမျိုး သင်္ဘောထဲ အစုံလိုက် ဝင်ကြတယ်။ နောဧကို ဘုရားသခင်မှာထားတဲ့အတိုင်း တိရစ္ဆာန်အမျိုးမျိုး အစုံလိုက် ဝင်ကြတယ်။ အဲဒီနောက် ယေဟောဝါက တံခါးပိတ်လိုက်တယ်။ မြေပေါ်မှာ ရက် ၄၀ ကြာ ဆက်တိုက် မိုးရွာချပြီး ရေတွေတက်လာတဲ့အတွက် သင်္ဘောဟာ မြေပေါ်ကခွာပြီး ရေမှာ ပေါလောပေါ်နေတယ်။ ရေလွှမ်းမိုးပြီး ဆက်တိုက်ရေကြီးလာပေမဲ့ သင်္ဘောကတော့ ရေပြင်ပေါ်မှာ မျောနေတယ်။ မြေပေါ်မှာ အကြီးအကျယ် ရေလွှမ်းမိုးတဲ့အတွက် မြင့်မားတဲ့တောင်တွေအားလုံး ရေမြုပ်ကုန်တယ်။ တောင်တွေရဲ့အထက် ၁၅ တောင်အထိ ရေတက်လာတယ်။ ဒါကြောင့်ပျံတတ်တဲ့သတ္တဝါတွေ၊ သားယဉ်တွေ၊ သားရဲတွေ၊ အုံဖွဲ့နေတတ်တဲ့ သတ္တဝါတွေ၊ လူသားတွေစတဲ့ ကမ္ဘာပေါ်က သတ္တဝါမှန်သမျှ သေကျေပျက်စီးကုန်တယ်။ အသက်စွမ်းအားရှိတဲ့ကုန်းသတ္တဝါအားလုံး သေကုန်တယ်။ ဒီလိုနဲ့ ဘုရားသခင်က လူတွေ၊ တိရစ္ဆာန်တွေ၊ တွားသွားသတ္တဝါတွေ၊ ပျံတတ်တဲ့ သတ္တဝါတွေအပါအဝင် သက်ရှိမှန်သမျှကို မြေပြင်ပေါ်ကနေ ပယ်ရှင်းလိုက်တယ်။ အားလုံး မြေပေါ်ကနေ ဖယ်ရှားခံရပြီး နောဧနဲ့ သင်္ဘောထဲရှိနေသူတွေပဲ အသက်ရှင်ကျန်ရစ်ခဲ့တယ်။ ကမ္ဘာပေါ်မှာ ရက်ပေါင်း ၁၅၀ ပတ်လုံး ရေလွှမ်းနေတယ်။
1
Ge
7
ကမ္ဘာဦး
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ကမ္ဘာဦး/7/
အခန်းကြီး (၈) ဘုရားသခင်က နောဧနဲ့ သင်္ဘောထဲက သားယဉ်တွေ၊ သားရဲတွေကို သတိရတယ်။ ဒါနဲ့ မြေပေါ်မှာ လေတိုက်စေတဲ့အတွက် ရေတွေ စပြီးလျော့ကျလာတယ်။ ကောင်းကင်မှာရှိတဲ့ ရေထုကြီးနဲ့ ကောင်းကင်ရေတံခါးတွေ ပိတ်သွားတဲ့အတွက် မိုးစဲသွားတယ်။ ရေတွေ တဖြည်းဖြည်းလျော့လာပြီး ရက်ပေါင်း ၁၅၀ စေ့တဲ့အခါ အတော်လေး ကျသွားတယ်။ ခုနစ်လပိုင်း၊ ၁၇ ရက်နေ့မှာ သင်္ဘောက အာရရတ်တောင်ပေါ်မှာ တင်သွားတယ်။ ဆယ်လပိုင်းအထိ ရေပုံမှန်လျော့ကျလာတယ်။ ဆယ်လပိုင်း၊ တစ်ရက်နေ့မှာ တောင်ထိပ်တွေ ပေါ်လာတယ်။ ရက် ၄၀ စေ့ပြီးနောက် နောဧက သင်္ဘောပြတင်းပေါက်ကို ဖွင့်ပြီး၊ ကျီးနက်တစ်ကောင် လွှတ်လိုက်တဲ့အခါ ကျီးနက်ဟာ မြေပေါ်မှာ ရေခန်းခြောက်သွားချိန်အထိ ခေါက်တုံ့ခေါက်ပြန် ပျံသန်းနေတယ်။ အဲဒီနောက် ရေတွေကျမကျ သိနိုင်ဖို့ ချိုးငှက်တစ်ကောင် လွှတ်လိုက်တယ်။ မြေတစ်ပြင်လုံး ရေဖုံးလွှမ်းနေသေးလို့ ချိုးငှက်ဟာ နားစရာနေရာမတွေ့ဘဲ နောဧရှိရာ သင်္ဘောဆီ ပြန်လာတယ်။ ဒါကြောင့် နောဧက ချိုးငှက်ကိုယူပြီး သင်္ဘောထဲ ပြန်သွင်းတယ်။ နောက်ထပ်ခုနစ်ရက် စောင့်ပြီးနောက် ချိုးငှက်ကို သင်္ဘောထဲကနေ လွှတ်လိုက်ပြန်တယ်။ ညဦးပိုင်းမှာ ချိုးငှက်ပြန်လာတဲ့အခါ သံလွင်ရွက်စိမ်း ကိုက်ချီလာတာကို တွေ့တော့ ရေကျနေပြီဆိုတာ နောဧသိသွားတယ်။ ခုနစ်ရက်စောင့်ပြီးနောက် ထပ်လွှတ်တဲ့အခါ ချိုးငှက် ပြန်မလာတော့ဘူး။ နောဧ အသက် ၆၀၁ နှစ်ပြည့်တဲ့နှစ်၊ ပထမလ၊ တစ်ရက်နေ့မှာ ရေတွေခန်းသွားတယ်။ သင်္ဘောအမိုးကို နောဧ ဖွင့်ကြည့်လိုက်တော့ မြေပြင်ခြောက်သွေ့လာတာကို တွေ့ရတယ်။ ဒုတိယလ၊ ၂၇ ရက်နေ့မှာ မြေကြီးဟာ လုံးဝခြောက်သွေ့သွားပြီ။ အဲဒီအခါ ဘုရားသခင်က နောဧကို၊ မင်းရဲ့ သားမယား၊ ချွေးမတွေနဲ့အတူ သင်္ဘောထဲက ထွက်လာကြ။ ပျံတတ်တဲ့သတ္တဝါတွေ၊ တိရစ္ဆာန်တွေ၊ တွားသွားသတ္တဝါတွေဖြစ်တဲ့ သတ္တဝါအားလုံးကိုလည်း ခေါ်ထုတ်ပါ။ မြေပေါ်မှာ သူတို့ မျိုးပွားပြီး များပြားလာရမယ် လို့ပြောတယ်။ နောဧလည်း သား၊ မယား၊ ချွေးမတွေနဲ့အတူသင်္ဘောထဲကနေ ထွက်လာတယ်။ တွားသွားသတ္တဝါ၊ ပျံတတ်တဲ့သတ္တဝါ၊ မြေပေါ်သွားလာတဲ့ သတ္တဝါတွေလည်း အမျိုးအလိုက် သင်္ဘောထဲကနေ ထွက်လာတယ်။ အဲဒီနောက် နောဧက ယေဟောဝါအတွက် ပူဇော်ရာပလ္လင် တည်တယ်။ သန့်ရှင်းတဲ့တိရစ္ဆာန်တွေနဲ့ ပျံတတ်တဲ့သတ္တဝါတွေထဲက တချို့ကို ယူပြီး မီးရှို့ပူဇော်တယ်။ ယေဟောဝါလည်း မွှေးကြိုင်တဲ့ ရနံ့ကို ရတယ်။ ဒါကြောင့် ယေဟောဝါက လူတွေဟာ ငယ်ငယ်ကတည်းကစိတ်အကြံအစည်ဆိုးညစ်ကြတယ်။ ဒီတော့ လူတွေကြောင့် ကမ္ဘာမြေကို ငါဘယ်တော့မှ မကျိန်တော့ဘူး။ သတ္တဝါတွေကို အခုလိုမျိုး ငါဘယ်တော့မှ မဖျက်ဆီးတော့ဘူး။ အခုကစပြီး ကမ္ဘာမြေပေါ်မှာ မျိုးကြဲချိန်နဲ့ ရိတ်သိမ်းချိန်၊ ချမ်းအေးချိန်နဲ့ ပူပြင်းချိန်၊ နွေရာသီနဲ့ ဆောင်းရာသီ၊ နေ့နဲ့ည လုံးဝမပြတ်စေရဘူး လို့စိတ်ထဲမှာ ပြောတယ်။
1
Ge
8
ကမ္ဘာဦး
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ကမ္ဘာဦး/8/
အခန်းကြီး (၉) ဘုရားသခင်က နောဧနဲ့သားတွေကို ကောင်းချီးပေးတယ် သားသမီးတွေ အများကြီးမွေးပြီး ကမ္ဘာမြေကို ပြည့်စေကြ။ ကုန်းသတ္တဝါတွေ၊ ပျံတတ်တဲ့သတ္တဝါတွေ၊ တွားသွားသတ္တဝါတွေ၊ ပင်လယ်ငါးတွေက မင်းတို့ကို အမြဲကြောက်ရွံ့နေလိမ့်မယ်။ တိရစ္ဆာန်တွေကို မင်းတို့လက်ထဲ ငါအပ်လိုက်ပြီ။ မြေပေါ်က သက်ရှိတိရစ္ဆာန်တွေကို စားနိုင်တယ်။ စိမ်းလန်းတဲ့အပင်တွေလိုပဲ တိရစ္ဆာန်တွေကိုလည်း မင်းတို့စားဖို့ ငါပေးတယ်။ သွေးဟာ အသက်ဖြစ်လို့ သွေးပါတဲ့အသားကိုတော့ မစားနဲ့။ ဒါ့အပြင် တစ်ယောက်ယောက်က မင်းတို့ကို သတ်ခဲ့ရင် အသက်ဖြစ်တဲ့ သူ့ရဲ့သွေးကို ငါပြန်တောင်းမယ်။ တိရစ္ဆာန်က သတ်ရင် အဲဒီတိရစ္ဆာန် သေရမယ်။ လူလူချင်းသတ်ရင် သတ်တဲ့သူ သေရမယ်။ လူကို ဘုရားသခင့် ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းထားတာဖြစ်လို့ လူလူချင်းသတ်ရင် သတ်တဲ့သူကို ပြန်သတ်ရမယ်။ မင်းတို့ကတော့ သားသမီးတွေ အများကြီးမွေးပြီး ကမ္ဘာမြေကို ပြည့်စေကြပါ။ အဲဒီနောက် ဘုရားသခင်က နောဧနဲ့သားတွေကို ပြောတယ် အခု၊ မင်းတို့နဲ့ နောင်သားစဉ်မြေးဆက်တွေ၊ သင်္ဘောထဲကထွက်လာတဲ့ ငှက်တွေ၊ တိရစ္ဆာန်တွေ၊ ကုန်းသတ္တဝါတွေကို ငါကတိပေးတယ်။ သက်ရှိအားလုံးကို ဘယ်တော့မှ ရေလွှမ်းမိုးဘေးနဲ့ မဖျက်ဆီးတော့ဘူး။ ကမ္ဘာမြေကိုလည်း ဘယ်တော့မှ ရေလွှမ်းမိုးဘေးနဲ့ မဖျက်ဆီးတော့ဘူးလို့ ငါကတိပေးတယ်။ ဘုရားသခင် ဆက်ပြောတယ် မင်းတို့ကိုရော သတ္တဝါအားလုံးကိုပါ ငါပေးထားတဲ့ကတိဟာ နောင်လူမျိုးဆက်တွေအထိ အမြဲတည်နေမယ်။ အဲဒီကတိအတွက် အထောက်အထားကတော့၊ မိုးတိမ်မှာ ငါထားတဲ့ သက်တံပဲ။ အဲဒီသက်တံဟာ ကမ္ဘာမြေကိုပေးထားတဲ့ ကတိအတွက် အထောက်အထား ဖြစ်လိမ့်မယ်။ ကောင်းကင်မှာ မိုးတိမ်တွေ တက်လာတဲ့အခါတိုင်း တိမ်တွေမှာ သက်တံပေါ်လာမယ်။ အဲဒီအခါ မင်းတို့ကိုရော သတ္တဝါအားလုံးကိုပါ ငါပေးထားတဲ့ကတိကို ဆက်ဆက်သတိရမယ်။ သက်ရှိတွေဟာ ရေလွှမ်းမိုးဘေးကြောင့် ဘယ်တော့မှ မပျက်စီးရတော့ဘူး။ မိုးတိမ်မှာ သက်တံပေါ်လာတာကို မြင်တဲ့အခါ ကမ္ဘာမြေပေါ်က သတ္တဝါအားလုံးကို ငါပေးထားတဲ့ အမြဲတည်တဲ့ကတိကို သတိရမယ်။ ဒါဟာ ကမ္ဘာမြေပေါ်က သက်ရှိအားလုံးကိုပေးထားတဲ့ ငါရဲ့ကတိအတွက် အထောက်အထားပဲ လို့ နောဧကို ဘုရားသခင် ထပ်ပြောတယ်။ သင်္ဘောထဲကထွက်လာတဲ့ နောဧရဲ့သားတွေက ရှေမ၊ ဟာမ၊ ယာဖက်။ နောက်ပိုင်းမှာ ဟာမက သားခါနန်ကို ရတယ်။ ကမ္ဘာမြေပေါ်က လူအားလုံးဟာ နောဧရဲ့သားသုံးယောက်ကနေ ဆင်းသက်လာပြီး နေရာအနှံ့ ပျံ့နှံ့သွားကြတယ်။ နောဧက လယ်ယာလုပ်ကိုင်ပြီး စပျစ်ခြံ စိုက်ပျိုးတယ်။ တစ်နေ့၊ သူ စပျစ်ဝိုင်သောက်ပြီး မူးလာတဲ့အခါ တဲထဲမှာ အဝတ်ဗလာ ဖြစ်နေတယ်။ ခါနန်ရဲ့အဖေ ဟာမက နောဧ အဝတ်ဗလာဖြစ်နေတာကို တွေ့သွားပြီး အပြင်မှာရှိတဲ့ အစ်ကိုနှစ်ယောက်ကို ပြောပြတယ်။ အဲဒီအခါ ရှေမနဲ့ ယာဖက်က အဝတ်ကိုယူ၊ ပခုံးပေါ်တင်၊ နောက်ပြန်လျှောက်ပြီး အဝတ်ဗလာဖြစ်နေတဲ့ အဖေ့ကို ဖုံးလိုက်တယ်။ သူတို့က မျက်နှာလွှဲထားတဲ့အတွက် အဖေ အဝတ်ဗလာဖြစ်နေတာကို မမြင်ဘူး။ နောဧက အမူးပြေပြီး နိုးလာတော့ သားထွေးရဲ့လုပ်ရပ်ကို သိသွားတယ်။ ဒါနဲ့ နောဧက ခါနန်ဟာ ကျိန်စာသင့်ပါစေ။ ညီအစ်ကိုတွေဆီမှာ အနိမ့်ကျဆုံးကျွန် ဖြစ်ပါစေ လို့ပြောတယ်။ ရှေမရဲ့ဘုရားသခင် ယေဟောဝါကို ချီးမွမ်းကြ။ ရှေမဆီမှာ ခါနန် ကျွန်ခံရပါစေ။ ယာဖက်ကို ကျယ်ဝန်းတဲ့မြေ ဘုရားသခင် ပေးသနားပါစေ။ ယာဖက်ဟာ ရှေမရဲ့တဲတွေမှာ နေထိုင်ရပါစေ။ သူ့ဆီမှာလည်း ခါနန် ကျွန်ခံရပါစေ လို့ ထပ်ပြောတယ်။ နောဧက ရေလွှမ်းမိုးဘေးပြီးနောက် နှစ်ပေါင်း ၃၅၀ ဆက်အသက်ရှင်တယ်။ အသက် ၉၅၀ မှာ နောဧ သေဆုံးသွားတယ်။
1
Ge
9
ကမ္ဘာဦး
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ကမ္ဘာဦး/9/
အခန်းကြီး (၁၀) ရေလွှမ်းမိုးဘေးပြီးနောက် နောဧရဲ့သား ရှေမ၊ ဟာမ၊ ယာဖက်ရဲ့ သားစဉ်မြေးဆက်မှတ်တမ်း။ ယာဖက်ရဲ့သားတွေက ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မာရှက်၊ တိရတ်။ ဂေါမာရဲ့သားတွေက အာရှကေနတ်၊ ရိဖတ်၊ တောဂါမ။ ယာဝန်ရဲ့သားတွေက ဧလိရှ၊ တာရှိ၊ ခိတိမ်၊ ဒေါဒနိမ်။ သူတို့ကနေ ဆင်းသက်လာတဲ့ ကျွန်းသူကျွန်းသားတွေဟာ ဘာသာစကား၊ မျိုးနွယ်စုနဲ့ လူမျိုးအလိုက် နယ်မြေအသီးသီးကို ပျံ့နှံ့သွားကြတယ်။ ဟာမရဲ့သားတွေက ကုရှ၊ မိဇရိမ်၊ ဖုတ၊ ခါနန်။ ကုရှရဲ့သားတွေက သေဘ၊ ဟဝိလ၊ သာဗတ၊ ယာဂမ၊ သတေခါ။ ယာဂမရဲ့သားတွေက ရှေဘနဲ့ ဒေဒန်။ ကုရှရဲ့သားက နိမ်ရောဒ။ သူဟာ ကမ္ဘာပေါ်မှာ ဦးဆုံးပေါ်လာတဲ့ အစွမ်းခွန်အားကြီးသူ၊ ယေဟောဝါကို ဆန့်ကျင်တဲ့ ခွန်အားကြီးမုဆိုး ဖြစ်လာတယ်။ ဒါကြောင့် ယေဟောဝါကို ဆန့်ကျင်တဲ့ ခွန်အားကြီးမုဆိုး နိမ်ရောဒလို လူစားမျိုး ဆိုတဲ့ ဆိုရိုးစကား ပေါ်လာတယ်။ ရှိနာပြည်မှာရှိတဲ့ ဘေဘယ်၊ ဧရက်၊ အဲကတ်၊ ကာလနေမြို့ဟာ သူဦးဆုံးတည်ထောင်ခဲ့တဲ့ မြို့တွေပဲ။ သူက ရှိနာပြည်ကနေ အဆီးရီးယားပြည်ကို သွားပြီး နိနဝေ၊ ရဟောဘုတ်အိရာ၊ ကာလလို့ခေါ်တဲ့ မြို့တွေကို တည်တယ်။ နိနဝေနဲ့ ကာလကြားမှာ ရေသင်မြို့ကိုလည်း တည်တယ်။ ဒီမြို့တွေဟာ မြို့ကြီးတစ်မြို့ ဖြစ်လာတယ်။ မိဇရိမ်ရဲ့သားတွေက လုဒိမ်၊ အာနမိမ်၊ လဟာဗိမ်၊ နတုဟိမ်၊ ပါသရုသိမ်၊ ကာသလုဟိမ်၊ ကတ္တောရိမ်။ ကာသလုဟိမ်ကနေ ဖိလိတိလူမျိုး ဆင်းသက်လာတယ်။ ခါနန်ရဲ့သားတွေက သားဦး ဆိုင်ဒုန်နဲ့ ဟေသ။ ခါနန်ဟာ ယေဗုသိ၊ အာမောရိ၊ ဂိရဂါရှိ၊ ဟိဝိ၊ အာကိ၊ သိနိ၊ အာဝဒိ၊ ဇေမရိ၊ ဟာမသိလူတွေရဲ့ ဘိုးဘေးပဲ။ နောက်ပိုင်းမှာ ခါနန်မျိုးနွယ်တွေ ကွဲလွင့်သွားတယ်။ ခါနန်လူမျိုးရဲ့နယ်နိမိတ်က ဆိုင်ဒုန်မြို့ကနေ ဂါဇာမြို့နားက ဂေရာမြို့အထိ၊ သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့နဲ့ လာရှမြို့နားက ဇေဘိုင်မြို့အထိ ဖြစ်တယ်။ သူတို့ဟာ မျိုးနွယ်စု၊ ဘာသာစကား၊ နယ်မြေနဲ့ လူမျိုးအလိုက် ဟာမရဲ့သားစဉ်မြေးဆက်တွေပဲ။ သားကြီးယာဖက်ရဲ့ညီ၊ ဧဗာလူမျိုးတို့ရဲ့ ဘိုးဘေး ရှေမလည်း သားသမီးတွေ ရတယ်။ ရှေမရဲ့သားတွေက ဧလံ၊ အာရှုရ၊ အာဖာဇဒ်၊ လုဒ၊ အာရံ။ အာရံရဲ့သားတွေက ဥဇ၊ ဟုလ၊ ဂေသာ၊ မာရှ။ အာဖာဇဒ်ရဲ့သားက ရှေလ။ ရှေလရဲ့သားက ဧဗာ။ ဧဗာမှာ သားနှစ်ယောက်ရှိတယ်။ တစ်ယောက်က ဖာလက်။ သူ့လက်ထက်ရောက်တော့ ကမ္ဘာပေါ် နေထိုင်သူတွေ ကွဲလွင့်သွားလို့ အဲဒီနာမည်ကို ရခဲ့တယ်။ နောက်တစ်ယောက်ကတော့ ယုတ္တန်။ ယုတ္တန်ရဲ့သားတွေက အာလမောဒန်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊ ဟဒေါရံ၊ ဥဇလ၊ ဒိကလ၊ ဩဗာလ၊ အဘိမေလ၊ ရှေဘ၊ ဩဖိရ၊ ဟဝိလ၊ ယောဗပ်။ သူတို့အားလုံးဟာ ယုတ္တန်ရဲ့သားတွေပဲ။ သူတို့နေရပ်ဟာ မေရှအရပ်ကနေ အရှေ့ဘက်တောင်တန်းဒေသ သေဖာအရပ်အထိ ကျယ်ပြန့်တယ်။ သူတို့ဟာ မျိုးနွယ်စု၊ ဘာသာစကား၊ နယ်မြေနဲ့ လူမျိုးအလိုက် ရှေမရဲ့ သားစဉ်မြေးဆက်တွေပဲ။ သူတို့ဟာ မျိုးရိုးနဲ့ လူမျိုးအလိုက် နောဧသားတွေရဲ့ သားစဉ်မြေးဆက်တွေပဲ။ ရေလွှမ်းမိုးဘေး ပြီးတဲ့နောက် သူတို့ကနေ ဆင်းသက်လာတဲ့ လူမျိုးတွေဟာ ကမ္ဘာမြေအရပ်ရပ်ကို ပျံ့နှံ့သွားကြတယ်။
1
Ge
10
ကမ္ဘာဦး
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ကမ္ဘာဦး/10/
အခန်းကြီး (၁၁) အဲဒီအချိန်တုန်းက ကမ္ဘာပေါ်မှာရှိတဲ့ လူတွေဟာ ဘာသာစကား တစ်မျိုးတည်း၊ စကားအသုံးအနှုန်း တစ်မျိုးတည်း ပြောကြတယ်။ အရှေ့အရပ်ကို လူတွေ ခရီးသွားတဲ့အခါ ရှိနာပြည်မှာ ချိုင့်ဝှမ်းလွင်ပြင်တစ်ခုကို တွေ့ပြီး အဲဒီမှာ အခြေချနေထိုင်တယ်။ သူတို့က အုတ်တွေ ဖုတ်ကြစို့ လို့ပြောတယ်။ ကျောက်အစား အုတ်၊ အင်္ဂတေအစား ကတ္တရာစေးကို သုံးကြတယ်။ ပြီးတော့ မြို့တစ်မြို့ တည်ကြစို့။ မိုးထိအောင်မြင့်တဲ့ ရဲတိုက်ကို ဆောက်ပြီး နာမည်ကျော်အောင် လုပ်ကြစို့။ ဒီလိုမှမလုပ်ရင် ငါတို့ ကမ္ဘာမြေအနှံ့ ကွဲလွင့်ကုန်မယ် လို့ပြောကြတယ်။ ယေဟောဝါက လူတွေ မြို့နဲ့ရဲတိုက် တည်ဆောက်နေတာကို သတိပြုမိတယ်။ ဒါကြောင့် ယေဟောဝါက သူတို့တစ်တွေ လူတစ်မျိုးတည်း၊ ဘာသာစကားတစ်မျိုးတည်း ဖြစ်နေလို့ ဒီလိုလုပ်နေကြတာပါလား။ ဒီလိုသာဆိုရင် သူတို့စိတ်ကူးထားတဲ့အတိုင်း လုပ်နိုင်တော့မှာပဲ။ ဒီတော့ ငါတို့ ဆင်းသွားပြီး သူတို့အချင်းချင်း နားမလည်စေဖို့ ဘာသာစကားကို ရှုပ်ထွေးအောင် လုပ်ကြစို့ လို့ပြောတယ်။ ယေဟောဝါက သူတို့ကို ကမ္ဘာမြေအနှံ့ ကွဲလွင့်စေတဲ့အတွက် မြို့တည်ဆောက်တဲ့လုပ်ငန်း ရပ်စဲသွားတယ်။ ယေဟောဝါက လူတွေရဲ့ဘာသာစကားကို ရှုပ်ထွေးစေခဲ့တယ်။ ယေဟောဝါက သူတို့ကို ကမ္ဘာမြေအနှံ့ ကွဲလွင့်စေခဲ့တယ်။ ဒါကြောင့် အဲဒီမြို့ဟာ ဘေဘယ် လို့ နာမည်တွင်သွားတယ်။ ရှေမရဲ့ သမိုင်းမှတ်တမ်း။ ရေလွှမ်းမိုးဘေးပြီးနောက် နှစ်နှစ်အကြာ၊ ရှေမ အသက် ၁၀၀ ရှိတဲ့အခါ သားအာဖာဇဒ်ကို ရတယ်။ အာဖာဇဒ်ကို ရပြီးနောက် အနှစ် ၅၀၀ အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ အာဖာဇဒ်ဟာ အသက် ၃၅ နှစ်မှာ သားရှေလကို ရတယ်။ ရှေလကို ရပြီးနောက် ၄၀၃ နှစ် အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ ရှေလဟာ အသက် ၃၀ မှာ သားဧဗာကို ရတယ်။ ဧဗာကို ရပြီးနောက် ၄၀၃ နှစ် အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်းရသေးတယ်။ ဧဗာဟာ အသက် ၃၄ နှစ်မှာ သားဖာလက်ကို ရတယ်။ ဖာလက်ကို ရပြီးနောက် အနှစ် ၄၃၀ အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ ဖာလက်ဟာ အသက် ၃၀ မှာ သားရာဂေါကို ရတယ်။ ရာဂေါကို ရပြီးနောက် ၂၀၉ နှစ် အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ ရာဂေါဟာ အသက် ၃၂ နှစ်မှာ သားစေရတ်ကို ရတယ်။ စေရတ်ကို ရပြီးနောက် ၂၀၇ နှစ် အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်းရသေးတယ်။ စေရတ်ဟာ အသက် ၃၀ မှာ သားနာခေါ်ကို ရတယ်။ နာခေါ်ကို ရပြီးနောက် အနှစ် ၂၀၀ အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်းရသေးတယ်။ နာခေါ်ဟာ အသက် ၂၉ နှစ်မှာ သားတေရကို ရတယ်။ တေရကို ရပြီးနောက် ၁၁၉ နှစ် အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်းရသေးတယ်။ တေရဟာ အနှစ် ၇၀ အသက်ရှင်ပြီးနောက် သားအာဗြံ၊ နာခေါ်၊ ခါရန်ကို ရတယ်။ တေရရဲ့သမိုင်းမှတ်တမ်း။ တေရရဲ့သားတွေက အာဗြံ၊ နာခေါ်၊ ခါရန်။ ခါရန်သားက လောတ။ ခါရန်က ဖခင်တေရ အသက်ရှင်နေတုန်း မွေးရပ်မြေ ခါလဒဲပြည်၊ ဥရမြို့မှာ သေဆုံးသွားတယ်။ အာဗြံနဲ့ နာခေါ်လည်း အိမ်ထောင်ကျတယ်။ အာဗြံရဲ့မိန်းမက စာရဲ။ နာခေါ်ရဲ့မိန်းမက ခါရန်သမီး မိလခါ။ မိလခါနဲ့ အိဆခါတို့ဟာ ခါရန်ရဲ့သမီးတွေပဲ။ စာရဲက မြုံနေလို့ သားသမီးမရှိဘူး။ အဲဒီနောက် တေရဟာ သားအာဗြံ၊ ချွေးမစာရဲ၊ ခါရန်ရဲ့သား မြေးလောတကိုခေါ်ပြီး ခါလဒဲပြည်၊ ဥရမြို့ကနေ ခါနန်ပြည်ကို ထွက်သွားတယ်။ ခါရန်မြို့ကို ရောက်တဲ့အခါ အဲဒီမှာ နေထိုင်ကြတယ်။ တေရက အသက် ၂၀၅ နှစ်ရောက်တော့ ခါရန်မြို့မှာ သေဆုံးသွားတယ်။
1
Ge
11
ကမ္ဘာဦး
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ကမ္ဘာဦး/11/
အခန်းကြီး (၁၂) ယေဟောဝါက အာဗြံကို နေရင်းပြည်၊ ဆွေမျိုးသားချင်းတွေနဲ့ ဖခင်ရဲ့အိမ်ကို ထားခဲ့ပြီး ငါပြမယ့်ပြည်ကို သွားပါ။ မင်းကို လူမျိုးကြီးဖြစ်စေပြီး ကောင်းချီးပေးမယ်။ မင်းရဲ့နာမည်ကို ကြီးမြတ်စေမယ်။ မင်းကြောင့် တခြားသူတွေ ကောင်းချီးရလိမ့်မယ်။ မင်းကို ကောင်းချီးပေးသူတွေကို ငါကောင်းချီးပေးမယ်။ မင်းကို ကျိန်ဆဲသူတွေကို ငါကျိန်ဆဲမယ်။ ကမ္ဘာပေါ်က လူမျိုးအားလုံး မင်းကြောင့် ကောင်းချီးခံစားရမယ် လို့ပြောတယ်။ ယေဟောဝါပြောတဲ့အတိုင်း အာဗြံထွက်သွားတော့ လောတလည်း လိုက်သွားတယ်။ ခါရန်မြို့ကနေ ထွက်သွားချိန်မှာ အာဗြံက အသက် ၇၅ နှစ်ရှိနေပြီ။ အာဗြံက ဇနီးစာရဲ၊ အစ်ကိုရဲ့သား လောတ၊ စုဆောင်းထားတဲ့ ပစ္စည်းဥစ္စာတွေ၊ ခါရန်မြို့မှာရရှိခဲ့တဲ့ လူတွေ အားလုံးကို ခေါ်ပြီး ခါနန်ပြည်ကို ထွက်ခွာသွားတယ်။ ခါနန်ပြည်ကို ရောက်တဲ့အခါ၊ အပင်ကြီးတွေရှိရာ မောရေဒေသအနားက ရှေခင်အရပ်အထိ ခရီးဆက်တယ်။ အဲဒီတုန်းက ခါနန်ပြည်မှာ ခါနန်လူမျိုးတွေ နေထိုင်ကြတယ်။ အာဗြံဆီ ယေဟောဝါ ရောက်လာပြီး မင်းရဲ့မျိုးနွယ်ကို ဒီပြည် ငါပေးမယ် လို့ပြောတယ်။ အာဗြံလည်း ယေဟောဝါအတွက် အဲဒီမှာ ပူဇော်ရာပလ္လင် တည်တယ်။ ပြီးနောက် အဲဒီကနေ ဗေသလအရှေ့ဘက် တောင်တန်းဒေသကို ပြောင်းရွှေ့ပြီး တဲထိုးနေထိုင်တယ်။ တဲရဲ့အနောက်ဘက်မှာ ဗေသလမြို့၊ အရှေ့ဘက်မှာ အာအိမြို့ ရှိတယ်။ အဲဒီနေရာမှာလည်း ယေဟောဝါအတွက် ပူဇော်ရာပလ္လင်ကို တည်တယ်၊ ယေဟောဝါရဲ့နာမည်ကို ခေါ်ပြီး ဆုတောင်းတယ်။ အာဗြံက တဲကိုဖြုတ်၊ တစ်နေရာပြီးတစ်နေရာ တဲထိုးနေထိုင်ရင်း နေဂပ်အရပ်ကို ဆက်သွားတယ်။ မကြာခင် ခါနန်ပြည်မှာ အငတ်ဘေးဆိုက်ပြီး အစာရေစာ ရှားပါးလာတဲ့အတွက် အာဗြံက အီဂျစ်ပြည်မှာ ခဏနေဖို့ ဆင်းသွားတယ်။ အီဂျစ်ပြည်ရောက်ခါနီးမှာ စာရဲကို မိန်းမရေ၊ နားထောင်ပါဦး။ မင်းဟာ မိန်းမချောဆိုတော့၊ အီဂျစ်ပြည်သားတွေ မြင်ရင် ဒါ သူ့မိန်းမပဲ ဆိုပြီး ကိုယ့်ကို သတ်မှာပေါ့။ မင်းကိုတော့ အသက်ချမ်းသာပေးမှာ။ ဒီတော့ ကိုယ့်ညီမလို့ပြောပါ မိန်းမရာ။ ဒါမှ ကိုယ်လည်း မင်းကြောင့် ကောင်းစားပြီး အသက်ချမ်းသာရာရမှာလို့ ပြောတယ်။ အီဂျစ်ပြည်ကို အာဗြံရောက်တာနဲ့ အီဂျစ်ပြည်သားတွေက စာရဲ သိပ်လှတာကို သတိပြုမိကြတယ်။ ဖာရောရဲ့မှူးမတ်တွေလည်း စာရဲကို မြင်ပြီး ဖာရောရှေ့မှာ ချီးမွမ်းခန်းဖွင့်ကြတယ်။ ဒါနဲ့ စာရဲကို နန်းတော်ထဲ ခေါ်သွားတယ်။ ဖာရောမင်းက စာရဲကြောင့် အာဗြံကို ကောင်းကောင်းဆက်ဆံတဲ့အတွက် အာဗြံဟာ သိုး၊ နွား၊ မြည်း၊ ကုလားအုတ်နဲ့ ကျွန်တွေ ရလာတယ်။ ယေဟောဝါက အာဗြံရဲ့ဇနီး စာရဲအတွက် ဖာရောမင်းနဲ့ နန်းတွင်းသားတွေကို ဘေးဆိုးတွေနဲ့ ဒဏ်ခတ်တယ်။ ဒါနဲ့ ဖာရောမင်းက အာဗြံကိုခေါ်ပြီး မင်း ဘယ်လိုလုပ်လိုက်တာလဲ။ စာရဲဟာ မင်းရဲ့ဇနီးလို့ မပြောဘဲ၊ ညီမလို့ ဘာကြောင့်ပြောရတာလဲ။ အဲဒီလိုပြောလို့ သူ့ကို ငါသိမ်းပိုက်မိတော့မလို့ပဲ။ အခု၊ မင်းမိန်းမကို ပြန်ခေါ်သွားတော့ လို့ပြောတယ်။ ဖာရောမင်း အမိန့်ပေးတဲ့အတွက် မင်းမှုထမ်းတွေက အာဗြံနဲ့ စာရဲကို ပစ္စည်းဥစ္စာတွေနဲ့ တစ်ပါတည်း လိုက်ပို့ပေးကြတယ်။
1
Ge
12
ကမ္ဘာဦး
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ကမ္ဘာဦး/12/
အခန်းကြီး (၁၃) အာဗြံနဲ့စာရဲက ပိုင်ဆိုင်သမျှကိုယူပြီး လောတနဲ့အတူ အီဂျစ်ပြည်ကနေ နေဂပ်အရပ်ကို ထွက်သွားတယ်။ အာဗြံဟာ သိုးနွားတွေ၊ ရွှေငွေတွေ ပိုင်ဆိုင်ပြီး သိပ်ချမ်းသာတယ်။ နေဂပ်အရပ်ကနေ ဗေသလမြို့အထိ တစ်နေရာပြီးတစ်နေရာ တဲထိုးနေထိုင်ရင်း ဗေသလနဲ့ အာအိမြို့ကြားက တဲထိုးနေထိုင်ခဲ့ဖူးတဲ့နေရာ၊ ပူဇော်ရာပလ္လင် တည်ခဲ့ဖူးတဲ့နေရာကို ပြန်ရောက်လာတယ်။ အဲဒီနေရာမှာ အာဗြံက ယေဟောဝါရဲ့နာမည်ကို ခေါ်ပြီး ဆုတောင်းတယ်။ အာဗြံနဲ့အတူလိုက်လာတဲ့ လောတလည်း သိုးနွားတွေ၊ တဲတွေ ပိုင်ဆိုင်တယ်။ ဒါကြောင့် တစ်နေရာတည်းမှာ အတူနေဖို့ နယ်မြေမဆံ့ဘူး။ ပစ္စည်းဥစ္စာတွေ သိပ်များလာလို့ အတူနေထိုင်ဖို့ မဖြစ်နိုင်တော့ဘူး။ သူတို့ရဲ့ တိရစ္ဆာန်ထိန်းကျောင်းသူတွေ အချင်းချင်း ရန်ဖြစ်ကြတယ်။ (အဲဒီတုန်းက ခါနန်ပြည်မှာ ခါနန်လူမျိုးတွေနဲ့ ဖေရဇိလူမျိုးတွေ နေထိုင်ကြတယ်။) ဒါနဲ့ အာဗြံက လောတကို ငါတို့ဟာ ဆွေမျိုးသားချင်းတွေပဲ။ ငါတို့အချင်းချင်း၊ တိရစ္ဆာန်ထိန်းကျောင်းသူတွေအချင်းချင်း ပြဿနာမဖြစ်သင့်ဘူး။ ဒါကြောင့် ဒီနယ်မှာ မင်းကြိုက်တဲ့နေရာကို ရွေးပြီး သွားနေပါ။ မင်း ဘယ်ဘက်ကို သွားရင် ငါညာဘက်ကို သွားမယ်။ မင်း ညာဘက်ကိုသွားရင် ငါ ဘယ်ဘက်ကိုသွားမယ် လို့ပြောတယ်။ ဒါနဲ့ လောတ လှမ်းကြည့်လိုက်တဲ့အခါ ဇောရမြို့အထိ ဂျော်ဒန်မြစ်ဝှမ်းဒေသတစ်လျှောက်လုံးဟာ ယေဟောဝါရဲ့ ဥယျာဉ်လို၊ အီဂျစ်ပြည်လို ရေပေါများတာကို သတိပြုမိတယ်။ (သောဒုံနဲ့ ဂေါမောရမြို့ကို ယေဟောဝါ မဖျက်ဆီးခင်တုန်းက အခြေအနေဖြစ်တယ်။) လောတလည်း ဂျော်ဒန်မြစ်ဝှမ်းဒေသကို ရွေးချယ်ပြီး အရှေ့ဘက်ကို ပြောင်းရွှေ့သွားတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် လမ်းခွဲလိုက်တယ်။ အာဗြံက ခါနန်ပြည်မှာ နေထိုင်တယ်။ လောတကတော့ အဲဒီမြစ်ဝှမ်းဒေသကမြို့တွေမှာ နေထိုင်တယ်။ နောက်ဆုံး သောဒုံမြို့အနီးမှာ တဲထိုးပြီး အခြေချတယ်။ သောဒုံမြို့သားတွေဟာ ဆိုးညစ်သူ၊ ယေဟောဝါရှေ့မှာ အပြစ်ကြီးသူတွေပဲ။ လောတ လမ်းခွဲသွားပြီးနောက် ယေဟောဝါက အာဗြံကို အခု မင်းရောက်နေတဲ့နေရာကနေ အရှေ့၊ အနောက်၊ တောင်၊ မြောက်ကို ကြည့်လိုက်ပါဦး။ မြင်နေရတဲ့ပြည်တစ်ခုလုံးကို မင်းနဲ့မင်းရဲ့မျိုးနွယ်ကို ငါအပိုင်ပေးမယ်။ မင်းရဲ့မျိုးနွယ်ကို မြေမှုန့်လို များပြားစေမယ်။ မြေမှုန့်ကို ရေတွက်နိုင်မှပဲ မင်းရဲ့မျိုးနွယ်ကို ရေတွက်နိုင်မယ်။ အခု၊ ဒီပြည်တစ်ခွင်လုံး နေရာအနှံ့ သွားပါ။ ဒီတစ်ပြည်လုံး မင်းကို ငါပေးမယ် လို့ပြောတယ်။ ဒါနဲ့ အာဗြံဟာ တဲထိုးပြီး ဆက်နေထိုင်တယ်။ နောက်ပိုင်းမှာ ဟေဗြုန်မြို့၊ မံရေအရပ်က အပင်ကြီးတွေအနား ရောက်လာပြီး နေထိုင်တယ်။ အဲဒီမှာ ယေဟောဝါအတွက် ပူဇော်ရာပလ္လင် တည်တယ်။
1
Ge
13
ကမ္ဘာဦး
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ကမ္ဘာဦး/13/
အခန်းကြီး (၁၄) ရှိနာဘုရင် အံရဖေလ၊ ဧလာသာဘုရင် အာရုတ်၊ ဧလံဘုရင် ခေဒေါရလောမာ၊ ဂေါအိမ်ဘုရင် တိဒလတို့က၊ သောဒုံဘုရင် ဗေရ၊ ဂေါမောရဘုရင် ဗိရရှ၊ အာဒမာဘုရင် ရှိနပ်၊ ဇေဘိုင်ဘုရင် ရှေမဘာ၊ ဗေလဘုရင်တို့နဲ့ စစ်တိုက်တယ်။ ဗေလမြို့ကို ဇောရလို့လည်း ခေါ်တယ်။ သူတို့က ဆားငန်အိုင်ဖြစ်တဲ့ စိဒိမ်ချိုင့်ဝှမ်းမှာ မဟာမိတ်ဖွဲ့ကြတယ်။ ဘုရင်ငါးပါးဟာ ဘုရင် ခေဒေါရလောမာဆီမှာ ၁၂ နှစ် ကျွန်ခံပြီးနောက် ၁၃ နှစ်မြောက်မှာ ပုန်ကန်တယ်။ ဒါကြောင့် ၁၄ နှစ်မြောက်မှာ ဘုရင် ခေဒေါရလောမာက မဟာမိတ်ဘုရင်တွေနဲ့အတူ ချီတက်လာပြီး အာရှတရုတ် ကာနိမ်အရပ်မှာ ရေဖိမ်လူမျိုး၊ ဟာမအရပ်မှာ ဇူဇိမ်လူမျိုး၊ ရှာဝေ ကိရိယသိမ်အရပ်မှာ ဧမိမ်လူမျိုးတွေကို တိုက်ခိုက်အောင်မြင်တယ်။ စိရတောင်ပေါ်က ဟောရိလူမျိုးကိုလည်း တောကန္တာရနယ်စပ်၊ ဧလပါရန်အရပ်အထိ တိုက်ခိုက်အောင်မြင်တယ်။ အဲဒီနောက် သူတို့ပြန်လှည့်လာတယ်။ ကာဒေရှလို့ခေါ်တဲ့ အင်မိရှပတ်အရပ်ကို ရောက်တဲ့အခါ အာမလက်လူမျိုးရဲ့ နယ်မြေတစ်ခုလုံးအပြင် ဟာဇဇုန်တမာမြို့မှာနေထိုင်တဲ့ အာမောရိလူမျိုးကိုလည်း အနိုင်ရတယ်။ အဲဒီအချိန်မှာ သောဒုံဘုရင်ဟာ ဂေါမောရဘုရင်၊ အာဒမာဘုရင်၊ ဇေဘိုင်ဘုရင်၊ ဗေလ (ဇောရ) ဘုရင်တွေနဲ့အတူ ချီတက်လာတယ်။ စိဒိမ်ချိုင့်ဝှမ်းမှာ စစ်ခင်းပြီး၊ ဧလံဘုရင် ခေဒေါရလောမာ၊ ဂေါအိမ်ဘုရင် တိဒလ၊ ရှိနာဘုရင် အံရဖေလ၊ ဧလာသာဘုရင် အာရုတ်ကို တိုက်တယ်။ ဘုရင်လေးပါးနဲ့ ဘုရင်ငါးပါး တိုက်ခိုက်ကြတယ်။ စိဒိမ်ချိုင့်ဝှမ်းမှာ ကတ္တရာတွင်းတွေ အများကြီးရှိတဲ့အတွက် သောဒုံနဲ့ဂေါမောရဘုရင်တွေ ထွက်ပြေးတဲ့အခါ အဲဒီတွင်းတွေထဲ ကျသွားတယ်။ ကျန်တဲ့လူတွေ တောင်တန်းဒေသဆီ ထွက်ပြေးသွားတယ်။ အနိုင်ရသူတွေက သောဒုံနဲ့ ဂေါမောရမြို့မှာရှိတဲ့ ပစ္စည်းဥစ္စာတွေနဲ့ စားနပ်ရိက္ခာအားလုံးကို သိမ်းယူသွားကြတယ်။ အာဗြံအစ်ကိုရဲ့သား၊ သောဒုံမြို့မှာနေထိုင်တဲ့ လောတနဲ့ သူ့ရဲ့ပစ္စည်းဥစ္စာတွေကိုလည်း သိမ်းယူပြီး ထွက်သွားကြတယ်။ လွတ်မြောက်လာသူတစ်ယောက်က ဟီဘရူးလူမျိုး အာဗြံဆီ ရောက်လာပြီး အကြောင်းစုံပြောပြတယ်။ အဲဒီအချိန်မှာ အာဗြံက အာမောရိလူမျိုး မံရေပိုင်တဲ့ အပင်ကြီးတွေအနားမှာ တဲထိုးနေထိုင်တယ်။ မံရေနဲ့ သူ့ညီနောင် ဧရှကောလ၊ အာနေရဟာ အာဗြံနဲ့ မိတ်ဖွဲ့ထားကြတယ်။ ဆွေမျိုးတွေ အဖမ်းခံရတဲ့သတင်းကို အာဗြံ ကြားတဲ့အခါ တိုက်ရည်ခိုက်ရည်ရှိတဲ့ လက်ရင်းတပည့် ၃၁၈ ယောက်ကိုစုပြီး ဒန်မြို့အထိ လိုက်သွားတယ်။ ညရောက်တော့ သူ့လူတွေကို အုပ်စုခွဲပြီး ရန်သူတွေကို တိုက်ခိုက်အနိုင်ယူလိုက်တယ်။ ရန်သူတွေကို ဒမတ်စကတ်မြို့မြောက်ဘက် ဟောဘမြို့အထိ လိုက်ပြီးတိုက်တယ်။ ပြီးတော့ ပစ္စည်းဥစ္စာအားလုံး ပြန်ယူခဲ့တယ်။ တူလောတနဲ့ ပစ္စည်းဥစ္စာတွေ၊ အမျိုးသမီးတွေနဲ့ တခြားသူတွေကိုလည်း ပြန်ခေါ်ခဲ့တယ်။ အာဗြံက ဘုရင် ခေဒေါရလောမာနဲ့ မဟာမိတ်ဘုရင်တွေကို အနိုင်ရပြီး ပြန်လာတဲ့အခါ သောဒုံမင်းက ဘုရင့်ချိုင့်ဝှမ်းလို့ခေါ်တဲ့ ရှာဝေချိုင့်ဝှမ်းမှာ ထွက်ကြိုတယ်။ အမြင့်ဆုံးဘုရားသခင်ရဲ့ ပုရောဟိတ်ဖြစ်တဲ့ ဆာလင်မင်း မေလခိဇေဒက်လည်း မုန့်နဲ့ဝိုင်ကို ယူလာတယ်။ ပြီးတော့ အာဗြံအတွက် ဆုမွန်ကောင်း တောင်းပေးတယ် မိုးမြေကို ဖန်ဆင်းတဲ့အရှင်၊ အမြင့်ဆုံးဘုရားသခင်က အာဗြံကို ကောင်းချီးပေးပါစေ။ ဖိနှိပ်သူတွေကို မင်းရဲ့လက်ထဲ အပ်တဲ့ အမြင့်ဆုံးဘုရားသခင်ကို ချီးမွမ်းကြပါစေ။ အာဗြံလည်း တိုက်ရာပါဥစ္စာတွေထဲက ဆယ်ဖို့တစ်ဖို့ကို ဆာလင်မင်းကို ပေးတယ်။ အဲဒီနောက်သောဒုံဘုရင်က ပစ္စည်းဥစ္စာတွေကို မင်းယူလိုက်။ ငါ့လူတွေကိုတော့ ပြန်ပေးပါ လို့ပြောတယ်။ ဒါနဲ့ အာဗြံကလည်း မိုးမြေကို ဖန်ဆင်းတဲ့အရှင်၊ အမြင့်ဆုံးဘုရားသခင် ယေဟောဝါရှေ့မှာ လက်ကိုမြှောက်ပြီး ကျွန်တော် ကျိန်ဆိုပါတယ်။ ငါ့ကြောင့် အာဗြံချမ်းသာနေတာ လို့ မင်းကြီးမပြောနိုင်အောင် အပ်ချည်တစ်မျှင်ကအစ ခြေနင်းကြိုးတစ်ပင်အဆုံး မင်းကြီးရဲ့ဥစ္စာ ဘာတစ်ခုကိုမှ ကျွန်တော် မယူပါဘူး။ ဒီလူငယ်တွေ စားလိုက်တဲ့ အစာကလွဲလို့ ဘာကိုမှ မယူပါဘူး။ ကျွန်တော်နဲ့လိုက်လာတဲ့ အာနေရ၊ ဧရှကောလ၊ မံရေကတော့ သူတို့ဝေစုကို ယူကြပါစေ လို့ သောဒုံဘုရင်ကို ပြန်ပြောတယ်။
1
Ge
14
ကမ္ဘာဦး
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ကမ္ဘာဦး/14/
အခန်းကြီး (၁၅) အာဗြံမြင်ရတဲ့ စိတ်အာရုံမှာ ယေဟောဝါက အာဗြံ၊ မကြောက်နဲ့။ ငါဟာ မင်းအတွက် ဒိုင်းလွှားပဲ။ မင်းရမယ့်ဆုလာဘ် သိပ်ကြီးမားတယ် လို့ပြောတယ်။ အာဗြံကလည်း အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ကျွန်တော့်မှာ သားသမီးမရှိတော့ ကိုယ်တော်ပေးမယ့်ဆုကို ဘယ်လိုလုပ် ရနိုင်ပါ့မလဲ။ ဒမတ်စကတ်မြို့သား ဧလျာဇာက ကျွန်တော့်အမွေခံ ဖြစ်ရတော့မယ်။ ကိုယ်တော်က ကျွန်တော့်ကို သားသမီးမပေးတော့ အိမ်သားတစ်ယောက်က အမွေခံဖြစ်နေပြီ လို့ပြောတယ်။ ယေဟောဝါက သူဟာ အမွေခံမဟုတ်ဘူး။ မင်းရဲ့သားအရင်းကသာ အမွေခံဖြစ်ရမယ်လို့ပြောတယ်။ အဲဒီနောက် ဘုရားသခင်က သူ့ကို အပြင်ခေါ်ထုတ်ပြီး ကောင်းကင်ကို မော့ကြည့်ပါဦး။ ကြယ်တွေကို ရေတွက်နိုင်ရင် ရေတွက်ကြည့်ပါ။ မင်းရဲ့မျိုးနွယ်ဟာ အဲဒီကြယ်တွေလိုဖြစ်လာမယ် လို့ပြောတယ်။ အာဗြံက ယေဟောဝါကို ယုံကြည်တယ်။ ဒါကြောင့် ဘုရားသခင်က သူ့ကို ဖြောင့်မတ်သူလို့ သတ်မှတ်တယ်။ ငါဟာ မင်းကို ခါလဒဲပြည်၊ ဥရမြို့ကနေ ခေါ်ထုတ်လာတဲ့အရှင် ယေဟောဝါပဲ။ မင်းကို ဒီပြည် အပိုင်ပေးမယ် လို့လည်း ပြောတယ်။ အာဗြံက အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ဒီပြည်ကို ကျွန်တော်ပိုင်ဆိုင်ရမယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ လို့ မေးတယ်။ ဘုရားသခင်က သုံးနှစ်သား နွားမပျိုတစ်ကောင်၊ သုံးနှစ်သား ဆိတ်မတစ်ကောင်၊ သုံးနှစ်သား သိုးထီးတစ်ကောင်၊ ချိုးတစ်ကောင်နဲ့ ခိုကလေးတစ်ကောင်ကို ယူလာပါ လို့ပြောတယ်။ ဒါနဲ့ အာဗြံက အဲဒီအကောင်တွေကိုယူ၊ နှစ်ခြမ်းခွဲပြီး ဘယ်ညာတစ်ခြမ်းစီ ချထားလိုက်တယ်။ ငှက်တွေကိုတော့ နှစ်ခြမ်းမခွဲဘဲ ထားလိုက်တယ်။ အသေကောင်တွေပေါ် ငှက်ကြီးတွေ လာနားတဲ့အခါ အာဗြံမောင်းထုတ်တယ်။ နေဝင်ခါနီးမှာ အာဗြံ အိပ်မောကျသွားတော့ အမှောင်ထုကြီးက သူ့ကို လွှမ်းခြုံသွားတယ်။ အဲဒီအခါ ဘုရားသခင်က အာဗြံကို မင်းရဲ့မျိုးနွယ်ဟာ တခြားတိုင်းပြည်မှာ တိုင်းတစ်ပါးသားအဖြစ် နေရလိမ့်မယ်။ အဲဒီမှာ နှစ်ပေါင်း ၄၀၀ ကျွန်ခံပြီး ညှဉ်းဆဲခံရလိမ့်မယ်ဆိုတာ မှတ်ထားပါ။ ဒါပေမဲ့ သူတို့ကို ကျွန်အဖြစ် ခိုင်းစေတဲ့လူမျိုးကို ငါတရားစီရင်မယ်။ သူတို့ဟာ ပစ္စည်းဥစ္စာတစ်ပွေ့တစ်ပိုက်နဲ့ ထွက်သွားကြရလိမ့်မယ်။ မင်းကတော့ အသက်ရှည်ရှည်နေပြီးတဲ့နောက် အေးအေးချမ်းချမ်း သေရလိမ့်မယ်။ ဘိုးဘေးတွေနဲ့အတူ သင်္ဂြိုဟ်ခံရမယ်။ အခု၊ အာမောရိလူမျိုးကို သူတို့ရဲ့အပြစ်အတွက် ဒဏ်စီရင်မယ့်အချိန် မရောက်သေးဘူး။ ဒါကြောင့် မင်းရဲ့မျိုးနွယ်ဟာ လေးဆက်မြောက်ကျမှပဲ ဒီကိုပြန်လာရမယ် လို့ပြောတယ်။ နေဝင်ပြီးလို့ မှောင်မိုက်လာတဲ့အခါ မီးခိုးထွက်နေတဲ့ မီးဖိုနဲ့ မီးတုတ်တစ်ချောင်း ပေါ်လာပြီး ဘယ်ညာတစ်ခြမ်းစီ ချထားတဲ့ အသားတွေအလယ်မှာ ဖြတ်သွားတယ်။ အဲဒီနေ့မှာ ယေဟောဝါက အာဗြံနဲ့ ပဋိညာဉ်ဖွဲ့ပြီး မင်းရဲ့မျိုးနွယ်ကို ဒီပြည် ငါပေးမယ်။ အီဂျစ်မြစ်ကနေ ယူဖရေးတီးမြစ်ကြီးအထိ ကျယ်ပြန့်တဲ့ပြည်၊ ကေနိတ်၊ ကေနဇိ၊ ကာဒမောနိ၊ ဟိတ္တိ၊ ဖေရဇိ၊ ရေဖိမ်၊ အာမောရိ၊ ခါနန်၊ ဂိရဂါရှိ၊ ယေဗုသိလူမျိုးတို့ရဲ့ ပြည်ကို ငါပေးမယ် လို့ပြောတယ်။
1
Ge
15
ကမ္ဘာဦး
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ကမ္ဘာဦး/15/
အခန်းကြီး (၁၆) အာဗြံရဲ့ဇနီး စာရဲက ကလေးမရဘူး။ သူ့မှာ အီဂျစ်လူမျိုး ဟာဂရလို့ခေါ်တဲ့ ကျွန်မတစ်ယောက်တော့ ရှိတယ်။ စာရဲက အာဗြံကို အစ်ကို၊ ကျွန်မပြောတာ နားထောင်ပါဦး။ ယေဟောဝါဘုရားက ကျွန်မကို သားသမီးမပေးဘူး။ ဒါကြောင့် ဟာဂရကို ယူလိုက်ပါလား။ ဒီနည်းနဲ့ ကျွန်မ ကလေးရနိုင်မလားလို့ပါ ဆိုပြီးပြောတယ်။ အာဗြံလည်း စာရဲပြောတာကို နားထောင်တယ်။ ခါနန်ပြည်မှာ ဆယ်နှစ်ကြာ နေထိုင်ပြီးတဲ့နောက် စာရဲက သူ့ယောက်ျား အာဗြံလက်ထဲ အီဂျစ်ကျွန်မ ဟာဂရကို အပ်လိုက်တယ်။ အာဗြံနဲ့ ဟာဂရ အတူနေတဲ့အတွက် ဟာဂရမှာ ကိုယ်ဝန်ရှိလာတယ်။ ကိုယ်ဝန်ရှိမှန်းလည်း သိရော သခင်မကို မလေးမစား လုပ်တော့တယ်။ အဲဒီအခါ စာရဲက အာဗြံကို အစ်ကို့ကြောင့် ကျွန်မ ခုလို စိတ်ထိခိုက်နေရတာ။ ဒီကျွန်မိန်းမကို အစ်ကို့ရင်ခွင်ထဲ အပ်လိုက်တာ ကျွန်မပါ။ အခု သူ့မှာ ကိုယ်ဝန်ရှိမှန်းလည်း သိရော ကျွန်မကို မလေးမစားလုပ်တော့တာပဲ။ အစ်ကိုနဲ့ကျွန်မကို ယေဟောဝါဘုရားပဲ တရားစီရင်ပေးပါစေ လို့ပြောတယ်။ အာဗြံကလည်း ဟာဂရက မင်းလက်ထဲမှာ ရှိတာပဲ။ ကောင်းမယ်ထင်သလိုသာ လုပ်ပါ လို့ပြောတယ်။ ဒါနဲ့ စာရဲ ညှဉ်းဆဲတဲ့အတွက် ဟာဂရလည်း ထွက်ပြေးသွားတယ်။ အဲဒီနောက် ယေဟောဝါရဲ့ ကောင်းကင်တမန်က ရှုရအရပ်ကိုသွားတဲ့ တောလမ်းမှာရှိတဲ့ ရေတွင်းနားမှာ ဟာဂရကို တွေ့တယ်။ စာရဲရဲ့ကျွန်မ ဟာဂရ၊ ဘယ်က လာတာလဲ။ ဘယ်ကို သွားမှာလဲ လို့မေးတော့ သခင်မ စာရဲဆီက ထွက်ပြေးလာတာပါ လို့ပြန်ဖြေတယ်။ ယေဟောဝါရဲ့ ကောင်းကင်တမန်က မင်းရဲ့သခင်မဆီ ပြန်သွားပါ။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး သူ့လက်အောက်မှာပဲ နေပါ လို့ပြောတယ်။ ပြီးတော့ ယေဟောဝါရဲ့ ကောင်းကင်တမန်က မင်းရဲ့မျိုးနွယ်ကို မရေတွက်နိုင်လောက်အောင် ငါများပြားစေမယ် လို့ပြောတယ်။ ယေဟောဝါရဲ့ ကောင်းကင်တမန်က အခု၊ မင်းမှာ ကိုယ်ဝန်ရှိနေပြီ။ သားလေး မွေးမယ်။ မင်းဒုက္ခရောက်လို့ ညည်းတွားတဲ့ အသံကို ယေဟောဝါကြားပြီ။ ဒါကြောင့် သားလေးကို အိရှမေလ လို့ နာမည် ပေးရမယ်။ အိရှမေလဟာ မြည်းရိုင်းလို လူစားမျိုး ဖြစ်လာမယ်။ လူတိုင်းနဲ့ ရန်ဘက်ဖြစ်လိမ့်မယ်။ လူတိုင်းကလည်း သူ့ကို ရန်လုပ်လိမ့်မယ်။ သူက ညီအစ်ကိုတွေရဲ့ အနီးအနားမှာ နေထိုင်လိမ့်မယ် လို့ဆက်ပြောတယ်။ ဟာဂရလည်း သူနဲ့စကားပြောတဲ့ ယေဟောဝါရဲ့နာမည်ကို ခေါ်ပြီး အို ဘုရားသခင်၊ ကိုယ်တော်ဟာ အရာအားလုံးကို မြင်တဲ့ဘုရားပါ လို့ဆုတောင်းတယ်။ ပြီးတော့ ငါ့ကိုမြင်တဲ့အရှင်ကို ဒီနေရာမှာ ငါမြင်ဖူးပြီ လို့လည်း ပြောတယ်။ ဒါကြောင့် အဲဒီရေတွင်းကို ဗေရလဟဲရော လို့ခေါ်တယ်။ (အဲဒီရေတွင်းက ကာဒေရှနဲ့ ဗေရက်အရပ်ကြားမှာ ရှိတယ်။) ဟာဂရ သားလေးမွေးလာတဲ့အခါ အာဗြံက သားကို အိရှမေလလို့ နာမည်ပေးတယ်။ သားအိရှမေလကို ဟာဂရမွေးတဲ့အချိန်မှာ အာဗြံ အသက် ၈၆ နှစ်ရှိပြီ။
1
Ge
16
ကမ္ဘာဦး
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ကမ္ဘာဦး/16/
အခန်းကြီး (၁၇) အာဗြံအသက် ၉၉ နှစ်မှာ သူ့ဆီ ယေဟောဝါ ရောက်လာပြီး ငါဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ပဲ။ ငါ့ရှေ့မှာ သစ္စာရှိလမ်းစဉ်အတိုင်း လျှောက်လှမ်းပြီး အမှားကင်းအောင် နေပါ။ မင်းနဲ့ဖွဲ့တဲ့ ပဋိညာဉ်ကို ငါအတည်ဖြစ်စေမယ်။ မင်းကို သားမြေးတွေ အများကြီးရစေမယ် လို့ပြောတယ်။ အာဗြံ ပျပ်ဝပ်လိုက်တော့ ဘုရားသခင် ဆက်ပြောတယ် မင်းနဲ့ငါပဋိညာဉ် ဖွဲ့လိုက်ပြီ။ မင်းဟာ လူမျိုးများစွာရဲ့ဖခင် ဖြစ်လာမယ်။ မင်းကို အာဗြံ လို့မခေါ်တော့ဘူး။ လူမျိုးများစွာရဲ့ဖခင် ဖြစ်စေမှာမို့ အာဗြဟံ လို့ခေါ်ရလိမ့်မယ်။ မင်းရဲ့သားမြေးတွေကို အများကြီး ပွားများစေမယ်။ မင်းဆီကနေ လူမျိုးတွေ၊ ဘုရင်တွေ ဆင်းသက်လာမယ်။ မင်းနဲ့ရော မင်းရဲ့မျိုးနွယ် အစဉ်အဆက်နဲ့ပါ ဖွဲ့ထားတဲ့ ထာဝရပဋိညာဉ်ကို ငါစောင့်ထိန်းမယ်။ ငါဟာ မင်းရဲ့ဘုရားသခင်၊ မင်းရဲ့မျိုးနွယ်ကိုးကွယ်တဲ့ ဘုရားသခင် ဖြစ်မယ်။ တိုင်းတစ်ပါးသားအဖြစ် မင်းနေထိုင်နေတဲ့ ခါနန်တစ်ပြည်လုံးကို မင်းနဲ့ မင်းရဲ့ မျိုးနွယ်ကို ထာဝစဉ် အပိုင်ပေးမယ်။ ငါဟာ သူတို့ရဲ့ဘုရားသခင် ဖြစ်မယ်။ အာဗြဟံကို ဘုရားသခင် မှာတယ် ငါ့ပဋိညာဉ်ကို မင်းစောင့်ထိန်းရမယ်။ မင်းရဲ့ မျိုးနွယ်အစဉ်အဆက်လည်း စောင့်ထိန်းရမယ်။ မင်းနဲ့ မင်းရဲ့သားစဉ်မြေးဆက်တွေ စောင့်ထိန်းရမယ့် ပဋိညာဉ်ကတော့ မင်းဆီမှာရှိတဲ့ ယောက်ျားတိုင်း အရေဖျား ဖြတ်ရမယ်။ မင်းတို့ အရေဖျား ဖြတ်ရမယ်။ ဒါဟာ မင်းတို့နဲ့ငါဖွဲ့တဲ့ ပဋိညာဉ်ရဲ့ အမှတ်အသားပဲ။ မင်းတို့ရဲ့အမျိုးအစဉ်အဆက် အိမ်မှာမွေးတဲ့သူဖြစ်စေ၊ ကိုယ့်သားမြေးမဟုတ်ဘဲ တိုင်းတစ်ပါးသားဆီက ငွေနဲ့ဝယ်ထားသူဖြစ်စေ သားယောက်ျားတိုင်း ရှစ်ရက်သားအရွယ်မှာ အရေဖျားဖြတ်ရမယ်။ အိမ်မှာမွေးတဲ့ ယောက်ျားအားလုံး၊ ငွေနဲ့ဝယ်ထားတဲ့ ယောက်ျားအားလုံး အရေဖျားဖြတ်ရမယ်။ ဒီလိုအရေဖျားဖြတ်တာဟာ မင်းတို့နဲ့ငါဖွဲ့ထားတဲ့ ထာဝရပဋိညာဉ်ရဲ့ အမှတ်အသားပဲ။ အရေဖျား မဖြတ်သူကိုတော့ ပယ်ရှင်းရမယ်။ ငါ့ပဋိညာဉ်ကို သူချိုးဖောက်တယ်။ ဘုရားသခင်က အာဗြဟံကို မင်းရဲ့မိန်းမကို စာရဲ လို့မခေါ်တော့ဘူး။ စာရာ လို့ခေါ်ရလိမ့်မယ်။ သူ့ကို ငါကောင်းချီးပေးမယ်။ သူက မင်းအတွက် သားတစ်ယောက် မွေးပေးမယ်။ ငါကောင်းချီးပေးမှာမို့လို့ သူ့ဆီကနေ လူမျိုးတွေ၊ ဘုရင်တွေ ဆင်းသက်လာမယ် လို့ပြောတယ်။ အဲဒီအခါ အာဗြဟံက ပျပ်ဝပ်ရင်း အသက် ၁၀၀ ရှိတဲ့သူက ကလေးရနိုင်ပါဦးမလား။ အသက် ၉၀ ရှိတဲ့ စာရာကလည်း ကလေးမွေးနိုင်ပါဦးမလား လို့တွေးပြီး ရယ်မိတယ်။ ပြီးတော့ အာဗြဟံက အိရှမေလဟာ ကိုယ်တော့်ကောင်းချီး ခံစားရပါစေ ဆိုပြီး စစ်မှန်တဲ့ ဘုရားသခင်ကို ပြောတယ်။ ဘုရားသခင်က မင်းရဲ့ဇနီး စာရာဟာ သားတစ်ယောက် မွေးကို မွေးလာမယ်။ သူ့ကို အိဇက် လို့ နာမည်ပေးရမယ်။ သူနဲ့ ငါပဋိညာဉ် ဖွဲ့မယ်။ အဲဒီပဋိညာဉ်ဟာ သူ့ရဲ့ နောင်မျိုးနွယ်တွေအထိ ထာဝရတည်မြဲနေမယ်။ အိရှမေလနဲ့ပတ်သက်ပြီး မင်းပြောတာကိုလည်း ငါကြားတယ်။ သူ့ကို ငါကောင်းချီးပေးပြီး သူ့သားမြေးတွေကို အများကြီး ပွားများစေမယ်။ သူ့ဆီကနေ မျိုးနွယ်စုခေါင်းဆောင် ၁၂ ယောက် ဆင်းသက်လာမယ်။ သူ့ကို လူမျိုးကြီးဖြစ်စေမယ်။ ဒါပေမဲ့ ငါ့ရဲ့ပဋိညာဉ်ကိုတော့ နောက်နှစ် ဒီအချိန်မှာ စာရာမွေးမယ့် သားအိဇက်အားဖြင့် အတည်ဖြစ်စေမယ် လို့ပြောတယ်။ ဘုရားသခင်က အာဗြဟံနဲ့ စကားပြောပြီးနောက် ထွက်သွားတယ်။ အာဗြဟံလည်း ဘုရားသခင် မှာထားတဲ့အတိုင်း သားအိရှမေလ၊ အိမ်မှာမွေးတဲ့သူ၊ ငွေနဲ့ဝယ်ထားတဲ့သူစတဲ့ အိမ်သားယောက်ျားအားလုံးကို ခေါ်ပြီး အဲဒီနေ့မှာပဲ အရေဖျားဖြတ်ပေးလိုက်တယ်။ အာဗြဟံ အရေဖျားဖြတ်ချိန်မှာ အသက် ၉၉ နှစ်ရှိပြီ။ သားအိရှမေလ အရေဖျားဖြတ်ချိန်မှာ အသက် ၁၃ နှစ်ရှိပြီ။ အဲဒီနေ့မှာပဲ အာဗြဟံရော သားအိရှမေလပါ အရေဖျားဖြတ်ကြတယ်။ အိမ်မှာမွေးတဲ့သူ၊ တိုင်းတစ်ပါးသားဆီက ငွေနဲ့ဝယ်ထားတဲ့သူစတဲ့ အိမ်သားယောက်ျားအားလုံး အရေဖျားဖြတ်ကြတယ်။
1
Ge
17
ကမ္ဘာဦး
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ကမ္ဘာဦး/17/
အခန်းကြီး (၁၈) အဲဒီနောက် မံရေအရပ်က အပင်ကြီးတွေနားမှာ အာဗြဟံဆီ ယေဟောဝါ ရောက်လာတယ်။ နေပူပြင်းတဲ့ အဲဒီအချိန်မှာ အာဗြဟံက တဲဝမှာ ထိုင်နေတယ်။ သူလှမ်းကြည့်လိုက်တဲ့အခါ ခပ်လှမ်းလှမ်းမှာ လူသုံးယောက် ရပ်နေတာတွေ့တော့ ကြိုဆိုဖို့ တဲဝကနေ ပြေးထွက်ပြီး မြေပေါ် ပျပ်ဝပ်လိုက်တယ်။ ပြီးတော့ ယေဟောဝါ၊ ကျွန်တော် ဧည့်ဝတ်ပြုပါရစေ။ ခဏလောက် ဝင်နားပါဦး။ ရေနည်းနည်းယူလာပြီး ခြေဆေးပေးပါ့မယ်။ ပြီးရင် သစ်ပင်အောက်မှာ အနားယူကြပါ။ ကျွန်တော့်ဆီ ရောက်လာပြီဆိုတော့ အဆာပြေစားဖို့ မုန့်နည်းနည်း ယူလာပါရစေ။ စားပြီးမှ ဆက်သွားကြပါ လို့ပြောတဲ့အခါ သူတို့က ကောင်းပြီ။ ခင်ဗျားပြောတဲ့အတိုင်း လုပ်ပါ လို့ပြောတယ်။ အာဗြဟံလည်း တဲထဲမှာရှိတဲ့ စာရာဆီ အမြန်ပြေးသွားတယ်။ ဂျုံနုသုံးဆီယာကို နယ်ပြီး မုန့်လုံးတွေ လုပ်ပါဦး။ မြန်မြန်လေး လို့ပြောတယ်။ ပြီးတော့ နွားအုပ်ဆီ ပြေးသွားတယ်။ နုထွားတဲ့ နွားပေါက်တစ်ကောင် ရွေးတယ်၊ အစေခံကိုပေးပြီး မြန်မြန်ပြင်ဆင်တယ်။ အဲဒီနောက် ထောပတ်၊ နို့နဲ့ အမဲသားဟင်းကို တည်ခင်းပေးတယ်။ သူတို့စားနေတုန်း အနားက သစ်ပင်အောက်မှာ အာဗြဟံ ရပ်နေတယ်။ ခင်ဗျားရဲ့ဇနီး စာရာ ဘယ်မှာလဲ လို့ သူတို့မေးတဲ့အခါ အာဗြဟံက တဲထဲမှာပါ လို့ဖြေတယ်။ သူတို့ထဲကတစ်ယောက်က နောက်နှစ် ဒီအချိန်ရောက်ရင် ခင်ဗျားဆီ ဆက်ဆက်ပြန်လာမယ်။ ခင်ဗျားရဲ့ဇနီး စာရာ သားတစ်ယောက် မွေးလိမ့်မယ် ဆိုပြီးပြောတယ်။ စာရာက အဲဒီလူရဲ့အနောက်ဘက်၊ တဲဝမှာ နားထောင်နေတယ်။ အာဗြဟံနဲ့စာရာဟာ အသက်ကြီးပြီး အိုနေပြီ။ စာရာလည်း ကလေးမွေးတဲ့အရွယ် လွန်နေပြီ။ ဒါကြောင့် စာရာက ငါအသက်ကြီးပြီပဲ။ ငါ့သခင်လည်း အိုနေပြီ။ တကယ်ပဲ အဲဒီလိုပျော်နိုင်ပါဦးမလား လို့စိတ်ထဲမှာပြောရင်း ရယ်မိတယ်။ အဲဒီအခါ ယေဟောဝါက အာဗြဟံကို ခင်ဗျားရဲ့ဇနီး စာရာက ဘာလို့ရယ်တာလဲ။ ငါအိုနေပြီ၊ တကယ် ကလေးမွေးနိုင်ပါ့မလား ဆိုပြီး ဘာလို့ပြောတာလဲ။ ယေဟောဝါ မတတ်နိုင်တာ ရှိလို့လား။ နောက်နှစ် ဒီအချိန်ရောက်ရင် ခင်ဗျားဆီ ကျွန်တော်ပြန်လာမယ်။ စာရာ သားတစ်ယောက် မွေးလိမ့်မယ် လို့ပြောတယ်။ စာရာလည်း လန့်သွားပြီး ကျွန်မ မရယ်ပါဘူး လို့ငြင်းတော့ သူက ခင်ဗျား ရယ်ပါတယ် လို့ပြန်ပြောတယ်။ သူတို့ ပြန်သွားတဲ့အခါ သောဒုံမြို့ဘက် လှမ်းကြည့်ကြတယ်။ အာဗြဟံလည်း သူတို့ကို လိုက်ပို့တယ်။ ယေဟောဝါက ငါဘာလုပ်မယ်ဆိုတာ အာဗြဟံကို အသိမပေးဘဲ မနေဘူး။ အာဗြဟံဟာ အင်အားကြီးတဲ့ လူမျိုးကြီး ဖြစ်မှာပဲ။ မြေကြီးပေါ်က လူမျိုးအားလုံးလည်း သူ့ကြောင့် ကောင်းချီးခံစားရမယ်။ အာဗြဟံကို ငါကောင်းကောင်းသိတယ်။ သူဟာ မှန်ကန်ဖြောင့်မတ်ပြီး ယေဟောဝါရဲ့ နည်းလမ်းတွေအတိုင်း လိုက်ဖို့ သားစဉ်မြေးဆက်တွေကို မှာကြားမယ်ဆိုတာ ငါယုံတယ်။ ငါယေဟောဝါလည်း သူနဲ့ပတ်သက်တဲ့ကတိကို ပြည့်စုံစေမယ် လို့ပြောတယ်။ ယေဟောဝါက သောဒုံနဲ့ ဂေါမောရမြို့ရဲ့ အပြစ်ဟာ ကြီးလွန်းတယ်။ သူတို့နဲ့ပတ်သက်ပြီး အော်ဟစ်ညည်းညူနေကြတာကို ငါကြားပြီ။ ငါကြားတဲ့အတိုင်း ဟုတ်မဟုတ်၊ သူတို့ရဲ့အကျင့်တွေ တကယ်ဆိုးမဆိုး သိရအောင် ငါဆင်းကြည့်မယ်။ အဲဒါကို ငါသိချင်တယ် လို့ပြောတယ်။ အဲဒီလူနှစ်ယောက်ဟာ သောဒုံမြို့ဘက် ထွက်သွားကြတယ်။ ယေဟောဝါကတော့ အာဗြဟံနဲ့အတူ နေရစ်ခဲ့တယ်။ အာဗြဟံလည်း အနားကို သွားပြီး လူကောင်းတွေကို လူဆိုးတွေနဲ့အတူ တကယ်ဖျက်ဆီးပစ်မှာလား။ မြို့ထဲမှာ လူကောင်းအယောက် ၅၀ ရှိခဲ့ရင် အဲဒီလူ ၅၀ ကို ထည့်မတွက်တော့ဘူးလား။ ဒီမြို့ကို ခွင့်မလွှတ်ဘဲ ဖျက်ဆီးမှာပဲလား။ လူကောင်းတွေကို လူဆိုးတွေနဲ့ရောပြီး ဖျက်ဆီးမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ အဲဒီလိုဖျက်ဆီးရင် လူကောင်းနဲ့ လူဆိုး ခံစားရတဲ့အကျိုးဆက်ဟာ တူနေမှာပေါ့။ အဲဒီလို ဘယ်တော့မှ မလုပ်ဘူးမဟုတ်လား။ မြေတစ်ပြင်လုံးရဲ့တရားသူကြီးက မှန်ကန်တာကိုပဲ လုပ်မှာပါ လို့ပြောတယ်။ ဒါနဲ့ ယေဟောဝါက သောဒုံမြို့မှာ လူကောင်း ၅၀ ရှိရင် တစ်မြို့လုံးကို ခွင့်လွှတ်မယ် လို့ပြောတယ်။ အာဗြဟံက ကျွန်တော်ဟာ မြေမှုန့်နဲ့ ပြာမှုန့်သက်သက်ပါပဲ။ ဒါပေမဲ့ ယေဟောဝါကို ထပ်ပြောပါရစေဦး။ လူကောင်း ၅၀ ပြည့်ဖို့ ၅ယောက်လိုနေရင်ကော တစ်မြို့လုံးကို ဖျက်ဆီးမှာပဲလား လို့မေးတော့ ၄၅ယောက်ရှိရင် ဒီမြို့ကို မဖျက်ဆီးဘူး လို့ဖြေတယ်။ အာဗြဟံကလည်း အယောက် ၄၀ ရှိရင်ကော လို့ထပ်မေးတဲ့အခါ ၄၀ ရှိရင် မဖျက်ဆီးဘူး ဆိုပြီးဖြေတယ်။ ဒါပေမဲ့ အာဗြဟံက ယေဟောဝါ၊ အမျက်မထွက်ပါနဲ့။ ကျွန်တော် ပြောပါရစေဦး။ အယောက် ၃၀ ရှိရင်ကော လို့မေးတော့ ၃၀ ရှိရင် မဖျက်ဆီးဘူး ဆိုပြီးဖြေတယ်။ ဒါနဲ့ အာဗြဟံက ယေဟောဝါ၊ ကျွန်တော် ပြောပါရစေဦး။ အယောက် ၂၀ ရှိရင်ကော လို့ထပ်မေးတော့ ၂၀ ရှိရင် မဖျက်ဆီးဘူး ဆိုပြီးဖြေတယ်။ နောက်ဆုံးမှာ အာဗြဟံက ယေဟောဝါ၊ စိတ်မရှိပါနဲ့။ တစ်ခါလောက် ထပ်ပြောပါရစေ။ ၁၀ ယောက်ပဲ ရှိရင်ကော လို့ မေးတော့ ၁၀ ယောက်ရှိရင် မဖျက်ဆီးဘူး ဆိုပြီးဖြေတယ်။ ယေဟောဝါက အာဗြဟံနဲ့ စကားပြောပြီးတဲ့အခါ ထွက်သွားတယ်။ အာဗြဟံလည်း အိမ်ပြန်သွားတယ်။
1
Ge
18
ကမ္ဘာဦး
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ကမ္ဘာဦး/18/
အခန်းကြီး (၁၉) ညနေစောင်းမှာ သောဒုံမြို့ကို ကောင်းကင်တမန်နှစ်ပါး ရောက်လာတော့ လောတဟာ သောဒုံမြို့တံခါးမှာ ထိုင်နေတယ်။ သူတို့ကိုတွေ့တဲ့အခါ ကြိုဆိုဖို့ ထသွားပြီး မြေပေါ် ပျပ်ဝပ်လိုက်တယ်။ ပြီးတော့ လူကြီးမင်းတို့၊ ဒီည ကျွန်တော့်အိမ်မှာ လာတည်းကြပါဗျာ။ ခြေဆေးပေးပါ့မယ်။ မနက်ဖြန်ကျမှ စောစောထပြီး ခရီးဆက်ကြပါ လို့ပြောတဲ့အခါ သူတို့က နေပါစေ။ မြို့ရင်ပြင်မှာပဲ ညအိပ်တော့မယ် ဆိုပြီးပြောတယ်။ ဒါပေမဲ့ လောတ မရမကခေါ်တဲ့အတွက် အိမ်ကိုလိုက်လာတယ်။ လောတလည်း စားစရာပြင်ဆင်ပြီး တဆေးမဲ့မုန့် ဖုတ်ပေးတော့ သူတို့စားကြတယ်။ သူတို့မအိပ်ခင်မှာ သောဒုံမြို့သား လူကြီးလူငယ်တွေပါတဲ့ လူရမ်းကားတစ်အုပ် အိမ်ကို လာဝိုင်းကြတယ်။ လောတကို အော်ခေါ်ပြီး ဒီည မင်းအိမ်ကို ရောက်လာတဲ့လူတွေ ဘယ်မှာလဲ။ သူတို့နဲ့ ပျော်ပါးချင်လို့ ထုတ်ပေးစမ်း လို့ပြောကြတယ်။ လောတလည်း အိမ်ပြင်ကို ထွက်၊ တံခါးပိတ်ပြီး၊ ညီအစ်ကိုတို့၊ ဒီလိုယုတ်ညံ့တဲ့လုပ်ရပ်ကို မလုပ်ကြပါနဲ့ဗျာ။ ကျွန်တော့်မှာ အပျိုစင်သမီးနှစ်ယောက် ရှိတယ်။ သူတို့ကို ထုတ်ပေးပါ့မယ်။ ခင်ဗျားတို့စိတ်တိုင်းကျ လုပ်နိုင်ပါတယ်။ ကျွန်တော့်အိမ်ရိပ်ခိုနေတဲ့ ဒီလူတွေကိုတော့ ဘာမှမလုပ်ကြပါနဲ့ လို့တောင်းပန်တယ်။ သူတို့က ဖယ်စမ်းပါ။ ဆွေမရှိမျိုးမရှိ၊ တစ်နယ်တစ်ကျေးကနေ လာပြီးတော့များ ငါတို့ကို ဆရာလုပ်ချင်သေးတယ်။ မင်းကို ဟိုလူတွေထက် ပိုဆိုးအောင် လုပ်ပစ်မယ် လို့ပြောရင်း လောတကို တွန်းဖယ်ပြီး တံခါးကို ရိုက်ချိုးဖို့ ရှေ့တိုးလာကြတယ်။ ဒါကြောင့် ကောင်းကင်တမန်တွေက လောတကို အိမ်ထဲဆွဲသွင်းပြီး တံခါးပိတ်လိုက်တယ်။ တံခါးဝမှာရှိတဲ့ လူကြီးလူငယ်တွေကိုတော့ မျက်စိကန်းအောင် ဒဏ်ခတ်လိုက်တဲ့အတွက် တံခါးပေါက်ကို စမ်းတဝါးဝါးရှာရင်း မောပန်းသွားကြတယ်။ အဲဒီနောက် ကောင်းကင်တမန်တွေက လောတကို ဒီမြို့မှာ ဆွေမျိုးသားချင်းတွေ ရှိသေးလား။ သမက်တွေ၊ သားသမီးတွေ၊ ခင်ဗျားရဲ့လူတွေကို ဒီမြို့ကနေ ခေါ်ထုတ်သွားပါ။ ဒီမြို့ကို ဖျက်ဆီးတော့မယ်။ ဒီမြို့နဲ့ပတ်သက်ပြီး လူတွေရဲ့အော်ဟစ်ညည်းညူသံဟာ ယေဟောဝါရှေ့မှာ ကျယ်လောင်လွန်းတဲ့အတွက် ဒီမြို့ကိုဖျက်ဆီးဖို့ ကျွန်တော်တို့ကို ယေဟောဝါ လွှတ်လိုက်တာ လို့ပြောတယ်။ ဒါကြောင့် လောတက သမက်လောင်းတွေဆီ သွားပြီး ကဲ၊ မင်းတို့ မြန်မြန်ထွက်သွားကြ။ ဒီမြို့ကို ယေဟောဝါဘုရား ဖျက်ဆီးတော့မယ် လို့အထပ်ထပ်ပြောပေမဲ့ သမက်တွေက လောတ နောက်ပြောင်နေတယ်လို့ ထင်ကြတယ်။ အရုဏ်တက်လာတဲ့အခါ ကောင်းကင်တမန်တွေက အပြစ်ရှိတဲ့ ဒီမြို့ကို ဖျက်ဆီးတဲ့အခါ ပါမသွားဖို့ ခင်ဗျားရဲ့ဇနီးနဲ့ သမီးနှစ်ယောက်ကိုခေါ်ပြီး မြန်မြန်ထွက်သွား လို့ လောတကို အပူတပြင်း တိုက်တွန်းတယ်။ လောတ အချိန်ဆွဲနေတော့ ယေဟောဝါရဲ့ သနားညှာတာမှုကြောင့် ကောင်းကင်တမန်တွေက လောတ၊ သူ့ဇနီးနဲ့ သမီးနှစ်ယောက်ကို လက်ဆွဲပြီး မြို့ပြင် ခေါ်ထုတ်သွားတယ်။ မြို့ပြင်ရောက်တာနဲ့ အသက်လွတ်အောင် ပြေးကြ။ နောက်လှည့်မကြည့်နဲ့။ ဒီဒေသတစ်လျှောက်လုံးမှာ မနားကြနဲ့။ ဖျက်ဆီးမခံရအောင် တောင်ပေါ်ကိုသာ ပြေးကြ လို့ပြောတယ်။ အဲဒီအခါ လောတက ယေဟောဝါ၊ အဲဒီကိုတော့ မပြေးပါရစေနဲ့။ အခု၊ ကြီးမားလှတဲ့ ခိုင်မြဲတဲ့မေတ္တာပြပြီး ကျွန်တော့်ကို အသက်ချမ်းသာပေးလိုက်ပါပြီ။ ကျွန်တော့်ကို မျက်နှာသာပေးပါပြီ။ ဒါပေမဲ့ တောင်ပေါ်ကိုတော့ မပြေးပါရစေနဲ့။ ဒုက္ခရောက်ပြီး သေမှာစိုးလို့ပါ။ ဟိုးရှေ့ကမြို့လေးက နီးတော့ အဲဒီကိုပဲ ပြေးပါရစေ။ ဒါဆို ကျွန်တော် အသက်ချမ်းသာရပါလိမ့်မယ် လို့ပြောတယ်။ ဒါနဲ့ ကောင်းကင်တမန်က ကောင်းပြီ။ ခင်ဗျားကို ငဲ့ညှာတဲ့အနေနဲ့ အဲဒီမြို့ကို မဖျက်ဆီးတော့ဘူး။ မြန်မြန်သာ ပြေးပေတော့။ အဲဒီကို ခင်ဗျားမရောက်မချင်း ကျွန်တော်ဘာမှမလုပ်ဘူး ဆိုပြီးပြောတယ်။ ဒါကြောင့် အဲဒီမြို့ကို ဇောရ လို့ခေါ်တယ်။ ဇောရမြို့ကို လောတရောက်တဲ့အခါ နေမြင့်နေပြီ။ ယေဟောဝါက သောဒုံနဲ့ ဂေါမောရမြို့အပေါ် ကန့်နဲ့မီးကို ရွာကျစေတယ်။ အဲဒီကန့်နဲ့မီးဟာ ယေဟောဝါရှိရာ ကောင်းကင်ကနေကျလာတာ။ မြို့သားတွေ၊ အပင်တွေအပါအဝင် အဲဒီမြို့တွေရှိတဲ့ ဒေသတစ်ခုလုံးကို ဘုရားသခင် ဖျက်ဆီးလိုက်တယ်။ နောက်ကလိုက်လာတဲ့ လောတမိန်းမကတော့ နောက်လှည့်ကြည့်လို့ ဆားတိုင်ဖြစ်သွားတယ်။ အာဗြဟံဟာ မနက်စောစောထပြီး ယေဟောဝါရှေ့ ရပ်ခဲ့တဲ့နေရာကို သွားတယ်။ သောဒုံမြို့၊ ဂေါမောရမြို့နဲ့ အဲဒီဒေသတစ်ခုလုံးကို သူလှမ်းကြည့်တော့ မြင်ကွင်းဟာ မယုံနိုင်စရာပဲ။ မီးခိုးတွေဟာ မီးဖိုထဲကနေ အလိပ်လိုက်တက်သလို တက်နေတယ်။ ဘုရားသခင်က အဲဒီဒေသမှာရှိတဲ့ မြို့တွေကို ဖျက်ဆီးတဲ့အခါ အာဗြဟံကို သတိရတယ်။ ဒါကြောင့် လောတနေထိုင်တဲ့ဒေသက မြို့တွေကို ဖျက်ဆီးတဲ့အခါ လောတကို လွတ်မြောက်စေခဲ့တယ်။ နောက်ပိုင်းမှာ လောတက ဇောရမြို့မှာ မနေရဲလို့ သမီးနှစ်ယောက်နဲ့အတူတောင်တန်းဒေသကိုသွားပြီး လိုဏ်ဂူတစ်ခုထဲမှာ နေထိုင်တယ်။ သမီးကြီးက အဖေလည်း အသက်ကြီးပြီ။ လူ့သဘာဝအတိုင်း ငါတို့ကို လက်ထပ်မယ့် ယောက်ျားတွေလည်း ဒီဒေသမှာ မရှိဘူး။ ဒီတော့ အဖေ့ကို ဝိုင်တိုက်ရအောင်။ အဖေ့မျိုးဆက် မပြတ်ဖို့ အဖေနဲ့အတူ အိပ်ကြစို့ လို့ သမီးငယ်ကို ပြောတယ်။ အဲဒီညမှာ သူတို့က အဖေ့ကို ဝိုင်တစ်ခွက်ပြီးတစ်ခွက် တိုက်တယ်။ ပြီးတော့ သမီးကြီးက အဖေနဲ့အိပ်တယ်။ သူ ဘယ်အချိန်အိပ်ပြီး ဘယ်အချိန်ထသွားမှန်း အဖေ မသိလိုက်ဘူး။ နောက်တစ်နေ့မှာ သမီးကြီးက မနေ့ညက ငါအဖေနဲ့ အိပ်ပြီးပြီ။ ဒီည အဖေ့ကို ဝိုင်ထပ်တိုက်ရအောင်။ အဖေ့မျိုးဆက် မပြတ်ဖို့ နင် အဖေနဲ့အိပ်ပါ ဆိုပြီး သမီးငယ်ကို ပြောတယ်။ အဲဒီညမှာလည်း အဖေ့ကို ဝိုင်တစ်ခွက်ပြီးတစ်ခွက် တိုက်တယ်။ ပြီးတော့ သမီးငယ်က အဖေနဲ့အိပ်တယ်။ သူဘယ်အချိန်အိပ်ပြီး ဘယ်အချိန်ထသွားမှန်း အဖေ မသိလိုက်ဘူး။ ဒီလိုနဲ့ သမီးနှစ်ယောက်စလုံးဟာ အဖေနဲ့ရတဲ့ ကိုယ်ဝန်ကို လွယ်ထားကြတယ်။ သမီးကြီးက သားလေးမွေးပြီး မောဘလို့ နာမည်ပေးတယ်။ သူဟာ အခုခေတ် မောဘလူမျိုးတွေရဲ့ ဘိုးဘေးပဲ။ သမီးငယ်လည်း သားလေးမွေးပြီး ဗေနမိလို့ နာမည်ပေးတယ်။ သူကတော့ အခုခေတ် အမ္မုန်လူမျိုးတွေရဲ့ ဘိုးဘေးပဲ။
1
Ge
19
ကမ္ဘာဦး
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ကမ္ဘာဦး/19/
အခန်းကြီး (၂၀) အာဗြဟံလည်း နေဂပ်အရပ်ဆီ ထွက်သွားပြီး ကာဒေရှနဲ့ ရှုရအရပ်ကြားမှာ နေထိုင်တယ်။ ဂေရာအရပ်မှာ ခဏနေထိုင်တုန်း၊ အာဗြဟံက ဇနီးစာရာကို ကျွန်တော့်ညီမပါ ဆိုပြီး ပြောပြန်တယ်။ ဒါနဲ့ ဂေရာဘုရင် အဘိမလက်က လူလွှတ်ပြီး စာရာကို ခေါ်လိုက်တယ်။ ညရောက်တော့ အဘိမလက်ရဲ့ အိပ်မက်ထဲမှာ ဘုရားသခင် ရောက်လာပြီး အဲဒီမိန်းမဟာ အိမ်ထောင်သည်၊ ပိုင်ရှင်ရှိတဲ့မိန်းမပဲ။ သူ့ကိုသိမ်းယူတဲ့အတွက် မင်းသေရလိမ့်မယ် ဆိုပြီးပြောတယ်။ အဘိမလက်မင်းက စာရာကို လက်ဖျားနဲ့တောင် မထိရသေးတော့ ယေဟောဝါဘုရား၊ အပြစ်မရှိတဲ့လူမျိုးကို အဆုံးစီရင်တော့မှာလား။ ယောက်ျားဖြစ်သူက သူ့မိန်းမကို ကျွန်တော့်ညီမ တဲ့။ မိန်းမကလည်း သူ့ယောက်ျားကို ကျွန်မအစ်ကို တဲ့။ ဒါကြောင့် မှားလို့မှားမှန်းမသိဘဲ သဘောရိုးနဲ့ ကျွန်တော် လုပ်မိတာပါ လို့ပြောတယ်။ အဲဒီအခါ စစ်မှန်တဲ့ဘုရားသခင်က မင်း သဘောရိုးနဲ့လုပ်မှန်း သိလို့ ငါ့ကို မပြစ်မှားမိအောင် တားနေတာ။ ဒါကြောင့် အဲဒီမိန်းမကိုထိဖို့ ငါခွင့်မပြုတာပေါ့။ အခု၊ အဲဒီမိန်းမကို ပြန်ပို့လိုက်ပါ။ သူ့ယောက်ျားက ပရောဖက်ဆိုတော့ မင်းအသက်ဆက်ရှင်နိုင်ဖို့ အသနားခံဆုတောင်းပေးမှာပဲ။ ပြန်မပို့ရင်တော့ မင်းရော မင်းရဲ့လူတွေပါ သေရလိမ့်မယ် လို့ အိပ်မက်ထဲမှာ ပြောတယ်။ ဒါနဲ့ အဘိမလက်မင်းက မနက်စောစောထ၊ မင်းမှုထမ်းတွေကိုခေါ်ပြီး အကြောင်းစုံပြောပြတော့ ထိတ်လန့်သွားကြတယ်။ အဘိမလက်မင်းက အာဗြဟံကိုခေါ်ပြီး မင်း ဘယ်လိုလုပ်လိုက်တာလဲ။ မင်းကို ဘာများလုပ်မိလို့ ငါနဲ့ငါ့နိုင်ငံအပေါ် ဒီလို ကြီးလေးတဲ့အပြစ်သင့်အောင် လုပ်ရတာလဲ။ မင်းလုပ်ပုံက မဟုတ်သေးဘူး လို့ပြောတယ်။ အဘိမလက်မင်းက မင်း ဘာသဘောနဲ့ ဒီလိုလုပ်တာလဲ လို့မေးတဲ့အခါ၊ အာဗြဟံက ဒီအရပ်သားတွေကဘုရားသခင်ကို မကြောက်တော့ ကျွန်တော့်မိန်းမအတွက်နဲ့ ကျွန်တော့်ကို သတ်မှာပဲ ဆိုပြီး တွေးမိလို့ပါ။ တကယ်လည်း သူဟာ ကျွန်တော့်ညီမပါပဲ။ အဖေတူ အမေကွဲညီမပါ။ နောက်ပိုင်းမှာ သူ့ကို ကျွန်တော်လက်ထပ်လိုက်တာ။ ဘုရားသခင်က ကျွန်တော့်ကို အဖေ့အိမ်ကနေထွက်ပြီး ခရီးလှည့်လည်ခိုင်းတဲ့အခါ ကိုယ့်ကို ခိုင်မြဲတဲ့မေတ္တာပြတဲ့အနေနဲ့ ရောက်လေရာတိုင်းမှာ ကျွန်မအစ်ကို လို့ပြော ဆိုပြီး သူ့ကို မှာထားလို့ပါ ဆိုပြီးပြန်ဖြေတယ်။ အဲဒီနောက် အဘိမလက်မင်းက အာဗြဟံကို သိုးနွားတွေ၊ ကျွန်တွေ ပေးတယ်။ ဇနီးစာရာကို ပြန်အပ်တယ်။ ပြီးတော့ ငါ့ပိုင်နက်ထဲက မင်းကြိုက်တဲ့နေရာမှာ နေထိုင်ပါ လို့ ပြောတယ်။ စာရာကိုလည်း မင်းအစ်ကို,ကို ငါ ငွေစ ၁,၀၀၀ ပေးတယ်။ ဒါဟာ မင်းရဲ့လူတွေနဲ့ လူအားလုံးရှေ့မှာ မင်း အပြစ်ကင်းတယ်ဆိုတဲ့ အထောက်အထားပဲ။ မင်းကို ကဲ့ရဲ့ရှုတ်ချစရာအကြောင်း မရှိစေရဘူး ဆိုပြီးပြောတယ်။ အာဗြဟံလည်း စစ်မှန်တဲ့ဘုရားသခင်ဆီ အသနားခံဆုတောင်းပေးတယ်။ အဲဒီအခါ ဘုရားသခင်က အဘိမလက်နဲ့ မိဖုရားကိုရော ကျွန်မိန်းမတွေကိုပါ ပြန်ကျန်းမာစေတဲ့အတွက် သူတို့ သားသမီးရလာကြတယ်။ ယေဟောဝါက အာဗြဟံရဲ့ဇနီး စာရာအတွက် အဘိမလက်ရဲ့နန်းတော်က မိန်းမတွေ ကလေးမရနိုင်အောင် ဒဏ်ခတ်ခဲ့တယ်။
1
Ge
20
ကမ္ဘာဦး
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ကမ္ဘာဦး/20/
အခန်းကြီး (၂၁) ယေဟောဝါက ပြောခဲ့တဲ့အတိုင်း စာရာကို သတိရတယ်။ စာရာကို ကတိပေးထားတဲ့အတိုင်း ယေဟောဝါ လုပ်ဆောင်တယ်။ ဒါကြောင့် စာရာမှာ ကိုယ်ဝန်ရှိလာပြီး အာဗြဟံ အိုမင်းချိန်၊ ဘုရားသခင် ကတိပေးထားတဲ့အချိန်မှာ သားတစ်ယောက် မွေးလာတယ်။ အာဗြဟံက စာရာမွေးတဲ့ သားကို အိဇက်လို့ နာမည်ပေးတယ်။ ဘုရားသခင်မှာထားတဲ့အတိုင်း အိဇက်ကို ရှစ်ရက်သားအရွယ်မှာ အရေဖျားဖြတ်ပေးတယ်။ သားအိဇက်ကို မွေးတဲ့အချိန်မှာ အာဗြဟံ အသက် ၁၀၀ ရှိနေပြီ။ စာရာက ငါ့ကို ဘုရားသခင် ရယ်မောစေပြီ။ ဒီသတင်းကြားတဲ့သူတိုင်း ငါနဲ့အတူ ရယ်မောကြလိမ့်မယ်။ စာရာဟာ ကလေးကို နို့တိုက်ရလိမ့်မယ် ဆိုပြီး အာဗြဟံကို ဘယ်သူပြောခဲ့ဖူးမှာလဲ။ အခုတော့ သူအိုမင်းချိန်မှာ သူ့အတွက် သားတစ်ယောက် ငါမွေးပေးခဲ့ပြီ လို့ပြောတယ်။ ဒီလိုနဲ့ အိဇက်ကြီးပြင်းလာပြီး နို့ဖြတ်တဲ့နေ့မှာ အာဗြဟံက စားသောက်ပွဲကြီး လုပ်တယ်။ အာဗြဟံအတွက် အီဂျစ်သူ ဟာဂရမွေးပေးတဲ့ သားက အိဇက်ကို လှောင်ပြောင်နေတာ စာရာသတိပြုမိတယ်။ ဒါကြောင့် စာရာက ဒီကျွန်မိန်းမနဲ့ သူ့သားကို မောင်းထုတ်ပါ။ သူ့သားဟာ ကျွန်မသား အိဇက်နဲ့အတူ အမွေမခံရဘူး လို့အာဗြဟံကို ပြောတယ်။ သားနဲ့ပတ်သက်ပြီး စာရာပြောတဲ့စကားကြောင့်အာဗြဟံတော်တော်စိတ်မကောင်းဖြစ်သွားတယ်။ ဒါနဲ့ ဘုရားသခင်ကကျွန်မိန်းမနဲ့ သူ့ကလေးအကြောင်း စာရာပြောတဲ့စကားကြောင့် စိတ်မကောင်းမဖြစ်နဲ့။ မင်းရဲ့မျိုးနွယ်လို့ အခေါ်ခံရမယ့်သူဟာ အိဇက်ကနေ ဆင်းသက်လာမှာဖြစ်လို့ စာရာပြောတာကို နားထောင်လိုက်။ ကျွန်မိန်းမရဲ့သားက မင်းရဲ့သားပဲဆိုတော့ သူ့ဆီကနေလည်း လူမျိုးတစ်မျိုးကို ငါဆင်းသက်စေမှာပါ လို့အာဗြဟံကို ပြောတယ်။ ဒါကြောင့် အာဗြဟံက မနက်စောစောထ၊ ရေထည့်ထားတဲ့ သားရေဘူးနဲ့ စားစရာတွေကို ဟာဂရပခုံးပေါ် တင်ပေးပြီး သားလေးနဲ့အတူ ထွက်သွားခိုင်းတယ်။ ဟာဂရလည်း ထွက်သွားပြီး ဗေရရှေဘ တောကန္တာရမှာ ခြေဦးတည့်ရာ သွားတော့တယ်။ ဒီလိုနဲ့ ဘူးထဲကရေ ကုန်သွားတော့ သားလေးကို ချုံပင်အောက်မှာ နေခိုင်းတယ်။ ဟာဂရက သားလေးသေမှာကို ငါမကြည့်ရက်ဘူး ဆိုပြီး ခပ်လှမ်းလှမ်းမှာ သွားထိုင်ရင်း ငိုနေလိုက်တော့တယ်။ အဲဒီအခါ လူငယ်လေးရဲ့အသံကို ဘုရားသခင်ကြားတော့ ဘုရားသခင်ရဲ့ ကောင်းကင်တမန်က ကောင်းကင်ကနေ ဟာဂရကို ခေါ်ပြီး ဟာဂရ၊ ဘာလို့ငိုနေတာလဲ။ မစိုးရိမ်ပါနဲ့။ လူငယ်လေး ငိုနေတဲ့အသံကို ဘုရားသခင်ကြားပြီ။ ထပါ။ သားကိုဆွဲထူပြီး ဖက်ထားပါ။သူ့ကို လူမျိုးကြီးဖြစ်စေမယ် လို့ပြောတယ်။ ပြီးတော့ ဟာဂရရဲ့မျက်စိကို ဘုရားသခင် ဖွင့်လိုက်တဲ့အတွက် ရေတွင်းတစ်တွင်းကို တွေ့သွားတယ်။ ဒါနဲ့ သားရေဘူးထဲ ရေဖြည့်ပြီး သားကို တိုက်လိုက်တယ်။ ဘုရားသခင်က လူငယ်လေး ကြီးပြင်းလာချိန်တစ်လျှောက်လုံး လူငယ်လေးနဲ့အတူ ရှိတယ်။ သူဟာ လေးသမား ဖြစ်လာပြီး၊ ပါရန်တောကန္တာရမှာ နေထိုင်တယ်။ မိခင်က သူ့ကို အီဂျစ်သူတစ်ယောက်နဲ့ ပေးစားလိုက်တယ်။ အဲဒီအချိန်မှာ အဘိမလက်မင်းက ဗိုလ်ချုပ်ဖိကောလနဲ့အတူ အာဗြဟံဆီ ရောက်လာပြီး မင်းဘာပဲလုပ်လုပ် မင်းနဲ့အတူ ဘုရားသခင်ရှိတယ်ဆိုတာ ငါတို့သိတယ်။ ဒါကြောင့် ငါနဲ့ ငါ့ရဲ့သားစဉ်မြေးဆက်တွေကို မလှည့်စားဘူး၊ မင်းကို ငါခိုင်မြဲတဲ့မေတ္တာပြခဲ့သလို မင်းလည်း ငါနဲ့ ငါ့ရဲ့ ပြည်သူပြည်သားတွေကို ခိုင်မြဲတဲ့မေတ္တာပြပါ့မယ်လို့ ဘုရားသခင်ကို တိုင်တည်ပြီး သစ္စာဆိုပါ လို့ပြောတယ်။ အာဗြဟံလည်း ကျွန်တော် သစ္စာဆိုပါတယ် လို့ဖြေတယ်။ ဒါပေမဲ့ အာဗြဟံက အဘိမလက်မင်းရဲ့ကျွန်တွေ မတရားသိမ်းယူထားတဲ့ရေတွင်းနဲ့ပတ်သက်ပြီး ပြောပြလိုက်တယ်။ အဘိမလက်မင်းက ဒါ ဘယ်သူ့လက်ချက်မှန်း ငါမသိရပါလား။ မင်းကလည်း ငါ့ကိုဒီအကြောင်း မပြောပြဘဲကိုး။ ငါ အခုမှသိရတာလို့ပြောတယ်။ အဲဒီနောက် အာဗြဟံက အဘိမလက်မင်းကိုသိုးနွားတွေပေးပြီး သူတို့နှစ်ယောက်ကတိသစ္စာပြုကြတယ်။ အာဗြဟံက သိုးအုပ်ထဲကနေ သိုးမလေး ခုနစ်ကောင်ကို ခွဲထုတ်လိုက်တဲ့အခါ၊ အဘိမလက်မင်းက ဘာလုပ်ဖို့လဲ လို့မေးတယ်။ အာဗြဟံက ဒီရေတွင်းကို ကျွန်တော်တူးခဲ့တယ်ဆိုတဲ့ သက်သေအဖြစ် ဒီသိုးမလေး ခုနစ်ကောင်ကို လက်ခံပါ လို့ပြောပြီး၊ အဲဒီနေရာမှာ နှစ်ယောက်သား သစ္စာဆိုကြတယ်။ ဒါကြောင့် အဲဒီနေရာကို ဗေရရှေဘ လို့ခေါ်တယ်။ ဗေရရှေဘအရပ်မှာ နှစ်ယောက်သား ကတိသစ္စာပြုပြီးနောက် အဘိမလက်မင်းက ဗိုလ်ချုပ်ဖိကောလနဲ့အတူ ဖိလိတိပြည်ကို ပြန်သွားတယ်။ အဲဒီနောက် အာဗြဟံက ဗေရရှေဘအရပ်မှာ မန်ကျည်းပင် စိုက်တယ်၊ ထာဝရဘုရားသခင် ယေဟောဝါရဲ့ နာမည်ကိုခေါ်ပြီး ဆုတောင်းတယ်။ ဖိလိတိပြည်မှာ အချိန်အတော်ကြာ သူ နေထိုင်တယ်။
1
Ge
21
ကမ္ဘာဦး
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ကမ္ဘာဦး/21/
အခန်းကြီး (၂၂) အဲဒီနောက် စစ်မှန်တဲ့ဘုရားသခင်က အာဗြဟံကို စမ်းသပ်တယ်။ ဘုရားသခင်က အာဗြဟံ လို့ခေါ်တဲ့အခါ ခင်ဗျာ လို့ထူးတယ်။ ဘုရားသခင်က မင်းသိပ်ချစ်တဲ့ တစ်ဦးတည်းသောသား အိဇက်ကိုခေါ်ပြီး မောရိအရပ်ကို သွားပါ။ ငါပြမယ့်တောင်ပေါ်မှာ မင်းရဲ့သားကို ပူဇော်ပါ လို့ပြောတယ်။ အာဗြဟံလည်း မနက်စောစောထ၊ မြည်းကို ကုန်းနှီးတင်ပြီး သားအိဇက်နဲ့ ကျွန်နှစ်ယောက်ကို ခေါ်တယ်။ မီးရှို့ပူဇော်ဖို့ ထင်းခွဲပြီးနောက် ဘုရားသခင်ပြတဲ့နေရာဆီထွက်သွားတယ်။ သုံးရက်မြောက်နေ့မှာ အဲဒီနေရာကို လှမ်းမြင်ရတယ်။ အာဗြဟံက ကျွန်တွေကို မြည်းနဲ့အတူ ဒီမှာ နေရစ်ခဲ့ကြ။ ဒို့သားအဖကတော့ ဟိုနေရာမှာ သွားဝတ်ပြုပြီး ပြန်လာခဲ့မယ် လို့မှာတယ်။ အာဗြဟံက မီးရှို့ပူဇော်ဖို့ ထင်းကိုယူပြီး သားအိဇက်ကို ထမ်းခိုင်းတယ်။ သူကတော့မီးနဲ့ဓားကိုကိုင်ပြီးနှစ်ယောက်အတူ သွားကြတယ်။ အိဇက်က အာဗြဟံကို အဖေ လို့ခေါ်တော့ ငါ့သား၊ ဘာပြောမလို့လဲ လို့ထူးတယ်။ အိဇက်က မီးရော၊ ထင်းရော ပါလာပြီ။ ပူဇော်မယ့်သိုးက ဘယ်မှာလဲ လို့မေးတယ်။ ပူဇော်မယ့်သိုးကို ဘုရားသခင် ပြင်ဆင်ပေးမှာပေါ့သားရယ် လို့ အာဗြဟံ ဖြေတယ်။ ပြီးတော့ နှစ်ယောက်သား ဆက်လျှောက်သွားကြတယ်။ နောက်ဆုံး၊ ဘုရားသခင်ပြတဲ့နေရာကို ရောက်လာတဲ့အခါ အာဗြဟံက ပူဇော်ရာပလ္လင် တည်ပြီး ထင်းတွေစီလိုက်တယ်။ပြီးတော့သားအိဇက်ကို ခြေလက်တွေ ချည်နှောင်ပြီးပူဇော်ရာပလ္လင်ကထင်းတွေပေါ်တင်လိုက်တယ်။ အဲဒီနောက် ဓားကိုယူပြီး သားကိုသတ်ဖို့လုပ်တယ်။ အဲဒီအချိန်မှာ ယေဟောဝါရဲ့ ကောင်းကင်တမန်က ကောင်းကင်ကနေ အာဗြဟံ၊ အာဗြဟံ လို့ခေါ်တော့ ခင်ဗျာ လို့ သူပြန်ထူးတယ်။ ကောင်းကင်တမန်က မင်းရဲ့သားကို မသတ်နဲ့။ သူ့ကို ဘာမှမလုပ်ပါနဲ့။ တစ်ဦးတည်းသော သားကိုတောင် ပေးတဲ့အတွက် မင်းဟာ ဘုရားသခင်ကို ကြောက်ရွံ့သူဖြစ်မှန်း အခု ငါသိပြီ လို့ပြောတယ်။ အာဗြဟံ ကြည့်လိုက်တဲ့အခါ ခပ်လှမ်းလှမ်းက ချုံပုတ်မှာချိုငြိနေတဲ့ သိုးထီးတစ်ကောင်ကိုတွေ့တော့ သွားယူပြီး သားအိဇက်အစား မီးရှို့ပူဇော်လိုက်တယ်။ အာဗြဟံက အဲဒီနေရာကို ယေဟောဝါယိရေ ဆိုပြီး နာမည်ပေးတယ်။ ဒါကြောင့် ယေဟောဝါရဲ့တောင်ပေါ်မှာပြင်ဆင်ပေးလိမ့်မယ် ဆိုပြီး အခုချိန်ထိ ပြောတတ်ကြတယ်။ ယေဟောဝါရဲ့ကောင်းကင်တမန်က ကောင်းကင်ကနေ အာဗြဟံကို ဒုတိယအကြိမ်ခေါ်ပြီး ပြောတယ် ယေဟောဝါ ပြောတာက အခုလို တစ်ဦးတည်းသော သားကို မင်းပေးတဲ့အတွက် ငါ့ကိုယ်ငါတိုင်တည်ပြီး ကျိန်ဆိုတယ်။ မင်းကို ငါဆက်ဆက် ကောင်းချီးပေးမယ်။ မင်းရဲ့မျိုးနွယ်ကို ကောင်းကင်ကြယ်တွေလို၊ ပင်လယ်သဲပွင့်တွေလို တိုးပွားများပြားစေမယ်။ မင်းရဲ့မျိုးနွယ်က ရန်သူတွေရဲ့ မြို့တံခါးကိုသိမ်းပိုက်လိမ့်မယ်။ ငါ့စကားကို မင်းနားထောင်တဲ့အတွက် ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးအားလုံးဟာ မင်းရဲ့မျိုးနွယ်ကြောင့် ကောင်းချီးရလိမ့်မယ်။ အဲဒီနောက် အာဗြဟံက ကျွန်တွေဆီ ပြန်လာတယ်။ ဗေရရှေဘအရပ်ကို အတူပြန်သွားပြီး အဲဒီမှာ ဆက်နေထိုင်တယ်။ နောက်ပိုင်းမှာအာဗြဟံက မင်းအစ်ကိုနာခေါ်ရဲ့ဇနီး မိလခါလည်း သားတွေမွေးပြီ။ သားတွေကတော့ ဥဇ၊ သူ့ညီ ဗုဇ၊ အာရံရဲ့အဖေ ကေမွေလ၊ ခေသက်၊ ဟာဇော၊ ပိလဒါရှ၊ ယိဒလပ်၊ ဗေသွေလပဲ ဆိုတဲ့သတင်းကို ကြားတယ်။ ဒီသားရှစ်ယောက်ဟာအာဗြဟံအစ်ကို နာခေါ်ရဲ့ဇနီး မိလခါ မွေးတဲ့သားတွေပဲ။ ဗေသွေလကတော့ ရေဗက္ကာရဲ့အဖေဖြစ်တယ်။ နာခေါ်ရဲ့မယားငယ် ရုမာလည်း သားတေဘ၊ ဂါဟံ၊ သဟာရှ၊ မာခါတို့ကို မွေးတယ်။
1
Ge
22
ကမ္ဘာဦး
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ကမ္ဘာဦး/22/
အခန်းကြီး (၂၃) စာရာဟာ ၁၂၇ နှစ် အသက်ရှင်ပြီးနောက်၊ ခါနန်ပြည်၊ ဟေဗြုန်မြို့လို့ခေါ်တဲ့ ကိရယအာဘမြို့မှာ သေဆုံးသွားတယ်။ အာဗြဟံလည်း စာရာကြောင့် ဝမ်းနည်းပူဆွေးပြီးငိုကြွေးတယ်။ အဲဒီနောက် စာရာရဲ့အလောင်းနားကနေ ထသွားပြီး ဟေသအမျိုးသားတွေကို၊ ကျွန်တော်ဟာ ခင်ဗျားတို့ဆီ လာအခြေချတဲ့ တိုင်းတစ်ပါးသားပါ။ ဒါကြောင့် ကျွန်တော့်ဇနီးကို သင်္ဂြိုဟ်ဖို့ သင်္ချိုင်းမြေတစ်ကွက်လောက် ပေးပါလား လို့တောင်းဆိုတယ်။ အဲဒီအခါ ဟေသအမျိုးသားတွေက အာဗြဟံကို၊ ခင်ဗျားဟာဘုရားသခင် ရွေးချယ်ထားတဲ့ ခေါင်းဆောင်ပဲ။ ခင်ဗျားရဲ့ဇနီးကို ဒီမှာရှိတဲ့ အကောင်းဆုံးသင်္ချိုင်းမှာသင်္ဂြိုဟ်နိုင်ပါတယ်။ ခင်ဗျားရဲ့ဇနီးကို သင်္ဂြိုဟ်ဖို့ ဘယ်သူမှ ကိုယ့်သင်္ချိုင်းကို မပေးဘဲမနေပါဘူး လို့ပြန်ပြောကြတယ်။ အာဗြဟံလည်း အဲဒီပြည်သားတွေဖြစ်တဲ့ဟေသအမျိုးသားတွေကို ဦးညွှတ်ပြီး၊ ကျွန်တော့်ဇနီးကို သင်္ဂြိုဟ်ဖို့ ခင်ဗျားတို့သဘောတူတယ်ဆိုရင်ကျွန်တော်ပြောတာကို နားထောင်ပါ။ ဇောဟာရဲ့သား ဧဖရုန်ကို၊ သူ့မြေကွက်အစွန်မှာရှိတဲ့ မက်ပေလဂူကို ကျွန်တော့်ဆီ ရောင်းဖို့ ပြောပေးကြပါ။ တန်ရာတန်ကြေးကို ခင်ဗျားတို့ရှေ့မှာတင်ပေးပါ့မယ်။ သင်္ချိုင်းမြေတစ်ကွက် လိုချင်လို့ပါ လို့ပြောတယ်။ ဒီအချိန်မှာ ဟိတ္တိလူမျိုး ဧဖရုန်ဟာ မြို့တံခါးမှာ ဟေသအမျိုးသားတွေနဲ့အတူ ထိုင်နေတယ်။ သူက ဟေသအမျိုးသားတွေရှေ့မှာ၊ မဟုတ်တာဗျာ။ ကျွန်တော်ပြောတာ နားထောင်ပါဦး။ မြေကွက်ရော၊ မြေကွက်မှာရှိတဲ့ဂူရော ကျွန်တော့်လူမျိုးတွေရှေ့မှာ ခင်ဗျားကို ပေးပါတယ်။ ခင်ဗျားရဲ့ဇနီးကို သင်္ဂြိုဟ်လိုက်ပါ လို့ပြောတယ်။ အဲဒီအခါအာဗြဟံက ပြည်သားတွေရှေ့မှာဦးညွှတ်ပြီး၊ လူအများကြားနိုင်အောင်တစ်ဆိတ်လောက် နားထောင်ပါဦး။ မြေကွက်အတွက် တန်ရာတန်ကြေး ပေးပါ့မယ်။ ကျွန်တော့်ဇနီးကို အဲဒီမှာသင်္ဂြိုဟ်နိုင်ဖို့ ဒီငွေစကို လက်ခံပါ လို့ပြောလိုက်တယ်။ အဲဒီအခါ ဧဖရုန်က အာဗြဟံကို၊ ဒီမြေကွက်ဟာ ငွေရှယ်ကယ် ၄၀၀ တန်တယ်။ ဒါပေမဲ့ ဒါက အရေးမကြီးပါဘူး။ ခင်ဗျားရဲ့ဇနီးကိုသာ သင်္ဂြိုဟ်ပါ လို့ ပြန်ပြောတယ်။ အာဗြဟံလည်း သဘောတူပြီး ဟေသအမျိုးသားတွေရှေ့မှာ ဧဖရုန်ပြောခဲ့တဲ့ငွေပမာဏ ရှယ်ကယ် ၄၀၀ ကို ကုန်သည်တွေရဲ့ စံအလေးချိန်အတိုင်း ချိန်ပေးလိုက်တယ်။ ဧဖရုန်ရဲ့မြေကွက်က မံရေအရပ်ရဲ့အရှေ့ဘက် မက်ပေလအရပ်မှာ ရှိတယ်။ အဲဒီမြေကွက်၊ မြေကွက်မှာရှိတဲ့ ဂူနဲ့အပင်အားလုံးကို၊ မြို့တံခါးမှာရှိတဲ့ ဟေသအမျိုးသားတွေရှေ့မှာ အာဗြဟံဝယ်ထားတဲ့ မြေကွက်အဖြစ် အတည်ပြုလိုက်တယ်။ အဲဒီနောက် အာဗြဟံက ဇနီးစာရာကို ခါနန်ပြည်၊ ဟေဗြုန်မြို့၊မံရေအရပ်ရဲ့ အရှေ့ဘက်မှာရှိတဲ့ မက်ပေလမြေကွက်က ဂူထဲမှာ သင်္ဂြိုဟ်တယ်။ မြေကွက်နဲ့ မြေကွက်မှာရှိတဲ့ဂူဟာ ဟေသအမျိုးသားတွေ လွှဲပေးလိုက်တဲ့ အာဗြဟံပိုင် သင်္ချိုင်းမြေ ဖြစ်လာတယ်။
1
Ge
23
ကမ္ဘာဦး
https://www.jw.org/my/စာကြည့်တိုက်/သမ္မာကျမ်းစာ/nwt/ကျမ်း/ကမ္ဘာဦး/23/
End of preview. Expand in Data Studio

📖 JW Myanmar Bible Audio-Text Dataset (New World Translation) — 56 Books / 70 Hours

This dataset is a fully aligned parallel corpus of Myanmar-language Bible audio and faithful Burmese transcriptions, taken from the New World Translation (NWT) published by Jehovah’s Witnesses (JW.org).

It combines a previously released 10-book collection with a newer 46-book expansion, now covering 56 books in total. Across 917 chapters, this dataset brings the Word to life — in crystal-clear Burmese narration, paired with precise, spiritual transcription.

“This is more than data — it is the rhythm of scripture in the voice of a people.”


✨ Dataset Highlights

  • 🎧 70+ hours of audio in high-quality .mp3 format
  • 🗣️ Unicode-compliant Burmese text (Zawgyi-free)
  • 🔗 One-to-one mapping between audio and text via file_name
  • 🧾 Rich metadata: book name, chapter number, slug, and jw.org link
  • 🧠 Ideal for:
    • Automatic Speech Recognition (ASR) training
    • Speech-text alignment
    • TTS (Text-to-Speech) voice modeling
    • Religious language modeling and spiritual AI

📁 Format

file_name,audio_text,book_number,book_code,chapter_num,book_name,chapter_url
audio/nwt_01_Ge_BU_01.mp3,ကမ္ဘာဦးကျမ်း အခန်းကြီး (၁) အစအဦးမှာ ဘုရားသခင်က...

🔍 Use Cases

  • 🧠 ASR fine-tuning for Burmese speech
  • 🗣️ TTS generation using scripture-based phonetics
  • 📊 Linguistic analysis of religious spoken Burmese
  • 🙏 Faith-based AI applications, audio Bibles, voice-guided scripture reading

🚫 Excluded Books

The following 10 books are excluded due to lack of available audio:

  • တရားသူကြီး (Judges)
  • ရုသ (Ruth)
  • ၁-ရှမွေလ (1 Samuel)
  • ၂-ရှမွေလ (2 Samuel)
  • ၁-ဘုရင်များ (1 Kings)
  • ၂-ဘုရင်များ (2 Kings)
  • ၁-ရာဇဝင်ချုပ် (1 Chronicles)
  • ၂-ရာဇဝင်ချုပ် (2 Chronicles)
  • ဟေရှာယ (Isaiah)
  • ဟီဘရူး (Hebrews)

💝 If You’ve Been Blessed

This dataset is free — but its origin is priceless.

If these 70 hours of spoken scripture have strengthened your faith, your research, or your connection to language and truth, please consider giving back.

Behind every chapter is a team of master translators, faithful narrators, and tireless coordinators. Their work ensures that the Burmese Bible is not only linguistically accurate — but spiritually beautiful and culturally resonant.

You can support their ongoing efforts directly:

👉 https://donate.jw.org/en

“The Word was spoken freely. But if it spoke to you — let your gift be a quiet thank you to the hands that shared it.”


📛 License

License Type: Custom Non-Commercial License

This dataset is offered solely for non-commercial, educational, and research purposes. It is a derivative of content from JW.org and is shared under fair-use principles.


🙌 Acknowledgments

With deepest gratitude to:

  • The JW.org Myanmar Bible Team — translators whose linguistic brilliance, doctrinal clarity, and cultural reverence shine through every verse. Their rendering of the New World Translation in Burmese is more than a translation — it’s a masterwork of devotion, accessibility, and precision.

  • The volunteer narrators — whose voices resonate not only with sound but with sincerity, beauty, and soul. Their performances elevate scripture into song, delivering both meaning and reverence in every word.

  • The Burmese open-source language community — developers, engineers, linguists, and digital scribes who preserve the language in its digital, scriptural, and spoken forms. Their contribution makes it possible for Burmese to live not just in homes and hearts, but also in models, apps, and machine intelligence.

"These are not just contributors — they are keepers of the Word, guardians of clarity, and builders of digital scripture."


📛 License

License Type: Custom Non-Commercial License

This dataset is offered solely for non-commercial, educational, and research purposes. It is a derivative of content from JW.org and is shared under fair-use principles.


🙌 Acknowledgments

With deepest gratitude to:

  • The JW.org Myanmar Bible Team — translators whose linguistic brilliance, doctrinal clarity, and cultural reverence shine through every verse. Their rendering of the New World Translation in Burmese is more than a translation — it’s a masterwork of devotion, accessibility, and precision.

  • The volunteer narrators — whose voices resonate not only with sound but with sincerity, beauty, and soul. Their performances elevate scripture into song, delivering both meaning and reverence in every word.

  • The Burmese open-source language community — developers, engineers, linguists, and digital scribes who preserve the language in its digital, scriptural, and spoken forms. Their contribution makes it possible for Burmese to live not just in homes and hearts, but also in models, apps, and machine intelligence.

"These are not just contributors — they are keepers of the Word, guardians of clarity, and builders of digital scripture."


💬 Notes from the Curator

This dataset is a work of devotion — not sponsored, not funded — but powered by love for language, scripture, and open knowledge.

— freococo

“The Word becomes speech. Speech becomes data. Data becomes understanding.”


📌 Citation

@misc{jw_myanmar_audio_70hrs_2025,
  title        = {JW Myanmar Bible Audio-Text Dataset (70 Hours, 56-Book Edition)},
  author       = {freococo},
  year         = {2025},
  url          = {https://huggingface.co/datasets/freococo/70hours_myanmar_audio_jw_bible},
  note         = {70 hours of aligned Myanmar Bible audio + text for ASR, TTS, and Burmese NLP research}
}

👉 Dataset homepage: https://huggingface.co/datasets/freococo/70hours_myanmar_audio_jw_bible

Downloads last month
79